အောင်မြတ်သာနှင့်သားပိုက်မယ်တော်

  အောင်မြတ်သာနှင့်သားပိုက်မယ်တော် ” ပူဇော်ပါသည် ပသ ပါသည် အရှင်သခင်မဘုရား။ ကျေးတော်မျိုး ကျွန်တော်မျိုးမကို စောင့်ရှောက်တော်မူပါ။ ကျရောက်လာမယ... thumbnail 1 summary

 အောင်မြတ်သာနှင့်သားပိုက်မယ်တော်

” ပူဇော်ပါသည် ပသ ပါသည် အရှင်သခင်မဘုရား။ ကျေးတော်မျိုး ကျွန်တော်မျိုးမကို စောင့်ရှောက်တော်မူပါ။ ကျရောက်လာမယ့်အန္တရာယ်အပေါင်းကို အရှင်သခင်မရဲ့ ညာဘက်လက်ဖဝါးနဲ့ တားဆီးပြီး ဘယ်ဘက်လက်ဖဝါးဖြင့် အဝေးကိုဖယ်ထုတ်ပေးတော်မူပါဘုရား”

နွမ်းလျလျမာစရိုက်ပွင့်ရိုက်အဝတ်ကို ဝတ်ထားပြီး ဆံပင်ကိုတစ်ပတ်လျှိုထုံးထားတဲ့ မိန်းမကြီးရဲ့ အသံက တိတ်ဆိတ်တဲ့ ညသန်းခေါင်းအချိန်ကို ကျော်လွန်ဖောက်ထွက်လာခဲ့တယ်။ သူ့အရှေ့မှာတော့ ငါးလက်မသာသာရှိတဲ့ရုပ်ထုတစ်ရုပ်။

” မယ်ခွေ …နင်ကိုစုံစမ်းခိုင်းထားတဲ့ကိစ္စ စုံစမ်းပြီးပြီလား”

” စုံစမ်းပြီးပြီ အမေကြီး…ဒီမနက်ပဲ ကျားကတုတ်ရွာက သင်္ချိုင်းမှာ မြေမြုပ်လိုက်တယ်လို့ပြောတယ်”

” အေး သေချာရင် ငါတို့သွားကြရအောင်.. လိုအပ်တဲ့ပစ္စည်းတွေ ပါတယ်မဟုတ်လား”

” ပါပါတယ် အမေကြီးရဲ့.. မယ်ခွေက အလုပ်လုပ်ရင် စေ့စပ်တာ သိရဲ့သားနဲ့”

အသက် ၁၇နှစ်အရွယ် ကောင်မလေးရဲ့ သွက်လက်တဲ့စကားကြောင့် မိန်းမကြီးက ဘာမှဆက်မပြောတော့ပဲ ဟောင်းနွမ်းနေတဲ့ သဘက်တစ်ထည်ကို ခေါင်းမှာပတ်ကာ အိမ်အောက်ကိုဆင်းလာခဲ့လိုက်တယ်။

ခိုက်ခိုက်တုန်အောင် ချမ်းအေးလွန်းတဲ့ အညာဆောင်းကြောင့် လူတွေအကုန် စောင်ခြုံပြီး အိပ်စက်နေတဲ့အချိန် မိန်းမနှစ်ယောက်ကတော့ အအေးဒဏ်ကိုအံတုရင်း အမှောင်ထုထဲကို ဝင်ရောက်သွားခဲ့တယ်။

” အောက်အီးအီးအွတ်……”

ရွာထိပ် လယ်စောင့်တဲမှာ မွေးထားတဲ့ ကြက်ဖရဲ့ အော်သံကြောင့် ပြာပုံထဲမှာ ခွေခွေလေးအိပ်နေတဲ့ ခွေးတစ်ကောင်နိုးလာပြီး ကိုယ်ပေါ်မှာ ပေနေတဲ့ ပြာမှုန်တွေကို တစ်ဖျတ်ဖျတ်နဲ့ခါထုတ်ရင်း အကြည့်က အမှောင်ထုထဲကိုရောက်သွားခဲ့တယ်။

” ဂီး ဂီး ဂဲ… ဝုတ် ဝုတ် ဝုတ်”

လူစိမ်းကိုမြင်တွေ့ပြီး ဟောင်သလိုမျိုး သဲသဲမဲမဲ ထိုးဟောင်နေတဲ့အချိန်

” အီ အီ …. ဂွတ် ဂလွတ်” ဆိုတဲ့အသံနဲ့အတူ ပါးစပ်ထဲကနေ အမြုပ်တွေထွက်ကာ လဲကျသွားပြီး ငြိမ်သက်သွားခဲ့တယ်”

မကြာခင် ပတ်ဝန်းကျင်တစ်ခုလုံး ပုံမှန်အတိုင်း ပြန်လည်တိတ်ဆိတ်သွားပြီး ပိုးကောင်ငယ်လေးတွေရဲ့အော်မြည်သံအချို့သာထွက်ပေါ်လာခဲ့တယ်။

အဲဒီအချိန် အမှောင်ထုထဲကနေ ပဝါကိုခေါင်းမှာပတ်ထားတဲ့မိန်းမနှစ်ယောက်ထွက်လာပြီး ငြိမ်သက်နေတဲ့ လယ်စောင့်ခွေးကို နှုတ်ခမ်းတွန့်ရုံ
ကြည့်ကာ ထွက်သွားခဲ့တယ်။

” ဝေါ..ဝေါ.. ဖလပ် ဖလပ်… ဂျစ် ဂျစ်”

အရှေ့လေတိုက်တဲ့အရှိန်ကြောင့် ကျားကတုတ်သင်္ချိုင်းဝမှာရှိတဲ့ ညောင်ပင်အကိုင်း‌တွေ
က ပြိုကျလုဆဲဆဲ ဖြစ်နေတဲ့ ဇရပ်ပေါ်ကို ယိမ်းထိုးကျနေတဲ့ပုံက မသိရင် တစ္ဆေတစ်ကောင် မြူးတူးစွာကနေသလိုဖြစ်နေခဲ့တယ်။

” အမေကြီး … ကျားကတုတ်သင်္ချိုင်းတော့ရောက်လာပြီ ။ ဘာဆက်လုပ်ရမလဲ”

” ခဏလေး … ခွင့်တောင်းစရာရှိတာ တောင်းလိုက်ဦးမယ်”

မိန်းမကြီးက လွယ်အိတ်ထဲကနေ ငှက်ပျောဖက်နဲ့ထုပ်ထားတဲ့ အမဲသားစိမ်းတွေကို အုတ်ဂူတစ်လုံးပေါ်ကိုချပြီး ဖယောင်းတိုင်တစ်တိုင်ထွန်းကာ

” ဤသင်္ချိုင်းကို ပိုင်စိုးတဲ့ အမေဖဲဝါကြီးနဲ့တစ်ကွ လက်အောက်ငယ်သားအပေါင်းအား ကျွန်ုပ်ကညသိတတ်နားလည်စွာဖြင့် လတ်ဆတ်တဲ့အမဲသားနဲ့ ပူဇော်ပသလိုက်ပါတယ်။ စားကြလော့ သောက်ကြလော့။ စားသောက်ပြီးရင် ကျုပ်လုပ်မယ့်အရာကို အနှောက်အယှက်ကင်းအောင် ကူညီပေးကြလော့” ဆိုပြီးရေရွတ်လိုက်တဲ့အချိန် အုတ်ဂူအပျက်တွေ၊ မြေပုံကြားတွေထဲကနေ ပတ္တမြားခဲလိုနီရဲနေတဲ့ မျက်လုံးပေါင်းများစွာထွက်ပေါ်လာခဲ့တယ်။

” မယ်ခွေ .. မနက်က မြုပ်ထားတဲ့အလောင်းက ဘယ်နားမှာလဲ”

” ဟိုးမှာမြင်နေရတဲ့ သရက်ပင်ဘေးပဲ အမေကြီး”

မနက်မသုဘချချိန် မယောင်မလည်နဲ့ လိုက်ကြည့်ခဲ့တဲ့မယ်ခွေက နေရာအတိအကျကိုပြောပြလိုက်တော့

” အေး .. နာရီဝက်အတွင်း အခေါင်းပေါ်အောင်တူးရမယ် မြန်မြန်လုပ်”

မိန်းမကြီးရဲ့စကားအဆုံးမှာ မယ်ခွေက တဘီကို တိုတိုပြင်ဝတ်ကာ သရက်ပင်အနားကို သွားပြီး မနက်က သုဘရာဇာတွေချန်ခဲ့တဲ့ ပေါက်တူးကိုယူကာ တစ်ဒုတ်ဒုတ်နဲ့တူးပါလေရော။

လောလောလတ်လတ် မြုပ်ထားတဲ့အလောင်းဖြစ်တဲ့အတွက် မြေစာတွေက ပွယောင်းနေသေးတော့ တူးရတာ သိပ်ပြီးမခက်ခဲခဲ့ဘူး။ ဆယ်ငါးမိနစ်လောက်တူးပြီးတဲ့အချိန်မှာ ပေါက်တူးအသွားက မာကျောကျော အရာတစ်ခုကို ထိမိခဲ့တယ်။

” အမေကြီး..အခေါင်း အခေါင်းပေါ်လာပြီ”

ဆောင်းညခင်းမှာ ချွေးတစ်လုံးလုံးဖြစ်နေတဲ့ မယ်ခွေက ပေါက်တူးကို မြေကြီးပေါ်စိုက်ချပြီး ပြောလိုက်တော့

” အေး အလောင်းပေါ်က ဖုံးထားတဲ့ အခေါင်းကို ခွာထုတ်လိုက်”

မယ်ခွေလဲ လက်ထဲကိုင်ထားတဲ့ ပေါက်တူးနဲ့ အခေါင်းကိုကလပ်ထုတ်လိုက်တဲ့အချိန် ဆနွင်းနံ့နဲ့အပုတ်နံ့ရောနေတဲ့ အနံ့တစ်ခုထွက်လာခဲ့တယ်။

” မယ်ခွေ ဖယ်စမ်း.. ငါတို့လိုချင်တဲ့အရာဟုတ်မဟုတ်ကြည့်ဦးမယ်”

မိန်းမကြီးက အလောင်းပေါ်က ပျဉ်ချပ်ကို ခြေထောက်နဲ့တွန်းထုတ်ပြီးကြည့်လိုက်ရာ အခေါင်းထဲမှာ မွေးကင်းစအရွယ်ကလေးတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့အလောင်းကိုမြင်လိုက်ရတယ်။

” သေချာပြီ … င့ါကိုလွယ်အိတ်ပေးစမ်း”

မယ်ခွေလဲ ‌ဘေးမှာချထားတဲ့လွယ်အိတ်ကို ကမ်းပေးလိုက်ပြီး အခြေအနေကိုကြည့်နေခဲ့တယ်။

မိန်းမကြီးက လွယ်အိတ်ထဲကနေ ဖန်ပုလင်းတစ်လုံးကိုထုတ်ပြီး မွေးကင်းစကလေးရဲ့ လက်သည်းခွံ ခြေသည်းခွံတို့ကို ပလာယာနဲ့ဆွဲခွာပြီး ဖန်ပုလင်းထဲထည့်လိုက်တယ်။ ပြီးတော့ မိန်းကလေးရဲ့ ဆံပင်ကို နှုတ်ယူကာ အသင့်ပါလာတဲ့ ကြေးပြားပေါ်မှာရစ်ပတ်လိုက်ပြီး

” ဒီနေ့ကစပြီး နင်တို့နှစ်ယောက်ကို ငါပိုင်တယ်။ နင်တို့ကိုငါ့မိသာစုလိုကျွေးမွေးမယ်။ နင်တို့ကလဲ ငါ့ခိုင်းတဲ့အတိုင်းလုပ်ကြ” လို့ပြောကာ အခေါင်းကိုပြန်ပိတ်လိုက်ပြီး မြေကြီးပြန်ဖို့ခိုင်းခဲ့တယ်။

မယ်ခွေလဲ ချွေးသံတစ်ရွှဲရွှဲနဲ့ အခေါင်းမြုပ်အောင်ဖုံးအုပ်ပြီးတဲ့အချိန် သူ့အနောက်မှာ မိန်းမတစ်ယောက်က မွေးကင်းစ ကလေးတစ်ကိုပိုက်ပြီး မတ်တပ်ရပ်နေတဲ့ အရိပ်တစ်ခုကိုမြင်လိုက်ရတယ်။

” မယ်ခွေ လုပ်စရာရှိတာ ဆက်လုပ်.. စပ်စုမနေနဲ့”

မိန်းမကြီးက အနည်းငယ်ကြောက်လန့်နေတဲ့ မယ်ခွေကိုဟိန်းဟောက်လိုက်ပြီး ဖန်ပုလင်းကို လွယ်အိတ်ထဲထည့်လိုက်တယ်။

မယ်ခွေလဲ မြေပုံကို ခြေရာလက်ရာမပျက်အောင်လုပ်ပြီးတော့ မိန်းမကြီးနဲ့အတူ သင်္ချိုင်းထဲကနေ ပြန်ထွက်လာခဲ့တယ်။ သင်္ချိုင်းအဝကိုရောက်တော့ မီးထွန်းထားတဲ့နေရာကို အမှတ်မထင်ကြည့်လိုက်ရာ အမွှေးစုတ်ဖွားနဲ့မဲမဲအကောင်ပေါင်းများစွာက ငှက်ပျောဖက်နဲ့ထုပ်ထားတဲ့ အမဲသားစိမ်းတွေကို အလုအယက်ယူငင်စားသောက်နေကြတာကိုမြင်လိုက်ရတယ်။
—————-
လေရူးက တောင်ကတိုက်လိုက် မြောက်ကတိုက်လိုက်နဲ့ ရမ်းနေတာမို့ အိမ်ဝိုင်းအတွင်းမှာစိုက်ထားတဲ့ သစ်ပင်တွေပေါ်ကနေ ရွက်ခြောက်တွေ တစ်ဖြုတ်ဖြုတ်ကြွေကျလာခဲ့တယ်။

မယ်ခွေလဲ ကြွေကျနေတဲ့ရွက်ခြောက်တွေကို တံမျက်စည်းတစ်လက်နဲ့လှည်းကျင်းနေတဲ့အချိန် ခြံရှေ့ကို နွားလှည်းတစ်စည်းဆိုက်ရောက်လာခဲ့တယ်။

” ဒီအိမ်က အမေလွန်း နေတဲ့အိမ်လား”
လှည်းပေါ်မှာပါလာတဲ့ မိန်းမကြီးရဲ့စကားကြောင့် မယ်ခွေက အမှိုက်လှည်းနေတာကိုရပ်လိုက်ပြီး

” ဟုတ်တယ် ဒီအိမ်က အမေလွန်း အိမ်ပဲ။ ဘာကိစ္စရှိလို့လဲ”

” အရေးကြီးကိစ္စတစ်ခုရှိလို့ .. အမေလွန်းနဲ့တွေ့လို့ရမလား”

လှည်းပေါ်ကနေဆင်းလာတဲ့ မိန်းမကြီးစကားအဆုံးမှာ အိမ်ပေါ်ထပ်က ပြူတင်းပေါက်တစ်ချပ်ပွင့်လာပြီး

” ဧည့်သည်တွေကို အိမ်ပေါ်ခေါ်တင်ခဲ့လိုက်”

မယ်ခွေလဲ အမေလွန်းစကားကြောင့်ကိုင်ထားတဲ့ တံမျက်စည်းကိုချကာ ဧည့်သည်တွေကို အိမ်ပေါ်ခေါ်လာခဲ့လိုက်တယ်။

အမေလွန်းက ဒူးတစ်ဖက်ထောင်ကာ ပြောင်းဖူးဖက်ဆေးလိပ်ကို ဖွာထုတ်လိုက်ပြီး
” လာရင်း ကိစ္စက ဘာလဲ”

” ဒီလိုပါအမေကြီး ..ကျွန်မနာမည်က မြသူဇာလို့ခေါ်ပါတယ်။ ကျွန်မတို့နေတာကတော့ ရွှေပေါ်ကျွန်းရွာမှာပါ။ အခု ကျွန်မတို့ဝယ်မယ့်ခြံဝိုင်းက ဈေးမတန်မဆခေါ်ထားတယ်။ ကျွန်မတို့ကလဲ သူတို့ပြောတဲ့ဈေးကိုမပေးနိုင်ဘူး။ ဒါကြောင့် ကျွန်မတို့ပေးတဲ့ဈေးနဲ့ရောင်းထွက်အောင် အမေကြီးဆီ အကူအညီတောင်းဖို့လာခဲ့တာပါ”

