အောင်မြတ်သာနှင့်ဖုတ်ဝင်သူ(စ/ဆုံး)

  အောင်မြတ်သာနှင့်ဖုတ်ဝင်သူ(စ/ဆုံး) ရေးသားသူ..ဇေယန(ရာမည) အထက်ဆရာကြီးများရဲ့ တာဝန်ပေးချက်တွေကို ထမ်းဆောင်ရင်း မြန်မာနိုင်ငံအနှံ့ကိုကျွန်တော်တ... thumbnail 1 summary

 အောင်မြတ်သာနှင့်ဖုတ်ဝင်သူ(စ/ဆုံး)

ရေးသားသူ..ဇေယန(ရာမည)

အထက်ဆရာကြီးများရဲ့ တာဝန်ပေးချက်တွေကို
ထမ်းဆောင်ရင်း မြန်မာနိုင်ငံအနှံ့ကိုကျွန်တော်တို့
ရောက်ရှိခဲ့တယ်။

လူမျိုးစုံ ပညာရှင်မျိုးစုံတို့ကို မြင်တွေ့ရသလို
စုန်းတိုက်နတ်တိုက်မျိုးစုံကိုလဲ ကြုံတွေ့ခဲ့ရတယ်။

ရွှေဘိုမြို့်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ
တည်းတုန်းကဆိုရင် ကျောင်းအနောက်ဘက်မှာရှိတဲ့
ရေကန်ထဲကနေ မိန်းမပျိုတွေ ထွက်လာတာကိုလဲ
မြင်တွေ့ခဲ့ရဖူးတယ်။ဆရာတော်ကိုလျောက်ထားတော့
အဲဒီရေကန်မှာ အစောင့်အရှောက်တွေရှိတယ်လို့ မိန့်တော်မူတယ်။

ကျွန်တော့်ပညာက သာမန်လောက်ပဲရှိတဲ့အတွက်
အရမ်းအရေးကြီးတဲ့ကိစ္စတွေဆိုရင် ကျွန်တော့်အစား
ဆရာကဖြေရှင်းလေ့ရှိတယ်။

နယ်မြို့လေးတစ်မြို့ကိုရောက်တုန်းကလဲ
မီးတွင်းထဲမှာဆုံးသွားတဲ့ မိန်းကလေးတစ်ယောက်
သူ့အိမ်ကိုစွဲပြီး ခြောက်လှန့်တာကိုလဲ ကြုံခဲ့ရဖူးတယ်။
ပညာနုနယ်တဲ့ ပယောဂဆရာတွေဆိုရင်
တံတွေးနဲ့တောင်.ထွေးခံရတယ်။
ကြုံခဲ့ရတာတွေကိုပြောနေရင် ကုန်မှာမဟုတ်တော့ဘူး။
ဒီတစ်ခါကြုံခဲ့ရတာက သာမန်ဖြစ်ရိုးဖြစ်စဉ်လေးတစ်ခုပဲ။
ဒါပေမယ့် သူက သာမန်ဖုတ်ဝင်သည်တွေလို မဟုတ်ပဲ.ထူးဆန်းတာလေးတွေရှိခဲ့တယ်။

ဆရာနဲ့ကျွန်တော်ခရီးသွားနေရင်း
.....မြို့ထဲက......ရွာကိုမမျှော်လင့်ပဲရောက်ရှိခဲ့တယ်။
ရွာထဲကိုဖြတ်မှ ဟိုဘက်မြို့ကိုရောက်မှာကိုး
ရွာထဲကနေဖြတ်သွားရင်း
အိမ်တစ်အိမ်အရှေ့ရောက်တော့
အိမ်ရှေ့မှာ ထင်းပေါက်နေတဲ့ လူတစ်ယောက်က
ကျွန်တော်တို့ကိုမြင်တဲ့အခါ အိမ်ထဲကိုပြေးဝင်သွားတာ။

ကျွန်တော်ကအမှုမဲ့အမှတ်မဲ့နေလိုက်တယ်။
အဲဒီအချိန်မှာဆရာက
"သက်ခိုင် ခုနကပြေးဝင်သွားတဲ့သူကိုတွေ့လား"
"အဲဒါက.လူမဟုတ်ဘူး"

ကျွန်တော်အ့ံသြသွားတယ်။
မျက်လုံးထဲသေချာမြင်လိုက်တာက
လူမှလူစစ်စစ်
နာနာဘာဝတော့မဟုတ်တာသေချာတယ်။
ဒါပေမယ့် ဆရာက မဟုတ်ပဲနဲ့ ဘယ်တော့မှ
အဲလိုပြောမှာမဟုတ်ဘူး။

"ဒါဆို လူမဟုတ်ရင် ဘယ်သူလဲဆရာ"

"အဲဒါဖုတ်ဝင်နေတဲ့သူပဲ
အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ထဲမှာ နေရာဝင်ယူပြီး
လူတစ်ယောက်လိုဟန်ဆောင်နေတာ"

"ဖုတ်ဝင်သူတွေက အမျိုးမျိုးရှိတယ်
တစ်ချို့က အစားအသောက်စားချင်လို့ဝင်တယ်
တစ်ချို့က ကိုယ်ငွေ့လှုံချင်လို့ဝင်တယ်
တစ်ချို့က လူဘဝကိုစိတ်မကုန်သေးလို့
သာမန်လူတစ်ယောက်လို နေထိုင်ကြတယ်"

"ယခင်ကဆို ဖုတ်ဝင်ပြီးနေတဲ့သူက မိန်းမယူပြီး
ကလေးတွေတောင်မွေးထားသေးတာလို့ ကြားဖူးတယ်
ခုနကလူကလဲ သာမန်လူလို့ထင်ရပေမယ့်
သူ့မှာ သက်ရှိတစ်ယောက်ရဲ့ ကိုယ်ငွေ့မတွေ့ရဘူး
သာမန်လူတွေမမြင်နိုင်တဲ့အတွက် သူ့ကို မိသားစုဝင် တစ်ယောက်လိုပဲ.မြင်နေကြတာဖြစ်မယ်"

"ဒါဆို ဒီတိုင်းထားရင်ရော ဘာဖြစ်လာမလဲ"

"သူ့အပြုအမူကိုမေးကြည့်ရမှာပေါ့
ဒါပေမယ့် ဖြစ်ရိုးဖြစ်စဉ်နဲ့ဆန့်ကျင်တဲ့
ဘယ်အရာမဆို ငါတို့တားရမယ့်တာဝန်ရှိတယ်
ဒီညဒီရွာမှာပဲ တည်းရအောင်"

