အောင်မြတ်သာနှင့်ကျတ်သူယောင်မယ်

  အောင်မြတ်သာနှင့်ကျတ်သူယောင်မယ် “ ဆေးဆရာကြီး…. ဆေးဆရာကြီး အိပ်ပီလားရှင့်” ညကြီးအချိန်မတော် အိမ်အောက်ကနေ ခေါ်နေတဲ့အသံကြောင့် အိပ်ပျော်လုဆဲဆဲ... thumbnail 1 summary

 အောင်မြတ်သာနှင့်ကျတ်သူယောင်မယ်


“ ဆေးဆရာကြီး…. ဆေးဆရာကြီး အိပ်ပီလားရှင့်”

ညကြီးအချိန်မတော် အိမ်အောက်ကနေ ခေါ်နေတဲ့အသံကြောင့် အိပ်ပျော်လုဆဲဆဲဖြစ်နေတဲ့ ဦးညို တစ်ယောက် ရေနံဆီမီးအိမ်ကိုအလင်းတင်ကာ

“ ညဘက်ကြီး ဘယ်သူလဲကွယ့်”

“ ကျွန်မက ဟိုဘက် ပုတက်ကုန်းရွာကပါ… မြေးမလေး အပြင်းဖျားနေလို့ ဆရာကြီးကို လာပင့်တာပါရှင့်”

“ အေးအေး ငါလိုက်လာမယ်.. ခဏစောင့်ဦး”

ဦးညိုလဲ တိုင်မှာချိတ်ထားတဲ့ ဆေးလွယ်အိတ်ကို ကောက်လွယ်ကာ အိမ်ပေါ်ကနေဆင်းလာတော့ ညစ်နွမ်းနွမ်းသဘက်ကိုခေါင်းမှာပတ်ထားတဲ့ အသက် ၆၀အရွယ် မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ပုတက်ကုန်းရွာဆိုတာ ဘယ်နားတုန်း… ငါလဲတစ်ခါမှမရောက်ဖူးဘူး”

“ ဆရာကြီး မရောက်ဖူးတာဖြစ်လိမ့်မယ်… ကညင်ပင်ရွာအကျော်လေးဆိုရောက်ပါပြီ”

ဦးညိုလဲ သဘက်ခေါင်းပေါင်းပေါင်းထားတဲ့ မိန်းမစကားကြောင့် ထွေထွေထူးထူးမစဉ်းစားတော့ပဲ

“ ကလေးက ဘာဖြစ်လို့လဲ”

“ မနေ့မနက်က သစ်ပင်ပေါ်ကပြုတ်ကျပြီး ခြေထောက်နာရာကနေ အဖျားဝင်တယ်ထင်ပါရဲ့… တစ်ကိုယ်လုံးလဲပူကျစ်နေတာ။ ရွာမှာကလဲ ဆေးဆရာမရှိတာနဲ့ ဒီထိလာပင့်ရတာဆရာ”

“ အေးအေး ဒါဖြင့် အရှေ့ကနေလမ်းပြပေး”

ဦးညိုလဲ လာပင့်တဲ့မိန်းမရဲ့အနောက်ကနေ တစ်ဖြေးဖြေးလိုက်သွားခဲ့တယ်။ မီးမရှိ အလင်းရောင်ဝိုးတဝါးဖြစ်နေပေမယ့် အရှေ့ကသွားနေတဲ့မိန်းမကတော့ အေးအေးဆေးဆေး သွားနေခဲ့တယ်။

“ ငါ လိုက်လာခဲ့မိတာမှားပြီလား…ဒီအချိန်ကြီး မိန်းမတစ်ယောက်ထဲ လာခဲ့တယ်ဆိုတာ သွေးရိုးသားရိုးများဟုတ်ပါ့မလား”

ဦးညိုတစ်ယောက် ခေါင်းထဲမှာပေါ်လာတဲ့ အတွေးစကို စဉ်းစားရင်း ခြေလှမ်းတွေကိုရပ်လိုက်တဲ့အချိန်

“ ဆရာကြီး ဘာဖြစ်လို့လဲ… ရွာက အရှေ့တစ်ကွေ့ဆိုရောက်ပါပြီ”

“ အင်း အင်း ဘာမှမဖြစ်ပါဘူး”

“ ဆရာကြီးက စိုးရိမ်လွန်နေတာဖြစ်မယ်… ကျွန်မက မကိုက်စားတတ်ပါဘူး ဟီးဟီး”

ကွမ်းသွေးတွေနဲ့မဲနေတဲ့ သွားကျဲကြီးတွေပေါ်အောင် ပြုံးလိုက်တဲ့ မိန်းမကြောင့် ဦးညို ကျောထဲစိမ့်ခနဲဖြစ်သွားပြီး ပြန်လှည့်ပြေးရင်ကောင်းမလား ဆက်သွားရင်ကောင်းမလားတွေးနေတဲ့အချိန်

“ ဝေးးး ဒေါ်စောခင် ပြန်လာပြီဟေ့ … ဆေးဆရာလဲပါလာတယ်” ဆိုတဲ့အသံနဲ့အတူ လမ်းအကွေ့နေရာကနေ မီးတုတ်တွေကိုင်ထားတဲ့ ယောင်္ကျားလေးယောက်ထွက်လာခဲ့တယ်။

ဦးညိုလဲအဲဒီတော့မှ သက်ပြင်းချနိုင်ပြီး
“ ငါအတွေးလွန်သွားပါလား” လို့တွေးကာ ရွာသားတွေခေါ်တဲ့နောက်ကိုလိုက်သွားခဲ့တယ်။
++++++++

“ ကလေးက အနာရှိန်ကြောင့်ဖျားတာပါ…ဒီဆေးကို သုံးခွက်တစ်ခွက်တင်ပြုတ်ပြီး သုံးရက်တိုက်ရမယ်… ဒါဆိုရင် သက်သာပါပြီ…လောလောဆယ် ဒီဆေးတစ်ပုံသောက်ထားဦး”

သျှောင်ပေစူးနဲ့အိပ်ယာထဲလဲနေတဲ့ ကလေးက တစ်အင်းအင်းနဲ့ညီးညူရင်း ဦးညိုကမ်းပေးတဲ့ ဆေးကိုကမ်းယူလိုက်တဲ့အချိန် လက်ချောင်းတွေရဲ့ထိပ်မှာ ချွန်ပြီးထွက်နေတဲ့ လက်သည်းစတွေကိုမြင်လိုက်ရတယ်။

“ ဟင်… “

ဦးညိုလဲ ရုတ်တရက်လန့်သွားပြီး ဒုတိယအကြိမ်ကြည့်လိုက်ရာ သာမန်လက်အတိုင်းဖြစ်နေခဲ့တယ်။

“ ငါ ဒီည ဘာဖြစ်နေတာပါလိမ့်”

“ ဆရာကြီး …. “

ဘေးကနေလှမ်းခေါ်လိုက်တဲ့အသံကြောင့် အတွေးစတွေပြတ်သွားပြီး

“ ကဲ … ကလေးအတွက်တော့စိတ်ချရပါပြီ… ကျုပ်လဲ မနက်အစောကြီး အခြားရွာကိုသွားရမှာဆိုတော့ ခွင့်ပြုပါဦး”

“ ဆရာကြီးကလဲ ညတောင်အတော်နက်နေပြီကို ဒီညတော့ ရွာမှာအိပ်သွားလိုက်ပါ…ဟိုဘက်အိမ်မှာလဲ ဆရာကြီး အဆာပြေစားဖို့ မုန့်တွေစီစဉ်ထားပါတယ်..”

“ မဟုတ်တာဗျာ ကျုပ်လဲမနက်အစောကြီး…”

“ ကဲဗျာ မနက်အရုဏ်တက်တာနဲ့ ကျွန်တော်တို့လိုက်ပို့ပေးပါ့မယ်…ဒါက ဆရာကြီးခြေကြွခကန်တော့တာပါ”

“ ဟဲ့ နေကြပါဦး ငွေတွေများလှချည်လား ကျုပ်ခြေကြွခက အဲလောက်မရှိဘူးလေ”

“ ယူပါဆရာကြီးရယ်… ဒီအထိ တကူးတကလာပေးတာကိုပဲ ကျေးဇူးတင်နေပါပြီ… “

ရွာသားတစ်ယောက်က ဦးညိုရဲ့ဆေးလွယ်အိတ်ထဲကို ပိုက်ဆံတွေထိုးထည့်ပေးရင်း

“ ဆရာကြီး ဟိုဘက်အိမ်ကြွပါဦး… အိပ်ဖို့လဲ အကုန်စီစဉ်ထားပါတယ်”

ဦးညိုလဲ ငြင်းမကောင်းတော့တာမို့ ရွာသားတွေခေါ်တဲ့နောက်ကိုလိုက်သွားခဲ့တယ်။ ကညင်တိုင်ဆီမီးတွေ ထိန်နေအောင်ထွန်းထားတဲ့ ခြေတံရှည်အိမ်တစ်လုံးအရှေ့ရောက်တော့

“ ဆရာကြီး လာပြီဟေ့ … ရေနွေးကြမ်းနဲ့မုန့်တွေ ပြင်ထားတော့” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

ဦးညိုလဲ အိမ်ပေါ်ရောက်တော့ ရေနွေးကြမ်းနဲ့ အဆာပြေမုန့်တွေကိုစားရင်း ရွာသားတွေနဲ့စကားစမြည်ပြောနေရာကနေ မျက်လုံးတွေမှေးလာခဲ့တယ်။

“ ဝါးးး ကျုပ်လဲ ပင်ပန်းလို့ထင်တယ် အိပ်ချင်နေပြီ”

“ ဆရာကြီးအိပ်ဖို့မွေ့ယာလဲပြင်ထားပေးပါတယ်… လှမောင်ရေ ဆရာကြီးကိုအိပ်ယာပေါ်လိုက်ပို့ပေးလိုက်ပါဦး”

လှမောင်ဆိုတဲ့ လူရွယ်ကအိပ်ခန်းထဲလိုက်ပို့ပြီး ပြန်ထွက်သွားတဲ့အချိန် ဆေးလွယ်အိတ်ကိုဘေးချကာ အသင့်ပြင်ထားတဲ့ အိပ်ယာပေါ်ကျောဆန့်လိုက်တယ်။

နူးညံ့တဲ့အထိအတွေ့ကြောင့် ဦးညိုတစ်ယောက်မကြာခင် အချိန်အတွင်း အိပ်ပျော်သွားခဲ့ပါလေရော။
++++++++

“ကျလိ ကျလိ ကျလိ”

“ ကျိ ကျိ ကျိ”

ဦးခေါင်းနားကနေ အော်နေတဲ့ ငှက်တွေရဲ့အသံကြောင့် အိပ်ပျော်နေတဲ့ ဦးညိုတစ်ယောက် မျက်လုံးကိုလက်နဲ့ပွတ်ကာ ထလိုက်တဲ့အချိန် မြင်ရတဲ့မြင်ကွင်းကြောင့် ကြောက်စိတ်တွေငယ်ထိပ်ထိတက်လာခဲ့တယ်။

မီးကျွမ်းပြီး မဲတူးနေတဲ့ အိမ်ပျက်ကြီးပေါ်မှာ အိပ်နေတဲ့အပြင် ခေါင်းအုံးတွေစောင်တွေကလဲ မီးလောင်ထားလို့ ပေါက်ပြဲနေတဲ့အစုတ်တွေ။

ဦးညိုတစ်ယောက် လွယ်အိတ်ကိုကောက်လွယ်ပြီး အိမ်ပေါ်ကနေဆင်းပြေးဖို့အလုပ် ဧည့်ခန်းမှာ သစ်ရွက်ခြောက်တွေနဲ့ ဗွက်ပုတ်ရေတွေကို စားပွဲအစုတ်ပေါ်တင်ထားတာမြင်တော့ ညက အဖြစ်တွေခေါင်းထဲရောက်လာပြီး ပါးစပ်လက်နှိုက်ကာ ထိုးအန်ပါလေရော။

အန်လို့ဝမှ ဘေးဘီကိုကြည့်လိုက်ရာ သက်ရှိဆိုလို့ ခွေးတစ်ကောင်ကြောင်တစ်မြှီးမှမတွေ့တဲ့အပြင် မီးလောင်ထားလို့ ငုတ်စိတွေဖြစ်နေတဲ့ လူနေအိမ်တွေက နေရာအနှံ့။

ဦးညိုလဲ ကြောက်လန့်တစ်ကြား ခြေဦးတည့်ရာပြေးတဲ့အချိန် ကျောအနောက်ဘက်ကနေ ဟက်ဟက်ပက်ပက်ရယ်သံတွေထွက်ပေါ်လာခဲ့တယ်။

အချိန်ဘယ်လောက်ကြာအောင်ပြေးနေလဲမသိဘူး… ခေါင်းထဲရိပ်ခနဲ ရိပ်ခနဲဖြစ်လာပြီး အရာအားလုံးအမှောင်ကျသွားခဲ့တယ်။
+++++++++

“ အဖေ … အဖေ သတိရလာပြီလား”

ဘေးကနေ ခေါ်နေတဲ့ အသံကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ…

“ တောက်ထွန်း … ငါဘယ်လို ဘယ်လို အိမ်ပြန်ရောက်လာတာလဲ”

“ ညက အဖေထွက်သွားတာ ဘယ်သူမှမသိလိုက်ဘူး… ခုနကမှ ကညင်ပင်ရွာက ထင်းခုတ်သမားတွေ လမ်းမှာလဲနေတဲ့အဖေကိုတွေ့လို့ပြန်လာပို့သွားတာ”

“ ဟူး တော်ပါသေးရဲ့”

“ ဘယ်လိုဖြစ်တာလဲအဖေရာ… ကျွန်တော်ဆိုရင် မြို့ရောက်နေတဲ့ အငယ်မကိုတောင် လှမ်းခေါ်တော့မလို့”

“ ညက ပုတက်ကုန်းရွာမှာ လူနာရှိတယ်ဆိုပြီး လာပင့်လို့ လိုက်သွားတာ မနက်နိုးလာတော့ မီးလောင်ပြင်ထဲရောက်နေတာပဲ”

“ မသေကောင်းမပျောက်ကောင်း အဖေရာ… ထင်းခုတ်သမားတွေပြောတာတော့ အဖေသွားတဲ့ဘက်က နာမည်ကြီးကျတ်ရွာတဲ့”

“ ကျတ်ရွာ ဟုတ်လား… “

“ အဲဒီဘက်မှာ လွန်ခဲ့တဲ့ နှစ်၅၀လောက်က မီးလောင်လို့ တစ်ရွာလုံးပြာကျခဲ့တာကြားဖူးတယ်တဲ့… ညဘက်ကြီးမီးလောင်တော့ လူတွေလဲအတော်သေကြတယ်ပြောတယ်”

သားဖြစ်သူစကားကြောင့် ဦးညိုတစ်ယောက် ဘာမှပြန်မပြောနိုင်တော့ပဲ ခေါင်းရင်းမှာချိတ်ထားတဲ့ ဆေးလွယ်ကိုကြည့်ကာ

“ လွယ်အိတ်ထဲမှာ ညကသူတို့ထည့်ထားတဲ့ ပိုက်ဆံတွေရှိသေးလား ကြည့်ပါဦး”

“ ဘာပိုက်ဆံမှမရှိဘူး … ထင်းခုတ်သမားတွေလာပေးထဲက ကြည့်တာ ဆေးတွေနဲ့ သစ်ရွက်ခြောက်တွေပဲရှိတယ်.. ဒီနေ့ကစပြီး ညဘက်တွေ ဘယ်မှမသွားနဲ့တော့ ဆေးကုစရာရှိလဲ မနက်ဘက်ပဲကုပါအဖေရာ”

“အေးပါ သားရယ် အဖေ မသွားတော့ပါဘူး”

ဦးညိုလဲ သားဖြစ်သူစိတ်ချမ်းသာစေရန် ကတိပေးပြီး နေခဲ့တယ်။ သုံးရက်မြောက်နေ့ရောက်တော့

“ ဟေ့ ဆေးဆရာကြီး ထွက်လာပါဦး… လာစမ်းပါဦး အိမ်ရှေ့ထွက်ခဲ့စမ်း”

ညသန်းခေါင်အချိန် ဆူညံပူညံအသံတွေကြောင့် ဦးညို လန့်နိုးလာခဲ့ပြီး

“ တောက်ထွန်း ထစမ်း… အိမ်ရှေ့မှာ ငါ့ကိုလာခေါ်တဲ့အသံကြားလား”

ဘေးမှာအိပ်နေတဲ့ တောက်ထွန်းက အိပ်ချင်မူးတူးနဲ့

“ ဘာသံမှလဲမကြားပါဘူးအဖေရာ… “

“ မဟုတ်ဘူးကွ … ဟိုနေ့ကလို ငါ့ကိုလာခေါ်နေကြတယ်..အိမ်နောက်ဖေးမှာ ဒူးလေးရှိတယ်မဟုတ်လား”

“ ရှိတယ်လေ အဖေကဘာလုပ်ဖို့လဲ”

“ မင်းက ဒူးလေးကိုယူပြီး တံခါးအကွယ်အပေါက်ကနေ ကြည့်နေ … ပြီးရင် ငါပြောတဲ့နေရာကိုပစ်သာချကွာ”

“ အဖေ … ဘာတွေပြော..”

