အောင်မြတ်သာနှင့်အသက်ဝင်နေသောအရုပ်

 အောင်မြတ်သာနှင့်အသက်ဝင်နေသောအရုပ် အရိပ်ရတဲ့ညောင်ညိုပင်အောက်မှာ ကလေးတစ်သိုက်က အပူအပင်ကင်းစွာဆော့ကစားနေခဲ့ကြတယ်။ မကြာခင် ကလေးတွေကစားနေတဲ့ ညော... thumbnail 1 summary

 အောင်မြတ်သာနှင့်အသက်ဝင်နေသောအရုပ်

အရိပ်ရတဲ့ညောင်ညိုပင်အောက်မှာ ကလေးတစ်သိုက်က အပူအပင်ကင်းစွာဆော့ကစားနေခဲ့ကြတယ်။ မကြာခင် ကလေးတွေကစားနေတဲ့ ညောင်ပင်နဲ့မလှမ်းမကမ်းသစ်ပင်အောက်ကို မိန်းမတစ်ဦး မယောင်မလည်နဲ့ရောက်လာပြီး လက်ထဲကိုင်ထားတဲ့ပစ္စည်းကိုပစ်ချကာ ပြန်ထွက်သွားခဲ့တယ်။

ဒီမြင်ကွင်းကို ဆော့ကစားနေရင်းမြင်လိုက်တဲ့ ကောင်မလေးတစ်ယောက်က 

“ စန်းစန်းရေ ဟိုအပင်အောက်မှာ အရုပ်တစ်ရုပ်ကျနေပါလား”

“ ဟယ် ဟုတ်လား ဘာအရုပ်လေးလဲမသိဘူး .. သွားကြည့်ရအောင်”

သူငယ်ချင်းနှစ်ယောက်ကစားနေရင်း ထသွားပြီး ကြည့်လိုက်ရာ ရွှေရောင်ဆံပင်တပ်ထားတဲ့ ကော်ရုပ်လေးတစ်ရုပ်ကိုမြင်လိုက်ရတယ်။

“ ဘိုမရုပ်လေးပါလား… ချစ်စရာလေး”

စန်းစန်းက သစ်ပင်အောက်မှာကျနေတဲ့အရုပ်လေးကို ကောက်ကိုင်ပြီး ကစားနေတဲ့ညောင်ပင်အောက်ကိုယူလာခဲ့လိုက်တယ်။

ကလေးတွေက စန်းစန်းယူလာတဲ့ အရုပ်လေးကို တစ်ယောက်တစ်လက်ယူကြည့်ပြီးဆော့နေရင်း မကြာခင် အားလုံးကိုယ့်အိမ်ကိုပြန်လာခဲ့ကြတယ်။

စန်းစန်းကတော့ သူယူလာတဲ့အရုပ်လေးကို အိမ်ထိသယ်လာပြီး အိပ်ယာဘေးမှာရှိတဲ့ ခြင်းတစ်ခုထဲကို ပစ်ထည့်ထားလိုက်တယ်။

…..

"ဖေကြီး… ဒီနေ့သမီးအတွက် မုန့်လဲမပါဘူးနော်”

အိမ်ပေါ်တက်ကာစ သမီးဖြစ်သူရဲ့စကားကြောင့် ကိုရဲမောင် ခမောက်ကိုချွတ်ကာ ပွေ့ချီလိုက်ပြီး

“ အဖေ အလုပ်တွေများနေတာနဲ့မေ့သွားတာ သမီးရေ… နောက်နေ့မှ ဝယ်လာခဲ့ပေးမယ်နော်”

“ သားအဖတွေ နောက်မှအကဲပိုကြ … ရေချိုးဖို့လုပ်ဦး”

အိမ်ထဲမှာ ထမင်းပွဲပြင်နေတဲ့ မိန်းမဖြစ်သူညိုမိရဲ့စကားကြောင့် ကိုရဲမောင် ရယ်ကျဲကျဲလုပ်ပြီး သမီးဖြစ်သူကို အောက်ချကာ ရေချိုးဖို့ထွက်သွားခဲ့တယ်။

……

“ ဒီနေ့အလုပ်ပင်ပန်းလို့လားမသိဘူး… ထမင်းစားကောင်းတယ်မိန်းမရေ..”

