မိန်းမလည်၏နောက်ဆုံးခရီး (စ-ဆုံး)

  မိန်းမလည်၏နောက်ဆုံးခရီး (စ-ဆုံး) Unicode Version မိန်းမလည်၏နောက်ဆုံးခရီး (စ-ဆုံး) ——————————————– ခင်ဝင်းဘဝအစကမသာယာပါအရွယ်ရောက်လာတော့လည်းမ... thumbnail 1 summary

 မိန်းမလည်၏နောက်ဆုံးခရီး (စ-ဆုံး)

Unicode Version

မိန်းမလည်၏နောက်ဆုံးခရီး (စ-ဆုံး)
——————————————–
ခင်ဝင်းဘဝအစကမသာယာပါအရွယ်ရောက်လာတော့လည်းမပြည့်စုံပါ

အဖေကစောစီးစွာဆုံးပါးသွား၍မုဆိုးမအမေနှင့်ဘဝကိုဆင်းဆင်းရဲရဲဖြတ်သန်းလာခဲ့ရသည်။

မောင်နှမများ၍မောင်နှမများထဲအကြီးဆုံးဖြစ်သောခင်ဝင်းအတွက်အရာရာသည်စိတ်ညစ်စရာများပင်ဖြစ်၏

အဖေချန်ထားခဲ့သောဒဂုံမြို့သစ်မြောက်ပိုင်းကသုံးပင်အိမ်စုတ်ကလေးသည်ခင်ဝင်းတို့ကမ္ဘာပင်ဖြစ်သည်။

ဝမ်းရေးအတွက်အမေကမြောက်ဒဂုံဈေးထဲတွင်ငါးခြောက်ရောင်းကာခင်ဝင်းကတစ်ဖက်တစ်လမ်းကဝင်ငွေရအောင်သူများဆိုင်တွေမှာအကူလုပ်၏

ငပိရည်တို့စရာကခင်ဝင်းတို့အတွက်မရိုးသောဟင်းဖြစ်သည်ခါးသီးသောဘဝမှာခင်ဝင်းမနေချင်

ရည်မှန်းချက်ကြီးကာဉာဏ်ကောင်းသောသူမကဘဝမျိူးးစုံအလုပ်မျိူးးစုံကျင်လည်၍ဘ့ွဲတစ်ခုရလာသည်

မျက်နှာမွဲအနှိပ်ခံဘဝမှခင်ဝင်းငွေရဖို့အတွက်အလုပ်ကစုံလာတော့မျက်စိပွင့်လာ၏အရမ်းချမ်းသာချင်လာသည်။

သို့ပေမဲ့ခင်ဝင်းတို့ဘဝအတွက်ချမ်းသာဖို့ဆိုတာအလှမ်းဝေးလွန်း၏လက်လှမ်းမမှီသောအရပ်မှာရှိသည်။

ထို့ကြောင့်ဖြတ်လမ်းကချမ်းသာရန်မကောင်းသောအကြံထုတ်လျက်ရှိသည်။

ခင်ဝင်းတွင်ယောင်္ကျားများမက်လောက်သည့်ကိုယ်လုံးကိုယ်ပေါက်ပိုင်ဆိုင်ကာလုံးကြီးပေါက်လှဖြစ်သည်။

သူငယ်ချင်းများကတော့ခင်ဝင်းကွယ်ရာတွင်ဖင်ကောက်မဟုနောက်၍ခေါ်တတ်၏

ခင်ဝင်းဖင်ကောက်သည်ပဲပြောပြောဖင်ကြီးသည်ပဲဆိုဆိုသူမကတော့ကျေနပ်သည်။

သူမအတွက်ဒီကိုယ်လုံးကပင်ဘုရားပေးသည့်ဆုလဒ်ဟုခံယူထားသည်။

သို့ပေမဲ့လိုတာထက်ပို၍ကိုယ်လုံးပြကာညုတုတုပုံစံကြောင့်သူမအလုပ်ပြုတ်ပေါင်းမနည်းတော့ပေ