“ စကားမများနဲ့ ငါပြောတဲ့အတိုင်းလုပ်”

တောက်ထွန်းလဲ အိမ်မှာဆောင်ထားတဲ့ ဒူးလေးကို မြှားတပ်ပြီး တံခါးအကွယ်မှာပုန်းနေတဲ့အချိန် ဦးညိုက တံခါးကိုဖွင့်ကြည့်လိုက်ရာ သျှောင်ပေစူးနဲ့ကလေးတစ်ယောက်ကို ထမ်းထားတဲ့ လူအပါအဝင် အခြားလူလေးယောက်လောက်ကိုမြင်လိုက်ရတယ်။ သူတို့က ဦးညိုကို မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး

“ ဟိုအဖိုးကြီး မင်းလုပ်လို့ ငါ့ကလေးသေပြီ… ပြောတော့ သုံးရက်နေရင် ပြန်ကောင်းမယ်ဆို .. အခုဘယ်လိုလုပ်မလဲ”

ဦးညိုက အောက်ကလူတွေကိုဘာမှပြန်မပြောပဲ တံခါးအကွယ်မှာရှိနေတဲ့ တောက်ထွန်းကို လေသံတိုးတိုးဖြင့်

“ တောက်ထွန်း … အိမ်ရှေ့က သပြေပင်တည့်တည့်ကိုပစ်ချလိုက်…”

“ အဖေ ဘာမှမရှိပဲ ဘာလို့ပစ်ရမှာလဲ”

“ စကားမရှည်နဲ့ သပြေပင်အလယ်ကိုပစ်ဆိုပစ်ချကွာ.. မနက်ကျမှ မင်းကိုငါပြမယ်”

တောက်ထွန်းလဲ ထပ်မမေးတော့ပဲ အကွယ်ကနေထွက်ကာ သပြေပင်အလယ်တည့်တည့်ကိုပစ်ချလိုက်တယ်။

“ တံခါးတွေပိတ်…. မြန်မြန်”

ဦးညိုလဲ တောက်ထွန်းကို အော်ပြောရင်း တံခါးကိုပိတ်လိုက်တဲ့အချိန် အသံတွေအားလုံးတိတ်ဆိတ်သွားခဲ့တယ်။
မနက်မိုးလင်းလို့ကြည့်လိုက်တော့ မြှားမှန်ပြီးသေနေတဲ့ ဖွတ်တစ်ကောင်အပြင် သူ့ရဲ့ကျောပေါ်မှာလဲ နောက်ထပ်ဖွတ်အသေတစ်ကောင်ရှိနေတာမြင်လိုက်ရတယ်။

“ မင်းအခုယုံပြီမဟုတ်လား… ညက ဒီကောင်တွေ လူယောင်ဖန်ဆင်းပြီး ငါ့ကိုအိမ်ပေါ်ကဆင်းလာအောင်လုပ်တာ”

“ ထူးဆန်းလိုက်တာဗျာ… ကျွန်တော်ပစ်တာက သပြေပင်ကိုပါ ဘယ်လိုဖြစ်လို့ ဖွတ်ကိုထိသွားတာလဲမသိဘူး”

“ လောကမှာ ငါတို့မမြင် မကြားရတဲ့ အကြောင်းတွေအများကြီးရှိတယ်… လောလောဆယ် ဖွတ်အသေနှစ်ကောင်ကို မြေမြှုပ်ပေးလိုက်”

တောက်ထွန်းလဲ ဖွတ်အသေနှစ်ကောင်ကို မြေမြုပ်ပေးပြီး ရွာထဲကိုထွက်သွားခဲ့တယ်။

++++++

ဒီကိစ္စတွေဖြစ်ပြီး ငါးရက်လောက်ကြာတော့ တောက်ထွန်း တစ်ယောက်ရွာကနေ ပျောက်ချင်းမလှပျောက်သွားခဲ့တယ်။တောက်ထွန်းပျောက်တဲ့ကိစ္စကိုအိမ်ဝိုင်းထဲမှာ ဦးညိုနဲ့ရွာသားတွေစုဝေးတိုင်ပင်နေတုန်း နွားကျောင်းသားဖိုးထောင်ရောက်လာပြီး

“ အဖိုး အဖိုး ကိုကြီးတောက်ထွန်းကို မနေ့က ရွာအပြင်ဘက်မှာတွေ့လိုက်တယ်”

“ ဟေ ဘယ်မှာတွေ့တာလဲ ပြောပါဦး”

“ မနေ့ ညနေက နွားကျောင်းရင်း အလေးသွားချင်တာနဲ့ တောတိုးနေတဲ့အချိန် ကိုကြီးတောက်ထွန်းက တစ်ယောက်ထဲစကားတွေပြောပြီး ကညင်ပင်ရွာဘက်ကို ထွက်သွားတာတွေ့လိုက်တယ်”

“ ကညင်ပင်ရွာဘက် ဟုတ်လား ဖိုးထောင်”

“ ဟုတ်တယ်ဗျ ကျွန်တော်လဲ ဒီတိုင်းသွားတယ်ထင်နေတာ … ခုနကမှ ကိုကြီးတောက်ထွန်းပျောက်နေတယ်ဆိုပြီးကြားလို့လာပြောပြတာ”

“ အေးအေး ကျေးဇူးတင်ပါတယ်ကွယ်…”

“ဒါဆို ကျွန်တော်နွားကျောင်သွားဦးမယ်ဗျ”

“ ဂရုစိုက်ဦး ရွာအပြင်ဘက်တွေလျောက်မသွားနေနဲ့ဦး”

“ ဟုတ် ဟုတ် မသွားပါဘူး”

ဖိုးထောင် ထွက်သွားတော့ ဦးညိုက

“ ကညင်ပင်ရွာဘက်တွေရော မေးကြည့်သေးလား”

“ မေးကြည့်တာပေါ့ဗျာ တောက်ထွန်းက အဲဒီရွာကိုလုံးဝမလာတာတဲ့”

“ ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ… မသမာသူတွေများဖမ်းသွားကြလေသလား”

ဦးညိုနဲ့ရွာသားတွေလဲ ဖြစ်နိုင်ချေရှိတဲ့အရာတွေကို စဉ်းစားနေတဲ့အချိန်

“ ဘကြီး ဘကြီး…”

“ ဟေ့ တာလပေါ လာလေကွာ”

အရပ်ပုပုခန္ဓာကိုယ်တောင့်တောင့်နဲ့တာလပေါက ကွပ်ပြစ်ပေါ်ဝင်ထိုင်လိုက်ပြီး

“ တောက်ထွန်း ပျောက်နေတာ … မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေရဲ့ပယောဂပါတယ်တဲ့”

“ ဟာ ဒီကောင် … ပါးစပ်ထဲထွက်ရာလျောက်ပြောနေပြန်ပြီ”

“ ရော် ကျုပ်ကအတည်ပြောတာ … တောက်ထွန်း စီးခဲ့ဖူးတဲ့ဖိနပ်အိမ်မှာရှိလား”

“ အေး ရေချိုးရင်စီးတဲ့ဖိနပ်တော့ရှိတယ်… မင်းကဘာလုပ်ဖို့လဲ”

“ သူ့ခြေရာကိုယူပြီး ဘယ်နေရာသွားလဲ လိုက်မလို့ပေါ့”

“ဒီကောင်တော့ ဟိုတစ်ခါ သင်္ချိုင်းမှာပုတီးသွားစိပ်ပြီးထဲက နည်းနည်းလွတ်ချင်နေတယ်လို့ သူများတွေပြောတာ ငါမယုံဘူး…အခုမှယုံသွားပြီဟေ့”

“ ဘကြီးညို ကျွန်တော်ကိုအထင်သေးလှချည်လား… ဒါပေါ့လေ လူတွေက ပညာရှိကို သူခိုးထင်.. သူခိုးကို ပညာရှိထင်နေကြတာကိုး”

“ ထားလိုက်ပါ ဦးညိုရာ… တာလပေါ အကြောင်းလဲသိသိကြီးနဲ့.. ကဲကဲ မင်းယူချင်သပဆိုလဲ အိမ်နောက်က ရေစည်နားမှာ တောက်ထွန်း ဖိနပ်ရှိတယ် ယူသွား”

ဘေးအိမ်က ဦးဖြိုးစံစကားကြောင့် တာလပေါက အိမ်အနောက်ကိုပြေးသွားပြီး တောက်ထွန်းဖိနပ်ကို ကိုင်ကာ ရွာအပြင်ဘက်ကိုထွက်သွားခဲ့တယ်။

++++++++++

“ နိဗ္ဗာန်ကိုရောက်ဖို့ဆိုရင် သမထကိုအရင်ကျင့်… သမထခိုင်မှ ဝိပဿနာပြောင်း…ဒါဆိုရင် အခက်အခဲသိပ်မရှိတော့ဘူးတဲ့”

တာလပေါက သူဖတ်ခဲ့ရတဲ့စာအုပ်ထဲကအကြောင်းကို ပြန်ပြောင်းပြောနေရင်း လက်ထဲက ပုတီးစိပ်ကိုလည်ပင်းမှာဆွဲကာ ရွာအပြင်သုဿာန်ဘက်ကိုထွက်သွားခဲ့တယ်။

အုတ်ဂူအကျိုးအပျက်တွေက နှစ်ပေါင်းများစွာမပြုပြင်ထားတဲ့အတွက် ရေညှိတွေအထပ်လိုက်နဲ့ မသတီစရာကောင်းနေပေမယ့် တာလပေါကတော့ သူနဲ့သင့်တော်တဲ့အုတ်ဂူတစ်လုံးကိုရွေးကာသန့်ရှင်းရေးလုပ်လိုက်ပြီး

“ သုသာန်ထဲမှာနေကြတဲ့ ဝေနေယျအပေါင်းတို့ ငါ တာလပေါ ဒီနေ့ ဒီသုသာန် ဒီအုတ်ဂူပေါ်မှာတရားထိုင်မယ်… ငါ့ကိုအနံ့ပေးတာဖြစ်ဖြစ် အကောင်အထည်ပြတာဖြစ်ဖြစ် မလုပ်ကြနဲ့… ငါတရားထူးရတာနဲ့ မင်းတို့ကိုကျွတ်လွတ်အောင် လုပ်ပေးမှာ ကြားလား”

တာလပေါက ပါးစပ်ထဲထွက်ရာအော်ပြောရင်း အုတ်ဂူပေါ်မှာကျနစွာနေရာယူလိုက်ပြီး ပုတီးကို တစ်ဂျောက်ဂျောက်နဲ့စိပ်ပါလေရော။

“ ချွတ် ဂျွတ် ဂျွတ်”

မလှမ်းမကမ်းမှာ သစ်ကိုင်းခြောက်တွေကို နင်းပြီးလာနေတဲ့ခြေသံတစ်ခုကိုကြားတော့ ပုတီးစိပ်နေရင်း အာရုံက အသံကြားတဲ့ဘက်ကိုရောက်သွားခဲ့တယ်။

“ ဒီကောင်တွေ အသံမပေးနဲ့လို့ အတန်တန်မှာထားတာတောင် လုပ်လာပြန်ပြီ”

ပုတီးစိပ်နေရင်း စိတ်ထဲကနေ မကျေမချမ်းရေရွတ်လိုက်တဲ့အချိန် သူ့ရဲ့ပခုံးပေါ်ကို လက်တစ်ဖက်လာတင်တာကို ခံစားလိုက်ရတယ်။

“ ဘယ်သူလဲ… ဒီကအစောင့်တွေလား… ငါကကြောက်တတ်တယ်နော်… အဲလိုမလုပ်ကြပါနဲ့”

မျက်လုံးကိုမဖွင့်ကြည့်ပဲ ပါးစပ်ကနေ ပွစိပွစိလုပ်နေတဲ့အချိန်

“ ဒီလိုပုတီးစိပ်ပုံမျိုးနဲ့ သမထဘယ်လိုရမလဲ ငါ့လူရာ” ဆိုတဲ့လေသံတိုးတိုးကိုကြားတော့ အားတက်သွားပြီး

“ ငါမျက်လုံးတွေမှိတ်ထားသေးတယ်… မဖွင့်ကြည့်မချင်း အဓိဌာန်မပျက်ဘူး… ပြော .. သမထတက်အောင် ဘယ်လိုလုပ်ရမလဲ”

“ ဒီတိုင်းတော့ ဘယ်ပြောလို့ရမလဲ… ငါတို့ခိုင်းတာလုပ်ပေးရင်တော့ တစ်မျိုးပေါ့”

ဒီတစ်ခါတော့ တာလပေါ မျက်လုံးမဖွင့်ကြည့်ပဲမနေနိုင်တော့ပဲ ကြည့်လိုက်ရာ ယောဂီဝတ်စုံဝတ်ထားတဲ့ လူသုံးယောက်က သူ့ကိုဝိုင်းပြီးရပ်ကြည့်နေတာကိုမြင်လိုက်ရတယ်။

“ မင်း.. မင်းတို့က လူတွေလား…နတ်တွေလား”

“ အော် ခက်နေပါရောလား… ကျုပ်တို့က လူတွေမို့လို့ ခင်ဗျားအသားကိုကိုင်လို့ရတာပေါ့…”

“ ဒါဆို ခုနကပြောတဲ့စကားက အတည်ကြီးလား”

“ ဘယ်စကားလဲဗျ”

“ ကျုပ်ကိုသမထတက်အောင်လုပ်ပေးမယ်ဆိုတာလေ”

“ ကျုပ်တို့က ကတိကိုလွယ်လွယ်မပေးတတ်ဘူး… ကျုပ်တို့ခိုင်းတာလုပ်ရင် သမထတက်တဲ့နည်းပြောပြမယ်”

“ ဒါဖြင့် ကျုပ်ဘာလုပ်ရမလဲ…”

“ ခင်ဗျားတို့ရွာမှာ လူတစ်ယောက် ပျောက်ချင်းမလှပျောက်သွားတာသိတယ်မဟုတ်လား”

