မြွေဘုရင်ဝင်စားသူ (စ-ဆုံး)
————————————တောင်ပေါ်ဒေသကဖြစ်ရပ်မှန်—–
ရှမ်းပြည်နယ်ရဲ့အေးချမ်းသာယာတဲ့ရွာကလေးတရွာမှာတော့တောင်ယာလက်ဖက်စိုက်ပျိုးကာအေးချမ်းစွာနေသောမနန်းစံတို့လင်မယားနေကြလေသည် ။
ရိုးသားဖြူစင်သောတောင်ပေါ်သားများဖြစ်သောကြောင့်စိတ်ထားအလွန်ကောင်းမွန်သောလင်မယားများဖြစ်လေသည် ။
သူတို့လင်မယားရဲ့တောင်ယာသည်သူတို့နေသောရွာနှင့်အနဲငယ်ဝေးကာလွမ်းမောဖွယ်ရှမ်းတောင်တန်းတွေနှင့်နီးလေသည် ။
တောင်ယာသည်တောင်စောင်းပေါ်တွင်ရှိကာရွာမှလာပါကတောလမ်းကလေးကလာရလေသည် ။
တနေ့တွင်သူတို့လင်မယားတောင်ယာသို့လာရာလမ်းတောစပ်ကလေးတွင်အတန်ငယ်ကြီးမားသော
မြွေဖြူတကောင်သည်မြွေအရေခွံလဲနေတာမြင်တော့စိတ်ကောင်းရှိသောသူတို့လင်မယားက
မသမာသူများတွေ့သွားပါကအန္တရယ်ပေးမည်စိုးသောကြောင့်အနီးအနားကသစ်ပင်မှသစ်ကိုင်းများခုတ်ကာ
ထိုမြွေဖြူကြီးကိုအုပ်ပေးထားခဲ့လေသည် ။
သူတို့လင်မယားညနေတောင်ယာကပြန်လာတော့မြွေဖြူကြီးမရှိတော့ပေရွာရောက်တော့ရွာမှဘိန်းးစား
လူမိုက်တစ်ယောက်ကထိုမြွေဖြူကြီးကိုသတ်၍ယူလာသည်ဟုသတင်းကြားတော့
မနန်းစံတို့လင်မယားအတော်စိတ်မကောင်းဖြစ်သွားလေသည် ။
မနန်းစံတို့လင်မယားတွင်သားသမီးမထွန်းကားပေတညတွင်မနန်းစံကထူးဆန်းသော
အိမ်မက်ကိုမက်လေသည်အိမ်မက်ထဲတွင် သူတို့တွေ့ခဲ့သော
မြွေဖြူကြီးသည်အိမ်ထဲသို့ဝင်လာရာသူတို့လင်မယားအံသြစွာကြည့်နေတုန်း
ခန့်ညားသောလူတယောက်အဖြစ်ပြောင်းသွားကာ
”’ကျွန်တော်ဒီအိမ်မှာခဏနေပါရစေ””
သူတို့လင်မယားလဲအားရဝမ်းသာဖြင့်နေခွင့်ပြုလိုက်လေသည် ။
မကြာမီမနန်းစံတွင်ကိုယ်ဝန်ရှိလာကာ၉လလွယ်၁၀လဖွားတော့ဖြူဖွေးနေသော
သားကလေးတစ်ယောက်မွေးလေသည် ။
ထူးဆန်းသည်ကသားကလေး၏လျှာသည်ထိပ်တွင်နှစ်ခွပုံးစံမျိုးသိသာစွာပါလာကာ
လက်ဖဝါးနှစ်ဖက်တွင်လဲမှဲ့လိုအနက်စက်သုံးစက်သည်တြွိဂံပုံစံမျိုးအမှတ်ပါလာလေသည် ။
မနန်းစံတို့လင်မယားသည်သားကလေးကိုအလွန်ချစ်လေသည်။
သားကလေးအားစိုင်းနောင်ဟုအမည်ပေးထားလေသည်
