အောင်မြတ်သာနှင့်ကိုးမြို့ရှင်အတိုက်

  အောင်မြတ်သာနှင့်ကိုးမြို့ရှင်အတိုက် နေပျောက်မထိုးအောင် ပိတ်ဖုံးနေတဲ့ သစ်ပင်ကြီးငယ်တွေက ကမ္ဘာပျက်မတတ်ဆူညံနေတဲ့ အသံတွေကိုအပြင်ကိုမရောက်အောင်... thumbnail 1 summary

 အောင်မြတ်သာနှင့်ကိုးမြို့ရှင်အတိုက်


နေပျောက်မထိုးအောင် ပိတ်ဖုံးနေတဲ့ သစ်ပင်ကြီးငယ်တွေက ကမ္ဘာပျက်မတတ်ဆူညံနေတဲ့ အသံတွေကိုအပြင်ကိုမရောက်အောင် ကာကွယ်ပေးနေသယောင်။

“ ဒီတစ်ပင်လှဲပြီးရင် တော်ပီဟေ့…. သစ်လုံးတွေကားပေါ်တင်ဖို့လုပ်ကြတော့”

သစ်ပွဲစားကိုသစ်ဆန်းစကားကြောင့် ပျဉ်းကတိုးပင်ကို ချိန်းဆောနဲ့ဖြတ်နေကြတဲ့အလုပ်သမားတွေ နဖူးပြင်ပေါ်မှာသီးနေတဲ့ ချွေးစက်တွေကိုသုတ်ကာ ပြတ်လုပြတ်ခင်ဖြစ်နေတဲ့ ပင်စည်ကိုဖြတ်ချလိုက်တယ်။

“ ဝေါ ဝ ရော…. ဝုန်း”

အရှိန်နဲ့ပြိုလဲကျသွားတဲ့ အပင်ကြောင့် အနီးနားမှာရှိနေတဲ့ ငှက်တွေနဲ့တောကောင်ငယ်လေးတွေ ခြေဦးတည့်ရာထွက်ပြေးသွားခဲ့ကြတယ်။

အလုပ်သမားတွေလဲ ခုတ်ပြီးသားအပင်တွေကို ကားပေါ်တင်ပြီးထွက်ဖို့အလုပ် တောစီးဖိနပ်သံ တစ်ဂွက်ဂွက်ကြားလို့ကြည့်လိုက်ရာ ဟိုဘက်အကွက်မှာ လုပ်နေတဲ့ မြင့်ထွန်းဖြစ်နေခဲ့တယ်။

“ ကိုသစ်ဆန်း ပြန်ထွက်တော့မလို့လား… ဒီတောင်အဆင်းမှာ သစ်တောကအဖွဲ့တွေ ရှောင်တခင်စစ်မယ်လို့ကြားတယ်နော်”

“ ဟေ ဟုတ်လား… မင်းတို့ရော ဘယ်လိုလုပ်ကြမလဲ”

“ ကျွန်တော်တို့ကမနက်ဖြန်မှဆင်းတော့မယ်…. ကိုသစ်ဆန်းတို့လမ်းမှာသတိထားရအောင် လာပြောတာ”

“ အေးအေး ငါတို့ ပုံမှန်ဆင်းနေကြအတိုင်းမဆင်းပဲ အခြားလမ်းကနေဖောက်ထွက်သွားမယ်… မင်းတို့မနက်ဖြန်ဆင်းရင်လဲသတိထားကြဦး။ ဒီကောင်တွေက စိတ်အခန့်မသင့်ရင် မသင့်သလို လုပ်တာ မင်းအသိပဲ”

“ သိတာပေါ့ဗျာ လိုင်းကြေး ဘယ်လောက်ပေးပေး မယုံရဘူးဗျ”

“ အေးအေး မြို့ပေါ်ရောက်မှ ဆိုင်တစ်ဆိုင်မှာတွေ့ကြတာပေါ့… “

ကိုသစ်ဆန်းစကားအဆုံးမှာ မြင့်ထွန်းက အတူပါလာတဲ့သူ့တပည့်နဲ့ ပြန်ထွက်သွားခဲ့တယ်။
++++++++

“ ဟူး … နေကလဲပြင်းလိုက်တာကွာ… သစ်လုံးတွေခြံထဲပို့ပီးပြီလား”

နသယ်စပ်တွေမှာ တွဲခိုနေတဲ့ ချွေးသီးတွေကို ပဝါနဲ့သုတ်ရင်းလှမ်းမေးလိုက်တဲ့ ကိုသစ်ဆန်းစကားကြောင့် တပည့်ဖြစ်သူ ဗလကြီးက လုံချည်နဲ့မျက်နှာသုတ်နေရင်း

“ မွန်းမတည့်ခင်လေးပြီးသွားတယ်ဆရာ… ဒီတစ်ခေါက်ရတဲ့သစ်တွေက အနာအဆာသိပ်မရှိဘူး.. အတော်လှတယ်”

“ ဟဲဟဲ လှတယ်ဆို ရွေးတဲ့သူက အခြားသူမှမဟုတ်တာ… မင်းတို့လဲပင်ပန်းသွားကြပြီဆိုတော့ ညနေကျရင် ဝိုင်းတည်ပေးမယ်ဆိုတာအားလုံးကိုပြောပြလိုက်”

ကိုသစ်ဆန်းစကားကြောင့် ဗလကြီးမျက်နှာဝင်းသွားပြီး သစ်အလုပ်သမားတွေနားတဲ့ တဲဘက်ကိုထွက်သွားခဲ့တယ်။

ကိုသစ်ဆန်းလဲ အလုပ်တွေနေရာချပြီးပြီမို့ တစ်ရေးတစ်မောအိပ်ဖို့ပြင်နေတဲ့အချိန်

“ ဆရာ ဆရာ…. “

“ ဟေ့ သာဂတိုး ဘာဖြစ်လာတာလဲ”

“ ဟို ဟို ကိုမြင့်ထွန်းတို့ဆင်းလာတဲ့ကား တောင်ခြေမှာဖမ်းခံလိုက်ရလို့တဲ့”

“ ဟေ….”

တပည့်ဖြစ်သူစကားကြောင့် ကိုသစ်ဆန်း အိပ်ချင်နေတဲ့စိတ်တွေပျောက်သွားပြီး

“ ဘယ်လိုဖြစ်တာလဲကွာ မနေ့ကတောင် ငါ့ကိုလာသတိပေးနေသေးတာ”

“ အဲဒါတော့ကျွန်တော်လဲမသိဘူး… တောခေါင်းအဖွဲ့တွေက ဒီမနက်မှဖမ်းတာလို့ပြောတယ်”

“ လူတွေကိုရော ဘာလုပ်သွားသေးလဲ”

“ လူတွေကတော့ လွတ်သွားတယ်ပြောတယ်ဆရာ… သစ်တွေကတော့ အကုန်သိမ်းခံလိုက်ရတယ်”

“ တော်ပါသေးရဲ့ လူတွေဘာမှမဖြစ်တာ… ညနေကျရင် အခြေအနေလေးသွားမေးလိုက်ပါဦးမယ်.. ရော့ရော့ ညနေကျရင် အလုပ်သမားတွေအကြိုက်လုပ်ပေးလိုက်ဦး”

ကိုသစ်ဆန်းက အိတ်ကပ်ထဲကနေ ပိုက်ဆံအချို့ကိုထုတ်ကာပေးလိုက်ပြီး မနက်က သွင်းခဲ့တဲ့ သစ်လုံးစာရင်းကို မှတ်တမ်းစာအုပ်ထဲရေးသွင်းနေလိုက်တယ်။

ညနေရောက်တော့ မြင့်ထွန်းနေတဲ့အိမ်ဘက်ကို အကျိုးအကြောင်းသွားမေးတော့လဲ သစ်တောဘက်က လိုက်နေတဲ့အတွက် ရှောင်နေရတယ်ဆိုတာပဲသိလာခဲ့တယ်။

ဒီလိုနဲ့ နှစ်လလောက်ကြာတဲ့အထိ မြင့်ထွန်းကိုမတွေ့ဖြစ်တော့ဘူး။ ကိုသစ်ဆန်းလဲအမှုမဲ့အမှတ်မဲ့နဲ့ နေရင်းအလုပ်တွေလုပ်နေခဲ့ရာ တစ်နေ့မှာတော့

“ ဆရာ မှုံကြီး မှုံကြီး သစ်လုံးပိလို့…”

တပည့်ကျော် သာဂတိုးအော်သံကြောင့် တာလီမှတ်နေတဲ့ ကိုသစ်ဆန်း ကမန်းကတမ်းမတ်တပ်ထရပ်လိုက်ပြီး

“ ဘယ်မှာဖြစ်တာလဲ…. “

“ ရေစပ်မှာ သစ်လုံးထမ်းတင်နေရင်း မျက်ဖြူလန်ပြီးလဲကျတာ အနောက်မှာထမ်းတဲ့သူတွေကလဲ မတောင့်ခံနိုင်လို့ လွှတ်ချလိုက်မိတယ်ဆရာ”

“ ဟာ ဘာဖြစ်သွားသေးလဲ…”

“ ရေထဲမှာဆိုတော့ ဘာမှသိပ်မဖြစ်ပေမယ့် အောက်ပိုင်းကလှုပ်မရတော့ဘူးပြောတယ်”

“ ဆေးခန်းပို့ရမယ်လေ … လှည်းတွေအသင့်ပြင်ထား ငါသွားကြည့်လိုက်ဦးမယ်”

ကိုသစ်ဆန်းရောက်သွားတော့ မှုံကြီးက ကြောက်လန့်နေတဲ့မျက်လုံးနဲ့ တောင်ကြည့်မြောက်ကြည့်လုပ်နေပေမယ့် အောက်ပိုင်းကတော့ တုပ်တုပ်ပင်လှုပ်မရဖြစ်နေတာ မြင်လိုက်ရတယ်။

“ မှုံကြီး ငါ့ကိုသိလား…”

“ အင်း အဲ ဆရာ …”

“ ဘာမှစိတ်မပူနဲ့ မင်းအမြန်ဆုံပြန်ကောင်းလာအောင်လုပ်ပေးမယ်… ဟိုကောင်တွေ သူ့ကိုလှည်းပေါ်တင်ပြီး ခေါ်သွားလိုက်တော့”

ကိုသစ်ဆန်းလဲ မှုံကြီးကိုပို့တဲ့ ဆေးခန်းကိုလိုက်သွားပြီး အခြေအနေကိုမေးမြန်းကြည့်တော့

“ ခါးရိုးနားမှာရှိတဲ့ အာရုံကြောကိုထိသွားတာ… ရေထဲမှာဖြစ်လို့ ကံကောင်းတယ်ပြောရမယ် ကုန်းပေါ်မှာဆိုရင် အသက်ပါပါသွားနိုင်တယ်” လို့ပြောခဲ့တယ်။

ကိုသစ်ဆန်းလဲ မှုံကြီးအတွက် လိုအပ်တာတွေလုပ်ပေးပြီး အနားယူစရိတ်ငွေကိုထောက်ပံ့ကာပြန်လာခဲ့လိုက်တယ်။

တစ်နေကုန်ပင်ပန်းထားတဲ့ဒဏ်ကြောင့် အိပ်ယာပေါ်ကျောဆန့်လိုက်တာနဲ့ တစ်ချိုးထဲအိပ်ပျော်သွားခဲ့တာ မနက်မှနိုးလာခဲ့တယ်။

မနက်နိုးနိုးချင်း မိန်းမဖြစ်သူပြင်ပေးတဲ့ ထမင်းကြော်နဲ့လက်ဖက်ရည်စားနေတုန်း

“ ညက ရှင်ဘာမှမသိဘူးမလား”

“ ဟေ ငါကဘာကိုသိရမှာလဲ”

“ အံ့ဩပါ့တော် တစ်ညလုံး ခြံထဲကခွေးတွေ အိမ်ရှေ့တည့်တည့်ကိုကြည့်ပြီး အူတာ ကျွန်မဖြင့် ကြောက်လို့ ငုတ်တုတ်ထထိုင်နေရတယ်”

မိန်းမဖြစ်သူစကားကြောင့် ကိုသစ်ဆန်း ရေနွေးကြမ်းကိုငုံ့သောက်နေရာမှ မျက်လုံးကိုလှန်ကြည့်ပြီး

“ ခါတိုင်းလဲခွေးတွေအူတတ်တာပဲ… အခုမှ ဖြစ်တာမှ မဟုတ်တာ”

“ မဟုတ်ဘူးနော်…. ညက အိမ်ရှေ့မှာ လူရိပ်ပါတွေ့တာ”

“ ဟေ…သူခိုးများလား”

“ သူခိုးမဟုတ်ဘူးတော့ … ကျုပ်လဲ ကြောက်ကြောက်နဲ့ ပြူတင်းပေါက်ကနေချောင်းကြည့်တာ ဝတ်စုံအနက်ရောင်ကြီးနဲ့အိမ်ရှေ့ကိုကျောပေးပြီးရပ်နေတာ…အရပ်ကလဲ အမြင့်ကြီးပဲ”

မိန်းမဖြစ်သူစကားကြောင့် ကိုသစ်ဆန်း မျက်မှောင်ကျုတ်ကာ စဉ်းစားလိုက်ပြီးမှ

“ အမြင်မှားတာလဲဖြစ်နိုင်တာပဲ သိပ်လဲစိုးရိမ်မနေပါနဲ့… နောက်နေ့ငါလဲစောင့်ကြည့်ပါ့မယ်”

ကိုသစ်ဆန်းကမိန်းမဖြစ်သူကို ဖျောင်းဖျပြီး အလုပ်ခွင်ထဲကိုထွက်သွားခဲ့တယ်။

အိမ်ပေါ်ကဆင်းပြီး ငါးမိနစ်လောက်လမ်းလျောက်ရုံနဲ့ သစ်ခွဲစက်ကိုရောက်ပြီမို့ ဦးထုပ်မဆောင်းပဲ ခပ်သုတ်သုတ်လျောက်လာခဲ့လိုက်တယ်။

လမ်းလျောက်နေရင်း အနောက်ကနေ တစ်ယောက်ယောက်လိုက်လာတဲ့ခြေသံကြားလို့လှည့်ကြည့်တော့လဲ ဘာမှမတွေ့။ အဲဒါနဲ့ စိတ်ကထင်တာဖြစ်မှာပါဆိုပြီး ဆက်လျောက်တော့လဲ ခြေသံကကပ်ပါလာခဲ့တယ်။ နောက်ဆုံး သစ်ခွဲစက်ပရဝဏ်ထဲရောက်တော့မှ အသံပျောက်သွားခဲ့တယ်။

ကိုသစ်ဆန်းလဲ ဒီနေ့ခွဲသားတွေအမှီပေးရမှာမို့ သစ်ခွဲတဲ့ဝိုင်းဆရာတွေကို မှာစရာရှိတာမှာပြီးလှည့်အထွက် သစ်ခွဲစက်မော်တာမှာတပ်ထားတဲ့ ပန်ကာကြိုးပြတ်ထွက်ပြီး ဦးခေါင်းဘေးကနေ ဝှီးခနဲဖြတ်သွားခဲ့တယ်။

“ ဟာ ဆရာ…. ဘာဖြစ်သွားလဲ…”

“ ဘာမှမဖြစ်ဘူးရတယ်… နားရွက်တော့ ထူပူသွားတာပဲ”

“ ပန်ကာကြိုးက လွန်ခဲ့တဲ့သုံးရက်လောက်ကမှလဲထားတာ ဘယ်လိုပြတ်သွားလဲမသိပါဘူး… တော်ပါသေးတယ် ဘေးကဖြတ်သွားပေလို့… နောက်ဆိုမျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်သွားမှာ”

သမ္ဘာရင့်ဝိုင်းဆရာဦးပွ စကားကြောင့် ကိုသစ်ဆန်း အနည်းငယ်လန့်သွားကာ

“ ဝိုင်းခုံမှာလိုအပ်တဲ့ပစ္စည်းတွေရှိရင် ကျွန်တော်ကိုပြောဦး.. “

“ စိတ်ချ မောင်သစ်ဆန်း .. တစ်ခုခုလိုရင် ငါလာပြောပါ့မယ်”

ကိုသစ်ဆန်း ဝိုင်းခုံထဲကအပြင်ကိုထွက်လာတော့ နှာခေါင်းထဲမှာ သဇင်ပန်းအနံ့သဲ့သဲ့ကို ရလိုက်တယ်။

နေ့လည်ထမင်းစားပြီးချိန် အိမ်ရှေ့ကွပ်ပြစ်ပေါ်မှာ ထိုင်ပြီး စာရင်းလုပ်နေတဲ့အချိန်နားထဲမှာ ရှမ်းအိုးစည်သံသဲ့သဲ့ကိုကြားလိုက်ရတယ်။

“ မိန်းမရေ ဘယ်မှာအလှူရှိနေတာလဲ…”

ကိုသစ်ဆန်းစကားကြောင့် ကြေးမီးပူထဲကို မီးသွေးခဲတွေထည့်နေတဲ့ မိန်းမဖြစ်သူက

“ ဒီနားမှာအလှူရှိတယ်လို့ မကြားပါဘူး…ဘာဖြစ်လို့လဲ”

“ ဟုတ်လား ငါ့နားထဲမှာ အိုးစည်တီးသံကြားနေရလို့ဟ”

