သရဲမွေးသော ခြံဝိုင်းကြီး(စ/ဆုံး)

  သရဲမွေးသော ခြံဝိုင်းကြီး(စ/ဆုံး) ————————————— ဦးထွန်းအောင် လက်ပတ်နာရီကို ကြည့်သည်။ မနက် ၈နာရီ ရှိနေပြီ ဖြစ်၏။ ထို့ကြောင့် မိန်းမဖြစ်သူ ဒေ... thumbnail 1 summary

 သရဲမွေးသော ခြံဝိုင်းကြီး(စ/ဆုံး)

—————————————
ဦးထွန်းအောင် လက်ပတ်နာရီကို ကြည့်သည်။
မနက် ၈နာရီ ရှိနေပြီ ဖြစ်၏။ ထို့ကြောင့်
မိန်းမဖြစ်သူ ဒေါ်အေးကြွယ်အား ထမင်းချက်ရန်
ပြောလိုက်သည်။

“ကိုင်း …ဒေါ်အေးကြွယ် မင်းနဲ့ သမီးကြီး မနက်စာ
ထမင်းချက်ကြတော့ကွာ”

“ရှင်ကလည်း လှေဆိပ်က ပစ္စည်းတွေတောင်
အကုန်မရောက်သေးဘူးလေ ပစ္စည်းတွေ
အကုန်ရောက်မှ ချက်ပြုတ်ရင် မကောင်းဘူးလား”

ဟု ဒေါ်အေးကြွယ်က ပြန်ပြောသည်။

“လှေဆိပ်က ပစ္စည်းတွေကို ကျန်တဲ့လူတွေ
သယ်ကြလိမ့်မယ်ပေါ့ လှေဆိပ်က ပစ္စည်းတွေ
အကုန်ရောက်မှဆိုရင် နေမွန်းတည့်သွားလိမ့်မယ်
တို့က အခုမှ ပြောင်းလာကြတဲ့ လူသစ် နေရာသစ်
ဆိုတော့ ကြိုတင်ချက်ပြုတ် စားသောက်ထားတာ
ကောင်းပါတယ် ။ နေမြင့်မှဆို ကလေးတွေလည်း
ဆာကုန်တော့မှာပေါ့ ။ အခုလောလောဆယ်တော့
ဟိုသစ်ပင်အောက်မှာပဲ ချက်ပြုတ်လိုက်ကြ။
ရေတွင်းလည်း နီးလည်းနီးတယ် ။ ငါအိမ်ကြီးဆီကို
သွားပြီး သော့ဖွင့်လိုက်မယ်”

ဟုပြောပြီး ဦးထွန်းအောင်သည် မြေးသုံးယောက်တို့
ဘက်ကို လှည့်ကြသည်။

မြေးသုံးယောက်တို့မှာလည်း နေရာသစ်တစ်ခုသို့
ရောက်နေ၍ စကားပြောခြင်း သွားလာခြင်း
ပြေးလွှားဆော့ကစားခြင်း မလုပ်ရဲကြသေးဘဲ
ငြိမ်ကုတ်ပြီး ထိုင်နေကြသည်။

“ကိုင်း …ငါ့မြေးတွေကလည်း ဆော့ချင်ဆော့
ကစားနေကြ သိပ်ပြီး အဝေးတော့ မသွားကြနဲ့ဦး
ဒါက ဘိုးဘိုး ငွေသုံးရာပေးပြီး ဝယ်ထားတဲ့ ခြံကြီးပါပဲ”

ဟု ပြောထားခဲ့ပြီး ဦးထွန်းအောင် အိမ်ကြီးဆီကို
လျှောက်သွားသည်။

ဦးထွန်းအောင်က သစ်ကုန်သည်ကြီး ဖြစ်သည်။
ထို့ကြောင့် သည်ရခိုင်ရိုးမ တောင်ခြေတစ်ခို၌
ပျဉ်းကတိုးသစ်များ ပေါသဖြင့် သစ်ထုတ်ရန်အတွက်
သည်နေရာဒေသကို ရွေးချယ်လိုက်သည်။

ထို့နောက် ရွာနှင့် တစ်မိုင်မျှလှမ်းပြီး ပိုမို
တောင်ခြေကျသော သည်ခြံနှင့် အိမ်ကြီးကိုပါ
ဝယ်ယူလိုက်သည်။

သည်အိမ်ကြီးမှာ နေထိုင်ပြီးပင် သစ်လုပ်ငန်းကို
လုပ်ကိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိသားစုကို
တစ်ပါတည်း ပြောင်းလာခဲ့ခြင်းဖြစ်သည်။

ဦးထွန်းအောင်မှာ သားကြီး ကျော်ထွန်းအေး
သမီးကြီး ငွေရင်အေး သမီးငယ် ငွေရင်ဖြူ ဟု
သားသမီးသုံးယောက် ရှိသည်။

သားကြီးနှင့် သမီးကြီးတို့က အိမ်ထောင်ကျပြီး
သားကြီးမှာ ကလေးနှစ်ယောက် သမီးကြီးမှာ
ကလေးတစ်ယောက် အသီးသီး ရှိနေကြသည်။
သမီးငယ်က ယခုမှ ၁၉နှစ်မျှ ရှိသေး၍ အိမ်ထောင်လည်း
မကျသေးပေ။

ထို့အပြင် အိမ်ကူအဖြစ် အမျိုးသမီးနှစ်ယောက်နှင့်
အမျိုးသားသုံးယောက်တို့လည်း ပါလာကြသေး၍
ဦးထွန်းအောင်၏ မိသားစုသည် မနည်းပေ။
ထို့ကြောင့်လည်း လုပ်ငန်းသဘောအရ
ကြာကြာနေထိုင်ရန်အတွက် ဦးထွန်းအောင်
သည်ခြံနှင့် အိမ်ကြီးကို ဝယ်ယူလိုက်ခြင်းဖြစ်သည်။

ခြံဝိုင်းကြီးကလည်း ဆယ်ဧကကျော်မျှ ကျယ်ဝန်းသည်
သည်ခြံကြီးကို စတင်တည်ထောင်ခဲ့သော
မူလပိုင်ရှင်သည် ဂျပန်များ တိုင်းပြည်ထဲသို့
ဝင်ရောက်စ အချိန်တွင် ရောက်ရှိလာပြီး
သည်နေရာ၏ မြေလွတ်မြေရိုင်းကြီးကို
ခြံအဖြစ် ဖန်တီးကာ လွတ်လပ်ရေးရပြီး၍
တိုင်းပြည် ပြန်လည်ငြိမ်သက်သည်အထိ
ကာလတစ်လျှောက်လုံး သူ၏ မိသားစုများနှင့်အတူ
ဆယ်နှစ်ကျော်မျှ နေထိုင်သွားခဲ့သည်။

ယခုတစ်ဖန် ဦးထွန်းအောင်က သစ်လုပ်ငန်းကို
အကြောင်းပြုပြီး တန်ဖိုးငွေ သုံးရာကျပ်ဖြင့်
ပေးဝယ်လိုက်၍ ဦးထွန်းအောင်၏ ခြံ ဖြစ်လာခဲ့သည်။
ယခုဆိုလျှင် မူလပိုင်ရှင်များ ပြောင်းရွှေ့သွားကြသည်မှာ
သုံးလခန့် ရှိခဲ့ပြီ။

မူလပိုင်ရှင်သည် ငှက်ပျော သရက် ပိန္နဲ မန်ကျည်း
မာလကာနှင့် ရှောင်ပင်များကိုလည်း စိုက်ပျိုးထားခဲ့၍
အတော်လေးပင် စည်ပင်ဖွံ့ဖြိုးလျက် ရှိနေလေသည်။

ပင်တိုင်းသီးပြီး အကိုင်း အခက် အရွက်များကလည်း
အရိပ်ပေးလျက် ရှိနေပြီ။ ထို့ကြောင့် ဦးထွန်းအောင်အဖို့
အတော်လေးပင် အဆင်ပြေနေလေသည်။

ဦးထွန်းအောင်သည် အိမ်ကြီးကို သော့ဖွင့်ပြီး
လျှောက်ကြည်နေမိသည်။ တစ်အိမ်လုံး ပျဉ်ကတိုးသစ်
များဖြင့် ဆောက်လုပ်ထား၍ ရဲရဲနီနေသည်။
အိမ်ကကြီး/ကျယ်ပြီး အခန်းအတော်များများကိုလည်း
ဖွဲ့ထားသည်။

ရှေးလည်းဆန်သည်။ အတော်လေးပင် ခိုင်ခန့်
သပ်ရပ်စွာဖြင့် ဆောက်လုပ်ထားသည်ကို
တွေ့ရသည်။ မူလပိုင်ရှင်သည် သည်မျှအခိုင်အခံ့
ဆောက်လုပ်ထားပြီး ဆယ့်ကိုးနှစ်မျှသာ
နေထိုင်ကာ ဦးထွန်းအောင်အား ရောင်းချထားခဲ့၍
သစ်လုပ်ငန်းကို ကြာကြာလုပ်ကိုင်ပြီး
နေထိုင်လိုသည့် ဦးထွန်းအောင်အဖို့
အတော်လေးပင် အဆင်ပြေသည် ကံကောင်း
သည်ဟုပင် ဆိုရပေမည်။

ထိုအခိုက်မှာပင် ဆူဆူညံညံဖြင့်

“အေမေရ …အေဖေရ…”

ဟု မြေးတစ်စုတို့၏ အော်ဟစ်ငိုကြွေးပြီး
ထွက်ပြေးကြသံကို ကြားလိုက်ရ၍ ဦးထွန်းအောင်
အိမ်ကြီးပေါ်မှ ပြေးဆင်းပြီး လိုက်သွား၏။

အိမ်ရှေ့သို့ရောက်၍ ကြည့်လိုက်ရာ ကလေးများသည်
ထမင်းဟင်း ချက်ပြုတ်နေကြသော သူ့အမေ နှင့်
သူ့အဘွားတို့ အနားတွင် စုရပ်ကာ ကြောက်လန့်
တုန်လှုပ်ပြီး မျက်ရည်များ စို့ဝိုင်းနေကြသည်ကို
တွေ့လိုက်ရသည်။

“ဟင် … ငါ့မြေးတွေ ဘာဖြစ်ကြတာလဲ အဘိုးကို
ပြောကြစမ်း ဘာကိုကြောက်လို့ အော်ဟစ်ကြတာလဲ”

“ဘီလူးကြီး”

ဟု အကြီးမလေးက အသံတုန်တုန်ဖြင့် ပြော၏။

“ဘာ”

ဦးထွန်းအောင်၏အသံ ကျယ်လောင်သွား၏။
အကြီးမြေးမလေးက မျက်လုံးများ ပြူးဝိုင်းလျက်
ထပ်ပြောသည်။

“ဟို အနားမှာ ဘီလူးကြီး”

ဟု ပြောပြီး ခြံကြီး၏ အနောက်ထောင့်ဘက်ကို
လက်ညှိုးထိုးပြသည်။ ထို့ကြောင့် ဦးထွန်းအောင်
အပါအဝင် အနားမှာ ရှိနေကြသော လူအားလုံးပင်
အကြီးမလေး လက်ညှိုးထိုးပြသည့် ခြံထောင့်ကို
အကြည့်ရောက်သွားသည်။

ခြံထောင့်သည် ယခုထမင်းချက်နေကြသည့်
နေရာနှင့် လူကြီးခဲတစ်ပေါက်ခန့် လှမ်းသည်။
ထိုနေရာတွင် ကျိုးတိုးကျဲတဲ အပင်လေးများ
ပေါက်၍လည်း ရှိသည်။ဦးထွန်းအောင်သည်
ထိုနေရာကို စိုက်ကြည့်ပြီး ဖြည်းဖြည်းမှန်မှန်
လျှောက်သွားသည်။

ဦးထွန်းအောင် ထိုနေရာနှင့် ဆယ့်ငါးလံခန့် အနီးသို့
ရောက်လျှင် သက်ကယ်ပင်များ၏ အကြားက
လူကြီးတစ်ဖက်သာခန့်ရှိသော ဖွဲနုရောင်
လူခေါင်းနှင့်တူသော ခေါင်းကြီး တစ်လုံးသည်
မြေကြီးထဲသို့ တဖြည်းဖြည်း နိမ့်ဆင်းပြီး ချိုးဝင်
သွားသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် ဦးထွန်းအောင်လည်း မျက်လုံးပြူးပြီး
ကြက်သီးမွေးညင်းများ ထောင်ထသွားလေသည်။
ခပ်ပါးပါး သက်ကယ်ပင်များ ရှိနေ၍ ထိုခေါင်းကြီးသည်
လူဦးခေါင်းနှင့် တူသည်ကို တွေ့လိုက်ရသောကြောင့်
မိစ္ဆာကြီးတစ်ကောင်,ကောင်၏ ဦးခေါင်းကြီးသာ
ဖြစ်နိုင်ကြောင်းကိုလည်း နားလည်လိုက်သည်။

ထိုသို့ စဉ်းစားရင်း ဦးထွန်းအောင်မှာ သာ၍ပင်
ကြောက်လန့်သွားရလေသည်။

ဒုက္ခပဲဟုလည်း အသံတိတ်စွာဖြင့် တွေးလိုက်မိ၏။
ဤခြံကြီး၏ မူလပိုင်ရှင်သည် အဘယ်သို့
ပြုလုပ်ထားခဲ့သည်ဟု မသိ။သို့သော် သည်အဖြစ်ကို
မိသားစုများအား အသိပေး၍ ဖြစ်မည်မဟုတ်ပေ။
အသိပေးလိုက်လျှင် သာ၍ပင် ကြောက်လန့်
သွားကြမည်ဖြစ်ပြီး ထိန်းမနိုင် သိမ်းမရသည်အထိ
ဖြစ်သွားနိုင်သည်။

