ကဝေရုပ်ကြွင်း

  ဒိုးညီနောင်နဲ့ ဂမ္ဘီရဖြစ်ရပ်ဆန်းများ ၁၅။ ပါရမီဖြည့်လမ်းခရီးဆန်း ကဝေရုပ်ကြွင်း ******** ကိုဆုံတို့ ကိစ္စဝိစ္စကို ရှင်းလင်းပြီးတော့ မပြီ... thumbnail 1 summary

 ဒိုးညီနောင်နဲ့ ဂမ္ဘီရဖြစ်ရပ်ဆန်းများ

၁၅။ ပါရမီဖြည့်လမ်းခရီးဆန်း
ကဝေရုပ်ကြွင်း
********
ကိုဆုံတို့ ကိစ္စဝိစ္စကို ရှင်းလင်းပြီးတော့ မပြီးပြတ်သေးဘဲ ကျန်နေတဲ့ ကဝေရုပ်ကြွင်းပြဿနာကို ထပ်မံပြီး ဖြေရှင်းကြဖို့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ ထွက်လာခဲ့ကြတယ်။
သုံးဦးသား လမ်းခရီးတစ်ခုလုံး မနားမနေနဲ့ ခရီးနှင်လာခဲ့ကြတာ နေစောင်းချိန်မှာတော့ တောအုပ်တစ်ခုဆီကို ရောက်ခဲ့ကြတယ်။
တောအုပ်ဆီကို ခြေချမိလိုက်တာနဲ့ ဦးသိဒ္ဒိက...။
" လူလေးတို့...ကဝေရုပ်ကြွင်း ရှာဖွေမှုအတွက် မကြာခင်မှာပဲ တိုက်ခိုက်မှုတွေ စတင်ကြုံတွေလာရတော့မယ်။ ကိုယ်လုံအောင်လို့ သရဏဂုံတင်ပြီး ဂုဏ်တော်ကိုးပါးကိုသာ အာဂုဏ်ဆောင်ထားကြတော့..."
ဦးသိဒ္ဒိရဲ့ သတိပေးစကားအတိုင်း ဒိုးညီနောင်တို့လည်း လိုက်နာပြုမူလိုက်ကြတယ်။
သိပ်မကြာခင်မှာပဲ အချိန်က မှောင်ရီပျိုးခဲ့ပြီ။
" ဝေါင်း...."
ရုတ်တရက် ကျားတစ်ကောင်ရဲ့ မာန်ဖီဟိန်းဟောက်သံကို သူတို့ရဲ့ အရှေ့ မလှမ်းမကမ်းလောက်ဆီက ကြားလိုက်ရတယ်။
" ကျား ဟိန်းသံပဲ ဘဘ။ ဒီတောအုပ်မှာ သားရဲတွေများ ရှိနေလို့လား ဘဘ..."
ဒါပေမယ့် အသံကိုပဲ ကြားရပြီး အကောင်အထည်ကိုတော့ မမြင်ကြရဘူး။ ဦးသိဒ္ဒိက ခပ်ဖွဖွ ပြုံးလိုက်ပြီး...။
" ဒါက သာမန်ကျားမဟုတ်ဘူး လူလေးတို့ရဲ့။ အသံကို သေချာနားထောင်ကြည့်၊ လိုဏ်သံပါပြီး အက်ကြောင်းထ နေတယ်..."
နောက်ထပ် ကျားဟိန်းသံက ထပ်ပြီး ထွက်ပေါ်လာတော့ ဦးသိဒ္ဒိပြောသလိုပဲ အသံက အက်ကြောင်းထနေတယ်။
" ဪ...သူတို့တတွေလည်း ကဝေရုပ်ကြွင်းကို လိုချင်တာနဲ့ပဲ စောစောစီးစီးကို တိုက်ခိုက်လာတော့တာပါလား..."
ဒိုးငယ်က ရေရွတ်လိုက်တယ်။
သူတို့ ရှေ့ဆက်လှမ်းလာကြပြီး မကြာဘူး ခြုံဖုတ်တစ်ခုရဲ့ အကြားဆီက ကြီးမားလွန်းတဲ့ ကျားကြီးတစ်ကောင် ခုန်ထွက်လာတယ်။
ဦးသိဒ္ဒိက ချက်ချင်းဆိုသလိုပဲ အရှေ့ဆီကို လက်ညှိုးညွှန်လို့ စည်းတစ်ခု အမြန်တားလိုက်တယ်။
ပြီးတော့ မန္တာန်ရွတ်ပြီး အရှေ့ဆီကို လက်နဲ့ သပ်ချလိုက်တော့ သူတို့နဲ့ ဆယ်ပေလောက်အကွာဆီမှာ အလွန်ကိုပဲ ကြီးမားလွန်းလှတဲ့ ဝါညစ်ညစ် ကျားကြီးတစ်ကောင်။
ဒိုးညီနောင်တို့က ရုတ်တရက် ပေါ်လာတဲ့ ကျားကြီးကို ကြည့်လို့ အံ့သြနေမိကြလေတယ်။
ကျားကြီးက သူတို့ကို ခုန်အုပ်ဖို့ အလစ်အငိုက်ကို လှည့်ပတ်ပြီး ချောင်းနေတယ်။
" ဝေါင်း...."
" ဘုန္​း..."
ကျားကြီးက မာန်ဖီလို့ ရုတ်တရက် ခုန်အုပ်လာခဲ့ပေမယ့် ဦးသိဒ္ဒိ တားထားတဲ့ စည်းကြောင့် ဘိုင်းခနဲ ပြုတ်ကျသွားခဲ့တယ်။
" အကျွန်ုပ်သိဒ္ဒိမှ ဗျ ဂ္ဃရာဇာမန္တာန်ကို ရွတ်ဆိုပြီး အစောင့်ကျားကို ဖိတ်မံကြားပါ၏၊ မြန်မကြာ ထွက်ခဲ့ပါလော့..."
ဦးသိဒ္ဒိက ဗျ ဂ္ဃရာဇ(ကျားမင်း)မန္တာန်ကို ရွတ်လို့ ဖိတ်ကြားလိုက်တော့ ဝေါင်းခနဲ ဟိန်းဟောက်သံနဲ့အတူ သူတို့သုံးယောက်ရဲ့ အနောက်ဆီက ကိုယ်ရောင်ကိုယ်ဝါ ၀င်းဝါတောက်ပနေတဲ့ ကျားကြီးတစ်ကောင် ခုန်ထွက်လာခဲ့တယ်။
တစ်ဖက်က ကျားက မန္တာန်စောင့်ကျားကို မြင်တော့ အနောက်ဆီကို လှမ်းဆုတ်သွားခဲ့တယ်။
" ဝေါင်း..."
မန္တာန်စောင့်ကျားက တစ်ဖက်က အောက်လမ်းကျားဆီကို ခုန်၀င်ပြီး အုပ်ချလိုက်တယ်။
ကျားနှစ်ကောင် လုံးထွေးသွားတယ်။ သိပ်မကြာခင်မှာပဲ မန္တာန်စောင့်ကျားရဲ့ ကိုက်ခဲတိုက်ခိုက်မှုကြောင့် တစ်ဖက်က ကျားကြီးမှာ အမှုန်အမွှားများအဖြစ် ပြိုကွဲပျောက်ရှသွားခဲ့ရပြီ။
အချိန်က အမှောင်ထုလွှမ်းလို့ လရောင်စစတောင် ထွက်ပေါ်နေခဲ့ပြီ။
ဦးသိဒ္ဒိနဲ့အတူ ဒိုးညီနောင်တို့ အရှေ့ဆီကို ဆက်ခဲ့ကြပြန်တယ်။
အတော်ကလေးသွားမိတော့ ဦးသိဒ္ဒိက ရုတ်တရက် ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။
" ဘဘ...ဘာဖြစ်လို့လဲ..."
" လူလေးတို့နှစ်ယောက် ဟိုး...အပေါ်ကို မော့ကြည့်ကြည့်လိုက်..."
ဒိုးညီနောင်တို့ မော့ကြည့်လိုက်ကြတယ်။
ဝိုးတဝါးကောင်းကင်ထက်ဆီမှာ ထိုးဆိတ်တိုက်ခိုက်နေကြတဲ့ ဠင်းတကောင်ကြီးတွေ။
" အဲ့ဒါ အဆင့်တက်ချင်တဲ့ပညာသည်တချို့ ကဝေရုပ်ကြွင်းကို လုရင်း တိုက်ခိုက်နေကြတာ။ သူတို့ တိုက်ခိုက်နေကြတဲ့ အဲ့ဒီ့အောက်တည့်တည့်မှာ ကဝေရုပ်ကြွင်းရှိလိမ့်မယ်..."
" ဒါဖြင့် အမြန်ဆုံးသွားကြမယ်လေ ဘဘ..."
" ဟုတ်တယ် ဘဘ။ အမြန်ဆုံးသွားပြီးတော့ သူတို့ကို မောင်းထုတ်ပြီး ကဝေရညပ်ကြွင်းကို ဦးအောင်ယူကြတာပေါ့..."
ဦးသိဒ္ဒိက ခေါင်းကို ခါရမ်းလိုက်တယ်။
" လူလေးတို့ ပြောသလို သွားတာတော့ အမြန် သွားရမယ်။ ဒါပေမယ့် ချက်ချင်းကြီးတိုက်ခိုက်လုယူတာထက် သူတို့ရဲ့ တိုက်ပွဲပြီးဆုံးမှ ဒီကိစ္စကို၀င်ပါတာ ပိုကောင်းပေရဲ့..."
" ဘာကြောင့်လဲ ဘဘ..."
" ဘာကြောင့်လဲဆိုတော့ သူတို့က အခုအချိန်မှာ နေရာအသီးသီးက လာကြတဲ့ ပညာသည်တွေ၊ အခုအချိန်မှာသာ သူတို့အကြားဆီကို ဘဘ၀င်ပါလိုက်ရင် ရန်သူကအများ၊ ကိုယ်က အနည်း ဖြစ်သွားပေမပေါ့။ ဒါကြောင့် သူတို့အချင်းချင်း တိုက်ခိုက်ကြပြီး ဗိုလ်ရယ်လို့ ထွက်ပေါ်လာမှ တို့၀င်ပါလိုက်ရင် ရန်သူအင်အား နည်းပေမပေါ့..."
ဒိုးညီနောင်တို့ ခေါင်းကိုယ်စီ ညိတ်လိုက်ကြတယ်။
ပြီးတာနဲ့ နေရာကနေ ထွက်ကြပြီး ပညာသည်တွေ တိုက်ခိုက်နေကြတဲ့ ကဝေရုပ်ကြွင်းရှိရာဆီကို သွားလိုက်ကြတယ်။
ဝေဟင်မှာ ဠင်းတတွေ တိုက်ခိုက်နေတာကို လှမ်းမြင်နေကြရပေမယ့် တကယ်တမ်းမြေပြင်ကနေ အဲ့ဒီ့ဆီကို သွားချိန်ကြတော့ အတော့်ကို ခရီးလှမ်းလှတယ်။
" မောနေကြပြီလားကွယ့် လူလေးတို့ရဲ့။ ရှေ့တစ်ကုန်းဆိုရင်တော့ ရောက်ပါပြီ..."
ဦးသိဒ္ဒိက ပြုံးပြီး မေးလာတော့ ဒိုးညီနောင်တို့ ခေါင်းခါမိကြတယ်။
" မမောပါဘူး ဘဘ။ ဒါပေမယ့် ခရီးက ထင်တာထက် လှမ်းနေတော့ စိတ်ထဲ စိုးရိမ်နေမိတယ်..."
ဒိုးငယ်က ပြောတာ။
" ဘာကြောင့်များလဲ လူလေးတို့ရဲ့..."
ဒီအခါ ဒိုးကြီးက...။
" ကဝေရုပ်ကြွင်းကို ကျုပ်တို့မရလိုက်မှာ စိုးရိမ်နေတာပါ ဘဘ..."
" ဪ..."
ဦးသိဒ္ဒိခေါင်းကို ညိတ်ပြီး ဠင်းတတွေ တိုက်ခိုက်နေတဲ့ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး...။
" တိုက်ပွဲက ကြာဦးမှာ လူလေးတို့ရဲ့..."
" ဟင်...ဟုတ်လား ဘဘ..."
" ဘယ်လိုကြောင့်များလဲ ဘဘ..."
" ဘယ်လိုကြောင့်လဲဆိုတော့ လူလေးတို့ ကြည့်ကြချေလေ။ ဟိုးမှာ တိုက်ခိုက်နေကြတာက မျက်နှာ နှစ်ရပ်ထဲမဟုတ်ဘူး။ ပြောရရင် သူသူငါငါ လေးငါးဆယ်ဦး တပြိုင်ထဲ တိုက်ခိုက်နေကြတာ။ ပြီးတော့ တိုက်ပွဲစတာကလည်း မကြာသေးလောက်ဘူးဆိုတော့ အဖြူအမည်းသဲကွဲဖို့နေနေသာသာ တို့တတွေ မိုးလင်းတဲ့အထိ ထိုင်မစောင့်ရရင်တောင် ကံကောင်းပဲ..."
ဒိုးညီနောင်တို့ ကြည့်မိကြတော့ ဦးသိဒ္ဒိပြောသလိုပါပဲ။
ဠင်းတကောင်တွေ တိုက်ခိုက်နေကြတာက အုပ်နဲ့ကျင်းနဲ့။
တချို့ဠင်းတကောင်တွေဆီက စက်တွေပစ်နေတာကိုလည်း သူတို့မြင်ကြရတယ်။
" တချို့အကောင်တွေဆီကကျ စက်တွေ ထွက်ပြီး တချို့ဆီကကျ မထွက်ဘူး။ အဲ့ဒါ ဘာကြောင့်လဲ ဘဘ..."
