လှေကြုံ (စ/ဆုံး)

  လှေကြုံ (စ/ဆုံး) ——————— အချိန်ကား ညနေမှောင်ရီ ပျိုးစ အချိန် ဖြစ်လေသည်။ ပြာသိုလဖြစ်၍ မြူနှင်းတို့တဖွဲဖွဲ ကျလျက် ရှိသည်။ လေပြေ၊ လေညင်းကလေးမ... thumbnail 1 summary

 လှေကြုံ (စ/ဆုံး)

———————
အချိန်ကား ညနေမှောင်ရီ ပျိုးစ
အချိန် ဖြစ်လေသည်။ ပြာသိုလဖြစ်၍ မြူနှင်းတို့တဖွဲဖွဲ
ကျလျက် ရှိသည်။ လေပြေ၊ လေညင်းကလေးများ တိုက်ခတ်လာတိုင်း ရေခဲရည်များဖြင့် ပက်ဖျန်းလိုက်သည့်နှယ်
အေးစိမ့်နေတော့သည်။ အသည်းခိုက်၍ တုန်နေအောင်
ချမ်းအေးသော ညသည် ဒီလိုညမျိုးပင် ဖြစ်လိမ့်မည်။

အနွေးထည် အထပ်ထပ်ဝတ်ထား၍သာအနည်းငယ် အချမ်းသက်သာ နေသေးသော်လည်း အနွေးထည်သာ မဝတ်ထားခဲ့လျှင် မတွေးရဲပေ။ ထိုသို့အချိန်မျိုးတွင် အခြားသူတို့ အိမ်ထဲတွင် စောင်ခြုံပြီး ကွေးနေကြပြီဖြစ်သော်လည်း တိုက်မောင်းတစ်ယောက် အိမ်သို့ပြန်ရန် လှေကြုံစောင့့်၍ နေရခြင်းဖြစ်လေသည်။

ကောင်းကင်ယံတွင် လမင်းကြီးပင်
ချမ်းအေးလွန်းနေ၍လားပင် မသိ မြူနှင်းများကြား
လမင်းကြီး၏ ကိုယ်ရောင်ကိုယ်ဝါသည် ထွန်းလင်းတောက်ပစွာ ထွက်ပေါ်လာခြင်း မရှိပေ။ ပြာသိုလ လပြည့်နေ့ည ဖြစ်ပါလျက် လမင်းကြီးပင် အအေးဒဏ် မခံနိူင်၍လားမသိ လောကဒတ်တစ်ခုလုံးကို အလင်းရောင် လုံလောက်စွာ မပေးစွမ်းနိူင်ပေ။

တိုက်မောင်းသည် ကုန်သည်တစ်ဦးဖြစ်ပြီး တစ်မြို့ဝင်၊ တစ်မြို့ထွက်၊ တစ်ရွာဝင်၊ တစ်ရွာထွက်ဖြင့် ကုန်ရောင်း၊ ကုန်ဝယ်ပြုလုပ်သော ကုန်သည်တစ်ဦးဖြစ်သည်။ တိုက်မောင်းတစ်ယောက်
သည်အခေါက်တွင်တော့ တစ်လကျော်ကျော်ပင် ကြာသွားသောကြောင့် အိမ်သူ သက်ထား ဇနီးချောလေး
မခင်လေးအား လွမ်းနေမိသည်။ တိုက်မောင်း၏ လွယ်အိတ်ထဲတွင် ကုန်ရောင်း၊ ကုန်ဝယ်ရာတွင် ရရှိခဲ့သော
အမြတ်အစွန်းများ အတော်ပင်ပါလာသောကြောင့် သတိထားနေရသည်။ မိမိတို့ရွာဘက်တွင် သူခိုး၊ ဓားပြများက အလွန်သောင်းကျန်းသောကြောင့် ဖြစ်သည်။

တိုက်မောင်းတစ်ယောက် လှေကြုံလာမည့် နိူးနိူးဖြင့် စောင့်မျှော်နေသည်မှာ အတော်ပင် အချိန်ကြာမြင့်လေပြီ။ အချိန်နှင့် ဒီရေသည် လူကိုမစောင့် သောကြောင့် တစ်ဖြည်းဖြည်းနှင့် အမှောင်ထုများပိုမိုကြီးစိုးလာလေသည်။ လှေမလာသောကြောင့်
ချောင်းထဲဆင်းပြီး မိမိရွာသို့ ကူးသွားချင်သည်။ သို့သော်လည်း ချောင်းရေကနက်၊ ချောင်းရေမျက်နှာပြင်က မြစ်နှင့်မခြားမနား ကျယ်ဝန်းသောကြောင့် မကူးရဲပေ။

ရေထဲဆင်း၍ ကူးပြန်လျှင်လည်း ဒီအအေးဓာတ်နဲ့ဆို ရေခဲတိုက်ထဲ ထည့်ထားတဲ့ မသာနဲ့ မခြားမနားဟု တိုက်မောင်းတွေးရင်း ချောင်းကမ်းပါးပေါ်မှ မိမိရွာကလေးဆီသို့ လှမ်းမျှော်ကြည့်နေမိသည်။

မိမိရွာသို့ ပြန်ချင်သော်လည်း လှေကြုံမရသဖြင့် ဒုက္ခရောက်နေသည်။ မိမိရှေ့တွင်
တည်ရှိနေသော ချောင်းကြီးသည် တောင်ကျချောင်းကြီးဖြစ်ပြီး လူအများ မကြာခဏ သေကြေပျက်စီးကြသောကြောင့် လူသေချောင်းဟူသော နာမည်ဆိုးကြီးဖြင့်
သာကျော်ကြားလေသည်။ လူသေချောင်းအတွက် ဖားရှာ၊ ငါးရှာ၍ အသက်မွေးဝမ်းကျောင်းပြုသော တံငါသည်များလည်း ရှိကြသည်။

ချောင်းရေမျက်နှာပြင်ကြီးသည် ရေခိုး၊
ရေငွေ့များ ကောင်းကင်ယံသို့ ပျံတက်လျက် မြူများဆိုင်းနေသည်မှာ မိမိအား ကလူကျီစယ်နေသည့်အလား တိုက်မောင်း ထင်နေမိသည်။ တစ်ချက် တစ်ချက် ဝေ့တိုက်လိုက်သော လေပြေ၊ လေညင်းကလေးများကြောင့် အသည်းခိုက်မတက် အေးစိမ့်၍နေတော့သည်။

” အင်း…..ဒီအချိန်မှာ ငါတို့ရွာက ကိုစံထွန်းသာ လာရင် ကောင်းမှာဘဲ “ဟု တိုက်မောင်း တွေးနေမိသည်။ ကိုစံထွန်းမှာ တိုက်မောင်းနှင့် မိတ်ဆွေများဖြစ်ပြီး တစ်ရွာထဲနေ၊ တစ်ရေထဲသောက်ကြသော တစ်ရွာတည်း သားချင်းများဖြစ်သည်။

ချောင်းရေမျက်နှာပြင် တစ်ခုလုံး ရေခိုး၊
ရေငွေ့များနှင့် မြူများဆိုင်းနေသောကြောင့် ကမ်းမမြင်
လမ်းမမြင်နိူင်သော ဘဝသို့ တိုက်မောင်းရောက်၍ နေသည်ဟု ထင်နေမိသည်။ ရွာနှင့် နီးလျက်ဖြင့် ဝေးနေရသည်။

တိုက်မောင်း ချောင်းရိုး တစ်လျှောက်
လှမ်းမျှော် ကြည့်နေခိုက် နီကျင့်ကျင့် မီးရောင်ကလေးကြောင့် ဝမ်းသာနေမိသည်။ ထိုမီးရောင်ကလေးသည် တစ်ရွေ့ရွေ့ဖြင့် မြူများကို ထိုးခွဲလျက် လာနေတော့သည်။
ထိုမီးရောင်ကလေးကို အားပြု၍ လှေလှော်၍ လာနေသော လူတစ်ယောက်ပင်။
တိုက်မောင်းလည်း ဝမ်းသာအားရဖြင့်
လှေလှော်၍ လာနေသူအား ” ဟေး…ဟေး….” ဟု အသံပြုရင်း လက်မြှောက်၍ ဝေ့ယမ်းပြနေမိသည်။ ထိုလှေပေါ်မှ လူလည်း တိုက်မောင်းအား မြင်သွားဟန်ရှိသည်။ တိုက်မောင်းဆီသို့ အေးဆေးစွာ လှေလှော်၍
ချောင်းကမ်းပါးဘေးနားသို့ လှေကပ်ရက်ပေးလိုက်တော့သည်။

” ဟာ….”

