လက်ပြတ်ကြီး(စ/ဆုံး)

  လက်ပြတ်ကြီး(စ/ဆုံး) °°°°°°°°°°°°°°° မူရင်း-ဆရာတာတေ ပြာသိုလလေဗျာ။ လွှတ်အေးတဲ့ လပေါ့။ ကျုပ် တို့အညာသားတွေ နှမ်းရိုးနဲ့ မီးလှုံကြတဲ့ လပေါ့ ဗျ... thumbnail 1 summary

 လက်ပြတ်ကြီး(စ/ဆုံး)

°°°°°°°°°°°°°°°

မူရင်း-ဆရာတာတေ

ပြာသိုလလေဗျာ။ လွှတ်အေးတဲ့ လပေါ့။ ကျုပ်
တို့အညာသားတွေ နှမ်းရိုးနဲ့ မီးလှုံကြတဲ့ လပေါ့
ဗျာ။ စောင်ခြုံလို့ လုံတာမှ မဟုတ်တာ။ မီးလှုံမှ
ကို နွေးတာဗျ။ ဝိုင်းထဲမှာ မီးလှုံကြရင်း အကြမ်း
ကလေးသောက်၊ လက်ဖက်ကလေးစား၊ ဆေး
လိပ်ကလေးဖွာ၊ဟိုအကြောင်း သည်အကြောင်း
ပြောကြနဲ့ ပြာသိုလရဲ့ အညာသားစည်းစိမ်ပဲ
ပေါ့ဗျာ။ ကျောက်ခဲနဲ့ သံမဏိကတော့ ကျုပ်
တို့ ဝိုင်းကို ညတိုင်းလာပြီး မီးလှုံတာဗျ။

လူတွေကြည့်လိုက်ရင် ခေါင်းစွပ်ကြီးတွေ
စွပ်လို့။ ဂွမ်းစောင်ကြီးတွေ ကိုယ်မှာပတ်လို့။
ခြေအိတ်ကလည်း စွပ်ကြရသေးဗျား။ ဒီည
တော့ ကျုပ်တို့ စကားပြောရင်း ကျုပ်က
ကျောက်ခဲနဲ့ သံမဏိကို သရဲ၊ တစ္ဆေမွေးတဲ့
အကြောင်း ပြောပြတာဗျ။

ကျုပ်ကြုံခဲ့ဖူးတဲ့ ဆိတ်ဖလူးပင်ကို ကြက်လည်
လှီးပြီး ကျလာတဲ့သွေး ခံစိုက်တဲ့ ကျုပ်တို့ရွာက
ကိုနီတာအကြောင်း၊ထောင်ထဲမှာ သေဒဏ်ချတဲ့
ကြိုးနဲ့ ခြံကာပြီး သရဲမွေးတဲ့ ကျုပ်တို့ထနောင်း
ကုန်းသား ဦးဘိုးထင်အကြောင်း၊ ဂျပန်သတ်
လို့ သေတဲ့ သူခိုးကြီးရဲ့ ဦးခေါင်းခွံကို ဆေးစီ
ရင်ပြီး သရဲမွေးတဲ့ ငွေတွင်းကုန်းက ကိုမင်းဒင်
တို့အဘိုး ဦးအိုအကြောင်းတွေ ပြောပြတာ
ပေါ့ဗျာ။

(ဒီအကြောင်းတွေကို ငနက်ကြီးရဲ့ဆရာ၊
စောရဦးခေါင်း၊ ကြိုးနဲ့ကာတဲ့ခြုံ ဆိုတဲ့ ဝတ္ထု
တွေမှာ ဖတ်ပါ)

ကျောက်ခဲနဲ့ သံမဏိဆိုတဲ့ကောင်တွေ လက်
ဖက်မစားဘဲ ငြိမ်ပြီးနားထောင်ကြတာဗျို့။

"ဟေ့ကောင် တာတေ၊ ခွေးကြည့်ပါဦးကွ"

"ဟင်…ဘယ်သူတုံးဗျ၊ ကျုပ်တို့အိမ်မှာ
ခွေးမှမရှိတာ"

"ဟေ…ဟုတ်လားကွ၊ ဒါဆိုရင် ဝင်ခဲ့ပြီဟေ့"

ညဘက်ကြီးလာတဲ့ ဧည့်သည်ဆိုလို့ ကျောက်
ခဲနှင့် သံမဏိပဲ ရှိတာဗျ။ ဘယ်သူတုံးဆိုတာ
ကျုပ်မတ်တတ်ရပ်ပြီး ကြည့်လိုက်တယ်။

"ကိုသိန်းမောင်ကြီးပါလား၊ ဘယ့်နှယ် အ
ချိန်မတော်ကြီး ရောက်လာရတာတုံး။ ၁၁
နာရီတောင် ထိုးပေါ့ ကိုသိန်းမောင်ရဲ့"

"ဟုတ်ပကွာ။ အရေးရှိတော့လည်း အချိန်
ရှိရတော့တာပ တာတေရာ"

"ဟင်…ဟုတ်လား ကိုကြီးသိန်းမောင်ရဲ့။
လာလေဗျာ၊ လာ…ဒီခုံမှာထိုင်ဗျ။ မီးလှုံရင်း
ပြောကြတာပေါ့။ ဒီပြာသိုက အတော်အေး
သားဗျနော"

"အေးတယ်ကွ တာတေရ။ အဘတို့၊ အရီး
တို့ကော နေကောင်းကြလား"

"ကောင်းတယ် ကိုကြီးသိန်းမောင်ရဲ့၊ စော
စောကပဲ အိမ်ပေါ်တက်သွားကြတာ"

ကျုပ်က နဂါးဆေးပေါ့လိပ်ကလေး မီးညှိပြီး
ကမ်းပေးလိုက်တယ်။ ကျုပ်တို့အရပ်ကတော့
နဂါးပဲ အသောက်များတာဗျ။ ဆေးပေါ့လိပ်
ကလေး တစ်ဖွာ၊နှစ်ဖွာ ဖွာလိုက်ပြီးမှ ကိုသိန်း
မောင်ကြီးက စကားကို စပြောဖို့ ပြင်တာဗျ။
ကိုကြီးသိန်းမောင်က ကျုပ်ထက် ဆယ်နှစ်
တော့ ကြီးမှာဗျ။အရပ်ပုပျပ်ပျပ်၊ဗလကောင်း
ကောင်းဗျ။ အိမ်ထောင်လည်း မပြုဘူး။ မိဘ
တွေကိုလုပ်ကျွေးနေတဲ့ လူပျိုကြီးဗျ။သဘော
မနောကလည်း လွှတ်ကောင်းတာဗျ။ ငွေတွင်း
ကုန်းသားတွေက ကိုသိန်းမောင်ကြီးဆို လွှတ်
ခင်ကြတာဗျို့။

"ပြောပါဦး ကိုကြီးသိန်းမောင်ရဲ့၊ ညဘက်
ကြီး ပေါက်ချတဲ့ ကိစ္စကို"

ကျုပ်ကပဲ စကားစပေးလိုက်တော့တာဗျို့။

"ငါတို့ရွာမှာတော့ ဗြောင်းဆန်နေပြီ
တာတေရေ"

"ဗျာ…ငွေတွင်းကုန်းမှာ ဗြောင်းဆန်နေပြီ
ဟုတ်လား၊ ဘာတွေဖြစ်လို့တုံးဗျ"

"သရဲကွ တာတေရ…သရဲ။ အိမ်ခေါင်မိုးတွေ
ပေါ် အုန်းခနဲ ခုန်ချ၊ခေါင်မိုးတွေပေါ် လျှောက်
ပြေး၊ အိမ်တွေထဲဝင်၊ ပစ္စည်းတွေ တွန်းချနဲ့ကွ"

"ဗျာ…ဘယ်လိုသရဲတုံးဗျ၊ လူကိုခြောက်တာ
လှန့်တာလည်း မဟုတ်ဘဲနဲ့"

"ခြောက်နေတာတော့ မဟုတ်လောက်ဘူးကွ"

"နို့ …ဘယ်အိမ်တွေကို ခုန်ချတာတုံး"

"ဒီညနဲ့ပါဆိုရင် သုံးညရှိပြီကွ၊ ရွာထဲကအိမ်
တွေစေ့တော့မယ်၊ အိမ်တိုင်းလို ရောက်လာ
ပြီး အိမ်ထဲတွေ ဝင်မွှေတော့တာပဲကွ၊ ငါတို့
ငွေတွင်းကုန်းသားတွေလည်း လန့်ဖျပ်ပြီး ရွာ
ကနေ ထွက်ပြေးရတော့မလိုကို ဖြစ်ကုန်ပြီ
ဟေ့"

ကိုကြီးသိန်းမောင်က စကားကို ခဏရပ်ပြီး
ဆေးလိပ်ဖွာတယ်ဗျ၊ ပြီးတော့မှ …

"ငါတို့အားလုံး တိုင်ပင်ထားတာကွ။ ဒီည
ဆက်ဖြစ်ရင်တော့ မင်းကို လာခေါ်မယ်ဆို
ပြီး စောင့်ကြည့်နေကြတာကွ။ ၉ နာရီလည်း
ထိုးရော ရွာအနောက်ပိုင်းမှာ ဖြစ်တော့တာ
ပဲကွာ။ ဒါနဲ့ လှည်းကောက်ပြီး မောင်းချလာ
တာကြ"

"ဟင်…ကိုကြီးသိန်းမောင် တစ်ယောက်တည်း
လာတာလား"

"မဟုတ်ဘူးကွ။ ငါ့တူနှစ်ယောက် ပါတယ်။
ဘထွေး စံမြတို့ဝိုင်းမှာ လှည်းဖြုတ်ပြီး ဒီ
ကောင်နှစ်ယောက် နေခဲ့တယ်။ ငါကသာ
မင်းအိပ်သွားမှာစိုးလို့ ခပ်သုတ်သုတ်ထွက်
လာခဲ့တာကြ"

ကျုပ်စဉ်းစားတယ်။ ဒါ ဘာဖြစ်တာလဲ
ပေါ့ဗျာ။

"ဒီကိစ္စ မဖြစ်ခင်က ကိုကြီးသိန်းမောင်တို့ရွာ
မှာ ထူးထူးခြားခြားဖြစ်တာ ဘာရှိတုံးဗျ"

"ဘာမှတော့ မဖြစ်ပါဘူးကွာ။ ဘိုးစံရင်ဆို
တဲ့အဘိုးကြီးတစ်ယောက် ဆုံးတာတော့
ရှိတယ်ကွ"

"နို့ …ဆုံးသွားတဲ့ ဘိုးစံရင်က ဘာတွေ ထူး
ခြားတာ ရှိတုံးဗျ"

"ဘာမှတော့ ထူးခြားတာ မရှိပါဘူးကွာ။
နှစ်လ၊ သုံးလလောက် အိပ်ရာထဲမှာ နာ
တာရှည်ဖြစ်ပြီး ဆုံးသွားတာပါ။ လူကြီးနာ
ပေါ့ တာတေရာ၊အသက်က ရှစ်ဆယ်လေ
ကွာ။ဘိုးစံရင်ကတော့ သရဲဖြစ်သွားတောင်
တစ်ရွာလုံး အုန်းဆန်အောင် ခြောက်မှာ
မဟုတ်ပါဘူးကွာ"

ကျုပ်ခေါင်းညိတ်လိုက်တယ်။

"အဲဒီ ဘိုးစံရင်က ငယ်ငယ်တုန်းက အထက်
လမ်းဆရာ ဘာတွေ လုပ်ဖူးလားဗျ၊ အထက်
လမ်းမဟုတ်လည်း အောက်လမ်းပေါ့ဗျာ"

"ဟာ.…မလုပ်ဖူးပါဘူးကွာ။ ဒါပေမဲ့ ဘိုးစံရင်
ငယ်ငယ်တုန်းကတော့ လက်ဝှေ့တွေဘာတွေ
ထိုးဖူးတယ်လို့ ပြောကြတယ်။ပြီးတော့ ဘိုးစံရင်က လက်ဖျံရိုးတစ်ချောင်းတည်းလို့ ပြော
တယ်ကွ။ လက်သီးအား ပြင်းတယ်ဆိုပဲ။ ဒါ
ကလည်း ငယ်ငယ်တုန်းက ထိုးတာဖြစ်မှာ
ပါ။ နောက်တော့လည်း ဘိုးစံရင်က ယာပဲ
လုပ်နေတာ တွေ့တာပါကွာ"

ကျုပ်လည်း ဘာမှမတွေးတတ်တော့ဘူးဗျ။

"မနက်ဖြန်တော့ မင်းကို တစ်ပါတည်းခေါ်ခဲ့
ဖို့ ရွာက လူတွေက သေသေချာချာ မှာလိုက်
တယ်ကွ တာတေရ။ တို့ရွာသားတွေက မင်း
ကို အတော်လေး အားကိုးကြတာကွ"

"ကျုပ်လိုက်ခဲ့မှာပေါ့ ကိုကြီးသိန်းမောင်ရာ၊
ဒါပေမဲ့ အဘတို့၊ အမေတို့က အိပ်သွားပြီ
ဆိုတော့ မနက်မှ အကျိုးအကြောင်းပြော
ရမှာဗျ။ ဒီတော့ မနက် ၉နာရီလောက်မှ
ထွက်ကြတာပေါ့ဗျာ။ ဘယ့်နှယ်တုံး…"

"ဟာ…တာတေကလည်း၊ ငါ့တာဝန်က
မင်းကို ပါအောင်ခေါ်ဖို့ပါ ဆိုနေကွာ။ မင်း
ကြိုက်တဲ့အချိန်သာ သွားကွာ။ မင်းလိုက်
လာရင် ပြီးတာပဲ "

"ဟုတ်ပြီ ဟုတ်ပြီ။ ဒါဆို ၉နာရီသွားမယ်ဗျာ"

"အေး…အေး၊ ဒါဆိုရင် ဒီကပဲ စောင့်နေ။
ငါ့လှည်းကို ဒီဝိုင်းအထိ မောင်းလာပြီး မင်း
ကို လာခေါ်မယ်။ကဲ ငါ သွားမယ် တာတေ။
ဘထွေးစံမြတို့ ငါ့ကို စောင့်နေကြမှာ"

ကိုကြီးသိန်းမောင်က ပြောပြောဆိုဆို ဝိုင်း
ဝကို ထွက်သွားရောဗျ။ ကျောက်ခဲနဲ့ သံမ
ဏိက ကျုပ်နဲ့ ဆက်ပြီး စကားပြောနေသေး
တာ။နာရီဝက်လောက်ကြာတော့မှ ဒီကောင်
နှစ်ကောင်လည်း ပြန်သွားရောဗျို့။

မနက်ကျတော့ အဘနဲ့ အမေ့ကို အကျိုး
အကြောင်းပြောပြီး ကိုကြီးသိန်းမောင်လှည်း
နဲ့ ငွေတွင်းကုန်းကို လိုက်ခဲ့တယ်။မီးလောင်
ကုန်းကနေ တောင်ကိုချိုးပြီး လှည်းလမ်းအ
တိုင်း လိုက်ချသွားရင် ငွေတွင်းကုန်းကို
လှည်းနဲ့ တစ်နာရီပဲ သွားရတာဗျ။

ငွေတွင်းကုန်းမှာက ကျုပ်သူငယ်ချင်းတွေ
အများချည်းဗျ။ အားလုံး လူခင်တွေချည်း
ပဲ။ ကျုပ်လိုက်လာတော့ တော်တော်ကို
ဝမ်းသာသွားကြတာဗျို့။

"ဟာ…တာတေ၊ မတွေ့တာတောင် ကြာပေါ့"

"ဟာ …တာတေက ပိုချောလာပါလားကွ"

"မဖဲဝါက တာတေကို ပီယဆေးပေးထားလား
မှ မသိတာ"

လှည်းပေါ်ကတောင် မဆင်းရသေးပါဘူးဗျာ၊
ငွေတွင်းကုန်းသားတွေ ကျုပ်ကို ဝိုင်းစကြပါ
ရောဗျာ။ လူခင်တွေဗျ။ချစ်ညိုတို့၊ ဝင်းမြင့်တို့၊
အောင်ဗလတို့ဆိုတဲ့ ကောင်တွေလေဗျာ။
ဟုတ်တော့ ဟုတ်လားဗျ။ ဒီကောင်တွေနဲ့
ကျုပ်နဲ့ မတွေ့တာ ကြာပေါ့။

"ဟကောင်…ချစ်ညိုရ၊ ကိုကြီးသိန်းမောင်
ပြောပါကောလားကွ။ မင်းတို့ရွာမှာ ညဘက်
ညဘက် သန်းခေါင်းစာရင်း လိုက်စစ်လို့ဆို"

ကျုပ်က လှည်းပေါ်ကဆင်းရင်း ချစ်ညိုကို
စလိုက်တာဗျ။

" ဟာ …တာတေရာ၊ သန်းခေါင်စာရင်းစစ်
ချက်ကတော့ကွာ။ ငါတို့မှာ ညဘက် ကောင်း
ကောင်းမအိပ်ရတာ နှစ်ည၊ သုံးည ရှိပြီကွ"

ကိုကြီးသိန်းမောင်တို့အိမ်ကနေ ကျုပ်ကို
လာစောင့်နေကြတာဗျို့။ ငွေတွင်းကုန်းက
ကာလသားတွေ ခြောက်ယောက်၊ ခုနှစ်
ယောက်လောက်ဗျ။ ကျုပ်ကို လာခေါ်တဲ့
ကိုကြီးသိန်းမောင်ရဲ့ တူနှစ်ယောက်က
လှည်းဖြုတ်ပြီး နွားတွေဆွဲသွားသဗျ။

"လာ…တာတေ၊ အိမ်ပေါ်တက်ရအောင်"

