အောင်မြတ်သာနှင့်ထီးဖြူစောင့်နတ်သမီး

  အောင်မြတ်သာနှင့်ထီးဖြူစောင့်နတ်သမီး စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်ပန်းမန်တွေအစီအရီပေါက်ရောက်နေတဲ့ တောလမ်းလေးက အလှအပခံစားတတ်သူတွေနဲ့ သဘာဝအလှကိ... thumbnail 1 summary

 အောင်မြတ်သာနှင့်ထီးဖြူစောင့်နတ်သမီး


စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်ပန်းမန်တွေအစီအရီပေါက်ရောက်နေတဲ့ တောလမ်းလေးက အလှအပခံစားတတ်သူတွေနဲ့ သဘာဝအလှကိုရေးစပ်သီကုံးမယ့်သူတွေအတွက်ကတော့ အရာရာ ပြည့်စုံတဲ့ကဗျာတစ်ပုဒ်ကိုရရှိမှာမလွဲဧကန်ဖြစ်ပေမယ့် သက်ခိုင်တို့ကတော့ အလှအပကိုခံစားဖို့ နေနေသာသာ အရှေ့ကနေ ဖြေးဖြေးမှန်မှန်သွားနေတဲ့ အောင်မြတ်သာရဲ့ခြေလှမ်းတွေကို အမှီလိုက် ရန်အသဲအသန်ကြိုးစားနေခဲ့ရတယ်။

ခွေျးတစ်လုံးမှမထွက်တဲ့အပြင် မောပန်းနွမ်းနယ်ခြင်းအလျဉ်းမရှိတဲ့ပုံစံနဲ့ သွားလာနေတဲ့ အောင်မြတ်သာကတော့ အနောက်ကိုစိုးစဉ်းမျှစိုးရိမ်ပူပန်ခြင်းမရှိပဲ လိုရာခရီးရောက်ဖို့အတွက်သာ စိတ်အားထက်သန်နေခဲ့တယ်။ နှစ်နာရီခန့်သွားပြီးတဲ့အချိန်မှာတော့ သက်ခိုင်နဲ့ တောက်ရတို့ရဲ့ ခြေထောက်တွေမှာ ခဲတွေဆွဲထားသလိုလေးလံလာတဲ့အတွက် ဆက်မလျောက်နိုင်တော့ပဲ ခေတ္တရပ် လိုက်တဲ့အချိန် အရှေ့မှာသွားနေတဲ့ အောင်မြတ်သာက အနောက်ကိုပြန်လှည့်လာပြီး

“ဘယ်လိုလဲ ပင်ပန်းနေကြပြီလား အခုငါတို့သွားနေတဲ့ခရီးကို အချိန်မှီမရောက်နိုင်ရင် အဓမ္မဝါဒီသမားက အရာရာကိုကြီးစိုးသွားလိမ့်မယ်”

“ဟုတ်ကဲ့ဆရာ ကျွန်တော်တို့ကြိုးစားပြီး လိုက်ခဲ့ပါမယ်”

သက်ခိုင်နဲ့တောက်ရက စိတ်ကိုတင်းကာပြောလိုက်တဲ့အချိန် အောင်မြတ်သာက လက်မှာ ပတ်ထားတဲ့ပုတီးထဲမှာပါတဲ့ သင်္ဘောကူးပုတီကိုခေါင်းကနေ ဖွင့်လိုက်ရာ ပုတီးလုံးထဲမှာ ဖြူဖွေး သန့်စင်နေတဲ့ ပြာမှုန့်အနည်းငယ်ကိုတွေ့လိုက်ရတယ်။ ပြီးတာနဲ့ ဘေးမှာရှိနေတဲ့ သစ်ရွက်တစ်ရွက် ကိုခူးကာ အညှာထိပ်နဲ့ပြာအနည်းငယ်ကိုတို့ပြီး

“ရော့ ဒီပြာကို တစ်ယောက်တစ်တို့စားလိုက်ကြ”လို့ပြောတော့ သက်ခိုင်နဲ့တောက်ရက သစ်ရွက်အညှာထိပ်မှာကပ်နေတဲ့ ပြာမှုန့်အနည်းငယ်ဆီကို လျာဖျားပေါ်တင်လိုက်ကြတယ်။ ဖန်တွတွအရသာရှိတဲ့ပြာမှုန့်က လည်ချောင်းတစ်လျောက် အေးမြစွာစီးဆင်းသွားပြီးမကြာမီ ခန္ဓာကိုယ်တစ်ခုလုံး ဖိန်းတိန်းရှိန်းတိန်းဖြစ်လာကာ ခွန်အားတွေပြည့်လာသလိုခံစားလိုက်ရတယ်။

“ဘယ်လိုလဲ အားတွေပြည့်လာပြီမဟုတ်လား”

“ဟုတ်ကဲ့ဆရာ မောပန်းနွမ်းနယ်တာတွေ ချက်ချင်းပေျာက်သွားတာ အသိသာကြီး နောက်ပြီး လူကလဲပေါ့ပါးလန်းဆန်းလာတယ်”

“ဒါဖြင့်လဲ ခရီးဆက်ကြရအောင် နောက်ထပ်တစ်နာရီလောက်သွားရင် ငါတို့လိုချင်တဲ့ခရီးကို ရောက်ပါပြီ”

အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်နဲ့တောက်ရက ပေါ့ပါးတက်ကြွစွာနဲ့ တောလမ်း ကို ဖြတ်သန်းပြီးလိုချင်တဲ့ခရီးကိုလှမ်းခဲ့ကြတယ်။ မိနစ်ငါးဆယ်လောက်လျောက်ပြီးတဲ့ အချိန်မှာတော့ မီးခိုးတလူလူထွက်နေတဲ့ ရွာကြီးတစ်ရွာကို အဝေးကနေလှမ်းမြင်လိုက်ရတယ်။ တောင်အောက်မှာ တည်ထားတဲ့ရွာဖြစ်တဲ့အတွက် ညီညာစွာစီရီနေတဲ့ ခေါင်မိုးတွေကိုကြည့်ပြီး လူနေထူထပ်တဲ့ ရွာတစ်ရွာဖြစ်တယ်ဆိုတာ သိရှိခဲ့ရတယ်။

အောင်မြတ်သာတို့လဲ ရွာသားတွေဖောက်ထားတဲ့ တောင်ဆင်းလမ်းအတိုင်း လျောက်လာခဲ့ပြီး မကြာခင်မှာပင် လူသံ၊ လှည်းသံ၊ ခွေးသံတွေကို စတင်ကြားလိုက်ရတယ်။ ရွာအဝင်လမ်းဝကိုရောက်တော့ ရွာသားတွေက ဟိုနားတစ်စု၊ ဒီနားတစ်စု စုပြီး စကားပြောနေရာ ကနေ အောင်မြတ်သာတို့ကိုမြင်တော့ အားလုံးကြက်သေသေကာ အံ့သြသွားကြတယ်။ သက်ခိုင်နဲ့ တောက်ရကတော့ တစ်ခုခုတော့ထူးခြားတော့မယ်ဆိုတာသိတဲ့အတွက် အောင်မြတ်သာ အနောက်ကနေ အသာကပ်လိုက်ရင်း ပတ်ဝန်းကျင်ကိုအကဲခတ်နေခဲ့တယ်။

မကြာခင် ရွာလူထုထဲက ပေါက်ပေါက်ရောက်ရောက်ရှိတဲ့လူက အောင်မြတ်သာတို့အနားကို ကပ်လာပြီး

“ဆွတ်ဆွတ်ဖြူတဲ့ မင်းထီးဖြူ အဘယ်သူကစောင့်သနည်း” ဆိုပြီးမေးတော့ အောင်မြတ်သာ က ပြုံးလိုက်ပြီး

“ မိခင်ဖြစ်သူစောင့်ပါ၏”လို့ဖြေလိုက်တယ်ဆိုရင်ပဲ တစ်ရွာလုံး ဒူးထောက်ထိုင်ချကာ ငိုတဲ့သူကငို အားကိုးတစ်ကြီး လှမ်းကြည့်တဲ့သူကကြည့်ဖြစ်သွားတာမြင်တော့ သက်ခိုင်နဲ့ တောက်ရ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဘာများဖြစ်တာပါလဲဆိုတဲ့အကြည့်နဲ့ အောင်မြတ်သာကိုလှမ်း ကြည့်လိုက်တယ်။

အောင်မြတ်သာကတော့ ရွာသားတွေအားလုံးကို မတ်တပ်ထရပ်ခိုင်းလိုက်ပြီး

“ရွာသူရွာသားအပေါင်းတို့ သင်တို့ မစိုးရိမ်ကြနဲ့ မကြောက်လန့်ကြနဲ့ ဒီရွာကို ကူညီဖို့ ကျုပ်ကိုအထူးတာဝန်ပေးအပ်ထားတဲ့အတွက် သင်တို့ပြဿနာက ကျုပ်ရဲ့ပြဿနာဖြစ်တယ်” လို့ ပြောလိုက်တော့မှ တစ်ရွာလုံးရဲ့မျက်နှာမှာ အပြုံးပန်းတွေပွင့်ဖူးလာခဲ့ကြတယ်။

ရွာရဲ့အကြီးအကဲဖြစ်ဟန်တူတဲ့လူက အောင်မြတ်သာတို့ကို အသင့်ပြင်ထားတဲ့ အိမ်တစ်အိမ် ပေါ်ကိုခေါ်သွားခဲ့ပြီး

“ဒီအိမ်က ဆရာတို့အတွက် ကြိုတင်ပြင်ထားခဲ့တာ လွတ်လွတ်လပ်လပ်နေကြပါ”

အောင်မြတ်သာတို့လဲ အိမ်ပေါ်ကိုရောက်တော့ ပါလာတဲ့ပစ္စည်းအနည်းငယ်ကို နေရာချလိုက်ပြီး

“ ဘယ်လိုကနေ စဖြစ်တာလဲပြောပါဦး”

“ အဖြစ်ကဒီလိုပါ လွန်ခဲ့တဲ့ သုံးလလောက်က ရွာဦးဆရာတော်က ထူးဆန်းတဲ့စကား တစ်ခွန်းမိန့်ခဲ့တယ်။ စကားထဲမှာ သူမရှိတာ နှစ်လပြည့်တဲ့နေ့မှာ တရားဟောပလ္လင်မှာရှိတဲ့ ထီးဖြူက အလိုလိုနေရင်း ကျိုးကျလာလိမ့်မယ်တဲ့ ထီးဖြူကျိုးတာနဲ့ ရွာထဲကိုမကောင်းတဲ့ အနှောက်အယှက်တွေ ဝင်လာကြလိမ့်မယ် ကံနိမ့်သူတွေ၊ ကလေးသူငယ်တွေ အထူးသတိထားကြပါ”လို့မိန့်ခဲ့တယ်။ ကျုပ်တို့လဲ ဆရာတော်စကားကိုကြားတော့ စိတ်ထဲ ထင့်နေ ပေမယ့် ကျန်းမာရေးအကောင်းကြီးဖြစ်နေတဲ့ဆရာတော်ကို လုံးဝစိတ်မပူခဲ့ကြဘူး။ လွန်ခဲ့တဲ့ တစ်လမှာ ရွာမှာရှိတဲ့အိမ်တွေကနေ တစ်အိမ်တစ်ယောက် ဘုန်းကြီးကျောင်းကိုလာဖို့ ဆင့်ခေါ် ခဲ့တယ်။ ကျောင်းမှာလူစုံတော့ ဆရာတော်က တရားဟောပလ္လင်ပေါ်ကနေ ထိုင်ပြီး နောက်လ တနင်္လာနေ့ရောက်ရင် ရွာထဲကို လူစိမ်းသုံးယောက်ဝင်လာကြလိမ့်မယ်။ သူတို့ဝင်လာတဲ့ အခါ ရွာလူကြီးက ဘုန်းကြီးပြောပြမယ့့်စကားဝှက်ကိုမေးပါ။ အဖြေမှန်အောင်မပြောနိုင်ရင် ရွာထဲကို မပေးဝင်ပဲ ချက်ချင်းမောင်းထုတ်ကြပါ၊ စကားဝှက်ကိုမှန်အောင်ပြောနိုင်တဲ့သူရောက်တဲ့ထိ သတိရှိကြပါလို့ မိန့်ခဲ့တယ်”

ရွာလူကြီးက စကားပြောနေရင်း မောသွားဟန်နဲ့ ခေတ္တနားလိုက်ပြီး ကြမ်းပေါ်မှာချထားတဲ့ ရေနွေးကြမ်းတစ်ခွက်ကို‌မော့သောက်လိုက်တယ်။
“နောက်တစ်နေ့ ဆွမ်းစားပြီးတဲ့ အချိန်ရောက်တော့ ဆရာတော်က အကောင်းကြီးကနေ ပျံလွန်တော်မူခဲ့တယ်။ ကျုပ်တို့ဖြင့် ဘယ်လိုမှမယုံနိုင်ဖြစ်ခဲ့ရတာ။ ဆရာတော်ပျံလွန်တော်မူပြီး နှစ်လပြည့်တဲ့နေ့မှာတော့ တရားဟော ပလ္လင်အနောက်မှာထောင်ထားတဲ့ ထီးဖြူက အလိုလိုနေရင်း ကျိူးကျပါလေရော။ ထီးဖြူကျိုးတဲ့ညကစပြီး အူလိုက်တဲ့ခွေး၊ ကြားလိုက်ရတဲ့ ညီးသံဆိုတာ မပြောပါနဲ့တော့။ ကျုပ်တို့လဲ မနက်မိုးလင်းဖို့ကိုထိုင်စောင့်ရင်း အိပ်ရေးပျက်ခဲ့တဲ့ ညတွေများလှပြီ။ ဆရာတို့မလာခင်ကဆို အစိမ်းရောင် အဝတ်တွေဝတ်ထားတဲ့ လူသုံးယောက် ရောက်လာသေးတယ်။ ကျွန်တော်တို့က စကားဝှက်ကို မေးတော့ မှန်အောင်မဖြေနိုင်တဲ့အတွက် ရွာသားတွေအားလုံးစုပြီးမောင်းထုတ်လိုက်ရသေးတယ်။ သူတို့ကတော့မကျေနပ်တဲ့ပုံစံနဲ့ တောက် ခတ်ပြီးပြန်ထွက်သွားကြတယ်။ အခုဆရာတို့ရောက်လာတော့ စကားဝှက်ကို ချက်ချင်းမှန်အောင် ဖြေနိုင်တဲ့အတွက် တစ်ရွာလုံးအားတက်ခဲ့ရတာပဲ”

ရွာလူကြီးစကားကိုနားထောင်ပြီး အောင်မြတ်သာက

“ဆရာတော်ကို သင်္ဂြိုလ်တော့ ဘာထူးဆန်းတာဖူးမြင်ခဲ့ရသေးလဲ”

“အဲ ဟုတ်တယ် ကျုပ်ပြောဖို့မေ့နေတာ ဆရာတော်သင်္ဂြိုလ်ပြီးတဲ့အချိန် ရွှေသားအတိပြီး နေတဲ့ လက်ဖျံရိုးတစ်ချောင်းကိုတွေ့ခဲ့ရတော့ ကျုပ်တို့လဲ ဘုန်းကြီးကျောင်းမှာ မှန်ဘောင်နဲ့ သေချာကိုးကွယ်ထားကြတာ”

“ဆရာတော်က သင်တို့ရွာအတွက် ကိုးကွယ်နိုင်မယ့်အရာတစ်ခုချန်ထားခဲ့တာကိုး ဒါကို လိုချင်နေကြတဲ့သူတွေကလဲ ဒုနဲ့ဒေးရှိကြတဲ့အတွက် ဆရာတော်ကိုအမြဲစောင့်ရှောက်နေတဲ့ ထီးဖြူစောင့်နတ်သမီးကို အဝေးကိုပထုတ်လိုက်ကြတာပဲ”