“ တော် နားကြားမှားတာ ဖြစ်မှာပေါ့…”

မိန်းမဖြစ်သူစကားကြောင့် ကိုသစ်ဆန်း လက်ထဲကိုင်ထားတဲ့ ဘောပင်ကိုနားကြားထဲထိုးထည့်ပြီး စာရင်းစာအုပ်ကိုပိတ်ကာ လှချလိုက်တယ်။

“ ငါ နားကြားများ မှားနေတာလား…ဒီနေ့တစ်နေကုန် ဘာတွေဖြစ်နေမှန်းမသိပါဘူး”

ကိုသစ်ဆန်းစဉ်းစားနေရင်း ထမင်းဆိပ်တက်ကာ မှေးခနဲ အိပ်ပျော်သွားခဲ့တယ်။

“ ဆရာ ဆရာ … ထပါဦး”

ပခုံးကို ကိုင်လှုပ်ကာ နှိုးနေတဲ့အသံကြောင့် အိပ်ပျော်နေရာကနေ ကုန်းထပြီးကြည့်လိုက်ရာ ပိန်ပိန်ပါးပါးအရပ်မြင့်မြင့်နဲ့လူတစ်ယောက် ဘေးမှာရပ်နေတာမြင်လိုက်ရတယ်။

“ မင်းက ဘယ်သူလဲ… အလုပ်သမားတွေထဲမှာလဲ မမြင်ဖူးပါဘူး”

ကိုသစ်ဆန်း စကားကို ရပ်နေတဲ့သူက ဘာမှပြန်မပြောပဲ စိုက်ကြည့်နေရာကနေ မျက်နှာက တစ်ဖြေးဖြေးခက်ထန်လာခဲ့တယ်။

“ ဟေ့ မင်းကိုမေးနေတယ်လေ … “

ဒေါသနဲ့အော်ပြောသံအဆုံးမှာ ရပ်နေတဲ့လူကိုယ်ထဲကနေ အနက်ရောင်အခိုးငွေ့တွေထွက်လာပြီး ကိုသစ်ဆန်းရဲ့နှာခေါင်းပေါက်ထဲကိုဝင်သွားခဲ့တယ်။

“ ဟေ့ ဟေ့ မင်းက ဘာကောင်လဲ… လူလား သရဲလား… ငါရှုလိုက်တဲ့အငွေ့တွေက ဘာတွေလဲ”

တစ်ယောက်ထဲကြောက်လန့်တစ်ကြားအော်ပြောနေတဲ့အချိန်

“ ယောင်္ကျား…. ဘာဖြစ်နေတာလဲ…” ဆိုတဲ့အသံကြောင့် သတိပြန်ဝင်လာပြီး

“ ခုနက လူရော … ငါ့ဘေးမှာရပ်နေတဲ့လူရော..ဘယ်ရောက်သွားတာလဲ”

“ ဘယ်သူမှမရှိပါဘူး… အိမ်မက်မက်နေတာထင်တယ်…”

“ ငါ အိမ်မက်မက်နေတာလား… “

မိန်းမဖြစ်သူစကားကြောင့် ငေါက်ခနဲထရပ်လိုက်တဲ့အချိန် ခေါင်းထဲမှာ ပိုးအကောင်ပေါင်းများစွာသွားလာနေသလို ဆစ်ခနဲ ဆစ်ခနဲထိုးကိုက်လာခဲ့တယ်။

“ အား … ခေါင်းကိုက်လိုက်တာ…ကျွတ် ကျွတ်..”

“ နေ့ခင်းဘက် အပူရှိန်ကပြင်းလို့ ခေါင်းကိုက်တာဖြစ်မှာပါ.. ဆေးတစ်ဖုံလောက်သောက်လိုက်ဦး”

ကိုသစ်ဆန်းလဲ အိမ်ပေါ်ကိုရောက်တော့ မိန်းမဖြစ်သူပေးတဲ့ ဆေးကိုသောက်ကာ မျက်လုံးမှိတ်နေလိုက်တယ်။

ညနေလောက်ရောက်တော့ ခေါင်းကိုက်နေတာသက်သာသွားတဲ့အတွက် ပို့ရမယ့်သစ်ခွဲသားတွေကို စစ်ဆေးရန် ဝိုင်ခုံရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ အိမ်ပေါ်ကဆင်းတာနဲ့ နှာခေါင်းထဲကို သဇင်ပန်းအနံ့က စူးခနဲဝင်လာခဲ့တယ်။

ကိုသစ်ဆန်းလဲ သဇင်ပန်းအနံ့ရတာကို ထွေထွေထူးထူးမစဉ်းစားနေတော့ပဲ ဝိုင်ခုံဘက်ကိုသွားကာ ပို့ရမယ့်ခွဲသားတွေကို သူ့အပုံနဲ့သူ ခွဲထုတ်စေခဲ့တယ်။ ည၇နာရီလောက်ရောက်တော့ ပို့ရမယ့်သစ်စက်အသီးသီးကို ပို့ပေးဖို့မှာပြီး အိမ်ကိုပြန်လာခဲ့လိုက်တယ်။

အိမ်ရောက်တော့ ရေချိုးထမင်းစားပြီး အိမ်ရှေ့မှာဆေးလိပ်ဖွာနေတုန်း

“ သဇင်ပန်းအနံ့က မွှေးလိုက်တာ… မိန်းမရေ မင်းသဇင်ပန်းတွေဝယ်ထားသေးလား”

“ တော်ကတော့ လုပ်တော့မယ်… ဒီလိုနွေခေါင်ခေါင် ဘယ်သဇင်ပန်းရမှာလဲ စဉ်းစဉ်းစားစားလဲပြောပါဦး”

“ ဟုတ်လား… ငါ့နှာခေါင်းထဲ သဇင်ပန်းအနံ့ရနေလို့ မေးလိုက်တာပါကွာ”

“ ရှင်နော် အခုတစ်လော သိပ်မူမမှန်ဘူးဖြစ်နေတယ်… အလုပ်အဆင်မပြေလို့လား”

“ ဟာ မဟုတ်ပါဘူး… အဆင်ပြေပါတယ်…”

မိန်းမဖြစ်သူရဲ့စိုးရိမ်တဲ့စကားကြောင့် ကိုသစ်ဆန်း ကျေနပ်သွားပြီး မသိမသာပြုံးလိုက်မိတယ်။

“ မိန်းမ… ငါတို့လာမယ့်နှစ် ကလေးယူကြရအောင်..”

ကိုသစ်ဆန်းစကားကြောင့် မိန်းမဖြစ်သူ ပါးစပ်အဟောင်းသားဖြစ်သွားပြီး

“ ဘယ်လို ဘယ်လို … ရှင်ပဲ အိမ်ထောင်သက် ငါးနှစ်မှ ကလေးယူမယ်ဆို… ခု ဘယ်လိုစိတ်ကူးဖြစ်သွားတာလဲ”

“ ဘယ်လိုမှဖြစ်တာမဟုတ်ပါဘူး… ကလေးတစ်ယောက်ရှိတော့ ကိုယ်အလုပ်သွားတဲ့အချိန် မိန်းမအတွက် အဖော်ရှိတာပေါ့”

ကိုသစ်ဆန်းစကားကြောင့် မိန်းမဖြစ်သူမျက်နှာမှာ ပျော်ရွှင်မှုအရိပ်အယောင်တွေပေါ်လာတာကိုမြင်လိုက်ရတယ်။ လင်မယားနှစ်ယောက် စကားတစ်ပြောပြောနေလာခဲ့တာ ည၁၀နာရီဝန်းကျင်လောက်ရောက်တော့

“ ယောင်္ကျား…. ခြံရှေ့ ခြံရှေ့မှာ…”

မိန်းဖြစ်သူလက်ညိုးညွှန်ရာကြည့်လိုက်တော့ အရိပ်မဲမဲတစ်ခုကခြံတိုင်ဘေးမှာ မတ်တပ်ရပ်နေတာမြင်လိုက်ရတယ်။

ကိုသစ်ဆန်းလဲ အိမ်တိုင်မှာချိတ်ထားတဲ့ ဓါးကိုဆွဲယူကာ ခြံထဲဆင်းကြည့်တော့ ဘာမှမတွေ့ရဘူး။ အဲဒီအချိန် ရလိုက်တာကအလွန်မွှေးကြိုင်တဲ့ သဇင်ပန်းအနံ့။

“ တောက် …မျက်လုံးအောက်မှာတင် ပျောက်သွားရတယ်လို့ကွာ.. နောက်တစ်ခါပေါ်လာလို့ကတော့ ဓါးနဲ့ကိုခုတ်သတ်မှာ…”

ကိုသစ်ဆန်းရဲ့ဒေါသကြီးစွာကြိမ်းဝါးသံနဲ့အတူ ခြံအပြင်ဘက်ကနေ ခြောက်ကပ်ကပ်လှောင်ရယ်သံတစ်ခုထွက်လာခဲ့တယ်။

ရယ်သံက တိုးတိုးလေးကနေ တစ်ဖြေးဖြေးကျယ်လာတာနဲ့အမျှ ကိုသစ်ဆန်းရဲ့ ခေါင်းထဲကနေ တစ်ဆစ်ဆစ်ထိုးကိုက်လာခဲ့တယ်။

“ အား ခေါင်းထဲက ထိုးလိုက်တာ ကျွတ် ကျွတ်..”

လက်ထဲက ဓါးကို ကွပ်ပြစ်ပေါ်ပစ်တင်ပြီး လှဲချလိုက်တဲ့အချိန် အိမ်ပေါ်ကနေပြေးဆင်းလာတဲ့ မိန်းမဖြစ်သူရဲ့ခြေသံနဲ့အတူ ခေါင်းရင်းမှာရပ်နေတဲ့ ပိန်ပိန်မြင့်မြင့်လူတစ်ယောက်ရဲ့နောက်ကျောကို မပီမပြင်ဝိုးတဝါးမြင်လိုက်ရတယ်။

“ မင်း မင်း… ဘယ်သူ…”

ကိုသစ်ဆန်း စကားကိုဆုံးအောင်မပြောနိုင်ပဲ နားထင်နှစ်ဖက်ကိုလက်နဲ့ဖိကာ မျက်လုံးတွေပြာလာပြီး သတိလစ်သွားခဲ့တယ်။
+++++++

ခြောက်ကပ်နေတဲ့လည်ချောင်းထဲကို တစ်စက်ချင်းကျလာတဲ့ ရေစက်တွေကိုအငမ်းမရမြိုချလိုက်တဲ့အချိန်

“ ယောင်္ကျား သတိရလာပြီလား… “ ဆိုတဲ့အသံကို ကြားလိုက်ရတယ်။

“ ဆရာ… ဆရာ သတိရလာပြီလား…”

“ ရေ … ရေ ပေးပါ”

“ ဒီမှာ ရေ လာပြီ… အရမ်းကြီးမသောက်နဲ့ ဖြေးဖြေးချင်းသောက်”

ကိုသစ်ဆန်းလဲ မိန်းမဖြစ်သူ လှမ်းပေးတဲ့ရေခွက်ကို ယူပြီး သောက်လိုက်တော့မှ လန်းလန်းဆန်းဆန်းဖြစ်သွားခဲ့တယ်။

“ ငါ ငါဘယ်ကိုရောက်နေတာလဲ…”

“ ဆရာ အိမ်ပြန်ရောက်ပါပြီ စိတ်မပူနဲ့တော့… ညတုန်းကတော့ ခေါင်းထိုးပြီးသတိလစ်သွားလို့ ဆရာဝန်ခေါ်ကုခဲ့ရသေးတယ်”

“ အော် အေးအေး သတိရပြီ… ဆရာဝန်က ဘာဖြစ်တယ်ပြောလဲ”

“ အာရုံကြောအားနည်းတာတဲ့… အချိန်ရရင် မျက်စိကိုစမ်းကြည့်သင့်တယ်လို့ပြောသွားတယ်”

“ ဟာ မဖြစ်နိုင်တာ… ငါ့မျက်စိကအကောင်းကြီးကို..”

“ ဆရာကလဲ မျက်စိကတော့စမ်းသင့်တယ်လေ… ဒီတစ်ခေါက် တောမတက်ခင် သေချာလုပ်ထားသင့်တယ်နော်။ တောထဲမှာဆိုရင် ကျွန်တော်တို့လဲ ဘာမှလုပ်တတ်မှာမဟုတ်ဘူး”

မိန်းမဖြစ်သူနဲ့ တပည့်တွေရဲ့စကားကြောင့် ကိုသစ်ဆန်း ဘာမှထပ်မပြောတော့ပဲ လှနေရာကနေထထိုင်လိုက်တဲ့ အချိန် အိမ်ပေါက်ဝတည့်တည့်မှာ ကျောပေးပြီးရပ်နေတဲ့ သူတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဟာ ဒီကောင် ဘယ်ကနေရောက်လာပြန်တာလဲ.. သာဂတိုး ငါ့ဓါးယူပေးစမ်း အဲကောင်က ငါ့ကိုတစ်ချိန်လုံးဒုက္ခပေးနေတာ”

အိမ်ပေါက်ဝကိုကြည့်ပြီး ရုန်းကန်နေတဲ့ ကိုသစ်ဆန်းကြောင့် မိန်းမဖြစ်သူနဲ့တပည့်တွေအားလုံး ရုတ်တရက်မှင်သက်သွားခဲ့တယ်။

“ ဆရာ အိမ်ပေါက်ဝမှာ ဘာမှမရှိဘူးလေ…”

“ မဟုတ်ဘူး ရှိတယ် … အဲဒီကောင် ငါ့ကိုလှောင်နေတာ မင်းတို့မမြင်ဘူးလား… ဘယ်မှာလဲငါ့ဓါး ပေးစမ်း”

“ ဆရာ … ဆရာစိတ်ထိန်းဦးလေ…”

တပည့်ဖြစ်သူတွေနဲ့ အိမ်နီးနားချင်းတွေအတင်းဝင်ဆွဲပြီး ချုပ်ထားတော့မှ ကိုသစ်ဆန်းငြိမ်သွားခဲ့တယ်။

“ ကိုသစ်ဆန်းက တောထဲမှာ အမှားလုပ်မိလို့ အခုလို ရူးကြောင်ကြောင်ဖြစ်နေတာတဲ့”

မုန့်ဟင်းခါးထဲကို ပဲသီးတောင့်ချွေထည့်ရင်းပြောလိုက်တဲ့ မခိုင် စကားကြောင့် ဟင်းရည်အိုးကို မွှေနေတဲ့ မမြင့်က

“ ငါလဲ အဲလိုပဲကြားတယ်.. အရင်ကဆိုရင် ညဘက်ပဲ စိတ်ဖောက်တာ အခုကတော့ စိတ်မထင်ရင်မထင်သလို စိတ်ဖောက်တယ်လို့လဲပြောနေကြတယ်”

“ ငါပြောသားပဲ တောထဲတောင်ထဲသွားရင် စည်းစောင့်ရပါတယ်လို့… အခုစည်းမစောင့်တော့ ခံရပီလေ”

“ ဟဲ့ တော်ပြီ တော်ပြီ ဟိုမှာ သူ့မိန်းမလာနေတယ်”

မမြင့်စကားကြောင့် မခိုင် ဘာမှဆက်မပြောတော့ပဲ မုန့်ဟင်းခါးကိုမွှေကာ စားနေလိုက်တယ်။

“ မမြင့်ရေ မုန့်ဟင်းခါးတစ်ပွဲ လုပ်ပေးပါဦး”

“ ဒီမှာပဲစားမလား နှင်းနု..”

“ မစားတော့ဘူး အိမ်မှာ ကိုသစ်ဆန်း တစ်ယောက်ထဲဖြစ်နေလို့ အမြန်ပြန်ရမယ်”

“ အော် ကိုသစ်ဆန်း အခြေအနေဘယ်လိုနေသေးလဲ”

“ ဒီလိုပါပဲအမရေ… တစ်ခါတစ်လေ အကောင်း၊ တစ်ခါတစ်လေကျရင် ထထဖောက်တာ..အခုဆို အလုပ်တွေတောင် နားထားရတယ်”

“ ကိုသစ်ဆန်းကို ကြည့်ရတာ သာမန်မဟုတ်လောက်ဘူး… ပယောဂကုတဲ့ဆရာတွေနဲ့များပြကြည့်သေးလား”

“ ပြတာပေါ့ မမြင့်ရယ်… အားလုံးက ဟုတ်တိပတ်တိ မပြောကြဘူး… နောက်ပြီးခြေကြွခကလဲ မတန်မဆတွေတောင်းတာ”

“ ဟူး ကျွန်မတို့လဲ ဆရာကောင်းတွေရှာကြည့်ထားပေးပါမယ်… ဒီမှာ ရပီနော်အစ်မ”

“ ကျေးဇူးပဲနော် “

မမြင့်လဲ မုန့်ဟင်းခါးထုပ်ကိုဆွဲကာထွက်သွားတဲ့ နှင်းနုကိုကြည့်ပြီး သက်ပြင်းရှည်တစ်ချက်ချလိုက်မိတယ်။
++++++

သုံးဖီးဆိုင်ကန်တော့ပွဲ သုံးပွဲကို ဘုရားကျောင်းဆောင်ပေါ်တင်ပြီး မန္တာန်တစ်ပုဒ်ကိုရွတ်ဖတ်နေတဲ့ လူအရှေ့မှာတော့ ကိုသစ်ဆန်းက ရီဝေဝေမျက်လုံးအစုံနဲ့ တောင်ကြည့်မြောက်ကြည့်လုပ်နေခဲ့တယ်။

“ အိမ်း… ပြဿနာဇစ်မြစ်ကိုတော့ တွေ့ပြီ”

မန္တာန်ရွတ်အပြီးပြောလိုက်တဲ့စကားကြောင့် နှင်းနုက လက်အုပ်လေးချီကာ

“ ကိုသစ်ဆန်းက ဘာဖြစ်တာလဲဆရာ….”