ကျွန်တော်တို့လဲ ရွာဦးကျောင်းမှာ တည်းရင်း
ကပ္ပိယကြီးကို.နေ့လည်ကတွေ့ခဲ့တဲ့
လူအကြောင်းမေးကြည့်ဖြစ်ခဲ့တယ်။

"ဒီကဧည့်သည်တွေမေးတော့လဲ ပြောပြရတာပေါ့
နေ့လည်က ဧည့်သည်တို့တွေ့ခဲ့တဲ့သူက
ဦးထွန်းလူဖြစ်မယ်။ သူကအဲဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးလေ။ သူ့မှာနာမည်ပျက်တော့မရှိပါဘူး။ အိမ်ကိုလဲသူပဲရှာကျွေးနေတာ။ မနက်ဆိုတောထဲသွား၊.ထင်းခွေ၊.ညနေဆိုထင်းခွဲ၊ ရလာတဲ့ထင်းတွေကို ရောင်းချပြီး သူ့မိသားစုတွေကိုရှာကျွေးနေတာ၊ တကယ်တာဝန်ကျေတဲ့သူတစ်ယောက်ပါ"

ကျွန်တော်ဇဝေဇဝါဖြစ်သွားတယ်။
ဒါပေမယ့်ဆရာပြောတဲ့စကားကိုလဲမယုံလို့မရပြန်ဘူး။

"ဒါနဲ့ အဲဒီဦးထွန်းလူက သာမန်လူတစ်ယောက်လိုပဲ
သွားလာစားသောက်တာပေါ့ ဟုတ်လား ကပ္ပိယကြီး"

"ဟုတ်တယ်လေ သာမန်လူလိုပဲနေတာ"

"သူအရင်က နေမကောင်းတာတွေ ထိခိုက်တာတွေ
ရှိခဲ့ဖူးသေးလား"

"အင်း မရှိဘူးကွဲ့... အော် ရှိခဲ့တယ်.ခုမှမှတ်မိတယ်
လွန်ခဲ့တဲ့နှစ်က တောထဲမှာ ထင်းခွေသွားရင်း တောဝက်ပက်တာကြုံခဲ့ရတယ်၊ ဒဏ်ရာရတော်တော်များတယ်
ဒါပေမယ့်သူကမသေပဲပြန်ကောင်းလာလို့ သေရွာပြန်ထွန်းလူလို့တောင် စနောက်ကြသေးတယ်"

ကျွန်တော်ပြုံးလိုက်မိတယ်။လိုချင်တဲ့အချက်ကိုသိလိုက်ရပီလေ။
"အဲဒါဆို ဦးထွန်းလူက ရွာကျောင်းကိုလာတာ.မြင်မိလား"

"အရင်ကတော့ တစ်လတစ်ခါလောက်တော့ ဆရာတော့ဆီလာတာတွေ့တယ်။ နောက်ပိုင်းမတွေ့ဖြစ်တော့ဘူး စီးပွားရေးအဆင်မပြေတာနဲ့ လာဖို့မေ့နေတယ်ထင်ပါတယ်၊ ငါလဲတွေ့ရင်သတိပေးလိုက်ဦးမယ်၊ ဘုရားရှိခိုးချိန် ရောက်ပီဆိုတော့ သွားလိုက်ဦးမယ်ကွယ့်"

ထသွားသော.ကပ္ပိယကြီးကိုကြည့်ပြီး
ကျွန်တော်ဦးထွန်းလူအကြောင်းကို.တွေးလိုက်မိတယ်။

မနက်မိုးလင်းတော့
ကပ္ပိယကြီးပြင်ထားပေးတဲ့
မနက်စာကိုစားရင်း
"ကပ္ပိယကြီး ရွာထဲခဏလိုက်ကြည့်မလို့
ဆရာတော်ဆီလျောက်ပေးပါဦး"

"အိုကွယ်.သွားစရာရှိသွား
ဆရာတော်ကဒီအချိန်တရားထိုင်နေပီ
သွားကြည့်ကြ.ဘာမှမဖြစ်ဘူး"

ကျွန်တော်တို့လဲခွင့်ရတာနဲ့
ရွာထဲကိုထွက်လာခဲ့လိုက်တော့တယ်။

ဦးထွန်းလူအိမ်ရှေ့ရောက်တော့
"အိမ်ရှင်တို့ ဒါဦးထွန်းလူတို့အိမ်လား"
အော်ခေါ်လိုက်တော့ အိမ်ထဲကနေ
အမျိုးသမီးတစ်ယောက်ထွက်လာတာ
တွေ့လိုက်တယ်။

"အဖေအသိတွေလား
အဖေမရှိဘူးရှင့် တောထဲထင်းခွေသွားတယ်
ဘာကိစ္စများရှိလို့လဲ"

ထိုအခါကျွန်တော်က
"ကိစ္စကတော့ ထွေထွေထူးထူးမရှိပါဘူး
သူလာရင် ဒီစာရွက်လေးပေးပေးပါ
သူမယူဘူးဆိုရင် သူ့အိပ်ယာအောက်မှာ
ထည့်ထားပေးပါ"ဆိုပြီး အင်းစာရွက်ကိုထုတ်ပေးလိုက်တယ်။

ရွာထဲကနေပြန်ရောက်တော့
ဆရာနဲ့ကျွန်တော်တရားထိုင်ဖြစ်တယ်။
နေ့လည်စားချိန်ရောက်တော့
ရွာသားတစ်ယောက်ရေးကြီးသုတ်ပြာနဲ့
ကျောင်းထဲပြေးဝင်လာတယ်။

"ဆရာတော်ဘုရား
ဆရာတော်ဘုရား
ဦးထွန်းလူ ဧည့်သည်တွေကိုသတ်ဖို့
ဓားဆွဲပြီး လာနေပါပီဘုရား"

"ကပ္ပိယကြီးက ရုတ်တရက်ထလိုက်ပြီး
ကျွန်တော်တို့ကို လှမ်းကြည့်တယ်"

ဆရာတော်က
"လာရင်ကျောင်းပေါ်တက်ခဲ့ခိုင်းလိုက်ကွာ
ထွန်းလူတစ်ကောင် မိုက်ပြန်ပီထင်တယ်"

