*စုန်းကြောက်တဲ့ဗုံ*

  *စုန်းကြောက်တဲ့ဗုံ* (စ/ဆုံး) ********************************* ဆရာကြီး ဦးမင်းအောင်နဲ့ ဆရာနွံဖတို့ နောက်ကို ကျုပ်လျှောက်လိုက်နေတုန်း ကဗျ။ကျ... thumbnail 1 summary

 *စုန်းကြောက်တဲ့ဗုံ*

📖(စ/ဆုံး)

*********************************
ဆရာကြီး ဦးမင်းအောင်နဲ့ ဆရာနွံဖတို့
နောက်ကို ကျုပ်လျှောက်လိုက်နေတုန်း
ကဗျ။ကျုပ်ကိုယ်တိုင် ကြုံခဲ့တဲ့ ဖြစ်ရပ်
ကလေးတစ်ခုပေါ့ဗျာ။

ရှမ်းပြည်ဘက်မှာ ရောက်နေတဲ့ ကဝေပျံ
တစ်ယောက်ကို ဆရာကြီး ဦးမင်းအောင်
နှိမ်နင်းလိုက်ပြီးလို့ ကျုပ်တို့ ပြန်အလာမှာ
လမ်းရွာကလေး တစ်ရွာကို ဝင်ပြီး နေ့လယ်
စာ ထမင်းစားကြတယ်။ အဲဒီရွာမှာက ဆ
ရာနွံဖရဲ့ တပည့်တစ်ယောက် ရှိတာကိုးဗျ။

ဆရာကြီးနှစ်ယောက်နဲ့ ကျုပ်နဲ့ ထမင်းစား
သောက်ပြီးတဲ့အချိန်မှာ ရွာသူကြီး ရောက်
လာပြီး ဆရာတွေကို ဖမ်းတော့တာဗျို့။

"သူကြီး ဘာကိစ္စများ ရှိလို့တုံးဗျ"

ဆရာနွံဖက မေးသဗျ။ အရပ်ရှည်ရှည်
ထောင်ထောင်မောင်းမောင်းနဲ့ သူကြီး
က ပြောတယ်။

"ဒီလိုပါ ဆရာကြီးတို့၊ ကျုပ် အုပ်ချုပ်ရတဲ့
ဒီရွာမှာ ကလေးမလေးတွေ နှစ်ယောက်
သုံးယောက် ရှိပြီဗျ၊ အကောင်းသားကနေ
မူးကြ၊ ဝေကြ၊ အော့ကြ၊ အန်ကြ၊ ဖြစ်ကြ
တာ။ ကျုပ်စိတ်ထင်တော့ ဒီကလေးမတွေ
လူပြုစားခံရတယ်လို့ ထင်တယ်ဗျ။ အဲဒါ
ဆရာကြီး တဆိတ်လောက်ကြွပြီး စစ်ဆေး
ပေးပါဗျာ။ ကျုပ် အိမ်မှာပဲ ခေါ်ထားပါ့မယ်၊
တကယ်လို့ စုန်းကို ဖော်လို့ ရရင်တော့ ဒီ
ရွာမှာ မထားဘူး၊ ရွာပြင်ထုတ်ထားမယ်"

"အင်းလေ ကျုပ်လည်း ကြုံနေမှပဲ လိုက်
ခဲ့မှာပေါ့ သူကြီးရာ"

ဆရာကြီးတွေနဲ့ ကျုပ်နဲ့ သူကြီးအိမ်ရောက်
တော့ သူကြီး ခေါ်ထားတဲ့ ကလေးမလေး
သုံးယောက်နဲ့ သူတို့အမေတွေပါ ရောက်
နေကြတာဗျ။

ကလေးမလေးတွေက ဆယ့်လေးငါးနှစ်
လောက်ပဲ ရှိမှာပါဗျာ။ ဆရာကြီး ဦးမင်း
အောင်က ကလေးမတွေကို ဘုရားကန်
တော့ခိုင်းတယ်။ ပြီးတော့ လက်ကို သွေး
စမ်းပြီး ရောဂါစစ်တယ်။

"ဟုတ်တယ် သူကြီး၊ ဒီကလေးမတွေ စုန်း
ပြုစားခံထားရတာ"

