ပျော်တတ်တဲ့ ဝိညာဉ် { စ / ဆုံး }

  ပျော်တတ်တဲ့ ဝိညာဉ် { စ / ဆုံး } မူရင်းရေးသားသူ_ဆရာတာတေ လူတွေမှာ လူရယ်လို့ဖြစ်ကတည်းက ဗီဇသတ္တိတစ်ခု တော့ ပါလာစမြဲပဲဗျ။တာတေ ဆယ်နှစ်သားလောက်က ... thumbnail 1 summary

 ပျော်တတ်တဲ့ ဝိညာဉ် { စ / ဆုံး }

မူရင်းရေးသားသူ_ဆရာတာတေ

လူတွေမှာ လူရယ်လို့ဖြစ်ကတည်းက ဗီဇသတ္တိတစ်ခု
တော့ ပါလာစမြဲပဲဗျ။တာတေ ဆယ်နှစ်သားလောက်က
ရွာမှာသူငယ်ချင်းတစ်ယောက်ရှိတယ်။သူ့နာမည်က
အောင်စိန်တဲ့။ဒါပေမဲ့ ဒီကောင် ပိန်ပိန်သေးသေးမို့
သူငယ်ချင်းတွေက သူ့ကိုအောင်ပိန်လို့ပဲ ခေါ်ကြတာ။

အောင်ပိန့်အဘိုးက မန္တလေးက ပန်းပုဆရာကြီးဗျ။
အခုတော့ မရှိတော့ပါဘူး။သူ့အဘိုးရဲ့ဗီဇလိုပဲ ပြော
ရမလားပဲဗျ။အောင်ပိန်ခုနှစ်နှစ် ရှစ်နှစ်ကတည်းက
ရွှံ့ရုပ်ကလေးတွေလုပ်တာ သိပ်လက်ရာမြောက်တာဗျ။
ကျွဲရုပ် နွားရုပ် ခွေးရုပ် ငှက်ရုပ် သားတော်ရုပ် ဒေါင်းရုပ်
တွေကအစ ဒီကောင် လုပ်တတ်တယ်။

ဆယ်နှစ်သားလောက်ရောက်တော့ သစ်သားတုံးကလေး
တွေကို ပန်းပုတ်နေပြီဗျ။အောင်ပိန့်အဖေကလည်း
မန္တလေးမှာ အောင်ပိန့်နဲ့အဘိုးနဲ့တွဲပြီး ပန်းပု နည်းနည်း
ပါးပါး လုပ်ဖူးတော့ သူ့မှာစူး ဆောက် တန်ဆာပလာတွေ
အစုံရှိတာဗျ။

အဲဒါတွေကို ကျောက်နဲ့ သွေးပုံသွေးနည်း
သုံးပုံသုံးနည်းတွေကို အောင်ပိန့်ကို သင်ပေးထားတာ။
အောင်ပိန့်က သစ်သားတုံးကလေးကို ခြေထောက်နဲ့
နင်းပြီး ပန်းပုထုတော့တာပဲဗျ။အောင်ပိန်က
လူရုပ်ကလေးတွေ ထုတာဗျို့။
လယ်သမား စပါးရိတ်တဲ့ပုံ။ဆင်ပုံ။နွားပုံ။နွားတွေ
လှည်းဆွဲတဲ့ပုံ။သိပ်အကောင်းချည်းမဟုတ်ပေမဲ့
တော်တော်တော့ ညီညီညာညာကလေးတွေ
ဖြစ်နေပြီဗျ။

ဒါပေမဲ့ အောင်ပိန်က ပန်းပုထုတာတောင်
တော်တာမဟုတ်ဘူး။ဆော့တဲ့နေရာမှာလည်း
ပြိုင်စံရှားပဲဗျို့။အောင်ပိန်ဆော့တာဆိုတာက
ကျုပ်တို့လို ဂေါ်လီပစ်တာ ဂျင်ပေါက်တာ
ထုတ်ဆီးတိုးတာ။ဖန်ခုတ်တာကို ဆော့တာ
မဟုတ်ဘူး။ ပေါက်ပေါက်ရှာရှာတွေ ဆော့တာဗျို့။

ကျုပ်တို့ရွာဦး ရွှေတောင်ဘုရားပွဲမှာ လာပြသွားတဲ့
မျက်လှည့်ပွဲတွေ ရှိတယ်ဗျ။အဲဒီမျက်လှည့်တွေ
အထဲက ဆရာရွှေကိုလေးရဲ့ပြကွက်မျိုး ဆရာမ
စောနန်းနွယ်ရဲ့ပြကွက်မျိုးတွေကို သူက လုပ်ပြီး
ဆော့တာဗျ။စောနန်းနွယ်ဆိုတဲ့ မျက်လှည့်ဆရာမက
ပြကွက်သိပ်ကောင်းတာ။ကျုပ်တို့ရွာသားတွေ
သူရဲ့ပြကွက်ကို လွှတ်ကြိုက်ကြတာဗျို့။

မြေကျင်းတစ်ကျင်း တူးတယ်။ပြီးတော့ ကောင်မလေး
တစ်ယောက်ကို ကတ္တီပါအိတ်ကြီးတစ်လုံးထဲမှာထည့်
ပြီး အိတ်ကို ကြိုးနဲ့စည်းတယ်။ပြီးရင် အဲဒီအိတ်ကို
မြေကျင်းကြီးထဲထည့်ပြီး အပေါ်က မြေဖို့လိုက်တယ်။
ပြီးရင် မြေဖို့ထားတဲ့ မြေကျင်းကို ဘေးကနေ
ပိတ်စအနက်နဲ့ ကာလိုက်တယ်။

တောမှာက နဂိုကတည်းက ဝါးလုံးတိုင်တွေ စိုက်ထားတာဗျ။
ကန်တော့ပွဲတွေကလည်း သုံးပွဲလောက် ထိုးထား
တာဗျို့။ဖယောင်းတိုင်တွေကလည်း ကန်တော့ပွဲတွေမှာ
ထွန်းထားလိုက်တာ လင်းနေတော့တာပေါ့ဗျာ။

လူတွေဆိုတာ ဘာဖြစ်မလဲ သိချင်လို့ ဝိုင်းအုံတိုးပြီး
ကြည့်ကြတာဗျာ။အဲဒီမှာတင် ဆရာမစောနန်းနွယ်က
စကားတွေ ဝေဝေဆာဆာပြောပြီး ဆေးတွေဝါးတွေ
ရောင်းသေးတာဗျ။လူတွေကလည်း ဝယ်ကြတာပေါ့ဗျာ။
ပြီးတော့မှ သူရဲ့ဆေးကြိမ်လုံးနဲ့ ဟန်ပါပါ မန်းမှုတ်ပြီး
မြေကြီးကို ဖြန်းကနဲ ရိုက်လိုက်တာ။မြေကျင်းကို
ဖို့ထားတဲ့ သဲတွေ ဖွားကနဲ မြောက်တက်သွားပြီ
စောစောက ကောင်မလေးကို ထည့်ထားတဲ့
ကတ္တီပါအိတ်က သဲတွေနဲ့ ရောပြီး မြောက်တက်သွား
တာဗျို့။

“ဟာ ဟိုမှာ ဟိုမှာ ဟာ လူမပါဘူးကွ အိတ်ချည်းပဲ
လူဘယ်ရောက်သွားတုံး”

ဆိုတဲ့ အသံတွေ ဆူညံသွားတာပေါ့ဗျာ။တကယ်ကို
ရုတ်ရုတ်သည်းသည်း ဖြစ်စေတဲ့ ပြကွက်ပါဗျာ။

ဆရာမစောနန်းနွယ်က ဘေးက ကာထားတဲ့
အကာတွေကို ဖယ်လိုက်ပြီး မြေကျင်းကို ကြည့်ခိုင်းတယ်
ကျုပ်တို့ရွာသားတွေ တိုးဝှေ့ကြည့်တာပေါ့ဗျာ။

“ဟာ မရှိဘူးဟ မြေကျင်းထဲမှာ ဘာမှမရှိဘူး
ကောင်မလေး ဘယ်ရောက်သွားတုံး”

ဆိုပြီး ဆူဆူညံညံတွေ ဖြစ်ကုန်ကြတာပေါ့ဗျာ။
ဒီတော့မှ ဆရာမစောနန်းနွယ်က ပရိတ်သတ်ကို
ထိန်းတယ်ဗျ။

“အားလုံး ကိုယ့်နေရာတကျ ပြန်ရပ်ကြပါ
ကျမရဲ့ပြကွက်က မပြီးသေးပါဘူး ငြိမ်ကြပါ
ငြိမ်ကြပါ”

လူတွေ နေရာတကျပြန်နေပြီး ငြိမ်သွားတယ်ဗျ။
ဒီအချိန်မှာပဲ။ စောနန်းနွယ်က သူ့ကျောပေါ်မှာ
ဖြန့်ပြီးခြုံထားတဲ့ ဝတ်ရုံအစိမ်းရောင် ကတ္တီပါစကြီးကို
ဖြုတ်လိုက်ပြီး မျက်လှည့်ဝိုင်းအလယ်က မြက်ခင်း
ကလေးပေါ်မှာ ဖြန့်ထားလိုက်တယ်။

ပြီးတော့ အဲဒီကတ္တီပါစရဲ့ ဘေးမှာ ပတ်လျှောက်ပြီး
ပညာရယ်အကြောင်းတွေကို စိတ်ဝင်စားစရာ
ကောင်းအောင် ပြောပြတယ်ဗျ။သူစကားပြောတိုင်း
ဘင်တီးတဲ့လူက …

“ဒုံး ဒုံး ဒုံး ချမ်း”

ဆိုပြီး အချက်ကျကျ တီးပေးတာဗျ။လူတွေဆိုတာဗျာ။
ပျောက်သွားတဲ့ ကောင်မလေး ဘာဖြစ်သွားလဲဆိုတာ
သိချင်လွန်းလို့ အသက်တောင် မရှုနိုင်အောင်
ဖြစ်နေတာပေါ့ဗျာ။

ဒီမှာတင် နောက်ထပ် ဆေးတွေ အဆောင်ရုပ်တွေကို
ထပ်ရောင်းပြန်ရောဗျ။ကျုပ်တို့ ရွာသားတွေဆိုတာ
အလုအယက်ကို ဝယ်ကြတာဗျို့။ဆေးရောင်းလို့
ပြီးတော့မှ ကတ္တီပါစအစိမ်းကြီးဘေးမှာပတ်လျှောက်ပြီး
မကြာခင်မှာ တွေ့ကြရတော့မယ် သူရဲ့ပညာအကြောင်းကို
ပြောပြတယ်။

ဟော ပြပြီဗျို့။စောနန်းနွယ်က ပါးစပ်က ဂါတာလိုလို
မန္တန်လိုလို စာသားတွေကို ရွတ်ဖတ်ပြီး အမိန့်တွေ
ပေးလိုက်တဲ့အခါကျတော့ မြက်ခင်းပေါ်မှာ ဖြန့်ပြီး
ချထားတဲ့ ကတ္တီပါဝတ်ရုံအစိမ်းကြီးက အလယ်တည့်
တည့်မှာ ဖောင်းလာတယ်ဗျို့။

“ဟာ လှုပ်လာပြီဟေ့ ဒါဘာတုံး မြွေလားဟ
ဟိုကောင်တွေ နောက်နည်းနည်းဆုတ်ကြစမ်း
မြွေထွက်လာရင် နင်တို့ကို ပေါက်မှာပဲ”

ဆူဆူညံညံတွေ ဖြစ်ကုန်တာပေါ့ဗျာ။ကတ္တီပါအစိမ်းစ
ကြီးကလည်း တဖြည်းဖြည်း ဖောင်းဖောင်းပြီး
ကြွလာတာဗျို့။ဟော တော်တော်ကို ကြွလာတာဗျ။
ဟော ငြိမ်သွားပြီ။ငြိမ်သွားပြီ။ဒီတော့မှာ ဆရာမ
စောနန်းနွယ်က ကတ္တီပါအစိမ်းစကြီးအနားစပ်ကကိုင်ပြီး
ဖြည်းဖြည်းချင်း ဖွင့်ပြလိုက်တယ်။

“ဟာ”

ကျုပ်တို့ရွာသားတွေ ‘ဟာ” လို့ သံပြိုင်အော်လိုက်တဲ့
အသံကြီးက တော်တော်ကို ကျယ်တာဗျ။
လူတစ်ရာလောက် သံပြိုင်အော်လိုက်တာလေဗျာ။
အဲဒီအထဲမှာ ကျုပ်အသံရော အောင်ပိန့်အသံရော
ပါတာပေါ့ဗျာ။စောစောက မြေကျင်းထဲကို မြှုပ်လိုက်တဲ့
ကောင်မလေးဗျ။တင်ပလ္လင်ခွေထိုင်ပြီးတော့
လက်အုပ်ကလေးချီထားတာဗျ။
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”

ဘာပြောကောင်းမလဲဗျာ။ကျုပ်တို့ရွာသားတွေ
လက်ခုပ်တွေတီးလိုက်ကြတာ ဆူညံသွားတော့တာဗျို့။
အဲဒီအထဲမှာ ကျုပ်နဲ့ အောင်ပိန့်ရဲ့ လက်ခုတ်သံတွေလည်း
ပါတာပေါ့ဗျာ။

ဘုရားပွဲပြီးလို့ တစ်ပတ်လောက်ကြာတော့
အောင်ပိန်က ကျုပ်တို့ကို မျက်လှည့်ပြ,ပြတော့တာပေါ့ဗျာ
သူထုထားတဲ့ သစ်သားပန်းပုရုပ်ကလေးဗျ။
ကောင်မလေးပုံ။ဂါဝန်ကလေးနဲ့ဗျ။သေသေချာချာကို
ဆေးခြယ်ထားတာ။အောင်ပိန်က မြေကျင်းတစ်ကျင်း
တူးပြီး သစ်သားရုပ်ကလေးကို မြှုပ်တယ်ဗျ။
မမြှုပ်ခင်မှာ ပိတ်စအိတ်နဲ့ အရုပ်ပို့ထည့်လိုက်သေးတယ်ဗျ။

အရုပ်ကို မြေမြှုပ်ရင်း ပါးစပ်ကလည်း မျက်လှည့်
ဆရာမ စောနန်းနွယ် ပြောတာမျိုးတွေကို
ပြောသေးတာဗျ။ဒီကောင် အောင်ပိန်က ဥာဏ်တော့
ကောင်းသား။စောနန်းနွယ်ပြောတဲ့ စကားတွေကို
တော်တော်မှတ်မိတာဗျ။
ကျုပ်တို့လည်း အောင်ပိန့်ကို သဘောကျသွားကြ
တာပေါ့ဗျာ။အောင်ပိန်က သူတို့အိမ်ဝိုင်းထဲမှာ
မျက်လှည့်ပြတာဗျို့။ကျုပ်တို့က သွားကြည့်ကြရတာ။

ကျုပ်တို့ဆိုတာလည်း မနည်းဗျ။ထနောင်းကုန်းမှာရှိ
တဲ့ ကလေးအကုန်ပဲပေါ့။အားလုံး သုံးဆယ်လောက်တော့
ရှိမှာ။အောင်ပိန်ရဲ့ မျက်လှည့်ပွဲမှာ ရွာအနောက်ပိုင်းက
“အာကျယ်”လို့ခေါ်တဲ့ အကောင်က ဘင်တီးလို့ဗျ။
လေးထောင့်သံပုံးအလွတ်တစ်လုံးကို အာကျယ်က
တုတ်တံကလေးနဲ့ တီးလို့ဗျ။ပြီးတော့ သစ်သား
တုံးတစ်တုံးပေါ်မှာလည်း လင်ကွင်းကလေးတစ်ခု
ချထားပြီး တီးသေးတာဗျ။

“ဘုန်း ဘုန်း ချမ်း ချမ်း”

နဲ့ မျက်လှည့်ပွဲပုံစံ ဖမ်းထားတာပေါ့ဗျာ။
အောင်ပိန်ဆိုတဲ့ ကောင်ကလည်း စောနန်းနွယ်ပုံစံ
ဖမ်းထားတာဗျ။သူ့အဖေရဲ့ပုဆိုးတစ်ထည်ကို
လည်ပင်းမှာစည်းပြီး ကျောကုန်းမှာ ခြုံထားတာ
ဝတ်ရုံကြီး ခြုံသလိုပေါ့ဗျာ။

“အခု ကျုပ်တို့ ဒီခရေမရေးကို မြေကျင်းထဲ ညှပ်လိုက်ပြီဂျို့”

ပြောရဦးမယ်ဗျို့။အောင်ပိန်ဆိုတဲ့ကောင်က စကားလုံးဝ
မပီဘူးဗျ။စောစောက ကျုပ်ပြောဖို့မေ့နေတာ။

“ဒါပေမဲ့ ချမ်းဆရာကြီး အောင်ချိန့်လို့ခေါ်တဲ့ ကျုပ်က
အသက်မသေဘဲ အကောင်းပကတိ ပြန်ရောက်လာအောင်
ကျုပ်တတ်ထားတဲ့ ကျင်ညာနဲ့ ရုပ်လိုက်မှာပါ”

ကျုပ်တို့က သူစကားမပီတာကို ရယ်ချင်ပေမယ့်
ရှမ်းဆရာကြီးအောင်ပိန်စိတ်ဆိုးပြီး မျက်လှည့်မပြတော့
မှာကြောက်လို့ မရယ်ဘဲ အောင့်ထားရတာပေါ့ဗျာ။

“ဟဲ ဟဲ ဟဲ ခင်ညားတို့ ကြောက်နေကြပြီမို့လား
ဟဲ ဟဲ ဟဲ”

“မကြောက်ဘူး”

ရွာတောင်ပိုင်းမှာတဲ့ ဝိုင်းစိန်က ထအော်တယ်ဗျ။
အောင်ပိန်မျက်နှာကြီး ပျက်သွားပြီ

“တေနာမ ကြောက်ပါတယ်ရို့ ကျောတာ မဟုတ်ဘူး”

“အဲ ကြောက်ပါတယ် ဆရာကြီး”

ဝိုင်းစိန်မက စကားကို ချက်ချင်းပြင်ပြောလိုက်တော့မှ
အောင်ပိန်က ပြုံးပြုံးကြီး လုပ်နေတာဗျ။

“ကဲ ချမ်းစရာ အောင်ချိန် ကျင်ညာစွမ်းကျချိန်ရောက်ပြီ
ဟဲ့ကောင် အာကျယ် ဘင်နာနာတီးစမ်း”

“ဘုန်း ဘုန်း ဘုန်း ဘုန်း ချမ်း ချမ်း”

