*ဦးဖိုးဝေ နှင့် မေတ္တာစစ်*



*******************

ဦးဖိုးဝေ နှင့် သူရိယ လက်ပံရွာသို့ ပြန်လည်ေရာက်ရှိလာသည် ၊ လက်ပံရွာ ရှိဦးလွင်၏ အိမ်သို့သွားရောက်လိုက်ရာ ဦးလွင်နှင့် မိသားစု သည်က နွေးထွေးစွာကြိုဆိုကြ၏
"ဆရာကြီး တို့ပါလား ကြွပါ ခင်ဗျာ အခုတော့ အိမ်မှာ ပဲ တည်းရမယ်ဗျာ ရွာဦးကျောင်း မတည်းတော့ပါနဲ့ "
"ဆရာကြီးတို့ကို မျှော်နေတာ ရောက်လာတော့ အတော်ပါပဲ ရှင် "
ဦးလွင်း နှင့် ဒေါ်ကျော့မေ၏ မျက်နှာ တို့သည် သိပ်ပြီး မကောင်းပေ ၊ ဧည့်ဝတ်ပြုေနသည့် အတွက် ပြုံးပြနေပေမဲ့ အပြုံး၏ နောက်ကွယ်တွင် ဝေဒနာ တရပ်ခံစားနေရသည်ကို ဦးဖိုးဝေခံစားမိ၍
"ဦးလွင် နဲ့ ဒေါ်ကျော့မေ ဘာတွေများ စိတ်မကောင်း စရာတွေ ရှိလို့လဲ "
"မရှိပါဘူး ဆရာကြီး "
"ကျုပ်ကို မလိမ်စမ်းပါနဲ့ ဗျာ ဦးလွင်တို့ မျက်နှာ ကို မြင်ကတည်းကက ကျုပ်သတိထားမိပါတယ် "
ဦးဖိုးဝေ၏ စကားကြောင့် ဒေါ်ကျော့မေ၏ မျက်ဝန်းမှ မျက်ရည်များ ခိုတွဲလာ၏ ခိုတွဲနေသော မျက်ရည်စများကို မျက်တောင်ခက်၍ ထိန်းလိုက်ပြီး
"ကျမ သမီးလေး "
"အဒေါ် အမနွေဦး ဘာဖြစ်လို့ လဲ "
ဒေါ်ကျော့မေ၏ စကားမဆုံးခင် သူရိယသည် ဆိုးရိမ်တကြီး ဝင်ရောက်မေးမြန်လာရာ ဒေါ်ကျော့မေသူရိယအားကြည့်လိုက်ပြီး
"သူရိယ အဒေါ့်သမီးလေးက မီးတောက်ရွာက ကောင်တယောက်နောက်လိုက်သွားပြီ "
"ဗျာ "
သူရိယ၏ စိတ်ထဲတွင် အမျိုးအမည်မသိဝေဒနာ တရပ်ခံစားလာရသည် ၊ ထမင်းဆာလာသလို ရေဆာ လာသလို ရင်ဘက်ထဲမှ ဟာလာ၏ မက်တပ်ရပ်ရန်ပင် စွမ်းအားမရှိသလို ခံစားလာရသည် ၊ ရင်ဘက်ထဲ၌ ဟာလာသည်နှင့် မျက်ရည်များဝဲလာ၏ သူရိယ သူဘာဖြစ်တာလဲဆိုတာကိုပင် မသိပေ သူ လူတွေအနား နေရမှာကို ရှက်သလိုခံစားလာရ၏ ထို့ကြောင့်
"အဘ ကျနော် ပြည်မိုးတို့အိမ်သွားလိုက်ဦးမယ် "
သူရိယ၏ စကားကြောင့် ကျန်လူများ သူရိယကို ကြည့်ေနသည် ၊သူရိယသည်က ဦးဖိုးဝေ၏ ခွှင့်ပြု ချက်ပင် မစောင့် နိုင်တော့ပဲ ဦးလွင်၏ အိမ်ဝိုင်းထဲ မှာ ခပ်မြန်မြန် ထွက်ခွာသွားပါလေတော့သည်။

သူရိယသည် ရွာဦးကျောင်းသို့ သွားသော လမ်းေဘးရှိညောင်ပင်ကြီး အောက်တွင် တယောက်တည်းထိုင်နေသည် ၊ သူ၏ စိတ်တွေ အင်မတန် လှူပ်ရှားနေသည် ၊ လှုပ်ရှားနေသည့် စိတ်များအား တပလ္လင်ခွေထိုင်ပြီး ငြိမ်အောင် ထိန်းပေမဲ့ ထိန်းမရဖြစ်နေ၏ ၊ သူ၏ မျက်ဝန်းမှလည်း မျက်ရည်များက တသွင် သွင် စီးကျလာသည် သူ့ကိုယ့်သူ မယုံကြည်နိုင်စွာ ဖြစ်နေရင်း စိတ်ထဲမှလည်း
"ငါ ငါဘာဖြစ်တာ လဲ ငါဘာလို့ ဝမ်းနည်းနေရတာ လဲ ငါဘာလို့ မျက်ရည်တွေကျနေတာလဲ မနွေဦးက ငါနဲ့ဘာမှ မဆိုင်တာ ငါဘာလို့ နှမျောနေတာလဲ "
သူတယောက်ထဲ ဆောက်တည်ရာ မရဖြစ်နေစဉ် သူရှိနေသည် ညောင်ပင်၏ အခြားတဘက်မှ အသံတသံထွက်လာသည်
"ကောင်လေး လောကီအပူမီး ကူးနေပြီလား ဦးလွင် သမီးက ဘယ်လိုလုပ် စုန်းတွေ အောက်လမ်းတွေပဲေနတဲ့ မီးတောက်ရွာကို လိုက်သွားတာလဲ မသိချင်ဘူလား "
"ခင်ဗျား ဘယ်သူလဲ အခုထွက်ခဲ့စမ်း "
သူရိယ၏ စကားဆုံးသည်နှင့် အသက် ၅၀,ကျော် အမျိုးသမီးကြီး ထွက်လာသည် ၊ ထိုအမျိုးသမီးကြီးသည် သူရိယကို မြင်သည် နှင့် ပြုံးပြလိုက်ပြီး
"ကောင်လေး နင်ရင် ထဲမှာ ဖြစ်နေတာ ဘာဖြစ်တယ် ဆိုတာ နင်သိလား "
သူရိယသည် အမျိုးသမီးကြီး၏ စကားကို ခွန်းတုန့် မပြန်ပဲ စူးစိုက်ပြီးသာကြည့်နေလေရာ ထိုအမျိုးသမီးကြီးသည် ဆက်ပြီးစကားဆိုလာသည်
"ကောင်လေး အဲ့တာ အချစ်ဟဲ့"
"အချစ်ဟုတ်လား "
"အေး အချစ်ပေါ့ နင် အဲ့ကလေးမကို ဆုံးရှုံးလိုက်ရပြီလို့တွေးပြီး ယူကြုံးမရဖြစ်နေတာမဟုတ်လား "
"ကျုပ် ကျုပ်"
သူရိယ မည်သို့သောစကားမှ မပြောနိုင်ပါ အမျိုးသမီးကြီးသည် ဆက်ပြီး စကားဆိုလာပြန်သည်
"ကောင်လေး ငါကိုယ်ချင်းစာပါတယ် ဒါပေမဲ့ ကောင်မလေးက အခုလိုက်သွားတယ်ဆိုတာ ချစ်လို့ ကြိုက်လို့မဟုတ်ဘူး အောက်လမ်း ပညာတွေနဲ့ ပြုစားခံထားရတာ "
"ဗျာ အဒေါ်ပြောတာ တကယ်လား"
"ငါက အရင် အဲ့ကလေးမကို မုန်းနေတာ သူတို့ အလှူပြီးကတည်းက အဲ့ကလေးမနဲ့ သူအမေက အပြောင်းလဲ ကြီးပြောင်းလဲသွားတယ် ဒါကြောင့် ငါ နင့်ကို သတိပေးတာ "
"ကျုပ် ဘယ်လို လုပ်ရမလဲ "
"အဲ့တာတော့ ငါလည်း မပြောတက်ဘူး နင့်ဆရာကို တိုင်ပင်ပေါ့ ငါပြန်ပြီကောင်လေး"
အမျိုးသမီးကြီသည် ပြောပြောဆိုဆို အမဲရောင် အရိပ်မျှသာမြင်လိုက်ရပြီး ပျောက်ကွယ်လို့သွားတော့သည် သူရိယသည်လည်းချက်ချင်း ဦးဖိုးဝေ ရှိရာ ဦးလွင်အိမ်သို့ ခြေဦးလှည့်လိုက်ပါလေတော့သည်။

