*သေခြင်းမဲ့မိစ္ဆာ*

  *သေခြင်းမဲ့မိစ္ဆာ* ••••••••••••• (စ\ဆုံး) °°°°°°° နှစ်ရှည်ခံစားလာရသည့်ရောဂါဝေဒနာကြောင့်မကြာခင် ဝင်သက်ထွက်သက်ရပ်တန့်တော့မည့် ကြီးကြီး ကိုကြ... thumbnail 1 summary

 *သေခြင်းမဲ့မိစ္ဆာ*

•••••••••••••
(စ\ဆုံး)
°°°°°°°

နှစ်ရှည်ခံစားလာရသည့်ရောဂါဝေဒနာကြောင့်မကြာခင် ဝင်သက်ထွက်သက်ရပ်တန့်တော့မည့် ကြီးကြီး ကိုကြည့်ပြီး
လူနာနံဘေးမှာ မျက်ရည်အပြည့်နဲ့ထိုင်နေသော မမလေးကို ကျွန်မကိုယ်ချင်းစာမိသည်။ကြီးကြီးကိုကြည့်ရသည်မှာလည်း
မျက်စိသူငယ်နားသူငယ်နဲ့ကျန်ခဲ့မည့် မမလေးအပေါ်စိတ်မချဖြစ်နေပုံရသည်။

"မေမေ သမီးကိုစိတ်ချလိုက်ပါတော့ သမီးဒေါက်တာသူရနောင်နဲ့
လက်ထက်ပါတော့မယ်"

နောက်ဆုံးမှာတော့ ကြီးကြီးက မမလေးအတွက် စိတ်ချသွားပုံရသွားပြီး ကြီးကြီးရဲ့ခန္တာကိုယ်ငြိမ်ကျသွားကာ မမလေးရဲ့ရှိုက်ငိုသံကိုကျွန်မကြားလိုက်ရသည်။မမလေးနည်းတူကျွန်မမျက်ဝန်းမှာလည်းမျက်ရည်အပြည့်နဲ့ပင်။
•••••••••••••••••

"ဒီနေ့ကစပြီးမြတ်နိုးက ကိုကြီးဇနီးဖြစ်သွားပြီဆိုတော့
အရာရာတိုင်းမှာတစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းပြီးနေထိုင်ရတော့မယ် ကိုကြီးအပေါ်မှာဘာမှလန့်စရာရှိန်စရာလည်းမလိုဘူးဟုတ်ပြီလား"

"ဟုတ်ကဲ့ ကိုကြီး ကျွန်မကိုကြီးအပေါ်မှာ ဇနီးကောင်းတစ်ယောက်ရဲ့ဝတ္တရားကျေပြွန်စေရပါမယ်"

မမလေးထက် အသက် ထက်ဝက်မျှပင်ကြီးသောဒေါက်တာသူရနောင်ကိုကြည့်ပြီးကျွန်မသက်ပြင်းချမိသည်။ ဒေါက်တာသူရနောင်က အသက်ငယ်ပြီးအိနြေ္ဒသိက္ခာရှိသောမိန်းမချောလေးကိုရထားသောကြောင့်ဝမ်းသာနေဟန်တူသည်။ ကျွန်မတော့မိဘကိုငဲ့ကွက်ပြီးလက်ထက်လိုက်ရသောမမလေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိသည်။

"ကဲထားနွယ် နင့်မမလေးကိုအပေါ်ထပ်ကအခန်းမှာအနားယူဖို့ခေါ်သွားလိုက်
ဒီနေ့သူတော်တော်ပင်ပန်းနေမှာ"

"ဟုတ်ကဲ့ ဆရာ"

မမလေးကတော့ ဒေါက်တာသူရမောင်ကို ိုကိုကြီးဟုခေါ်ဝေါ်ပြီးကျွန်မကတော့ဆရာဟုသာခေါ်သည်။
ထိုနောက်ပင်ပန်းမူ့ကြောင့်နွမ်းနယ်နေသောမမလေးကိုခေါ်ကာအပေါ်ထပ်သို့တတ်လာခဲ့သည်။
••••••••••••••

"ထားနွယ်ရယ် အချိန်ပြည့်ငါ့ကိုကလေးတစ်ယောက်လိုစောင့်ကြည့်မနေပါနဲ့ စိတ်သက်သက်သာသာနေစမ်းပါ"

မှန်တင်ခုံရှေ့မှာအလှပြင်နေသော မမလေးမြတ်နိုးက ကျွန်မအားမှန်ထဲကနေလှမ်းကြည့်ပြီးပြောလိုက်သည်။

"နင်စိုးရိမ်နေတာငါသိတယ် ငါကမေမေ့ကြောင့်အိမ်ထောင်ပြုလိုက်ရတယ်ဆိုပြီး ဒီအိမ်ထောင်ရေးမှာစိတ်မချမ်းမသာဖြစ်နေမှာကို နင်စိုးရိမ်နေတာမဟုတ်လား"

"မဟုတ်ဘူးလားမမလေး ကျွန်မလေ မမလေး စိတ်မကောင်းဖြစ်မှာစိုးလို့မမေးတာ"

မမလေးက ကျွန်မဘက်သို့လှည့်ကာပြုံးပြလိုက်သည်။

"တကယ်တော့ ဒေါက်တာသူရနောင်က မေမေရောဂါအသည်းအသန်ဖြစ်နေတဲ့အချိန်တုန်းက ငါတို့မိသားစုအပေါ်အများကြီးကောင်းခဲ့တယ်လေ ဒီတော့မေမေ့အနေနဲ့ ဒေါက်တာနဲ့မှငါ့ကိုစိတ်ချနိုင်မယ်ဆိုတာ
ငါသိနေတယ် ငါ့အနေနဲ့လည်း ဒေါက်တာက အယုံကြည်ရဆုံးမို့သူနဲ့လက်ထက်ဖို့ဆုံးဖြတ်လိုက်တာပဲ"

မမလေးဘယ်လိုပဲပြောနေပေမယ့်ကျွန်မကတော့ မမလေးကိုပဲသနားနေမိသည်။

"ကဲမမလေးနားတော့နော်"

မမလေးကိုနှုတ်ဆက်ပြီး ကျွန်မအောက်သို့ဆင်းလာခဲ့သည်။
လှေကားအဆင်းရောက်တော့ ဧည့်ခန်းထဲမှာ စကားပြောသံတချို့ကိုကြားလိုက်ရေိသ်ာကြောင့်ဒေါက်တာသူရမောင်တစ်ယောက်ဧည့်သည်နဲ့စကားပြောနေတာကိုကျွန်မသိလိုက်ရသည်။

"ကျွန်မ ဒီလုပ်ရပ်ကိုမလုပ်ချင်ဘူး ဦးသူရနောင် ကျွန်မတို့ဘိုးဘွားစဉ်ဆက် ဒီအိမ်မှာ ကျွန်သဖွယ်လုပ်ပေးခဲ့ပြီပဲ ကျွန်မတို့ကိုလွတ်လပ်ခွင့်ပေးသင့်ပြီထင်တယ်"

ရုတ်တရက်ကြားလိုက်ရသောအသံကြောင့်ကျွန်မစိတ်ဝင်တစားဖြစ်သွားပြီးဧည့်ခန်းအတွင်းသို့ချောင်းကြည့်လိုက်တော့ ကျွန်မအရွယ်မိန်းကလေးတစ်ဦးကိုမြင်လိုက်ရပြီး သူမရဲ့မျက်လုံးများကသိမ်းစွန်ပမာစူးရှတာကိုသတိထားမိသည်။
သူမအနေနဲ့ဘယ်လိုပြသနာမျိုးရှိလို့အခုလိုဒေါက်တာသူရမောင်နဲ့
အချေအတင်ဖြစ်ရသလဲဆိုတာကျွန်မစိတ်ဝင်စားမိသည်။
ကျွန်မကန့်လန့်ကာအကွယ်နောက်ကနေအသာလေးနားစွင့်နေမိသည်။

"ဒီမယ်ကလေးမ မင်းတို့မိသားစုစားဝတ်နေရေးပြေလည်ဖို့ကစပြီး
မင်းအဘွားနာရေးကိစ္စပြီးသည်အထိငါထောက်ပံ့ပေးထားတာနော်
မင်းငါ့ကိုဆန့်ကျင့်ဖို့ဆိုလက်လျော့လိုက်တော့ကလေးမ"

"ရှင်ဟာလူသားစိတ်မရှိတော့ဘူးဆိုတာကျွန်မသိပါတယ်
ကျွန်မတို့မိသားစုလည်းရှင့်ကြောင့်ကျိန်စာသင့်နေရပြီ တစ်ခုတော့မှတ်ထားပါတချိန်ချိန်မှာ ဒီအတွက်ရှင်ပြန်ပေးဆပ်ရလိပ်မယ်"

စိတ်ဆိုးမာန်ဆိုးဖြင့်မျက်ရည်အပြည့်နဲ့ထွက်သွားသောထိုမိန်းကလေးကိုကြည့်ပြီးဒေါက်တာသူရနောင်နဲ့ထိုမိန်းကလေးကြားမှာကြီးမားတဲ့ပတ်သက်မှု့တစ်ခုရှိလိပ်မည်ဟုကျွန်မထင်မိလိုက်သည်။

•••••••••••••••••
ထမင်းစားစားပွဲပေါ်တွင်အရာမယွင်းပဲရှိနေသော မမလေးရဲ့ထမင်းစားပွဲကိုကြည့်ပြီး ကျွန်မစိတ်ညစ်သွားသည်။
ဒေါက်တာသူရမောင်တို့အိမ်ကိုရောက်ပြီးခြောက်လအတွင်း
မမလေးသိသိသာသာအစားနည်းလာတာ တွေ့လာရသည်။အစားအသောက်ပျက်လာခြင်းနဲ့အတူ မမလေးကိုကြည့်ရသည်မှာလူမမာတစ်ယောက်လိုပင်အမြဲလိုလိုဖြူ
ဖျော့နွမ်းနယ်နေတာကိုလည်းသတိပြုမိသည်။

"စားလို့မဝင်ဘူးလား မမလေး ကျွန်မဆန်ပြုတ်ပြုတ်ပေးရမလား
မမလေးအိမ်ထေါင်ကျပြီးနောက်ပိုင်းအစားနည်းလာတယ်နော်
အပျိုဘဝတုန်းကဆိုစားကောင်းသောက်ကောင်းနဲ့"

မမလေးကကျွန်မအား ဖျော့တော့စွာပြုံးကြည့်လိုက်သည်။

"ငါစားချင်စိတ်မရှိလို့ပါအေ ညည်းကိုကြီးရှေ့ကျစကားပြောနည်းနည်းဆင်ခြင်ပေး ငါ့အတွက်နဲ့ကိုကြီးစိတ်အနှောက်အယှက်မဖြစ်စေချင်ဘူး"

ဒေါက်တာသူရနောင်အပေါ် စိတ်ပူနေသောမမလေးကိုကြည့်ပြီးကျွန်မသက်ပြင်းချမိသည်။
တကယ်တော့ဒေါက်တာသူရနောင်က မမလေးအပေါ်အရမ်းဂရုစိုက်တာကိုကျွန်မသိသည်။
မမလေးကိုယ်တိုင်ကိုကချူချာနေတာပဲလို့ကျွန်မအောက်မေ့ထားသည်။

"ကဲငါစာကြည့်ခန်းထဲသွားလိုက်ဦးမယ် ငါ့အတွက်ကော်ဖီလာပို့ပေးထားနွယ် ဒါနဲ့ညည်းဆရာပြန်မလာသေးဘူးလား"

"မလာသေးဘူးမမလေး ဆရာ့အပေါ်အရမ်းလွှတ်မထားနဲ့နော်
မမလေး ဆရာကအခုတလောအရမ်းကိုပြင်ဆင်လာတာ အရင်ကထက်ပိုနုပျိုလာသလိုပဲ နောက်ပြီးအထူးသဖြင့် ဟိုမြကြေးမှုံဆိုတဲ့အမျိုးသမီးနဲ့တပူးတွဲတွဲနဲ့ ထားနွယ်တော့သူတို့နှစ်ယောက်ကိုသိပ်မသင်္ကာဘူး"

မမလေးက ကျွန်မရဲ့စိတ်ပူပန်မှု့ကိုအသိအမှတ်ပြုသည့်ဟန်ဖြင့်ကြည့်လိုက်သည်။

"လျှောက်မပြောပါနဲ့ထားနွယ်ရယ် ညည်းဆရာရဲ့ဂုဏ်သတင်းကျဆင်းပါ့မယ် ကိုကြီးကိုငါယုံတယ်သူကအဲ့ဒီလိုလူစားမဟုတ်ဘူး"

