***အောင်မြတ်သာနှင့်ကလိန်ငါးဆင့်တောင်***(စ/ဆုံး)

အောင်မြတ်သာနှင့်ကလိန်ငါးဆင့်တောင် စာရေးဆရာ -ဇေယန(ရာမည) ကျေးငှက်သရကာတို့ရဲ့ အော်မြည်သံအချို့မှအပ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မဟာမြိုင်တောအတွင်းထဲကိ... thumbnail 1 summary

အောင်မြတ်သာနှင့်ကလိန်ငါးဆင့်တောင်
စာရေးဆရာ -ဇေယန(ရာမည)

ကျေးငှက်သရကာတို့ရဲ့ အော်မြည်သံအချို့မှအပ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မဟာမြိုင်တောအတွင်းထဲကို ယောဂီဝတ်စုံဝတ်ဆင်ထားတဲ့ လူတစ်ယောက်ဝင်ရောက်လာခဲ့တယ်။

သူ့ရဲ့ခြေလှမ်းတွေက တည်ငြိမ်နေပြီး ရုပ်သွင်ကလဲ အေးမြတဲ့သဘောကိုဆောင်နေခဲ့တယ်။ သူ့ရဲ့ဘေးပတ်ပတ်လည်မှာတော့ တောကောင်ငယ်လေးတွေက ဆော့ကစားပြီး လိုက်ပါလာခဲ့တယ်။

အဲဒီလူက တောအတွင်းတစ်နေရာမှာရှိတဲ့ ညောင်ပင်နဲ့သပြေပင်ခြေရင်းကိုရောက်တော့
” အထက်ဆရာကြီးတွေရဲ့ ခွင့်ပြုချက်နဲ့ သင်တို့နှစ်ယောက်ကို ခေတ္တလာခေါ်တာဖြစ်တယ်။ ဒါကြောင့် သင်တို့ တရားဖြုတ်ပြီးတဲ့အချိန် ကျုပ်ဆီလာခဲ့ကြပါ”လို့ပြောပြီး ကျောက်တုံးတွေပေါလောမျောနေတဲ့ စမ်းချောင်းရှိတဲ့ဘက်ကိုထွက်သွားခဲ့တယ်။

အချိန်အနည်းငယ်ကြာတော့ ကျောပေးထားတဲ့အနောက်ဘက်ကနေ ခြေသံကြားလို့ လှည့်ကြည့်လိုက်ရာ ဖြူဝင်းတဲ့အသားအရည်တွေကိုပိုင်ဆိုင်ထားတဲ့ အဖိုးအိုနှစ်ယောက်ကိုမြင်လိုက်ရတယ်။

” မတွေ့တာအတော်ကြာခဲ့ပြီနော် ဆရာ”
” ဟုတ်ပါ့… သင်တို့တောင် ရုပ်သွင်အတော်ပြောင်းလဲသွားကြတာပဲ”
” ကျွန်တော်တို့နှစ်ယောက် ဆရာကိုမျက်နှာမပြဝံ့ပါဘူး”
” ဟင် ဘာဖြစ်လို့လဲ”
” ဆရာက ထွက်ရပ်လမ်းကိုသွားလိို့ရတဲ့ အကျင့်ကိုသင်ကြားပေးခဲ့ပေမယ့် ကျွန်တော်တို့ပြီးဆုံးတိုင်အောင် မကျင့်ကြံနိုင်ခဲ့ဘူး”
” လက်စသတ်တော့ ဒါကြောင့် မျက်နှာမပြဝံ့ဘူးပြောနေတာကိုး… အခုလို အခြေအနေဖြစ်တော့ရော ဘာအရေးလဲ၊ သင်တို့နှစ်ယောက် ကျင့်ကြံခဲ့တဲ့ စွမ်းအားတွေက နောင်တစ်ချိန်အကျိုးရှိလာမှာပါ။ အခုတော့ လူ့ပတ်ဝန်းကျင်ကို ခေတ္တပြန်ဝင်ဖို့ ကျုပ်နဲ့လိုက်ခဲ့ပါ”
” ကျွန်တော်တို့က အရင်ကလို ဆရာ့အနောက်လိုက်ရတော့မှာလား”
” ဒီလိုလဲမဟုတ်ဘူး… သင်တို့နှစ်ယောက်ကို ခေတ္တအနေနဲ့ ပြန်ခေါ်တာဖြစ်လို့ လက်ရှိရင်ဆိုင်ရမယ့် ပြဿနာတွေပြီးရင် ကိုယ့်နေရာကိုယ်ပြန်ကြရမှာပါ”
” ဘာလိုပဲဖြစ်ဖြစ် ဆရာနဲ့လိုက်ပါပြီး တာဝန်ထမ်းခွင့်ရလို့ ကျေနပ်မိပါတယ်။ ဒါနဲ့ ကျွန်တော်တို့က ဒီရုပ်သွင်အတိုင်း လိုက်ပါရမှာလား”
” သမာဓိပျက်ကုန်းပေါ်ကိုရောက်တာနဲ့ အသက်ငါးဆယ်အရွယ်ရုပ်သွင်ကိုပြောင်းလဲဖို့လိုမယ်။ အခုကအချိန်လဲသိပ်မရတာမို့ ပြန်ထွက်ကြရအောင်”

ယောဂီဝတ်စုံဝတ်ထားတဲ့ လူရဲ့စကားအဆုံးမှာ ဘေးမှာဆော့ကစားနေကြတဲ့ တောကောင်ငယ်လေးတွေက အလိုက်သိစွာနဲ့ အဝေးကိုထွက်ပြေးသွားခဲ့ကြတယ်။

မကြာမီအချိန်အတွင်းမှာပဲ မဟာမြိုင်တောအတွင်းမှာရှိနေတဲ့လူသုံးယောက်က စည်းချက်ညီတဲ့ခြေလှမ်းတွေနဲ့အပြင်ကိုထွက်သွားခဲ့ကြတယ်။
+++++
” ဟိတ် အစွဲကောင် နင်ဘာလို့ ကာယကံရှင်ကို သေကြေစီးပွားပျက်အောင်လုပ်ထားတာလဲ ဟမ်”

အောင်မြင်လှတဲ့အသံဩဩနဲ့မေးလိုက်တာကြောင့် တုန်တုန်ရီရီနဲ့ဝင်ပူးနေတဲ့သူက မေးတဆတ်ဆတ်ရိုက်ပြီး
” သူများခိုင်းလို့လုပ်ရတာပါ… သူ့ကိုသိလဲမသိပါဘူး”
” တယ် ဒီကောင်မကတော့ ငါလုပ်လိုက်ရ သေတော့မယ်၊ အခုချက်ချင်း နင်လုပ်ထားတာတွေ ပြန်ယူသွားစမ်း”
” မလုပ်ပါနဲ့ ကြောက်ပါပြီ … အကုန်ပြန်ယူသွားပါ့မယ်”
ကတုန်ကယင်ဖြစ်နေတဲ့ အစွဲကောင်က သူ့ကိုယ်သူလက်နဲ့သပ်ချပြီး ကိုယ်ထဲမှာရှိနေတဲ့ စက်တွေကိုသိမ်းယူနေတဲ့အချိန် ရှေ့မှာထိုင်နေတဲ့သူက မျက်မှောင်ကျုံ့လိုက်ပြီး
“ကုန်ပြီလားဟ”
” ကုန်ပါပြီဆရာ”
” ငါ့ကိုတောင် လိမ်ညာဝံ့တဲ့ ဒီကောင်မကို မထနိုင်အောင် ရိုက်နှိက်ကြစမ်း”
” အမလေး သေပါပြီတော်…. ကြောက်ပါပြီ မလိမ်တော့ပါဘူး ရပ်ပေးပါတော့”
” အင်းစောင့်တွေ ခဏရပ်လိုက်… ပြောစမ်း ဘာတွေကျန်နေသေးလဲ”
” အိမ်ဦးတိုင်အောက်မှာမြုပ်ထားတဲ့ သင်္ချိုင်းမြေအထုပ်ကိုတူးရပါမယ်၊ ပြီးရင် အိမ်လှေကားအောက်မှာမြုပ်ထားတဲ့ ဆံပင်ချည်တွေကိုဖော်ရပါမယ်”
” အဲဒါအကုန်ပဲလား.. လိမ်ညာရင် ပါးစပ်ကိုဆွဲဖြဲပြီး ငရဲမီးနဲ့မြိုက်ပစ်မှာ”
” မလိမ်ဝံ့တော့ပါဘူးဆရာရယ်… အစက မသိလို့ လိမ်ညာပြီးပြောမိတာကို ခွင့်လွှတ်ပေးပါ”
” နောက်ထပ်ဒီလူကို မနှောက်ယှက်ဖို့ သစ္စာရေတော့သောက်ရလိမ့်မယ်”
” သောက်ပါ့မယ် ဆရာ… ပညာတော့ မသိမ်းလိုက်ပါနဲ့ရှင်၊ ကျွန်မတို့က ဒီပညာနဲ့ လုပ်ကိုင်စားသောက်နေရတော့ အခြားဘာမှမလုပ်တတ်တော့လို့ပါ”
” ဒီနယ်တစ်ခွင်မှာ ငါရှိနေသရွေ့ မင်းသတိထားပြီးနေ… နောက်ထပ်ကြားလို့ကတော့ ဒီထက်ပိုနာမယ်၊ အခုတော့သစ္စာလိုက်ဆိုဖို့ပြင်”
ဝင်ပူးနေတဲ့အစွဲလဲ ရှေ့ကနေအမိန့်ပေးလိုက်တဲ့သူရဲ့စကားကိုမလွန်ဆန်နိုင်ပဲ သစ္စာရေသောက်ကာ ထွက်သွားခဲ့တယ်။

” အိမ်ရှင်တွေ ကျုပ်ကိုပြောထားတဲ့ကတိအတိုင်း ခြေကြွခပေးပေတော့”
” ပေးပါ့မယ်ဆရာရယ် ဆရာတောင်းထားတာထက်ကိုပိုပေးပါ့မယ်”
” မလိုဘူး ငါတောင်းသလောက်ပဲပေး… ငါကတန်ရာတန်ကြေးပဲယူတယ်”
လူကန့်လန့် လူ့ဂွစာပုံစံပေါက်နေတဲ့သူက စကားကိုခပ်ပြတ်ပြတ်ပြောပြီး ဖက်ကြမ်းဆေးလိပ်ကိုကောက်ဖွာနေလိုက်တယ်။
မကြာခင် အိမ်ရှင်ဖြစ်သူကန်တော့တဲ့ ငွေအချို့ကို လွယ်အိတ်ထဲထည့်ကာ အိမ်ပေါ်ကအဆင်းသူ့ကို စိုက်ကြည့်နေတဲ့လူသုံးယောက်ကိုမြင်လိုက်ရတယ်။
” ဆရာ….”
နှုတ်ကနေ မသိမသာထွက်သွားတဲ့စကားကြောင့် အပင်ရိပ်အောက်မှာ လက်ပိုက်ပြီးရပ်နေတဲ့လူက လက်ကာပြပြီး
“မင်းလုပ်စရာရှိတာဆက်လုပ်ပါ..ပြီးမှစကားပြောကြတာပေါ့”လို့ပြောလိုက်တာကြောင့် ဖက်ကြမ်းဆေးလိပ်ကိုလက်မှာညှပ်ထားတဲ့လူက သူ့ခြေလှမ်းတွေကို ရွာအပြင်ဘက်ဆီကိုဦးတည်ကာထွက်သွားခဲ့တယ်။
ရွာပြင်ကိုရောက်တော့ လွယ်အိတ်ထဲပါလာတဲ့ငွေအားလုံးကို ထုတ်ယူပြီး အမိုးအကာမလုံဖြစ်နေတဲ့ တဲပေါ်မှာ လဲလျောင်းနေတဲ့ လူမမာလက်ထဲကိုထည့်ကာပြန်ဆင်းလာခဲ့တယ်။
တဲပေါ်ကဆင်းလာတဲ့အချိန် မလှမ်းမကမ်းမှာရပ်စောင့်နေတဲ့လူသုံးယောက်ဆီကိုသွားပြီး
” မတွေ့ရတာ နှစ်အတော်ကြာပြီနော်ဆရာ… ဆရာတို့ပုံစံကြည့်ရတာ ကျန်းမာနေတာမို့ နေကောင်းလားဆိုပြီးတော့မမေးတော့ပါဘူးဗျာ”
” မင်းလဲ အတော်ရင့်ကျက်လာပြီပဲ… ကိုယ်တတ်တဲ့ပညာနဲ့ရတဲ့ငွေတွေကို ခုလိုလှူနေတာမြင်တော့ ပိုပြီးပီတိဖြစ်မိပါတယ်”
” ဆရာချီးကျူးတာမခံရဲပါဘူးဗျာ..ဒါနဲ့ ဘယ်လိုအရေးကိစ္စကြောင့် ကျွန်တော့်ဆီရောက်လာကြတာလဲ”
” ဒီအကြောင်းကိုတော့ အဓိဌာန်ပျက်ကုန်းရောက်ရင်သေချာရှင်းပြပေးပါမယ်”