“ သိတယ်လေ တောက်ထွန်းဆိုတဲ့ကောင်ပျောက်သွားတာ..အော် ကျုပ်မနေ့ညက ပုတီးစိပ်တော့ ဒီကောင်ကိုတွေ့သဗျ… သူ့ဘေးမှာ မီးကျွမ်းထားတဲ့မျက်နှာနဲ့မိန်းမတစ်ယောက်လဲရှိနေသေးတယ်”

“ အဲဒါအသာထားပါ… ခင်ဗျားအခု ရွာထဲကိုသွားပြီး တောက်ထွန်းစီးခဲ့တဲ့ဖိနပ်ကိုရအောင်ယူနိုင်လား”

“ ဖိနပ်ရရင် သမထတက်တဲ့နည်းပြောပြမှာလား”

“ သေချာတာပေါ့ ကိုယ့်လူရာ”

+++++++

တာလပေါလဲ ဖိနပ်ကိုလက်ကြားညှပ်ကာ သမထတက်အောင်လုပ်ပေးမယ့်လူတွေအကြောင်းစဉ်းစားရင်း သုသာန်ထဲကိုဝင်လာခဲ့တယ်။

“ ဟေ့လူတွေ ဒီမှာဖိနပ်တော့ရလာပြီ… သမထတက်တဲ့နည်းပြောပေတော့”

“ သမထတက်တဲ့နည်းပြောပြနေရင် ပျောက်နေတဲ့လူ သေသွားလိမ့်မယ်… ဒီတော့ လူကိုအရင်ကယ်မလား .. သမထတက်တဲ့နည်းကိုအရင်သင်မလား”

“ တောက်ထွန်းက သေတော့မှာလား… “

“ ဟုတ်တယ် ဒီညမှ အချိန်မှီမခေါ်နိုင်ရင် သူ့ဝိဥာဉ်ထွက်သွားလိမ့်မယ်”

“ ဒါဖြင့် လူကိုအရင်ကယ်ရမှာပေါ့… ကျုပ်တို့လို တရားသမားတွေရဲ့စိတ်က နူးညံ့တယ်မဟုတ်လားဗျ”

“ မှန်တာပေါ့ဗျာ …. ဒါနဲ့ ပျောက်နေတဲ့လူနာမည်က တောက်ထွန်းတဲ့လား”

“ ဟုတ်တယ်လေ သူ့နာမည်က တောက်ထွန်း စနေသား.. ကျုပ်နာမည်ကလဲ တာလပေါ စနေသား … သားဦးစနေချင်းတူတယ်ဗျ”

“ ဟုတ်ပါပြီ ဟုတ်ပါပြီ … ဒါနဲ့ ကျုပ်နာမည်လဲမှတ်ထားဦး.. အောင်မြတ်သာတဲ့… တနင်္ဂနွေ အဓိပတိဖွား”

“ ဒါဖြင့် ခင်ဗျားက ကျုပ်ထက်နေ့နံကြီးတာပဲ… “

“ နေ့နံကြီးတဲ့လူကခိုင်းရင် နေ့နံငယ်တဲ့သူက မလိုက်နာရဘူးလား”

“ ဟာ လိုက်နာရတာပေါ့… ခင်ဗျားကျုပ်ကိုဘာခိုင်းချင်လဲပြော… “

“ အခုတော့မခိုင်းသေးပါဘူး… ညဦးပိုင်းရောက်ရင်တော့ လုပ်ခိုင်းစရာတစ်ခုရှိတယ်”

“ စိတ်ချ စိတ်ချ ကျုပ်ဒီနားမှာပဲနေမယ်… သမထတက်တဲ့နည်းမပြောမချင်းဘယ်မှမသွားဘူး”

အောင်မြတ်သာလဲ တာလပေါရဲ့အမူအရာကိုကြည့်ပြီး အနည်းငယ်ပြုံးလိုက်မိတယ်။

“ ပျောက်နေတဲ့လူရဲ့ဖိနပ်ကျုပ်ကိုပေးဦး… “

“ ဟုတ်သား ကျုပ်ကိုယူခိုင်းတာ ပေးဖို့မေ့နေပြန်ပြီ”

တာလပေါက ဖိနပ်ကိုအောင်မြတ်သာဆီကမ်းပေးလိုက်ပြီး အသုဘပို့တဲ့လူတွေနားနေဖို့ ဆောက်ထားပေးတဲ့ဇရပ်ဆီကိုထွက်သွားခဲ့တယ်။
++++++++

“ ဆရာ ဒီလူပုံစံကြည့်ရတာ ထူးရင်ထူး မထူးရင်ရူးမယ့်ပုံပဲ”

“ မဟုတ်ဘူးသက်ခိုင် ဒီလူက သေချာပေါက်ကို ထူးမယ့်သူပဲ”

“ ဗျာ ဒီလူက ထူးမယ့်သူ ဟုတ်လားဆရာ…”

“ ဟုတ်တယ် တောက်ရ… သူ့ပြောပုံဆိုပုံ အပြုအမူတွေက ကပျက်ကချော်နိုင်နေပေမယ့် သမထလေ့ကျင့်တဲ့နည်းကို သေချာသင်ကြားပေးရင် ခဏလေးအတွင်း ထူးမယ့်လူမျိုးပဲ”

“ ဒါဆို ဒီဖိနပ်က ဘာလုပ်ဖို့လဲဆရာ”

“ ခြေရာကောက်အတတ်ကိုသုံးပြီး ပျောက်နေတဲ့လူကို ကယ်တင်ဖို့လေ…ဒီတစ်ခါတော့ မင်းတို့နှစ်ယောက်လုံး ဇရပ်မှာပဲနေခဲ့ကြ”

“ ဟာ .. ဆရာတစ်ယောက်ထဲဖြစ်ပါ့မလား”

“ ငါတစ်ယောက်ထဲမဟုတ်ပါဘူး… နောက်တစ်ယောက်ပါဦးမယ်”

“ နောက်တစ်ယောက်ကဘယ်သူများလဲဆရာ”

“ တာလပေါကို ဒီည ခေါ်သွားမယ်… အခုတော့ ဘာမှထပ်မမေးပဲ ပျောက်နေတဲ့လူကိုရှာဖို့ လုပ်ကြရအောင်”

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရတို့ဘာမှဆက်မပြောတော့ပဲ ဖိနပ်ကိုယူကာ

“ ဆရာက ဖိနပ်ကို ရအောင်ယူခိုင်းတယ်ဆိုတော့ ခြေရာကောက်အင်းကိုသုံးမလို့ထင်တယ်”

“ ဟုတ်တယ် ခြေရာကောက်အင်းဆီကနေထွက်လာတဲ့ ပုံရိပ်တွေက ပျောက်နေတဲ့လူဆီကိုခေါ်သွားလိမ့်မယ်… ညနေ နေဝင်တာနဲ့ အင်းကွက်စဖော်ကြစို့”

“ ဟုတ်ကဲ့ဆရာ”

သက်ခိုင်တို့လဲ ခြေရာကောက်အင်းမှာပါတဲ့ အရန်အင်းကွက်တွေကို ရေးဆွဲကာအသင့်ပြင်ထားလိုက်ကြတယ်။

ညနေစောင်းတော့ အောင်မြတ်သာက တစ်တောင်ခန့်ရှိတဲ့ ဆီစိမ်စက္ကူကို တောင်နဲ့မြောက်အနေအထားဖြန့်ခင်းပြီး ဆင်စွယ်နဲ့လုပ်ထားတဲ့ကညစ်တံကိုထုတ်ကာ စမအက္ခရာတွေကိုရေးဆွဲပါလေရော။ အတန်ကြာရေးဆွဲပြီးတဲ့အချိန်မှာတော့

“ဒီအင်းက သောနုတ္တရမုဆိုး ဆန္ဒန်ဆင်မင်းနောက်ကိုလိုက်ခဲ့စဉ်က ကျင့်ကြံခဲ့တဲ့နည်းကိုအခြေခံပြီးရေးဆွဲထားတာပဲ… အခု ဖိနပ်ကို အင်းကွက်အလယ်ကလွတ်နေတဲ့နေရာမှာထည့်လိုက်”

သက်ခိုင်လဲ ဖိနပ်ကို အင်းကွက်အလယ်မှာထည့်လိုက်တဲ့အချိန် အောင်မြတ်သာက ဂါထာတစ်ခုကို ၃၇အုပ်ရွတ်ကာ အင်းကိုအသက်သွင်းပါလေရော။

ဂါထာကြောင့်အသက်ဝင်သွားတဲ့ အင်းကွက်တွေအလယ်မှာရှိတဲ့ဖိနပ်ပေါ်ကနေ မီးခိုးရောင်ခြေရာတစ်ခုထွက်လာပြီး လေပေါ်မှာငြိမ်သက်နေခဲ့တယ်။

“ ထူးဆန်းလိုက်တာ… ဖိနပ်ကနေ ခြေထောက်ပုံမီးခိုးထွက်လာပါလား”

အောင်မြတ်သာတို့လဲအသံကြားရာကြည့်လိုက်တော့ မျက်လုံးအပြူးသားနဲ့ အံ့ဩနေတဲ့ တာလပေါကိုမြင်လိုက်ရတယ်။

“ ဆရာ သူကဒီပုံရိပ်ကိုမြင်နေပါလား”

တောက်ရ စကားကို အောင်မြတ်သာက ဘာမှပြန်မပြောပဲ တာလပေါကိုလက်ယက်ခေါ်ကာ

“ မင်းနဲ့ငါ ဒီခြေထောက်ပုံအနောက်ကိုလိုက်ရမယ်…ဘယ်လိုလဲလိုက်ရဲလား”

“လိုက်ရင် သမထတက်အောင် သင်ပေးမှာလား”

“ သေချာတာပေါ့ … ဒီည ငါတို့လုပ်ရမယ့်ကိစ္စအောင်မြင်တာနဲ့ မင်းအရမ်းလိုချင်နေတဲ့ နည်းကိုသင်ပေးမယ်”

“ ဒါဆိုလိုက်မယ်ဗျာ… အခုဘယ်ကိုသွားမှာလဲ”

“ ငါတို့က ခြေထောက်ပုံအနောက်ကိုလိုက်သွားရုံပဲ… တစ်ခုတော့ရှိတယ်.. ဒီခရီးမှာ မင်းက င့ါစကားကို တစ်သွေမတိမ်းလိုက်နာဖို့တော့လိုမယ်”

အောင်မြတ်သာစကားအဆုံးမှာ တာလပေါက ရင်ဘတ်ကိုပုတ်ပြပြီး

“ စိတ်ချပါ ကျုပ်က ခင်ဗျားပြောတဲ့အတိုင်းလုပ်မှာ”

“ဒါဖြင့် ခြေရာကောက်အင်းနောက်ကိုလိုက်ကြတာပေါ့”

အောင်မြတ်သာစကားအဆုံးမှာ မီးခိုးငွေ့လိုဖြစ်နေတဲ့ခြေရာက အရှေ့ဘက်စူးစူးကိုရွေ့လျားသွားခဲ့တယ်။

တာလပေါကလဲ အောင်မြတ်သာရဲ့လှုပ်ရှားမှုအတိုင်း တစ်ထပ်ထဲတူအောင်လုပ်ပြီး အနောက်ကနေလိုက်ပါလာခဲ့တယ်။ ညအမှောင်ထဲမှာ မီးတုတ်မပါပဲသွားနေပေမယ့် လမ်းကိုကောင်းစွာမြင်နေရတာကို တာလပေါသတိထားမိခဲ့တယ်။ ဒါပေမယ့် မခိုင်းပဲဘာမှမလုပ်ရဘူးလို့မှာထားတဲ့အတွက် သိချင်စိတ်ကိုမြိုသိပ်ကာ အနောက်ကနေထပ်ချပ်မကွာလိုက်ပါလာခဲ့တယ်။

အောင်မြတ်သာတို့ ခြေထောက်ပုံရိပ်နောက်ကို တစ်နာရီနီးပါးလောက်လိုက်ပြီးတဲ့အချိန်မှာတော့ ဆိုင်းသံဗုံသံနဲ့အတူ မီးအလင်းရောင်အချို့ကိုမြင်လိုက်ရတယ်။

“ တာလပေါ.. ဒီကနေစပြီး ဘယ်သူပဲစကားလာပြောပြော ပြန်မပြောမိစေနဲ့… မင်းတာဝန်က တောက်ထွန်းကိုတွေ့တာနဲ့ သူ့ရဲ့နားရွက်ကိုမလွတ်တမ်းဆွဲပြီး လာရာလမ်းအတိုင်းပြေးပေတော့… ဘာသံကြားကြား လုံးဝအနောက်ကိုလှည့်မကြည့်နဲ့ ကြားလား”

အောင်မြတ်သာစကားကြောင့် တာလပေါက ပါးစပ်ကိုလက်နဲ့အုပ်ကာ ခေါင်းညိမ့်ပြပြီး အရှေ့မှာရှိတဲ့ ပွဲခင်းထဲကို ဆက်သွားခဲ့ကြတယ်။ အောင်မြတ်သာတို့ပွဲခင်းအစပ်ကိုရောက်တာနဲ့ ဆိုင်းသံဗုံသံတွေအပြင် ကလေးငယ်တွေဆော့ကစားသံ၊ လူတွေစကားပြောသံတွေက ရုတ်ချည်းတိတ်ဆိတ်သွားခဲ့တယ်။

ပွဲခင်းထဲမှာရှိနေတဲ့လူတွေအားလုံးက မတိုင်ပင်ထားပဲအောင်မြတ်သာတို့ရှိတဲ့ဘက်ကိုခေါင်းလှည့်ကြည့်ပေမယ့် ယောင်္ကျားတစ်ယောက်ကတော့ လှည့်မကြည့်ပဲ ပွဲကြည့်စင်ကိုသာ ငေးမောနေတာမြင်လိုက်ရတယ်။

“ ငါတို့ကိုလှည့်မကြည့်တဲ့သူကို ခေါ်ပြီးပြေးတော့”

အောင်မြတ်သာစကားအဆုံးမှာ တာလပေါက ပွဲခင်းထဲမှာငေးနေတဲ့သူရဲ့နားရွက်ကိုဆွဲကာပြေးပါလေရော။ တာလပေါရဲ့ရုတ်ချည်းအပြုအမူကြောင့် ပွဲခင်းထဲမှာရှိတဲ့လူတွေအကုန်အံ့အားသင့်နေရာနေရာကနေ သတိဝင်လာပြီး အနောက်ကလိုက်ဖို့ထလိုက်တဲ့အချိန် အောင်မြတ်သာကအရှေ့ကနေ ဝင်ရပ်ပြီး မြင်ကွင်းအားလုံးကို လက်ဝါးနဲ့သပ်ချလိုက်ရာ စည်ကားနေတဲ့ပွဲခင်းပုံစံကနေ မီးလောင်ထားတဲ့ အိမ်ငုတ်တိုတွေအဖြစ်ပြောင်းသွားခဲ့တယ်။

ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့သူတွေကလဲ မီးလောင်ဖုတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ နာနာဘာဝတွေအဖြစ်ပြောင်းသွားပြီး အောင်မြတ်သာအနားကို စုပြုံရောက်လာခဲ့တယ်။

“ လက်စသတ်တော့ ဒင်းတို့က ကျတ်သူယောင်တွေပါလား”

