လောဘတစ္ဆေ

  လောဘတစ္ဆေ ------------- မူရင်းရေးသားသူ - ပီပီ(မန္တလေး) ရှေ့နေ ကိုအောင်သာဦးသည် လုပ်လက်စ အလုပ်များကို သိမ်းဆည်းလိုက်ပြီး၊ရုံးခန်းနံရံမှာ ချိ... thumbnail 1 summary

 လောဘတစ္ဆေ

-------------
မူရင်းရေးသားသူ - ပီပီ(မန္တလေး)

ရှေ့နေ ကိုအောင်သာဦးသည် လုပ်လက်စ အလုပ်များကို သိမ်းဆည်းလိုက်ပြီး၊ရုံးခန်းနံရံမှာ ချိတ်ဆွဲထားသော တိုင်ကပ်နာရီကို ကြည့်လိုက်၏။

ညနေ ၅နာရီ ၃၀မိနစ် တိတိ ရှိပြီဖြစ်သည်။ဒီကနေ့ ညနေ ၆နာရီတွင် အိမ်ခြံမြေ အမည်ပေါက်ပြုလုပ်ပေးရန် အပ်ထားသည့် အမှုသည် ဦးမာဒင်နှင့် တွေ့ဆုံဖို့ ချိန်းဆိုထား၏။

ဗိုက်ထဲကလည်း ဆာသလိုလို ရှိလေ၏။

" အင်း ဒီအချိန်ဆိုရင်တော့ ဦးမာဒင်တစ်ယောက်၊ သူ ချိန်းထားတဲ့ အိမ်မှာပဲ ရှိလိမ့်မယ် ထင်တယ်၊ သူချိန်းထားတဲ့အိမ်က ငါ ပြန်မယ့်လမ်းနဲ့ ကြုံနေတော့၊ အိမ်ကိုပဲ သွားလိုက်တော့မယ်၊ သူ့ကိစ္စပြတ်လေမှ ထမင်းဆိုင်တစ်ခုခုမှာ ညနေစာ စားတော့မယ်" "

ထိုသို့တွေးမိပြီးသကာလ ကိုအောင်သာဦးသည် ၎င်း၏ အမှုသည်ဖြစ်သူ ဦးမာဒင်၏ အိမ်သို့ သွားရန်၊ လိုအပ်သော စာရွက်စာတမ်းအချို့ကို သူ အမြဲကိုင်ဆောင်သွားလေ့ရှိသည့် သားရေအိပ်အနက်လေးထဲ စီကာစဉ်ကာ ထည့်ယူလိုက်၏။

ပြီးနောက် သူ၏ ရှေ့နေရုံးခန်းလေးကို တံခါးသော့ခတ် ပိတ်၍ ထွက်လာခဲ့၏။

ကိုအောင်သာဦးသည် သေချာအောင်လို့ ဦးမာဒင်အား ဖုန်းဆက်ရန် တွေးလိုက်မိပြီး၊ အိပ်ထဲက ဖုန်းကို ထုတ်၍ ဖုန်းခေါ်လိုက်သည်။

ဖုန်းက တစ်ကြိမ်တည်းနှင့် ဦးမာဒင်၏ ဖုန်းသို့ တန်းဝင်သွားသည်။

" ဟဲလို ရှေ့နေကြီးလား "

ဦးမာဒင်ဘက်မှ အသံမှာ တဂျစ်ဂျစ် တဖြစ်ဖြစ်နှင့် လေတိုးသံများ ရောယှက်နေ၏။

"အော် ဟုတ်တယ် ဦးမာဒင် ၊ နာမည်ပြောင်း အလုပ်ကိစ္စအတွက် ၊ ကျနော် ဦးမာဒင် ချိန်းထားတဲ့ အိမ်ကို ထွက်လာမလို့လေ ။ အဲ့ဒါ ဦးမာဒင် အိမ်မှာ ရှိပါ့မလားလို့ ကြိုဆက်လိုက်တာပါ "

" ဟုတ်ကဲ့ ရှေ့နေကြီး ၊ အခု ကျနော် သမီးလေးကို ကျူရှင် ဝင်ကြိုနေတာ၊ ခဏနေ အိမ်ကို ရောက်ပါပြီဗျ ၊ လာခဲ့ပါ ကျနော်တို့ သားအဖ စောင့်နေလိုက်မယ်လေ။ ရှေ့နေကြီး အရင် ကျနော်တို့ ရောက်မှာပါ "

ဖုန်းထဲက တဂျစ်ဂျစ် တရှဲရှဲ အသံများမှာ
ကားမောင်းနေစဉ် လေတိုး၍ မြည်တာ ဖြစ်လိမ့်မည်။

" ဟုတ်ကဲ့ ၊ အဲ့ဒါဆို ကျနော် ဦးမာဒင် ပေးထားတဲ့ လိပ်စာအတိုင်း အိမ်နံပတ် (201)ကို တန်းလာခဲ့ပါ့မယ် "

ဖုန်းကို အိတ်ထဲ ပြန်ထည့်ပြီး ကားဖြင့် ချိန်းဆိုထားသော အိမ်သို့ ထွက်လာခဲ့သည်။

လမ်းတွင် ရှေ့နေ ကိုအောင်သာဦးသည် ကာမောင်းနေရင်း ထူးခြားစွာ ကံကောင်းသူ သူဌေး ဦးမာဒင်၏ အကြောင်းကို တွေးလာမိသည်။

အသက် ၄၅နှစ် အရွယ်ရှိ ဦးမာဒင်သည် သူဌေးတစ်ဦးဖြစ်ပြီး၊ အိမ်ခြံမြေ များစွာ ပိုင်၏။

ဦးမာဒင်သည် ကုသိုလ်ကံ အလွန်ကောင်းသူ တစ်ယောက်ဟုဆိုရမည်ဖြစ်သည်။

ယခု အိမ်နဲ့မြေသည် ကျန်ရစ်သူ ဦးမာဒင်က အမွေဆက်ခံခွင့် ရခဲ့ခြင်း ဖြစ်လေ၏။ ယခင်က ထိုအိမ်ကြီးနှင့်ခြံမြေကို ဦးမာဒင်၏ ညီဖြစ်သူ ဦးကျော်ဒင်က ပိုင်ဆိုင်၏။

သို့ပေမယ့် ဦးမာဒင်က ကံကောင်းသလောက် ကံအကြောင်း မလှရှာသော ဦးမာဒင်၏ ညီ၊ ဦးကျော်ဒင်တို့မိသားစု ဘုရားဖူး အလည်အပတ် ခရီးထွက်ရာ ၊ ယာဉ်မတော်တဆမှုကြောင့် ၊ မိသားစုလိုက် သေဆုံးသွားကြ၏။ အတော်ပင် ကံဆိုးလေစွ။

ထိုအိမ်ကြီးမှာ ဦးမာဒင် နှင့် ဦးကျော်ဒင်တို့၏ အဘိုးအဘွားများပိုင် ဖြစ်ပြီး၊ ညီအစ်ကို ၂ယောက် အမွေခွဲကြစဉ်က ၎င်းအိမ်နှင့်ခြံမြေကို သေဆုံးသူ ဦးကျော်ဒင်က အမွေဝေစုအဖြစ် ရခဲ့ခြင်း ဖြစ်၏။

ယခုအခါ ညီဖြစ်သူ ဦးကျော်ဒင် သေဆုံးသွားသည့်အခါ၌ အမွေဆက်ခံသူ အဖြစ် ပိုင်ဆိုင်သူ အမည်ပြောင်းလွဲဖို့၊ ဦးမာဒင်က ရှေ့နေ ကိုအောင်သာဦးနှင့် တိုင်ပင်ရန် ချိန်းဆိုထားခြင်း ဖြစ်သည်။

ဦးမာဒင်တို့ ညီအစ်ကို နှစ်ဦးလုံးသည် အသက်အရွယ် ကြီးလေမှ အိမ်ထောင်ကျသူများ ဖြစ်ကြပြီး၊ ညီအစ်ကို ၂ဦးလုံးတွင် အသက် ၁၁နှစ်အရွယ် မတိမ်းမယိမ်း သမီးလေးများ ကိုယ်စီ ရှိကြလေ၏။

ထိုအချက်အလက်များကို ရှေ့နေ ကိုအောင်သာဦးက အကြမ်းအဖျင်းအားဖြင့် သိထားပြီး၊ အမှုသည် ဦးမာဒင်ကို လူချင်း ၂ကြိမ် ၃ကြိမ်ခန့်သာ ဆုံတွေ့ဖူး၏။

ကိုအောင်သာဦးသည် ကားမောင်းလာရင်း ဦးမာဒင်အကြောင်း တွေးနေရာမှ၊ လူနေ ကျဲပါးသော ဆိပ်ငြိမ် ရပ်ကွက်လေးတစ်ခုအတွင်းသို့ ရောက်လာ၏။

ကိုအောင်သာဦးသည် ဦးမာဒင် ပေးထားသော လိပ်စာအတိုင်း၊ လမ်းသွယ်လေး တစ်ခုအတွင်းသို့ ကားကို တလိမ့်ချင်းလေး မောင်းဝင်လာခဲ့ရာ ၊ သူ ရှာဖွေနေသော အိမ်အမှတ် (၂၀၁) အရှေ့သို့ ရောက်လာ၏။

ကားပေါ်က မဆင်းခင် ခြံအဝင် သံတံခါးမှ တဆင့် အိမ်ကြီးကို လေ့လာ အကဲခတ်လိုက်သည်။

အိမ်ကြီးမှာ ခြံကျယ်ကြီးအတွင်း အနောက်သို့ ယူ၍ ဆောက်လုပ်ထားခြင်း ဖြစ်သည်။ အိမ်ကြီးနဲ့ တွဲလျက် ဘေးဘက်၌ ကားဂိုဒေါင်တစ်ခုကိုလည်း ဆောက်လုပ်ထား၏။

ရှေးဟောင်း လက်ရာဆိုပေမယ့် အရမ်း အိုဟောင်းနေခြင်း မရှိပဲ၊ ခန့်ထည်စွာ ရှိလေ၏။သေသူ ဦးကျော်ဒင်သည် အိမ်ကြီးကို ပြုပြင်ထိမ်းသိမ်းရုံမျှမက ၊ ရှေးမူမပျက် မွန်းမံပြင်ဆင်ထားခဲ့ပုံရ၏။

အတွန့်အရွန့် သစ်သားပန်းဆွဲများမှာ ဘုန်းကြီးကျောင်းလိုပဲဟု အောက်မေ့မိ၏။

သစ်သား ဝါးရံတာသည် အဖြူရောင်ဆေးတို့ဖြင့် သန့်ရှင်းစွာ ရှိ၏။ ရှေးက ကြေးရေတတ် သူဌေးများ ဆောက်လုပ်လေ့ရှိသည့်အတိုင်း အိမ်ရှေ့အဝင်ဝတွင် ဆင်ဝင်ပါ၏။

ဆင်ဝင် တိုင်လုံးကြီးများမှာ နီညိုရောင် ဆေးခြယ်ထား၍ ပတ္တမြားရောင်တောက်နေပါ၏။

ကိုအောင်သာဦးသည် ကားပေါ်မှာဆင်း၍၊ ခြံတံခါးတိုင်မှာ တပ်ဆင်ထားသော လျှပ်စစ် လူခေါ်ခေါင်းလောင်း ခလုပ်ကို နှစ်ကြိမ်မျှ ဆင့်နှိပ်လိုက်သည်။

လျှပ်စစ်ခေါင်းလောင်းသည် အလုပ် မလုပ်သည်လား မသိ။

အိမ်ကြီးထဲမှ လူရိပ်လူယောင်မျှပင် မတွေ့ရချေ။ ဦးမာဒင် အိမ်ထဲမှာ ရှိနေပါ့မလားလို့တောင် သူ သံသယဝင်သွား၏။
သူ ဖုန်းဆက်တုန်းကတော့ ဦးမာဒင်တို့ သားအဖ အရင် ရောက်နှင့်မည်ဟု ဆိုသွား၏။

ခြံတံခါးကို သူ တွန်းကြည့်လိုက်သည်။ ခြံတံခါးမှာ သော့ခတ် မထားချေ။

" အင်း ငါလာမယ်ဆိုတာ ပြောထားတော့ ခြံတံခါးကို ဖွင့်ထားတာ နေလိမ့်မယ် "

ကိုအောင်သာဦးသည် ထိုသို့တွေးမိလေသဖြင့် ၊ ကားကို ခြံရှေ့မှာပဲ ရပ်ထားခဲ့ပြီး၊ လက်ဆွဲအိတ်အနက်လေးကို ယူ၍ ခြံထဲသို့ ဝင်ခဲ့သည်။

ခြံဝမှ ခြေလှမ်း၂၀ခန့် လျှောက်သော် ၊ ဆင်ဝင်အောက်သို့ ရောက်၏။

ကိုအောင်သာဦးသည် အိမ်မကြီး၏ ဘေးဘက်က ကားဂိုဒေါင် တံခါးသည်လအနည်းငယ် ဟလျက် ပွင့်နေသည်ကို သတိထားကြည့်လိုက်မိသည်။