ဆရာတပည့်တွေလဲ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်းအဓိဌာန်ပျက်ကုန်းရှိတဲ့ဘက်ကို ထွက်လာခဲ့ကြတယ်။ လမ်းခရီးက ဝေးပြီးကြမ်းတမ်းတာကြောင့် ညသန်းခေါင်အချိန်ရောက်မှ အဓိဌာန်ပျက်ကုန်းပေါ်ကိုရောက်လာခဲ့တယ်။
(အဓိဌာန်ပျက်ကုန်းပေါ်ရောက်တော့ အဓိဌာန်အောင်မြင်သွားတဲ့မောင်ကောင်းကို အဖွဲ့သားတွေနဲ့မိတ်ဆက်ပေးခဲ့တဲ့ဖြစ်စဉ်ကို အောင်မြတ်သာနှင့်အဓိဌာန်ပျက်ကုန်းဆိုတဲ့ဝတ္တုမှာဖတ်ရှုနိုင်ပါတယ်)
+++++++

” ကလိန်ငါးဆင့်တောင်ကို မသွားခင် အင်းဆွဲကညစ်တွေကိုအရင်သွားယူကြရလိမ့်မယ်”
အောင်မြတ်သာစကားကြောင့် မောင်စမက
” အင်းဆွဲကညစ်တွေမသုံးပဲ သာမန်ခဲတံသုံးရင်ကော မရဘူးလားဆရာ”
” မရဘူးတော့မဟုတ်ဘူး ရတယ်… ဒါပေမယ့် ငါတို့သွားယူရမယ့် ကညစ်တံတွေက ရှေးအစဉ်အဆက် ခေတ်ထဲက အင်းမစပေါင်းများစွာကိုရေးဆွဲခဲ့ကြတာဖြစ်လို့ ကညစ်တံတွေမှာ အစွမ်းသတ္တိတွေ ကိန်းအောင်းနေကြတယ်။ ဒါကြောင့် အထက်ဆရာကြီးတွေက ငါတို့အတွက် အသုံးပြုဖို့ ခွင့်ပေးလိုက်တာပဲ”
“စိတ်ဝင်စားဖို့အရမ်းကောင်းနေပြီဆရာရေ.. ကျွန်တော်တို့ဘယ်တော့သွားကြမလဲ”
” အချိန်တွေကြာလို့မရတာကြောင့် အခုပဲစထွက်ရမယ်။ ကညစ်တံတွေထားရှိတဲ့နေရာကိုရောက်ရင် ငါ့ခွင့်ပြုချက်မရပဲ ဘာမှမလုပ်ဖို့သတိထားပေးကြပါ”

အောင်မြတ်သာစကားကို ကျန်တဲ့သူတွေအားလုံး ခေါင်းညိမ့်ကာထောက်ခံလိုက်ပြီး သမာဓိပျက်ကုန်းပေါ်ကနေ ဆင်းလာခဲ့ကြတယ်။ တောင်အောက်ရေက်တော့ မြေနီလမ်းအတိုင်း တစ်နာရီလောက်ခရီးဆက်ပြီးချိန်မှာတော့ လူတစ်ကိုယ်သွားလို့ရအောင် ဖောက်ထားတဲ့ လမ်းကျဉ်းတစ်ခုဆီကိုရောက်လာခဲ့ကြတယ်။

လမ်းကျဉ်းထဲကို တစ်ဦးချင်းတန်းစီကာ ဝင်သွားခဲ့ရာ လမ်းအတွင်းပိုင်းက တစ်ဖြေးဖြေး ပိုပြီးကျယ်ဝန်းလာတာကိုမြင်တွေ့လိုက်ရတယ်။ အထဲမှာတော့ ရှေးဟောင်းအုတ်ပြဿဒ်တစ်ခုကိုတွေ့ရပြီး မုဒ်ဦးအဝင်မှာတော့ ကညစ်တံကို ကိုင်ကာရပ်နေတဲ့ဟန်ထုထားတဲ့ ယက္ခနှစ်ကောင်ရုပ်ထုရှိနေခဲ့တယ်။

အောင်မြတ်သာလဲ မုဒ်ဦးပေါက်ဝမှာထုလုပ်ထားတဲ့ ရုပ်ထုအနားကိုကပ်သွားပြီး ပါဠိဘာသာနဲ့ ဂါထာတစ်ပုဒ်ကိုရွတ်လိုက်ရာ ရုပ်ထုနှစ်ခုက အသက်ဝင်သလိုလှုပ်ရှားလာပြီး လက်ထဲကိုင်ထားတဲ့ကညစ်တံတွေကို ကျောအနောက်မှာရှိတဲ့ အပေါက်ထဲထိုးထည့်လိုက်ရာ
“ဂျိမ်း….ဒလိမ်းးး” ဆိုတဲ့အသံနဲ့အတူ ဂူပေါက်ကပွင့်ထွက်သွားခဲ့တယ်။

အတွင်းပိုင်းမှာတော့ ပေါင်တစ်လုံးစာလောက်ရှိတဲ့ ဆီမီးတိုင်တွေထွန်းထားပြီး အမှိုက်တစ်စမှမရှိအောင် သန့်ပြန့်နေတာကိုမြင်လိုက်ရတယ်။ အောင်မြတ်သာတို့လဲ ပွင့်နေတဲ့ဂူပေါက်ထဲကို ဝင်သွားခဲ့ရာ အထဲမှာတော့ ရှေးခေတ်အဆက်ဆက် ဆရာသမားတွေအသုံးပြုခဲ့ကြတဲ့ အင်းပြာခွက်တွေ၊ အင်းဆွဲတဲ့ခုံတွေကို မြင်တွေ့လိုက်ရတယ်။

” ဆရာတို့ရောက်လာကြပီလား…”
ဂူထဲမှာရှိတဲ့အရာတွေကိုစိတ်ဝင်စားနေတဲ့အချိန် ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့်လှည့်ကြည့်လိုက်ရာ သျောင်တစ်စောင်းကို ကျနစွာထုံးထားတဲ့ လူကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။
” သင်ကဘယ်သူပါလဲ”
” ကျုပ်က ဒီဂူကိုစောင့်ရှောက်နေတဲ့သူပါ၊ ဆရာလေးတို့လာရင် ထိုက်တန်တဲ့အင်းဆွဲကညစ်တစ်ချောင်းစီပေးဖို့လဲ အမိန့်ရထားပါတယ်”
” ဒါဖြင့် ကျုပ်တို့ ဘာတွေလုပ်ဖို့လိုအပ်လဲ”
” ဦးဆုံးအနေနဲ့ ကိုယ့်ရဲ့ကိုယ်မှာစောင့်ရှောက်တဲ့ ပုဂ္ဂိုလ်ကိုသိအောင်လုပ်ရပါမယ်၊ ဒီအတွက် ကိုယ်စောင့်ပုဂ္ဂိုလ်ပြတဲ့ရေကန်ထဲကိုဦးဆုံးဝင်ရမှာဖြစ်ပါတယ်၊ဒီဘက်ကိုကြွကြပါ”
အောင်မြတ်သာတို့လဲ လမ်းပြတဲ့သူအနောက်ကိုလိုက်သွားခဲ့ရာ အခိုးငွေ့တွေတထောင်းထောင်းထနေတဲ့ ရေကန်တစ်ခုရှေ့ကိုရောက်လာခဲ့တယ်”

” ပထမဆုံးအနေနဲ့ ဆရာကိုယ်တိုင်ဆင်းရပါမယ်”
အောင်မြတ်သာလဲ လမ်းပြဖြစ်သူပြောတဲ့အတိုင်း ကန်ထဲကိုဆင်းသွားရာ ရေကန်ထဲမှာရှိနေတဲ့ အခိုးငွေ့တွေက ရုတ်ချည်းစုပေါင်းသွားပြီး ညာဘက်လက်မှာကညစ်တံ၊ ဘယ်ဘက်လက်မှာ အင်းဆွဲစာရွက်ကိုကိုင်ထားတဲ့ အဖိုးအိုတစ်ယောက်ပုံရိပ်ပေါ်လာခဲ့တယ်”
ဒါကိုမြင်တွေ့လိုက်တဲ့ အစောင့်ဖြစ်သူက
” ဆရာရဲ့ကိုယ်ကို အင်းတော်ချုပ်အဖိုးဟိမန္တစောင့်ရှောက်ပါတယ်၊ ဒါကြောင့် သူသုံးခဲ့တဲ့ နတ်သတ်နံ့သာဖြူကညစ်ကို ပေးအပ်ပါရစေ” လို့ပြောပြီး လက်ကိုဖြန့်ထုတ်လိုက်ရာ ဆင်စွယ်ရောင်အဆင်းရှိတဲ့ ကညစ်တံတစ်ချောင်းပေါ်လာခဲ့တယ်။

အောင်မြတ်သာလဲ နတ်သတ်နံ့သာဖြူကညစ်ကို လက်ခံရယူပြီးသေချာကြည့်လိုက်ရာ ကညစ်တံရဲ့ထိပ်မှာ သျောင်တစ်စောင်းထုံးထားတဲ့ အဖိုးအိုတစ်ယောက်ရဲ့ ရုပ်သွင်းထွင်းထုထားတာကိုမြင်လိုက်ရတယ်။

ဒီလိုနဲ့ သက်ခိုင်က အင်းစောင့်ရသေ့စောင့်တဲ့ ယမနေကညစ်တံ၊ တောက်ရက နဂါးစောင့်တဲ့ရေဆန်ကျွန်းနက်ကညစ်တံ၊ မောင်စမက ယက္ခစောင့်တဲ့ အဆစ်ပိတ်တံစူးကညစ်တံ၊ မြဒင်က နတ်သားစောင့်တဲ့ ဂမုန်းရိုးကညစ်တံ၊မောင်ကောင်းကတော့ ယက္ခစောင့်တဲ့ သရက္ခံကညစ်တံတွေကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်။
အောင်မြတ်သာတို့လဲ အင်းဆွဲကညစ်တွေရပြီမို့ မိမိတို့သွားရမယ့် ကလိန်ငါးဆင့်တောင်ရှိတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။
++++++++
ကလိန်ငါးဆင့်တောင်ဆိုတာက တောင်တစ်လုံးပေါ် တစ်လုံးဆင့်ပြီး သဘာဝအတိုင်းတည်ရှိနေတဲ့အပြင် တောင်ငါးလုံးမှာစောင့်ကြပ်တဲ့ နတ်ငါးပါးကလဲ နည်းနည်းလေးမှအမှားမခံတဲ့အတွက် ရွာနီးချုပ်စပ်ကလူတွေအနေနဲ့ ယောင်လို့တောင် မသွားရဲခဲ့ကြဘူး။

ကလိန်ငါးဆင့်တောင်မှာရှိတဲ့ တောင်စောင့်နတ်ငါးပါးကလဲ လူ့ဘဝတုန်းကမုဆိုးအလုပ်နဲ့အသက်မွေးဝမ်းကြောင်းလုပ်ရာကနေ ဓုတင်ဝင်နေတဲ့ ပစ္စေကဗုဒ္ဓတစ်ပါးကို ယာယီတဲကျောင်းဆောက်လုပ်လှူဒါန်းခဲ့တဲ့ကုသိုလ်အဟုန်ကြောင့် နတ်ဘဝမှာလဲ ဘုန်းတန်ခိုးအာဏုဘော်ကြီးမားတဲ့ တောင်စောင့်နတ်တွေ လာဖြစ်ခဲ့ကြတယ်။

မုဆိုးဘဝကနေ နတ်ဖြစ်လာတဲ့အတွက် ဒေါသအမျက်စောင်းအင်မတန်ကြီးမားပြီး အကုသိုလ်စိတ်တွေအများဆုံးကိန်းအောင်းနေတဲ့အတွက် ကလိန်ငါးဆင့်တောင်ပေါ်ကို တရားအားလာထုတ်တဲ့ ရသေ့ရဟန်းတွေကို ရူးသွပ်အောင်၊ ကြောက်လန့်အောင် ဖမ်းစားတတ်ကြတဲ့အတွက် ကလိန်ငါးဆင့်တောင်ဆိုရင် တရားအားထုတ်သူတွေ ခပ်ဝေးဝေးကရှောင်ခဲ့ကြတယ်။
အောင်မြတ်သာတို့လဲ အင်းဆွဲကညစ်တွေရတာနဲ့ လိုအပ်တဲ့အင်းစမတွေကို ကြိုတင်ရေးဆွဲပြီး တောင်ပေါ်ကို စတင်တက်လာခဲ့တယ်။

ဒီတစ်ခါမှာတော့ သက်ခိုင်၊တောက်ရ၊မောင်စမ၊မြဒင်တို့က အောက်ခြေတောင်လေးလုံးကို တာဝန်ယူရပြီး အောင်မြတ်သာနဲ့ မောင်ကောင်းက အမြင့်ဆုံးတောင်ကို တာဝန်ယူခဲ့ကြတယ်။

တောင်စောင့်နတ်တွေကလဲ သူတို့ဆီလာနေကြတာကို ကြိုတင်သိနေတဲ့အလား တောင်ပေါ်ကိုခြေချတာနဲ့ မိုးရိပ်မိုးသားတွေ မဲခနဲတက်လာအောင် ဖန်တီးခဲ့ကြတယ်။

” ဆရာ ဒီကောင်တွေ စတင်တိုက်ခိုက်လာပြီထင်တယ်”

မြဒင်က သူ့ရဲ့နတ်မျက်စိအစွမ်းနဲ့ပတ်ဝန်းကျင်ကို အကဲခတ်ရင်းပြောလိုက်တော့ အောင်မြတ်သာက