ထို့နောက် ဦးထွန်းအောင်သည် ထိုနေရာမှ
ပြန်ခေါက်လာပြီး ကလေးများအား နှစ်သိမ့်
ပေးလိုက်တယ်။

“ငါ့မြေးတွေ မကြောက်ကြနဲ့ကွယ် ဘာမှလည်း
မဟုတ်ပါဘူး အဲဒီနေရာကို အဘိုး သွားကြည့်ပြီးပြီပဲ
ဘာမှ မရှိပါဘူး”

“ရှိတယ် အဘိုး သမီးတို့ ပြေးဆော့နေကြတုန်း
ချုံဖုတ်ကြားက ချောင်းကြည့်နေတဲ့ အကောင်ကြီးဟာ
ဘုန်းကြီးကျောင်းက ဘီလူးကြီးအတိုင်းပဲ”

ဟု မြေးမလေးက ပြန်ပြောသည်။

“တော်စမ်း အဘိုး သွားကြည့်ပြီးပြီ ဘာမှ မရှိပါဘူး
ဆိုမှ ကြောက်ရင် အဲဒီဘက်ကို မသွားကြနဲ့
ဒီအနားမှာပဲ ဆော့နေကြပေါ့ ”

ဟု ဦးထွန်းအောင်က မြေးမလေးအား ငေါက်ငမ်းပြီး
နှုတ်ပိတ်လိုက်သည်။
အဘိုးဖြစ်သော ဦးထွန်းအောင်က ငေါက်ငမ်း ပြောဆို
လိုက်သော်လည်း မြေးကလေးများမှ ထိုမိစ္ဆာကောင်ကြီးကို
ကိုယ်တိုင် မြင်လိုက်ကြ၍ အကြောက်မပြေသေးဘဲ
မျက်လုံးကလေးများ ပြူးဝိုင်းပြီး ထိုဘက်ကိုသာ
စိုက်ကြည့်နေကြလေသည်။

ဦးထွန်းအောင်၏ စိတ်ထဲတွင်လည်း အတော်လေးပင်
လေးတေးတေးကြီးဖြစ်ပြီး ကြောက်လန့်နေမိသည်။
ဤခြံကြီးကို ဝယ်ယူလိုက်မိသည်မှာ ကြီးစွာသော
အမှားကြီးတစ်ခုကို ကျူးလွန်မိသလိုပင်
ဖြစ်သွားရလေပြီလားဟုလည်း တွေးနေမိသည်။

သို့သော် သူ၏ ကြောက်နေမိသော အမူအရာကို
အိမ်သူအိမ်သားများ မရိပ်မိစေရန်အတွက် အတတ်နိုင်
ဆုံး ထိန်း၍နေသည်။ သည်အဖြစ်ကို နောက်နေ့တွင်
ရွာသားများအား ပြောပြပြီး အဖြေရှာမည်ဟုလည်း
တေးထားလိုက်သည်။

ထို့နောက် ရေဆိပ်မှ ပစ္စည်းများကို သွားသယ်
နေကြသော သား/သမက် အလုပ်သမားများ
ရောက်လာကြလျှင် နေ့လယ်စာ စားသောက်ကြသည်
ထမင်းစားသောက်ပြီးနောက် အိမ်တွင်း အိမ်ပြင်
လှည်းကျင်းရှင်းလင်းပြီး ပစ္စည်းများကို အိမ်ပေါ်သို့
ရွှေ့ပြောင်းကြသည်။
အောက်မှာထားမည့် ပစ္စည်းများကိုလည်း
သူ့နေရာနှင့်သူ အဆင်ပြေအောင် ထားကြသည်။

ညနေပိုင်းသို့ ရောက်လျှင် နေရာသစ်(အိမ်သစ်)ဖြစ်၍
ညနေစာထမင်းကို ခပ်စောစောပင် ချက်ပြုတ်ပြီး
စားသောက်ကြသည်။ ညနေစာ စားသောက်ပြီးချိန်၌
နေညိုရုံမျှသာ ရှိသေးသည်။

ဦးထွန်းအောင်သည် သွားကြားထိုးရင်း မသိမသာ
ပြတင်းပေါက်နားသို့ ကပ်သွားပြီး ခြံကြီး၏
အနောက်မြောက်ထောင့်ဘက်ကို လှမ်းကြည့်ပြန်သည်။
ထိုအခါတွင်လည်း မနက်ပိုင်းက မြင်လိုက်ရသော
သက်ကယ်ပင်ဖုတ်နားက ဖွဲနုရောင် မိစ္ဆာခေါင်းကြီးကို
မြင်ရပြန်သည်။

ဦးထွန်းအောင် ကြက်သီးဗြန်းဗြန်း ထသွားရပြန်သည်။
နောက်ဘက်က ဝင်လုဆဲ စူးရှရှနေရောင် ထိုးနေ၍
ခေါင်းကြီးကို သဲကွဲစွာဖြင့် မြင်နေရသည်။
အစိမ်းသရဲများထက် ပိုကြီး (ပိုဆိုး)သော
ဖုတ် ပြိတ္တာ အင်းဘီလူး ကျောက်ဘီလူးဟု
ကြားဖူးသော မိစ္ဆာအကြီးစားထဲကသာ
ဖြစ်ဖွယ်ရှိသည်ဟု ဦးထွန်းအောင် တွေးသည်။

ဦးထွန်းအောင်သည် အိမ်သူအိမ်သားများ
ရိပ်မိသွားကြမည်စိုး၍ ပြတင်းတံခါးကို ပြန်ပိတ်ကာ
ဧည့်ခန်းတွင် စင်္ကြ ံ လျှောက်နေမိသည်။
စိတ်သည်လည်း အတော်လေးပင် လှုပ်ရှားနေသည်။

တစ်အောင့်လေးအကြာတွင် နေဝင်သွား၏။
ဦးထွန်းအောင် ပြတင်းပေါက်နားသို့ ကပ်သွားပြီး
ဖွင့်ကြည့်ပြန်သည်။ ထိုအခါတွင်လည်း ထိုခေါင်းကြီးကို
မြင်နေရမြဲဖြစ်သည်။ သက်ကယ်ပင်လေးများ
ကျိုးတိုးကျဲတဲ ကွယ်နေ၍ ရှင်းလင်းပြတ်သားစွာဖြင့်
မမြင်ရသော်လည်း ထိုမိစ္ဆာကောင်ကြီးသည်
အိမ်ဆီသို့ လှည့်ကြည့်နေသည်မှာ သေချာနေသည်။

ထို့နောက် မိုးချုပ်လာသည်နှင့် ထိုမိစ္ဆာခေါင်းကြီး
ရှိနေသော နေရာက မီးကဲ့သို့ ရဲရဲနီလာလေသည်။
ထို့နောက် အိမ်ခေါင်မိုးပေါ်သို့ သဲလိုလို မိုးစက်ပေါက်လိုလို
တဖြောက်ဖြောက်ကျလာလေသည်။

အိမ်သူအိမ်သားများက အထူးအဆန်းဖြစ်ပြီး
ခေါင်မိုးပေါ်ကို မော့ကြည့်ရုံမျှသာ ကြည့်နေ
ကြသော်လည်း ဦးထွန်းအောင်ကမူ ဤသည်မှာ
မိစ္ဆာကောင်ကြီး၏ လက်ချက်သာဖြစ်သည်ဟု
အလိုလိုသိနေသည်။

ထို့နောက် တဖြောက်ဖြောက်သံများသည် ပိုမိုကျယ်
လောင်လေ၏။ တဖြောက်ဖြောက်မှ ခဲလုံးများ
မြေခဲတုံးများဖြင့် ပစ်ပေါက်သကဲ့သို့ တဘုန်းဘုန်း
တအုန်းအုန်း ကျလာလေသည်။ သို့မှ အိမ်သူအိမ်သား
များလည်း သရဲခြောက်မှန်းကို သိသွားကြလေသည်။
အိမ်တံခါးများကိုလည်း လုံအောင်ပိတ်ထား
လိုက်ကြသည်။

“ငါ့သား ငါ့မြေးတို့ မကြောက်ကြနဲ့ကွ သရဲခြောက်လို့
သေတယ်ဆိုတာလည်း မရှိပါဘူး မကြောက်ဖို့ပဲ လိုတယ်
စိတ်ကိုတင်းတင်းထားကြ”

ဟုပြောပြီး ဦးထိန်းအောင်သည် နှစ်လုံးပြူးသေနတ်ကြီးကို
ကောက်ကိုင်လိုက်၏

ထိုအချိန်၌ အိမ်ကြီးကို ကိုင်လှုပ်သလို ပြေးလိုက်သလိုပင်
ကြမ်းလာလေသည်။ လေးတောင်ဖွင့် လေးခန်း
အိမ်ရှေ့အိမ်နောက် လက်ခံပါသော ပျဉ်းကတိုး
အိမ်ကြီးသည်ပင် သိမ့်သိမ့်တုန်နေလေသည်။

ထိုအချိန်၌ လရောင်သည်လည်း ခပ်ပါးပါးမျှသာ
ရှိသည် ။ ဦးထွန်းအောင်သည် တံခါးပေါက်များကို
မဖွင့်ရဲဘဲ စာကလေး ဝင်ပေါက်မှ အပြင်ဘက်ကို
ချောင်းကြည့်သည်။အပြင်တွင် လူတို့ထက်
လေးငါးဆခန့်ကြီးသော သတ္တဝါကြီးတစ်ကောင်သည်
အိမ်ကြီးကို လှည့်ပတ်လျက် ကိုင်လှုပ်ပွတ်တိုက်
နေသည်ကို ထင်ထင်ရှားရှား မြင်နေရသည်။

ထို့နောက် ကျယ်လောင်စွာဖြင့်လည်း တက်ခေါက်
သေးသည်။အိမ်သူအိမ်သားများမှာ အိပ်ပင် မအိပ်ရဲ
ကြတော့ဘဲ အိမ်ခန်းအလယ်တွင် စုထိုင်ပြီးသာ
တုတ်တုတ်မျှ မလှုပ်ရဲဘဲ ငြိမ်ကုပ်နေကြရသည်။

ဦးထွန်းအောင်၏ တစ်သက်တွင် သည်မျှအထိ
ကြမ်းသော ခြောက်လှန့်ခြင်းမျိုးကို မကြုံဖူးသလို
ကြားလည်း မကြားဖူးပေ။ ယခင်ကမူ ဦးထွန်းအောင်သည်
တစ္ဆေ သရဲများကို သိပ်ပြီး ကြောက်လန့်တတ်သူ
မဟုတ်ပေ။ ယခု ပက်ပင်းရင်ဆိုင် သရဲကြမ်းကြီးနှင့်
ကိုယ်တွေ့ ကိုယ်တိုင်ကြုံလာရသောအခါ
မကြောက်၍ မရတော့ပေ။

သရဲကြမ်းကြီးသည် အိမ်ကိုလှည့်ပတ်ပြီး ကိုယ်လုံး
ကြီးနှင့် ပွတ်တိုက်သည်ကို မြင်နေရသလို
ကျယ်လောင်သော တက်ခေါက်သံကြီးကိုလည်း
ကြားနေရသည်။ လက်ထဲတွင် နှစ်လုံးပြူး
သေနတ်ကြီးကို ကိုင်ထားပါလျက် မပစ်ရဲသည်မှာလည်း
နောက်ဆက်တွဲ ဖြစ်ကောင်းဖြစ်နိုင်သော ပြဿနာကို
စဉ်းစားမိ၍ ဖြစ်သည်။

သေနတ်ဖြင့် ပစ်လိုက်၍ မြင်နေရသော သရဲမိစ္ဆာကောင်သည်
သေသည်ဖြစ်စေ အခြောက်အလှန့် ရပ်တန့်သွားသည်
ဖြစ်စေ တော်၏။ မရပ်မတန့်ပဲ ပိုဆိုးလာခဲ့လျှင်
အထိန်းသိမ်းရ ပိုပြီးခက်သွားနိုင်သည်။
တစ်မိသားစုလုံး အသက်အန္တရာယ် ကျရောက်သည်အထိပင်
ဖြစ်ကောင်းဖြစ်လာနိုင်သည်။

တစ္ဆေ သရဲများတွင် သတ်၍သေသော တစ္ဆေ
သရဲ ရှိသလို သတ်၍ မသေသော တစ္ဆေ သရဲ ဟူ၍လည်း
ရှိသည့် အကြောင်းကို ကြားဖူးသည်။
အကုသိုလ်ကံအလျောက် ကမ္မဇိဒ္ဓိ တန်ခိုးဖြင့်
ဖြစ်လာသော တစ္ဆေ သရဲများကို
သတ်၍ သေကောင်း သေမည်ဖြစ်သော်လည်း
အင်းဖုတ် စသော အောက်လမ်းပညာရှင်များ
ဖန်တီးထားသည့်တစ္ဆေ သရဲများကိုမူ အခြား
လူများ သတ်၍မသေ ဖန်တီးရှင်ကိုယ်တိုင်
သတ်မှ သေသည်ဟု ဆိုကြသည်။

သတ်၍ မသေနိုင်သော တစ္ဆေ သရဲများကို
တိုက်ခိုက်မိပါက ပိုဆိုးကောင်း ဆိုးလာနိုင်သည်။
ဦးထွန်းအောင်က တစ္ဆေ သရဲများနှင့် ပတ်သတ်ပြီး
မည်သည့်ပညာမျှ မတတ်ပေ။

