ဘုန်းကြီးသရဲ

 ဘုန်းကြီးသရဲ ========== မီးခွက်ကြီးကျေးရွာ။ အမ်းမြို့နယ်မှကျေးရွာလေးတစ်ရွာ ဖြစ်ပါတယ်။ အိမ်ခြေခြောက်ဆယ်ခန့်သာရှိပြီးဒေသခံရခိုင် လူမျိုးများန... thumbnail 1 summary

 ဘုန်းကြီးသရဲ


==========


မီးခွက်ကြီးကျေးရွာ။

အမ်းမြို့နယ်မှကျေးရွာလေးတစ်ရွာ

ဖြစ်ပါတယ်။


အိမ်ခြေခြောက်ဆယ်ခန့်သာရှိပြီးဒေသခံရခိုင်

လူမျိုးများနဲ့ ချင်းလူမျိုးများစုပေါင်းနေထိုင်ကြသော

ရွာတစ်ရွာဖြစ်ပါတယ်။


ရွာတောင်ကုန်းပေါ်တွင် စေတီတော်တဆူရှိပြီး

တစ်ရွာလုံးကိုးကွယ်ရာဘုန်းကြီးကျောင်းတည်ရှိပါတယ်…။


မိုးယာသီတွင်လယ်ယာလုပ်ငန်းလုပ်ကိုင်ကြပြီး၊

ဆောင်းရာသီစပါးသိမ်းပြီးချိန်တွင် ရွာသားများမှာ

တစ်ခြားလုပ်စရာအလုပ် ပါးသွားပြီးအားလပ်နေကြ

ပါတယ်။


လူငယ်လေးများမှာလည်းတစ်ခြားနယ်များသို့

အလည်အပတ်သွားသူ၊ တစ်ခြားရွာများသို့အပျိုလှည့်ရန် သွားသူများ၊ပွဲလမ်းသဘင်သွားသူများဖြင့် မိုးမကျမှီကာလ

လူငယ်သဘာဝပျော်ပါးနေကြပါတယ်…။


”…မိုးအောင်…မိုးအောင်…”


”..ဘာလဲကွ ဇော်လင်း…”


”.. ညကျရင်ငါကျရင် လက်ပံကုန်းက

ငါ့ကောင်မလေးဆီသွားမလို့ လိုက်ခဲ့ပေးပါလား…”


”..ဟာ…အဝေးကြီးပဲကွာ..မင်းဟာကလည်းနည်းနည်းနောနောခရီးလား….”


”..လိုက်ခဲ့ပါကွာ ငါ့မှာအားကိုးစရာသူငယ်ချင်းဆိုလို့

မင်းပဲရှိတာပါ…”


” အဲလောက်လျောက်ရမယ့်ခရီး ဒီအတိုင်းတော့

မရဘူးဟေ့ကောင်…”


”..အေးပါကွငါစီစဉ်ပေးပါ့မယ်…မင်းသာညနေ

ရေမိုးချိုးအဆင်သင့်ပြင်ထား ငါလာခေါ်မယ်….”


ဇော်လင်းဆိုသောကာလသားလူငယ်က သူငယ်ချင်းဖြစ်သူမိုးအောင်အား သူ့ချစ်သူနဲ့ချိန်း

မည့်အရေးအတွက်အကူတောင်းနေခြင်းဖြစ်ပါတယ်။


လက်ပံကုန်းဆိုတာက သူတို့ရွာမှဆိုလျင်ခြေလျင်သုံး

နာရီလျောက်ရမည့်အကြောင့်မိုးအောင်ကိုချော့ခေါ်

နေရခြင်းဖြစ်ပါတယ်…။


ညနေစောင်းငါးနာခန့်တွင်နှစ်ဦးသားဝတ်ကောင်းစား

လှများဝတ်၍ရွာတောလမ်းမှတစ်ဆင့်လက်ပံကုန်း

ရွာသို့ထွက်ခွာလာခဲ့ကြပါတယ်…။


တောင်များသောအရပ်မို့တစ်ရွာနဲ့တစ်ရွာဆက်သွယ်

ရေးလမ်းမှာတောလမ်းများမှအဆင်ပြေသလိုသွား

လာကြရင်းလမ်းကြောင်းတွင်နေခြင်းမျိုးဖြစ်ပါတယ်။


နွေရာသီကာလမို့သစ်ပင်ကြီးများမှာရွက်ဟောင်း

ကြွေ၍ရွက်သစ်များဝေလျက်တောမီးလောင်ထား

ခြင်းကြောင့်တောအုပ်အောက်ခြေများရှင်းလင်းလျက်

ရှိနေပါတယ်… ။


” အဲလောက်အဝေးကြီးက ကောင်မလေးနဲ့ဘယ်လို

ကြိုက်သွားတာလဲကွ..ငါ့ကိုတောင်မပြောဘူးလျို

ထားတယ်…”


”…ဆောင်းတုန်းက သူတို့ရွာကောက်ရိတ်အငှါး

သွားတုန်းက ကြိုက်ကြတာကွ…မပြောဖြစ်တာ

ကတော့ ငါရွာရောက်တာတစ်လမပြည့်သေးဘူးလေ

မင်းနဲ့လည်းသေချာမဆုံဖြစ်သေးလို့ပါ…”


”…အဲတာကအရေးမကြီးပါဘူး..ငါပြောထားတဲ့

ဒါလေးကော…”


” လက်ပံကုန်းရွာထိပ်မှာညဆယ်နာရီဖွင့်တဲ့ဆိုင်ရှိပါတယ်အပြန်ကျမှသောက်ကြတာပေါ့…”


လက်မကိုပါးစပ်နားကွေးပြသောမိုးအောင်ကြောင့်

ဇော်လင်းကရယ်မောကာရှင်းပြရင်းဖြင့်လသာသာဖြင့်

နှစ်ယောက်သားစနောက်၍လျောက်လာကြရာ ရှစ်နာ

ရီကျော်ကျော်ခန့်တွင် လက်ပံကုန်းရွာထိပ်သို့ရောက်လာပါတော့တယ်… ။


”..မိုးအောင် ဟိုမှာအရက်ဆိုင် မင်းသောက်ပြီးစောင့်နေ ငါသိပ်မကြာဘူးပြန်လာမယ်…”


မိုးအောင်လက်တွင်းပိုက်ဆံများထိုးပေး၍ဆီမီးရောင်ထိန်ထိန်လူစုစုရှိနေသောအရက်ဆိုင်ဖွင့်ထားရာ တဲကြီးတစ်လုံးကိုညွန်ပြ၍ ဇော်လင်းတစ်ယောက်

ရွာတွင်းဝင်သွားရာမိုးအောင်လည်း မြေစိုက်အရက်ဆိုင်

လေးအတွင်းဝင်၍အရက်တစ်ပိုင်းမှာသောက်၍

ဇော်လင်းကိုစောင့်ဆိုင်းနေပါတော့တယ်….။


မိုးအောင်အရက်တပိုင်းကုန်ချိန်ရောက်သော်လည်းဇော်လင်းတစ်ယောက်ပြန်မလာသေးသောကြောင့်မိးအောင်

တစ်ယောက်ဆိုင်တွင်ဒီအတိုင်းထိုင်နေ၍မကောင်းတာ

ကြောင့်နောက်တပိုင်းမှာပြီးအချိန်ဆွဲသောက်နေရပြန်တယ်…။


ဆိုင်မှာတစတစဖြင့်လူများပါးလာပြီးသောက်သုံးသူဟူ၍မိုးအောင်တစ်ယောက်သာရှိနေပါတော့တယ် ။


”…ကောင်လေး..မပြန်သေးဘူးလား….ဆိုင်ပိတ်တော့မယ်…”


”..ဟုတ်ကဲ့ဦးလေး ကျွန်တော်ကိုပါဆယ်နှစ်လုံးပေးပါ

ကျွန်တော်ဟိုနားလေးမှာနေလို့ရမလား သူငယ်ချင်းတစ်ယောက်ကိုစောင့်နေလို့ပါ….”


”…အော်…အေး.. လူပျိုသွားလည်တာလား

ကြာတတ်ပါတယ်.. ရတယ် ထိုင်ခုံတစ်လုံးယူသွား

ပြန်မှဆိုင်ရှေ့ချခဲ့ပေါ့…”


” ကျေးဇူးပါ ဦးလေး…”


အရက်ဖိုးကျသင့်ငွေများပေးချေပြီး

ဆိုင်ရှင်ဦးလေးကြီးကနားလည်မူရှိစွာပေးလိုက်သော

ခုံကိုယူ၍ မိုးအောင်တစ်ယောက် ဆိုင်ရှေ့ခပ်လှမ်းလှမ်းလရောင်အောက်တွင်ထိုင်ရင်း

ဇော်လင်းကိုစိတ်အတွင်းကျိန်ဆဲလျက်ရှိနေပါတယ်..။


နောက်ထပ်နာရီဝက်ခန့်စောင့်ဆိုင်းပြီးသောအခါမှဇော်လင်းတစ်ယောက်ပြန်ရောက်လာရင်း

စပ်ဖြီးဖြီးဖြင့်…


”.ဟဲဟဲ..စောင့်နေရတာ ကြာသွားလား သူငယ်ချင်း…”


”..မအေ…ငါမဆဲလိုက်ချင်ဘူး အရက်ဆိုင်ပိတ်လို့

ဒီမှာ ထိုင်စောင့်နေတာနာရီဝက်လောက်ရှိပြီ…

ဘာတွေလုပ်နေလို့ဒီလောက်ကြာတာလဲ”


”..ဘာမှမလုပ်ပါဘူးကွာ သူတို့အိမ်ပေါ်မှာပဲ

ဒီအတိုင်းရိုးရိုးသားသားထိုင်စကားပြောနေရင်း

စကားစမပြတ်နိူင်ဖြစ်နေတာတောင်းပန်ပါတယ်ကွာ..”


”..ရပါတယ်ကွာ ထားလိုက်ပါတော့ ရော့.ကစ်လိုက်အုံး…”


”..မင်းရော..သောက်လေ…”


”…ဖားမနေနဲ့ဟေ့ကောင်..မင်းကိုစောင့်ရင်းသောက်တာ တစ်လုံးကုန်တယ် ငါမူးချင်နေပြီ…”


ငယ်သူငယ်ချင်းများပီပီ မိုးအောင်မှာကြာရှည်စိတ်

မဆိုးနိူင်ပဲ ဇော်လင်းအားသူဝယ်ထားသောအရက်ထဲမှ

တစ်လုံးထိုးပေးလိုက်ရာ ဇော်လင်းလည်းအမြည်းမပါ

ရေမပါမော့သောက်ရင်းနှစ်ယောက်သားလရောင်အလင်းနဲ့ရွာပြန်လာခဲ့ကြတော့တယ်…။


သွားလာနေကျလမ်းဖြစ်သည့်အပြင်

လရောင်ကနေ့ဖက်နဲ့မခြားလင်းထိန်နေတာကြောင့်

အရက်သောက်လိုက်သီချင်းများအော်ဆိုလိုက်ဖြင့်

နှစ်ယောက်သားရွာပြန်လာခဲ့ကြတော့တယ်…။


လက်ပံကုန်းရွာမှထွက်ပြီးတစ်နာရီခန့်အကြာ

လမ်းတစ်နေရာတွင်ခနနားကြရင်းဝယ်လာသော

အရက်များအကုန်သောက်လိုက်ကြရာနှစ်ယောက်လုံး

မူးယစ်ကုန်ကြတော့တယ်။


မိုးအောင်မှာဆိုင်တွင်သောက်လာသေးသည်မို့လမ်းလျောက်ရင်းသိုင်းကွက်နင်းနေတော့တယ်…။

အာလေးလျာလေးသံဖြင့်….


