အောင်မြတ်သာနှင့်သွေးစိမ်းအတိုက်

  အောင်မြတ်သာနှင့်သွေးစိမ်းအတိုက် နံနက်အလင်းရောင်ရတာနဲ့ ရွာနီးချုပ်စပ်ကနေ ရွှေကျွန်းမြို့ပေါ်ကို တက်ပြီး ရောင်းဝယ် ဖောက်ကားကြတဲ့ တောစျေးသယ်လ... thumbnail 1 summary

 အောင်မြတ်သာနှင့်သွေးစိမ်းအတိုက်


နံနက်အလင်းရောင်ရတာနဲ့ ရွာနီးချုပ်စပ်ကနေ ရွှေကျွန်းမြို့ပေါ်ကို တက်ပြီး ရောင်းဝယ် ဖောက်ကားကြတဲ့ တောစျေးသယ်လေးတွေရဲ့ နွားလှည်းသံတွေ၊ တစ်ယောက်နဲ့တစ်ယောက် ကျီစယ်စနောက်နေကြတဲ့အသံတွေက ကြွက်စိကြွက်စိနဲ့ ဆူညံနေခဲ့ကြတယ်။ စျေးအနီးနားမှာ နေထိုင်တဲ့သူတွေကတော့ စျေးသည်တွေရဲ့အသံကိုနားထောင်ပြီး အိပ်ယာက ထတတ်တာ ထုံးစံ တစ်ခုလိုဖြစ်နေခဲ့တယ်။ နံနက်နေထန်းတစ်ဖျားမရောက်ခင် စျေးကွဲတတ်တဲ့ အလေ့အထကြောင့် မြို့ပေါ်နေသူတိုင်း သူ့ထက်ငါဦးစွာ စျေးကိုလာတတ်ကြတယ်။

မြို့စျေးရဲ့အနောက်မှာတော့ ကျွဲလူးချောင်းကနေ ခွဲပြီးစီးဆင်းနေတဲ့မြစ်လက်တက်တစ်ခု ရှိပြီး အရှေ့မှာတော့ လူနေရပ်ကွက်တစ်ခုတည်ရှိတဲ့အတွက် စျေးနဲ့နီးတဲ့ရပ်ကွက်ကလူတွေကတော့ အခြားသူတွေထက် စောပြီးစျေးကိုရောက်တတ်ကြတယ်။အဲဒီထဲကမှ မလှသိန်းကတော့ စျေးစဖွင့်ပြီ ဆိုတာနဲ့ ထီးကိုလက်ကြားညှပ်၊ အတန်သင့်ကြီးတဲ့ ဆွဲတောင်းကိုဆွဲကာ လှိမ့်ပဲ့ လှိမ့်ပဲ့နဲ့ လာတတ် ကြတယ်။

မလှသိန်းစျေးလာပြီဆိုရင် တောစျေးသည်တွေ သူ့ထက်ငါဦးအောင်အလုအယက်ခေါ်ပြီး စျေးဦးဖောက်ခိုင်းတတ်ကြတယ်။ စျေးသည်တွေကြားထဲမှာတော့ မလှသိန်း စဝယ်တဲ့ဆိုင်က အစောဆုံးကုန်တယ်ဆိုပြီး ယုံကြည်ကြတယ်။

“ဖောက်သည် ဒီနေ့လာတာစောတယ်နော် ရောက်တုန်းရောက်ခိုက် ငါးတွေအားပေးသွား ပါဦး”

“တော်ပါအေ ညဉ်းဆိုင်က မနေ့ကဝယ်သွားတဲ့ ငါးသလောက်တွေတောင် မကုန်သေးဘူး”

“ဖောက်သည်ကလဲ လုပ်ပါ စျေးဦးလေးတော့ဖောက်သွားပေး ဒီမှာကြည့် ကတ်ဘီလူးတွေ ဘယ်လောက်လတ်တယ်ဆိုတာ ပါးဟပ်ကိုရဲနေတာပဲ”

မလှသိန်းက ငါးသည်ရဲ့စကားကြောင့် လျောက်နေတဲ့ခြေလှမ်းတွေကိုရပ်လိုက်ပြီး

“အေး ကတ်ဘီလူးဆိုရင် ငါ့သမီးကအရမ်းကြိုက်တာ ဘယ်စျေးရှိလဲ”

“ တစ်ရာစျေးပဲပေး ကိုယ့်ဖောက်သည်မို့လို့ ဒီစျေးပေးတာနော် အခြားသူဆိုမရဘူး”

ငါးသည်က မခင်သိန်းဝယ်တော့မယ်ဆိုတာ သိတဲ့ဟန်နဲ့ ကတ်ဘီလူးတစ်ကောင်ကို ဓါးမနဲ့ ကျွမ်းကျင်စွာခုတ်ထစ်လိုက်ပြီး အင်ဖက်နဲ့ထုပ်ကာ ကမ်းပေးလိုက်တယ်။

“နှစ်ဆယ်ငါးကျပ်သားကို နှစ်ရာပဲပေး ဖောက်သည်”

မခင်သိန်းလဲ လက်ထဲက ငါးထုပ်ကို ချိန်ဆကြည့်လိုက်ပြီး

“ရော့ ဒီမှာနှစ်ရာ အလေးမပြည့်လို့ကတော့ နင့်ဆိုင်က နောက်မဝယ်တော့ဘူး”

“အမလေး ဖောက်သည်ရယ် ကျွန်မက တစ်ခါစားလုပ်ပါ့မလား ဒီနေ့တော့ စျေးရောင်း ကောင်းပြီထင်ပါတယ်”

ငါးသည်က မလှသိန်းပေးတဲ့ ငွေစက္ကူတွေနဲ့ ငါးဗန်းကို တစ်ဗျက်ဗျက်ခတ်လိုက်ပြီး တတွတ် တွတ်ပြောဆိုနေခဲ့တယ်။

မလှသိန်းလဲ အခြားဝယ်ခြမ်းစရာပစ္စည်းတွေကိုဝယ်ပြီး အိမ်ကိုပြန်လာတဲ့အချိန်မှာတော့ အိပ်ယာကနိုးလို့ အသင့်စောင့်နေတဲ သမီးဖြစ်သူကိုမြင်လိုက်ရတယ်။

“အမေတောင် စျေးကပြန်လာပြီလား ပေးပေး သမီးကိုဆွဲတောင်းပေး”

သမီးဖြစ်သူက မလှသိန်းရဲ့ စျေးဆွဲတောင်းကိုလှမ်းယူပြီး အိမ်နောက်ဖေးကိုထွက်သွားတဲ့ အချိန် အိမ်ရှေ့ဧည့်ခန်းဝမှာကျနေတဲ့ သွေးစက်အချို့ကိုမြင်လိုက်ရတယ်။

“ဒီကောင်မလေးတော့ သေချာမသယ်ဘူးထင်တယ် ခြင်းတောင်းထဲက သွေးစက်တွေ ကျကုန်ပြီ”

မလှသိန်းက ဗျစ်တောက်ဗျစ်တောက်ပြောရင်း ခြေသုတ်ဝတ်အဟောင်းကိုယူကာ သုတ်လိုက်တဲ့အချိန် နှာခေါင်းထဲကို အော်ဂလီဆန်ချင်စရာကောင်းတဲ့ သွေးညှီနံ့အချို့ ဝင်လာခဲ့တယ်။

“အမေ ဘာတွေလုပ်နေတာလဲ”

“ဘာလုပ်ရမလဲ ခြင်းတောင်းထဲက ကျတဲ့သွေးစက်တွေကိုသုတ်နေတာလေ ခြင်းကို ဘယ်လို ကိုင်သွားသလဲမသိဘူး”

“ဟင် သမီးခြင်းတောင်းယူပြီးသွားတာ အဲဒီဘက်ကိုမရောက်ဘူးလေ အမေ အမြင်များ မှားနေတာလား”

“ငါက ဘာလို့အမြင်မှားရမှာလဲ မယုံရင် ခြေသုတ်ဝတ်မှာပေနေတဲ့ သွေးစက်တွေကို ကြည့်လိုက်”

မိခင်ဖြစ်သူစကားကြောင့် သမီးဖြစ်သူလဲ ခြေသုတ်ဝတ်ကို ခြေမထိပ်နဲ့ကလော်ပြီးကြည့် လိုက်ရာ

“အမေကတော့လုပ်ပြီ ဘယ်မှာလဲသွေးစက်တွေက သမီးလဲမတွေ့ပါဘူး”

“ဟဲ့ ခုနကပဲ ငါသုတ်ထားတာလေ အဝတ်ထဲ ပေနေတာဖြစ်မှာပေါ့”

“သေချာလဲကြည့်ပါဦးအမေရယ် ခြေသုတ်ဝတ်က ဒီမနက်မှ သမီးအသစ်ထုတ်ထားတာ သွေးစက်တွေပေတယ်ဆိုရင်လဲ အဝတ်မှာရှိနေရမှာပေါ့ တို့အမေကတော့ မျက်မှန်ပါဝါတိုးနေပြီ ထင်တယ်”

သမီးဖြစ်သူရဲ့ ရယ်ကျဲကျဲစကားကြောင့်မခင်သိန်း ကိုယ့်ကိုကိုယ်မယုံနိုင်ဖြစ်သွားပြီး မျက်မှောင်ကျုတ်ကာ မီးဖိုချောင်ခန်းထဲကိုဝင်သွားခဲ့တယ်။ နေ့လည်ခင်းရောက်တော့ တစ်မနက်လုံး ချုက်ပြုတ်ထားတာတွေကြောင့် မျက်လုံးက မှေးလာတဲ့အတွက် တစ်ရေးတစ်မော အိပ်ဖို့ သင်ဖြူး ဖျာနဲ့ခေါင်းအုံးကိုချကာ လှဲချလိုက်တဲ့အချိန် အိမ်ရှေ့ကနေ လူတစ်ယောက်တက်လာတဲ့ ခြေသံကို ကြားလိုက်ရတယ်။

“ သမီးရေ အိမ်ရှေ့မှာ ဘယ်သူလာလဲမသိဘူး ကြည့်လိုက်ပါဦး”

မခင်သိန်းခေါ်သံကြောင့် အိမ်ခန်းထဲမှာ စက်ချုပ်နေတဲ့ သမီးဖြစ်သူထွက်လာပြီး

“ဘယ်သူမှမရှိပါဘူးအမေကလဲ”

“ဟုတ်လား လှေကားကနေ တက်လာတဲ့ခြေသံကို သေချာကြားလိုက်ပါတယ်”

“ အမေ ဒီနေ့မဟုတ်သေးဘူးနော် တစ်ခုခုတော့ တစ်ခုခုပဲ ဘာလဲ အဖေ့ကိုလွမ်းနေ တာလား”

“ တယ် ဒီဗိုင်းတာမကတော့ နင့်အဖေကို ငါကလွမ်းစရာလား သူမရှိရင် ပိုတောင်လွတ်လပ် သေးတယ်”

“ဟက်ဟက် တွေ့မယ် တွေ့မယ် အဖေ ခရီးကပြန်လာရင် တိုင်ပြောဦးမှာ”

“ တိုင်ပေါ့ ညဉ်းအဖေကိုများ ငါကကြောက်မယ်ထင်နေတာလား ကဲကဲ ငါတစ်ရေး တစ်မော အိပ်ဦးမယ် အရေးကြီးတဲ့ကိစ္စမဟုတ်ရင် ငါ့ကိုလာမနှိုးနဲ့ဦး”

“အိပ်ပါရှင် အိပ်ပါ သမီးကတော့ အပ်ထည်တွေ မနက်ဖြန်အမှီပေးဖို့ ချုပ်လိုက်ဦးမယ်”

မလှသိန်းလဲ ခေါင်းအုံးပေါ် ခေါင်းချပြီး ဟိုဘက်ဒီဘက်လှည့်နေရင်း အိပ်မပျော် တစ်ပျော် ရှိနေတဲ့အချိန် လှေကားကနေ တက်လာတဲ့ခြေသံကိုထပ်ကြားလိုက်ရပြန်ရော။ ဒီတစ်ခါမှာတော့ သမီးဖြစ်သူဖြစ်မှာပါလို့တွေးပြီး မျက်လုံးမဖွင့်ကြည့်ပဲ အသံကိုနားထောင်နေတာ ခြေသံက အိမ်ခန်းထဲကိုဖြတ်ပြီး အိမ်နောက်ဖေးဘက်ကို ဝင်သွားတာကို သတိထားမိလိုက်တယ်။

အဲဒီအချိန် အိမ်ခန်းထဲကနေ သမီးဖြစ်သူရဲ့စက်ချုပ်တဲ့အသံကို ထပ်ကြားလိုက်ရတော့ အိပ်ချင်မူးတူးဖြစ်နေတဲ့ မလှသိန်းမနေသာတော့ပဲ ငေါက်ခနဲထထိုင်ကာ ခြေသံကိုနားစွင့်နေ လိုက်တယ်။ ဒီတစ်ခါမှာတော့ ခြေသံက အိမ်နောက်ဖေးမှာ မဟုတ်တော့ပဲ အိမ်ပေါ်ထပ်မှာ ဖြစ်နေတာကို ကြားလိုက်ရပြန်ရော။

သားအမိနှစ်ယောက်ထဲနေတဲ့အိမ်မှာ အခြားသူရဲ့ခြေသံကြားလိုက်ရတဲ့အတွက် အိမ်ခန်း ထဲမှာစက်ချုပ်နေတဲ့ သမီးဖြစ်သူကို အသာလက်ယက်ခေါ်ပြီး

“ အပေါ်ထပ်မှာ လမ်းလျောက်နေတဲ့ ခြေသံကြားတယ် သူခိုးများလား မသိဘူး”

“အမေကလဲ နေ့ခင်းကြောင်တောင် သူခိုးတက်ပါ့မလား ဧကန်န အဖေများတိတ်တိတ်လေး ပြန်လာပြီး အမေကိုစနေတာလား”

“မဖြစ်နိုင်တာ နင့်အဖေက နောက်တစ်ပတ်လောက်မှပြန်ရောက်မှာ လာ အပေါ်တက်ကြည့် ရအောင်”

သားအမိနှစ်ယောက်လဲ အိမ်မှာဆောင်ထားတဲ့ သံတုတ်ကိုကိုင်ကာ အိမ်ပေါ်ထပ်ကို ဖြေးဖြေး ချင်းတက်ကြည့်ရာ လူရိပ်နဲ့တူတာဆိုလို့ ဘာမှမတွေ့ရတော့မှ သက်ပြင်းချပြီး

“အမေကိုပြောသားပဲ စိတ်ထင်တာနေမှာပါလို့ ဒီတစ်နေ့လုံး ဘာတွေဖြစ်နေလဲမသိပါဘူး”

သမီးဖြစ်သူစကားကြောင့် မလှသိန်း ခေါင်းကိုကုတ်လိုက်ပြီး ဟိုဟိုဒီဒီစဉ်းစားပါလေရော။

ညနေစောင်းရောက်တော့ သားအမိနှစ်ယောက် ဘုန်ကြီးကျောင်းကို နောက်တစ်နေ့မနက် အရုဏ်ဆွမ်းအတွက် ဆွမ်းချိုင့်ပို့ပြီးပြန်လာတော့ အိမ်ရှေ့မှာလူတွေစုရုံးစုရုံးဖြစ်နေတာကိုမြင်လိုက် ရတယ်။

“ဟဲ့ ကျော်သန်း ဘာဖြစ်လို့ ငါ့အိမ်ကိုအထူးဆန်း ဝိုင်းကြည့်နေကြတာလဲ”

“ ဟော မလှသိန်းတို့ပြန်ရောက်လာတာအတော်ပဲ ခုနက အိမ်ပေါ်ကနေ လူတစ်ယောက် ခုန်ချတာမြင်လိုက်လို့”

“ဟေ ငါ့အိမ်မှာ ဘယ်သူမှမရှိပါဘူး”

“အဲဒါပြောတာပေါ့ ခြံတံခါးလဲသော့ခတ်ထားတာ မလှသိန်းတို့ ဆွမ်းချိုင့်သွားပို့တာလဲ ကျွန်တော်မြင်တယ်လေ”

“ နေပါဦး လူတစ်ယောက် ခုန်ချတယ်ဆိုတာ ဘယ်သူကမြင်တာလဲ နင်မြင်လိုက်တာလား”

“ အာ ကျွန်တော်မြင်တာမဟုတ်ပါဘူး ဒီကောင် ထွန်းလွင် မြင်တာ”

ကိုကျော်သန်းစကားကြောင့် ရေခဲချောင်းစားနေတဲ့ ကလေးက

“ဟုတ်တယ် ကြီးကြီး သား သေချာမြင်လိုက်တာ အင်္ကျီအစိမ်းရောင်ဝတ်ထားတဲ့ မိန်းမ တစ်ယောက် အပေါ်ထပ်ကနေ ဇောက်ထိုးကြီးခုန်ချတာ အောက်ရောက်တော့ ပါးစပ်ကရော ခေါင်းကနေပါ သွေးတွေထွက်ပြီးလဲကျနေလို့ လေးလေးကျော်သန်းတို့ကို ပြေးပြောတာ”