” ဟဲ့ ရှုပ်ရှုပ်ယှက်ယှက် .. နင်တို့ကိုလဲ ငါတစ်ခါမှမတွေ့ဘူးပဲ ဘယ်လိုယုံကြည်ရမလဲ။ နောက်ပြီး ပညာကြေးကရော ဘယ်လောက်ရမှာလဲ”

အမေလွန်းစကားကိုကြားတော့ မိန်းမကြီးက လက်ကောက်ဝတ်လောက်ထိ ရှိနေတဲ့ ရွှေလက်ကောက်တွေကို တမင်တကာ လှုပ်ရမ်းလိုက်ပြီး

” အလုပ်အောင်မြင်ရင် အမေကြီးအတွက် ရွှေသုံးကျပ်သား ပူဇော်ပါမယ်။ အခုလောလောဆယ် လိုတာသုံးဖို့ ဒီငွေကိုလက်ခံပေးပါ”

သတင်းစာစက္ကူနဲ့ပတ်ထားတဲ့ငွေထုပ်က မျက်စိရှေ့ရောက်လာတော့ သောက်လက်စဆေးလိပ်ကို ပြာခွက်ထဲထိုးထည့်လိုက်ပြီး

” အေး အဲဒီတော့ ငါက ခြံဝိုင်းအမြန်ဆုံးရောင်းထွက်အောင်လုပ်ပေးမယ်။ ကတိမတည်လို့ကတော့ ငါ့အကြောင်းသိတယ်မလား”

” စိတ်ချပါ ကျွန်မတို့ကလဲ အခုမှအလုပ်စလုပ်တယ်ဆိုပေမယ့် အဆင်ပြေရင် နောက်ထပ်လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်”

” ဒါဖြင့်လဲ ငါ့သမီး မြေဝါကိုထည့်ပေးလိုက်မယ်။ မယ်ခွေရေ အိမ်အနောက်မှာ ရှိနေတဲ့ မြေဝါကို သွားခေါ်လာစမ်း”

မယ်ခွေလဲ ကပြာကယာနဲ့ အိမ်နောက်ဘက်ကိုထွက်သွားပြီး မကြာခင်မှာ လက်တစ်ဆစ်လောက်ရှိတဲ့ ဖန်ပုလင်းတစ်လုံးကိုကိုင်ပြီး ပြန်ရောက်လာခဲ့တယ်။

” အမေကြီး မြေဝါကိုခေါ်လာပြီ..”

” အေး ငါ့ကိုပေး…။ နင်တို့နဲ့ ငါ့သမီးမြေဝါကိုထည့်ပေးလိုက်မယ်။ ဟိုရောက်ရင် နင်တို့ဝယ်မယ့်ခြံဝိုင်းတစ်နေရာမှာ ဒီဖန်ပုလင်းကိုမြုပ်ထား။ ဘယ်သူမှမသိစေနဲ့နော်။ သူ့ကိုလဲ တစ်ရက်ခြားတစ်ခါလောက် အသားစိမ်းကျွေးဦး။ဒီလောက်တော့ နင်လဲ သဘောပေါက်မှာပါ”

” ပေါက်ပါတယ် ပေါက်ပါတယ်။ ဒီကိစ္စအောင်မြင်ရင် အမေလွန်းဆီ ရွှေသုံးကျပ်သားနဲ့အတူပြန်လာခဲ့ပါမယ်”

ဧည့်သည်တွေပြန်သွားတော့ အမေလွန်းက စက္ကူအိတ်ထဲကနေ ငွေစက္ကူအချို့ကိုထုတ်ယူပြီး ယပ်တောင်သဖွယ်ခပ်ကာ

” မယ်ခွေ နင်လဲ ကြည့်ထား။ ငါမရှိတဲ့အချိန် နင်ကဒီနေရာကိုဆက်ခံရမှာနော်”

အမေလွန်းစကားကြောင့် မယ်ခွေက မျက်ချိုင့်လေးပေါ်အောင်ပြုံးလိုက်ပြီး

” စိတ်ချပါ သမီးက အမေ့သမီးအရင်းမဟုတ်ပေမယ့် အမေခြေရာနင်းနိုင်အောင်ကြိုးစားမှာ”လို့ပြောကာ အိမ်ပေါ်ကနေ ပြန်ဆင်းလာခဲ့လိုက်တယ်။
+++++++++++

ဒီလိုနဲ့ နှစ်လလောက်ကြာတဲ့အထိ ခြံပိုင်ရှင်မိန်းမပြန်မရောက်လာခဲ့ဘူး။ အမေလွန်းလဲ သူ့ကို တစ်ဖက်လှည့်နဲ့ လုပ်စားသွားပြီထင်ပြီး အံတစ်ကြိတ်ကြိတ်တောက်တစ်ခတ်ခတ်ဖြစ်ကာ

” မယ်ခွေ နင် မနက်ဖြန်ရွှေပေါ်ကျွန်းရွာကို သွားရမယ်။ ဟိုရောက်ရင် လှသူဇာဆိုတဲ့မိန်းမကို ‌မတွေ့တွေ့အောင်ရှာလာခဲ့။ တွေ့ပြီဆိုရင် ခြံဝိုင်းရောင်းထွက်မထွက်အရင်စုံစမ်း။ ရောင်းထွက်တာသေချာရင် အသေသာလုပ်ခဲ့ ကြားလား”

” ဟုတ်ကဲ့အမေကြီး သမီး တာဝန်ကျေစေရပါမယ်”

မယ်ခွေလဲ တတ်သင့်တပ်အပ်တဲ့ ပညာတွေ တတ်ထားပြီးပြီမို့ ကတိမတည်တဲ့မိန်းမကို ပညာပေးရန် ရွှေပေါ်ကျွန်းရွာကိုခရီးထွက်လာခဲ့တယ်။

သုံးရက်လောက် စမ်းတဝါးဝါးနဲ့ ခရီးဆက်လာခဲ့တာ နောက်ဆုံးမှာတော့ ရွှေပေါ်ကျွန်းရွာကိုရောက်လာခဲ့တယ်။ မယ်ခွေလဲ ရွာထိပ်က အကြော်တဲမှာဝင်ထိုင်ပြီး ဒေါ်လှသူဇာအကြောင်း စနည်းနာလိုက်ရာ

” သူဌေးမကြီး လှသူဇာကိုပြောတာလား။ သူဆုံးသွားတာ တစ်လတောင်ကျော်ရောပေါ့”

အကြော်သည်အဒေါ်ကြီးစကားကြောင့် မယ်ခွေ ပါးစပ်အဟောင်းသားဖြစ်သွားပြီး

” သူက ရုတ်တရက်ကြီး ဘာဖြစ်လို့ဆုံးတာလဲ”

” သူ့အလုပ်သမားတွေပြောတာကတော့ သရဲမွေးပြီး အစာမကျွေးလို့ မွေးထားတဲ့သရဲက ဂုတ်ချိုးသတ်လိုက်တယ်ပြောတယ်။ သူအလောင်းကိုတွေ့တော့လည်ပင်းမှာ လက်ငါးချောင်းအရာက အထင်းသားပဲတဲ့”

” ဟယ်… ဒုက္ခပါပဲ”

” အခုဆို သူဝယ်ထားတဲ့ ခြံထဲဘယ်သူမှမသွားရဲကြဘူး။ အချို့တွေပြောတာကတော့သရဲမက ခြံထဲမှာ ကလေးတစ်ယောက်ကိုပိုက်ပြီး လိုက်သွားနေတာတဲ့”

မယ်ခွေလဲ အခြေအနေအကြောင်းစုံကိုသိရပြီမို့ အကြော်ဖိုးရှင်းကာ ထွက်လာခဲ့လိုက်တယ်။ ရွာထဲကိုရောက်တော့ ဒေါ်လှသူဇာပိုင်တဲ့ခြံဝိုင်းနားကို မယောင်မလည်နဲ့သွားပြီး လေ့လာနေတုန်း

” ဟိုကလေးမ ဒီနားကိုမလာနဲ့ … ခြံထဲမှာ မကောင်းဆိုးဝါးရှိတယ်” ဆိုပြီးပြောတဲ့အသံကြောင့်ကြည့်လိုက်ရာ အိမ်ကိုလာတုန်းက လှည်းမောင်းပေးတဲ့လူကြီးဖြစ်နေတာကိုမြင်လိုက်ရတယ်။

” ဟင် ဦးလေးက ….”

” မင်း မင်းက အမေလွန်းတို့အိမ်က ကလေးမ မဟုတ်လား”

” ဟုတ်တယ် ဒါနဲ့ ဘယ်လိုတွေဖြစ်သွားကြတာလဲ”

” ဦးလေးလဲ သေချာမသိဘူး။ ဒီခြံဝိုင်းကိုဝယ်ပြီး နောက်တစ်နေ့မှာ သူဌေးမက တစ်ယောက်ထဲ ခြံထဲကိုထွက်သွားတယ်လို့ပြောတယ်။ မနက်ရောက်တဲ့ထိ ခြံထဲကနေပြန်မလာလို့ သွားရှာတာ ပိန္နဲပင်အောက်မှာ သေနေတာကိုပဲမြင်လိုက်ရတယ်”

” ဒီလိုဆို ပြဿနာတစ်ခုခုဖြစ်ပြီ ထင်တယ်။ ကျွန်မခြံထဲဝင်ကြည့်လို့တော့ရတယ်မဟုတ်လား”

” နင်မကြောက်တတ်ရင်တော့ဝင်ပေါ့။ အခုက နေလဲစောင်းနေပြီဆိုတော့ တစ်ခုခုဖြစ်မှာစိတ်ပူတယ်”

” ရပါတယ် ဦးလေး။ မြေဝါကို သမီးပဲ ထိန်းလာတာ ဒိလောက်ကတော့ဖြစ်ပါတယ်။ ဒါနဲ့ ဦးလေးပြောတဲ့ ပိန္နဲပင်က ဘယ်နားလောက်မှာလဲ”

” အခုမြင်နေရတဲ့လမ်းအတိုင်းဝင်သွားရင် ထုံးဖြူတွေသုတ်ထားတဲ့ သရက်ပင်တစ်ပင်တွေ့လိမ့်မယ်။ အဲဒီသရက်ပင်အနောက်မှာ ပိန္နဲပင်ရှိတယ်”

မယ်ခွေလဲ နေရာကိုသိပြီမို့ ခြံထဲကိုအရဲစွန့်ကာ တိုးဝင်လာခဲ့တယ်။ ဆယ်မိနစ်လောက်လမ်းလျောက်ပြီးတဲ့အချိန်မှာတော့ကြီးမားအုံ့ဆိုင်းနေတဲ့ ပိန္နဲပင်ကိုမြင်လိုက်ရတယ်။

” မြေဝါ.. နင်ဒီမှာရှိနေတာ ငါသိတယ် ထွက်လာခဲ့။ အမေကြီးက နင့်ကိုစောင့်နေတာ ။ နင်ဘယ်ရောက်နေလဲ”

မယ်ခွေက ပါးစပ်ကနေပြောရင်း ဘေးဘီကိုလိုက်ကြည့်နေတဲ့အချိန် ပိန္နဲပင်နောက်ကနေ ဝါထိန်နေတဲ့လက်တစ်ဖက်ရုတ်တရက်ထွက်လာခဲ့တယ်။

” ဟဲ့ ပလုပ်တုတ် လန့်လိုက်တာ မြေဝါရယ်။ နင်ကလဲ အခုထိ အစအနောက်သန်နေပါလား။ ထွက်လာခဲ့ ငါ့ကိုနင်သိပါတယ်”

မယ်ခွေစကားအဆုံးမှာ ထွက်နေတဲ့လက်တစ်ဖက်က အပင်နောက်ကိုပြန်ဝင်သွားပြီး ပျောက်သွားခဲ့တယ်။

” ဟာ ….”
မယ်ခွေကစိတ်မရှည်စွာနဲ့ရေရွတ်ပြီး ပိန္နဲပင်အနောက်ကိုကြည့်တော့လဲ ဘယ်သူမှမရှိ။ အဲဒီအချိန် အေးစက်တဲ့လက်တစ်ဖက်က အနောက်ကနေ လည်ပင်းကိုလာညှစ်တာကိုခံလိုက်ရတယ်။

သတိကြီးတဲ့မယ်ခွေက လာညှစ်တဲ့လက်ကို ဘယ်ဘက်လက်နဲ့ပုတ်ထုတ်ပြီး လှည့်ကြည့်လိုက်ရာ မျက်လုံးပြူးပြီး စိုက်ကြည့်နေတဲ့ မြေဝါကိုမြင်လိုက်ရတယ်။

” နင် နင်က ငါ့ကိုတောင်လုပ်ရဲတယ်ပေါ့လေ ”

မယ်ခွေက သူ့ကိုစိုက်ကြည့်နေတဲ့ မြေဝါကို အံ့ဩနေတဲ့အချိန် ခြေထောက်ကို အေးစက်စက်ပျော့အိအိအရာတစ်ခုလာပတ်ပြီး ဒရွတ်တိုက်ဆွဲခေါ်သွားတာကိုခံလိုက်ရတယ်။

နေရောင်က မလင်းမမှောင်အခြေအနေမို့ လာရစ်ပတ်တဲ့အရာကိုကြည့်လိုက်ရာ မဲနက်နေတဲ့ လျာတစ်ချောင်းဖြစ်နေခဲ့တယ်။ အရှိန်ပြင်းပြင်းနဲ့ဆွဲသွားခံရပြီး သစ်ငုတ်တွေနဲ့ထိခိုက်မိတဲ့ဒဏ်ကြောင့် ခေါင်းတစ်ခုလုံး သွေးချင်းချင်းရဲတဲ့အထိ ဖြစ်လာတဲ့အချိန် ခေါင်းမှာထိုးထားတဲ့ဆံထိုးကိုသတိရပြီး ရစ်ပတ်ထားတဲ့အရာကိုထိုးစိုက်လိုက်ရာ မလှမ်းမကမ်းခြုံထဲကနေ ကလေးတစ်ယောက် အော်ငိုတဲ့အသံထွက်လာခဲ့တယ်။

မယ်ခွေလဲ အခြေအနေမဟန်တာသိတဲ့အတွက် ရှိသမျှအားနဲ့ကုန်းရုန်းထပြီး ထွက်ပြေးဖို့အလုပ် မျက်နှာတစ်ခုလုံးဖောသွပ်ပြီး ယောင်အမ်းနေတဲ့ မိန်းမတစ်ယောက်က ပြေကျနေတဲ့မယ်ခွေရဲ့ဆံပင်ကို ဆွဲကာ အနားမှာရှိတဲ့ သစ်ပင်နဲ့ဆောင့်ချလိုက်တယ်။

ခေါင်းနဲ့သစ်ပင်ထိတွေ့မှုအပြီးမှာတော့ မယ်ခွေရဲ့အသိစိတ်တွေအားလုံး လွတ်ထွက်ကာ အရာရာအမှောင်အတိကျသွားခဲ့တယ်။
++++++++++++++++

ဒီကိစ္စတွေဖြစ်ပြီး ငါးနှစ်လောက်အကြာမှာတော့ ရွှေပေါ်ကျွန်းရွာကို အောင်မြတ်သာတို့ဆရာတပည့်တွေ ခရီးသွားဟန်လွဲရောက်လာခဲ့ကြတယ်။ ရွာအဝင်ဝကိုရောက်တော့ ပြိုပျက်နေတဲ့တဲအတွင်းမှာ နေလောင်ဒဏ်ကြောင့် မဲညစ်နေတဲ့အသားအရည်နဲ့အရူးမတစ်ယောက် အိပ်နေတာကိုမြင်လိုက်ရတယ်။

” သက်ခိုင် ငါတို့မှာပါတဲ့ အစားအသောက်အချို့ သွားချပေးလိုက်ပါ”

အောင်မြတ်သာစကားကြောင့် သက်ခိုင်က လွယ်အိတ်ထဲမှာရှိနေတဲ့ ငှက်ပျောသီးအချို့ကို တဲအတွင်းချပေးပြီး ပြန်ထွက်

” ဟိတ် … နင်တို့ကဘယ်သွားကြမလို့လဲ။ ရွာထဲသွားမယ်ဆိုရင် အနီရောင်ကြိုးစနဲ့ပတ်ထားတဲ့ခြံထဲမသွားမိစေနဲ့။ အဲဒီမှာ သရဲရှိတယ် အဟီးအဟီး”လို့ပြောပြီး ငှက်ပျောသီးတွေကို အားရပါးရ ထိုင်စားပါလေရော။

အောင်မြတ်သာတို့လဲ အရူးမပြောတဲ့စကားကို အယုံအကြည်မရှိပဲ ရွာထဲကိုဝင်လာခဲ့လိုက်တယ်။ ရွာထဲရောက်တော့ ညဘက်ဖြစ်နေပြီမို့ တည်းခိုဖို့နေရာရှာနေတဲ့အချိန် ….

