သရဲမြင်နိုင်သည့်ကလေး

  သရဲမြင်နိုင်သည့်ကလေး ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းရှိ မြို့နဲ့ဝေးကွာသော ပအိုဝ်းရွာလေးတစ်ရွာတွင် ဦးမြတင့်နဲဒေါ်အေးမေဟူသော ဇန... thumbnail 1 summary

 သရဲမြင်နိုင်သည့်ကလေး


ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းရှိ မြို့နဲ့ဝေးကွာသော
ပအိုဝ်းရွာလေးတစ်ရွာတွင် ဦးမြတင့်နဲဒေါ်အေးမေဟူသော ဇနီးမောင်နှံရှိသည်။သူတို့သည်အသက်ကြီးသည့်တိုင် ကလေးတသ်ယောက်မှမရသေးချေ။ကလေးလေးတစ်ယောက်ပေးသနားရန် ဘုရားမှာဆုတောင်းရသည်မှာလည်းအကြိမ်ကြိမ်၊ဟိုဗေဒင်သည်ဆရာများထံ၊ဟိုနတ်သည်နတ်များထံပူဇောပသပြီးကလေးတောင်းရသည်မှာလည်း နတ်များပင်နားပူနေလောက်သည်။သို့သော်နှစ်ယောက်၏မျှော်လင့်ချက်များကဖြစ်မလာခဲ့ချေ။မိရိုးဖလာအတိုင်းကလေးတောင်းမရတော့ရွာနဲ့အလွန်ဝေးကွာသော မြို့ဆေးရုံကိုကလေးမရနိုင်လောက်သည့်ချို့ယွင်းချက်များရှိမရှိသွားရောက်စစ်ဆေးကြည့်သည်။ထိုခေတ်အခါကဆေးရုံဆေးခန်းဟူသည်ကား မခေတ်စားသေးသောအရာတစ်ခု။ဆေးရုံသွားပြကြည့်သော်လည်း ကလေးမရနိုင်လောက်သည့်ချို့ယွင်းချက်တစ်ခုမှမရှိပေ။လင်မယားနှစ်ယောက် ခေါင်းငိုက်စိုက်ဖြင့်မြို့မှရွာကိုပြန်လာသည့်တောလမ်းလေးအတိုင်း နေပူကျဲကျဲထဲချွေးဒီးဒီးဖြင့်ပြန်လာခဲ့ကြ၏။ရှေးဘဝကုသိုလ်ကံကြောင့်ကလေးမရနိုင်တာနေမှာဟုတွေးရင်း ဖြေသိမ့်ခဲ့ကြ၏။ဝမ်းဆွဲဆရာမထံသို့သွားရသည်မှာလည်း ချောင်းပင်ပေါက်လုမတတ်ဖြစ်နေပေပြီ။ကလေးရနိုင်မည့်အရိပ်အယောင်မတွေ့။သို့ကြောင့်လက်လျော့ကာကလေးမွေးစားကြရန် လင်မယားနှစ်ယောက်တိုင်ပင်လိုက်ကြသည်။သို့သော်ထိုညတွင်ကား ဖွားမေသည် ထူးဆန်းသောအိပ်မက်အားမြင်မက်လေသည်။
သူမသည် ရွာပြင်တောထဲတွင်မှိုရှာမျှစ်ရှာရန်ပလိုင်းတစ်လုံးနဲ့ဓားကောက်တချောင်းကိုယူ၍ထွက်လာခဲ့သည်။အဖော်မပါသူမတစ်ဦးတည်းသာ။တောထဲသို့ရောက်သည်နဲ့ဝါးရုံအောက်မှ မျှစ်တုံးတို့ကားတစ်စို့ပြီးတစ်စို့ချိုးယူ၍မကုန်နိုင်အောင်ပေါက်နေကြ၏။သူမလည်းဝမ်းသာအားရဖြင့် မျှစ်ချိုးနေစဉ်ဝါးရုံအနောက်ဘက်မှ ဝါးကပ်များဝါးရွက်ခြောက်များနင်းလာသည့်
ချွက်ချွက်အသံများကြားရသဖြင့် သူမချောင်းကြည့်လိုက်ရာ သူမရှိရာသို့ဦးတည်လာနေသော ခေါင်းတုံးပြောင်ပြောင်ဗိုက်ရွှဲရွှဲဖိုးသူတော်တစ်ယောက်အားတွေ့ရလေ၏။ဖိုးသူတော်၏လက်ထဲတွင်ကားကြေးစည်ကိုင်ထားသည်မဟုတ်ဘဲ အဝတ်ဖြူစဖြင့်ပတ်ထားသည့် အထုပ်ကလေးပိုက်ထား၏။သူမကြည့်နေရင်းပင် ဖိုးသူတော်ကြီးသည် သူမရှေ့သို့ရောက်ချလာပြီး
"တူမကြီး ....."
သူမသည်သူခိုးလူမိသလိုရှက်ကိုးရှက်ကန်းဖြစ်သွားပြီး
"ရှင့်အဘ"
"တူမကြီးတို့ကလေးလိုချင်ကြလားကွဲ့"
ထိုစကားကြားလိုက်သည်နဲ့သူမသည်
ဝမ်းသာအားရဖြင့်"အို!ဘယ့်နှယ့်မေးလိုက်တာလဲအဘရယ်...ကျွန်မတို့လင်မယားက ကလေးရူးတွေပါကလေးလိုချင်လန်းလို့ သူများတွေညွန်သမျှနေရာသွားတာလည်းစုံနေပါပြီအဘရယ်...ဒါပေမဲ့
ကလေးကကျွန်မတို့ဆီမနေချင်တာနဲ့တူကာတယ် ကလေးရှိမလာဘူး"
သူမကထိုသို့သိမ်ငယ်စွာပြောလိုက်သော်
ဖိုးသူတော်ကြီးသည် သူမအားပြုံးလျှက်ကြည့်ပြီး" အဘကတူမကြီးကိုဒီကလေးလေးပေးခဲ့မယ်ဆိုရင်ကော"
ဖိုးသူတော်ကြီးကထိုသို့ပြောပြီးသူ့လက်ထဲမှအဝတ်ဖြူစဖြင့်ဖုံးထားသော အနှီးထုပ်အားဖြေချလိုက်သည်။
"ဟယ်တော့.....ကလေးလေးပါလား
ချစ်စရာလေးတော်ဖြူဖြူတုတ်တုတ်လေး"

"တူမကြီးဒီကလေးလေးကိုခေါ်ထားနိုင်မလား....ဒီကလေးကလူသူကိုကောင်းကျိုးပြုမဲ့ကလေးလေးပါ"
"ဟာ....ကျွန်မ ကိုပေးမယ်ဟုတ်လား...
ယူမယ်ဒီကလေးလေးကိုကျွန်မယူမယ်...
ဟယ်တော်...ကလေးလေးကရယ်နေတယ်.....အသဲယားလိုက်တာ..."
