အောင်မြတ်သာနှင့်နေဓါးလဓား

  အောင်မြတ်သာနှင့်နေဓါးလဓား အချိန်ကာလကား မင်းတုန်းမင်းတရားကြီးနဲ့ ညီတော်ကနောင်မင်းတို့မှ လူသူလက်နက်စုဆောင်းပြီး နေပြည်တော်ကိုပြန်လည်ရယူဖို့က... thumbnail 1 summary

 အောင်မြတ်သာနှင့်နေဓါးလဓား


အချိန်ကာလကား မင်းတုန်းမင်းတရားကြီးနဲ့ ညီတော်ကနောင်မင်းတို့မှ လူသူလက်နက်စုဆောင်းပြီး နေပြည်တော်ကိုပြန်လည်ရယူဖို့ကြိုးစားနေသလို မင်းနေပြည်တော်မှာလဲ မင်းတုန်းမင်းကိုနန်းတင်ချင်တဲ့သူနဲ့ လက်ရှိဘုရင် ပုဂံမင်းကိုထောက်ခံသူတွေအကြား ပဋိပက္ခတွေ ဖြစ်နေကြတဲ့အချိန် နေပြည်တော်အတွင်းမှာရှိတဲ့ ပန်းပဲဆရာတွေထဲကမှ မင်းတုန်းမင်းတရားကြီးကိုထောက်ခံတဲ့ ပန်းပဲဆရာတစ်ယောက်ရှိခဲ့တယ်။

သူ့နာမည်က မင်းလှသူရ ၊ နေပြည်တော်တစ်ခွင်မှာ မင်းလှသူရထုလုပ်တဲ့ ဓါးလှံလက်နက်တွေက အရည်အသွေးကောင်းလွန်းလို့ နယ်မြေရပ်ခြားတွေက ကုန်သည်တွေ စော်ဘွားတွေကအစ လာရောက်ဝယ်ယူကြရတယ်။ ဒါပေမယ့် သူက မင်းတုန်းမင်းနဲ့ ညီတော်ကနောင်မင်းကိုထောက်ခံသူဖြစ်တဲ့အတွက် စီးပွားရေးနောက်ကိုမလိုက်ပဲ မင်းတုန်းမင်းနဲ့ညီတော်ကနောင်မင်းတို့ရဲ့အနောက်တော်ပါးကိုသစ္စာရှိစွာလိုက်ရင်း လိုအပ်တဲ့လက်နက်တွေကိုထုလုပ်ပေးခဲ့တယ်။

မင်းတုန်းမင်းနဲ့ညီတော်ကနောင်မင်း နေပြည်တော်ကိုရတော့ မင်းလှသူရကို လက်ထောက်ပန်းပဲဝန်အဖြစ်ခန့်အပ်ခဲ့တယ်။ ဘွဲ့တော်ကိုလဲ နေမျိုးမင်းလှသူရဆိုပြီးချီးမြှင့်ခဲ့တယ်။ မင်းလှသူရလဲ မင်းတုန်းမင်းရဲ့လက်နက်တိုက်မှာအလုပ်လုပ်ရင်း မြတ်စုဆိုတဲ့အမျိုးသမီးနဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သက်အနည်းငယ်ရလာတော့ မြတ်စုမှာကိုယ်ဝန်ရလာခဲ့တယ်။ ကိုယ်ဝန်ရပြီးသိပ်မကြာခင်မှာ ထူးဆန်းတဲ့အိမ်မက်တစ်ခုကို မင်းလှသူရမြင်မက်ခဲ့တယ်။ အိမ်မက်ထဲမှာ နေမင်းနဲ့လမင်းက နေ့အချိန်အခါထွန်းလင်းနေပြီး နေမင်းထဲကနေ ကလေးတစ်ယောက် လမင်းထဲကနေ ကလေးတစ်ယောက် ပြုတ်ကျလာတာကို မြင်တော့ ဟူရားဖြူ ဟူရားညို တို့ကိုမေးမြန်းတဲ့အခါ သားကောင်းရတနာနှစ်ပါးထွန်းကားလိမ့်မယ် သားနှစ်ယောက်ကလဲ ဖခင်ဖြစ်သူရဲ့ခြေရာကိုနင်းနိုင်လိမ့်မယ်ဆိုပြီး ဟောခဲ့ကြတယ်။

ကိုးလလွယ်လရောက်တော့ ရုပ်ချင်းအလွန်တရာတူညီတဲ့ ယောင်္ကျားလေးနှစ်ယောက်ကိုဖွားမြင်ခဲ့တယ်။ အိမ်မက်ထဲကအကြောင်းအရာနဲ့တိုက်ဆိုင်ပြီး သားနှစ်‌ယောက်ကိုမင်းလှသူရိန်နဲ့ မင်းလှစန္ဒာဆိုပြီးအမည်ပေးခဲ့ကြတယ်။

သားနှစ်ယောက်ထဲမှာ အငယ်ဖြစ်သူက စိတ်ဆတ်တယ် ထစ်ခနဲရှိ ဒေါသထွက်လွယ်တယ်။ သားအကြီးကတော့ တည်ငြိမ်ပြီး အေးအေးဆေးဆေးနေတတ်တယ်။ အဖေဖြစ်သူကတော့ သူတတ်တဲ့ပညာတွေကို သားနှစ်ယောက်ကို ဆရာစားမချန်သင်ပေးခဲ့သလို ပါရမီပြည့်တဲ့သားနှစ်ယောက်ကလဲ အဖေဖြစ်သူရဲ့လက်ရာကိုအမှီလိုက်နိုင်ခဲ့ကြတယ်။ တစ်နေ့မှာတော့ အဖေဖြစ်သူက သားနှစ်ယောက်ကိုခေါ်ပြီး

" ငါ့သားတို့က ငယ်တော့တဲ့အရွယ်မဟုတ်တော့ဘူး အခုဆိုရင် ငါတို့ပိုင်တဲ့နယ်မြေတစ်ချို့ကို နယ်ချဲ့ကိုလိုနီတွေထံပေးခဲ့ရပြီးပြီး သိပ်မကြာခင် ဒီနေပြည်တော်ကို နယ်ချဲ့တွေမရောက်လာဘူးလို့မဆိုနိုင်ဘူး ဒါကြောင့် ငါ့သားတို့ရဲ့ ကိုယ်စောင့်သက်စောင့်အဖြစ် ဓါးနှစ်လက်ကို ထုလုပ်ရလိမ့်မယ် ငါ့သားတို့ရဲ့ဇာတာက တစ်ခြားသူတွေထက် ထူးခြားနေတာမို့ အခုထုလုပ်မဲ့ဓါးနှစ်လက်ကလဲ ထူးခြားနေလိမ့်မယ် ငါ့သားတို့ရဲ့ဖိုးဘေးတွေလက်ထက်ထဲက ပန်းပဲအတတ်ပညာနဲ့အသက်‌မွေးခဲ့တာဖြစ်လို့ ပန်းပဲပညာရဲ့ အတိမ်အနက်ကို ငါ့သားတို့မပြောနဲ့ အဖေကိုယ်တိုင်ခန့်မှန်းမရနိုင်သေးဘူး ဒါကြောင့် ရှေးယခင်ဘိုးဘေးတွေလက်ဆင့်ကမ်းလာတဲ့ အမွေကိုငါ့သားတို့လုပ်နိုင်ကြမယ်လို့ယုံကြည်တယ် "လို့ပြောပြီး သေတ္တာတစ်လုံးကို ညီအကိုနှစ်ယောက်ထံပေးလိုက်တယ်။

ညီအကိုနှစ်ယောက်က သေတ္တာနှစ်လုံးကိုဖွင့်ကြည့်လိုက်တော့ ပုရပိုက်တွေပေါ်မှာရေးထားတဲ့ စာအချို့ကိုမြင်လိုက်ရတယ်။

" ဖခင် ဒီစာတွေက အရမ်းလေးနက်လွန်းတယ် ဒီမှာရေးထားတဲ့အချက်တွေထဲ ကိုယ့်အသက်ဝိဉာဉ်ကို မြုပ်နှံပြီး ထုလုပ်ပါဆိုတဲ့စာသားကို သဘောကျမိတယ်"

"ဟုတ်တယ်ငါ့သားတို့ အဖေတို့ရဲ့ဘိုးဘေးတွေလက်ထက်ထဲက လက်ဆင့်ကမ်းလာတဲ့ ဒီလျှို့ဝှက်ချက်ကိုဘယ်သူမှအောင်မြင်အောင်မလုပ်နိုင်သေးဘူး ငါ့သားတို့ကြိုးစားပြီး အောင်မြင်အောင်လုပ်ကြပါ ငါ့သားတို့ရဲ့ ဉာဏ် ပါရမီ နဲ့ အောင်မြင်အောင်ဖန်တီးကြပါ "

ဖခင်ဖြစ်သူရဲ့စကားကြောင့် ညီအစ်ကိုနှစ်ယောက် ပုရပိုက်စာတွေကိုယူပြီး နေ့ရောညပါ ကြိုးစားအဓိပ္ပါယ်ဖော်ခဲ့ကြတယ်။ ပုရပိုက်စာထဲကအဓိပ္ပါယ်ကို စာဖတ်သူများသိစေရန်ဖော်ပြပေးလိုက်ပါတယ်။
" နေရောင်အောက်မှာ သံရိုင်းတစ်တုံးထွက်ပေါ်လာချိန် လရောင်အောက်မှာလဲ သံရိုင်းတစ်တုံးထွက်ပေါ်လာလိမ့်မယ် နေရောင်လရောင် လွှမ်းခြုံပြီးထုဆစ်တဲ့အခါ သံရိုင်းနှစ်တုံးတစ်သားထဲဖြစ်လိမ့်မယ် သံရိုင်းနှစ်တုံးတစ်သားထဲဖြစ်တဲ့အခါ ဇမ္မူတစ်ခွင်တုယှဉ်မရတဲ့ ဓါးကောင်းနှစ်လက်ထွက်ပေါ်လာအံ့ ဤဓားနှစ်လက်သည်ကား နေဓါးလဓား"

