အောင်မြတ်သာနှင့် ဝိဉာဉ်လွှင့်သူငစနေ (စ/ဆုံး)
  အောင်မြတ်သာနှင့် ဝိဉာဉ်လွှင့်သူငစနေ (စ/ဆုံး) ---------------------------------------------------- ထန်းပင်ကုန်းကျေးရွာရှိ ဆေးကဝေအား နှိမ်န... thumbnail 1 summary
 အောင်မြတ်သာနှင့် ဝိဉာဉ်လွှင့်သူငစနေ (စ/ဆုံး)
----------------------------------------------------
ထန်းပင်ကုန်းကျေးရွာရှိ ဆေးကဝေအား နှိမ်နင်းပြီး.နောက်ပိုင်း ဆရာတပည့်နှစ်ယောက် ခြေဦးတည့်ရာ ခရီးဆက်ခဲ့ဖြစ်တယ်။
ဒီတစ်ခါ ခရီးစဉ်အလှည့်ကျတာကတော့ အနန်းရွာလို့ ခေါ်တဲ့ ရွာလေးတစ်ရွာပဲ။
အထက်ဆရာတွေရဲ့ ညွှန်ကြားချက်အရ အနန်းရွာ ဆိုတဲ့နေရာကို. ရထားတစ်တန်၊.ကားတစ်တန်နဲ့ ရောက်လာခဲ့တယ်။.
နေရာကား.မြန်မာပြည်အလယ်ပိုင်းက ရွာလေးတစ်ရွာ၊.တစ်ရွာလုံး.လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြပြီး၊.တစ်ရွာလုံးလဲ.ဘာသာရေးတရား.ကိုင်းရှိုင်းကြသည်။
ထိုရွာကလေးကို လာရတဲ့ အကြောင်းကို သက်ခိုင် စဉ်းစားမရဖြစ်နေတယ်။
ဘာကြောင့် ဒီလိုရွာကိုလာရတာလဲ။.ပညာသည်တွေလဲ မရှိတဲ့ရွာ။
အေးချမ်းတဲ့ရွာကို ဆရာဘာကြောင့်လာတာလဲ။
သက်ခိုင် တောင်တွေးမြောက်တွေးနဲ့ ရွာထဲသို်.ဝင်အလာ။
ရွာအဝင်ဝရောက်တာနဲ့...
ရွာထိပ်မှာရှိတဲ့ နတ်ကွန်ကနေ ဆံပင်တွေဖြူဖွေးနေတဲ့.အဘွားတစ်ယောက်ထွက်လာတယ်။
အောင်မြတ်သာက.အဆိုပါ.ပုဂ္ဂိုလ်ကိုတွေ့တော့ အရိုအသေပေးတယ်ဗျ။
ပြီးတော့.အဖွား.... အကူညီတောင်းထားတယ်ဆိုလို့ အထက်ဆရာတွေအမိန့်အရ ဒီကိုရောက်လာတာ။
ဒီရွာကကိစ္စတွေကို.အဖွားကိုပဲ.မေးရမှာပဲ။ ဘယ်လိုစဖြစ်တာလဲ.အဖွား။
ဒီ..ဒီ..လို.လိုပါ ပါ ဆ ဆ ရာ လေး.လေး....
တုန်တုန်ရင်ရင်စကားသံလေးနဲ့ အောင်မြတ်သာအား အကျိုးအကြောင်းပြောပြလေသည်။
သက်ခိုင်က သူတို့စကားပြောတဲ့အခါ ပါဋိဘာသာနဲ့.ပြောတဲ့အတွက် ဘာတွေပြောမှန်းလဲမသိရဘူး။
စကားပြောပြီးတော့.အဖွားအိုက.ရွာထိပ်က.နတ်ကွန်းထဲပြန်ဝင်သွားတော့မှာ.အောင်မြတ်သာက ရွာထဲဝင်လာခဲ့လိုက်တယ်။
......
ဆရာ.. ခုနက.ဘာပြောတာလဲ.