“ဒါဆို အဲဒီမိန်းမရှိရမှာပေါ့ အခုဘာမှလဲ မတွေ့ဘူး”

မလှသိန်းစကားကြောင့် ထွန်းလွင်က မျက်နှာငယ်လေးနဲ့

“သားတို့ပြန်လာတော့ လဲကျနေတဲ့ မိန်းမကမရှိတော့ဘူး”

“ ကဲပါ ကလေးဆိုတော့ အမြင်မှားတာဖြစ်ချင်ဖြစ်မှာပေါ့ သွားသွား အိမ်ပြန်တော့”

ကိုကျော်သန်းက ထွန်းလွင်နဲ့ရပ်ကြည့်နေတဲ့သူတွေကို မောင်းထုတ်လိုက်ပြီး

“အစ်မ ကျွန်တော် ပြောစရာရှိသေးတယ်”

“အေး ပြောလေ ကျော်သန်း ဘာကိစ္စရှိလို့လဲ”

“ ဟိုလေ ကျွန်တော်လဲ ပြောသင့်မပြောသင့်စဉ်းစားနေတာ”

ကျော်သန်းစကားကြောင့် မလှသိန်းစိတ်မရှည်တော့ပဲ

“ ကိုယ်တော်ချော ပြောမယ်ဆိုလဲပြော မပြောဘူးဆိုလဲပြန်တော့”

“ ကဲဗျာ ကျွန်တော်ပြောရင် မလန့်သွာကြနဲ့ဦး”

“ နင်ကလေ စကားအ‌တော်ပလ္လင်ခံတာပဲ ပြောမှာသာပြောစမ်းပါ”

“ အစ်မတို့ အိမ်မှာ မကောင်းတဲ့အရာတစ်ခုခုရှိနေပြီထင်တယ်”

“ ဟဲ့ ကျော်သန်း နင့်စကားက အစမရှိ အဆုံးမရှိ ပွင့်ပွင့်လင်းလင်းပြောစမ်းပါ”

“ဒီလိုအစ်မ လွန်ခဲ့တဲ့ သုံးရက်လောက်ထဲက ညဘက်တွေဆိုရင် အစ်မတို့ ခြံထဲမှာ မိန်းမတစ်ယောက် ခေါက်တုန့်ခေါက်ပြန်လမ်းလျောက်နေတယ်လို့ ရပ်ကွက်ထဲမှာ ပြောနေကြတယ်”

“ ဟေ ညဘက်တွေဆိုရင် ငါလဲ တစ်ခါတစ်လေ လမ်းလျောက်တတ်ပါတယ် လူမှားတာ များလား”

“ မဟုတ်ဘူး အစ်မကို တစ်ရပ်လုံးက သိနေကြတာပဲ လူမှားစရာတော့မရှိပါဘူး သူတို့ပြောတဲ့ မိန်းမပုံစံက ပိန်ပိန်ပါးပါးတဲ့၊ ဆံပင်ကလဲ ဂုတ်ဝဲလောက်ပဲရှိတယ်လို့ပြောတယ်”

“ နင့်ဟာက သေချာလို့လား ငါတို့မနေရဲအောင်မလုပ်နဲ့နော်”

“ အစ်မရယ် ကျွန်တော်ကလုပ်စရာလား အစ်မတို့ရော ထူးဆန်းတာတွေ မကြုံရဘူးလား”

ကိုကျော်သန်းစကားကြောင့် ဘေးမှာရပ်နေတဲ့ သမီးဖြစ်သူက

“ ထူးဆန်းတာဆိုလို့.......”

“မကြုံပါဘူးကွယ် အစ်မတို့နေနေတာပဲ ဘာမှမဖြစ်ပါဘူး”

မလှသိန်းက သမီးဖြစ်သူရဲ့စကားကို ကြားဖြတ်ပြောလိုက်ပြီး ဝင်ကာလိုက်တယ်။

“ဒါဆိုလဲ သတိတော့ထားပေါ့ဗျာ ကျွန်တော်အမြင်ကတော့ အစ်ကိုပြန်လာရင် သံဃာတော်တွေပင့်ပြီး ပရိတ်တရားနာစေချင်တယ်”

“အေးပါ ကျော်သန်း နင်တို့အစ်ကိုလာရင် ငါစီစဉ်လိုက်ပါမယ် မိုးလဲချုပ်နေပြီဆိုတော့ နင်လဲ ပြန်တော့လေ”

“ ဒါဆို ကျွန်တော်လဲ ပြန်လိုက်ဦးမယ် တစ်ခုခုဆို အချိန်မရွေးအော်ခေါ်လိုက်အစ်မ”

မလှသိန်းလဲ လှည့်ထွက်သွားတဲ့ ကျော်သန်းရဲ့ နောက်ကျောကိုကြည့်ပြီး သက်ပြင်းရှည် တစ်ချက်မှုတ်ထုတ်ကာ ခြံထဲကိုဝင်လာခဲ့လိုက်တယ်။ အိမ်ပေါ်ကိုရောက်တော့ သမီးဖြစ်သူက မျက်နှာငယ်လေးနဲ့

“အမေ ဦးလေးကျော်သန်းပြောတဲ့အတိုင်းဆိုရင် သမီးတို့အိမ်တစ်ခုခုဖြစ်နေပြီထင်တယ်”

“သိပ်လဲအကြောက်မလွန်ပါနဲ့ဦး ဒီအိမ်က နင့်အဖေမဝယ်ခင်ထဲက ဒီလိုပြဿနာတွေ ရှိခဲ့ ဖူးတယ်”

“ဟုတ်လား ဒါဆို အမေလဲ အခုလိုအဖြစ်မျိုးကြုံဖူးတာပေါ့”

“ဟုတ်တယ် ဒီအိမ်ကို နင့်အဖေက အကြွေးနဲ့သိမ်းထားတာလေ၊ အကြွေးပေးရမယ့်သူက ငါတို့မိသားစုကိုမကျေနပ်လို့ နင်ငယ်ငယ်က အောက်လမ်းနဲ့တစ်ခါလုပ်ခဲ့ဖူးတယ်။ အမေဆို သေလု မျောပါးဖျားနာခဲ့တာ”

“နောက်တော့ဘယ်လိုဖြစ်သွားတာလဲ”

“သမီး မွေးပြီး လေးနှစ်လောက်ကြာတော့ နင့်ဦးလေးရဲ့အဆက်သွယ်နဲ့ ဆရာအချို့ အိမ်ကို ရောက်လာပြီး တိုက်ထားတဲ့အနှောက်အယှက်တွေကို ရှင်းလင်းပေးခဲ့ဖူးတယ်”

“ အဲဒါမှပြဿနာပဲ ဦးလေးက လွန်ခဲ့တဲ့ လေးနှစ်လောက်ထဲက ဆုံးသွားတာဆိုတော့ အခုဖြစ် နေတဲ့အရာတွေကို ဘယ်သူ့ကိုရှင်းခိုင်းရမလဲ”

“အမေလဲ မပြောတတ်သေးဘူးသမီးရယ် ဒီညတော့ တို့သားအမိ အခြေအနေကိုစောင့်ကြည့် ရတာပေါ့”

မလှသိန်းလဲ သမီးဖြစ်သူကို ဖျောင်းဖျပြီး အိမ်ရှေ့ဧည့်ခန်းမှာ ထိုင်ချလိုက်တဲ့အချိန် အိမ်ပေါ် ထပ်မှာ လမ်းလျောက်နေတဲ့ခြေသံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။ ခြေသံက အိမ်ရှေ့ဝရန်တာဘက်ကို လျောက်သွားပြီး ခဏနေတော့ “ ဘုတ်”ဆိုတဲ့အသံနဲ့အတူ အောက်ကို ကျလာတဲ့အသံတစ်ခုကိုကြားလိုက်ရတယ်။

အသံကြားလို့ အိမ်ရှေ့ထွက်ကြည့်လိုက်တော့ ဘာမှမတွေ့ရပဲ စိုက်ထားတဲ့ပန်းအိုးအချို့ လှုပ် ရမ်းနေတာကိုပဲမြင်လိုက်ရတယ်။ အသံဗလံတွေရပ်သွားလို့ အိပ်မလို့လုပ်တုန်းရှိသေး အလွန်ဆိုးဝါးတဲ့ အပုတ်နံ့က ဧည့်ခန်းထဲကို လှိုင်ခနဲဝင်လာခဲ့တယ်။

သမီးဖြစ်သူကတော့ ညှီစို့စို့အပုတ်နံ့ကြောင့် ပါးစပ်ထဲကနေ ပျို့တက်လာပြီး ဘေးမှာရှိနေတဲ့ ထွေးခံခွက်ထဲကို အန်ချနေတဲ့အချိန် အိမ်ရှေ့တံခါးပေါက်ဝကနေ တစ်စက်ချင်းကျလာတဲ့ သွေးစက် အချို့ကို မလှသိန်းမြင်လိုက်ရတယ်။

ဒီတစ်ခါမှာတော့ သားအမိနှစ်ယောက်လုံး ဟန်မဆောင်နိုင်ကြတော့ပဲ အိမ်တံခါးကိုအတင်း ဆွဲဖွင့်ကာ ခေါင်းရင်းအိမ်ရှိရာဘက်ကိုပြေးကြပါလေရော။

“ စန်းခင် စန်းခင် တံခါးဖွင့်ပါဦး”

“ဟယ် မလှသိန်း ဘယ်လိုဖြစ်တာလဲ”

“နောက်မှပြောပြမယ် ငါ့ကို‌ရေတစ်ခွက်တိုက်စမ်းပါ”

မစန်းခင်လဲ မျက်လုံးပြူးမျက်ဆန်ပြူးပြေးလာကြတဲ့သားအမိကို ထားပြီး အိမ်ထဲမှာရှိတဲ့ သောက်ရေအိုးထဲကနေ သောက်ရေနှစ်ခွက်ခပ်ပြီးတိုက်လိုက်တော့မှ အနည်းငယ်ငြိမ်သွားခဲ့တယ်။

“ စန်းခင် ကိုကျော်သန်းပြောတာ မှန်နေပြီ”

“ဘာကိုမှန်တာလဲ ရှင်းရှင်းပြောစမ်းပါ”

မလှသိန်းလဲ စန်းခင်ကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့

“ ကျွန်မလဲ သတိထားမိတာ သုံးလေးရက်ရှိပြီ မလှသိန်းတို့ မယုံမှာစိုးလို့မပြောပြတာ”

“ နင်ကဘာများသတိထားမိလို့လဲ”

“ဒီရက်ပိုင်း ညအပူချိန်က ခါတိုင်းထက်ပိုများတယ်မဟုတ်လား ကျွန်မလဲ ညဘက်တွေ ပူလို့ အိပ်မရတာနဲ့ ခြံထဲလမ်းဆင်းလျောက်တဲ့အချိန် မလှသိန်းတို့ ဝရန်တာပေါ်မှာ လက်ကိုဆန့်တန်းပြီး မတ်တပ်ရပ်နေတဲ့ မိန်းမတစ်ယောက်ကို ဖြတ်ခနဲ ဖြတ်ခနဲ မြင်မြင်နေရတယ်။ သတိထားမိလို့ နောက်တစ်ခေါက်ပြန်ကြည့်လိုက်ရင် မတွေ့ရတော့ဘူး”

“ ငါလဲစိတ်တွေညစ်ပါတယ် နင့်အကိုကလဲ နောက်အပတ်မှပြန်လာမှာဆိုတော့ ဘယ်လိုလုပ်ရမလဲ မသိပါဘူးအေ”

“ ဒီတိုင်းတော့ ထားလို့မဖြစ်ဘူး မနက်ဖြန် အစ်မတို့ဆွမ်းချိုင့်ပို့နေတဲ့ ဘုန်းကြီးကျောင်းက ဆရာတော်ကိုအကျိုးအကြောင်းလျောက်ကြည့်ပါလား”

“အေး ဟုတ်တယ် နင်ပြောတဲ့အကြံမဆိုးဘူး ဒီညတော့ နင်တို့အိမ်မှာပဲ ငါတို့သားအမိ အိပ်တော့မယ်”

“အမလေး ဒီလူနဲ့ဒီလူပြောစရာလိုသေးလို့လား”

စန်းခင်က မလှသိန်းကို မျက်စောင်းထိုးကာ အိပ်ယာခင်းဖို့အတွက် စောင်တွေခြင်ထောင်တွေ သွားယူလာခဲ့တယ်။

နောက်တစ်နေ့မနက်ရောက်တော့ ဘုန်းကြီးကျောင်းသွားပြီး ဆရာတော်ကိုလျောက်တော့

“ဒီလောက်တောင်ဖြစ်နေတာလား ဒကာမကြီး ဒါဆိုလဲ ဦးဇင်းတို့ကျောင်းက သံဃာ ငါးပါး အတွက် နေရာပြင်ထားလိုက် ဆွမ်းမစားမီကြွလာပေးမယ်” လို့ပြောတော့ မလှသိန်းလဲ ဆွမ်းကပ်ရန် အတွက် အလောတစ်ကော ဝယ်ခြမ်းချက်ပြုတ်ကာ အိမ်မှာအသင့်ပြင်ထားပါလေရော။

သံဃာတော်တွေကြွလာပြီး ပရိတ်တရားနာနေတဲ့ အချိန်မှာတော့ အိမ်ပေါ်ထပ်ကနေ ထွက်ပြေးသွားတဲ့ ခြေသံတစ်ခုကိုကြားလိုက်ရတယ်။ အားလုံးပြီးစီးလို့ သံဃာတော်တွေ ပြန်ကြွ သွားတဲ့အချိန် ပရိတ်ရေအိုးတွေကို အိမ်အနှံ့ပက်ဖြန်းပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။ အဲဒီနေ့ကစပြီး တစ်ပတ်ပြည့်တဲ့နေ့အထိ ဘာအသံ၊ အနံ့မှမကြားရတော့တဲ့အတွက် စိတ်အေး လက်အေးဖြစ်ခဲ့ရတယ်။

ဒီအခြေအနေတွေက နောက်အပတ်တနင်္လာနေ့ ခင်ပွန်းဖြစ်သူပြန်ရောက်လာတဲ့နေ့မှာ ပြန်လည်ဆူပွက်လာခဲ့တယ်။

“လှသိန်းရေ လှသိန်း”

အိမ်ရှေ့ကုလားထိုင်မှာ ထိုင်ပြီး ကော်ဖီသောက်နေတဲ့ ခင်ပွန်းဖြစ်သူရဲ့အသံကြောင့် ဟင်းချက်နေတဲ့မလှသိန်းအပြင်ကိုထွက်လာပြီး

“ဘယ်လိုဖြစ်လို့ ကျုပ်ကိုအသည်းအသန်ခေါ်နေရတာလဲ”

“အေး ခုနက မိန်းမတစ်ယောက် အပေါ်ထပ်ကိုတက်သွားတာ မြင်လိုက်ရတယ် အဝတ်တွေ မီးပူတိုက်ဖို့ခေါ်ထားသေးတာလား”

“ ဟင် မခေါ်ထားပါဘူး အိမ်ကအဝတ်တွေအားလုံး သမီးကပဲလျော်ဖွတ် မီးပူတိုက်နေတာလေ ဘယ်ကမိန်းမက အိမ်ပေါ်တက်သွားတာလဲ”

“ငါလဲမသိလို့မင်းကိုမေးတာပေါ့ သွားသွား အိမ်ပေါ်တက်ကြည့်ဦး”

“ကိုမင်းမောင် မဟုတ်သေးဘူးနော် ရှင်ကဒီနေ့မှရောက်လို့ ဘာမှမသိသေးတာ ဒုက္ခပဲ ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး”

မလှသိန်းရဲ့အမူအယာကိုကြည့်ပြီး ကိုမင်းမောင်တစ်ယောက် ကြောင်တောင်တောင် ဖြစ်သွားကာ

“ဘာဖြစ်တာလဲ ငါ့ကိုသေချာရှင်းပြပါဦ”

“ဒီလိုတော်ရေ......”