ဒေါ်အေးမေသည်ဖိုးသူတော်ကြီးကမ်းပေးသောကလေးလေးကိုလှမ်းပွေ့လိုက်လျှင်ကလေးလေးသည်သူမအားရီပြနေ၏။
ဖိုးသူတော်ကြီးသည် ဒေါ်အေးမေအား"တူမကြီး ဒီကလေးကိုသေချာစောင့်ရှောင်ကျွေးမွေးပါလေ....ဒီကလေးရဲ့လျှာပေါ်မှာအစက်သုံးစက်ပါတယ်...ဆိုလိုတာကဒီကလေးဟာအတော်အာဏာရှိလိမ့်မယ်သူပြောသမျှအမိန့်တစ်ခုလိုဖြစ်နေလိမ့်မယ်..... ြပြီးတော့ သူ့မှာထူးခြားချက်ရှိသေးတယ် အဲဒါကကတော့ဒီကလေးကြီးလာတဲ့အခါတူမကြီးတို့သိလိုက်မယ်..."
ဆိုပြီဒေါ်ဒေားမေအားကလေးကမ်းပေးကာ
ဖိုးသူတော်ကြီးသည်အနောက်ဘက်ဝါးရုံထဲသို့ပြန်လည်ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ဒေါ်အေးမေလည်းကလေးအေားပိုက်ပြီး တောထဲမှပြန်ထွက်လာခဲ့သည်။
"မိန်းမ.. မိန်းမ ရေထတော့ဟမိုးစင်စင်လင်းနေပြီ...ဒီမနက်ကျမှဘာလို့နောက်ကျတဲ့ထိအိပ်နေမိပါလိမ့်"
ဦးမြတင်သည်ထိုသို့ည ည်းလိုက်ပြီးမိန်းမဖြစ်သူအားလှုပ်နိုးလိုက်သည်။ထိုအချိန်မှဒေါ်အေးမေသည်မိမိအိပ်မက်မပ်နေမှန်းသိလိုက်ရသည်။အိပ်မက်သည်တကယ်လိုလိုဖြစ်နေသဖြင့် သူမလက်နဲ့ချီခဲ့သောကလေးရှိလိုရှိငြား စောင်များကိုလှန်လှောကာရှာဖွေလိုက်သေးသည်။သူမ၏အပြုအမူကထူးဆန်းသောကြောင့်လင်ဖြစ်သူဦးမြင့်တင်က"ဟဲ့မအေးမေ...ဘာတွေရှာနေတာလဲဆွမ်းသွားချက်တော်ယ့လေကွယ်".
"အို..ရှင်ကလည်းကျွန်မချက်မှာပါ...ကျွန်မ ကအိပ်မက်ထဲကလေ းလေးရှိလိုရှိငြားရှာနေတာပါတော်..."
"ဟဲ့...ရူးနေသလားမအေးမေအိပ်မက်ထဲကဟာအပြင်မှာရှာလို့တွေ့ပါ့မလားရှင်မရယ်"
"မဟုတ်ဘူးတော်ရ...အိပ်မက်ထဲမှာလေဖိုးသူတော်ကြီးကကျုပ်ကိုဖြူဖွေးတုတ်ခိုင်တဲ့ကလေးလေးပေးတယ်တော့စောင့်ရှောက်ဖို့လဲသေချာမှာလိုက်တာ...."
"ဖိုးသူတော်ကြီးဟုတ်လား...နင်အဲ့လို့ပေါမှငါလည်းမနေ့ညကဖိုးသူတော်ကြီးကိုအိပ်မက်မက်တယ်ဟ... ြပြီးတော့သူကပြောသေးတယ်သားရှင်ဖြစ်တော့မှာမို့ပိုပြီးအလုပ်ကြိုးစားရမယ်တဲ့.....ငါ့အိပ်မက်နဲ့မင်းအိပ်မက်ကိုဆက်လိုက်ရင်.. ဟာ...
ငါတို့...ငါတို့ကလေးရတော့မယ်ဟမအေးမေရ.....ဟား....ကလေး ကလေးရတော့မယ်"
ထိုအခါမှမအေးမေလည်းသဘောပေါက်သွားပြီး"ဒါဆို..ကျုပ်ကိုယ်ဝန်ဆောင်ပြီပေါ့...ကလေးအမေဖြစ်ရတော့မယ်ပေါ့....ဟီး..... ယောကျာ်းရေ...ရှင့်ကိုချစ်တယ်တော့..မွမွ..."
အရွယ်မငယ်တော့သော်လည်း ကလေးလေးရတော့မည်ဆိုသောစိတ်ဖြင့်မအေးမေသည် ကလေးလေးတစ်ယောက်ပမာခုန်ပေါက်ပြီး...လင်ဖြစ်သူအားရွှတ်ကနဲဖက်နမ်းလိုက်သည်။ပြီးလျှင်အပြင်သို့ထွက်သွားပြီးဆွမ်းချက်ရန်ပြင်ဆင်တော့သည်။အိပ်ခန်းထဲတွင်ကျန်ရစ်ခဲ့သော ဦးမြတင်သည်ကား မိန်းမ ကရွှတ်ခနဲနမ်းလိုက်သောကြောင့် ကြောင်တောင်တောင်ဖြစ်ကာ မိန်းမ ဖြစ်သူ နမ်းသောနေရာအားလက်ဖြင့်ပွတ်ပြီး ရင်ထဲ၌ ကလေးအဖေဖြစ်တော့မည်ဟူသော အတွေးကစိုးမိုးနေတော့သည်။
ထင်သည့်အတိုင်းပင် မအေးမေသည်အစားအသောက်ပျက်ပြီး အန်နေသည်။
ပို၍တိကျသွားစေရန် လက်သည်အမေကြီးဖွားရန်အားသွားပြကြည့်ရာ အမှန်ပက်ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းသိရလေသည်။မအေးမေကိုယ်ဝန်ရှိသောအခါ သူမသည် ဘုရားအမြဲရှိခိုးလိုသောချဉ်ခြင်းဖြစ်လေ၏။ဘုရားသောက်တော်ရေ၊ဆွမ်း၊ဆီမီးအမွှေးနံသာတိုင်အမြဲမပြတ်လှူဒါန်း၏။ကိုမြင့်တင်လည်း အလုပ်ကိုနှစ်ဆပိုလုပ်၏။ရက်စေ့လစေ့သောခါ လက်သည်ဖွားရန်၏အကူအညီဖြင့်ပင် ဖြူဖွေးတုတ်ခဲသော ရာဟုသားလေးအားအောင်မြင်စွာမွေးဖွားလေ၏။ဖိုးသူတော်၏ စကားအတိုင်းပင်သားလေးသည် လျှာတွင်အစက်သုံးစက်ပါ၏။သားလေးမွေးသည့်အချိန်မှာပင်ပတ်ဝန်းကျင်မှနောင်ဝေဝေဟူသောကြေးစည်သံအား ြကြားရလေ၏။မမေလည်း ဖိုးသူတော်ကြီးသည်မိမိ၏သားဖြသ်သူအားလာရောက်ကောင်းချီးပေးနေသည်ဖြစ်ကြောင်းမှတ်ကာစိတ်ထဲမှဖိုးသူတော်ကြီးအားရည်မှန်းကန်တော့လိုက်၏။
သားလေးတစ်လပြည့်သောအခါ ကိုမြတင့်နဲ့မအေးမေတို့သည်ဆွမ်းချိုင့်ပြင်ပြီးသားလေးကိုပွေ့ကာ ရွာဦးဘုန်းကြီးကျောင်းသို့ဦးတည်သွားလေ၏။ဘုန်းကြီးကျောင်းသို့ရောက်လျှင်ဆွမ်းချိုင့်လှယ်ပြီးဆရာနော်ဥူးမေဓာဝီသီတင်းသုံးရာ ကျောင်းအပေါ်ထပ်သို့တပ်လာခဲ့ကြ၏။ဆရာတော်ဥူးမေဓာဝီသည်သူတို့အားမြင်လျှင်
" ရောက်လာကြပြီလားဒကာကြီးတို့...လာလာ..."