ဦးလွင်၏ အိမ်တွင်ဖြစ်သည် ဒေါ်ကျော့မေမှ မျက်ရည်လေး စမ်းစမ်း နှင့် ဦးဖိုးဝေအား စကားဆိုနေသည် ဦးလွင်သည်က အိမ်တိုင်ကို သာငေးနေလေသည်၊
"ဆရာကြီးရယ် ကျမသမီးေ လးက အဲ့လို မိုက်မယ် လို့ မထင်ထားဘူး "
"ဘယ်တက်နိုင်မလဲဗျာ ဒါနဲ့ ကလေးမလေးကို လာမအပ်ကြဘူးလား "
"မီးတောက်ရွာ ဆိုတာက ကျမတို့ ရွာထိပ်က နေလှမ်းမြင်ရတဲ့ တောင်ပြာပြာတွေပေါ်က ရွာပါ အဲ့ရွာတွေဘက်ကိုက လူအရောက်အပေါက်နည်းတယ် ဆရာကြီး "
"ဟုတ်လား ဘယ်လို လုပ်များ ကလေးမလေး နဲ့ ရည်ငံကြတာလဲ ကွယ်"
"မသိပါဘူး ဆရာကြီးရာ ကျနော်တို့လည်း ဘာမှကို မသိတာ ပါ "
ငေးငိုင်နေသော ဦးလွင် မှာ ဦးဖိုးဝေအား ပြောလိုက်ချင်းဖြစ်သည် ၊ ထိုစဉ် အိမ်ဝိုင်းထဲသို့ သူရိယ အလောတကြီး ဝင်လာကာ ဦးဖိုးဝေ နှင့် ဦးလွင်အား
"အဘ နဲ့ ဦးကြီး ကျုပ် ပြောစရာ ရှိတယ် "
"လူလေး အလောတကြီးနဲ့ ဘယ်လိုဖြစ်တာလဲ "
"မနွေဦးကို အောက်လမ်းနည်းနဲ့ ပြုစားပြီး ခေါ်သွားတာတဲ့ "
"ဘယ်သူပြောတာလဲ လူလေး "
"ညောင်ပင်အနားကို မိန်းမကြီး တဦး လာပြောတာ "
ဦးဖိုးဝေ ခေတ္တတွေးလိုက်ပြီး ဦးလွင်ဘက် လှည့်ကာ
"ဦးလွင် သူရိယပြောတာ ဘယ်လို သဘောရလဲ "
"ကျနော် လည်း မသိတော့ပါဘူးဗျာ ဆရာကြီးတို့ ကောင်းသလို သာ လုပ်ကြပါတော့ဗျာ "
ဦးလွင်မှ ထိုသို့ပြောသောအခါ ဒေါ်ကျော့မေသည် သူရိယ၏ စကားအား ထောက်ခံလိုက်သည်
"ဟုတ်တယ် ကျမ သမီးလေးက သူစိတ်နဲ့သူတော့ ဒီလောက်ကြီး မိုက်မှာ မဟုတ်ဘူး သူရိယပြောသလို မကောင်းတဲ့ ပညာတွေနဲ့ ပြုစားထားတာနေမှာ"
"သေချာပါတယ် အဒေါ် ကျနော်တို့ မနွေဦးဆီလိုက်သွားမယ် "
"အဒေါ်တို့လည်း လိုက်မယ် "
"တူမကြီး လိုက်လို့မရဘူး ကျုပ်နဲ့ သူရိယ ပဲသွားရလိမ့်မယ် "
ဒေါ်ကျော့မေမှ အားကြိုးမာန်တက်ဆိုလိုက်ပေမဲ့ ဦးဖိုးဝေ၏ စကားကြောင့် မည်သို့စကားမှ မပြောသာပဲ ငြိမ်နေရသည် ဦးဖိုးဝေသည် ဦးလွင်ကို ကြည့်ကာ
"ဦးလွင် မီးတောက်ရွာ အကြောင်း ဘာတွေသိထားသေးလဲ "
"ကြားသာ ကြားဖူးတာပါ ဆရာကြီး ကျုပ်လည်း မရောက်ဘူးပါဘူးဗျာ အခုတောင် သမီးက မီးတောက်ရွာက လှငွေ နောက်လိုက်သွားပြီဆိုပြီး စားရေးခဲ့တာပါပဲ လှငွေဆိုတာ ဘယ်လိုပုံစံ မှန်းတောင် မသိပါဘူးဗျာ"
"ကလေးမလေးရဲ့ အပေါင်းအသင်းတွေကိုကော မမေးကြည့်ဘူးလား "
"မေးကြည့်တာပေါ့ ဆရာကြီးရယ် သူတို့ပြောတာတော့ နွေဦးက သူတို့နဲ့ တွေ့ရင်တောင် အခုတေလာ စကားသိပ်မပြောဘူးတဲ့ ဗျာ "
ဦးလွင်သည် စိတ်ညစ်စွာနှင့် ဦးဖိုးဝေအား သူ၏ သမီးအကြောင်း ပြောပြနေလေသည် ၊ သူရိယသည်က ဦးဖိုးဝေ အနားသွားကာ
"အဘ ကျေနာ် တို့ အခု မီးတောက်ရွာကို သွားကြရအောင်"
"အေးပါ လူလေး သွားကြတာပေါ့ကွယ် "
ဦးဖိုးဝေနှင့် သူရိယလည်း ဦးလွင် အိမ် ရောက်သည်ဟုသာ ပြောနိုင်ပြီး ခေတ္တတောင် အနားမယူလိုက်ရပဲ မီးတောက်ရွာသို့ ခရီး ဆက်လိုက်ကြပါတော့သည် ။

ဦးဖိုးဝေ နှင့် သူရိယသည် လက်ပံရွာမှ ထွက်ခွာလာကြသည် ၊ လက်ပံရွာအပြင်ရှိ ယာကွက်များဘေး လှည်းလမ်းပေါ်ရောက်သောအခါ တောင်ပြာပြာများကိုတွေ့ရသည် ဦးဖိုးဝေသည် ထိုတောင်များကို ကြည့်ပြီး
"လူလေးရေ အဲ့ဒီမြင်နေရတဲ့ တောင်တွေပေါ်မှာ မီးတောက်ရွာ ရှိတယ် အဘတို့ တရက်ကျော်ကျော်လောက်တော့ ခရီး နှင်ရမယ် ထင်တယ် "
"အင်း အဘ အမြန်ဆုံးရောက်အောင်သွားကြရအောင် ကျနော့်ကို လာပြောတဲ့ အဒေါ်ကြီးပြောပံုအရဆို အဲ့ဒီရွာမှာ စုန်းတွေ နဲ့ အောက်လမ်း ပညာသည်တွေ ပဲ ရှိတာဖြစ်မယ် တွေ့ကြသေးတာပေါ့ဗျာ "
ဦးဖိုးဝေ သည် သူရိယအား တချက်လှမ်းကြည့်လိုက်ပြီး သက်ပျင်းချလိုက်မိသည် သူရိယ သည် လျှင်မြန်သော ခြေလှမ်းများ ဖြစ် ခရီး ဆက်နေသည် မဟုတ်ပါလား၊
ဦးဖိုးဝေတို့ ခရီးနှင်လာရာ နေ့လယ် အချိန်သို့ရောက်လာသည် ၊ ပူပြင်းသော နေရောင်အောင်တွက် သစ်ရိပ် ဝါးရိပ်များရှိသော လမ်းတွင်သာ အနည်းငယ် အပူဒဏ်ကို သက်သာပေမဲ့ ယာကွက် များကို ဖြတ်ချိန်တွင်တော့ အပူဒဏ်ကို သူတို့ အတော်ပင် ခံစားနေရသည်၊ သူရိယ၏ မျက်နှာမှာ ချွေးသီးချွေးပေါက်များ ကျနေသည်တိုင် လျှောက်လှမ်းနေသော ခြေလှမ်း၏ အရှိန်ကိုတော့ လျှော့ချချင်း အလျှင်းမရှိပေ ၊ ဦးဖိုးဝေသည် သူရိယအား ကြည့်ပြီး စိတ်မချမ်းမြေ့ဖြစ်နေရ၏ ၊ သူရိယ၏ ရင်ထဲ၌ အပူသည် မျက်နှာတွင် အထင်းသားပေါ်နေလေသည် ၊ သည်လမ်းသည်ခရီး လမ်းလျှောက်သွားက ရက်အတော်ကြာသွားရမည်ဆိုတာ ဦးဖိုးဝေသိသည် ၊ ရှေ့မှ အလျှင်စလို သွားနေသော သူရိယအား ဦးဖိုးဝေ ရပ်ခိုင်းလိုက်ပြီး
"လူလေး အဘတို့ လမ်းလျှောက်သွားနေရင်တော့ နှစ်ရက်လောက်တော့ သွားနေရမှာပါ "
"အဘ ညပါ မနားဘူး အဘရာ သွားမယ် "