မလှသိန်းလဲ အိမ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို အသေးစိတ်ပြောပြလိုက်တော့မှ ကိုမင်းမောင်တစ်ယောက် မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်ပြီး

“ အပေါ်ထပ်မှာ ဘယ်သူရှိလဲ ဟေ့ မေးနေတယ်လေ”

အောက်ထပ်ကနေကျယ်လောင်စွာအော်လိုက်ပေမယ့် အပေါ်ထပ်ကနေ အကြောင်းပြန်တဲ အသံမကြားရတဲ့အတွက် ကိုမင်းမောင်စိတ်ထဲ ထင့်ခနဲဖြစ်သွားပြီး

“ ပရိတ်ရေတွေရှိသေးလား”

“ မရှိတော့ဘူး အိမ်မှာလဲ အခြေအနေတွေတည်ငြိမ်သွားပြီဆိုလို့ မနေ့က ဘေးအိမ်ကိုပေးလိုက်တယ်”

“ဒါဆိုလဲ ဘေးအိမ်ကနေ သွားတောင်းကြည့် သူတို့မှာ ရှိကောင်းရှိနိုင်တယ်”

ကိုမင်းမောင်စကားကြောင့် မလှသိန်း အိမ်အပြင်ကိုထွက်ဖို့အလုပ်မှာ

“ပရိတ်ရေတောင်းလဲ သူတို့ကို ‌ခေတ္တလောက်ပဲထိန်းထားလို့ရမှာ တကယ်လုပ်ထားတဲ့ အရင်းမြစ်က အိမ်ထဲမှာရှိနေတယ်” ဆိုတဲ့အသံကြားလို့ကြည့်လိုက်ရာ အသက်သုံးဆယ်အရွယ် လူငယ်သုံးယောက်ကိုမြင်လိုက်ရတယ်။
“ဒီကမောင်ရင်တို့က ဘာကိုဆိုလိုတာလဲ”

“ကျုပ်တို့က ဒီအိမ်ထဲမှာ မကောင်းတဲ့ အငွေ့အသက်တွေကိုမြင်လို့ပြောလိုက်မိတာပါ”

“ဟုတ်တယ် ဟုတ်တယ် အိမ်မှာထူးဆန်းတာတွေဖြစ်နေတာ ပရိတ်ရွတ်တော့လဲ ခဏပဲ ပြီးရင် နဂိုအတိုင်းပြန်ဖြစ်တာ”

“ကျုပ်တို့အတွေ့အကြုံအရပြောရမယ်ဆိုရင် အိမ်ရဲ့တစ်နေရာမှာ လူတွေနဲ့မအပ်စပ်တဲ့ ပစ္စည်းတစ်ခုရှိနေပြီနဲ့တူတယ် အရီးတို့သဘောတူမယ်ဆိုရင် ကျုပ်တို့ကြည့်ပေးပါရစေ”

“ဒါဆို မောင်ရင်တို့က အထက်လမ်းဆရာတွေပေါ့နော် ဝမ်းသာလိုက်တာ ကူညီနိုင်ရင် ကူညီ ပေးပါဦ အ‌ဖေကြီးရေ ဧည့်သည်တွေအတွက် နေရာပြင်ပေးပါဦး”

အိမ်ရှေ့ကနေ လှမ်းအော်လိုက်တဲ့ မလှသိန်းစကားကြောင့် ကိုမင်းမောင် အိမ်ရှေ့ကို ထွက်လာပြီး

“အော် အေးအေး ငါပြင်ထားလိုက်မယ်”

“လာ ဆရာလေးတို့ အိမ်ထဲကိုကြွကြပါ”

လူငယ်သုံးယောက်လဲ အိမ်ထဲကိုမဝင်မီ ဘေးဘီဝဲယာကို စောင်းငဲ့ကြည့်ရှုကာ အကဲခတ်လိုက်ပြီး အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။

“ အော် ဆရာလေးတို့အတွက် ဘာများကူညီပေးရမလဲ”

“ရပါတယ် ကျုပ်တို့ကို ဘုရားကျောင်းဆောင်ရှိတဲ့နေရာကိုသာခေါ်သွားပေးပါ”

မလှသိန်းလဲ ဘုရားကျောင်းဆောင်ထားရှိရာ အိမ်ပေါ်ထပ်ကို လိုက်ပြဖို့တက်လာရင်း လှေကားထိပ်လဲရောက်ရော တစ်ယောက်ယောက်က တိုးဝှေ့ပြီး ပြေးဆင်းသွားသလို ခံစားလိုက်ရတယ်။

လူငယ်သုံးယောက်ကတော့ အေးတိအေးစက်အနေထားနဲ့ ဘုရားကျောင်းဆောင်ရှေ့ ဝင်ထိုင် လိုက်ပြီး

“အတော်ဆိုးဆိုးဝါးဝါး တိုက်ထားတာပဲ”

“ရှင် ဒါဆိုဘယ်လိုလုပ်ရမလဲဆရာ”

“လောလောဆယ် ကျုပ်တို့ကို ကြွေပန်းကန်ပြားတစ်ချပ်ရယ်၊ ရေသန့်သန့်တစ်ခွက်ရယ် ယူလာပေးပါ”

လူငယ်ရဲ့စကားကြောင့် ကိုမင်းမောင် ကမန်းကတမ်းထပြီး အိမ်အောက်ဆင်းသွားခဲ့တယ်။ ခဏကြာတော့ ကြွေပန်းကန်ပြားတစ်ချပ်နဲ့ ရေသန့်တစ်ခွက်ယူလက်ထဲမှာပါလာခဲ့တယ်။

“ဆရာတို့ ယူခိုင်းထားတာတွေရပါပြီ”

“ အခုဒီမှာရှိတာ အိမ်သားတွေအကုန်ပဲပေါ့နော်”

“ဟုတ်ပါတယ် ဒါအကုန်ပါပဲ ဒီအိမ်မှာ ကျွန်တော်တို့ မိသားစုသုံးယောက်ပဲနေတာပါ”

ကိုမင်းမောင်စကားအဆုံးမှာ လူငယ်သုံးယောက်က ဘုရားကျောင်းဆောင်ဘက်ကို မျက်နှာ မူလိုက်ပြီး ငါးပါးသီလခံဦးစွာခံယူလိုက်တယ်။ ပြီးတာနဲ့ အလယ်မှာရှိနေတဲ့လူငယ်က ကြွေပန်းကန်နဲ့ ရေခွက်ကိုကိုင်ကာ

“ကျွန်ုပ်သည် ပညာစတင်ယူစဉ်ထဲက ဂိုဏ်းမှချမှတ်ထားတဲ့ ကျင့်ဝတ်သိက္ခာများကို မကျိုးပျက်အောင်စောင့်ထိန်းပြီး ခုနှစ်ရက်သားသမီးများကို ကယ်တင်ခဲ့ပါတယ်။ ဒီသစ္စာ စကားကြောင့် ကျွန်ုပ်၏လက်ထဲမှာကိုင်ထားသော ရေစင်ရေစက်ထဲသို့ ဂိုဏ်းမှာရှိတဲ့ အာဏာစက် အပြည့်အဝစီးဆင်းဝင်ရောက်ပါစေသား”လို့တိုင်တည်ပြီး ရေခွက်ကို အောက်ကိုချလိုက်ရင်ပဲ ငြိမ်သက်နေတဲ့ ရေပြင်က မမြင်ရတဲ့အရာတစ်ခု ကူးခတ်နေသလို ဘောင်ဘင်ခတ်လာခဲ့တယ်။

“ကဲ အခုကျုပ်မေးချင်တာက ဒီအိမ်ထဲမှာရှိနေတဲ့ ပုဂ္ဂိုလ်ကို အိမ်သူအိမ်သားတွေ ဆက်ထား စေချင်လား၊ နှင်ထုတ်စေချင်လား”

“နှင်ထုတ်ပေးပါဆရာ အိမ်ထဲမှာ မထားချင်ပါဘူး”

“ကောင်းပြီ ဒီအိမ်ရဲ့ပိုင်ရှင်ဖြစ်သူရဲ့ ခွင့်ပြုချက်ကြောင့် အိမ်အတွင်းမှာရှိတဲ့ မကောင်းတဲ့ ပုဂ္ဂိုလ်ကျုပ်အရှေ့ကို ချက်ချင်းရောက်လာစေ၊ စင်္ကြာဝဠာအတွင်းရှိ မည်သည့်နေရာတွင်မှ မှီခို ပုန်းအောင်းခြင်းမပြုနိုင်စေ”

လူငယ်က အာဏာပါဝါအပြည့်ပါတဲ့ အသံနဲ့ပြောပြီး ကြမ်းပြင်ကို ရေစက်နဲ့ တောက်ချ လိုက်ရာ ခြံတံခါးကို ဝုန်းခနဲတွန်းဖွင့်ပြီး အိမ်ပေါ်ကို တက်လာတဲ့ခြေသံတစ်ခုကိုကြားလိုက်ရတယ်။

“သင်ရောက်လာပြီလား ဒါဆိုလဲ သင်နဲ့ပတ်သတ်ဆက်နွယ်သူကိုယ်ထဲဝင်ရောက်ပြီး ကျုပ်မေးတာကို အမှန်တိုင်းဖြေဆိုစေ”လို့အမိန့်ပြန်လိုက်တယ်ဆိုရင်ပဲ အရှေ့မှာထိုင်နေတဲ့ ကိုမင်းမောင်တစ်ကိုယ်လုံး တစ်ဆတ်ဆတ်တုန်လာပြီး

“ ငါရောက်ပြီ ဘာမေးစရာရှိလို့လဲ”

ယောင်္ကျားရင့်မာကြီးအသံက ချက်ချင်းဆိုသလို မိန်းမအသံပြောင်းသွားတာ မြင်လိုက်ရတော့ မလှသိန်းရော သမီးဖြစ်သူပါ အံ့သြတစ်ကြီးဖြစ်ခဲ့ရတယ်။

“ သင်ဘယ်သူလဲ ဘာကြောင့် ဒီအိမ်မှာ ခိုကပ်နေနေရတာလဲ”

“ ငါမပြောချင်ဘူး ငါ့အကြောင်းနဲ့ငါရှိလို့ ဒီအိမ်မှာနေနေရတာ”

“မပြောလို့ဖြစ်မလား ဒီအိမ်မှာ သင်ဘယ်လိုမှနေလို့မရဘူး”

“ဟုတ်တယ် ငါနေလို့မရဘူး ဒါပေမယ့် ငါဆက်နေမှရမယ် ငါ့ကိုဒီအိမ်ရဲ့တစ်နေရာမှာ ထားထားတယ်”

“ဘယ်သူကလုပ်တာလဲ အမှန်ကိုပြောစမ်း”

“ငါမသိဘူး ငါ့ကိုခိုင်းရင် သူ့အသံကိုပဲကြားရတယ် သူခိုင်းတာမလုပ်ရင် အသွေးအသားထဲက တစ်ဆစ်ဆစ်နာကျင်အောင် သူကလုပ်တာ”

“ သင့်ကို လွှတ်ပေးရင် ဒီကနေထွက်သွားမလား”

“ ငါ့အသွေးအသားမကုန်စင်သရွှေ့ ဒီကနေ ငါသွားလို့မရဘူး”

“ ကောင်းပြီ သင်စကားအသွားအလာအရ ဘာဆက်လုပ်ရမယ်ဆိုတာသိပြီ အခု ဒီခန္ဓာကိုယ် ထဲကနေ သင်ခဏထွက်ပြီး သင့်ကိုခိုင်းတဲ့သူဝင်လာစေ ကျုပ်အမိန့်ကို မနာခံရင် ငရဲမီးစွယ်တွေ ကြားထဲနေရသလို ပူလောင်ပါစေသား”

လူငယ်က အမိန့်ပေးပြီးတာနဲ့ ကိုမင်းမောင်မျက်နှာကို ရေစက်နဲ့တောက်ထုတ်လိုက်ရာ အရှေ့ကိုအရုပ်ကြိုးပြတ်လဲကျသွားခဲ့တယ်။ မလှသိန်းကတော့ လဲကျသွားတဲ့ ယောင်္ကျားဖြစ်သူကို ဆွဲထူဖို့အလုပ်

“ဘယ်ကောင်လဲကွ ငါ့ကိုခေါ်တာ”ဆိုပြီး ထခုန်လိုက်ရာ တစ်တောင်ခန့်မြင့်တက်သွား ခဲ့တယ်။

“ သင့်ရောက်လာပြီလား ကဲကဲ ရောက်လာရင်လဲ အေးအေးလူလူနေ အိမ်သားတွေကို စိတ်ဆင်းရဲအောင်ထပ်မလုပ်နဲ့”

“အံမယ် ရာရာစစ ငါ့ကိုအမိန့်လာပေးနေတယ်”

“ဟုတ်တယ် သင့်ကိုအမိန့်ပေးနေတာ အခုကျုပ်မေးတာကို အမှန်တိုင်းဖြေရင် အသားမနာ စေရဘူးလို့ကတိပေးတယ်”

“နင်က ဘာမို့လို့ ငါက မေးတိုင်းဖြေရမှာလဲ”

လူငယ်လဲ ခေါင်းမာနေတဲ့ အစွဲကို ကြည့်ကာ စုတ်တစ်ချက်သတ်လိုက်ပြီး

“ သင် ကျုပ်မေးတာကို မဖြေမှာသေချာလား”

“အေး ငါမဖြေဘူးဆို နင်ဘာလုပ်မလဲ”

“ ဒါဖြင့်လဲ ရေစင်တစ်စက်ရဲ့ အရသာလေးမi “ ဒါဖြင့်လဲ ရေစင်တစ်စက်ရဲ့ အရသာလေးမြည်းသွားပါဦး”

လူငယ်ကပြောရင်းဆိုရင် လက်ညိုးစိမ်ထားတဲ့ရေခွက်ထဲကရေနဲ့ တောက်ထုတ်လိုက်ရာ ကိုမင်းမောင်တစ်ယောက် ငယ်သံပါအောင် အော်ဟစ်ရင် လူးလိမ့်နေပါလေရော။ သမီးဖြစ်သူကတော့ ဖခင်ဖြစ်သူခံစားနေရာတာကိုကြည့်ပြီး

“ကျွန်မအဖေသေတော့မယ် ရှင်တို့ဘယ်လိုလုပ်နေတာလဲ”

“မိန်းကလေး စိတ်ထိန်းပါ အခုဖြစ်နေတာက သင့်အဖေမဟုတ်ဘူး သင့်အဖေကိုယ်ထဲ ဝင်ပူးနေတဲ့အစွဲကဖြစ်နေတာပါ အစွဲထွက်သွားရင် သင့်အဖေကိုယ်မှာ ထိခိုက်ဒဏ်ရာတစ်ခုမှ မကျန်စေရဘူးလို့အာမခံပါတယ်”

“ သမီးရယ် ဆရာတို့က နားလည်လို့လုပ်နေတာ ခဏသည်းခံလိုက်နော်”

မလှသိန်းကြားထဲကနေ ဝင်ပြောတော့မှ သမီးဖြစ်သူငြိမ်သွားခဲ့တယ်။

လူငယ်လဲ ကြမ်းမှာလူးလိမ့်နေတဲ့ အစွဲကောင်ကိုကြည့်ပြီး

“ဟိတ်ဟိတ် သိပ်ဟန်ဆောင်မနေနဲ့ ကျုပ်တောက်လိုက်တာ ရေစင်က အဲလောက်ဖြစ်စရာ မရှိဘူး”လို့ပြောလိုက်တော့မှ လူးလိမ့်နေတဲ့ အစွဲကောင်က ရယ်ကျဲကျဲနဲ့ ဆောင့်ကြောင့်ထထိုင်ပြီး

“ဆရာဖြစ်သူ အားရအောင် ကျုပ်က ပူချင်ယောင်ဆောင်ရတာပါ ဟဲဟဲ”

“ခုနက ကျုပ်က ခင်ဗျားကိုစမ်းသပ်တဲ့အနေနဲ့ ဘာအမိန့်မှမပြန်ပဲ ရေစင်နဲ့တောက်လိုက်တာ ခင်ဗျားတို့ပညာသည်တွေက အမူအယာတယ်များသကိုး”

“ဟက်ဟက် မများပါဘူးခင်ဗျာ မများပါဘူး ဆရာပညာကိုလေးစားလျက်ပါ”

အစွဲကောင်က လူငယ်ကို မထီသလိုကြည့်ပြီး ခနဲ့တဲ့တဲ့ပြောလိုက်တဲ့လေသံကြောင့် ဘေးမှာ ထိုင်ကြည့်နေတဲ့လူငယ်နှစ်ယောက်ဆီကနေ တိုးညှင်းတဲ့ ရယ်သံအချို့ထွက်ပေါ်လာခဲ့တယ်။

“ ဟို နှစ်ယောက် ငါက နင်တို့ဆရာကို လေးစားတယ်ပြောတာ ရယ်စရာပါလို့လား”

“ ရယ်စရာတော့မပါပေမယ့် မကြာခင် ခင်ဗျား တကယ်ခံစားရမယ့်ပုံကို မြင်ယောင်ကြည့်မိ လို့်ပါဗျာ”

“ငါလို ဆရာမျိုးကို ဒီငချွတ်လေးက နာအောင်လုပ်ဦးမယ်တဲ့လား အံ့သြလို့မဆုံးပေါင်”

အစွဲကောင်က လူငယ်ကိုကြည့်ပြီး တောင်စဉ်ရေမရ စကားတွေပြောလိုက် ဝေ့လိုက် ပတ်လိုက်လုပ်နေရင်း တစ်အောင့်ကြာတော့