” ဟိုမှာ ဟိုမှာ လိုက်လာနေပြီ… လျာကြီးတန်းလန်းနဲ့ အိမ်ရှေ့မှာ ရပ်ကြည့်နေတယ်” ဆိုပြီးအော်တဲ့အသံက ကျယ်လောင်စွာထွက်လာခဲ့တယ်။

အောင်မြတ်သာတို့လဲအသံကြားရာကိုကြည့်လိုက်တော့ ခြံရှေ့မှာ ကျောက်ရုပ်တစ်ရုပ်လို မတ်တပ်ရပ်ပြီး အိမ်ပေါ်ကိုစူးစိုက်ကြည့်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

” ဆရာ… ဟို မှာ…”

သက်ခိုင်နဲ့တောက်ရက သူတို့လဲမြင်တွေ့ရတဲ့ဟန်နဲ့လက်ညိုးထိုးပြတော့
” ဟုတ်တယ် ဒီအိမ်က ကောင်လေး အမှားတစ်ခုခု လုပ်ခဲ့ပြီနဲ့တူတယ်”။ လို့ပြောပြီး အိမ်ရှေ့ကိုလျောက်လာတဲ့အချိန် ရပ်နေတဲ့မိန်းမက အောင်မြတ်သာတို့ကို ခေါင်းစောင်းပြီးလှည့်ကြည့်ကာ ရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။

” လာကြပါဦး ကျွန်မသား မျက်ဖြူလန်ပြီး သတိလစ်သွားလို့”

အိမ်ပေါ်ကနေထွက်ပေါ်လာတဲ့အသံကြောင့် အောင်မြတ်သာတို့ တက်ကြည့်လိုက်ရာ အကြောက်လွန်ပြီး သတိလစ်လုဆဲဆဲဖြစ်နေတဲ့ လူငယ်တစ်ယောက်ကိုမြင်လိုက်ရတယ်။

” ရေတစ်ခွက် ယူပေး … မြန်မြန်”

အောင်မြတ်သာစကားကြောင့် အိမ်ရှင်မိန်းမက အိမ်ထဲကနေရေတစ်ခွက်ယူလာခဲ့တယ်။ရေရတာနဲ့ အောင်မြတ်သာလဲ အပေါ်ကနေလက်နဲ့အုပ်ကာ ဂါထာတစ်ခုကိုကိုးခေါက်ရွတ်ဆိုပြီး မျက်နှာကို တောက်လိုက်ရာ သတိလစ်လုဆဲဆဲဖြစ်နေတဲ့ လူငယ်က ကောက်ကာငင်ကာ လန့်နိုးလာပြီး

” သရဲ သရဲမကြီး အိမ်ရှေ့မှာရပ်နေတယ် အမေ သားကြောက်တယ် အဟီးဟီး”

” ကဲ အမိ ဒီရေကို ကုန်အောင်တိုက်လိုက်ပါ။ ‌မကြာခင်သက်သာလာပါလိမ့်မယ်”

အိမ်ရှင်မိန်းမလဲ အောင်မြတ်သာပြောတဲ့အတိုင်းတိုက်လိုက်ရာ ခုနက ကြောက်လန့်နေတဲ့လူငယ်က တစ်ဖြေးဖြေးတည်ငြိမ်လာခဲ့တယ်။

” တော်ပါသေးရဲ့ရှင် .. ဒီနေ့မှ သူ့အဖေက မြို့တက်သွားတော့ တစ်ယောက်ထဲဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တာ”

အိမ်ရှင်မိန်းမကြီးရဲ့ကျေးဇူးတင်စကားအဆုံးမှာ အသက်ကြီးကြီးလူကြီးတစ်ယောက်နဲ့ အိမ်နီးနားချင်းကလူတွေရောက်လာပြီး

” ဘယ်လိုဖြစ်တာလဲ ခုနကအော်သံတော့ကြားလိုက်တယ်။ သားအမိတွေရန်ဖြစ်နေတယ်ထင်လို့ မလာလိုက်တာ”

” ဒီကောင်လေး ဘာတွေလုပ်လာပြန်ပီလဲမသိဘူး။ ဒီကဆရာတွေကျေးဇူးကြောင့် သတိပြန်လည်လာတာ”

” ‌ငထွန်း နင်ဒီနေ့ ဘာလုပ်ခဲ့လဲ ငါ့ကိုမှန်မှန်ပြောစမ်း”

အသက်ငါးဆယ်အရွယ်လူကြီးစကားကြောင့် ရေခွက်ကိုင်ထားတဲ့ငထွန်းက

“နေ့လည်က ထွန်းအောင်နဲ့ သာလှ တို့နှစ်ယောက်နဲ့ ဟိုခြံဝိုင်းထဲက သရက်သီးသွားခူးကြတာ။ ညနေစောင်းတော့ ခေါင်းထဲမူးနောက်နောက်ဖြစ်လာလို့ အိမ်ရှေ့ထွက်ထိုင်နေတဲ့အချိန် ခြံရှေ့မှာ ဆံပင်ဖားလားနဲ့မိန်းမတစ်ယောက်ပေါ်လာခဲ့တာပဲ”

” ဟာ မင်းတို့ကိုမသွားနဲ့လို့ပြောထားတာ အတော်ရှည်တဲ့ကောင်တွေ။ ဒီပုံဆို ဟိုနှစ်ကောင်လဲ ခံနေရလောက်ပြီ။ ဒီက ဆရာတို့ အချိန်ရရင် ကျန်တဲ့ကလေးတွေအိမ်ကိုလိုက်ကြည့်ပေးပါဦး”

” ရပါတယ် အခုကျန်တဲ့နှစ်အိမ်ကို ကျုပ်တို့လူခွဲပြီး ကြည့်ပေးပါမယ်”

အောင်မြတ်သာလဲ သက်ခိုင်နဲ့ တောက်ရကို အခြားကလေးတွေအိမ်ကိုလွှတ်ပြီးကြည့်ခိုင်းတဲ့အချိန် အိမ်ပေါ်ကိုလက်ညိုးထိုးပြီး ဟက်ဟက်ပက်ပက်ရယ်နေတဲ့ အရူးမကိုမြင်လိုက်ရတယ်။

” ဟိတ် ထိပ်ပေါက်မ …. သွားသွား ငါ့အိမ်မှာ နင့်အတွက်ချန်ထားတဲ့ ထမင်းဟင်းတွေသွားယူလိုက်”

” အဟီးအဟီး ဟက်ဟက် မြေဝါမ ဒုက္ခပေးပြန်ပြီထင်တယ်။ သူက ငါ့ကိုပဲကြည့်မရတာလို့ထင်တာ။ အခုတော့ ငါ့လိုဘဝတူတွေတိုးလာပြီးဟေ့ ဟက်ဟက်ဟက်”

အရူးမက ဟက်ဟက်ပက်ပက်ရယ်မောရင်း ထွက်သွားတဲ့အချိန်
” ခုနက သူပြောတဲ့စကားထဲမှာ မြေဝါမဆိုတာ ပါနေတယ်။ ကျုပ်ထင်တာမမှားဘူးဆိုရင် မြေဝါဆိုတာ ဒီကလေးကိုခြောက်လှန့်လိုက်တဲ့နာနာဘာဝပဲဖြစ်ရမယ်”

” ဟုတ်တယ်ဆရာလေး ခုနကတွေ့တဲ့ မိန်းကလေးကလဲ ခြံဝိုင်းထဲက သရဲမကြောင့် ရူးသွားတာပဲလေ”

” ဟင် … သူကအဲလောက်တောင် ဆိုးသွမ်းနေတာလား။ ဒါကို ဘယ်သူမှ ဘာမှမလုပ်ကြဘူးလား”

” ပြောရင်လဲခံရမှာပဲဆရာရေ။ ကျုပ်တို့လဲ ဆရာပေါင်းစုံနဲ့အမျိုးမျိုးကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် သူ့ကိုမောင်းမထုတ်နိုင်ခဲ့ဘူး”

” ဘာလို့မောင်းထုတ်လို့မရတာလဲ”

” ဘာလို့လဲဆိုတော့ သူ့ကိုမြုပ်ထားတဲ့နေရာကို ကျုပ်သူဌေးမတစ်ဦးပဲသိတာမို့လို့ပါ”

” ဘယ်လို ဘယ်လို ကျုပ်နားလည်အောင်ပြောပါဦး”

” လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျုပ်အလုပ်လုပ်တဲ့သူဌေးမက သူလိုချင်တဲ့ခြံကို ဈေးပေါပေါနဲ့ရအောင် အောက်လမ်းဆရာမတစ်ဦးဆီမှာ အကူညီတောင်းခဲ့တယ်။ အောက်လမ်းဆရာမက သူ့ကိုဖန်ပုလင်းတစ်လုံးပေးပြီး လိုချင်တဲ့ခြံထဲမှာ မြုပ်ခိုင်းခဲ့တယ်။ နောက်တစ်နေ့ကျတော့ ကျုပ်တို့ခြံဝယ်ဖို့ ဈေးစကားပြောတုန်း သူတစ်ယောက်ထဲ ခြံထဲကတစ်နေရာမှာ ပုလင်းကိုမြုပ်ခဲ့တာ။ ဒီလိုနဲ့ ခြံထဲမှာနေတဲ့သူတွေအားလုံး မြုပ်ခဲ့တဲ့အစီရင်ကြောင့် မနေရဲတော့ပဲ ဈေးပေါပေါနဲ့ရောင်းထုတ်ခဲ့တယ်။ သူဌေးမက သူလိုချင်တဲ့ခြံကိုဈေးပေါပေါနဲ့ရပြီးနောက်ပိုင်း မွေးထားတဲ့အစောင့်ကို အစာပုံမှန်မကျွေးဖြစ်ရာကနေ သူ့အသက်ပါပေးလိုက်ရတာပဲ။ ခုနကမြင်တဲ့ ကလေးမက အစီအရင်ကိုဖယ်ရှားဖို့လာတဲ့ အောက်လမ်းဆရာမလေးပဲ။ သူရောက်တဲ့အချိန် ပုလင်းကိုရှာမတွေ့ပဲ သောင်းကျန်းနေတဲ့ သရဲမလက်ချက်နဲ့ သေလုဆဲဆဲဖြစ်ခဲ့ရတယ်။ ကျုပ်သာအရဲစွန့်ပြီးဝင်မခေါ်ရင် သူလဲအခုချိန်သေနေလောက်ပြီ”

” နေပါဦး ဒါဆိုရင် ဒီအစီအရင်ကို စီရင်ခဲ့တဲ့သူကို သွားခေါ်ပြီးရှင်းခိုင်းလို့ရနေတာပဲ။ ဘာလို့မလုပ်ကြတာလဲ”

” လုပ်တယ်ဆရာ။ ကျုပ်တို့ရောက်သွားတဲ့အချိန် အစီအရင်လုပ်ခဲ့တဲ့ဆရာမက ရေချိုးမှားပြီး လေတစ်ခြမ်းဖြတ်ရာကနေ အသက်ပါပါသွားခဲ့တာ။ ဒါကြောင့် ခြံဝိုင်းကို ကြိုးအနီတားပြီး ဘယ်သူမှမဝင်ဖို့ လုပ်ခဲ့ရတာပဲ”

” အင်း ကိုယ်မွေးတဲ့မျောက်ကိုယ်မနိုင်ဖြစ်ခဲ့တာကိုး။ ဒီအလုပ်က ဘယ်လောက်အကုသိုလ်ကြီးတယ်ဆိုတာ သိရောသိကြရဲ့လား”

” ကျုပ်သူဌေးမလဲ သူလုပ်ခဲ့တဲ့အကုသိုလ်အကျိုးပြန်ခံစားရတာမြင်တော့ သံဝေဂရခဲ့တယ်။ အဲဒီနောက်ပိုင်း ကျုပ်လဲဘုရားတရားပိုလုပ်ဖြစ်လာတာ”

အောင်မြတ်သာတို့စကားကောင်းနေတဲ့အချိန် သက်ခိုင်နဲ့တောက်ရပြန်ရောက်လာပြီး
” ဆရာ ထင်သလိုပဲ ဟိုကလေးနှစ်ယောက်လဲ ကယောင်ကတမ်းတွေဖြစ်နေလို့ ရေမန်းတိုက်ခဲ့ရသေးတယ်”

” ကဲ မင်းတို့လဲပင်ပန်းတဲ့လက်စနဲ့ ရောက်ရောက်ချင်း ဒီပြဿနာကိုရှင်းပေးရလိမ့်မယ်”

” ရပါတယ်ဆရာ ကျွန်တော်တို့မပင်ပန်းပါဘူး”

” ကဲဗျာ ကျုပ်တို့လဲ မနက်စောစော ခရီးဆက်ဖို့ရှိနေလို့ ဒီညပဲ အစီအရင်ကိုရှာပြီးဖျက်ဆီးပေးပါမယ်။ အခုဒီခြံကို ဘယ်သူပိုင်တာလဲ”

” ရပါတယ်ဆရာ။ ဒီခြံပိုင်ရှင်တွေက မြို့ပေါ်မှာပဲအခြေချနေတာ သုံးနှစ်လောက်ရှိပြီ။ သူတို့ကလဲ ကျုပ်ကိုပဲအပ်ထားကြတာ။ ဆရာတို့ အဆင်ပြေသလိုလုပ်လို့ရပါတယ်”

” ဟုတ်ပြီ ဒါဖြင့် ကျုပ်တို့ကိုခြံနေရာလိုက်ပြပေးပါဦး”

” ဆရာလေးတို့ ဒီလမ်းအတိုင်း တည့်တည့်လျောက်သွားရင် ကြိုးအနီရောင်နဲ့ တားထားတဲ့ ခြံဝိုင်းကိုတွေ့ပါလိမ့်မယ်။ ခြံစည်းရိုးမခတ်ထားတဲ့အတွက် ဆရာတို့ဝင်ဖို့အဆင်ပြေမှာပါ”

” ဒါဖြင့်လဲ ကျုပ်တို့သွားလိုက်ပါဦးမယ်။ အော် ဒါနဲ့ ဒီညတော့ကျုပ်တို့တည်းဖို့နေရာတစ်ခုလောက်ရနိုင်မဟုတ်လား”

” ရတာပေါ့ ရတာပေါ့ ကျုပ်အားလုံးစီစဉ်ထားပေးပါ့မယ်။ ဆရာတို့ပြန်အလာကိုစောင့်နေပါ့မယ်”

အောင်မြတ်သာတို့လဲ ခြံစောင့်လူကြီးကို နှုတ်ဆက်ပြီး အစီအရင်လုပ်ထားတဲ့ ခြံဝိုင်းဆီကိုထွက်လာခဲ့လိုက်ကြတယ်။ မကြာခင် လရောင်အောက်မှာ ကြိုးအနီရောင်တွေနဲ့တားထားတဲ့ခြံဝိုင်းရှေ့ကိုရောက်လာခဲ့ကြတယ်။

ခြံဝိုင်းအရှေ့မှာခြေစုံရပ်တယ်ဆိုရင်ပဲ ခြံထဲကနေ ဝမ်းခေါင်းသံနဲ့အော်ဟစ်မောင်းထုတ်တဲ့အသံကို ချောက်ချားဖွယ်ကြားလိုက်ရတယ်။

” ဆရာ ဒီပုံစံအတိုင်းဆိုအတော်ကြမ်းမယ့်ပုံပဲ၊ ကျွန်တော်တို့မှာလဲ မီးတုတ်တွေမပါဘူးဆိုတော့ ဘယ်လိုဆက်လုပ်ရမလဲ”