"နေပါဦး လူးလေး အဘပြောစရာရှိတယ် "
"ပြောပါ အဘ "
"မင်း ဦးလွင်း သမီးကို မေတ္တာ ရှိနေတာလား "
"ကျ ကျနော် ဘယ်လိုပြောရမှာလဲ အဘ "
သူရိယသည် သူအား စိုက်ကြည့်ပြီးမေးသော ဦးဖိုးဝေ၏ မျက်နှာကို မျက်နှာချင်းမဆိုင်ဝံ့ပဲရှိနေလေကာ မည်သည့် စကားကို ပြောရမှန်းလည်း မသိဖြစ်နေလေ၏ ၊ ထိုသို့ဖြစ်နေသော သူရိယအား ဦးဖိုးဝေ နားလည်စွာ ခေါင်းတချက် ညိတ်လိုက်ပြီး
"အဘ သိပါတယ် အဘလက်ကို လာကိုင် မျက်လုံးကို မှိတ်ထား"
ဦးဖိုးေဝသည် သူရိယအား သူ၏လက်ကို ကိုင်စေကာ မျက်လုံးမှိတ်ခိုင်းထားလိုက်၏ ၊မကြာလှသောအချိန်တွင် သူရိယတေယာက် သူ၏ ကိုယ်ခန္ဓာသည် လေပေါ်မြောက်တက်သွားသလို ခံစားလိုက်ရပြီးနောက် ဦးဖိုးဝေမှ စကားဆိုလာပြန်သည်
"လူလေး မျက်လုံးဖွင့်လို့ရပြီ "
သူရိယမျက်လုံး ဖွင့်ကြည့်လိုက်သော အခါ မြင့်မားသော တောင်ကြီး၏ အခြေကို ရောက်နေလေသည် ၊ သူ၏ မျက်လုံးကို ပွတ်သပ်ကြည့်ကာ အနားတွင် ရှိသော ဦးဖိုးဝေအား
"အဘ ကျနော်တို့ တောင်ပြာပြာတွေကို ရောက်လာတာလား "
"တောင်ခြေ ကိုတော့ ရောက်ပါပြီလူလေး "
"မီးတောက်ရွာက အပေါ်မှာလား အဘ "
"ဟုတ်မယ် လူလေး "
"တွေ့ကြပြီပေါ့ အောက်လမ်းဆရာ ရေ "
သူရိယသည် ထိုသောပြောလိုက်ချိန် သူ၏ မျက်လုံးထဲ၌ ရွှေဝါရောင်များတောက်ပလာရာ
"လူလေး စိတ်လျှော့ အဘတို့က လူသတ်လို့မရဘူး နော် "
"ဟုတ်ကဲ့ပါ အဘ"
ဦးဖိုးဝေ နှင့် သူရိယ တောင်ခြေမှ တောင်ပေါ်သို့ တက်လိုက်ကြသည် ကွေ့ကောက်နေသော တောင်ပေါ်တက်လမ်းမှ သစ်ရိပ်များကြောင့် အပူဒဏ်ကို သက်သာစေသည် ၊ အချိန်အတော်ကြာ တောင်ပေါ်တက်လာရာ ရွာလေးတရွာကို တွေ့ရသည် ထိုရွာလေးကို ဝင်လိုက်သည် ။ဝင်ဝင် ချင်းဖွင့်ထားသော အိမ်တံခါးများ သည် သူ့အလိုလို စောင့်၍ ပိတ်ကုန်ကြတော့သည် ။
"ဝုန်း "
ဦးဖိုးဝေ နှင့် သူရိယ သည် ရွာလယ်လမ်း လေးအတိုင်း လမ်းလျှောက်နေစဉ် သူတို့၏ နောက်မှ အမျိုးသမီး နှစ်ဦး သူတို့၏ အရိပ်ကို လိုက်နင်းပြီး ပြုံးရယ်နေကြသည် ၊ သူမတို့ပြုံးနေသော အပြုံးသည်က နှစ်လိုဖွယ်မရှိ ကြောက်စရာပင်ကောင်းနေလေသည်၊ ထိုအမျိုးသမီးနှစ်ဦး သည် ဦးဖိုးဝေ နှင့် သူရိယ၏ အရိပ်ကို နင်းပြီးသည် နှင့် အမဲရောင် အရိပ်တခုပမာ ရွေ့လျားသွားပြီး ဦးဖိုးဝေတို့ ရှေ့မလှမ်းမကမ်း တွင် ရပ်လျှက်ပေါ်လာတော့သည် ၊ အမျိုးသမီးနှစ်ယောက်သည် ဝါဝင်းနေသော အဝါရောင် ထမိန်ကို ဝတ်ထားပြီး ထမိန် အထက်ဆင်ကို အောက်တွင် ထား၍ ဝတ်ထားပြီး အပေါ်တွင် အမဲရောင် လက်စက အင်္ကျီကို နှစ်ယောက်လုံး ဆင်တူ ဝတ်ထားကြသည် ၊ ထိုမိန်းမ နှစ်ယောက်သည် ဦးဖိုးဝေ နှင့် သူရိယအား ကြည့်၍ မခို့တယို့ ပြုံးရယ်ပြီး
"ခစ် ခစ် မီးတောက်ရွာကို လာတာ ကြိုဆိုပါတယ် "
ဦးဖိုးဝေ နှင့် သူရိယ လမ်းလျှောက်နေသည်ကို ရပ်တန့်လိုက်ပြီး သူရိယမှ ထိုမိန်းမ နှစ်ယောက်ကို စူးစိုက် ကြည့်ကာ
"စုန်းမတွေ ခုချက်ချင်းငါ့ရှေ့က ဖယ်ပြီး လက်ပံရွာက ကောင်မလေးကို အခုချက်ချင်းသွားလွှတ်လိုက်ကြစမ်း "
"ခစ် ခစ် သခင်လေး မိန်းမကို ပြောတာလား"
"ဘာပြောတယ် စုန်းမ တွေ"
သူရိယ၏ မျက်လုံးမှ ရွှေဝါရောင်သမ်းလာ သလို လက်မှလည်း မီးကျည်းခဲ ပမာ ရဲရဲနီလာပြီး စုန်းမ နှစ်ဦးအား လက်နှင့် ဝှေ့ယမ်းမည်ပြုစဉ် ဦးဖိုးဝေမှ တားထားလိုက်ရပြီး စုန်းမ နှစ်ကောင်အား ကြည့်ကာ
"တန်ပြန်စေ "
ဦးဖိုးဝေ ထိုသို့ပြော လိုက်သည်နှင့် စုန်းမ နှစ်ယောက် ၏ မျက်နှာမှ အထိတ် တလန့် ဖြစ်ကာ ဦးဖိုးဝေကို ကြည့်ပြီး
"ငါ ငါတို့ လှုပ်မရတော့ဘူး နင် နင်တို့ ဘာလုပ်လိုက်တာလဲ "
"ဟဲ့ စုန်းမတွေ နင်တို့ လုပ်တဲ့ ပညာက နင်တို့ကို ပြန်ခံနေရတာလေ မသိဘူးလား ငါ ဒီကောင်လေးကို လွှတ်ပေးလိုက်ရမလား နင်တို့ရဲ့ ခေါင်းတွေ ရှစ်စိတ်ကွဲကုန်းမှာ မသိရော့လား စုန်းမတွေ "
ဦးဖိုးဝေသည် သူဟန့်တားထားသော သူရိယအား မျက်နှာဖြစ်ပင့်ပြပြီး စကားဆိုလိုက်ရာ လှုပ်၍ မရတော့သော စုန်းမ နှစ်ကောင်သည် အလန့်တကြားဖြစ်ကာ
"မလုပ် ပါနဲ့ ဆရာကြီး ကျမ တို့က သာမာန် လူတွေ ထင်လို့ ကျီစယ် လိုက်မိတာပါ ခွှင့်လွှတ်ပါ "
"နင့်တို့ကို ခွှင့်လွှတ်ပေးဖိုးအတွက် ငါဆီမတောင်းဆိုကြနဲ့ နင့်တို့ဒီကောင်လေး မေးတာ အမှန်တိုင်းဖြေပြီး သူ့ကို တောင်းဆိုကြ"
စုန်းမနှစ်ကောင်သည် သူရိယအား မဝံမရဲကြည်ကာ
"ကျမ တို့ကို ခွှင့်လွှတ်ပါ ဆရာလေး "
"နင် တို့ ငါ မေးတာ အမှန်တိုင်းေဖြ မဖြေရင် နင်တို့ရဲ့ ရုပ်ခန္ဓာတွေကို ငရဲမီးနဲ့ ရှို့ပြစ်လိုက်မယ် ဘာမှတ်လဲ "