“ ငါ့ကိုလွှတ်ကြစမ်း လွှတ်ကြ အီးအီး နင်တို့ ဘယ်သူ့တွေကိုခေါ်လိုက်တာလဲ ငါလှုပ်မရ တော့ဘူး အမလေး မလုပ်ကြပါနဲ့ ဖလူးဝူးဖလူး”

အစွဲကောင်က စကားပြောနေရင်း လုံးထွေးတဲ့အသံနဲ့အော်ဟစ်ရင်း မတ်တပ်ထရပ်ဖို့အလုပ်

“ ငယ်ထိပ်ကို လှံချွန်နဲ့ထောက်ထားစမ်း ထတာနဲ့ ပေါက်အောင်ထိုးဖို့အမိန့်ပြန်တယ်”

“အမလေး မထရဲတော့ပါဘူး ကြောက်ပါပြီ ဟင် ဘာတွေလုပ်ကြဦးမလို့လဲ ငါ့ပါးစပ်ကို မဖြဲနဲ့လေ”

“ ဟုတ်ပြီ အင်းစောင့်တွေက အစွဲကောင်ရဲ့ပါးစပ်ထဲကို ပွက်ပွက်ဆူနေတဲ့ ငရဲမီးတွေ လောင်းထည့်ကြ ဒွါရကိုးပေါက်ကနေ ပြန်မထွက်အောင် အကုန်ပိတ်ဆို့ထားကြ”

“ အမလေး ဝူးဖလူးဂူး ကြောက် ဂရူးဝရူး”

“ခဏရပ်လိုက်ကြဦး......ဘယ်လိုလဲ ဒီတစ်ခါရော သင်ဟန်ဆောင်နေတာလား”

“ မဟုတ် မဟုတ်ပါဘူး တကယ်ပူလောင်လွန်းလို့ အော်နေမိတာပါ ကျုပ် ကျုပ်ကိုလွှတ် ပေးပါ”

“ဒါဆိုရင် ကျုပ်မေးတာကို အမှန်တိုင်းဖြေမှာလား”

“ဖြေ ဖြေပါ့မယ် ဖြေပါ့မယ်”

“သင် ဒီအိမ်ကို ဘာလုပ်ထားတာလဲ ”

“ကျုပ်ကို အခကြေးငွေ မြိုးမြိုးမျက်မျက်ပေးလို့လုပ်ပေးမိတာပါ ကျုပ်နောက်မလုပ်တော့ ပါဘူး”

“သင့်ကိုဘယ်သူကခိုင်းတာလဲဆိုတာ အိမ်ရှင်တွေသိအောင် ပြောပြလိုက်”

“ မိန်းမတစ်ယောက်ခိုင်းတာပါ ဒီအိမ်မှာနေတဲ့သူတွေ မနေရဲပြီး အိမ်ကိုပြန်ရောင်းအောင် လုပ်ခိုင်းတာပါ”

အစွဲကောင်ရဲ့စကားကြောင့် မလှသိန်းက

“အဲဒီမိန်းမ နာမည်ဘယ်လိုခေါ်လဲဆိုတာမေးပေးပါဆရာ ကျွန်မတို့ကို အခုလိုထိဖြစ်အောင် လုပ်ရက်ကြလိုက်တာ”

“စိတ်ထိန်းပါအရီး ကျုပ်တို့အကောင်းဆုံး ဖြေရှင်းပေးပါ့မယ်”

လူငယ်က မလှသိန်းကို ဖျောင်းဖျပြီး အစွဲကောင်ကိုကြည့်ကာ

“ဒီအိမ်ရဲ့ဘယ်နေရာမှာ မကောင်းတဲ့ပစ္စည်းကိုမြုပ်ထားလဲ”

“ဟို ဟို အိမ်ရှေ့ ကွန်ကရစ်အောက်မှာထည့်ထားပါတယ်”

“သင် လိမ်ပြောရင်တော့ ကျုပ်အကြောင်းသိမယ်”

“မလိမ်ရဲပါဘူး မလိမ်ရဲပါဘူး အဲဒီမိန်းမက လူတွေကြောက်လန့်ပြီး မနေရဲအောင်ပဲ လုပ်ခိုင်းထားတာပါ”

“ ဒါဆို သင့်အစီအရင်က ဘာကြောင့်မိန်းမတစ်ယောက်ဖြစ်နေရတာလဲ”

“ အိမ်ရှေ့မှာမြုပ်ထားတာက လွန်ခဲ့တဲ့ လေးလလောက်က တိုက်ပေါ်ကနေ ခုန်ချပြီး သေသွားတဲ့မိန်းမတစ်ယောက်ရဲ့ သွေးကိုယူပြီး ခိုင်းစေခဲ့တာပါ”

“ဟုတ်လား အရီး ဒီအိမ်မှာကြုံနေရတာနဲ့ တူနေလား”

“ဟုတ်တယ် ဟုတ်တယ် ညဘက်တွေဆိုရင် မိန်းမတစ်ယောက်က ဝရန်တာကနေ အောက်ကို ခုန်ခုန်ချတာလို့ မြင်တဲ့သူတွေမြင်ကြတယ်”

“ အေး သင်ပြောတဲ့အတိုင်း ဟုတ်မဟုတ်ကြည့်ဦးမယ် .... မင်းတို့နှစ်ယောက်က ဒီအစွဲကောင်ကိုစောင့်ကြည့်ထားကြ အိမ်ရှင်တွေက ကျုပ်နဲ့လိုက်ခဲ့ပါ”

အိမ်ရှေ့ကိုရောက်တော့ အနီးနားမှာရှိတဲ့သူတွေကိုခေါ်ပြီး ကွန်ကရစ်ပြားကိုခွာထုတ်လိုက်ရာ မြေကြီးထဲမှာ ထဘီစုတ်တစ်ထည်နဲ့ဖုံးအုပ်ထားတဲ့ မြေအိုးတစ်လုံးကိုတွေ့လိုက်ရတယ်။

“ဟင် ဘယ်လိုဖြစ်ရတာလဲ ဒီနေရာကို ကွန်ကရစ်ခင်းတုန်းက.....”

“အရီး ပြီးခဲ့တာလဲ ပြီးခဲ့ပါပြီ မသိချင်ယောင်ပဲဆောင်နေလိုက်ပါ”

လူငယ်လဲ ထွက်လာတဲ့မြေအိုးကို ဓါတ်ဆီလောင်းပြီး မီးရှို့ခိုင်းကာ အိမ်ပေါ်ကိုပြန်တက်လာခဲ့ လိုက်တယ်။

“ ဆရာလေး ခုနက မပြောနဲ့ဆိုလို့သာ ကျွန်မမြိုသိပ်ထားခဲ့တာ ဒီနေရာကို ကွန်ကရစ် ခင်းတုန်းက အရပ်ထဲက အလုပ်သမားတွေကိုပဲခိုင်းခဲတာ ဘယ်လိုဖြစ်လို့ ဒီအရာက အောက်ကို ရောက်နေရတာလဲ”

“သူတို့လဲ အခကြေးငွေရလို့လုပ်ခဲ့တာဖြစ်မှာပါ အခုကျုပ်တို့ရှင်းပေးခဲ့ပါမယ် အမုန်းတရားကို မနက်ဖြန်အထိမသယ်သွားကြပါနဲ့”

“ဆရာလေးပြောလို့သာ သည်းခံလိုက်တာ ဒီကိစ္စကိုဘယ်သူလုပ်တယ်ဆိုတာ ရိပ်မိနေတယ်”

“သူ့အပူက ကိုယ့်အပူမဖြစ်ပါစေနဲ့ အရီး ကဲ ဒီအစွဲကောင်ကိုလဲ နောက်မလုပ်အောင် ဆုံးမရဦးမယ်”

လူငယ်က မလှသိန်းကိုပြောပြီးတာနဲ့ အစွဲကောင်ဘက်လှည့်ကာ

“သင်အခု ကျုပ်ပေးတဲ့ အင်းကိုသောက်မလား ထပ်ပြီးအသားနာခံမလား”

“သောက်ဆိုသောက်ပါ့မယ် ဒီဝေဒနာကိုတော့ထပ်ပြီးမခံပါရစေနဲ့”

“ကောင်းပြီ ရော့ ဒီရေစင်ကို ကိုင်ပြီး နောက်နောင်ခုနှစ်ရက်သားသမီးတွေကို ဒုက္ခမပေးတော့ ပါဘူး လုပ်ခဲ့ပါက သွေးပွက်ပွက်အန်ပြီးသေပါစေလို့ သစ္စာဆိုပြီးသောက်လိုက်”

“ ဟို ဟို .....”

“ဘာလဲ မသောက်ဘူးလား အင်းစောင့်တွေ ဒီသကောင့်သား......”

“ သောက်ပါ့မယ် သစ္စာဆိုလဲ ဆိုပါ့မယ် ကျုပ်မှာလဲ မိသားစုရှိသေးတယ် အသက်သေလို့တော့မရဘူး”

အစွဲကောင်လဲ လူငယ်ပြောတဲ့အတိုင်း သစ္စာဆိုကာ ရေစင်ကိုသောက်ချလိုက်တဲ့အချိန် ဦးမင်းမောင်လဲ အရုပ်ကြိုးပြတ်ကာ လဲကျသွားတော့တယ်။ ခဏကြာတော့ သတိပြန်ရလာပြီး

“ကျုပ်ခုနက အိပ်ပျော်သွားသလိုဖြစ်သွားတာ အိမ်မက်ထဲမှာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဒီမှာနေခဲ့တဲ့ မိန်းမကိုမြင်လိုက်ရတယ် နောက်ပြီး အသားမဲမဲ ဆံပင်ရှည်ရှည်နဲ့လူတစ်ယောက်ကိုလဲ မြင်လိုက်ရသေးတယ်”

“သိပ်လဲစိတ်ထဲမထားပါနဲ့ အိမ်မက်ဆိုတာက စိတ်စွဲလမ်းရင်လဲဖြစ်တတ်ပါတယ် ဦးလေးတို့ မိသားစုအားလုံးလဲ အခုကျုပ်ပေးတဲ့အင်းကိုပြာချပြီးသောက်ပါ နောက်နေ့ကျရင် သံဃာတော်တွေ ပင့်ဖိတ်ပြီး ပရိတ်တရားပြန်နာလိုက်ပါဦး ဒီတစ်ခါတော့ ပရိတ်ရေကို အမြဲတမ်းပွားထားဦးနော်”

“ကျေးဇူးတင်ပါတယ် ဆရာလေးတို့ရယ် ကျွန်မတို့မိသားစုကို ကူညီပေးခဲ့တဲ့အတွက် ဒီငွေအချို့နဲ့ကျေးဇူးဆပ်ပါရစေ”

“ မလိုပါဘူးဗျာ ကျုပ်တို့ကို ကျေးဇူးဆပ်ချင်တယ်ဆိုရင် နေ့စဉ်နေ့တိုင်း သံဃာတော်တွေကို ဆွမ်းလှူဒါန်းပေးပါ အခုအားလုံးရှင်းသွားပြီဆိုတော့ ကျုပ်တို့ကိုခွင့်ပြုပါဦး”

“ ဟုတ်ကဲ့ ဆရာလေးတို့လဲ သွားလေရာ လာလေရာ ခလုပ်မထိ ဆူးမညှိပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ် အော် ဒါနဲ့ ဆရာလေးတို့နာမည်လေးတွေ သိလို့ရမလား”

“ ကျုပ်နာမည်က အောင်မြတ်သာပါ သူကတော့ သက်ခိုင်၊ ဒီဘက်ကတစ်ယောက်က တောက်ရလို့ခေါ်ပါတယ်”

“ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်မတို့လိုဒုက္ခကြုံတဲ့သူတွေတွေ့ရင် ဆရာလေးတို့ကို ဘယ်မှာလာရှာရမလဲဆိုတာလဲ ပြောပေးသွားကြပါဦး”

“ ကျုပ်တို့ကိုတွေ့ချင်ရင် ကုသိုလ်ကောင်းမှုကို စိတ်သန့်သန့်နဲ့လုပ်ပါ ရေစက်ရှိရင် ပြန်တွေ့ ကြဦးမှာပါ”

လူငယ်သုံးယောက်စကားအဆုံးမှာ မလှသိန်း ခေါင်းတညိမ့်ညိမ့်လုပ်ပြီး အိမ်အပြင်ဝထိ လိုက်ပို့ပေးခဲ့တယ်။ အိမ်ရှေ့မှာတော့ ဖြစ်ကြောင်းကုန်စင်ကို သိချင်ကြတဲ့ လူတွေကတော့ ဒုနဲ့ဒေး။

အောင်မြတ်သာတို့လဲ မိမိနေအိမ်ကိုပြန်ရချင်တဲ့အတွက် သွေးစိမ်းအတိုက်နဲ့ တိုက်ထားတဲ့ ပြဿနာကိုဖြေရှင်းပြီးတဲ့နောက်မှာတော့ သစ်ကွင်းရွာဘက်ကိုရောက်လာခဲ့ကြတယ်။ သစ်ကွင်း ရွာကိုအောင်မြတ်သာတို့ရောက်တော့ ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက် ရုတ်တရက် ပျောက်သွားတဲ့အခြေအနေကို စတင်ကြုံတွေ့ခဲ့ရတယ်။ အခြေအနေတွေကို အသေးစိတ်မေးကြည့် လိုက်ရာ ဒီကလေးလိုပဲ ထူးဆန်းစွာပျောက်ပေျာက်သွားတဲ့ ရွာသူရွာသားတွေက အယောက်နှစ်ဆယ်မကတော့ဘူးလို့သိခဲ့ရတယ်။

ရွာသားတွေဘာကြောင့်ပျောက်သွားတာလဲ၊ ဘယ်လိုနေရာတွေသွားမိခဲ့ကြလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်သစ်စုန်းတံခါးဝင်ပေါက် ဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

ေအာင္ျမတ္သာႏွင့္ေသြးစိမ္းအတိုက္

နံနက္အလင္းေရာင္ရတာနဲ႔ ႐ြာနီးခ်ဳပ္စပ္ကေန ေ႐ႊကြၽန္းၿမိဳ႕ေပၚကို တက္ၿပီး ေရာင္းဝယ္ ေဖာက္ကားၾကတဲ့ ေတာေစ်းသယ္ေလးေတြရဲ႕ ႏြားလွည္းသံေတြ၊ တစ္ေယာက္နဲ႔တစ္ေယာက္ က်ီစယ္စေနာက္ေနၾကတဲ့အသံေတြက ႂကြက္စိႂကြက္စိနဲ႔ ဆူညံေနခဲ့ၾကတယ္။ ေစ်းအနီးနားမွာ ေနထိုင္တဲ့သူေတြကေတာ့ ေစ်းသည္ေတြရဲ႕အသံကိုနားေထာင္ၿပီး အိပ္ယာက ထတတ္တာ ထုံးစံ တစ္ခုလိုျဖစ္ေနခဲ့တယ္။ နံနက္ေနထန္းတစ္ဖ်ားမေရာက္ခင္ ေစ်းကြဲတတ္တဲ့ အေလ့အထေၾကာင့္ ၿမိဳ႕ေပၚေနသူတိုင္း သူ႔ထက္ငါဦးစြာ ေစ်းကိုလာတတ္ၾကတယ္။

ၿမိဳ႕ေစ်းရဲ႕အေနာက္မွာေတာ့ ကြၽဲလူးေခ်ာင္းကေန ခြဲၿပီးစီးဆင္းေနတဲ့ျမစ္လက္တက္တစ္ခု ရွိၿပီး အေရွ႕မွာေတာ့ လူေနရပ္ကြက္တစ္ခုတည္ရွိတဲ့အတြက္ ေစ်းနဲ႔နီးတဲ့ရပ္ကြက္ကလူေတြကေတာ့ အျခားသူေတြထက္ ေစာၿပီးေစ်းကိုေရာက္တတ္ၾကတယ္။အဲဒီထဲကမွ မလွသိန္းကေတာ့ ေစ်းစဖြင့္ၿပီ ဆိုတာနဲ႔ ထီးကိုလက္ၾကားညႇပ္၊ အတန္သင့္ႀကီးတဲ့ ဆြဲေတာင္းကိုဆြဲကာ လွိမ့္ပဲ့ လွိမ့္ပဲ့နဲ႔ လာတတ္ ၾကတယ္။

မလွသိန္းေစ်းလာၿပီဆိုရင္ ေတာေစ်းသည္ေတြ သူ႔ထက္ငါဦးေအာင္အလုအယက္ေခၚၿပီး ေစ်းဦးေဖာက္ခိုင္းတတ္ၾကတယ္။ ေစ်းသည္ေတြၾကားထဲမွာေတာ့ မလွသိန္း စဝယ္တဲ့ဆိုင္က အေစာဆုံးကုန္တယ္ဆိုၿပီး ယုံၾကည္ၾကတယ္။

“ေဖာက္သည္ ဒီေန႔လာတာေစာတယ္ေနာ္ ေရာက္တုန္းေရာက္ခိုက္ ငါးေတြအားေပးသြား ပါဦး”

