သေပြီးသော်မှ

  “*သေပြီးသော်မှ “* 📖📖📖 *************** မိုးလေး တဖွဲဖွဲရွာလာသည့်အချိန်မှ ကျနော်အိမ်ပြန်ရန် သတိရလိုက်သည်။ အချိန်က ရှစ်နာရီခွဲခန့် ရှိပြီး ... thumbnail 1 summary

 “*သေပြီးသော်မှ “* 📖📖📖

***************

မိုးလေး တဖွဲဖွဲရွာလာသည့်အချိန်မှ
ကျနော်အိမ်ပြန်ရန် သတိရလိုက်သည်။

အချိန်က ရှစ်နာရီခွဲခန့် ရှိပြီး ဖြစ်သဖြင့်
လိုင်းကား အသွားအလာလည်း မရှိတော့။

မြို့တွင်းမှ အပြန်ကားတစ်ချို့သာ ရပ်ကွက်ထဲ
ဝင်လာသည်ကို တွေ့နေရသည်။

လမ်းပေါ်မှာလည်း မိုးရွာနေသည့်အတွက်
လူရှင်းသလောက် ဖြစ်နေသည် သူငယ်ချင်းမိတ်ဆွေ
လေးယောက် ဆုံမိပြီး လက်ဖက်ရည်ဆိုင်မှာ
စကားကောင်းနေမိခြင်း ဖြစ်သည်။

သူတို့၏ ရပ်ကွက်ဖြစ်သဖြင့် အချိန်လင့်သော်လည်း
အကြောင်းမဟုတ်သဖြင့် ထိုင်ရာမှ မထကြသေး။

ကျနော်က သူတို့ရပ်ကွက်မှ အပြန်လမ်းလျှောက်လျှင်
တစ်နာရီနားပါးမျှ ကြာပေလိမ့်မည်။

သို့ကြောင့် ဆိုက်ကား စီး၍ စိတ်ကူးပြီး
အနီးပတ်ဝန်းကျင်မှာ
ဆိုက်ကားရှိ/မရှိ ကြည့်လိုက်သည်။

ဆိုက်ကားတစ်စီးမှမတွေ့ ရှေ့လမ်းဆုံမှာ
ရှိကောင်းပါရဲ့တွေးပြီး
ထီးဆောင်းကာ ဆက်လျှောက်လာခဲ့သည်။

ကလင်…ကလင်…ကလင်…

ခြေလှမ်းအနည်းငယ်ပဲ လှမ်းရသေးသည်။
နောက်ဘက်က ဆိုက်ကားဘဲလ်တီးသံကြောင့်
ဝမ်းသာအားရနှင့် နောက်လှည့်ကြည့်ပြီး ဆိုက်ကားကို
တားလိုက်သည်။

အနားသို့ ရပ်လာသော ဆိုက်ကားဆရာက…

“ဘယ်သွားမလဲ ဆရာကြီး”

“ကျန်စစ်သား လမ်းကိုပါ”

“တစ်ထောင့်ငါးရာတော့ပေးဗျာ”

ကျနော်လည်း စျေးမဆစ်တော့ဘဲ ဆိုက်ကားပေါ်သို့
တက်လိုက်သည်။ နေ့ခင်းဆို တစ်ထောင်ပေးစီးရသောလမ်း
ဖြစ်သည်။

ဆိုက်ကားနင်း၍ မကြာခင်
ဆိုက်ကားဆရာက စကားစပြောသည်။

“မိုးက ကုန်တော့မယ် ဒီနှစ် မုန်တိုင်းကြီးကြီးမားမား
မကျလို့ တော်တော်လေး
ကံကောင်းတဲ့ နှစ်လို့ပြောလိုရတယ်”

“မုန်တိုင်းကို ကြောက်လို့လား”

“ဟာ ဆရာကြီးကလည်း မုန်တိုင်းဆိုတဲ့ အသံ နောက်ပြောင်
ပြောတာတောင် မကြားချင်ဘူး။ ကျနော်တို့ မိသားစု
ကွေကွင်းရတာ ။ ဘဝတွေပျက် ။
စီးပွားတွေ ပျက်ရတာလည်း ဒီမုန်တိုင်းကြောင့် ဆိုပါတော့”

“ဆရာကြီးက ဘယ်မုန်တိုင်းနဲ့ ကြုံဖူးလိုက်လို့လဲ”

“ဘယ်မုန်တိုင်းဖြစ်ရမလဲ ။
နာဂစ်မုန်တိုင်းပေါ့ဗျာ။
ကျနော်က ဘိုကလေးမြို့နယ်မှာ နေတာ။

မိသားစု ခုနှစ်ယောက်ရှိတဲ့ အထဲက ကျနော်ရယ်
မြေးမလေးရယ်ပဲ အသက်ရှင်ကျန်ခဲ့တာ။
ကျနော်တို့ရဲ့ ဆွေမျိုးတွေလည်း အကုန်သေကုန်တယ်
မုန်တိုင်းစဲတော့ ကယ်ဆယ်ရေးစခန်းမှာ
တစ်လနေခဲ့တယ်။ နောက်ပိုင်း အဲဒီသားကွဲ မယားကွဲ။

ဆွေမျိုး ကွဲတဲ့နေရာဒေသမှာ မနေချင်တော့လို့
မြေးမလေးကို ခေါ်ပြီး ရန်ကုန်ကို ထွက်လာခဲ့တာ။
ဒီရန်ကုန်မှာ ရရာအလုပ်ရှာပြီး လာလုပ်နေတာ။
အခု ဆိုက်ကားနင်းပြီး အလုပ်လုပ်နေတယ်။

မြေးမလေးကလည်း အထည်ချုပ် စက်ရုံမှာ
အလုပ်,လုပ်နေပြီ ။ မြေးမလေးက ရန်ကုန်ကို
လာကာစက ဆယ့်သုံးနှစ် သမီးပဲရှိတာ။
အခုတော့ အရွယ်ရောက်နေပါပြီ။
မြေးအဖိုး နှစ်ယောက်ရတဲ့ ပိုက်ဆံနဲ့ အိမ်ငှားခ
စားဝတ်နေရေး ဖြေရှင်းရတာပေါ့ဗျာ”

“အဲဒီအချိန်က လူတွေတော်တော်သေမှာပဲနော်”

“သေတာတော့ မပြောပါနဲ့ဗျာ။
သိန်းဂဏန်းချီတယ်။
လေတိုက်နှုန်းကလည်း (၁၂၀)ကျော်တယ်တဲ့။
ဧရာဝတီတိုင်းမှာ ဟိုင်းကြီးကျွန်း
လပ္ပတ္တာမြို့နယ် မော်ကျွန်းမြို့နယ်
ဘိုကလေးမြို့နယ် ဖျာပုံမြို့နယ်
ကျိုက်လတ်မြို့နယ် ဒေးဒရဲမြို့နယ်
ကွမ်းခြံကုန်း ကော့မှူးမြို့နယ်တွေက
အထိနာဆုံးဗ်”

“လူတွေ ဒီလောက်အများကြီးသေတာ။
အစိမ်းသေတွေဆိုတော့ သရဲလည်း
တော်တော်ခြောက်မှာပဲနော်”

“သရဲကတော့ နေရာအနှံ့ခြောက်တာပေါ့ဗျာ။
ဒါပေမဲ့ ကြောက်အောင်ခြောက်တာတော့ မဟုတ်ဘူး။
အပူသည်တွေ မဟုတ်လား။
ညညဆိုရင် ကယ်ပါ ယူပါ တဆာဆာဆာအော်သံတွေ
ကြောက်လန့်ပြီး ပြေးလွှားသံတွေ ငိုယိုပြီး
မိသားစုကို ခေါ်နေတဲ့အသံတွေ ညတိုင်းလိုလို
ကြားနေရတယ်”

“ဒါထက် သရဲအကြောင်းလေးများ
ကိုယ်ပိုင်ကြုံတွေ့ခဲ့ရင်
ပြောပြပါလား ။ ကျနော်က
သရဲအကြောင်းစာရေးနေတာဆိုတော့
ကြုံဖူးတာလေးများ ရှိရင် ကြုံတုံးပြောပြပါလား”

“အင်း…ရေစကြီးကာစ အချိန်မှာပဲ
သနားစရာကောင်းတဲ့ ဝိညာဉ်သရဲတစ်ကောင်နဲ့
ကြုံလိုက်သေးတယ်။အဲဒီအကြောင်း ပြောပြမယ်”

“ဟုတ်ကဲ့ ကျေးဇူးပါပဲ”

XxXXXXX

အချိန်က တန်ခူးလဆုတ်(၁၂)ရက် ၂၀၀၈ ခုနှစ် မေလ (၂)ရက်
သောကြာနေ့ ည(၈)နာရီကျော်မှစ၍ နာဂစ်မုန်တိုင်းစတင်
တိုက်ခတ်လာသည်။

လေသံက တဝုန်းဝုန်း ကြောက်ခမန်းလိလိ
တိုက်ခတ်နေသည်။

ဦးထွန်းလှ၏အိမ်က ကြမ်းပြင်မှ
မြေပြင်အထိ လေးပေခန့်မြင့်သည်။

“အဖေ အဖေ ဒီလေတော်တော် ပြင်းတယ်။
ဒီအတိုင်း ဆက်တိုက်နေရင် သစ်ပင်တွေ လဲနိုင်တယ်”

“ဟော …ခြံထဲက ကုက္ကိုပင်ကြီးလဲသွားပြီ
ဟင်…အုန်းပင်ပါ လဲတော့မယ်”

