ရုက္ခစိုးကြီးဘိုးဒီပ(စ/ဆုံး)

  ရုက္ခစိုးကြီးဘိုးဒီပ(စ/ဆုံး) —————————— တခုသော နံနက်ခင်းအချိန်တွင် သောင်ထွန်းရွာ၌ငိုယိုသံများ ဆူညံကာထွက်ပေါ်လာခဲ့သည်။ ထိုငိုသံများအား ကြား... thumbnail 1 summary

 ရုက္ခစိုးကြီးဘိုးဒီပ(စ/ဆုံး)

——————————
တခုသော နံနက်ခင်းအချိန်တွင်
သောင်ထွန်းရွာ၌ငိုယိုသံများ
ဆူညံကာထွက်ပေါ်လာခဲ့သည်။
ထိုငိုသံများအား ကြားရသူအပေါင်းမှာလည်း
စိတ်မကောင်းဖြစ်ကြရသလို…
မျက်ရည်များပင်အဝိုင်းသားဖြင့် ရှိနေကြရ၏။
“အမယ်လေး ငါ့သားရဲ…ဖြစ်မှဖြစ်ရပါ့…
ဟီးးးးအီးးးးအီးးးးးးးးး……..”
အမျိုးသမီးကြီးသည် သူ၏အသက်ဆယ်နှစ်ကျော်အရွယ်
သားငယ်ဖြစ်သူ၏ရုပ်အလောင်းကိုကြည့်၍ရှိုက်ကြီးတငင်ငို
ကြွေးနေခဲ့သည်။
အနီး၌ထိုအမျိုးသမီးကြီးကိုဖေးကူနေကြသော
အမျိုးသမီးကြီးသုံးဦးမှာလည်းမျက်ရည်များအဝိုင်းသား…။
တချို့မှာလည်း ရှိုက်၍ရှိုက်၍ငိုနေကြပြန်သည်။
ဖျာကြမ်းခင်းထားသော လူကြီးများထိုင်နေကြသည့်
နေရာ၌ အမျိုးသားကြီးတစ်ဦးသည် မျက်လုံးများနီထွေး၍
ဝမ်းနည်းနေသည်။
အစောပိုင်း၌ငိုထားဟန်တူ၏။
သို့သော် လာသမျှဧည့်သည်များကို စကားပြောနေရသော
ထိုအမျိုးသားကြီးမှာ သေသူ၏ဖခင်ဖြစ်ချေသည်။
ဘွားမယ်စိန်နှင့်သူကြီးဦးနောင်ချိုတို့လူကြီးပိုင်းများသည်လည်း ဖျာကြမ်းခင်းထားသောစားပွဲဝိုင်း၌ ထိုင်နေခဲ့ကြသည်။
“ဘယ်လိုများဖြစ်ရတာလဲ…ဖိုးမောင်ရာ…”
ဟု…သူကြီးဦးနောင်ချိုသည် သေဆုံးသူ၏ဖခင်ကိုဖိုးမောင်
မေးလေသောအခါ…ကိုဖိုးမောင်သည်
သူ၏နှာကိုတချက်ရှုံ့လိုက်ပြီး…
“ဒီကလေးဗျာ…ညောင်ပင်အနားမှာ
ဘာအမှားလုပ်မိတယ်မသိပါဘူး…”
ဟုပြောရင်းကျဆင်းလာသော မျက်ရည်များကို
ပုဆိုးဖြင့်ခပ်ကြမ်းကြမ်းသုတ်ဖယ်လိုက်သည်။
ကိုဖိုးမောင်နှင့်မခင်ချိုတို့လင်မယား၌ သားတယောက်
သမီးတယောက်ရှိကြသည်။
ယခုသေဆုံးသော သားဖြစ်သူမှာ အကြီးဖြစ်၏။
သူကြီးဦးနောင်ချိုတို့ကလည်း ကိုဖိုးမောင်တို့
လင်မယားအတွက် စိတ်မကောင်းဖြစ်နေကြရှာသည်။
ကိုဖိုးမောင်ကဆက်ပြီး…
“ညနေပိုင်း ကလေးတွေနဲ့ သွားဆော့ပြီးအပြန်
အဲ့ညောင်ပင်နားမှာပိုးထိတော့တာပဲ…
ကျုပ်တို့လည်းသိတာနဲ့ချက်ချင်းဆေးဆရာဆီသွားတာပဲသူကြီးရာ…ကျုပ်သားလေး ကံမကောင်းရှာဘူး…
ဆေးဆရာကဘာမှတောင်မလုပ်ရသေးဘူးဗျာ…
ကျုပ်သားလေး………..”
ဟုသာပြောရင်း မျက်ရည်များကျဆင်းလာရှာသည်။
မခင်ချိုမှာလည်း ဘေး၌ထိန်းသူများကြားမှ
ရှိုက်ကြီးတငင်ဖြင့် အော်ကာ ဟစ်ကာ.ငိုကြွေးနေလေသည်။
နံဘေးရှိဆွေမျိုးများမှာလည်းသေသူ၏
ရုပ်အလောင်းကိုကြည့်၍ ငိုကြွေးနေကြသံများက
ဆူညံလို့နေတော့၏။
“ဘွား…ကျုပ်ဒီရုက္ခစိုးကို မကျေနပ်ဘူးဗျာ……”
ကိုဖိုးမောင်သည် ဘွားမယ်စိန်ကိုကြည့်၍ပြောလေသည်။
ဘွားမယ်စိန်မှမပြောသေးခင် သူကြီးဦးနောင်ချိုမှ…
“ဟ…တောင်ပိုင်းက ညောင်ပင်က
ဘာလို့ပါလာရတာလဲ ဖိုးမောင်…”
ဟုမေးလေတော် ကိုဖိုးမောင်သည်…
“ကျုပ်သားသူငယ်ချင်း ငပေကပြောတယ်…
ကျုပ်သားတနေ့ကအဲ့အပင်နားမှာ အပေါ့ မထိန်းနိုင်တာနဲ့
စွန့်ခဲ့မိတယ်ပြောတယ်…တကယ်ဆိုဗျာ…ကလေးတွေကို
ဒီလောက်ထိတော့မလုပ်သင့်ပါဘူးဗျာ…”
ကိုဖိုးမောင်၏အဖြေကြောင့် သူကြီးဦးနောင်ချိုတို့မှာ
ဘွားမယ်စိန်ကိုကြည့်မိကြတော့သည်။
ဘွားမယ်စိန်သည်က တည်ငြိမ်စွာဖြင့် ရေနွေးပန်းကန်းလုံးအတွင်းမှ လက်ကျန်ရေနွေးများကိုမော့သောက်နေ၏။
ပြီးလေမှ ကိုဖိုးမောင်ကိုကြည့်၍…
“ကလေးရဲ့အသုဘကိုသာသေချာလုပ်ပေးလိုက်ပါကွယ်…
ကျန်ကိစ္စကဘွားကိုယ်တိုင်ဖြေရှင်းပေးပါ့မယ်…
ဒါပေမယ့်တစ်ခုတော့ပြောထားမယ်ကွဲ့…
ဘယ်ကိစ္စကိုမှ ဆုံးဖြတ်ချက်တခု…ထင်မြင်ချက်တခုကိုအလျင်စလိုမချမှတ်လေနဲ့……….”