အာကျယ်က သံပုံးကိုခပ်ပြင်းပြင်းတီးပေးသဗျ။
ဒီတုန်းမှာပဲ ခပ်လှမ်းလှမ်းမှာချထားတဲ့ နွားနှင်တံကို
အောင်ပိန်က ပြေးကောက်တယ်။ပြီးတော့
ဟန်ပါပါနဲ့ ပါးစပ်က ရွတ်ဖတ်ပြောဆိုပြီး
မြေကြီးကို ရိုက်လိုက်တယ်ဗျ။
“ဖုန်း”
“ဟာ”

ကျုပ်တို့ကလေးသုံးဆယ်လောက်ပြိုင်တူအော်လိုက်တဲ့
“ဟာ”ဆိုတဲ့ အသံကြီးက တော်တော်ကို ကျယ်သွားတာဗျို့။
မြေကျင်းကို ဖို့ထားတဲ့ သဲမှုန့်တွေ ဖွားကနဲ
မြောက်တက်ပြီး အရုပ်ထည့်ထားတဲ့ အိတ်ကလေးက
လေထဲကို သုံးတောင်လောက် မြောက်တက်သွား
တာဗျ။ပြီတော့ အိတ်ထဲက သစ်သားအရုပ်မကလေးက
ပိတ်စအိတ်ထဲက ထွက်ကျလာတယ်။

“ဟဲ ဟဲ ဟဲ ဟဲ”

အောင်ပိန်က နွားနှင့်တံကြီးကိုင်လျက်သားကနေ
တဟဲဟဲ ရယ်နေတယ်ဗျ။

“ဟာ အောင်ပိန် ဘယ်လိုလုပ်လိုက်တာတုံး”

“အောင်ပိန် စောနန်းနွယ်ရဲ့ ပညာတွေ တက်နေတယ်
ထင်တယ်”

ဟုတ်တယ်ဗျ။အံ့သြမယ်ဆိုလည်း အံ့သြစရာပါပဲဗျာ။
ဒီကောင် အောင်ပိန် ရိုက်လိုက်တဲ့နေရာက မြေကျင်းကလေးနဲ့
နှစ်ပေလောက် ကွာတယ်ဗျ။ရိုက်တာက တစ်နေရာ
မြေကျင်းထဲက သဲတွေက ဖွားကနဲ လွင့်တက်ပြီး
မြှုပ်ထားတဲ့ အရုပ်ပါ ပေါ်လာတာဗျ။ကျုပ်လည်း
အံ့သြသွားတာပေါ့ဗျာ။

အောင်ပိန်ကိုအားလုံးက အထင်ကြီးသွားကြတာပေါ့ဗျာ
အောင်ပိန်ကလည်း သူ ဘယ်လိုလုပ်တယ်ဆိုတာ
ကျုပ်တို့ကိုပြောမပြဘူးဗျ။ကျုပ်က နောက်မှ ရှမ်းဆရာကြီး
အောင်ပိန်ရဲ့ဘင်တီးဆရာ အာကျယ်ကိုချော့မော့
မေးရတာဗျ။အောင်ပိန်ကနှစ်ပေလောက်ရှိတဲ့ ဝါးခြမ်း
ပြားလေးတစ်ခုကို မြေကျင်းနဲ့ မြောင်းကလေးတူးပြီး
မြှုပ်ထားတာတဲ့ဗျ။ကုတ်သဘောပေါ့ဗျာ။အဲဒီဝါးခြမ်း
ပြားကိုလည်း အောက်က ကျောက်စရစ်တုံးကလေး
ခုပြီး အပေါ်က မြေကြီးတွေ ဖုံးထားတာဗျ။ဒါကို
ကျုပ်တို့က မမြင်ကြဘူးလေ။ဝါးခြမ်းပြားကို
ဒီဘက်ထိပ်ကို ရိုက်လိုက်တော့ ကုတ်ရဲ့သဘောအတိုင်း
ဟိုတစ်ဖက်က အရုပ်ကလေးကို ကော်ပြီးတင်ပေးလိုက်
တာပေါ့ဗျာ။

အောင်ပိန်ဆော့တယ်ဆိုတာက အဲဒီလိုမျိုး ဆော့တာဗျို့။
ပေါက်ပေါက်ရှာရှာတွေ။ကတ်သီးကတ်သတ်တွေပေါ့ဗျာ။
ဘာပဲပြောပြော ကျုပ်တို့ရွာက ကလေးတွေထဲမှာတော့
အောင်ပိန်က ဆရာကြီးပေါ့ဗျာ။တစ်ခါကလည်း
ညမိုးချုပ်ကြီးကျမှ ဒီကောင် ကျုပ်တို့ဝိုင်းထဲ ဝင်လာတယ်ဗျ။

“တာတေ တာတေ ဟေ့ကောင် တာတေ
ငါပါကွ အောင်ချိန်ပါ”

စကားကလည်း နည်းနည်းမှကို မပီဘူးဗျ။
သူ့ကိုယ်သူလည်း အောင်စိန်က အောင်ချိန်ပဲ ပြောတာ။

“ဟာ အောင်ပိန်လား ညကြီး ဘယ်ကလာတာတုံး”

“လာခဲ့ဦးကွ တာတေရ မင်းကိုပြစရာရှိလို့”

အောင်ပိန်က ပြစရာရှိလို့ဆိုတော့ ကျုပ်က စိတ်ဝင်စား
သွားတာပေါ့ဗျာ။ကျုပ်မှာကလည်း စပ်စုချင်တဲ့
ဗီဇက ပါနေတာကိုးဗျ။ကျုပ် ချက်ချင်းပဲ အိမ်ပေါ်က
ဆင်းလိုက်တယ်။

“ဟေ့ကောင် တာတေ မင်းစုန်းတောက်စားတာ
မြင်ဖူးသလား”

“ဟေ စုန်း ဟုတ်လား တောက်စားတယ်ဆိုတာ
ဘာလုပ်တာတုံးကွ အောင်ပိန်ရ”

ကျုပ်က သူပြောတာကို နားမလည်လို့ မေးရတာပေါ့ဗျာ

“ဟ တာတေရာ ဗဟုသုတက နည်းပါ့ကွာ စုန်းတောက်
စားတယ်ဆိုတာ ပညာတွေမြူးတာကွ ပညာတွေကိုနှိုးတာ
လာ ငါပြမယ်”

အောင်ပိန်က ရှေ့ကသုတ်သုတ်သွားတယ်။ကျုပ်ကလည်း
နောက်က သုတ်သုတ်လိုက်တယ်။ရွာကိုအရှေ့တံခါးက
ထွက်ကြတယ်။ကျုပ်လည်း လိုက်တာပေါ့ဗျာ။
“လာ တာတေ ဒီခြုံပုတ်ထဲက ပုန်းပြီးကြည့်ရမယ်”

အောင်ပိန်နဲ့ကျုပ်နဲ့ ဘိစပ်ခြုံကြီးထဲကို တိုးဝင်ခဲ့တယ်။
ကျုပ်က မှောင်ကြီးထဲမှာ ဟိုကြည့်သည်ကြည့်
လိုက်ကြည့်နေတာဗျ။ဘာမှမတွေ့ဘူး။
“ဟေ့ကောင် အောင်ပိန် ဘယ်မှာတုန်း မင်းစုန်းက”

“ဟာကွာ လာမှာပေါ့ တာတေရ”

“စုန်းမ လာတာကို မင်းက ဘယ်လိုသိတုံး”

“တာတေရာ မင်းတော်တော်အမေးအမြန်း ထူတာပဲကွာ
မင်းကြည့်ရရင် ပြီးရော့မို့လား”
(အောင်ပိန်က စကားမပီတဲ့အသံနဲ့ ကျုပ်ကိုဟောက်
လိုက်သေးတာဗျို့)

“ဟော ပြောရင်းဆိုရင်း လာပြီ အသံနည်းနည်းမှ မထွက်နဲ့နော်
စုန်းမကြီး ကြားသွားလို့ ငါတို့အူတွေကို ဆွဲထုတ်ပြီး
စားသွားလိမ့်မယ်”

ဟာ ဟုတ်တယ်ဗျို့ မိန်းမကြီးတစ်ယောက်
ဒီဘက်ကို လာနေတယ်။ကျုပ်လည်း အဲဒီမိန်းမကြီးကို
သေသေချာချာ ကြည့်တာပဲဗျ။ကျုပ်တို့ရွာကတော့
မဟုတ်ဘူးထင်တယ်။ကျုပ်မမြင်ဖူးဘူး။
ဟော ညောင်ပင်ကြီးအောက်မှာ ရပ်နေတယ်ဗျ။
ဟာ လက်ကြီးနှစ်ဖက် ရှေ့ကိုဆန့်ထုတ်လိုက်တယ်။
ပါးစပ်ကလည်း ဘာတွေ ရွတ်ဖတ်နေလည်း
မသိဘူးဗျ။ကျုပ်တို့နဲ့က နည်းနည်းတော့ လှမ်းပါတယ်။

ဟာ စုန်းမကြီးကိုယ်က မီးခိုးလို အခိုးတွေ ထွက်လာပြီဗျို့။
ဟော အရောင်တွေ ထွက်လာတယ်ဗျို့။အနီရောင်ကြီးဗျ
ဟာ အနီရောင်ကြီးထဲမှာ ပျောက်နေတယ်ဗျ။
ဟော ဟော အနီလုံးကြီးက မြေကြီးပေါ်က
ကြွလာတယ်ဗျို့။ဟာ အလုံးက သေးသေးလာပါလား
ဘောလုံးတစ်လုံးအရွယ်လောက် ဖြစ်သွားပြီဗျို့။
ဟာ အပေါ်ကို တက်သွားပြီ တက်သွားပြီ

“ဝီ ဝီ ဝီ ဝီ”
သစ်ပင်တွေပေါ် ကျော်တက်ပြီး ပျံနေတာဗျို့။

“ဝီ ဝီ ဝီ ဝီ”

ဟော နိမ့်ဆင်းလာပြီ။လူတစ်ရပ်လောက်အထိ
နိမ့်ဆင်းလာတာဗျို့။ဟော ကွင်းကြီးထဲမှာ လှည့်ပတ်ပြီး
ပျံနေတာ။မြင့်သွားလိုက် နိမ့်သွားလိုက်နဲ့ဗျ။
ဟော သွားပြီဗျို့။ပျံထွက်သွားပြီ။အနောက်ဘက်ကို
ပျံသွားတာဗျ၊

“ကဲ မြင်ပြီလား တာတေ”

“အေး မြင်ပြီ အဲဒီစုန်းမကြီးက ဘယ်ရွာကတုံးကွ
အောင်ပိန် မင်းသိလား”

“သိတာပေါ့ကွ တာတေရ အဲဒါ ဘန့်ဘွေးကုန်းက
ဘွားဆုံကြီးလေကွာ”
“ဟေ သူက သူ့ရွာမှာ မလုပ်ဘဲ ဘာဖြစ်လို့
ဒီမှာလာလုပ်တာတုံးကွ”
“ဒါတော့ မသိဘူးလေ တာတေရာ အကြောင်းရှိလို့နေမှာ
ပေါ့ကွာ”
“ဝီ ဝီ ဝီ ဝီ ”
“ဟာ တာတေရ ပြန်လာပြီဟေ့ ဟာ နောက်ထပ်မီးလုံး
ကြီးနှစ်လုံး တိုးလာတယ်ကွ အားလုံး သုံးလုံးဖြစ်နေပြီ”

“အေးကွ သူလို့ပဲ စုန်းမကြီးတွေ ပါလာတာနေမှာပေါ့ကွ
ဟော ဆင်းလာပြီဟေ့ စကားပြောနဲ့နော် အောင်ပိန်”

ကျုပ်တို့နှစ်ယောက် ငြိမ်ပြီး ကြည့်နေရပြန်တာပေါ့ဗျာ
ဟော မီးလုံးကြီးတွေ မြေကြီးပေါ်ကို ဆင်းလာပြီဗျို့။
ဟာ မီးရောင်တွေ ပျောက်သွားပြီး မိန်းမသုံးယောက်
ညောင်ပင်အောက်မှာ ရပ်နေတာဗျ။

ဘာတွေပြောနေလဲတော့ မသိဘူးဗျို့။သူတို့ဆံပင်ကြီး
တွေ ဖားလျားကြီးတွေ ချလိုက်တယ်။ဟော လက်ကြီး
တွေ ရှေ့ကို ဆန့်ထုတ်ပြီး ကွေးကွေးကောက်ကောက်
ကြီးတွေ လုပ်နေတယ်။ ဟာ သူတို့ပါးစပ်ကြီးတွေကို
အကျယ်ကြီး ဟထားကြပါတယ်ဗျ။ဟော ပါးစပ်ထဲက
အရောင်တွေ တဝင်းဝင်းနဲ့ ထွက်လာပြီဗျို့။ဟာ
တစ်ယောက်က ဖြူဖြူအရောင်ဗျ။ဟိုနှစ်ယောက်က
စိမ်းစိမ်းပြာပြာအရောင်တွေက အပြင်ကို ထွက်လာပြီဗျို့
ဟော ဟော မိန်းမကြီးသုံးယောက်က ဖိုခနောက်ဆိုင်
မျက်နှာချင်းဆိုင် ရပ်လိုက်ကြတယ်။

ဟာ သူတို့ပါးစပ်ထဲက ထွက်လာတဲ့အရောင်တွေက
ရှေ့ကို တန်းထွက်လာပြီး အလင်းတန်းကြီးသုံးခု
ပေါင်းသွားတယ်ဗျ။ဟာ အလင်းတန်းကြီးသုံးခု
ပေါင်းပြီး စိမ်းစိမ်းဝါဝါအရောင်ကြီးဖြစ်သွားပြီဗျို့။
ဟာ အပေါ်ကိုထောင်တက်သွားပြီဗျ။

စုန်းမကြီးတွေက ခေါင်းကြီးတွေမော့ပြီး လက်ကြီးတွေက
ကွေးချည့်ဆန်ချည် လုပ်နေကြတာဗျ။
အလင်းတန်းကြီးက သစ်ပင်တွေကိုကျော်ပြီး အမြင့်ကြီး
တက်သွားတာဗျို့။ဟော ပြန်သိမ်းပြီ ပြန်သိမ်းပြီ
အလင်းကြီးတွေ ပြန်နိမ့်ဆင်းလာပြီ ဟာ ပါးစပ်တွေထဲ
ပြန်ဝင်ပြီး ပျောက်သွားပြီဗျ။

မိန်းမကြီးတွေက ထဘီကြီးတွေ ခြုံလိုက်ပြန်ပြီဗျို့။
ဟာ ပုသွားပြီ ပုသွားပြီး အရပ်ပုပုကလေးတွေ
ဖြစ်သွားပြီ ဟာ ဠင်းတကြီးတွေ ဖြစ်သွားပြီဗျာ။
ဟာ ပျံပြီ။

“ဝုန်း”

ဠင်းတကြီးသုံးကောင် တစ်ပြိုက်တည်း ပျံထွက်သွားပြီ
ဗျို့။ကျုပ်တို့ ပုန်းကြည့်နေတဲ့ ဘိစပ်ခြုံကြီးတောင်
လေဟပ်ပြီး ရမ်းခါသွားတာဗျ။

“လာ တာတေ ငါတို့ ပြန်ကြမယ်”

“ဟေ ဆက်မကြည့်တော့ဘူးလားကွ အောင်ပိန်ရ”

“ဟ အဲဒါပဲကွ သူတို့ ပျံသွားပြီ”

“ဟင် မင်းက သိလှချည်လား အရင်တုန်းက
ကြည့်ဖူးလို့လား”

“အေး ငါ့အဖေနဲ့ငါနဲ့ငွေတွင်းကုန်းက အပြန်မှာ
တစ်ခါမြင်ဖူးတယ် ငါက လနဲ့ရက်ကို သေသေချာချာ
မှတ်ထားတာ။ဒါကြောင့် မင်းကို လာခေါ်တာ
မင်းလည်း မှတ်ထားပေါ့ ဒီနေ့နတ်တော်လကွယ်နေ့လေ”

“သြော် ဒီလိုလား မင်းကတော့ ပေါက်ပေါက်ရှာရှာ
ဆော့ရမယ်ဆိုရင်တော့ နှစ်ယောက်မရှိတဲ့ကောင်ပဲ
အောင်ပိန်ရေ”

ကျုပ်အဲဒီညက အိမ်ပြန်ရောက်တော့ ကြောက်ပြီး
အိပ်လို့မပျော်တော့ဘူးဗျို့။ ဆောင်းတွင်ကြီးမှာကို
ချွေးတွေပြန်နေရောဗျာ။နောက်နေ့မနက်ကျတော့
ကျုပ်မှာ အိပ်ယာကတောင် တော်တော်နဲ့ မထနိုင်ဘူးဗျ
အမေကတောင်မှ
“တာတေ အိပ်လှချည်လား နေမကောင်းလို့လား”
ဆိုပြီး ကျုပ်ကို နဖူးလာစမ်းကြည့်တယ်ဗျ။

အောင်ပိန်ရဲ့ကျေးဇူးကြောင့် စုန်းတွေတောက်စားတာ
အဲ စုန်းတွေ ပညာနှိုးဆွကြတာကို ဒီတစ်ခါ ပထမဆုံး
မြင်ဖူးတာပေါ့ဗျာ။ကျုပ်တို့ဒေသတွေမှာ ပညာသည်တွေ
ရှိတယ်ဆိုတာ ဟိုတုန်းက ကြားဖူးရုံရှိတာ
ညကမှပဲ မျက်ဝါးထင်ထင် မြင်ဖူးတော့တာဗျ။

အောင်ပိန်ဆိုတဲ့ ကောင်ကတော့ အဲဒီလို ပေါက်ပေါက်ရှာ
ရှာတွေ ကတ်သီးကတ်သတ်တွေကို ဆော့ရမယ်ဆိုရင်
အင်မတန်တော်တဲ့ ကောင်ဗျ။
လူကောင်လေးကသာ သေးတာ ဇကတော့ မသေးဘူးဗျ။

မနေ့က နေ့ခင်းကလည်း အောင်ပိန် ကျုပ်အိမ်ကိုလာ
သွားတယ်။သူနဲ့အတူတူ အာကျယ်လည်း ပါတယ်ဗျ။

“ဟေ့ကောင် တာတေ အိမ်ထဲမှာကုတ်ပြီး ဘာလုပ်နေတာတုံးကွ”

နှစ်ယောက်သား မန်ကျည်းပင်အောက်ကနေ
ကျုပ်ကိုလှမ်းခေါ်တယ်။အဘက အိမ်ရှေ့ခန်းမှာ
ရေနွေးကြမ်းသောက်နေရာက အောင်ပိန်ကို
လှမ်းစတယ်ဗျ။