ထိုလှေပေါ်မှ ထိုင်နေသူအား ကြည့်၍
တိုက်မောင်းတစ်ယောက် ကြက်သီး၊ မွေးညင်းများ တစ်ကိုယ်လုံး ထ၍ထောင်လာတော့သည်။

ထိုလှေပေါ်မှ ထိုင်နေသောသူသည်
အစာအာဟာရပျက်၍ ပိန်လှီချိနွဲ့နေဟန်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံး ရေစိမ်ထားသည့် ဝက်သားတုံးသဖွယ် ဖြူဖတ်ဖြူရော်ဖြင့် အရိုးအပေါ် အရည်တင်လျက် အတွင်းသို့ပြန်လည် နစ်ဝင်နေသော မျက်တွင်းဟောက်ပက်နှင့် ပြူးကြောင်ကြောင်မျက်လုံးကြီးသည် အပြင်ကို အနည်းငယ်ထွက်လျက် ခြောက်ကပ်နေသော နူတ်ခမ်းသားများအား
နားထင်သို့ မချိတ်ရုံတမယ် မိမိအားရယ်ပြလိုက်ရာ ပါးစပ်ထဲမှ အဝါရောင်အဆင်းရှိ ကျိုးတို့ကျဲတဲ သွားများသည် ကြောက်မက်ဖွယ်ရာပင် ဖြစ်ပြီး မျက်နှာကြီးတစ်ခုလုံး ပွယောင်းယောင်းဖြင့် ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော အဝတ်အစားများသည်လည်း ဟောင်းနွမ်းစုတ်ပြတ်၍ မည်းညစ်နေတော့သည်။
ထိုသူအား လှေပေါ်တွင် ထွန်းထားသော မီးအိမ်၏ အလင်းရောင်ဖြင့် အထင်းသား မြင်နေရလေသည်။

ထိုသူအားကြည့်ပြီး တိုက်မောင်း ရင်တထိတ်ထိတ်ဖြင့် ထိတ်လန့်ကြောက်ရွံနေမိသည်။

” ဟေး…..ကိုတိုက်မောင်း ကျွန်တော့်ကို မမြင်ဖူးတာကျနေတာဘဲဗျာ ကြည့်နေလိုက်တာ ဒီတစ်ခေါက် ကုန်ရောင်းသွားတာ အတော်ကြာသားဘဲဗျ
ဟီးဟီး….” ဟု ထိုလှေပေါ်တွင် ထိုင်နေသောသူမှ မိမိအား ဖော်ဖော်ရွေရွေဖြင့် မေးမြန်းကာ မိမိနာမည်ပါ သိနေသောကြောင့် တိုက်မောင်း အံသြနေမိသည်။

” ခင်ဗျားက….ကျွန်တော့်ကိုသိလို့လားဗျ….”

” ဟီးဟီး….ကိုတိုက်မောင်းကလည်းဗျ တစ်ရွာထဲနေတဲ့သူတွေဘဲ သိတာပေါ့ဗျ…”

” ခင်ဗျား….နာမည်ကဘယ်သူလည်းဗျ
သိလို့ရမလား….”

” ကိုတိုက်မောင်းကလည်းဗျာ ကျွန်တော်
စံထွန်းလေဗျာ ဟီးဟီး…. မသိဘူးလား…”

” ဟုတ်လား တောင်းပန်တယ်….
ကိုစံထွန်းရယ် ခင်ဗျားက အရင်ကနဲ့မတူ ပိန်လိုက်တာဗျာ ကျွန်တော် ရုတ်တရက် မမှတ်မိဘူး ဖြစ်နေတာ ”

” ဟီးဟီး….ဟုတ်လားဗျ ကျွန်တော်တောင် သတိမထားမိလိုက်ဘူး စားရတစ်လှည့် မစားရတစ်လှည့်ဆိုတာ ပိန်တာပေါ့ဗျာ…ဟီးဟီး….
ဒါနဲ့ ကိုတိုက်မောင်းမှာ စားစရာလေး ဘာလေးမပါဘူးလား ကျွန်တော် ဗိုက်ဆာနေလို့….”

” အော်….ပါတယ်ဗျ ဒီမှာရော့….”

တိုက်မောင်းလည်း လွယ်အိတ်ထဲမှ
အစာပြေစားရန်ထည့်လာသော မုန့်အချို့ကို ကိုစံထွန်း
အား ပေးလိုက်ရာ ကိုစံထွန်းတစ်ယောက် မုန့်များအား အငမ်းမရစားသောက်လိုက်တာ ခဏအတွင်းမှာပင် မုန့်များ ကုန်သွားတော့သည်။

” ဟီးဟီး….ကျေးဇူးပါ ကိုတိုက်မောင်း
ရာ အခုမှဘဲ နည်းနည်းသက်သာသွားတော့တယ် လာလေဗျာတက် ခင်ဗျား အိမ်ပြန်မှာမို့လား ကျွန်တော်လိုက်ပို့ပေးမယ်….”

” ဟုတ်တယ်ဗျ ဒါနဲ့ ခင်ဗျား ဘယ်လိုလုပ်ပြီး သိတာလည်း…ကိုစံထွန်းရ” ဟု တိုက်မောင်း တအံတသြမေးနေမိသည်။

” ဟီးဟီး….ခင်ဗျား ချောင်းကမ်းပါးပေါ်ကနေ လှေကြုံမျှော်နေတဲ့ နောက်တော့ အိမ်မပြန်လို့ ဘယ်ပြန်မှာမို့လို့လည်းဗျ နောက်ပြီး ခင်ဗျားရဲ့ဇနီးချောလေး မခင်လေးကို ခင်ဗျား သတိရနေပြီ မဟုတ်လား….ကျွန်တော်မှန်းရင် လွဲခဲပါတယ် ကိုတိုက်မောင်းရာ ဟီးဟီး….”

” ဟဲဟဲ….ဟုတ်တယ်ဗျ ကိုစံထွန်းက အရင်တုန်းကထက် လူအကဲခတ် အတော်ကောင်း
လာပြီဘဲဗျ….”

” ဟီးဟီး….. ကျေးဇူးဗျ လာဗျာ လှေပေါ်တက် ကျွန်တော်လည်း သိပ်အချိန်မရဘူး သွားစရာရှိတယ် ကိုတိုက်မောင်းရ….”

ကိုစံထွန်း လှေပေါ်ခေါ်သည်နှင့် တိုက်မောင်း တက်လိုက်ပြီး ချောင်းတစ်ဖက်ကမ်းသို့ ကူးကြရတော့သည်။

” ကိုစံထွန်း အတော်ပိန်ကျသွားတာဘဲဗျာ
နေမကောင်းဘူးလား….” ဟု တိုက်မောင်း စံထွန်းကို ကြည့်၍ စိတ်မကောင်းစွာဖြင့် မေးနေမိသည်။

” ဟီးဟီး….ကျွန်တော် နေကောင်းပါ
တယ် ကိုတိုက်မောင်းရ သူ့ဟာသူပိန်ကျသွားတာ ကျွန်တော်လည်း ဘယ်တက်နိူင်ပါ့မလည်း အနိစ္စတရားပေါ့
မဟုတ်လား….ဟီးဟီး…”

” ဟုတ်ပါပြီဗျာ….ဒါနဲ့ ခင်ဗျားတို့ လင်မယား ရန်ဖြစ်ကြသေးလား ကျွန်တော်ရွာ ပြန်ရောက်
တဲ့နေ့တိုင်း ခင်ဗျားတို့လင်မယား ရန်ဖြစ်နေကြတာ
အမြဲတွေ့နေရတယ် ကိုစံထွန်းရ….လင်မယားချင်း ရန်မဖြစ်ပါနဲ့ဗျာ ခင်ဗျား မိန်းမ မတင်အေးသနားပါတယ်ဗျာ
သူ့မှာကလေးတစ်ဖက်နဲ့ ခင်ဗျားက အရက်သောက်လိုက် ရမ်းကားလိုက်နဲ့ဆိုတော့ မကောင်းဘူးဗျ…ကျွန်တော်က စေတနာနဲ့ပြောတာနော် ကိုစံထွန်း….”