“ ဘာဖြစ်ရမလဲ … သူခုတ်ခဲ့တဲ့သစ်ပင်မှာနေတဲ့ ရုက္ခစိုးကနကျေနပ်လို့ ပြုစားထားတာလေ…”

“ ဒုက္ခပါပဲ ကျွန်မတို့ဘယ်လိုလုပ်ရမလဲ… ဆရာကို အားကိုးပါတယ်”

“ အခု ဆရာကိုယ်တိုင်သူ့ကိုဖျောင်းဖျပြီး ခွင့်လွှတ်ပေးဖို့မေတ္တာရပ်ခံထားပါတယ်… ဒါပေမယ့် ကာယကံရှင်အနေနဲ့ အဲဒီတောထဲကိုထပ်မသွားဖို့တော့လိုမယ်”

“ ထပ်သွားမိရင် ဘာဖြစ်မလဲဆရာ”

“ ဘာဖြစ်မယ်ဆိုတာ ဆရာလဲအတိအကျမပြောနိုင်ဘူး… သေချာတာတစ်ခုက ဒီထက်ပိုဆိုးလာပြီး ကံမကောင်းရင် အသက်ပါသေသွားနိုင်တယ်”

တစ်လုံးချင်းလေသံအေးအေးနဲ့ပြောသွားတဲ့ လူရဲ့စကားလုံးတွေအောက်မှာ နှင်းနု တစ်ယောက်သွေးပျက်တဲ့မျက်နှာနဲ့

“ သူနေကောင်းမယ်ဆိုရင် ထပ်မသွားပါဘူးလို့ ကတိပေးပါတယ်… သူ့ကိုသာကောင်းအောင်ကုပေးပါ”

“ ကောင်းပါပြီ… ကျုပ်ဘက်က နိုင်သလောက် လုပ်ပေးခဲ့ပါမယ်… “

ပယောဂဆရာက ကိုသစ်ဆန်းကိုကြည့်ပြီး သူ့လက်မှာပတ်ထားတဲ့ အနီရောင်ကြိုးကိုချွတ်ကာ မန်းမှုတ်ပြီး ကိုသစ်ဆန်းလက်ထဲမှာပတ်ထားပေးလိုက်တယ်။

“ ဒီကြိုးက ရှမ်းရိုးမတောင်ကြောမှာ သုံးလတိတိအဓိဌာန်ဝင်ပြီး စီရင်ခဲ့တာမို့ မကောင်းတဲ့အနှောက်အယှက်တွေ ကာယကံရှင်ဆီမရောက်အောင် တားဆီးပေးပါလိမ့်မယ်… စိတ်ဖောက်တဲ့အချိန်တွေဆိုရင် ကျုပ်ပေးခဲ့တဲ့ရေမန်းကိုပဲတိုက်လိုက်ပါ… အဆင်ပြေသွားပါလိမ့်မယ်”

“ ကျေးဇူးတင်ပါတယ်ဆရာ… ဆရာတို့အတွက် ခြေကြွခလေး လက်ခံပေးပါဦး”

ပယောဂဆရာလဲ နှင်းနုကမ်းပေးတဲ့ ခြေကြွခငွေကို လှမ်းယူကာ ဆေးလွယ်အိတ်ထဲထည့်ပြီး ပြန်သွားခဲ့တယ်။

အိမ်အောက်မှာကြည့်နေကြတဲ့သူတွေကတော့ ပယောဂဆရာရဲ့ အာဘောင်အာရင်းသန်သန် ပြောဆိုချက်တွေကို အားရကျေနပ်နေပေမယ့် မျက်နှာစိမ်းလူနှစ်ယောက်ကတော့ ပယောဂဆရာကို ရွံရှာတဲ့အကြည့်နဲ့ကြည့်နေခဲ့ကြတယ်။
+++++++

“တုံ တုံ တုံ တုံ”

ညနေ နေဝင်ရီတရောအချိန် စည်းချက်ညီစွာထွက်ပေါ်လာတဲ့ အုန်းမောင်းခေါက်သံကြောင့် အဆောင်အသီးသီးမှာရှိတဲ့ သံဃာတော်တွေ ဘုရားဝတ်ပြုဖို့ထွက်လာခဲ့ကြတယ်။ သံဃာတော်တွေဘုရားဝတ်ပြုနေတဲ့အချိန်မှာတော့ ကျောင်းအောက်ထပ်အဖီလေးအတွင်းကနေ စကားတီးတိုးပြောသံထွက်ပေါ်လာခဲ့တယ်။

“ နေ့လည်က ကန်တော့ပွဲအုန်းသွားဝယ်တဲ့အချိန် မြင်လိုက်ရတဲ့အဖြစ်က အသည်းကိုယားနေတာပဲဗျာ”

“ ဟုတ်တယ်ဆရာ … အဲဒီလူက သူ့ကိုယ်သူ ပယောဂဆရာဆိုပြီး လိမ်နေတာ အသိသာကြီး”

“ လောကမှာ လူကောင်းရှိသလို လူဆိုးဆိုတာလဲရှိတယ်… ငါတို့ရဲ့လောကမှာလဲ ဆရာကောင်းတွေရှိသလို ဆရာလိမ်တွေလဲအများကြီးရှိကြတယ်… အခုမင်းတို့တွေ့ခဲ့တာ ဆရာလိမ်တွေထဲက တစ်ယောက်ဖြစ်မှာပေါ့”

ယောဂီရောင်အင်္ကျီရှည်နဲ့ ပုဆိုးကိုဝတ်ထားပြီး လက်ထဲမှာ ဆီစိမ်စက္ကူစာရွက်ကိုင်ထားတဲ့သူတဲ့စကားကြောင့် ဘေးမှာရှိနေတဲ့သူနှစ်ယောက်လုံး ခေါင်းတညိမ့်ညိမ့်လုပ်ကာ ငြိမ်သက်သွားခဲ့တယ်။ ခဏနေတော့

“ မဟုတ်ဘူးနော်ဆရာ… သူကုတဲ့လူရဲ့ပုံစံက သာမန်ပယောဂနဲ့လုံးဝကိုမတူတာ… နောက်ပြီး သူတို့အိမ်ပေါ်အနီးတစ်ဝိုက်မှာသဇင်ပန်းနံ့အပြင် အခြားအမွှေးရနံ့တွေလဲရနေတယ်”

“ ဟုတ်တယ်ဆရာ တောက်ရ ပြောသလို ကျွန်တော်လဲခံစားမိတယ်… ကျွန်တော်စိတ်အထင်ပြောရရင် အဲဒီလူနာက နတ်အတိုက်များထိနေသလားလို့”

“မင်းတို့ပြောတာ ဖြစ်နိုင်တယ်ဆိုရင်ရော ဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ”

ယောဂီဝတ်လူရဲ့စကားကြောင့် ဆီစိမ်စက္ကူတွေကိုညီညာအောင်စီနေတဲ့လူနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး

“ ကျွန်တော်တို့ အမှန်တရားကိုဖော်ထုတ်ချင်တယ်ဆရာ… မသိနားမလည်တဲ့လူတွေကို ခြိမ်းခြောက်ပြီး မတရားလုပ်နေတာတော့မကြည့်ရက်ဘူး”

“ ကောင်းပြီလေ မင်းတို့နှစ်ယောက်စခဲ့တဲ့ ဇာတ်လမ်းကို ကိုယ်တိုင်အဆုံးသတ်ကြပေါ့… ဒါပေမယ့် တစ်ခုသတိထား”

“ ဟုတ်ကဲ့ဆရာ ကျွန်တော်တို့နားထောင်နေပါတယ်”

“ လူနာဆီမှာ တွယ်ကပ်နေတဲ့ရောဂါကိုဖယ်ထုတ်ရုံပဲ လုပ်ပါ… ပြဿနာရဲ့ဇစ်မြစ်အဆုံးထိမလိုက်ကြနဲ့”

“ ဟုတ်ကဲ့ပါဆရာ ကျွန်တော်တို့ လူနာအန္တရာယ်ကင်းတာနဲ့ပြန်လာခဲ့ပါမယ်”

“ ကဲ အခုတော့ သမာဓိတည်ငြိမ်အောင် လုပ်ကြပေတော့”

ယောဂီဝတ်လူရဲ့စကားအဆုံးမှာ ဘုန်းကြီးကျောင်းပေါ်ကနေ အမျှဝေတဲ့အသံထွက်ပေါ်လာခဲ့တယ်။

++++++
“ ဆရာ ပြောတဲ့ စကားထဲမှာ ပြဿနာရဲ့ ဇစ်မြစ်ကိုမလိုက်နဲ့ဆိုတာ ဘာသဘောများလဲ”

ဘုန်းကြီးကျောင်းအပြင်ကိုရောက်တာနဲ့ စကားစလိုက်တဲ့ တောက်ရကြောင့် သက်ခိုင်အနည်းငယ်စဉ်းစားပြီး

“ ဆရာပြောတာက ဒီပယောဂကိုဘယ်သူကခိုင်းလို့ ဘယ်ဆရာကလုပ်တယ်ဆိုတာ မပေးသိနဲ့ဆိုပြီးပြောတာဖြစ်မယ်”

“ ဆရာကဘာလို့ မပေးသိတာလဲ..”

“ အင်း ငါ့အထင်ပြောရရင် ဒီကိစ္စကို ဖန်တီးတဲ့သူက ကာယကံရှင်နဲ့ မလွတ်ကင်းတဲ့သူပဲဖြစ်ရမယ်… ငါတို့က ဘယ်သူလုပ်တယ်ဆိုတာ ခေါ်မေးရင် လုပ်တဲ့သူက အမှန်တိုင်းဖြေရမှာပဲလေ… ဥပမာကွာ လုပ်တဲ့သူက သူမဟုတ်ပါဘူးလို့ ဗြောင်ငြင်းပြီး ငါတို့ကိုဝိုင်းရိုက်ရင်ရော… တစ်ယောက်တစ်ယောက်ချင်းဆို ကိစ္စမရှိပေမယ့် အများနဲ့ဆိုရင် မင်းရောငါရော ပြေးပေါက်မှားနိုင်တယ်”

သက်ခိုင်စကားကိုကြားတော့ တောက်ရက ရယ်ကျဲကျဲလုပ်ပြီး

“ ဟုတ်တယ်နော် ကျွန်တော်တို့က နာနာဘာဝတွေကိုသာနိုင်တာ … အများနဲ့တစ်ယောက်ဆိုရင် နိုင်မှာမဟုတ်ဘူး”

“ ဆရာက အဓိဌာန်ကြောင့် မလိုက်နိုင်ပေမယ့် ငါတို့အန္တရာယ်ဖြစ်မှာလဲစိတ်ပူတယ်.. ဒါကြောင့် ဒီစကားကိုပြောခဲ့တာဖြစ်မယ်”

သက်ခိုင်နဲ့တောက်ရတို့ စကားတစ်ပြောပြောနဲ့ လမ်းလျောက်လာခဲ့တာ မနေ့က ပယောဂကုတဲ့အိမ်ရှေ့ကိုရောက်လာခဲ့တယ်။ အိမ်ရှေ့ကိုရောက်တော့ ကွပ်ပြစ်ပေါ်မှာ ထိုင်နေတဲ့လူနာအပြင် အခြားလူစိမ်းသုံးယောက်ကိုမြင်လိုက်ရတယ်။

ကွပ်ပြစ်ပေါ်မှာထိုင်နေတဲ့ အမျိုးသမီးက ခြံရှေ့မှာ ရစ်သီရစ်သီလုပ်နေတဲ့သက်ခိုင်တို့ကိုမြင်တော့

“ ဘာကိစ္စများရှိလို့ပါလဲ”

“ ဟိုလေ ဒီအိမ်က လူနာအခြေအနေလေး လာကြည့်တာပါ”

“ အော် ဒီကလူတွေက မမြင့် လွှတ်လိုက်တဲ့ ပယောဂဆရာတွေလား… လာကြပါရှင် လာကြပါ”

သက်ခိုင်တို့လဲ ချော်လဲရောထိုင်လုပ်ပြီး အထဲကိုဝင်လာတော့ ကွပ်ပစ်မှာထိုင်နေတဲ့ လူက မုန်ကုတ်ကုတ်နဲ့ကြည့်ပြီး

“ ကိုသစ်ဆန်းက နေကောင်းသွားပြီမဟုတ်လား… ဒီကဆရာတွေမလိုတော့ဘူးလေအစ်မ”

“ နေကောင်းသွားတာတော့မှန်ပေမယ့် .. မမြင့်က တကူးတကလိုက်ရှာပေးထားတဲ့ဆရာတွေမို့ အားနာလို့ပါ ကိုမြင့်ထွန်းရယ်”

“ ဟုတ်ပါပြီ ဟုတ်ပါပြီ… ဒါဆိုလဲ ကျွန်တော်ပြန်လိုက်ပါဦးမယ် လုပ်စရာရှိတာဆက်လုပ်ကြပါ”

ဧည့်သည်တွေပြန်သွားတော့ အိမ်ရှင်အမျိုးသမီးက သက်ခိုင်တို့ကို ကြည့်ပြီး
“ လူနာကတော့ မြင်တဲ့အတိုင်းပဲ ဆရာတို့ရေ… မနေ့က လာကုပေးတဲ့ဆရာကျေးဇူးကြောင့် အတော်သက်သာသွားတာ… ကိုသစ်ဆန်း ဒါက မမြင့် ရှာထားပေးတဲ့ဆရာတွေလေ”

“ တွေ့ရတာဝမ်းသာပါတယ်ဆရာ… ကျွန်တော်အတွက်နဲ့ အလုပ်ပိုရပြီ”

“ မဟုတ်တာဗျာ … ကျုပ်တို့တာဝန်က လူတွေအသက်ကိုကယ်ဖို့ပဲ… ဒီလောက်ကအပန်းမကြီးပါဘူး.. ဒါနဲ့ နေရထိုင်ရတာအဆင်ပြေရဲ့လား”

“ ဟုတ်ကဲ့ ပြေပါတယ် … ခေါင်းလဲမကိုက်တော့သလို စိတ်လဲကြည်လာပါတယ်”

“ ကဲဗျာ… ကျုပ်တို့ရောက်တုန်းလေး တစ်ချက်ကြည့်ပေးပါမယ်… ခြေကြွခပေးစရာမလိုဘူးနော်”

သက်ခိုင်စကားကိုကြားတော့ အမျိုးသမီးက အားနာတဲ့ဟန်နဲ့

“ အိမ်ပေါ်ကို ကြွကြပါဦး…”

အိမ်ပေါ်ကိုရောက်တော့ သက်ခိုင် နှာခေါင်းထဲမှာ သဇင်ပန်းအနံ့ကိုခံစားမိလိုက်တယ်။ ဒါပေမယ့် မသိဟန်ပြုရင်း ဘုရားဦးချကာ အထက်ဆရာတွေထံကုသခွင့်အရင်တောင်းခံလိုက်တယ်… ပြီးတာနဲ့ လူနာရှင်ကို စူးစိုက်ကြည့်လိုက်ရာ အကြည့်မခံပဲမျက်နှာလွှဲသွားတာကိုမြင်လိုက်ရတယ်။

“ လူနာက အရှင်းမပျောက်သေးဘူးနော်… ကိုယ်ထဲမှာ ပယောဂကျန်နေသေးတယ်”

“ သေချာလို့လား… ရှင်”

“ ကျုပ်တို့ခဏနေ လက်တွေ့ပြပါမယ် … အပန်းမကြီးဘူးဆိုရင် ရေတစ်ခွက်လောက်ရနိုင်မလား”

“ ရပါတယ် ရပါတယ် ခဏလောက်စောင့်ပါ”

အိမ်ရှင်အမျိုးသမီးရေသွားယူနေတဲ့အချိန် သမာဓိကိုတည်ငြိမ်အောင်လုပ်ပြီး အိမ်ထဲကိုကြည့်လိုက်ရာ လှေကားအတက်အဆင်းမှာ နံရံကိုမှီကာလက်ပိုက်ကြည့်နေတဲ့ သူတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ တောက်ရ လှေကားအတက်အဆင်းကိုကြည့်စမ်း”

“ ဝတ်စုံအနက်နဲ့ လူတစ်ယောက်ကျွန်တော်တို့ကိုကြည့်နေတယ်ဆရာ”

“ သူဝတ်စားထားတဲ့ပုံအရဆိုရင် ရှမ်းနတ်ဖြစ်ဖို့များတယ်.. သေချာအောင်ခေါ်သွင်းပြီးမေးရမှာပဲ”

သက်ခိုင်နဲ့တောက်ရတို့ ပြောနေတဲ့စကားတွေကို အရှေ့မှာထိုင်နေတဲ့လူကြားတော့

“ ဆရာတို့ပြောတာဖြစ်နိုင်တယ် … ဒီကိစ္စတွေမဖြစ်ခင် ကျွန်တော်နားထဲမှာ ရှမ်းအိုးစည်တီးသံအမြဲကြားရတယ်..”