” ငါတို့အားလုံး တောင်ကြောအလယ်ကို မရောက်ခင်အထိ မိုးမရွာအောင် ထိန်းထားဖို့လိုမယ်၊ မောင်စမ အနေနဲ့ တန်ပြန်အင်းကို ဖယောင်းတိုင်မှာပတ်ပြီး ကာကွယ်ထား”လို့ပြောလိုက်တော့ မောင်စမက လွယ်အိတ်ထဲအသင့်ပါလာတဲ့ တန်ပြန်အင်းကို ဖယောင်းတိုင်မှာပတ်လိုက်ပြီး မိုးခေါင်ကျော်စွာနတ်ကိုပင့်ဖိတ်ကာ မိုးမရွာအောင် ထိန်းထားစေခဲ့တယ်။

မိုးသားတွေကြားထဲကနေ ရိပ်ခနဲ ပြက်ခနဲလင်းလက်လာတဲ့ မိုးကြိုးလျှပ်စီးတွေထဲမှာတော့ ခါးထောက်ကာ ရပ်ကြည့်နေတဲ့ တောင်စောင့်နတ်ငါးပါးရဲ့ပုံရိပ်ကို အောင်မြတ်သာတို့မြင်တွေ့လိုက်ရတယ်။

” မောင်ကောင်း… တောင်ခါးပန်းကိုရောက်အောင် သွား.. ဟိုရောက်ရင် ဂဝံကျောက်တွေနဲ့ လုပ်ထားတဲ့ နတ်ကွန်းငါးခုကို အချုပ်အင်းနဲ့ ထိန်းထားချေ”

မောင်စမက လေပြင်းတွေတိုက်ခတ်နေတဲ့ကြားမှာ အသံကုန်အော်ဟစ်ရင်း သတိပေးလိုက်တော့မှ တောင်နံရံကိုတွယ်ကပ်ထားတဲ့ မောင်ကောင်းတစ်ယောက် အတင်းဖောက်ထွက်ကာ တောင်ပေါ်ကို ကြိုးစားတက်လာခဲ့တယ်။

သက်ခိုင်နဲ့ တောက်ရကတော့ အောက်ဆုံးမှာရှိတဲ့ တောင်နံရံထဲကနေ ထွက်လာတဲ့ နာနာဘာဝတွေကို တိုက်ထုတ်ရင်း နောက်ချန်နေခဲ့ကြတယ်။ မောင်စမနဲ့ မြဒင်ကတော့ ချောက်ကမ်းပါးထဲကို မပြုတ်ကျဖို့အတွက် ဘေးပတ်လည်မှာပေါက်နေတဲ့ သစ်ပင်သစ်ကိုင်းတွေကိုဆွဲယူရင်း အောင်မြတ်သာရဲ့ ညွှန်ကြားချက်ကိုစောင့်စားနေခဲ့တယ်။

ကျန်တဲ့သူတွေအားလုံး အတားအဆီးအခက်အခဲတွေနဲ့ရင်ဆိုင်နေရပေမယ့် အောင်မြတ်သာကတော့ ဘာမှမဖြစ်တဲ့ဟန်နဲ့ တောင်ခါးပန်းတစ်နေရာမှာ မျက်လုံးကိုစုံမှိတ်ပြီး နှုတ်ကနေ ဂါထာတစ်ပုဒ်ကို မရပ်မနားရွတ်ဖတ်နေခဲ့တယ်။

” ဆရာ … နတ်ကွန်းပတ်ပတ်လည်မှာ မှင်စာတွေအများကြီးပိတ်ထားတယ်ဗျ၊ ကျွန်တော် ဘာဆက်လုပ်ရမလဲ”

တောင်ပေါ်ကနေ အော်နေတဲ့ မောင်ကောင်းအသံကြောင့် အောင်မြတ်သာက ရွတ်နေတာကိုရပ်လိုက်ပြီး

” မြဒင်နဲ့ စမ အပေါ်ကိုလိုက်သွား… အပေါ်ရောက်ရင် အင်းဆွဲကညစ်ကိုထုတ်ပြီး မှင်စာတွေကို ပြလိုက်… အဲဒီလိုပြတဲ့အခါ မှင်စာတွေထဲက တစ်ကောင်က ကြောက်လန့်တဲ့ဟန်ပြပြီး အနောက်ကိုဆုတ်သွားလိမ့်မယ်၊ သူ့ကိုဖမ်းနိုင်ရင် နတ်ကွန်းကိုထိန်းချုပ်လို့ရပြီ” လို့ပြောလိုက်တော့ မောင်စမနဲ့ မြဒင်က တောင်နံရံကိုအားယူကာ အပေါ်ကိုလိုက်တက်သွားခဲ့တယ်။

အပေါ်လဲရောက်ရော ဟင်္သာပြဒါးတွေလို နီရဲနေတဲ့ မှင်စာငယ်လေးတွေက အသံမျိုးစုံပေးပြီး မောင်ကောင်း အနားကိုတိုးကပ်ဖို့ကြိုးစားနေတာမြင်တော့ မောင်စမက

” ဟိတ် ငပုကောင်တွေ ဒီမှာကြည့်စမ်း” လို့ပြောပြီး ကညစ်တံကို ထောင်ပြလိုက်ရာ အကောင်ပေါင်းများစွာထဲက နဖူးမှာ ဘုသီးတစ်လုံးထွက်နေတဲ့ မှင်စာတစ်ကောင် အနောက်ကိုဆုတ်ကာထွက်ပြေးသွားတာမြင်လိုက်ရတယ်။

” ထွက်ပြေးသွားတဲ့ကောင်ကို မလွတ်စေနဲ့ ဖမ်းဟ”

မြဒင်က လက်ညိုးထိုးကာအော်ရင်း ကညစ်တံကို ပြောင်းပြန်ကိုင်ကာ မှင်စာအုပ်ထဲကို တိုးဝင်သွားခဲ့တယ်။

” ဖောက် ပတောက် ပလောက်” ဆိုတဲ့အသံနဲ့အတူ ကညစ်တံနဲ့ထိတဲ့မှင်စာတွေအားလုံး အငွေ့အဖြစ်ပျောက်ကွယ်သွားတာမြင်တော့ နဖူးမှာဘုသီးပါတဲ့မှင်စာက နောက်ကိုလှည့်မကြည့်တော့ပဲ ထိပ်ဆုံးမှာရှိတဲ့ တောင်ပေါ်ကို တက်ပြေးပါလေရော။

လျှစ်ခနဲ လျှစ်ခနဲ ပြေးသွားတဲ့အရှိန်ကြောင့် မြဒင်ခဗျာ ဘယ်လိုမှမလိုက်နိုင်ပဲရှိနေတဲ့အချိန် မောင်ကောင်းလက်ထဲမှာကိုင်ထားတဲ့ ကညစ်တံက အနည်းငယ်လှုပ်ရှားလာတာကို သတိထားမိခဲ့တယ်။

” ဟင် ကညစ်တံထိပ်မှာရှိတဲ့ ယက္ခရုပ်ထုက လှုပ်နေပါလား”

မောင်ကောင်းက အံ့ဩတစ်ကြီးရေရွတ်ရင်း အပေါ်မှာပြေးနေတဲ့ မှင်စာကိုလက်ညိုးထိုးကာ

” ထွက်ပြေးသွားတဲ့ကောင်နောက်ကို ထပ်ချပ်မကွာလိုက်ဖမ်းစေ”လို့အမိန့်ပေးလိုက်ရာ ကညစ်တံထိပ်မှာထုထားတဲ့ယက္ခပုံက အပေါ်ကိုပျံတက်သွားပြီး လေထဲမှာပင် ထန်းတစ်ပင်လောက်ရှိတဲ့ အကောင်အဖြစ်ပြောင်းသွားခဲ့တယ်။

တောင်ပေါ်မှာပတ်ပြေးနေတဲ့ မှင်စာလဲ သူ့အရှေ့မှာပိတ်ရပ်ထားတဲ့ ယက္ခကိုမြင်တော့ ရှေ့ဆက်မတက်တော့ပဲ ပြန်လှည့်လာတဲ့အချိန် မြဒင်က အင်းဆွဲကညစ်တံရဲ့ထိပ်နဲ့ နဖူးကိုထောက်ကာ ဖမ်းဆီးခဲ့တယ်။

အဲဒီအချိန် မိုးသားတိမ်လိပ်တွေကြားထဲကနေ တင်းပုတ်ကိုယ်စီကိုင်ထားတဲ့သူငါးဦး ခုန်ဆင်းလာပြီး အစိမ်းရောင်ပဝါစည်းထားတဲ့ပုဂ္ဂိုလ်က

” တယ် ရာရာစစ ငါတို့ပိုင်နက်ကိုလာပြီး စော်ကားနေတဲ့ ဆရာစုတ်တွေ သေဖို့ပြင်ထားကြ” လို့ကြိမ်းဝါးရင်း မြေကြီးကို တင်းပုတ်နဲ့ထုလိုက်ရာ အရိုးခြောက်အကောင်ပေါင်းများစွာ မြေကြီးထဲကနေ ထိုးထွက်လာခဲ့တယ်။

အဲဒီအချိန် တောင်အောက်မှာရှိနေတဲ့ အောင်မြတ်သာတို့ ရောက်လာကာ တိုးဝင်လာတဲ့ အရိုးခြောက်တွေကြားထဲကို အင်းတစ်ရွက်ပစ်ထည့်ကာ ဂါထာတစ်ပုဒ်ကိုမန်းမှုတ်လိုက်တယ်ဆိုရင်ပဲ အင်းစာရွက်ထဲကနေ အမျှင်အတန်းတွေထွက်ပေါ်လာပြီး အရိုးခြောက်တွေအားလုံးကို လှုပ်မရအောင် ဖမ်းချုပ်ထားခဲ့တယ်။

” မြဒင် မင်းရဲ့နတ်မျက်စိနဲ့ကြည့်ပြီး မူလနတ်ကွန်းကိုရှာကြည့်ပါ”

အောင်မြတ်သာစကားကြောင့် နတ်ကွန်းကိုရှာကြည့်ရာ ဂဝံကျောက်နဲ့တူတာဆိုလို့ ဘာတစ်ခုမတွေ့ခဲ့ဘူး။

” သူတို့ ဖွက်ထားတာများလားဆရာ”

” မဟုတ်ဘူး နတ်ကွန်းက ဒီနေရာမှာပဲသေချာပေါက်ရှိရမှာ”

” ဟားဟားဟား ငါတို့နတ်ကွန်းက စတုမဟာရာဇ်နတ်မင်းတွေကိုယ်တိုင် ဖန်ဆင်းပေးထားတာမို့ နင်တို့လိုဆရာတွေမတွေ့တာနေမှာ” ဆိုပြီးပြောလိုက်တဲ့အသံကိုကြားလိုက်ရတယ်။

” ဒါဆိုတော့လဲ နတ်မင်းတွေကိုပင့်ဖိတ်ပြီး နတ်ကွန်းကိုပြန်သိမ်းခိုင်းရမှာပဲ… ဘာလို့ဆိုတော့ သင်တို့က ကိုယ့်ကိုအပိုင်စားပေးထားတာကိုအခွင့်ကောင်းယူပြီး သတ္တဝါတွေကို ဒုက္ခပေးတဲ့အပြင် တရားအားထုတ်ဖို့လာကြတဲ့ သူတော်စင်တွေကိုလဲ စိတ်ခြောက်ချားအောင်ပြုလုပ်တာကြောင့် ဝိဇ္ဇာအချုပ်ဆရာကြီးတွေကိုယ်တိုင် သင်တို့ကိုဆုံးမပေးဖို့ စေလွှတ်ခဲ့တာပဲ”

အောင်မြတ်သာစကားအဆုံးမှာ တောင်စောင့်နတ်ငါးပါးက စိတ်ဆိုးဒေါသထွက်တဲ့ဟန်နဲ့ ဖနောင့်တစ်ချက်ပေါက်လိုက်ရာ မဲမှောင်နေတဲ့ တိမ်တိုက်တွေကြားထဲကနေ အက်စစ်မိုးတွေရွာချလာခဲ့တယ်။ မိုးရေစက်တွေထိတဲ့သစ်ပင်ကြီးငယ်တွေအကုန် တစ်မဟုတ်ချင်းညိုးနွမ်းသွားပေမယ့် အောင်မြတ်သာတို့ဆရာတပည့်တွေကတော့ မှဲ့တစ်ပေါက်တောင်မစွန်းပဲ ရှိနေတာကြောင့် အမျက်ဒေါသတွေတလိပ်လိပ်တက်လာခဲ့တယ်။

” ဆရာ သူတို့ကို မေတ္တာနဲ့ဆုံးမလို့ရမှာမဟုတ်ဘူးနော်…”

မောင်စမရဲ့ တီးတိုးစကားကြောင့် အောင်မြတ်သာက ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြီး ကြေးပြားတစ်ပြားကိုထုတ်ကာ တောင်စောင့်နတ်ငါးပါးရှိတဲ့ဘက်ကို ပစ်လွှတ်လိုက်တယ်။

အင်းပြားက လေထဲမှာဝဲပျံရင်းကနေ ပိုးသားကြိုးတွေဖြာထွက်လာပြီး တောင်စောင့်နတ်ငါးပါးရဲ့ကိုယ်ပေါ်မှာသွားရောက်ရစ်ပတ်နေခဲ့တယ်။

” ငါတို့ကို ဒီလို ပညာလောက်နဲ့ ဖမ်းလို့ရမယ်ထင်နေတာလား ဟမ်”

