တစ္ဆေထိုးတဲ့ ခေါင်းလောင်းသံ(စ/ဆုံး)

  တစ္ဆေထိုးတဲ့ ခေါင်းလောင်းသံ(စ/ဆုံး) ~~~~~~~~~~~~~~~~~~~~ မူရင်း _ဆရာ တာတေ ကျုပ်တို့အညာနွေပူချက်ဗျာ။ ကျုပ်ဖြင့် အိမ်လည်မထွက်နိုင်တောင် လေးင... thumbnail 1 summary

 တစ္ဆေထိုးတဲ့ ခေါင်းလောင်းသံ(စ/ဆုံး)

~~~~~~~~~~~~~~~~~~~~
မူရင်း _ဆရာ တာတေ

ကျုပ်တို့အညာနွေပူချက်ဗျာ။
ကျုပ်ဖြင့် အိမ်လည်မထွက်နိုင်တောင်
လေးငါးရက်ရှိပေါ့၊ ကျုပ်အမေကလည်း
ကျုပ်အိမ်မှာကပ်နေပြီဆိုတာနဲ့ ခိုင်းစ
ရာတွေ တန်းစီးပြီးခိုင်းတော့တာဗျို့။

ဟုတ်တော့လည်း ဟုတ်သားဗျ။ အိမ်
အလုပ်ဆိုတာလည်း မလုပ်ရင်သာရှိ
မယ်၊ လုပ်လို့ကတော့ နားရမှာတောင်
မဟုတ်ဘူးဗျ။ ရေစည်တိုက်၊ နွားစား
ပြောင်းရိုးတွေသွားရိတ်၊ နွားစားစဉ်း၊
ဆီကြိတ်၊ မြို့တက်၊ နှမ်းရောင်း၊ပဲ
ရောင်းသွား၊ တောထဲဝင် ထင်းခွေ၊
ရပ်ရေးရွာရေး ရှိရင်ထလုပ်၊ ဆရာ
တော်ကျောင်းက ဝေယျာဝစ္စသွား
လုပ်နဲ့ဗျာ။ ဘယ်မှာအားလိမ့်မတုံးဗျာ။

“ဟဲ့ …တာတေ၊ နင်ဘယ်မှာ မသွား
ဘူးလား”

“ဒီလောက်ပူတာဗျာ၊ ကျုပ်ဖြင့် သွား
ချင်စိတ်ကို ကုန်ရော အမေရာ”

“ဘယ်မှမသွားလည်း အမေ့ကိုမန်
ကျည်းသီး အသားဆွဲပေးပါလားတော်”

ကျုပ်တို့ဆီမှာက မန်ကျည်းသီးမှည့်
ချိန်ဆိုရင် ကိုယ်အပင်တွေမှာ ကိုယ်
ဆွတ်ပြီး အသားထုတ်ကြတာဗျ။ အဲ
ဒါကို အသားဆွဲတယ်ကို ပြောတာ။
ပြီးရင် စဉ့်အိုးကလေးတွေနဲ့သိပ်ပြီး
နှစ်တစ်ပတ်လည် စားကြတာပေါ့
ဗျာ။ ကျုပ်တို့အညာဟင်းတွေမှာက
ခရမ်းချဉ်သီးနဲ့ မန်ကျည်းသီးလွတ်
တာ ရှားလားဗျ။ ငါးခြောက်၊ ငါးခြမ်း
ချက်ရင်လည်း မန်ကျည်းသီးမှည့်
လေး အုပ်ကြတာပဲလေဗျာ။

ကျုပ်က အိမ်ပေါ်တက်ပြီး မြေဆီအိတ်
ခွံ၊ ပလတ်စတစ်အိတ်နဲ့ ထည့်ထားတဲ့
မန်ကျည်းသီးတွေကို ထမ်းယူခဲ့တယ်။
ပြီးတော့ ကျုပ်အိပ်နေကျ သစ်သား
ကွပ်ပျစ်ဘေးမှာ ဝါးဖျာကြမ်းတစ်ချပ်
ခင်းပြီး မန်ကျည်းမှည့်တွေကို အသား
ထိုင်ဆွဲရောဗျို့။

“တာတေ …နင့်အမေရှိလား”

ကျုပ်က မန်ကျည်းသီးထဲကို အာရုံ
ရောက်နေတုန်းဝိုင်းဝက အသံကြား
လိုက်တာဗျို့။ဝိုင်းဝကို လှမ်းကြည့်
လိုက်တော့ ရွာနောက်ပိုင်းက မပြား
ကြည်ဗျ။ ခေါင်းပေါ်မှာ ပုဆိုးတစ်
ထည်တင်လို့။

“ဟာ ထွေးလေးပြားကြည် လာလေ။
အမေရှိတယ်။ မီးဖိုထဲမှာ ထမင်းချက်
လို့ဗျ။ ကျုပ်ခေါ်လိုက်ရမလား”

“သြော်…အေး အေး၊ မခေါ်နဲ့ တာတေ၊
ထွေးလေး အိမ်ပေါ်တက်သွားလိုက်မယ်
နင့်ကိုတော့ အရီးက အလုပ်ပေးထား
ပြီထင်တယ်”

“ဟုတ်ပ ထွေးလေရာ၊ကျုပ်အတွက်
တော့ နှစ်ရက်စာလောက် ဖူလုံသွား
ပြီပေါ့ဗျာ”

“ဒါထက် ဘိုးဥာဏ်ရော မမြင်ပါလား”

“အဘက ယာထဲသွားတယ်ဗျ၊ ဟိုရက်
က ကျုပ်မြေဆီပက်ထားတာ အခြေ
အနေသွားကြည့်တယ်ဗျ”

“သြော် …”

ကျုပ်နဲ့ စကားပြောရင်း ထွေးလေး
ပြားကြည်က အိမ်ပေါ်တက်သွားရောဗျ။

“ဟဲ့ …ပြားကြည်လား၊ လာဟေ့ ဒီကို။
အရီးက မီးမိုးထဲမှာ ထမင်းအိုးငှဲ့လက်စ
ဖြစ်နေလို့ ပြားကြည်ရေ”

“လာပြီ အရီးရေ လာပြီ”

အမေနဲ့ ထွေးလေးပြားကြည်နဲ့ မီးဖိုထဲမှာ
စကားပြောကြတဲ့ အသံကို ကျုပ်သဲ့သဲ့ပဲ
ကြားရတော့တယ်ဗျို့။ ခဏနေတော့
အမေကလည်း ထွေးလေးပြားကြည်လို
ပဲ ပုဆိုးတစ်ထည် ခေါင်းပေါ်တင်ပြီး နှစ်
ယောက်သား ထွက်လာကြတယ်ဗျ။

“တာတေ…ငါပြားကြည်နဲ့ အနောက်ပိုင်း
ကို လိုက်သွားလိုက်ဦးမယ်။ ထွန်းပွင့်တို့
ဒီနေ့ ဝက်ပေါ်လို့တဲ့။ ဆုံသားသွားယူ
လိုက်ဦးမယ်”

“အမေ ကျုပ်ဖို့ ကလိစာနည်းနည်း
ထည့်ဝယ်ခဲ့ဗျာ၊ ကျုပ်ငရုတ်သီးတစ်
ဆုံ ထောင်းထားလိုက်မယ်”

“အေး အေး ထောင်းထား ထောင်းထား
ကလိစာပါ ထည့်ယူခဲ့မယ်”

ကျုပ်အိမ်နောက်ဖေးဘက်ကို ဝင်ပြီး
ငရုတ်သီးတစ်ဆုံကို ဥာက်ပြီး စေးပိုင်
နေအောင် ထောင်းထားလိုက်တယ်ဗျို့။
ပြီးတော့မှဝိုင်းထဲက မန်ကျည်းပင်
အောက်ကို ပြန်လာပြီး မန်ကျည်းသီး
အသားဆွဲရတာပေါ့ဗျာ။ ဒီနှစ်သီးတဲ့
မန်ကျည်းသီးတွေကလည်း အသား
ပေါပါ့ဗျာ။

“တာတေရေ…ငါပါကွ”

” ဟာ ကိုကြီးဖိုးအောင်၊ လာလေဗျာ၊
ဟိုနေ့ကတောင် ဘန့်ဘွေးကုန်းက
သိန်းဇော်နဲ့တွေ့လို့ ကိုကြီးဖိုးအောင်
နေကောင်းလားလို့ မေးရသေးတယ်”

“အေး …သိန်းဇော်ပြောတယ်ကွ တာ
တေရ၊ အဲဒါကြောင့်လည်း မင်းကိုသ
တိရသွားပြီး လာခဲ့တာပေါ့ကွာ”

“ကဲ…လာဗျာ၊ ကိုကြီးဖိုးအောင်”

ကိုကြီးဖိုးအောင်က ကရင်ဗျ။ သူ့နာ
မည်က စောဖိုးအောင်တဲ့။ သူ့အဖေက
မန်ဖိုးမောင်တဲ့ဗျ။ ကိုကြီးဖိုးအောင်ဆယ်
နှစ်သားလောက်မှာ သူ့ကိုယ်သူ ဆွဲကြိုး
ချပြီး သတ်သေသွားတာတဲ့။ ကျုပ်တို့က
အငယ်ကလေးပဲ ရှိသေးတော့ မသိလိုက်
ဘူးပေါ့ဗျာ။ ကျုပ်တို့ကြီးလာမှ လူကြီးတွေ
က ပြောလို့သိရတာဗျ။ လွှတ်ရိုးသားတဲ့
လူကြီးဆိုပဲ။ ဘယ်လိုဖြစ်ပြီး သူ့ကိုယ်သူ
သတ်သေသွားတယ်ဆိုတာ ဘယ်သူမှ
ကို မတွေးတတ်ကြတော့တာဗျ။

တချို့ကပြောတော့လည်း စိတ်နောက်
သွားတာတဲ့။ တချို့ကပြောတော့လည်း
မန်းဖိုးမောင်ကြီးက ကရင်ဆိုတော့
ကွင်းတွေ၊ ဘာတွေ မတင်မမြှောက်လို့
ကွင်းပိုင်လုပ်လိုက်တာတဲ့ဗျ။ တဖြည်း
ဖြည်း စိတ်နောက်လာပြီး သတ်သေ
သွားတာဆိုပဲ။ လူတွေကတော့ အမျိုး
မျိုး ပြောကြတာပေါ့ဗျာ။ ကျုပ်က ကို
ကြီးဖိုးအောင်ကို ကွပ်ပျစ်ပေါ်မှာ ထိုင်
ခိုင်းပြီး ရေနွေးကြမ်းနဲ့ ဧည့်ခံလိုက်
တယ်ဗျ။ နဂါးဆေးပေါ့လိပ်တစ်လိပ်
မီးညှိပြီး ကမ်းပေးလိုက်တယ်။

“ရော့ …ကိုကြီးဖိုးအောင်၊ ဆေးလိပ်
ကလေးဖွာလိုက်ဦး”

ကိုကြီးဖိုးအောင်က ကျုပ်ကမ်းပေးလိုက်တဲ့
နဂါးဆေးပေါ့လိပ်ကို လှမ်းယူပြီး နှစ်ဖွာ၊ သုံး
ဖွာ ဆက်တိုက်ဖွာလိုက်တယ်။ ကျုပ်က ဝါး
ပိုးဝါးကို ဖြတ်ပြီး အဖုံးအပိတ်နဲ့ လုပ်ထား
တဲ့ ရေနွေးကျုတ်ထဲက တရုတ်ကြွေကရား
အိုးလေးကို ဆွဲထုတ်ပြီး ကိုကြီးဖိုးအောင်
အတွက် ရေနွေးငှဲ့ပေးလိုက်တယ်။ ကိုကြီး
ဖိုးအောင်ကလည်း နဂါးဆေးပေါ့လိပ်ကို
ဘယ်ဘက်လက်ကို ပြောင်းလိုက်ပြီး
လက်ညှိုးနဲ့ လက်ခလယ်ကြားမှာ
ညှပ်ထားလိုက်တယ်။ ပြီးတော့ ညာ
ဘက်လက်နဲ့ ရေနွေးကြမ်းပန်းကန်ကို
ကိုင်ပြီး ‘ဖူးကနဲ၊ဖူးကနဲ’မှုတ်လိုက်၊
သောက်လိုက်လုပ်နေရောဗျ။

ကျုပ်တို့အညာသားတွေက ဘယ်
လောက်ပူပူ နေပူထဲကလာရင် ရေအေး
သောက်လေ့သောက်ထ မရှိဘူးဗျ။ ရေ
နွေးပူပူကိုပဲ ‘တဖူးဖူး’နဲ့မှုတ်သောက်ကြ
တာ။ ကိုကြီးဖိုးအောင်က ရေနွေးတစ်ပန်း
ကန် ကုန်သွားတော့ နဂါးဆေးပေါ့လိပ်
ကလေးကို ပြန်ဖွာပြန်ရောဗျ။ တာတေ
တို့ အညာသားတွေအတွက်တော့ ဆေး
လိပ်နဲ့ ရေနွေးကြမ်းဟာ အမောပြေ
ဆေးပေါ့ဗျာ။

“ကိုကြီးဖိုးအောင် ဘယ်ကလှည့်
လာတာတုန်းဗျ”

“ဘယ်ကမှ လှည့်မလာဘူး။ မင်းဆီ
ကို သက်သက်လာခဲ့တာကွ”

ကိုကြီးဖိုးအောင်က ကရင်ဆိုတော့
ကျုပ်တို့အညာသားတွေလို အသား
မညိုဘူးဗျ။ အသားဖြူတယ်၊ အရပ်
ကလည်း ရှည်ရှည်၊ ပိန်ပိန်ပါးပါးနဲ့
နှုတ်ခမ်းမွေးကလည်း ရှိသေးဗျ။
မျက်လုံးက ပြူးပြူးနဲ့ လူကတော့
လွှတ်ရိုးတဲ့လူဗျ။ သူ့အဖေကြီးမရှိ
တဲ့နောက် သူ့အမေကလည်း နောက်
အိမ်ထောင် မပြုခဲ့ပါဘူး။ မိန်းမသား
တန်မဲ့ ယာတွေကို ဦးဆောင်ပြီး
လူငှားတွေနဲ့ လုပ်ခဲ့တာဗျ။

ခုတော့ ကိုကြီးဖိုးအောင်အမေ ဒေါ်
နန်းရေအေးလည်း အိုရှာပါပြီ။ ကျုပ်
တို့ ရွာတွေမှာက ကျုပ်တို့လို ဗမာအ
ညာသားတွေချည်း ရှိတာဗျ။ ကိုကြီး
ဖိုးအောင်တို့လို ကရင်ဆိုတာ ရှိတာ
မဟုတ်ဘူး။ သူတို့မိသားစုပဲ ရှိတာ။
ခုတော့ ယာတွေကို ကိုကြီးဖိုးအောင်
ပဲ ဦးစီးလုပ်ကိုင်နေရတာပေါ့ဗျာ။ ဒါ
ပေမဲ့ ကိုကြီးဖိုးအောင်က လွှတ်အ
လုပ် ကြိုးစားတာဗျ။ အသောက်
အစားလည်း မရှိဘူး။ စီးပွားရေးက
တော်တော်ကို ချောင်လည်ကြပါ
တယ်။ ကိုကြီးဖိုးအောင် အိမ်ထောင်
ကျတာလည်း ဘန့်ဘွေးကုန်းက
မစောကြည်နဲ့ အိမ်ထောင်ကျတာ။

မစောကြည်က ဗမာလေဗျာ။ ဘန့်ဘွေး
ကုန်းသူပဲ။ ဒီတော့ ကိုကြီးဖိုးအောင်ရဲ့
သားလေးကတော့ ကရင်ကပြားလေး
ဖြစ်သွားတာပေါ့ဗျာ။ ဒါပေမဲ့ နာမည်ကို
တော့ စောဖိုးဆောင်လို့ မှည့်ထားတာ
ဗျ။ ကိုကြီးဖိုးအောင်လို အသားဖြူဖြူ၊
မျက်လုံးပြူးပြူးလေးနဲ့ဗျ။ ငါးနှစ်သား၊
ခြောက်နှစ်သားလောက်တော့ရှိမယ်။

“ပြောပါဦး ကိုကြီးဖိုးအောင်ရဲ့ကျုပ်
ဆီကိုလာတာ ကိစ္စများရှိလို့လားဗျ”

ကျုပ်မေးလိုက်တော့ ကိုကြီးဖိုးအောင်
မျက်နှာပျက်သွားတယ်ဗျ။ ခေါင်းလေး
တဆိတ်ဆိတ်ညိတ်လိုက်ပြီးမှ ပြောတယ်။

“ငါ …ဒုက္ခတွေ့နေပြီ တာတေ”

ကိုကြီးဖိုးအောင်က စကားကို ဆက်
ဆက်မပြောဘဲ ရပ်ထားလိုက်တယ်။

“ဟင်…ဒုက္ခတွေ့နေတယ် ဟုတ်လား
ကိုကြီးဖိုးအောင် ဘာဒုက္ခများတုံးဗျ”

ကိုကြီးဖိုးအောင်က အသက်သုံးဆယ်
နှစ်နှစ်၊သုံးနှစ်လောက် ရှိပြီဗျ၊ လွှတ်ရိုး
တဲ့လူပါဗျာ။ ကျုပ်ကမေးတော့မှ သူက
ပြောပြတာဗျ။

“တာတေ…မင်း ငါ့ဖထီး မန်းဖိုးမောင်
အကြောင်း ကြားဖူးတယ်မို့လား”

“ဟာ…ကြားဖူးတာပေါ့ ကိုကြီးဖိုးအောင်
ရဲ့။ ဒီရွာက လူကြီးတွေ ပြောပြောနေကြ
တာ ကျုပ်ကြားဖူးပါတယ်”

“မင်း ဘယ်လိုကြားဖူးလို့တုံးကွ”

“သြော် …ဒီလိုလေဗျာ။ မန်းဖိုးမောင်က
စိတ်နောက်သလိုဖြစ်သွားပြီး ဘန့်ဘွေး
ကုန်းသင်္ချိုင်းဇရပ်ထဲမှာ ဆွဲကြိုးချပြီး
သတ်သေသွားတယ်လို့ ပြောတာ ကြား
ဖူးတာပဲဗ်”

“အေး …မင်းကြားတာ မှန်ပါတယ်။
ဒါပေမယ့် ငါ့ဖထီးက စိတ်နောက်ပြီး
သတ်သေတာတော့ မဟုတ်ဘူးကွ။
စိတ်ညစ်ပြီး သတ်သေသွားတာ”

“ဗျာ…စိတ်နောက်တာ မဟုတ်ဘူး
ဟုတ်လား ကိုကြီးဖိုးအောင်”

“အေး …ဟုတ်တယ်။ ငါဖထီးက
စိတ်မနောက်ပါဘူး။ စိတ်တွေအရမ်း
ညစ်သွားတာကွ”

“ဟာ…ဖြစ်ရလေဗျာ။ ဘာတွေများ ဒီ
လောက်စိတ်ညစ်စရာရှိလို့တုန်းဗျာ။
ကျုပ်ကြားဖူးတာတော့ မန်းဖိုးမောင်က
လွှတ်ရိုးသားပြီး အလုပ်လည်း လွှတ်ကြိုး
စားတဲ့လူလို့ ပြောကြတာပဲ။ စီးပွားရေး
လည်း တော်တော်အဆင်ပြေတယ်ဆို၊
ဘာတွေများ ဒီလောက် စိတ်ညစ်စရာ
ရှိလို့တုန်းဗျာ”

“အေးကွ…တာတေရ၊ မင်းကို ပြောပြ
ရဦးမယ်။ ငါ့ဖထီးရဲ့ ဖထီး၊ ငါ့အဘိုးပေါ့
ကွာ မန်းဖိုးခေါင်ဆိုတာ ရှိတယ်၊ သူက
ဟိုးတောင်ထိပ်ကြီးကိုတက်ပြီး ချောက်
ကြီးထဲကို ခုန်ချခဲ့တာတဲ့ကွ”

“ဗျာ…ဒါဆိုရင် ခင်ဗျားအဘိုး မန်းဖိုးခေါင်
လည်း သူ့ကိုယ်သူ သတ်သေတာပေါ့”

“ဟုတ်တယ် တာတေ၊ ငါ့အဖေမသေ
ခင်ကသူ့နားထဲမှာ ချက်ကျောင်းက
အသုဘခေါင်းလောင်းထိုးတဲ့ အသံ
ကြီးကြားကြားနေတာကွ”

“ဗျာ…ချက်ကျောင်းဆိုတာ ဘာတုံးဗျ”

“ဟကောင်ရ …ငါ့အဘိုးက တောင်
ပေါ်ကရင်ကြီးကွ။ သူနေတဲ့ရွာမှာက
ရင်တွေချည်းပဲ။ ပြီးတော့ ခရစ်ယာန်
ဘာသာကိုးကွယ်ကြတာကွ။ ခရစ်
ယာန်တွေရဲ့ ဘုရားကျောင်းကို
ချက်ကျောင်းကို ခေါ်တာကွ။ အဲဒီ
ချက်ကျောင်းမှာ ဘုရားရှိခိုးရင် ထိုး
တဲ့ခေါင်းလောင်းကြီး ရှိတယ်တဲ့ကွ။
အသုဘရှိရင်လည်း အဲဒီခေါင်း
လောင်းကြီးကို ထိုးရတယ်ဆိုပဲ”

“ခင်ဗျားတို့အဘိုးက ခရစ်ယာန်
ကိုးကွယ်တာလား”

“အေးလေကွာ…တို့အဘိုးက
ခရစ်ယာန်လေ၊ အဘိုးဆုံးသွားတော့
မှ ငါ့ဖထီးက အဲဒီက အိမ်တွေ၊ မြေတွေ
ရောင်းချပြီး ဘန့်ဘွေးကုန်းကို ပြောင်း
လာတာ ဒီမှာ ယာတွေဝယ်၊ နွားတွေ
ဝယ်ပြီး တောင်သူလုပ်နေတာကွ”

“နေပါဦး ကိုကြီးဖိုးအောင်ရဲ့၊ကျုပ်
ကြားဖူးတာက ခင်ဗျားဖထီး မန်းဖိုး
မောင်က ဗုဒ္ဓဘာသာကိုးကွယ်တာ
ပါဗျ။ ဘန့်ဘွေးကုန်း ဘုန်းကြီးကျောင်း
မှာ မန်းဖိုးမောင်ကြီး လှူသွားတာတွေ
နည်းတာမှ မဟုတ်တာ”

“အေး …ဟုတ်တယ်လေ၊ ဖထီးက
ဘန့်ဘွေးကုန်းကို ရောက်တော့ ဗုဒ္ဓ
ဘာသာကို ပြောင်းပြီးကိုးကွယ်တယ်။
ငါ့အမိုးလည်း ဖထီးလိုပဲ ဗုဒ္ဓဘာသာ
ကိုးကွယ်တာပါပဲ”

“ဟုတ်တယ်လေဗျာ၊ အရီးရေအေးက
ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းမှာ
ဥပုသ်စောင့်တာ ကျုပ်တို့တွေ့နေတာပဲ”

“ဒါပေမဲ့ တာတေရ၊ ဘယ်လိုလုပ်လုပ်
အဲဒါကြီးက တို့နောက်ကို လိုက်လာ
ပဲကြ”

“ဗျာ…ဘယ်ဟာကြီးက လိုက်လာ
တုံးဗျ ကိုကြီးဖိုးအောင်ရဲ့”

“ငါစောစောကပြောတဲ့ ချက်ကျောင်း
က ထိုးတဲ့ အသုဘခေါင်းလောင်း
သံကြီးလေကွာ”

“ဟင် …ဘယ်လိုဖြစ်တာတုံးဗျာ”

“အေး…မင်းကို အစကစပြီး ပြောမှ
နားလည်မှာပေါ့ကွာ။ ဒီအကြောင်း
တွေကို ဒီရွာတွေက လူတွေဘယ်
သူမှ မသိကြဘူးကွ။ ဖထီးတို့၊အမိုး
တို့ကလည်း ဒီအကြောင်းတွေကို
ဘယ်သူ့ကိုမှ မပြောကြဘူး။ ငါအခု
လာတာလည်း မင်းကို ဒီအကြောင်း
တွေပြောဖို့ လာတာကွ။ဒီလို တာ
တေရေ၊ ငါ့အဘိုး မန်းဖိုးခေါင်က
အနောက်ရိုးမက တောင်ပေါ်ရွာက
လေးတစ်ရွာမှာနေတာကွ။ မိဘ
လက်ထက်ကတည်းက ချမ်းသာ
ကြတယ်ဆိုပဲ။ ဆင်တွေလည်း
အများကြီးပိုင်တယ်တဲ့။ ရိုးမတော
ကြီးထဲမှာ ပျဉ်ကတိုးသစ်တွေခုတ်ပြီး
သစ်ကုန်သည်တွေကို ရောင်းတာတဲ့
ကွ။တစ်ရက်ကျတော့အဘိုးရဲ့လူယုံ
တော် စောကျောက်ပွင့်ဆိုတဲ့လူက
သစ်ဖိုးတွေအကုန်လုံး ဖဲရှုံးပစ်လိုက်
လို့ အဘိုးက အကြီးအကျယ်
စိတ်ဆိုးရောတဲ့ဟေ့။

စောကျောက်ပွင့်ဆိုတဲ့လူက တောင်
ပေါ်က ချက်ကျောင်းထဲမှာ ပုန်းနေတယ်
ဆိုတာလည်းသိရော အဘိုးကဝါးရင်းတုတ်
တစ်ချောင်းကိုင်ပြီး တောင်ပေါ်ကို တက်
လိုက်သတဲ့။ ချက်ကျောင်းအဝရောက်
တော့ ချက်ကျောင်းစောင့်တဲ့ အဘိုးကြီး
က တံခါးဖွင့်မပေးဘူးတဲ့ကွ။ အဲဒီအဘိုး
ကြီးရဲ့ နာမည်က မန်းစံမဲတဲ့ဟေ့”

‘ဟေ့…အဘိုးကြီးစံမဲ၊ တံခါးဖွင့်ပေးစမ်း၊
ငါ့ငွေတွေ ခိုးသွားတဲ့ သူခိုးကျောက်ပွင့်
ချက်ထဲမှာ ပုန်းနေတာငါသိတယ်’

‘ဖိုးခေါင်…မင်းစိတ်ကို မင်းထိန်းပါ။
တရားဥပဒေအရ ဖြေရှင်းပါ ဖိုးခေါင်’

‘ဟေ့လူကြီး စံမဲ …ခင်ဗျားဘာသိလို့
ပြောနေတာတုန်း ဖဆပလအစိုးရက
တိုင်းပြည်ကို မထိန်းနိုင်တော့လို့ တစ်
တိုင်းပြည်လုံး မင်းမဲ့တိုင်းပြည်လို ဖြစ်
နေပြီ။ ကျုပ်က ဘယ်သူ့ကိုသွားတိုင်
ပြီး၊ ဘယ်ဥပဒေနဲ့ ဖြေရှင်းရမှာတုံး။
ခင်ဗျား ခုချက်ချင်း တံခါးဖွင့်ပေး။
ဒီအကောင်ကို ကျုပ်ဥပဒေနဲ့ ကျုပ်
ဖြေရှင်းမယ်’

‘မင်း…ဒေါသတွေ အရမ်းဖြစ်နေတယ်
ဖိုးခေါင်၊ အခုနေ ကျောက်ပွင့်ကို မင်း
တွေ့သွားရင် အသေသတ်မှာ သေချာ
တယ်။ စိတ်ထိန်းပါ ဖိုးခေါင်၊ စိတ်လိုက်
မာန်ပါ လုပ်တာ မကောင်းပါဘူးကွာ။
မင်း အခု အိမ်ပြန်လိုက်တာ ကောင်း
လိမ့်မယ်ကွာ’

ချက်ကျောင်းရဲ့ဝင်းတံခါးကလည်း
သိပ်ခိုင်တာ မဟုတ်ဘူးတဲ့ တာတေရဲ့၊
ဒီမှာတင် ဒေါသမထိန်းနိုင်တော့တဲ့ ငါ့
အဘိုးက ဘုရားကျောင်း ဝင်းတံခါးကို