” အခုသာနေတဲ့လရောင်ကြောင့် ငါတို့အဆင်ပြေသွားမှာပါ။ ခြံထဲရောက်တဲ့အခါ အစီအရင်ဘူးကို အရင်တွေ့အောင်ရှာရမယ်။ဒီဘူးက အရေးကြီးတယ်”

အောင်မြတ်သာစကားအဆုံးမှာ ဆရာတပည့်သုံးယောက်သား ကြိုးအနီစကိုဖယ်ကာ ခြံထဲကိုစဝင်ခဲ့ကြတယ်။

” ဆရာ ကလေးတစ်ယောက်ငိုသံကြားနေရတယ်။ နောက်ပြီး ဆနွင်းနံ့နဲ့အပုတ်နံ့ရောနေတဲ့အနံ့တစ်ခုလဲရတယ်”

” ဟုတ်တယ် ခြံထဲစဝင်ထဲက ဒီအနံ့ရနေတာ။ အခုထိ ဘာလှုပ်ရှားမှုမှ မပြသေးဘူးဆိုတော့ သူ့နေရာမရောက်သေးဘူးထင်တယ်”

အောင်မြတ်သာတို့လဲ လူသွားလမ်းအတိုင်းသတိထားပြီးလျောက်လာခဲ့တာ ထုံးအဖြူသုတ်ထားတဲ့ သရက်ပင်နားကိုရောက်တော့

” ဟားဟားဟား အဟီးအဟီး”

” ဆရာ… ”

” အနံ့ရောအသံပါ ဒီနားမှာ ပိုပြင်းလာတယ်။ သတိထားကြ သူကဒီနားတစ်ဝိုက်မှာပဲရှိရမယ်”

အောင်မြတ်သာတို့ဘေးဘီကိုသတိထားပြီး လျောက်လာတဲ့အချိန် ကျောအနောက်ဘက်မှာပေါက်နေတဲ့ သရက်ပင်ပေါ်ကနေ ဆံပင်ဖားလျားနဲ့မိန်းမတစ်ယောက်ဇောက်ထိုးဆင်းလာခဲ့တယ်။

” ဆရာ ကျွန်တော်အနောက်မှာ ရှိနေပြီထင်တယ်”

” လှည့်မကြည့်နဲ့ အစီအရင်ဘူးကို မတွေ့မချင်း သူ့ကိုဒိကမောင်းထုတ်လို့ရမှာမဟုတ်ဘူး”

ညအချိန်မတော်ကြားရတဲ့ရယ်သံငိုသံတွေက သာမန်လူဆိုရင်သွေးပျက်စေနိုင်တဲ့အထိ ပြင်းထန်လာခဲ့တယ်။

အောင်မြတ်သာလဲ ဒီအနီးတစ်ဝိုက်ဆိုတာ သေချာပြီဆိုမှ လက်ထဲမှာကိုင်ထားတဲ့ အင်းစမတစ်ရွက်ကို လေပေါ်ပစ်တင်လိုက်ရာ အင်းစမက လေထဲမှာ အတန်ကြာဝဲပျံပြီး ပိန္နဲပင်ရဲ့ပင်စည်ကို အရှိန်နဲ့ပြေးတိုက်ရာ ပင်စည်ထဲကနေ မီးတောက်တွေဖွာခနဲထွက်ကျလာခဲ့တယ်။

” သက်ခိုင် အစီအရင်ကအဲဒီနေရာမှာပဲ။ အနားတော့မကပ်သွားနဲ့ဦး။ သူ့ဘာသာထွက်လာအောင်လုပ်ရမယ်”

အောင်မြတ်သာကပြောနေရင်း နောက်ထပ်အင်းစာရွက်တစ်ရွက်ကိုပစ်လိုက်ရာ ဒီတစ်ခါမှာတော့ ပင်စည်ကနေ မီးဟုန်ဟုန်းထတောက်ပြီး လက်တစ်ဆစ်သာသာရှိတဲ့ ဖန်ပုလင်းတစ်လုံးထွက်ကျလာခဲ့တယ်။

” အား ….. ဖလပ် ဖလပ် …. ဝုန်း ဂျွတ် ”

ဖန်ပုလင်းထွက်ကျလာတာနဲ့ အနီးနားမှာရှိတဲ့ သစ်ပင်တွေပေါ်ကနေ အသံမျိုးစုံထွက်လာပြီး အကိုင်းခက်တွေကျိုးကျလာခဲ့တယ်။

” တောက်ရ ပုလင်းကိုယူလိုက်”

အောင်မြတ်သာစကားအဆုံးမှာ တောက်ရက ပုလင်းကိုကောက်ကိုင်လိုက်ရာ

” အား ပူတယ် ဆရာ … မီးခဲလိုပူနေတယ် ကိုင်မရဘူး”

” အရမ်းပူနေရင်မကိုင်နဲ့ … ငါလုပ်မယ်”

အောင်မြတ်သာက တောက်ရပစ်ထုတ်လိုက်တဲ့ ဖန်ပုလင်းကို မကိုင်မီ နှုတ်ကနေ ဂါထာတစ်ပုဒ်ကို ရွတ်ဆိုပြီး လက်ဝါးနဲ့အုပ်လိုက်တဲ့အချိန် ဖန်ပုလင်းက ငါးတစ်ကောင်လိုဖျတ်ဖျတ်လူး ရုန်းကန်နေတာကို မြင်လိုက်ရတယ်။

” ငါ့အမိန့်အာဏာစက်လက်အောက်မှာ သင်ဘယ်လိုမှရုန်းထွက်နိုင်မှာမဟုတ်တဲ့အတွက် အသာတကြည် နေပါ” လို့ပြောပြီး ပုလင်းကိုဆုပ်ကိုင်လိုက်တယ်။

” ဆရာ ရရဲ့လား”

” ရတယ် ဒီမှာကြည့် … အထဲမှာ လက်သည်းခွံတွေနဲ့ ဆံပင်ချည်တွေကိုဘီလူးဂမုန်းအမြစ်နဲ့ချည်ထားတာတွေ့လား။ ဒီအစီအရင်မျိုးက အရမ်းကြောက်ဖို့ကောင်းတယ်။ ဘယ်လောက်ပဲ စိတ်ထားကောင်းတဲ့ နာနာဘာဝဖြစ်ပါစေ ရက်စက်ကြမ်းကြုတ်သွားရော”

” ဆရာ ဒီဟာကိုဘယ်လိုလုပ်မလဲ”

” သက်ခိုင် အခုချက်ချင်း မြေကြီးပေါ်မှာရှစ်ကွက်အင်းဆွဲလိုက်တော့”

‌သက်ခိုင်လဲအောင်မြတ်သာစကားကြောင့် မြေကြီးပေါ်မှာရှစ်ကွက်အင်းရေးဆွဲလိုက်ပြီး လက်နဲ့ပုတ်လိုက်ရာ အင်းစမကြိုးကွက်တွေကနေ အလင်းတန်းတွေထွက်လာခဲ့တယ်။

အောင်မြတ်သာလဲ စမကွက်ဆွဲပြီးတာနဲ့ အစီအရင်ပုလင်းကို အင်းစမကွက်အလယ်မှာချလိုက်ရာ ပုလင်းတစ်ခုလုံးအစိပ်စိပ်အမွှာမွှာကွဲထွက်သွားပြီး ကလေးတစ်ယောက်ကိုပိုက်လျက်သားအနေအထားနဲ့မိန်းမတစ်ယောက်ပုံရိပ်ပေါ်လာခဲ့တယ်။

” ဆရာ သူ့ကိုယ်ထဲကနေ ဘီလူးဂမုန်းအမြစ်တွေ ထွက်လာပြီ”

တောက်ရစကားကြောင့် ကြည့်လိုက်ရာ အင်းစမကွက်အလယ်မှာ အသံကုန်အော်ဟစ်ပြီးရုန်ကန်နေတဲ့ ပုံရိပ်ထဲကနေ နီညိုရောင်အမျှင်တန်းတွေ တိုးထွက်လာတာကိုမြင်လိုက်ရတယ်။

အမျှင်တန်းတွေက ပုံရိပ်ယောင်တစ်ခုအတိုင်း အင်းစမကွက်ထဲမှာ ယိမ်းထိုးလှုပ်ရှားနေရင်း ကလေးပိုက်ထားတဲ့ မိန်းမတစ်ယောက်ပုံစံအဖြစ်ပြောင်းကာ အခြားအကွက်ထဲဝင်ရောက်သွားခဲ့တယ်။

” မိန်းကလေး သင်အခုချိန်ကစပြီး လွတ်မြောက်သွားပါပြီ။ အပြင်ကိုထွက်လာခဲ့ပါ” လို့ပြောလိုက်တော့ အင်းစမကွက်ထဲကနေ မြေဝါရောင်အင်္ကျီကို ဝတ်ထားတဲ့မိန်းမတစ်ယောက်နဲ့ မွေးကင်းစကလေးငယ်တစ်ယောက်ထွက်လာပြီး အောင်မြတ်သာကို စူးစိုက်ကြည့်နေခဲ့တယ်။

” ဒီနေ့ဒီအချိန်ကစပြီး သင်တို့သားအမိ လူတွေကို အန္တရာယ်မပြုပဲ ကောင်းမွန်စွာနေထိုင်သွားမယ်ဆိုတဲ့ကတိပေးနိုင်မလား”လို့မေးတော့ မရယ်မပြုံးတဲ့မျက်နှာနဲ့ခေါင်းညိမ့်ပြကာ ကတိပေးခဲ့တယ်။

အောင်မြတ်သာလဲ အင်းစမကွက်ထဲမှာ ကျန်နေတဲ့ ဘီလူးဂမုန်းအမြစ်ကို အာဏာစက်နဲ့ဖျက်ဆီးပစ်ပြီး သားသည်မိခင်ဝိဉာဉ်ကို ရွာထဲကိုခေါ်လာခဲ့လိုက်တယ်။

နောက်တစ်နေ့အရုဏ်တက်ချိန်ရောက်တော့ ရွာထိပ်မှာပေါက်နေတဲ့ တစ်ထွာသာသာကုက္ကိုပင်မှာ နေရာပေးခဲ့ပြီး ခြံစောင့်ဦးလေးကို အပင်ကြီးထွားရှင်သန်အောင် ဂရုစိုက်ပေးဖို့သေချာမှာကာ အခြားတစ်ရွာကို ခရီးဆက်ဖို့ပြင်နေတဲ့အချိန် ရွာထဲကနေ အိပ်ချင်မူးတူးနဲ့ပြေးထွက်လာတဲ့ အရူးမကိုမြင်လိုက်ရတယ်။

အောင်မြတ်သာက အရူးမကိုမြင်တော့
” သူလုပ်ခဲ့တဲ့ အပြစ်တွေကို ဒီဘဝမှာ အရူးဘဝနဲ့ပေးဆပ်ပြီး နောင်ဘဝမှာလဲ ငရဲကျခံရဦးမှာပါလား”လို့တီးတိုးရေရွတ်လိုက်မိတယ်။

ဒီလိုနဲ့နှစ်ပေါင်းများစွာကြာလာတဲ့အခါ ကုက္ကိုပင်ပေါက်အဖြစ်ကနေ အရွက်တစ်ဖားဖားနဲ့ကြီးမားတဲ့ ကုက္ကိုပင်အဖြစ်ပြောင်းလဲလာပြီး အပင်မှာနေတဲ့ သားအမိလဲ သရဲအဆင့်ကနေ နတ်သူငယ်အဆင့်ဖြစ်ကာ ရွှေပေါ်ကျွန်းရွာသားတွေကို စွမ်းသလောက်ကူညီပေးခဲ့တယ်။

ရွှေပေါ်ကျွန်းရွာသားတွေကတော့ ကုက္ကိုပင်အောက်ကို သားဆုပန်တဲ့အခါဖြစ်စေ၊ ကျွဲပျောက်နွားပျောက်ရှာတဲ့အခါဖြစ်စေရောက်လာတတ်ပြီး မုန့်အချို၊ နှမ်းကပ်မုန့်တွေနဲ့ပူဇော်ပသပြီး အကူအညီတောင်းရတဲ့အထိ ယုံကြည်ခဲ့ကြတယ်။

အခုချိန် ရွှေပေါ်ကျွန်းရွာကိုရောက်တဲ့အခါ ရွာထိပ်က လူကြီးလေးဖက်စာလောက်ရှိတဲ့ကုက္ကိုပင်အောက်မှာ အမြင့်လေးပေခန့်ရှိတဲ့ အုတ်စီနတ်ကွန်းတစ်ခုကိုမြင်တွေ့ကြရမှာဖြစ်ပါတယ်။ နတ်ကွန်းရဲ့အထဲမှာတော့ မြေဝါရောင်အဝတ်အစားကိုဝတ်ဆင်ထားပြီး ကလေးတစ်ယောက်ကိုပိုက်ကာ ထိုင်နေတဲ့ သားပိုက်မယ်တော်ရုပ်ထုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

အောင်မြတ်သာတို့ လဲ ရွှေပေါ်ကျွန်းရွာကနေထွက်ခဲ့ပြီးတဲ့နောက် ညနေ နေဝင်ရီတရောအချိန် ဆော့ကစားရင်း ပြုတ်ကျတဲ့ကလေးသူငယ်တွေကိုဖမ်းစား၊ ခြောက်စားတဲ့ မြေဖုတ်ဘီလူးကို ဆုံးမတဲ့အကြောင်းအရာကိုတော့ အောင်မြတ်သာနှင့်မြေဖုတ်ဘီလူးအစားကျူးဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)
#ညမဖတ်ရ

Zawgyi(version)

ေအာင္ျမတ္သာႏွင့္သားပိုက္မယ္ေတာ္

” ပူေဇာ္ပါသည္ ပသ ပါသည္ အရွင္သခင္မဘုရား။ ေက်းေတာ္မ်ိဳး ကြၽန္ေတာ္မ်ိဳးမကို ေစာင့္ေရွာက္ေတာ္မူပါ။ က်ေရာက္လာမယ့္အႏၱရာယ္အေပါင္းကို အရွင္သခင္မရဲ႕ ညာဘက္လက္ဖဝါးနဲ႕ တားဆီးၿပီး ဘယ္ဘက္လက္ဖဝါးျဖင့္ အေဝးကိုဖယ္ထုတ္ေပးေတာ္မူပါဘုရား”

ႏြမ္းလ်လ်မာစရိုက္ပြင့္ရိုက္အဝတ္ကို ဝတ္ထားၿပီး ဆံပင္ကိုတစ္ပတ္လွ်ိုထုံးထားတဲ့ မိန္းမႀကီးရဲ႕ အသံက တိတ္ဆိတ္တဲ့ ညသန္းေခါင္းအခ်ိန္ကို ေက်ာ္လြန္ေဖာက္ထြက္လာခဲ့တယ္။ သူ႕အေရွ႕မွာေတာ့ ငါးလက္မသာသာရွိတဲ့႐ုပ္ထုတစ္႐ုပ္။

” မယ္ေခြ …နင္ကိုစုံစမ္းခိုင္းထားတဲ့ကိစၥ စုံစမ္းၿပီးၿပီလား”

” စုံစမ္းၿပီးၿပီ အေမႀကီး…ဒီမနက္ပဲ က်ားကတုတ္႐ြာက သခၤ်ိဳင္းမွာ ေျမျမဳပ္လိုက္တယ္လို႔ေျပာတယ္”

” ေအး ေသခ်ာရင္ ငါတို႔သြားၾကရေအာင္.. လိုအပ္တဲ့ပစၥည္းေတြ ပါတယ္မဟုတ္လား”

” ပါပါတယ္ အေမႀကီးရဲ႕.. မယ္ေခြက အလုပ္လုပ္ရင္ ေစ့စပ္တာ သိရဲ႕သားနဲ႕”

အသက္ ၁၇ႏွစ္အ႐ြယ္ ေကာင္မေလးရဲ႕ သြက္လက္တဲ့စကားေၾကာင့္ မိန္းမႀကီးက ဘာမွဆက္မေျပာေတာ့ပဲ ေဟာင္းႏြမ္းေနတဲ့ သဘက္တစ္ထည္ကို ေခါင္းမွာပတ္ကာ အိမ္ေအာက္ကိုဆင္းလာခဲ့လိုက္တယ္။