”…ဇော်လင်း လမ်းမလျောက်ချင်တော့ဘူးကွာ

နီးစပ်ရာတနေရာအိပ်ကြရအောင်…”


”..အေး..ပြန်မယ့်ခရီးကလည်းဝေးသေးတယ်

တစ်နေရာဝင်အိပ်ပြီး မနက်မှထပြန်ကြတာပေါ့… ”


မိုးအောင်အဆိုကိုဇော်လင်းကထောက်ခံရင်းဘေးဘီဝဲယာလှမ်းကြည့်ရင်းသိုင်းကွက်နင်းလျောက်လာခဲ့ကြတယ်…။

နှစ်ယောက်သားမူးယစ်နေကြတာကြောင့်သူတို့ရွာ

သွားတဲ့လမ်းမဟုတ်ပဲတစ်ခြားသောလမ်းခွဲတစ်ခုကိုလျောက်နေမိမှန်းနှစ်ယောက်သားမသိကြဘူး…။


”..ဟေ့ကောင်..မိုးအောင် ဟိုမှာအဆောက်အဦးတစ်ခုတွေ့လား….”


”..လူနေလားမသိဘူးကွ လာကွာ လူနေလည်း

တစ်ညခွင့်တောင်းပြီးအိပ်ကြမယ်…”


လမ်းဘေးခပ်လှမ်းလှမ်းတွင်အုတ်တိုက်တခုကို

ဇော်လင်းကအရင်လှမ်းတွေ့တာကြောင့်မိုးအောင်ကိုပြရင်းနှစ်ယောက်သားအုပ်တိုက်ဆီလျောက်သွားလိုက်

ကြတော့တယ်…။

အနီးရောက်တော့မှနွယ်ပင်တစ်ချို့အုပ်နံရံပေါ်တွယ်တက်နေတဲ့အုတ်တိုက်ပျက်တစ်ခုမှန်းတွေ့လိုက်ကြရ

တော့တယ်..။


”..လူမရှိဘူးထင်တယ် အထဲဝင်အိပ်မယ်ကွာ…”


”..ဒီလောက်ပျက်နေတာ ဘယ်ကလူရှိမလဲကွ…”


နှစ်ယောက်သားတခါးမရှိသောဝင်ပေါက်ရှေ့ရပ်၍အပြန်အလှန်ပြောဆိုနေကြချိန်မှာပင် ချောင်းဟန့်သံ

ခပ်အုပ်အုပ်ပြုပြီး

အုပ်တိုက်ပျက်အတွင်းမှလူရိပ်တစ်ခုလှမ်းထွက်လာ

တာတွေ့လိုက်ရတာကြောင့်နှစ်ယောက်သားကြောင်

သွားကြတယ်..။


” ဘုန်း..ဘုန်းကြီးတစ်ပါးပဲဇော်လင်း

ဒါဘုန်းကြီးကျောင်းထင်တယ်…”


”..ဘုန်းကြီးတွေ့မှတော့ဘုန်းကြီးကျောင်းပေါ့ကွ..”


တစ်စွန်းတစလရောင်ကျနေရာအုပ်တိုက်ပျက်ဝင်ဝတွင်

ဘုန်းကြီးတစ်ပါးထွက်လာရပ်ရင်းသူတို့ဖက်မျက်နှာမူ၍

ငြိမ်သက်စွာဖြင့်ရှိနေတယ်။


မျက်နှာကိုသဲကွဲစွာမမြင်ရတာကြောင့်ရုပ်ရည်၊အသက်အရွယ်ကိုတော့ခန့်မှန်းလို့မရကြဘူး။

ယိမ်းထိုးနေရာမှဇော်လင်းကလက်အုပ်ချီလိုက်

ရင်း..

”..အရှင်ဘုရားတပည့်တော်တို့ ဒီမှာတစ်ညလောက်

ညအိပ်တည်းခိုချင်ပါတယ် ဘုရား…”


…အင်း…ဝင်ခဲ့….


ရပ်နေသောဘုန်းကြီးမှ

လည်ချောင်းကွဲသံကြီးဖြင့်ဘုန်းကြီးမှပြန်ဖြေရင်း

ပြောလာသံကြောင့်မူးနေသောနှစ်ယောက်မှာ

ဘာကြောင့်ဟုမဆိုနိူင်ကြက်သီးမွေးညှင်းများအလိုလို

ထကုန်တော့တယ်..။


နှစ်ယောက်သားဘုန်းကြီးနောက်မှအတွင်းသို့လိုက်ဝင်ကြရာ အုပ်တိုက်ပျက်အတွင်းမီးမထွန်းထားသော်လည်း

အပေါ်မှအမိုးအကာများပေါက်ပြဲနေသောကြောင့်

အတွင်းတွင်အလင်းရောင်ရိုးတိုးရိပ်တိတ်ရနေတယ်..။


ဒီလောက်ယိုယွင်းနေသောသောကျောင်းတိုက်မှာ

ဒီဘုန်းကြီးဘယ်လိုသီတင်းသုံးနေထိုင်တာလဲလို့

နှစ်ယောက်သားမူးနေသည့်ကြားမှ

အံ့သြစိတ်တော့ဝင်နေမိကြတယ်…။


ဘုန်းကြီးကလရောက်မရောက်တဲ့အခန်းထောင့်တစ်

နေရာမှာရပ်လိုက်ရင်း…


” မင်းတို့ ဒီမှာပဲဖြစ်သလိုအိပ်ကြတော့ ကျောင်းက

ဟောင်းနေတော့ ဘုန်းကြီးလည်းဖြစ်သလိုနေနေရ

တာပါပဲ…”


” တင်ပါ့ဘုရား..တည်းခိုခွင့်ရတာပဲဝမ်းသာလှပါပြီ..”


ဘုန်းကြီးမှသူတို့နှစ်ယောက်အိပ်ရန်အခန်းထောင့်တစ်နေရာမှခုတင်တစ်လုံးကိုညွန်ပြရာဇော်လင်းကလက်

အုပ်ချီ၍ဝမ်းသာကြောင်းပြောလိုက်ပါတယ်…”


ဘုန်းကြီးမှာ ဇော်လင်းနဲ့မိုးအောင်ကိုမျက်လုံးစိမ်းများ

ဖြင့်တခနမျစိုက်ကြည့်နေရာ သတိထားမိသော

ဇော်လင်းမှာအလိုလိုကြောက်စိတ်များဝင်၍ယခု

နေရာတွင်နေလိုစိတ်ပင်မရှိတော့ပေ။


ဘုန်းကြီးမှာခနအကြာအတွင်းဖက်ကိုဝင်သွားတော့တယ်။


”…မိုးအောင်..မိုးအောင်…မင်းရသေးလား…”


..အင်..ဘာဖြစ်လို့လဲကွာ.. အိပ်မယ်လေ…


…အေး..အေး….လာ..လာ….


ဇော်လင်းတစ်ယောက်သူ့စိတ်အတွင်းမသိုးမသန့်ခံစား

နေရမူကို မိုးအောင်ကိုအဖော်ပြုတိုင်ပင်ရန်ကြိုးစား

သော်လည်းမိုးအောင်မှာအရက်ရှိန်တဖြည်းဖြည်းတက်ကာခေါင်းပင်စိုက်လုမတတ်ရှိနေတာကြောင့်လက်လျော့လိုက်တော့တယ်…။


ဟောင်းနွမ်းနေသောကုတင်တစ်လုံးကအခန်းထောင့်တွင်ရှိနေပြီးသစ်သားပြားများခင်းထား၍ ဝါးပိုးဝါးအပိုင်း

နှစ်ခုကိုအလယ်မှထက်ခြမ်းခွဲပြီးခေါင်းအုံးရန်ပြူလုပ်ထားတယ်.. ။


ဇော်လင်းမှာမိုးအောင်ကိုကုတင်နံရံဖက်အခြမ်းသို့တွဲကူပို့လိုက်ရာကုတင်ပေါ်ရောက်သည်နဲ့မိုးအောင်တစ်ယောက်ခနအတွင်းတခေါခေါတခူးခူးဟောက်၍အမူး

ရှိန်ဖြင့်အိပ်ပျော်သွားတော့တယ်.. ။


ဇော်လင်းမှာတော့မိုးအောင်ဘေးလှဲချရင်းအိပ်မပျော်နိူင်ပေ။

ဇောချွေးပြန်၍အမူးပြေချင်သလိုဖြစ်နေသောကြောင့်

ပုံမှန်မဟုတ်သောအခြေအနေများကိုတရေးရေးပြန်

တွေးနေမိတော့တယ်..။


သူတို့ရွာနဲ့လက်ပံကုန်းရွာသွားသောလမ်းကြောင်းတွင်

ယခုလိုအုပ်တိုက်ပျက်ဘုန်းကြီးကျောင်းမရှိဟုဇော်လင်းတွေးနေမိတယ်။


ယခုရောက်နေသောနေသောအုပ်တိုက်တွင်ဘုန်းတော်ကြီးတစ်ပါးတည်းသာတွေ့ရပြီးတောရဆောက်တည်

နေသောဘုန်းကြီးများလားဟုတွေးမိသော်လည်းစိတ်

စနိူးစနောင့်ဖြစ်နေသောကြောင့်မအိပ်ပဲအခြေအနေစောင့်ကြည့်ရန်တွေးနေမိတော့တယ်….။


..ရှပ်…ရှပ်…ရှပ်…ရှပ်….


ဇော်လင်းတစ်ယောက်အိပ်ချင်စိတ်ကိုကြိုးစားထိန်းချုပ်၍ရှိနေချိန်တွင်နောက်ဖေးအဆောင်ဖက်ဆီမှ

ခြေသံများကြားလိုက်ရတာကြောင့်ဇော်လင်းတစ်ယောက်ကုတင်မှအသာထထိုင်ပြီးခြေသံကိုနားစွင့်

နေမိတော့တယ်…။


ခြေသံကပျောက်မသွားပဲဆက်လက်ထွက်ပေါ်နေတာ

ကြောင့်ကုတင်ပေါ်မှအသာယာဆင်းလိုက်၍လူပ်ရှားသံ

မကြားစေရန်ခြေကိုဖွနင်းပြီးဘုန်းကြီးဝင်သွားရာ

အတွင်းဖက်ဆီသို့အသာအယာဝင်သွားလိုက်တော့တယ်…။


အတွင်းဖက်အခန်းမှာလည်းအမိုးများပေါက်ပြဲပြီး

လရောင်တစွန်းတစလရောင်ဖျာကျနေတာကြောင့်

လရောင်အလင်းနဲ့မျက်လုံးဝေ့ပြီးဘုန်းကြီးကိုလိုက်

ရှာကြည့်ရာမတွေ့ရသောကြောင့်အနောက်ဖက်ဆောင်

မှတစ်ဆင့်အပြင်ဖက်ကိုထွက်လာခဲ့ပါတော့တယ်…။


အပြင်ဖက်တွင်လရောင်ကြောင့်ပတ်ဝန်းကျင်ကို

ရှင်းလင်းစွာ ဇော်လင်းမြင်တွေ့နေရပါတယ်။


အဲဒီအချိန်မှာပဲကျောင်းနောက်ဖက်တောင်ကုန်းအောက်ကိုဆင်းနေတဲ့ ဘုန်းကြီးနောက်ကျောကိုတွေ့လိုက်ရတာကြောင့်ဇော်လင်းလည်း ပုန်းလျိုးကွယ်လျိုးလိုက်ပါသွားခဲ့တော့တယ်။


ရှေ့မှသွားနေတဲ့ဘုန်းကြီးရဲ့နောက်ခပ်ခပ်လှမ်းလှမ်းမြင်သာရုံအကွာအဝေးကနေဇော်လင်းမျက်ချည်ပြတ်မခံပဲလိုက်လာခဲ့တာကျောင်းနဲ့အတော်ဝေးဝေးရောက်လာခဲ့ကြတော့တယ်..။


တစ်နေရာရောက်တော့ရှေ့ကသွားနေတဲ့ဘုန်းကြီးရပ်လိုက်တာတွေ့ရပြီးဘေးဘီဝဲယာခေါင်းငဲ့ကြည့်နေတာကြောင့်သစ်ပင်ကြီးတစ်ပင်နောက်ဇော်လင်းကမန်းကတန်းကွယ်လိုက်မိတယ် ။