လေစတိုက်စဉ် မိုးသက်လေပြင်းက ပါလာသည့်အတွက်
ရေပါကြီးတက်လာသည်။ ညဆယ်နာရီခန့်အရောက်
အိမ်ကြမ်းပြင်ကို ရေထိခတ်သံ ကြားလိုက်ရသည်။

ဦးထွန်းလှက အိမ်ရှိ လူအားလုံးကို သတိပေးလိုက်သည်။

“ဟဲ့ အခြေအနေမကောင်းဘူး ။
ရေ ဒီထက်ပိုတက်လာရင် အိမ်ထဲမှာ နေလို့မရတော့ဘူး
တာပေါ်သွားကြမယ်”

တာက ဆယ်ပေမှ ဆယ့်နှစ်ပေခန့် မြင့်သဖြင့်
ရေလွတ်နိုင်သည်။

“နေပါဦး …တော်…ခဏနေ လေငြိမ်သွားရင်
ရေပြန်ကျသွားမှာပဲ စောင့်ကြည့်ပါဦး”

ဝေါ ဝေါ ဝေါ

ဝုန်း…ဝုန်း…ဝုန်း…

ဝှီး…ဝှီး …ဝှီး

သူတို့နေသော အိမ်အမိုးပွင့်ထွက်သွားသည်။

လုံးဝ အမိုး မရှိတော့ ခြံထဲမှ အုန်းပင်များ သစ်ပင်များလည်း
ယိုင်လဲနေပြီ ။

“ကဲ…အားလုံး ဆင်းကြ ။ ဘာပစ္စည်းမှ
ယူမနေနဲ့ လူလွတ်ဖို့ အရေးကြီးတယ်”

သူတို့မိသားစု အိမ်ပေါ်က ဆင်း၍
မြေပြင်အရောက်မှာ ရေက ရင်စို့ခန့် ရောက်နေပြီ ဖြစ်သည်။

ဦးထွန်းလူက မြေးမလေးကို ပခုံးပေါ် ခွထိုင်ခိုင်းလိုက်သည်။
ထို့နောက် ဇနီးသည်ကို လက်ကဆွဲသည်။

သားကြီးက သူ၏သားကြီးကို ကုပ်ပေါ်တင်ပြီး
ဇနီးသည်အား လက် လက်က ဆွဲသည်။

ဇနီးသည်ကလည်း သားငယ်လေးကို ကုပ်ပေါ်တင်ပြီး
လှိုင်းပုတ်ခတ်နေသော ရေကို အံတုပြီး အိမ်ပေါ်မှ
ဆင်းခဲ့ကြသည်။

တာလမ်းရှိရာသို့ ဦးတည်လျှောက်ခဲ့သည်။

ရေက လည်ပင်းအထိ နစ်မြှုပ်နေသလို
လှိုင်းများ၏ ရိုက်ခတ်မှုက မျက်နှာကို
လာရောက် ထိခတ်နေသည်။

“မြေးလေး အဘိုးခေါင်းကို သေသေချာချာ ကိုင်ထား
မမြအေး လျှောက်လို့ရလား”

ဒေါ်မြအေးက ဦးထွန်းလှအရပ်နှင့် သိပ်မကွာသည့်အတွက်
ရေက လည်းပင်အထိ ရောက်သေးသည်။

အားလုံးရေထဲ စမ်းပြီး လျှောက်နေခဲ့သည်။
ရေဆန် လေဆန် တိုးဝှေ့သွားနေရသဖြင့်
ခရီးမထွင် လေက ပြင်းထန်လွန်းသဖြင့်
လှိုင်းများက တစ်လုံးပြီး တစ်လုံး ခေါင်းပေါ်က
ဖြတ်ဖြတ်သွားသည့်အတွက် ရေမွန်းနေကြသည်။

တာလမ်းမကြီးပေါ်မှာ လူတစ်ချို့ ရောက်နေကြောင်း
ဓါတ်မီးရောင်များကြောင့် သိနေရသည်။

ထိုနေရာကို မှန်းပြီး လာနေပေမယ့် လေပြင်းကြောင့်
ရှေ့ကို မရောက်နိုင် …

“ဝေါ…ဝေါ…ဝေါ…”

“အမလေး”

ရေအောက်မှာ လဲနေသော သစ်ပင်အကိုင်းများကို
ခလုတ်တိုက်ပြီး ဦးထွန်းလှ၏
ချွေးမက ယောင်္ကျားလက်မှလွတ်ပြီး
ရေစီးနှင့်အတူ မျောသွားသည်။

“မိစိုး …ရေ…မိစိုး တွေ့တဲ့သစ်ကိုင်းကို ဆွဲထား”

ကုပ်ပေါ်မှ ကလေး၏ အလေးချိန်ကြောင့်
တစ်ဖက်သို့ လဲကျသွားသော မစိုးမေလည်း ကုပ်ပေါ်က
ကလေးလွတ်သွားသဖြင့် ကလေးကို မမိတော့။

ယောင်္ကျားဖြစ်သူလည်း ဇနီးသည် ရေထဲမျောပါသွားသည်ကို
တွေ့သဖြင့် လိုက်ဆယ်ရန် ကြိုးစားသော်လည်း
ကုပ်ပေါ်မှာ ကလေးတစ်ယောက်က ရှိနေသလို
လေကလည်း လူကို တွန်းထုတ်သလို ဖြစ်နေသည်။

လှိုင်းကလည်း ပြင်းထန်စွာ ရိုက်ခတ်နေသည့်အတွက်
နီးရက်နဲ့ ဝေးသွားရတော့သည်။

မယားဖြစ်သူက အဝေးသို့ မျောသွားသလို လင်ဖြစ်သူကလည်း
ရေထဲမှ သစ်ကိုင်းကို ခလုတ်တိုက် လဲကျပြီး
ကုပ်ပေါ်က ကလေးပြုတ်ကျသွားသဖြင့်
ကလေးကို လိုက်ဆယ်ယူရာက သစ်ကိုင်းများနှင့်
ငြိတွယ်ပြီး ရေပေါ်သို့ ပြန်ပေါ်မလာတော့။

ယောင်္ကျားဖြစ်သူလည်း ဇနီးသည်ရေထဲမျောပါသွားသည်ကို
တွေ့သဖြင့် လိုက်ဆယ်ရန် ကြိုးစားသော်လည်း
ကုပ်ပေါ်မှာ ကလေးတစ်ယောက်က ရှိနေသလို
လေကလည်း လူကို တွန်းထုတ်သလို ဖြစ်နေသည်။

လှိုင်းကလည်း ပြင်းထန်စွာ ရိုက်ခတ်နေသည့်အတွက်
နီးရက်နဲ့ ဝေးသွားရတော့သည်။ မယားဖြစ်သူက
အဝေးသို့ မျောသွားသလို လင်ဖြစ်သူကလည်း
ရေထဲမှ သစ်ကိုင်းကို ခလုတ်တိုက် လဲကျပြီး
ကုပ်ပေါ်က ကလေးပြုတ်ကျသွားသဖြင့်
ကလေးကို လိုက်ဆယ်ယူရာက သစ်ကိုင်းများနှင့်
ငြိတွယ်ပြီး ရေပေါ်သို့ ပြန်ပေါ်မလာတော့။

ဦးထွန်းလှလည်း သားနှင့် ချွေးမတို့အဖြစ်ကို
မြင်ပြီး ရှေ့ကို ဆက်မသွားနိုင်ဖြစ်နေသည်။

အမှောင်ထုကလည်း တစ်ယောက်နှင့်တစ်ယောက်
သိပ်မဝေးပါဘဲ မမြင်နိုင်သော အဖြစ်မျိုး ကြုံနေရသည်။

ထိုအချိန် ရေလှိုင်းများက တဝုန်းဝုန်း ရိုက်ခတ်နေသည့်အတွက်
ဦးထွန်းလှ၏ ဇနီးမှာ ရေမွန်းပြီး အသက်ရှုကြပ်နေသည်။

အဒေါ်ကြီးမှာ နှလုံးရောဂါအခံကလည်း ရှိသည်။

သားနှင့် ချွေးမ မြေးငယ်များ၏ အဖြစ်ကို မြင်ပြီး
ရေထဲမှာပင် သတိမရ တစ်ချက်ရ တစ်ချက်ဖြစ်ကာ
အသိလွတ်,လွတ်သွားသည်။

ဝါးတစ်ပြန်ခန့်သာရှိတော့သည်။
တာလမ်းသို့ရောက်ရန် ရေစီးကို အံတုပြီး
အားကုန် တိုးသွားသည်။

ဇနီးသည်ကိုလည်း လက်က မလွတ်တမ်း ဆွဲထားသည်။

“ကယ်ကြပါဦး…ကယ်ကြပါဦး”

တာပေါ်မှ လူများကြားရန် မိုးလေသံကို
အံတုပြီး အားကုန်အော်လိုက်သည်။

ဦးထွန်းလှ၏ အသံကို ကြားသဖြင့် တာပေါ်မှ
လူများ ဓါတ်မီးနှင့် လှမ်းထိုးကြသည်။

“ရှေ့တိုး လာခဲ့ဗျို့။
ရောက်တော့မယ်”

တာဘေးမှာ ကပ်ရောက်နေသော သစ်ပင်ကြီးတစ်ပင်၏
အကိုင်းကို ဦးထွန်းလှ ဖမ်းဆုပ်ကိုင်မိလိုက်သည်။

ထိုအပင်ကြီးကလည်း လေပြင်းတိုက်၍
ရေလှိုင်းရိုက်သဖြင့် လှုပ်ရှားနေသည်။
သူသတိထားပြီး ဖမ်းဆုပ်လိုက်သည်။

