*ကျိန်စာသင့်ဓါး*

  *ကျိန်စာသင့်ဓါး* (စ/ဆုံး) ************************************** တာတေတို့အညာမှာ အအေးဆုံးလပေါ့ဗျာ။ ပြာသိုလလေ။ မြောက်လေလေးများ ခပ်ကြမ်း ကြမ်... thumbnail 1 summary

 *ကျိန်စာသင့်ဓါး*

📖📖(စ/ဆုံး)

**************************************
တာတေတို့အညာမှာ အအေးဆုံးလပေါ့ဗျာ။
ပြာသိုလလေ။ မြောက်လေလေးများ ခပ်ကြမ်း
ကြမ်း ဝှေ့တိုက်လိုက်ရင် ခိုက်ခိုက်တုန်အောင်
ချမ်းတဲ့လပေါ့ဗျာ။ဒါပေမဲ့ ဒီလိုလမှာပဲ နှစ်သက်
စရာ အညာဓလေ့လေးကလည်း ရှိနေပြန်ရော
ဗျ။ ညတိုင်းရောက်ရင် သက်ကြီးရွယ်အိုတွေ
ရှိတဲ့ ဝိုင်းကိုသွား၊ မီးလှုံရင်း စကားဝိုင်းဖွဲ့ကြ။
သက်ကြားအိုတွေ ပြန်ပြောပြတဲ့ ရှေးဟောင်း
နှောင်းဖြစ်တွေ နားထောင်ကြ။ ဗဟုသုတ
ရစရာတွေကို မှတ်သားကြနဲ့ ကျေနပ်စရာ
ကောင်းတဲ့ ဆောင်းညတွေပေါ့ဗျာ။

ကျုပ်တို့လူငယ်တွေက အိမ်ကထင်းတုံးကြီး
တွေ ထမ်းလာကြ၊ စားစရာသောက်စရာတွေ
စီစဉ်ကြ၊ဝိုင်းပိုင်ရှင် အဘိုးရဲ့ မိသားစုကလည်း
သူတို့ဝိုင်းထဲမှာ အခုလိုလာပြီး သူတို့အဘကို
တရိုတသေနဲ့ မေးကြမြန်းကြတဲ့ ရွာထဲက လူ
ငယ်တွေကို လက်ဖက်သုတ်၊ ထန်းလျက်ခဲ၊
ပဲကြီးလှော်၊ မြေပဲကြော်၊ မြေပဲပြုတ်၊ တစ်ည
တစ်မျိုး ကျွေးကြတာဗျ။

ကျုပ်တို့အသွားဆုံးဝိုင်းက ဘိုးလိပ်ပု ဝိုင်းပဲဗျ။
ကျုပ်တို့ရွာမှာတော့ ဘိုးလိပ်ပုက ဗဟုသုတ
အလွန်များတဲ့ ပုဂ္ဂိုလ်ကြီးပေါ့ဗျာ။ စာပေကျမ်း
ဂန်ကလည်း တတ်ဗျ။ အနယ်နယ်အရပ်ရပ်
ကိုလည်း နှံ့အောင် သွားဖူးခဲ့တာဆိုတော့ ဘိုး
လိပ်ပုမို့လို့ စကားပြောရင် ကျုပ်တို့လူငယ်တွေ
ဆိုတာ မျက်တောင်ခတ်ဖို့တောင် မေ့နေကြ
တာဗျို့။ လူငယ်တွေကတော့ ဘိုးလိပ်ပုကို
ဘိုးပုကြီးလို့ပဲ ခေါ်ကြတာပါ။

အခုလို မီးလှုံရတဲ့ညတွေဆိုရင် လူငယ်တွေ
တင်မကဘူးဗျ။လူကြီးတွေတောင် ဘိုးပုကြီး
ဆီကို လာပြီးပြောကြဆိုကြမေးကြ မြန်းကြ
လုပ်ကြတာဗျ။ဒီညလည်း ဘိုးပုဝိုင်းမှာ ထင်း
ရုံကြီးတွေ မီးဖိုပြီး မီးလှုံနေကြတာ။ လူဆယ်
ယောက်လောက်ရှိတယ်ဗျ။ကျောက်ခဲနဲ့ သံမ
ဏိကလည်း ကျုပ်သွားလေရာ တကောက်
ကောက်ပါတဲ့ ကောင်တွေလေဗျာ၊ အညာ
သားလေးတွေဆိုတော့ အနွေးထည် ညစ်ပေ
ပေလေးတွေဝတ်ပြီး ပုဆိုးအပိုတစ်ထည်ကို
ခြုံကြလို့ပေါ့ဗျာ။

ကြုံလို့ပြောရဦးမယ်ဗျ။ ဒီလိုအေးလွန်းတဲ့
ညတွေဆိုရင် ကျုပ်တို့ အညာသားတွေက
ဝါစပ်စောင်ပွပွကြီးတွေနဲ့ အခေါက်ကြားမှာ
ဂုန်နီအိတ်ညှပ်ပြီး ခြုံကြတာဗျ။နွေးမှနွေးဗျာ။
ဒါလည်း အညာသား စည်းစိမ်တစ်မျိုးပဲဗျ။

ပထမတော့ စကားဝိုင်းက ဟိုရောက်
ဒီရောက်တွေ ပြောနေကြတာပေါ့ဗျာ။
နောက်တော့ တဖြည်းဖြည်းနဲ့ ဦးတည်
ချက် ပါလာတယ်ဗျ။

"ဘိုးရေ ပြောရဦးမယ်၊ ဟိုနေ့က ငါးပိလာ
ရောင်းတဲမိန်းမကြီးဗျာ၊ ကျိန်လိုက်တာ ဘိုး
ရယ်၊ အလေးမမှန်ရင် မိုးကြိုးပစ်ပါစေလို့
ချိန်ခွင်ခိုးရင် မြွေပွေးကိုက်ပါစေလို့ သူ့ဆီ
မယ် ငါးပိဝယ်ရတာတောင် သူ အကျိန်ရဲ
တာ ကြားပြီး ကြောက်မိတယ်ဘိုးရယ်"

လေးလေးတင်သောင်းက ပြောတာဗျ။
လေးလေးတင်သောင်းဆိုတာက သံမဏိ
တို့နဲ့ ဘထွေး တော်တယ်ဗျ။ လွှတ်ရိုးတဲ့
လူပျိုကြီးပါဗျာ။

"တင်သောင်းရေ၊ ကျိန်စာဆိုလို့ ပြောရဦး
မကွဲ့၊ ဘိုးက ထိန်ကုန်းသားကွ၊အိမ်ထောင်
ကျတော့မှ ဟောဒီထနောင်းကုန်းကိုရောက်
တာ။ ဘိုးတို့ ထိန်ကုန်းမှာ ကိုညိုဆိုတဲ့ လူ
တစ်ယောက် ရှိတယ်တဲ့။ ကိုညိုက ဦးမင်း
ဒင်တို့ ဒေါ်လုံးစိန်တို့အိမ်မှာ အလုပ်သမား
လုပ်ရတာဆိုပဲ။ ဦးမင်းဒင်မှာက မယ်တင်ဆို
တဲ့ သမီးတစ်ယောက် ရှိတယ်ဆိုပဲ။ကိုညိုနဲ့
မယ်တင်က သက်တူရွယ်တူတွေတဲ့ကွ။ဒီ
တော့လည်း လူငယ်ဘဝ မယ်တင်အပေါ်
မှာ ကိုညိုက စိတ်ဖောက်ပြားမိတာမျိုး ရှိ
ချင်ရှိမှာပေါ့လေ။ ဒါကို မယ်တင်က ရိပ်မိ
တော့ ကိုညိုကို မေးသတဲ့။

"ဟဲ့ ငညို၊ နင့်ပုံစံကြည့်ရတာ တစ်မျိုးပဲ၊
နင့်စိတ်က ငါ့အပေါ်မှာ ရိုးကော ရိုးရဲ့လား"

ဒီတော့ ကိုညိုက ရှက်ကိုးရှက်ကန်း ဖြစ်
သွားပြီး ပြန်ပြောလိုက်သတဲ့။

"မမယ်တင်ရယ်၊ ခင်ဗျားအပေါ်မှာ ကျုပ်
မရိုးမသား စိတ်များထားခဲ့ရင် ခင်ဗျားအိမ်
မှာ နွားချည်းဖြစ်ရပါစေရဲ့ဗျာ"

ကိုညိုကရှက်ရှက်နဲ့ ကျိန်ပြောလိုက်တာကွဲ့၊
တကယ်ကတော့ သူ မယ်တင်ကို ကြိတ်ပြီး
ကြိုက်နေတာ ဘဝချင်းက မတူတော့ သူ
ဖွင့်မပြောရဲဘူး။ အဲဒီနောက် သိပ်မကြာခင်
ပဲ ကိုညိုပိုးထိပြီး ဆုံးသွားတယ်တဲ့။မယ်တင်
ကလည်း ရုံးထောင့်က ကိုသစ်ဆိုတဲ့လူနဲ့
အိမ်ထောင်ကျသွားသတဲ့ဟေ့။

ကိုသစ်က ထိန်ကုန်းကို လိုက်လာပြီး မယ်
တင်တို့အိမ်မှာနေတယ်။ ဒါပေမဲ့ မယ်တင်
ရဲ့အဖေ ဦးမင်းဒင်က ကိုသစ်တို့ မယ်တင်
တို့ကို ရွာထဲမှာအိမ်ခွဲပေးပြီး ယာလည်းလုပ်
ကိုင်စားဖို့ ခွဲပေးတယ်။ နွားတစ်ရှဉ်းလည်း
ပေးသတဲ့။ ကိုသစ်မိဘတွေကတော့ နွားမ
တစ်ကောင် ပေးသတဲ့။

နောက်တော့ မယ်တင်တို့အိမ်မှာ နွားလေး
တစ်ကောင် ပေါက်ရောတဲ့ဟေ့။ အဲဒီနွား
ဇီးတည်ချိန်မှာ မယ်တင်အိပ်မက် မက်သ
တဲ့။ အိပ်မက်ထဲမှာ ကိုညို ရောက်လာပြီး
မယ်တင်ကို ပြောသတဲ့။

"မယ်တင် ငါတော့ မှားသွားပြီ၊ နင့်ကို ကြိုက်
ရဲ့သားနဲ့ ငါက လိမ်ပြီးကျိန်ခဲ့တာ။ အခုတော့
အဲဒီကျိန်စာကြောင့် နင့်အိမ်မှာ ငါ နွားဖြစ်ရ
တော့မယ်"

လို့ ပြောသတဲ့ဟေ့။ အချိန်တန်လို့ ပေါက်
လာတော့ နွားညိုလေးတဲ့ဗျာ။ မယ်တင်က
လည်း ဒီအကြောင်းကို ဘယ်သူ့မှ မပြောဘဲ
နွားလေးကို ငညိုလို့ ခေါ်သတဲ့။ နွားငညိုက
လည်း မယ်တင်ကများ ခိုင်းရင် ကျုံးရုန်းလုပ်
ဆိုပဲ။ ဒါပေမဲ့ သူ့ခမျာ သက်တမ်းသိပ်မရှည်
ဘူးတဲ့ဟေ့၊ ပိုးထိပြီး သေပြန်ရောတဲ့။ သေပြီး
တော့လည်း နောက်တစ်ခါ အိပ်မက်ပေးပြန်
တာပဲတဲ့။

"မယ်တင်ရေ၊ နင့်ဆီကို ငါပြန်လာဦးမယ်"

လို့ ပြောပြီး မယ်တင်တို့အိမ်မှာ နွားပေါက်
ပြန်တာပဲတဲ့။ ဒီတစ်ခါတော့ နွားဖြူလေးတဲ့။
မယ်တင်က အဲဒီနွားကိုလည်း ငညိုလို့ပဲ ခေါ်
တာပဲတဲ့။ ဒီတော့ ရွာထဲက လူတွေက ပြော
ကြတာပေါ့။

"မမယ်တင်၊ ခင်ဗျားနွားက အဖြူကြီးကို ဘာ
ဖြစ်လို့ ငညိုလို့ ခေါ်တာတုံး၊ ငဖြူလို့ ခေါ်ရမှာ
မဟုတ်ဘူးလား"

"ငါ့နွား ငညိုပြန်ပြီးဝင်စားလို့ ငညိလို့ ခေါ်
တာဟေ့"

လို့ ပြောတော့ ရွာသားတွေလည်း ဘာမှ
မပြောသာတော့ဘူးပေါ့ကွာ။ ဒီတစ်ခါတော့
မယ်တင်က အလှူအတန်းလုပ်တိုင်း တိတ်
တိတ်သွားပြီး နွားဖြူကြီးကို အမျှဝေသတဲ့။

"ကိုညိုရေ အမျှ အမျှ အမျှ ဒီဘဝမျိုး ဒီ
တစ်ခါပဲ ဖြစ်ပါစေတော့၊ လူ့ဘဝကို ပြန်
ရောက်ပါစေ"

လို့ အမြဲပြောတယ်ဆိုပဲ။ နွားဖြူကြီးသေ
တော့နောက်တစ်ခါ နွားလာမဖြစ်တော့ဘူး
ဆိုပဲ။ဒါကြောင့် ကျိန်တယ်ဆိုတာပါးစပ်က
ပြောလိုက်တာပဲ။ ပြောပြီးပျောက်သွားတဲ့
ကိစ္စ ဘာမှ ထိခိုက်စရာ မရှိဘူးလို့ မထင်
ကြနဲ့ ကျိန်တယ်ဆိုတာ ထိတတ်တယ်။
လေထဲမှာတင် ပြီးပျောက်သွားတဲ့ကိစ္စ
မျိုး မဟုတ်ဘူးကွဲ့"

"ဘိုးပြောသလိုဆိုရင် ကျိန်စာဆိုတာ
ကြောက်စရာ တော်တော်ကောင်းတာ
ပဲကိုး"

လေးလေးတင်သောင်းနဲ့ အတူတူပါလာတဲ့
လေးလေးချက်ကြီးက ပြောတာဗျ။ လေး
လေးချက်ကြီးဆိုတာ ကျုပ်တို့ရွာက ဝက်
သားချက် လွှတ်ကောင်းတဲ့လူလေဗျာ။
'ဘင်ဂျိုဘစော'ဝတ္ထုမှာ လေးလေးချက်
ကြီးအကြောင်း ကျုပ်ရေးခဲ့ဖူးပါတယ်။

"ဘိုးပုက ကျိန်တတ်တဲ့ ကိုညိုအကြောင်း
ပြောလို့ ကျုပ်သတိရတာလေးတစ်ခု ပြော
ရဦးမယ်ဗျ"

ဘိုးရုံက ဝင်ပြောတာဗျ။ ဘိုးရုံဆိုတာက
ဘိုးပုနဲ့ အသက်သိပ်မကွာဘူးဗျ။ အလွန်
ဆုံးကွာရင် သုံးလေးနှစ်ပဲ။ ဘိုးရုံက ဘိုးပု
လောက်သာ စာပေမတတ်တာဗျ။ အတွေ့
အကြုံကတော့ မနည်းဘူး။

"ကျုပ်ငယ်ငယ်က နွားကျောင်းဖက် သူငယ်
ချင်းတစ်ယောက် ရှိတယ်၊ ဒီကောင့်နာမည်
က ငဆင်တဲ့ဗျ။ ကစားရင် လွတ်ငြင်းတဲ့
ကောင်ဗျို့။ ငြင်းခုန်လို့ မနိုင်ရင် ငဆင်က
ကျိန်တွယ်ပြောတော့တာဗျ။ ဒီကောင်ကျိန်
တာ နှစ်မျိုးပဲကျိန်တာ။ မိုးကြိုးပစ်ရပါစေရဲ့
ဆိုတာရယ်၊ အမြင့်က ကျရပါစေရဲ့ ဆိုတာ
ရယ်ပဲ။နောက်တော့ နွားကျောင်းရင်း ငဆင်
က သစ်ပင်တက်ပြီး သရက်သီးခူးတယ်။
ဒီတုန်းမှာ မိုးလေးမဆိုသလောက်ကလေး
ညို့သွားပြီး…

"ဂျိန်း"

ဆိုတဲ့ အသံကြီး ကြားလိုက်ရတာပဲဗျာ။
အဲဒီအချိန်မှာ ကျုပ်နဲ့ တခြားနွားကျောင်း
သားတွေက ငဆင်နဲ့ ခပ်လှမ်းလှမ်းမှာ
ရောက်နေကြတာ။ သရက်ပင်ပေါ်ကနေ
ငဆင်ပြုတ်ကြသွားတာ ကျုပ်တို့ လှမ်း
မြင်ရတယ်။ ဒါပေမဲ့ မိုးကြိုးထပ်ပစ်မှာ
ကြောက်လို့ ဘယ်သူမှ ချက်ချင်းမသွား
ရဲကြဘူးဗျ။ ကောင်းကင်မှာကလည်း
လျှပ်စီးတွေ တဝင်းဝင်းလက်နေတာ
ကိုး။ဘယ်သွားရဲကြမတုံး။နောက်တော့
ကောင်းကင်က တိမ်တိုက်တွေ လွင့်သွား
ပြီး လင်းသွားတော့မှ ကျုပ်တို့တွေ သရက်
ပင်အောက်ကို ပြေးကြည့်ကြတာပေါ့ဗျာ။
ငဆင်ဆိုတဲ့ကောင် တစ်ကိုယ်လုံး မဲပြီး
မီးကျွမ်းသလိုကို ဖြစ်သွားတာဗျ"

"အသက်ရော ရှိသေးလား ဘိုး"

"ဟား ဟား ဟား ဟား"

နားထောင်နေတဲ့သူတွေ ဝိုင်းရယ်ကြတယ်။
ထမေးလိုက်တာက ကျောက်ခဲဗျ။

"ကျောက်ခဲရယ်၊ ငါ့မြေး စဉ်းစားကြည့်လေ
ကွာ၊ မိုးကြိုးတည့်တည့်ပစ်ချလိုက်လို့ တစ်
ကိုယ်လုံး မီးကျွမ်းသွားမှတော့ အသက်က
ဘယ်ရှိတော့မလဲ"

ကျောက်ခဲက ရှက်ကိုးရှက်ကိုးနဲ့ ခေါင်းငုံ့
သွားရောဗျ။

"အဲဒါ ဘိုးပြောမလို့ကွ၊ ငဆင်သေတာ သူ
အမြဲကျိန်ခဲ့သလိုလေ၊ မိုးကြိုးပစ်ခံရပြီး အ
မြင့်က ကျသေရတာလေကွာ။ ဒါကြောင့်
ဘယ်တော့မှ မကျိန်ကြနဲ့။ကိုယ့်ကိုယ်ကိုယ်
လည်း မကျိန်နဲ့။ သူများကိုလည်း မကျိန်နဲ့။
ကျိန်စာဆိုတာ ထိတတ်တဲ့သဘောရှိတယ်"

ကျုပ်တို့လည်း ဘိုးရုံပြောတာကို ငြိမ်ပြီး
နားထောင်နေကြတာပေါ့ဗျာ။ ခဏကြာ
တော့ စကားဝိုင်းက ဟိုရောက် ဒီရောက်
ရောက်သွားပြန်ရောဗျ။ အဲဒီလို ရောက်
သွားရင်းနဲ့ ဓါးအကြောင်းကို ရောက်သွား
ပြန်ရောဗျို့။

" ဘိုးပုက ထိန်ကုန်းကဆိုလို့ ပြောရဦး
မယ်ဗျ၊ ထိန်ကုန်းက သော်ရွှေဆိုတဲ့လူ
တော့ တော်တော်ကို ပိုက်ဆံရသွားတာဗျ"

ဗိုလ်ပုချိုလို့ခေါ်တဲ့ လေးလေးကိုချိုက ပြော
တာဗျ။ လေးလေးကိုချိုက အရပ်ပုပြတ်ပြတ်
ကလေးမို့ သူ့ကို ဗိုလ်ပုချိုလို့ ခေါ်ကြတာ။

"ပုချို မင်းပြောတဲ့ သော်ရွှေဆိုတာ ကျော်
သောင်းကြီးရဲ့ သားထင်တယ်"

"ဟာ ဟုတ်တာပေါ့ ဘိုးပုရဲ့၊ ဘိုးကျော်
သောင်းကြီးရဲ့ သား သော်ရွှေကို ပြော
တာဗ်"

"အေး ပြောစမ်းပါဦးကွ၊ ကျော်သောင်းကြီး
သားက ထီတွေ ဘာတွေ ပေါက်လို့လား"

"ဟာ မဟုတ်ဘူး ဘိုးပုရဲ့၊ ဓါးရောင်းလိုက်
တာ ဆယ်သိန်းတောင် ရဆိုပဲ"

"ဟေ၊ ဓါး ဟုတ်လား၊ ဘာဓါးမို့ ဒီလောက်
ပိုက်ဆံရတာတုံးကွ ပုချိုရဲ့"