အဲဒီအဖွားအိုကကော.ဘယ်သူလဲ..ဆိုပြီး.သက်ခိုင်ကမေးတော့..
အောင်မြတ်သာက.
ခုနက အဖွားအိုက.ရွာတော်ရှင်မလေ..
သူက ဒီကျေးရွာအုပ်စုတစ်စုလုံးရဲ့ ခေါင်ချုပ်ပဲ။
သူအောက်မှာ ရွာခွဲတွေကို.အပိုင်စားရတဲ့ တပည့်တွေရှိတယ်။
သူကလူဘဝတုန်က အရမ်းအစွမ်းထက်တဲ့ ကဝေမြက်းပေါ့။
နောက်ပိုင်း သူထက်စွမ်းတဲ့ဆရာနဲ့တွေ့ပြီး သူ့ပညာတွေကို.ကောင်းတဲ့ဘက်မှာ.အသုံးချခဲ့တယ်။
နောက်သူသေတော့ ဒီရွာကိုစွဲတဲ့အစွဲနဲ့ မကျွတ်ဘူး။
သူကဒီရွာအပေါ် ကောင်းကျိုးတွေပေးခဲ့လို့ အထက်ပုဂ္ဂိုလ်တွေက သူ့ကိုအပိုင်စားပေးလိုက်တာ။
.....
သူကအရမ်းအစွမ်းထက်လို့လား ဆရာ..လို့မေးတော့..
အောင်မြတ်သာက ရယ်တယ်။
သူကြောင့်.ငါသေမလိုတောင်ဖြစ်ခဲ့ရတယ်။
ငါ့လက်ဦးဆရာ.ဦးတိက္ခ ကယ်ပေလို့ပဲ။
(ဦးတိက္ခနဲ့အောင်မြတ်သာ အကြောင်းအား.ဘုံဘဝမှာဖြင့်ဝတ္တုတွင်.ဖော်ပြထားပါသည်။)
...
ဗျာ.. ဒါဆို.ဒါဆို.ဒီ အဖွားနဲ့ ပညာပြိုင်ခဲ့တာ ဆရာပေါ့။
ဆရာက.သူ့ကို အစွဲချွတ်ခဲ့တာပေါ့။
အောင်မြတ်သာက ပြုံးပြီး..
ဟုတ်တယ်... လွန်ခဲ့တဲ့နှစ်များစွာက ဒီနယ်တစ်ဝိုက်မှာ ဆံဖြူကဝေမဆိုပြီး နာမည်ကြီးခဲ့တာ။
အရမ်းလဲဆိုးခဲ့တယ်။ သူပိုင်တဲ့ခြံတွေထဲက ပစ္စည်းတစ်ခုခု ခွင့်မတောင်းပဲ.ယူမိလို့ကတော့ အဲဒီလူ မသေမရှင်ဖြစ်အောင် လုပ်တော့တာပဲ။
အဲဒီအချိန် ငါကလဲ ပညာတတ်ခါစ ..
ငါ့ဆရာနဲ့ ဒီရွာဘေးကနေဖြတ်သွားရင်း သူနဲ့ပညာပြိုင်ကြတော့တာပဲ။
(အောင်မြတ်သာနဲ့ဆံဖြူကဝေမ ဝတ္တုအား.မကြာမီရေးသားဖော်ပြသွားပါမည်)
ကဲ.အဲဒါတွေထားပါလေ..
အခုပြဿ နာက အရေးကြီးတယ်။
.....
အခုက.ဘာပြဿ နာဖြစ်လို့လဲ ဆရာ
အိမ်း အခုက ပညာသည်လဲ မဟုတ်ဘူး...
အခုက လုမှုရေးပြဿ နာတစ်ခုပဲ
ဗျာ.... ဘယ်လိုများလဲဆရာ..