ဂိုဒေါင်ထဲ၌ ကားတစ်စီး ရပ်ထား၏။ ကားနောက်မြီးကို သူ မထင်မရှား မြင်တွေ့လိုက်ရသည်။

ကားကို မြင်ရပြီဆိုတော့ ဘာပဲပြောပြော၊ ဦးမာဒင် အိမ်ထဲမှာ ရှိနေလိမ့်မည်။
အိမ်ရှေ့ အဝင် တံခါးပေါက်၌ သစ်သား တံခါးအပြင်၊ သံဘာဂျာ တံခါးပါ တပ်ဆင်ထား၏။

သစ်သားတံခါးမှာ ပွင့်လျက်သား ရှိပေမယ့်၊ သံဘာဂျာတံခါးက ပိတ်ထား၍ အိမ်အတွင်းသို့ လှမ်းကြည့်လိုက်၏။

အဝင်စ ဧည့်ခန်းထဲ၌ လူတစ်ဦးတစ်ယောက်မျှ မတွေ့ရချေ။ အိမ်အနောက်ထဲ သို့မဟုတ် အိပ်ခန်းထဲများ ရောက်နေသလား မသိနိုင်။

စိတ်ထဲတွင် " ဒီလူ ငါ လာမှာကို သိလျက်နဲ့ ထွက်မကြိုဘူး "ဟူ၍ ခပ်တင်းတင်း ဖြစ်သွားသည်။

ထိုအခိုက် အိမ်ထဲကို အာရုံစိုက်နေသော သူ၏ အနောက်မှာ လူတစ်ယောက် ရောက်နေသည်ဟု ခံစားမိ၍ လှည့်ကြည့်လိုက်သည်။

ဟင်! ခလေးမလေး ပါလား

ကိုအောင်သာဦး အံဩသွား၏။၁၁ နှစ် အရွယ် ကလေးမလေးသည် ဘယ်အချိန်က သူ၏ နောက်သို့ ရောက်နေသည်မသိ။ ဆံပင်မှာ နောက်ကျောလည်လောက်ထိ ရှည်လျားစွာ ဖားလျားချထားသည်။ကောင်မလေးသည် သူ့အား မရယ်မပြုံး ခပ်တည်တည်ဖြင့် ကြည့်နေ၏။

ကိုအောင်သာဦးက ကလေးမလေးကို ပြုံးပြရင်း ၊

" သမီးက ဦးမာဒင်ရဲ့ သမီး ထင်တယ်၊
ဦးက သမီးရဲ့ဖေဖေ ချိန်းထားလို့ လာတွေ့တဲ့ ရှေ့နေပါ။တဆိတ်လောက် သမီးရဲ့ ဖေဖေကို ခေါ်ပေးပါလားကွယ့်"

ကောင်မလေးက အင်းအဲ မလုပ်။သံဘာဂျာတံခါးကို လက်ညှိုးထိုးပြသည်။ကိုအောင်သာဦး သဘောပေါက်သွားသည်။

အင်း ဟုတ်လေသားပဲ ၊ သံဘာဂျာတံခါးကို ဒီကလေးမ ဘယ်ဖွင့်နိုင်မှာလဲ၊
ငါပဲ ဖွင့်လေမှ ...

ကိုအောင်သာဦးသည် သံဘာဂျာ တံခါးကို ဘေးနှစ်ဖက်သို့ တွန်းဖွင့်လိုက်၏။

ကလေးမလေးသည် သူ့အား ဘေးမှ ကျော်၍ အိမ်ထဲသို့ အရင် ဝင်သွားလေ၏။
ကိုအောင်သာဦးလည်း ကလေးမလေး၏ နောက်မှ ကပ်လျက် ဧည့်ခန်းထဲသို့ ဝင်လာခဲ့သည်။

ကိုအောင်သာဦးသည် သူ၏ အမူအကျင့်အတိုင်း လက်မှာ ပတ်ထားသော နာရီကို ကြည့်လိုက်သည်။

ညနေ ၆နာရီ ၂၀မိနစ်ပင် ရှိလေပြီ ဖြစ်သည်။ အပြင်ဘက်မှာ အလင်းရောင် အားလျော့နေလေပြီ။ အိမ်ကြီးထဲမှာတော့ လျှပ်စစ် မီးပန်းဆိုင်းကြီး ထွန်းထား၍ အခန်းတစ်ခုလုံးကို ကောင်းစွာ အလင်းရနေပါသည်။

ကိုအောင်သာဦးသည် ဧည့်ခန်းက ထိုင်ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်ပြီး ၊ ယခုအချိန်ထိ သူ့အား စကားတစ်ခွန်းမှ မဆိုပဲ တုံဏိဘာဝေ လုပ်နေသော ကလေးမလေးအား လှမ်းပြောလိုက်သည်။

" သမီး ဖေဖေကို ခေါ်ပေးပါဦးကွယ် ၊ အလုပ်ကိစ္စလေးတွေ ပြောပြီးရင် ဦးလေး ပြန်ရမှာ နည်းနည်းဝေးလို့ပါ "

ကောင်မလေးသည် သူ့အား တစ်ချက်မျှ ကြည့်၍ ခေါင်းကို ငြိမ့်ပြလေသလား ၊ သူ့ဘာသာ လှုပ်ခါလေသလား မသိ။

ဧည့်ခန်း၏ အနောက်ဘက်သို့ ထွက်သွားလေ၏။ ကိုအောင်သာဦးကတော့ ထွက်သွားသော ကောင်မလေး၏ ကျောပြင်ကို တစ်ချက်မျှကြည့်ရင်း ၊

" ဟူး ဘယ်လို ကလေးလေးပါလိမ့် ၊
စကားလည်း တစ်ခွန်းမှ မပြောဘူး ၊
အမူအယာက ဂျစ်ကန်ကန်နဲ့ ။ အင်းပေါ့လေ ၊ သူဌေးဦးမာဒင်ရဲ့ တစ်ဦးတည်းသော သမီးဆိုတော့ အလို လိုက်ခံထားရလို့ ခပ်ဆိုးဆိုးဖြစ်နေတာ နေမှာပါ "

ဤအိမ်ကြီးသို့ ဦးမာဒင် ချိန်းဆိုစဉ်က
အိမ်အိုအိမ်ဟောင်းကြီးဟု သူ တွေးမိသေး၏။သို့ပေမယ့် ယခုလို ဆိုက်ဆိုက်မြိုက်မြိုက် အိမ်ထဲကို ဝင်ကြည့်လေမှ ၊ အိမ်ကြီးသည် ခေတ်ဟောင်းလက်ရာဆိုပေမယ့် ယခုအချိန်ထိတိုင် သန့်ရှင်းခမ်းနားနေဆဲပါလားဟု အံဩနေမိသည်။

ကျွန်းသား လှေခါးကြီးမှာ ပေါလစ်ရောင် တဖိတ်ဖိတ် တောက်ပလျက် ရှိပြီး ၊ ကြမ်းခင်း ကျွန်းပတ်ကေးများမှာလည်း ချောမွတ်ဝင်းပြောင်နေလေ၏။

ဧည့်ခန်းထဲတွင် ဖုန်တစ်စက်မျှ မရှိ။ အမြဲတန်း သန့်ရှင်းထားပုံရသည်။ဧည့်ခန်းနံရံတွင် ချိတ်ဆွဲထားသော ရှု့ခင်းပုံ ဆေးရေးပန်းချီကားကြီးသည်လည်း ထည်ဝါ ခန့်ညားလွန်းလှပေသည်။

ဟိုကြည့် သည်ကြည့် လုပ်ရင်း ကိုအောင်သာဦး၏ အကြည့်က မိသားစု ပန်းချီကားပုံ တစ်ခုဆီ၌ အကြည့်ရပ်တန့်သွားသည်။

ပန်းချီကားသည် ဦးမာဒင်တို့ မိသားစုပုံ ဖြစ်နေသောကြောင့်ပင်။ ဦးမာဒင်ကိုသာ သူ မြင်ဖူး၏။ ဦးမာဒင်၏ ဇနီးနှင့်သမီးပုံကို အခုမှသာ သူ မြင်ဖူးလေတော့သည်။သူ ခုနက တွေ့လိုက်ရသော ဆံပင်ရှည်နဲ့ ကောင်မလေးသည် ဓာတ်ပုံထဲ၌ နှစ်ခြိုက်စွာ ပြုံးနေ၏။အပြင်ဘက်မှာလို ခပ်တည်တည် မဟုတ်။

ပြီးတော့ ဓာတ်ပုံထဲက ဦးမာဒင်သည် အပြင်ကထက် နုငယ်နေသယောင်ပင်။ အခု ခေတ်စားနေသော ဖိုတိုရှော့ပညာရပ်များကြောင့် ဖြစ်လိမ့်မည်လား မပြောတတ်။

ဦးမာဒင်၏ ဇနီးသည် ဓာတ်ပုံထဲမှာတော့ အတော်ပင် ကျက်သရေရှိပြီး လှပသူ ဖြစ်လေ၏။ ဆံပင် အရှည်ကြီးမှာ ဒူးကောက်ကွေးလောက်ထိ ရှည်လျားစွာ ချထား၏။ ဆံပင်ရှည်လျားခြင်းကို ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြထားပုံရသည်။

ကိုအောင်သာဦး တစ်စုံတရာကို တွေးမိလေသောအခါ သူ၏ စိတ်သည် စနိုးစနှောင့် ဖြစ်သွား၏။

ညီဖြစ်သူ၏ အိမ်၌ ဦးမာဒင်၏ မိသားစုဓာတ်ပုံကို ဘယ်အချိန်ကတည်းက ချိတ်ဆွဲထားသလဲပေါ့။

ဦးမာဒင်တို့ မိသားစု ဓာတ်ပုံသည် အဘယ်ကြောင့် ဤအိမ်ကြီး၏ ဧည့်ခန်းမှာ ချိတ်ဆွဲထားရပါသနည်း။

ဤဓာတ်ပုံသည် သူ ထင်သလို ဦးမာဒင်၏ မိသားစု ဓာတ်ပုံရော ဟုတ်မှ ဟုတ်ရဲ့လားဟုလည်း ဇဝေဇဝါ ဖြစ်သွားသည်။ ဓာတ်ပုံထဲက ကောင်မလေးကတော့ လုံးဝ မလွဲချေ။

ကိုအောင်သာဦးက သူ၏ ခေါင်းကို ခါရမ်းပစ်လိုက်ပြီး ၊

ငါကိုက အတွေးနက်နဲလွန်းနေတာပဲဟု ပြုံးလိုက်ပြီး၊ မကြာခင်မှာ ဦးမာဒင်က ဤအိမ်ကြီးကို အပြီးအပိုင် လွှဲပြောင်းရယူတော့မှာမို့ ၊ သူ့ မိသားစုဓာတ်ပုံကို ကြိုတင် ချိတ်ဆွဲထားခြင်းလည်း ဖြစ်နိုင်တာပဲဟုသာ ဖြေလျော့ တွေးလိုက်မိပါသည်။

သံသယအတွေးကို ဖယ်ရှားပြီးနောက် ၊ အခုချိန်ထိ အနောက်ထဲ ဝင်သွားသော ကလေးမလေး ကြာနေသည်ကို သတိပြုမိသွားပြန်၏။

ဦးမာဒင်ကို သွားခေါ်တာ ဘာလို့များ ကြာနေတာပါလိမ့်ဟု တွေးရင်း ကောင်မလေး ဝင်သွားသော အိမ်အနောက်ပိုင်းကို လှမ်းမျှော်ကြည့်မိသည်။

အလုပ်ကိစ္စနှင့် ပတ်သက်လျင် အချိန်ကို လေးစားသော ကိုအောင်သာဦးသည် စိတ်တိုလာ၏။ထို့ကြောင့် ထိုင်နေရာမှ ထကာ ဧည့်ခန်းအနောက်ထဲသို့ အသံပြုလိုက်သည်။

" ဗျို့ ဦးမာဒင် ၊ ကျနော် ရောက်နေပြီနော်။ အချိန် သိပ်မရလို့ မြန်မြန်လေး ထွက်လာခဲ့ပါလားခင်ဗျာ "

အိမ်အနောက်ထဲမှ ဘာမှ ဖြေကြားသည့်အသံ မကြားရ။

သူ လှမ်းကြည့်သော အိမ်အနောက်ပိုင်းသည် ခပ်မှောင်မှောင် ရှိ၏။လျှပ်စစ်မီးလည်း ထွန်းမထားချေ။

ရှေ့နေကိုအောင်သာဦးသည် ဦးမာဒင်များ တစ်စုံတရာ ဖြစ်နေရော့လားဟု စိတ်ပူသွားသည်။

သူ၏ သားရေအိပ်ကို စားပွဲပေါ်တင်ထားခဲ့ပြီး ၊ ကောင်မလေး ဝင်သွားသော အိမ်ဧည့်ခန်း၏ အနောက်ထဲသို့ လိုက်ဝင်လာခဲ့လိုက်သည်။

သူ ထမင်းစားခန်း နှင့် မီးဖိုချောင် တွဲထားသည့် အခန်းသို့ ရောက်လာသည်။
မီးဖိုချောင်သည် မီးလုံးတစ်လုံးထွန်းထား၍ အလင်းရောင် ရှိ၏။

ထိုအခန်းထဲ၌လည်း တစ်စုံတစ်ဦးမျှ မရှိချေ။ သို့ပေမယ့် ထမင်းစားပွဲဝိုင်းပေါ်တွင် စားသောက်လက်စဟု ထင်ရသော ပေါင်မုန့်ကြက်ဥကြော်များ နှင့် ကော်ဖီ၃ခွက်ကို တွေ့ရသည်။