ကိုကြီးသိန်းမောင်တို့အိမ်က နှစ်ဆောင်ပြိုင်
ဗျ။ခေါင်နှစ်ခုနဲ့လေ။ လွှတ်ကျယ်တာပေါ့ဗျာ။
ဒီအိမ်မျိုးက ကျုပ်တို့အညာမှာ လူချမ်းသာ
တွေပဲ ဆောက်ကြတာပေါ့ဗျာ။ ခြေတံရှည်
အိမ်ကြီးရဲ့ အောက်ထပ်တစ်ခြမ်းကို တစ်
ထပ်လုပ်ပြီး ကျန်တဲ့တစ်ခြမ်းကတော့ ဒီအ
တိုင်း လွှတ်ထားတာဗျ။အဲဒီနေရာမှာတော့
ကျုပ်တို့အညာဓလေ့ပေါ့ဗျာ။

တန်းလျားနှစ်လုံး၊ စားပွဲတစ်လုံး၊ သစ်သား
ကုလားထိုင် သုံးလေးလုံး ချထားတာပေါ့ဗျာ။
သစ်သားလှေကားကြီးကနေ ကျုပ်တို့က အိမ်
ပေါ်ထပ်ကို တက်ခဲ့ကြတာပေါ့။ ငွေတွင်းကုန်း
က ကာလသားတွေလည်း တက်လိုက်လာ
ကြတယ်။ အိမ်ကြီးပေါ်ကလည်း ကျယ်ပါ့ဗျာ။

"လာဟေ့ …တာတေ၊ မင်းလည်း ငွေတွင်း
ကုန်းဘက် မရောက်လာတာ ကြာပေါ့"

ကိုကြီးသိန်းမောင်ရဲ့အဘ ဦးငွေတိုးဗျ။ ဘိုး
ငွေတိုးကြီးက ကျုပ်ကို လွှတ်ခင်တာဗျို့။

"ဟုတ်ပ အဘရယ်။ ကျုပ်လည်း အဘနဲ့
ယာထဲဆင်းနေရတာဗျို့"

"ဟာ…အေးပေါ့ကွ တာတေရ၊ မင်းက
တစ်ဦးတည်းသော သားလေကွာ။ မင်း
မလုပ်ရင် ဘယ်သူလုပ်မတုံး။ နို့ …ကို
ကြီးဥာဏ်တို့၊ အစ်မငွေစိန်တို့ နေကောင်း
ကြလား"

"ကောင်းပါတယ် အဘရဲ့"

"အေး…အေး၊ အဘက သတင်းမေးတယ်
လို့ ပြောလိုက်ပါကွာ"

"ဟုတ်ကဲ့ပါ အဘ၊ ကျုပ်ပြောလိုက်ပါ့မယ်"

"အေး…အေး၊ ထိုင်ပြီး အကြမ်းလေးဘာလေး
သောက်၊ ဆေးလိပ်လည်း သောက်ကွ"

"နို့ …အရီးကျော့ရော မမြင်ပါလား အဘ"

"ဟာ…တာတေရ၊ မင်းအရီး အနောက်ပိုင်း
သွားလို့ဟေ့။ အဲဒီမှာ ငသယ်တို့ ဝက်ပေါ်
တယ်ကြားလို့ ဝက်သားလေး ဘာလေး ဆုံ
ဖို့သွားတယ်ကွ။ မင်းအရီးက မင်းလာမယ်
ဆိုတာ သိလို့ပေါ့။ ငါ့တူတာတေ မလာတာ
ကြာပြီ၊ ရောက်သခိုက်မှာ ဝက်သားဟင်း
ကောင်းကောင်း ချက်ကျွေးရဦးမယ်လို့ပြော
ပြီး ထွက်သွားတာဟေ့။ မင်းအရီး လာခါနီး
ပါပြီ"

ကျုပ်နဲ့ ငွေတွင်းကုန်းသားတွေ အကြမ်းဝိုင်း
မှာ ဝိုင်းထိုင်မိကြတော့ ညက ကိစ္စတွေ ကျုပ်
ကို ပြောပြကြတာပေါ့ဗျာ။

"ညကတော့ ရွာအရှေ့ပိုင်းက စဖြစ်တာကွ
တာတေရ၊အရှေ့ပိုင်းက ဘိုးရွှေဝတို့ ဝိုင်းထဲ
က မန်ကျည်းပင်ကြီးပေါ်ကနေ အိမ်ခေါင်
မိုးပေါ်ကို ခုန်ချတာကွ။ 'အုန်း'ဆိုတဲ့ အသံ
ကြီးမှ အကျယ်ကြီးပါကွာ"

"ခုန်ချပြီးတော့ ဘာဆက်ဖြစ်တုံးဗျ"

"ဒီလိုလေကွာ။ပထမနှစ်ည ဆက်တိုက်ဖြစ်
သွားတော့ ငါ့တို့ရွာက ကာလသားတွေ ကင်း
တွဲပြီး ညကစ ကင်းစောင့်ကြတာလေကွာ။
ကင်းတစ်တွဲကို နှစ်ယောက်၊ နှစ်ယောက်တွဲ
ပြီး တစ်ယောက်က လောက်လေးခွနဲ့လောက်
စာလုံးအိတ် လွယ်လို့၊ နောက်တစ်ယောက်က ရေထမ်းပုံးနဲ့ တုတ်တစ်ချောင်းကိုင်လို့
ပေါ့ကွာ။ ညက အရှေ့ပိုင်းမှာ ကင်းကျတာ
က သာတင့်နဲ့ ငမောင်ကွ။

ဘိုးရွှေဝတို့ ခေါင်မိုးပေါ်ကို 'အုန်း'ဆို ခုန်ချ
လိုက်တဲ့အသံ ကြားတာနဲ့ ဒီကောင်နှစ်ကောင်
ပြေးလာပြီး တစ်ယောက်က လေးခွနဲ့ ရမ်းပစ်
တာပေါ့ကွာ။ တစ်ယောက်က သံပုံးကို ဒုန်း
ခနဲ ဒုန်းခနဲ မြည်အောင် ဆက်တိုက်တီးတာ
ဟေ့။ဒီတော့ အဲဒီကောင်က ဘိုးရွှေဝတို့ ခေါင်
မိုးပေါ်မှာ ဝုန်းခနဲ၊ ဝုန်းခနဲ မြည်အောင် ပြေး
တော့တာကွ။

ဘိုးရွှေဝတို့အိမ်ကနေ အရီးမယ်မြတို့အိမ်
ခေါင်ပေါ် အုန်းခနဲ ခုန်ကူးပြီး ဆက်ပြေး
တယ်။ နောက်တော့ ကိုဘခင်တို့ ခေါင်မိုး
ကို ခုန်ကူးပြီး ဆက်ပြေးပြန်တယ်။ သာ
မောင်တို့ကလည်း သံပုံးဆက်တိုက်တီးပြီး
လေးခွနဲ့ လိုက်ပစ်တော့တာဟေ့။

အရှေ့ပိုင်းက ဝုန်းဝုန်းဒိုင်းဒိုင်း အသံတွေ
ကြားတော့ ကျန်တဲ့ကင်းသမားတွေကလည်း
သံပုံးတွေတီး၊ အိမ်တွေကလည်း သံပုံးတွေ
တီးနဲ့ တစ်ရွာလုံးကို ညံသွားရောပေါ့ကွာ။ အဲ
ဒါလည်းပြီးရော ကိုသိန်းမောင်လည်း လှည်း
ကောက်ပြီး မင်းဆီ တန်းမောင်းတာပေါ့
တာတေရာ"

"ညက ဒီတစ်ခါပဲလား။ ထပ်ဖြစ်သေးလား"

"ဟာ…ဖြစ်ပါပြီလားကွ။ မိုးလင်းခါနီးအထိ
လေးခါထပ်ဖြစ်တယ်။ အနောက်ပိုင်းမှာဖြစ်
လိုက်၊တောင်ပိုင်းဖြစ်လိုက်၊ အလယ်ပိုင်းဖြစ်
လိုက်နဲ့ကွ။ တို့တစ်ရွာလုံးလည်း ညမအိပ်ရ
တာ သုံးညရှိပြီကွ"

ကျုပ်ကို ပြောပြနေတာက ကိုကြီးသိန်းမောင်
ရဲ့သူငယ်ချင်းဗျ။ ကိုကြီးကျော်စိန် ပြောပြတာ။
ကိုကြီးကျော်စိန်ကို ငွေတွင်းကုန်းသားတွေက
ကျော်စိန်လို့ခေါ်တဲ့သူ တစ်ယောက်မှ မရှိပါဘူး
ဗျာ။ 'ဒူးရှည်'လို့ပဲ ခေါ်ကြတာ။လူငယ်တွေက
လည်း သူ့ကို ကိုကြီးဒူးရှည်၊ ကိုကြီးဒူးရှည်ပဲ
ခေါ်ကြတာဗျ။ လူက ခြေရိုးတံ ရှည်ရှည်ကြီး
ဗျ။ ကျုပ်လည်း ဒီလိုပဲ ခေါ်တာပါပဲ။

ကိုဒူးရှည်က ဒီရွာက ကာလသားခေါင်းဗျ။
ကျုပ်တို့အညာဓလေ့ကတော့ မြောက်ခေါင်း
ခေါ်တာပေါ့ဗျာ။ရွာမြောက်ပိုင်းက ကာလသား
ခေါင်းမို့လို့မြောက်ခေါင်းလို့ ခေါ်တာပေါ့ဗျာ။ဒါ
ပေမဲ့ဗျို့ …ကြာလာတော့လည်း အကျင့်ပါသွား
ကြတာဗျ။ မျက်စိအကျင့်၊ ဝမ်း အချင့်ဆိုပေမဲ့
ပါးစပ်ကလည်း အကျင့်ပါတာပါပဲဗျာ။

ဘာဖြစ်လို့တုံးဆိုတော့ တောင်ပိုင်းက
ကာလသားခေါင်းဖြစ်လာရင်လည်း ပါးစပ်
က အကျင့်ပါနေကြတော့ မြောက်ခေါင်းပဲ
ခေါ်ကြတာပါ။ ဘယ်သူမှ တောင်ခေါင်းလို့
မခေါ်ကြဘူးဗျ။ ငွေတွင်းကုန်းမှာတော့
'မြောက်ခေါင်းဒူးရှည်'ဆိုရင် မသိတဲ့လူ
ရှိမလားဗျာ။ ပြီးတော့ ကို ဒူးရှည်က သြ
ဇာလည်း ညောင်းသားဗျ။ လူချစ်လူခင်
ကလည်း လွှတ်ပေါတဲ့လူ။

"နေပါဦး ကိုဒူးရှည်ရဲ့။ ကိုကြီးသိန်းမောင်
ပြောတော့ အိမ်တွေထဲလည်း ဝင်တယ်ဆို"

"ဟုတ်ပ တာတေရာ၊ အိမ်တွေထဲဝင်ရုံတင်
မကဘူးဟေ့။ ဟိုဟာလှန်၊ ဒီဟာလှန်၊ ဟို
ဟာတွန်းလှဲ၊ ဒီဟာတွန်းလှဲနဲ့ ဝုန်းဒိုင်းကို
ကြဲရောကွာ"

"ဟင်…ဘယ်လိုသရဲမျိုးတုံးဗျ။ ကျုပ်ဖြင့်
ဒါမျိုးတစ်ခါမှ မကြုံဖူးပါဘူးဗျာ"

"ရှာဖွေရေးတွေ၊ ဘာတွေ သေပြီး သရဲဖြစ်
တာလားမှ မသိတာ ကိုကြီးတာတေရ"

ခေါင်းကြီးဆိုတဲ့ကောင်က မျက်စိလေး
ပေကလပ်၊ ပေကလပ်နဲ့ ဝင်ပြောတယ်။

"ဟာ…ဒီကောင် ခေါင်းကြီး၊ လူကြီးတွေ
စကားပြောနေတာကို ဝင်နှောက်စရာလား"

ကိုသိန်းမောင်က ခေါင်းကြီးကို ငေါက်တယ်
ဗျ။ခေါင်းကြီးငြိမ်သွားတယ်။ ခေါင်းကြီးပြော
တာလည်းဟုတ်သားဗျ။သရဲက အိမ်တွေထဲ
ဝင်ပြီး ဟိုရှာ၊ ဒီရှာ လုပ်နေတယ်ဆိုတော့
လည်း စဉ်းစားစရာပဲပေါ့ဗျာ။

"နို့ …ကိုဒူးရှည်တို့ရွာထဲမှာ ပရိတ်တွေ၊
ဘာတွေ ရွတ်ကြည့်သေးလားဗျ"

"ဟာ…တာတေရာ၊ နှစ်ညဆက်တိုက်ကြီး
ဖြစ်ပြီးကတည်းက နောက်တစ်နေ့ ကျောင်း
သုံးကျောင်းက သံဃာတွေ အကုန်ပေါင်းပြီး
ရွာထဲမှာ တစ်လမ်းဝင်၊ တစ်လမ်းထွက်နဲ့
တစ်လမ်းမကျန်အောင် ပရိတ်တွေရွတ်တာ
ကွ။ မင်းကို သိန်းမောင် မပြောဘူးလား"

"အေး…အဲဒါကို ငါပြောဖို့ မေ့နေလို့ကွ
ဒူးရှည်ရ"

"ဟာ …သိန်းမောင်ရာ၊ ဒါတွေမေ့လို့ မဖြစ်
ဘူးလေကွာ၊ တာတေကို အကုန်ပြောပြရ
မယ်။ ဒါမှ တာတေက ဝေဖန်ပိုင်းခြားနိုင်
မှာပေါ့ကွ"

"သြော်…ဒါတောင် ထပ်ဖြစ်နေသေးတာကိုး"

"ကဲ…ဒီတစ်ညတော့ ကျုပ်စောင့်ကြည့်ချင်
သေးတယ်ဗျာ။ မနက်ဖြန်မှပဲ ဘာလုပ်ရမယ်
ဆိုတာ တိုင်ပင်ကြတာပေါ့"

"မင်းကောင်းသလိုသာ စီစဉ်ကွာ။ လိုတာ
ရှိရင် ဘာမဆို ပြောဟေ့ တာတေ"

အဲဒီည ကျုပ်တို့ စောင့်နေကြတယ်။ ကိုသိန်း
မောင်ရယ်၊ ကိုဒူးရှည်ရယ် ကိုသိန်းမောင်တို့
အိမ်အောက်က စားပွဲမှာ အကြမ်းအိုးနဲ့ ဆေး
ပေါ့လိပ်လေးတွေ ဖွာနေကြတာဗျ။ ကိုဒူးရှည်
ကတော့ ကာလသားတွေကို တစ်ရွာလုံးအနှံ့
ကင်းချထားပြီးပြီဗျ။ အသံကို သူနားတစွင့်စွင့်
လုပ်နေတာ။ တောဓလေ့ဆိုတော့လည်း ည
၉ နာရီဆို လူခြေတိတ်ရောဗျာ။

"ဟော…သိန်းမောင်၊ နားထောင်စမ်း။ ပုံးတီး
သံမို့လား။ ဒါ…တောင်ပိုင်းက အသံကွ"

"ဒုန်း…ဒုန်း…ဒုန်း…ဒုန်း…ဒုန်း"

မကြာပါဘူးဗျာ။ တစ်ရွာလုံး သံပုံးသံတွေ
ဆူညံသွားတော့တာဗျို့။ ကျုပ်တို့သုံးယောက်
လည်း သံပုံးထုသံတွေ ကြားရတဲ့ ရွာတောင်
ပိုင်းကို ဓါတ်မီးတွေထိုးပြီး ပြေးရတာပေါ့ဗျာ။

"ဟေ့ကောင်…ငပု၊ ဘာဖြစ်တုံး"

"ကိုစံမောင်ကြီးတို့ ခေါင်မိုးပေါ်ကို ခုန်ချ
တာဗျ ကိုကြီးဒူးရှည်ရ"

"ခု ဘယ်ရောက်သွားတုံး"

"မရောက်ဘူးဗျ။ အုန်းဆိုတဲ့ အသံတစ်သံ
ပဲ ကြားပြီး ငြိမ်သွားတာ"

ကျုပ်က မျက်ကွင်းဆေးအဆင်သင့်ကွင်း
ထားပြီးသားလေဗျာ။ ကျုပ်အသာကလေးရှေ့တိုးပြီး ကိုစံမောင်တို့ ဝိုင်းထဲကို ဝင်လိုက်
တယ်။ ဝိုင်းထဲမှာ လူလေးငါးယောက်ဗျ။သံ
ပုံးတီးတဲ့ လူကတီး၊ ဓါတ်မီးနဲ့ အိမ်ခေါင်မိုး
ပေါ်ကို ထိုးကြည့်တဲ့လူက ကြည့်နေတာ။

ကျုပ်က ကိုဒူးရှည်လက်ထဲက ဓါတ်မီးကိုယူ
ပြီး ကိုစံမောင်တို့ အိမ်ခေါင်မိုးပေါ်ကို ထိုး
ကြည့်လိုက်တယ်။ ဟာ…တွေ့ပြီဗျို့။ ကျုပ်
တွေ့ပြီ။ အိမ်ခေါင်မိုးပေါ်မှာ မားမားကြီးရပ်
နေတာဗျို့။ ဟင်…ဘယ်လိုဟာပါလိမ့်။ အို
လက်ကြီးတစ်ဖက် ပြတ်နေပါလား။ လက်
ကောက်ဝတ်သာသာလောက်ကကို ပြတ်
နေတာဗျ။ တစ်ကိုယ်လုံး အမွေးတွေ ဖုံးနေ
တာဗျို့။ ဟော…ဟော…ကျုပ်ဘက်ကို တ
ဖြည်းဖြည်း လှည့်ကြည့်ပြီဗျို့။