ထို့ကြောင့်လည်း လက်ထဲတွင် သေနတ်ရှိပါလျက်
မိစ္ဆာကောင်ကြီးကိုလည်း မြင်နေရသည့်တိုင်အောင်
မပစ်ရဲခြင်းဖြစ်သည်။မိစ္ဆာကောင်ကြီးသည်လည်း
အိမ်ကိုလှည့်ပတ်ပြီး ဝင်တိုက်မြဲ တိုက်နေ၏
ထိုထက်ပိုဆိုး၍ မလာသောကြောင့် တော်သေးသည်။

ထိုထက်ပိုမဆိုးလာလျှင်လည်း ဦးထွန်းအောင် ဘာမျှ
ပြန်လုပရဲမည် မဟုတ်ပေ။ လည်စဉ်းခံရဖွယ်သာရှိ၏။
ထို့ကြောင့် မတတ်နိုင်သည့်အဆုံး တစ်မိသားစုလုံး
ငုတ်တုတ်မိုးလင်းရမည့် ကိန်းဆိုက်နေလေသည်။

အရှေ့ဘက်မှ ရောင်နီလာသည်နှင့် မိစ္ဆာကောင်ကြီး၏
တိုက်ခိုက်ခြင်သည်လည်း ရပ်စဲသွားသည်။
သို့မှ ဦးထွန်းအောင်တို့ မိသားစုလည်း သက်သာရာ
ရသွားကြသည်။

မိုးစင်စင်လင်းသည်နှင့် ဦးထွန်းအောင် စဉ်းစားသည်။
သည်အတိုင်းနေ၍ မဖြစ်တော့။ ပတ်ဝန်းကျင်နှင့်
ဆက်သွယ်ပြီး အကူအညီများ ရယူမှ ဖြစ်ပေတော့သည်

XXXX

“အဲဒီအိမ်ကြီးအကြောင်းကို ကျနော်လည်း
မသိဘူးဗျ။ တိုင်းပြည်ထဲသို့ ဂျပန်တွေ ဝင်လာတယ်ဆိုတဲ့
သတင်းကို အတိအကျရတာနဲ့ ကျနော်လည်း
မိဘဆွေမျိုးတွေရှိတဲ့ ရွာမှာ သွားနေတာပါ
အခုရွာကို ပြန်လာတာလည်း လပိုင်းလောက်ပဲ
ရှိပါသေးတယ်”

ဟု ရွာလူကြီးက ပြောပြသည်။ရွာလူကြီး
ဟူသည်မှာ အစိုးရ ခန့်ထားသော ရွာသူကြီး မဟုတ်ပေ။
အရပ်လူကြီးမျှသာ ဖြစ်၏။

ထို့နောက် ရွာလူကြီးက ဆက်ပြောသည်။

“အဲဒီအိမ်နဲ့ခြံရဲ့ မူလပိုင်ရှင်ဟာလည်း ကျနော်တို့
ပတ်ဝန်းကျင်က မဟုတ်ဘဲ တစ်နေရာ ပြောင်းလာပြီ
နေထိုင်သွားကြတာလို့ ဆိုတယ် ။ ကျနော် ရွာက
ထွက်သွားပြီး မကြာခင်ပဲ သူတို့မိသားစုနဲ့
အပေါင်းအသင်း နှစ်ဆယ်လောက် ရောက်လာကြပြီး
အဲဒီခြံကြီးကို ဖန်တီးပြီး နေထိုင်ကြသတဲ့။

သူတို့ ဘာကြောင့် ဒီနေရာကို ပြောင်းလာပြီး
နေထိုင်ကြတယ် ဆိုတာလည်း တစ်ယောက်မှ
မသိကြဘူး သူတို့က ပတ်ဝန်းကျင်နဲ့လည်း
သိပ်ပြီး အဆက်အဆံမလုပ်ဘူး ယုတ်စွအဆုံး
ဟင်းသီးဟင်းရွက် တွေကိုတောင် မဝယ်စားဘဲ
ကိုယ်တိုင်သာ စိုက်ပျိုးပြီး စားသောက်ကြတယ်
ကြက် ဝက် ဆိတ် သိုး တွေကိုလည်း ကိုယ်တိုင်
မွေးပြီး သတ်ဖြတ်စားသောက်ကြတယ်။

ငါးဟင်းပုဇွန်ဆိုလည်း ပိုက်ကွန်တွေနဲ့ ကိုယ်တိုင်
သွားဖမ်းပြီး စားသောက်ကြသတဲ့။ သူတို့မှာ
လူအင်အားကတောင့်တော့ ဓါးမြတောင်
မတိုက်ရဲကြဘူးတဲ့။ ဂျပန်ဝင်လာလို့ ရွာပြိုသွားပြီးနောက်
တချို့ရွာထဲမှာ ကျန်နေခဲ့တဲ့ မိသားစုတွေထဲက
ကောင်လေးတွေ သူတို့စိုက်ပျိုးထားတဲ့ အပင်အသီးတွေကို
ခွင့်မတောင်းဘဲ သွားခူးရင်တော့ လူမမြင်ရဘဲ
ပါးရိုက်လွှတ်လို့ လန့်ဖျတ်အော်ဟစ်ပြီး ထွက်ပြေး
ကြရတဲ့ အကြောင်းလည်း ပြောပြကြတယ်။
သာမန်ကလေးတွေကို မဆိုထားနဲ့
ဓါးမြဖွဲ့တွေတောင်မှ သူတို့ခြံနားကို ကပ်လို့
မရအောင် အစောင့်အရှောက် လုပ်ထားတယ်လို့
ဆိုတယ်”

ဦးထွန်းအောင် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
ထို့နောက် မေးသည်။

“ဒီတော့ သူတို့ ဘယ်အရပ်က ပြောင်းလာတယ်လို့
သိရပါသလဲခင်ဗျ”

“အဲဒါလည်း အတိအကျတော့ မပြောနိုင်ကြဘူးလေ
သူတို့က ပတ်ဝန်းကျင်နဲ့ သိပ်ပြီး အဆက်အစပ်
မလုပ်ကြတော့ သူတို့အကြောင်းကို ဘယ်သိနိုင်ပါ့မလဲ
တချို့ကလည်း မင်းမျိုးမင်းနွယ် သူဋ္ဌေးသူကြွယ်
တွေထဲက အရပ်စွန့်ကာ လူရောင်ဖျောက်ပြီး
ထွက်ပြေးလာကြတဲ့လူတွေပဲ ဖြစ်မယ်လို့
ထင်ကြတယ်
အတိအကျတော့ ဘယ်သူမျှ မပြောနိုင်ပါဘူး
ဒီတော့ အဲဒီအိမ်/ခြံကြီးနဲ့ ပတ်သတ်လို့
ဦးထွန်းအောင်ရဲ့ ကိုယ်တွေ့ အကြောင်းတွေကို
ကျနော့်ပြောပါဦး”

ဟု ရွာလူကြီးက ဆို၍ ဦးထွန်းအောင်က သူတွေ့ကြုံ
ရသော ကုန်ခဲ့သည်မနက်က ကလေးများ လန့်ဖျတ်အော်
ဟစ်ထွက်ပြေးကြသည့်နှင် ဖွဲနုရောင် မိစ္ဆာဦးခေါင်းကြီး
နှင့်တကွ တစ်ညလုံး အခြောက်အလှန့်ခံခဲ့ရသည့်
ဖြစ်ကြောင်းကုန်စင်ကို ရွာလူကြီးအား ပြောပြလိုက်သည်။

“ဒါဆို အခြေအနေက တော်တော်ဆိုးတာပဲ
အတော်ကြီး ကြမ်းတယ်လို့လည်း ပြောနိုင်ပါတယ်
ခင်ဗျား အဲဒီခြံကြီးကို မဝယ်ခင် ကျနော်တို့
ရွာသားတွေကို အရင်မေးစမ်း တီးခေါက်
ကြည့်သင့်တာပေါ့ အခုတော့ ဇွတ်ကြီးဝယ်လိုက်မိလို့
ရှင်းမရ ဖြစ်နေရပြီပဲ မဟုတ်လား”

“ကျနော်လည်း အခုလို ဖြစ်လာလိမ့်မယ်လို့
မထင်ဘူးလေ ပြီးတော့ ကျနော်က မြို့သားဆိုတော့
ဒီရွာအကြောင်းလည်း မသိပါဘူး ဒါကြောင့်
အဲဒီခြံပိုင်ရှင် မိသားစုကိုလည်း ဒီရွာသားထဲက
မိသားစုတစ်စုလိုပဲ ထင်တာ ဒါကြောင့်လည်း
ကျနော်သစ်လုပ်ငန်းနဲ့ ပတ်သတ်ပြီး လုပ်ငန်းပြီးစီးတဲ့
အထိ နှစ်လကြာကြာ နေထိုင်လို့ အဆင်ပြေမယ့်
ခြံနဲ့ အိမ်ကြီးဆိုပြီး ဝယ်လိုက်မိတာပါ”

ဟု ဦးထွန်းအောင်က စိုးရိမ်သောကကို ခံစားနေရသော
လေသံဖြင့် ပြောလိုက်သည်။

ရွာလူကြီး သက်မတစ်ချက်ကို ချ၏။
မိမိထံသို့ တလေးတစားလာပြီး အကူအညီ
အကြံဉာဏ်တောင်းခံ နေသော ဦးထွန်းအောင်ကိုလည်း
သနားနေမိသည်။ ထို့နောက် ရွာလူကြီးက ပြောသည်။

“ဒီတော့ ဦးထွန်းအောင် ဒီလိုလုပ်ကြည့်ဗျာ
ဦးထွန်းအောင်ရဲ့ အိမ်နဲ့ ခြံကြီးက ပုဏ္ဏကတိုက်
ဖုတ်တိုက် ဘီလူးတိုက်ဆိုတာမျိုး ဖြစ်နေလေတော့
ဒီအဖြစ်မျိုးကို တတ်ကျွမ်းနားလည်တဲ့လူ
ကျနော်တို့ရွာထဲမှာ တစ်ယောက်တော့ ရှိတယ်
ကျနော် သူ့ကို ခေါ်ပေးမယ် ဦးထွန်းအောင်
သူနဲ့ တွေ့တဲ့အခါ ဖြစ်ကြောင်းကုန်စင်တွေကို
ပြောပြပြီး အကူအညီ တောင်းကြည့်ပေါ့
အဲလိုဆိုရင် မကောင်းဘူးလား”

“ကောင်းပါတယ် ”

“ဟေ့ အကြီးကောင် ဝေရေကို သွားခေါ်လိုက်စမ်းကွာ
ငါခေါ်တယ် ခဏလာခဲ့ပါလို့ ပြောလိုက်”

ရွာလူကြီးက ပြောလိုက်၍ အသက် ၃၀ ခန့် လူရွယ်
တစ်ယောက် အိမ်ပေါ်သို့ ခပ်သုတ်သုတ်ဆင်းပြီး
ရွာကြားထဲသို့ လျှောက်သွားလေသည်။

ထို့နောက် ရွာလူကြီးက ဆက်ပြောသည်။

“အခု ကျနော် အခေါ်ခိုင်းလိုက်တဲ့ လူက အမှောင့်
ပယောဂစတဲ့ ဂမ္ဘီရပညာတွေကို တော်တော်
လိုက်စားထားတယ် ဂျပန်ခေတ် တစ်ခေတ်လုံးလည်း
နီပေါ တိဘက် ဘူတန်စတဲ့ နိုင်ငံတွေမှာ သွားနေပြီး
အဲဒီပညာတွေကို လေ့လာသင်ယူခဲ့သေးတယ်ဆိုတော့
တော်တော်စွမ်းမယ့် သဘောလည်းရှိပါတယ်”

ဦးဝေရေသည် အိန္ဒိယဝတ်စုံကို စမတ်ကျကျ ဝတ်ဆင်ပြီး
အိမ်ပေါ်ကို တက်လာသည်။ ထို့ကြောင့် တကယ့်
ကုလားပယောဂ ဆရာကြီးတစ်ယောက်နှင့် တူနေပြီး
ဆရာကြီး ဂိုက်လည်း ကျသည်။

“ကိုင်း …ဝေရ မင်းဒီလူနဲ့ စကားပြောကြည့်ပါဦးကွာ
ဒီလူက သူ့ခြံထဲမှာ သရဲခြောက်နေလို့တဲ့
ကိုင်း! ဦးထွန်းအောင်က ကိုယ်တိုင်ကြုံခံစား
နေရတဲ့အကြောင်း ဝေရေကို ပြောပြလိုက်ပါ”

ဦးထွန်းအောင်လည်း (ရွာလူကြီးကို ပြောပြလိုက်သည့်
အတိုင်း)ကုန်ခဲ့သည့်မနက်က မြေးမလေးများနှင့်
စတင်တွေ့ကြရသော မိစ္ဆာကောင်ကြီးသည်
တစ်ညလုံး ခြောက်လှန့်နေသည့် အကြောင်းကို
ဦးဝေရေအား လုံးစေ့ပတ်စေ့ ပြောပြလိုက်သည်။

ဦးဝေရေက ဂရုတစိုက် နားထောင်နေ၏။
ထို့နောက် ပြောသည်။

“မူလပိုင်ရှင်က သူမွေးထားခဲ့တဲ့ အကောင်ကို
မေ့ပြီး ရုတ်မသိမ်းခဲ့မိတာပဲ ဖြစ်မှာပါ ဒီတော့
ခင်ဗျားကိုယ်တိုင် မြင်လိုက်ရတဲ့ ဖွဲနုရောင်
ဦးခေါင်းကြီးဆိုတာက ဘယ်လိုနေရာမျိုးမှာလဲ
အဲဒါ ကျနော်ကို ပြောပြပါဦး”