” ခင်ဗျား ပြောတာဟုတ်ပါတယ် ကိုတိုက်မောင်းရာ ဟီးဟီး….ကျွန်တော့် မိန်းမနဲ့သားလေးကိုတော့ လွမ်းတယ်ဗျာ မတင်အေးနဲ့ ရန်ဖြစ်ချင်ရင်တောင်
ကျွန်တော် မဖြစ်နိူင်တော့ပါဘူးဗျာ ”

” ဟားဟား….ခင်ဗျား စကားက အဆန်း
ကြီးပါလား ကိုစံထွန်းရ တစ်အိမ်တည်းနေပြီးတော့
ရန်ဖြထစ်ချင်ရင်တောင် မဖြစ်ရဘူးဆိုတော့ ဟားဟား…”

” ဟီးဟီး….တကယ်ပြောတာ ကိုတိုက်မောင်းရ ခင်ဗျားမယုံရင် ရွာရောက်ရင် ကျွန်တော့်မိန်းမ မတင်အေးကို မေးကြည့်ဗျာ….”

” ဟုတ်ပါပြီဗျာ ကိုစံထွန်းက တကယ့်လူဘဲ ဟားဟား….”

” ဟီးဟီး….ကျွန်တော့်ကိုသာ ကိုတိုက်မောင်းက ပြောနေတယ် ခင်ဗျားကျတော့ မခင်လေးကို အရမ်းလွမ်းနေတာ မဟုတ်လား…..”

” ဟဲဟဲ…ဒါပေါ့ဗျ ကျွန်တော်အရမ်းချစ်လွန်းလို့ ယူထားတဲ့ မိန်းမဘဲဗျ ခင်ဗျားလိုတော့ မရက်စက်ဘူး ကိုစံထွန်းရ….”

” ဟီးဟီး…. ကျွန်တော်က ရက်စက်တာ မဟုတ်ပါဘူးဗျ ချစ်လို့ကျီစယ်တဲ့ သဘောပါ ကိုတိုက်မောင်းရာ….”

” ဟားဟား….ကိုစံထွန်းရာ ချစ်လို့ဘဲ မုန်း
လို့ရင် ဓားနဲ့ထိုးမယ့် သဘောလား….”

” ဟီးဟီး….မထိုးပါဘူး ကိုတိုက်မောင်းရာ
ကျွန်တော် ချစ်လို့ ယူထားတဲ့မိန်းမဘဲဗျာ….” ဟု တိုက်မောင်းနှင့် စံထွန်းတို့နှစ်ယောက် ရယ်မော၍ အပြန်အလှန်စကားများ ပြောနေစဉ် ဆိုးဝါးပြင်းထန်၍ အော့အန်ချင်စရာ ကောင်းသော ပုပ်အက်အက် အပုပ်နံ့ဆိုးဆိုးကြီး တိုက်မောင်း၏ နှာခေါင်းထဲသို့ အတင်းတိုး
ဝင်လာတော့သည်။

” ဝေါ့…..ထွီ….”

” ကိုတိုက်မောင်း ခင်ဗျား ဘာဖြစ်သွားတာလည်းဗျ….”

” ခင်ဗျား ဘာအနံ့မှ မရဘူးလား ကိုစံထွန်းရ
ဆိုးလိုက်တဲ့ အပုပ်နံ့ကြီးဗျာ လူသေကောင် အပုပ်နံ့ကြီး ကျနေတာဘဲဗျာ….”

” ဟီးဟီး….ကျွန်တော်နှာခေါင်း ပိတ်နေတယ် ကိုတိုက်မောင်းရ ဘာအပုပ်နံမှ မရဘူး…”

” ကောင်းရောဗျာ…..”

တိုက်မောင်းတစ်ယောက် အပုပ်နံ့ကြီးသည်မိမိနှင့် အနည်းငယ်သာ ဝေးကွာသော နေရာတွင် ရှိနေသည်ဟု ထင်နေမိသည်။ မိမိနှင့် မျက်နှာချင်းဆိုင်တွင် စကားပြော၍ လှေလှော်နေသော စံထွန်း၏ မျက်နှာကြီးသည်လည်း ပုံမှန်ထက် ဖောင်းပွ၍ နေပြီး ထိုဖောင်းပွနေသော အသားထဲမှ အဝါရောင် အရည်အရွဲများကျနေသည်ကို အထင်းသား မြင်နေရတော့သည်။ စိတ်ထဲတွင်လည်း အတွေးပေါင်းစုံဖြင့် လုံးထွေးသတ်ပုတ်လျက် မိမိရွာသို့ အမြန်ရောက်ပါစေဟု ဆုတောင်းနေမိသည်။

ချောင်းကမ်းပါးပေါ်သို့ ရောက်သည်နှင့် တိုက်မောင်း အမြန်လှေပေါ်မှ ဆင်းလိုက်မိတော့သည်။ လှေပေါ်မှ ချောင်းကမ်းပါးပေါ်သို့ ရောက်သည်နှင့် အပုပ်နံ့ဆိုးဆိုးကြီးပင် ကွယ်ပျောက် သွားသောကြောင့် တိုက်မောင်းလည်း အပြင်လေကို တစ်ဝကြီးရှူရှိုတ်မိသည်။
ထိုသို့ရှူရှိုတ်လိုက်တော့မှ အသက်ရှူဝ သွားတော့သည်။

လှေပေါ်တွင် ကျောက်ရုပ်ကြီး ပမာ ငိုင်ငိုင်ကြီးထိုင်နေသော စံထွန်းကို တိုက်မောင်းကြည့်၍

” ကိုစံထွန်း လာလေဗျာ ရွာထဲအတူတူပြန်ကြမယ် ” ဟု ခေါ်နေမိသည်။

” ကျွန်တော်သွားရတော့မယ် ကိုတိုက်မောင်း ရွာထဲရောက်ရင် ကျွန်တော့်မိန်းမကို ပြောပေးပါ
ကျွန်တော်အရမ်းသတိရတယ်လို့ သားကလေးကိုလည်း ရှင်ပြုပေးဖို့ ပြောပေးပါဗျာ ကျွန်တော်သွားတော့မယ်
ကိုတိုက်မောင်း….” ဟု စံထွန်းပြော၍ လှေကိုအမြန်လှော်ခတ်ကာ မြူများကြား ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

” ဘယ်…..ဘယ်ကိုလည်း ကိုစံထွန်း
ဟေး…ကိုစံထွန်း နေဦးလေဗျာ…ဟာ…ဟေ့လူ..”
တိုက်မောင်း အော်ဟစ်၍ ခေါ်နေသော်လည်း စံထွန်းထံမှ ပြန်လည်ဖြေကြားခြင်းမရှိတော့ပေ။

တိုက်မောင်းတစ်ယောက် ဇဝေဇဝါဖြင့်
စံထွန်းအကြောင်းကို စဉ်းစားရင်း ရွာထဲမှ မိမိနေအိမ်ဆီသို့ ပြန်လာခဲ့တော့သည်။

အိမ်ရှေ့ကွပ်ပျစ်တွင် တိုက်မောင်း ထိုင်ရင်း စံထွန်းပြောသော စကားများကို ပြန်လာ်ကြားယောင်ရင်း အလိုလို ဝမ်းနည်းလာမိသည်။

” ဟင်….အကို ပြန်ရောက်နေပြီလား
ခင်ကိုတောင် အသံမပြုဘူး နေရောကောင်းရဲ့လား “ဟု တိုက်မောင်း၏ ခါးကိုဖက်၍ ပြုံးစစဖြင့် ပြောနေသော ဇနီးချောလေး မခင်လေးပင် ဖြစ်သည်။

” နေကောင်းပါတယ် ခင်ရယ်….. ဒါပေမယ့်….”

” ဟုတ်ကဲ့…ဆက်ပြောလေ ကိုရယ် ဘာလို့ရပ်သွားတာလည်း….”

” ခင့်ကို ကိုယ်မေးစရာရှိတယ် ”

” ဟုတ်ကဲ့…မေးလေ ကို..”

” ကိုစံထွန်းကြီး သတင်းဘာကြားသေးလည်း….”

” ပြောရမှာတော့ စိတ်မကောင်းစရာဘဲ
ကိုရယ် မနက်ဖြန်ဆို ကိုစံထွန်းကြီးအတွက် တစ်လပြည့်
သပိတ်သွတ်ပွဲ ရှိတယ် ကို….”