“ဟေ့ကောင် အောင်စိန် မင်းကတော့ မျက်လှည့်ပြတဲ့
နေရာမှာ နာမည်ကို ကျော်နေပါလားကွ
လာမယ်နွေကျရင် ဘုရားပွဲမှာ မင်းမျက်လှည့်ပြပါလား
အဘ ဘင်တွေဘာတွေ ရှာပေးမှာပေါ့”

အောင်ပိန်က အဘ စမှန်းသိလို့ ရယ်နေတယ်ဗျ။

“ကျုပ်က မျက်လှည့် မပြတတ်ပါဘူး ဘိုးဥာဏ်ရာ
ဆော့တာပါဗျာ”

“ဟား ဟား ဟား ဟား ”

အဘက အောင်ပိန် ပြောတာကို သဘောကျပြီး
ရယ်နေတယ်ဗျ။

“ဟေ့ကောင် အောင်ပိန် ဘာတွေပေါက်ပေါက်ရှာရှာ
ဆော့ဦးမလို့တုံးကွ”

“ပေါက်ပေါက်ရှာရှာတော့ မဟုတ်ဘူးပေါ့ တာတေရာ
စိတ်ဝင်စားစရာတွေတော့လုပ်ပြီး ဆော့ရမှာကွ”

“ပြောပါဦးကွ အခု ဘာများလုပ်မှာတုံး”

“အာကျယ် တာတေ့ကို မင်းပဲ ရှင်းပြလိုက်ကွာ”

သူဆရာအောင်ပိန်က အမိန့်ပေးလိုက်တော့မှ
အာကျယ်က သူရဲ့အသံပြဲကြီးနဲ့ကျုပ်ကို ပြောပြတယ်ဗျ

“ငါတို့ ဝိညာဉ်ခေါ်မလို့ကွ တာတေရ”

“ဘာကွ ဝိညာဉ်ခေါ်မလို့ ဟုတ်လား လုပ်ကြပြန်ပြီကွာ
ဘယ်လိုဝိညာဉ်ကို မင်းက ခေါ်မှာတုံး”

“အောင်ပိန် ပြောတယ်ကွ ဝိညာဉ်တွေက ငါတို့နားမှာပဲ
သွားလာနေကြတာတဲ့ကွ အဲဒီထဲက ငါ့တို့အရွယ်
ဝိညာဉ်ကိုခေါ်မှာပေါ့ကွ”

ကျုပ်မေးတာကို အာကျယ်ကပဲ ထပ်ရှင်းပြတယ်။
အောင်ပိန်ကတော့ ဆရာကြီးဂိုဏ်းဖမ်းပြီး မန်ကျည်းပင်
ကြီးကို ဟန်ပါပါမော့ကြည့်နေတယ်ဗျ။
“တော်စမ်းပါ အာကျယ်ရာ မင်းအကောင် အောင်ပိန်က
ကြားဖူးနားဝတွေ လျှောက်လုပ်မှာကွ။တော်တော်ကြာ
ငါတို့အရွယ် ရောက်မလာဘဲ အဘိုးကြီးဝိညာဉ်တွေ
ရောက်လာမှ ထွက်ပြေးနေရဦးမယ်”

“တာတေ မင်းသလို မဟုတ်ဘူး စခေါ်ကတည်းက
ဆော့ဖို့လို့ ပြောခေါ်မှာ ဘယ်လိုအဘိုးကြီး ဝိညာဉ်က
ဆော့မှာတုံးကွ”

အာကျယ်က အောင်ပိန် ပြောထားတာတွေ ကျုပ်ကို
ပြန်ပြောနေတာ ဖြစ်နေမှာပေါ့ဗျာ။

“နေပါဦးကွ အာကျယ်ရ မင်းကောင် အောင်ပိန်က
ဝိညာဉ်ကို ဘယ်လိုခေါ်မှာတုံး”

ဒီတော့မှ ဆရာကြီးဂိုက် ဖမ်းထားတဲ့ အောင်ပိန်က
ဝင်ပြောတယ်ဗျ။

“ဒီလိုကွ တာတေရဲ့ ငါတို့ သုံးယောက် သင်္ချိုင်းကုန်းကို
သွားမယ် မြေပုံတစ်ခုခုပေါ်က ရွှံ့ကိုတူးရမယ်
ပြီးရင် ငါအရုပ်ကောင်းကောင်းလေးတစ်ရုပ် လုပ်မယ်
အဲဒါပြီးရင် ဝိညာဉ်ခေါ်လို့ ရပြီပေါ့ကွ”

“သြော် ဒီလုပ်ရမှာလား နေဦး အောင်ပိန် အရုပ်လုပ်မှာ
ဆိုတော့ ရွှံ့ စေးစေးရမှ ကောင်းမှာပေါ့”

“အေး ဟုတ်တယ် တာတေ”

“တို့ ထနောင်းကုန်းသင်္ချိုင်းက ရွှံ့သိပ်မစေးဘူးကွ
ဟိုဘက်ရွာ ဘန့်ဘွေးကုန်းသင်္ချိုင်းက ရွှံ့သွားတူးမယ်လေကွာ”

ကျုပ်ရယ် အောင်ပိန်ရယ် အာကျယ်ရယ် ဘန့်ဘွေးကုန်း
သင်္ချိုင်းကို လာခဲ့တယ်။မြေပုံတွေကို လိုက်ကြည့်ပြီး
ရွှံ့စေးတွေ ကိုတူးယူကြသည်။ပြီးတော့ ငှက်ပျောဖက်နဲ့
ရွှံ့တွေထုပ်ပြီး ပြန်ခဲ့ကြတာပေါ့ဗျာ။

အောင်ပိန်တို့ အာကျယ်တို့နဲ့ မတွေ့တာတောင်
တစ်ပတ်လောက်ရှိသွားပြီဗျ။ဒီကောင်နှစ်ကောင်
အရုပ်လုပ်ပြီးပြီလားတောင်မသိဘူး။ကျုပ်လည်း
အမေခိုင်းတဲ့ မြေပဲ တောင့်တွေကို အဆံထွက်နေရတာနဲ့
ရွာထဲတောင် မသွားနိုင်ဘူးဗျ။

“ဘိုးဥာဏ် တာတေရောဗျ”

“ဟေ အောင်စိန်နဲ့ အာကျယ်ပါလား တာတေရှိတယ်
ဝိုင်းနောက်ဘက်မှာ ဆီဆုံနားမှာထိုင်ပြီး မြေပဲထွတ်
နေတယ်ကွ”

“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျုပ်တို့ တာတေဆီကို သွားလိုက်မယ်ဘိုး”

“အေး အေး”

ဒီကောင်နှစ်ယောက် ကျုပ်ဆီကို ရောက်လာတယ်
ကျုပ်အလုပ် လုပ်နေတဲ့ ဘေးမှာ ဒီကောင်တွေ
ဝင်ထိုင်ကြတယ်။

“ဟေ့ကောင် တာတေ ဒီမှာကြည့်စမ်း”

အောင်ပိန်က သူ့လက်ထဲမှာ ကိုင်လာတဲ့ အဝတ်ထုပ်
ကလေးကို ဖြည်ပြတယ်ဗျ။

“ဟာ အရုပ်ပြီးသွားပြီ ဟုတ်လား အောင်ပိန်”

“အေး ရွှံ့ခြောက်အောင် စောင့်ရတာက တစ်ပတ်
လောက်ကြာတယ်”

“ဟင် မင်းအရုပ်က ကြောက်စရာကြီးပါလားကွ”

အောင်ပိန်လှမ်းပေးတဲ့ အရုပ်ကို ကျုပ်သေသေချာချာ
ယူကြည့်လိုက်တယ်။အရပ်က ခြောက်လက်မလောက်
ရှိတယ်။ယောင်္ကျားလေးပုံဗျ။အရွယ်ကတော့
ကျုပ်တို့အရွယ်လောက်ပဲ ။ဆယ်နှစ့် ကိုးနှစ်အရွယ်ပေါ့ဗျာ

ခေါင်းမှာတပ်ထားတဲ့ ဆံပင်က တကယ်လူဆံပင်ဗျ
အင်္ကျီတော့ မပါဘူး ပုဆိုးအကွက်ကလေးတော့
ဝတ်ထားတယ်။ပုဆိုးကလည်း တကယ်ပုဆိုးစကို
ချုပ်ထားတာဗျ။မျက်နှာနဲ့ ကိုယ်လုံးကို ဆေးရောင်
အပြာသုတ်ထားတယ်။မျက်လုံးကအမည်းရောင်
ခြယ်ထားတာ ပြူးပြူးကြီးဗျ။ဆံပင် ကိုတော့
ရွှံ့မခြောက်တပ်ပြီး ခြောက်တော့မှ ကတ်ကြေးနဲ့
ညှပ်ထားပုံရတယ်။

“အောင်ပိန် ဒီဆံပင်က ဘယ်ကရတုံး”

“အဲဒါ ရွာမြောက်ပိုင်းက အရက်သမားကိုဘမောင်
သေတော့ သူပုဆိုးစကို ကတ်ကြေးနဲ့ညှပ်ယူပြီး
ဆံပင်လည်း ညှပ်ယူထားလိုက်တာကွ”

“ဟေ ဒါ ကိုဘမောင်ရဲ့ဆံပင်တွေပေါ့ ဟုတ်လား”

“အေးလေကွာ အဲဒါ ဘာဖြစ်တုံး မင်းကြောက်လို့လား”

“မကြောက်ပါဘူးကွာ အံ့သြသွားလို့ပါ”

ဒီကောင်အောင်ပိန် အရုပ်ကို သေသေချာချာကို
လုပ်ထားတာဗျ။ဒီကောင် ပန်းပုကလည်းတတ်တော့
အရုပ်ကလေးက တကယ့်ကို အသက်ဝင်နေသလိုပဲဗျာ
ပုဆိုးကိုလည်း သေသေချာချာချုပ်ပြီး ဝတ်ပေးထားတာဗျ
မကြောက်ဘူးသာ ပြောတာဗျ။
ကျောထဲတော့ နှစ်ခါလောက် စိမ့်သွားတယ်။

အရုပ်မျက်နှာကို စိုက်ကြည့်ရင် အရုပ်က
ကျုပ်ကို ပြန်ကြည့်နေသလို ခံစားရတာဗျ။
ဒီကောင့်အရုပ်က နည်းနည်းတော့ ထူးနေတယ်
ထင်တာပဲ ။

“အေး အခု ဘာဆက်လုပ်မှာလား”

“အဲဒါ လာပြောတာကွ ညသန်းခေါင်ကျရင်
မင်းအိမ်က တိတ်တိတ်ထွက်ခဲ့လို့ ရမလား
ဒီကောင်အာကျယ်ကတော့ ငါတို့အိမ်မှာ အိပ်နေကျဆိုတော့
ကိစ္စမရှိဘူး မင်းရောက်အောင် လာနိုင်ဖို့ပဲလိုတာ”

“စိတ်ချ အောင်ပိန် ငါရောက်အောင် လာခဲ့မယ်”

“မင်း တကယ်နော် ငါနဲ့အာကျယ် စောင့်နေမှာ
မင်းလာမှ ဝိညာဉ်ခေါ်မှာ”

“အေးပါကွာ နို့ နေဦး မင်းတို့ဝိုင်းထဲမှာပဲ
လုပ်မလား လူကြီးသိသွားရင် ဘယ်လိုလုပ်မလဲ”

“ဟာ လူကြီးတွေက သန်းခေါင်ချိန်ကြီးမှာ
အိပ်နေပြီပေါ့ကွ ပြီးတော့ ငါတို့ဝိုင်းက
ကျယ်ပါတယ်ကွ လူကြီးတွေ မမြင်တဲ့နေရာကို
ငါရွေးထားတယ် တာတေ”

“အေး အေး ဟုတ်ပြီ ငါက စိုးရိမ်လို့ပြောတာပါ
မင်းတို့စောင့်နေ ငါလာခဲ့မယ်”

အဲဒီညက ကျုပ်မှာ အိပ်ပျော်မသွားအောင်
မနည်းကိုတောင့်ထားရတာဗျ။ညဆယ့်နာရီမှာ
သန်းခေါင်ကြက်တွန်တော့ ကျုပ်အိမ်ကတိတ်တိတ်
ထွက်ခဲ့တယ်။အောင်ပိန်တို့ဝိုင်းကိုရောက်တော့
ကျုပ် ဝိုင်းဝမှာရပ်ပြီး အခြေနေကို အကဲခတ်ရတာပေ့ါဗျာ
ညသန်းခေါင်ကြီးမှာ သူများဝိုင်းထဲကို
စွတ်ဝင်သွားလို့ ဘယ်ဖြစ်မှာတုံး။တစ်ရွာလုံးကတော့
တိတ်ဆိတ်နေတာပေါ့ဗျာ။ဒါက အိပ်မောကျတဲ့
အချိန်လေဗျာ။

“တာတေ လာ”

လေသံက ခပ်အုပ်အုပ်ဗျ။ဒါပေမဲ့ အောင်ပိန့်အသံမှန်း
ကျုပ်သိပါတယ်။

“အေး ငါပါ တာတေပါ”

ကျုပ်ကလည်း လေသံခပ်အုပ်အုပ်နဲ့ပြောတယ်ဗျ။
အောင်ပိန်က သူတို့ဝိုင်းတံခါးကို အသံမမြည်အောင်
ကြိတ်ပြီးဖွင့်ပေးတယ်။

“ဘယ်မှာလုပ်မှာတုံး”

“လာ လာ ငါ့နောက်ကို လိုက်ခဲ့ ဟိုမှာအာကျယ်
စောင့်နေတယ်”

အောင်ပိန်နောက်က ကျုပ်လာခဲ့တယ်
အောင်ပိန်က အိမ်ကြီးရဲ့နောက်ဘက်ကိုဝင်သွားတယ်
ဝိုင်းရဲ့ထောင့်မှာရှိတဲ့ ဂုံညင်းပင်ကြီးအောက်ကို
ရောက်တော့ ငုတ်တုတ်ကလေး ထိုင်နေတဲ့
အာကျယ်ကို တွေ့လိုက်တယ်။

“အာကျယ် ဖယောင်းတိုင် ထွန်းလိုက်”

ဖယောင်းတိုင်က သေးသေးဗျ။သိပ်မလင်းဘူး။
မီးထွန်းလိုက်မှ မြင်ရတာဗျ။

” ဟာ ဒါ ဘာတုံးကွ အောင်ပိန်”

” ဒါဂူလေကွာ သင်္ချိုင်းရွှံ့နဲ့ လုပ်ထားတဲ့ ဂူလေးကွာ”

ဟုတ်ပါဗျာ အောင်ပိန်က လက်ရာမြောက်တော့
ဂူက တကယ့်ကို ဂူသင်္ချိုင်းထဲက ဂူကြီးအတိုင်းပဲဗျ။
သေးသေးလေး ဖြစ်နေတာပဲရှိတယ်။
ဂူကို ထုံးဖြူတွေ သုတ်ထားသေးတယ်ဗျ။

“ဒါကို ဘယ်လိုလုပ်မှာတုံးကွ ”

“ဒီအရုပ်ကလေးကို ဂူသွင်းမှာလေကွာ ကဲ ပြောနေတာ
ကြာပါတယ်ကွာ အလုပ်စလိုက်ကြအောင်
ဒီကောင့်နာမည်က ဘိုထိန်တဲ့ ငါတိုနဲ့ အသက်အတူတူပဲလေ”

“ဟင် ဟုတ်လား”

ကျုပ်က ကြောင်တောင်တောင်နဲ့မေးတော့ အောင်ပိန်က
ကျုပ်ကိုဟောက်တယ်ဗျ။
“ဟေ့ကောင် တာတေ အဲဒီဝိညာဉ်ဆိုတာက
နာမည်မရှိဘူးကွ ငါတို့ပေးတဲ့ နာမည်အတိုင်း ဖြစ်ရတာ”

“သြော် ဒီလိုလားကွ ငါက မသိဘူးလေကွာ”

လုပ်ငန်းစပြီဗျို့ အောင်ပိန်ကအရုပ်ကလေးကို
ဂူပေါက်ထဲကို ထည့်လိုက်တယ်။ပြီးတော့ အပေါက်ကို
ရွှံ့နဲ့ပိတ်လိုက်တယ်။ပြီးတော့ ဝိညာဉ်ခေါ်တော့တာပေါ့ဗျာ

“အနီးအနားမှာ သွားလာနေတဲ့ ဝိညာဉ် ဆယ်နှစ်သား
ဘိုထိန်ရဲ့ဝိညာဉ် သင်အခုလာပါ သင်နဲ့ ကျုပ်တို့နဲ့
ကစားဖို့ အခုပဲ လာခဲ့ပါ ဘိုထိန်ရဲ့ဝိညာဉ် ဆယ်နှစ်သား
ဘိုထိန်ရဲ့ဝိညာဉ် ကျုပ်တို့နဲ့ ပျော်ပျော်ပါးပါး ကစားဖို့
အခုပဲ လာခဲ့ပါ”

“ဖြန်း ဖြန်း ဖြန်း”

သစ်ပင်ပေါ်က ငှက်ကြီးတစ်ကောင်ရဲ့ အတောင်ပံခတ်တဲ့
အသံကို ကြားလိုက်ရတယ်။

အောင်ပိန်က ပါးစပ်ကနေ တဖွဖွခေါ်တယ်

“ကဲ ခုနှစ်ခေါက် ပြည့်သွားပြီ ဝိညာဉ်ခေါ်တယ်ဆိုတာ
အသက်အောင့်ပြီး ခေါ်ရတာ ခုနှစ်ကြိမ် ခေါ်ရတာကွ
ဒါဆို လာရော”

“ဟင် ဘယ်မှာတုံး မင်းဝိညာဉ်”

ကျုပ်က ဘေးဘီကိုလှည့်ကြည့်ပြီး အောင်ပိန်ကို
မေးလိုက်တယ်

“ဟာ အခုချက်ချင်းတော့ ဘယ်တွေ့ဦးမှာတုံးကွ
နောက်တော့ မင်းတွေ့လာမှာပေါ့ တာတေရာ”

အောင်ပိန် ဂူလုပ်ထားတဲ့နေရာက နေရာကောင်းဗျ။
ဂုံညင်းပင်ကြီးအောက်မှာ။နဘူးခြုံတွေကလည်း
ပေါက်နေတော့ တွေ့ဖို့မလွယ်ဘူး။ဖယောင်းတိုင်
မီးမှုတ်ပြီး ကျုပ်တို့လူစုခွဲလိုက်တယ်။
ကျုပ်အိမ်ပြန်လာပြီး အိပ်တယ်။အတော်ကလေး
အိပ်ချင်နေတော့ ချက်ချင်းကို အိပ်ပျော်သွားတာဗျ။