"ဂျပန်ဓါးတဲ့ ဘိုးပုရဲ့၊သော်ရွှေ တောထဲသွား
ပြီး ထင်းခုတ်ရင်းနဲ့ ရလာတာတဲ့ဗျို့၊ ဓါးကြီး
က သံချေးတွေတက်နေလို့ တဖြည်းဖြည်း
ချွတ်ယူရတာဆိုပဲ။ဓါးက ဂျပန်ဗိုလ်တွေကိုင်
တဲ့ ကင်ဒိုဓါးတဲ့ဗျ။ ဓါးပေါ်မှာလည်း ဂျပန်စာ
တွေ ပါတယ်ဆိုပဲ"

"အေး ဟုတ်တယ်၊ ဂျပန်တွေ ကိုင်တဲ့ ဓါးက
ဓါးပေါ်မှာကို သူတို့နာမည် ထိုးထားတာကွ"

ဘိုးရုံက ဝင်ပြောတာဗျ။

"ဟုတ်တာပေါ့ ဘိုးရုံရာ၊ အဲဒီနာမည်ကြောင့်
သော်ရွှေကြီး ပိုက်ဆံတွေ ရသွားတာပေါ့ဗျာ။
ဒီလိုတဲ့ဗျို့၊ ဂျပန်ပြည်က အဲဒီစစ်ဗိုလ်ရဲ့ အ
မျိုးအဆွေတွေ လိုက်လာပြီး စုံစမ်းတဲ့အချိန်
မှာ သော်ရွှေက သူရထားတဲ့ ဓါးကို ပြလိုက်
သတဲ့။ ဒီမှာတင် တည့်တည့်ကို တိုးတော့
တာတဲ့ဗျာ။ ဓါးပေါ်မှာ အဲဒီဂျပန်ရဲ့ နာမည်
ပါတယ်ဆိုပဲဗျ။ ဒီမှာတင် ဂျပန်စစ်ဗိုလ်ရဲ့
အမျိုးတွေက သော်ရွှေကို ဆယ်သိန်းပေး
ပြီး ဂျပန်ဗိုလ်ရဲ့ဓါးကို ယူသွားကြသတဲ့ဗျို့"

"ဟ ဒါဆိုရင် ကျော်သောင်းသား ပွသွား
တာပေါ့"

"ပွသွားတာပေါ့ ဘိုးပုရဲ့၊ အောင်မာ သော်
ရွှေက သူ့အိမ်မှာ ဘုန်းကြီးတွေပင့်ပြီး ဆွမ်း
တွေ ဘာတွေ ကပ်လို့ဗျ။ပြီးတော့ ဂျပန်စစ်
ဗိုလ်ရဲ့နာမည်ကို သူမေးထားလိုက်တယ်။
အဲဒီစစ်ဗိုလ်ရဲ့နာမည်ကို ခေါ်ပြီး အမျှတွေ
ဘာတွေ ဝေလို့ဆိုပဲ"

"ဟာ အဲဒီဂျပန်စစ်ဗိုလ်ရဲ့နာမည်က ဘယ်
သူတဲ့တုံး လေးလေးရဲ့"

ကျုပ်က လွှတ်စပ်စုတဲ့ကောင်ဆိုတော့
လေးလေးဗိုလ်ပုချိုကို မေးလိုက်တာဗျ။
လေးလေးကိုချိုက မျက်မှောင်ကြုက်ပြီး
စဉ်းစားတယ်ဗျို့။

" နေဦးကွ တာတေရ၊ ငါမှတ်ထားပါတယ်
အဲ နေပါဦး၊ ရာမာအိုကီတဲ့ကွ"

"ရာမာအိုကီ၊ ရာမာအိုကီ"

"ကျောက်ခဲနဲ့ သံမဏိက ဂျပန်စစ်ဗိုလ်
ရဲ့နာမည်ကို ရွတ်ကြည့်နေကြရောဗျို့။

"ဘာတဲ့၊ ရာမာအိုကီ ဟုတ်လား"

"ဟုတ်တယ် ဘိုးရဲ့၊ ရာမာအိုကီတဲ့၊ ဓါး
ပေါ်မှာကို သူ့နာမည်ထွင်းထားတာတဲ့၊
သူတို့ပြောတော့ သူတို့ဘုရင်ကိုယ်တိုင်
အပ်နှင်းတဲ့ ဓါးဆိုလားပဲ ဘိုးရဲ့"

"ဟုတ်မှာပေါ့၊ ပုချိုရဲ့၊ ဒါကြောင့် ဒီအထိလာ
ပြီး ဒီဓါးကို ရှာကြ၊ ဖွေကြတာပေါ့ကွ၊ပြီးတော့
ဓါးတစ်လက်ကို ငွေတွေ ဒီလောက်ပေးပြီး
ဝယ်တာကိုပဲ ကြည့်လေကွာ"

ဘိုးပုကြီးပြောတာ မဟုတ်ဘူးဗျ။ ဘိုးရုံ
က ဝင်ပြောတာ။ဘိုးပုက တွေပြီးစဉ်းစား
နေတယ်။ ဘာကို စဉ်းစားနေမှန်းတော့
မသိဘူးဗျိူ့။

"ဘန့်ဘွေးကုန်းက ကိုမိုးညွန့်ကို ခေါင်း
ဖြတ်သတ်သွားတာ၊ အဲဒီဂျပန်ဗိုလ်ပေါ့
ကွာ၊ သေချာတာပေါ့ ရာမာအိုကီ သတ်
သွားတာကွ"

"ဗျာ၊ ဘာဖြစ်လို့ သတ်ရတာတုံး ဘိုးရဲ့"

ကျုပ်ရဲ့ သိချင်စိတ်က မနေနိုင်တော့လို့
မေးလိုက်တာဗျို့။

"တာတေရဲ့၊ ကိုမိုးညွန့်က ဂျပန်တော်လှန်
ရေးတပ်သားကွ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့
တပ်တွေနဲ့ အချိတ်အဆက်ယူပြီး တော်
လှန်ရေး လုပ်နေတာပဲကွ။ နောက်တော့
ဘယ်လိုပေါ်သွားတယ် မသိဘူး၊ ဂျပန်စစ်
တပ် ရောက်လာပြီး ကိုမိုးညွန့်တို့ ဖမ်းတော့
တာပဲ။ လူလေးမြင်မှာပေါ့။ ထနောင်းကုန်း
ကနေ ဘန့်ဘွေးကုန်းကိုသွားတဲ့လမ်းမှာ
ဘန့်ဘွေးပင်ကြီးသုံးပင်ပေါက်နေတဲ့နေရာ
မှာ ကျင်းတူးပြီး ခေါင်းဖြတ်သတ်ခဲ့တာကွ"

"သြော်၊ အဲဒီဘန့်ဘွေးကုန်းပင်ကြီးတွေ
နားမှာလား"

လေးလေးချက်ကြီးက ဝင်ပြောတာဗျ။

"သြော် ဘိုးပြောတဲ့ ကိုမိုးညွန့်ဆိုတာ
ဘန့်ဘွေးကုန်းက ဦးရွှေလင်းရဲ့ညီဆို
တာ ထင်တယ်"

လေးလေးပုချိုက ပြောတာဗျ။

"အေး ဟုတ်တယ်၊ ဟုတ်တယ်၊ ရွှေလင်း
ရဲ့ညီ မဟုတ်ဘူး၊ အစ်ကိုကွ၊ ကိုမိုးညွန့်က
အိမ်ထောင်မရှိဘူး လူပျိုကြီးကွ"

"ဟင်၊ ဂျပန်က ဘယ်လိုများ သိသွား
တာတုံး ဘိုးရာ"

"ဂျပန်အလိုတော်ရိတွေ သတင်းပေးတာ
ရှိမှာပေါ့ကွာ"

"အဲဒီအလိုတော်ရိတွေကို ဖော်ထုတ်ပြီး
ရွာက လူတွေက သတ်ပစ်ရမှာ ဘိုးရဲ့"

လေးလေးတင်သောင်းကြီးက ပြောတာဗျို့။

"ဟ တင်သောင်းရဲ့၊ ဒီလိုလုပ်ချင်တိုင်းလုပ်
လို့ရမလား၊ မင်းတို့က သိမှ မသိတာ၊ဒီတုန်း
က ဂျပန်ကို တုန်နေအောင် ကြောက်နေရ
တဲ့အချိန်ကွ"

ဘိုးပုက လေးလေးတင်သောင်းကို ပြော
လိုက်တာဗျ။

"နေဦး ကိုပုရဲ့၊ ကျုပ်ကြားတာတော့
ဘန့်ဘွေးကုန်းက ကိုရှင်းရယ်၊ ကိုထင်
ရယ်၊ ကျုပ်တို့ရွာက ကိုမှတ်ကြီးရယ်
သုံးယောက်ပေါင်းပြီး ဖော်တာဆိုပဲဗျ"

"ကိုရုံး ဒီအကြောင်း ကျုပ်က မသိလို့ မပြော
တာ မဟုတ်ဘူးဗျ၊ ကလေးတွေရှေ့မှာမို့ မ
ပြောချင်လို့ မပြောတာ၊ ကိုရုံးပြောသလို အဲ
ဒီသုံးယောက် ဖော်လိုက်တယ်ဆိုတာ ဟုတ်
တယ်။ ဒါပေမဲ့ ဘာကြောင့် ဖော်ရတယ်ဆို
တာလည်း အကြောင်းရှိတယ်။ဂျပန်က သူ
တို့သုံးယောက်ကိုဖမ်းပြီး စစ်တာဗျ။ ဘယ်
သူဆိုတာကို ဖော်ရင်ဖော်၊မဖော်ရင် ထ
နောင်းကုန်းနဲ့ ဘန့်ဘွေးကုန်းက ယော
က်ျားမှန်သမျှ အကုန်သတ်ပစ်မယ်။ပြီးရင်
နှစ်ရွာစလုံး မီးရှို့ပစ်မယ်ဆိုလို့ အများဒုက္ခ
မရောက်အောင် ဖော်လိုက်ရတာဗျ"

"နေပါဦး ဘိုးရဲ့၊ အဲဒီ ဘိုးတော်က ထွက်
ပြေးလို့ မလွတ်လို့လား"

"ဟာ မဟုတ်ဘူးကွ၊ ဂျပန်က ညဘက်ကြီး
ရောက်လာပြီး ထနောင်းကုန်းနဲ့ ဘန့်ဘွေး
ကုန်းကို ဝိုင်းလိုက်တာကွ။ရွာထဲက လူတွေ
သိတော့ နောက်ကျသွားပြီ။ကိုမိုးညွန့်လည်း
ပြေးလို့မလွတ်တော့ဘူး"

"ကြုံတုံး ကိုမိုးညွန့်ရဲ့စိတ်ဓါတ်ကို ပြောရ
ဦးမယ်"

ဘိုးပုက စကားစလိုက်တော့ ကျုပ်တို့
အားလုံးငြိမ်ပြီး နားထောင်ကြတာပေါ့ဗျာ။

"သူ့ကိုသတ်တာ ထနောင်းကုန်းက လူဆယ်
ယောက်နဲ့ ဘန့်ဘွေးကုန်းက ဆယ်ယောက်
ထွက်ရမယ်ဆိုလို့ ကျုပ်ပါသွားတယ်။ ဘန့်
ဘွေးကုန်းပင်ကြီးတွေနားမှာ တချို့ကိုကျင်း
တူးခိုင်းတယ်။ ကျုပ်ကတော့ မတူးရပါဘူး
ကြည့်ရုံပဲ ကြည့်ရတာဗျ။ အဲဒီမှာ ကိုမိုးညွန့်
ကို လက်ပြန်ကြိုးတုပ်ပြီး ဆွဲခေါ်လာတယ်။
ကျင်းနှုတ်ခမ်းရောက်တော့ ဒူးတုပ်ထိုင်ခိုင်း
တယ်။ကိုမိုးညွန့်က အဲဒီမှာ ပြောတော့တာဗျို့"

"ဟင် ဘာပြောတာတုံး ဘိုးရဲ့"

လေးလေးချက်ကြီးက အတင်းကို မေး
တော့တာဗျ။

"ငါ့ကို ဖော်လိုက်တဲ့ ဂျပန်အလိုတော်ရိ
သုံးကောင် မင်းတို့ကို ငါမကျေနပ်ဘူးကွ၊
မင်းတို့ ခေါင်းတွေကို ငါ့ဓါးနဲ့ ဖြတ်ကိုဖြတ်
မယ်ဟေ့"

လို့ အော်တာကွ၊ ပြီးတော့ ဒူးမတုပ်ဘူး။
ဂျပန်စစ်သားတွေက သူ့ဒူးကောက်ကွေး
ကို စစ်ဖိနပ်တွေနဲ့ အတင်းကို နင်းချကြ
ရတာ။ သူ့ကို ခေါင်းဖြတ်တာ စောစော
က ပုချိုပြောတဲ့ ရာမာအိုကီကိုယ်တိုင်ပဲ
ကွ။ အဲဒီမှာ ပြောရဦးမယ်ဟေ့၊ကိုမိုးညွန့်
က မသေခင် အံတကြိတ်ကြိတ်နဲ့ နေတာ
ကွ။ ဓါးနဲ့ ခေါင်းလည်း ဖြတ်လိုက်ရော
ကိုမိုးညွန့်ရဲ့ ခေါင်းပြတ်ကြီးက ကျင်းထဲ
ကို မကျဘဲ ဘေးကို လွင့်ထွက်သွားတာ
ဟေ့။ ဘေးမှာ သေနတ်ကိုင်ပြီး ရပ်နေ
တဲ့ ဂျပန်စစ်သားရဲ့ လက်မောင်းကို
ကိုက်ရက်သားတန်းလန်းကြီးဖြစ်နေလို့
ဂျပန်စစ်သားဆိုတာ အော်လိုက်တာကွာ။
ဂျပန်စစ်ဗိုလ် ရာမာအိုကီက သူဓါးနဲ့ သွား
တွေကို ကလန့်ပြီး ဖြုတ်ပေးလိုက်ရတာ"

"ဟာ"

ကျုပ်တို့အားလုံး အံ့သြလိုက်ကြတာဗျာ။
တော်လှန်ရေးသမား ဘိုးတော်ကြီးအတွက်
စိတ်မကောင်းဖြစ်သွားကြတာပေါ့ဗျာ။ ဒီအ
ကြောင်းတွေ ကျုပ်တစ်ခါမှ မကြားဖူးဘူးဗျ။
ရွာက လူကြီးတွေကလည်း ဒီအကြောင်း
တွေကို နောင်လာနောင်သားတွေ မသိစေ
ချင်ဘူး ထင်ပါရဲ့ဗျာ။ ဒါပေမဲ့ လေးလေး
ပုချိုပြောတဲ့ ဘန့်ဘွေးကုန်းက ဘိုးရွှေလင်း
ရဲ့သား လင်းဦးတို့ လင်းထူးတို့ဆိုတာ ကျုပ်
နဲ့ မြို့ကျောင်းမှာ အတူတူတက်ခဲ့တဲ့ ကောင်
တွေဗျ။

ဒီကောင်တွေလည်း သူတို့ဘကြီးအကြောင်း
တစ်ခါမှကျုပ်ကို မပြောဖူးဘူးဗျ။ဒီည စကား
ဝိုင်းမှာတော့ ကျုပ်မကြားဖူးတာတွေ ကြား
လိုက်ရလို့ ကျုပ်တော်တော်ကျေနပ်သွားတာ
ဗျို့။ဒါပေမဲ့ အိမ်ပြန်ရောက်တဲ့အထိ ဘန့်ဘွေး
ကုန်းက လင်းဦးတို့ဘကြီး တော်လှန်ရေးရဲ
ဘော်ကြီးအကြောင်းကိုပဲ တတွေးတွေးလုပ်
နေမိတာပေါ့ဗျာ။ အိမ်ပြန်ရောက်တော့ ကျုပ်
က အဘကို ဒီအကြောင်းမေးတော့ အဘက
ကျုပ်ကို ပြောတယ်ဗျ။

"လူလေးရယ်၊ ဒီအကြောင်းတွေက ပြောလို့
ကောင်းတဲ့အကြောင်းတွေမှ မဟုတ်တာကွာ၊
ပြောမနေပါနဲ့တော့"

"ဟဲ့ တာတေ၊ ဂျပန်ခေတ်ဆိုတာ ခေတ်ဆိုး
ခေတ်ပျက်ကြီးဟဲ့၊ အားလုံး ဆင်းရဲငတ်ပြတ်
ပြီး ရောဂါတွေ အမျိုးမျိုးဖြစ်ကြ၊ တော်လှန်
ကြတာပေါ့။ ဒီတော့လည်း ခုနကပြောသလို
ဂျပန်သတ်တာ ခံကြရတဲ့သူတွေ ရှိတာပေါ့
ဟယ်၊ ဒါကြောင့်လည်း ဂျပန်တွေ စစ်ရှုံးလို့
ပြေးကြရတော့ လမ်းကနေ စောင့်ပြီး ဝိုင်း
သတ်ကြဖြတ်ကြတာ သူတို့လည်း အတုံး
အရုံးပါပဲ။ ဒီအကြောင်းတွေ ပြောတာ စိတ်
မကောင်းစရာတွေချည်းမို့လို့ လူတွေက မေ့
မေ့ပျောက်ပျောက်ပဲ နေကြတော့တာ။ဂျပန်
ခေတ်ပျက်ကြီးထဲမှာ အကောင်းပြောစရာ
ဆိုလို့ တစ်ခုမှ မရှိတာဟဲ့"

အမေ ရှင်းပြတော့မှပဲ ကျုပ်လည်း သ
ဘောပေါက်သွားတော့တာဗျို့။ဒါကြောင့်
ဒီအကြောင်းတွေကို လူတွေ သိပ်မပြော
ကြတော့တာကိုး။ မနက်အစောကြီး အ
ဘနဲ့ အမေက ကောက်ညှင်းပေါင်းနှမ်း
လှော်ထောင်း၊ အမဲခြောက်ဖုတ် လုပ်နေ
ကြတာဗျ။ ကျုပ်ကတော့ စောင်နှစ်ထပ်
ခြုံပြီး ကွေးလို့ဗျ။ ဒါလည်း အညာသား
စည်းစိမ်ပေါ့ဗျာ။

"ဟဲ့ တာတေ၊ ထတော့လေ၊ ကောက်ညှင်း
ပေါင်းနဲ့ အမဲခြောက် စားရအောင်"

အမေ နှိုးတော့မှ ကျုပ်က အိပ်ရာက ထ
တာဗျ။အဘနဲ့ အမေက ကျုပ်ကို စောင့်
နေကြတာ။ကျုပ်လာမှ ကောက်ညှင်းပေါင်း
ထည့်ပြီးစားတာ။ ကောက်ညှင်းပေါင်းက အ
ဖြူပေါင်း ပဲပေါင်းလေးဗျ။နှမ်းထောင်းလေးနဲ့
တို့ပြီးစားလိုက်၊အမဲခြောက်ကို ဆီမြုပ်အောင်
စိမ်ထားတာလေးနဲ့ စားလိုက် ကောင်းချက်ဗျာ
ဝိုင်းထဲကို လှမ်းကြည့်လိုက်တော့ မိုးလင်းနေ
ပေမယ့် နှင်းတွေ ကျနေတော့ ပိတ်နေတာဗျို့

"ကိုကြီးတာတေ နိုးပြီလား"

"ဟဲ့ စောစောစီးစီး ဘယ်သူတုံး"

"ကျောက်ခဲအသံပဲ အမေရ"

"နိုးပါပြီကွ၊ ဝင်ခဲ့လေ ကျောက်ခဲ"

နှင်းတောထဲကဖြတ်ပြီး ကျောက်ခဲက ဝိုင်းထဲ
ဝင်လာတယ်။ သူ့နောက်မှာ ချမ်းလို့ကုပ်ပြီးပါ
လာတာက သံမဏိဗျ။ ဒီကောင်နှစ်ကောင်
အိပ်ပေါ်ကို တန်းတက်လာကြတယ်။

"လာကြဟေ့၊ ကျောက်ခဲနဲ့ သံမဏိ ဘိုးဥာဏ်
တို့ ကောက်ညှင်းပေါင်း စားတာကွ လာကြ"

အဘက ကောက်ညှင်းပေါင်းစားဖို့ ခေါ်ပေ
မယ့် ဒီကောင်နှစ်ကောင်က ဘာမှပြန်မပြော
ဘူးဗျ။ မျက်နှာလည်း မကောင်းကြဘူး။

"ဟေ့ကောင်တွေ မင်းတို့ ဘာဖြစ်လာ
တာတုံး"

ကျုပ်က ဒီကောင်နှစ်ကောင်နဲ့ တွဲလာတာ
ကြာပြီဆိုတော့ ဒီကောင်တွေအကဲကို သိ
ပြီးသားဗျ။

"ကျုပ်တို့ ဘာမှမဖြစ်ပါဘူး ကိုကြီးတာတေ
ရာ၊ ရွာထဲမှာ ဖြစ်တာပါ"

"ဟေ ဟုတ်လား ကျောက်ခဲ၊ ရွာထဲမှာ
ဘာဖြစ်လို့တုံး"

"ဘိုးမှတ်ကြီး ခေါင်းဖြတ်အသတ်ခံရလို့ဗျ"

"ဘာကွ၊ အောင်ကွန့်တို့ အဘိုးလား"

"ဟုတ်တယ်ဗျ၊ ညနှစ်ချက်တီးလောက်မှ
တံခါးဖွင့်ပြီး ဆင်းသွားတာတဲ့"