သူမလုပ်သည့်အလုပ်ရှင်မိန်းမများကသူတို့ယောင်္ကျားများကိုမြူဆွယ်နေသည်ဟုထင်ကြကုန်၏

ခင်ဝင်းအတွက်ကံကောင်းသည်ဟုပင်ဆိုရမလိုပင်သွားရင်းလာရင်းဖြင့်အမှတ်မထင်သူဌေးသားတစ်ယောက်နှင့်ဆုံမိလိုက်သည်။

သူမအတွက်ကံကောင်ခြင်းအစသည်သူဌေးသားနှင့်တကွမိသားစုများကံဆိုးမိုးမှောင်ကျသောအစပင်ဖြစ်သည်။

သူဌေးသားအားဖုန်းဆက်ရတာသူမလခကုန်သလောက်ရှိကာထမင်းငတ်သည့်ရက်ပင်ရှိလာ၏

ရေလာမြောင်းပေးလုပ်ရလွန်းလို့မယ်ရွှေးပွဲဝင်နေသလိုသူမကိုယ်ခန္တာပင်လိမ်ကောက်သလိုဖြစ်လာသည်။

ခင်ဝင်းအတွက်တော့ငွေပုံကြီးမြင်နေ၍လက်လွှတ်ခံ၍မဖြစ်အသေကပ်ထားလိုက်သည်။

တစ်သက်လုံးဆင်းရဲကာလူမွှေးသူမွှေးမပြောင်သောသူမကစာရင်းကိုင်ပညာကိုသူဌေးသားထောက်ပံ့မှု့ဖြင့်တက်ကာပြောင်ပြောင်ရောင်ရောင်ဖြစ်လာ၏

အလုပ်အကိုင်ကောင်းရလာ၍နောက်ဆုံးသူဌေးသားအားဘဝကိုပုံအပ်ကာလိုချင်တာများအပူကပ်တော့၏

ခင်ဝင်းအတွက်ယောင်္ကျားတစ်ယောက်ကိုအပိုင်ချီဖို့ဝန်မလေးထမင်းစားရေသောက်သလောက်အပန်းမကြီး

အဓိကကလိုချင်တာရဖို့ကားစီးနိုင်ဖို့အိမ်ဆောက်နိုင်ဖို့အရေးကြီးသည်လေသူမဘဝမှာလိုနေတာတွေများလှ၏

”’အကိုလက်ထပ်ကြရအောင်”’

သူမဘယ်လိုပြောပြောသူဌေးသားကသူမလိုအဆင့်အတန်းနှင့်လောဘကြီးသောမိန်းမကိုမလိုချင်ပေအင်တင်တင်ဖြစ်နေ၏

”’အိမ်ကိုပြောကြည့်ပါမယ်’–သဘောတူတဲ့အထိစောငိ့ပါ””’

ထိုအပ်ကြောင်းထပ်နေသောစကားကြောင့်သူမဘဝင်မကျပေမရရတာတော့ယူမယ်ဆိုတဲ့ပိုင်လုံးမများအကြံနှင့်
ညဏ်နီညဏ်နက်များထုတ်သုံးရတော့၏

နောက်ဆုံးသူမပြောပါများ၍ခင်ဝင်းအားသူဌေးသားကမိသားစုဝင်များနှင့်တွေ့ပေးသည့်အခါခင်ဝင်း၏လောဘတပ်မက်မှု့ပုံစံကိုအားလုံးကသဘောမတူကြပေ

အမှန်တော့ယောင်္ကျားတစ်ယောက်ကမိန်းမတစ်ယောက်ကိုလိုချင်ရင်အိမ်ကသဘောတူတူမတူတူရအောင်ယူမည်ဖြစ်ကာမလိုချင်ပါကအိမ်ကိုအကြောင်းပြတတ်တာသူမသိထားသည်။

ခင်ဝင်းကအချဉ်မဟုတ်ဒီဂွင်တွေရိုးနေပြီသူဌေးသားဆီကငွေတွေရသလောက်ယူ၍သူဌေးသားမိသားစုဒုက္ခရောက်စေမည့်အရေးသည့်သူမအရေးပင်ဖြစ်သည်။

””အကိုရယ်အိမ်ကနေလို့မရတော့လို့အိမ်ကလေးပြင်ပေးပါလား””