” ဟင်….”

ဇနီးဖြစ်သူ၏ ပြောစကားကြောင့် တိုက်မောင်းတစ်ယောက် ထိတ်လန့်တုန်လှုပ် သွားတော့သည်။

” ကိုစံထွန်း ဘာဖြစ်လို့လည်း ခင်ရဲ့…”

” လွန်ခဲ့တဲ့ တစ်လလောက်က တောင်ကျချောင်းထဲမှာ ငါးသွားဖော်တုန်း တောင်ကျရေနဲ့ပါသွားတာတဲ့ ကိုရဲ့… ကိုစံထွန်း အလောင်းကိုတောင် တစ်ဖက်ကမ်းက ရွာရဲ့ ချောင်းစပ်မှာ တွေ့ရတာတဲ့ သနားစရာဘဲ ကိုရယ်…..”

” ဟုတ်ရော ဟုတ်ရဲ့လား ခင်ရယ်…..”

မိမိကို ရွာသို့ရောက်အောင် လှေဖြင့် လိုက်ပို့ခဲ့ပြီး လှေပေါ်မှာ စကားများပင် ပြောခဲ့သောကြောင့်
တိုက်မောင်း မယုံ၍ မေးနေမိသည်။

” ဟုတ်ပါတယ် ကိုရယ်…. ကို မယုံရင်
ကိုစံထွန်းတို့အိမ် ခင်အခုသွားမလို့ ကိုလိုက်ခဲ့လိုက်လေ”

တိုက်မောင်းလည်း ဇနီးဖြစ်သူ ခေါ်သည်နှင့် အနားပင် မယူတော့ဘဲ စံထွန်းတို့ အိမ်ဘက်သို့ လျှောက်လာခဲ့တော့သည်။

ဇနီးဖြစ်သူ ပြောသည်ကို မယုံ၍ တိုက်မောင်း လိုက်ကြည့်မိတာ အမှန်ပင်ဖြစ်သည်။ စံထွန်း၏
အိမ်တွင် စံထွန်းအား တစ်လပြည့် သပိတ်သွတ်ရန် ပြင်ဆင်နေကြလေပြီ။ ရပ်ရွာ ထဲကလူကြီးများနှင့် ဖဲရိုက်နေသောသူအချို့ကို တွေ့နေရသည်။

တိုက်မောင်းလည်း စံထွန်းအကြောင်းကို ပြန်တွေးရင်း စိတ်မကောင်း ဖြစ်နေမိသည်။ မိမိကို ရွာသို့ရောက်အောင် လှေဖြင့် ပို့ပေးခဲ့သည်မှာ အမှန်ပင်။
သို့သော် စံထွန်းကွယ်လွန်ခဲ့သည်မှာ တစ်လပင်ကြာခဲ့လေပြီ။ မည်သို့မျှ မတွေးတက် ဖြစ်နေရသည်။

စကားဝိုင်းတွင် တိုက်မောင်း ဝင်ထိုင်ရင်း
ရပ်ရွာထဲကလူကြီးများနှင့် စံထွန်း၏ ဇနီးနှင့် သားလေးအား စံထွန်းမှာကြားခဲ့သော စကားများကိုပြောပြ
ရင်း မိမိမြင်တွေ့ခဲ့ရသော အကြောင်းများကို
ပြောပြလိုက်ရာ တိုက်မောင်း၏ ဇနီးဖြစ်သူပင် တအံတသြဖြစ်နေရတော့သည်။

ထိုသို့ပြောလိုက်တော့မှာ တိုက်မောင်းသိ
လိုက်ရသည်မှာ မိမိအား လှေဖြင့်ရွာရောက်အောင် ပို့ဆောင်ပေးခဲ့သော စံထွန်းမှာ လူမဟုတ်ဘဲ ပရလောကသား တစ်ဦးသာ ဖြစ်နေသောကြောင့် တိုက်မောင်းသူ့အဖြစ်ကို သူတွေးရင်း ကြက်သီးတဖျန်းဖျန်း
ထ၍ နေတော့သည်။

ထိုနေ့ညတစ်ညလုံး တိုက်မောင်းတို့ ဇနီးမောင်နံှနှင့် ရပ်ရွာ လူကြီးများ စကားလက်ဆုံကျလိုက်တာ အာရုဏ်တက်သည် အထိပင်ဖြစ်သည်။
တိုက်မောင်းတို့ ဇနီးမောင်နံှလည်း စံထွန်း၏ သပိတ်သွတ်ပွဲတွင် ဝိုင်းဝန်းကူညီ၍ တရားနာ၊ ရေစက်ချ
အမျှ ပေးဝေခဲ့တော့သည်။

စံထွန်းအား နာမည်ခေါ်၍ ရေစက်ချ အမျှပေးဝေကြရာ ဝမ်းနည်း ကြေကွဲမှုများ ကိုယ်စီဖြင့်

” ကိုစံထွန်းရေ….ဘဝဆက်တိုင်း ဆက်တိုင်း
ဒီလို အဖြစ်ဆိုးမျိုးကြီး မကြုံရပါစေနဲ့ဗျာ….
အမျှ….အမျှ….အမျှ…..ကိုစံထွန်းရေ….. ကျွန်တော့်ကို
ကူညီပေးခဲ့တဲ့ ကိုစံထွန်းကြီး တစ်ယောက် ကောင်းရာ သုဂတိ လားပါစေလို့ ကျွန်တော် ဆုတောင်းလိုက်ပါတယ်ဗျာ…..ရောက်ရာအရပ်က သာဓုခေါ်ပါ….
သာဓု….သာဓု….သာဓု…….ကိုစံထွန်းရေ….” ဟု တိုက်မောင်း၏ ရင်ထဲတွင် ဝမ်းနည်း ကြေကွဲစွာ ရေရွတ်နေမိလေတော့သည်။

[ ဤတွင် ကျွန်ုပ် ရေးသားသော ” လှေကြုံ ” အမည်ရှိ
လျှိုဝှက်ဆန်းကြယ် ပရလောက ဝတ္ထုသည် ပြီးမြောက်ခဲ့လေပြီဖြစ်သည်။ ]

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့
ကြပါစေ………။

အစဉ်အမြဲ ကြိုးစားလျက်ပါ

ရာဇာ

ေလွႀကဳံ (စ/ဆုံး)

———————
အခ်ိန္ကား ညေနေမွာင္ရီ ပ်ိဳးစ
အခ်ိန္ ျဖစ္ေလသည္။ ျပာသိုလျဖစ္၍ ျမဴႏွင္းတို႔တဖြဲဖြဲ
က်လ်က္ ရွိသည္။ ေလေျပ၊ ေလညင္းကေလးမ်ား တိုက္ခတ္လာတိုင္း ေရခဲရည္မ်ားျဖင့္ ပက္ဖ်န္းလိုက္သည့္ႏွယ္
ေအးစိမ့္ေနေတာ့သည္။ အသည္းခိုက္၍ တုန္ေနေအာင္
ခ်မ္းေအးေသာ ညသည္ ဒီလိုညမ်ိဳးပင္ ျဖစ္လိမ့္မည္။

အေႏြးထည္ အထပ္ထပ္ဝတ္ထား၍သာအနည္းငယ္ အခ်မ္းသက္သာ ေနေသးေသာ္လည္း အေႏြးထည္သာ မဝတ္ထားခဲ့လွ်င္ မေတြးရဲေပ။ ထိုသို႔အခ်ိန္မ်ိဳးတြင္ အျခားသူတို႔ အိမ္ထဲတြင္ ေစာင္ၿခဳံၿပီး ေကြးေနၾကၿပီျဖစ္ေသာ္လည္း တိုက္ေမာင္းတစ္ေယာက္ အိမ္သို႔ျပန္ရန္ ေလွႀကဳံေစာင့့္၍ ေနရျခင္းျဖစ္ေလသည္။

ေကာင္းကင္ယံတြင္ လမင္းႀကီးပင္
ခ်မ္းေအးလြန္းေန၍လားပင္ မသိ ျမဴႏွင္းမ်ားၾကား
လမင္းႀကီး၏ ကိုယ္ေရာင္ကိုယ္ဝါသည္ ထြန္းလင္းေတာက္ပစြာ ထြက္ေပၚလာျခင္း မရွိေပ။ ျပာသိုလ လျပည့္ေန႔ည ျဖစ္ပါလ်က္ လမင္းႀကီးပင္ အေအးဒဏ္ မခံႏိူင္၍လားမသိ ေလာကဒတ္တစ္ခုလုံးကို အလင္းေရာင္ လုံေလာက္စြာ မေပးစြမ္းႏိူင္ေပ။