ညီအကိုနှစ်ယောက်ကြိုးစားဖော်ထုတ်ထားတဲ့ အနက်အဓိပ္ပါယ်ကိုဖခင်ဖြစ်သူမြင်တော့

" အဖေတို့လက်ထက်ကလဲ ဒီအဓိပ္ပါယ်အထိ ဖော်နိုင်ခဲ့တယ် ဒါပေမယ့် အလိုအလျောက်ထွက်ပေါ်လာမဲ့ သံရိုင်းနှစ်တုံးကိုရှာမတွေ့ခဲ့ဘူး ငါ့သားတို့ဘုန်းကံကြောင့် သံရိုင်းနှစ်တုံးရှာတွေ့ခဲ့တဲ့အခါ ပုရပိုက်မှာပါတဲ့အတိုင်း ဉာဏ်ရှိသလိုထုဆစ်ကြပါ" လို့မှာခဲ့တယ်။

ညီအစ်ကိုနှစ်ယောက်လဲ ဓါးနှစ်လက်ဖြစ်တည်ရာ သံရိုင်းနှစ်တုံးကို ဘယ်မှာရရမလဲမသိဖြစ်နေခဲ့တယ်။ အချိန်တွေကြာလာခဲ့ပြီး သံရိုင်းနှစ်တုံးအကြောင်းမေ့မေ့လျော့လျော့ဖြစ်နေတဲ့အချိန် နေပြည်တော်မှာအချိန်မဟုတ်အခါမဟုတ် မိုးငည်းထန်စွာရွာပြီး မိုးကြိုးတွေပစ်ခဲ့တယ်။ ဖြစ်ချင်တော့ ညီအစ်ကိုနှစ်ယောက်နေတဲ့ အိမ်အနောက်ဘက်က ကျောက်တုံးတစ်ခုကို မိုးကြိုးထိမှန်ခဲ့တယ်။ မိုးကြိုးပစ်တာရပ်တော့အပျက်အစီးတွေကိုလိုက်ကြည့်တဲ့အခါ အိမ်အနောက်ဘက်မှာတစ်စစီပြိုကွဲနေတဲ့ကျောက်တုံးတွေကြားထဲမှာ မဲနက်နေတဲ့ သံရိုင်းနှစ်တုံးကို အံ့အာသင့်ဖွယ်တွေ့ရှိခဲ့တယ်။

သဘာဝအရဖြစ်တည်နေတဲ့ သံကျောက်ကြီးကိုမိုးကြိုးပစ်လို့ထွက်လာတဲ့သံရိုင်းနှစ်တုံးကိုရခဲ့ပေမယ့် နေရောင်လရောင် တစ်ပြိုင်ထဲရမဲ့အချိန်ကိုစောင့်ရပြန်ရော။

သံရိုင်းနှစ်တုံးကိုလုံခြုံစွာသိမ်းထားရင်း စေယင့်နေခဲ့တာ တစ်ရက်မှာတော့

" အနောက်မှာနေမဝင်သေးဘူး အရှေ့မှာလထွက်နေတာထူးဆန်း‌တယ်ဟေ့"ဆိုပြီး ကလေးတွေအော်နေတဲ့အသံကြောင့် ညီအစ်ကိုနှစ်ယောက် အိမ်ရှေ့ထွက်ကြည့်လိုက်တော့ အနောက်ဘက်ကိုနေဝင်လုဆဲဆဲ အရှေ့ဘက်မှာ လမင်းက ထွက်နေချိန် နေရောင်လရောင် နှစ်မျိုးဆုံနေတာကိုမြင်တော့ ချက်ချင်းဆိုသလို ပန်းပဲဖိုထဲဝင်ပြီး အမိုးတွေကိုဖျက်ချလိုက်တယ် အမိုးဖျက်ချလိုက်တော့ နေရောင်ရောလရောင်ပါ ပန်းပဲဖိုပေါ်ရောက်လာတဲ့အချိန် သံရိုင်းနှစ်တုံးကို အပူပေးပြီး ထုဆစ်ပါလေရော။

ထူးဆန်းတာက သံရိုင်းနှစ်တုံးကိုထုဆစ်နေတဲ့အချိန် နေမင်းရော လမင်းရော နေရာမရွေ့ပဲ တန့်နေခဲ့တယ်။ သံရိုင်းနှစ်တုံးကို အောင်အရည်ကြိုပြီးပုံစံခွက်ထဲထည့်လိုက်တဲ့အချိန်ရောက်မှ နေကအနောက်ဘက်ကိုဝင်သွားခဲ့ပြီး လက ပိုမိုထွန်းလင်းလာခဲ့တယ်။ သံအရည်အသွေးကောင်းတာရယ် ပန်းပဲပညာထူးချွန်ကြတဲ့ညီအစ်ကိုနှစ်ယောက်ထုလုပ်တာတွေကြောင့် ပါးလွှာပြီး အလွန်တစ်ရာထက်မြက်တဲ့ ဓါးနှစ်လက်ရလာခဲ့တယ်။ ဓါးနှစ်လက်ရဲ့ အနှောင့်မှာတော့ နေပုံစံ လပုံစံထွင်းလုပ်ခဲ့တယ်။ ဓါးအိမ်ကိုတော့ သစ်မင်းကို အမွှေးနံ့သာရေနဲ့ခုနှစ်ရက်စိမ်ပြီး ပြုလုပ်ခဲ့ကြတယ်။ ဓါးကိုရွေးချယ်တဲ့အခါ အကိုဖြစ်သူကလဓါးကိုရွေးချယ်ခဲ့ပြီး ညီဖြစ်သူက နေဓါးကိုရွေးခဖချယ်ခဲ့တယ်။

နေဓါးရဲ့အစွမ်းက ဘယ်လောက်ထုထည်ကြီးမားတဲ့အရာဖြစ်ပစေ အားကုန်မသုံးရပဲ ပြတ်အောင်ဖြတ်နိုင်စွမ်းရှိသလို လဓါးရဲ့အစွမ်းကတော့ ခဲနေတဲ့ရေခဲတုံးကို ဓါးရာမပေါ်ပဲပြတ်အောင်ခုတ်နိုင်တဲ့အစွမ်းရှိတယ်။

သိပ်မကြာခင် အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲဖြစ်ပွားတဲ့အတွက် ညီဖြစ်သူက နေဓါးကိုယူကာ မင်းတုန်းမင်းတရားကြီးရဲ့စစ်တပ်ထဲဝင်ကာအမှုတော်ထမ်းခဲ့တယ်။ ပင်ကိုယ်အရည်အသွေးထက်မြက်တဲ့အပြင် ထူးခြားတဲ့ဓါးကိုပိုင်ဆိုင်ထားတဲ့ မင်းလှသူရိန်ကို မင်းတုန်းမင်းတရားကြီးက ဗလမင်းထင်ဆိုတဲ့ဘွဲ့ကိုပေးအပ်ခဲ့တယ်။ မင်းလှသူရိန်တစ်ဖြစ်လဲ ဗလမင်းထင်က နေဓါးကိုကိုင်စွဲပြီး အမှုတော်ထမ်းခဲ့ပေမယ့် အကိုဖြစ်သူကတော့ ပုရပိုက်ထဲမှာပါတဲ့အတိုင်း ဓါးကိုမထုတ်ပဲ ငြိမ်းချမ်းစွာနေခဲ့ကြတယ်။

ညီဖြစ်သူက မင်းတုန်းမင်းလက်ထက်နဲ့ သီပေါမင်းလက်ထက်တော်မှာအမှုတော်ထမ်းခဲ့ပြီး တတိယကျူးကျော်စစ်ပွဲ ရွှေတိဂုံကုန်းတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်။ သူသေတော့ နေဓါးကို အင်္ဂလိပ်စစ်ဗိုလ်တစ်ယောက်ရသွားခဲ့တယ်။ နေဓါးကိုစွဲပြီးသေသွားတဲ့ ဗလမင်းထင်ကတော့ သူ့ဓါးကိုစွဲကပ်ကာ သူ့အခွင့်မရှိပဲ ကိုင်ဆောင်တဲ့သူတွေကို မကျွတ်မလွတ်တဲ့ဘဝနဲ့ လိုက်လံခြောက်လှန့်ကာသတ်ခဲ့တယ်။ နောက်ဆုံး အောင်မြတ်သာနဲ့တွေ့ကာမှ မယှဉ်နိုင်တော့ပဲ သူ့ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ အကိုဖြစ်သူကိုင်ဆောင်တဲ့လဓါးကိုရှာပေးဖို့ မေတ္တာရပ်ခံခဲ့တယ်( ဗလမင်းထင်နဲ့အောင်မြတ်သာတို့ ဆုံခဲ့တဲ့အကြောင်းကိုဖတ်ရှုချင်ရင်ဝောာ့ အောင်မြတ်သာနှင့်သွေးသောက်ဓါးဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုနိုင်ပါသည်)။