အောင်မြတ်သာက တီးတိုးရေရွတ်ပြီး မြေကြီးကို လက်ညိုးထိပ်နဲ့စည်းဝိုင်းထားလိုက်တယ်။
(မှတ်ချက်။ ရွှေရင်ကျော်ဆရာများသည် လက်ညိုးထိပ်တွင်ပညာသိမ်းပြီး ၊အင်းတော်ကြီးဂိုဏ်း(အမည်လွှဲ)ဝင်တွေကတော့ လက်ဆယ်ချောင်းလုံးတွင်ပညာသိမ်းပါသည်)

ကျတ်သူယောင်တွေလဲ အောင်မြတ်သာအနားကိုကပ်မရတဲ့တိုင် ဇွဲမလျော့ပဲ စည်းဝိုင်းပတ်ပတ်လည်မှာထွက်ပေါ်မရှိအောင် ဝန်းရံထားခဲ့ကြတယ်။

“ ကျတ်သူယောင်တွေ ကျုပ်က သင်တို့ဖျားယောင်းထားတဲ့လူကိုလာခေါ်ရုံသက်သက်ပါပဲ… သင်တို့ကိုလဲ ဒုက္ခမပေးချင်သလို ထိခိုက်နာကျင်အောင်လဲမလုပ်လိုပါ…ဒါကြောင့် ကျုပ်အနားကနေထွက်သွားကြဖို့မေတ္တာရပ်ခံပါတယ်”

အောင်မြတ်သာစကားအဆုံးမှာ ဝိုင်းထားတဲ့ နာနာဘာဝတွေထဲကနေ မီးလောင်နေတဲ့ဆံပင်ကို လက်နဲ့ထုံးရင်း ထွက်လာတဲ့ မိန်းမတစ်ယောက်က

“ နင်က ငါတို့နေရာကိုလာပြီး အမိန့်လာပေးနေပါလား… ဒီနေရာက ငါတို့အိမ်၊ ငါတို့ကဒီမှာမွေးပြီး ဒီမှာပဲသေခဲ့ကြတာ..ဒီတော့နင့်အမိန့်ကို ငါတို့မလိုက်နာဘူး… နင်လဲစည်းထဲကထွက်မရပဲသေစေရမယ်ဟေ့” လို့ကြိမ်းဝါးပြောဆိုခဲ့တယ်။

အောင်မြတ်သာလဲ သုံးကြိမ်တိတိမေတ္တာရပ်ခံပေမယ့် မရတဲ့အဆုံး ဂိုဏ်းရဲ့အောက်ဆုံးနတ်ဖြစ်တဲ့ သရဝယက္ခနဲ့ ဗနတ္တယက္ခနှစ်ပါးကိုအမိန့်ပြန်ကာခေါ်စေပြီး ဆုံးမစေခဲ့တယ်။

ကျတ်သူယောင်တွေလဲ အစွယ်တစ်ဖွေးဖွေး၊ အမွှေးစုတ်ဖွားနဲ့ကြောက်မက်ဖွယ်ယက္ခညီနောင်ရဲ့ ထုထောင်းရိုက်နှက်တဲ့ဒဏ်ကိုမခံနိုင်ပဲ ခြေဦးတည့်ရာထွက်ပြေးကြပါလေရော။

“ မီးလောင်နေတဲ့ဆံထုံးနဲ့မိန်းမကို ဖမ်းပြီးခေါ်လာစေ”

အောင်မြတ်သာစကားအဆုံးမှာ ယက္ခညီနောင်က မီးလောင်ပြင်ထဲကိုဝင်ပြေးဖို့ကြိုးစားနေတဲ့ ဆံထုံးနဲ့မိန်းမကို လိုက်ဖမ်းကာတရွတ်တိုက်ခေါ်ဆောင်လာခဲ့တယ်။

“ သင်က ဆေးဆရာရဲ့သားကို သွေးဆောင်ဖမ်းခေါ်လာတဲ့သူလား”

မျက်နှာတစ်ခုလုံး အသားနီတွေလန်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့မိန်းမက

“ သူ့အဖေက ငါ့သမီးကို ဆေးသေချာမကုပေးလို့ သွားပြောတာ သူကငါ့ယောင်္ကျားကိုပါသတ်လိုက်တာလေ..ဒါကြောင့် သူ့ကိုသတ်ဖို့ ရွာထဲကိုခေါ်လာခဲ့တာ”

“ အိမ်း သင်တို့ရဲ့ခံစားချက်ကိုနားလည်ပေမယ့် ကျတ်သူယောင်တွေဆိုတာ လူတွေနေတဲ့အရပ်ကိုသွားမရဘူးလေ.. သင်တို့က သွားတော့ အခုလိုမလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာတာပေါ့”

အောင်မြတ်သာစကားကို အရှေ့မှာပဆစ်တုပ်ထိုင်နေတဲ့မိန်းမက ဘာမှပြန်မပြောပဲ ခေါင်းငိုက်စိုက်ကာ နေနေခဲ့တယ်။

“ ကဲကဲ သင်တို့လဲ နောက်တစ်ခါ လူတွေနေတဲ့အရပ်ကိုမသွားနဲ့ကြားလား… သင်တို့နေတဲ့အရပ်ကို လူတွေမတော်တဆရောက်လာခဲ့ရင်လဲ ကြောက်လန့်ရုံသာ ခြောက်လန့်ကြ… အခုသင်တို့ကျူးလွန်တဲ့အပြစ်ကို စတုမဟာရာဇ်နတ်တွေသိသွားရင် ဘာဖြစ်မလဲသိလား”

“ သိ …သိပါတယ်…”

“ အေး သိတယ်ဆိုရင် နောက်မလုပ်မိစေနဲ့ .. ယက္ခညီနောင်လဲ သူ့ကိုလွှတ်ပေးပြီး မိမိနေထိုင်ရာဘုံနန်းကိုပြန်ကြွကြပါ”

အောင်မြတ်သာစကားအဆုံးမှာ ကျတ်သူယောင်မိန်းမဘေးမှာရပ်နေတဲ့ ယက္ခညီနောင်ပျောက်ကွယ်သွားခဲ့တယ်။

“ သင်လဲ ကိုယ့်နေရာကိုယ်ပြန်တော့… နောက်ဒီလိုအမှားမျိုးထပ်မလုပ်နဲ့”

ကျတ်သူယောင်မိန်းမလဲ အောင်မြတ်သာအရှေ့ကနေ ခေါင်းငုံ့ထွက်သွားပြီး မီးလောင်ထားတဲ့အိမ်ငုတ်တိုတွေကြားထဲဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။
+++++++++

“တောက်ထွန်းကို တာလပေါကယ်ခဲ့တယ်”ဆိုတဲ့သတင်းက နေထန်းတစ်ဖျားမရောက်ခင်မှာပဲ တစ်ရွာလုံးပျံ့သွားခဲ့တယ်။

“ ကျွန်တော် ထန်းတောထဲသွားတော့ လမ်းမှာ မိန်းမတစ်ယောက်ကိုတွေ့ခဲ့တယ်၊ ဆံပင်တွေက ဒူးဆစ်လောက်ထိရှည်နေပြီး အတော်ကိုချောတယ်ဗျာ၊ ကျွန်တော်လဲ သူ့ကိုငေးကြည့်မိတဲ့အချိန်ထိပဲသတိရတယ်၊ အဲဒီနောက်ပိုင်း အိမ်မက်လိုလိုတကယ်လိုလိုဖြစ်နေခဲ့တာ၊ တာလပေါက ကျွန်တော်နားရွက်ကိုလာဆွဲတဲ့အချိန်မှသတိရပြီး ထွက်ပြေးလာခဲ့တာ”

တောက်ထွန်းစကားကိုနားထောင်နေတဲ့ လူကြီးလူငယ်တွေက
“ မင်းကို မကောင်းတဲ့နာနာဘာဝတွေ သွေးဆောင်ခဲ့တာပေါ့… မသေကောင်းမပျောက်ကောင်း တောက်ထွန်းရာ”

“ ဟုတ်တယ်ဗျ ကျွန်တော်အသက်က တာလပေါ ပေးတဲ့အသက်ပဲရှိပါတော့တယ်”

“ ဒါနဲ့ တာလပေါ တစ်ယောက်မတွေ့မိပါလား”

“ တောက်ထွန်းကိုခေါ်လာပြီးထဲက မတွေ့တော့တာ … ဘယ်များသွားနေပါလိမ့်”

ရွာသားတွေရော တောက်ထွန်းပါ တာလပေါကို လိုက်ရှာခဲ့ကြပေမယ့် အစနပင်မတွေ့ဖြစ်ခဲ့ရတယ်။
+++++++++++

လူခြေတိတ်ဆိတ်နေတဲ့ စေတီပျက်တစ်ခုမှာတော့ အောင်မြတ်သာ၊ သက်ခိုင်၊ တောက်ရတို့အပြင် စိပ်ပုတီးကို လည်ပင်းမှာဆွဲထားတဲ့ တာလပေါတို့ရှိနေခဲ့တယ်။

“ ပုတီးစိပ်တဲ့အခါ မင်းရဲ့စိတ်က ပုတီးလုံးတွေအပေါ်မှာပဲရှိနေရမယ်… တစ်ဖက်ကဆွဲတယ်.. တစ်ဖက်ကချတယ် .. စိတ်ကအဲဒီမှာမရှိပဲ အခြားနေရာရောက်သွားတာနဲ့ အစကပြန်စ…ဒီနည်းအတိုင်းကျင့်လို့ ၁၈ပတ်တိတိ စိတ်ကဘယ်မှမရောက်ဘူးဆိုရင် မင်းသမထတက်ပြီ”

“ အဲလိုလား ကျုပ်က ပုတီးစိပ်တဲ့အခါ မြင်ရကြားရတဲ့နောက်ကိုလိုက်သွားတာပဲ”

“ အမြင်အကြားတွေနောက်ကိုလိုက်ရင် ရူးသွားတတ်တယ်.. ဒါကြောင့် ဘာပဲမြင်မြင် ဘာပဲကြားကြား လုံးဝဖြတ်ချ… ဒီအဓိဌာန်၁၈ပတ်အောင်တဲ့နေ့ မင်းသမထ တက်တဲ့နေ့ပဲ”

“ ဟုတ်ပီ ကျုပ် ကြိုးစားမယ်…. ကျုပ်သမထတက်တဲ့အချိန်ထိ ရှိနေပေးမယ်မဟုတ်လား”

တာလပေါစကားကို အောင်မြတ်သာက ဘာမှပြန်မပြောပဲ ပြုံးပြီးကြည့်နေခဲ့တယ်။

မကြာမီ စေတီပျက်အပေါ်မှာ တာလပေါရဲ့ ပုတီးစိပ်သံတစ်ဂျောက်ဂျောက်ထွက်ပေါ်လာခဲ့သလို စေတီအောက်ခြေမှာလဲ အောင်မြတ်သာတို့ရဲ့ခြေသံကတစ်ရှပ်ရှပ်ထွက်ပေါ်လာခဲ့တယ်။
+++++++++

“ ဆရာက တာလပေါကို ခေါ်သွားတဲ့အကြောင်းရင်းကို ကျွန်တော်သိပြီ”

လမ်းလျောက်နေရင်းပြောလိုက်တဲ့ တောက်ရအသံကြောင့် အောင်မြတ်သာက အနောက်လှည့်ကြည့်ရင်း

“ ဘယ်လိုသိတာလဲပြောပါဦး”

“ တာလပေါက သာမန်လူမဟုတ်ဘူးဆိုတဲ့အချက်ရယ်… အချိန်တန်ရင်ရွာကိုပြန်သွားနိုင်တယ်ဆိုတဲ့အချက်ကိုတွဲပြီးစဉ်းစားလိုက်ရင် ဆရာက သူ့ကိုရွာခံလူတွေ လေးစားအောင် တမင်တကာဆွဲထည့်လိုက်တယ်လို့ပဲမြင်တယ်”

တောက်ရစကားကို အောင်မြတ်သာက မှန်တယ်လဲမပြော မှားတယ်လဲမပြောပဲ နှစ်ခြိုက်စွာပြုံးရင်းဆက်ထွက်သွားခဲ့တယ်။

အောင်မြတ်သာတို့ စေတီပျက်ကနေထွက်လာပြီးနောက်ပိုင်း နွယ်ချိုပင်တွေပေါများတဲ့ ပန်းနွယ်ရွာကိုရောက်လာခဲ့တယ်။

ပန်းနွယ်ရွာရဲ့အနောက်ဘက်ချောင်းထဲကနေ မထင်မှတ်ပဲရလာတဲ့ ကျောက်လက်ဝါးတစ်ခု၊ ဒီအရာကြောင့် ရွာမှာ ဘယ်လိုဖြစ်ရပ်ဆန်းတွေပေါ်ပေါက်လာမလဲ၊ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ဆရာတပည့်တွေက ဘယ်လိုကူညီပေးကြမလဲဆိုတာကိုတော့ “အောင်မြတ်သာနှင့် မှော်ကျောက်လက်ဝါး”ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦးဗျာ။

လေးစားစွာဖြင့်
ဇေယန(ရာမည)

#ညမဖတ်ရ 

ေအာင္ျမတ္သာႏွင့္က်တ္သူေယာင္မယ္

“ ေဆးဆရာႀကီး…. ေဆးဆရာႀကီး အိပ္ပီလားရွင့္”

ညႀကီးအခ်ိန္မေတာ္ အိမ္ေအာက္ကေန ေခၚေနတဲ့အသံေၾကာင့္ အိပ္ေပ်ာ္လုဆဲဆဲျဖစ္ေနတဲ့ ဦးညိဳ တစ္ေယာက္ ေရနံဆီမီးအိမ္ကိုအလင္းတင္ကာ

“ ညဘက္ႀကီး ဘယ္သူလဲကြယ့္”

“ ကြၽန္မက ဟိုဘက္ ပုတက္ကုန္း႐ြာကပါ… ေျမးမေလး အျပင္းဖ်ားေနလို႔ ဆရာႀကီးကို လာပင့္တာပါရွင့္”

“ ေအးေအး ငါလိုက္လာမယ္.. ခဏေစာင့္ဦး”

ဦးညိဳလဲ တိုင္မွာခ်ိတ္ထားတဲ့ ေဆးလြယ္အိတ္ကို ေကာက္လြယ္ကာ အိမ္ေပၚကေနဆင္းလာေတာ့ ညစ္ႏြမ္းႏြမ္းသဘက္ကိုေခါင္းမွာပတ္ထားတဲ့ အသက္ ၆၀အ႐ြယ္ မိန္းမတစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ ပုတက္ကုန္း႐ြာဆိုတာ ဘယ္နားတုန္း… ငါလဲတစ္ခါမွမေရာက္ဖူးဘူး”

“ ဆရာႀကီး မေရာက္ဖူးတာျဖစ္လိမ့္မယ္… ကညင္ပင္႐ြာအေက်ာ္ေလးဆိုေရာက္ပါၿပီ”

ဦးညိဳလဲ သဘက္ေခါင္းေပါင္းေပါင္းထားတဲ့ မိန္းမစကားေၾကာင့္ ေထြေထြထူးထူးမစဥ္းစားေတာ့ပဲ

“ ကေလးက ဘာျဖစ္လို႔လဲ”

“ မေန႔မနက္က သစ္ပင္ေပၚကျပဳတ္က်ၿပီး ေျခေထာက္နာရာကေန အဖ်ားဝင္တယ္ထင္ပါရဲ႕… တစ္ကိုယ္လုံးလဲပူက်စ္ေနတာ။ ႐ြာမွာကလဲ ေဆးဆရာမရွိတာနဲ႔ ဒီထိလာပင့္ရတာဆရာ”

“ ေအးေအး ဒါျဖင့္ အေရွ႕ကေနလမ္းျပေပး”