ကျုပ်ကလည်း ဓါတ်မီးကို မပြတ်ထိုးထား
တာဗျ။ သရဲက လူသရဲမှ မဟုတ်တာ။ လူ
ဝံသရဲကြီးဗျ။ အစွယ်ကြီးတွေမှ ဖွေးနေတာ
ဗျို့။ မျောက်မျက်နှာကြီးနဲ့ အစွယ်ဖွေးဖွေး
ကြီးတွေဗျို့။ မျက်လုံးကြီးတွေမှ ရဲတောက်
နေတာပါပဲဗျာ။ ဒါ…ဘယ်လိုဖြစ်ရတာတုံး။

"ငပု …ငါဓါတ်မီးထိုးထားတဲ့ နေရာကို လေး
ခွနဲ့ ဆက်တိုက်ပစ်စမ်းကွာ"

"ဟုတ်ကဲ့ …ကိုကြီးတာတေ"

ငပုဆိုတဲ့ကောင်က မြန်လိုက်တာဗျာ။ ချက်
ချင်းကို ပစ်တော့တာဗျို့။

"ဒုန်း…ဒုန်း"

"အိမ်ခေါင်မိုးပေါ်ကို လောက်စာလုံးမှန်တဲ့
အသံဗျ။ဟော…ပြေးပြီဗျို့။ ပြေးပြီ။ ဟာ…
ခုန်ပြီ။

"အုန်း…"

"ဒုန်း…ဒုန်း…ဒုန်း"

ကိုစံမောင်နဲ့ ကပ်လျက်က အိမ်ခေါင်မိုးပေါ်
ကို လှမ်းခုန်ပြီး အနောက်ပိုင်းကို ပြေးတော့
တာဗျို့။

"ဟာ…ပြေးပြီဟေ့၊ ပြေးပြီ"

ရွာထဲက လူတွေရော၊ ငပုတို့ရော အသံကြား
တဲ့ဘက်ကို သံပုံးတွေတီးပြီး ပြေးလိုက်ကြ
ရောဗျို့။

"ကဲ…ကိုဒူးရှည်၊ ကျုပ်တို့ ကိုသိန်းမောင်တို့
အိမ် ပြန်ကြစို့ဗျာ"

"ဟေ…ပြန်မယ် ဟုတ်လား တာတေ၊ အ
နောက်ပိုင်းကို မလိုက်တော့ဘူးလား"

"မလိုက်တော့ပါဘူးဗျာ"

"မင်းမြင်လိုက်ပြီလား တာတေ"

"ကျုပ်မြင်လိုက်ပါပြီဗျ၊ အိမ်ရောက်မှ ပြော
ကြတာပေါ့ဗျာ"

"သြော် …အေး …အေး"

ကျုပ်တို့အိမ်ရောက်တော့ ဘိုးငွေတို့ရော၊
အရီးကျော့ရော မအိပ်ကြသေးဘူးဗျ။

"တာတေ…ထူးလားကွ"

ဘိုးငွေတိုးက ကျုပ်ကို ဆီးပြီးမေးသဗျ။
ကျုပ်တို့အားလုံး အိမ်ကြီးပေါ်မတက်ဘဲ
ဝိုင်းထဲက တန်းလျားမှာပဲ အကြမ်းသောက်
ရင်း စကားပြောကြတာ။

"ထူးတယ် အဘရဲ့၊ ထူးသမျှ တော်တော်ကို
ထူးတာ"

"ဟေ…ဟုတ်လား တာတေရဲ့၊ ပြောပြပါ
ဦးကြ"

ကိုကြီးသိန်းမောင်ရော၊ ကိုဒူးရှည်ရောက
ကျုပ်ကို ငေးကြည့်ပြီး ဘာပြောမလဲလို့
စောင့်နေကြတာဗျ။

"သရဲက လက်ကြီးတစ်ဖက် ပြတ်နေတယ်
ဗျ။ ပြီးတော့ လူမဟုတ်ဘူး၊ လူဝံကြီးဗျ"

"ဟေ" "ဟာ" "ဘုရား … ဘုရား"

အားလုံး အံ့သြကုန်တာပေါ့ဗျာ။ ကိုဒူးရှည်
ကတော့ မျက်မှောက်ကြီးကုတ်ပြီး စဉ်းစား
နေတယ်ဗျ။ ဘိုးငွေတိုးကတော့ ခေါင်းလေး
ညိတ်ပြီး ဆေးပေါ့လိပ်ကလေး မီးညှိလိုက်
တယ်။

"ဘိုးစံရင်ယာထဲက လက်ပြတ်ကြီးကိုး။
ဘယ်လိုဖြစ်ပြီး လူဝံကြီး ဖြစ်နေရတာတုံး"

ကိုဒူးရှည်က စကားကို ခပ်လေးလေးကြီး
ပြောတယ်။

"ဟင် …လက်ပြတ်ကြီးကို ခင်ဗျားတို့ သိ
တယ် ဟုတ်လား ကိုဒူးရှည်"

ကျုပ်က အံ့သြပြီး မေးလိုက်တော့ ကိုဒူးရှည်
က ခေါင်းညိတ်ပြီး ပြောတယ်။

"ငွေတွင်းကုန်းတို့၊ မီးလောင်ကုန်းတို့၊ ဆပ်
သမြောင်တို့က လူတွေ တော်တော်များများ
လက်ပြတ်ကြီးကို သိကြတယ် တာတေ၊ ည
ဘက် အချိန်မတော် ဘိုးစံရင်ယာထဲကို ဖြတ်
လျှောက်တာတို့၊ မြေပဲခိုးနုတ်တာတို့၊ နှမ်း
တောင်ခိုးတာတို့ လုပ်မိလို့ကတော့ လက်
ပြတ်ကြီးလိုက်လို့ လျှာထွက်မတတ် ပြေး
ကြရတာချည်းပဲဟေ့"

"ဟာ…ဒါဆိုရင် လက်ပြတ်ကြီးက ဘိုးစံရင်
ယာတောကိုစောင့်တဲ့ အစောင့်သရဲပေါ့။
ဟုတ်လား ကိုဒူးရှည်"

"အေး …ဟုတ်တယ် တာတေ၊ ငွေတွင်းကုန်း
မှာ လက်ပြတ်ကြီး အလိုက်ခံရဖူးတဲ့သူတွေ
လေးငါးယောက် ရှိတယ်ကွ။ တစ်ကိုယ်လုံး
အမွေးမည်းမည်းကြီးတွေ ဖုံးနေတဲ့ သရဲကြီး
တဲ့။ လက်ကြီးတစ်ဖက် ပြတ်နေတာတဲ့။ ဒါ
ပေမဲ့ မင်းအခု တွေ့သလို လူဝံကြီးဆိုတာ
တော့ ဘယ်သူမှ မသိဘူး တာတေ၊ မင်း
ပြောလိုက်တော့မှ ငါလည်း တော်တော်ကို
ခေါင်းခြောက်သွားတာ။ ဒီအဟိတ်တိရစ္ဆာန်
သရဲကြီးကို ပရိတ်ရွတ်တော့ကော သိမတဲ့
လား။ ကောင်းမှုကုသိုလ်ပြုပေးလို့လည်း
သိမှာမှမဟုတ်တာ။ ဒုက္ခပါပဲကွာ။ ကြံစမ်း
ပါဦး ငါ့ညီရာ။ မင်းကိုပဲ အားကိုးပါတယ်
တာတေရာ"

ဘိုးငွေတိုးက ဆေးပေါ့လိပ်ကလေးကို
ဆက်တိုက်ဖွာနေရင်း ပြောလိုက်တယ်။

"ဘိုးစံရင်လုပ်ခဲ့တဲ့ကိစ္စတွေပေါ့ကွာ။ သူ
မသေခင်က ရှင်းအောင်လင်းအောင် လုပ်
မသွားတော့ ရွာပါနာပြီပေါ့ကွာ"

"ဗျာ …ဘိုးစံရင် လုပ်တာ ဟုတ်လားအဘ"

ကိုသိန်းမောင်က သူ့အဘကို တအံ့တသြ
နဲ့ မေးတာဗျို့။

"ဟုတ်တယ် လူကလေး။ ဒီကိစ္စတွေကို
အဘရဲ့ဘထွေး ဘိုးညိုမောင်ပြောပြလို့
သိတာ။ ဘိုးညိုမောင်လည်း ရှိတော့တာ
မဟုတ်တော့ ဘယ်သူမှ မေးလို့မရတော့
ဘူးပေါ့ကွာ"

"အဘကို ဘိုးညိုမောင် ဘာတွေပြောလို့တုံး"

"ဒီလိုကွ။ ဘိုးစံရင်က ငယ်ငယ်က လက်ဝှေ့
သမားဆိုပဲ။ ငါ့ဘထွေးနဲ့က ငယ်သူငယ်ချင်း
တွေလေကွာ။ ဘိုးစံရင်က ရွာစဉ်လှည့်ပြီး
လက်ဝှေ့ကြေးစားထိုးဆိုပဲ။ သူသွားထိုးတိုင်း
ဘထွေးက အဖော်လိုက်ရတာတဲ့ကွ။ တစ်
နေ့တော့ မြောက်ဘက်က ရွာတွေမှာ လက်
ဝှေ့သွားထိုးပြီး သူငယ်ချင်းနှစ်ယောက် ပြန်
အလာ ရိုးမတောထဲဖြတ်တော့ လူဝံကြီး
တစ်ကောင်နဲ့ ပက်ပင်းတိုးရောဆိုပဲ"

"ဒီလူဝံက ဘယ်ကများရောက်လာတုံး
ဘကြီးရဲ့"

ကိုဒူးရှည်က ဝင်မေးတာဗျ။

"ငါ့ဘထွေးပြောတော့ ဟိမန္တာဘက်မှာ တအားအေးလို့ ဒီဘက်ကို ဆောင်းခိုဖို့ ရောက်
လာတာဆိုပဲ ဒူးရှည်ရဲ့၊ အမြဲလာတာတော့
မဟုတ်ဘူးတဲ့ကွ။ တစ်ခါတလေ နယ်ကျွံပြီး
ရောက်လာတာ ဖြစ်မယ်တဲ့ကွ"

"ဟင်… ဒီတော့ ဘိုးစံရင်က လူဝံကြီးကို
ဘာလုပ်လိုက်တုံးဗျ"

"ဘိုးစံရင်က လုပ်တာ မဟုတ်ဘူးကွ။ လူဝံ
က ဘိုးစံရင်ကို တွေ့တယ်ဆို ပြေးပြီးထိုး
တာဆိုပဲကွ။ ဒီမှာတင် ဘိုးစံရင်က

'ဟေ့ကောင် …ညိုမောင်၊ မင်းဝေးဝေးသွား
နေ၊ ငါ အခြေအနေမကောင်းရင် မင်းလွတ်
အောင်ပြေးပေတော့ 'လို့ ပြောသတဲ့။ ဘ
ထွေးကလည်း…

'ဟာ…စံရင် မင်းတစ်ယောက်တည်း ဘယ်
ဖြစ်မှာတုံး၊ ငါပါဝင်ချမယ်'

'မင်း ဒီကောင်တွေအကြောကို နားမလည်
ပါဘူး။ ဝေးဝေးသာ သွားနေစမ်းပါ'

ငါ့ဘထွေးလည်း မလှမ်းမကမ်းက သစ်ပင်
ကြီးတစ်ပင်ကို နောက်ကနေ ပုန်းပြီး ကြည့်
နေရတာဆိုပဲ။ လူဝံကလည်း လက်ဝှေ့တတ်
တယ်တဲ့ဟေ့။ လူဝံက ဘိုးစံရင်ကို ပြေးပြီး
ထိုးတိုင်း ဘိုးစံရင်က လွတ်အောင်မနည်း
ရှောင်ရတာတဲ့။ လူဝံလက်သီးတစ်ချက်မိ
လိုက်ရင် သတိလစ်သွားမှာတဲ့ကွ။ အဲဒီလို
ရှောင်ရင်းနဲ့ လူဝံရဲ့ဗိုက်ကို တစ်ချက် နှစ်
ချက် ထိုးလိုက်ရတာတဲ့ဟေ့။

ဘထွေးက ပြောတယ်။ လူဝံက လူလိုတော့
အသိဥာဏ် မရှိဘူးတဲ့ကွ။ သူထိုးဖို့ပဲ သိတာ
တဲ့။ ရှောင်ဖို့ တိမ်းဖို့ နားမလည်ဘူးတဲ့ကွ။ဘိုး
စံရင်ထိုးသမျှ ထိတာချည်းပဲတဲ့။

နောက်တော့ ဘိုးစံရင်က လူဝံကြီးကို သစ်
ပင်ကြီးတွေ ရှိတဲ့ဘက်ကို မျှားခေါ်သွားတာ
တဲ့ဟေ့။ သစ်ပင်အကြီးကြီးတစ်ပင်နားမှာ
ကပ်ပြီး လက်ဝှေ့ရေးပြသလို လုပ်တော့
လူဝံကြီး ဒေါသတအားဖြစ်လာရောတဲ့ကွ။

ဘာပြောကောင်းမလဲ။ ခေါင်းကြီးစိုက်ပြီး
ဘိုးစံရင်ရဲ့ ရင်ဝကို သူ့ခေါင်းကြီးနဲ့ တရ
ကြမ်းပြေးပြီး ဆောင့်တာတဲ့ဟေ့။ ဘိုးစံ
ရင်က ဘေးကို ဖျတ်ခနဲ ခုန်ရှောင်လိုက်
တော့ သစ်ပင်ကို ခေါင်းကြီးနဲ့ ပြေးဆောင့်
မိပြီး နောက်ကို ပက်လက်လန်ကျသွား
ရောတဲ့ဟေ့။ ခေါင်းကြီးကွဲပြီး သွေးတွေ
ဖျာခနဲ ထွက်ကုန်ရောတဲ့ကွ။

ဒီမှာတင် ဘိုးစံရင်က လူဝံကြီးရင်ဘတ်ကို
ခွစီးပြီး ရင်ဘတ်တစ်နေရာတည်းကိုချည်း
ဆက်တိုက်ထိုးတာတဲ့။

'ဘုန်း…ဘုန်း…ဘုန်း'

ဘိုးစံရင်ရဲ့လက်သီးနဲ့ လူဝံကြီးရဲ့ ရင်ဘတ်
ထိတဲ့အသံကြီးက တောထဲမှာကို ဟိန်းထွက်
နေတာတဲ့ကွ။ ပထမတော့ လူဝံကြီးက ဘိုး
စံရင်ကို ခံထိုးသေးတာတဲ့။ နောက်တော့
နှလုံး ကွဲသွားတယ် ထင်ပါရဲ့ကွာ။

လူဝံကြီး ငြိမ်သွားရောတဲ့။ ဒီမှာတင် ဘိုးစံ
ရင်က ဘထွေးဆီက ဓါးမြှောင်ကိုတောင်းပြီး
လူဝံရဲ့ ရင်ကိုခွဲပြီး သည်းခြေကိုထုတ်ယူတယ်။
ပြီးတော့ ဘထွေးပခုံးမှာ လွယ်လာတဲ့ ဓါးရှည်
ကိုတောင်းပြီး လူဝံရဲ့လက်တစ်ဖက်ကို လက်
ကောက်ဝတ်သာသာလောက်ကနေ ခုတ်ဖြတ်
ယူလိုက်တယ်။

'ညိုမောင်…ဒါမျိုးဆိုတာ ကြုံတောင့်ကြုံခဲကွ။
ဝံလက်ကို ဝံသည်းခြေနဲ့ စီရင်တတ်ရင် မင်း
တစ်သက်လုံး ဒီကောင့်ဝိညာဉ်ကို ခိုင်းစားလို့
ရတယ်ကွ'

'ဟေ…ဟုတ်လား။ မင်းလုပ်တတ်သလား
စံရင်'

'ဟာ…လုပ်တတ်တာပေါ့ ညိုမောင်ရဲ့၊ ငါ့
အဘိုး ငါ့ကို သင်ပေးသွားတာကွ။ ငါ ဒီ
ကောင်ကြီးကို စီရင်မှာ။ နောက်တော့ မင်း
ကြားရမှာပေါ့ကွာ'

လို့ ပြောပြီး လူဝံသည်းခြေနဲ့ လူဝံလက်ပြတ်
ကြီးကို ငှက်ပျောဖက်နဲ့ ထုပ်ပြီး ဘိုးစံရင် ယူ
သွားတာတဲ့ဟေ့။ နောက်မကြာခင်မှာပဲ ဘိုး
စံရင်တို့ယာတောမှာ လက်ပြတ်သရဲကြီး
လိုက်လို့ ဆိုပြီး ပြောသံဆိုသံတွေ ကြားရ
တော့တော့တာပဲတဲ့ဟေ့။ အဲဒီနောက်ပိုင်း
တော့ ဘိုးစံရင်လည်း လက်ဝှေ့မထိုးတော့
ဘဲ သူ့မိဘအမွေပေးတဲ့ ယာမှာပဲ လုပ်ကိုင်
နေတော့တာတဲ့"

"ဟာ…ဘိုးစံရင်ကလည်း သူမသေခင် ဒါ
ကြီးကို လွှတ်ပေးခဲ့ရမှာဗျ။ ဒါကြီးက ကျုပ်
တို့ရွာမှာ မွှေနေပြီ။ ဘယ်လိုလုပ်ကြမလဲ။
လူစကားလည်း နားလည်တာ မဟုတ်တော့
လည်း ခက်သားလားဗျ"

ကိုသိန်းမောင်က စိတ်ညစ်တဲ့အသံကြီးနဲ့
ပြောတာဗျို့။

"နေပါဦး ကိုကြီးသိန်းမောင်ရယ်။ ကျုပ် မဖဲဝါ
နဲ့ တွေ့ကြည့်ပါဦးမယ်"

"ဟေ…မဖဲဝါ ဟုတ်လား တာတေ"