“ဘယ်လို မကြာခင်ကကျိုးသွားတဲ့ထီးဖြူမှာ နတ်သမီးစောင့်တယ် ဟုတ်လား”

“ အဲလိုပဲမှတ်ထားကြပေါ့ဗျာ အခုတော့ ညနေဝင်ရီတစ်ရော အချိန်ရောက်တာနဲ့ တံခါးပိတ် မီးမှိတ်ပြီး အိမ်ထဲမှာပဲနေကြဖို့၊ ဘာအသံပဲကြားကြား အပြင်ကိုထွက်မကြည့်ကြဖို့ ရွာလူကြီးကပဲ ဆော်သြပေးပါ”

အောင်မြတ်သာစကားအဆုံးမှာ ရွာလူကြီးက ခေါင်းတစ်ညိမ့်ညိမ့်လုပ်ပြီး ပြန်ဆင်းသွား ခဲ့တယ်။ ရွာလူကြီးပြန်သွားတော့ အောင်မြတ်သာက သက်ခိုင်နဲ့ တောက်ရကိုခေါ်ပြီး

“ ဒီညကစပြီး ရွာကိုငါတို့ကာကွယ်ရမယ်။ နောက်ပြီး ဆရာတော်ရဲ့ လက်ဖျံရိုးကို လိုချင်နေကြတဲ့ နတ်ဆိုးမိစ္ဆာတွေရဲ့ဒဏ်ကြောင့် ချုပ်နှောင်ခံထားရတဲ့ ထီးဖြူစောင့်နတ်သမီးကို ကယ်တင်ရဦးမယ်”

“ဆရာ ထီးဖြူစောင့်နတ်သမီးက ဘာလို့ နတ်ဆိုးတွေရဲ့ ချုပ်နှောင်တာကိုခံရတာလဲ သူ့မှာ အစွမ်းအစမရှိလို့လား”

“မဟုတ်ဘူးသက်ခိုင် တရားဟောပလ္လင်မှာရှိတဲ့ ထီးဖြူက ဆရာတော်ရဲ့မယ်တော်ကိုယ်တိုင် လှူထားခဲ့တာ။ မယ်တော်ကြီးဆုံးတော့ လှူထားခဲ့တဲ့ ထီးဖြူကိုစွဲလမ်းတဲ့စိတ်ကြောင့် နတ်ပြည်ကို မသွားနိုင်ပဲ ထီးဖြူမှာ အချိန်အတိုင်းအတာတစ်ခုထိ တွယ်ကပ်နေနေရတာ။ လူတွေနားလည် လွယ်အောင်ပြောရရင် မကျွတ်မလွတ်ဘူးပေါ့ကွာ။ ဒါပေမယ့် မယ်တော်ကြီးပြုခဲ့တဲ့ ကုသိုလ်တွေရဲ့ အကျိုးကပြောမကုန်တဲ့အတွက် ထီးဖြူစောင့်နတ်သမီးလို့သုံးနှုန်းခဲ့တာ”

အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်နဲ့ တောက်ရတို့နားလည်သဘောပေါက်သွားကြပြီး

“ဟုတ်ကဲ့ဆရာ အခုမှပဲ ရှင်းသွားတော့တယ် ကျွန်တော်တို့က ဒီညဘာတွေလုပ်ရမှာလဲ”

“ဆရာတော်က သူပျံလွန်တာနဲ့ ဒီပြဿနာဖြစ်မယ်ဆိုတာသိလို့ ငါတို့မရောက်ခင်အထိ ခံနိုင်ရည်ရှိတဲ့ အစီအရင်တစ်ခုကို ရွာပတ်ပတ်လည်မှာ ချထားခဲ့တယ်။ ဒါပေမယ့် ဆရာတော်က မမြင်အပ်တဲ့ နတ်မိစ္ဆာတွေအတွက်ပဲစဉ်းစားပြီးလုပ်ထားတဲ့အတွက် လူသာမန်အဖြစ်ဟန်ဆောင်လို့ ရတဲ့ အောက်လမ်းသမားတွေအတွက် လစ်ဟာသွားခဲ့တယ်။ ဒါကြောင့် ထီးဖြူစောင့်နတ်သမီးကို သူတို့ရဲ့ပညာနဲ့ထိန်းချုပ်ပြီး ဖမ်းထားခဲ့ကြတာပဲ။ ဒီညမှာတော့ ဆရာတော်ရဲ့ အစီအရင်အစွမ်းက ပျက်ပြယ်ပြီဖြစ်တဲ့အတွက် နတ်မိစ္ဆာတွေအနည်းနဲ့အများဝင်ရောက်လာကြမှာပဲ။ မင်းတို့ငါတို့က ညဘက်မှာ နတ်မိစ္ဆာတွေကို တားဆီးရမှာဖြစ်ပြီး မနက်ဘက်မှာတော့ သာမန်လူဟန်ဆောင်ထားတဲ့ အောက်လမ်းဆရာတွေကို တားဆီးရမှာဖြစ်တယ်”

“ဒါဆို ကျွန်တော်တို့က ဘယ်အချိန်ထိ ကာကွယ်ရမှာလဲ”

တောက်ရစကားကြောင့် အောင်မြတ်သာက ရွာထိပ်ဘက်ကိုငေးကြည့်ပြီး

“ဘယ်အချိန်ထိလဲဆိုတာ ငါ့ကိုမညွှန်ကြားသေးဘူး ဒါကြောင့် အထက်ဆရာကြီးတွေ အမိန့်မချမခြင်း ငါတို့ဒီရွာကိုစောင့်ရှောက်ရမယ်”လို့ပြောကာ နှင်းဆီပန်းတွေနဲ့ပူဇော်ထားတဲ့ ဘုရားကျောင်းဆောင်ရှေ့ကိုထွက်သွားခဲ့တယ်။

သက်ခိုင်နဲ့တောက်ရလဲ ဘုရားကျောင်းဆောင်အရှေ့မှာ ထိုင်ကာတရားအားထုတ်နေတဲ့ အောင်မြတ်သာကိုမြင်တော့ ခေါင်းထဲမှာရှိနေတဲ့အတွေးတွေအားလုံးကို ထုတ်ပစ်ကာ အင်းစမတွေကိုစိတ်နှစ်ပြီးရေးဆွဲကြခဲ့ကြတယ်။ ညနေစောင်းအချိန်ရောက်တော့ လုပ်လက်စအလုပ် တွေအားလုံးကိုလက်စသတ်ကာ ညဘက်အစီအစဉ်ကို ဆရာတပည့်တွေ အသေးစိတ်တိုင်ပင် ခဲ့ကြတယ်။ နေရောင်တောင်စွယ်မှာကွယ်တာနဲ့ ရွာသားတွေအားလုံး အိမ်တံခါးကိုပိတ်ပြီး မိမိတို့ မွေးထားတဲ့ခွေးတွေကိုပါ ခြံတွေခေါ်ထည့်ထားခဲ့ကြတယ်။ နေရောင်ပျောက်ပြီးမကြာခင်မှာ အမှောင်ထုက တစ်ရွာလုံးကိုဖြေးညှင်းစွာလွှမ်းခြုံလိုက်ပါလေရော။

အောင်မြတ်သာတို့ကလဲ ရွာအဝင်ထိပ်မှာ မတ်တပ်ရပ်ပြီး ကျရောက်လာမယ့်အန္တရာယ် တွေကိုဖြေရှင်းပေးရန်စောင့်နေတဲ့အချိန် ရွာအပြင်တောစပ်ကနေ ဖြေညှင်းစွာလျောက်လာနေတဲ့ အကောင်မဲမဲတွေကို ခပ်ဝါးဝါးလှမ်းမြင်လိုက်ရတယ်။ သက်ခိုင်နဲ့တောက်ရက ရွာနီးချုပ်စပ်ကို ကပ်လာနေတဲ့ အကောင်တွေကို စူးစိုက်ကြည့်နေခဲ့ရာ ဝါးသုံးပြန်စာအကွာအဝေးလဲရောက်ရော တစ်ကိုယ်လုံးမဲနက်နေတဲ့ ခွေးနက်ကြီးတွေဖြစ်နေတာမြင်လိုက်ကြရတယ်။

ဒီအချိန် တစ်ကိုယ်လုံးမဲနက်နေတဲ့ ခွေးနက်အုပ်ကြီးက ရွာအနားကိုကပ်လာတယ်ဆိုထဲက သွေးရိုးသွေးသားမဟုတ်ဘူးဆိုတာသဘောပေါက်တဲ့ဟန်နဲ့ အောင်မြတ်သာကိုလှမ်းကြည့်လိုက်ပြီး

“ဆရာ ဒီကောင်တွေက သာမန်တော့မဟုတ်လောက်ဘူးနော် ခေွးအသွင်ပြောင်းပြီး ရွာကို အကဲလာခတ်တာဖြစ်မယ်”

“ဟုတ်တယ်သက်ခိုင် ငါလဲ မင်းလိုပဲတွေးထင်မိတယ် သူတို့ဘာဆက်လုပ်မယ်ဆိုတာ အရင် စောင့်ကြည့်လိုက်ပါဦး”

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရက အမှောင်ထုထဲကနေ အခြေအနေကို အကဲခတ်နေတဲ့အချိန် ခွေးနက်အုပ်ကြီးက သက်ရှိတစ်ကောင်တစ်လေကိုမှ မတွေ့ရတော့ အခွင့်သာပြီဆိုတဲ့ဟန်နဲ့ ရွာထဲကိုအရှိန်နဲ့ပြေးလာပြီး လူတစ်ရပ်ခန့်မြင့်တဲ့ ခြံစည်းရိုးကို ခုန်ကျော် လိုက်တဲ့အချိန် ခြံစည်းရိုးအပြင်ဘက်မှာ အောင်မြတ်သာတို့စီရင်ထားတဲ့ အကာအကွယ်နဲ့ထိပြီး ရွာအပြင်ဘက်ကို ပြန်လွှင့်ထွက်သွားခဲ့တယ်။

အရှေ့ကနေခုန်ဝင်သွားတဲ့ ခွေးနက်သုံးကောင် ကိုးရိုးကားလျားပြုတ်ကျလာတာမြင်တော့ အနောက်မှာရှိနေတဲ့ ခွေးနက်အုပ်ကြီးက ခုန်မဝင်တော့ပဲ ပတ်ဝန်းကျင်ကိုလိုက်ကြည့်ကာ တစ်ခုခုကို အနံ့ခံနေခဲ့တယ်။ အတန်ကြာ စူးစမ်းပြီးတော့မှ လေးဘက်ထောက်ထားတဲ့ ခြေထောက်တွေကို ပဒတ်ရပ်သလိုမတ်တပ်ရပ်လိုက်တယ်ဆိုရင်ပဲ ခွေးနက်အသွင်ကနေ ကြောက်မက်ဖွယ် နာနာဘာဝတွေအဖြစ်ပြောင်းလဲသွားတာကို အောင်မြတ်သာတို့မြင်လိုက်ရတယ်။

တစ်ကိုယ်လုံးကြမ်းတမ်းတဲ့ အမွှေးအမျှင်တွေနဲ့ဖုံးအုပ်ထားတဲ့အတွက် ရုပ်ရည်သွင်ပြင်ကို ရှင်းလင်းစွာမမြင်ရပေမယ့် ရက်စက်ကြမ်းကြုတ်ပြီးသနားညှာတာမှုကင်းမဲ့နေတဲ့ဟန်ကအထင်သာ ဖုံးကွယ်ထားတဲ့ အမွှေးအမျှင်အောက်ကနေ အထင်းထားပေါ်လွင်နေခဲ့တယ်။ အောင်မြတ်သာလဲ ဒီကောင်တွေဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်နေတဲ့အချိန် မျက်စိလည်လမ်းမှားပြီး‌ လျောက်သွားနေတဲ့ ခွေးအတစ်ကောင်က နာနာဘာဝတွေအရှေ့အနေ အမှတ်မထင် ဖြတ်လျောက် သွားခဲ့တယ်။

နာနာဘာဝတွေကလဲ သူတို့အရှေ့ကနေ ဖြတ်သွားတဲ့ခွေးအကို အမြှီးကနေဆွဲကိုင်ပြီး မြေကြီးနဲ့ရိုက်သတ်ကာ အငမ်းမရလုယက်စားသောက်ကြပါလေရော။ ရုတ်တရက်မထင်မှတ်ပဲ ဖြစ်သွားတဲ့အတွက် အောင်မြတ်သာဘာမှမတတ်နိုင်ပဲ ကြည့်နေတဲ့အချိန် ခွေးအရဲ့ခန္ဓာကိုယ်က မိနစ်အနည်းငယ်အတွင်း နာနာဘာဝတွေရဲ့ ပါးစပ်ထဲကိုရောက်သွားခဲ့တယ်။ သွေးစိမ်းရှင်ရှင်တွေနဲ့ အသားတုံးတွေကို အငမ်းမရစားသောက်ပြီးသော်လည်း ဆာလောင်မှုကိုအတောမသတ်နိုင်သေးတဲ့ အတွက်ရွာထဲမှာရှိနေတဲ့ လူသားတွေရဲ့အငွေ့အသက်ကို အနံ့ခံကာ လျာတစ်ပြင်ပြင် အစွယ်တကားကားလုပ်လာပါလေရော။

ဒီတစ်ခါမှာတော့ အောင်မြတ်သာမနေသာတော့ပဲ အသားစားကြူးနေကြတဲ့ နာနာဘာဝတွေရှိရာ ရွာအပြင်ဘက်ကို တစ်လှမ်းချင်းထွက်လာခဲ့လိုက်တယ်။ ရွာထဲကနေ ထွက်လာတဲ့ အောင်မြတ်သာကိုမြင်တော့ သူတို့အတွက် အစာရပြီဆိုတဲ့အထင်နဲ့ အမဲဖျက်ရန် အုပ်စုလိုက်ပြေးဝင်လာခဲ့ကြတယ်။

အောင်မြတ်သာကလဲ ပြေးဝင်လာတဲ့ နာနာဘာဝတွေကို အနားမရောက်ခင်မှာပဲ လက်ပြန် ရိုက်ထုတ်လိုက်ရာ အနောက်ကို ဆယ်ပေလောက်လွင့်ထွက်သွားကာ အသံနက်ကြီးနဲ့အော်ဟစ် လူးလိမ့်ပါလေရော။ သူတို့ဘက်ကထိသွားတာသိတဲ့ နာနာဘာဝတွေက အောင်မြတ်သာကို တိုက်ခိုက်ရန်ထပ်မံပြေးဝင်လာတဲ့အချိန် အရှေ့မှာရှိနေတဲ့ မြေပြင်ကနေ လှိုင်းလုံးတွေတက်လာပြီး အောင်မြတ်သာအရှေ့မှာဆီးခံထားပါလေရော။

နာနာဘာဝတွေလဲ လူခါးစောင်းလောက်မြင့်တက်လာတဲ့ မြေကျစ်စာခဲပုံကို ကျော်ခွဖို့အလုပ် မြေကျစ်စာထဲကနေ ကုန်းကွပြီးထွက်လာတဲ့ ဘီလူးနှစ်ကောင်က ကျော်ခွဖို့လုပ်နေတဲ့ နာနာဘာဝ တွေရဲ့ခြေထောက်တေွကိုဆွဲကိုင်ကာ အနားမှာရှိတဲ့ သရက်ပင်ရဲ့ပင်စည်နဲ့ရိုက်ချပြီး ခပ်လှမ်းလှမ်း ကိုပစ်ထုတ်လိုက်တယ်။