သူတိုနှစ်ယောက်လုံးဘုရားနဲ့ဆရာတော်အားဦးချကန်တော့ပြီးကိုမြတင်က"တပည့်တော်တို့လာမယ်ဆိုတာကြိုသိနေတာလားဘုရား"
"အိမ်း...... ြကြိုသိဆိုဖိုးသူတော်ကြီးကသတင်းပေးတာကိုးဗျို့..."
"ဗျာ...ဘယ်လို...ဖိုးသူတော်ကြီးလို့မိန့်လိုက်တာလားဘုရာ့"
"အိမ်း....ဖိုးသူတော်ကြီးလေဒကာကြီးတို့ကိုဒီဒကာလေးကိုစောင့်ရှောက်ဖို့မှာလိုက်တဲ့...ဖိုးသူတော်ကြီးလေ..."ဆရာတော်ဘုရားသည် မွေးကင်းစကလေးငယ်အားကြည့်ကာထိုသို့ပြောလိုက်၏။ကိုမြတင့်နဲ့မအေးမေတို့ကား ထူးဆန်းသောအုဖစ်များကိုကြည့်ကာအံ့ဩနေကြတော့သည်။
"ကဲ...ဒကာကြီးတို့ဒီကလေးကိုအမည်နာမပေးဖို့ လာကြတာမလား...ဒကာလေးကိုဘုန်းကြီးကိုပေးပါဦး..." နှစ်ယောက်လုံးဘာမှမလျှောက်တင်ရသေးခင်ဆရာတော်ဘုရားကကြိုသိနေသဖြင့် ကလေးအား ဆရာတော်ဘုရားထံလှမ်းကာပေးလိုက်၏။
"ဒီကလေးကလာခြင်းကောင်းတဲ့ကလေ းဘဲ ရာဟုသားလေးဆိုတော့ ရနဲ့ဠပါရမယ်ဆိုတော့ကာ....ဒီကလေးကိုရေခဲ... ရေခဲ.. ...အမြဲတမ်းအေးချမ်းတဲ့မောင်ရေခဲလို့ပေးရမယ်...ဟုတ်ပြီဒီနေ့ကစပြီးဒီကလေးကိုမောင်ရေခဲလို့အမည်ပေးလိုက်မယ်...ဒကာကြီးဒကာမကြီးတော့ကြိုက်ကြရဲ့လားကွဲ့"ကလေးလေးသည်ဆရာတော်၏တင်ပျဉ်ခွေထိုင်နေသည့်ပေါင်ထက်တွင်ငြိမ်သက်စွာနေနေပြီး ဆရာတော်၏လက်ညိုးအားစုပ်နေလေသည်။
မအေးမေတို့လည်း သားလေး၏အမည်မောင်ရေခဲအား သဘောကျကြောင်းပြန်လည်လျှောက်တင်ကြ၏။ကလေးလေး၏အုပုအမူကိုကြည့်ကာသဘောကျကြ၏။ဆရာတော်ဘုရားသည်လောကီပညာကိုလေ့လာလိုက်စားသည့်အစွမ်းထက်ဆရာတော်တပါးဖြစ်သကဲ့သို့တိုင်းရင်းဆေးပညာလည်းကျွမ်းကျင်သောဆရာတော်တပါးဖြစ်၏။မောင်ရေခဲလေးစုပ်နေသောလက်ချောင်းသည်ကားဆရာတော်ဘုရားဆေးဖျော်သည့်လက်ချောင်းဖြစ်၏။
"အိမ်း... ဒီကလေးတော့သူများရဲ့အပူမိးကိုငြိမ်းစေမဲ့ကလေးဘဲကွဲ့ဒကာကြီးတို့နဲ့ရေစက်ရှိလို့လာတွေ့ဆုံကြတာပါ...ဒကာုကီးတို့သေချာစောင့်ရှောက်ပါလေ..."
ဆရာတော်ဘုရားသည်ထိုသို့မိန်ု့ပြီးကလေးလေးအား မိခင်ဖြစ်သူမအေးမေထံပြန်လည်ပေးလိုက်၏။
"တင်ပါ့ဘုရားတပည့်တော်တို့လင်မယားနှစ်ယောက်စလုံးဒီကလေးကိုအသက်နှင့်ရင်းပြီးစောင့်ရှောက်ပါ့မယ်ဘုရား"
"သာဓု..သာဓု...သာဓု ပါကွယ်...."
သူတို့လည်းဆရာတော်အားဦးချပြီးအိမ်သို့ပြန်လာခဲ့ကြသည်။
ဤသို့ဖြင့်ရက်ကိုလစား၊လကိုနှစ်စားကာမောင်ရေခဲလေးသည်လည်းခုနှစ်နှစ်သားအရွယ်သို့ရောက်လာခဲ့လေသည်။
တစ်နေ့သော်ရွာထဲမှလူတစ်ယောက်ဆုံးသွားလေ၏။တစ်ရွာထဲနေသူဖြစ်သောကြောင့်မအေးမေတို့လင်မယားနှစ်ယောက်လုံးမောင်ရေခဲလက်လေးဆွဲကာ နာရေးအိမ်သို့သွားကူကြ၏။လူကြီးများ
ကနာရေးအတွက်အလုပ်ရှုပ်နေသော်လည်းကလေးဖြစ်သူမောင်ရေခဲကမူရွာထဲရှိကလေးအချို့နဲ့ဆော့ကစားနေလေ၏။
မောင်ရေခဲသ်ာကစားနေရင်းအပင်ပေါ်သို့မော့ကြည့်လိုက်၏။
"ဟင်..ဘကြီးဖိုးလူ...ဘကြီးကတေနေလို့ဘုရားစင်ရှေ့အိပ်ထားခိုင်းတာလေ..ဘာလို့အပင်ပေါ်လာပုန်းနေတာလဲ.."