ကျွန်တော်တို့ထကြည့်လိုက်တော့
"ဓားကိုကိုင်ကာ ကျောင်းအဝမှာ
ရပ်ပြီး ဆဲဆိုနေတဲ့ ဦးထွန်းလူကို တွေ့လိုက်ရတယ်
ဒါပေမယ့် သူကလုံးဝကျောင်းထဲကိုမဝင်တာ ထူးဆန်းနေတယ်"

ရွာကလူတွေက
ဆရာတော်ကိုကြောက်လို့
မဝင်တာလို့ထင်နေကြတယ်။

ဆရာတော်က
ကျောင်းပေါ်ကနေ
"ဟေ့ ထွန်းလူ ဒီကဧည့်သည်တွေက
မင်းကိုဘာလုပ်လို့်တုန်း"

"ဒီကောင်တွေ ကျုပ်နေမရအောင်လုပ်တော့မှာ
ဒီကောင်တွေကိုသတ်မယ် အပြင်ထွက်ခဲ့"ဆိုပြီး အော်ဟစ်နေပါလေရော။

အဲလိုပြောတော့
ဆရာတော်က
"ဧည့်သည်တွေက
သူ့ကိုဘာလုပ်မိလို့တုန်း"

"တကယ်တော့ ဒီလူဟာ ဦးထွန်းလူမဟုတ်ပါဘုရား
ဦးထွန်းလူရဲ့ကိုယ်မှာဝင်ပူးနေတဲ့
နာနာဘာဝပါဘုရား
လွန်ခဲ့တဲ့နှစ်ထဲက ဦးထွန်းလူက တောဝက်ပက်လို့
ဆုံးသွားခဲ့ပါပီ သူအသက်ထွက်ခါနီးမှာ နာနာဘာဝတစ်ကောင်က နေရာဝင်ယူလိုက်တာပါ"

"ဒါဆိုဒီကဒကာလေးတို့ပြောတာက
ဦးထွန်းလူက ဖုတ်ဝင်နေတာပေါ့
ဒါဖြစ်နိုင်ပါ့မလား
ဖုတ်ဝင်နေတယ်ဆိုရင်
အိမ်ကမိသားစုတွေကိုရှာကျွေးနေပါ့မလား"

"တပည့်တော်လဲ ထူးဆန်းနေပါတယ်ဘုရား
အခုဆရာတော်ခွင့်ပြုမယ်ဆိုရင်
ဒီကျောင်းအဝမှာ တပည့်တော်ဖြေရှင်းပေးပါ့မယ်
ခွင့်ပြုတော်မူပါဘုရား"

"တကယ်ဆိုဆရာတော်က ဘာမှမပြောလိုပါဘူး
သူ့မိသားစုကရော လက်ခံပါ့မလား
ဧည့်သည်တို့အတွက် အန္တရာယ်ရှိနိုင်တယ်"

"သူ့မိသားစုကိုလဲ ယုံအောင်တပည့်တော့ကြိုးစားပြောကြည့်ပါမယ် ခွင့်ပြုပါဘုရား"

ဆရာတော်ခွင့်ပြုချက်ရတော့
ကျွန်တော်တို့ကျောင်းအဝကိုဆင်းလာခဲ့တယ်။
ကျောင်းအဝရောက်တော့
ဓားတဝင့်ဝင့်နဲ့ ကျွန်တော်နဲ့ဆရာကိုခုတ်ဖို့
တကဲကဲလုပ်နေတာ။

"ဦးထွန်းလူ ဘယ်လိုဖြစ်တာလဲ
ခင်ဗျားနဲ့ကျုပ်တို့ကရန်ငြိုးမှမရှိတာ
ကဲပါ ဟိုအမိ ဘယ်လိုဖြစ်လဲပြောပါဦး"

"အဖေပြန်လာတော့ ဒီကဧည့်သည်တို့ပေးတဲ့
စာရွက်ကိုပေးလိုက်တယ် အဖေကအဲစာရွက်ကို
မြင်တော့ ပစ်ထုတ်ခိုင်းတယ်၊ ကျွန်မလဲ ပစ်ထုတ်လိုက်တော့
အဖေကဓားဆွဲပီး ဒီကိုလိုက်လာတာပဲ"

တစ်ရွာလုံးလာကြည့်တဲ့သူတွေကများလွန်းလို့
အုံခဲနေတာ

ထိုအခါ.ဆရာက
"ဒီလောက်နေရရင်တော်ရောပေါ့
ဘာလို့သဘာသကိုဆန့်ကျင်ချင်ရတာလဲ
ခင်ဗျား.ဘယ်သူလဲပြော
သေချာတာက ခင်ဗျားက.ဦးထွန်းလူမဟုတ်ဘူး"

ဟင်. ဟာ.. အို
မဖြစ်နိုင်တာ ဘာတွေလျောက်ပြောနေတာလဲ
စကားသံတွေက ကြွက်စိကြွက်စိပေါ်လာတယ်။

ထိုအခါ ဆရာက
"ကျုပ်ပြောတာကို ကျုပ်သက်သေပြမယ်
ကပ္ပိယကြီး အခေါင်းတစ်လုံးနဲ့ ရေအိုးသုံးလုံး
အသင့်ပြင်ထားပေးပါ"

"ကဲ ဦးထွန်းလူ
ခင်ဗျားက ဦးထွန်းလူဆိုတာ
သေချာရင်
ဒီတားထားတဲ့စည်းဝိုင်းကို
ကျော်လာခဲ့ပါ"ဆိုပြီး
စည်းသုံးတန်တားလိုက်တယ်။

"ရွာသားတွေထဲက တစ်ယောက် ဒီစည်းထဲကိုကျော်လာလိုက်ပါ သာမန်လူဆိုရင် ဘာမှမဖြစ်ပါဘူး"

ရွာသားတစ်ယောက်က စည်းထဲကိုဝင်လိုက်တယ်။

"ကဲ အားလုံးအမြင်ပဲနော်
ဘာမှမဖြစ်ဘူး
ဦးထွန်းလူ ခင်ဗျားကတကယ့်ဦးထွန်းလူဆိုရင်
ဒီစည်းလေးကို.ကျော်လာခဲ့ပါ"

ထိုသို့ပြောလိုက်တော့
မျက်လုံးတွေပြူးပြီး ကျွန်တော်တို့ကို
စိုက်ကြည့်နေတာ။

"ခင်ဗျားက ဒီမိသားစုကိုလုပ်ကျွေးနေတယ်ဆိုတာ
သိရလို့ ကျုပ်တို့လေးစားပါတယ်။.ဒါကြောင့် ကျုပ်တို့ခင်ဗျားနာကျင်အောင်.မလုပ်ချင်ပါဘူး အေးဆေး ဒီကနေထွက်သွားပါ"