"ကြောက်ပါတယ် မလုပ်ပါနဲ့ ဆရာလေးရယ် အမှန်တိုင်းဖြေပါမယ် "
စုန်းမ နှစ်ကောင်မှာ ပြာပြာသလဲ တောင်းပန်နေလေသည် သူရိယသည်လည်း သူချစ်ရသူအတွက် ဘာမဆို လုပ်မည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်သည်၊ ထို့နောက် စုန်းမ နှစ်ကောင်အား ကြည့်ပြီး
"လက်ပံရွာက ကောင်မလေးဘယ်မှာလဲ "
"မ မသိပါဘူး "
"ဟဲ့စုန်းမ ညာဝံ့သလား သေချင်ပြီထင်တယ် "
သူရိယ၏ လက်မှ ရဲရဲ နီပြီး လက်ကို မြှောက်လိုက်ရာ ဦးဖိုးဝေ ဟန့်တားလိုက်ပြီး
"သူရိယ မင်းစိတ်ကို လျှော့ထားစမ်း သူတို့ကို သေချာမေးပါ စိတ်လျှော့စမ်း ငါတို့ ပညာတွေက သူ့တပါးကို နှိက်စက်ဖို့မဟုတ်ဘူး ကွ "
ဦးဖိုးဝေ၏ မာထန်သော သတိပေးစကားကြားမှ သူရိယ၏ မျက်လုံးမှာ ပကတိ အတိုင်း တဖြည်းဖြည်းပြန် ဖြစ်လာကာ လက်မှ ထွက်ပေါ်နေသော မီးကျည်းခဲပမာ အရောင်များလည်းပျောက်ကွယ်သွားပြီး ဦးဖိုးဝေကို လက်အုပ်ချီကာ
"အဘ ကျနော် စိတ်မထိန်းနိုင်ဘူး အဘ အဘပဲ မေးမြန်းပေးပါ "
"အေး လူလေး ဒေါသ ကိုထိန်းစမ်း"
သူရိယ ခေါင်းညိတ်လိုက်ပြီး ဦးဖိုးဝေ၏ အနောက်သို့ သွားေနလိုက်တော့သည် ၊ ထိုအခါ ဦးဖိုးဝေသည် စုန်းမနှစ်ကောင်ကို သေချာကြည့်ပြီး
"လက်ပံရွာက ကလေးမလေးကို ဘယ်မှာ ထားလဲ "
"မသိပါဘူး ကျမတို့က မီးတောက်အောက်ရွာပါ ဒီရွာမှက အဆင့်နိမ့် ခြေစုန်း ခေါင်းစုန်း နဲ့ အဆင့်နိမ့် အောက်လမ်းပညာသည်တွေသာ နေတာပါ။ မီးတောက် အထက်ရွာမှာပဲ သခင်လေး နေတာပါ "
"သခင်လေးဆိုတာ ဘယ်သူလဲ "
"ဟို မီးတောက် ရွာလူကြီး အောက်လမ်းဆရာကြီး ဦးငွေ နဲ့ သခင်မကြီး ကဝေမြောက်စုန်း ဒေါ်ပိုးရင် ရဲ့ သား သခင်လေး လှငွေကို ပြောတာပါ ဆရာကြီး "
"အော် အောက်လမ်းဆရာ နဲ့ ကဝေ ရဲ့သားကို အေး မီးတောက်အထက်ရွာမှာ ရှိတာ သေချာလား "
"သေချာပါတယ် ဆရာကြီး "
"ကဲ ငါနင့်တို့ကို လွှတ်ပေးမယ် ငါလွှတ်လိုက်လို့ နင့်ရွာက လူတွေ ပြန်စုပြီး တိုက်မယ်ဆိုလည်း တိုက်နိုင်တယ်နော် "
ဦးဖိုးဝေသည် ထိုသို့ပြောပြီး စုန်မနှစ်ကောင်ရှိရာ အား လက်ဝှေ့ယမ်း လိုက်ရာ စုန်းမ နှစ်ကောင် လှုပ်ရှားလို့ရသွားပြီး
"မတိုက်ဝံ့ပါဘူး ဆရာကြီး ကျမတို့က မီးတောက်အောက်ရွာက အဆင့်မြင်ဆုံး စုန်းတွေပါ အောက်ရွာက သူတွေက တော့ ဆရာကြီးတို့ကို မတိုက်ဝံ့ပါဘူး လွှတ်ပေးလို့ကျေးဇူးတင်ပါတယ် ဆရာကြီး "
စုန်းမ နှစ်ကောင်သည် ဦးဖိုးဝေအား ထိုသို့ပြောဆိုပြီး အမဲ ရိပ်များအဖြစ် ပြောင်းလဲကာ တံခါးပိတ်ထားသော အိမ်တွေထဲသို့ တိုးဝင်ပျောက်ကွယ် သွားပါလေတော့သည်။

ဦးဖိုးဝေ နှင့် သူရိယ မီးတောက်အောက်ရွာကို ကျော်လွန်ပြီး တောင်ပေါ်သို့ ထက်တက်လာရ မီးတောက် အထက်ရွာဖြစ်ဟန်တူသော ရွာအဝင်သို့ေရာက်ရှိလာပြီဖြစ်သည် ၊ ရွာထဲရှိ အိမ်များပေါ်တွင် အမဲရောင် အခိုးငွေ့များက ဝေ့ဝဲနေသည် ၊ နေရောင်သည်က ပေးစွမ်းရမည် တာဝန်ပြီးပြီမို့ အနောက်ဘက်သို့ ငုတ်လျှိုပျောက်ကွယ်သွားရာ ၊ အမှောင်ထုက တစတစ ကြီးဆိုးလာသည် ၊ အမှောင်ထု ကြီးဆိုးလာသည် နှင့် မီးတောက်ရွာ၏ အိမ်များမှာ ဖယောင်းတိုင်မီး ရေနံဆီမီးများ မဟုတ်နိုင်သေ နီကျင့်ကျင့် မီးရောင်များက အိမ်တိုင်းအိမ်တိုင်း ထွန်းလင်းလာသည် တံခါးမှ ဖြာကျလာသော မီးရောင်များကြောင့် ရွာထဲ၌ လမ်းများပင် နီကျင့်ကျင့် မီးရောင်များ လင်းထိန်နေသည် ၊ ဦးဖိုးဝေ နှင့် သူရိယ ရွာအလယ် ရှိ ကွင်းပြင်တခုကို ရောက်သောအခါ ပတ်ဝန်းကျင်မှ မီးတောက်သဏ္ဍန် လွန့်လူးချင်း မရှိသော အဝိုင်းသဏ္ဍန်လည်ပတ်နေသော မီးတိုင်များပေါ်လာပြီး ကျယ်လောင်သော ရယ်မောသံကြီးများ ထွက်ပေါ်လာလေတော့သည်၊ ကလေး လူကြီး လူငယ် အမျိုးသား အမျိုးသမီး စုံလှသော ရယ်မော်သံများကြောင့် သာမာန်လူ သာဖြစ်ခဲ့ရင် သွေးပျက်သွားနိုင်လောက်သည် ၊ သို့ပေမဲ ယခု ရယ်မောသူအလယ်တွင် ရှိနေသော လူသားနှစ်ယောက် မှာ သာမှန်လူမဟုတ် ကျင့်ကြံမှု့အားကောင်းသော စေတလုံးပိုင် ဆရာကြီး နှင့် သူ၏ တပည်ဖြစ်နေေလရာ သူတို့၏ ခြောက်လှန့်ရယ်မော သံများက အရာမထင်ပေ ဦးဖိုးဝေ နှင့် သူရိယသည် မျက်လုံးကို ခေတ္တ မှိတ်လိုက်ပြီး ပြန်ဖွင့် လိုက်ရာ သူတို့၏ မျက်ဝန်းများတွင် ရွှေဝါရောင် များတောက်လောင်လာ၏ ၊သူတို့ ရပ်နေသော ပတ်ဝန်းကျင် နှင့် ကောင်းကင်ယံတွင်လည်း ယောက်ျားမိန်းမ ကလေး လူးကြီး စုံလှသော လူများသည် မြေပြင်မှ ရယ်မောပြီး ကြည့်နေကြသလို့ တချို့ သူများသည်ကလည်း လေပေါ်တွင် သူတို့၏ ခြေထောက်များမှ တောက်ပသော အလင်းတန်းများ သည် လည်ပတ်နေပြီးလေပေါ် ရပ်လျက် ရယ်မော နေသည် ၊ ဦးဖိုးဝေသည် လက်သီးကို ဆုပ်လိုက်ပြီး နဖူးတွင် တည်လိုက်ကာ