ဟုသာပြောလိုက်လေတော့ ကိုဖိုးမောင်သည်
ခေါင်းကိုညိတ်၍…
“ဟုတ်ကဲ့ပါဘွား…ကျုပ်တို့…ကျုပ်တို့သားအတွက်
တခုခုတော့လုပ်ပေးပါဗျာ…”
ဟု ထပ်မံတောင်းဆိုလေရာ…
“ဟဲ့…ဖိုးမောင်…ဘွားက ဘာလုပ်ပေးလို့ရမှာလဲကွဲ့…
မောင်ရင်တို့ဘက်ကသာ သေသူ ကလေးရဲ့နောက်ဆုံးခရီးကို
ပြည့်ပြည့်စုံစုံလေးပြင်ဆင်ပေးကြ…ဒါဆိုရပြီလေ…”
ဟု…ပြောလိုက်လေမှ သူကြီးဦးနောင်ချိုသည်
ကိုဖိုးမောင်၏ ပုခုံးအပေါ်လက်လေးတင်ကာအားပေးနှစ်သိမ့်ဟန်ပြု၍…
“ကဲပါဖိုးမောင်ရာ…ဘွားပြောတဲ့အတိုင်းသာ
ပြင်ဆင်စမ်းပါကွာနော့…တို့ဘွားပြောတာကို
တို့တွေအမြဲအလေးထားကြတာပဲ…
မင်းရဲ့သားအတွက်တကယ်သာ ရုက္ခစိုးနတ်ရဲ့ပရောဂပါတယ်ဆိုရင် ဘွားကဘယ်နေမလဲကွာ…
မင်းလည်းစဉ်းစားကြည့်စမ်းပါ”
သူကြီးဦးနောက်ချို၏စကားကိုနံဘေးရှိလူများကပါ
ထောက်ခံကြသည်။
ထိုအခါမှ ကိုဖိုးမောင်လည်း စိတ်ကိုဖြေ၍
နာရေးကိစ္စကိုသာ ဦးဆောင်ကာပြင်ဆင်ရှာတော့သည်။
ကိုဖိုးမောင်တို့၏နာရေးမှပြန်လာသော
ဘွားမယ်စိန်၏အိမ်ဆီသို့
သူကြီးဦးနောင်ချိုနဲ့ဦးဘစီတို့အတူလိုက်ပါလာခဲ့ကြသည်။
မောင်တိုးနဲ့မောင်အုန်းတို့လူငယ်များသည်က
အသုဘအခင်းအကျင်းများကိုကူညီလုပ်ဆောင်ပေးနေကြ၍
ကိုဖိုးမောင်၏အိမ်၌သာကျန်ရစ်ခဲ့ကြ၏။
ဘွားမယ်စိန်၏နေအိမ်သို့ရောက်လေတော့
ကွပ်ပျစ်ခင်း၌ ထိုင်နေကြသော ဒေါ်ဝင်းတို့သားအမိ ကွပ်ပျစ်ပေါ်မှဆင်းပေးကြလေသည်။
“အမေ…ပြန်လာပြီလား…သူကြီးတို့လည်းပါလာတာပဲ…
ကျုပ်ဘာပြင်ပေးရဦးမလဲ”
ဟု…မေးလေတော့ သူကြီးဦးနောင်ချိုမှ…
“အစ်မဝင်းရတယ်ဗျို့…ကျုပ်တို့ကဘွားနဲ့စကားပြောစရာရှိလို့
တခါထဲအတူလိုက်လာခဲ့ကြတာ…”
ဟု…ပြောလေတော့ ဒေါ်ဝင်းသည်
ခေါင်းအထက်သို့
တဘက်လေးတခုတင်လိုက်ပြီး…
“ဒီလိုဆို ထိုင်ကြတော်…ကျုပ်တို့သားအမိ နာရေးအိမ်
ကြက်သွန်သင်သွားကူဦးမယ်…”
“အေး..အေး..သွားကြ…သွားကြ…
လာမောင်နောင်ချိုတို့ကဝင်ထိုင်ကြကွဲ့”
ဘွားမယ်စိန်သည် သူကိုယ်တိုင်လည်း ကွပ်ပျစ်ခင်း၌
ဝင်ထိုင်ရင်းသူကြီးဦးနောင်ချိုတို့ကိုလည်းဝင်ထိုင်စေသည်။
ထို့နောက်…
ကွပ်ပျစ်ပေါ်ရှိအကြမ်းရည်အိုးလေးကိုငှဲ့ကာ
ခွက်များအတွင်းထည့်ပေးရင်း သူကြီးဦးနောင်ချိုမှ…
“ဘွား ဘယ်လိုထင်မြင်မိလဲဗျ…ကျုပ်တော့
ဖိုးမောင်စကားကမဖြစ်နိုင်ဘူးလို့ပဲထင်တယ်…”
“ကျုပ်လည်းသူကြီးအတိုင်းပဲဗျ…ဖိုးမောင်အလကားနေ
ရုက္ခစိုးကို အထင်မှားနေတာပဲဖြစ်ရမယ်…”
ဟု…သူကြီးဦးနောင်ချိုနှင့်ဦးဘစီတို့ပြောကြလေသည်။
ဘွားမယ်စိန်မှာ သူ၏သောက်လက်စ
ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဖွာကာရှိုက်ရင်း…
“အင်း…မောင်ရင်တို့ပြောသလိုပဲ ဘွားလည်းထင်ပါတယ်..
အခုကိစ္စက ရုက္ခစိုးကြီးဘိုးဒီပနဲ့လုံးလုံးမှ
မသက်ဆိုင်လောက်ဘူး”
“ဗျာ…ဘိုးဒီပ…ဘိုးဒီပဆိုတာ ရုက္ခစိုးကြီးနာမည်လားဘွား”
ဟု…မေးကြပြန်လေသောအခါ ဘွားမယ်စိန်သည်
ခေါင်းကိုသာညိတ်ကာပြလိုက်၏။
ပြီးလေမှ…
“မောင်ရင်တို့မသိတာလေးရှိသေးတယ်…
ဘွား ပြောမယ့်အကြောင်းအရာကိုနားထောင်ပြီးရင်တော့
မောင်ဖိုးမောင်ပြောတာ ဟုတ်သလား…
မဟုတ်ပေဘူးလားဆိုတာ မောင်ရင်တို့တွေစဉ်းစားသာကြည့်ပေတော့”
ဘွားမယ်စိန်စကားကြောင့် သူကြီးဦးနောင်ချိုတို့မှာ
အလွန်စိတ်ဝင်စားသွားကြသည်။
ဘွားမယ်စ်န်သည်က
သူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
ဖွာရှိုက်ရင်း အဝေးသို့ငေးမောနေပြန်သည်။
ပြီးလေမှ…
“ဒီလိုကွဲ့…………….”
