အောင်မြတ်သာနှင့်လိပ်ပြာနှုတ်ပွဲ

++++++++++++++++++ ကျွန်တော်တို့ ကျိုက်ပေါ်လောဘုရားကနေ ထွက်လာပြီးနောက်ပိုင်း ပဲခူးဘက်ကို ခရီးဆက်ထွက်ခဲ့တယ်။ ပဲခူးတိုင်းထဲမှာရှိတဲ့ ညောင်ကုန်... thumbnail 1 summary


++++++++++++++++++

ကျွန်တော်တို့ ကျိုက်ပေါ်လောဘုရားကနေ
ထွက်လာပြီးနောက်ပိုင်း
ပဲခူးဘက်ကို ခရီးဆက်ထွက်ခဲ့တယ်။

ပဲခူးတိုင်းထဲမှာရှိတဲ့
ညောင်ကုန်းဆိုတဲ့ရွာကိုရောက်တော့
ညနေစောင်းနေပီ။

ကျွန်တော်တို့လဲ
ရွာဦးဘုန်းကြီးကျောင်းဆရာတော်ကို
ဝင်ဖူးရင်း သုံးရက်လောက်
တည်းခိိုမယ့်အကြောင်း
လျောက်ထားတော့
ဆရာတော်က
“ဒကာလေးတို့
အဆင်ပြေတဲ့အချိန်ထိ
လွတ်လွတ်လပ်လပ်တည်းခိုကြပေါ့”ဆိုတဲ့
စကားလေးပဲပြောပြီး အခန်းထဲပြန်ဝင်သွားတယ်။

ကျွန်တော်လဲဆရာကိုကြည့်လိုက်တော့ဆရာက
“ဆရာတော်က လောကီကိစ္စတွေကို
ဝင်မစွက်ဖက်ဘူး”လို့ပဲပြောတယ်။

ကျွန်တော်တို့လဲ
ရေမိုးချိုးပြီး
ကပိ္ပယကြီးပြင်ပေးတဲ့
သက်သက်လွတ်ထမင်းနဲ့ဟင်းကို
စားပြီးတော့ ဘုန်းကြီးကျောင်းဘေးမှာ
ရှိတဲ့ စေတီလေးပေါ်ကို
တက်လာခဲ့လိုက်တယ်။

ဘုန်းကြီးကျောင်းရဲ့
အနောက်ဘက်မှာ
ရန်အောင်မြင်ဆိုတဲ့
စေတီလေးတစ်ဆူရှိတယ်ဗျ
စေတီကဘယ်လောက်ထဲက
တည်ထားလဲဆိုတာမသိပေမယ့်
ရှေးတော်တော်ကျတယ်ဆိုတာတော့
ခန့်မှန်းမိတယ်။

ဘာလို့ဆိုတော့
သာသနိကအဆောက်အဦတွေအားလုံးက
ရှေးဟောင်းလက်ရာတွေဖြစ်နေလို့ပဲ
ဘိစပ်ခြုံတွေထူထပ်နေတဲ့
ဘုရားပုရဝဏ်က
ခြောက်ချားစရာကောင်းတယ်။

စေတီရဲ့မြောက်ဘက်မှာတော့
သီလရှင်တစ်ပါးကျောင်းလေးနှစ်လုံးကို
တွေ့ရတယ်။
တစ်ပါးကျောင်းလေးတွေရဲ့အဝမှာ
“ဒေါ်ခေမာနန္ဒနဲ့ ဒေါ်ခေမာစာရ”ဆိုတဲ့
နာမည်လေးတွေထိုးထားကြတယ်။

တစ်ပါးကျောင်းဆောင်တွေက
လူမနေတာကြာတဲ့အတွက်
ခြုံနွယ်ပိတ်ပေါင်းတွေက
ရစ်ပတ်နေသလို
ပိုးချည်အိမ်တွေကလဲ
နေရာအနှံ့ရစ်ပတ်နေတာကို
တွေ့ရတယ်။

ကျွန်တော်စေတီပတ်လည်ကို
လိုက်ကြည့်ပြီးတဲ့အချိန်
ဆရာကတော့
စေတီရဲ့ တောင်ဘက်ထောင့်မှာ
ဘုရားဝတ်ပြုနေပြီ။

ကျွန်တော်လဲဆရာနဲ့
မလှမ်းမကမ်းမှာ
နေရာယူပြီး
ဘုရားရှိခိုးခြင်း
တရားထိုင်ခြင်းတွေကို
လုပ်နေလိုက်တယ်။

အချိန်ဘယ်လောက်ကြာသွားတယ်မသိဘူး
တရားဖြုတ်လို့ကြည့်လိုက်တော့
ဘုရားပတ်ပတ်လည်မှာ
ဖယောင်းတိုင်တွေ
ပူဇော်ထားတာကို
တွေ့လိုက်ရတယ်။

ကျွန်တော်ကတော့
တရားထိုင်နေတဲ့အချိန်
ရွာထဲကလူတွေ
လာရောက်ပူဇော်သွားတယ်လို့
ထင်တဲ့အတွက်
ထွေထွေးထူးထူးမစဉ်းစားတော့ပဲ
ဆရာရှိရာဘက်ကို
လျောက်ခဲ့လိုက်တယ်။

ဆရာက
တရားမဖြုတ်သေးတာကိုတွေ့တော့
ဆရာအနားမှာထိုင်ပြီး
ပတ်ဝန်းကျင်ကို
လိုက်ကြည့်လိုက်တယ်။

လရောင်မှုန်ပျပျကျနေတဲ့
ဘုရားရင်ပြင်ကိုကြည့်ရတာ
ငွေမျှင်ရောင်ပက်ဖြန်းထားသလို
အေးချမ်းနေတယ်။

ဆရာကဘယ်အချိန်
တရားဖြုတ်မယ်မသိတော့
ဘုရားရင်ပြင်ပေါ်ကို
ပတ်ကြည့်မယ်ဆိုပြီး
ထွက်လာတဲ့အချိန်
ဘုရားရင်ပြင်ရဲ့ အရှေ့ဘက်
ဂြိုလ်တိုင်တွေနားမှာ
လူငယ်တစ်ယောက်
စကားထိုင်ပြောနေတာကို
တွေ့လိုက်ရတယ်။

လရောင်အောက်မှာ
ထိုင်နေတဲ့လူငယ်ကို
လှမ်းကြည့်လိုက်တော့
အလွန်ဆုံးရှိလှ ၁၃နှစ် ၁၄နှစ်လောက်ပဲ
ရှိသေးတယ်။

ထူးဆန်းတာက
တစ်ယောက်ထဲစကားတွေပြောနေတာပဲ
ကျွန်တော်တွေ့တာကတော့
တစ်ယောက်ထဲ ရယ်လိုက်မောလိုက်နဲ့
စကားတွေပြောနေတယ်။

ဒါပေမယ့်သူကတော့
ဘေးမှာအဖော်တွေရှိနေသလို
လက်ဟန်ခြေဟန်နဲ့
အားပါးတရပြောနေတာကိုတွေ့တော့
နည်းနည်းတော့ထူးဆန်းသွားတယ်။

ကျွန်တော်လဲ အဝေးကနေ
ကြည့်နေတဲ့အချိန်
တစ်အောင့်ကြာတော့
လူငယ်က ဘုန်းကြီးကျောင်း
အနောက်ပေါက်ဘက်ကို
ဆင်းသွားတာမြင်လိုက်ရတယ်။

ကျွန်တော်လဲဆရာရှိရာပြန်လာတော့
ဆရာက အမျှတန်းဝေနေပီ
အမျှအတန်းဝေပီးတဲ့အချိန်
ဆရာက
“သက်ခိုင်
ခုနက လူငယ်လေးတစ်ယောက်ကို
တွေ့တယ်မလား”လို့မေးတော့
ကျွန်တော်က
“တွေ့တယ်ဆရာ
ဒါပေမယ့်ထူးဆန်းတယ်
တစ်ယောက်ထဲစကားတွေပြောနေတာ”လို့ပြောတော့
ဆရာက

“သာမန်လူတစ်ယောက်အနေနဲ့တော့
ထူးဆန်းတာပေါ့ကွာ
ခုနကလူငယ်လေးဘေးမှာ
ဘဝချင်းမတူတဲ့သူတွေ
ရှိနေသေးတာကိုသိရင်တော့
ထူးဆန်းမှာမဟုတ်တော့ဘူး”

“ဘယ်လိုဘဝခြင်းမတူတာလဲဆရာ”လို့မေးတော့
ဆရာက

“နောက်နေ့တွေသိလာလိမ့်မယ်
မနက်ဖြန်ဒီကောင်လေး
ဘုရားပေါ်တက်တဲ့အချိန်
အနောက်ကလိုက်ပြီးကြည့်ခဲ့
အနောက်ကလိုက်တဲ့အခါ
လေးကွက်အင်းကို
မီးရှို့ပြာချပြီးသောက်ပြီးမှလိုက်
အဲဒါဆို.မင်းသိချင်တဲ့အရာတွေ
သိရလိမ့်မယ်”လို့ပြောတော့
ကျွန်တော်လဲခေါင်းငြိမ့်ပြလိုက်တယ်။

နောက်နေ့ရောက်တော့
ညကတွေ့ခဲ့တဲ့
လူငယ်လေးကို
လိုက်ရှာကြည့်တယ်
ဘုန်းကြီးကျောင်းမှာနေတဲ့
ဘုန်းကြီးကျောင်းသားတွေထဲမှာလဲ
သူ့ကိုမတွေ့ရဘူး
ဒါဆိုညကတွေ့တဲ့ကောင်လေးက
ဒီရွာထဲကပဲဖြစ်မယ်လို့တွေးလိုက်မိတယ်။

ညနေမှောင်ရီတရော
ရောက်လာတော့
ရွာလမ်းမအတိုင်း
လမ်းလျောက်လာတဲ့
လူငယ်လေးကို
လှမ်းတွေ့လိုက်တယ်။

တစ်ယောက်ထဲ
ရီလိုက်မောလိုက်နဲ့
လျောက်လာပြီးတော့
ဘုန်းကြီးကျောင်းအနောက်ဘက်
တံခါးကနေ ဘုရားပေါ်ကို
တက်သွားတာမြင်လိုက်ရတယ်။

ကျွန်တော်လဲ
လေးကွက်အင်းကို
မီးရှို့ပြာချပြီးသောက်လိုက်တယ်။
သောက်ပြီးတော့ ဘုရားရင်ပြင်ပေါ်ကို
တက်လာခဲ့လိုက်တယ်။

ရင်ပြင်ပေါ်ရောက်တော့
စကားပြောသံသဲ့သဲ့ကို
စတင်ကြားလိုက်ရတယ်။
ယောကျၤားလေးအသံအပြင်
မိန်းကလေးအသံတွေကိုပါ
ကြားလိုက်ရတယ်။

ကျွန်တော်လဲ
ဘုရားဘေးကနေ
အသာလေးသွားကြည့်တော့
စနေထောင့်မှာထိုင်နေကြတဲ့
လူငယ်လေးကိုတွေ့လိုက်ရတယ်။

သူ့ဘေးမှာတော့
မိန်းမပျိုနှစ်ယောက်
ကိုတွေ့လိုက်ရတယ်။

နို့စိမ်းရောင်ဝမ်းဆက်နဲ့
အမျိုးသမီးကလူငယ်လေးရဲ့
ညာဘက်လက်ကိုကိုင်ထားပြီး
အဝါနုရောင်ဝမ်းဆက်နဲ့
အမျိုးသမီးက
လူငယ်လေးရဲ့ဘယ်ဘက်လက်ကို
ကိုင်ထားတာတွေ့ရတယ်။

သုံးယောက်သား
ပျော်ရွှင်ရယ်မောပြီး
စကားတွေပြောနေရင်း
လူငယ်လေးက
“အမတော်တို့
နောက်၃ရက်ဆိုရင်
ကျုပ်.ရှင်ပြုရတော့မယ်
သာသနာပြုပုဂ္ဂိုလ်ကြီးဖြစ်အောင်လုပ်ပြီး
အမတော်တို့ကို ကုသိုလ်တွေ
အများကြီးရအောင်လုပ်ပေးမယ်”လို့ပြောလိုက်တဲ့အချိန်
လှပပျိုမြစ်နေတဲ့မိန်းမပျိုနှစ်ယောက်ရဲ့
မျက်နှာက ရုတ်ချည်းဆိုသလို
မဲ့သွားတာတွေ့လိုက်ရတယ်။