"စက်မှန်သမျှ အကုန်ပျက်စေ "
ထိုသို့သော စကားကို ပြောပြီး ဆုပ်ထားသော လက်သီးအား အပေါ်သို့ လက်ဝါးဖြန့်ပြီး လက်ပြန် ပစ်ဟန်ပြုလိုက်ရာ လေပေါ်တွင် ရပ်နေကာ လည်ပတ်နေသော အလင်းတန်းများစီးထားသော လူများ အောက်သို့ ပြုတ်ကြကုန်သလို ပတ်ဝန်းကျင်တွင် ရှိသော အလင်းတိုင်များသည် လည်း ငြိမ်းသွားရာ လမင်း၏ မှိန်ပြပြ အလင်းရောင်သာ ရှိတော့သည် ၊ ထို့သို့ ခဏအတွင်း ဖြစ်ပျက်သွားသော အခိုက်အတန့် ကြောင့် ရယ်မောနေသောအသံများ ငြိမ်ကြသွားကာ
"တောက် ငါတို့ရွာကို လာပြီး ငါ့တို့ရဲ့ စက်တွေကို ဖြတ်ဝံ့နေတယ်ပေါ့ "
"တိုက်ကြစမ်းဟေ့ ဒီကောင်တွေ သေရင် ငါတို့ သခင်မကြီးကို ဆက်သရမယ် "
ဦးဖိုးဝေနှင့်သူရိယအား ဝိုင်းထားသော ရွာသူရွာသားများသည် ၊ ကျောက်ခဲ မြေမှုန့် နွယ်ကြိုး ဖိနပ် သစ်ကိုင်း မြေခဲ များဖြစ် ပစ်ပေါက်လေသည် ၊ သူတို့ပစ်ပေါက်လိုက်သော အရာဝတ္ထုများသည် မူရင်း သဏ္ဍန်ပျောက်ကာ မွေများ ပိတုန်းများ ပဒူများ ယင်ကောင်ကြီးများ နှင့် လဒ ငှက်ကြီးများ အဖြစ်ပြောင်းကာ ဦးဖိုးဝေ နှင့် သူရိယ အနားသို့ တိုးကပ်လို့လာလေရာ ဦးဖိုးဝေသည် တောက် တချက်ကို ပြင်းထန်စွာခေါက်လိုက်ရာ
"တောက် "
ထိုအကောင်များမှာ မူလသဏ္ဍန် ကျောက်ခဲ ဖိနပ် သစ်ကိုင်း မြေခဲ မြေမှုန် နွယ်ကြိုး များအဖြစ် ပြောင်းကာ မီးလောင်ပြာကျကုန်ရာ ဦးဖိုးေဝကို တိုက်ခိုက်သော သူများ အတော်ပင် အံဩနေစဉ် ဦးဖိုးဝေသည် လက်သီးကို ဆုပ်ကာ နဖူးမှာ တည်ပြီး ပါးစပ်မှလည်း
"အရွယ်မရောက်သူများ လွတ်ရာကိုရောက်ပြီး အရွယ်ရောင်သူများ ငါ၏ရှေ့ဒူးထောက် လက်နောက်ပြန်စေ "
ဦးဖိုးဝေ၏ မာထန်ပြီး မာန်ပါသော စကားပြီးဆုံးသည်နှင့် ကလေးသူငယ်များသည် အနောက်သို့ လွင့်စဉ်ကာ အိမ်တံခါးများ အလိုလိုပွင့်သွားပြီး အိမ်ထဲသို့ ကလေးများရောက်သည်နှင့် ဖွင့်နေသော တံခါးများပိတ်သွားတော့သည်၊ အရွယ်ရောက်သော လူများသည် ဦးဖိုးဝေ တို့ ပတ်လယ်တွင် ဒူးထောက် လက်နောက်ပြန် လျက်ရှိနေတော့သည် ။
ဒူးထောက်နေသောသူများသည် အလယ်တွင် မက်တပ်ရပ် လျက်ရှိနေသော ဦးဖိုးဝေ နှင့် သူရိယအား မျက်စောင်းထိုးသူထိုး အံကြိတ်ပြီး မျက်ထောင့်နီနှင့် ကြည့်သူက ကြည့်နေစဉ် ငြိမ်းသွားသော မီးတိုင်သဏ္ဍန် စက်တိုင်များ ပြန်လည်ထွန်း လင်းလာမှု့နှင့် အတူ ဦးဖိုးဝေ တို့ နှင့် မလှမ်းမကမ်း တွင် ရှိသော အိမ်ကြီး၏ တံခါးပွင်လာသည်၊ ထိုတံခါးကြီးပွင့်လာသည် နှင့် ဒူးထောက် လက်နောက်ပြန်နေသော သူများသည် သူတို့၏ နဖူးကို မြေကြီးတွင် ခက်ခဲစွာ ထိလိုက်ကြတော့သည်၊ မကြာသော အချိန်တွင် အိမ်ကြီး၏ တံခါးပေါက်မှ အသက်ခြောက်ဆယ် အရွယ် လူကြီး နှင့် အတူ အသက် ငါးဆယ်ကျော် မိန်းမကြီး နှင့်အတူယှဉ်ထွက်လာသည်။ သူတို့ ၏ နောက်တွင် ကျောက်ပေါက်မာ ဗလပွနှင့် လူရွယ်အား လက်တွဲထားသော နွေဦးအား တွေ့လိုက်ရာ သူရိယ သည် ကျယ်လောင်စွာ လှမ်းခေါ်လိုက်တော့သည်
"မနွေဦး ကျုပ် သူရိယလေ "
နွေဦးမှာ သူရိယအား တချက်ကြည့်လိုက်ပြီး မည့်သည့်စကားမှ ပြန်မပြော သူ၏ဘေးမှ ရုပ်ဆိုးဆိုးလူရွယ်အား ရီဝေသော မျက်ဝန်းတို့ဖြင့် ငေးကြည့်နေလေပါေတာ့သည်။

"နင်တို့ ဘယ်သူတွေလဲ ဘာကြောင့် ငါ့ရွာကို နှောက်ယှက်ရတာလဲ "
"ငါတို့ဘယ်သူတွေက နောက်ထား နင့်သား ငါ့မိတ်ဆွေသမီးကို ခိုးယူသွားတယ် ငါလာခေါ်တာ "
"လူငယ်သဘာဝ ရည်ငံပြီး ခိုးရာလိုက်လာတာ ငါတို့မှာ အပြစ်မရှိဘူး ထင်တယ် နော် ",
"နင့်သားက ငါ့မိတ်ဆွေ ရဲ့ သမီးကို မကောင်းတဲ့ ပညာတွေနဲ့ ပြုစားပြီးခေါ်လာတာ လေ "
ဦးဖိုးဝေ နှင့် ကဝေမျောက်စုန်းမကြီး ပိုးရင် နှင့်စကားပြောနေချင်းပေ ၊ သူရိယသည်က ရုပ်ဆိုးအကျည်းတန်လှသော လူရွယ်အား ငေးကြည့်ပြီး ထိုသူ၏ ရင်ခွင်ထဲတွင် မှေးနေသော နွေဦးအားကြည့်ကာ မျက်ရည်များပင် ဝဲလာ၏ ၊ နွေဦးကတော့ သူရိယအား ရှိနေသည်ပင် သတိမထားမိေပ၊ဦးဖိုးဝေသည် ကဝေမျောက်စုန်းမကြီးအား
"ကဲကဲ နင့်သားရဲ လုပ်ရပ်တွေကို နင်တို့ တောင်းပန်ပြီး ကလေးမလေးကို ငါ့တို့လက်ထဲ ထည့်လိုက်ပါ "
ဦးဖိုးဝေ၏ စကားကြားသောအခါ ငြိမ်၍ မက်တပ်ရပ်နေသော အောက်လမ်းကြီးသည် ဟားတိုက်ရယ်မောကာ
"ဟားးဟားးဟားး ငါ့ရွာကိုလာပြီး မတောက်တခေါက် ပညာလေးနဲ့ ငါ့ကို အမိန့်ပေးနေပါ့လား ငါ့မိန်းမ ကလည်း ကဝေမျောက်ဆုံးဆိုတော့ လူ့အသား အရိုး အသွေး လိုနေပြီ မဟုတ်လား မိန်းမ "