ဒီရွာကို ညညကျရင် လူငယ်ပိုင်း.ကောင်လေးတစ်ယောက်ရဲ့ ဝိဉာဉ်ရောက်ရောက်လာတယ်တဲ့။
ပြီးတော့ သူက ရွာမှာရှိတဲ့ မိန်းကလေးတွေ.အိပ်ပျော်တဲ့အချိန်..
အဲဒီမိန်းကလေးတွေရဲ့ စိတ်ဝိဉာဉ်တွေနဲ့ တွေ့ပြီး လူငယ်သဘာဝ ရည်ငံကြတာတဲ့။
အဲဒီလိုရည်ငံပြီးတဲ့နောက်ပိုင်း မိန်းကလေးတွေဟာ သူမှသူဖြစ်လာတယ်။
တစ်ချိန်လုံး သူ့ကိုတွေ့ချင်လာတယ်။
သူ့ကို.အိမ်မက်ထဲမှာပဲ တွေ့ရတာ။.ဒါပေမယ့် သူစိတ်ကြောင့် အဲဒီမိန်းကလေးတွေက တစ်မှိုင်မှိုင်.တစ်ထွေထွေဖြစ်လာကြတယ်။
အခုဆို တစ်ရွာလုံးက အပျိုဖော်ဝင်စ မိန်းမပျိုတွေကို သူက ပြုစားထားတာ။
ရွာတော်ရှင်မကကော.ဘာမှမလုပ်ဘူးလား။
သူ့ရွာသူပိုင်တာပဲ... သူလဲအစွမ်းထက်တာပဲ။
အိမ်း သူမလုပ်နိုင်တဲ့ အကြောင်းရှိတယ်။
အဲဒီလူငယ်က ဂိုဏ်တစ်ခုခုထဲဝင်ထားတဲ့ပုံပေါ်တယ်။
အဲဒီဂိုဏ်ရဲ့ လိပ်ပြာလွှင့်ကျင့်စဉ်ကို.အောင်မြင်ပြီး ခုလိုလုပ်တောင်နေတာဖြစ်လိမ့်မယ်။
သူ့မှာ ဂိုဏ်းဆေးခံ ရှိနေတာကြောင့် ရွာတော်ရှင်မကလဲ ဘာမှမလုပ်နိုင်ဘူး။
......
အဲဒီတော့ သက်ခိုင်...
မင်း သူ့ကိုတွေ့ရမယ်။ သူလိပ်ပြာနဲ့ မင်းလိပ်ပြာ ဆုံမှ သူလိပ်ပြာကြိုးကို.ဖြတ်တောက်ပစ်ရမယ်။
ငါတို့ဒီလိုမလုပ်ဘူးဆိုရင် ရွာကမိန်းကလေးတွေ သူစိတ်ကြောင့် ကြာလာရင် ရူးသွားလိမ့်မယ်။
.....
ဒါနဲ့ လိပ်ပြာလွှင့်တယ်ဆိုတာ.ဘယ်လိုမျိုးလဲဆရာ..
လိပ်ပြာလွှင့်တယ်ဆိုတာ.ကိုယ့်ရဲ့စိတ်ကို လိုသလိုစေခိုင်းလို့ရတဲ့ပညာပဲ။
ကိုယ်သွားချင်တဲ့နေရာ.သွားခိုင်းလို့ရတယ်။
ကိုယ်ရဲ့ခန္ဓာကိုယ်က.ဒီမှာရှိနေပေမယ့် သူရဲ့ဝိဉာဉ်က သွားချင်တဲ့နေရာ သွားနေတာ။
ဒီပညာကို အိန္ဒိယက ဆာဒူးကြီးတွေ၊ တိဘက်ပြည်က ဘုန်းတော်ကြီးတွေက အတော်တတ်ကျွမ်းကြတယ်။
လိပ်ပြာလွှင့်တာ မလွှင့်တတ်ရင် ခန္ဓာကိုယ်နဲ့ ဝိဉာဉ်ကို ချိတ်ဆက်ထားတဲ့ အပ်ချည်မျှင်ထက်တောင် သေးငယ်တဲ့ ကြိုးလေး ပြတ်တတ်တယ်။
အဲဒီကြိုးလေးနဲ့ ခန္ဓာကိုယ်ကိုချိတ်ထားတာ.ပြတ်သွားလို့ကတော့ ခန္ဓာကိုယ်ထဲ.ပြန်ဝင်မရတော့ဘူး။
အရမ်းအန္တရာယ်များတဲ့အလုပ်ပဲ။
......