ခိုက္ခိုက္တုန္ေအာင္ ခ်မ္းေအးလြန္းတဲ့ အညာေဆာင္းေၾကာင့္ လူေတြအကုန္ ေစာင္ၿခဳံၿပီး အိပ္စက္ေနတဲ့အခ်ိန္ မိန္းမႏွစ္ေယာက္ကေတာ့ အေအးဒဏ္ကိုအံတုရင္း အေမွာင္ထုထဲကို ဝင္ေရာက္သြားခဲ့တယ္။

” ေအာက္အီးအီးအြတ္……”

႐ြာထိပ္ လယ္ေစာင့္တဲမွာ ေမြးထားတဲ့ ၾကက္ဖရဲ႕ ေအာ္သံေၾကာင့္ ျပာပုံထဲမွာ ေခြေခြေလးအိပ္ေနတဲ့ ေခြးတစ္ေကာင္နိုးလာၿပီး ကိုယ္ေပၚမွာ ေပေနတဲ့ ျပာမႈန္ေတြကို တစ္ဖ်တ္ဖ်တ္နဲ႕ခါထုတ္ရင္း အၾကည့္က အေမွာင္ထုထဲကိုေရာက္သြားခဲ့တယ္။

” ဂီး ဂီး ဂဲ… ဝုတ္ ဝုတ္ ဝုတ္”

လူစိမ္းကိုျမင္ေတြ႕ၿပီး ေဟာင္သလိုမ်ိဳး သဲသဲမဲမဲ ထိုးေဟာင္ေနတဲ့အခ်ိန္

” အီ အီ …. ဂြတ္ ဂလြတ္” ဆိုတဲ့အသံနဲ႕အတူ ပါးစပ္ထဲကေန အျမဳပ္ေတြထြက္ကာ လဲက်သြားၿပီး ၿငိမ္သက္သြားခဲ့တယ္”

မၾကာခင္ ပတ္ဝန္းက်င္တစ္ခုလုံး ပုံမွန္အတိုင္း ျပန္လည္တိတ္ဆိတ္သြားၿပီး ပိုးေကာင္ငယ္ေလးေတြရဲ႕ေအာ္ျမည္သံအခ်ိဳ႕သာထြက္ေပၚလာခဲ့တယ္။

အဲဒီအခ်ိန္ အေမွာင္ထုထဲကေန ပဝါကိုေခါင္းမွာပတ္ထားတဲ့မိန္းမႏွစ္ေယာက္ထြက္လာၿပီး ၿငိမ္သက္ေနတဲ့ လယ္ေစာင့္ေခြးကို ႏႈတ္ခမ္းတြန႔္႐ုံ
ၾကည့္ကာ ထြက္သြားခဲ့တယ္။

” ေဝါ..ေဝါ.. ဖလပ္ ဖလပ္… ဂ်စ္ ဂ်စ္”

အေရွ႕ေလတိုက္တဲ့အရွိန္ေၾကာင့္ က်ားကတုတ္သခၤ်ိဳင္းဝမွာရွိတဲ့ ေညာင္ပင္အကိုင္းေတြ
က ၿပိဳက်လဳဆဲဆဲ ျဖစ္ေနတဲ့ ဇရပ္ေပၚကို ယိမ္းထိုးက်ေနတဲ့ပုံက မသိရင္ တစ္ေဆတစ္ေကာင္ ျမဴးတူးစြာကေနသလိုျဖစ္ေနခဲ့တယ္။

” အေမႀကီး … က်ားကတုတ္သခၤ်ိဳင္းေတာ့ေရာက္လာၿပီ ။ ဘာဆက္လုပ္ရမလဲ”

” ခဏေလး … ခြင့္ေတာင္းစရာရွိတာ ေတာင္းလိုက္ဦးမယ္”

မိန္းမႀကီးက လြယ္အိတ္ထဲကေန ငွက္ေပ်ာဖက္နဲ႕ထုပ္ထားတဲ့ အမဲသားစိမ္းေတြကို အုတ္ဂူတစ္လုံးေပၚကိုခ်ၿပီး ဖေယာင္းတိုင္တစ္တိုင္ထြန္းကာ

” ဤသခၤ်ိဳင္းကို ပိုင္စိုးတဲ့ အေမဖဲဝါႀကီးနဲ႕တစ္ကြ လက္ေအာက္ငယ္သားအေပါင္းအား ကျွန်ုပ်ကညသိတတ်နားလည်စွာဖြင့် လတ္ဆတ္တဲ့အမဲသားနဲ႕ ပူေဇာ္ပသလိုက္ပါတယ္။ စားၾကေလာ့ ေသာက္ၾကေလာ့။ စားေသာက္ၿပီးရင္ က်ဳပ္လုပ္မယ့္အရာကို အႏွောက္အယွက္ကင္းေအာင္ ကူညီေပးၾကေလာ့” ဆိုၿပီးေရ႐ြတ္လိုက္တဲ့အခ်ိန္ အုတ္ဂူအပ်က္ေတြ၊ ေျမပုံၾကားေတြထဲကေန ပတၱျမားခဲလိုနီရဲေနတဲ့ မ်က္လုံးေပါင္းမ်ားစြာထြက္ေပၚလာခဲ့တယ္။

” မယ္ေခြ .. မနက္က ျမဳပ္ထားတဲ့အေလာင္းက ဘယ္နားမွာလဲ”

” ဟိုးမွာျမင္ေနရတဲ့ သရက္ပင္ေဘးပဲ အေမႀကီး”

မနက္မသုဘခ်ခ်ိန္ မေယာင္မလည္နဲ႕ လိုက္ၾကည့္ခဲ့တဲ့မယ္ေခြက ေနရာအတိအက်ကိဳေျပာျပလိုက္ေတာ့

” ေအး .. နာရီဝက္အတြင္း အေခါင္းေပၚေအာင္တူးရမယ္ ျမန္ျမန္လုပ္”

မိန္းမႀကီးရဲ႕စကားအဆုံးမွာ မယ္ေခြက တဘီကို တိုတိုျပင္ဝတ္ကာ သရက္ပင္အနားကို သြားၿပီး မနက္က သုဘရာဇာေတြခ်န္ခဲ့တဲ့ ေပါက္တူးကိုယူကာ တစ္ဒုတ္ဒုတ္နဲ႕တူးပါေလေရာ။

ေလာေလာလတ္လတ္ ျမဳပ္ထားတဲ့အေလာင္းျဖစ္တဲ့အတြက္ ေျမစာေတြက ပြေယာင္းေနေသးေတာ့ တူးရတာ သိပ္ၿပီးမခက္ခဲခဲ့ဘူး။ ဆယ္ငါးမိနစ္ေလာက္တူးၿပီးတဲ့အခ်ိန္မွာ ေပါက္တူးအသြားက မာေက်ာေက်ာ အရာတစ္ခုကို ထိမိခဲ့တယ္။

” အေမႀကီး..အေခါင္း အေခါင္းေပၚလာၿပီ”

ေဆာင္းညခင္းမွာ ေခြၽးတစ္လုံးလုံးျဖစ္ေနတဲ့ မယ္ေခြက ေပါက္တူးကို ေျမႀကီးေပၚစိုက္ခ်ၿပီး ေျပာလိုက္ေတာ့

” ေအး အေလာင္းေပၚက ဖုံးထားတဲ့ အေခါင္းကို ခြာထုတ္လိုက္”

မယ္ေခြလဲ လက္ထဲကိုင္ထားတဲ့ ေပါက္တူးနဲ႕ အေခါင္းကိုကလပ္ထုတ္လိုက္တဲ့အခ်ိန္ ဆႏြင္းနံ႕နဲ႕အပုတ္နံ႕ေရာေနတဲ့ အနံ႕တစ္ခုထြက္လာခဲ့တယ္။

” မယ္ေခြ ဖယ္စမ္း.. ငါတို႔လိုခ်င္တဲ့အရာဟုတ္မဟုတ္ၾကည့္ဦးမယ္”

မိန္းမႀကီးက အေလာင္းေပၚက ပ်ဥ္ခ်ပ္ကို ေျခေထာက္နဲ႕တြန္းထုတ္ၿပီးၾကည့္လိုက္ရာ အေခါင္းထဲမွာ ေမြးကင္းစအ႐ြယ္ကေလးတစ္ေယာက္နဲ႕ မိန္းမတစ္ေယာက္ရဲ႕အေလာင္းကိုျမင္လိုက္ရတယ္။

” ေသခ်ာၿပီ … င့ါကိုလြယ္အိတ္ေပးစမ္း”

မယ္ေခြလဲ ေဘးမွာခ်ထားတဲ့လြယ္အိတ္ကို ကမ္းေပးလိုက္ၿပီး အေျခအေနကိုၾကည့္ေနခဲ့တယ္။

မိန္းမႀကီးက လြယ္အိတ္ထဲကေန ဖန္ပုလင္းတစ္လုံးကိုထုတ္ၿပီး ေမြးကင္းစကေလးရဲ႕ လက္သည္းခြံ ေျခသည္းခြံတို႔ကို ပလာယာနဲ႕ဆြဲခြာၿပီး ဖန္ပုလင္းထဲထည့္လိုက္တယ္။ ၿပီးေတာ့ မိန္းကေလးရဲ႕ ဆံပင္ကို ႏႈတ္ယူကာ အသင့္ပါလာတဲ့ ေၾကးျပားေပၚမွာရစ္ပတ္လိုက္ၿပီး

” ဒီေန႕ကစၿပီး နင္တို႔ႏွစ္ေယာက္ကို ငါပိုင္တယ္။ နင္တို႔ကိုငါ့မိသာစုလိုေကြၽးေမြးမယ္။ နင္တို႔ကလဲ ငါ့ခိုင္းတဲ့အတိုင္းလုပ္ၾက” လို႔ေျပာကာ အေခါင္းကိုျပန္ပိတ္လိုက္ၿပီး ေျမႀကီးျပန္ဖို႔ခိုင္းခဲ့တယ္။

မယ္ေခြလဲ ေခြၽးသံတစ္႐ႊဲ႐ႊဲနဲ႕ အေခါင္းျမဳပ္ေအာင္ဖုံးအုပ္ၿပီးတဲ့အခ်ိန္ သူ႕အေနာက္မွာ မိန္းမတစ္ေယာက္က ေမြးကင္းစ ကေလးတစ္ကိုပိုက္ၿပီး မတ္တပ္ရပ္ေနတဲ့ အရိပ္တစ္ခုကိုျမင္လိုက္ရတယ္။

” မယ္ေခြ လုပ္စရာရွိတာ ဆက္လုပ္.. စပ္စုမေနနဲ႕”

မိန္းမႀကီးက အနည္းငယ္ေၾကာက္လန႔္ေနတဲ့ မယ္ေခြကိုဟိန္းေဟာက္လိုက္ၿပီး ဖန္ပုလင္းကို လြယ္အိတ္ထဲထည့္လိုက္တယ္။

မယ္ေခြလဲ ေျမပုံကို ေျခရာလက္ရာမပ်က္ေအာင္လုပ္ၿပီးေတာ့ မိန္းမႀကီးနဲ႕အတူ သခၤ်ိဳင္းထဲကေန ျပန္ထြက္လာခဲ့တယ္။ သခၤ်ိဳင္းအဝကိုေရာက္ေတာ့ မီးထြန္းထားတဲ့ေနရာကို အမွတ္မထင္ၾကည့္လိုက္ရာ အေမႊးစုတ္ဖြားနဲ႕မဲမဲအေကာင္ေပါင္းမ်ားစြာက ငွက္ေပ်ာဖက္နဲ႕ထုပ္ထားတဲ့ အမဲသားစိမ္းေတြကို အလုအယက္ယူငင္စားေသာက္ေနၾကတာကိုျမင္လိုက္ရတယ္။
—————-
ေလ႐ူးက ေတာင္ကတိုက္လိုက္ ေျမာက္ကတိုက္လိုက္နဲ႕ ရမ္းေနတာမို႔ အိမ္ဝိုင္းအတြင္းမွာစိုက္ထားတဲ့ သစ္ပင္ေတြေပၚကေန ႐ြက္ေျခာက္ေတြ တစ္ျဖဳတ္ျဖဳတ္ေႂကြက်လာခဲ့တယ္။

မယ္ေခြလဲ ေႂကြက်ေနတဲ့႐ြက္ေျခာက္ေတြကို တံမ်က္စည္းတစ္လက္နဲ႕လွည္းက်င္းေနတဲ့အခ်ိန္ ၿခံေရွ႕ကို ႏြားလွည္းတစ္စည္းဆိုက္ေရာက္လာခဲ့တယ္။

” ဒီအိမ္က အေမလြန္း ေနတဲ့အိမ္လား”
လွည္းေပၚမွာပါလာတဲ့ မိန္းမႀကီးရဲ႕စကားေၾကာင့္ မယ္ေခြက အမွိုက္လွည္းေနတာကိုရပ္လိုက္ၿပီး

” ဟုတ္တယ္ ဒီအိမ္က အေမလြန္း အိမ္ပဲ။ ဘာကိစၥရွိလို႔လဲ”

” အေရးႀကီးကိစၥတစ္ခုရွိလို႔ .. အေမလြန္းနဲ႕ေတြ႕လို႔ရမလား”

လွည္းေပၚကေနဆင္းလာတဲ့ မိန္းမႀကီးစကားအဆုံးမွာ အိမ္ေပၚထပ္က ျပဴတင္းေပါက္တစ္ခ်ပ္ပြင့္လာၿပီး

” ဧည့္သည္ေတြကို အိမ္ေပၚေခၚတင္ခဲ့လိုက္”

မယ္ေခြလဲ အေမလြန္းစကားေၾကာင့္ကိုင္ထားတဲ့ တံမ်က္စည္းကိုခ်ကာ ဧည့္သည္ေတြကို အိမ္ေပၚေခၚလာခဲ့လိုက္တယ္။

အေမလြန္းက ဒူးတစ္ဖက္ေထာင္ကာ ေျပာင္းဖူးဖက္ေဆးလိပ္ကို ဖြာထုတ္လိုက္ၿပီး
” လာရင္း ကိစၥက ဘာလဲ”

” ဒီလိုပါအေမႀကီး ..ကြၽန္မနာမည္က ျမသူဇာလို႔ေခၚပါတယ္။ ကြၽန္မတို႔ေနတာကေတာ့ ေ႐ႊေပၚကြၽန္း႐ြာမွာပါ။ အခု ကြၽန္မတို႔ဝယ္မယ့္ၿခံဝိုင္းက ေဈးမတန္မဆေခၚထားတယ္။ ကြၽန္မတို႔ကလဲ သူတို႔ေျပာတဲ့ေဈးကိုမေပးနိုင္ဘူး။ ဒါေၾကာင့္ ကြၽန္မတို႔ေပးတဲ့ေဈးနဲ႕ေရာင္းထြက္ေအာင္ အေမႀကီးဆီ အကူအညီေတာင္းဖို႔လာခဲ့တာပါ”

” ဟဲ့ ရႈပ္ရႈပ္ယွက္ယွက္ .. နင္တို႔ကိုလဲ ငါတစ္ခါမွမေတြ႕ဘူးပဲ ဘယ္လိုယုံၾကည္ရမလဲ။ ေနာက္ၿပီး ပညာေၾကးကေရာ ဘယ္ေလာက္ရမွာလဲ”

အေမလြန္းစကားကိုၾကားေတာ့ မိန္းမႀကီးက လက္ေကာက္ဝတ္ေလာက္ထိ ရွိေနတဲ့ ေ႐ႊလက္ေကာက္ေတြကို တမင္တကာ လႈပ္ရမ္းလိုက္ၿပီး

” အလုပ္ေအာင္ျမင္ရင္ အေမႀကီးအတြက္ ေ႐ႊသုံးက်ပ္သား ပူေဇာ္ပါမယ္။ အခုေလာေလာဆယ္ လိုတာသုံးဖို႔ ဒီေငြကိုလက္ခံေပးပါ”

သတင္းစာစကၠဴနဲ႕ပတ္ထားတဲ့ေငြထုပ္က မ်က္စိေရွ႕ေရာက္လာေတာ့ ေသာက္လက္စေဆးလိပ္ကို ျပာခြက္ထဲထိုးထည့္လိုက္ၿပီး

” ေအး အဲဒီေတာ့ ငါက ၿခံဝိုင္းအျမန္ဆုံးေရာင္းထြက္ေအာင္လုပ္ေပးမယ္။ ကတိမတည္လို႔ကေတာ့ ငါ့အေၾကာင္းသိတယ္မလား”

” စိတ္ခ်ပါ ကြၽန္မတို႔ကလဲ အခုမွအလုပ္စလုပ္တယ္ဆိုေပမယ့္ အဆင္ေျပရင္ ေနာက္ထပ္လုပ္စရာေတြ အမ်ားႀကီးက်န္ပါေသးတယ္”

” ဒါျဖင့္လဲ ငါ့သမီး ေျမဝါကိုထည့္ေပးလိုက္မယ္။ မယ္ေခြေရ အိမ္အေနာက္မွာ ရွိေနတဲ့ ေျမဝါကို သြားေခၚလာစမ္း”

မယ္ေခြလဲ ကျပာကယာနဲ႕ အိမ္ေနာက္ဘက္ကိုထြက္သြားၿပီး မၾကာခင္မွာ လက္တစ္ဆစ္ေလာက္ရွိတဲ့ ဖန္ပုလင္းတစ္လုံးကိုကိုင္ၿပီး ျပန္ေရာက္လာခဲ့တယ္။

” အေမႀကီး ေျမဝါကိုေခၚလာၿပီ..”