“ ဆရာ ရေ ရပါပြီ”

သက််ခိုင်လဲ အိမ်ရှင်အမျိုးသမီးကမ်းပေးတဲ့ရေခွက်ကိုယူကာ ဂါထာတစ်ပုဒ်ကို ကိုးခေါက်ရွတ်ဖတ်ပြီး လက်ညိုးကိုရေထဲနှစ်ထားလိုက်တယ်။

“ အခုချိန်ကစပြီး ကာယကံရှင်တွေစိတ်ရှင်းအောင် မေးမြန်းတော့မယ်… ကျုပ်ခေါ်တဲ့ပုဂ္ဂိုလ်သာ အရှေ့ကိုရောက်စေ… မခေါ်ပဲဝင်လာတဲ့သူတွေကိုတော့ ဂိုဏ်းစောင့်နတ်တွေက ကြိမ်ဒဏ်ပေးပြီး ပြန်လွှတ်စေ” လို့ပြောပြီး အရှေ့မှာရှိနေတဲ့လူကို ရေနဲ့တောက်လိုက်ရာ လှေကားရင်းမှာမှီနေတဲ့ ပုဂ္ဂိုလ်က ထိုင်နေတဲ့လူဆီချက်ချင်းပြေးဝင်လာပြီး ကြမ်းပြင်ကိုခေါင်းနဲ့ဆောင့်ပါလေရော။

“ ကိုသစ်ဆန်း ဘာ ဘာဖြစ်တာလဲ”

“ မထိနဲ့ … သူဘာမှမဖြစ်စေရဘူးလို့ ကျုပ်တို့အာမခံပါတယ်”

သက်ခိုင်စကားကြောင့် ဆွဲထူဖို့လုပ်နေတဲ့အမျိုးသမီး အနောက်ကိုဆုတ်သွားခဲ့တယ်။

“ ပြောစမ်း သင်ဘယ်သူလဲ… “

သက်ခိုင်စကားကို ဘာမှပြန်မဖြေပဲ ကြမ်းပြင်ကိုသာခေါင်းနဲ့ဆောင့်နေတာမြင်တော့ လက်ထဲကရေစက်နဲ့တောက်ပြီး မေးလိုက်တော့မှ ရှမ်းဘာသာစကားနဲ့ပြောလာခဲ့တယ်။

“ သင်ပြောတာ ကျုပ်တို့နားမလည်ဘူး… ကျုပ်တို့နားလည်အောင်ပြော… သင်ကဘယ်သူလဲ”

“ ငါ ငါက ကိုးမြို့ရှင်လေနော့… “

“ ဟော ကိုးမြို့ရှင်က ဘယ်လိုဖြစ်ပြီး နန်းမှာမနေပဲ ဒီကိုရောက်နေရတာလဲ”

“ ငါ့ကိုခိုင်းလို့ လုပ်ရတာလေနော့… ဒီလူကို အလုပ်မလုပ်နိုင်အောင် လုပ်ခိုင်းလို့ ငါကလုပ်ရတာလေနော့”

“ ကိုးမြို့ ကိုးဓါး ကိုးဖလားပိုင်တဲ့ သူကိုတောင် စေခိုင်းတဲ့ပုဂ္ဂိုလ်ကို ကျုပ်တို့တွေ့ချင်မိသေး”

သက်ခိုင်က စိတ်ထဲကနေလွှတ်ခနဲပြောလိုက်မိတာကြောင့် တောက်ရက ဘေးကနေ လက်တို့သတိပေးလိုက်ရတယ်။

“ ကဲ အခု သင်အရှေ့မှာ ရောက်နေတဲ့သူတွေအကြောင်း သိသင့်သလောက်သိတယ်မဟုတ်လား”

“ အင်းလေ ဆရာတို့အကြောင်း ငါသိတယ်… ဒါကြောင့် ငါလာရတာပေါ့”

“ ကျုပ်တို့ရဲ့ဆန္ဒက ဒီလူအကောင်းအတိုင်းဖြစ်ဖို့ပဲ… ကျန်တာဘာသဘောမှမပါဘူးဆိုတာ သင့်ကိုခိုင်းတဲ့လူကိုပြန်ပြောပြလိုက်… “

“ ငါပြောလိုက်မယ်လေ နော့”

“ ဟုတ်ပြီ ဟုတ်ပြီ ဒါဆို အခုက သင်နဲ့ဒီနေရာနဲ့ ဘာမှမဆိုင်တော့ဘူး… ကိုယ့်နန်းကိုယ်ပြန်ဖို့ ကျုပ်အမိန့်ပေးတယ်”

“ ငါ ပြန်လို့မရသေးဘူးနော့ … ငါ့ ပစ္စည်းဒီအိမ်မှာရှိနေတယ်နော့”

“ သင့်ပစ္စည်းကိုရှာပြီးရင် ပြန်လို့ရပြီမလား”

“ အေး အဲဒီပစ္စည်းမရှိရင်ငါပြန်လို့ရပြီ”

ရှမ်းသံဝဲဝဲနဲ့ပြောနေတဲ့စကားအဆုံးမှာ တောက်ရက အလိုက်သိစွာနဲ့ ကြွက်မင်းအင်းကိုမီးရှို့လိုက်တယ်။ ကြွက်မင်းအင်းကနေထွက်လာတဲ့ မီးခိုးငွေ့တွေက အထက်ကိုမတက်ပဲ အိမ်ဦးတိုင်နားမှာဝေ့နေတာမြင်လိုက်ရတယ်။

“ ပစ္စည်းက အိမ်ဦးတိုင်အောက်မှာရှိရမယ်… အမြန်သွားတူးကြည့်”

သက်ခိုင်စကားကြောင့် တောက်ရလဲ အိမ်အောက်ကိုဆင်းလာတဲ့အချိန် လှေကားရင်းမှာ ရှိနေတဲ့ ဧည့်သည်သုံးယောက်ကိုမြင်လိုက်ရပေမယ့် မသိသလိုလုပ်ပြီး အိမ်ဦးတိုင်အောက်ကို တူးလိုက်ရာ ဂျုံအရုပ်တစ်ခုကိုအနက်ရောင်ဘောင်းတော်နဲ့ပတ်ထားတဲ့အထုပ်တစ်ထုပ်ထွက်လာခဲ့တယ်။

တောက်ရလဲ ရလာတဲ့အထုပ်ကို အိမ်ပေါ်ယူသွားပြီးပြတော့

“ အင်း … ကိုးမြို့ရှင်နတ်ကွန်းက ဘောင်းတော်နဲ့ ဒီအိမ်ရဲ့အိမ်ထောင်ဦးစီးကို လုပ်ထားတာကိုး”

“ ဒါကို မီးရှို့လိုက်ရမလား ဆရာ”

“ အခုချက်ချင်းမီးရှို့ပြီး ရလာတဲ့ပြာကို ရေထဲမျောခိုင်းလိုက်”

တောက်ရလဲ အစီရင်ထုပ်ကို အိမ်အောက်ကိုယူသွားပြီး မီးရှို့လိုက်တဲ့အချိန် အိမ်ပေါ်မှာဝင်စီးနေတဲ့လူအသိစိတ်ပြန်ကပ်လာခဲ့တယ်။

“ ဒီနေ့ကစပြီး ကျုပ်တို့ပေးတဲ့အဆောင်နဲ့ ရေမန်းကို မပြတ်ဆောင်ထားပါ… ဒါဆို ဘယ်သူမှ ဒုက္ခပေးလို့မရတော့ဘူး”

“ ဆရာ ကျွန်မတို့ကိုဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲ သိပါရစေ”

“ ဘယ်သူလုပ်တယ်ဆိုတာထက် ကာယကံရှင်နေပြန်ကောင်းလာဖို့ကအဓိကမဟုတ်လား… သိပ်လဲစိတ်ပူမနေပါနဲ့ သူတို့လဲထပ်မလုပ်လောက်တော့ပါဘူး”

သက်ခိုင်လဲ အိမ်မှာလိုအပ်တဲ့ အစီအရင်တွေကို လုပ်ပေးပြီးဆင်းလာတော့ အိမ်အောက်မှာ မျက်စိပျက်မျက်နှာပျက်ဖြစ်နေတဲ့ လူသုံးယောက်ကိုမြင်လိုက်ရတယ်။

“ ဟယ် ကိုမြင့်ထွန်းတို့ မပြန်ရသေးဘူးလား”

“ ဟုတ်တယ် အစ်မ ပြန်မလို့လုပ်ပြီးမှ ကိုသစ်ဆန်း အခြေအနေသိချင်လို့ စောင့်နေလိုက်တာ… ဒီကဆရာတွေက အတော်စွမ်းတာပဲ”

“ ဟုတ်တယ်နော် … တစ်ခဏလေးအတွင်း ဘာကြောင့်ဖြစ်တယ်ဆိုတာ အဖြေရှာနိုင်တယ်… “

“ ကိုသစ်ဆန်း နေပြန်ကောင်းလာတော့မှာမို့ အရင်လို အလုပ်တူတူတွဲလုပ်ဖို့စောင့်နေတယ်နော်”

“ အလုပ်မလုပ်ခင် ကျွန်မတို့ကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်လဲဆိုတာ အရမ်းသိချင်နေတာ… “

နှင်းနု စကားကြောင့် ကိုမြင့်ထွန်း မျက်နှာပျက်သွားတာကို သက်ခိုင်တို့ သတိထားမိခဲ့ကြတယ်။

“ ဒါဖြင့် ကျွန်တော်တို့လဲပြန်လိုက်ပါဦးမယ်… နောက်မှ အေးဆေးပြန်လာခဲ့မယ်နော်အစ်မ”

“ အေးအေး ဖြေးဖြေးပြန်ကြဦး…”

နှင်းနုက မြင့်ထွန်းတို့ကိုနှုတ်ဆက်ပြီးတော့ သက်ခိုင်တို့ကို ခြေကြွခအဖြစ် ငွေစက္ကူတွေအတင်းထိုးပေးပါလေရော။

“ မယူပါရစေနဲ့ဗျာ ကျွန်တော်တို့က လူနာရှင်ဆီကနေ အခကြေးငွေလက်မခံပါဘူးဆိုတဲ့ကတိခံထားရလို့ပါ”

“ ဒီလိုတော့ဘယ်ဟုတ်မလဲ ဆရာတို့ကျေးဇူး ကျွန်မတို့လင်မယားအပေါ်ရှိနေတာလေ လက်ခံပါနော်”

“ ဟုတ်ပါတယ်ဆရာလေး လက်ခံပေးပါဗျာ…”

လင်မယားနှစ်ယောက်လုံးစကားကြောင့် သက်ခိုင် ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်

“ ဒီလိုလုပ်ဗျာ ငွေတွေကို ကျုပ်တို့နာမည်နဲ့ ဘုရားတစ်ဆူဆူမှာ လှူပေးလိုက်ပါ.. အဲလိုဆိုအဆင်ပြေတယ်မလား”

“ ဆရာတို့သဘောအတိုင်းလုပ်ပေးပါမယ်… ကျေးဇူးလဲတင်ပါတယ်… ဒါနဲ့ ဆရာတို့နာမည်လေးတွေရေးခဲ့ပေးပါလား ဒါမှ ရည်စူးပြီးလှူလို့ရမှာလေ”

သက်ခိုင်တို့လဲ စာရွက်အလွတ်ပေါ်မှာ
“အောင်မြတ်သာ၊ သက်ခိုင်၊ တောက်ရ” ဆိုတဲ့နာမည်ကိုရေးပေးကာ ပြန်ထွက်လာခဲ့ကြတယ်။

ဘုန်းကြီးကျောင်းပြန်ရောက်တော့ သစ်ရွက်ခြောက်တွေကို သန့်ရှင်းရေးလုပ်နေတဲ့အောင်မြတ်သာကိုမြင်တွေ့လိုက်ရတယ်။

“ ဆရာ ကျွန်တော်တို့ပြန်ရောက်ပါပြီ…ဒီကောင်တွေက ကိုးမြို့ရှင်နတ်ကို ခိုင်းထားတာဗျ”

“ အချို့အောက်လမ်းဆရာတွေက သူတို့ရဲ့ပညာကိုအသုံးပြုပြီးအထင်ကရနတ်စိမ်းတွေကိုခိုင်းစားတတ်ကြတယ်.. ဒါပေမယ့် မင်းတို့က ကူညီပေးနိုင်ခဲ့တယ်မလား”

“ ဆရာကျေးဇူးကြောင့် ဘာမှမဖြစ်ပဲပြန်လာနိုင်တာလေ.. ဟိုလူတွေက သူတို့နာမည်ထွက်တာနဲ့ ကျွန်တော်တို့ကို တကယ်လုပ််မှာဗျ”

သက်ခိုင်စကားကိုကြားတော့ အောင်မြတ်သာ ပြုံးလိုက်ပြီး

“ လာမယ့် တပေါင်းလပြည့်နေ့ ဒီတောင်ကြောတစ်နေရာမှာ ငွေယားသိုက်တစ်ခုပေါ်လာလိမ့်မယ်”

“ ငွေယားသိုက် ဟုတ်လားဆရာ”

“ ဟုတ်တယ် သက်ခိုင်… ငွေယားသိုက်စောင့်တွေအကြောင်းကိုတော့ ညကျမှသေချာပြောပြပေးမယ်။ အခုတော့ ဒီလောက်ပဲသိထားဦး”

သက်ခိုင်တို့လဲ အောင်မြတ်သာစကားအဆုံးမှာ ငွေယားသိုက်အကြောင်းသိချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာခဲ့တယ်။

သက်ခိုင်တို့သိချင်နေတဲ့အကြောင်းတွေကိုလဲ စာဖတ်သူတို့သိချင်နေကြပြီထင်ပါတယ်။

ဒါဆိုရင်တော့ နောက်အပတ်ထွက်မယ့် အောင်မြတ်သာနှင့်ငွေယားသိုက်ဆိုတဲ့ဝတ္တုကိုစောင့်မျှော်အားပေးကြပါဦးနော်။

လေးစားစွာဖြင့်
ဇေယန(ရာမည)

#ညမဖတ်ရ

ေအာင္ျမတ္သာႏွင့္ကိုးၿမိဳ႕ရွင္အတိုက္

ေနေပ်ာက္မထိုးေအာင္ ပိတ္ဖုံးေနတဲ့ သစ္ပင္ႀကီးငယ္ေတြက ကမာၻပ်က္မတတ္ဆူညံေနတဲ့ အသံေတြကိုအျပင္ကိုမေရာက္ေအာင္ ကာကြယ္ေပးေနသေယာင္။

“ ဒီတစ္ပင္လွဲၿပီးရင္ ေတာ္ပီေဟ့…. သစ္လုံးေတြကားေပၚတင္ဖို႔လုပ္ၾကေတာ့”

သစ္ပြဲစားကိုသစ္ဆန္းစကားေၾကာင့္ ပ်ဥ္းကတိုးပင္ကို ခ်ိန္းေဆာနဲ႔ျဖတ္ေနၾကတဲ့အလုပ္သမားေတြ နဖူးျပင္ေပၚမွာသီးေနတဲ့ ေခြၽးစက္ေတြကိုသုတ္ကာ ျပတ္လုျပတ္ခင္ျဖစ္ေနတဲ့ ပင္စည္ကိုျဖတ္ခ်လိုက္တယ္။

“ ေဝါ ဝ ေရာ…. ဝုန္း”

အရွိန္နဲ႔ၿပိဳလဲက်သြားတဲ့ အပင္ေၾကာင့္ အနီးနားမွာရွိေနတဲ့ ငွက္ေတြနဲ႔ေတာေကာင္ငယ္ေလးေတြ ေျခဦးတည့္ရာထြက္ေျပးသြားခဲ့ၾကတယ္။

အလုပ္သမားေတြလဲ ခုတ္ၿပီးသားအပင္ေတြကို ကားေပၚတင္ၿပီးထြက္ဖို႔အလုပ္ ေတာစီးဖိနပ္သံ တစ္ဂြက္ဂြက္ၾကားလို႔ၾကည့္လိုက္ရာ ဟိုဘက္အကြက္မွာ လုပ္ေနတဲ့ ျမင့္ထြန္းျဖစ္ေနခဲ့တယ္။

“ ကိုသစ္ဆန္း ျပန္ထြက္ေတာ့မလို႔လား… ဒီေတာင္အဆင္းမွာ သစ္ေတာကအဖြဲ႕ေတြ ေရွာင္တခင္စစ္မယ္လို႔ၾကားတယ္ေနာ္”

“ ေဟ ဟုတ္လား… မင္းတို႔ေရာ ဘယ္လိုလုပ္ၾကမလဲ”

“ ကြၽန္ေတာ္တို႔ကမနက္ျဖန္မွဆင္းေတာ့မယ္…. ကိုသစ္ဆန္းတို႔လမ္းမွာသတိထားရေအာင္ လာေျပာတာ”