ဒေါက်တာ့အပေါ်ကာကွယ်ပေးနေသောမမလေးကိုကြည့်ပြီး ထိုယောက်ျားအပေါ်ကို မမလေးကသံယောဇဉ်အစစ်နဲ့တွယ်တာနေပြီဆိုတာကျွန်မရိပ်စားမိလိုက်သည်။ မမလေးအတွက်ကော်ဖီဖျော်ရန်ထွက်မသွားမီမှာ မမလေးရဲ့လက်ကောက်ဝတ်သွေးပြန်ကြောအနီးမှာပလာစတာတစ်ခုကပ်ထားတာကိုကျွန်မမြင်လိုက်ရပြီးထိတ်လန့်သွားမိသည်။

"မမလေးရဲ့လက်ကဘာဖြစ်တာလဲထားနွယ်မသိရပါလား''

"သြော် ဘာမှမဖြစ်ဘူးထားနွယ် မနေ့ညက ကိုကြီးအကြောဆေးသွင်းပေးထားတာ..ငါအရမ်းအားနည်းနေတဲ့ပုံပေါက်နေလို့တဲ့"

မမလေးပုံစံက တကယ်ပဲအားနည်းနေသည့်ပုံပေါက်နေတာတော့အမှန်ပင်။
ဆရာဝန်ခင်ပွန်းတစ်ယောက်ရှိနေတဲ့သူအပေါ် ကျွန်မစိုးရိမ်စိတ်ဝင်မိနေတာကိုတွေးမိပြီး ရယ်ချင်မိသည်။
မမလေးစိတ်ကြိုက်ကော်ဖီတစ်ခွက်ကိုဖျော်ပြီးစာကြည့်ခန်းထဲကိုယူဆောင်လာသည့်အချိန်မှာတော့ မမလေးတစ်ယောက်စာရွက်စာတမ်းများကြားမှာအလုပ်ရှုပ်နေတာကိုမြင်လိုက်ရသည်။

"မမလေး အဲ့ဒါဘာစာရွက်တွေလဲဟင်"

ကျွန်မသိလိုစိတ်နဲ့မေးလိုက်မိသည်။ ကျွန်မကစာအတန်အသင့်တတ်သောကြောင့်မမလေးဆီမှာရှိနေသောစာရွက်တွေဟာ စာချုပ်တစ်ချို့ဆိုတာတော့သိသည်၊၊

"ညည်းကိုနောက်မှပြောမယ်လို့စိတ်ကူးထားတာ
အခုမှတော့မထူးတော့ဘူး ပြောလိုက်တော့မယ်
ညည်းငါ့အပေါ်အမတစ်ယောက်လိုသဘောထားတာငါသိတယ်လေ
ငါ့အနေနဲ့ဒီကိစ္စကိုမျက်ကွယ်မပြုနိုင်ဘူး....ကိုကြီးဆီကလည်းခွင့်ပြုချက်တောင်းပြီးပြီ ညည်းကိုငါ့ညီမအဖြစ်တရားဝင်မွေးစားတော့မယ်ထားနွယ်"

မမလေးစကားကိုကြားပြီးကျွန်မဘာမျှပြန်မပြောနိုင်အောင်ဆွံ့အသွားမိသည်။ ကျွန်မအနှစ်နှစ်ကာလကတည်းကတောင့်တခဲ့သောအစ်မတစ်ယောက်ကိုမကြာခင်ရတော့မှာမဟုတ်ပါလား။ မျက်ရည်များဖြင့်စိုရွှဲနေသောမျက်နှာနှင့်အတူမမလေးဆီသို့ပြေးဝင်လာမိသည်။
မမလေးရဲ့ရယ်သံကတစ်ခန်းလုံးသို့ပြန့်နှံသွားခဲ့သည်။
••••••••••••

ကျွန်မ...ဆန်ပြုတ်ပန်းကန်ကိုယူပြီးမမလေးအခန်းဆီသို့လာရင်းမမလေးအခန်းထဲမှာလူရိပ်တစ်ခုကိုမြင်လိုက်ရသောကြောင့်ခြေလှမ်းတစ်စုံမှာအလိုလိုရပ်တန့်သွားသည်။

"သြော်ဆရာပြန်ရောက်နေပြီပဲ...."

ဦးသူရနောင်ကိုမြင်မှကျွန်မပြန်လှည့်ထွက်မည်အပြု ဦးသူရနောင်၏မသင်္ကာစရာကောင်းသောအပြုအမူကြောင့်ကျွန်မစိတ်ထင့်သွားမိသည်။မမလေးကတော့အိပ်ရာထက်မှာ အိပ်ပျော်နေပြီး
ကိုသူရနောင်က မမလေးဘေးမှာဆေးထိုးအပ်တစ်ချောင်းကိုကိုင်ထားတာကိုမြင်လိုက်ရသည်။ထို့နောက်မမလေးရဲ့သွေးပြန်ကြောမှတဆင့် သွေးတချို့ကိုဆေးထိုးအပ်နဲ့စုပ်ယူနေတာကိုမြင်လိုက်ရသည်။

"ဟင်....ဦးသူရနောင်က ဒီလောက်အားနည်းနေတဲ့မမလေးဆီကနေ
ဘာလို့သွေးတွေယူနေရတာလဲ"

ကျွန်မထိတ်လန့်စွာဖြင့်တီးတိုးရေရွတ်လိုက်ပြီး အခန်းထဲကပြန်ထွက်လာတော့မည့် ဦးသူရနောင်၏အရိပ်အခြည်ကိုမြင်သောကြောင့်ကျွန်မဆင်းပြေးလာခဲ့သည်။ထိုနောက်ဦးသူရနောင်က ထိုးဆေးထိုးအပ်ကိုစက္ကူ အိပ်ထဲသို့ထည့်ကာဧည့်ခန်းဘက်သို့ထွက်သွားတာကိုမြင်လိုက်ရသည်။ကျွန်မတိတ်တဆိတ်လိုက်သွားပြီးချောင်းကြည့်လိုက်တော့
ဧည့်ခန်းထဲမှာမြကြေးမှုံကိုမြင်လိုက်ရသည်။ဦးသူရနောင်က မြကြေးမှုံနဲ့စကားအနည်းငယ်ပြောပြီးနောက်ဆုံးမှာတော့မမလေးသွေးပါသည့်စက္ကူအိတ်ကိုပေးလိုက်တာကိုမြင်လိုက်ရသည်။
•••••••••••••

"ထားနွယ်...ဒီငွေတွေကိုမြကြေးမှုံတို့အိမ်သွားပြီးပေးပေးစမ်းနင်သူအိမ်သိတယ်မဟုတ်လားမြို့စွန်မှာလေ"

မမလေးပေးလိုက်သောစာအိတ်ကိုယူပြီး မနေ့ကကိစ္စမမလေးကိုပြောသင့်မပြောသင့်စဉ်းစားနေမိသည်။

"မမလေးက အခုတလောချူချာတယ်ဆိုတော့ မမလေးရဲ့သွေးကိုယူပြီးဆေးစစ်ဖို့လည်းဖြစ်နိုင်တာပဲ ငါမသေချာသေးပဲမမလေးကိုမပြောသင့်သေးဘူး"

ကျွန်မစိတ်ထဲကနေရေရွတ်လိုက်ပြီး မြင်းလှည်းငှါးကာမြကြေးမှုံတို့အိမ်ရှိရာသို့ထွက်လာခဲ့သည်။မြကြေးမှုံကိုတိုက်ရိုက်မေးကြည့်ရင်ကောင်းမလားဟုလာလမ်းတစ်လျောက်တွေးနေမိသည်။မြကြေးမှုံတို့အိမ်ရှေ့ရောက်တော့ အိမ်တံခါးက စိရုံစိထားတာမို့ကျွန်မအလိုက်သင့်လေးဝင်သွားပြီးမြကြေးမှုံအားဟစ်ခေါ်လိုက်သည်၊၊

"မမြကြေးမှုံ ...အမမြကြေးမှုံ အမအိမ်ထဲမှာရှိလား"

သူမတို့ဧည့်ခန်းထဲရောက်သည်အထိမည်သူကိုမျှမတွေ့ရပေ။ကျွန်မဧည့်ခန်းထဲမှာထိုင်စောင့်နေမိသည်။ထိုင်စောင့်နေရင်းမှာပင်မနက်ကစားလာသည့်ပဲကြီးဆူးပုတ်ချက်တန်ခိုးကြောင့်ကျွန်မငိုက်မြည်းလာခဲ့ပြီးနောက်ဆုံးကျွန်မကိုယ်ကျွန်မသတိမထားနိုင်တော့ပဲဧည့်ခန်းထဲမှာအိပ်ပျော်သွားမိသည်။အိပ်မက်ထဲမှာမြကြေးမှုံကကျွန်မအားတကျော်ကျော်ဟစ်ခေါ်နေတာကိုတွေ့လိုက်ရသည်။

"ထားနွယ်....ထားနွယ်....နင်ငါခေါ်တာကိုကြားရလား"

"ဟုတ်အမ ကြေးမှုံ မမလေးကအမအတွက်ဒါလေးလာပို့ခိုင်းလို့အမ"

စာအိတ်ကိုပေးဖို့ပြင်လိုက်တော့ကျွန်မလက်ထဲမှာမရှိတော့။ဧည့်စားပွဲပေါ်မှာများတင်ထားသလားလှမ်းကြည့်လိုက်တော့မြင်လိုက်ရသောအရာကြောင့်ကျွန်မလန့်ဖျန့်သွားမိသည်။မြင်လိုက်ရသည်က ကျွန်မနဲ့လုံးဝတူညီသောကိုယ်ပွားတစ်ခုဧည့်ခန်းထဲမှာအိပ်ပျော်နေတာကိုမြင်လိုက်ရသောကြောင့်ဖြစ်သည်။

"မလန့်နဲ့ထားနွယ် နင့်ခတ္တခဏဝိဥာဉ်လွင့်နေတာပဲ..နင်တို့အနေနဲ့အိပ်မက်မက်နေတယ်ထင်မှာ..ဒါတွေထားလိုက်စမ်းပါငါ့ကိုတစ်ခုလောက်ကူညီပေးပါဦးအရင်ဆုံးငါနဲ့လိုက်ခဲ့"

ကျွန်မကကျန်ရစ်နေသောခန္တာကိုယ်ကြီးကိုကြည့်ပြီးမြကြေးမှုံနောက်လိုက်သွားမိသည်။အခန်းတစ်ခုရဲ့တစ်နေရာရောက်တော့မြကြေးမှုံကအခန်းထဲသို့လက်ညိုးထိုပြသည်။

"ဒီအခန်းထဲမှာ ငါ့ခန္တာကိုယ်ရှိတယ် ငါလိပ်ပြာလွင့်တဲ့အတတ်ကိုကျင့်နေတာကြာပြီ ဒီနေ့ငါအမှားအယွင်းအနည်းငယ်လုပ်မိသွားတယ်ထားနွယ်...ငါခန္တာကိုယ်ထဲငါပြန်ဝင်လို့မရဘူးဖြစ်နေတယ်...နင့်အနေနဲ့ငါ့ကိုကူညီပေးမယ်မဟုတ်လား"

"ကျွန်မ..ကျွန်မကဘယ်လိုကူညီပေးရမှာလဲ"

"လွယ်လွယ်လေး ခဏနေနင်အိပ်မက်ကနေနိုးထလာတဲ့အခါဒီအခန်းထဲဝင်ပြီးငါ့ခန္တာကိုယ်ကိုလှုပ်နှိုးပေးရုံပဲ"

မြကြေးမှုံကိုကြည့်လိုက်တော့သူမတကယ့်ကိုအကူအညီလိုအပ်နေဟန်တူတာကိုတွေ့ရသည်။ဒီအခွင့်အရေးကိုကျွန်မကောင်းကောင်းအသုံးချရမည်ဖြစ်သည်။

"ကျွန်မကူညီပေးလို့ရပါတယ် ဒါပေမယ့်ရှင်ကျွန်မကိုကတိတစ်ခုပေးရမယ်"

"ဘာကတိလဲ...ငါတတ်နိုင်သမျှပေးမယ်"

"ရှင်နိုးလာရင် ....ကျွန်မမေးတဲ့မေးခွန်းကိုမလိမ်မညာပဲမှန်မှန်ကန်ကန်ဖြေဆိုပေးရမယ်ဆိုတဲ့ကတိပဲ"