ဦးသိဒ္ဒိ ပြုံးပြန်တယ်။
" အဲ့ဒါက စက်တွေမသုံးတာမဟုတ်ဘူး လူလေးတို့ရဲ့။ တို့ရှိနေတဲ့ အကွာအဝေးကနေ မမြင်နိုင်တာ။ မြင်နေရတဲ့ စက်တွေကတော့ ပညာထက်တဲ့သူတွေဆီကမို့ မြင်ရတာပ..."
ဒိုးညီနောင်တို့ စကားမဆိုကြတော့ဘူး။ သုံးဦးသား အပေါ်ကိုမော့ကြည့်လိုက်၊ သွားလိုက်နဲ့ လိုရာခရီးကို ဆက်နေကြတယ်။
သူတို့ ဋ္ဌင်းတကောင်တွေ တိုက်ခိုက်နေကြတဲ့ တောင်ကုန်းဆီကို ခြေချမိချိန်မှာတော့ ကောင်းကင်ဆီမှာ တိုက်ခိုက်နေကြတဲ့ ဠင်းတကောင်တချို့ ပြုတ်ကျလာတာကို မြင်တွေ့လာရတယ်။
" အင်း...တဖြေးဖြေးနဲ့တော့ အဖြူအမည်းသဲကွဲလာတော့မှာပါ။ ကဲ...ကဲ...လူလေးတို့ အခုနေတော့ အဲ့ဒီ့ဆီကို မသွားသေးဘူး။ သင့်တဲ့နေရာတစ်ခုမှာပဲ တို့တတွေနားရင်းနဲ့ သူတို့ဆီက အဖြေကို စောင့်ကြတာပေါ့..."
" ဟုတ်ကဲ့...ဘဘ။ ဒါပေမယ့် ဟိုလေ..."
ဒိုးကြီးက စကားကို စပြီး ဆက်မပြော။ ဒီတော့ ဦးသိဒ္ဒိက...
" ဘာဖြစ်လဲ လူလေး ဆက်ပြောလေ..."
" ဟို...အခြားတော့ မဟုတ်ပါဘူး။ ကျုပ်တို့က အခုနေ ကဝေရုပ်ကြွင်းနဲ့ ဝေးနေတယ်ဆိုရင် သူတို့ဆီက အဖြူအမည်းသဲကွဲပြီး နိုင်သူပေါ်လာတာနဲ့ ချက်ချင်းရယူသွားခဲ့လို့ ကျုပ်တို့ မမီတော့ဘူးဆိုရင်..."
ဒိုးကြီးရဲ့ စကားက ဒီမျှသာ။ ဦးသိဒ္ဒိက ခေါင်းကို ညိတ်ပြီး...။
" လူလေးတွေးတာ မှန်ပါတယ်။ ဒါပေမယ့်လေ...ကဝေရုပ်ကြွင်းကို ရယူဖို့ဆိုတာက ဒီလောက်ကြီးလည်း မလွယ်ကူဘူးကွယ့်။ သူတို့တတွေ ဒီကနေ နိုင်ပြီးတာနဲ့ ကဝေရုပ်ကြွင်းဆီမှာ ရှိနေတဲ့ အတားအဆီးတွေကို ချေဖျက်ရဦးမယ်။ ဘယ်လိုမျိုးလဲဆိုတော့ အခုတိုက်ခိုက်နေကြတယ်ဆိုတာက သူတို့အတွက် ကဝေရုပ်ကြွင်းကို ရယူနိုင်ဖို့ဟာ ပထမအဆင့်ပဲ ရှိသေးတယ်လို့ ပြောရမှာပဲ..."
"ဟူး... တော်သေးတာပေါ့ ဘဘရယ်။ ကျုပ်လည်းပဲ အကို့လိုပဲ စိုးရိမ်မိနေတာ..."
ဒိုးငယ်က ၀င်ပြောတော့ သုံးဥိးသား ရယ်မိလိုက်ကြတယ်။
ပြီးတဲ့နောက်မှာတော့ သုံးဦးသား ဠင်းတကောင်တွေကို မြင်သာနိုင်မယ့် နေရာတစ်ခုဆီမှာ ထိုင်ကြရင်း ကောင်းကင်ဆီက ပညာသည်တွေ တိုက်ပွဲဆီကို အကဲခတ်ကြည့်ရှုနေကြတော့တယ်။
********
အချိန်အတော်ကြာခဲ့ပြီ။
အမှောင်ထုက တဖြေးဖြေး ပိုပြီး သိပ်သည်းလာခဲ့တယ်ဆိုပေမယ့် ဝေဟင်ဆီမှာ ဖြစ်နေတဲ့ ကဝေရုပ်ကြွင်းလုပွဲကြောင့် တောအုပ်ဆီမှာ လင်းတစ်လှည့် မှိန်တစ်လှည့်ပဲ။
လရောင်ဖျဖျအောက်ဆီမှာ ဠင်းတကောင်ရေက တဖြေးဖြေး လျော့နည်းလာခဲ့တာကို ဦးသိဒ္ဒိတို့ မြင်နေကြရတယ်။
" ဘဘ...သူတို့တိုက်ခိုက်တာ ပွဲပြီးတော့မယ်နဲ့တူတယ်..."
ဒိုးငယ်က ပြောလာတယ်။
ကောင်းကင်ဆီက တိုက်ပွဲက တဖြေးဖြေးနဲ့ ပါ၀င်သူနဲလာပြီး ကျန်ရှိနေတဲ့ ဋ္ဌင်းတသုံးကောင်ဟာလည်း မြေဆီကို ဆင်းသက်လာခဲ့ကြတယ်။
" အင်း...တိုက်ပွဲကတော့ အဆုံးအဖြတ်ပိုင်းကို ရောက်နေပြီမို့ ပိုပြီး ပြင်းထန်လာတော့မယ်..."
ဦးသိဒ္ဒိရဲ့ စကားတောင် မဆုံးသေးဘူး။ အခုနက ဠင်းတကောင်ကြီးတွေ ဆင်းသက်သွားရာ နေရာဆီက နီရဲတောက်နေတဲ့ မီးလုံးကြီးသုံးလုံး ဖိုခနောက်ဆိုင်ပြီး ပျံတက်လာခဲ့ပြန်တယ်။
မီးလုံးကြီးတွေက ပျံတက်ရင်းနဲ့ တစ်ခုနဲ့တစ်ခု မီးတောက်မီးလျှံတွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြတယ်။
လရောင်ဖျဖျအောက်ဆီမှာ ရှိနေတဲ့ မျှင်းသွဲ့သွဲ့ တိမ်လွှာအပါးကြားအထိကို မီးလုံးကြီးတွေက တက်ပြီး တိုက်ခိုက်ကြတယ်။
တစ်ကြိမ်မှာတော့ ထိခိုက်မိဟန်နဲ့ မီးလုံးကြီးတစ်လုံးက အောက်ဆီကို ထိုးကျသွားခဲ့တယ်။
အပေါ်ဆီမှာ မီးလုံးကြီးနှစ်လုံးပဲ ကျန်ရှိပြီး ရေကုန်ရေခမ်းဆက်လက်ပြီး တိုက်ခိုက်ကြပြန်တယ်။
ဒိုးညီနောင်တို့က တစ်သက်နဲ့တစ်ကိုယ် မမြင်ဖူးခဲ့တဲ့ မြင်ကွင်းကို မျက်တောင်မခတ်တမ်း ကြည့်နေမိကြတယ်။
" ပညာအထက်ဆုံးနှစ်ယောက်ပဲ ကျန်ရစ်တော့တယ်။ သူတို့လည်း ကဝေရုပ်ကြွင်းကို ရရှိဖို့ အချင်းချင်း အသေအကြေတိုက်ကြဦးမှာပဲ။ ကဲ...ကဲ...လူလေးတို့ ဘဘတော့ အခုက အချိန်အခါကျပြီလို့ ယူဆမိတယ်။ သွားကြစို့ရဲ့..."
ဦးသိဒ္ဒိနဲ့အတူ သုံးဦးသား နေရာကနေ ထွက်ခဲ့ကြတယ်။
မကြာဘူး၊ မီးလုံးကြီးတွေ တိုက်ခိုက်နေကြတဲ့အောက်ဆီကို ရောက်လုခဲ့ပြီ။
" လူလေးတို့ ခဏနေဦး။ သူတို့က အပေါ်မှာ တိုက်ခိုက်နေတုန်းဆိုတော့ သူတို့ရဲ့ ပညာစက်တွေက မတော်တဆ ချွတ်ချော်ပြီး တို့ဆီကို ရောက်လာနိုင်တယ်။ ဒီတော့ ရော့...ဟော့ဒီအင်းချပ်ကလေးကို လူလေးတို့ လက်ဆီမှာ အသေအချာ ဆုပ်ကိုင်ထားကြချေ..."
ဦးသိဒ္ဒိက အင်းချပ်ကလေးနှစ်ခု ထုတ်ပေးတယ်။
ဒိုးညီနောင်တို့ အင်းချပ်ကို ကျစ်နေအောင် ဆုပ်ကိုင်လိုက်ကြပြီးတဲ့နောက်မှာတော့ သုံးဦးသား အရှေ့ဆီကို ဆက်လှမ်းခဲ့ကြတယ်။
ရေကန်တစ်ခု။
ပြာလဲ့နေတဲ့ အဆင်းနဲ့ ရှုချင်စဖွယ် တင့်တယ်လွန်းပေစွ။
ဒိုးညီနောင်တို့က သမာဓိအား နုနယ်သေးကြတော့ ရေကန်ကို မြင်တာနဲ့ ရေဆင်းချိုးချင်စိတ်က ထိန်းမရလောက်အောင် ပြင်းပြစွာ ဖြစ်ပေါ်လာမိကြတယ်။
" လူလေးတို့ စိတ်ကို ထိန်းကြချေစမ်း..."
ဦးသိဒ္ဒိရဲ့ စကားသံက ထွက်ပေါ်လာတယ်။
ဒိုးညီနောင်တို့လည်း ချက်ချင်းပဲ သတိကို ကပ်လို့ စိတ်ကို တည်ငြိမ်အောင် ၀င်သက်ထွက်သက်ရှုပြီး အမြန်ဆုံး ဆောက်တည်လိုက်ကြတယ်။
" ရေကန်ဆီကို ပြန် ကြည့်ကြချေစမ်း..."
ဦးသိဒ္ဒိရဲ့ စကား။
ဒိုးညီနောင်တို့ ပြိုင်တူကြည့်မိကြတယ်။ ရေကန်ဆိုတာ သူတို့အရှေ့ဆီမှာ မရှိတော့ဘူး။ အဲ့ဒီ့အစား မြေတလင်းပြင်ကြီးတစ်ခုကိုသာ မြင်လိုက်ကြရတယ်။
" ဟာ ရေကန်မရှိတော့ဘူး..."
" အေးနော်...ရေကန် ဘယ်ရောက်သွားတာလဲ။ ဒါက လှည့်ဖျားမှု သက်သက်ထင်တယ်။ ဟုတ်လား ဘဘ..."
" ဟုတ်တယ် လူလေးတို့ရဲ့။ အဲ့ဒါက ကဝေရုပ်ကြွင်းရဲ့ အရံအတားတွေထဲက တစ်ခုပဲ။ သမာဓိအားနည်းတဲ့ သူဆိုရင်တော့ စိတ်မထိန်းနိုင်ဘဲ ရေကန်ထဲကို ဆင်းမိကြလိမ့်မယ်။ အဲ့ဒီ့အခါကျရင် တစ်သက်လုံး ပြန်မတက်နိုင်တော့ဘဲ ပိတ်မိနေတော့မှာပဲ..."
ဦးသိဒ္ဒိက တည်ငြိမ်စွာနဲ့ပဲ ပြောပြလာတယ်။ ဒိုးညီနောင်တို့လည်း ခေါင်းကိုယ်စီ ညိတ်ကြရင်း ကဝေပညာရဲ့ လှည့်ဖျားနိုင်စွမ်းကို ဆင်ခြင်မိကြတယ်။
အဲ့ဒိ့နောက်မှာတော့ သူတို့သုံးဥိး ရေကန်နေရာကို ကွေကွင်းပြီး တစ်ဖက်ကို သွားလိုက်ကြတယ်။
အဲ့ဒီ့အချိန်အထိ အပေါ်ဆီမှာ မီးလုံးကြီးနှစ်လုံးက တိုက်ခိုက်နေကြဆဲပဲ။
ဦးသိဒ္ဒိက အပေါ်ကို တစ်ချက်မော့ကြည့်လိုက်တယ်။ ပြီးတော့ ခြေလှမ်းကို သုတ်သုတ်လှမ်းလိုက်ပြီး...။
" လူလေးတို့ရဲ့ မြန်မြန်လှမ်းကြချေကွဲ့။ မကြာခင် သူတို့တိုက်ပွဲက ပြီးဆုံးတော့မယ်..."
ဒိုးညီနောင်လည်း ဦးသိဒ္ဒိနည်းတူ အမြန်လှမ်းလိုက်ကြတယ်။ သိပ်မသွားလိုက်ရဘူး။ နေရာတစ်ခုဆီကို ရောက်တော့ ဦးသိဒ္ဒိက...။
" လူလေးတို့...ဟိုရှေ့က နီရဲတောက်နေတာကို မြင်ကြရရဲ့လား..."
ဦးသိဒ္ဒိကမေးလာတယ်။
" မြင်တယ် ဘဘ..."
ဒိုးငယ်က ဖြေတယ်။ ဒိုးကြီးကတော့ ခေါင်းကို ခါရမ်းလိုက်ပြီး...။
" ကျုပ်တော့ဖြင့် ဘာမှမတွေ့ရဘူး ဘဘ..."