“ခြံကြီးရဲ့ အနောက်မြောက်ထောင့်က
သက်ကယ်ပင်တွေရှိတဲ့ နေရာမှာပဲခင်ဗျ”

ဦးဝေရေ တစ်အောင့်ကြာအောင် စဉ်းစားနေသည်။
ရွာသူရွာသားများလည်း တစ်ယောက်ပြီး တစ်ယောက်
ရောက်လာကြ၍ ရွာလူကြီး၏ အိမ်ပေါ်တွင်
ပွဲတော်ကြီးတမျှ ဖြစ်ကာ ပြည့်သွားလေသည်။

ကြားနေရသည့် သတင်းက
တကယ့်ကြောက်ခမန်းလိလိကြီးဖြစ်နေ၍
ရွာသူရွာသားများလည်း အလွန်အမင်း
စိတ်ဝင်စားနေကြသည်။

ထို့ကြောင့် တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ်
ရောက်လာနေကြ၍ နောက်မှရောက် လာကြသော
ရွာသူရွာသားများမှာ အိမ်မဆံသဖြင့်
ခြံထဲက သစ်ပင်အောက်များမှသာ ဖြစ်သလိုထိုင်ပြီး
နားထောင်နေကြရလေသည်။

“ဦးထွန်းအောင် ပြောသလို အဲဒီမိစ္ဆာကောင်ကြီးကို
မြင်နေရတဲ့နေရာက အပင်တွေဟာ သက်ကယ်ပင်တွေတော့
ဖြစ်မယ် မထင်ပါဘူးဗျ”

“ဟုတ်ကဲ့ ကျနော်လည်း အနီးတော့ ကပ်မကြည့်ရဲပါဘူး
ဒါကြောင့် သက်ကယ်ပင်တွေလို မြင်လို့ပြောတာပါ”

“ပြီးတော့ အဲဒီနေရာက ညမိုးချုပ်လာတာနဲ့
မီးတောက်ကြီးလို မြင်မနေရဘူးလား”

“ဟုတ်ပါတယ် မိုးချုပ်တာနဲ့ အဲဒီနေရာက မီးလုံးကြီးလို
ရဲရဲနီနေတာ တွေ့ရပါတယ်”

ဦးဝေရေ တစ်အောင့်ကြာအောင် စဉ်းစား၍နေပြန်သည်။
ထိုကြောင့် ဦးထွန်းအောင်က ပြောသည်။

“ဟုတ်ပါတယ် ဆရာကြီး ပြောတဲ့အတိုင်း အားလုံး
မှန်ပါတယ် ဒီတော့ ဆရာကြီးရယ် ကျနော်တို့
မိသားစုကို သနားသောအားဖြင့် လိုက်ပြီး
ကူညီပေးပါဗျာ ဆရာကြီး တောင်းသလောက်
ကျနော်ပေးပါ့မယ်”

ဟု ဦးထွန်းအောင်က အလွန်အမင်း ဦးဝေရေအား
အားကိုးသော အမူအရာဖြင့်ပြောသည်။

“ဟုတ်ကဲ့ ကျနော် လိုက်ကြည့်ပေးပါမယ်”

ဟု ပြောပြီး ရွာလူကြီး၏အိမ်ပေါ်မှ ဆင်းလာကြသည်
ဦးထွန်းအောင်လည်း အတော်လေးပင် ဝမ်းမြောက်
ဝမ်းသာ ဖြစ်သွားလေသည်။

သို့သော် ရွာသူရွာသားများက ဘုရားပွဲသွားသလို
တန်းရှည်ကြီး လိုက်လာကြ၍ ထိုမျှအထိ မလိုက်ကြရန်ကို
ရွာလူကြီးက ပြောဆိုပြီး တားမြစ်ရပြန်သည်။
ထို့နောက် ရွာလူကြီးတို့ သားအဖ ရွာသူကြီး
ဦးထွန်းတင်နှင့် ရာအိမ်ခေါင်း ဆယ်အိမ်ခေါင်း သုံးလေး
ယောက်မျှခေါ်ပြီး ဦးထွန်းအောင်၏ အိမ်ခြံကြီးရှိရာကို
လျှောက်လာကြသည်။

ဦးထွန်းအောင်၏ မိသားစုများမှာ အိမ်ပေါ်မှာပင်
မနေရဲကြဘဲ အိမ်ရှေ့မှာသာ စုထိုင်နေကြသည်။

ဦးထွန်းအောင် လူအတော်များများနှင့် ခြံထဲသို့
ဝင်လာနေသည်ကို မြင်လျှင် ကြောက်၍လောမသိ
မျက်လုံးများ ပြူးဝိုင်းပြီး ကြောင်ကြည့်နေလေသည်။
ထို့ကြောင့် ဦးထွန်းအောင်က ပြောလိုက်သည်။

“ဘာမှ မစိုးရိမ်ကြနဲ့ကွယ့် ဒီမှာ ညက ခြောက်လှန့်
နေတဲ့ မိစ္ဆာကောင်ကြီးကို ဖြေရှင်းပေးမယ့်
ဆရာကြီး ပါလာပြီ”

ဟု ဦးဝေရေကို မေးထိုးပြလိုက်၍ အိမ်သူအိမ်သား
များလည်း ကြောက်စိတ်များ လျော့သွားပြီး
ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။

ဦးထွန်းအောင်သည် မိသားစုများကို ထိုမျှသာ
ပြောထားခဲ့ပြီး မိစ္ဆာကောင်ကြီးကို မြင်တွေ့ရသော
နေရာသို့ ဦးဝေရေနှင့် ရွာလူကြီးများအား ခေါ်သွားလေ၏
အနားသို့ ရောက်လျှင် ထိုနေရာကို ဦးဝေရေအား
လက်ညှိုးထိုးပြလိုက်သည်။

“ဟိုနေရာပါ ဆရာကြီး”

ဦးဝေရေ မတ်တတ်ရပ်လိုက်ပြီး ကြည့်၏။
ထို့နောက် ထိုနေရာကို မေးထိုးပြပြီး
ဦးထွန်းအောင်အား ပြောသည်။

“အစက ကျနော် မပြောဘူးလား သက်ကယ်ပင်တွေ
မဖြစ်နိုင်ဘူးလို့ စပါးလင်ပင်တွေပဲလေ”

“ဟုတ်ကဲ့ ကျနော် အဝေးက လှမ်းကြည့်တော့
သက်ကယ်ပင်တွေ ထင်လို့ပါ ဆရာကြီး”

“ဟုတ်ကဲ့ ကျနော် အဝေးက လှမ်းကြည့်တော့
သက်ကယ်ပင်တွေထင်လို့ပါ ဆရာကြီး”

စပါးလင်ဖုတ်ကြီးနားသို့ ကပ်ကြည့်ကြရာ
တအံ့တသြဖြစ်ပြီး မျက်လုံးပြူးသွားကြလေသည်။
စပါးလင်ဖုတ်ကြီး တစ်ဖုတ်လုံး အသက်ငင်နေသော
လူတစ်ယောက် ပက်လက်အိပ်ပြီး အသက်ရှုရှိုက်နေ
သကဲ့သို့ နိမ်ချေ မြင့်ချေ ဖြစ်နေလေသည်။

ဦးဝေရေသည် ထိုနေရာကို တစ်အောင့်လေး စိုက်ကြည့်
နေလိုက်ပြီးနောက် လူအားလုံးတို့အား နောက်သို့
ဆုတ်နေခိုင်းလိုက်၏။ ထို့နောက် ဆေးလွယ်အိတ်ထဲမှ
ဆေးကြမ်းတစ်ဆုပ်ကို နှိုက်ယူပြီး တစ်မိနစ်ခန့်
မန်းမှုတ်ကာ ထိုနေရာကို ပေါက်ချလိုက်သည်။

ထိုအခါ ထိုနေရာမှ ဘီလူးကြီးတစ်ကောင်
အော်ညည်းသကဲ့သို့ အသံနက်ကြီး ထွက်ပေါ်လာပြီး
မီးလုံးကြီးတစ်လုံး မိုးပေါ်သို့ ထောင်တက်သွားလေသည်

ထို့ကြောင့် လူအားလုံးလည်း ထိုင်သူထိုင်
အော်သူအော် ထွက်ပြေးသူပြေး ဖရိုဖရဲ ဖြစ်သွားကြ၏
ထိုကြောင့် ထိုအနားတွင် ဦးဝေရေတစ်ယောက်တည်းသာ
ကျန်နေခဲ့ပြီး ဦးထွန်းအောင်အား လှမ်းပြောလိုက်သည်

“ဦးထွန်းအောင် တူရွင်းဖြစ်ဖြစ် တူးစရာတစ်ခု
ယူလိုက်ပါ”

ဦးထွန်းအောင် အိမ်သို့ ပြေးသွားပြီး ချက်ချင်းပင်
သံတူရွင်းကြီးတစ်ချောင်းကို ယူလာခဲ့သည်။
ဦးဝေရေက စပါးလင်ဖုတ်ကြီးကို တူးခိုင်း၍
တူးလိုက်ရာ သွေးပုပ်များ ထွက်လာလေသည်။
စပါးလင်ဖုတ်ကြီး၏ အောက်ခြေတွင်လည်း
ဘီလူးခေါင်းကြီး ဖြစ်နေသည်ကို တွေ့ကြရသည်။

“ကိုင်း …ဦးထွန်းအောင် ဒီလို ဖျက်ဆီးပစ်လိုက်လျှင်
ဘာမှပြဿနာ မရှိတော့ဘူး အားလုံး ငြိမ်းချမ်း
သွားပါပြီ ကျေနပ်ရဲ့ မဟုတ်လား”

ဟု ဦးဝေရေက မေးပြော ပြောလိုက်၏။

“ဟုတ်ကဲ့”

ဟု ဆိုသော်လည်း ဦးထွန်းအောင်အား
လွှမ်းမိုးထားသည့် ကြောက်လန့်နေသော စိတ်သည်
ပြေပျောက်၍ မသွားတော့ပေ။

ထို့ကြောင့် သည်ခြံကြီးထဲတွင် ဆက်နေ၍
စိတ်ကူးမရှိတော့ ။ ဦး ဝေရေအား ဆရာပူဇော်ခ
ငွေငါးဆယ် ထုတ်ပေးလိုက်ပြီးနောက်
ထိုခြံကြီးထဲမှ ပြောင်းရွှေ့သွားကြလေသည်။

ပြီးပါပြီ

crdပေးပါသည်။

မူရင်း မင်းဟိန်းထိပ်

သရဲေမြးေသာ ၿခံဝိုင္းႀကီး(စ/ဆုံး)

—————————————

ဦးထြန္းေအာင္ လက္ပတ္နာရီကို ၾကည့္သည္။

မနက္ ၈နာရီ ရွိေနၿပီ ျဖစ္၏။ ထို႔ေၾကာင့္

မိန္းမျဖစ္သူ ေဒၚေအးႂကြယ္အား ထမင္းခ်က္ရန္

ေျပာလိုက္သည္။


“ကိုင္း …ေဒၚေအးႂကြယ္ မင္းနဲ႔ သမီးႀကီး မနက္စာ

ထမင္းခ်က္ၾကေတာ့ကြာ”


“ရွင္ကလည္း ေလွဆိပ္က ပစၥည္းေတြေတာင္

အကုန္မေရာက္ေသးဘူးေလ ပစၥည္းေတြ

အကုန္ေရာက္မွ ခ်က္ျပဳတ္ရင္ မေကာင္းဘူးလား”


ဟု ေဒၚေအးႂကြယ္က ျပန္ေျပာသည္။


“ေလွဆိပ္က ပစၥည္းေတြကို က်န္တဲ့လူေတြ

သယ္ၾကလိမ့္မယ္ေပါ့ ေလွဆိပ္က ပစၥည္းေတြ

အကုန္ေရာက္မွဆိုရင္ ေနမြန္းတည့္သြားလိမ့္မယ္

တို႔က အခုမွ ေျပာင္းလာၾကတဲ့ လူသစ္ ေနရာသစ္

ဆိုေတာ့ ႀကိဳတင္ခ်က္ျပဳတ္ စားေသာက္ထားတာ

ေကာင္းပါတယ္ ။ ေနျမင့္မွဆို ကေလးေတြလည္း

ဆာကုန္ေတာ့မွာေပါ့ ။ အခုေလာေလာဆယ္ေတာ့

ဟိုသစ္ပင္ေအာက္မွာပဲ ခ်က္ျပဳတ္လိုက္ၾက။

ေရတြင္းလည္း နီးလည္းနီးတယ္ ။ ငါအိမ္ႀကီးဆီကို

သြားၿပီး ေသာ့ဖြင့္လိုက္မယ္”


ဟုေျပာၿပီး ဦးထြန္းေအာင္သည္ ေျမးသုံးေယာက္တို႔

ဘက္ကို လွည့္ၾကသည္။


ေျမးသုံးေယာက္တို႔မွာလည္း ေနရာသစ္တစ္ခုသို႔

ေရာက္ေန၍ စကားေျပာျခင္း သြားလာျခင္း

ေျပးလႊားေဆာ့ကစားျခင္း မလုပ္ရဲၾကေသးဘဲ

ၿငိမ္ကုတ္ၿပီး ထိုင္ေနၾကသည္။


“ကိုင္း …ငါ့ေျမးေတြကလည္း ေဆာ့ခ်င္ေဆာ့

ကစားေနၾက သိပ္ၿပီး အေဝးေတာ့ မသြားၾကနဲ႔ဦး

ဒါက ဘိုးဘိုး ေငြသုံးရာေပးၿပီး ဝယ္ထားတဲ့ ၿခံႀကီးပါပဲ”