တာပေါ်မှ လူငယ်နှစ်ယောက်က သစ်ကိုင်းကြီးကို
အားပြုပြီး ဦးထွန်းလှတို့ကို ရေထဲဆင်းပြီး လာဆွဲသဖြင့်
ကံကောင်းထောက်မစွာ တာပေါ်သို့ ရောက်ခဲ့သည်။

ဦးထွန်းလှလက်ထဲမှ မလွှတ်ဘဲ ဆွဲလာသော ဇနီးသည်က
တာပေါ်ရောက်လာပေမဲ့ အသက်ပါမလာတော့ချေ။

တာလမ်းမနှင့် အိမ်ပေခြောက်ဆယ်ခန့်သာ
ဝေးသော်လည်း လေပြင်းနှင့် ရေလှိုင်းတို့က
သူတို့ မိသားစု ခုနှစ်ယောက်မှ ဦးထွန်းလူနှင့်
မြေးမလေး တို့နှစ်ယောက်ကိုသာ အသက်ရှင်ခွင့်
ပေးခဲ့သည်။

ထို့နောက်ပိုင်း ဦးထွန်းလှတို့ကဲ့သို့ပင် တစ်ယောက်စ
နှစ်ယောက်စ တာပေါ်သို့ ရောက်လာကြသည်။

သူတို့တစ်တွေလည်း မိသားစု အကွဲကွဲ
အပြားပြားနှင့် ရောက်ရှိလာခြင်း ဖြစ်သည်။

အချိန်က ဆယ်တစ်နာရီခွဲခန့်ရှိပြီး အသက်နှစ်ဆယ်ခန့်ရှိသော
လူငယ်တစ်ယောက် တာပေါ်သို့ ကုတ်ဖက်တွယ်တက်လာသည်။

သူက အဝါရောင်တီရှပ်နှင့် အနီရောင်ဘောင်းဘီကို
ဝတ်ဆင်ထားသည်။

“ကယ်ကြပါ …ကယ်ကြပါ
ဟိုနားမှာ ကျနော့်ညီလေးနဲ့ ကျနော့်အမေ ရေနစ်နေတယ်
ဟိုရှေ့က မလဲသေးတဲ့အုန်းပင်မှာ တွယ်ကပ်နေတယ်
ဝိုင်းကယ်ပေးကြပါ”

“မင်းငါတို့ကို ဓါတ်မီးနဲ့ ထိုးပြ”

လူကြီးတစ်ယောက်က ဓါတ်မီးလှမ်းပေးသည်။

“ဦးလေးပဲ ထိုးကြည့်ပါ။
ဟိုရှေ့က အုန်းပင်ကြီးမှာပါ”

မိုးကလည်း သည်းကြီးမည်းကြီး ရွာနေသလို
လေပြင်းကလည်း တိုက်နေသည်။
ဓါတ်မီးရောင်က အဝေးသို့တိုင် မမြင်ရ
မိုးစက်မိုးပေါက်များက ပိတ်ထားသလို ဖြစ်နေသည်။

“တွေ့ပြီ အုန်းပင်တော့ တွေ့ပြီ”

“အဲဒီအပင်မှ တွယ်ပြီး ဖယ်ထားတယ်”

တာပေါ်မှာ လူလတ်ပိုင်းနှစ်ယောက် ရေထဲသို့
ဆင်းသွားပြီး ဓါတ်မီးဝိုင်း ထိုးထားသော
အုန်းပင်သို့ ကူးသွားသည်။

ရေကူးလာသော လူရွယ်နှစ်ရွယ်က ခါးတစ်ပိုင်း
ပေါ်နေသော ဆယ်နှစ်ရွယ် ကောင်လေးကို
တွေ့၍ ဆွဲယူလိုက်သည်။

ထို့နောက် ကျန်လူရွယ်က ရေထဲမှာ
ခေါင်းသာပေါ်နေသော အဒေါ်ကြီးကို
ရေပေါ်ဆွဲယူလိုက်ပြီး တာလမ်းဘက်သို့
ကူးခဲ့သည်။

တာပေါ်မှ နေ၍ လူတစ်စုက ဝိုင်းဆွဲ တင်ကြသည်။

ကောင်လေးက ဘာမှ မဖြစ်သော်လည်း
အသက်ငါးဆယ်ခန့် အဒေါ်ကြီးက သတိမေ့လျက်
ပါလာသည်။

ပါးစပ်ထဲမှ ရေများထွက်အောင် လုပ်ပြီး သတိရအောင်
ပြုရကြသဖြင့် ခဏအတွင်း သတိပြန်ရလာသည်။

“ဟဲ့…ငါ့သားကြီး …ငထွန်း …ငထွန်း သားကြီးရော
သားကြီး သားကြီးရေ”

“အမေ…အစ်ကိုကြီးကို မတွေ့ဘူး”

“စောစောက သူလာပြောလို့ အဒေါ်တို့ သားအမိကို
ကျနော်တို့ ဆင်းဆယ်တာ”

“မဟုတ်ဘူး …မဟုတ်ဘူး သားသေပြီနဲ့ တူတယ်
သားက အဒေါ်တို့ကို အပင်မှာ ဖက်ပြီး ထမ်းတင်ပေးထားတာ”

“မဟုတ်သေးဘူးအဒေါ် …သူလာပြောလို့ ကျနော်တို့
အခုလို ဆင်းဆယ်ဖြစ်တာ အဒေါ်တို့က ဘယ်နှယောက်လဲ”

“အိမ်က ထွက်လာကတည်းက သုံးယောက်ထဲ
ကျန်တဲ့သမီးနဲ့ သမက်က ငါးရှားတဲ့ နေရာမှာ ရောက်နေတယ်
သူတို့လည်း ရှိတော့မယ် မထင်ဘူး။
ငါ့သားကြီးကို သွားကယ်ကြပါ”

“ဟေ့ ..သိန်းဇော် ရေကူးနိုင်သေးလား အဒေါ်ကြီး
ကျေနပ်အောင် သွားကြည့်ပေးပါ”

“စောစောက လာပြောတဲ့ ကောင်လေးဘယ်မှာလဲ”

အမှောင်ထဲမှာ ယောင်္ကျား မိန်းမဆယ့်ငါးယောက်ခန့်
ရှိသော်လည်း စောစောက ကယ်ပါယူပါ ဟု လာပြောသော
ကောင်လေးကို ခေါ်ထုတ်ရာ မရသဖြင့် သိန်းဇော်ဆိုသော
လူရွယ်လည်း ရေထဲ ဆင်းသွားသည်။

အဒေါ်ကြီး သားအမိကို ကယ်တင်ခဲ့သော အုန်းပင်ကြီးသို့
ကူးသွားသည် ။တာလမ်းမှ ပေနှစ်ဆယ်ခန့်သာ
ဝေးပေမယ့် လေပြင်းကလျော့ မသွားသလို
နှစ်ပေသုံးပေခန့်မြင့်သော လှိုင်းလုံးများက
တဝုန်းဝုန်း ပစ်ရိုက်နေသဖြင့် အုန်းပင်ရှိရာသို့
ပင်ပန်းကြီးစွာ ကူးခတ် သွားရသည်။

အုန်းပင်ကြီးသို့ရောက်သည်နှင့် ရေအောက်သို့ငုပ်ပြီး
စမ်းလိုက်သည်။အဒေါ်ကြီးပြောသည့်အတိုင်း
အောက်နားမှာ အုန်းပင်ကို ဖက်ထားသော လူတစ်ယောက်ကို
စမ်းမိလိုက်သည်။

ဖက်ထားသော လက်ကို ဆွဲဖြုတ်ကာ
ရေပေါ်သို့ ဆွဲတင်လိုက်သည်။
သိန်းဇော် ဆွဲတင်လိုက်သော လူမှာ
အသက်ကင်းမဲ့နေကြောင်း သိသော်လည်း
တာရိုးအထိ ကြိုးစား ဆွဲခေါ်ခဲ့သည်။

တာပေါ်က လူအားလုံးသတိကင်းမဲ့သော လူရွယ်ကို
မြင်လိုက်သည်နှင့် တအံတသြ ဖြစ်သွားကြသည်။

“ဟင်…ဒီကလေး အသက်မရှိတော့ဘူး”

“ငါ့သား သေပြီ ဟုတ်လား ဟီး ဟီး…အမလေး
သားကြီးရဲ့ အမေတို့ကို ရေပေါ်,ပေါ်အောင်
အုန်းပင်ကို ဖက်ခိုင်းထားပြီး သူက အောက်က
ထမ်းတင်ပေးထားတယ်။ အမလေးသားရဲ့
သားသေမယ့် အစား ဒီအိုကြီး အိုမကြီး သေတာက
ကောင်းသေးတယ် ဟီး ဟီး ဟီး”

“အဒေါ် …အဒေါ် သားအတွက် ဖြေပါ ။
အဒေါ် သားက သူ့အသက်အသေခံပြီး တာတောင်။
အဒေါ်တို့ကို ကယ်ပေးဖို့ လာပြောသွားတယ်”

“ဘာ…ဘာပြောတယ်”

“စောစောက အဒေါ်တို့ကို လာမဆယ်ရသေးခင်
သူ့မှသူ ဒီဘောင်းဘီတို အနီရောင် တီရှပ်အဝါရောင်နဲ့
တာပေါ်တက်လာပြီး ဟိုအုန်းပင်မှာ
အမေနဲ့ ညီလေးဖက်ထားတယ် သွား ကယ်ပေးကြပါလို့
အသည်းအသန် လာပြောတာနဲ့ ကျုပ်တို့ ဆင်းကယ်ဖြစ်တာ”