ကျွန်တော်တို့ပြောတာတွေကို
ရွာသားတွေနားမလည်အောင်ဖြစ်နေတယ်။
တစ်ယောက်တစ်ပေါက်နဲ့
ပြောနေကြတယ်။

ထိုအခါ ဆရာက
"ဟိုကလေးမ မင်းကဦးထွန်းလူသမီးလား"

"ဟုတ်.ဟုတ်ကဲ့"

"အဲဒါဆို မင်းအဖေ ဦးထွန်းလူက
လွန်ခဲ့တဲ့နှစ်က တောဝက်ပက်လို့ ဆုံးသွားပီ
သူ့ခန္ဓာကိုယ်ကိုတစ်ခြားတစ်ယောက်ဝင်ပူးထားတာ"

"မဟုတ်ဘူး.အဖေက အဲလိုမဟုတ်ဘူး
ဒါဆိုအဖေကဖုတ်ဝင်နေတယ်လို့ပြောချင်တာလား
အဖေက အဲလိုမဟုတ်ဘူး
သာမန်လူလိုပဲနေတာ
အခုထိ ဘာမှဒုက္ခမပေးခဲ့ဘူး
မဟုတ်ဘူး လိမ်နေတာ"

ကျွန်တော်စိတ်ညစ်သွားတယ်။
ဘယ်လိုရှင်းပြရမလဲတွေးနေတုန်း

"ဦးထွန်းလူ တစ်ဖြစ်လဲဒီကမိတ်ဆွေ
ခင်ဗျားပြောမလား
ကျုပ်လုပ်ရမလား"လို့ဆရာကမေးတော့မှ

"ငါသိတယ် ငါသိတယ်
ဒီရွာကိုသူတို့စရောက်ထဲကငါသိတယ်
ငါကိုကညံ့တာ
ငါသွားပေးမယ်
ငါမှမင်းတို့ကို မနိုင်တာ"

ီုဦးထွန်းလူကအဲလိုပြောတော့
ဆရာက
"နေဦး မသွားနဲ့ဦး
ခင်ဗျားဘယ်သူဆိုတာပြောသွား"

"ကျုပ်က ဦးဖိုးလူ"

ဟာ အမလေး အိုး...
ဦးဖိုးလူဆိုတာ ထွန်းလူအဖေလေ
သူကသေသွားတာကြာပီ
ဟုတ်ပါ့မလား
မဖြစ်နိုင်ဘူးထင်တယ်
ရွာသားတွေရဲ့စကားတွေ
ထွက်လာပြန်တယ်။

"အဖေ ဘာတွေပြောနေတာလဲ
အဖေကဘာလို့ အဖိုးနာမည်ပြောရတာလဲ"

"ငါ့သားထွန်းလူ.တောဝက်ပက်ခံရတော့
ငါသူ့ဘေးမှာရှိနေတာ
ငါ့မြေးတွေကိုစိတ်မချလို့
သူ့ကိုထဲဝင်ပြီး လုပ်ကျွေးနေတာ
အခုငါသွားရတော့မယ်
ငါနေမရတော့ဘူး
မြေးလေးတို့ဂရုစိုက်ကြ
ဟိုကောင်တွေ
သာအောင် ထွန်းကျော်တို့
ငါ့မြေးတွေကိုစောင့်ရှောက်ကြနော်
ငါမင်းတို့ကိုခေါ်ချင်ပါတယ်
ငါ့ကိုရိပ်မိမှာစိုးလို့မခေါ်တာ
ငါသွားပီနော်"လို့ပြောပြီး ဗိုင်းခနဲအရုပ်ကြိုးပြတ်လဲကျသွားတယ်။

ကျွန်တော်လဲ အသင့်လုပ်ခိုင်းထားတဲ့ အခေါင်းထဲ
ထည့်ဖို့လုပ်ချိန်မှာ တစ်ဖြေးဖြေး အသားတွေကွာကျ
လောက်ကောင်တွေတဖွားဖွားထွက်လာတာမြင်လိုက်ရတယ်။

အော် သံယောဇဉ်
ဘဝခြားနေတာတောင်
လုပ်ကျွေးနေသေးတာပဲလို့
တွေးလိုက်မိတယ်။

ကျွန်တော်တို့လဲ
ဆရာတော်ကိုလျောက်ကာ
နောက်တစ်နေရာကို
ခရီးဆက်ခဲ့လေတော့သည်။

ရွာကအထွက်မှာ
"သက်ခိုင် ဟိုအပင်မှာ
ဦးဖိုးလူနေတယ်"ဆိုပြီး
ရွာထိပ်ကဇီးပင်ကိုလက်ညိုးထိုးပြတယ်။

ကျွန်တော်လဲ ဇီးပင်ကိုကြည့်ပြီး
လက်ပြကာ
"ကျွန်တော်တို့သွားပီ ဦးဖိုးလူရေ
နောက်ထပ်အဲလိုမလုပ်နဲ့တော့နော်"လို့
အော်ပြောတော့
ဇီးပင်ကြီးက အလိုလိုလှုပ်လာတာမြင်လိုက်ရတယ်။

တစ်ဖြေးဖြေးနဲ့ဇီးပင်ကြီးက
အဝေးတွင်မှုန်ပြစွာ....

စာပြီးချိန်
11.11.2018
8း00PM
လေးစားစွာဖြင့်
ဇေယန(ရာမည)

ေအာင္ျမတ္သာႏွင့္ဖုတ္ဝင္သူ(စ/ဆုံး)
ေရးသားသူ..ေဇယန(ရာမည)

အထက္ဆရာႀကီးမ်ားရဲ႕ တာဝန္ေပးခ်က္ေတြကို
ထမ္းေဆာင္ရင္း ျမန္မာႏိုင္ငံအႏွံ႔ကိုကြၽန္ေတာ္တို႔
ေရာက္ရွိခဲ့တယ္။

လူမ်ိဳးစုံ ပညာရွင္မ်ိဳးစုံတို႔ကို ျမင္ေတြ႕ရသလို
စုန္းတိုက္နတ္တိုက္မ်ိဳးစုံကိုလဲ ႀကဳံေတြ႕ခဲ့ရတယ္။