ဟု ေျပာထားခဲ့ၿပီး ဦးထြန္းေအာင္ အိမ္ႀကီးဆီကို

ေလွ်ာက္သြားသည္။


ဦးထြန္းေအာင္က သစ္ကုန္သည္ႀကီး ျဖစ္သည္။

ထို႔ေၾကာင့္ သည္ရခိုင္႐ိုးမ ေတာင္ေျခတစ္ခို၌

ပ်ဥ္းကတိုးသစ္မ်ား ေပါသျဖင့္ သစ္ထုတ္ရန္အတြက္

သည္ေနရာေဒသကို ေ႐ြးခ်ယ္လိုက္သည္။


ထို႔ေနာက္ ႐ြာႏွင့္ တစ္မိုင္မွ်လွမ္းၿပီး ပိုမို

ေတာင္ေျခက်ေသာ သည္ၿခံႏွင့္ အိမ္ႀကီးကိုပါ

ဝယ္ယူလိုက္သည္။


သည္အိမ္ႀကီးမွာ ေနထိုင္ၿပီးပင္ သစ္လုပ္ငန္းကို

လုပ္ကိုင္မည္ျဖစ္သည္။ ထို႔ေၾကာင့္ မိသားစုကို

တစ္ပါတည္း ေျပာင္းလာခဲ့ျခင္းျဖစ္သည္။


ဦးထြန္းေအာင္မွာ သားႀကီး ေက်ာ္ထြန္းေအး

သမီးႀကီး ေငြရင္ေအး သမီးငယ္ ေငြရင္ျဖဴ ဟု

သားသမီးသုံးေယာက္ ရွိသည္။


သားႀကီးႏွင့္ သမီးႀကီးတို႔က အိမ္ေထာင္က်ၿပီး

သားႀကီးမွာ ကေလးႏွစ္ေယာက္ သမီးႀကီးမွာ

ကေလးတစ္ေယာက္ အသီးသီး ရွိေနၾကသည္။

သမီးငယ္က ယခုမွ ၁၉ႏွစ္မွ် ရွိေသး၍ အိမ္ေထာင္လည္း

မက်ေသးေပ။


ထို႔အျပင္ အိမ္ကူအျဖစ္ အမ်ိဳးသမီးႏွစ္ေယာက္ႏွင့္

အမ်ိဳးသားသုံးေယာက္တို႔လည္း ပါလာၾကေသး၍

ဦးထြန္းေအာင္၏ မိသားစုသည္ မနည္းေပ။

ထို႔ေၾကာင့္လည္း လုပ္ငန္းသေဘာအရ

ၾကာၾကာေနထိုင္ရန္အတြက္ ဦးထြန္းေအာင္

သည္ၿခံႏွင့္ အိမ္ႀကီးကို ဝယ္ယူလိုက္ျခင္းျဖစ္သည္။


ၿခံဝိုင္းႀကီးကလည္း ဆယ္ဧကေက်ာ္မွ် က်ယ္ဝန္းသည္

သည္ၿခံႀကီးကို စတင္တည္ေထာင္ခဲ့ေသာ

မူလပိုင္ရွင္သည္ ဂ်ပန္မ်ား တိုင္းျပည္ထဲသို႔

ဝင္ေရာက္စ အခ်ိန္တြင္ ေရာက္ရွိလာၿပီး

သည္ေနရာ၏ ေျမလြတ္ေျမ႐ိုင္းႀကီးကို

ၿခံအျဖစ္ ဖန္တီးကာ လြတ္လပ္ေရးရၿပီး၍

တိုင္းျပည္ ျပန္လည္ၿငိမ္သက္သည္အထိ

ကာလတစ္ေလွ်ာက္လုံး သူ၏ မိသားစုမ်ားႏွင့္အတူ

ဆယ္ႏွစ္ေက်ာ္မွ် ေနထိုင္သြားခဲ့သည္။


ယခုတစ္ဖန္ ဦးထြန္းေအာင္က သစ္လုပ္ငန္းကို

အေၾကာင္းျပဳၿပီး တန္ဖိုးေငြ သုံးရာက်ပ္ျဖင့္

ေပးဝယ္လိုက္၍ ဦးထြန္းေအာင္၏ ၿခံ ျဖစ္လာခဲ့သည္။

ယခုဆိုလွ်င္ မူလပိုင္ရွင္မ်ား ေျပာင္းေ႐ႊ႕သြားၾကသည္မွာ

သုံးလခန႔္ ရွိခဲ့ၿပီ။


မူလပိုင္ရွင္သည္ ငွက္ေပ်ာ သရက္ ပိႏၷဲ မန္က်ည္း

မာလကာႏွင့္ ေရွာင္ပင္မ်ားကိုလည္း စိုက္ပ်ိဳးထားခဲ့၍

အေတာ္ေလးပင္ စည္ပင္ဖြံ႕ၿဖိဳးလ်က္ ရွိေနေလသည္။


ပင္တိုင္းသီးၿပီး အကိုင္း အခက္ အ႐ြက္မ်ားကလည္း

အရိပ္ေပးလ်က္ ရွိေနၿပီ။ ထို႔ေၾကာင့္ ဦးထြန္းေအာင္အဖို႔

အေတာ္ေလးပင္ အဆင္ေျပေနေလသည္။


ဦးထြန္းေအာင္သည္ အိမ္ႀကီးကို ေသာ့ဖြင့္ၿပီး

ေလွ်ာက္ၾကည္ေနမိသည္။ တစ္အိမ္လုံး ပ်ဥ္ကတိုးသစ္

မ်ားျဖင့္ ေဆာက္လုပ္ထား၍ ရဲရဲနီေနသည္။

အိမ္ကႀကီး/က်ယ္ၿပီး အခန္းအေတာ္မ်ားမ်ားကိုလည္း

ဖြဲ႕ထားသည္။


ေရွးလည္းဆန္သည္။ အေတာ္ေလးပင္ ခိုင္ခန႔္

သပ္ရပ္စြာျဖင့္ ေဆာက္လုပ္ထားသည္ကို

ေတြ႕ရသည္။ မူလပိုင္ရွင္သည္ သည္မွ်အခိုင္အခံ့

ေဆာက္လုပ္ထားၿပီး ဆယ့္ကိုးႏွစ္မွ်သာ

ေနထိုင္ကာ ဦးထြန္းေအာင္အား ေရာင္းခ်ထားခဲ့၍

သစ္လုပ္ငန္းကို ၾကာၾကာလုပ္ကိုင္ၿပီး

ေနထိုင္လိုသည့္ ဦးထြန္းေအာင္အဖို႔

အေတာ္ေလးပင္ အဆင္ေျပသည္ ကံေကာင္း

သည္ဟုပင္ ဆိုရေပမည္။


ထိုအခိုက္မွာပင္ ဆူဆူညံညံျဖင့္


“ေအေမရ …ေအေဖရ…”


ဟု ေျမးတစ္စုတို႔၏ ေအာ္ဟစ္ငိုေႂကြးၿပီး

ထြက္ေျပးၾကသံကို ၾကားလိုက္ရ၍ ဦးထြန္းေအာင္

အိမ္ႀကီးေပၚမွ ေျပးဆင္းၿပီး လိုက္သြား၏။


အိမ္ေရွ႕သို႔ေရာက္၍ ၾကည့္လိုက္ရာ ကေလးမ်ားသည္

ထမင္းဟင္း ခ်က္ျပဳတ္ေနၾကေသာ သူ႔အေမ ႏွင့္

သူ႔အဘြားတို႔ အနားတြင္ စုရပ္ကာ ေၾကာက္လန႔္

တုန္လႈပ္ၿပီး မ်က္ရည္မ်ား စို႔ဝိုင္းေနၾကသည္ကို

ေတြ႕လိုက္ရသည္။


“ဟင္ … ငါ့ေျမးေတြ ဘာျဖစ္ၾကတာလဲ အဘိုးကို

ေျပာၾကစမ္း ဘာကိုေၾကာက္လို႔ ေအာ္ဟစ္ၾကတာလဲ”


“ဘီလူးႀကီး”


ဟု အႀကီးမေလးက အသံတုန္တုန္ျဖင့္ ေျပာ၏။


“ဘာ”


ဦးထြန္းေအာင္၏အသံ က်ယ္ေလာင္သြား၏။

အႀကီးေျမးမေလးက မ်က္လုံးမ်ား ျပဴးဝိုင္းလ်က္

ထပ္ေျပာသည္။


“ဟို အနားမွာ ဘီလူးႀကီး”


ဟု ေျပာၿပီး ၿခံႀကီး၏ အေနာက္ေထာင့္ဘက္ကို

လက္ညႇိဳးထိုးျပသည္။ ထို႔ေၾကာင့္ ဦးထြန္းေအာင္

အပါအဝင္ အနားမွာ ရွိေနၾကေသာ လူအားလုံးပင္

အႀကီးမေလး လက္ညႇိဳးထိုးျပသည့္ ၿခံေထာင့္ကို

အၾကည့္ေရာက္သြားသည္။


ၿခံေထာင့္သည္ ယခုထမင္းခ်က္ေနၾကသည့္

ေနရာႏွင့္ လူႀကီးခဲတစ္ေပါက္ခန႔္ လွမ္းသည္။

ထိုေနရာတြင္ က်ိဳးတိုးက်ဲတဲ အပင္ေလးမ်ား

ေပါက္၍လည္း ရွိသည္။ဦးထြန္းေအာင္သည္

ထိုေနရာကို စိုက္ၾကည့္ၿပီး ျဖည္းျဖည္းမွန္မွန္

ေလွ်ာက္သြားသည္။


ဦးထြန္းေအာင္ ထိုေနရာႏွင့္ ဆယ့္ငါးလံခန႔္ အနီးသို႔

ေရာက္လွ်င္ သက္ကယ္ပင္မ်ား၏ အၾကားက

လူႀကီးတစ္ဖက္သာခန႔္ရွိေသာ ဖြဲႏုေရာင္

လူေခါင္းႏွင့္တူေသာ ေခါင္းႀကီး တစ္လုံးသည္

ေျမႀကီးထဲသို႔ တျဖည္းျဖည္း နိမ့္ဆင္းၿပီး ခ်ိဳးဝင္

သြားသည္ကို ေတြ႕လိုက္ရသည္။


ထို႔ေၾကာင့္ ဦးထြန္းေအာင္လည္း မ်က္လုံးျပဴးၿပီး

ၾကက္သီးေမြးညင္းမ်ား ေထာင္ထသြားေလသည္။

ခပ္ပါးပါး သက္ကယ္ပင္မ်ား ရွိေန၍ ထိုေခါင္းႀကီးသည္

လူဦးေခါင္းႏွင့္ တူသည္ကို ေတြ႕လိုက္ရေသာေၾကာင့္

မိစာၦႀကီးတစ္ေကာင္,ေကာင္၏ ဦးေခါင္းႀကီးသာ

ျဖစ္ႏိုင္ေၾကာင္းကိုလည္း နားလည္လိုက္သည္။


ထိုသို႔ စဥ္းစားရင္း ဦးထြန္းေအာင္မွာ သာ၍ပင္

ေၾကာက္လန႔္သြားရေလသည္။


ဒုကၡပဲဟုလည္း အသံတိတ္စြာျဖင့္ ေတြးလိုက္မိ၏။

ဤၿခံႀကီး၏ မူလပိုင္ရွင္သည္ အဘယ္သို႔

ျပဳလုပ္ထားခဲ့သည္ဟု မသိ။သို႔ေသာ္ သည္အျဖစ္ကို

မိသားစုမ်ားအား အသိေပး၍ ျဖစ္မည္မဟုတ္ေပ။

အသိေပးလိုက္လွ်င္ သာ၍ပင္ ေၾကာက္လန႔္

သြားၾကမည္ျဖစ္ၿပီး ထိန္းမႏိုင္ သိမ္းမရသည္အထိ

ျဖစ္သြားႏိုင္သည္။


ထို႔ေနာက္ ဦးထြန္းေအာင္သည္ ထိုေနရာမွ

ျပန္ေခါက္လာၿပီး ကေလးမ်ားအား ႏွစ္သိမ့္

ေပးလိုက္တယ္။


“ငါ့ေျမးေတြ မေၾကာက္ၾကနဲ႔ကြယ္ ဘာမွလည္း

မဟုတ္ပါဘူး အဲဒီေနရာကို အဘိုး သြားၾကည့္ၿပီးၿပီပဲ

ဘာမွ မရွိပါဘူး”


“ရွိတယ္ အဘိုး သမီးတို႔ ေျပးေဆာ့ေနၾကတုန္း

ခ်ဳံဖုတ္ၾကားက ေခ်ာင္းၾကည့္ေနတဲ့ အေကာင္ႀကီးဟာ

ဘုန္းႀကီးေက်ာင္းက ဘီလူးႀကီးအတိုင္းပဲ”


ဟု ေျမးမေလးက ျပန္ေျပာသည္။


“ေတာ္စမ္း အဘိုး သြားၾကည့္ၿပီးၿပီ ဘာမွ မရွိပါဘူး

ဆိုမွ ေၾကာက္ရင္ အဲဒီဘက္ကို မသြားၾကနဲ႔

ဒီအနားမွာပဲ ေဆာ့ေနၾကေပါ့ ”