မျက်လုံးတွေနီရဲပြီး ကြောက်မက်ဖွယ်အသံနဲ့အော်နေရာကနေ ရုန်းလိုက်ရာ ရစ်ပတ်ထားတဲ့ကြိုးတွေတစ်ဖျောင်းဖျောင်းနဲ့ပြတ်ထွက်သွားခဲ့တယ်။ နှောင်ကြိုးတွေပြတ်ထွက်သွားတာနဲ့ တစ်ပြိုင်နက် တင်းပုတ်ကိုင်ထားတဲ့ နတ်ငါးပါးက အောင်မြတ်သာတို့ဆီပြေးဝင်လာပြီး တင်းပုတ်ကြီးတွေနဲ့ တိုက်ခိုက်ပါလေရော။

တော်ရုံနတ်ပုဂ္ဂိုလ်တွေအနေနဲ့ အောင်မြတ်သာအနားကို ကပ်လို့မရပေမယ့် ဒီနတ်ငါးပါးကတော့ အနားထိရောက်လာပြီး တိုက်ခိုက်နေတာကြောင့် ပါလာတဲ့သူတွေအကုန်အံ့ဩပြီး တန်ပြန်တိုက်ရမယ့်အင်းကိုတောင်ထုတ်ဖို့မေ့သွားခဲ့တယ်။

အဲဒီအချိန် မောင်ကောင်းအနေနဲ့ တင်းပုတ်ဒဏ်ကိုရှောင်တိမ်းရင်း ခြေထောက်ချော်ကျသွားတဲ့အချိန် လွယ်အိတ်ထဲမှာပါတဲ့ ကညစ်တံက ပြေးဝင်လာတဲ့ တောင်စောင့်နတ်ရဲ့ ခန္ဓာကိုယ်ကိုထိုးစိုက်သလိုဖြစ်သွားခဲ့တယ်။

” အမလေး ပူတယ် ပူတယ်… နောင်တော်တို့ကယ်ကြပါဦး” ဆိုပြီး လူးလိမ့်နေတာမြင်တော့ အောင်မြတ်သာကလွဲပြီး ကျန်တဲ့သူတွေအားလုံး ကညစ်တံကိုဆုပ်ကိုင်ကာ ကျန်နေတဲ့ နတ်သားလေးပါးဆီကိုပြေးဝင်သွားခဲ့တယ်။ ဒီတစ်ခါတော့ နှစ်ပေါင်းများစွာ ဆရာပေါင်းများစွာအသုံးပြုခဲ့တဲ့ အင်းဆွဲကညစ်ရဲ့သိဒ္ဓိတွေက ပြန်လည်နိုးထလာပြီး အခိုးငွေ့တွေ တထောင်းထောင်းထလာခဲ့တယ်။

ကညစ်တံရဲ့အစွမ်းကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ တောင်စောင့်နတ်တွေကတော့ အနည်းငယ်ကြောက်လန့်သွားပြီး အနောက်ကိုဆုတ်သွားခဲ့တယ်။

အဲဒီအချိန် အခွင့်ရေးကိုစောင့်နေတဲ့ အောင်မြတ်သာက သိဒ္ဓီတင်ထားတဲ့ ကွန်ခြာအင်းကို တောင်စောင့်နတ်မင်းထဲက တစ်ပါးဆီပစ်လွှတ်လိုက်တာမြင်တော့ ကျန်တဲ့သူတွေကလဲ အသင့်ရေးဆွဲခဲ့တဲ့ ကွန်ခြာအင်းတွေကိုထုတ်ကာ တောင်စောင့်နတ်တွေရှိရာဘက်ကိုပစ်လွှတ်ခဲ့တယ်။

တောင်စောင့်နတ်တွေ အားလုံး ကွန်ခြာအင်းထဲမှာ ဖမ်းမိပြီး ရုန်းကန်နေတဲ့အချိန် တောင်နံရံမှာရှိတဲ့ မြေသားတွေဝုန်းခနဲပြိုကျလာပြီးအထဲမှာတော့ အလွန်ကိုကြည်ညိုဖွယ်ကောင်းတဲ့ ရဟန်းတစ်ပါးပုံကို ရွှေသားအတိပြီးအောင် ထုဆစ်ထားတာကိုမြင်လိုက်ရတယ်။ ရဟန်းရုပ်ထုဘေးမှာတော့ ကျောက်မျက်ရတနာတွေနဲ့တည်ဆောက်ထားတဲ့ တစ်ပါးကျောင်းလေးတစ်ခုရဲ့ပုံတူရှိနေခဲ့တယ်။

ဒီဖြစ်စဉ်ကိုမြင်တော့ စိတ်ဆိုးဒေါသထွက်ကာ ရုန်းကန်နေကြတဲ့ တောင်စောင့်နတ်တွေအားလုံး ငြိမ်သက်သွားပြီး ခက်ထန်တဲ့မျက်နှာထားတွေကနေ နူးညံ့တဲ့အသွင်ကိုပြောင်းလဲလာခဲ့တယ်။

တကယ်တော့ ဒီရုပ်ထုနဲ့တစ်ပါးကျောင်းပုံတူက ညီနောင်ငါးပါးတောင်စောင့်နတ်စဖြစ်စဉ်က မိမိတို့စိတ်ရိုင်းတွေဝင်တဲ့အခါ ထိန်းနိုင်ဖို့ထုဆစ်ပူဇော်ထားတာဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ မကောင်းတဲ့စိတ်ဘက်မှာသာ ပျော်မွေ့လာတာကြောင့် နဂိုထားရှိခဲ့တဲ့ကတိတွေကိုဖောက်ဖျက်ကာ ရုပ်ထုကိုဖွက်ထားခဲ့ကြတာဖြစ်တယ်။

” အသင်တို့ ညီနောင်ငါးပါးက အတိတ်ဘဝမှာ ပြုခဲ့တဲ့ကုသိုလ်အဟုန်ကြောင့်အခုလို နေထိုင်ရတာကို ဘာကြောင့်များမာန်တက်နေရတာလဲ”

အောင်မြတ်သာစကားကိုကြားတော့ အငယ်ဆုံးတောင်စောင့်နတ်က ချုပ်နှောင်ခံထားရတဲ့ကြားထဲကနေ အံကိုကြိတ်ဖနောင့်ကိုပေါက်ပြီး မကျေမနပ်ဖြစ်ဟန်လုပ်ပြနေခဲ့တယ်။ အဲဒီအချိန် အသက်အကြီးဆုံးတောင်စောင့်နတ်က ရွှေအတိပြီးတဲ့ ရဟန်းရုပ်ထုကို စောင်းငဲ့ကြည့်ကာ

” ညီနောင်တို့ ငါတို့ကလမ်းမှားနေပြီ… ဒါကြောင့်စိတ်ကိုပြန်ထိန်းကြဖို့လိုမယ်၊ ဒီလိုမှမဟုတ်ရင် ငါတို့ကုသိုလ်အရှိန်ကုန်တာနဲ့ ငရဲကိုတန်းပြီးဆင်းရမှာမလွဲဧကန်ပဲ”

” နောင်တော် ဘာတွေပြောနေတာလဲ ကျုပ်တို့က ဒီတော ဒီတောင်မှာ နေထိုင်ရမယ့်ရက်တွေအများကြီးကျန်နေသေးတာမဟုတ်လား”

” ဘယ်လိုပဲကျန်ရှိပါစေ အချိန်တန်ရင် ပြည့်လာမှာပဲလေ၊ ဒါကြောင့် ဆရာတော်က ငါတို့စိတ်တွေကို ထိန်းသိမ်းနိုင်ဖို့ ရုပ်ထုနဲ့ ကျောင်းသင်္ကန်းကို ထုဖို့မှာခဲ့တာမဟုတ်လား”

ရုတ်တရက်ဆိုသလို ပြောင်းလဲသွားတဲ့ တောင်စောင့်နတ်မင်းတွေကိုကြည့်ပြီး အောင်မြတ်သာတို့အားလုံး ဝမ်းသာသွားကြတယ်။

အဲဒီအချိန်…

” အင်းဆွဲကညစ်တံနဲ့ တောင်စောင့်နတ်မင်းတွေရဲ့ နဖူးကိုထောက်ပြီး စိတ်ရိုင်းတွေထုတ်ပေးလိုက်” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

အောင်မြတ်သာတို့လဲ အသံကြားတာနဲ့ ချုပ်နှောင်ခံထားရတဲ့ တောင်စောင့်နတ်မင်းတွေရဲ့ နဖူးပြင်ကို အင်းဆွဲကညစ်တံနဲ့ထောက်လိုက်ရာ မီးခိုးရောင်အခိုးငွေ့တွေထွက်ပေါ်လာခဲ့တယ်။ ညိုညစ်ညစ်အခိုးငွေ့တွေတစ်ဖြေးဖြေးကုန်လာချိန်မှာတော့ တောင်စောင့်နတ်တွေရဲ့ စိတ်အခြေအနေက အရင်ထက်ပိုပြီး နူးညံ့သိမ်မွေ့လာခဲ့ကိုမြင်လိုက်ရတယ်။

အောင်မြတ်သာတို့လဲ တောင်စောင့်နတ်မင်းတွေကို နားဝင်အောင်ပြောဆိုဆုံးမပြီး တောင်အောက်ကိုပြန်ဆင်းလာချိန်မှာတော့ နားထဲမှာ ဝူးဝူးဝါးဝါးနဲ့အော်ဟစ်နေတဲ့အသံအပြင် ဌာန်နဲ့မာန်နဲ့ အမိန့်ပေးနေတဲ့ အဘွားအိုတစ်ဦးရဲ့အသံကိုကြားလိုက်ရတယ်။

သက်ခိုင်နဲ့တောက်ရတို့ကတော့ မိမိတို့တာဝန်ပြီးဆုံးပြီမို့ ဆရာဖြစ်သူကိုနှုတ်ဆက်ကာ မဟာမြိုင်တောထဲပြန်ထွက်သွားခဲ့ကြသလို မောင်စမနဲ့ မြဒင်ကလဲ သူတို့ပျော်မွေ့ရာ အရပ်ဒေသအသီးသီးကိုပြန်လည်ထွက်ခွာသွားခဲ့ကြတယ်။

နောက်ဆုံးမှာတော့ အောင်မြတ်သာနဲ့ မောင်ကောင်းတို့နှစ်ယောက်သာ ကလိန်ငါးဆင့်တောင်အောက်မှာကျန်ရစ်ခဲ့တယ်။ ဆရာတပည့်နှစ်ယောက်လဲ ကလိန်ငါးဆင့်တောင်ကနေထွက်လာပြီးနောက်ပိုင်း သမန်းကုန်းရွာလေးကိုရောက်လာခဲ့တယ်။ သမန်းကုန်းရွာကိုရောက်နေတဲ့အချိန် ဘယ်လိုဖြစ်ရပ်ဆန်းတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်အာဠာဝကမှော်အင်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်

ဇေယန(ရာမည)

#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏

🔰(Like & Share လေးနဲ့အား ပေးသွားခဲ့ကြပါ)🔰

ေအာင္ျမတ္သာႏွင့္ကလိန္ငါးဆင့္ေတာင္
စာေရးဆရာ -ေဇယန(ရာမည)

ေက်းငွက္သရကာတို႔ရဲ႕ ေအာ္ျမည္သံအခ်ိဳ႕မွအပ တိတ္ဆိတ္ၿငိမ္သက္ေနတဲ့ မဟာၿမိဳင္ေတာအတြင္းထဲကို ေယာဂီဝတ္စုံဝတ္ဆင္ထားတဲ့ လူတစ္ေယာက္ဝင္ေရာက္လာခဲ့တယ္။

သူ႔ရဲ႕ေျခလွမ္းေတြက တည္ၿငိမ္ေနၿပီး ႐ုပ္သြင္ကလဲ ေအးျမတဲ့သေဘာကိုေဆာင္ေနခဲ့တယ္။ သူ႔ရဲ႕ေဘးပတ္ပတ္လည္မွာေတာ့ ေတာေကာင္ငယ္ေလးေတြက ေဆာ့ကစားၿပီး လိုက္ပါလာခဲ့တယ္။

အဲဒီလူက ေတာအတြင္းတစ္ေနရာမွာရွိတဲ့ ေညာင္ပင္နဲ႔သေျပပင္ေျခရင္းကိုေရာက္ေတာ့
” အထက္ဆရာႀကီးေတြရဲ႕ ခြင့္ျပဳခ်က္နဲ႔ သင္တို႔ႏွစ္ေယာက္ကို ေခတၱလာေခၚတာျဖစ္တယ္။ ဒါေၾကာင့္ သင္တို႔ တရားျဖဳတ္ၿပီးတဲ့အခ်ိန္ က်ဳပ္ဆီလာခဲ့ၾကပါ”လို႔ေျပာၿပီး ေက်ာက္တုံးေတြေပါေလာေမ်ာေနတဲ့ စမ္းေခ်ာင္းရွိတဲ့ဘက္ကိုထြက္သြားခဲ့တယ္။

အခ်ိန္အနည္းငယ္ၾကာေတာ့ ေက်ာေပးထားတဲ့အေနာက္ဘက္ကေန ေျခသံၾကားလို႔ လွည့္ၾကည့္လိုက္ရာ ျဖဴဝင္းတဲ့အသားအရည္ေတြကိုပိုင္ဆိုင္ထားတဲ့ အဖိုးအိုႏွစ္ေယာက္ကိုျမင္လိုက္ရတယ္။