“အိုကွယ် မောင်လေးကလဲ
ဘာလို့သာသနာပြုရမှာလဲ
အမတော်တို့နဲ့
တူတူနေရမှာကို
အမတော်တို့်ဆီမှာ
မောင်လေးအတွက်
သုံးမကုန်ဖြုန်းမကုန်တဲ့
ရတနာတွေရှိပါတယ်”

“မဟုတ်ဘူးအမတော်
ကျုပ်က အမတော်တို့ကို
အမအရင်းတွေလိုချစ်ပါတယ်
ကျုပ်ရဲ့ ရည်မှန်းချက်က
သာသနာပြုချင်တာ
မောင်လေးရှင်လောင်းလှည့်တဲ့အခါ
အမတော်တို့က ကွမ်းတောင်ပန်းတောင်ကိုင်ပြီး
လိုက်ခဲ့ပေါ့”လို့ပြောတော့

“ဒီလိုမဖြစ်စေရဘူး
မောင်လေး ရှင်ပြုရင်
အမတော်တို့လာမရတော့ဘူး
အမတော်တို့မောင်လေးနဲ့
မတွေ့ရတော့ဘူးလေ
စည်းခြားသွားပီလေ
မောင်လေးအနားကိုကပ်တာနဲ့
အမတော်တို့ပူလောင်ရတော့မှာ
ရှင်မပြုပါနဲ့နော်
အမတော်တို့နဲ့ပဲ
အခုလိုပျော်ပျော်ရွှင်ရွှင်
နေကြရအောင်လေ”

“မရဘူးအမတော်
အမတော်တို့က ကျုပ်ကိုချစ်တယ်ပြောပြီး
ကျုပ်လုပ်ချင်တာဘာလို့ပေးမလုပ်တာလဲ”

“မရဘူး ခွင့်မပြုနိုင်ဘူး
ဒီနေ့တော့ပြန်တော့မယ်
နောက်နေ့တွေဘုရားမှာစောင့်နေမယ်”လို့ပြောပြီး
ဘုရားစောင်းတန်းလေးကနေ ဆင်းသွားတာကို
တွေ့လိုက်ရတယ်။

ကျွန်တော်လဲဖြစ်ကြောင်းကုန်စင်ကို
ဆရာကိုပြောပြတော့ဆရာက
“သက်ခိုင် ငါတို့ဒီကိုလာရတာကလဲ
ဒီကိစ္စကြောင့်ပဲ
ဒီလူငယ်လေးက
တစ်ချိန်ချိန်မှာ
သာသနာပြုရဟန်းတစ်ပါးဖြစ်မှာ
သူ့ကိုသာသနာပြုနိုင်ဖို့
ငါတို့ကူညီရမယ်”

“ဆရာ
ဒီကောင်လေးအကြောင်းက
စိတ်ဝင်စားစရာပဲနော်”

“ဒီထက်ပိုသိချင်ရင်
ကပ္ပိယကြီးကိုမေးကြည့်
သူကအားလုံးကိုသိတယ်”

ကျွန်တော်လဲ
ကပ္ပိယကြီးဆီသွားပြီးမေးတော့
“ဟုတ်တယ် မောင်ရင်
ဒီကလေးကငယ်ငယ်ထဲက
ထူးဆန်းတာ
စကားပြောတတ်စအရွယ်ထဲက
တစ်ယောက်ထဲစကားတွေပြောပီး
ရယ်နေတတ်တယ်
သူ့ကိုမေးကြည့်ရင်
သူ့အမတွေနဲ့ပြောနေတယ်လို့ပဲဖြေတယ်
ဆရာတော်ကိုသူ့မိဘတွေလာအပ်တော့
ဆရာတော်က သာသနဘောင်ကိုဝင်တာ
အကောင်းဆုံးပဲလို့မိန့်တော်မူတယ်
သဘက်ခါဆိုရင် ဒီကလေး
သာသနာဘောင်ကိုရောက်ပီပေါ့”

“ဒါနဲ့ကပ္ပိယကြီး
သူ့စကားပြောပြောနေတဲ့
သူ့အမတွေကို
ကပ္ပိယကြီးမြင်ဖူးလား”

“တစ်ခါပဲမြင်ဖူးတယ်
အခုမြင်နေတဲ့
သိမ်မပြီးခင်က
ဆရာတော်ကို
သူတို့လာဖူးကြတယ်
အဲဒီတုန်းက
ငါတို့ကျောင်းမှာ သိမ်မရှိသေးဘူး
ပဉ္ဇင်းခံတဲ့အခါ ဟိုဘက်ရွာမှာ
သွားပြီးသိမ်တက်ရတယ်
ဆရာတော်က
သိမ်တစ်ဆောင်ကို
ရှိစေချင်တယ်
ကျေးရွာဘုန်းကြီးကျောင်းဖြစ်တဲ့အတွက်
အလှူရှင်ကလဲမရှိဘူးလေ
ရွာသူရွာသားတွေကလဲ
လက်လုပ်လက်စားဆိုတော့
ငွေပမာဏအများကြီးမထည့်နိုင်ကြဘူး
တစ်ညမှာ ဆရာတော်က
ငါ့ကိုခေါ်ပြီး
ဒီညဧည့်သည်တွေလာမယ်တဲ့
ဘုရားပန်းတွေအသစ်လဲထားဆိုလို့
ညတွင်းချင်းဘုရားပန်းတွေလဲရသေးတယ်
ည၈နာရီလောက်ရောက်တော့
လှေကားကနေ လူနှစ်ယောက်တက်လာတယ်
ကြည့်လိုက်တော့မိန်းမနှစ်ယောက်
တော်တော်ချော တော်တော်လှတယ်
ဆံပင်တွေဆိုတာ
ခြေမျက်စိဖုံးတဲ့ထိရှည်ကျနေတာ
လက်မှာလဲဝတ်ထားတဲ့လက်ကောက်တွေက
တံတောင်ဆစ်နားအထိရောက်တယ်
ပန်ထားတဲ့စိန်နားကပ်အရောင်က
ဘုရားမီးအရှိန်ကြောင့် တလက်လက်ကို
ထေနရတာ

ငါလဲဆရာတော်ဘေးမှာထိုင်ကြည့်နေတာပေါ့
သူတို့လာတော့ ဆရာတော်က
လက်ညိုးနဲ့အရှေ့မှာစည်းတားလိုက်တယ်
သူတို့ကိုစည်းမကျော်စေဖို့ပြောတော့
သူတို့က စည်းနဲ့မလှမ်းမကမ်းမှာ
ထိုင်ပြီးဘုရားရှိခိုးတယ်
ပြီးတော့ဆရာတော်ကို
ကန်တော့တာ
ကန်တော့ပြီးတော့
သိ်မ်အတွက် သူတို့အလှူပါချင်တယ်လို့ပြောတယ်
အလှူရှင်တွေကိုလဲ ဒီကိုရောက်အောင်
ခေါ်လာမယ်လို့လဲပြောတယ်
ဆရာတော်ကခွင့်ပြုတော့
သူတို့က နောက်တစ်ခုထပ်တောင်းဆိုတယ်
သူတို့မောင်အငယ်ဆုံးကို
ပြန်ခေါ်ချင်တယ်တဲ့
သူတို့က ရန်အောင်မြင်ဘုရားရဲ့
စနေထောင့်မှာနေတယ်လို့ပြောတယ်

ဆရာတော်က
ကာယကံရှင်သဘောအတိုင်းလုပ်လို့ပဲပြောတယ်
ကျန်တာဘာမှမပြောတော့
သူတို့လဲပြန်သွားတယ်

နောက်မကြာပါဘူး
သိမ်အတွက်အလှူရှင်တွေ
ရွာကိုရောက်လာတယ်
သိမ်အတွက်မြေတူးတော့
ရတနာပစ္စည်းတစ်ချို့ရတယ်
အဲဒီရတနာပစ္စည်းတွေကို
ရောင်းပြီး သိမ်ဆောက်တဲ့အထဲ
ထည့်ခဲ့တယ်
သိမ်တော်ကိုလဲ
ရတနာရွှေသိမ်လို့သမုတ်ခဲ့တယ်”

“ဒါဆို ဒီလူငယ်လေးက
ဥစ္စာစောင့်မောင်နှမတွေထဲကပေါ့”

“အဲလိုပြောရမှာပေါ့”

ကျွန်တော်လဲသိချင်တာသိရပြီမို့်
တည်းတဲ့နေရာကိုပြန်လာခဲ့လိုက်တယ်။

မနက်ရောက်တော့
ဆရာက
“သက်ခိုင်ရေ
ငါတို့ဟိုကောင်လေးအိ်မ်ကို
သွားကြရအောင်”ဆိုပြီး
ရွာထဲကိုထွက်လာခဲ့တယ်

ရွာလမ်းမကိုကျော်တဲ့အချိန်
“မောင်ရင်တို့
ဘယ်သွားကြမလို့”ဆိုပြီးခေါ်သံကြားလို့
ကြည့်လိုက်တော့
ကပ္ပိယကြီးဖြစ်နေတယ်။

“ဟာ.. ကပ္ပိယကြီး
ဘယ်ကပြန်လာတာလဲ
ကျုပ်တို့က
မနေ့ကကပ္ပိယကြီးပြောတဲ့
ကောင်လေးအိမ်ကိုသွားမလို့”

“ကျုပ်ကရွာထဲဆွမ်းချိုင့်လိုက်ပို့ပြီး
ပြန်လာတာ လာ လာ
ကျုပ်လိုက်ပို့ပေးမယ်”လို့ပြောပြီး
ခေါ်သွားပါလေရော။

ဝါးလုံးတွေကာထားတဲ့
ခြံအရှေ့ရောက်တော့
“မိငယ်ရေ
ဧည့်သည်တွေပါတယ်ဟေ့”

“ကပ္ပိယကြီး
ဟော ဧည့်သည်တွေလဲပါတာကိုး
လာကွလာကွ
အိမ်ပေါ်တက်ကြဦး”ဆိုပြီး
ခေါ်တော့ ကျွန်တော်တို့လဲ
လိုက်တက်သွားတယ်။

ကပ္ပိယကြီးက
“မိငယ် နင့်သားရော
ဒီကဧည့်သည်တွေက
နင့်သားအကြောင်းစိတ်ဝင်စားလို့တဲ့”ဆိုပြီး
ပြောလိုက်တော့

မိငယ်ဆိုတဲ့ အမျိုးသမီးက
“သားငယ် ရှိပါတယ်
အနောက်ဘေးမှာ
ထင်းခွဲနေတယ်
သားရေ သား
ဧည့်သည်တွေရောက်နေလို့
ရေနွေးကြမ်းနဲ့ထန်းလျက်ခဲလေး
ယူလာပါဦး”

ခဏနေတော့
ရေနွေးကြမ်းနဲ့ထန်းလျက်ခဲဘူးလေး
ယူလာတဲ့လူငယ်ကိုတွေ့လိုက်ရတယ်။

လူငယ်ကိုတွေ့တော့
ဆရာက
“ကျုပ်တို့က ခရီးသွားတွေပါ
ဒီရွာမှာခဏတည်းရင်း
ဒီကအမိရဲ့သားအကြောင်း
သိရတော့စိတ်ဝင်စားလို့ပါ
သူကမကြာခင်ရှင်ပြုတော့မယ်လို့
ကပ္ပိယကြီးကပြောတယ်
ဟုတ်လား”

“အမလေး အဲဒီရှင်ပြုမယ့်ကိစ္စကိုပဲ
ကျုပ်ကပူနေရတာ
သူ့ကိုရှင်ပြုဖို့စီစဉ်နေတာ
၂နှစ်လောက်ရှိရောပေါ့
ရှင်ပြုဖို့စီစဉ်လိုက်တိုင်း
တစ်ခုမဟုတ်တစ်ခုဖြစ်
ပြီးခဲ့တဲ့နှစ်ကလဲ
ရှင်ပြုခါနီး သူ့အဖေပိုးထိလို့ဆုံးတာ
ဒီနှစ်လဲရှင်ပြုဖို့စီစဉ်ရသေးတယ်
အိမ်မက်ထဲ လာပြောတာ
သုံးခါရှိပြီ
သူ့ကိုရှင်ပြုပေးရင်
ကျွန်မကိုသတ်မယ်တဲ့
ကျွန်မကတော့ သေချင်သေပါစေ
ကျွန်မသားလေးကိုတော့
ရှင်ပြုပေးသွားချင်တယ်”