ကျုပ်အိပ်မက် မက်တယ် ။အိပ်မက်ထဲမှာ ကောင်လေး
တစ်ယောက်ဗျ။ဆံပင်ရှည်ရှည်နဲ့အင်္ကျီတော့ မပါဘူး
ပုဆိုးအကွက်ကလေးဝတ်လို့ ရုပ်ကလည်း သနားကမားပဲ။
ကျုပ်ကို ပြုံးပြီး ကြည့်နေတယ်။

“မင်း ဘယ်သူတုံး”

ကျုပ်ကမေးတော့ ဒီကောင်က ရီတယ်ဗျ။
“တာတေ မင်းကလည်း မေ့တတ်လိုက်တာ
မင်းတို့ပဲ ခေါ်ထားလို့ ငါလာတာလေကွာ ငါ့နာမည်ဘိုထိန်လေ”

“ဟင် ဟုတ်လား မင်း မင်းအောင်ပိန်ခေါ်လို့လာတာလား”

“အေးလေကွာ မင်းက ဘာကြောင်နေပြန်တာလဲ”

“ဟာ မဟုတ်ပါဘူးကွ ဘိုထိန်ရ မင်းအခု အောင်ပိန်တို့
ဆီ ရောက်ခဲ့ပြီလား”

“အေး ရောက်ခဲ့ပြီ အောင်ပိန်တို့ အာကျယ်တို့နဲ့
စကားပြောခဲ့ပြီးပြီ မနက်ဖြန်ကျရင် မင်းတို့သုံးယောက်နဲ့
ငါနဲ့ ယင်းချောင်းကိုသွားပြီ ရေကူးကြမယ် မင်း
ဆက်ဆက်လာခဲ့နော် တာတေ”

“အေးပါကွ ဘိုထိန်ရဲ့”

ကျုပ်လန့်နိုးသွားတယ် ကျုပ်အံ့သြပြီး
ခြင်ထောင်ကိုတောင် ဖွင့်ကြည့်မိတယ်။
အပြင်မှာ ဘာမှမတွေ့ပါဘူး။

မနက်ကျတော့ အောင်ပိန်နဲ့အာကျယ် ရောက်လာတယ်
အောင်ပိန်က ပြုံးစိစိနဲ့ဗျ။

“တာတေ ထူးခြားလားကွ”

ကျုပ်က ညက အိပ်မက်ကို ပြန်ပြောလိုက်တယ်။
ဒီကောင် နှစ်ကောင်လည်း ကျုပ်လိုပဲ အိပ်မက်
မက်ကြတယ်တဲ့ဗျ။
ကျုပ်တို့သုံးယောက် ယင်းချောင်းကို လာခဲ့တယ်။
နွေဆိုတော့ယင်းချောင်းက ရေနည်းနေပါပြီ။
ကျုပ်တို့သုံးယောက် ချောင်းထဲမှာ ရေဆင်းကူးတယ်
ကျုပ်ဘေးမှာ ရိပ်ကနဲ ရိပ်ကနဲ မြင်လိုက်ရတယ်ဗျ။

အောင်ပိန်နဲ့အာကျယ်လည်း ကျုပ်လိုပဲ မြင်ကြရတယ်
ပြောတယ်။သူလည်းနေကူးနေတာဗျ။ဒါဘိုထိန်ပဲ
နေမှာပေါ့ဗျာ။ကျုပ်တို့ ရေချိုးပြီးတော့ ယင်းချောင်း
ကမ်းပါးက ဆီးချိုပင်ကြီးအောက်မှာ ထိုင်နေကြတယ်

“တာတေ ဟိုမှာ ဆီးသီးတွေ မှည့်နေပြီကွ ခူးရအောင်ကွာ”

အောင်ပိန်စကား ဆုံးရုံရှိသေးတယ်။ဆီးပင်ကြီးကို
တစ်ယောက်ယောက်က လှုပ်လိုက်တာဗျို့။
ဆီးသီးတွေ ဘုတ်ကနဲ ဘုတ်ကနဲ ကြွေကျလာတာ။
ကျုပ်တို့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
ပြုံးနေကြတာပေါ့ဗျာ။ဆီးသီးတွေကောက်ပြီး
တစ်ဝစားကြတာပေါ့။

အဲဒီညကလည်း အိပ်မက်ထဲမှာ ဘိုထိန် ကျုပ်နဲ့လာပြီး
စကားပြောတယ်ဗျာ ပြောရင်းနဲ့ ဘိုထိန်က ကျုပ်ကို
မီးလောင်ကုန်းကကောင်တွေနဲ့ ဘောလုံးချိန်းကန်ခိုင်း
တယ်။သူအောင်ပိန့်ကိုလည်း ပြောလိုက်မယ်လို့
ပြောသွားတယ်။နောက်တနေ့ရောက်တော့
အောင်ပိန်နဲ့အာကျယ် ရောက်လာပြီး ဘိုထိန်ပြောတာကို
ပြောတယ်။အောင်ပိန်က မီးလောင်ကုန်းကကောင်တွေကို
ချိန်းပြီး ဘောကန်ဖို့ပြောတယ်။

“ဟေ့ကောင် အောင်ပိန် မီးလောင်ကုန်းကကောင်တွေက
ဘောကန်သိပ်ကောင်းတာ ငါတို့နိုင်ဖို့မလွယ်ဘူးကွ”

“ဟာ ကွ တာတေရာ ငါတို့မှာ ဘိုထိန် ရှိတယ်လေကွာ
မကြောက်ပါနဲ့ ကန်ကြရအောင်”

နောက်ဆုံးတော့ ကန်ဖြစ်ကြတယ်။မီးလောင်ကုန်းက
ဘောကန်ကောင်းတဲ့လူတွေကို ကျုပ်တို့ဆယ်ဂိုးသွင်း
နိုင်ခဲ့တယ်ဗျ။ဟိုကောင်တွေ ကျုပ်တို့ကို တစ်ဂိုးမှကို
မသွင်းနိုင်ခဲ့ဘူးဗျ။ဒီကောင်တွေ ကန်လိုက်တဲ့
ဘောလုံးတွေဟာ ကျုပ်တို့ ဂိုးပေါက်နားရောက်ရင်
ကွေ့သွားရောဗျ။

ကျုပ်တို့ကန်တဲ့ ဘောတွေကျတော့ ဂိုးပေါက်နဲ့ချော်သွား
တာတောင်မှ ဝေ့ပြီးဝင်သွားတာဗျ။အာကျယ်ရယ်
ကျုပ်ရယ် အောင်ပိန်ရယ် ရယ်လိုက်ကြရတာဗျာ။
ပျော်လိုက်တာလည်း မပြောနဲ့တော့ ။
ဒါပေမဲ့ ကျုပ်တို့အသင်းက ကျန်တဲ့ကောင်တွေကတော့
ဘယ်သိမှာတုံးဗျာ။

မီးလောင်ကုန်းအသင်းကတော့ ပွဲပြီးတော့ တော်တော်ကို
မကျေမနပ် ဖြစ်တာပေါ့ဗျာ။ဘောလုံးလောင်းတဲ့
ကျုပ်တို့ရွာသားတွေဆိုရင် နိုင်လို့ပျော်ကြတာပေါ့ဗျာ
အဲဒီညက ရွာထဲက အပိန့်အရက်ဆိုင်မှာ စားကြ
သောက်ကြနဲ့ ဆူညံနေတာပါပဲဗျာ။
ကျုပ်တို့သုံးယောက်လည်း အပိန့်ဆိုင်မှာ ခေါက်ဆွဲကြော်
လေးထုပ်ဝယ်ပြီး ဘိုထိန်ရယ် ကျုပ်တို့ရယ်အတူတူ
စားကြတာဗျ။ပျော်စရာကောင်းလိုက်တာ မပြောနဲ့တော့ဗျာ။

ဒီလိုနဲ့ ကျုပ်တို့သုံးယောက်နဲ့ဘိုထိန်နဲ့ သူငယ်ချင်းတွေ
ဖြစ်ကုန်တော့တာပေါ့ဗျာ။ဘိုထိန်က ညဆိုရင်ကျုပ်တို့နဲ့
အိပ်မက်ထဲမှာ တွေ့ကြတယ်။မနက်ရောက်ရင်
လျှောက်ဆော့ကြတယ်။တော်တော်ကိုပျော်စရာ
ကောင်းတာပါဗျာ။

ကျုပ်တို့ ပဲထွတ်ရင်လည်း ဒီကောင်ဘိုထိန်က ကူထွတ်
ပေးသေးတာဗျ။အမေကတောင် ပြောရတယ်

“ဟဲ့ တာတေ နင့်လက်ကလည်း စက်မျာူတပ်ထားသလား
မှတ်ရတယ် ပဲတစ်တောင်များ ခဏကလေးထွတ်ရပါလား
တဲ့ဗျ။ကျုပ်ဖြင့် ရယ်ချင်လိုက်တာဗျာ။တစ်ခါတစ်ခါကျတော့
အိပ်မက်ထဲမှာ ဘိုထိန်ကပြောတယ်ဗျ။သူကြက်သား
ဟင်းနဲ့ ထမင်းစားချင်တယ်တဲ့။ဒါဆိုရင် အာကျယ်က
ကြက်တစ်ကောင်ရှာပြီး သတ်တော့တာပဲဗျ။
ပြီးတော့ ညဘက်မှာ အောင်ပိန်တို့ဝိုင်းထဲက
ဂုံညင်းပင်ကြီးအောက်မှာ ကျုပ်တို့သုံးယောက်
တိတ်တိတ်ကလေးဘိုထိန်ကိုကျွေးကြတာပေါ့ဗျာ
ဘိုထိန်ကလည်း ကြိတ်သဗျ။

ရွာထဲမှာ ဘာပဲကစား ကစား ကျုပ်တို့သုံးယောက်ပဲ
နိုင်တာပေါ့ဗျာ။ကျုပ်တို့က ကလေးပဲ။ကစားလိုိ့ုနိုင်ရင်
ပျော်ပေါ့ဗျာ။
နောက်တော့ ကျုပ်အဘနဲ့အမေကလည်း အိမ်ထဲမှာ
ဘိုထိန်ကိုရိပ်ကနဲ ရိပ်ကနဲ တွေ့လိုက်ကြတာဗျ
အောင်ပိန့်အိမ်မှာလည်း ဒီလိုပဲ ဖြစ်ကုန်ရောဗျို့။
အောင်ပိန့်ညီမလေးဆိုရင် ဘိုထိန့်ကိုမြင်သွားပြီး
လန့်ငိုရောဗျို့။အဲဒီမှာတင် ပြသာနာက
စတော့တာပေါ့ဗျာ။အောင်ပိန့်ကိုသူ့အဖေက
ရိုက်မောင်းပုတ်မောင်းလုပ်ပြီးမေးတော့ ပေါ်တော့
တာပေါ့ဗျာ။
ဒီမှာတင် အောင်ပိန်က သူလုပ်ထားတဲ့ဂူလေးကို
ဖျက်ပစ်ပြီး ဘိုထိန်ကို နှင်ထုတ်တယ်။ဒါပေမဲ့
ဘိုထိန်က သူနှင်ထုတ်တော့ ကျုပ်နဲ့အာကျယ်ဆီမှာ
လာနေရောဗျို့။ဒီကောင်က ကျုပ်တို့နဲ့နေရတာ
ပျော်နေပြီလေဗျာ။လွယ်လွယ်နဲ့ နှင်ထုတ်လို့
ဘယ်ရတော့မလဲ။

အမေကလည်း ဘိုထိန်ကို ရိပ်ကနဲ ရိပ်ကနဲ မကြာခဏ
မြင်တော့ ကြောက်လာတော့ပေါ့ဗျာ။ဒါနဲ့ ကိစ္စက
တစ်စ တစ်စနဲ့ ပုဗ္ဗာရုံဆရာတော်ဆီ ရောက်သွားရောဗျို့။
ဆရာတော်ကကျုပ်တို့သုံးယောက်ကိုခေါ်ပြီးမေးတယ်
ကျုပ်တို့သုံးယောက်စလုံးက ဆရာတော်ဆီမှာ
ရှင်ပြုထားတဲ့ကောင်တွေဆိုတော့ ဆရာတော်ကိုတော့
ကျုပ်တို့မညာဝံ့ဘူးပေါ့ဗျာ။အားလုံးကိုအမှန်အတိုင်း
ပြောရတာပေါ့။ဆရာတော်က အောင်ပိန်လုပ်ထားတဲ့
အရုပ်ကိုယူခိုင်းပြီး ဘိုထိန်လို့ ကျုပ်တို့နာမည်
ပေးထားတဲ့ ဝိညာဉ်ကိုပြန်နှုတ်ပစ်ရတာပေါ့ဗျာ

ဆရာတော်က သေသေချာချာ တရားဟောပြတယ်
မေတ္တာပို့တယ် အဘနဲ့အမေကလည်း ဘိုထိန်အကြောင်း
ကိုကြားတော့ သူ့အတွက် ရည်းစူးပြီး ကောင်းမှုကုသိုလ်
လုပ်ပေးတယ်။ပြီးတော့ ဘိုထိန်ကိုအမျှဝေပေးကြတယ်

ကျုပ်စိတ်ထဲထင်တော့ ပုဗ္ဗာရုံဆရာတော်ရဲ့တရားဓမ္မ
ဟောပြောတာရော အမျှအတန်းဝေကြတာရောကြောင့်
ဘိုထိန်တစ်ယောက် ကျွတ်သွားပြီလို့ ထင်တယ်ဗျ

ကျုပ်တို့ကို အိပ်မက်လည်း မပေးတော့ဘူး
ရိပ်ကနဲ ရိပ်ကနဲလည်း မမြင်ရတော့ဘူးဗျ
ကျုပ်တို့လည်း ဘိုထိန်ကျွတ်သွားတာကို
ဝမ်းသာကြတာပေါ့ဗျာ

ဒါပေမဲ့ ကျုပ်ရယ် အာကျယ်ရယ် အောင်ပိန်ရယ်ကတော့
ကျောင်းတိုင်ကြီးတစ်တိုင်ဆီမှာ ဖက်ခိုင်းပြီး
ဆရာတော်ကိုယ်တိုင်ကျွေးတဲ့ ကြိမ်လုံးစာကို
ကောင်းကောင်းစားလိုက်ရတာပေ့ါဗျာ
အောင်ပိန်ရော ကျုပ်ရော အဲဒီနောက်ပိုင်း
ဝိညာဉ်ခေါ်တမ်း မကစားဝံ့တော့ပါဘူးဗျာ။

ပြီးပါပြီ။

စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေး
လုပ်ပေးပါအုံးဗျာ။

#တာတေ
#မဖဲဝါ
#ညမဖတ်ရ

Zawgyi(version)

ေပ်ာ္တတ္တဲ့ ဝိညာဥ္ { စ / ဆုံး }
မူရင္းေရးသားသူ_ဆရာတာေတ

လူေတြမွာ လူရယ္လို႔ျဖစ္ကတည္းက ဗီဇသတၱိတစ္ခု
ေတာ့ ပါလာစၿမဲပဲဗ်။တာေတ ဆယ္ႏွစ္သားေလာက္က
႐ြာမွာသူငယ္ခ်င္းတစ္ေယာက္ရွိတယ္။သူ႕နာမည္က
ေအာင္စိန္တဲ့။ဒါေပမဲ့ ဒီေကာင္ ပိန္ပိန္ေသးေသးမို႔
သူငယ္ခ်င္းေတြက သူ႕ကိုေအာင္ပိန္လို႔ပဲ ေခၚၾကတာ။

ေအာင္ပိန့္အဘိုးက မႏၱေလးက ပန္းပုဆရာႀကီးဗ်။
အခုေတာ့ မရွိေတာ့ပါဘူး။သူ႕အဘိုးရဲ႕ဗီဇလိုပဲ ေျပာ
ရမလားပဲဗ်။ေအာင္ပိန္ခုႏွစ္ႏွစ္ ရွစ္ႏွစ္ကတည္းက
႐ႊံ႕႐ုပ္ကေလးေတြလုပ္တာ သိပ္လက္ရာေျမာက္တာဗ်။
ကြၽဲ႐ုပ္ ႏြား႐ုပ္ ေခြး႐ုပ္ ငွက္႐ုပ္ သားေတာ္႐ုပ္ ေဒါင္း႐ုပ္
ေတြကအစ ဒီေကာင္ လုပ္တတ္တယ္။

ဆယ္ႏွစ္သားေလာက္ေရာက္ေတာ့ သစ္သားတုံးကေလး
ေတြကို ပန္းပုတ္ေနၿပီဗ်။ေအာင္ပိန့္အေဖကလည္း
မႏၱေလးမွာ ေအာင္ပိန့္နဲ႕အဘိုးနဲ႕တြဲၿပီး ပန္းပု နည္းနည္း
ပါးပါး လုပ္ဖူးေတာ့ သူ႕မွာစူး ေဆာက္ တန္ဆာပလာေတြ
အစုံရွိတာဗ်။

အဲဒါေတြကို ေက်ာက္နဲ႕ ေသြးပုံေသြးနည္း
သုံးပုံသုံးနည္းေတြကို ေအာင္ပိန့္ကို သင္ေပးထားတာ။
ေအာင္ပိန့္က သစ္သားတုံးကေလးကို ေျခေထာက္နဲ႕
နင္းၿပီး ပန္းပုထုေတာ့တာပဲဗ်။ေအာင္ပိန္က
လူ႐ုပ္ကေလးေတြ ထုတာဗ်ိဳ႕။
လယ္သမား စပါးရိတ္တဲ့ပုံ။ဆင္ပုံ။ႏြားပုံ။ႏြားေတြ
လွည္းဆြဲတဲ့ပုံ။သိပ္အေကာင္းခ်ည္းမဟုတ္ေပမဲ့
ေတာ္ေတာ္ေတာ့ ညီညီညာညာကေလးေတြ
ျဖစ္ေနၿပီဗ်။

ဒါေပမဲ့ ေအာင္ပိန္က ပန္းပုထုတာေတာင္
ေတာ္တာမဟုတ္ဘူး။ေဆာ့တဲ့ေနရာမွာလည္း
ၿပိဳင္စံရွားပဲဗ်ိဳ႕။ေအာင္ပိန္ေဆာ့တာဆိုတာက
က်ဳပ္တို႔လို ေဂၚလီပစ္တာ ဂ်င္ေပါက္တာ
ထုတ္ဆီးတိုးတာ။ဖန္ခုတ္တာကို ေဆာ့တာ
မဟုတ္ဘူး။ ေပါက္ေပါက္ရွာရွာေတြ ေဆာ့တာဗ်ိဳ႕။