"ဟာ ဟုတ်လား ဆရာကြီး၊ ဒါဆိုရင် ပြုစား
တဲ့ စုန်းမကို ဆရာကြီး ဖော်ပေးပါဗျာ"

"ကောင်းပြီလေ၊ ခင်ဗျားရွာထဲက မိန်းမတွေ
ကြီးတာရော ငယ်တာရော အားလုံးဆင့်ခေါ်
လိုက်တော့ဗျာ"

ခဏကြာတော့ သူကြီးအမိန့်နဲ့ ရွာထဲက
မိန်းမသုံးလေးဆယ်လောက် သူကြီးအိမ်
ကို ရောက်လာတယ်ဗျ၊ ကလေးမလေး
တွေပါ အကုန်ရောက်လာကြတာဗျို့။

"ကဲ ဆရာကြီး ဟောဒါ ကျုပ်ရွာမှာရှိတဲ့
မိန်းမကုန်ပဲဗျ"

ဆရာကြီး ဦးမင်းအောင်က ခေါင်းညိတ်
လိုက်ပြီး သူ့ဆေးအိတ်ထဲက သစ်သား
သေတ္တာပုံးကလေးကို ထုတ်ယူလိုက်
တယ်။ သေတ္တာကလေးဖွင့်ပြီး အထဲ
က အနီရောင် ဗုံကလေးကို ထုတ်ယူ
လိုက်တယ်ဗျ။

ဗုံကလေးက အရှည်သုံးလက်မလောက်ပဲ
ရှိမှာဗျ။ဗုံရှည်တွေအတိုင်း သားရေနဲ့ ကြက်
ထားတာဗျ။ ပြီးတော့ ဗုံတစ်ခုလုံး ဟင်္သာပြ
ဒါးတွေ ရဲနေအောင် သုတ်ထားတာ။ ဗုံတီး
တဲ့ တုတ်တံက ဖြူဖြူလေးဗျ။ ဆရာကြီးဦး
မင်းအောင်က ဘာမှ မပြောတော့ဘဲ ဗုံက
လေးကို တုတ်တံဖြူဖြူကလေးနဲ့ တီးတော့
တာပါပဲဗျာ။ ပါးစပ်ကလည်း ဂါထာလား
မန္တန်လား တစ်ခုခုကို ရွတ်နေတယ်ဗျ။

"တုံ၊ တုံ၊ တုံ၊ တုံ"

ဗုံသံက ခပ်တိုးတိုး မြည်တာပေါ့ဗျာ။ ကျုပ်
လည်း ဘာများဖြစ်လာမလဲလို့ ကြည့်နေ
တာဗ်။

"တုံ၊ တုံ၊ တုံ၊ တုံ၊ တုံ"

ဟော ထိုင်နေတဲ့ မိန်းမတွေအထဲက အ
သက် ဆယ့်ငါးနှစ်လောက်ရှိတဲ့ ကလေးမ
လေးတစ်ယောက် မတ်တတ်ထရပ်ရောဗျို့။
ပြီးတော့ ဘာမပြော ညာ မပြောနဲ့ ကတော့
တာပေါ့ပဲဗျာ။ကလိုက်တာမှ ကွေးနေအောင်
ကတာဗျို့။

ဆရာကြီးက ဗုံက အဆက်မပြတ် တီးပြီး
ပါးစပ်ကလည်း အဆက်မပြတ် ရွတ်နေ
တာဗျ။ ဒါပေမဲ့ နောက်ထပ် ဘယ်မိန်းမ
မှ ထမကတော့ဘူးဗျ။ ဆရာကြီးက ဗုံ
လေးကို တော်တော်ကြာအောင် တီးပြီး
မှ ရပ်လိုက်တယ်။ ဒီတော့မှ အဲဒီကလေး
မလေး ကတာ ရပ်သွားတယ်ဗျို့။

"ကဲ ကလေးမ၊ ဒီရှေ့ကို ထွက်ခဲ့ပေတော့"

ဆရာကြီး ဦးမင်းအောင်ရဲ့ အသံအောင်
အောင်ကြီးနဲ့ အမိန့်ပေးလိုက်တာနဲ့ အဲဒီ
ကလေးမလေးက ရှေ့ကို ထွက်လာတယ်
ဗ်