အခုက မင်းရဲ့ ဝိဉာဉ်ကို လွှင့်ထုတ်ရမယ်။
တို့ ဒီညရွာပြင်ကနေပဲစောင့်မယ်။ လုပ်ရမယ့် လုပ်ဆောင်ချက်တွေကတော့...
သူမှာရှိတဲ့ ဂိုဏ်းအစွမ်းတွေကို.နှုတ်ယူရမယ်။
သူရဲ့ ဂိုဏ်းပိုင်ပုဂ္ဂိုလ်တွေကို.အကူညီတောင်းထားတယ်။
အထက်ဂိုဏ်းတွေရဲ အဓိကအချက်က.အရ်သေစာနဲ့ မိန်းမကိစ္စပဲ။
သူကအခု အမျိုးကောင်းသမီးတွေကို ခုလိုကြံစည်နေတော့ သူအထက်ဂိုဏ်းတွေက.သိရင် ခွင့်လွှတ်မှာမဟုတ်ဘူး။
သူဂိုဏ်းအစွမ်းမရှိတော့ရင် ရွာတော်ရှင်မက ကျန်တာဆက်လုပ်လိမ့်မယ်။
ငါတို့တာဝန်က သူဂိုဏ်းအစွမ်းတွေ ယူဖို့ပဲ။
ဒီည.စရအောင်...
....
မိုးချုပ်ခဲ့လေပီ..
ရွာကလေးကား.ငြိမ်သက်တိတ်ဆိတ်၍ တစ်ရွာလုံး.အိပ်ပျော်နေသယောင်ယောင်...
သက်ခိုင် ... မင်းစိတ်ကို.ငြိမ်အောင်ထားပြီး နေလိုက်...
ကျန်တာ.ငါဆက်လုပ်မယိ..
....
သက်ခိုင်လဲ တင်ပလ္လင်ခွေထိုင်ပြီး.စိတ်ကို.ငြိမ်အောင် တရားရှုမှတ်နေလိုက်တယ်။
သက်ခိုင် သတိထားမိတာက သူကိုယ်က လေအဟုန်လိုပေါ့ပါးလာတာကိုပဲ။
သတိရတော့ ဖြတ်ခနဲ.မျက်လုံးဖွင့်ကြည့်လိုက်တယ်။
အလို.သူခန္ဓာကိုယ်က သူဘေးမှာပါလား။
ငါ.ဝိဉာဉ်က.အပြင်ရောက်နေပါလား။
အဲဒီအချိန် နားထဲမှာ.သက်ခိုင် .. ဟိုလူလာနေပီဆိုတဲ့ ဆရာအသံ။
သက်ခိုင်လဲ ရွာထိပ်ဇရပ်ကနေဆင်းပြီး သစ်ပင်အောက်မှာ.ထိုင်နေလိုက်တယ်။
.....
လေအဝှေ့မှာ.နှာခေါင်းထဲတိုးဝင်လာတဲ့ အမွှေးနံ့
မကြာပါဘူး... ရွာထဲကိုဝင်လာတဲ့ လူတစ်ယောက်.
သက်ခိုင် မှင်သက်သွားတယ်။
ဝတ်ထားပုံတွေက တကယ်သူဌေးသားပုံစံ..
လူပုံစံက အရပ်မြင့်မြင့်.. နှာတံစင်းစင်း.. ဘန်ကောက်ပုဆိုး၊ လည်ကတုံးအပြာရောင်လက်ရှည်၊ လည်ပင်းမှာလဲ.မာဖလာပတ်ထားတဲ့ပုံစံက တကယ့်ကို ကြည့်ကောင်းတဲ့ သူပါလားလို့ သက်ခိုင်တွေးလိုက်တယ်။
......