“အမိ ကျုပ်တို့က ပယောဂလဲ
နည်းနည်းပါးပါးကုတတ်ပါတယ်
အမိတို့သားအမိကို
ကူညီပေးပါ့မယ်
အရင်ဆုံး ဒီကကလေးကို
အရင်မေးကြည့်ပါရစေ”ဆိုပြီးဆရာကခွင့်တောင်းတော့
အမေဖြစ်သူက
“မေးပါဆရာ မေးပါ
သား
ဆရာတို့မေးတာဖြေလိုက်နော်”လို့ပြောတော့
လူငယ်လေးက ခေါင်းညိမ့်ပြတယ်။

ဆရာက
“မောင်ရင်က
တကယ်ရှင်ပြုချင်တာလား”

“ဟုတ်တယ်
ကျုပ်ဘုန်းကြီးဝတ်ချင်တယ်”

“ဒါဆို အရင်ဘဝက
အမတွေကိုရော”လို့မေးလိုက်တော့
လူငယ်က

“ဟင်
ဆရာက
ဘယ်လိုသိတာလဲ”

“ကပ္ပိယကြီးပြောလို့သိတာပါ
မောင်ရင်က
အရင်ဘဝကို
ပြန်မသွားချင်တာသေချာလား”

“သေချာပါတယ်
ကျုပ်ပြန်မသွားချင်တော့ဘူး
အမတော်တွေက
ပြန်လာစေချင်တယ်
ဒါပေမယ့်ကျုပ်မသွားချင်တော့ဘူး”

ဆရာက
ဟုတ်ပီ ဒါဆို အရင်ဘဝကိုပြန်မသွားချင်တာ
သေချာလားလို့ သုံးကြိမ်တိတိမေးတယ်။

လူငယ်ကလဲ သုံးကြိမ်တိတိ
မသွားချင်ဘူးလို့ဖြေတယ်။

ဆရာက
“ဒါဆို ကျုပ်တို့ကို
ဒီကလေးကိုအပ်ပါ
ဒီကလေးရှင်မပြုရမချင်း
ကျုပ်တို့နဲ့တူတူထားရမယ်
အမိကရော သဘောတူလား”

“ဆရာတို့အဆင်ပြေသလိုလုပ်ပါ
ကျုပ်သားလေးကို အနှောက်အယှက်
ကင်းကင်းနဲ့ရှင်ပြုပေးနိုင်ရင်
ကျေနပ်ပါပြီ”

“ဒါဆိုရင် မောင်ရင်က
ကျုပ်တို့နဲ့ဘုန်းကြီးကျောင်းကို
လိုက္ခဲ့ပါ
သက်ခိုင်က
ဒီကအမိအတွက်
ရေမန်းနဲ့အင်းကွက်တွေမန်းပေးပြီး
အိမ်ပတ်ပတ်လည်
မကောင်းတဲ့အရာမှန်သမျှ
အဝင်နိုင်အောင်လုပ်ပေးလိုက်”လို့ပြောတော့
ကျွန်တော်လဲ အိမ်ပတ်လည်ကို
စည်းချပြီး ရေမန်းတစ်ခွက်မန်းကာ
သောက်ရေအိုးထဲကိုထည့်ခဲ့လိုက်တယ်။

ပြန်ခါနီးရောက်တော့
“အမိ ညဘက်အချိန်မတော်
အပြင်သွားစရာရှိရင်
ဒီရေမန်းကိုသောက်ပြီးမှသွားနော်
ဖြစ်နိုင်ရင်.ညဘက်တွေ
အပြင်မထွက်တာအကောင်းဆုံးပဲ”လို့မှာပြီး
ဘုန်းကြီးကျောင်းကိုပြန်လာခဲ့လိုက်တယ်။

ဘုန်းကြီးကျောင်းရောက်တော့
ဆရာက လူငယ်လေးကို
“မောင်ရင် ဘာပဲဖြစ်ဖြစ်
ကျုပ်တို့ကိုလာပြော
မောင်ရင်ဘာပဲမြင်မြင်
ကျုပ်တို့ကိုလာပြော”လို့မှာပြီး
လူငယ်လေးကိုပေးအိပ်လိုက်တယ်။

ညသန်းခေါင်ကျော်တော့
“ဆရာ ဆရာ
ထပါဦး
ကျုပ်မြင်နေရတယ်”ဆိုပြီးလာနှိုးတော့
ကျွန်တော်လဲလူးလဲထလိုက်တယ်။

“ဆရာ
ကျုပ်ကိုခေါ်နေတယ်
ဘုရားပေါ်မှာစောင့်နေတယ်တဲ့
ခဏလောက်လာတွေ့ပါလို့ပြောတယ်
ကျုပ်ဘာလုပ်ရမလဲ
ခဏလောက်သွားတွေ့လိုက်ရမလား”လို့မေးတော့

“မသွားရဘူး
မောင်ရင်ဒီကနေဘယ်မှမသွားရဘူး”ဆိုတဲ့အသံက
ကျွန်တော်အနောက်ကနေထွက်လာတယ်။
လှည့်ကြည့်လိုက်တော့
ဆရာဖြစ်နေတယ်။

ဆရာက
“မောင်ရင်သွားတာနဲ့
မောင်ရင်လိပ်ပြာကိုနှုတ်ပြီး
ခေါ်သွားတော့မှာ
မောင်ရင်ဖြစ်ချင်တဲ့ရဟန်းဘဝကိုလဲ
ရတော့မှာမဟုတ်ဘူး”

“ဆရာ သူတို့ငိုနေတယ်ဆရာ
ကျုပ်သနားလိုက်တာ
ခဏလောက်ပဲတွေ့လို့မရဘူးလား
သူတို့ကျုပ်ကိုအဲလိုမလုပ်လောက်ပါဘူး”

“မောင်ရင် ကျုပ်ကိုကတိပေးထားပြီးပြီလေ
မောင်ရင်အတွက်ကျုပ်တို့လုပ်နေတာမဟုတ်ဘူး
သာသနာအတွက် ကျုပ်တို့လုပ်နေတာ
မောင်ရင်သွားတာနဲ့လိပ်ပြာနှုတ်ပြီး
သိုက်နန်းထဲမှာ နှစ်ပေါင်းများစွာ
ပိတ်ထားတော့မှာ
နောက်တစ်ခါလူဘဝကိုပြန်လာဖို့
မစဉ်းစားနဲ့တော့
မောင်ရင်သွားချင်သေးလား”

“မသွား. မသွားချင်တော့ပါဘူး
ကျုပ်ဒီမှာပဲနေပါမယ်”

“သက်ခိုင်
ဘုရားသောက်တော်ရေ
ဒီလူငယ်ကိုတိုက်လိုက်ပါ
သူစိတ်အရမ်းလှုပ်ရှားနေတယ်
ဟိုဘက်ကလဲ မရ ရတဲ့နည်းနဲ့
ပြန်ဆွဲခေါ်မှာပဲ ငါတို့သတိထားဖို့လိုတယ်
အမိ်န့်နဲ့လုပ်လို့ရပေမယ့်
ဆရာတော်က သိမ်အလှုရှင်တွေကို
မထိခိုက်အောင်လုပ်ဖို့ မိန့်ထားတယ်”

“ဟုတ်ကဲ့ပါဆရာ
ကျွန်တော်ဒီလူငယ်လေးကို
ဘေးမှာထားပါ့မယ်”လို့ပြောပြီး
ဘုရားသောက်တော်ရေကိုစွန့်ပြီးတော့
လူငယ်လေးကိုတိုက်လိုက်တယ်။

မနက်ရောက်တော့
ကပ္ပိယကြီးက
“ညက ဟိုမောင်နှမတွေ
ကျောင်းအောက်မှာ
တစ်ညလုံးရပ်နေကြတာကို
တစ်ရေးနိုးအပေါ့ထသွားတော့
မြင်လိုက်ရတယ်
ဒီနေ့ကနောက်ဆုံးဆိုတော့
ဒီညသူတို့ဘယ်လိုလုပ်မလဲမသိသေးဘူး
သတိထားကြဦး”

“စိတ်ချပါကပ္ပိယကြီး
ကျုပ်တို့ဆရာက
သူ့တာဝန်ကိုသူအမြဲကျေအောင်
လုပ်နေကျပါ
စိတ်အရမ်းကြီးပူမနေပါနဲ့”

ဒီနေ့တစ်နေ့လုံး
ဆရာကိုမတွေ့ရ
မနက်ထဲကနေ
အခုညနေစောင်းတဲ့ထိ
ဘုရားခန်းထဲကနေ
အပြင်ကိုမထွက်လာဘူး

နေရောင်ကတစ်ဖြေးဖြေး
ပျောက်ကွယ်လာတယ်။
အမှောင်ထုက ပိတ်သည်ထက်ပိတ်လာခဲ့တယ်။

ကျွန်တော်လဲ လူငယ်လေးကို
မျက်ခြေမပြတ်စောင့်ကြည့်ရင်း
ဘုရားဘက်ကိုကြည့်နေလိုက်တယ်။

လေတိုက်တိုင်းလှုပ်ရမ်းနေတဲ့ဆည်းလည်းသံ
လေးတွေက စိတ်ကိုကြည်နူးစေတယ်။
ဘုရားပေါ်ကနေတိုက်ခတ်လာတဲ့
လေပြေတွေက ဘုန်းကြီးကျောင်းတစ်ခုလုံးကို
အေးမြနေတယ်။

ကျွန်တော်တွေးနေတဲ့အချိန်
“သက်ခိုင်
ဟိုလူငယ်မရှိတော့ဘူး
မြန်မြန်လိုက်သွားရမယ်”ဆိုတဲ့အသံကြားလို့
လှည့်ကြည့်လိုက်တော့
ဆရာဖြစ်နေတယ်။

ဘေးဘီကိုကြည့်လိုက်တော့
လူငယ်လေးကိုမတွေ့ရတော့ဘူး
ဆရာလဲ ကျောင်းအောက်ဆင်းပြီး
ဘုရားပေါ်တက်သွားတာမြင်တော့
ကျွန်တော်လဲအနောက်ကနေပြေးလိုက်သွားမိတယ်။

စိတ်ထဲကလဲ ငါ့ဘာလို့ဒီလောက်
အတွေးလွန်သွားတာလဲဆိုပြီး
ဝေခွဲမရဖြစ်မိတယ်။

ဘုရားပေါ်ရောက်တော့
လူငယ်လေးကိုမတွေ့ရ
ကျွန်တော်ခေါင်းနပမ်းကြီးသွားတယ်။

ဆရာကတော့
ကျွန်တော်ကိုကြည့်ပြီး
တောက်တစ်ချက်ခတ်ကာ
မြေကြီးပေါ်မှာအင်းတစ်ကွက်ကို
ဆွဲလိုက်တယ်။

အင်းကွက်ကရုတ်တရက်ဆိုသလို
ရွှေမှုန်လေးတွေဖြစ်သွားပြီး
ရွှေရောင်သိမ်းငှက်တစ်ကောင်ဖြစ်သွားတယ်။

ရွှေရောင်တဖိတ်ဖိတ်တောက်နေတဲ့
သိမ်းငှက်က ကောင်းကင်ပေါ်ကို
တစ်ရှိန်ထိုးပျံသွားပြီး
တစ်စုံတစ်ခုကို
လိုက်ကြည့်နေတယ်။

ခဏနေတော့
စူးစူးရှရှအော်သံနဲ့အတူ
အောက်ကိုထိုးဆင်းသွားတာ
တွေ့လိုက်တယ်။

ကျွန်တော်လဲသိမ်းငှက်ထိုးဆင်း
သွားတဲ့နေရာကိုလိုက်သွားလိုက်တာ
ဘုရားရင်ပြင်ဘေးက
ငှက်ပျောတောထဲကိုရောက်သွားတယ်။

ငှက်ပျောတောထဲကိုရောက်တဲ့အချိန်
ကြည့်လိုက်တော့
မျက်ဖြူ လန်ပြီး အသက်မရှိတော့တဲ့
လူငယ်ကိုတွေ့လိုက်ရတယ်။