မောင်ရေခဲလေးကအပေါ်သို့မော့ပြီးပြောနေသဖြင့်တခြားကလေးများကကြောက့်လန့်ကာလူကြီးရှိရာသို့ပြေးလာကြ၏။
ဘကြီးဖိုးလူဆိုသည်ကား နာရေးအိမ်မှသေသွားသောလူဖြစ်နေခြင်းဖြစ်၏။
ကလေးများ၏ပြောစကားကြောင့်မအေးမေသည် လန့်သွားပြီးလုပ်လက်စအလုပ်ကိုထားခဲ့ကာသားဖြစ်သူရှိရာသို့ပြေးလာ၏။
"ဟဲ့သား....ဘယ်သူနဲ့စကားပြောနေတာလဲ...လာစမ်းဒီကို...မထိတိသာမလန့်သာရှိလိုက်တာဟယ်.."မအေးမေကမောင်ရေခဲကိုလှမ်းပွေ့ထားလိုက်၏။
"သား..ဘကြီးဖိုးလူနဲ့စကားပြောနေတာမေမေ...ဘကြီးဖိုးလူကဘုရားစင်ရှေ့မှာအိပ်ရတာညောင်းလိုနေမှာသစ်ပင်ပေါ်လာပုန်းနေတယ်..... ြကြည့်..ဘကြီးဖိုးလူ ကသားကိုပြောင်ပြနေတယ်မေမေ....ဟား...ခစ်ခစ်....ဘကြီးဖိုးလူအပင်ပေါ်ကနေစောက်ထိုးကြီးဆင်းလာတယ်
ဖင်ပြောင်ကြီး...ခစ်ခစ်... "
သားကတခစ်ခစ်ရယ်နေသော်လည်း
မအေးမေကားသားဖြစ်သူစကားကြောင့်က်ြသီးမွှေးညှင်းများထလာပြီး လူများရှိရာသို့အမြန်ပြေးလာခဲ့၏။တချို့လူများကမအေးမေ၏အပြုအမူအားကြည့်ကာ
"ဟဲံ့..မိအေးမေ..ဘာတွေဖြစ်နေတာလဲထိတ်ထိတ်ပြာပြာနဲ့..."
"ဟို... ဟို...ဘာမှမဖြစ်ပါဘူးသားလေးအဝေးမှာသွားဆော့မှာကြောက်လို့ပါ.."
ဟုလိမ်ပြောလိုက်၏။အပေါ်ထပ်ဘုရားစင်ရှေ့တွင်ကားဦးဖိုးလူ၏ မိသားစုဝင်များကမျက်ရည်မျက်ခွက်များဖြင့်ငိုယိုနေကြ၏။မောင်ရေခဲကား ခြံထောင့်ရှိသစ်ပင်အားကြည့်ကာရယ်နေမြဲဖြစ်၏။မအေးမေသည်နာရေးအိမ်တွင်နေချင်စိတ်မရှိတော့ဘဲ လင်ဖြစ်သူကိုခေါ်ကာအိမ်သို့ပြန့်လာ၏။
"သား...ဘကြီးဖိုးလူ ကိုတကယ်မြင်ရတာလား"
"တကယ်ပါဆိုမေမေကလည်း...ဘကြီးဖိုးလူကလေအိပ်နေတုန်းကအဝတ်အစားဘဲဝတ်ပြီးသစ်ပင်ပေါ်မှာပုန်းနေတာ..
သားကိုမြင်တော်သူကပြောင်ပြနေတာတမျိုးပြီးတမျိုး..."
"သား..ဘကြီးဖိုးလူ ကိူမကြောက်ဘူးလားဟင်...."
"မကြောက်ပါဘူးမေမေရဲ့ဘကြီးဖိုးလူကလူကောင်းဘဲဟာကို.... မေမေဘကြီးဖိုးလူရဲ့အိမ်မှာလေ...ဟိုးအရင်တုန်းကမြေကြီးထဲအိပ်သွားကြတဲ့လူတွေလည်းရှိတယ်မေမေရဲ့..."
z
"ဟင်....တကယ်လားသားရယ်...လာပါဦး...သူတို့နဲ့သွားမတော့ရဘူးနော်သား.."
မအေးမေသည် သားဖြစ်သူအားဖက်ထားလိုက်ပြီး၏။
"သားသူတို့နဲ့မဆော့ချင်ဘူးမေမေရဲ့..သူတို့ကညစ်ပတ်တယ်...အဝတ်လည်းမလဲဘူး...လက်သည်းတွေဆံပင်တွေလည်းမညှပ်ကြဘူး.."
"သားသူတို့ကိုမြင်ရတာကြာပြီလားဟင်.."
" အင်းပေါ့မေမေရဲ့..... မေမေကမြင်ရဘူးလား"ဟုဆိုကာမိခင်၏မျက်စိရှေ့သို့လက်ဖြင့်ဝှေ့ယမ်းပြလိုက်၏။မအေးမေလည်းသားဖြစ်သူမြင်ရသည်မှာ
လူမဟုတ်ကြောင်းပြောချင်သော်လည်းသားဖြစ်သူလန့်သွားမည်စိုးသောကြောင့်
" မေမေလည်းမြင်ရပါတယ်သားရဲ့လက်ကလေးဝှေ့ပြနေတာဘာလည်းမေမေကမျက်စိမှုန်သွားပြီလို့သားထင်နေလို့လားလူလည်လေး...မွမွမွ... "
မအေးမေသည် သားမောင်ရေခဲ၏ပါးအားနမ်းလိုက်၏။ထိုအချိန် ခြေလက်ဆေးနေသောကိုမြတင့်ရောက်လာပြီး"ဒီသားအမိဘာတွေအာဘွားပေးနေကြတာလဲ.... ဖေ
ကြီးကိုလည်းအာဘွားပေးပါဦးသားရဲ့.."
ဆိုကာသားအားပွေ့ချီလိုက်ပြီး.ပါးအားသားဆီသို့တိုးကပ်ပေးလိုက်၏။မောင်ရေခဲလည်းဖခင်၏ပါးကိုရွှတ်ခနဲနမ်းလိုက်၏။
"လိမ္မာလိုက်တဲ့အဖေ့သား..ကဲကွာ..မွမွ "
" တော်ကြပါတော့ကွယ်မြင်ပြင်းကပ်လာပြီနော်ဟွန့်."