ဦးညိဳလဲ လာပင့္တဲ့မိန္းမရဲ႕အေနာက္ကေန တစ္ေျဖးေျဖးလိုက္သြားခဲ့တယ္။ မီးမရွိ အလင္းေရာင္ဝိုးတဝါးျဖစ္ေနေပမယ့္ အေရွ႕ကသြားေနတဲ့မိန္းမကေတာ့ ေအးေအးေဆးေဆး သြားေနခဲ့တယ္။

“ ငါ လိုက္လာခဲ့မိတာမွားၿပီလား…ဒီအခ်ိန္ႀကီး မိန္းမတစ္ေယာက္ထဲ လာခဲ့တယ္ဆိုတာ ေသြး႐ိုးသား႐ိုးမ်ားဟုတ္ပါ့မလား”

ဦးညိဳတစ္ေယာက္ ေခါင္းထဲမွာေပၚလာတဲ့ အေတြးစကို စဥ္းစားရင္း ေျခလွမ္းေတြကိုရပ္လိုက္တဲ့အခ်ိန္

“ ဆရာႀကီး ဘာျဖစ္လို႔လဲ… ႐ြာက အေရွ႕တစ္ေကြ႕ဆိုေရာက္ပါၿပီ”

“ အင္း အင္း ဘာမွမျဖစ္ပါဘူး”

“ ဆရာႀကီးက စိုးရိမ္လြန္ေနတာျဖစ္မယ္… ကြၽန္မက မကိုက္စားတတ္ပါဘူး ဟီးဟီး”

ကြမ္းေသြးေတြနဲ႔မဲေနတဲ့ သြားက်ဲႀကီးေတြေပၚေအာင္ ၿပဳံးလိုက္တဲ့ မိန္းမေၾကာင့္ ဦးညိဳ ေက်ာထဲစိမ့္ခနဲျဖစ္သြားၿပီး ျပန္လွည့္ေျပးရင္ေကာင္းမလား ဆက္သြားရင္ေကာင္းမလားေတြးေနတဲ့အခ်ိန္

“ ေဝးးး ေဒၚေစာခင္ ျပန္လာၿပီေဟ့ … ေဆးဆရာလဲပါလာတယ္” ဆိုတဲ့အသံနဲ႔အတူ လမ္းအေကြ႕ေနရာကေန မီးတုတ္ေတြကိုင္ထားတဲ့ ေယာက်ၤားေလးေယာက္ထြက္လာခဲ့တယ္။

ဦးညိဳလဲအဲဒီေတာ့မွ သက္ျပင္းခ်ႏိုင္ၿပီး
“ ငါအေတြးလြန္သြားပါလား” လို႔ေတြးကာ ႐ြာသားေတြေခၚတဲ့ေနာက္ကိုလိုက္သြားခဲ့တယ္။
++++++++

“ ကေလးက အနာရွိန္ေၾကာင့္ဖ်ားတာပါ…ဒီေဆးကို သုံးခြက္တစ္ခြက္တင္ျပဳတ္ၿပီး သုံးရက္တိုက္ရမယ္… ဒါဆိုရင္ သက္သာပါၿပီ…ေလာေလာဆယ္ ဒီေဆးတစ္ပုံေသာက္ထားဦး”

ေသွ်ာင္ေပစူးနဲ႔အိပ္ယာထဲလဲေနတဲ့ ကေလးက တစ္အင္းအင္းနဲ႔ညီးညဴရင္း ဦးညိဳကမ္းေပးတဲ့ ေဆးကိုကမ္းယူလိုက္တဲ့အခ်ိန္ လက္ေခ်ာင္းေတြရဲ႕ထိပ္မွာ ခြၽန္ၿပီးထြက္ေနတဲ့ လက္သည္းစေတြကိုျမင္လိုက္ရတယ္။

“ ဟင္… “

ဦးညိဳလဲ ႐ုတ္တရက္လန္႔သြားၿပီး ဒုတိယအႀကိမ္ၾကည့္လိုက္ရာ သာမန္လက္အတိုင္းျဖစ္ေနခဲ့တယ္။

“ ငါ ဒီည ဘာျဖစ္ေနတာပါလိမ့္”

“ ဆရာႀကီး …. “

ေဘးကေနလွမ္းေခၚလိုက္တဲ့အသံေၾကာင့္ အေတြးစေတြျပတ္သြားၿပီး

“ ကဲ … ကေလးအတြက္ေတာ့စိတ္ခ်ရပါၿပီ… က်ဳပ္လဲ မနက္အေစာႀကီး အျခား႐ြာကိုသြားရမွာဆိုေတာ့ ခြင့္ျပဳပါဦး”

“ ဆရာႀကီးကလဲ ညေတာင္အေတာ္နက္ေနၿပီကို ဒီညေတာ့ ႐ြာမွာအိပ္သြားလိုက္ပါ…ဟိုဘက္အိမ္မွာလဲ ဆရာႀကီး အဆာေျပစားဖို႔ မုန္႔ေတြစီစဥ္ထားပါတယ္..”

“ မဟုတ္တာဗ်ာ က်ဳပ္လဲမနက္အေစာႀကီး…”

“ ကဲဗ်ာ မနက္အ႐ုဏ္တက္တာနဲ႔ ကြၽန္ေတာ္တို႔လိုက္ပို႔ေပးပါ့မယ္…ဒါက ဆရာႀကီးေျခႂကြခကန္ေတာ့တာပါ”

“ ဟဲ့ ေနၾကပါဦး ေငြေတြမ်ားလွခ်ည္လား က်ဳပ္ေျခႂကြခက အဲေလာက္မရွိဘူးေလ”

“ ယူပါဆရာႀကီးရယ္… ဒီအထိ တကူးတကလာေပးတာကိုပဲ ေက်းဇူးတင္ေနပါၿပီ… “

႐ြာသားတစ္ေယာက္က ဦးညိဳရဲ႕ေဆးလြယ္အိတ္ထဲကို ပိုက္ဆံေတြထိုးထည့္ေပးရင္း

“ ဆရာႀကီး ဟိုဘက္အိမ္ႂကြပါဦး… အိပ္ဖို႔လဲ အကုန္စီစဥ္ထားပါတယ္”

ဦးညိဳလဲ ျငင္းမေကာင္းေတာ့တာမို႔ ႐ြာသားေတြေခၚတဲ့ေနာက္ကိုလိုက္သြားခဲ့တယ္။ ကညင္တိုင္ဆီမီးေတြ ထိန္ေနေအာင္ထြန္းထားတဲ့ ေျခတံရွည္အိမ္တစ္လုံးအေရွ႕ေရာက္ေတာ့

“ ဆရာႀကီး လာၿပီေဟ့ … ေရေႏြးၾကမ္းနဲ႔မုန္႔ေတြ ျပင္ထားေတာ့” ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။

ဦးညိဳလဲ အိမ္ေပၚေရာက္ေတာ့ ေရေႏြးၾကမ္းနဲ႔ အဆာေျပမုန္႔ေတြကိုစားရင္း ႐ြာသားေတြနဲ႔စကားစျမည္ေျပာေနရာကေန မ်က္လုံးေတြေမွးလာခဲ့တယ္။

“ ဝါးးး က်ဳပ္လဲ ပင္ပန္းလို႔ထင္တယ္ အိပ္ခ်င္ေနၿပီ”

“ ဆရာႀကီးအိပ္ဖို႔ေမြ႕ယာလဲျပင္ထားေပးပါတယ္… လွေမာင္ေရ ဆရာႀကီးကိုအိပ္ယာေပၚလိုက္ပို႔ေပးလိုက္ပါဦး”

လွေမာင္ဆိုတဲ့ လူ႐ြယ္ကအိပ္ခန္းထဲလိုက္ပို႔ၿပီး ျပန္ထြက္သြားတဲ့အခ်ိန္ ေဆးလြယ္အိတ္ကိုေဘးခ်ကာ အသင့္ျပင္ထားတဲ့ အိပ္ယာေပၚေက်ာဆန္႔လိုက္တယ္။

ႏူးညံ့တဲ့အထိအေတြ႕ေၾကာင့္ ဦးညိဳတစ္ေယာက္မၾကာခင္ အခ်ိန္အတြင္း အိပ္ေပ်ာ္သြားခဲ့ပါေလေရာ။
++++++++

“က်လိ က်လိ က်လိ”

“ က်ိ က်ိ က်ိ”

ဦးေခါင္းနားကေန ေအာ္ေနတဲ့ ငွက္ေတြရဲ႕အသံေၾကာင့္ အိပ္ေပ်ာ္ေနတဲ့ ဦးညိဳတစ္ေယာက္ မ်က္လုံးကိုလက္နဲ႔ပြတ္ကာ ထလိုက္တဲ့အခ်ိန္ ျမင္ရတဲ့ျမင္ကြင္းေၾကာင့္ ေၾကာက္စိတ္ေတြငယ္ထိပ္ထိတက္လာခဲ့တယ္။

မီးကြၽမ္းၿပီး မဲတူးေနတဲ့ အိမ္ပ်က္ႀကီးေပၚမွာ အိပ္ေနတဲ့အျပင္ ေခါင္းအုံးေတြေစာင္ေတြကလဲ မီးေလာင္ထားလို႔ ေပါက္ၿပဲေနတဲ့အစုတ္ေတြ။

ဦးညိဳတစ္ေယာက္ လြယ္အိတ္ကိုေကာက္လြယ္ၿပီး အိမ္ေပၚကေနဆင္းေျပးဖို႔အလုပ္ ဧည့္ခန္းမွာ သစ္႐ြက္ေျခာက္ေတြနဲ႔ ဗြက္ပုတ္ေရေတြကို စားပြဲအစုတ္ေပၚတင္ထားတာျမင္ေတာ့ ညက အျဖစ္ေတြေခါင္းထဲေရာက္လာၿပီး ပါးစပ္လက္ႏႈိက္ကာ ထိုးအန္ပါေလေရာ။

အန္လို႔ဝမွ ေဘးဘီကိုၾကည့္လိုက္ရာ သက္ရွိဆိုလို႔ ေခြးတစ္ေကာင္ေၾကာင္တစ္ျမႇီးမွမေတြ႕တဲ့အျပင္ မီးေလာင္ထားလို႔ ငုတ္စိေတြျဖစ္ေနတဲ့ လူေနအိမ္ေတြက ေနရာအႏွံ႔။

ဦးညိဳလဲ ေၾကာက္လန္႔တစ္ၾကား ေျခဦးတည့္ရာေျပးတဲ့အခ်ိန္ ေက်ာအေနာက္ဘက္ကေန ဟက္ဟက္ပက္ပက္ရယ္သံေတြထြက္ေပၚလာခဲ့တယ္။

အခ်ိန္ဘယ္ေလာက္ၾကာေအာင္ေျပးေနလဲမသိဘူး… ေခါင္းထဲရိပ္ခနဲ ရိပ္ခနဲျဖစ္လာၿပီး အရာအားလုံးအေမွာင္က်သြားခဲ့တယ္။
+++++++++

“ အေဖ … အေဖ သတိရလာၿပီလား”

ေဘးကေန ေခၚေနတဲ့ အသံေၾကာင့္ မ်က္လုံးဖြင့္ၾကည့္လိုက္ရာ…

“ ေတာက္ထြန္း … ငါဘယ္လို ဘယ္လို အိမ္ျပန္ေရာက္လာတာလဲ”

“ ညက အေဖထြက္သြားတာ ဘယ္သူမွမသိလိုက္ဘူး… ခုနကမွ ကညင္ပင္႐ြာက ထင္းခုတ္သမားေတြ လမ္းမွာလဲေနတဲ့အေဖကိုေတြ႕လို႔ျပန္လာပို႔သြားတာ”

“ ဟူး ေတာ္ပါေသးရဲ႕”

“ ဘယ္လိုျဖစ္တာလဲအေဖရာ… ကြၽန္ေတာ္ဆိုရင္ ၿမိဳ႕ေရာက္ေနတဲ့ အငယ္မကိုေတာင္ လွမ္းေခၚေတာ့မလို႔”

“ ညက ပုတက္ကုန္း႐ြာမွာ လူနာရွိတယ္ဆိုၿပီး လာပင့္လို႔ လိုက္သြားတာ မနက္ႏိုးလာေတာ့ မီးေလာင္ျပင္ထဲေရာက္ေနတာပဲ”

“ မေသေကာင္းမေပ်ာက္ေကာင္း အေဖရာ… ထင္းခုတ္သမားေတြေျပာတာေတာ့ အေဖသြားတဲ့ဘက္က နာမည္ႀကီးက်တ္႐ြာတဲ့”

“ က်တ္႐ြာ ဟုတ္လား… “

“ အဲဒီဘက္မွာ လြန္ခဲ့တဲ့ ႏွစ္၅၀ေလာက္က မီးေလာင္လို႔ တစ္႐ြာလုံးျပာက်ခဲ့တာၾကားဖူးတယ္တဲ့… ညဘက္ႀကီးမီးေလာင္ေတာ့ လူေတြလဲအေတာ္ေသၾကတယ္ေျပာတယ္”

သားျဖစ္သူစကားေၾကာင့္ ဦးညိဳတစ္ေယာက္ ဘာမွျပန္မေျပာႏိုင္ေတာ့ပဲ ေခါင္းရင္းမွာခ်ိတ္ထားတဲ့ ေဆးလြယ္ကိုၾကည့္ကာ

“ လြယ္အိတ္ထဲမွာ ညကသူတို႔ထည့္ထားတဲ့ ပိုက္ဆံေတြရွိေသးလား ၾကည့္ပါဦး”

“ ဘာပိုက္ဆံမွမရွိဘူး … ထင္းခုတ္သမားေတြလာေပးထဲက ၾကည့္တာ ေဆးေတြနဲ႔ သစ္႐ြက္ေျခာက္ေတြပဲရွိတယ္.. ဒီေန႔ကစၿပီး ညဘက္ေတြ ဘယ္မွမသြားနဲ႔ေတာ့ ေဆးကုစရာရွိလဲ မနက္ဘက္ပဲကုပါအေဖရာ”

“ေအးပါ သားရယ္ အေဖ မသြားေတာ့ပါဘူး”

ဦးညိဳလဲ သားျဖစ္သူစိတ္ခ်မ္းသာေစရန္ ကတိေပးၿပီး ေနခဲ့တယ္။ သုံးရက္ေျမာက္ေန႔ေရာက္ေတာ့

“ ေဟ့ ေဆးဆရာႀကီး ထြက္လာပါဦး… လာစမ္းပါဦး အိမ္ေရွ႕ထြက္ခဲ့စမ္း”

ညသန္းေခါင္အခ်ိန္ ဆူညံပူညံအသံေတြေၾကာင့္ ဦးညိဳ လန္႔ႏိုးလာခဲ့ၿပီး

“ ေတာက္ထြန္း ထစမ္း… အိမ္ေရွ႕မွာ ငါ့ကိုလာေခၚတဲ့အသံၾကားလား”

ေဘးမွာအိပ္ေနတဲ့ ေတာက္ထြန္းက အိပ္ခ်င္မူးတူးနဲ႔

“ ဘာသံမွလဲမၾကားပါဘူးအေဖရာ… “

“ မဟုတ္ဘူးကြ … ဟိုေန႔ကလို ငါ့ကိုလာေခၚေနၾကတယ္..အိမ္ေနာက္ေဖးမွာ ဒူးေလးရွိတယ္မဟုတ္လား”

“ ရွိတယ္ေလ အေဖကဘာလုပ္ဖို႔လဲ”

“ မင္းက ဒူးေလးကိုယူၿပီး တံခါးအကြယ္အေပါက္ကေန ၾကည့္ေန … ၿပီးရင္ ငါေျပာတဲ့ေနရာကိုပစ္သာခ်ကြာ”

“ အေဖ … ဘာေတြေျပာ..”