"ကိုကြီးအောင်ကွန့်က သူ့အဘိုးနဲ့ အိပ်
တာဆိုတော့ 'ဘိုး ဘယ်သွားမှာတုံး'လို့
မေးလိုက်သတဲ့၊ ဘိုးမှတ်ကြီးက အိပ်သာ
တက်မလို့ဆိုပြီး ပြောသွားသတဲ့၊ ကိုကြီး
အောင်ကွန့်လည်း ပြန်အိပ်ပျော်သွားပြီး
မနက်ငါးနာရီလောက်မှာ နိုးလာတော့
သူ့ဘေးမှာ ဘိုးမှတ်ကြီးကို မတွေ့လို့
ခေါင်းတွေဘာတွေများ မူးပြီးလဲနေလား
လို့ ဝိုင်းထဲကို ဆင်းပြီး ဓါတ်မီးနဲ့ လိုက်
ထိုးတော့ အိပ်သာသွားတဲ့လမ်းမှာ ဘိုး
မှတ်ကြီး ခေါင်းပြတ်ပြီး သေနေတာ
တွေ့ရတာတဲ့ဗျို့"

"ဟင်၊ ဘယ်လိုဖြစ်တာတုံး"

အဘနဲ့ အမေက အံ့သြပြီး ပြောတာဗျ။

"ဘိုးမှတ်ကြီးတို့ဝိုင်းမှာ လူတွေမှ အိုး
ကြိတ်ကြိတ်ကို တိုးလို့ဗျ"

သံမဏိက အသံလေးလေးကြီးနဲ့ တစ်ခွန်း
ဝင်ပြောတယ်။ ကျုပ်က မျက်မှောင်ကြုတ်
ပြီး စဉ်းစားနေတာဗျ။ ဒီအကြောင်းကို ည
ကတင် ဘိုးပု ပြောသေးတယ်လေဗျာ။
ဘန့်ဘွေးကုန်းမှာ ဂျပန်ခေတ်တုန်းက
အသတ်ခံရတဲ့ တော်လှန်ရေးသမားကြီး
ဦးမိုးညွန့် မသေခင်က သူ့ကို ဖော်ထုပ်ပြီး
ဂျပန်လက်ထဲအပ်တဲ့ကောင်တွေကို သူ့
ဓါးနဲ့ ခေါင်းဖြတ်သတ်မယ်လို့ ပြောသွား
တာတဲ့။ဒါပေမဲ့ သေကာနီးလူတစ်ယောက်
ရဲ့ မကျေနပ်မှုတွေ ဒေါသတွေပဲ ဖြစ်မှာ
ပေါ့ဗျာ။ သေပြီးသွားတဲ့ လူတစ်ယောက်
ကတော့ ဘယ်လိုလုပ် လူသတ်မှာတုံး။

ကျုပ် စဉ်းစားတယ်။ ထပ်စဉ်းစားတယ်။
ဟာ တစ်ခုတော့ ရှိတယ်ဗျ။ ဦးမိုးညွန့်
သေတာ အခုဆိုရင် အနှစ်သုံးလေး
ဆယ် ရှိပြီဆိုတော့ တကယ်လို့များ ဦး
မိုးညွန့် လူပြန်ဖြစ်နေရင် အသက်သုံး
ဆယ်ကျော်လောက်တော့ အသာလေး
ရှိမှာဗျ။ နောက်ဘဝကို ရောက်သွားတဲ့
လူတစ်ယောက်အဖို့ အရင်ဘဝက မ
ကျေနပ်မှုတွေကို မှတ်မိပါ့မလားလို့
ကျုပ် တွေးမိတယ်။

ဒါတော့ မပြောနိုင်ဘူးဗျ။ သေကာနီး
မှာ ဦးမိုးညွန့်ရဲ့စိတ်က တော်တော်ကို
ဒေါသဖြစ်သွားတာ။ နောက်ဘဝရောက်
ရင်လည်း သတိရရင် ရနေမှာ။

ဒါဆိုရင် တော်လှန်ရေးသမားကြီး ဦးမိုး
ညွန့်က ကျုပ်တို့ရွာမှာများ လူပြန်ဖြစ်နေ
သလား။ ကျုပ်လည်း မတွေးတတ်တော့
ဘူးဗျ။ ကျုပ် ချက်ချင်းပဲ ကျောက်ခဲနဲ့
သံမဏိတို့နောက်ကို လိုက်ခဲ့တယ်။ ဘိုး
မှတ်ကြီးတို့ဝိုင်းက ရွာတောင်ပိုင်းမှာဗျ။
ကျုပ်တို့ရောက်တော့ တစ်ရွားလုံးလိုလို
ရောက်နေကြပါပြီဗျာ။ ဝိုင်းရှေ့က လမ်း
ပေါ်မှာရော ဝိုင်းထဲမှာရော လူတွေမှ ပြည့်
ကျပ်သိပ်နေတော့တာဗျ။

ကျုပ်တို့လည်း လူကြားကပဲ တိုးဝှေ့ပြီး
ဝင်ခဲ့ရတာပေါ့ဗျာ။ အောင်ကွန့်တို့ဝိုင်း
က သိပ်မကျယ်ဘူးဗျ။အိမ်သာကတော့
အိမ်အနောက်ဘက်က ဝိုင်းထောင့်မှာ
ပေါ့ဗျာ။ ဟုတ်တယ်ဗျ။

အိမ်သာသွားတဲ့ လမ်းပေါ်မှာ ဘိုးမှတ်ကြီး
မှောက်ခုံလဲနေတာဗျ။ ခေါင်းက ကိုယ်နဲ့
တစ်လံလောက်မှာ ကျနေတာဗျ။ မျက်
လုံးကြီး ပြူးထွက်ပြီး ပါးစပ်ကြီးက ဟနေ
တာဗျ။ ဒီပုံစံကို ကြည့်ရတာ မသေခင်မှာ
ဘိုးမှတ်ကြီးတစ်ခုခုကို တအားကြောက်
လန့်သွားတဲ့ပုံပဲဗျ။ဓါးချက်ကလည်း တစ်
ချက်တည်းလို့ လူကြီးတွေပြောသံ ကျုပ်
ကြားရတယ်။ တော်တော်ကို ပြတ်တဲ့ဓါး
နဲ့ ခုတ်သွားတာဗျ။

ခုတ်တဲ့လူက အားလည်းတော်တော်သန်
ပုံရသတဲ့။ ဓါးလည်းကောင်း အားလည်း
သန်လို့သာ။ ခေါင်းကို တစ်ချက်တည်း
ခုတ်ဖြတ်သွားတာလို့ လူကြီးတွေဝေဖန်
နေကြတယ်ဗျ။ ဒါပေမဲ့ဗျာ။အသက်ခုနှစ်
ဆယ်ကျော် လူကြီးတစ်ယောက်ကို ဒီ
လောက်ရက်ရက်စက်စက် သတ်သွား
တာ ကျုပ်ဖြင့် အံ့သြလို့ မဆုံးပါဘူးဗျာ။

ထုံးစံအတိုင်းပေါ့ဗျာ။ လူသတ်မှုဖြစ်လာ
တော့ သူနဲ့ ရာအိမ်မှူးတွေ၊ ဆယ်အိမ်
ခေါင်းတွေက ရောက်နေရတော့တာပေါ့
မြို့ကို လွှတ်ပြီး ရဲစခန်းကို သတင်းပို့တဲ့
လူက သွားပို့ပေါ့ဗျာ။

နောက်တော့ ရဲတွေရောက်လာပြီး အ
လောင်းကိုစစ်ဆေးလူတွေကို စစ်ဆေး
ပြီးတော့မှ အမှုဖွင့် အလောင်းကို သင်္ဂြု ိဟ်
ခွင့်ပြုကြတာပေါ့ဗျာ။ ကျုပ်တို့တစ်ရွာလုံး
လည်း တိတ်ကိုသွားတာဗျ။ ဒါပေမဲ့ ဟို
အိမ်မှာစုစု၊ ဒီအိမ်မှာစုစုနဲ့ တိုးတိုး လုပ်နေ
ကြတော့တာပေါ့ဗျာ။ စကားဆိုတာ စပြီး
ကားလာတာဆိုတဲ့အတိုင်းပဲဗျို့။

ဘိုးမှတ်ကြီးတို့ဝိုင်းထဲမှာ ညဦးကတည်းက
အရိပ်မဲမဲကြီး တွေ့လိုက်သလိုလိုတွေလည်း
ပြောကြရဲ့ဗျ။ ဘိုးမှတ်ကြီးကပဲ မသေခင်မှာ
'အောင်မယ်လေးဗျ'လို့ အော်သွားသလိုလို
တွေ ပြောကြတာပေါ့ဗျာ။ ကျုပ်က အောင်
ကွန့်ကို မေးကြည့်တော့ …

"ဘယ်ကဟုတ်ရမှာတုံး တာတေရာ၊ ဘာ
အရိပ်မဲမဲကြီးမှလည်း မတွေ့ဘူး၊ ငါ့ဘိုးက
လည်း အောင်မလေးဗျလို့ အော်မသွားဘူး။
အလကားစကားတွေ ကားပြောကြတာပါကွာ"

လို့ အောင်ကွန့်က ပြောတယ်။

"ဒါပေမဲ့ တာတေရဲ့၊ ငါ့ဘိုးက ခုတလော
မှိုင်မှိုင်နေတယ်ကွ၊ ငါက ဘိုးနေမကောင်း
ဘူးလားလို့ ခဏခဏမေးမိတယ်"

"ဒီတော့ ဘိုးမှတ်ကြီးက မင်းကို ဘာပြောတုံး"

"ကောင်းပါတယ် မြေးရဲ့၊ ဘိုး ဘာမှမဖြစ်ပါဘူး"

လို့ပဲ ပြောတာကွ။ တခြားတော့ ဘာမှ
မပြောဘူး တာတေရ"

"တို့ရွာထဲမှာရော ဘိုးမှတ်ကြီးနဲ့ ရန်ငြိုးရန်
စရှိတဲ့ လူများရှိဖူးသလားကွ အောင်ကွန့်ရဲ့"

"ဟာ တာတေရာ၊ မင်းလည်းသိတဲ့အတိုင်း
ပဲလေကွာ၊ငါ့ဘိုးက ဘယ်သူနဲ့မှ စကား ခွန်း
ကြီး ခွန်းငယ် မများဖူးပါဘူးကွာ"

ဒါလည်း ဟုတ်တာပဲဗျ။ ဘိုးမှတ်ကြီးက
အင်မတန်စကားနည်းတာ။လူတွေနဲ့လည်း
သိပ်မရောဘူး။ သူ့ဟာသူပဲ နေတဲ့လူဗျ။
မှတ်မှတ်ရရ ပြောရရင်တော့ ဘိုးမှတ်ကြီး
ခေါင်းဖြတ်အသတ်ခံရတာ လကွယ်ညဗျ။
တပို့တွဲလကွယ်ညကျတော့ ကျုပ်က မအိပ်
ခင် တွေးလိုက်မိသေးတယ်။ ဒီလကွယ်ည
မှာများ တစ်ယောက်ယောက် သေဦးမှာ
လားလို့ပေါ့ဗျာ။

"ကိုကြီးတာတေရေ၊ နောက်တစ်ယောက်
ခေါင်းပြတ်ပြန်ပြီဗျို့"

ဒီတစ်ခါတော့ ကျောက်ခဲတစ်ယောက်
တည်းဗျ။ အိမ်ပေါ်ကို တန်းပြီးတက်လာ
တာ။မျက်စိမျက်နှာလည်း ပျက်လို့ပေါ့ဗျာ။
ကျုပ်က ထမင်းကြမ်းစားပြီးလို့ နဂါးဆေး
လိပ်ကလေးထိုင်ပြီး ဖွာနေတာဗျ။ဒီကောင်
ကျုပ်ထိုင်နေတဲ့ တန်းလျားမှာဝင်ထိုင်လိုက်
တယ်။အဘနဲ့အမေကမီးဖိုချောင်ထဲရောက်
နေကြတော့ ကျောက်ခဲရောက်လာတာကို
မသိကြဘူးဗျ။

"ကျောက်ခဲ ဘယ်သူခေါင်းပြတ်ပြန်
တာတုံးကြ"

"ဘန့်ဘွေးကုန်းက ဘိုးရှင်းကြီးဗျ"

"ဟေ …ဟုတ်လား"

"ဟုတ်တယ် ကိုကြီးတာတေ၊ ဂျပန်တော်
လှန်ရေးသမားကြီး ဦးမိုးညွန့်ဆိုတဲ့ ဘိုး
တော်ကြီးများ သတ်နေတာလား ကိုကြီး
တာတေရာ"

"ဟာကွာ၊ဟိုက သေတာဖြင့်အနှစ်သုံးဆယ်
ကျော်နေပြီဥစ္စာ၊ဘိုးရှင်းသေတဲ့နေရာမှာ ဘာ
တွေများ ထူးထူးခြားခြား ဖြစ်သေးလို့တုံး"

"ဘာမှမဖြစ်ဘူးဗျ၊ ဘိုးရှင်း ဘယ်အချိန်က
တံခါးဖွင့်ပြီး ဝိုင်းထဲ ဆင်းသွားမှန်းတောင်
သိတဲ့လူ မရှိဘူးတဲ့၊ တစ်အိမ်လုံး အိပ်ပျော်
နေကြတာတဲ့ဗျာ။မနက်အိပ်ရာက နိုးတော့
မှ ဘိုးရှင်းရဲ့သား ဦးအောင်ကင်းကြီးက
သွားတွေ့တာတဲ့။ မှောက်ခုံကြီးလဲကျပြီး
ခေါင်းပြတ်ကြီးက တစ်လံလောက် ရောက်
နေတာဆိုပဲ။ ဘိုးမှတ်ကြီး သေတုန်းကလို
ပဲတဲ့။ မျက်လုံးကြီးပြူးပြီး ပါးစပ်ကြီးဟသေ
နေတာတဲ့ဗျ။မသေခင် တစ်ခုခုကို တအား
ကြောက်လန့်သွားတဲ့ပုံပဲတဲ့ဗျ"

"ဟေ ဟုတ်လား၊ ဒါနဲ့ နေပါဦးကွ၊ကျောက်
ခဲရဲ့ ဘိုးမှတ်ကြီးက ခေါင်းတုံးနဲ့နော်၊ ဘိုး
ရှင်းက သျှောင်ထုံးနဲ့မို့လား"

"သျှောင်ထုံး မဟုတ်တော့ဘူးဗျ၊ ခေါင်း
တုံးကြီးဖြစ်နေပြီဗျ၊ ဆံပင်တွေ ကျွတ်လို့
ဆိုပြီး ခေါင်းတုံး တုံးထားတာ ကြာပြီတဲ့ဗျ"

"ဟဲ့ ကျောက်ခဲပါလား"

အမေနဲ့ အဘက မီးဖိုချောင်က ထွက်လာ
ပြီး ကျောက်ခဲကိုမြင်တော့ နှုတ်ဆက်တယ်။

"ဟုတ်တယ် အရီးရေ၊ ဘန့်ဘွေးကုန်းက
ဘိုးရှင်းကြီး ခေါင်းဖြတ်အသတ်ခံရပြန်ပြီ
တဲ့ဗျာ"

"ဟေ…ဟုတ်လား၊ ဘယ်လိုဖြစ်လို့ အသက်
ခုနှစ်ဆယ်ကျော်ကြီးတွေကိုလိုက်သတ်နေရ
တာတုံး"

အမေက အံ့သြပြီး ပြောတာဗျ။အမေ့အသံ
မှာ ကြောက်ရွံ့တဲ့စိတ်ပါနေတာတော့ သေ
ချာတယ်ဗျ။

"ကိုကြီးတာတေ၊ ကျောက်ခဲ အဲဒီမှာလား"

"အေး ဟုတ်တယ်ဟေ့၊ သံမဏိ လာကွ"

သံမဏိပါ ရောက်လာပြီဗျို့။ဒီကောင်လည်း
မျက်စိ မျက်နှာတွေ ပျက်လို့ဗျ။

"သံမဏိ မင်းက ဘယ်ကလာတာတုံး"

ကျုပ်က သံမဏိကို မေးလိုက်တယ်။

"ကျုပ် အခုပဲ ဘန့်ဘွေးကုန်းက ပြန်လာ
တာဗျ၊ လူတွေကြားထဲမှာ ကိုကြီးတာတေ
တို့၊ ကျောက်ခဲတို့ကို တွေ့မလားလို့တောင်
လိုက်ရှာသေးတယ်"

"ငါတို့ မသွားတော့ပါဘူးကွာ၊ နို့ ဘိုးရှင်း
သေတာကို မင်းကြည့်ခဲ့သေးလား"

"ဟာ ကြည့်ခဲ့တာပေါ့ ကိုကြီးတာတေရ၊
ကျုပ်တို့ရွာက ဘိုးမှတ်ကြီးသေတဲ့ အတိုင်း
ပါပဲဗျာ၊ လူကြီးတွေက ပြောတယ်ဗျ။ဘိုး
မှတ်ကို သတ်တဲ့လူနဲ့ ဘိုးရှင်းကို သတ်တဲ့
လူက တစ်ယောက်တည်းဆိုပဲဗျ။ ဘိုးရှင်း
ကိုလည်း တစ်ချက်တည်း ခုတ်တာပဲတဲ့
ဗျ။ ဘိုးရှင်းမျက်နှာကြီးက ကြောက်စရာ
ကြီးပါဗျာ"

"ခေါင်းပြတ်ကြီးကလား"

ကျောက်ခဲက သံမဏိကို မေးလိုက်တာဗျ

"အေးပေါ့ ကျောက်ခဲရ၊ ခေါင်းကြီးက
ပြတ်နေတာပဲဟာ၊ ကိုယ်နဲ့ခေါင်းက
တော်တော်ဝေးတာကွ၊ မျက်နှာကြီး
က တစ်ခုခုကို ကြောက်ပြီး အော်
လိုက်တဲ့ ပုံစံကြီးကွ"

နို့ သူတို့အိမ်သားတွေက ဘိုးရှင်းအော်သံ
တွေ ဘာတွေများ ကြားလိုက်သေးလား"

"သူတို့ အိမ်သားတွေရော မြောက်ဘက်
ဝိုင်းက လူတွေရော ဘာအသံမှ မကြား
ဘူးတဲ့ဗ်"

"ဒါဆိုရင်တော့ အော်ချိန်ကို မရလိုက်တာ
ဖြစ်မယ်ကွ"

"အခု ကျုပ်တို့ရွာထဲကလူတွေ ပြောသံ
တစ်ခု ကြားခဲ့ရတယ်ဗျ"

"ဘာများတုံး သံမဏိရဲ့"

ကျုပ်က သံမဏိကို မေးလိုက်တယ်

"သက်ကြီးရွယ်အို အဘိုးတွေကို မိုးချုပ်
တာနဲ့ ဝိုင်းထဲပေးဆင်းတော့ဘူးတဲ့ဗျို့"

"ဟား၊ ဟား၊ ဟား၊ ဟား ဟုတ်လားကွ
သံမဏိရဲ့၊ ဒါဆိုရင် ဘိုးဥာဏ်လည်း
ဆင်းလို့ မဖြစ်တော့ဘူးပေါ့ကွ"

အဘက သံမဏိပြောတာကို သဘောကျ
ပြီး ရယ်ရောဗျို့။နေ့လယ်စာထမင်းကြီးစား
ပြီးတော့ ကျုပ်က နဂါးဆေးလိပ်ကလေး
ဖွာရင်း စဉ်းစားနေတာဗျို့။ ပြာသိုလကွယ်
ညက ဘိုးမှတ်ကြီးကို ခေါင်းဖြတ်သတ်တယ်။
အခု တပို့တွဲလညမှာ ဘိုးရှင်းကို ခေါင်းဖြတ်
သတ်တယ်။ ဒါဆိုရင် တပေါင်းလကွယ်ည
မှာ ဘိုးထယ်ရဲ့ အလှည့်ဖြစ်ဖို့ သေချာနေ
တာပေါ့ဗျာ။

"တာတေ ရှိလားဗျို့"

ဝိုင်းဝက ကျုပ်ကို မေးတဲ့အသံကြားလို့
ကျုပ် လှမ်းကြည့်လိုက်တယ်။ ဟာ ဒါ
ဘန့်ဘွေးကုန်းက လင်းဦးဗျ။တစ်ခုခု
တော့ ထူးပြီး ထင်တယ်ဗျ။

"ဟေ့ကောင် လင်းဦး လာကွ၊ ငါရှိပါတယ်"

လင်းဦးလည်း မျက်နှာသိပ်မကောင်းဘူး
ဗျ။ မျက်နှာမကောင်းတာထက် တစ်ခုခု
ကို စိုးရိမ်နေပုံပဲဗျ။ အိမ်ထဲကို ဟိုကြည့်
ဒီကြည့်လုပ်နေတယ်။

"လင်းဦး မင်း ဘာဖြစ်လာတာတုံး။
အိမ်မှာ ဘယ်သူမှ မရှိဘူးကွ၊ အဘနဲ့
အမေက စောစောကလေးတင် ရွာထဲ
သွားကြတယ်"