ညီဖြစ်သူ ဗလမင်းထင်တိုက်ပွဲကျပြီဆိုတဲ့သတင်းကြောင့် အကိုဖြစ်သူလဲ လဓါးကိုယူကာ ရှမ်းပြည်ဘက်ကိုတိမ်းရှောင်ခဲ့တယ်။ အကိုဖြစ်သူ မင်းလှသူရိန်လဲ ရှမ်းပြည်နယ်ဘက်မှာ ကုန်ရောင်းကုန်ဝယ်လုပ်ရင်း နောက်ဆုံးအချိန်ထိဘဝကိုဇာတ်မြှုပ်နေခဲ့တယ်။
+++++++++++

"နောင် ဝေ ဝေ
နောင် ဝေ ဝေ
နောင် ဝေ ဝေ"ဆိုတဲ့ကြေးစည်ထုသံကြောင့် အောင်မြတ်သာမျက်လုံးထဲမှာမြင်နေရတဲ့အတွေးပုံရိပ်တွေ ရုတ်တရက်လွင့်ပျောက်ကုန်တယ်။

အောင်မြတ်သာလဲ ထိုင်နေရာမှ ထလိုက်တဲ့အချိန် ဘေးမှာရှိနေတဲ့ သက်ခိုင်က

" ဆရာ ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ "

" ရှမ်းပြည်ဘက်ကိုခရီးဆက်ကြတာပေါ့ လဓါးက ရှမ်းပြည်နယ်ထဲမှာရှိနေတယ် ဓါးနှစ်လက်ဆုံအောင်လုပ်ပေးမယ်လို့ပြောထားတဲ့ကတိအတွက် ခရီးဆက်ကြရအောင်"လို့ပြောပြီး ထွက်လာခဲ့လိုက်ကြတယ်။

ကားတစ်တန် လှည်းတစ်တန်ဖြင့် ခရီးဆက်ခဲ့ကြပြီး တောတောင်တွေနဲ့စိမ်းလန်းစိုပြေနေတဲ့ ရှမ်းတို့ဌာနေကိုရောက်လာခဲ့တယ်။ မြူခိုးတွေဝေချင်တိုင်းဝေနေပြီး အေးမြလတ်ဆတ်တဲ့လေနုအေးတွေကြောင့် ပင်ပန်းလာသမျှ အမောတွေ ပြေပျောက်ခဲ့ရတယ်။ ခရီးဆက်လာရင်း တစ်နေရာရောက်တော့

" သက်ခိုင် လဓါးကိုရှာဖို့ ကိုးမြို့ရှင်နတ်နန်းကိုသွားရမယ် ရှမ်းပြည်ကိုစဝင်လာထဲက နှာခေါင်းထဲမှာ အမွှေးနံ့တွေရနေတယ် "

" ဒါဆိုရင်ဓါးက နတ်နန်းမှာရှိနေတာလား"

" အတိအကျတော့ပြောလို့မရသေးဘူး ကိုးဓါး ကိုးဖလား ကိုးခရိုင်အပိုင်စားရတဲ့ဒေသဆိုတော့ ဓါးနဲ့ပတ်သတ်လာရင် ကိုးမြို့ရှင်နဲ့ဆက်နွယ်နေလိမ့်မယ် သူ့နတ်နန်းရောက်သွားရင် အကြောင်းစုံသိရလိမ့်မယ်"

သက်ခိုင်တို့လဲ အောင်မြတ်သာပြောတဲ့စကားအတိုင်း ကိုးမြို့ရှင်နတ်နန်းရှိရာကိုထွက်လာခဲ့လိုက်တယ်။ ခရီးဆက်လာရင်း ရွာတစ်ရွာကိုရောက်တော့ ရွာထိပ်မှာ ကိုးမြို့ရှင်နတ်နန်းတစ်ခုကိုတွေ့လိုက်ရတယ်။

နတ်နန်းထဲကိုဝင်လိုက်တော့ ကိုးမြို့ရှင်ရုပ်တုနဲ့ သားနှစ်ပါးဖြစ်တဲ့ခွန်ချို ခွန်သာရုပ်တုကိုတွေ့တော့အောင်မြတ်သာက

" ရှမ်းပြည်တစ်ခွင်အပိုင်စားရတဲ့ ကိုးမြို့ရှင်အဖိုး အားပင့်ဖိတ်ပါတယ် ကျုပ်အနေနဲ့ အကူညီတောင်းစရာရှိလို့ အခါသင့်ရင် ကြွရောက်ပေးပါ"လို့ပြောလိုက်တဲ့အချိန် နတ်ကွန်းဘေးမှာ အနက်ရောင်ဝတ်စုံနဲ့ပုဂ္ဂိုလ်တစ်ယောက် ရုတ်တရက်ပေါ်လာခဲ့တယ်။

အရပ်ရှစ်ပေလောက်မြင့်ပြီး ကျောမှာခါးမောက်တစ်လုံးကိုလွယ်ကာ ဓါးနှစ်လက်ကိုသိုင်းထားတာကိုမြင်တော့ သက်ခိုင်က ကိုးမြို့ရှင်ရောက်လာပြီဆိုပြီး အောင်မြတ်သာကိုလှမ်းပြောလိုက်တယ်။

အောင်မြတ်သာက ကျောပေးရပ်နေတဲ့ပုဂ္ဂိုလ်ကိုကြည့်ပြီး
" သင်ဟာကိုးမြို့ရှင်မဟုတ်ဘူး ကျုပ်က ကိုးမြို့ရှင်ကိုခေါ်တာ သူ့ကိုယ်ပွားကိုခေါ်တာမဟုတ်ဘူး ဒါကြောင့် ကိုးမြို့ရှင်ကိုယ်တိုင်ကြွလာပါ"လို့ထပ်ပြောလိုက်တဲ့အချိန် နတ်ကွန်းဘေးမှာရပ်နေတဲ့ ပုဂ္ဂိုလ်ပျောက်သွားပြီး အရပ်ကိုးပေလောက်မြင့်တဲ့ပုဂ္ဂိုလ်တစ်ယောက်ထပ်ပေါ်လာခဲ့တယ်။

ဒီတစ်ခါတော့ ကြိုင်လှိုင်နေတဲ့အမွှေးရနံ့တွေနဲ့အတူ ရှမ်းအိုးစည်သံသဲ့သဲ့ကိုပါကြားလိုက်ရတယ်။ ဓါးနှစ်လက်ကို စလွယ်သိုင်းထားတဲ့ပုဂ္ဂိုလ်က အောင်မြတ်သာကိုကြည့်ပြီး ရှမ်းစကားနဲ့ပြောလိုက်တယ် အောင်မြတ်သာကလဲ ရှမ်းစကားနဲ့ပြန်ပြောလိုက်တယ်။

တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ပြောရင်းခဏနေတော့ အနက်ရောင်ဝတ်စုံနဲ့ပုဂ္ဂိုလ်ပျောက်သွားတယ်။ အနက်ရောင်ဝတ်စုံနဲ့ပုဂ္ဂိုလ်ပျောက်သွားတော့မှ အောင်မြတ်သာက သက်ခိုင်တို့ဘက်လှည့်ပြီး

" လဓါးက ......မြို့က အိမ်တစ်အိမ်မှာရှိနေတယ်ပြောတယ် ငါတို့အဲဒီအိမ်ကိုရောက်အောင်သွားပြီး လဓါးကိုယူရမယ် အချိန်မရှိတော့ဘူး ငါတို့ရောက်လာတာ အချိန်မှီလေးပဲ"

" အရေးကြီးနေလို့လားဆရာ"

"ဟိုရောက်ရင်သိရလိမ့်မယ် သွားကြစို့"လို့ပြောပြီး အရှေ့ကနေ ထွက်သွားခဲ့တယ်။ တစ်နာရီလောက်လျောက်လာတော့ အိမ်တစ်အိမ်ရှေ့မှာ လူတွေစုရုံးစုရုံးဖြစ်နေတာကိုမြင်လိုက်ရတယ်။

အောင်မြတ်သာက လူတွေစုရုံးနေတဲ့အိမ်ရှေ့ကိုသွားကြည့်လိုက်တော့ လူတစ်ယောက်က ဓါးတစ်လက်ကိုကိုင်ကာ ‌အိမ်မှာရှိတဲ့သူတွေအကုန်လုံးကို ကြိမ်းဝါးနေတာမြင်လိုက်ရတယ်။

"ဓါးကိုကိုင်ထားတဲ့သူက တစ်စုံတစ်ခုပူးကပ်နေသလို တစ်ဆတ်ဆတ်တုန်နေပြီး အိမ်ထဲမှာရှိတဲ့သူတွေကို ဓါးနဲ့လိုက်ခုတ်ဖို့လုပ်နေတာမြင်တော့ အောင်မြတ်သာက အရှေ့ကိုထွက်သွားပြီး

" ပူးကပ်နေတဲ့အစောင့်အရှောက်တွေ ခေတ္တဖယ်ပေးဖို့မေတ္တာရပ်ခံပါတယ် ဘယ်လိုအမှားတွေရှိခဲ့ရှိခဲ့ ခွင့်လွှတ်ပေးပါ"လို့ပြောလိုက်တော့ ဓါးကိုင်ထားတဲ့သူက

" မရဘူး ဒီဓါးကသွေးသောက်ချင်နေပြီ သူတို့စည်းဖောက်တယ် စည်းဖောက်တဲ့သူတွေအကုန်လုံးရဲ့သွေးကိုသောက်မှရမယ်"