ပါးစပ်ကနေ အပြင်ကိုကော့ပြီးတက်နေတဲ့ အစွယ်ဖွေးဖွေးတွေအပြင် မာန်ဌာန်အပြည့်နဲ့ ရပ်နေကြတဲ့ ဘီလူးနှစ်ကောင်ကိုမြင်တော့ ရှေ့ဆက်မတက်ရဲကြတော့ပဲ ရောက်တဲ့နေရာမှာ ရပ်ပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။ ဘီလူးနှစ်ကောင်ကလဲ မလှုပ်မယှက်နဲ့ အရှေ့မှာကာကွံယ်ဖို့ အသင့်အနေအထားဖြစ်နေတဲ့အချိန် အောင်မြတ်သာက

“ ဒီအသားစားကျူးတဲ့နာနာဘာဝတွေကို သင်တို့ညီနောင်ရဲ့လက်စွမ်းပြလိုက်ပါဦး”လို့ပြော လိုက်တယ်ဆိုရင်ပဲ ငြိမ်သက်နေတဲ့ ဘီလူးညီနောင်က ညာသံပေးအော်ဟစ်ကာ နာနာဘာဝအုပ်ထဲ ကို ပြေးဝင်ပြီး တွေ့ရာမြင်ရာအကုန် ရိုက်ပုတ်ထုနှက်ပါလေရော။ အများနဲ့နှစ်ယောက်ဖြစ်ပေမယ့် စိတ်ကြမ်းလူကြမ်းဖြစ်နေတဲ့ ဘီလူညီနောင်ရဲ့ တင်းပုတ်အောက်မှာ အလူးအလဲ အကွဲအပြဲနဲ့ နာနာဘာဝတွေအထိနာနေတဲ့အချိန် အနက်ရောင်အခိုးငွေ့တစ်ခုက တောစပ်ထဲကနေထွက်လာပြီး ဘီလူညီနောင်ကို လှုပ်မရအောင် ချုပ်ထားလိုက်ပါလေရော။

ဘီလူးညီနောင်လဲ ကိုယ်မှာပတ်နေတဲ့ အနက်ရောင်အခိုးငွေ့တွေကနေ လွတ်အောင် အားကုန်ရုန်းကန်ပေမယ့် ရုန်းလေပတ်ထားတဲ့အခိုးတွေက ပိုပြီးတင်ကြပ်လေဖြစ်လာတာမြင်တော့ အောင်မြတ်သာက

“ဒါမှော်နက်ကေျာ့ကွင်းပဲ ရုန်းလေရစ်ပတ်လေဖြစ်ပြီး မင်းတို့ကိုယ်ကို တစ်စစီဖြစ်အောင် လုပ်လိမ့်မယ် နှစ်ယောက်လုံး မရုန်းကြနဲ့”လို့အော်ပြောပြီး အရှေ့ကိုတက်လာတဲ့အချိန် တောစပ် အတွင်းကနေ တင်းတောင်းလောက်ရှိတဲ့ မီးလုံးတစ်လုံးက အောင်မြတ်သာမျက်နှာတည့်တည့်ကို ဝါးလုံးထိုးဝင်လာတာ မြင်လိုက်ရတယ်။ သတိရှိတဲ့အောင်မြတ်သာက မီးလုံးအနားရောက်တာနဲ့ ကိုယ်ကိုအနည်းငယ်စောင်းပြီးရှောင်လိုက်ရာ ညာဘက်လက်မောင်းဘေးကနေ ပွတ်ပြီးထွက်သွား ခဲ့တယ်။ မီးလုံးကြီးက အောင်မြတ်သာတို့ အနားတစ်ဝိုက်မှာဝေ့ဝိုက်ပျံသန်းနေတာမြင်တော့ သက်ခိုင်က လက်ထဲကိုင်ထားတဲ အင်းစမနဲ့လှမ်းပစ်ပြီး တားလိုက်ပေမယ့် အင်းစမက မီးလုံးနဲ့ထိပြီး အစိပ်စိပ်အမွှာမွှာလွင့်ထွက်သွားခဲ့တယ်။

“ ဟင် ဘယ်လိုဖြစ်တာလဲ”

တောက်ရရဲ့ အာမေဋိတ်အသံက ဘေးကနေကျယ်လောင်စွာထွက်ပေါ်လာခဲ့တာကိုမြင်တဲ့ အောင်မြတ်သာက

“ဒီပညာမျိုးက လူတစ်ထောင်မှာ တစ်ယောက်အောင်မြင်ဖို့ခဲယဉ်းတယ် စုန်းကဝေပညာရပ် တွေမှာ အတိတ်ဘဝက ပါရမီပါလာတဲ့သူတွေတောင် ကျင့်ကြံအောင်မြင်ဖို့မလွယ်ဘူး”လို့ပြောလိုက် တာနဲ့ မီးလုံးကြီးက အောင်မြတ်သာတို့နဲ့မလှမ်းမကမ်းနေရာကို အရှိန်နဲ့ကျလာပြီး မြေကြီးနဲ့ထိ တဲ့အချိန် မီးဖွားမီးစတွေက ဗျောက်အိုးဖောက်သလို ဘေးကိုလွင့်ထွက်လာခဲ့တယ်။ မီးဖွားမီးစတွေ ဖြာထွက်လာတဲ့နေရာရဲ့ အလယ်မှာတော့ ဆင်စွယ်ရောင်ပိုးအင်္ကျီနဲ့တောင်ရှည်ပုဆိုးကိုသေသပ်စွာ ဝတ်ဆင်ထားတဲ့ အသက်ငါးဆယ်အရွယ်လူကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။

အောင်မြတ်သာက သန့်ပြန့်ခန့်ညားနေတဲ့လူကြီးကိုမြင်တော့

“ မှော်နက်ပညာစွမ်းက အံ့မခန်းစရာကောင်းလောက်အောင် စွမ်းတဲ့အပြင် ကျုပ်တို့အင်းကို တောင်တစ်စစီဖြစ်အောင်လုပ်နိုင်တာကို အရင်ဆုံးချီးကျူးပါရစေ”

“ မဟုတ်တာ မဟုတ်တာ စုန်းကဝေလောကမှာ နာမည်ကျော်ကြားနေတဲ့ ဆရာတစ်ဆူရဲ့ ချီးမြှောက်တဲ့စကားကို ကျုပ်မခံယူဝံ့ပါဘူး”

“ ကဲဗျာ ကျုပ်တို့နှစ်ယောက်က လမ်းစဉ်ခြင်းမတူညီဘူးဆိုပေမယ့် အတတ်နိုင်ဆုံး ညှိနှိုင်းလို့ ရမယ်ထင်ပါတယ် သင်ဒီကိုလာတာ ဘာအရေးကိစ္စများရှိလို့ပါလဲ”

“ ကျုပ်ကလဲ ဒီလိုပွင့်လင်းတာကိုသဘောကျတာ အခုကျုပ်လိုချင်တာက ရွှေအတိပြီးနေတဲ့ လက်ဖျံရိုးတစ်ချောင်းပဲ၊ ဒါကိုရရင် ဘယ်သူ့ကိုမှဒုက္ခမပေးပဲ ကျုပ်နေရာကို ကျုပ်ပြန်မှာပါ”

“ သင်တောင်းဆိုမှုက အရမ်းကြီးလွန်းတယ် ရွှေအတိပြီးတဲ့လက်ဖျံရိုးဆိုတာ ဝိဇ္ဇာလမ်းကို ထွက်ခွာသွားတဲ့ဆရာတော်ကြီးက သူ့ရွာသူရွာသားတွေ အမှတ်တရကိုးကွယ်ရအောင် အဓိဌာန်နဲ့ ထားခဲ့တဲ့ပူဇော်ခံပစ္စည်းတစ်ခုပဲ၊ ဒီပစ္စည်းမျိုးက သင်တို့ပညာရပ်နဲ့အပ်စပ်မှုမရှိပါဘူး”

အောင်မြတ်သာစကားအဆုံးမှာ တောင်ရှည်ဝတ်လူကြီးမျက်နှာ တင်းမာသွားပြီး

“ ဒီနယ်တစ်ကြောမှာ ကျုပ်သတ်ခဲ့တဲ့ အထက်လမ်းပညာသည်တွေရဲ့ အလောင်းကိုစုပုံလိုက် မယ်ဆိုရင် ရွာထဲကလူတွေထက်တောင်များချင်များသွားဦးမယ် ကျုပ်စိတ်ကြည်လင်နေတဲ့အချိန် စကားကောင်းပြောနေတုန်း ပေးရင်ပေးပါ မပေးဘူးဆိုရင် ဘာဖြစ်သွားမလဲဆိုတာ စောင့်ကြည့်လိုက်”

“ ဒါဖြင့်လဲ ဘာဖြစ်မလဲဆိုတာ ကျုပ်ကြည့်ချင်ပါတယ် ဒီပညာပြိုင်ပွဲက ကျုပ်ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျောက်မှာအထူးခြားဆုံးနဲ့ အပြင်းထန်ဆုံးဖြစ်ချင်ဖြစ်လာနိုင်မှာပါ”

“ ဟက်ဟက် မင်းလဲ ထီးဖြူမှာစောင့်နေတဲ့မိန်းမလို အကြောခပ်တင်းတင်းပါလား၊ သူလဲ ငါကောင်းကောင်းမွန်မွန်တောင်းခဲ့တုန်းက မင်းလိုရင့်ရင့်သီးသီးပြောခဲ့တယ်လေ၊ အခုတော့လဲ ငါ့ထိန်းချုပ်မှုအောက်မှာ ဝပ်ဆင်းခဲ့ရတာပဲမဟုတ်လား”

“ဖြစ်နိုင်ပါတယ် ဒါပေမယ့် ထီးဖြူစောင့်တဲ့ပုဂ္ဂိုလ်က စွဲလမ်းမှုကြောင့်ဖြစ်ခဲ့တဲ့ အကုသိုလ် အဟုန်ကုန်ဆုံးပြီး တန်ခိုးကြီးတဲ့နတ်သမီးတစ်ပါးဖြစ်လာတော့မှာ အဲဒီအခါ သင့်ပညာတွေ အရမ်းစွမ်းပါတယ်ဆိုရင်တောင် ဒူးထောက်အရှုံးပေးရမှာ”

“တိတ်လိုက်စမ်း ငါလိုကောင်က ခြောက်တိုင်းကြောက်မယ့်ထဲမှာမပါဘူး အခု မင်းကိုသတ်ပြီးရွှေသားအတိပြီးတဲ့ လက်ဖျံရိုးကိုယူမယ်၊ လက်ဖျံရိုးရတာနဲ့ ဒီဇမ္မူမှာ နက်ကျော်က အစွမ်းထက်ဆုံးဖြစ်ပြီ”

“ဒါဖြင့်လဲ လက်ဖျံရိုးကိုယူဖို့ ကျုပ်ကိုအရင်နိုင်အောင် တိုက်စမ်းပါ”

အောင်မြတ်သာရဲ့စိန်ခေါ်မှုကြောင့် နက်ကျော်ဆိုတဲ့လူက အနောက်ကို ငါးလှမ်းခန့်ဆုတ်သွားပြီး မြေကြီးကိုခြေဖနောင့်နဲ့ပေါက်လိုက်ရာ မြေကြီးထဲကနေ ရေလှိုင်းတွေလို လှိုင်းတံပိုးတွေထလာပြီး အောင်မြတ်သာရဲ့ ခန္ဓာကိုယ်ပေါ်ကို ခြတောင်ပို့တွေလို တစ်ရစ်ရစ်နဲ့တက်လာခဲ့တယ်။

“ဟားဟား ရုန်းစမ်း ငါ့ရဲ့ပထဝီပညာချုပ်ကို လွတ်အောင်ရုန်းစမ်း”

နက်ကျော်ဆိုတဲ့လူက ရုန်းကန်မရဖြစ်နေတဲ့ အောင်မြတ်သာကိုကြည့်ပြီး ဝမ်းသာအားရ အော်ရယ်နေတဲ့အချိန် ဘေးမှာရပ်နေတဲ့ သက်ခိုင်က အိမ်ကမထွက်ခင် အောင်မြတ်သာပေးထားတဲ့ အင်းစမတစ်ချုပ်ကို လက်ပေါ်တင်ပြီး ဂါထာတစ်ပုဒ်ကိုရွတ်လိုက်တယ်ဆိုရင်ပဲ အင်းစမက လေပေါ်ပျံတက်သွားပြီး အောင်မြတ်သာရဲ့ဦးခေါင်းပေါ်မှာ ငြိမ်သက်သွားပါလေရော။

မကြာခင် ခေါင်းပေါ်မှာရှိတဲ့ အင်းစမထဲကနေ ကြည်လင်တောက်ပနေတဲ့ ရေစက်တွေ အရှိန်အဟုန်နဲ့ကျလာပြီး ခန္ဓာကိုယ်မှာမြေစာနဲ့တူတဲ့အညစ်အကြေးတစ်စမှမကျန်အောင် တိုက်စား ပယ်ဖျက်သွားခဲ့တယ်။

“ တောက် မင်းကလဲ ပေါ့သေးသေးမဟုတ်ဘူးပဲ ငါလဲ ဒီလိုပညာရှင်မျိုးကိုမှ သဘောကျတာ”

နက်ကျော်က အောင်မြတ်သာကို မကျေမချမ်းဖြစ်တဲ့လေသံနဲ့ပြောပြီး မှော်နက်ကဝေအချုပ် နဲ့ချုပ်နှောင်ဖို့ကြိုးစားပါလေရော။ ဒီတစ်ခါမှာတော့ အောင်မြတ်သာ ငြိမ်ခံမနေတော့ပဲ သူ့ဆီ ဝင်လာတဲ့ အနက်ရောင်မီးခိုးငွေ့တွေကို ဘယ်လက်လက်ဝါးနဲ့ ဆီးပြီးတားလိုက်ရာ မီးခိုးငွေ့တွေက ရှေ့ကိုဆက်တိုးမလာနိုင်တော့ပဲ တစ်ခုခုနဲ့ကာထားသလိုဖြစ်ကာ လှုပ်ရှားနေခဲ့တယ်။ နက်ကျော် ကလဲ အောင်မြတ်သာမလှုပ်နိုင်ပဲဖြစ်နေတာမြင်တော့ ဖနောင့်တစ်ချက်ပေါက်ပြီး လေပေါ်ခုန်တက် လိုက်ရာ မီးဟုန်းဟုန်းတောက်နေတဲ့ အလုံးတစ်အဖြစ်ပြောင်းလဲသွားပြီး အောင်မြတ်သာဆီကို ထပ်မံတိုးဝင်လာခဲ့တယ်။

အောင်မြတ်သာက သူ့ဆီအရှိန်နဲ့ပြေးဝင်လာတဲ့ မီးလုံးကို လွတ်နေတဲ့ညာဘက်လက်နဲ့ ကာပြီးတားထားပြီး ထိန်းနေတာမြင်တော့ သက်ခိုင်နဲ့တောက်ရက ဝင်ကူညီဖို့ဟန်ပြင်လိုက်တဲ့ အချိန်

“ ဘယ်သူမှမဝင်နဲ့ ကိုယ့်နေရာမှာကိုယ်ရပ်နေကြ မင်းတို့ဝင်လာရင် ရွာထဲကိုသူဝင်ဖို့ လမ်းပွင့်သွားလိမ့်မယ်”လို့ပြောလိုက်တော့ သက်ခိုင်နဲ့ တောက်ရက အံကိုကြိတ်ပြီး ရပ်မြဲတိုင်း ရပ်နေလိုက်ကြရတယ်။

အဲဒီအချိန် ဘေးမှာပေါက်နေတဲ့ ညောင်ပင်အနောက်ကနေ လက်ခုပ်တစ်ဖြောင်းဖြောင်း တီးပြီး ထွက်လာတဲ့ နက်ကျော်ကိုမြင်လိုက်ရတယ်။