“ဟုတ်တယ် ဒီအင်္ကျီနဲ့ ဒီဘောင်းဘီကို ငါတို့မှတ်မိတယ်”

အားလုံး ဝိုင်းပြောကြသည်။

“အမလေး …ငါ့သားကြီး သေပြီးတာတောင် အမေနဲ့
ညီလေးကို ကယ်ခိုင်းသွားသေးတယ်။
ဟီး…ဟီး…ဟီး”

“ကဲ…စိတ်မကောင်း မဖြစ်နဲ့တော့ အဒေါ်
သူအသက်ပေးပြီး ကယ်သွားခဲ့တာ အဒေါ်တို့သားအမိ
အသက်ရှင်အောင် နေပေတော့”

တစ်ယောက်ကို တစ်ယောက်အားပေးနေကြသော်လည်း
အားလုံးဆောင်းစရာ မရှိ။ မိုးကာမရှိ။ မိုးထဲလေထဲမှာ
အသည်း ခိုက်အောင် ချမ်းနေကြသည်။

တစ်ညလုံး မိုးမစဲ လေတိုက်မရပ်ပါက တာပေါ်မှာ
ရောက်နေသူတို့၏ အသက်အားလုံး ရှင်နိုင်ဖွယ် မရှိနိုင်တော့
ရေက တာပေါ်ရောက်ရန် နှစ်ပေခန့်သာ ရှိတော့သည်။

XXXXXXXX

“အဲဒါ …နာဂစ်ဖြစ်တဲ့ညမှာ သေသွားပြီဖြစ်တဲ့
သရဲဝိညာဉ်ကောင်လေးက လူအသွင်နဲ့ တာပေါ်ကို
ရောက်လာပြီး သူ့အမေနဲ့ သူညီကို ကယ်ခိုင်းခဲ့တယ်
ကယ်တဲ့ လူတွေလည်း ရေထဲဆင်းရော သူလည်း
ပျောက်သွားရောပဲ တကယ့်ကြေကွဲစရာပါပဲဗျာ

မိုးလင်းတော့ တာပေါ်မှာ လူလေးယောက်အအေးပတ်ပြီး
သေသွားသေးတယ်။ကျုပ်တို့မြေးအဖိုးနဲ့ ဝိညာဉ်ကောင်လေးရဲ့
အမေနဲ့ ညီလေးလည်း မသေဘဲ ကျန်ခဲ့တယ်။
လေကလည်း ငြိမ်သက်ပြီဆိုတော့ ကယ်ဆယ်ရေးတွေ
ရောက်လာတယ်။ကျုပ်တို့ မြေးအဖိုး
ဘုန်းကြီးကျောင်းတစ်ကျောင်း ရောက်ခဲ့တယ်။

ဆေးတွေတိုက် အရင်ရောက်သူတွေက ဝိုင်းပြုစုလို့
အသက်မသေခဲ့ဘူး။ဒီလိုနဲ့ ညဘက်ရောက်ခဲ့တယ်
သန်းခေါင်လောက်လည်းရောက်ရော…

“စိန်းညို…စိန်းညို…သမီး…ဒီမှာ ရှိလား”

အက်တက်တက် ရှတတ မိန်းမတစ်ယောက်
ဘုန်းကြီးကျောင်းရှေ့မှာ
ထမီရင်လျားနဲ့ လာအော်နေသည်။

“စိန်းညိုရေ စိန်းညို သမီးအမေ့ကို အသံပြုဦး”

ကျောင်းမှာရှိသော လူများထဲမှာ စိန်းညို မရှိသဖြင့်
မရှိကြောင်း လှမ်းအော်ပြောလိုက်သည်။

ထိုမိန်းမလည်း အပြင်ပြန်ထွက်သွားပြီး ကျောင်းခြံစည်းရိုးစပ်က
ရေထဲဆင်းသွားသည်ကို လူတော်တော်များများ
မြင်လိုက်ကြသည်။

ထိုမိန်းမကြီးက ညဆယ့်တစ်နာရီကျော်လောက်
ရောက်ပြီဆိုလျှင် ဘုန်းကြီးကျောင်းအနီးရေစပ်က
ထမီရင်လျားနှင့် တက်လာပြီး …

“စိန်းညို …စိန်းညို …သမီး ဒီမှာ ရှိလား”

“စိန်းညို …စိန်းညို”

“စိန်ညို ဒီကျောင်းမှာ မရှိဘူးဟေ့”

ကျောင်းထဲက မရှိဘူးဆိုသော အသံကြားသည်နှင့်
ထမီရင်လျား ရေစက်လက်နှင့် ရေထဲပြန်ဆင်းသွားသည်ကို
အားလုံးတွေ့ကြရသည်။

ကျောင်းထိုင်ဆရာတော်က ပြောတယ်
သေသွားတဲ့သမီးကိုစိတ်စွဲပြီး …လွတ်ရာကျွတ်ရာမသွားနိုင်ဘဲ
လိုက်ရှာနေတာတယ်

အဲဒါတွေကတော့ ကျနော်ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့
ကြုံလိုက်ရတာ တမလွန်ရောက် သံယောဇဉ် ဝိညာဉ်တွေပါပဲ
အဲဒါပါဘဲ …နာဂစ်ကာလတုန်းက မခြောက်မလှန့်ပဲ
ကြုံလိုက်ရတဲ့ ဝိညာဉ်သရဲတွေ အကြောင်းပါ”

“အင်း…ကျနော် ဆိုက်ကားစီးမိတာ အတော်တန်ဖိုးရှိတာပဲ”

“ဘာကြောင့် တန်ဖိုးရှိတာလည်းဗျ”

“အော် …နာဂစ်မုန်တိုင်းကြားက မိဘကို ကူညီတဲ့
ဝိညာဉ်အကြောင်းရော
ကြေကွဲဖွယ်ကောင်းတဲ့ ဝိညာဉ်အကြောင်းပါ
သိလိုက်ရလိုပါ ”

“အချိန်မရလို့ အကျဉ်းချုပ်ပြောရတာ။
အဲဒီအချိန်တုန်းက အကြောင်းတွေကို တွေးမိတိုင်း
ဒီနေ့ ဒီအချိန် ဖြစ်ပျက်နေသလို ခံစားနေရတယ်
သုံးလေးနှစ်ရောက်တဲ့အထိ မိသားစု မျက်စေ့အောက်မှာ
အသေဆုံးနဲ့ ကြုံတွေ့ခဲ့ရတာကို မျက်လုံးထဲက
ဖျောက်ဖျက်လို့ မရခဲ့ဘူး။မိုးတွင်းရောက်ရင်
ပိုဆိုးတာပေါ့ဗျာ”

“ကျနော်လည်း ကိုယ်ချင်းစာပါတယ် ဆရာကြီးရာ
ဟော …အဲဒီရှေ့ကအိမ်ပဲ ရပ်တော့ …ရပ်တော့”

ကျနော်လည်း ဆိုက်ကားသမားကြီးကို ပိုက်ဆံတစ်ထောင်တန်
နှစ်ရွက်ပေးပြီး ပြန်အမ်းမခိုင်းတော့ဘဲ
အိမ်ထဲ ဝင်ခဲ့တော့သည်။

မိသားစု အကျိုးပေး ဆိုးဝါးလွန်းလှသော ဆိုက်ကားသမားကြီး၏
အကြောင်းကြားရသဖြင့် စိတ်မကောင်းရသလို
မိခင်နှင့် ညီလေးအတွက် အသက်အသေခံ၍
သေပြီးမှ မိဘတွေကို ကယ်ခွင့်ရခဲ့သော
လူငယ်လေး၏ ဝိညာဉ်လည်း ကောင်းရာမွန်ရာ
ရောက်ပါစေဟု ဆုတောင်းပေးလိုက်မိပါတော့သည်။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ ဧကန်မင်းအားလေးစားလျက်

စာဖတ်သူတိုင်း စိတ်ရွှင်လန်းပါစေ

Like&shareလေးနဲ့အားပေးကြပါအုံး


“*ေသၿပီးေသာ္မွ “* 📖📖📖


***************


မိုးေလး တဖြဲဖြဲ႐ြာလာသည့္အခ်ိန္မွ

က်ေနာ္အိမ္ျပန္ရန္ သတိရလိုက္သည္။


အခ်ိန္က ရွစ္နာရီခြဲခန္႔ ရွိၿပီး ျဖစ္သျဖင့္

လိုင္းကား အသြားအလာလည္း မရွိေတာ့။


ၿမိဳ႕တြင္းမွ အျပန္ကားတစ္ခ်ိဳ႕သာ ရပ္ကြက္ထဲ

ဝင္လာသည္ကို ေတြ႕ေနရသည္။


လမ္းေပၚမွာလည္း မိုး႐ြာေနသည့္အတြက္

လူရွင္းသေလာက္ ျဖစ္ေနသည္ သူငယ္ခ်င္းမိတ္ေဆြ

ေလးေယာက္ ဆုံမိၿပီး လက္ဖက္ရည္ဆိုင္မွာ

စကားေကာင္းေနမိျခင္း ျဖစ္သည္။


သူတို႔၏ ရပ္ကြက္ျဖစ္သျဖင့္ အခ်ိန္လင့္ေသာ္လည္း

အေၾကာင္းမဟုတ္သျဖင့္ ထိုင္ရာမွ မထၾကေသး။


က်ေနာ္က သူတို႔ရပ္ကြက္မွ အျပန္လမ္းေလွ်ာက္လွ်င္

တစ္နာရီနားပါးမွ် ၾကာေပလိမ့္မည္။


သို႔ေၾကာင့္ ဆိုက္ကား စီး၍ စိတ္ကူးၿပီး

အနီးပတ္ဝန္းက်င္မွာ

ဆိုက္ကားရွိ/မရွိ ၾကည့္လိုက္သည္။


ဆိုက္ကားတစ္စီးမွမေတြ႕ ေရွ႕လမ္းဆုံမွာ

ရွိေကာင္းပါရဲ႕ေတြးၿပီး

ထီးေဆာင္းကာ ဆက္ေလွ်ာက္လာခဲ့သည္။


ကလင္…ကလင္…ကလင္…


ေျခလွမ္းအနည္းငယ္ပဲ လွမ္းရေသးသည္။

ေနာက္ဘက္က ဆိုက္ကားဘဲလ္တီးသံေၾကာင့္

ဝမ္းသာအားရႏွင့္ ေနာက္လွည့္ၾကည့္ၿပီး ဆိုက္ကားကို

တားလိုက္သည္။


အနားသို႔ ရပ္လာေသာ ဆိုက္ကားဆရာက…


“ဘယ္သြားမလဲ ဆရာႀကီး”