“ ေအးေအး ငါတို႔ ပုံမွန္ဆင္းေနၾကအတိုင္းမဆင္းပဲ အျခားလမ္းကေနေဖာက္ထြက္သြားမယ္… မင္းတို႔မနက္ျဖန္ဆင္းရင္လဲသတိထားၾကဦး။ ဒီေကာင္ေတြက စိတ္အခန္႔မသင့္ရင္ မသင့္သလို လုပ္တာ မင္းအသိပဲ”

“ သိတာေပါ့ဗ်ာ လိုင္းေၾကး ဘယ္ေလာက္ေပးေပး မယုံရဘူးဗ်”

“ ေအးေအး ၿမိဳ႕ေပၚေရာက္မွ ဆိုင္တစ္ဆိုင္မွာေတြ႕ၾကတာေပါ့… “

ကိုသစ္ဆန္းစကားအဆုံးမွာ ျမင့္ထြန္းက အတူပါလာတဲ့သူ႔တပည့္နဲ႔ ျပန္ထြက္သြားခဲ့တယ္။
++++++++

“ ဟူး … ေနကလဲျပင္းလိုက္တာကြာ… သစ္လုံးေတြၿခံထဲပို႔ပီးၿပီလား”

နသယ္စပ္ေတြမွာ တြဲခိုေနတဲ့ ေခြၽးသီးေတြကို ပဝါနဲ႔သုတ္ရင္းလွမ္းေမးလိုက္တဲ့ ကိုသစ္ဆန္းစကားေၾကာင့္ တပည့္ျဖစ္သူ ဗလႀကီးက လုံခ်ည္နဲ႔မ်က္ႏွာသုတ္ေနရင္း

“ မြန္းမတည့္ခင္ေလးၿပီးသြားတယ္ဆရာ… ဒီတစ္ေခါက္ရတဲ့သစ္ေတြက အနာအဆာသိပ္မရွိဘူး.. အေတာ္လွတယ္”

“ ဟဲဟဲ လွတယ္ဆို ေ႐ြးတဲ့သူက အျခားသူမွမဟုတ္တာ… မင္းတို႔လဲပင္ပန္းသြားၾကၿပီဆိုေတာ့ ညေနက်ရင္ ဝိုင္းတည္ေပးမယ္ဆိုတာအားလုံးကိုေျပာျပလိုက္”

ကိုသစ္ဆန္းစကားေၾကာင့္ ဗလႀကီးမ်က္ႏွာဝင္းသြားၿပီး သစ္အလုပ္သမားေတြနားတဲ့ တဲဘက္ကိုထြက္သြားခဲ့တယ္။

ကိုသစ္ဆန္းလဲ အလုပ္ေတြေနရာခ်ၿပီးၿပီမို႔ တစ္ေရးတစ္ေမာအိပ္ဖို႔ျပင္ေနတဲ့အခ်ိန္

“ ဆရာ ဆရာ…. “

“ ေဟ့ သာဂတိုး ဘာျဖစ္လာတာလဲ”

“ ဟို ဟို ကိုျမင့္ထြန္းတို႔ဆင္းလာတဲ့ကား ေတာင္ေျခမွာဖမ္းခံလိုက္ရလို႔တဲ့”

“ ေဟ….”

တပည့္ျဖစ္သူစကားေၾကာင့္ ကိုသစ္ဆန္း အိပ္ခ်င္ေနတဲ့စိတ္ေတြေပ်ာက္သြားၿပီး

“ ဘယ္လိုျဖစ္တာလဲကြာ မေန႔ကေတာင္ ငါ့ကိုလာသတိေပးေနေသးတာ”

“ အဲဒါေတာ့ကြၽန္ေတာ္လဲမသိဘူး… ေတာေခါင္းအဖြဲ႕ေတြက ဒီမနက္မွဖမ္းတာလို႔ေျပာတယ္”

“ လူေတြကိုေရာ ဘာလုပ္သြားေသးလဲ”

“ လူေတြကေတာ့ လြတ္သြားတယ္ေျပာတယ္ဆရာ… သစ္ေတြကေတာ့ အကုန္သိမ္းခံလိုက္ရတယ္”

“ ေတာ္ပါေသးရဲ႕ လူေတြဘာမွမျဖစ္တာ… ညေနက်ရင္ အေျခအေနေလးသြားေမးလိုက္ပါဦးမယ္.. ေရာ့ေရာ့ ညေနက်ရင္ အလုပ္သမားေတြအႀကိဳက္လုပ္ေပးလိုက္ဦး”

ကိုသစ္ဆန္းက အိတ္ကပ္ထဲကေန ပိုက္ဆံအခ်ိဳ႕ကိုထုတ္ကာေပးလိုက္ၿပီး မနက္က သြင္းခဲ့တဲ့ သစ္လုံးစာရင္းကို မွတ္တမ္းစာအုပ္ထဲေရးသြင္းေနလိုက္တယ္။

ညေနေရာက္ေတာ့ ျမင့္ထြန္းေနတဲ့အိမ္ဘက္ကို အက်ိဳးအေၾကာင္းသြားေမးေတာ့လဲ သစ္ေတာဘက္က လိုက္ေနတဲ့အတြက္ ေရွာင္ေနရတယ္ဆိုတာပဲသိလာခဲ့တယ္။

ဒီလိုနဲ႔ ႏွစ္လေလာက္ၾကာတဲ့အထိ ျမင့္ထြန္းကိုမေတြ႕ျဖစ္ေတာ့ဘူး။ ကိုသစ္ဆန္းလဲအမႈမဲ့အမွတ္မဲ့နဲ႔ ေနရင္းအလုပ္ေတြလုပ္ေနခဲ့ရာ တစ္ေန႔မွာေတာ့

“ ဆရာ မႈံႀကီး မႈံႀကီး သစ္လုံးပိလို႔…”

တပည့္ေက်ာ္ သာဂတိုးေအာ္သံေၾကာင့္ တာလီမွတ္ေနတဲ့ ကိုသစ္ဆန္း ကမန္းကတမ္းမတ္တပ္ထရပ္လိုက္ၿပီး

“ ဘယ္မွာျဖစ္တာလဲ…. “

“ ေရစပ္မွာ သစ္လုံးထမ္းတင္ေနရင္း မ်က္ျဖဴလန္ၿပီးလဲက်တာ အေနာက္မွာထမ္းတဲ့သူေတြကလဲ မေတာင့္ခံႏိုင္လို႔ လႊတ္ခ်လိုက္မိတယ္ဆရာ”

“ ဟာ ဘာျဖစ္သြားေသးလဲ…”

“ ေရထဲမွာဆိုေတာ့ ဘာမွသိပ္မျဖစ္ေပမယ့္ ေအာက္ပိုင္းကလႈပ္မရေတာ့ဘူးေျပာတယ္”

“ ေဆးခန္းပို႔ရမယ္ေလ … လွည္းေတြအသင့္ျပင္ထား ငါသြားၾကည့္လိုက္ဦးမယ္”

ကိုသစ္ဆန္းေရာက္သြားေတာ့ မႈံႀကီးက ေၾကာက္လန္႔ေနတဲ့မ်က္လုံးနဲ႔ ေတာင္ၾကည့္ေျမာက္ၾကည့္လုပ္ေနေပမယ့္ ေအာက္ပိုင္းကေတာ့ တုပ္တုပ္ပင္လႈပ္မရျဖစ္ေနတာ ျမင္လိုက္ရတယ္။

“ မႈံႀကီး ငါ့ကိုသိလား…”

“ အင္း အဲ ဆရာ …”

“ ဘာမွစိတ္မပူနဲ႔ မင္းအျမန္ဆုံျပန္ေကာင္းလာေအာင္လုပ္ေပးမယ္… ဟိုေကာင္ေတြ သူ႔ကိုလွည္းေပၚတင္ၿပီး ေခၚသြားလိုက္ေတာ့”

ကိုသစ္ဆန္းလဲ မႈံႀကီးကိုပို႔တဲ့ ေဆးခန္းကိုလိုက္သြားၿပီး အေျခအေနကိုေမးျမန္းၾကည့္ေတာ့

“ ခါး႐ိုးနားမွာရွိတဲ့ အာ႐ုံေၾကာကိုထိသြားတာ… ေရထဲမွာျဖစ္လို႔ ကံေကာင္းတယ္ေျပာရမယ္ ကုန္းေပၚမွာဆိုရင္ အသက္ပါပါသြားႏိုင္တယ္” လို႔ေျပာခဲ့တယ္။

ကိုသစ္ဆန္းလဲ မႈံႀကီးအတြက္ လိုအပ္တာေတြလုပ္ေပးၿပီး အနားယူစရိတ္ေငြကိုေထာက္ပံ့ကာျပန္လာခဲ့လိုက္တယ္။

တစ္ေနကုန္ပင္ပန္းထားတဲ့ဒဏ္ေၾကာင့္ အိပ္ယာေပၚေက်ာဆန္႔လိုက္တာနဲ႔ တစ္ခ်ိဳးထဲအိပ္ေပ်ာ္သြားခဲ့တာ မနက္မွႏိုးလာခဲ့တယ္။

မနက္ႏိုးႏိုးခ်င္း မိန္းမျဖစ္သူျပင္ေပးတဲ့ ထမင္းေၾကာ္နဲ႔လက္ဖက္ရည္စားေနတုန္း

“ ညက ရွင္ဘာမွမသိဘူးမလား”

“ ေဟ ငါကဘာကိုသိရမွာလဲ”

“ အံ့ဩပါ့ေတာ္ တစ္ညလုံး ၿခံထဲကေခြးေတြ အိမ္ေရွ႕တည့္တည့္ကိုၾကည့္ၿပီး အူတာ ကြၽန္မျဖင့္ ေၾကာက္လို႔ ငုတ္တုတ္ထထိုင္ေနရတယ္”

မိန္းမျဖစ္သူစကားေၾကာင့္ ကိုသစ္ဆန္း ေရေႏြးၾကမ္းကိုငုံ႔ေသာက္ေနရာမွ မ်က္လုံးကိုလွန္ၾကည့္ၿပီး

“ ခါတိုင္းလဲေခြးေတြအူတတ္တာပဲ… အခုမွ ျဖစ္တာမွ မဟုတ္တာ”

“ မဟုတ္ဘူးေနာ္…. ညက အိမ္ေရွ႕မွာ လူရိပ္ပါေတြ႕တာ”

“ ေဟ…သူခိုးမ်ားလား”

“ သူခိုးမဟုတ္ဘူးေတာ့ … က်ဳပ္လဲ ေၾကာက္ေၾကာက္နဲ႔ ျပဴတင္းေပါက္ကေနေခ်ာင္းၾကည့္တာ ဝတ္စုံအနက္ေရာင္ႀကီးနဲ႔အိမ္ေရွ႕ကိုေက်ာေပးၿပီးရပ္ေနတာ…အရပ္ကလဲ အျမင့္ႀကီးပဲ”

မိန္းမျဖစ္သူစကားေၾကာင့္ ကိုသစ္ဆန္း မ်က္ေမွာင္က်ဳတ္ကာ စဥ္းစားလိုက္ၿပီးမွ

“ အျမင္မွားတာလဲျဖစ္ႏိုင္တာပဲ သိပ္လဲစိုးရိမ္မေနပါနဲ႔… ေနာက္ေန႔ငါလဲေစာင့္ၾကည့္ပါ့မယ္”

ကိုသစ္ဆန္းကမိန္းမျဖစ္သူကို ေဖ်ာင္းဖ်ၿပီး အလုပ္ခြင္ထဲကိုထြက္သြားခဲ့တယ္။

အိမ္ေပၚကဆင္းၿပီး ငါးမိနစ္ေလာက္လမ္းေလ်ာက္႐ုံနဲ႔ သစ္ခြဲစက္ကိုေရာက္ၿပီမို႔ ဦးထုပ္မေဆာင္းပဲ ခပ္သုတ္သုတ္ေလ်ာက္လာခဲ့လိုက္တယ္။

လမ္းေလ်ာက္ေနရင္း အေနာက္ကေန တစ္ေယာက္ေယာက္လိုက္လာတဲ့ေျခသံၾကားလို႔လွည့္ၾကည့္ေတာ့လဲ ဘာမွမေတြ႕။ အဲဒါနဲ႔ စိတ္ကထင္တာျဖစ္မွာပါဆိုၿပီး ဆက္ေလ်ာက္ေတာ့လဲ ေျခသံကကပ္ပါလာခဲ့တယ္။ ေနာက္ဆုံး သစ္ခြဲစက္ပရဝဏ္ထဲေရာက္ေတာ့မွ အသံေပ်ာက္သြားခဲ့တယ္။

ကိုသစ္ဆန္းလဲ ဒီေန႔ခြဲသားေတြအမွီေပးရမွာမို႔ သစ္ခြဲတဲ့ဝိုင္းဆရာေတြကို မွာစရာရွိတာမွာၿပီးလွည့္အထြက္ သစ္ခြဲစက္ေမာ္တာမွာတပ္ထားတဲ့ ပန္ကာႀကိဳးျပတ္ထြက္ၿပီး ဦးေခါင္းေဘးကေန ဝွီးခနဲျဖတ္သြားခဲ့တယ္။

“ ဟာ ဆရာ…. ဘာျဖစ္သြားလဲ…”

“ ဘာမွမျဖစ္ဘူးရတယ္… နား႐ြက္ေတာ့ ထူပူသြားတာပဲ”

“ ပန္ကာႀကိဳးက လြန္ခဲ့တဲ့သုံးရက္ေလာက္ကမွလဲထားတာ ဘယ္လိုျပတ္သြားလဲမသိပါဘူး… ေတာ္ပါေသးတယ္ ေဘးကျဖတ္သြားေပလို႔… ေနာက္ဆိုမ်က္ႏွာတစ္ခုလုံး စုတ္ျပတ္သတ္သြားမွာ”

သမာၻရင့္ဝိုင္းဆရာဦးပြ စကားေၾကာင့္ ကိုသစ္ဆန္း အနည္းငယ္လန္႔သြားကာ

“ ဝိုင္းခုံမွာလိုအပ္တဲ့ပစၥည္းေတြရွိရင္ ကြၽန္ေတာ္ကိုေျပာဦး.. “

“ စိတ္ခ် ေမာင္သစ္ဆန္း .. တစ္ခုခုလိုရင္ ငါလာေျပာပါ့မယ္”

ကိုသစ္ဆန္း ဝိုင္းခုံထဲကအျပင္ကိုထြက္လာေတာ့ ႏွာေခါင္းထဲမွာ သဇင္ပန္းအနံ႔သဲ့သဲ့ကို ရလိုက္တယ္။

ေန႔လည္ထမင္းစားၿပီးခ်ိန္ အိမ္ေရွ႕ကြပ္ျပစ္ေပၚမွာ ထိုင္ၿပီး စာရင္းလုပ္ေနတဲ့အခ်ိန္နားထဲမွာ ရွမ္းအိုးစည္သံသဲ့သဲ့ကိုၾကားလိုက္ရတယ္။

“ မိန္းမေရ ဘယ္မွာအလႉရွိေနတာလဲ…”

ကိုသစ္ဆန္းစကားေၾကာင့္ ေၾကးမီးပူထဲကို မီးေသြးခဲေတြထည့္ေနတဲ့ မိန္းမျဖစ္သူက

“ ဒီနားမွာအလႉရွိတယ္လို႔ မၾကားပါဘူး…ဘာျဖစ္လို႔လဲ”

“ ဟုတ္လား ငါ့နားထဲမွာ အိုးစည္တီးသံၾကားေနရလို႔ဟ”

“ ေတာ္ နားၾကားမွားတာ ျဖစ္မွာေပါ့…”

မိန္းမျဖစ္သူစကားေၾကာင့္ ကိုသစ္ဆန္း လက္ထဲကိုင္ထားတဲ့ ေဘာပင္ကိုနားၾကားထဲထိုးထည့္ၿပီး စာရင္းစာအုပ္ကိုပိတ္ကာ လွခ်လိုက္တယ္။

“ ငါ နားၾကားမ်ား မွားေနတာလား…ဒီေန႔တစ္ေနကုန္ ဘာေတြျဖစ္ေနမွန္းမသိပါဘူး”

ကိုသစ္ဆန္းစဥ္းစားေနရင္း ထမင္းဆိပ္တက္ကာ ေမွးခနဲ အိပ္ေပ်ာ္သြားခဲ့တယ္။

“ ဆရာ ဆရာ … ထပါဦး”

ပခုံးကို ကိုင္လႈပ္ကာ ႏႈိးေနတဲ့အသံေၾကာင့္ အိပ္ေပ်ာ္ေနရာကေန ကုန္းထၿပီးၾကည့္လိုက္ရာ ပိန္ပိန္ပါးပါးအရပ္ျမင့္ျမင့္နဲ႔လူတစ္ေယာက္ ေဘးမွာရပ္ေနတာျမင္လိုက္ရတယ္။

“ မင္းက ဘယ္သူလဲ… အလုပ္သမားေတြထဲမွာလဲ မျမင္ဖူးပါဘူး”

ကိုသစ္ဆန္း စကားကို ရပ္ေနတဲ့သူက ဘာမွျပန္မေျပာပဲ စိုက္ၾကည့္ေနရာကေန မ်က္ႏွာက တစ္ေျဖးေျဖးခက္ထန္လာခဲ့တယ္။

“ ေဟ့ မင္းကိုေမးေနတယ္ေလ … “

ေဒါသနဲ႔ေအာ္ေျပာသံအဆုံးမွာ ရပ္ေနတဲ့လူကိုယ္ထဲကေန အနက္ေရာင္အခိုးေငြ႕ေတြထြက္လာၿပီး ကိုသစ္ဆန္းရဲ႕ႏွာေခါင္းေပါက္ထဲကိုဝင္သြားခဲ့တယ္။

“ ေဟ့ ေဟ့ မင္းက ဘာေကာင္လဲ… လူလား သရဲလား… ငါရႈလိုက္တဲ့အေငြ႕ေတြက ဘာေတြလဲ”

တစ္ေယာက္ထဲေၾကာက္လန္႔တစ္ၾကားေအာ္ေျပာေနတဲ့အခ်ိန္

“ ေယာက်ၤား…. ဘာျဖစ္ေနတာလဲ…” ဆိုတဲ့အသံေၾကာင့္ သတိျပန္ဝင္လာၿပီး

“ ခုနက လူေရာ … ငါ့ေဘးမွာရပ္ေနတဲ့လူေရာ..ဘယ္ေရာက္သြားတာလဲ”

“ ဘယ္သူမွမရွိပါဘူး… အိမ္မက္မက္ေနတာထင္တယ္…”

“ ငါ အိမ္မက္မက္ေနတာလား… “

မိန္းမျဖစ္သူစကားေၾကာင့္ ေငါက္ခနဲထရပ္လိုက္တဲ့အခ်ိန္ ေခါင္းထဲမွာ ပိုးအေကာင္ေပါင္းမ်ားစြာသြားလာေနသလို ဆစ္ခနဲ ဆစ္ခနဲထိုးကိုက္လာခဲ့တယ္။

“ အား … ေခါင္းကိုက္လိုက္တာ…ကြၽတ္ ကြၽတ္..”