က်ဳပ္တို႔႐ြာဦး ေ႐ႊေတာင္ဘုရားပြဲမွာ လာျပသြားတဲ့
မ်က္လွည့္ပြဲေတြ ရွိတယ္ဗ်။အဲဒီမ်က္လွည့္ေတြ
အထဲက ဆရာေ႐ႊကိုေလးရဲ႕ျပကြက္မ်ိဳး ဆရာမ
ေစာနန္းႏြယ္ရဲ႕ျပကြက္မ်ိဳးေတြကို သူက လုပ္ၿပီး
ေဆာ့တာဗ်။ေစာနန္းႏြယ္ဆိုတဲ့ မ်က္လွည့္ဆရာမက
ျပကြက္သိပ္ေကာင္းတာ။က်ဳပ္တို႔႐ြာသားေတြ
သူရဲ႕ျပကြက္ကို လႊတ္ႀကိဳက္ၾကတာဗ်ိဳ႕။

ေျမက်င္းတစ္က်င္း တူးတယ္။ၿပီးေတာ့ ေကာင္မေလး
တစ္ေယာက္ကို ကတၱီပါအိတ္ႀကီးတစ္လုံးထဲမွာထည့္
ၿပီး အိတ္ကို ႀကိဳးနဲ႕စည္းတယ္။ၿပီးရင္ အဲဒီအိတ္ကို
ေျမက်င္းႀကီးထဲထည့္ၿပီး အေပၚက ေျမဖို႔လိုက္တယ္။
ၿပီးရင္ ေျမဖို႔ထားတဲ့ ေျမက်င္းကို ေဘးကေန
ပိတ္စအနက္နဲ႕ ကာလိုက္တယ္။

ေတာမွာက နဂိုကတည္းက ဝါးလုံးတိုင္ေတြ စိုက္ထားတာဗ်။
ကန္ေတာ့ပြဲေတြကလည္း သုံးပြဲေလာက္ ထိုးထား
တာဗ်ိဳ႕။ဖေယာင္းတိုင္ေတြကလည္း ကန္ေတာ့ပြဲေတြမွာ
ထြန္းထားလိုက္တာ လင္းေနေတာ့တာေပါ့ဗ်ာ။

လူေတြဆိုတာ ဘာျဖစ္မလဲ သိခ်င္လို႔ ဝိုင္းအုံတိုးၿပီး
ၾကည့္ၾကတာဗ်ာ။အဲဒီမွာတင္ ဆရာမေစာနန္းႏြယ္က
စကားေတြ ေဝေဝဆာဆာေျပာၿပီး ေဆးေတြဝါးေတြ
ေရာင္းေသးတာဗ်။လူေတြကလည္း ဝယ္ၾကတာေပါ့ဗ်ာ။
ၿပီးေတာ့မွ သူရဲ႕ေဆးႀကိမ္လုံးနဲ႕ ဟန္ပါပါ မန္းမႈတ္ၿပီး
ေျမႀကီးကို ျဖန္းကနဲ ရိုက္လိုက္တာ။ေျမက်င္းကို
ဖို႔ထားတဲ့ သဲေတြ ဖြားကနဲ ေျမာက္တက္သြားၿပီ
ေစာေစာက ေကာင္မေလးကို ထည့္ထားတဲ့
ကတၱီပါအိတ္က သဲေတြနဲ႕ ေရာၿပီး ေျမာက္တက္သြား
တာဗ်ိဳ႕။

“ဟာ ဟိုမွာ ဟိုမွာ ဟာ လူမပါဘူးကြ အိတ္ခ်ည္းပဲ
လူဘယ္ေရာက္သြားတုံး”

ဆိုတဲ့ အသံေတြ ဆူညံသြားတာေပါ့ဗ်ာ။တကယ္ကို
႐ုတ္႐ုတ္သည္းသည္း ျဖစ္ေစတဲ့ ျပကြက္ပါဗ်ာ။

ဆရာမေစာနန္းႏြယ္က ေဘးက ကာထားတဲ့
အကာေတြကို ဖယ္လိုက္ၿပီး ေျမက်င္းကို ၾကည့္ခိုင္းတယ္
က်ဳပ္တို႔႐ြာသားေတြ တိုးေဝွ႕ၾကည့္တာေပါ့ဗ်ာ။

“ဟာ မရွိဘူးဟ ေျမက်င္းထဲမွာ ဘာမွမရွိဘူး
ေကာင္မေလး ဘယ္ေရာက္သြားတုံး”

ဆိုၿပီး ဆူဆူညံညံေတြ ျဖစ္ကုန္ၾကတာေပါ့ဗ်ာ။
ဒီေတာ့မွ ဆရာမေစာနန္းႏြယ္က ပရိတ္သတ္ကို
ထိန္းတယ္ဗ်။

“အားလုံး ကိုယ့္ေနရာတက် ျပန္ရပ္ၾကပါ
က်မရဲ႕ျပကြက္က မၿပီးေသးပါဘူး ၿငိမ္ၾကပါ
ၿငိမ္ၾကပါ”

လူေတြ ေနရာတက်ျပန္ေနၿပီး ၿငိမ္သြားတယ္ဗ်။
ဒီအခ်ိန္မွာပဲ။ ေစာနန္းႏြယ္က သူ႕ေက်ာေပၚမွာ
ျဖန့္ၿပီးၿခဳံထားတဲ့ ဝတ္႐ုံအစိမ္းေရာင္ ကတၱီပါစႀကီးကို
ျဖဳတ္လိုက္ၿပီး မ်က္လွည့္ဝိုင္းအလယ္က ျမက္ခင္း
ကေလးေပၚမွာ ျဖန့္ထားလိုက္တယ္။

ၿပီးေတာ့ အဲဒီကတၱီပါစရဲ႕ ေဘးမွာ ပတ္ေလွ်ာက္ၿပီး
ပညာရယ္အေၾကာင္းေတြကို စိတ္ဝင္စားစရာ
ေကာင္းေအာင္ ေျပာျပတယ္ဗ်။သူစကားေျပာတိုင္း
ဘင္တီးတဲ့လူက

“ဒုံး ဒုံး ဒုံး ခ်မ္း”

ဆိုၿပီး အခ်က္က်က် တီးေပးတာဗ်။လူေတြဆိုတာဗ်ာ။
ေပ်ာက္သြားတဲ့ ေကာင္မေလး ဘာျဖစ္သြားလဲဆိုတာ
သိခ်င္လြန္းလို႔ အသက္ေတာင္ မရႈနိုင္ေအာင္
ျဖစ္ေနတာေပါ့ဗ်ာ။

ဒီမွာတင္ ေနာက္ထပ္ ေဆးေတြ အေဆာင္႐ုပ္ေတြကို
ထပ္ေရာင္းျပန္ေရာဗ်။က်ဳပ္တို႔ ႐ြာသားေတြဆိုတာ
အလုအယက္ကို ဝယ္ၾကတာဗ်ိဳ႕။ေဆးေရာင္းလို႔
ၿပီးေတာ့မွ ကတၱီပါစအစိမ္းႀကီးေဘးမွာပတ္ေလွ်ာက္ၿပီး
မၾကာခင္မွာ ေတြ႕ၾကရေတာ့မယ္ သူရဲ႕ပညာအေၾကာင္းကို
ေျပာျပတယ္။

ေဟာ ျပၿပီဗ်ိဳ႕။ေစာနန္းႏြယ္က ပါးစပ္က ဂါတာလိုလို
မႏၱန္လိုလို စာသားေတြကို ႐ြတ္ဖတ္ၿပီး အမိန့္ေတြ
ေပးလိုက္တဲ့အခါက်ေတာ့ ျမက္ခင္းေပၚမွာ ျဖန့္ၿပီး
ခ်ထားတဲ့ ကတၱီပါဝတ္႐ုံအစိမ္းႀကီးက အလယ္တည့္
တည့္မွာ ေဖာင္းလာတယ္ဗ်ိဳ႕။

“ဟာ လႈပ္လာၿပီေဟ့ ဒါဘာတုံး ေႁမြလားဟ
ဟိုေကာင္ေတြ ေနာက္နည္းနည္းဆုတ္ၾကစမ္း
ေႁမြထြက္လာရင္ နင္တို႔ကို ေပါက္မွာပဲ”

ဆူဆူညံညံေတြ ျဖစ္ကုန္တာေပါ့ဗ်ာ။ကတၱီပါအစိမ္းစ
ႀကီးကလည္း တျဖည္းျဖည္း ေဖာင္းေဖာင္းၿပီး
ႂကြလာတာဗ်ိဳ႕။ေဟာ ေတာ္ေတာ္ကို ႂကြလာတာဗ်။
ေဟာ ၿငိမ္သြားၿပီ။ၿငိမ္သြားၿပီ။ဒီေတာ့မွာ ဆရာမ
ေစာနန္းႏြယ္က ကတၱီပါအစိမ္းစႀကီးအနားစပ္ကကိုင္ၿပီး
ျဖည္းျဖည္းခ်င္း ဖြင့္ျပလိုက္တယ္။

“ဟာ”

က်ဳပ္တို႔႐ြာသားေတြ ‘ဟာ” လို႔ သံၿပိဳင္ေအာ္လိုက္တဲ့
အသံႀကီးက ေတာ္ေတာ္ကို က်ယ္တာဗ်။
လူတစ္ရာေလာက္ သံၿပိဳင္ေအာ္လိုက္တာေလဗ်ာ။
အဲဒီအထဲမွာ က်ဳပ္အသံေရာ ေအာင္ပိန့္အသံေရာ
ပါတာေပါ့ဗ်ာ။ေစာေစာက ေျမက်င္းထဲကို ျမႇုပ္လိုက္တဲ့
ေကာင္မေလးဗ်။တင္ပလႅင္ေခြထိုင္ၿပီးေတာ့
လက္အုပ္ကေလးခ်ီထားတာဗ်။
“ေျဖာင္း ေျဖာင္း ေျဖာင္း ေျဖာင္း”

ဘာေျပာေကာင္းမလဲဗ်ာ။က်ဳပ္တို႔႐ြာသားေတြ
လက္ခုပ္ေတြတီးလိုက္ၾကတာ ဆူညံသြားေတာ့တာဗ်ိဳ႕။
အဲဒီအထဲမွာ က်ဳပ္နဲ႕ ေအာင္ပိန့္ရဲ႕ လက္ခုတ္သံေတြလည္း
ပါတာေပါ့ဗ်ာ။

ဘုရားပြဲၿပီးလို႔ တစ္ပတ္ေလာက္ၾကာေတာ့
ေအာင္ပိန္က က်ဳပ္တို႔ကို မ်က္လွည့္ျပ,ျပေတာ့တာေပါ့ဗ်ာ
သူထုထားတဲ့ သစ္သားပန္းပု႐ုပ္ကေလးဗ်။
ေကာင္မေလးပုံ။ဂါဝန္ကေလးနဲ႕ဗ်။ေသေသခ်ာခ်ာကို
ေဆးျခယ္ထားတာ။ေအာင္ပိန္က ေျမက်င္းတစ္က်င္း
တူးၿပီး သစ္သား႐ုပ္ကေလးကို ျမႇုပ္တယ္ဗ်။
မျမႇုပ္ခင္မွာ ပိတ္စအိတ္နဲ႕ အ႐ုပ္ပို႔ထည့္လိုက္ေသးတယ္ဗ်။

အ႐ုပ္ကို ေျမျမႇုပ္ရင္း ပါးစပ္ကလည္း မ်က္လွည့္
ဆရာမ ေစာနန္းႏြယ္ ေျပာတာမ်ိဳးေတြကို
ေျပာေသးတာဗ်။ဒီေကာင္ ေအာင္ပိန္က ဥာဏ္ေတာ့
ေကာင္းသား။ေစာနန္းႏြယ္ေျပာတဲ့ စကားေတြကို
ေတာ္ေတာ္မွတ္မိတာဗ်။
က်ဳပ္တို႔လည္း ေအာင္ပိန့္ကို သေဘာက်သြားၾက
တာေပါ့ဗ်ာ။ေအာင္ပိန္က သူတို႔အိမ္ဝိုင္းထဲမွာ
မ်က္လွည့္ျပတာဗ်ိဳ႕။က်ဳပ္တို႔က သြားၾကည့္ၾကရတာ။

က်ဳပ္တို႔ဆိုတာလည္း မနည္းဗ်။ထေနာင္းကုန္းမွာရွိ
တဲ့ ကေလးအကုန္ပဲေပါ့။အားလုံး သုံးဆယ္ေလာက္ေတာ့
ရွိမွာ။ေအာင္ပိန္ရဲ႕ မ်က္လွည့္ပြဲမွာ ႐ြာအေနာက္ပိုင္းက
“အာက်ယ္”လို႔ေခၚတဲ့ အေကာင္က ဘင္တီးလို႔ဗ်။
ေလးေထာင့္သံပုံးအလြတ္တစ္လုံးကို အာက်ယ္က
တုတ္တံကေလးနဲ႕ တီးလို႔ဗ်။ၿပီးေတာ့ သစ္သား
တုံးတစ္တုံးေပၚမွာလည္း လင္ကြင္းကေလးတစ္ခု
ခ်ထားၿပီး တီးေသးတာဗ်။

“ဘုန္း ဘုန္း ခ်မ္း ခ်မ္း”

နဲ႕ မ်က္လွည့္ပြဲပုံစံ ဖမ္းထားတာေပါ့ဗ်ာ။
ေအာင္ပိန္ဆိုတဲ့ ေကာင္ကလည္း ေစာနန္းႏြယ္ပုံစံ
ဖမ္းထားတာဗ်။သူ႕အေဖရဲ႕ပုဆိုးတစ္ထည္ကို
လည္ပင္းမွာစည္းၿပီး ေက်ာကုန္းမွာ ၿခဳံထားတာ
ဝတ္႐ုံႀကီး ၿခဳံသလိုေပါ့ဗ်ာ။

“အခု က်ဳပ္တို႔ ဒီခေရမေရးကို ေျမက်င္းထဲ ညွပ္လိုက္ၿပီဂ်ိဳ႕”

ေျပာရဦးမယ္ဗ်ိဳ႕။ေအာင္ပိန္ဆိုတဲ့ေကာင္က စကားလုံးဝ
မပီဘူးဗ်။ေစာေစာက က်ဳပ္ေျပာဖို႔ေမ့ေနတာ။

“ဒါေပမဲ့ ခ်မ္းဆရာႀကီး ေအာင္ခ်ိန့္လို႔ေခၚတဲ့ က်ဳပ္က
အသက္မေသဘဲ အေကာင္းပကတိ ျပန္ေရာက္လာေအာင္
က်ဳပ္တတ္ထားတဲ့ က်င္ညာနဲ႕ ႐ုပ္လိုက္မွာပါ”

က်ဳပ္တို႔က သူစကားမပီတာကို ရယ္ခ်င္ေပမယ့္
ရွမ္းဆရာႀကီးေအာင္ပိန္စိတ္ဆိုးၿပီး မ်က္လွည့္မျပေတာ့
မွာေၾကာက္လို႔ မရယ္ဘဲ ေအာင့္ထားရတာေပါ့ဗ်ာ။

“ဟဲ ဟဲ ဟဲ ခင္ညားတို႔ ေၾကာက္ေနၾကၿပီမို႔လား
ဟဲ ဟဲ ဟဲ”

“မေၾကာက္ဘူး”

႐ြာေတာင္ပိုင္းမွာတဲ့ ဝိုင္းစိန္က ထေအာ္တယ္ဗ်။
ေအာင္ပိန္မ်က္ႏွာႀကီး ပ်က္သြားၿပီ

“ေတနာမ ေၾကာက္ပါတယ္ရို႔ ေက်ာတာ မဟုတ္ဘူး”

“အဲ ေၾကာက္ပါတယ္ ဆရာႀကီး”

ဝိုင္းစိန္မက စကားကို ခ်က္ခ်င္းျပင္ေျပာလိုက္ေတာ့မွ
ေအာင္ပိန္က ၿပဳံးၿပဳံးႀကီး လုပ္ေနတာဗ်။

“ကဲ ခ်မ္းစရာ ေအာင္ခ်ိန္ က်င္ညာစြမ္းက်ခ်ိန္ေရာက္ၿပီ
ဟဲ့ေကာင္ အာက်ယ္ ဘင္နာနာတီးစမ္း”

“ဘုန္း ဘုန္း ဘုန္း ဘုန္း ခ်မ္း ခ်မ္း”

အာက်ယ္က သံပုံးကိုခပ္ျပင္းျပင္းတီးေပးသဗ်။
ဒီတုန္းမွာပဲ ခပ္လွမ္းလွမ္းမွာခ်ထားတဲ့ ႏြားႏွင္တံကို
ေအာင္ပိန္က ေျပးေကာက္တယ္။ၿပီးေတာ့
ဟန္ပါပါနဲ႕ ပါးစပ္က ႐ြတ္ဖတ္ေျပာဆိုၿပီး
ေျမႀကီးကို ရိုက္လိုက္တယ္ဗ်။
“ဖုန္း”
“ဟာ”

က်ဳပ္တို႔ကေလးသုံးဆယ္ေလာက္ၿပိဳင္တူေအာ္လိုက္တဲ့
“ဟာ”ဆိုတဲ့ အသံႀကီးက ေတာ္ေတာ္ကို က်ယ္သြားတာဗ်ိဳ႕။
ေျမက်င္းကို ဖို႔ထားတဲ့ သဲမႈန့္ေတြ ဖြားကနဲ
ေျမာက္တက္ၿပီး အ႐ုပ္ထည့္ထားတဲ့ အိတ္ကေလးက
ေလထဲကို သုံးေတာင္ေလာက္ ေျမာက္တက္သြား
တာဗ်။ၿပီေတာ့ အိတ္ထဲက သစ္သားအ႐ုပ္မကေလးက
ပိတ္စအိတ္ထဲက ထြက္က်လာတယ္။

“ဟဲ ဟဲ ဟဲ ဟဲ”

ေအာင္ပိန္က ႏြားႏွင့္တံႀကီးကိုင္လ်က္သားကေန
တဟဲဟဲ ရယ္ေနတယ္ဗ်။

“ဟာ ေအာင္ပိန္ ဘယ္လိုလုပ္လိုက္တာတုံး”

“ေအာင္ပိန္ ေစာနန္းႏြယ္ရဲ႕ ပညာေတြ တက္ေနတယ္
ထင္တယ္”

ဟုတ္တယ္ဗ်။အံ့ၾသမယ္ဆိုလည္း အံ့ၾသစရာပါပဲဗ်ာ။
ဒီေကာင္ ေအာင္ပိန္ ရိုက္လိုက္တဲ့ေနရာက ေျမက်င္းကေလးနဲ႕
ႏွစ္ေပေလာက္ ကြာတယ္ဗ်။ရိုက္တာက တစ္ေနရာ
ေျမက်င္းထဲက သဲေတြက ဖြားကနဲ လြင့္တက္ၿပီး
ျမႇုပ္ထားတဲ့ အ႐ုပ္ပါ ေပၚလာတာဗ်။က်ဳပ္လည္း
အံ့ၾသသြားတာေပါ့ဗ်ာ။