“က်န္စစ္သား လမ္းကိုပါ”


“တစ္ေထာင့္ငါးရာေတာ့ေပးဗ်ာ”


က်ေနာ္လည္း ေစ်းမဆစ္ေတာ့ဘဲ ဆိုက္ကားေပၚသို႔

တက္လိုက္သည္။ ေန႔ခင္းဆို တစ္ေထာင္ေပးစီးရေသာလမ္း

ျဖစ္သည္။


ဆိုက္ကားနင္း၍ မၾကာခင္

ဆိုက္ကားဆရာက စကားစေျပာသည္။


“မိုးက ကုန္ေတာ့မယ္ ဒီႏွစ္ မုန္တိုင္းႀကီးႀကီးမားမား

မက်လို႔ ေတာ္ေတာ္ေလး

ကံေကာင္းတဲ့ ႏွစ္လို႔ေျပာလိုရတယ္”


“မုန္တိုင္းကို ေၾကာက္လို႔လား”


“ဟာ ဆရာႀကီးကလည္း မုန္တိုင္းဆိုတဲ့ အသံ ေနာက္ေျပာင္

ေျပာတာေတာင္ မၾကားခ်င္ဘူး။ က်ေနာ္တို႔ မိသားစု

ေကြကြင္းရတာ ။ ဘဝေတြပ်က္ ။

စီးပြားေတြ ပ်က္ရတာလည္း ဒီမုန္တိုင္းေၾကာင့္ ဆိုပါေတာ့”


“ဆရာႀကီးက ဘယ္မုန္တိုင္းနဲ႔ ႀကဳံဖူးလိုက္လို႔လဲ”


“ဘယ္မုန္တိုင္းျဖစ္ရမလဲ ။

နာဂစ္မုန္တိုင္းေပါ့ဗ်ာ။

က်ေနာ္က ဘိုကေလးၿမိဳ႕နယ္မွာ ေနတာ။


မိသားစု ခုႏွစ္ေယာက္ရွိတဲ့ အထဲက က်ေနာ္ရယ္

ေျမးမေလးရယ္ပဲ အသက္ရွင္က်န္ခဲ့တာ။

က်ေနာ္တို႔ရဲ႕ ေဆြမ်ိဳးေတြလည္း အကုန္ေသကုန္တယ္

မုန္တိုင္းစဲေတာ့ ကယ္ဆယ္ေရးစခန္းမွာ

တစ္လေနခဲ့တယ္။ ေနာက္ပိုင္း အဲဒီသားကြဲ မယားကြဲ။


ေဆြမ်ိဳး ကြဲတဲ့ေနရာေဒသမွာ မေနခ်င္ေတာ့လို႔

ေျမးမေလးကို ေခၚၿပီး ရန္ကုန္ကို ထြက္လာခဲ့တာ။

ဒီရန္ကုန္မွာ ရရာအလုပ္ရွာၿပီး လာလုပ္ေနတာ။

အခု ဆိုက္ကားနင္းၿပီး အလုပ္လုပ္ေနတယ္။


ေျမးမေလးကလည္း အထည္ခ်ဳပ္ စက္႐ုံမွာ

အလုပ္,လုပ္ေနၿပီ ။ ေျမးမေလးက ရန္ကုန္ကို

လာကာစက ဆယ့္သုံးႏွစ္ သမီးပဲရွိတာ။

အခုေတာ့ အ႐ြယ္ေရာက္ေနပါၿပီ။

ေျမးအဖိုး ႏွစ္ေယာက္ရတဲ့ ပိုက္ဆံနဲ႔ အိမ္ငွားခ

စားဝတ္ေနေရး ေျဖရွင္းရတာေပါ့ဗ်ာ”


“အဲဒီအခ်ိန္က လူေတြေတာ္ေတာ္ေသမွာပဲေနာ္”


“ေသတာေတာ့ မေျပာပါနဲ႔ဗ်ာ။

သိန္းဂဏန္းခ်ီတယ္။

ေလတိုက္ႏႈန္းကလည္း (၁၂၀)ေက်ာ္တယ္တဲ့။

ဧရာဝတီတိုင္းမွာ ဟိုင္းႀကီးကြၽန္း

လပၸတၱာၿမိဳ႕နယ္ ေမာ္ကြၽန္းၿမိဳ႕နယ္

ဘိုကေလးၿမိဳ႕နယ္ ဖ်ာပုံၿမိဳ႕နယ္

က်ိဳက္လတ္ၿမိဳ႕နယ္ ေဒးဒရဲၿမိဳ႕နယ္

ကြမ္းၿခံကုန္း ေကာ့မႉးၿမိဳ႕နယ္ေတြက

အထိနာဆုံးဗ္”


“လူေတြ ဒီေလာက္အမ်ားႀကီးေသတာ။

အစိမ္းေသေတြဆိုေတာ့ သရဲလည္း

ေတာ္ေတာ္ေျခာက္မွာပဲေနာ္”


“သရဲကေတာ့ ေနရာအႏွံ႔ေျခာက္တာေပါ့ဗ်ာ။

ဒါေပမဲ့ ေၾကာက္ေအာင္ေျခာက္တာေတာ့ မဟုတ္ဘူး။

အပူသည္ေတြ မဟုတ္လား။

ညညဆိုရင္ ကယ္ပါ ယူပါ တဆာဆာဆာေအာ္သံေတြ

ေၾကာက္လန္႔ၿပီး ေျပးလႊားသံေတြ ငိုယိုၿပီး

မိသားစုကို ေခၚေနတဲ့အသံေတြ ညတိုင္းလိုလို

ၾကားေနရတယ္”


“ဒါထက္ သရဲအေၾကာင္းေလးမ်ား

ကိုယ္ပိုင္ႀကဳံေတြ႕ခဲ့ရင္

ေျပာျပပါလား ။ က်ေနာ္က

သရဲအေၾကာင္းစာေရးေနတာဆိုေတာ့

ႀကဳံဖူးတာေလးမ်ား ရွိရင္ ႀကဳံတုံးေျပာျပပါလား”


“အင္း…ေရစႀကီးကာစ အခ်ိန္မွာပဲ

သနားစရာေကာင္းတဲ့ ဝိညာဥ္သရဲတစ္ေကာင္နဲ႔

ႀကဳံလိုက္ေသးတယ္။အဲဒီအေၾကာင္း ေျပာျပမယ္”


“ဟုတ္ကဲ့ ေက်းဇူးပါပဲ”


XxXXXXX


အခ်ိန္က တန္ခူးလဆုတ္(၁၂)ရက္ ၂၀၀၈ ခုႏွစ္ ေမလ (၂)ရက္

ေသာၾကာေန႔ ည(၈)နာရီေက်ာ္မွစ၍ နာဂစ္မုန္တိုင္းစတင္

တိုက္ခတ္လာသည္။


ေလသံက တဝုန္းဝုန္း ေၾကာက္ခမန္းလိလိ

တိုက္ခတ္ေနသည္။


ဦးထြန္းလွ၏အိမ္က ၾကမ္းျပင္မွ

ေျမျပင္အထိ ေလးေပခန္႔ျမင့္သည္။


“အေဖ အေဖ ဒီေလေတာ္ေတာ္ ျပင္းတယ္။

ဒီအတိုင္း ဆက္တိုက္ေနရင္ သစ္ပင္ေတြ လဲႏိုင္တယ္”


“ေဟာ …ၿခံထဲက ကုကၠိဳပင္ႀကီးလဲသြားၿပီ

ဟင္…အုန္းပင္ပါ လဲေတာ့မယ္”


ေလစတိုက္စဥ္ မိုးသက္ေလျပင္းက ပါလာသည့္အတြက္

ေရပါႀကီးတက္လာသည္။ ညဆယ္နာရီခန္႔အေရာက္

အိမ္ၾကမ္းျပင္ကို ေရထိခတ္သံ ၾကားလိုက္ရသည္။


ဦးထြန္းလွက အိမ္ရွိ လူအားလုံးကို သတိေပးလိုက္သည္။


“ဟဲ့ အေျခအေနမေကာင္းဘူး ။

ေရ ဒီထက္ပိုတက္လာရင္ အိမ္ထဲမွာ ေနလို႔မရေတာ့ဘူး

တာေပၚသြားၾကမယ္”


တာက ဆယ္ေပမွ ဆယ့္ႏွစ္ေပခန္႔ ျမင့္သျဖင့္

ေရလြတ္ႏိုင္သည္။


“ေနပါဦး …ေတာ္…ခဏေန ေလၿငိမ္သြားရင္

ေရျပန္က်သြားမွာပဲ ေစာင့္ၾကည့္ပါဦး”