မြကြေးမှုံခေါင်းကိုငြိမ့်လိုက်မှကျွန်မကျေနပ်သွားပြီး အိပ်နေရာကနေနိုးထလာခဲ့သည်။ကျွန်မဧည့်ခန်းထဲမှာထိုင်ရင်းအိပ်မက်အကြောင်းစဉ်းစားကာအပေါ်ထပ်သို့တတ်လာပြီးအခန်းထဲဝင်လိုက်တော့လူတစ်ယောက်အိပ်ရာထဲမှာလဲလျောင်းနေတာကိုမြင်လိုက်ရသည်။မြကြေးမှုံပင်ဖြစ်သည်။ကျွန်မသူမကိုအသာလေးလှုပ်နိုးလိုက်တော့သူမမျက်လုံးများပွင့်လာတာကိုမြင်လိုက်ရသည်။

"ကဲ...မင်းငါ့ကိုမေးမယ့်မေးခွန်းကဘာလဲ ထားနွယ်"
•••••••••••••••

"မနေ့က...ဆရာကိုသူရနောင်ပစ္စည်းတစ်ခုရှင့်ကိုပေးလိုက်တာကျွန်မသိတယ် အဲ့ဒီပစ္စည်းက..မမလေးရဲ့သွေးဆိုတာလည်းကျွန်မသိတယ်
ကျွန်မသိချင်တာက အဲ့ဒီသွေးနဲ့ရှင်တို့ဘာလုပ်ဖို့ကြံစည်နေသလဲဆိုတာပဲ"

ကျွန်မစကားကြားတော့ မြကြေးမှုံထိတ်လန့်သွားပုံရသည်။ကျွန်မမျက်နှာကိုအလန့်တကြားကြည့်လိုက်ပြီး

"ရှင်ဘယ်လိုလုပ်ပြီးသိတာလဲ...ရှင်တော့ရှင့်သေတွင်းရှင်တူးမိတာပဲ
ဒေါက်တာသူရနောင်သာ ရှင်သိသွားတဲ့အကြောင်းကြားရင် လူမသိသူမသိလောကကြီးကနေပျောက်ကွယ်သွားရမယ့်စာရင်းထဲမှာရှင်ပါသွားမှာအသေအချာပဲ"

"ကျွန်မဂရုမစိုက်ပါဘူး ကျွန်မသိချင်တဲ့မေးခွန်းကိုသာဖြေပေးပါရှင်ကတိမပျက်ပါဘူးနော်"

မြကြေးမှုံကကကျွန်မမျက်နှာကိုတစ်ချက်ကြည့်ကာသက်ပြင်းချလိုက်သည်။

"စုန်းကတိပဲ ကျွန်မတည်ရမှာပေါ့...ရှင်ဒေါက်တာသူရနောင်ကိုသတိထားမိမှာပေါ့ သူတစ်နေ့တခြားနုပျိုလာတာကိုလေ"

ကျွန်မခေါင်းငြိမ့်ပြလိုက်သည်။

"တကယ်တော့ ဒေါက်တာသူရနောင်ဟာ...ဘယ်လိုနုပျိုအောင်လုပ်လို့ရမယ့်နည်းလမ်းကိုသိထားတယ်ထားနွယ်
လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာကျော်က...ကျွန်မတို့မျိုးနွယ်ဟာ...မြို့စားတစ်ယောက်ဆီမှာအမှူ့တော်ထမ်းခဲ့ဖူးတယ်...အဲ့ဒီမြိုစားဟာ
လောကစည်းစိမ်တွေကြားမှာယဇ်မူးပြီးအသက်အရွယ်ရလာတဲ့အချိန်မှာတော့သေဆုံးရမှာကိုကြောက်ရွံလာခဲ့တယ်
အဲ့ဒီမှာလောကဓမ္မတာကိုဆန့်ကျင်ဖို့အတွက်..ကျွန်မတို့အမျိုးအနွယ်ကိုအကူအညီတောင်းခဲ့တယ်
အဲ့ဒီမြို့စားရဲ့အထောက်အပံ့ကိုယူထားရတဲ့ကျွန်မတို့မျိုးနွယ်ဟာ
သူ့ရဲ့အကူအညီတောင်းခံမှု့ကိုမငြင်းဆန်နိုင်ခဲ့ဘူး။အဲ့ဒါကြောင့်ပဲ
သူ့ကိုနုပျိုစေမယ့်အစီအရင်ကိုပြောပေးခဲ့တယ်...အဲ့ဒီအစီအရင်ကြောင့်ပဲ...ကျွန်မတို့မိသားစုဟာကျွန်ကျိန်စာသင့်ခဲ့တယ်ထားနွယ်"

"နေပါဦး အဲ့ဒါနဲ့ မမလေးရဲ့သွေးနဲ့ဘယ်လိုပက်သက်နေလို့လဲ"

မြကြေးမှုံကနောင်တရနေသေညမျက်နှာထားဖြင့်ကျွန်မကိုကြည့်လိုက်သည်။

"နုပျိုစေမယ့်အစီအရင်အတွက် အပျိုစင်ရဲ့သွေးကိုယဇ်အစီအရင်လုပ်တဲ့အခါမှာလိုအပ်တယ်
ဒါကြောင့်ရှင့်မမလေးရဲ့သွေးဟာ အစီအရင်အတွက်အဓိကပစ္စည်းပဲ"

"ဒါဆိုဒေါက်တာသူရနောင်တို့မျိုးဆက်ဟာဒီနည်းကိုအသုံးပြုပြီးနာပျိုချင်းနည်းလမ်းကိုရှာနေတာပေါ့ ဒီကြားထဲမှာ အပျိုစင်မိန်းကလေးဘယ်နှစ်ယောက်တောင်ဆုံးရှုံးသွားပြီလဲ"

"ရှင့်မမလေးမတိုင်ခင် အပျိုစင်ဆယ်ယောက်ရှိသွားပြီထားနွယ်နောက်ပြီး.....ဒေါက်တာသူရနောင်တို့ဟာမျိုးဆက်မရှိသေးဘူးဘာလို့လဲဆိုတော့
လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာကျော်ကမြို့စားဟာဒေါက်တာသူရနောင်
ိကိုယ်တိုင်
ိဖြစ်နေလို့ပဲ"

•••••••••••••••
ကျွန်မစကားကိုအံ့သြဟန်မပြတော့တဲ့ မမလေးအပေါ်ကျွန်မအံ့သြမိသည်။သေချာတာတစ်ခုကမမလေးတစ်ခုခုကိုသိနေတာပင်ဖြစ်သည်။

"မမလေး...မကြောက်ဘူးလား ဒေါက်တာသူရနောငိကမမလေးကိုအသုံးချပြီးနုပျိုခြင်းတွေကိုရယူနေတာလေ"

"ငါသိပါတယ်ထားနွယ်ရယ်...ကိုကြီးငါ့သွေးတွေယူနေတာငါမသိပဲနေပါ့မလား နင်မသိတာတစ်ခုက..ငါကိုယ်တိုင်ကျေနပ်စွာပေးဆပ်ချင်နေတာပဲ"

ကျွန်မနောက်ဆုံးမှာတော့မမလေး ဒေါက်တာသူရနောင်အပေါ်စစ်မှန်တဲ့ခံစားချက်တစ်စုံတစ်ရာရှိနေတာကိုသိလိုက်ရပါတယ်။ဒါပေမယ့် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့မမလေးကိုကျွန်မသတိပေးဖို့လိုအပ်ပြီဟုတွေးမိလျုက်သည်။

"မမလေး ဒေါက်တာသူရနောင်အပေါ်ထားတဲ့ခံစားချက်ကိုကျွန်မနားလည်ပါတယ် ဒါပေမယ့်စဉ်းစားကြည့်ပါမမလေး မမလေးအရှိတဲ့နောက်ပိုင်းသူ့ရဲ့နုပျိုမှု့အတွက်နောက်ထပ်အပျိုစင်တွေဘယ်လောက်တောင်ဆုံးရှုံးမလဲဆိုတာမမလေးတွေးမိလား မမလေးချစ်တဲ့သူဟာ တဖြည်းဖြည်းမိစ္ဆာအသွင့်သို့ကူးပြောင်းလာတာကိုမမလေးလိုချင်မှာမဟုတ်ဘူး"

"မှန်တယ်ထားနွယ်....အဲ့ဒီအတွက်ငါစဉ်းစားထားပြီးသားပါ
နည်းလမ်းတစ်ခုရှိတယ်ထားနွယ် ကိုကြီးအပေါ်စစ်မှန်တဲ့နှလုံးသားနဲ့ချစ်တဲ့သူကိုစတေးရင်..ကိုကြီးနောက်ထပ် အပျိုစင်တွေရဲ့စတေးမှု့ကိုအသုံးမပြုတော့ပဲ
ထာဝရအသက်ကိုရလိပ်မယ်...ဒီအတွက်ငါ့ကိုယ်ငါစတေးရမယ်ထားနွယ်ကိုကြီးပျော်ပျော်ရွှင်ရွှင်နဲ့နေရတာကိုတမလွန်ကနေရပ်ကြည့်နေရုံနဲ့ငါကျေနပ်တယ်"

ဆုံးဖြတ်ချက်ချပြီးနေတဲ့မမလေးကိုကြည့်ပြီးကျွန်မဘာမျှမပြောသာတော့ချေ။ကျွန်မသံသယဝင်မိတာက ဒေါက်တာသူရနောင်သာထာဝရအသက်ကိုပိုင်ဆိုင်သွားရင်သူ့ရအလိုရမ္မက်ကြီးတဲ့ဗီဇကဖျောက်ဖို့လွယ်ကူပါ့မလားဆိုတာကိုပင်။
•••••••••••••

ယနေ့နဲ့ဆိုမမလေးသေဆုံးသွားတာ နှစ်ရက်ရှိပြီဖြစ်စည်။မမလေးရဲ့ရုပ်ကလာပ်ရှေ့မှာငြိမ်သက်စွာနဲ့ပဲကျွန်မထိုင်နေမိသည်။ဒေါက်တာသူရနောင်ကိုလှမ်းကြည့်လိုက်တော့
အပူရုပ်ဟန်လုပ်နေသည့်မျက်နှာထားဖြင့် ဧည့်သည်တွေကိုဧည့်ခံနေရတာကိုမြင်ရသည်။

"ရှင့်မမလေး နာရေးပြီးတာနဲ့ရှင်ဒီအိမ်ကနေထွက်သွားသင့်တယ်ထား
နွယ် ဒေါက်တာသူရနောင်က သူ့လျိုဝှက်ချက်တွေသိနေတဲ့ရှင့်ကို
ဒုက္ခမပေးဘူးလို့မပြောနိုင်ဘူး"

"ကျွန်မမမလေး ကိုကတိပေးထားတယ် မမလေးခေါင်းချတဲ့နေရာကနေတစ်ဖဝါးမှခွာမှာမဟုတ်ဘူး မြကြေးမှုံ"

ကျွန်မမြကြေးမှုံကိုတစ်ချက် တစ်လောကလုံးမှာသူတစ်ယောက်တည်းပူဆွေးနေသလိုလုက်နေသည့်ဒေါက်တာ့ကိုတစ်ချက်ကြည့်လိုက်သည်။

"မမလေး သေဆုံးပြီးသုံးရက်ပြည့်တာနဲ့ ဒေါက်တာသူရနောင်က
ချက်ချင်း...immortal ဖြစ်သွားမှာလားမြကြေးမှုံ"

"မဟုတ်ဘူး ထားနွယ် မမလေးသေဆုံးပြီးသုံးရက်မြောက်မှာ
ပေးဆပ်ခြင်းဝိဥာဉ်အစီအရင်အတွက်....ဒေါက်တာသူရနောင်
သုံးရက်သေဆုံးလိပ်မယ်....ဒေါက်တာသေဆုံးပြီးသုံးရက်မြောက်မှာ
မသေနိုင်သောအသက်နဲ့ပြန်လည်နိုးထလိပ်မယ်"

ကျွန်မ...မြကြေးမှုံကိုတစ်ချက်စူးစိုက်ကြည့်လိုက်ပြီးနောက်

"ဒေါက်တာ ပြန်လည်နိုးထလာတဲ့အခါရှင့်ကိုလွတ်မြောက်ခွင့်ပေးမယ်လို့ကတိပေးထားတ်ာထင်တယ်...ရှင်သူ့စကားကိုယုံလားဒါမှမဟုတ် ရှင်တို့မျိုးရိုးစဉ်ဆက်သင့်နေတဲ့ကျွန်ကျိန်စာကနေတကယ်လွတ်မြောက်ချင်လားမြကြေးမှုံ"