ကျွန်တော်လူငယ်လေးရဲ့
အလောင်းဘေးမှာ
ထိုင်ချလိုက်ပြီး
အော်လိုက်မိတယ်။

ဆရာကတော့
ကျွန်တော်ကိုစကားတစ်ခွန်းပြောလိုက်တယ်

“သက်ခိုင်
ငါဒီတာဝန်ကိုမကျေပွန်လိုက်နိုင်ဘူး
ဒီနေ့ကငါ့ရဲ့အဓိဌာန်နောက်ဆုံးနေ့ဖြစ်လို့
မင်းကိုတာဝန်ပေးခဲ့တယ်
ဒါပေမယ့် မင်းက သူတို့ရဲ့မာယာထဲမိသွားတယ်
ဒီအပြစ်ကိုငါကိ်ုယ်တိုင်ခံယူရတော့မယ်
မင်းလဲတတ်သင့်သလောက်
တတ်နေပီမို့လို့
ရှေ့ဆက်ငါမရှိပဲ
နှစ်အနည်းငယ်ရပ်တည်ဖို့ကြိုးစားပေါ့
ငါရဲ့အပြစ်တွေကိုပေးဆပ်ဖို့
ကျင့်စဉ်တစ်ခုကို
ကျင့်ရတော့မယ်”လို့ပြောပြီး
လှည့်ထွက်သွားတယ်။

ကျွန်တော်ကြောင့်
အခုလိုဖြစ်ရတာမို့လို့
ဆရာတော်မိန့်ထားတဲ့
စကားကိုဖျက်ဖို့ဆုံးဖြတ်လိုက်တယ်။

ကျွန်တော်လဲ
ခြေဖနောက်ကိုပေါက်ပြီး
လိပ်ပြာနှုတ်သွားတဲ့
မောင်နှမကိုခေါ်ဖို့
လုပ်တဲ့အချိန်

“သက်ခိုင်
ဟိုမှာကြည့်လိုက်
သူတို့မောင်နှမတွေ
ပျော်နေပီ
ငါတို့နောက်ကျသွားပြီ”

ကျွန်တော်လဲဆရာပြောတဲ့နေရာကို
ကြည့်လိုက်တော့
ဝတ်ကောင်းစားလှတွေဝတ်ပြီး
ဘုရားရင်ပြင်ပေါ်မှာ
ပျော်ရွှင်စွာပြေးလွှားနေကြတဲ့
မောင်နှမသုံးယောက်ကို
တွေ့လိုက်ရတယ်။

ကျွန်တော်ဆရာနဲ့လမ်းခွဲရတော့မှာကို
တွေးမိပြီး မျက်ရည်တွေကျလာခဲ့တယ်။
ဆရာကတော့
ကျွန်တော်ကိုလှည့်တောင်မကြည့်ပဲ
သူ့အပြစ်ကိုရဲရဲဝ့ံဝ့ံခံယူဖို့
ရွာထဲကိုသွားနေတာကိုတွေ့လိုက်ရတယ်။

မနက်ကျတော့
တစ်ရွာလုံးက ကျွန်တော်တို့ကို
အပြစ်တင်ဆဲဆိုကြပေမယ့်
ဆရာတော်ကတော့
“ဒီကလေး ဝဋ်ကြွေးမကုန်သေးလို့
ပြန်သွားရတာပဲ”ဆိုပြီးမိန့်တော်မူတယ်။

လူငယ်လေးရဲ့အသုဘကို
လိုက်ပို့ပီးတဲ့အချိန်ကစပြီး
ဆရာ့ကိုမတွေ့ရတော့ဘူး
တစ်ချို့ကတော့
ရွာအနောက်ဘက်ကို
ထွက်သွားတယ်။
တစ်ချို့က ရွာတောင်ပိုင်းကတောအုပ်ထဲ
ထွက်သွားတာကိုတွေ့လိုက်တယ်လို့ပြောတယ်။

ဆရာတော်ကတော့
“ဒကာလေးဆရာက
သူ့ရဲ့တာဝန်မကျေမှုကိုပေးဆပ်ဖို့
လူ့အသိုက်အဝန်းထဲကို
ပြန်ဝင်ရတော့မယ်
ဒီတစ်ခါဝင်တဲ့ပုံစံက
သာမန်လူတွေလိုတော့မဟုတ်ဘူး
စိတ်မန့ှံတဲ့လူတစ်ယောက်အနေနဲ့
သွားရတာ
ဒကာလေးကတော့
ဒီပညာကိုဒီထက်ပိုပြီး
ကျွမ်းကျင်အောင်
လေ့ကျင့်ဖို့တော့လိုမယ်”လို့ပြောပြီး
အခန်းထဲဝင်သွားတယ်။

ကျွန်တော်လဲရွာကထွက်လာပြီးနောက်ပိုင်း
ဆရာ့ကိုလိုက်ရှာခဲ့ပေမယ့်
ရှာမတွေ့ခဲ့ဘူး။
အချိန်တွေတစ်ဖြေးဖြေးကုန်သွားတယ်။
တစ်ချို့ကတော့
အသက်ငယ်ငယ်နဲ့အရူးတစ်ယောက်
လွယ်အိတ်တစ်လုံးလွယ်ပြီး
သချႌုင်းဇရပ်တွေမှာပဲနေတယ်လို့ပြောသလို

တစ်ချို့တွေက
ဘူတာရုံမှာတွေ့ကြတယ်ပြောတယ်

တစ်ချို့တွေက
လှေဆိပ်တွေမှာ
ထိုင်နေတဲ့
ဆံပင်ရှည်ရှည်
မုတ်ဆိတ်မွေးရှည်ရှည်နဲ့
ယဉ်ယဉ်လေးရူးနေတဲ့
လူငယ်တစ်ယောက်ကိုတွေ့ရတယ်လို့ပြောကြတယ်။

ကျွန်တော်လဲဇာတိမြေကိုပြန်လာပြီး
တတ်ထားတဲ့ပညာလေးနဲ့
လူတွေရဲ့ဒုက္ခတွေကို
ကူညီပေးခဲ့တယ်။

ဆရာ့သတင်းကိုတော့
်အစအနတောင်မကြားရတော့ဘူး။

…..

နွေရာသီရဲ့အပူက
မြေကြီးတွေကိုတောင်အက်ကွဲစေခဲ့သည်။
ပူလောင်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း
ဒေသတစ်ခုမှာ အရိပ်မရှိ
အကာမရှိတဲ့
လယ်ကွင်းထဲ လွယ်အိတ်အစုတ်လေးကို
ခေါင်းအုံးပြီး နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့
လူတစ်ယောက်ကိုတွေ့မယ်ဆိုရင်
တော်တော်အ့ံသြသွားမယ်။

“ဝေး ဝေး
ဟိုလူကြီး နေမပူဘူးလားမသိဘူး
နေပူထဲအိပ်နေတာ”

“သေများသေနေပီလားမသိဘူး”

ထနောင်းပင်အောက်ကနေ
အော်နေကြတဲ့
ကလေးတစ်သိုက်ရဲ့အသံကြောင့်
နေပူထဲအိပ်ပျော်နေတဲ့လူ
ရုတ်တရက်ထထိုင်လိုက်တယ်

လက်နှစ်ဘက်ကိုဆန့်ကာ
အပျင်းကြောဆွဲလိုက်ပြီး
မတ်တပ်ရပ်လိုက်တယ်။

ပြီးတော့ ထနောင်းပင်အောက်က
ကလေးအုပ်ဆီကို လျောက်လာပြီး
“ဟိုကလေးတွေ
သကြားလုံးစားမလား
ပုံပြင်နားထောင်မလား”လို့မေးလိုက်တော့
မဲကြီးဆိုတဲ့ကလေးက
“ဒီအရူးကပုံပြင်ပြောပြမယ်
သကြားလုံးလဲကျွေးမယ်ဆိုတော့
နှစ်ခုလုံးလုပ်ပေး
သကြားလုံးလဲစားမယ်
ပုံပြင်လဲနားထောင်မယ်”

ဒါဆို သကြားလုံးအရင်စား
ပီးရင်ပုံပြင်ပြောပြမယ်
နောက်တစ်ခါငါအိပ်နေရင်
လာမနှောက်ယှက်နဲ့လို့ပြောပြီး
ညစ်ပတ်ပြီးဖာရာပရပွဖြစ်နေတဲ့
ကာကီရောင်လွယ်အိတ်ထဲကနေ
ဘာလီသကြားလုံးတွေထုတ်ပေးလိုက်တယ်။

သကြားလုံးရတော့
ကလေးတစ်အုပ်
ပျော်ရွှင်ပြီးရယ်နေတာမြင်တော့
မုတ်ဆိတ်စုတ်ဖွား၊ ဂျေးလက်လေးသစ်နဲ့လူက

“စားကွ စားကွ
မင်းတို့နဲ့ထိုက်လို့စားရတာ
ငါကလဲ ကျွေးထိုက်လို့ကျွေးတာ
စားကွ စားကွ
ဒီသကြားလုံးတွေက
ငါကိ်ုယ်တိုင်ဖော်စပ်ထားတဲ့
သိဒ္ဒိဝင်သကြားလုံးတွေဟဲ့
ဘာသကြားလုံးတွေလဲ”လို့မေးလိုက်တော့

ထနောင်းပင်အရိပ်အောက်မှာ
ဆော့နေတဲ့
ကလေးအုပ်က
“သိဒ္ဒိဝင်သကြားလုံး”ဆိုပြီးဖြေကြပါလေရော။

ကလေးအုပ်ကြီးဖြေလိုက်တဲ့
စကားကြောင့် လွယ်အိတ်အစုတ်နဲ့
လူက
တဟားဟားနဲ့အော်ရီလိုက်လေတော့သည်။

……

ထိုလူကား အရူးကျင့်စဉ်ဖြင့် ပြစ်ဒဏ်ပေးခြင်းခံထားရတဲ့ စာဖတ်သူတို့ရဲ့အချစ်တော် အောင်မြတ်သာဆိုတာ
ကလေးအုပ်ကြီးမသိနိုင်ခဲ့လေပြီ။

အောင်မြတ်သာတစ်ယောက်
အရူးကျင့်စဉ်ကိုမည်သို့မည်ပုံ
ကျင့်ပြီး လူတွေကို
ဘယ်လိုကူညီမလဲဆိုတာကိုတော့
အောင်မြတ်သာနှင့်အရူးကျင့်စဉ်ဆိုတဲ့
ဝတ္တုလေးမှာစောင့်မျှော်ဖတ်ရှုပေးကြပါဦး။

ဇေယန(ရာမည)

Zawgyi(version)

ေအာင္ျမတ္သာႏွင့္လိပ္ျပာႏႈတ္ပြဲ
++++++++++++++++++

ကြၽန္ေတာ္တို႔ က်ိဳက္ေပၚေလာဘုရားကေန
ထြက္လာၿပီးေနာက္ပိုင္း
ပဲခူးဘက္ကို ခရီးဆက္ထြက္ခဲ့တယ္။

ပဲခူးတိုင္းထဲမွာရွိတဲ့
ေညာင္ကုန္းဆိုတဲ့႐ြာကိုေရာက္ေတာ့
ညေနေစာင္းေနပီ။

ကြၽန္ေတာ္တို႔လဲ
႐ြာဦးဘုန္းႀကီးေက်ာင္းဆရာေတာ္ကို
ဝင္ဖူးရင္း သုံးရက္ေလာက္
တည္းခိိုမယ့္အေၾကာင္း
ေလ်ာက္ထားေတာ့
ဆရာေတာ္က
“ဒကာေလးတို႔
အဆင္ေျပတဲ့အခ်ိန္ထိ
လြတ္လြတ္လပ္လပ္တည္းခိုၾကေပါ့”ဆိုတဲ့
စကားေလးပဲေျပာၿပီး အခန္းထဲျပန္ဝင္သြားတယ္။

ကြၽန္ေတာ္လဲဆရာကိုၾကည့္လိုက္ေတာ့ဆရာက
“ဆရာေတာ္က ေလာကီကိစၥေတြကို
ဝင္မစြက္ဖက္ဘူး”လို႔ပဲေျပာတယ္။

ကြၽန္ေတာ္တို႔လဲ
ေရမိုးခ်ိဳးၿပီး
ကပိၸယႀကီးျပင္ေပးတဲ့
သက္သက္လြတ္ထမင္းနဲ႕ဟင္းကို
စားၿပီးေတာ့ ဘုန္းႀကီးေက်ာင္းေဘးမွာ
ရွိတဲ့ ေစတီေလးေပၚကို
တက္လာခဲ့လိုက္တယ္။

ဘုန္းႀကီးေက်ာင္းရဲ႕
အေနာက္ဘက္မွာ
ရန္ေအာင္ျမင္ဆိုတဲ့
ေစတီေလးတစ္ဆူရွိတယ္ဗ်
ေစတီကဘယ္ေလာက္ထဲက
တည္ထားလဲဆိုတာမသိေပမယ့္
ေရွးေတာ္ေတာ္က်တယ္ဆိုတာေတာ့
ခန့္မွန္းမိတယ္။