“ ဘယ်လိုလဲ ကျုပ်လေပေါ်တက်သွားတာမြင်တော့ ဒီမီးလုံးက ကျုပ်ထင်ပြီးထိန်းထားရတာ ပင်ပန်းနေပြီလား၊ အော် ဒါနဲ့ ကျုပ်မဟုတ်ဘူးထင်ပြီး ကာထားတဲ့လက်ကိုမလျော့လိုက်နဲ့ဦးနော် အခုထိန်းထားတဲ့အရာနှစ်ခုလုံးက သင့်ခန္ဓာကိုယ်ထဲကိုဖောက်ထွက်သွားလိမ့်မယ်”

နက်ကျော်က အောင်နိုင်သူတို့ရဲ့လမ်းလျောက်ဟန်နဲ့ သက်ခိုင်တို့အရှေ့ကို လျောက်လာပြီး

“မင်းတို့နှစ်ယောက်ကတော့ ငါ့ရဲ့ပညာကို အံတုနိုင်မှာမဟုတ်ပါဘူး ဒီတော့ အသာယာလမ်း ဖယ်ပေးတာပိုကောင်းမယ်” လို့ပြောလိုက်တော့ သက်ခိုင်က

“ ကျုပ်တို့ကို နိုင်အောင်တိုက်ပြီးမှ ဒီလမ်းကိုဝင်လို့ရမယ် သင့်ပညာတွေဘယ်လောက် စွမ်းစွမ်း ကျုပ်တို့မကြောက်ဘူး”လို့ပြောလိုက်တော့ နက်ကျော် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး

“ ငါမွေးထားတဲ့ ဖိုးသူတော်အရိုးခြောက်နှစ်ကောင်ရဲ့လက်ကနေ လွတ်အောင်ရုန်းကြစမ်း” လို့ပြောကာ လက်ထဲကိုင်ထားတဲ့ အဖြူရောင်အရုပ်လေးနှစ်ရုပ်ကို သက်ခိုင်တို့ရှိရာဘက်ကို ပစ်ထည့်လိုက်တယ်။

တစ်လက်မသာသာလောက်ရှိတဲ့ အဖြူရောင်အရုပ်လေးက မြေကြီးပေါ်ကိုကျတာနဲ့ ဖယောင်းထဲကိုကျတဲ့ မီးစလိုမြေကြီးထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။ သက်ခိုင်တို့လဲ အထူးဆန်းအရုပ်လေးကို ကြည့်နေတုန်းရှိသေး မြေကြီးထဲကနေ အရိုးငေါငေါထနေတဲ့ လက်နှစ်ဖက်စီထွက်လာပြီး သက်ခိုင်နဲ့တောက်ရတို့ရဲ့ခြေထောက်နှစ်ဖက်ကို လှုပ်မရအောင် ချုပ်ထားပါလေရော။

သေးသွယ်တဲ့ အရိုးခြောက်လက်တွေနဲ့ချုပ်ထားတဲ့ဒဏ်ကို သက်ခိုင်နဲ့တောက်ရတို့ မရုန်းနိင်ပဲဖြစ်နေတဲ့အချိန် “ဂျောက် ဂျောက် ‌‌ဂျောက်”ဆိုတဲ့အသံနဲ့အတူ လက်နှစ်ဖက်ကလှုပ်မရ ဖြစ်သွားလို့ ငုံ့ကြည့်လိုက်ရာ သံချေးအထပ်ထပ်တက်နေတဲ့ လက်ထိပ်တစ်ခုကို လက်နှစ်ဖက်မှာ ချုပ်ပြီးသားအနေအထားနဲ့မြင်လိုက်ရတယ်။

“ ဘယ်လိုလဲ ဆရာပေါက်စလေးတွေ ဒီလက်ထိပ်က သေဒဏ်ကျအစိမ်းသေအလောင်း ကိုးလောင်းတိတိကိုခတ်ခဲ့တဲ့လက်ထိပ်ပဲ ဒီတော့ သူတို့ရဲ့ဝိဉာဉ်တွေက လက်ထိပ်ပေါ်မှာစွဲလမ်း နေတာပေါ့ အဲဒီမှာငါက သူတို့ရဲ့ဝိဉာဉ်တွေကိုထိန်းချုပ်ကိုင်တွယ်ပြီး အနည်းငယ်စီရင်လိုက်တဲ့အခါ မင်းတို့လိုပညာရည်နိမ့်တဲ့ဆရာတွေကို အလွယ်တကူဖမ်းချုပ်နိုင်တဲ့ ပစ္စည်းဖြစ်ခဲ့တာပဲ”

နက်ကျော်က သူ့အပြောတွေကို သူ့ဘာသာ သဘောကျပြီး လှုပ်မရဖြစ်နေတဲ့ အောင်မြတ်သာ၊ သက်ခိုင်နဲ့ တောက်ရတို့ကို ခေါင်းလေးစောင်းငဲ့ကြည့်ကာ လေလေးတစ်ချွန်ချွန်နဲ့ ရွာထဲကို ဝင်လာခဲ့လိုက်တယ်။ ရွာအထဲကိုစဝင်လိုက်တာနဲ့ “ရွှီး”ဆိုတဲ့အသံနဲ့အတူ အရပ်လေးမျက်နှာကနေ ကျလာတဲ့ ရွှေရောင်ပိုက်ကွန်အချို့ကို လရောင်အောက်မှာ မြင်လိုက်ရတယ်။

စိတ်ချလက်ချဝင်လာတဲ့ နက်ကျော်အဖို့ မျက်စိတစ်မှတ်အတွင်းဖြစ်ပျက်သွားတာကြောင့် ရှောင်တိမ်းချိန်မရလိုက်ပဲ ပိုက်ကွန်လေးခုထပ်လျက်သားအနေအထားနဲ့ ပိတ်မိနေတဲ့အချိန် ရွာအတွင်းအမှောင်ထုထဲကနေ ထွက်လာတဲ့ လူသုံးယောက်ကိုမြင်လိုက်ရတယ်။

“ဟင် မင်း မင်းတို့ မင်းတို့က ရွာပြင်မှာလှုပ်မရအောင်ချုပ်ခံထားရတာမဟုတ်လား ဘယ်လို ဖြစ် ဖြစ်”

“သင်ပညာက စွမ်းပါတယ် ဒါပေမယ့် သင်က ကိုယ့်ကိုကိုယ်အရမ်းအထင်ကြီးလွန်းတယ် သင်ချုပ်နှောင်ထားခဲ့တဲ့အရာတွေကို ပြန်ကြည့်လိုက်ပါဦး”

နက်ကျော်လဲ ရွာအပြင်မှာ သူချုပ်နှောင်ခဲ့တဲ့ လူတွေကိုပြန်ကြည့်လိုက်ရာ လူတွေမဟုတ်တော့ပဲ ကောက်ရိုးခြောက်တွေကို လူပုံသဏ္ဏာန်လုပ်ထားတဲ့ စာခြောက်ရုပ်တွေ ဖြစ်နေတာမြင်တော့ ခြေဖနောင့်ကိုပေါက်ကာ မီးစုန်းအသွင်ပြောင်းပြီး ပိုက်ကွန်ကိုဖောက်ထွက် ပျံသန်းဖို့ကြိုးစားပါလေရော။

အောင်မြတ်သာအထူးစီရင်ထားတဲ့ အင်းပိုက်ကွန်က နက်ကျော်အပေါ်ပျံတက်တဲ့နောက်ကို အလိုက်သင့်လိုက်ပါလိုက် မပျံနိုင်လို့ ပြန်ကျလာရင်လဲ အလိုက်သင့်ပြန်ကျလိုက်နဲ့ ဖြစ်နေတာကို အောင်မြတ်သာတို့ဆရာတပည့်တွေ ထိုင်ကြည့်နေခဲ့ကြတယ်။

နက်ကျော်လဲ သူဘယ်လိုမှဖောက်ထွက်လို့မရမှန်းလဲသိရော မျက်ရည်ခံထိုးပြီး သူ့ကိုပြန်လွှတ်ပေးရင် ဒီရွာကိုဘယ်တော့မှမနှောက်ယှက်တော့ဘူး ဆိုပြီးပြောပါလေရော။ အောင်မြတ်သာကတော့ နက်ကျော်ပြောတဲ့စကားတွေကို လက်မခံပဲ ပညာတွေအကုန်လုံးကို ဖျက်စီးပစ်ခဲ့တယ်။ ပညာတွေအားလုံးကုန်စင်ပြီဆိုတော့မှ ချုပ်ထားတဲ့အင်းစမကို ပြန်သိမ်းပြီး လာရာလမ်းအတိုင်းပြန်လွှတ်ပေးခဲ့လိုက်တယ်။

နက်‌ကေျာ်လဲ လာတုန်းက ကျော့မော့နေပြီး အပြန်မှာတော့ ဖိုသီဖတ်သီဖြစ်နေတဲ့ တောင်ရှည်ပုဆိုးကို မနိုင်မနင်းသယ်ကာထွက်သွားတဲ့အချိန် အစာရှာလာတဲ့ ခွေးအအုပ်နဲ့တိုးပြီး ဖနောင့်နဲ့တင်ပါးတစ်သားထဲကျအောင် ပြေးနေရတာ အောင်မြတ်သာတို့ ရွာထဲကနေ မြင်လိုက် ကြရတယ်။ နက်ကျော်ထွက်သွားတာနဲ့ ကောက်ရိုးရုပ်တွေပေါ်မှာကပ်ထားတဲ့ အင်းစမကိုဖြုတ်သိမ်း ပြီး ရွာအဝင်မျက်နှာဝမှာ မြုပ်နှံထားခဲ့လိုက်တယ်။

နက်ကျော်ရဲ့ပညာတွေ ပျက်စီးသွားတာနဲ့ သူဖမ်းဆီးချုပ်နှောင်ထားတဲ့ ထီးဖြူမှာစောင့်တဲ့ မယ်တော်ပြန်လွှတ်လာပြီး ဘုန်းကြီးကျောင်းကထီးဖြူမှာပဲ ဆက်လက်နေထိုင်ခဲ့တယ်။ အောင်မြတ်သာတို့လဲ မယ်တော်ကြီးလွတ်မြောက်မယ့်နေ့အထိ ရွာမှာနေထိုင်ခဲ့ပြီး ရွာသူရွာသား တွေရဲ့အကျိုးကိုနိုင်သလောက်ကူညီစောင့်ရှောက်ပေးခဲ့ကြတယ်။

အောင်မြတ်သာတို့ရွာကိုရောက်ပြီး နှစ်လပြည့်တဲ့ညမှာတော့ ဘုန်းကြီးကျောင်းရှိတဲ့ ဘက်ကနေ ပြိုးပြိုးပျက်ပျက်အလင်းရောင်တွေ ထွက်ပေါ်နေတာကို မြင်တွေ့ခဲ့ကြတယ်။ အောင်မြတ်သာကတော့ “ထီးဖြူမှာစောင့်နေတဲ့ မယ်တော်ကြီးက အကုသိုလ်စွဲလမ်းစိတ်တွေ ကုန်ဆုံးလို့ မြင့်မြတ်တဲ့ဘုံဘဝကိုရောက်သွားပြီ”လို့ သက်ခိုင်တို့ကိုပြောခဲ့တယ်။ နောက်တစ်နေ့ အရုဏ်တက်ချိန်ရောက်တော့ တရားထိုင်နေတဲ့ အောင်မြတ်သာရဲ့ အမြင်ထဲမှာ ပဌာန်းစာအုပ်ကို လက်မှာကိုင်ပြီး ကြောက်လန့်တုန်လှုပ်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

တရားဖြုတ်ပြီးတဲ့အချိန်မှာတော့ ဆီစိမ်စက္ကူပေါ်မှာ ရွာသူရွာသားတွေနဲ့ ရွာလူကြီးကို ကျေးဇူးတင်ကြောင်းရေးပြီး အခြားနေရာတစ်ခုကို ခရီးဆက်ခဲ့ကြတယ်။ နောက်ဝတ္တုမှာတော့ ပဌာန်းရွတ်လို့မရအောင် အနှောက်အယှက်ပေးနေကြတဲ့ သူတွေကိုအောင်မြတ်သာတို့ ဘယ်လို ဆုံးမမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ပဌာန်းအစွမ်းအံ့မခန်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