မြကြေးမှုံကကျွန်မကိုပဟေဠိဆန်စွာကြည့်လိုက်တာကိုကျွန်မမြင်လိုက်ရသည်။
•••••••••••••

"ဒီကိစ္စကိုလုံးဝသဘောမတူဘူး မိန်းကလေး..ဒေါက်တာသူရနောင်မဆုံးခင်ဦးတို့မြို့ခံရပ်မိရပ်ဖတွေကိုသေချာမှာ
သွားတယ် တကယ်လို့သူသေဆုံးခဲ့ရင်သူ့အလောင်းကိုခုနှစ်ရက်တိတိမသဂြိုလ်ပဲထားပေဖို့အတန်တန်ပြောခဲ့တာ..မိန်းကလေးထားနွယ်"

"ရပ်မိရပ်ဖတွေရဲ့သဘောတရားကိုကျွန်မနားလည်ပါတယ်
မမလေးရဲ့အဖြစ်ကိုဒေါက်တာခံစားနေရတာကိုလည်းရပ်မိရပ်ဖတွေမြင်ရမှာပါ....အခုဆိုမမလေးနဲ့ဒေါက်တာရှေ့ဆင့်နောက်ဆင့်ကွယ်လွန်တာနှစ်ရက်တောင်ရှိသွားပြီမဟုတ်လား..ဆရာဝန်ကလည်းဒေါက်တာသေဆုံးသွားကြောင်းအတည်ပြုပြီးသွားပြီပဲ...မမလေးအပေါ်တန်ဖိုးထားတဲ့ကျွန်မရဲ့ဆန္ဒကိုလိုက်လျောပေးကြဖို့ကျွန်မပန်ကြားချက်တာပါရှင့်"

ကျွန်မခယတောင်းပန်နေပေမယ့်..သူတို့ကတော့အပြင်းအထန်ငြင်းဆန်နေကြဆဲပင်ဖြစ်သည်။

"ဒေါက်တာကသေချာကိုမှာသွားတာ မိန်းကလေးထားနွယ် ဒေါက်တာရဲ့အလောင်းကိုခုနှစ်ရက်ပြည့်အောင်ထားရလိပ်မယ်"

"အားလုံးကိုကျွန်မတောင်းပန်ပါရစေ...မမလေးရဲ့အလောင်းကယနေ့နဲ့ဆိုငါးရက်ရှိသွားပြီ ရာသီဥတုကအခုတလောပြောင်းလဲလာတာကြောင့် မမလေးရဲ့ရုပ်ကလာပ်ကို ချက်ချင်းဂူသွင်းမှဖြစ်မှာပါ....မမလေးနဲ့ဒေါက်တာရဲ့သံယောဇဉ်ကိုရှင်တို့လည်းသိတာပဲလေ
မမလေးဟာ သူချစ်ရတဲ့သူနဲ့ဘဝတလျောက်လုံးနေချင်မှာပဲ
ဒါကြောင့်....ဒေါက်တာ့ကိုမမလေးနဲ့အတူဂူသွင်းမြုပ်နှံရလိပ်မယ်
ဒေါက်တာနဲ့မမလေးကွယ်လွန်တော့ ဒီအိမ်ကြီးရဲ့အမွေဆက်ခံသူက မမလေးရဲ့ညီမဖြစ်တဲ့ကျွန်မကသာ
ဆက်ခံခွင့်ရှိတာ ရှင်တို့သိမှာပါ ကျွန်မလက်ထက်မှာလည်း ..ဒီအိမ်ကြီးကနေထောက်ပံထားတဲ့ ရှင်တို့ရဲ့အဖွဲ့အစည်းတွေကိုဆက်
လက်ထောက်ပံ့ပေးမှာမို့ ကျွန်မပြောတာကိုလေးလေးနက်နက်စဉ်းစားပေးဖို့ဆန္ဒပြုပါတယ်ရှင့်"

••••••••••••••
"ဗိသုကာကြီး...ဒီဂူသချိုင်းကြီးကို အခိုင်မာဆုံးဖြစ်အောင်သေသေချာချာလုပ်ပေးပါနော်"

"စိတ်ချပါ မိန်းကလေး...မရိုသေတာတော့မဟုတ်ပါဘူး
ဒီဂူသချိုင်းထဲမှာမြုတ်နှံထားတဲ့အလောင်းတွေဖုတ်ဝင်လာရင်တောင်
ုပြန်ထွက်နိုင်မှာမဟုတ်ဘူး"

ကျွန်မ ဒီအိမ်ကြီးရဲ့ခြံအနောက်ဘက်ကဥယာဉ် ထဲမှာဆောက်လုပ်နေတဲ့ ဂူသချိုင်းကိုသေချာကြပ်မတ်နေရင်း
ဘေးနားမှာရှိနေသောမြကြေးမှုံကိုကြည့်လိုက်သည်။

"ဘယ်လိုလည်းမြကြေးမှုံရှင့်အစီအရင်ကစိတ်ချရပါ့မလား"

"ကျွန်မအသစ်ပြုလုပ်မယ့်ကျိန်စာအတွက်စိတ်မပူနဲ့ထားနွယ်
သူတို့ရဲ့ရုပ်အလောင်းတွေကို ဂူသချိုင်းအောက်ရဲ့ဆယ်ပေအကွာမြုပ်နှံထားတာမြုပ်နှံပြီးတစ်ပေခြားဆီမှာဒေါက်တာသူရနောင်အတွက်အသက်ပေးဆပ်ထားတဲ့ အပျိုစင်တွေရဲ့အရိုးပြာရှိတယ်....တကယ်လို့တစ်စုံတစ်ယောက်က
ဂူသချိုင်းကိုတူးဖော်ခဲ့ရင်...မြေအလွှာရဲ့တစ်ပေရောက်တိုင်းသေဆုံးသွားတဲ့အပျိုစင်တွေရဲ့နှောက်ယှက်ခြင်းကိုခံရလိပ်မယ်...အသက်ဝင်နေတဲ့မိစ္ဆာဆီကိုရောက်ဖို့
စိတ်နာနေတဲ့အပျိုစင်ဆယ်ယောက်ရဲ့ဝိဥာဉ်ကိုကျော်ဖြတ်ရမှာပဲ"

••••••••••••••
သူနိုးထလာတော့...သူရဲ့မျက်လုံးထဲမှာအရာအားလုံးမဲမှောင်နေတာကိုမြင်လိုက်ရသည်။သူကြိုးစားပြီးထလိုက်တော့သူ့ကို...ပိတ်ဆို့ထားတဲ့အဖြစ်ကိုသိလိုက်ရသည်။

"ငါငါ..ခေါင်းတလားထဲမှာရောက်နေတာပဲ...ထားနွယ်...ထားနွယ်
မြကြေးမှုံ....မြကြေးမှုံ ...ငါ့ကိုလာဖွင့်ပေးကြစမ်း....ငါအသက်ရှင်နေသေးတယ်"

သူရုန်းကန်ရင်းထုနှက်လိုက်တော့ သူ့အပေါ်ကိုမြေမှုန့်တွေကျလာတာကိုမြင်လိုက်ရပြီးသူရောက်နေတဲ့နေရာဟာမြေကြီးထဲမှာဆိုတာချက်ချင်းသိလိုက်ရသည်။သူ့ကိုအရှင်
လတ်လတ်မြေမြုပ်ခံရပြီဆိုတာသိလိုက်ရသည်။

"ငါ့ကိုဖွင့်ပေးကြစမ်း.....ငါ့ကိုဖွင့်ပေးကြစမ်း......."
•••••••••••••••••

"ဘွားဘွား....ဘွားဘွား.....သမီးအိမ်နောက်ဖေးမှာမောင်လေးနဲ့ဆော့နေတုန်း...ဂူထဲကနေ
အသံကြားလိုက်ရတယ်...ငါ့ကိုဖွင့်ပေးစမ်းဆိုလားပဲ"

"သမီး...ဘွားဘွားကဧည့်သည်နဲ့စကားပြောနေတယ်လေမနှောက်ယှက်ရဘူး"

ကျွန်မဆီသို့ပြေးဝင်လာတဲ့မြေးဖြစ်သူကိုကြည့်ပြီး...
ကျွန်မပြုံးမိလိုက်သည်။

"ဟုတ်လား သမီး....အဘွားမြေးဖြစ်သူကိုဘာမှာထားလဲသချိုင်းနဲ့ပတ်သက်လို့"

"ဘွားဘွားကမှာထားတယ်...သချိုင်းကိုမဖျက်ဆီးနိုင်အောင်သမီးတို့ကစောင့်ရှောက်ရမယ်
သချိုင်းထဲမှာစိတ်ထားကောင်းတဲ့ဘွားဘွားကြီးလှဲလျောင်းနေတယ်
တကယ်လို့သချိုင်းကိုဖျက်ဆီးမိရင်...သချိုင်းထဲကနေ သေခြင်းမဲ့မိစ္ဆာနိုးထလာပြီး အရာအားလုံးကိုဖျက်စီးပစ်လိပ်မယ်"

"သမီးက အကုန်မှတ်မိတာပဲ ကဲသား မြေးလေးကိုခေါ်သွားလိုက်တော့ အမေ...ဖယဧည့်သည်ကိုဧည့်ခံလိုက်ဦးမယ်"

မြေးဖြစ်သူနဲ့သားဖြစ်သူထွက်သွားမှကျွန်မ...သူမဘက်ကိုလှည့်လိုက်သည်။

"ရှင့်မြေးလေးကသိပ်ကိုစကားတတ်တာပဲ..ဒေါ်ထားနွယ်
နှစ်ပေါင်းခြောက်ဆယ်အကြာထိသချိုင်းကိုစောက်ရှောက်ခဲ့တဲ့
ရှင့်ကိုတော့လေးစားမိပါတယ်...ရှင်မရှိတဲ့နောက်ပိုင်း
ဂူသချိုင်းကိုရှင့်မျိုးဆက်တွေစောင့်ရှောက်နိုင်ပါ့မလား"

"ဒါတော့ဒေါ်မြကြေးမှုံရဲ့ကျိန်စာကိုယုံကြည်ရမှာပဲ
ဒေါ်မြကြေးမှုံကျိန်စာရှိနေသ၍ ဂူသချိုင်းကိုဖျက်ဆီးဖို့လွယ်ကူမှာမဟုတ်ဘူး"

ကျွန်မတီးတိုးရေရွတ်လိုက်ပြီး...အေးချမ်းစွာလဲလျောင်းနေတဲ့မမလေးရဲ့ဂူသချိုင်းတဲ့က သေခြင်းမဲ့မိစ္ဆာအတွက်..ပြန်လည်နိုးမထနိုင်ခွင့်ကိုသာဆုတောင်းနေမိပါတော့သည်။

ပြီးပါပြီ

စာဖတ်သူအပေါင်းရွင်လန်းကြပါစေ

စာ​​ရေးသူ =သျှင်သွေးသုတအားလေးစားလျက်

Credit:

*ေသျခင္းမဲ့မိစာၦ* ••••••••••••• (စ\ဆုံး) °°°°°°° ႏွစ္ရွည္ခံစားလာရသည့္ေရာဂါေဝဒနာေၾကာင့္မၾကာခင္ ဝင္သက္ထြက္သက္ရပ္တန္႔ေတာ့မည့္ ႀကီးႀကီး ကိုၾကည့္ၿပီး လူနာနံေဘးမွာ မ်က္ရည္အျပည့္နဲ႔ထိုင္ေနေသာ မမေလးကို ကြၽန္မကိုယ္ခ်င္းစာမိသည္။ႀကီးႀကီးကိုၾကည့္ရသည္မွာလည္း မ်က္စိသူငယ္နားသူငယ္နဲ႔က်န္ခဲ့မည့္ မမေလးအေပၚစိတ္မခ်ျဖစ္ေနပုံရသည္။ "ေမေမ သမီးကိုစိတ္ခ်လိုက္ပါေတာ့ သမီးေဒါက္တာသူရေနာင္နဲ႔ လက္ထက္ပါေတာ့မယ္" ေနာက္ဆုံးမွာေတာ့ ႀကီးႀကီးက မမေလးအတြက္ စိတ္ခ်သြားပုံရသြားၿပီး ႀကီးႀကီးရဲ႕ခႏၲာကိုယ္ၿငိမ္က်သြားကာ မမေလးရဲ႕ရႈိက္ငိုသံကိုကြၽန္မၾကားလိုက္ရသည္။မမေလးနည္းတူကြၽန္မမ်က္ဝန္းမွာလည္းမ်က္ရည္အျပည့္နဲ႔ပင္။ ••••••••••••••••• "ဒီေန႔ကစၿပီးျမတ္ႏိုးက ကိုႀကီးဇနီးျဖစ္သြားၿပီဆိုေတာ့ အရာရာတိုင္းမွာတစ္ေယာက္ကိုတစ္ေယာက္ ႐ိုင္းပင္းၿပီးေနထိုင္ရေတာ့မယ္ ကိုႀကီးအေပၚမွာဘာမွလန္႔စရာရွိန္စရာလည္းမလိုဘူးဟုတ္ၿပီလား" "ဟုတ္ကဲ့ ကိုႀကီး ကြၽန္မကိုႀကီးအေပၚမွာ ဇနီးေကာင္းတစ္ေယာက္ရဲ႕ဝတၱရားေက်ႁပြန္ေစရပါမယ္" မမေလးထက္ အသက္ ထက္ဝက္မွ်ပင္ႀကီးေသာေဒါက္တာသူရေနာင္ကိုၾကည့္ၿပီးကြၽန္မသက္ျပင္းခ်မိသည္။ ေဒါက္တာသူရေနာင္က အသက္ငယ္ၿပီးအိေျႏၵသိကၡာရွိေသာမိန္းမေခ်ာေလးကိုရထားေသာေၾကာင့္ဝမ္းသာေနဟန္တူသည္။ ကြၽန္မေတာ့မိဘကိုငဲ့ကြက္ၿပီးလက္ထက္လိုက္ရေသာမမေလးကိုၾကည့္ၿပီးစိတ္မေကာင္းျဖစ္မိသည္။ "ကဲထားႏြယ္ နင့္မမေလးကိုအေပၚထပ္ကအခန္းမွာအနားယူဖို႔ေခၚသြားလိုက္ ဒီေန႔သူေတာ္ေတာ္ပင္ပန္းေနမွာ" "ဟုတ္ကဲ့ ဆရာ" မမေလးကေတာ့ ေဒါက္တာသူရေမာင္ကို ိုကိုႀကီးဟုေခၚေဝၚၿပီးကြၽန္မကေတာ့ဆရာဟုသာေခၚသည္။ ထိုေနာက္ပင္ပန္းမူ႔ေၾကာင့္ႏြမ္းနယ္ေနေသာမမေလးကိုေခၚကာအေပၚထပ္သို႔တတ္လာခဲ့သည္။ •••••••••••••• "ထားႏြယ္ရယ္ အခ်ိန္ျပည့္ငါ့ကိုကေလးတစ္ေယာက္လိုေစာင့္ၾကည့္မေနပါနဲ႔ စိတ္သက္သက္သာသာေနစမ္းပါ" မွန္တင္ခုံေရွ႕မွာအလွျပင္ေနေသာ မမေလးျမတ္ႏိုးက ကြၽန္မအားမွန္ထဲကေနလွမ္းၾကည့္ၿပီးေျပာလိုက္သည္။ "နင္စိုးရိမ္ေနတာငါသိတယ္ ငါကေမေမ့ေၾကာင့္အိမ္ေထာင္ျပဳလိုက္ရတယ္ဆိုၿပီး ဒီအိမ္ေထာင္ေရးမွာစိတ္မခ်မ္းမသာျဖစ္ေနမွာကို နင္စိုးရိမ္ေနတာမဟုတ္လား" "မဟုတ္ဘူးလားမမေလး ကြၽန္မေလ မမေလး စိတ္မေကာင္းျဖစ္မွာစိုးလို႔မေမးတာ" မမေလးက ကြၽန္မဘက္သို႔လွည့္ကာၿပဳံးျပလိုက္သည္။ "တကယ္ေတာ့ ေဒါက္တာသူရေနာင္က ေမေမေရာဂါအသည္းအသန္ျဖစ္ေနတဲ့အခ်ိန္တုန္းက ငါတို႔မိသားစုအေပၚအမ်ားႀကီးေကာင္းခဲ့တယ္ေလ ဒီေတာ့ေမေမ့အေနနဲ႔ ေဒါက္တာနဲ႔မွငါ့ကိုစိတ္ခ်ႏိုင္မယ္ဆိုတာ ငါသိေနတယ္ ငါ့အေနနဲ႔လည္း ေဒါက္တာက အယုံၾကည္ရဆုံးမို႔သူနဲ႔လက္ထက္ဖို႔ဆုံးျဖတ္လိုက္တာပဲ" မမေလးဘယ္လိုပဲေျပာေနေပမယ့္ကြၽန္မကေတာ့ မမေလးကိုပဲသနားေနမိသည္။ "ကဲမမေလးနားေတာ့ေနာ္" မမေလးကိုႏႈတ္ဆက္ၿပီး ကြၽန္မေအာက္သို႔ဆင္းလာခဲ့သည္။ ေလွကားအဆင္းေရာက္ေတာ့ ဧည့္ခန္းထဲမွာ စကားေျပာသံတခ်ိဳ႕ကိုၾကားလိုက္ေရိသ္ာေၾကာင့္ေဒါက္တာသူရေမာင္တစ္ေယာက္ဧည့္သည္နဲ႔စကားေျပာေနတာကိုကြၽန္မသိလိုက္ရသည္။ "ကြၽန္မ ဒီလုပ္ရပ္ကိုမလုပ္ခ်င္ဘူး ဦးသူရေနာင္ ကြၽန္မတို႔ဘိုးဘြားစဥ္ဆက္ ဒီအိမ္မွာ ကြၽန္သဖြယ္လုပ္ေပးခဲ့ၿပီပဲ ကြၽန္မတို႔ကိုလြတ္လပ္ခြင့္ေပးသင့္ၿပီထင္တယ္" ႐ုတ္တရက္ၾကားလိုက္ရေသာအသံေၾကာင့္ကြၽန္မစိတ္ဝင္တစားျဖစ္သြားၿပီးဧည့္ခန္းအတြင္းသို႔ေခ်ာင္းၾကည့္လိုက္ေတာ့ ကြၽန္မအ႐ြယ္မိန္းကေလးတစ္ဦးကိုျမင္လိုက္ရၿပီး သူမရဲ႕မ်က္လုံးမ်ားကသိမ္းစြန္ပမာစူးရွတာကိုသတိထားမိသည္။ သူမအေနနဲ႔ဘယ္လိုျပသနာမ်ိဳးရွိလို႔အခုလိုေဒါက္တာသူရေမာင္နဲ႔ အေခ်အတင္ျဖစ္ရသလဲဆိုတာကြၽန္မစိတ္ဝင္စားမိသည္။ ကြၽန္မကန္႔လန္႔ကာအကြယ္ေနာက္ကေနအသာေလးနားစြင့္ေနမိသည္။ "ဒီမယ္ကေလးမ မင္းတို႔မိသားစုစားဝတ္ေနေရးေျပလည္ဖို႔ကစၿပီး မင္းအဘြားနာေရးကိစၥၿပီးသည္အထိငါေထာက္ပံ့ေပးထားတာေနာ္ မင္းငါ့ကိုဆန္႔က်င့္ဖို႔ဆိုလက္ေလ်ာ့လိုက္ေတာ့ကေလးမ" "ရွင္ဟာလူသားစိတ္မရွိေတာ့ဘူးဆိုတာကြၽန္မသိပါတယ္ ကြၽန္မတို႔မိသားစုလည္းရွင့္ေၾကာင့္က်ိန္စာသင့္ေနရၿပီ တစ္ခုေတာ့မွတ္ထားပါတခ်ိန္ခ်ိန္မွာ ဒီအတြက္ရွင္ျပန္ေပးဆပ္ရလိပ္မယ္" စိတ္ဆိုးမာန္ဆိုးျဖင့္မ်က္ရည္အျပည့္နဲ႔ထြက္သြားေသာထိုမိန္းကေလးကိုၾကည့္ၿပီးေဒါက္တာသူရေနာင္နဲ႔ထိုမိန္းကေလးၾကားမွာႀကီးမားတဲ့ပတ္သက္မႈ႕တစ္ခုရွိလိပ္မည္ဟုကြၽန္မထင္မိလိုက္သည္။ ••••••••••••••••• ထမင္းစားစားပြဲေပၚတြင္အရာမယြင္းပဲရွိေနေသာ မမေလးရဲ႕ထမင္းစားပြဲကိုၾကည့္ၿပီး ကြၽန္မစိတ္ညစ္သြားသည္။ ေဒါက္တာသူရေမာင္တို႔အိမ္ကိုေရာက္ၿပီးေျခာက္လအတြင္း မမေလးသိသိသာသာအစားနည္းလာတာ ေတြ႕လာရသည္။အစားအေသာက္ပ်က္လာျခင္းနဲ႔အတူ မမေလးကိုၾကည့္ရသည္မွာလူမမာတစ္ေယာက္လိုပင္အၿမဲလိုလိုျဖဴ ေဖ်ာ့ႏြမ္းနယ္ေနတာကိုလည္းသတိျပဳမိသည္။ "စားလို႔မဝင္ဘူးလား မမေလး ကြၽန္မဆန္ျပဳတ္ျပဳတ္ေပးရမလား မမေလးအိမ္ေထါင္က်ၿပီးေနာက္ပိုင္းအစားနည္းလာတယ္ေနာ္ အပ်ိဳဘဝတုန္းကဆိုစားေကာင္းေသာက္ေကာင္းနဲ႔" မမေလးကကြၽန္မအား ေဖ်ာ့ေတာ့စြာၿပဳံးၾကည့္လိုက္သည္။ "ငါစားခ်င္စိတ္မရွိလို႔ပါေအ ညည္းကိုႀကီးေရွ႕က်စကားေျပာနည္းနည္းဆင္ျခင္ေပး ငါ့အတြက္နဲ႔ကိုႀကီးစိတ္အေႏွာက္အယွက္မျဖစ္ေစခ်င္ဘူး" ေဒါက္တာသူရေနာင္အေပၚ စိတ္ပူေနေသာမမေလးကိုၾကည့္ၿပီးကြၽန္မသက္ျပင္းခ်မိသည္။ တကယ္ေတာ့ေဒါက္တာသူရေနာင္က မမေလးအေပၚအရမ္းဂ႐ုစိုက္တာကိုကြၽန္မသိသည္။ မမေလးကိုယ္တိုင္ကိုကခ်ဴခ်ာေနတာပဲလို႔ကြၽန္မေအာက္ေမ့ထားသည္။ "ကဲငါစာၾကည့္ခန္းထဲသြားလိုက္ဦးမယ္ ငါ့အတြက္ေကာ္ဖီလာပို႔ေပးထားႏြယ္ ဒါနဲ႔ညည္းဆရာျပန္မလာေသးဘူးလား" "မလာေသးဘူးမမေလး ဆရာ့အေပၚအရမ္းလႊတ္မထားနဲ႔ေနာ္ မမေလး ဆရာကအခုတေလာအရမ္းကိုျပင္ဆင္လာတာ အရင္ကထက္ပိုႏုပ်ိဳလာသလိုပဲ ေနာက္ၿပီးအထူးသျဖင့္ ဟိုျမေၾကးမႈံဆိုတဲ့အမ်ိဳးသမီးနဲ႔တပူးတြဲတြဲနဲ႔ ထားႏြယ္ေတာ့သူတို႔ႏွစ္ေယာက္ကိုသိပ္မသကၤာဘူး" မမေလးက ကြၽန္မရဲ႕စိတ္ပူပန္မႈ႕ကိုအသိအမွတ္ျပဳသည့္ဟန္ျဖင့္ၾကည့္လိုက္သည္။ "ေလွ်ာက္မေျပာပါနဲ႔ထားႏြယ္ရယ္ ညည္းဆရာရဲ႕ဂုဏ္သတင္းက်ဆင္းပါ့မယ္ ကိုႀကီးကိုငါယုံတယ္သူကအဲ့ဒီလိုလူစားမဟုတ္ဘူး" ေဒါက္တာ့အေပၚကာကြယ္ေပးေနေသာမမေလးကိုၾကည့္ၿပီး ထိုေယာက္်ားအေပၚကို မမေလးကသံေယာဇဥ္အစစ္နဲ႔တြယ္တာေနၿပီဆိုတာကြၽန္မရိပ္စားမိလိုက္သည္။ မမေလးအတြက္ေကာ္ဖီေဖ်ာ္ရန္ထြက္မသြားမီမွာ မမေလးရဲ႕လက္ေကာက္ဝတ္ေသြးျပန္ေၾကာအနီးမွာပလာစတာတစ္ခုကပ္ထားတာကိုကြၽန္မျမင္လိုက္ရၿပီးထိတ္လန္႔သြားမိသည္။ "မမေလးရဲ႕လက္ကဘာျဖစ္တာလဲထားႏြယ္မသိရပါလား'' "ေၾသာ္ ဘာမွမျဖစ္ဘူးထားႏြယ္ မေန႔ညက ကိုႀကီးအေၾကာေဆးသြင္းေပးထားတာ..