ပူးကပ်နေတဲ့သူလဲအောင်မြတ်သာရဲ့စကားကိုနားမဝင်ပဲ ဒေါသတစ်ကြီးအော်ဟစ်နေတာကြောင့် အောင်မြတ်သာလဲ ပူးကပ်နေသူရဲ့ မျက်နှာကို လက်ညှိုးနဲ့ထောက်လိုက်တယ်။

အောင်မြတ်သာရဲ့လက်ညိုးနဲ့ထိလိုက်တဲ့အချိန်မှာပဲ ပူးကပ်နေတဲ့သူရဲ့ကိုယ်ထဲကနေ တစ်စုံတစ်ယောက်ပြေးထွက်သွားတာမြင်လိုက်ရတယ်။

ကိုယ်မှာကပ်နေတဲ့ပုဂ္ဂိုလ်ထွက်သွားတာနဲ့ ရပ်နေတဲ့သူလဲ အရုပ်ကြိုးပြတ်လဲကျသွားတယ်။ အိမ်သားတွေလဲ လဲကျသွားတဲ့သူကို ထူရင်း အောင်မြတ်သာတို့ကိုအိမ်ထဲခေါ်ခဲ့ကြတယ်။

အိမ်ထဲရောက်ဝောာ့ အောင်မြတ်သာက
" ဘယ်လိုဖြစ်ဝာာလဲ ဒီဓါးက ဘာကြောင့်ဒီကိုရောက်နေတာလဲ"

အောင်မြတ်သာရဲ့စကားကြောင့် အသက်ငါးဆယ်ကျော်အရွယ်ရှိတဲ့ ရှမ်းအမျိုးသမီးက

" ဒီဓါးက ဒီအိမ်ရဲ့ဖိုးဖွားအမွေပါ ဘာကြောင့်ဖြစ်ဖြစ် ဓါးကိုမထုတ်ဖို့ မျိုးရိုးစဉ်ဆက်မှာခဲ့ကြတယ် ဒါပေမယ့် ကျွန်မလက်ထက်မှာ ဒီကတိကိုမတည်နိုင်ခဲ့ဘူး မနေ့ညက အိမ်က ‌သားနဲ့တစ်ခြားသူတွေရန်ဖြစ်ကြတယ် သားဖြစ်သူကအမူးလွန်ပြီး ဓါးကိုထုတ်လိုက်တဲ့အချိန် သူ့အသိစိတ်လွတ်သွားတာပဲ "

" ဒီဓါးကြောင့် တစ်ခြားသူတွေသွေးထွက်သံယိုဖြစ်ခဲ့သေးလား"

" တစ်ခြားသူတွေဘာမှမဖြစ်ခင် လှမ်းဆွဲလိုက်တဲ့ ကျွန်မညီမတော့ လက်ထိသွားတယ်"

" အိမ်း ဒီလိုပစ္စည်းမျိုးဆိုတာ အိမ်မှာမရှိသင့်ဘူး ဆိုင်ရာပိုင်ရာကိုအပ်လိုက်သင့်တယ်"

" ဒီဓါးက ကျွန်မအဖိုးဖြစ်သူရဲ့ဓါးပါ သူမသေခင် ဒီဓါးနဲ့ပုံစံတူဓါးတစ်လက်ရှိတယ်လို့ပြောဖူးတယ် ဓါးနှစ်လက်ဆုံတဲ့အချိန်မှာ ထူးခြားတာဖြစ်လိမ့်မယ်လို့လဲပြောတယ်"

အမျိုးသမီးရဲ့စကားကိုကြားတော့အောင်မြတ်သာက သက်ခိုင်ဘက်ကိုလှည့်ပြီး
" ငါတို့ယူလာတဲ့ဓါးကိုထုတ်ပြလိုက်ပါ"

သက်ခိုင်လဲအောင်မြတ်သာစကားကြောင့် လုံချည်နဲ့ပတ်ထားတဲ့ဓါးကိုထုတ်ပြလိုက်တဲ့အခါ အရွယ်အစားရော ပုံစံပါတစ်ထပ်ထဲကျနေတာကိုမြင်လိုက်ရတယ်။

" ကျုပ်တို့က ဒီဓါးနှစ်လက်ကို ကိုးမြို့ရှင်နတ်နန်းမှာလှူစေချင်တယ် ခုနကဝင်ပူးတာက ဒီဓါးကိုစောင့်တဲ့ပုဂ္ဂိုလ်ပဲ "ဆိုပြီးဓါးနှစ်လက်ရဲ့သမိုင်းကြောင်းကိုပြောပြလိုက်တော့ ပိုင်ရှင်အမျိုးသမီးက သူ့မှာရှိတဲ့ ဓါးကိုအောင်မြတ်သာတို့ဆီကိုပေးခဲ့တယ်။

အောင်မြတ်သာတို့လဲ ဓါးနှစ်လက်ကို အံဝင်အောင် ထပ်လိုက်တဲ့အချိန်မှာတော့ အိမ်တစ်ခုလုံးရုတ်တရက်လှုပ်ခါသွားခဲ့တယ်။

အောင်မြတ်သာကတော့ ဓါးနှစ်လက်ကိုကြည့်ပြီး
" ယခုအချိန်ကစပြီး ဒီဓါးနဲ့သင်တို့မသက်ဆိုင်တော့ဘူး ဒါကြောင့်ဤအိမ် ဤနေရာကနေ ထွက်သွားပေးကြပါ"လို့သုံးကြိမ်တိတိပြောလိုက်တဲ့အချိန် အိမ်ရှေ့မှာရှိနေတဲ့ခွေးတွေက လမ်းတစ်လျောက် အူပြီးတစ်စုံတစ်ယောက်နောက်ကိုလိုက်သွားတာကိုလဲမြင်လိုက်ကြရတယ်။

အောင်မြတ်သာတို့လဲ လဓါးပိုင်ရှင်ဖြစ်တဲ့အမျိုးသမီးနဲ့အတူ ကိုးမြို့ရှင်နတ်နန်းကိုသွားပြီး ဓါးနှစ်လက်ကို အပိုင်စားပေးအပ်ခဲ့တယ်။ နတ်နန်းကနေထွက်လာခဲ့လိုက်တယ်။

နတ်ကွန်းကနေထွက်လာပြီး မလှမ်းမကမ်းရောက်တော့ အောင်မြတ်သာအနောက်ပြန်လှည့်ကြည့်လိုက်တဲ့အချိန် နတ်ကွန်းပေါ်မှာတင်ထားတဲ့ ဓါးနှစ်လက်မရှိတော့ပဲ မလှမ်းမကမ်းမှာ နေဓါးနဲ့လဓါးကိုလွယ်ပြီး ခမောက်ဆောင်းထားတဲ့ပုဂ္ဂိုလ်တစ်ယောက်ကိုသာမြင်လိုက်ရတယ်။

အောင်မြတ်သာတို့လဲ နေဓါးလဓါးကို လှူခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်နယ်ကနေပြန်လာခဲ့ကြတယ်။
+++++++

အောင်မြတ်သာတို့ရှမ်းပြည်နယ်ကနေပြန်လာပြီး နောက်ပိုင်း ဘယ်ဆရာမှအဖြေရှာမရတဲ့ကိစ္စတစ်ခုကို ကူညီခဲ့ကြသေးတယ်။ ဒီအကြောင်းကိုတော့ အောင်မြတ်သာနှင့် အရိုးအစွဲဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

ေအာင္ျမတ္သာႏွင့္ေနဓါးလဓား

အခ်ိန္ကာလကား မင္းတုန္းမင္းတရားႀကီးနဲ႔ ညီေတာ္ကေနာင္မင္းတို႔မွ လူသူလက္နက္စုေဆာင္းၿပီး ေနျပည္ေတာ္ကိုျပန္လည္ရယူဖို႔ႀကိဳးစားေနသလို မင္းေနျပည္ေတာ္မွာလဲ မင္းတုန္းမင္းကိုနန္းတင္ခ်င္တဲ့သူနဲ႔ လက္ရွိဘုရင္ ပုဂံမင္းကိုေထာက္ခံသူေတြအၾကား ပဋိပကၡေတြ ျဖစ္ေနၾကတဲ့အခ်ိန္ ေနျပည္ေတာ္အတြင္းမွာရွိတဲ့ ပန္းပဲဆရာေတြထဲကမွ မင္းတုန္းမင္းတရားႀကီးကိုေထာက္ခံတဲ့ ပန္းပဲဆရာတစ္ေယာက္ရွိခဲ့တယ္။

သူ႔နာမည္က မင္းလွသူရ ၊ ေနျပည္ေတာ္တစ္ခြင္မွာ မင္းလွသူရထုလုပ္တဲ့ ဓါးလွံလက္နက္ေတြက အရည္အေသြးေကာင္းလြန္းလို႔ နယ္ေျမရပ္ျခားေတြက ကုန္သည္ေတြ ေစာ္ဘြားေတြကအစ လာေရာက္ဝယ္ယူၾကရတယ္။ ဒါေပမယ့္ သူက မင္းတုန္းမင္းနဲ႔ ညီေတာ္ကေနာင္မင္းကိုေထာက္ခံသူျဖစ္တဲ့အတြက္ စီးပြားေရးေနာက္ကိုမလိုက္ပဲ မင္းတုန္းမင္းနဲ႔ညီေတာ္ကေနာင္မင္းတို႔ရဲ႕အေနာက္ေတာ္ပါးကိုသစၥာရွိစြာလိုက္ရင္း လိုအပ္တဲ့လက္နက္ေတြကိုထုလုပ္ေပးခဲ့တယ္။