ေဝါ ေဝါ ေဝါ


ဝုန္း…ဝုန္း…ဝုန္း…


ဝွီး…ဝွီး …ဝွီး


သူတို႔ေနေသာ အိမ္အမိုးပြင့္ထြက္သြားသည္။


လုံးဝ အမိုး မရွိေတာ့ ၿခံထဲမွ အုန္းပင္မ်ား သစ္ပင္မ်ားလည္း

ယိုင္လဲေနၿပီ ။


“ကဲ…အားလုံး ဆင္းၾက ။ ဘာပစၥည္းမွ

ယူမေနနဲ႔ လူလြတ္ဖို႔ အေရးႀကီးတယ္”


သူတို႔မိသားစု အိမ္ေပၚက ဆင္း၍

ေျမျပင္အေရာက္မွာ ေရက ရင္စို႔ခန္႔ ေရာက္ေနၿပီ ျဖစ္သည္။


ဦးထြန္းလူက ေျမးမေလးကို ပခုံးေပၚ ခြထိုင္ခိုင္းလိုက္သည္။

ထို႔ေနာက္ ဇနီးသည္ကို လက္ကဆြဲသည္။


သားႀကီးက သူ၏သားႀကီးကို ကုပ္ေပၚတင္ၿပီး

ဇနီးသည္အား လက္ လက္က ဆြဲသည္။


ဇနီးသည္ကလည္း သားငယ္ေလးကို ကုပ္ေပၚတင္ၿပီး

လႈိင္းပုတ္ခတ္ေနေသာ ေရကို အံတုၿပီး အိမ္ေပၚမွ

ဆင္းခဲ့ၾကသည္။


တာလမ္းရွိရာသို႔ ဦးတည္ေလွ်ာက္ခဲ့သည္။


ေရက လည္ပင္းအထိ နစ္ျမႇဳပ္ေနသလို

လႈိင္းမ်ား၏ ႐ိုက္ခတ္မႈက မ်က္ႏွာကို

လာေရာက္ ထိခတ္ေနသည္။


“ေျမးေလး အဘိုးေခါင္းကို ေသေသခ်ာခ်ာ ကိုင္ထား

မျမေအး ေလွ်ာက္လို႔ရလား”


ေဒၚျမေအးက ဦးထြန္းလွအရပ္ႏွင့္ သိပ္မကြာသည့္အတြက္

ေရက လည္းပင္အထိ ေရာက္ေသးသည္။


အားလုံးေရထဲ စမ္းၿပီး ေလွ်ာက္ေနခဲ့သည္။

ေရဆန္ ေလဆန္ တိုးေဝွ႔သြားေနရသျဖင့္

ခရီးမထြင္ ေလက ျပင္းထန္လြန္းသျဖင့္

လႈိင္းမ်ားက တစ္လုံးၿပီး တစ္လုံး ေခါင္းေပၚက

ျဖတ္ျဖတ္သြားသည့္အတြက္ ေရမြန္းေနၾကသည္။


တာလမ္းမႀကီးေပၚမွာ လူတစ္ခ်ိဳ႕ ေရာက္ေနေၾကာင္း

ဓါတ္မီးေရာင္မ်ားေၾကာင့္ သိေနရသည္။


ထိုေနရာကို မွန္းၿပီး လာေနေပမယ့္ ေလျပင္းေၾကာင့္

ေရွ႕ကို မေရာက္ႏိုင္ …


“ေဝါ…ေဝါ…ေဝါ…”


“အမေလး”


ေရေအာက္မွာ လဲေနေသာ သစ္ပင္အကိုင္းမ်ားကို

ခလုတ္တိုက္ၿပီး ဦးထြန္းလွ၏

ေခြၽးမက ေယာက်ၤားလက္မွလြတ္ၿပီး

ေရစီးႏွင့္အတူ ေမ်ာသြားသည္။


“မိစိုး …ေရ…မိစိုး ေတြ႕တဲ့သစ္ကိုင္းကို ဆြဲထား”


ကုပ္ေပၚမွ ကေလး၏ အေလးခ်ိန္ေၾကာင့္

တစ္ဖက္သို႔ လဲက်သြားေသာ မစိုးေမလည္း ကုပ္ေပၚက

ကေလးလြတ္သြားသျဖင့္ ကေလးကို မမိေတာ့။


ေယာက်ၤားျဖစ္သူလည္း ဇနီးသည္ ေရထဲေမ်ာပါသြားသည္ကို

ေတြ႕သျဖင့္ လိုက္ဆယ္ရန္ ႀကိဳးစားေသာ္လည္း

ကုပ္ေပၚမွာ ကေလးတစ္ေယာက္က ရွိေနသလို

ေလကလည္း လူကို တြန္းထုတ္သလို ျဖစ္ေနသည္။


လႈိင္းကလည္း ျပင္းထန္စြာ ႐ိုက္ခတ္ေနသည့္အတြက္

နီးရက္နဲ႔ ေဝးသြားရေတာ့သည္။


မယားျဖစ္သူက အေဝးသို႔ ေမ်ာသြားသလို လင္ျဖစ္သူကလည္း

ေရထဲမွ သစ္ကိုင္းကို ခလုတ္တိုက္ လဲက်ၿပီး

ကုပ္ေပၚက ကေလးျပဳတ္က်သြားသျဖင့္

ကေလးကို လိုက္ဆယ္ယူရာက သစ္ကိုင္းမ်ားႏွင့္

ၿငိတြယ္ၿပီး ေရေပၚသို႔ ျပန္ေပၚမလာေတာ့။


ေယာက်ၤားျဖစ္သူလည္း ဇနီးသည္ေရထဲေမ်ာပါသြားသည္ကို

ေတြ႕သျဖင့္ လိုက္ဆယ္ရန္ ႀကိဳးစားေသာ္လည္း

ကုပ္ေပၚမွာ ကေလးတစ္ေယာက္က ရွိေနသလို

ေလကလည္း လူကို တြန္းထုတ္သလို ျဖစ္ေနသည္။


လႈိင္းကလည္း ျပင္းထန္စြာ ႐ိုက္ခတ္ေနသည့္အတြက္

နီးရက္နဲ႔ ေဝးသြားရေတာ့သည္။ မယားျဖစ္သူက

အေဝးသို႔ ေမ်ာသြားသလို လင္ျဖစ္သူကလည္း

ေရထဲမွ သစ္ကိုင္းကို ခလုတ္တိုက္ လဲက်ၿပီး

ကုပ္ေပၚက ကေလးျပဳတ္က်သြားသျဖင့္

ကေလးကို လိုက္ဆယ္ယူရာက သစ္ကိုင္းမ်ားႏွင့္

ၿငိတြယ္ၿပီး ေရေပၚသို႔ ျပန္ေပၚမလာေတာ့။


ဦးထြန္းလွလည္း သားႏွင့္ ေခြၽးမတို႔အျဖစ္ကို

ျမင္ၿပီး ေရွ႕ကို ဆက္မသြားႏိုင္ျဖစ္ေနသည္။


အေမွာင္ထုကလည္း တစ္ေယာက္ႏွင့္တစ္ေယာက္

သိပ္မေဝးပါဘဲ မျမင္ႏိုင္ေသာ အျဖစ္မ်ိဳး ႀကဳံေနရသည္။


ထိုအခ်ိန္ ေရလႈိင္းမ်ားက တဝုန္းဝုန္း ႐ိုက္ခတ္ေနသည့္အတြက္

ဦးထြန္းလွ၏ ဇနီးမွာ ေရမြန္းၿပီး အသက္ရႈၾကပ္ေနသည္။


အေဒၚႀကီးမွာ ႏွလုံးေရာဂါအခံကလည္း ရွိသည္။


သားႏွင့္ ေခြၽးမ ေျမးငယ္မ်ား၏ အျဖစ္ကို ျမင္ၿပီး

ေရထဲမွာပင္ သတိမရ တစ္ခ်က္ရ တစ္ခ်က္ျဖစ္ကာ

အသိလြတ္,လြတ္သြားသည္။


ဝါးတစ္ျပန္ခန္႔သာရွိေတာ့သည္။

တာလမ္းသို႔ေရာက္ရန္ ေရစီးကို အံတုၿပီး

အားကုန္ တိုးသြားသည္။


ဇနီးသည္ကိုလည္း လက္က မလြတ္တမ္း ဆြဲထားသည္။


“ကယ္ၾကပါဦး…ကယ္ၾကပါဦး”


တာေပၚမွ လူမ်ားၾကားရန္ မိုးေလသံကို

အံတုၿပီး အားကုန္ေအာ္လိုက္သည္။


ဦးထြန္းလွ၏ အသံကို ၾကားသျဖင့္ တာေပၚမွ

လူမ်ား ဓါတ္မီးႏွင့္ လွမ္းထိုးၾကသည္။


“ေရွ႕တိုး လာခဲ့ဗ်ိဳ႕။

ေရာက္ေတာ့မယ္”