“ ကောင်းဆို ဒီနေ့က ဝက်သားနီချက်တာကိုး… ရှင်နော် ကလေးကိုလဲ အချိန်ပေးပါဦး..ကျွန်မတို့မှာ ဒီသမီးလေးတစ်ယောက်ပဲရှိတာ”

ကိုရဲမောင်က ထမင်းလုပ်ကိုပလုပ်ပလောင်းစားနေရင်း 

“ မနက်ဖြန် အလုပ်ပိတ်တယ်လေ … သမီးအတွက်အချိန်ပေးရမှာပေါ့။ ဒါနဲ့ သမီးတစ်ယောက်ဘယ်ရောက်နေလဲ”

“ ထမင်းစားချိန် လာရှုပ်မှာစိုးလို့ အခန်းထဲမှာဆော့နေလို့ပြောထားတယ်…”

ထမင်းစားပြီးတော့ အခန်းထဲကို ဝင်ကြည့်လိုက်ရာ ဘိုမရုပ်တစ်ရုပ်နဲ့ဆော့နေတဲ့ သမီးဖြစ်သူကိုမြင်လိုက်ရတယ်။

“ ဟာ ဖေကြီး … ဒီအရုပ်က သမီးကိုရယ်ပြတယ်သိလား”

ဘိုမရုပ်ကို ရင်ခွင်ထဲထည့်ပြီး ပြောလိုက်တဲ့ သမီးဖြစ်သူစကားကြောင့် ကိုရဲမောင် သဘောကျစွာရယ်လိုက်ပြီး

“ သမီးကိုရယ်ပြရင် သမီးကပြန်ပြုံးပြလိုက်ပေါ့…”

“ ဟီး… ဒီအရုပ်လေးကို သမီးနဲ့တူတူပေးအိပ်လိုက်မယ်နော်။ ညဘက်တွေ သူတစ်ယောက်ထဲအိပ်ရတာ ပျင်းနေလိမ့်မယ်”

“ သမီး သဘောပါဗျာ… အခု အဖေက သမီးကို ပုံပြင်လေးတွေပြောပြမယ်။ ဘယ်လိုလဲ နားမထောင်ချင်ဘူးလား”

“ ယေး ကြက်သားအမိပုံပြင်ပြောပြနော်..”

စန်းစန်းက အရုပ်ကိုဖက်ပြီး အဖေဖြစ်သူပြောပြတဲ့ ပုံပြင်ကိုနားထောင်ကာ အိပ်ပျော်သွားခဲ့တယ်။

……

“ ခစ်ခစ်ခစ်… ဟက်ဟက်”

ခြေထောက်အောက်မှာ ရယ်နေတဲ့သမီးဖြစ်သူရဲ့အသံကြောင့် ကိုရဲမောင် လန့်နိုးလာပြီးကြည့်လိုက်ရာ ခြင်ထေဋင်အပြင်ဘက်မှာ ထိုင်ပြီး တစ်ယောက်ထဲစကားတွေပြောလိုက် ရယ်လိုက်လုပ်နေတဲ့ သမီးဖြစ်သူကိုမြင်လိုက်ရတယ်။

“ သမီး ဟာ ဒီကောင်မလေးတော့ အိပ်နေရင်းယောင်နေပြန်ပြီထင်တယ်..”

ကိုရဲမောင်က ခြင်ထောင်အပြင်ထွက်ပြီး ပွေ့ချီလိုက်တဲ့အချိန် လျာကိုထုတ်ပြီးမျက်တောင်လန်နေတဲ့သမီးဖြစ်သူကိုမြင်တော့ လန့်ဖြန့်သွားခဲ့တယ်။

“ သမီး သမီး… ဘာဖြစ်တာလဲ”

ကျောကုန်းကိုပုတ်ပြီး မေးလိုက်တော့မှ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး

“ ပူစူးမ ရော သူဘယ်ရောက်သွားလဲဟင်“

“ ဘယ်က ပူစူးမလဲ.. သမီးအိမ်မက်မက်ပြီး ယောင်နေလို့ အဖေလှုပ်နှိုးလိုက်တာ..”

“ ဟိုလေ ခုနက သမီးသူငယ်ချင်းပူစူးမနဲ့ဆော့နေတာ .. သူက မျက်တောင်ကိုလှန်ပြီး လျှာထုတ်ပြလို့ သမီးတောင် လိုက်လုပ်ကြည့်နေသေးတယ်”

“ ဒီကလေးကတော့ အိမ်မက်ထဲထိတောင် ပေါက်ပေါက်ရှာရှာဆော့နေပါလား။ ကဲကဲ ပြန်အိပ်လိုက်တော့ “

ကိုရဲမောင်က သမီးဖြစ်သူရဲ့ကျောကိုပုတ်ပြီးသိပ်လိုက်ရာ ခဏလေးအတွင်းအိပ်ပျော်သွားခဲ့တယ်။

…….