ဘယ်လောက်တောင်.ရွာကိုလာနေလဲဆိုတာတော့ မသိဘူး။
ရွာထဲကခွေးတွေက သူ့ကိုတွေ့တာနဲ့ အမြီးလေးနှံ့ပြီးတော့ကို.ကြိုတာ။
ဟောင်ဖို့မပြောနဲ့ တအီအီနဲ့ အနားမှာပွတ်သပ်နေတာ။
ထိုသူကလဲ ရွာတော်ရှင် နတ်နန်းနားလဲ ရောက်ကော..
အမေကြီး ကျုပ်ကာလသားလှည့်လိုက်ဦးမယ်။
နေကောင်းတယ်မလား ဆိုပြီး ခပ်ထေ့ထေ့.လှမ်းရိသွားသေးတယ်။
သက်ခိုင်လဲ သူအနောက်ကနေ မယောင်မလည်နဲ့ လိုက်သွားလိုက်တယ်။
....
အဲဒီအချိန် ရွာလယ်က သရက်ပင်အောက်မှာ.ရပ်စောင့်နေတဲ့ မိန်းမပျိုတစ်ယောက်။
တစ်ကမ္ဘာလုံးသူတို့နှစ်ယောက်ပဲ ရှိတယ်အထင်နဲ့ ..
ထိုသူကလဲ မိန်းမပျိုလေးဆီအသွား...
သက်ခိုင်.. လက်ထဲကိုင်ထားတဲ့ အင်းချပ်လေးက.ဖြတ်ခနဲ ထိုသူဆီ ပြေးထွက်သွားတယ်။
ထိုသူဆီ ရောက်လုဆဲဆဲ အနောက်လှည့်ပီး.အင်းချပ်ကို လှမ်းဖမ်းလိုက်တာ။
ဟာ.. သက်ခိုင်.အံ့သြ သွားတယ်။
တော်တော်လျှင်တဲ့သူပါလား။
ထိုသူက အနောက်ဘက်လှည့်ပြီး... ဒီမှာမိတ်တွေ ကျုပ်အစထဲက ရိပ်မိသားပါ။ ရွာအဝင်ထဲက သတိထားမိတာ။
ကျုပ်အေးအေးဆေးဆေးနေတာကို.မနှောင့်ယှက်ပါနဲ့ဆိုပြီး.မိန်းမပျိုလေးရဲ့ လက်ကိုဆွဲကာ.ရွာအနောက်ဘက်သို့ အလှည့်..
သက်ခိုင်...ပိုက်ကွန်အချုပ်အင်းကိုသုံး ဆိုတဲ့အသံ.ကြားလိုက်ရတယ်။
သက်ခိုင်လဲ အင်းတစ်ချပ်ထုတ်ပြီး ထိုသူအပေါ် ပစ်လိုက်တာ.ထိုအင်းအပေါ်ကနေ ပိုက်ကွန်တွေကျလာပြီး.လူငယ်ကိုချုပ်ထားလိုက်တယ်။
....
လူငယ်က တစ်ချက်မဲ့လိုက်ပြီး သူကိုယ်မှာ ချည်နှောင်နေတဲ့ ကြိုးတွေကို ညှစ်ပြီးရုံးလိုက်တာ
ဖြတ်ခနဲ ဖြတ်ခနဲ ပြတ်ပြတ်ထွက်ကုန်တာ။
....
သက်ခိုင်.ဘာလုပ်ရမှန်း မသိတော့ဘူး..
အောက်လမ်းတွေနဲ့သာ.ပြိုင်ခဲ့ဖူးတဲ့ သက်ခိုင်..
ခုလို အထက်လမ်းဆရာချင်းပြိုင်ရတော့ ခြေမကိုင်မိ.လက်မကိုင်မိတွေ.ဖြစ်ကုန်ရော။
ထိုစဉ် အမှောင်ထဲကနေ လျောက်လာတဲ့.လူတစ်ယောက်..