အောက်လမ်းကြီး၏ စကားကြောင့် စုန်းမကြီးသည် သူ၏ လင်ဖြစ်သူအား သိတက်လိုက်တာ ဟုသဘောရသော အကြည့်နှင့်ကြည်လိုက်သလို သူတို့ အနောက်တွင် ရှိသော ရုပ်ဆိုးဆိုး လူရွယ်ကလည်း နွေဦးကို ဖက်ထားကာ ရယ်မောနေသည် ၊ သူရိယသည် သူတို့အား မလေးမခန့် ပြုနေသော အောက်လမ်းကြီး၏ မိသားစုကို ကြည့်ကာ စိတ်ဆိုးဒေါ်သထွက်ပြီး မျက်လုံးတို့မှ ရွှေဝါရောင်သည်မကတော့ပဲ ရဲရဲတောက်လာပြီး
"ငါ့ကို မလေးမခံလုပ်တဲ့ စုန်းမကြီး နင်ရဲ့ခေါင်းမှာ ငရဲမီးတောက်လောင်စေ "
သူရိယသည် ထိုသို့ပြောကာ စုန်းမကြီးအား လက်နှင့်ရိုက်ဟန်ပြုလိုက်ရာ သူရိယ၏ လက်မှ မီး အမှုံအစလေးများထွက်လာပြီး စုန်းမကြီး၏ ဦးခေါင်းတွင် တွယ်ကပ်ပြီး မီးစတင်လောင်ကျွန်းလာရာစာန်းမကြီး သည် သူ၏ ဦးခေါင်းအား လက်နှင့် သပ်ပြီးမီးသတ်နေလေသည် ၊ ဘေးမှ ရှိသော အောက်လမ်းကြီးသည် ကြောင်ငေးကာ နေစဉ် ဦးဖိုးဝေ သည် စုန်းမကြီး ဦးခေါင်းနေရာသို့ အဝေးမှ လက်ဝှေ့ယမ်းလိုက်ရာ မီးများငြိမ်းသွားတော့သည် ၊ မီးငြိမ်းပေးလိုက်သော ဦးဖိုးဝေအား သူရိယ ကြည့်လိုက်ကာ
"အဘ ဒီလို စုန်းမတွေကို သေအောင်သတ်ရမှာ "
ဦးဖိုးဝေသည် သူရိယ၏ စကားကို ခွန်းတုန့်မပြန်ပါပဲ အောက်လမ်းကြီးကို ကြည့်ကာ
"မင်းတို့ ဆက်မိုက်နေမယ် ဆို ငါ့တပည်ကို လွှတ်ထားလိုက်ရမလား ",
အောက်လမ်းကြီး နှင့် သူ၏ မိန်းမသည် ဦးဖိုးဝေအား ကြည့်ကာ ဒူးထောက်ထိုင်ချလိုက်ပြီး
"စေတလုံး ပိုင်တွေမှန်းမသိလို့ ရိုင်းပြခဲ့မိပါတယ် အသက်ချမ်းသာပေးပါ "
"ချမ်းသာ ပေးပါ ဆရာကြီး "
အောက်လမ်းကြီး နှင့် သူ၏ မိန်းမ ကဝေမျောက်စုန်းမကြီးသည် ဒူးထောက်ပြီး မြေကြီးတွင် နဖူးနှင့် ထိပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်နေလေရာ သူတို့၏ သားဖြစ်သူ ရုပ်ဆိုးဆိုးလူငယ် သည် နားမလည်နိုင်စွာဖြစ်
"အဖေ အမေ ဘာဖြစ်နေတာလဲ အဲ့လူတွေကို သတ်ပြီး စားမယ် လေ "
"ဟဲ့ လှငွေ နင့်ကြောင့် ငါတို့ သေတော့ မလို့ ဒူးထောက်စမ်း အခု "
အောက်လမ်းကြီး နှင့် စုန်းမကြီးသည် သူတို့၏ သားအား ငေါက်ငမ်းပြီး ဒူးထောက်ခိုင်းနေသည်၊ ဦးဖိုးဝေသည် လှငွေဆိုသော ရုပ်ဆိုးဆိုး လူရွယ်အား ကြည့်ပြီး
"မင်းပြုစားထားတာ အခုထုတ်စမ်း "
လှငွေ ကြောင်ငေးကာ ရပ်နေ၏ သူ၏ လက်အားတွဲထားသော နွေဦးသည်က သူ့အား ငေးပြီးသာ နေလေ၏ ၊ ထိုသို့ကြောင်ငေးနေသော လှငွေအား အောက်လမ်းကြီးမှ
"ဟေ့ကောင့် မင်းမသေချင်ရင် ကောင်မလေးကို ပြုစားထားတာ အခု ထုတ်ပေးလိုက်စမ်း "
"ဟာအဘ ကျုပ်ချစ်လို့ ပြုစားထားတာ ကျုပ်ထုတ်လိုက်ရင် သူကျုပ်ကို မုန်းသွားလိမ့်မယ် "
"ခွေးမသား အခုထုတ်စမ်း မင်းကြောင့် ငါတို့ပါသေတော့မယ် "
အောက်လမ်းကြီး၏ ဆဲဆိုသော စကားကြောင့် စုန်းမကြီးသည် အောက်လမ်းကြီးကို ကြည့်လိုက်သည် ၊ သူအားကြည့်နေသော မိန်းမဖြစ်သူစုန်းမကြီးအား
"နင့်ကို သေမှာ ဆိုးရိမ်လို့ ဒေါသထွက်သွားပြီးဆဲမိတာပါဟ "
စုန်းမကြီးသည် သူ၏ လင် အောက်လမ်းကြီးစကားကြားမှ အနည်းငယ်ကျေနပ်သွားကာ သူမ၏ သား လှငွေအား
"ခွေးသား မြန်မြန် ထုတ်လိုက်လေ စေတလုံးပိုင်က ခဏ အတွင်းငါတို့ကို မီးသွေးခဲ ဖြစ်အောင်လုပ်ပြစ် နိုင်တဲ့ ဟဲ့ မယားတရူးရဲ့ "
အဖေ အောက်လမ်း နှင့် အမေ စုန်းမတို့၏ ပြာပြာသလဲ ပြောဆိုမှုကြောင့် လှငွေ သည် နွေဦး ၏ ခေါင်းအား တချက် ခပ်သန်သန် ပုတ်လိုက်ရာ နွေဦးသည် အိပ်ယာ မှ လန့်နိုးလာသူပမာဖြစ်ကာ ဘေးတွင်ရှိနေသော ရုပ်ဆိုးသောလှငွေကို လန့်သွားကာ
"ဟာ ဘယ်သူကြီးလဲ ကျမ ဘယ်ေရာက်နေတာလဲ "
"အကို လေနွေဦး နွေဦးရဲ့ ယောက်ျားလေ ကိုတို့ ပေါင်းတာ တပတ်တောင် ပြည့်တော့မယ် "
"ဘာ ဘာတွေပြောနေတာလဲ ရှင့်ကို မသိဘူး "
"နွေဦး အရမ်းချစ်တယ်ဆိုတဲ့ အကိုလှေငွ လေ "
"မသိဘူး မသိဘူး "
နွေဦးသည် သူရိယ နှင့် ဦးဖိုးဝေကို မြင်သော အခါ ဝမ်းသာသွားကာ
"သူရိယ "
နွေဦးသည် သူရိယဆီ ပြေးလာရာ သူရိယသည် နွေဦးအား ထွေးပွေ့ထားလိုက်သလို နွေဦးသည်လည်း သူရိယအား ထွေးေပွ့ထားလိုက်၏ ထိုမြင်ကွင်း ကို လှငွေ မြင်သော အခါ
"ဟေ့ကောင် အဲ့တာ ငါ့မိန်းမ လေကွာ နွေဦး မဖက်နဲ့လေ "
လှငွေ မျက်ရည်များ ရစ်ဝဲကာ နွေဦးဆီ ပြေးလာမည်ပြုစဉ် အောက်လမ်းကြီးသည်
"ဟေ့ကောင် မယားတရုး ဒူးထောက် "
ဖခင်ကို ငယ်ငယ် ကတည်းက ကြောက်သော သူဖြစ်သည့်အတွက် လှငွေ ချက်ချင်း ဒူးထောက်လိုက်သည် ၊ ထိုအခါ ဦးဖိုးဝေသည် သူရိယ အနားတွင် ရပ်နေသော နွေဦးကို ခေတ္တကြည့်လိုက်ပြီးနောက် အောက်လမ်းကြီး၏ မိသားစုကို ကြည့်ကာ