တိုက္ေမာင္းသည္ ကုန္သည္တစ္ဦးျဖစ္ၿပီး တစ္ၿမိဳ႕ဝင္၊ တစ္ၿမိဳ႕ထြက္၊ တစ္႐ြာဝင္၊ တစ္႐ြာထြက္ျဖင့္ ကုန္ေရာင္း၊ ကုန္ဝယ္ျပဳလုပ္ေသာ ကုန္သည္တစ္ဦးျဖစ္သည္။ တိုက္ေမာင္းတစ္ေယာက္
သည္အေခါက္တြင္ေတာ့ တစ္လေက်ာ္ေက်ာ္ပင္ ၾကာသြားေသာေၾကာင့္ အိမ္သူ သက္ထား ဇနီးေခ်ာေလး
မခင္ေလးအား လြမ္းေနမိသည္။ တိုက္ေမာင္း၏ လြယ္အိတ္ထဲတြင္ ကုန္ေရာင္း၊ ကုန္ဝယ္ရာတြင္ ရရွိခဲ့ေသာ
အျမတ္အစြန္းမ်ား အေတာ္ပင္ပါလာေသာေၾကာင့္ သတိထားေနရသည္။ မိမိတို႔႐ြာဘက္တြင္ သူခိုး၊ ဓားျပမ်ားက အလြန္ေသာင္းက်န္းေသာေၾကာင့္ ျဖစ္သည္။

တိုက္ေမာင္းတစ္ေယာက္ ေလွႀကဳံလာမည့္ ႏိူးႏိူးျဖင့္ ေစာင့္ေမွ်ာ္ေနသည္မွာ အေတာ္ပင္ အခ်ိန္ၾကာျမင့္ေလၿပီ။ အခ်ိန္ႏွင့္ ဒီေရသည္ လူကိုမေစာင့္ ေသာေၾကာင့္ တစ္ျဖည္းျဖည္းႏွင့္ အေမွာင္ထုမ်ားပိုမိုႀကီးစိုးလာေလသည္။ ေလွမလာေသာေၾကာင့္
ေခ်ာင္းထဲဆင္းၿပီး မိမိ႐ြာသို႔ ကူးသြားခ်င္သည္။ သို႔ေသာ္လည္း ေခ်ာင္းေရကနက္၊ ေခ်ာင္းေရမ်က္ႏွာျပင္က ျမစ္ႏွင့္မျခားမနား က်ယ္ဝန္းေသာေၾကာင့္ မကူးရဲေပ။

ေရထဲဆင္း၍ ကူးျပန္လွ်င္လည္း ဒီအေအးဓာတ္နဲ႔ဆို ေရခဲတိုက္ထဲ ထည့္ထားတဲ့ မသာနဲ႔ မျခားမနားဟု တိုက္ေမာင္းေတြးရင္း ေခ်ာင္းကမ္းပါးေပၚမွ မိမိ႐ြာကေလးဆီသို႔ လွမ္းေမွ်ာ္ၾကည့္ေနမိသည္။

မိမိ႐ြာသို႔ ျပန္ခ်င္ေသာ္လည္း ေလွႀကဳံမရသျဖင့္ ဒုကၡေရာက္ေနသည္။ မိမိေရွ႕တြင္
တည္ရွိေနေသာ ေခ်ာင္းႀကီးသည္ ေတာင္က်ေခ်ာင္းႀကီးျဖစ္ၿပီး လူအမ်ား မၾကာခဏ ေသေၾကပ်က္စီးၾကေသာေၾကာင့္ လူေသေခ်ာင္းဟူေသာ နာမည္ဆိုးႀကီးျဖင့္
သာေက်ာ္ၾကားေလသည္။ လူေသေခ်ာင္းအတြက္ ဖားရွာ၊ ငါးရွာ၍ အသက္ေမြးဝမ္းေက်ာင္းျပဳေသာ တံငါသည္မ်ားလည္း ရွိၾကသည္။

ေခ်ာင္းေရမ်က္ႏွာျပင္ႀကီးသည္ ေရခိုး၊
ေရေငြ႕မ်ား ေကာင္းကင္ယံသို႔ ပ်ံတက္လ်က္ ျမဴမ်ားဆိုင္းေနသည္မွာ မိမိအား ကလူက်ီစယ္ေနသည့္အလား တိုက္ေမာင္း ထင္ေနမိသည္။ တစ္ခ်က္ တစ္ခ်က္ ေဝ့တိုက္လိုက္ေသာ ေလေျပ၊ ေလညင္းကေလးမ်ားေၾကာင့္ အသည္းခိုက္မတက္ ေအးစိမ့္၍ေနေတာ့သည္။

” အင္း…..ဒီအခ်ိန္မွာ ငါတို႔႐ြာက ကိုစံထြန္းသာ လာရင္ ေကာင္းမွာဘဲ “ဟု တိုက္ေမာင္း ေတြးေနမိသည္။ ကိုစံထြန္းမွာ တိုက္ေမာင္းႏွင့္ မိတ္ေဆြမ်ားျဖစ္ၿပီး တစ္႐ြာထဲေန၊ တစ္ေရထဲေသာက္ၾကေသာ တစ္႐ြာတည္း သားခ်င္းမ်ားျဖစ္သည္။

ေခ်ာင္းေရမ်က္ႏွာျပင္ တစ္ခုလုံး ေရခိုး၊
ေရေငြ႕မ်ားႏွင့္ ျမဴမ်ားဆိုင္းေနေသာေၾကာင့္ ကမ္းမျမင္
လမ္းမျမင္ႏိူင္ေသာ ဘဝသို႔ တိုက္ေမာင္းေရာက္၍ ေနသည္ဟု ထင္ေနမိသည္။ ႐ြာႏွင့္ နီးလ်က္ျဖင့္ ေဝးေနရသည္။

တိုက္ေမာင္း ေခ်ာင္း႐ိုး တစ္ေလွ်ာက္
လွမ္းေမွ်ာ္ ၾကည့္ေနခိုက္ နီက်င့္က်င့္ မီးေရာင္ကေလးေၾကာင့္ ဝမ္းသာေနမိသည္။ ထိုမီးေရာင္ကေလးသည္ တစ္ေ႐ြ႕ေ႐ြ႕ျဖင့္ ျမဴမ်ားကို ထိုးခြဲလ်က္ လာေနေတာ့သည္။
ထိုမီးေရာင္ကေလးကို အားျပဳ၍ ေလွေလွာ္၍ လာေနေသာ လူတစ္ေယာက္ပင္။
တိုက္ေမာင္းလည္း ဝမ္းသာအားရျဖင့္
ေလွေလွာ္၍ လာေနသူအား ” ေဟး…ေဟး….” ဟု အသံျပဳရင္း လက္ေျမႇာက္၍ ေဝ့ယမ္းျပေနမိသည္။ ထိုေလွေပၚမွ လူလည္း တိုက္ေမာင္းအား ျမင္သြားဟန္ရွိသည္။ တိုက္ေမာင္းဆီသို႔ ေအးေဆးစြာ ေလွေလွာ္၍
ေခ်ာင္းကမ္းပါးေဘးနားသို႔ ေလွကပ္ရက္ေပးလိုက္ေတာ့သည္။

” ဟာ….”