ေ႐ႊဘိုၿမိဳ္႔က ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းမွာ
တည္းတုန္းကဆိုရင္ ေက်ာင္းအေနာက္ဘက္မွာရွိတဲ့
ေရကန္ထဲကေန မိန္းမပ်ိဳေတြ ထြက္လာတာကိုလဲ
ျမင္ေတြ႕ခဲ့ရဖူးတယ္။ဆရာေတာ္ကိုေလ်ာက္ထားေတာ့
အဲဒီေရကန္မွာ အေစာင့္အေရွာက္ေတြရွိတယ္လို႔ မိန္႔ေတာ္မူတယ္။

ကြၽန္ေတာ့္ပညာက သာမန္ေလာက္ပဲရွိတဲ့အတြက္
အရမ္းအေရးႀကီးတဲ့ကိစၥေတြဆိုရင္ ကြၽန္ေတာ့္အစား
ဆရာကေျဖရွင္းေလ့ရွိတယ္။

နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕ကိုေရာက္တုန္းကလဲ
မီးတြင္းထဲမွာဆုံးသြားတဲ့ မိန္းကေလးတစ္ေယာက္
သူ႔အိမ္ကိုစြဲၿပီး ေျခာက္လွန္႔တာကိုလဲ ႀကဳံခဲ့ရဖူးတယ္။
ပညာႏုနယ္တဲ့ ပေယာဂဆရာေတြဆိုရင္
တံေတြးနဲ႔ေတာင္.ေထြးခံရတယ္။
ႀကဳံခဲ့ရတာေတြကိုေျပာေနရင္ ကုန္မွာမဟုတ္ေတာ့ဘူး။
ဒီတစ္ခါႀကဳံခဲ့ရတာက သာမန္ျဖစ္႐ိုးျဖစ္စဥ္ေလးတစ္ခုပဲ။
ဒါေပမယ့္ သူက သာမန္ဖုတ္ဝင္သည္ေတြလို မဟုတ္ပဲ.ထူးဆန္းတာေလးေတြရွိခဲ့တယ္။

ဆရာနဲ႔ကြၽန္ေတာ္ခရီးသြားေနရင္း
.....ၿမိဳ႕ထဲက......႐ြာကိုမေမွ်ာ္လင့္ပဲေရာက္ရွိခဲ့တယ္။
႐ြာထဲကိုျဖတ္မွ ဟိုဘက္ၿမိဳ႕ကိုေရာက္မွာကိုး
႐ြာထဲကေနျဖတ္သြားရင္း
အိမ္တစ္အိမ္အေရွ႕ေရာက္ေတာ့
အိမ္ေရွ႕မွာ ထင္းေပါက္ေနတဲ့ လူတစ္ေယာက္က
ကြၽန္ေတာ္တို႔ကိုျမင္တဲ့အခါ အိမ္ထဲကိုေျပးဝင္သြားတာ။

ကြၽန္ေတာ္ကအမႈမဲ့အမွတ္မဲ့ေနလိုက္တယ္။
အဲဒီအခ်ိန္မွာဆရာက
"သက္ခိုင္ ခုနကေျပးဝင္သြားတဲ့သူကိုေတြ႕လား"
"အဲဒါက.လူမဟုတ္ဘူး"

ကြၽန္ေတာ္အ့ံၾသသြားတယ္။
မ်က္လုံးထဲေသခ်ာျမင္လိုက္တာက
လူမွလူစစ္စစ္
နာနာဘာဝေတာ့မဟုတ္တာေသခ်ာတယ္။
ဒါေပမယ့္ ဆရာက မဟုတ္ပဲနဲ႔ ဘယ္ေတာ့မွ
အဲလိုေျပာမွာမဟုတ္ဘူး။

"ဒါဆို လူမဟုတ္ရင္ ဘယ္သူလဲဆရာ"

"အဲဒါဖုတ္ဝင္ေနတဲ့သူပဲ
အသက္မရွိေတာ့တဲ့ ခႏၶာကိုယ္ထဲမွာ ေနရာဝင္ယူၿပီး
လူတစ္ေယာက္လိုဟန္ေဆာင္ေနတာ"

"ဖုတ္ဝင္သူေတြက အမ်ိဳးမ်ိဳးရွိတယ္
တစ္ခ်ိဳ႕က အစားအေသာက္စားခ်င္လို႔ဝင္တယ္
တစ္ခ်ိဳ႕က ကိုယ္ေငြ႕လႈံခ်င္လို႔ဝင္တယ္
တစ္ခ်ိဳ႕က လူဘဝကိုစိတ္မကုန္ေသးလို႔
သာမန္လူတစ္ေယာက္လို ေနထိုင္ၾကတယ္"

"ယခင္ကဆို ဖုတ္ဝင္ၿပီးေနတဲ့သူက မိန္းမယူၿပီး
ကေလးေတြေတာင္ေမြးထားေသးတာလို႔ ၾကားဖူးတယ္
ခုနကလူကလဲ သာမန္လူလို႔ထင္ရေပမယ့္
သူ႔မွာ သက္ရွိတစ္ေယာက္ရဲ႕ ကိုယ္ေငြ႕မေတြ႕ရဘူး
သာမန္လူေတြမျမင္ႏိုင္တဲ့အတြက္ သူ႔ကို မိသားစုဝင္ တစ္ေယာက္လိုပဲ.ျမင္ေနၾကတာျဖစ္မယ္"

"ဒါဆို ဒီတိုင္းထားရင္ေရာ ဘာျဖစ္လာမလဲ"

"သူ႔အျပဳအမူကိုေမးၾကည့္ရမွာေပါ့
ဒါေပမယ့္ ျဖစ္႐ိုးျဖစ္စဥ္နဲ႔ဆန္႔က်င္တဲ့
ဘယ္အရာမဆို ငါတို႔တားရမယ့္တာဝန္ရွိတယ္
ဒီညဒီ႐ြာမွာပဲ တည္းရေအာင္"

ကြၽန္ေတာ္တို႔လဲ ႐ြာဦးေက်ာင္းမွာ တည္းရင္း
ကပၸိယႀကီးကို.ေန႔လည္ကေတြ႕ခဲ့တဲ့
လူအေၾကာင္းေမးၾကည့္ျဖစ္ခဲ့တယ္။