မင္းတုန္းမင္းနဲ႔ညီေတာ္ကေနာင္မင္း ေနျပည္ေတာ္ကိုရေတာ့ မင္းလွသူရကို လက္ေထာက္ပန္းပဲဝန္အျဖစ္ခန္႔အပ္ခဲ့တယ္။ ဘြဲ႕ေတာ္ကိုလဲ ေနမ်ိဳးမင္းလွသူရဆိုၿပီးခ်ီးျမႇင့္ခဲ့တယ္။ မင္းလွသူရလဲ မင္းတုန္းမင္းရဲ႕လက္နက္တိုက္မွာအလုပ္လုပ္ရင္း ျမတ္စုဆိုတဲ့အမ်ိဳးသမီးနဲ႔အိမ္ေထာင္က်ခဲ့တယ္။ အိမ္ေထာင္သက္အနည္းငယ္ရလာေတာ့ ျမတ္စုမွာကိုယ္ဝန္ရလာခဲ့တယ္။ ကိုယ္ဝန္ရၿပီးသိပ္မၾကာခင္မွာ ထူးဆန္းတဲ့အိမ္မက္တစ္ခုကို မင္းလွသူရျမင္မက္ခဲ့တယ္။ အိမ္မက္ထဲမွာ ေနမင္းနဲ႔လမင္းက ေန႔အခ်ိန္အခါထြန္းလင္းေနၿပီး ေနမင္းထဲကေန ကေလးတစ္ေယာက္ လမင္းထဲကေန ကေလးတစ္ေယာက္ ျပဳတ္က်လာတာကို ျမင္ေတာ့ ဟူရားျဖဴ ဟူရားညိဳ တို႔ကိုေမးျမန္းတဲ့အခါ သားေကာင္းရတနာႏွစ္ပါးထြန္းကားလိမ့္မယ္ သားႏွစ္ေယာက္ကလဲ ဖခင္ျဖစ္သူရဲ႕ေျခရာကိုနင္းႏိုင္လိမ့္မယ္ဆိုၿပီး ေဟာခဲ့ၾကတယ္။

ကိုးလလြယ္လေရာက္ေတာ့ ႐ုပ္ခ်င္းအလြန္တရာတူညီတဲ့ ေယာက်ၤားေလးႏွစ္ေယာက္ကိုဖြားျမင္ခဲ့တယ္။ အိမ္မက္ထဲကအေၾကာင္းအရာနဲ႔တိုက္ဆိုင္ၿပီး သားႏွစ္‌ေယာက္ကိုမင္းလွသူရိန္နဲ႔ မင္းလွစႏၵာဆိုၿပီးအမည္ေပးခဲ့ၾကတယ္။

သားႏွစ္ေယာက္ထဲမွာ အငယ္ျဖစ္သူက စိတ္ဆတ္တယ္ ထစ္ခနဲရွိ ေဒါသထြက္လြယ္တယ္။ သားအႀကီးကေတာ့ တည္ၿငိမ္ၿပီး ေအးေအးေဆးေဆးေနတတ္တယ္။ အေဖျဖစ္သူကေတာ့ သူတတ္တဲ့ပညာေတြကို သားႏွစ္ေယာက္ကို ဆရာစားမခ်န္သင္ေပးခဲ့သလို ပါရမီျပည့္တဲ့သားႏွစ္ေယာက္ကလဲ အေဖျဖစ္သူရဲ႕လက္ရာကိုအမွီလိုက္ႏိုင္ခဲ့ၾကတယ္။ တစ္ေန႔မွာေတာ့ အေဖျဖစ္သူက သားႏွစ္ေယာက္ကိုေခၚၿပီး

" ငါ့သားတို႔က ငယ္ေတာ့တဲ့အ႐ြယ္မဟုတ္ေတာ့ဘူး အခုဆိုရင္ ငါတို႔ပိုင္တဲ့နယ္ေျမတစ္ခ်ိဳ႕ကို နယ္ခ်ဲ႕ကိုလိုနီေတြထံေပးခဲ့ရၿပီးၿပီး သိပ္မၾကာခင္ ဒီေနျပည္ေတာ္ကို နယ္ခ်ဲ႕ေတြမေရာက္လာဘူးလို႔မဆိုႏိုင္ဘူး ဒါေၾကာင့္ ငါ့သားတို႔ရဲ႕ ကိုယ္ေစာင့္သက္ေစာင့္အျဖစ္ ဓါးႏွစ္လက္ကို ထုလုပ္ရလိမ့္မယ္ ငါ့သားတို႔ရဲ႕ဇာတာက တစ္ျခားသူေတြထက္ ထူးျခားေနတာမို႔ အခုထုလုပ္မဲ့ဓါးႏွစ္လက္ကလဲ ထူးျခားေနလိမ့္မယ္ ငါ့သားတို႔ရဲ႕ဖိုးေဘးေတြလက္ထက္ထဲက ပန္းပဲအတတ္ပညာနဲ႔အသက္‌ေမြးခဲ့တာျဖစ္လို႔ ပန္းပဲပညာရဲ႕ အတိမ္အနက္ကို ငါ့သားတို႔မေျပာနဲ႔ အေဖကိုယ္တိုင္ခန္႔မွန္းမရႏိုင္ေသးဘူး ဒါေၾကာင့္ ေရွးယခင္ဘိုးေဘးေတြလက္ဆင့္ကမ္းလာတဲ့ အေမြကိုငါ့သားတို႔လုပ္ႏိုင္ၾကမယ္လို႔ယုံၾကည္တယ္ "လို႔ေျပာၿပီး ေသတၱာတစ္လုံးကို ညီအကိုႏွစ္ေယာက္ထံေပးလိုက္တယ္။

ညီအကိုႏွစ္ေယာက္က ေသတၱာႏွစ္လုံးကိုဖြင့္ၾကည့္လိုက္ေတာ့ ပုရပိုက္ေတြေပၚမွာေရးထားတဲ့ စာအခ်ိဳ႕ကိုျမင္လိုက္ရတယ္။

" ဖခင္ ဒီစာေတြက အရမ္းေလးနက္လြန္းတယ္ ဒီမွာေရးထားတဲ့အခ်က္ေတြထဲ ကိုယ့္အသက္ဝိဉာဥ္ကို ျမဳပ္ႏွံၿပီး ထုလုပ္ပါဆိုတဲ့စာသားကို သေဘာက်မိတယ္"

"ဟုတ္တယ္ငါ့သားတို႔ အေဖတို႔ရဲ႕ဘိုးေဘးေတြလက္ထက္ထဲက လက္ဆင့္ကမ္းလာတဲ့ ဒီလွ်ိဳ႕ဝွက္ခ်က္ကိုဘယ္သူမွေအာင္ျမင္ေအာင္မလုပ္ႏိုင္ေသးဘူး ငါ့သားတို႔ႀကိဳးစားၿပီး ေအာင္ျမင္ေအာင္လုပ္ၾကပါ ငါ့သားတို႔ရဲ႕ ဉာဏ္ ပါရမီ နဲ႔ ေအာင္ျမင္ေအာင္ဖန္တီးၾကပါ "

ဖခင္ျဖစ္သူရဲ႕စကားေၾကာင့္ ညီအစ္ကိုႏွစ္ေယာက္ ပုရပိုက္စာေတြကိုယူၿပီး ေန႔ေရာညပါ ႀကိဳးစားအဓိပၸါယ္ေဖာ္ခဲ့ၾကတယ္။ ပုရပိုက္စာထဲကအဓိပၸါယ္ကို စာဖတ္သူမ်ားသိေစရန္ေဖာ္ျပေပးလိုက္ပါတယ္။
" ေနေရာင္ေအာက္မွာ သံ႐ိုင္းတစ္တုံးထြက္ေပၚလာခ်ိန္ လေရာင္ေအာက္မွာလဲ သံ႐ိုင္းတစ္တုံးထြက္ေပၚလာလိမ့္မယ္ ေနေရာင္လေရာင္ လႊမ္းၿခဳံၿပီးထုဆစ္တဲ့အခါ သံ႐ိုင္းႏွစ္တုံးတစ္သားထဲျဖစ္လိမ့္မယ္ သံ႐ိုင္းႏွစ္တုံးတစ္သားထဲျဖစ္တဲ့အခါ ဇမၼဴတစ္ခြင္တုယွဥ္မရတဲ့ ဓါးေကာင္းႏွစ္လက္ထြက္ေပၚလာအံ့ ဤဓားႏွစ္လက္သည္ကား ေနဓါးလဓား"

ညီအကိုႏွစ္ေယာက္ႀကိဳးစားေဖာ္ထုတ္ထားတဲ့ အနက္အဓိပၸါယ္ကိုဖခင္ျဖစ္သူျမင္ေတာ့

" အေဖတို႔လက္ထက္ကလဲ ဒီအဓိပၸါယ္အထိ ေဖာ္ႏိုင္ခဲ့တယ္ ဒါေပမယ့္ အလိုအေလ်ာက္ထြက္ေပၚလာမဲ့ သံ႐ိုင္းႏွစ္တုံးကိုရွာမေတြ႕ခဲ့ဘူး ငါ့သားတို႔ဘုန္းကံေၾကာင့္ သံ႐ိုင္းႏွစ္တုံးရွာေတြ႕ခဲ့တဲ့အခါ ပုရပိုက္မွာပါတဲ့အတိုင္း ဉာဏ္ရွိသလိုထုဆစ္ၾကပါ" လို႔မွာခဲ့တယ္။