“ သမီးရေ … မနက်စာစားချိန်ရောက်နေပြီ.. ထတော့လေ”

မိခင်ဖြစ်သူရဲ့လှုပ်နှိုးမှုကြောင့် အီးအဲလုပ်ကာ ထလာပြီး

“ ဖေကြီးရော ဒီနေ့ သမီးနဲ့ကစားမယ်ပြောထားတယ်လေ”

“ ဟိုလေ ဖေကြီးက သမီးအတွက် မုန့်တွေသွားဝယ်နေတာ.. ဒီနေ့တော့ အရုပ်လေးတွေနဲ့ပဲ ဆော့ထားလိုက်နော်”

မိခင်ဖြစ်သူရဲ့စကားအဆုံးမှာ စန်းစန်းက နှုတ်ခမ်းစူကာ ဆောင့်ကြည်အောင့်ကြည်နဲ့ မျက်နှာသစ်ရန်ထသွားခဲ့တယ်။

မနက်စာ ထမင်းကြော်စားပြီးတာနဲ့ အရုပ်တစ်ရုပ်ကိုပိုက်ကာ အခန်းထဲဝင်သွားတဲ့ သမီးဖြစ်သူကိုကြည့်ပြီး

“ သမီး အမေနဲ့တူတူဆော့မလား..ဖေကြီး အလုပ်က အရေးကြီးပေါ်လာလို့ သမီးနဲ့မဆော့နိုင်တာပါ။ စိတ်မကောက်နဲ့နော်”

“ ဟအင်း ဘယ်သူနဲ့မှမဆော့တော့ဘူး…ပူစူးမနဲ့ပဲဆော့တော့မယ်”

မိခင်ဖြစ်သူလဲ အရုပ်တွေကို သူ့ဘာသာနာမည်ပေးတတ်တဲ့ သမီးဖြစ်သူရဲ့အကျင့်ကြောင့် ဘာမှဆက်မမေးတော့ပဲ ထမင်းချက်ရန် အိမ်နောက်ဖေးကိုဝင်သွားခဲ့တယ်။

ထမင်းအိုးကျက်တဲ့အချိန်ရောက်တော့ အခန်းထဲကနေ အချင်းချင်းစကားပြောကာရယ်မောနေတဲ့အသံကြောင့် ငှဲ့လက်ထမင်းကိုချပြီး ဝင်ကြည့်လိုက်ရာ ဘိုမရုပ်တစ်ခုနဲ့ဆော့ကစားနေတဲ့ သမီးဖြစ်သူကိုမြင်လိုက်ရတယ်။

“ သမီး … ပျင်းနေပီလား”

မိခင်ဖြစ်သူစကားကြောင့် ဘိုမရုပ်ကိုကိုင်ထားတဲ့စန်းစန်းက မျက်နှာတည်ကြီးနဲ့လှည့်ကြည့်ကာ

“ မပျင်းဘူး ပူစူးမနဲ့ဆော့ရတာ ပိုတောင်ပျော်ဖို့ကောင်းသေး” 

“ ဒါဆိုဆော့နေလိုက်ဦးနော် … အမေ ဟင်းချက်လိုက်ဦးမယ်”

ထမင်းဟင်းတွေချက်ပြီးတဲ့အချိန် မိန်းကလေးနှစ်ယောက်စကားပြောနေတဲ့အသံကိုထပ်ကြားပြန်ရော။ ဒီတစ်ခါမှာတော့ အသံမပေးပဲ တံခါးပေါက်နားကပ်ပြီးချောင်းကြည့်ရာ စန်းစန်းဘေးမှာ ထိုင်နေတဲ့ မိန်းကလေးတစ်ယောက်ကို ဖြတ်ခနဲမြင်လိုက်ရတယ်။ ဒါပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ မြင်နေရတဲ့မိန်းကလေးက ဖြတ်ခနဲပျောက်ကွယ်သွားတာမြင်တော့ စိတ်ပူသွားပြီး

“ သမီး ခုနက သမီးနဲ့တူတူရှိနေတာ ဘယ်သူလဲ…အမေကိုပြောစမ်း ..သူကဘယ်သူလဲ”

“ အမေ ဘယ်သူကိုပြောနေတာလဲ… သမီးနဲ့ဆော့နေတာဆိုလို့ ပူစူးမပဲရှိတာ”

စန်းစန်းက လက်ထဲကအရုပ်ကို ထောင်ပြပြီးပြောလိုက်တော့ 

“ အင်းပါ အင်းပါ အမေ အမြင်မှားတာပဲဖြစ်မယ်…ဒီနေ့ ပန်းနု တို့နဲ့သွားမဆော့ဘူးလား”

“ သူတို့နဲ့ဆော့တာထက် ပူစူးမနဲ့ဆော့တာက ပိုပျော်ဖို့ကောင်းတယ်… ဟုတ်တယ်နော် ပူစူးမ”

စန်းစန်းက လက်ထဲကိုင်ထားတဲ့အရုပ်ကို ကြည့်ပြီးပြောလိုက်တယ်။

“ ဒါဆိုလဲပြီးရော… နေ့လည်ထမင်းစားပြီးရင်တော့ တစ်ရေးအိပ်မှရမယ်နော်”