ဦးသိဒ္ဒိက ဒိုးကြီးတို့ရဲ့ ဦးခေါင်းကို ထိကိုင်လိုက်ပြီး မန္တာန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်တော့...။
" ဟာ...တွေ့ပြီ ဘဘ။ ပုံစံက လူသေးသေးလေးတစ်ယောက်လိုနဲ့ အရောင်က နီရဲတောက်နေတယ်နော်..."
ဦးသိဒ္ဒိခေါင်းကို ညိတ်လိုက်တယ်။ ပြီးတော့...။
" လူလေး မြင်ရပြီပေါ့ ဟုတ်လား..."
" ဟုတ်ကဲ့ ဘဘ ကျုပ်မြင်ရပြီ..."
" အင်း...လူလေးရဲ့ မြင်နိုင်စွမ်းက ဒိုးငယ်ထက်ကို အားနည်းတယ်။ ဒါက သမာဓိကြောင့်ဖြစ်တာ။ ကဲပါ အခုလောလောဆယ်တော့ ဒါကို ထားလိုက်တော့။ လူလေးတို့ အခုမြင်နေရတဲ့အရာက ကဝေရုပ်ကြွင်းပဲကွဲ့။ မကြာခင် သူ ပြန်ပြီး ကွယ်ပျောက်သွားလိမ့်မယ်။ ဒီတော့ သူမကွယ်ခင်မှာ အခု ရှိနေတဲ့ နေရာကို လူလေးတို့ သေသေချာချာ မှတ်သားထားကြချေ။ ဟိုက ရောက်လာမယ့် ကဝေကောင်ကို ရှင်းလင်းပြီးမှ အဲ့ဒီ့ ကဝေရုပ်ကြွင်းကို ဖော်ထုတ်ကြမယ်..."
ဦးသိဒ္ဒိရဲ့ စကားကြောင့် ဒိုးညီနောင်တို့ ကဝေရုပ်ကြွင်းရှိနေရာတဝိုက်ကို မှတ်သားလိုက်ကြတယ်။
" ဝုနုး..."
အပေါ်ဆီက ကျယ်လောင်လွန်းတဲ့ အသံနဲ့အတူ မီးလုံးကြီးတစ်လုံးက လွင့်စင်ပြုတ်ကျသွားတယ်။
အောင်နိုင်သူအဖြစ်နဲ့ ကျန်ရစ်တဲ့ မီးလုံးကတော့ အပေါ်ဆီကနေ ပတ်၀န်းကျင်တခိုကို သုံးပတ်တိတိ ဝေ့၀ဲပြီးတော့ ရုတ်တရက်ရပ်တန့်သွားခဲ့ပြီး အောက်ကို တရှိန်ထိုး ထိုးဆင်းလာခဲ့တော့တာပဲ။
" တို့ရှိနေတာကို သူ သိသွားခဲ့ပြီ။ ကဲ...လူလေးတို့ရေ ဒီကောင့်ကို ဘဘ နိုင်မနိုင် မသေချာပေမယ့် လက်ပန်းကျနေမယ့်သူဖြစ်တာမို့ တရားမျတအောင် ဒီပွဲမှာ လးလေးတို့ မပါချေကြနဲ့၊ တစ်ယောက်ချင်းဆီပဲ ရင်ဆိုင်ကြမယ်ရယ်..."
ဦးသိဒ္ဒိရဲ့ စကားကို ဒိုးညီနောင်တို့ မချင့်မရဲ ဖြစ်မိသွားကြတယ်။
တစ်စုံတစ်ရာ ပြန်လည်ပြောဆိုခြင်းတော့ မရှိခဲ့ဘူး။
မီးလုံးကြီးက သူတို့နဲ့ မလှမ်းမကမ်းဆီကို ကျရောက်လာခဲ့ပြီး မြေပြင်ကို ရောက်တာနဲ့ မီးလုံးအသွင်ကွယ်လို့ သျှောင်ထုံးကြီးနဲ့ လူကြီးတစ်ယောက်အသွင်ကို ပြောင်းလဲသွားခဲ့တယ်။
" တောက်...ငါ့ညီတော်ရဲ့ ရုပ်အလောင်းကို ရယူလိုတဲ့သူတွေကလည်း မနဲမနောပါလား။ ဟင်း...အထက်လမ်းကကောင်တွေကပါ လာလုနေကြသေးတယ်ဆိုတော့ သိပ်ကို အံ့သြဖို့ကောင်း နေတော့တာပဲ..."
သျှောင်ထုံးနဲ့ လူကြီးက ခနဲ့စကား စတင်ပြီး ပြောလာခဲ့တယ်။
ဦးသိဒ္ဒိကတော့ အမျက်မရှ၊ အေးဆေးစွာနဲ့ပဲ...။
" ဒီရုပ်ကြွင်းက ကျွန်ုပ်ကြောင့် ဖြစ်လာတဲ့ ရုပ်ကြွင်းပါ။ အင်း...မုဆိုးစကားနဲ့ဆိုရင်တော့ ကိုယ့်ကြောင့်ဖြစ်တဲ့ ကျားနာကို ကိုယ်တိုင်ပဲ သုတ်သင်ရှင်းလင်းရတယ် ဆိုပါတော့..."
" ဘာ..."
တစ်ဖက်ကလူကြီးက အလွန်ပဲ ဒေါသထွက်သွားတယ်ဆိုပေမယ့် အခုနတုန်းက ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေကြောင့် မောဟိုက်နွမ်းနယ်နေတဲ့ အသွင်။
ဒါကြောင့် သူ့ကိုသူ ပြန်ထိန်းနေပြီး ဦးသိဒ္ဒိကို ချက်ချင်း ရင်ဆိုင်ဖို့ လုပ်မလာခဲ့သေးဘူး။
" ကဲပါ...မြေအောင်းကဝေ ဆရာကြီး ဦးဘနက်၊ ဆရာကြီးရဲ့ အသက်က ၁၂၀ နှစ်၊ မြေအောင်းသက်က ၅၅ နှစ်၊ အခု ဆရာကြီးအနေနဲ့ ညီဖြစ်သူကြောင့် မြေအောင်းရာက ထွက်ပေါ်လာခဲ့ချိန်၊ မြေပေါ်က ဆရာကြီးရဲ့ မြေးတပည့်တွေက အခုလို ဆီးကြိုနှုတ်ဆက်သမှုပြုတာကိုတော့ ကျွန်ုပ်အနေနဲ့ စိတ်မကောင်းအတော့်ကို ဖြစ်မိပါတယ်..."
ဦးသိဒ္ဒိရဲ့ စကားကြောင့် တစ်ဖက်လူကြီးက လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့တယ်။
" မင်းက ခေတဲ့သူတော့ မဟုတ်ချေဘူးပဲ။ ကဲပါ...လေတွေစံတွေ ရှည်မနေနဲ့တော့၊ ငါ့အကြောင်းကို မင်းသိပေမယ့် ငါက မြေအောင်းသက်ကြာခဲ့တော့ မင်းအကြောင်းကို မသိပေဘူး။ ဒီတော့ တစ်ယောက်အကြောင်းတစ်ယောက်သိအောင် စလိုက်ကြစို့ကွယ်။ အဲ...လောင်းကြေးကတော့ အသက်နော်...အသက်၊ ငါ့ဘက်ကတော့ ငါ့ညီအတွက် သွေးကြွေးပေါ့ကွာ...ဟား...ဟား...ဟား...."
လူကြီးက ပြောပြီးတာနဲ့ သူ့လက်ဆီက တောင်းဝှေးနဲ့ မြေပြင်ကို ရိုက်ချလိုက်တော့ တော်လှဲသံကြီး ထွက်ပေါ်လာခဲ့ပြီး မြေပြင်က လှိုင်းတွေထလို့ ဦးသိဒ္ဒိဆီကို လှိုက်ခတ်လာတော့တယ်။
အနားရောက်ချိန်မှာတော့ ဦးသိဒ္ဒိက မြေငလျင်လှိုင်းကို လက်ညှိုးညွှန်လို့ တားမြစ်လိုက်ပြီး...။
" အို...အဖ ၀သုန္ဓရေ မြေနတ်မင်းကို အကျွန်ုပ်သိဒ္ဒိ မေတ္တာပို့လို့ ပင့်ဖိတ်ပြီး အကူအညီတောင်းခံအပ်ပါတယ်။ အရှင်နတ်မင်းရဲ့ မြေဆီကို ခိုကပ်နေတဲ့ ကဝေဆိုးကို ဆုံးမဖို့ အဖနတ်မင်းရဲ့ ပိုက်နက်ဆီက ဤပိုင်နက်ကို ကျွန်ုပ်အား ခေတ္တခဏ စီမံခွင့်ပြုပါ..."
ဦးသိဒ္ဒိက ပြောပြီးတာနဲ့ သူတားမြစ်ထားတဲ့ မြေငလျင်လှိုင်းကို ကဝြေကီးဦးဘနက်ထံဆီ ပြန်လည်စေပါးလိုက်တယ်။
ငလျင်လှိုင်းလုံးကြီးက ယခင်ထက် ပိုကြီးမားလာပြီး ပိုပြီးကျယ်လောင်လွန်းတဲ့ တော်လဲသံနဲ့ ကဝြေကီးဦးဘနက်ဆီကို ပြန်လည်တိုး၀င်သွားခဲ့တယ်။
" ရပ်စမ်း...ဟေ့ကောင်တွေ၊ ရပ်လိုက်စမ်း..."
မြေအောင်းကဝြေကီး ဦးဘနက်က သူစေပါးရာ မြေလှိုင်းလုံးကို တောင်ဝှေးတစ်ဒေါက်ဒေါက် ထောက်လို့ တားမြစ်ပေမယ့် အချည်းနှီးပါးပဲ။
လှိုင်းလုံးတွေက သူ့ဆီကို မြွေဆိုးတွေလို ပါးပြင်းတထောင်ထောင်နဲ့ အလျင်အမြန် တိုးကပ်လာခဲ့တယ်။
ကဝြေကီး ဦးဘနက် သူ့စနက်ကို သူပြန်ထိန်းဖို့ရာ မလွယ်တော့ဘူးဆိုတာ ရိပ်မိသွားတယ်။
ချက်ချင်းပဲ သူ့ကို ဝါးမျိုဖို့ လာနေတဲ့ မြေဆီကနေ လွတ်ရာလမ်းအဖြစ် အပေါ်ကို စက်ကြိုးပစ်ပြီး ခုန်တက်ဖို့ ကြိုးစားလိုက်တယ်။
ဒါကို ကြိုသိနေတဲ့ ဦးသိဒ္ဒိက သူဆင်ထားတဲ့ စက်ကြိုးနေရာဆီကို စက်သေမန္တာန်အုပ်ထားတဲ့ အင်းတစ်ချပ်နဲ့ လှမ်းပစ်ချေတော့...။
" ဝုန်း...."
ကျယ်လောင်တဲ့ ထိခိုက်သံနဲ့အတူ ကဝြေကီးဦးဘနက် မြေဆီကို ခြေပစ်လက်ပစ် ပြုတ်ကျလာခဲ့တော့တာ။
ပတ်၀န်းကျင်တခိုဆီက အရာရာတိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်။
" အွတ်...."
ကဝြေကီးဦးဘနက်ဆီက ပြုတ်ကျလာတဲ့ အရှိန်နဲ့ သွေးပွက်ပွက် အန်ကျလာခဲ့ပြီး ဦးသိဒ္ဒိကို လှမ်းကြည့်လာတယ်။
" မောင်ရင် တော်ပါပေတယ်။ ငါ့ကို မြေပြင်မှာ နိုင်သူရှားလို့ ဝေဟင်မှာ တိုက်ပွဲဆင်ကြသူတွေချည်းပဲ။ ဟင်း...ဟင်း...မင်းကတော့ ငါ့ကို မြေပြင်မှာတင် အနိုင်ယူလိုက်တယ်။ မင်းလိုလူကို ငါရှုံးနိမ့်ရကျိုး နပ်ပါတယ်လေ..."
ကဝြေကီး ဦးဘနက်က လှိုက်လှိုက်လှဲလှဲနဲ့ ပြောလာခဲ့တာ။
" ဆရာကြီးအနေနဲ့ ပင်ပန်းနေချိန်မို့သာ အကျွန်ုပ် သိဒ္ဒိက အနိုင်ယူနိုင်ခဲ့တာပါ..."
" ဟေ့ကောင်...တော်ချေစမ်း။ အဲ့ဒါမျိုး ဆင်ခြေပဲ။ ငါက ကဝေဆိုပေမယ့် ကောက်ကျစ်တဲ့အထဲတော့ မပါဘူး။ အေး...ဒီပြိုင်ပွဲမှာ တရားမျှတအောင် ငါလုပ်မယ်။ ငါတောင် နိုင်ရင် မင်းအသက်ကို ယူမယ်ဆုံးဖြတ်ထားခဲ့သေးတာပဲ။ အခု မင်းနိုင်တာဆိုတော့ ငါ့အသက်ကို မင်းယူနိုင်တယ်..."
ဦးသိဒ္ဒိက ခေါင်းကို ခါရမ်းလိုက်တယ်။
"ဆရာကြီးရဲ့ အသက်ကို အကျွန်ုပ် မယူလိုပါဘူး။ ဆရာကြီးသာ ကောင်းမွန်စွာနဲ့..."
ဦးသိဒ္ဒိစကားမဆုံးသေး၊ မြေအောင်းကဝြေကီး ဦးဘနက်က လက်ကာပြလာပြီး...။
" ရပြီ...ရပြီ။ ငါတို့အတွက် တရားမျှတမှုကို မင်းက မရှာပေးနိုင်ဘူး။ ဒီတော့ ငါကိုယ်တိုင်ပဲ ရှာမယ်..."