သူ့ရဲ့ကိုယ်လုံးထွားထွားကြီးနဲ့ ပြေး
တိုက်ပြီး ဖွင့်လိုက်တယ်တဲ့ဟေ့”

‘ဟေ့ကောင်…ဖိုးခေါင်၊ မင်းဟာ ဘု
ရားကျောင်း ဖျက်ဆီးတဲ့အကောင်ပဲ။
အခုချက်ချင်း ဒီနေရာက ထွက်သွား
လိုက်စမ်း’

ဘုရားကျောင်းစောင့် အဘိုးကြီးစံမဲ
ကလည်း ငါ့အဘိုးကို ဒေါသတကြီးနဲ့
အော်ရောတဲ့ကွ။ ငါ့အဘိုးကတော့
ဘာမှပြန်မပြောတော့ဘဲ ဘုရားကျောင်း
ထဲကိုဝင်ဖို့ ပြေးသွားရောတဲ့ကွ။ဒီမှာ
တင် ဘုရားကျောင်းစောင့် အဘိုးကြီး
က ရှေ့ကပိတ်ပြီး တားလိုက်တယ်
တဲ့ကြ”

‘ဟေ့ကောင်…ဖိုးခေါင်၊ မင်း အထဲကို
ဝင်ချင်ရင် ငါ့ကိုသတ်ပြီးမှ ဝင်ပေတော့’

လို့ ဘုရားကျောင်းစောင့်ကြီးက ပြော
နေတုန်းမှာပဲ အဘိုးရဲ့တပည့် ကျောက်
ပွင့်ဆိုတဲ့လူက ဘုရားကျောင်းပြတင်း
ပေါက်ကနေ ခုန်ချပြီး ထွက်ပြေးသွား
ရောတဲ့ဟေ့၊ အဲဒါကို မြင်လိုက်တဲ့ အ
ဘိုးက သူ့ဒေါသကို ဘယ်လိုမှ မထိန်း
နိုင်တော့ဘဲ သူ့လက်ထဲ ဝါးရင်းတုတ်
ကို တအားလွှဲပြီး ဘုရားကျောင်းစောင့်
ကြီးကို ရိုက်လိုက်ရောတဲ့ဟေ့။

ဒီမှာတင် မြေကြီးပေါ်ကို ခွေခနဲ လဲကျ
သွားပြီး၊ ဆန့်ငင် ဆန့်ငင်ဖြစ်နေတဲ့ဘုရား
ကျောင်းစောင့်ကြီးက ချက်ကျောင်းပေါ်
က ခေါင်းလောင်းကြီးကို လက်ညှိုးထိုး
ပြီး ပါးစပ်ကလည်း ပွစိပွစိနဲ့ ပြောနေတာ
တဲ့ကွ။ သူ့ပါးစပ်ထဲက သွေးတွေ ပွက်ခ
နဲ၊ ပွက်ခနဲ အန်နေရာကနေ ခေါင်းကြီး
ခွေကျသွားရောတဲ့ဟေ့။ အဲဒီလို ဘုရား
ကျောင်းစောင့်ကြီး အသက်ထွက်သွား
တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ဘုရား
ကျောင်းခေါင်းလောင်းကြီးက အလို
လို ထမြည်တာတဲ့ဟေ့”

“ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်”

အသုဘခေါင်းလောင်းသံကြီးတဲ့ကွာ။
ငါ့အဘိုးလည်း တော်တော်ကို လန့်
သွားတာတဲ့ဟေ့၊ အလိုလို ထိုးနေတဲ့
ခေါင်းလောင်းကြီးကို မော့ကြည့်ရင်း
ကြက်သီးတွေ တဖြန်းဖြန်းထလာသ
တဲ့။ စောစောက ဒေါသစိတ်တွေလည်း
ပျောက်သွားပြီး ဝမ်းနည်းသလို၊
ကြောက်သလိုဖြစ်ပြီး ဘုရားကျောင်း
ရှိတဲ့ တောင်ပေါ်ကနေ ဆင်းပြေး
လာရောတဲ့ကွာ

ဘုရားကျောင်းက အသုဘခေါင်း
လောင်းထိုးတဲ့အသံ ကြားလိုက်တော့
လူတွေ အံ့သြပြီး ထွက်လာကြရောတဲ့
ဟေ့။ ပြီးတော့ ဘုရားကျောင်းကို ပြေး
တက်ကြည့်တော့ သွေးအိုင်ထဲမှာ
သေနေတဲ့ ဘုရားကျောင်းစောင့်ကြီးရဲ့
အလောင်းရယ်၊ ထိုးတဲ့သူ မရှိဘဲ
အလိုလိုမြည်နေတဲ့ ဘုရားကျောင်း
အပေါ်က ခေါင်းလောင်းကြီးရယ်ကို
တွေ့ကြရတော့ ကြောက်လန့်ပြီး
ပြန်ဆင်းပြေးလာကြတာတဲ့ဟေ့”

“နေပါဦး ကိုကြီးဖိုးအောင်ရဲ့၊ ခင်ဗျား
အဘိုးမန်းဖိုးခေါင်ကို ရဲတွေက မဖမ်း
ကြဘူးလားဗျ”

“ပြောပါရောလား တာတေရယ်၊ တိုင်း
ပြည်က မင်းမဲ့တိုင်းပြည်လို ဖြစ်နေတဲ့
အချိန်ကွ။ ပြီးတော့ ရိုးမတောထဲက
ရွာလေကွာ။ဒီဘုရားကျောင်း အစောင့်
အဘိုးကြီးကလည်း ဘယ်ကရောက်
ပြီး ဒီမှာနေမှန်း ဘယ်သူမှ မသိကြ
ဘူးကွ။ ဒီတော့လည်း အဘိုးကြီးအ
လောင်းကို ဝိုင်းပြီးသင်္ဂြု ိဟ်လိုက်
ကြတာပေါ့ကွာ”

“သြော်…”

“ချက်ချင်းတော့ ဘာမှမဖြစ်ဘူးတဲ့ကွ။
အဘိုးရဲ့တပည့်ကျောက်ပွင့်ဆိုတဲ့လူ
လည်း ပြေးတော့တာပေါ့ကွာ။ အဲဒီ
နယ်ကို ဘယ်တော့မှကို ပြန်မလာ
တော့တာတဲ့ဟေ့။ အေး…ဒါပေမဲ့ ဘု
ရားကျောင်းစောင့်တဲ့ အဘိုးကြီးသေ
သွားပြီး ခုနှစ်နှစ်ကြာတော့ ငါ့အဘိုး
ဟာ ညအိပ်ရင်း အသုဘခေါင်းလောင်း
သံကြီး ကြားလို့ လန့် ,လန့်နိုးလာ
တယ်ဆိုပဲကွ။

ပထမတော့ တစ်လကို တစ်ခါလောက်
ကြားရတယ်ဆိုပဲ။ နောက်တော့ စိပ်
စိပ်လာတယ်တဲ့ကွ။ တစ်လ နှစ်ခါကြား
ရတယ်ဆိုပဲ။ နောက်တော့ တစ်လ
သုံးခါ၊ လေးခါ ၊ ငါးခါကနေ တစ်နာ
ရီတစ်ခါလောက် ကြားလာတယ်ဆိုပဲ။

အဘိုးလည်း နေ့ရော၊ ညရော အိပ်လို့
မရတော့ဘဲ ခေါင်းတွေကိုက်ပြီး အော်
နေရတယ်တဲ့ကွ၊ မှေးခနဲ အိပ်ပျော်လိုက်
ဒေါင်၊ ဒေါင်၊ ဆိုပြီး ခေါင်းလောင်းထိုးတဲ့
အသံကြီးပေါ်လာလိုက်၊ လန့်နိုးလိုက်နဲ့
နေ့ရော၊ ညရော မအိပ်နိုင်တော့ အစား
လည်း မဝင်တော့ဘူး။ လူလည်း ပိန်ချုံး
ပြီး မျက်တွင်းဟောက်ပက်ကြီးတွေ ဖြစ်
နေရောတဲ့ကွာ။ သူ့ကို လူတွေက မျက်
ခြေမပြတ် စောင့်ကြည့်နေတဲ့ကြားက
နေ တစ်နေ့မနက် အစောကြီးမှာ လူ
တွေ အိပ်ပျော်နေတုန်း အိမ်ကနေ
ထွက်သွားရောတဲ့ဟေ့။

အရင်ဆုံး နိုးလာတာက ငါဖထီးကွ။ ဒါနဲ့
ငါ့ဖထီးလည်း ချက်ချင်းထွက်လိုက်တော့
တောင်ပေါ်သို့ တရွေ့ရွေ့နဲ့တက်နေတဲ့
အဘိုးကို တွေ့လိုက်ရတာပေါ့ကွာ၊ ဖထီး
တောင်ပေါ်ရောက်တော့ ငါ့အဘိုးက
တောင်ထိပ်က ကမ်းပါးစပ်ကြီးမှာ ရပ်နေ
တာတဲ့ကွ။ ဒီမှာတင် ငါ့ဖထီးက သဘော
ပေါက်ပြီး…

“ဖထီး…မလုပ်နဲ့၊ မလုပ်နဲ့ ”

လို့လှမ်းအော်ပြောလိုက်တော့ အဘိုးက
နောက်ကို တစ်ချက်လှည့်ကြည့်ပြီး ပြော
သတဲ့”

“ဖိုးခွား…မင်းပြန်တော့၊ ဒီရွာမှာ မင်းတို့
မနေကြနဲ့ ။ ငါတော့ မခံနိုင်တော့ဘူး”

လို့ပြောပြီး ချောက်ကြီးထဲ ခုန်ချသွား
ရောတဲ့ဟေ့”

“ဟာ …ဖြစ်မှဖြစ်ရလေ ကိုကြီးဖိုးအောင်ရာ”

“အေး…ရွာကလူတွေဆိုတာ ချောက်ထဲ
ကို ဆင်းပြီး အလောင်းကိုမနည်းရှာကြ
ရတယ်ဆိုပဲ။ ပြီးတော့ အလောင်းက ပုံ
ပျက်၊ ပန်းပျက်ဖြစ်နေတဲ့အပြင် တောင်
ပေါ်ကို ပြန်သယ်ဖို့ ခက်နေတာနဲ့
ချောက်ထဲမှာပဲ သင်္ဂြိုဟ်ခဲ့ရတယ်တဲ့ကွ”

“သြော်…ဖြစ်ရလေဗျာ၊ ဘုရားကျောင်း
စောင့်ကြီးက ကျိန်စာတွေဘာတွေ
တိုက်သွားသလားမှမသိတာ ကိုကြီး
ဖိုးအောင်ရဲ့ ”

“အဲဒါတော့ မသိဘူး တာတေရ၊
ငါ့ဖထီးလည်း သူ့ဖထီး မန်းဖိုးခေါင်
မှာခဲ့တဲ့အတိုင်း ရှိသမျှအကုန်ရောင်း
ချပြီး အဲဒီရွာက ပြောင်းလာခဲ့ရောတဲ့ဟေ့”

“နေပါဦးဗျ။ ခင်ဗျားဖထီးက ဘန့်ဘွေး
ကုန်းကို ဘယ်လိုအဆက်နဲ့ ပြောင်း
ခဲ့တာတုန်းဗျ”

“ဒီလိုကွ…ဘန့်ဘွေးကုန်းရွာသား
သစ်ကုန်သည်တစ်ယောက် ရှိတယ်။
သူနာမည်က ဦးဘညွန့်တဲ့။ သူက မီး
ရထားဇလီဖားတုံးလုပ်ဖို့ ငါ့အဘိုးဆီ
မှာ ပျဉ်းကတိုးသစ်တွေ မကြာမကြာ
လာပြီး ဝယ်နေကျ။ အဲဒီ သစ်ကုန်
သည် ဦးဘညွန့်ရဲ့ အဆက်နဲ့ ယာ
တွေဝယ်၊ ဝိုင်းတွေဝယ်ပြီး ဘန့်ဘွေး
ကုန်းမှာ အခြေချခဲ့တာတဲ့ဟေ့”

“သြော်…ဒီလိုလား”

“ဒီတိုင်းက ငါ့ဖထီးက ထင်တာပေါ့ကွာ။
ဒီကိစ္စက ငါ့အဘိုးလုပ်ခဲ့တာတွေဆိုတော့
အဘိုးလည်း မရှိတော့ဘူး။ အဲဒီရွာကနေ
လည်း အပြီးပြောင်းခဲ့ပြီ။ ဗုဒ္ဓဘာသာလည်း
ကိုးကွယ်နေပြီဆိုတော့ အားလုံးပြီးသွား
ပြီလို့ ထင်တာပေါ့ကွာ။ ဒါပေမဲ့ ဖထီးတို့၊
အမိုးတို့ထင်သလို မဟုတ်ဘဲ ဆွေစဉ်
မျိုးဆက်ကိုပါ လိုက်လာတာဟေ့”

“ဒါဆိုတော့ မန်ဖိုးမောင်လည်း အဲဒီ
ခေါင်းလောင်းသံကို ကြားလာတာပေါ့
ဟုတ်လား ကိုကြီးဖိုးအောင်”

“အေးလေကွာ၊ မင်းကိုစောစောက
ငါပြောတဲ့အထဲမှာ ပါတယ်လေကွာ။
ငါ့ဖထီးလည်း အဲဒီအသုဘခေါင်း
လောင်းသံကြီး အစတော့ တစ်လ
တစ်ခါလောက် ကြားရတာကွာ။အိပ်
ပျော်နေရင်းက လန့်အော်ပြီး နိုးနိုး
လာတာဟေ့။ နောက်တော့ တစ်ည
ကို နှစ်ခါ၊ သုံးခါလောက်ကြားပြီး
လန့်လန့်အော်တယ်ကွ။ နောက်
တော့ အဘိုးတုန်းကလိုပဲ အသု
ဘခေါင်းလောင်းသံကြီးကြားရ
တာ စိပ်စိပ်လာတာပေါ့ကွာ’

“ဟာ …ကိုကြီးဖိုးအောင်ရယ်၊ ဆရာ
တွေ သမားတွေနဲ့ မေးစမ်းပြီး ဆေး
ဝါးမကုသဘူးလားဗျာ”

“နေပါ့မလား တာတေရာ၊ ပထမတော့
ဆရာတော်၊ သမားတော်ပင့်ပြီး ပရိတ်
ရွတ်၊ အိမ်ကိုစည်းချလုပ်တာပေါ့ကွာ။
နောက်တော့ ဘယ်ဆရာ ကောင်းတယ်
ဆို ပင့်လို့ရရင်ပင့်၊ပင့်လို့မရရင်သွားကု
ပေါ့ကွာ။ ဆရာတော်တွေလည်း မျိုးစုံ
ကုသပေးကြတာပဲကွာ တာတေရ”

“နို့ …အဲဒီလိုကုတော့ မသက်သာ
ဘူးလားဗျ”

“မသက်သာပါဘူးကွာ၊ ကုရင်းသရင်း
ကြားထဲကပဲ အဲဒီအသုဘခေါင်းလောင်း
သံကြီးကို ကြားနေတာပါပဲ တာတေရာ။
ငါ့ဖထီးဆိုတာ သနားဖို့ အင်မတန်ကောင်း
တာပါကွာ။ ညဘက်မှေးခနဲ အိပ်ပျော်သွား
တာနဲ့ သူ့နားထဲမှာ အသုဘခေါင်းလောင်း
သံကြီးက ဒေါင်၊ ဒေါင်၊ ဒေါင်ဆိုပြီး ကြား
ပြန်ရောတဲ့ကွာ။ လန့်အော်ပြီး နိုးလာပြန်
ရောဟေ့”

“နေ့ခင်းဘက် ပြန်အိပ်လို့ မရဘူးလားဗျ”

“အေး…စဖြစ်ခါစကတော့ ညဘက်ကို
မအိပ်တော့ဘဲ နေ့ဘက်ကို အိပ်တာပေါ့
ကွာ။ ညဆိုရင် မအိပ်ဘဲနဲ့ကို ငါ့ဖထီးက
ထိုင်နေတာကွ။ နောက်တော့ နေ့ခင်း
ဘက်လည်း အဲဒီခေါင်းလောင်းသံကြီး
ကို ကြားနေရတာကွ။ ဖထီးမှာ နေ့ရော၊
ညရော မအိပ်ရတော့ ပိန်ချုံးပြီး ငူတူတူ၊
ငိုင်တိုင်တိုင်ကြီး ဖြစ်လာတာပေါ့ကွာ။
တစ်ခါတစ်လေ သူ့အသိတစ်ယောက်
ယောက်က သူ့နာမည်ခေါ်ရင်တောင်
မှ ကြားတဲ့အခါကြား၊ မကြားတဲ့အခါ
မကြားနဲ့ပေါ့ကွာ”

“နေပါဦး ကိုကြီးဖိုးအောင်ရဲ့၊ ဒီတုန်း
က ကိုကြီးဖိုးအောင်က အသက်
ဘယ်လောက် ရှိပြီတုန်း”

“ငါ့အသက် ဆယ်နှစ်၊ ဆယ့်တစ်နှစ်
လောက်ပေါ့ကွာ”

“သြော်…ဒါကြောင့် အားလုံးသိနေတာကိုး”

“တစ်ခါတစ်ခါကျတော့ ဖထီးက တစ်
ယောက်တည်း ထိုင်ပြီး ငိုတဲ့အခါ ငိုနေ
တယ်။ တစ်ခါတစ်ခါကျတော့လည်း တစ်
ယောက်တည်းစကားတွေပြောနေတယ်။
ဒီတော့ ရွာထဲက လူတွေက ငါ့ဖထီးကို
စိတ်နောက်သွားပြီးလို့ ထင်တာပေါ့ကွာ။
ဒါပေမဲ့ ငါသိတာပေါ့ တာတေရာ၊ ငါ့ဖထီး
မရူးပါဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ဖ
ထီးမသေခင်တစ်ပတ်လောက်မှာ ငါ့ကို
ပြောတယ်ကွ”

” ဟင်…ဘာပြောတာတုန်းဗျ
ကိုကြီးဖိုးအောင်ရဲ့”

“ငါ့သား …မင်းအဘိုး ဘာကြောင့်သတ်
သေသွားတယ် ဆိုတာကို ဖထီးခုမှ နား
လည်တယ်။ မင်းအဘိုးလုပ်ခဲ့တဲ့ကိစ္စ
ဟာ ဘာကြောင့် ဖထီးဆီရောက်လာ
တယ်ဆိုတာ တွေးလို့မရဘူး။ ဖထီး
စိတ်ထဲမှာ စိုးရိမ်နေတာက မင်းကိုပဲ
ဖိုးအောင်၊ ဒီကိစ္စက ငါ့ဆီမှာတင် ရပ်
သွားရင် ကောင်းမယ်။ အဲဒီလို မရပ်
ဘဲ မင်းဆီကို ဆက်လာမှာ ဖထီးစိုး
ရိမ်တယ်ကွာလို့ ပြောတာကွ
တာတေရ”

“ဟာ…ဒီလောက်အထိတော့ ဆက်
လိမ့်မယ် မထင်ပါဘူးဗျာ”

ကိုကြီးဖိုးအောင်က အစီခံနားရောက်
နေတဲ့ သူ့လက်ထဲက နဂါးဆေးပေါ့
လိပ်ကလေးကို ဆက်တိုက်ဖွာထုတ်
လိုက်တယ်။ ပြီးတော့မှ…

“ဆက်တယ် တာတေရေ၊ ဆက်တယ်
ကွ။ အခု အဲဒါကြီး ငါ့ဆီကိုရောက်နေပြီ”

“ဗျာ…ဟုတ်လား ကိုကြီးဖိုးအောင်”

ကိုကြီးဖိုးအောင် ပြောရင်း မျက်နှာပျက်
သွားတယ်ဗျို့

“ငါအဲဒီ အသုဘခေါင်းလောင်းထိုးသံ
ဆိုတာကြီးကို ငါကြားတာ သုံးခါရှိပြီ
တာတေ။ အဲဒီလို အသံမျိုးကို ငါတစ်
ခါမှ ကြားတောင်ကြားဖူးတာ မဟုတ်
ပါဘူးကြာ”

“နေပါဦး ကိုကြီးဖိုးအောင်ရဲ့၊ ဘယ်
လိုအသံကြီးတုန်းဗျ”

“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်ဆိုတဲ့ အ
သံကြီးက လေးလေးကြီး မြည်နေတာ
ကွ။ ခပ်သွက်သွက် မြည်တာမဟုတ်
ဘူး။ ငိုချင်သလိုလို၊ ဘာလိုလို ဖြစ်
လာတာကြ”

” နေပါဦးဗျ အဲဒီအသံကြီးကို အိပ်မက်
မက်သလို ကြားရတာလား။ အပြင်မှာ
တကယ် ကြားရတာလား”

“ဟာ …တာတေကလည်း အပြင်မှာ
တကယ်ကိုကြားရတယ်ကွ။ကြားရ
တာတောင်မှာ အဝေးကြီးက ကြား
ရတာ မဟုတ်ဘူးကွ။ ကိုယ်နားနား
မှာကပ်ပြီး ထိုးလိုက်သလို ကြားနေ
ရတာ”

“နေဦး ကိုကြီးဖိုးအောင်၊ တစ်ခါကြားရင်
ဘယ်နှချက်လောက် ကြားရတုံးဗျ”

“ဆယ်ချက်၊ ဆယ့်နှစ်ချက်လောက်ကို
ကြားရတာကွ”

ကိုကြီးဖိုးအောင် ပြောရင်း မျက်ရည်
ကျလာတယ်။ ကျုပ်ဖြင့် စိတ်မကောင်း
လိုက်တာဗျာ။

“ငါ စိတ်မကောင်းတာက ငါ့သားလေး
ဖိုးဆောင်ဆီကို ရောက်လာမှာကို ငါ
တွေးမိလို့ပါကွာ။ ဒီလိုကိစ္စကြီးက ငါ
တို့ ဆွေစဉ်မျိုးဆက် ဘယ်နှဆက်
လောက်အထိ လိုက်နေဦးမှာတုံး
တာတေရာ”

“ခုလို ကိုကြီးဖိုးအောင် ဖြစ်နေတာကို
အစ်မစောကြည်ကိုရော ပြောပြသေး
လားဗျ”

“အခုထိတော့ ငါ့ဘယ်သူကိုမှ မပြော
သေးပါဘူးကွာ၊ မင်းကိုသာ အရင်ဆုံး
လာပြောတာပါ။ မင်းက ဆရာသမား
အဆက်အသွယ်တွေ ရှိတတ်တယ်
မို့လား။ ပြီးတော့ မင်းကိုယ်တိုင်လည်း
ဆရာတစ်ပိုင်း ဖြစ်နေတာလေကွာ”

“ဟာ…ကိုကြီးဖိုးအောင်လည်း ကျုပ်
ကတော့ ဆရာမဟုတ်ပါဘူးဗျာ။ကျုပ်
တွေးကြည့်တယ်၊ ဘုရားကျောင်း
စောင့် အဘိုးကြီး မသေခင်မှာ ဘာ
တွေများ ကျိန်စာတိုက်ခဲ့ပါလိမ့်လို့
ကျုပ်တွေးနေတာဗျ”

“ကဲ…ကိုကြီးဖိုးအောင်၊ စိတ်မလောက်
ပါနဲ့ဦးဗျာ။ ကျုပ် ဒီကိစ္စကို လုပ်ကြည့်
ပါ့မယ်။ နို့ …နေပါဦး ကိုကြီးဖိုးအောင်
ရဲ့၊ ခင်ဗျားအဘိုး မန်းဖိုးခေါင်ရဲ့ရွာက
နာမည်ဘာတဲ့တုံး”

“ပုသိမ်ဘက်ကနေ သွားရတာတဲ့ကွ။
ရိုးမတောင်ကြီးပေါ်မှာ ရှိတာလို့ပြော
တယ်။ ရွာနာမည်က’ဇလပ်ကုန်း’တဲ့ကွ”

“ကိုကြီးဖိုးအောင်ရဲ့ အဖေရှိတုန်းက
အဲဒီရွာကို သွားပုံ သွားနည်း သေသေ
ချာချာ မေးထားလိုက်ရဲ့လား”

“ဟ…တာတေရ၊ ငါ့အမိုး ရှိနေတာပဲ။
အမိုးလည်း အဲဒီရွာကပဲလေ”

“အေး…ဟုတ်သားပဲ ကျုပ်က အရီး
ရေအေးကို မေ့ပြီး ပြောနေတာဗျို့”

“ဘာတုန်း …မင်း အဲဒီရွာကို သွားချင်
လို့လား”

“နေဦးဗျ…ကျုပ်က လိုရမယ်ရ မေးထား
တာပါ။ ဘာလဲဆိုတာသိအောင် လုပ်ရ
ဦးမှာဗျ ကိုကြီးဖိုးအောင်ရ”

ကျုပ်စိတ်မကောင်းပါဘူးဗျာ။ ကိုကြီး
ဖိုးအောင် ပြန်သွားတော့ ကျုပ် ဒီအ
ကြောင်းကို ငိုင်ပြီးတွေးနေတုန်း…

“ဟဲ့ …တာတေ၊ ငရုတ်သီးထောင်းထား
သေးလား”

ဟော…အမေပြန်လာတာဗျို့။ ဝက်သား
တွဲကြီးလည်း ပါလာတယ်။

“ဟိုမှာဟေ့ …ထွန်းပွင့်က တော်တော်နဲ့
ကို အမွေးနုတ်၊ ခုတ်ထစ်ချိန်တွယ်နေတာ
မပြီးနိုင်လို့ စောင့်နေရတာဟေ့။ ဟဲ့ တာ
တေ နင်ကြည့်ရတာ ငိုင်တိုင်တိုင်ကြီးနဲ့
ဘာတုံး …နေမကောင်းလို့လား”

“နေကောင်းပါတယ် အမေရ၊ စော
စောက ဘန့်ဘွေးကုန်းက ကိုကြီး
ဖိုးအောင်နဲ့ထိုင်ပြီး စကားပြောနေလို့ပါ”

“ဘယ်သူဟဲ့”

“ဟိုလေ အမေရာ၊ ကရင်ကိုဖိုးအောင်
လေ”

“သြော်…ဆွဲကြိုးချသေသွားတဲ့ ဖိုးမောင်
ရဲ့သားလေး ထင်တယ်”

“ဟုတ်တယ်လေ အမေရာ၊ ဘန့်ဘွေး
ကုန်းမှာ ကရင်ဆိုလို့ သူတို့ပဲ ရှိတာပဲဗျာ”

“အေး အေး၊ နို့ …ကရင်လေး ဘာလာ
လုပ်တုံး”

“သူတို့ကိစ္စကလည်း တော်တော်ကို
ရှုပ်ထွေးတာ အမေရာ၊ ကျုပ်လည်း
ဘာဆိုတာ တွေးလို့တောင်မရဘူးဗျာ”

အဘယာထဲက ပြန်လာတဲ့အချိန်မှာ
အမေ့ရဲ့ဝက်သားဟင်းကလည်း နူး
နေပြီဗျ။ ကျုပ်ထုံးစံအတိုင်း သုံးပန်း
ကန်လောက်ကို စားပစ်လိုက်တာဗျို့။
ထမင်းစားပြီး ကျုပ်မန်ကျည်းအောက်
က ကျုပ်ရဲ့သစ်သားကွပ်ပျစ်ပေါ်မှာ
တစ်မှေးမှေးပြီး အမေခိုင်းထားတဲ့
မန်ကျည်းသီးတွေကို အသားဆွဲနေ
လိုက်တယ်။ တစ်နေကုန်ထိုင်ပြီး
အလုပ် လုပ်နေလိုက်တာ နေစောင်း