“ ဟုတ် “

နေ့လည်ထမင်းစားပြီးချိန်ရောက်တော့ သားအမိနှစ်ယောက် အိမ်ရှေ့ကွပ်ပြစ်မှာဖျာတစ်ချပ်ခင်းပြီး တစ်ရေးတစ်မောအိပ်ခဲ့ကြတယ်။

အိပ်ပျော်နေရင်းဖြတ်ခနဲလန့်နိုးလာလို့ ကြည့်လိုက်တော့ ဘေးမှာအိပ်နေတဲ့သမီးဖြစ်သူကိုမတွေ့ရတော့ဘူး။ အိမ်လှေကားမှာတော့ ဖိနပ်ရှိနေတာမို့ အပြင်မသွားလောက်ဘူးဆိုတာသိတဲ့အတွက် အိမ်သာတွေဘာတွေများသွားနေလားဆိုပြီးကြည့်ဖို့ အိမ်ထဲဝင်လာတဲ့အချိန် အိမ်ခန်းထဲမှာ စန်းစန်းရဲ့အသံအပြင် အခြားမိန်းကလေးတစ်ယောက်ရဲ့အသံကိုပါကြားလိုက်ရတယ်။

ဒီတစ်ခါတော့ နားကြားမှားတာ ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက် ထရံအပေါက်ကနေချောင်းကြည့်လိုက်ရာ စန်းစန်းရဲ့အရှေ့မှာကျောပေးထိုင်နေတဲ့ ကလေးတစ်ယောက်ကိုမြင်လိုက်ရတယ်။ စန်းစန်းကတော့ သူ့အရှေ့မှာကျောပေးထားတဲ့ မိန်းကလေးရဲ့ဆံပင်တွေကို ဘီးနဲ့ဖီးပေးနေတာမြင်တော့ လန့်ဖြန့်သွားပြီး အခန်းထဲကိုပြေးဝင်လာတဲ့အချိန် ဘိုမရုပ်မှာပါတဲ့ ဆံပင်တွေကို ဘီးနဲ့ဖီးပေးနေတဲ့ သမီးဖြစ်သူကိုမြင်လိုက်ရတယ်။

“ သမီး ခုနက မိန်းကလေးက ဘယ်သူလဲ… အမေကိုမလိမ်နဲ့ အမှန်အတိုင်းပြော”

စန်းစန်းက မိခင်ဖြစ်သူကို ဘာမှမပြောပဲကြောင်စီစီနဲ့ကြည့်နေခဲ့တယ်။

“ ဒီအရုပ်ကိုပေးစမ်း… ဆော့ချင်ရင် အခြားအရုပ်နဲ့ဆော့”

မိခင်ဖြစ်သူက စန်းစန်းကိုင်ထားတဲ့အရုပ်ကိုဆွဲယူလိုက်တဲ့အချိန် လက်ထဲကလွတ်ပြီး ကြမ်းအောက်ကိုကျသွားခဲ့တယ်။အဲဒီအချိန် ဗီရိုအောက်ဘက်လွတ်နေတဲ့နေရာကနေ သွေးမရှိပဲဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ လက်တစ်ဖက်ထွက်လာပြီး အရုပ်ကိုဆွဲယူသွားပါလေရော။

“ အမလေး ….ကယ်ကြပါဦး သရဲ..သရဲ”

မိခင်ဖြစ်သူရဲ့ကြောက်လန့်တကြားအော်တဲ့ပုံကိုကြည့်ပြီး စန်းစန်းက လက်ခုပ်လက်ဝါးတီးကာ တစ်ဟားဟားနဲ့အော်ရီပါလေရော။

…….

“ အိမ်မှာ သရဲရှိနေပြီထင်တယ် …”

သံပုရာသီးကိုရှုနေရင်းပြောလိုက်တဲ့ မိန်းမဖြစ်သူစကားကြောင့် ကိုရဲမောင် ခေါင်းကိုဖြေးညှင်းစွာခါယမ်းလိုက်ပြီး

“ မဖြစ်နိုင်တာကွာ ဒီအိမ်မှာနေလာတာပဲ သမီးလေးတစ်သက်ရှိနေပြီ”

“ ကျွန်မက ကိုယ်တိုင်ကြုံခဲ့ရတဲ့သူပါ… သမီးလေးဆော့နေတဲ့အရုပ်မှာ တစ်ခုခုကပ်နေပြီထင်တယ်”

“ ရတနာ နင့်စိတ်ကိုနင်ထိန်းစမ်း…အခုငါရောက်နေပြီပဲ အိမ်ပြန်လိုက်ခဲ့ပါကွာ”