ဟုအစချီကာပြောပြတော့လေသည်။
********************************
ညအချိန်အခါ၌
လူများနှစ်ခြိုက်စွာအိပ်မောကျနေကြသောသန်းခေါင်ကျော်
လောက်တွင်…
“မယ်စိန်…နှမ……………”
ဟုသောခေါ်သံသည် ဘွားမယ်စိန်နားအတွင်းဝင်ရောက်လာခဲ့တော့၏။
အိပ်ပျော်နေသော ဘွားမယ်စိန်သည်ခေါ်သံကြောင့်
အိပ်ပျော်နေရာမှ မျက်လုံးပွင့်လာခဲ့သည်။
ခေါ်သံသည် အိမ်၏အရှေ့မှဖြစ်တာကြောင့်
ချက်ချင်းအိပ်ရာမှထ၍ အိမ်အရှေ့ဆီသို့သွားလေသည်။
ဘွားမယ်စိန်အိမ်အပေါ်ထပ်တံခါးကိုဖွင့်လိုက်စဉ်
မြင်ရသည်မှာက ဝတ်ဖြူစင်ကြယ်ဝတ်ဆင်ထားသော
အဘိုးအိုတဦးဖြစ်နေခဲ့၏။
မိမိအားအမည်ခေါ်သော ထိုအဘိုးအိုကို
ဘွားမယ်စိန်အကဲခတ်နေစဉ် အဘိုးအိုမှ…
“မယ်စိန်…နှမ…ကျုပ်က
တောင်ပိုင်းညောင်ပင်မှာနေတဲ့ရုက္ခစိုးပါကွဲ့…”
ဟုပြောလေတော့ ဘွားမယ်စိန်သည်…
“အလို…ရုက္ခစိုးနတ်ကြီးက မယ်စိန်ကိုသိလေသလား”
ဟု…မေးလိုက်ပြန်သည်။
“သိတာပေါ့ကွယ်…အခုလာတာကလည်း
ချစ်နှမဆီကို ကျုပ်အကူအညီလေးတောင်းချင်လို့ပါ…”
“ဘာများလဲတော်…”
ရုက္ခစိုးအဘိုးအိုသည် ဘွားမယ်စိန်ကို
“ကျုပ်…နေတဲ့ညောင်ပင်နားမှာ
ဟောသည်ရွာကလူတွေ အညစ်အကြေးတွေလာလာစွန့်ကြတယ်…တခါတရံဆိုကျုပ်နားလည်နိုင်ပေမယ့်…
နေ့ရှိသ၍ ကြုံတွေ့နေရတော့ မသင့်တော်လို့ပါနှမရယ်…”
“သြော်…ဟုတ်ပြီလေ ဒီကိစ္စကို ကျွန်မဘက်က
ကူညီပေးပါ့မယ်…ဒါနဲ့ ရုက္ခစိုးကြီးနာမည်ကဘယ်လိုခေါ်သလဲ”
“ကျုပ်နာမည်က ဘိုးဒီပ ပါ…”
“ကောင်းပါပြီဘိုးဒီပ…ဘိုးဒီပအတွက် ကျုပ်ကူညီပေးမှာမို့
စိတ်ဖြောင့်ဖြောင့်နဲ့သာ လာရာကိုပြန်ပါ…”
“ကျေးဇူးတင်ပါတယ်ကွယ်…”
ရာက္ခစိုးနတ်ဘိုးဒီပလည်းလိုတာကိုရ၍ ပျောက်ကွယ်သွားတော့သည်။
နောက်တစ်ရက်၌ ရွာသူကြီးဦးနောင်ချိုတို့ကိုခေါ်ယူပြီး…
“ဘွားတို့ရွာတောင်ပိုင်းမှာ
ညောင်ပင်ရှိတာသိကြတယ်မဟုတ်လားကွဲ့”
“ဟုတ်ကဲ့သိပါတယ်ဘွား”
“အေး…အဲ့သည်ညောင်ပင်မှာ ရုက္ခစိုးနတ်ရှိတယ်ကွဲ့….
ဒါကြောင့် မောင်ရင်တို့ကို ညောင်ပင်ကိုစည်းခတ်ပြီး
ရုက္ခစိုးနတ်ကွန်းလေးပြင်ဆင်ပေးစေချင်တယ်…
နောက်ပြီး အဲ့သည်ညောင်ပင်နားမှာ
အပေါ့အပါးသွားတာကအစ မကြလုပ်ဖို့
ရွာသူ၊ရွာသားတွေကို သတိပေးပါဦးကွယ်…”
“ဘွားလုပ်စေချင်တာ ကျုပ်တို့လုပ်ပေးမှာပေါ့ဘွားရယ်…
စိတ်ချဗျာ…ကျုပ်ရွာကလူတွေကို သေချာပြောပေးပါ့မယ်…”
ထိုသို့ဖြင့် သူကြီးဦးနောင်ချိုတို့လူစုသည်
ဘွားမယ်စိန်ပြောသည့်အတိုင်းပြင်ဆင်ပေးကြတော့သည်။
ရွာမှလူများကိုလည်းအပေါ့အပါးမသွားစေဖို့
တားမြစ်ထားတော့၏။
ရုက္ခစိုးနတ်ကွန်းကိုတော့ တောင်ပိုင်းမှ ကိုဖိုးဝတို့ညီအစ်ကိုက
နေ့စဉ် တံမြတ်စည်းလှည်းအမှိုက်ရှင်းဖြင့်
ကုသိုလ်ပြုပေးကြလေသည်။
ရုက္ခစိုးနတ်ကွန်းလေးရှိလာချိန်၌ ရွာမှလူတင်မက…
တခြားရွာများမှပါ သားဆုပန်ခြင်း…နှင့်ဆုတောင်းခြင်းများလာရောက်ပြုလုပ်ကြသည်။
ထိုသူများမှနတ်ကွန်းပေါ်သို့အကြွေစေ့များ လှူဒါန်းကြသောအခါ၌ ကိုဖိုးဝတို့ညီအစ်ကိုမှ
ရုက္ခစိုးအရုပ်လေးတစ်ခုလှူဒါန်းပေးကြပြန်သည်။
ထိုအခါ၌ ရုက္ခစိုးနတ်ကွန်းလေးမှာပို၍
ပြည့်စုံလာခဲ့တော့၏။
ဘွားမယ်စိန်ပြောပြသော ရုက္ခစိုးဘိုးဒီပ၏
အကြောင်းကို သူကြီးဦးနောင်ချိုတို့သိရှိသွားကြသည်။
“ဒီလိုဆိုရင် ဘွားကျုပ်တို့ကိုခိုင်းတာက ရုက္ခစိုးကြီး
လာပြောလို့ပေါ့…”
“ဟုတ်တာပေါ့ကွယ်…ဘွားအထင်အရပြောရရင်
အခု မောင်ဖိုးမောင်ရဲ့သားလေး ဆုံးရတာ
အဲ့သည် ဘိုးဒီပနဲ့မသက်ဆိုင်ဘူး…။
ဘိုးဒီပက ရွာကို ကာကွယ်ပေးရှာတယ်…
အဖြစ်အပျက်တခုကိုဘွားပြောပြပါဦးမယ်………”
ဟုဆိုကာ…အဖြစ်အပျက်တခုကိုပြောပြတော့လေသည်။
********************************
တခုသော ညသန်းခေါင်ယံအချိန်၌ သောင်ထွန်းရွာဆီသို့
လူတစုသည် အမှောင်ကိုကွယ်ကာ ချည်းကပ်လာကြတော့၏။
တရွာလုံးမှာလည်း အိပ်မောကျနေကြပြီဖြစ်သည်။
ထိုလူစုသည် ရွာတောင်ပိုင်းညောင်ပင်အောက်သို့
အရင်ဝင်လာခဲ့ကြပြီး ထိပ်ဆုံးမှခေါင်းဆောင်ဟု ထင်ရသော
သူသည် သူ၏လက်အတွင်းရှိကိုင်ဆောင်ထားသော
ငှက်ကြီးတောင်ဓားကို ညောင်ပင်ခြေရင်း၌ ထိုးစိုက်လိုက်ပြီး…
“အသင်ရုက္ခစိုးကြီး…သင်ဟာ ဒီရွာကိုစောင့်ရှောက်နေတာ
ကျုပ်တို့သိပါတယ်…ကျုပ်တို့ကလည်း ဝမ်းရေးအတွက်မို့…
အခုလိုလုပ်ရတာပါ…ရွှေတွေ…ငွေတွေပဲကျုပ်တို့ယူပါမယ်
လူ့အသက်ကိုတော့လက်ဖျားနဲ့တောင်မထိပါဘူးလို့ဂတိပြုပါတယ်…ဒါကြောင့်ကျုပ်တို့အစီအစဉ်ကို လက်ခံတယ်ဆိုရင်
ဟောသည်ဓားထောင်မတ်ပါစေ…”
ဟု ပြောလေတော့…ညောင်ပင်ခြေရင်းရှိဓားမှာ
ချက်ချင်းပင်လဲကျသွားတော့၏။
အကြောင်းမှာရုက္ခစိုးနတ်မှသဘောမတူသောကြောင့်ပင်။
ခေါင်းဆောင်ဖြစ်သူသည် အလိုမကျဟန်ဖြင့်
လဲကျနေသော ဓားကိုပြန်ယူ၍ မြေပေါ်သို့စိုက်ချလိုက်ပြီး
ထပ်မံ၍အလားတူပြောပြန်သည်။
သို့သော် ဓားမှာလည်းချက်ချင်းလဲကျသွားပြန်၏။
ခေါင်းဆောင်မှာ တပည့်များ၏ စိုးရိမ်နေကြပုံကြောင့်…
“ဟေ့…ဒင်းသဘောမတူလည်း ငါတို့ရအောင်တိုက်မှာပဲ…
ဘယ်ဂတိ…ဘယ်ခွင့်တောင်းမှုမှမလုပ်ဘူးကွ….”