ဟု ဦးထြန္းေအာင္က ေျမးမေလးအား ေငါက္ငမ္းၿပီး

ႏႈတ္ပိတ္လိုက္သည္။

အဘိုးျဖစ္ေသာ ဦးထြန္းေအာင္က ေငါက္ငမ္း ေျပာဆို

လိုက္ေသာ္လည္း ေျမးကေလးမ်ားမွ ထိုမိစာၦေကာင္ႀကီးကို

ကိုယ္တိုင္ ျမင္လိုက္ၾက၍ အေၾကာက္မေျပေသးဘဲ

မ်က္လုံးကေလးမ်ား ျပဴးဝိုင္းၿပီး ထိုဘက္ကိုသာ

စိုက္ၾကည့္ေနၾကေလသည္။


ဦးထြန္းေအာင္၏ စိတ္ထဲတြင္လည္း အေတာ္ေလးပင္

ေလးေတးေတးႀကီးျဖစ္ၿပီး ေၾကာက္လန႔္ေနမိသည္။

ဤၿခံႀကီးကို ဝယ္ယူလိုက္မိသည္မွာ ႀကီးစြာေသာ

အမွားႀကီးတစ္ခုကို က်ဴးလြန္မိသလိုပင္

ျဖစ္သြားရေလၿပီလားဟုလည္း ေတြးေနမိသည္။


သို႔ေသာ္ သူ၏ ေၾကာက္ေနမိေသာ အမူအရာကို

အိမ္သူအိမ္သားမ်ား မရိပ္မိေစရန္အတြက္ အတတ္ႏိုင္

ဆုံး ထိန္း၍ေနသည္။ သည္အျဖစ္ကို ေနာက္ေန႔တြင္

႐ြာသားမ်ားအား ေျပာျပၿပီး အေျဖရွာမည္ဟုလည္း

ေတးထားလိုက္သည္။


ထို႔ေနာက္ ေရဆိပ္မွ ပစၥည္းမ်ားကို သြားသယ္

ေနၾကေသာ သား/သမက္ အလုပ္သမားမ်ား

ေရာက္လာၾကလွ်င္ ေန႔လယ္စာ စားေသာက္ၾကသည္

ထမင္းစားေသာက္ၿပီးေနာက္ အိမ္တြင္း အိမ္ျပင္

လွည္းက်င္းရွင္းလင္းၿပီး ပစၥည္းမ်ားကို အိမ္ေပၚသို႔

ေ႐ႊ႕ေျပာင္းၾကသည္။

ေအာက္မွာထားမည့္ ပစၥည္းမ်ားကိုလည္း

သူ႔ေနရာႏွင့္သူ အဆင္ေျပေအာင္ ထားၾကသည္။


ညေနပိုင္းသို႔ ေရာက္လွ်င္ ေနရာသစ္(အိမ္သစ္)ျဖစ္၍

ညေနစာထမင္းကို ခပ္ေစာေစာပင္ ခ်က္ျပဳတ္ၿပီး

စားေသာက္ၾကသည္။ ညေနစာ စားေသာက္ၿပီးခ်ိန္၌

ေနညိဳ႐ုံမွ်သာ ရွိေသးသည္။


ဦးထြန္းေအာင္သည္ သြားၾကားထိုးရင္း မသိမသာ

ျပတင္းေပါက္နားသို႔ ကပ္သြားၿပီး ၿခံႀကီး၏

အေနာက္ေျမာက္ေထာင့္ဘက္ကို လွမ္းၾကည့္ျပန္သည္။

ထိုအခါတြင္လည္း မနက္ပိုင္းက ျမင္လိုက္ရေသာ

သက္ကယ္ပင္ဖုတ္နားက ဖြဲႏုေရာင္ မိစာၦေခါင္းႀကီးကို

ျမင္ရျပန္သည္။


ဦးထြန္းေအာင္ ၾကက္သီးျဗန္းျဗန္း ထသြားရျပန္သည္။

ေနာက္ဘက္က ဝင္လုဆဲ စူးရွရွေနေရာင္ ထိုးေန၍

ေခါင္းႀကီးကို သဲကြဲစြာျဖင့္ ျမင္ေနရသည္။

အစိမ္းသရဲမ်ားထက္ ပိုႀကီး (ပိုဆိုး)ေသာ

ဖုတ္ ၿပိတၱာ အင္းဘီလူး ေက်ာက္ဘီလူးဟု

ၾကားဖူးေသာ မိစာၦအႀကီးစားထဲကသာ

ျဖစ္ဖြယ္ရွိသည္ဟု ဦးထြန္းေအာင္ ေတြးသည္။


ဦးထြန္းေအာင္သည္ အိမ္သူအိမ္သားမ်ား

ရိပ္မိသြားၾကမည္စိုး၍ ျပတင္းတံခါးကို ျပန္ပိတ္ကာ

ဧည့္ခန္းတြင္ စၾကၤ ံ ေလွ်ာက္ေနမိသည္။

စိတ္သည္လည္း အေတာ္ေလးပင္ လႈပ္ရွားေနသည္။


တစ္ေအာင့္ေလးအၾကာတြင္ ေနဝင္သြား၏။

ဦးထြန္းေအာင္ ျပတင္းေပါက္နားသို႔ ကပ္သြားၿပီး

ဖြင့္ၾကည့္ျပန္သည္။ ထိုအခါတြင္လည္း ထိုေခါင္းႀကီးကို

ျမင္ေနရၿမဲျဖစ္သည္။ သက္ကယ္ပင္ေလးမ်ား

က်ိဳးတိုးက်ဲတဲ ကြယ္ေန၍ ရွင္းလင္းျပတ္သားစြာျဖင့္

မျမင္ရေသာ္လည္း ထိုမိစာၦေကာင္ႀကီးသည္

အိမ္ဆီသို႔ လွည့္ၾကည့္ေနသည္မွာ ေသခ်ာေနသည္။


ထို႔ေနာက္ မိုးခ်ဳပ္လာသည္ႏွင့္ ထိုမိစာၦေခါင္းႀကီး

ရွိေနေသာ ေနရာက မီးကဲ့သို႔ ရဲရဲနီလာေလသည္။

ထို႔ေနာက္ အိမ္ေခါင္မိုးေပၚသို႔ သဲလိုလို မိုးစက္ေပါက္လိုလို

တေျဖာက္ေျဖာက္က်လာေလသည္။


အိမ္သူအိမ္သားမ်ားက အထူးအဆန္းျဖစ္ၿပီး

ေခါင္မိုးေပၚကို ေမာ့ၾကည့္႐ုံမွ်သာ ၾကည့္ေန

ၾကေသာ္လည္း ဦးထြန္းေအာင္ကမူ ဤသည္မွာ

မိစာၦေကာင္ႀကီး၏ လက္ခ်က္သာျဖစ္သည္ဟု

အလိုလိုသိေနသည္။


ထို႔ေနာက္ တေျဖာက္ေျဖာက္သံမ်ားသည္ ပိုမိုက်ယ္

ေလာင္ေလ၏။ တေျဖာက္ေျဖာက္မွ ခဲလုံးမ်ား

ေျမခဲတုံးမ်ားျဖင့္ ပစ္ေပါက္သကဲ့သို႔ တဘုန္းဘုန္း

တအုန္းအုန္း က်လာေလသည္။ သို႔မွ အိမ္သူအိမ္သား

မ်ားလည္း သရဲေျခာက္မွန္းကို သိသြားၾကေလသည္။

အိမ္တံခါးမ်ားကိုလည္း လုံေအာင္ပိတ္ထား

လိုက္ၾကသည္။


“ငါ့သား ငါ့ေျမးတို႔ မေၾကာက္ၾကနဲ႔ကြ သရဲေျခာက္လို႔

ေသတယ္ဆိုတာလည္း မရွိပါဘူး မေၾကာက္ဖို႔ပဲ လိုတယ္

စိတ္ကိုတင္းတင္းထားၾက”