တော့ တော်တော်ကိုပြီးသွားပြီဗျ။

ညနေစောင်းတော့ ရေမိုးချိုး ထမင်းစား
ပြီး ကိုဖိုးအောင်ကြီးတို့ အကြောင်းတွေ
ကို ကျုပ်ဆက်တွေးနေမိတယ်။ အမေတို့ ၊
အဘတို့ အိပ်သွားတာတောင် ကျုပ်မအိပ်
နိုင်ဘူးဗျ။ တော်တော်လေး ညနက်တော့
မှ ကျုပ်အိပ်ရာဝင်ခဲ့တယ်။ ကျုပ်မဖဲဝါ
ပေးထားတဲ့ ကိုယ်ခွဲရုပ်ကလေးကို ထုတ်
ယူပြီး ကိုဖိုးအောင်တို့ကိစ္စကိုမေးတယ်။

ပြီးတော့ မဖဲဝါရဲ့ကိုယ်ခွဲရုပ်ကလေးကို
ကျုပ် ခေါင်းအုံးအောက်မှာထားပြီး အိပ်
လိုက်တယ်။ အနောက်ဘက်ကလေအေး
တွေ တိုက်နေလိုက်တာ ကျုပ်ဖြင့်ချမ်း
တောင်လာတယ်ဗျာ။ မိုးရွာတော့မှာလား
လို့ ကောင်းကင်ကို ကျုပ်မော့ကြည့်လိုက်
တယ်။ ဟာ…ကောင်းကင်ကြီး တစ်ခုလုံး
ပြာလို့ဗျ။ ကျုပ်အံ့သြသွားတယ်။ မိုးမ
ရွာဘဲ လေအေးတွေ တိုက်လှချည်လား
လို့ တွေးနေတာပေါ့ဗျာ။ ကျုပ် ရောက်
နေတာ တောစပ်ကလေး တစ်ခုဗျ။

“ဟဲ့…တာတေ၊ ငါ ဒီမှာ”

ကျုပ် နောက်ဘက်ကို လှည့်ကြည့်
လိုက်တယ်။ တစ်ပင်လုံးဝါထွန်နေ
အောင် ပွင့်နေတဲ့ ဆယ့်နှစ်ရာသီပင်
ကြီးအောက်မှာ ရပ်ပြီး ကျုပ်ကို လှမ်း
ခေါ်လိုက်တယ်ဗျ။ အိပ်မက်ထဲမှာ
ကျုပ်မြင်နေကျ ကောင်မလေးဗျ။

ကျုပ်နဲ့ အသက်အတူတူလောက်ပဲ။
ဒါ မဖဲဝါလေ။ ကျုပ် လန့်သွားမှာစိုးလို့
သူ့ရဲ့နဂိုပုံစံကိုဖျောက်ပြီး ကျုပ်နဲ့ရွယ်
တူလောက်ရှိတဲ့ ကောင်မလေးပုံစံအ
ဖြစ် ဖန်ဆင်းထားတာလေဗျာ။ ကျော
ဘက်ကို ချထားတဲ့ သူ့ဆံပင်မှာ ဆယ့်
နှစ်ရာသီပန်းအဝါလေးတစ်ပွင့် ပန်လို့ဗျ။

“မဖဲဝါကို ကျုပ် မေးစရာရှိလို့ဗျ။ ဘန့်
ဘွေးကုန်းမှာနေတဲ့ ကျုပ်မိတ်ဆွေ
ကိုကြီးဖိုးအောင်ရဲ့ အဘိုးကစပြီး နား
ထဲမှာ ခေါင်းလောင်းထိုးသံကြီး ကြား
ကြားပြီး ကိုယ့်ကိုယ်ကို သတ်သေ
ကြတာဗျ။ ကိုကြီးဖိုးအောင်ရဲ့အဖေ
လည်း ဘန့်ဘွေးကုန်းသုသာန်မှာ
သူ့ကိုယ်သူ သတ်သေသွားတာပဲ။
အဲဒီခေါင်းလောင်းသံကြီးကြားတာ
ပဲဗျ။ အခု ကိုကြီးဖိုးအောင်ပါ အဲဒီ
ခေါင်းလောင်းသံကြီးကြားနေရပြီဗျ။
ဘယ်လိုလုပ်ပေးရမယ်ဆိုတာ
ကျုပ်သိချင်လို့ပါ”

မဖဲဝါက သူ့ခေါင်းက ဆံပင်တွေ လှုပ်
သွားအောင် ခေါင်းညိတ်လိုက်တယ်။

“တာတေ …အဲဒါကျိန်စာသင့်နေတာ။
အခု မြေးအထိရောက်လာပြီ။မပြီးသေး
ဘူး။ ဆွေခုနှစ်ဆက်ထိသွားနေမှာ”

“ဟာ…ဖြစ်ရလေဗျာ။ ဘယ်လိုလုပ်ရင်
ဒီကျိန်စာပယ်နိုင်တုံးဗျ”

“ဘုရားကျောင်းပျက်က အဲဒီခေါင်း
လောင်းကြီးကို ထုခွဲပြီး ဖျက်ဆီးလိုက်
ရင်တော့ ရပ်သွားလိမ့်မယ်။ အဲဒီအရပ်
ကို နင်သွားဖို့ ကရင်လေးပါခေါ်သွား။
ဘုရားကျောင်းပျက်ထဲမှာရှိတဲ့ ကျိန်စာ
ရှင်ကိုတောင်းပန်။ တောင်းပန်လိုမှ မရ
ရင် ငါ့ကိုတလိုက်၊ ငါ့လိုက်လာပြီး တောင်
ပိုင်ကြီးကို အကူအညီတောင်းပေးမယ်။
ငါ့ရဲ့ကိုယ်ခွဲရုပ်ကို ပါအောင်ယူသွား
ကြားလား”

“ဟုတ်ကဲ့ပါ …သင်္ချိုင်းရှင်မကြီးဗျာ”

“ဒုံး …ဒုံး…ဒုံး …ဒုံး…ဝုႏ္း”

“ဟဲ့ …တာတေ၊ ထစမ်း ဘာသံတွေတုံး”

အမေ ကျုပ်ကို လှမ်းနိုးလို့ ကျုပ်နိုးသွား
တာဗျ။ တဒုံးဒုံး အသံတွေကို ကျုပ်လည်း
ကြားတယ်။

“တာတေ…ကြားလား၊ ဘာသံတွေတုံး”

“ကြောင်တွေပါဗျ အမေရ၊ အိမ်ခေါင်မိုး
ပေါ်မှာ ကြောင်တွေပြေးနေတာပါ”

“သိပါဘူးဟယ်၊ ငါ့ဖြင့်လန့်သွားတာပဲ”

ကျုပ်လည်း ပြန်အိပ်ပေမယ့် အိပ်လို့
မပျော်တော့ပါဘူးဗျာ။ စောစောက
အိပ်မက်ကိုပဲတွေးနေမိရောဗျို့။အိပ်
မက်ထဲမှာ မဖဲဝါပြောသွားတဲ့ အ
ကြောင်းတွေကို ကျုပ်သေသေချာ
ချာပြန်တွေးနေတာ။ မဖဲဝါပြော
တော့ ဘုရားကျောင်းပျက်ကြီးလို့
ပြောတယ်။ ဇလပ်ကုန်းက လူတွေ
ရဲ့ ဘုရားကျောင်းပဲ။ ဘာဖြစ်လို့
မဖဲဝါက ဘုရားကျောင်းပျက်လို့
ပြောရတာတုံးဆိုတာ ကျုပ်နား
မလည်ဘူး။

နောက်တစ်နေ့မှာပဲ ကျုပ် ဘန့်ဘွေး
ကုန်းကို ထွက်လာခဲ့တယ်။ ရွာလယ်
က ကိုကြီးဖိုးအောင်တို့ အိမ်ကိုသွား
တယ်။ အရီးရေအေးက ကျုပ်ကို
မမှတ်မိဘူးဗျ။ ကိုကြီးဖိုးအောင်ရဲ့
သားလေး စောဖိုးဆောင်ဆိုတာ
ငါးနှစ် ခြောက်နှစ်သားလေးဗျ။ အ
သားဖြူဖြူလေး။ သူ့အမေ မစော
ကြည်က အညာသူသာဆိုတယ်
အသားမညိုဘူးဗျ။

အသားဖြူတယ်။ ဒီတော့လည်း
ဖိုးဆောင်လေးက အသားဖြူတော့
တာပေါ့ဗျာ။ ကျုပ်နဲ့ ကိုကြီးဖိုးအောင်
က ဝိုင်းထဲက သစ်သားကွပ်ပျစ်မှာ
စကားပြောကြတယ်။ မဖဲဝါပြောတဲ့
ဆွေခုနှစ်ဆက်အထိ လိုက်မယ့်အ
ကြောင်း ပြောလိုက်တော့ ကိုကြီး
ဖိုးအောင် တော်တော်တုန်လှုပ်သွား
တာဗျို့။ သူ့သား စောဖိုးဆောင်
ကလေးကို လှမ်းကြည့်နေတယ်

“တာတေ …မင်းနဲ့ငါ ဇလပ်ကုန်းကို
သွားကြမယ်ကွာ။ အဲဒီခေါင်းလောင်း
ကြီးကို ထုခွဲပစ်လိုက်မယ်၊ တကယ်
လို့ ငွေပေးဝယ်ရမယ်ဆိုရင်လည်း
ငါဝယ်မယ် တာတေ၊ ပြီးမှ ထုခွဲပစ်
မယ်။ ခရီးစရိတ်အတွက် မင်းပိုက်
ဆံ တစ်ပြားတောင် မယူခဲ့နဲ့၊ ငါအ
လုံအလောက် ယူခဲ့မယ်”

နောက်သုံးရက်ကြာတော့ ကိုကြီး
ဖိုးအောင်နဲ့ကျုပ်နဲ့ ခရီးစထွက်တယ်။
ပုသိမ်ကနေ တစ်ဆင့် မော်တော်စီးပြီး
သွားရတယ်။ “ဆင်စုရွာကိုရောက်တော့
မော်တော်က လမ်းဆုံးသွားပြီ။ အဲဒီကနေ
ရိုးမပေါ်ကို စတက်ကြရတယ်။ ညနေ ၃
နာရီလောက်မှာ ဇလပ်ကုန်းကိုရောက်
တယ်။ ဒါပေမဲ့ ဇလပ်ကုန်းက အရင်ရွာ
မဟုတ်တော့ဘူးတဲ့ဗျ။

ဒါ…ရွာသစ်တည်ထားတာဆိုပဲ။ အရင်
ရွာတုန်းက ဘုရားကျောင်းက ခေါင်း
လောင်းကြီးက အလိုလို ထထထိုးနေ
တယ်ဆိုပဲဗျာ။ အဲဒီခေါင်းလောင်းကြီး
က အလိုလိုထပြီးထိုးတိုင်း ရွာထဲမှာ
လူတစ်ယောက်သေတာတဲ့ဗျို့

ဒါနဲ့ သူတို့တွေ ရွာပြောင်းပြီးတည်တာ
နှစ်ပေါင်းလေးဆယ်လောက်တောင်
ရှိပြီဆိုပဲ။ အရင်ရွာနေရာက အခုဆိုရင်
တောကြီးဖြစ်ပြီး တောင်ကုန်းပေါ်က
ချက်ကျောင်းပျက်ကြီးပဲ ရှိတော့တယ်
တဲ့ဗ်။

ကျုပ်တို့ကတော့ အဲဒီချက်ကျောင်း
ပျက်ထဲက ခေါင်းလောင်းကြီးကိုဖျက်
ဆီးဖို့လာတဲ့အကြောင်း ပြောပြတော့
ဇလပ်ကုန်းသားတွေက လန့်သွားကြ
တယ်ဗျ။ သူတို့လည်း အဲဒီခေါင်း
လောင်းကြီးကို ဖျက်ဆီးဖို့ ကြိုးစား
ခဲ့ကြတဲ့အကြောင်း ပြောတယ်ဗျ။

ဒါပေမဲ့ ခေါင်းလောင်းကို ဖျက်ဆီးဖို့
ကြံစည်တိုင်း သူတို့ရွာမှာ ဘေးဒုက္ခ
တစ်ခုမဟုတ် တစ်ခု ကြုံကြရတဲ့အ
ကြောင်း ပြောကြတယ်။ နောက်ဆုံး
တော့ သူတို့တွေ လုံးဝမနေဝံ့ကြ
တော့ဘဲ ရွာပြောင်းတည်ကြရတဲ့
အထိ ဖြစ်သွားရောတဲ့ဗျာ။

ကျုပ်တို့ကိုလည်း ခေါင်းလောင်းကို
ဖျက်ဖို့မဖြစ်နိုင်တဲ့အကြောင်းပြောပြီး
မလုပ်ဖို့တားကြတယ်။ သူတို့ဘယ်
လောက်ပဲ တားတား ကျုပ်တို့က အ
ဝေးကြီးကလာခဲ့ကြရတာဆိုတော့
မရ,ရအောင် ဖျက်မှာလို့ပြောပြီး
ဇလုပ်ကုန်းရွာဟောင်းကို ရှာဖို့ထွက်
ခဲ့တယ်။ ညနေ ၅ နာရီမှာ ဇလပ်ကုန်း
ရွာဟောင်းက ဘုရားကျောင်းပျက်
ကြီးကို ရောက်ခဲ့တယ်

မဖဲဝါက ဒါကြောင့် ဘုရားကျောင်း
ပျက်ကြီးလို့ ပြောတာဗျ။ ဘုရားကျောင်း
ပျက်ကြီးက ပျဉ်းကတိုးသစ်တွေနဲ့ဆောက်
ထားပေမယ့် အသုံးမပြုတာကြတော့ ပျက်
စီးပြီး ယိုင်နဲ့ပြိုကျနေတာပေါ့ဗျာ။ကျုပ်နဲ့
ကိုဖိုးအောင် ဘုရားကျောင်းပျက်ကြီးထဲ
ကို ဝင်ပြီး လိုက်ကြည့်ကြတယ်။

ထိုင်ခုံအကျိုးအပဲ့တွေ နည်းနည်းပါးပါး
ရှိတာကလွဲရင် တခြားဘာမှ မရှိတော့
ပါဘူး။ တောထဲမှာဆိုတော့ အစောကြီး
မိုးချုပ်တာပေါ့ဗျာ။ ကျုပ်နဲ့ကိုဖိုးအောင်
ကျုပ်တို့ပါလာတဲ့ ဖယောင်းတိုင်တွေ
ထုတ်ပြီး ထွန်းလိုက်ကြတယ်။ ကျုပ်နဲ့
ကိုဖိုးအောင် ဘုရားကျောင်းပျက်ကြီး
ရဲ့အလယ်မှာ ဒူးထောက်ထိုင်ကြပြီး

“ဘုရားကျောင်းစောင့်ကြီးဗျာ…ဟော
ဒီက စောဖိုးအောင်ရဲ့အဘိုး မန်းဖိုး
ခေါင်နဲ့ ခင်ဗျားနဲ့ဖြစ်ခဲ့တဲ့ ကိစ္စအတွက်
မန်းဖိုးခေါင်ရဲ့မြေးဖြစ်တဲ့ စောဖိုးအောင်
က ဘုရားကျောင်းစောင့်ကြီးကို လေး
လေးနက်နက် တောင်းပန်ပါတယ်ဗျာ။
လူကြီးတွေ ဖြစ်ခဲ့တဲ့ ရန်ငြိုးရန်စတွေ
ကို ဒီမှာပဲ ရပ်ပေးလိုက်ပါဗျာ။ စောဖိုး
အောင်က အနူးအညွတ်တောင်းပန်
ပါတယ်”

“ဟုတ်ပါတယ် …ဘုရားကျောင်းစောင့်
ကြီး၊ ကျုပ်ဖိုးအောင် အနူးအညွတ်
တောင်းပန်ပါတယ်ဗျာ”

“ဝုန်း ဒိုင်း ဝုန်း ဝုန်း”

ဟာ…ဖြူဖြူအရိပ်ကြီးတစ်ခု ရိပ်ခနဲ
ဖြတ်ပြေးသွားတာ မြင်လိုက်ရတယ်
ဗျို့။ ပြီးတာနဲ့ ဘုရားကျောင်းပျက်ကြီး
ရဲ့ ပိတ်ထားတဲ့တံခါးတွေဟာ သူ့အလို
လိုကို ဝုန်းခနဲပွင့်ထွက်ကုန်ရောဗျို့။ဘု
ရားကျောင်းပျက်ကြီးရဲ့ ကြမ်းပြင်ပေါ်
မှာ လဲပြိုနေတဲ့ခုံတွေလည်း လေထဲ
ကို မြောက်တက်ပြီး ဒုန်းခနဲမြည်
အောင် ကြမ်းပြင်ပေါ်ကို ပြန်ကျ
လာတယ်။

“သွားပြီ…ကိုကြီးဖိုးအောင်ရေ၊
ဘယ်လိုမှတောင်းပန်လို့ရမယ့်ပုံ
မပေါ်ဘူးဗျာ”

“ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်”

ဟာ…ခေါင်းလောင်းကြီး ထိုးပြီဗျို့။
သူ့အလိုလိုကို ထိုးတာဗျာ။

“အောင်မယ်လေးဗျာ၊ ခေါင်းတွေ
ကွဲတော့မယ်ဗျ”

ကိုဖိုးအောင်က သူ့နားနှစ်ဖက်ကို
လက်ဝါးနဲ့အုပ်ပြီး ကြမ်းပြင်မှာ ခေါင်း
စိုက်ပြီး အော်နေတာဗျို့။ ကျုပ်ဖြင့်
ကြက်သီးတွေ ထလိုက်တာဗျာ။
မပြောပါနဲ့တော့။ ကျုပ်ချက်ချင်း
မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးကို
ထုတ်ယူလိုက်ပြီး…

“သင်္ချိုင်းရှင်မကြီး မဖဲဝါခင်ဗျား
…ကျုပ်တို့ဘုရားကျောင်းပျက်ကြီး
ထဲကို ရောက်နေပါပြီ။အခု ဘုရား
ကျောင်းစောင့်ကြီးကို တောင်းပန်
နေတာပါ။ ဘယ်လိုမှ တောင်းပန်
လို့ မရဘဲ ဝုန်းဒိုင်းကြဲနေပြီဗျာ။
ခေါင်းလောင်းကြီးလည်း မရပ်
တော့ဘဲ ထိုးနေပြီဗျာ။ ကိုကြီးဖိုး
အောင်လည်း အော်ဟစ်နေပြီ
မဖဲဝါ အမြန်ကြွလာခဲ့ပါဗျာ”

ကျုပ်လည်း မဖဲဝါကို ချက်ချင်းပင့်
ရတော့တာပေါ့ဗျာ။ ဘုရားကျောင်း
ကြီးတစ်ခုလုံး ဗြောင်းကိုဆန်နေပြီဗျို့။

“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”

“အောင်မယ်လေးဗျာ…ခေါင်းကြီး
ကွဲထွက်တော့မယ်ဗျာ ရပ်လိုက်
ပါတော့ဗျာ”

“ဝုန်း ဝုန်း ဒိုင်း ဒုန်း ဒုန်း”

“ကိုကြီးဖိုးအောင် သတိထား၊
သတိထား၊ စိတ်မလျှော့လိုက်နဲ့ ”

“ဂျိမ်း၊ ဂျိမ်း၊ ဂျိမ်း”

ဟာ…နွေခေါင်ခေါင်ကြီး ချက်ချင်း
မိုးတွေ ချိန်းလာပြီဗျို့။ ဘာတွေဖြစ်
ကုန်ပြီလဲတော့ မသိဘူးဗျာ။ ချက်
ချင်းကို မိုးသက်မုန်တိုင်း ကျလာ
တာဗျို့။

“ဝေါ ဝေါ ဝေါ”

ဟာ…မိုးကြီး၊ လေကြီးကျတာဗျို့။
ကျုပ်တို့တွန်းထားတဲ့ ဖယောင်းတိုင်
တွေ ငြိမ်းကုန်ပြီ။ ဘုရားကျောင်းတစ်
ခုလုံး မှောင်သွားပြီဗျာ။ ဟာ…လျှပ်စီး
တွေ တဝင်းဝင်း လက်နေတာဗျ။

လျှပ်စီးအရောင်ကြောင့် ဘုရားကျောင်း
ကြီးထဲမှာ လင်းခနဲ ဖြစ်ဖြစ်သွားတုန်း
မြင်လိုက်ရတာဗျ။ ဖြူဖြူအရိပ်ကြီးတစ်
ခုက ကိုကြီးဖိုးအောင်ကို စိုက်ကြည့်
နေတာဗျို့။ ကျုပ်ချက်ချင်းပြေးပြီ
ကျုပ်လွယ်ထားတဲ့ ကျုပ်လွတ်အိတ်
ထဲမှာက ဆေးဝါးတွေ၊ အင်းတွေ
အစုံပါတယ်လေဗျာ။

ကိုဖိုးအောင် စောစောကလို မအော်
တော့ဘူးဗျ။ မိုးသံ လေသံတွေအောက်
မှာ တစ္ဆေကြီးထိုးတဲ့ ခေါင်းလောင်းသံ
က ပျောက်သွားတယ်။ တစ္ဆေကြီး
တော်တော်ကို ဒေါသဖြစ်သွားပုံပဲဗျ

“ဝီး ဝီး ဝီး ဒုန်း ဒုန်း ဂျိမ်း ဂျလိမ်း
ဂျလိမ်း ခလွမ်း ခွမ်း ခွမ်း”

ဟာ…မိုးကြိုးပစ်ပြီဗျို့။ ဟာ…ခေါင်း
လောင်းကြီးကို ပစ်ချလိုက်တာဗျို့။
ဟာ…ဘုရားကျောင်းထဲကို တိုးဝင်
လာတဲ့ လေပွေကြီးနဲ့ ဖြူဖြူအရိပ်
ကြီးပါသွားပြီဗျို့။ ဟာ…ခေါင်းလောင်း
ကြီးလည်း ခေါင်းလောင်းစင်အောက်
က သမံတလင်းပေါ်မှာ ကွဲပြီးတစ်စ
စီကို ဖြစ်နေပြီဗျာ

ဝင်းခနဲ ဝင်းခနဲ လက်နေတဲ့ လျှပ်စီး
ရောင်အောက် ကျုပ်မြင်လိုက်ရတဲ့
မြင်ကွင်းတွေပေါ့ဗျာ။

“ကိုကြီးဖိုးအောင်…ကိုကြီးဖိုးအောင်၊
ခေါင်းလောင်းကြီးကို မိုးကြိုးပစ်လို့
ကွဲသွားပြီဗျ”

“ဟေ…ဟုတ်လား တာတေ၊ ဟာ
ဝမ်းသာလိုက်တာကွာ၊ ဒါ…ဒါဆိုရင်
ငါတို့ကျိန်စာတွေ ပြယ်ပြီပေါ့ကွ”

“ဟုတ်တယ်ဗျ…ဟုတ်တယ်၊ စော
စောက လေတစ်ချက်စောင့်တိုက်
လိုက်တုန်းက ဖြူဖြူအရိပ်ကြီးလည်း
ပါသွားပြီဗျ”

“ဟေ…ဟုတ်လား၊ မင်းမြင်လိုက်လား
တာတေ”

“မြင်လိုက်တယ်ဗျ…ကိုကြီးဖိုးအောင်ရဲ့။
ကျုပ် သေသေချာချာကို မြင်လိုက်တာ”

“ဟာ…ဝမ်းသာလိုက်တာကွာ”

လေလည်း တဖြည်းဖြည်း ငြိမ်သွားပြီ။
မိုးလည်းစဲသွားပြီဗျ။ ကျုပ်တို့လည်း
ငြိမ်းသွားတဲ့ ဖယောင်းတိုင်တွေကို
ပြန်ထွန်းလိုက်ကြတယ်။ ဘုရား
ကျောင်းပျက်ကြီးလည်း ငြိမ်သက်
နေပြီ။ ကျုပ်တို့နှစ်ယောက် ဖယောင်း
တိုင်မီး တစ်ယောက်တစ်တိုင်ကိုင်
ပြီး သံမံတလင်းပေါ်မှာ တစ်စစီကွဲ
ကြေနေတဲ့ ခေါင်းလောင်းကြီးကို
သွားကြည့်ကြတယ်။

“ကိုကြီးဖိုးအောင် …ခေါင်းကိုက်သေး
လားဗျ”

“မကိုက်တော့ဘူးကွ တာတေရ”

ကျုပ်တို့နှစ်ယောက် တစ်ညလုံး
နဂါးဆေးပေါ့လိပ်ကလေးတွေ ဖွာ
ရင်း ဘုရားကျောင်းပျက်ထဲမှာ
ထိုင်ရင်း မိုးလင်းရတာပေါ့ဗျာ။
နှစ်ယောက်စလုံး အိပ်ကိုမအိပ်
ရဲတာဗ်။

နောက်နေ့ ကျုပ်တို့နှစ်ယောက်
တောင်ပေါ်က ပြန်ဆင်းတော့ ဇလပ်
ကုန်းက လူတွေ ဝမ်းသာအားရ ကြို
ကြတယ်ဗျို့။ ကျုပ်တို့က ညက မုန်
တိုင်းကျပြီး လေရော မိုးရောရွာချ
ပြီး မိုးကြိုးပစ်ချလိုက်လို့ ဘုရား
ကျောင်းပျက်ကြီးထဲက ခေါင်းလောင်း
ကြီးကွဲသွားတဲ့အကြောင်း ပြောပြ
တော့ အားလုံးအံ့သြနေကြတာဗျ။

“ညက ဘယ်လိုလုပ် လေကြီးမိုးကြီး
ကျမှာတုံး။ ဒီလောက် နွေခေါင်ခေါင်
ကြီးမှာ”

လို့ ပြောကြတော့ ကျုပ်ဖြင့် အံ့သြ
လိုက်တာဗျာ။ ဒါဆိုရင် မုန်တိုင်းကျ
ပြီး မိုးတွေရွာ၊ လေတွေတိုက်၊ မိုးကြိုး
တွေပစ်တာ ။ တောင်ပေါ်က ဘုရား
ကျောင်းပျက် ဝင်းကြီးထဲမှာတင် ဖြစ်
သွားတယ် ဆိုတာကို ကျုပ်တွေးမိပြီး
တော်တော်ကို အံ့သြသွားတာဗျ။

မဖဲဝါ ကျုပ်ကို ပြောလိုက်တဲ့အတိုင်း
တောင်ပိုင်နတ်ကြီးကို အကူအညီ
တောင်းလိုက်တာပဲ ဆိုတာကို ကျုပ်
သေသေချာချာ နားလည်သွားတာ
ပေါ့ဗျာ။ ကျုပ်တို့နှစ်ယောက် ရွာကို
ပြန်ရောက်တော့ ကိုကြီးဖိုးအောင်က
အမဲသားတစ်ပိဿာဝယ်ပြီး မဖဲဝါ
ကို စားပွဲပေးလိုက်တယ်ဗျ။

ကျုပ်အားလုံး လုပ်ပေးရတာပေါ့ဗျာ။

အဲဒီကတည်းက ကိုကြီးဖိုးအောင်လည်း
အသုဘခေါင်းလောင်သံကြီး မကြားရ
တော့ဘူးတဲ့ဗျာ။

ပြီးပါပြီခဗျာ

စာဖတျပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေး
လုပ်ပေးပါအုံးဗျာ။

Zawgyi(version)

တစ္ေဆထိုးတဲ့ ေခါင္းေလာင္းသံ(စ/ဆုံး)
~~~~~~~~~~~~~~~~~~~~
မူရင္း _ဆရာ တာေတ