"ဒီကဧည့္သည္ေတြေမးေတာ့လဲ ေျပာျပရတာေပါ့
ေန႔လည္က ဧည့္သည္တို႔ေတြ႕ခဲ့တဲ့သူက
ဦးထြန္းလူျဖစ္မယ္။ သူကအဲဒီအိမ္ရဲ႕ အိမ္ေထာင္ဦးစီးေလ။ သူ႔မွာနာမည္ပ်က္ေတာ့မရွိပါဘူး။ အိမ္ကိုလဲသူပဲရွာေကြၽးေနတာ။ မနက္ဆိုေတာထဲသြား၊.ထင္းေခြ၊.ညေနဆိုထင္းခြဲ၊ ရလာတဲ့ထင္းေတြကို ေရာင္းခ်ၿပီး သူ႔မိသားစုေတြကိုရွာေကြၽးေနတာ၊ တကယ္တာဝန္ေက်တဲ့သူတစ္ေယာက္ပါ"

ကြၽန္ေတာ္ဇေဝဇဝါျဖစ္သြားတယ္။
ဒါေပမယ့္ဆရာေျပာတဲ့စကားကိုလဲမယုံလို႔မရျပန္ဘူး။

"ဒါနဲ႔ အဲဒီဦးထြန္းလူက သာမန္လူတစ္ေယာက္လိုပဲ
သြားလာစားေသာက္တာေပါ့ ဟုတ္လား ကပၸိယႀကီး"

"ဟုတ္တယ္ေလ သာမန္လူလိုပဲေနတာ"

"သူအရင္က ေနမေကာင္းတာေတြ ထိခိုက္တာေတြ
ရွိခဲ့ဖူးေသးလား"

"အင္း မရွိဘူးကြဲ႕... ေအာ္ ရွိခဲ့တယ္.ခုမွမွတ္မိတယ္
လြန္ခဲ့တဲ့ႏွစ္က ေတာထဲမွာ ထင္းေခြသြားရင္း ေတာဝက္ပက္တာႀကဳံခဲ့ရတယ္၊ ဒဏ္ရာရေတာ္ေတာ္မ်ားတယ္
ဒါေပမယ့္သူကမေသပဲျပန္ေကာင္းလာလို႔ ေသ႐ြာျပန္ထြန္းလူလို႔ေတာင္ စေနာက္ၾကေသးတယ္"

ကြၽန္ေတာ္ၿပဳံးလိုက္မိတယ္။လိုခ်င္တဲ့အခ်က္ကိုသိလိုက္ရပီေလ။
"အဲဒါဆို ဦးထြန္းလူက ႐ြာေက်ာင္းကိုလာတာ.ျမင္မိလား"

"အရင္ကေတာ့ တစ္လတစ္ခါေလာက္ေတာ့ ဆရာေတာ့ဆီလာတာေတြ႕တယ္။ ေနာက္ပိုင္းမေတြ႕ျဖစ္ေတာ့ဘူး စီးပြားေရးအဆင္မေျပတာနဲ႔ လာဖို႔ေမ့ေနတယ္ထင္ပါတယ္၊ ငါလဲေတြ႕ရင္သတိေပးလိုက္ဦးမယ္၊ ဘုရားရွိခိုးခ်ိန္ ေရာက္ပီဆိုေတာ့ သြားလိုက္ဦးမယ္ကြယ့္"

ထသြားေသာ.ကပၸိယႀကီးကိုၾကည့္ၿပီး
ကြၽန္ေတာ္ဦးထြန္းလူအေၾကာင္းကို.ေတြးလိုက္မိတယ္။

မနက္မိုးလင္းေတာ့
ကပၸိယႀကီးျပင္ထားေပးတဲ့
မနက္စာကိုစားရင္း
"ကပၸိယႀကီး ႐ြာထဲခဏလိုက္ၾကည့္မလို႔
ဆရာေတာ္ဆီေလ်ာက္ေပးပါဦး"

"အိုကြယ္.သြားစရာရွိသြား
ဆရာေတာ္ကဒီအခ်ိန္တရားထိုင္ေနပီ
သြားၾကည့္ၾက.ဘာမွမျဖစ္ဘူး"

ကြၽန္ေတာ္တို႔လဲခြင့္ရတာနဲ႔
႐ြာထဲကိုထြက္လာခဲ့လိုက္ေတာ့တယ္။

ဦးထြန္းလူအိမ္ေရွ႕ေရာက္ေတာ့
"အိမ္ရွင္တို႔ ဒါဦးထြန္းလူတို႔အိမ္လား"
ေအာ္ေခၚလိုက္ေတာ့ အိမ္ထဲကေန
အမ်ိဳးသမီးတစ္ေယာက္ထြက္လာတာ
ေတြ႕လိုက္တယ္။

"အေဖအသိေတြလား
အေဖမရွိဘူးရွင့္ ေတာထဲထင္းေခြသြားတယ္
ဘာကိစၥမ်ားရွိလို႔လဲ"

ထိုအခါကြၽန္ေတာ္က
"ကိစၥကေတာ့ ေထြေထြထူးထူးမရွိပါဘူး
သူလာရင္ ဒီစာ႐ြက္ေလးေပးေပးပါ
သူမယူဘူးဆိုရင္ သူ႔အိပ္ယာေအာက္မွာ
ထည့္ထားေပးပါ"ဆိုၿပီး အင္းစာ႐ြက္ကိုထုတ္ေပးလိုက္တယ္။

႐ြာထဲကေနျပန္ေရာက္ေတာ့
ဆရာနဲ႔ကြၽန္ေတာ္တရားထိုင္ျဖစ္တယ္။
ေန႔လည္စားခ်ိန္ေရာက္ေတာ့
႐ြာသားတစ္ေယာက္ေရးႀကီးသုတ္ျပာနဲ႔
ေက်ာင္းထဲေျပးဝင္လာတယ္။

"ဆရာေတာ္ဘုရား
ဆရာေတာ္ဘုရား
ဦးထြန္းလူ ဧည့္သည္ေတြကိုသတ္ဖို႔
ဓားဆြဲၿပီး လာေနပါပီဘုရား"

"ကပၸိယႀကီးက ႐ုတ္တရက္ထလိုက္ၿပီး
ကြၽန္ေတာ္တို႔ကို လွမ္းၾကည့္တယ္"

ဆရာေတာ္က
"လာရင္ေက်ာင္းေပၚတက္ခဲ့ခိုင္းလိုက္ကြာ
ထြန္းလူတစ္ေကာင္ မိုက္ျပန္ပီထင္တယ္"

ကြၽန္ေတာ္တို႔ထၾကည့္လိုက္ေတာ့
"ဓားကိုကိုင္ကာ ေက်ာင္းအဝမွာ
ရပ္ၿပီး ဆဲဆိုေနတဲ့ ဦးထြန္းလူကို ေတြ႕လိုက္ရတယ္
ဒါေပမယ့္ သူကလုံးဝေက်ာင္းထဲကိုမဝင္တာ ထူးဆန္းေနတယ္"