” ေအး ငါ့ကိုေပး…။ နင္တို႔နဲ႕ ငါ့သမီးေျမဝါကိုထည့္ေပးလိုက္မယ္။ ဟိုေရာက္ရင္ နင္တို႔ဝယ္မယ့္ၿခံဝိုင္းတစ္ေနရာမွာ ဒီဖန္ပုလင္းကိုျမဳပ္ထား။ ဘယ္သူမွမသိေစနဲ႕ေနာ္။ သူ႕ကိုလဲ တစ္ရက္ျခားတစ္ခါေလာက္ အသားစိမ္းေကြၽးဦး။ဒီေလာက္ေတာ့ နင္လဲ သေဘာေပါက္မွာပါ”

” ေပါက္ပါတယ္ ေပါက္ပါတယ္။ ဒီကိစၥေအာင္ျမင္ရင္ အေမလြန္းဆီ ေ႐ႊသုံးက်ပ္သားနဲ႕အတူျပန္လာခဲ့ပါမယ္”

ဧည့္သည္ေတြျပန္သြားေတာ့ အေမလြန္းက စကၠဴအိတ္ထဲကေန ေငြစကၠဴအခ်ိဳ႕ကိုထုတ္ယူၿပီး ယပ္ေတာင္သဖြယ္ခပ္ကာ

” မယ္ေခြ နင္လဲ ၾကည့္ထား။ ငါမရွိတဲ့အခ်ိန္ နင္ကဒီေနရာကိုဆက္ခံရမွာေနာ္”

အေမလြန္းစကားေၾကာင့္ မယ္ေခြက မ်က္ခ်ိဳင့္ေလးေပၚေအာင္ၿပဳံးလိုက္ၿပီး

” စိတ္ခ်ပါ သမီးက အေမ့သမီးအရင္းမဟုတ္ေပမယ့္ အေမေျခရာနင္းနိုင္ေအာင္ႀကိဳးစားမွာ”လို႔ေျပာကာ အိမ္ေပၚကေန ျပန္ဆင္းလာခဲ့လိုက္တယ္။
+++++++++++

ဒီလိုနဲ႕ ႏွစ္လေလာက္ၾကာတဲ့အထိ ၿခံပိုင္ရွင္မိန္းမျပန္မေရာက္လာခဲ့ဘူး။ အေမလြန္းလဲ သူ႕ကို တစ္ဖက္လွည့္နဲ႕ လုပ္စားသြားၿပီထင္ၿပီး အံတစ္ႀကိတ္ႀကိတ္ေတာက္တစ္ခတ္ခတ္ျဖစ္ကာ

” မယ္ေခြ နင္ မနက္ျဖန္ေ႐ႊေပၚကြၽန္း႐ြာကို သြားရမယ္။ ဟိုေရာက္ရင္ လွသူဇာဆိုတဲ့မိန္းမကို မေတြ႕ေတြ႕ေအာင္ရွာလာခဲ့။ ေတြ႕ၿပီဆိုရင္ ၿခံဝိုင္းေရာင္းထြက္မထြက္အရင္စုံစမ္း။ ေရာင္းထြက္တာေသခ်ာရင္ အေသသာလုပ္ခဲ့ ၾကားလား”

” ဟုတ္ကဲ့အေမႀကီး သမီး တာဝန္ေက်ေစရပါမယ္”

မယ္ေခြလဲ တတ္သင့္တပ္အပ္တဲ့ ပညာေတြ တတ္ထားၿပီးၿပီမို႔ ကတိမတည္တဲ့မိန္းမကို ပညာေပးရန္ ေ႐ႊေပၚကြၽန္း႐ြာကိုခရီးထြက္လာခဲ့တယ္။

သုံးရက္ေလာက္ စမ္းတဝါးဝါးနဲ႕ ခရီးဆက္လာခဲ့တာ ေနာက္ဆုံးမွာေတာ့ ေ႐ႊေပၚကြၽန္း႐ြာကိုေရာက္လာခဲ့တယ္။ မယ္ေခြလဲ ႐ြာထိပ္က အေၾကာ္တဲမွာဝင္ထိုင္ၿပီး ေဒၚလွသူဇာအေၾကာင္း စနည္းနာလိုက္ရာ

” သူေဌးမႀကီး လွသူဇာကိုေျပာတာလား။ သူဆုံးသြားတာ တစ္လေတာင္ေက်ာ္ေရာေပါ့”

အေၾကာ္သည္အေဒၚႀကီးစကားေၾကာင့္ မယ္ေခြ ပါးစပ္အေဟာင္းသားျဖစ္သြားၿပီး

” သူက ႐ုတ္တရက္ႀကီး ဘာျဖစ္လို႔ဆုံးတာလဲ”

” သူ႕အလုပ္သမားေတြေျပာတာကေတာ့ သရဲေမြးၿပီး အစာမေကြၽးလို႔ ေမြးထားတဲ့သရဲက ဂုတ္ခ်ိဳးသတ္လိုက္တယ္ေျပာတယ္။ သူအေလာင္းကိုေတြ႕ေတာ့လည္ပင္းမွာ လက္ငါးေခ်ာင္းအရာက အထင္းသားပဲတဲ့”

” ဟယ္… ဒုကၡပါပဲ”

” အခုဆို သူဝယ္ထားတဲ့ ၿခံထဲဘယ္သူမွမသြားရဲၾကဘူး။ အခ်ိဳ႕ေတြေျပာတာကေတာ့သရဲမက ၿခံထဲမွာ ကေလးတစ္ေယာက္ကိုပိုက္ၿပီး လိုက္သြားေနတာတဲ့”

မယ္ေခြလဲ အေျခအေနအေၾကာင္းစုံကိုသိရၿပီမို႔ အေၾကာ္ဖိုးရွင္းကာ ထြက္လာခဲ့လိုက္တယ္။ ႐ြာထဲကိုေရာက္ေတာ့ ေဒၚလွသူဇာပိုင္တဲ့ၿခံဝိုင္းနားကို မေယာင္မလည္နဲ႕သြားၿပီး ေလ့လာေနတုန္း

” ဟိုကေလးမ ဒီနားကိုမလာနဲ႕ … ၿခံထဲမွာ မေကာင္းဆိုးဝါးရွိတယ္” ဆိုၿပီးေျပာတဲ့အသံေၾကာင့္ၾကည့္လိုက္ရာ အိမ္ကိုလာတုန္းက လွည္းေမာင္းေပးတဲ့လူႀကီးျဖစ္ေနတာကိုျမင္လိုက္ရတယ္။

” ဟင္ ဦးေလးက ….”

” မင္း မင္းက အေမလြန္းတို႔အိမ္က ကေလးမ မဟုတ္လား”

” ဟုတ္တယ္ ဒါနဲ႕ ဘယ္လိုေတြျဖစ္သြားၾကတာလဲ”

” ဦးေလးလဲ ေသခ်ာမသိဘူး။ ဒီၿခံဝိုင္းကိုဝယ္ၿပီး ေနာက္တစ္ေန႕မွာ သူေဌးမက တစ္ေယာက္ထဲ ၿခံထဲကိုထြက္သြားတယ္လို႔ေျပာတယ္။ မနက္ေရာက္တဲ့ထိ ၿခံထဲကေနျပန္မလာလို႔ သြားရွာတာ ပိန္နဲပင်အောက်မှာ ေသေနတာကိုပဲျမင္လိုက္ရတယ္”

” ဒီလိုဆို ျပႆနာတစ္ခုခုျဖစ္ၿပီ ထင္တယ္။ ကြၽန္မၿခံထဲဝင္ၾကည့္လို႔ေတာ့ရတယ္မဟုတ္လား”

” နင္မေၾကာက္တတ္ရင္ေတာ့ဝင္ေပါ့။ အခုက ေနလဲေစာင္းေနၿပီဆိုေတာ့ တစ္ခုခုျဖစ္မွာစိတ္ပူတယ္”

” ရပါတယ္ ဦးေလး။ ေျမဝါကို သမီးပဲ ထိန္းလာတာ ဒိေလာက္ကေတာ့ျဖစ္ပါတယ္။ ဒါနဲ႕ ဦးေလးေျပာတဲ့ ပိန္နဲပင်က ဘယ္နားေလာက္မွာလဲ”

” အခုျမင္ေနရတဲ့လမ္းအတိုင္းဝင္သြားရင္ ထုံးျဖဴေတြသုတ္ထားတဲ့ သရက္ပင္တစ္ပင္ေတြ႕လိမ့္မယ္။ အဲဒီသရက္ပင္အေနာက္မွာ ပိန္နဲပင်ရှိတယ်”

မယ္ေခြလဲ ေနရာကိုသိၿပီမို႔ ၿခံထဲကိုအရဲစြန႔္ကာ တိုးဝင္လာခဲ့တယ္။ ဆယ္မိနစ္ေလာက္လမ္းေလ်ာက္ၿပီးတဲ့အခ်ိန္မွာေတာ့ႀကီးမားအုံ႕ဆိုင္းေနတဲ့ ပိန္နဲပင်ကိုမြင်လိုက်ရတယ်။

” ေျမဝါ.. နင္ဒီမွာရွိေနတာ ငါသိတယ္ ထြက္လာခဲ့။ အေမႀကီးက နင့္ကိုေစာင့္ေနတာ ။ နင္ဘယ္ေရာက္ေနလဲ”

မယ္ေခြက ပါးစပ္ကေနေျပာရင္း ေဘးဘီကိုလိုက္ၾကည့္ေနတဲ့အခ်ိန္ ပိန္နဲပင်နောက်ကနေ ဝါထိန္ေနတဲ့လက္တစ္ဖက္႐ုတ္တရက္ထြက္လာခဲ့တယ္။

” ဟဲ့ ပလုပ္တုတ္ လန႔္လိုက္တာ ေျမဝါရယ္။ နင္ကလဲ အခုထိ အစအေနာက္သန္ေနပါလား။ ထြက္လာခဲ့ ငါ့ကိုနင္သိပါတယ္”

မယ္ေခြစကားအဆုံးမွာ ထြက္ေနတဲ့လက္တစ္ဖက္က အပင္ေနာက္ကိုျပန္ဝင္သြားၿပီး ေပ်ာက္သြားခဲ့တယ္။

” ဟာ ….”
မယ္ေခြကစိတ္မရွည္စြာနဲ႕ေရ႐ြတ္ၿပီး ပိန္နဲပင်အနောက်ကိုကြည့်တော့လဲ ဘယ္သူမွမရွိ။ အဲဒီအခ်ိန္ ေအးစက္တဲ့လက္တစ္ဖက္က အေနာက္ကေန လည္ပင္းကိုလာညွစ္တာကိုခံလိုက္ရတယ္။

သတိႀကီးတဲ့မယ္ေခြက လာညွစ္တဲ့လက္ကို ဘယ္ဘက္လက္နဲ႕ပုတ္ထုတ္ၿပီး လွည့္ၾကည့္လိုက္ရာ မ်က္လုံးျပဴးၿပီး စိုက္ၾကည့္ေနတဲ့ ေျမဝါကိုျမင္လိုက္ရတယ္။

” နင္ နင္က ငါ့ကိုေတာင္လုပ္ရဲတယ္ေပါ့ေလ ”

မယ္ေခြက သူ႕ကိုစိုက္ၾကည့္ေနတဲ့ ေျမဝါကို အံ့ဩေနတဲ့အခ်ိန္ ေျခေထာက္ကို ေအးစက္စက္ေပ်ာ့အိအိအရာတစ္ခုလာပတ္ၿပီး ဒ႐ြတ္တိုက္ဆြဲေခၚသြားတာကိုခံလိုက္ရတယ္။

ေနေရာင္က မလင္းမေမွာင္အေျခအေနမို႔ လာရစ္ပတ္တဲ့အရာကိုၾကည့္လိုက္ရာ မဲနက္ေနတဲ့ လ်ာတစ္ေခ်ာင္းျဖစ္ေနခဲ့တယ္။ အရွိန္ျပင္းျပင္းနဲ႕ဆြဲသြားခံရၿပီး သစ္ငုတ္ေတြနဲ႕ထိခိုက္မိတဲ့ဒဏ္ေၾကာင့္ ေခါင္းတစ္ခုလုံး ေသြးခ်င္းခ်င္းရဲတဲ့အထိ ျဖစ္လာတဲ့အခ်ိန္ ေခါင္းမွာထိုးထားတဲ့ဆံထိုးကိုသတိရၿပီး ရစ္ပတ္ထားတဲ့အရာကိုထိုးစိုက္လိုက္ရာ မလွမ္းမကမ္းၿခဳံထဲကေန ကေလးတစ္ေယာက္ ေအာ္ငိုတဲ့အသံထြက္လာခဲ့တယ္။

မယ္ေခြလဲ အေျခအေနမဟန္တာသိတဲ့အတြက္ ရွိသမွ်အားနဲ႕ကုန္း႐ုန္းထၿပီး ထြက္ေျပးဖို႔အလုပ္ မ်က္ႏွာတစ္ခုလုံးေဖာသြပ္ၿပီး ေယာင္အမ္းေနတဲ့ မိန္းမတစ္ေယာက္က ေျပက်ေနတဲ့မယ္ေခြရဲ႕ဆံပင္ကို ဆြဲကာ အနားမွာရွိတဲ့ သစ္ပင္နဲ႕ေဆာင့္ခ်လိဳက္တယ္။

ေခါင္းနဲ႕သစ္ပင္ထိေတြ႕မႈအၿပီးမွာေတာ့ မယ္ေခြရဲ႕အသိစိတ္ေတြအားလုံး လြတ္ထြက္ကာ အရာရာအေမွာင္အတိက်သြားခဲ့တယ္။
++++++++++++++++

ဒီကိစၥေတြျဖစ္ၿပီး ငါးႏွစ္ေလာက္အၾကာမွာေတာ့ ေ႐ႊေပၚကြၽန္း႐ြာကို ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ ခရီးသြားဟန္လြဲေရာက္လာခဲ့ၾကတယ္။ ႐ြာအဝင္ဝကိုေရာက္ေတာ့ ၿပိဳပ်က္ေနတဲ့တဲအတြင္းမွာ ေနေလာင္ဒဏ္ေၾကာင့္ မဲညစ္ေနတဲ့အသားအရည္နဲ႕အ႐ူးမတစ္ေယာက္ အိပ္ေနတာကိုျမင္လိုက္ရတယ္။

” သက္ခိုင္ ငါတို႔မွာပါတဲ့ အစားအေသာက္အခ်ိဳ႕ သြားခ်ေပးလိုက္ပါ”

ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္က လြယ္အိတ္ထဲမွာရွိေနတဲ့ ငွက္ေပ်ာသီးအခ်ိဳ႕ကို တဲအတြင္းခ်ေပးၿပီး ျပန္ထြက္

” ဟိတ္ … နင္တို႔ကဘယ္သြားၾကမလို႔လဲ။ ႐ြာထဲသြားမယ္ဆိုရင္ အနီေရာင္ႀကိဳးစနဲ႕ပတ္ထားတဲ့ၿခံထဲမသြားမိေစနဲ႕။ အဲဒီမွာ သရဲရွိတယ္ အဟီးအဟီး”လို႔ေျပာၿပီး ငွက္ေပ်ာသီးေတြကို အားရပါးရ ထိုင္စားပါေလေရာ။

ေအာင္ျမတ္သာတို႔လဲ အ႐ူးမေျပာတဲ့စကားကို အယုံအၾကည္မရွိပဲ ႐ြာထဲကိုဝင္လာခဲ့လိုက္တယ္။ ႐ြာထဲေရာက္ေတာ့ ညဘက္ျဖစ္ေနၿပီမို႔ တည္းခိုဖို႔ေနရာရွာေနတဲ့အခ်ိန္ ….