ဦးဘက်နက်က ပြောပြောဆိုဆိုပဲ သူ့ညာဘက်လက်နဲ့ သူ့ရင်ဘတ်ကို ပြန်ရိုက်ချလိုက်တယ်။
ရင်ဘတ်ဆီက မီးတောက်တစ်ခု ဝုန်းခနဲ ထတောက်လာပြီး သူ့ခန္ဓာကိုယ်ကို တစ်စစနဲ့ အလျင်အမြန်ပဲ ဝါးမျိုလာခဲ့တယ်။
" ငါ့ပညာနဲ့ ငါ့ခန္ဓာကို ကိုယ်တိုင်ချေဖျက်ခွင့်ရခဲ့လို့ မင်းကို ငါ ကျေးဇူးတင်ပါတယ်။ လောကကြီးမှာ မင်းရဲ့ ခွင့်လွှတ်မှုကို ပိုက်ပြီး အရှုံးနဲ့တော့ ငါဆက်ပြီး အသက်မရှင်လိုဘူး ဟား...ဟား...ဟား..."
ကဝြေကီးဦးဘနက်ကို ဦးသိဒ္ဒိတားမြစ်ဖို့ ကြိုးစားပေမယ့် မီးတောက်ရဲ့ အရှိန်က ပူလောင်လွန်းတာမို့ အနောက်ဆီကိုသာ တိုးဆုတ်ရပြီး ဘာမှ လုပ်ချိန်မရခဲ့ဘူး။
မီးတောက်ရဲ့ ဝါးမျိုမှုမှာ ကဝြေကီးဦးဘနက်ရဲ့ ခန္ဓာကိုယ်က တစ်စစ လောင်မြိုက် ပျောက်ကွယ်လာခဲ့တယ်။
ဒိုးညီနောင်တို့ကတော့ ကဝြေကီးဦးဘနက်ရဲ့ စိတ်နေစိတ်ထားကို နားလည်ရ ခက်နေကြလို့။
မကြာပါဘူး။
ကဝြေကီးဦးဘနက်တစ်ယောက် အစအနပါ ပျောက်ကွယ်သွားခဲ့ရချေပြီ။
အဲ့ဒီ့နောက်မှာတော့ ဦးသိဒ္ဒိက ခဏတာ ငြိမ်သက်နေခဲ့လေပြီး အတန်ကြာပါမှ ဒိုးညီနောင်နဲ့အတူ ကဝေရုပ်ကြွင်းကို ဖော်ထုတ်ဖမ်းယူလေတော့တယ်။
*******
ကောင်းကင်ဆီမှာ မိုးသားတိမ်လိပ်တို့က အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေခဲ့တယ်။
အဲ့ဒီ့အချိန် ဒိုးညီနောင်နဲ့ ဦးသိဒ္ဒိတို့ကတော့ မကြာခင် ရွာချတော့မယ့် မိုးရိပ်မိုးခြေကြောင့် အတော်လှမ်းလှမ်းဆီမှာ မြင်နေရတဲ့ လယ်တဲကလေးဆီကို ပုံမှန်ထက်ပိုတဲ့ခြေလှမ်းတွေနဲ့ လှမ်းသွားနေခဲ့ကြတယ်။
အချိန်အနဲငယ်ကြာတော့ သူတို့တတွေ လယ်တဲကလေးဆီကို ရောက်လာခဲ့ကြပြီ။ အဲ့ဒီ့အချိန်မှာ ကောင်းကင်ဆီက မိုးသီးမိုးပေါက်တို့က မြေပြင်ဆီကို တဖျောဖျော ကျဆင်းလာခဲ့တော့တာ။
ဦးသိဒ္ဒိက ချက်ချင်း တဲထဲကို မ၀င်ဘူး။ အပြင်ကနေ အကဲခတ်ကြည့်လို့ အထဲမှာ လူသူမရှိလေတော့ အနီး၀န်းကျင်က ဆိုင်ရာတချို့ကို မေတ္တာပို့ ခွင့်တောင်းလိုက်တယ်။
ပြီးတော့မှ သူတို့ တဲရဲ့ အထဲဆီကို ၀င်လိုက်ကြတော့တယ်။ အဲ့ဒီ့အချိန် ပြင်ပဆီမှာ မိုးက သည်းသည်းမည်းမည်း ရွာချခဲ့လေပြီ။
မိုးသံလေသံတို့ကို နားစွင့်ရင်း သူတို့သုံးယောက် ခဏထိုင်နားဖြစ်ကြတယ်။
" ဘဘ..."
ဒိုးငယ်က စတင်လာတဲ့ စကား။
" ဘာတုန်း...လူလေးရ..."
" ဟိုလေ...ကျုပ် တစ်လမ်းလုံး တွေးကြည့်နေတာ။ ဟို မြေအောင်းကဝြေကီး ဦးဘနက်ရဲ့ စိတ်နေစိတ်ထားကြီးက တစ်မျိုးကြီးပဲနော်..."
" အင်း...လူလေးက ဘယ်လိုထင်လို့လဲ..."
"ဘယ်လိုထင်မိလဲဆိုတော့ သူက လူကောင်းတစ်ယောက်လို့ ထင်မိနေတာ။ ဘဘကော ဘယ်လိုထင်မိလဲ..."
ဦးသိဒ္ဒိက ခေါင်းကို ညိတ်လိုက်ပြီး...။
" အဲ့ဒီ့လိုပဲ ယူဆရမယ့်သူပါ။ အေးလေ...လောကကြီးမှာ ကောင်းတဲ့အရာတွေထဲ မကောင်းတဲ့အရာ ရှိတတ်သလို၊ မကောင်းတဲ့အရာတွေထဲမှာလည်း ကောင်းတဲ့အရာ ရှိတတ်တာပါပဲ။ ကဝြေကီးဦးဘနက်ကတော့ သူ့ညီနဲ့မတူဘဲ လူမှန်ကြီးတစ်ယောက်လို့ ယူဆရမယ်။ ပညာထက်လွန်းပေမယ့် သူတစ်ပါးကို ဒုက္ခမပေးဘူး။ အရှက်သီးလွန်းတဲ့ သူ့ရဲ့မာန်မာနကြောင့်သာ ဒီလိုလူမျိုး သေဆုံးခဲ့ရတာ။ ဒါကတော့ နှမျောစရာပါပဲ..."
ဒိုးငယ် တွေးတောရင်း ငြိမ်သွားခဲ့တယ်။ အဲ့ဒီ့အချိန် ဒိုးကြီးက...။
" ဘဘ...ကျုပ်လည်း မေးချင်တာ ရှိတယ်..."
" အင်း...မေးချေကွယ် လူလေးရဲ့..."
" ဟို...ကျုပ်ကတော့ ကဝြေကီးဦးဘနက်အကြောင်းကို မေးချင်တာ မဟုတ်ဘူး။ ဟို...ကဝေရုပ်ကြွင်းအကြာင်း မေးကြည့်ချင်တာ..."
" အင်း..."
" သူက သေဆုံးနေတဲ့ ရုပ်ကြွင်းဖြစိတယ်။ သူ့မှာ သတ္တိတော့ ကိန်းအောင်းနေတယ်။ ပြီးတော့...ဘဘပြောတာမှာ ရှိသေးတယ်။ ဒါကို ယူဆောင်ဖို့ အတားအဆီးတွေအများကြီး ရှိတယ်တဲ့။ ဒါပေမယ့် ကျုပ်တို့ ယူဆောင်လာခဲ့တာ သိပ်လွယ်နေသလိုပဲနော်..."
ဦးသိဒ္ဒိ ခပ်ဖွဖွ ပြုံးလိုက်ပြီး...။
" အင်း...ဒါက ဘာကြောင့် လွယ်ကူခဲ့ရသလဲဆိုတော့ အပေါ်မှာ ယှဉ်ပြိုင်နေကြတဲ့ ကဝြေကီးဦးဘနက်တို့ရဲ့ တိုက်ပွဲက ကဝေရုပ်ကြွင်းဆီမှာ ဂယက်လာရိုက်တယ်ပဲ ပြောရမယ်။ ဘယ်လိုမျိုးလဲဆိုတော့ မီးစုန်းတောက်သလိုပေါ့။ အဲ့ဒီ့က ဂယက်က ရိုက်ခတ်လာတိုင်း ဒီဘက်က ကဝေရုပ်ကြွင်းက သန္ဓေမြူးပြီး မီးစုန်းထတယ်။ အဲ့ဒီ့မှာ ဘဘတို့က မြင်မိတော့ နောက်ဆုံးတံခါးကို အရင်ဖွင့်ခွင့်ရခဲ့သလိုဖြစ်သွားတာပေါ့..."
" ဪ..."
ဒိုးကြီးလည်း တွေးတောနေမိတယ်။ စကားသံတွေ တိတ်ဆိတ်သွားလေရဲ့။ တအောင့်ကြာတော့...။
" ကဲ...ကဲ...လူလေးတို့ အညောင်းပြေပြီဆိုရင် ကိုယ်လက်သုတ်သင်ပြီး တရားထိုင်ကြစို့။ ဒိုးကြီး...လူလေးက သမာဓိအား အတော်နဲနေတယ်။ ဒီတော့ လူလေးက ပိုပြီး အားစိုက်ရချေမယ် ဟုတ်ပြီလား..."
" ဟုတ်ကဲ့ ဘဘ..."
" အင်း...လူလေးတို့လည်း အခုနေတော့ ဒီ သမထထိုင်ခြင်းထက်ပိုပြီး ဘာမှ လုပ်ဆောင်ရဦးမှာ မဟုတ်သေးဘူး။ ဋ္ဌာနေကို ပြန်ရောက်ပါမှပဲ လူလေးတို့ သင်ကြားကျင့်ကြံကြရလိမ့်မယ်။ ကဲ...ကဲ...လုပ်စရာရှိတာ လုပ်ကြချေတော့..."
ဦးသိဒ္ဒိရဲ့ စကားအဆုံး ဒိုးညီနောင်တို့လည်း တံစက်မြိတ်က မိုးရေကို ခံယူပြီး ကိုယ်လက်သုတ်သင်လိုက်ကြပြီး ဦးသိဒ္ဒိနဲ့အတူ သမထထိုင်ခြင်းအမှုကို ပြုလုပ်နေလိုက်ကြတော့တယ်။
******
မနက်မိုးလင်းချိန်မှာတော့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ နားခိုရာ လယ်တဲဆီက ထွက်ခွာလာခဲ့ကြပြီး နေထန်းတဖျားခန့်မှာ လက်ပံတောဆိုတဲ့ ရွာဆီကို ရောက်ရှိလာခဲ့ကြတယ်။
ရွာထဲကို သူတို့၀င်ကြတော့ ပြဿနာတစ်ခုဖြစ်နေတာ သိကြရလေရဲ့။
ပြဿနာရဲ့ အကြောင်းအရင်းက ရွာဦးကျောင်းတိုက်ဆီက ကိုရင်လေးတစ်ပါး ပျောက်ဆုံးနေခဲ့လေတာ။
ဒီအဖြစ်နဲ့ ဦးသိဒ္ဒိ၊ ဒိုးညီနောင်တို့ ရောက်ရှိချိန်က ကြုံကြိုက်လာပြန်တော့ ဖြေရှင်းကူဖို့ ဖြစ်လာခဲ့ပြန်တယ်။
ဒီအကြောင်းအရာကိုတော့ " ပျောက်ဆုံးနေသော ကိုရင်လေး" ဆိုတဲ့ စာမူမှာ စောင့်စားဖတ်ရှုပေးကြပါခင်ဗျာ...။
ပြီးပါပြီ။
နောင်ရိုး(ဆေးတပ်)