” မေတြ႕တာအေတာ္ၾကာခဲ့ၿပီေနာ္ ဆရာ”
” ဟုတ္ပါ့… သင္တို႔ေတာင္ ႐ုပ္သြင္အေတာ္ေျပာင္းလဲသြားၾကတာပဲ”
” ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ဆရာကိုမ်က္ႏွာမျပဝံ့ပါဘူး”
” ဟင္ ဘာျဖစ္လို႔လဲ”
” ဆရာက ထြက္ရပ္လမ္းကိုသြားလိို႔ရတဲ့ အက်င့္ကိုသင္ၾကားေပးခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ၿပီးဆုံးတိုင္ေအာင္ မက်င့္ႀကံႏိုင္ခဲ့ဘူး”
” လက္စသတ္ေတာ့ ဒါေၾကာင့္ မ်က္ႏွာမျပဝံ့ဘူးေျပာေနတာကိုး… အခုလို အေျခအေနျဖစ္ေတာ့ေရာ ဘာအေရးလဲ၊ သင္တို႔ႏွစ္ေယာက္ က်င့္ႀကံခဲ့တဲ့ စြမ္းအားေတြက ေနာင္တစ္ခ်ိန္အက်ိဳးရွိလာမွာပါ။ အခုေတာ့ လူ႔ပတ္ဝန္းက်င္ကို ေခတၱျပန္ဝင္ဖို႔ က်ဳပ္နဲ႔လိုက္ခဲ့ပါ”
” ကြၽန္ေတာ္တို႔က အရင္ကလို ဆရာ့အေနာက္လိုက္ရေတာ့မွာလား”
” ဒီလိုလဲမဟုတ္ဘူး… သင္တို႔ႏွစ္ေယာက္ကို ေခတၱအေနနဲ႔ ျပန္ေခၚတာျဖစ္လို႔ လက္ရွိရင္ဆိုင္ရမယ့္ ျပႆနာေတြၿပီးရင္ ကိုယ့္ေနရာကိုယ္ျပန္ၾကရမွာပါ”
” ဘာလိုပဲျဖစ္ျဖစ္ ဆရာနဲ႔လိုက္ပါၿပီး တာဝန္ထမ္းခြင့္ရလို႔ ေက်နပ္မိပါတယ္။ ဒါနဲ႔ ကြၽန္ေတာ္တို႔က ဒီ႐ုပ္သြင္အတိုင္း လိုက္ပါရမွာလား”
” သမာဓိပ်က္ကုန္းေပၚကိုေရာက္တာနဲ႔ အသက္ငါးဆယ္အ႐ြယ္႐ုပ္သြင္ကိုေျပာင္းလဲဖို႔လိုမယ္။ အခုကအခ်ိန္လဲသိပ္မရတာမို႔ ျပန္ထြက္ၾကရေအာင္”

ေယာဂီဝတ္စုံဝတ္ထားတဲ့ လူရဲ႕စကားအဆုံးမွာ ေဘးမွာေဆာ့ကစားေနၾကတဲ့ ေတာေကာင္ငယ္ေလးေတြက အလိုက္သိစြာနဲ႔ အေဝးကိုထြက္ေျပးသြားခဲ့ၾကတယ္။

မၾကာမီအခ်ိန္အတြင္းမွာပဲ မဟာၿမိဳင္ေတာအတြင္းမွာရွိေနတဲ့လူသုံးေယာက္က စည္းခ်က္ညီတဲ့ေျခလွမ္းေတြနဲ႔အျပင္ကိုထြက္သြားခဲ့ၾကတယ္။
+++++
” ဟိတ္ အစြဲေကာင္ နင္ဘာလို႔ ကာယကံရွင္ကို ေသေၾကစီးပြားပ်က္ေအာင္လုပ္ထားတာလဲ ဟမ္”

ေအာင္ျမင္လွတဲ့အသံဩဩနဲ႔ေမးလိုက္တာေၾကာင့္ တုန္တုန္ရီရီနဲ႔ဝင္ပူးေနတဲ့သူက ေမးတဆတ္ဆတ္႐ိုက္ၿပီး
” သူမ်ားခိုင္းလို႔လုပ္ရတာပါ… သူ႔ကိုသိလဲမသိပါဘူး”
” တယ္ ဒီေကာင္မကေတာ့ ငါလုပ္လိုက္ရ ေသေတာ့မယ္၊ အခုခ်က္ခ်င္း နင္လုပ္ထားတာေတြ ျပန္ယူသြားစမ္း”
” မလုပ္ပါနဲ႔ ေၾကာက္ပါၿပီ … အကုန္ျပန္ယူသြားပါ့မယ္”
ကတုန္ကယင္ျဖစ္ေနတဲ့ အစြဲေကာင္က သူ႔ကိုယ္သူလက္နဲ႔သပ္ခ်ၿပီး ကိုယ္ထဲမွာရွိေနတဲ့ စက္ေတြကိုသိမ္းယူေနတဲ့အခ်ိန္ ေရွ႕မွာထိုင္ေနတဲ့သူက မ်က္ေမွာင္က်ဳံ႕လိုက္ၿပီး
“ကုန္ၿပီလားဟ”
” ကုန္ပါၿပီဆရာ”
” ငါ့ကိုေတာင္ လိမ္ညာဝံ့တဲ့ ဒီေကာင္မကို မထႏိုင္ေအာင္ ႐ိုက္ႏွိက္ၾကစမ္း”
” အမေလး ေသပါၿပီေတာ္…. ေၾကာက္ပါၿပီ မလိမ္ေတာ့ပါဘူး ရပ္ေပးပါေတာ့”
” အင္းေစာင့္ေတြ ခဏရပ္လိုက္… ေျပာစမ္း ဘာေတြက်န္ေနေသးလဲ”
” အိမ္ဦးတိုင္ေအာက္မွာျမဳပ္ထားတဲ့ သခ်ႋဳင္းေျမအထုပ္ကိုတူးရပါမယ္၊ ၿပီးရင္ အိမ္ေလွကားေအာက္မွာျမဳပ္ထားတဲ့ ဆံပင္ခ်ည္ေတြကိုေဖာ္ရပါမယ္”
” အဲဒါအကုန္ပဲလား.. လိမ္ညာရင္ ပါးစပ္ကိုဆြဲၿဖဲၿပီး ငရဲမီးနဲ႔ၿမိဳက္ပစ္မွာ”
” မလိမ္ဝံ့ေတာ့ပါဘူးဆရာရယ္… အစက မသိလို႔ လိမ္ညာၿပီးေျပာမိတာကို ခြင့္လႊတ္ေပးပါ”
” ေနာက္ထပ္ဒီလူကို မေႏွာက္ယွက္ဖို႔ သစၥာေရေတာ့ေသာက္ရလိမ့္မယ္”
” ေသာက္ပါ့မယ္ ဆရာ… ပညာေတာ့ မသိမ္းလိုက္ပါနဲ႔ရွင္၊ ကြၽန္မတို႔က ဒီပညာနဲ႔ လုပ္ကိုင္စားေသာက္ေနရေတာ့ အျခားဘာမွမလုပ္တတ္ေတာ့လို႔ပါ”
” ဒီနယ္တစ္ခြင္မွာ ငါရွိေနသေ႐ြ႕ မင္းသတိထားၿပီးေန… ေနာက္ထပ္ၾကားလို႔ကေတာ့ ဒီထက္ပိုနာမယ္၊ အခုေတာ့သစၥာလိုက္ဆိုဖို႔ျပင္”
ဝင္ပူးေနတဲ့အစြဲလဲ ေရွ႕ကေနအမိန႔္ေပးလိုက္တဲ့သူရဲ႕စကားကိုမလြန္ဆန္ႏိုင္ပဲ သစၥာေရေသာက္ကာ ထြက္သြားခဲ့တယ္။

” အိမ္ရွင္ေတြ က်ဳပ္ကိုေျပာထားတဲ့ကတိအတိုင္း ေျခႂကြခေပးေပေတာ့”
” ေပးပါ့မယ္ဆရာရယ္ ဆရာေတာင္းထားတာထက္ကိုပိုေပးပါ့မယ္”
” မလိုဘူး ငါေတာင္းသေလာက္ပဲေပး… ငါကတန္ရာတန္ေၾကးပဲယူတယ္”
လူကန႔္လန႔္ လူ႔ဂြစာပုံစံေပါက္ေနတဲ့သူက စကားကိုခပ္ျပတ္ျပတ္ေျပာၿပီး ဖက္ၾကမ္းေဆးလိပ္ကိုေကာက္ဖြာေနလိုက္တယ္။
မၾကာခင္ အိမ္ရွင္ျဖစ္သူကန္ေတာ့တဲ့ ေငြအခ်ိဳ႕ကို လြယ္အိတ္ထဲထည့္ကာ အိမ္ေပၚကအဆင္းသူ႔ကို စိုက္ၾကည့္ေနတဲ့လူသုံးေယာက္ကိုျမင္လိုက္ရတယ္။
” ဆရာ….”
ႏႈတ္ကေန မသိမသာထြက္သြားတဲ့စကားေၾကာင့္ အပင္ရိပ္ေအာက္မွာ လက္ပိုက္ၿပီးရပ္ေနတဲ့လူက လက္ကာျပၿပီး
“မင္းလုပ္စရာရွိတာဆက္လုပ္ပါ..ၿပီးမွစကားေျပာၾကတာေပါ့”လို႔ေျပာလိုက္တာေၾကာင့္ ဖက္ၾကမ္းေဆးလိပ္ကိုလက္မွာညႇပ္ထားတဲ့လူက သူ႔ေျခလွမ္းေတြကို ႐ြာအျပင္ဘက္ဆီကိုဦးတည္ကာထြက္သြားခဲ့တယ္။
႐ြာျပင္ကိုေရာက္ေတာ့ လြယ္အိတ္ထဲပါလာတဲ့ေငြအားလုံးကို ထုတ္ယူၿပီး အမိုးအကာမလုံျဖစ္ေနတဲ့ တဲေပၚမွာ လဲေလ်ာင္းေနတဲ့ လူမမာလက္ထဲကိုထည့္ကာျပန္ဆင္းလာခဲ့တယ္။
တဲေပၚကဆင္းလာတဲ့အခ်ိန္ မလွမ္းမကမ္းမွာရပ္ေစာင့္ေနတဲ့လူသုံးေယာက္ဆီကိုသြားၿပီး
” မေတြ႕ရတာ ႏွစ္အေတာ္ၾကာၿပီေနာ္ဆရာ… ဆရာတို႔ပုံစံၾကည့္ရတာ က်န္းမာေနတာမို႔ ေနေကာင္းလားဆိုၿပီးေတာ့မေမးေတာ့ပါဘူးဗ်ာ”
” မင္းလဲ အေတာ္ရင့္က်က္လာၿပီပဲ… ကိုယ္တတ္တဲ့ပညာနဲ႔ရတဲ့ေငြေတြကို ခုလိုလႉေနတာျမင္ေတာ့ ပိုၿပီးပီတိျဖစ္မိပါတယ္”
” ဆရာခ်ီးက်ဴးတာမခံရဲပါဘူးဗ်ာ..ဒါနဲ႔ ဘယ္လိုအေရးကိစၥေၾကာင့္ ကြၽန္ေတာ့္ဆီေရာက္လာၾကတာလဲ”
” ဒီအေၾကာင္းကိုေတာ့ အဓိဌာန္ပ်က္ကုန္းေရာက္ရင္ေသခ်ာရွင္းျပေပးပါမယ္”

ဆရာတပည့္ေတြလဲ ေရွးေဟာင္းေႏွာင္းျဖစ္ေတြေျပာရင္းအဓိဌာန္ပ်က္ကုန္းရွိတဲ့ဘက္ကို ထြက္လာခဲ့ၾကတယ္။ လမ္းခရီးက ေဝးၿပီးၾကမ္းတမ္းတာေၾကာင့္ ညသန္းေခါင္အခ်ိန္ေရာက္မွ အဓိဌာန္ပ်က္ကုန္းေပၚကိုေရာက္လာခဲ့တယ္။
(အဓိဌာန္ပ်က္ကုန္းေပၚေရာက္ေတာ့ အဓိဌာန္ေအာင္ျမင္သြားတဲ့ေမာင္ေကာင္းကို အဖြဲ႕သားေတြနဲ႔မိတ္ဆက္ေပးခဲ့တဲ့ျဖစ္စဥ္ကို ေအာင္ျမတ္သာႏွင့္အဓိဌာန္ပ်က္ကုန္းဆိုတဲ့ဝတၱဳမွာဖတ္ရႈႏိုင္ပါတယ္)
+++++++

” ကလိန္ငါးဆင့္ေတာင္ကို မသြားခင္ အင္းဆြဲကညစ္ေတြကိုအရင္သြားယူၾကရလိမ့္မယ္”
ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္စမက
” အင္းဆြဲကညစ္ေတြမသုံးပဲ သာမန္ခဲတံသုံးရင္ေကာ မရဘူးလားဆရာ”
” မရဘူးေတာ့မဟုတ္ဘူး ရတယ္… ဒါေပမယ့္ ငါတို႔သြားယူရမယ့္ ကညစ္တံေတြက ေရွးအစဥ္အဆက္ ေခတ္ထဲက အင္းမစေပါင္းမ်ားစြာကိုေရးဆြဲခဲ့ၾကတာျဖစ္လို႔ ကညစ္တံေတြမွာ အစြမ္းသတၱိေတြ ကိန္းေအာင္းေနၾကတယ္။ ဒါေၾကာင့္ အထက္ဆရာႀကီးေတြက ငါတို႔အတြက္ အသုံးျပဳဖို႔ ခြင့္ေပးလိုက္တာပဲ”
“စိတ္ဝင္စားဖို႔အရမ္းေကာင္းေနၿပီဆရာေရ.. ကြၽန္ေတာ္တို႔ဘယ္ေတာ့သြားၾကမလဲ”
” အခ်ိန္ေတြၾကာလို႔မရတာေၾကာင့္ အခုပဲစထြက္ရမယ္။ ကညစ္တံေတြထားရွိတဲ့ေနရာကိုေရာက္ရင္ ငါ့ခြင့္ျပဳခ်က္မရပဲ ဘာမွမလုပ္ဖို႔သတိထားေပးၾကပါ”