သူ ထိုစားပွဲဝိုင်းအနီးသို့ လျှောက်သွားပြီး ကော်ဖီခွက်များကို ကြည့်လိုက်သည်။ အပေါ်ရေ တင်းနေပြီး၊ အေးစက်နေသော ကော်ဖီခွက်ထဲ၌ ပိုးဟပ်တစ်ကောင် သေလျက် ရှိသည်။ကော်ဖီခွက်များမှာ လုံးဝ မသောက်ရသေးသော အနေအထား ဖြစ်၏။

ထို့အတူပဲ ပေါင်မုန့်ကြက်ဥကြော်များမှာလည်း ပုရွက်ဆိတ်များတက်နေ၏။အတော်ပင် ဟောင်းနွမ်းနေပြီ ဖြစ်သည်။မည်းချိတ်လျက် ရှိသည်။

ကိုအောင်သာဦး စားပွဲဝိုင်းပေါ်က အစားအစာများကို စိတ်ဝင်စားနေစဉ်မှာ သူ၏ နောက်ကျောဘက်မှ တစ်စုံတစ်ယောက် ဖြတ်လျှောက်သွားသော အနေအထားမျိုး ခံစားလိုက်ရသလို ၊ တရှပ်ရှပ် ဟူသော ခြေသံသဲ့သဲ့လေးကိုပါ သူ၏ နား၌ ကောင်းစွာ ကြားလိုက်ရလေ၏။

" ရှပ် ရှပ် ရှပ် "

ရုတ်ချည်း သူ၏ ကိုယ်သည် အေးစက်သော အငွေ့အသက်ကို စတင် ခံစားလိုက်ရ၏ ။ ဘာရယ်ကြောင့်မသိ သူ ကျောမထဲက စိမ့်တက်လာသော အအေးဓာတ်ကြောင့် လက်နှစ်ဖက်လုံးက မွေးညင်းများ ထောင်လာကာ ကြက်သီးထသွားသည်။

သူ ချက်ချင်းပဲ လှည့်ကြည့်ပေမယ့် ခြေသံရှင်ကို မတွေ့ရသလို ၊ ခြေသံသည်လည်း ရုတ်ချည်း ပျောက်ကွယ်သွား၏။

ကြောက်စိတ်ဖြစ်ပေါ်မိပေမယ့် သိလိုစိတ် ပြင်းပြစွာ ခြေသံထွက်ပေါ်ခဲ့သည်ဟု ထင်ရသော အိမ်အနောက်သို့ သူ သတိဖြင့် ဖြေးလေးစွာ လျှောက်လာခဲ့သည်။

"ဖြန်း ဖြန်း ဖြန်း "

ရေကျသံဟု ထင်ရသည်။ တဖြန်းဖြန်းနှင့် အသံများထွက်ပေါ်နေ၏။

အနောက်ထဲမှာက ရေချိုးခန်း အိမ်သာအခန်းတစ်ခုသာ ကျန်တော့၏။ ရေချိုးခန်းတံခါးသည် လက်နှစ်လုံးစာလောက် ဟလျက် ပွင့်လျက်သားရှိသည်။

ထိုအခန်းထဲမှ ရေကျသံများ ထွက်ပေါ်နေခြင်း ဖြစ်ပါသည်။

" ဖြန်း ဖြန်း ဖြန်း "

သူ တံခါးကို ဖွင့်ကြည့်လိုက်သည်။ ရေချိးခန်းထဲက ရေပန်းရှာဝါသည် ပွင့်လျက် ရေများ ပန်းထွက်နေသည်ကို မြင်တွေ့လိုက်ရသည်။သို့သော် လူ မရှိချေ။

သူ ရေပန်းလက်ကိုင်ခလုပ်ကို သွား၍ ပိတ်လိုက်သည်။ရေပန်းခလုပ်သည် လိုတာထက် ပို၍ အေးစက်နေသလား အောက်မေ့ရသည်။ ရေခဲတုံး တစ်တုံးကို ထိတွေ့ရသလိုပင်။

ရေခလုပ်ကို ပိတ်လိုက်မှ ရေကျ ရပ်သွား၏။ ရေခလုပ်ကို ပိတ်ပြီးနောက် သူ ခေါင်းကို ခါရမ်းလိုက်ရင်း ၊

" အို ! ငါက ဧည့်သည်ပဲ ၊ အိမ်ရှင်ကို အသိမပေးပဲ ဒီအထိ ဝင်လာခဲ့မိတာတောင် လွန်လှပြီ ။ မဖြစ်သေးပါဘူး ။ ဧည့်ခန်းကပဲ သွားစောင့် နေတာကောင်းမယ်။ ဆယ့်လေးငါးမိနစ်နေလို့မှ ငါ့ကို ထွက်မတွေ့ရင် ပြန်လိုက်တော့မယ် "

ရှေ့နေ ကိုအောင်သာဦးသည် ထိုသို့ တွေးရင်း အိမ်၏ အရှေ့ပိုင်း ဧည့်ခန်းရှိရာသို့ ပြန်လာခဲ့သည်။

သူ ဧည့်ခန်းထဲသို့ စဝင်လိုက်သည့်အခါမှာတော့ အံဩသွားရသည်။ ဧည့်ခန်းထဲရှိ ထိုင်ခုံများ၌ ဦးမာဒင်တို့ မိသားစု ၃ဦးလုံးသည် သူ့အား ထိုင်လျက်သား ခပ်တောင့်တောင့်ကြီးတွေ စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၍ ဖြစ်သည်။

သူပဲ အမြင်မှားလေသလား သို့မဟုတ် အမှတ်မှားနေသလား မသိ။ ခုနက ဧည့်ခန်းအပေါ်က မီးဆိုင်းကြီးသည် အလင်းကောင်းစွာ ရသော အဖြူရောင်ဖြစ်ပြီး၊ ယခုအခါ၌ မီးဆိုင်းသည် ဝါကျင်ကျင်ဖြင့် အလင်းရောင် ဖျော့တော့လွန်းနေ၏။

သို့သော် မျက်လုံးကောင်းသူ သူ့အတွက် ဦးမာဒင်တို့ မိသားစုအား သဲကွဲစွာ မြင်ရပါလေ၏။

မီးရောင် ခပ်ဖျော့ဖျော့မှာ ၎င်းတို့ မိသားစု၏ မျက်နှာများမှာ ဖွေးဆွတ်ဆွတ် နိုင်လှသည်။ သွေးမရှိသော မျက်နှာများကဲ့သို့ ဖွေးနေခြင်းပင်။

ကိုအောင်သာဦးသည် ထိုမိသားစုနှင့် မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး၊ စကား စပြောလိုက်သည်။

" ဟာဗျာ ဦးမာဒင်တို့ကလည်း ၊ ကျနော်ဖြင့် ခင်များကို စောင့်ရတာ စိတ်မရှည်လို့ အိမ်အနောက်ထဲ ဝင်ကြည့်မိသေးတယ်။ ရေချိုးခန်းက ရေပန်းကြီးကလည်း ပွင့်လျက်သားကြီးဗျာ ၊ အဲဒါနဲ့ ကျုပ် ပိတ်ပေးထားခဲ့ရသေး ... သေး "

" ဖြန်း ဖြန်း ဖြန်း "

ကိုအောင်သာဦး၏ စကားပင် မဆုံးသေးချေ။ အိမ်အနောက်ထဲက ရေပန်းမှ ရေများ သန်စွာ ပန်းထွက်နေသော အသံက တဖန် ပြန်လည် ထွက်ပေါ်လာပြန်၏။ကိုအောင်သာဦးသည် အံဩစွာဖြင့် ဦးမာဒင်အား လှမ်းကြည့်လိုက်၏။

ထိုအခါ မျက်နှာချင်းဆိုင်က ဦးမာဒင်ထံမှ အလွန် နှေးကွေး လေးလံသော အသံဖြင့် ၊

" ဒီ လို ပဲ ၊ အဲ ဒီ ရေ ပန်း ခ လုပ် က ပျက် နေ တာ ကြာ ပြီ လေ၊ ပြင် မယ့် သူ ခေါ် ထား တာ ၊ မ လာ ဘူး "

ဦးမာဒင်က ထို့သို့ ပြောလိုက်ပြီးသည့်အခါ ထူးဆန်းစွာ ရေပန်းသံသည် တိကနဲ ရပ်တန့်သွားပြန်၏။

သူ ထိုကိစ္စကို ဆက်မပြောတော့ပဲ၊ လုပ်ရမည့် အလုပ်ကိစ္စကို စတင်ရန် ပြင်လိုက်တော့သည်။

ကိုအောင်သာဦးသည် စားပွဲပေါ်က သားရေအိတ်လေးကို သူ့ဘက် ဆွဲယူ၍ အိတ်ဇစ်ကို ဖွင့်ကာ အရန်သင့်ယူလာသော စာရွက်စာတမ်းများကို ထုတ်ယူလိုက်သည်။

" လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြည့်စုံအောင် ကျနော် ကွန်ပျူတာ စာစီပြီး
ယူလာခဲ့တယ်။ အားလုံး တရားဝင် ဖြစ်အောင် ဆက်လုပ်ကြရုံပါပဲ ။ ဦးမာဒင် တစ်ချက်လောက် စစ်ကြည့်ပါအုံး "

ကိုအောင်သာဦး၏ နောက်ဆုံးစကားလုံး ဖြစ်သော ' ဦးမာဒင် တစ်ချက်လောက် စစ်ကြည့်ပါအုံး ' ဟူသော စကားရပ် အဆုံး၌ သူ့ ရှေ့၌ ထိုင်လျက်ရှိသော မိသားစု ၃ဦးသည် မျက်စိမျက်နှာများ ထူးခြားစွာ ပျက်ယွင်းသွားကြသည်။

သူတို့ မိသားစု ၃ဦးသည် ရှေ့နေ ကိုအောင်သာဦး နားမလည်နိုင်သော အကြည့်မျိုးဖြင့် တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်နေကြပြန်သည်။ပြီးလေမှ ကိုအောင်သာဦးထံမှ စာရွက်စာတမ်းများကို ယူ၍ ဖတ်ကြည့်ကြသည်။

ထိုသို့ ဖတ်ရှု့ရာမှာလည်း မိသားစု ၃ဦးလုံးသည် စာပါ အကြောင်းအရာများကို သိချင်လိုစိတ်ပြင်းပြစွာဖြင့် အတင်းတိုးဝှေ့ ဖတ်နေကြခြင်းပင်။

စာရွက်ထဲပါသည့် အကြောင်းအရာများမှာ တခြားမဟုတ် သေဆုံးသွားသူ ဦးကျော်ဒင် ထံမှ ဤအိမ်နှင့်ခြံကြီးကို အမွေဆက်ခံသူ အဖြစ် ဦးမာဒင်က လက်ခံရရှိပြီး ၊ခြံနှင့်အိမ်ကို ဦးမာဒင်၏ အမည်
ပြောင်းလွဲခွင့်ပြုရန် သက်ဆိုင်ရာသို့ ခွင့်တောင်းခံထားသည့် အချက်အလက်များ ဖြစ်သည်။

စာပါအချက်အလက်များကို ဖတ်နေရင်း သူ့ ရှေ့က ၃ယောက်သည် ထူးခြားစွာ ဒေါသ ထွက်လာကြသည်။

စာရွက်ကို ကိုင်ထားသော ဦးမာဒင်၏ လက်သည် တုန်ရင်လာ၏။ သူ သတိထားကြည့်မိသော ဖြူလျော်လျော် မျက်နှာများသည် တဖြေးဖြေး ပြောင်းလဲသွားကြသည်။

အညိုအမည်း အကွက်များသည် ဖွေးထေးထေး ပါးပြင်တစ်ဝိုက်မှာ၎င်း၊ နဖူးပြင် နေရာအချို့မှာ၎င်း အဆုပ်လိုက် အကွက်လိုက် ပေါ်လာကြပြီး ၊ မျက်လုံးများက မီးကျီခဲတမျှ နီရဲလာကြသည်။

ဦးမာဒင်တို့ မိသားစု ၃ဦးလုံးသည် ရှေ့နေ ကိုအောင်သာဦးအား မလိုလားဟန် ၊ မုန်းတီးရွံရှာဟန်ဖြင့် ကြည့်လာကြသည်။

သူတို့ ၃ဦးထံမှ တူညီသော စကားရပ်တစ်ခု ခြောက်ကပ်အက်ကွဲစွာ စူးခြစ်ခြစ်ကြီး ထွက်ပေါ်လာပါသည်။

" ငါတို့အိမ်ကို ဘယ်သူ့မှ မပေးနိုင်ဘူး ! မင်း အခု ထွက်သွား "

ကိုအောင်သာဦးသည် ဦးမာဒင်တို့၏ ကြောက်မက်ဖွယ်ရာ မျက်နှာဆိုးကြီးများကို မြင်လိုက်ရသောအခါ အလွန်တရာ ထိတ်လန့်သွားပြီး ၊ ထိုင်နေရာမှ ရုတ်တရက် ထရပ်လိုက်မိသည်။

" ဟာ! ခင်ဗျား ခင်ဗျားတို့ ..."