"ကဲ ကလေးမ ဘယ်လိုဖြစ်တာတုံး"

ကြုံ့ကြုံ့ကလေးထိုင်နေတဲ့ ကလေးမ
လေးက ဆရာကြီးကို မကြည့်ဘဲ ပြော
တယ်

"ကျမလည်း မသိပါဘူးရှင်"

ဆရာကြီး ဦးမင်းအောင်က ကလေးမ
လေးကို သေသေချာချာကြည့်ပြီး သူ့
အမေကို ရှေ့ခေါ်ပြီး မေးတယ်။ သူတို့
မျိုးရိုးမှာ ဒါမျိုးတွေတတ်တဲ့သူ မရှိတဲ့
အကြောင်း အမေလုပ်တဲ့သူက ပြော
ပြတယ်။ ဆရာကြီး ဦးမင်းအောင်က
ခေါင်းညိတ်ပြီး…

"သူကြီး ဒီကလေးမကို ရွာပြင်ထုတ်လို့
တော့ မဖြစ်ဘူးဗျ။ ဒါ ဝမ်းတွင်းစုန်းခေါ်
တယ်။ မွေးကတည်းက ပါလာတာဗျ။
ဒါမျိုးက အင်မတန် ရှားပါးတယ်၊ သူ
ကိုယ်တိုင်တောင် စုန်းဖြစ်နေတာကို
သိတာမဟုတ်ဘူး။ နေပါဦး၊ ကလေးမ
ရဲ့အမေကို ကျုပ်မေးပါရစေ၊ ဒီကလေးမ
ဟာ တစ်ခါတလေ ထမင်းမစားဘဲ သစ်
သီးအမှည့်တွေပဲ စားပြီးနေတတ်တယ်
မဟုတ်လား"

"ဟာ ဟုတ်တယ် ဆရာကြီး၊ သစ်သီး
အမှည့်တွေ့ရင် ထမင်းမစားတော့ဘူး၊
အဲဒါတွေပဲ စားတာ ဆရာကြီးရဲ့"

"အင်း…စုန်းခုနှစ်မျိုးမှာ ဒါ ခေါင်းစုန်းလို့
ခေါ်တယ် ဟိုကလေးတွေရဲ့ အရိပ်ကို
တစ်ခုခု လုပ်လိုက်တယ် ထင်ရတယ်ဗျ၊
ခေါင်းစုန်းဆိုတာ ခြေရာတို့ အရိပ်တို့က
နေ ပြုစားရတာ"

"ဟုတ်တယ်၊ ဟိုတနေ့က ကစားတုန်းက
ကျမချည်း ရှုံးတာနဲ့ စိတ်ဆိုးပြီး သူတို့အ
ရိပ်တွေကို ဖနောင့်နဲ့ ပေါက်လိုက်တာ"

"ကဲ ဒါဆိုရင် နင့်သူငယ်ချင်းတွေကို နင်
ကိုယ်တိုင်ပဲ လက်နဲ့သပ်ချပေးလိုက်ပေ
တော့"

ကလေးမလေးက ထသွားပြီး ဘုရားစင်ရှေ့
မှာ ထိုင်နေတဲ့ သူ့သူငယ်ချင်းမတွေကို တစ်
ကိုယ်လုံး လက်နဲ့ သပ်ချပေးလိုက်တယ်။

ဆရာကြီးက သူ့အမေရဲ့ တောင်းပန်မှု
ကြောင့် ဆေးအိတ်ထဲက ပါလာတဲ့ ဆေး
တွေ စုတ်တွေ ထုတ်ပြီး ကလေးမလေး
ကို ဆေးထိုးပေးတယ်။

"ကဲ…အားလုံးစိတ်ချကြပေတော့ ၊ နောက်
ထပ် မဖြစ်တော့ဘူး သိလား"

အဲဒီရွာက ပြန်ထွက်တော့မှ လမ်းမှာ ဆရာ
နွံဖက ဒီဗုံကလေးအကြောင်း ပြောပြတာဗျ။
ဒီဗုံကို တီးပြီး ဂါထာရွတ်ရင် ဘယ်စုန်းမှ
မနေနိုင်ဘဲ ထ,ကကြတာ ဆိုပဲဗျ။