ဟုဆိုကာ ဓားကို ဆတ်ခနဲပြန်ကောက်ယူ၍
ရွာထဲသို့ဝင်ရန်ဦးဆောင်ကာ ထွက်သွားတော့သည်။
ညောင်ပင်အောက်မှ ထွက်သောအခါ သူတို့၏ရှေ့မှ….
“ဟိတ်ရပ်ကြစမ်း…………”
“ဟင်…ခင်ဗျားဘယ်သူတုန်း….”
ဝတ်ဖြူစင်ကြယ်ဖြင့် တောင်ဝှေးတစ်ခုကို ကိုင်ဆောင်ထားသော အဘိုးအိုသည် ထိုသူတို့အား တားမြစ်နေ၏။
ခေါင်းဆောင်မှ ထိုအဘိုးအိုကိုမေးလေတော့…
“ဟေ့…ငါဘယ်သူဆိုတာ အရေးမကြီးဘူး…
မင်းတို့သာ လာရာလမ်းကိုပြန်ကြ…”
ဟု…စကားကိုတိုပြတ်ပြတ်ပြောလိုက်လေရာ…
“ကျုပ်တို့ကိစ္စနဲ့ကျုပ်တို့လာတာ…
ခင်ဗျားစကားကိုနားထောင်ဖို့အချိန်မရှိဘူးအဘိုးကြီး…
ဟေ့…ဘယ်သူမှမသိအောင်
ဒီဘိုးတော်ကိုရှင်းပစ်လိုက်ကြစမ်း”
ခေါင်းဆောင်သည် သူ၏တပည့်များအား အဘိုးအိုကိုသတ်ခိုင်း၏။
ဓားများကိုင်ဆောင်ထားသော သူ၏တပည့်များမှာ
အဘိုးအိုကို ဝန်းရံထားကြလေပြီ။
ထိုစဉ်မှာပင်…အဘိုးအိုသည် ရုတ်ချည်းဆိုသလိုနေရာမှ
ပျောက်ကွယ်သွားခဲ့၏။
“ဟင်………..”
“ဟာ………”
အားလုံးအံ့သြသင့်ကုန်ကြသည်။
ထိုသူတို့အံ့သြသင့်နေကြစဉ် ထိုသူတို့၏နောက်ဆီမှ…
“ဖြန်း………”
“ဖြန်း…….”
“အားးးးး……”
“အမလေးဗျ…..”
ဘယ်ဆီဘယ်ဝယ်ကပေါ်လာမှန်းမသိသော တောင်ဝှေးသည်
ထိုသူတို့၏ကျောများကို အသားကုန်ရိုက်နေတော့၏။
တောင်ဝှေး၏ရိုက်ချက်များကြောင့် ဓားပြများမှာ
ဓားများပင်မြေပေါ်သို့ ပြုတ်ကျကုန်ပြီး
မြေပေါ်သို့ လူးကာလှိမ့်ကာ အော်ဟစ်ကုန်ကြတော့သည်။
ထိုထဲ၌ သူတို့၏ခေါင်းဆောင်ဖြစ်သူလည်းပါဝင်ခဲ့ပေသည်။
ထိုသူတို့၏အော်ဟစ်သံတို့ကြောင့် သောင်ထွန်းရွာရှိလူများ
နိုးကုန်ကြတော့သည်။
“ဟေ့…ဘယ်သူတွေလဲ”
“ဟာ…လူတွေနိုးကုန်ပြီ…ပြေးကြ…ပြေးကြဟ”
ဟုအော်၍ အရိုက်ခံနေရာမှ လူးလဲကာထ၍ ပြေးကုန်ကြသောအခါ သူတို့၏ဓားများမှာတော့နေရာတွင်
ကျန်ရစ်ခဲ့တော့၏။
********************************
“ဟာ…ဒါဆိုရင်အဲ့သည်ညက ကျုပ်တို့ရတဲ့ ဓားတွေက
ဓားပြတွေဟာပေါ့…”
သူကြီးဦးနောင်ချို၏အံ့သြတကြီးမေးသံကြောင့်
ဘွားမယ်စိန်ခေါင်းကိုညိတ်၍…
“ဒါပေါ့ မောင်နောင်ချိုရယ်…ဒီအဖြစ်အပျက်ကို
ဘွားတယောက်ပဲ သိထားခဲ့တာ…ဒါပေမယ့် အခုတော့မောင်ရင်တို့လည်း သိဖို့အချိန်တန်ပြီလေ…ဘာလို့ဆိုရင်မောင်ဖိုးမောင်ရဲ့သားလေးသေရတာ ရုက္ခစိုးဘိုးဒီပကြောင့်မဟုတ်ဘဲ…
သာမာန်မြွေကိုက်လို့သေရတာဆိုတာ
အားလုံးကိုသိစေချင်လို့ပဲ…”
“ကျုပ်တို့နားလည်ပါပြီဘွား…ဘိုးဒီပက ကျုပ်တို့ရွာကိုတောင်ကာကွယ်ပေးခဲ့သေးတာပဲ…အခုကိစ္စက ဘိုးဒီပနဲ့လားလားမှ
မသက်ဆိုင်ဘူးဆိုတာ အသေချာပါပဲဗျာ……..”
ဟု…သူကြီးဦးနောင်ချိုမှပြောလိုက်တော့သည်။
ထိုသို့ဖြင့် ရုက္ခစိုး ဘိုးဒီပကို အထင်လွဲမှားနေသော
ကိုဖိုးမောင်တို့အတွက်လည်း သူကြီးဦးနောင်ချိုမှ တာဝန်ယူကာ ဖြေရှင်းပေးတော့ပေမည်။
ထိုအခါ၌ ရုက္ခစိုးကြီးဘိုးဒီပ၏အကြောင်းများကို တရွာလုံးမှသိရှိပေတော့မည်ဖြစ်၏။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)

Zawgyi Version

႐ုကၡစိုးႀကီးဘိုးဒီပ(စ/ဆံုး)
——————————
တခုေသာ နံနက္ခင္းအခ်ိန္တြင္
ေသာင္ထြန္း႐ြာ၌ငိုယိုသံမ်ား
ဆူညံကာထြက္ေပၚလာခဲ့သည္။
ထိုငိုသံမ်ားအား ၾကားရသူအေပါင္းမွာလည္း
စိတ္မေကာင္းျဖစ္ၾကရသလို…
မ်က္ရည္မ်ားပင္အဝိုင္းသားျဖင့္ ရွိေနၾကရ၏။
“အမယ္ေလး ငါ့သားရဲ…ျဖစ္မွျဖစ္ရပါ့…
ဟီးးးးအီးးးးအီးးးးးးးးး……..”