ေအာင္ျမတ္သာစကားကို က်န္တဲ့သူေတြအားလုံး ေခါင္းညိမ့္ကာေထာက္ခံလိုက္ၿပီး သမာဓိပ်က္ကုန္းေပၚကေန ဆင္းလာခဲ့ၾကတယ္။ ေတာင္ေအာက္ေရက္ေတာ့ ေျမနီလမ္းအတိုင္း တစ္နာရီေလာက္ခရီးဆက္ၿပီးခ်ိန္မွာေတာ့ လူတစ္ကိုယ္သြားလို႔ရေအာင္ ေဖာက္ထားတဲ့ လမ္းက်ဥ္းတစ္ခုဆီကိုေရာက္လာခဲ့ၾကတယ္။

လမ္းက်ဥ္းထဲကို တစ္ဦးခ်င္းတန္းစီကာ ဝင္သြားခဲ့ရာ လမ္းအတြင္းပိုင္းက တစ္ေျဖးေျဖး ပိုၿပီးက်ယ္ဝန္းလာတာကိုျမင္ေတြ႕လိုက္ရတယ္။ အထဲမွာေတာ့ ေရွးေဟာင္းအုတ္ျပႆဒ္တစ္ခုကိုေတြ႕ရၿပီး မုဒ္ဦးအဝင္မွာေတာ့ ကညစ္တံကို ကိုင္ကာရပ္ေနတဲ့ဟန္ထုထားတဲ့ ယကၡႏွစ္ေကာင္႐ုပ္ထုရွိေနခဲ့တယ္။

ေအာင္ျမတ္သာလဲ မုဒ္ဦးေပါက္ဝမွာထုလုပ္ထားတဲ့ ႐ုပ္ထုအနားကိုကပ္သြားၿပီး ပါဠိဘာသာနဲ႔ ဂါထာတစ္ပုဒ္ကို႐ြတ္လိုက္ရာ ႐ုပ္ထုႏွစ္ခုက အသက္ဝင္သလိုလႈပ္ရွားလာၿပီး လက္ထဲကိုင္ထားတဲ့ကညစ္တံေတြကို ေက်ာအေနာက္မွာရွိတဲ့ အေပါက္ထဲထိုးထည့္လိုက္ရာ
“ဂ်ိမ္း….ဒလိမ္းးး” ဆိုတဲ့အသံနဲ႔အတူ ဂူေပါက္ကပြင့္ထြက္သြားခဲ့တယ္။

အတြင္းပိုင္းမွာေတာ့ ေပါင္တစ္လုံးစာေလာက္ရွိတဲ့ ဆီမီးတိုင္ေတြထြန္းထားၿပီး အမႈိက္တစ္စမွမရွိေအာင္ သန႔္ျပန႔္ေနတာကိုျမင္လိုက္ရတယ္။ ေအာင္ျမတ္သာတို႔လဲ ပြင့္ေနတဲ့ဂူေပါက္ထဲကို ဝင္သြားခဲ့ရာ အထဲမွာေတာ့ ေရွးေခတ္အဆက္ဆက္ ဆရာသမားေတြအသုံးျပဳခဲ့ၾကတဲ့ အင္းျပာခြက္ေတြ၊ အင္းဆြဲတဲ့ခုံေတြကို ျမင္ေတြ႕လိုက္ရတယ္။

” ဆရာတို႔ေရာက္လာၾကပီလား…”
ဂူထဲမွာရွိတဲ့အရာေတြကိုစိတ္ဝင္စားေနတဲ့အခ်ိန္ ႐ုတ္တရက္ထြက္ေပၚလာတဲ့အသံေၾကာင့္လွည့္ၾကည့္လိုက္ရာ ေသ်ာင္တစ္ေစာင္းကို က်နစြာထုံးထားတဲ့ လူႀကီးတစ္ေယာက္ကိုျမင္လိုက္ရတယ္။
” သင္ကဘယ္သူပါလဲ”
” က်ဳပ္က ဒီဂူကိုေစာင့္ေရွာက္ေနတဲ့သူပါ၊ ဆရာေလးတို႔လာရင္ ထိုက္တန္တဲ့အင္းဆြဲကညစ္တစ္ေခ်ာင္းစီေပးဖို႔လဲ အမိန႔္ရထားပါတယ္”
” ဒါျဖင့္ က်ဳပ္တို႔ ဘာေတြလုပ္ဖို႔လိုအပ္လဲ”
” ဦးဆုံးအေနနဲ႔ ကိုယ့္ရဲ႕ကိုယ္မွာေစာင့္ေရွာက္တဲ့ ပုဂၢိဳလ္ကိုသိေအာင္လုပ္ရပါမယ္၊ ဒီအတြက္ ကိုယ္ေစာင့္ပုဂၢိဳလ္ျပတဲ့ေရကန္ထဲကိုဦးဆုံးဝင္ရမွာျဖစ္ပါတယ္၊ဒီဘက္ကိုႂကြၾကပါ”
ေအာင္ျမတ္သာတို႔လဲ လမ္းျပတဲ့သူအေနာက္ကိုလိုက္သြားခဲ့ရာ အခိုးေငြ႕ေတြတေထာင္းေထာင္းထေနတဲ့ ေရကန္တစ္ခုေရွ႕ကိုေရာက္လာခဲ့တယ္”

” ပထမဆုံးအေနနဲ႔ ဆရာကိုယ္တိုင္ဆင္းရပါမယ္”
ေအာင္ျမတ္သာလဲ လမ္းျပျဖစ္သူေျပာတဲ့အတိုင္း ကန္ထဲကိုဆင္းသြားရာ ေရကန္ထဲမွာရွိေနတဲ့ အခိုးေငြ႕ေတြက ႐ုတ္ခ်ည္းစုေပါင္းသြားၿပီး ညာဘက္လက္မွာကညစ္တံ၊ ဘယ္ဘက္လက္မွာ အင္းဆြဲစာ႐ြက္ကိုကိုင္ထားတဲ့ အဖိုးအိုတစ္ေယာက္ပုံရိပ္ေပၚလာခဲ့တယ္”
ဒါကိုျမင္ေတြ႕လိုက္တဲ့ အေစာင့္ျဖစ္သူက
” ဆရာရဲ႕ကိုယ္ကို အင္းေတာ္ခ်ဳပ္အဖိုးဟိမႏၲေစာင့္ေရွာက္ပါတယ္၊ ဒါေၾကာင့္ သူသုံးခဲ့တဲ့ နတ္သတ္နံ႔သာျဖဴကညစ္ကို ေပးအပ္ပါရေစ” လို႔ေျပာၿပီး လက္ကိုျဖန႔္ထုတ္လိုက္ရာ ဆင္စြယ္ေရာင္အဆင္းရွိတဲ့ ကညစ္တံတစ္ေခ်ာင္းေပၚလာခဲ့တယ္။

ေအာင္ျမတ္သာလဲ နတ္သတ္နံ႔သာျဖဴကညစ္ကို လက္ခံရယူၿပီးေသခ်ာၾကည့္လိုက္ရာ ကညစ္တံရဲ႕ထိပ္မွာ ေသ်ာင္တစ္ေစာင္းထုံးထားတဲ့ အဖိုးအိုတစ္ေယာက္ရဲ႕ ႐ုပ္သြင္းထြင္းထုထားတာကိုျမင္လိုက္ရတယ္။

ဒီလိုနဲ႔ သက္ခိုင္က အင္းေစာင့္ရေသ့ေစာင့္တဲ့ ယမေနကညစ္တံ၊ ေတာက္ရက နဂါးေစာင့္တဲ့ေရဆန္ကြၽန္းနက္ကညစ္တံ၊ ေမာင္စမက ယကၡေစာင့္တဲ့ အဆစ္ပိတ္တံစူးကညစ္တံ၊ ျမဒင္က နတ္သားေစာင့္တဲ့ ဂမုန္း႐ိုးကညစ္တံ၊ေမာင္ေကာင္းကေတာ့ ယကၡေစာင့္တဲ့ သရကၡံကညစ္တံေတြကို ပိုင္ဆိုင္ခြင့္ရခဲ့တယ္။
ေအာင္ျမတ္သာတို႔လဲ အင္းဆြဲကညစ္ေတြရၿပီမို႔ မိမိတို႔သြားရမယ့္ ကလိန္ငါးဆင့္ေတာင္ရွိတဲ့ဘက္ကို ထြက္လာခဲ့လိုက္တယ္။
++++++++
ကလိန္ငါးဆင့္ေတာင္ဆိုတာက ေတာင္တစ္လုံးေပၚ တစ္လုံးဆင့္ၿပီး သဘာဝအတိုင္းတည္ရွိေနတဲ့အျပင္ ေတာင္ငါးလုံးမွာေစာင့္ၾကပ္တဲ့ နတ္ငါးပါးကလဲ နည္းနည္းေလးမွအမွားမခံတဲ့အတြက္ ႐ြာနီးခ်ဳပ္စပ္ကလူေတြအေနနဲ႔ ေယာင္လို႔ေတာင္ မသြားရဲခဲ့ၾကဘူး။

ကလိန္ငါးဆင့္ေတာင္မွာရွိတဲ့ ေတာင္ေစာင့္နတ္ငါးပါးကလဲ လူ႔ဘဝတုန္းကမုဆိုးအလုပ္နဲ႔အသက္ေမြးဝမ္းေၾကာင္းလုပ္ရာကေန ဓုတင္ဝင္ေနတဲ့ ပေစၥကဗုဒၶတစ္ပါးကို ယာယီတဲေက်ာင္းေဆာက္လုပ္လႉဒါန္းခဲ့တဲ့ကုသိုလ္အဟုန္ေၾကာင့္ နတ္ဘဝမွာလဲ ဘုန္းတန္ခိုးအာဏုေဘာ္ႀကီးမားတဲ့ ေတာင္ေစာင့္နတ္ေတြ လာျဖစ္ခဲ့ၾကတယ္။

မုဆိုးဘဝကေန နတ္ျဖစ္လာတဲ့အတြက္ ေဒါသအမ်က္ေစာင္းအင္မတန္ႀကီးမားၿပီး အကုသိုလ္စိတ္ေတြအမ်ားဆုံးကိန္းေအာင္းေနတဲ့အတြက္ ကလိန္ငါးဆင့္ေတာင္ေပၚကို တရားအားလာထုတ္တဲ့ ရေသ့ရဟန္းေတြကို ႐ူးသြပ္ေအာင္၊ ေၾကာက္လန႔္ေအာင္ ဖမ္းစားတတ္ၾကတဲ့အတြက္ ကလိန္ငါးဆင့္ေတာင္ဆိုရင္ တရားအားထုတ္သူေတြ ခပ္ေဝးေဝးကေရွာင္ခဲ့ၾကတယ္။
ေအာင္ျမတ္သာတို႔လဲ အင္းဆြဲကညစ္ေတြရတာနဲ႔ လိုအပ္တဲ့အင္းစမေတြကို ႀကိဳတင္ေရးဆြဲၿပီး ေတာင္ေပၚကို စတင္တက္လာခဲ့တယ္။

ဒီတစ္ခါမွာေတာ့ သက္ခိုင္၊ေတာက္ရ၊ေမာင္စမ၊ျမဒင္တို႔က ေအာက္ေျခေတာင္ေလးလုံးကို တာဝန္ယူရၿပီး ေအာင္ျမတ္သာနဲ႔ ေမာင္ေကာင္းက အျမင့္ဆုံးေတာင္ကို တာဝန္ယူခဲ့ၾကတယ္။

ေတာင္ေစာင့္နတ္ေတြကလဲ သူတို႔ဆီလာေနၾကတာကို ႀကိဳတင္သိေနတဲ့အလား ေတာင္ေပၚကိုေျခခ်တာနဲ႔ မိုးရိပ္မိုးသားေတြ မဲခနဲတက္လာေအာင္ ဖန္တီးခဲ့ၾကတယ္။

” ဆရာ ဒီေကာင္ေတြ စတင္တိုက္ခိုက္လာၿပီထင္တယ္”

ျမဒင္က သူ႔ရဲ႕နတ္မ်က္စိအစြမ္းနဲ႔ပတ္ဝန္းက်င္ကို အကဲခတ္ရင္းေျပာလိုက္ေတာ့ ေအာင္ျမတ္သာက

” ငါတို႔အားလုံး ေတာင္ေၾကာအလယ္ကို မေရာက္ခင္အထိ မိုးမ႐ြာေအာင္ ထိန္းထားဖို႔လိုမယ္၊ ေမာင္စမ အေနနဲ႔ တန္ျပန္အင္းကို ဖေယာင္းတိုင္မွာပတ္ၿပီး ကာကြယ္ထား”လို႔ေျပာလိုက္ေတာ့ ေမာင္စမက လြယ္အိတ္ထဲအသင့္ပါလာတဲ့ တန္ျပန္အင္းကို ဖေယာင္းတိုင္မွာပတ္လိုက္ၿပီး မိုးေခါင္ေက်ာ္စြာနတ္ကိုပင့္ဖိတ္ကာ မိုးမ႐ြာေအာင္ ထိန္းထားေစခဲ့တယ္။