””အကိုရယ်ညီမအောက်ကမောင်လေးညီမလေးတွေအလုပ်မရှိတော့အလုပ်ကလေးတစ်ခုလောက်ထူထောင်ပေးပါလား””

””’အကိုရေညီမမှာသူများနဲ့အလုပ်တွဲလုပ်နေရတော့မျက်နှာငယ်ရတယ်ရွှေလေးဘာလေးဝယ်ပေးပါလား”’

””အကိုရေအိမ်မှာအမေဆေးခန်းပြချင်လို့ကားပို့ပေးပါအုံး””

””အကိုရေ—————”””’

စသည်ဖြင့်မဆုံးသောအကြောင်းအရာများဖြင့်သူဌေးသားကိုအသက်ရှုကျပ်စေ၏

ထိုသို့သူမရဲ့တောင်ဆိုမှု့တွေကိုသူဌေးသားကလိုက်လုပ်ပေး၍သူဌေးသားမိသားစုများနှင့်သူငယ်ချင်းများကဝိုင်းတားကြ၏သူဌေးသားအဖေကရာဇသံပေး၏

””ဟေ့ကောင်မင်းဒီလိုအဆင့်မရှိတဲ့မိန်းမနဲ့ယူရင်အိမ်ပေါ်ကဆင်းသွား””

သူဌေးသားမောင်နှမများကလည်းလူလည်ပိုင်လုံးမအကြောင့်စုံစမ်းသိရှိထား၍

””’ဟုတ်တယ်ဒီလိုအောက်တန်းစားမနဲ့ယူရင်တစ်သက်လုံးဆွေမျိူးးလာမစပ်နဲ့တော့—သူများပိုက်စံအချောင်လိုချင်တဲ့မိန်းမ–”’ ‘

”””သူများပစ္စည်းလိုချင်လောဘတက်နေတဲ့အပျက်မသာသာလောက်ကိုယူရင်ငါတို့နဲ့သေခန်းပြတ်ပဲ””’

သူဌေးသား၏မိသားစုဝင်များကခင်ဝင်းစရိုက်အားမကြိုက်၍ခါးခါးသီးငြင်းကြသလိုသူငယ်ချင်းအပေါင်းအသင်းများကလည်း

”’ဟေ့ကောင်မင်းတွဲနေတဲ့ဟာကြီးကမစွံဘူးကွသိသာတယ်လိုချင်တပ်မင်မှု့တွေများတယ်””’

””မင်းလည်းပေးသင့်သလောက်ပေးပြီးပြီပဲတခြားသူဌေးတစ်ယောက်ကိုယူရင်တောင်ဒီလောက်ပြေလည်မယ်မထင်ဘူး””’

”’မင်းနောက်ဆုတ်သင့်ပြီအတော်ကြောက်စရာကောင်းတဲ့မိန်းမမျိူ းကွ””’

””အေးလေမိန်းမဖြစ်ပြီးအရှက်အကြောက်မရှိတွယ်ကပ်နေတာလောဘကမသေးဘူး””’

အားလုံးကဝိုင်းပြောလာတော့ခင်ဝင်းကိုသူဌေးသားကရှောင်၍လာသည်ဒီလိုတော့ခင်ဝင်အဖြစ်မခံနိုင်ပေ

သူဌေးသားအလုပ်ထဲချောင်းပေါက်မတတ်လိုက်သွားအရှက်အကြောက်မရှိအတင်းလိုက်ကပ်ကာ

ဖုန်းတစ်ချိန်လုံးဆက်သူ့ကိုယ်သူမိန်မဟုကြေငြာပေမဲ့ဓတ်သိမျာကအလွန်အထင်သေးကြ၏

သူဌေးသားအားအသေရရအရှင်ရရသူမအတွက်အဓိကပင်ဖြစ်၍ဘယ်အရာမှဂရုမစိုက်တော့ပေ

သူမပြန်ဆင်းရဲသွားမှာအသေကြောက်သည်အခုလိုပြည့်စုံနိုင်ဖို့ဆိုတာစိတ်ကူးယဉ်ခွင့်တောင်မရှိ