ကိုအောင်သာဦးသည် ကြောက်စိတ်ကြောင့် ဆင်ခြင်တုံတရား ပျောက်ကွယ်သွားပြီ။ ကမူးရှုးထိုး အိမ်ရှေ့တံခါးဆီသို့ ပြေးသွားလေ၏။

" ဝုန်း "

သို့သော် နောက်ကျသွားလေပြီ။ တံခါးနှစ်ချပ်သည်သည် ရုတ်တရက်ကြီး သူ့အလိုလို ဝုန်းကနဲ စေ့ပိတ်သွားသည်။

ကိုအောင်သာဦးသည် တံခါးကို ပွင့်လို့ပွင့်ငြား အတင်းရိုက်နှက်ထုကန် ဖွင့်လေ၏။သို့သော် တံခါးသည် ပွင့်မလာချေ။တံခါးဖွင့်မရတော့ သူ ပို၍ စိတ်ဓာတ်တွေ ပျက်ပြားအားငယ်လာတော့သည်။

နောက်ဆုံး၌ သူ နောက်ကို ကြောက်လန့်တကြား လှည့်ကြည့်လိုက်၏။ သူ့မျက်နှာ အနီးထိတိုင် တိုးကပ်ရောက်လာကြသော သရဲ ၃ကောင်၏ ကြောက်မက်ဖွယ်ရာ မျက်နှာကြီးများကိုသာ နောက်ဆုံးမြင်တွေ့လိုက်ရလေတော့သည်။

" အား! .."

......................
၂။

ဆေးရုံတစ်ခု၏ အခန်းတစ်ခုဝယ် ၊ ရှေ့နေလေး ကိုအောင်သာဦးကို မြင်တွေ့ရမည်။လူနာမေး လာသမျှသူ အားလုံးသည် စုပ် တသပ်သပ် ရှိကြသည်။

ဟိုယခင်က အချိန်ကို အလွန်လေးစားသော ၊ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိသော ၊ အောင်မြင်တက်ကြွသော ရှေ့နေလေးသည် ယခုအခါ သူရူး တစ်ယောက်ပမာ ကုတင်ခြေရင်း၌ ကုပ်ချောင်းချောင်းနှင့် ပါးစပ်က' ကြောက်ပါပြီ ကြောက်ပါပြီဗျ ' ဟူ၍ တစ်မျိုး ' ရေတွေ ရေတွေ သရဲတွေ သရဲတွေ ' ဟူ၍ တစ်ဖုံသာ သောင်စဉ်ရေမရ တစ်ယောက်တည်း ရေရွတ်နေလေတော့သည်။

ရှေ့နေလေးကို ဆေးရုံပေါ်တင်ပေးခဲ့သူ ဦးမာဒင်က ပြောပြသည်ကတော့..၊

" ရှေ့နေ ကိုအောင်သာဦးနဲ့ တွေ့ဖို့ ၊ အဲဒီ အိမ်ကြီးမှာ ကျနော် ချိန်းထားခဲ့တာ၊
ကျနော့်ကားက လမ်းမှာ ပျက်နေလို့ ဝပ်ရှော့ဆရာဆီ ဖုန်းဆက်ပြီး လာပြင်ခိုင်းနေရတာနဲ့ ကြာသွားတယ်။ ကျနော့်ကား ပြင်ပြီးလို့ အဲ့ဒီအိမ်ကြီးကို ရောက်သွားတဲ့အခါ ရှေ့နေ ကိုအောင်သာဦးက အိမ်အောက်ထပ် ကြမ်းပြင်မှာ သတိလစ် မေ့မျောနေပြီ ၊ ဒါနဲ့ ကျနော်လည်း သူ့ကို ကားပေါ် ပွေ့တင်ပြီး ဆေးရုံ ပို့ပေးခဲ့တာပါ "

ဦးမာဒင်က ထိုအိမ်ကြီးအောက်ထပ်တွင် အမွေဆက်ခံ လွှဲပြောင်းမည့် စာရွက်စာတမ်းများ ထူးခြားစွာ လုံးခြေ ထားခြင်းခံရသည်ကို ထိန်ချန်ထားသည်သာမက ၊ သူ ထိုအိမ်ကြီးသို့ ရောက်သည့်အခါ အိမ်အနောက်ထဲက ရေချိုးခန်း၌ ရေများ ကြမ်းပေါ် အိုင်ထွန်းနေသည်အထိ ရေပန်းမှ ရေများပန်းထွက်နေသည်ကိုလည်း မည်သူ့ကိုမျှ မပြောပြတော့ပေ။

တာဝန်ရှိသူများက ထိုအိမ်ကြီးကို သွားရောက် စစ်ဆေး လေ့လာသည့်အခါ ၊ ဧည့်ခန်းနံရံ၌ ချိတ်ဆွဲထားသော ဓာတ်ပုံကို လက်ညှိုးထိုးမေးကြသည်။

" ဒီဓာတ်ပုံထဲက မိသားစုတွေက ဘယ်သူတွေလဲဗျ "

ဦးးမာဒင်က ဓာတ်ပုံကို ဆွေးဆွေးမြေ့မြေ့ ကြည့်ကာ၊

" အဲ့ဒီဓာတ်ပုံက ကားအက်ဆီးဒင့်ကြောင့် သေဆုံးသွားကြတဲ့ ကျနော့်ညီ ကျော်ဒင်တို့ မိသားစု ဓာတ်ပုံပါ ၊ ကျနော်နဲ့ ကျနော့်ညီ ကျော်ဒင်က အမြွှာညီအစ်ကိုတွေဆိုတော့ ရုပ်ချင်းက ဆင်တူကြတယ်လေ၊ ချွတ်စွပ် တူတာတော့ မဟုတ်ပါဘူး ၊ ရင်းနှီးသူတွေကတော့ ခွဲခြားတတ်ကြပါတယ် ၊ ကျော်ဒင့်မျက်နှာကနုပျိုတယ် ၊ ကျနော်က သူ့လို မဟုတ်ဘူး နည်းနည်း ရင့်ထော်တယ်ဗျ "

ဦးမာဒင်က ဆက်ပြော၏။

" ကျနော်တို့ ညီအစ်ကို အမွေခွဲကြတော့
ကျော်ဒင်က ဒီအိမ်ကြီးကို သူပဲ ဇွတ်အတင်း ယူမယ်ပြောတော့ ကျနော်နဲ့ စကားများကြရသေးတယ်။ နောက်တော့ ကျနော်က အကြီးဆိုတော့ အလျော့ပေးပြီး ဒီအိမ်ကြီးကို သူ့ ပေးလိုက်ပါတယ်။
အမှန်က အဖွားက သူ မကွယ်လွန်ခင်မှာ ဒီအိမ်နဲ့ခြံကို ကျနော့်ကိုပေးတာ ၊ စာချုပ်စာတမ်းနဲ့ ပေးတာတော့မဟုတ်ပါဘူး ၊ မိသားစုအားလုံးရှေ့မှာ အဖွားက အတိအလင်း စကားနဲ့ ပြောပေးခဲ့တာ ။
ကျော်ဒင်က ငယ်လေးကတည်းက တဇွတ်ထိုး ၊ သူ ရချင်တာဆို ရကို ရမှ ။ မရရင် သိပ်အမျက်ကြီးတတ်တာမျိုး "

ထိုအိမ်ကြီးနှင့်တွဲလျက် ကားဂိုဒေါင်က ကားသည် ဦးမာဒင်တို့ အဖေအမေများလက်ထက်က ရှေးဟောင်းမော်ဒယ် ကားဖြစ်သည်။ မိဘအမွေအနှစ်မို့ မရောင်းရက်၍ ဒီအတိုင်း ထားရသည်ဟု ဆို၏။

ဦးမာဒင် ပြောနေသည်က ညီဖြစ်သူ ဦးကျော်ဒင်သည် အလွန်အတ္တကြီးသူ ၊ အစွဲအလန်းကြီးသူ တစ်ယောက်ဟု ဆိုနေသယောင်။

စပ်စပ်စုစု စုံစမ်းကြည့်လေတော့ ရှေ့နေလေး ကိုအောင်သာဦးအရင်က အကျိုးဆောင် ရှေ့နေ၂ဦးသည်လည်း ထို့နည်းတူစွာ ခြောက်လှန့်ခံရပါသည်တဲ့။

ကိုအောင်သာဦးလိုတော့ သရဲများက ကိုယ်ထင်ပြခြင်း မရှိခဲ့၍ ထွက်ပြေးရုံသာ ဖြစ်ခဲ့သည်။

အခု နောက်ဆုံး ကိုအောင်သာဦးအား ခြောက်လှန့်ခြင်းသည် ရှေးယခင်ကထက် ပိုမိုဆိုးရွားလာခြင်းသာ။

အိမ်ပိုင်ရှင်အသစ် ဦးမာဒင်သည် ထိုအိမ်ကြီး၌ နှစ်ကြိမ် သုံးကြိမ်မက ပရိတ်တရား ရွတ်ဖတ်ခြင်း ၊ ကုသိုလ်ကောင်းမှု ပြု၍ ညီဖြစ်သူ ကိုကျော်ဒင်တို့ မိသားစုအား ကုသိုလ်အမျှ ပေးဝေပါ၏။

သို့သော် အကုသိုလ်တရား ကြီးလွန်းသော ပေတလောကသားများသည် ဒေါသ လောဘ မောဟတွေ ဖုံးလွှမ်းနေသမျှ မည်သည့်ကုသိုလ် အမျှကိုမှ မရကြချေ။မယူနိုင်ကြချေ။ လွဲဖယ်သွားတတ်ကြသည်။

ကုသိုလ်အမျှ ကို ၎င်းတို့သည် မခံယူကြသည်လား သို့တည်းမဟုတ် မရကြသည်လားဆိုတော့ သူတို့မှပင် သိနိုင်ကြလေမည်။

ထို့ကြောင့်ပင် ရှေးလူကြီးသူမများက ဆိုခဲ့ကြသည်။ 'အမွေဆိုတာ ထိုက်မှ ခံယူတတ်တာမျိုး ' ဆိုသည့်စကား လွန်စွာမှ မှန်လေစွ ။

အမွေဆိုသည်မှာ ဇွတ်အတင်း ရယူပါသောလည်း မခံစား မစံစားထိုက်ပါက ကြောက်စရာ အလွန်ကောင်းသော အဆိပ်အတောက် တစ်ခုသာ ဖြစ်ကြောင်း သတိချပ်သင့်ပေ၏။

ပြီးပါပြီ

မူရင်း စာရေးသူ ပီပီ(မန္တလေး)
ေလာဘတေစၦ
-------------
မူရင္းေရးသားသူ - ပီပီ(မႏၲေလး)

ေရွ႕ေန ကိုေအာင္သာဦးသည္ လုပ္လက္စ အလုပ္မ်ားကို သိမ္းဆည္းလိုက္ၿပီး၊႐ုံးခန္းနံရံမွာ ခ်ိတ္ဆြဲထားေသာ တိုင္ကပ္နာရီကို ၾကည့္လိုက္၏။

ညေန ၅နာရီ ၃၀မိနစ္ တိတိ ရွိၿပီျဖစ္သည္။ဒီကေန႔ ညေန ၆နာရီတြင္ အိမ္ၿခံေျမ အမည္ေပါက္ျပဳလုပ္ေပးရန္ အပ္ထားသည့္ အမႈသည္ ဦးမာဒင္ႏွင့္ ေတြ႕ဆုံဖို႔ ခ်ိန္းဆိုထား၏။

ဗိုက္ထဲကလည္း ဆာသလိုလို ရွိေလ၏။

" အင္း ဒီအခ်ိန္ဆိုရင္ေတာ့ ဦးမာဒင္တစ္ေယာက္၊ သူ ခ်ိန္းထားတဲ့ အိမ္မွာပဲ ရွိလိမ့္မယ္ ထင္တယ္၊ သူခ်ိန္းထားတဲ့အိမ္က ငါ ျပန္မယ့္လမ္းနဲ႔ ႀကဳံေနေတာ့၊ အိမ္ကိုပဲ သြားလိုက္ေတာ့မယ္၊ သူ႔ကိစၥျပတ္ေလမွ ထမင္းဆိုင္တစ္ခုခုမွာ ညေနစာ စားေတာ့မယ္" "

ထိုသို႔ေတြးမိၿပီးသကာလ ကိုေအာင္သာဦးသည္ ၎၏ အမႈသည္ျဖစ္သူ ဦးမာဒင္၏ အိမ္သို႔ သြားရန္၊ လိုအပ္ေသာ စာ႐ြက္စာတမ္းအခ်ိဳ႕ကို သူ အၿမဲကိုင္ေဆာင္သြားေလ့ရွိသည့္ သားေရအိပ္အနက္ေလးထဲ စီကာစဥ္ကာ ထည့္ယူလိုက္၏။

ၿပီးေနာက္ သူ၏ ေရွ႕ေန႐ုံးခန္းေလးကို တံခါးေသာ့ခတ္ ပိတ္၍ ထြက္လာခဲ့၏။

ကိုေအာင္သာဦးသည္ ေသခ်ာေအာင္လို႔ ဦးမာဒင္အား ဖုန္းဆက္ရန္ ေတြးလိုက္မိၿပီး၊ အိပ္ထဲက ဖုန္းကို ထုတ္၍ ဖုန္းေခၚလိုက္သည္။