ငါအရမ္းအားနည္းေနတဲ့ပုံေပါက္ေနလို႔တဲ့" မမေလးပုံစံက တကယ္ပဲအားနည္းေနသည့္ပုံေပါက္ေနတာေတာ့အမွန္ပင္။ ဆရာဝန္ခင္ပြန္းတစ္ေယာက္ရွိေနတဲ့သူအေပၚ ကြၽန္မစိုးရိမ္စိတ္ဝင္မိေနတာကိုေတြးမိၿပီး ရယ္ခ်င္မိသည္။ မမေလးစိတ္ႀကိဳက္ေကာ္ဖီတစ္ခြက္ကိုေဖ်ာ္ၿပီးစာၾကည့္ခန္းထဲကိုယူေဆာင္လာသည့္အခ်ိန္မွာေတာ့ မမေလးတစ္ေယာက္စာ႐ြက္စာတမ္းမ်ားၾကားမွာအလုပ္ရႈပ္ေနတာကိုျမင္လိုက္ရသည္။ "မမေလး အဲ့ဒါဘာစာ႐ြက္ေတြလဲဟင္" ကြၽန္မသိလိုစိတ္နဲ႔ေမးလိုက္မိသည္။ ကြၽန္မကစာအတန္အသင့္တတ္ေသာေၾကာင့္မမေလးဆီမွာရွိေနေသာစာ႐ြက္ေတြဟာ စာခ်ဳပ္တစ္ခ်ိဳ႕ဆိုတာေတာ့သိသည္၊၊ "ညည္းကိုေနာက္မွေျပာမယ္လို႔စိတ္ကူးထားတာ အခုမွေတာ့မထူးေတာ့ဘူး ေျပာလိုက္ေတာ့မယ္ ညည္းငါ့အေပၚအမတစ္ေယာက္လိုသေဘာထားတာငါသိတယ္ေလ ငါ့အေနနဲ႔ဒီကိစၥကိုမ်က္ကြယ္မျပဳႏိုင္ဘူး....ကိုႀကီးဆီကလည္းခြင့္ျပဳခ်က္ေတာင္းၿပီးၿပီ ညည္းကိုငါ့ညီမအျဖစ္တရားဝင္ေမြးစားေတာ့မယ္ထားႏြယ္" မမေလးစကားကိုၾကားၿပီးကြၽန္မဘာမွ်ျပန္မေျပာႏိုင္ေအာင္ဆြံ႕အသြားမိသည္။ ကြၽန္မအႏွစ္ႏွစ္ကာလကတည္းကေတာင့္တခဲ့ေသာအစ္မတစ္ေယာက္ကိုမၾကာခင္ရေတာ့မွာမဟုတ္ပါလား။ မ်က္ရည္မ်ားျဖင့္စို႐ႊဲေနေသာမ်က္ႏွာႏွင့္အတူမမေလးဆီသို႔ေျပးဝင္လာမိသည္။ မမေလးရဲ႕ရယ္သံကတစ္ခန္းလုံးသို႔ျပန္႔ႏွံသြားခဲ့သည္။ •••••••••••• ကြၽန္မ...ဆန္ျပဳတ္ပန္းကန္ကိုယူၿပီးမမေလးအခန္းဆီသို႔လာရင္းမမေလးအခန္းထဲမွာလူရိပ္တစ္ခုကိုျမင္လိုက္ရေသာေၾကာင့္ေျခလွမ္းတစ္စုံမွာအလိုလိုရပ္တန္႔သြားသည္။ "ေၾသာ္ဆရာျပန္ေရာက္ေနၿပီပဲ...." ဦးသူရေနာင္ကိုျမင္မွကြၽန္မျပန္လွည့္ထြက္မည္အျပဳ ဦးသူရေနာင္၏မသကၤာစရာေကာင္းေသာအျပဳအမူေၾကာင့္ကြၽန္မစိတ္ထင့္သြားမိသည္။မမေလးကေတာ့အိပ္ရာထက္မွာ အိပ္ေပ်ာ္ေနၿပီး ကိုသူရေနာင္က မမေလးေဘးမွာေဆးထိုးအပ္တစ္ေခ်ာင္းကိုကိုင္ထားတာကိုျမင္လိုက္ရသည္။ထို႔ေနာက္မမေလးရဲ႕ေသြးျပန္ေၾကာမွတဆင့္ ေသြးတခ်ိဳ႕ကိုေဆးထိုးအပ္နဲ႔စုပ္ယူေနတာကိုျမင္လိုက္ရသည္။ "ဟင္....ဦးသူရေနာင္က ဒီေလာက္အားနည္းေနတဲ့မမေလးဆီကေန ဘာလို႔ေသြးေတြယူေနရတာလဲ" ကြၽန္မထိတ္လန္႔စြာျဖင့္တီးတိုးေရ႐ြတ္လိုက္ၿပီး အခန္းထဲကျပန္ထြက္လာေတာ့မည့္ ဦးသူရေနာင္၏အရိပ္အျခည္ကိုျမင္ေသာေၾကာင့္ကြၽန္မဆင္းေျပးလာခဲ့သည္။ထိုေနာက္ဦးသူရေနာင္က ထိုးေဆးထိုးအပ္ကိုစကၠဴ အိပ္ထဲသို႔ထည့္ကာဧည့္ခန္းဘက္သို႔ထြက္သြားတာကိုျမင္လိုက္ရသည္။ကြၽန္မတိတ္တဆိတ္လိုက္သြားၿပီးေခ်ာင္းၾကည့္လိုက္ေတာ့ ဧည့္ခန္းထဲမွာျမေၾကးမႈံကိုျမင္လိုက္ရသည္။ဦးသူရေနာင္က ျမေၾကးမႈံနဲ႔စကားအနည္းငယ္ေျပာၿပီးေနာက္ဆုံးမွာေတာ့မမေလးေသြးပါသည့္စကၠဴအိတ္ကိုေပးလိုက္တာကိုျမင္လိုက္ရသည္။ ••••••••••••• "ထားႏြယ္...ဒီေငြေတြကိုျမေၾကးမႈံတို႔အိမ္သြားၿပီးေပးေပးစမ္းနင္သူအိမ္သိတယ္မဟုတ္လားၿမိဳ႕စြန္မွာေလ" မမေလးေပးလိုက္ေသာစာအိတ္ကိုယူၿပီး မေန႔ကကိစၥမမေလးကိုေျပာသင့္မေျပာသင့္စဥ္းစားေနမိသည္။ "မမေလးက အခုတေလာခ်ဴခ်ာတယ္ဆိုေတာ့ မမေလးရဲ႕ေသြးကိုယူၿပီးေဆးစစ္ဖို႔လည္းျဖစ္ႏိုင္တာပဲ ငါမေသခ်ာေသးပဲမမေလးကိုမေျပာသင့္ေသးဘူး" ကြၽန္မစိတ္ထဲကေနေရ႐ြတ္လိုက္ၿပီး ျမင္းလွည္းငွါးကာျမေၾကးမႈံတို႔အိမ္ရွိရာသို႔ထြက္လာခဲ့သည္။ျမေၾကးမႈံကိုတိုက္႐ိုက္ေမးၾကည့္ရင္ေကာင္းမလားဟုလာလမ္းတစ္ေလ်ာက္ေတြးေနမိသည္။ျမေၾကးမႈံတို႔အိမ္ေရွ႕ေရာက္ေတာ့ အိမ္တံခါးက စိ႐ုံစိထားတာမို႔ကြၽန္မအလိုက္သင့္ေလးဝင္သြားၿပီးျမေၾကးမႈံအားဟစ္ေခၚလိုက္သည္၊၊ "မျမေၾကးမႈံ ...အမျမေၾကးမႈံ အမအိမ္ထဲမွာရွိလား" သူမတို႔ဧည့္ခန္းထဲေရာက္သည္အထိမည္သူကိုမွ်မေတြ႕ရေပ။ကြၽန္မဧည့္ခန္းထဲမွာထိုင္ေစာင့္ေနမိသည္။ထိုင္ေစာင့္ေနရင္းမွာပင္မနက္ကစားလာသည့္ပဲႀကီးဆူးပုတ္ခ်က္တန္ခိုးေၾကာင့္ကြၽန္မငိုက္ျမည္းလာခဲ့ၿပီးေနာက္ဆုံးကြၽန္မကိုယ္ကြၽန္မသတိမထားႏိုင္ေတာ့ပဲဧည့္ခန္းထဲမွာအိပ္ေပ်ာ္သြားမိသည္။အိပ္မက္ထဲမွာျမေၾကးမႈံကကြၽန္မအားတေက်ာ္ေက်ာ္ဟစ္ေခၚေနတာကိုေတြ႕လိုက္ရသည္။ "ထားႏြယ္....ထားႏြယ္....နင္ငါေခၚတာကိုၾကားရလား" "ဟုတ္အမ ေၾကးမႈံ မမေလးကအမအတြက္ဒါေလးလာပို႔ခိုင္းလို႔အမ" စာအိတ္ကိုေပးဖို႔ျပင္လိုက္ေတာ့ကြၽန္မလက္ထဲမွာမရွိေတာ့။ဧည့္စားပြဲေပၚမွာမ်ားတင္ထားသလားလွမ္းၾကည့္လိုက္ေတာ့ျမင္လိုက္ရေသာအရာေၾကာင့္ကြၽန္မလန္႔ဖ်န္႔သြားမိသည္။ျမင္လိုက္ရသည္က ကြၽန္မနဲ႔လုံးဝတူညီေသာကိုယ္ပြားတစ္ခုဧည့္ခန္းထဲမွာအိပ္ေပ်ာ္ေနတာကိုျမင္လိုက္ရေသာေၾကာင့္ျဖစ္သည္။ "မလန္႔နဲ႔ထားႏြယ္ နင့္ခတၱခဏဝိဥာဥ္လြင့္ေနတာပဲ..နင္တို႔အေနနဲ႔အိပ္မက္မက္ေနတယ္ထင္မွာ..ဒါေတြထားလိုက္စမ္းပါငါ့ကိုတစ္ခုေလာက္ကူညီေပးပါဦးအရင္ဆုံးငါနဲ႔လိုက္ခဲ့" ကြၽန္မကက်န္ရစ္ေနေသာခႏၲာကိုယ္ႀကီးကိုၾကည့္ၿပီးျမေၾကးမႈံေနာက္လိုက္သြားမိသည္။အခန္းတစ္ခုရဲ႕တစ္ေနရာေရာက္ေတာ့ျမေၾကးမႈံကအခန္းထဲသို႔လက္ညိဳးထိုျပသည္။ "ဒီအခန္းထဲမွာ ငါ့ခႏၲာကိုယ္ရွိတယ္ ငါလိပ္ျပာလြင့္တဲ့အတတ္ကိုက်င့္ေနတာၾကာၿပီ ဒီေန႔ငါအမွားအယြင္းအနည္းငယ္လုပ္မိသြားတယ္ထားႏြယ္...ငါခႏၲာကိုယ္ထဲငါျပန္ဝင္လို႔မရဘူးျဖစ္ေနတယ္...နင့္အေနနဲ႔ငါ့ကိုကူညီေပးမယ္မဟုတ္လား" "ကြၽန္မ..ကြၽန္မကဘယ္လိုကူညီေပးရမွာလဲ" "လြယ္လြယ္ေလး ခဏေနနင္အိပ္မက္ကေနႏိုးထလာတဲ့အခါဒီအခန္းထဲဝင္ၿပီးငါ့ခႏၲာကိုယ္ကိုလႈပ္ႏႈိးေပး႐ုံပဲ" ျမေၾကးမႈံကိုၾကည့္လိုက္ေတာ့သူမတကယ့္ကိုအကူအညီလိုအပ္ေနဟန္တူတာကိုေတြ႕ရသည္။ဒီအခြင့္အေရးကိုကြၽန္မေကာင္းေကာင္းအသုံးခ်ရမည္ျဖစ္သည္။ "ကြၽန္မကူညီေပးလို႔ရပါတယ္ ဒါေပမယ့္ရွင္ကြၽန္မကိုကတိတစ္ခုေပးရမယ္" "ဘာကတိလဲ...