ဘုန်းကြီးဟာနေရာမှာထိုင်ချပြီးရုတ်တရက်မြေပြင်ကို

လက်ဗလာနဲ့တူးဆွနေတာဇော်လင်းတွေ့လိုက်ရတယ်။


မြင်ကွင်းကဝေးနေတာကြောင့်ဇော်လင်းလည်းစိတ်ဝင်စားသွားမိတယ် ။


ဘုန်းကြီးဘာကိုတူးဆွနေတာလည်းသိလိုစိတ်ပေါ်လာတာကြောင့် သစ်ပင်များအကာအကွယ်ပြုပြီးနီးနိူင်သမျ

နီးအောင်ချည်းကပ်ခဲ့ရင်း မြင်ကွင်းကိုရှင်းလင်းစွာမြင်

နိူင်တဲ့အကွာအဝေးရောက်ချိန်ကျမှ သစ်ပင်ကြီးတစ်ပင်ကို အကာအကွယ်ပြုပြီးမြေကြီး

ကိုတူးနေတဲ့ဘုန်းကြီးကိုကြည့်လိုက်မိတယ်…။


မြေကြီးဟာ တူးဆွပြီးသားဖို့မြေဖြစ်ပုံရတယ်။ဘုန်းကြီးကဒူးထောက်ထိုင်ပြီးမြေသားကိုဘေးနှစ်ဖက်ကိုယက်ထုတ်နေတာအတော်နက်နေတာတွေ့လိုက်ရ

တယ်။


ဇော်လင်းဟာ ဘုန်းကြီးဘေးပတ်လည်ကပတ်ဝန်းကျင်ကိုတချက်ဝေ့

ကြည့်မိချိန်မှာမျက်လုံးပြူးသွားမိတော့တယ် ။


သူမြင်လိုက်ရတာကမြေစာပုံမို့မို့တွေနဲ့အတူ၊ မှတ်တိုင်ထိုးထိုးထောင်ထောင်တွေ့လိုက်ရတာကြောင့်

ဒီနေရာဟာ သချိုင်းကုန်းတစ်ခုဖြစ်နေမှန်းသိလိုက်ရ

တာကြောင့်ဖြစ်ပါတော့တယ်…။


ဒီနေရာရဲ့အနီးဆုံးနေရာဟာ လက်ပံကုန်းရွာဖြစ်တာကြောင့် လက်ပံကုန်းရွာသင်ချိုင်းဖြစ်မယ်လို့လည်းတဆက်

တည်းပြန်တွေးလိုက်မိတယ် ။


ဒီလိုသင်ချိုင်းမြေထဲညနက်သန်းခေါင်ဘုန်းကြီးက

ဘာတွေတူးနေရတာလဲဇော်လင်းပိုစိတ်ဝင်စားသွားမိတော့တယ် ။


ဘုန်းကြီးမှာမြေကျင်းကိုအတော်တန်အနက်မျတူးဖော်ပြီးသောအခါ

အဝတ်ပတ်ထားသောအထုတ်တစ်ခုသူ့လက်အတွင်း

ပါလာကြောင်းဇော်လင်းတွေ့လိုက်ရတယ်…။


ဘုန်းကြီးပုံစံကအဝတ်ပတ်ထားသောအထုတ်ကိုတွေ့ရသောအခါအငမ်းမရဟန်ဖြင့်အဝတ်ကိုလက်နှစ်ဖက်ဖြင့်

ဆွဲဖြဲလိုက်တဲ့အခါ လသားအရွယ်ခလေးတစ်ယောက်

ပေါ်ထွက်လာပါတော့တယ်….။


ခလေးအလောင်းမှာလတ်လတ်ဆတ်ဆတ်နဲ့နေ့က

မြုတ်ထားခြင်းဖြစ်နိူင်ကြောင်းဇော်လင်းတွေးလိုက်သလိုခလေးအလောင်း ဘုန်းကြီးဘာလုပ်မလဲ ဇော်လင်း

စိတ်ဝင်တစားကြည့်နေစဉ်…


…ဟာ….


လန့်ပြီးပါးစပ်ကအသံထွက်မအော်မိဖို့ဇော်လင်းအတော်ထိန်းလိုက်ရတယ်…။


ဇော်လင်းမြင်လိုက်ရတဲ့မြင်ကွင်းကအတော့်ကိုကြောက်လန့်သွေးပျက်စရာကောင်းလွန်းတာကြောင့်ဖြစ်ပါတယ်..။


ဘုန်းကြီးဟာ လသားခလေး အလောင်းကိုခြေနှစ်ချောင်းကို ကိုင်ပြီးဆွဲဖြဲလိုက်ပြီး

ပြုတ်ထွက်သွားတဲ့ခြေထောက်တစ်ချောင်းကိုလက်က

ကိုင်ပြီးအငမ်းမရစားသောက်နေပါတော့တယ်…။


ခြေတချောင်းကုန်သွားတဲ့အခါကိုယ်ခန္ဓာနဲ့တွဲနေတဲ့

နောက်ထပ်ခြေတစ်ချောင်းကိုဆွဲဖဲ့ပြီး ပလုပ်ပလောင်း

အငမ်းမရစားနေပြန်တယ် ။


ဒုတိယခြေတချောင်းကုန်တဲ့အခါမှာတော့ ခေါင်းနဲ့တွဲနေတဲ့ကိုယ်လုံးကိုင်ပြီးစတင်စားသောနေတဲ့

မြင်ကွင်းကြောင့် ဇော်လင်းတစ်ယောက် ကြောက်လန့်မူကြောင့်ဒူးတဆတ်ဆတ်တုန်လျက်

ရှိနေပါတော့တယ်… ။


သူတွေ့နေရသောဘုန်းကြီးမှာရိုးရိုးလူသားတစ်ယောက်

မဟုတ်ပဲ သရဲတစ္ဆေဘုန်းကြီးတစ်ပါးဖြစ်မှန်းသိလိုက်

ရပါတော့တယ်… ။


ဇော်လင်းမှာနောက်သို့တရွေ့ရွေ့ဆုတ်လျက်

အုပ်တိုက်ပျက်ရှိရာသို့အလျင်အမြန်ပြေးပါတော့တယ်..။


သူမြင်တွေ့ခဲ့ရသောဘုန်းကြီးသရဲကခလေးအသား

စားနေသောမြင်ကွင်းက ဖျောက်ဖျက်မရစွာကပ်ငြိပါလာတာကြောင့်နောက်ကျောမလုံစွာဖြင့်နောက်သို့မကြာခနလှည့်ကြည့်ရင်း

အုပ်တိုက်ပျက်အတွင်းသို့ရောက်လာပါတော့တယ်..။


ဇော်လင်းတစ်ယောက်မိုးအောင်အိပ်နေသော

ကုတင်အနီးရောက်သောအခါတွင် မိုးအောင်တစ်ယောက် တခေါခေါတခူးခူးဟောက်၍

အိပ်ပျော်နေတုန်းပင်ရှိနေပါသေးတာကြောင့်

ဇော်လင်းမှာ ကြောက်ရွံ့ဇောဖြင့်မိုးအောင်ကို

အတင်းလူပ်နိူးလိုက်ပါတော့တယ်…။


…မိုးအောင်…မိုးအောင်…ထထ..ဟေ့ကောင်…မိုးအောင်…


မိုးအောင်တစ်ယောက်မနိူးတာကြောင့်ဇော်လင်းအခက်ကြုံနေရတော့တယ်…။


မကြာခင်ဘုန်းကြီးသရဲရောက်လာပါကသူတို့နှစ်ယောက်အတွက်အန္တရယ်ရှိနိူင်ကြောင်းတွေးရင်းကြောက်စိတ်ကြောင့်ဇောချွေးများပြန်နေပါတော့တယ်…။


ဒါကြောင့်မိုးအောင်ကိုခပ်ကြမ်းကြမ်းနောက်တခါထပ်

နိူးပြန်ပါတယ်..။


..မိုးအောင်..မိုးအောင်….မိုးအောင်….


…အင်…အင်….အင်…


….အသံသိပ်မထွက်နဲ့ မိုးအောင် ခုငါတို့နဲ့တွေ့နေရတာ ဘုန်းကြီးသရဲပဲ…


…ဟင်..ဘုန်းကြီးသရဲ….


..အသံသိပ်မကျယ်နဲ့ ငါနောက်မှအကြောင်းစုံရှင်းပြမယ် အခုငါတို့

ဒီကအမြန်ပြေးဖို့လိုနေပြီ…


ဇော်လင်းဒုတိယတစ်ကြိမ်ကိုင်ဆောင့်နိူးချိန်တွင်မိုးအောင်င်တစ်ယောက်နိူးလာပေမယ့် အမူးရှိန်မပြေသေးတာမို့

အသိစိတ်မဝင်သေးတာကြောင့်ပါးနှစ်ဖက်ကိုခပ်ဆတ်

ဆတ်ရိုက်ပြီးပြောနေရာမိုးအောင်မှာသရဲဆိုသောအသံကြောင့်ငုတ်ခနဲထထိုင်လိုက်တယ်…။


…ဒကာလေးတွေ မအိပ်ကြသေးဘူးလား….


အဲဒီအချိန်မှာပဲနောက်ဖေးဆောင်ကထွက်လာတဲ့ဘုန်းကြီးအသံ အက်ကွဲကွဲကြီးကြားလိုက်ရတာကြောင့်

ခလေးအသားကိုစားနေတာကိုယ်တိုင်မြင်ခဲ့ရတဲ့ဇော်လင်းကိုယ်ဆတ်ခနဲတုန်တက်သွားတယ်…။


…ဒကာလေးတွေ အိပ်မကြသေးဘူးလား….


ဘုန်းကြီးသရဲကနောက်တစ်ကြိမ်မေးလာပြန်တယ်..။


ဇော်လင်းမှာမိုးအောင်အားလက်ကုတ်၍ဝင်ပေါက်ဆီသို့

ခြေဖော့နင်း၍လျောက်လာခဲ့ရာမိုးအောင်လည်းဘုမသိ၊ဘမသိဇော်လင်းနောက်မှကပ်လိုက်လာပါတယ်…။


မိုးအောင်မှာပြိုကျနေသောအုပ်ကျိုးတစ်ခုကိုနင်းမိရာမှ

အသံထွက်သွားပါတော့တယ်…။


..ဒကလေး..ဘာသံတွေလဲ…


..မိုးအောင်ပြေးတော့..ပြေး….


အတွင်းဖက်မှဘုန်းကြီးသရဲလှမ်းမေးသံကြောင့်ဇော်လင်းမှာမိုးအောင်ကိုလေသံတိုးတိုးဖြင့်ပြေးရန်သတိပေးပြီးသူကိုယ်တိုင်လည်းတခါးဝမှတစ်ဆင့်အပြင်သို့

ပြေးထွက်ခဲ့ပါတော့တယ်…။


…မင်းတို့ကိုယ်တိုင်ငါနေရာလာတည်းပြီး ငါခွင့်ပြုချက်

မရပဲထွက်သွားဖို့လုပ်နေကြတာလား..ငါအကြောင်းသိမယ်…


နှစ်ယောက်သားပြေးထွက်လာကြချိန်တွင်သူတို့နောက်ဖက်အုပ်တိုက်ပျက်အတွင်းမှဘုန်းကြီးသရဲရဲ့အံကြိတ်ကြိမ်းဝါးသံကိုကြားလိုက်ကြရပါတော့တယ်…။


…လက်ပံကုန်းရွာဖက်ပြေးမယ်မိုးအောင်..


ဇော်လင်းနဲ့မိုးအောင်နှစ်ယောက်လက်ပံကုန်းရွာဖက်သို့

ဦးတည်ပြေးလွားရင်းနောက်သို့တချက်ပြန်လှည့်ကြည့်မိကြရာ….


..ဟာ..ဘာကောင်ကြီးလဲဇော်လင်း…


…ပြေး..မိုးအောင်..အဲတာ..ဘုန်းကြီးသရဲ…


ဘုန်းကြီးသရဲမှာလေပေါ်မှပျံဝဲရင်းသူတို့နောက်လိုက်ပါ

လာရာနှစ်ယောက်သားအူယားဖားယားဖြင့်ပြေးနေကြ

ပါတော့တယ်…။


..မင်းတို့ အသားကိုစားမယ်သွေးကိုသောက်မယ် အသေသားတွေစားနေရတာကြာနေပြီ.ဒီနေ့တော့

အရှင်သားလေးစားရပြီပေါ့..


နှစ်ယောက်သားနောက်ဆီမှကြိမ်းဝါးသံကသွေးပျက်ဖွယ်ရာအတိမို့ ပုဆိုးမနိူင်ပဝါမနိူင်ဖြင့် ပြေးနေကြပြီး

နောက်ကိုတချက်ပြန်လှည့်အကြည့်မှာဘုန်းကြီးသရဲက

လေပေါ်ဝဲရင်းသူတို့နောက်ကိုလိုက်လာတာမကြာခင်

မှီတော့မည်မို့နှစ်ယောက်သားထိတ်လန့်တကြားဖြစ်

ကုန်ကြတယ် ။


ထိုအချိန်မှာပဲသူတို့ရှေ့ခပ်လှမ်းလှမ်းဆီမှစကား

ပြောသံများကြားလိုက်ရတာကြောင့်နှစ်ယောက်သား

အားတက်သွားပြီးတိုင်ပင်စရာမလိုပဲခြေလှမ်းများက

ထိုနေရာဆီပြေးလွားသွားကြပါတော့တယ်…။


..ဟေ့…ဘယ်သူတွေလဲကွ…


..သ..သ…သရဲ…လိုက်…လိုက်…


….ကယ်….ကယ်…ကြ…ပါ…..


တောင်ပေါ်မှသစ်လုံးများကိုကျွဲဖြင့်ဆွဲဖြင့်ဆွဲ၍သွား

နေကြသူနှစ်ယောက်မှာ ခြေသံတဖုတ်ဖုတ်ဖြင့်ပြေးလာ

သောခြေသံကြောင့်ကျွဲများလန့်ကုန်သဖြင့်ထိန်းနေကြ

ရင်းတစ်ယောက်မှလှမ်းမေးလိုက်ပါတယ်..။


ဇော်လင်းနဲ့ မိုးအောင်မှာတစ်ကိုယ်လုံးချွေးများရွဲစိုလျက်ရင်ဘတ်ကြီးနိမ့်ချည်မြင့်ချည်ဖြင့်မောပန်းစွာဖြင့်ရှိနေရာမှ

လူတွေ့ရခြင်းကြောင့်အပြေးရပ်လိုက်ပြီးနောက်သို့

ပြန်လှည့်ကြည့်ရာ ဘုန်းကြီးသူရဲကိုမတွေ့ရတော့ပါဘူး။


”..သရဲခြောက်ခံလာရတယ်ထင်တယ် လာ

ကျုပ်တို့နဲ့ရွာလိုက်ခဲ့…. ”


ကျွဲသမားကတစ်စုံတရာကိုသိနေဟန်မိုးအောင်နဲ့

ဇော်လင်းကိုလက်ပံကုန်းခေါ်သွားပါတယ်.. ။


သစ်ဆွဲသမားများပြောပြချက်အရနောက်နေ့မနက်စော

စောသစ်တင်လှည်းများလာမည်မို့သူတို့သစ်ကွက်မှ

သစ်များမနက်အကုန်စုံစေရန်ညပိုင်းလရောင်နဲ့အလုပ်လုပ်နေကြခြင်းဖြစ်ပါတယ်…။


မိုးအောင်နဲ့ဇော်မင်းမှာကံကောင်းထောက်မစွာသစ်ဆွဲ

သမားနှစ်ယောက်နဲ့ဆုံတွေ့ကြခြင်းပါ..။


လက်ပံကုန်းရွာအနီးသစ်စခန်းရောက်ချိန်တွင်

ကျွဲများတံပိုးဖြုတ်၍ဆွဲလာသောသစ်များကိုသစ်ဆွဲသမားနှစ်ယောက်ကသစ်ပုံတွင်စီထပ်ခြင်း

ပြုလုပ်နေကြချိန် မိုးအောင်နဲ့ဇော်လင်း

မှာရေအိုးစင်တစ်ခုတွေ့သောကြောင့်ရေကိုအငမ်း

မရတစ်ခွက်ပြီးတစ်ခွက်သောက်နေကြပါတော့တယ်.. ။


ပြီးတော့ကွပ်ပစ်ပေါ်မောမောနဲ့ခြေပစ်လက်ပစ်

လဲချလိုက်ကြပါတော့တယ်..။


”…ခင်များတို့ဘုန်းကြီးသူရဲအခြောက်ခံလာကြရပြီ

ထင်တယ်…”


…ဟာ ကျွန်တော်တို့ဘာဖြစ်လာလဲသိနေတယ်…


…ဟင် ခင်များကကျွန်တော်တို့ဖြစ်လာတာ

ဘယ်လိုသိတာလဲ…


သစ်ဆွဲသမားတစ်ယောက်သူတို့နှစ်ယောက်အနီး

လျောက်လာရင်းပြောလိုက်တဲ့စကားကြောင့်မိုးအောင်

နဲ့ဇော်မင်းအံ့သြသွားကြတယ်။


သစ်ဆွဲသမားကပြုံးလိုက်ရင်းကွပ်ပစ်မှာဝင်ထိုင်လိုက်တယ်..။


… ညနက်သန်းခေါင်အဲဒီလမ်းက ဘယ်သူမှမဖြတ်ရဲ

ကြဘူးဗျ ဘုန်းကြီးသူရဲတစ်ပါးလိုက်ခြောက်တာ

ကြုံရလွန်းလို့လေ…


မိုးအောင်မှ…


..အဲဒီဘုန်းကြီးသူရဲအကြောင်းသိရင်ပြောပြပါလားအကို….


….ဟုတ်တယ်အကို သိရင်ပြောပြပေးပါ ကြောက်လည်းကြောက်တယ်စိတ်လည်းဝင်စားတယ်…


ဇော်မင်းကလည်းသိလိုကြောင်းဝင်ပြောလိုက်ခြင်းဖြစ်ပါတယ်..။


သစ်ဆွဲသမားပြောလာသောအကြောင်းအရာမှာ


”..မင်းတို့ညအိပ်ခဲ့တဲ့အုပ်တိုက်ပျက်က ရှေးတုန်းက

ဘုန်းကြီးကျောင်းဆောင်တစ်ခုပဲ အရင်ကအဲဒီအနား

ပတ်လည်မှာရွာတစ်ရွာရှိခဲ့ဖူးတယ် နောက်တော့ကပ်

ရောဂါတစ်ခုကြောင့်ရွာပျက်သွားခဲ့တယ်..။

ဘုန်းကြီးကျောင်းမှာလည်းကျောင်းထိုင်မရှိတော့ဘူးပေါ့ဒီလိုနဲ့လွန်ခဲ့တဲ့ဆယ်နှစ်က ဘုန်းကြီးတစ်ပါးအဲဒီကျောင်းဟောင်းကိုဘယ်နယ်က

မှန်းမသိတဲ့ဘုန်းကြီးတစ်ပါးရောက်လာတယ်..။


တစ်လတစ်ခါလောက်တော့ရွာကိုဆွန်းဆန်စိမ်းအလှူခံ

ကြွလာလေ့ရှိတယ်..။


တစ်ချို့အပြောကအဲဒီဘုန်းကြီးဟာဝိနည်းတော်နဲ့မညီ

ဘူးပြောကြတယ် တောနေသတ္တဝါအကောင်ဗလောင်

တွေသတ်နေတာ တချို့တွေ့သူတွေ့တယ်ပြောတာပဲ…။


ဒီလိုနဲ့ကုန်ခဲ့တဲ့သုံးနှစ်က အဲဒီကျောင်းနားကဖြတ်သွား

သူတစ်ချို့အပုတ်နံ့ရလို့အထဲဝင်ကြည့်ကြတော့

အထဲမှာသေလို့အပုတ်နံ့တောင်ထွက်နေတဲ့ဘုန်းကြီး

ကိုတွေ့လိုက်ကြရတော့တယ်…။


ဒါနဲ့ပဲရွာသားတွေကပဲကျောင်းနားမှာမီးသဂြိုလ်ပေး

လိုက်ကြတာပါပဲ…။


ခက်တာကအဲဘုန်းကြီးပျံလွန်တော်မူပြီးသိပ်မကြာဘူး

ညဖက်ဖြတ်သွားဖြတ်လာတစ်ချို့ကိုလိုက်ခြောက်လို့

ညဖက်ဆိုအဲဒီလမ်းဘယ်သူမှမသွားရဲကြတော့ဘူး..

ခုမင်းတို့ကြုံလာရတာလည်းဘုန်းကြီးသရဲပါပဲ….”


သစ်ဆွဲသမားစကားအဆုံးမိုးအောင်နဲ့ဇော်လင်း

ကြက်သီးမွေးညှင်းများထောင်ထ၍နောက်ကျော

မလုံစွာဘေးဘီဝဲယာကြည့်နေမိကြပါတော့တယ်..။


မိုးအောင်မှာမူးပြီးအိပ်နေသောကြောင့် ကြောက်လန့်စရာကိစ္စသိပ်မကြုံလိုက်ရသော်လည်း

ဘုန်းကြီးသရဲခလေးအလောင်းဖော်စားနေသောမြင်ကွင်းကိုပင်မြင်ခဲ့ရသောဇော်လင်းမှာပို၍ထိတ်လန့်စိတ်

ဖြစ်နေပါတော့တယ်..။


နှစ်ယောက်လုံးအတွက်ဘုန်းကြီးသရဲနဲ့

ဆုံတွေ့ခဲ့ရသောအကြောင်းကိုတသက်စာအမှတ်ရနေမည်မှာသေချာနေပါတော့သတည်း။


======================


ပြီးပါပြီ

မြူခိုးအလင်္ကာ


Zawgyi(version)


ဘုန္းႀကီးသရဲ

==========


မီးခြက္ႀကီးေက်း႐ြာ။

အမ္းၿမိဳ႕နယ္မွေက်း႐ြာေလးတစ္႐ြာ

ျဖစ္ပါတယ္။


အိမ္ေျခေျခာက္ဆယ္ခန့္သာရွိၿပီးေဒသခံရခိုင္

လူမ်ိဳးမ်ားနဲ႕ ခ်င္းလူမ်ိဳးမ်ားစုေပါင္းေနထိုင္ၾကေသာ

႐ြာတစ္႐ြာျဖစ္ပါတယ္။


႐ြာေတာင္ကုန္းေပၚတြင္ ေစတီေတာ္တဆူရွိၿပီး

တစ္႐ြာလုံးကိုးကြယ္ရာဘုန္းႀကီးေက်ာင္းတည္ရွိပါတယ္…။


မိုးယာသီတြင္လယ္ယာလုပ္ငန္းလုပ္ကိုင္ၾကၿပီး၊

ေဆာင္းရာသီစပါးသိမ္းၿပီးခ်ိန္တြင္ ႐ြာသားမ်ားမွာ

တစ္ျခားလုပ္စရာအလုပ္ ပါးသြားၿပီးအားလပ္ေနၾက

ပါတယ္။


လူငယ္ေလးမ်ားမွာလည္းတစ္ျခားနယ္မ်ားသို႔

အလည္အပတ္သြားသူ၊ တစ္ျခား႐ြာမ်ားသို႔အပ်ိဳလွည့္ရန္ သြားသူမ်ား၊ပြဲလမ္းသဘင္သြားသူမ်ားျဖင့္ မိုးမက်မွီကာလ

လူငယ္သဘာဝေပ်ာ္ပါးေနၾကပါတယ္…။


…မိုးေအာင္…မိုးေအာင္…


..ဘာလဲကြ ေဇာ္လင္း…


.. ညက်ရင္ငါက်ရင္ လက္ပံကုန္းက

ငါ့ေကာင္မေလးဆီသြားမလို႔ လိုက္ခဲ့ေပးပါလား…


..ဟာ…အေဝးႀကီးပဲကြာ..မင္းဟာကလည္းနည္းနည္းေနာေနာခရီးလား….