ဖုန္းက တစ္ႀကိမ္တည္းႏွင့္ ဦးမာဒင္၏ ဖုန္းသို႔ တန္းဝင္သြားသည္။

" ဟဲလို ေရွ႕ေနႀကီးလား "

ဦးမာဒင္ဘက္မွ အသံမွာ တဂ်စ္ဂ်စ္ တျဖစ္ျဖစ္ႏွင့္ ေလတိုးသံမ်ား ေရာယွက္ေန၏။

"ေအာ္ ဟုတ္တယ္ ဦးမာဒင္ ၊ နာမည္ေျပာင္း အလုပ္ကိစၥအတြက္ ၊ က်ေနာ္ ဦးမာဒင္ ခ်ိန္းထားတဲ့ အိမ္ကို ထြက္လာမလို႔ေလ ။ အဲ့ဒါ ဦးမာဒင္ အိမ္မွာ ရွိပါ့မလားလို႔ ႀကိဳဆက္လိုက္တာပါ "

" ဟုတ္ကဲ့ ေရွ႕ေနႀကီး ၊ အခု က်ေနာ္ သမီးေလးကို က်ဴရွင္ ဝင္ႀကိဳေနတာ၊ ခဏေန အိမ္ကို ေရာက္ပါၿပီဗ် ၊ လာခဲ့ပါ က်ေနာ္တို႔ သားအဖ ေစာင့္ေနလိုက္မယ္ေလ။ ေရွ႕ေနႀကီး အရင္ က်ေနာ္တို႔ ေရာက္မွာပါ "

ဖုန္းထဲက တဂ်စ္ဂ်စ္ တရွဲရွဲ အသံမ်ားမွာ
ကားေမာင္းေနစဥ္ ေလတိုး၍ ျမည္တာ ျဖစ္လိမ့္မည္။

" ဟုတ္ကဲ့ ၊ အဲ့ဒါဆို က်ေနာ္ ဦးမာဒင္ ေပးထားတဲ့ လိပ္စာအတိုင္း အိမ္နံပတ္ (201)ကို တန္းလာခဲ့ပါ့မယ္ "

ဖုန္းကို အိတ္ထဲ ျပန္ထည့္ၿပီး ကားျဖင့္ ခ်ိန္းဆိုထားေသာ အိမ္သို႔ ထြက္လာခဲ့သည္။

လမ္းတြင္ ေရွ႕ေန ကိုေအာင္သာဦးသည္ ကာေမာင္းေနရင္း ထူးျခားစြာ ကံေကာင္းသူ သူေဌး ဦးမာဒင္၏ အေၾကာင္းကို ေတြးလာမိသည္။

အသက္ ၄၅ႏွစ္ အ႐ြယ္ရွိ ဦးမာဒင္သည္ သူေဌးတစ္ဦးျဖစ္ၿပီး၊ အိမ္ၿခံေျမ မ်ားစြာ ပိုင္၏။

ဦးမာဒင္သည္ ကုသိုလ္ကံ အလြန္ေကာင္းသူ တစ္ေယာက္ဟုဆိုရမည္ျဖစ္သည္။

ယခု အိမ္နဲ႔ေျမသည္ က်န္ရစ္သူ ဦးမာဒင္က အေမြဆက္ခံခြင့္ ရခဲ့ျခင္း ျဖစ္ေလ၏။ ယခင္က ထိုအိမ္ႀကီးႏွင့္ၿခံေျမကို ဦးမာဒင္၏ ညီျဖစ္သူ ဦးေက်ာ္ဒင္က ပိုင္ဆိုင္၏။

သို႔ေပမယ့္ ဦးမာဒင္က ကံေကာင္းသေလာက္ ကံအေၾကာင္း မလွရွာေသာ ဦးမာဒင္၏ ညီ၊ ဦးေက်ာ္ဒင္တို႔မိသားစု ဘုရားဖူး အလည္အပတ္ ခရီးထြက္ရာ ၊ ယာဥ္မေတာ္တဆမႈေၾကာင့္ ၊ မိသားစုလိုက္ ေသဆုံးသြားၾက၏။ အေတာ္ပင္ ကံဆိုးေလစြ။

ထိုအိမ္ႀကီးမွာ ဦးမာဒင္ ႏွင့္ ဦးေက်ာ္ဒင္တို႔၏ အဘိုးအဘြားမ်ားပိုင္ ျဖစ္ၿပီး၊ ညီအစ္ကို ၂ေယာက္ အေမြခြဲၾကစဥ္က ၎အိမ္ႏွင့္ၿခံေျမကို ေသဆုံးသူ ဦးေက်ာ္ဒင္က အေမြေဝစုအျဖစ္ ရခဲ့ျခင္း ျဖစ္၏။

ယခုအခါ ညီျဖစ္သူ ဦးေက်ာ္ဒင္ ေသဆုံးသြားသည့္အခါ၌ အေမြဆက္ခံသူ အျဖစ္ ပိုင္ဆိုင္သူ အမည္ေျပာင္းလြဲဖို႔၊ ဦးမာဒင္က ေရွ႕ေန ကိုေအာင္သာဦးႏွင့္ တိုင္ပင္ရန္ ခ်ိန္းဆိုထားျခင္း ျဖစ္သည္။

ဦးမာဒင္တို႔ ညီအစ္ကို ႏွစ္ဦးလုံးသည္ အသက္အ႐ြယ္ ႀကီးေလမွ အိမ္ေထာင္က်သူမ်ား ျဖစ္ၾကၿပီး၊ ညီအစ္ကို ၂ဦးလုံးတြင္ အသက္ ၁၁ႏွစ္အ႐ြယ္ မတိမ္းမယိမ္း သမီးေလးမ်ား ကိုယ္စီ ရွိၾကေလ၏။

ထိုအခ်က္အလက္မ်ားကို ေရွ႕ေန ကိုေအာင္သာဦးက အၾကမ္းအဖ်င္းအားျဖင့္ သိထားၿပီး၊ အမႈသည္ ဦးမာဒင္ကို လူခ်င္း ၂ႀကိမ္ ၃ႀကိမ္ခန႔္သာ ဆုံေတြ႕ဖူး၏။

ကိုေအာင္သာဦးသည္ ကားေမာင္းလာရင္း ဦးမာဒင္အေၾကာင္း ေတြးေနရာမွ၊ လူေန က်ဲပါးေသာ ဆိပ္ၿငိမ္ ရပ္ကြက္ေလးတစ္ခုအတြင္းသို႔ ေရာက္လာ၏။

ကိုေအာင္သာဦးသည္ ဦးမာဒင္ ေပးထားေသာ လိပ္စာအတိုင္း၊ လမ္းသြယ္ေလး တစ္ခုအတြင္းသို႔ ကားကို တလိမ့္ခ်င္းေလး ေမာင္းဝင္လာခဲ့ရာ ၊ သူ ရွာေဖြေနေသာ အိမ္အမွတ္ (၂၀၁) အေရွ႕သို႔ ေရာက္လာ၏။

ကားေပၚက မဆင္းခင္ ၿခံအဝင္ သံတံခါးမွ တဆင့္ အိမ္ႀကီးကို ေလ့လာ အကဲခတ္လိုက္သည္။

အိမ္ႀကီးမွာ ၿခံက်ယ္ႀကီးအတြင္း အေနာက္သို႔ ယူ၍ ေဆာက္လုပ္ထားျခင္း ျဖစ္သည္။ အိမ္ႀကီးနဲ႔ တြဲလ်က္ ေဘးဘက္၌ ကားဂိုေဒါင္တစ္ခုကိုလည္း ေဆာက္လုပ္ထား၏။

ေရွးေဟာင္း လက္ရာဆိုေပမယ့္ အရမ္း အိုေဟာင္းေနျခင္း မရွိပဲ၊ ခန႔္ထည္စြာ ရွိေလ၏။ေသသူ ဦးေက်ာ္ဒင္သည္ အိမ္ႀကီးကို ျပဳျပင္ထိမ္းသိမ္း႐ုံမွ်မက ၊ ေရွးမူမပ်က္ မြန္းမံျပင္ဆင္ထားခဲ့ပုံရ၏။

အတြန႔္အ႐ြန႔္ သစ္သားပန္းဆြဲမ်ားမွာ ဘုန္းႀကီးေက်ာင္းလိုပဲဟု ေအာက္ေမ့မိ၏။

သစ္သား ဝါးရံတာသည္ အျဖဴေရာင္ေဆးတို႔ျဖင့္ သန႔္ရွင္းစြာ ရွိ၏။ ေရွးက ေၾကးေရတတ္ သူေဌးမ်ား ေဆာက္လုပ္ေလ့ရွိသည့္အတိုင္း အိမ္ေရွ႕အဝင္ဝတြင္ ဆင္ဝင္ပါ၏။

ဆင္ဝင္ တိုင္လုံးႀကီးမ်ားမွာ နီညိဳေရာင္ ေဆးျခယ္ထား၍ ပတၱျမားေရာင္ေတာက္ေနပါ၏။

ကိုေအာင္သာဦးသည္ ကားေပၚမွာဆင္း၍၊ ၿခံတံခါးတိုင္မွာ တပ္ဆင္ထားေသာ လွ်ပ္စစ္ လူေခၚေခါင္းေလာင္း ခလုပ္ကို ႏွစ္ႀကိမ္မွ် ဆင့္ႏွိပ္လိုက္သည္။

လွ်ပ္စစ္ေခါင္းေလာင္းသည္ အလုပ္ မလုပ္သည္လား မသိ။

အိမ္ႀကီးထဲမွ လူရိပ္လူေယာင္မွ်ပင္ မေတြ႕ရေခ်။ ဦးမာဒင္ အိမ္ထဲမွာ ရွိေနပါ့မလားလို႔ေတာင္ သူ သံသယဝင္သြား၏။
သူ ဖုန္းဆက္တုန္းကေတာ့ ဦးမာဒင္တို႔ သားအဖ အရင္ ေရာက္ႏွင့္မည္ဟု ဆိုသြား၏။

ၿခံတံခါးကို သူ တြန္းၾကည့္လိုက္သည္။ ၿခံတံခါးမွာ ေသာ့ခတ္ မထားေခ်။

" အင္း ငါလာမယ္ဆိုတာ ေျပာထားေတာ့ ၿခံတံခါးကို ဖြင့္ထားတာ ေနလိမ့္မယ္ "

ကိုေအာင္သာဦးသည္ ထိုသို႔ေတြးမိေလသျဖင့္ ၊ ကားကို ၿခံေရွ႕မွာပဲ ရပ္ထားခဲ့ၿပီး၊ လက္ဆြဲအိတ္အနက္ေလးကို ယူ၍ ၿခံထဲသို႔ ဝင္ခဲ့သည္။

ၿခံဝမွ ေျခလွမ္း၂၀ခန႔္ ေလွ်ာက္ေသာ္ ၊ ဆင္ဝင္ေအာက္သို႔ ေရာက္၏။

ကိုေအာင္သာဦးသည္ အိမ္မႀကီး၏ ေဘးဘက္က ကားဂိုေဒါင္ တံခါးသည္လအနည္းငယ္ ဟလ်က္ ပြင့္ေနသည္ကို သတိထားၾကည့္လိုက္မိသည္။

ဂိုေဒါင္ထဲ၌ ကားတစ္စီး ရပ္ထား၏။ ကားေနာက္ၿမီးကို သူ မထင္မရွား ျမင္ေတြ႕လိုက္ရသည္။

ကားကို ျမင္ရၿပီဆိုေတာ့ ဘာပဲေျပာေျပာ၊ ဦးမာဒင္ အိမ္ထဲမွာ ရွိေနလိမ့္မည္။
အိမ္ေရွ႕ အဝင္ တံခါးေပါက္၌ သစ္သား တံခါးအျပင္၊ သံဘာဂ်ာ တံခါးပါ တပ္ဆင္ထား၏။

သစ္သားတံခါးမွာ ပြင့္လ်က္သား ရွိေပမယ့္၊ သံဘာဂ်ာတံခါးက ပိတ္ထား၍ အိမ္အတြင္းသို႔ လွမ္းၾကည့္လိုက္၏။

အဝင္စ ဧည့္ခန္းထဲ၌ လူတစ္ဦးတစ္ေယာက္မွ် မေတြ႕ရေခ်။ အိမ္အေနာက္ထဲ သို႔မဟုတ္ အိပ္ခန္းထဲမ်ား ေရာက္ေနသလား မသိႏိုင္။

စိတ္ထဲတြင္ " ဒီလူ ငါ လာမွာကို သိလ်က္နဲ႔ ထြက္မႀကိဳဘူး "ဟူ၍ ခပ္တင္းတင္း ျဖစ္သြားသည္။

ထိုအခိုက္ အိမ္ထဲကို အာ႐ုံစိုက္ေနေသာ သူ၏ အေနာက္မွာ လူတစ္ေယာက္ ေရာက္ေနသည္ဟု ခံစားမိ၍ လွည့္ၾကည့္လိုက္သည္။

ဟင္! ခေလးမေလး ပါလား

ကိုေအာင္သာဦး အံဩသြား၏။၁၁ ႏွစ္ အ႐ြယ္ ကေလးမေလးသည္ ဘယ္အခ်ိန္က သူ၏ ေနာက္သို႔ ေရာက္ေနသည္မသိ။ ဆံပင္မွာ ေနာက္ေက်ာလည္ေလာက္ထိ ရွည္လ်ားစြာ ဖားလ်ားခ်ထားသည္။ေကာင္မေလးသည္ သူ႔အား မရယ္မၿပဳံး ခပ္တည္တည္ျဖင့္ ၾကည့္ေန၏။

ကိုေအာင္သာဦးက ကေလးမေလးကို ၿပဳံးျပရင္း ၊

" သမီးက ဦးမာဒင္ရဲ႕ သမီး ထင္တယ္၊
ဦးက သမီးရဲ႕ေဖေဖ ခ်ိန္းထားလို႔ လာေတြ႕တဲ့ ေရွ႕ေနပါ။တဆိတ္ေလာက္ သမီးရဲ႕ ေဖေဖကို ေခၚေပးပါလားကြယ့္"

ေကာင္မေလးက အင္းအဲ မလုပ္။သံဘာဂ်ာတံခါးကို လက္ညႇိဳးထိုးျပသည္။ကိုေအာင္သာဦး သေဘာေပါက္သြားသည္။

အင္း ဟုတ္ေလသားပဲ ၊ သံဘာဂ်ာတံခါးကို ဒီကေလးမ ဘယ္ဖြင့္ႏိုင္မွာလဲ၊
ငါပဲ ဖြင့္ေလမွ ...