“ေတာ္ပါေအ ညဥ္းဆိုင္က မေန႔ကဝယ္သြားတဲ့ ငါးသေလာက္ေတြေတာင္ မကုန္ေသးဘူး”

“ေဖာက္သည္ကလဲ လုပ္ပါ ေစ်းဦးေလးေတာ့ေဖာက္သြားေပး ဒီမွာၾကည့္ ကတ္ဘီလူးေတြ ဘယ္ေလာက္လတ္တယ္ဆိုတာ ပါးဟပ္ကိုရဲေနတာပဲ”

မလွသိန္းက ငါးသည္ရဲ႕စကားေၾကာင့္ ေလ်ာက္ေနတဲ့ေျခလွမ္းေတြကိုရပ္လိုက္ၿပီး

“ေအး ကတ္ဘီလူးဆိုရင္ ငါ့သမီးကအရမ္းႀကိဳက္တာ ဘယ္ေစ်းရွိလဲ”

“ တစ္ရာေစ်းပဲေပး ကိုယ့္ေဖာက္သည္မို႔လို႔ ဒီေစ်းေပးတာေနာ္ အျခားသူဆိုမရဘူး”

ငါးသည္က မခင္သိန္းဝယ္ေတာ့မယ္ဆိုတာ သိတဲ့ဟန္နဲ႔ ကတ္ဘီလူးတစ္ေကာင္ကို ဓါးမနဲ႔ ကြၽမ္းက်င္စြာခုတ္ထစ္လိုက္ၿပီး အင္ဖက္နဲ႔ထုပ္ကာ ကမ္းေပးလိုက္တယ္။

“ႏွစ္ဆယ္ငါးက်ပ္သားကို ႏွစ္ရာပဲေပး ေဖာက္သည္”

မခင္သိန္းလဲ လက္ထဲက ငါးထုပ္ကို ခ်ိန္ဆၾကည့္လိုက္ၿပီး

“ေရာ့ ဒီမွာႏွစ္ရာ အေလးမျပည့္လို႔ကေတာ့ နင့္ဆိုင္က ေနာက္မဝယ္ေတာ့ဘူး”

“အမေလး ေဖာက္သည္ရယ္ ကြၽန္မက တစ္ခါစားလုပ္ပါ့မလား ဒီေန႔ေတာ့ ေစ်းေရာင္း ေကာင္းၿပီထင္ပါတယ္”

ငါးသည္က မလွသိန္းေပးတဲ့ ေငြစကၠဴေတြနဲ႔ ငါးဗန္းကို တစ္ဗ်က္ဗ်က္ခတ္လိုက္ၿပီး တတြတ္ တြတ္ေျပာဆိုေနခဲ့တယ္။

မလွသိန္းလဲ အျခားဝယ္ျခမ္းစရာပစၥည္းေတြကိုဝယ္ၿပီး အိမ္ကိုျပန္လာတဲ့အခ်ိန္မွာေတာ့ အိပ္ယာကႏိုးလို႔ အသင့္ေစာင့္ေနတဲ သမီးျဖစ္သူကိုျမင္လိုက္ရတယ္။

“အေမေတာင္ ေစ်းကျပန္လာၿပီလား ေပးေပး သမီးကိုဆြဲေတာင္းေပး”

သမီးျဖစ္သူက မလွသိန္းရဲ႕ ေစ်းဆြဲေတာင္းကိုလွမ္းယူၿပီး အိမ္ေနာက္ေဖးကိုထြက္သြားတဲ့ အခ်ိန္ အိမ္ေရွ႕ဧည့္ခန္းဝမွာက်ေနတဲ့ ေသြးစက္အခ်ိဳ႕ကိုျမင္လိုက္ရတယ္။

“ဒီေကာင္မေလးေတာ့ ေသခ်ာမသယ္ဘူးထင္တယ္ ျခင္းေတာင္းထဲက ေသြးစက္ေတြ က်ကုန္ၿပီ”

မလွသိန္းက ဗ်စ္ေတာက္ဗ်စ္ေတာက္ေျပာရင္း ေျခသုတ္ဝတ္အေဟာင္းကိုယူကာ သုတ္လိုက္တဲ့အခ်ိန္ ႏွာေခါင္းထဲကို ေအာ္ဂလီဆန္ခ်င္စရာေကာင္းတဲ့ ေသြးညႇီနံ႔အခ်ိဳ႕ ဝင္လာခဲ့တယ္။

“အေမ ဘာေတြလုပ္ေနတာလဲ”

“ဘာလုပ္ရမလဲ ျခင္းေတာင္းထဲက က်တဲ့ေသြးစက္ေတြကိုသုတ္ေနတာေလ ျခင္းကို ဘယ္လို ကိုင္သြားသလဲမသိဘူး”

“ဟင္ သမီးျခင္းေတာင္းယူၿပီးသြားတာ အဲဒီဘက္ကိုမေရာက္ဘူးေလ အေမ အျမင္မ်ား မွားေနတာလား”

“ငါက ဘာလို႔အျမင္မွားရမွာလဲ မယုံရင္ ေျခသုတ္ဝတ္မွာေပေနတဲ့ ေသြးစက္ေတြကို ၾကည့္လိုက္”

မိခင္ျဖစ္သူစကားေၾကာင့္ သမီးျဖစ္သူလဲ ေျခသုတ္ဝတ္ကို ေျခမထိပ္နဲ႔ကေလာ္ၿပီးၾကည့္ လိုက္ရာ

“အေမကေတာ့လုပ္ၿပီ ဘယ္မွာလဲေသြးစက္ေတြက သမီးလဲမေတြ႕ပါဘူး”

“ဟဲ့ ခုနကပဲ ငါသုတ္ထားတာေလ အဝတ္ထဲ ေပေနတာျဖစ္မွာေပါ့”

“ေသခ်ာလဲၾကည့္ပါဦးအေမရယ္ ေျခသုတ္ဝတ္က ဒီမနက္မွ သမီးအသစ္ထုတ္ထားတာ ေသြးစက္ေတြေပတယ္ဆိုရင္လဲ အဝတ္မွာရွိေနရမွာေပါ့ တို႔အေမကေတာ့ မ်က္မွန္ပါဝါတိုးေနၿပီ ထင္တယ္”

သမီးျဖစ္သူရဲ႕ ရယ္က်ဲက်ဲစကားေၾကာင့္မခင္သိန္း ကိုယ့္ကိုကိုယ္မယုံႏိုင္ျဖစ္သြားၿပီး မ်က္ေမွာင္က်ဳတ္ကာ မီးဖိုေခ်ာင္ခန္းထဲကိုဝင္သြားခဲ့တယ္။ ေန႔လည္ခင္းေရာက္ေတာ့ တစ္မနက္လုံး ခ်ဳက္ျပဳတ္ထားတာေတြေၾကာင့္ မ်က္လုံးက ေမွးလာတဲ့အတြက္ တစ္ေရးတစ္ေမာ အိပ္ဖို႔ သင္ျဖဴး ဖ်ာနဲ႔ေခါင္းအုံးကိုခ်ကာ လွဲခ်လိုက္တဲ့အခ်ိန္ အိမ္ေရွ႕ကေန လူတစ္ေယာက္တက္လာတဲ့ ေျခသံကို ၾကားလိုက္ရတယ္။

“ သမီးေရ အိမ္ေရွ႕မွာ ဘယ္သူလာလဲမသိဘူး ၾကည့္လိုက္ပါဦး”

မခင္သိန္းေခၚသံေၾကာင့္ အိမ္ခန္းထဲမွာ စက္ခ်ဳပ္ေနတဲ့ သမီးျဖစ္သူထြက္လာၿပီး

“ဘယ္သူမွမရွိပါဘူးအေမကလဲ”

“ဟုတ္လား ေလွကားကေန တက္လာတဲ့ေျခသံကို ေသခ်ာၾကားလိုက္ပါတယ္”

“ အေမ ဒီေန႔မဟုတ္ေသးဘူးေနာ္ တစ္ခုခုေတာ့ တစ္ခုခုပဲ ဘာလဲ အေဖ့ကိုလြမ္းေန တာလား”

“ တယ္ ဒီဗိုင္းတာမကေတာ့ နင့္အေဖကို ငါကလြမ္းစရာလား သူမရွိရင္ ပိုေတာင္လြတ္လပ္ ေသးတယ္”

“ဟက္ဟက္ ေတြ႕မယ္ ေတြ႕မယ္ အေဖ ခရီးကျပန္လာရင္ တိုင္ေျပာဦးမွာ”

“ တိုင္ေပါ့ ညဥ္းအေဖကိုမ်ား ငါကေၾကာက္မယ္ထင္ေနတာလား ကဲကဲ ငါတစ္ေရး တစ္ေမာ အိပ္ဦးမယ္ အေရးႀကီးတဲ့ကိစၥမဟုတ္ရင္ ငါ့ကိုလာမႏႈိးနဲ႔ဦး”

“အိပ္ပါရွင္ အိပ္ပါ သမီးကေတာ့ အပ္ထည္ေတြ မနက္ျဖန္အမွီေပးဖို႔ ခ်ဳပ္လိုက္ဦးမယ္”

မလွသိန္းလဲ ေခါင္းအုံးေပၚ ေခါင္းခ်ၿပီး ဟိုဘက္ဒီဘက္လွည့္ေနရင္း အိပ္မေပ်ာ္ တစ္ေပ်ာ္ ရွိေနတဲ့အခ်ိန္ ေလွကားကေန တက္လာတဲ့ေျခသံကိုထပ္ၾကားလိုက္ရျပန္ေရာ။ ဒီတစ္ခါမွာေတာ့ သမီးျဖစ္သူျဖစ္မွာပါလို႔ေတြးၿပီး မ်က္လုံးမဖြင့္ၾကည့္ပဲ အသံကိုနားေထာင္ေနတာ ေျခသံက အိမ္ခန္းထဲကိုျဖတ္ၿပီး အိမ္ေနာက္ေဖးဘက္ကို ဝင္သြားတာကို သတိထားမိလိုက္တယ္။

အဲဒီအခ်ိန္ အိမ္ခန္းထဲကေန သမီးျဖစ္သူရဲ႕စက္ခ်ဳပ္တဲ့အသံကို ထပ္ၾကားလိုက္ရေတာ့ အိပ္ခ်င္မူးတူးျဖစ္ေနတဲ့ မလွသိန္းမေနသာေတာ့ပဲ ေငါက္ခနဲထထိုင္ကာ ေျခသံကိုနားစြင့္ေန လိုက္တယ္။ ဒီတစ္ခါမွာေတာ့ ေျခသံက အိမ္ေနာက္ေဖးမွာ မဟုတ္ေတာ့ပဲ အိမ္ေပၚထပ္မွာ ျဖစ္ေနတာကို ၾကားလိုက္ရျပန္ေရာ။

သားအမိႏွစ္ေယာက္ထဲေနတဲ့အိမ္မွာ အျခားသူရဲ႕ေျခသံၾကားလိုက္ရတဲ့အတြက္ အိမ္ခန္း ထဲမွာစက္ခ်ဳပ္ေနတဲ့ သမီးျဖစ္သူကို အသာလက္ယက္ေခၚၿပီး

“ အေပၚထပ္မွာ လမ္းေလ်ာက္ေနတဲ့ ေျခသံၾကားတယ္ သူခိုးမ်ားလား မသိဘူး”

“အေမကလဲ ေန႔ခင္းေၾကာင္ေတာင္ သူခိုးတက္ပါ့မလား ဧကန္န အေဖမ်ားတိတ္တိတ္ေလး ျပန္လာၿပီး အေမကိုစေနတာလား”

“မျဖစ္ႏိုင္တာ နင့္အေဖက ေနာက္တစ္ပတ္ေလာက္မွျပန္ေရာက္မွာ လာ အေပၚတက္ၾကည့္ ရေအာင္”

သားအမိႏွစ္ေယာက္လဲ အိမ္မွာေဆာင္ထားတဲ့ သံတုတ္ကိုကိုင္ကာ အိမ္ေပၚထပ္ကို ေျဖးေျဖး ခ်င္းတက္ၾကည့္ရာ လူရိပ္နဲ႔တူတာဆိုလို႔ ဘာမွမေတြ႕ရေတာ့မွ သက္ျပင္းခ်ၿပီး

“အေမကိုေျပာသားပဲ စိတ္ထင္တာေနမွာပါလို႔ ဒီတစ္ေန႔လုံး ဘာေတြျဖစ္ေနလဲမသိပါဘူး”

သမီးျဖစ္သူစကားေၾကာင့္ မလွသိန္း ေခါင္းကိုကုတ္လိုက္ၿပီး ဟိုဟိုဒီဒီစဥ္းစားပါေလေရာ။

ညေနေစာင္းေရာက္ေတာ့ သားအမိႏွစ္ေယာက္ ဘုန္ႀကီးေက်ာင္းကို ေနာက္တစ္ေန႔မနက္ အ႐ုဏ္ဆြမ္းအတြက္ ဆြမ္းခ်ိဳင့္ပို႔ၿပီးျပန္လာေတာ့ အိမ္ေရွ႕မွာလူေတြစု႐ုံးစု႐ုံးျဖစ္ေနတာကိုျမင္လိုက္ ရတယ္။

“ဟဲ့ ေက်ာ္သန္း ဘာျဖစ္လို႔ ငါ့အိမ္ကိုအထူးဆန္း ဝိုင္းၾကည့္ေနၾကတာလဲ”

“ ေဟာ မလွသိန္းတို႔ျပန္ေရာက္လာတာအေတာ္ပဲ ခုနက အိမ္ေပၚကေန လူတစ္ေယာက္ ခုန္ခ်တာျမင္လိုက္လို႔”

“ေဟ ငါ့အိမ္မွာ ဘယ္သူမွမရွိပါဘူး”

“အဲဒါေျပာတာေပါ့ ၿခံတံခါးလဲေသာ့ခတ္ထားတာ မလွသိန္းတို႔ ဆြမ္းခ်ိဳင့္သြားပို႔တာလဲ ကြၽန္ေတာ္ျမင္တယ္ေလ”

“ ေနပါဦး လူတစ္ေယာက္ ခုန္ခ်တယ္ဆိုတာ ဘယ္သူကျမင္တာလဲ နင္ျမင္လိုက္တာလား”

“ အာ ကြၽန္ေတာ္ျမင္တာမဟုတ္ပါဘူး ဒီေကာင္ ထြန္းလြင္ ျမင္တာ”

ကိုေက်ာ္သန္းစကားေၾကာင့္ ေရခဲေခ်ာင္းစားေနတဲ့ ကေလးက

“ဟုတ္တယ္ ႀကီးႀကီး သား ေသခ်ာျမင္လိုက္တာ အက်ႌအစိမ္းေရာင္ဝတ္ထားတဲ့ မိန္းမ တစ္ေယာက္ အေပၚထပ္ကေန ေဇာက္ထိုးႀကီးခုန္ခ်တာ ေအာက္ေရာက္ေတာ့ ပါးစပ္ကေရာ ေခါင္းကေနပါ ေသြးေတြထြက္ၿပီးလဲက်ေနလို႔ ေလးေလးေက်ာ္သန္းတို႔ကို ေျပးေျပာတာ”

“ဒါဆို အဲဒီမိန္းမရွိရမွာေပါ့ အခုဘာမွလဲ မေတြ႕ဘူး”

မလွသိန္းစကားေၾကာင့္ ထြန္းလြင္က မ်က္ႏွာငယ္ေလးနဲ႔

“သားတို႔ျပန္လာေတာ့ လဲက်ေနတဲ့ မိန္းမကမရွိေတာ့ဘူး”

“ ကဲပါ ကေလးဆိုေတာ့ အျမင္မွားတာျဖစ္ခ်င္ျဖစ္မွာေပါ့ သြားသြား အိမ္ျပန္ေတာ့”

ကိုေက်ာ္သန္းက ထြန္းလြင္နဲ႔ရပ္ၾကည့္ေနတဲ့သူေတြကို ေမာင္းထုတ္လိုက္ၿပီး

“အစ္မ ကြၽန္ေတာ္ ေျပာစရာရွိေသးတယ္”

“ေအး ေျပာေလ ေက်ာ္သန္း ဘာကိစၥရွိလို႔လဲ”

“ ဟိုေလ ကြၽန္ေတာ္လဲ ေျပာသင့္မေျပာသင့္စဥ္းစားေနတာ”

ေက်ာ္သန္းစကားေၾကာင့္ မလွသိန္းစိတ္မရွည္ေတာ့ပဲ

“ ကိုယ္ေတာ္ေခ်ာ ေျပာမယ္ဆိုလဲေျပာ မေျပာဘူးဆိုလဲျပန္ေတာ့”

“ ကဲဗ်ာ ကြၽန္ေတာ္ေျပာရင္ မလန႔္သြာၾကနဲ႔ဦး”

“ နင္ကေလ စကားအ‌ေတာ္ပလႅင္ခံတာပဲ ေျပာမွာသာေျပာစမ္းပါ”

“ အစ္မတို႔ အိမ္မွာ မေကာင္းတဲ့အရာတစ္ခုခုရွိေနၿပီထင္တယ္”

“ ဟဲ့ ေက်ာ္သန္း နင့္စကားက အစမရွိ အဆုံးမရွိ ပြင့္ပြင့္လင္းလင္းေျပာစမ္းပါ”

“ဒီလိုအစ္မ လြန္ခဲ့တဲ့ သုံးရက္ေလာက္ထဲက ညဘက္ေတြဆိုရင္ အစ္မတို႔ ၿခံထဲမွာ မိန္းမတစ္ေယာက္ ေခါက္တုန႔္ေခါက္ျပန္လမ္းေလ်ာက္ေနတယ္လို႔ ရပ္ကြက္ထဲမွာ ေျပာေနၾကတယ္”

“ ေဟ ညဘက္ေတြဆိုရင္ ငါလဲ တစ္ခါတစ္ေလ လမ္းေလ်ာက္တတ္ပါတယ္ လူမွားတာ မ်ားလား”

“ မဟုတ္ဘူး အစ္မကို တစ္ရပ္လုံးက သိေနၾကတာပဲ လူမွားစရာေတာ့မရွိပါဘူး သူတို႔ေျပာတဲ့ မိန္းမပုံစံက ပိန္ပိန္ပါးပါးတဲ့၊ ဆံပင္ကလဲ ဂုတ္ဝဲေလာက္ပဲရွိတယ္လို႔ေျပာတယ္”

“ နင့္ဟာက ေသခ်ာလို႔လား ငါတို႔မေနရဲေအာင္မလုပ္နဲ႔ေနာ္”

“ အစ္မရယ္ ကြၽန္ေတာ္ကလုပ္စရာလား အစ္မတို႔ေရာ ထူးဆန္းတာေတြ မႀကဳံရဘူးလား”

ကိုေက်ာ္သန္းစကားေၾကာင့္ ေဘးမွာရပ္ေနတဲ့ သမီးျဖစ္သူက

“ ထူးဆန္းတာဆိုလို႔.......”