“ စကားမမ်ားနဲ႔ ငါေျပာတဲ့အတိုင္းလုပ္”

ေတာက္ထြန္းလဲ အိမ္မွာေဆာင္ထားတဲ့ ဒူးေလးကို ျမႇားတပ္ၿပီး တံခါးအကြယ္မွာပုန္းေနတဲ့အခ်ိန္ ဦးညိဳက တံခါးကိုဖြင့္ၾကည့္လိုက္ရာ ေသွ်ာင္ေပစူးနဲ႔ကေလးတစ္ေယာက္ကို ထမ္းထားတဲ့ လူအပါအဝင္ အျခားလူေလးေယာက္ေလာက္ကိုျမင္လိုက္ရတယ္။ သူတို႔က ဦးညိဳကို မီးဝင္းဝင္းေတာက္ေနတဲ့မ်က္လုံးေတြနဲ႔ၾကည့္ၿပီး

“ ဟိုအဖိုးႀကီး မင္းလုပ္လို႔ ငါ့ကေလးေသၿပီ… ေျပာေတာ့ သုံးရက္ေနရင္ ျပန္ေကာင္းမယ္ဆို .. အခုဘယ္လိုလုပ္မလဲ”

ဦးညိဳက ေအာက္ကလူေတြကိုဘာမွျပန္မေျပာပဲ တံခါးအကြယ္မွာရွိေနတဲ့ ေတာက္ထြန္းကို ေလသံတိုးတိုးျဖင့္

“ ေတာက္ထြန္း … အိမ္ေရွ႕က သေျပပင္တည့္တည့္ကိုပစ္ခ်လိုက္…”

“ အေဖ ဘာမွမရွိပဲ ဘာလို႔ပစ္ရမွာလဲ”

“ စကားမရွည္နဲ႔ သေျပပင္အလယ္ကိုပစ္ဆိုပစ္ခ်ကြာ.. မနက္က်မွ မင္းကိုငါျပမယ္”

ေတာက္ထြန္းလဲ ထပ္မေမးေတာ့ပဲ အကြယ္ကေနထြက္ကာ သေျပပင္အလယ္တည့္တည့္ကိုပစ္ခ်လိုက္တယ္။

“ တံခါးေတြပိတ္…. ျမန္ျမန္”

ဦးညိဳလဲ ေတာက္ထြန္းကို ေအာ္ေျပာရင္း တံခါးကိုပိတ္လိုက္တဲ့အခ်ိန္ အသံေတြအားလုံးတိတ္ဆိတ္သြားခဲ့တယ္။
မနက္မိုးလင္းလို႔ၾကည့္လိုက္ေတာ့ ျမႇားမွန္ၿပီးေသေနတဲ့ ဖြတ္တစ္ေကာင္အျပင္ သူ႔ရဲ႕ေက်ာေပၚမွာလဲ ေနာက္ထပ္ဖြတ္အေသတစ္ေကာင္ရွိေနတာျမင္လိုက္ရတယ္။

“ မင္းအခုယုံၿပီမဟုတ္လား… ညက ဒီေကာင္ေတြ လူေယာင္ဖန္ဆင္းၿပီး ငါ့ကိုအိမ္ေပၚကဆင္းလာေအာင္လုပ္တာ”

“ ထူးဆန္းလိုက္တာဗ်ာ… ကြၽန္ေတာ္ပစ္တာက သေျပပင္ကိုပါ ဘယ္လိုျဖစ္လို႔ ဖြတ္ကိုထိသြားတာလဲမသိဘူး”

“ ေလာကမွာ ငါတို႔မျမင္ မၾကားရတဲ့ အေၾကာင္းေတြအမ်ားႀကီးရွိတယ္… ေလာေလာဆယ္ ဖြတ္အေသႏွစ္ေကာင္ကို ေျမျမႇဳပ္ေပးလိုက္”

ေတာက္ထြန္းလဲ ဖြတ္အေသႏွစ္ေကာင္ကို ေျမျမဳပ္ေပးၿပီး ႐ြာထဲကိုထြက္သြားခဲ့တယ္။

++++++

ဒီကိစၥေတြျဖစ္ၿပီး ငါးရက္ေလာက္ၾကာေတာ့ ေတာက္ထြန္း တစ္ေယာက္႐ြာကေန ေပ်ာက္ခ်င္းမလွေပ်ာက္သြားခဲ့တယ္။ေတာက္ထြန္းေပ်ာက္တဲ့ကိစၥကိုအိမ္ဝိုင္းထဲမွာ ဦးညိဳနဲ႔႐ြာသားေတြစုေဝးတိုင္ပင္ေနတုန္း ႏြားေက်ာင္းသားဖိုးေထာင္ေရာက္လာၿပီး

“ အဖိုး အဖိုး ကိုႀကီးေတာက္ထြန္းကို မေန႔က ႐ြာအျပင္ဘက္မွာေတြ႕လိုက္တယ္”

“ ေဟ ဘယ္မွာေတြ႕တာလဲ ေျပာပါဦး”

“ မေန႔ ညေနက ႏြားေက်ာင္းရင္း အေလးသြားခ်င္တာနဲ႔ ေတာတိုးေနတဲ့အခ်ိန္ ကိုႀကီးေတာက္ထြန္းက တစ္ေယာက္ထဲစကားေတြေျပာၿပီး ကညင္ပင္႐ြာဘက္ကို ထြက္သြားတာေတြ႕လိုက္တယ္”

“ ကညင္ပင္႐ြာဘက္ ဟုတ္လား ဖိုးေထာင္”

“ ဟုတ္တယ္ဗ် ကြၽန္ေတာ္လဲ ဒီတိုင္းသြားတယ္ထင္ေနတာ … ခုနကမွ ကိုႀကီးေတာက္ထြန္းေပ်ာက္ေနတယ္ဆိုၿပီးၾကားလို႔လာေျပာျပတာ”

“ ေအးေအး ေက်းဇူးတင္ပါတယ္ကြယ္…”

“ဒါဆို ကြၽန္ေတာ္ႏြားေက်ာင္သြားဦးမယ္ဗ်”

“ ဂ႐ုစိုက္ဦး ႐ြာအျပင္ဘက္ေတြေလ်ာက္မသြားေနနဲ႔ဦး”

“ ဟုတ္ ဟုတ္ မသြားပါဘူး”

ဖိုးေထာင္ ထြက္သြားေတာ့ ဦးညိဳက

“ ကညင္ပင္႐ြာဘက္ေတြေရာ ေမးၾကည့္ေသးလား”

“ ေမးၾကည့္တာေပါ့ဗ်ာ ေတာက္ထြန္းက အဲဒီ႐ြာကိုလုံးဝမလာတာတဲ့”

“ ဒါျဖင့္ ဘယ္လိုလုပ္ၾကမလဲ… မသမာသူေတြမ်ားဖမ္းသြားၾကေလသလား”

ဦးညိဳနဲ႔႐ြာသားေတြလဲ ျဖစ္ႏိုင္ေခ်ရွိတဲ့အရာေတြကို စဥ္းစားေနတဲ့အခ်ိန္

“ ဘႀကီး ဘႀကီး…”

“ ေဟ့ တာလေပါ လာေလကြာ”

အရပ္ပုပုခႏၶာကိုယ္ေတာင့္ေတာင့္နဲ႔တာလေပါက ကြပ္ျပစ္ေပၚဝင္ထိုင္လိုက္ၿပီး

“ ေတာက္ထြန္း ေပ်ာက္ေနတာ … မျမင္အပ္တဲ့ပုဂၢိဳလ္ေတြရဲ႕ပေယာဂပါတယ္တဲ့”

“ ဟာ ဒီေကာင္ … ပါးစပ္ထဲထြက္ရာေလ်ာက္ေျပာေနျပန္ၿပီ”

“ ေရာ္ က်ဳပ္ကအတည္ေျပာတာ … ေတာက္ထြန္း စီးခဲ့ဖူးတဲ့ဖိနပ္အိမ္မွာရွိလား”

“ ေအး ေရခ်ိဳးရင္စီးတဲ့ဖိနပ္ေတာ့ရွိတယ္… မင္းကဘာလုပ္ဖို႔လဲ”

“ သူ႔ေျခရာကိုယူၿပီး ဘယ္ေနရာသြားလဲ လိုက္မလို႔ေပါ့”

“ဒီေကာင္ေတာ့ ဟိုတစ္ခါ သခ်ႋဳင္းမွာပုတီးသြားစိပ္ၿပီးထဲက နည္းနည္းလြတ္ခ်င္ေနတယ္လို႔ သူမ်ားေတြေျပာတာ ငါမယုံဘူး…အခုမွယုံသြားၿပီေဟ့”

“ ဘႀကီးညိဳ ကြၽန္ေတာ္ကိုအထင္ေသးလွခ်ည္လား… ဒါေပါ့ေလ လူေတြက ပညာရွိကို သူခိုးထင္.. သူခိုးကို ပညာရွိထင္ေနၾကတာကိုး”

“ ထားလိုက္ပါ ဦးညိဳရာ… တာလေပါ အေၾကာင္းလဲသိသိႀကီးနဲ႔.. ကဲကဲ မင္းယူခ်င္သပဆိုလဲ အိမ္ေနာက္က ေရစည္နားမွာ ေတာက္ထြန္း ဖိနပ္ရွိတယ္ ယူသြား”

ေဘးအိမ္က ဦးၿဖိဳးစံစကားေၾကာင့္ တာလေပါက အိမ္အေနာက္ကိုေျပးသြားၿပီး ေတာက္ထြန္းဖိနပ္ကို ကိုင္ကာ ႐ြာအျပင္ဘက္ကိုထြက္သြားခဲ့တယ္။

++++++++++

“ နိဗၺာန္ကိုေရာက္ဖို႔ဆိုရင္ သမထကိုအရင္က်င့္… သမထခိုင္မွ ဝိပႆနာေျပာင္း…ဒါဆိုရင္ အခက္အခဲသိပ္မရွိေတာ့ဘူးတဲ့”

တာလေပါက သူဖတ္ခဲ့ရတဲ့စာအုပ္ထဲကအေၾကာင္းကို ျပန္ေျပာင္းေျပာေနရင္း လက္ထဲက ပုတီးစိပ္ကိုလည္ပင္းမွာဆြဲကာ ႐ြာအျပင္သုႆာန္ဘက္ကိုထြက္သြားခဲ့တယ္။

အုတ္ဂူအက်ိဳးအပ်က္ေတြက ႏွစ္ေပါင္းမ်ားစြာမျပဳျပင္ထားတဲ့အတြက္ ေရညႇိေတြအထပ္လိုက္နဲ႔ မသတီစရာေကာင္းေနေပမယ့္ တာလေပါကေတာ့ သူနဲ႔သင့္ေတာ္တဲ့အုတ္ဂူတစ္လုံးကိုေ႐ြးကာသန္႔ရွင္းေရးလုပ္လိုက္ၿပီး

“ သုသာန္ထဲမွာေနၾကတဲ့ ေဝေနယ်အေပါင္းတို႔ ငါ တာလေပါ ဒီေန႔ ဒီသုသာန္ ဒီအုတ္ဂူေပၚမွာတရားထိုင္မယ္… ငါ့ကိုအနံ႔ေပးတာျဖစ္ျဖစ္ အေကာင္အထည္ျပတာျဖစ္ျဖစ္ မလုပ္ၾကနဲ႔… ငါတရားထူးရတာနဲ႔ မင္းတို႔ကိုကြၽတ္လြတ္ေအာင္ လုပ္ေပးမွာ ၾကားလား”

တာလေပါက ပါးစပ္ထဲထြက္ရာေအာ္ေျပာရင္း အုတ္ဂူေပၚမွာက်နစြာေနရာယူလိုက္ၿပီး ပုတီးကို တစ္ေဂ်ာက္ေဂ်ာက္နဲ႔စိပ္ပါေလေရာ။

“ ခြၽတ္ ဂြၽတ္ ဂြၽတ္”

မလွမ္းမကမ္းမွာ သစ္ကိုင္းေျခာက္ေတြကို နင္းၿပီးလာေနတဲ့ေျခသံတစ္ခုကိုၾကားေတာ့ ပုတီးစိပ္ေနရင္း အာ႐ုံက အသံၾကားတဲ့ဘက္ကိုေရာက္သြားခဲ့တယ္။

“ ဒီေကာင္ေတြ အသံမေပးနဲ႔လို႔ အတန္တန္မွာထားတာေတာင္ လုပ္လာျပန္ၿပီ”

ပုတီးစိပ္ေနရင္း စိတ္ထဲကေန မေက်မခ်မ္းေရ႐ြတ္လိုက္တဲ့အခ်ိန္ သူ႔ရဲ႕ပခုံးေပၚကို လက္တစ္ဖက္လာတင္တာကို ခံစားလိုက္ရတယ္။

“ ဘယ္သူလဲ… ဒီကအေစာင့္ေတြလား… ငါကေၾကာက္တတ္တယ္ေနာ္… အဲလိုမလုပ္ၾကပါနဲ႔”

မ်က္လုံးကိုမဖြင့္ၾကည့္ပဲ ပါးစပ္ကေန ပြစိပြစိလုပ္ေနတဲ့အခ်ိန္

“ ဒီလိုပုတီးစိပ္ပုံမ်ိဳးနဲ႔ သမထဘယ္လိုရမလဲ ငါ့လူရာ” ဆိုတဲ့ေလသံတိုးတိုးကိုၾကားေတာ့ အားတက္သြားၿပီး

“ ငါမ်က္လုံးေတြမွိတ္ထားေသးတယ္… မဖြင့္ၾကည့္မခ်င္း အဓိဌာန္မပ်က္ဘူး… ေျပာ .. သမထတက္ေအာင္ ဘယ္လိုလုပ္ရမလဲ”

“ ဒီတိုင္းေတာ့ ဘယ္ေျပာလို႔ရမလဲ… ငါတို႔ခိုင္းတာလုပ္ေပးရင္ေတာ့ တစ္မ်ိဳးေပါ့”

ဒီတစ္ခါေတာ့ တာလေပါ မ်က္လုံးမဖြင့္ၾကည့္ပဲမေနႏိုင္ေတာ့ပဲ ၾကည့္လိုက္ရာ ေယာဂီဝတ္စုံဝတ္ထားတဲ့ လူသုံးေယာက္က သူ႔ကိုဝိုင္းၿပီးရပ္ၾကည့္ေနတာကိုျမင္လိုက္ရတယ္။

“ မင္း.. မင္းတို႔က လူေတြလား…နတ္ေတြလား”

“ ေအာ္ ခက္ေနပါေရာလား… က်ဳပ္တို႔က လူေတြမို႔လို႔ ခင္ဗ်ားအသားကိုကိုင္လို႔ရတာေပါ့…”

“ ဒါဆို ခုနကေျပာတဲ့စကားက အတည္ႀကီးလား”

“ ဘယ္စကားလဲဗ်”

“ က်ဳပ္ကိုသမထတက္ေအာင္လုပ္ေပးမယ္ဆိုတာေလ”

“ က်ဳပ္တို႔က ကတိကိုလြယ္လြယ္မေပးတတ္ဘူး… က်ဳပ္တို႔ခိုင္းတာလုပ္ရင္ သမထတက္တဲ့နည္းေျပာျပမယ္”

“ ဒါျဖင့္ က်ဳပ္ဘာလုပ္ရမလဲ…”

“ ခင္ဗ်ားတို႔႐ြာမွာ လူတစ္ေယာက္ ေပ်ာက္ခ်င္းမလွေပ်ာက္သြားတာသိတယ္မဟုတ္လား”