“ ေန႔ခင္းဘက္ အပူရွိန္ကျပင္းလို႔ ေခါင္းကိုက္တာျဖစ္မွာပါ.. ေဆးတစ္ဖုံေလာက္ေသာက္လိုက္ဦး”

ကိုသစ္ဆန္းလဲ အိမ္ေပၚကိုေရာက္ေတာ့ မိန္းမျဖစ္သူေပးတဲ့ ေဆးကိုေသာက္ကာ မ်က္လုံးမွိတ္ေနလိုက္တယ္။

ညေနေလာက္ေရာက္ေတာ့ ေခါင္းကိုက္ေနတာသက္သာသြားတဲ့အတြက္ ပို႔ရမယ့္သစ္ခြဲသားေတြကို စစ္ေဆးရန္ ဝိုင္ခုံရွိတဲ့ဘက္ကိုထြက္လာခဲ့လိုက္တယ္။ အိမ္ေပၚကဆင္းတာနဲ႔ ႏွာေခါင္းထဲကို သဇင္ပန္းအနံ႔က စူးခနဲဝင္လာခဲ့တယ္။

ကိုသစ္ဆန္းလဲ သဇင္ပန္းအနံ႔ရတာကို ေထြေထြထူးထူးမစဥ္းစားေနေတာ့ပဲ ဝိုင္ခုံဘက္ကိုသြားကာ ပို႔ရမယ့္ခြဲသားေတြကို သူ႔အပုံနဲ႔သူ ခြဲထုတ္ေစခဲ့တယ္။ ည၇နာရီေလာက္ေရာက္ေတာ့ ပို႔ရမယ့္သစ္စက္အသီးသီးကို ပို႔ေပးဖို႔မွာၿပီး အိမ္ကိုျပန္လာခဲ့လိုက္တယ္။

အိမ္ေရာက္ေတာ့ ေရခ်ိဳးထမင္းစားၿပီး အိမ္ေရွ႕မွာေဆးလိပ္ဖြာေနတုန္း

“ သဇင္ပန္းအနံ႔က ေမႊးလိုက္တာ… မိန္းမေရ မင္းသဇင္ပန္းေတြဝယ္ထားေသးလား”

“ ေတာ္ကေတာ့ လုပ္ေတာ့မယ္… ဒီလိုေႏြေခါင္ေခါင္ ဘယ္သဇင္ပန္းရမွာလဲ စဥ္းစဥ္းစားစားလဲေျပာပါဦး”

“ ဟုတ္လား… ငါ့ႏွာေခါင္းထဲ သဇင္ပန္းအနံ႔ရေနလို႔ ေမးလိုက္တာပါကြာ”

“ ရွင္ေနာ္ အခုတစ္ေလာ သိပ္မူမမွန္ဘူးျဖစ္ေနတယ္… အလုပ္အဆင္မေျပလို႔လား”

“ ဟာ မဟုတ္ပါဘူး… အဆင္ေျပပါတယ္…”

မိန္းမျဖစ္သူရဲ႕စိုးရိမ္တဲ့စကားေၾကာင့္ ကိုသစ္ဆန္း ေက်နပ္သြားၿပီး မသိမသာၿပဳံးလိုက္မိတယ္။

“ မိန္းမ… ငါတို႔လာမယ့္ႏွစ္ ကေလးယူၾကရေအာင္..”

ကိုသစ္ဆန္းစကားေၾကာင့္ မိန္းမျဖစ္သူ ပါးစပ္အေဟာင္းသားျဖစ္သြားၿပီး

“ ဘယ္လို ဘယ္လို … ရွင္ပဲ အိမ္ေထာင္သက္ ငါးႏွစ္မွ ကေလးယူမယ္ဆို… ခု ဘယ္လိုစိတ္ကူးျဖစ္သြားတာလဲ”

“ ဘယ္လိုမွျဖစ္တာမဟုတ္ပါဘူး… ကေလးတစ္ေယာက္ရွိေတာ့ ကိုယ္အလုပ္သြားတဲ့အခ်ိန္ မိန္းမအတြက္ အေဖာ္ရွိတာေပါ့”

ကိုသစ္ဆန္းစကားေၾကာင့္ မိန္းမျဖစ္သူမ်က္ႏွာမွာ ေပ်ာ္႐ႊင္မႈအရိပ္အေယာင္ေတြေပၚလာတာကိုျမင္လိုက္ရတယ္။ လင္မယားႏွစ္ေယာက္ စကားတစ္ေျပာေျပာေနလာခဲ့တာ ည၁၀နာရီဝန္းက်င္ေလာက္ေရာက္ေတာ့

“ ေယာက်ၤား…. ၿခံေရွ႕ ၿခံေရွ႕မွာ…”

မိန္းျဖစ္သူလက္ညိဳးၫႊန္ရာၾကည့္လိုက္ေတာ့ အရိပ္မဲမဲတစ္ခုကၿခံတိုင္ေဘးမွာ မတ္တပ္ရပ္ေနတာျမင္လိုက္ရတယ္။

ကိုသစ္ဆန္းလဲ အိမ္တိုင္မွာခ်ိတ္ထားတဲ့ ဓါးကိုဆြဲယူကာ ၿခံထဲဆင္းၾကည့္ေတာ့ ဘာမွမေတြ႕ရဘူး။ အဲဒီအခ်ိန္ ရလိုက္တာကအလြန္ေမႊးႀကိဳင္တဲ့ သဇင္ပန္းအနံ႔။

“ ေတာက္ …မ်က္လုံးေအာက္မွာတင္ ေပ်ာက္သြားရတယ္လို႔ကြာ.. ေနာက္တစ္ခါေပၚလာလို႔ကေတာ့ ဓါးနဲ႔ကိုခုတ္သတ္မွာ…”

ကိုသစ္ဆန္းရဲ႕ေဒါသႀကီးစြာႀကိမ္းဝါးသံနဲ႔အတူ ၿခံအျပင္ဘက္ကေန ေျခာက္ကပ္ကပ္ေလွာင္ရယ္သံတစ္ခုထြက္လာခဲ့တယ္။

ရယ္သံက တိုးတိုးေလးကေန တစ္ေျဖးေျဖးက်ယ္လာတာနဲ႔အမွ် ကိုသစ္ဆန္းရဲ႕ ေခါင္းထဲကေန တစ္ဆစ္ဆစ္ထိုးကိုက္လာခဲ့တယ္။

“ အား ေခါင္းထဲက ထိုးလိုက္တာ ကြၽတ္ ကြၽတ္..”

လက္ထဲက ဓါးကို ကြပ္ျပစ္ေပၚပစ္တင္ၿပီး လွဲခ်လိုက္တဲ့အခ်ိန္ အိမ္ေပၚကေနေျပးဆင္းလာတဲ့ မိန္းမျဖစ္သူရဲ႕ေျခသံနဲ႔အတူ ေခါင္းရင္းမွာရပ္ေနတဲ့ ပိန္ပိန္ျမင့္ျမင့္လူတစ္ေယာက္ရဲ႕ေနာက္ေက်ာကို မပီမျပင္ဝိုးတဝါးျမင္လိုက္ရတယ္။

“ မင္း မင္း… ဘယ္သူ…”

ကိုသစ္ဆန္း စကားကိုဆုံးေအာင္မေျပာႏိုင္ပဲ နားထင္ႏွစ္ဖက္ကိုလက္နဲ႔ဖိကာ မ်က္လုံးေတြျပာလာၿပီး သတိလစ္သြားခဲ့တယ္။
+++++++

ေျခာက္ကပ္ေနတဲ့လည္ေခ်ာင္းထဲကို တစ္စက္ခ်င္းက်လာတဲ့ ေရစက္ေတြကိုအငမ္းမရၿမိဳခ်လိုက္တဲ့အခ်ိန္

“ ေယာက်ၤား သတိရလာၿပီလား… “ ဆိုတဲ့အသံကို ၾကားလိုက္ရတယ္။

“ ဆရာ… ဆရာ သတိရလာၿပီလား…”

“ ေရ … ေရ ေပးပါ”

“ ဒီမွာ ေရ လာၿပီ… အရမ္းႀကီးမေသာက္နဲ႔ ေျဖးေျဖးခ်င္းေသာက္”

ကိုသစ္ဆန္းလဲ မိန္းမျဖစ္သူ လွမ္းေပးတဲ့ေရခြက္ကို ယူၿပီး ေသာက္လိုက္ေတာ့မွ လန္းလန္းဆန္းဆန္းျဖစ္သြားခဲ့တယ္။

“ ငါ ငါဘယ္ကိုေရာက္ေနတာလဲ…”

“ ဆရာ အိမ္ျပန္ေရာက္ပါၿပီ စိတ္မပူနဲ႔ေတာ့… ညတုန္းကေတာ့ ေခါင္းထိုးၿပီးသတိလစ္သြားလို႔ ဆရာဝန္ေခၚကုခဲ့ရေသးတယ္”

“ ေအာ္ ေအးေအး သတိရၿပီ… ဆရာဝန္က ဘာျဖစ္တယ္ေျပာလဲ”

“ အာ႐ုံေၾကာအားနည္းတာတဲ့… အခ်ိန္ရရင္ မ်က္စိကိုစမ္းၾကည့္သင့္တယ္လို႔ေျပာသြားတယ္”

“ ဟာ မျဖစ္ႏိုင္တာ… ငါ့မ်က္စိကအေကာင္းႀကီးကို..”

“ ဆရာကလဲ မ်က္စိကေတာ့စမ္းသင့္တယ္ေလ… ဒီတစ္ေခါက္ ေတာမတက္ခင္ ေသခ်ာလုပ္ထားသင့္တယ္ေနာ္။ ေတာထဲမွာဆိုရင္ ကြၽန္ေတာ္တို႔လဲ ဘာမွလုပ္တတ္မွာမဟုတ္ဘူး”

မိန္းမျဖစ္သူနဲ႔ တပည့္ေတြရဲ႕စကားေၾကာင့္ ကိုသစ္ဆန္း ဘာမွထပ္မေျပာေတာ့ပဲ လွေနရာကေနထထိုင္လိုက္တဲ့ အခ်ိန္ အိမ္ေပါက္ဝတည့္တည့္မွာ ေက်ာေပးၿပီးရပ္ေနတဲ့ သူတစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ ဟာ ဒီေကာင္ ဘယ္ကေနေရာက္လာျပန္တာလဲ.. သာဂတိုး ငါ့ဓါးယူေပးစမ္း အဲေကာင္က ငါ့ကိုတစ္ခ်ိန္လုံးဒုကၡေပးေနတာ”

အိမ္ေပါက္ဝကိုၾကည့္ၿပီး ႐ုန္းကန္ေနတဲ့ ကိုသစ္ဆန္းေၾကာင့္ မိန္းမျဖစ္သူနဲ႔တပည့္ေတြအားလုံး ႐ုတ္တရက္မွင္သက္သြားခဲ့တယ္။

“ ဆရာ အိမ္ေပါက္ဝမွာ ဘာမွမရွိဘူးေလ…”

“ မဟုတ္ဘူး ရွိတယ္ … အဲဒီေကာင္ ငါ့ကိုေလွာင္ေနတာ မင္းတို႔မျမင္ဘူးလား… ဘယ္မွာလဲငါ့ဓါး ေပးစမ္း”

“ ဆရာ … ဆရာစိတ္ထိန္းဦးေလ…”

တပည့္ျဖစ္သူေတြနဲ႔ အိမ္နီးနားခ်င္းေတြအတင္းဝင္ဆြဲၿပီး ခ်ဳပ္ထားေတာ့မွ ကိုသစ္ဆန္းၿငိမ္သြားခဲ့တယ္။

“ ကိုသစ္ဆန္းက ေတာထဲမွာ အမွားလုပ္မိလို႔ အခုလို ႐ူးေၾကာင္ေၾကာင္ျဖစ္ေနတာတဲ့”

မုန္႔ဟင္းခါးထဲကို ပဲသီးေတာင့္ေခြၽထည့္ရင္းေျပာလိုက္တဲ့ မခိုင္ စကားေၾကာင့္ ဟင္းရည္အိုးကို ေမႊေနတဲ့ မျမင့္က

“ ငါလဲ အဲလိုပဲၾကားတယ္.. အရင္ကဆိုရင္ ညဘက္ပဲ စိတ္ေဖာက္တာ အခုကေတာ့ စိတ္မထင္ရင္မထင္သလို စိတ္ေဖာက္တယ္လို႔လဲေျပာေနၾကတယ္”

“ ငါေျပာသားပဲ ေတာထဲေတာင္ထဲသြားရင္ စည္းေစာင့္ရပါတယ္လို႔… အခုစည္းမေစာင့္ေတာ့ ခံရပီေလ”

“ ဟဲ့ ေတာ္ၿပီ ေတာ္ၿပီ ဟိုမွာ သူ႔မိန္းမလာေနတယ္”

မျမင့္စကားေၾကာင့္ မခိုင္ ဘာမွဆက္မေျပာေတာ့ပဲ မုန္႔ဟင္းခါးကိုေမႊကာ စားေနလိုက္တယ္။

“ မျမင့္ေရ မုန္႔ဟင္းခါးတစ္ပြဲ လုပ္ေပးပါဦး”

“ ဒီမွာပဲစားမလား ႏွင္းႏု..”

“ မစားေတာ့ဘူး အိမ္မွာ ကိုသစ္ဆန္း တစ္ေယာက္ထဲျဖစ္ေနလို႔ အျမန္ျပန္ရမယ္”

“ ေအာ္ ကိုသစ္ဆန္း အေျခအေနဘယ္လိုေနေသးလဲ”

“ ဒီလိုပါပဲအမေရ… တစ္ခါတစ္ေလ အေကာင္း၊ တစ္ခါတစ္ေလက်ရင္ ထထေဖာက္တာ..အခုဆို အလုပ္ေတြေတာင္ နားထားရတယ္”

“ ကိုသစ္ဆန္းကို ၾကည့္ရတာ သာမန္မဟုတ္ေလာက္ဘူး… ပေယာဂကုတဲ့ဆရာေတြနဲ႔မ်ားျပၾကည့္ေသးလား”

“ ျပတာေပါ့ မျမင့္ရယ္… အားလုံးက ဟုတ္တိပတ္တိ မေျပာၾကဘူး… ေနာက္ၿပီးေျခႂကြခကလဲ မတန္မဆေတြေတာင္းတာ”

“ ဟူး ကြၽန္မတို႔လဲ ဆရာေကာင္းေတြရွာၾကည့္ထားေပးပါမယ္… ဒီမွာ ရပီေနာ္အစ္မ”

“ ေက်းဇူးပဲေနာ္ “

မျမင့္လဲ မုန္႔ဟင္းခါးထုပ္ကိုဆြဲကာထြက္သြားတဲ့ ႏွင္းႏုကိုၾကည့္ၿပီး သက္ျပင္းရွည္တစ္ခ်က္ခ်လိုက္မိတယ္။
++++++

သုံးဖီးဆိုင္ကန္ေတာ့ပြဲ သုံးပြဲကို ဘုရားေက်ာင္းေဆာင္ေပၚတင္ၿပီး မႏၲာန္တစ္ပုဒ္ကို႐ြတ္ဖတ္ေနတဲ့ လူအေရွ႕မွာေတာ့ ကိုသစ္ဆန္းက ရီေဝေဝမ်က္လုံးအစုံနဲ႔ ေတာင္ၾကည့္ေျမာက္ၾကည့္လုပ္ေနခဲ့တယ္။

“ အိမ္း… ျပႆနာဇစ္ျမစ္ကိုေတာ့ ေတြ႕ၿပီ”

မႏၲာန္႐ြတ္အၿပီးေျပာလိုက္တဲ့စကားေၾကာင့္ ႏွင္းႏုက လက္အုပ္ေလးခ်ီကာ

“ ကိုသစ္ဆန္းက ဘာျဖစ္တာလဲဆရာ….”