” ဟိုမွာ ဟိုမွာ လိုက္လာေနၿပီ… လ်ာႀကီးတန္းလန္းနဲ႕ အိမ္ေရွ႕မွာ ရပ္ၾကည့္ေနတယ္” ဆိုၿပီးေအာ္တဲ့အသံက က်ယ္ေလာင္စြာထြက္လာခဲ့တယ္။

ေအာင္ျမတ္သာတို႔လဲအသံၾကားရာကိုၾကည့္လိုက္ေတာ့ ၿခံေရွ႕မွာ ေက်ာက္႐ုပ္တစ္႐ုပ္လို မတ္တပ္ရပ္ၿပီး အိမ္ေပၚကိုစူးစိုက္ၾကည့္ေနတဲ့ မိန္းမတစ္ေယာက္ကိုျမင္လိုက္ရတယ္။

” ဆရာ… ဟို မွာ…”

သက္ခိုင္နဲ႕ေတာက္ရက သူတို႔လဲျမင္ေတြ႕ရတဲ့ဟန္နဲ႕လက္ညိုးထိုးျပေတာ့
” ဟုတ္တယ္ ဒီအိမ္က ေကာင္ေလး အမွားတစ္ခုခု လုပ္ခဲ့ၿပီနဲ႕တူတယ္”။ လို႔ေျပာၿပီး အိမ္ေရွ႕ကိုေလ်ာက္လာတဲ့အခ်ိန္ ရပ္ေနတဲ့မိန္းမက ေအာင္ျမတ္သာတို႔ကို ေခါင္းေစာင္းၿပီးလွည့္ၾကည့္ကာ ႐ုတ္တရက္ေပ်ာက္ကြယ္သြားခဲ့တယ္။

” လာၾကပါဦး ကြၽန္မသား မ်က္ျဖဴလန္ၿပီး သတိလစ္သြားလို႔”

အိမ္ေပၚကေနထြက္ေပၚလာတဲ့အသံေၾကာင့္ ေအာင္ျမတ္သာတို႔ တက္ၾကည့္လိုက္ရာ အေၾကာက္လြန္ၿပီး သတိလစ္လုဆဲဆဲျဖစ္ေနတဲ့ လူငယ္တစ္ေယာက္ကိုျမင္လိုက္ရတယ္။

” ေရတစ္ခြက္ ယူေပး … ျမန္ျမန္”

ေအာင္ျမတ္သာစကားေၾကာင့္ အိမ္ရွင္မိန္းမက အိမ္ထဲကေနေရတစ္ခြက္ယူလာခဲ့တယ္။ေရရတာနဲ႕ ေအာင္ျမတ္သာလဲ အေပၚကေနလက္နဲ႕အုပ္ကာ ဂါထာတစ္ခုကိုကိုးေခါက္႐ြတ္ဆိုၿပီး မ်က္ႏွာကို ေတာက္လိုက္ရာ သတိလစ္လုဆဲဆဲျဖစ္ေနတဲ့ လူငယ္က ေကာက္ကာငင္ကာ လန႔္နိုးလာၿပီး

” သရဲ သရဲမႀကီး အိမ္ေရွ႕မွာရပ္ေနတယ္ အေမ သားေၾကာက္တယ္ အဟီးဟီး”

” ကဲ အမိ ဒီေရကို ကုန္ေအာင္တိုက္လိုက္ပါ။ မၾကာခင္သက္သာလာပါလိမ့္မယ္”

အိမ္ရွင္မိန္းမလဲ ေအာင္ျမတ္သာေျပာတဲ့အတိုင္းတိုက္လိုက္ရာ ခုနက ေၾကာက္လန႔္ေနတဲ့လူငယ္က တစ္ေျဖးေျဖးတည္ၿငိမ္လာခဲ့တယ္။

” ေတာ္ပါေသးရဲ႕ရွင္ .. ဒီေန႕မွ သူ႕အေဖက ၿမိဳ႕တက္သြားေတာ့ တစ္ေယာက္ထဲဘာလုပ္ရမွန္းမသိျဖစ္ေနခဲ့တာ”

အိမ္ရွင္မိန္းမႀကီးရဲ႕ေက်းဇူးတင္စကားအဆုံးမွာ အသက္ႀကီးႀကီးလူႀကီးတစ္ေယာက္နဲ႕ အိမ္နီးနားခ်င္းကလူေတြေရာက္လာၿပီး

” ဘယ္လိုျဖစ္တာလဲ ခုနကေအာ္သံေတာ့ၾကားလိုက္တယ္။ သားအမိေတြရန္ျဖစ္ေနတယ္ထင္လို႔ မလာလိုက္တာ”

” ဒီေကာင္ေလး ဘာေတြလုပ္လာျပန္ပီလဲမသိဘူး။ ဒီကဆရာေတြေက်းဇူးေၾကာင့္ သတိျပန္လည္လာတာ”

” ငထြန္း နင္ဒီေန႕ ဘာလုပ္ခဲ့လဲ ငါ့ကိုမွန္မွန္ေျပာစမ္း”

အသက္ငါးဆယ္အ႐ြယ္လူႀကီးစကားေၾကာင့္ ေရခြက္ကိုင္ထားတဲ့ငထြန္းက

“ေန႕လည္က ထြန္းေအာင္နဲ႕ သာလွ တို႔ႏွစ္ေယာက္နဲ႕ ဟိုၿခံဝိုင္းထဲက သရက္သီးသြားခူးၾကတာ။ ညေနေစာင္းေတာ့ ေခါင္းထဲမူးေနာက္ေနာက္ျဖစ္လာလို႔ အိမ္ေရွ႕ထြက္ထိုင္ေနတဲ့အခ်ိန္ ၿခံေရွ႕မွာ ဆံပင္ဖားလားနဲ႕မိန္းမတစ္ေယာက္ေပၚလာခဲ့တာပဲ”

” ဟာ မင္းတို႔ကိုမသြားနဲ႕လို႔ေျပာထားတာ အေတာ္ရွည္တဲ့ေကာင္ေတြ။ ဒီပုံဆို ဟိုႏွစ္ေကာင္လဲ ခံေနရေလာက္ၿပီ။ ဒီက ဆရာတို႔ အခ်ိန္ရရင္ က်န္တဲ့ကေလးေတြအိမ္ကိုလိုက္ၾကည့္ေပးပါဦး”

” ရပါတယ္ အခုက်န္တဲ့ႏွစ္အိမ္ကို က်ဳပ္တို႔လူခြဲၿပီး ၾကည့္ေပးပါမယ္”

ေအာင္ျမတ္သာလဲ သက္ခိုင္နဲ႕ ေတာက္ရကို အျခားကေလးေတြအိမ္ကိုလႊတ္ၿပီးၾကည့္ခိုင္းတဲ့အခ်ိန္ အိမ္ေပၚကိုလက္ညိုးထိုးၿပီး ဟက္ဟက္ပက္ပက္ရယ္ေနတဲ့ အ႐ူးမကိုျမင္လိုက္ရတယ္။

” ဟိတ္ ထိပ္ေပါက္မ …. သြားသြား ငါ့အိမ္မွာ နင့္အတြက္ခ်န္ထားတဲ့ ထမင္းဟင္းေတြသြားယူလိုက္”

” အဟီးအဟီး ဟက္ဟက္ ေျမဝါမ ဒုကၡေပးျပန္ၿပီထင္တယ္။ သူက ငါ့ကိုပဲၾကည့္မရတာလို႔ထင္တာ။ အခုေတာ့ ငါ့လိုဘဝတူေတြတိုးလာၿပီးေဟ့ ဟက္ဟက္ဟက္”

အ႐ူးမက ဟက္ဟက္ပက္ပက္ရယ္ေမာရင္း ထြက္သြားတဲ့အခ်ိန္
” ခုနက သူေျပာတဲ့စကားထဲမွာ ေျမဝါမဆိုတာ ပါေနတယ္။ က်ဳပ္ထင္တာမမွားဘူးဆိုရင္ ေျမဝါဆိုတာ ဒီကေလးကိုေျခာက္လွန႔္လိုက္တဲ့နာနာဘာဝပဲျဖစ္ရမယ္”

” ဟုတ္တယ္ဆရာေလး ခုနကေတြ႕တဲ့ မိန္းကေလးကလဲ ၿခံဝိုင္းထဲက သရဲမေၾကာင့္ ႐ူးသြားတာပဲေလ”

” ဟင္ … သူကအဲေလာက္ေတာင္ ဆိုးသြမ္းေနတာလား။ ဒါကို ဘယ္သူမွ ဘာမွမလုပ္ၾကဘူးလား”

” ေျပာရင္လဲခံရမွာပဲဆရာေရ။ က်ဳပ္တို႔လဲ ဆရာေပါင္းစုံနဲ႕အမ်ိဳးမ်ိဳးႀကိဳးစားခဲ့ၾကတယ္။ ဒါေပမယ့္ သူ႕ကိုေမာင္းမထုတ္နိုင္ခဲ့ဘူး”

” ဘာလို႔ေမာင္းထုတ္လို႔မရတာလဲ”

” ဘာလို႔လဲဆိုေတာ့ သူ႕ကိုျမဳပ္ထားတဲ့ေနရာကို က်ဳပ္သူေဌးမတစ္ဦးပဲသိတာမို႔လို႔ပါ”

” ဘယ္လို ဘယ္လို က်ဳပ္နားလည္ေအာင္ေျပာပါဦး”

” လြန္ခဲ့တဲ့ ငါးႏွစ္ေလာက္က က်ဳပ္အလုပ္လုပ္တဲ့သူေဌးမက သူလိုခ်င္တဲ့ၿခံကို ေဈးေပါေပါနဲ႕ရေအာင္ ေအာက္လမ္းဆရာမတစ္ဦးဆီမွာ အကူညီေတာင္းခဲ့တယ္။ ေအာက္လမ္းဆရာမက သူ႕ကိုဖန္ပုလင္းတစ္လုံးေပးၿပီး လိုခ်င္တဲ့ၿခံထဲမွာ ျမဳပ္ခိုင္းခဲ့တယ္။ ေနာက္တစ္ေန႕က်ေတာ့ က်ဳပ္တို႔ၿခံဝယ္ဖို႔ ေဈးစကားေျပာတုန္း သူတစ္ေယာက္ထဲ ၿခံထဲကတစ္ေနရာမွာ ပုလင္းကိုျမဳပ္ခဲ့တာ။ ဒီလိုနဲ႕ ၿခံထဲမွာေနတဲ့သူေတြအားလုံး ျမဳပ္ခဲ့တဲ့အစီရင္ေၾကာင့္ မေနရဲေတာ့ပဲ ေဈးေပါေပါနဲ႕ေရာင္းထုတ္ခဲ့တယ္။ သူေဌးမက သူလိုခ်င္တဲ့ၿခံကိုေဈးေပါေပါနဲ႕ရၿပီးေနာက္ပိုင္း ေမြးထားတဲ့အေစာင့္ကို အစာပုံမွန္မေကြၽးျဖစ္ရာကေန သူ႕အသက္ပါေပးလိုက္ရတာပဲ။ ခုနကျမင္တဲ့ ကေလးမက အစီအရင္ကိုဖယ္ရွားဖို႔လာတဲ့ ေအာက္လမ္းဆရာမေလးပဲ။ သူေရာက္တဲ့အခ်ိန္ ပုလင္းကိုရွာမေတြ႕ပဲ ေသာင္းက်န္းေနတဲ့ သရဲမလက္ခ်က္နဲ႕ ေသလုဆဲဆဲျဖစ္ခဲ့ရတယ္။ က်ဳပ္သာအရဲစြန႔္ၿပီးဝင္မေခၚရင္ သူလဲအခုခ်ိန္ေသေနေလာက္ၿပီ”

” ေနပါဦး ဒါဆိုရင္ ဒီအစီအရင္ကို စီရင္ခဲ့တဲ့သူကို သြားေခၚၿပီးရွင္းခိုင္းလို႔ရေနတာပဲ။ ဘာလို႔မလုပ္ၾကတာလဲ”

” လုပ္တယ္ဆရာ။ က်ဳပ္တို႔ေရာက္သြားတဲ့အခ်ိန္ အစီအရင္လုပ္ခဲ့တဲ့ဆရာမက ေရခ်ိဳးမွားၿပီး ေလတစ္ျခမ္းျဖတ္ရာကေန အသက္ပါပါသြားခဲ့တာ။ ဒါေၾကာင့္ ၿခံဝိုင္းကို ႀကိဳးအနီတားၿပီး ဘယ္သူမွမဝင္ဖို႔ လုပ္ခဲ့ရတာပဲ”

” အင္း ကိုယ္ေမြးတဲ့ေမ်ာက္ကိုယ္မနိုင္ျဖစ္ခဲ့တာကိုး။ ဒီအလုပ္က ဘယ္ေလာက္အကုသိုလ္ႀကီးတယ္ဆိုတာ သိေရာသိၾကရဲ႕လား”

” က်ဳပ္သူေဌးမလဲ သူလုပ္ခဲ့တဲ့အကုသိုလ္အက်ိဳးျပန္ခံစားရတာျမင္ေတာ့ သံေဝဂရခဲ့တယ္။ အဲဒီေနာက္ပိုင္း က်ဳပ္လဲဘုရားတရားပိုလုပ္ျဖစ္လာတာ”

ေအာင္ျမတ္သာတို႔စကားေကာင္းေနတဲ့အခ်ိန္ သက္ခိုင္နဲ႕ေတာက္ရျပန္ေရာက္လာၿပီး
” ဆရာ ထင္သလိုပဲ ဟိုကေလးႏွစ္ေယာက္လဲ ကေယာင္ကတမ္းေတြျဖစ္ေနလို႔ ေရမန္းတိုက္ခဲ့ရေသးတယ္”

” ကဲ မင္းတို႔လဲပင္ပန္းတဲ့လက္စနဲ႕ ေရာက္ေရာက္ခ်င္း ဒီျပႆနာကိုရွင္းေပးရလိမ့္မယ္”

” ရပါတယ္ဆရာ ကြၽန္ေတာ္တို႔မပင္ပန္းပါဘူး”

” ကဲဗ်ာ က်ဳပ္တို႔လဲ မနက္ေစာေစာ ခရီးဆက္ဖို႔ရွိေနလို႔ ဒီညပဲ အစီအရင္ကိုရွာၿပီးဖ်က္ဆီးေပးပါမယ္။ အခုဒီၿခံကို ဘယ္သူပိုင္တာလဲ”

” ရပါတယ္ဆရာ။ ဒီၿခံပိုင္ရွင္ေတြက ၿမိဳ႕ေပၚမွာပဲအေျခခ်ေနတာ သုံးႏွစ္ေလာက္ရွိၿပီ။ သူတို႔ကလဲ က်ဳပ္ကိုပဲအပ္ထားၾကတာ။ ဆရာတို႔ အဆင္ေျပသလိုလုပ္လို႔ရပါတယ္”

” ဟုတ္ၿပီ ဒါျဖင့္ က်ဳပ္တို႔ကိုၿခံေနရာလိုက္ျပေပးပါဦး”

” ဆရာေလးတို႔ ဒီလမ္းအတိုင္း တည့္တည့္ေလ်ာက္သြားရင္ ႀကိဳးအနီေရာင္နဲ႕ တားထားတဲ့ ၿခံဝိုင္းကိုေတြ႕ပါလိမ့္မယ္။ ၿခံစည္းရိုးမခတ္ထားတဲ့အတြက္ ဆရာတို႔ဝင္ဖို႔အဆင္ေျပမွာပါ”

” ဒါျဖင့္လဲ က်ဳပ္တို႔သြားလိုက္ပါဦးမယ္။ ေအာ္ ဒါနဲ႕ ဒီညေတာ့က်ဳပ္တို႔တည္းဖို႔ေနရာတစ္ခုေလာက္ရနိုင္မဟုတ္လား”