"အေး ဒါဆိုရင်တော့ မင်းကို ငါပြောမယ်
တာတေ၊ဒီအကြောင်းကို လုံးဝပေါက်ကြား
လို့ မဖြစ်ဘူးနော် သူငယ်ချင်း"

ဒီကောင့်မျက်နှာက တော်တော်ကို စိုး
ရိမ်နေတဲ့ပုံဗျ။

"မင်း ငါ့ကိုဘကြီး ဦးမိုးညွန့်အကြောင်း
ကြားဖူးလား တာတေ"

"အေး ငါ ကြားဖူးတယ်၊အရင်တုန်းက
တော့မကြားဖူးဘူးကွ၊ လွန်ခဲ့တဲ့ တစ်
လလောက်ကမှ ကြားဖူးလား"

"ဒီလိုဆိုရင် ငါတိုတိုပဲ ပြောမယ်ကွာ၊
ငါ့ဘကြီး မသေခင်က အမြဲကိုင်ခဲ့တဲ့
ဓါးတစ်လက် ရှိတယ်ကွ"

"အေး"

"အဲဒီဓါးက တို့အိမ်ပေါ်ထပ်က ပစ္စည်း
ဟောင်းတွေထားတဲ့ အခန်းရဲ့နံရံက
ဝါးထရံမှာ ဓါးအိမ်နဲ့ ချိတ်ထားတာကွ၊
ငါတို့ အဲဒီအခန်းထဲကို တော်ရုံနဲ့ မဝင်
ကြဘူး။ ဒီမနက်မှ ငါ့အဘက ပစ္စည်း
တစ်ခု ရှာချင်လို့ ဝင်လိုက်တာ။ အဲဒီ
မှာတင် ဒါကို သွားတွေ့တာကွ"

"ဟေ ဘာကို တွေ့တာတုံး လင်းဦးရဲ့၊
ရှင်းရှင်းပြောစမ်းပါကွာ"

"ငါ့ဘကြီး ဦးမိုးညွန့် ကိုင်ခဲ့တဲ့ ဓါးက
သွေးတွေ စီးကျနေတာကွ။ ဘယ်တုန်း
ကတည်းက စီးကျနေမှန်း မသိဘူးကွ၊
ကြမ်းပြင်ပေါ်မှာချောက်ကပ်နေတဲ့သွေး
ကွက်ကြီးပေါ်ကို သွေးအသစ်တွေက
တပေါက်ပေါက် စီးကျနေတာ၊ခြောက်
တောင် မခြောက်သေးဘူးဟေ့၊ ဒါနဲ့
အဖေက ဓါးနဲ့ဆွဲထုတ်ပြီး ကြည့်လိုက်
တော့ ဓါးတစ်ချောင်းလုံး သွေးတွေရွှဲ
နေတာတဲ့ဟေ့"

"ဟေ ဟုတ်လား၊ လင်းဦး"

"အေး၊ ဟုတ်တယ် တာတေ၊ မင်းသိတဲ့
အတိုင်းပဲလေကွာ၊ ဟိုတစ်လက မင်းတို့
ရွာက ဘိုးမှတ်ကြီး အသတ်ခံရတယ်။ည
က ငါတို့ရွာက ဘိုးရှင်းအသတ်ခံရတယ်
ဒီလူကြီးတွေက ငါဘကြီး ဦးမိုးညွန့်နဲ့ အ
ကြောင်းရှိခဲ့တဲ့ လူတွေလေကွာ၊ ဒီအချိန်
မှာ ဒီအကြောင်းကို ငါတို့လူသိခံလို့ ဘယ်
ဖြစ်မှာတုံး တာတေရ၊ လူတွေသာ သိသွား
ရင် လူသတ်တာ၊ ငါ့အဘလို့ ထင်ကြမှာ
ပေါ့၊ သူ့အစ်ကိုအတွက် သူ့ညီက လက်
စားချေတာလို့ ပြောကြမှာပေါ့ကွ"

"အေး ဟုတ်တာပေါ့ လင်းဦးရ၊ စိတ်ချ
သူငယ်ချင်း၊ ဒီအကြောင်း ငါဆီက လုံး
ဝမပေါက်ကြားစေရဘူးကွာ"

"ပြီးတော့ ဒီလိုထူးဆန်းတဲ့ ကိစ္စတွေကို
မင်းက ကြုံဖူးတာ များနေလို့၊ မင်းကို
တိတ်တိတ်လာပြီး တိုင်ပင်တာကွ"

"အေးပါ လင်းဦးရာ၊ မင်းအခု ဣနြေ္ဒ
မပျက် ပြန်ပေတော့၊ ဒီည ငါလုပ်စရာ
တွေ လုပ်လိုက်မယ်၊ ဒါနဲ့ နေဦးကွ လင်း
ဦးရ၊ မင်းတို့ အဲဒီဓါးကို ဘာလုပ်ထားတုံး"

"အဘနဲ့ ငါနဲ့ ဓါးကသွေးတွေကို ဆေး
ပစ်လိုက်တယ်။ပြီးတော့ ကြမ်းပြင်က
သွေးတွေကိုလည်း ဘာမှမကျန်အောင်
တိုက်ချွတ်ဆေးလိုက်တယ်။ဓါးကိုတော့
သူ့နေရာမှာပဲ ပြန်ချိတ်ထားလိုက်တယ်။
အေး ၊ အံ့သြစရာတစ်ခု ပြောရဦးမယ်
တာတေရေ၊ဘကြီးရဲ့ဓါးကိုထုတ်တောင်
မကြည့်ဘဲ ဒီအတိုင်းပဲ ချိတ်ထားတာ။
နှစ်ပေါင်းလေးဆယ်နီးပါး ရှိပြီတဲ့ကွ။
ဒါပေမဲ့ ဓါးအိမ်က ဆွဲထုတ်လိုက်တဲ့
ဓါးကို ရေနဲ့ ဆေးလိုက်တော့ သံချေး
တက်ဖို့ နေနေသာသာ ဝင်းပြောင်ပြီး
ပြတ်လိုက်တာမှ မြည့်နေတာပဲကွာ"

"ဟာ ဟုတ်လားကွ၊ တော်တော်ထူး
ဆန်းပါလား၊ လင်းဦးရ"

ညရောက်တော့ မဖဲဝါရဲ့ ကိုယ်ပွားရုပ်
ကလေးကို ခေါင်းအုံးအောက်မှာထားပြီး
မဖဲဝါကို တိုင်တည်လိုက်တယ်

"သင်္ချိုင်းရှင်မ မဖဲဝါ ခင်ဗျာ၊ ဒီည ကျုပ်
ကို အိပ်မက်ပေးပါ၊ လူနှစ်ယောက်လည်း
ခေါင်းဖြတ်ပြီး အသတ်ခံထားရပါတယ်။
ဓါးတစ်လက်ကလည်း သွေးတွေ စီးကျ
နေတယ်ဗျာ။ ဘာတွေဖြစ်တယ်ဆိုတာ
သင်္ချိုင်းရှင်မကြီးပြောမှ သိရမှာမို့ပါ"

ကျုပ်နဲ့ မဖဲဝါ အိပ်မက်ထဲမှာ တွေ့နေကျ
ဆယ့်နှစ်ရာသီပင်ကြီးအောက်မှာ တွေ့
တယ်။ ဆယ့်နှစ်ရာသီပင်ကြီးမှာ ပန်းအ
ဝါတွေ ထိန်နေအောင် ပွင့်လို့ဗျ။လေတွေ
ကလည်း တဝီဝီနဲ့ တိုက်နေတာဗျို့။ မဖဲ
ဝါကတော့ ခါတိုင်းလိုပဲဗျ။ ကျုပ်နဲ့ ရွယ်
တူကောင်မလေးလို ဖန်ဆင်းထားတယ်
ဆံပင်မှာ ဆယ့်နှစ်ရာသီပွင့်အဝါလေး
တစ်ပွင့် ပန်လို့ဗျို့။

"ဟဲ့ တာတေ အဲဒီဓါးက မိုးညွန့်ရဲ့ ကျိန်
စာသင့်နေတာ။အခုမှ ကျိန်စာက အသက်
ဝင်ပြီး လက်စားချေနေတာ၊ လာမယ့်လ
ကွယ်ညမှာ ငထယ်ကိုခေါင်းဖြတ်လိမ့်မယ်"

"ဟာ မဖဲဝါရယ်၊ ဒီဓါးကို ဘယ်လိုတား
ရမှာတုံးဗျာ"

"နင် မှတ်ထား၊ လကွယ်ညမှာ အဲဒီဓါးနား
မှာ နင်သွားပြီးစောင့်နေ၊ဓါးအိမ်က ဓါးကျွတ်
ထွက်တာနဲ့ ပျောက်သွားလိမ့်မယ်၊ လူသတ်
ပြီးမှပြန်ရောက်လာပြီး ဓါးအိမ်မှာ စွပ်မှာ၊ဒီ
တော့ နင်က ဓါးအိမ်က မကျွတ်ခင် တစူး
ဝါးနဲ့ ရိုက်ချလိုက်၊ ဓါးက ထခုန်လိမ့်မယ်
နင် ထပ်သာရိုက်၊ ဓါးလှုပ်တိုင်း နင်ရိုက်
ပေးတော့၊ အဲဒီအချိန်လေး ကျော်သွား
တာနဲ့ ကျိန်စာပျက်သွားလိမ့်မယ်"

ကျုပ်လန့်နိုးသွားတယ်။ နောက်နေ့ရောက်
တော့ လင်းဦး ကျုပ်ဆီကို ရောက်လာတယ်
ကျုပ်က လင်းဦးကို အကျိုးအကြောင်း ပြော
ပြလိုက်တယ်။

"ဒါဆိုရင် လကွယ်ညရောက်တော့ မင်း
ဆက်ဆက် လာခဲ့ တာတေ၊ ငါ တစူးဝါး
ရှာပြီး နှစ်တောင်လောက် ဖြတ်ထားလိုက်
မယ်"

(တစူးဝါးဆိုတာ လူသေကို မီးသင်္ဂြိုဟ်
တဲ့အခါ ထိုးတဲ့ ဝါးလုံးကို ပြောတာဗျ)

လကွယ်ညရောက်တော့ ညရှစ်နာရီ
လောက်မှာ ကျုပ်လင်းဦးတို့အိမ်ကို
ရောက်တယ်။ လင်းဦးက ကျုပ်ကို
အပေါ်ထပ်ခေါ်သွားပြီး ဝါးထရံမှာ
ချိတ်ထားတဲ့ဓါးကို ပြတယ်။

သြော် ကျိန်စာသင့်နေတဲ့ ဓါးပါလားလို့
ကျုပ်စိတ်က တွေးလိုက်မိတယ်။ လင်း
ဦးအဘ ဦးရွှေလင်းက ကျုပ်ကို အဆင်
သင့်လုပ်ထားတဲ့ တစူးဝါးတစ်ချောင်း
လာပေးတယ်။ ပြီးတော့ လင်းဦးရော၊
သူ့ညီ လင်းထူးရော၊ ဦးရွှေလင်းရော
က ရေနွေးကြမ်း၊ လက်ဖက်သုတ်၊
ငါးခြောက်ဖုတ်တွေနဲ့ ဧည့်ခံလိုက်ကြ
တာဗျာ။ သားအဖသုံးယောက် ပြာနေ
တော့တာဗျို့။ ညဆယ်နာရီထိုးတော့
အားလုံးကို အိမ်အောက်ထပ် ဆင်း
ခိုင်းလိုက်တယ်။

အပေါ်ထပ်မှာ ကျုပ်တစ်ယောက်တည်း
ကျန်ခဲ့တယ်။မှန်အိမ်လေး မှိန်မှိန်ကလေး
ထွန်းပြီး ကျုပ်စောင့်နေတယ်။ အဲ ပြော
ဖို့ မေ့နေတာဗျို့။ ဓါးကို အခန်းထဲမှာ
မထားတော့ဘဲ အပြင်ကို ထုတ်ထား
လိုက်တာဗျ။

ပစ္စည်းဟောင်းတွေထားတဲ့ အခန်းရဲ့
အပြင်ဘက်က ဝါးထရံမှာ ချိတ်ထား
လိုက်တယ်။ ကျုပ်က အိမ်နံရံရဲ့ ဝါး
ကပ်ထရံဘေးမှာကပ်ပြီး ထိုင်နေလိုက်
တယ်။ ညတစ်နာရီထိုးတော့ ဘန့်ဘွေး
ကုန်းကင်းတဲက တစ်နာရီ သံချောင်း
ခေါက်တယ်

"ချွင်"

ဟော ဓါးအိမ်ကနေ ဓါးကျွတ်လာပြီဗျို့။
ဓါးက'ချွင်' ကနဲ မြည်ပြီး တစ်ထွာလောက်
ကျွတ်ထွက်လာတယ်။ ငှက်ကြီးတောင်ဓါး
ဗျ။ အရှည် နှစ်ပေခွဲလောက်ရှိမယ်

"ချွင်"

ဟော ဓါးကျွတ်သွားလာပြန်ပြီဗျို့။ကျုပ်က
လက်ထဲက တစူးဝါးကို ကျစ်ကျစ်ပါအောင်
ဆုပ်ရင်း မတ်တတ်ထရပ်လိုက်တယ်။ရှေ့ကို
လည်း ခြေတစ်လှမ်း တိုးထားလိုက်တယ်။

ဓါးက ဓါးအိမ်ကနေ တစ်ဝက်လောက်
ကျွတ်ထွက်နေပြီ။ တကယ့်ကို အံ့သြ
စရာပါဗျာ။ အသက်ဝိညာဉ်မရှိတဲ့ ဓါး
ဟာ ကျိန်စာသင့်ပြီး အသက်ရှိသလို
ဖြစ်နေတာကို ကိုယ်တိုင်မြင်နေရလို့
သာ ယုံတော့တာဗျို့။

ကျုပ်စိတ်ထဲက သိနေတယ်ဗျ။ ဒီတစ်ခါ
ဆိုရင် ဒီဓါး ဓါးအိမ်က အပြီးကျွတ်ထွက်
တော့မှာဗျ။ မဖဲဝါက ကျုပ်ကို ပြောလိုက်
တာက ဓါးအိမ်က ကျွတ်တာနဲ့ ဓါးက
ပျောက်သွားမှာဆိုပဲ။

လူသတ်ပြီးမှ ဓါးအိမ်ထဲကို သူ့အလိုလို
ပြန်ရောက်နေမှာတဲ့ဗျ။ ကျုပ် တစူးဝါး
ကို အပေါ်မြှောက်ပြီး အဆင်သင့်ပြင်ပြီး
ကိုင်ထားလိုက်တယ်

"ချွင်"

ကျုပ် လွှားကနဲ ခုန်ဝင်ပြီး ဓါးကို ရိုက်ချ
လိုက်တယ်။

"ဘုန်း"

ဝါးထရံကို တစူးဝါးနဲ့ ရိုက်မိတဲ့အသံဗျ။

"ချွင်၊ ချလွင်၊ ချလွင်"

ဓါးက ကြမ်းပြင်ပေါ်ကို ကျသွားတယ်။
ဟော ခုန်ပြီဗျို့။ ဓါးက တစ်ပေလောက်
မြင့်အောင် ထခုန်တယ်။

"ဒုန်း"

ထပ်ခုန်တယ်ဗျို့။

"ဒုန်း"

ခုန်ပြန်ပြီဗျို့။

"ဒုန်း"

ဟော ငြိမ်သွားပြီ။ ငြိမ်သွားပြီ။ ဒါပေမဲ့
ကျုပ်ကတော့ တစူးဝါးကို ကျစ်ကျစ်ပါ
အောင် ဆုပ်ပြီး သတိနဲ့ စောင့်နေရတာ
ဗျ။ ဟာ ဓါးက ခုန်တော့ မခုန်တော့ဘူး
ဗျ။ ဒါပေမဲ့ ကြမ်းပြင်ပေါ်မှာ တဆတ်
ဆတ်နဲ့ တုန်နေတယ်

ဒါဆိုရင် ကျိန်စာလည်း ပျက်ပြီပေါ့ဗျာ။
ကျုပ်ခေါ်လိုက်တော့မှ ဦးရွှေလင်းတို့
သားအဖတွေ အိမ်ပေါ်ထပ်ကို ပြေး
တက်လာတာဗျို့။ ကျုပ်က အဖြစ်အ
ပျက်ကို ရှင်းပြလိုက်တယ်။ ဘိုးထယ်
တစ်ယောက်ကိုတော့ ကယ်လိုက်နိုင်
တာပေါ့ဗျာ။

ဒီအကြောင်းကို ဘယ်သူမှ မသိအောင်
အုပ်ထားဖို့ ကျုပ်ကပဲ သတိပေးခဲ့တာ
ပါ။ အဲဒီညက လင်းကြက်တွန်တော့မှ
ပဲ ကျုပ်အိမ်ပြန်ရောက်ခဲ့တာပေါ့ဗျာ။

မူရင်းရေးသူ ဆရာ တာတေ

Credit

စုန်းကိုး မှော်ကိုး ကဝေကိုး စာအုပ်မှ
ကောက်နုတ်တင်ပြထားပါသည်

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ


*က်ိန္စာသင့္ဓါး*📖📖(စ/ဆုံး)

**************************************
တာေတတို႔အညာမွာ အေအးဆုံးလေပါ့ဗ်ာ။
ျပာသိုလေလ။ ေျမာက္ေလေလးမ်ား ခပ္ၾကမ္း
ၾကမ္း ေဝွ႔တိုက္လိုက္ရင္ ခိုက္ခိုက္တုန္ေအာင္
ခ်မ္းတဲ့လေပါ့ဗ်ာ။ဒါေပမဲ့ ဒီလိုလမွာပဲ ႏွစ္သက္
စရာ အညာဓေလ့ေလးကလည္း ရွိေနျပန္ေရာ
ဗ်။ ညတိုင္းေရာက္ရင္ သက္ႀကီး႐ြယ္အိုေတြ
ရွိတဲ့ ဝိုင္းကိုသြား၊ မီးလႈံရင္း စကားဝိုင္းဖြဲ႕ၾက။
သက္ၾကားအိုေတြ ျပန္ေျပာျပတဲ့ ေရွးေဟာင္း
ေႏွာင္းျဖစ္ေတြ နားေထာင္ၾက။ ဗဟုသုတ
ရစရာေတြကို မွတ္သားၾကနဲ႔ ေက်နပ္စရာ
ေကာင္းတဲ့ ေဆာင္းညေတြေပါ့ဗ်ာ။

က်ဳပ္တို႔လူငယ္ေတြက အိမ္ကထင္းတုံးႀကီး
ေတြ ထမ္းလာၾက၊ စားစရာေသာက္စရာေတြ
စီစဥ္ၾက၊ဝိုင္းပိုင္ရွင္ အဘိုးရဲ႕ မိသားစုကလည္း
သူတို႔ဝိုင္းထဲမွာ အခုလိုလာၿပီး သူတို႔အဘကို
တ႐ိုတေသနဲ႔ ေမးၾကျမန္းၾကတဲ့ ႐ြာထဲက လူ
ငယ္ေတြကို လက္ဖက္သုတ္၊ ထန္းလ်က္ခဲ၊
ပဲႀကီးေလွာ္၊ ေျမပဲေၾကာ္၊ ေျမပဲျပဳတ္၊ တစ္ည
တစ္မ်ိဳး ေကြၽးၾကတာဗ်။

က်ဳပ္တို႔အသြားဆုံးဝိုင္းက ဘိုးလိပ္ပု ဝိုင္းပဲဗ်။
က်ဳပ္တို႔႐ြာမွာေတာ့ ဘိုးလိပ္ပုက ဗဟုသုတ
အလြန္မ်ားတဲ့ ပုဂၢိဳလ္ႀကီးေပါ့ဗ်ာ။ စာေပက်မ္း
ဂန္ကလည္း တတ္ဗ်။ အနယ္နယ္အရပ္ရပ္
ကိုလည္း ႏွံ႔ေအာင္ သြားဖူးခဲ့တာဆိုေတာ့ ဘိုး
လိပ္ပုမို႔လို႔ စကားေျပာရင္ က်ဳပ္တို႔လူငယ္ေတြ
ဆိုတာ မ်က္ေတာင္ခတ္ဖို႔ေတာင္ ေမ့ေနၾက
တာဗ်ိဳ႕။ လူငယ္ေတြကေတာ့ ဘိုးလိပ္ပုကို
ဘိုးပုႀကီးလို႔ပဲ ေခၚၾကတာပါ။

အခုလို မီးလႈံရတဲ့ညေတြဆိုရင္ လူငယ္ေတြ
တင္မကဘူးဗ်။လူႀကီးေတြေတာင္ ဘိုးပုႀကီး
ဆီကို လာၿပီးေျပာၾကဆိုၾကေမးၾက ျမန္းၾက
လုပ္ၾကတာဗ်။ဒီညလည္း ဘိုးပုဝိုင္းမွာ ထင္း
႐ုံႀကီးေတြ မီးဖိုၿပီး မီးလႈံေနၾကတာ။ လူဆယ္
ေယာက္ေလာက္ရွိတယ္ဗ်။ေက်ာက္ခဲနဲ႔ သံမ
ဏိကလည္း က်ဳပ္သြားေလရာ တေကာက္
ေကာက္ပါတဲ့ ေကာင္ေတြေလဗ်ာ၊ အညာ
သားေလးေတြဆိုေတာ့ အေႏြးထည္ ညစ္ေပ
ေပေလးေတြဝတ္ၿပီး ပုဆိုးအပိုတစ္ထည္ကို
ၿခဳံၾကလို႔ေပါ့ဗ်ာ။