ေအာင္ပိန္ကိုအားလုံးက အထင္ႀကီးသြားၾကတာေပါ့ဗ်ာ
ေအာင္ပိန္ကလည္း သူ ဘယ္လိုလုပ္တယ္ဆိုတာ
က်ဳပ္တို႔ကိုေျပာမျပဘူးဗ်။က်ဳပ္က ေနာက္မွ ရွမ္းဆရာႀကီး
ေအာင္ပိန္ရဲ႕ဘင္တီးဆရာ အာက်ယ္ကိုေခ်ာ့ေမာ့
ေမးရတာဗ်။ေအာင္ပိန္ကႏွစ္ေပေလာက္ရွိတဲ့ ဝါးျခမ္း
ျပားေလးတစ္ခုကို ေျမက်င္းနဲ႕ ေျမာင္းကေလးတူးၿပီး
ျမႇုပ္ထားတာတဲ့ဗ်။ကုတ္သေဘာေပါ့ဗ်ာ။အဲဒီဝါးျခမ္း
ျပားကိုလည္း ေအာက္က ေက်ာက္စရစ္တုံးကေလး
ခုၿပီး အေပၚက ေျမႀကီးေတြ ဖုံးထားတာဗ်။ဒါကို
က်ဳပ္တို႔က မျမင္ၾကဘူးေလ။ဝါးျခမ္းျပားကို
ဒီဘက္ထိပ္ကို ရိုက္လိုက္ေတာ့ ကုတ္ရဲ႕သေဘာအတိုင္း
ဟိုတစ္ဖက္က အ႐ုပ္ကေလးကို ေကာ္ၿပီးတင္ေပးလိုက္
တာေပါ့ဗ်ာ။

ေအာင္ပိန္ေဆာ့တယ္ဆိုတာက အဲဒီလိုမ်ိဳး ေဆာ့တာဗ်ိဳ႕။
ေပါက္ေပါက္ရွာရွာေတြ။ကတ္သီးကတ္သတ္ေတြေပါ့ဗ်ာ။
ဘာပဲေျပာေျပာ က်ဳပ္တို႔႐ြာက ကေလးေတြထဲမွာေတာ့
ေအာင္ပိန္က ဆရာႀကီးေပါ့ဗ်ာ။တစ္ခါကလည္း
ညမိုးခ်ဳပ္ႀကီးက်မွ ဒီေကာင္ က်ဳပ္တို႔ဝိုင္းထဲ ဝင္လာတယ္ဗ်။

“တာေတ တာေတ ေဟ့ေကာင္ တာေတ
ငါပါကြ ေအာင္ခ်ိန္ပါ”

စကားကလည္း နည္းနည္းမွကို မပီဘူးဗ်။
သူ႕ကိုယ္သူလည္း ေအာင္စိန္က ေအာင္ခ်ိန္ပဲ ေျပာတာ။

“ဟာ ေအာင္ပိန္လား ညႀကီး ဘယ္ကလာတာတုံး”

“လာခဲ့ဦးကြ တာေတရ မင္းကိုျပစရာရွိလို႔”

ေအာင္ပိန္က ျပစရာရွိလို႔ဆိုေတာ့ က်ဳပ္က စိတ္ဝင္စား
သြားတာေပါ့ဗ်ာ။က်ဳပ္မွာကလည္း စပ္စုခ်င္တဲ့
ဗီဇက ပါေနတာကိုးဗ်။က်ဳပ္ ခ်က္ခ်င္းပဲ အိမ္ေပၚက
ဆင္းလိုက္တယ္။

“ေဟ့ေကာင္ တာေတ မင္းစုန္းေတာက္စားတာ
ျမင္ဖူးသလား”

“ေဟ စုန္း ဟုတ္လား ေတာက္စားတယ္ဆိုတာ
ဘာလုပ္တာတုံးကြ ေအာင္ပိန္ရ”

က်ဳပ္က သူေျပာတာကို နားမလည္လို႔ ေမးရတာေပါ့ဗ်ာ

“ဟ တာေတရာ ဗဟုသုတက နည္းပါ့ကြာ စုန္းေတာက္
စားတယ္ဆိုတာ ပညာေတြျမဴးတာကြ ပညာေတြကိုႏွိုးတာ
လာ ငါျပမယ္”

ေအာင္ပိန္က ေရွ႕ကသုတ္သုတ္သြားတယ္။က်ဳပ္ကလည္း
ေနာက္က သုတ္သုတ္လိုက္တယ္။႐ြာကိုအေရွ႕တံခါးက
ထြက္ၾကတယ္။က်ဳပ္လည္း လိုက္တာေပါ့ဗ်ာ။
“လာ တာေတ ဒီၿခဳံပုတ္ထဲက ပုန္းၿပီးၾကည့္ရမယ္”

ေအာင္ပိန္နဲ႕က်ဳပ္နဲ႕ ဘိစပ္ၿခဳံႀကီးထဲကို တိုးဝင္ခဲ့တယ္။
က်ဳပ္က ေမွာင္ႀကီးထဲမွာ ဟိုၾကည့္သည္ၾကည့္
လိုက္ၾကည့္ေနတာဗ်။ဘာမွမေတြ႕ဘူး။
“ေဟ့ေကာင္ ေအာင္ပိန္ ဘယ္မွာတုန္း မင္းစုန္းက”

“ဟာကြာ လာမွာေပါ့ တာေတရ”

“စုန္းမ လာတာကို မင္းက ဘယ္လိုသိတုံး”

“တာေတရာ မင္းေတာ္ေတာ္အေမးအျမန္း ထူတာပဲကြာ
မင္းၾကည့္ရရင္ ၿပီးေရာ့မို႔လား”
(ေအာင္ပိန္က စကားမပီတဲ့အသံနဲ႕ က်ဳပ္ကိုေဟာက္
လိုက္ေသးတာဗ်ိဳ႕)

“ေဟာ ေျပာရင္းဆိုရင္း လာၿပီ အသံနည္းနည္းမွ မထြက္နဲ႕ေနာ္
စုန္းမႀကီး ၾကားသြားလို႔ ငါတို႔အူေတြကို ဆြဲထုတ္ၿပီး
စားသြားလိမ့္မယ္”

ဟာ ဟုတ္တယ္ဗ်ိဳ႕ မိန္းမႀကီးတစ္ေယာက္
ဒီဘက္ကို လာေနတယ္။က်ဳပ္လည္း အဲဒီမိန္းမႀကီးကို
ေသေသခ်ာခ်ာ ၾကည့္တာပဲဗ်။က်ဳပ္တို႔႐ြာကေတာ့
မဟုတ္ဘူးထင္တယ္။က်ဳပ္မျမင္ဖူးဘူး။
ေဟာ ေညာင္ပင္ႀကီးေအာက္မွာ ရပ္ေနတယ္ဗ်။
ဟာ လက္ႀကီးႏွစ္ဖက္ ေရွ႕ကိုဆန့္ထုတ္လိုက္တယ္။
ပါးစပ္ကလည္း ဘာေတြ ႐ြတ္ဖတ္ေနလည္း
မသိဘူးဗ်။က်ဳပ္တို႔နဲ႕က နည္းနည္းေတာ့ လွမ္းပါတယ္။

ဟာ စုန္းမႀကီးကိုယ္က မီးခိုးလို အခိုးေတြ ထြက္လာၿပီဗ်ိဳ႕။
ေဟာ အေရာင္ေတြ ထြက္လာတယ္ဗ်ိဳ႕။အနီေရာင္ႀကီးဗ်
ဟာ အနီေရာင္ႀကီးထဲမွာ ေပ်ာက္ေနတယ္ဗ်။
ေဟာ ေဟာ အနီလုံးႀကီးက ေျမႀကီးေပၚက
ႂကြလာတယ္ဗ်ိဳ႕။ဟာ အလုံးက ေသးေသးလာပါလား
ေဘာလုံးတစ္လုံးအ႐ြယ္ေလာက္ ျဖစ္သြားၿပီဗ်ိဳ႕။
ဟာ အေပၚကို တက္သြားၿပီ တက္သြားၿပီ

“ဝီ ဝီ ဝီ ဝီ”
သစ္ပင္ေတြေပၚ ေက်ာ္တက္ၿပီး ပ်ံေနတာဗ်ိဳ႕။

“ဝီ ဝီ ဝီ ဝီ”

ေဟာ နိမ့္ဆင္းလာၿပီ။လူတစ္ရပ္ေလာက္အထိ
နိမ့္ဆင္းလာတာဗ်ိဳ႕။ေဟာ ကြင္းႀကီးထဲမွာ လွည့္ပတ္ၿပီး
ပ်ံေနတာ။ျမင့္သြားလိုက္ နိမ့္သြားလိုက္နဲ႕ဗ်။
ေဟာ သြားၿပီဗ်ိဳ႕။ပ်ံထြက္သြားၿပီ။အေနာက္ဘက္ကို
ပ်ံသြားတာဗ်၊

“ကဲ ျမင္ၿပီလား တာေတ”

“ေအး ျမင္ၿပီ အဲဒီစုန္းမႀကီးက ဘယ္႐ြာကတုံးကြ
ေအာင္ပိန္ မင္းသိလား”

“သိတာေပါ့ကြ တာေတရ အဲဒါ ဘန့္ေဘြးကုန္းက
ဘြားဆုံႀကီးေလကြာ”
“ေဟ သူက သူ႕႐ြာမွာ မလုပ္ဘဲ ဘာျဖစ္လို႔
ဒီမွာလာလုပ္တာတုံးကြ”
“ဒါေတာ့ မသိဘူးေလ တာေတရာ အေၾကာင္းရွိလို႔ေနမွာ
ေပါ့ကြာ”
“ဝီ ဝီ ဝီ ဝီ ”
“ဟာ တာေတရ ျပန္လာၿပီေဟ့ ဟာ ေနာက္ထပ္မီးလုံး
ႀကီးႏွစ္လုံး တိုးလာတယ္ကြ အားလုံး သုံးလုံးျဖစ္ေနၿပီ”

“ေအးကြ သူလို႔ပဲ စုန္းမႀကီးေတြ ပါလာတာေနမွာေပါ့ကြ
ေဟာ ဆင္းလာၿပီေဟ့ စကားေျပာနဲ႕ေနာ္ ေအာင္ပိန္”

က်ဳပ္တို႔ႏွစ္ေယာက္ ၿငိမ္ၿပီး ၾကည့္ေနရျပန္တာေပါ့ဗ်ာ
ေဟာ မီးလုံးႀကီးေတြ ေျမႀကီးေပၚကို ဆင္းလာၿပီဗ်ိဳ႕။
ဟာ မီးေရာင္ေတြ ေပ်ာက္သြားၿပီး မိန္းမသုံးေယာက္
ေညာင္ပင္ေအာက္မွာ ရပ္ေနတာဗ်။

ဘာေတြေျပာေနလဲေတာ့ မသိဘူးဗ်ိဳ႕။သူတို႔ဆံပင္ႀကီး
ေတြ ဖားလ်ားႀကီးေတြ ခ်လိဳက္တယ္။ေဟာ လက္ႀကီး
ေတြ ေရွ႕ကို ဆန့္ထုတ္ၿပီး ေကြးေကြးေကာက္ေကာက္
ႀကီးေတြ လုပ္ေနတယ္။ ဟာ သူတို႔ပါးစပ္ႀကီးေတြကို
အက်ယ္ႀကီး ဟထားၾကပါတယ္ဗ်။ေဟာ ပါးစပ္ထဲက
အေရာင္ေတြ တဝင္းဝင္းနဲ႕ ထြက္လာၿပီဗ်ိဳ႕။ဟာ
တစ္ေယာက္က ျဖဴျဖဴအေရာင္ဗ်။ဟိုႏွစ္ေယာက္က
စိမ္းစိမ္းျပာျပာအေရာင္ေတြက အျပင္ကို ထြက္လာၿပီဗ်ိဳ႕
ေဟာ ေဟာ မိန္းမႀကီးသုံးေယာက္က ဖိုခေနာက္ဆိုင္
မ်က္ႏွာခ်င္းဆိုင္ ရပ္လိုက္ၾကတယ္။

ဟာ သူတို႔ပါးစပ္ထဲက ထြက္လာတဲ့အေရာင္ေတြက
ေရွ႕ကို တန္းထြက္လာၿပီး အလင္းတန္းႀကီးသုံးခု
ေပါင္းသြားတယ္ဗ်။ဟာ အလင္းတန္းႀကီးသုံးခု
ေပါင္းၿပီး စိမ္းစိမ္းဝါဝါအေရာင္ႀကီးျဖစ္သြားၿပီဗ်ိဳ႕။
ဟာ အေပၚကိုေထာင္တက္သြားၿပီဗ်။

စုန္းမႀကီးေတြက ေခါင္းႀကီးေတြေမာ့ၿပီး လက္ႀကီးေတြက
ေကြးခ်ည့္ဆန္ခ်ည္ လုပ္ေနၾကတာဗ်။
အလင္းတန္းႀကီးက သစ္ပင္ေတြကိုေက်ာ္ၿပီး အျမင့္ႀကီး
တက္သြားတာဗ်ိဳ႕။ေဟာ ျပန္သိမ္းၿပီ ျပန္သိမ္းၿပီ
အလင္းႀကီးေတြ ျပန္နိမ့္ဆင္းလာၿပီ ဟာ ပါးစပ္ေတြထဲ
ျပန္ဝင္ၿပီး ေပ်ာက္သြားၿပီဗ်။

မိန္းမႀကီးေတြက ထဘီႀကီးေတြ ၿခဳံလိုက္ျပန္ၿပီဗ်ိဳ႕။
ဟာ ပုသြားၿပီ ပုသြားၿပီး အရပ္ပုပုကေလးေတြ
ျဖစ္သြားၿပီ ဟာ ဠင္းတႀကီးေတြ ျဖစ္သြားၿပီဗ်ာ။
ဟာ ပ်ံၿပီ။

“ဝုန္း”

ဠင္းတႀကီးသုံးေကာင္ တစ္ၿပိဳက္တည္း ပ်ံထြက္သြားၿပီ
ဗ်ိဳ႕။က်ဳပ္တို႔ ပုန္းၾကည့္ေနတဲ့ ဘိစပ္ၿခဳံႀကီးေတာင္
ေလဟပ္ၿပီး ရမ္းခါသြားတာဗ်။

“လာ တာေတ ငါတို႔ ျပန္ၾကမယ္”

“ေဟ ဆက္မၾကည့္ေတာ့ဘူးလားကြ ေအာင္ပိန္ရ”

“ဟ အဲဒါပဲကြ သူတို႔ ပ်ံသြားၿပီ”

“ဟင္ မင္းက သိလွခ်ည္လား အရင္တုန္းက
ၾကည့္ဖူးလို႔လား”

“ေအး ငါ့အေဖနဲ႕ငါနဲ႕ေငြတြင္းကုန္းက အျပန္မွာ
တစ္ခါျမင္ဖူးတယ္ ငါက လနဲ႕ရက္ကို ေသေသခ်ာခ်ာ
မွတ္ထားတာ။ဒါေၾကာင့္ မင္းကို လာေခၚတာ
မင္းလည္း မွတ္ထားေပါ့ ဒီေန႕နတ္ေတာ္လကြယ္ေန႕ေလ”

“ေၾသာ္ ဒီလိုလား မင္းကေတာ့ ေပါက္ေပါက္ရွာရွာ
ေဆာ့ရမယ္ဆိုရင္ေတာ့ ႏွစ္ေယာက္မရွိတဲ့ေကာင္ပဲ
ေအာင္ပိန္ေရ”

က်ဳပ္အဲဒီညက အိမ္ျပန္ေရာက္ေတာ့ ေၾကာက္ၿပီး
အိပ္လို႔မေပ်ာ္ေတာ့ဘူးဗ်ိဳ႕။ ေဆာင္းတြင္ႀကီးမွာကို
ေခြၽးေတြျပန္ေနေရာဗ်ာ။ေနာက္ေန႕မနက္က်ေတာ့
က်ဳပ္မွာ အိပ္ယာကေတာင္ ေတာ္ေတာ္နဲ႕ မထနိုင္ဘူးဗ်
အေမကေတာင္မွ
“တာေတ အိပ္လွခ်ည္လား ေနမေကာင္းလို႔လား”
ဆိုၿပီး က်ဳပ္ကို နဖူးလာစမ္းၾကည့္တယ္ဗ်။

ေအာင္ပိန္ရဲ႕ေက်းဇူးေၾကာင့္ စုန္းေတြေတာက္စားတာ
အဲ စုန္းေတြ ပညာႏွိုးဆြၾကတာကို ဒီတစ္ခါ ပထမဆုံး
ျမင္ဖူးတာေပါ့ဗ်ာ။က်ဳပ္တို႔ေဒသေတြမွာ ပညာသည္ေတြ
ရွိတယ္ဆိုတာ ဟိုတုန္းက ၾကားဖူး႐ုံရွိတာ
ညကမွပဲ မ်က္ဝါးထင္ထင္ ျမင္ဖူးေတာ့တာဗ်။

ေအာင္ပိန္ဆိုတဲ့ ေကာင္ကေတာ့ အဲဒီလို ေပါက္ေပါက္ရွာ
ရွာေတြ ကတ္သီးကတ္သတ္ေတြကို ေဆာ့ရမယ္ဆိုရင္
အင္မတန္ေတာ္တဲ့ ေကာင္ဗ်။
လူေကာင္ေလးကသာ ေသးတာ ဇကေတာ့ မေသးဘူးဗ်။

မေန႕က ေန႕ခင္းကလည္း ေအာင္ပိန္ က်ဳပ္အိမ္ကိုလာ
သြားတယ္။သူနဲ႕အတူတူ အာက်ယ္လည္း ပါတယ္ဗ်။

“ေဟ့ေကာင္ တာေတ အိမ္ထဲမွာကုတ္ၿပီး ဘာလုပ္ေနတာတုံးကြ”

ႏွစ္ေယာက္သား မန္က်ည္းပင္ေအာက္ကေန
က်ဳပ္ကိုလွမ္းေခၚတယ္။အဘက အိမ္ေရွ႕ခန္းမွာ
ေရႏြေးၾကမ္းေသာက္ေနရာက ေအာင္ပိန္ကို
လွမ္းစတယ္ဗ်။