သက်ခိုင်ကြည့်လိုက်တော့..
ဟာ.. ဆရာ..
သက်ခိုင်.အားတက်သွားတယ်။
ဘာလို့ဆိုတော့ အောင်မြတ်သာရောက်လာတာကိုး
သူ့နောက်မှာတော့ တုတ်ကောက်နဲ့.အဖိုးတစ်ဦး..
.....
လူငယ်လဲ.တုတ်ကောက်နဲ့ အဖိုးကိုမြင်တော့..
ဟာ.. ဆရာသခင်..ဆိုပြီး.ထွက်ပြေးဖို့အလုပ်.
ခြေထောက်တွေက လှုပ်မရအောင် မြေကြီးထဲက လက်တွေထွက်လာပြီး.ဆွဲချုပ်ထားတာ။
လူငယ်က ချွေးစေးတွေပြန်လာတယ်။
အဖိုးအိုက ...
ကဲ မောင်စနေ မင်းက.ပညာတွေကို.အလွဲသုံးစား.လုပ်တာပဲ။
ငါအဓိဌာန်ဝင်နေတုန်း မင်းလုပ်ချင်ရာ.လုပ်ခဲ့တာတွေအတွက် အပြစ်ဒဏ်ခံရတော့မှာပေါ့။
ကဲ.ရွာတော်ရှင်ရေ .. ကျုပ်တပည့်အတွက် အနူးညွတ်တောင်းပန်ပါတယ်။
ကျုပ်ဆုံးမတာညံံ့လို့ ခုလိုဖြစ်ရတာ။
နောက်အခုလိုမဖြစ်အောင် ကတိပေးပါတယ်။
ဒီက လူငယ်လေးအောင်မြတ်သာနဲ့. ဘေးက ကောင်လေးကိုလဲ.ကျေးဇူးတင်ပါတယ်။
ကဲ.ငစနေ မင်းပညာတွေကို ပြန်နှုတ်တယ်။ ငါတို့ဂိုဏ်းရဲ့ အဓိကပညတ်ချက်ဖြစ်တဲ့ သူများသားပျိုသမီးပျိုကို.ပညာဖြင့်လိမ်လည်လှည့်စားခြင်းဆိုတဲ့ အချက်ကို ကျူးလွန်ခဲ့မှုအတွက် ထိုင်သင့်တဲ့အပြစ်ဒဏ်ကို နှစ် ၅၀တိတိခံစားစေ။
ထိုအပြစ်မှ လွတ်မှသာ ငါတို့ဂိုဏ်းသို့ပြန်လာခွင့်ပေးတယ်။ဆိုပြီး ရွာအပြင်သို့ ထွက်သွားခဲ့တယ်။
လူငယ်ကိုကား. လူမဲဲမဲနှစ်ယောက်က.ချုပ်ပြီး အဖိုးအိုနောက်သို့ တစ်ဖြေးဖြေးချင်း....
သက်ခိုင် သတိရလာတော့ မနက်မိုးထိန်ထိန်လင်းနေပီ။
အောင်မြတ်သာက သက်ခိုင်ရေ.တို့တာဝန်ပြီးဆုံးပြီး နောက်တစ်နေကာခရီးဆက်ကြတာပေါ့လို့ပြောရင်း ..
ဦးတည်ရာမရှိသော.ခြေလှမ်းများဖြင့်
များမကြာမီ အနန်းရွာထဲမှာ အရူးတစ်ယောက်ကို တွေ့ရလေတော့သည်။
တစ်ကိုယ်လုံး.အရှိုးရာတွေနဲ့ ...ခေါင်းမှာလဲ သစ်ရွက်သစ်ခက်တွေပန်လို့..
ထိုသူကား... ? ? ?
လေးစားစွာဖြင့်
ဇေယန(ရာမည)
No comments
Post a Comment