“ သိတယ္ေလ ေတာက္ထြန္းဆိုတဲ့ေကာင္ေပ်ာက္သြားတာ..ေအာ္ က်ဳပ္မေန႔ညက ပုတီးစိပ္ေတာ့ ဒီေကာင္ကိုေတြ႕သဗ်… သူ႔ေဘးမွာ မီးကြၽမ္းထားတဲ့မ်က္ႏွာနဲ႔မိန္းမတစ္ေယာက္လဲရွိေနေသးတယ္”

“ အဲဒါအသာထားပါ… ခင္ဗ်ားအခု ႐ြာထဲကိုသြားၿပီး ေတာက္ထြန္းစီးခဲ့တဲ့ဖိနပ္ကိုရေအာင္ယူႏိုင္လား”

“ ဖိနပ္ရရင္ သမထတက္တဲ့နည္းေျပာျပမွာလား”

“ ေသခ်ာတာေပါ့ ကိုယ့္လူရာ”

+++++++

တာလေပါလဲ ဖိနပ္ကိုလက္ၾကားညႇပ္ကာ သမထတက္ေအာင္လုပ္ေပးမယ့္လူေတြအေၾကာင္းစဥ္းစားရင္း သုသာန္ထဲကိုဝင္လာခဲ့တယ္။

“ ေဟ့လူေတြ ဒီမွာဖိနပ္ေတာ့ရလာၿပီ… သမထတက္တဲ့နည္းေျပာေပေတာ့”

“ သမထတက္တဲ့နည္းေျပာျပေနရင္ ေပ်ာက္ေနတဲ့လူ ေသသြားလိမ့္မယ္… ဒီေတာ့ လူကိုအရင္ကယ္မလား .. သမထတက္တဲ့နည္းကိုအရင္သင္မလား”

“ ေတာက္ထြန္းက ေသေတာ့မွာလား… “

“ ဟုတ္တယ္ ဒီညမွ အခ်ိန္မွီမေခၚႏိုင္ရင္ သူ႔ဝိဥာဥ္ထြက္သြားလိမ့္မယ္”

“ ဒါျဖင့္ လူကိုအရင္ကယ္ရမွာေပါ့… က်ဳပ္တို႔လို တရားသမားေတြရဲ႕စိတ္က ႏူးညံ့တယ္မဟုတ္လားဗ်”

“ မွန္တာေပါ့ဗ်ာ …. ဒါနဲ႔ ေပ်ာက္ေနတဲ့လူနာမည္က ေတာက္ထြန္းတဲ့လား”

“ ဟုတ္တယ္ေလ သူ႔နာမည္က ေတာက္ထြန္း စေနသား.. က်ဳပ္နာမည္ကလဲ တာလေပါ စေနသား … သားဦးစေနခ်င္းတူတယ္ဗ်”

“ ဟုတ္ပါၿပီ ဟုတ္ပါၿပီ … ဒါနဲ႔ က်ဳပ္နာမည္လဲမွတ္ထားဦး.. ေအာင္ျမတ္သာတဲ့… တနဂၤေႏြ အဓိပတိဖြား”

“ ဒါျဖင့္ ခင္ဗ်ားက က်ဳပ္ထက္ေန႔နံႀကီးတာပဲ… “

“ ေန႔နံႀကီးတဲ့လူကခိုင္းရင္ ေန႔နံငယ္တဲ့သူက မလိုက္နာရဘူးလား”

“ ဟာ လိုက္နာရတာေပါ့… ခင္ဗ်ားက်ဳပ္ကိုဘာခိုင္းခ်င္လဲေျပာ… “

“ အခုေတာ့မခိုင္းေသးပါဘူး… ညဦးပိုင္းေရာက္ရင္ေတာ့ လုပ္ခိုင္းစရာတစ္ခုရွိတယ္”

“ စိတ္ခ် စိတ္ခ် က်ဳပ္ဒီနားမွာပဲေနမယ္… သမထတက္တဲ့နည္းမေျပာမခ်င္းဘယ္မွမသြားဘူး”

ေအာင္ျမတ္သာလဲ တာလေပါရဲ႕အမူအရာကိုၾကည့္ၿပီး အနည္းငယ္ၿပဳံးလိုက္မိတယ္။

“ ေပ်ာက္ေနတဲ့လူရဲ႕ဖိနပ္က်ဳပ္ကိုေပးဦး… “

“ ဟုတ္သား က်ဳပ္ကိုယူခိုင္းတာ ေပးဖို႔ေမ့ေနျပန္ၿပီ”

တာလေပါက ဖိနပ္ကိုေအာင္ျမတ္သာဆီကမ္းေပးလိုက္ၿပီး အသုဘပို႔တဲ့လူေတြနားေနဖို႔ ေဆာက္ထားေပးတဲ့ဇရပ္ဆီကိုထြက္သြားခဲ့တယ္။
++++++++

“ ဆရာ ဒီလူပုံစံၾကည့္ရတာ ထူးရင္ထူး မထူးရင္႐ူးမယ့္ပုံပဲ”

“ မဟုတ္ဘူးသက္ခိုင္ ဒီလူက ေသခ်ာေပါက္ကို ထူးမယ့္သူပဲ”

“ ဗ်ာ ဒီလူက ထူးမယ့္သူ ဟုတ္လားဆရာ…”

“ ဟုတ္တယ္ ေတာက္ရ… သူ႔ေျပာပုံဆိုပုံ အျပဳအမူေတြက ကပ်က္ကေခ်ာ္ႏိုင္ေနေပမယ့္ သမထေလ့က်င့္တဲ့နည္းကို ေသခ်ာသင္ၾကားေပးရင္ ခဏေလးအတြင္း ထူးမယ့္လူမ်ိဳးပဲ”

“ ဒါဆို ဒီဖိနပ္က ဘာလုပ္ဖို႔လဲဆရာ”

“ ေျခရာေကာက္အတတ္ကိုသုံးၿပီး ေပ်ာက္ေနတဲ့လူကို ကယ္တင္ဖို႔ေလ…ဒီတစ္ခါေတာ့ မင္းတို႔ႏွစ္ေယာက္လုံး ဇရပ္မွာပဲေနခဲ့ၾက”

“ ဟာ .. ဆရာတစ္ေယာက္ထဲျဖစ္ပါ့မလား”

“ ငါတစ္ေယာက္ထဲမဟုတ္ပါဘူး… ေနာက္တစ္ေယာက္ပါဦးမယ္”

“ ေနာက္တစ္ေယာက္ကဘယ္သူမ်ားလဲဆရာ”

“ တာလေပါကို ဒီည ေခၚသြားမယ္… အခုေတာ့ ဘာမွထပ္မေမးပဲ ေပ်ာက္ေနတဲ့လူကိုရွာဖို႔ လုပ္ၾကရေအာင္”

ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္နဲ႔ ေတာက္ရတို႔ဘာမွဆက္မေျပာေတာ့ပဲ ဖိနပ္ကိုယူကာ

“ ဆရာက ဖိနပ္ကို ရေအာင္ယူခိုင္းတယ္ဆိုေတာ့ ေျခရာေကာက္အင္းကိုသုံးမလို႔ထင္တယ္”

“ ဟုတ္တယ္ ေျခရာေကာက္အင္းဆီကေနထြက္လာတဲ့ ပုံရိပ္ေတြက ေပ်ာက္ေနတဲ့လူဆီကိုေခၚသြားလိမ့္မယ္… ညေန ေနဝင္တာနဲ႔ အင္းကြက္စေဖာ္ၾကစို႔”

“ ဟုတ္ကဲ့ဆရာ”

သက္ခိုင္တို႔လဲ ေျခရာေကာက္အင္းမွာပါတဲ့ အရန္အင္းကြက္ေတြကို ေရးဆြဲကာအသင့္ျပင္ထားလိုက္ၾကတယ္။

ညေနေစာင္းေတာ့ ေအာင္ျမတ္သာက တစ္ေတာင္ခန္႔ရွိတဲ့ ဆီစိမ္စကၠဴကို ေတာင္နဲ႔ေျမာက္အေနအထားျဖန္႔ခင္းၿပီး ဆင္စြယ္နဲ႔လုပ္ထားတဲ့ကညစ္တံကိုထုတ္ကာ စမအကၡရာေတြကိုေရးဆြဲပါေလေရာ။ အတန္ၾကာေရးဆြဲၿပီးတဲ့အခ်ိန္မွာေတာ့

“ဒီအင္းက ေသာႏုတၱရမုဆိုး ဆႏၵန္ဆင္မင္းေနာက္ကိုလိုက္ခဲ့စဥ္က က်င့္ႀကံခဲ့တဲ့နည္းကိုအေျခခံၿပီးေရးဆြဲထားတာပဲ… အခု ဖိနပ္ကို အင္းကြက္အလယ္ကလြတ္ေနတဲ့ေနရာမွာထည့္လိုက္”

သက္ခိုင္လဲ ဖိနပ္ကို အင္းကြက္အလယ္မွာထည့္လိုက္တဲ့အခ်ိန္ ေအာင္ျမတ္သာက ဂါထာတစ္ခုကို ၃၇အုပ္႐ြတ္ကာ အင္းကိုအသက္သြင္းပါေလေရာ။

ဂါထာေၾကာင့္အသက္ဝင္သြားတဲ့ အင္းကြက္ေတြအလယ္မွာရွိတဲ့ဖိနပ္ေပၚကေန မီးခိုးေရာင္ေျခရာတစ္ခုထြက္လာၿပီး ေလေပၚမွာၿငိမ္သက္ေနခဲ့တယ္။

“ ထူးဆန္းလိုက္တာ… ဖိနပ္ကေန ေျခေထာက္ပုံမီးခိုးထြက္လာပါလား”

ေအာင္ျမတ္သာတို႔လဲအသံၾကားရာၾကည့္လိုက္ေတာ့ မ်က္လုံးအျပဴးသားနဲ႔ အံ့ဩေနတဲ့ တာလေပါကိုျမင္လိုက္ရတယ္။

“ ဆရာ သူကဒီပုံရိပ္ကိုျမင္ေနပါလား”

ေတာက္ရ စကားကို ေအာင္ျမတ္သာက ဘာမွျပန္မေျပာပဲ တာလေပါကိုလက္ယက္ေခၚကာ

“ မင္းနဲ႔ငါ ဒီေျခေထာက္ပုံအေနာက္ကိုလိုက္ရမယ္…ဘယ္လိုလဲလိုက္ရဲလား”

“လိုက္ရင္ သမထတက္ေအာင္ သင္ေပးမွာလား”

“ ေသခ်ာတာေပါ့ … ဒီည ငါတို႔လုပ္ရမယ့္ကိစၥေအာင္ျမင္တာနဲ႔ မင္းအရမ္းလိုခ်င္ေနတဲ့ နည္းကိုသင္ေပးမယ္”

“ ဒါဆိုလိုက္မယ္ဗ်ာ… အခုဘယ္ကိုသြားမွာလဲ”

“ ငါတို႔က ေျခေထာက္ပုံအေနာက္ကိုလိုက္သြား႐ုံပဲ… တစ္ခုေတာ့ရွိတယ္.. ဒီခရီးမွာ မင္းက င့ါစကားကို တစ္ေသြမတိမ္းလိုက္နာဖို႔ေတာ့လိုမယ္”

ေအာင္ျမတ္သာစကားအဆုံးမွာ တာလေပါက ရင္ဘတ္ကိုပုတ္ျပၿပီး

“ စိတ္ခ်ပါ က်ဳပ္က ခင္ဗ်ားေျပာတဲ့အတိုင္းလုပ္မွာ”

“ဒါျဖင့္ ေျခရာေကာက္အင္းေနာက္ကိုလိုက္ၾကတာေပါ့”

ေအာင္ျမတ္သာစကားအဆုံးမွာ မီးခိုးေငြ႕လိုျဖစ္ေနတဲ့ေျခရာက အေရွ႕ဘက္စူးစူးကိုေ႐ြ႕လ်ားသြားခဲ့တယ္။

တာလေပါကလဲ ေအာင္ျမတ္သာရဲ႕လႈပ္ရွားမႈအတိုင္း တစ္ထပ္ထဲတူေအာင္လုပ္ၿပီး အေနာက္ကေနလိုက္ပါလာခဲ့တယ္။ ညအေမွာင္ထဲမွာ မီးတုတ္မပါပဲသြားေနေပမယ့္ လမ္းကိုေကာင္းစြာျမင္ေနရတာကို တာလေပါသတိထားမိခဲ့တယ္။ ဒါေပမယ့္ မခိုင္းပဲဘာမွမလုပ္ရဘူးလို႔မွာထားတဲ့အတြက္ သိခ်င္စိတ္ကိုၿမိဳသိပ္ကာ အေနာက္ကေနထပ္ခ်ပ္မကြာလိုက္ပါလာခဲ့တယ္။

ေအာင္ျမတ္သာတို႔ ေျခေထာက္ပုံရိပ္ေနာက္ကို တစ္နာရီနီးပါးေလာက္လိုက္ၿပီးတဲ့အခ်ိန္မွာေတာ့ ဆိုင္းသံဗုံသံနဲ႔အတူ မီးအလင္းေရာင္အခ်ိဳ႕ကိုျမင္လိုက္ရတယ္။

“ တာလေပါ.. ဒီကေနစၿပီး ဘယ္သူပဲစကားလာေျပာေျပာ ျပန္မေျပာမိေစနဲ႔… မင္းတာဝန္က ေတာက္ထြန္းကိုေတြ႕တာနဲ႔ သူ႔ရဲ႕နား႐ြက္ကိုမလြတ္တမ္းဆြဲၿပီး လာရာလမ္းအတိုင္းေျပးေပေတာ့… ဘာသံၾကားၾကား လုံးဝအေနာက္ကိုလွည့္မၾကည့္နဲ႔ ၾကားလား”

ေအာင္ျမတ္သာစကားေၾကာင့္ တာလေပါက ပါးစပ္ကိုလက္နဲ႔အုပ္ကာ ေခါင္းညိမ့္ျပၿပီး အေရွ႕မွာရွိတဲ့ ပြဲခင္းထဲကို ဆက္သြားခဲ့ၾကတယ္။ ေအာင္ျမတ္သာတို႔ပြဲခင္းအစပ္ကိုေရာက္တာနဲ႔ ဆိုင္းသံဗုံသံေတြအျပင္ ကေလးငယ္ေတြေဆာ့ကစားသံ၊ လူေတြစကားေျပာသံေတြက ႐ုတ္ခ်ည္းတိတ္ဆိတ္သြားခဲ့တယ္။

ပြဲခင္းထဲမွာရွိေနတဲ့လူေတြအားလုံးက မတိုင္ပင္ထားပဲေအာင္ျမတ္သာတို႔ရွိတဲ့ဘက္ကိုေခါင္းလွည့္ၾကည့္ေပမယ့္ ေယာက်ၤားတစ္ေယာက္ကေတာ့ လွည့္မၾကည့္ပဲ ပြဲၾကည့္စင္ကိုသာ ေငးေမာေနတာျမင္လိုက္ရတယ္။

“ ငါတို႔ကိုလွည့္မၾကည့္တဲ့သူကို ေခၚၿပီးေျပးေတာ့”