ဒိုးညီေနာင္နဲ႔ ဂမၻီရျဖစ္ရပ္ဆန္းမ်ား ၁၅။ ပါရမီျဖည့္လမ္းခရီးဆန္း ကေဝ႐ုပ္ႂကြင္း ******** ကိုဆုံတို႔ ကိစၥဝိစၥကို ရွင္းလင္းၿပီးေတာ့ မၿပီးျပတ္ေသးဘဲ က်န္ေနတဲ့ ကေဝ႐ုပ္ႂကြင္းျပႆနာကို ထပ္မံၿပီး ေျဖရွင္းၾကဖို႔ ဦးသိဒၵိနဲ႔ ဒိုးညီေနာင္တို႔ ထြက္လာခဲ့ၾကတယ္။ သုံးဦးသား လမ္းခရီးတစ္ခုလုံး မနားမေနနဲ႔ ခရီးႏွင္လာခဲ့ၾကတာ ေနေစာင္းခ်ိန္မွာေတာ့ ေတာအုပ္တစ္ခုဆီကို ေရာက္ခဲ့ၾကတယ္။ ေတာအုပ္ဆီကို ေျခခ်မိလိုက္တာနဲ႔ ဦးသိဒၵိက...။ " လူေလးတို႔...ကေဝ႐ုပ္ႂကြင္း ရွာေဖြမႈအတြက္ မၾကာခင္မွာပဲ တိုက္ခိုက္မႈေတြ စတင္ႀကဳံေတြလာရေတာ့မယ္။ ကိုယ္လုံေအာင္လို႔ သရဏဂုံတင္ၿပီး ဂုဏ္ေတာ္ကိုးပါးကိုသာ အာဂုဏ္ေဆာင္ထားၾကေတာ့..." ဦးသိဒၵိရဲ႕ သတိေပးစကားအတိုင္း ဒိုးညီေနာင္တို႔လည္း လိုက္နာျပဳမူလိုက္ၾကတယ္။ သိပ္မၾကာခင္မွာပဲ အခ်ိန္က ေမွာင္ရီပ်ိဳးခဲ့ၿပီ။ " ေဝါင္း...." ႐ုတ္တရက္ က်ားတစ္ေကာင္ရဲ႕ မာန္ဖီဟိန္းေဟာက္သံကို သူတို႔ရဲ႕ အေရွ႕ မလွမ္းမကမ္းေလာက္ဆီက ၾကားလိုက္ရတယ္။ " က်ား ဟိန္းသံပဲ ဘဘ။ ဒီေတာအုပ္မွာ သားရဲေတြမ်ား ရွိေနလို႔လား ဘဘ..." ဒါေပမယ့္ အသံကိုပဲ ၾကားရၿပီး အေကာင္အထည္ကိုေတာ့ မျမင္ၾကရဘူး။ ဦးသိဒၵိက ခပ္ဖြဖြ ၿပဳံးလိုက္ၿပီး...။ " ဒါက သာမန္က်ားမဟုတ္ဘူး လူေလးတို႔ရဲ႕။ အသံကို ေသခ်ာနားေထာင္ၾကည့္၊ လိုဏ္သံပါၿပီး အက္ေၾကာင္းထ ေနတယ္..." ေနာက္ထပ္ က်ားဟိန္းသံက ထပ္ၿပီး ထြက္ေပၚလာေတာ့ ဦးသိဒၵိေျပာသလိုပဲ အသံက အက္ေၾကာင္းထေနတယ္။ " ဪ...သူတို႔တေတြလည္း ကေဝ႐ုပ္ႂကြင္းကို လိုခ်င္တာနဲ႔ပဲ ေစာေစာစီးစီးကို တိုက္ခိုက္လာေတာ့တာပါလား..." ဒိုးငယ္က ေရ႐ြတ္လိုက္တယ္။ သူတို႔ ေရွ႕ဆက္လွမ္းလာၾကၿပီး မၾကာဘူး ၿခဳံဖုတ္တစ္ခုရဲ႕ အၾကားဆီက ႀကီးမားလြန္းတဲ့ က်ားႀကီးတစ္ေကာင္ ခုန္ထြက္လာတယ္။ ဦးသိဒၵိက ခ်က္ခ်င္းဆိုသလိုပဲ အေရွ႕ဆီကို လက္ညႇိဳးၫႊန္လို႔ စည္းတစ္ခု အျမန္တားလိုက္တယ္။ ၿပီးေတာ့ မႏၲာန္႐ြတ္ၿပီး အေရွ႕ဆီကို လက္နဲ႔ သပ္ခ်လိုက္ေတာ့ သူတို႔နဲ႔ ဆယ္ေပေလာက္အကြာဆီမွာ အလြန္ကိုပဲ ႀကီးမားလြန္းလွတဲ့ ဝါညစ္ညစ္ က်ားႀကီးတစ္ေကာင္။ ဒိုးညီေနာင္တို႔က ႐ုတ္တရက္ ေပၚလာတဲ့ က်ားႀကီးကို ၾကည့္လို႔ အံ့ၾသေနမိၾကေလတယ္။ က်ားႀကီးက သူတို႔ကို ခုန္အုပ္ဖို႔ အလစ္အငိုက္ကို လွည့္ပတ္ၿပီး ေခ်ာင္းေနတယ္။ " ေဝါင္း...." " ဘုႏ္​း..." က်ားႀကီးက မာန္ဖီလို႔ ႐ုတ္တရက္ ခုန္အုပ္လာခဲ့ေပမယ့္ ဦးသိဒၵိ တားထားတဲ့ စည္းေၾကာင့္ ဘိုင္းခနဲ ျပဳတ္က်သြားခဲ့တယ္။ " အကြၽႏ္ုပ္သိဒၵိမွ ဗ် ဂၣရာဇာမႏၲာန္ကို ႐ြတ္ဆိုၿပီး အေစာင့္က်ားကို ဖိတ္မံၾကားပါ၏၊ ျမန္မၾကာ ထြက္ခဲ့ပါေလာ့..." ဦးသိဒၵိက ဗ် ဂၣရာဇ(က်ားမင္း)မႏၲာန္ကို ႐ြတ္လို႔ ဖိတ္ၾကားလိုက္ေတာ့ ေဝါင္းခနဲ ဟိန္းေဟာက္သံနဲ႔အတူ သူတို႔သုံးေယာက္ရဲ႕ အေနာက္ဆီက ကိုယ္ေရာင္ကိုယ္ဝါ ၀င္းဝါေတာက္ပေနတဲ့ က်ားႀကီးတစ္ေကာင္ ခုန္ထြက္လာခဲ့တယ္။ တစ္ဖက္က က်ားက မႏၲာန္ေစာင့္က်ားကို ျမင္ေတာ့ အေနာက္ဆီကို လွမ္းဆုတ္သြားခဲ့တယ္။ " ေဝါင္း..." မႏၲာန္ေစာင့္က်ားက တစ္ဖက္က ေအာက္လမ္းက်ားဆီကို ခုန္၀င္ၿပီး အုပ္ခ်လိုက္တယ္။ က်ားႏွစ္ေကာင္ လုံးေထြးသြားတယ္။ သိပ္မၾကာခင္မွာပဲ မႏၲာန္ေစာင့္က်ားရဲ႕ ကိုက္ခဲတိုက္ခိုက္မႈေၾကာင့္ တစ္ဖက္က က်ားႀကီးမွာ အမႈန္အမႊားမ်ားအျဖစ္ ၿပိဳကြဲေပ်ာက္ရွသြားခဲ့ရၿပီ။ အခ်ိန္က အေမွာင္ထုလႊမ္းလို႔ လေရာင္စစေတာင္ ထြက္ေပၚေနခဲ့ၿပီ။ ဦးသိဒၵိနဲ႔အတူ ဒိုးညီေနာင္တို႔ အေရွ႕ဆီကို ဆက္ခဲ့ၾကျပန္တယ္။ အေတာ္ကေလးသြားမိေတာ့ ဦးသိဒၵိက ႐ုတ္တရက္ ေျခလွမ္းေတြကို ရပ္တန႔္လိုက္တယ္။ " ဘဘ...ဘာျဖစ္လို႔လဲ..." " လူေလးတို႔ႏွစ္ေယာက္ ဟိုး...အေပၚကို ေမာ့ၾကည့္ၾကည့္လိုက္..." ဒိုးညီေနာင္တို႔ ေမာ့ၾကည့္လိုက္ၾကတယ္။ ဝိုးတဝါးေကာင္းကင္ထက္ဆီမွာ ထိုးဆိတ္တိုက္ခိုက္ေနၾကတဲ့ ဠင္းတေကာင္ႀကီးေတြ။ " အဲ့ဒါ အဆင့္တက္ခ်င္တဲ့ပညာသည္တခ်ိဳ႕ ကေဝ႐ုပ္ႂကြင္းကို လုရင္း တိုက္ခိုက္ေနၾကတာ။ သူတို႔ တိုက္ခိုက္ေနၾကတဲ့ အဲ့ဒီ့ေအာက္တည့္တည့္မွာ ကေဝ႐ုပ္ႂကြင္းရွိလိမ့္မယ္..." " ဒါျဖင့္ အျမန္ဆုံးသြားၾကမယ္ေလ ဘဘ..." " ဟုတ္တယ္ ဘဘ။ အျမန္ဆုံးသြားၿပီးေတာ့ သူတို႔ကို ေမာင္းထုတ္ၿပီး ကေဝရညပ္ႂကြင္းကို ဦးေအာင္ယူၾကတာေပါ့..." ဦးသိဒၵိက ေခါင္းကို ခါရမ္းလိုက္တယ္။ " လူေလးတို႔ ေျပာသလို သြားတာေတာ့ အျမန္ သြားရမယ္။ ဒါေပမယ့္ ခ်က္ခ်င္းႀကီးတိုက္ခိုက္လုယူတာထက္ သူတို႔ရဲ႕ တိုက္ပြဲၿပီးဆုံးမွ ဒီကိစၥကို၀င္ပါတာ ပိုေကာင္းေပရဲ႕..." " ဘာေၾကာင့္လဲ ဘဘ..." " ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က အခုအခ်ိန္မွာ ေနရာအသီးသီးက လာၾကတဲ့ ပညာသည္ေတြ၊ အခုအခ်ိန္မွာသာ သူတို႔အၾကားဆီကို ဘဘ၀င္ပါလိုက္ရင္ ရန္သူကအမ်ား၊ ကိုယ္က အနည္း ျဖစ္သြားေပမေပါ့။ ဒါေၾကာင့္ သူတို႔အခ်င္းခ်င္း တိုက္ခိုက္ၾကၿပီး ဗိုလ္ရယ္လို႔ ထြက္ေပၚလာမွ တို႔၀င္ပါလိုက္ရင္ ရန္သူအင္အား နည္းေပမေပါ့..." ဒိုးညီေနာင္တို႔ ေခါင္းကိုယ္စီ ညိတ္လိုက္ၾကတယ္။ ၿပီးတာနဲ႔ ေနရာကေန ထြက္ၾကၿပီး ပညာသည္ေတြ တိုက္ခိုက္ေနၾကတဲ့ ကေဝ႐ုပ္ႂကြင္းရွိရာဆီကို သြားလိုက္ၾကတယ္။ ေဝဟင္မွာ ဠင္းတေတြ တိုက္ခိုက္ေနတာကို လွမ္းျမင္ေနၾကရေပမယ့္ တကယ္တမ္းေျမျပင္ကေန အဲ့ဒီ့ဆီကို သြားခ်ိန္ၾကေတာ့ အေတာ့္ကို ခရီးလွမ္းလွတယ္။ " ေမာေနၾကၿပီလားကြယ့္ လူေလးတို႔ရဲ႕။ ေရွ႕တစ္ကုန္းဆိုရင္ေတာ့ ေရာက္ပါၿပီ..." ဦးသိဒၵိက ၿပဳံးၿပီး ေမးလာေတာ့ ဒိုးညီေနာင္တို႔ ေခါင္းခါမိၾကတယ္။ " မေမာပါဘူး ဘဘ။ ဒါေပမယ့္ ခရီးက ထင္တာထက္ လွမ္းေနေတာ့ စိတ္ထဲ စိုးရိမ္ေနမိတယ္..." ဒိုးငယ္က ေျပာတာ။ " ဘာေၾကာင့္မ်ားလဲ လူေလးတို႔ရဲ႕..." ဒီအခါ ဒိုးႀကီးက...။ " ကေဝ႐ုပ္ႂကြင္းကို က်ဳပ္တို႔မရလိုက္မွာ စိုးရိမ္ေနတာပါ ဘဘ..." " ဪ..." ဦးသိဒၵိေခါင္းကို ညိတ္ၿပီး ဠင္းတေတြ တိုက္ခိုက္ေနတဲ့ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ၿပီး...။ " တိုက္ပြဲက ၾကာဦးမွာ လူေလးတို႔ရဲ႕..." " ဟင္...ဟုတ္လား ဘဘ..." " ဘယ္လိုေၾကာင့္မ်ားလဲ ဘဘ..." " ဘယ္လိုေၾကာင့္လဲဆိုေတာ့ လူေလးတို႔ ၾကည့္ၾကေခ်ေလ။ ဟိုးမွာ တိုက္ခိုက္ေနၾကတာက မ်က္ႏွာ ႏွစ္ရပ္ထဲမဟုတ္ဘူး။ ေျပာရရင္ သူသူငါငါ ေလးငါးဆယ္ဦး တၿပိဳင္ထဲ တိုက္ခိုက္ေနၾကတာ။ ၿပီးေတာ့ တိုက္ပြဲစတာကလည္း မၾကာေသးေလာက္ဘူးဆိုေတာ့ အျဖဴအမည္းသဲကြဲဖို႔ေနေနသာသာ တို႔တေတြ မိုးလင္းတဲ့အထိ ထိုင္မေစာင့္ရရင္ေတာင္ ကံေကာင္းပဲ..." ဒိုးညီေနာင္တို႔ ၾကည့္မိၾကေတာ့ ဦးသိဒၵိေျပာသလိုပါပဲ။ ဠင္းတေကာင္ေတြ တိုက္ခိုက္ေနၾကတာက အုပ္နဲ႔က်င္းနဲ႔။ တခ်ိဳ႕ဠင္းတေကာင္ေတြဆီက စက္ေတြပစ္ေနတာကိုလည္း သူတို႔ျမင္ၾကရတယ္။ " တခ်ိဳ႕အေကာင္ေတြဆီကက် စက္ေတြ ထြက္ၿပီး တခ်ိဳ႕ဆီကက် မထြက္ဘူး။ အဲ့ဒါ ဘာေၾကာင့္လဲ ဘဘ..." ဦးသိဒၵိ ၿပဳံးျပန္တယ္။ " အဲ့ဒါက စက္ေတြမသုံးတာမဟုတ္ဘူး လူေလးတို႔ရဲ႕။ တို႔ရွိေနတဲ့ အကြာအေဝးကေန မျမင္ႏိုင္တာ။ ျမင္ေနရတဲ့ စက္ေတြကေတာ့ ပညာထက္တဲ့သူေတြဆီကမို႔ ျမင္ရတာပ..." ဒိုးညီေနာင္တို႔ စကားမဆိုၾကေတာ့ဘူး။ သုံးဦးသား အေပၚကိုေမာ့ၾကည့္လိုက္၊ သြားလိုက္နဲ႔ လိုရာခရီးကို ဆက္ေနၾကတယ္။ သူတို႔ ႒င္းတေကာင္ေတြ တိုက္ခိုက္ေနၾကတဲ့ ေတာင္ကုန္းဆီကို ေျခခ်မိခ်ိန္မွာေတာ့ ေကာင္းကင္ဆီမွာ တိုက္ခိုက္ေနၾကတဲ့ ဠင္းတေကာင္တခ်ိဳ႕ ျပဳတ္က်လာတာကို ျမင္ေတြ႕လာရတယ္။ " အင္း...