“ ဘာျဖစ္ရမလဲ … သူခုတ္ခဲ့တဲ့သစ္ပင္မွာေနတဲ့ ႐ုကၡစိုးကနေက်နပ္လို႔ ျပဳစားထားတာေလ…”

“ ဒုကၡပါပဲ ကြၽန္မတို႔ဘယ္လိုလုပ္ရမလဲ… ဆရာကို အားကိုးပါတယ္”

“ အခု ဆရာကိုယ္တိုင္သူ႔ကိုေဖ်ာင္းဖ်ၿပီး ခြင့္လႊတ္ေပးဖို႔ေမတၱာရပ္ခံထားပါတယ္… ဒါေပမယ့္ ကာယကံရွင္အေနနဲ႔ အဲဒီေတာထဲကိုထပ္မသြားဖို႔ေတာ့လိုမယ္”

“ ထပ္သြားမိရင္ ဘာျဖစ္မလဲဆရာ”

“ ဘာျဖစ္မယ္ဆိုတာ ဆရာလဲအတိအက်မေျပာႏိုင္ဘူး… ေသခ်ာတာတစ္ခုက ဒီထက္ပိုဆိုးလာၿပီး ကံမေကာင္းရင္ အသက္ပါေသသြားႏိုင္တယ္”

တစ္လုံးခ်င္းေလသံေအးေအးနဲ႔ေျပာသြားတဲ့ လူရဲ႕စကားလုံးေတြေအာက္မွာ ႏွင္းႏု တစ္ေယာက္ေသြးပ်က္တဲ့မ်က္ႏွာနဲ႔

“ သူေနေကာင္းမယ္ဆိုရင္ ထပ္မသြားပါဘူးလို႔ ကတိေပးပါတယ္… သူ႔ကိုသာေကာင္းေအာင္ကုေပးပါ”

“ ေကာင္းပါၿပီ… က်ဳပ္ဘက္က ႏိုင္သေလာက္ လုပ္ေပးခဲ့ပါမယ္… “

ပေယာဂဆရာက ကိုသစ္ဆန္းကိုၾကည့္ၿပီး သူ႔လက္မွာပတ္ထားတဲ့ အနီေရာင္ႀကိဳးကိုခြၽတ္ကာ မန္းမႈတ္ၿပီး ကိုသစ္ဆန္းလက္ထဲမွာပတ္ထားေပးလိုက္တယ္။

“ ဒီႀကိဳးက ရွမ္း႐ိုးမေတာင္ေၾကာမွာ သုံးလတိတိအဓိဌာန္ဝင္ၿပီး စီရင္ခဲ့တာမို႔ မေကာင္းတဲ့အေႏွာက္အယွက္ေတြ ကာယကံရွင္ဆီမေရာက္ေအာင္ တားဆီးေပးပါလိမ့္မယ္… စိတ္ေဖာက္တဲ့အခ်ိန္ေတြဆိုရင္ က်ဳပ္ေပးခဲ့တဲ့ေရမန္းကိုပဲတိုက္လိုက္ပါ… အဆင္ေျပသြားပါလိမ့္မယ္”

“ ေက်းဇူးတင္ပါတယ္ဆရာ… ဆရာတို႔အတြက္ ေျခႂကြခေလး လက္ခံေပးပါဦး”

ပေယာဂဆရာလဲ ႏွင္းႏုကမ္းေပးတဲ့ ေျခႂကြခေငြကို လွမ္းယူကာ ေဆးလြယ္အိတ္ထဲထည့္ၿပီး ျပန္သြားခဲ့တယ္။

အိမ္ေအာက္မွာၾကည့္ေနၾကတဲ့သူေတြကေတာ့ ပေယာဂဆရာရဲ႕ အာေဘာင္အာရင္းသန္သန္ ေျပာဆိုခ်က္ေတြကို အားရေက်နပ္ေနေပမယ့္ မ်က္ႏွာစိမ္းလူႏွစ္ေယာက္ကေတာ့ ပေယာဂဆရာကို ႐ြံရွာတဲ့အၾကည့္နဲ႔ၾကည့္ေနခဲ့ၾကတယ္။
+++++++

“တုံ တုံ တုံ တုံ”

ညေန ေနဝင္ရီတေရာအခ်ိန္ စည္းခ်က္ညီစြာထြက္ေပၚလာတဲ့ အုန္းေမာင္းေခါက္သံေၾကာင့္ အေဆာင္အသီးသီးမွာရွိတဲ့ သံဃာေတာ္ေတြ ဘုရားဝတ္ျပဳဖို႔ထြက္လာခဲ့ၾကတယ္။ သံဃာေတာ္ေတြဘုရားဝတ္ျပဳေနတဲ့အခ်ိန္မွာေတာ့ ေက်ာင္းေအာက္ထပ္အဖီေလးအတြင္းကေန စကားတီးတိုးေျပာသံထြက္ေပၚလာခဲ့တယ္။

“ ေန႔လည္က ကန္ေတာ့ပြဲအုန္းသြားဝယ္တဲ့အခ်ိန္ ျမင္လိုက္ရတဲ့အျဖစ္က အသည္းကိုယားေနတာပဲဗ်ာ”

“ ဟုတ္တယ္ဆရာ … အဲဒီလူက သူ႔ကိုယ္သူ ပေယာဂဆရာဆိုၿပီး လိမ္ေနတာ အသိသာႀကီး”

“ ေလာကမွာ လူေကာင္းရွိသလို လူဆိုးဆိုတာလဲရွိတယ္… ငါတို႔ရဲ႕ေလာကမွာလဲ ဆရာေကာင္းေတြရွိသလို ဆရာလိမ္ေတြလဲအမ်ားႀကီးရွိၾကတယ္… အခုမင္းတို႔ေတြ႕ခဲ့တာ ဆရာလိမ္ေတြထဲက တစ္ေယာက္ျဖစ္မွာေပါ့”

ေယာဂီေရာင္အက်ႌရွည္နဲ႔ ပုဆိုးကိုဝတ္ထားၿပီး လက္ထဲမွာ ဆီစိမ္စကၠဴစာ႐ြက္ကိုင္ထားတဲ့သူတဲ့စကားေၾကာင့္ ေဘးမွာရွိေနတဲ့သူႏွစ္ေယာက္လုံး ေခါင္းတညိမ့္ညိမ့္လုပ္ကာ ၿငိမ္သက္သြားခဲ့တယ္။ ခဏေနေတာ့

“ မဟုတ္ဘူးေနာ္ဆရာ… သူကုတဲ့လူရဲ႕ပုံစံက သာမန္ပေယာဂနဲ႔လုံးဝကိုမတူတာ… ေနာက္ၿပီး သူတို႔အိမ္ေပၚအနီးတစ္ဝိုက္မွာသဇင္ပန္းနံ႔အျပင္ အျခားအေမႊးရနံ႔ေတြလဲရေနတယ္”

“ ဟုတ္တယ္ဆရာ ေတာက္ရ ေျပာသလို ကြၽန္ေတာ္လဲခံစားမိတယ္… ကြၽန္ေတာ္စိတ္အထင္ေျပာရရင္ အဲဒီလူနာက နတ္အတိုက္မ်ားထိေနသလားလို႔”

“မင္းတို႔ေျပာတာ ျဖစ္ႏိုင္တယ္ဆိုရင္ေရာ ဘယ္လိုလုပ္မယ္စိတ္ကူးထားလဲ”

ေယာဂီဝတ္လူရဲ႕စကားေၾကာင့္ ဆီစိမ္စကၠဴေတြကိုညီညာေအာင္စီေနတဲ့လူႏွစ္ေယာက္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး

“ ကြၽန္ေတာ္တို႔ အမွန္တရားကိုေဖာ္ထုတ္ခ်င္တယ္ဆရာ… မသိနားမလည္တဲ့လူေတြကို ၿခိမ္းေျခာက္ၿပီး မတရားလုပ္ေနတာေတာ့မၾကည့္ရက္ဘူး”

“ ေကာင္းၿပီေလ မင္းတို႔ႏွစ္ေယာက္စခဲ့တဲ့ ဇာတ္လမ္းကို ကိုယ္တိုင္အဆုံးသတ္ၾကေပါ့… ဒါေပမယ့္ တစ္ခုသတိထား”

“ ဟုတ္ကဲ့ဆရာ ကြၽန္ေတာ္တို႔နားေထာင္ေနပါတယ္”

“ လူနာဆီမွာ တြယ္ကပ္ေနတဲ့ေရာဂါကိုဖယ္ထုတ္႐ုံပဲ လုပ္ပါ… ျပႆနာရဲ႕ဇစ္ျမစ္အဆုံးထိမလိုက္ၾကနဲ႔”

“ ဟုတ္ကဲ့ပါဆရာ ကြၽန္ေတာ္တို႔ လူနာအႏၲရာယ္ကင္းတာနဲ႔ျပန္လာခဲ့ပါမယ္”

“ ကဲ အခုေတာ့ သမာဓိတည္ၿငိမ္ေအာင္ လုပ္ၾကေပေတာ့”

ေယာဂီဝတ္လူရဲ႕စကားအဆုံးမွာ ဘုန္းႀကီးေက်ာင္းေပၚကေန အမွ်ေဝတဲ့အသံထြက္ေပၚလာခဲ့တယ္။

++++++
“ ဆရာ ေျပာတဲ့ စကားထဲမွာ ျပႆနာရဲ႕ ဇစ္ျမစ္ကိုမလိုက္နဲ႔ဆိုတာ ဘာသေဘာမ်ားလဲ”

ဘုန္းႀကီးေက်ာင္းအျပင္ကိုေရာက္တာနဲ႔ စကားစလိုက္တဲ့ ေတာက္ရေၾကာင့္ သက္ခိုင္အနည္းငယ္စဥ္းစားၿပီး

“ ဆရာေျပာတာက ဒီပေယာဂကိုဘယ္သူကခိုင္းလို႔ ဘယ္ဆရာကလုပ္တယ္ဆိုတာ မေပးသိနဲ႔ဆိုၿပီးေျပာတာျဖစ္မယ္”

“ ဆရာကဘာလို႔ မေပးသိတာလဲ..”

“ အင္း ငါ့အထင္ေျပာရရင္ ဒီကိစၥကို ဖန္တီးတဲ့သူက ကာယကံရွင္နဲ႔ မလြတ္ကင္းတဲ့သူပဲျဖစ္ရမယ္… ငါတို႔က ဘယ္သူလုပ္တယ္ဆိုတာ ေခၚေမးရင္ လုပ္တဲ့သူက အမွန္တိုင္းေျဖရမွာပဲေလ… ဥပမာကြာ လုပ္တဲ့သူက သူမဟုတ္ပါဘူးလို႔ ေျဗာင္ျငင္းၿပီး ငါတို႔ကိုဝိုင္း႐ိုက္ရင္ေရာ… တစ္ေယာက္တစ္ေယာက္ခ်င္းဆို ကိစၥမရွိေပမယ့္ အမ်ားနဲ႔ဆိုရင္ မင္းေရာငါေရာ ေျပးေပါက္မွားႏိုင္တယ္”

သက္ခိုင္စကားကိုၾကားေတာ့ ေတာက္ရက ရယ္က်ဲက်ဲလုပ္ၿပီး

“ ဟုတ္တယ္ေနာ္ ကြၽန္ေတာ္တို႔က နာနာဘာဝေတြကိုသာႏိုင္တာ … အမ်ားနဲ႔တစ္ေယာက္ဆိုရင္ ႏိုင္မွာမဟုတ္ဘူး”

“ ဆရာက အဓိဌာန္ေၾကာင့္ မလိုက္ႏိုင္ေပမယ့္ ငါတို႔အႏၲရာယ္ျဖစ္မွာလဲစိတ္ပူတယ္.. ဒါေၾကာင့္ ဒီစကားကိုေျပာခဲ့တာျဖစ္မယ္”

သက္ခိုင္နဲ႔ေတာက္ရတို႔ စကားတစ္ေျပာေျပာနဲ႔ လမ္းေလ်ာက္လာခဲ့တာ မေန႔က ပေယာဂကုတဲ့အိမ္ေရွ႕ကိုေရာက္လာခဲ့တယ္။ အိမ္ေရွ႕ကိုေရာက္ေတာ့ ကြပ္ျပစ္ေပၚမွာ ထိုင္ေနတဲ့လူနာအျပင္ အျခားလူစိမ္းသုံးေယာက္ကိုျမင္လိုက္ရတယ္။

ကြပ္ျပစ္ေပၚမွာထိုင္ေနတဲ့ အမ်ိဳးသမီးက ၿခံေရွ႕မွာ ရစ္သီရစ္သီလုပ္ေနတဲ့သက္ခိုင္တို႔ကိုျမင္ေတာ့

“ ဘာကိစၥမ်ားရွိလို႔ပါလဲ”

“ ဟိုေလ ဒီအိမ္က လူနာအေျခအေနေလး လာၾကည့္တာပါ”

“ ေအာ္ ဒီကလူေတြက မျမင့္ လႊတ္လိုက္တဲ့ ပေယာဂဆရာေတြလား… လာၾကပါရွင္ လာၾကပါ”

သက္ခိုင္တို႔လဲ ေခ်ာ္လဲေရာထိုင္လုပ္ၿပီး အထဲကိုဝင္လာေတာ့ ကြပ္ပစ္မွာထိုင္ေနတဲ့ လူက မုန္ကုတ္ကုတ္နဲ႔ၾကည့္ၿပီး

“ ကိုသစ္ဆန္းက ေနေကာင္းသြားၿပီမဟုတ္လား… ဒီကဆရာေတြမလိုေတာ့ဘူးေလအစ္မ”

“ ေနေကာင္းသြားတာေတာ့မွန္ေပမယ့္ .. မျမင့္က တကူးတကလိုက္ရွာေပးထားတဲ့ဆရာေတြမို႔ အားနာလို႔ပါ ကိုျမင့္ထြန္းရယ္”

“ ဟုတ္ပါၿပီ ဟုတ္ပါၿပီ… ဒါဆိုလဲ ကြၽန္ေတာ္ျပန္လိုက္ပါဦးမယ္ လုပ္စရာရွိတာဆက္လုပ္ၾကပါ”

ဧည့္သည္ေတြျပန္သြားေတာ့ အိမ္ရွင္အမ်ိဳးသမီးက သက္ခိုင္တို႔ကို ၾကည့္ၿပီး
“ လူနာကေတာ့ ျမင္တဲ့အတိုင္းပဲ ဆရာတို႔ေရ… မေန႔က လာကုေပးတဲ့ဆရာေက်းဇူးေၾကာင့္ အေတာ္သက္သာသြားတာ… ကိုသစ္ဆန္း ဒါက မျမင့္ ရွာထားေပးတဲ့ဆရာေတြေလ”

“ ေတြ႕ရတာဝမ္းသာပါတယ္ဆရာ… ကြၽန္ေတာ္အတြက္နဲ႔ အလုပ္ပိုရၿပီ”

“ မဟုတ္တာဗ်ာ … က်ဳပ္တို႔တာဝန္က လူေတြအသက္ကိုကယ္ဖို႔ပဲ… ဒီေလာက္ကအပန္းမႀကီးပါဘူး.. ဒါနဲ႔ ေနရထိုင္ရတာအဆင္ေျပရဲ႕လား”

“ ဟုတ္ကဲ့ ေျပပါတယ္ … ေခါင္းလဲမကိုက္ေတာ့သလို စိတ္လဲၾကည္လာပါတယ္”

“ ကဲဗ်ာ… က်ဳပ္တို႔ေရာက္တုန္းေလး တစ္ခ်က္ၾကည့္ေပးပါမယ္… ေျခႂကြခေပးစရာမလိုဘူးေနာ္”

သက္ခိုင္စကားကိုၾကားေတာ့ အမ်ိဳးသမီးက အားနာတဲ့ဟန္နဲ႔

“ အိမ္ေပၚကို ႂကြၾကပါဦး…”

အိမ္ေပၚကိုေရာက္ေတာ့ သက္ခိုင္ ႏွာေခါင္းထဲမွာ သဇင္ပန္းအနံ႔ကိုခံစားမိလိုက္တယ္။ ဒါေပမယ့္ မသိဟန္ျပဳရင္း ဘုရားဦးခ်ကာ အထက္ဆရာေတြထံကုသခြင့္အရင္ေတာင္းခံလိုက္တယ္… ၿပီးတာနဲ႔ လူနာရွင္ကို စူးစိုက္ၾကည့္လိုက္ရာ အၾကည့္မခံပဲမ်က္ႏွာလႊဲသြားတာကိုျမင္လိုက္ရတယ္။

“ လူနာက အရွင္းမေပ်ာက္ေသးဘူးေနာ္… ကိုယ္ထဲမွာ ပေယာဂက်န္ေနေသးတယ္”

“ ေသခ်ာလို႔လား… ရွင္”

“ က်ဳပ္တို႔ခဏေန လက္ေတြ႕ျပပါမယ္ … အပန္းမႀကီးဘူးဆိုရင္ ေရတစ္ခြက္ေလာက္ရႏိုင္မလား”

“ ရပါတယ္ ရပါတယ္ ခဏေလာက္ေစာင့္ပါ”

အိမ္ရွင္အမ်ိဳးသမီးေရသြားယူေနတဲ့အခ်ိန္ သမာဓိကိုတည္ၿငိမ္ေအာင္လုပ္ၿပီး အိမ္ထဲကိုၾကည့္လိုက္ရာ ေလွကားအတက္အဆင္းမွာ နံရံကိုမွီကာလက္ပိုက္ၾကည့္ေနတဲ့ သူတစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ ေတာက္ရ ေလွကားအတက္အဆင္းကိုၾကည့္စမ္း”

“ ဝတ္စုံအနက္နဲ႔ လူတစ္ေယာက္ကြၽန္ေတာ္တို႔ကိုၾကည့္ေနတယ္ဆရာ”

“ သူဝတ္စားထားတဲ့ပုံအရဆိုရင္ ရွမ္းနတ္ျဖစ္ဖို႔မ်ားတယ္.. ေသခ်ာေအာင္ေခၚသြင္းၿပီးေမးရမွာပဲ”

သက္ခိုင္နဲ႔ေတာက္ရတို႔ ေျပာေနတဲ့စကားေတြကို အေရွ႕မွာထိုင္ေနတဲ့လူၾကားေတာ့

“ ဆရာတို႔ေျပာတာျဖစ္ႏိုင္တယ္ … ဒီကိစၥေတြမျဖစ္ခင္ ကြၽန္ေတာ္နားထဲမွာ ရွမ္းအိုးစည္တီးသံအၿမဲၾကားရတယ္..”