ဗုံအတီး မရပ်မချင်း ကနေတော့တာတဲ့ဗျ။

"တာတေ မင်းမှတ်ထား၊ ဝါးပျံကို အဆစ်
နှစ်ဆစ်ကြားက ဖြတ်ယူ၊ ပြီးရင် ကြွက်
သရေကြက်ထားတာနဲ့ စည်ကြက်သလို
ကြက်ရတယ်၊ ပြီးရင် သစ်စည်းနဲ့ သရိုး
ကိုင်ပြီး ဟင်္သာပြဒါးသုတ်ရတယ်။ တီး
တဲ့တုတ်တံက သစ်သား မဟုတ်ဘူးကွ၊
ကြောင်နက်အရိုး"

"ဗျာ…ကြောင်နက်အရိုး ဟုတ်လား
ဆရာနွံဖ"

"အေး ဟုတ်တယ်၊ ရွတ်တဲ့ ဂါထာက
တခြား မဟုတ်ဘူးကွ၊ ပရိတ်ကြီး ဆယ့်
တစ်သုတ်ထဲက ခန္ဓသုတ်ကို ရွတ်ပြီး ဗုံ
ကို အဆက်မပြတ်တီးရတာ၊ ဘယ် စုန်း
မှကို မနေနိုင်ပါဘူးကွာ၊ ထပြီး ကကြ
တာပါပဲကြာ"

#မူရင်းရေးသူ ဆရာတာတေ

#credit

စာဖတ်သူများစိတ်ရွှင်လန်းပါစေ

ပြီးပါပြီ။

*စုန္းေၾကာက္တဲ့ဗုံ*📖(စ/ဆုံး)

*********************************
ဆရာႀကီး ဦးမင္းေအာင္နဲ႔ ဆရာႏြံဖတို႔
ေနာက္ကို က်ဳပ္ေလွ်ာက္လိုက္ေနတုန္း
ကဗ်။က်ဳပ္ကိုယ္တိုင္ ႀကဳံခဲ့တဲ့ ျဖစ္ရပ္
ကေလးတစ္ခုေပါ့ဗ်ာ။

ရွမ္းျပည္ဘက္မွာ ေရာက္ေနတဲ့ ကေဝပ်ံ
တစ္ေယာက္ကို ဆရာႀကီး ဦးမင္းေအာင္
ႏွိမ္နင္းလိုက္ၿပီးလို႔ က်ဳပ္တို႔ ျပန္အလာမွာ
လမ္း႐ြာကေလး တစ္႐ြာကို ဝင္ၿပီး ေန႔လယ္
စာ ထမင္းစားၾကတယ္။ အဲဒီ႐ြာမွာက ဆ
ရာႏြံဖရဲ႕ တပည့္တစ္ေယာက္ ရွိတာကိုးဗ်။

ဆရာႀကီးႏွစ္ေယာက္နဲ႔ က်ဳပ္နဲ႔ ထမင္းစား
ေသာက္ၿပီးတဲ့အခ်ိန္မွာ ႐ြာသူႀကီး ေရာက္
လာၿပီး ဆရာေတြကို ဖမ္းေတာ့တာဗ်ိဳ႕။

"သူႀကီး ဘာကိစၥမ်ား ရွိလို႔တုံးဗ်"

ဆရာႏြံဖက ေမးသဗ်။ အရပ္ရွည္ရွည္
ေထာင္ေထာင္ေမာင္းေမာင္းနဲ႔ သူႀကီး
က ေျပာတယ္။

"ဒီလိုပါ ဆရာႀကီးတို႔၊ က်ဳပ္ အုပ္ခ်ဳပ္ရတဲ့
ဒီ႐ြာမွာ ကေလးမေလးေတြ ႏွစ္ေယာက္
သုံးေယာက္ ရွိၿပီဗ်၊ အေကာင္းသားကေန
မူးၾက၊ ေဝၾက၊ ေအာ့ၾက၊ အန္ၾက၊ ျဖစ္ၾက
တာ။ က်ဳပ္စိတ္ထင္ေတာ့ ဒီကေလးမေတြ
လူျပဳစားခံရတယ္လို႔ ထင္တယ္ဗ်။ အဲဒါ
ဆရာႀကီး တဆိတ္ေလာက္ႂကြၿပီး စစ္ေဆး
ေပးပါဗ်ာ။ က်ဳပ္ အိမ္မွာပဲ ေခၚထားပါ့မယ္၊
တကယ္လို႔ စုန္းကို ေဖာ္လို႔ ရရင္ေတာ့ ဒီ
႐ြာမွာ မထားဘူး၊ ႐ြာျပင္ထုတ္ထားမယ္"