“မႀကဳံပါဘူးကြယ္ အစ္မတို႔ေနေနတာပဲ ဘာမွမျဖစ္ပါဘူး”

မလွသိန္းက သမီးျဖစ္သူရဲ႕စကားကို ၾကားျဖတ္ေျပာလိုက္ၿပီး ဝင္ကာလိုက္တယ္။

“ဒါဆိုလဲ သတိေတာ့ထားေပါ့ဗ်ာ ကြၽန္ေတာ္အျမင္ကေတာ့ အစ္ကိုျပန္လာရင္ သံဃာေတာ္ေတြပင့္ၿပီး ပရိတ္တရားနာေစခ်င္တယ္”

“ေအးပါ ေက်ာ္သန္း နင္တို႔အစ္ကိုလာရင္ ငါစီစဥ္လိုက္ပါမယ္ မိုးလဲခ်ဳပ္ေနၿပီဆိုေတာ့ နင္လဲ ျပန္ေတာ့ေလ”

“ ဒါဆို ကြၽန္ေတာ္လဲ ျပန္လိုက္ဦးမယ္ တစ္ခုခုဆို အခ်ိန္မေ႐ြးေအာ္ေခၚလိုက္အစ္မ”

မလွသိန္းလဲ လွည့္ထြက္သြားတဲ့ ေက်ာ္သန္းရဲ႕ ေနာက္ေက်ာကိုၾကည့္ၿပီး သက္ျပင္းရွည္ တစ္ခ်က္မႈတ္ထုတ္ကာ ၿခံထဲကိုဝင္လာခဲ့လိုက္တယ္။ အိမ္ေပၚကိုေရာက္ေတာ့ သမီးျဖစ္သူက မ်က္ႏွာငယ္ေလးနဲ႔

“အေမ ဦးေလးေက်ာ္သန္းေျပာတဲ့အတိုင္းဆိုရင္ သမီးတို႔အိမ္တစ္ခုခုျဖစ္ေနၿပီထင္တယ္”

“သိပ္လဲအေၾကာက္မလြန္ပါနဲ႔ဦး ဒီအိမ္က နင့္အေဖမဝယ္ခင္ထဲက ဒီလိုျပႆနာေတြ ရွိခဲ့ ဖူးတယ္”

“ဟုတ္လား ဒါဆို အေမလဲ အခုလိုအျဖစ္မ်ိဳးႀကဳံဖူးတာေပါ့”

“ဟုတ္တယ္ ဒီအိမ္ကို နင့္အေဖက အေႂကြးနဲ႔သိမ္းထားတာေလ၊ အေႂကြးေပးရမယ့္သူက ငါတို႔မိသားစုကိုမေက်နပ္လို႔ နင္ငယ္ငယ္က ေအာက္လမ္းနဲ႔တစ္ခါလုပ္ခဲ့ဖူးတယ္။ အေမဆို ေသလု ေမ်ာပါးဖ်ားနာခဲ့တာ”

“ေနာက္ေတာ့ဘယ္လိုျဖစ္သြားတာလဲ”

“သမီး ေမြးၿပီး ေလးႏွစ္ေလာက္ၾကာေတာ့ နင့္ဦးေလးရဲ႕အဆက္သြယ္နဲ႔ ဆရာအခ်ိဳ႕ အိမ္ကို ေရာက္လာၿပီး တိုက္ထားတဲ့အေႏွာက္အယွက္ေတြကို ရွင္းလင္းေပးခဲ့ဖူးတယ္”

“ အဲဒါမွျပႆနာပဲ ဦးေလးက လြန္ခဲ့တဲ့ ေလးႏွစ္ေလာက္ထဲက ဆုံးသြားတာဆိုေတာ့ အခုျဖစ္ ေနတဲ့အရာေတြကို ဘယ္သူ႔ကိုရွင္းခိုင္းရမလဲ”

“အေမလဲ မေျပာတတ္ေသးဘူးသမီးရယ္ ဒီညေတာ့ တို႔သားအမိ အေျခအေနကိုေစာင့္ၾကည့္ ရတာေပါ့”

မလွသိန္းလဲ သမီးျဖစ္သူကို ေဖ်ာင္းဖ်ၿပီး အိမ္ေရွ႕ဧည့္ခန္းမွာ ထိုင္ခ်လိုက္တဲ့အခ်ိန္ အိမ္ေပၚ ထပ္မွာ လမ္းေလ်ာက္ေနတဲ့ေျခသံကို ရွင္းရွင္းလင္းလင္းၾကားလိုက္ရတယ္။ ေျခသံက အိမ္ေရွ႕ဝရန္တာဘက္ကို ေလ်ာက္သြားၿပီး ခဏေနေတာ့ “ ဘုတ္”ဆိုတဲ့အသံနဲ႔အတူ ေအာက္ကို က်လာတဲ့အသံတစ္ခုကိုၾကားလိုက္ရတယ္။

အသံၾကားလို႔ အိမ္ေရွ႕ထြက္ၾကည့္လိုက္ေတာ့ ဘာမွမေတြ႕ရပဲ စိုက္ထားတဲ့ပန္းအိုးအခ်ိဳ႕ လႈပ္ ရမ္းေနတာကိုပဲျမင္လိုက္ရတယ္။ အသံဗလံေတြရပ္သြားလို႔ အိပ္မလို႔လုပ္တုန္းရွိေသး အလြန္ဆိုးဝါးတဲ့ အပုတ္နံ႔က ဧည့္ခန္းထဲကို လႈိင္ခနဲဝင္လာခဲ့တယ္။

သမီးျဖစ္သူကေတာ့ ညႇီစို႔စို႔အပုတ္နံ႔ေၾကာင့္ ပါးစပ္ထဲကေန ပ်ိဳ႕တက္လာၿပီး ေဘးမွာရွိေနတဲ့ ေထြးခံခြက္ထဲကို အန္ခ်ေနတဲ့အခ်ိန္ အိမ္ေရွ႕တံခါးေပါက္ဝကေန တစ္စက္ခ်င္းက်လာတဲ့ ေသြးစက္ အခ်ိဳ႕ကို မလွသိန္းျမင္လိုက္ရတယ္။

ဒီတစ္ခါမွာေတာ့ သားအမိႏွစ္ေယာက္လုံး ဟန္မေဆာင္ႏိုင္ၾကေတာ့ပဲ အိမ္တံခါးကိုအတင္း ဆြဲဖြင့္ကာ ေခါင္းရင္းအိမ္ရွိရာဘက္ကိုေျပးၾကပါေလေရာ။

“ စန္းခင္ စန္းခင္ တံခါးဖြင့္ပါဦး”

“ဟယ္ မလွသိန္း ဘယ္လိုျဖစ္တာလဲ”

“ေနာက္မွေျပာျပမယ္ ငါ့ကို‌ေရတစ္ခြက္တိုက္စမ္းပါ”

မစန္းခင္လဲ မ်က္လုံးျပဴးမ်က္ဆန္ျပဴးေျပးလာၾကတဲ့သားအမိကို ထားၿပီး အိမ္ထဲမွာရွိတဲ့ ေသာက္ေရအိုးထဲကေန ေသာက္ေရႏွစ္ခြက္ခပ္ၿပီးတိုက္လိုက္ေတာ့မွ အနည္းငယ္ၿငိမ္သြားခဲ့တယ္။

“ စန္းခင္ ကိုေက်ာ္သန္းေျပာတာ မွန္ေနၿပီ”

“ဘာကိုမွန္တာလဲ ရွင္းရွင္းေျပာစမ္းပါ”

မလွသိန္းလဲ စန္းခင္ကို ျဖစ္ေၾကာင္းကုန္စင္ ေျပာျပလိုက္ေတာ့

“ ကြၽန္မလဲ သတိထားမိတာ သုံးေလးရက္ရွိၿပီ မလွသိန္းတို႔ မယုံမွာစိုးလို႔မေျပာျပတာ”

“ နင္ကဘာမ်ားသတိထားမိလို႔လဲ”

“ဒီရက္ပိုင္း ညအပူခ်ိန္က ခါတိုင္းထက္ပိုမ်ားတယ္မဟုတ္လား ကြၽန္မလဲ ညဘက္ေတြ ပူလို႔ အိပ္မရတာနဲ႔ ၿခံထဲလမ္းဆင္းေလ်ာက္တဲ့အခ်ိန္ မလွသိန္းတို႔ ဝရန္တာေပၚမွာ လက္ကိုဆန႔္တန္းၿပီး မတ္တပ္ရပ္ေနတဲ့ မိန္းမတစ္ေယာက္ကို ျဖတ္ခနဲ ျဖတ္ခနဲ ျမင္ျမင္ေနရတယ္။ သတိထားမိလို႔ ေနာက္တစ္ေခါက္ျပန္ၾကည့္လိုက္ရင္ မေတြ႕ရေတာ့ဘူး”

“ ငါလဲစိတ္ေတြညစ္ပါတယ္ နင့္အကိုကလဲ ေနာက္အပတ္မွျပန္လာမွာဆိုေတာ့ ဘယ္လိုလုပ္ရမလဲ မသိပါဘူးေအ”

“ ဒီတိုင္းေတာ့ ထားလို႔မျဖစ္ဘူး မနက္ျဖန္ အစ္မတို႔ဆြမ္းခ်ိဳင့္ပို႔ေနတဲ့ ဘုန္းႀကီးေက်ာင္းက ဆရာေတာ္ကိုအက်ိဳးအေၾကာင္းေလ်ာက္ၾကည့္ပါလား”

“ေအး ဟုတ္တယ္ နင္ေျပာတဲ့အႀကံမဆိုးဘူး ဒီညေတာ့ နင္တို႔အိမ္မွာပဲ ငါတို႔သားအမိ အိပ္ေတာ့မယ္”

“အမေလး ဒီလူနဲ႔ဒီလူေျပာစရာလိုေသးလို႔လား”

စန္းခင္က မလွသိန္းကို မ်က္ေစာင္းထိုးကာ အိပ္ယာခင္းဖို႔အတြက္ ေစာင္ေတြျခင္ေထာင္ေတြ သြားယူလာခဲ့တယ္။

ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ ဘုန္းႀကီးေက်ာင္းသြားၿပီး ဆရာေတာ္ကိုေလ်ာက္ေတာ့

“ဒီေလာက္ေတာင္ျဖစ္ေနတာလား ဒကာမႀကီး ဒါဆိုလဲ ဦးဇင္းတို႔ေက်ာင္းက သံဃာ ငါးပါး အတြက္ ေနရာျပင္ထားလိုက္ ဆြမ္းမစားမီႂကြလာေပးမယ္” လို႔ေျပာေတာ့ မလွသိန္းလဲ ဆြမ္းကပ္ရန္ အတြက္ အေလာတစ္ေကာ ဝယ္ျခမ္းခ်က္ျပဳတ္ကာ အိမ္မွာအသင့္ျပင္ထားပါေလေရာ။

သံဃာေတာ္ေတြႂကြလာၿပီး ပရိတ္တရားနာေနတဲ့ အခ်ိန္မွာေတာ့ အိမ္ေပၚထပ္ကေန ထြက္ေျပးသြားတဲ့ ေျခသံတစ္ခုကိုၾကားလိုက္ရတယ္။ အားလုံးၿပီးစီးလို႔ သံဃာေတာ္ေတြ ျပန္ႂကြ သြားတဲ့အခ်ိန္ ပရိတ္ေရအိုးေတြကို အိမ္အႏွံ႔ပက္ျဖန္းၿပီး အေျခအေနကိုေစာင့္ၾကည့္ေနခဲ့တယ္။ အဲဒီေန႔ကစၿပီး တစ္ပတ္ျပည့္တဲ့ေန႔အထိ ဘာအသံ၊ အနံ႔မွမၾကားရေတာ့တဲ့အတြက္ စိတ္ေအး လက္ေအးျဖစ္ခဲ့ရတယ္။

ဒီအေျခအေနေတြက ေနာက္အပတ္တနလၤာေန႔ ခင္ပြန္းျဖစ္သူျပန္ေရာက္လာတဲ့ေန႔မွာ ျပန္လည္ဆူပြက္လာခဲ့တယ္။

“လွသိန္းေရ လွသိန္း”

အိမ္ေရွ႕ကုလားထိုင္မွာ ထိုင္ၿပီး ေကာ္ဖီေသာက္ေနတဲ့ ခင္ပြန္းျဖစ္သူရဲ႕အသံေၾကာင့္ ဟင္းခ်က္ေနတဲ့မလွသိန္းအျပင္ကိုထြက္လာၿပီး

“ဘယ္လိုျဖစ္လို႔ က်ဳပ္ကိုအသည္းအသန္ေခၚေနရတာလဲ”

“ေအး ခုနက မိန္းမတစ္ေယာက္ အေပၚထပ္ကိုတက္သြားတာ ျမင္လိုက္ရတယ္ အဝတ္ေတြ မီးပူတိုက္ဖို႔ေခၚထားေသးတာလား”

“ ဟင္ မေခၚထားပါဘူး အိမ္ကအဝတ္ေတြအားလုံး သမီးကပဲေလ်ာ္ဖြတ္ မီးပူတိုက္ေနတာေလ ဘယ္ကမိန္းမက အိမ္ေပၚတက္သြားတာလဲ”

“ငါလဲမသိလို႔မင္းကိုေမးတာေပါ့ သြားသြား အိမ္ေပၚတက္ၾကည့္ဦး”

“ကိုမင္းေမာင္ မဟုတ္ေသးဘူးေနာ္ ရွင္ကဒီေန႔မွေရာက္လို႔ ဘာမွမသိေသးတာ ဒုကၡပဲ ဘယ္လိုလုပ္ရမလဲ မသိေတာ့ပါဘူး”

မလွသိန္းရဲ႕အမူအယာကိုၾကည့္ၿပီး ကိုမင္းေမာင္တစ္ေယာက္ ေၾကာင္ေတာင္ေတာင္ ျဖစ္သြားကာ

“ဘာျဖစ္တာလဲ ငါ့ကိုေသခ်ာရွင္းျပပါဦ”

“ဒီလိုေတာ္ေရ......”