ႀကဳံလို႔ေျပာရဦးမယ္ဗ်။ ဒီလိုေအးလြန္းတဲ့
ညေတြဆိုရင္ က်ဳပ္တို႔ အညာသားေတြက
ဝါစပ္ေစာင္ပြပြႀကီးေတြနဲ႔ အေခါက္ၾကားမွာ
ဂုန္နီအိတ္ညႇပ္ၿပီး ၿခဳံၾကတာဗ်။ေႏြးမွေႏြးဗ်ာ။
ဒါလည္း အညာသား စည္းစိမ္တစ္မ်ိဳးပဲဗ်။

ပထမေတာ့ စကားဝိုင္းက ဟိုေရာက္
ဒီေရာက္ေတြ ေျပာေနၾကတာေပါ့ဗ်ာ။
ေနာက္ေတာ့ တျဖည္းျဖည္းနဲ႔ ဦးတည္
ခ်က္ ပါလာတယ္ဗ်။

"ဘိုးေရ ေျပာရဦးမယ္၊ ဟိုေန႔က ငါးပိလာ
ေရာင္းတဲမိန္းမႀကီးဗ်ာ၊ က်ိန္လိုက္တာ ဘိုး
ရယ္၊ အေလးမမွန္ရင္ မိုးႀကိဳးပစ္ပါေစလို႔
ခ်ိန္ခြင္ခိုးရင္ ေႁမြေပြးကိုက္ပါေစလို႔ သူ႔ဆီ
မယ္ ငါးပိဝယ္ရတာေတာင္ သူ အက်ိန္ရဲ
တာ ၾကားၿပီး ေၾကာက္မိတယ္ဘိုးရယ္"

ေလးေလးတင္ေသာင္းက ေျပာတာဗ်။
ေလးေလးတင္ေသာင္းဆိုတာက သံမဏိ
တို႔နဲ႔ ဘေထြး ေတာ္တယ္ဗ်။ လႊတ္႐ိုးတဲ့
လူပ်ိဳႀကီးပါဗ်ာ။

"တင္ေသာင္းေရ၊ က်ိန္စာဆိုလို႔ ေျပာရဦး
မကြဲ႕၊ ဘိုးက ထိန္ကုန္းသားကြ၊အိမ္ေထာင္
က်ေတာ့မွ ေဟာဒီထေနာင္းကုန္းကိုေရာက္
တာ။ ဘိုးတို႔ ထိန္ကုန္းမွာ ကိုညိဳဆိုတဲ့ လူ
တစ္ေယာက္ ရွိတယ္တဲ့။ ကိုညိဳက ဦးမင္း
ဒင္တို႔ ေဒၚလုံးစိန္တို႔အိမ္မွာ အလုပ္သမား
လုပ္ရတာဆိုပဲ။ ဦးမင္းဒင္မွာက မယ္တင္ဆို
တဲ့ သမီးတစ္ေယာက္ ရွိတယ္ဆိုပဲ။ကိုညိဳနဲ႔
မယ္တင္က သက္တူ႐ြယ္တူေတြတဲ့ကြ။ဒီ
ေတာ့လည္း လူငယ္ဘဝ မယ္တင္အေပၚ
မွာ ကိုညိဳက စိတ္ေဖာက္ျပားမိတာမ်ိဳး ရွိ
ခ်င္ရွိမွာေပါ့ေလ။ ဒါကို မယ္တင္က ရိပ္မိ
ေတာ့ ကိုညိဳကို ေမးသတဲ့။

"ဟဲ့ ငညိဳ၊ နင့္ပုံစံၾကည့္ရတာ တစ္မ်ိဳးပဲ၊
နင့္စိတ္က ငါ့အေပၚမွာ ႐ိုးေကာ ႐ိုးရဲ႕လား"

ဒီေတာ့ ကိုညိဳက ရွက္ကိုးရွက္ကန္း ျဖစ္
သြားၿပီး ျပန္ေျပာလိုက္သတဲ့။

"မမယ္တင္ရယ္၊ ခင္ဗ်ားအေပၚမွာ က်ဳပ္
မ႐ိုးမသား စိတ္မ်ားထားခဲ့ရင္ ခင္ဗ်ားအိမ္
မွာ ႏြားခ်ည္းျဖစ္ရပါေစရဲ႕ဗ်ာ"

ကိုညိဳကရွက္ရွက္နဲ႔ က်ိန္ေျပာလိုက္တာကြဲ႕၊
တကယ္ကေတာ့ သူ မယ္တင္ကို ႀကိတ္ၿပီး
ႀကိဳက္ေနတာ ဘဝခ်င္းက မတူေတာ့ သူ
ဖြင့္မေျပာရဲဘူး။ အဲဒီေနာက္ သိပ္မၾကာခင္
ပဲ ကိုညိဳပိုးထိၿပီး ဆုံးသြားတယ္တဲ့။မယ္တင္
ကလည္း ႐ုံးေထာင့္က ကိုသစ္ဆိုတဲ့လူနဲ႔
အိမ္ေထာင္က်သြားသတဲ့ေဟ့။

ကိုသစ္က ထိန္ကုန္းကို လိုက္လာၿပီး မယ္
တင္တို႔အိမ္မွာေနတယ္။ ဒါေပမဲ့ မယ္တင္
ရဲ႕အေဖ ဦးမင္းဒင္က ကိုသစ္တို႔ မယ္တင္
တို႔ကို ႐ြာထဲမွာအိမ္ခြဲေပးၿပီး ယာလည္းလုပ္
ကိုင္စားဖို႔ ခြဲေပးတယ္။ ႏြားတစ္ရွဥ္းလည္း
ေပးသတဲ့။ ကိုသစ္မိဘေတြကေတာ့ ႏြားမ
တစ္ေကာင္ ေပးသတဲ့။

ေနာက္ေတာ့ မယ္တင္တို႔အိမ္မွာ ႏြားေလး
တစ္ေကာင္ ေပါက္ေရာတဲ့ေဟ့။ အဲဒီႏြား
ဇီးတည္ခ်ိန္မွာ မယ္တင္အိပ္မက္ မက္သ
တဲ့။ အိပ္မက္ထဲမွာ ကိုညိဳ ေရာက္လာၿပီး
မယ္တင္ကို ေျပာသတဲ့။

"မယ္တင္ ငါေတာ့ မွားသြားၿပီ၊ နင့္ကို ႀကိဳက္
ရဲ႕သားနဲ႔ ငါက လိမ္ၿပီးက်ိန္ခဲ့တာ။ အခုေတာ့
အဲဒီက်ိန္စာေၾကာင့္ နင့္အိမ္မွာ ငါ ႏြားျဖစ္ရ
ေတာ့မယ္"

လို႔ ေျပာသတဲ့ေဟ့။ အခ်ိန္တန္လို႔ ေပါက္
လာေတာ့ ႏြားညိဳေလးတဲ့ဗ်ာ။ မယ္တင္က
လည္း ဒီအေၾကာင္းကို ဘယ္သူ႔မွ မေျပာဘဲ
ႏြားေလးကို ငညိဳလို႔ ေခၚသတဲ့။ ႏြားငညိဳက
လည္း မယ္တင္ကမ်ား ခိုင္းရင္ က်ဳံး႐ုန္းလုပ္
ဆိုပဲ။ ဒါေပမဲ့ သူ႔ခမ်ာ သက္တမ္းသိပ္မရွည္
ဘူးတဲ့ေဟ့၊ ပိုးထိၿပီး ေသျပန္ေရာတဲ့။ ေသၿပီး
ေတာ့လည္း ေနာက္တစ္ခါ အိပ္မက္ေပးျပန္
တာပဲတဲ့။

"မယ္တင္ေရ၊ နင့္ဆီကို ငါျပန္လာဦးမယ္"

လို႔ ေျပာၿပီး မယ္တင္တို႔အိမ္မွာ ႏြားေပါက္
ျပန္တာပဲတဲ့။ ဒီတစ္ခါေတာ့ ႏြားျဖဴေလးတဲ့။
မယ္တင္က အဲဒီႏြားကိုလည္း ငညိဳလို႔ပဲ ေခၚ
တာပဲတဲ့။ ဒီေတာ့ ႐ြာထဲက လူေတြက ေျပာ
ၾကတာေပါ့။

"မမယ္တင္၊ ခင္ဗ်ားႏြားက အျဖဴႀကီးကို ဘာ
ျဖစ္လို႔ ငညိဳလို႔ ေခၚတာတုံး၊ ငျဖဴလို႔ ေခၚရမွာ
မဟုတ္ဘူးလား"

"ငါ့ႏြား ငညိဳျပန္ၿပီးဝင္စားလို႔ ငညိလို႔ ေခၚ
တာေဟ့"

လို႔ ေျပာေတာ့ ႐ြာသားေတြလည္း ဘာမွ
မေျပာသာေတာ့ဘူးေပါ့ကြာ။ ဒီတစ္ခါေတာ့
မယ္တင္က အလႉအတန္းလုပ္တိုင္း တိတ္
တိတ္သြားၿပီး ႏြားျဖဴႀကီးကို အမွ်ေဝသတဲ့။

"ကိုညိဳေရ အမွ် အမွ် အမွ် ဒီဘဝမ်ိဳး ဒီ
တစ္ခါပဲ ျဖစ္ပါေစေတာ့၊ လူ႔ဘဝကို ျပန္
ေရာက္ပါေစ"

လို႔ အၿမဲေျပာတယ္ဆိုပဲ။ ႏြားျဖဴႀကီးေသ
ေတာ့ေနာက္တစ္ခါ ႏြားလာမျဖစ္ေတာ့ဘူး
ဆိုပဲ။ဒါေၾကာင့္ က်ိန္တယ္ဆိုတာပါးစပ္က
ေျပာလိုက္တာပဲ။ ေျပာၿပီးေပ်ာက္သြားတဲ့
ကိစၥ ဘာမွ ထိခိုက္စရာ မရွိဘူးလို႔ မထင္
ၾကနဲ႔ က်ိန္တယ္ဆိုတာ ထိတတ္တယ္။
ေလထဲမွာတင္ ၿပီးေပ်ာက္သြားတဲ့ကိစၥ
မ်ိဳး မဟုတ္ဘူးကြဲ႕"

"ဘိုးေျပာသလိုဆိုရင္ က်ိန္စာဆိုတာ
ေၾကာက္စရာ ေတာ္ေတာ္ေကာင္းတာ
ပဲကိုး"

ေလးေလးတင္ေသာင္းနဲ႔ အတူတူပါလာတဲ့
ေလးေလးခ်က္ႀကီးက ေျပာတာဗ်။ ေလး
ေလးခ်က္ႀကီးဆိုတာ က်ဳပ္တို႔႐ြာက ဝက္
သားခ်က္ လႊတ္ေကာင္းတဲ့လူေလဗ်ာ။
'ဘင္ဂ်ိဳဘေစာ'ဝတၳဳမွာ ေလးေလးခ်က္
ႀကီးအေၾကာင္း က်ဳပ္ေရးခဲ့ဖူးပါတယ္။

"ဘိုးပုက က်ိန္တတ္တဲ့ ကိုညိဳအေၾကာင္း
ေျပာလို႔ က်ဳပ္သတိရတာေလးတစ္ခု ေျပာ
ရဦးမယ္ဗ်"

ဘိုး႐ုံက ဝင္ေျပာတာဗ်။ ဘိုး႐ုံဆိုတာက
ဘိုးပုနဲ႔ အသက္သိပ္မကြာဘူးဗ်။ အလြန္
ဆုံးကြာရင္ သုံးေလးႏွစ္ပဲ။ ဘိုး႐ုံက ဘိုးပု
ေလာက္သာ စာေပမတတ္တာဗ်။ အေတြ႕
အႀကဳံကေတာ့ မနည္းဘူး။

"က်ဳပ္ငယ္ငယ္က ႏြားေက်ာင္းဖက္ သူငယ္
ခ်င္းတစ္ေယာက္ ရွိတယ္၊ ဒီေကာင့္နာမည္
က ငဆင္တဲ့ဗ်။ ကစားရင္ လြတ္ျငင္းတဲ့
ေကာင္ဗ်ိဳ႕။ ျငင္းခုန္လို႔ မႏိုင္ရင္ ငဆင္က
က်ိန္တြယ္ေျပာေတာ့တာဗ်။ ဒီေကာင္က်ိန္
တာ ႏွစ္မ်ိဳးပဲက်ိန္တာ။ မိုးႀကိဳးပစ္ရပါေစရဲ႕
ဆိုတာရယ္၊ အျမင့္က က်ရပါေစရဲ႕ ဆိုတာ
ရယ္ပဲ။ေနာက္ေတာ့ ႏြားေက်ာင္းရင္း ငဆင္
က သစ္ပင္တက္ၿပီး သရက္သီးခူးတယ္။
ဒီတုန္းမွာ မိုးေလးမဆိုသေလာက္ကေလး
ညိဳ႕သြားၿပီး…

"ဂ်ိန္း"

ဆိုတဲ့ အသံႀကီး ၾကားလိုက္ရတာပဲဗ်ာ။
အဲဒီအခ်ိန္မွာ က်ဳပ္နဲ႔ တျခားႏြားေက်ာင္း
သားေတြက ငဆင္နဲ႔ ခပ္လွမ္းလွမ္းမွာ
ေရာက္ေနၾကတာ။ သရက္ပင္ေပၚကေန
ငဆင္ျပဳတ္ၾကသြားတာ က်ဳပ္တို႔ လွမ္း
ျမင္ရတယ္။ ဒါေပမဲ့ မိုးႀကိဳးထပ္ပစ္မွာ
ေၾကာက္လို႔ ဘယ္သူမွ ခ်က္ခ်င္းမသြား
ရဲၾကဘူးဗ်။ ေကာင္းကင္မွာကလည္း
လွ်ပ္စီးေတြ တဝင္းဝင္းလက္ေနတာ
ကိုး။ဘယ္သြားရဲၾကမတုံး။ေနာက္ေတာ့
ေကာင္းကင္က တိမ္တိုက္ေတြ လြင့္သြား
ၿပီး လင္းသြားေတာ့မွ က်ဳပ္တို႔ေတြ သရက္
ပင္ေအာက္ကို ေျပးၾကည့္ၾကတာေပါ့ဗ်ာ။
ငဆင္ဆိုတဲ့ေကာင္ တစ္ကိုယ္လုံး မဲၿပီး
မီးကြၽမ္းသလိုကို ျဖစ္သြားတာဗ်"

"အသက္ေရာ ရွိေသးလား ဘိုး"

"ဟား ဟား ဟား ဟား"

နားေထာင္ေနတဲ့သူေတြ ဝိုင္းရယ္ၾကတယ္။
ထေမးလိုက္တာက ေက်ာက္ခဲဗ်။

"ေက်ာက္ခဲရယ္၊ ငါ့ေျမး စဥ္းစားၾကည့္ေလ
ကြာ၊ မိုးႀကိဳးတည့္တည့္ပစ္ခ်လိုက္လို႔ တစ္
ကိုယ္လုံး မီးကြၽမ္းသြားမွေတာ့ အသက္က
ဘယ္ရွိေတာ့မလဲ"

ေက်ာက္ခဲက ရွက္ကိုးရွက္ကိုးနဲ႔ ေခါင္းငုံ႔
သြားေရာဗ်။

"အဲဒါ ဘိုးေျပာမလို႔ကြ၊ ငဆင္ေသတာ သူ
အၿမဲက်ိန္ခဲ့သလိုေလ၊ မိုးႀကိဳးပစ္ခံရၿပီး အ
ျမင့္က က်ေသရတာေလကြာ။ ဒါေၾကာင့္
ဘယ္ေတာ့မွ မက်ိန္ၾကနဲ႔။ကိုယ့္ကိုယ္ကိုယ္
လည္း မက်ိန္နဲ႔။ သူမ်ားကိုလည္း မက်ိန္နဲ႔။
က်ိန္စာဆိုတာ ထိတတ္တဲ့သေဘာရွိတယ္"

က်ဳပ္တို႔လည္း ဘိုး႐ုံေျပာတာကို ၿငိမ္ၿပီး
နားေထာင္ေနၾကတာေပါ့ဗ်ာ။ ခဏၾကာ
ေတာ့ စကားဝိုင္းက ဟိုေရာက္ ဒီေရာက္
ေရာက္သြားျပန္ေရာဗ်။ အဲဒီလို ေရာက္
သြားရင္းနဲ႔ ဓါးအေၾကာင္းကို ေရာက္သြား
ျပန္ေရာဗ်ိဳ႕။

" ဘိုးပုက ထိန္ကုန္းကဆိုလို႔ ေျပာရဦး
မယ္ဗ်၊ ထိန္ကုန္းက ေသာ္ေ႐ႊဆိုတဲ့လူ
ေတာ့ ေတာ္ေတာ္ကို ပိုက္ဆံရသြားတာဗ်"

ဗိုလ္ပုခ်ိဳလို႔ေခၚတဲ့ ေလးေလးကိုခ်ိဳက ေျပာ
တာဗ်။ ေလးေလးကိုခ်ိဳက အရပ္ပုျပတ္ျပတ္
ကေလးမို႔ သူ႔ကို ဗိုလ္ပုခ်ိဳလို႔ ေခၚၾကတာ။

"ပုခ်ိဳ မင္းေျပာတဲ့ ေသာ္ေ႐ႊဆိုတာ ေက်ာ္
ေသာင္းႀကီးရဲ႕ သားထင္တယ္"

"ဟာ ဟုတ္တာေပါ့ ဘိုးပုရဲ႕၊ ဘိုးေက်ာ္
ေသာင္းႀကီးရဲ႕ သား ေသာ္ေ႐ႊကို ေျပာ
တာဗ္"

"ေအး ေျပာစမ္းပါဦးကြ၊ ေက်ာ္ေသာင္းႀကီး
သားက ထီေတြ ဘာေတြ ေပါက္လို႔လား"

"ဟာ မဟုတ္ဘူး ဘိုးပုရဲ႕၊ ဓါးေရာင္းလိုက္
တာ ဆယ္သိန္းေတာင္ ရဆိုပဲ"

"ေဟ၊ ဓါး ဟုတ္လား၊ ဘာဓါးမို႔ ဒီေလာက္
ပိုက္ဆံရတာတုံးကြ ပုခ်ိဳရဲ႕"

"ဂ်ပန္ဓါးတဲ့ ဘိုးပုရဲ႕၊ေသာ္ေ႐ႊ ေတာထဲသြား
ၿပီး ထင္းခုတ္ရင္းနဲ႔ ရလာတာတဲ့ဗ်ိဳ႕၊ ဓါးႀကီး
က သံေခ်းေတြတက္ေနလို႔ တျဖည္းျဖည္း
ခြၽတ္ယူရတာဆိုပဲ။ဓါးက ဂ်ပန္ဗိုလ္ေတြကိုင္
တဲ့ ကင္ဒိုဓါးတဲ့ဗ်။ ဓါးေပၚမွာလည္း ဂ်ပန္စာ
ေတြ ပါတယ္ဆိုပဲ"

"ေအး ဟုတ္တယ္၊ ဂ်ပန္ေတြ ကိုင္တဲ့ ဓါးက
ဓါးေပၚမွာကို သူတို႔နာမည္ ထိုးထားတာကြ"

ဘိုး႐ုံက ဝင္ေျပာတာဗ်။

"ဟုတ္တာေပါ့ ဘိုး႐ုံရာ၊ အဲဒီနာမည္ေၾကာင့္
ေသာ္ေ႐ႊႀကီး ပိုက္ဆံေတြ ရသြားတာေပါ့ဗ်ာ။
ဒီလိုတဲ့ဗ်ိဳ႕၊ ဂ်ပန္ျပည္က အဲဒီစစ္ဗိုလ္ရဲ႕ အ
မ်ိဳးအေဆြေတြ လိုက္လာၿပီး စုံစမ္းတဲ့အခ်ိန္
မွာ ေသာ္ေ႐ႊက သူရထားတဲ့ ဓါးကို ျပလိုက္
သတဲ့။ ဒီမွာတင္ တည့္တည့္ကို တိုးေတာ့
တာတဲ့ဗ်ာ။ ဓါးေပၚမွာ အဲဒီဂ်ပန္ရဲ႕ နာမည္
ပါတယ္ဆိုပဲဗ်။ ဒီမွာတင္ ဂ်ပန္စစ္ဗိုလ္ရဲ႕
အမ်ိဳးေတြက ေသာ္ေ႐ႊကို ဆယ္သိန္းေပး
ၿပီး ဂ်ပန္ဗိုလ္ရဲ႕ဓါးကို ယူသြားၾကသတဲ့ဗ်ိဳ႕"

"ဟ ဒါဆိုရင္ ေက်ာ္ေသာင္းသား ပြသြား
တာေပါ့"