က်ဳပ္တို႔အညာႏြေပူခ်က္ဗ်ာ။
က်ဳပ္ျဖင့္ အိမ္လည္မထြက္နိုင္ေတာင္
ေလးငါးရက္ရွိေပါ့၊ က်ဳပ္အေမကလည္း
က်ဳပ္အိမ္မွာကပ္ေနၿပီဆိုတာနဲ႕ ခိုင္းစ
ရာေတြ တန္းစီးၿပီးခိုင္းေတာ့တာဗ်ိဳ႕။

ဟုတ္ေတာ့လည္း ဟုတ္သားဗ်။ အိမ္
အလုပ္ဆိုတာလည္း မလုပ္ရင္သာရွိ
မယ္၊ လုပ္လို႔ကေတာ့ နားရမွာေတာင္
မဟုတ္ဘူးဗ်။ ေရစည္တိုက္၊ ႏြားစား
ေျပာင္းရိုးေတြသြားရိတ္၊ ႏြားစားစဥ္း၊
ဆီႀကိတ္၊ ၿမိဳ႕တက္၊ ႏွမ္းေရာင္း၊ပဲ
ေရာင္းသြား၊ ေတာထဲဝင္ ထင္းေခြ၊
ရပ္ေရး႐ြာေရး ရွိရင္ထလုပ္၊ ဆရာ
ေတာ္ေက်ာင္းက ေဝယ်ာဝစၥသြား
လုပ္နဲ႕ဗ်ာ။ ဘယ္မွာအားလိမ့္မတုံးဗ်ာ။

“ဟဲ့ တာေတ၊ နင္ဘယ္မွာ မသြား
ဘူးလား”

“ဒီေလာက္ပူတာဗ်ာ၊ က်ဳပ္ျဖင့္ သြား
ခ်င္စိတ္ကို ကုန္ေရာ အေမရာ”

“ဘယ္မွမသြားလည္း အေမ့ကိုမန္
က်ည္းသီး အသားဆြဲေပးပါလားေတာ္”

က်ဳပ္တို႔ဆီမွာက မန္က်ည္းသီးမွည့္
ခ်ိန္ဆိုရင္ ကိုယ္အပင္ေတြမွာ ကိုယ္
ဆြတ္ၿပီး အသားထုတ္ၾကတာဗ်။ အဲ
ဒါကို အသားဆြဲတယ္ကို ေျပာတာ။
ၿပီးရင္ စဥ့္အိုးကေလးေတြနဲ႕သိပ္ၿပီး
ႏွစ္တစ္ပတ္လည္ စားၾကတာေပါ့
ဗ်ာ။ က်ဳပ္တို႔အညာဟင္းေတြမွာက
ခရမ္းခ်ဥ္သီးနဲ႕ မန္က်ည္းသီးလြတ္
တာ ရွားလားဗ်။ ငါးေျခာက္၊ ငါးျခမ္း
ခ်က္ရင္လည္း မန္က်ည္းသီးမွည့္
ေလး အုပ္ၾကတာပဲေလဗ်ာ။

က်ဳပ္က အိမ္ေပၚတက္ၿပီး ေျမဆီအိတ္
ခြံ၊ ပလတ္စတစ္အိတ္နဲ႕ ထည့္ထားတဲ့
မန္က်ည္းသီးေတြကို ထမ္းယူခဲ့တယ္။
ၿပီးေတာ့ က်ဳပ္အိပ္ေနက် သစ္သား
ကြပ္ပ်စ္ေဘးမွာ ဝါးဖ်ာၾကမ္းတစ္ခ်ပ္
ခင္းၿပီး မန္က်ည္းမွည့္ေတြကို အသား
ထိုင္ဆြဲေရာဗ်ိဳ႕။

“တာေတ နင့္အေမရွိလား”

က်ဳပ္က မန္က်ည္းသီးထဲကို အာ႐ုံ
ေရာက္ေနတုန္းဝိုင္းဝက အသံၾကား
လိုက္တာဗ်ိဳ႕။ဝိုင္းဝကို လွမ္းၾကည့္
လိုက္ေတာ့ ႐ြာေနာက္ပိုင္းက မျပား
ၾကည္ဗ်။ ေခါင္းေပၚမွာ ပုဆိုးတစ္
ထည္တင္လို႔။