မအေးမေကလင်ဖြစ်သူနဲ့သားဖြစ်သူချသ်ကြည်နူးနေသည်ကိုကြည့်ပြီးထိုသို့ပြောကာသုံးရောက်သားအိမ်ထဲသို့ဝင်လိုက်ကြတော့သည်။
# ပြီး
#ခွန်း S

သရဲျမင္ႏိုင္သည့္ကေလး ရွမ္းျပည္နယ္ေတာင္ပိုင္း ပင္းတယၿမိဳ႕နယ္အတြင္းရွိ ၿမိဳ႕နဲ႔ေဝးကြာေသာ ပအိုဝ္း႐ြာေလးတစ္႐ြာတြင္ ဦးျမတင့္နဲေဒၚေအးေမဟူေသာ ဇနီးေမာင္ႏွံရွိသည္။သူတို႔သည္အသက္ႀကီးသည့္တိုင္ ကေလးတသ္ေယာက္မွမရေသးေခ်။ကေလးေလးတစ္ေယာက္ေပးသနားရန္ ဘုရားမွာဆုေတာင္းရသည္မွာလည္းအႀကိမ္ႀကိမ္၊ဟိုေဗဒင္သည္ဆရာမ်ားထံ၊ဟိုနတ္သည္နတ္မ်ားထံပူေဇာပသၿပီးကေလးေတာင္းရသည္မွာလည္း နတ္မ်ားပင္နားပူေနေလာက္သည္။သို႔ေသာ္ႏွစ္ေယာက္၏ေမွ်ာ္လင့္ခ်က္မ်ားကျဖစ္မလာခဲ့ေခ်။မိ႐ိုးဖလာအတိုင္းကေလးေတာင္းမရေတာ့႐ြာနဲ႔အလြန္ေဝးကြာေသာ ၿမိဳ႕ေဆး႐ုံကိုကေလးမရႏိုင္ေလာက္သည့္ခ်ိဳ႕ယြင္းခ်က္မ်ားရွိမရွိသြားေရာက္စစ္ေဆးၾကည့္သည္။ထိုေခတ္အခါကေဆး႐ုံေဆးခန္းဟူသည္ကား မေခတ္စားေသးေသာအရာတစ္ခု။ေဆး႐ုံသြားျပၾကည့္ေသာ္လည္း ကေလးမရႏိုင္ေလာက္သည့္ခ်ိဳ႕ယြင္းခ်က္တစ္ခုမွမရွိေပ။လင္မယားႏွစ္ေယာက္ ေခါင္းငိုက္စိုက္ျဖင့္ၿမိဳ႕မွ႐ြာကိုျပန္လာသည့္ေတာလမ္းေလးအတိုင္း ေနပူက်ဲက်ဲထဲေခြၽးဒီးဒီးျဖင့္ျပန္လာခဲ့ၾက၏။ေရွးဘဝကုသိုလ္ကံေၾကာင့္ကေလးမရႏိုင္တာေနမွာဟုေတြးရင္း ေျဖသိမ့္ခဲ့ၾက၏။ဝမ္းဆြဲဆရာမထံသို႔သြားရသည္မွာလည္း ေခ်ာင္းပင္ေပါက္လုမတတ္ျဖစ္ေနေပၿပီ။ကေလးရႏိုင္မည့္အရိပ္အေယာင္မေတြ႕။သို႔ေၾကာင့္လက္ေလ်ာ့ကာကေလးေမြးစားၾကရန္ လင္မယားႏွစ္ေယာက္တိုင္ပင္လိုက္ၾကသည္။သို႔ေသာ္ထိုညတြင္ကား ဖြားေမသည္ ထူးဆန္းေသာအိပ္မက္အားျမင္မက္ေလသည္။ သူမသည္ ႐ြာျပင္ေတာထဲတြင္မႈိရွာမွ်စ္ရွာရန္ပလိုင္းတစ္လုံးနဲ႔ဓားေကာက္တေခ်ာင္းကိုယူ၍ထြက္လာခဲ့သည္။အေဖာ္မပါသူမတစ္ဦးတည္းသာ။ေတာထဲသို႔ေရာက္သည္နဲ႔ဝါး႐ုံေအာက္မွ မွ်စ္တုံးတို႔ကားတစ္စို႔ၿပီးတစ္စို႔ခ်ိဳးယူ၍မကုန္ႏိုင္ေအာင္ေပါက္ေနၾက၏။သူမလည္းဝမ္းသာအားရျဖင့္ မွ်စ္ခ်ိဳးေနစဥ္ဝါး႐ုံအေနာက္ဘက္မွ ဝါးကပ္မ်ားဝါး႐ြက္ေျခာက္မ်ားနင္းလာသည့္ ခြၽက္ခြၽက္အသံမ်ားၾကားရသျဖင့္ သူမေခ်ာင္းၾကည့္လိုက္ရာ သူမရွိရာသို႔ဦးတည္လာေနေသာ ေခါင္းတုံးေျပာင္ေျပာင္ဗိုက္႐ႊဲ႐ႊဲဖိုးသူေတာ္တစ္ေယာက္အားေတြ႕ရေလ၏။ဖိုးသူေတာ္၏လက္ထဲတြင္ကားေၾကးစည္ကိုင္ထားသည္မဟုတ္ဘဲ အဝတ္ျဖဴစျဖင့္ပတ္ထားသည့္ အထုပ္ကေလးပိုက္ထား၏။သူမၾကည့္ေနရင္းပင္ ဖိုးသူေတာ္ႀကီးသည္ သူမေရွ႕သို႔ေရာက္ခ်လာၿပီး "တူမႀကီး ....." သူမသည္သူခိုးလူမိသလိုရွက္ကိုးရွက္ကန္းျဖစ္သြားၿပီး "ရွင့္အဘ" "တူမႀကီးတို႔ကေလးလိုခ်င္ၾကလားကြဲ႕" ထိုစကားၾကားလိုက္သည္နဲ႔သူမသည္ ဝမ္းသာအားရျဖင့္"အို!ဘယ့္ႏွယ့္ေမးလိုက္တာလဲအဘရယ္...ကြၽန္မတို႔လင္မယားက ကေလး႐ူးေတြပါကေလးလိုခ်င္လန္းလို႔ သူမ်ားေတြၫြန္သမွ်ေနရာသြားတာလည္းစုံေနပါၿပီအဘရယ္...ဒါေပမဲ့ ကေလးကကြၽန္မတို႔ဆီမေနခ်င္တာနဲ႔တူကာတယ္ ကေလးရွိမလာဘူး" သူမကထိုသို႔သိမ္ငယ္စြာေျပာလိုက္ေသာ္ ဖိုးသူေတာ္ႀကီးသည္ သူမအားၿပဳံးလွ်က္ၾကည့္ၿပီး" အဘကတူမႀကီးကိုဒီကေလးေလးေပးခဲ့မယ္ဆိုရင္ေကာ" ဖိုးသူေတာ္ႀကီးကထိုသို႔ေျပာၿပီးသူ႔လက္ထဲမွအဝတ္ျဖဴစျဖင့္ဖုံးထားေသာ အႏွီးထုပ္အားေျဖခ်လိုက္သည္။ "ဟယ္ေတာ့.....ကေလးေလးပါလား ခ်စ္စရာေလးေတာ္ျဖဴျဖဴတုတ္တုတ္ေလး" "တူမႀကီးဒီကေလးေလးကိုေခၚထားႏိုင္မလား....ဒီကေလးကလူသူကိုေကာင္းက်ိဳးျပဳမဲ့ကေလးေလးပါ" "ဟာ....ကြၽန္မ ကိုေပးမယ္ဟုတ္လား... ယူမယ္ဒီကေလးေလးကိုကြၽန္မယူမယ္... ဟယ္ေတာ္...