ဟုေျပာၿပီး ဦးထိန္းေအာင္သည္ ႏွစ္လုံးျပဴးေသနတ္ႀကီးကို

ေကာက္ကိုင္လိုက္၏


ထိုအခ်ိန္၌ အိမ္ႀကီးကို ကိုင္လႈပ္သလို ေျပးလိုက္သလိုပင္

ၾကမ္းလာေလသည္။ ေလးေတာင္ဖြင့္ ေလးခန္း

အိမ္ေရွ႕အိမ္ေနာက္ လက္ခံပါေသာ ပ်ဥ္းကတိုး

အိမ္ႀကီးသည္ပင္ သိမ့္သိမ့္တုန္ေနေလသည္။


ထိုအခ်ိန္၌ လေရာင္သည္လည္း ခပ္ပါးပါးမွ်သာ

ရွိသည္ ။ ဦးထြန္းေအာင္သည္ တံခါးေပါက္မ်ားကို

မဖြင့္ရဲဘဲ စာကေလး ဝင္ေပါက္မွ အျပင္ဘက္ကို

ေခ်ာင္းၾကည့္သည္။အျပင္တြင္ လူတို႔ထက္

ေလးငါးဆခန႔္ႀကီးေသာ သတၱဝါႀကီးတစ္ေကာင္သည္

အိမ္ႀကီးကို လွည့္ပတ္လ်က္ ကိုင္လႈပ္ပြတ္တိုက္

ေနသည္ကို ထင္ထင္ရွားရွား ျမင္ေနရသည္။


ထို႔ေနာက္ က်ယ္ေလာင္စြာျဖင့္လည္း တက္ေခါက္

ေသးသည္။အိမ္သူအိမ္သားမ်ားမွာ အိပ္ပင္ မအိပ္ရဲ

ၾကေတာ့ဘဲ အိမ္ခန္းအလယ္တြင္ စုထိုင္ၿပီးသာ

တုတ္တုတ္မွ် မလႈပ္ရဲဘဲ ၿငိမ္ကုပ္ေနၾကရသည္။


ဦးထြန္းေအာင္၏ တစ္သက္တြင္ သည္မွ်အထိ

ၾကမ္းေသာ ေျခာက္လွန႔္ျခင္းမ်ိဳးကို မႀကဳံဖူးသလို

ၾကားလည္း မၾကားဖူးေပ။ ယခင္ကမူ ဦးထြန္းေအာင္သည္

တေစၦ သရဲမ်ားကို သိပ္ၿပီး ေၾကာက္လန႔္တတ္သူ

မဟုတ္ေပ။ ယခု ပက္ပင္းရင္ဆိုင္ သရဲၾကမ္းႀကီးႏွင့္

ကိုယ္ေတြ႕ ကိုယ္တိုင္ႀကဳံလာရေသာအခါ

မေၾကာက္၍ မရေတာ့ေပ။


သရဲၾကမ္းႀကီးသည္ အိမ္ကိုလွည့္ပတ္ၿပီး ကိုယ္လုံး

ႀကီးႏွင့္ ပြတ္တိုက္သည္ကို ျမင္ေနရသလို

က်ယ္ေလာင္ေသာ တက္ေခါက္သံႀကီးကိုလည္း

ၾကားေနရသည္။ လက္ထဲတြင္ ႏွစ္လုံးျပဴး

ေသနတ္ႀကီးကို ကိုင္ထားပါလ်က္ မပစ္ရဲသည္မွာလည္း

ေနာက္ဆက္တြဲ ျဖစ္ေကာင္းျဖစ္ႏိုင္ေသာ ျပႆနာကို

စဥ္းစားမိ၍ ျဖစ္သည္။


ေသနတ္ျဖင့္ ပစ္လိုက္၍ ျမင္ေနရေသာ သရဲမိစာၦေကာင္သည္

ေသသည္ျဖစ္ေစ အေျခာက္အလွန႔္ ရပ္တန႔္သြားသည္

ျဖစ္ေစ ေတာ္၏။ မရပ္မတန႔္ပဲ ပိုဆိုးလာခဲ့လွ်င္

အထိန္းသိမ္းရ ပိုၿပီးခက္သြားႏိုင္သည္။

တစ္မိသားစုလုံး အသက္အႏၲရာယ္ က်ေရာက္သည္အထိပင္

ျဖစ္ေကာင္းျဖစ္လာႏိုင္သည္။


တေစၦ သရဲမ်ားတြင္ သတ္၍ေသေသာ တေစၦ

သရဲ ရွိသလို သတ္၍ မေသေသာ တေစၦ သရဲ ဟူ၍လည္း

ရွိသည့္ အေၾကာင္းကို ၾကားဖူးသည္။

အကုသိုလ္ကံအေလ်ာက္ ကမၼဇိဒၶိ တန္ခိုးျဖင့္

ျဖစ္လာေသာ တေစၦ သရဲမ်ားကို

သတ္၍ ေသေကာင္း ေသမည္ျဖစ္ေသာ္လည္း

အင္းဖုတ္ စေသာ ေအာက္လမ္းပညာရွင္မ်ား

ဖန္တီးထားသည့္တေစၦ သရဲမ်ားကိုမူ အျခား

လူမ်ား သတ္၍မေသ ဖန္တီးရွင္ကိုယ္တိုင္

သတ္မွ ေသသည္ဟု ဆိုၾကသည္။


သတ္၍ မေသႏိုင္ေသာ တေစၦ သရဲမ်ားကို

တိုက္ခိုက္မိပါက ပိုဆိုးေကာင္း ဆိုးလာႏိုင္သည္။

ဦးထြန္းေအာင္က တေစၦ သရဲမ်ားႏွင့္ ပတ္သတ္ၿပီး

မည္သည့္ပညာမွ် မတတ္ေပ။


ထို႔ေၾကာင့္လည္း လက္ထဲတြင္ ေသနတ္ရွိပါလ်က္

မိစာၦေကာင္ႀကီးကိုလည္း ျမင္ေနရသည့္တိုင္ေအာင္

မပစ္ရဲျခင္းျဖစ္သည္။မိစာၦေကာင္ႀကီးသည္လည္း

အိမ္ကိုလွည့္ပတ္ၿပီး ဝင္တိုက္ၿမဲ တိုက္ေန၏

ထိုထက္ပိုဆိုး၍ မလာေသာေၾကာင့္ ေတာ္ေသးသည္။


ထိုထက္ပိုမဆိုးလာလွ်င္လည္း ဦးထြန္းေအာင္ ဘာမွ်

ျပန္လုပရဲမည္ မဟုတ္ေပ။ လည္စဥ္းခံရဖြယ္သာရွိ၏။

ထို႔ေၾကာင့္ မတတ္ႏိုင္သည့္အဆုံး တစ္မိသားစုလုံး

ငုတ္တုတ္မိုးလင္းရမည့္ ကိန္းဆိုက္ေနေလသည္။


အေရွ႕ဘက္မွ ေရာင္နီလာသည္ႏွင့္ မိစာၦေကာင္ႀကီး၏

တိုက္ခိုက္ျခင္သည္လည္း ရပ္စဲသြားသည္။

သို႔မွ ဦးထြန္းေအာင္တို႔ မိသားစုလည္း သက္သာရာ

ရသြားၾကသည္။


မိုးစင္စင္လင္းသည္ႏွင့္ ဦးထြန္းေအာင္ စဥ္းစားသည္။

သည္အတိုင္းေန၍ မျဖစ္ေတာ့။ ပတ္ဝန္းက်င္ႏွင့္

ဆက္သြယ္ၿပီး အကူအညီမ်ား ရယူမွ ျဖစ္ေပေတာ့သည္


XXXX


“အဲဒီအိမ္ႀကီးအေၾကာင္းကို က်ေနာ္လည္း

မသိဘူးဗ်။ တိုင္းျပည္ထဲသို႔ ဂ်ပန္ေတြ ဝင္လာတယ္ဆိုတဲ့

သတင္းကို အတိအက်ရတာနဲ႔ က်ေနာ္လည္း

မိဘေဆြမ်ိဳးေတြရွိတဲ့ ႐ြာမွာ သြားေနတာပါ

အခု႐ြာကို ျပန္လာတာလည္း လပိုင္းေလာက္ပဲ

ရွိပါေသးတယ္”


ဟု ႐ြာလူႀကီးက ေျပာျပသည္။႐ြာလူႀကီး

ဟူသည္မွာ အစိုးရ ခန႔္ထားေသာ ႐ြာသူႀကီး မဟုတ္ေပ။

အရပ္လူႀကီးမွ်သာ ျဖစ္၏။


ထို႔ေနာက္ ႐ြာလူႀကီးက ဆက္ေျပာသည္။


“အဲဒီအိမ္နဲ႔ၿခံရဲ႕ မူလပိုင္ရွင္ဟာလည္း က်ေနာ္တို႔

ပတ္ဝန္းက်င္က မဟုတ္ဘဲ တစ္ေနရာ ေျပာင္းလာၿပီ

ေနထိုင္သြားၾကတာလို႔ ဆိုတယ္ ။ က်ေနာ္ ႐ြာက

ထြက္သြားၿပီး မၾကာခင္ပဲ သူတို႔မိသားစုနဲ႔

အေပါင္းအသင္း ႏွစ္ဆယ္ေလာက္ ေရာက္လာၾကၿပီး

အဲဒီၿခံႀကီးကို ဖန္တီးၿပီး ေနထိုင္ၾကသတဲ့။


သူတို႔ ဘာေၾကာင့္ ဒီေနရာကို ေျပာင္းလာၿပီး

ေနထိုင္ၾကတယ္ ဆိုတာလည္း တစ္ေယာက္မွ

မသိၾကဘူး သူတို႔က ပတ္ဝန္းက်င္နဲ႔လည္း

သိပ္ၿပီး အဆက္အဆံမလုပ္ဘူး ယုတ္စြအဆုံး

ဟင္းသီးဟင္း႐ြက္ ေတြကိုေတာင္ မဝယ္စားဘဲ

ကိုယ္တိုင္သာ စိုက္ပ်ိဳးၿပီး စားေသာက္ၾကတယ္

ၾကက္ ဝက္ ဆိတ္ သိုး ေတြကိုလည္း ကိုယ္တိုင္

ေမြးၿပီး သတ္ျဖတ္စားေသာက္ၾကတယ္။


ငါးဟင္းပုဇြန္ဆိုလည္း ပိုက္ကြန္ေတြနဲ႔ ကိုယ္တိုင္

သြားဖမ္းၿပီး စားေသာက္ၾကသတဲ့။ သူတို႔မွာ

လူအင္အားကေတာင့္ေတာ့ ဓါးျမေတာင္

မတိုက္ရဲၾကဘူးတဲ့။ ဂ်ပန္ဝင္လာလို႔ ႐ြာၿပိဳသြားၿပီးေနာက္

တခ်ိဳ႕႐ြာထဲမွာ က်န္ေနခဲ့တဲ့ မိသားစုေတြထဲက

ေကာင္ေလးေတြ သူတို႔စိုက္ပ်ိဳးထားတဲ့ အပင္အသီးေတြကို

ခြင့္မေတာင္းဘဲ သြားခူးရင္ေတာ့ လူမျမင္ရဘဲ

ပါး႐ိုက္လႊတ္လို႔ လန႔္ဖ်တ္ေအာ္ဟစ္ၿပီး ထြက္ေျပး

ၾကရတဲ့ အေၾကာင္းလည္း ေျပာျပၾကတယ္။

သာမန္ကေလးေတြကို မဆိုထားနဲ႔

ဓါးျမဖြဲ႕ေတြေတာင္မွ သူတို႔ၿခံနားကို ကပ္လို႔

မရေအာင္ အေစာင့္အေရွာက္ လုပ္ထားတယ္လို႔

ဆိုတယ္”


ဦးထြန္းေအာင္ ေခါင္းတဆတ္ဆတ္ ညိတ္လိုက္သည္။

ထို႔ေနာက္ ေမးသည္။


“ဒီေတာ့ သူတို႔ ဘယ္အရပ္က ေျပာင္းလာတယ္လို႔

သိရပါသလဲခင္ဗ်”


“အဲဒါလည္း အတိအက်ေတာ့ မေျပာႏိုင္ၾကဘူးေလ

သူတို႔က ပတ္ဝန္းက်င္နဲ႔ သိပ္ၿပီး အဆက္အစပ္

မလုပ္ၾကေတာ့ သူတို႔အေၾကာင္းကို ဘယ္သိႏိုင္ပါ့မလဲ

တခ်ိဳ႕ကလည္း မင္းမ်ိဳးမင္းႏြယ္ သူေ႒းသူႂကြယ္

ေတြထဲက အရပ္စြန႔္ကာ လူေရာင္ေဖ်ာက္ၿပီး

ထြက္ေျပးလာၾကတဲ့လူေတြပဲ ျဖစ္မယ္လို႔

ထင္ၾကတယ္

အတိအက်ေတာ့ ဘယ္သူမွ် မေျပာႏိုင္ပါဘူး

ဒီေတာ့ အဲဒီအိမ္/ၿခံႀကီးနဲ႔ ပတ္သတ္လို႔

ဦးထြန္းေအာင္ရဲ႕ ကိုယ္ေတြ႕ အေၾကာင္းေတြကို

က်ေနာ့္ေျပာပါဦး”


ဟု ႐ြာလူႀကီးက ဆို၍ ဦးထြန္းေအာင္က သူေတြ႕ႀကဳံ

ရေသာ ကုန္ခဲ့သည္မနက္က ကေလးမ်ား လန႔္ဖ်တ္ေအာ္

ဟစ္ထြက္ေျပးၾကသည့္ႏွင္ ဖြဲႏုေရာင္ မိစာၦဦးေခါင္းႀကီး

ႏွင့္တကြ တစ္ညလုံး အေျခာက္အလွန႔္ခံခဲ့ရသည့္

ျဖစ္ေၾကာင္းကုန္စင္ကို ႐ြာလူႀကီးအား ေျပာျပလိုက္သည္။


“ဒါဆို အေျခအေနက ေတာ္ေတာ္ဆိုးတာပဲ

အေတာ္ႀကီး ၾကမ္းတယ္လို႔လည္း ေျပာႏိုင္ပါတယ္

ခင္ဗ်ား အဲဒီၿခံႀကီးကို မဝယ္ခင္ က်ေနာ္တို႔

႐ြာသားေတြကို အရင္ေမးစမ္း တီးေခါက္

ၾကည့္သင့္တာေပါ့ အခုေတာ့ ဇြတ္ႀကီးဝယ္လိုက္မိလို႔

ရွင္းမရ ျဖစ္ေနရၿပီပဲ မဟုတ္လား”


“က်ေနာ္လည္း အခုလို ျဖစ္လာလိမ့္မယ္လို႔

မထင္ဘူးေလ ၿပီးေတာ့ က်ေနာ္က ၿမိဳ႕သားဆိုေတာ့

ဒီ႐ြာအေၾကာင္းလည္း မသိပါဘူး ဒါေၾကာင့္

အဲဒီၿခံပိုင္ရွင္ မိသားစုကိုလည္း ဒီ႐ြာသားထဲက

မိသားစုတစ္စုလိုပဲ ထင္တာ ဒါေၾကာင့္လည္း

က်ေနာ္သစ္လုပ္ငန္းနဲ႔ ပတ္သတ္ၿပီး လုပ္ငန္းၿပီးစီးတဲ့

အထိ ႏွစ္လၾကာၾကာ ေနထိုင္လို႔ အဆင္ေျပမယ့္

ၿခံနဲ႔ အိမ္ႀကီးဆိုၿပီး ဝယ္လိုက္မိတာပါ”


ဟု ဦးထြန္းေအာင္က စိုးရိမ္ေသာကကို ခံစားေနရေသာ

ေလသံျဖင့္ ေျပာလိုက္သည္။


႐ြာလူႀကီး သက္မတစ္ခ်က္ကို ခ်၏။

မိမိထံသို႔ တေလးတစားလာၿပီး အကူအညီ

အႀကံဉာဏ္ေတာင္းခံ ေနေသာ ဦးထြန္းေအာင္ကိုလည္း

သနားေနမိသည္။ ထို႔ေနာက္ ႐ြာလူႀကီးက ေျပာသည္။


“ဒီေတာ့ ဦးထြန္းေအာင္ ဒီလိုလုပ္ၾကည့္ဗ်ာ

ဦးထြန္းေအာင္ရဲ႕ အိမ္နဲ႔ ၿခံႀကီးက ပုဏၰကတိုက္

ဖုတ္တိုက္ ဘီလူးတိုက္ဆိုတာမ်ိဳး ျဖစ္ေနေလေတာ့

ဒီအျဖစ္မ်ိဳးကို တတ္ကြၽမ္းနားလည္တဲ့လူ

က်ေနာ္တို႔႐ြာထဲမွာ တစ္ေယာက္ေတာ့ ရွိတယ္

က်ေနာ္ သူ႔ကို ေခၚေပးမယ္ ဦးထြန္းေအာင္

သူနဲ႔ ေတြ႕တဲ့အခါ ျဖစ္ေၾကာင္းကုန္စင္ေတြကို

ေျပာျပၿပီး အကူအညီ ေတာင္းၾကည့္ေပါ့

အဲလိုဆိုရင္ မေကာင္းဘူးလား”


“ေကာင္းပါတယ္ ”


“ေဟ့ အႀကီးေကာင္ ေဝေရကို သြားေခၚလိုက္စမ္းကြာ

ငါေခၚတယ္ ခဏလာခဲ့ပါလို႔ ေျပာလိုက္”


႐ြာလူႀကီးက ေျပာလိုက္၍ အသက္ ၃၀ ခန႔္ လူ႐ြယ္

တစ္ေယာက္ အိမ္ေပၚသို႔ ခပ္သုတ္သုတ္ဆင္းၿပီး

႐ြာၾကားထဲသို႔ ေလွ်ာက္သြားေလသည္။


ထို႔ေနာက္ ႐ြာလူႀကီးက ဆက္ေျပာသည္။


“အခု က်ေနာ္ အေခၚခိုင္းလိုက္တဲ့ လူက အေမွာင့္

ပေယာဂစတဲ့ ဂမၻီရပညာေတြကို ေတာ္ေတာ္

လိုက္စားထားတယ္ ဂ်ပန္ေခတ္ တစ္ေခတ္လုံးလည္း

နီေပါ တိဘက္ ဘူတန္စတဲ့ ႏိုင္ငံေတြမွာ သြားေနၿပီး

အဲဒီပညာေတြကို ေလ့လာသင္ယူခဲ့ေသးတယ္ဆိုေတာ့

ေတာ္ေတာ္စြမ္းမယ့္ သေဘာလည္းရွိပါတယ္”


ဦးေဝေရသည္ အိႏၵိယဝတ္စုံကို စမတ္က်က် ဝတ္ဆင္ၿပီး

အိမ္ေပၚကို တက္လာသည္။ ထို႔ေၾကာင့္ တကယ့္

ကုလားပေယာဂ ဆရာႀကီးတစ္ေယာက္ႏွင့္ တူေနၿပီး

ဆရာႀကီး ဂိုက္လည္း က်သည္။


“ကိုင္း …ေဝရ မင္းဒီလူနဲ႔ စကားေျပာၾကည့္ပါဦးကြာ

ဒီလူက သူ႔ၿခံထဲမွာ သရဲေျခာက္ေနလို႔တဲ့

ကိုင္း! ဦးထြန္းေအာင္က ကိုယ္တိုင္ႀကဳံခံစား

ေနရတဲ့အေၾကာင္း ေဝေရကို ေျပာျပလိုက္ပါ”