အမ်ိဳးသမီးႀကီးသည္ သူ၏အသက္ဆယ္ႏွစ္ေက်ာ္အ႐ြယ္
သားငယ္ျဖစ္သူ၏႐ုပ္အေလာင္းကိုၾကည့္၍ရႈိက္ႀကီးတငင္ငို
ေႂကြးေနခဲ့သည္။
အနီး၌ထိုအမ်ိဳးသမီးႀကီးကိုေဖးကူေနၾကေသာ
အမ်ိဳးသမီးႀကီးသုံးဦးမွာလည္းမ်က္ရည္မ်ားအဝိုင္းသား…။
တခ်ိဳ႕မွာလည္း ရႈိက္၍ရႈိက္၍ငိုေနၾကျပန္သည္။
ဖ်ာၾကမ္းခင္းထားေသာ လူႀကီးမ်ားထိုင္ေနၾကသည့္
ေနရာ၌ အမ်ိဳးသားႀကီးတစ္ဦးသည္ မ်က္လုံးမ်ားနီေထြး၍
ဝမ္းနည္းေနသည္။
အေစာပိုင္း၌ငိုထားဟန္တူ၏။
သို႔ေသာ္ လာသမွ်ဧည့္သည္မ်ားကို စကားေျပာေနရေသာ
ထိုအမ်ိဳးသားႀကီးမွာ ေသသူ၏ဖခင္ျဖစ္ေခ်သည္။
ဘြားမယ္စိန္ႏွင့္သူႀကီးဦးေနာင္ခ်ိဳတို႔လူႀကီးပိုင္းမ်ားသည္လည္း ဖ်ာၾကမ္းခင္းထားေသာစားပြဲဝိုင္း၌ ထိုင္ေနခဲ့ၾကသည္။
“ဘယ္လိုမ်ားျဖစ္ရတာလဲ…ဖိုးေမာင္ရာ…”
ဟု…သူႀကီးဦးေနာင္ခ်ိဳသည္ ေသဆုံးသူ၏ဖခင္ကိုဖိုးေမာင္
ေမးေလေသာအခါ…ကိုဖိုးေမာင္သည္
သူ၏ႏွာကိုတခ်က္ရႈံ႕လိုက္ၿပီး…
“ဒီကေလးဗ်ာ…ေညာင္ပင္အနားမွာ
ဘာအမွားလုပ္မိတယ္မသိပါဘူး…”
ဟုေျပာရင္းက်ဆင္းလာေသာ မ်က္ရည္မ်ားကို
ပုဆိုးျဖင့္ခပ္ၾကမ္းၾကမ္းသုတ္ဖယ္လိုက္သည္။
ကိုဖိုးေမာင္ႏွင့္မခင္ခ်ိဳတို႔လင္မယား၌ သားတေယာက္
သမီးတေယာက္ရွိၾကသည္။
ယခုေသဆုံးေသာ သားျဖစ္သူမွာ အႀကီးျဖစ္၏။
သူႀကီးဦးေနာင္ခ်ိဳတို႔ကလည္း ကိုဖိုးေမာင္တို႔
လင္မယားအတြက္ စိတ္မေကာင္းျဖစ္ေနၾကရွာသည္။
ကိုဖိုးေမာင္ကဆက္ၿပီး…
“ညေနပိုင္း ကေလးေတြနဲ႔ သြားေဆာ့ၿပီးအျပန္
အဲ့ေညာင္ပင္နားမွာပိုးထိေတာ့တာပဲ…
က်ဳပ္တို႔လည္းသိတာနဲ႔ခ်က္ခ်င္းေဆးဆရာဆီသြားတာပဲသူႀကီးရာ…က်ဳပ္သားေလး ကံမေကာင္းရွာဘူး…
ေဆးဆရာကဘာမွေတာင္မလုပ္ရေသးဘူးဗ်ာ…
က်ဳပ္သားေလး………..”
ဟုသာေျပာရင္း မ်က္ရည္မ်ားက်ဆင္းလာရွာသည္။
မခင္ခ်ိဳမွာလည္း ေဘး၌ထိန္းသူမ်ားၾကားမွ
ရႈိက္ႀကီးတငင္ျဖင့္ ေအာ္ကာ ဟစ္ကာ.ငိုေႂကြးေနေလသည္။
နံေဘးရွိေဆြမ်ိဳးမ်ားမွာလည္းေသသူ၏
႐ုပ္အေလာင္းကိုၾကည့္၍ ငိုေႂကြးေနၾကသံမ်ားက
ဆူညံလို႔ေနေတာ့၏။
“ဘြား…က်ဳပ္ဒီ႐ုကၡစိုးကို မေက်နပ္ဘူးဗ်ာ……”
ကိုဖိုးေမာင္သည္ ဘြားမယ္စိန္ကိုၾကည့္၍ေျပာေလသည္။
ဘြားမယ္စိန္မွမေျပာေသးခင္ သူႀကီးဦးေနာင္ခ်ိဳမွ…
“ဟ…ေတာင္ပိုင္းက ေညာင္ပင္က
ဘာလို႔ပါလာရတာလဲ ဖိုးေမာင္…”
ဟုေမးေလေတာ္ ကိုဖိုးေမာင္သည္…
“က်ဳပ္သားသူငယ္ခ်င္း ငေပကေျပာတယ္…
က်ဳပ္သားတေန႔ကအဲ့အပင္နားမွာ အေပါ့ မထိန္းႏိုင္တာနဲ႔
စြန္႔ခဲ့မိတယ္ေျပာတယ္…တကယ္ဆိုဗ်ာ…ကေလးေတြကို
ဒီေလာက္ထိေတာ့မလုပ္သင့္ပါဘူးဗ်ာ…”
ကိုဖိုးေမာင္၏အေျဖေၾကာင့္ သူႀကီးဦးေနာင္ခ်ိဳတို႔မွာ
ဘြားမယ္စိန္ကိုၾကည့္မိၾကေတာ့သည္။
ဘြားမယ္စိန္သည္က တည္ၿငိမ္စြာျဖင့္ ေရေႏြးပန္းကန္းလုံးအတြင္းမွ လက္က်န္ေရေႏြးမ်ားကိုေမာ့ေသာက္ေန၏။
ၿပီးေလမွ ကိုဖိုးေမာင္ကိုၾကည့္၍…
“ကေလးရဲ႕အသုဘကိုသာေသခ်ာလုပ္ေပးလိုက္ပါကြယ္…
က်န္ကိစၥကဘြားကိုယ္တိုင္ေျဖရွင္းေပးပါ့မယ္…
ဒါေပမယ့္တစ္ခုေတာ့ေျပာထားမယ္ကြဲ႕…
ဘယ္ကိစၥကိုမွ ဆုံးျဖတ္ခ်က္တခု…ထင္ျမင္ခ်က္တခုကိုအလ်င္စလိုမခ်မွတ္ေလနဲ႔……….”