“ ဟအင်း ကျွန်မမလိုက်ဘူး… အမေတို့အိမ်မှာပဲနေခဲ့မယ်”

ကိုရဲမောင်လဲ ပြောမရတဲ့အဆုံး စိတ်ဆိုးပြီး သမီးဖြစ်သူကိုခေါ်ကာ အိမ်ပြန်ခဲ့လိုက်တယ်။

စန်းစန်းကတော့ အိမ်ပြန်ရမယ်ဆိုလို့ သီချင်းလေးတစ်ညီးညီးနဲ့ပြန်လိုက်လာခဲ့တယ်။ အိမ်ပေါ်ရောက်တော့ အခန်းထောင့်မှာ ဘိုမရုပ်လေးက ထိုင်လျက်အနေအထားဖြစ်နေတာမြင်တော့ ကောက်ယူလိုက်ပြီး သေချာကြည့်လိုက်တယ်။

“ ကလေးကစားစရာအရုပ်ကိုများကြောက်ရတယ်လို့…”

ကိုရဲမောင်စကားအဆုံးမှာ စန်းစန်းဆီကနေ အသက်မပါတဲ့ အပြုံးတစ်ခုထွက်ပေါ်လာခဲ့တယ်။

သားအဖတွေ ရေမိုးချိုးထမင်းစားပြီးတဲ့အချိန် စန်းစန်းက အရုပ်နဲ့ဆော့နေတဲ့အတွက် အိမ်ရှေ့ထွက်ထိုင်ပြီး မြင်းနှစ်ကောင်ဆေးပေါ့လိပ်ကို ဖွာနေခဲ့လိုက်တယ်။

အဲဒီအချိန် အိမ်ခန်းထဲကနေ ကဆုန်ပေါက်ပြေးလွှားနေတဲ့အသံကြောင့် သောက်လက်စဆေးလိပ်ကို ပြာသပ်လိုက်ပြီး 

“ သမီး အဲလောက်မဆော့နဲ့လေ…” လို့အော်ပြောလိုက်တော့ ခုန်ပေါက်နေတဲ့အသံတွေရပ်သွားခဲ့တယ်။ ဒါပေမယ့် မကြာခင် အသံတွေပြန်ထွက်လာတဲ့အတွက် ဆေးလိပ်ကိုမီးသတ်ကာ အိမ်ပေါ်ကိုတက်လာခဲ့တယ်။

“ ဒီကလေးမကတော့ မလွယ်ပါလား”

တစ်ယောက်ထဲရေရွတ်ရင်း အခန်းထဲကိုကြည့်လိုက်ရာ အညာစောင်ကြီးခေါင်းမြီးခြုံရင်း တစ်ခစ်ခစ်နဲ့ရယ်နေတဲ့ သမီးဖြစ်သူကိုမြင်လိုက်ရတယ်။

“ ဒီလောက်ပူတာကို စောင်ခြုံပြီးဆော့နေရတယ်လို့”

ကိုရဲမောင်က အိပ်ယာပေါ်ကိုတက်ပြီး ခြုံထားတဲ့စောင်ကို ဆွဲခွါလိုက်ရာ အထဲမှာဘာမှမရှိ။

အဲဒီမြင်ကွင်းကြောင့် မကြောက်တတ်တဲ့ကိုရဲမောင် တစ်ယောက် တစ်ကိုယ်လုံးမှာရှိတဲ့ ကြက်သီးမွှေးညှင်းတွေထလာပြီး ခေါင်းနပန်းတွေကြီးလာခဲ့တယ်။

“ သမီး သမီး… စန်းစန်း “

သမီးဖြစ်သူကိုအော်ခေါ်ပြီးလိုက်ရှာနေတဲ့အချိန် ဘီဒိုဘေးအမှောင်ထုထဲကနေ 

“ ဝါး”

“ နင့်မေကလွှား… လန့်လိုက်တာသမီးရယ်… အဲဒီမှာဘာဝင်လုပ်နေတာလဲ”

“ ပူစူးမက တူတူပုန်းတမ်း ကစားမယ်ဆိုလို့ ပုန်းနေတာ”

“ ဟင် ဘယ်က ပူစူးမလဲ…”

“ သမီးသူငယ်ချင်းပေါ့… သူကပြောတယ် …”

စန်းစန်းက ပြောမလို့လုပ်ပြီးကာမှ ဗီရိုဘက်ကိုလှည့်ကြည့်လိုက်ပြီး…ငြိမ်သွားခဲ့တယ်။

“ သမီး ဘာဖြစ်လဲ သူကဘာပြောတာလဲ…”

စန်းစန်းက သူ့အဖေမေးတာကိုချက်ချင်းမဖြေပေးပဲ ဗီရိုဘက်ကိုလှည့်ကာ

“ ငါ့ဖေကြီးကိုတော့ပြောပြလိုက်မယ်လေဟာ… ဖေကြီးက နင်နဲ့ငါကိုပေးဆော့မှာပါ”