႐ြာကလူေတြက
ဆရာေတာ္ကိုေၾကာက္လို႔
မဝင္တာလို႔ထင္ေနၾကတယ္။

ဆရာေတာ္က
ေက်ာင္းေပၚကေန
"ေဟ့ ထြန္းလူ ဒီကဧည့္သည္ေတြက
မင္းကိုဘာလုပ္လို္႔တုန္း"

"ဒီေကာင္ေတြ က်ဳပ္ေနမရေအာင္လုပ္ေတာ့မွာ
ဒီေကာင္ေတြကိုသတ္မယ္ အျပင္ထြက္ခဲ့"ဆိုၿပီး ေအာ္ဟစ္ေနပါေလေရာ။

အဲလိုေျပာေတာ့
ဆရာေတာ္က
"ဧည့္သည္ေတြက
သူ႔ကိုဘာလုပ္မိလို႔တုန္း"

"တကယ္ေတာ့ ဒီလူဟာ ဦးထြန္းလူမဟုတ္ပါဘုရား
ဦးထြန္းလူရဲ႕ကိုယ္မွာဝင္ပူးေနတဲ့
နာနာဘာဝပါဘုရား
လြန္ခဲ့တဲ့ႏွစ္ထဲက ဦးထြန္းလူက ေတာဝက္ပက္လို႔
ဆုံးသြားခဲ့ပါပီ သူအသက္ထြက္ခါနီးမွာ နာနာဘာဝတစ္ေကာင္က ေနရာဝင္ယူလိုက္တာပါ"

"ဒါဆိုဒီကဒကာေလးတို႔ေျပာတာက
ဦးထြန္းလူက ဖုတ္ဝင္ေနတာေပါ့
ဒါျဖစ္ႏိုင္ပါ့မလား
ဖုတ္ဝင္ေနတယ္ဆိုရင္
အိမ္ကမိသားစုေတြကိုရွာေကြၽးေနပါ့မလား"

"တပည့္ေတာ္လဲ ထူးဆန္းေနပါတယ္ဘုရား
အခုဆရာေတာ္ခြင့္ျပဳမယ္ဆိုရင္
ဒီေက်ာင္းအဝမွာ တပည့္ေတာ္ေျဖရွင္းေပးပါ့မယ္
ခြင့္ျပဳေတာ္မူပါဘုရား"

"တကယ္ဆိုဆရာေတာ္က ဘာမွမေျပာလိုပါဘူး
သူ႔မိသားစုကေရာ လက္ခံပါ့မလား
ဧည့္သည္တို႔အတြက္ အႏၲရာယ္ရွိႏိုင္တယ္"

"သူ႔မိသားစုကိုလဲ ယုံေအာင္တပည့္ေတာ့ႀကိဳးစားေျပာၾကည့္ပါမယ္ ခြင့္ျပဳပါဘုရား"

ဆရာေတာ္ခြင့္ျပဳခ်က္ရေတာ့
ကြၽန္ေတာ္တို႔ေက်ာင္းအဝကိုဆင္းလာခဲ့တယ္။
ေက်ာင္းအဝေရာက္ေတာ့
ဓားတဝင့္ဝင့္နဲ႔ ကြၽန္ေတာ္နဲ႔ဆရာကိုခုတ္ဖို႔
တကဲကဲလုပ္ေနတာ။

"ဦးထြန္းလူ ဘယ္လိုျဖစ္တာလဲ
ခင္ဗ်ားနဲ႔က်ဳပ္တို႔ကရန္ၿငိဳးမွမရွိတာ
ကဲပါ ဟိုအမိ ဘယ္လိုျဖစ္လဲေျပာပါဦး"

"အေဖျပန္လာေတာ့ ဒီကဧည့္သည္တို႔ေပးတဲ့
စာ႐ြက္ကိုေပးလိုက္တယ္ အေဖကအဲစာ႐ြက္ကို
ျမင္ေတာ့ ပစ္ထုတ္ခိုင္းတယ္၊ ကြၽန္မလဲ ပစ္ထုတ္လိုက္ေတာ့
အေဖကဓားဆြဲပီး ဒီကိုလိုက္လာတာပဲ"

တစ္႐ြာလုံးလာၾကည့္တဲ့သူေတြကမ်ားလြန္းလို႔
အုံခဲေနတာ

ထိုအခါ.ဆရာက
"ဒီေလာက္ေနရရင္ေတာ္ေရာေပါ့
ဘာလို႔သဘာသကိုဆန္႔က်င္ခ်င္ရတာလဲ
ခင္ဗ်ား.ဘယ္သူလဲေျပာ
ေသခ်ာတာက ခင္ဗ်ားက.ဦးထြန္းလူမဟုတ္ဘူး"

ဟင္. ဟာ.. အို
မျဖစ္ႏိုင္တာ ဘာေတြေလ်ာက္ေျပာေနတာလဲ
စကားသံေတြက ႂကြက္စိႂကြက္စိေပၚလာတယ္။

ထိုအခါ ဆရာက
"က်ဳပ္ေျပာတာကို က်ဳပ္သက္ေသျပမယ္
ကပၸိယႀကီး အေခါင္းတစ္လုံးနဲ႔ ေရအိုးသုံးလုံး
အသင့္ျပင္ထားေပးပါ"

"ကဲ ဦးထြန္းလူ
ခင္ဗ်ားက ဦးထြန္းလူဆိုတာ
ေသခ်ာရင္
ဒီတားထားတဲ့စည္းဝိုင္းကို
ေက်ာ္လာခဲ့ပါ"ဆိုၿပီး
စည္းသုံးတန္တားလိုက္တယ္။

"႐ြာသားေတြထဲက တစ္ေယာက္ ဒီစည္းထဲကိုေက်ာ္လာလိုက္ပါ သာမန္လူဆိုရင္ ဘာမွမျဖစ္ပါဘူး"

႐ြာသားတစ္ေယာက္က စည္းထဲကိုဝင္လိုက္တယ္။

"ကဲ အားလုံးအျမင္ပဲေနာ္
ဘာမွမျဖစ္ဘူး
ဦးထြန္းလူ ခင္ဗ်ားကတကယ့္ဦးထြန္းလူဆိုရင္
ဒီစည္းေလးကို.ေက်ာ္လာခဲ့ပါ"