ငါတတ္ႏိုင္သမွ်ေပးမယ္" "ရွင္ႏိုးလာရင္ ....ကြၽန္မေမးတဲ့ေမးခြန္းကိုမလိမ္မညာပဲမွန္မွန္ကန္ကန္ေျဖဆိုေပးရမယ္ဆိုတဲ့ကတိပဲ" ျမေၾကးမႈံေခါင္းကိုၿငိမ့္လိုက္မွကြၽန္မေက်နပ္သြားၿပီး အိပ္ေနရာကေနႏိုးထလာခဲ့သည္။ကြၽန္မဧည့္ခန္းထဲမွာထိုင္ရင္းအိပ္မက္အေၾကာင္းစဥ္းစားကာအေပၚထပ္သို႔တတ္လာၿပီးအခန္းထဲဝင္လိုက္ေတာ့လူတစ္ေယာက္အိပ္ရာထဲမွာလဲေလ်ာင္းေနတာကိုျမင္လိုက္ရသည္။ျမေၾကးမႈံပင္ျဖစ္သည္။ကြၽန္မသူမကိုအသာေလးလႈပ္ႏိုးလိုက္ေတာ့သူမမ်က္လုံးမ်ားပြင့္လာတာကိုျမင္လိုက္ရသည္။ "ကဲ...မင္းငါ့ကိုေမးမယ့္ေမးခြန္းကဘာလဲ ထားႏြယ္" ••••••••••••••• "မေန႔က...ဆရာကိုသူရေနာင္ပစၥည္းတစ္ခုရွင့္ကိုေပးလိုက္တာကြၽန္မသိတယ္ အဲ့ဒီပစၥည္းက..မမေလးရဲ႕ေသြးဆိုတာလည္းကြၽန္မသိတယ္ ကြၽန္မသိခ်င္တာက အဲ့ဒီေသြးနဲ႔ရွင္တို႔ဘာလုပ္ဖို႔ႀကံစည္ေနသလဲဆိုတာပဲ" ကြၽန္မစကားၾကားေတာ့ ျမေၾကးမႈံထိတ္လန္႔သြားပုံရသည္။ကြၽန္မမ်က္ႏွာကိုအလန္႔တၾကားၾကည့္လိုက္ၿပီး "ရွင္ဘယ္လိုလုပ္ၿပီးသိတာလဲ...ရွင္ေတာ့ရွင့္ေသတြင္းရွင္တူးမိတာပဲ ေဒါက္တာသူရေနာင္သာ ရွင္သိသြားတဲ့အေၾကာင္းၾကားရင္ လူမသိသူမသိေလာကႀကီးကေနေပ်ာက္ကြယ္သြားရမယ့္စာရင္းထဲမွာရွင္ပါသြားမွာအေသအခ်ာပဲ" "ကြၽန္မဂ႐ုမစိုက္ပါဘူး ကြၽန္မသိခ်င္တဲ့ေမးခြန္းကိုသာေျဖေပးပါရွင္ကတိမပ်က္ပါဘူးေနာ္" ျမေၾကးမႈံကကကြၽန္မမ်က္ႏွာကိုတစ္ခ်က္ၾကည့္ကာသက္ျပင္းခ်လိုက္သည္။ "စုန္းကတိပဲ ကြၽန္မတည္ရမွာေပါ့...ရွင္ေဒါက္တာသူရေနာင္ကိုသတိထားမိမွာေပါ့ သူတစ္ေန႔တျခားႏုပ်ိဳလာတာကိုေလ" ကြၽန္မေခါင္းၿငိမ့္ျပလိုက္သည္။ "တကယ္ေတာ့ ေဒါက္တာသူရေနာင္ဟာ...ဘယ္လိုႏုပ်ိဳေအာင္လုပ္လို႔ရမယ့္နည္းလမ္းကိုသိထားတယ္ထားႏြယ္ လြန္ခဲ့တဲ့ႏွစ္ေပါင္းႏွစ္ရာေက်ာ္က...ကြၽန္မတို႔မ်ိဳးႏြယ္ဟာ...ၿမိဳ႕စားတစ္ေယာက္ဆီမွာအမႉ႔ေတာ္ထမ္းခဲ့ဖူးတယ္...အဲ့ဒီၿမိဳစားဟာ ေလာကစည္းစိမ္ေတြၾကားမွာယဇ္မူးၿပီးအသက္အ႐ြယ္ရလာတဲ့အခ်ိန္မွာေတာ့ေသဆုံးရမွာကိုေၾကာက္႐ြံလာခဲ့တယ္ အဲ့ဒီမွာေလာကဓမၼတာကိုဆန္႔က်င္ဖို႔အတြက္..ကြၽန္မတို႔အမ်ိဳးအႏြယ္ကိုအကူအညီေတာင္းခဲ့တယ္ အဲ့ဒီၿမိဳ႕စားရဲ႕အေထာက္အပံ့ကိုယူထားရတဲ့ကြၽန္မတို႔မ်ိဳးႏြယ္ဟာ သူ႔ရဲ႕အကူအညီေတာင္းခံမႈ႕ကိုမျငင္းဆန္ႏိုင္ခဲ့ဘူး။အဲ့ဒါေၾကာင့္ပဲ သူ႔ကိုႏုပ်ိဳေစမယ့္အစီအရင္ကိုေျပာေပးခဲ့တယ္...အဲ့ဒီအစီအရင္ေၾကာင့္ပဲ...ကြၽန္မတို႔မိသားစုဟာကြၽန္က်ိန္စာသင့္ခဲ့တယ္ထားႏြယ္" "ေနပါဦး အဲ့ဒါနဲ႔ မမေလးရဲ႕ေသြးနဲ႔ဘယ္လိုပက္သက္ေနလို႔လဲ" ျမေၾကးမႈံကေနာင္တရေနေသညမ်က္ႏွာထားျဖင့္ကြၽန္မကိုၾကည့္လိုက္သည္။ "ႏုပ်ိဳေစမယ့္အစီအရင္အတြက္ အပ်ိဳစင္ရဲ႕ေသြးကိုယဇ္အစီအရင္လုပ္တဲ့အခါမွာလိုအပ္တယ္ ဒါေၾကာင့္ရွင့္မမေလးရဲ႕ေသြးဟာ အစီအရင္အတြက္အဓိကပစၥည္းပဲ" "ဒါဆိုေဒါက္တာသူရေနာင္တို႔မ်ိဳးဆက္ဟာဒီနည္းကိုအသုံးျပဳၿပီးနာပ်ိဳခ်င္းနည္းလမ္းကိုရွာေနတာေပါ့ ဒီၾကားထဲမွာ အပ်ိဳစင္မိန္းကေလးဘယ္ႏွစ္ေယာက္ေတာင္ဆုံးရႈံးသြားၿပီလဲ" "ရွင့္မမေလးမတိုင္ခင္ အပ်ိဳစင္ဆယ္ေယာက္ရွိသြားၿပီထားႏြယ္ေနာက္ၿပီး.....ေဒါက္တာသူရေနာင္တို႔ဟာမ်ိဳးဆက္မရွိေသးဘူးဘာလို႔လဲဆိုေတာ့ လြန္ခဲ့တဲ့ႏွစ္ေပါင္းႏွစ္ရာေက်ာ္ကၿမိဳ႕စားဟာေဒါက္တာသူရေနာင္ ိကိုယ္တိုင္ ိျဖစ္ေနလို႔ပဲ" ••••••••••••••• ကြၽန္မစကားကိုအံ့ၾသဟန္မျပေတာ့တဲ့ မမေလးအေပၚကြၽန္မအံ့ၾသမိသည္။ေသခ်ာတာတစ္ခုကမမေလးတစ္ခုခုကိုသိေနတာပင္ျဖစ္သည္။ "မမေလး...မေၾကာက္ဘူးလား ေဒါက္တာသူရေနာငိကမမေလးကိုအသုံးခ်ၿပီးႏုပ်ိဳျခင္းေတြကိုရယူေနတာေလ" "ငါသိပါတယ္ထားႏြယ္ရယ္...ကိုႀကီးငါ့ေသြးေတြယူေနတာငါမသိပဲေနပါ့မလား နင္မသိတာတစ္ခုက..ငါကိုယ္တိုင္ေက်နပ္စြာေပးဆပ္ခ်င္ေနတာပဲ" ကြၽန္မေနာက္ဆုံးမွာေတာ့မမေလး ေဒါက္တာသူရေနာင္အေပၚစစ္မွန္တဲ့ခံစားခ်က္တစ္စုံတစ္ရာရွိေနတာကိုသိလိုက္ရပါတယ္။ဒါေပမယ့္ ေဝဖန္ပိုင္းျခားႏိုင္စြမ္းရွိတဲ့မမေလးကိုကြၽန္မသတိေပးဖို႔လိုအပ္ၿပီဟုေတြးမိလ်ဳက္သည္။ "မမေလး ေဒါက္တာသူရေနာင္အေပၚထားတဲ့ခံစားခ်က္ကိုကြၽန္မနားလည္ပါတယ္ ဒါေပမယ့္စဥ္းစားၾကည့္ပါမမေလး မမေလးအရွိတဲ့ေနာက္ပိုင္းသူ႔ရဲ႕ႏုပ်ိဳမႈ႕အတြက္ေနာက္ထပ္အပ်ိဳစင္ေတြဘယ္ေလာက္ေတာင္ဆုံးရႈံးမလဲဆိုတာမမေလးေတြးမိလား မမေလးခ်စ္တဲ့သူဟာ တျဖည္းျဖည္းမိစာၦအသြင့္သို႔ကူးေျပာင္းလာတာကိုမမေလးလိုခ်င္မွာမဟုတ္ဘူး" "မွန္တယ္ထားႏြယ္....အဲ့ဒီအတြက္ငါစဥ္းစားထားၿပီးသားပါ နည္းလမ္းတစ္ခုရွိတယ္ထားႏြယ္ ကိုႀကီးအေပၚစစ္မွန္တဲ့ႏွလုံးသားနဲ႔ခ်စ္တဲ့သူကိုစေတးရင္..ကိုႀကီးေနာက္ထပ္ အပ်ိဳစင္ေတြရဲ႕စေတးမႈ႕ကိုအသုံးမျပဳေတာ့ပဲ ထာဝရအသက္ကိုရလိပ္မယ္...ဒီအတြက္ငါ့ကိုယ္ငါစေတးရမယ္ထားႏြယ္ကိုႀကီးေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ေနရတာကိုတမလြန္ကေနရပ္ၾကည့္ေန႐ုံနဲ႔ငါေက်နပ္တယ္" ဆုံးျဖတ္ခ်က္ခ်ၿပီးေနတဲ့မမေလးကိုၾကည့္ၿပီးကြၽန္မဘာမွ်မေျပာသာေတာ့ေခ်။ကြၽန္မသံသယဝင္မိတာက ေဒါက္တာသူရေနာင္သာထာဝရအသက္ကိုပိုင္ဆိုင္သြားရင္သူ႔ရအလိုရမၼက္ႀကီးတဲ့ဗီဇကေဖ်ာက္ဖို႔လြယ္ကူပါ့မလားဆိုတာကိုပင္။ ••••••••••••• ယေန႔နဲ႔ဆိုမမေလးေသဆုံးသြားတာ ႏွစ္ရက္ရွိၿပီျဖစ္စည္။မမေလးရဲ႕႐ုပ္ကလာပ္ေရွ႕မွာၿငိမ္သက္စြာနဲ႔ပဲကြၽန္မထိုင္ေနမိသည္။ေဒါက္တာသူရေနာင္ကိုလွမ္းၾကည့္လိုက္ေတာ့ အပူ႐ုပ္ဟန္လုပ္ေနသည့္မ်က္ႏွာထားျဖင့္ ဧည့္သည္ေတြကိုဧည့္ခံေနရတာကိုျမင္ရသည္။ "ရွင့္မမေလး နာေရးၿပီးတာနဲ႔ရွင္ဒီအိမ္ကေနထြက္သြားသင့္တယ္ထား ႏြယ္ ေဒါက္တာသူရေနာင္က သူ႔လ်ိဳဝွက္ခ်က္ေတြသိေနတဲ့ရွင့္ကို ဒုကၡမေပးဘူးလို႔မေျပာႏိုင္ဘူး" "ကြၽန္မမမေလး ကိုကတိေပးထားတယ္ မမေလးေခါင္းခ်တဲ့ေနရာကေနတစ္ဖဝါးမွခြာမွာမဟုတ္ဘူး ျမေၾကးမႈံ" ကြၽန္မျမေၾကးမႈံကိုတစ္ခ်က္ တစ္ေလာကလုံးမွာသူတစ္ေယာက္တည္းပူေဆြးေနသလိုလုက္ေနသည့္ေဒါက္တာ့ကိုတစ္ခ်က္ၾကည့္လိုက္သည္။ "မမေလး ေသဆုံးၿပီးသုံးရက္ျပည့္တာနဲ႔ ေဒါက္တာသူရေနာင္က ခ်က္ခ်င္း...immortal ျဖစ္သြားမွာလားျမေၾကးမႈံ" "မဟုတ္ဘူး ထားႏြယ္ မမေလးေသဆုံးၿပီးသုံးရက္ေျမာက္မွာ ေပးဆပ္ျခင္းဝိဥာဥ္အစီအရင္အတြက္....