"ပြသြားတာေပါ့ ဘိုးပုရဲ႕၊ ေအာင္မာ ေသာ္
ေ႐ႊက သူ႔အိမ္မွာ ဘုန္းႀကီးေတြပင့္ၿပီး ဆြမ္း
ေတြ ဘာေတြ ကပ္လို႔ဗ်။ၿပီးေတာ့ ဂ်ပန္စစ္
ဗိုလ္ရဲ႕နာမည္ကို သူေမးထားလိုက္တယ္။
အဲဒီစစ္ဗိုလ္ရဲ႕နာမည္ကို ေခၚၿပီး အမွ်ေတြ
ဘာေတြ ေဝလို႔ဆိုပဲ"

"ဟာ အဲဒီဂ်ပန္စစ္ဗိုလ္ရဲ႕နာမည္က ဘယ္
သူတဲ့တုံး ေလးေလးရဲ႕"

က်ဳပ္က လႊတ္စပ္စုတဲ့ေကာင္ဆိုေတာ့
ေလးေလးဗိုလ္ပုခ်ိဳကို ေမးလိုက္တာဗ်။
ေလးေလးကိုခ်ိဳက မ်က္ေမွာင္ၾကဳက္ၿပီး
စဥ္းစားတယ္ဗ်ိဳ႕။

" ေနဦးကြ တာေတရ၊ ငါမွတ္ထားပါတယ္
အဲ ေနပါဦး၊ ရာမာအိုကီတဲ့ကြ"

"ရာမာအိုကီ၊ ရာမာအိုကီ"

"ေက်ာက္ခဲနဲ႔ သံမဏိက ဂ်ပန္စစ္ဗိုလ္
ရဲ႕နာမည္ကို ႐ြတ္ၾကည့္ေနၾကေရာဗ်ိဳ႕။

"ဘာတဲ့၊ ရာမာအိုကီ ဟုတ္လား"

"ဟုတ္တယ္ ဘိုးရဲ႕၊ ရာမာအိုကီတဲ့၊ ဓါး
ေပၚမွာကို သူ႔နာမည္ထြင္းထားတာတဲ့၊
သူတို႔ေျပာေတာ့ သူတို႔ဘုရင္ကိုယ္တိုင္
အပ္ႏွင္းတဲ့ ဓါးဆိုလားပဲ ဘိုးရဲ႕"

"ဟုတ္မွာေပါ့၊ ပုခ်ိဳရဲ႕၊ ဒါေၾကာင့္ ဒီအထိလာ
ၿပီး ဒီဓါးကို ရွာၾက၊ ေဖြၾကတာေပါ့ကြ၊ၿပီးေတာ့
ဓါးတစ္လက္ကို ေငြေတြ ဒီေလာက္ေပးၿပီး
ဝယ္တာကိုပဲ ၾကည့္ေလကြာ"

ဘိုးပုႀကီးေျပာတာ မဟုတ္ဘူးဗ်။ ဘိုး႐ုံ
က ဝင္ေျပာတာ။ဘိုးပုက ေတြၿပီးစဥ္းစား
ေနတယ္။ ဘာကို စဥ္းစားေနမွန္းေတာ့
မသိဘူးဗ်ိဴ႕။

"ဘန္႔ေဘြးကုန္းက ကိုမိုးၫြန္႔ကို ေခါင္း
ျဖတ္သတ္သြားတာ၊ အဲဒီဂ်ပန္ဗိုလ္ေပါ့
ကြာ၊ ေသခ်ာတာေပါ့ ရာမာအိုကီ သတ္
သြားတာကြ"

"ဗ်ာ၊ ဘာျဖစ္လို႔ သတ္ရတာတုံး ဘိုးရဲ႕"

က်ဳပ္ရဲ႕ သိခ်င္စိတ္က မေနႏိုင္ေတာ့လို႔
ေမးလိုက္တာဗ်ိဳ႕။

"တာေတရဲ႕၊ ကိုမိုးၫြန္႔က ဂ်ပန္ေတာ္လွန္
ေရးတပ္သားကြ၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕
တပ္ေတြနဲ႔ အခ်ိတ္အဆက္ယူၿပီး ေတာ္
လွန္ေရး လုပ္ေနတာပဲကြ။ ေနာက္ေတာ့
ဘယ္လိုေပၚသြားတယ္ မသိဘူး၊ ဂ်ပန္စစ္
တပ္ ေရာက္လာၿပီး ကိုမိုးၫြန္႔တို႔ ဖမ္းေတာ့
တာပဲ။ လူေလးျမင္မွာေပါ့။ ထေနာင္းကုန္း
ကေန ဘန္႔ေဘြးကုန္းကိုသြားတဲ့လမ္းမွာ
ဘန္႔ေဘြးပင္ႀကီးသုံးပင္ေပါက္ေနတဲ့ေနရာ
မွာ က်င္းတူးၿပီး ေခါင္းျဖတ္သတ္ခဲ့တာကြ"

"ေၾသာ္၊ အဲဒီဘန္႔ေဘြးကုန္းပင္ႀကီးေတြ
နားမွာလား"

ေလးေလးခ်က္ႀကီးက ဝင္ေျပာတာဗ်။

"ေၾသာ္ ဘိုးေျပာတဲ့ ကိုမိုးၫြန္႔ဆိုတာ
ဘန္႔ေဘြးကုန္းက ဦးေ႐ႊလင္းရဲ႕ညီဆို
တာ ထင္တယ္"

ေလးေလးပုခ်ိဳက ေျပာတာဗ်။

"ေအး ဟုတ္တယ္၊ ဟုတ္တယ္၊ ေ႐ႊလင္း
ရဲ႕ညီ မဟုတ္ဘူး၊ အစ္ကိုကြ၊ ကိုမိုးၫြန္႔က
အိမ္ေထာင္မရွိဘူး လူပ်ိဳႀကီးကြ"

"ဟင္၊ ဂ်ပန္က ဘယ္လိုမ်ား သိသြား
တာတုံး ဘိုးရာ"

"ဂ်ပန္အလိုေတာ္ရိေတြ သတင္းေပးတာ
ရွိမွာေပါ့ကြာ"

"အဲဒီအလိုေတာ္ရိေတြကို ေဖာ္ထုတ္ၿပီး
႐ြာက လူေတြက သတ္ပစ္ရမွာ ဘိုးရဲ႕"

ေလးေလးတင္ေသာင္းႀကီးက ေျပာတာဗ်ိဳ႕။

"ဟ တင္ေသာင္းရဲ႕၊ ဒီလိုလုပ္ခ်င္တိုင္းလုပ္
လို႔ရမလား၊ မင္းတို႔က သိမွ မသိတာ၊ဒီတုန္း
က ဂ်ပန္ကို တုန္ေနေအာင္ ေၾကာက္ေနရ
တဲ့အခ်ိန္ကြ"

ဘိုးပုက ေလးေလးတင္ေသာင္းကို ေျပာ
လိုက္တာဗ်။

"ေနဦး ကိုပုရဲ႕၊ က်ဳပ္ၾကားတာေတာ့
ဘန္႔ေဘြးကုန္းက ကိုရွင္းရယ္၊ ကိုထင္
ရယ္၊ က်ဳပ္တို႔႐ြာက ကိုမွတ္ႀကီးရယ္
သုံးေယာက္ေပါင္းၿပီး ေဖာ္တာဆိုပဲဗ်"

"ကို႐ုံး ဒီအေၾကာင္း က်ဳပ္က မသိလို႔ မေျပာ
တာ မဟုတ္ဘူးဗ်၊ ကေလးေတြေရွ႕မွာမို႔ မ
ေျပာခ်င္လို႔ မေျပာတာ၊ ကို႐ုံးေျပာသလို အဲ
ဒီသုံးေယာက္ ေဖာ္လိုက္တယ္ဆိုတာ ဟုတ္
တယ္။ ဒါေပမဲ့ ဘာေၾကာင့္ ေဖာ္ရတယ္ဆို
တာလည္း အေၾကာင္းရွိတယ္။ဂ်ပန္က သူ
တို႔သုံးေယာက္ကိုဖမ္းၿပီး စစ္တာဗ်။ ဘယ္
သူဆိုတာကို ေဖာ္ရင္ေဖာ္၊မေဖာ္ရင္ ထ
ေနာင္းကုန္းနဲ႔ ဘန္႔ေဘြးကုန္းက ေယာ
က္်ားမွန္သမွ် အကုန္သတ္ပစ္မယ္။ၿပီးရင္
ႏွစ္႐ြာစလုံး မီးရႈိ႕ပစ္မယ္ဆိုလို႔ အမ်ားဒုကၡ
မေရာက္ေအာင္ ေဖာ္လိုက္ရတာဗ်"

"ေနပါဦး ဘိုးရဲ႕၊ အဲဒီ ဘိုးေတာ္က ထြက္
ေျပးလို႔ မလြတ္လို႔လား"

"ဟာ မဟုတ္ဘူးကြ၊ ဂ်ပန္က ညဘက္ႀကီး
ေရာက္လာၿပီး ထေနာင္းကုန္းနဲ႔ ဘန္႔ေဘြး
ကုန္းကို ဝိုင္းလိုက္တာကြ။႐ြာထဲက လူေတြ
သိေတာ့ ေနာက္က်သြားၿပီ။ကိုမိုးၫြန္႔လည္း
ေျပးလို႔မလြတ္ေတာ့ဘူး"

"ႀကဳံတုံး ကိုမိုးၫြန္႔ရဲ႕စိတ္ဓါတ္ကို ေျပာရ
ဦးမယ္"

ဘိုးပုက စကားစလိုက္ေတာ့ က်ဳပ္တို႔
အားလုံးၿငိမ္ၿပီး နားေထာင္ၾကတာေပါ့ဗ်ာ။

"သူ႔ကိုသတ္တာ ထေနာင္းကုန္းက လူဆယ္
ေယာက္နဲ႔ ဘန္႔ေဘြးကုန္းက ဆယ္ေယာက္
ထြက္ရမယ္ဆိုလို႔ က်ဳပ္ပါသြားတယ္။ ဘန္႔
ေဘြးကုန္းပင္ႀကီးေတြနားမွာ တခ်ိဳ႕ကိုက်င္း
တူးခိုင္းတယ္။ က်ဳပ္ကေတာ့ မတူးရပါဘူး
ၾကည့္႐ုံပဲ ၾကည့္ရတာဗ်။ အဲဒီမွာ ကိုမိုးၫြန္႔
ကို လက္ျပန္ႀကိဳးတုပ္ၿပီး ဆြဲေခၚလာတယ္။
က်င္းႏႈတ္ခမ္းေရာက္ေတာ့ ဒူးတုပ္ထိုင္ခိုင္း
တယ္။ကိုမိုးၫြန္႔က အဲဒီမွာ ေျပာေတာ့တာဗ်ိဳ႕"

"ဟင္ ဘာေျပာတာတုံး ဘိုးရဲ႕"

ေလးေလးခ်က္ႀကီးက အတင္းကို ေမး
ေတာ့တာဗ်။

"ငါ့ကို ေဖာ္လိုက္တဲ့ ဂ်ပန္အလိုေတာ္ရိ
သုံးေကာင္ မင္းတို႔ကို ငါမေက်နပ္ဘူးကြ၊
မင္းတို႔ ေခါင္းေတြကို ငါ့ဓါးနဲ႔ ျဖတ္ကိုျဖတ္
မယ္ေဟ့"

လို႔ ေအာ္တာကြ၊ ၿပီးေတာ့ ဒူးမတုပ္ဘူး။
ဂ်ပန္စစ္သားေတြက သူ႔ဒူးေကာက္ေကြး
ကို စစ္ဖိနပ္ေတြနဲ႔ အတင္းကို နင္းခ်ၾက
ရတာ။ သူ႔ကို ေခါင္းျဖတ္တာ ေစာေစာ
က ပုခ်ိဳေျပာတဲ့ ရာမာအိုကီကိုယ္တိုင္ပဲ
ကြ။ အဲဒီမွာ ေျပာရဦးမယ္ေဟ့၊ကိုမိုးၫြန္႔
က မေသခင္ အံတႀကိတ္ႀကိတ္နဲ႔ ေနတာ
ကြ။ ဓါးနဲ႔ ေခါင္းလည္း ျဖတ္လိုက္ေရာ
ကိုမိုးၫြန္႔ရဲ႕ ေခါင္းျပတ္ႀကီးက က်င္းထဲ
ကို မက်ဘဲ ေဘးကို လြင့္ထြက္သြားတာ
ေဟ့။ ေဘးမွာ ေသနတ္ကိုင္ၿပီး ရပ္ေန
တဲ့ ဂ်ပန္စစ္သားရဲ႕ လက္ေမာင္းကို
ကိုက္ရက္သားတန္းလန္းႀကီးျဖစ္ေနလို႔
ဂ်ပန္စစ္သားဆိုတာ ေအာ္လိုက္တာကြာ။
ဂ်ပန္စစ္ဗိုလ္ ရာမာအိုကီက သူဓါးနဲ႔ သြား
ေတြကို ကလန္႔ၿပီး ျဖဳတ္ေပးလိုက္ရတာ"

"ဟာ"

က်ဳပ္တို႔အားလုံး အံ့ၾသလိုက္ၾကတာဗ်ာ။
ေတာ္လွန္ေရးသမား ဘိုးေတာ္ႀကီးအတြက္
စိတ္မေကာင္းျဖစ္သြားၾကတာေပါ့ဗ်ာ။ ဒီအ
ေၾကာင္းေတြ က်ဳပ္တစ္ခါမွ မၾကားဖူးဘူးဗ်။
႐ြာက လူႀကီးေတြကလည္း ဒီအေၾကာင္း
ေတြကို ေနာင္လာေနာင္သားေတြ မသိေစ
ခ်င္ဘူး ထင္ပါရဲ႕ဗ်ာ။ ဒါေပမဲ့ ေလးေလး
ပုခ်ိဳေျပာတဲ့ ဘန္႔ေဘြးကုန္းက ဘိုးေ႐ႊလင္း
ရဲ႕သား လင္းဦးတို႔ လင္းထူးတို႔ဆိုတာ က်ဳပ္
နဲ႔ ၿမိဳ႕ေက်ာင္းမွာ အတူတူတက္ခဲ့တဲ့ ေကာင္
ေတြဗ်။

ဒီေကာင္ေတြလည္း သူတို႔ဘႀကီးအေၾကာင္း
တစ္ခါမွက်ဳပ္ကို မေျပာဖူးဘူးဗ်။ဒီည စကား
ဝိုင္းမွာေတာ့ က်ဳပ္မၾကားဖူးတာေတြ ၾကား
လိုက္ရလို႔ က်ဳပ္ေတာ္ေတာ္ေက်နပ္သြားတာ
ဗ်ိဳ႕။ဒါေပမဲ့ အိမ္ျပန္ေရာက္တဲ့အထိ ဘန္႔ေဘြး
ကုန္းက လင္းဦးတို႔ဘႀကီး ေတာ္လွန္ေရးရဲ
ေဘာ္ႀကီးအေၾကာင္းကိုပဲ တေတြးေတြးလုပ္
ေနမိတာေပါ့ဗ်ာ။ အိမ္ျပန္ေရာက္ေတာ့ က်ဳပ္
က အဘကို ဒီအေၾကာင္းေမးေတာ့ အဘက
က်ဳပ္ကို ေျပာတယ္ဗ်။

"လူေလးရယ္၊ ဒီအေၾကာင္းေတြက ေျပာလို႔
ေကာင္းတဲ့အေၾကာင္းေတြမွ မဟုတ္တာကြာ၊
ေျပာမေနပါနဲ႔ေတာ့"

"ဟဲ့ တာေတ၊ ဂ်ပန္ေခတ္ဆိုတာ ေခတ္ဆိုး
ေခတ္ပ်က္ႀကီးဟဲ့၊ အားလုံး ဆင္းရဲငတ္ျပတ္
ၿပီး ေရာဂါေတြ အမ်ိဳးမ်ိဳးျဖစ္ၾက၊ ေတာ္လွန္
ၾကတာေပါ့။ ဒီေတာ့လည္း ခုနကေျပာသလို
ဂ်ပန္သတ္တာ ခံၾကရတဲ့သူေတြ ရွိတာေပါ့
ဟယ္၊ ဒါေၾကာင့္လည္း ဂ်ပန္ေတြ စစ္ရႈံးလို႔
ေျပးၾကရေတာ့ လမ္းကေန ေစာင့္ၿပီး ဝိုင္း
သတ္ၾကျဖတ္ၾကတာ သူတို႔လည္း အတုံး
အ႐ုံးပါပဲ။ ဒီအေၾကာင္းေတြ ေျပာတာ စိတ္
မေကာင္းစရာေတြခ်ည္းမို႔လို႔ လူေတြက ေမ့
ေမ့ေပ်ာက္ေပ်ာက္ပဲ ေနၾကေတာ့တာ။ဂ်ပန္
ေခတ္ပ်က္ႀကီးထဲမွာ အေကာင္းေျပာစရာ
ဆိုလို႔ တစ္ခုမွ မရွိတာဟဲ့"

အေမ ရွင္းျပေတာ့မွပဲ က်ဳပ္လည္း သ
ေဘာေပါက္သြားေတာ့တာဗ်ိဳ႕။ဒါေၾကာင့္
ဒီအေၾကာင္းေတြကို လူေတြ သိပ္မေျပာ
ၾကေတာ့တာကိုး။ မနက္အေစာႀကီး အ
ဘနဲ႔ အေမက ေကာက္ညႇင္းေပါင္းႏွမ္း
ေလွာ္ေထာင္း၊ အမဲေျခာက္ဖုတ္ လုပ္ေန
ၾကတာဗ်။ က်ဳပ္ကေတာ့ ေစာင္ႏွစ္ထပ္
ၿခဳံၿပီး ေကြးလို႔ဗ်။ ဒါလည္း အညာသား
စည္းစိမ္ေပါ့ဗ်ာ။

"ဟဲ့ တာေတ၊ ထေတာ့ေလ၊ ေကာက္ညႇင္း
ေပါင္းနဲ႔ အမဲေျခာက္ စားရေအာင္"

အေမ ႏႈိးေတာ့မွ က်ဳပ္က အိပ္ရာက ထ
တာဗ်။အဘနဲ႔ အေမက က်ဳပ္ကို ေစာင့္
ေနၾကတာ။က်ဳပ္လာမွ ေကာက္ညႇင္းေပါင္း
ထည့္ၿပီးစားတာ။ ေကာက္ညႇင္းေပါင္းက အ
ျဖဴေပါင္း ပဲေပါင္းေလးဗ်။ႏွမ္းေထာင္းေလးနဲ႔
တို႔ၿပီးစားလိုက္၊အမဲေျခာက္ကို ဆီျမဳပ္ေအာင္
စိမ္ထားတာေလးနဲ႔ စားလိုက္ ေကာင္းခ်က္ဗ်ာ
ဝိုင္းထဲကို လွမ္းၾကည့္လိုက္ေတာ့ မိုးလင္းေန
ေပမယ့္ ႏွင္းေတြ က်ေနေတာ့ ပိတ္ေနတာဗ်ိဳ႕

"ကိုႀကီးတာေတ ႏိုးၿပီလား"

"ဟဲ့ ေစာေစာစီးစီး ဘယ္သူတုံး"

"ေက်ာက္ခဲအသံပဲ အေမရ"

"ႏိုးပါၿပီကြ၊ ဝင္ခဲ့ေလ ေက်ာက္ခဲ"

ႏွင္းေတာထဲကျဖတ္ၿပီး ေက်ာက္ခဲက ဝိုင္းထဲ
ဝင္လာတယ္။ သူ႔ေနာက္မွာ ခ်မ္းလို႔ကုပ္ၿပီးပါ
လာတာက သံမဏိဗ်။ ဒီေကာင္ႏွစ္ေကာင္
အိပ္ေပၚကို တန္းတက္လာၾကတယ္။

"လာၾကေဟ့၊ ေက်ာက္ခဲနဲ႔ သံမဏိ ဘိုးဥာဏ္
တို႔ ေကာက္ညႇင္းေပါင္း စားတာကြ လာၾက"

အဘက ေကာက္ညႇင္းေပါင္းစားဖို႔ ေခၚေပ
မယ့္ ဒီေကာင္ႏွစ္ေကာင္က ဘာမွျပန္မေျပာ
ဘူးဗ်။ မ်က္ႏွာလည္း မေကာင္းၾကဘူး။

"ေဟ့ေကာင္ေတြ မင္းတို႔ ဘာျဖစ္လာ
တာတုံး"

က်ဳပ္က ဒီေကာင္ႏွစ္ေကာင္နဲ႔ တြဲလာတာ
ၾကာၿပီဆိုေတာ့ ဒီေကာင္ေတြအကဲကို သိ
ၿပီးသားဗ်။

"က်ဳပ္တို႔ ဘာမွမျဖစ္ပါဘူး ကိုႀကီးတာေတ
ရာ၊ ႐ြာထဲမွာ ျဖစ္တာပါ"

"ေဟ ဟုတ္လား ေက်ာက္ခဲ၊ ႐ြာထဲမွာ
ဘာျဖစ္လို႔တုံး"

"ဘိုးမွတ္ႀကီး ေခါင္းျဖတ္အသတ္ခံရလို႔ဗ်"