"ဟုတ်တယ်ဗျ ကိုကြီးသိန်းမောင်၊ မနက်ဖြန်
ညမိုးမချုပ်ခင် ကြက်တစ်ကောင်နဲ့ ဆန်တစ်
ပြည် ချက်ပြီး ထမင်းတောင်းတစ်တောင်း အ
ဆင်သင့်လုပ်ပေးကြဗျာ။ ပြီးတော့ နတ်ဝင်
သည်တစ်ယောက် ရှာပေးဗျာ"

"ဟာ…ရှိတယ် ရှိတယ်။ မီးလောင်ကုန်းက
ဒေါ်တုတ်ခေါ်ပေးမယ်လေကွာ။ ဒေါ်တုတ်
က မင်းအထာကို သိပြီးသားမို့လားကွ"

"ဒေါ်တုတ်ဆိုရင်တော့ ပိုပြီးအဆင်ပြေတာ
ပေါ့ဗျာ။ ဒေါ်တုတ်က မဖဲဝါပင့်နေကျဗျ"

နောက်တစ်နေ့ည ၉ နာရီလောက်မှာ ကို
ဒူးရှည်ရယ်၊ ကိုသိန်းမောင်ရယ်၊ ကျုပ်ရယ်၊
ဒေါ်တုတ်ရယ် ငွေတွင်းကုန်းသင်္ချိုင်းကို
ထွက်ခဲ့ကြတယ်။ ကိုသိန်းမောင်ကိုယ်တိုင်
ထမင်းတောင်းထမ်းလို့ဗျ။

"အုန်း…ဒုန်း…ဒုန်း …ဒုန်း"

ကျုပ်တို့ ရွာအနောက်က ထွက်တဲ့အချိန်မှာ
ပဲ ရွာထဲက သံပုံးတီးသံတွေ ကြားရတော့
တာပါပဲဗျာ။ ငွေတွင်းကုန်းသင်္ချိုင်းရောက်
တော့ ထုံးစံအတိုင်း ကျုပ်က ထမင်းထုပ်
ကို ဂူကြီးတစ်လုံးပေါ်မှာ ဖြေပြီး စားပွဲ
သောက်ပွဲ ပြင်တယ်။

ဒေါ်တုတ်ကလည်း လုပ်နေကျဆိုတော့
အဆင်သင့်ပဲဗျ။

"သုသာန်တစ၊ သင်္ချိုင်းဝက သင်္ချိုင်းရှင်မ
မဖဲဝါဗျာ။ ကျုပ်တာတေက စားပွဲသောက်
ပွဲများနဲ့ ပင့်ဖိတ်ပါတယ်။ ကြွပါဗျာ၊ ကြွပါ၊
အခုချက်ချင်း လှမ်းကြွခဲ့ပါဗျား"

မြန်တယ်ဗျို့ …မြန်တယ်။ ငွေတွင်းကုန်း
သင်္ချိုင်းမြောက်ဘက်က မဖဲဝါရဲ့ ခွေးကြီး
အူသံကို ကြားရတယ်ဗျို့။

"ဝူး…ဝူး…ဝူး…ဝူး…အီး…အီး"

ဟော…ဝင်ပြီ၊ ဝင်ပြီ။ ဒေါ်တုတ်အသားတွေတဆတ်ဆတ်တုန်နေပြီဗျို့။ ဟာ…ခုန်ပြီဗျာ။
လွှားခနဲပဲဗျ။ ဒေါ်တုတ် ဂူကြီးပေါ်ရောက်သွား
ပြီ။ အို…ဂူပေါ်ရောက်တာနဲ့ စားတော့တာ
ပဲဗျာ။ ဆံပင်ဖားလျားကြီးနဲ့ ဒူးကြီးတွေ
ထောင်းပြီး စားတော့တာဗျ။

"ခွပ်…ခွပ်…ခွပ်…"

ကြက်ရိုးတွေများ ကိုက်လိုက်တာဗျာ…
ခွပ်ခနဲ ခွပ်ခနဲ နေတာဗျို့။ ပြီးတော့ အ
ရိုးတွေထွေးထုတ်တာလည်း မတွေ့ရ
ဘူး။ အရိုးပါ မဖဲဝါ စားပစ်တာဗျို့။
ဟော…ဟော…ကျုပ်ကို မျက်လုံးပြူး
ကြီးနဲ့ ကြည့်နေပြီဗျ။

"သင်္ချိုင်းရှင်မကြီး မဖဲဝါ၊ ဟောဒီငွေတွင်း
ကုန်းရွာမှာ ညဘက်ဆိုရင် သရဲကြီးတစ်
ကောင် သောင်းကျန်းနေပါတယ်ဗျာ။အိမ်
ခေါင်မိုးတွေပေါ်မှာ လျှောက်ပြေးပြီး အိမ်
တွေထဲလည်း ဝင်လို့တဲ့ဗျား"

"တာတေ…အဲဒါ လူဝံကြီး။ စံရင်သတ်ပြီး
ဆေးစီရင်ထားတာ။ စံရင့် ယာကိုစောင့်
တဲ့ အကောင်။ ဒီအကောင်က သိပ်ဆိုး
တာ။တစ်ခါတလေ စံရင့်ယာထဲကို ဖြတ်
သွားမိရင် ငါ့ကိုတောင် လိုက်ဆွဲတာ။ ငါ
တစ်နှစ်တစ်ခါ ရိုက်ထားလို့ နောက်မဆွဲ
တော့တာ။ ဒီအကောင်က စံရင်သေရင်
ထွက်သွားရမှာ။ ဘာလို့ မသွားသေးတာ
လဲဆိုတော့ စံရင် ဆေးစီရင်ထားတဲ့ သူ့
လက်ပြတ်ကြီး ပြန်မရသေးလို့ဟဲ့။ အဲ
ဒီ လက်ပြတ်ကြီးကို လိုက်ရှာနေတာ"

"ဟာ …ဘိုးစံရင်အိမ်မှာ မရှာဘဲ ဘာဖြစ်
လို့ ရွာထဲမှာ လိုက်ရှာနေတာတုံးဗျ"

"စံရင်အိမ်မှာရှာတာ မတွေ့လို့ဟေ့။ နင်
အဲဒါကို အခု ချက်ချင်းသွားရှာပြီး သူ့ကို
ပေးလိုက်ရင် သူရွာထဲက ချက်ချင်းထွက်
သွားလိမ့်မယ်။ ဒီလူဝံကြီး သူလာခဲ့တဲ့
ဟိမန္တာကိုပြန်မှာ"

"ဟင် …အဲဒီလူဝံရဲ့ လက်ပြတ်ကြီးကို
ကျုပ် ဘယ်မှာသွားရှာရမှာတုံးဗျ မဖဲဝါရဲ့"

"စံရင့်အိမ်ဝိုင်းထဲက ဆိပ်ဖလူးပင်ကြီး
အောက်တည့်တည့် တောင်ဘက်မှာတူး၊
သေတ္တာနဲ့ ထည့်ပြီး မြှုပ်ထားတယ်။ အဲဒါ
ပေးလိုက်၊ ချက်ချင်း ထွက်သွားလိမ့်မယ်"

မဖဲဝါ စားသောက်ပြီး ပြန်ထွက်သွားတယ်။
ဒေါ်တုတ်ကို ပြန်ခေါ်ပြီး ကျုပ်တို့ ပြန်ခဲ့ကြ
တယ်။

အိမ်ရောက်တာနဲ့ကိုဒူးရှည်ရယ်၊ကိုသိန်း
မောင်ရယ်၊ ကျုပ်ရယ် တူရွင်းတစ်ယောက်
တစ်ချောင်း ယူပြီး မြောက်ပိုင်းက ဘိုးစံရင်
ရဲ့ဝိုင်းကို လာခဲ့ကြတယ်။

ဘိုးစံရင်ရဲ့ အိမ်သားတွေကို အကျိုးအ
ကြောင်းပြောပြီး မဖဲဝါပြောတဲ့ ဆိပ်ဖလူး
ပင်ကြီးရဲ့ အောက်တည့်တည့် တောင်
ဘက်မှာ ကျုပ်တို့ တူးကြတယ်ဗျို့။ သိပ်
ကြာကြာ မတူးလိုက်ရဘူးဗျ။

"ဒုတ်…" "ဒုတ်…" "ဟော…တွေ့ပြီဟေ့
တွေ့ပြီ"

ကိုကြီးသိန်းမောင်က အရင်ဆုံးမိတာဗျ။
ကျုပ်တို့ ခပ်ဖြည်းဖြည်းပဲ တူးကြတော့တာ
ပေါ့ဗျာ။ နှစ်တောင် မရှိတရှိမှာ သွားတွေ့
တာဗျ။ ဘိုးစံရင်တို့ အိမ်သားတွေကလည်း
ဝိုင်းကူလုပ်ပေးကြပါတယ်။ကျုပ်တို့ကို မီးပြ
ပေးတယ်ဗျ။ဟော…ပေါ်လာပြီ။ ပေါ်လာပြီ။

အောင်မလေး…ကြေးသေတ္တာလေးဗျ။ တစ်
တောင်လောက် ရှိမယ်ထင်တယ်။ ကျုပ်က
သေတ္တာသော့ကို ကလန့်ဖွင့်လိုက်ပြီး သေ
တ္တာအဖုံးကို ဖွင့်လိုက်တယ်။ ဟာ…ဟုတ်ပ
ဗျာ။ လူဝံကြီးရဲ့ လက်ပြတ်ကြီးဗျ။ အမွေး
မည်းမည်းကြီးတွေနဲ့ဗျို့။ သေသေချာချာ
ကို ခြောက်အောင် လုပ်ထားတာ။

လက်ပြတ်ကြီးရဲ့ ဘေးမှာ ပုလင်းတစ်လုံး
လည်း တွေ့တယ်ဗျ။ ဒါကတော့ လူဝံသည်း
ခြေထည့်ထားတာ ထင်တယ်ဗျ။

ကျုပ်လူဝံရဲ့ လက်ပြတ်ကြီးကို ထုတ်ယူ
လိုက်တယ်။

"ကဲ…ကိုဒူးရှည်၊ ကျုပ်တို့ သွားကြရအောင်"

ကျုပ်တို့ ဘိုးစံရင်ရဲ့ ဝိုင်းထဲက ထွက်လာပြီး
ကင်းသမားတွေကို မေးရတာပေါ့ဗျာ။ ဘယ်
ဘက်မှာ အသံကြားတုံးဆိုတော့ ရွာတောင်
ဘက်မှာတဲ့ဗျာ။ လူဝံကြီးကတော့ သူ့လက်
ကြီး မရမချင်း ညတိုင်းကို မွှေမယ့်ပုံပဲဗျ။

"ကိုကြီးတာတေ…လာ…လာ၊ အရီးလုံး
တင်တို့ အိမ်ခေါင်ပေါ်ကို အခုပဲ ခုန်ချ
သွားတာဗျ"

ကင်းစောင့်နေတဲ့ ငပုက ရှေ့ကသွား၊ ကျုပ်
တို့က နောက်က လိုက်ကြတာပေါ့ဗျာ။ အရီး
လုံးတင်တို့ ဝိုင်းထဲကို ရောက်တော့ …

"မီးထိုးစမ်းဗျာ…ကိုဒူးရှည်"

ကျုပ်က မိုးချုပ်ကတည်းက မျက်ကွင်းဆေး
ထားတာဗျို့။ ဟော…တွေ့ပြီ။ တွေ့ပြီ။ကိုဒူး
ရှည် ထိုးလိုက်တဲ့ ဓါတ်မီး မီးရောင်အောက်
မှာ မတ်တတ်ကြီး ရပ်ပြီး ကျုပ်တို့ကို ကြည့်
နေတာဗျို့။

"ဒုန်း…ဒုန်း…ဒုန်း"

သံပုံးတီးသံတွေကတော့ ညံနေတာပေါ့ဗျာ။
တစ်ရွာလုံးကို ဆူနေတာဗျို့။ ကျုပ်က လူဝံ
ကြီးရဲ့ လက်ပြတ်ခြောက်ကြီးကို ဓါတ်မီး
ရောင်အောက်မှာ ထောင်ပြလိုက်တယ်။
ဟာ…လူဝံကြီး သေသေချာချာကြည့်နေ
တယ်ဗျို့။ဟော…ဟော …လျှောက်လာပြီ
ဟာ…ခုန်ချပြီ၊ ခုန်ချပြီဗျို့။

"ဘုန်း"

မြေကြီးပေါ်ကို အိမ်ခေါင်ပေါ်ကနေ ခုန်ချ
တာဗျို့။ ကိုဒူးရှည်က အသံကြားတဲ့ဆီကို
ဓါတ်မီးထိုးပြထားတယ်။ လူဝံကြီးက ကျုပ်
ကိုင်ထားတဲ့ သူ့လက်ပြတ်ကြီးကိုပဲ စိုက်
ကြည့်နေတယ်ဗျ။

"ကိုဒူးရှည်…မီးကို ငြိမ်ပြီးထိုးထား"

ကျုပ်က သူ့လက်ပြတ်ကြီးကို မြှောက်ပြီး
သူ့ဆီကို ပစ်ပေးမလို လုပ်ပြတယ်။ လူဝံ
ကြီးကလည်း ကျန်နေတဲ့ လက်တစ်ဖက်
နဲ့ ကမ်းပေးမလို လုပ်တယ်။

တစ်ခါ နှစ်ခါ လုပ်ပြပြီးတော့ ကျုပ်လက်
ပြတ်ကြီးကို သူ့ဆီ ပစ်ပေးလိုက်တယ်။

ဟော…ဖမ်းတယ်ဗျို့။ ဖမ်းတယ်။

မိသွားပြီဗျ။ လက်ပြတ်ကြီးကိုကိုင်ပြီး သေ
သေချာချာ ကြည့်တယ်။ ပြီးတော့ ကျုပ်ကို
လှမ်းကြည့်နေတယ်။ ဟော…နောက်ဘက်
ကို လှည့်ပြီး ပြေးပြီဗျို့။ ဝိုင်းထဲကနေ ပြေး
ထွက်သွားပြီ။

"ဝူး… ဝူး… ဝူး… ဝူး"

ဟော …ခွေးတွေ အူပြီဗျို့။ သည်တော့မှပဲ
ခွေးတွေလည်း အူရဲတာဗျ။ စောစောက
တော့ အသံတောင် မကြားရဘူး။

ငြိမ်နေကြတာ။ ဒါဆိုရင်တော့ လူဝံကြီး
ထွက်သွားတာ သေချာပြီပေါ့ဗျာ။မဖဲဝါ ပြောသလို ဆိုရင်တော့ ဒီကောင်ကြီး
ဟိမဝန္တာကို ပြန်တော့မှာပေါ့လေ။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ တာတေ

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ..

#တာတေ
#မဖဲဝါ
#ညမဖတ်ရ

လက္ျပတ္ႀကီး(စ/ဆုံး)
°°°°°°°°°°°°°°°

မူရင္း-ဆရာတာေတ

ျပာသိုလေလဗ်ာ။ လႊတ္ေအးတဲ့ လေပါ့။ က်ဳပ္
တို႔အညာသားေတြ ႏွမ္း႐ိုးနဲ႔ မီးလႈံၾကတဲ့ လေပါ့
ဗ်ာ။ ေစာင္ၿခဳံလို႔ လုံတာမွ မဟုတ္တာ။ မီးလႈံမွ
ကို ေႏြးတာဗ်။ ဝိုင္းထဲမွာ မီးလႈံၾကရင္း အၾကမ္း
ကေလးေသာက္၊ လက္ဖက္ကေလးစား၊ ေဆး
လိပ္ကေလးဖြာ၊ဟိုအေၾကာင္း သည္အေၾကာင္း
ေျပာၾကနဲ႔ ျပာသိုလရဲ႕ အညာသားစည္းစိမ္ပဲ
ေပါ့ဗ်ာ။ ေက်ာက္ခဲနဲ႔ သံမဏိကေတာ့ က်ဳပ္
တို႔ ဝိုင္းကို ညတိုင္းလာၿပီး မီးလႈံတာဗ်။

လူေတြၾကည့္လိုက္ရင္ ေခါင္းစြပ္ႀကီးေတြ
စြပ္လို႔။ ဂြမ္းေစာင္ႀကီးေတြ ကိုယ္မွာပတ္လို႔။
ေျခအိတ္ကလည္း စြပ္ၾကရေသးဗ်ား။ ဒီည
ေတာ့ က်ဳပ္တို႔ စကားေျပာရင္း က်ဳပ္က
ေက်ာက္ခဲနဲ႔ သံမဏိကို သရဲ၊ တေစၦေမြးတဲ့
အေၾကာင္း ေျပာျပတာဗ်။

က်ဳပ္ႀကဳံခဲ့ဖူးတဲ့ ဆိတ္ဖလူးပင္ကို ၾကက္လည္
လွီးၿပီး က်လာတဲ့ေသြး ခံစိုက္တဲ့ က်ဳပ္တို႔႐ြာက
ကိုနီတာအေၾကာင္း၊ေထာင္ထဲမွာ ေသဒဏ္ခ်တဲ့
ႀကိဳးနဲ႔ ၿခံကာၿပီး သရဲေမြးတဲ့ က်ဳပ္တို႔ထေနာင္း
ကုန္းသား ဦးဘိုးထင္အေၾကာင္း၊ ဂ်ပန္သတ္
လို႔ ေသတဲ့ သူခိုးႀကီးရဲ႕ ဦးေခါင္းခြံကို ေဆးစီ
ရင္ၿပီး သရဲေမြးတဲ့ ေငြတြင္းကုန္းက ကိုမင္းဒင္
တို႔အဘိုး ဦးအိုအေၾကာင္းေတြ ေျပာျပတာ
ေပါ့ဗ်ာ။