ဟုသာေျပာလိုက္ေလေတာ့ ကိုဖိုးေမာင္သည္
ေခါင္းကိုညိတ္၍…
“ဟုတ္ကဲ့ပါဘြား…က်ဳပ္တို႔…က်ဳပ္တို႔သားအတြက္
တခုခုေတာ့လုပ္ေပးပါဗ်ာ…”
ဟု ထပ္မံေတာင္းဆိုေလရာ…
“ဟဲ့…ဖိုးေမာင္…ဘြားက ဘာလုပ္ေပးလို႔ရမွာလဲကြဲ႕…
ေမာင္ရင္တို႔ဘက္ကသာ ေသသူ ကေလးရဲ႕ေနာက္ဆုံးခရီးကို
ျပည့္ျပည့္စုံစုံေလးျပင္ဆင္ေပးၾက…ဒါဆိုရၿပီေလ…”
ဟု…ေျပာလိုက္ေလမွ သူႀကီးဦးေနာင္ခ်ိဳသည္
ကိုဖိုးေမာင္၏ ပုခုံးအေပၚလက္ေလးတင္ကာအားေပးႏွစ္သိမ့္ဟန္ျပဳ၍…
“ကဲပါဖိုးေမာင္ရာ…ဘြားေျပာတဲ့အတိုင္းသာ
ျပင္ဆင္စမ္းပါကြာေနာ့…တို႔ဘြားေျပာတာကို
တို႔ေတြအၿမဲအေလးထားၾကတာပဲ…
မင္းရဲ႕သားအတြက္တကယ္သာ ႐ုကၡစိုးနတ္ရဲ႕ပေရာဂပါတယ္ဆိုရင္ ဘြားကဘယ္ေနမလဲကြာ…
မင္းလည္းစဥ္းစားၾကည့္စမ္းပါ”
သူႀကီးဦးေနာက္ခ်ိဳ၏စကားကိုနံေဘးရွိလူမ်ားကပါ
ေထာက္ခံၾကသည္။
ထိုအခါမွ ကိုဖိုးေမာင္လည္း စိတ္ကိုေျဖ၍
နာေရးကိစၥကိုသာ ဦးေဆာင္ကာျပင္ဆင္ရွာေတာ့သည္။
ကိုဖိုးေမာင္တို႔၏နာေရးမွျပန္လာေသာ
ဘြားမယ္စိန္၏အိမ္ဆီသို႔
သူႀကီးဦးေနာင္ခ်ိဳနဲ႔ဦးဘစီတို႔အတူလိုက္ပါလာခဲ့ၾကသည္။
ေမာင္တိုးနဲ႔ေမာင္အုန္းတို႔လူငယ္မ်ားသည္က
အသုဘအခင္းအက်င္းမ်ားကိုကူညီလုပ္ေဆာင္ေပးေနၾက၍
ကိုဖိုးေမာင္၏အိမ္၌သာက်န္ရစ္ခဲ့ၾက၏။
ဘြားမယ္စိန္၏ေနအိမ္သို႔ေရာက္ေလေတာ့
ကြပ္ပ်စ္ခင္း၌ ထိုင္ေနၾကေသာ ေဒၚဝင္းတို႔သားအမိ ကြပ္ပ်စ္ေပၚမွဆင္းေပးၾကေလသည္။
“အေမ…ျပန္လာၿပီလား…သူႀကီးတို႔လည္းပါလာတာပဲ…
က်ဳပ္ဘာျပင္ေပးရဦးမလဲ”
ဟု…ေမးေလေတာ့ သူႀကီးဦးေနာင္ခ်ိဳမွ…
“အစ္မဝင္းရတယ္ဗ်ိဳ႕…က်ဳပ္တို႔ကဘြားနဲ႔စကားေျပာစရာရွိလို႔
တခါထဲအတူလိုက္လာခဲ့ၾကတာ…”
ဟု…ေျပာေလေတာ့ ေဒၚဝင္းသည္
ေခါင္းအထက္သို႔
တဘက္ေလးတခုတင္လိုက္ၿပီး…
“ဒီလိုဆို ထိုင္ၾကေတာ္…က်ဳပ္တို႔သားအမိ နာေရးအိမ္
ၾကက္သြန္သင္သြားကူဦးမယ္…”
“ေအး..ေအး..သြားၾက…သြားၾက…
လာေမာင္ေနာင္ခ်ိဳတ္ို႔ကဝင္ထိုင္ၾကကြဲ႕”
ဘြားမယ္စိန္သည္ သူကိုယ္တိုင္လည္း ကြပ္ပ်စ္ခင္း၌
ဝင္ထိုင္ရင္းသူႀကီးဦးေနာင္ခ်ိဳတို႔ကိုလည္းဝင္ထိုင္ေစသည္။
ထို႔ေနာက္…
ကြပ္ပ်စ္ေပၚရွိအၾကမ္းရည္အိုးေလးကိုငွဲ႔ကာ
ခြက္မ်ားအတြင္းထည့္ေပးရင္း သူႀကီးဦးေနာင္ခ်ိဳမွ…
“ဘြား ဘယ္လိုထင္ျမင္မိလဲဗ်…က်ဳပ္ေတာ့
ဖိုးေမာင္စကားကမျဖစ္ႏိုင္ဘူးလို႔ပဲထင္တယ္…”
“က်ဳပ္လည္းသူႀကီးအတိုင္းပဲဗ်…ဖိုးေမာင္အလကားေန
႐ုကၡစိုးကို အထင္မွားေနတာပဲျဖစ္ရမယ္…”
ဟု…သူႀကီးဦးေနာင္ခ်ိဳႏွင့္ဦးဘစီတို႔ေျပာၾကေလသည္။
ဘြားမယ္စိန္မွာ သူ၏ေသာက္လက္စ
ေျပာင္းဖူးဖက္ေဆးလိပ္ႀကီးကို ဖြာကာရႈိက္ရင္း…
“အင္း…ေမာင္ရင္တို႔ေျပာသလိုပဲ ဘြားလည္းထင္ပါတယ္..
အခုကိစၥက ႐ုကၡစိုးႀကီးဘိုးဒီပနဲ႔လုံးလုံးမွ
မသက္ဆိုင္ေလာက္ဘူး”
“ဗ်ာ…ဘိုးဒီပ…ဘိုးဒီပဆိုတာ ႐ုကၡစိုးႀကီးနာမည္လားဘြား”
ဟု…ေမးၾကျပန္ေလေသာအခါ ဘြားမယ္စိန္သည္
ေခါင္းကိုသာညိတ္ကာျပလိုက္၏။
ၿပီးေလမွ…
“ေမာင္ရင္တို႔မသိတာေလးရွိေသးတယ္…
ဘြား ေျပာမယ့္အေၾကာင္းအရာကိုနားေထာင္ၿပီးရင္ေတာ့
ေမာင္ဖိုးေမာင္ေျပာတာ ဟုတ္သလား…
မဟုတ္ေပဘူးလားဆိုတာ ေမာင္ရင္တို႔ေတြစဥ္းစားသာၾကည့္ေပေတာ့”
ဘြားမယ္စိန္စကားေၾကာင့္ သူႀကီးဦးေနာင္ခ်ိဳတို႔မွာ
အလြန္စိတ္ဝင္စားသြားၾကသည္။
ဘြားမယ္စ္န္သည္က
သူ၏ေျပာင္းဖူးဖက္ေဆးလိပ္ႀကီးကို
ဖြာရႈိက္ရင္း အေဝးသို႔ေငးေမာေနျပန္သည္။
ၿပီးေလမွ…
“ဒီလိုကြဲ႕…………….”