ဘာလို႔ဆိုေတာ့
သာသနိကအေဆာက္အဦေတြအားလုံးက
ေရွးေဟာင္းလက္ရာေတြျဖစ္ေနလို႔ပဲ
ဘိစပ္ၿခဳံေတြထူထပ္ေနတဲ့
ဘုရားပုရဝဏ္က
ေျခာက္ခ်ားစရာေကာင္းတယ္။

ေစတီရဲ႕ေျမာက္ဘက္မွာေတာ့
သီလရွင္တစ္ပါးေက်ာင္းေလးႏွစ္လုံးကို
ေတြ႕ရတယ္။
တစ္ပါးေက်ာင္းေလးေတြရဲ႕အဝမွာ
“ေဒၚေခမာနႏၵနဲ႕ ေဒၚေခမာစာရ”ဆိုတဲ့
နာမည္ေလးေတြထိုးထားၾကတယ္။

တစ္ပါးေက်ာင္းေဆာင္ေတြက
လူမေနတာၾကာတဲ့အတြက္
ၿခဳံႏြယ္ပိတ္ေပါင္းေတြက
ရစ္ပတ္ေနသလို
ပိုးခ်ည္အိမ္ေတြကလဲ
ေနရာအႏွံ႕ရစ္ပတ္ေနတာကို
ေတြ႕ရတယ္။

ကြၽန္ေတာ္ေစတီပတ္လည္ကို
လိုက္ၾကည့္ၿပီးတဲ့အခ်ိန္
ဆရာကေတာ့
ေစတီရဲ႕ ေတာင္ဘက္ေထာင့္မွာ
ဘုရားဝတ္ျပဳေနၿပီ။

ကြၽန္ေတာ္လဲဆရာနဲ႕
မလွမ္းမကမ္းမွာ
ေနရာယူၿပီး
ဘုရားရွိခိုးျခင္း
တရားထိုင္ျခင္းေတြကို
လုပ္ေနလိုက္တယ္။

အခ်ိန္ဘယ္ေလာက္ၾကာသြားတယ္မသိဘူး
တရားျဖဳတ္လို႔ၾကည့္လိုက္ေတာ့
ဘုရားပတ္ပတ္လည္မွာ
ဖေယာင္းတိုင္ေတြ
ပူေဇာ္ထားတာကို
ေတြ႕လိုက္ရတယ္။

ကြၽန္ေတာ္ကေတာ့
တရားထိုင္ေနတဲ့အခ်ိန္
႐ြာထဲကလူေတြ
လာေရာက္ပူေဇာ္သြားတယ္လို႔
ထင္တဲ့အတြက္
ေထြေထြးထူးထူးမစဥ္းစားေတာ့ပဲ
ဆရာရွိရာဘက္ကို
ေလ်ာက္ခဲ့လိုက္တယ္။

ဆရာက
တရားမျဖဳတ္ေသးတာကိုေတြ႕ေတာ့
ဆရာအနားမွာထိုင္ၿပီး
ပတ္ဝန္းက်င္ကို
လိုက္ၾကည့္လိုက္တယ္။

လေရာင္မႈန္ပ်ပ်က်ေနတဲ့
ဘုရားရင္ျပင္ကိုၾကည့္ရတာ
ေငြမွ်င္ေရာင္ပက္ျဖန္းထားသလို
ေအးခ်မ္းေနတယ္။

ဆရာကဘယ္အခ်ိန္
တရားျဖဳတ္မယ္မသိေတာ့
ဘုရားရင္ျပင္ေပၚကို
ပတ္ၾကည့္မယ္ဆိုၿပီး
ထြက္လာတဲ့အခ်ိန္
ဘုရားရင္ျပင္ရဲ႕ အေရွ႕ဘက္
ၿဂိဳလ္တိုင္ေတြနားမွာ
လူငယ္တစ္ေယာက္
စကားထိုင္ေျပာေနတာကို
ေတြ႕လိုက္ရတယ္။

လေရာင္ေအာက္မွာ
ထိုင္ေနတဲ့လူငယ္ကို
လွမ္းၾကည့္လိုက္ေတာ့
အလြန္ဆုံးရွိလွ ၁၃ႏွစ္ ၁၄ႏွစ္ေလာက္ပဲ
ရွိေသးတယ္။

ထူးဆန္းတာက
တစ္ေယာက္ထဲစကားေတြေျပာေနတာပဲ
ကြၽန္ေတာ္ေတြ႕တာကေတာ့
တစ္ေယာက္ထဲ ရယ္လိုက္ေမာလိုက္နဲ႕
စကားေတြေျပာေနတယ္။

ဒါေပမယ့္သူကေတာ့
ေဘးမွာအေဖာ္ေတြရွိေနသလို
လက္ဟန္ေျခဟန္နဲ႕
အားပါးတရေျပာေနတာကိုေတြ႕ေတာ့
နည္းနည္းေတာ့ထူးဆန္းသြားတယ္။

ကြၽန္ေတာ္လဲ အေဝးကေန
ၾကည့္ေနတဲ့အခ်ိန္
တစ္ေအာင့္ၾကာေတာ့
လူငယ္က ဘုန္းႀကီးေက်ာင္း
အေနာက္ေပါက္ဘက္ကို
ဆင္းသြားတာျမင္လိုက္ရတယ္။

ကြၽန္ေတာ္လဲဆရာရွိရာျပန္လာေတာ့
ဆရာက အမွ်တန္းေဝေနပီ
အမွ်အတန္းေဝပီးတဲ့အခ်ိန္
ဆရာက
“သက္ခိုင္
ခုနက လူငယ္ေလးတစ္ေယာက္ကို
ေတြ႕တယ္မလား”လို႔ေမးေတာ့
ကြၽန္ေတာ္က
“ေတြ႕တယ္ဆရာ
ဒါေပမယ့္ထူးဆန္းတယ္
တစ္ေယာက္ထဲစကားေတြေျပာေနတာ”လို႔ေျပာေတာ့
ဆရာက

“သာမန္လူတစ္ေယာက္အေနနဲ႕ေတာ့
ထူးဆန္းတာေပါ့ကြာ
ခုနကလူငယ္ေလးေဘးမွာ
ဘဝခ်င္းမတူတဲ့သူေတြ
ရွိေနေသးတာကိုသိရင္ေတာ့
ထူးဆန္းမွာမဟုတ္ေတာ့ဘူး”

“ဘယ္လိုဘဝျခင္းမတူတာလဲဆရာ”လို႔ေမးေတာ့
ဆရာက

“ေနာက္ေန႕ေတြသိလာလိမ့္မယ္
မနက္ျဖန္ဒီေကာင္ေလး
ဘုရားေပၚတက္တဲ့အခ်ိန္
အေနာက္ကလိုက္ၿပီးၾကည့္ခဲ့
အေနာက္ကလိုက္တဲ့အခါ
ေလးကြက္အင္းကို
မီးရွို႔ျပာခ်ၿပီးေသာက္ၿပီးမွလိုက္
အဲဒါဆို.မင္းသိခ်င္တဲ့အရာေတြ
သိရလိမ့္မယ္”လို႔ေျပာေတာ့
ကြၽန္ေတာ္လဲေခါင္းၿငိမ့္ျပလိုက္တယ္။

ေနာက္ေန႕ေရာက္ေတာ့
ညကေတြ႕ခဲ့တဲ့
လူငယ္ေလးကို
လိုက္ရွာၾကည့္တယ္
ဘုန္းႀကီးေက်ာင္းမွာေနတဲ့
ဘုန္းႀကီးေက်ာင္းသားေတြထဲမွာလဲ
သူ႕ကိုမေတြ႕ရဘူး
ဒါဆိုညကေတြ႕တဲ့ေကာင္ေလးက
ဒီ႐ြာထဲကပဲျဖစ္မယ္လို႔ေတြးလိုက္မိတယ္။

ညေနေမွာင္ရီတေရာ
ေရာက္လာေတာ့
႐ြာလမ္းမအတိုင္း
လမ္းေလ်ာက္လာတဲ့
လူငယ္ေလးကို
လွမ္းေတြ႕လိုက္တယ္။

တစ္ေယာက္ထဲ
ရီလိုက္ေမာလိုက္နဲ႕
ေလ်ာက္လာၿပီးေတာ့
ဘုန္းႀကီးေက်ာင္းအေနာက္ဘက္
တံခါးကေန ဘုရားေပၚကို
တက္သြားတာျမင္လိုက္ရတယ္။

ကြၽန္ေတာ္လဲ
ေလးကြက္အင္းကို
မီးရွို႔ျပာခ်ၿပီးေသာက္လိုက္တယ္။
ေသာက္ၿပီးေတာ့ ဘုရားရင္ျပင္ေပၚကို
တက္လာခဲ့လိုက္တယ္။

ရင္ျပင္ေပၚေရာက္ေတာ့
စကားေျပာသံသဲ့သဲ့ကို
စတင္ၾကားလိုက္ရတယ္။
ယောကျၤားလေးအသံအပြင်
မိန္းကေလးအသံေတြကိုပါ
ၾကားလိုက္ရတယ္။

ကြၽန္ေတာ္လဲ
ဘုရားေဘးကေန
အသာေလးသြားၾကည့္ေတာ့
စေနေထာင့္မွာထိုင္ေနၾကတဲ့
လူငယ္ေလးကိုေတြ႕လိုက္ရတယ္။

သူ႕ေဘးမွာေတာ့
မိန္းမပ်ိဳႏွစ္ေယာက္
ကိုေတြ႕လိုက္ရတယ္။

နို႔စိမ္းေရာင္ဝမ္းဆက္နဲ႕
အမ်ိဳးသမီးကလူငယ္ေလးရဲ႕
ညာဘက္လက္ကိုကိုင္ထားၿပီး
အဝါႏုေရာင္ဝမ္းဆက္နဲ႕
အမ်ိဳးသမီးက
လူငယ္ေလးရဲ႕ဘယ္ဘက္လက္ကို
ကိုင္ထားတာေတြ႕ရတယ္။

သုံးေယာက္သား
ေပ်ာ္႐ႊင္ရယ္ေမာၿပီး
စကားေတြေျပာေနရင္း
လူငယ္ေလးက
“အမေတာ္တို႔
ေနာက္၃ရက္ဆိုရင္
က်ဳပ္.ရွင္ျပဳရေတာ့မယ္
သာသနာျပဳပုဂၢိုလ္ႀကီးျဖစ္ေအာင္လုပ္ၿပီး
အမေတာ္တို႔ကို ကုသိုလ္ေတြ
အမ်ားႀကီးရေအာင္လုပ္ေပးမယ္”လို႔ေျပာလိုက္တဲ့အခ်ိန္
လွပပ်ိဳျမစ္ေနတဲ့မိန္းမပ်ိဳႏွစ္ေယာက္ရဲ႕
မ်က္ႏွာက ႐ုတ္ခ်ည္းဆိုသလို
မဲ့သြားတာေတြ႕လိုက္ရတယ္။

“အိုကြယ္ ေမာင္ေလးကလဲ
ဘာလို႔သာသနာျပဳရမွာလဲ
အမေတာ္တို႔နဲ႕
တူတူေနရမွာကို
အမေတာ္တို့္ဆီမွာ
ေမာင္ေလးအတြက္
သုံးမကုန္ျဖဳန္းမကုန္တဲ့
ရတနာေတြရွိပါတယ္”

“မဟုတ္ဘူးအမေတာ္
က်ဳပ္က အမေတာ္တို႔ကို
အမအရင္းေတြလိုခ်စ္ပါတယ္
က်ဳပ္ရဲ႕ ရည္မွန္းခ်က္က
သာသနာျပဳခ်င္တာ
ေမာင္ေလးရွင္ေလာင္းလွည့္တဲ့အခါ
အမေတာ္တို႔က ကြမ္းေတာင္ပန္းေတာင္ကိုင္ၿပီး
လိုက္ခဲ့ေပါ့”လို႔ေျပာေတာ့

“ဒီလိုမျဖစ္ေစရဘူး
ေမာင္ေလး ရွင္ျပဳရင္
အမေတာ္တို႔လာမရေတာ့ဘူး
အမေတာ္တို႔ေမာင္ေလးနဲ႕
မေတြ႕ရေတာ့ဘူးေလ
စည္းျခားသြားပီေလ
ေမာင္ေလးအနားကိုကပ္တာနဲ႕
အမေတာ္တို႔ပူေလာင္ရေတာ့မွာ
ရွင္မျပဳပါနဲ႕ေနာ္
အမေတာ္တို႔နဲ႕ပဲ
အခုလိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္
ေနၾကရေအာင္ေလ”