(ဒီအေၾကာင္းေတြကို ငနက္ႀကီးရဲ႕ဆရာ၊
ေစာရဦးေခါင္း၊ ႀကိဳးနဲ႔ကာတဲ့ၿခဳံ ဆိုတဲ့ ဝတၳဳ
ေတြမွာ ဖတ္ပါ)

ေက်ာက္ခဲနဲ႔ သံမဏိဆိုတဲ့ေကာင္ေတြ လက္
ဖက္မစားဘဲ ၿငိမ္ၿပီးနားေထာင္ၾကတာဗ်ိဳ႕။

"ေဟ့ေကာင္ တာေတ၊ ေခြးၾကည့္ပါဦးကြ"

"ဟင္…ဘယ္သူတုံးဗ်၊ က်ဳပ္တို႔အိမ္မွာ
ေခြးမွမရွိတာ"

"ေဟ…ဟုတ္လားကြ၊ ဒါဆိုရင္ ဝင္ခဲ့ၿပီေဟ့"

ညဘက္ႀကီးလာတဲ့ ဧည့္သည္ဆိုလို႔ ေက်ာက္
ခဲႏွင့္ သံမဏိပဲ ရွိတာဗ်။ ဘယ္သူတုံးဆိုတာ
က်ဳပ္မတ္တတ္ရပ္ၿပီး ၾကည့္လိုက္တယ္။

"ကိုသိန္းေမာင္ႀကီးပါလား၊ ဘယ့္ႏွယ္ အ
ခ်ိန္မေတာ္ႀကီး ေရာက္လာရတာတုံး။ ၁၁
နာရီေတာင္ ထိုးေပါ့ ကိုသိန္းေမာင္ရဲ႕"

"ဟုတ္ပကြာ။ အေရးရွိေတာ့လည္း အခ်ိန္
ရွိရေတာ့တာပ တာေတရာ"

"ဟင္…ဟုတ္လား ကိုႀကီးသိန္းေမာင္ရဲ႕။
လာေလဗ်ာ၊ လာ…ဒီခုံမွာထိုင္ဗ်။ မီးလႈံရင္း
ေျပာၾကတာေပါ့။ ဒီျပာသိုက အေတာ္ေအး
သားဗ်ေနာ"

"ေအးတယ္ကြ တာေတရ။ အဘတို႔၊ အရီး
တို႔ေကာ ေနေကာင္းၾကလား"

"ေကာင္းတယ္ ကိုႀကီးသိန္းေမာင္ရဲ႕၊ ေစာ
ေစာကပဲ အိမ္ေပၚတက္သြားၾကတာ"

က်ဳပ္က နဂါးေဆးေပါ့လိပ္ကေလး မီးညႇိၿပီး
ကမ္းေပးလိုက္တယ္။ က်ဳပ္တို႔အရပ္ကေတာ့
နဂါးပဲ အေသာက္မ်ားတာဗ်။ ေဆးေပါ့လိပ္
ကေလး တစ္ဖြာ၊ႏွစ္ဖြာ ဖြာလိုက္ၿပီးမွ ကိုသိန္း
ေမာင္ႀကီးက စကားကို စေျပာဖို႔ ျပင္တာဗ်။
ကိုႀကီးသိန္းေမာင္က က်ဳပ္ထက္ ဆယ္ႏွစ္
ေတာ့ ႀကီးမွာဗ်။အရပ္ပုပ်ပ္ပ်ပ္၊ဗလေကာင္း
ေကာင္းဗ်။ အိမ္ေထာင္လည္း မျပဳဘူး။ မိဘ
ေတြကိုလုပ္ေကြၽးေနတဲ့ လူပ်ိဳႀကီးဗ်။သေဘာ
မေနာကလည္း လႊတ္ေကာင္းတာဗ်။ ေငြတြင္း
ကုန္းသားေတြက ကိုသိန္းေမာင္ႀကီးဆို လႊတ္
ခင္ၾကတာဗ်ိဳ႕။

"ေျပာပါဦး ကိုႀကီးသိန္းေမာင္ရဲ႕၊ ညဘက္
ႀကီး ေပါက္ခ်တဲ့ ကိစၥကို"

က်ဳပ္ကပဲ စကားစေပးလိုက္ေတာ့တာဗ်ိဳ႕။

"ငါတို႔႐ြာမွာေတာ့ ေျဗာင္းဆန္ေနၿပီ
တာေတေရ"

"ဗ်ာ…ေငြတြင္းကုန္းမွာ ေျဗာင္းဆန္ေနၿပီ
ဟုတ္လား၊ ဘာေတြျဖစ္လို႔တုံးဗ်"

"သရဲကြ တာေတရ…သရဲ။ အိမ္ေခါင္မိုးေတြ
ေပၚ အုန္းခနဲ ခုန္ခ်၊ေခါင္မိုးေတြေပၚ ေလွ်ာက္
ေျပး၊ အိမ္ေတြထဲဝင္၊ ပစၥည္းေတြ တြန္းခ်နဲ႔ကြ"

"ဗ်ာ…ဘယ္လိုသရဲတုံးဗ်၊ လူကိုေျခာက္တာ
လွန္႔တာလည္း မဟုတ္ဘဲနဲ႔"

"ေျခာက္ေနတာေတာ့ မဟုတ္ေလာက္ဘူးကြ"

"ႏို႔ …ဘယ္အိမ္ေတြကို ခုန္ခ်တာတုံး"

"ဒီညနဲ႔ပါဆိုရင္ သုံးညရွိၿပီကြ၊ ႐ြာထဲကအိမ္
ေတြေစ့ေတာ့မယ္၊ အိမ္တိုင္းလို ေရာက္လာ
ၿပီး အိမ္ထဲေတြ ဝင္ေမႊေတာ့တာပဲကြ၊ ငါတို႔
ေငြတြင္းကုန္းသားေတြလည္း လန္႔ဖ်ပ္ၿပီး ႐ြာ
ကေန ထြက္ေျပးရေတာ့မလိုကို ျဖစ္ကုန္ၿပီ
ေဟ့"

ကိုႀကီးသိန္းေမာင္က စကားကို ခဏရပ္ၿပီး
ေဆးလိပ္ဖြာတယ္ဗ်၊ ၿပီးေတာ့မွ …

"ငါတို႔အားလုံး တိုင္ပင္ထားတာကြ။ ဒီည
ဆက္ျဖစ္ရင္ေတာ့ မင္းကို လာေခၚမယ္ဆို
ၿပီး ေစာင့္ၾကည့္ေနၾကတာကြ။ ၉ နာရီလည္း
ထိုးေရာ ႐ြာအေနာက္ပိုင္းမွာ ျဖစ္ေတာ့တာ
ပဲကြာ။ ဒါနဲ႔ လွည္းေကာက္ၿပီး ေမာင္းခ်လာ
တာၾက"

"ဟင္…ကိုႀကီးသိန္းေမာင္ တစ္ေယာက္တည္း
လာတာလား"

"မဟုတ္ဘူးကြ။ ငါ့တူႏွစ္ေယာက္ ပါတယ္။
ဘေထြး စံျမတို႔ဝိုင္းမွာ လွည္းျဖဳတ္ၿပီး ဒီ
ေကာင္ႏွစ္ေယာက္ ေနခဲ့တယ္။ ငါကသာ
မင္းအိပ္သြားမွာစိုးလို႔ ခပ္သုတ္သုတ္ထြက္
လာခဲ့တာၾက"

က်ဳပ္စဥ္းစားတယ္။ ဒါ ဘာျဖစ္တာလဲ
ေပါ့ဗ်ာ။

"ဒီကိစၥ မျဖစ္ခင္က ကိုႀကီးသိန္းေမာင္တို႔႐ြာ
မွာ ထူးထူးျခားျခားျဖစ္တာ ဘာရွိတုံးဗ်"

"ဘာမွေတာ့ မျဖစ္ပါဘူးကြာ။ ဘိုးစံရင္ဆို
တဲ့အဘိုးႀကီးတစ္ေယာက္ ဆုံးတာေတာ့
ရွိတယ္ကြ"

"ႏို႔ …ဆုံးသြားတဲ့ ဘိုးစံရင္က ဘာေတြ ထူး
ျခားတာ ရွိတုံးဗ်"

"ဘာမွေတာ့ ထူးျခားတာ မရွိပါဘူးကြာ။
ႏွစ္လ၊ သုံးလေလာက္ အိပ္ရာထဲမွာ နာ
တာရွည္ျဖစ္ၿပီး ဆုံးသြားတာပါ။ လူႀကီးနာ
ေပါ့ တာေတရာ၊အသက္က ရွစ္ဆယ္ေလ
ကြာ။ဘိုးစံရင္ကေတာ့ သရဲျဖစ္သြားေတာင္
တစ္႐ြာလုံး အုန္းဆန္ေအာင္ ေျခာက္မွာ
မဟုတ္ပါဘူးကြာ"

က်ဳပ္ေခါင္းညိတ္လိုက္တယ္။

"အဲဒီ ဘိုးစံရင္က ငယ္ငယ္တုန္းက အထက္
လမ္းဆရာ ဘာေတြ လုပ္ဖူးလားဗ်၊ အထက္
လမ္းမဟုတ္လည္း ေအာက္လမ္းေပါ့ဗ်ာ"

"ဟာ.…မလုပ္ဖူးပါဘူးကြာ။ ဒါေပမဲ့ ဘိုးစံရင္
ငယ္ငယ္တုန္းကေတာ့ လက္ေဝွ႔ေတြဘာေတြ
ထိုးဖူးတယ္လို႔ ေျပာၾကတယ္။ၿပီးေတာ့ ဘိုးစံရင္က လက္ဖ်ံ႐ိုးတစ္ေခ်ာင္းတည္းလို႔ ေျပာ
တယ္ကြ။ လက္သီးအား ျပင္းတယ္ဆိုပဲ။ ဒါ
ကလည္း ငယ္ငယ္တုန္းက ထိုးတာျဖစ္မွာ
ပါ။ ေနာက္ေတာ့လည္း ဘိုးစံရင္က ယာပဲ
လုပ္ေနတာ ေတြ႕တာပါကြာ"

က်ဳပ္လည္း ဘာမွမေတြးတတ္ေတာ့ဘူးဗ်။

"မနက္ျဖန္ေတာ့ မင္းကို တစ္ပါတည္းေခၚခဲ့
ဖို႔ ႐ြာက လူေတြက ေသေသခ်ာခ်ာ မွာလိုက္
တယ္ကြ တာေတရ။ တို႔႐ြာသားေတြက မင္း
ကို အေတာ္ေလး အားကိုးၾကတာကြ"

"က်ဳပ္လိုက္ခဲ့မွာေပါ့ ကိုႀကီးသိန္းေမာင္ရာ၊
ဒါေပမဲ့ အဘတို႔၊ အေမတို႔က အိပ္သြားၿပီ
ဆိုေတာ့ မနက္မွ အက်ိဳးအေၾကာင္းေျပာ
ရမွာဗ်။ ဒီေတာ့ မနက္ ၉နာရီေလာက္မွ
ထြက္ၾကတာေပါ့ဗ်ာ။ ဘယ့္ႏွယ္တုံး…"

"ဟာ…တာေတကလည္း၊ ငါ့တာဝန္က
မင္းကို ပါေအာင္ေခၚဖို႔ပါ ဆိုေနကြာ။ မင္း
ႀကိဳက္တဲ့အခ်ိန္သာ သြားကြာ။ မင္းလိုက္
လာရင္ ၿပီးတာပဲ "

"ဟုတ္ၿပီ ဟုတ္ၿပီ။ ဒါဆို ၉နာရီသြားမယ္ဗ်ာ"

"ေအး…ေအး၊ ဒါဆိုရင္ ဒီကပဲ ေစာင့္ေန။
ငါ့လွည္းကို ဒီဝိုင္းအထိ ေမာင္းလာၿပီး မင္း
ကို လာေခၚမယ္။ကဲ ငါ သြားမယ္ တာေတ။
ဘေထြးစံျမတို႔ ငါ့ကို ေစာင့္ေနၾကမွာ"

ကိုႀကီးသိန္းေမာင္က ေျပာေျပာဆိုဆို ဝိုင္း
ဝကို ထြက္သြားေရာဗ်။ ေက်ာက္ခဲနဲ႔ သံမ
ဏိက က်ဳပ္နဲ႔ ဆက္ၿပီး စကားေျပာေနေသး
တာ။နာရီဝက္ေလာက္ၾကာေတာ့မွ ဒီေကာင္
ႏွစ္ေကာင္လည္း ျပန္သြားေရာဗ်ိဳ႕။

မနက္က်ေတာ့ အဘနဲ႔ အေမ့ကို အက်ိဳး
အေၾကာင္းေျပာၿပီး ကိုႀကီးသိန္းေမာင္လွည္း
နဲ႔ ေငြတြင္းကုန္းကို လိုက္ခဲ့တယ္။မီးေလာင္
ကုန္းကေန ေတာင္ကိုခ်ိဳးၿပီး လွည္းလမ္းအ
တိုင္း လိုက္ခ်သြားရင္ ေငြတြင္းကုန္းကို
လွည္းနဲ႔ တစ္နာရီပဲ သြားရတာဗ်။

ေငြတြင္းကုန္းမွာက က်ဳပ္သူငယ္ခ်င္းေတြ
အမ်ားခ်ည္းဗ်။ အားလုံး လူခင္ေတြခ်ည္း
ပဲ။ က်ဳပ္လိုက္လာေတာ့ ေတာ္ေတာ္ကို
ဝမ္းသာသြားၾကတာဗ်ိဳ႕။

"ဟာ…တာေတ၊ မေတြ႕တာေတာင္ ၾကာေပါ့"

"ဟာ …တာေတက ပိုေခ်ာလာပါလားကြ"

"မဖဲဝါက တာေတကို ပီယေဆးေပးထားလား
မွ မသိတာ"

လွည္းေပၚကေတာင္ မဆင္းရေသးပါဘူးဗ်ာ၊
ေငြတြင္းကုန္းသားေတြ က်ဳပ္ကို ဝိုင္းစၾကပါ
ေရာဗ်ာ။ လူခင္ေတြဗ်။ခ်စ္ညိဳတို႔၊ ဝင္းျမင့္တို႔၊
ေအာင္ဗလတို႔ဆိုတဲ့ ေကာင္ေတြေလဗ်ာ။
ဟုတ္ေတာ့ ဟုတ္လားဗ်။ ဒီေကာင္ေတြနဲ႔
က်ဳပ္နဲ႔ မေတြ႕တာ ၾကာေပါ့။

"ဟေကာင္…ခ်စ္ညိဳရ၊ ကိုႀကီးသိန္းေမာင္
ေျပာပါေကာလားကြ။ မင္းတို႔႐ြာမွာ ညဘက္
ညဘက္ သန္းေခါင္းစာရင္း လိုက္စစ္လို႔ဆို"

က်ဳပ္က လွည္းေပၚကဆင္းရင္း ခ်စ္ညိဳကို
စလိုက္တာဗ်။

" ဟာ …တာေတရာ၊ သန္းေခါင္စာရင္းစစ္
ခ်က္ကေတာ့ကြာ။ ငါတို႔မွာ ညဘက္ ေကာင္း
ေကာင္းမအိပ္ရတာ ႏွစ္ည၊ သုံးည ရွိၿပီကြ"

ကိုႀကီးသိန္းေမာင္တို႔အိမ္ကေန က်ဳပ္ကို
လာေစာင့္ေနၾကတာဗ်ိဳ႕။ ေငြတြင္းကုန္းက
ကာလသားေတြ ေျခာက္ေယာက္၊ ခုႏွစ္
ေယာက္ေလာက္ဗ်။ က်ဳပ္ကို လာေခၚတဲ့
ကိုႀကီးသိန္းေမာင္ရဲ႕ တူႏွစ္ေယာက္က
လွည္းျဖဳတ္ၿပီး ႏြားေတြဆြဲသြားသဗ်။

"လာ…တာေတ၊ အိမ္ေပၚတက္ရေအာင္"

ကိုႀကီးသိန္းေမာင္တို႔အိမ္က ႏွစ္ေဆာင္ၿပိဳင္
ဗ်။ေခါင္ႏွစ္ခုနဲ႔ေလ။ လႊတ္က်ယ္တာေပါ့ဗ်ာ။
ဒီအိမ္မ်ိဳးက က်ဳပ္တို႔အညာမွာ လူခ်မ္းသာ
ေတြပဲ ေဆာက္ၾကတာေပါ့ဗ်ာ။ ေျခတံရွည္
အိမ္ႀကီးရဲ႕ ေအာက္ထပ္တစ္ျခမ္းကို တစ္
ထပ္လုပ္ၿပီး က်န္တဲ့တစ္ျခမ္းကေတာ့ ဒီအ
တိုင္း လႊတ္ထားတာဗ်။အဲဒီေနရာမွာေတာ့
က်ဳပ္တို႔အညာဓေလ့ေပါ့ဗ်ာ။

တန္းလ်ားႏွစ္လုံး၊ စားပြဲတစ္လုံး၊ သစ္သား
ကုလားထိုင္ သုံးေလးလုံး ခ်ထားတာေပါ့ဗ်ာ။
သစ္သားေလွကားႀကီးကေန က်ဳပ္တို႔က အိမ္
ေပၚထပ္ကို တက္ခဲ့ၾကတာေပါ့။ ေငြတြင္းကုန္း
က ကာလသားေတြလည္း တက္လိုက္လာ
ၾကတယ္။ အိမ္ႀကီးေပၚကလည္း က်ယ္ပါ့ဗ်ာ။

"လာေဟ့ …တာေတ၊ မင္းလည္း ေငြတြင္း
ကုန္းဘက္ မေရာက္လာတာ ၾကာေပါ့"