ထိုသို႔ေျပာလိုက္ေတာ့
မ်က္လုံးေတြျပဴးၿပီး ကြၽန္ေတာ္တို႔ကို
စိုက္ၾကည့္ေနတာ။

"ခင္ဗ်ားက ဒီမိသားစုကိုလုပ္ေကြၽးေနတယ္ဆိုတာ
သိရလို႔ က်ဳပ္တို႔ေလးစားပါတယ္။.ဒါေၾကာင့္ က်ဳပ္တို႔ခင္ဗ်ားနာက်င္ေအာင္.မလုပ္ခ်င္ပါဘူး ေအးေဆး ဒီကေနထြက္သြားပါ"

ကြၽန္ေတာ္တို႔ေျပာတာေတြကို
႐ြာသားေတြနားမလည္ေအာင္ျဖစ္ေနတယ္။
တစ္ေယာက္တစ္ေပါက္နဲ႔
ေျပာေနၾကတယ္။

ထိုအခါ ဆရာက
"ဟိုကေလးမ မင္းကဦးထြန္းလူသမီးလား"

"ဟုတ္.ဟုတ္ကဲ့"

"အဲဒါဆို မင္းအေဖ ဦးထြန္းလူက
လြန္ခဲ့တဲ့ႏွစ္က ေတာဝက္ပက္လို႔ ဆုံးသြားပီ
သူ႔ခႏၶာကိုယ္ကိုတစ္ျခားတစ္ေယာက္ဝင္ပူးထားတာ"

"မဟုတ္ဘူး.အေဖက အဲလိုမဟုတ္ဘူး
ဒါဆိုအေဖကဖုတ္ဝင္ေနတယ္လို႔ေျပာခ်င္တာလား
အေဖက အဲလိုမဟုတ္ဘူး
သာမန္လူလိုပဲေနတာ
အခုထိ ဘာမွဒုကၡမေပးခဲ့ဘူး
မဟုတ္ဘူး လိမ္ေနတာ"

ကြၽန္ေတာ္စိတ္ညစ္သြားတယ္။
ဘယ္လိုရွင္းျပရမလဲေတြးေနတုန္း

"ဦးထြန္းလူ တစ္ျဖစ္လဲဒီကမိတ္ေဆြ
ခင္ဗ်ားေျပာမလား
က်ဳပ္လုပ္ရမလား"လို႔ဆရာကေမးေတာ့မွ

"ငါသိတယ္ ငါသိတယ္
ဒီ႐ြာကိုသူတို႔စေရာက္ထဲကငါသိတယ္
ငါကိုကညံ့တာ
ငါသြားေပးမယ္
ငါမွမင္းတို႔ကို မႏိုင္တာ"

ီုဦးထြန္းလူကအဲလိုေျပာေတာ့
ဆရာက
"ေနဦး မသြားနဲ႔ဦး
ခင္ဗ်ားဘယ္သူဆိုတာေျပာသြား"

"က်ဳပ္က ဦးဖိုးလူ"

ဟာ အမေလး အိုး...
ဦးဖိုးလူဆိုတာ ထြန္းလူအေဖေလ
သူကေသသြားတာၾကာပီ
ဟုတ္ပါ့မလား
မျဖစ္ႏိုင္ဘူးထင္တယ္
႐ြာသားေတြရဲ႕စကားေတြ
ထြက္လာျပန္တယ္။

"အေဖ ဘာေတြေျပာေနတာလဲ
အေဖကဘာလို႔ အဖိုးနာမည္ေျပာရတာလဲ"

"ငါ့သားထြန္းလူ.ေတာဝက္ပက္ခံရေတာ့
ငါသူ႔ေဘးမွာရွိေနတာ
ငါ့ေျမးေတြကိုစိတ္မခ်လို႔
သူ႔ကိုထဲဝင္ၿပီး လုပ္ေကြၽးေနတာ
အခုငါသြားရေတာ့မယ္
ငါေနမရေတာ့ဘူး
ေျမးေလးတို႔ဂ႐ုစိုက္ၾက
ဟိုေကာင္ေတြ
သာေအာင္ ထြန္းေက်ာ္တို႔
ငါ့ေျမးေတြကိုေစာင့္ေရွာက္ၾကေနာ္
ငါမင္းတို႔ကိုေခၚခ်င္ပါတယ္
ငါ့ကိုရိပ္မိမွာစိုးလို႔မေခၚတာ
ငါသြားပီေနာ္"လို႔ေျပာၿပီး ဗိုင္းခနဲအ႐ုပ္ႀကိဳးျပတ္လဲက်သြားတယ္။

ကြၽန္ေတာ္လဲ အသင့္လုပ္ခိုင္းထားတဲ့ အေခါင္းထဲ
ထည့္ဖို႔လုပ္ခ်ိန္မွာ တစ္ေျဖးေျဖး အသားေတြကြာက်
ေလာက္ေကာင္ေတြတဖြားဖြားထြက္လာတာျမင္လိုက္ရတယ္။

ေအာ္ သံေယာဇဥ္
ဘဝျခားေနတာေတာင္
လုပ္ေကြၽးေနေသးတာပဲလို႔
ေတြးလိုက္မိတယ္။

ကြၽန္ေတာ္တို႔လဲ
ဆရာေတာ္ကိုေလ်ာက္ကာ
ေနာက္တစ္ေနရာကို
ခရီးဆက္ခဲ့ေလေတာ့သည္။

႐ြာကအထြက္မွာ
"သက္ခိုင္ ဟိုအပင္မွာ
ဦးဖိုးလူေနတယ္"ဆိုၿပီး
႐ြာထိပ္ကဇီးပင္ကိုလက္ညိဳးထိုးျပတယ္။

ကြၽန္ေတာ္လဲ ဇီးပင္ကိုၾကည့္ၿပီး
လက္ျပကာ
"ကြၽန္ေတာ္တို႔သြားပီ ဦးဖိုးလူေရ
ေနာက္ထပ္အဲလိုမလုပ္နဲ႔ေတာ့ေနာ္"လို႔
ေအာ္ေျပာေတာ့
ဇီးပင္ႀကီးက အလိုလိုလႈပ္လာတာျမင္လိုက္ရတယ္။

တစ္ေျဖးေျဖးနဲ႔ဇီးပင္ႀကီးက
အေဝးတြင္မႈန္ျပစြာ....

စာၿပီးခ်ိန္
11.11.2018
8း00PM
ေလးစားစြာျဖင့္
ေဇယန(ရာမည)

No comments

Post a Comment