စိုင်နောင်စာသင်ရမဲ့အရွယ်ရောက်လာတော့စာသင်ခိုင်းတာမနှစ်သက်ပေ
မိဘများကပညာတတ်ဖြစ်စေချင်၍ချော့မော့ထားပေမဲ့မကြာခဏကျောင်းပြေးလေသည် ။
နောက်တော့ကျောင်းကထွက်၍မိဘများကတောင်ယာသို့ခေါ်သွားလေသည်။
စိုင်းနောင်ကငယ်သေးတော့မိဘများကအလုပ်သိပ်မခိုင်းပေမဲ့စိုင်းနောင်ကတတ်နိုင်သလောက်ကူလေသည် ။
တခါတလေတောင်ယာထဲတွင်အဆိပ်ပျင်းသောမြွေများတွေ့ပါကစိုင်းနောင်က
သူ့လက်ဝါးကိုထောင်ပြလိုက်တာနဲ့ပါးပျဉ်းထောင်နေသောမြွေသည်ချက်ချင်းမြေကြီးပေါ်သို့
ခေါင်းချကာအရိုအသေပေးသည့်ပုံစံမျိုးပြုကာအလျင်အမြန်ထွက်ပြေးလေသည် ။
စိုင်းနောင်ရှိပါကမြွေအန္တရယ်မကြောက်ရသောမိဘများကစိုင်းနောင်အားအလွန်အားကိုးလေသည် ။
စိုင်းနောင်ကရွာထဲကမည်သည့်ကလေးနှင့်မျှမပေါင်းတယောက်ထဲသီးသန့်နေသည်။
မိဘများနှင့်လိုက်ကာတောင်ယာတွင်အချိန်ကုန်နေလေ့ရှိသည် ။
စိုင်းနောင်ကမိဘများအလစ်တွင်တောနက်ထဲသို့သွားကာမျက်ခင်းစိမ်းများပေါက်နေသောကွင်းပြင်ကလေးတခုသို့ရောက်ပါကလေချွန်လိုက်လေသည် ။
စိုင်းနောင်ရဲ့လေချွန်သံကြားပါကတောထဲကအမျိုးအမည်မခွဲခြားနိုင်သော
မြွေများထွက်လာကာစိုင်းနောင်နှင့်အဖော်လုပ်ကာကစားလေသည် ။
အတန်ကြာကစားပြီးမှစိုင်းနောင်ကပြန်လာလေသည်မြွေကိုက်ခံရသည့်လူနာတွေ့ပါက
စိုင်းနောင်လက်နှင့်သပ်ချလိုက်ပါကမြွေဆိပ်များထွက်လာကာအသက်ချမ်းသာရာရသွားလေသည် ။
ဒီသတင်းသည်တဖြည်းဖြည်းပျံနှံ့လာကာစိုင်းနောင်ဆီမြွေကိုက်လာကုသူများများလာလေသည် ။
စိုင်းနောင်အသက်လဲ၁၆နှစ်အရွယ်ရောက်လာပြီမိဘများအားယာလုပ်ငန်းကိုနားနားနေနေ
လုပ်ခိုင်းကာနားစေသည်စိုင်းနောင်ကြောင့်ဝင်ငွေတိုးပွားလာသလိုလက်ဆောင်ပစ္စည်းများလဲပေါများလာသည်။
တနေ့တွင်အောက်အရပ်မှအစွမ်းထက်သောအောက်လမ်းဆရာတစ်ယောက်သည်
စိုင်းနောင်တို့ရွာရောက်လာကာစိုင်းနောင်အားလေ့လာလေသည် ။
အောက်လမ်းဆရာကစိုင်းနောင်အားမိမိတပြည့်အဖြစ်မွေးပါကမိမိလုပ်ငန်းများ
အလျှင်အမြန်အောင်မြင်မည်ဟုတွေးကာအကြံထုပ်နေလေသည် ။