ဦးထြန္းေအာင္လည္း (႐ြာလူႀကီးကို ေျပာျပလိုက္သည့္

အတိုင္း)ကုန္ခဲ့သည့္မနက္က ေျမးမေလးမ်ားႏွင့္

စတင္ေတြ႕ၾကရေသာ မိစာၦေကာင္ႀကီးသည္

တစ္ညလုံး ေျခာက္လွန႔္ေနသည့္ အေၾကာင္းကို

ဦးေဝေရအား လုံးေစ့ပတ္ေစ့ ေျပာျပလိုက္သည္။


ဦးေဝေရက ဂ႐ုတစိုက္ နားေထာင္ေန၏။

ထို႔ေနာက္ ေျပာသည္။


“မူလပိုင္ရွင္က သူေမြးထားခဲ့တဲ့ အေကာင္ကို

ေမ့ၿပီး ႐ုတ္မသိမ္းခဲ့မိတာပဲ ျဖစ္မွာပါ ဒီေတာ့

ခင္ဗ်ားကိုယ္တိုင္ ျမင္လိုက္ရတဲ့ ဖြဲႏုေရာင္

ဦးေခါင္းႀကီးဆိုတာက ဘယ္လိုေနရာမ်ိဳးမွာလဲ

အဲဒါ က်ေနာ္ကို ေျပာျပပါဦး”


“ၿခံႀကီးရဲ႕ အေနာက္ေျမာက္ေထာင့္က

သက္ကယ္ပင္ေတြရွိတဲ့ ေနရာမွာပဲခင္ဗ်”


ဦးေဝေရ တစ္ေအာင့္ၾကာေအာင္ စဥ္းစားေနသည္။

႐ြာသူ႐ြာသားမ်ားလည္း တစ္ေယာက္ၿပီး တစ္ေယာက္

ေရာက္လာၾက၍ ႐ြာလူႀကီး၏ အိမ္ေပၚတြင္

ပြဲေတာ္ႀကီးတမွ် ျဖစ္ကာ ျပည့္သြားေလသည္။


ၾကားေနရသည့္ သတင္းက

တကယ့္ေၾကာက္ခမန္းလိလိႀကီးျဖစ္ေန၍

႐ြာသူ႐ြာသားမ်ားလည္း အလြန္အမင္း

စိတ္ဝင္စားေနၾကသည္။


ထို႔ေၾကာင့္ တစ္ေယာက္ၿပီးတစ္ေယာက္ အဆက္မျပတ္

ေရာက္လာေနၾက၍ ေနာက္မွေရာက္ လာၾကေသာ

႐ြာသူ႐ြာသားမ်ားမွာ အိမ္မဆံသျဖင့္

ၿခံထဲက သစ္ပင္ေအာက္မ်ားမွသာ ျဖစ္သလိုထိုင္ၿပီး

နားေထာင္ေနၾကရေလသည္။


“ဦးထြန္းေအာင္ ေျပာသလို အဲဒီမိစာၦေကာင္ႀကီးကို

ျမင္ေနရတဲ့ေနရာက အပင္ေတြဟာ သက္ကယ္ပင္ေတြေတာ့

ျဖစ္မယ္ မထင္ပါဘူးဗ်”


“ဟုတ္ကဲ့ က်ေနာ္လည္း အနီးေတာ့ ကပ္မၾကည့္ရဲပါဘူး

ဒါေၾကာင့္ သက္ကယ္ပင္ေတြလို ျမင္လို႔ေျပာတာပါ”


“ၿပီးေတာ့ အဲဒီေနရာက ညမိုးခ်ဳပ္လာတာနဲ႔

မီးေတာက္ႀကီးလို ျမင္မေနရဘူးလား”


“ဟုတ္ပါတယ္ မိုးခ်ဳပ္တာနဲ႔ အဲဒီေနရာက မီးလုံးႀကီးလို

ရဲရဲနီေနတာ ေတြ႕ရပါတယ္”


ဦးေဝေရ တစ္ေအာင့္ၾကာေအာင္ စဥ္းစား၍ေနျပန္သည္။

ထိုေၾကာင့္ ဦးထြန္းေအာင္က ေျပာသည္။


“ဟုတ္ပါတယ္ ဆရာႀကီး ေျပာတဲ့အတိုင္း အားလုံး

မွန္ပါတယ္ ဒီေတာ့ ဆရာႀကီးရယ္ က်ေနာ္တို႔

မိသားစုကို သနားေသာအားျဖင့္ လိုက္ၿပီး

ကူညီေပးပါဗ်ာ ဆရာႀကီး ေတာင္းသေလာက္

က်ေနာ္ေပးပါ့မယ္”


ဟု ဦးထြန္းေအာင္က အလြန္အမင္း ဦးေဝေရအား

အားကိုးေသာ အမူအရာျဖင့္ေျပာသည္။


“ဟုတ္ကဲ့ က်ေနာ္ လိုက္ၾကည့္ေပးပါမယ္”


ဟု ေျပာၿပီး ႐ြာလူႀကီး၏အိမ္ေပၚမွ ဆင္းလာၾကသည္

ဦးထြန္းေအာင္လည္း အေတာ္ေလးပင္ ဝမ္းေျမာက္

ဝမ္းသာ ျဖစ္သြားေလသည္။


သို႔ေသာ္ ႐ြာသူ႐ြာသားမ်ားက ဘုရားပြဲသြားသလို

တန္းရွည္ႀကီး လိုက္လာၾက၍ ထိုမွ်အထိ မလိုက္ၾကရန္ကို

႐ြာလူႀကီးက ေျပာဆိုၿပီး တားျမစ္ရျပန္သည္။

ထို႔ေနာက္ ႐ြာလူႀကီးတို႔ သားအဖ ႐ြာသူႀကီး

ဦးထြန္းတင္ႏွင့္ ရာအိမ္ေခါင္း ဆယ္အိမ္ေခါင္း သုံးေလး

ေယာက္မွ်ေခၚၿပီး ဦးထြန္းေအာင္၏ အိမ္ၿခံႀကီးရွိရာကို

ေလွ်ာက္လာၾကသည္။


ဦးထြန္းေအာင္၏ မိသားစုမ်ားမွာ အိမ္ေပၚမွာပင္

မေနရဲၾကဘဲ အိမ္ေရွ႕မွာသာ စုထိုင္ေနၾကသည္။


ဦးထြန္းေအာင္ လူအေတာ္မ်ားမ်ားႏွင့္ ၿခံထဲသို႔

ဝင္လာေနသည္ကို ျမင္လွ်င္ ေၾကာက္၍ေလာမသိ

မ်က္လုံးမ်ား ျပဴးဝိုင္းၿပီး ေၾကာင္ၾကည့္ေနေလသည္။

ထို႔ေၾကာင့္ ဦးထြန္းေအာင္က ေျပာလိုက္သည္။


“ဘာမွ မစိုးရိမ္ၾကနဲ႔ကြယ့္ ဒီမွာ ညက ေျခာက္လွန႔္

ေနတဲ့ မိစာၦေကာင္ႀကီးကို ေျဖရွင္းေပးမယ့္

ဆရာႀကီး ပါလာၿပီ”


ဟု ဦးေဝေရကို ေမးထိုးျပလိုက္၍ အိမ္သူအိမ္သား

မ်ားလည္း ေၾကာက္စိတ္မ်ား ေလ်ာ့သြားၿပီး

ဝမ္းေျမာက္ဝမ္းသာ ျဖစ္သြားၾကသည္။


ဦးထြန္းေအာင္သည္ မိသားစုမ်ားကို ထိုမွ်သာ

ေျပာထားခဲ့ၿပီး မိစာၦေကာင္ႀကီးကို ျမင္ေတြ႕ရေသာ

ေနရာသို႔ ဦးေဝေရႏွင့္ ႐ြာလူႀကီးမ်ားအား ေခၚသြားေလ၏

အနားသို႔ ေရာက္လွ်င္ ထိုေနရာကို ဦးေဝေရအား

လက္ညႇိဳးထိုးျပလိုက္သည္။


“ဟိုေနရာပါ ဆရာႀကီး”


ဦးေဝေရ မတ္တတ္ရပ္လိုက္ၿပီး ၾကည့္၏။

ထို႔ေနာက္ ထိုေနရာကို ေမးထိုးျပၿပီး

ဦးထြန္းေအာင္အား ေျပာသည္။


“အစက က်ေနာ္ မေျပာဘူးလား သက္ကယ္ပင္ေတြ

မျဖစ္ႏိုင္ဘူးလို႔ စပါးလင္ပင္ေတြပဲေလ”


“ဟုတ္ကဲ့ က်ေနာ္ အေဝးက လွမ္းၾကည့္ေတာ့

သက္ကယ္ပင္ေတြ ထင္လို႔ပါ ဆရာႀကီး”


“ဟုတ္ကဲ့ က်ေနာ္ အေဝးက လွမ္းၾကည့္ေတာ့

သက္ကယ္ပင္ေတြထင္လို႔ပါ ဆရာႀကီး”


စပါးလင္ဖုတ္ႀကီးနားသို႔ ကပ္ၾကည့္ၾကရာ

တအံ့တၾသျဖစ္ၿပီး မ်က္လုံးျပဴးသြားၾကေလသည္။

စပါးလင္ဖုတ္ႀကီး တစ္ဖုတ္လုံး အသက္ငင္ေနေသာ

လူတစ္ေယာက္ ပက္လက္အိပ္ၿပီး အသက္ရႈရႈိက္ေန

သကဲ့သို႔ နိမ္ေခ် ျမင့္ေခ် ျဖစ္ေနေလသည္။


ဦးေဝေရသည္ ထိုေနရာကို တစ္ေအာင့္ေလး စိုက္ၾကည့္

ေနလိုက္ၿပီးေနာက္ လူအားလုံးတို႔အား ေနာက္သို႔

ဆုတ္ေနခိုင္းလိုက္၏။ ထို႔ေနာက္ ေဆးလြယ္အိတ္ထဲမွ

ေဆးၾကမ္းတစ္ဆုပ္ကို ႏႈိက္ယူၿပီး တစ္မိနစ္ခန႔္

မန္းမႈတ္ကာ ထိုေနရာကို ေပါက္ခ်လိုက္သည္။


ထိုအခါ ထိုေနရာမွ ဘီလူးႀကီးတစ္ေကာင္

ေအာ္ညည္းသကဲ့သို႔ အသံနက္ႀကီး ထြက္ေပၚလာၿပီး

မီးလုံးႀကီးတစ္လုံး မိုးေပၚသို႔ ေထာင္တက္သြားေလသည္


ထို႔ေၾကာင့္ လူအားလုံးလည္း ထိုင္သူထိုင္

ေအာ္သူေအာ္ ထြက္ေျပးသူေျပး ဖ႐ိုဖရဲ ျဖစ္သြားၾက၏

ထိုေၾကာင့္ ထိုအနားတြင္ ဦးေဝေရတစ္ေယာက္တည္းသာ

က်န္ေနခဲ့ၿပီး ဦးထြန္းေအာင္အား လွမ္းေျပာလိုက္သည္


“ဦးထြန္းေအာင္ တူ႐ြင္းျဖစ္ျဖစ္ တူးစရာတစ္ခု

ယူလိုက္ပါ”


ဦးထြန္းေအာင္ အိမ္သို႔ ေျပးသြားၿပီး ခ်က္ခ်င္းပင္

သံတူ႐ြင္းႀကီးတစ္ေခ်ာင္းကို ယူလာခဲ့သည္။

ဦးေဝေရက စပါးလင္ဖုတ္ႀကီးကို တူးခိုင္း၍

တူးလိုက္ရာ ေသြးပုပ္မ်ား ထြက္လာေလသည္။

စပါးလင္ဖုတ္ႀကီး၏ ေအာက္ေျခတြင္လည္း

ဘီလူးေခါင္းႀကီး ျဖစ္ေနသည္ကို ေတြ႕ၾကရသည္။


“ကိုင္း …ဦးထြန္းေအာင္ ဒီလို ဖ်က္ဆီးပစ္လိုက္လွ်င္

ဘာမွျပႆနာ မရွိေတာ့ဘူး အားလုံး ၿငိမ္းခ်မ္း

သြားပါၿပီ ေက်နပ္ရဲ႕ မဟုတ္လား”


ဟု ဦးေဝေရက ေမးေျပာ ေျပာလိုက္၏။


“ဟုတ္ကဲ့”


ဟု ဆိုေသာ္လည္း ဦးထြန္းေအာင္အား

လႊမ္းမိုးထားသည့္ ေၾကာက္လန႔္ေနေသာ စိတ္သည္

ေျပေပ်ာက္၍ မသြားေတာ့ေပ။


ထို႔ေၾကာင့္ သည္ၿခံႀကီးထဲတြင္ ဆက္ေန၍

စိတ္ကူးမရွိေတာ့ ။ ဦး ေဝေရအား ဆရာပူေဇာ္ခ

ေငြငါးဆယ္ ထုတ္ေပးလိုက္ၿပီးေနာက္

ထိုၿခံႀကီးထဲမွ ေျပာင္းေ႐ႊ႕သြားၾကေလသည္။


ၿပီးပါၿပီ


crdေပးပါသည္။


မူရင္း မင္းဟိန္းထိပ္

No comments

Post a Comment