..လိုက္ခဲ့ပါကြာ ငါ့မွာအားကိုးစရာသူငယ္ခ်င္းဆိုလို႔

မင္းပဲရွိတာပါ…


အဲေလာက္ေလ်ာက္ရမယ့္ခရီး ဒီအတိုင္းေတာ့

မရဘူးေဟ့ေကာင္…


..ေအးပါကြငါစီစဥ္ေပးပါ့မယ္…မင္းသာညေန

ေရမိုးခ်ိဳးအဆင္သင့္ျပင္ထား ငါလာေခၚမယ္….


ေဇာ္လင္းဆိုေသာကာလသားလူငယ္က သူငယ္ခ်င္းျဖစ္သူမိုးေအာင္အား သူ႕ခ်စ္သူနဲ႕ခ်ိန္း

မည့္အေရးအတြက္အကူေတာင္းေနျခင္းျဖစ္ပါတယ္။


လက္ပံကုန္းဆိုတာက သူတို႔႐ြာမွဆိုလ်င္ေျခလ်င္သုံး

နာရီေလ်ာက္ရမည့္အေၾကာင့္မိုးေအာင္ကိုေခ်ာ့ေခၚ

ေနရျခင္းျဖစ္ပါတယ္…။


ညေနေစာင္းငါးနာခန့္တြင္ႏွစ္ဦးသားဝတ္ေကာင္းစား

လွမ်ားဝတ္၍႐ြာေတာလမ္းမွတစ္ဆင့္လက္ပံကုန္း

႐ြာသို႔ထြက္ခြာလာခဲ့ၾကပါတယ္…။


ေတာင္မ်ားေသာအရပ္မို႔တစ္႐ြာနဲ႕တစ္႐ြာဆက္သြယ္

ေရးလမ္းမွာေတာလမ္းမ်ားမွအဆင္ေျပသလိုသြား

လာၾကရင္းလမ္းေၾကာင္းတြင္ေနျခင္းမ်ိဳးျဖစ္ပါတယ္။


ႏြေရာသီကာလမို႔သစ္ပင္ႀကီးမ်ားမွာ႐ြက္ေဟာင္း

ေႂကြ၍႐ြက္သစ္မ်ားေဝလ်က္ေတာမီးေလာင္ထား

ျခင္းေၾကာင့္ေတာအုပ္ေအာက္ေျခမ်ားရွင္းလင္းလ်က္

ရွိေနပါတယ္… ။


အဲေလာက္အေဝးႀကီးက ေကာင္မေလးနဲ႕ဘယ္လို

ႀကိဳက္သြားတာလဲကြ..ငါ့ကိုေတာင္မေျပာဘူးလ်ိဳ

ထားတယ္…


…ေဆာင္းတုန္းက သူတို႔႐ြာေကာက္ရိတ္အငွါး

သြားတုန္းက ႀကိဳက္ၾကတာကြ…မေျပာျဖစ္တာ

ကေတာ့ ငါ႐ြာေရာက္တာတစ္လမျပည့္ေသးဘူးေလ

မင္းနဲ႕လည္းေသခ်ာမဆုံျဖစ္ေသးလို႔ပါ…


…အဲတာကအေရးမႀကီးပါဘူး..ငါေျပာထားတဲ့

ဒါေလးေကာ…


လက္ပံကုန္း႐ြာထိပ္မွာညဆယ္နာရီဖြင့္တဲ့ဆိုင္ရွိပါတယ္အျပန္က်မွေသာက္ၾကတာေပါ့…


လက္မကိုပါးစပ္နားေကြးျပေသာမိုးေအာင္ေၾကာင့္

ေဇာ္လင္းကရယ္ေမာကာရွင္းျပရင္းျဖင့္လသာသာျဖင့္

ႏွစ္ေယာက္သားစေနာက္၍ေလ်ာက္လာၾကရာ ရွစ္နာ

ရီေက်ာ္ေက်ာ္ခန့္တြင္ လက္ပံကုန္း႐ြာထိပ္သို႔ေရာက္လာပါေတာ့တယ္… ။


..မိုးေအာင္ ဟိုမွာအရက္ဆိုင္ မင္းေသာက္ၿပီးေစာင့္ေန ငါသိပ္မၾကာဘူးျပန္လာမယ္…


မိုးေအာင္လက္တြင္းပိုက္ဆံမ်ားထိုးေပး၍ဆီမီးေရာင္ထိန္ထိန္လူစုစုရွိေနေသာအရက္ဆိုင္ဖြင့္ထားရာ တဲႀကီးတစ္လုံးကိုၫြန္ျပ၍ ေဇာ္လင္းတစ္ေယာက္

႐ြာတြင္းဝင္သြားရာမိုးေအာင္လည္း ေျမစိုက္အရက္ဆိုင္

ေလးအတြင္းဝင္၍အရက္တစ္ပိုင္းမွာေသာက္၍

ေဇာ္လင္းကိုေစာင့္ဆိုင္းေနပါေတာ့တယ္….။


မိုးေအာင္အရက္တပိုင္းကုန္ခ်ိန္ေရာက္ေသာ္လည္းေဇာ္လင္းတစ္ေယာက္ျပန္မလာေသးေသာေၾကာင့္မိးေအာင္

တစ္ေယာက္ဆိုင္တြင္ဒီအတိုင္းထိုင္ေန၍မေကာင္းတာ

ေၾကာင့္ေနာက္တပိုင္းမွာၿပီးအခ်ိန္ဆြဲေသာက္ေနရျပန္တယ္…။


ဆိုင္မွာတစတစျဖင့္လူမ်ားပါးလာၿပီးေသာက္သုံးသူဟူ၍မိုးေအာင္တစ္ေယာက္သာရွိေနပါေတာ့တယ္ ။


…ေကာင္ေလး..မျပန္ေသးဘူးလား….ဆိုင္ပိတ္ေတာ့မယ္…


..ဟုတ္ကဲ့ဦးေလး ကြၽန္ေတာ္ကိုပါဆယ္ႏွစ္လုံးေပးပါ

ကြၽန္ေတာ္ဟိုနားေလးမွာေနလို႔ရမလား သူငယ္ခ်င္းတစ္ေယာက္ကိုေစာင့္ေနလို႔ပါ….


…ေအာ္…ေအး.. လူပ်ိဳသြားလည္တာလား

ၾကာတတ္ပါတယ္.. ရတယ္ ထိုင္ခုံတစ္လုံးယူသြား

ျပန္မွဆိုင္ေရွ႕ခ်ခဲ့ေပါ့…


ေက်းဇူးပါ ဦးေလး…


အရက္ဖိုးက်သင့္ေငြမ်ားေပးေခ်ၿပီး

ဆိုင္ရွင္ဦးေလးႀကီးကနားလည္မူရွိစြာေပးလိုက္ေသာ

ခုံကိုယူ၍ မိုးေအာင္တစ္ေယာက္ ဆိုင္ေရွ႕ခပ္လွမ္းလွမ္းလေရာင္ေအာက္တြင္ထိုင္ရင္း

ေဇာ္လင္းကိုစိတ္အတြင္းက်ိန္ဆဲလ်က္ရွိေနပါတယ္..။


ေနာက္ထပ္နာရီဝက္ခန့္ေစာင့္ဆိုင္းၿပီးေသာအခါမွေဇာ္လင္းတစ္ေယာက္ျပန္ေရာက္လာရင္း

စပ္ၿဖီးၿဖီးျဖင့္…


.ဟဲဟဲ..ေစာင့္ေနရတာ ၾကာသြားလား သူငယ္ခ်င္း…


..မေအ…ငါမဆဲလိုက္ခ်င္ဘူး အရက္ဆိုင္ပိတ္လို႔

ဒီမွာ ထိုင္ေစာင့္ေနတာနာရီဝက္ေလာက္ရွိၿပီ…

ဘာေတြလုပ္ေနလို႔ဒီေလာက္ၾကာတာလဲ


..ဘာမွမလုပ္ပါဘူးကြာ သူတို႔အိမ္ေပၚမွာပဲ

ဒီအတိုင္းရိုးရိုးသားသားထိုင္စကားေျပာေနရင္း

စကားစမျပတ္နိူင္ျဖစ္ေနတာေတာင္းပန္ပါတယ္ကြာ..


..ရပါတယ္ကြာ ထားလိုက္ပါေတာ့ ေရာ့.ကစ္လိုက္အုံး…


..မင္းေရာ..ေသာက္ေလ…


…ဖားမေနနဲ႕ေဟ့ေကာင္..မင္းကိုေစာင့္ရင္းေသာက္တာ တစ္လုံးကုန္တယ္ ငါမူးခ်င္ေနၿပီ…


ငယ္သူငယ္ခ်င္းမ်ားပီပီ မိုးေအာင္မွာၾကာရွည္စိတ္

မဆိုးနိူင္ပဲ ေဇာ္လင္းအားသူဝယ္ထားေသာအရက္ထဲမွ

တစ္လုံးထိုးေပးလိုက္ရာ ေဇာ္လင္းလည္းအျမည္းမပါ

ေရမပါေမာ့ေသာက္ရင္းႏွစ္ေယာက္သားလေရာင္အလင္းနဲ႕႐ြာျပန္လာခဲ့ၾကေတာ့တယ္…။


သြားလာေနက်လမ္းျဖစ္သည့္အျပင္

လေရာင္ကေန႕ဖက္နဲ႕မျခားလင္းထိန္ေနတာေၾကာင့္

အရက္ေသာက္လိုက္သီခ်င္းမ်ားေအာ္ဆိုလိုက္ျဖင့္

ႏွစ္ေယာက္သား႐ြာျပန္လာခဲ့ၾကေတာ့တယ္…။


လက္ပံကုန္း႐ြာမွထြက္ၿပီးတစ္နာရီခန့္အၾကာ

လမ္းတစ္ေနရာတြင္ခနနားၾကရင္းဝယ္လာေသာ

အရက္မ်ားအကုန္ေသာက္လိုက္ၾကရာႏွစ္ေယာက္လုံး

မူးယစ္ကုန္ၾကေတာ့တယ္။


မိုးေအာင္မွာဆိုင္တြင္ေသာက္လာေသးသည္မို႔လမ္းေလ်ာက္ရင္းသိုင္းကြက္နင္းေနေတာ့တယ္…။

အာေလးလ်ာေလးသံျဖင့္….


…ေဇာ္လင္း လမ္းမေလ်ာက္ခ်င္ေတာ့ဘူးကြာ

နီးစပ္ရာတေနရာအိပ္ၾကရေအာင္…


..ေအး..ျပန္မယ့္ခရီးကလည္းေဝးေသးတယ္

တစ္ေနရာဝင္အိပ္ၿပီး မနက္မွထျပန္ၾကတာေပါ့…


မိုးေအာင္အဆိုကိုေဇာ္လင္းကေထာက္ခံရင္းေဘးဘီဝဲယာလွမ္းၾကည့္ရင္းသိုင္းကြက္နင္းေလ်ာက္လာခဲ့ၾကတယ္…။

ႏွစ္ေယာက္သားမူးယစ္ေနၾကတာေၾကာင့္သူတို႔႐ြာ

သြားတဲ့လမ္းမဟုတ္ပဲတစ္ျခားေသာလမ္းခြဲတစ္ခုကိုေလ်ာက္ေနမိမွန္းႏွစ္ေယာက္သားမသိၾကဘူး…။


..ေဟ့ေကာင္..မိုးေအာင္ ဟိုမွာအေဆာက္အဦးတစ္ခုေတြ႕လား….


