” သိုက်စေတီ “(စ/ဆုံး)
” သိုက်စေတီ “(စ/ဆုံး) —————————– “ဟေ့ – မြဝင်းကြီးတို့၊ မင်းတို့ လှည်းတွေ အုတ်တင်ပြီးပြီလား” “တင်ပြီးသွားပြီ – အဘ” “တစ်စီးကို ဘယ်လောက်တင်ထားသလဲကွ” “လှည်းတစ်စီးကို အုတ် (၂ဝဝ)နဲ့ (၂၅)စီး တင်ထားတယ်။ ဒါဆို – အုတ်က တစ်သောင်းပေါ့” ကွ” “အေးကွ – ပြန်ရမယ့်ခရီးကနည်းနည်းဝေးတော့ ဒီလောက်ပဲတင်ထား “ဘိလပ်မြေ သွားဝယ်တဲ့ကောင်တွေ မလာသေးဘူးလားကွ” “လာသင့်ပြီ အဘ – သွားတာကြာပြီ” “ဟော-ပြောရင်းဆိုရင်းဟိုကား ဖြစ်မယ်နဲ့တူတယ်” ကွမ်းခြံကုန်းမြို့ဘက်မှ ကုန်ကားတစ်စီးလာနေသည်ကိုလက်ညှိုးထိုး၍ ရွာဆော်မောင်ဦးကပြောလိုက်သည်။ ထင်သည့်အတိုင်းပင် ဘိလပ်မြေများ တင်ဆောင်လာသော ကားဖြစ်သည်။ ကားရောက်လျှင် အသင့်စောင့်နေ သောလူအုပ်ကြီးက ဘိလပ်မြေအိတ်များကိုလှည်းများပေါ်သို့အချိုးကျတင် လိုက်ကြရာ မကြာမီ ပြီးစီးသွားခဲ့တော့သည်။ နေမှာ နေ့လယ်မွန်းတည့်သာသာဖြစ်၍ အပူရှိန်ပြင်းနေသေးသည်။ ထို့ကြောင့် နွားလှည်းများအပူဒဏ်ကြောင့်ခရီးမဆက်နိုင်သေးသဖြင့် ခေတ္တ နားနေကြရသေးသည်။ ထုံးစံအတိုင်း ကာလသားခေါင်း မြဝင်းကြီးတို့၊ စံပိန် တို့ အုပ်စုကတော့ ထန်းရေဆိုင်များဆီသို့ ချီတက်ကုန်ကြပြီဖြစ်သည်။ မှာ” “ဟေ့ကောင်တွေ – သိပ်လည်း သောက်မနေကြနဲ့နော်။ ပြန်ကြရဦး “သူကြ...

Comments
Post a Comment