#ညမဖတ်ရ

ေအာင္ျမတ္သာႏွင့္ထီးျဖဴေစာင့္နတ္သမီး စိမ္းလန္းစိုေျပေနတဲ့ သစ္ပင္ပန္းမန္ေတြအစီအရီေပါက္ေရာက္ေနတဲ့ ေတာလမ္းေလးက အလွအပခံစားတတ္သူေတြနဲ႔ သဘာဝအလွကိုေရးစပ္သီကုံးမယ့္သူေတြအတြက္ကေတာ့ အရာရာ ျပည့္စုံတဲ့ကဗ်ာတစ္ပုဒ္ကိုရရွိမွာမလြဲဧကန္ျဖစ္ေပမယ့္ သက္ခိုင္တို႔ကေတာ့ အလွအပကိုခံစားဖို႔ ေနေနသာသာ အေရွ႕ကေန ေျဖးေျဖးမွန္မွန္သြားေနတဲ့ ေအာင္ျမတ္သာရဲ႕ေျခလွမ္းေတြကို အမွီလိုက္ ရန္အသဲအသန္ႀကိဳးစားေနခဲ့ရတယ္။ ေခြ်းတစ္လုံးမွမထြက္တဲ့အျပင္ ေမာပန္းႏြမ္းနယ္ျခင္းအလ်ဥ္းမရွိတဲ့ပုံစံနဲ႔ သြားလာေနတဲ့ ေအာင္ျမတ္သာကေတာ့ အေနာက္ကိုစိုးစဥ္းမွ်စိုးရိမ္ပူပန္ျခင္းမရွိပဲ လိုရာခရီးေရာက္ဖို႔အတြက္သာ စိတ္အားထက္သန္ေနခဲ့တယ္။ ႏွစ္နာရီခန႔္သြားၿပီးတဲ့အခ်ိန္မွာေတာ့ သက္ခိုင္နဲ႔ ေတာက္ရတို႔ရဲ႕ ေျခေထာက္ေတြမွာ ခဲေတြဆြဲထားသလိုေလးလံလာတဲ့အတြက္ ဆက္မေလ်ာက္ႏိုင္ေတာ့ပဲ ေခတၱရပ္ လိုက္တဲ့အခ်ိန္ အေရွ႕မွာသြားေနတဲ့ ေအာင္ျမတ္သာက အေနာက္ကိုျပန္လွည့္လာၿပီး “ဘယ္လိုလဲ ပင္ပန္းေနၾကၿပီလား အခုငါတို႔သြားေနတဲ့ခရီးကို အခ်ိန္မွီမေရာက္ႏိုင္ရင္ အဓမၼဝါဒီသမားက အရာရာကိုႀကီးစိုးသြားလိမ့္မယ္” “ဟုတ္ကဲ့ဆရာ ကြၽန္ေတာ္တို႔ႀကိဳးစားၿပီး လိုက္ခဲ့ပါမယ္” သက္ခိုင္နဲ႔ေတာက္ရက စိတ္ကိုတင္းကာေျပာလိုက္တဲ့အခ်ိန္ ေအာင္ျမတ္သာက လက္မွာ ပတ္ထားတဲ့ပုတီးထဲမွာပါတဲ့ သေဘၤာကူးပုတီကိုေခါင္းကေန ဖြင့္လိုက္ရာ ပုတီးလုံးထဲမွာ ျဖဴေဖြး သန႔္စင္ေနတဲ့ ျပာမႈန႔္အနည္းငယ္ကိုေတြ႕လိုက္ရတယ္။ ၿပီးတာနဲ႔ ေဘးမွာရွိေနတဲ့ သစ္႐ြက္တစ္႐ြက္ ကိုခူးကာ အညႇာထိပ္နဲ႔ျပာအနည္းငယ္ကိုတို႔ၿပီး “ေရာ့ ဒီျပာကို တစ္ေယာက္တစ္တို႔စားလိုက္ၾက”လို႔ေျပာေတာ့ သက္ခိုင္နဲ႔ေတာက္ရက သစ္႐ြက္အညႇာထိပ္မွာကပ္ေနတဲ့ ျပာမႈန႔္အနည္းငယ္ဆီကို လ်ာဖ်ားေပၚတင္လိုက္ၾကတယ္။ ဖန္တြတြအရသာရွိတဲ့ျပာမႈန႔္က လည္ေခ်ာင္းတစ္ေလ်ာက္ ေအးျမစြာစီးဆင္းသြားၿပီးမၾကာမီ ခႏၶာကိုယ္တစ္ခုလုံး ဖိန္းတိန္းရွိန္းတိန္းျဖစ္လာကာ ခြန္အားေတြျပည့္လာသလိုခံစားလိုက္ရတယ္။ “ဘယ္လိုလဲ အားေတြျပည့္လာၿပီမဟုတ္လား” “ဟုတ္ကဲ့ဆရာ ေမာပန္းႏြမ္းနယ္တာေတြ ခ်က္ခ်င္းေပ်ာက္သြားတာ အသိသာႀကီး ေနာက္ၿပီး လူကလဲေပါ့ပါးလန္းဆန္းလာတယ္” “ဒါျဖင့္လဲ ခရီးဆက္ၾကရေအာင္ ေနာက္ထပ္တစ္နာရီေလာက္သြားရင္ ငါတို႔လိုခ်င္တဲ့ခရီးကို ေရာက္ပါၿပီ” ေအာင္ျမတ္သာစကားအဆုံးမွာ သက္ခိုင္နဲ႔ေတာက္ရက ေပါ့ပါးတက္ႂကြစြာနဲ႔ ေတာလမ္း ကို ျဖတ္သန္းၿပီးလိုခ်င္တဲ့ခရီးကိုလွမ္းခဲ့ၾကတယ္။ မိနစ္ငါးဆယ္ေလာက္ေလ်ာက္ၿပီးတဲ့ အခ်ိန္မွာေတာ့ မီးခိုးတလူလူထြက္ေနတဲ့ ႐ြာႀကီးတစ္႐ြာကို အေဝးကေနလွမ္းျမင္လိုက္ရတယ္။ ေတာင္ေအာက္မွာ တည္ထားတဲ့႐ြာျဖစ္တဲ့အတြက္ ညီညာစြာစီရီေနတဲ့ ေခါင္မိုးေတြကိုၾကည့္ၿပီး လူေနထူထပ္တဲ့ ႐ြာတစ္႐ြာျဖစ္တယ္ဆိုတာ သိရွိခဲ့ရတယ္။ ေအာင္ျမတ္သာတို႔လဲ ႐ြာသားေတြေဖာက္ထားတဲ့ ေတာင္ဆင္းလမ္းအတိုင္း ေလ်ာက္လာခဲ့ၿပီး မၾကာခင္မွာပင္ လူသံ၊ လွည္းသံ၊ ေခြးသံေတြကို စတင္ၾကားလိုက္ရတယ္။ ႐ြာအဝင္လမ္းဝကိုေရာက္ေတာ့ ႐ြာသားေတြက ဟိုနားတစ္စု၊ ဒီနားတစ္စု စုၿပီး စကားေျပာေနရာ ကေန ေအာင္ျမတ္သာတို႔ကိုျမင္ေတာ့ အားလုံးၾကက္ေသေသကာ အံ့ၾသသြားၾကတယ္။ သက္ခိုင္နဲ႔ ေတာက္ရကေတာ့ တစ္ခုခုေတာ့ထူးျခားေတာ့မယ္ဆိုတာသိတဲ့အတြက္ ေအာင္ျမတ္သာ အေနာက္ကေန အသာကပ္လိုက္ရင္း ပတ္ဝန္းက်င္ကိုအကဲခတ္ေနခဲ့တယ္။ မၾကာခင္ ႐ြာလူထုထဲက ေပါက္ေပါက္ေရာက္ေရာက္ရွိတဲ့လူက ေအာင္ျမတ္သာတို႔အနားကို ကပ္လာၿပီး “ဆြတ္ဆြတ္ျဖဴတဲ့ မင္းထီးျဖဴ အဘယ္သူကေစာင့္သနည္း” ဆိုၿပီးေမးေတာ့ ေအာင္ျမတ္သာ က ၿပဳံးလိုက္ၿပီး “ မိခင္ျဖစ္သူေစာင့္ပါ၏”လို႔ေျဖလိုက္တယ္ဆိုရင္ပဲ တစ္႐ြာလုံး ဒူးေထာက္ထိုင္ခ်ကာ ငိုတဲ့သူကငို အားကိုးတစ္ႀကီး လွမ္းၾကည့္တဲ့သူကၾကည့္ျဖစ္သြားတာျမင္ေတာ့ သက္ခိုင္နဲ႔ ေတာက္ရ ပါးစပ္အေဟာင္းသားျဖစ္သြားၿပီး ဘာမ်ားျဖစ္တာပါလဲဆိုတဲ့အၾကည့္နဲ႔ ေအာင္ျမတ္သာကိုလွမ္း ၾကည့္လိုက္တယ္။ ေအာင္ျမတ္သာကေတာ့ ႐ြာသားေတြအားလုံးကို မတ္တပ္ထရပ္ခိုင္းလိုက္ၿပီး “႐ြာသူ႐ြာသားအေပါင္းတို႔ သင္တို႔ မစိုးရိမ္ၾကနဲ႔ မေၾကာက္လန႔္ၾကနဲ႔ ဒီ႐ြာကို ကူညီဖို႔ က်ဳပ္ကိုအထူးတာဝန္ေပးအပ္ထားတဲ့အတြက္ သင္တို႔ျပႆနာက က်ဳပ္ရဲ႕ျပႆနာျဖစ္တယ္” လို႔ ေျပာလိုက္ေတာ့မွ တစ္႐ြာလုံးရဲ႕မ်က္ႏွာမွာ အၿပဳံးပန္းေတြပြင့္ဖူးလာခဲ့ၾကတယ္။ ႐ြာရဲ႕အႀကီးအကဲျဖစ္ဟန္တူတဲ့လူက ေအာင္ျမတ္သာတို႔ကို အသင့္ျပင္ထားတဲ့ အိမ္တစ္အိမ္ ေပၚကိုေခၚသြားခဲ့ၿပီး “ဒီအိမ္က ဆရာတို႔အတြက္ ႀကိဳတင္ျပင္ထားခဲ့တာ လြတ္လြတ္လပ္လပ္ေနၾကပါ” ေအာင္ျမတ္သာတို႔လဲ အိမ္ေပၚကိုေရာက္ေတာ့ ပါလာတဲ့ပစၥည္းအနည္းငယ္ကို ေနရာခ်လိုက္ၿပီး “ ဘယ္လိုကေန စျဖစ္တာလဲေျပာပါဦး” “ အျဖစ္ကဒီလိုပါ လြန္ခဲ့တဲ့ သုံးလေလာက္က ႐ြာဦးဆရာေတာ္က ထူးဆန္းတဲ့စကား တစ္ခြန္းမိန႔္ခဲ့တယ္။ စကားထဲမွာ သူမရွိတာ ႏွစ္လျပည့္တဲ့ေန႔မွာ တရားေဟာပလႅင္မွာရွိတဲ့ ထီးျဖဴက အလိုလိုေနရင္း က်ိဳးက်လာလိမ့္မယ္တဲ့ ထီးျဖဴက်ိဳးတာနဲ႔ ႐ြာထဲကိုမေကာင္းတဲ့ အေႏွာက္အယွက္ေတြ ဝင္လာၾကလိမ့္မယ္ ကံနိမ့္သူေတြ၊ ကေလးသူငယ္ေတြ အထူးသတိထားၾကပါ”လို႔မိန႔္ခဲ့တယ္။ က်ဳပ္တို႔လဲ ဆရာေတာ္စကားကိုၾကားေတာ့ စိတ္ထဲ ထင့္ေန ေပမယ့္ က်န္းမာေရးအေကာင္းႀကီးျဖစ္ေနတဲ့ဆရာေတာ္ကို လုံးဝစိတ္မပူခဲ့ၾကဘူး။ လြန္ခဲ့တဲ့ တစ္လမွာ ႐ြာမွာရွိတဲ့အိမ္ေတြကေန တစ္အိမ္တစ္ေယာက္ ဘုန္းႀကီးေက်ာင္းကိုလာဖို႔ ဆင့္ေခၚ ခဲ့တယ္။ ေက်ာင္းမွာလူစုံေတာ့ ဆရာေတာ္က တရားေဟာပလႅင္ေပၚကေန ထိုင္ၿပီး ေနာက္လ တနလၤာေန႔ေရာက္ရင္ ႐ြာထဲကို လူစိမ္းသုံးေယာက္ဝင္လာၾကလိမ့္မယ္။ သူတို႔ဝင္လာတဲ့ အခါ ႐ြာလူႀကီးက ဘုန္းႀကီးေျပာျပမယ့့္စကားဝွက္ကိုေမးပါ။ အေျဖမွန္ေအာင္မေျပာႏိုင္ရင္ ႐ြာထဲကို မေပးဝင္ပဲ ခ်က္ခ်င္းေမာင္းထုတ္ၾကပါ၊ စကားဝွက္ကိုမွန္ေအာင္ေျပာႏိုင္တဲ့သူေရာက္တဲ့ထိ သတိရွိၾကပါလို႔ မိန႔္ခဲ့တယ္” ႐ြာလူႀကီးက စကားေျပာေနရင္း ေမာသြားဟန္နဲ႔ ေခတၱနားလိုက္ၿပီး ၾကမ္းေပၚမွာခ်ထားတဲ့ ေရေႏြးၾကမ္းတစ္ခြက္ကို‌ေမာ့ေသာက္လိုက္တယ္။ “ေနာက္တစ္ေန႔ ဆြမ္းစားၿပီးတဲ့ အခ်ိန္ေရာက္ေတာ့ ဆရာေတာ္က အေကာင္းႀကီးကေန ပ်ံလြန္ေတာ္မူခဲ့တယ္။ က်ဳပ္တို႔ျဖင့္ ဘယ္လိုမွမယုံႏိုင္ျဖစ္ခဲ့ရတာ။ ဆရာေတာ္ပ်ံလြန္ေတာ္မူၿပီး ႏွစ္လျပည့္တဲ့ေန႔မွာေတာ့ တရားေဟာ ပလႅင္အေနာက္မွာေထာင္ထားတဲ့ ထီးျဖဴက အလိုလိုေနရင္း က်ိဴးက်ပါေလေရာ။ ထီးျဖဴက်ိဳးတဲ့ညကစၿပီး အူလိုက္တဲ့ေခြး၊ ၾကားလိုက္ရတဲ့ ညီးသံဆိုတာ မေျပာပါနဲ႔ေတာ့။ က်ဳပ္တို႔လဲ မနက္မိုးလင္းဖို႔ကိုထိုင္ေစာင့္ရင္း အိပ္ေရးပ်က္ခဲ့တဲ့ ညေတြမ်ားလွၿပီ။ ဆရာတို႔မလာခင္ကဆို အစိမ္းေရာင္ အဝတ္ေတြဝတ္ထားတဲ့ လူသုံးေယာက္ ေရာက္လာေသးတယ္။ ကြၽန္ေတာ္တို႔က စကားဝွက္ကို ေမးေတာ့ မွန္ေအာင္မေျဖႏိုင္တဲ့အတြက္ ႐ြာသားေတြအားလုံးစုၿပီးေမာင္းထုတ္လိုက္ရေသးတယ္။ သူတို႔ကေတာ့မေက်နပ္တဲ့ပုံစံနဲ႔ ေတာက္ ခတ္ၿပီးျပန္ထြက္သြားၾကတယ္။ အခုဆရာတို႔ေရာက္လာေတာ့ စကားဝွက္ကို ခ်က္ခ်င္းမွန္ေအာင္ ေျဖႏိုင္တဲ့အတြက္ တစ္႐ြာလုံးအားတက္ခဲ့ရတာပဲ” ႐ြာလူႀကီးစကားကိုနားေထာင္ၿပီး ေအာင္ျမတ္သာက “ဆရာေတာ္ကို သၿဂႋဳလ္ေတာ့ ဘာထူးဆန္းတာဖူးျမင္ခဲ့ရေသးလဲ” “အဲ ဟုတ္တယ္ က်ဳပ္ေျပာဖို႔ေမ့ေနတာ ဆရာေတာ္သၿဂႋဳလ္ၿပီးတဲ့အခ်ိန္ ေ႐ႊသားအတိၿပီး ေနတဲ့ လက္ဖ်ံ႐ိုးတစ္ေခ်ာင္းကိုေတြ႕ခဲ့ရေတာ့ က်ဳပ္တို႔လဲ ဘုန္းႀကီးေက်ာင္းမွာ မွန္ေဘာင္နဲ႔ ေသခ်ာကိုးကြယ္ထားၾကတာ” “ဆရာေတာ္က သင္တို႔႐ြာအတြက္ ကိုးကြယ္ႏိုင္မယ့္အရာတစ္ခုခ်န္ထားခဲ့တာကိုး ဒါကို လိုခ်င္ေနၾကတဲ့သူေတြကလဲ ဒုနဲ႔ေဒးရွိၾကတဲ့အတြက္ ဆရာေတာ္ကိုအၿမဲေစာင့္ေရွာက္ေနတဲ့ ထီးျဖဴေစာင့္နတ္သမီးကို အေဝးကိုပထုတ္လိုက္ၾကတာပဲ” “ဘယ္လို မၾကာခင္ကက်ိဳးသြားတဲ့ထီးျဖဴမွာ နတ္သမီးေစာင့္တယ္ ဟုတ္လား” “ အဲလိုပဲမွတ္ထားၾကေပါ့ဗ်ာ အခုေတာ့ ညေနဝင္ရီတစ္ေရာ အခ်ိန္ေရာက္တာနဲ႔ တံခါးပိတ္ မီးမွိတ္ၿပီး အိမ္ထဲမွာပဲေနၾကဖို႔၊ ဘာအသံပဲၾကားၾကား အျပင္ကိုထြက္မၾကည့္ၾကဖို႔ ႐ြာလူႀကီးကပဲ ေဆာ္ၾသေပးပါ” ေအာင္ျမတ္သာစကားအဆုံးမွာ ႐ြာလူႀကီးက ေခါင္းတစ္ညိမ့္ညိမ့္လုပ္ၿပီး ျပန္ဆင္းသြား ခဲ့တယ္။ ႐ြာလူႀကီးျပန္သြားေတာ့ ေအာင္ျမတ္သာက သက္ခိုင္နဲ႔ ေတာက္ရကိုေခၚၿပီး “ ဒီညကစၿပီး ႐ြာကိုငါတို႔ကာကြယ္ရမယ္။ ေနာက္ၿပီး ဆရာေတာ္ရဲ႕ လက္ဖ်ံ႐ိုးကို လိုခ်င္ေနၾကတဲ့ နတ္ဆိုးမိစာၦေတြရဲ႕ဒဏ္ေၾကာင့္ ခ်ဳပ္ေႏွာင္ခံထားရတဲ့ ထီးျဖဴေစာင့္နတ္သမီးကို ကယ္တင္ရဦးမယ္” “ဆရာ ထီးျဖဴေစာင့္နတ္သမီးက ဘာလို႔ နတ္ဆိုးေတြရဲ႕ ခ်ဳပ္ေႏွာင္တာကိုခံရတာလဲ သူ႔မွာ အစြမ္းအစမရွိလို႔လား” “မဟုတ္ဘူးသက္ခိုင္ တရားေဟာပလႅင္မွာရွိတဲ့ ထီးျဖဴက ဆရာေတာ္ရဲ႕မယ္ေတာ္ကိုယ္တိုင္ လႉထားခဲ့တာ။ မယ္ေတာ္ႀကီးဆုံးေတာ့ လႉထားခဲ့တဲ့ ထီးျဖဴကိုစြဲလမ္းတဲ့စိတ္ေၾကာင့္ နတ္ျပည္ကို မသြားႏိုင္ပဲ ထီးျဖဴမွာ အခ်ိန္အတိုင္းအတာတစ္ခုထိ တြယ္ကပ္ေနေနရတာ။ လူေတြနားလည္ လြယ္ေအာင္ေျပာရရင္ မကြၽတ္မလြတ္ဘူးေပါ့ကြာ။ ဒါေပမယ့္ မယ္ေတာ္ႀကီးျပဳခဲ့တဲ့ ကုသိုလ္ေတြရဲ႕ အက်ိဳးကေျပာမကုန္တဲ့အတြက္ ထီးျဖဴေစာင့္နတ္သမီးလို႔သုံးႏႈန္းခဲ့တာ” ေအာင္ျမတ္သာစကားအဆုံးမွာ သက္ခိုင္နဲ႔ ေတာက္ရတို႔နားလည္သေဘာေပါက္သြားၾကၿပီး “ဟုတ္ကဲ့ဆရာ အခုမွပဲ ရွင္းသြားေတာ့တယ္ ကြၽန္ေတာ္တို႔က ဒီညဘာေတြလုပ္ရမွာလဲ” “ဆရာေတာ္က သူပ်ံလြန္တာနဲ႔ ဒီျပႆနာျဖစ္မယ္ဆိုတာသိလို႔ ငါတို႔မေရာက္ခင္အထိ ခံႏိုင္ရည္ရွိတဲ့ အစီအရင္တစ္ခုကို ႐ြာပတ္ပတ္လည္မွာ ခ်ထားခဲ့တယ္။ ဒါေပမယ့္ ဆရာေတာ္က မျမင္အပ္တဲ့ နတ္မိစာၦေတြအတြက္ပဲစဥ္းစားၿပီးလုပ္ထားတဲ့အတြက္ လူသာမန္အျဖစ္ဟန္ေဆာင္လို႔ ရတဲ့ ေအာက္လမ္းသမားေတြအတြက္ လစ္ဟာသြားခဲ့တယ္။ ဒါေၾကာင့္ ထီးျဖဴေစာင့္နတ္သမီးကို သူတို႔ရဲ႕ပညာနဲ႔ထိန္းခ်ဳပ္ၿပီး ဖမ္းထားခဲ့ၾကတာပဲ။ ဒီညမွာေတာ့ ဆရာေတာ္ရဲ႕ အစီအရင္အစြမ္းက ပ်က္ျပယ္ၿပီျဖစ္တဲ့အတြက္ နတ္မိစာၦေတြအနည္းနဲ႔အမ်ားဝင္ေရာက္လာၾကမွာပဲ။ မင္းတို႔ငါတို႔က ညဘက္မွာ နတ္မိစာၦေတြကို တားဆီးရမွာျဖစ္ၿပီး မနက္ဘက္မွာေတာ့ သာမန္လူဟန္ေဆာင္ထားတဲ့ ေအာက္လမ္းဆရာေတြကို တားဆီးရမွာျဖစ္တယ္” “ဒါဆို ကြၽန္ေတာ္တို႔က ဘယ္အခ်ိန္ထိ ကာကြယ္ရမွာလဲ” ေတာက္ရစကားေၾကာင့္ ေအာင္ျမတ္သာက ႐ြာထိပ္ဘက္ကိုေငးၾကည့္ၿပီး “ဘယ္အခ်ိန္ထိလဲဆိုတာ ငါ့ကိုမၫႊန္ၾကားေသးဘူး ဒါေၾကာင့္ အထက္ဆရာႀကီးေတြ အမိန႔္မခ်မျခင္း ငါတို႔ဒီ႐ြာကိုေစာင့္ေရွာက္ရမယ္”လို႔ေျပာကာ ႏွင္းဆီပန္းေတြနဲ႔ပူေဇာ္ထားတဲ့ ဘုရားေက်ာင္းေဆာင္ေရွ႕ကိုထြက္သြားခဲ့တယ္။ သက္ခိုင္နဲ႔ေတာက္ရလဲ ဘုရားေက်ာင္းေဆာင္အေရွ႕မွာ ထိုင္ကာတရားအားထုတ္ေနတဲ့ ေအာင္ျမတ္သာကိုျမင္ေတာ့ ေခါင္းထဲမွာရွိေနတဲ့အေတြးေတြအားလုံးကို ထုတ္ပစ္ကာ အင္းစမေတြကိုစိတ္ႏွစ္ၿပီးေရးဆြဲၾကခဲ့ၾကတယ္။ ညေနေစာင္းအခ်ိန္ေရာက္ေတာ့ လုပ္လက္စအလုပ္ ေတြအားလုံးကိုလက္စသတ္ကာ ညဘက္အစီအစဥ္ကို ဆရာတပည့္ေတြ အေသးစိတ္တိုင္ပင္ ခဲ့ၾကတယ္။ ေနေရာင္ေတာင္စြယ္မွာကြယ္တာနဲ႔ ႐ြာသားေတြအားလုံး အိမ္တံခါးကိုပိတ္ၿပီး မိမိတို႔ ေမြးထားတဲ့ေခြးေတြကိုပါ ၿခံေတြေခၚထည့္ထားခဲ့ၾကတယ္။ ေနေရာင္ေပ်ာက္ၿပီးမၾကာခင္မွာ အေမွာင္ထုက တစ္႐ြာလုံးကိုေျဖးညႇင္းစြာလႊမ္းၿခဳံလိုက္ပါေလေရာ။ ေအာင္ျမတ္သာတို႔ကလဲ ႐ြာအဝင္ထိပ္မွာ မတ္တပ္ရပ္ၿပီး က်ေရာက္လာမယ့္အႏၲရာယ္ ေတြကိုေျဖရွင္းေပးရန္ေစာင့္ေနတဲ့အခ်ိန္ ႐ြာအျပင္ေတာစပ္ကေန ေျဖညႇင္းစြာေလ်ာက္လာေနတဲ့ အေကာင္မဲမဲေတြကို ခပ္ဝါးဝါးလွမ္းျမင္လိုက္ရတယ္။ သက္ခိုင္နဲ႔ေတာက္ရက ႐ြာနီးခ်ဳပ္စပ္ကို ကပ္လာေနတဲ့ အေကာင္ေတြကို စူးစိုက္ၾကည့္ေနခဲ့ရာ ဝါးသုံးျပန္စာအကြာအေဝးလဲေရာက္ေရာ တစ္ကိုယ္လုံးမဲနက္ေနတဲ့ ေခြးနက္ႀကီးေတြျဖစ္ေနတာျမင္လိုက္ၾကရတယ္။ ဒီအခ်ိန္ တစ္ကိုယ္လုံးမဲနက္ေနတဲ့ ေခြးနက္အုပ္ႀကီးက ႐ြာအနားကိုကပ္လာတယ္ဆိုထဲက ေသြး႐ိုးေသြးသားမဟုတ္ဘူးဆိုတာသေဘာေပါက္တဲ့ဟန္နဲ႔ ေအာင္ျမတ္သာကိုလွမ္းၾကည့္လိုက္ၿပီး “ဆရာ ဒီေကာင္ေတြက သာမန္ေတာ့မဟုတ္ေလာက္ဘူးေနာ္ ေခြးအသြင္ေျပာင္းၿပီး ႐ြာကို အကဲလာခတ္တာျဖစ္မယ္” “ဟုတ္တယ္သက္ခိုင္ ငါလဲ မင္းလိုပဲေတြးထင္မိတယ္ သူတို႔ဘာဆက္လုပ္မယ္ဆိုတာ အရင္ ေစာင့္ၾကည့္လိုက္ပါဦး” ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္နဲ႔ေတာက္ရက အေမွာင္ထုထဲကေန အေျခအေနကို အကဲခတ္ေနတဲ့အခ်ိန္ ေခြးနက္အုပ္ႀကီးက သက္ရွိတစ္ေကာင္တစ္ေလကိုမွ မေတြ႕ရေတာ့ အခြင့္သာၿပီဆိုတဲ့ဟန္နဲ႔ ႐ြာထဲကိုအရွိန္နဲ႔ေျပးလာၿပီး လူတစ္ရပ္ခန႔္ျမင့္တဲ့ ၿခံစည္း႐ိုးကို ခုန္ေက်ာ္ လိုက္တဲ့အခ်ိန္ ၿခံစည္း႐ိုးအျပင္ဘက္မွာ ေအာင္ျမတ္သာတို႔စီရင္ထားတဲ့ အကာအကြယ္နဲ႔ထိၿပီး ႐ြာအျပင္ဘက္ကို ျပန္လႊင့္ထြက္သြားခဲ့တယ္။ အေရွ႕ကေနခုန္ဝင္သြားတဲ့ ေခြးနက္သုံးေကာင္ ကိုး႐ိုးကားလ်ားျပဳတ္က်လာတာျမင္ေတာ့ အေနာက္မွာရွိေနတဲ့ ေခြးနက္အုပ္ႀကီးက ခုန္မဝင္ေတာ့ပဲ ပတ္ဝန္းက်င္ကိုလိုက္ၾကည့္ကာ တစ္ခုခုကို အနံ႔ခံေနခဲ့တယ္။ အတန္ၾကာ စူးစမ္းၿပီးေတာ့မွ ေလးဘက္ေထာက္ထားတဲ့ ေျခေထာက္ေတြကို ပဒတ္ရပ္သလိုမတ္တပ္ရပ္လိုက္တယ္ဆိုရင္ပဲ ေခြးနက္အသြင္ကေန ေၾကာက္မက္ဖြယ္ နာနာဘာဝေတြအျဖစ္ေျပာင္းလဲသြားတာကို ေအာင္ျမတ္သာတို႔ျမင္လိုက္ရတယ္။ တစ္ကိုယ္လုံးၾကမ္းတမ္းတဲ့ အေမႊးအမွ်င္ေတြနဲ႔ဖုံးအုပ္ထားတဲ့အတြက္ ႐ုပ္ရည္သြင္ျပင္ကို ရွင္းလင္းစြာမျမင္ရေပမယ့္ ရက္စက္ၾကမ္းၾကဳတ္ၿပီးသနားညႇာတာမႈကင္းမဲ့ေနတဲ့ဟန္ကအထင္သာ ဖုံးကြယ္ထားတဲ့ အေမႊးအမွ်င္ေအာက္ကေန အထင္းထားေပၚလြင္ေနခဲ့တယ္။ ေအာင္ျမတ္သာလဲ ဒီေကာင္ေတြဘာဆက္လုပ္မလဲဆိုတာ ေစာင့္ၾကည့္ေနတဲ့အခ်ိန္ မ်က္စိလည္လမ္းမွားၿပီး‌ ေလ်ာက္သြားေနတဲ့ ေခြးအတစ္ေကာင္က နာနာဘာဝေတြအေရွ႕အေန အမွတ္မထင္ ျဖတ္ေလ်ာက္ သြားခဲ့တယ္။ နာနာဘာဝေတြကလဲ သူတို႔အေရွ႕ကေန ျဖတ္သြားတဲ့ေခြးအကို အျမႇီးကေနဆြဲကိုင္ၿပီး ေျမႀကီးနဲ႔႐ိုက္သတ္ကာ အငမ္းမရလုယက္စားေသာက္ၾကပါေလေရာ။ ႐ုတ္တရက္မထင္မွတ္ပဲ ျဖစ္သြားတဲ့အတြက္ ေအာင္ျမတ္သာဘာမွမတတ္ႏိုင္ပဲ ၾကည့္ေနတဲ့အခ်ိန္ ေခြးအရဲ႕ခႏၶာကိုယ္က မိနစ္အနည္းငယ္အတြင္း နာနာဘာဝေတြရဲ႕ ပါးစပ္ထဲကိုေရာက္သြားခဲ့တယ္။ ေသြးစိမ္းရွင္ရွင္ေတြနဲ႔ အသားတုံးေတြကို အငမ္းမရစားေသာက္ၿပီးေသာ္လည္း ဆာေလာင္မႈကိုအေတာမသတ္ႏိုင္ေသးတဲ့ အတြက္႐ြာထဲမွာရွိေနတဲ့ လူသားေတြရဲ႕အေငြ႕အသက္ကို အနံ႔ခံကာ လ်ာတစ္ျပင္ျပင္ အစြယ္တကားကားလုပ္လာပါေလေရာ။ ဒီတစ္ခါမွာေတာ့ ေအာင္ျမတ္သာမေနသာေတာ့ပဲ အသားစားၾကဴးေနၾကတဲ့ နာနာဘာဝေတြရွိရာ ႐ြာအျပင္ဘက္ကို တစ္လွမ္းခ်င္းထြက္လာခဲ့လိုက္တယ္။ ႐ြာထဲကေန ထြက္လာတဲ့ ေအာင္ျမတ္သာကိုျမင္ေတာ့ သူတို႔အတြက္ အစာရၿပီဆိုတဲ့အထင္နဲ႔ အမဲဖ်က္ရန္ အုပ္စုလိုက္ေျပးဝင္လာခဲ့ၾကတယ္။ ေအာင္ျမတ္သာကလဲ ေျပးဝင္လာတဲ့ နာနာဘာဝေတြကို အနားမေရာက္ခင္မွာပဲ လက္ျပန္ ႐ိုက္ထုတ္လိုက္ရာ အေနာက္ကို ဆယ္ေပေလာက္လြင့္ထြက္သြားကာ အသံနက္ႀကီးနဲ႔ေအာ္ဟစ္ လူးလိမ့္ပါေလေရာ။ သူတို႔ဘက္ကထိသြားတာသိတဲ့ နာနာဘာဝေတြက ေအာင္ျမတ္သာကို တိုက္ခိုက္ရန္ထပ္မံေျပးဝင္လာတဲ့အခ်ိန္ အေရွ႕မွာရွိေနတဲ့ ေျမျပင္ကေန လႈိင္းလုံးေတြတက္လာၿပီး ေအာင္ျမတ္သာအေရွ႕မွာဆီးခံထားပါေလေရာ။ နာနာဘာဝေတြလဲ လူခါးေစာင္းေလာက္ျမင့္တက္လာတဲ့ ေျမက်စ္စာခဲပုံကို ေက်ာ္ခြဖို႔အလုပ္ ေျမက်စ္စာထဲကေန ကုန္းကြၿပီးထြက္လာတဲ့ ဘီလူးႏွစ္ေကာင္က ေက်ာ္ခြဖို႔လုပ္ေနတဲ့ နာနာဘာဝ ေတြရဲ႕ေျခေထာက္ေတြကိုဆြဲကိုင္ကာ အနားမွာရွိတဲ့ သရက္ပင္ရဲ႕ပင္စည္နဲ႔႐ိုက္ခ်ၿပီး ခပ္လွမ္းလွမ္း ကိုပစ္ထုတ္လိုက္တယ္။ ပါးစပ္ကေန အျပင္ကိုေကာ့ၿပီးတက္ေနတဲ့ အစြယ္ေဖြးေဖြးေတြအျပင္ မာန္ဌာန္အျပည့္နဲ႔ ရပ္ေနၾကတဲ့ ဘီလူးႏွစ္ေကာင္ကိုျမင္ေတာ့ ေရွ႕ဆက္မတက္ရဲၾကေတာ့ပဲ ေရာက္တဲ့ေနရာမွာ ရပ္ၿပီး အေျခအေနကိုေစာင့္ၾကည့္ေနခဲ့တယ္။ ဘီလူးႏွစ္ေကာင္ကလဲ မလႈပ္မယွက္နဲ႔ အေရွ႕မွာကာကြံယ္ဖို႔ အသင့္အေနအထားျဖစ္ေနတဲ့အခ်ိန္ ေအာင္ျမတ္သာက “ ဒီအသားစားက်ဴးတဲ့နာနာဘာဝေတြကို သင္တို႔ညီေနာင္ရဲ႕လက္စြမ္းျပလိုက္ပါဦး”လို႔ေျပာ လိုက္တယ္ဆိုရင္ပဲ ၿငိမ္သက္ေနတဲ့ ဘီလူးညီေနာင္က ညာသံေပးေအာ္ဟစ္ကာ နာနာဘာဝအုပ္ထဲ ကို ေျပးဝင္ၿပီး ေတြ႕ရာျမင္ရာအကုန္ ႐ိုက္ပုတ္ထုႏွက္ပါေလေရာ။ အမ်ားနဲ႔ႏွစ္ေယာက္ျဖစ္ေပမယ့္ စိတ္ၾကမ္းလူၾကမ္းျဖစ္ေနတဲ့ ဘီလူညီေနာင္ရဲ႕ တင္းပုတ္ေအာက္မွာ အလူးအလဲ အကြဲအၿပဲနဲ႔ နာနာဘာဝေတြအထိနာေနတဲ့အခ်ိန္ အနက္ေရာင္အခိုးေငြ႕တစ္ခုက ေတာစပ္ထဲကေနထြက္လာၿပီး ဘီလူညီေနာင္ကို လႈပ္မရေအာင္ ခ်ဳပ္ထားလိုက္ပါေလေရာ။ ဘီလူးညီေနာင္လဲ ကိုယ္မွာပတ္ေနတဲ့ အနက္ေရာင္အခိုးေငြ႕ေတြကေန လြတ္ေအာင္ အားကုန္႐ုန္းကန္ေပမယ့္ ႐ုန္းေလပတ္ထားတဲ့အခိုးေတြက ပိုၿပီးတင္ၾကပ္ေလျဖစ္လာတာျမင္ေတာ့ ေအာင္ျမတ္သာက “ဒါေမွာ္နက္ေက်ာ့ကြင္းပဲ ႐ုန္းေလရစ္ပတ္ေလျဖစ္ၿပီး မင္းတို႔ကိုယ္ကို တစ္စစီျဖစ္ေအာင္ လုပ္လိမ့္မယ္ ႏွစ္ေယာက္လုံး မ႐ုန္းၾကနဲ႔”လို႔ေအာ္ေျပာၿပီး အေရွ႕ကိုတက္လာတဲ့အခ်ိန္ ေတာစပ္ အတြင္းကေန တင္းေတာင္းေလာက္ရွိတဲ့ မီးလုံးတစ္လုံးက ေအာင္ျမတ္သာမ်က္ႏွာတည့္တည့္ကို ဝါးလုံးထိုးဝင္လာတာ ျမင္လိုက္ရတယ္။ သတိရွိတဲ့ေအာင္ျမတ္သာက မီးလုံးအနားေရာက္တာနဲ႔ ကိုယ္ကိုအနည္းငယ္ေစာင္းၿပီးေရွာင္လိုက္ရာ ညာဘက္လက္ေမာင္းေဘးကေန ပြတ္ၿပီးထြက္သြား ခဲ့တယ္။ မီးလုံးႀကီးက ေအာင္ျမတ္သာတို႔ အနားတစ္ဝိုက္မွာေဝ့ဝိုက္ပ်ံသန္းေနတာျမင္ေတာ့ သက္ခိုင္က လက္ထဲကိုင္ထားတဲ အင္းစမနဲ႔လွမ္းပစ္ၿပီး တားလိုက္ေပမယ့္ အင္းစမက မီးလုံးနဲ႔ထိၿပီး အစိပ္စိပ္အမႊာမႊာလြင့္ထြက္သြားခဲ့တယ္။ “ ဟင္ ဘယ္လိုျဖစ္တာလဲ” ေတာက္ရရဲ႕ အာေမဋိတ္အသံက ေဘးကေနက်ယ္ေလာင္စြာထြက္ေပၚလာခဲ့တာကိုျမင္တဲ့ ေအာင္ျမတ္သာက “ဒီပညာမ်ိဳးက လူတစ္ေထာင္မွာ တစ္ေယာက္ေအာင္ျမင္ဖို႔ခဲယဥ္းတယ္ စုန္းကေဝပညာရပ္ ေတြမွာ အတိတ္ဘဝက ပါရမီပါလာတဲ့သူေတြေတာင္ က်င့္ႀကံေအာင္ျမင္ဖို႔မလြယ္ဘူး”လို႔ေျပာလိုက္ တာနဲ႔ မီးလုံးႀကီးက ေအာင္ျမတ္သာတို႔နဲ႔မလွမ္းမကမ္းေနရာကို အရွိန္နဲ႔က်လာၿပီး ေျမႀကီးနဲ႔ထိ တဲ့အခ်ိန္ မီးဖြားမီးစေတြက ေဗ်ာက္အိုးေဖာက္သလို ေဘးကိုလြင့္ထြက္လာခဲ့တယ္။ မီးဖြားမီးစေတြ ျဖာထြက္လာတဲ့ေနရာရဲ႕ အလယ္မွာေတာ့ ဆင္စြယ္ေရာင္ပိုးအက်ႌနဲ႔ေတာင္ရွည္ပုဆိုးကိုေသသပ္စြာ ဝတ္ဆင္ထားတဲ့ အသက္ငါးဆယ္အ႐ြယ္လူႀကီးတစ္ေယာက္ကိုျမင္လိုက္ရတယ္။ ေအာင္ျမတ္သာက သန႔္ျပန႔္ခန႔္ညားေနတဲ့လူႀကီးကိုျမင္ေတာ့ “ ေမွာ္နက္ပညာစြမ္းက အံ့မခန္းစရာေကာင္းေလာက္ေအာင္ စြမ္းတဲ့အျပင္ က်ဳပ္တို႔အင္းကို ေတာင္တစ္စစီျဖစ္ေအာင္လုပ္ႏိုင္တာကို အရင္ဆုံးခ်ီးက်ဴးပါရေစ” “ မဟုတ္တာ မဟုတ္တာ စုန္းကေဝေလာကမွာ နာမည္ေက်ာ္ၾကားေနတဲ့ ဆရာတစ္ဆူရဲ႕ ခ်ီးေျမႇာက္တဲ့စကားကို က်ဳပ္မခံယူဝံ့ပါဘူး” “ ကဲဗ်ာ က်ဳပ္တို႔ႏွစ္ေယာက္က လမ္းစဥ္ျခင္းမတူညီဘူးဆိုေပမယ့္ အတတ္ႏိုင္ဆုံး ညႇိႏႈိင္းလို႔ ရမယ္ထင္ပါတယ္ သင္ဒီကိုလာတာ ဘာအေရးကိစၥမ်ားရွိလို႔ပါလဲ” “ က်ဳပ္ကလဲ ဒီလိုပြင့္လင္းတာကိုသေဘာက်တာ အခုက်ဳပ္လိုခ်င္တာက ေ႐ႊအတိၿပီးေနတဲ့ လက္ဖ်ံ႐ိုးတစ္ေခ်ာင္းပဲ၊ ဒါကိုရရင္ ဘယ္သူ႔ကိုမွဒုကၡမေပးပဲ က်ဳပ္ေနရာကို က်ဳပ္ျပန္မွာပါ” “ သင္ေတာင္းဆိုမႈက အရမ္းႀကီးလြန္းတယ္ ေ႐ႊအတိၿပီးတဲ့လက္ဖ်ံ႐ိုးဆိုတာ ဝိဇၨာလမ္းကို ထြက္ခြာသြားတဲ့ဆရာေတာ္ႀကီးက သူ႔႐ြာသူ႐ြာသားေတြ အမွတ္တရကိုးကြယ္ရေအာင္ အဓိဌာန္နဲ႔ ထားခဲ့တဲ့ပူေဇာ္ခံပစၥည္းတစ္ခုပဲ၊ ဒီပစၥည္းမ်ိဳးက သင္တို႔ပညာရပ္နဲ႔အပ္စပ္မႈမရွိပါဘူး” ေအာင္ျမတ္သာစကားအဆုံးမွာ ေတာင္ရွည္ဝတ္လူႀကီးမ်က္ႏွာ တင္းမာသြားၿပီး “ ဒီနယ္တစ္ေၾကာမွာ က်ဳပ္သတ္ခဲ့တဲ့ အထက္လမ္းပညာသည္ေတြရဲ႕ အေလာင္းကိုစုပုံလိုက္ မယ္ဆိုရင္ ႐ြာထဲကလူေတြထက္ေတာင္မ်ားခ်င္မ်ားသြားဦးမယ္ က်ဳပ္စိတ္ၾကည္လင္ေနတဲ့အခ်ိန္ စကားေကာင္းေျပာေနတုန္း ေပးရင္ေပးပါ မေပးဘူးဆိုရင္ ဘာျဖစ္သြားမလဲဆိုတာ ေစာင့္ၾကည့္လိုက္” “ ဒါျဖင့္လဲ ဘာျဖစ္မလဲဆိုတာ က်ဳပ္ၾကည့္ခ်င္ပါတယ္ ဒီပညာၿပိဳင္ပြဲက က်ဳပ္ျဖတ္သန္းခဲ့တဲ့ ကာလတစ္ေလ်ာက္မွာအထူးျခားဆုံးနဲ႔ အျပင္းထန္ဆုံးျဖစ္ခ်င္ျဖစ္လာႏိုင္မွာပါ” “ ဟက္ဟက္ မင္းလဲ ထီးျဖဴမွာေစာင့္ေနတဲ့မိန္းမလို အေၾကာခပ္တင္းတင္းပါလား၊ သူလဲ ငါေကာင္းေကာင္းမြန္မြန္ေတာင္းခဲ့တုန္းက မင္းလိုရင့္ရင့္သီးသီးေျပာခဲ့တယ္ေလ၊ အခုေတာ့လဲ ငါ့ထိန္းခ်ဳပ္မႈေအာက္မွာ ဝပ္ဆင္းခဲ့ရတာပဲမဟုတ္လား” “ျဖစ္ႏိုင္ပါတယ္ ဒါေပမယ့္ ထီးျဖဴေစာင့္တဲ့ပုဂၢိဳလ္က စြဲလမ္းမႈေၾကာင့္ျဖစ္ခဲ့တဲ့ အကုသိုလ္ အဟုန္ကုန္ဆုံးၿပီး တန္ခိုးႀကီးတဲ့နတ္သမီးတစ္ပါးျဖစ္လာေတာ့မွာ အဲဒီအခါ သင့္ပညာေတြ အရမ္းစြမ္းပါတယ္ဆိုရင္ေတာင္ ဒူးေထာက္အရႈံးေပးရမွာ” “တိတ္လိုက္စမ္း ငါလိုေကာင္က ေျခာက္တိုင္းေၾကာက္မယ့္ထဲမွာမပါဘူး အခု မင္းကိုသတ္ၿပီးေ႐ႊသားအတိၿပီးတဲ့ လက္ဖ်ံ႐ိုးကိုယူမယ္၊ လက္ဖ်ံ႐ိုးရတာနဲ႔ ဒီဇမၼဴမွာ နက္ေက်ာ္က အစြမ္းထက္ဆုံးျဖစ္ၿပီ” “ဒါျဖင့္လဲ လက္ဖ်ံ႐ိုးကိုယူဖို႔ က်ဳပ္ကိုအရင္ႏိုင္ေအာင္ တိုက္စမ္းပါ” ေအာင္ျမတ္သာရဲ႕စိန္ေခၚမႈေၾကာင့္ နက္ေက်ာ္ဆိုတဲ့လူက အေနာက္ကို ငါးလွမ္းခန႔္ဆုတ္သြားၿပီး ေျမႀကီးကိုေျခဖေနာင့္နဲ႔ေပါက္လိုက္ရာ ေျမႀကီးထဲကေန ေရလႈိင္းေတြလို လႈိင္းတံပိုးေတြထလာၿပီး ေအာင္ျမတ္သာရဲ႕ ခႏၶာကိုယ္ေပၚကို ျခေတာင္ပို႔ေတြလို တစ္ရစ္ရစ္နဲ႔တက္လာခဲ့တယ္။ “ဟားဟား ႐ုန္းစမ္း ငါ့ရဲ႕ပထဝီပညာခ်ဳပ္ကို လြတ္ေအာင္႐ုန္းစမ္း” နက္ေက်ာ္ဆိုတဲ့လူက ႐ုန္းကန္မရျဖစ္ေနတဲ့ ေအာင္ျမတ္သာကိုၾကည့္ၿပီး ဝမ္းသာအားရ ေအာ္ရယ္ေနတဲ့အခ်ိန္ ေဘးမွာရပ္ေနတဲ့ သက္ခိုင္က အိမ္ကမထြက္ခင္ ေအာင္ျမတ္သာေပးထားတဲ့ အင္းစမတစ္ခ်ဳပ္ကို လက္ေပၚတင္ၿပီး ဂါထာတစ္ပုဒ္ကို႐ြတ္လိုက္တယ္ဆိုရင္ပဲ အင္းစမက ေလေပၚပ်ံတက္သြားၿပီး ေအာင္ျမတ္သာရဲ႕ဦးေခါင္းေပၚမွာ ၿငိမ္သက္သြားပါေလေရာ။ မၾကာခင္ ေခါင္းေပၚမွာရွိတဲ့ အင္းစမထဲကေန ၾကည္လင္ေတာက္ပေနတဲ့ ေရစက္ေတြ အရွိန္အဟုန္နဲ႔က်လာၿပီး ခႏၶာကိုယ္မွာေျမစာနဲ႔တူတဲ့အညစ္အေၾကးတစ္စမွမက်န္ေအာင္ တိုက္စား ပယ္ဖ်က္သြားခဲ့တယ္။ “ ေတာက္ မင္းကလဲ ေပါ့ေသးေသးမဟုတ္ဘူးပဲ ငါလဲ ဒီလိုပညာရွင္မ်ိဳးကိုမွ သေဘာက်တာ” နက္ေက်ာ္က ေအာင္ျမတ္သာကို မေက်မခ်မ္းျဖစ္တဲ့ေလသံနဲ႔ေျပာၿပီး ေမွာ္နက္ကေဝအခ်ဳပ္ နဲ႔ခ်ဳပ္ေႏွာင္ဖို႔ႀကိဳးစားပါေလေရာ။ ဒီတစ္ခါမွာေတာ့ ေအာင္ျမတ္သာ ၿငိမ္ခံမေနေတာ့ပဲ သူ႔ဆီ ဝင္လာတဲ့ အနက္ေရာင္မီးခိုးေငြ႕ေတြကို ဘယ္လက္လက္ဝါးနဲ႔ ဆီးၿပီးတားလိုက္ရာ မီးခိုးေငြ႕ေတြက ေရွ႕ကိုဆက္တိုးမလာႏိုင္ေတာ့ပဲ တစ္ခုခုနဲ႔ကာထားသလိုျဖစ္ကာ လႈပ္ရွားေနခဲ့တယ္။ နက္ေက်ာ္ ကလဲ ေအာင္ျမတ္သာမလႈပ္ႏိုင္ပဲျဖစ္ေနတာျမင္ေတာ့ ဖေနာင့္တစ္ခ်က္ေပါက္ၿပီး ေလေပၚခုန္တက္ လိုက္ရာ မီးဟုန္းဟုန္းေတာက္ေနတဲ့ အလုံးတစ္အျဖစ္ေျပာင္းလဲသြားၿပီး ေအာင္ျမတ္သာဆီကို ထပ္မံတိုးဝင္လာခဲ့တယ္။ ေအာင္ျမတ္သာက သူ႔ဆီအရွိန္နဲ႔ေျပးဝင္လာတဲ့ မီးလုံးကို လြတ္ေနတဲ့ညာဘက္လက္နဲ႔ ကာၿပီးတားထားၿပီး ထိန္းေနတာျမင္ေတာ့ သက္ခိုင္နဲ႔ေတာက္ရက ဝင္ကူညီဖို႔ဟန္ျပင္လိုက္တဲ့ အခ်ိန္ “ ဘယ္သူမွမဝင္နဲ႔ ကိုယ့္ေနရာမွာကိုယ္ရပ္ေနၾက မင္းတို႔ဝင္လာရင္ ႐ြာထဲကိုသူဝင္ဖို႔ လမ္းပြင့္သြားလိမ့္မယ္”လို႔ေျပာလိုက္ေတာ့ သက္ခိုင္နဲ႔ ေတာက္ရက အံကိုႀကိတ္ၿပီး ရပ္ၿမဲတိုင္း ရပ္ေနလိုက္ၾကရတယ္။ အဲဒီအခ်ိန္ ေဘးမွာေပါက္ေနတဲ့ ေညာင္ပင္အေနာက္ကေန လက္ခုပ္တစ္ေျဖာင္းေျဖာင္း တီးၿပီး ထြက္လာတဲ့ နက္ေက်ာ္ကိုျမင္လိုက္ရတယ္။ “ ဘယ္လိုလဲ က်ဳပ္ေလေပၚတက္သြားတာျမင္ေတာ့ ဒီမီးလုံးက က်ဳပ္ထင္ၿပီးထိန္းထားရတာ ပင္ပန္းေနၿပီလား၊ ေအာ္ ဒါနဲ႔ က်ဳပ္မဟုတ္ဘူးထင္ၿပီး ကာထားတဲ့လက္ကိုမေလ်ာ့လိုက္နဲ႔ဦးေနာ္ အခုထိန္းထားတဲ့အရာႏွစ္ခုလုံးက သင့္ခႏၶာကိုယ္ထဲကိုေဖာက္ထြက္သြားလိမ့္မယ္” နက္ေက်ာ္က ေအာင္ႏိုင္သူတို႔ရဲ႕လမ္းေလ်ာက္ဟန္နဲ႔ သက္ခိုင္တို႔အေရွ႕ကို ေလ်ာက္လာၿပီး “မင္းတို႔ႏွစ္ေယာက္ကေတာ့ ငါ့ရဲ႕ပညာကို အံတုႏိုင္မွာမဟုတ္ပါဘူး ဒီေတာ့ အသာယာလမ္း ဖယ္ေပးတာပိုေကာင္းမယ္” လို႔ေျပာလိုက္ေတာ့ သက္ခိုင္က “ က်ဳပ္တို႔ကို ႏိုင္ေအာင္တိုက္ၿပီးမွ ဒီလမ္းကိုဝင္လို႔ရမယ္ သင့္ပညာေတြဘယ္ေလာက္ စြမ္းစြမ္း က်ဳပ္တို႔မေၾကာက္ဘူး”လို႔ေျပာလိုက္ေတာ့ နက္ေက်ာ္ မဲ့ၿပဳံးတစ္ခ်က္ၿပဳံးလိုက္ၿပီး “ ငါေမြးထားတဲ့ ဖိုးသူေတာ္အ႐ိုးေျခာက္ႏွစ္ေကာင္ရဲ႕လက္ကေန လြတ္ေအာင္႐ုန္းၾကစမ္း” လို႔ေျပာကာ လက္ထဲကိုင္ထားတဲ့ အျဖဴေရာင္အ႐ုပ္ေလးႏွစ္႐ုပ္ကို သက္ခိုင္တို႔ရွိရာဘက္ကို ပစ္ထည့္လိုက္တယ္။ တစ္လက္မသာသာေလာက္ရွိတဲ့ အျဖဴေရာင္အ႐ုပ္ေလးက ေျမႀကီးေပၚကိုက်တာနဲ႔ ဖေယာင္းထဲကိုက်တဲ့ မီးစလိုေျမႀကီးထဲ တိုးဝင္ေပ်ာက္ကြယ္သြားခဲ့တယ္။ သက္ခိုင္တို႔လဲ အထူးဆန္းအ႐ုပ္ေလးကို ၾကည့္ေနတုန္းရွိေသး ေျမႀကီးထဲကေန အ႐ိုးေငါေငါထေနတဲ့ လက္ႏွစ္ဖက္စီထြက္လာၿပီး သက္ခိုင္နဲ႔ေတာက္ရတို႔ရဲ႕ေျခေထာက္ႏွစ္ဖက္ကို လႈပ္မရေအာင္ ခ်ဳပ္ထားပါေလေရာ။ ေသးသြယ္တဲ့ အ႐ိုးေျခာက္လက္ေတြနဲ႔ခ်ဳပ္ထားတဲ့ဒဏ္ကို သက္ခိုင္နဲ႔ေတာက္ရတို႔ မ႐ုန္းနိင္ပဲျဖစ္ေနတဲ့အခ်ိန္ “ေဂ်ာက္ ေဂ်ာက္ ‌‌ေဂ်ာက္”ဆိုတဲ့အသံနဲ႔အတူ လက္ႏွစ္ဖက္ကလႈပ္မရ ျဖစ္သြားလို႔ ငုံ႔ၾကည့္လိုက္ရာ သံေခ်းအထပ္ထပ္တက္ေနတဲ့ လက္ထိပ္တစ္ခုကို လက္ႏွစ္ဖက္မွာ ခ်ဳပ္ၿပီးသားအေနအထားနဲ႔ျမင္လိုက္ရတယ္။ “ ဘယ္လိုလဲ ဆရာေပါက္စေလးေတြ ဒီလက္ထိပ္က ေသဒဏ္က်အစိမ္းေသအေလာင္း ကိုးေလာင္းတိတိကိုခတ္ခဲ့တဲ့လက္ထိပ္ပဲ ဒီေတာ့ သူတို႔ရဲ႕ဝိဉာဥ္ေတြက လက္ထိပ္ေပၚမွာစြဲလမ္း ေနတာေပါ့ အဲဒီမွာငါက သူတို႔ရဲ႕ဝိဉာဥ္ေတြကိုထိန္းခ်ဳပ္ကိုင္တြယ္ၿပီး အနည္းငယ္စီရင္လိုက္တဲ့အခါ မင္းတို႔လိုပညာရည္နိမ့္တဲ့ဆရာေတြကို အလြယ္တကူဖမ္းခ်ဳပ္ႏိုင္တဲ့ ပစၥည္းျဖစ္ခဲ့တာပဲ” နက္ေက်ာ္က သူ႔အေျပာေတြကို သူ႔ဘာသာ သေဘာက်ၿပီး လႈပ္မရျဖစ္ေနတဲ့ ေအာင္ျမတ္သာ၊ သက္ခိုင္နဲ႔ ေတာက္ရတို႔ကို ေခါင္းေလးေစာင္းငဲ့ၾကည့္ကာ ေလေလးတစ္ခြၽန္ခြၽန္နဲ႔ ႐ြာထဲကို ဝင္လာခဲ့လိုက္တယ္။ ႐ြာအထဲကိုစဝင္လိုက္တာနဲ႔ “႐ႊီး”ဆိုတဲ့အသံနဲ႔အတူ အရပ္ေလးမ်က္ႏွာကေန က်လာတဲ့ ေ႐ႊေရာင္ပိုက္ကြန္အခ်ိဳ႕ကို လေရာင္ေအာက္မွာ ျမင္လိုက္ရတယ္။ စိတ္ခ်လက္ခ်ဝင္လာတဲ့ နက္ေက်ာ္အဖို႔ မ်က္စိတစ္မွတ္အတြင္းျဖစ္ပ်က္သြားတာေၾကာင့္ ေရွာင္တိမ္းခ်ိန္မရလိုက္ပဲ ပိုက္ကြန္ေလးခုထပ္လ်က္သားအေနအထားနဲ႔ ပိတ္မိေနတဲ့အခ်ိန္ ႐ြာအတြင္းအေမွာင္ထုထဲကေန ထြက္လာတဲ့ လူသုံးေယာက္ကိုျမင္လိုက္ရတယ္။ “ဟင္ မင္း မင္းတို႔ မင္းတို႔က ႐ြာျပင္မွာလႈပ္မရေအာင္ခ်ဳပ္ခံထားရတာမဟုတ္လား ဘယ္လို ျဖစ္ ျဖစ္” “သင္ပညာက စြမ္းပါတယ္ ဒါေပမယ့္ သင္က ကိုယ့္ကိုကိုယ္အရမ္းအထင္ႀကီးလြန္းတယ္ သင္ခ်ဳပ္ေႏွာင္ထားခဲ့တဲ့အရာေတြကို ျပန္ၾကည့္လိုက္ပါဦး” နက္ေက်ာ္လဲ ႐ြာအျပင္မွာ သူခ်ဳပ္ေႏွာင္ခဲ့တဲ့ လူေတြကိုျပန္ၾကည့္လိုက္ရာ လူေတြမဟုတ္ေတာ့ပဲ ေကာက္႐ိုးေျခာက္ေတြကို လူပုံသဏၰာန္လုပ္ထားတဲ့ စာေျခာက္႐ုပ္ေတြ ျဖစ္ေနတာျမင္ေတာ့ ေျခဖေနာင့္ကိုေပါက္ကာ မီးစုန္းအသြင္ေျပာင္းၿပီး ပိုက္ကြန္ကိုေဖာက္ထြက္ ပ်ံသန္းဖို႔ႀကိဳးစားပါေလေရာ။ ေအာင္ျမတ္သာအထူးစီရင္ထားတဲ့ အင္းပိုက္ကြန္က နက္ေက်ာ္အေပၚပ်ံတက္တဲ့ေနာက္ကို အလိုက္သင့္လိုက္ပါလိုက္ မပ်ံႏိုင္လို႔ ျပန္က်လာရင္လဲ အလိုက္သင့္ျပန္က်လိုက္နဲ႔ ျဖစ္ေနတာကို ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ ထိုင္ၾကည့္ေနခဲ့ၾကတယ္။ နက္ေက်ာ္လဲ သူဘယ္လိုမွေဖာက္ထြက္လို႔မရမွန္းလဲသိေရာ မ်က္ရည္ခံထိုးၿပီး သူ႔ကိုျပန္လႊတ္ေပးရင္ ဒီ႐ြာကိုဘယ္ေတာ့မွမေႏွာက္ယွက္ေတာ့ဘူး ဆိုၿပီးေျပာပါေလေရာ။ ေအာင္ျမတ္သာကေတာ့ နက္ေက်ာ္ေျပာတဲ့စကားေတြကို လက္မခံပဲ ပညာေတြအကုန္လုံးကို ဖ်က္စီးပစ္ခဲ့တယ္။ ပညာေတြအားလုံးကုန္စင္ၿပီဆိုေတာ့မွ ခ်ဳပ္ထားတဲ့အင္းစမကို ျပန္သိမ္းၿပီး လာရာလမ္းအတိုင္းျပန္လႊတ္ေပးခဲ့လိုက္တယ္။ နက္‌ေက်ာ္လဲ လာတုန္းက ေက်ာ့ေမာ့ေနၿပီး အျပန္မွာေတာ့ ဖိုသီဖတ္သီျဖစ္ေနတဲ့ ေတာင္ရွည္ပုဆိုးကို မႏိုင္မနင္းသယ္ကာထြက္သြားတဲ့အခ်ိန္ အစာရွာလာတဲ့ ေခြးအအုပ္နဲ႔တိုးၿပီး ဖေနာင့္နဲ႔တင္ပါးတစ္သားထဲက်ေအာင္ ေျပးေနရတာ ေအာင္ျမတ္သာတို႔ ႐ြာထဲကေန ျမင္လိုက္ ၾကရတယ္။ နက္ေက်ာ္ထြက္သြားတာနဲ႔ ေကာက္႐ိုး႐ုပ္ေတြေပၚမွာကပ္ထားတဲ့ အင္းစမကိုျဖဳတ္သိမ္း ၿပီး ႐ြာအဝင္မ်က္ႏွာဝမွာ ျမဳပ္ႏွံထားခဲ့လိုက္တယ္။ နက္ေက်ာ္ရဲ႕ပညာေတြ ပ်က္စီးသြားတာနဲ႔ သူဖမ္းဆီးခ်ဳပ္ေႏွာင္ထားတဲ့ ထီးျဖဴမွာေစာင့္တဲ့ မယ္ေတာ္ျပန္လႊတ္လာၿပီး ဘုန္းႀကီးေက်ာင္းကထီးျဖဴမွာပဲ ဆက္လက္ေနထိုင္ခဲ့တယ္။ ေအာင္ျမတ္သာတို႔လဲ မယ္ေတာ္ႀကီးလြတ္ေျမာက္မယ့္ေန႔အထိ ႐ြာမွာေနထိုင္ခဲ့ၿပီး ႐ြာသူ႐ြာသား ေတြရဲ႕အက်ိဳးကိုႏိုင္သေလာက္ကူညီေစာင့္ေရွာက္ေပးခဲ့ၾကတယ္။ ေအာင္ျမတ္သာတို႔႐ြာကိုေရာက္ၿပီး ႏွစ္လျပည့္တဲ့ညမွာေတာ့ ဘုန္းႀကီးေက်ာင္းရွိတဲ့ ဘက္ကေန ၿပိဳးၿပိဳးပ်က္ပ်က္အလင္းေရာင္ေတြ ထြက္ေပၚေနတာကို ျမင္ေတြ႕ခဲ့ၾကတယ္။ ေအာင္ျမတ္သာကေတာ့ “ထီးျဖဴမွာေစာင့္ေနတဲ့ မယ္ေတာ္ႀကီးက အကုသိုလ္စြဲလမ္းစိတ္ေတြ ကုန္ဆုံးလို႔ ျမင့္ျမတ္တဲ့ဘုံဘဝကိုေရာက္သြားၿပီ”လို႔ သက္ခိုင္တို႔ကိုေျပာခဲ့တယ္။ ေနာက္တစ္ေန႔ အ႐ုဏ္တက္ခ်ိန္ေရာက္ေတာ့ တရားထိုင္ေနတဲ့ ေအာင္ျမတ္သာရဲ႕ အျမင္ထဲမွာ ပဌာန္းစာအုပ္ကို လက္မွာကိုင္ၿပီး ေၾကာက္လန႔္တုန္လႈပ္ေနတဲ့ မိန္းမတစ္ေယာက္ကိုျမင္လိုက္ရတယ္။ တရားျဖဳတ္ၿပီးတဲ့အခ်ိန္မွာေတာ့ ဆီစိမ္စကၠဴေပၚမွာ ႐ြာသူ႐ြာသားေတြနဲ႔ ႐ြာလူႀကီးကို ေက်းဇူးတင္ေၾကာင္းေရးၿပီး အျခားေနရာတစ္ခုကို ခရီးဆက္ခဲ့ၾကတယ္။ ေနာက္ဝတၱဳမွာေတာ့ ပဌာန္း႐ြတ္လို႔မရေအာင္ အေႏွာက္အယွက္ေပးေနၾကတဲ့ သူေတြကိုေအာင္ျမတ္သာတို႔ ဘယ္လို ဆုံးမမလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္ ပဌာန္းအစြမ္းအံ့မခန္းဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။ ေလးစားစြာျဖင့္ ေဇယန(ရာမည) #ညမဖတ္ရ

No comments

Post a Comment