“ဟာ ေထြးေလးျပားၾကည္ လာေလ။
အေမရွိတယ္။ မီးဖိုထဲမွာ ထမင္းခ်က္
လို႔ဗ်။ က်ဳပ္ေခၚလိုက္ရမလား”

“ေၾသာ္ေအး ေအး၊ မေခၚနဲ႕ တာေတ၊
ေထြးေလး အိမ္ေပၚတက္သြားလိုက္မယ္
နင့္ကိုေတာ့ အရီးက အလုပ္ေပးထား
ၿပီထင္တယ္”

“ဟုတ္ပ ေထြးေလရာ၊က်ဳပ္အတြက္
ေတာ့ ႏွစ္ရက္စာေလာက္ ဖူလုံသြား
ၿပီေပါ့ဗ်ာ”

“ဒါထက္ ဘိုးဥာဏ္ေရာ မျမင္ပါလား”

“အဘက ယာထဲသြားတယ္ဗ်၊ ဟိုရက္
က က်ဳပ္ေျမဆီပက္ထားတာ အေျခ
အေနသြားၾကည့္တယ္ဗ်”

“ေၾသာ္ ”

က်ဳပ္နဲ႕ စကားေျပာရင္း ေထြးေလး
ျပားၾကည္က အိမ္ေပၚတက္သြားေရာဗ်။

“ဟဲ့ ျပားၾကည္လား၊ လာေဟ့ ဒီကို။
အရီးက မီးမိုးထဲမွာ ထမင္းအိုးငွဲ႕လက္စ
ျဖစ္ေနလို႔ ျပားၾကည္ေရ”

“လာၿပီ အရီးေရ လာၿပီ”

အေမနဲ႕ ေထြးေလးျပားၾကည္နဲ႕ မီးဖိုထဲမွာ
စကားေျပာၾကတဲ့ အသံကို က်ဳပ္သဲ့သဲ့ပဲ
ၾကားရေတာ့တယ္ဗ်ိဳ႕။ ခဏေနေတာ့
အေမကလည္း ေထြးေလးျပားၾကည္လို
ပဲ ပုဆိုးတစ္ထည္ ေခါင္းေပၚတင္ၿပီး ႏွစ္
ေယာက္သား ထြက္လာၾကတယ္ဗ်။

“တာေတငါျပားၾကည္နဲ႕ အေနာက္ပိုင္း
ကို လိုက္သြားလိုက္ဦးမယ္။ ထြန္းပြင့္တို႔
ဒီေန႕ ဝက္ေပၚလို႔တဲ့။ ဆုံသားသြားယူ
လိုက္ဦးမယ္”

“အေမ က်ဳပ္ဖို႔ ကလိစာနည္းနည္း
ထည့္ဝယ္ခဲ့ဗ်ာ၊ က်ဳပ္င႐ုတ္သီးတစ္
ဆုံ ေထာင္းထားလိုက္မယ္”

“ေအး ေအး ေထာင္းထား ေထာင္းထား
ကလိစာပါ ထည့္ယူခဲ့မယ္”

က်ဳပ္အိမ္ေနာက္ေဖးဘက္ကို ဝင္ၿပီး
င႐ုတ္သီးတစ္ဆုံကို ဥာက္ၿပီး ေစးပိုင္
ေနေအာင္ ေထာင္းထားလိုက္တယ္ဗ်ိဳ႕။
ၿပီးေတာ့မွဝိုင္းထဲက မန္က်ည္းပင္
ေအာက္ကို ျပန္လာၿပီး မန္က်ည္းသီး
အသားဆြဲရတာေပါ့ဗ်ာ။ ဒီႏွစ္သီးတဲ့
မန္က်ည္းသီးေတြကလည္း အသား
ေပါပါ့ဗ်ာ။

“တာေတေရငါပါကြ”

” ဟာ ကိုႀကီးဖိုးေအာင္၊ လာေလဗ်ာ၊
ဟိုေန႕ကေတာင္ ဘန့္ေဘြးကုန္းက
သိန္းေဇာ္နဲ႕ေတြ႕လို႔ ကိုႀကီးဖိုးေအာင္
ေနေကာင္းလားလို႔ ေမးရေသးတယ္”

“ေအး သိန္းေဇာ္ေျပာတယ္ကြ တာ
ေတရ၊ အဲဒါေၾကာင့္လည္း မင္းကိုသ
တိရသြားၿပီး လာခဲ့တာေပါ့ကြာ”

“ကဲလာဗ်ာ၊ ကိုႀကီးဖိုးေအာင္”

ကိုႀကီးဖိုးေအာင္က ကရင္ဗ်။ သူ႕နာ
မည္က ေစာဖိုးေအာင္တဲ့။ သူ႕အေဖက
မန္ဖိုးေမာင္တဲ့ဗ်။ ကိုႀကီးဖိုးေအာင္ဆယ္
ႏွစ္သားေလာက္မွာ သူ႕ကိုယ္သူ ဆြဲႀကိဳး
ခ်ၿပီး သတ္ေသသြားတာတဲ့။ က်ဳပ္တို႔က
အငယ္ကေလးပဲ ရွိေသးေတာ့ မသိလိုက္
ဘူးေပါ့ဗ်ာ။ က်ဳပ္တို႔ႀကီးလာမွ လူႀကီးေတြ
က ေျပာလို႔သိရတာဗ်။ လႊတ္ရိုးသားတဲ့
လူႀကီးဆိုပဲ။ ဘယ္လိုျဖစ္ၿပီး သူ႕ကိုယ္သူ
သတ္ေသသြားတယ္ဆိုတာ ဘယ္သူမွ
ကို မေတြးတတ္ၾကေတာ့တာဗ်။

တခ်ိဳ႕ကေျပာေတာ့လည္း စိတ္ေနာက္
သြားတာတဲ့။ တခ်ိဳ႕ကေျပာေတာ့လည္း
မန္းဖိုးေမာင္ႀကီးက ကရင္ဆိုေတာ့
ကြင္းေတြ၊ ဘာေတြ မတင္မျမႇောက္လို႔
ကြင္းပိုင္လုပ္လိုက္တာတဲ့ဗ်။ တျဖည္း
ျဖည္း စိတ္ေနာက္လာၿပီး သတ္ေသ
သြားတာဆိုပဲ။ လူေတြကေတာ့ အမ်ိဳး
မ်ိဳး ေျပာၾကတာေပါ့ဗ်ာ။ က်ဳပ္က ကို
ႀကီးဖိုးေအာင္ကို ကြပ္ပ်စ္ေပၚမွာ ထိုင္
ခိုင္းၿပီး ေရႏြေးၾကမ္းနဲ႕ ဧည့္ခံလိုက္
တယ္ဗ်။ နဂါးေဆးေပါ့လိပ္တစ္လိပ္
မီးညွိၿပီး ကမ္းေပးလိုက္တယ္။

“ေရာ့ ကိုႀကီးဖိုးေအာင္၊ ေဆးလိပ္
ကေလးဖြာလိုက္ဦး”

ကိုႀကီးဖိုးေအာင္က က်ဳပ္ကမ္းေပးလိုက္တဲ့
နဂါးေဆးေပါ့လိပ္ကို လွမ္းယူၿပီး ႏွစ္ဖြာ၊ သုံး
ဖြာ ဆက္တိုက္ဖြာလိုက္တယ္။ က်ဳပ္က ဝါး
ပိုးဝါးကို ျဖတ္ၿပီး အဖုံးအပိတ္နဲ႕ လုပ္ထား
တဲ့ ေရႏြေးက်ဳတ္ထဲက တ႐ုတ္ေႂကြကရား
အိုးေလးကို ဆြဲထုတ္ၿပီး ကိုႀကီးဖိုးေအာင္
အတြက္ ေရႏြေးငွဲ႕ေပးလိုက္တယ္။ ကိုႀကီး
ဖိုးေအာင္ကလည္း နဂါးေဆးေပါ့လိပ္ကို
ဘယ္ဘက္လက္ကို ေျပာင္းလိုက္ၿပီး
လက္ညွိုးနဲ႕ လက္ခလယ္ၾကားမွာ
ညွပ္ထားလိုက္တယ္။ ၿပီးေတာ့ ညာ
ဘက္လက္နဲ႕ ေရႏြေးၾကမ္းပန္းကန္ကို
ကိုင္ၿပီး ‘ဖူးကနဲ၊ဖူးကနဲ’မႈတ္လိုက္၊
ေသာက္လိုက္လုပ္ေနေရာဗ်။

က်ဳပ္တို႔အညာသားေတြက ဘယ္
ေလာက္ပူပူ ေနပူထဲကလာရင္ ေရေအး
ေသာက္ေလ့ေသာက္ထ မရွိဘူးဗ်။ ေရ
ႏြေးပူပူကိုပဲ ‘တဖူးဖူး’နဲ႕မႈတ္ေသာက္ၾက
တာ။ ကိုႀကီးဖိုးေအာင္က ေရႏြေးတစ္ပန္း
ကန္ ကုန္သြားေတာ့ နဂါးေဆးေပါ့လိပ္
ကေလးကို ျပန္ဖြာျပန္ေရာဗ်။ တာေတ
တို႔ အညာသားေတြအတြက္ေတာ့ ေဆး
လိပ္နဲ႕ ေရႏြေးၾကမ္းဟာ အေမာေျပ
ေဆးေပါ့ဗ်ာ။

“ကိုႀကီးဖိုးေအာင္ ဘယ္ကလွည့္
လာတာတုန္းဗ်”

“ဘယ္ကမွ လွည့္မလာဘူး။ မင္းဆီ
ကို သက္သက္လာခဲ့တာကြ”

ကိုႀကီးဖိုးေအာင္က ကရင္ဆိုေတာ့
က်ဳပ္တို႔အညာသားေတြလို အသား
မညိုဘူးဗ်။ အသားျဖဴတယ္၊ အရပ္
ကလည္း ရွည္ရွည္၊ ပိန္ပိန္ပါးပါးနဲ႕
ႏႈတ္ခမ္းေမြးကလည္း ရွိေသးဗ်။
မ်က္လုံးက ျပဴးျပဴးနဲ႕ လူကေတာ့
လႊတ္ရိုးတဲ့လူဗ်။ သူ႕အေဖႀကီးမရွိ
တဲ့ေနာက္ သူ႕အေမကလည္း ေနာက္
အိမ္ေထာင္ မျပဳခဲ့ပါဘူး။ မိန္းမသား
တန္မဲ့ ယာေတြကို ဦးေဆာင္ၿပီး
လူငွားေတြနဲ႕ လုပ္ခဲ့တာဗ်။

ခုေတာ့ ကိုႀကီးဖိုးေအာင္အေမ ေဒၚ
နန္းေရေအးလည္း အိုရွာပါၿပီ။ က်ဳပ္
တို႔ ႐ြာေတြမွာက က်ဳပ္တို႔လို ဗမာအ
ညာသားေတြခ်ည္း ရွိတာဗ်။ ကိုႀကီး
ဖိုးေအာင္တို႔လို ကရင္ဆိုတာ ရွိတာ
မဟုတ္ဘူး။ သူတို႔မိသားစုပဲ ရွိတာ။
ခုေတာ့ ယာေတြကို ကိုႀကီးဖိုးေအာင္
ပဲ ဦးစီးလုပ္ကိုင္ေနရတာေပါ့ဗ်ာ။ ဒါ
ေပမဲ့ ကိုႀကီးဖိုးေအာင္က လႊတ္အ
လုပ္ ႀကိဳးစားတာဗ်။ အေသာက္
အစားလည္း မရွိဘူး။ စီးပြားေရးက
ေတာ္ေတာ္ကို ေခ်ာင္လည္ၾကပါ
တယ္။ ကိုႀကီးဖိုးေအာင္ အိမ္ေထာင္
က်တာလည္း ဘန့္ေဘြးကုန္းက
မေစာၾကည္နဲ႕ အိမ္ေထာင္က်တာ။

မေစာၾကည္က ဗမာေလဗ်ာ။ ဘန့္ေဘြး
ကုန္းသူပဲ။ ဒီေတာ့ ကိုႀကီးဖိုးေအာင္ရဲ႕
သားေလးကေတာ့ ကရင္ကျပားေလး
ျဖစ္သြားတာေပါ့ဗ်ာ။ ဒါေပမဲ့ နာမည္ကို
ေတာ့ ေစာဖိုးေဆာင္လို႔ မွည့္ထားတာ
ဗ်။ ကိုႀကီးဖိုးေအာင္လို အသားျဖဴျဖဴ၊
မ်က္လုံးျပဴးျပဴးေလးနဲ႕ဗ်။ ငါးႏွစ္သား၊
ေျခာက္ႏွစ္သားေလာက္ေတာ့ရွိမယ္။

“ေျပာပါဦး ကိုႀကီးဖိုးေအာင္ရဲ႕က်ဳပ္
ဆီကိုလာတာ ကိစၥမ်ားရွိလို႔လားဗ်”

က်ဳပ္ေမးလိုက္ေတာ့ ကိုႀကီးဖိုးေအာင္
မ်က္ႏွာပ်က္သြားတယ္ဗ်။ ေခါင္းေလး
တဆိတ္ဆိတ္ညိတ္လိုက္ၿပီးမွ ေျပာတယ္။

“ငါ ဒုကၡေတြ႕ေနၿပီ တာေတ”

ကိုႀကီးဖိုးေအာင္က စကားကို ဆက္
ဆက္မေျပာဘဲ ရပ္ထားလိုက္တယ္။

“ဟင္ဒုကၡေတြ႕ေနတယ္ ဟုတ္လား
ကိုႀကီးဖိုးေအာင္ ဘာဒုကၡမ်ားတုံးဗ်”

ကိုႀကီးဖိုးေအာင္က အသက္သုံးဆယ္
ႏွစ္ႏွစ္၊သုံးႏွစ္ေလာက္ ရွိၿပီဗ်၊ လႊတ္ရိုး
တဲ့လူပါဗ်ာ။ က်ဳပ္ကေမးေတာ့မွ သူက
ေျပာျပတာဗ်။

“တာေတမင္း ငါ့ဖထီး မန္းဖိုးေမာင္
အေၾကာင္း ၾကားဖူးတယ္မို႔လား”

“ဟာၾကားဖူးတာေပါ့ ကိုႀကီးဖိုးေအာင္
ရဲ႕။ ဒီ႐ြာက လူႀကီးေတြ ေျပာေျပာေနၾက
တာ က်ဳပ္ၾကားဖူးပါတယ္”

“မင္း ဘယ္လိုၾကားဖူးလို႔တုံးကြ”

“ေၾသာ္ ဒီလိုေလဗ်ာ။ မန္းဖိုးေမာင္က
စိတ္ေနာက္သလိုျဖစ္သြားၿပီး ဘန့္ေဘြး
ကုန္းသခၤ်ိဳင္းဇရပ္ထဲမွာ ဆြဲႀကိဳးခ်ၿပီး
သတ္ေသသြားတယ္လို႔ ေျပာတာ ၾကား
ဖူးတာပဲဗ္”

“ေအး မင္းၾကားတာ မွန္ပါတယ္။
ဒါေပမယ့္ ငါ့ဖထီးက စိတ္ေနာက္ၿပီး
သတ္ေသတာေတာ့ မဟုတ္ဘူးကြ။
စိတ္ညစ္ၿပီး သတ္ေသသြားတာ”

“ဗ်ာစိတ္ေနာက္တာ မဟုတ္ဘူး
ဟုတ္လား ကိုႀကီးဖိုးေအာင္”

“ေအး ဟုတ္တယ္။ ငါဖထီးက
စိတ္မေနာက္ပါဘူး။ စိတ္ေတြအရမ္း
ညစ္သြားတာကြ”

“ဟာျဖစ္ရေလဗ်ာ။ ဘာေတြမ်ား ဒီ
ေလာက္စိတ္ညစ္စရာရွိလို႔တုန္းဗ်ာ။
က်ဳပ္ၾကားဖူးတာေတာ့ မန္းဖိုးေမာင္က
လႊတ္ရိုးသားၿပီး အလုပ္လည္း လႊတ္ႀကိဳး
စားတဲ့လူလို႔ ေျပာၾကတာပဲ။ စီးပြားေရး
လည္း ေတာ္ေတာ္အဆင္ေျပတယ္ဆို၊
ဘာေတြမ်ား ဒီေလာက္ စိတ္ညစ္စရာ
ရွိလို႔တုန္းဗ်ာ”

“ေအးကြတာေတရ၊ မင္းကို ေျပာျပ
ရဦးမယ္။ ငါ့ဖထီးရဲ႕ ဖထီး၊ ငါ့အဘိုးေပါ့
ကြာ မန္းဖိုးေခါင္ဆိုတာ ရွိတယ္၊ သူက
ဟိုးေတာင္ထိပ္ႀကီးကိုတက္ၿပီး ေခ်ာက္
ႀကီးထဲကို ခုန္ခ်ခဲ့တာတဲ့ကြ”

“ဗ်ာဒါဆိုရင္ ခင္ဗ်ားအဘိုး မန္းဖိုးေခါင္
လည္း သူ႕ကိုယ္သူ သတ္ေသတာေပါ့”

“ဟုတ္တယ္ တာေတ၊ ငါ့အေဖမေသ
ခင္ကသူ႕နားထဲမွာ ခ်က္ေက်ာင္းက
အသုဘေခါင္းေလာင္းထိုးတဲ့ အသံ
ႀကီးၾကားၾကားေနတာကြ”

“ဗ်ာခ်က္ေက်ာင္းဆိုတာ ဘာတုံးဗ်”

“ဟေကာင္ရ ငါ့အဘိုးက ေတာင္
ေပၚကရင္ႀကီးကြ။ သူေနတဲ့႐ြာမွာက
ရင္ေတြခ်ည္းပဲ။ ၿပီးေတာ့ ခရစ္ယာန္
ဘာသာကိုးကြယ္ၾကတာကြ။ ခရစ္
ယာန္ေတြရဲ႕ ဘုရားေက်ာင္းကို
ခ်က္ေက်ာင္းကို ေခၚတာကြ။ အဲဒီ
ခ်က္ေက်ာင္းမွာ ဘုရားရွိခိုးရင္ ထိုး
တဲ့ေခါင္းေလာင္းႀကီး ရွိတယ္တဲ့ကြ။
အသုဘရွိရင္လည္း အဲဒီေခါင္း
ေလာင္းႀကီးကို ထိုးရတယ္ဆိုပဲ”

“ခင္ဗ်ားတို႔အဘိုးက ခရစ္ယာန္
ကိုးကြယ္တာလား”

“ေအးေလကြာတို႔အဘိုးက
ခရစ္ယာန္ေလ၊ အဘိုးဆုံးသြားေတာ့
မွ ငါ့ဖထီးက အဲဒီက အိမ္ေတြ၊ ေျမေတြ
ေရာင္းခ်ၿပီး ဘန့္ေဘြးကုန္းကို ေျပာင္း
လာတာ ဒီမွာ ယာေတြဝယ္၊ ႏြားေတြ
ဝယ္ၿပီး ေတာင္သူလုပ္ေနတာကြ”

“ေနပါဦး ကိုႀကီးဖိုးေအာင္ရဲ႕၊က်ဳပ္
ၾကားဖူးတာက ခင္ဗ်ားဖထီး မန္းဖိုး
ေမာင္က ဗုဒၶဘာသာကိုးကြယ္တာ
ပါဗ်။ ဘန့္ေဘြးကုန္း ဘုန္းႀကီးေက်ာင္း
မွာ မန္းဖိုးေမာင္ႀကီး လႉသြားတာေတြ
နည္းတာမွ မဟုတ္တာ”

“ေအး ဟုတ္တယ္ေလ၊ ဖထီးက
ဘန့္ေဘြးကုန္းကို ေရာက္ေတာ့ ဗုဒၶ
ဘာသာကို ေျပာင္းၿပီးကိုးကြယ္တယ္။
ငါ့အမိုးလည္း ဖထီးလိုပဲ ဗုဒၶဘာသာ
ကိုးကြယ္တာပါပဲ”

“ဟုတ္တယ္ေလဗ်ာ၊ အရီးေရေအးက
ဥပုသ္ေန႕တိုင္း ဘုန္းႀကီးေက်ာင္းမွာ
ဥပုသ္ေစာင့္တာ က်ဳပ္တို႔ေတြ႕ေနတာပဲ”

“ဒါေပမဲ့ တာေတရ၊ ဘယ္လိုလုပ္လုပ္
အဲဒါႀကီးက တို႔ေနာက္ကို လိုက္လာ
ပဲၾက”

“ဗ်ာဘယ္ဟာႀကီးက လိုက္လာ
တုံးဗ် ကိုႀကီးဖိုးေအာင္ရဲ႕”

“ငါေစာေစာကေျပာတဲ့ ခ်က္ေက်ာင္း
က ထိုးတဲ့ အသုဘေခါင္းေလာင္း
သံႀကီးေလကြာ”

“ဟင္ ဘယ္လိုျဖစ္တာတုံးဗ်ာ”