"အင္းေလ က်ဳပ္လည္း ႀကဳံေနမွပဲ လိုက္
ခဲ့မွာေပါ့ သူႀကီးရာ"

ဆရာႀကီးေတြနဲ႔ က်ဳပ္နဲ႔ သူႀကီးအိမ္ေရာက္
ေတာ့ သူႀကီး ေခၚထားတဲ့ ကေလးမေလး
သုံးေယာက္နဲ႔ သူတို႔အေမေတြပါ ေရာက္
ေနၾကတာဗ်။

ကေလးမေလးေတြက ဆယ့္ေလးငါးႏွစ္
ေလာက္ပဲ ရွိမွာပါဗ်ာ။ ဆရာႀကီး ဦးမင္း
ေအာင္က ကေလးမေတြကို ဘုရားကန္
ေတာ့ခိုင္းတယ္။ ၿပီးေတာ့ လက္ကို ေသြး
စမ္းၿပီး ေရာဂါစစ္တယ္။

"ဟုတ္တယ္ သူႀကီး၊ ဒီကေလးမေတြ စုန္း
ျပဳစားခံထားရတာ"

"ဟာ ဟုတ္လား ဆရာႀကီး၊ ဒါဆိုရင္ ျပဳစား
တဲ့ စုန္းမကို ဆရာႀကီး ေဖာ္ေပးပါဗ်ာ"

"ေကာင္းၿပီေလ၊ ခင္ဗ်ား႐ြာထဲက မိန္းမေတြ
ႀကီးတာေရာ ငယ္တာေရာ အားလုံးဆင့္ေခၚ
လိုက္ေတာ့ဗ်ာ"

ခဏၾကာေတာ့ သူႀကီးအမိန္႔နဲ႔ ႐ြာထဲက
မိန္းမသုံးေလးဆယ္ေလာက္ သူႀကီးအိမ္
ကို ေရာက္လာတယ္ဗ်၊ ကေလးမေလး
ေတြပါ အကုန္ေရာက္လာၾကတာဗ်ိဳ႕။

"ကဲ ဆရာႀကီး ေဟာဒါ က်ဳပ္႐ြာမွာရွိတဲ့
မိန္းမကုန္ပဲဗ်"

ဆရာႀကီး ဦးမင္းေအာင္က ေခါင္းညိတ္
လိုက္ၿပီး သူ႔ေဆးအိတ္ထဲက သစ္သား
ေသတၱာပုံးကေလးကို ထုတ္ယူလိုက္
တယ္။ ေသတၱာကေလးဖြင့္ၿပီး အထဲ
က အနီေရာင္ ဗုံကေလးကို ထုတ္ယူ
လိုက္တယ္ဗ်။

ဗုံကေလးက အရွည္သုံးလက္မေလာက္ပဲ
ရွိမွာဗ်။ဗုံရွည္ေတြအတိုင္း သားေရနဲ႔ ၾကက္
ထားတာဗ်။ ၿပီးေတာ့ ဗုံတစ္ခုလုံး ဟသၤာျပ
ဒါးေတြ ရဲေနေအာင္ သုတ္ထားတာ။ ဗုံတီး
တဲ့ တုတ္တံက ျဖဴျဖဴေလးဗ်။ ဆရာႀကီးဦး
မင္းေအာင္က ဘာမွ မေျပာေတာ့ဘဲ ဗုံက
ေလးကို တုတ္တံျဖဴျဖဴကေလးနဲ႔ တီးေတာ့
တာပါပဲဗ်ာ။ ပါးစပ္ကလည္း ဂါထာလား
မႏၲန္လား တစ္ခုခုကို ႐ြတ္ေနတယ္ဗ်။

"တုံ၊ တုံ၊ တုံ၊ တုံ"