ထိုေလွေပၚမွ ထိုင္ေနသူအား ၾကည့္၍
တိုက္ေမာင္းတစ္ေယာက္ ၾကက္သီး၊ ေမြးညင္းမ်ား တစ္ကိုယ္လုံး ထ၍ေထာင္လာေတာ့သည္။

ထိုေလွေပၚမွ ထိုင္ေနေသာသူသည္
အစာအာဟာရပ်က္၍ ပိန္လွီခ်ိႏြဲ႕ေနဟန္ရွိၿပီး ခႏၶာကိုယ္တစ္ခုလုံး ေရစိမ္ထားသည့္ ဝက္သားတုံးသဖြယ္ ျဖဴဖတ္ျဖဴေရာ္ျဖင့္ အ႐ိုးအေပၚ အရည္တင္လ်က္ အတြင္းသို႔ျပန္လည္ နစ္ဝင္ေနေသာ မ်က္တြင္းေဟာက္ပက္ႏွင့္ ျပဴးေၾကာင္ေၾကာင္မ်က္လုံးႀကီးသည္ အျပင္ကို အနည္းငယ္ထြက္လ်က္ ေျခာက္ကပ္ေနေသာ ႏူတ္ခမ္းသားမ်ားအား
နားထင္သို႔ မခ်ိတ္႐ုံတမယ္ မိမိအားရယ္ျပလိုက္ရာ ပါးစပ္ထဲမွ အဝါေရာင္အဆင္းရွိ က်ိဳးတို႔က်ဲတဲ သြားမ်ားသည္ ေၾကာက္မက္ဖြယ္ရာပင္ ျဖစ္ၿပီး မ်က္ႏွာႀကီးတစ္ခုလုံး ပြေယာင္းေယာင္းျဖင့္ ခႏၶာကိုယ္ေပၚတြင္ ဝတ္ဆင္ထားေသာ အဝတ္အစားမ်ားသည္လည္း ေဟာင္းႏြမ္းစုတ္ျပတ္၍ မည္းညစ္ေနေတာ့သည္။
ထိုသူအား ေလွေပၚတြင္ ထြန္းထားေသာ မီးအိမ္၏ အလင္းေရာင္ျဖင့္ အထင္းသား ျမင္ေနရေလသည္။

ထိုသူအားၾကည့္ၿပီး တိုက္ေမာင္း ရင္တထိတ္ထိတ္ျဖင့္ ထိတ္လန႔္ေၾကာက္႐ြံေနမိသည္။

” ေဟး…..ကိုတိုက္ေမာင္း ကြၽန္ေတာ့္ကို မျမင္ဖူးတာက်ေနတာဘဲဗ်ာ ၾကည့္ေနလိုက္တာ ဒီတစ္ေခါက္ ကုန္ေရာင္းသြားတာ အေတာ္ၾကာသားဘဲဗ်
ဟီးဟီး….” ဟု ထိုေလွေပၚတြင္ ထိုင္ေနေသာသူမွ မိမိအား ေဖာ္ေဖာ္ေ႐ြေ႐ြျဖင့္ ေမးျမန္းကာ မိမိနာမည္ပါ သိေနေသာေၾကာင့္ တိုက္ေမာင္း အံၾသေနမိသည္။

” ခင္ဗ်ားက….ကြၽန္ေတာ့္ကိုသိလို႔လားဗ်….”

” ဟီးဟီး….ကိုတိုက္ေမာင္းကလည္းဗ် တစ္႐ြာထဲေနတဲ့သူေတြဘဲ သိတာေပါ့ဗ်…”

” ခင္ဗ်ား….နာမည္ကဘယ္သူလည္းဗ်
သိလို႔ရမလား….”

” ကိုတိုက္ေမာင္းကလည္းဗ်ာ ကြၽန္ေတာ္
စံထြန္းေလဗ်ာ ဟီးဟီး…. မသိဘူးလား…”

” ဟုတ္လား ေတာင္းပန္တယ္….
ကိုစံထြန္းရယ္ ခင္ဗ်ားက အရင္ကနဲ႔မတူ ပိန္လိုက္တာဗ်ာ ကြၽန္ေတာ္ ႐ုတ္တရက္ မမွတ္မိဘူး ျဖစ္ေနတာ ”

” ဟီးဟီး….ဟုတ္လားဗ် ကြၽန္ေတာ္ေတာင္ သတိမထားမိလိုက္ဘူး စားရတစ္လွည့္ မစားရတစ္လွည့္ဆိုတာ ပိန္တာေပါ့ဗ်ာ…ဟီးဟီး….
ဒါနဲ႔ ကိုတိုက္ေမာင္းမွာ စားစရာေလး ဘာေလးမပါဘူးလား ကြၽန္ေတာ္ ဗိုက္ဆာေနလို႔….”

” ေအာ္….ပါတယ္ဗ် ဒီမွာေရာ့….”

တိုက္ေမာင္းလည္း လြယ္အိတ္ထဲမွ
အစာေျပစားရန္ထည့္လာေသာ မုန႔္အခ်ိဳ႕ကို ကိုစံထြန္း
အား ေပးလိုက္ရာ ကိုစံထြန္းတစ္ေယာက္ မုန႔္မ်ားအား အငမ္းမရစားေသာက္လိုက္တာ ခဏအတြင္းမွာပင္ မုန႔္မ်ား ကုန္သြားေတာ့သည္။

” ဟီးဟီး….ေက်းဇူးပါ ကိုတိုက္ေမာင္း
ရာ အခုမွဘဲ နည္းနည္းသက္သာသြားေတာ့တယ္ လာေလဗ်ာတက္ ခင္ဗ်ား အိမ္ျပန္မွာမို႔လား ကြၽန္ေတာ္လိုက္ပို႔ေပးမယ္….”

” ဟုတ္တယ္ဗ် ဒါနဲ႔ ခင္ဗ်ား ဘယ္လိုလုပ္ၿပီး သိတာလည္း…ကိုစံထြန္းရ” ဟု တိုက္ေမာင္း တအံတၾသေမးေနမိသည္။

” ဟီးဟီး….ခင္ဗ်ား ေခ်ာင္းကမ္းပါးေပၚကေန ေလွႀကဳံေမွ်ာ္ေနတဲ့ ေနာက္ေတာ့ အိမ္မျပန္လို႔ ဘယ္ျပန္မွာမို႔လို႔လည္းဗ် ေနာက္ၿပီး ခင္ဗ်ားရဲ႕ဇနီးေခ်ာေလး မခင္ေလးကို ခင္ဗ်ား သတိရေနၿပီ မဟုတ္လား….ကြၽန္ေတာ္မွန္းရင္ လြဲခဲပါတယ္ ကိုတိုက္ေမာင္းရာ ဟီးဟီး….”

” ဟဲဟဲ….ဟုတ္တယ္ဗ် ကိုစံထြန္းက အရင္တုန္းကထက္ လူအကဲခတ္ အေတာ္ေကာင္း
လာၿပီဘဲဗ်….”

” ဟီးဟီး….. ေက်းဇူးဗ် လာဗ်ာ ေလွေပၚတက္ ကြၽန္ေတာ္လည္း သိပ္အခ်ိန္မရဘူး သြားစရာရွိတယ္ ကိုတိုက္ေမာင္းရ….”

ကိုစံထြန္း ေလွေပၚေခၚသည္ႏွင့္ တိုက္ေမာင္း တက္လိုက္ၿပီး ေခ်ာင္းတစ္ဖက္ကမ္းသို႔ ကူးၾကရေတာ့သည္။

” ကိုစံထြန္း အေတာ္ပိန္က်သြားတာဘဲဗ်ာ
ေနမေကာင္းဘူးလား….” ဟု တိုက္ေမာင္း စံထြန္းကို ၾကည့္၍ စိတ္မေကာင္းစြာျဖင့္ ေမးေနမိသည္။

” ဟီးဟီး….ကြၽန္ေတာ္ ေနေကာင္းပါ
တယ္ ကိုတိုက္ေမာင္းရ သူ႔ဟာသူပိန္က်သြားတာ ကြၽန္ေတာ္လည္း ဘယ္တက္ႏိူင္ပါ့မလည္း အနိစၥတရားေပါ့
မဟုတ္လား….ဟီးဟီး…”

” ဟုတ္ပါၿပီဗ်ာ….ဒါနဲ႔ ခင္ဗ်ားတို႔ လင္မယား ရန္ျဖစ္ၾကေသးလား ကြၽန္ေတာ္႐ြာ ျပန္ေရာက္
တဲ့ေန႔တိုင္း ခင္ဗ်ားတို႔လင္မယား ရန္ျဖစ္ေနၾကတာ
အၿမဲေတြ႕ေနရတယ္ ကိုစံထြန္းရ….လင္မယားခ်င္း ရန္မျဖစ္ပါနဲ႔ဗ်ာ ခင္ဗ်ား မိန္းမ မတင္ေအးသနားပါတယ္ဗ်ာ
သူ႔မွာကေလးတစ္ဖက္နဲ႔ ခင္ဗ်ားက အရက္ေသာက္လိုက္ ရမ္းကားလိုက္နဲ႔ဆိုေတာ့ မေကာင္းဘူးဗ်…ကြၽန္ေတာ္က ေစတနာနဲ႔ေျပာတာေနာ္ ကိုစံထြန္း….”