တာေဘးမွာ ကပ္ေရာက္ေနေသာ သစ္ပင္ႀကီးတစ္ပင္၏

အကိုင္းကို ဦးထြန္းလွ ဖမ္းဆုပ္ကိုင္မိလိုက္သည္။


ထိုအပင္ႀကီးကလည္း ေလျပင္းတိုက္၍

ေရလႈိင္း႐ိုက္သျဖင့္ လႈပ္ရွားေနသည္။

သူသတိထားၿပီး ဖမ္းဆုပ္လိုက္သည္။


တာေပၚမွ လူငယ္ႏွစ္ေယာက္က သစ္ကိုင္းႀကီးကို

အားျပဳၿပီး ဦးထြန္းလွတို႔ကို ေရထဲဆင္းၿပီး လာဆြဲသျဖင့္

ကံေကာင္းေထာက္မစြာ တာေပၚသို႔ ေရာက္ခဲ့သည္။


ဦးထြန္းလွလက္ထဲမွ မလႊတ္ဘဲ ဆြဲလာေသာ ဇနီးသည္က

တာေပၚေရာက္လာေပမဲ့ အသက္ပါမလာေတာ့ေခ်။


တာလမ္းမႏွင့္ အိမ္ေပေျခာက္ဆယ္ခန္႔သာ

ေဝးေသာ္လည္း ေလျပင္းႏွင့္ ေရလႈိင္းတို႔က

သူတို႔ မိသားစု ခုႏွစ္ေယာက္မွ ဦးထြန္းလူႏွင့္

ေျမးမေလး တို႔ႏွစ္ေယာက္ကိုသာ အသက္ရွင္ခြင့္

ေပးခဲ့သည္။


ထို႔ေနာက္ပိုင္း ဦးထြန္းလွတို႔ကဲ့သို႔ပင္ တစ္ေယာက္စ

ႏွစ္ေယာက္စ တာေပၚသို႔ ေရာက္လာၾကသည္။


သူတို႔တစ္ေတြလည္း မိသားစု အကြဲကြဲ

အျပားျပားႏွင့္ ေရာက္ရွိလာျခင္း ျဖစ္သည္။


အခ်ိန္က ဆယ္တစ္နာရီခြဲခန္႔ရွိၿပီး အသက္ႏွစ္ဆယ္ခန္႔ရွိေသာ

လူငယ္တစ္ေယာက္ တာေပၚသို႔ ကုတ္ဖက္တြယ္တက္လာသည္။


သူက အဝါေရာင္တီရွပ္ႏွင့္ အနီေရာင္ေဘာင္းဘီကို

ဝတ္ဆင္ထားသည္။


“ကယ္ၾကပါ …ကယ္ၾကပါ

ဟိုနားမွာ က်ေနာ့္ညီေလးနဲ႔ က်ေနာ့္အေမ ေရနစ္ေနတယ္

ဟိုေရွ႕က မလဲေသးတဲ့အုန္းပင္မွာ တြယ္ကပ္ေနတယ္

ဝိုင္းကယ္ေပးၾကပါ”


“မင္းငါတို႔ကို ဓါတ္မီးနဲ႔ ထိုးျပ”


လူႀကီးတစ္ေယာက္က ဓါတ္မီးလွမ္းေပးသည္။


“ဦးေလးပဲ ထိုးၾကည့္ပါ။

ဟိုေရွ႕က အုန္းပင္ႀကီးမွာပါ”


မိုးကလည္း သည္းႀကီးမည္းႀကီး ႐ြာေနသလို

ေလျပင္းကလည္း တိုက္ေနသည္။

ဓါတ္မီးေရာင္က အေဝးသို႔တိုင္ မျမင္ရ

မိုးစက္မိုးေပါက္မ်ားက ပိတ္ထားသလို ျဖစ္ေနသည္။


“ေတြ႕ၿပီ အုန္းပင္ေတာ့ ေတြ႕ၿပီ”


“အဲဒီအပင္မွ တြယ္ၿပီး ဖယ္ထားတယ္”


တာေပၚမွာ လူလတ္ပိုင္းႏွစ္ေယာက္ ေရထဲသို႔

ဆင္းသြားၿပီး ဓါတ္မီးဝိုင္း ထိုးထားေသာ

အုန္းပင္သို႔ ကူးသြားသည္။


ေရကူးလာေသာ လူ႐ြယ္ႏွစ္႐ြယ္က ခါးတစ္ပိုင္း

ေပၚေနေသာ ဆယ္ႏွစ္႐ြယ္ ေကာင္ေလးကို

ေတြ႕၍ ဆြဲယူလိုက္သည္။


ထို႔ေနာက္ က်န္လူ႐ြယ္က ေရထဲမွာ

ေခါင္းသာေပၚေနေသာ အေဒၚႀကီးကို

ေရေပၚဆြဲယူလိုက္ၿပီး တာလမ္းဘက္သို႔

ကူးခဲ့သည္။


တာေပၚမွ ေန၍ လူတစ္စုက ဝိုင္းဆြဲ တင္ၾကသည္။


ေကာင္ေလးက ဘာမွ မျဖစ္ေသာ္လည္း

အသက္ငါးဆယ္ခန္႔ အေဒၚႀကီးက သတိေမ့လ်က္

ပါလာသည္။


ပါးစပ္ထဲမွ ေရမ်ားထြက္ေအာင္ လုပ္ၿပီး သတိရေအာင္

ျပဳရၾကသျဖင့္ ခဏအတြင္း သတိျပန္ရလာသည္။


“ဟဲ့…ငါ့သားႀကီး …ငထြန္း …ငထြန္း သားႀကီးေရာ

သားႀကီး သားႀကီးေရ”


“အေမ…အစ္ကိုႀကီးကို မေတြ႕ဘူး”


“ေစာေစာက သူလာေျပာလို႔ အေဒၚတို႔ သားအမိကို

က်ေနာ္တို႔ ဆင္းဆယ္တာ”


“မဟုတ္ဘူး …မဟုတ္ဘူး သားေသၿပီနဲ႔ တူတယ္

သားက အေဒၚတို႔ကို အပင္မွာ ဖက္ၿပီး ထမ္းတင္ေပးထားတာ”


“မဟုတ္ေသးဘူးအေဒၚ …သူလာေျပာလို႔ က်ေနာ္တို႔

အခုလို ဆင္းဆယ္ျဖစ္တာ အေဒၚတို႔က ဘယ္ႏွေယာက္လဲ”


“အိမ္က ထြက္လာကတည္းက သုံးေယာက္ထဲ

က်န္တဲ့သမီးနဲ႔ သမက္က ငါးရွားတဲ့ ေနရာမွာ ေရာက္ေနတယ္

သူတို႔လည္း ရွိေတာ့မယ္ မထင္ဘူး။

ငါ့သားႀကီးကို သြားကယ္ၾကပါ”


“ေဟ့ ..သိန္းေဇာ္ ေရကူးႏိုင္ေသးလား အေဒၚႀကီး

ေက်နပ္ေအာင္ သြားၾကည့္ေပးပါ”


“ေစာေစာက လာေျပာတဲ့ ေကာင္ေလးဘယ္မွာလဲ”


အေမွာင္ထဲမွာ ေယာက်ၤား မိန္းမဆယ့္ငါးေယာက္ခန္႔

ရွိေသာ္လည္း ေစာေစာက ကယ္ပါယူပါ ဟု လာေျပာေသာ

ေကာင္ေလးကို ေခၚထုတ္ရာ မရသျဖင့္ သိန္းေဇာ္ဆိုေသာ

လူ႐ြယ္လည္း ေရထဲ ဆင္းသြားသည္။


အေဒၚႀကီး သားအမိကို ကယ္တင္ခဲ့ေသာ အုန္းပင္ႀကီးသို႔

ကူးသြားသည္ ။တာလမ္းမွ ေပႏွစ္ဆယ္ခန္႔သာ

ေဝးေပမယ့္ ေလျပင္းကေလ်ာ့ မသြားသလို

ႏွစ္ေပသုံးေပခန္႔ျမင့္ေသာ လႈိင္းလုံးမ်ားက

တဝုန္းဝုန္း ပစ္႐ိုက္ေနသျဖင့္ အုန္းပင္ရွိရာသို႔

ပင္ပန္းႀကီးစြာ ကူးခတ္ သြားရသည္။


အုန္းပင္ႀကီးသို႔ေရာက္သည္ႏွင့္ ေရေအာက္သို႔ငုပ္ၿပီး

စမ္းလိုက္သည္။အေဒၚႀကီးေျပာသည့္အတိုင္း

ေအာက္နားမွာ အုန္းပင္ကို ဖက္ထားေသာ လူတစ္ေယာက္ကို

စမ္းမိလိုက္သည္။


ဖက္ထားေသာ လက္ကို ဆြဲျဖဳတ္ကာ

ေရေပၚသို႔ ဆြဲတင္လိုက္သည္။

သိန္းေဇာ္ ဆြဲတင္လိုက္ေသာ လူမွာ

အသက္ကင္းမဲ့ေနေၾကာင္း သိေသာ္လည္း

တာ႐ိုးအထိ ႀကိဳးစား ဆြဲေခၚခဲ့သည္။


တာေပၚက လူအားလုံးသတိကင္းမဲ့ေသာ လူ႐ြယ္ကို

ျမင္လိုက္သည္ႏွင့္ တအံတၾသ ျဖစ္သြားၾကသည္။


“ဟင္…ဒီကေလး အသက္မရွိေတာ့ဘူး”


“ငါ့သား ေသၿပီ ဟုတ္လား ဟီး ဟီး…အမေလး

သားႀကီးရဲ႕ အေမတို႔ကို ေရေပၚ,ေပၚေအာင္

အုန္းပင္ကို ဖက္ခိုင္းထားၿပီး သူက ေအာက္က

ထမ္းတင္ေပးထားတယ္။ အမေလးသားရဲ႕

သားေသမယ့္ အစား ဒီအိုႀကီး အိုမႀကီး ေသတာက

ေကာင္းေသးတယ္ ဟီး ဟီး ဟီး”


“အေဒၚ …အေဒၚ သားအတြက္ ေျဖပါ ။

အေဒၚ သားက သူ႔အသက္အေသခံၿပီး တာေတာင္။

အေဒၚတို႔ကို ကယ္ေပးဖို႔ လာေျပာသြားတယ္”