ကိုေအာင္သာဦးသည္ သံဘာဂ်ာ တံခါးကို ေဘးႏွစ္ဖက္သို႔ တြန္းဖြင့္လိုက္၏။

ကေလးမေလးသည္ သူ႔အား ေဘးမွ ေက်ာ္၍ အိမ္ထဲသို႔ အရင္ ဝင္သြားေလ၏။
ကိုေအာင္သာဦးလည္း ကေလးမေလး၏ ေနာက္မွ ကပ္လ်က္ ဧည့္ခန္းထဲသို႔ ဝင္လာခဲ့သည္။

ကိုေအာင္သာဦးသည္ သူ၏ အမူအက်င့္အတိုင္း လက္မွာ ပတ္ထားေသာ နာရီကို ၾကည့္လိုက္သည္။

ညေန ၆နာရီ ၂၀မိနစ္ပင္ ရွိေလၿပီ ျဖစ္သည္။ အျပင္ဘက္မွာ အလင္းေရာင္ အားေလ်ာ့ေနေလၿပီ။ အိမ္ႀကီးထဲမွာေတာ့ လွ်ပ္စစ္ မီးပန္းဆိုင္းႀကီး ထြန္းထား၍ အခန္းတစ္ခုလုံးကို ေကာင္းစြာ အလင္းရေနပါသည္။

ကိုေအာင္သာဦးသည္ ဧည့္ခန္းက ထိုင္ခုံတစ္လုံးမွာ ဝင္ထိုင္လိုက္ၿပီး ၊ ယခုအခ်ိန္ထိ သူ႔အား စကားတစ္ခြန္းမွ မဆိုပဲ တုံဏိဘာေဝ လုပ္ေနေသာ ကေလးမေလးအား လွမ္းေျပာလိုက္သည္။

" သမီး ေဖေဖကို ေခၚေပးပါဦးကြယ္ ၊ အလုပ္ကိစၥေလးေတြ ေျပာၿပီးရင္ ဦးေလး ျပန္ရမွာ နည္းနည္းေဝးလို႔ပါ "

ေကာင္မေလးသည္ သူ႔အား တစ္ခ်က္မွ် ၾကည့္၍ ေခါင္းကို ၿငိမ့္ျပေလသလား ၊ သူ႔ဘာသာ လႈပ္ခါေလသလား မသိ။

ဧည့္ခန္း၏ အေနာက္ဘက္သို႔ ထြက္သြားေလ၏။ ကိုေအာင္သာဦးကေတာ့ ထြက္သြားေသာ ေကာင္မေလး၏ ေက်ာျပင္ကို တစ္ခ်က္မွ်ၾကည့္ရင္း ၊

" ဟူး ဘယ္လို ကေလးေလးပါလိမ့္ ၊
စကားလည္း တစ္ခြန္းမွ မေျပာဘူး ၊
အမူအယာက ဂ်စ္ကန္ကန္နဲ႔ ။ အင္းေပါ့ေလ ၊ သူေဌးဦးမာဒင္ရဲ႕ တစ္ဦးတည္းေသာ သမီးဆိုေတာ့ အလို လိုက္ခံထားရလို႔ ခပ္ဆိုးဆိုးျဖစ္ေနတာ ေနမွာပါ "

ဤအိမ္ႀကီးသို႔ ဦးမာဒင္ ခ်ိန္းဆိုစဥ္က
အိမ္အိုအိမ္ေဟာင္းႀကီးဟု သူ ေတြးမိေသး၏။သို႔ေပမယ့္ ယခုလို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ အိမ္ထဲကို ဝင္ၾကည့္ေလမွ ၊ အိမ္ႀကီးသည္ ေခတ္ေဟာင္းလက္ရာဆိုေပမယ့္ ယခုအခ်ိန္ထိတိုင္ သန႔္ရွင္းခမ္းနားေနဆဲပါလားဟု အံဩေနမိသည္။

ကြၽန္းသား ေလွခါးႀကီးမွာ ေပါလစ္ေရာင္ တဖိတ္ဖိတ္ ေတာက္ပလ်က္ ရွိၿပီး ၊ ၾကမ္းခင္း ကြၽန္းပတ္ေကးမ်ားမွာလည္း ေခ်ာမြတ္ဝင္းေျပာင္ေနေလ၏။

ဧည့္ခန္းထဲတြင္ ဖုန္တစ္စက္မွ် မရွိ။ အၿမဲတန္း သန႔္ရွင္းထားပုံရသည္။ဧည့္ခန္းနံရံတြင္ ခ်ိတ္ဆြဲထားေသာ ရႈ႕ခင္းပုံ ေဆးေရးပန္းခ်ီကားႀကီးသည္လည္း ထည္ဝါ ခန႔္ညားလြန္းလွေပသည္။

ဟိုၾကည့္ သည္ၾကည့္ လုပ္ရင္း ကိုေအာင္သာဦး၏ အၾကည့္က မိသားစု ပန္းခ်ီကားပုံ တစ္ခုဆီ၌ အၾကည့္ရပ္တန႔္သြားသည္။

ပန္းခ်ီကားသည္ ဦးမာဒင္တို႔ မိသားစုပုံ ျဖစ္ေနေသာေၾကာင့္ပင္။ ဦးမာဒင္ကိုသာ သူ ျမင္ဖူး၏။ ဦးမာဒင္၏ ဇနီးႏွင့္သမီးပုံကို အခုမွသာ သူ ျမင္ဖူးေလေတာ့သည္။သူ ခုနက ေတြ႕လိုက္ရေသာ ဆံပင္ရွည္နဲ႔ ေကာင္မေလးသည္ ဓာတ္ပုံထဲ၌ ႏွစ္ၿခိဳက္စြာ ၿပဳံးေန၏။အျပင္ဘက္မွာလို ခပ္တည္တည္ မဟုတ္။

ၿပီးေတာ့ ဓာတ္ပုံထဲက ဦးမာဒင္သည္ အျပင္ကထက္ ႏုငယ္ေနသေယာင္ပင္။ အခု ေခတ္စားေနေသာ ဖိုတိုေရွာ့ပညာရပ္မ်ားေၾကာင့္ ျဖစ္လိမ့္မည္လား မေျပာတတ္။

ဦးမာဒင္၏ ဇနီးသည္ ဓာတ္ပုံထဲမွာေတာ့ အေတာ္ပင္ က်က္သေရရွိၿပီး လွပသူ ျဖစ္ေလ၏။ ဆံပင္ အရွည္ႀကီးမွာ ဒူးေကာက္ေကြးေလာက္ထိ ရွည္လ်ားစြာ ခ်ထား၏။ ဆံပင္ရွည္လ်ားျခင္းကို ဂုဏ္ယူဝင့္ႂကြားစြာ ေဖာ္ျပထားပုံရသည္။

ကိုေအာင္သာဦး တစ္စုံတရာကို ေတြးမိေလေသာအခါ သူ၏ စိတ္သည္ စႏိုးစေႏွာင့္ ျဖစ္သြား၏။

ညီျဖစ္သူ၏ အိမ္၌ ဦးမာဒင္၏ မိသားစုဓာတ္ပုံကို ဘယ္အခ်ိန္ကတည္းက ခ်ိတ္ဆြဲထားသလဲေပါ့။

ဦးမာဒင္တို႔ မိသားစု ဓာတ္ပုံသည္ အဘယ္ေၾကာင့္ ဤအိမ္ႀကီး၏ ဧည့္ခန္းမွာ ခ်ိတ္ဆြဲထားရပါသနည္း။

ဤဓာတ္ပုံသည္ သူ ထင္သလို ဦးမာဒင္၏ မိသားစု ဓာတ္ပုံေရာ ဟုတ္မွ ဟုတ္ရဲ႕လားဟုလည္း ဇေဝဇဝါ ျဖစ္သြားသည္။ ဓာတ္ပုံထဲက ေကာင္မေလးကေတာ့ လုံးဝ မလြဲေခ်။

ကိုေအာင္သာဦးက သူ၏ ေခါင္းကို ခါရမ္းပစ္လိုက္ၿပီး ၊

ငါကိုက အေတြးနက္နဲလြန္းေနတာပဲဟု ၿပဳံးလိုက္ၿပီး၊ မၾကာခင္မွာ ဦးမာဒင္က ဤအိမ္ႀကီးကို အၿပီးအပိုင္ လႊဲေျပာင္းရယူေတာ့မွာမို႔ ၊ သူ႔ မိသားစုဓာတ္ပုံကို ႀကိဳတင္ ခ်ိတ္ဆြဲထားျခင္းလည္း ျဖစ္ႏိုင္တာပဲဟုသာ ေျဖေလ်ာ့ ေတြးလိုက္မိပါသည္။

သံသယအေတြးကို ဖယ္ရွားၿပီးေနာက္ ၊ အခုခ်ိန္ထိ အေနာက္ထဲ ဝင္သြားေသာ ကေလးမေလး ၾကာေနသည္ကို သတိျပဳမိသြားျပန္၏။

ဦးမာဒင္ကို သြားေခၚတာ ဘာလို႔မ်ား ၾကာေနတာပါလိမ့္ဟု ေတြးရင္း ေကာင္မေလး ဝင္သြားေသာ အိမ္အေနာက္ပိုင္းကို လွမ္းေမွ်ာ္ၾကည့္မိသည္။

အလုပ္ကိစၥႏွင့္ ပတ္သက္လ်င္ အခ်ိန္ကို ေလးစားေသာ ကိုေအာင္သာဦးသည္ စိတ္တိုလာ၏။ထို႔ေၾကာင့္ ထိုင္ေနရာမွ ထကာ ဧည့္ခန္းအေနာက္ထဲသို႔ အသံျပဳလိုက္သည္။

" ဗ်ိဳ႕ ဦးမာဒင္ ၊ က်ေနာ္ ေရာက္ေနၿပီေနာ္။ အခ်ိန္ သိပ္မရလို႔ ျမန္ျမန္ေလး ထြက္လာခဲ့ပါလားခင္ဗ်ာ "

အိမ္အေနာက္ထဲမွ ဘာမွ ေျဖၾကားသည့္အသံ မၾကားရ။

သူ လွမ္းၾကည့္ေသာ အိမ္အေနာက္ပိုင္းသည္ ခပ္ေမွာင္ေမွာင္ ရွိ၏။လွ်ပ္စစ္မီးလည္း ထြန္းမထားေခ်။

ေရွ႕ေနကိုေအာင္သာဦးသည္ ဦးမာဒင္မ်ား တစ္စုံတရာ ျဖစ္ေနေရာ့လားဟု စိတ္ပူသြားသည္။

သူ၏ သားေရအိပ္ကို စားပြဲေပၚတင္ထားခဲ့ၿပီး ၊ ေကာင္မေလး ဝင္သြားေသာ အိမ္ဧည့္ခန္း၏ အေနာက္ထဲသို႔ လိုက္ဝင္လာခဲ့လိုက္သည္။

သူ ထမင္းစားခန္း ႏွင့္ မီးဖိုေခ်ာင္ တြဲထားသည့္ အခန္းသို႔ ေရာက္လာသည္။
မီးဖိုေခ်ာင္သည္ မီးလုံးတစ္လုံးထြန္းထား၍ အလင္းေရာင္ ရွိ၏။

ထိုအခန္းထဲ၌လည္း တစ္စုံတစ္ဦးမွ် မရွိေခ်။ သို႔ေပမယ့္ ထမင္းစားပြဲဝိုင္းေပၚတြင္ စားေသာက္လက္စဟု ထင္ရေသာ ေပါင္မုန႔္ၾကက္ဥေၾကာ္မ်ား ႏွင့္ ေကာ္ဖီ၃ခြက္ကို ေတြ႕ရသည္။