” ခင္ဗ်ား ေျပာတာဟုတ္ပါတယ္ ကိုတိုက္ေမာင္းရာ ဟီးဟီး….ကြၽန္ေတာ့္ မိန္းမနဲ႔သားေလးကိုေတာ့ လြမ္းတယ္ဗ်ာ မတင္ေအးနဲ႔ ရန္ျဖစ္ခ်င္ရင္ေတာင္
ကြၽန္ေတာ္ မျဖစ္ႏိူင္ေတာ့ပါဘူးဗ်ာ ”

” ဟားဟား….ခင္ဗ်ား စကားက အဆန္း
ႀကီးပါလား ကိုစံထြန္းရ တစ္အိမ္တည္းေနၿပီးေတာ့
ရန္ျဖထစ္ခ်င္ရင္ေတာင္ မျဖစ္ရဘူးဆိုေတာ့ ဟားဟား…”

” ဟီးဟီး….တကယ္ေျပာတာ ကိုတိုက္ေမာင္းရ ခင္ဗ်ားမယုံရင္ ႐ြာေရာက္ရင္ ကြၽန္ေတာ့္မိန္းမ မတင္ေအးကို ေမးၾကည့္ဗ်ာ….”

” ဟုတ္ပါၿပီဗ်ာ ကိုစံထြန္းက တကယ့္လူဘဲ ဟားဟား….”

” ဟီးဟီး….ကြၽန္ေတာ့္ကိုသာ ကိုတိုက္ေမာင္းက ေျပာေနတယ္ ခင္ဗ်ားက်ေတာ့ မခင္ေလးကို အရမ္းလြမ္းေနတာ မဟုတ္လား…..”

” ဟဲဟဲ…ဒါေပါ့ဗ် ကြၽန္ေတာ္အရမ္းခ်စ္လြန္းလို႔ ယူထားတဲ့ မိန္းမဘဲဗ် ခင္ဗ်ားလိုေတာ့ မရက္စက္ဘူး ကိုစံထြန္းရ….”

” ဟီးဟီး…. ကြၽန္ေတာ္က ရက္စက္တာ မဟုတ္ပါဘူးဗ် ခ်စ္လို႔က်ီစယ္တဲ့ သေဘာပါ ကိုတိုက္ေမာင္းရာ….”

” ဟားဟား….ကိုစံထြန္းရာ ခ်စ္လို႔ဘဲ မုန္း
လို႔ရင္ ဓားနဲ႔ထိုးမယ့္ သေဘာလား….”

” ဟီးဟီး….မထိုးပါဘူး ကိုတိုက္ေမာင္းရာ
ကြၽန္ေတာ္ ခ်စ္လို႔ ယူထားတဲ့မိန္းမဘဲဗ်ာ….” ဟု တိုက္ေမာင္းႏွင့္ စံထြန္းတို႔ႏွစ္ေယာက္ ရယ္ေမာ၍ အျပန္အလွန္စကားမ်ား ေျပာေနစဥ္ ဆိုးဝါးျပင္းထန္၍ ေအာ့အန္ခ်င္စရာ ေကာင္းေသာ ပုပ္အက္အက္ အပုပ္နံ႔ဆိုးဆိုးႀကီး တိုက္ေမာင္း၏ ႏွာေခါင္းထဲသို႔ အတင္းတိုး
ဝင္လာေတာ့သည္။

” ေဝါ့…..ထြီ….”

” ကိုတိုက္ေမာင္း ခင္ဗ်ား ဘာျဖစ္သြားတာလည္းဗ်….”

” ခင္ဗ်ား ဘာအနံ႔မွ မရဘူးလား ကိုစံထြန္းရ
ဆိုးလိုက္တဲ့ အပုပ္နံ႔ႀကီးဗ်ာ လူေသေကာင္ အပုပ္နံ႔ႀကီး က်ေနတာဘဲဗ်ာ….”

” ဟီးဟီး….ကြၽန္ေတာ္ႏွာေခါင္း ပိတ္ေနတယ္ ကိုတိုက္ေမာင္းရ ဘာအပုပ္နံမွ မရဘူး…”

” ေကာင္းေရာဗ်ာ…..”

တိုက္ေမာင္းတစ္ေယာက္ အပုပ္နံ႔ႀကီးသည္မိမိႏွင့္ အနည္းငယ္သာ ေဝးကြာေသာ ေနရာတြင္ ရွိေနသည္ဟု ထင္ေနမိသည္။ မိမိႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ စကားေျပာ၍ ေလွေလွာ္ေနေသာ စံထြန္း၏ မ်က္ႏွာႀကီးသည္လည္း ပုံမွန္ထက္ ေဖာင္းပြ၍ ေနၿပီး ထိုေဖာင္းပြေနေသာ အသားထဲမွ အဝါေရာင္ အရည္အ႐ြဲမ်ားက်ေနသည္ကို အထင္းသား ျမင္ေနရေတာ့သည္။ စိတ္ထဲတြင္လည္း အေတြးေပါင္းစုံျဖင့္ လုံးေထြးသတ္ပုတ္လ်က္ မိမိ႐ြာသို႔ အျမန္ေရာက္ပါေစဟု ဆုေတာင္းေနမိသည္။

ေခ်ာင္းကမ္းပါးေပၚသို႔ ေရာက္သည္ႏွင့္ တိုက္ေမာင္း အျမန္ေလွေပၚမွ ဆင္းလိုက္မိေတာ့သည္။ ေလွေပၚမွ ေခ်ာင္းကမ္းပါးေပၚသို႔ ေရာက္သည္ႏွင့္ အပုပ္နံ႔ဆိုးဆိုးႀကီးပင္ ကြယ္ေပ်ာက္ သြားေသာေၾကာင့္ တိုက္ေမာင္းလည္း အျပင္ေလကို တစ္ဝႀကီးရႉရႈိတ္မိသည္။
ထိုသို႔ရႉရႈိတ္လိုက္ေတာ့မွ အသက္ရႉဝ သြားေတာ့သည္။

ေလွေပၚတြင္ ေက်ာက္႐ုပ္ႀကီး ပမာ ငိုင္ငိုင္ႀကီးထိုင္ေနေသာ စံထြန္းကို တိုက္ေမာင္းၾကည့္၍

” ကိုစံထြန္း လာေလဗ်ာ ႐ြာထဲအတူတူျပန္ၾကမယ္ ” ဟု ေခၚေနမိသည္။

” ကြၽန္ေတာ္သြားရေတာ့မယ္ ကိုတိုက္ေမာင္း ႐ြာထဲေရာက္ရင္ ကြၽန္ေတာ့္မိန္းမကို ေျပာေပးပါ
ကြၽန္ေတာ္အရမ္းသတိရတယ္လို႔ သားကေလးကိုလည္း ရွင္ျပဳေပးဖို႔ ေျပာေပးပါဗ်ာ ကြၽန္ေတာ္သြားေတာ့မယ္
ကိုတိုက္ေမာင္း….” ဟု စံထြန္းေျပာ၍ ေလွကိုအျမန္ေလွာ္ခတ္ကာ ျမဴမ်ားၾကား ဝင္ေရာက္ေပ်ာက္ကြယ္သြားေတာ့သည္။

” ဘယ္…..ဘယ္ကိုလည္း ကိုစံထြန္း
ေဟး…ကိုစံထြန္း ေနဦးေလဗ်ာ…ဟာ…ေဟ့လူ..”
တိုက္ေမာင္း ေအာ္ဟစ္၍ ေခၚေနေသာ္လည္း စံထြန္းထံမွ ျပန္လည္ေျဖၾကားျခင္းမရွိေတာ့ေပ။

တိုက္ေမာင္းတစ္ေယာက္ ဇေဝဇဝါျဖင့္
စံထြန္းအေၾကာင္းကို စဥ္းစားရင္း ႐ြာထဲမွ မိမိေနအိမ္ဆီသို႔ ျပန္လာခဲ့ေတာ့သည္။

အိမ္ေရွ႕ကြပ္ပ်စ္တြင္ တိုက္ေမာင္း ထိုင္ရင္း စံထြန္းေျပာေသာ စကားမ်ားကို ျပန္လာ္ၾကားေယာင္ရင္း အလိုလို ဝမ္းနည္းလာမိသည္။

” ဟင္….အကို ျပန္ေရာက္ေနၿပီလား
ခင္ကိုေတာင္ အသံမျပဳဘူး ေနေရာေကာင္းရဲ႕လား “ဟု တိုက္ေမာင္း၏ ခါးကိုဖက္၍ ၿပဳံးစစျဖင့္ ေျပာေနေသာ ဇနီးေခ်ာေလး မခင္ေလးပင္ ျဖစ္သည္။

” ေနေကာင္းပါတယ္ ခင္ရယ္….. ဒါေပမယ့္….”