“မရဘူးအမေတာ္
အမေတာ္တို႔က က်ဳပ္ကိုခ်စ္တယ္ေျပာၿပီး
က်ဳပ္လုပ္ခ်င္တာဘာလို႔ေပးမလုပ္တာလဲ”

“မရဘူး ခြင့္မျပဳနိုင္ဘူး
ဒီေန႕ေတာ့ျပန္ေတာ့မယ္
ေနာက္ေန႕ေတြဘုရားမွာေစာင့္ေနမယ္”လို႔ေျပာၿပီး
ဘုရားေစာင္းတန္းေလးကေန ဆင္းသြားတာကို
ေတြ႕လိုက္ရတယ္။

ကြၽန္ေတာ္လဲျဖစ္ေၾကာင္းကုန္စင္ကို
ဆရာကိုေျပာျပေတာ့ဆရာက
“သက္ခိုင္ ငါတို႔ဒီကိုလာရတာကလဲ
ဒီကိစၥေၾကာင့္ပဲ
ဒီလူငယ္ေလးက
တစ္ခ်ိန္ခ်ိန္မွာ
သာသနာျပဳရဟန္းတစ္ပါးျဖစ္မွာ
သူ႕ကိုသာသနာျပဳနိုင္ဖို႔
ငါတို႔ကူညီရမယ္”

“ဆရာ
ဒီေကာင္ေလးအေၾကာင္းက
စိတ္ဝင္စားစရာပဲေနာ္”

“ဒီထက္ပိုသိခ်င္ရင္
ကပၸိယႀကီးကိုေမးၾကည့္
သူကအားလုံးကိုသိတယ္”

ကြၽန္ေတာ္လဲ
ကပၸိယႀကီးဆီသြားၿပီးေမးေတာ့
“ဟုတ္တယ္ ေမာင္ရင္
ဒီကေလးကငယ္ငယ္ထဲက
ထူးဆန္းတာ
စကားေျပာတတ္စအ႐ြယ္ထဲက
တစ္ေယာက္ထဲစကားေတြေျပာပီး
ရယ္ေနတတ္တယ္
သူ႕ကိုေမးၾကည့္ရင္
သူ႕အမေတြနဲ႕ေျပာေနတယ္လို႔ပဲေျဖတယ္
ဆရာေတာ္ကိုသူ႕မိဘေတြလာအပ္ေတာ့
ဆရာေတာ္က သာသနေဘာင္ကိုဝင္တာ
အေကာင္းဆုံးပဲလို႔မိန့္ေတာ္မူတယ္
သဘက္ခါဆိုရင္ ဒီကေလး
သာသနာေဘာင္ကိုေရာက္ပီေပါ့”

“ဒါနဲ႕ကပၸိယႀကီး
သူ႕စကားေျပာေျပာေနတဲ့
သူ႕အမေတြကို
ကပၸိယႀကီးျမင္ဖူးလား”

“တစ္ခါပဲျမင္ဖူးတယ္
အခုျမင္ေနတဲ့
သိမ္မၿပီးခင္က
ဆရာေတာ္ကို
သူတို႔လာဖူးၾကတယ္
အဲဒီတုန္းက
ငါတို႔ေက်ာင္းမွာ သိမ္မရွိေသးဘူး
ပၪၨင္းခံတဲ့အခါ ဟိုဘက္႐ြာမွာ
သြားၿပီးသိမ္တက္ရတယ္
ဆရာေတာ္က
သိမ္တစ္ေဆာင္ကို
ရွိေစခ်င္တယ္
ေက်း႐ြာဘုန္းႀကီးေက်ာင္းျဖစ္တဲ့အတြက္
အလႉရွင္ကလဲမရွိဘူးေလ
႐ြာသူ႐ြာသားေတြကလဲ
လက္လုပ္လက္စားဆိုေတာ့
ေငြပမာဏအမ်ားႀကီးမထည့္နိုင္ၾကဘူး
တစ္ညမွာ ဆရာေတာ္က
ငါ့ကိုေခၚၿပီး
ဒီညဧည့္သည္ေတြလာမယ္တဲ့
ဘုရားပန္းေတြအသစ္လဲထားဆိုလို႔
ညတြင္းခ်င္းဘုရားပန္းေတြလဲရေသးတယ္
ည၈နာရီေလာက္ေရာက္ေတာ့
ေလွကားကေန လူႏွစ္ေယာက္တက္လာတယ္
ၾကည့္လိုက္ေတာ့မိန္းမႏွစ္ေယာက္
ေတာ္ေတာ္ေခ်ာ ေတာ္ေတာ္လွတယ္
ဆံပင္ေတြဆိုတာ
ေျခမ်က္စိဖုံးတဲ့ထိရွည္က်ေနတာ
လက္မွာလဲဝတ္ထားတဲ့လက္ေကာက္ေတြက
တံေတာင္ဆစ္နားအထိေရာက္တယ္
ပန္ထားတဲ့စိန္နားကပ္အေရာင္က
ဘုရားမီးအရွိန္ေၾကာင့္ တလက္လက္ကို
ေထနရတာ

ငါလဲဆရာေတာ္ေဘးမွာထိုင္ၾကည့္ေနတာေပါ့
သူတို႔လာေတာ့ ဆရာေတာ္က
လက္ညိုးနဲ႕အေရွ႕မွာစည္းတားလိုက္တယ္
သူတို႔ကိုစည္းမေက်ာ္ေစဖို႔ေျပာေတာ့
သူတို႔က စည္းနဲ႕မလွမ္းမကမ္းမွာ
ထိုင္ၿပီးဘုရားရွိခိုးတယ္
ၿပီးေတာ့ဆရာေတာ္ကို
ကန္ေတာ့တာ
ကန္ေတာ့ၿပီးေတာ့
သိ္မ္အတြက္ သူတို႔အလႉပါခ်င္တယ္လို႔ေျပာတယ္
အလႉရွင္ေတြကိုလဲ ဒီကိုေရာက္ေအာင္
ေခၚလာမယ္လို႔လဲေျပာတယ္
ဆရာေတာ္ကခြင့္ျပဳေတာ့
သူတို႔က ေနာက္တစ္ခုထပ္ေတာင္းဆိုတယ္
သူတို႔ေမာင္အငယ္ဆုံးကို
ျပန္ေခၚခ်င္တယ္တဲ့
သူတို႔က ရန္ေအာင္ျမင္ဘုရားရဲ႕
စေနေထာင့္မွာေနတယ္လို႔ေျပာတယ္

ဆရာေတာ္က
ကာယကံရွင္သေဘာအတိုင္းလုပ္လို႔ပဲေျပာတယ္
က်န္တာဘာမွမေျပာေတာ့
သူတို႔လဲျပန္သြားတယ္

ေနာက္မၾကာပါဘူး
သိမ္အတြက္အလႉရွင္ေတြ
႐ြာကိုေရာက္လာတယ္
သိမ္အတြက္ေျမတူးေတာ့
ရတနာပစၥည္းတစ္ခ်ိဳ႕ရတယ္
အဲဒီရတနာပစၥည္းေတြကို
ေရာင္းၿပီး သိမ္ေဆာက္တဲ့အထဲ
ထည့္ခဲ့တယ္
သိမ္ေတာ္ကိုလဲ
ရတနာေ႐ႊသိမ္လို႔သမုတ္ခဲ့တယ္”

“ဒါဆို ဒီလူငယ္ေလးက
ဥစၥာေစာင့္ေမာင္ႏွမေတြထဲကေပါ့”

“အဲလိုေျပာရမွာေပါ့”

ကြၽန္ေတာ္လဲသိခ်င္တာသိရၿပီမို့္
တည္းတဲ့ေနရာကိုျပန္လာခဲ့လိုက္တယ္။

မနက္ေရာက္ေတာ့
ဆရာက
“သက္ခိုင္ေရ
ငါတို႔ဟိုေကာင္ေလးအိ္မ္ကို
သြားၾကရေအာင္”ဆိုၿပီး
႐ြာထဲကိုထြက္လာခဲ့တယ္

႐ြာလမ္းမကိုေက်ာ္တဲ့အခ်ိန္
“ေမာင္ရင္တို႔
ဘယ္သြားၾကမလို႔”ဆိုၿပီးေခၚသံၾကားလို႔
ၾကည့္လိုက္ေတာ့
ကပၸိယႀကီးျဖစ္ေနတယ္။

“ဟာ.. ကပၸိယႀကီး
ဘယ္ကျပန္လာတာလဲ
က်ဳပ္တို႔က
မေန႕ကကပၸိယႀကီးေျပာတဲ့
ေကာင္ေလးအိမ္ကိုသြားမလို႔”

“က်ဳပ္က႐ြာထဲဆြမ္းခ်ိဳင့္လိုက္ပို႔ၿပီး
ျပန္လာတာ လာ လာ
က်ဳပ္လိုက္ပို႔ေပးမယ္”လို႔ေျပာၿပီး
ေခၚသြားပါေလေရာ။

ဝါးလုံးေတြကာထားတဲ့
ၿခံအေရွ႕ေရာက္ေတာ့
“မိငယ္ေရ
ဧည့္သည္ေတြပါတယ္ေဟ့”

“ကပၸိယႀကီး
ေဟာ ဧည့္သည္ေတြလဲပါတာကိုး
လာကြလာကြ
အိမ္ေပၚတက္ၾကဦး”ဆိုၿပီး
ေခၚေတာ့ ကြၽန္ေတာ္တို႔လဲ
လိုက္တက္သြားတယ္။

ကပၸိယႀကီးက
“မိငယ္ နင့္သားေရာ
ဒီကဧည့္သည္ေတြက
နင့္သားအေၾကာင္းစိတ္ဝင္စားလို႔တဲ့”ဆိုၿပီး
ေျပာလိုက္ေတာ့

မိငယ္ဆိုတဲ့ အမ်ိဳးသမီးက
“သားငယ္ ရွိပါတယ္
အေနာက္ေဘးမွာ
ထင္းခြဲေနတယ္
သားေရ သား
ဧည့္သည္ေတြေရာက္ေနလို႔
ေရႏြေးၾကမ္းနဲ႕ထန္းလ်က္ခဲေလး
ယူလာပါဦး”

ခဏေနေတာ့
ေရႏြေးၾကမ္းနဲ႕ထန္းလ်က္ခဲဘူးေလး
ယူလာတဲ့လူငယ္ကိုေတြ႕လိုက္ရတယ္။

လူငယ္ကိုေတြ႕ေတာ့
ဆရာက
“က်ဳပ္တို႔က ခရီးသြားေတြပါ
ဒီ႐ြာမွာခဏတည္းရင္း
ဒီကအမိရဲ႕သားအေၾကာင္း
သိရေတာ့စိတ္ဝင္စားလို႔ပါ
သူကမၾကာခင္ရွင္ျပဳေတာ့မယ္လို႔
ကပၸိယႀကီးကေျပာတယ္
ဟုတ္လား”

“အမေလး အဲဒီရွင္ျပဳမယ့္ကိစၥကိုပဲ
က်ဳပ္ကပူေနရတာ
သူ႕ကိုရွင္ျပဳဖို႔စီစဥ္ေနတာ
၂ႏွစ္ေလာက္ရွိေရာေပါ့
ရွင္ျပဳဖို႔စီစဥ္လိုက္တိုင္း
တစ္ခုမဟုတ္တစ္ခုျဖစ္
ၿပီးခဲ့တဲ့ႏွစ္ကလဲ
ရွင္ျပဳခါနီး သူ႕အေဖပိုးထိလို႔ဆုံးတာ
ဒီႏွစ္လဲရွင္ျပဳဖို႔စီစဥ္ရေသးတယ္
အိမ္မက္ထဲ လာေျပာတာ
သုံးခါရွိၿပီ
သူ႕ကိုရွင္ျပဳေပးရင္
ကြၽန္မကိုသတ္မယ္တဲ့
ကြၽန္မကေတာ့ ေသခ်င္ေသပါေစ
ကြၽန္မသားေလးကိုေတာ့
ရွင္ျပဳေပးသြားခ်င္တယ္”