"ကျုပ် ဒီကိစ္စ ဘယ်လိုဖြေရရှင်းမယ် မှန်း မသိတော့ဘူး ကလေးမလေး နဲ့ နင်တို့ရဲ့သားကလည်း ပေါင်းသင်းပြီးနေပြီ ဆိုပေမဲ့ ကလေးမလေးရဲ့ တကယ် စိတ်ရင်းက ပါဟန်မရှိဘူး အဲ့တော့ ငါကလေးမလေး နဲ့ သူ့ရဲ့ မိဘတွေကို မေးပြီး ဘယ်လို လုပ်မယ်ဆိုတာ ငါ အကြောင်းပြန်မယ် အခုတော့ ကလေးမလေးရဲ့ သဘောထားမေးပေးမယ် ပြီးရင် ကလေးမရဲ့ အုပ်ထိန်းသူတွေကို ကျုပ်မေးပြီး အကြောင်းပြန်မယ် ကျုပ် အကြောင်းမပြန်ဘူးဆို နင်တို့ နဲ့ ဇတ်လမ်းပြီးပြီ နောက်တခါ ထပ်နှောက်ယှက်ရင် အဝီစိကို ပို့မယ် ကြားလား "
"ဟုတ် ဟုတ်ကဲ့ပါ ဆရာကြီး "
ဦးဖိုးဝေသည် ထိုသို့ စကားအရှည်ကြီးကို တခါတည်းပြောလိုက်ပြီးနောက် နွေဦးဘက်လှည့်ကာ
"ကလေးမလေး ဟောဟိုက လူရွယ်ကို ပေါင်းသင်းချင် ပါသလား "
"အိုး မပေါင်းချင်ပါဘူး ကျမ ပြန်မယ် "
"ကောင်းပါပြီကွယ် "
ဦးဖိုးဝေသည် အောက်လမ်းမိသားစုအား နောက်တခါ မနှောက်ယှက်ဖို့ ကတိသစ္စာ ပြုခိုင်းကာ နွေဦးအား ခေါ်၍ တောင်ပေါ်မှ ဆင်းလာခဲ့တော့သသည် ၊တောင်ပေါ်မှ ဆင်းသော လမ်းတွင်သူရိယသည် နွေဦးအား များစွာ ဂရုစိုက်နေသည် ၊ ဦးဖိုးဝေသည် အပြန်လမ်းတွင် နွေဦးပါနေ၍ ပညာရပ်နှင့် ပြန်ဖို့ မဖြစ်နိုင်ရာ လမ်းလျှောက်၍သာ ပြန်လာရ၏ တောင်ခြေသို့ရောက်သောအခါ ဦးဖိုးဝေသည်
"လူလေးနဲ့ တူမကြီး ဒီမှာ နားကြတာပေါ့ အချိန်လည်းမရှိတော့ဘူး "
"ဟုတ်ကဲ့ ပါအဘ ကျနော် မီးမွှေးဖို့ ထင်းရှာလိုက်ဦးမယ် "
"အေးအေး လူလေး "
"အဘ သမီးလည်း သူရိယ နောက် လိုက်သွားမယ်နော် "
သူရိယ နှင့် နွေဦး ထင်းများရှာနေစဉ် နွေဦးမှ စကားဆိုလာသည်
"သူရိယ အမ ဒီရောက်တာ တပတ်ကျော်နေပြီပေါ့ "
"ဟုတ်တယ် မနွေဦး "
"အမ ဘယ်လို လုပ်ရမလဲ အဲ့လူနဲ့ အမ မပေါင်းနိုင်ဘူး အဘတို့ အမေတို့က ပေးစားရင် အမ ကိုယ့်ကို သတ်သေလိုက်မယ် "
လရောင်အောက်တွင် နွေဦး၏ မျက်ဝန်းမှ မျက်ရည်များကျလာပြီး တုန်ယင်သော အသံဖြစ်ပြောနေရာ သူရိယသည် နွေဦး၏ ပုခုံးလေးကို ဖက်ကာ
"မနွေဦး အဲ့လူဆီ ပြန်မသွားရပါဘူး မနွေဦးကို ကျုပ် လက်ထပ်ပါရစေဗျာ "
"ဟင် မဖြစ်နိုင်တော့ပါဘူး အမက အပျိုမဟုတ်တော့ဘူး သူရိယနဲ့ မထိုက်တန်ပါဘူး "
"ပျိုတယ် အိုတယ်ဆိုတာ ဘာကိုပြောတာလဲ မနွေဦး ကျုပ်ရဲ့ မေတ္တာမှ အပျို အအိုး မရှိပါဘူး မနွေဦးကို ကျုပ် အရင်ကတည်းက ချစ်နေတာပါ "
"မဖြစ်သင့်ပါဘူး သူရိယရယ် "
နွေဦးသည် သူရိယ သူမ၏ ပုခုံးကို ဖက်ထားသော လက်ကိုဖယ်ကာ ထင်းများကိုကောက်ပြီးထွက်သွားသည် ၊သူရိယသည်လည်း ထွက်သွားသော နွေဦး၏ နောက်သို့ထင်းများကောက်ကာ လိုက်သွားပါလေတော့သည် ၊ လမင်းကြီးကတော့ အမှောင်ထုကြီးအား သူ၏ အလင်းရောင်ဖြစ် ဖြိုခွင်းပေးနေပါလေတော့သည်။

ဦးဖိုးဝေတို့ နှစ်ရက်မျှ ခရီးနှင်လာရာ လက်ပံရွာသို့ ပြန်လည် ရောက်ရှိလာသည် ၊ သူရိယရသည် လမ်းခရီးတွင် နွေဦးအား ကောင်းမွန်စွာစောင့်ရှောက်လာ၏ အိမ်သို့ရောက်သော အခါ နွေဦးသည် ဒေါ်ကျော့မေထံပြေး၍ ငိုကျွေးနေသည် ဒေါ်ကျော့မေသည် သမီးအား အိမ်ပေါ်သို့ခေါ်ဆောင်သွားရာ အိမ်အောက်တွင် ဦးလွင် နှင့်ဥ ဖိုးဝေ သူရိယ သာရှိတော့သည် မောင်နီသည်က လည်း အမဖြစ်သူသွားရာအိမ်ပေါ်သို့ တက်သွား၏ ၊ ဦးဖိုးဝေသည် ဦးလွင်ကိုကြည့်ကာ
"ဦးလွင် ကလေးမလေးက အတော်ကို စိတ်ထိခိုက်လာရတာ မချစ် မနှစ်သက်တဲ့ သူအနားမှ ပြုစားခံရပြီး အတူနေလာရတာ အတော်ကို စိတ်ဒဏ်ရာ ရလာတယ် "
"ကျုပ်နားလည်ပါတယ် ဆရာကြီး "
"ခင်ဗျား တို့ သဘောကကော ကလေးမလေးကို ဘယ်လို လုပ်မလဲ "
"ကျုပ် နဲ့ မကျော့မေကတော့ သမီးသဘောပါ သမီးစိတ်တိုင်းကျ ဖြစ်စေရမယ် "
ဦးဖိုးဝေ နှင့် ဦးလွင် စကားပြောဆိုနေစဉ် သူရိယသည် ဦးလွင် နှင့် ဦးဖိုးဝေအား သေချာကြည့်ကာ
"အဘ နဲ့ ဦးကြီး ကျနော် ပြောစရာရီတယ် "
"ပြောလူလေး "
"ကျနော် မနွေဦးကို လက်ထပ်ချင်တယ် "
"ဟေ"
ဦးလွင် နှင့် ဦးဖိုးဝေ မည်သည့်စကားပြန်ပြောရမည်မှန်းမသိဖြစ်နေ၏ ထိုအခါသူရိယ သည် ဆက်ပြီး စကားဆိုလာသည်
"ဦးကြီး ကျနော် မနွေဦးကို တကယ် မေတ္တာ ရှိတာပါ ကျနော့် မနွေဦးကို ပျော်ရွှင်အောင်ထားပါမယ် ကျနော် မနွေဦးကို စိတ်ညစ်အောင် မလုပ်ပါဘူး "
ဦးလွင်း သက်ပျင်းတချက်ချကာ
"ငါ့တူ အသက်က ဘယ်လောက်ရှိပြီလဲ "
"၁၇ ပါ ဦးကြီး "
"ဦးကြီး မင်းကို ယုံပါတယ် ဒါပေမဲ့ မင်းနစ်နာတယ် သူရိယ ဦးသမီးက တခြားသူနောက်လိုက်သွားတယ် ဆိုတာ လူတိုင်းသိနေပြီ မင်းကို တခြားသူတွေ ဝိုင်းအပြစ်တင်ကြလိမခ့မယ်"