..လူေနလားမသိဘူးကြ လာကြာ လူေနလည္း

တစ္ညခြင့္ေတာင္းၿပီးအိပ္ၾကမယ္…


လမ္းေဘးခပ္လွမ္းလွမ္းတြင္အုတ္တိုက္တခုကို

ေဇာ္လင္းကအရင္လွမ္းေတြ႕တာေၾကာင့္မိုးေအာင္ကိုျပရင္းႏွစ္ေယာက္သားအုပ္တိုက္ဆီေလ်ာက္သြားလိုက္

ၾကေတာ့တယ္…။

အနီးေရာက္ေတာ့မွႏြယ္ပင္တစ္ခ်ိဳ႕အုပ္နံရံေပၚတြယ္တက္ေနတဲ့အုတ္တိုက္ပ်က္တစ္ခုမွန္းေတြ႕လိုက္ၾကရ

ေတာ့တယ္..။


..လူမရွိဘူးထင္တယ္ အထဲဝင္အိပ္မယ္ကြာ…


..ဒီေလာက္ပ်က္ေနတာ ဘယ္ကလူရွိမလဲကြ…


ႏွစ္ေယာက္သားတခါးမရွိေသာဝင္ေပါက္ေရွ႕ရပ္၍အျပန္အလွန္ေျပာဆိုေနၾကခ်ိန္မွာပင္ ေခ်ာင္းဟန့္သံ

ခပ္အုပ္အုပ္ျပဳၿပီး

အုပ္တိုက္ပ်က္အတြင္းမွလူရိပ္တစ္ခုလွမ္းထြက္လာ

တာေတြ႕လိုက္ရတာေၾကာင့္ႏွစ္ေယာက္သားေၾကာင္

သြားၾကတယ္..။


ဘုန္း..ဘုန္းႀကီးတစ္ပါးပဲေဇာ္လင္း

ဒါဘုန္းႀကီးေက်ာင္းထင္တယ္…


..ဘုန္းႀကီးေတြ႕မွေတာ့ဘုန္းႀကီးေက်ာင္းေပါ့ကြ..


တစ္စြန္းတစလေရာင္က်ေနရာအုပ္တိုက္ပ်က္ဝင္ဝတြင္

ဘုန္းႀကီးတစ္ပါးထြက္လာရပ္ရင္းသူတို႔ဖက္မ်က္ႏွာမူ၍

ၿငိမ္သက္စြာျဖင့္ရွိေနတယ္။


မ်က္ႏွာကိုသဲကြဲစြာမျမင္ရတာေၾကာင့္႐ုပ္ရည္၊အသက္အ႐ြယ္ကိုေတာ့ခန့္မွန္းလို႔မရၾကဘူး။

ယိမ္းထိုးေနရာမွေဇာ္လင္းကလက္အုပ္ခ်ီလိုက္

ရင္း..

..အရွင္ဘုရားတပည့္ေတာ္တို႔ ဒီမွာတစ္ညေလာက္

ညအိပ္တည္းခိုခ်င္ပါတယ္ ဘုရား…


…အင္း…ဝင္ခဲ့….


ရပ္ေနေသာဘုန္းႀကီးမွ

လည္ေခ်ာင္းကြဲသံႀကီးျဖင့္ဘုန္းႀကီးမွျပန္ေျဖရင္း

ေျပာလာသံေၾကာင့္မူးေနေသာႏွစ္ေယာက္မွာ

ဘာေၾကာင့္ဟုမဆိုနိူင္ၾကက္သီးေမြးညွင္းမ်ားအလိုလို

ထကုန္ေတာ့တယ္..။


ႏွစ္ေယာက္သားဘုန္းႀကီးေနာက္မွအတြင္းသို႔လိုက္ဝင္ၾကရာ အုပ္တိုက္ပ်က္အတြင္းမီးမထြန္းထားေသာ္လည္း

အေပၚမွအမိုးအကာမ်ားေပါက္ၿပဲေနေသာေၾကာင့္

အတြင္းတြင္အလင္းေရာင္ရိုးတိုးရိပ္တိတ္ရေနတယ္..။


ဒီေလာက္ယိုယြင္းေနေသာေသာေက်ာင္းတိုက္မွာ

ဒီဘုန္းႀကီးဘယ္လိုသီတင္းသုံးေနထိုင္တာလဲလို႔

ႏွစ္ေယာက္သားမူးေနသည့္ၾကားမွ

အံ့ၾသစိတ္ေတာ့ဝင္ေနမိၾကတယ္…။


ဘုန္းႀကီးကလေရာက္မေရာက္တဲ့အခန္းေထာင့္တစ္

ေနရာမွာရပ္လိုက္ရင္း…


မင္းတို႔ ဒီမွာပဲျဖစ္သလိုအိပ္ၾကေတာ့ ေက်ာင္းက

ေဟာင္းေနေတာ့ ဘုန္းႀကီးလည္းျဖစ္သလိုေနေနရ

တာပါပဲ…


တင္ပါ့ဘုရား..တည္းခိုခြင့္ရတာပဲဝမ္းသာလွပါၿပီ..


ဘုန္းႀကီးမွသူတို႔ႏွစ္ေယာက္အိပ္ရန္အခန္းေထာင့္တစ္ေနရာမွခုတင္တစ္လုံးကိုၫြန္ျပရာေဇာ္လင္းကလက္

အုပ္ခ်ီ၍ဝမ္းသာေၾကာင္းေျပာလိုက္ပါတယ္…


ဘုန္းႀကီးမွာ ေဇာ္လင္းနဲ႕မိုးေအာင္ကိုမ်က္လုံးစိမ္းမ်ား

ျဖင့္တခနမ်စိဳက္ၾကည့္ေနရာ သတိထားမိေသာ

ေဇာ္လင္းမွာအလိုလိုေၾကာက္စိတ္မ်ားဝင္၍ယခု

ေနရာတြင္ေနလိုစိတ္ပင္မရွိေတာ့ေပ။


ဘုန္းႀကီးမွာခနအၾကာအတြင္းဖက္ကိုဝင္သြားေတာ့တယ္။


…မိုးေအာင္..မိုးေအာင္…မင္းရေသးလား…


..အင္..ဘာျဖစ္လို႔လဲကြာ.. အိပ္မယ္ေလ…


…ေအး..ေအး….လာ..လာ….


ေဇာ္လင္းတစ္ေယာက္သူ႕စိတ္အတြင္းမသိုးမသန့္ခံစား

ေနရမူကို မိုးေအာင္ကိုအေဖာ္ျပဳတိုင္ပင္ရန္ႀကိဳးစား

ေသာ္လည္းမိုးေအာင္မွာအရက္ရွိန္တျဖည္းျဖည္းတက္ကာေခါင္းပင္စိုက္လုမတတ္ရွိေနတာေၾကာင့္လက္ေလ်ာ့လိုက္ေတာ့တယ္…။


ေဟာင္းႏြမ္းေနေသာကုတင္တစ္လုံးကအခန္းေထာင့္တြင္ရွိေနၿပီးသစ္သားျပားမ်ားခင္းထား၍ ဝါးပိုးဝါးအပိုင္း

ႏွစ္ခုကိုအလယ္မွထက္ျခမ္းခြဲၿပီးေခါင္းအုံးရန္ျပဴလုပ္ထားတယ္.. ။


ေဇာ္လင္းမွာမိုးေအာင္ကိုကုတင္နံရံဖက္အျခမ္းသို႔တြဲကူပို႔လိုက္ရာကုတင္ေပၚေရာက္သည္နဲ႕မိုးေအာင္တစ္ေယာက္ခနအတြင္းတေခါေခါတခူးခူးေဟာက္၍အမူး

ရွိန္ျဖင့္အိပ္ေပ်ာ္သြားေတာ့တယ္.. ။


ေဇာ္လင္းမွာေတာ့မိုးေအာင္ေဘးလွဲခ်ရင္းအိပ္မေပ်ာ္နိူင္ေပ။

ေဇာေခြၽးျပန္၍အမူးေျပခ်င္သလိုျဖစ္ေနေသာေၾကာင့္

ပုံမွန္မဟုတ္ေသာအေျခအေနမ်ားကိုတေရးေရးျပန္

ေတြးေနမိေတာ့တယ္..။


သူတို႔႐ြာနဲ႕လက္ပံကုန္း႐ြာသြားေသာလမ္းေၾကာင္းတြင္

ယခုလိုအုပ္တိုက္ပ်က္ဘုန္းႀကီးေက်ာင္းမရွိဟုေဇာ္လင္းေတြးေနမိတယ္။


ယခုေရာက္ေနေသာေနေသာအုပ္တိုက္တြင္ဘုန္းေတာ္ႀကီးတစ္ပါးတည္းသာေတြ႕ရၿပီးေတာရေဆာက္တည္

ေနေသာဘုန္းႀကီးမ်ားလားဟုေတြးမိေသာ္လည္းစိတ္

စနိူးစေနာင့္ျဖစ္ေနေသာေၾကာင့္မအိပ္ပဲအေျခအေနေစာင့္ၾကည့္ရန္ေတြးေနမိေတာ့တယ္….။


..ရွပ္…ရွပ္…ရွပ္…ရွပ္….


ေဇာ္လင္းတစ္ေယာက္အိပ္ခ်င္စိတ္ကိုႀကိဳးစားထိန္းခ်ဳပ္၍ရွိေနခ်ိန္တြင္ေနာက္ေဖးအေဆာင္ဖက္ဆီမွ

ေျခသံမ်ားၾကားလိုက္ရတာေၾကာင့္ေဇာ္လင္းတစ္ေယာက္ကုတင္မွအသာထထိုင္ၿပီးေျခသံကိုနားစြင့္

ေနမိေတာ့တယ္…။


ေျခသံကေပ်ာက္မသြားပဲဆက္လက္ထြက္ေပၚေနတာ

ေၾကာင့္ကုတင္ေပၚမွအသာယာဆင္းလိုက္၍လူပ္ရွားသံ

မၾကားေစရန္ေျခကိုဖြနင္းၿပီးဘုန္းႀကီးဝင္သြားရာ

အတြင္းဖက္ဆီသို႔အသာအယာဝင္သြားလိုက္ေတာ့တယ္…။


အတြင္းဖက္အခန္းမွာလည္းအမိုးမ်ားေပါက္ၿပဲၿပီး

လေရာင္တစြန္းတစလေရာင္ဖ်ာက်ေနတာေၾကာင့္

လေရာင္အလင္းနဲ႕မ်က္လုံးေဝ့ၿပီးဘုန္းႀကီးကိုလိုက္

ရွာၾကည့္ရာမေတြ႕ရေသာေၾကာင့္အေနာက္ဖက္ေဆာင္

မွတစ္ဆင့္အျပင္ဖက္ကိုထြက္လာခဲ့ပါေတာ့တယ္…။


အျပင္ဖက္တြင္လေရာင္ေၾကာင့္ပတ္ဝန္းက်င္ကို

ရွင္းလင္းစြာ ေဇာ္လင္းျမင္ေတြ႕ေနရပါတယ္။


အဲဒီအခ်ိန္မွာပဲေက်ာင္းေနာက္ဖက္ေတာင္ကုန္းေအာက္ကိုဆင္းေနတဲ့ ဘုန္းႀကီးေနာက္ေက်ာကိုေတြ႕လိုက္ရတာေၾကာင့္ေဇာ္လင္းလည္း ပုန္းလ်ိဳးကြယ္လ်ိဳးလိုက္ပါသြားခဲ့ေတာ့တယ္။


ေရွ႕မွသြားေနတဲ့ဘုန္းႀကီးရဲ႕ေနာက္ခပ္ခပ္လွမ္းလွမ္းျမင္သာ႐ုံအကြာအေဝးကေနေဇာ္လင္းမ်က္ခ်ည္ျပတ္မခံပဲလိုက္လာခဲ့တာေက်ာင္းနဲ႕အေတာ္ေဝးေဝးေရာက္လာခဲ့ၾကေတာ့တယ္..။


တစ္ေနရာေရာက္ေတာ့ေရွ႕ကသြားေနတဲ့ဘုန္းႀကီးရပ္လိုက္တာေတြ႕ရၿပီးေဘးဘီဝဲယာေခါင္းငဲ့ၾကည့္ေနတာေၾကာင့္သစ္ပင္ႀကီးတစ္ပင္ေနာက္ေဇာ္လင္းကမန္းကတန္းကြယ္လိုက္မိတယ္ ။