ကေလးေလးကရယ္ေနတယ္.....အသဲယားလိုက္တာ..." ေဒၚေအးေမသည္ဖိုးသူေတာ္ႀကီးကမ္းေပးေသာကေလးေလးကိုလွမ္းေပြ႕လိုက္လွ်င္ကေလးေလးသည္သူမအားရီျပေန၏။ ဖိုးသူေတာ္ႀကီးသည္ ေဒၚေအးေမအား"တူမႀကီး ဒီကေလးကိုေသခ်ာေစာင့္ေရွာင္ေကြၽးေမြးပါေလ....ဒီကေလးရဲ႕လွ်ာေပၚမွာအစက္သုံးစက္ပါတယ္...ဆိုလိုတာကဒီကေလးဟာအေတာ္အာဏာရွိလိမ့္မယ္သူေျပာသမွ်အမိန္႔တစ္ခုလိုျဖစ္ေနလိမ့္မယ္..... ျၿပီးေတာ့ သူ႔မွာထူးျခားခ်က္ရွိေသးတယ္ အဲဒါကကေတာ့ဒီကေလးႀကီးလာတဲ့အခါတူမႀကီးတို႔သိလိုက္မယ္..." ဆိုၿပီေဒၚေဒားေမအားကေလးကမ္းေပးကာ ဖိုးသူေတာ္ႀကီးသည္အေနာက္ဘက္ဝါး႐ုံထဲသို႔ျပန္လည္ဝင္ေရာက္ေပ်ာက္ကြယ္သြားေတာ့သည္။ေဒၚေအးေမလည္းကေလးေအားပိုက္ၿပီး ေတာထဲမွျပန္ထြက္လာခဲ့သည္။ "မိန္းမ.. မိန္းမ ေရထေတာ့ဟမိုးစင္စင္လင္းေနၿပီ...ဒီမနက္က်မွဘာလို႔ေနာက္က်တဲ့ထိအိပ္ေနမိပါလိမ့္" ဦးျမတင္သည္ထိုသို႔ည ည္းလိုက္ၿပီးမိန္းမျဖစ္သူအားလႈပ္ႏိုးလိုက္သည္။ထိုအခ်ိန္မွေဒၚေအးေမသည္မိမိအိပ္မက္မပ္ေနမွန္းသိလိုက္ရသည္။အိပ္မက္သည္တကယ္လိုလိုျဖစ္ေနသျဖင့္ သူမလက္နဲ႔ခ်ီခဲ့ေသာကေလးရွိလိုရွိျငား ေစာင္မ်ားကိုလွန္ေလွာကာရွာေဖြလိုက္ေသးသည္။သူမ၏အျပဳအမူကထူးဆန္းေသာေၾကာင့္လင္ျဖစ္သူဦးျမင့္တင္က"ဟဲ့မေအးေမ...ဘာေတြရွာေနတာလဲဆြမ္းသြားခ်က္ေတာ္ယ့ေလကြယ္". "အို..ရွင္ကလည္းကြၽန္မခ်က္မွာပါ...ကြၽန္မ ကအိပ္မက္ထဲကေလ းေလးရွိလိုရွိျငားရွာေနတာပါေတာ္..." "ဟဲ့...႐ူးေနသလားမေအးေမအိပ္မက္ထဲကဟာအျပင္မွာရွာလို႔ေတြ႕ပါ့မလားရွင္မရယ္" "မဟုတ္ဘူးေတာ္ရ...အိပ္မက္ထဲမွာေလဖိုးသူေတာ္ႀကီးကက်ဳပ္ကိုျဖဴေဖြးတုတ္ခိုင္တဲ့ကေလးေလးေပးတယ္ေတာ့ေစာင့္ေရွာက္ဖို႔လဲေသခ်ာမွာလိုက္တာ...." "ဖိုးသူေတာ္ႀကီးဟုတ္လား...နင္အဲ့လို႔ေပါမွငါလည္းမေန႔ညကဖိုးသူေတာ္ႀကီးကိုအိပ္မက္မက္တယ္ဟ... ျၿပီးေတာ့သူကေျပာေသးတယ္သားရွင္ျဖစ္ေတာ့မွာမို႔ပိုၿပီးအလုပ္ႀကိဳးစားရမယ္တဲ့.....ငါ့အိပ္မက္နဲ႔မင္းအိပ္မက္ကိုဆက္လိုက္ရင္.. ဟာ... ငါတို႔...ငါတို႔ကေလးရေတာ့မယ္ဟမေအးေမရ.....ဟား....ကေလး ကေလးရေတာ့မယ္" ထိုအခါမွမေအးေမလည္းသေဘာေပါက္သြားၿပီး"ဒါဆို..က်ဳပ္ကိုယ္ဝန္ေဆာင္ၿပီေပါ့...ကေလးအေမျဖစ္ရေတာ့မယ္ေပါ့....ဟီး..... ေယာက်ာ္းေရ...ရွင့္ကိုခ်စ္တယ္ေတာ့..မြမြ..." အ႐ြယ္မငယ္ေတာ့ေသာ္လည္း ကေလးေလးရေတာ့မည္ဆိုေသာစိတ္ျဖင့္မေအးေမသည္ ကေလးေလးတစ္ေယာက္ပမာခုန္ေပါက္ၿပီး...လင္ျဖစ္သူအား႐ႊတ္ကနဲဖက္နမ္းလိုက္သည္။ၿပီးလွ်င္အျပင္သို႔ထြက္သြားၿပီးဆြမ္းခ်က္ရန္ျပင္ဆင္ေတာ့သည္။အိပ္ခန္းထဲတြင္က်န္ရစ္ခဲ့ေသာ ဦးျမတင္သည္ကား မိန္းမ က႐ႊတ္ခနဲနမ္းလိုက္ေသာေၾကာင့္ ေၾကာင္ေတာင္ေတာင္ျဖစ္ကာ မိန္းမ ျဖစ္သူ နမ္းေသာေနရာအားလက္ျဖင့္ပြတ္ၿပီး ရင္ထဲ၌ ကေလးအေဖျဖစ္ေတာ့မည္ဟူေသာ အေတြးကစိုးမိုးေနေတာ့သည္။ ထင္သည့္အတိုင္းပင္ မေအးေမသည္အစားအေသာက္ပ်က္ၿပီး အန္ေနသည္။ ပို၍တိက်သြားေစရန္ လက္သည္အေမႀကီးဖြားရန္အားသြားျပၾကည့္ရာ အမွန္ပက္ကိုယ္ဝန္ရွိေနၿပီျဖစ္ေၾကာင္းသိရေလသည္။မေအးေမကိုယ္ဝန္ရွိေသာအခါ သူမသည္ ဘုရားအၿမဲရွိခိုးလိုေသာခ်ဥ္ျခင္းျဖစ္ေလ၏။ဘုရားေသာက္ေတာ္ေရ၊ဆြမ္း၊ဆီမီးအေမႊးနံသာတိုင္အၿမဲမျပတ္လႉဒါန္း၏။ကိုျမင့္တင္လည္း အလုပ္ကိုႏွစ္ဆပိုလုပ္၏။ရက္ေစ့လေစ့ေသာခါ လက္သည္ဖြားရန္၏အကူအညီျဖင့္ပင္ ျဖဴေဖြးတုတ္ခဲေသာ ရာဟုသားေလးအားေအာင္ျမင္စြာေမြးဖြားေလ၏။ဖိုးသူေတာ္၏ စကားအတိုင္းပင္သားေလးသည္ လွ်ာတြင္အစက္သုံးစက္ပါ၏။သားေလးေမြးသည့္အခ်ိန္မွာပင္ပတ္ဝန္းက်င္မွေနာင္ေဝေဝဟူေသာေၾကးစည္သံအား ျၾကားရေလ၏။မေမလည္း ဖိုးသူေတာ္ႀကီးသည္မိမိ၏သားျဖသ္သူအားလာေရာက္ေကာင္းခ်ီးေပးေနသည္ျဖစ္ေၾကာင္းမွတ္ကာစိတ္ထဲမွဖိုးသူေတာ္ႀကီးအားရည္မွန္းကန္ေတာ့လိုက္၏။ သားေလးတစ္လျပည့္ေသာအခါ ကိုျမတင့္နဲ႔မေအးေမတို႔သည္ဆြမ္းခ်ိဳင့္ျပင္ၿပီးသားေလးကိုေပြ႕ကာ ႐ြာဦးဘုန္းႀကီးေက်ာင္းသို႔ဦးတည္သြားေလ၏။ဘုန္းႀကီးေက်ာင္းသို႔ေရာက္လွ်င္ဆြမ္းခ်ိဳင့္လွယ္ၿပီးဆရာေနာ္ဥဴးေမဓာဝီသီတင္းသုံးရာ ေက်ာင္းအေပၚထပ္သို႔တပ္လာခဲ့ၾက၏။ဆရာေတာ္ဥဴးေမဓာဝီသည္သူတို႔အားျမင္လွ်င္ " ေရာက္လာၾကၿပီလားဒကာႀကီးတို႔...လာလာ..." သူတိုႏွစ္ေယာက္လုံးဘုရားနဲ႔ဆရာေတာ္အားဦးခ်ကန္ေတာ့ၿပီးကိုျမတင္က"တပည့္ေတာ္တို႔လာမယ္ဆိုတာႀကိဳသိေနတာလားဘုရား" "အိမ္း...... ျႀကိဳသိဆိုဖိုးသူေတာ္ႀကီးကသတင္းေပးတာကိုးဗ်ိဳ႕..." "ဗ်ာ...ဘယ္လို...ဖိုးသူေတာ္ႀကီးလို႔မိန္႔လိုက္တာလားဘုရာ့" "အိမ္း....ဖိုးသူေတာ္ႀကီးေလဒကာႀကီးတို႔ကိုဒီဒကာေလးကိုေစာင့္ေရွာက္ဖို႔မွာလိုက္တဲ့...ဖိုးသူေတာ္ႀကီးေလ..."ဆရာေတာ္ဘုရားသည္ ေမြးကင္းစကေလးငယ္အားၾကည့္ကာထိုသို႔ေျပာလိုက္၏။ကိုျမတင့္နဲ႔မေအးေမတို႔ကား ထူးဆန္းေသာအုဖစ္မ်ားကိုၾကည့္ကာအံ့ဩေနၾကေတာ့သည္။ "ကဲ...ဒကာႀကီးတို႔ဒီကေလးကိုအမည္နာမေပးဖို႔ လာၾကတာမလား...ဒကာေလးကိုဘုန္းႀကီးကိုေပးပါဦး..." ႏွစ္ေယာက္လုံးဘာမွမေလွ်ာက္တင္ရေသးခင္ဆရာေတာ္ဘုရားကႀကိဳသိေနသျဖင့္ ကေလးအား ဆရာေတာ္ဘုရားထံလွမ္းကာေပးလိုက္၏။ "ဒီကေလးကလာျခင္းေကာင္းတဲ့ကေလ းဘဲ ရာဟုသားေလးဆိုေတာ့ ရနဲ႔ဠပါရမယ္ဆိုေတာ့ကာ....ဒီကေလးကိုေရခဲ... ေရခဲ.. ...အၿမဲတမ္းေအးခ်မ္းတဲ့ေမာင္ေရခဲလို႔ေပးရမယ္...ဟုတ္ၿပီဒီေန႔ကစၿပီးဒီကေလးကိုေမာင္ေရခဲလို႔အမည္ေပးလိုက္မယ္...ဒကာႀကီးဒကာမႀကီးေတာ့ႀကိဳက္ၾကရဲ႕လားကြဲ႕"ကေလးေလးသည္ဆရာေတာ္၏တင္ပ်ဥ္ေခြထိုင္ေနသည့္ေပါင္ထက္တြင္ၿငိမ္သက္စြာေနေနၿပီး ဆရာေတာ္၏လက္ညိဳးအားစုပ္ေနေလသည္။ မေအးေမတို႔လည္း သားေလး၏အမည္ေမာင္ေရခဲအား သေဘာက်ေၾကာင္းျပန္လည္ေလွ်ာက္တင္ၾက၏။ကေလးေလး၏အုပုအမူကိုၾကည့္ကာသေဘာက်ၾက၏။ဆရာေတာ္ဘုရားသည္ေလာကီပညာကိုေလ့လာလိုက္စားသည့္အစြမ္းထက္ဆရာေတာ္တပါးျဖစ္သကဲ့သို႔တိုင္းရင္းေဆးပညာလည္းကြၽမ္းက်င္ေသာဆရာေတာ္တပါးျဖစ္၏။ေမာင္ေရခဲေလးစုပ္ေနေသာလက္ေခ်ာင္းသည္ကားဆရာေတာ္ဘုရားေဆးေဖ်ာ္သည့္လက္ေခ်ာင္းျဖစ္၏။ "အိမ္း... ဒီကေလးေတာ့သူမ်ားရဲ႕အပူမိးကိုၿငိမ္းေစမဲ့ကေလးဘဲကြဲ႕ဒကာႀကီးတို႔နဲ႔ေရစက္ရွိလို႔လာေတြ႕ဆုံၾကတာပါ...ဒကာုကီးတို႔ေသခ်ာေစာင့္ေရွာက္ပါေလ..." ဆရာေတာ္ဘုရားသည္ထိုသို႔မိႏ္ု႔ၿပီးကေလးေလးအား မိခင္ျဖစ္သူမေအးေမထံျပန္လည္ေပးလိုက္၏။ "တင္ပါ့ဘုရားတပည့္ေတာ္တို႔လင္မယားႏွစ္ေယာက္စလုံးဒီကေလးကိုအသက္ႏွင့္ရင္းၿပီးေစာင့္ေရွာက္ပါ့မယ္ဘုရား" "သာဓု..သာဓု...သာဓု ပါကြယ္...." သူတို႔လည္းဆရာေတာ္အားဦးခ်ၿပီးအိမ္သို႔ျပန္လာခဲ့ၾကသည္။ ဤသို႔ျဖင့္ရက္ကိုလစား၊လကိုႏွစ္စားကာေမာင္ေရခဲေလးသည္လည္းခုႏွစ္ႏွစ္သားအ႐ြယ္သို႔ေရာက္လာခဲ့ေလသည္။ တစ္ေန႔ေသာ္႐ြာထဲမွလူတစ္ေယာက္ဆုံးသြားေလ၏။တစ္႐ြာထဲေနသူျဖစ္ေသာေၾကာင့္မေအးေမတို႔လင္မယားႏွစ္ေယာက္လုံးေမာင္ေရခဲလက္ေလးဆြဲကာ နာေရးအိမ္သို႔သြားကူၾက၏။လူႀကီးမ်ား ကနာေရးအတြက္အလုပ္ရႈပ္ေနေသာ္လည္းကေလးျဖစ္သူေမာင္ေရခဲကမူ႐ြာထဲရွိကေလးအခ်ိဳ႕နဲ႔ေဆာ့ကစားေနေလ၏။ ေမာင္ေရခဲသ္ာကစားေနရင္းအပင္ေပၚသို႔ေမာ့ၾကည့္လိုက္၏။ "ဟင္..ဘႀကီးဖိုးလူ...