“အမိ က်ဳပ္တို႔က ပေယာဂလဲ
နည္းနည္းပါးပါးကုတတ္ပါတယ္
အမိတို႔သားအမိကို
ကူညီေပးပါ့မယ္
အရင္ဆုံး ဒီကကေလးကို
အရင္ေမးၾကည့္ပါရေစ”ဆိုၿပီးဆရာကခြင့္ေတာင္းေတာ့
အေမျဖစ္သူက
“ေမးပါဆရာ ေမးပါ
သား
ဆရာတို႔ေမးတာေျဖလိုက္ေနာ္”လို႔ေျပာေတာ့
လူငယ္ေလးက ေခါင္းညိမ့္ျပတယ္။

ဆရာက
“ေမာင္ရင္က
တကယ္ရွင္ျပဳခ်င္တာလား”

“ဟုတ္တယ္
က်ဳပ္ဘုန္းႀကီးဝတ္ခ်င္တယ္”

“ဒါဆို အရင္ဘဝက
အမေတြကိုေရာ”လို႔ေမးလိုက္ေတာ့
လူငယ္က

“ဟင္
ဆရာက
ဘယ္လိုသိတာလဲ”

“ကပၸိယႀကီးေျပာလို႔သိတာပါ
ေမာင္ရင္က
အရင္ဘဝကို
ျပန္မသြားခ်င္တာေသခ်ာလား”

“ေသခ်ာပါတယ္
က်ဳပ္ျပန္မသြားခ်င္ေတာ့ဘူး
အမေတာ္ေတြက
ျပန္လာေစခ်င္တယ္
ဒါေပမယ့္က်ဳပ္မသြားခ်င္ေတာ့ဘူး”

ဆရာက
ဟုတ္ပီ ဒါဆို အရင္ဘဝကိုျပန္မသြားခ်င္တာ
ေသခ်ာလားလို႔ သုံးႀကိမ္တိတိေမးတယ္။

လူငယ္ကလဲ သုံးႀကိမ္တိတိ
မသြားခ်င္ဘူးလို႔ေျဖတယ္။

ဆရာက
“ဒါဆို က်ဳပ္တို႔ကို
ဒီကေလးကိုအပ္ပါ
ဒီကေလးရွင္မျပဳရမခ်င္း
က်ဳပ္တို႔နဲ႕တူတူထားရမယ္
အမိကေရာ သေဘာတူလား”

“ဆရာတို႔အဆင္ေျပသလိုလုပ္ပါ
က်ဳပ္သားေလးကို အႏွောက္အယွက္
ကင္းကင္းနဲ႕ရွင္ျပဳေပးနိုင္ရင္
ေက်နပ္ပါၿပီ”

“ဒါဆိုရင္ ေမာင္ရင္က
က်ဳပ္တို႔နဲ႕ဘုန္းႀကီးေက်ာင္းကို
လိုက္ခဲ့ပါ
သက္ခိုင္က
ဒီကအမိအတြက္
ေရမန္းနဲ႕အင္းကြက္ေတြမန္းေပးၿပီး
အိမ္ပတ္ပတ္လည္
မေကာင္းတဲ့အရာမွန္သမွ်
အဝင္နိုင္ေအာင္လုပ္ေပးလိုက္”လို႔ေျပာေတာ့
ကြၽန္ေတာ္လဲ အိမ္ပတ္လည္ကို
စည္းခ်ၿပီး ေရမန္းတစ္ခြက္မန္းကာ
ေသာက္ေရအိုးထဲကိုထည့္ခဲ့လိုက္တယ္။

ျပန္ခါနီးေရာက္ေတာ့
“အမိ ညဘက္အခ်ိန္မေတာ္
အျပင္သြားစရာရွိရင္
ဒီေရမန္းကိုေသာက္ၿပီးမွသြားေနာ္
ျဖစ္နိုင္ရင္.ညဘက္ေတြ
အျပင္မထြက္တာအေကာင္းဆုံးပဲ”လို႔မွာၿပီး
ဘုန္းႀကီးေက်ာင္းကိုျပန္လာခဲ့လိုက္တယ္။

ဘုန္းႀကီးေက်ာင္းေရာက္ေတာ့
ဆရာက လူငယ္ေလးကို
“ေမာင္ရင္ ဘာပဲျဖစ္ျဖစ္
က်ဳပ္တို႔ကိုလာေျပာ
ေမာင္ရင္ဘာပဲျမင္ျမင္
က်ဳပ္တို႔ကိုလာေျပာ”လို႔မွာၿပီး
လူငယ္ေလးကိုေပးအိပ္လိုက္တယ္။

ညသန္းေခါင္ေက်ာ္ေတာ့
“ဆရာ ဆရာ
ထပါဦး
က်ဳပ္ျမင္ေနရတယ္”ဆိုၿပီးလာႏွိုးေတာ့
ကြၽန္ေတာ္လဲလူးလဲထလိုက္တယ္။

“ဆရာ
က်ဳပ္ကိုေခၚေနတယ္
ဘုရားေပၚမွာေစာင့္ေနတယ္တဲ့
ခဏေလာက္လာေတြ႕ပါလို႔ေျပာတယ္
က်ဳပ္ဘာလုပ္ရမလဲ
ခဏေလာက္သြားေတြ႕လိုက္ရမလား”လို႔ေမးေတာ့

“မသြားရဘူး
ေမာင္ရင္ဒီကေနဘယ္မွမသြားရဘူး”ဆိုတဲ့အသံက
ကြၽန္ေတာ္အေနာက္ကေနထြက္လာတယ္။
လွည့္ၾကည့္လိုက္ေတာ့
ဆရာျဖစ္ေနတယ္။

ဆရာက
“ေမာင္ရင္သြားတာနဲ႕
ေမာင္ရင္လိပ္ျပာကိုႏႈတ္ၿပီး
ေခၚသြားေတာ့မွာ
ေမာင္ရင္ျဖစ္ခ်င္တဲ့ရဟန္းဘဝကိုလဲ
ရေတာ့မွာမဟုတ္ဘူး”

“ဆရာ သူတို႔ငိုေနတယ္ဆရာ
က်ဳပ္သနားလိုက္တာ
ခဏေလာက္ပဲေတြ႕လို႔မရဘူးလား
သူတို႔က်ဳပ္ကိုအဲလိုမလုပ္ေလာက္ပါဘူး”

“ေမာင္ရင္ က်ဳပ္ကိုကတိေပးထားၿပီးၿပီေလ
ေမာင္ရင္အတြက္က်ဳပ္တို႔လုပ္ေနတာမဟုတ္ဘူး
သာသနာအတြက္ က်ဳပ္တို႔လုပ္ေနတာ
ေမာင္ရင္သြားတာနဲ႕လိပ္ျပာႏႈတ္ၿပီး
သိုက္နန္းထဲမွာ ႏွစ္ေပါင္းမ်ားစြာ
ပိတ္ထားေတာ့မွာ
ေနာက္တစ္ခါလူဘဝကိုျပန္လာဖို႔
မစဥ္းစားနဲ႕ေတာ့
ေမာင္ရင္သြားခ်င္ေသးလား”

“မသြား. မသြားခ်င္ေတာ့ပါဘူး
က်ဳပ္ဒီမွာပဲေနပါမယ္”

“သက္ခိုင္
ဘုရားေသာက္ေတာ္ေရ
ဒီလူငယ္ကိုတိုက္လိုက္ပါ
သူစိတ္အရမ္းလႈပ္ရွားေနတယ္
ဟိုဘက္ကလဲ မရ ရတဲ့နည္းနဲ႕
ျပန္ဆြဲေခၚမွာပဲ ငါတို႔သတိထားဖို႔လိုတယ္
အမိ္န့္နဲ႕လုပ္လို႔ရေပမယ့္
ဆရာေတာ္က သိမ္အလႈရွင္ေတြကို
မထိခိုက္ေအာင္လုပ္ဖို႔ မိန့္ထားတယ္”

“ဟုတ္ကဲ့ပါဆရာ
ကြၽန္ေတာ္ဒီလူငယ္ေလးကို
ေဘးမွာထားပါ့မယ္”လို႔ေျပာၿပီး
ဘုရားေသာက္ေတာ္ေရကိုစြန့္ၿပီးေတာ့
လူငယ္ေလးကိုတိုက္လိုက္တယ္။

မနက္ေရာက္ေတာ့
ကပၸိယႀကီးက
“ညက ဟိုေမာင္ႏွမေတြ
ေက်ာင္းေအာက္မွာ
တစ္ညလုံးရပ္ေနၾကတာကို
တစ္ေရးနိုးအေပါ့ထသြားေတာ့
ျမင္လိုက္ရတယ္
ဒီေန႕ကေနာက္ဆုံးဆိုေတာ့
ဒီညသူတို႔ဘယ္လိုလုပ္မလဲမသိေသးဘူး
သတိထားၾကဦး”

“စိတ္ခ်ပါကပၸိယႀကီး
က်ဳပ္တို႔ဆရာက
သူ႕တာဝန္ကိုသူအၿမဲေက်ေအာင္
လုပ္ေနက်ပါ
စိတ္အရမ္းႀကီးပူမေနပါနဲ႕”

ဒီေန႕တစ္ေန႕လုံး
ဆရာကိုမေတြ႕ရ
မနက္ထဲကေန
အခုညေနေစာင္းတဲ့ထိ
ဘုရားခန္းထဲကေန
အျပင္ကိုမထြက္လာဘူး

ေနေရာင္ကတစ္ေျဖးေျဖး
ေပ်ာက္ကြယ္လာတယ္။
အေမွာင္ထုက ပိတ္သည္ထက္ပိတ္လာခဲ့တယ္။

ကြၽန္ေတာ္လဲ လူငယ္ေလးကို
မ်က္ေျခမျပတ္ေစာင့္ၾကည့္ရင္း
ဘုရားဘက္ကိုၾကည့္ေနလိုက္တယ္။

ေလတိုက္တိုင္းလႈပ္ရမ္းေနတဲ့ဆည္းလည္းသံ
ေလးေတြက စိတ္ကိုၾကည္ႏူးေစတယ္။
ဘုရားေပၚကေနတိုက္ခတ္လာတဲ့
ေလေျပေတြက ဘုန္းႀကီးေက်ာင္းတစ္ခုလုံးကို
ေအးျမေနတယ္။

ကြၽန္ေတာ္ေတြးေနတဲ့အခ်ိန္
“သက္ခိုင္
ဟိုလူငယ္မရွိေတာ့ဘူး
ျမန္ျမန္လိုက္သြားရမယ္”ဆိုတဲ့အသံၾကားလို႔
လွည့္ၾကည့္လိုက္ေတာ့
ဆရာျဖစ္ေနတယ္။

ေဘးဘီကိုၾကည့္လိုက္ေတာ့
လူငယ္ေလးကိုမေတြ႕ရေတာ့ဘူး
ဆရာလဲ ေက်ာင္းေအာက္ဆင္းၿပီး
ဘုရားေပၚတက္သြားတာျမင္ေတာ့
ကြၽန္ေတာ္လဲအေနာက္ကေနေျပးလိုက္သြားမိတယ္။

စိတ္ထဲကလဲ ငါ့ဘာလို႔ဒီေလာက္
အေတြးလြန္သြားတာလဲဆိုၿပီး
ေဝခြဲမရျဖစ္မိတယ္။

ဘုရားေပၚေရာက္ေတာ့
လူငယ္ေလးကိုမေတြ႕ရ
ကြၽန္ေတာ္ေခါင္းနပမ္းႀကီးသြားတယ္။

ဆရာကေတာ့
ကြၽန္ေတာ္ကိုၾကည့္ၿပီး
ေတာက္တစ္ခ်က္ခတ္ကာ
ေျမႀကီးေပၚမွာအင္းတစ္ကြက္ကို
ဆြဲလိုက္တယ္။

အင္းကြက္က႐ုတ္တရက္ဆိုသလို
ေ႐ႊမႈန္ေလးေတြျဖစ္သြားၿပီး
ေ႐ႊေရာင္သိမ္းငွက္တစ္ေကာင္ျဖစ္သြားတယ္။

ေ႐ႊေရာင္တဖိတ္ဖိတ္ေတာက္ေနတဲ့
သိမ္းငွက္က ေကာင္းကင္ေပၚကို
တစ္ရွိန္ထိုးပ်ံသြားၿပီး
တစ္စုံတစ္ခုကို
လိုက္ၾကည့္ေနတယ္။