” ရတာေပါ့ ရတာေပါ့ က်ဳပ္အားလုံးစီစဥ္ထားေပးပါ့မယ္။ ဆရာတို႔ျပန္အလာကိုေစာင့္ေနပါ့မယ္”

ေအာင္ျမတ္သာတို႔လဲ ၿခံေစာင့္လူႀကီးကို ႏႈတ္ဆက္ၿပီး အစီအရင္လုပ္ထားတဲ့ ၿခံဝိုင္းဆီကိုထြက္လာခဲ့လိုက္ၾကတယ္။ မၾကာခင္ လေရာင္ေအာက္မွာ ႀကိဳးအနီေရာင္ေတြနဲ႕တားထားတဲ့ၿခံဝိုင္းေရွ႕ကိုေရာက္လာခဲ့ၾကတယ္။

ၿခံဝိုင္းအေရွ႕မွာေျခစုံရပ္တယ္ဆိုရင္ပဲ ၿခံထဲကေန ဝမ္းေခါင္းသံနဲ႕ေအာ္ဟစ္ေမာင္းထုတ္တဲ့အသံကို ေခ်ာက္ခ်ားဖြယ္ၾကားလိုက္ရတယ္။

” ဆရာ ဒီပုံစံအတိုင္းဆိုအေတာ္ၾကမ္းမယ့္ပုံပဲ၊ ကြၽန္ေတာ္တို႔မွာလဲ မီးတုတ္ေတြမပါဘူးဆိုေတာ့ ဘယ္လိုဆက္လုပ္ရမလဲ”

” အခုသာေနတဲ့လေရာင္ေၾကာင့္ ငါတို႔အဆင္ေျပသြားမွာပါ။ ၿခံထဲေရာက္တဲ့အခါ အစီအရင္ဘူးကို အရင္ေတြ႕ေအာင္ရွာရမယ္။ဒီဘူးက အေရးႀကီးတယ္”

ေအာင္ျမတ္သာစကားအဆုံးမွာ ဆရာတပည့္သုံးေယာက္သား ႀကိဳးအနီစကိုဖယ္ကာ ၿခံထဲကိုစဝင္ခဲ့ၾကတယ္။

” ဆရာ ကေလးတစ္ေယာက္ငိုသံၾကားေနရတယ္။ ေနာက္ၿပီး ဆႏြင္းနံ႕နဲ႕အပုတ္နံ႕ေရာေနတဲ့အနံ႕တစ္ခုလဲရတယ္”

” ဟုတ္တယ္ ၿခံထဲစဝင္ထဲက ဒီအနံ႕ရေနတာ။ အခုထိ ဘာလႈပ္ရွားမႈမွ မျပေသးဘူးဆိုေတာ့ သူ႕ေနရာမေရာက္ေသးဘူးထင္တယ္”

ေအာင္ျမတ္သာတို႔လဲ လူသြားလမ္းအတိုင္းသတိထားၿပီးေလ်ာက္လာခဲ့တာ ထုံးအျဖဴသုတ္ထားတဲ့ သရက္ပင္နားကိုေရာက္ေတာ့

” ဟားဟားဟား အဟီးအဟီး”

” ဆရာ… ”

” အနံ႕ေရာအသံပါ ဒီနားမွာ ပိုျပင္းလာတယ္။ သတိထားၾက သူကဒီနားတစ္ဝိုက္မွာပဲရွိရမယ္”

ေအာင္ျမတ္သာတို႔ေဘးဘီကိုသတိထားၿပီး ေလ်ာက္လာတဲ့အခ်ိန္ ေက်ာအေနာက္ဘက္မွာေပါက္ေနတဲ့ သရက္ပင္ေပၚကေန ဆံပင္ဖားလ်ားနဲ႕မိန္းမတစ္ေယာက္ေဇာက္ထိုးဆင္းလာခဲ့တယ္။

” ဆရာ ကြၽန္ေတာ္အေနာက္မွာ ရွိေနၿပီထင္တယ္”

” လွည့္မၾကည့္နဲ႕ အစီအရင္ဘူးကို မေတြ႕မခ်င္း သူ႕ကိုဒိကေမာင္းထုတ္လို႔ရမွာမဟုတ္ဘူး”

ညအခ်ိန္မေတာ္ၾကားရတဲ့ရယ္သံငိုသံေတြက သာမန္လူဆိုရင္ေသြးပ်က္ေစနိုင္တဲ့အထိ ျပင္းထန္လာခဲ့တယ္။

ေအာင္ျမတ္သာလဲ ဒီအနီးတစ္ဝိုက္ဆိုတာ ေသခ်ာၿပီဆိုမွ လက္ထဲမွာကိုင္ထားတဲ့ အင္းစမတစ္႐ြက္ကို ေလေပၚပစ္တင္လိုက္ရာ အင္းစမက ေလထဲမွာ အတန္ၾကာဝဲပ်ံၿပီး ပိန္နဲပင်ရဲ့ပင်စည်ကို အရွိန္နဲ႕ေျပးတိုက္ရာ ပင္စည္ထဲကေန မီးေတာက္ေတြဖြာခနဲထြက္က်လာခဲ့တယ္။

” သက္ခိုင္ အစီအရင္ကအဲဒီေနရာမွာပဲ။ အနားေတာ့မကပ္သြားနဲ႕ဦး။ သူ႕ဘာသာထြက္လာေအာင္လုပ္ရမယ္”

ေအာင္ျမတ္သာကေျပာေနရင္း ေနာက္ထပ္အင္းစာ႐ြက္တစ္႐ြက္ကိုပစ္လိုက္ရာ ဒီတစ္ခါမွာေတာ့ ပင္စည္ကေန မီးဟုန္ဟုန္းထေတာက္ၿပီး လက္တစ္ဆစ္သာသာရွိတဲ့ ဖန္ပုလင္းတစ္လုံးထြက္က်လာခဲ့တယ္။

” အား ….. ဖလပ္ ဖလပ္ …. ဝုန္း ဂြၽတ္ ”

ဖန္ပုလင္းထြက္က်လာတာနဲ႕ အနီးနားမွာရွိတဲ့ သစ္ပင္ေတြေပၚကေန အသံမ်ိဳးစုံထြက္လာၿပီး အကိုင္းခက္ေတြက်ိဳးက်လာခဲ့တယ္။

” ေတာက္ရ ပုလင္းကိုယူလိုက္”

ေအာင္ျမတ္သာစကားအဆုံးမွာ ေတာက္ရက ပုလင္းကိုေကာက္ကိုင္လိုက္ရာ

” အား ပူတယ္ ဆရာ … မီးခဲလိုပူေနတယ္ ကိုင္မရဘူး”

” အရမ္းပူေနရင္မကိုင္နဲ႕ … ငါလုပ္မယ္”

ေအာင္ျမတ္သာက ေတာက္ရပစ္ထုတ္လိုက္တဲ့ ဖန္ပုလင္းကို မကိုင္မီ ႏႈတ္ကေန ဂါထာတစ္ပုဒ္ကို ႐ြတ္ဆိုၿပီး လက္ဝါးနဲ႕အုပ္လိုက္တဲ့အခ်ိန္ ဖန္ပုလင္းက ငါးတစ္ေကာင္လိုဖ်တ္ဖ်တ္လူး ႐ုန္းကန္ေနတာကို ျမင္လိုက္ရတယ္။

” ငါ့အမိန႔္အာဏာစက္လက္ေအာက္မွာ သင္ဘယ္လိုမွ႐ုန္းထြက္နိုင္မွာမဟုတ္တဲ့အတြက္ အသာတၾကည္ ေနပါ” လို႔ေျပာၿပီး ပုလင္းကိုဆုပ္ကိုင္လိုက္တယ္။

” ဆရာ ရရဲ႕လား”

” ရတယ္ ဒီမွာၾကည့္ … အထဲမွာ လက္သည္းခြံေတြနဲ႕ ဆံပင္ခ်ည္ေတြကိုဘီလူးဂမုန္းအျမစ္နဲ႕ခ်ည္ထားတာေတြ႕လား။ ဒီအစီအရင္မ်ိဳးက အရမ္းေၾကာက္ဖို႔ေကာင္းတယ္။ ဘယ္ေလာက္ပဲ စိတ္ထားေကာင္းတဲ့ နာနာဘာဝျဖစ္ပါေစ ရက္စက္ၾကမ္းၾကဳတ္သြားေရာ”

” ဆရာ ဒီဟာကိုဘယ္လိုလုပ္မလဲ”

” သက္ခိုင္ အခုခ်က္ခ်င္း ေျမႀကီးေပၚမွာရွစ္ကြက္အင္းဆြဲလိုက္ေတာ့”

သက္ခိုင္လဲေအာင္ျမတ္သာစကားေၾကာင့္ ေျမႀကီးေပၚမွာရွစ္ကြက္အင္းေရးဆြဲလိုက္ၿပီး လက္နဲ႕ပုတ္လိုက္ရာ အင္းစမႀကိဳးကြက္ေတြကေန အလင္းတန္းေတြထြက္လာခဲ့တယ္။

ေအာင္ျမတ္သာလဲ စမကြက္ဆြဲၿပီးတာနဲ႕ အစီအရင္ပုလင္းကို အင္းစမကြက္အလယ္မွာခ်လိဳက္ရာ ပုလင္းတစ္ခုလုံးအစိပ္စိပ္အမႊာမႊာကြဲထြက္သြားၿပီး ကေလးတစ္ေယာက္ကိုပိုက္လ်က္သားအေနအထားနဲ႕မိန္းမတစ္ေယာက္ပုံရိပ္ေပၚလာခဲ့တယ္။

” ဆရာ သူ႕ကိုယ္ထဲကေန ဘီလူးဂမုန္းအျမစ္ေတြ ထြက္လာၿပီ”

ေတာက္ရစကားေၾကာင့္ ၾကည့္လိုက္ရာ အင္းစမကြက္အလယ္မွာ အသံကုန္ေအာ္ဟစ္ၿပီး႐ုန္ကန္ေနတဲ့ ပုံရိပ္ထဲကေန နီညိုေရာင္အမွ်င္တန္းေတြ တိုးထြက္လာတာကိုျမင္လိုက္ရတယ္။

အမွ်င္တန္းေတြက ပုံရိပ္ေယာင္တစ္ခုအတိုင္း အင္းစမကြက္ထဲမွာ ယိမ္းထိုးလႈပ္ရွားေနရင္း ကေလးပိုက္ထားတဲ့ မိန္းမတစ္ေယာက္ပုံစံအျဖစ္ေျပာင္းကာ အျခားအကြက္ထဲဝင္ေရာက္သြားခဲ့တယ္။

” မိန္းကေလး သင္အခုခ်ိန္ကစၿပီး လြတ္ေျမာက္သြားပါၿပီ။ အျပင္ကိုထြက္လာခဲ့ပါ” လို႔ေျပာလိုက္ေတာ့ အင္းစမကြက္ထဲကေန ေျမဝါေရာင္အကၤ်ီကို ဝတ္ထားတဲ့မိန္းမတစ္ေယာက္နဲ႕ ေမြးကင္းစကေလးငယ္တစ္ေယာက္ထြက္လာၿပီး ေအာင္ျမတ္သာကို စူးစိုက္ၾကည့္ေနခဲ့တယ္။

” ဒီေန႕ဒီအခ်ိန္ကစၿပီး သင္တို႔သားအမိ လူေတြကို အႏၱရာယ္မျပဳပဲ ေကာင္းမြန္စြာေနထိုင္သြားမယ္ဆိုတဲ့ကတိေပးနိုင္မလား”လို႔ေမးေတာ့ မရယ္မၿပဳံးတဲ့မ်က္ႏွာနဲ႕ေခါင္းညိမ့္ျပကာ ကတိေပးခဲ့တယ္။

ေအာင္ျမတ္သာလဲ အင္းစမကြက္ထဲမွာ က်န္ေနတဲ့ ဘီလူးဂမုန္းအျမစ္ကို အာဏာစက္နဲ႕ဖ်က္ဆီးပစ္ၿပီး သားသည္မိခင္ဝိဉာဥ္ကို ႐ြာထဲကိုေခၚလာခဲ့လိုက္တယ္။

ေနာက္တစ္ေန႕အ႐ုဏ္တက္ခ်ိန္ေရာက္ေတာ့ ႐ြာထိပ္မွာေပါက္ေနတဲ့ တစ္ထြာသာသာကုကၠိုပင္မွာ ေနရာေပးခဲ့ၿပီး ၿခံေစာင့္ဦးေလးကို အပင္ႀကီးထြားရွင္သန္ေအာင္ ဂ႐ုစိုက္ေပးဖို႔ေသခ်ာမွာကာ အျခားတစ္႐ြာကို ခရီးဆက္ဖို႔ျပင္ေနတဲ့အခ်ိန္ ႐ြာထဲကေန အိပ္ခ်င္မူးတူးနဲ႕ေျပးထြက္လာတဲ့ အ႐ူးမကိုျမင္လိုက္ရတယ္။

ေအာင္ျမတ္သာက အ႐ူးမကိုျမင္ေတာ့
” သူလုပ္ခဲ့တဲ့ အျပစ္ေတြကို ဒီဘဝမွာ အ႐ူးဘဝနဲ႕ေပးဆပ္ၿပီး ေနာင္ဘဝမွာလဲ ငရဲက်ခံရဦးမွာပါလား”လို႔တီးတိုးေရ႐ြတ္လိုက္မိတယ္။

ဒီလိုနဲ႕ႏွစ္ေပါင္းမ်ားစြာၾကာလာတဲ့အခါ ကုကၠိုပင္ေပါက္အျဖစ္ကေန အ႐ြက္တစ္ဖားဖားနဲ႕ႀကီးမားတဲ့ ကုကၠိုပင္အျဖစ္ေျပာင္းလဲလာၿပီး အပင္မွာေနတဲ့ သားအမိလဲ သရဲအဆင့္ကေန နတ္သူငယ္အဆင့္ျဖစ္ကာ ေ႐ႊေပၚကြၽန္း႐ြာသားေတြကို စြမ္းသေလာက္ကူညီေပးခဲ့တယ္။

ေ႐ႊေပၚကြၽန္း႐ြာသားေတြကေတာ့ ကုကၠိုပင္ေအာက္ကို သားဆုပန္တဲ့အခါျဖစ္ေစ၊ ကြၽဲေပ်ာက္ႏြားေပ်ာက္ရွာတဲ့အခါျဖစ္ေစေရာက္လာတတ္ၿပီး မုန႔္အခ်ိဳ၊ ႏွမ္းကပ္မုန႔္ေတြနဲ႕ပူေဇာ္ပသၿပီး အကူအညီေတာင္းရတဲ့အထိ ယုံၾကည္ခဲ့ၾကတယ္။

အခုခ်ိန္ ေ႐ႊေပၚကြၽန္း႐ြာကိုေရာက္တဲ့အခါ ႐ြာထိပ္က လူႀကီးေလးဖက္စာေလာက္ရွိတဲ့ကုကၠိုပင္ေအာက္မွာ အျမင့္ေလးေပခန႔္ရွိတဲ့ အုတ္စီနတ္ကြန္းတစ္ခုကိုျမင္ေတြ႕ၾကရမွာျဖစ္ပါတယ္။ နတ္ကြန္းရဲ႕အထဲမွာေတာ့ ေျမဝါေရာင္အဝတ္အစားကိုဝတ္ဆင္ထားၿပီး ကေလးတစ္ေယာက္ကိုပိုက္ကာ ထိုင္ေနတဲ့ သားပိုက္မယ္ေတာ္႐ုပ္ထုကိုျမင္ေတြ႕ရမွာျဖစ္ပါတယ္။

ေအာင္ျမတ္သာတို႔ လဲ ေ႐ႊေပၚကြၽန္း႐ြာကေနထြက္ခဲ့ၿပီးတဲ့ေနာက္ ညေန ေနဝင္ရီတေရာအခ်ိန္ ေဆာ့ကစားရင္း ျပဳတ္က်တဲ့ကေလးသူငယ္ေတြကိုဖမ္းစား၊ ေျခာက္စားတဲ့ ေျမဖုတ္ဘီလူးကို ဆုံးမတဲ့အေၾကာင္းအရာကိုေတာ့ ေအာင္ျမတ္သာႏွင့္ေျမဖုတ္ဘီလူးအစားက်ဴးဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)
#ညမဖတ္ရ

No comments

Post a Comment