ဘုန္းႀကီးဟာေနရာမွာထိုင္ခ်ၿပီး႐ုတ္တရက္ေျမျပင္ကို

လက္ဗလာနဲ႕တူးဆြေနတာေဇာ္လင္းေတြ႕လိုက္ရတယ္။


ျမင္ကြင္းကေဝးေနတာေၾကာင့္ေဇာ္လင္းလည္းစိတ္ဝင္စားသြားမိတယ္ ။


ဘုန္းႀကီးဘာကိုတူးဆြေနတာလည္းသိလိုစိတ္ေပၚလာတာေၾကာင့္ သစ္ပင္မ်ားအကာအကြယ္ျပဳၿပီးနီးနိူင္သမ်

နီးေအာင္ခ်ည္းကပ္ခဲ့ရင္း ျမင္ကြင္းကိုရွင္းလင္းစြာျမင္

နိူင္တဲ့အကြာအေဝးေရာက္ခ်ိန္က်မွ သစ္ပင္ႀကီးတစ္ပင္ကို အကာအကြယ္ျပဳၿပီးေျမႀကီး

ကိုတူးေနတဲ့ဘုန္းႀကီးကိုၾကည့္လိုက္မိတယ္…။


ေျမႀကီးဟာ တူးဆြၿပီးသားဖို႔ေျမျဖစ္ပုံရတယ္။ဘုန္းႀကီးကဒူးေထာက္ထိုင္ၿပီးေျမသားကိုေဘးႏွစ္ဖက္ကိုယက္ထုတ္ေနတာအေတာ္နက္ေနတာေတြ႕လိုက္ရ

တယ္။


ေဇာ္လင္းဟာ ဘုန္းႀကီးေဘးပတ္လည္ကပတ္ဝန္းက်င္ကိုတခ်က္ေဝ့

ၾကည့္မိခ်ိန္မွာမ်က္လုံးျပဴးသြားမိေတာ့တယ္ ။


သူျမင္လိုက္ရတာကေျမစာပုံမို႔မို႔ေတြနဲ႕အတူ၊ မွတ္တိုင္ထိုးထိုးေထာင္ေထာင္ေတြ႕လိုက္ရတာေၾကာင့္

ဒီေနရာဟာ သခ်ိဳင္းကုန္းတစ္ခုျဖစ္ေနမွန္းသိလိုက္ရ

တာေၾကာင့္ျဖစ္ပါေတာ့တယ္…။


ဒီေနရာရဲ႕အနီးဆုံးေနရာဟာ လက္ပံကုန္း႐ြာျဖစ္တာေၾကာင့္ လက္ပံကုန္း႐ြာသင္ခ်ိဳင္းျဖစ္မယ္လို႔လည္းတဆက္

တည္းျပန္ေတြးလိုက္မိတယ္ ။


ဒီလိုသင္ခ်ိဳင္းေျမထဲညနက္သန္းေခါင္ဘုန္းႀကီးက

ဘာေတြတူးေနရတာလဲေဇာ္လင္းပိုစိတ္ဝင္စားသြားမိေတာ့တယ္ ။


ဘုန္းႀကီးမွာေျမက်င္းကိုအေတာ္တန္အနက္မ်တဴးေဖာ္ၿပီးေသာအခါ

အဝတ္ပတ္ထားေသာအထုတ္တစ္ခုသူ႕လက္အတြင္း

ပါလာေၾကာင္းေဇာ္လင္းေတြ႕လိုက္ရတယ္…။


ဘုန္းႀကီးပုံစံကအဝတ္ပတ္ထားေသာအထုတ္ကိုေတြ႕ရေသာအခါအငမ္းမရဟန္ျဖင့္အဝတ္ကိုလက္ႏွစ္ဖက္ျဖင့္

ဆြဲၿဖဲလိုက္တဲ့အခါ လသားအ႐ြယ္ခေလးတစ္ေယာက္

ေပၚထြက္လာပါေတာ့တယ္….။


ခေလးအေလာင္းမွာလတ္လတ္ဆတ္ဆတ္နဲ႕ေန႕က

ျမဳတ္ထားျခင္းျဖစ္နိူင္ေၾကာင္းေဇာ္လင္းေတြးလိုက္သလိုခေလးအေလာင္း ဘုန္းႀကီးဘာလုပ္မလဲ ေဇာ္လင္း

စိတ္ဝင္တစားၾကည့္ေနစဥ္…


…ဟာ….


လန့္ၿပီးပါးစပ္ကအသံထြက္မေအာ္မိဖို႔ေဇာ္လင္းအေတာ္ထိန္းလိုက္ရတယ္…။


ေဇာ္လင္းျမင္လိုက္ရတဲ့ျမင္ကြင္းကအေတာ့္ကိုေၾကာက္လန့္ေသြးပ်က္စရာေကာင္းလြန္းတာေၾကာင့္ျဖစ္ပါတယ္..။


ဘုန္းႀကီးဟာ လသားခေလး အေလာင္းကိုေျခႏွစ္ေခ်ာင္းကို ကိုင္ၿပီးဆြဲၿဖဲလိုက္ၿပီး

ျပဳတ္ထြက္သြားတဲ့ေျခေထာက္တစ္ေခ်ာင္းကိုလက္က

ကိုင္ၿပီးအငမ္းမရစားေသာက္ေနပါေတာ့တယ္…။


ေျခတေခ်ာင္းကုန္သြားတဲ့အခါကိုယ္ခႏၶာနဲ႕တြဲေနတဲ့

ေနာက္ထပ္ေျခတစ္ေခ်ာင္းကိုဆြဲဖဲ့ၿပီး ပလုပ္ပေလာင္း

အငမ္းမရစားေနျပန္တယ္ ။


ဒုတိယေျခတေခ်ာင္းကုန္တဲ့အခါမွာေတာ့ ေခါင္းနဲ႕တြဲေနတဲ့ကိုယ္လုံးကိုင္ၿပီးစတင္စားေသာေနတဲ့

ျမင္ကြင္းေၾကာင့္ ေဇာ္လင္းတစ္ေယာက္ ေၾကာက္လန့္မူေၾကာင့္ဒူးတဆတ္ဆတ္တုန္လ်က္

ရွိေနပါေတာ့တယ္… ။


သူေတြ႕ေနရေသာဘုန္းႀကီးမွာရိုးရိုးလူသားတစ္ေယာက္

မဟုတ္ပဲ သရဲတစ္ေဆဘုန္းႀကီးတစ္ပါးျဖစ္မွန္းသိလိုက္

ရပါေတာ့တယ္… ။


ေဇာ္လင္းမွာေနာက္သို႔တေ႐ြ႕ေ႐ြ႕ဆုတ္လ်က္

အုပ္တိုက္ပ်က္ရွိရာသို႔အလ်င္အျမန္ေျပးပါေတာ့တယ္..။


သူျမင္ေတြ႕ခဲ့ရေသာဘုန္းႀကီးသရဲကခေလးအသား

စားေနေသာျမင္ကြင္းက ေဖ်ာက္ဖ်က္မရစြာကပ္ၿငိပါလာတာေၾကာင့္ေနာက္ေက်ာမလုံစြာျဖင့္ေနာက္သို႔မၾကာခနလွည့္ၾကည့္ရင္း

အုပ္တိုက္ပ်က္အတြင္းသို႔ေရာက္လာပါေတာ့တယ္..။


ေဇာ္လင္းတစ္ေယာက္မိုးေအာင္အိပ္ေနေသာ

ကုတင္အနီးေရာက္ေသာအခါတြင္ မိုးေအာင္တစ္ေယာက္ တေခါေခါတခူးခူးေဟာက္၍

အိပ္ေပ်ာ္ေနတုန္းပင္ရွိေနပါေသးတာေၾကာင့္

ေဇာ္လင္းမွာ ေၾကာက္႐ြံ႕ေဇာျဖင့္မိုးေအာင္ကို

အတင္းလူပ္နိူးလိုက္ပါေတာ့တယ္…။


…မိုးေအာင္…မိုးေအာင္…ထထ..ေဟ့ေကာင္…မိုးေအာင္…


မိုးေအာင္တစ္ေယာက္မနိူးတာေၾကာင့္ေဇာ္လင္းအခက္ႀကဳံေနရေတာ့တယ္…။


မၾကာခင္ဘုန္းႀကီးသရဲေရာက္လာပါကသူတို႔ႏွစ္ေယာက္အတြက္အႏၱရယ္ရွိနိူင္ေၾကာင္းေတြးရင္းေၾကာက္စိတ္ေၾကာင့္ေဇာေခြၽးမ်ားျပန္ေနပါေတာ့တယ္…။


ဒါေၾကာင့္မိုးေအာင္ကိုခပ္ၾကမ္းၾကမ္းေနာက္တခါထပ္

နိူးျပန္ပါတယ္..။


..မိုးေအာင္..မိုးေအာင္….မိုးေအာင္….


…အင္…အင္….အင္…


….အသံသိပ္မထြက္နဲ႕ မိုးေအာင္ ခုငါတို႔နဲ႕ေတြ႕ေနရတာ ဘုန္းႀကီးသရဲပဲ…


…ဟင္..ဘုန္းႀကီးသရဲ….


..အသံသိပ္မက်ယ္နဲ႕ ငါေနာက္မွအေၾကာင္းစုံရွင္းျပမယ္ အခုငါတို႔

ဒီကအျမန္ေျပးဖို႔လိုေနၿပီ…


ေဇာ္လင္းဒုတိယတစ္ႀကိမ္ကိုင္ေဆာင့္နိူးခ်ိန္တြင္မိုးေအာင္င္တစ္ေယာက္နိူးလာေပမယ့္ အမူးရွိန္မေျပေသးတာမို႔

အသိစိတ္မဝင္ေသးတာေၾကာင့္ပါးႏွစ္ဖက္ကိုခပ္ဆတ္

ဆတ္ရိုက္ၿပီးေျပာေနရာမိုးေအာင္မွာသရဲဆိုေသာအသံေၾကာင့္ငုတ္ခနဲထထိုင္လိုက္တယ္…။


…ဒကာေလးေတြ မအိပ္ၾကေသးဘူးလား….


အဲဒီအခ်ိန္မွာပဲေနာက္ေဖးေဆာင္ကထြက္လာတဲ့ဘုန္းႀကီးအသံ အက္ကြဲကြဲႀကီးၾကားလိုက္ရတာေၾကာင့္

ခေလးအသားကိုစားေနတာကိုယ္တိုင္ျမင္ခဲ့ရတဲ့ေဇာ္လင္းကိုယ္ဆတ္ခနဲတုန္တက္သြားတယ္…။


…ဒကာေလးေတြ အိပ္မၾကေသးဘူးလား….


ဘုန္းႀကီးသရဲကေနာက္တစ္ႀကိမ္ေမးလာျပန္တယ္..။


ေဇာ္လင္းမွာမိုးေအာင္အားလက္ကုတ္၍ဝင္ေပါက္ဆီသို႔

ေျခေဖာ့နင္း၍ေလ်ာက္လာခဲ့ရာမိုးေအာင္လည္းဘုမသိ၊ဘမသိေဇာ္လင္းေနာက္မွကပ္လိုက္လာပါတယ္…။


မိုးေအာင္မွာၿပိဳက်ေနေသာအုပ္က်ိဳးတစ္ခုကိုနင္းမိရာမွ

အသံထြက္သြားပါေတာ့တယ္…။


..ဒကေလး..ဘာသံေတြလဲ…


..မိုးေအာင္ေျပးေတာ့..ေျပး….


အတြင္းဖက္မွဘုန္းႀကီးသရဲလွမ္းေမးသံေၾကာင့္ေဇာ္လင္းမွာမိုးေအာင္ကိုေလသံတိုးတိုးျဖင့္ေျပးရန္သတိေပးၿပီးသူကိုယ္တိုင္လည္းတခါးဝမွတစ္ဆင့္အျပင္သို႔

ေျပးထြက္ခဲ့ပါေတာ့တယ္…။


…မင္းတို႔ကိုယ္တိုင္ငါေနရာလာတည္းၿပီး ငါခြင့္ျပဳခ်က္

မရပဲထြက္သြားဖို႔လုပ္ေနၾကတာလား..ငါအေၾကာင္းသိမယ္…


ႏွစ္ေယာက္သားေျပးထြက္လာၾကခ်ိန္တြင္သူတို႔ေနာက္ဖက္အုပ္တိုက္ပ်က္အတြင္းမွဘုန္းႀကီးသရဲရဲ႕အံႀကိတ္ႀကိမ္းဝါးသံကိုၾကားလိုက္ၾကရပါေတာ့တယ္…။


…လက္ပံကုန္း႐ြာဖက္ေျပးမယ္မိုးေအာင္..