“ေအးမင္းကို အစကစၿပီး ေျပာမွ
နားလည္မွာေပါ့ကြာ။ ဒီအေၾကာင္း
ေတြကို ဒီ႐ြာေတြက လူေတြဘယ္
သူမွ မသိၾကဘူးကြ။ ဖထီးတို႔၊အမိုး
တို႔ကလည္း ဒီအေၾကာင္းေတြကို
ဘယ္သူ႕ကိုမွ မေျပာၾကဘူး။ ငါအခု
လာတာလည္း မင္းကို ဒီအေၾကာင္း
ေတြေျပာဖို႔ လာတာကြ။ဒီလို တာ
ေတေရ၊ ငါ့အဘိုး မန္းဖိုးေခါင္က
အေနာက္ရိုးမက ေတာင္ေပၚ႐ြာက
ေလးတစ္႐ြာမွာေနတာကြ။ မိဘ
လက္ထက္ကတည္းက ခ်မ္းသာ
ၾကတယ္ဆိုပဲ။ ဆင္ေတြလည္း
အမ်ားႀကီးပိုင္တယ္တဲ့။ ရိုးမေတာ
ႀကီးထဲမွာ ပ်ဥ္ကတိုးသစ္ေတြခုတ္ၿပီး
သစ္ကုန္သည္ေတြကို ေရာင္းတာတဲ့
ကြ။တစ္ရက္က်ေတာ့အဘိုးရဲ႕လူယုံ
ေတာ္ ေစာေက်ာက္ပြင့္ဆိုတဲ့လူက
သစ္ဖိုးေတြအကုန္လုံး ဖဲရႈံးပစ္လိုက္
လို႔ အဘိုးက အႀကီးအက်ယ္
စိတ္ဆိုးေရာတဲ့ေဟ့။

ေစာေက်ာက္ပြင့္ဆိုတဲ့လူက ေတာင္
ေပၚက ခ်က္ေက်ာင္းထဲမွာ ပုန္းေနတယ္
ဆိုတာလည္းသိေရာ အဘိုးကဝါးရင္းတုတ္
တစ္ေခ်ာင္းကိုင္ၿပီး ေတာင္ေပၚကို တက္
လိုက္သတဲ့။ ခ်က္ေက်ာင္းအဝေရာက္
ေတာ့ ခ်က္ေက်ာင္းေစာင့္တဲ့ အဘိုးႀကီး
က တံခါးဖြင့္မေပးဘူးတဲ့ကြ။ အဲဒီအဘိုး
ႀကီးရဲ႕ နာမည္က မန္းစံမဲတဲ့ေဟ့”

‘ေဟ့အဘိုးႀကီးစံမဲ၊ တံခါးဖြင့္ေပးစမ္း၊
ငါ့ေငြေတြ ခိုးသြားတဲ့ သူခိုးေက်ာက္ပြင့္
ခ်က္ထဲမွာ ပုန္းေနတာငါသိတယ္’

‘ဖိုးေခါင္မင္းစိတ္ကို မင္းထိန္းပါ။
တရားဥပေဒအရ ေျဖရွင္းပါ ဖိုးေခါင္’

‘ေဟ့လူႀကီး စံမဲ ခင္ဗ်ားဘာသိလို႔
ေျပာေနတာတုန္း ဖဆပလအစိုးရက
တိုင္းျပည္ကို မထိန္းနိုင္ေတာ့လို႔ တစ္
တိုင္းျပည္လုံး မင္းမဲ့တိုင္းျပည္လို ျဖစ္
ေနၿပီ။ က်ဳပ္က ဘယ္သူ႕ကိုသြားတိုင္
ၿပီး၊ ဘယ္ဥပေဒနဲ႕ ေျဖရွင္းရမွာတုံး။
ခင္ဗ်ား ခုခ်က္ခ်င္း တံခါးဖြင့္ေပး။
ဒီအေကာင္ကို က်ဳပ္ဥပေဒနဲ႕ က်ဳပ္
ေျဖရွင္းမယ္’

‘မင္းေဒါသေတြ အရမ္းျဖစ္ေနတယ္
ဖိုးေခါင္၊ အခုေန ေက်ာက္ပြင့္ကို မင္း
ေတြ႕သြားရင္ အေသသတ္မွာ ေသခ်ာ
တယ္။ စိတ္ထိန္းပါ ဖိုးေခါင္၊ စိတ္လိုက္
မာန္ပါ လုပ္တာ မေကာင္းပါဘူးကြာ။
မင္း အခု အိမ္ျပန္လိုက္တာ ေကာင္း
လိမ့္မယ္ကြာ’

ခ်က္ေက်ာင္းရဲ႕ဝင္းတံခါးကလည္း
သိပ္ခိုင္တာ မဟုတ္ဘူးတဲ့ တာေတရဲ႕၊
ဒီမွာတင္ ေဒါသမထိန္းနိုင္ေတာ့တဲ့ ငါ့
အဘိုးက ဘုရားေက်ာင္း ဝင္းတံခါးကို
သူ႕ရဲ႕ကိုယ္လုံးထြားထြားႀကီးနဲ႕ ေျပး
တိုက္ၿပီး ဖြင့္လိုက္တယ္တဲ့ေဟ့”

‘ေဟ့ေကာင္ဖိုးေခါင္၊ မင္းဟာ ဘု
ရားေက်ာင္း ဖ်က္ဆီးတဲ့အေကာင္ပဲ။
အခုခ်က္ခ်င္း ဒီေနရာက ထြက္သြား
လိုက္စမ္း’

ဘုရားေက်ာင္းေစာင့္ အဘိုးႀကီးစံမဲ
ကလည္း ငါ့အဘိုးကို ေဒါသတႀကီးနဲ႕
ေအာ္ေရာတဲ့ကြ။ ငါ့အဘိုးကေတာ့
ဘာမွျပန္မေျပာေတာ့ဘဲ ဘုရားေက်ာင္း
ထဲကိုဝင္ဖို႔ ေျပးသြားေရာတဲ့ကြ။ဒီမွာ
တင္ ဘုရားေက်ာင္းေစာင့္ အဘိုးႀကီး
က ေရွ႕ကပိတ္ၿပီး တားလိုက္တယ္
တဲ့ၾက”

‘ေဟ့ေကာင္ဖိုးေခါင္၊ မင္း အထဲကို
ဝင္ခ်င္ရင္ ငါ့ကိုသတ္ၿပီးမွ ဝင္ေပေတာ့’

လို႔ ဘုရားေက်ာင္းေစာင့္ႀကီးက ေျပာ
ေနတုန္းမွာပဲ အဘိုးရဲ႕တပည့္ ေက်ာက္
ပြင့္ဆိုတဲ့လူက ဘုရားေက်ာင္းျပတင္း
ေပါက္ကေန ခုန္ခ်ၿပီး ထြက္ေျပးသြား
ေရာတဲ့ေဟ့၊ အဲဒါကို ျမင္လိုက္တဲ့ အ
ဘိုးက သူ႕ေဒါသကို ဘယ္လိုမွ မထိန္း
နိုင္ေတာ့ဘဲ သူ႕လက္ထဲ ဝါးရင္းတုတ္
ကို တအားလႊဲၿပီး ဘုရားေက်ာင္းေစာင့္
ႀကီးကို ရိုက္လိုက္ေရာတဲ့ေဟ့။

ဒီမွာတင္ ေျမႀကီးေပၚကို ေခြခနဲ လဲက်
သြားၿပီး၊ ဆန့္ငင္ ဆန့္ငင္ျဖစ္ေနတဲ့ဘုရား
ေက်ာင္းေစာင့္ႀကီးက ခ်က္ေက်ာင္းေပၚ
က ေခါင္းေလာင္းႀကီးကို လက္ညွိုးထိုး
ၿပီး ပါးစပ္ကလည္း ပြစိပြစိနဲ႕ ေျပာေနတာ
တဲ့ကြ။ သူ႕ပါးစပ္ထဲက ေသြးေတြ ပြက္ခ
နဲ၊ ပြက္ခနဲ အန္ေနရာကေန ေခါင္းႀကီး
ေခြက်သြားေရာတဲ့ေဟ့။ အဲဒီလို ဘုရား
ေက်ာင္းေစာင့္ႀကီး အသက္ထြက္သြား
တာနဲ႕ တစ္ၿပိဳင္နက္တည္းမွာပဲ ဘုရား
ေက်ာင္းေခါင္းေလာင္းႀကီးက အလို
လို ထျမည္တာတဲ့ေဟ့”

“ေဒါင္ ေဒါင္ ေဒါင္ ေဒါင္ ေဒါင္ ေဒါင္”

အသုဘေခါင္းေလာင္းသံႀကီးတဲ့ကြာ။
ငါ့အဘိုးလည္း ေတာ္ေတာ္ကို လန့္
သြားတာတဲ့ေဟ့၊ အလိုလို ထိုးေနတဲ့
ေခါင္းေလာင္းႀကီးကို ေမာ့ၾကည့္ရင္း
ၾကက္သီးေတြ တျဖန္းျဖန္းထလာသ
တဲ့။ ေစာေစာက ေဒါသစိတ္ေတြလည္း
ေပ်ာက္သြားၿပီး ဝမ္းနည္းသလို၊
ေၾကာက္သလိုျဖစ္ၿပီး ဘုရားေက်ာင္း
ရွိတဲ့ ေတာင္ေပၚကေန ဆင္းေျပး
လာေရာတဲ့ကြာ

ဘုရားေက်ာင္းက အသုဘေခါင္း
ေလာင္းထိုးတဲ့အသံ ၾကားလိုက္ေတာ့
လူေတြ အံ့ၾသၿပီး ထြက္လာၾကေရာတဲ့
ေဟ့။ ၿပီးေတာ့ ဘုရားေက်ာင္းကို ေျပး
တက္ၾကည့္ေတာ့ ေသြးအိုင္ထဲမွာ
ေသေနတဲ့ ဘုရားေက်ာင္းေစာင့္ႀကီးရဲ႕
အေလာင္းရယ္၊ ထိုးတဲ့သူ မရွိဘဲ
အလိုလိုျမည္ေနတဲ့ ဘုရားေက်ာင္း
အေပၚက ေခါင္းေလာင္းႀကီးရယ္ကို
ေတြ႕ၾကရေတာ့ ေၾကာက္လန့္ၿပီး
ျပန္ဆင္းေျပးလာၾကတာတဲ့ေဟ့”

“ေနပါဦး ကိုႀကီးဖိုးေအာင္ရဲ႕၊ ခင္ဗ်ား
အဘိုးမန္းဖိုးေခါင္ကို ရဲေတြက မဖမ္း
ၾကဘူးလားဗ်”

“ေျပာပါေရာလား တာေတရယ္၊ တိုင္း
ျပည္က မင္းမဲ့တိုင္းျပည္လို ျဖစ္ေနတဲ့
အခ်ိန္ကြ။ ၿပီးေတာ့ ရိုးမေတာထဲက
႐ြာေလကြာ။ဒီဘုရားေက်ာင္း အေစာင့္
အဘိုးႀကီးကလည္း ဘယ္ကေရာက္
ၿပီး ဒီမွာေနမွန္း ဘယ္သူမွ မသိၾက
ဘူးကြ။ ဒီေတာ့လည္း အဘိုးႀကီးအ
ေလာင္းကို ဝိုင္းၿပီးသျဂၤု ိဟ္လိုက္
ၾကတာေပါ့ကြာ”

“ေၾသာ္”

“ခ်က္ခ်င္းေတာ့ ဘာမွမျဖစ္ဘူးတဲ့ကြ။
အဘိုးရဲ႕တပည့္ေက်ာက္ပြင့္ဆိုတဲ့လူ
လည္း ေျပးေတာ့တာေပါ့ကြာ။ အဲဒီ
နယ္ကို ဘယ္ေတာ့မွကို ျပန္မလာ
ေတာ့တာတဲ့ေဟ့။ ေအးဒါေပမဲ့ ဘု
ရားေက်ာင္းေစာင့္တဲ့ အဘိုးႀကီးေသ
သြားၿပီး ခုႏွစ္ႏွစ္ၾကာေတာ့ ငါ့အဘိုး
ဟာ ညအိပ္ရင္း အသုဘေခါင္းေလာင္း
သံႀကီး ၾကားလို႔ လန့္ ,လန့္နိုးလာ
တယ္ဆိုပဲကြ။

ပထမေတာ့ တစ္လကို တစ္ခါေလာက္
ၾကားရတယ္ဆိုပဲ။ ေနာက္ေတာ့ စိပ္
စိပ္လာတယ္တဲ့ကြ။ တစ္လ ႏွစ္ခါၾကား
ရတယ္ဆိုပဲ။ ေနာက္ေတာ့ တစ္လ
သုံးခါ၊ ေလးခါ ၊ ငါးခါကေန တစ္နာ
ရီတစ္ခါေလာက္ ၾကားလာတယ္ဆိုပဲ။

အဘိုးလည္း ေန႕ေရာ၊ ညေရာ အိပ္လို႔
မရေတာ့ဘဲ ေခါင္းေတြကိုက္ၿပီး ေအာ္
ေနရတယ္တဲ့ကြ၊ ေမွးခနဲ အိပ္ေပ်ာ္လိုက္
ေဒါင္၊ ေဒါင္၊ ဆိုၿပီး ေခါင္းေလာင္းထိုးတဲ့
အသံႀကီးေပၚလာလိုက္၊ လန့္နိုးလိုက္နဲ႕
ေန႕ေရာ၊ ညေရာ မအိပ္နိုင္ေတာ့ အစား
လည္း မဝင္ေတာ့ဘူး။ လူလည္း ပိန္ခ်ဳံး
ၿပီး မ်က္တြင္းေဟာက္ပက္ႀကီးေတြ ျဖစ္
ေနေရာတဲ့ကြာ။ သူ႕ကို လူေတြက မ်က္
ေျခမျပတ္ ေစာင့္ၾကည့္ေနတဲ့ၾကားက
ေန တစ္ေန႕မနက္ အေစာႀကီးမွာ လူ
ေတြ အိပ္ေပ်ာ္ေနတုန္း အိမ္ကေန
ထြက္သြားေရာတဲ့ေဟ့။

အရင္ဆုံး နိုးလာတာက ငါဖထီးကြ။ ဒါနဲ႕
ငါ့ဖထီးလည္း ခ်က္ခ်င္းထြက္လိုက္ေတာ့
ေတာင္ေပၚသို႔ တေ႐ြ႕ေ႐ြ႕နဲ႕တက္ေနတဲ့
အဘိုးကို ေတြ႕လိုက္ရတာေပါ့ကြာ၊ ဖထီး
ေတာင္ေပၚေရာက္ေတာ့ ငါ့အဘိုးက
ေတာင္ထိပ္က ကမ္းပါးစပ္ႀကီးမွာ ရပ္ေန
တာတဲ့ကြ။ ဒီမွာတင္ ငါ့ဖထီးက သေဘာ
ေပါက္ၿပီး

“ဖထီးမလုပ္နဲ႕၊ မလုပ္နဲ႕ ”

လို႔လွမ္းေအာ္ေျပာလိုက္ေတာ့ အဘိုးက
ေနာက္ကို တစ္ခ်က္လွည့္ၾကည့္ၿပီး ေျပာ
သတဲ့”

“ဖိုးခြားမင္းျပန္ေတာ့၊ ဒီ႐ြာမွာ မင္းတို႔
မေနၾကနဲ႕ ။ ငါေတာ့ မခံနိုင္ေတာ့ဘူး”

လို႔ေျပာၿပီး ေခ်ာက္ႀကီးထဲ ခုန္ခ်သြား
ေရာတဲ့ေဟ့”

“ဟာ ျဖစ္မွျဖစ္ရေလ ကိုႀကီးဖိုးေအာင္ရာ”

“ေအး႐ြာကလူေတြဆိုတာ ေခ်ာက္ထဲ
ကို ဆင္းၿပီး အေလာင္းကိုမနည္းရွာၾက
ရတယ္ဆိုပဲ။ ၿပီးေတာ့ အေလာင္းက ပုံ
ပ်က္၊ ပန္းပ်က္ျဖစ္ေနတဲ့အျပင္ ေတာင္
ေပၚကို ျပန္သယ္ဖို႔ ခက္ေနတာနဲ႕
ေခ်ာက္ထဲမွာပဲ သျဂၤိုဟ္ခဲ့ရတယ္တဲ့ကြ”

“ေၾသာ္ျဖစ္ရေလဗ်ာ၊ ဘုရားေက်ာင္း
ေစာင့္ႀကီးက က်ိန္စာေတြဘာေတြ
တိုက္သြားသလားမွမသိတာ ကိုႀကီး
ဖိုးေအာင္ရဲ႕ ”

“အဲဒါေတာ့ မသိဘူး တာေတရ၊
ငါ့ဖထီးလည္း သူ႕ဖထီး မန္းဖိုးေခါင္
မွာခဲ့တဲ့အတိုင္း ရွိသမွ်အကုန္ေရာင္း
ခ်ၿပီး အဲဒီ႐ြာက ေျပာင္းလာခဲ့ေရာတဲ့ေဟ့”

“ေနပါဦးဗ်။ ခင္ဗ်ားဖထီးက ဘန့္ေဘြး
ကုန္းကို ဘယ္လိုအဆက္နဲ႕ ေျပာင္း
ခဲ့တာတုန္းဗ်”

“ဒီလိုကြဘန့္ေဘြးကုန္း႐ြာသား
သစ္ကုန္သည္တစ္ေယာက္ ရွိတယ္။
သူနာမည္က ဦးဘၫြန့္တဲ့။ သူက မီး
ရထားဇလီဖားတုံးလုပ္ဖို႔ ငါ့အဘိုးဆီ
မွာ ပ်ဥ္းကတိုးသစ္ေတြ မၾကာမၾကာ
လာၿပီး ဝယ္ေနက်။ အဲဒီ သစ္ကုန္
သည္ ဦးဘၫြန့္ရဲ႕ အဆက္နဲ႕ ယာ
ေတြဝယ္၊ ဝိုင္းေတြဝယ္ၿပီး ဘန့္ေဘြး
ကုန္းမွာ အေျခခ်ခဲ့တာတဲ့ေဟ့”

“ေၾသာ္ဒီလိုလား”

“ဒီတိုင္းက ငါ့ဖထီးက ထင္တာေပါ့ကြာ။
ဒီကိစၥက ငါ့အဘိုးလုပ္ခဲ့တာေတြဆိုေတာ့
အဘိုးလည္း မရွိေတာ့ဘူး။ အဲဒီ႐ြာကေန
လည္း အၿပီးေျပာင္းခဲ့ၿပီ။ ဗုဒၶဘာသာလည္း
ကိုးကြယ္ေနၿပီဆိုေတာ့ အားလုံးၿပီးသြား
ၿပီလို႔ ထင္တာေပါ့ကြာ။ ဒါေပမဲ့ ဖထီးတို႔၊
အမိုးတို႔ထင္သလို မဟုတ္ဘဲ ေဆြစဥ္
မ်ိဳးဆက္ကိုပါ လိုက္လာတာေဟ့”

“ဒါဆိုေတာ့ မန္ဖိုးေမာင္လည္း အဲဒီ
ေခါင္းေလာင္းသံကို ၾကားလာတာေပါ့
ဟုတ္လား ကိုႀကီးဖိုးေအာင္”

“ေအးေလကြာ၊ မင္းကိုေစာေစာက
ငါေျပာတဲ့အထဲမွာ ပါတယ္ေလကြာ။
ငါ့ဖထီးလည္း အဲဒီအသုဘေခါင္း
ေလာင္းသံႀကီး အစေတာ့ တစ္လ
တစ္ခါေလာက္ ၾကားရတာကြာ။အိပ္
ေပ်ာ္ေနရင္းက လန့္ေအာ္ၿပီး နိုးနိုး
လာတာေဟ့။ ေနာက္ေတာ့ တစ္ည
ကို ႏွစ္ခါ၊ သုံးခါေလာက္ၾကားၿပီး
လန့္လန့္ေအာ္တယ္ကြ။ ေနာက္
ေတာ့ အဘိုးတုန္းကလိုပဲ အသု
ဘေခါင္းေလာင္းသံႀကီးၾကားရ
တာ စိပ္စိပ္လာတာေပါ့ကြာ’

“ဟာ ကိုႀကီးဖိုးေအာင္ရယ္၊ ဆရာ
ေတြ သမားေတြနဲ႕ ေမးစမ္းၿပီး ေဆး
ဝါးမကုသဘူးလားဗ်ာ”

“ေနပါ့မလား တာေတရာ၊ ပထမေတာ့
ဆရာေတာ္၊ သမားေတာ္ပင့္ၿပီး ပရိတ္
႐ြတ္၊ အိမ္ကိုစည္းခ်လဳပ္တာေပါ့ကြာ။
ေနာက္ေတာ့ ဘယ္ဆရာ ေကာင္းတယ္
ဆို ပင့္လို႔ရရင္ပင့္၊ပင့္လို႔မရရင္သြားကု
ေပါ့ကြာ။ ဆရာေတာ္ေတြလည္း မ်ိဳးစုံ
ကုသေပးၾကတာပဲကြာ တာေတရ”

“နို႔ အဲဒီလိုကုေတာ့ မသက္သာ
ဘူးလားဗ်”

“မသက္သာပါဘူးကြာ၊ ကုရင္းသရင္း
ၾကားထဲကပဲ အဲဒီအသုဘေခါင္းေလာင္း
သံႀကီးကို ၾကားေနတာပါပဲ တာေတရာ။
ငါ့ဖထီးဆိုတာ သနားဖို႔ အင္မတန္ေကာင္း
တာပါကြာ။ ညဘက္ေမွးခနဲ အိပ္ေပ်ာ္သြား
တာနဲ႕ သူ႕နားထဲမွာ အသုဘေခါင္းေလာင္း
သံႀကီးက ေဒါင္၊ ေဒါင္၊ ေဒါင္ဆိုၿပီး ၾကား
ျပန္ေရာတဲ့ကြာ။ လန့္ေအာ္ၿပီး နိုးလာျပန္
ေရာေဟ့”

“ေန႕ခင္းဘက္ ျပန္အိပ္လို႔ မရဘူးလားဗ်”