မလွသိန္းလဲ အိမ္မွာျဖစ္ခဲ့တဲ့အေၾကာင္းအရာေတြကို အေသးစိတ္ေျပာျပလိုက္ေတာ့မွ ကိုမင္းေမာင္တစ္ေယာက္ မ်က္လုံးျပဴးမ်က္ဆန္ျပဴးျဖစ္ၿပီး

“ အေပၚထပ္မွာ ဘယ္သူရွိလဲ ေဟ့ ေမးေနတယ္ေလ”

ေအာက္ထပ္ကေနက်ယ္ေလာင္စြာေအာ္လိုက္ေပမယ့္ အေပၚထပ္ကေန အေၾကာင္းျပန္တဲ အသံမၾကားရတဲ့အတြက္ ကိုမင္းေမာင္စိတ္ထဲ ထင့္ခနဲျဖစ္သြားၿပီး

“ ပရိတ္ေရေတြရွိေသးလား”

“ မရွိေတာ့ဘူး အိမ္မွာလဲ အေျခအေနေတြတည္ၿငိမ္သြားၿပီဆိုလို႔ မေန႔က ေဘးအိမ္ကိုေပးလိုက္တယ္”

“ဒါဆိုလဲ ေဘးအိမ္ကေန သြားေတာင္းၾကည့္ သူတို႔မွာ ရွိေကာင္းရွိႏိုင္တယ္”

ကိုမင္းေမာင္စကားေၾကာင့္ မလွသိန္း အိမ္အျပင္ကိုထြက္ဖို႔အလုပ္မွာ

“ပရိတ္ေရေတာင္းလဲ သူတို႔ကို ‌ေခတၱေလာက္ပဲထိန္းထားလို႔ရမွာ တကယ္လုပ္ထားတဲ့ အရင္းျမစ္က အိမ္ထဲမွာရွိေနတယ္” ဆိုတဲ့အသံၾကားလို႔ၾကည့္လိုက္ရာ အသက္သုံးဆယ္အ႐ြယ္ လူငယ္သုံးေယာက္ကိုျမင္လိုက္ရတယ္။
“ဒီကေမာင္ရင္တို႔က ဘာကိုဆိုလိုတာလဲ”

“က်ဳပ္တို႔က ဒီအိမ္ထဲမွာ မေကာင္းတဲ့ အေငြ႕အသက္ေတြကိုျမင္လို႔ေျပာလိုက္မိတာပါ”

“ဟုတ္တယ္ ဟုတ္တယ္ အိမ္မွာထူးဆန္းတာေတြျဖစ္ေနတာ ပရိတ္႐ြတ္ေတာ့လဲ ခဏပဲ ၿပီးရင္ နဂိုအတိုင္းျပန္ျဖစ္တာ”

“က်ဳပ္တို႔အေတြ႕အႀကဳံအရေျပာရမယ္ဆိုရင္ အိမ္ရဲ႕တစ္ေနရာမွာ လူေတြနဲ႔မအပ္စပ္တဲ့ ပစၥည္းတစ္ခုရွိေနၿပီနဲ႔တူတယ္ အရီးတို႔သေဘာတူမယ္ဆိုရင္ က်ဳပ္တို႔ၾကည့္ေပးပါရေစ”

“ဒါဆို ေမာင္ရင္တို႔က အထက္လမ္းဆရာေတြေပါ့ေနာ္ ဝမ္းသာလိုက္တာ ကူညီႏိုင္ရင္ ကူညီ ေပးပါဦ အ‌ေဖႀကီးေရ ဧည့္သည္ေတြအတြက္ ေနရာျပင္ေပးပါဦး”

အိမ္ေရွ႕ကေန လွမ္းေအာ္လိုက္တဲ့ မလွသိန္းစကားေၾကာင့္ ကိုမင္းေမာင္ အိမ္ေရွ႕ကို ထြက္လာၿပီး

“ေအာ္ ေအးေအး ငါျပင္ထားလိုက္မယ္”

“လာ ဆရာေလးတို႔ အိမ္ထဲကိုႂကြၾကပါ”

လူငယ္သုံးေယာက္လဲ အိမ္ထဲကိုမဝင္မီ ေဘးဘီဝဲယာကို ေစာင္းငဲ့ၾကည့္ရႈကာ အကဲခတ္လိုက္ၿပီး အိမ္ေပၚကိုတက္လာခဲ့လိုက္တယ္။

“ ေအာ္ ဆရာေလးတို႔အတြက္ ဘာမ်ားကူညီေပးရမလဲ”

“ရပါတယ္ က်ဳပ္တို႔ကို ဘုရားေက်ာင္းေဆာင္ရွိတဲ့ေနရာကိုသာေခၚသြားေပးပါ”

မလွသိန္းလဲ ဘုရားေက်ာင္းေဆာင္ထားရွိရာ အိမ္ေပၚထပ္ကို လိုက္ျပဖို႔တက္လာရင္း ေလွကားထိပ္လဲေရာက္ေရာ တစ္ေယာက္ေယာက္က တိုးေဝွ႔ၿပီး ေျပးဆင္းသြားသလို ခံစားလိုက္ရတယ္။

လူငယ္သုံးေယာက္ကေတာ့ ေအးတိေအးစက္အေနထားနဲ႔ ဘုရားေက်ာင္းေဆာင္ေရွ႕ ဝင္ထိုင္ လိုက္ၿပီး

“အေတာ္ဆိုးဆိုးဝါးဝါး တိုက္ထားတာပဲ”

“ရွင္ ဒါဆိုဘယ္လိုလုပ္ရမလဲဆရာ”

“ေလာေလာဆယ္ က်ဳပ္တို႔ကို ေႂကြပန္းကန္ျပားတစ္ခ်ပ္ရယ္၊ ေရသန႔္သန႔္တစ္ခြက္ရယ္ ယူလာေပးပါ”

လူငယ္ရဲ႕စကားေၾကာင့္ ကိုမင္းေမာင္ ကမန္းကတမ္းထၿပီး အိမ္ေအာက္ဆင္းသြားခဲ့တယ္။ ခဏၾကာေတာ့ ေႂကြပန္းကန္ျပားတစ္ခ်ပ္နဲ႔ ေရသန႔္တစ္ခြက္ယူလက္ထဲမွာပါလာခဲ့တယ္။

“ဆရာတို႔ ယူခိုင္းထားတာေတြရပါၿပီ”

“ အခုဒီမွာရွိတာ အိမ္သားေတြအကုန္ပဲေပါ့ေနာ္”

“ဟုတ္ပါတယ္ ဒါအကုန္ပါပဲ ဒီအိမ္မွာ ကြၽန္ေတာ္တို႔ မိသားစုသုံးေယာက္ပဲေနတာပါ”

ကိုမင္းေမာင္စကားအဆုံးမွာ လူငယ္သုံးေယာက္က ဘုရားေက်ာင္းေဆာင္ဘက္ကို မ်က္ႏွာ မူလိုက္ၿပီး ငါးပါးသီလခံဦးစြာခံယူလိုက္တယ္။ ၿပီးတာနဲ႔ အလယ္မွာရွိေနတဲ့လူငယ္က ေႂကြပန္းကန္နဲ႔ ေရခြက္ကိုကိုင္ကာ

“ကြၽႏ္ုပ္သည္ ပညာစတင္ယူစဥ္ထဲက ဂိုဏ္းမွခ်မွတ္ထားတဲ့ က်င့္ဝတ္သိကၡာမ်ားကို မက်ိဳးပ်က္ေအာင္ေစာင့္ထိန္းၿပီး ခုႏွစ္ရက္သားသမီးမ်ားကို ကယ္တင္ခဲ့ပါတယ္။ ဒီသစၥာ စကားေၾကာင့္ ကြၽႏ္ုပ္၏လက္ထဲမွာကိုင္ထားေသာ ေရစင္ေရစက္ထဲသို႔ ဂိုဏ္းမွာရွိတဲ့ အာဏာစက္ အျပည့္အဝစီးဆင္းဝင္ေရာက္ပါေစသား”လို႔တိုင္တည္ၿပီး ေရခြက္ကို ေအာက္ကိုခ်လိုက္ရင္ပဲ ၿငိမ္သက္ေနတဲ့ ေရျပင္က မျမင္ရတဲ့အရာတစ္ခု ကူးခတ္ေနသလို ေဘာင္ဘင္ခတ္လာခဲ့တယ္။

“ကဲ အခုက်ဳပ္ေမးခ်င္တာက ဒီအိမ္ထဲမွာရွိေနတဲ့ ပုဂၢိဳလ္ကို အိမ္သူအိမ္သားေတြ ဆက္ထား ေစခ်င္လား၊ ႏွင္ထုတ္ေစခ်င္လား”

“ႏွင္ထုတ္ေပးပါဆရာ အိမ္ထဲမွာ မထားခ်င္ပါဘူး”

“ေကာင္းၿပီ ဒီအိမ္ရဲ႕ပိုင္ရွင္ျဖစ္သူရဲ႕ ခြင့္ျပဳခ်က္ေၾကာင့္ အိမ္အတြင္းမွာရွိတဲ့ မေကာင္းတဲ့ ပုဂၢိဳလ္က်ဳပ္အေရွ႕ကို ခ်က္ခ်င္းေရာက္လာေစ၊ စၾကၤာဝဠာအတြင္းရွိ မည္သည့္ေနရာတြင္မွ မွီခို ပုန္းေအာင္းျခင္းမျပဳႏိုင္ေစ”

လူငယ္က အာဏာပါဝါအျပည့္ပါတဲ့ အသံနဲ႔ေျပာၿပီး ၾကမ္းျပင္ကို ေရစက္နဲ႔ ေတာက္ခ် လိုက္ရာ ၿခံတံခါးကို ဝုန္းခနဲတြန္းဖြင့္ၿပီး အိမ္ေပၚကို တက္လာတဲ့ေျခသံတစ္ခုကိုၾကားလိုက္ရတယ္။

“သင္ေရာက္လာၿပီလား ဒါဆိုလဲ သင္နဲ႔ပတ္သတ္ဆက္ႏြယ္သူကိုယ္ထဲဝင္ေရာက္ၿပီး က်ဳပ္ေမးတာကို အမွန္တိုင္းေျဖဆိုေစ”လို႔အမိန႔္ျပန္လိုက္တယ္ဆိုရင္ပဲ အေရွ႕မွာထိုင္ေနတဲ့ ကိုမင္းေမာင္တစ္ကိုယ္လုံး တစ္ဆတ္ဆတ္တုန္လာၿပီး

“ ငါေရာက္ၿပီ ဘာေမးစရာရွိလို႔လဲ”

ေယာက်ၤားရင့္မာႀကီးအသံက ခ်က္ခ်င္းဆိုသလို မိန္းမအသံေျပာင္းသြားတာ ျမင္လိုက္ရေတာ့ မလွသိန္းေရာ သမီးျဖစ္သူပါ အံ့ၾသတစ္ႀကီးျဖစ္ခဲ့ရတယ္။

“ သင္ဘယ္သူလဲ ဘာေၾကာင့္ ဒီအိမ္မွာ ခိုကပ္ေနေနရတာလဲ”

“ ငါမေျပာခ်င္ဘူး ငါ့အေၾကာင္းနဲ႔ငါရွိလို႔ ဒီအိမ္မွာေနေနရတာ”

“မေျပာလို႔ျဖစ္မလား ဒီအိမ္မွာ သင္ဘယ္လိုမွေနလို႔မရဘူး”

“ဟုတ္တယ္ ငါေနလို႔မရဘူး ဒါေပမယ့္ ငါဆက္ေနမွရမယ္ ငါ့ကိုဒီအိမ္ရဲ႕တစ္ေနရာမွာ ထားထားတယ္”

“ဘယ္သူကလုပ္တာလဲ အမွန္ကိုေျပာစမ္း”

“ငါမသိဘူး ငါ့ကိုခိုင္းရင္ သူ႔အသံကိုပဲၾကားရတယ္ သူခိုင္းတာမလုပ္ရင္ အေသြးအသားထဲက တစ္ဆစ္ဆစ္နာက်င္ေအာင္ သူကလုပ္တာ”

“ သင့္ကို လႊတ္ေပးရင္ ဒီကေနထြက္သြားမလား”

“ ငါ့အေသြးအသားမကုန္စင္သေ႐ႊ႕ ဒီကေန ငါသြားလို႔မရဘူး”

“ ေကာင္းၿပီ သင္စကားအသြားအလာအရ ဘာဆက္လုပ္ရမယ္ဆိုတာသိၿပီ အခု ဒီခႏၶာကိုယ္ ထဲကေန သင္ခဏထြက္ၿပီး သင့္ကိုခိုင္းတဲ့သူဝင္လာေစ က်ဳပ္အမိန႔္ကို မနာခံရင္ ငရဲမီးစြယ္ေတြ ၾကားထဲေနရသလို ပူေလာင္ပါေစသား”

လူငယ္က အမိန႔္ေပးၿပီးတာနဲ႔ ကိုမင္းေမာင္မ်က္ႏွာကို ေရစက္နဲ႔ေတာက္ထုတ္လိုက္ရာ အေရွ႕ကိုအ႐ုပ္ႀကိဳးျပတ္လဲက်သြားခဲ့တယ္။ မလွသိန္းကေတာ့ လဲက်သြားတဲ့ ေယာက်ၤားျဖစ္သူကို ဆြဲထူဖို႔အလုပ္

“ဘယ္ေကာင္လဲကြ ငါ့ကိုေခၚတာ”ဆိုၿပီး ထခုန္လိုက္ရာ တစ္ေတာင္ခန႔္ျမင့္တက္သြား ခဲ့တယ္။

“ သင့္ေရာက္လာၿပီလား ကဲကဲ ေရာက္လာရင္လဲ ေအးေအးလူလူေန အိမ္သားေတြကို စိတ္ဆင္းရဲေအာင္ထပ္မလုပ္နဲ႔”

“အံမယ္ ရာရာစစ ငါ့ကိုအမိန႔္လာေပးေနတယ္”

“ဟုတ္တယ္ သင့္ကိုအမိန႔္ေပးေနတာ အခုက်ဳပ္ေမးတာကို အမွန္တိုင္းေျဖရင္ အသားမနာ ေစရဘူးလို႔ကတိေပးတယ္”

“နင္က ဘာမို႔လို႔ ငါက ေမးတိုင္းေျဖရမွာလဲ”

လူငယ္လဲ ေခါင္းမာေနတဲ့ အစြဲကို ၾကည့္ကာ စုတ္တစ္ခ်က္သတ္လိုက္ၿပီး

“ သင္ က်ဳပ္ေမးတာကို မေျဖမွာေသခ်ာလား”

“ေအး ငါမေျဖဘူးဆို နင္ဘာလုပ္မလဲ”

“ ဒါျဖင့္လဲ ေရစင္တစ္စက္ရဲ႕ အရသာေလးမi “ ဒါျဖင့္လဲ ေရစင္တစ္စက္ရဲ႕ အရသာေလးျမည္းသြားပါဦး”

လူငယ္ကေျပာရင္းဆိုရင္ လက္ညိဳးစိမ္ထားတဲ့ေရခြက္ထဲကေရနဲ႔ ေတာက္ထုတ္လိုက္ရာ ကိုမင္းေမာင္တစ္ေယာက္ ငယ္သံပါေအာင္ ေအာ္ဟစ္ရင္ လူးလိမ့္ေနပါေလေရာ။ သမီးျဖစ္သူကေတာ့ ဖခင္ျဖစ္သူခံစားေနရာတာကိုၾကည့္ၿပီး

“ကြၽန္မအေဖေသေတာ့မယ္ ရွင္တို႔ဘယ္လိုလုပ္ေနတာလဲ”

“မိန္းကေလး စိတ္ထိန္းပါ အခုျဖစ္ေနတာက သင့္အေဖမဟုတ္ဘူး သင့္အေဖကိုယ္ထဲ ဝင္ပူးေနတဲ့အစြဲကျဖစ္ေနတာပါ အစြဲထြက္သြားရင္ သင့္အေဖကိုယ္မွာ ထိခိုက္ဒဏ္ရာတစ္ခုမွ မက်န္ေစရဘူးလို႔အာမခံပါတယ္”

“ သမီးရယ္ ဆရာတို႔က နားလည္လို႔လုပ္ေနတာ ခဏသည္းခံလိုက္ေနာ္”

မလွသိန္းၾကားထဲကေန ဝင္ေျပာေတာ့မွ သမီးျဖစ္သူၿငိမ္သြားခဲ့တယ္။

လူငယ္လဲ ၾကမ္းမွာလူးလိမ့္ေနတဲ့ အစြဲေကာင္ကိုၾကည့္ၿပီး

“ဟိတ္ဟိတ္ သိပ္ဟန္ေဆာင္မေနနဲ႔ က်ဳပ္ေတာက္လိုက္တာ ေရစင္က အဲေလာက္ျဖစ္စရာ မရွိဘူး”လို႔ေျပာလိုက္ေတာ့မွ လူးလိမ့္ေနတဲ့ အစြဲေကာင္က ရယ္က်ဲက်ဲနဲ႔ ေဆာင့္ေၾကာင့္ထထိုင္ၿပီး

“ဆရာျဖစ္သူ အားရေအာင္ က်ဳပ္က ပူခ်င္ေယာင္ေဆာင္ရတာပါ ဟဲဟဲ”

“ခုနက က်ဳပ္က ခင္ဗ်ားကိုစမ္းသပ္တဲ့အေနနဲ႔ ဘာအမိန႔္မွမျပန္ပဲ ေရစင္နဲ႔ေတာက္လိုက္တာ ခင္ဗ်ားတို႔ပညာသည္ေတြက အမူအယာတယ္မ်ားသကိုး”