ဟုအစခ်ီကာေျပာျပေတာ့ေလသည္။
********************************
ညအခ်ိန္အခါ၌
လူမ်ားႏွစ္ၿခိဳက္စြာအိပ္ေမာက်ေနၾကေသာသန္းေခါင္ေက်ာ္
ေလာက္တြင္…
“မယ္စိန္…ႏွမ……………”
ဟုေသာေခၚသံသည္ ဘြားမယ္စိန္နားအတြင္းဝင္ေရာက္လာခဲ့ေတာ့၏။
အိပ္ေပ်ာ္ေနေသာ ဘြားမယ္စိန္သည္ေခၚသံေၾကာင့္
အိပ္ေပ်ာ္ေနရာမွ မ်က္လုံးပြင့္လာခဲ့သည္။
ေခၚသံသည္ အိမ္၏အေရွ႕မွျဖစ္တာေၾကာင့္
ခ်က္ခ်င္းအိပ္ရာမွထ၍ အိမ္အေရွ႕ဆီသို႔သြားေလသည္။
ဘြားမယ္စိန္အိမ္အေပၚထပ္တံခါးကိုဖြင့္လိုက္စဥ္
ျမင္ရသည္မွာက ဝတ္ျဖဴစင္ၾကယ္ဝတ္ဆင္ထားေသာ
အဘိုးအိုတဦးျဖစ္ေန​ခဲ့၏။
မိမိအားအမည္ေခၚေသာ ထိုအဘိုးအိုကို
ဘြားမယ္စိန္အကဲခတ္ေနစဥ္ အဘိုးအိုမွ…
“မယ္စိန္…ႏွမ…က်ဳပ္က
ေတာင္ပိုင္းေညာင္ပင္မွာေနတဲ့႐ုကၡစိုးပါကြဲ႕…”
ဟုေျပာေလေတာ့ ဘြားမယ္စိန္သည္…
“အလို…႐ုကၡစိုးနတ္ႀကီးက မယ္စိန္ကိုသိေလသလား”
ဟု…ေမးလိုက္ျပန္သည္။
“သိတာေပါ့ကြယ္…အခုလာတာကလည္း
ခ်စ္ႏွမဆီကို က်ဳပ္အကူအညီေလးေတာင္းခ်င္လို႔ပါ…”
“ဘာမ်ားလဲေတာ္…”
႐ုကၡစိုးအဘိုးအိုသည္ ဘြားမယ္စိန္ကို
“က်ဳပ္…ေနတဲ့ေညာင္ပင္နားမွာ
ေဟာသည္႐ြာကလူေတြ အညစ္အေၾကးေတြလာလာစြန္႔ၾကတယ္…တခါတရံဆိုက်ဳပ္နားလည္ႏိုင္ေပမယ့္…
ေန႔ရွိသ၍ ႀကဳံေတြ႕ေနရေတာ့ မသင့္ေတာ္လို႔ပါႏွမရယ္…”
“ေၾသာ္…ဟုတ္ၿပီေလ ဒီကိစၥကို ကြၽန္မဘက္က
ကူညီေပးပါ့မယ္…ဒါနဲ႔ ႐ုကၡစိုးႀကီးနာမည္ကဘယ္လိုေခၚသလဲ”
“က်ဳပ္နာမည္က ဘိုးဒီပ ပါ…”
“ေကာင္းပါၿပီဘိုးဒီပ…ဘိုးဒီပအတြက္ က်ဳပ္ကူညီေပးမွာမို႔
စိတ္ေျဖာင့္ေျဖာင့္နဲ႔သာ လာရာကိုျပန္ပါ…”
“ေက်းဇူးတင္ပါတယ္ကြယ္…”
ရာကၡစိုးနတ္ဘိုးဒီပလည္းလိုတာကိုရ၍ ေပ်ာက္ကြယ္သြားေတာ့သည္။
ေနာက္တစ္ရက္၌ ႐ြာသူႀကီးဦးေနာင္ခ်ိဳတို႔ကိုေခၚယူၿပီး…
“ဘြားတို႔႐ြာေတာင္ပိုင္းမွာ
ေညာင္ပင္ရွိတာသိၾကတယ္မဟုတ္လားကြဲ႕”
“ဟုတ္ကဲ့သိပါတယ္ဘြား”
“ေအး…အဲ့သည္ေညာင္ပင္မွာ ႐ုကၡစိုးနတ္ရွိတယ္ကြဲ႕….
ဒါေၾကာင့္ ေမာင္ရင္တို႔ကို ေညာင္ပင္ကိုစည္းခတ္ၿပီး
႐ုကၡစိုးနတ္ကြန္းေလးျပင္ဆင္ေပးေစခ်င္တယ္…
ေနာက္ၿပီး အဲ့သည္ေညာင္ပင္နားမွာ
အေပါ့အပါးသြားတာကအစ မၾကလုပ္ဖို႔
႐ြာသူ၊႐ြာသားေတြကို သတိေပးပါဦးကြယ္…”
“ဘြားလုပ္ေစခ်င္တာ က်ဳပ္တို႔လုပ္ေပးမွာေပါ့ဘြားရယ္…
စိတ္ခ်ဗ်ာ…က်ဳပ္႐ြာကလူေတြကို ေသခ်ာေျပာေပးပါ့မယ္…”
ထိုသို႔ျဖင့္ သူႀကီးဦးေနာင္ခ်ိဳတို႔လူစုသည္
ဘြားမယ္စိန္ေျပာသည့္အတိုင္းျပင္ဆင္ေပးၾကေတာ့သည္။
႐ြာမွလူမ်ားကိုလည္းအေပါ့အပါးမသြားေစဖို႔
တားျမစ္ထားေတာ့၏။
႐ုကၡစိုးနတ္ကြန္းကိုေတာ့ ေတာင္ပိုင္းမွ ကိုဖိုးဝတို႔ညီအစ္ကိုက
ေန႔စဥ္ တံျမတ္စည္းလွည္းအမႈိက္ရွင္းျဖင့္
ကုသိုလ္ျပဳေပးၾကေလသည္။
႐ုကၡစိုးနတ္ကြန္းေလးရွိလာခ်ိန္၌ ႐ြာမွလူတင္မက…
တျခား႐ြာမ်ားမွပါ သားဆုပန္ျခင္း…ႏွင့္ဆုေတာင္းျခင္းမ်ားလာေရာက္ျပဳလုပ္ၾကသည္။
ထိုသူမ်ားမွနတ္ကြန္းေပၚသို႔အေႂကြေစ့မ်ား လႉဒါန္းၾကေသာအခါ၌ ကိုဖိုးဝတို႔ညီအစ္ကိုမွ
႐ုကၡစိုးအ႐ုပ္ေလးတစ္ခုလႉဒါန္းေပးၾကျပန္သည္။
ထိုအခါ၌ ႐ုကၡစိုးနတ္ကြန္းေလးမွာပို၍
ျပည့္စုံလာခဲ့ေတာ့၏။
ဘြားမယ္စိန္ေျပာျပေသာ ႐ုကၡစိုးဘိုးဒီပ၏
အေၾကာင္းကို သူႀကီးဦးေနာင္ခ်ိဳတို႔သိရွိသြားၾကသည္။
“ဒီလိုဆိုရင္ ဘြားက်ဳပ္တို႔ကိုခိုင္းတာက ႐ုကၡစိုးႀကီး
လာေျပာလို႔ေပါ့…”
“ဟုတ္တာေပါ့ကြယ္…ဘြားအထင္အရေျပာရရင္
အခု ေမာင္ဖိုးေမာင္ရဲ႕သားေလး ဆုံးရတာ
အဲ့သည္ ဘိုးဒီပနဲ႔မသက္ဆိုင္ဘူး…။
ဘိုးဒီပက ႐ြာကို ကာကြယ္ေပးရွာတယ္…
အျဖစ္အပ်က္တခုကိုဘြားေျပာျပပါဦးမယ္………”
ဟုဆိုကာ…အျဖစ္အပ်က္တခုကိုေျပာျပေတာ့ေလသည္။
********************************
တခုေသာ ညသန္းေခါင္ယံအခ်ိန္၌ ေသာင္ထြန္း႐ြာဆီသို႔
လူတစုသည္ အေမွာင္ကိုကြယ္ကာ ခ်ည္းကပ္လာၾကေတာ့၏။
တ႐ြာလုံးမွာလည္း အိပ္ေမာက်ေနၾကၿပီျဖစ္သည္။
ထိုလူစုသည္ ႐ြာေတာင္ပိုင္းေညာင္ပင္ေအာက္သို႔
အရင္ဝင္လာခဲ့ၾကၿပီး ထိပ္ဆုံးမွေခါင္းေဆာင္ဟု ထင္ရေသာ
သူသည္ သူ၏လက္အတြင္းရွိကိုင္ေဆာင္ထားေသာ
ငွက္ႀကီးေတာင္ဓားကို ေညာင္ပင္ေျခရင္း၌ ထိုးစိုက္လိုက္ၿပီး…
“အသင္႐ုကၡစိုးႀကီး…သင္ဟာ ဒီ႐ြာကိုေစာင့္ေရွာက္ေနတာ
က်ဳပ္တို႔သိပါတယ္…က်ဳပ္တို႔ကလည္း ဝမ္းေရးအတြက္မို႔…
အခုလိုလုပ္ရတာပါ…ေ႐ႊေတြ…ေငြေတြပဲက်ဳပ္တို႔ယူပါမယ္
လူ႔အသက္ကိုေတာ့လက္ဖ်ားနဲ႔ေတာင္မထိပါဘူးလို႔ဂတိျပဳပါတယ္…ဒါေၾကာင့္က်ဳပ္တို႔အစီအစဥ္ကို လက္ခံတယ္ဆိုရင္
ေဟာသည္ဓားေထာင္မတ္ပါေစ…”
ဟု ေျပာေလေတာ့…ေညာင္ပင္ေျခရင္းရွိဓားမွာ
ခ်က္ခ်င္းပင္လဲက်သြားေတာ့၏။
အေၾကာင္းမွာ႐ုကၡစိုးနတ္မွသေဘာမတူေသာေၾကာင့္ပင္။
ေခါင္းေဆာင္ျဖစ္သူသည္ အလိုမက်ဟန္ျဖင့္
လဲက်ေနေသာ ဓားကိုျပန္ယူ၍ ေျမေပၚသို႔စိုက္ခ်လိုက္ၿပီး
ထပ္မံ၍အလားတူေျပာျပန္သည္။
သို႔ေသာ္ ဓားမွာလည္းခ်က္ခ်င္းလဲက်သြားျပန္၏။
ေခါင္းေဆာင္မွာ တပည့္မ်ား၏ စိုးရိမ္ေနၾကပုံေၾကာင့္…
“ေဟ့…ဒင္းသေဘာမတူလည္း ငါတို႔ရေအာင္တိုက္မွာပဲ…
ဘယ္ဂတိ…ဘယ္ခြင့္ေတာင္းမႈမွမလုပ္ဘူးကြ….”