ညီအစ္ကိုႏွစ္ေယာက္လဲ ဓါးႏွစ္လက္ျဖစ္တည္ရာ သံ႐ိုင္းႏွစ္တုံးကို ဘယ္မွာရရမလဲမသိျဖစ္ေနခဲ့တယ္။ အခ်ိန္ေတြၾကာလာခဲ့ၿပီး သံ႐ိုင္းႏွစ္တုံးအေၾကာင္းေမ့ေမ့ေလ်ာ့ေလ်ာ့ျဖစ္ေနတဲ့အခ်ိန္ ေနျပည္ေတာ္မွာအခ်ိန္မဟုတ္အခါမဟုတ္ မိုးငည္းထန္စြာ႐ြာၿပီး မိုးႀကိဳးေတြပစ္ခဲ့တယ္။ ျဖစ္ခ်င္ေတာ့ ညီအစ္ကိုႏွစ္ေယာက္ေနတဲ့ အိမ္အေနာက္ဘက္က ေက်ာက္တုံးတစ္ခုကို မိုးႀကိဳးထိမွန္ခဲ့တယ္။ မိုးႀကိဳးပစ္တာရပ္ေတာ့အပ်က္အစီးေတြကိုလိုက္ၾကည့္တဲ့အခါ အိမ္အေနာက္ဘက္မွာတစ္စစီၿပိဳကြဲေနတဲ့ေက်ာက္တုံးေတြၾကားထဲမွာ မဲနက္ေနတဲ့ သံ႐ိုင္းႏွစ္တုံးကို အံ့အာသင့္ဖြယ္ေတြ႕ရွိခဲ့တယ္။

သဘာဝအရျဖစ္တည္ေနတဲ့ သံေက်ာက္ႀကီးကိုမိုးႀကိဳးပစ္လို႔ထြက္လာတဲ့သံ႐ိုင္းႏွစ္တုံးကိုရခဲ့ေပမယ့္ ေနေရာင္လေရာင္ တစ္ၿပိဳင္ထဲရမဲ့အခ်ိန္ကိုေစာင့္ရျပန္ေရာ။

သံ႐ိုင္းႏွစ္တုံးကိုလုံၿခဳံစြာသိမ္းထားရင္း ေစယင့္ေနခဲ့တာ တစ္ရက္မွာေတာ့

" အေနာက္မွာေနမဝင္ေသးဘူး အေရွ႕မွာလထြက္ေနတာထူးဆန္း‌တယ္ေဟ့"ဆိုၿပီး ကေလးေတြေအာ္ေနတဲ့အသံေၾကာင့္ ညီအစ္ကိုႏွစ္ေယာက္ အိမ္ေရွ႕ထြက္ၾကည့္လိုက္ေတာ့ အေနာက္ဘက္ကိုေနဝင္လုဆဲဆဲ အေရွ႕ဘက္မွာ လမင္းက ထြက္ေနခ်ိန္ ေနေရာင္လေရာင္ ႏွစ္မ်ိဳးဆုံေနတာကိုျမင္ေတာ့ ခ်က္ခ်င္းဆိုသလို ပန္းပဲဖိုထဲဝင္ၿပီး အမိုးေတြကိုဖ်က္ခ်လိုက္တယ္ အမိုးဖ်က္ခ်လိုက္ေတာ့ ေနေရာင္ေရာလေရာင္ပါ ပန္းပဲဖိုေပၚေရာက္လာတဲ့အခ်ိန္ သံ႐ိုင္းႏွစ္တုံးကို အပူေပးၿပီး ထုဆစ္ပါေလေရာ။

ထူးဆန္းတာက သံ႐ိုင္းႏွစ္တုံးကိုထုဆစ္ေနတဲ့အခ်ိန္ ေနမင္းေရာ လမင္းေရာ ေနရာမေ႐ြ႕ပဲ တန္႔ေနခဲ့တယ္။ သံ႐ိုင္းႏွစ္တုံးကို ေအာင္အရည္ႀကိဳၿပီးပုံစံခြက္ထဲထည့္လိုက္တဲ့အခ်ိန္ေရာက္မွ ေနကအေနာက္ဘက္ကိုဝင္သြားခဲ့ၿပီး လက ပိုမိုထြန္းလင္းလာခဲ့တယ္။ သံအရည္အေသြးေကာင္းတာရယ္ ပန္းပဲပညာထူးခြၽန္ၾကတဲ့ညီအစ္ကိုႏွစ္ေယာက္ထုလုပ္တာေတြေၾကာင့္ ပါးလႊာၿပီး အလြန္တစ္ရာထက္ျမက္တဲ့ ဓါးႏွစ္လက္ရလာခဲ့တယ္။ ဓါးႏွစ္လက္ရဲ႕ အေႏွာင့္မွာေတာ့ ေနပုံစံ လပုံစံထြင္းလုပ္ခဲ့တယ္။ ဓါးအိမ္ကိုေတာ့ သစ္မင္းကို အေမႊးနံ႔သာေရနဲ႔ခုႏွစ္ရက္စိမ္ၿပီး ျပဳလုပ္ခဲ့ၾကတယ္။ ဓါးကိုေ႐ြးခ်ယ္တဲ့အခါ အကိုျဖစ္သူကလဓါးကိုေ႐ြးခ်ယ္ခဲ့ၿပီး ညီျဖစ္သူက ေနဓါးကိုေ႐ြးခဖခ်ယ္ခဲ့တယ္။

ေနဓါးရဲ႕အစြမ္းက ဘယ္ေလာက္ထုထည္ႀကီးမားတဲ့အရာျဖစ္ပေစ အားကုန္မသုံးရပဲ ျပတ္ေအာင္ျဖတ္ႏိုင္စြမ္းရွိသလို လဓါးရဲ႕အစြမ္းကေတာ့ ခဲေနတဲ့ေရခဲတုံးကို ဓါးရာမေပၚပဲျပတ္ေအာင္ခုတ္ႏိုင္တဲ့အစြမ္းရွိတယ္။

သိပ္မၾကာခင္ အဂၤလိပ္ျမန္မာ ဒုတိယစစ္ပြဲျဖစ္ပြားတဲ့အတြက္ ညီျဖစ္သူက ေနဓါးကိုယူကာ မင္းတုန္းမင္းတရားႀကီးရဲ႕စစ္တပ္ထဲဝင္ကာအမႈေတာ္ထမ္းခဲ့တယ္။ ပင္ကိုယ္အရည္အေသြးထက္ျမက္တဲ့အျပင္ ထူးျခားတဲ့ဓါးကိုပိုင္ဆိုင္ထားတဲ့ မင္းလွသူရိန္ကို မင္းတုန္းမင္းတရားႀကီးက ဗလမင္းထင္ဆိုတဲ့ဘြဲ႕ကိုေပးအပ္ခဲ့တယ္။ မင္းလွသူရိန္တစ္ျဖစ္လဲ ဗလမင္းထင္က ေနဓါးကိုကိုင္စြဲၿပီး အမႈေတာ္ထမ္းခဲ့ေပမယ့္ အကိုျဖစ္သူကေတာ့ ပုရပိုက္ထဲမွာပါတဲ့အတိုင္း ဓါးကိုမထုတ္ပဲ ၿငိမ္းခ်မ္းစြာေနခဲ့ၾကတယ္။

ညီျဖစ္သူက မင္းတုန္းမင္းလက္ထက္နဲ႔ သီေပါမင္းလက္ထက္ေတာ္မွာအမႈေတာ္ထမ္းခဲ့ၿပီး တတိယက်ဴးေက်ာ္စစ္ပြဲ ေ႐ႊတိဂုံကုန္းတိုက္ပြဲမွာ ႐ြပ္႐ြပ္ခြၽံခြၽံတိုက္ခိုက္ရင္း က်ဆုံးခဲ့တယ္။ သူေသေတာ့ ေနဓါးကို အဂၤလိပ္စစ္ဗိုလ္တစ္ေယာက္ရသြားခဲ့တယ္။ ေနဓါးကိုစြဲၿပီးေသသြားတဲ့ ဗလမင္းထင္ကေတာ့ သူ႔ဓါးကိုစြဲကပ္ကာ သူ႔အခြင့္မရွိပဲ ကိုင္ေဆာင္တဲ့သူေတြကို မကြၽတ္မလြတ္တဲ့ဘဝနဲ႔ လိုက္လံေျခာက္လွန္႔ကာသတ္ခဲ့တယ္။ ေနာက္ဆုံး ေအာင္ျမတ္သာနဲ႔ေတြ႕ကာမွ မယွဥ္ႏိုင္ေတာ့ပဲ သူ႔ရဲ႕ေနာက္ဆုံးဆႏၵျဖစ္တဲ့ အကိုျဖစ္သူကိုင္ေဆာင္တဲ့လဓါးကိုရွာေပးဖို႔ ေမတၱာရပ္ခံခဲ့တယ္( ဗလမင္းထင္နဲ႔ေအာင္ျမတ္သာတို႔ ဆုံခဲ့တဲ့အေၾကာင္းကိုဖတ္ရႈခ်င္ရင္ေဝာာ့ ေအာင္ျမတ္သာႏွင့္ေသြးေသာက္ဓါးဆိုတဲ့ဝတၱဳေလးမွာဖတ္ရႈႏိုင္ပါသည္)။