တညနေတွင်စိုင်းနောင်တို့အိမ်သို့ထူးဆန်းသောအဖိုးအိုတဦးရောက်လာလေသည် ။
အဖိုးအိုသည်တခေါင်းလုံးဆံပင်များဖြူဖွေးနေကာရင်ဘတ်ထိအောင်ရှည်လျားသော
မုတ်ဆိပ်မွှေးများသည်လဲဖြူဆွပ်၍နေလေသည် ။
အဖိုအိုအားတွေ့သောအခါစိုင်းနောင်သည်ကွဲကွာနေသောဆွေမျိုးအားပြန်တွေ့ရသလို
ဝမ်းပန်းတသာကြိုလေသည် ။
မိဘများကတခါမှမတွေ့ဘူးသောအဖိုးအိုအားအံသြနေကြေလေသည်အဖိုအိုကမနန်းစံတို့လင်မယားအား
”””ကဲငါ့သားနဲ့သမီးကစိတ်ထားကောင်းတော့အန္တရယ်ကိုမသိဘူးပေါ့ _____အခုလောဘသမား_အတ္တကြီးသ__ူလူမိုက်တစ်ယောက်ဟာ_မင်းတို့ဆီကိုရောက်လာပြီမကြာခင်_မင်းတို့ကိုအန္တရယ်ပေးလိမ့်မယ်ကွဲ့ဒါကြောင့်စိုင်းနောင်ကိုအဘခေါ်သွားပါရစေ”””
အဖိုးအိုစကားကိုလင်မယားနှစ်ယောက်ကခါးခါးသီးညင်းရာအဖိုအိုလဲလက်ရှော့ကာပြန်သွားလေသည် ။
နောက်၂ရက်လောက်နေတောာ့စိုင်းနောင်သည်ရုတ်တရက်အပျင်းဖျားကာသေလေသည်။
မနန်းစံတို့လင်မယားလဲရူးမတတ်ခံစားရလေသည်စိုင်းနောင်သေပြီးနောက်
အဖိုးအိုရောက်လာကာစိုင်းနောင်အလောင်းအားကိုယ်တိုင်မီးင်္သဂြိုလ်လေသည် ။
အဖိုးအိုကမနန်းစံတို့လင်မယားအားထူးဆန်းသောစကားဆိုလေသည် ။
”’ကဲ”မင်းတို့လင်မယားပူဆွေးသောကမဖြစ်လေနဲ့တော့မင်းတို့ဆီမြွေဘုရင်ခဏ—-အလည်လာတယ်သဘောထားကြပါကွယ်”’
”” အဘိုးအိုကမနန်းစံတို့လင်မယားအားမဲနက်တောက်ပြောင်နေသော——
ဓတ်လုံးလိုအလုံးကလေးတလုံးပေးကာ ””ဒီအလုံးလေးကမြွေအမြူတေကလေးပဲကွယ့်ဒါကလေးဟာ——အလွန်ရှားပါးပစ္စည်းဖြစ်ကာသူတော်ကောင်းများနှင့်သာ——ထိုက်တန်ပါတယ်ဒါ့ကြောင့်မင်းတို့လင်မယားဆေးကုစားပါ—–ဘယ်လိုအဆိပ်ရှိတဲ့သတ္တဝါမျိုးပဲကိုက်ကိုက်ဒါလေးကိုရေစိမ်တိုက်ပါ——ကျန်တာတော့ဥဏ်မှီသလိုသုံးပေါ့ကွယ်”
အဖိုးအိုပြန်တော့အောက်လမ်းဆရာတည်းသောအိမ်ဘက်မျက်နှာမူကာ
ဖနောင့်သုံးချက်ပေါက်ကာထွက်ခွာသွားလေသည် ။
နောက်တနေ့မိုးလင်းတော့မြွေကိုက်၍သေနေသောအောက်လမ်းဆရာအလောင်းအားတွေ့ကြလေသည် ။
ပြီး
D Moe Moe
No comments
Post a Comment