ေဒါက္တာသူရေနာင္ သုံးရက္ေသဆုံးလိပ္မယ္....ေဒါက္တာေသဆုံးၿပီးသုံးရက္ေျမာက္မွာ မေသႏိုင္ေသာအသက္နဲ႔ျပန္လည္ႏိုးထလိပ္မယ္" ကြၽန္မ...ျမေၾကးမႈံကိုတစ္ခ်က္စူးစိုက္ၾကည့္လိုက္ၿပီးေနာက္ "ေဒါက္တာ ျပန္လည္ႏိုးထလာတဲ့အခါရွင့္ကိုလြတ္ေျမာက္ခြင့္ေပးမယ္လို႔ကတိေပးထားတ္ာထင္တယ္...ရွင္သူ႔စကားကိုယုံလားဒါမွမဟုတ္ ရွင္တို႔မ်ိဳး႐ိုးစဥ္ဆက္သင့္ေနတဲ့ကြၽန္က်ိန္စာကေနတကယ္လြတ္ေျမာက္ခ်င္လားျမေၾကးမႈံ" ျမေၾကးမႈံကကြၽန္မကိုပေဟဠိဆန္စြာၾကည့္လိုက္တာကိုကြၽန္မျမင္လိုက္ရသည္။ ••••••••••••• "ဒီကိစၥကိုလုံးဝသေဘာမတူဘူး မိန္းကေလး..ေဒါက္တာသူရေနာင္မဆုံးခင္ဦးတို႔ၿမိဳ႕ခံရပ္မိရပ္ဖေတြကိုေသခ်ာမွာ သြားတယ္ တကယ္လို႔သူေသဆုံးခဲ့ရင္သူ႔အေလာင္းကိုခုႏွစ္ရက္တိတိမသၿဂိဳလ္ပဲထားေပဖို႔အတန္တန္ေျပာခဲ့တာ..မိန္းကေလးထားႏြယ္" "ရပ္မိရပ္ဖေတြရဲ႕သေဘာတရားကိုကြၽန္မနားလည္ပါတယ္ မမေလးရဲ႕အျဖစ္ကိုေဒါက္တာခံစားေနရတာကိုလည္းရပ္မိရပ္ဖေတြျမင္ရမွာပါ....အခုဆိုမမေလးနဲ႔ေဒါက္တာေရွ႕ဆင့္ေနာက္ဆင့္ကြယ္လြန္တာႏွစ္ရက္ေတာင္ရွိသြားၿပီမဟုတ္လား..ဆရာဝန္ကလည္းေဒါက္တာေသဆုံးသြားေၾကာင္းအတည္ျပဳၿပီးသြားၿပီပဲ...မမေလးအေပၚတန္ဖိုးထားတဲ့ကြၽန္မရဲ႕ဆႏၵကိုလိုက္ေလ်ာေပးၾကဖို႔ကြၽန္မပန္ၾကားခ်က္တာပါရွင့္" ကြၽန္မခယေတာင္းပန္ေနေပမယ့္..သူတို႔ကေတာ့အျပင္းအထန္ျငင္းဆန္ေနၾကဆဲပင္ျဖစ္သည္။ "ေဒါက္တာကေသခ်ာကိုမွာသြားတာ မိန္းကေလးထားႏြယ္ ေဒါက္တာရဲ႕အေလာင္းကိုခုႏွစ္ရက္ျပည့္ေအာင္ထားရလိပ္မယ္" "အားလုံးကိုကြၽန္မေတာင္းပန္ပါရေစ...မမေလးရဲ႕အေလာင္းကယေန႔နဲ႔ဆိုငါးရက္ရွိသြားၿပီ ရာသီဥတုကအခုတေလာေျပာင္းလဲလာတာေၾကာင့္ မမေလးရဲ႕႐ုပ္ကလာပ္ကို ခ်က္ခ်င္းဂူသြင္းမွျဖစ္မွာပါ....မမေလးနဲ႔ေဒါက္တာရဲ႕သံေယာဇဥ္ကိုရွင္တို႔လည္းသိတာပဲေလ မမေလးဟာ သူခ်စ္ရတဲ့သူနဲ႔ဘဝတေလ်ာက္လုံးေနခ်င္မွာပဲ ဒါေၾကာင့္....ေဒါက္တာ့ကိုမမေလးနဲ႔အတူဂူသြင္းျမဳပ္ႏွံရလိပ္မယ္ ေဒါက္တာနဲ႔မမေလးကြယ္လြန္ေတာ့ ဒီအိမ္ႀကီးရဲ႕အေမြဆက္ခံသူက မမေလးရဲ႕ညီမျဖစ္တဲ့ကြၽန္မကသာ ဆက္ခံခြင့္ရွိတာ ရွင္တို႔သိမွာပါ ကြၽန္မလက္ထက္မွာလည္း ..ဒီအိမ္ႀကီးကေနေထာက္ပံထားတဲ့ ရွင္တို႔ရဲ႕အဖြဲ႕အစည္းေတြကိုဆက္ လက္ေထာက္ပံ့ေပးမွာမို႔ ကြၽန္မေျပာတာကိုေလးေလးနက္နက္စဥ္းစားေပးဖို႔ဆႏၵျပဳပါတယ္ရွင့္" •••••••••••••• "ဗိသုကာႀကီး...ဒီဂူသခ်ိဳင္းႀကီးကို အခိုင္မာဆုံးျဖစ္ေအာင္ေသေသခ်ာခ်ာလုပ္ေပးပါေနာ္" "စိတ္ခ်ပါ မိန္းကေလး...မ႐ိုေသတာေတာ့မဟုတ္ပါဘူး ဒီဂူသခ်ိဳင္းထဲမွာျမဳတ္ႏွံထားတဲ့အေလာင္းေတြဖုတ္ဝင္လာရင္ေတာင္ ုျပန္ထြက္ႏိုင္မွာမဟုတ္ဘူး" ကြၽန္မ ဒီအိမ္ႀကီးရဲ႕ၿခံအေနာက္ဘက္ကဥယာဥ္ ထဲမွာေဆာက္လုပ္ေနတဲ့ ဂူသခ်ိဳင္းကိုေသခ်ာၾကပ္မတ္ေနရင္း ေဘးနားမွာရွိေနေသာျမေၾကးမႈံကိုၾကည့္လိုက္သည္။ "ဘယ္လိုလည္းျမေၾကးမႈံရွင့္အစီအရင္ကစိတ္ခ်ရပါ့မလား" "ကြၽန္မအသစ္ျပဳလုပ္မယ့္က်ိန္စာအတြက္စိတ္မပူနဲ႔ထားႏြယ္ သူတို႔ရဲ႕႐ုပ္အေလာင္းေတြကို ဂူသခ်ိဳင္းေအာက္ရဲ႕ဆယ္ေပအကြာျမဳပ္ႏွံထားတာျမဳပ္ႏွံၿပီးတစ္ေပျခားဆီမွာေဒါက္တာသူရေနာင္အတြက္အသက္ေပးဆပ္ထားတဲ့ အပ်ိဳစင္ေတြရဲ႕အ႐ိုးျပာရွိတယ္....တကယ္လို႔တစ္စုံတစ္ေယာက္က ဂူသခ်ိဳင္းကိုတူးေဖာ္ခဲ့ရင္...ေျမအလႊာရဲ႕တစ္ေပေရာက္တိုင္းေသဆုံးသြားတဲ့အပ်ိဳစင္ေတြရဲ႕ေႏွာက္ယွက္ျခင္းကိုခံရလိပ္မယ္...အသက္ဝင္ေနတဲ့မိစာၦဆီကိုေရာက္ဖို႔ စိတ္နာေနတဲ့အပ်ိဳစင္ဆယ္ေယာက္ရဲ႕ဝိဥာဥ္ကိုေက်ာ္ျဖတ္ရမွာပဲ" •••••••••••••• သူႏိုးထလာေတာ့...သူရဲ႕မ်က္လုံးထဲမွာအရာအားလုံးမဲေမွာင္ေနတာကိုျမင္လိုက္ရသည္။သူႀကိဳးစားၿပီးထလိုက္ေတာ့သူ႔ကို...ပိတ္ဆို႔ထားတဲ့အျဖစ္ကိုသိလိုက္ရသည္။ "ငါငါ..ေခါင္းတလားထဲမွာေရာက္ေနတာပဲ...ထားႏြယ္...ထားႏြယ္ ျမေၾကးမႈံ....ျမေၾကးမႈံ ...ငါ့ကိုလာဖြင့္ေပးၾကစမ္း....ငါအသက္ရွင္ေနေသးတယ္" သူ႐ုန္းကန္ရင္းထုႏွက္လိုက္ေတာ့ သူ႔အေပၚကိုေျမမႈန္႔ေတြက်လာတာကိုျမင္လိုက္ရၿပီးသူေရာက္ေနတဲ့ေနရာဟာေျမႀကီးထဲမွာဆိုတာခ်က္ခ်င္းသိလိုက္ရသည္။သူ႔ကိုအရွင္ လတ္လတ္ေျမျမဳပ္ခံရၿပီဆိုတာသိလိုက္ရသည္။ "ငါ့ကိုဖြင့္ေပးၾကစမ္း.....ငါ့ကိုဖြင့္ေပးၾကစမ္း......." ••••••••••••••••• "ဘြားဘြား....ဘြားဘြား.....သမီးအိမ္ေနာက္ေဖးမွာေမာင္ေလးနဲ႔ေဆာ့ေနတုန္း...ဂူထဲကေန အသံၾကားလိုက္ရတယ္...ငါ့ကိုဖြင့္ေပးစမ္းဆိုလားပဲ" "သမီး...ဘြားဘြားကဧည့္သည္နဲ႔စကားေျပာေနတယ္ေလမေႏွာက္ယွက္ရဘူး" ကြၽန္မဆီသို႔ေျပးဝင္လာတဲ့ေျမးျဖစ္သူကိုၾကည့္ၿပီး... ကြၽန္မၿပဳံးမိလိုက္သည္။ "ဟုတ္လား သမီး....အဘြားေျမးျဖစ္သူကိုဘာမွာထားလဲသခ်ိဳင္းနဲ႔ပတ္သက္လို႔" "ဘြားဘြားကမွာထားတယ္...သခ်ိဳင္းကိုမဖ်က္ဆီးႏိုင္ေအာင္သမီးတို႔ကေစာင့္ေရွာက္ရမယ္ သခ်ိဳင္းထဲမွာစိတ္ထားေကာင္းတဲ့ဘြားဘြားႀကီးလွဲေလ်ာင္းေနတယ္ တကယ္လို႔သခ်ိဳင္းကိုဖ်က္ဆီးမိရင္...သခ်ိဳင္းထဲကေန ေသျခင္းမဲ့မိစာၦႏိုးထလာၿပီး အရာအားလုံးကိုဖ်က္စီးပစ္လိပ္မယ္" "သမီးက အကုန္မွတ္မိတာပဲ ကဲသား ေျမးေလးကိုေခၚသြားလိုက္ေတာ့ အေမ...ဖယဧည့္သည္ကိုဧည့္ခံလိုက္ဦးမယ္" ေျမးျဖစ္သူနဲ႔သားျဖစ္သူထြက္သြားမွကြၽန္မ...သူမဘက္ကိုလွည့္လိုက္သည္။ "ရွင့္ေျမးေလးကသိပ္ကိုစကားတတ္တာပဲ..ေဒၚထားႏြယ္ ႏွစ္ေပါင္းေျခာက္ဆယ္အၾကာထိသခ်ိဳင္းကိုေစာက္ေရွာက္ခဲ့တဲ့ ရွင့္ကိုေတာ့ေလးစားမိပါတယ္...ရွင္မရွိတဲ့ေနာက္ပိုင္း ဂူသခ်ိဳင္းကိုရွင့္မ်ိဳးဆက္ေတြေစာင့္ေရွာက္ႏိုင္ပါ့မလား" "ဒါေတာ့ေဒၚျမေၾကးမႈံရဲ႕က်ိန္စာကိုယုံၾကည္ရမွာပဲ ေဒၚျမေၾကးမႈံက်ိန္စာရွိေနသ၍ ဂူသခ်ိဳင္းကိုဖ်က္ဆီးဖို႔လြယ္ကူမွာမဟုတ္ဘူး" ကြၽန္မတီးတိုးေရ႐ြတ္လိုက္ၿပီး...ေအးခ်မ္းစြာလဲေလ်ာင္းေနတဲ့မမေလးရဲ႕ဂူသခ်ိဳင္းတဲ့က ေသျခင္းမဲ့မိစာၦအတြက္..ျပန္လည္ႏိုးမထႏိုင္ခြင့္ကိုသာဆုေတာင္းေနမိပါေတာ့သည္။ ၿပီးပါၿပီ စာဖတ္သူအေပါင္း႐ြင္လန္းၾကပါေစ စာ​​ေရးသူ =သွ်င္ေသြးသုတအားေလးစားလ်က္ Credit:

No comments

Post a Comment