“ ဗီရိုထဲမှာဘယ်သူရှိနေတာလဲသမီး”

ကိုရဲမောင်က စန်းစန်းကိုကျောအနောက်မှာထားပြီး အခန်းထဲမှာထွန်းထားတဲ့ဖယောင်းတိုင်ကိုယူကာ ဗီရိုအနားကိုကပ်သွားခဲ့တယ်။

“ ဖေကြီး … ဘာလုပ်မလို့လဲ”

“ ငြိမ်ငြိမ်နေသမီး… ဗီရိုတံခါးထဲမှာ တစ်ခုခုရှိနေပြီ”

ကိုရဲမောင်က ဟနေတဲ့ ဗီရိုတံခါးအနားကို ဖယောင်းတိုင်မီးနဲ့ကပ်ကြည့်ရာ ကြားအပေါက်ကနေ လာချောင်းတဲ့ ဖြူဖတ်ဖြူရော်မျက်နှာတစ်ခုကိုဖြတ်ခနဲမြင်လိုက်ရတယ်။

“ ဟိတ် ဘယ်သူလဲ…”

ကိုရဲမောင်က တံခါးကိုဆတ်ခနဲ ဆွဲဖွင့်ကြည့်လိုက်ပေမယ့် အထဲမှာ စန်းစန်းဆော့နေကျအရုပ်တွေကိုသာမြင်လိုက်ရတယ်။

“ ဖေကြီး ပူစူးမက ပြောတယ်…သမီးနဲ့ဆော့လို့မဝသေးဘူးတဲ့”

“ သမီးအမေပြောတာမှန်နေပြီ… သမီးဆော့နေကျ ဘိုမရုပ်လေးဘယ်မှာလဲ”

စန်းစန်းက သူ့အဖေစကားကြောင့် ဗီရိုထဲမှာထည့်ထားတဲ့ ဘိုမရုပ်ကိုထုတ်လာပြီး ကမ်းပေးလိုက်တယ်။

“ ဒီအရုပ်ကိုမီးရှို့ပစ်ရမယ်… လာ အဖေနဲ့လိုက်ခဲ့..”

ကိုရဲမောင်က ဘိုမရုပ်ကိုဆံပင်ကနေကိုင်ကာ အိမ်အောက်ကိုဆင်းလာပြီး မီးရှို့ဖို့လုပ်တဲ့အချိန် ဘေးမှာရပ်နေတဲ့ စန်းစန်းက အံကိုကြိတ်ပြီး တောက်ခတ်ကာ

“ ငါ့ကိုဖျက်စီးရင် နင့်သမီးလဲ သေစေရမယ် ဟင်းဟင်း”

“သမီး … သတိထားဦးလေ…”

“ ငါကနင့်သမီးမဟုတ်ဘူး…ငါ့နာမည် ပူစူးမ”

“ နင် ငါ့သမီးကို ဘာလုပ်ထားတာလဲ…”

“ နင့်သမီးက ငါ့ကိုဒီခေါ်လာခဲ့တာ… အခုနင်ငါ့ကိုမီးရှို့တာနဲ့ နင့်သမီးဇက်ကျိုးသေစေရမယ်”

“ သမီးကိုတော့ ဘာမှမလုပ်ပါနဲ့…. နင့်ကိုလဲ မီးမရှို့တော့ဘူး…”

“ အေး ငါတို့နှစ်ယောက်ဆော့တာကို ဘယ်တော့မှမနှောက်ယှက်နဲ့ ။ ကလေးကို ငါမသိပဲ ခေါ်သွားလို့ကတော့ ငါ့အဆိုးမဆိုနဲ့”

စန်းစန်းက အံတစ်ကြိတ်ကြိတ်နဲ့ပြောပြီး ပျော့ခွေကာလဲကျသွားခဲ့တယ်။ 

…..

ကြခတ်ဝါးတွေကိုယက်ပြီးကာရန်ထားတဲ့ ခြံစည်းရိုးအတွင်းမှာတော့ ကိုရဲမောင်တို့လင်မယားအပြင် အသက်ခြောက်ဆယ်အရွယ်လူကြီးနှစ်ယောက်က ငြိမ်သက်စွာနဲ့တစ်ခုခုကိုတွေးနေခဲ့ကြတယ်။

“ ဒီပုံစံအတိုင်းဆိုရင် ငါ့မြေးအတွက် အန္တရာယ်ရှိနိုင်တယ်။ ရဲမောင်ရော ညိုမိရော ကြုံခဲ့ပုံတွေအရဆိုရင် အဲဒီအရုပ်မှာကပ်နေတဲ့ နာနာဘာဝကလဲ စန်းစန်းတို့အရွယ်ပဲဖြစ်မှာ”