“ဘာ…ဘာေျပာတယ္”


“ေစာေစာက အေဒၚတို႔ကို လာမဆယ္ရေသးခင္

သူ႔မွသူ ဒီေဘာင္းဘီတို အနီေရာင္ တီရွပ္အဝါေရာင္နဲ႔

တာေပၚတက္လာၿပီး ဟိုအုန္းပင္မွာ

အေမနဲ႔ ညီေလးဖက္ထားတယ္ သြား ကယ္ေပးၾကပါလို႔

အသည္းအသန္ လာေျပာတာနဲ႔ က်ဳပ္တို႔ ဆင္းကယ္ျဖစ္တာ”


“ဟုတ္တယ္ ဒီအက်ႌနဲ႔ ဒီေဘာင္းဘီကို ငါတို႔မွတ္မိတယ္”


အားလုံး ဝိုင္းေျပာၾကသည္။


“အမေလး …ငါ့သားႀကီး ေသၿပီးတာေတာင္ အေမနဲ႔

ညီေလးကို ကယ္ခိုင္းသြားေသးတယ္။

ဟီး…ဟီး…ဟီး”


“ကဲ…စိတ္မေကာင္း မျဖစ္နဲ႔ေတာ့ အေဒၚ

သူအသက္ေပးၿပီး ကယ္သြားခဲ့တာ အေဒၚတို႔သားအမိ

အသက္ရွင္ေအာင္ ေနေပေတာ့”


တစ္ေယာက္ကို တစ္ေယာက္အားေပးေနၾကေသာ္လည္း

အားလုံးေဆာင္းစရာ မရွိ။ မိုးကာမရွိ။ မိုးထဲေလထဲမွာ

အသည္း ခိုက္ေအာင္ ခ်မ္းေနၾကသည္။


တစ္ညလုံး မိုးမစဲ ေလတိုက္မရပ္ပါက တာေပၚမွာ

ေရာက္ေနသူတို႔၏ အသက္အားလုံး ရွင္ႏိုင္ဖြယ္ မရွိႏိုင္ေတာ့

ေရက တာေပၚေရာက္ရန္ ႏွစ္ေပခန္႔သာ ရွိေတာ့သည္။


XXXXXXXX


“အဲဒါ …နာဂစ္ျဖစ္တဲ့ညမွာ ေသသြားၿပီျဖစ္တဲ့

သရဲဝိညာဥ္ေကာင္ေလးက လူအသြင္နဲ႔ တာေပၚကို

ေရာက္လာၿပီး သူ႔အေမနဲ႔ သူညီကို ကယ္ခိုင္းခဲ့တယ္

ကယ္တဲ့ လူေတြလည္း ေရထဲဆင္းေရာ သူလည္း

ေပ်ာက္သြားေရာပဲ တကယ့္ေၾကကြဲစရာပါပဲဗ်ာ


မိုးလင္းေတာ့ တာေပၚမွာ လူေလးေယာက္အေအးပတ္ၿပီး

ေသသြားေသးတယ္။က်ဳပ္တို႔ေျမးအဖိုးနဲ႔ ဝိညာဥ္ေကာင္ေလးရဲ႕

အေမနဲ႔ ညီေလးလည္း မေသဘဲ က်န္ခဲ့တယ္။

ေလကလည္း ၿငိမ္သက္ၿပီဆိုေတာ့ ကယ္ဆယ္ေရးေတြ

ေရာက္လာတယ္။က်ဳပ္တို႔ ေျမးအဖိုး

ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္း ေရာက္ခဲ့တယ္။


ေဆးေတြတိုက္ အရင္ေရာက္သူေတြက ဝိုင္းျပဳစုလို႔

အသက္မေသခဲ့ဘူး။ဒီလိုနဲ႔ ညဘက္ေရာက္ခဲ့တယ္

သန္းေခါင္ေလာက္လည္းေရာက္ေရာ…


“စိန္းညိဳ…စိန္းညိဳ…သမီး…ဒီမွာ ရွိလား”


အက္တက္တက္ ရွတတ မိန္းမတစ္ေယာက္

ဘုန္းႀကီးေက်ာင္းေရွ႕မွာ

ထမီရင္လ်ားနဲ႔ လာေအာ္ေနသည္။


“စိန္းညိဳေရ စိန္းညိဳ သမီးအေမ့ကို အသံျပဳဦး”


ေက်ာင္းမွာရွိေသာ လူမ်ားထဲမွာ စိန္းညိဳ မရွိသျဖင့္

မရွိေၾကာင္း လွမ္းေအာ္ေျပာလိုက္သည္။


ထိုမိန္းမလည္း အျပင္ျပန္ထြက္သြားၿပီး ေက်ာင္းၿခံစည္း႐ိုးစပ္က

ေရထဲဆင္းသြားသည္ကို လူေတာ္ေတာ္မ်ားမ်ား

ျမင္လိုက္ၾကသည္။


ထိုမိန္းမႀကီးက ညဆယ့္တစ္နာရီေက်ာ္ေလာက္

ေရာက္ၿပီဆိုလွ်င္ ဘုန္းႀကီးေက်ာင္းအနီးေရစပ္က

ထမီရင္လ်ားႏွင့္ တက္လာၿပီး …


“စိန္းညိဳ …စိန္းညိဳ …သမီး ဒီမွာ ရွိလား”


“စိန္းညိဳ …စိန္းညိဳ”


“စိန္ညိဳ ဒီေက်ာင္းမွာ မရွိဘူးေဟ့”


ေက်ာင္းထဲက မရွိဘူးဆိုေသာ အသံၾကားသည္ႏွင့္

ထမီရင္လ်ား ေရစက္လက္ႏွင့္ ေရထဲျပန္ဆင္းသြားသည္ကို

အားလုံးေတြ႕ၾကရသည္။


ေက်ာင္းထိုင္ဆရာေတာ္က ေျပာတယ္

ေသသြားတဲ့သမီးကိုစိတ္စြဲၿပီး …လြတ္ရာကြၽတ္ရာမသြားႏိုင္ဘဲ

လိုက္ရွာေနတာတယ္


အဲဒါေတြကေတာ့ က်ေနာ္ကိုယ္တိုင္ နဖူးေတြ႕ ဒူးေတြ႕

ႀကဳံလိုက္ရတာ တမလြန္ေရာက္ သံေယာဇဥ္ ဝိညာဥ္ေတြပါပဲ

အဲဒါပါဘဲ …နာဂစ္ကာလတုန္းက မေျခာက္မလွန္႔ပဲ

ႀကဳံလိုက္ရတဲ့ ဝိညာဥ္သရဲေတြ အေၾကာင္းပါ”


“အင္း…က်ေနာ္ ဆိုက္ကားစီးမိတာ အေတာ္တန္ဖိုးရွိတာပဲ”


“ဘာေၾကာင့္ တန္ဖိုးရွိတာလည္းဗ်”


“ေအာ္ …နာဂစ္မုန္တိုင္းၾကားက မိဘကို ကူညီတဲ့

ဝိညာဥ္အေၾကာင္းေရာ

ေၾကကြဲဖြယ္ေကာင္းတဲ့ ဝိညာဥ္အေၾကာင္းပါ

သိလိုက္ရလိုပါ ”


“အခ်ိန္မရလို႔ အက်ဥ္းခ်ဳပ္ေျပာရတာ။

အဲဒီအခ်ိန္တုန္းက အေၾကာင္းေတြကို ေတြးမိတိုင္း

ဒီေန႔ ဒီအခ်ိန္ ျဖစ္ပ်က္ေနသလို ခံစားေနရတယ္

သုံးေလးႏွစ္ေရာက္တဲ့အထိ မိသားစု မ်က္ေစ့ေအာက္မွာ

အေသဆုံးနဲ႔ ႀကဳံေတြ႕ခဲ့ရတာကို မ်က္လုံးထဲက

ေဖ်ာက္ဖ်က္လို႔ မရခဲ့ဘူး။မိုးတြင္းေရာက္ရင္

ပိုဆိုးတာေပါ့ဗ်ာ”


“က်ေနာ္လည္း ကိုယ္ခ်င္းစာပါတယ္ ဆရာႀကီးရာ

ေဟာ …အဲဒီေရွ႕ကအိမ္ပဲ ရပ္ေတာ့ …ရပ္ေတာ့”


က်ေနာ္လည္း ဆိုက္ကားသမားႀကီးကို ပိုက္ဆံတစ္ေထာင္တန္

ႏွစ္႐ြက္ေပးၿပီး ျပန္အမ္းမခိုင္းေတာ့ဘဲ

အိမ္ထဲ ဝင္ခဲ့ေတာ့သည္။


မိသားစု အက်ိဳးေပး ဆိုးဝါးလြန္းလွေသာ ဆိုက္ကားသမားႀကီး၏

အေၾကာင္းၾကားရသျဖင့္ စိတ္မေကာင္းရသလို

မိခင္ႏွင့္ ညီေလးအတြက္ အသက္အေသခံ၍

ေသၿပီးမွ မိဘေတြကို ကယ္ခြင့္ရခဲ့ေသာ

လူငယ္ေလး၏ ဝိညာဥ္လည္း ေကာင္းရာမြန္ရာ

ေရာက္ပါေစဟု ဆုေတာင္းေပးလိုက္မိပါေတာ့သည္။


ၿပီးပါၿပီ


မူရင္းေရးသူ ဆရာ ဧကန္မင္းအားေလးစားလ်က္


စာဖတ္သူတိုင္း စိတ္႐ႊင္လန္းပါေစ


Like&shareေလးနဲ႔အားေပးၾကပါအုံး

No comments

Post a Comment