ညီျဖစ္သူ ဗလမင္းထင္တိုက္ပြဲက်ၿပီဆိုတဲ့သတင္းေၾကာင့္ အကိုျဖစ္သူလဲ လဓါးကိုယူကာ ရွမ္းျပည္ဘက္ကိုတိမ္းေရွာင္ခဲ့တယ္။ အကိုျဖစ္သူ မင္းလွသူရိန္လဲ ရွမ္းျပည္နယ္ဘက္မွာ ကုန္ေရာင္းကုန္ဝယ္လုပ္ရင္း ေနာက္ဆုံးအခ်ိန္ထိဘဝကိုဇာတ္ျမႇဳပ္ေနခဲ့တယ္။
+++++++++++

"ေနာင္ ေဝ ေဝ
ေနာင္ ေဝ ေဝ
ေနာင္ ေဝ ေဝ"ဆိုတဲ့ေၾကးစည္ထုသံေၾကာင့္ ေအာင္ျမတ္သာမ်က္လုံးထဲမွာျမင္ေနရတဲ့အေတြးပုံရိပ္ေတြ ႐ုတ္တရက္လြင့္ေပ်ာက္ကုန္တယ္။

ေအာင္ျမတ္သာလဲ ထိုင္ေနရာမွ ထလိုက္တဲ့အခ်ိန္ ေဘးမွာရွိေနတဲ့ သက္ခိုင္က

" ဆရာ ကြၽန္ေတာ္တို႔ဘာဆက္လုပ္ၾကမလဲ "

" ရွမ္းျပည္ဘက္ကိုခရီးဆက္ၾကတာေပါ့ လဓါးက ရွမ္းျပည္နယ္ထဲမွာရွိေနတယ္ ဓါးႏွစ္လက္ဆုံေအာင္လုပ္ေပးမယ္လို႔ေျပာထားတဲ့ကတိအတြက္ ခရီးဆက္ၾကရေအာင္"လို႔ေျပာၿပီး ထြက္လာခဲ့လိုက္ၾကတယ္။

ကားတစ္တန္ လွည္းတစ္တန္ျဖင့္ ခရီးဆက္ခဲ့ၾကၿပီး ေတာေတာင္ေတြနဲ႔စိမ္းလန္းစိုေျပေနတဲ့ ရွမ္းတို႔ဌာေနကိုေရာက္လာခဲ့တယ္။ ျမဴခိုးေတြေဝခ်င္တိုင္းေဝေနၿပီး ေအးျမလတ္ဆတ္တဲ့ေလႏုေအးေတြေၾကာင့္ ပင္ပန္းလာသမွ် အေမာေတြ ေျပေပ်ာက္ခဲ့ရတယ္။ ခရီးဆက္လာရင္း တစ္ေနရာေရာက္ေတာ့

" သက္ခိုင္ လဓါးကိုရွာဖို႔ ကိုးၿမိဳ႕ရွင္နတ္နန္းကိုသြားရမယ္ ရွမ္းျပည္ကိုစဝင္လာထဲက ႏွာေခါင္းထဲမွာ အေမႊးနံ႔ေတြရေနတယ္ "

" ဒါဆိုရင္ဓါးက နတ္နန္းမွာရွိေနတာလား"

" အတိအက်ေတာ့ေျပာလို႔မရေသးဘူး ကိုးဓါး ကိုးဖလား ကိုးခ႐ိုင္အပိုင္စားရတဲ့ေဒသဆိုေတာ့ ဓါးနဲ႔ပတ္သတ္လာရင္ ကိုးၿမိဳ႕ရွင္နဲ႔ဆက္ႏြယ္ေနလိမ့္မယ္ သူ႔နတ္နန္းေရာက္သြားရင္ အေၾကာင္းစုံသိရလိမ့္မယ္"

သက္ခိုင္တို႔လဲ ေအာင္ျမတ္သာေျပာတဲ့စကားအတိုင္း ကိုးၿမိဳ႕ရွင္နတ္နန္းရွိရာကိုထြက္လာခဲ့လိုက္တယ္။ ခရီးဆက္လာရင္း ႐ြာတစ္႐ြာကိုေရာက္ေတာ့ ႐ြာထိပ္မွာ ကိုးၿမိဳ႕ရွင္နတ္နန္းတစ္ခုကိုေတြ႕လိုက္ရတယ္။

နတ္နန္းထဲကိုဝင္လိုက္ေတာ့ ကိုးၿမိဳ႕ရွင္႐ုပ္တုနဲ႔ သားႏွစ္ပါးျဖစ္တဲ့ခြန္ခ်ိဳ ခြန္သာ႐ုပ္တုကိုေတြ႕ေတာ့ေအာင္ျမတ္သာက

" ရွမ္းျပည္တစ္ခြင္အပိုင္စားရတဲ့ ကိုးၿမိဳ႕ရွင္အဖိုး အားပင့္ဖိတ္ပါတယ္ က်ဳပ္အေနနဲ႔ အကူညီေတာင္းစရာရွိလို႔ အခါသင့္ရင္ ႂကြေရာက္ေပးပါ"လို႔ေျပာလိုက္တဲ့အခ်ိန္ နတ္ကြန္းေဘးမွာ အနက္ေရာင္ဝတ္စုံနဲ႔ပုဂၢိဳလ္တစ္ေယာက္ ႐ုတ္တရက္ေပၚလာခဲ့တယ္။

အရပ္ရွစ္ေပေလာက္ျမင့္ၿပီး ေက်ာမွာခါးေမာက္တစ္လုံးကိုလြယ္ကာ ဓါးႏွစ္လက္ကိုသိုင္းထားတာကိုျမင္ေတာ့ သက္ခိုင္က ကိုးၿမိဳ႕ရွင္ေရာက္လာၿပီဆိုၿပီး ေအာင္ျမတ္သာကိုလွမ္းေျပာလိုက္တယ္။

ေအာင္ျမတ္သာက ေက်ာေပးရပ္ေနတဲ့ပုဂၢိဳလ္ကိုၾကည့္ၿပီး
" သင္ဟာကိုးၿမိဳ႕ရွင္မဟုတ္ဘူး က်ဳပ္က ကိုးၿမိဳ႕ရွင္ကိုေခၚတာ သူ႔ကိုယ္ပြားကိုေခၚတာမဟုတ္ဘူး ဒါေၾကာင့္ ကိုးၿမိဳ႕ရွင္ကိုယ္တိုင္ႂကြလာပါ"လို႔ထပ္ေျပာလိုက္တဲ့အခ်ိန္ နတ္ကြန္းေဘးမွာရပ္ေနတဲ့ ပုဂၢိဳလ္ေပ်ာက္သြားၿပီး အရပ္ကိုးေပေလာက္ျမင့္တဲ့ပုဂၢိဳလ္တစ္ေယာက္ထပ္ေပၚလာခဲ့တယ္။

ဒီတစ္ခါေတာ့ ႀကိဳင္လႈိင္ေနတဲ့အေမႊးရနံ႔ေတြနဲ႔အတူ ရွမ္းအိုးစည္သံသဲ့သဲ့ကိုပါၾကားလိုက္ရတယ္။ ဓါးႏွစ္လက္ကို စလြယ္သိုင္းထားတဲ့ပုဂၢိဳလ္က ေအာင္ျမတ္သာကိုၾကည့္ၿပီး ရွမ္းစကားနဲ႔ေျပာလိုက္တယ္ ေအာင္ျမတ္သာကလဲ ရွမ္းစကားနဲ႔ျပန္ေျပာလိုက္တယ္။

တစ္ေယာက္နဲ႔တစ္ေယာက္အျပန္အလွန္ေျပာရင္းခဏေနေတာ့ အနက္ေရာင္ဝတ္စုံနဲ႔ပုဂၢိဳလ္ေပ်ာက္သြားတယ္။ အနက္ေရာင္ဝတ္စုံနဲ႔ပုဂၢိဳလ္ေပ်ာက္သြားေတာ့မွ ေအာင္ျမတ္သာက သက္ခိုင္တို႔ဘက္လွည့္ၿပီး

" လဓါးက ......ၿမိဳ႕က အိမ္တစ္အိမ္မွာရွိေနတယ္ေျပာတယ္ ငါတို႔အဲဒီအိမ္ကိုေရာက္ေအာင္သြားၿပီး လဓါးကိုယူရမယ္ အခ်ိန္မရွိေတာ့ဘူး ငါတို႔ေရာက္လာတာ အခ်ိန္မွီေလးပဲ"

" အေရးႀကီးေနလို႔လားဆရာ"

"ဟိုေရာက္ရင္သိရလိမ့္မယ္ သြားၾကစို႔"လို႔ေျပာၿပီး အေရွ႕ကေန ထြက္သြားခဲ့တယ္။ တစ္နာရီေလာက္ေလ်ာက္လာေတာ့ အိမ္တစ္အိမ္ေရွ႕မွာ လူေတြစု႐ုံးစု႐ုံးျဖစ္ေနတာကိုျမင္လိုက္ရတယ္။

ေအာင္ျမတ္သာက လူေတြစု႐ုံးေနတဲ့အိမ္ေရွ႕ကိုသြားၾကည့္လိုက္ေတာ့ လူတစ္ေယာက္က ဓါးတစ္လက္ကိုကိုင္ကာ ‌အိမ္မွာရွိတဲ့သူေတြအကုန္လုံးကို ႀကိမ္းဝါးေနတာျမင္လိုက္ရတယ္။