တေျဖးေျဖးနဲ႔ေတာ့ အျဖဴအမည္းသဲကြဲလာေတာ့မွာပါ။ ကဲ...ကဲ...လူေလးတို႔ အခုေနေတာ့ အဲ့ဒီ့ဆီကို မသြားေသးဘူး။ သင့္တဲ့ေနရာတစ္ခုမွာပဲ တို႔တေတြနားရင္းနဲ႔ သူတို႔ဆီက အေျဖကို ေစာင့္ၾကတာေပါ့..." " ဟုတ္ကဲ့...ဘဘ။ ဒါေပမယ့္ ဟိုေလ..." ဒိုးႀကီးက စကားကို စၿပီး ဆက္မေျပာ။ ဒီေတာ့ ဦးသိဒၵိက... " ဘာျဖစ္လဲ လူေလး ဆက္ေျပာေလ..." " ဟို...အျခားေတာ့ မဟုတ္ပါဘူး။ က်ဳပ္တို႔က အခုေန ကေဝ႐ုပ္ႂကြင္းနဲ႔ ေဝးေနတယ္ဆိုရင္ သူတို႔ဆီက အျဖဴအမည္းသဲကြဲၿပီး ႏိုင္သူေပၚလာတာနဲ႔ ခ်က္ခ်င္းရယူသြားခဲ့လို႔ က်ဳပ္တို႔ မမီေတာ့ဘူးဆိုရင္..." ဒိုးႀကီးရဲ႕ စကားက ဒီမွ်သာ။ ဦးသိဒၵိက ေခါင္းကို ညိတ္ၿပီး...။ " လူေလးေတြးတာ မွန္ပါတယ္။ ဒါေပမယ့္ေလ...ကေဝ႐ုပ္ႂကြင္းကို ရယူဖို႔ဆိုတာက ဒီေလာက္ႀကီးလည္း မလြယ္ကူဘူးကြယ့္။ သူတို႔တေတြ ဒီကေန ႏိုင္ၿပီးတာနဲ႔ ကေဝ႐ုပ္ႂကြင္းဆီမွာ ရွိေနတဲ့ အတားအဆီးေတြကို ေခ်ဖ်က္ရဦးမယ္။ ဘယ္လိုမ်ိဳးလဲဆိုေတာ့ အခုတိုက္ခိုက္ေနၾကတယ္ဆိုတာက သူတို႔အတြက္ ကေဝ႐ုပ္ႂကြင္းကို ရယူႏိုင္ဖို႔ဟာ ပထမအဆင့္ပဲ ရွိေသးတယ္လို႔ ေျပာရမွာပဲ..." "ဟူး... ေတာ္ေသးတာေပါ့ ဘဘရယ္။ က်ဳပ္လည္းပဲ အကို႔လိုပဲ စိုးရိမ္မိေနတာ..." ဒိုးငယ္က ၀င္ေျပာေတာ့ သုံးဥိးသား ရယ္မိလိုက္ၾကတယ္။ ၿပီးတဲ့ေနာက္မွာေတာ့ သုံးဦးသား ဠင္းတေကာင္ေတြကို ျမင္သာႏိုင္မယ့္ ေနရာတစ္ခုဆီမွာ ထိုင္ၾကရင္း ေကာင္းကင္ဆီက ပညာသည္ေတြ တိုက္ပြဲဆီကို အကဲခတ္ၾကည့္ရႈေနၾကေတာ့တယ္။ ******** အခ်ိန္အေတာ္ၾကာခဲ့ၿပီ။ အေမွာင္ထုက တေျဖးေျဖး ပိုၿပီး သိပ္သည္းလာခဲ့တယ္ဆိုေပမယ့္ ေဝဟင္ဆီမွာ ျဖစ္ေနတဲ့ ကေဝ႐ုပ္ႂကြင္းလုပြဲေၾကာင့္ ေတာအုပ္ဆီမွာ လင္းတစ္လွည့္ မွိန္တစ္လွည့္ပဲ။ လေရာင္ဖ်ဖ်ေအာက္ဆီမွာ ဠင္းတေကာင္ေရက တေျဖးေျဖး ေလ်ာ့နည္းလာခဲ့တာကို ဦးသိဒၵိတို႔ ျမင္ေနၾကရတယ္။ " ဘဘ...သူတို႔တိုက္ခိုက္တာ ပြဲၿပီးေတာ့မယ္နဲ႔တူတယ္..." ဒိုးငယ္က ေျပာလာတယ္။ ေကာင္းကင္ဆီက တိုက္ပြဲက တေျဖးေျဖးနဲ႔ ပါ၀င္သူနဲလာၿပီး က်န္ရွိေနတဲ့ ႒င္းတသုံးေကာင္ဟာလည္း ေျမဆီကို ဆင္းသက္လာခဲ့ၾကတယ္။ " အင္း...တိုက္ပြဲကေတာ့ အဆုံးအျဖတ္ပိုင္းကို ေရာက္ေနၿပီမို႔ ပိုၿပီး ျပင္းထန္လာေတာ့မယ္..." ဦးသိဒၵိရဲ႕ စကားေတာင္ မဆုံးေသးဘူး။ အခုနက ဠင္းတေကာင္ႀကီးေတြ ဆင္းသက္သြားရာ ေနရာဆီက နီရဲေတာက္ေနတဲ့ မီးလုံးႀကီးသုံးလုံး ဖိုခေနာက္ဆိုင္ၿပီး ပ်ံတက္လာခဲ့ျပန္တယ္။ မီးလုံးႀကီးေတြက ပ်ံတက္ရင္းနဲ႔ တစ္ခုနဲ႔တစ္ခု မီးေတာက္မီးလွ်ံေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ၾကတယ္။ လေရာင္ဖ်ဖ်ေအာက္ဆီမွာ ရွိေနတဲ့ မွ်င္းသြဲ႕သြဲ႕ တိမ္လႊာအပါးၾကားအထိကို မီးလုံးႀကီးေတြက တက္ၿပီး တိုက္ခိုက္ၾကတယ္။ တစ္ႀကိမ္မွာေတာ့ ထိခိုက္မိဟန္နဲ႔ မီးလုံးႀကီးတစ္လုံးက ေအာက္ဆီကို ထိုးက်သြားခဲ့တယ္။ အေပၚဆီမွာ မီးလုံးႀကီးႏွစ္လုံးပဲ က်န္ရွိၿပီး ေရကုန္ေရခမ္းဆက္လက္ၿပီး တိုက္ခိုက္ၾကျပန္တယ္။ ဒိုးညီေနာင္တို႔က တစ္သက္နဲ႔တစ္ကိုယ္ မျမင္ဖူးခဲ့တဲ့ ျမင္ကြင္းကို မ်က္ေတာင္မခတ္တမ္း ၾကည့္ေနမိၾကတယ္။ " ပညာအထက္ဆုံးႏွစ္ေယာက္ပဲ က်န္ရစ္ေတာ့တယ္။ သူတို႔လည္း ကေဝ႐ုပ္ႂကြင္းကို ရရွိဖို႔ အခ်င္းခ်င္း အေသအေၾကတိုက္ၾကဦးမွာပဲ။ ကဲ...ကဲ...လူေလးတို႔ ဘဘေတာ့ အခုက အခ်ိန္အခါက်ၿပီလို႔ ယူဆမိတယ္။ သြားၾကစို႔ရဲ႕..." ဦးသိဒၵိနဲ႔အတူ သုံးဦးသား ေနရာကေန ထြက္ခဲ့ၾကတယ္။ မၾကာဘူး၊ မီးလုံးႀကီးေတြ တိုက္ခိုက္ေနၾကတဲ့ေအာက္ဆီကို ေရာက္လုခဲ့ၿပီ။ " လူေလးတို႔ ခဏေနဦး။ သူတို႔က အေပၚမွာ တိုက္ခိုက္ေနတုန္းဆိုေတာ့ သူတို႔ရဲ႕ ပညာစက္ေတြက မေတာ္တဆ ခြၽတ္ေခ်ာ္ၿပီး တို႔ဆီကို ေရာက္လာႏိုင္တယ္။ ဒီေတာ့ ေရာ့...ေဟာ့ဒီအင္းခ်ပ္ကေလးကို လူေလးတို႔ လက္ဆီမွာ အေသအခ်ာ ဆုပ္ကိုင္ထားၾကေခ်..." ဦးသိဒၵိက အင္းခ်ပ္ကေလးႏွစ္ခု ထုတ္ေပးတယ္။ ဒိုးညီေနာင္တို႔ အင္းခ်ပ္ကို က်စ္ေနေအာင္ ဆုပ္ကိုင္လိုက္ၾကၿပီးတဲ့ေနာက္မွာေတာ့ သုံးဦးသား အေရွ႕ဆီကို ဆက္လွမ္းခဲ့ၾကတယ္။ ေရကန္တစ္ခု။ ျပာလဲ့ေနတဲ့ အဆင္းနဲ႔ ရႈခ်င္စဖြယ္ တင့္တယ္လြန္းေပစြ။ ဒိုးညီေနာင္တို႔က သမာဓိအား ႏုနယ္ေသးၾကေတာ့ ေရကန္ကို ျမင္တာနဲ႔ ေရဆင္းခ်ိဳးခ်င္စိတ္က ထိန္းမရေလာက္ေအာင္ ျပင္းျပစြာ ျဖစ္ေပၚလာမိၾကတယ္။ " လူေလးတို႔ စိတ္ကို ထိန္းၾကေခ်စမ္း..." ဦးသိဒၵိရဲ႕ စကားသံက ထြက္ေပၚလာတယ္။ ဒိုးညီေနာင္တို႔လည္း ခ်က္ခ်င္းပဲ သတိကို ကပ္လို႔ စိတ္ကို တည္ၿငိမ္ေအာင္ ၀င္သက္ထြက္သက္ရႈၿပီး အျမန္ဆုံး ေဆာက္တည္လိုက္ၾကတယ္။ " ေရကန္ဆီကို ျပန္ ၾကည့္ၾကေခ်စမ္း..." ဦးသိဒၵိရဲ႕ စကား။ ဒိုးညီေနာင္တို႔ ၿပိဳင္တူၾကည့္မိၾကတယ္။ ေရကန္ဆိုတာ သူတို႔အေရွ႕ဆီမွာ မရွိေတာ့ဘူး။ အဲ့ဒီ့အစား ေျမတလင္းျပင္ႀကီးတစ္ခုကိုသာ ျမင္လိုက္ၾကရတယ္။ " ဟာ ေရကန္မရွိေတာ့ဘူး..." " ေအးေနာ္...ေရကန္ ဘယ္ေရာက္သြားတာလဲ။ ဒါက လွည့္ဖ်ားမႈ သက္သက္ထင္တယ္။ ဟုတ္လား ဘဘ..." " ဟုတ္တယ္ လူေလးတို႔ရဲ႕။ အဲ့ဒါက ကေဝ႐ုပ္ႂကြင္းရဲ႕ အရံအတားေတြထဲက တစ္ခုပဲ။ သမာဓိအားနည္းတဲ့ သူဆိုရင္ေတာ့ စိတ္မထိန္းႏိုင္ဘဲ ေရကန္ထဲကို ဆင္းမိၾကလိမ့္မယ္။ အဲ့ဒီ့အခါက်ရင္ တစ္သက္လုံး ျပန္မတက္ႏိုင္ေတာ့ဘဲ ပိတ္မိေနေတာ့မွာပဲ..." ဦးသိဒၵိက တည္ၿငိမ္စြာနဲ႔ပဲ ေျပာျပလာတယ္။ ဒိုးညီေနာင္တို႔လည္း ေခါင္းကိုယ္စီ ညိတ္ၾကရင္း ကေဝပညာရဲ႕ လွည့္ဖ်ားႏိုင္စြမ္းကို ဆင္ျခင္မိၾကတယ္။ အဲ့ဒိ့ေနာက္မွာေတာ့ သူတို႔သုံးဥိး ေရကန္ေနရာကို ေကြကြင္းၿပီး တစ္ဖက္ကို သြားလိုက္ၾကတယ္။ အဲ့ဒီ့အခ်ိန္အထိ အေပၚဆီမွာ မီးလုံးႀကီးႏွစ္လုံးက တိုက္ခိုက္ေနၾကဆဲပဲ။ ဦးသိဒၵိက အေပၚကို တစ္ခ်က္ေမာ့ၾကည့္လိုက္တယ္။ ၿပီးေတာ့ ေျခလွမ္းကို သုတ္သုတ္လွမ္းလိုက္ၿပီး...။ " လူေလးတို႔ရဲ႕ ျမန္ျမန္လွမ္းၾကေခ်ကြဲ႕။ မၾကာခင္ သူတို႔တိုက္ပြဲက ၿပီးဆုံးေတာ့မယ္..." ဒိုးညီေနာင္လည္း ဦးသိဒၵိနည္းတူ အျမန္လွမ္းလိုက္ၾကတယ္။ သိပ္မသြားလိုက္ရဘူး။ ေနရာတစ္ခုဆီကို ေရာက္ေတာ့ ဦးသိဒၵိက...။ " လူေလးတို႔...