ဟုဆိုကာ ဓားကို ဆတ္ခနဲျပန္ေကာက္ယူ၍
႐ြာထဲသို႔ဝင္ရန္ဦးေဆာင္ကာ ထြက္သြားေတာ့သည္။
ေညာင္ပင္ေအာက္မွ ထြက္ေသာအခါ သူတို႔၏ေရွ႕မွ….
“ဟိတ္ရပ္ၾကစမ္း…………”
“ဟင္…ခင္ဗ်ားဘယ္သူတုန္း….”
ဝတ္ျဖဴစင္ၾကယ္ျဖင့္ ေတာင္ေဝွးတစ္ခုကို ကိုင္ေဆာင္ထားေသာ အဘိုးအိုသည္ ထိုသူတို႔အား တားျမစ္ေန၏။
ေခါင္းေဆာင္မွ ထိုအဘိုးအိုကိုေမးေလေတာ့…
“ေဟ့…ငါဘယ္သူဆိုတာ အေရးမႀကီးဘူး…
မင္းတို႔သာ လာရာလမ္းက္ိုျပန္ၾက…”
ဟု…စကားကိုတိုျပတ္ျပတ္ေျပာလိုက္ေလရာ…
“က်ဳပ္တို႔ကိစၥနဲ႔က်ဳပ္တို႔လာတာ…
ခင္ဗ်ားစကားကိုနားေထာင္ဖို႔အခ်္ိန္မရွိဘူးအဘိုးႀကီး…
ေဟ့…ဘယ္သူမွမသိေအာင္
ဒီဘိုးေတာ္ကိုရွင္းပစ္လိုက္ၾကစမ္း”
ေခါင္းေဆာင္သည္ သူ၏တပည့္မ်ားအား အဘိုးအိုကိုသတ္ခိုင္း၏။
ဓားမ်ားကိုင္ေဆာင္ထားေသာ သူ၏တပည့္မ်ားမွာ
အဘိုးအိုကို ဝန္းရံထားၾကေလၿပီ။
ထိုစဥ္မွာပင္…အဘိုးအိုသည္ ႐ုတ္ခ်ည္းဆိုသလိုေနရာမွ
ေပ်ာက္ကြယ္သြားခဲ့၏။
“ဟင္………..”
“ဟာ………”
အားလုံးအံ့ၾသသင့္ကုန္ၾကသည္။
ထိုသူတို႔အံ့ၾသသင့္ေနၾကစဥ္ ထိုသူတို႔၏ေနာက္ဆီမွ…
“ျဖန္း………”
“ျဖန္း…….”
“အားးးးး……”
“အမေလးဗ်…..”
ဘယ္ဆီဘယ္ဝယ္ကေပၚလာမွန္းမသိေသာ ေတာင္ေဝွးသည္
ထိုသူတို႔၏ေက်ာမ်ားကို အသားကုန္႐ိုက္ေနေတာ့၏။
ေတာင္ေဝွး၏႐ိုက္ခ်က္မ်ားေၾကာင့္ ဓားျပမ်ားမွာ
ဓားမ်ားပင္ေျမေပၚသို႔ ျပဳတ္က်ကုန္ၿပီး
ေျမေပၚသို႔ လူးကာလွိမ့္ကာ ေအာ္ဟစ္ကုန္ၾကေတာ့သည္။
ထိုထဲ၌ သူတို႔၏ေခါင္းေဆာင္ျဖစ္သူလည္းပါဝင္ခဲ့ေပသည္။
ထိုသူတို႔၏ေအာ္ဟစ္သံတို႔ေၾကာင့္ ေသာင္ထြန္း႐ြာရွိလူမ်ား
ႏိုးကုန္ၾကေတာ့သည္။
“ေဟ့…ဘယ္သူေတြလဲ”
“ဟာ…လူေတြႏိုးကုန္ၿပီ…ေျပးၾက…ေျပးၾကဟ”
ဟုေအာ္၍ အ႐ိုက္ခံေနရာမွ လူးလဲကာထ၍ ေျပးကုန္ၾကေသာအခါ သူတို႔၏ဓားမ်ားမွာေတာ့ေနရာတြင္
က်န္ရစ္ခဲ့ေတာ့၏။
********************************
“ဟာ…ဒါဆိုရင္အဲ့သည္ညက က်ဳပ္တို႔ရတဲ့ ဓားေတြက
ဓားျပေတြဟာေပါ့…”
သူႀကီးဦးေနာင္ခ်ိဳ၏အံ့ၾသတႀကီးေမးသံေၾကာင့္
ဘြားမယ္စိန္ေခါင္းကိုညိတ္၍…
“ဒါေပါ့ ေမာင္ေနာင္ခ်ိဳရယ္…ဒီအျဖစ္အပ်က္ကို
ဘြားတေယာက္ပဲ သိထားခဲ့တာ…ဒါေပမယ့္ အခုေတာ့ေမာင္ရင္တို႔လည္း သိဖို႔အခ်ိန္တန္ၿပီေလ…ဘာလို႔ဆိုရင္ေမာင္ဖိုးေမာင္ရဲ႕သားေလးေသရတာ ႐ုကၡစိုးဘိုးဒီပေၾကာင့္မဟုတ္ဘဲ…
သာမာန္ေႁမြကိုက္လို႔ေသရတာဆိုတာ
အားလုံးကိုသိေစခ်င္လို႔ပဲ…”
“က်ဳပ္တို႔နားလည္ပါၿပီဘြား…ဘိုးဒီပက က်ဳပ္တို႔႐ြာက္ိုေတာင္ကာကြယ္ေပးခဲ့ေသးတာပဲ…အခုကိစၥက ဘိုးဒီပနဲ႔လားလားမွ
မသက္ဆိုင္ဘူးဆိုတာ အေသခ်ာပါပဲဗ်ာ……..”
ဟု…သူႀကီးဦးေနာင္ခ်ိဳမွေျပာလိုက္ေတာ့သည္။
ထိုသို႔ျဖင့္ ႐ုကၡစိုး ဘိုးဒီပကို အထင္လြဲမွားေနေသာ
ကိုဖိုးေမာင္တို႔အတြက္လည္း သူႀကီးဦးေနာင္ခ်ိဳမွ တာဝန္ယူကာ ​ေျဖရွင္းေပးေတာ့ေပမည္။
ထိုအခါ၌ ႐ုကၡစိုးႀကီးဘိုးဒီပ၏အေၾကာင္းမ်ားကို တ႐ြာလုံးမွသိရွိေပေတာ့မည္ျဖစ္၏။
ၿပီးပါၿပီ။
ယဥ္မင္း(ကန္႔ဘလူ)

No comments

Post a Comment