သူ ထိုစားပြဲဝိုင္းအနီးသို႔ ေလွ်ာက္သြားၿပီး ေကာ္ဖီခြက္မ်ားကို ၾကည့္လိုက္သည္။ အေပၚေရ တင္းေနၿပီး၊ ေအးစက္ေနေသာ ေကာ္ဖီခြက္ထဲ၌ ပိုးဟပ္တစ္ေကာင္ ေသလ်က္ ရွိသည္။ေကာ္ဖီခြက္မ်ားမွာ လုံးဝ မေသာက္ရေသးေသာ အေနအထား ျဖစ္၏။

ထို႔အတူပဲ ေပါင္မုန႔္ၾကက္ဥေၾကာ္မ်ားမွာလည္း ပု႐ြက္ဆိတ္မ်ားတက္ေန၏။အေတာ္ပင္ ေဟာင္းႏြမ္းေနၿပီ ျဖစ္သည္။မည္းခ်ိတ္လ်က္ ရွိသည္။

ကိုေအာင္သာဦး စားပြဲဝိုင္းေပၚက အစားအစာမ်ားကို စိတ္ဝင္စားေနစဥ္မွာ သူ၏ ေနာက္ေက်ာဘက္မွ တစ္စုံတစ္ေယာက္ ျဖတ္ေလွ်ာက္သြားေသာ အေနအထားမ်ိဳး ခံစားလိုက္ရသလို ၊ တရွပ္ရွပ္ ဟူေသာ ေျခသံသဲ့သဲ့ေလးကိုပါ သူ၏ နား၌ ေကာင္းစြာ ၾကားလိုက္ရေလ၏။

" ရွပ္ ရွပ္ ရွပ္ "

႐ုတ္ခ်ည္း သူ၏ ကိုယ္သည္ ေအးစက္ေသာ အေငြ႕အသက္ကို စတင္ ခံစားလိုက္ရ၏ ။ ဘာရယ္ေၾကာင့္မသိ သူ ေက်ာမထဲက စိမ့္တက္လာေသာ အေအးဓာတ္ေၾကာင့္ လက္ႏွစ္ဖက္လုံးက ေမြးညင္းမ်ား ေထာင္လာကာ ၾကက္သီးထသြားသည္။

သူ ခ်က္ခ်င္းပဲ လွည့္ၾကည့္ေပမယ့္ ေျခသံရွင္ကို မေတြ႕ရသလို ၊ ေျခသံသည္လည္း ႐ုတ္ခ်ည္း ေပ်ာက္ကြယ္သြား၏။

ေၾကာက္စိတ္ျဖစ္ေပၚမိေပမယ့္ သိလိုစိတ္ ျပင္းျပစြာ ေျခသံထြက္ေပၚခဲ့သည္ဟု ထင္ရေသာ အိမ္အေနာက္သို႔ သူ သတိျဖင့္ ေျဖးေလးစြာ ေလွ်ာက္လာခဲ့သည္။

"ျဖန္း ျဖန္း ျဖန္း "

ေရက်သံဟု ထင္ရသည္။ တျဖန္းျဖန္းႏွင့္ အသံမ်ားထြက္ေပၚေန၏။

အေနာက္ထဲမွာက ေရခ်ိဳးခန္း အိမ္သာအခန္းတစ္ခုသာ က်န္ေတာ့၏။ ေရခ်ိဳးခန္းတံခါးသည္ လက္ႏွစ္လုံးစာေလာက္ ဟလ်က္ ပြင့္လ်က္သားရွိသည္။

ထိုအခန္းထဲမွ ေရက်သံမ်ား ထြက္ေပၚေနျခင္း ျဖစ္ပါသည္။

" ျဖန္း ျဖန္း ျဖန္း "

သူ တံခါးကို ဖြင့္ၾကည့္လိုက္သည္။ ေရခ်ိးခန္းထဲက ေရပန္းရွာဝါသည္ ပြင့္လ်က္ ေရမ်ား ပန္းထြက္ေနသည္ကို ျမင္ေတြ႕လိုက္ရသည္။သို႔ေသာ္ လူ မရွိေခ်။

သူ ေရပန္းလက္ကိုင္ခလုပ္ကို သြား၍ ပိတ္လိုက္သည္။ေရပန္းခလုပ္သည္ လိုတာထက္ ပို၍ ေအးစက္ေနသလား ေအာက္ေမ့ရသည္။ ေရခဲတုံး တစ္တုံးကို ထိေတြ႕ရသလိုပင္။

ေရခလုပ္ကို ပိတ္လိုက္မွ ေရက် ရပ္သြား၏။ ေရခလုပ္ကို ပိတ္ၿပီးေနာက္ သူ ေခါင္းကို ခါရမ္းလိုက္ရင္း ၊

" အို ! ငါက ဧည့္သည္ပဲ ၊ အိမ္ရွင္ကို အသိမေပးပဲ ဒီအထိ ဝင္လာခဲ့မိတာေတာင္ လြန္လွၿပီ ။ မျဖစ္ေသးပါဘူး ။ ဧည့္ခန္းကပဲ သြားေစာင့္ ေနတာေကာင္းမယ္။ ဆယ့္ေလးငါးမိနစ္ေနလို႔မွ ငါ့ကို ထြက္မေတြ႕ရင္ ျပန္လိုက္ေတာ့မယ္ "

ေရွ႕ေန ကိုေအာင္သာဦးသည္ ထိုသို႔ ေတြးရင္း အိမ္၏ အေရွ႕ပိုင္း ဧည့္ခန္းရွိရာသို႔ ျပန္လာခဲ့သည္။

သူ ဧည့္ခန္းထဲသို႔ စဝင္လိုက္သည့္အခါမွာေတာ့ အံဩသြားရသည္။ ဧည့္ခန္းထဲရွိ ထိုင္ခုံမ်ား၌ ဦးမာဒင္တို႔ မိသားစု ၃ဦးလုံးသည္ သူ႔အား ထိုင္လ်က္သား ခပ္ေတာင့္ေတာင့္ႀကီးေတြ ေစာင့္ဆိုင္းေနသည္ကို ျမင္လိုက္ရ၍ ျဖစ္သည္။

သူပဲ အျမင္မွားေလသလား သို႔မဟုတ္ အမွတ္မွားေနသလား မသိ။ ခုနက ဧည့္ခန္းအေပၚက မီးဆိုင္းႀကီးသည္ အလင္းေကာင္းစြာ ရေသာ အျဖဴေရာင္ျဖစ္ၿပီး၊ ယခုအခါ၌ မီးဆိုင္းသည္ ဝါက်င္က်င္ျဖင့္ အလင္းေရာင္ ေဖ်ာ့ေတာ့လြန္းေန၏။

သို႔ေသာ္ မ်က္လုံးေကာင္းသူ သူ႔အတြက္ ဦးမာဒင္တို႔ မိသားစုအား သဲကြဲစြာ ျမင္ရပါေလ၏။

မီးေရာင္ ခပ္ေဖ်ာ့ေဖ်ာ့မွာ ၎တို႔ မိသားစု၏ မ်က္ႏွာမ်ားမွာ ေဖြးဆြတ္ဆြတ္ ႏိုင္လွသည္။ ေသြးမရွိေသာ မ်က္ႏွာမ်ားကဲ့သို႔ ေဖြးေနျခင္းပင္။

ကိုေအာင္သာဦးသည္ ထိုမိသားစုႏွင့္ မ်က္ႏွာခ်င္းဆိုင္ ထိုင္ခုံမွာ ဝင္ထိုင္လိုက္ၿပီး၊ စကား စေျပာလိုက္သည္။

" ဟာဗ်ာ ဦးမာဒင္တို႔ကလည္း ၊ က်ေနာ္ျဖင့္ ခင္မ်ားကို ေစာင့္ရတာ စိတ္မရွည္လို႔ အိမ္အေနာက္ထဲ ဝင္ၾကည့္မိေသးတယ္။ ေရခ်ိဳးခန္းက ေရပန္းႀကီးကလည္း ပြင့္လ်က္သားႀကီးဗ်ာ ၊ အဲဒါနဲ႔ က်ဳပ္ ပိတ္ေပးထားခဲ့ရေသး ... ေသး "

" ျဖန္း ျဖန္း ျဖန္း "

ကိုေအာင္သာဦး၏ စကားပင္ မဆုံးေသးေခ်။ အိမ္အေနာက္ထဲက ေရပန္းမွ ေရမ်ား သန္စြာ ပန္းထြက္ေနေသာ အသံက တဖန္ ျပန္လည္ ထြက္ေပၚလာျပန္၏။ကိုေအာင္သာဦးသည္ အံဩစြာျဖင့္ ဦးမာဒင္အား လွမ္းၾကည့္လိုက္၏။

ထိုအခါ မ်က္ႏွာခ်င္းဆိုင္က ဦးမာဒင္ထံမွ အလြန္ ေႏွးေကြး ေလးလံေသာ အသံျဖင့္ ၊

" ဒီ လို ပဲ ၊ အဲ ဒီ ေရ ပန္း ခ လုပ္ က ပ်က္ ေန တာ ၾကာ ၿပီ ေလ၊ ျပင္ မယ့္ သူ ေခၚ ထား တာ ၊ မ လာ ဘူး "

ဦးမာဒင္က ထို႔သို႔ ေျပာလိုက္ၿပီးသည့္အခါ ထူးဆန္းစြာ ေရပန္းသံသည္ တိကနဲ ရပ္တန႔္သြားျပန္၏။

သူ ထိုကိစၥကို ဆက္မေျပာေတာ့ပဲ၊ လုပ္ရမည့္ အလုပ္ကိစၥကို စတင္ရန္ ျပင္လိုက္ေတာ့သည္။

ကိုေအာင္သာဦးသည္ စားပြဲေပၚက သားေရအိတ္ေလးကို သူ႔ဘက္ ဆြဲယူ၍ အိတ္ဇစ္ကို ဖြင့္ကာ အရန္သင့္ယူလာေသာ စာ႐ြက္စာတမ္းမ်ားကို ထုတ္ယူလိုက္သည္။

" လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြကို ျပည့္စုံေအာင္ က်ေနာ္ ကြန္ပ်ဴတာ စာစီၿပီး
ယူလာခဲ့တယ္။ အားလုံး တရားဝင္ ျဖစ္ေအာင္ ဆက္လုပ္ၾက႐ုံပါပဲ ။ ဦးမာဒင္ တစ္ခ်က္ေလာက္ စစ္ၾကည့္ပါအုံး "

ကိုေအာင္သာဦး၏ ေနာက္ဆုံးစကားလုံး ျဖစ္ေသာ ' ဦးမာဒင္ တစ္ခ်က္ေလာက္ စစ္ၾကည့္ပါအုံး ' ဟူေသာ စကားရပ္ အဆုံး၌ သူ႔ ေရွ႕၌ ထိုင္လ်က္ရွိေသာ မိသားစု ၃ဦးသည္ မ်က္စိမ်က္ႏွာမ်ား ထူးျခားစြာ ပ်က္ယြင္းသြားၾကသည္။

သူတို႔ မိသားစု ၃ဦးသည္ ေရွ႕ေန ကိုေအာင္သာဦး နားမလည္ႏိုင္ေသာ အၾကည့္မ်ိဳးျဖင့္ တစ္ဦးကိုတစ္ဦး အျပန္အလွန္ ၾကည့္ေနၾကျပန္သည္။ၿပီးေလမွ ကိုေအာင္သာဦးထံမွ စာ႐ြက္စာတမ္းမ်ားကို ယူ၍ ဖတ္ၾကည့္ၾကသည္။

ထိုသို႔ ဖတ္ရႈ႕ရာမွာလည္း မိသားစု ၃ဦးလုံးသည္ စာပါ အေၾကာင္းအရာမ်ားကို သိခ်င္လိုစိတ္ျပင္းျပစြာျဖင့္ အတင္းတိုးေဝွ႔ ဖတ္ေနၾကျခင္းပင္။

စာ႐ြက္ထဲပါသည့္ အေၾကာင္းအရာမ်ားမွာ တျခားမဟုတ္ ေသဆုံးသြားသူ ဦးေက်ာ္ဒင္ ထံမွ ဤအိမ္ႏွင့္ၿခံႀကီးကို အေမြဆက္ခံသူ အျဖစ္ ဦးမာဒင္က လက္ခံရရွိၿပီး ၊ၿခံႏွင့္အိမ္ကို ဦးမာဒင္၏ အမည္
ေျပာင္းလြဲခြင့္ျပဳရန္ သက္ဆိုင္ရာသို႔ ခြင့္ေတာင္းခံထားသည့္ အခ်က္အလက္မ်ား ျဖစ္သည္။

စာပါအခ်က္အလက္မ်ားကို ဖတ္ေနရင္း သူ႔ ေရွ႕က ၃ေယာက္သည္ ထူးျခားစြာ ေဒါသ ထြက္လာၾကသည္။

စာ႐ြက္ကို ကိုင္ထားေသာ ဦးမာဒင္၏ လက္သည္ တုန္ရင္လာ၏။ သူ သတိထားၾကည့္မိေသာ ျဖဴေလ်ာ္ေလ်ာ္ မ်က္ႏွာမ်ားသည္ တေျဖးေျဖး ေျပာင္းလဲသြားၾကသည္။

အညိဳအမည္း အကြက္မ်ားသည္ ေဖြးေထးေထး ပါးျပင္တစ္ဝိုက္မွာ၎၊ နဖူးျပင္ ေနရာအခ်ိဳ႕မွာ၎ အဆုပ္လိုက္ အကြက္လိုက္ ေပၚလာၾကၿပီး ၊ မ်က္လုံးမ်ားက မီးက်ီခဲတမွ် နီရဲလာၾကသည္။

ဦးမာဒင္တို႔ မိသားစု ၃ဦးလုံးသည္ ေရွ႕ေန ကိုေအာင္သာဦးအား မလိုလားဟန္ ၊ မုန္းတီး႐ြံရွာဟန္ျဖင့္ ၾကည့္လာၾကသည္။

သူတို႔ ၃ဦးထံမွ တူညီေသာ စကားရပ္တစ္ခု ေျခာက္ကပ္အက္ကြဲစြာ စူးျခစ္ျခစ္ႀကီး ထြက္ေပၚလာပါသည္။

" ငါတို႔အိမ္ကို ဘယ္သူ႔မွ မေပးႏိုင္ဘူး ! မင္း အခု ထြက္သြား "

ကိုေအာင္သာဦးသည္ ဦးမာဒင္တို႔၏ ေၾကာက္မက္ဖြယ္ရာ မ်က္ႏွာဆိုးႀကီးမ်ားကို ျမင္လိုက္ရေသာအခါ အလြန္တရာ ထိတ္လန႔္သြားၿပီး ၊ ထိုင္ေနရာမွ ႐ုတ္တရက္ ထရပ္လိုက္မိသည္။

" ဟာ! ခင္ဗ်ား ခင္ဗ်ားတို႔ ..."