ဟိုေရွ႕က နီရဲေတာက္ေနတာကို ျမင္ၾကရရဲ႕လား..." ဦးသိဒၵိကေမးလာတယ္။ " ျမင္တယ္ ဘဘ..." ဒိုးငယ္က ေျဖတယ္။ ဒိုးႀကီးကေတာ့ ေခါင္းကို ခါရမ္းလိုက္ၿပီး...။ " က်ဳပ္ေတာ့ျဖင့္ ဘာမွမေတြ႕ရဘူး ဘဘ..." ဦးသိဒၵိက ဒိုးႀကီးတို႔ရဲ႕ ဦးေခါင္းကို ထိကိုင္လိုက္ၿပီး မႏၲာန္တစ္ပုဒ္ကို ႐ြတ္ဆိုလိုက္ေတာ့...။ " ဟာ...ေတြ႕ၿပီ ဘဘ။ ပုံစံက လူေသးေသးေလးတစ္ေယာက္လိုနဲ႔ အေရာင္က နီရဲေတာက္ေနတယ္ေနာ္..." ဦးသိဒၵိေခါင္းကို ညိတ္လိုက္တယ္။ ၿပီးေတာ့...။ " လူေလး ျမင္ရၿပီေပါ့ ဟုတ္လား..." " ဟုတ္ကဲ့ ဘဘ က်ဳပ္ျမင္ရၿပီ..." " အင္း...လူေလးရဲ႕ ျမင္ႏိုင္စြမ္းက ဒိုးငယ္ထက္ကို အားနည္းတယ္။ ဒါက သမာဓိေၾကာင့္ျဖစ္တာ။ ကဲပါ အခုေလာေလာဆယ္ေတာ့ ဒါကို ထားလိုက္ေတာ့။ လူေလးတို႔ အခုျမင္ေနရတဲ့အရာက ကေဝ႐ုပ္ႂကြင္းပဲကြဲ႕။ မၾကာခင္ သူ ျပန္ၿပီး ကြယ္ေပ်ာက္သြားလိမ့္မယ္။ ဒီေတာ့ သူမကြယ္ခင္မွာ အခု ရွိေနတဲ့ ေနရာကို လူေလးတို႔ ေသေသခ်ာခ်ာ မွတ္သားထားၾကေခ်။ ဟိုက ေရာက္လာမယ့္ ကေဝေကာင္ကို ရွင္းလင္းၿပီးမွ အဲ့ဒီ့ ကေဝ႐ုပ္ႂကြင္းကို ေဖာ္ထုတ္ၾကမယ္..." ဦးသိဒၵိရဲ႕ စကားေၾကာင့္ ဒိုးညီေနာင္တို႔ ကေဝ႐ုပ္ႂကြင္းရွိေနရာတဝိုက္ကို မွတ္သားလိုက္ၾကတယ္။ " ဝုႏုး..." အေပၚဆီက က်ယ္ေလာင္လြန္းတဲ့ အသံနဲ႔အတူ မီးလုံးႀကီးတစ္လုံးက လြင့္စင္ျပဳတ္က်သြားတယ္။ ေအာင္ႏိုင္သူအျဖစ္နဲ႔ က်န္ရစ္တဲ့ မီးလုံးကေတာ့ အေပၚဆီကေန ပတ္၀န္းက်င္တခိုကို သုံးပတ္တိတိ ေဝ့၀ဲၿပီးေတာ့ ႐ုတ္တရက္ရပ္တန႔္သြားခဲ့ၿပီး ေအာက္ကို တရွိန္ထိုး ထိုးဆင္းလာခဲ့ေတာ့တာပဲ။ " တို႔ရွိေနတာကို သူ သိသြားခဲ့ၿပီ။ ကဲ...လူေလးတို႔ေရ ဒီေကာင့္ကို ဘဘ ႏိုင္မႏိုင္ မေသခ်ာေပမယ့္ လက္ပန္းက်ေနမယ့္သူျဖစ္တာမို႔ တရားမ်တေအာင္ ဒီပြဲမွာ လးေလးတို႔ မပါေခ်ၾကနဲ႔၊ တစ္ေယာက္ခ်င္းဆီပဲ ရင္ဆိုင္ၾကမယ္ရယ္..." ဦးသိဒၵိရဲ႕ စကားကို ဒိုးညီေနာင္တို႔ မခ်င့္မရဲ ျဖစ္မိသြားၾကတယ္။ တစ္စုံတစ္ရာ ျပန္လည္ေျပာဆိုျခင္းေတာ့ မရွိခဲ့ဘူး။ မီးလုံးႀကီးက သူတို႔နဲ႔ မလွမ္းမကမ္းဆီကို က်ေရာက္လာခဲ့ၿပီး ေျမျပင္ကို ေရာက္တာနဲ႔ မီးလုံးအသြင္ကြယ္လို႔ ေသွ်ာင္ထုံးႀကီးနဲ႔ လူႀကီးတစ္ေယာက္အသြင္ကို ေျပာင္းလဲသြားခဲ့တယ္။ " ေတာက္...ငါ့ညီေတာ္ရဲ႕ ႐ုပ္အေလာင္းကို ရယူလိုတဲ့သူေတြကလည္း မနဲမေနာပါလား။ ဟင္း...အထက္လမ္းကေကာင္ေတြကပါ လာလုေနၾကေသးတယ္ဆိုေတာ့ သိပ္ကို အံ့ၾသဖို႔ေကာင္း ေနေတာ့တာပဲ..." ေသွ်ာင္ထုံးနဲ႔ လူႀကီးက ခနဲ႔စကား စတင္ၿပီး ေျပာလာခဲ့တယ္။ ဦးသိဒၵိကေတာ့ အမ်က္မရွ၊ ေအးေဆးစြာနဲ႔ပဲ...။ " ဒီ႐ုပ္ႂကြင္းက ကြၽႏ္ုပ္ေၾကာင့္ ျဖစ္လာတဲ့ ႐ုပ္ႂကြင္းပါ။ အင္း...မုဆိုးစကားနဲ႔ဆိုရင္ေတာ့ ကိုယ့္ေၾကာင့္ျဖစ္တဲ့ က်ားနာကို ကိုယ္တိုင္ပဲ သုတ္သင္ရွင္းလင္းရတယ္ ဆိုပါေတာ့..." " ဘာ..." တစ္ဖက္ကလူႀကီးက အလြန္ပဲ ေဒါသထြက္သြားတယ္ဆိုေပမယ့္ အခုနတုန္းက ရင္ဆိုင္ခဲ့ရတဲ့ အေျခအေနေၾကာင့္ ေမာဟိုက္ႏြမ္းနယ္ေနတဲ့ အသြင္။ ဒါေၾကာင့္ သူ႔ကိုသူ ျပန္ထိန္းေနၿပီး ဦးသိဒၵိကို ခ်က္ခ်င္း ရင္ဆိုင္ဖို႔ လုပ္မလာခဲ့ေသးဘူး။ " ကဲပါ...ေျမေအာင္းကေဝ ဆရာႀကီး ဦးဘနက္၊ ဆရာႀကီးရဲ႕ အသက္က ၁၂၀ ႏွစ္၊ ေျမေအာင္းသက္က ၅၅ ႏွစ္၊ အခု ဆရာႀကီးအေနနဲ႔ ညီျဖစ္သူေၾကာင့္ ေျမေအာင္းရာက ထြက္ေပၚလာခဲ့ခ်ိန္၊ ေျမေပၚက ဆရာႀကီးရဲ႕ ေျမးတပည့္ေတြက အခုလို ဆီးႀကိဳႏႈတ္ဆက္သမႈျပဳတာကိုေတာ့ ကြၽႏ္ုပ္အေနနဲ႔ စိတ္မေကာင္းအေတာ့္ကို ျဖစ္မိပါတယ္..." ဦးသိဒၵိရဲ႕ စကားေၾကာင့္ တစ္ဖက္လူႀကီးက လႈပ္လႈပ္ရွားရွားျဖစ္သြားခဲ့တယ္။ " မင္းက ေခတဲ့သူေတာ့ မဟုတ္ေခ်ဘူးပဲ။ ကဲပါ...ေလေတြစံေတြ ရွည္မေနနဲ႔ေတာ့၊ ငါ့အေၾကာင္းကို မင္းသိေပမယ့္ ငါက ေျမေအာင္းသက္ၾကာခဲ့ေတာ့ မင္းအေၾကာင္းကို မသိေပဘူး။ ဒီေတာ့ တစ္ေယာက္အေၾကာင္းတစ္ေယာက္သိေအာင္ စလိုက္ၾကစို႔ကြယ္။ အဲ...ေလာင္းေၾကးကေတာ့ အသက္ေနာ္...အသက္၊ ငါ့ဘက္ကေတာ့ ငါ့ညီအတြက္ ေသြးေႂကြးေပါ့ကြာ...ဟား...ဟား...ဟား...." လူႀကီးက ေျပာၿပီးတာနဲ႔ သူ႔လက္ဆီက ေတာင္းေဝွးနဲ႔ ေျမျပင္ကို ႐ိုက္ခ်လိုက္ေတာ့ ေတာ္လွဲသံႀကီး ထြက္ေပၚလာခဲ့ၿပီး ေျမျပင္က လႈိင္းေတြထလို႔ ဦးသိဒၵိဆီကို လႈိက္ခတ္လာေတာ့တယ္။ အနားေရာက္ခ်ိန္မွာေတာ့ ဦးသိဒၵိက ေျမငလ်င္လႈိင္းကို လက္ညႇိဳးၫႊန္လို႔ တားျမစ္လိုက္ၿပီး...။ " အို...အဖ ၀သုႏၶေရ ေျမနတ္မင္းကို အကြၽႏ္ုပ္သိဒၵိ ေမတၱာပို႔လို႔ ပင့္ဖိတ္ၿပီး အကူအညီေတာင္းခံအပ္ပါတယ္။ အရွင္နတ္မင္းရဲ႕ ေျမဆီကို ခိုကပ္ေနတဲ့ ကေဝဆိုးကို ဆုံးမဖို႔ အဖနတ္မင္းရဲ႕ ပိုက္နက္ဆီက ဤပိုင္နက္ကို ကြၽႏ္ုပ္အား ေခတၱခဏ စီမံခြင့္ျပဳပါ..." ဦးသိဒၵိက ေျပာၿပီးတာနဲ႔ သူတားျမစ္ထားတဲ့ ေျမငလ်င္လႈိင္းကို ကေျဝကီးဦးဘနက္ထံဆီ ျပန္လည္ေစပါးလိုက္တယ္။ ငလ်င္လႈိင္းလုံးႀကီးက ယခင္ထက္ ပိုႀကီးမားလာၿပီး ပိုၿပီးက်ယ္ေလာင္လြန္းတဲ့ ေတာ္လဲသံနဲ႔ ကေျဝကီးဦးဘနက္ဆီကို ျပန္လည္တိုး၀င္သြားခဲ့တယ္။ " ရပ္စမ္း...ေဟ့ေကာင္ေတြ၊ ရပ္လိုက္စမ္း..." ေျမေအာင္းကေျဝကီး ဦးဘနက္က သူေစပါးရာ ေျမလႈိင္းလုံးကို ေတာင္ေဝွးတစ္ေဒါက္ေဒါက္ ေထာက္လို႔ တားျမစ္ေပမယ့္ အခ်ည္းႏွီးပါးပဲ။ လႈိင္းလုံးေတြက သူ႔ဆီကို ေႁမြဆိုးေတြလို ပါးျပင္းတေထာင္ေထာင္နဲ႔ အလ်င္အျမန္ တိုးကပ္လာခဲ့တယ္။ ကေျဝကီး ဦးဘနက္ သူ႔စနက္ကို သူျပန္ထိန္းဖို႔ရာ မလြယ္ေတာ့ဘူးဆိုတာ ရိပ္မိသြားတယ္။ ခ်က္ခ်င္းပဲ သူ႔ကို ဝါးမ်ိဳဖို႔ လာေနတဲ့ ေျမဆီကေန လြတ္ရာလမ္းအျဖစ္ အေပၚကို စက္ႀကိဳးပစ္ၿပီး ခုန္တက္ဖို႔ ႀကိဳးစားလိုက္တယ္။ ဒါကို ႀကိဳသိေနတဲ့ ဦးသိဒၵိက သူဆင္ထားတဲ့ စက္ႀကိဳးေနရာဆီကို စက္ေသမႏၲာန္အုပ္ထားတဲ့ အင္းတစ္ခ်ပ္နဲ႔ လွမ္းပစ္ေခ်ေတာ့...။ " ဝုန္း...." က်ယ္ေလာင္တဲ့ ထိခိုက္သံနဲ႔အတူ ကေျဝကီးဦးဘနက္ ေျမဆီကို ေျခပစ္လက္ပစ္ ျပဳတ္က်လာခဲ့ေတာ့တာ။ ပတ္၀န္းက်င္တခိုဆီက အရာရာတိတ္ဆိတ္ၿငိမ္သက္သြားခဲ့တယ္။ " အြတ္...." ကေျဝကီးဦးဘနက္ဆီက ျပဳတ္က်လာတဲ့ အရွိန္နဲ႔ ေသြးပြက္ပြက္ အန္က်လာခဲ့ၿပီး ဦးသိဒၵိကို လွမ္းၾကည့္လာတယ္။ " ေမာင္ရင္ ေတာ္ပါေပတယ္။ ငါ့ကို ေျမျပင္မွာ ႏိုင္သူရွားလို႔ ေဝဟင္မွာ တိုက္ပြဲဆင္ၾကသူေတြခ်ည္းပဲ။ ဟင္း...ဟင္း...မင္းကေတာ့ ငါ့ကို ေျမျပင္မွာတင္ အႏိုင္ယူလိုက္တယ္။ မင္းလိုလူကို ငါရႈံးနိမ့္ရက်ိဳး နပ္ပါတယ္ေလ..." ကေျဝကီး ဦးဘနက္က လႈိက္လႈိက္လွဲလွဲနဲ႔ ေျပာလာခဲ့တာ။ " ဆရာႀကီးအေနနဲ႔ ပင္ပန္းေနခ်ိန္မို႔သာ အကြၽႏ္ုပ္ သိဒၵိက အႏိုင္ယူႏိုင္ခဲ့တာပါ..." " ေဟ့ေကာင္...