ေအာင္ျမတ္သာစကားအဆုံးမွာ တာလေပါက ပြဲခင္းထဲမွာေငးေနတဲ့သူရဲ႕နား႐ြက္ကိုဆြဲကာေျပးပါေလေရာ။ တာလေပါရဲ႕႐ုတ္ခ်ည္းအျပဳအမူေၾကာင့္ ပြဲခင္းထဲမွာရွိတဲ့လူေတြအကုန္အံ့အားသင့္ေနရာေနရာကေန သတိဝင္လာၿပီး အေနာက္ကလိုက္ဖို႔ထလိုက္တဲ့အခ်ိန္ ေအာင္ျမတ္သာကအေရွ႕ကေန ဝင္ရပ္ၿပီး ျမင္ကြင္းအားလုံးကို လက္ဝါးနဲ႔သပ္ခ်လိုက္ရာ စည္ကားေနတဲ့ပြဲခင္းပုံစံကေန မီးေလာင္ထားတဲ့ အိမ္ငုတ္တိုေတြအျဖစ္ေျပာင္းသြားခဲ့တယ္။

ဝတ္ေကာင္းစားလွေတြဝတ္ထားတဲ့သူေတြကလဲ မီးေလာင္ဖုေတြနဲ႔ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတဲ့ နာနာဘာဝေတြအျဖစ္ေျပာင္းသြားၿပီး ေအာင္ျမတ္သာအနားကို စုၿပဳံေရာက္လာခဲ့တယ္။

“ လက္စသတ္ေတာ့ ဒင္းတို႔က က်တ္သူေယာင္ေတြပါလား”

ေအာင္ျမတ္သာက တီးတိုးေရ႐ြတ္ၿပီး ေျမႀကီးကို လက္ညိဳးထိပ္နဲ႔စည္းဝိုင္းထားလိုက္တယ္။
(မွတ္ခ်က္။ ေ႐ႊရင္ေက်ာ္ဆရာမ်ားသည္ လက္ညိဳးထိပ္တြင္ပညာသိမ္းၿပီး ၊အင္းေတာ္ႀကီးဂိုဏ္း(အမည္လႊဲ)ဝင္ေတြကေတာ့ လက္ဆယ္ေခ်ာင္းလုံးတြင္ပညာသိမ္းပါသည္)

က်တ္သူေယာင္ေတြလဲ ေအာင္ျမတ္သာအနားကိုကပ္မရတဲ့တိုင္ ဇြဲမေလ်ာ့ပဲ စည္းဝိုင္းပတ္ပတ္လည္မွာထြက္ေပၚမရွိေအာင္ ဝန္းရံထားခဲ့ၾကတယ္။

“ က်တ္သူေယာင္ေတြ က်ဳပ္က သင္တို႔ဖ်ားေယာင္းထားတဲ့လူကိုလာေခၚ႐ုံသက္သက္ပါပဲ… သင္တို႔ကိုလဲ ဒုကၡမေပးခ်င္သလို ထိခိုက္နာက်င္ေအာင္လဲမလုပ္လိုပါ…ဒါေၾကာင့္ က်ဳပ္အနားကေနထြက္သြားၾကဖို႔ေမတၱာရပ္ခံပါတယ္”

ေအာင္ျမတ္သာစကားအဆုံးမွာ ဝိုင္းထားတဲ့ နာနာဘာဝေတြထဲကေန မီးေလာင္ေနတဲ့ဆံပင္ကို လက္နဲ႔ထုံးရင္း ထြက္လာတဲ့ မိန္းမတစ္ေယာက္က

“ နင္က ငါတို႔ေနရာကိုလာၿပီး အမိန္႔လာေပးေနပါလား… ဒီေနရာက ငါတို႔အိမ္၊ ငါတို႔ကဒီမွာေမြးၿပီး ဒီမွာပဲေသခဲ့ၾကတာ..ဒီေတာ့နင့္အမိန္႔ကို ငါတို႔မလိုက္နာဘူး… နင္လဲစည္းထဲကထြက္မရပဲေသေစရမယ္ေဟ့” လို႔ႀကိမ္းဝါးေျပာဆိုခဲ့တယ္။

ေအာင္ျမတ္သာလဲ သုံးႀကိမ္တိတိေမတၱာရပ္ခံေပမယ့္ မရတဲ့အဆုံး ဂိုဏ္းရဲ႕ေအာက္ဆုံးနတ္ျဖစ္တဲ့ သရဝယကၡနဲ႔ ဗနတၱယကၡႏွစ္ပါးကိုအမိန္႔ျပန္ကာေခၚေစၿပီး ဆုံးမေစခဲ့တယ္။

က်တ္သူေယာင္ေတြလဲ အစြယ္တစ္ေဖြးေဖြး၊ အေမႊးစုတ္ဖြားနဲ႔ေၾကာက္မက္ဖြယ္ယကၡညီေနာင္ရဲ႕ ထုေထာင္း႐ိုက္ႏွက္တဲ့ဒဏ္ကိုမခံႏိုင္ပဲ ေျခဦးတည့္ရာထြက္ေျပးၾကပါေလေရာ။

“ မီးေလာင္ေနတဲ့ဆံထုံးနဲ႔မိန္းမကို ဖမ္းၿပီးေခၚလာေစ”

ေအာင္ျမတ္သာစကားအဆုံးမွာ ယကၡညီေနာင္က မီးေလာင္ျပင္ထဲကိုဝင္ေျပးဖို႔ႀကိဳးစားေနတဲ့ ဆံထုံးနဲ႔မိန္းမကို လိုက္ဖမ္းကာတ႐ြတ္တိုက္ေခၚေဆာင္လာခဲ့တယ္။

“ သင္က ေဆးဆရာရဲ႕သားကို ေသြးေဆာင္ဖမ္းေခၚလာတဲ့သူလား”

မ်က္ႏွာတစ္ခုလုံး အသားနီေတြလန္ၿပီး ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတဲ့မိန္းမက

“ သူ႔အေဖက ငါ့သမီးကို ေဆးေသခ်ာမကုေပးလို႔ သြားေျပာတာ သူကငါ့ေယာက်ၤားကိုပါသတ္လိုက္တာေလ..ဒါေၾကာင့္ သူ႔ကိုသတ္ဖို႔ ႐ြာထဲကိုေခၚလာခဲ့တာ”

“ အိမ္း သင္တို႔ရဲ႕ခံစားခ်က္ကိုနားလည္ေပမယ့္ က်တ္သူေယာင္ေတြဆိုတာ လူေတြေနတဲ့အရပ္ကိုသြားမရဘူးေလ.. သင္တို႔က သြားေတာ့ အခုလိုမလိုလားအပ္တဲ့ျပႆနာေတြျဖစ္လာတာေပါ့”

ေအာင္ျမတ္သာစကားကို အေရွ႕မွာပဆစ္တုပ္ထိုင္ေနတဲ့မိန္းမက ဘာမွျပန္မေျပာပဲ ေခါင္းငိုက္စိုက္ကာ ေနေနခဲ့တယ္။

“ ကဲကဲ သင္တို႔လဲ ေနာက္တစ္ခါ လူေတြေနတဲ့အရပ္ကိုမသြားနဲ႔ၾကားလား… သင္တို႔ေနတဲ့အရပ္ကို လူေတြမေတာ္တဆေရာက္လာခဲ့ရင္လဲ ေၾကာက္လန္႔႐ုံသာ ေျခာက္လန္႔ၾက… အခုသင္တို႔က်ဴးလြန္တဲ့အျပစ္ကို စတုမဟာရာဇ္နတ္ေတြသိသြားရင္ ဘာျဖစ္မလဲသိလား”

“ သိ …သိပါတယ္…”

“ ေအး သိတယ္ဆိုရင္ ေနာက္မလုပ္မိေစနဲ႔ .. ယကၡညီေနာင္လဲ သူ႔ကိုလႊတ္ေပးၿပီး မိမိေနထိုင္ရာဘုံနန္းကိုျပန္ႂကြၾကပါ”

ေအာင္ျမတ္သာစကားအဆုံးမွာ က်တ္သူေယာင္မိန္းမေဘးမွာရပ္ေနတဲ့ ယကၡညီေနာင္ေပ်ာက္ကြယ္သြားခဲ့တယ္။

“ သင္လဲ ကိုယ့္ေနရာကိုယ္ျပန္ေတာ့… ေနာက္ဒီလိုအမွားမ်ိဳးထပ္မလုပ္နဲ႔”

က်တ္သူေယာင္မိန္းမလဲ ေအာင္ျမတ္သာအေရွ႕ကေန ေခါင္းငုံ႔ထြက္သြားၿပီး မီးေလာင္ထားတဲ့အိမ္ငုတ္တိုေတြၾကားထဲဝင္ေရာက္ေပ်ာက္ကြယ္သြားခဲ့တယ္။
+++++++++

“ေတာက္ထြန္းကို တာလေပါကယ္ခဲ့တယ္”ဆိုတဲ့သတင္းက ေနထန္းတစ္ဖ်ားမေရာက္ခင္မွာပဲ တစ္႐ြာလုံးပ်ံ႕သြားခဲ့တယ္။

“ ကြၽန္ေတာ္ ထန္းေတာထဲသြားေတာ့ လမ္းမွာ မိန္းမတစ္ေယာက္ကိုေတြ႕ခဲ့တယ္၊ ဆံပင္ေတြက ဒူးဆစ္ေလာက္ထိရွည္ေနၿပီး အေတာ္ကိုေခ်ာတယ္ဗ်ာ၊ ကြၽန္ေတာ္လဲ သူ႔ကိုေငးၾကည့္မိတဲ့အခ်ိန္ထိပဲသတိရတယ္၊ အဲဒီေနာက္ပိုင္း အိမ္မက္လိုလိုတကယ္လိုလိုျဖစ္ေနခဲ့တာ၊ တာလေပါက ကြၽန္ေတာ္နား႐ြက္ကိုလာဆြဲတဲ့အခ်ိန္မွသတိရၿပီး ထြက္ေျပးလာခဲ့တာ”

ေတာက္ထြန္းစကားကိုနားေထာင္ေနတဲ့ လူႀကီးလူငယ္ေတြက
“ မင္းကို မေကာင္းတဲ့နာနာဘာဝေတြ ေသြးေဆာင္ခဲ့တာေပါ့… မေသေကာင္းမေပ်ာက္ေကာင္း ေတာက္ထြန္းရာ”

“ ဟုတ္တယ္ဗ် ကြၽန္ေတာ္အသက္က တာလေပါ ေပးတဲ့အသက္ပဲရွိပါေတာ့တယ္”

“ ဒါနဲ႔ တာလေပါ တစ္ေယာက္မေတြ႕မိပါလား”

“ ေတာက္ထြန္းကိုေခၚလာၿပီးထဲက မေတြ႕ေတာ့တာ … ဘယ္မ်ားသြားေနပါလိမ့္”

႐ြာသားေတြေရာ ေတာက္ထြန္းပါ တာလေပါကို လိုက္ရွာခဲ့ၾကေပမယ့္ အစနပင္မေတြ႕ျဖစ္ခဲ့ရတယ္။
+++++++++++

လူေျခတိတ္ဆိတ္ေနတဲ့ ေစတီပ်က္တစ္ခုမွာေတာ့ ေအာင္ျမတ္သာ၊ သက္ခိုင္၊ ေတာက္ရတို႔အျပင္ စိပ္ပုတီးကို လည္ပင္းမွာဆြဲထားတဲ့ တာလေပါတို႔ရွိေနခဲ့တယ္။

“ ပုတီးစိပ္တဲ့အခါ မင္းရဲ႕စိတ္က ပုတီးလုံးေတြအေပၚမွာပဲရွိေနရမယ္… တစ္ဖက္ကဆြဲတယ္.. တစ္ဖက္ကခ်တယ္ .. စိတ္ကအဲဒီမွာမရွိပဲ အျခားေနရာေရာက္သြားတာနဲ႔ အစကျပန္စ…ဒီနည္းအတိုင္းက်င့္လို႔ ၁၈ပတ္တိတိ စိတ္ကဘယ္မွမေရာက္ဘူးဆိုရင္ မင္းသမထတက္ၿပီ”

“ အဲလိုလား က်ဳပ္က ပုတီးစိပ္တဲ့အခါ ျမင္ရၾကားရတဲ့ေနာက္ကိုလိုက္သြားတာပဲ”

“ အျမင္အၾကားေတြေနာက္ကိုလိုက္ရင္ ႐ူးသြားတတ္တယ္.. ဒါေၾကာင့္ ဘာပဲျမင္ျမင္ ဘာပဲၾကားၾကား လုံးဝျဖတ္ခ်… ဒီအဓိဌာန္၁၈ပတ္ေအာင္တဲ့ေန႔ မင္းသမထ တက္တဲ့ေန႔ပဲ”

“ ဟုတ္ပီ က်ဳပ္ ႀကိဳးစားမယ္…. က်ဳပ္သမထတက္တဲ့အခ်ိန္ထိ ရွိေနေပးမယ္မဟုတ္လား”

တာလေပါစကားကို ေအာင္ျမတ္သာက ဘာမွျပန္မေျပာပဲ ၿပဳံးၿပီးၾကည့္ေနခဲ့တယ္။

မၾကာမီ ေစတီပ်က္အေပၚမွာ တာလေပါရဲ႕ ပုတီးစိပ္သံတစ္ေဂ်ာက္ေဂ်ာက္ထြက္ေပၚလာခဲ့သလို ေစတီေအာက္ေျခမွာလဲ ေအာင္ျမတ္သာတို႔ရဲ႕ေျခသံကတစ္ရွပ္ရွပ္ထြက္ေပၚလာခဲ့တယ္။
+++++++++

“ ဆရာက တာလေပါကို ေခၚသြားတဲ့အေၾကာင္းရင္းကို ကြၽန္ေတာ္သိၿပီ”

လမ္းေလ်ာက္ေနရင္းေျပာလိုက္တဲ့ ေတာက္ရအသံေၾကာင့္ ေအာင္ျမတ္သာက အေနာက္လွည့္ၾကည့္ရင္း

“ ဘယ္လိုသိတာလဲေျပာပါဦး”

“ တာလေပါက သာမန္လူမဟုတ္ဘူးဆိုတဲ့အခ်က္ရယ္… အခ်ိန္တန္ရင္႐ြာကိုျပန္သြားႏိုင္တယ္ဆိုတဲ့အခ်က္ကိုတြဲၿပီးစဥ္းစားလိုက္ရင္ ဆရာက သူ႔ကို႐ြာခံလူေတြ ေလးစားေအာင္ တမင္တကာဆြဲထည့္လိုက္တယ္လို႔ပဲျမင္တယ္”

ေတာက္ရစကားကို ေအာင္ျမတ္သာက မွန္တယ္လဲမေျပာ မွားတယ္လဲမေျပာပဲ ႏွစ္ၿခိဳက္စြာၿပဳံးရင္းဆက္ထြက္သြားခဲ့တယ္။

ေအာင္ျမတ္သာတို႔ ေစတီပ်က္ကေနထြက္လာၿပီးေနာက္ပိုင္း ႏြယ္ခ်ိဳပင္ေတြေပါမ်ားတဲ့ ပန္းႏြယ္႐ြာကိုေရာက္လာခဲ့တယ္။

ပန္းႏြယ္႐ြာရဲ႕အေနာက္ဘက္ေခ်ာင္းထဲကေန မထင္မွတ္ပဲရလာတဲ့ ေက်ာက္လက္ဝါးတစ္ခု၊ ဒီအရာေၾကာင့္ ႐ြာမွာ ဘယ္လိုျဖစ္ရပ္ဆန္းေတြေပၚေပါက္လာမလဲ၊ ကြၽန္ေတာ္တို႔ရဲ႕ဇာတ္လိုက္ေက်ာ္ဆရာတပည့္ေတြက ဘယ္လိုကူညီေပးၾကမလဲဆိုတာကိုေတာ့ “ေအာင္ျမတ္သာႏွင့္ ေမွာ္ေက်ာက္လက္ဝါး”ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦးဗ်ာ။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

#ညမဖတ္ရ See less

No comments

Post a Comment