ကိုႀကီးသိန္းေမာင္ရဲ႕အဘ ဦးေငြတိုးဗ်။ ဘိုး
ေငြတိုးႀကီးက က်ဳပ္ကို လႊတ္ခင္တာဗ်ိဳ႕။

"ဟုတ္ပ အဘရယ္။ က်ဳပ္လည္း အဘနဲ႔
ယာထဲဆင္းေနရတာဗ်ိဳ႕"

"ဟာ…ေအးေပါ့ကြ တာေတရ၊ မင္းက
တစ္ဦးတည္းေသာ သားေလကြာ။ မင္း
မလုပ္ရင္ ဘယ္သူလုပ္မတုံး။ ႏို႔ …ကို
ႀကီးဥာဏ္တို႔၊ အစ္မေငြစိန္တို႔ ေနေကာင္း
ၾကလား"

"ေကာင္းပါတယ္ အဘရဲ႕"

"ေအး…ေအး၊ အဘက သတင္းေမးတယ္
လို႔ ေျပာလိုက္ပါကြာ"

"ဟုတ္ကဲ့ပါ အဘ၊ က်ဳပ္ေျပာလိုက္ပါ့မယ္"

"ေအး…ေအး၊ ထိုင္ၿပီး အၾကမ္းေလးဘာေလး
ေသာက္၊ ေဆးလိပ္လည္း ေသာက္ကြ"

"ႏို႔ …အရီးေက်ာ့ေရာ မျမင္ပါလား အဘ"

"ဟာ…တာေတရ၊ မင္းအရီး အေနာက္ပိုင္း
သြားလို႔ေဟ့။ အဲဒီမွာ ငသယ္တို႔ ဝက္ေပၚ
တယ္ၾကားလို႔ ဝက္သားေလး ဘာေလး ဆုံ
ဖို႔သြားတယ္ကြ။ မင္းအရီးက မင္းလာမယ္
ဆိုတာ သိလို႔ေပါ့။ ငါ့တူတာေတ မလာတာ
ၾကာၿပီ၊ ေရာက္သခိုက္မွာ ဝက္သားဟင္း
ေကာင္းေကာင္း ခ်က္ေကြၽးရဦးမယ္လို႔ေျပာ
ၿပီး ထြက္သြားတာေဟ့။ မင္းအရီး လာခါနီး
ပါၿပီ"

က်ဳပ္နဲ႔ ေငြတြင္းကုန္းသားေတြ အၾကမ္းဝိုင္း
မွာ ဝိုင္းထိုင္မိၾကေတာ့ ညက ကိစၥေတြ က်ဳပ္
ကို ေျပာျပၾကတာေပါ့ဗ်ာ။

"ညကေတာ့ ႐ြာအေရွ႕ပိုင္းက စျဖစ္တာကြ
တာေတရ၊အေရွ႕ပိုင္းက ဘိုးေ႐ႊဝတို႔ ဝိုင္းထဲ
က မန္က်ည္းပင္ႀကီးေပၚကေန အိမ္ေခါင္
မိုးေပၚကို ခုန္ခ်တာကြ။ 'အုန္း'ဆိုတဲ့ အသံ
ႀကီးမွ အက်ယ္ႀကီးပါကြာ"

"ခုန္ခ်ၿပီးေတာ့ ဘာဆက္ျဖစ္တုံးဗ်"

"ဒီလိုေလကြာ။ပထမႏွစ္ည ဆက္တိုက္ျဖစ္
သြားေတာ့ ငါ့တို႔႐ြာက ကာလသားေတြ ကင္း
တြဲၿပီး ညကစ ကင္းေစာင့္ၾကတာေလကြာ။
ကင္းတစ္တြဲကို ႏွစ္ေယာက္၊ ႏွစ္ေယာက္တြဲ
ၿပီး တစ္ေယာက္က ေလာက္ေလးခြနဲ႔ေလာက္
စာလုံးအိတ္ လြယ္လို႔၊ ေနာက္တစ္ေယာက္က ေရထမ္းပုံးနဲ႔ တုတ္တစ္ေခ်ာင္းကိုင္လို႔
ေပါ့ကြာ။ ညက အေရွ႕ပိုင္းမွာ ကင္းက်တာ
က သာတင့္နဲ႔ ငေမာင္ကြ။

ဘိုးေ႐ႊဝတို႔ ေခါင္မိုးေပၚကို 'အုန္း'ဆို ခုန္ခ်
လိုက္တဲ့အသံ ၾကားတာနဲ႔ ဒီေကာင္ႏွစ္ေကာင္
ေျပးလာၿပီး တစ္ေယာက္က ေလးခြနဲ႔ ရမ္းပစ္
တာေပါ့ကြာ။ တစ္ေယာက္က သံပုံးကို ဒုန္း
ခနဲ ဒုန္းခနဲ ျမည္ေအာင္ ဆက္တိုက္တီးတာ
ေဟ့။ဒီေတာ့ အဲဒီေကာင္က ဘိုးေ႐ႊဝတို႔ ေခါင္
မိုးေပၚမွာ ဝုန္းခနဲ၊ ဝုန္းခနဲ ျမည္ေအာင္ ေျပး
ေတာ့တာကြ။

ဘိုးေ႐ႊဝတို႔အိမ္ကေန အရီးမယ္ျမတို႔အိမ္
ေခါင္ေပၚ အုန္းခနဲ ခုန္ကူးၿပီး ဆက္ေျပး
တယ္။ ေနာက္ေတာ့ ကိုဘခင္တို႔ ေခါင္မိုး
ကို ခုန္ကူးၿပီး ဆက္ေျပးျပန္တယ္။ သာ
ေမာင္တို႔ကလည္း သံပုံးဆက္တိုက္တီးၿပီး
ေလးခြနဲ႔ လိုက္ပစ္ေတာ့တာေဟ့။

အေရွ႕ပိုင္းက ဝုန္းဝုန္းဒိုင္းဒိုင္း အသံေတြ
ၾကားေတာ့ က်န္တဲ့ကင္းသမားေတြကလည္း
သံပုံးေတြတီး၊ အိမ္ေတြကလည္း သံပုံးေတြ
တီးနဲ႔ တစ္႐ြာလုံးကို ညံသြားေရာေပါ့ကြာ။ အဲ
ဒါလည္းၿပီးေရာ ကိုသိန္းေမာင္လည္း လွည္း
ေကာက္ၿပီး မင္းဆီ တန္းေမာင္းတာေပါ့
တာေတရာ"

"ညက ဒီတစ္ခါပဲလား။ ထပ္ျဖစ္ေသးလား"

"ဟာ…ျဖစ္ပါၿပီလားကြ။ မိုးလင္းခါနီးအထိ
ေလးခါထပ္ျဖစ္တယ္။ အေနာက္ပိုင္းမွာျဖစ္
လိုက္၊ေတာင္ပိုင္းျဖစ္လိုက္၊ အလယ္ပိုင္းျဖစ္
လိုက္နဲ႔ကြ။ တို႔တစ္႐ြာလုံးလည္း ညမအိပ္ရ
တာ သုံးညရွိၿပီကြ"

က်ဳပ္ကို ေျပာျပေနတာက ကိုႀကီးသိန္းေမာင္
ရဲ႕သူငယ္ခ်င္းဗ်။ ကိုႀကီးေက်ာ္စိန္ ေျပာျပတာ။
ကိုႀကီးေက်ာ္စိန္ကို ေငြတြင္းကုန္းသားေတြက
ေက်ာ္စိန္လို႔ေခၚတဲ့သူ တစ္ေယာက္မွ မရွိပါဘူး
ဗ်ာ။ 'ဒူးရွည္'လို႔ပဲ ေခၚၾကတာ။လူငယ္ေတြက
လည္း သူ႔ကို ကိုႀကီးဒူးရွည္၊ ကိုႀကီးဒူးရွည္ပဲ
ေခၚၾကတာဗ်။ လူက ေျခ႐ိုးတံ ရွည္ရွည္ႀကီး
ဗ်။ က်ဳပ္လည္း ဒီလိုပဲ ေခၚတာပါပဲ။

ကိုဒူးရွည္က ဒီ႐ြာက ကာလသားေခါင္းဗ်။
က်ဳပ္တို႔အညာဓေလ့ကေတာ့ ေျမာက္ေခါင္း
ေခၚတာေပါ့ဗ်ာ။႐ြာေျမာက္ပိုင္းက ကာလသား
ေခါင္းမို႔လို႔ေျမာက္ေခါင္းလို႔ ေခၚတာေပါ့ဗ်ာ။ဒါ
ေပမဲ့ဗ်ိဳ႕ …ၾကာလာေတာ့လည္း အက်င့္ပါသြား
ၾကတာဗ်။ မ်က္စိအက်င့္၊ ဝမ္း အခ်င့္ဆိုေပမဲ့
ပါးစပ္ကလည္း အက်င့္ပါတာပါပဲဗ်ာ။

ဘာျဖစ္လို႔တုံးဆိုေတာ့ ေတာင္ပိုင္းက
ကာလသားေခါင္းျဖစ္လာရင္လည္း ပါးစပ္
က အက်င့္ပါေနၾကေတာ့ ေျမာက္ေခါင္းပဲ
ေခၚၾကတာပါ။ ဘယ္သူမွ ေတာင္ေခါင္းလို႔
မေခၚၾကဘူးဗ်။ ေငြတြင္းကုန္းမွာေတာ့
'ေျမာက္ေခါင္းဒူးရွည္'ဆိုရင္ မသိတဲ့လူ
ရွိမလားဗ်ာ။ ၿပီးေတာ့ ကို ဒူးရွည္က ၾသ
ဇာလည္း ေညာင္းသားဗ်။ လူခ်စ္လူခင္
ကလည္း လႊတ္ေပါတဲ့လူ။

"ေနပါဦး ကိုဒူးရွည္ရဲ႕။ ကိုႀကီးသိန္းေမာင္
ေျပာေတာ့ အိမ္ေတြထဲလည္း ဝင္တယ္ဆို"

"ဟုတ္ပ တာေတရာ၊ အိမ္ေတြထဲဝင္႐ုံတင္
မကဘူးေဟ့။ ဟိုဟာလွန္၊ ဒီဟာလွန္၊ ဟို
ဟာတြန္းလွဲ၊ ဒီဟာတြန္းလွဲနဲ႔ ဝုန္းဒိုင္းကို
ႀကဲေရာကြာ"

"ဟင္…ဘယ္လိုသရဲမ်ိဳးတုံးဗ်။ က်ဳပ္ျဖင့္
ဒါမ်ိဳးတစ္ခါမွ မႀကဳံဖူးပါဘူးဗ်ာ"

"ရွာေဖြေရးေတြ၊ ဘာေတြ ေသၿပီး သရဲျဖစ္
တာလားမွ မသိတာ ကိုႀကီးတာေတရ"

ေခါင္းႀကီးဆိုတဲ့ေကာင္က မ်က္စိေလး
ေပကလပ္၊ ေပကလပ္နဲ႔ ဝင္ေျပာတယ္။

"ဟာ…ဒီေကာင္ ေခါင္းႀကီး၊ လူႀကီးေတြ
စကားေျပာေနတာကို ဝင္ေႏွာက္စရာလား"

ကိုသိန္းေမာင္က ေခါင္းႀကီးကို ေငါက္တယ္
ဗ်။ေခါင္းႀကီးၿငိမ္သြားတယ္။ ေခါင္းႀကီးေျပာ
တာလည္းဟုတ္သားဗ်။သရဲက အိမ္ေတြထဲ
ဝင္ၿပီး ဟိုရွာ၊ ဒီရွာ လုပ္ေနတယ္ဆိုေတာ့
လည္း စဥ္းစားစရာပဲေပါ့ဗ်ာ။

"ႏို႔ …ကိုဒူးရွည္တို႔႐ြာထဲမွာ ပရိတ္ေတြ၊
ဘာေတြ ႐ြတ္ၾကည့္ေသးလားဗ်"

"ဟာ…တာေတရာ၊ ႏွစ္ညဆက္တိုက္ႀကီး
ျဖစ္ၿပီးကတည္းက ေနာက္တစ္ေန႔ ေက်ာင္း
သုံးေက်ာင္းက သံဃာေတြ အကုန္ေပါင္းၿပီး
႐ြာထဲမွာ တစ္လမ္းဝင္၊ တစ္လမ္းထြက္နဲ႔
တစ္လမ္းမက်န္ေအာင္ ပရိတ္ေတြ႐ြတ္တာ
ကြ။ မင္းကို သိန္းေမာင္ မေျပာဘူးလား"

"ေအး…အဲဒါကို ငါေျပာဖို႔ ေမ့ေနလို႔ကြ
ဒူးရွည္ရ"

"ဟာ …သိန္းေမာင္ရာ၊ ဒါေတြေမ့လို႔ မျဖစ္
ဘူးေလကြာ၊ တာေတကို အကုန္ေျပာျပရ
မယ္။ ဒါမွ တာေတက ေဝဖန္ပိုင္းျခားႏိုင္
မွာေပါ့ကြ"

"ေၾသာ္…ဒါေတာင္ ထပ္ျဖစ္ေနေသးတာကိုး"

"ကဲ…ဒီတစ္ညေတာ့ က်ဳပ္ေစာင့္ၾကည့္ခ်င္
ေသးတယ္ဗ်ာ။ မနက္ျဖန္မွပဲ ဘာလုပ္ရမယ္
ဆိုတာ တိုင္ပင္ၾကတာေပါ့"

"မင္းေကာင္းသလိုသာ စီစဥ္ကြာ။ လိုတာ
ရွိရင္ ဘာမဆို ေျပာေဟ့ တာေတ"

အဲဒီည က်ဳပ္တို႔ ေစာင့္ေနၾကတယ္။ ကိုသိန္း
ေမာင္ရယ္၊ ကိုဒူးရွည္ရယ္ ကိုသိန္းေမာင္တို႔
အိမ္ေအာက္က စားပြဲမွာ အၾကမ္းအိုးနဲ႔ ေဆး
ေပါ့လိပ္ေလးေတြ ဖြာေနၾကတာဗ်။ ကိုဒူးရွည္
ကေတာ့ ကာလသားေတြကို တစ္႐ြာလုံးအႏွံ႔
ကင္းခ်ထားၿပီးၿပီဗ်။ အသံကို သူနားတစြင့္စြင့္
လုပ္ေနတာ။ ေတာဓေလ့ဆိုေတာ့လည္း ည
၉ နာရီဆို လူေျခတိတ္ေရာဗ်ာ။

"ေဟာ…သိန္းေမာင္၊ နားေထာင္စမ္း။ ပုံးတီး
သံမို႔လား။ ဒါ…ေတာင္ပိုင္းက အသံကြ"

"ဒုန္း…ဒုန္း…ဒုန္း…ဒုန္း…ဒုန္း"

မၾကာပါဘူးဗ်ာ။ တစ္႐ြာလုံး သံပုံးသံေတြ
ဆူညံသြားေတာ့တာဗ်ိဳ႕။ က်ဳပ္တို႔သုံးေယာက္
လည္း သံပုံးထုသံေတြ ၾကားရတဲ့ ႐ြာေတာင္
ပိုင္းကို ဓါတ္မီးေတြထိုးၿပီး ေျပးရတာေပါ့ဗ်ာ။

"ေဟ့ေကာင္…ငပု၊ ဘာျဖစ္တုံး"

"ကိုစံေမာင္ႀကီးတို႔ ေခါင္မိုးေပၚကို ခုန္ခ်
တာဗ် ကိုႀကီးဒူးရွည္ရ"

"ခု ဘယ္ေရာက္သြားတုံး"

"မေရာက္ဘူးဗ်။ အုန္းဆိုတဲ့ အသံတစ္သံ
ပဲ ၾကားၿပီး ၿငိမ္သြားတာ"

က်ဳပ္က မ်က္ကြင္းေဆးအဆင္သင့္ကြင္း
ထားၿပီးသားေလဗ်ာ။ က်ဳပ္အသာကေလးေရွ႕တိုးၿပီး ကိုစံေမာင္တို႔ ဝိုင္းထဲကို ဝင္လိုက္
တယ္။ ဝိုင္းထဲမွာ လူေလးငါးေယာက္ဗ်။သံ
ပုံးတီးတဲ့ လူကတီး၊ ဓါတ္မီးနဲ႔ အိမ္ေခါင္မိုး
ေပၚကို ထိုးၾကည့္တဲ့လူက ၾကည့္ေနတာ။

က်ဳပ္က ကိုဒူးရွည္လက္ထဲက ဓါတ္မီးကိုယူ
ၿပီး ကိုစံေမာင္တို႔ အိမ္ေခါင္မိုးေပၚကို ထိုး
ၾကည့္လိုက္တယ္။ ဟာ…ေတြ႕ၿပီဗ်ိဳ႕။ က်ဳပ္
ေတြ႕ၿပီ။ အိမ္ေခါင္မိုးေပၚမွာ မားမားႀကီးရပ္
ေနတာဗ်ိဳ႕။ ဟင္…ဘယ္လိုဟာပါလိမ့္။ အို
လက္ႀကီးတစ္ဖက္ ျပတ္ေနပါလား။ လက္
ေကာက္ဝတ္သာသာေလာက္ကကို ျပတ္
ေနတာဗ်။ တစ္ကိုယ္လုံး အေမြးေတြ ဖုံးေန
တာဗ်ိဳ႕။ ေဟာ…ေဟာ…က်ဳပ္ဘက္ကို တ
ျဖည္းျဖည္း လွည့္ၾကည့္ၿပီဗ်ိဳ႕။

က်ဳပ္ကလည္း ဓါတ္မီးကို မျပတ္ထိုးထား
တာဗ်။ သရဲက လူသရဲမွ မဟုတ္တာ။ လူ
ဝံသရဲႀကီးဗ်။ အစြယ္ႀကီးေတြမွ ေဖြးေနတာ
ဗ်ိဳ႕။ ေမ်ာက္မ်က္ႏွာႀကီးနဲ႔ အစြယ္ေဖြးေဖြး
ႀကီးေတြဗ်ိဳ႕။ မ်က္လုံးႀကီးေတြမွ ရဲေတာက္
ေနတာပါပဲဗ်ာ။ ဒါ…ဘယ္လိုျဖစ္ရတာတုံး။