သူဌေးသား၏ကားအကောင်းစားကိုစီးနေသောဘဝကိုဘာနဲ့ပဲလဲရလဲရဒီလိုသဘောကောင်း၍အားနာတတ်သောသူဌေးသားကိုလက်လွှတ်ခံ၍မဖြစ်ပေ

ခင်ဝင်းလောဘမောဟကြောင့်အသိဉာဏ်ကင်းမဲ့ကာအမှောင်ဖုံးလာနေတော့အောက်လမ်းဆရာတစ်ယောက်အိမ်ရောက်သွားကာအပူကပ်တော့၏

အောက်လမ်းင်းအားသူဌေးသားမခွာနိုင်အောင်ဆေးနည်းကောင်းများပေးလိုက်ကာ

သူဌေးသားမိသားစုဝင်အားလုံးကိုပါစိတ်ဝမ်းကွဲ၍မသင့်မမြတ်ဖြစ်အောင်သေအောင်လုပ်ပေးလိုက်၏

ခင်ဝင်းတစ်ယောက်တစ်ဘဝစံဖို့အတွက်အောက်လမ်းဆရာအားကိုးဖြင့်ကမ်းကုန်အောင်မိုက်တော့သည်။

သူဌေးသားအားအမျိူ းမျိူ းသိမ်းသွင်းကာမိသာစုများအလုပ်ထဲကငွေတွေယူခိုင်း၍သူမကိုယ်ပိုင်လုပ်ငန်းထောင်လိုက်သည်။

သူဌေးသားကလည်းသူအိမ်ကငွေများအားအကြောင်းအမျိူ းမျိူ းပြ၍လိမ်ယူ၍ခင်ဝင်းအားပေးနေရသဖြင့်မိသားစုများကြားစိတ်ဝမ်းကွဲမှု့တွေဖြစ်လာသည်။

ခင်ဝင်းကသူမကိုသဘောမတူသောသူဌေးသားမိသားစုဝင်များအားမုန်း၍အားလုံးသေရန်နည်းမျိူးးစုံသုံးလျက်ရှိသည်။

ခင်ဝင်းကသူဌေးသားမိသားစုများအားအောက်လမ်းနည်းဖြင့်မကောင်းကြံကာအသေတိုက်နေပေမဲ့

သူဌေးသား၏မိသားစုဝင်များသည်ဘုရားတရားမြဲသောသူတော်ကောင်းများဖြစ်သဖြင့်ကျမ်းမာရေးအနည်းအကျဉ်းမကောင်းဖြစ်ကြတာကလွဲ၍တော်ရုံသူမဒုက္ခရောက်အောင်တိုက်၍မရပေ

ခင်ဝင်းမသိတာတစ်ချက်လည်းရှိပေးသေးသည်သူဌေးသားမိသားစုဝင်များကိုပု ဂ္ဂိုလ်ထူးများစောင့်ရှောက်ကြကာစိတ်ထားကောင်း၍ခင်းဝင်းပေးသောအကုသိုလ်ကံများကအရာမရောက်ပေ

အလူ ရေစက်လက်နဲ့မကွာလူတန်းနေသောသူဌေးသားမိသားစု၏ကောင်းမှု့ကုသိုလ်များကခင်ဝင်းအတွက်ကံဆိုးမှု့များဖြစ်လာမည်ဟုခင်ဝင်းမတွေးမိပါ

များမကြာမီသူမစေတနာကြောင့်မစားထိုက်၍သူမလုပ်ငန်းလဲပြုတ်၍သွားသည်။

သူမ၏သရုပ်မှန်လည်းပေါ်လာကာသူဌေးသားအားဘီလူးဆိုင်းတီးကာကြမ်းတမ်းလာ၏

သူမအားမယူပါကဘာတိုင်မည်ညာတိုင်မည်ထောင်ထဲထည့်မည်စသဖြင့်အကျပ်ကိုင်ကာမလှုပ်သာအောင်ထိန်းထားလိုက်သည်။

တစ်ဖက်ကလည်းမိသားစုဝင်များနှင့်ရန်တိုက်ပေးကာအမွေတောင်းခိုင်း၍အိမ်ပေါ်ကအတင်းဆင်းခိုင်းလိုက်သည်။