ေဇာ္လင္းနဲ႕မိုးေအာင္ႏွစ္ေယာက္လက္ပံကုန္း႐ြာဖက္သို႔

ဦးတည္ေျပးလြားရင္းေနာက္သို႔တခ်က္ျပန္လွည့္ၾကည့္မိၾကရာ….


..ဟာ..ဘာေကာင္ႀကီးလဲေဇာ္လင္း…


…ေျပး..မိုးေအာင္..အဲတာ..ဘုန္းႀကီးသရဲ…


ဘုန္းႀကီးသရဲမွာေလေပၚမွပ်ံဝဲရင္းသူတို႔ေနာက္လိုက္ပါ

လာရာႏွစ္ေယာက္သားအူယားဖားယားျဖင့္ေျပးေနၾက

ပါေတာ့တယ္…။


..မင္းတို႔ အသားကိုစားမယ္ေသြးကိုေသာက္မယ္ အေသသားေတြစားေနရတာၾကာေနၿပီ.ဒီေန႕ေတာ့

အရွင္သားေလးစားရၿပီေပါ့..


ႏွစ္ေယာက္သားေနာက္ဆီမွႀကိမ္းဝါးသံကေသြးပ်က္ဖြယ္ရာအတိမို႔ ပုဆိုးမနိူင္ပဝါမနိူင္ျဖင့္ ေျပးေနၾကၿပီး

ေနာက္ကိုတခ်က္ျပန္လွည့္အၾကည့္မွာဘုန္းႀကီးသရဲက

ေလေပၚဝဲရင္းသူတို႔ေနာက္ကိုလိုက္လာတာမၾကာခင္

မွီေတာ့မည္မို႔ႏွစ္ေယာက္သားထိတ္လန့္တၾကားျဖစ္

ကုန္ၾကတယ္ ။


ထိုအခ်ိန္မွာပဲသူတို႔ေရွ႕ခပ္လွမ္းလွမ္းဆီမွစကား

ေျပာသံမ်ားၾကားလိုက္ရတာေၾကာင့္ႏွစ္ေယာက္သား

အားတက္သြားၿပီးတိုင္ပင္စရာမလိုပဲေျခလွမ္းမ်ားက

ထိုေနရာဆီေျပးလြားသြားၾကပါေတာ့တယ္…။


..ေဟ့…ဘယ္သူေတြလဲကြ…


..သ..သ…သရဲ…လိုက္…လိုက္…


….ကယ္….ကယ္…ၾက…ပါ…..


ေတာင္ေပၚမွသစ္လုံးမ်ားကိုကြၽဲျဖင့္ဆြဲျဖင့္ဆြဲ၍သြား

ေနၾကသူႏွစ္ေယာက္မွာ ေျခသံတဖုတ္ဖုတ္ျဖင့္ေျပးလာ

ေသာေျခသံေၾကာင့္ကြၽဲမ်ားလန့္ကုန္သျဖင့္ထိန္းေနၾက

ရင္းတစ္ေယာက္မွလွမ္းေမးလိုက္ပါတယ္..။


ေဇာ္လင္းနဲ႕ မိုးေအာင္မွာတစ္ကိုယ္လုံးေခြၽးမ်ား႐ြဲစိုလ်က္ရင္ဘတ္ႀကီးနိမ့္ခ်ည္ျမင့္ခ်ည္ျဖင့္ေမာပန္းစြာျဖင့္ရွိေနရာမွ

လူေတြ႕ရျခင္းေၾကာင့္အေျပးရပ္လိုက္ၿပီးေနာက္သို႔

ျပန္လွည့္ၾကည့္ရာ ဘုန္းႀကီးသူရဲကိုမေတြ႕ရေတာ့ပါဘူး။


..သရဲေျခာက္ခံလာရတယ္ထင္တယ္ လာ

က်ဳပ္တို႔နဲ႕႐ြာလိုက္ခဲ့….


ကြၽဲသမားကတစ္စုံတရာကိုသိေနဟန္မိုးေအာင္နဲ႕

ေဇာ္လင္းကိုလက္ပံကုန္းေခၚသြားပါတယ္.. ။


သစ္ဆြဲသမားမ်ားေျပာျပခ်က္အရေနာက္ေန႕မနက္ေစာ

ေစာသစ္တင္လွည္းမ်ားလာမည္မို႔သူတို႔သစ္ကြက္မွ

သစ္မ်ားမနက္အကုန္စုံေစရန္ညပိုင္းလေရာင္နဲ႕အလုပ္လုပ္ေနၾကျခင္းျဖစ္ပါတယ္…။


မိုးေအာင္နဲ႕ေဇာ္မင္းမွာကံေကာင္းေထာက္မစြာသစ္ဆြဲ

သမားႏွစ္ေယာက္နဲ႕ဆုံေတြ႕ၾကျခင္းပါ..။


လက္ပံကုန္း႐ြာအနီးသစ္စခန္းေရာက္ခ်ိန္တြင္

ကြၽဲမ်ားတံပိုးျဖဳတ္၍ဆြဲလာေသာသစ္မ်ားကိုသစ္ဆြဲသမားႏွစ္ေယာက္ကသစ္ပုံတြင္စီထပ္ျခင္း

ျပဳလုပ္ေနၾကခ်ိန္ မိုးေအာင္နဲ႕ေဇာ္လင္း

မွာေရအိုးစင္တစ္ခုေတြ႕ေသာေၾကာင့္ေရကိုအငမ္း

မရတစ္ခြက္ၿပီးတစ္ခြက္ေသာက္ေနၾကပါေတာ့တယ္.. ။


ၿပီးေတာ့ကြပ္ပစ္ေပၚေမာေမာနဲ႕ေျခပစ္လက္ပစ္

လဲခ်လိဳက္ၾကပါေတာ့တယ္..။


…ခင္မ်ားတို႔ဘုန္းႀကီးသူရဲအေျခာက္ခံလာၾကရၿပီ

ထင္တယ္…


…ဟာ ကြၽန္ေတာ္တို႔ဘာျဖစ္လာလဲသိေနတယ္…


…ဟင္ ခင္မ်ားကကြၽန္ေတာ္တို႔ျဖစ္လာတာ

ဘယ္လိုသိတာလဲ…


သစ္ဆြဲသမားတစ္ေယာက္သူတို႔ႏွစ္ေယာက္အနီး

ေလ်ာက္လာရင္းေျပာလိုက္တဲ့စကားေၾကာင့္မိုးေအာင္

နဲ႕ေဇာ္မင္းအံ့ၾသသြားၾကတယ္။


သစ္ဆြဲသမားကၿပဳံးလိုက္ရင္းကြပ္ပစ္မွာဝင္ထိုင္လိုက္တယ္..။


… ညနက္သန္းေခါင္အဲဒီလမ္းက ဘယ္သူမွမျဖတ္ရဲ

ၾကဘူးဗ် ဘုန္းႀကီးသူရဲတစ္ပါးလိုက္ေျခာက္တာ

ႀကဳံရလြန္းလို႔ေလ…


မိုးေအာင္မွ…


..အဲဒီဘုန္းႀကီးသူရဲအေၾကာင္းသိရင္ေျပာျပပါလားအကို….


….ဟုတ္တယ္အကို သိရင္ေျပာျပေပးပါ ေၾကာက္လည္းေၾကာက္တယ္စိတ္လည္းဝင္စားတယ္…


ေဇာ္မင္းကလည္းသိလိုေၾကာင္းဝင္ေျပာလိုက္ျခင္းျဖစ္ပါတယ္..။


သစ္ဆြဲသမားေျပာလာေသာအေၾကာင္းအရာမွာ


..မင္းတို႔ညအိပ္ခဲ့တဲ့အုပ္တိုက္ပ်က္က ေရွးတုန္းက

ဘုန္းႀကီးေက်ာင္းေဆာင္တစ္ခုပဲ အရင္ကအဲဒီအနား

ပတ္လည္မွာ႐ြာတစ္႐ြာရွိခဲ့ဖူးတယ္ ေနာက္ေတာ့ကပ္

ေရာဂါတစ္ခုေၾကာင့္႐ြာပ်က္သြားခဲ့တယ္..။

ဘုန္းႀကီးေက်ာင္းမွာလည္းေက်ာင္းထိုင္မရွိေတာ့ဘူးေပါ့ဒီလိုနဲ႕လြန္ခဲ့တဲ့ဆယ္ႏွစ္က ဘုန္းႀကီးတစ္ပါးအဲဒီေက်ာင္းေဟာင္းကိုဘယ္နယ္က

မွန္းမသိတဲ့ဘုန္းႀကီးတစ္ပါးေရာက္လာတယ္..။


တစ္လတစ္ခါေလာက္ေတာ့႐ြာကိုဆြန္းဆန္စိမ္းအလႉခံ

ႂကြလာေလ့ရွိတယ္..။


တစ္ခ်ိဳ႕အေျပာကအဲဒီဘုန္းႀကီးဟာဝိနည္းေတာ္နဲ႕မညီ

ဘူးေျပာၾကတယ္ ေတာေနသတၱဝါအေကာင္ဗေလာင္

ေတြသတ္ေနတာ တခ်ိဳ႕ေတြ႕သူေတြ႕တယ္ေျပာတာပဲ…။


ဒီလိုနဲ႕ကုန္ခဲ့တဲ့သုံးႏွစ္က အဲဒီေက်ာင္းနားကျဖတ္သြား

သူတစ္ခ်ိဳ႕အပုတ္နံ႕ရလို႔အထဲဝင္ၾကည့္ၾကေတာ့

အထဲမွာေသလို႔အပုတ္နံ႕ေတာင္ထြက္ေနတဲ့ဘုန္းႀကီး

ကိုေတြ႕လိုက္ၾကရေတာ့တယ္…။


ဒါနဲ႕ပဲ႐ြာသားေတြကပဲေက်ာင္းနားမွာမီးသၿဂိဳလ္ေပး

လိုက္ၾကတာပါပဲ…။


ခက္တာကအဲဘုန္းႀကီးပ်ံလြန္ေတာ္မူၿပီးသိပ္မၾကာဘူး

ညဖက္ျဖတ္သြားျဖတ္လာတစ္ခ်ိဳ႕ကိုလိုက္ေျခာက္လို႔

ညဖက္ဆိုအဲဒီလမ္းဘယ္သူမွမသြားရဲၾကေတာ့ဘူး..

ခုမင္းတို႔ႀကဳံလာရတာလည္းဘုန္းႀကီးသရဲပါပဲ….


သစ္ဆြဲသမားစကားအဆုံးမိုးေအာင္နဲ႕ေဇာ္လင္း

ၾကက္သီးေမြးညွင္းမ်ားေထာင္ထ၍ေနာက္ေက်ာ

မလုံစြာေဘးဘီဝဲယာၾကည့္ေနမိၾကပါေတာ့တယ္..။


မိုးေအာင္မွာမူးၿပီးအိပ္ေနေသာေၾကာင့္ ေၾကာက္လန့္စရာကိစၥသိပ္မႀကဳံလိုက္ရေသာ္လည္း

ဘုန္းႀကီးသရဲခေလးအေလာင္းေဖာ္စားေနေသာျမင္ကြင္းကိုပင္ျမင္ခဲ့ရေသာေဇာ္လင္းမွာပို၍ထိတ္လန့္စိတ္

ျဖစ္ေနပါေတာ့တယ္..။


ႏွစ္ေယာက္လုံးအတြက္ဘုန္းႀကီးသရဲနဲ႕

ဆုံေတြ႕ခဲ့ရေသာအေၾကာင္းကိုတသက္စာအမွတ္ရေနမည္မွာေသခ်ာေနပါေတာ့သတည္း။


======================


ၿပီးပါၿပီ

ျမဴခိုးအလကၤာ

No comments

Post a Comment