"ငပု …ငါဓါတ္မီးထိုးထားတဲ့ ေနရာကို ေလး
ခြနဲ႔ ဆက္တိုက္ပစ္စမ္းကြာ"

"ဟုတ္ကဲ့ …ကိုႀကီးတာေတ"

ငပုဆိုတဲ့ေကာင္က ျမန္လိုက္တာဗ်ာ။ ခ်က္
ခ်င္းကို ပစ္ေတာ့တာဗ်ိဳ႕။

"ဒုန္း…ဒုန္း"

"အိမ္ေခါင္မိုးေပၚကို ေလာက္စာလုံးမွန္တဲ့
အသံဗ်။ေဟာ…ေျပးၿပီဗ်ိဳ႕။ ေျပးၿပီ။ ဟာ…
ခုန္ၿပီ။

"အုန္း…"

"ဒုန္း…ဒုန္း…ဒုန္း"

ကိုစံေမာင္နဲ႔ ကပ္လ်က္က အိမ္ေခါင္မိုးေပၚ
ကို လွမ္းခုန္ၿပီး အေနာက္ပိုင္းကို ေျပးေတာ့
တာဗ်ိဳ႕။

"ဟာ…ေျပးၿပီေဟ့၊ ေျပးၿပီ"

႐ြာထဲက လူေတြေရာ၊ ငပုတို႔ေရာ အသံၾကား
တဲ့ဘက္ကို သံပုံးေတြတီးၿပီး ေျပးလိုက္ၾက
ေရာဗ်ိဳ႕။

"ကဲ…ကိုဒူးရွည္၊ က်ဳပ္တို႔ ကိုသိန္းေမာင္တို႔
အိမ္ ျပန္ၾကစို႔ဗ်ာ"

"ေဟ…ျပန္မယ္ ဟုတ္လား တာေတ၊ အ
ေနာက္ပိုင္းကို မလိုက္ေတာ့ဘူးလား"

"မလိုက္ေတာ့ပါဘူးဗ်ာ"

"မင္းျမင္လိုက္ၿပီလား တာေတ"

"က်ဳပ္ျမင္လိုက္ပါၿပီဗ်၊ အိမ္ေရာက္မွ ေျပာ
ၾကတာေပါ့ဗ်ာ"

"ေၾသာ္ …ေအး …ေအး"

က်ဳပ္တို႔အိမ္ေရာက္ေတာ့ ဘိုးေငြတို႔ေရာ၊
အရီးေက်ာ့ေရာ မအိပ္ၾကေသးဘူးဗ်။

"တာေတ…ထူးလားကြ"

ဘိုးေငြတိုးက က်ဳပ္ကို ဆီးၿပီးေမးသဗ်။
က်ဳပ္တို႔အားလုံး အိမ္ႀကီးေပၚမတက္ဘဲ
ဝိုင္းထဲက တန္းလ်ားမွာပဲ အၾကမ္းေသာက္
ရင္း စကားေျပာၾကတာ။

"ထူးတယ္ အဘရဲ႕၊ ထူးသမွ် ေတာ္ေတာ္ကို
ထူးတာ"

"ေဟ…ဟုတ္လား တာေတရဲ႕၊ ေျပာျပပါ
ဦးၾက"

ကိုႀကီးသိန္းေမာင္ေရာ၊ ကိုဒူးရွည္ေရာက
က်ဳပ္ကို ေငးၾကည့္ၿပီး ဘာေျပာမလဲလို႔
ေစာင့္ေနၾကတာဗ်။

"သရဲက လက္ႀကီးတစ္ဖက္ ျပတ္ေနတယ္
ဗ်။ ၿပီးေတာ့ လူမဟုတ္ဘူး၊ လူဝံႀကီးဗ်"

"ေဟ" "ဟာ" "ဘုရား … ဘုရား"

အားလုံး အံ့ၾသကုန္တာေပါ့ဗ်ာ။ ကိုဒူးရွည္
ကေတာ့ မ်က္ေမွာက္ႀကီးကုတ္ၿပီး စဥ္းစား
ေနတယ္ဗ်။ ဘိုးေငြတိုးကေတာ့ ေခါင္းေလး
ညိတ္ၿပီး ေဆးေပါ့လိပ္ကေလး မီးညႇိလိုက္
တယ္။

"ဘိုးစံရင္ယာထဲက လက္ျပတ္ႀကီးကိုး။
ဘယ္လိုျဖစ္ၿပီး လူဝံႀကီး ျဖစ္ေနရတာတုံး"

ကိုဒူးရွည္က စကားကို ခပ္ေလးေလးႀကီး
ေျပာတယ္။

"ဟင္ …လက္ျပတ္ႀကီးကို ခင္ဗ်ားတို႔ သိ
တယ္ ဟုတ္လား ကိုဒူးရွည္"

က်ဳပ္က အံ့ၾသၿပီး ေမးလိုက္ေတာ့ ကိုဒူးရွည္
က ေခါင္းညိတ္ၿပီး ေျပာတယ္။

"ေငြတြင္းကုန္းတို႔၊ မီးေလာင္ကုန္းတို႔၊ ဆပ္
သေျမာင္တို႔က လူေတြ ေတာ္ေတာ္မ်ားမ်ား
လက္ျပတ္ႀကီးကို သိၾကတယ္ တာေတ၊ ည
ဘက္ အခ်ိန္မေတာ္ ဘိုးစံရင္ယာထဲကို ျဖတ္
ေလွ်ာက္တာတို႔၊ ေျမပဲခိုးႏုတ္တာတို႔၊ ႏွမ္း
ေတာင္ခိုးတာတို႔ လုပ္မိလို႔ကေတာ့ လက္
ျပတ္ႀကီးလိုက္လို႔ လွ်ာထြက္မတတ္ ေျပး
ၾကရတာခ်ည္းပဲေဟ့"

"ဟာ…ဒါဆိုရင္ လက္ျပတ္ႀကီးက ဘိုးစံရင္
ယာေတာကိုေစာင့္တဲ့ အေစာင့္သရဲေပါ့။
ဟုတ္လား ကိုဒူးရွည္"

"ေအး …ဟုတ္တယ္ တာေတ၊ ေငြတြင္းကုန္း
မွာ လက္ျပတ္ႀကီး အလိုက္ခံရဖူးတဲ့သူေတြ
ေလးငါးေယာက္ ရွိတယ္ကြ။ တစ္ကိုယ္လုံး
အေမြးမည္းမည္းႀကီးေတြ ဖုံးေနတဲ့ သရဲႀကီး
တဲ့။ လက္ႀကီးတစ္ဖက္ ျပတ္ေနတာတဲ့။ ဒါ
ေပမဲ့ မင္းအခု ေတြ႕သလို လူဝံႀကီးဆိုတာ
ေတာ့ ဘယ္သူမွ မသိဘူး တာေတ၊ မင္း
ေျပာလိုက္ေတာ့မွ ငါလည္း ေတာ္ေတာ္ကို
ေခါင္းေျခာက္သြားတာ။ ဒီအဟိတ္တိရစာၦန္
သရဲႀကီးကို ပရိတ္႐ြတ္ေတာ့ေကာ သိမတဲ့
လား။ ေကာင္းမႈကုသိုလ္ျပဳေပးလို႔လည္း
သိမွာမွမဟုတ္တာ။ ဒုကၡပါပဲကြာ။ ႀကံစမ္း
ပါဦး ငါ့ညီရာ။ မင္းကိုပဲ အားကိုးပါတယ္
တာေတရာ"

ဘိုးေငြတိုးက ေဆးေပါ့လိပ္ကေလးကို
ဆက္တိုက္ဖြာေနရင္း ေျပာလိုက္တယ္။

"ဘိုးစံရင္လုပ္ခဲ့တဲ့ကိစၥေတြေပါ့ကြာ။ သူ
မေသခင္က ရွင္းေအာင္လင္းေအာင္ လုပ္
မသြားေတာ့ ႐ြာပါနာၿပီေပါ့ကြာ"

"ဗ်ာ …ဘိုးစံရင္ လုပ္တာ ဟုတ္လားအဘ"

ကိုသိန္းေမာင္က သူ႔အဘကို တအံ့တၾသ
နဲ႔ ေမးတာဗ်ိဳ႕။

"ဟုတ္တယ္ လူကေလး။ ဒီကိစၥေတြကို
အဘရဲ႕ဘေထြး ဘိုးညိဳေမာင္ေျပာျပလို႔
သိတာ။ ဘိုးညိဳေမာင္လည္း ရွိေတာ့တာ
မဟုတ္ေတာ့ ဘယ္သူမွ ေမးလို႔မရေတာ့
ဘူးေပါ့ကြာ"

"အဘကို ဘိုးညိဳေမာင္ ဘာေတြေျပာလို႔တုံး"

"ဒီလိုကြ။ ဘိုးစံရင္က ငယ္ငယ္က လက္ေဝွ႔
သမားဆိုပဲ။ ငါ့ဘေထြးနဲ႔က ငယ္သူငယ္ခ်င္း
ေတြေလကြာ။ ဘိုးစံရင္က ႐ြာစဥ္လွည့္ၿပီး
လက္ေဝွ႔ေၾကးစားထိုးဆိုပဲ။ သူသြားထိုးတိုင္း
ဘေထြးက အေဖာ္လိုက္ရတာတဲ့ကြ။ တစ္
ေန႔ေတာ့ ေျမာက္ဘက္က ႐ြာေတြမွာ လက္
ေဝွ႔သြားထိုးၿပီး သူငယ္ခ်င္းႏွစ္ေယာက္ ျပန္
အလာ ႐ိုးမေတာထဲျဖတ္ေတာ့ လူဝံႀကီး
တစ္ေကာင္နဲ႔ ပက္ပင္းတိုးေရာဆိုပဲ"

"ဒီလူဝံက ဘယ္ကမ်ားေရာက္လာတုံး
ဘႀကီးရဲ႕"

ကိုဒူးရွည္က ဝင္ေမးတာဗ်။

"ငါ့ဘေထြးေျပာေတာ့ ဟိမႏၲာဘက္မွာ တအားေအးလို႔ ဒီဘက္ကို ေဆာင္းခိုဖို႔ ေရာက္
လာတာဆိုပဲ ဒူးရွည္ရဲ႕၊ အၿမဲလာတာေတာ့
မဟုတ္ဘူးတဲ့ကြ။ တစ္ခါတေလ နယ္ကြၽံၿပီး
ေရာက္လာတာ ျဖစ္မယ္တဲ့ကြ"

"ဟင္… ဒီေတာ့ ဘိုးစံရင္က လူဝံႀကီးကို
ဘာလုပ္လိုက္တုံးဗ်"

"ဘိုးစံရင္က လုပ္တာ မဟုတ္ဘူးကြ။ လူဝံ
က ဘိုးစံရင္ကို ေတြ႕တယ္ဆို ေျပးၿပီးထိုး
တာဆိုပဲကြ။ ဒီမွာတင္ ဘိုးစံရင္က

'ေဟ့ေကာင္ …ညိဳေမာင္၊ မင္းေဝးေဝးသြား
ေန၊ ငါ အေျခအေနမေကာင္းရင္ မင္းလြတ္
ေအာင္ေျပးေပေတာ့ 'လို႔ ေျပာသတဲ့။ ဘ
ေထြးကလည္း…

'ဟာ…စံရင္ မင္းတစ္ေယာက္တည္း ဘယ္
ျဖစ္မွာတုံး၊ ငါပါဝင္ခ်မယ္'

'မင္း ဒီေကာင္ေတြအေၾကာကို နားမလည္
ပါဘူး။ ေဝးေဝးသာ သြားေနစမ္းပါ'

ငါ့ဘေထြးလည္း မလွမ္းမကမ္းက သစ္ပင္
ႀကီးတစ္ပင္ကို ေနာက္ကေန ပုန္းၿပီး ၾကည့္
ေနရတာဆိုပဲ။ လူဝံကလည္း လက္ေဝွ႔တတ္
တယ္တဲ့ေဟ့။ လူဝံက ဘိုးစံရင္ကို ေျပးၿပီး
ထိုးတိုင္း ဘိုးစံရင္က လြတ္ေအာင္မနည္း
ေရွာင္ရတာတဲ့။ လူဝံလက္သီးတစ္ခ်က္မိ
လိုက္ရင္ သတိလစ္သြားမွာတဲ့ကြ။ အဲဒီလို
ေရွာင္ရင္းနဲ႔ လူဝံရဲ႕ဗိုက္ကို တစ္ခ်က္ ႏွစ္
ခ်က္ ထိုးလိုက္ရတာတဲ့ေဟ့။

ဘေထြးက ေျပာတယ္။ လူဝံက လူလိုေတာ့
အသိဥာဏ္ မရွိဘူးတဲ့ကြ။ သူထိုးဖို႔ပဲ သိတာ
တဲ့။ ေရွာင္ဖို႔ တိမ္းဖို႔ နားမလည္ဘူးတဲ့ကြ။ဘိုး
စံရင္ထိုးသမွ် ထိတာခ်ည္းပဲတဲ့။

ေနာက္ေတာ့ ဘိုးစံရင္က လူဝံႀကီးကို သစ္
ပင္ႀကီးေတြ ရွိတဲ့ဘက္ကို မွ်ားေခၚသြားတာ
တဲ့ေဟ့။ သစ္ပင္အႀကီးႀကီးတစ္ပင္နားမွာ
ကပ္ၿပီး လက္ေဝွ႔ေရးျပသလို လုပ္ေတာ့
လူဝံႀကီး ေဒါသတအားျဖစ္လာေရာတဲ့ကြ။

ဘာေျပာေကာင္းမလဲ။ ေခါင္းႀကီးစိုက္ၿပီး
ဘိုးစံရင္ရဲ႕ ရင္ဝကို သူ႔ေခါင္းႀကီးနဲ႔ တရ
ၾကမ္းေျပးၿပီး ေဆာင့္တာတဲ့ေဟ့။ ဘိုးစံ
ရင္က ေဘးကို ဖ်တ္ခနဲ ခုန္ေရွာင္လိုက္
ေတာ့ သစ္ပင္ကို ေခါင္းႀကီးနဲ႔ ေျပးေဆာင့္
မိၿပီး ေနာက္ကို ပက္လက္လန္က်သြား
ေရာတဲ့ေဟ့။ ေခါင္းႀကီးကြဲၿပီး ေသြးေတြ
ဖ်ာခနဲ ထြက္ကုန္ေရာတဲ့ကြ။

ဒီမွာတင္ ဘိုးစံရင္က လူဝံႀကီးရင္ဘတ္ကို
ခြစီးၿပီး ရင္ဘတ္တစ္ေနရာတည္းကိုခ်ည္း
ဆက္တိုက္ထိုးတာတဲ့။

'ဘုန္း…ဘုန္း…ဘုန္း'

ဘိုးစံရင္ရဲ႕လက္သီးနဲ႔ လူဝံႀကီးရဲ႕ ရင္ဘတ္
ထိတဲ့အသံႀကီးက ေတာထဲမွာကို ဟိန္းထြက္
ေနတာတဲ့ကြ။ ပထမေတာ့ လူဝံႀကီးက ဘိုး
စံရင္ကို ခံထိုးေသးတာတဲ့။ ေနာက္ေတာ့
ႏွလုံး ကြဲသြားတယ္ ထင္ပါရဲ႕ကြာ။

လူဝံႀကီး ၿငိမ္သြားေရာတဲ့။ ဒီမွာတင္ ဘိုးစံ
ရင္က ဘေထြးဆီက ဓါးေျမႇာင္ကိုေတာင္းၿပီး
လူဝံရဲ႕ ရင္ကိုခြဲၿပီး သည္းေျခကိုထုတ္ယူတယ္။
ၿပီးေတာ့ ဘေထြးပခုံးမွာ လြယ္လာတဲ့ ဓါးရွည္
ကိုေတာင္းၿပီး လူဝံရဲ႕လက္တစ္ဖက္ကို လက္
ေကာက္ဝတ္သာသာေလာက္ကေန ခုတ္ျဖတ္
ယူလိုက္တယ္။

'ညိဳေမာင္…ဒါမ်ိဳးဆိုတာ ႀကဳံေတာင့္ႀကဳံခဲကြ။
ဝံလက္ကို ဝံသည္းေျခနဲ႔ စီရင္တတ္ရင္ မင္း
တစ္သက္လုံး ဒီေကာင့္ဝိညာဥ္ကို ခိုင္းစားလို႔
ရတယ္ကြ'

'ေဟ…ဟုတ္လား။ မင္းလုပ္တတ္သလား
စံရင္'

'ဟာ…လုပ္တတ္တာေပါ့ ညိဳေမာင္ရဲ႕၊ ငါ့
အဘိုး ငါ့ကို သင္ေပးသြားတာကြ။ ငါ ဒီ
ေကာင္ႀကီးကို စီရင္မွာ။ ေနာက္ေတာ့ မင္း
ၾကားရမွာေပါ့ကြာ'

လို႔ ေျပာၿပီး လူဝံသည္းေျခနဲ႔ လူဝံလက္ျပတ္
ႀကီးကို ငွက္ေပ်ာဖက္နဲ႔ ထုပ္ၿပီး ဘိုးစံရင္ ယူ
သြားတာတဲ့ေဟ့။ ေနာက္မၾကာခင္မွာပဲ ဘိုး
စံရင္တို႔ယာေတာမွာ လက္ျပတ္သရဲႀကီး
လိုက္လို႔ ဆိုၿပီး ေျပာသံဆိုသံေတြ ၾကားရ
ေတာ့ေတာ့တာပဲတဲ့ေဟ့။ အဲဒီေနာက္ပိုင္း
ေတာ့ ဘိုးစံရင္လည္း လက္ေဝွ႔မထိုးေတာ့
ဘဲ သူ႔မိဘအေမြေပးတဲ့ ယာမွာပဲ လုပ္ကိုင္
ေနေတာ့တာတဲ့"