မိုးသားေတြၾကားထဲကေန ရိပ္ခနဲ ျပက္ခနဲလင္းလက္လာတဲ့ မိုးႀကိဳးလွ်ပ္စီးေတြထဲမွာေတာ့ ခါးေထာက္ကာ ရပ္ၾကည့္ေနတဲ့ ေတာင္ေစာင့္နတ္ငါးပါးရဲ႕ပုံရိပ္ကို ေအာင္ျမတ္သာတို႔ျမင္ေတြ႕လိုက္ရတယ္။

” ေမာင္ေကာင္း… ေတာင္ခါးပန္းကိုေရာက္ေအာင္ သြား.. ဟိုေရာက္ရင္ ဂဝံေက်ာက္ေတြနဲ႔ လုပ္ထားတဲ့ နတ္ကြန္းငါးခုကို အခ်ဳပ္အင္းနဲ႔ ထိန္းထားေခ်”

ေမာင္စမက ေလျပင္းေတြတိုက္ခတ္ေနတဲ့ၾကားမွာ အသံကုန္ေအာ္ဟစ္ရင္း သတိေပးလိုက္ေတာ့မွ ေတာင္နံရံကိုတြယ္ကပ္ထားတဲ့ ေမာင္ေကာင္းတစ္ေယာက္ အတင္းေဖာက္ထြက္ကာ ေတာင္ေပၚကို ႀကိဳးစားတက္လာခဲ့တယ္။

သက္ခိုင္နဲ႔ ေတာက္ရကေတာ့ ေအာက္ဆုံးမွာရွိတဲ့ ေတာင္နံရံထဲကေန ထြက္လာတဲ့ နာနာဘာဝေတြကို တိုက္ထုတ္ရင္း ေနာက္ခ်န္ေနခဲ့ၾကတယ္။ ေမာင္စမနဲ႔ ျမဒင္ကေတာ့ ေခ်ာက္ကမ္းပါးထဲကို မျပဳတ္က်ဖို႔အတြက္ ေဘးပတ္လည္မွာေပါက္ေနတဲ့ သစ္ပင္သစ္ကိုင္းေတြကိုဆြဲယူရင္း ေအာင္ျမတ္သာရဲ႕ ၫႊန္ၾကားခ်က္ကိုေစာင့္စားေနခဲ့တယ္။

က်န္တဲ့သူေတြအားလုံး အတားအဆီးအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရေပမယ့္ ေအာင္ျမတ္သာကေတာ့ ဘာမွမျဖစ္တဲ့ဟန္နဲ႔ ေတာင္ခါးပန္းတစ္ေနရာမွာ မ်က္လုံးကိုစုံမွိတ္ၿပီး ႏႈတ္ကေန ဂါထာတစ္ပုဒ္ကို မရပ္မနား႐ြတ္ဖတ္ေနခဲ့တယ္။

” ဆရာ … နတ္ကြန္းပတ္ပတ္လည္မွာ မွင္စာေတြအမ်ားႀကီးပိတ္ထားတယ္ဗ်၊ ကြၽန္ေတာ္ ဘာဆက္လုပ္ရမလဲ”

ေတာင္ေပၚကေန ေအာ္ေနတဲ့ ေမာင္ေကာင္းအသံေၾကာင့္ ေအာင္ျမတ္သာက ႐ြတ္ေနတာကိုရပ္လိုက္ၿပီး

” ျမဒင္နဲ႔ စမ အေပၚကိုလိုက္သြား… အေပၚေရာက္ရင္ အင္းဆြဲကညစ္ကိုထုတ္ၿပီး မွင္စာေတြကို ျပလိုက္… အဲဒီလိုျပတဲ့အခါ မွင္စာေတြထဲက တစ္ေကာင္က ေၾကာက္လန႔္တဲ့ဟန္ျပၿပီး အေနာက္ကိုဆုတ္သြားလိမ့္မယ္၊ သူ႔ကိုဖမ္းႏိုင္ရင္ နတ္ကြန္းကိုထိန္းခ်ဳပ္လို႔ရၿပီ” လို႔ေျပာလိုက္ေတာ့ ေမာင္စမနဲ႔ ျမဒင္က ေတာင္နံရံကိုအားယူကာ အေပၚကိုလိုက္တက္သြားခဲ့တယ္။

အေပၚလဲေရာက္ေရာ ဟသၤာျပဒါးေတြလို နီရဲေနတဲ့ မွင္စာငယ္ေလးေတြက အသံမ်ိဳးစုံေပးၿပီး ေမာင္ေကာင္း အနားကိုတိုးကပ္ဖို႔ႀကိဳးစားေနတာျမင္ေတာ့ ေမာင္စမက

” ဟိတ္ ငပုေကာင္ေတြ ဒီမွာၾကည့္စမ္း” လို႔ေျပာၿပီး ကညစ္တံကို ေထာင္ျပလိုက္ရာ အေကာင္ေပါင္းမ်ားစြာထဲက နဖူးမွာ ဘုသီးတစ္လုံးထြက္ေနတဲ့ မွင္စာတစ္ေကာင္ အေနာက္ကိုဆုတ္ကာထြက္ေျပးသြားတာျမင္လိုက္ရတယ္။

” ထြက္ေျပးသြားတဲ့ေကာင္ကို မလြတ္ေစနဲ႔ ဖမ္းဟ”

ျမဒင္က လက္ညိဳးထိုးကာေအာ္ရင္း ကညစ္တံကို ေျပာင္းျပန္ကိုင္ကာ မွင္စာအုပ္ထဲကို တိုးဝင္သြားခဲ့တယ္။

” ေဖာက္ ပေတာက္ ပေလာက္” ဆိုတဲ့အသံနဲ႔အတူ ကညစ္တံနဲ႔ထိတဲ့မွင္စာေတြအားလုံး အေငြ႕အျဖစ္ေပ်ာက္ကြယ္သြားတာျမင္ေတာ့ နဖူးမွာဘုသီးပါတဲ့မွင္စာက ေနာက္ကိုလွည့္မၾကည့္ေတာ့ပဲ ထိပ္ဆုံးမွာရွိတဲ့ ေတာင္ေပၚကို တက္ေျပးပါေလေရာ။

လွ်စ္ခနဲ လွ်စ္ခနဲ ေျပးသြားတဲ့အရွိန္ေၾကာင့္ ျမဒင္ခဗ်ာ ဘယ္လိုမွမလိုက္ႏိုင္ပဲရွိေနတဲ့အခ်ိန္ ေမာင္ေကာင္းလက္ထဲမွာကိုင္ထားတဲ့ ကညစ္တံက အနည္းငယ္လႈပ္ရွားလာတာကို သတိထားမိခဲ့တယ္။

” ဟင္ ကညစ္တံထိပ္မွာရွိတဲ့ ယကၡ႐ုပ္ထုက လႈပ္ေနပါလား”

ေမာင္ေကာင္းက အံ့ဩတစ္ႀကီးေရ႐ြတ္ရင္း အေပၚမွာေျပးေနတဲ့ မွင္စာကိုလက္ညိဳးထိုးကာ

” ထြက္ေျပးသြားတဲ့ေကာင္ေနာက္ကို ထပ္ခ်ပ္မကြာလိုက္ဖမ္းေစ”လို႔အမိန႔္ေပးလိုက္ရာ ကညစ္တံထိပ္မွာထုထားတဲ့ယကၡပုံက အေပၚကိုပ်ံတက္သြားၿပီး ေလထဲမွာပင္ ထန္းတစ္ပင္ေလာက္ရွိတဲ့ အေကာင္အျဖစ္ေျပာင္းသြားခဲ့တယ္။

ေတာင္ေပၚမွာပတ္ေျပးေနတဲ့ မွင္စာလဲ သူ႔အေရွ႕မွာပိတ္ရပ္ထားတဲ့ ယကၡကိုျမင္ေတာ့ ေရွ႕ဆက္မတက္ေတာ့ပဲ ျပန္လွည့္လာတဲ့အခ်ိန္ ျမဒင္က အင္းဆြဲကညစ္တံရဲ႕ထိပ္နဲ႔ နဖူးကိုေထာက္ကာ ဖမ္းဆီးခဲ့တယ္။

အဲဒီအခ်ိန္ မိုးသားတိမ္လိပ္ေတြၾကားထဲကေန တင္းပုတ္ကိုယ္စီကိုင္ထားတဲ့သူငါးဦး ခုန္ဆင္းလာၿပီး အစိမ္းေရာင္ပဝါစည္းထားတဲ့ပုဂၢိဳလ္က

” တယ္ ရာရာစစ ငါတို႔ပိုင္နက္ကိုလာၿပီး ေစာ္ကားေနတဲ့ ဆရာစုတ္ေတြ ေသဖို႔ျပင္ထားၾက” လို႔ႀကိမ္းဝါးရင္း ေျမႀကီးကို တင္းပုတ္နဲ႔ထုလိုက္ရာ အ႐ိုးေျခာက္အေကာင္ေပါင္းမ်ားစြာ ေျမႀကီးထဲကေန ထိုးထြက္လာခဲ့တယ္။

အဲဒီအခ်ိန္ ေတာင္ေအာက္မွာရွိေနတဲ့ ေအာင္ျမတ္သာတို႔ ေရာက္လာကာ တိုးဝင္လာတဲ့ အ႐ိုးေျခာက္ေတြၾကားထဲကို အင္းတစ္႐ြက္ပစ္ထည့္ကာ ဂါထာတစ္ပုဒ္ကိုမန္းမႈတ္လိုက္တယ္ဆိုရင္ပဲ အင္းစာ႐ြက္ထဲကေန အမွ်င္အတန္းေတြထြက္ေပၚလာၿပီး အ႐ိုးေျခာက္ေတြအားလုံးကို လႈပ္မရေအာင္ ဖမ္းခ်ဳပ္ထားခဲ့တယ္။

” ျမဒင္ မင္းရဲ႕နတ္မ်က္စိနဲ႔ၾကည့္ၿပီး မူလနတ္ကြန္းကိုရွာၾကည့္ပါ”

ေအာင္ျမတ္သာစကားေၾကာင့္ နတ္ကြန္းကိုရွာၾကည့္ရာ ဂဝံေက်ာက္နဲ႔တူတာဆိုလို႔ ဘာတစ္ခုမေတြ႕ခဲ့ဘူး။

” သူတို႔ ဖြက္ထားတာမ်ားလားဆရာ”

” မဟုတ္ဘူး နတ္ကြန္းက ဒီေနရာမွာပဲေသခ်ာေပါက္ရွိရမွာ”

” ဟားဟားဟား ငါတို႔နတ္ကြန္းက စတုမဟာရာဇ္နတ္မင္းေတြကိုယ္တိုင္ ဖန္ဆင္းေပးထားတာမို႔ နင္တို႔လိုဆရာေတြမေတြ႕တာေနမွာ” ဆိုၿပီးေျပာလိုက္တဲ့အသံကိုၾကားလိုက္ရတယ္။

” ဒါဆိုေတာ့လဲ နတ္မင္းေတြကိုပင့္ဖိတ္ၿပီး နတ္ကြန္းကိုျပန္သိမ္းခိုင္းရမွာပဲ… ဘာလို႔ဆိုေတာ့ သင္တို႔က ကိုယ့္ကိုအပိုင္စားေပးထားတာကိုအခြင့္ေကာင္းယူၿပီး သတၱဝါေတြကို ဒုကၡေပးတဲ့အျပင္ တရားအားထုတ္ဖို႔လာၾကတဲ့ သူေတာ္စင္ေတြကိုလဲ စိတ္ေျခာက္ခ်ားေအာင္ျပဳလုပ္တာေၾကာင့္ ဝိဇၨာအခ်ဳပ္ဆရာႀကီးေတြကိုယ္တိုင္ သင္တို႔ကိုဆုံးမေပးဖို႔ ေစလႊတ္ခဲ့တာပဲ”

ေအာင္ျမတ္သာစကားအဆုံးမွာ ေတာင္ေစာင့္နတ္ငါးပါးက စိတ္ဆိုးေဒါသထြက္တဲ့ဟန္နဲ႔ ဖေနာင့္တစ္ခ်က္ေပါက္လိုက္ရာ မဲေမွာင္ေနတဲ့ တိမ္တိုက္ေတြၾကားထဲကေန အက္စစ္မိုးေတြ႐ြာခ်လာခဲ့တယ္။ မိုးေရစက္ေတြထိတဲ့သစ္ပင္ႀကီးငယ္ေတြအကုန္ တစ္မဟုတ္ခ်င္းညိဳးႏြမ္းသြားေပမယ့္ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြကေတာ့ မွဲ႔တစ္ေပါက္ေတာင္မစြန္းပဲ ရွိေနတာေၾကာင့္ အမ်က္ေဒါသေတြတလိပ္လိပ္တက္လာခဲ့တယ္။

” ဆရာ သူတို႔ကို ေမတၱာနဲ႔ဆုံးမလို႔ရမွာမဟုတ္ဘူးေနာ္…”

ေမာင္စမရဲ႕ တီးတိုးစကားေၾကာင့္ ေအာင္ျမတ္သာက ေခါင္းတစ္ဆတ္ဆတ္ၿငိမ့္ၿပီး ေၾကးျပားတစ္ျပားကိုထုတ္ကာ ေတာင္ေစာင့္နတ္ငါးပါးရွိတဲ့ဘက္ကို ပစ္လႊတ္လိုက္တယ္။