ဘႀကီးကေတေနလို႔ဘုရားစင္ေရွ႕အိပ္ထားခိုင္းတာေလ..ဘာလို႔အပင္ေပၚလာပုန္းေနတာလဲ.." ေမာင္ေရခဲေလးကအေပၚသို႔ေမာ့ၿပီးေျပာေနသျဖင့္တျခားကေလးမ်ားကေၾကာက့္လန႔္ကာလူႀကီးရွိရာသို႔ေျပးလာၾက၏။ ဘႀကီးဖိုးလူဆိုသည္ကား နာေရးအိမ္မွေသသြားေသာလူျဖစ္ေနျခင္းျဖစ္၏။ ကေလးမ်ား၏ေျပာစကားေၾကာင့္မေအးေမသည္ လန္႔သြားၿပီးလုပ္လက္စအလုပ္ကိုထားခဲ့ကာသားျဖစ္သူရွိရာသို႔ေျပးလာ၏။ "ဟဲ့သား....ဘယ္သူနဲ႔စကားေျပာေနတာလဲ...လာစမ္းဒီကို...မထိတိသာမလန္႔သာရွိလိုက္တာဟယ္.."မေအးေမကေမာင္ေရခဲကိုလွမ္းေပြ႕ထားလိုက္၏။ "သား..ဘႀကီးဖိုးလူနဲ႔စကားေျပာေနတာေမေမ...ဘႀကီးဖိုးလူကဘုရားစင္ေရွ႕မွာအိပ္ရတာေညာင္းလိုေနမွာသစ္ပင္ေပၚလာပုန္းေနတယ္..... ျၾကည့္..ဘႀကီးဖိုးလူ ကသားကိုေျပာင္ျပေနတယ္ေမေမ....ဟား...ခစ္ခစ္....ဘႀကီးဖိုးလူအပင္ေပၚကေနေစာက္ထိုးႀကီးဆင္းလာတယ္ ဖင္ေျပာင္ႀကီး...ခစ္ခစ္... " သားကတခစ္ခစ္ရယ္ေနေသာ္လည္း မေအးေမကားသားျဖစ္သူစကားေၾကာင့္က္ႀသီးေမႊးညႇင္းမ်ားထလာၿပီး လူမ်ားရွိရာသို႔အျမန္ေျပးလာခဲ့၏။တခ်ိဳ႕လူမ်ားကမေအးေမ၏အျပဳအမူအားၾကည့္ကာ "ဟဲံ့..မိေအးေမ..ဘာေတြျဖစ္ေနတာလဲထိတ္ထိတ္ျပာျပာနဲ႔..." "ဟို... ဟို...ဘာမွမျဖစ္ပါဘူးသားေလးအေဝးမွာသြားေဆာ့မွာေၾကာက္လို႔ပါ.." ဟုလိမ္ေျပာလိုက္၏။အေပၚထပ္ဘုရားစင္ေရွ႕တြင္ကားဦးဖိုးလူ၏ မိသားစုဝင္မ်ားကမ်က္ရည္မ်က္ခြက္မ်ားျဖင့္ငိုယိုေနၾက၏။ေမာင္ေရခဲကား ၿခံေထာင့္ရွိသစ္ပင္အားၾကည့္ကာရယ္ေနၿမဲျဖစ္၏။မေအးေမသည္နာေရးအိမ္တြင္ေနခ်င္စိတ္မရွိေတာ့ဘဲ လင္ျဖစ္သူကိုေခၚကာအိမ္သို႔ျပန႔္လာ၏။ "သား...ဘႀကီးဖိုးလူ ကိုတကယ္ျမင္ရတာလား" "တကယ္ပါဆိုေမေမကလည္း...ဘႀကီးဖိုးလူကေလအိပ္ေနတုန္းကအဝတ္အစားဘဲဝတ္ၿပီးသစ္ပင္ေပၚမွာပုန္းေနတာ.. သားကိုျမင္ေတာ္သူကေျပာင္ျပေနတာတမ်ိဳးၿပီးတမ်ိဳး..." "သား..ဘႀကီးဖိုးလူ ကိူမေၾကာက္ဘူးလားဟင္...." "မေၾကာက္ပါဘူးေမေမရဲ႕ဘႀကီးဖိုးလူကလူေကာင္းဘဲဟာကို.... ေမေမဘႀကီးဖိုးလူရဲ႕အိမ္မွာေလ...ဟိုးအရင္တုန္းကေျမႀကီးထဲအိပ္သြားၾကတဲ့လူေတြလည္းရွိတယ္ေမေမရဲ႕..." z "ဟင္....တကယ္လားသားရယ္...လာပါဦး...သူတို႔နဲ႔သြားမေတာ့ရဘူးေနာ္သား.." မေအးေမသည္ သားျဖစ္သူအားဖက္ထားလိုက္ၿပီး၏။ "သားသူတို႔နဲ႔မေဆာ့ခ်င္ဘူးေမေမရဲ႕..သူတို႔ကညစ္ပတ္တယ္...အဝတ္လည္းမလဲဘူး...လက္သည္းေတြဆံပင္ေတြလည္းမညႇပ္ၾကဘူး.." "သားသူတို႔ကိုျမင္ရတာၾကာၿပီလားဟင္.." " အင္းေပါ့ေမေမရဲ႕..... ေမေမကျမင္ရဘူးလား"ဟုဆိုကာမိခင္၏မ်က္စိေရွ႕သို႔လက္ျဖင့္ေဝွ႔ယမ္းျပလိုက္၏။မေအးေမလည္းသားျဖစ္သူျမင္ရသည္မွာ လူမဟုတ္ေၾကာင္းေျပာခ်င္ေသာ္လည္းသားျဖစ္သူလန္႔သြားမည္စိုးေသာေၾကာင့္ " ေမေမလည္းျမင္ရပါတယ္သားရဲ႕လက္ကေလးေဝွ႔ျပေနတာဘာလည္းေမေမကမ်က္စိမႈန္သြားၿပီလို႔သားထင္ေနလို႔လားလူလည္ေလး...မြမြမြ... " မေအးေမသည္ သားေမာင္ေရခဲ၏ပါးအားနမ္းလိုက္၏။ထိုအခ်ိန္ ေျခလက္ေဆးေနေသာကိုျမတင့္ေရာက္လာၿပီး"ဒီသားအမိဘာေတြအာဘြားေပးေနၾကတာလဲ.... ေဖ ႀကီးကိုလည္းအာဘြားေပးပါဦးသားရဲ႕.." ဆိုကာသားအားေပြ႕ခ်ီလိုက္ၿပီး.ပါးအားသားဆီသို႔တိုးကပ္ေပးလိုက္၏။ေမာင္ေရခဲလည္းဖခင္၏ပါးကို႐ႊတ္ခနဲနမ္းလိုက္၏။ "လိမၼာလိုက္တဲ့အေဖ့သား..ကဲကြာ..မြမြ " " ေတာ္ၾကပါေတာ့ကြယ္ျမင္ျပင္းကပ္လာၿပီေနာ္ဟြန္႔." မေအးေမကလင္ျဖစ္သူနဲ႔သားျဖစ္သူခ်သ္ၾကည္ႏူးေနသည္ကိုၾကည့္ၿပီးထိုသို႔ေျပာကာသုံးေရာက္သားအိမ္ထဲသို႔ဝင္လိုက္ၾကေတာ့သည္။ # ၿပီး #ခြန္း S

No comments

Post a Comment