"ဟာ…ဘိုးစံရင္ကလည္း သူမေသခင္ ဒါ
ႀကီးကို လႊတ္ေပးခဲ့ရမွာဗ်။ ဒါႀကီးက က်ဳပ္
တို႔႐ြာမွာ ေမႊေနၿပီ။ ဘယ္လိုလုပ္ၾကမလဲ။
လူစကားလည္း နားလည္တာ မဟုတ္ေတာ့
လည္း ခက္သားလားဗ်"

ကိုသိန္းေမာင္က စိတ္ညစ္တဲ့အသံႀကီးနဲ႔
ေျပာတာဗ်ိဳ႕။

"ေနပါဦး ကိုႀကီးသိန္းေမာင္ရယ္။ က်ဳပ္ မဖဲဝါ
နဲ႔ ေတြ႕ၾကည့္ပါဦးမယ္"

"ေဟ…မဖဲဝါ ဟုတ္လား တာေတ"

"ဟုတ္တယ္ဗ် ကိုႀကီးသိန္းေမာင္၊ မနက္ျဖန္
ညမိုးမခ်ဳပ္ခင္ ၾကက္တစ္ေကာင္နဲ႔ ဆန္တစ္
ျပည္ ခ်က္ၿပီး ထမင္းေတာင္းတစ္ေတာင္း အ
ဆင္သင့္လုပ္ေပးၾကဗ်ာ။ ၿပီးေတာ့ နတ္ဝင္
သည္တစ္ေယာက္ ရွာေပးဗ်ာ"

"ဟာ…ရွိတယ္ ရွိတယ္။ မီးေလာင္ကုန္းက
ေဒၚတုတ္ေခၚေပးမယ္ေလကြာ။ ေဒၚတုတ္
က မင္းအထာကို သိၿပီးသားမို႔လားကြ"

"ေဒၚတုတ္ဆိုရင္ေတာ့ ပိုၿပီးအဆင္ေျပတာ
ေပါ့ဗ်ာ။ ေဒၚတုတ္က မဖဲဝါပင့္ေနက်ဗ်"

ေနာက္တစ္ေန႔ည ၉ နာရီေလာက္မွာ ကို
ဒူးရွည္ရယ္၊ ကိုသိန္းေမာင္ရယ္၊ က်ဳပ္ရယ္၊
ေဒၚတုတ္ရယ္ ေငြတြင္းကုန္းသခ်ႋဳင္းကို
ထြက္ခဲ့ၾကတယ္။ ကိုသိန္းေမာင္ကိုယ္တိုင္
ထမင္းေတာင္းထမ္းလို႔ဗ်။

"အုန္း…ဒုန္း…ဒုန္း …ဒုန္း"

က်ဳပ္တို႔ ႐ြာအေနာက္က ထြက္တဲ့အခ်ိန္မွာ
ပဲ ႐ြာထဲက သံပုံးတီးသံေတြ ၾကားရေတာ့
တာပါပဲဗ်ာ။ ေငြတြင္းကုန္းသခ်ႋဳင္းေရာက္
ေတာ့ ထုံးစံအတိုင္း က်ဳပ္က ထမင္းထုပ္
ကို ဂူႀကီးတစ္လုံးေပၚမွာ ေျဖၿပီး စားပြဲ
ေသာက္ပြဲ ျပင္တယ္။

ေဒၚတုတ္ကလည္း လုပ္ေနက်ဆိုေတာ့
အဆင္သင့္ပဲဗ်။

"သုသာန္တစ၊ သခ်ႋဳင္းဝက သခ်ႋဳင္းရွင္မ
မဖဲဝါဗ်ာ။ က်ဳပ္တာေတက စားပြဲေသာက္
ပြဲမ်ားနဲ႔ ပင့္ဖိတ္ပါတယ္။ ႂကြပါဗ်ာ၊ ႂကြပါ၊
အခုခ်က္ခ်င္း လွမ္းႂကြခဲ့ပါဗ်ား"

ျမန္တယ္ဗ်ိဳ႕ …ျမန္တယ္။ ေငြတြင္းကုန္း
သခ်ႋဳင္းေျမာက္ဘက္က မဖဲဝါရဲ႕ ေခြးႀကီး
အူသံကို ၾကားရတယ္ဗ်ိဳ႕။

"ဝူး…ဝူး…ဝူး…ဝူး…အီး…အီး"

ေဟာ…ဝင္ၿပီ၊ ဝင္ၿပီ။ ေဒၚတုတ္အသားေတြတဆတ္ဆတ္တုန္ေနၿပီဗ်ိဳ႕။ ဟာ…ခုန္ၿပီဗ်ာ။
လႊားခနဲပဲဗ်။ ေဒၚတုတ္ ဂူႀကီးေပၚေရာက္သြား
ၿပီ။ အို…ဂူေပၚေရာက္တာနဲ႔ စားေတာ့တာ
ပဲဗ်ာ။ ဆံပင္ဖားလ်ားႀကီးနဲ႔ ဒူးႀကီးေတြ
ေထာင္းၿပီး စားေတာ့တာဗ်။

"ခြပ္…ခြပ္…ခြပ္…"

ၾကက္႐ိုးေတြမ်ား ကိုက္လိုက္တာဗ်ာ…
ခြပ္ခနဲ ခြပ္ခနဲ ေနတာဗ်ိဳ႕။ ၿပီးေတာ့ အ
႐ိုးေတြေထြးထုတ္တာလည္း မေတြ႕ရ
ဘူး။ အ႐ိုးပါ မဖဲဝါ စားပစ္တာဗ်ိဳ႕။
ေဟာ…ေဟာ…က်ဳပ္ကို မ်က္လုံးျပဴး
ႀကီးနဲ႔ ၾကည့္ေနၿပီဗ်။

"သခ်ႋဳင္းရွင္မႀကီး မဖဲဝါ၊ ေဟာဒီေငြတြင္း
ကုန္း႐ြာမွာ ညဘက္ဆိုရင္ သရဲႀကီးတစ္
ေကာင္ ေသာင္းက်န္းေနပါတယ္ဗ်ာ။အိမ္
ေခါင္မိုးေတြေပၚမွာ ေလွ်ာက္ေျပးၿပီး အိမ္
ေတြထဲလည္း ဝင္လို႔တဲ့ဗ်ား"

"တာေတ…အဲဒါ လူဝံႀကီး။ စံရင္သတ္ၿပီး
ေဆးစီရင္ထားတာ။ စံရင့္ ယာကိုေစာင့္
တဲ့ အေကာင္။ ဒီအေကာင္က သိပ္ဆိုး
တာ။တစ္ခါတေလ စံရင့္ယာထဲကို ျဖတ္
သြားမိရင္ ငါ့ကိုေတာင္ လိုက္ဆြဲတာ။ ငါ
တစ္ႏွစ္တစ္ခါ ႐ိုက္ထားလို႔ ေနာက္မဆြဲ
ေတာ့တာ။ ဒီအေကာင္က စံရင္ေသရင္
ထြက္သြားရမွာ။ ဘာလို႔ မသြားေသးတာ
လဲဆိုေတာ့ စံရင္ ေဆးစီရင္ထားတဲ့ သူ႔
လက္ျပတ္ႀကီး ျပန္မရေသးလို႔ဟဲ့။ အဲ
ဒီ လက္ျပတ္ႀကီးကို လိုက္ရွာေနတာ"

"ဟာ …ဘိုးစံရင္အိမ္မွာ မရွာဘဲ ဘာျဖစ္
လို႔ ႐ြာထဲမွာ လိုက္ရွာေနတာတုံးဗ်"

"စံရင္အိမ္မွာရွာတာ မေတြ႕လို႔ေဟ့။ နင္
အဲဒါကို အခု ခ်က္ခ်င္းသြားရွာၿပီး သူ႔ကို
ေပးလိုက္ရင္ သူ႐ြာထဲက ခ်က္ခ်င္းထြက္
သြားလိမ့္မယ္။ ဒီလူဝံႀကီး သူလာခဲ့တဲ့
ဟိမႏၲာကိုျပန္မွာ"

"ဟင္ …အဲဒီလူဝံရဲ႕ လက္ျပတ္ႀကီးကို
က်ဳပ္ ဘယ္မွာသြားရွာရမွာတုံးဗ် မဖဲဝါရဲ႕"

"စံရင့္အိမ္ဝိုင္းထဲက ဆိပ္ဖလူးပင္ႀကီး
ေအာက္တည့္တည့္ ေတာင္ဘက္မွာတူး၊
ေသတၱာနဲ႔ ထည့္ၿပီး ျမႇဳပ္ထားတယ္။ အဲဒါ
ေပးလိုက္၊ ခ်က္ခ်င္း ထြက္သြားလိမ့္မယ္"

မဖဲဝါ စားေသာက္ၿပီး ျပန္ထြက္သြားတယ္။
ေဒၚတုတ္ကို ျပန္ေခၚၿပီး က်ဳပ္တို႔ ျပန္ခဲ့ၾက
တယ္။

အိမ္ေရာက္တာနဲ႔ကိုဒူးရွည္ရယ္၊ကိုသိန္း
ေမာင္ရယ္၊ က်ဳပ္ရယ္ တူ႐ြင္းတစ္ေယာက္
တစ္ေခ်ာင္း ယူၿပီး ေျမာက္ပိုင္းက ဘိုးစံရင္
ရဲ႕ဝိုင္းကို လာခဲ့ၾကတယ္။

ဘိုးစံရင္ရဲ႕ အိမ္သားေတြကို အက်ိဳးအ
ေၾကာင္းေျပာၿပီး မဖဲဝါေျပာတဲ့ ဆိပ္ဖလူး
ပင္ႀကီးရဲ႕ ေအာက္တည့္တည့္ ေတာင္
ဘက္မွာ က်ဳပ္တို႔ တူးၾကတယ္ဗ်ိဳ႕။ သိပ္
ၾကာၾကာ မတူးလိုက္ရဘူးဗ်။

"ဒုတ္…" "ဒုတ္…" "ေဟာ…ေတြ႕ၿပီေဟ့
ေတြ႕ၿပီ"

ကိုႀကီးသိန္းေမာင္က အရင္ဆုံးမိတာဗ်။
က်ဳပ္တို႔ ခပ္ျဖည္းျဖည္းပဲ တူးၾကေတာ့တာ
ေပါ့ဗ်ာ။ ႏွစ္ေတာင္ မရွိတရွိမွာ သြားေတြ႕
တာဗ်။ ဘိုးစံရင္တို႔ အိမ္သားေတြကလည္း
ဝိုင္းကူလုပ္ေပးၾကပါတယ္။က်ဳပ္တို႔ကို မီးျပ
ေပးတယ္ဗ်။ေဟာ…ေပၚလာၿပီ။ ေပၚလာၿပီ။

ေအာင္မေလး…ေၾကးေသတၱာေလးဗ်။ တစ္
ေတာင္ေလာက္ ရွိမယ္ထင္တယ္။ က်ဳပ္က
ေသတၱာေသာ့ကို ကလန္႔ဖြင့္လိုက္ၿပီး ေသ
တၱာအဖုံးကို ဖြင့္လိုက္တယ္။ ဟာ…ဟုတ္ပ
ဗ်ာ။ လူဝံႀကီးရဲ႕ လက္ျပတ္ႀကီးဗ်။ အေမြး
မည္းမည္းႀကီးေတြနဲ႔ဗ်ိဳ႕။ ေသေသခ်ာခ်ာ
ကို ေျခာက္ေအာင္ လုပ္ထားတာ။

လက္ျပတ္ႀကီးရဲ႕ ေဘးမွာ ပုလင္းတစ္လုံး
လည္း ေတြ႕တယ္ဗ်။ ဒါကေတာ့ လူဝံသည္း
ေျခထည့္ထားတာ ထင္တယ္ဗ်။

က်ဳပ္လူဝံရဲ႕ လက္ျပတ္ႀကီးကို ထုတ္ယူ
လိုက္တယ္။

"ကဲ…ကိုဒူးရွည္၊ က်ဳပ္တို႔ သြားၾကရေအာင္"

က်ဳပ္တို႔ ဘိုးစံရင္ရဲ႕ ဝိုင္းထဲက ထြက္လာၿပီး
ကင္းသမားေတြကို ေမးရတာေပါ့ဗ်ာ။ ဘယ္
ဘက္မွာ အသံၾကားတုံးဆိုေတာ့ ႐ြာေတာင္
ဘက္မွာတဲ့ဗ်ာ။ လူဝံႀကီးကေတာ့ သူ႔လက္
ႀကီး မရမခ်င္း ညတိုင္းကို ေမႊမယ့္ပုံပဲဗ်။

"ကိုႀကီးတာေတ…လာ…လာ၊ အရီးလုံး
တင္တို႔ အိမ္ေခါင္ေပၚကို အခုပဲ ခုန္ခ်
သြားတာဗ်"

ကင္းေစာင့္ေနတဲ့ ငပုက ေရွ႕ကသြား၊ က်ဳပ္
တို႔က ေနာက္က လိုက္ၾကတာေပါ့ဗ်ာ။ အရီး
လုံးတင္တို႔ ဝိုင္းထဲကို ေရာက္ေတာ့ …

"မီးထိုးစမ္းဗ်ာ…ကိုဒူးရွည္"

က်ဳပ္က မိုးခ်ဳပ္ကတည္းက မ်က္ကြင္းေဆး
ထားတာဗ်ိဳ႕။ ေဟာ…ေတြ႕ၿပီ။ ေတြ႕ၿပီ။ကိုဒူး
ရွည္ ထိုးလိုက္တဲ့ ဓါတ္မီး မီးေရာင္ေအာက္
မွာ မတ္တတ္ႀကီး ရပ္ၿပီး က်ဳပ္တို႔ကို ၾကည့္
ေနတာဗ်ိဳ႕။

"ဒုန္း…ဒုန္း…ဒုန္း"

သံပုံးတီးသံေတြကေတာ့ ညံေနတာေပါ့ဗ်ာ။
တစ္႐ြာလုံးကို ဆူေနတာဗ်ိဳ႕။ က်ဳပ္က လူဝံ
ႀကီးရဲ႕ လက္ျပတ္ေျခာက္ႀကီးကို ဓါတ္မီး
ေရာင္ေအာက္မွာ ေထာင္ျပလိုက္တယ္။
ဟာ…လူဝံႀကီး ေသေသခ်ာခ်ာၾကည့္ေန
တယ္ဗ်ိဳ႕။ေဟာ…ေဟာ …ေလွ်ာက္လာၿပီ
ဟာ…ခုန္ခ်ၿပီ၊ ခုန္ခ်ၿပီဗ်ိဳ႕။

"ဘုန္း"

ေျမႀကီးေပၚကို အိမ္ေခါင္ေပၚကေန ခုန္ခ်
တာဗ်ိဳ႕။ ကိုဒူးရွည္က အသံၾကားတဲ့ဆီကို
ဓါတ္မီးထိုးျပထားတယ္။ လူဝံႀကီးက က်ဳပ္
ကိုင္ထားတဲ့ သူ႔လက္ျပတ္ႀကီးကိုပဲ စိုက္
ၾကည့္ေနတယ္ဗ်။

"ကိုဒူးရွည္…မီးကို ၿငိမ္ၿပီးထိုးထား"

က်ဳပ္က သူ႔လက္ျပတ္ႀကီးကို ေျမႇာက္ၿပီး
သူ႔ဆီကို ပစ္ေပးမလို လုပ္ျပတယ္။ လူဝံ
ႀကီးကလည္း က်န္ေနတဲ့ လက္တစ္ဖက္
နဲ႔ ကမ္းေပးမလို လုပ္တယ္။

တစ္ခါ ႏွစ္ခါ လုပ္ျပၿပီးေတာ့ က်ဳပ္လက္
ျပတ္ႀကီးကို သူ႔ဆီ ပစ္ေပးလိုက္တယ္။

ေဟာ…ဖမ္းတယ္ဗ်ိဳ႕။ ဖမ္းတယ္။

မိသြားၿပီဗ်။ လက္ျပတ္ႀကီးကိုကိုင္ၿပီး ေသ
ေသခ်ာခ်ာ ၾကည့္တယ္။ ၿပီးေတာ့ က်ဳပ္ကို
လွမ္းၾကည့္ေနတယ္။ ေဟာ…ေနာက္ဘက္
ကို လွည့္ၿပီး ေျပးၿပီဗ်ိဳ႕။ ဝိုင္းထဲကေန ေျပး
ထြက္သြားၿပီ။

"ဝူး… ဝူး… ဝူး… ဝူး"

ေဟာ …ေခြးေတြ အူၿပီဗ်ိဳ႕။ သည္ေတာ့မွပဲ
ေခြးေတြလည္း အူရဲတာဗ်။ ေစာေစာက
ေတာ့ အသံေတာင္ မၾကားရဘူး။

ၿငိမ္ေနၾကတာ။ ဒါဆိုရင္ေတာ့ လူဝံႀကီး
ထြက္သြားတာ ေသခ်ာၿပီေပါ့ဗ်ာ။မဖဲဝါ ေျပာသလို ဆိုရင္ေတာ့ ဒီေကာင္ႀကီး
ဟိမဝႏၲာကို ျပန္ေတာ့မွာေပါ့ေလ။

ၿပီးပါၿပီ

မူရင္းေရးသူ ဆရာ တာေတ

စာဖတ္သူမ်ား စိတ္႐ႊင္လန္းပါေစ..

#တာေတ
#မဖဲဝါ
#ညမဖတ္ရ

No comments

Post a Comment