“ေအးစျဖစ္ခါစကေတာ့ ညဘက္ကို
မအိပ္ေတာ့ဘဲ ေန႕ဘက္ကို အိပ္တာေပါ့
ကြာ။ ညဆိုရင္ မအိပ္ဘဲနဲ႕ကို ငါ့ဖထီးက
ထိုင္ေနတာကြ။ ေနာက္ေတာ့ ေန႕ခင္း
ဘက္လည္း အဲဒီေခါင္းေလာင္းသံႀကီး
ကို ၾကားေနရတာကြ။ ဖထီးမွာ ေန႕ေရာ၊
ညေရာ မအိပ္ရေတာ့ ပိန္ခ်ဳံးၿပီး ငူတူတူ၊
ငိုင္တိုင္တိုင္ႀကီး ျဖစ္လာတာေပါ့ကြာ။
တစ္ခါတစ္ေလ သူ႕အသိတစ္ေယာက္
ေယာက္က သူ႕နာမည္ေခၚရင္ေတာင္
မွ ၾကားတဲ့အခါၾကား၊ မၾကားတဲ့အခါ
မၾကားနဲ႕ေပါ့ကြာ”

“ေနပါဦး ကိုႀကီးဖိုးေအာင္ရဲ႕၊ ဒီတုန္း
က ကိုႀကီးဖိုးေအာင္က အသက္
ဘယ္ေလာက္ ရွိၿပီတုန္း”

“ငါ့အသက္ ဆယ္ႏွစ္၊ ဆယ့္တစ္ႏွစ္
ေလာက္ေပါ့ကြာ”

“ေၾသာ္ဒါေၾကာင့္ အားလုံးသိေနတာကိုး”

“တစ္ခါတစ္ခါက်ေတာ့ ဖထီးက တစ္
ေယာက္တည္း ထိုင္ၿပီး ငိုတဲ့အခါ ငိုေန
တယ္။ တစ္ခါတစ္ခါက်ေတာ့လည္း တစ္
ေယာက္တည္းစကားေတြေျပာေနတယ္။
ဒီေတာ့ ႐ြာထဲက လူေတြက ငါ့ဖထီးကို
စိတ္ေနာက္သြားၿပီးလို႔ ထင္တာေပါ့ကြာ။
ဒါေပမဲ့ ငါသိတာေပါ့ တာေတရာ၊ ငါ့ဖထီး
မ႐ူးပါဘူး။ ဘာျဖစ္လို႔တုန္းဆိုေတာ့ ဖ
ထီးမေသခင္တစ္ပတ္ေလာက္မွာ ငါ့ကို
ေျပာတယ္ကြ”

” ဟင္ဘာေျပာတာတုန္းဗ်
ကိုႀကီးဖိုးေအာင္ရဲ႕”

“ငါ့သား မင္းအဘိုး ဘာေၾကာင့္သတ္
ေသသြားတယ္ ဆိုတာကို ဖထီးခုမွ နား
လည္တယ္။ မင္းအဘိုးလုပ္ခဲ့တဲ့ကိစၥ
ဟာ ဘာေၾကာင့္ ဖထီးဆီေရာက္လာ
တယ္ဆိုတာ ေတြးလို႔မရဘူး။ ဖထီး
စိတ္ထဲမွာ စိုးရိမ္ေနတာက မင္းကိုပဲ
ဖိုးေအာင္၊ ဒီကိစၥက ငါ့ဆီမွာတင္ ရပ္
သြားရင္ ေကာင္းမယ္။ အဲဒီလို မရပ္
ဘဲ မင္းဆီကို ဆက္လာမွာ ဖထီးစိုး
ရိမ္တယ္ကြာလို႔ ေျပာတာကြ
တာေတရ”

“ဟာဒီေလာက္အထိေတာ့ ဆက္
လိမ့္မယ္ မထင္ပါဘူးဗ်ာ”

ကိုႀကီးဖိုးေအာင္က အစီခံနားေရာက္
ေနတဲ့ သူ႕လက္ထဲက နဂါးေဆးေပါ့
လိပ္ကေလးကို ဆက္တိုက္ဖြာထုတ္
လိုက္တယ္။ ၿပီးေတာ့မွ

“ဆက္တယ္ တာေတေရ၊ ဆက္တယ္
ကြ။ အခု အဲဒါႀကီး ငါ့ဆီကိုေရာက္ေနၿပီ”

“ဗ်ာဟုတ္လား ကိုႀကီးဖိုးေအာင္”

ကိုႀကီးဖိုးေအာင္ ေျပာရင္း မ်က္ႏွာပ်က္
သြားတယ္ဗ်ိဳ႕

“ငါအဲဒီ အသုဘေခါင္းေလာင္းထိုးသံ
ဆိုတာႀကီးကို ငါၾကားတာ သုံးခါရွိၿပီ
တာေတ။ အဲဒီလို အသံမ်ိဳးကို ငါတစ္
ခါမွ ၾကားေတာင္ၾကားဖူးတာ မဟုတ္
ပါဘူးၾကာ”

“ေနပါဦး ကိုႀကီးဖိုးေအာင္ရဲ႕၊ ဘယ္
လိုအသံႀကီးတုန္းဗ်”

“ေဒါင္၊ ေဒါင္၊ ေဒါင္၊ ေဒါင္ဆိုတဲ့ အ
သံႀကီးက ေလးေလးႀကီး ျမည္ေနတာ
ကြ။ ခပ္သြက္သြက္ ျမည္တာမဟုတ္
ဘူး။ ငိုခ်င္သလိုလို၊ ဘာလိုလို ျဖစ္
လာတာၾက”

” ေနပါဦးဗ် အဲဒီအသံႀကီးကို အိပ္မက္
မက္သလို ၾကားရတာလား။ အျပင္မွာ
တကယ္ ၾကားရတာလား”

“ဟာ တာေတကလည္း အျပင္မွာ
တကယ္ကိုၾကားရတယ္ကြ။ၾကားရ
တာေတာင္မွာ အေဝးႀကီးက ၾကား
ရတာ မဟုတ္ဘူးကြ။ ကိုယ္နားနား
မွာကပ္ၿပီး ထိုးလိုက္သလို ၾကားေန
ရတာ”

“ေနဦး ကိုႀကီးဖိုးေအာင္၊ တစ္ခါၾကားရင္
ဘယ္ႏွခ်က္ေလာက္ ၾကားရတုံးဗ်”

“ဆယ္ခ်က္၊ ဆယ့္ႏွစ္ခ်က္ေလာက္ကို
ၾကားရတာကြ”

ကိုႀကီးဖိုးေအာင္ ေျပာရင္း မ်က္ရည္
က်လာတယ္။ က်ဳပ္ျဖင့္ စိတ္မေကာင္း
လိုက္တာဗ်ာ။

“ငါ စိတ္မေကာင္းတာက ငါ့သားေလး
ဖိုးေဆာင္ဆီကို ေရာက္လာမွာကို ငါ
ေတြးမိလို႔ပါကြာ။ ဒီလိုကိစၥႀကီးက ငါ
တို႔ ေဆြစဥ္မ်ိဳးဆက္ ဘယ္ႏွဆက္
ေလာက္အထိ လိုက္ေနဦးမွာတုံး
တာေတရာ”

“ခုလို ကိုႀကီးဖိုးေအာင္ ျဖစ္ေနတာကို
အစ္မေစာၾကည္ကိုေရာ ေျပာျပေသး
လားဗ်”

“အခုထိေတာ့ ငါ့ဘယ္သူကိုမွ မေျပာ
ေသးပါဘူးကြာ၊ မင္းကိုသာ အရင္ဆုံး
လာေျပာတာပါ။ မင္းက ဆရာသမား
အဆက္အသြယ္ေတြ ရွိတတ္တယ္
မို႔လား။ ၿပီးေတာ့ မင္းကိုယ္တိုင္လည္း
ဆရာတစ္ပိုင္း ျဖစ္ေနတာေလကြာ”

“ဟာကိုႀကီးဖိုးေအာင္လည္း က်ဳပ္
ကေတာ့ ဆရာမဟုတ္ပါဘူးဗ်ာ။က်ဳပ္
ေတြးၾကည့္တယ္၊ ဘုရားေက်ာင္း
ေစာင့္ အဘိုးႀကီး မေသခင္မွာ ဘာ
ေတြမ်ား က်ိန္စာတိုက္ခဲ့ပါလိမ့္လို႔
က်ဳပ္ေတြးေနတာဗ်”

“ကဲကိုႀကီးဖိုးေအာင္၊ စိတ္မေလာက္
ပါနဲ႕ဦးဗ်ာ။ က်ဳပ္ ဒီကိစၥကို လုပ္ၾကည့္
ပါ့မယ္။ နို႔ ေနပါဦး ကိုႀကီးဖိုးေအာင္
ရဲ႕၊ ခင္ဗ်ားအဘိုး မန္းဖိုးေခါင္ရဲ႕႐ြာက
နာမည္ဘာတဲ့တုံး”

“ပုသိမ္ဘက္ကေန သြားရတာတဲ့ကြ။
ရိုးမေတာင္ႀကီးေပၚမွာ ရွိတာလို႔ေျပာ
တယ္။ ႐ြာနာမည္က’ဇလပ္ကုန္း’တဲ့ကြ”

“ကိုႀကီးဖိုးေအာင္ရဲ႕ အေဖရွိတုန္းက
အဲဒီ႐ြာကို သြားပုံ သြားနည္း ေသေသ
ခ်ာခ်ာ ေမးထားလိုက္ရဲ႕လား”

“ဟတာေတရ၊ ငါ့အမိုး ရွိေနတာပဲ။
အမိုးလည္း အဲဒီ႐ြာကပဲေလ”

“ေအးဟုတ္သားပဲ က်ဳပ္က အရီး
ေရေအးကို ေမ့ၿပီး ေျပာေနတာဗ်ိဳ႕”

“ဘာတုန္း မင္း အဲဒီ႐ြာကို သြားခ်င္
လို႔လား”

“ေနဦးဗ်က်ဳပ္က လိုရမယ္ရ ေမးထား
တာပါ။ ဘာလဲဆိုတာသိေအာင္ လုပ္ရ
ဦးမွာဗ် ကိုႀကီးဖိုးေအာင္ရ”

က်ဳပ္စိတ္မေကာင္းပါဘူးဗ်ာ။ ကိုႀကီး
ဖိုးေအာင္ ျပန္သြားေတာ့ က်ဳပ္ ဒီအ
ေၾကာင္းကို ငိုင္ၿပီးေတြးေနတုန္း

“ဟဲ့ တာေတ၊ င႐ုတ္သီးေထာင္းထား
ေသးလား”

ေဟာအေမျပန္လာတာဗ်ိဳ႕။ ဝက္သား
တြဲႀကီးလည္း ပါလာတယ္။

“ဟိုမွာေဟ့ ထြန္းပြင့္က ေတာ္ေတာ္နဲ႕
ကို အေမြးႏုတ္၊ ခုတ္ထစ္ခ်ိန္တြယ္ေနတာ
မၿပီးနိုင္လို႔ ေစာင့္ေနရတာေဟ့။ ဟဲ့ တာ
ေတ နင္ၾကည့္ရတာ ငိုင္တိုင္တိုင္ႀကီးနဲ႕
ဘာတုံး ေနမေကာင္းလို႔လား”

“ေနေကာင္းပါတယ္ အေမရ၊ ေစာ
ေစာက ဘန့္ေဘြးကုန္းက ကိုႀကီး
ဖိုးေအာင္နဲ႕ထိုင္ၿပီး စကားေျပာေနလို႔ပါ”

“ဘယ္သူဟဲ့”

“ဟိုေလ အေမရာ၊ ကရင္ကိုဖိုးေအာင္
ေလ”

“ေၾသာ္ဆြဲႀကိဳးခ်ေသသြားတဲ့ ဖိုးေမာင္
ရဲ႕သားေလး ထင္တယ္”

“ဟုတ္တယ္ေလ အေမရာ၊ ဘန့္ေဘြး
ကုန္းမွာ ကရင္ဆိုလို႔ သူတို႔ပဲ ရွိတာပဲဗ်ာ”

“ေအး ေအး၊ နို႔ ကရင္ေလး ဘာလာ
လုပ္တုံး”

“သူတို႔ကိစၥကလည္း ေတာ္ေတာ္ကို
ရႈပ္ေထြးတာ အေမရာ၊ က်ဳပ္လည္း
ဘာဆိုတာ ေတြးလို႔ေတာင္မရဘူးဗ်ာ”

အဘယာထဲက ျပန္လာတဲ့အခ်ိန္မွာ
အေမ့ရဲ႕ဝက္သားဟင္းကလည္း ႏူး
ေနၿပီဗ်။ က်ဳပ္ထုံးစံအတိုင္း သုံးပန္း
ကန္ေလာက္ကို စားပစ္လိုက္တာဗ်ိဳ႕။
ထမင္းစားၿပီး က်ဳပ္မန္က်ည္းေအာက္
က က်ဳပ္ရဲ႕သစ္သားကြပ္ပ်စ္ေပၚမွာ
တစ္ေမွးေမွးၿပီး အေမခိုင္းထားတဲ့
မန္က်ည္းသီးေတြကို အသားဆြဲေန
လိုက္တယ္။ တစ္ေနကုန္ထိုင္ၿပီး
အလုပ္ လုပ္ေနလိုက္တာ ေနေစာင္း
ေတာ့ ေတာ္ေတာ္ကိုၿပီးသြားၿပီဗ်။

ညေနေစာင္းေတာ့ ေရမိုးခ်ိဳး ထမင္းစား
ၿပီး ကိုဖိုးေအာင္ႀကီးတို႔ အေၾကာင္းေတြ
ကို က်ဳပ္ဆက္ေတြးေနမိတယ္။ အေမတို႔ ၊
အဘတို႔ အိပ္သြားတာေတာင္ က်ဳပ္မအိပ္
နိုင္ဘူးဗ်။ ေတာ္ေတာ္ေလး ညနက္ေတာ့
မွ က်ဳပ္အိပ္ရာဝင္ခဲ့တယ္။ က်ဳပ္မဖဲဝါ
ေပးထားတဲ့ ကိုယ္ခြဲ႐ုပ္ကေလးကို ထုတ္
ယူၿပီး ကိုဖိုးေအာင္တို႔ကိစၥကိုေမးတယ္။

ၿပီးေတာ့ မဖဲဝါရဲ႕ကိုယ္ခြဲ႐ုပ္ကေလးကို
က်ဳပ္ ေခါင္းအုံးေအာက္မွာထားၿပီး အိပ္
လိုက္တယ္။ အေနာက္ဘက္ကေလေအး
ေတြ တိုက္ေနလိုက္တာ က်ဳပ္ျဖင့္ခ်မ္း
ေတာင္လာတယ္ဗ်ာ။ မိုး႐ြာေတာ့မွာလား
လို႔ ေကာင္းကင္ကို က်ဳပ္ေမာ့ၾကည့္လိုက္
တယ္။ ဟာေကာင္းကင္ႀကီး တစ္ခုလုံး
ျပာလို႔ဗ်။ က်ဳပ္အံ့ၾသသြားတယ္။ မိုးမ
႐ြာဘဲ ေလေအးေတြ တိုက္လွခ်ည္လား
လို႔ ေတြးေနတာေပါ့ဗ်ာ။ က်ဳပ္ ေရာက္
ေနတာ ေတာစပ္ကေလး တစ္ခုဗ်။

“ဟဲ့တာေတ၊ ငါ ဒီမွာ”

က်ဳပ္ ေနာက္ဘက္ကို လွည့္ၾကည့္
လိုက္တယ္။ တစ္ပင္လုံးဝါထြန္ေန
ေအာင္ ပြင့္ေနတဲ့ ဆယ့္ႏွစ္ရာသီပင္
ႀကီးေအာက္မွာ ရပ္ၿပီး က်ဳပ္ကို လွမ္း
ေခၚလိုက္တယ္ဗ်။ အိပ္မက္ထဲမွာ
က်ဳပ္ျမင္ေနက် ေကာင္မေလးဗ်။

က်ဳပ္နဲ႕ အသက္အတူတူေလာက္ပဲ။
ဒါ မဖဲဝါေလ။ က်ဳပ္ လန့္သြားမွာစိုးလို႔
သူ႕ရဲ႕နဂိုပုံစံကိုေဖ်ာက္ၿပီး က်ဳပ္နဲ႕႐ြယ္
တူေလာက္ရွိတဲ့ ေကာင္မေလးပုံစံအ
ျဖစ္ ဖန္ဆင္းထားတာေလဗ်ာ။ ေက်ာ
ဘက္ကို ခ်ထားတဲ့ သူ႕ဆံပင္မွာ ဆယ့္
ႏွစ္ရာသီပန္းအဝါေလးတစ္ပြင့္ ပန္လို႔ဗ်။

“မဖဲဝါကို က်ဳပ္ ေမးစရာရွိလို႔ဗ်။ ဘန့္
ေဘြးကုန္းမွာေနတဲ့ က်ဳပ္မိတ္ေဆြ
ကိုႀကီးဖိုးေအာင္ရဲ႕ အဘိုးကစၿပီး နား
ထဲမွာ ေခါင္းေလာင္းထိုးသံႀကီး ၾကား
ၾကားၿပီး ကိုယ့္ကိုယ္ကို သတ္ေသ
ၾကတာဗ်။ ကိုႀကီးဖိုးေအာင္ရဲ႕အေဖ
လည္း ဘန့္ေဘြးကုန္းသုသာန္မွာ
သူ႕ကိုယ္သူ သတ္ေသသြားတာပဲ။
အဲဒီေခါင္းေလာင္းသံႀကီးၾကားတာ
ပဲဗ်။ အခု ကိုႀကီးဖိုးေအာင္ပါ အဲဒီ
ေခါင္းေလာင္းသံႀကီးၾကားေနရၿပီဗ်။
ဘယ္လိုလုပ္ေပးရမယ္ဆိုတာ
က်ဳပ္သိခ်င္လို႔ပါ”

မဖဲဝါက သူ႕ေခါင္းက ဆံပင္ေတြ လႈပ္
သြားေအာင္ ေခါင္းညိတ္လိုက္တယ္။

“တာေတ အဲဒါက်ိန္စာသင့္ေနတာ။
အခု ေျမးအထိေရာက္လာၿပီ။မၿပီးေသး
ဘူး။ ေဆြခုႏွစ္ဆက္ထိသြားေနမွာ”

“ဟာျဖစ္ရေလဗ်ာ။ ဘယ္လိုလုပ္ရင္
ဒီက်ိန္စာပယ္နိုင္တုံးဗ်”

“ဘုရားေက်ာင္းပ်က္က အဲဒီေခါင္း
ေလာင္းႀကီးကို ထုခြဲၿပီး ဖ်က္ဆီးလိုက္
ရင္ေတာ့ ရပ္သြားလိမ့္မယ္။ အဲဒီအရပ္
ကို နင္သြားဖို႔ ကရင္ေလးပါေခၚသြား။
ဘုရားေက်ာင္းပ်က္ထဲမွာရွိတဲ့ က်ိန္စာ
ရွင္ကိုေတာင္းပန္။ ေတာင္းပန္လိုမွ မရ
ရင္ ငါ့ကိုတလိုက္၊ ငါ့လိုက္လာၿပီး ေတာင္
ပိုင္ႀကီးကို အကူအညီေတာင္းေပးမယ္။
ငါ့ရဲ႕ကိုယ္ခြဲ႐ုပ္ကို ပါေအာင္ယူသြား
ၾကားလား”

“ဟုတ္ကဲ့ပါ သခၤ်ိဳင္းရွင္မႀကီးဗ်ာ”

“ဒုံး ဒုံးဒုံး ဒုံးဝုႏ္း”

“ဟဲ့ တာေတ၊ ထစမ္း ဘာသံေတြတုံး”

အေမ က်ဳပ္ကို လွမ္းနိုးလို႔ က်ဳပ္နိုးသြား
တာဗ်။ တဒုံးဒုံး အသံေတြကို က်ဳပ္လည္း
ၾကားတယ္။

“တာေတၾကားလား၊ ဘာသံေတြတုံး”

“ေၾကာင္ေတြပါဗ် အေမရ၊ အိမ္ေခါင္မိုး
ေပၚမွာ ေၾကာင္ေတြေျပးေနတာပါ”

“သိပါဘူးဟယ္၊ ငါ့ျဖင့္လန့္သြားတာပဲ”

က်ဳပ္လည္း ျပန္အိပ္ေပမယ့္ အိပ္လို႔
မေပ်ာ္ေတာ့ပါဘူးဗ်ာ။ ေစာေစာက
အိပ္မက္ကိုပဲေတြးေနမိေရာဗ်ိဳ႕။အိပ္
မက္ထဲမွာ မဖဲဝါေျပာသြားတဲ့ အ
ေၾကာင္းေတြကို က်ဳပ္ေသေသခ်ာ
ခ်ာျပန္ေတြးေနတာ။ မဖဲဝါေျပာ
ေတာ့ ဘုရားေက်ာင္းပ်က္ႀကီးလို႔
ေျပာတယ္။ ဇလပ္ကုန္းက လူေတြ
ရဲ႕ ဘုရားေက်ာင္းပဲ။ ဘာျဖစ္လို႔
မဖဲဝါက ဘုရားေက်ာင္းပ်က္လို႔
ေျပာရတာတုံးဆိုတာ က်ဳပ္နား
မလည္ဘူး။

ေနာက္တစ္ေန႕မွာပဲ က်ဳပ္ ဘန့္ေဘြး
ကုန္းကို ထြက္လာခဲ့တယ္။ ႐ြာလယ္
က ကိုႀကီးဖိုးေအာင္တို႔ အိမ္ကိုသြား
တယ္။ အရီးေရေအးက က်ဳပ္ကို
မမွတ္မိဘူးဗ်။ ကိုႀကီးဖိုးေအာင္ရဲ႕
သားေလး ေစာဖိုးေဆာင္ဆိုတာ
ငါးႏွစ္ ေျခာက္ႏွစ္သားေလးဗ်။ အ
သားျဖဴျဖဴေလး။ သူ႕အေမ မေစာ
ၾကည္က အညာသူသာဆိုတယ္
အသားမညိုဘူးဗ်။