"ဘာကြ၊ ေအာင္ကြန္႔တို႔ အဘိုးလား"

"ဟုတ္တယ္ဗ်၊ ညႏွစ္ခ်က္တီးေလာက္မွ
တံခါးဖြင့္ၿပီး ဆင္းသြားတာတဲ့"

"ကိုႀကီးေအာင္ကြန္႔က သူ႔အဘိုးနဲ႔ အိပ္
တာဆိုေတာ့ 'ဘိုး ဘယ္သြားမွာတုံး'လို႔
ေမးလိုက္သတဲ့၊ ဘိုးမွတ္ႀကီးက အိပ္သာ
တက္မလို႔ဆိုၿပီး ေျပာသြားသတဲ့၊ ကိုႀကီး
ေအာင္ကြန္႔လည္း ျပန္အိပ္ေပ်ာ္သြားၿပီး
မနက္ငါးနာရီေလာက္မွာ ႏိုးလာေတာ့
သူ႔ေဘးမွာ ဘိုးမွတ္ႀကီးကို မေတြ႕လို႔
ေခါင္းေတြဘာေတြမ်ား မူးၿပီးလဲေနလား
လို႔ ဝိုင္းထဲကို ဆင္းၿပီး ဓါတ္မီးနဲ႔ လိုက္
ထိုးေတာ့ အိပ္သာသြားတဲ့လမ္းမွာ ဘိုး
မွတ္ႀကီး ေခါင္းျပတ္ၿပီး ေသေနတာ
ေတြ႕ရတာတဲ့ဗ်ိဳ႕"

"ဟင္၊ ဘယ္လိုျဖစ္တာတုံး"

အဘနဲ႔ အေမက အံ့ၾသၿပီး ေျပာတာဗ်။

"ဘိုးမွတ္ႀကီးတို႔ဝိုင္းမွာ လူေတြမွ အိုး
ႀကိတ္ႀကိတ္ကို တိုးလို႔ဗ်"

သံမဏိက အသံေလးေလးႀကီးနဲ႔ တစ္ခြန္း
ဝင္ေျပာတယ္။ က်ဳပ္က မ်က္ေမွာင္ၾကဳတ္
ၿပီး စဥ္းစားေနတာဗ်။ ဒီအေၾကာင္းကို ည
ကတင္ ဘိုးပု ေျပာေသးတယ္ေလဗ်ာ။
ဘန္႔ေဘြးကုန္းမွာ ဂ်ပန္ေခတ္တုန္းက
အသတ္ခံရတဲ့ ေတာ္လွန္ေရးသမားႀကီး
ဦးမိုးၫြန္႔ မေသခင္က သူ႔ကို ေဖာ္ထုပ္ၿပီး
ဂ်ပန္လက္ထဲအပ္တဲ့ေကာင္ေတြကို သူ႔
ဓါးနဲ႔ ေခါင္းျဖတ္သတ္မယ္လို႔ ေျပာသြား
တာတဲ့။ဒါေပမဲ့ ေသကာနီးလူတစ္ေယာက္
ရဲ႕ မေက်နပ္မႈေတြ ေဒါသေတြပဲ ျဖစ္မွာ
ေပါ့ဗ်ာ။ ေသၿပီးသြားတဲ့ လူတစ္ေယာက္
ကေတာ့ ဘယ္လိုလုပ္ လူသတ္မွာတုံး။

က်ဳပ္ စဥ္းစားတယ္။ ထပ္စဥ္းစားတယ္။
ဟာ တစ္ခုေတာ့ ရွိတယ္ဗ်။ ဦးမိုးၫြန္႔
ေသတာ အခုဆိုရင္ အႏွစ္သုံးေလး
ဆယ္ ရွိၿပီဆိုေတာ့ တကယ္လို႔မ်ား ဦး
မိုးၫြန္႔ လူျပန္ျဖစ္ေနရင္ အသက္သုံး
ဆယ္ေက်ာ္ေလာက္ေတာ့ အသာေလး
ရွိမွာဗ်။ ေနာက္ဘဝကို ေရာက္သြားတဲ့
လူတစ္ေယာက္အဖို႔ အရင္ဘဝက မ
ေက်နပ္မႈေတြကို မွတ္မိပါ့မလားလို႔
က်ဳပ္ ေတြးမိတယ္။

ဒါေတာ့ မေျပာႏိုင္ဘူးဗ်။ ေသကာနီး
မွာ ဦးမိုးၫြန္႔ရဲ႕စိတ္က ေတာ္ေတာ္ကို
ေဒါသျဖစ္သြားတာ။ ေနာက္ဘဝေရာက္
ရင္လည္း သတိရရင္ ရေနမွာ။

ဒါဆိုရင္ ေတာ္လွန္ေရးသမားႀကီး ဦးမိုး
ၫြန္႔က က်ဳပ္တို႔႐ြာမွာမ်ား လူျပန္ျဖစ္ေန
သလား။ က်ဳပ္လည္း မေတြးတတ္ေတာ့
ဘူးဗ်။ က်ဳပ္ ခ်က္ခ်င္းပဲ ေက်ာက္ခဲနဲ႔
သံမဏိတို႔ေနာက္ကို လိုက္ခဲ့တယ္။ ဘိုး
မွတ္ႀကီးတို႔ဝိုင္းက ႐ြာေတာင္ပိုင္းမွာဗ်။
က်ဳပ္တို႔ေရာက္ေတာ့ တစ္႐ြားလုံးလိုလို
ေရာက္ေနၾကပါၿပီဗ်ာ။ ဝိုင္းေရွ႕က လမ္း
ေပၚမွာေရာ ဝိုင္းထဲမွာေရာ လူေတြမွ ျပည့္
က်ပ္သိပ္ေနေတာ့တာဗ်။

က်ဳပ္တို႔လည္း လူၾကားကပဲ တိုးေဝွ႔ၿပီး
ဝင္ခဲ့ရတာေပါ့ဗ်ာ။ ေအာင္ကြန္႔တို႔ဝိုင္း
က သိပ္မက်ယ္ဘူးဗ်။အိမ္သာကေတာ့
အိမ္အေနာက္ဘက္က ဝိုင္းေထာင့္မွာ
ေပါ့ဗ်ာ။ ဟုတ္တယ္ဗ်။

အိမ္သာသြားတဲ့ လမ္းေပၚမွာ ဘိုးမွတ္ႀကီး
ေမွာက္ခုံလဲေနတာဗ်။ ေခါင္းက ကိုယ္နဲ႔
တစ္လံေလာက္မွာ က်ေနတာဗ်။ မ်က္
လုံးႀကီး ျပဴးထြက္ၿပီး ပါးစပ္ႀကီးက ဟေန
တာဗ်။ ဒီပုံစံကို ၾကည့္ရတာ မေသခင္မွာ
ဘိုးမွတ္ႀကီးတစ္ခုခုကို တအားေၾကာက္
လန္႔သြားတဲ့ပုံပဲဗ်။ဓါးခ်က္ကလည္း တစ္
ခ်က္တည္းလို႔ လူႀကီးေတြေျပာသံ က်ဳပ္
ၾကားရတယ္။ ေတာ္ေတာ္ကို ျပတ္တဲ့ဓါး
နဲ႔ ခုတ္သြားတာဗ်။

ခုတ္တဲ့လူက အားလည္းေတာ္ေတာ္သန္
ပုံရသတဲ့။ ဓါးလည္းေကာင္း အားလည္း
သန္လို႔သာ။ ေခါင္းကို တစ္ခ်က္တည္း
ခုတ္ျဖတ္သြားတာလို႔ လူႀကီးေတြေဝဖန္
ေနၾကတယ္ဗ်။ ဒါေပမဲ့ဗ်ာ။အသက္ခုႏွစ္
ဆယ္ေက်ာ္ လူႀကီးတစ္ေယာက္ကို ဒီ
ေလာက္ရက္ရက္စက္စက္ သတ္သြား
တာ က်ဳပ္ျဖင့္ အံ့ၾသလို႔ မဆုံးပါဘူးဗ်ာ။

ထုံးစံအတိုင္းေပါ့ဗ်ာ။ လူသတ္မႈျဖစ္လာ
ေတာ့ သူနဲ႔ ရာအိမ္မႉးေတြ၊ ဆယ္အိမ္
ေခါင္းေတြက ေရာက္ေနရေတာ့တာေပါ့
ၿမိဳ႕ကို လႊတ္ၿပီး ရဲစခန္းကို သတင္းပို႔တဲ့
လူက သြားပို႔ေပါ့ဗ်ာ။

ေနာက္ေတာ့ ရဲေတြေရာက္လာၿပီး အ
ေလာင္းကိုစစ္ေဆးလူေတြကို စစ္ေဆး
ၿပီးေတာ့မွ အမႈဖြင့္ အေလာင္းကို သျဂၤု ိဟ္
ခြင့္ျပဳၾကတာေပါ့ဗ်ာ။ က်ဳပ္တို႔တစ္႐ြာလုံး
လည္း တိတ္ကိုသြားတာဗ်။ ဒါေပမဲ့ ဟို
အိမ္မွာစုစု၊ ဒီအိမ္မွာစုစုနဲ႔ တိုးတိုး လုပ္ေန
ၾကေတာ့တာေပါ့ဗ်ာ။ စကားဆိုတာ စၿပီး
ကားလာတာဆိုတဲ့အတိုင္းပဲဗ်ိဳ႕။

ဘိုးမွတ္ႀကီးတို႔ဝိုင္းထဲမွာ ညဦးကတည္းက
အရိပ္မဲမဲႀကီး ေတြ႕လိုက္သလိုလိုေတြလည္း
ေျပာၾကရဲ႕ဗ်။ ဘိုးမွတ္ႀကီးကပဲ မေသခင္မွာ
'ေအာင္မယ္ေလးဗ်'လို႔ ေအာ္သြားသလိုလို
ေတြ ေျပာၾကတာေပါ့ဗ်ာ။ က်ဳပ္က ေအာင္
ကြန္႔ကို ေမးၾကည့္ေတာ့ …

"ဘယ္ကဟုတ္ရမွာတုံး တာေတရာ၊ ဘာ
အရိပ္မဲမဲႀကီးမွလည္း မေတြ႕ဘူး၊ ငါ့ဘိုးက
လည္း ေအာင္မေလးဗ်လို႔ ေအာ္မသြားဘူး။
အလကားစကားေတြ ကားေျပာၾကတာပါကြာ"

လို႔ ေအာင္ကြန္႔က ေျပာတယ္။

"ဒါေပမဲ့ တာေတရဲ႕၊ ငါ့ဘိုးက ခုတေလာ
မႈိင္မႈိင္ေနတယ္ကြ၊ ငါက ဘိုးေနမေကာင္း
ဘူးလားလို႔ ခဏခဏေမးမိတယ္"

"ဒီေတာ့ ဘိုးမွတ္ႀကီးက မင္းကို ဘာေျပာတုံး"

"ေကာင္းပါတယ္ ေျမးရဲ႕၊ ဘိုး ဘာမွမျဖစ္ပါဘူး"

လို႔ပဲ ေျပာတာကြ။ တျခားေတာ့ ဘာမွ
မေျပာဘူး တာေတရ"

"တို႔႐ြာထဲမွာေရာ ဘိုးမွတ္ႀကီးနဲ႔ ရန္ၿငိဳးရန္
စရွိတဲ့ လူမ်ားရွိဖူးသလားကြ ေအာင္ကြန္႔ရဲ႕"

"ဟာ တာေတရာ၊ မင္းလည္းသိတဲ့အတိုင္း
ပဲေလကြာ၊ငါ့ဘိုးက ဘယ္သူနဲ႔မွ စကား ခြန္း
ႀကီး ခြန္းငယ္ မမ်ားဖူးပါဘူးကြာ"

ဒါလည္း ဟုတ္တာပဲဗ်။ ဘိုးမွတ္ႀကီးက
အင္မတန္စကားနည္းတာ။လူေတြနဲ႔လည္း
သိပ္မေရာဘူး။ သူ႔ဟာသူပဲ ေနတဲ့လူဗ်။
မွတ္မွတ္ရရ ေျပာရရင္ေတာ့ ဘိုးမွတ္ႀကီး
ေခါင္းျဖတ္အသတ္ခံရတာ လကြယ္ညဗ်။
တပို႔တြဲလကြယ္ညက်ေတာ့ က်ဳပ္က မအိပ္
ခင္ ေတြးလိုက္မိေသးတယ္။ ဒီလကြယ္ည
မွာမ်ား တစ္ေယာက္ေယာက္ ေသဦးမွာ
လားလို႔ေပါ့ဗ်ာ။

"ကိုႀကီးတာေတေရ၊ ေနာက္တစ္ေယာက္
ေခါင္းျပတ္ျပန္ၿပီဗ်ိဳ႕"

ဒီတစ္ခါေတာ့ ေက်ာက္ခဲတစ္ေယာက္
တည္းဗ်။ အိမ္ေပၚကို တန္းၿပီးတက္လာ
တာ။မ်က္စိမ်က္ႏွာလည္း ပ်က္လို႔ေပါ့ဗ်ာ။
က်ဳပ္က ထမင္းၾကမ္းစားၿပီးလို႔ နဂါးေဆး
လိပ္ကေလးထိုင္ၿပီး ဖြာေနတာဗ်။ဒီေကာင္
က်ဳပ္ထိုင္ေနတဲ့ တန္းလ်ားမွာဝင္ထိုင္လိုက္
တယ္။အဘနဲ႔အေမကမီးဖိုေခ်ာင္ထဲေရာက္
ေနၾကေတာ့ ေက်ာက္ခဲေရာက္လာတာကို
မသိၾကဘူးဗ်။

"ေက်ာက္ခဲ ဘယ္သူေခါင္းျပတ္ျပန္
တာတုံးၾက"

"ဘန္႔ေဘြးကုန္းက ဘိုးရွင္းႀကီးဗ်"

"ေဟ …ဟုတ္လား"

"ဟုတ္တယ္ ကိုႀကီးတာေတ၊ ဂ်ပန္ေတာ္
လွန္ေရးသမားႀကီး ဦးမိုးၫြန္႔ဆိုတဲ့ ဘိုး
ေတာ္ႀကီးမ်ား သတ္ေနတာလား ကိုႀကီး
တာေတရာ"

"ဟာကြာ၊ဟိုက ေသတာျဖင့္အႏွစ္သုံးဆယ္
ေက်ာ္ေနၿပီဥစၥာ၊ဘိုးရွင္းေသတဲ့ေနရာမွာ ဘာ
ေတြမ်ား ထူးထူးျခားျခား ျဖစ္ေသးလို႔တုံး"

"ဘာမွမျဖစ္ဘူးဗ်၊ ဘိုးရွင္း ဘယ္အခ်ိန္က
တံခါးဖြင့္ၿပီး ဝိုင္းထဲ ဆင္းသြားမွန္းေတာင္
သိတဲ့လူ မရွိဘူးတဲ့၊ တစ္အိမ္လုံး အိပ္ေပ်ာ္
ေနၾကတာတဲ့ဗ်ာ။မနက္အိပ္ရာက ႏိုးေတာ့
မွ ဘိုးရွင္းရဲ႕သား ဦးေအာင္ကင္းႀကီးက
သြားေတြ႕တာတဲ့။ ေမွာက္ခုံႀကီးလဲက်ၿပီး
ေခါင္းျပတ္ႀကီးက တစ္လံေလာက္ ေရာက္
ေနတာဆိုပဲ။ ဘိုးမွတ္ႀကီး ေသတုန္းကလို
ပဲတဲ့။ မ်က္လုံးႀကီးျပဴးၿပီး ပါးစပ္ႀကီးဟေသ
ေနတာတဲ့ဗ်။မေသခင္ တစ္ခုခုကို တအား
ေၾကာက္လန္႔သြားတဲ့ပုံပဲတဲ့ဗ်"

"ေဟ ဟုတ္လား၊ ဒါနဲ႔ ေနပါဦးကြ၊ေက်ာက္
ခဲရဲ႕ ဘိုးမွတ္ႀကီးက ေခါင္းတုံးနဲ႔ေနာ္၊ ဘိုး
ရွင္းက ေသွ်ာင္ထုံးနဲ႔မို႔လား"

"ေသွ်ာင္ထုံး မဟုတ္ေတာ့ဘူးဗ်၊ ေခါင္း
တုံးႀကီးျဖစ္ေနၿပီဗ်၊ ဆံပင္ေတြ ကြၽတ္လို႔
ဆိုၿပီး ေခါင္းတုံး တုံးထားတာ ၾကာၿပီတဲ့ဗ်"

"ဟဲ့ ေက်ာက္ခဲပါလား"

အေမနဲ႔ အဘက မီးဖိုေခ်ာင္က ထြက္လာ
ၿပီး ေက်ာက္ခဲကိုျမင္ေတာ့ ႏႈတ္ဆက္တယ္။

"ဟုတ္တယ္ အရီးေရ၊ ဘန္႔ေဘြးကုန္းက
ဘိုးရွင္းႀကီး ေခါင္းျဖတ္အသတ္ခံရျပန္ၿပီ
တဲ့ဗ်ာ"

"ေဟ…ဟုတ္လား၊ ဘယ္လိုျဖစ္လို႔ အသက္
ခုႏွစ္ဆယ္ေက်ာ္ႀကီးေတြကိုလိုက္သတ္ေနရ
တာတုံး"

အေမက အံ့ၾသၿပီး ေျပာတာဗ်။အေမ့အသံ
မွာ ေၾကာက္႐ြံ႕တဲ့စိတ္ပါေနတာေတာ့ ေသ
ခ်ာတယ္ဗ်။

"ကိုႀကီးတာေတ၊ ေက်ာက္ခဲ အဲဒီမွာလား"

"ေအး ဟုတ္တယ္ေဟ့၊ သံမဏိ လာကြ"

သံမဏိပါ ေရာက္လာၿပီဗ်ိဳ႕။ဒီေကာင္လည္း
မ်က္စိ မ်က္ႏွာေတြ ပ်က္လို႔ဗ်။

"သံမဏိ မင္းက ဘယ္ကလာတာတုံး"

က်ဳပ္က သံမဏိကို ေမးလိုက္တယ္။

"က်ဳပ္ အခုပဲ ဘန္႔ေဘြးကုန္းက ျပန္လာ
တာဗ်၊ လူေတြၾကားထဲမွာ ကိုႀကီးတာေတ
တို႔၊ ေက်ာက္ခဲတို႔ကို ေတြ႕မလားလို႔ေတာင္
လိုက္ရွာေသးတယ္"

"ငါတို႔ မသြားေတာ့ပါဘူးကြာ၊ ႏို႔ ဘိုးရွင္း
ေသတာကို မင္းၾကည့္ခဲ့ေသးလား"

"ဟာ ၾကည့္ခဲ့တာေပါ့ ကိုႀကီးတာေတရ၊
က်ဳပ္တို႔႐ြာက ဘိုးမွတ္ႀကီးေသတဲ့ အတိုင္း
ပါပဲဗ်ာ၊ လူႀကီးေတြက ေျပာတယ္ဗ်။ဘိုး
မွတ္ကို သတ္တဲ့လူနဲ႔ ဘိုးရွင္းကို သတ္တဲ့
လူက တစ္ေယာက္တည္းဆိုပဲဗ်။ ဘိုးရွင္း
ကိုလည္း တစ္ခ်က္တည္း ခုတ္တာပဲတဲ့
ဗ်။ ဘိုးရွင္းမ်က္ႏွာႀကီးက ေၾကာက္စရာ
ႀကီးပါဗ်ာ"

"ေခါင္းျပတ္ႀကီးကလား"

ေက်ာက္ခဲက သံမဏိကို ေမးလိုက္တာဗ်

"ေအးေပါ့ ေက်ာက္ခဲရ၊ ေခါင္းႀကီးက
ျပတ္ေနတာပဲဟာ၊ ကိုယ္နဲ႔ေခါင္းက
ေတာ္ေတာ္ေဝးတာကြ၊ မ်က္ႏွာႀကီး
က တစ္ခုခုကို ေၾကာက္ၿပီး ေအာ္
လိုက္တဲ့ ပုံစံႀကီးကြ"

ႏို႔ သူတို႔အိမ္သားေတြက ဘိုးရွင္းေအာ္သံ
ေတြ ဘာေတြမ်ား ၾကားလိုက္ေသးလား"

"သူတို႔ အိမ္သားေတြေရာ ေျမာက္ဘက္
ဝိုင္းက လူေတြေရာ ဘာအသံမွ မၾကား
ဘူးတဲ့ဗ္"

"ဒါဆိုရင္ေတာ့ ေအာ္ခ်ိန္ကို မရလိုက္တာ
ျဖစ္မယ္ကြ"

"အခု က်ဳပ္တို႔႐ြာထဲကလူေတြ ေျပာသံ
တစ္ခု ၾကားခဲ့ရတယ္ဗ်"

"ဘာမ်ားတုံး သံမဏိရဲ႕"

က်ဳပ္က သံမဏိကို ေမးလိုက္တယ္

"သက္ႀကီး႐ြယ္အို အဘိုးေတြကို မိုးခ်ဳပ္
တာနဲ႔ ဝိုင္းထဲေပးဆင္းေတာ့ဘူးတဲ့ဗ်ိဳ႕"