ဗုံသံက ခပ္တိုးတိုး ျမည္တာေပါ့ဗ်ာ။ က်ဳပ္
လည္း ဘာမ်ားျဖစ္လာမလဲလို႔ ၾကည့္ေန
တာဗ္။

"တုံ၊ တုံ၊ တုံ၊ တုံ၊ တုံ"

ေဟာ ထိုင္ေနတဲ့ မိန္းမေတြအထဲက အ
သက္ ဆယ့္ငါးႏွစ္ေလာက္ရွိတဲ့ ကေလးမ
ေလးတစ္ေယာက္ မတ္တတ္ထရပ္ေရာဗ်ိဳ႕။
ၿပီးေတာ့ ဘာမေျပာ ညာ မေျပာနဲ႔ ကေတာ့
တာေပါ့ပဲဗ်ာ။ကလိုက္တာမွ ေကြးေနေအာင္
ကတာဗ်ိဳ႕။

ဆရာႀကီးက ဗုံက အဆက္မျပတ္ တီးၿပီး
ပါးစပ္ကလည္း အဆက္မျပတ္ ႐ြတ္ေန
တာဗ်။ ဒါေပမဲ့ ေနာက္ထပ္ ဘယ္မိန္းမ
မွ ထမကေတာ့ဘူးဗ်။ ဆရာႀကီးက ဗုံ
ေလးကို ေတာ္ေတာ္ၾကာေအာင္ တီးၿပီး
မွ ရပ္လိုက္တယ္။ ဒီေတာ့မွ အဲဒီကေလး
မေလး ကတာ ရပ္သြားတယ္ဗ်ိဳ႕။

"ကဲ ကေလးမ၊ ဒီေရွ႕ကို ထြက္ခဲ့ေပေတာ့"

ဆရာႀကီး ဦးမင္းေအာင္ရဲ႕ အသံေအာင္
ေအာင္ႀကီးနဲ႔ အမိန္႔ေပးလိုက္တာနဲ႔ အဲဒီ
ကေလးမေလးက ေရွ႕ကို ထြက္လာတယ္
ဗ္

"ကဲ ကေလးမ ဘယ္လိုျဖစ္တာတုံး"

ႀကဳံ႕ႀကဳံ႕ကေလးထိုင္ေနတဲ့ ကေလးမ
ေလးက ဆရာႀကီးကို မၾကည့္ဘဲ ေျပာ
တယ္

"က်မလည္း မသိပါဘူးရွင္"

ဆရာႀကီး ဦးမင္းေအာင္က ကေလးမ
ေလးကို ေသေသခ်ာခ်ာၾကည့္ၿပီး သူ႔
အေမကို ေရွ႕ေခၚၿပီး ေမးတယ္။ သူတို႔
မ်ိဳး႐ိုးမွာ ဒါမ်ိဳးေတြတတ္တဲ့သူ မရွိတဲ့
အေၾကာင္း အေမလုပ္တဲ့သူက ေျပာ
ျပတယ္။ ဆရာႀကီး ဦးမင္းေအာင္က
ေခါင္းညိတ္ၿပီး…

"သူႀကီး ဒီကေလးမကို ႐ြာျပင္ထုတ္လို႔
ေတာ့ မျဖစ္ဘူးဗ်။ ဒါ ဝမ္းတြင္းစုန္းေခၚ
တယ္။ ေမြးကတည္းက ပါလာတာဗ်။
ဒါမ်ိဳးက အင္မတန္ ရွားပါးတယ္၊ သူ
ကိုယ္တိုင္ေတာင္ စုန္းျဖစ္ေနတာကို
သိတာမဟုတ္ဘူး။ ေနပါဦး၊ ကေလးမ
ရဲ႕အေမကို က်ဳပ္ေမးပါရေစ၊ ဒီကေလးမ
ဟာ တစ္ခါတေလ ထမင္းမစားဘဲ သစ္
သီးအမွည့္ေတြပဲ စားၿပီးေနတတ္တယ္
မဟုတ္လား"

"ဟာ ဟုတ္တယ္ ဆရာႀကီး၊ သစ္သီး
အမွည့္ေတြ႕ရင္ ထမင္းမစားေတာ့ဘူး၊
အဲဒါေတြပဲ စားတာ ဆရာႀကီးရဲ႕"