အသားျဖဴတယ္။ ဒီေတာ့လည္း
ဖိုးေဆာင္ေလးက အသားျဖဴေတာ့
တာေပါ့ဗ်ာ။ က်ဳပ္နဲ႕ ကိုႀကီးဖိုးေအာင္
က ဝိုင္းထဲက သစ္သားကြပ္ပ်စ္မွာ
စကားေျပာၾကတယ္။ မဖဲဝါေျပာတဲ့
ေဆြခုႏွစ္ဆက္အထိ လိုက္မယ့္အ
ေၾကာင္း ေျပာလိုက္ေတာ့ ကိုႀကီး
ဖိုးေအာင္ ေတာ္ေတာ္တုန္လႈပ္သြား
တာဗ်ိဳ႕။ သူ႕သား ေစာဖိုးေဆာင္
ကေလးကို လွမ္းၾကည့္ေနတယ္

“တာေတ မင္းနဲ႕ငါ ဇလပ္ကုန္းကို
သြားၾကမယ္ကြာ။ အဲဒီေခါင္းေလာင္း
ႀကီးကို ထုခြဲပစ္လိုက္မယ္၊ တကယ္
လို႔ ေငြေပးဝယ္ရမယ္ဆိုရင္လည္း
ငါဝယ္မယ္ တာေတ၊ ၿပီးမွ ထုခြဲပစ္
မယ္။ ခရီးစရိတ္အတြက္ မင္းပိုက္
ဆံ တစ္ျပားေတာင္ မယူခဲ့နဲ႕၊ ငါအ
လုံအေလာက္ ယူခဲ့မယ္”

ေနာက္သုံးရက္ၾကာေတာ့ ကိုႀကီး
ဖိုးေအာင္နဲ႕က်ဳပ္နဲ႕ ခရီးစထြက္တယ္။
ပုသိမ္ကေန တစ္ဆင့္ ေမာ္ေတာ္စီးၿပီး
သြားရတယ္။ “ဆင္စု႐ြာကိုေရာက္ေတာ့
ေမာ္ေတာ္က လမ္းဆုံးသြားၿပီ။ အဲဒီကေန
ရိုးမေပၚကို စတက္ၾကရတယ္။ ညေန ၃
နာရီေလာက္မွာ ဇလပ္ကုန္းကိုေရာက္
တယ္။ ဒါေပမဲ့ ဇလပ္ကုန္းက အရင္႐ြာ
မဟုတ္ေတာ့ဘူးတဲ့ဗ်။

ဒါ႐ြာသစ္တည္ထားတာဆိုပဲ။ အရင္
႐ြာတုန္းက ဘုရားေက်ာင္းက ေခါင္း
ေလာင္းႀကီးက အလိုလို ထထထိုးေန
တယ္ဆိုပဲဗ်ာ။ အဲဒီေခါင္းေလာင္းႀကီး
က အလိုလိုထၿပီးထိုးတိုင္း ႐ြာထဲမွာ
လူတစ္ေယာက္ေသတာတဲ့ဗ်ိဳ႕

ဒါနဲ႕ သူတို႔ေတြ ႐ြာေျပာင္းၿပီးတည္တာ
ႏွစ္ေပါင္းေလးဆယ္ေလာက္ေတာင္
ရွိၿပီဆိုပဲ။ အရင္႐ြာေနရာက အခုဆိုရင္
ေတာႀကီးျဖစ္ၿပီး ေတာင္ကုန္းေပၚက
ခ်က္ေက်ာင္းပ်က္ႀကီးပဲ ရွိေတာ့တယ္
တဲ့ဗ္။

က်ဳပ္တို႔ကေတာ့ အဲဒီခ်က္ေက်ာင္း
ပ်က္ထဲက ေခါင္းေလာင္းႀကီးကိုဖ်က္
ဆီးဖို႔လာတဲ့အေၾကာင္း ေျပာျပေတာ့
ဇလပ္ကုန္းသားေတြက လန့္သြားၾက
တယ္ဗ်။ သူတို႔လည္း အဲဒီေခါင္း
ေလာင္းႀကီးကို ဖ်က္ဆီးဖို႔ ႀကိဳးစား
ခဲ့ၾကတဲ့အေၾကာင္း ေျပာတယ္ဗ်။

ဒါေပမဲ့ ေခါင္းေလာင္းကို ဖ်က္ဆီးဖို႔
ႀကံစည္တိုင္း သူတို႔႐ြာမွာ ေဘးဒုကၡ
တစ္ခုမဟုတ္ တစ္ခု ႀကဳံၾကရတဲ့အ
ေၾကာင္း ေျပာၾကတယ္။ ေနာက္ဆုံး
ေတာ့ သူတို႔ေတြ လုံးဝမေနဝံ့ၾက
ေတာ့ဘဲ ႐ြာေျပာင္းတည္ၾကရတဲ့
အထိ ျဖစ္သြားေရာတဲ့ဗ်ာ။

က်ဳပ္တို႔ကိုလည္း ေခါင္းေလာင္းကို
ဖ်က္ဖို႔မျဖစ္နိုင္တဲ့အေၾကာင္းေျပာၿပီး
မလုပ္ဖို႔တားၾကတယ္။ သူတို႔ဘယ္
ေလာက္ပဲ တားတား က်ဳပ္တို႔က အ
ေဝးႀကီးကလာခဲ့ၾကရတာဆိုေတာ့
မရ,ရေအာင္ ဖ်က္မွာလို႔ေျပာၿပီး
ဇလုပ္ကုန္း႐ြာေဟာင္းကို ရွာဖို႔ထြက္
ခဲ့တယ္။ ညေန ၅ နာရီမွာ ဇလပ္ကုန္း
႐ြာေဟာင္းက ဘုရားေက်ာင္းပ်က္
ႀကီးကို ေရာက္ခဲ့တယ္

မဖဲဝါက ဒါေၾကာင့္ ဘုရားေက်ာင္း
ပ်က္ႀကီးလို႔ ေျပာတာဗ်။ ဘုရားေက်ာင္း
ပ်က္ႀကီးက ပ်ဥ္းကတိုးသစ္ေတြနဲ႕ေဆာက္
ထားေပမယ့္ အသုံးမျပဳတာၾကေတာ့ ပ်က္
စီးၿပီး ယိုင္နဲ႕ၿပိဳက်ေနတာေပါ့ဗ်ာ။က်ဳပ္နဲ႕
ကိုဖိုးေအာင္ ဘုရားေက်ာင္းပ်က္ႀကီးထဲ
ကို ဝင္ၿပီး လိုက္ၾကည့္ၾကတယ္။

ထိုင္ခုံအက်ိဳးအပဲ့ေတြ နည္းနည္းပါးပါး
ရွိတာကလြဲရင္ တျခားဘာမွ မရွိေတာ့
ပါဘူး။ ေတာထဲမွာဆိုေတာ့ အေစာႀကီး
မိုးခ်ဳပ္တာေပါ့ဗ်ာ။ က်ဳပ္နဲ႕ကိုဖိုးေအာင္
က်ဳပ္တို႔ပါလာတဲ့ ဖေယာင္းတိုင္ေတြ
ထုတ္ၿပီး ထြန္းလိုက္ၾကတယ္။ က်ဳပ္နဲ႕
ကိုဖိုးေအာင္ ဘုရားေက်ာင္းပ်က္ႀကီး
ရဲ႕အလယ္မွာ ဒူးေထာက္ထိုင္ၾကၿပီး

“ဘုရားေက်ာင္းေစာင့္ႀကီးဗ်ာေဟာ
ဒီက ေစာဖိုးေအာင္ရဲ႕အဘိုး မန္းဖိုး
ေခါင္နဲ႕ ခင္ဗ်ားနဲ႕ျဖစ္ခဲ့တဲ့ ကိစၥအတြက္
မန္းဖိုးေခါင္ရဲ႕ေျမးျဖစ္တဲ့ ေစာဖိုးေအာင္
က ဘုရားေက်ာင္းေစာင့္ႀကီးကို ေလး
ေလးနက္နက္ ေတာင္းပန္ပါတယ္ဗ်ာ။
လူႀကီးေတြ ျဖစ္ခဲ့တဲ့ ရန္ၿငိဳးရန္စေတြ
ကို ဒီမွာပဲ ရပ္ေပးလိုက္ပါဗ်ာ။ ေစာဖိုး
ေအာင္က အႏူးအၫြတ္ေတာင္းပန္
ပါတယ္”

“ဟုတ္ပါတယ္ ဘုရားေက်ာင္းေစာင့္
ႀကီး၊ က်ဳပ္ဖိုးေအာင္ အႏူးအၫြတ္
ေတာင္းပန္ပါတယ္ဗ်ာ”

“ဝုန္း ဒိုင္း ဝုန္း ဝုန္း”

ဟာျဖဴျဖဴအရိပ္ႀကီးတစ္ခု ရိပ္ခနဲ
ျဖတ္ေျပးသြားတာ ျမင္လိုက္ရတယ္
ဗ်ိဳ႕။ ၿပီးတာနဲ႕ ဘုရားေက်ာင္းပ်က္ႀကီး
ရဲ႕ ပိတ္ထားတဲ့တံခါးေတြဟာ သူ႕အလို
လိုကို ဝုန္းခနဲပြင့္ထြက္ကုန္ေရာဗ်ိဳ႕။ဘု
ရားေက်ာင္းပ်က္ႀကီးရဲ႕ ၾကမ္းျပင္ေပၚ
မွာ လဲၿပိဳေနတဲ့ခုံေတြလည္း ေလထဲ
ကို ေျမာက္တက္ၿပီး ဒုန္းခနဲျမည္
ေအာင္ ၾကမ္းျပင္ေပၚကို ျပန္က်
လာတယ္။

“သြားၿပီကိုႀကီးဖိုးေအာင္ေရ၊
ဘယ္လိုမွေတာင္းပန္လို႔ရမယ့္ပုံ
မေပၚဘူးဗ်ာ”

“ေဒါင္ ေဒါင္ ေဒါင္ ေဒါင္ ေဒါင္”

ဟာေခါင္းေလာင္းႀကီး ထိုးၿပီဗ်ိဳ႕။
သူ႕အလိုလိုကို ထိုးတာဗ်ာ။

“ေအာင္မယ္ေလးဗ်ာ၊ ေခါင္းေတြ
ကြဲေတာ့မယ္ဗ်”

ကိုဖိုးေအာင္က သူ႕နားႏွစ္ဖက္ကို
လက္ဝါးနဲ႕အုပ္ၿပီး ၾကမ္းျပင္မွာ ေခါင္း
စိုက္ၿပီး ေအာ္ေနတာဗ်ိဳ႕။ က်ဳပ္ျဖင့္
ၾကက္သီးေတြ ထလိုက္တာဗ်ာ။
မေျပာပါနဲ႕ေတာ့။ က်ဳပ္ခ်က္ခ်င္း
မဖဲဝါရဲ႕ ကိုယ္ခြဲ႐ုပ္ကေလးကို
ထုတ္ယူလိုက္ၿပီး

“သခၤ်ိဳင္းရွင္မႀကီး မဖဲဝါခင္ဗ်ား
က်ဳပ္တို႔ဘုရားေက်ာင္းပ်က္ႀကီး
ထဲကို ေရာက္ေနပါၿပီ။အခု ဘုရား
ေက်ာင္းေစာင့္ႀကီးကို ေတာင္းပန္
ေနတာပါ။ ဘယ္လိုမွ ေတာင္းပန္
လို႔ မရဘဲ ဝုန္းဒိုင္းႀကဲေနၿပီဗ်ာ။
ေခါင္းေလာင္းႀကီးလည္း မရပ္
ေတာ့ဘဲ ထိုးေနၿပီဗ်ာ။ ကိုႀကီးဖိုး
ေအာင္လည္း ေအာ္ဟစ္ေနၿပီ
မဖဲဝါ အျမန္ႂကြလာခဲ့ပါဗ်ာ”

က်ဳပ္လည္း မဖဲဝါကို ခ်က္ခ်င္းပင့္
ရေတာ့တာေပါ့ဗ်ာ။ ဘုရားေက်ာင္း
ႀကီးတစ္ခုလုံး ေျဗာင္းကိုဆန္ေနၿပီဗ်ိဳ႕။

“ေဒါင္၊ ေဒါင္၊ ေဒါင္၊ ေဒါင္၊ ေဒါင္”

“ေအာင္မယ္ေလးဗ်ာေခါင္းႀကီး
ကြဲထြက္ေတာ့မယ္ဗ်ာ ရပ္လိုက္
ပါေတာ့ဗ်ာ”

“ဝုန္း ဝုန္း ဒိုင္း ဒုန္း ဒုန္း”

“ကိုႀကီးဖိုးေအာင္ သတိထား၊
သတိထား၊ စိတ္မေလွ်ာ့လိုက္နဲ႕ ”

“ဂ်ိမ္း၊ ဂ်ိမ္း၊ ဂ်ိမ္း”

ဟာႏြေေခါင္ေခါင္ႀကီး ခ်က္ခ်င္း
မိုးေတြ ခ်ိန္းလာၿပီဗ်ိဳ႕။ ဘာေတြျဖစ္
ကုန္ၿပီလဲေတာ့ မသိဘူးဗ်ာ။ ခ်က္
ခ်င္းကို မိုးသက္မုန္တိုင္း က်လာ
တာဗ်ိဳ႕။

“ေဝါ ေဝါ ေဝါ”

ဟာမိုးႀကီး၊ ေလႀကီးက်တာဗ်ိဳ႕။
က်ဳပ္တို႔တြန္းထားတဲ့ ဖေယာင္းတိုင္
ေတြ ၿငိမ္းကုန္ၿပီ။ ဘုရားေက်ာင္းတစ္
ခုလုံး ေမွာင္သြားၿပီဗ်ာ။ ဟာလွ်ပ္စီး
ေတြ တဝင္းဝင္း လက္ေနတာဗ်။

လွ်ပ္စီးအေရာင္ေၾကာင့္ ဘုရားေက်ာင္း
ႀကီးထဲမွာ လင္းခနဲ ျဖစ္ျဖစ္သြားတုန္း
ျမင္လိုက္ရတာဗ်။ ျဖဴျဖဴအရိပ္ႀကီးတစ္
ခုက ကိုႀကီးဖိုးေအာင္ကို စိုက္ၾကည့္
ေနတာဗ်ိဳ႕။ က်ဳပ္ခ်က္ခ်င္းေျပးၿပီ
က်ဳပ္လြယ္ထားတဲ့ က်ဳပ္လြတ္အိတ္
ထဲမွာက ေဆးဝါးေတြ၊ အင္းေတြ
အစုံပါတယ္ေလဗ်ာ။

ကိုဖိုးေအာင္ ေစာေစာကလို မေအာ္
ေတာ့ဘူးဗ်။ မိုးသံ ေလသံေတြေအာက္
မွာ တစ္ေဆႀကီးထိုးတဲ့ ေခါင္းေလာင္းသံ
က ေပ်ာက္သြားတယ္။ တစ္ေဆႀကီး
ေတာ္ေတာ္ကို ေဒါသျဖစ္သြားပုံပဲဗ်

“ဝီး ဝီး ဝီး ဒုန္း ဒုန္း ဂ်ိမ္း ဂ်လိမ္း
ဂ်လိမ္း ခလြမ္း ခြမ္း ခြမ္း”

ဟာမိုးႀကိဳးပစ္ၿပီဗ်ိဳ႕။ ဟာေခါင္း
ေလာင္းႀကီးကို ပစ္ခ်လိဳက္တာဗ်ိဳ႕။
ဟာဘုရားေက်ာင္းထဲကို တိုးဝင္
လာတဲ့ ေလေပြႀကီးနဲ႕ ျဖဴျဖဴအရိပ္
ႀကီးပါသြားၿပီဗ်ိဳ႕။ ဟာေခါင္းေလာင္း
ႀကီးလည္း ေခါင္းေလာင္းစင္ေအာက္
က သမံတလင္းေပၚမွာ ကြဲၿပီးတစ္စ
စီကို ျဖစ္ေနၿပီဗ်ာ

ဝင္းခနဲ ဝင္းခနဲ လက္ေနတဲ့ လွ်ပ္စီး
ေရာင္ေအာက္ က်ဳပ္ျမင္လိုက္ရတဲ့
ျမင္ကြင္းေတြေပါ့ဗ်ာ။

“ကိုႀကီးဖိုးေအာင္ကိုႀကီးဖိုးေအာင္၊
ေခါင္းေလာင္းႀကီးကို မိုးႀကိဳးပစ္လို႔
ကြဲသြားၿပီဗ်”

“ေဟဟုတ္လား တာေတ၊ ဟာ
ဝမ္းသာလိုက္တာကြာ၊ ဒါဒါဆိုရင္
ငါတို႔က်ိန္စာေတြ ျပယ္ၿပီေပါ့ကြ”

“ဟုတ္တယ္ဗ်ဟုတ္တယ္၊ ေစာ
ေစာက ေလတစ္ခ်က္ေစာင့္တိုက္
လိုက္တုန္းက ျဖဴျဖဴအရိပ္ႀကီးလည္း
ပါသြားၿပီဗ်”

“ေဟဟုတ္လား၊ မင္းျမင္လိုက္လား
တာေတ”

“ျမင္လိုက္တယ္ဗ်ကိုႀကီးဖိုးေအာင္ရဲ႕။
က်ဳပ္ ေသေသခ်ာခ်ာကို ျမင္လိုက္တာ”

“ဟာဝမ္းသာလိုက္တာကြာ”

ေလလည္း တျဖည္းျဖည္း ၿငိမ္သြားၿပီ။
မိုးလည္းစဲသြားၿပီဗ်။ က်ဳပ္တို႔လည္း
ၿငိမ္းသြားတဲ့ ဖေယာင္းတိုင္ေတြကို
ျပန္ထြန္းလိုက္ၾကတယ္။ ဘုရား
ေက်ာင္းပ်က္ႀကီးလည္း ၿငိမ္သက္
ေနၿပီ။ က်ဳပ္တို႔ႏွစ္ေယာက္ ဖေယာင္း
တိုင္မီး တစ္ေယာက္တစ္တိုင္ကိုင္
ၿပီး သံမံတလင္းေပၚမွာ တစ္စစီကြဲ
ေၾကေနတဲ့ ေခါင္းေလာင္းႀကီးကို
သြားၾကည့္ၾကတယ္။

“ကိုႀကီးဖိုးေအာင္ ေခါင္းကိုက္ေသး
လားဗ်”

“မကိုက္ေတာ့ဘူးကြ တာေတရ”

က်ဳပ္တို႔ႏွစ္ေယာက္ တစ္ညလုံး
နဂါးေဆးေပါ့လိပ္ကေလးေတြ ဖြာ
ရင္း ဘုရားေက်ာင္းပ်က္ထဲမွာ
ထိုင္ရင္း မိုးလင္းရတာေပါ့ဗ်ာ။
ႏွစ္ေယာက္စလုံး အိပ္ကိုမအိပ္
ရဲတာဗ္။

ေနာက္ေန႕ က်ဳပ္တို႔ႏွစ္ေယာက္
ေတာင္ေပၚက ျပန္ဆင္းေတာ့ ဇလပ္
ကုန္းက လူေတြ ဝမ္းသာအားရ ႀကိဳ
ၾကတယ္ဗ်ိဳ႕။ က်ဳပ္တို႔က ညက မုန္
တိုင္းက်ၿပီး ေလေရာ မိုးေရာ႐ြာခ်
ၿပီး မိုးႀကိဳးပစ္ခ်လိဳက္လို႔ ဘုရား
ေက်ာင္းပ်က္ႀကီးထဲက ေခါင္းေလာင္း
ႀကီးကြဲသြားတဲ့အေၾကာင္း ေျပာျပ
ေတာ့ အားလုံးအံ့ၾသေနၾကတာဗ်။

“ညက ဘယ္လိုလုပ္ ေလႀကီးမိုးႀကီး
က်မွာတုံး။ ဒီေလာက္ ႏြေေခါင္ေခါင္
ႀကီးမွာ”

လို႔ ေျပာၾကေတာ့ က်ဳပ္ျဖင့္ အံ့ၾသ
လိုက္တာဗ်ာ။ ဒါဆိုရင္ မုန္တိုင္းက်
ၿပီး မိုးေတြ႐ြာ၊ ေလေတြတိုက္၊ မိုးႀကိဳး
ေတြပစ္တာ ။ ေတာင္ေပၚက ဘုရား
ေက်ာင္းပ်က္ ဝင္းႀကီးထဲမွာတင္ ျဖစ္
သြားတယ္ ဆိုတာကို က်ဳပ္ေတြးမိၿပီး
ေတာ္ေတာ္ကို အံ့ၾသသြားတာဗ်။

မဖဲဝါ က်ဳပ္ကို ေျပာလိုက္တဲ့အတိုင္း
ေတာင္ပိုင္နတ္ႀကီးကို အကူအညီ
ေတာင္းလိုက္တာပဲ ဆိုတာကို က်ဳပ္
ေသေသခ်ာခ်ာ နားလည္သြားတာ
ေပါ့ဗ်ာ။ က်ဳပ္တို႔ႏွစ္ေယာက္ ႐ြာကို
ျပန္ေရာက္ေတာ့ ကိုႀကီးဖိုးေအာင္က
အမဲသားတစ္ပိႆာဝယ္ၿပီး မဖဲဝါ
ကို စားပြဲေပးလိုက္တယ္ဗ်။

က်ဳပ္အားလုံး လုပ္ေပးရတာေပါ့ဗ်ာ။

အဲဒီကတည္းက ကိုႀကီးဖိုးေအာင္လည္း
အသုဘေခါင္းေလာင္သံႀကီး မၾကားရ
ေတာ့ဘူးတဲ့ဗ်ာ။

ၿပီးပါၿပီခဗ်ာ

စာဖတ်ပရိတ္သတ္မ်ားအားလုံးပဲ စိတ္႐ႊင္လန္းပါေစခဗ်ာ

ဤဝတၱဳေလးအား ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share ေလး
လုပ္ေပးပါအုံးဗ်ာ။

No comments

Post a Comment