"ဟား၊ ဟား၊ ဟား၊ ဟား ဟုတ္လားကြ
သံမဏိရဲ႕၊ ဒါဆိုရင္ ဘိုးဥာဏ္လည္း
ဆင္းလို႔ မျဖစ္ေတာ့ဘူးေပါ့ကြ"

အဘက သံမဏိေျပာတာကို သေဘာက်
ၿပီး ရယ္ေရာဗ်ိဳ႕။ေန႔လယ္စာထမင္းႀကီးစား
ၿပီးေတာ့ က်ဳပ္က နဂါးေဆးလိပ္ကေလး
ဖြာရင္း စဥ္းစားေနတာဗ်ိဳ႕။ ျပာသိုလကြယ္
ညက ဘိုးမွတ္ႀကီးကို ေခါင္းျဖတ္သတ္တယ္။
အခု တပို႔တြဲလညမွာ ဘိုးရွင္းကို ေခါင္းျဖတ္
သတ္တယ္။ ဒါဆိုရင္ တေပါင္းလကြယ္ည
မွာ ဘိုးထယ္ရဲ႕ အလွည့္ျဖစ္ဖို႔ ေသခ်ာေန
တာေပါ့ဗ်ာ။

"တာေတ ရွိလားဗ်ိဳ႕"

ဝိုင္းဝက က်ဳပ္ကို ေမးတဲ့အသံၾကားလို႔
က်ဳပ္ လွမ္းၾကည့္လိုက္တယ္။ ဟာ ဒါ
ဘန္႔ေဘြးကုန္းက လင္းဦးဗ်။တစ္ခုခု
ေတာ့ ထူးၿပီး ထင္တယ္ဗ်။

"ေဟ့ေကာင္ လင္းဦး လာကြ၊ ငါရွိပါတယ္"

လင္းဦးလည္း မ်က္ႏွာသိပ္မေကာင္းဘူး
ဗ်။ မ်က္ႏွာမေကာင္းတာထက္ တစ္ခုခု
ကို စိုးရိမ္ေနပုံပဲဗ်။ အိမ္ထဲကို ဟိုၾကည့္
ဒီၾကည့္လုပ္ေနတယ္။

"လင္းဦး မင္း ဘာျဖစ္လာတာတုံး။
အိမ္မွာ ဘယ္သူမွ မရွိဘူးကြ၊ အဘနဲ႔
အေမက ေစာေစာကေလးတင္ ႐ြာထဲ
သြားၾကတယ္"

"ေအး ဒါဆိုရင္ေတာ့ မင္းကို ငါေျပာမယ္
တာေတ၊ဒီအေၾကာင္းကို လုံးဝေပါက္ၾကား
လို႔ မျဖစ္ဘူးေနာ္ သူငယ္ခ်င္း"

ဒီေကာင့္မ်က္ႏွာက ေတာ္ေတာ္ကို စိုး
ရိမ္ေနတဲ့ပုံဗ်။

"မင္း ငါ့ကိုဘႀကီး ဦးမိုးၫြန္႔အေၾကာင္း
ၾကားဖူးလား တာေတ"

"ေအး ငါ ၾကားဖူးတယ္၊အရင္တုန္းက
ေတာ့မၾကားဖူးဘူးကြ၊ လြန္ခဲ့တဲ့ တစ္
လေလာက္ကမွ ၾကားဖူးလား"

"ဒီလိုဆိုရင္ ငါတိုတိုပဲ ေျပာမယ္ကြာ၊
ငါ့ဘႀကီး မေသခင္က အၿမဲကိုင္ခဲ့တဲ့
ဓါးတစ္လက္ ရွိတယ္ကြ"

"ေအး"

"အဲဒီဓါးက တို႔အိမ္ေပၚထပ္က ပစၥည္း
ေဟာင္းေတြထားတဲ့ အခန္းရဲ႕နံရံက
ဝါးထရံမွာ ဓါးအိမ္နဲ႔ ခ်ိတ္ထားတာကြ၊
ငါတို႔ အဲဒီအခန္းထဲကို ေတာ္႐ုံနဲ႔ မဝင္
ၾကဘူး။ ဒီမနက္မွ ငါ့အဘက ပစၥည္း
တစ္ခု ရွာခ်င္လို႔ ဝင္လိုက္တာ။ အဲဒီ
မွာတင္ ဒါကို သြားေတြ႕တာကြ"

"ေဟ ဘာကို ေတြ႕တာတုံး လင္းဦးရဲ႕၊
ရွင္းရွင္းေျပာစမ္းပါကြာ"

"ငါ့ဘႀကီး ဦးမိုးၫြန္႔ ကိုင္ခဲ့တဲ့ ဓါးက
ေသြးေတြ စီးက်ေနတာကြ။ ဘယ္တုန္း
ကတည္းက စီးက်ေနမွန္း မသိဘူးကြ၊
ၾကမ္းျပင္ေပၚမွာေခ်ာက္ကပ္ေနတဲ့ေသြး
ကြက္ႀကီးေပၚကို ေသြးအသစ္ေတြက
တေပါက္ေပါက္ စီးက်ေနတာ၊ေျခာက္
ေတာင္ မေျခာက္ေသးဘူးေဟ့၊ ဒါနဲ႔
အေဖက ဓါးနဲ႔ဆြဲထုတ္ၿပီး ၾကည့္လိုက္
ေတာ့ ဓါးတစ္ေခ်ာင္းလုံး ေသြးေတြ႐ႊဲ
ေနတာတဲ့ေဟ့"

"ေဟ ဟုတ္လား၊ လင္းဦး"

"ေအး၊ ဟုတ္တယ္ တာေတ၊ မင္းသိတဲ့
အတိုင္းပဲေလကြာ၊ ဟိုတစ္လက မင္းတို႔
႐ြာက ဘိုးမွတ္ႀကီး အသတ္ခံရတယ္။ည
က ငါတို႔႐ြာက ဘိုးရွင္းအသတ္ခံရတယ္
ဒီလူႀကီးေတြက ငါဘႀကီး ဦးမိုးၫြန္႔နဲ႔ အ
ေၾကာင္းရွိခဲ့တဲ့ လူေတြေလကြာ၊ ဒီအခ်ိန္
မွာ ဒီအေၾကာင္းကို ငါတို႔လူသိခံလို႔ ဘယ္
ျဖစ္မွာတုံး တာေတရ၊ လူေတြသာ သိသြား
ရင္ လူသတ္တာ၊ ငါ့အဘလို႔ ထင္ၾကမွာ
ေပါ့၊ သူ႔အစ္ကိုအတြက္ သူ႔ညီက လက္
စားေခ်တာလို႔ ေျပာၾကမွာေပါ့ကြ"

"ေအး ဟုတ္တာေပါ့ လင္းဦးရ၊ စိတ္ခ်
သူငယ္ခ်င္း၊ ဒီအေၾကာင္း ငါဆီက လုံး
ဝမေပါက္ၾကားေစရဘူးကြာ"

"ၿပီးေတာ့ ဒီလိုထူးဆန္းတဲ့ ကိစၥေတြကို
မင္းက ႀကဳံဖူးတာ မ်ားေနလို႔၊ မင္းကို
တိတ္တိတ္လာၿပီး တိုင္ပင္တာကြ"

"ေအးပါ လင္းဦးရာ၊ မင္းအခု ဣေျႏၵ
မပ်က္ ျပန္ေပေတာ့၊ ဒီည ငါလုပ္စရာ
ေတြ လုပ္လိုက္မယ္၊ ဒါနဲ႔ ေနဦးကြ လင္း
ဦးရ၊ မင္းတို႔ အဲဒီဓါးကို ဘာလုပ္ထားတုံး"

"အဘနဲ႔ ငါနဲ႔ ဓါးကေသြးေတြကို ေဆး
ပစ္လိုက္တယ္။ၿပီးေတာ့ ၾကမ္းျပင္က
ေသြးေတြကိုလည္း ဘာမွမက်န္ေအာင္
တိုက္ခြၽတ္ေဆးလိုက္တယ္။ဓါးကိုေတာ့
သူ႔ေနရာမွာပဲ ျပန္ခ်ိတ္ထားလိုက္တယ္။
ေအး ၊ အံ့ၾသစရာတစ္ခု ေျပာရဦးမယ္
တာေတေရ၊ဘႀကီးရဲ႕ဓါးကိုထုတ္ေတာင္
မၾကည့္ဘဲ ဒီအတိုင္းပဲ ခ်ိတ္ထားတာ။
ႏွစ္ေပါင္းေလးဆယ္နီးပါး ရွိၿပီတဲ့ကြ။
ဒါေပမဲ့ ဓါးအိမ္က ဆြဲထုတ္လိုက္တဲ့
ဓါးကို ေရနဲ႔ ေဆးလိုက္ေတာ့ သံေခ်း
တက္ဖို႔ ေနေနသာသာ ဝင္းေျပာင္ၿပီး
ျပတ္လိုက္တာမွ ျမည့္ေနတာပဲကြာ"

"ဟာ ဟုတ္လားကြ၊ ေတာ္ေတာ္ထူး
ဆန္းပါလား၊ လင္းဦးရ"

ညေရာက္ေတာ့ မဖဲဝါရဲ႕ ကိုယ္ပြား႐ုပ္
ကေလးကို ေခါင္းအုံးေအာက္မွာထားၿပီး
မဖဲဝါကို တိုင္တည္လိုက္တယ္

"သခ်ႋဳင္းရွင္မ မဖဲဝါ ခင္ဗ်ာ၊ ဒီည က်ဳပ္
ကို အိပ္မက္ေပးပါ၊ လူႏွစ္ေယာက္လည္း
ေခါင္းျဖတ္ၿပီး အသတ္ခံထားရပါတယ္။
ဓါးတစ္လက္ကလည္း ေသြးေတြ စီးက်
ေနတယ္ဗ်ာ။ ဘာေတြျဖစ္တယ္ဆိုတာ
သခ်ႋဳင္းရွင္မႀကီးေျပာမွ သိရမွာမို႔ပါ"

က်ဳပ္နဲ႔ မဖဲဝါ အိပ္မက္ထဲမွာ ေတြ႕ေနက်
ဆယ့္ႏွစ္ရာသီပင္ႀကီးေအာက္မွာ ေတြ႕
တယ္။ ဆယ့္ႏွစ္ရာသီပင္ႀကီးမွာ ပန္းအ
ဝါေတြ ထိန္ေနေအာင္ ပြင့္လို႔ဗ်။ေလေတြ
ကလည္း တဝီဝီနဲ႔ တိုက္ေနတာဗ်ိဳ႕။ မဖဲ
ဝါကေတာ့ ခါတိုင္းလိုပဲဗ်။ က်ဳပ္နဲ႔ ႐ြယ္
တူေကာင္မေလးလို ဖန္ဆင္းထားတယ္
ဆံပင္မွာ ဆယ့္ႏွစ္ရာသီပြင့္အဝါေလး
တစ္ပြင့္ ပန္လို႔ဗ်ိဳ႕။

"ဟဲ့ တာေတ အဲဒီဓါးက မိုးၫြန္႔ရဲ႕ က်ိန္
စာသင့္ေနတာ။အခုမွ က်ိန္စာက အသက္
ဝင္ၿပီး လက္စားေခ်ေနတာ၊ လာမယ့္လ
ကြယ္ညမွာ ငထယ္ကိုေခါင္းျဖတ္လိမ့္မယ္"

"ဟာ မဖဲဝါရယ္၊ ဒီဓါးကို ဘယ္လိုတား
ရမွာတုံးဗ်ာ"

"နင္ မွတ္ထား၊ လကြယ္ညမွာ အဲဒီဓါးနား
မွာ နင္သြားၿပီးေစာင့္ေန၊ဓါးအိမ္က ဓါးကြၽတ္
ထြက္တာနဲ႔ ေပ်ာက္သြားလိမ့္မယ္၊ လူသတ္
ၿပီးမွျပန္ေရာက္လာၿပီး ဓါးအိမ္မွာ စြပ္မွာ၊ဒီ
ေတာ့ နင္က ဓါးအိမ္က မကြၽတ္ခင္ တစူး
ဝါးနဲ႔ ႐ိုက္ခ်လိုက္၊ ဓါးက ထခုန္လိမ့္မယ္
နင္ ထပ္သာ႐ိုက္၊ ဓါးလႈပ္တိုင္း နင္႐ိုက္
ေပးေတာ့၊ အဲဒီအခ်ိန္ေလး ေက်ာ္သြား
တာနဲ႔ က်ိန္စာပ်က္သြားလိမ့္မယ္"

က်ဳပ္လန္႔ႏိုးသြားတယ္။ ေနာက္ေန႔ေရာက္
ေတာ့ လင္းဦး က်ဳပ္ဆီကို ေရာက္လာတယ္
က်ဳပ္က လင္းဦးကို အက်ိဳးအေၾကာင္း ေျပာ
ျပလိုက္တယ္။

"ဒါဆိုရင္ လကြယ္ညေရာက္ေတာ့ မင္း
ဆက္ဆက္ လာခဲ့ တာေတ၊ ငါ တစူးဝါး
ရွာၿပီး ႏွစ္ေတာင္ေလာက္ ျဖတ္ထားလိုက္
မယ္"

(တစူးဝါးဆိုတာ လူေသကို မီးသၿဂႋဳဟ္
တဲ့အခါ ထိုးတဲ့ ဝါးလုံးကို ေျပာတာဗ်)

လကြယ္ညေရာက္ေတာ့ ညရွစ္နာရီ
ေလာက္မွာ က်ဳပ္လင္းဦးတို႔အိမ္ကို
ေရာက္တယ္။ လင္းဦးက က်ဳပ္ကို
အေပၚထပ္ေခၚသြားၿပီး ဝါးထရံမွာ
ခ်ိတ္ထားတဲ့ဓါးကို ျပတယ္။

ေၾသာ္ က်ိန္စာသင့္ေနတဲ့ ဓါးပါလားလို႔
က်ဳပ္စိတ္က ေတြးလိုက္မိတယ္။ လင္း
ဦးအဘ ဦးေ႐ႊလင္းက က်ဳပ္ကို အဆင္
သင့္လုပ္ထားတဲ့ တစူးဝါးတစ္ေခ်ာင္း
လာေပးတယ္။ ၿပီးေတာ့ လင္းဦးေရာ၊
သူ႔ညီ လင္းထူးေရာ၊ ဦးေ႐ႊလင္းေရာ
က ေရေႏြးၾကမ္း၊ လက္ဖက္သုတ္၊
ငါးေျခာက္ဖုတ္ေတြနဲ႔ ဧည့္ခံလိုက္ၾက
တာဗ်ာ။ သားအဖသုံးေယာက္ ျပာေန
ေတာ့တာဗ်ိဳ႕။ ညဆယ္နာရီထိုးေတာ့
အားလုံးကို အိမ္ေအာက္ထပ္ ဆင္း
ခိုင္းလိုက္တယ္။

အေပၚထပ္မွာ က်ဳပ္တစ္ေယာက္တည္း
က်န္ခဲ့တယ္။မွန္အိမ္ေလး မွိန္မွိန္ကေလး
ထြန္းၿပီး က်ဳပ္ေစာင့္ေနတယ္။ အဲ ေျပာ
ဖို႔ ေမ့ေနတာဗ်ိဳ႕။ ဓါးကို အခန္းထဲမွာ
မထားေတာ့ဘဲ အျပင္ကို ထုတ္ထား
လိုက္တာဗ်။

ပစၥည္းေဟာင္းေတြထားတဲ့ အခန္းရဲ႕
အျပင္ဘက္က ဝါးထရံမွာ ခ်ိတ္ထား
လိုက္တယ္။ က်ဳပ္က အိမ္နံရံရဲ႕ ဝါး
ကပ္ထရံေဘးမွာကပ္ၿပီး ထိုင္ေနလိုက္
တယ္။ ညတစ္နာရီထိုးေတာ့ ဘန္႔ေဘြး
ကုန္းကင္းတဲက တစ္နာရီ သံေခ်ာင္း
ေခါက္တယ္

"ခြၽင္"

ေဟာ ဓါးအိမ္ကေန ဓါးကြၽတ္လာၿပီဗ်ိဳ႕။
ဓါးက'ခြၽင္' ကနဲ ျမည္ၿပီး တစ္ထြာေလာက္
ကြၽတ္ထြက္လာတယ္။ ငွက္ႀကီးေတာင္ဓါး
ဗ်။ အရွည္ ႏွစ္ေပခြဲေလာက္ရွိမယ္

"ခြၽင္"

ေဟာ ဓါးကြၽတ္သြားလာျပန္ၿပီဗ်ိဳ႕။က်ဳပ္က
လက္ထဲက တစူးဝါးကို က်စ္က်စ္ပါေအာင္
ဆုပ္ရင္း မတ္တတ္ထရပ္လိုက္တယ္။ေရွ႕ကို
လည္း ေျခတစ္လွမ္း တိုးထားလိုက္တယ္။

ဓါးက ဓါးအိမ္ကေန တစ္ဝက္ေလာက္
ကြၽတ္ထြက္ေနၿပီ။ တကယ့္ကို အံ့ၾသ
စရာပါဗ်ာ။ အသက္ဝိညာဥ္မရွိတဲ့ ဓါး
ဟာ က်ိန္စာသင့္ၿပီး အသက္ရွိသလို
ျဖစ္ေနတာကို ကိုယ္တိုင္ျမင္ေနရလို႔
သာ ယုံေတာ့တာဗ်ိဳ႕။

က်ဳပ္စိတ္ထဲက သိေနတယ္ဗ်။ ဒီတစ္ခါ
ဆိုရင္ ဒီဓါး ဓါးအိမ္က အၿပီးကြၽတ္ထြက္
ေတာ့မွာဗ်။ မဖဲဝါက က်ဳပ္ကို ေျပာလိုက္
တာက ဓါးအိမ္က ကြၽတ္တာနဲ႔ ဓါးက
ေပ်ာက္သြားမွာဆိုပဲ။

လူသတ္ၿပီးမွ ဓါးအိမ္ထဲကို သူ႔အလိုလို
ျပန္ေရာက္ေနမွာတဲ့ဗ်။ က်ဳပ္ တစူးဝါး
ကို အေပၚေျမႇာက္ၿပီး အဆင္သင့္ျပင္ၿပီး
ကိုင္ထားလိုက္တယ္

"ခြၽင္"

က်ဳပ္ လႊားကနဲ ခုန္ဝင္ၿပီး ဓါးကို ႐ိုက္ခ်
လိုက္တယ္။

"ဘုန္း"

ဝါးထရံကို တစူးဝါးနဲ႔ ႐ိုက္မိတဲ့အသံဗ်။

"ခြၽင္၊ ခ်လြင္၊ ခ်လြင္"

ဓါးက ၾကမ္းျပင္ေပၚကို က်သြားတယ္။
ေဟာ ခုန္ၿပီဗ်ိဳ႕။ ဓါးက တစ္ေပေလာက္
ျမင့္ေအာင္ ထခုန္တယ္။

"ဒုန္း"

ထပ္ခုန္တယ္ဗ်ိဳ႕။

"ဒုန္း"

ခုန္ျပန္ၿပီဗ်ိဳ႕။

"ဒုန္း"

ေဟာ ၿငိမ္သြားၿပီ။ ၿငိမ္သြားၿပီ။ ဒါေပမဲ့
က်ဳပ္ကေတာ့ တစူးဝါးကို က်စ္က်စ္ပါ
ေအာင္ ဆုပ္ၿပီး သတိနဲ႔ ေစာင့္ေနရတာ
ဗ်။ ဟာ ဓါးက ခုန္ေတာ့ မခုန္ေတာ့ဘူး
ဗ်။ ဒါေပမဲ့ ၾကမ္းျပင္ေပၚမွာ တဆတ္
ဆတ္နဲ႔ တုန္ေနတယ္

ဒါဆိုရင္ က်ိန္စာလည္း ပ်က္ၿပီေပါ့ဗ်ာ။
က်ဳပ္ေခၚလိုက္ေတာ့မွ ဦးေ႐ႊလင္းတို႔
သားအဖေတြ အိမ္ေပၚထပ္ကို ေျပး
တက္လာတာဗ်ိဳ႕။ က်ဳပ္က အျဖစ္အ
ပ်က္ကို ရွင္းျပလိုက္တယ္။ ဘိုးထယ္
တစ္ေယာက္ကိုေတာ့ ကယ္လိုက္ႏိုင္
တာေပါ့ဗ်ာ။

ဒီအေၾကာင္းကို ဘယ္သူမွ မသိေအာင္
အုပ္ထားဖို႔ က်ဳပ္ကပဲ သတိေပးခဲ့တာ
ပါ။ အဲဒီညက လင္းၾကက္တြန္ေတာ့မွ
ပဲ က်ဳပ္အိမ္ျပန္ေရာက္ခဲ့တာေပါ့ဗ်ာ။

မူရင္းေရးသူ ဆရာ တာေတ

Credit

စုန္းကိုး ေမွာ္ကိုး ကေဝကိုး စာအုပ္မွ
ေကာက္ႏုတ္တင္ျပထားပါသည္

စာဖတ္သူမ်ား စိတ္႐ႊင္လန္းပါေစ

No comments

Post a Comment