“ ဘဒွေးပြောတာဟုတ်တယ်။ ဒါပေမယ့် သမီးကလဲ အရုပ်ကိုလက်ထဲကမချတာ မြင်တဲ့အတိုင်းပဲ။ ကျွန်တော်တို့ဘယ်လိုလုပ်သင့်တယ်ဆိုပြောပြပါဦး”

“ ငါ့အတွေ့အကြုံအရ ဒီအရုပ်မှာပါလာတဲ့ နာနာဘာဝက စန်းစန်းရဲ့ကိုယ်ထဲကိုအချိန်မရွေးပူးကပ်လို့ရတဲ့အနေအထားဖြစ်လို့ အရမ်းကာရော မလုပ်စေချင်ဘူး”

“ အစကတော့ ကျွန်တော်က သံဃာတွေပင့်ပြီး ပရိတ်ကမ္မဝါရွတ်ဖို့စိတ်ကူးကြည့်သေးတယ်။ ခုနက ဘဒွေးပြောသလိုတွေးမိလို့မလုပ်ဖြစ်တာ”

ကမ္မဝါဆိုတဲ့အသံကြားတော့ မလှမ်းမကမ်းမှာအရုပ်ကိုပိုက်ပြီးထိုင်နေတဲ့ စန်းစန်းက ရဲမောင်ကို မျက်ထောင့်နီနဲ့လှမ်းကြည့်လိုက်တယ်။

“ တစ်ရက်နှစ်ရက်တော့ စောင့်ကြည့်လိုက်ပါဦး…ငါလဲ အနီးနားရွာကအသိတွေကိုမေးကြည့်ထားလိုက်မယ်”

ဘဒွေးစကားကြောင့် ရဲမောင်တို့လင်မယားနှစ်ယောက် သက်ပြင်းရှည်တစ်ချက်ကိုချလိုက်ပြီး သမီးဖြစ်သူကိုလှမ်းကြည့်လိုက်တယ်။

…..

“ သမီး ထမင်းစားမယ်…လာလေ”

“ အမေ ပူစူးမကလဲ ဗိုက်ဆာတယ်တဲ့…သူ့ကိုလဲကျွေးလိုက်လို့ရလား”

အိမ်ခန်းထဲမှာအရုပ်မနဲ့ဆော့နေရင်းပြောလိုက်တဲ့ သမီးဖြစ်သူစကားကြောင့် မိခင်ဖြစ်သူက 

“ သမီးကလဲ အရုပ်မက ဘယ်လိုစားလို့ရမှာလဲ…”

ညိုမိစကားအဆုံးမှာ စန်းစန်းလက်ထဲကိုင်ထားတဲ့အရုပ်မရဲ့ခေါင်းက လှည့်လာပြီးသူ့ကိုကြည့်နေတာမြင်လိုက်ရတယ်။

“ သ..သမီး.. အရုပ်ကိုခဏချထားပြီး…လာခဲ့ပါဦး”

“ မရဘူး ဟအင်း… ပူစူးမကို ထမင်းကျွေးမယ်ပြောမှ သမီးလဲထမင်းစားမယ်”

အခြေအနေကိုစောင့်ကြည့်နေတဲ့ရဲမောင်က မနေသာတော့ပဲ

“ သူ့ကို အဖေတို့က ဘယ်လိုထမင်းကျွေးရမလဲ..“

ရဲမောင်စကားကိုကြားတော့ စန်းစန်းက အရုပ်မကိုကြည့်လိုက် ခေါင်းတစ်ညိမ့်ညိမ့်လုပ်လိုက်နဲ့

“ ပူစူးမကပြောတယ် ပန်းကန်ထဲမှာ ထမင်းနဲ့ဟင်းထည့်ပြီး ဗီရိုအောက်မှာထားပေးတဲ့”

စန်းစန်းစကားကြောင့် ရဲမောင်က ညိုမိကိုမျက်စပစ်ပြလိုက်ပြီး

“ တစ်ပန်းကန်ထည့်ပြီး ထားပေးလိုက်ပါကွာ…ဒီလိုမှမဟုတ်ရင် သမီးကထမင်းစားမှာမဟုတ်ဘူး”

ရဲမောင်စကားကြောင့် ညိုမိက ငါးဟင်းနဲ့ထမင်းကို ပန်းကန်ထဲထည့်ပြီး

“ ကျွန်မတော့ မထားရဲဘူး…ရှင်ပဲသွားထားပေးလိုက်”

“ အဖေ သမီးကိုပေး … ပူစူးမက သမီးကျွေးမှစားတာ သိလား”