“ဟက္ဟက္ မမ်ားပါဘူးခင္ဗ်ာ မမ်ားပါဘူး ဆရာပညာကိုေလးစားလ်က္ပါ”

အစြဲေကာင္က လူငယ္ကို မထီသလိုၾကည့္ၿပီး ခနဲ႔တဲ့တဲ့ေျပာလိုက္တဲ့ေလသံေၾကာင့္ ေဘးမွာ ထိုင္ၾကည့္ေနတဲ့လူငယ္ႏွစ္ေယာက္ဆီကေန တိုးညႇင္းတဲ့ ရယ္သံအခ်ိဳ႕ထြက္ေပၚလာခဲ့တယ္။

“ ဟို ႏွစ္ေယာက္ ငါက နင္တို႔ဆရာကို ေလးစားတယ္ေျပာတာ ရယ္စရာပါလို႔လား”

“ ရယ္စရာေတာ့မပါေပမယ့္ မၾကာခင္ ခင္ဗ်ား တကယ္ခံစားရမယ့္ပုံကို ျမင္ေယာင္ၾကည့္မိ လို႔္ပါဗ်ာ”

“ငါလို ဆရာမ်ိဳးကို ဒီငခြၽတ္ေလးက နာေအာင္လုပ္ဦးမယ္တဲ့လား အံ့ၾသလို႔မဆုံးေပါင္”

အစြဲေကာင္က လူငယ္ကိုၾကည့္ၿပီး ေတာင္စဥ္ေရမရ စကားေတြေျပာလိုက္ ေဝ့လိုက္ ပတ္လိုက္လုပ္ေနရင္း တစ္ေအာင့္ၾကာေတာ့

“ ငါ့ကိုလႊတ္ၾကစမ္း လႊတ္ၾက အီးအီး နင္တို႔ ဘယ္သူ႔ေတြကိုေခၚလိုက္တာလဲ ငါလႈပ္မရ ေတာ့ဘူး အမေလး မလုပ္ၾကပါနဲ႔ ဖလူးဝူးဖလူး”

အစြဲေကာင္က စကားေျပာေနရင္း လုံးေထြးတဲ့အသံနဲ႔ေအာ္ဟစ္ရင္း မတ္တပ္ထရပ္ဖို႔အလုပ္

“ ငယ္ထိပ္ကို လွံခြၽန္နဲ႔ေထာက္ထားစမ္း ထတာနဲ႔ ေပါက္ေအာင္ထိုးဖို႔အမိန႔္ျပန္တယ္”

“အမေလး မထရဲေတာ့ပါဘူး ေၾကာက္ပါၿပီ ဟင္ ဘာေတြလုပ္ၾကဦးမလို႔လဲ ငါ့ပါးစပ္ကို မၿဖဲနဲ႔ေလ”

“ ဟုတ္ၿပီ အင္းေစာင့္ေတြက အစြဲေကာင္ရဲ႕ပါးစပ္ထဲကို ပြက္ပြက္ဆူေနတဲ့ ငရဲမီးေတြ ေလာင္းထည့္ၾက ဒြါရကိုးေပါက္ကေန ျပန္မထြက္ေအာင္ အကုန္ပိတ္ဆို႔ထားၾက”

“ အမေလး ဝူးဖလူးဂူး ေၾကာက္ ဂ႐ူးဝ႐ူး”

“ခဏရပ္လိုက္ၾကဦး......ဘယ္လိုလဲ ဒီတစ္ခါေရာ သင္ဟန္ေဆာင္ေနတာလား”

“ မဟုတ္ မဟုတ္ပါဘူး တကယ္ပူေလာင္လြန္းလို႔ ေအာ္ေနမိတာပါ က်ဳပ္ က်ဳပ္ကိုလႊတ္ ေပးပါ”

“ဒါဆိုရင္ က်ဳပ္ေမးတာကို အမွန္တိုင္းေျဖမွာလား”

“ေျဖ ေျဖပါ့မယ္ ေျဖပါ့မယ္”

“သင္ ဒီအိမ္ကို ဘာလုပ္ထားတာလဲ ”

“က်ဳပ္ကို အခေၾကးေငြ ၿမိဳးၿမိဳးမ်က္မ်က္ေပးလို႔လုပ္ေပးမိတာပါ က်ဳပ္ေနာက္မလုပ္ေတာ့ ပါဘူး”

“သင့္ကိုဘယ္သူကခိုင္းတာလဲဆိုတာ အိမ္ရွင္ေတြသိေအာင္ ေျပာျပလိုက္”

“ မိန္းမတစ္ေယာက္ခိုင္းတာပါ ဒီအိမ္မွာေနတဲ့သူေတြ မေနရဲၿပီး အိမ္ကိုျပန္ေရာင္းေအာင္ လုပ္ခိုင္းတာပါ”

အစြဲေကာင္ရဲ႕စကားေၾကာင့္ မလွသိန္းက

“အဲဒီမိန္းမ နာမည္ဘယ္လိုေခၚလဲဆိုတာေမးေပးပါဆရာ ကြၽန္မတို႔ကို အခုလိုထိျဖစ္ေအာင္ လုပ္ရက္ၾကလိုက္တာ”

“စိတ္ထိန္းပါအရီး က်ဳပ္တို႔အေကာင္းဆုံး ေျဖရွင္းေပးပါ့မယ္”

လူငယ္က မလွသိန္းကို ေဖ်ာင္းဖ်ၿပီး အစြဲေကာင္ကိုၾကည့္ကာ

“ဒီအိမ္ရဲ႕ဘယ္ေနရာမွာ မေကာင္းတဲ့ပစၥည္းကိုျမဳပ္ထားလဲ”

“ဟို ဟို အိမ္ေရွ႕ ကြန္ကရစ္ေအာက္မွာထည့္ထားပါတယ္”

“သင္ လိမ္ေျပာရင္ေတာ့ က်ဳပ္အေၾကာင္းသိမယ္”

“မလိမ္ရဲပါဘူး မလိမ္ရဲပါဘူး အဲဒီမိန္းမက လူေတြေၾကာက္လန႔္ၿပီး မေနရဲေအာင္ပဲ လုပ္ခိုင္းထားတာပါ”

“ ဒါဆို သင့္အစီအရင္က ဘာေၾကာင့္မိန္းမတစ္ေယာက္ျဖစ္ေနရတာလဲ”

“ အိမ္ေရွ႕မွာျမဳပ္ထားတာက လြန္ခဲ့တဲ့ ေလးလေလာက္က တိုက္ေပၚကေန ခုန္ခ်ၿပီး ေသသြားတဲ့မိန္းမတစ္ေယာက္ရဲ႕ ေသြးကိုယူၿပီး ခိုင္းေစခဲ့တာပါ”

“ဟုတ္လား အရီး ဒီအိမ္မွာႀကဳံေနရတာနဲ႔ တူေနလား”

“ဟုတ္တယ္ ဟုတ္တယ္ ညဘက္ေတြဆိုရင္ မိန္းမတစ္ေယာက္က ဝရန္တာကေန ေအာက္ကို ခုန္ခုန္ခ်တာလို႔ ျမင္တဲ့သူေတြျမင္ၾကတယ္”

“ ေအး သင္ေျပာတဲ့အတိုင္း ဟုတ္မဟုတ္ၾကည့္ဦးမယ္ .... မင္းတို႔ႏွစ္ေယာက္က ဒီအစြဲေကာင္ကိုေစာင့္ၾကည့္ထားၾက အိမ္ရွင္ေတြက က်ဳပ္နဲ႔လိုက္ခဲ့ပါ”

အိမ္ေရွ႕ကိုေရာက္ေတာ့ အနီးနားမွာရွိတဲ့သူေတြကိုေခၚၿပီး ကြန္ကရစ္ျပားကိုခြာထုတ္လိုက္ရာ ေျမႀကီးထဲမွာ ထဘီစုတ္တစ္ထည္နဲ႔ဖုံးအုပ္ထားတဲ့ ေျမအိုးတစ္လုံးကိုေတြ႕လိုက္ရတယ္။

“ဟင္ ဘယ္လိုျဖစ္ရတာလဲ ဒီေနရာကို ကြန္ကရစ္ခင္းတုန္းက.....”

“အရီး ၿပီးခဲ့တာလဲ ၿပီးခဲ့ပါၿပီ မသိခ်င္ေယာင္ပဲေဆာင္ေနလိုက္ပါ”

လူငယ္လဲ ထြက္လာတဲ့ေျမအိုးကို ဓါတ္ဆီေလာင္းၿပီး မီးရႈိ႕ခိုင္းကာ အိမ္ေပၚကိုျပန္တက္လာခဲ့ လိုက္တယ္။

“ ဆရာေလး ခုနက မေျပာနဲ႔ဆိုလို႔သာ ကြၽန္မၿမိဳသိပ္ထားခဲ့တာ ဒီေနရာကို ကြန္ကရစ္ ခင္းတုန္းက အရပ္ထဲက အလုပ္သမားေတြကိုပဲခိုင္းခဲတာ ဘယ္လိုျဖစ္လို႔ ဒီအရာက ေအာက္ကို ေရာက္ေနရတာလဲ”

“သူတို႔လဲ အခေၾကးေငြရလို႔လုပ္ခဲ့တာျဖစ္မွာပါ အခုက်ဳပ္တို႔ရွင္းေပးခဲ့ပါမယ္ အမုန္းတရားကို မနက္ျဖန္အထိမသယ္သြားၾကပါနဲ႔”

“ဆရာေလးေျပာလို႔သာ သည္းခံလိုက္တာ ဒီကိစၥကိုဘယ္သူလုပ္တယ္ဆိုတာ ရိပ္မိေနတယ္”

“သူ႔အပူက ကိုယ့္အပူမျဖစ္ပါေစနဲ႔ အရီး ကဲ ဒီအစြဲေကာင္ကိုလဲ ေနာက္မလုပ္ေအာင္ ဆုံးမရဦးမယ္”

လူငယ္က မလွသိန္းကိုေျပာၿပီးတာနဲ႔ အစြဲေကာင္ဘက္လွည့္ကာ

“သင္အခု က်ဳပ္ေပးတဲ့ အင္းကိုေသာက္မလား ထပ္ၿပီးအသားနာခံမလား”

“ေသာက္ဆိုေသာက္ပါ့မယ္ ဒီေဝဒနာကိုေတာ့ထပ္ၿပီးမခံပါရေစနဲ႔”

“ေကာင္းၿပီ ေရာ့ ဒီေရစင္ကို ကိုင္ၿပီး ေနာက္ေနာင္ခုႏွစ္ရက္သားသမီးေတြကို ဒုကၡမေပးေတာ့ ပါဘူး လုပ္ခဲ့ပါက ေသြးပြက္ပြက္အန္ၿပီးေသပါေစလို႔ သစၥာဆိုၿပီးေသာက္လိုက္”

“ ဟို ဟို .....”

“ဘာလဲ မေသာက္ဘူးလား အင္းေစာင့္ေတြ ဒီသေကာင့္သား......”

“ ေသာက္ပါ့မယ္ သစၥာဆိုလဲ ဆိုပါ့မယ္ က်ဳပ္မွာလဲ မိသားစုရွိေသးတယ္ အသက္ေသလို႔ေတာ့မရဘူး”

အစြဲေကာင္လဲ လူငယ္ေျပာတဲ့အတိုင္း သစၥာဆိုကာ ေရစင္ကိုေသာက္ခ်လိုက္တဲ့အခ်ိန္ ဦးမင္းေမာင္လဲ အ႐ုပ္ႀကိဳးျပတ္ကာ လဲက်သြားေတာ့တယ္။ ခဏၾကာေတာ့ သတိျပန္ရလာၿပီး

“က်ဳပ္ခုနက အိပ္ေပ်ာ္သြားသလိုျဖစ္သြားတာ အိမ္မက္ထဲမွာ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ဆယ္က ဒီမွာေနခဲ့တဲ့ မိန္းမကိုျမင္လိုက္ရတယ္ ေနာက္ၿပီး အသားမဲမဲ ဆံပင္ရွည္ရွည္နဲ႔လူတစ္ေယာက္ကိုလဲ ျမင္လိုက္ရေသးတယ္”

“သိပ္လဲစိတ္ထဲမထားပါနဲ႔ အိမ္မက္ဆိုတာက စိတ္စြဲလမ္းရင္လဲျဖစ္တတ္ပါတယ္ ဦးေလးတို႔ မိသားစုအားလုံးလဲ အခုက်ဳပ္ေပးတဲ့အင္းကိုျပာခ်ၿပီးေသာက္ပါ ေနာက္ေန႔က်ရင္ သံဃာေတာ္ေတြ ပင့္ဖိတ္ၿပီး ပရိတ္တရားျပန္နာလိုက္ပါဦး ဒီတစ္ခါေတာ့ ပရိတ္ေရကို အၿမဲတမ္းပြားထားဦးေနာ္”

“ေက်းဇူးတင္ပါတယ္ ဆရာေလးတို႔ရယ္ ကြၽန္မတို႔မိသားစုကို ကူညီေပးခဲ့တဲ့အတြက္ ဒီေငြအခ်ိဳ႕နဲ႔ေက်းဇူးဆပ္ပါရေစ”

“ မလိုပါဘူးဗ်ာ က်ဳပ္တို႔ကို ေက်းဇူးဆပ္ခ်င္တယ္ဆိုရင္ ေန႔စဥ္ေန႔တိုင္း သံဃာေတာ္ေတြကို ဆြမ္းလႉဒါန္းေပးပါ အခုအားလုံးရွင္းသြားၿပီဆိုေတာ့ က်ဳပ္တို႔ကိုခြင့္ျပဳပါဦး”

“ ဟုတ္ကဲ့ ဆရာေလးတို႔လဲ သြားေလရာ လာေလရာ ခလုပ္မထိ ဆူးမညႇိပါေစနဲ႔လို႔ ဆုေတာင္းေပးလိုက္ပါတယ္ ေအာ္ ဒါနဲ႔ ဆရာေလးတို႔နာမည္ေလးေတြ သိလို႔ရမလား”

“ က်ဳပ္နာမည္က ေအာင္ျမတ္သာပါ သူကေတာ့ သက္ခိုင္၊ ဒီဘက္ကတစ္ေယာက္က ေတာက္ရလို႔ေခၚပါတယ္”

“ ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ ကြၽန္မတို႔လိုဒုကၡႀကဳံတဲ့သူေတြေတြ႕ရင္ ဆရာေလးတို႔ကို ဘယ္မွာလာရွာရမလဲဆိုတာလဲ ေျပာေပးသြားၾကပါဦး”

“ က်ဳပ္တို႔ကိုေတြ႕ခ်င္ရင္ ကုသိုလ္ေကာင္းမႈကို စိတ္သန႔္သန႔္နဲ႔လုပ္ပါ ေရစက္ရွိရင္ ျပန္ေတြ႕ ၾကဦးမွာပါ”

လူငယ္သုံးေယာက္စကားအဆုံးမွာ မလွသိန္း ေခါင္းတညိမ့္ညိမ့္လုပ္ၿပီး အိမ္အျပင္ဝထိ လိုက္ပို႔ေပးခဲ့တယ္။ အိမ္ေရွ႕မွာေတာ့ ျဖစ္ေၾကာင္းကုန္စင္ကို သိခ်င္ၾကတဲ့ လူေတြကေတာ့ ဒုနဲ႔ေဒး။

ေအာင္ျမတ္သာတို႔လဲ မိမိေနအိမ္ကိုျပန္ရခ်င္တဲ့အတြက္ ေသြးစိမ္းအတိုက္နဲ႔ တိုက္ထားတဲ့ ျပႆနာကိုေျဖရွင္းၿပီးတဲ့ေနာက္မွာေတာ့ သစ္ကြင္း႐ြာဘက္ကိုေရာက္လာခဲ့ၾကတယ္။ သစ္ကြင္း ႐ြာကိုေအာင္ျမတ္သာတို႔ေရာက္ေတာ့ ဆယ္ႏွစ္အ႐ြယ္ေကာင္ေလးတစ္ေယာက္ ႐ုတ္တရက္ ေပ်ာက္သြားတဲ့အေျခအေနကို စတင္ႀကဳံေတြ႕ခဲ့ရတယ္။ အေျခအေနေတြကို အေသးစိတ္ေမးၾကည့္ လိုက္ရာ ဒီကေလးလိုပဲ ထူးဆန္းစြာေပ်ာက္ေပ်ာက္သြားတဲ့ ႐ြာသူ႐ြာသားေတြက အေယာက္ႏွစ္ဆယ္မကေတာ့ဘူးလို႔သိခဲ့ရတယ္။

႐ြာသားေတြဘာေၾကာင့္ေပ်ာက္သြားတာလဲ၊ ဘယ္လိုေနရာေတြသြားမိခဲ့ၾကလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္သစ္စုန္းတံခါးဝင္ေပါက္ ဆိုတဲ့ဝတၱဳမွာ ဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

No comments

Post a Comment