” ဟုတ္ကဲ့…ဆက္ေျပာေလ ကိုရယ္ ဘာလို႔ရပ္သြားတာလည္း….”

” ခင့္ကို ကိုယ္ေမးစရာရွိတယ္ ”

” ဟုတ္ကဲ့…ေမးေလ ကို..”

” ကိုစံထြန္းႀကီး သတင္းဘာၾကားေသးလည္း….”

” ေျပာရမွာေတာ့ စိတ္မေကာင္းစရာဘဲ
ကိုရယ္ မနက္ျဖန္ဆို ကိုစံထြန္းႀကီးအတြက္ တစ္လျပည့္
သပိတ္သြတ္ပြဲ ရွိတယ္ ကို….”

” ဟင္….”

ဇနီးျဖစ္သူ၏ ေျပာစကားေၾကာင့္ တိုက္ေမာင္းတစ္ေယာက္ ထိတ္လန႔္တုန္လႈပ္ သြားေတာ့သည္။

” ကိုစံထြန္း ဘာျဖစ္လို႔လည္း ခင္ရဲ႕…”

” လြန္ခဲ့တဲ့ တစ္လေလာက္က ေတာင္က်ေခ်ာင္းထဲမွာ ငါးသြားေဖာ္တုန္း ေတာင္က်ေရနဲ႔ပါသြားတာတဲ့ ကိုရဲ႕… ကိုစံထြန္း အေလာင္းကိုေတာင္ တစ္ဖက္ကမ္းက ႐ြာရဲ႕ ေခ်ာင္းစပ္မွာ ေတြ႕ရတာတဲ့ သနားစရာဘဲ ကိုရယ္…..”

” ဟုတ္ေရာ ဟုတ္ရဲ႕လား ခင္ရယ္…..”

မိမိကို ႐ြာသို႔ေရာက္ေအာင္ ေလွျဖင့္ လိုက္ပို႔ခဲ့ၿပီး ေလွေပၚမွာ စကားမ်ားပင္ ေျပာခဲ့ေသာေၾကာင့္
တိုက္ေမာင္း မယုံ၍ ေမးေနမိသည္။

” ဟုတ္ပါတယ္ ကိုရယ္…. ကို မယုံရင္
ကိုစံထြန္းတို႔အိမ္ ခင္အခုသြားမလို႔ ကိုလိုက္ခဲ့လိုက္ေလ”

တိုက္ေမာင္းလည္း ဇနီးျဖစ္သူ ေခၚသည္ႏွင့္ အနားပင္ မယူေတာ့ဘဲ စံထြန္းတို႔ အိမ္ဘက္သို႔ ေလွ်ာက္လာခဲ့ေတာ့သည္။

ဇနီးျဖစ္သူ ေျပာသည္ကို မယုံ၍ တိုက္ေမာင္း လိုက္ၾကည့္မိတာ အမွန္ပင္ျဖစ္သည္။ စံထြန္း၏
အိမ္တြင္ စံထြန္းအား တစ္လျပည့္ သပိတ္သြတ္ရန္ ျပင္ဆင္ေနၾကေလၿပီ။ ရပ္႐ြာ ထဲကလူႀကီးမ်ားႏွင့္ ဖဲ႐ိုက္ေနေသာသူအခ်ိဳ႕ကို ေတြ႕ေနရသည္။

တိုက္ေမာင္းလည္း စံထြန္းအေၾကာင္းကို ျပန္ေတြးရင္း စိတ္မေကာင္း ျဖစ္ေနမိသည္။ မိမိကို ႐ြာသို႔ေရာက္ေအာင္ ေလွျဖင့္ ပို႔ေပးခဲ့သည္မွာ အမွန္ပင္။
သို႔ေသာ္ စံထြန္းကြယ္လြန္ခဲ့သည္မွာ တစ္လပင္ၾကာခဲ့ေလၿပီ။ မည္သို႔မွ် မေတြးတက္ ျဖစ္ေနရသည္။

စကားဝိုင္းတြင္ တိုက္ေမာင္း ဝင္ထိုင္ရင္း
ရပ္႐ြာထဲကလူႀကီးမ်ားႏွင့္ စံထြန္း၏ ဇနီးႏွင့္ သားေလးအား စံထြန္းမွာၾကားခဲ့ေသာ စကားမ်ားကိုေျပာျပ
ရင္း မိမိျမင္ေတြ႕ခဲ့ရေသာ အေၾကာင္းမ်ားကို
ေျပာျပလိုက္ရာ တိုက္ေမာင္း၏ ဇနီးျဖစ္သူပင္ တအံတၾသျဖစ္ေနရေတာ့သည္။

ထိုသို႔ေျပာလိုက္ေတာ့မွာ တိုက္ေမာင္းသိ
လိုက္ရသည္မွာ မိမိအား ေလွျဖင့္႐ြာေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ့ေသာ စံထြန္းမွာ လူမဟုတ္ဘဲ ပရေလာကသား တစ္ဦးသာ ျဖစ္ေနေသာေၾကာင့္ တိုက္ေမာင္းသူ႔အျဖစ္ကို သူေတြးရင္း ၾကက္သီးတဖ်န္းဖ်န္း
ထ၍ ေနေတာ့သည္။

ထိုေန႔ညတစ္ညလုံး တိုက္ေမာင္းတို႔ ဇနီးေမာင္နံွႏွင့္ ရပ္႐ြာ လူႀကီးမ်ား စကားလက္ဆုံက်လိုက္တာ အာ႐ုဏ္တက္သည္ အထိပင္ျဖစ္သည္။
တိုက္ေမာင္းတို႔ ဇနီးေမာင္နံွလည္း စံထြန္း၏ သပိတ္သြတ္ပြဲတြင္ ဝိုင္းဝန္းကူညီ၍ တရားနာ၊ ေရစက္ခ်
အမွ် ေပးေဝခဲ့ေတာ့သည္။

စံထြန္းအား နာမည္ေခၚ၍ ေရစက္ခ် အမွ်ေပးေဝၾကရာ ဝမ္းနည္း ေၾကကြဲမႈမ်ား ကိုယ္စီျဖင့္

” ကိုစံထြန္းေရ….ဘဝဆက္တိုင္း ဆက္တိုင္း
ဒီလို အျဖစ္ဆိုးမ်ိဳးႀကီး မႀကဳံရပါေစနဲ႔ဗ်ာ….
အမွ်….အမွ်….အမွ်…..ကိုစံထြန္းေရ….. ကြၽန္ေတာ့္ကို
ကူညီေပးခဲ့တဲ့ ကိုစံထြန္းႀကီး တစ္ေယာက္ ေကာင္းရာ သုဂတိ လားပါေစလို႔ ကြၽန္ေတာ္ ဆုေတာင္းလိုက္ပါတယ္ဗ်ာ…..ေရာက္ရာအရပ္က သာဓုေခၚပါ….
သာဓု….သာဓု….သာဓု…….ကိုစံထြန္းေရ….” ဟု တိုက္ေမာင္း၏ ရင္ထဲတြင္ ဝမ္းနည္း ေၾကကြဲစြာ ေရ႐ြတ္ေနမိေလေတာ့သည္။

[ ဤတြင္ ကြၽႏ္ုပ္ ေရးသားေသာ ” ေလွႀကဳံ ” အမည္ရွိ
လွ်ိဳဝွက္ဆန္းၾကယ္ ပရေလာက ဝတၳဳသည္ ၿပီးေျမာက္ခဲ့ေလၿပီျဖစ္သည္။ ]

စာဖတ္သူအားလုံး ကိုယ္စိတ္ႏွစ္ျဖာ ႐ႊင္လန္းခ်မ္းေျမ့
ၾကပါေစ………။

အစဥ္အၿမဲ ႀကိဳးစားလ်က္ပါ

ရာဇာ

No comments

Post a Comment