ေတာ္ေခ်စမ္း။ အဲ့ဒါမ်ိဳး ဆင္ေျခပဲ။ ငါက ကေဝဆိုေပမယ့္ ေကာက္က်စ္တဲ့အထဲေတာ့ မပါဘူး။ ေအး...ဒီၿပိဳင္ပြဲမွာ တရားမွ်တေအာင္ ငါလုပ္မယ္။ ငါေတာင္ ႏိုင္ရင္ မင္းအသက္ကို ယူမယ္ဆုံးျဖတ္ထားခဲ့ေသးတာပဲ။ အခု မင္းႏိုင္တာဆိုေတာ့ ငါ့အသက္ကို မင္းယူႏိုင္တယ္..." ဦးသိဒၵိက ေခါင္းကို ခါရမ္းလိုက္တယ္။ "ဆရာႀကီးရဲ႕ အသက္ကို အကြၽႏ္ုပ္ မယူလိုပါဘူး။ ဆရာႀကီးသာ ေကာင္းမြန္စြာနဲ႔..." ဦးသိဒၵိစကားမဆုံးေသး၊ ေျမေအာင္းကေျဝကီး ဦးဘနက္က လက္ကာျပလာၿပီး...။ " ရၿပီ...ရၿပီ။ ငါတို႔အတြက္ တရားမွ်တမႈကို မင္းက မရွာေပးႏိုင္ဘူး။ ဒီေတာ့ ငါကိုယ္တိုင္ပဲ ရွာမယ္..." ဦးဘက္နက္က ေျပာေျပာဆိုဆိုပဲ သူ႔ညာဘက္လက္နဲ႔ သူ႔ရင္ဘတ္ကို ျပန္႐ိုက္ခ်လိုက္တယ္။ ရင္ဘတ္ဆီက မီးေတာက္တစ္ခု ဝုန္းခနဲ ထေတာက္လာၿပီး သူ႔ခႏၶာကိုယ္ကို တစ္စစနဲ႔ အလ်င္အျမန္ပဲ ဝါးမ်ိဳလာခဲ့တယ္။ " ငါ့ပညာနဲ႔ ငါ့ခႏၶာကို ကိုယ္တိုင္ေခ်ဖ်က္ခြင့္ရခဲ့လို႔ မင္းကို ငါ ေက်းဇူးတင္ပါတယ္။ ေလာကႀကီးမွာ မင္းရဲ႕ ခြင့္လႊတ္မႈကို ပိုက္ၿပီး အရႈံးနဲ႔ေတာ့ ငါဆက္ၿပီး အသက္မရွင္လိုဘူး ဟား...ဟား...ဟား..." ကေျဝကီးဦးဘနက္ကို ဦးသိဒၵိတားျမစ္ဖို႔ ႀကိဳးစားေပမယ့္ မီးေတာက္ရဲ႕ အရွိန္က ပူေလာင္လြန္းတာမို႔ အေနာက္ဆီကိုသာ တိုးဆုတ္ရၿပီး ဘာမွ လုပ္ခ်ိန္မရခဲ့ဘူး။ မီးေတာက္ရဲ႕ ဝါးမ်ိဳမႈမွာ ကေျဝကီးဦးဘနက္ရဲ႕ ခႏၶာကိုယ္က တစ္စစ ေလာင္ၿမိဳက္ ေပ်ာက္ကြယ္လာခဲ့တယ္။ ဒိုးညီေနာင္တို႔ကေတာ့ ကေျဝကီးဦးဘနက္ရဲ႕ စိတ္ေနစိတ္ထားကို နားလည္ရ ခက္ေနၾကလို႔။ မၾကာပါဘူး။ ကေျဝကီးဦးဘနက္တစ္ေယာက္ အစအနပါ ေပ်ာက္ကြယ္သြားခဲ့ရေခ်ၿပီ။ အဲ့ဒီ့ေနာက္မွာေတာ့ ဦးသိဒၵိက ခဏတာ ၿငိမ္သက္ေနခဲ့ေလၿပီး အတန္ၾကာပါမွ ဒိုးညီေနာင္နဲ႔အတူ ကေဝ႐ုပ္ႂကြင္းကို ေဖာ္ထုတ္ဖမ္းယူေလေတာ့တယ္။ ******* ေကာင္းကင္ဆီမွာ မိုးသားတိမ္လိပ္တို႔က အသြင္သ႑ာန္အမ်ိဳးမ်ိဳးနဲ႔ ရွိေနခဲ့တယ္။ အဲ့ဒီ့အခ်ိန္ ဒိုးညီေနာင္နဲ႔ ဦးသိဒၵိတို႔ကေတာ့ မၾကာခင္ ႐ြာခ်ေတာ့မယ့္ မိုးရိပ္မိုးေျခေၾကာင့္ အေတာ္လွမ္းလွမ္းဆီမွာ ျမင္ေနရတဲ့ လယ္တဲကေလးဆီကို ပုံမွန္ထက္ပိုတဲ့ေျခလွမ္းေတြနဲ႔ လွမ္းသြားေနခဲ့ၾကတယ္။ အခ်ိန္အနဲငယ္ၾကာေတာ့ သူတို႔တေတြ လယ္တဲကေလးဆီကို ေရာက္လာခဲ့ၾကၿပီ။ အဲ့ဒီ့အခ်ိန္မွာ ေကာင္းကင္ဆီက မိုးသီးမိုးေပါက္တို႔က ေျမျပင္ဆီကို တေဖ်ာေဖ်ာ က်ဆင္းလာခဲ့ေတာ့တာ။ ဦးသိဒၵိက ခ်က္ခ်င္း တဲထဲကို မ၀င္ဘူး။ အျပင္ကေန အကဲခတ္ၾကည့္လို႔ အထဲမွာ လူသူမရွိေလေတာ့ အနီး၀န္းက်င္က ဆိုင္ရာတခ်ိဳ႕ကို ေမတၱာပို႔ ခြင့္ေတာင္းလိုက္တယ္။ ၿပီးေတာ့မွ သူတို႔ တဲရဲ႕ အထဲဆီကို ၀င္လိုက္ၾကေတာ့တယ္။ အဲ့ဒီ့အခ်ိန္ ျပင္ပဆီမွာ မိုးက သည္းသည္းမည္းမည္း ႐ြာခ်ခဲ့ေလၿပီ။ မိုးသံေလသံတို႔ကို နားစြင့္ရင္း သူတို႔သုံးေယာက္ ခဏထိုင္နားျဖစ္ၾကတယ္။ " ဘဘ..." ဒိုးငယ္က စတင္လာတဲ့ စကား။ " ဘာတုန္း...လူေလးရ..." " ဟိုေလ...က်ဳပ္ တစ္လမ္းလုံး ေတြးၾကည့္ေနတာ။ ဟို ေျမေအာင္းကေျဝကီး ဦးဘနက္ရဲ႕ စိတ္ေနစိတ္ထားႀကီးက တစ္မ်ိဳးႀကီးပဲေနာ္..." " အင္း...လူေလးက ဘယ္လိုထင္လို႔လဲ..." "ဘယ္လိုထင္မိလဲဆိုေတာ့ သူက လူေကာင္းတစ္ေယာက္လို႔ ထင္မိေနတာ။ ဘဘေကာ ဘယ္လိုထင္မိလဲ..." ဦးသိဒၵိက ေခါင္းကို ညိတ္လိုက္ၿပီး...။ " အဲ့ဒီ့လိုပဲ ယူဆရမယ့္သူပါ။ ေအးေလ...ေလာကႀကီးမွာ ေကာင္းတဲ့အရာေတြထဲ မေကာင္းတဲ့အရာ ရွိတတ္သလို၊ မေကာင္းတဲ့အရာေတြထဲမွာလည္း ေကာင္းတဲ့အရာ ရွိတတ္တာပါပဲ။ ကေျဝကီးဦးဘနက္ကေတာ့ သူ႔ညီနဲ႔မတူဘဲ လူမွန္ႀကီးတစ္ေယာက္လို႔ ယူဆရမယ္။ ပညာထက္လြန္းေပမယ့္ သူတစ္ပါးကို ဒုကၡမေပးဘူး။ အရွက္သီးလြန္းတဲ့ သူ႔ရဲ႕မာန္မာနေၾကာင့္သာ ဒီလိုလူမ်ိဳး ေသဆုံးခဲ့ရတာ။ ဒါကေတာ့ ႏွေမ်ာစရာပါပဲ..." ဒိုးငယ္ ေတြးေတာရင္း ၿငိမ္သြားခဲ့တယ္။ အဲ့ဒီ့အခ်ိန္ ဒိုးႀကီးက...။ " ဘဘ...က်ဳပ္လည္း ေမးခ်င္တာ ရွိတယ္..." " အင္း...ေမးေခ်ကြယ္ လူေလးရဲ႕..." " ဟို...က်ဳပ္ကေတာ့ ကေျဝကီးဦးဘနက္အေၾကာင္းကို ေမးခ်င္တာ မဟုတ္ဘူး။ ဟို...ကေဝ႐ုပ္ႂကြင္းအၾကာင္း ေမးၾကည့္ခ်င္တာ..." " အင္း..." " သူက ေသဆုံးေနတဲ့ ႐ုပ္ႂကြင္းျဖစိတယ္။ သူ႔မွာ သတၱိေတာ့ ကိန္းေအာင္းေနတယ္။ ၿပီးေတာ့...ဘဘေျပာတာမွာ ရွိေသးတယ္။ ဒါကို ယူေဆာင္ဖို႔ အတားအဆီးေတြအမ်ားႀကီး ရွိတယ္တဲ့။ ဒါေပမယ့္ က်ဳပ္တို႔ ယူေဆာင္လာခဲ့တာ သိပ္လြယ္ေနသလိုပဲေနာ္..." ဦးသိဒၵိ ခပ္ဖြဖြ ၿပဳံးလိုက္ၿပီး...။ " အင္း...ဒါက ဘာေၾကာင့္ လြယ္ကူခဲ့ရသလဲဆိုေတာ့ အေပၚမွာ ယွဥ္ၿပိဳင္ေနၾကတဲ့ ကေျဝကီးဦးဘနက္တို႔ရဲ႕ တိုက္ပြဲက ကေဝ႐ုပ္ႂကြင္းဆီမွာ ဂယက္လာ႐ိုက္တယ္ပဲ ေျပာရမယ္။ ဘယ္လိုမ်ိဳးလဲဆိုေတာ့ မီးစုန္းေတာက္သလိုေပါ့။ အဲ့ဒီ့က ဂယက္က ႐ိုက္ခတ္လာတိုင္း ဒီဘက္က ကေဝ႐ုပ္ႂကြင္းက သေႏၶျမဴးၿပီး မီးစုန္းထတယ္။ အဲ့ဒီ့မွာ ဘဘတို႔က ျမင္မိေတာ့ ေနာက္ဆုံးတံခါးကို အရင္ဖြင့္ခြင့္ရခဲ့သလိုျဖစ္သြားတာေပါ့..." " ဪ..." ဒိုးႀကီးလည္း ေတြးေတာေနမိတယ္။ စကားသံေတြ တိတ္ဆိတ္သြားေလရဲ႕။ တေအာင့္ၾကာေတာ့...။ " ကဲ...ကဲ...လူေလးတို႔ အေညာင္းေျပၿပီဆိုရင္ ကိုယ္လက္သုတ္သင္ၿပီး တရားထိုင္ၾကစို႔။ ဒိုးႀကီး...လူေလးက သမာဓိအား အေတာ္နဲေနတယ္။ ဒီေတာ့ လူေလးက ပိုၿပီး အားစိုက္ရေခ်မယ္ ဟုတ္ၿပီလား..." " ဟုတ္ကဲ့ ဘဘ..." " အင္း...လူေလးတို႔လည္း အခုေနေတာ့ ဒီ သမထထိုင္ျခင္းထက္ပိုၿပီး ဘာမွ လုပ္ေဆာင္ရဦးမွာ မဟုတ္ေသးဘူး။ ႒ာေနကို ျပန္ေရာက္ပါမွပဲ လူေလးတို႔ သင္ၾကားက်င့္ႀကံၾကရလိမ့္မယ္။ ကဲ...ကဲ...လုပ္စရာရွိတာ လုပ္ၾကေခ်ေတာ့..." ဦးသိဒၵိရဲ႕ စကားအဆုံး ဒိုးညီေနာင္တို႔လည္း တံစက္ၿမိတ္က မိုးေရကို ခံယူၿပီး ကိုယ္လက္သုတ္သင္လိုက္ၾကၿပီး ဦးသိဒၵိနဲ႔အတူ သမထထိုင္ျခင္းအမႈကို ျပဳလုပ္ေနလိုက္ၾကေတာ့တယ္။ ****** မနက္မိုးလင္းခ်ိန္မွာေတာ့ ဦးသိဒၵိနဲ႔ ဒိုးညီေနာင္တို႔ နားခိုရာ လယ္တဲဆီက ထြက္ခြာလာခဲ့ၾကၿပီး ေနထန္းတဖ်ားခန႔္မွာ လက္ပံေတာဆိုတဲ့ ႐ြာဆီကို ေရာက္ရွိလာခဲ့ၾကတယ္။ ႐ြာထဲကို သူတို႔၀င္ၾကေတာ့ ျပႆနာတစ္ခုျဖစ္ေနတာ သိၾကရေလရဲ႕။ ျပႆနာရဲ႕ အေၾကာင္းအရင္းက ႐ြာဦးေက်ာင္းတိုက္ဆီက ကိုရင္ေလးတစ္ပါး ေပ်ာက္ဆုံးေနခဲ့ေလတာ။ ဒီအျဖစ္နဲ႔ ဦးသိဒၵိ၊ ဒိုးညီေနာင္တို႔ ေရာက္ရွိခ်ိန္က ႀကဳံႀကိဳက္လာျပန္ေတာ့ ေျဖရွင္းကူဖို႔ ျဖစ္လာခဲ့ျပန္တယ္။ ဒီအေၾကာင္းအရာကိုေတာ့ " ေပ်ာက္ဆုံးေနေသာ ကိုရင္ေလး" ဆိုတဲ့ စာမူမွာ ေစာင့္စားဖတ္ရႈေပးၾကပါခင္ဗ်ာ...။ ၿပီးပါၿပီ။ ေနာင္႐ိုး(ေဆးတပ္)

No comments

Post a Comment