“ေဟ့ေကာင္ ေအာင္စိန္ မင္းကေတာ့ မ်က္လွည့္ျပတဲ့
ေနရာမွာ နာမည္ကို ေက်ာ္ေနပါလားကြ
လာမယ္ႏြေက်ရင္ ဘုရားပြဲမွာ မင္းမ်က္လွည့္ျပပါလား
အဘ ဘင္ေတြဘာေတြ ရွာေပးမွာေပါ့”

ေအာင္ပိန္က အဘ စမွန္းသိလို႔ ရယ္ေနတယ္ဗ်။

“က်ဳပ္က မ်က္လွည့္ မျပတတ္ပါဘူး ဘိုးဥာဏ္ရာ
ေဆာ့တာပါဗ်ာ”

“ဟား ဟား ဟား ဟား ”

အဘက ေအာင္ပိန္ ေျပာတာကို သေဘာက်ၿပီး
ရယ္ေနတယ္ဗ်။

“ေဟ့ေကာင္ ေအာင္ပိန္ ဘာေတြေပါက္ေပါက္ရွာရွာ
ေဆာ့ဦးမလို႔တုံးကြ”

“ေပါက္ေပါက္ရွာရွာေတာ့ မဟုတ္ဘူးေပါ့ တာေတရာ
စိတ္ဝင္စားစရာေတြေတာ့လုပ္ၿပီး ေဆာ့ရမွာကြ”

“ေျပာပါဦးကြ အခု ဘာမ်ားလုပ္မွာတုံး”

“အာက်ယ္ တာေတ့ကို မင္းပဲ ရွင္းျပလိုက္ကြာ”

သူဆရာေအာင္ပိန္က အမိန့္ေပးလိုက္ေတာ့မွ
အာက်ယ္က သူရဲ႕အသံၿပဲႀကီးနဲ႕က်ဳပ္ကို ေျပာျပတယ္ဗ်

“ငါတို႔ ဝိညာဥ္ေခၚမလို႔ကြ တာေတရ”

“ဘာကြ ဝိညာဥ္ေခၚမလို႔ ဟုတ္လား လုပ္ၾကျပန္ၿပီကြာ
ဘယ္လိုဝိညာဥ္ကို မင္းက ေခၚမွာတုံး”

“ေအာင္ပိန္ ေျပာတယ္ကြ ဝိညာဥ္ေတြက ငါတို႔နားမွာပဲ
သြားလာေနၾကတာတဲ့ကြ အဲဒီထဲက ငါ့တို႔အ႐ြယ္
ဝိညာဥ္ကိုေခၚမွာေပါ့ကြ”

က်ဳပ္ေမးတာကို အာက်ယ္ကပဲ ထပ္ရွင္းျပတယ္။
ေအာင္ပိန္ကေတာ့ ဆရာႀကီးဂိုဏ္းဖမ္းၿပီး မန္က်ည္းပင္
ႀကီးကို ဟန္ပါပါေမာ့ၾကည့္ေနတယ္ဗ်။
“ေတာ္စမ္းပါ အာက်ယ္ရာ မင္းအေကာင္ ေအာင္ပိန္က
ၾကားဖူးနားဝေတြ ေလွ်ာက္လုပ္မွာကြ။ေတာ္ေတာ္ၾကာ
ငါတို႔အ႐ြယ္ ေရာက္မလာဘဲ အဘိုးႀကီးဝိညာဥ္ေတြ
ေရာက္လာမွ ထြက္ေျပးေနရဦးမယ္”

“တာေတ မင္းသလို မဟုတ္ဘူး စေခၚကတည္းက
ေဆာ့ဖို႔လို႔ ေျပာေခၚမွာ ဘယ္လိုအဘိုးႀကီး ဝိညာဥ္က
ေဆာ့မွာတုံးကြ”

အာက်ယ္က ေအာင္ပိန္ ေျပာထားတာေတြ က်ဳပ္ကို
ျပန္ေျပာေနတာ ျဖစ္ေနမွာေပါ့ဗ်ာ။

“ေနပါဦးကြ အာက်ယ္ရ မင္းေကာင္ ေအာင္ပိန္က
ဝိညာဥ္ကို ဘယ္လိုေခၚမွာတုံး”

ဒီေတာ့မွ ဆရာႀကီးဂိုက္ ဖမ္းထားတဲ့ ေအာင္ပိန္က
ဝင္ေျပာတယ္ဗ်။

“ဒီလိုကြ တာေတရဲ႕ ငါတို႔ သုံးေယာက္ သခၤ်ိဳင္းကုန္းကို
သြားမယ္ ေျမပုံတစ္ခုခုေပၚက ႐ႊံ႕ကိုတူးရမယ္
ၿပီးရင္ ငါအ႐ုပ္ေကာင္းေကာင္းေလးတစ္႐ုပ္ လုပ္မယ္
အဲဒါၿပီးရင္ ဝိညာဥ္ေခၚလို႔ ရၿပီေပါ့ကြ”

“ေၾသာ္ ဒီလုပ္ရမွာလား ေနဦး ေအာင္ပိန္ အ႐ုပ္လုပ္မွာ
ဆိုေတာ့ ႐ႊံ႕ ေစးေစးရမွ ေကာင္းမွာေပါ့”

“ေအး ဟုတ္တယ္ တာေတ”

“တို႔ ထေနာင္းကုန္းသခၤ်ိဳင္းက ႐ႊံ႕သိပ္မေစးဘူးကြ
ဟိုဘက္႐ြာ ဘန့္ေဘြးကုန္းသခၤ်ိဳင္းက ႐ႊံ႕သြားတူးမယ္ေလကြာ”

က်ဳပ္ရယ္ ေအာင္ပိန္ရယ္ အာက်ယ္ရယ္ ဘန့္ေဘြးကုန္း
သခၤ်ိဳင္းကို လာခဲ့တယ္။ေျမပုံေတြကို လိုက္ၾကည့္ၿပီး
႐ႊံ႕ေစးေတြ ကိုတူးယူၾကသည္။ၿပီးေတာ့ ငွက္ေပ်ာဖက္နဲ႕
႐ႊံ႕ေတြထုပ္ၿပီး ျပန္ခဲ့ၾကတာေပါ့ဗ်ာ။

ေအာင္ပိန္တို႔ အာက်ယ္တို႔နဲ႕ မေတြ႕တာေတာင္
တစ္ပတ္ေလာက္ရွိသြားၿပီဗ်။ဒီေကာင္ႏွစ္ေကာင္
အ႐ုပ္လုပ္ၿပီးၿပီလားေတာင္မသိဘူး။က်ဳပ္လည္း
အေမခိုင္းတဲ့ ေျမပဲ ေတာင့္ေတြကို အဆံထြက္ေနရတာနဲ႕
႐ြာထဲေတာင္ မသြားနိုင္ဘူးဗ်။

“ဘိုးဥာဏ္ တာေတေရာဗ်”

“ေဟ ေအာင္စိန္နဲ႕ အာက်ယ္ပါလား တာေတရွိတယ္
ဝိုင္းေနာက္ဘက္မွာ ဆီဆုံနားမွာထိုင္ၿပီး ေျမပဲထြတ္
ေနတယ္ကြ”

“ဟုတ္ကဲ့ ဟုတ္ကဲ့ က်ဳပ္တို႔ တာေတဆီကို သြားလိုက္မယ္ဘိုး”

“ေအး ေအး”

ဒီေကာင္ႏွစ္ေယာက္ က်ဳပ္ဆီကို ေရာက္လာတယ္
က်ဳပ္အလုပ္ လုပ္ေနတဲ့ ေဘးမွာ ဒီေကာင္ေတြ
ဝင္ထိုင္ၾကတယ္။

“ေဟ့ေကာင္ တာေတ ဒီမွာၾကည့္စမ္း”

ေအာင္ပိန္က သူ႕လက္ထဲမွာ ကိုင္လာတဲ့ အဝတ္ထုပ္
ကေလးကို ျဖည္ျပတယ္ဗ်။

“ဟာ အ႐ုပ္ၿပီးသြားၿပီ ဟုတ္လား ေအာင္ပိန္”

“ေအး ႐ႊံ႕ေျခာက္ေအာင္ ေစာင့္ရတာက တစ္ပတ္
ေလာက္ၾကာတယ္”

“ဟင္ မင္းအ႐ုပ္က ေၾကာက္စရာႀကီးပါလားကြ”

ေအာင္ပိန္လွမ္းေပးတဲ့ အ႐ုပ္ကို က်ဳပ္ေသေသခ်ာခ်ာ
ယူၾကည့္လိုက္တယ္။အရပ္က ေျခာက္လက္မေလာက္
ရွိတယ္။ေယာကၤ်ားေလးပုံဗ်။အ႐ြယ္ကေတာ့
က်ဳပ္တို႔အ႐ြယ္ေလာက္ပဲ ။ဆယ္ႏွစ့္ ကိုးႏွစ္အ႐ြယ္ေပါ့ဗ်ာ

ေခါင္းမွာတပ္ထားတဲ့ ဆံပင္က တကယ္လူဆံပင္ဗ်
အကၤ်ီေတာ့ မပါဘူး ပုဆိုးအကြက္ကေလးေတာ့
ဝတ္ထားတယ္။ပုဆိုးကလည္း တကယ္ပုဆိုးစကို
ခ်ဳပ္ထားတာဗ်။မ်က္ႏွာနဲ႕ ကိုယ္လုံးကို ေဆးေရာင္
အျပာသုတ္ထားတယ္။မ်က္လုံးကအမည္းေရာင္
ျခယ္ထားတာ ျပဴးျပဴးႀကီးဗ်။ဆံပင္ ကိုေတာ့
႐ႊံ႕မေျခာက္တပ္ၿပီး ေျခာက္ေတာ့မွ ကတ္ေၾကးနဲ႕
ညွပ္ထားပုံရတယ္။

“ေအာင္ပိန္ ဒီဆံပင္က ဘယ္ကရတုံး”

“အဲဒါ ႐ြာေျမာက္ပိုင္းက အရက္သမားကိုဘေမာင္
ေသေတာ့ သူပုဆိုးစကို ကတ္ေၾကးနဲ႕ညွပ္ယူၿပီး
ဆံပင္လည္း ညွပ္ယူထားလိုက္တာကြ”

“ေဟ ဒါ ကိုဘေမာင္ရဲ႕ဆံပင္ေတြေပါ့ ဟုတ္လား”

“ေအးေလကြာ အဲဒါ ဘာျဖစ္တုံး မင္းေၾကာက္လို႔လား”

“မေၾကာက္ပါဘူးကြာ အံ့ၾသသြားလို႔ပါ”

ဒီေကာင္ေအာင္ပိန္ အ႐ုပ္ကို ေသေသခ်ာခ်ာကို
လုပ္ထားတာဗ်။ဒီေကာင္ ပန္းပုကလည္းတတ္ေတာ့
အ႐ုပ္ကေလးက တကယ့္ကို အသက္ဝင္ေနသလိုပဲဗ်ာ
ပုဆိုးကိုလည္း ေသေသခ်ာခ်ာခ်ဳပ္ၿပီး ဝတ္ေပးထားတာဗ်
မေၾကာက္ဘူးသာ ေျပာတာဗ်။
ေက်ာထဲေတာ့ ႏွစ္ခါေလာက္ စိမ့္သြားတယ္။

အ႐ုပ္မ်က္ႏွာကို စိုက္ၾကည့္ရင္ အ႐ုပ္က
က်ဳပ္ကို ျပန္ၾကည့္ေနသလို ခံစားရတာဗ်။
ဒီေကာင့္အ႐ုပ္က နည္းနည္းေတာ့ ထူးေနတယ္
ထင္တာပဲ ။

“ေအး အခု ဘာဆက္လုပ္မွာလား”

“အဲဒါ လာေျပာတာကြ ညသန္းေခါင္က်ရင္
မင္းအိမ္က တိတ္တိတ္ထြက္ခဲ့လို႔ ရမလား
ဒီေကာင္အာက်ယ္ကေတာ့ ငါတို႔အိမ္မွာ အိပ္ေနက်ဆိဳေတာ့
ကိစၥမရွိဘူး မင္းေရာက္ေအာင္ လာနိုင္ဖို႔ပဲလိုတာ”

“စိတ္ခ် ေအာင္ပိန္ ငါေရာက္ေအာင္ လာခဲ့မယ္”

“မင္း တကယ္ေနာ္ ငါနဲ႕အာက်ယ္ ေစာင့္ေနမွာ
မင္းလာမွ ဝိညာဥ္ေခၚမွာ”

“ေအးပါကြာ နို႔ ေနဦး မင္းတို႔ဝိုင္းထဲမွာပဲ
လုပ္မလား လူႀကီးသိသြားရင္ ဘယ္လိုလုပ္မလဲ”

“ဟာ လူႀကီးေတြက သန္းေခါင္ခ်ိန္ႀကီးမွာ
အိပ္ေနၿပီေပါ့ကြ ၿပီးေတာ့ ငါတို႔ဝိုင္းက
က်ယ္ပါတယ္ကြ လူႀကီးေတြ မျမင္တဲ့ေနရာကို
ငါေ႐ြးထားတယ္ တာေတ”

“ေအး ေအး ဟုတ္ၿပီ ငါက စိုးရိမ္လို႔ေျပာတာပါ
မင္းတို႔ေစာင့္ေန ငါလာခဲ့မယ္”

အဲဒီညက က်ဳပ္မွာ အိပ္ေပ်ာ္မသြားေအာင္
မနည္းကိုေတာင့္ထားရတာဗ်။ညဆယ့္နာရီမွာ
သန္းေခါင္ၾကက္တြန္ေတာ့ က်ဳပ္အိမ္ကတိတ္တိတ္
ထြက္ခဲ့တယ္။ေအာင္ပိန္တို႔ဝိုင္းကိုေရာက္ေတာ့
က်ဳပ္ ဝိုင္းဝမွာရပ္ၿပီး အေျခေနကို အကဲခတ္ရတာေပ့ါဗ်ာ
ညသန္းေခါင္ႀကီးမွာ သူမ်ားဝိုင္းထဲကို
စြတ္ဝင္သြားလို႔ ဘယ္ျဖစ္မွာတုံး။တစ္႐ြာလုံးကေတာ့
တိတ္ဆိတ္ေနတာေပါ့ဗ်ာ။ဒါက အိပ္ေမာက်တဲ့
အခ်ိန္ေလဗ်ာ။

“တာေတ လာ”

ေလသံက ခပ္အုပ္အုပ္ဗ်။ဒါေပမဲ့ ေအာင္ပိန့္အသံမွန္း
က်ဳပ္သိပါတယ္။

“ေအး ငါပါ တာေတပါ”

က်ဳပ္ကလည္း ေလသံခပ္အုပ္အုပ္နဲ႕ေျပာတယ္ဗ်။
ေအာင္ပိန္က သူတို႔ဝိုင္းတံခါးကို အသံမျမည္ေအာင္
ႀကိတ္ၿပီးဖြင့္ေပးတယ္။

“ဘယ္မွာလုပ္မွာတုံး”

“လာ လာ ငါ့ေနာက္ကို လိုက္ခဲ့ ဟိုမွာအာက်ယ္
ေစာင့္ေနတယ္”

ေအာင္ပိန္ေနာက္က က်ဳပ္လာခဲ့တယ္
ေအာင္ပိန္က အိမ္ႀကီးရဲ႕ေနာက္ဘက္ကိုဝင္သြားတယ္
ဝိုင္းရဲ႕ေထာင့္မွာရွိတဲ့ ဂုံညင္းပင္ႀကီးေအာက္ကို
ေရာက္ေတာ့ ငုတ္တုတ္ကေလး ထိုင္ေနတဲ့
အာက်ယ္ကို ေတြ႕လိုက္တယ္။

“အာက်ယ္ ဖေယာင္းတိုင္ ထြန္းလိုက္”

ဖေယာင္းတိုင္က ေသးေသးဗ်။သိပ္မလင္းဘူး။
မီးထြန္းလိုက္မွ ျမင္ရတာဗ်။

” ဟာ ဒါ ဘာတုံးကြ ေအာင္ပိန္”

” ဒါဂူေလကြာ သခၤ်ိဳင္း႐ႊံ႕နဲ႕ လုပ္ထားတဲ့ ဂူေလးကြာ”

ဟုတ္ပါဗ်ာ ေအာင္ပိန္က လက္ရာေျမာက္ေတာ့
ဂူက တကယ့္ကို ဂူသခၤ်ိဳင္းထဲက ဂူႀကီးအတိုင္းပဲဗ်။
ေသးေသးေလး ျဖစ္ေနတာပဲရွိတယ္။
ဂူကို ထုံးျဖဴေတြ သုတ္ထားေသးတယ္ဗ်။

“ဒါကို ဘယ္လိုလုပ္မွာတုံးကြ ”

“ဒီအ႐ုပ္ကေလးကို ဂူသြင္းမွာေလကြာ ကဲ ေျပာေနတာ
ၾကာပါတယ္ကြာ အလုပ္စလိုက္ၾကေအာင္
ဒီေကာင့္နာမည္က ဘိုထိန္တဲ့ ငါတိုနဲ႕ အသက္အတူတူပဲေလ”

“ဟင္ ဟုတ္လား”

က်ဳပ္က ေၾကာင္ေတာင္ေတာင္နဲ႕ေမးေတာ့ ေအာင္ပိန္က
က်ဳပ္ကိုေဟာက္တယ္ဗ်။
“ေဟ့ေကာင္ တာေတ အဲဒီဝိညာဥ္ဆိုတာက
နာမည္မရွိဘူးကြ ငါတို႔ေပးတဲ့ နာမည္အတိုင္း ျဖစ္ရတာ”

“ေၾသာ္ ဒီလိုလားကြ ငါက မသိဘူးေလကြာ”

လုပ္ငန္းစၿပီဗ်ိဳ႕ ေအာင္ပိန္ကအ႐ုပ္ကေလးကို
ဂူေပါက္ထဲကို ထည့္လိုက္တယ္။ၿပီးေတာ့ အေပါက္ကို
႐ႊံ႕နဲ႕ပိတ္လိုက္တယ္။ၿပီးေတာ့ ဝိညာဥ္ေခၚေတာ့တာေပါ့ဗ်ာ

“အနီးအနားမွာ သြားလာေနတဲ့ ဝိညာဥ္ ဆယ္ႏွစ္သား
ဘိုထိန္ရဲ႕ဝိညာဥ္ သင္အခုလာပါ သင္နဲ႕ က်ဳပ္တို႔နဲ႕
ကစားဖို႔ အခုပဲ လာခဲ့ပါ ဘိုထိန္ရဲ႕ဝိညာဥ္ ဆယ္ႏွစ္သား
ဘိုထိန္ရဲ႕ဝိညာဥ္ က်ဳပ္တို႔နဲ႕ ေပ်ာ္ေပ်ာ္ပါးပါး ကစားဖို႔
အခုပဲ လာခဲ့ပါ”