"အင္း…စုန္းခုႏွစ္မ်ိဳးမွာ ဒါ ေခါင္းစုန္းလို႔
ေခၚတယ္ ဟိုကေလးေတြရဲ႕ အရိပ္ကို
တစ္ခုခု လုပ္လိုက္တယ္ ထင္ရတယ္ဗ်၊
ေခါင္းစုန္းဆိုတာ ေျခရာတို႔ အရိပ္တို႔က
ေန ျပဳစားရတာ"

"ဟုတ္တယ္၊ ဟိုတေန႔က ကစားတုန္းက
က်မခ်ည္း ရႈံးတာနဲ႔ စိတ္ဆိုးၿပီး သူတို႔အ
ရိပ္ေတြကို ဖေနာင့္နဲ႔ ေပါက္လိုက္တာ"

"ကဲ ဒါဆိုရင္ နင့္သူငယ္ခ်င္းေတြကို နင္
ကိုယ္တိုင္ပဲ လက္နဲ႔သပ္ခ်ေပးလိုက္ေပ
ေတာ့"

ကေလးမေလးက ထသြားၿပီး ဘုရားစင္ေရွ႕
မွာ ထိုင္ေနတဲ့ သူ႔သူငယ္ခ်င္းမေတြကို တစ္
ကိုယ္လုံး လက္နဲ႔ သပ္ခ်ေပးလိုက္တယ္။

ဆရာႀကီးက သူ႔အေမရဲ႕ ေတာင္းပန္မႈ
ေၾကာင့္ ေဆးအိတ္ထဲက ပါလာတဲ့ ေဆး
ေတြ စုတ္ေတြ ထုတ္ၿပီး ကေလးမေလး
ကို ေဆးထိုးေပးတယ္။

"ကဲ…အားလုံးစိတ္ခ်ၾကေပေတာ့ ၊ ေနာက္
ထပ္ မျဖစ္ေတာ့ဘူး သိလား"

အဲဒီ႐ြာက ျပန္ထြက္ေတာ့မွ လမ္းမွာ ဆရာ
ႏြံဖက ဒီဗုံကေလးအေၾကာင္း ေျပာျပတာဗ်။
ဒီဗုံကို တီးၿပီး ဂါထာ႐ြတ္ရင္ ဘယ္စုန္းမွ
မေနႏိုင္ဘဲ ထ,ကၾကတာ ဆိုပဲဗ်။

ဗုံအတီး မရပ္မခ်င္း ကေနေတာ့တာတဲ့ဗ်။

"တာေတ မင္းမွတ္ထား၊ ဝါးပ်ံကို အဆစ္
ႏွစ္ဆစ္ၾကားက ျဖတ္ယူ၊ ၿပီးရင္ ႂကြက္
သေရၾကက္ထားတာနဲ႔ စည္ၾကက္သလို
ၾကက္ရတယ္၊ ၿပီးရင္ သစ္စည္းနဲ႔ သ႐ိုး
ကိုင္ၿပီး ဟသၤာျပဒါးသုတ္ရတယ္။ တီး
တဲ့တုတ္တံက သစ္သား မဟုတ္ဘူးကြ၊
ေၾကာင္နက္အ႐ိုး"

"ဗ်ာ…ေၾကာင္နက္အ႐ိုး ဟုတ္လား
ဆရာႏြံဖ"

"ေအး ဟုတ္တယ္၊ ႐ြတ္တဲ့ ဂါထာက
တျခား မဟုတ္ဘူးကြ၊ ပရိတ္ႀကီး ဆယ့္
တစ္သုတ္ထဲက ခႏၶသုတ္ကို ႐ြတ္ၿပီး ဗုံ
ကို အဆက္မျပတ္တီးရတာ၊ ဘယ္ စုန္း
မွကို မေနႏိုင္ပါဘူးကြာ၊ ထၿပီး ကၾက
တာပါပဲၾကာ"

#မူရင္းေရးသူ ဆရာတာေတ

#credit

စာဖတ္သူမ်ားစိတ္႐ႊင္လန္းပါေစ

ၿပီးပါၿပီ။

No comments

Post a Comment