သိုပေမဲ့အမွေဆိုတာစားထိုက်မှစားရမည်ကိုသူမသိလေတော့သူမအတ္တတွေကိုအမှှိုက်မှောင်ကဖုံးလွှမ်းသွား၏

သူဌေးသားမိသားစုဝင်များကတော့သူဌေးသားမိသားစုပိုက်စံတွေအလွဲသုံးစားလုပ်ထား၍ခင်ဝင်းအားထောက်ပံ့နေသည်ကိုသိ၍

စိတ်မကောင်းဖြစ်ကြကာမိသားစုကြိုးစားပန်းစားရှာဖွေထားသောဖြူဖြူစင်စင်ပိုက်စံများကိုအချောင်လိုချင်နေသောခင်ဝင်းအားပေးနေသဖြင့်

စိတ်ဝမ်းကွဲကြကာမကျေနပ်ကြပေမဲ့မိသားစုသံယောစဉ်ဖြင့်ဖခင်ကြီးစိတ်မချမ်းသာဖြစ်မှာစိုးကြ၏အကျယ်ကျယ်မဖြစ်ကြသော်လည်း

ထိုပိုင်လုံးမကတော့အသေမုန်းကြ၍မေတ္တာပို့ကြ၏ခင်ဝင်းကတော့သူမတစ်သက်တာတွင်တစ်ခါမှမစားခဲ့ရသည်များ
ှုများစား၍

မဝတ်ဖူးမသုံးဖူးမနေဖူးတာများဖြင့်သူများမသာဓာရေစာစားကာအကျေနပ်ကြီးကျေနပ်နေသည်။

မစားထိုက်အန်ထွက်ဆိုသောစကားပုံအတိုင်းသူများမိသားစုမကြည်ဖြူပဲစားမိသောအဆိတ်အတောက်များသည်ခင်ဝင်းကိုဒုက္ခပေးလာပြီ

သူဌေးသားသူမကိုယူဖို့စောင့်ရင်းသူမအသက်လည်းကြီးလာပြီမသာဓာရေစာများလည်းဇက်ပိုးနင့်လာပြီ

ဆေးခန်းနှင့်အိမ်နှင့်ကးူချည်သန်းချည်ဖြစ်လာသည်ပတ်ဝန်းကျင်ကလည်းသူမအားမေးငေါ့လာ၏

တစ်ချိူ့ကသူမအားအပျက်မသာသာထင်ကြကုန်၏သို့ပေမဲ့ဘယ်သူတွေဘာပြောပြောသူမကဂရုမစိုက်မနာလိုလို့ပြောသည်ပဲသဘောထား၏

သူဌေးသားအားအပိုင်ကိုင်နိုင်သည်ကိုအကျေနပ်ကြီးကျေနပ်နေကာအရာရာအဆင်ပြေသည်ဟုထင်ထားခါမှပြသာနာကစလာသည်။

သူမကျမ်းမာရေးသိပ်မကောင်းအနားကဆေးခန်းကလေးနှင့်သာပြနေရင်းဖြင့်အနာတစ်ခြားဆေးတစ်ခြားဖြစ်လာသည်။

နောက်ဆုံးဆေးရုံတွင်ဆေးစစ်ကြည့်တော့သူမမှာကင်ဆာဝေဒနာပေါ်နေပြီ

သူမသေချာအောင်စစ်ပြန်တော့အဖြေကသေချာနေပြီလည်ပင်းကင်ဆာဖြစ်သည်။

တဖြေးဖြေးသူမအစာစား၍မရသူများမသဓာရေစာများစားထားတော့အကုသိုလ်ကအကျိူ းပေးလေပြီ

ဘာအစာမှမဝင်တော့သာကူပြုတ်သောက်ရသည့်အဆင့်ရောက်လာတော့မှဘုရားတရားလည်းမလုပ်နိုင်တော့ပေ

သူများတွေကိုအောက်လမ်းနှင့်တိုက်ထားသောအကုသိုလ်ကံကြောင့်ညတိုင်းအိမ်မက်ဆိုးများမက်နေသည်။