ခဏေနေတာ့
စူးစူးရွရွေအာ္သံနဲ႕အတူ
ေအာက္ကိုထိုးဆင္းသြားတာ
ေတြ႕လိုက္တယ္။

ကြၽန္ေတာ္လဲသိမ္းငွက္ထိုးဆင္း
သြားတဲ့ေနရာကိုလိုက္သြားလိုက္တာ
ဘုရားရင္ျပင္ေဘးက
ငွက္ေပ်ာေတာထဲကိုေရာက္သြားတယ္။

ငွက္ေပ်ာေတာထဲကိုေရာက္တဲ့အခ်ိန္
ၾကည့္လိုက္ေတာ့
မ်က္ျဖဴ လန္ၿပီး အသက္မရွိေတာ့တဲ့
လူငယ္ကိုေတြ႕လိုက္ရတယ္။

ကြၽန္ေတာ္လူငယ္ေလးရဲ႕
အေလာင္းေဘးမွာ
ထိုင္ခ်လိဳက္ၿပီး
ေအာ္လိုက္မိတယ္။

ဆရာကေတာ့
ကြၽန္ေတာ္ကိုစကားတစ္ခြန္းေျပာလိုက္တယ္

“သက္ခိုင္
ငါဒီတာဝန္ကိုမေက်ပြန္လိုက္နိုင္ဘူး
ဒီေန႕ကငါ့ရဲ႕အဓိဌာန္ေနာက္ဆုံးေန႕ျဖစ္လို႔
မင္းကိုတာဝန္ေပးခဲ့တယ္
ဒါေပမယ့္ မင္းက သူတို႔ရဲ႕မာယာထဲမိသြားတယ္
ဒီအပြစ်ကိုငါကိ်ုယ်တိုင်ခံယူရတော့မယ်
မင္းလဲတတ္သင့္သေလာက္
တတ္ေနပီမို႔လို႔
ေရွ႕ဆက္ငါမရွိပဲ
ႏွစ္အနည္းငယ္ရပ္တည္ဖို႔ႀကိဳးစားေပါ့
ငါရဲ႕အျပစ္ေတြကိုေပးဆပ္ဖို႔
က်င့္စဥ္တစ္ခုကို
က်င့္ရေတာ့မယ္”လို႔ေျပာၿပီး
လွည့္ထြက္သြားတယ္။

ကြၽန္ေတာ္ေၾကာင့္
အခုလိုျဖစ္ရတာမို႔လို႔
ဆရာေတာ္မိန့္ထားတဲ့
စကားကိုဖ်က္ဖို႔ဆုံးျဖတ္လိုက္တယ္။

ကြၽန္ေတာ္လဲ
ေျခဖေနာက္ကိုေပါက္ၿပီး
လိပ္ျပာႏႈတ္သြားတဲ့
ေမာင္ႏွမကိုေခၚဖို႔
လုပ္တဲ့အခ်ိန္

“သက္ခိုင္
ဟိုမွာၾကည့္လိုက္
သူတို႔ေမာင္ႏွမေတြ
ေပ်ာ္ေနပီ
ငါတို႔ေနာက္က်သြားၿပီ”

ကြၽန္ေတာ္လဲဆရာေျပာတဲ့ေနရာကို
ၾကည့္လိုက္ေတာ့
ဝတ္ေကာင္းစားလွေတြဝတ္ၿပီး
ဘုရားရင္ျပင္ေပၚမွာ
ေပ်ာ္႐ႊင္စြာေျပးလႊားေနၾကတဲ့
ေမာင္ႏွမသုံးေယာက္ကို
ေတြ႕လိုက္ရတယ္။

ကြၽန္ေတာ္ဆရာနဲ႕လမ္းခြဲရေတာ့မွာကို
ေတြးမိၿပီး မ်က္ရည္ေတြက်လာခဲ့တယ္။
ဆရာကေတာ့
ကြၽန္ေတာ္ကိုလွည့္ေတာင္မၾကည့္ပဲ
သူ႕အျပစ္ကိုရဲရဲဝ့ံဝ့ံခံယူဖို႔
႐ြာထဲကိုသြားေနတာကိုေတြ႕လိုက္ရတယ္။

မနက္က်ေတာ့
တစ္႐ြာလုံးက ကြၽန္ေတာ္တို႔ကို
အျပစ္တင္ဆဲဆိုၾကေပမယ့္
ဆရာေတာ္ကေတာ့
“ဒီကေလး ဝဋ္ေႂကြးမကုန္ေသးလို႔
ျပန္သြားရတာပဲ”ဆိုၿပီးမိန့္ေတာ္မူတယ္။

လူငယ္ေလးရဲ႕အသုဘကို
လိုက္ပို႔ပီးတဲ့အခ်ိန္ကစၿပီး
ဆရာ့ကိုမေတြ႕ရေတာ့ဘူး
တစ္ခ်ိဳ႕ကေတာ့
႐ြာအေနာက္ဘက္ကို
ထြက္သြားတယ္။
တစ္ခ်ိဳ႕က ႐ြာေတာင္ပိုင္းကေတာအုပ္ထဲ
ထြက္သြားတာကိုေတြ႕လိုက္တယ္လို႔ေျပာတယ္။

ဆရာေတာ္ကေတာ့
“ဒကာေလးဆရာက
သူ႕ရဲ႕တာဝန္မေက်မႈကိုေပးဆပ္ဖို႔
လူ႕အသိုက္အဝန္းထဲကို
ျပန္ဝင္ရေတာ့မယ္
ဒီတစ္ခါဝင္တဲ့ပုံစံက
သာမန္လူေတြလိုေတာ့မဟုတ္ဘူး
စိတ္မန႕ွံတဲ့လူတစ္ေယာက္အေနနဲ႕
သြားရတာ
ဒကာေလးကေတာ့
ဒီပညာကိုဒီထက္ပိုၿပီး
ကြၽမ္းက်င္ေအာင္
ေလ့က်င့္ဖို႔ေတာ့လိုမယ္”လို႔ေျပာၿပီး
အခန္းထဲဝင္သြားတယ္။

ကြၽန္ေတာ္လဲ႐ြာကထြက္လာၿပီးေနာက္ပိုင္း
ဆရာ့ကိုလိုက္ရွာခဲ့ေပမယ့္
ရွာမေတြ႕ခဲ့ဘူး။
အခ်ိန္ေတြတစ္ေျဖးေျဖးကုန္သြားတယ္။
တစ္ခ်ိဳ႕ကေတာ့
အသက္ငယ္ငယ္နဲ႕အ႐ူးတစ္ေယာက္
လြယ္အိတ္တစ္လုံးလြယ္ၿပီး
သချႌုင်းဇရပ်တွေမှာပဲနေတယ်လို့ပြောသလို

တစ္ခ်ိဳ႕ေတြက
ဘူတာ႐ုံမွာေတြ႕ၾကတယ္ေျပာတယ္

တစ္ခ်ိဳ႕ေတြက
ေလွဆိပ္ေတြမွာ
ထိုင္ေနတဲ့
ဆံပင္ရွည္ရွည္
မုတ္ဆိတ္ေမြးရွည္ရွည္နဲ႕
ယဥ္ယဥ္ေလး႐ူးေနတဲ့
လူငယ္တစ္ေယာက္ကိုေတြ႕ရတယ္လို႔ေျပာၾကတယ္။

ကြၽန္ေတာ္လဲဇာတိေျမကိုျပန္လာၿပီး
တတ္ထားတဲ့ပညာေလးနဲ႕
လူေတြရဲ႕ဒုကၡေတြကို
ကူညီေပးခဲ့တယ္။

ဆရာ့သတင္းကိုေတာ့
္အစအနေတာင္မၾကားရေတာ့ဘူး။

…..

ႏြေရာသီရဲ႕အပူက
ေျမႀကီးေတြကိုေတာင္အက္ကြဲေစခဲ့သည္။
ပူေလာင္ေနတဲ့ ျမန္မာနိုင္ငံအလယ္ပိုင္း
ေဒသတစ္ခုမွာ အရိပ္မရွိ
အကာမရွိတဲ့
လယ္ကြင္းထဲ လြယ္အိတ္အစုတ္ေလးကို
ေခါင္းအုံးၿပီး ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနတဲ့
လူတစ္ေယာက္ကိုေတြ႕မယ္ဆိုရင္
ေတာ္ေတာ္အ့ံၾသသြားမယ္။

“ေဝး ေဝး
ဟိုလူႀကီး ေနမပူဘူးလားမသိဘူး
ေနပူထဲအိပ္ေနတာ”

“ေသမ်ားေသေနပီလားမသိဘူး”

ထေနာင္းပင္ေအာက္ကေန
ေအာ္ေနၾကတဲ့
ကေလးတစ္သိုက္ရဲ႕အသံေၾကာင့္
ေနပူထဲအိပ္ေပ်ာ္ေနတဲ့လူ
႐ုတ္တရက္ထထိုင္လိုက္တယ္

လက္ႏွစ္ဘက္ကိုဆန့္ကာ
အပ်င္းေၾကာဆြဲလိုက္ၿပီး
မတ္တပ္ရပ္လိုက္တယ္။

ၿပီးေတာ့ ထေနာင္းပင္ေအာက္က
ကေလးအုပ္ဆီကို ေလ်ာက္လာၿပီး
“ဟိုကေလးေတြ
သၾကားလုံးစားမလား
ပုံျပင္နားေထာင္မလား”လို႔ေမးလိုက္ေတာ့
မဲႀကီးဆိုတဲ့ကေလးက
“ဒီအ႐ူးကပုံျပင္ေျပာျပမယ္
သၾကားလုံးလဲေကြၽးမယ္ဆိုေတာ့
ႏွစ္ခုလုံးလုပ္ေပး
သၾကားလုံးလဲစားမယ္
ပုံျပင္လဲနားေထာင္မယ္”

ဒါဆို သၾကားလုံးအရင္စား
ပီးရင္ပုံျပင္ေျပာျပမယ္
ေနာက္တစ္ခါငါအိပ္ေနရင္
လာမႏွောက္ယွက္နဲ႕လို႔ေျပာၿပီး
ညစ္ပတ္ၿပီးဖာရာပရပြျဖစ္ေနတဲ့
ကာကီေရာင္လြယ္အိတ္ထဲကေန
ဘာလီသၾကားလုံးေတြထုတ္ေပးလိုက္တယ္။

သၾကားလုံးရေတာ့
ကေလးတစ္အုပ္
ေပ်ာ္႐ႊင္ၿပီးရယ္ေနတာျမင္ေတာ့
မုတ္ဆိတ္စုတ္ဖြား၊ ေဂ်းလက္ေလးသစ္နဲ႕လူက

“စားကြ စားကြ
မင္းတို႔နဲ႕ထိုက္လို႔စားရတာ
ငါကလဲ ေကြၽးထိုက္လို႔ေကြၽးတာ
စားကြ စားကြ
ဒီသၾကားလုံးေတြက
ငါကိ်ုယ်တိုင်ဖော်စပ်ထားတဲ့
သိဒၵိဝင္သၾကားလုံးေတြဟဲ့
ဘာသၾကားလုံးေတြလဲ”လို႔ေမးလိုက္ေတာ့

ထေနာင္းပင္အရိပ္ေအာက္မွာ
ေဆာ့ေနတဲ့
ကေလးအုပ္က
“သိဒၵိဝင္သၾကားလုံး”ဆိုၿပီးေျဖၾကပါေလေရာ။

ကေလးအုပ္ႀကီးေျဖလိုက္တဲ့
စကားေၾကာင့္ လြယ္အိတ္အစုတ္နဲ႕
လူက
တဟားဟားနဲ႕ေအာ္ရီလိုက္ေလေတာ့သည္။

……

ထိုလူကား အ႐ူးက်င့္စဥ္ျဖင့္ ျပစ္ဒဏ္ေပးျခင္းခံထားရတဲ့ စာဖတ္သူတို႔ရဲ႕အခ်စ္ေတာ္ ေအာင္ျမတ္သာဆိုတာ
ကေလးအုပ္ႀကီးမသိနိုင္ခဲ့ေလၿပီ။

ေအာင္ျမတ္သာတစ္ေယာက္
အ႐ူးက်င့္စဥ္ကိုမည္သို႔မည္ပုံ
က်င့္ၿပီး လူေတြကို
ဘယ္လိုကူညီမလဲဆိုတာကိုေတာ့
ေအာင္ျမတ္သာႏွင့္အ႐ူးက်င့္စဥ္ဆိုတဲ့
ဝတၱဳေလးမွာေစာင့္ေမွ်ာ္ဖတ္ရႈေပးၾကပါဦး။

ေဇယန(ရာမည)

No comments

Post a Comment