"ဦးကြီး ကျနော့်က မနွေဦးကို မေတ္တာ ရှိတာပါ သူစိတ်ချမ်းသာဖို့သာ အဓိကပါ ကျနော်ကို ဘယ်လိုပြောပြော ကျနော် မမှုပါဘူး ကျနော့်ကို လက်ထပ်ပေးပါ အဘေပြာေပးပါ ကျနော့်ကို သဘောတူပါ "
ဦးဖိုးဝေ နှင့် ဦးလွင် မည်သို့့ ပြန်ပြောရမည်မှန်းမသိပေ ၊ သူတို့ပြောစကားများကို အိမ်ပေါ်ကို မတက်သေးပဲ လှေကားတွင် နားထောင်နေသော မောင်နီမှ အကုန်ကြားသွားပြီး အိမ်ပေါ်သို့ တက်သွားပါလေတော့သည်။

"မောင်လေး နင်ပြောတာ တကယ်လား "
"ဟုတ်တယ်လယ် အမ ကိုသူရိက အဘကို လက်ထပ်ချင်လို့ အဘကို ပြေယနေတာ "
ဒါ်ကျော့မေ နှင့် နွေဦး တယောက် မျက်နှာ တယောက်ကြည့်လိုက်ပြီး နွေဦးမှ
"အမေ သမီးလက်မထပ်ဘူးနော် သမီး သူရိယရဲ့ ဘဝကို နစ်မွန်းအောင် မလုပ်ချင်ဘူး နော် အဖေကိုပြောပေးပါ သမီးလက်မထပ်ဘူး သမီး ဟိုလူကြီးဆီလည်း ပြန်မသွားဘူးနော် အမေတို့ နဲ့ပဲ နေပါရစေ "
"သမီးရယ် အမေ့သမီးလေးကို အမေက ဘယ်ကို သွားခိုင်းရမှာလဲ သမီးက အမေတို့ နဲ့ ပဲနေရမှာပေါ့ ဒါပေမဲ့ သမီး မောင်သူရိယကို မချစ်ဘူးလား"
ဒေါ်ကျော့်မေ နှင့် နွေဦးသည် အရင်ကတည်းက စစနောက်နောက် နေလာကြသော သားအမိဖြစ်သည့်အတွက် ယခုလို ကိစ္စများပြောရာ၌ အပန်းမကြီးတော့ပေ
"အမေ သမီး သူ့ကို ချစ်တယ် ဒါပေမဲ့ သူ့ဘဝလးကို သမီးကြောင့် အနစ်မွန်း မခံနိုင်ဘူးဘူး အမေ နွေဦးသည် မိခင်ဖြစ်သူကို ဖက်ပြီးစကားဆိုနေရင်း မောင်နီကို ကြည့်ကာ
"မောင်လေး သူရိယကိုပြောပေးပါ ရွာထိပ်က ညောင်ပင်ကြီးမှာ ခဏ နေတွေ့မယ်လို့ "
မောင်နီသည် အမဖြးစ်သူ၏ စကားကို ခေါင်းညိတ် အသိအမှတ်ပြုလိုက်ပြီး အိမ်အောက်သိူ့ဆင်းသွားလေပါတော့သည်။

ရွာထိပ်က ညောင်ပင် ကြီးတွင် အသက်၁၇ ကျော်ကောင်လေး သူရိယ နှင့် အသက် နှစ်ဆယ် ကျော် နွေဦးတို့ စကားပြောနေကြသည် ၊ နွေဦး၏ မျက်ဝန်းမှ မျက်ရည်များကျနေသလို သူရိယ၏ မျက်ဝန်းမှလည်း မျက်ရည်များ ရစ်ဝဲနေသည်
"သူရိယ မောင်လေး မဖြစ်နိုင်တာတွေကို မကြိုးစားပါနဲ့ အမက မင်းနဲ့ မထိုက်တန်ပါဘူး "
"မနွေဦး ကျုပ်က ဘာကောင်မို့လို့ အမနဲ့ မထိုက်တန်ရမှာ လဲ "
"သူရိယ မင်းက လူတွေကောင်းကျိုးသယ်ပိုးရဦးမှာ "
"ကျနော် မနွေဦးကို ချစ်တယ် တကယ်မေတ္တာ စစ်နဲ့ ချစ်တာ ပါဗျာ "
"အမှန်တိုင်းပြောရရင် အမလည်း မင်းကို မေတ္တာရှိပါတယ် "
"အဲ့တာဆို ကျုပ်နဲ့ လက်ထပ်ပါ မနွေဦး"
"အမ ကို အတင်းကြပ်ဖိအားပေးလာရင် အမ ဟိုလူဆီပြန်သွားပြီး အမ ကိုယ့်ကို သတ်သေလိုက်မှာနော် အမဘဝက ဘာမှမထူးတော့ဘူး "
"ဟ မနွေဦး အဲ့လို လုပ်လို့ မရဘူးနော် မနွေဦး ဘာမှဖြစ်လို့မရဘူး "
"အမကို တကယ် ချစ်ရင် အမ စကားနားထောင်ပါနော် မင်း တက်ထားတဲ့ ပညာတွေနဲ့ အမလိုမဖြစ်အောင် လူတွေကို ကူညီပါ အမ ပြန်နှင့်ပြီ "
"ကျုပ် အမကို အရမ်းချစ်တယ် "
သူရိယ သည် နွေဦးအား ပွေ့ဖက်လိုက်သည် နွေဦးရုန်းကန်ချင်းမရှိ အလိုက်သင့် ပြန်ဖက်ထားပြီး သူရိယ၏ ကျောလေးကို ပုတ်ကာ
"သူရိယရေ နောင်ဘဝမှ အမတို့ အိမ်ထောင်ဖက်အဖြစ် ဆုံရမယ်ဆို ဆုံချင်တယ်ကွယ် အခုဘဝတော့"
နွေဦး၏ အသံသည်လည်း ငိုသံယှက်လာသည် ထို့နောက် သူရိယ ပြန်လွှတ်လိုက်ချိန် နွေဦး သူရိယ၏ ရင်ခွင်ထဲ မှ ထွက်ပြီး
"အမ သွားတော့မယ်နော် "
"အမ ကျုပ်အိမ်ကို ပြန်မလိုက်တော့ဘူး မနွေဦးကို မြင်ရင် ကျုပ်ရဲ့ ရင်ဘက်တွေက အောင့်အောင့်လာတယ် အဘကို ဒီကို လွှတ်လိုက်ပါ"
သူရိယသည် နွေဦးအား ထိုသို့ပြောပြီး ညောင်ပင် အောက်တွင် တပလ္လင် ခွေထိုင်လိုက်ပြီး မျက်လုံးကို မှိတ်ထားသည် မှိတ်ထားသော မျက်လုံးမှ မျက်ရည်စလေးများက တစ်လိမ့်ချင်း ကျနေေ တော့သည်၊ နွေဦးသည်လည်း မျက်ဝန်းမှ မျက်ရည်များကို လက်နှင့် သုပ်လိုက်ကာ သူ၏စိတ်ထဲတွင် တော့
"သူရိယရေ အမ မင်းနဲ့ လက်ထပ်ချင်တာပေါ့ကွယ် အမကို ခိုးသွားတာတယောက် ယူတော့ တယောက် မင်းကို လှည်းကျိုးထမ်းခိုင်းထားတယ် ဆိုတဲ့ လူတွေကဲရဲ့မဲ့စကားတွေရယ် မင်းတက်ထားတယ် ပညာတွေ က လူတွေကို ကောင်းကျိုးပြုရဦးမယ်လေ အမ မင်းကို အရင်ကတည်းက တကယ် ချစ်မိေနခဲ့တာပါ"
စိတ်ထဲမှ သူရိယအား ပြောချင်သော စကားများကို တွေးရင် တယောက်ထဲ သူမ၏ အိမ်သို့ ပြန်သွာပါတော့သည် ၊ အိမ်ရောက်သော အခါ ဦးဖိုးဝေကို သူရိယမှာသည်များကို ပြောပြီးနောက် အိမ်ပေါ်သို့တက်သွားပါတော့သည် ၊ ဦးဖိုးဝေသည်လည်း ဦးလွင်တို့အားနုတ်ဆက်ပြီး ရွာထိပ်မှ ညောင်ပင်စီသို့ထွက်သွားပါတော့သည် ၊ ဦးဖိုးဝေ၏စိတ်ထဲတွင်တော့ သူရိယအား စိတ်ပြေလက်ပျောက်ဖြစ်စေရန် ထူးဆန်းသည် ကျတ်ရွာကို လိုက်ပို့မည်ဟုလည်း တွေးနေလိုက်ပါတော့သည်။







No comments
Post a Comment