"ဓါးကိုကိုင္ထားတဲ့သူက တစ္စုံတစ္ခုပူးကပ္ေနသလို တစ္ဆတ္ဆတ္တုန္ေနၿပီး အိမ္ထဲမွာရွိတဲ့သူေတြကို ဓါးနဲ႔လိုက္ခုတ္ဖို႔လုပ္ေနတာျမင္ေတာ့ ေအာင္ျမတ္သာက အေရွ႕ကိုထြက္သြားၿပီး

" ပူးကပ္ေနတဲ့အေစာင့္အေရွာက္ေတြ ေခတၱဖယ္ေပးဖို႔ေမတၱာရပ္ခံပါတယ္ ဘယ္လိုအမွားေတြရွိခဲ့ရွိခဲ့ ခြင့္လႊတ္ေပးပါ"လို႔ေျပာလိုက္ေတာ့ ဓါးကိုင္ထားတဲ့သူက

" မရဘူး ဒီဓါးကေသြးေသာက္ခ်င္ေနၿပီ သူတို႔စည္းေဖာက္တယ္ စည္းေဖာက္တဲ့သူေတြအကုန္လုံးရဲ႕ေသြးကိုေသာက္မွရမယ္"

ပူးကပ္ေနတဲ့သူလဲေအာင္ျမတ္သာရဲ႕စကားကိုနားမဝင္ပဲ ေဒါသတစ္ႀကီးေအာ္ဟစ္ေနတာေၾကာင့္ ေအာင္ျမတ္သာလဲ ပူးကပ္ေနသူရဲ႕ မ်က္ႏွာကို လက္ညႇိဳးနဲ႔ေထာက္လိုက္တယ္။

ေအာင္ျမတ္သာရဲ႕လက္ညိဳးနဲ႔ထိလိုက္တဲ့အခ်ိန္မွာပဲ ပူးကပ္ေနတဲ့သူရဲ႕ကိုယ္ထဲကေန တစ္စုံတစ္ေယာက္ေျပးထြက္သြားတာျမင္လိုက္ရတယ္။

ကိုယ္မွာကပ္ေနတဲ့ပုဂၢိဳလ္ထြက္သြားတာနဲ႔ ရပ္ေနတဲ့သူလဲ အ႐ုပ္ႀကိဳးျပတ္လဲက်သြားတယ္။ အိမ္သားေတြလဲ လဲက်သြားတဲ့သူကို ထူရင္း ေအာင္ျမတ္သာတို႔ကိုအိမ္ထဲေခၚခဲ့ၾကတယ္။

အိမ္ထဲေရာက္ေဝာာ့ ေအာင္ျမတ္သာက
" ဘယ္လိုျဖစ္ဝာာလဲ ဒီဓါးက ဘာေၾကာင့္ဒီကိုေရာက္ေနတာလဲ"

ေအာင္ျမတ္သာရဲ႕စကားေၾကာင့္ အသက္ငါးဆယ္ေက်ာ္အ႐ြယ္ရွိတဲ့ ရွမ္းအမ်ိဳးသမီးက

" ဒီဓါးက ဒီအိမ္ရဲ႕ဖိုးဖြားအေမြပါ ဘာေၾကာင့္ျဖစ္ျဖစ္ ဓါးကိုမထုတ္ဖို႔ မ်ိဳး႐ိုးစဥ္ဆက္မွာခဲ့ၾကတယ္ ဒါေပမယ့္ ကြၽန္မလက္ထက္မွာ ဒီကတိကိုမတည္ႏိုင္ခဲ့ဘူး မေန႔ညက အိမ္က ‌သားနဲ႔တစ္ျခားသူေတြရန္ျဖစ္ၾကတယ္ သားျဖစ္သူကအမူးလြန္ၿပီး ဓါးကိုထုတ္လိုက္တဲ့အခ်ိန္ သူ႔အသိစိတ္လြတ္သြားတာပဲ "

" ဒီဓါးေၾကာင့္ တစ္ျခားသူေတြေသြးထြက္သံယိုျဖစ္ခဲ့ေသးလား"

" တစ္ျခားသူေတြဘာမွမျဖစ္ခင္ လွမ္းဆြဲလိုက္တဲ့ ကြၽန္မညီမေတာ့ လက္ထိသြားတယ္"

" အိမ္း ဒီလိုပစၥည္းမ်ိဳးဆိုတာ အိမ္မွာမရွိသင့္ဘူး ဆိုင္ရာပိုင္ရာကိုအပ္လိုက္သင့္တယ္"

" ဒီဓါးက ကြၽန္မအဖိုးျဖစ္သူရဲ႕ဓါးပါ သူမေသခင္ ဒီဓါးနဲ႔ပုံစံတူဓါးတစ္လက္ရွိတယ္လို႔ေျပာဖူးတယ္ ဓါးႏွစ္လက္ဆုံတဲ့အခ်ိန္မွာ ထူးျခားတာျဖစ္လိမ့္မယ္လို႔လဲေျပာတယ္"

အမ်ိဳးသမီးရဲ႕စကားကိုၾကားေတာ့ေအာင္ျမတ္သာက သက္ခိုင္ဘက္ကိုလွည့္ၿပီး
" ငါတို႔ယူလာတဲ့ဓါးကိုထုတ္ျပလိုက္ပါ"

သက္ခိုင္လဲေအာင္ျမတ္သာစကားေၾကာင့္ လုံခ်ည္နဲ႔ပတ္ထားတဲ့ဓါးကိုထုတ္ျပလိုက္တဲ့အခါ အ႐ြယ္အစားေရာ ပုံစံပါတစ္ထပ္ထဲက်ေနတာကိုျမင္လိုက္ရတယ္။

" က်ဳပ္တို႔က ဒီဓါးႏွစ္လက္ကို ကိုးၿမိဳ႕ရွင္နတ္နန္းမွာလႉေစခ်င္တယ္ ခုနကဝင္ပူးတာက ဒီဓါးကိုေစာင့္တဲ့ပုဂၢိဳလ္ပဲ "ဆိုၿပီးဓါးႏွစ္လက္ရဲ႕သမိုင္းေၾကာင္းကိုေျပာျပလိုက္ေတာ့ ပိုင္ရွင္အမ်ိဳးသမီးက သူ႔မွာရွိတဲ့ ဓါးကိုေအာင္ျမတ္သာတို႔ဆီကိုေပးခဲ့တယ္။

ေအာင္ျမတ္သာတို႔လဲ ဓါးႏွစ္လက္ကို အံဝင္ေအာင္ ထပ္လိုက္တဲ့အခ်ိန္မွာေတာ့ အိမ္တစ္ခုလုံး႐ုတ္တရက္လႈပ္ခါသြားခဲ့တယ္။

ေအာင္ျမတ္သာကေတာ့ ဓါးႏွစ္လက္ကိုၾကည့္ၿပီး
" ယခုအခ်ိန္ကစၿပီး ဒီဓါးနဲ႔သင္တို႔မသက္ဆိုင္ေတာ့ဘူး ဒါေၾကာင့္ဤအိမ္ ဤေနရာကေန ထြက္သြားေပးၾကပါ"လို႔သုံးႀကိမ္တိတိေျပာလိုက္တဲ့အခ်ိန္ အိမ္ေရွ႕မွာရွိေနတဲ့ေခြးေတြက လမ္းတစ္ေလ်ာက္ အူၿပီးတစ္စုံတစ္ေယာက္ေနာက္ကိုလိုက္သြားတာကိုလဲျမင္လိုက္ၾကရတယ္။

ေအာင္ျမတ္သာတို႔လဲ လဓါးပိုင္ရွင္ျဖစ္တဲ့အမ်ိဳးသမီးနဲ႔အတူ ကိုးၿမိဳ႕ရွင္နတ္နန္းကိုသြားၿပီး ဓါးႏွစ္လက္ကို အပိုင္စားေပးအပ္ခဲ့တယ္။ နတ္နန္းကေနထြက္လာခဲ့လိုက္တယ္။

နတ္ကြန္းကေနထြက္လာၿပီး မလွမ္းမကမ္းေရာက္ေတာ့ ေအာင္ျမတ္သာအေနာက္ျပန္လွည့္ၾကည့္လိုက္တဲ့အခ်ိန္ နတ္ကြန္းေပၚမွာတင္ထားတဲ့ ဓါးႏွစ္လက္မရွိေတာ့ပဲ မလွမ္းမကမ္းမွာ ေနဓါးနဲ႔လဓါးကိုလြယ္ၿပီး ခေမာက္ေဆာင္းထားတဲ့ပုဂၢိဳလ္တစ္ေယာက္ကိုသာျမင္လိုက္ရတယ္။

ေအာင္ျမတ္သာတို႔လဲ ေနဓါးလဓါးကို လႉခဲ့ၿပီးေနာက္ပိုင္း ရွမ္းျပည္နယ္ကေနျပန္လာခဲ့ၾကတယ္။
+++++++

ေအာင္ျမတ္သာတို႔ရွမ္းျပည္နယ္ကေနျပန္လာၿပီး ေနာက္ပိုင္း ဘယ္ဆရာမွအေျဖရွာမရတဲ့ကိစၥတစ္ခုကို ကူညီခဲ့ၾကေသးတယ္။ ဒီအေၾကာင္းကိုေတာ့ ေအာင္ျမတ္သာႏွင့္ အ႐ိုးအစြဲဆိုတဲ့ဝတၱဳေလးမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

No comments

Post a Comment