မတော်လောဘဖြင့်သူဌေးသားဆီကငွေညစ်ထားတာတွေလည်းကုန်လာသည်။

သူဌေးသားကလည်းဆေးကုပေးပေမဲ့သူမသွားရမဲ့လမ်းကိုမြင်နေပြီဖြစ်သည်။

သို့ပေမဲ့သူမနောင်တမရပေနိုင်ငံခြားတွင်ဆေးသွားကုရန်သူဌေးသားအားအပူကပ်၏

စိတ်သဘောထားနူးညံ့လွန်း၍အားနာတတ်သောသူဌေးသားကကုသပေးရန်လုပ်နေချိန်မှာပဲ

သူမရောဂါအခြေအနေကပို၍ဆိုးလာသည်ကယောင်ကတန်းတွေမြင်လာ၏သူမနေလည်ဘက်အိပ်နေတုန်းသူမအိမ်ရှေ့တွင်အလွန်ကြီးမားသော

ခွေးနက်ကြီးတစ်ကောင်သည်အိမ်ရှေ့မှာထိုင်ကာအိမ်ထဲသိုရဲရဲတောက်နေသောမျက်လုံးကြီးများဖြင့်

လှမ်းကြည့်နေသည်ကိုသူမတွေ့ရတော့ဒေါသထွက်ကာသူမအိမ်သားများအားကုန်းအော်လိုက်သည်။

””ဟဲ့—အိမ်သားတွေဘယ်ရောက်ကုန်လို့လဲအိမ်ရှေ့မှာကျက်သရေမရှိတဲ့ခွေးနက်ကြီးကိုမောင်းထုတ်လိုက်ပါလား””’

”’ခွေးကိုမောင်ထုတ်လိုက်ကြစမ်း””

ခင်ဝင်းပြောနေပေမဲ့အိမ်သားများကတော့အိမ်ရှေ့တွင်ဘယ်ခွေးမှမမြင်ကြပါ

နောက်ဆုံးခင်ဝင်းစကားမပြောနိုင်တော့ပေမဲ့လက်ကတော့တစ်စုံတစ်ရာကိုမောင်းထုတ်နေသလို

လက်ဟန်ဖြင့်မောင်းထုတ်နေသည်ကိုလူမမာလာကြည့်သူများကမြင်ကြရ၏

သူမမျက်လုံးတွေကလည်းတစ်ခုခုကိုကြောက်နေသလိုစိုးရိမ်နေသည့်မျက်လုံးများဖြစ်နေသည်

ခင်ဝင်းသည်ဆရာဝန်ခန့်မှန်းထားသည်ထက်အချိန်စောစွာသေဆုံးသွားသည်သူမသေခင်ညက

””အား—–ဝါး—သွား ”’

စသည်ဖြင့်မသဲမကွဲအော်ရင်းပိမ်ရှေ့သို့လက်ညိုးထိုးကာအသက်ထွက်သွားလေသည်။

သေချာတာကတော့အိမ်ရှေ့တွင်သူမကိုလာခေါ်နေသည့်အရာသည်ခွေးနက်ကြီးဆိုတာခန့်မှန်းနိုင်ပေသည်။

ခင်ဝင်းသေခြင်းသည်သူဌေးသားမိသားစုအတွက်တော့တတောရှင်းသွားသည်ဟုထင်ပါသည်။

လောကမှာသူတစ်ပါးပစ္စည်းဥစ္စာများအားအချောင်လိုချင်သူ၏သွားရာလမ်းသည်မဖြောင့်ဖြူးးခဲ့ပေ

မတရားသောနည်းဖြင့်ယူထားသောစိမ်းစည်ဥစ္စာသည်ကြာရှည်မခံပါသူများချမ်းသာတိုင်းကိုယ်ချမ်းသာချင်၍မရပေအတိတ်ကကုသိုလ်ကံကပါလာပြီးသားဖြစ်သည်။

မကောင်းသောနည်းဖြင့်ကိုယ်လိုချင်သလိုဘဝကိုဖန်ဆင်းပါကသံသရာကြွေးများထပ်၍တင်နေမည်ဆိုတာမလွဲပေ

”’ပြီး”

No comments

Post a Comment