အင္းျပားက ေလထဲမွာဝဲပ်ံရင္းကေန ပိုးသားႀကိဳးေတြျဖာထြက္လာၿပီး ေတာင္ေစာင့္နတ္ငါးပါးရဲ႕ကိုယ္ေပၚမွာသြားေရာက္ရစ္ပတ္ေနခဲ့တယ္။

” ငါတို႔ကို ဒီလို ပညာေလာက္နဲ႔ ဖမ္းလို႔ရမယ္ထင္ေနတာလား ဟမ္”

မ်က္လုံးေတြနီရဲၿပီး ေၾကာက္မက္ဖြယ္အသံနဲ႔ေအာ္ေနရာကေန ႐ုန္းလိုက္ရာ ရစ္ပတ္ထားတဲ့ႀကိဳးေတြတစ္ေဖ်ာင္းေဖ်ာင္းနဲ႔ျပတ္ထြက္သြားခဲ့တယ္။ ေႏွာင္ႀကိဳးေတြျပတ္ထြက္သြားတာနဲ႔ တစ္ၿပိဳင္နက္ တင္းပုတ္ကိုင္ထားတဲ့ နတ္ငါးပါးက ေအာင္ျမတ္သာတို႔ဆီေျပးဝင္လာၿပီး တင္းပုတ္ႀကီးေတြနဲ႔ တိုက္ခိုက္ပါေလေရာ။

ေတာ္႐ုံနတ္ပုဂၢိဳလ္ေတြအေနနဲ႔ ေအာင္ျမတ္သာအနားကို ကပ္လို႔မရေပမယ့္ ဒီနတ္ငါးပါးကေတာ့ အနားထိေရာက္လာၿပီး တိုက္ခိုက္ေနတာေၾကာင့္ ပါလာတဲ့သူေတြအကုန္အံ့ဩၿပီး တန္ျပန္တိုက္ရမယ့္အင္းကိုေတာင္ထုတ္ဖို႔ေမ့သြားခဲ့တယ္။

အဲဒီအခ်ိန္ ေမာင္ေကာင္းအေနနဲ႔ တင္းပုတ္ဒဏ္ကိုေရွာင္တိမ္းရင္း ေျခေထာက္ေခ်ာ္က်သြားတဲ့အခ်ိန္ လြယ္အိတ္ထဲမွာပါတဲ့ ကညစ္တံက ေျပးဝင္လာတဲ့ ေတာင္ေစာင့္နတ္ရဲ႕ ခႏၶာကိုယ္ကိုထိုးစိုက္သလိုျဖစ္သြားခဲ့တယ္။

” အမေလး ပူတယ္ ပူတယ္… ေနာင္ေတာ္တို႔ကယ္ၾကပါဦး” ဆိုၿပီး လူးလိမ့္ေနတာျမင္ေတာ့ ေအာင္ျမတ္သာကလြဲၿပီး က်န္တဲ့သူေတြအားလုံး ကညစ္တံကိုဆုပ္ကိုင္ကာ က်န္ေနတဲ့ နတ္သားေလးပါးဆီကိုေျပးဝင္သြားခဲ့တယ္။ ဒီတစ္ခါေတာ့ ႏွစ္ေပါင္းမ်ားစြာ ဆရာေပါင္းမ်ားစြာအသုံးျပဳခဲ့တဲ့ အင္းဆြဲကညစ္ရဲ႕သိဒၶိေတြက ျပန္လည္ႏိုးထလာၿပီး အခိုးေငြ႕ေတြ တေထာင္းေထာင္းထလာခဲ့တယ္။

ကညစ္တံရဲ႕အစြမ္းကို မ်က္ဝါးထင္ထင္ျမင္လိုက္ရတဲ့ ေတာင္ေစာင့္နတ္ေတြကေတာ့ အနည္းငယ္ေၾကာက္လန႔္သြားၿပီး အေနာက္ကိုဆုတ္သြားခဲ့တယ္။

အဲဒီအခ်ိန္ အခြင့္ေရးကိုေစာင့္ေနတဲ့ ေအာင္ျမတ္သာက သိဒၶီတင္ထားတဲ့ ကြန္ျခာအင္းကို ေတာင္ေစာင့္နတ္မင္းထဲက တစ္ပါးဆီပစ္လႊတ္လိုက္တာျမင္ေတာ့ က်န္တဲ့သူေတြကလဲ အသင့္ေရးဆြဲခဲ့တဲ့ ကြန္ျခာအင္းေတြကိုထုတ္ကာ ေတာင္ေစာင့္နတ္ေတြရွိရာဘက္ကိုပစ္လႊတ္ခဲ့တယ္။

ေတာင္ေစာင့္နတ္ေတြ အားလုံး ကြန္ျခာအင္းထဲမွာ ဖမ္းမိၿပီး ႐ုန္းကန္ေနတဲ့အခ်ိန္ ေတာင္နံရံမွာရွိတဲ့ ေျမသားေတြဝုန္းခနဲၿပိဳက်လာၿပီးအထဲမွာေတာ့ အလြန္ကိုၾကည္ညိဳဖြယ္ေကာင္းတဲ့ ရဟန္းတစ္ပါးပုံကို ေ႐ႊသားအတိၿပီးေအာင္ ထုဆစ္ထားတာကိုျမင္လိုက္ရတယ္။ ရဟန္း႐ုပ္ထုေဘးမွာေတာ့ ေက်ာက္မ်က္ရတနာေတြနဲ႔တည္ေဆာက္ထားတဲ့ တစ္ပါးေက်ာင္းေလးတစ္ခုရဲ႕ပုံတူရွိေနခဲ့တယ္။

ဒီျဖစ္စဥ္ကိုျမင္ေတာ့ စိတ္ဆိုးေဒါသထြက္ကာ ႐ုန္းကန္ေနၾကတဲ့ ေတာင္ေစာင့္နတ္ေတြအားလုံး ၿငိမ္သက္သြားၿပီး ခက္ထန္တဲ့မ်က္ႏွာထားေတြကေန ႏူးညံ့တဲ့အသြင္ကိုေျပာင္းလဲလာခဲ့တယ္။

တကယ္ေတာ့ ဒီ႐ုပ္ထုနဲ႔တစ္ပါးေက်ာင္းပုံတူက ညီေနာင္ငါးပါးေတာင္ေစာင့္နတ္စျဖစ္စဥ္က မိမိတို႔စိတ္႐ိုင္းေတြဝင္တဲ့အခါ ထိန္းႏိုင္ဖို႔ထုဆစ္ပူေဇာ္ထားတာျဖစ္ေပမယ့္ အခ်ိန္ၾကာလာတာနဲ႔အမွ် မေကာင္းတဲ့စိတ္ဘက္မွာသာ ေပ်ာ္ေမြ႕လာတာေၾကာင့္ နဂိုထားရွိခဲ့တဲ့ကတိေတြကိုေဖာက္ဖ်က္ကာ ႐ုပ္ထုကိုဖြက္ထားခဲ့ၾကတာျဖစ္တယ္။

” အသင္တို႔ ညီေနာင္ငါးပါးက အတိတ္ဘဝမွာ ျပဳခဲ့တဲ့ကုသိုလ္အဟုန္ေၾကာင့္အခုလို ေနထိုင္ရတာကို ဘာေၾကာင့္မ်ားမာန္တက္ေနရတာလဲ”

ေအာင္ျမတ္သာစကားကိုၾကားေတာ့ အငယ္ဆုံးေတာင္ေစာင့္နတ္က ခ်ဳပ္ေႏွာင္ခံထားရတဲ့ၾကားထဲကေန အံကိုႀကိတ္ဖေနာင့္ကိုေပါက္ၿပီး မေက်မနပ္ျဖစ္ဟန္လုပ္ျပေနခဲ့တယ္။ အဲဒီအခ်ိန္ အသက္အႀကီးဆုံးေတာင္ေစာင့္နတ္က ေ႐ႊအတိၿပီးတဲ့ ရဟန္း႐ုပ္ထုကို ေစာင္းငဲ့ၾကည့္ကာ

” ညီေနာင္တို႔ ငါတို႔ကလမ္းမွားေနၿပီ… ဒါေၾကာင့္စိတ္ကိုျပန္ထိန္းၾကဖို႔လိုမယ္၊ ဒီလိုမွမဟုတ္ရင္ ငါတို႔ကုသိုလ္အရွိန္ကုန္တာနဲ႔ ငရဲကိုတန္းၿပီးဆင္းရမွာမလြဲဧကန္ပဲ”

” ေနာင္ေတာ္ ဘာေတြေျပာေနတာလဲ က်ဳပ္တို႔က ဒီေတာ ဒီေတာင္မွာ ေနထိုင္ရမယ့္ရက္ေတြအမ်ားႀကီးက်န္ေနေသးတာမဟုတ္လား”

” ဘယ္လိုပဲက်န္ရွိပါေစ အခ်ိန္တန္ရင္ ျပည့္လာမွာပဲေလ၊ ဒါေၾကာင့္ ဆရာေတာ္က ငါတို႔စိတ္ေတြကို ထိန္းသိမ္းႏိုင္ဖို႔ ႐ုပ္ထုနဲ႔ ေက်ာင္းသကၤန္းကို ထုဖို႔မွာခဲ့တာမဟုတ္လား”

႐ုတ္တရက္ဆိုသလို ေျပာင္းလဲသြားတဲ့ ေတာင္ေစာင့္နတ္မင္းေတြကိုၾကည့္ၿပီး ေအာင္ျမတ္သာတို႔အားလုံး ဝမ္းသာသြားၾကတယ္။

အဲဒီအခ်ိန္…

” အင္းဆြဲကညစ္တံနဲ႔ ေတာင္ေစာင့္နတ္မင္းေတြရဲ႕ နဖူးကိုေထာက္ၿပီး စိတ္႐ိုင္းေတြထုတ္ေပးလိုက္” ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။

ေအာင္ျမတ္သာတို႔လဲ အသံၾကားတာနဲ႔ ခ်ဳပ္ေႏွာင္ခံထားရတဲ့ ေတာင္ေစာင့္နတ္မင္းေတြရဲ႕ နဖူးျပင္ကို အင္းဆြဲကညစ္တံနဲ႔ေထာက္လိုက္ရာ မီးခိုးေရာင္အခိုးေငြ႕ေတြထြက္ေပၚလာခဲ့တယ္။ ညိဳညစ္ညစ္အခိုးေငြ႕ေတြတစ္ေျဖးေျဖးကုန္လာခ်ိန္မွာေတာ့ ေတာင္ေစာင့္နတ္ေတြရဲ႕ စိတ္အေျခအေနက အရင္ထက္ပိုၿပီး ႏူးညံ့သိမ္ေမြ႕လာခဲ့ကိုျမင္လိုက္ရတယ္။

ေအာင္ျမတ္သာတို႔လဲ ေတာင္ေစာင့္နတ္မင္းေတြကို နားဝင္ေအာင္ေျပာဆိုဆုံးမၿပီး ေတာင္ေအာက္ကိုျပန္ဆင္းလာခ်ိန္မွာေတာ့ နားထဲမွာ ဝူးဝူးဝါးဝါးနဲ႔ေအာ္ဟစ္ေနတဲ့အသံအျပင္ ဌာန္နဲ႔မာန္နဲ႔ အမိန႔္ေပးေနတဲ့ အဘြားအိုတစ္ဦးရဲ႕အသံကိုၾကားလိုက္ရတယ္။

သက္ခိုင္နဲ႔ေတာက္ရတို႔ကေတာ့ မိမိတို႔တာဝန္ၿပီးဆုံးၿပီမို႔ ဆရာျဖစ္သူကိုႏႈတ္ဆက္ကာ မဟာၿမိဳင္ေတာထဲျပန္ထြက္သြားခဲ့ၾကသလို ေမာင္စမနဲ႔ ျမဒင္ကလဲ သူတို႔ေပ်ာ္ေမြ႕ရာ အရပ္ေဒသအသီးသီးကိုျပန္လည္ထြက္ခြာသြားခဲ့ၾကတယ္။

ေနာက္ဆုံးမွာေတာ့ ေအာင္ျမတ္သာနဲ႔ ေမာင္ေကာင္းတို႔ႏွစ္ေယာက္သာ ကလိန္ငါးဆင့္ေတာင္ေအာက္မွာက်န္ရစ္ခဲ့တယ္။ ဆရာတပည့္ႏွစ္ေယာက္လဲ ကလိန္ငါးဆင့္ေတာင္ကေနထြက္လာၿပီးေနာက္ပိုင္း သမန္းကုန္း႐ြာေလးကိုေရာက္လာခဲ့တယ္။ သမန္းကုန္း႐ြာကိုေရာက္ေနတဲ့အခ်ိန္ ဘယ္လိုျဖစ္ရပ္ဆန္းေတြနဲ႔ႀကဳံေတြ႕ရမလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္အာဠာဝကေမွာ္အင္းဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္

ေဇယန(ရာမည)

#မူရင္းေရးသားေသာသူမ်ားႏွင့္
စာေရးဆရာ-ေဇယန(ရာမည)အားေလးစားလ်က္ေမတၱာျဖင့္မွ်ေဝသည္။🙏🙏🙏

🔰(Like & Share ေလးနဲ႔အား ေပးသြားခဲ့ၾကပါ)🔰

No comments

Post a Comment