“ ဆရာ ေရ ရပါၿပီ”

သက္္ခိုင္လဲ အိမ္ရွင္အမ်ိဳးသမီးကမ္းေပးတဲ့ေရခြက္ကိုယူကာ ဂါထာတစ္ပုဒ္ကို ကိုးေခါက္႐ြတ္ဖတ္ၿပီး လက္ညိဳးကိုေရထဲႏွစ္ထားလိုက္တယ္။

“ အခုခ်ိန္ကစၿပီး ကာယကံရွင္ေတြစိတ္ရွင္းေအာင္ ေမးျမန္းေတာ့မယ္… က်ဳပ္ေခၚတဲ့ပုဂၢိဳလ္သာ အေရွ႕ကိုေရာက္ေစ… မေခၚပဲဝင္လာတဲ့သူေတြကိုေတာ့ ဂိုဏ္းေစာင့္နတ္ေတြက ႀကိမ္ဒဏ္ေပးၿပီး ျပန္လႊတ္ေစ” လို႔ေျပာၿပီး အေရွ႕မွာရွိေနတဲ့လူကို ေရနဲ႔ေတာက္လိုက္ရာ ေလွကားရင္းမွာမွီေနတဲ့ ပုဂၢိဳလ္က ထိုင္ေနတဲ့လူဆီခ်က္ခ်င္းေျပးဝင္လာၿပီး ၾကမ္းျပင္ကိုေခါင္းနဲ႔ေဆာင့္ပါေလေရာ။

“ ကိုသစ္ဆန္း ဘာ ဘာျဖစ္တာလဲ”

“ မထိနဲ႔ … သူဘာမွမျဖစ္ေစရဘူးလို႔ က်ဳပ္တို႔အာမခံပါတယ္”

သက္ခိုင္စကားေၾကာင့္ ဆြဲထူဖို႔လုပ္ေနတဲ့အမ်ိဳးသမီး အေနာက္ကိုဆုတ္သြားခဲ့တယ္။

“ ေျပာစမ္း သင္ဘယ္သူလဲ… “

သက္ခိုင္စကားကို ဘာမွျပန္မေျဖပဲ ၾကမ္းျပင္ကိုသာေခါင္းနဲ႔ေဆာင့္ေနတာျမင္ေတာ့ လက္ထဲကေရစက္နဲ႔ေတာက္ၿပီး ေမးလိုက္ေတာ့မွ ရွမ္းဘာသာစကားနဲ႔ေျပာလာခဲ့တယ္။

“ သင္ေျပာတာ က်ဳပ္တို႔နားမလည္ဘူး… က်ဳပ္တို႔နားလည္ေအာင္ေျပာ… သင္ကဘယ္သူလဲ”

“ ငါ ငါက ကိုးၿမိဳ႕ရွင္ေလေနာ့… “

“ ေဟာ ကိုးၿမိဳ႕ရွင္က ဘယ္လိုျဖစ္ၿပီး နန္းမွာမေနပဲ ဒီကိုေရာက္ေနရတာလဲ”

“ ငါ့ကိုခိုင္းလို႔ လုပ္ရတာေလေနာ့… ဒီလူကို အလုပ္မလုပ္ႏိုင္ေအာင္ လုပ္ခိုင္းလို႔ ငါကလုပ္ရတာေလေနာ့”

“ ကိုးၿမိဳ႕ ကိုးဓါး ကိုးဖလားပိုင္တဲ့ သူကိုေတာင္ ေစခိုင္းတဲ့ပုဂၢိဳလ္ကို က်ဳပ္တို႔ေတြ႕ခ်င္မိေသး”

သက္ခိုင္က စိတ္ထဲကေနလႊတ္ခနဲေျပာလိုက္မိတာေၾကာင့္ ေတာက္ရက ေဘးကေန လက္တို႔သတိေပးလိုက္ရတယ္။

“ ကဲ အခု သင္အေရွ႕မွာ ေရာက္ေနတဲ့သူေတြအေၾကာင္း သိသင့္သေလာက္သိတယ္မဟုတ္လား”

“ အင္းေလ ဆရာတို႔အေၾကာင္း ငါသိတယ္… ဒါေၾကာင့္ ငါလာရတာေပါ့”

“ က်ဳပ္တို႔ရဲ႕ဆႏၵက ဒီလူအေကာင္းအတိုင္းျဖစ္ဖို႔ပဲ… က်န္တာဘာသေဘာမွမပါဘူးဆိုတာ သင့္ကိုခိုင္းတဲ့လူကိုျပန္ေျပာျပလိုက္… “

“ ငါေျပာလိုက္မယ္ေလ ေနာ့”

“ ဟုတ္ၿပီ ဟုတ္ၿပီ ဒါဆို အခုက သင္နဲ႔ဒီေနရာနဲ႔ ဘာမွမဆိုင္ေတာ့ဘူး… ကိုယ့္နန္းကိုယ္ျပန္ဖို႔ က်ဳပ္အမိန္႔ေပးတယ္”

“ ငါ ျပန္လို႔မရေသးဘူးေနာ့ … ငါ့ ပစၥည္းဒီအိမ္မွာရွိေနတယ္ေနာ့”

“ သင့္ပစၥည္းကိုရွာၿပီးရင္ ျပန္လို႔ရၿပီမလား”

“ ေအး အဲဒီပစၥည္းမရွိရင္ငါျပန္လို႔ရၿပီ”

ရွမ္းသံဝဲဝဲနဲ႔ေျပာေနတဲ့စကားအဆုံးမွာ ေတာက္ရက အလိုက္သိစြာနဲ႔ ႂကြက္မင္းအင္းကိုမီးရႈိ႕လိုက္တယ္။ ႂကြက္မင္းအင္းကေနထြက္လာတဲ့ မီးခိုးေငြ႕ေတြက အထက္ကိုမတက္ပဲ အိမ္ဦးတိုင္နားမွာေဝ့ေနတာျမင္လိုက္ရတယ္။

“ ပစၥည္းက အိမ္ဦးတိုင္ေအာက္မွာရွိရမယ္… အျမန္သြားတူးၾကည့္”

သက္ခိုင္စကားေၾကာင့္ ေတာက္ရလဲ အိမ္ေအာက္ကိုဆင္းလာတဲ့အခ်ိန္ ေလွကားရင္းမွာ ရွိေနတဲ့ ဧည့္သည္သုံးေယာက္ကိုျမင္လိုက္ရေပမယ့္ မသိသလိုလုပ္ၿပီး အိမ္ဦးတိုင္ေအာက္ကို တူးလိုက္ရာ ဂ်ဳံအ႐ုပ္တစ္ခုကိုအနက္ေရာင္ေဘာင္းေတာ္နဲ႔ပတ္ထားတဲ့အထုပ္တစ္ထုပ္ထြက္လာခဲ့တယ္။

ေတာက္ရလဲ ရလာတဲ့အထုပ္ကို အိမ္ေပၚယူသြားၿပီးျပေတာ့

“ အင္း … ကိုးၿမိဳ႕ရွင္နတ္ကြန္းက ေဘာင္းေတာ္နဲ႔ ဒီအိမ္ရဲ႕အိမ္ေထာင္ဦးစီးကို လုပ္ထားတာကိုး”

“ ဒါကို မီးရႈိ႕လိုက္ရမလား ဆရာ”

“ အခုခ်က္ခ်င္းမီးရႈိ႕ၿပီး ရလာတဲ့ျပာကို ေရထဲေမ်ာခိုင္းလိုက္”

ေတာက္ရလဲ အစီရင္ထုပ္ကို အိမ္ေအာက္ကိုယူသြားၿပီး မီးရႈိ႕လိုက္တဲ့အခ်ိန္ အိမ္ေပၚမွာဝင္စီးေနတဲ့လူအသိစိတ္ျပန္ကပ္လာခဲ့တယ္။

“ ဒီေန႔ကစၿပီး က်ဳပ္တို႔ေပးတဲ့အေဆာင္နဲ႔ ေရမန္းကို မျပတ္ေဆာင္ထားပါ… ဒါဆို ဘယ္သူမွ ဒုကၡေပးလို႔မရေတာ့ဘူး”

“ ဆရာ ကြၽန္မတို႔ကိုဒီလိုျဖစ္ေအာင္ ဘယ္သူလုပ္တာလဲ သိပါရေစ”

“ ဘယ္သူလုပ္တယ္ဆိုတာထက္ ကာယကံရွင္ေနျပန္ေကာင္းလာဖို႔ကအဓိကမဟုတ္လား… သိပ္လဲစိတ္ပူမေနပါနဲ႔ သူတို႔လဲထပ္မလုပ္ေလာက္ေတာ့ပါဘူး”

သက္ခိုင္လဲ အိမ္မွာလိုအပ္တဲ့ အစီအရင္ေတြကို လုပ္ေပးၿပီးဆင္းလာေတာ့ အိမ္ေအာက္မွာ မ်က္စိပ်က္မ်က္ႏွာပ်က္ျဖစ္ေနတဲ့ လူသုံးေယာက္ကိုျမင္လိုက္ရတယ္။

“ ဟယ္ ကိုျမင့္ထြန္းတို႔ မျပန္ရေသးဘူးလား”

“ ဟုတ္တယ္ အစ္မ ျပန္မလို႔လုပ္ၿပီးမွ ကိုသစ္ဆန္း အေျခအေနသိခ်င္လို႔ ေစာင့္ေနလိုက္တာ… ဒီကဆရာေတြက အေတာ္စြမ္းတာပဲ”

“ ဟုတ္တယ္ေနာ္ … တစ္ခဏေလးအတြင္း ဘာေၾကာင့္ျဖစ္တယ္ဆိုတာ အေျဖရွာႏိုင္တယ္… “

“ ကိုသစ္ဆန္း ေနျပန္ေကာင္းလာေတာ့မွာမို႔ အရင္လို အလုပ္တူတူတြဲလုပ္ဖို႔ေစာင့္ေနတယ္ေနာ္”

“ အလုပ္မလုပ္ခင္ ကြၽန္မတို႔ကို ဒီလိုျဖစ္ေအာင္ ဘယ္သူလုပ္လဲဆိုတာ အရမ္းသိခ်င္ေနတာ… “

ႏွင္းႏု စကားေၾကာင့္ ကိုျမင့္ထြန္း မ်က္ႏွာပ်က္သြားတာကို သက္ခိုင္တို႔ သတိထားမိခဲ့ၾကတယ္။

“ ဒါျဖင့္ ကြၽန္ေတာ္တို႔လဲျပန္လိုက္ပါဦးမယ္… ေနာက္မွ ေအးေဆးျပန္လာခဲ့မယ္ေနာ္အစ္မ”

“ ေအးေအး ေျဖးေျဖးျပန္ၾကဦး…”

ႏွင္းႏုက ျမင့္ထြန္းတို႔ကိုႏႈတ္ဆက္ၿပီးေတာ့ သက္ခိုင္တို႔ကို ေျခႂကြခအျဖစ္ ေငြစကၠဴေတြအတင္းထိုးေပးပါေလေရာ။

“ မယူပါရေစနဲ႔ဗ်ာ ကြၽန္ေတာ္တို႔က လူနာရွင္ဆီကေန အခေၾကးေငြလက္မခံပါဘူးဆိုတဲ့ကတိခံထားရလို႔ပါ”

“ ဒီလိုေတာ့ဘယ္ဟုတ္မလဲ ဆရာတို႔ေက်းဇူး ကြၽန္မတို႔လင္မယားအေပၚရွိေနတာေလ လက္ခံပါေနာ္”

“ ဟုတ္ပါတယ္ဆရာေလး လက္ခံေပးပါဗ်ာ…”

လင္မယားႏွစ္ေယာက္လုံးစကားေၾကာင့္ သက္ခိုင္ ဘာလုပ္ရမွန္းမသိျဖစ္ေနတဲ့အခ်ိန္

“ ဒီလိုလုပ္ဗ်ာ ေငြေတြကို က်ဳပ္တို႔နာမည္နဲ႔ ဘုရားတစ္ဆူဆူမွာ လႉေပးလိုက္ပါ.. အဲလိုဆိုအဆင္ေျပတယ္မလား”

“ ဆရာတို႔သေဘာအတိုင္းလုပ္ေပးပါမယ္… ေက်းဇူးလဲတင္ပါတယ္… ဒါနဲ႔ ဆရာတို႔နာမည္ေလးေတြေရးခဲ့ေပးပါလား ဒါမွ ရည္စူးၿပီးလႉလို႔ရမွာေလ”

သက္ခိုင္တို႔လဲ စာ႐ြက္အလြတ္ေပၚမွာ
“ေအာင္ျမတ္သာ၊ သက္ခိုင္၊ ေတာက္ရ” ဆိုတဲ့နာမည္ကိုေရးေပးကာ ျပန္ထြက္လာခဲ့ၾကတယ္။

ဘုန္းႀကီးေက်ာင္းျပန္ေရာက္ေတာ့ သစ္႐ြက္ေျခာက္ေတြကို သန္႔ရွင္းေရးလုပ္ေနတဲ့ေအာင္ျမတ္သာကိုျမင္ေတြ႕လိုက္ရတယ္။

“ ဆရာ ကြၽန္ေတာ္တို႔ျပန္ေရာက္ပါၿပီ…ဒီေကာင္ေတြက ကိုးၿမိဳ႕ရွင္နတ္ကို ခိုင္းထားတာဗ်”

“ အခ်ိဳ႕ေအာက္လမ္းဆရာေတြက သူတို႔ရဲ႕ပညာကိုအသုံးျပဳၿပီးအထင္ကရနတ္စိမ္းေတြကိုခိုင္းစားတတ္ၾကတယ္.. ဒါေပမယ့္ မင္းတို႔က ကူညီေပးႏိုင္ခဲ့တယ္မလား”

“ ဆရာေက်းဇူးေၾကာင့္ ဘာမွမျဖစ္ပဲျပန္လာႏိုင္တာေလ.. ဟိုလူေတြက သူတို႔နာမည္ထြက္တာနဲ႔ ကြၽန္ေတာ္တို႔ကို တကယ္လုပ္္မွာဗ်”

သက္ခိုင္စကားကိုၾကားေတာ့ ေအာင္ျမတ္သာ ၿပဳံးလိုက္ၿပီး

“ လာမယ့္ တေပါင္းလျပည့္ေန႔ ဒီေတာင္ေၾကာတစ္ေနရာမွာ ေငြယားသိုက္တစ္ခုေပၚလာလိမ့္မယ္”

“ ေငြယားသိုက္ ဟုတ္လားဆရာ”

“ ဟုတ္တယ္ သက္ခိုင္… ေငြယားသိုက္ေစာင့္ေတြအေၾကာင္းကိုေတာ့ ညက်မွေသခ်ာေျပာျပေပးမယ္။ အခုေတာ့ ဒီေလာက္ပဲသိထားဦး”

သက္ခိုင္တို႔လဲ ေအာင္ျမတ္သာစကားအဆုံးမွာ ေငြယားသိုက္အေၾကာင္းသိခ်င္စိတ္ေတြ တဖြားဖြားျဖစ္ေပၚလာခဲ့တယ္။

သက္ခိုင္တို႔သိခ်င္ေနတဲ့အေၾကာင္းေတြကိုလဲ စာဖတ္သူတို႔သိခ်င္ေနၾကၿပီထင္ပါတယ္။

ဒါဆိုရင္ေတာ့ ေနာက္အပတ္ထြက္မယ့္ ေအာင္ျမတ္သာႏွင့္ေငြယားသိုက္ဆိုတဲ့ဝတၱဳကိုေစာင့္ေမွ်ာ္အားေပးၾကပါဦးေနာ္။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

#ညမဖတ္ရ

No comments

Post a Comment