ကိုေအာင္သာဦးသည္ ေၾကာက္စိတ္ေၾကာင့္ ဆင္ျခင္တုံတရား ေပ်ာက္ကြယ္သြားၿပီ။ ကမူးရႈးထိုး အိမ္ေရွ႕တံခါးဆီသို႔ ေျပးသြားေလ၏။

" ဝုန္း "

သို႔ေသာ္ ေနာက္က်သြားေလၿပီ။ တံခါးႏွစ္ခ်ပ္သည္သည္ ႐ုတ္တရက္ႀကီး သူ႔အလိုလို ဝုန္းကနဲ ေစ့ပိတ္သြားသည္။

ကိုေအာင္သာဦးသည္ တံခါးကို ပြင့္လို႔ပြင့္ျငား အတင္း႐ိုက္ႏွက္ထုကန္ ဖြင့္ေလ၏။သို႔ေသာ္ တံခါးသည္ ပြင့္မလာေခ်။တံခါးဖြင့္မရေတာ့ သူ ပို၍ စိတ္ဓာတ္ေတြ ပ်က္ျပားအားငယ္လာေတာ့သည္။

ေနာက္ဆုံး၌ သူ ေနာက္ကို ေၾကာက္လန႔္တၾကား လွည့္ၾကည့္လိုက္၏။ သူ႔မ်က္ႏွာ အနီးထိတိုင္ တိုးကပ္ေရာက္လာၾကေသာ သရဲ ၃ေကာင္၏ ေၾကာက္မက္ဖြယ္ရာ မ်က္ႏွာႀကီးမ်ားကိုသာ ေနာက္ဆုံးျမင္ေတြ႕လိုက္ရေလေတာ့သည္။

" အား! .."

......................
၂။

ေဆး႐ုံတစ္ခု၏ အခန္းတစ္ခုဝယ္ ၊ ေရွ႕ေနေလး ကိုေအာင္သာဦးကို ျမင္ေတြ႕ရမည္။လူနာေမး လာသမွ်သူ အားလုံးသည္ စုပ္ တသပ္သပ္ ရွိၾကသည္။

ဟိုယခင္က အခ်ိန္ကို အလြန္ေလးစားေသာ ၊ မိမိကိုယ္ကို ယုံၾကည္မႈ အျပည့္ရွိေသာ ၊ ေအာင္ျမင္တက္ႂကြေသာ ေရွ႕ေနေလးသည္ ယခုအခါ သူ႐ူး တစ္ေယာက္ပမာ ကုတင္ေျခရင္း၌ ကုပ္ေခ်ာင္းေခ်ာင္းႏွင့္ ပါးစပ္က' ေၾကာက္ပါၿပီ ေၾကာက္ပါၿပီဗ် ' ဟူ၍ တစ္မ်ိဳး ' ေရေတြ ေရေတြ သရဲေတြ သရဲေတြ ' ဟူ၍ တစ္ဖုံသာ ေသာင္စဥ္ေရမရ တစ္ေယာက္တည္း ေရ႐ြတ္ေနေလေတာ့သည္။

ေရွ႕ေနေလးကို ေဆး႐ုံေပၚတင္ေပးခဲ့သူ ဦးမာဒင္က ေျပာျပသည္ကေတာ့..၊

" ေရွ႕ေန ကိုေအာင္သာဦးနဲ႔ ေတြ႕ဖို႔ ၊ အဲဒီ အိမ္ႀကီးမွာ က်ေနာ္ ခ်ိန္းထားခဲ့တာ၊
က်ေနာ့္ကားက လမ္းမွာ ပ်က္ေနလို႔ ဝပ္ေရွာ့ဆရာဆီ ဖုန္းဆက္ၿပီး လာျပင္ခိုင္းေနရတာနဲ႔ ၾကာသြားတယ္။ က်ေနာ့္ကား ျပင္ၿပီးလို႔ အဲ့ဒီအိမ္ႀကီးကို ေရာက္သြားတဲ့အခါ ေရွ႕ေန ကိုေအာင္သာဦးက အိမ္ေအာက္ထပ္ ၾကမ္းျပင္မွာ သတိလစ္ ေမ့ေမ်ာေနၿပီ ၊ ဒါနဲ႔ က်ေနာ္လည္း သူ႔ကို ကားေပၚ ေပြ႕တင္ၿပီး ေဆး႐ုံ ပို႔ေပးခဲ့တာပါ "

ဦးမာဒင္က ထိုအိမ္ႀကီးေအာက္ထပ္တြင္ အေမြဆက္ခံ လႊဲေျပာင္းမည့္ စာ႐ြက္စာတမ္းမ်ား ထူးျခားစြာ လုံးေျခ ထားျခင္းခံရသည္ကို ထိန္ခ်န္ထားသည္သာမက ၊ သူ ထိုအိမ္ႀကီးသို႔ ေရာက္သည့္အခါ အိမ္အေနာက္ထဲက ေရခ်ိဳးခန္း၌ ေရမ်ား ၾကမ္းေပၚ အိုင္ထြန္းေနသည္အထိ ေရပန္းမွ ေရမ်ားပန္းထြက္ေနသည္ကိုလည္း မည္သူ႔ကိုမွ် မေျပာျပေတာ့ေပ။

တာဝန္ရွိသူမ်ားက ထိုအိမ္ႀကီးကို သြားေရာက္ စစ္ေဆး ေလ့လာသည့္အခါ ၊ ဧည့္ခန္းနံရံ၌ ခ်ိတ္ဆြဲထားေသာ ဓာတ္ပုံကို လက္ညႇိဳးထိုးေမးၾကသည္။

" ဒီဓာတ္ပုံထဲက မိသားစုေတြက ဘယ္သူေတြလဲဗ် "

ဦးးမာဒင္က ဓာတ္ပုံကို ေဆြးေဆြးေျမ့ေျမ့ ၾကည့္ကာ၊

" အဲ့ဒီဓာတ္ပုံက ကားအက္ဆီးဒင့္ေၾကာင့္ ေသဆုံးသြားၾကတဲ့ က်ေနာ့္ညီ ေက်ာ္ဒင္တို႔ မိသားစု ဓာတ္ပုံပါ ၊ က်ေနာ္နဲ႔ က်ေနာ့္ညီ ေက်ာ္ဒင္က အႁမႊာညီအစ္ကိုေတြဆိုေတာ့ ႐ုပ္ခ်င္းက ဆင္တူၾကတယ္ေလ၊ ခြၽတ္စြပ္ တူတာေတာ့ မဟုတ္ပါဘူး ၊ ရင္းႏွီးသူေတြကေတာ့ ခြဲျခားတတ္ၾကပါတယ္ ၊ ေက်ာ္ဒင့္မ်က္ႏွာကႏုပ်ိဳတယ္ ၊ က်ေနာ္က သူ႔လို မဟုတ္ဘူး နည္းနည္း ရင့္ေထာ္တယ္ဗ် "

ဦးမာဒင္က ဆက္ေျပာ၏။

" က်ေနာ္တို႔ ညီအစ္ကို အေမြခြဲၾကေတာ့
ေက်ာ္ဒင္က ဒီအိမ္ႀကီးကို သူပဲ ဇြတ္အတင္း ယူမယ္ေျပာေတာ့ က်ေနာ္နဲ႔ စကားမ်ားၾကရေသးတယ္။ ေနာက္ေတာ့ က်ေနာ္က အႀကီးဆိုေတာ့ အေလ်ာ့ေပးၿပီး ဒီအိမ္ႀကီးကို သူ႔ ေပးလိုက္ပါတယ္။
အမွန္က အဖြားက သူ မကြယ္လြန္ခင္မွာ ဒီအိမ္နဲ႔ၿခံကို က်ေနာ့္ကိုေပးတာ ၊ စာခ်ဳပ္စာတမ္းနဲ႔ ေပးတာေတာ့မဟုတ္ပါဘူး ၊ မိသားစုအားလုံးေရွ႕မွာ အဖြားက အတိအလင္း စကားနဲ႔ ေျပာေပးခဲ့တာ ။
ေက်ာ္ဒင္က ငယ္ေလးကတည္းက တဇြတ္ထိုး ၊ သူ ရခ်င္တာဆို ရကို ရမွ ။ မရရင္ သိပ္အမ်က္ႀကီးတတ္တာမ်ိဳး "

ထိုအိမ္ႀကီးႏွင့္တြဲလ်က္ ကားဂိုေဒါင္က ကားသည္ ဦးမာဒင္တို႔ အေဖအေမမ်ားလက္ထက္က ေရွးေဟာင္းေမာ္ဒယ္ ကားျဖစ္သည္။ မိဘအေမြအႏွစ္မို႔ မေရာင္းရက္၍ ဒီအတိုင္း ထားရသည္ဟု ဆို၏။

ဦးမာဒင္ ေျပာေနသည္က ညီျဖစ္သူ ဦးေက်ာ္ဒင္သည္ အလြန္အတၱႀကီးသူ ၊ အစြဲအလန္းႀကီးသူ တစ္ေယာက္ဟု ဆိုေနသေယာင္။

စပ္စပ္စုစု စုံစမ္းၾကည့္ေလေတာ့ ေရွ႕ေနေလး ကိုေအာင္သာဦးအရင္က အက်ိဳးေဆာင္ ေရွ႕ေန၂ဦးသည္လည္း ထို႔နည္းတူစြာ ေျခာက္လွန႔္ခံရပါသည္တဲ့။

ကိုေအာင္သာဦးလိုေတာ့ သရဲမ်ားက ကိုယ္ထင္ျပျခင္း မရွိခဲ့၍ ထြက္ေျပး႐ုံသာ ျဖစ္ခဲ့သည္။

အခု ေနာက္ဆုံး ကိုေအာင္သာဦးအား ေျခာက္လွန႔္ျခင္းသည္ ေရွးယခင္ကထက္ ပိုမိုဆိုး႐ြားလာျခင္းသာ။

အိမ္ပိုင္ရွင္အသစ္ ဦးမာဒင္သည္ ထိုအိမ္ႀကီး၌ ႏွစ္ႀကိမ္ သုံးႀကိမ္မက ပရိတ္တရား ႐ြတ္ဖတ္ျခင္း ၊ ကုသိုလ္ေကာင္းမႈ ျပဳ၍ ညီျဖစ္သူ ကိုေက်ာ္ဒင္တို႔ မိသားစုအား ကုသိုလ္အမွ် ေပးေဝပါ၏။

သို႔ေသာ္ အကုသိုလ္တရား ႀကီးလြန္းေသာ ေပတေလာကသားမ်ားသည္ ေဒါသ ေလာဘ ေမာဟေတြ ဖုံးလႊမ္းေနသမွ် မည္သည့္ကုသိုလ္ အမွ်ကိုမွ မရၾကေခ်။မယူႏိုင္ၾကေခ်။ လြဲဖယ္သြားတတ္ၾကသည္။

ကုသိုလ္အမွ် ကို ၎တို႔သည္ မခံယူၾကသည္လား သို႔တည္းမဟုတ္ မရၾကသည္လားဆိုေတာ့ သူတို႔မွပင္ သိႏိုင္ၾကေလမည္။

ထို႔ေၾကာင့္ပင္ ေရွးလူႀကီးသူမမ်ားက ဆိုခဲ့ၾကသည္။ 'အေမြဆိုတာ ထိုက္မွ ခံယူတတ္တာမ်ိဳး ' ဆိုသည့္စကား လြန္စြာမွ မွန္ေလစြ ။

အေမြဆိုသည္မွာ ဇြတ္အတင္း ရယူပါေသာလည္း မခံစား မစံစားထိုက္ပါက ေၾကာက္စရာ အလြန္ေကာင္းေသာ အဆိပ္အေတာက္ တစ္ခုသာ ျဖစ္ေၾကာင္း သတိခ်ပ္သင့္ေပ၏။

ၿပီးပါၿပီ

မူရင္း စာေရးသူ ပီပီ(မႏၲေလး)

No comments

Post a Comment