“ျဖန္း ျဖန္း ျဖန္း”

သစ္ပင္ေပၚက ငွက္ႀကီးတစ္ေကာင္ရဲ႕ အေတာင္ပံခတ္တဲ့
အသံကို ၾကားလိုက္ရတယ္။

ေအာင္ပိန္က ပါးစပ္ကေန တဖြဖြေခၚတယ္

“ကဲ ခုႏွစ္ေခါက္ ျပည့္သြားၿပီ ဝိညာဥ္ေခၚတယ္ဆိုတာ
အသက္ေအာင့္ၿပီး ေခၚရတာ ခုႏွစ္ႀကိမ္ ေခၚရတာကြ
ဒါဆို လာေရာ”

“ဟင္ ဘယ္မွာတုံး မင္းဝိညာဥ္”

က်ဳပ္က ေဘးဘီကိုလွည့္ၾကည့္ၿပီး ေအာင္ပိန္ကို
ေမးလိုက္တယ္

“ဟာ အခုခ်က္ခ်င္းေတာ့ ဘယ္ေတြ႕ဦးမွာတုံးကြ
ေနာက္ေတာ့ မင္းေတြ႕လာမွာေပါ့ တာေတရာ”

ေအာင္ပိန္ ဂူလုပ္ထားတဲ့ေနရာက ေနရာေကာင္းဗ်။
ဂုံညင္းပင္ႀကီးေအာက္မွာ။နဘူးၿခဳံေတြကလည္း
ေပါက္ေနေတာ့ ေတြ႕ဖို႔မလြယ္ဘူး။ဖေယာင္းတိုင္
မီးမႈတ္ၿပီး က်ဳပ္တို႔လူစုခြဲလိုက္တယ္။
က်ဳပ္အိမ္ျပန္လာၿပီး အိပ္တယ္။အေတာ္ကေလး
အိပ္ခ်င္ေနေတာ့ ခ်က္ခ်င္းကို အိပ္ေပ်ာ္သြားတာဗ်။

က်ဳပ္အိပ္မက္ မက္တယ္ ။အိပ္မက္ထဲမွာ ေကာင္ေလး
တစ္ေယာက္ဗ်။ဆံပင္ရွည္ရွည္နဲ႕အကၤ်ီေတာ့ မပါဘူး
ပုဆိုးအကြက္ကေလးဝတ္လို႔ ႐ုပ္ကလည္း သနားကမားပဲ။
က်ဳပ္ကို ၿပဳံးၿပီး ၾကည့္ေနတယ္။

“မင္း ဘယ္သူတုံး”

က်ဳပ္ကေမးေတာ့ ဒီေကာင္က ရီတယ္ဗ်။
“တာေတ မင္းကလည္း ေမ့တတ္လိုက္တာ
မင္းတို႔ပဲ ေခၚထားလို႔ ငါလာတာေလကြာ ငါ့နာမည္ဘိုထိန္ေလ”

“ဟင္ ဟုတ္လား မင္း မင္းေအာင္ပိန္ေခၚလို႔လာတာလား”

“ေအးေလကြာ မင္းက ဘာေၾကာင္ေနျပန္တာလဲ”

“ဟာ မဟုတ္ပါဘူးကြ ဘိုထိန္ရ မင္းအခု ေအာင္ပိန္တို႔
ဆီ ေရာက္ခဲ့ၿပီလား”

“ေအး ေရာက္ခဲ့ၿပီ ေအာင္ပိန္တို႔ အာက်ယ္တို႔နဲ႕
စကားေျပာခဲ့ၿပီးၿပီ မနက္ျဖန္က်ရင္ မင္းတို႔သုံးေယာက္နဲ႕
ငါနဲ႕ ယင္းေခ်ာင္းကိုသြားၿပီ ေရကူးၾကမယ္ မင္း
ဆက္ဆက္လာခဲ့ေနာ္ တာေတ”

“ေအးပါကြ ဘိုထိန္ရဲ႕”

က်ဳပ္လန့္နိုးသြားတယ္ က်ဳပ္အံ့ၾသၿပီး
ျခင္ေထာင္ကိုေတာင္ ဖြင့္ၾကည့္မိတယ္။
အျပင္မွာ ဘာမွမေတြ႕ပါဘူး။

မနက္က်ေတာ့ ေအာင္ပိန္နဲ႕အာက်ယ္ ေရာက္လာတယ္
ေအာင္ပိန္က ၿပဳံးစိစိနဲ႕ဗ်။

“တာေတ ထူးျခားလားကြ”

က်ဳပ္က ညက အိပ္မက္ကို ျပန္ေျပာလိုက္တယ္။
ဒီေကာင္ ႏွစ္ေကာင္လည္း က်ဳပ္လိုပဲ အိပ္မက္
မက္ၾကတယ္တဲ့ဗ်။
က်ဳပ္တို႔သုံးေယာက္ ယင္းေခ်ာင္းကို လာခဲ့တယ္။
ႏြေဆိုေတာ့ယင္းေခ်ာင္းက ေရနည္းေနပါၿပီ။
က်ဳပ္တို႔သုံးေယာက္ ေခ်ာင္းထဲမွာ ေရဆင္းကူးတယ္
က်ဳပ္ေဘးမွာ ရိပ္ကနဲ ရိပ္ကနဲ ျမင္လိုက္ရတယ္ဗ်။

ေအာင္ပိန္နဲ႕အာက်ယ္လည္း က်ဳပ္လိုပဲ ျမင္ၾကရတယ္
ေျပာတယ္။သူလည္းေနကူးေနတာဗ်။ဒါဘိုထိန္ပဲ
ေနမွာေပါ့ဗ်ာ။က်ဳပ္တို႔ ေရခ်ိဳးၿပီးေတာ့ ယင္းေခ်ာင္း
ကမ္းပါးက ဆီးခ်ိဳပင္ႀကီးေအာက္မွာ ထိုင္ေနၾကတယ္

“တာေတ ဟိုမွာ ဆီးသီးေတြ မွည့္ေနၿပီကြ ခူးရေအာင္ကြာ”

ေအာင္ပိန္စကား ဆုံး႐ုံရွိေသးတယ္။ဆီးပင္ႀကီးကို
တစ္ေယာက္ေယာက္က လႈပ္လိုက္တာဗ်ိဳ႕။
ဆီးသီးေတြ ဘုတ္ကနဲ ဘုတ္ကနဲ ေႂကြက်လာတာ။
က်ဳပ္တို႔တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး
ၿပဳံးေနၾကတာေပါ့ဗ်ာ။ဆီးသီးေတြေကာက္ၿပီး
တစ္ဝစားၾကတာေပါ့။

အဲဒီညကလည္း အိပ္မက္ထဲမွာ ဘိုထိန္ က်ဳပ္နဲ႕လာၿပီး
စကားေျပာတယ္ဗ်ာ ေျပာရင္းနဲ႕ ဘိုထိန္က က်ဳပ္ကို
မီးေလာင္ကုန္းကေကာင္ေတြနဲ႕ ေဘာလုံးခ်ိန္းကန္ခိုင္း
တယ္။သူေအာင္ပိန့္ကိုလည္း ေျပာလိုက္မယ္လို႔
ေျပာသြားတယ္။ေနာက္တေန႕ေရာက္ေတာ့
ေအာင္ပိန္နဲ႕အာက်ယ္ ေရာက္လာၿပီး ဘိုထိန္ေျပာတာကို
ေျပာတယ္။ေအာင္ပိန္က မီးေလာင္ကုန္းကေကာင္ေတြကို
ခ်ိန္းၿပီး ေဘာကန္ဖို႔ေျပာတယ္။

“ေဟ့ေကာင္ ေအာင္ပိန္ မီးေလာင္ကုန္းကေကာင္ေတြက
ေဘာကန္သိပ္ေကာင္းတာ ငါတို႔နိုင္ဖို႔မလြယ္ဘူးကြ”

“ဟာ ကြ တာေတရာ ငါတို႔မွာ ဘိုထိန္ ရွိတယ္ေလကြာ
မေၾကာက္ပါနဲ႕ ကန္ၾကရေအာင္”

ေနာက္ဆုံးေတာ့ ကန္ျဖစ္ၾကတယ္။မီးေလာင္ကုန္းက
ေဘာကန္ေကာင္းတဲ့လူေတြကို က်ဳပ္တို႔ဆယ္ဂိုးသြင္း
နိုင္ခဲ့တယ္ဗ်။ဟိုေကာင္ေတြ က်ဳပ္တို႔ကို တစ္ဂိုးမွကို
မသြင္းနိုင္ခဲ့ဘူးဗ်။ဒီေကာင္ေတြ ကန္လိုက္တဲ့
ေဘာလုံးေတြဟာ က်ဳပ္တို႔ ဂိုးေပါက္နားေရာက္ရင္
ေကြ႕သြားေရာဗ်။

က်ဳပ္တို႔ကန္တဲ့ ေဘာေတြက်ေတာ့ ဂိုးေပါက္နဲ႕ေခ်ာ္သြား
တာေတာင္မွ ေဝ့ၿပီးဝင္သြားတာဗ်။အာက်ယ္ရယ္
က်ဳပ္ရယ္ ေအာင္ပိန္ရယ္ ရယ္လိုက္ၾကရတာဗ်ာ။
ေပ်ာ္လိုက္တာလည္း မေျပာနဲ႕ေတာ့ ။
ဒါေပမဲ့ က်ဳပ္တို႔အသင္းက က်န္တဲ့ေကာင္ေတြကေတာ့
ဘယ္သိမွာတုံးဗ်ာ။

မီးေလာင္ကုန္းအသင္းကေတာ့ ပြဲၿပီးေတာ့ ေတာ္ေတာ္ကို
မေက်မနပ္ ျဖစ္တာေပါ့ဗ်ာ။ေဘာလုံးေလာင္းတဲ့
က်ဳပ္တို႔႐ြာသားေတြဆိုရင္ နိုင္လို႔ေပ်ာ္ၾကတာေပါ့ဗ်ာ
အဲဒီညက ႐ြာထဲက အပိန့္အရက္ဆိုင္မွာ စားၾက
ေသာက္ၾကနဲ႕ ဆူညံေနတာပါပဲဗ်ာ။
က်ဳပ္တို႔သုံးေယာက္လည္း အပိန့္ဆိုင္မွာ ေခါက္ဆြဲေၾကာ္
ေလးထုပ္ဝယ္ၿပီး ဘိုထိန္ရယ္ က်ဳပ္တို႔ရယ္အတူတူ
စားၾကတာဗ်။ေပ်ာ္စရာေကာင္းလိုက္တာ မေျပာနဲ႕ေတာ့ဗ်ာ။

ဒီလိုနဲ႕ က်ဳပ္တို႔သုံးေယာက္နဲ႕ဘိုထိန္နဲ႕ သူငယ္ခ်င္းေတြ
ျဖစ္ကုန္ေတာ့တာေပါ့ဗ်ာ။ဘိုထိန္က ညဆိုရင္က်ဳပ္တို႔နဲ႕
အိပ္မက္ထဲမွာ ေတြ႕ၾကတယ္။မနက္ေရာက္ရင္
ေလွ်ာက္ေဆာ့ၾကတယ္။ေတာ္ေတာ္ကိုေပ်ာ္စရာ
ေကာင္းတာပါဗ်ာ။

က်ဳပ္တို႔ ပဲထြတ္ရင္လည္း ဒီေကာင္ဘိုထိန္က ကူထြတ္
ေပးေသးတာဗ်။အေမကေတာင္ ေျပာရတယ္

“ဟဲ့ တာေတ နင့္လက္ကလည္း စက္မ်ာူတပ္ထားသလား
မွတ္ရတယ္ ပဲတစ္ေတာင္မ်ား ခဏကေလးထြတ္ရပါလား
တဲ့ဗ်။က်ဳပ္ျဖင့္ ရယ္ခ်င္လိုက္တာဗ်ာ။တစ္ခါတစ္ခါက်ေတာ့
အိပ္မက္ထဲမွာ ဘိုထိန္ကေျပာတယ္ဗ်။သူၾကက္သား
ဟင္းနဲ႕ ထမင္းစားခ်င္တယ္တဲ့။ဒါဆိုရင္ အာက်ယ္က
ၾကက္တစ္ေကာင္ရွာၿပီး သတ္ေတာ့တာပဲဗ်။
ၿပီးေတာ့ ညဘက္မွာ ေအာင္ပိန္တို႔ဝိုင္းထဲက
ဂုံညင္းပင္ႀကီးေအာက္မွာ က်ဳပ္တို႔သုံးေယာက္
တိတ္တိတ္ကေလးဘိုထိန္ကိုေကြၽးၾကတာေပါ့ဗ်ာ
ဘိုထိန္ကလည္း ႀကိတ္သဗ်။

႐ြာထဲမွာ ဘာပဲကစား ကစား က်ဳပ္တို႔သုံးေယာက္ပဲ
နိုင္တာေပါ့ဗ်ာ။က်ဳပ္တို႔က ကလေးပဲ။ကစားလိုိ့ုနိုင်ရင်
ေပ်ာ္ေပါ့ဗ်ာ။
ေနာက္ေတာ့ က်ဳပ္အဘနဲ႕အေမကလည္း အိမ္ထဲမွာ
ဘိုထိန္ကိုရိပ္ကနဲ ရိပ္ကနဲ ေတြ႕လိုက္ၾကတာဗ်
ေအာင္ပိန့္အိမ္မွာလည္း ဒီလိုပဲ ျဖစ္ကုန္ေရာဗ်ိဳ႕။
ေအာင္ပိန့္ညီမေလးဆိုရင္ ဘိုထိန့္ကိုျမင္သြားၿပီး
လန့္ငိုေရာဗ်ိဳ႕။အဲဒီမွာတင္ ျပသာနာက
စေတာ့တာေပါ့ဗ်ာ။ေအာင္ပိန့္ကိုသူ႕အေဖက
ရိုက္ေမာင္းပုတ္ေမာင္းလုပ္ၿပီးေမးေတာ့ ေပၚေတာ့
တာေပါ့ဗ်ာ။
ဒီမွာတင္ ေအာင္ပိန္က သူလုပ္ထားတဲ့ဂူေလးကို
ဖ်က္ပစ္ၿပီး ဘိုထိန္ကို ႏွင္ထုတ္တယ္။ဒါေပမဲ့
ဘိုထိန္က သူႏွင္ထုတ္ေတာ့ က်ဳပ္နဲ႕အာက်ယ္ဆီမွာ
လာေနေရာဗ်ိဳ႕။ဒီေကာင္က က်ဳပ္တို႔နဲ႕ေနရတာ
ေပ်ာ္ေနၿပီေလဗ်ာ။လြယ္လြယ္နဲ႕ ႏွင္ထုတ္လို႔
ဘယ္ရေတာ့မလဲ။

အေမကလည္း ဘိုထိန္ကို ရိပ္ကနဲ ရိပ္ကနဲ မၾကာခဏ
ျမင္ေတာ့ ေၾကာက္လာေတာ့ေပါ့ဗ်ာ။ဒါနဲ႕ ကိစၥက
တစ္စ တစ္စနဲ႕ ပုဗၺာ႐ုံဆရာေတာ္ဆီ ေရာက္သြားေရာဗ်ိဳ႕။
ဆရာေတာ္ကက်ဳပ္တို႔သုံးေယာက္ကိုေခၚၿပီးေမးတယ္
က်ဳပ္တို႔သုံးေယာက္စလုံးက ဆရာေတာ္ဆီမွာ
ရွင္ျပဳထားတဲ့ေကာင္ေတြဆိုေတာ့ ဆရာေတာ္ကိုေတာ့
က်ဳပ္တို႔မညာဝံ့ဘူးေပါ့ဗ်ာ။အားလုံးကိုအမွန္အတိုင္း
ေျပာရတာေပါ့။ဆရာေတာ္က ေအာင္ပိန္လုပ္ထားတဲ့
အ႐ုပ္ကိုယူခိုင္းၿပီး ဘိုထိန္လို႔ က်ဳပ္တို႔နာမည္
ေပးထားတဲ့ ဝိညာဥ္ကိုျပန္ႏႈတ္ပစ္ရတာေပါ့ဗ်ာ

ဆရာေတာ္က ေသေသခ်ာခ်ာ တရားေဟာျပတယ္
ေမတၱာပို႔တယ္ အဘနဲ႕အေမကလည္း ဘိုထိန္အေၾကာင္း
ကိုၾကားေတာ့ သူ႕အတြက္ ရည္းစူးၿပီး ေကာင္းမႈကုသိုလ္
လုပ္ေပးတယ္။ၿပီးေတာ့ ဘိုထိန္ကိုအမွ်ေဝေပးၾကတယ္

က်ဳပ္စိတ္ထဲထင္ေတာ့ ပုဗၺာ႐ုံဆရာေတာ္ရဲ႕တရားဓမၼ
ေဟာေျပာတာေရာ အမွ်အတန္းေဝၾကတာေရာေၾကာင့္
ဘိုထိန္တစ္ေယာက္ ကြၽတ္သြားၿပီလို႔ ထင္တယ္ဗ်

က်ဳပ္တို႔ကို အိပ္မက္လည္း မေပးေတာ့ဘူး
ရိပ္ကနဲ ရိပ္ကနဲလည္း မျမင္ရေတာ့ဘူးဗ်
က်ဳပ္တို႔လည္း ဘိုထိန္ကြၽတ္သြားတာကို
ဝမ္းသာၾကတာေပါ့ဗ်ာ

ဒါေပမဲ့ က်ဳပ္ရယ္ အာက်ယ္ရယ္ ေအာင္ပိန္ရယ္ကေတာ့
ေက်ာင္းတိုင္ႀကီးတစ္တိုင္ဆီမွာ ဖက္ခိုင္းၿပီး
ဆရာေတာ္ကိုယ္တိုင္ေကြၽးတဲ့ ႀကိမ္လုံးစာကို
ေကာင္းေကာင္းစားလိုက္ရတာေပ့ါဗ်ာ
ေအာင္ပိန္ေရာ က်ဳပ္ေရာ အဲဒီေနာက္ပိုင္း
ဝိညာဥ္ေခၚတမ္း မကစားဝံ့ေတာ့ပါဘူးဗ်ာ။

ၿပီးပါၿပီ။

စာဖတ္ပရိတ္သတ္မ်ားအားလုံးပဲ စိတ္႐ႊင္လန္းပါေစခဗ်ာ

ဤဝတၱဳေလးအား ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share ေလး
လုပ္ေပးပါအုံးဗ်ာ။

#တာေတ
#မဖဲဝါ
#ညမဖတ္ရ

No comments

Post a Comment