စန်းစန်းကသွက်လက်စွာနဲ့သူ့အဖေလက်ထဲက ထမင်းပန်းကန်ကိုယူပြီး ဗီရိုအောက်ထဲကိုထိုးထည့်ပေးလိုက်တယ်။ အဲဒီအချိန် ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့လက်သေးသေးလေးတစ်ဖက်က ထမင်းပန်းကန်ကိုဖြတ်ခနဲဆွဲယူသွားတာကို ရဲမောင်မြင်လိုက်ရတယ်။

ညဘက်အိပ်ခါနီးအချိန်ရောက်တော့ စန်းစန်းက ရှိုက်ကြီးတငင် ငိုပါလေရော။

“ သမီး သမီး ဘာဖြစ်တာလဲ…”

“ အဟင့် အဟင့် ပူစူးမကပြောတယ်… အမေနဲ့ အဖေတို့က သူကိုမောင်းထုတ်ကြမလို့လုပ်နေတယ်တဲ့”

“ မဟုတ်ပါဘူးသမီးရယ်..”

“ သူကပြောသေးတယ်…ဒီအိမ်ကနေ သူထွက်သွားရင် သမီးကိုလဲခေါ်သွားမယ်တဲ့”

“ ဘုရား ဘုရား… ပေါက်ကရတွေမပြောနဲ့လေသမီး။ သမီးက အဖေတို့အမေတို့နဲ့ခွဲပြီးသွားနိုင်လို့လား”

“ ဟအင်း မသွားနိုင်ဘူး”

“ ဒါဆို သူခေါ်တဲ့အခါ သမီးမလိုက်နဲ့ပေါ့… ဟုတ်ပြီလား”

ရဲမောင်က သမီးဖြစ်သူပါးကိုနမ်းရှုံရင်း ပြန်သိပ်ဖို့လုပ်တဲ့အချိန် အခန်းထဲကနေ တစ်ဝုန်းဝုန်းနဲ့ ခြေထောက်ဆောင့်တဲ့အသံကိုကြားလိုက်ရတယ်။

အခန်းထဲကအသံကြားတော့အိပ်မလို့လုပ်နေတဲ့ စန်းစန်းက ခြင်ထောင်ထဲမှာ ထထိုင်လိုက်ပြီး ခြေရင်းဘက်ကိုလက်ညိုးထိုးကာ

“ ဟင် ပူစူးမ နင်ဘယ်လိုအိမ်ရှေ့ထိထွက်လာတာလဲ..”

“ သမီး ဘာဖြစ်လို့လဲ..”

“ ခြင်ထောင်အပြင်မှာ ပူစူးမက သမီးကို စိုက်ကြည့်နေတယ်။ သူ့ပုံစံက စိတ်ဆိုးနေသလိုပဲ”

“ လာလာ သမီး မျက်စိမှိတ်ထားလိုက်…။ ဟိုကလေးမ ငါ့သမီးကိုဒီလောက်ထိ ဒုက္ခမပေးပါနဲ့။ ငါတို့လဲ နင်လုပ်ခိုင်းတာအကုန်လုပ်ပေးနေတာပဲ…ကလေးကို ညဘက်လေးတော့ ပေးအိပ်သင့်ပါတယ်”

ရဲမောင်က စိတ်တိုစွာနဲ့ပြောလိုက်တော့မှ ခြင်ထောင်ခြေရင်းကနေ အိမ်ခန်းထဲကိုပြန်ဝင်သွားတဲ့ ခြေသံတစ်ရှပ်ရှပ်ကိုကြားလိုက်ရတယ်။

……..

“ ရဲမောင်…. ရဲမောင် “

အိမ်ရှေ့ကနေ အော်ခေါ်နေတဲ့အသံကြောင့် အိမ်နောက်ဖေးမှာရေထမ်းနေတဲ့ ရဲမောင် အပြေးအလွှားထွက်လာပြီး

“ကိုဝင်းမြိုင်ပါလား…ဘာကိစ္စလဲဗျ”

“ ဘဒွေး ခေါ်ခိုင်းလိုက်လို့ လာခေါ်တာ… အလုပ်အားရင် သူ့အိမ်ဝိုင်းထဲခဏလာပါဦးတဲ့”

“ အခုလာခဲ့မယ်လို့ပြောပေးပါဦး”

ရဲမောင်က ပခုံးမှာလွယ်ထားတဲ့ တံပိုးကိုချကာ လုံချည်ပြင်ဝတ်လိုက်ပြီး ဘဒွေးအိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။

“ ဟေ့ ရဲမောင် လာကွာ… ရေနွေးကြမ်းသောက်ဦး”

“ ကျုပ်ကိုခေါ်တယ်ဆိုလို့… ဘာကိစ္စများလဲဘဒွေး”

“ အေး မင်းတို့အိမ်မှာဖြစ်နေတဲ့ကိစ္စကို ကူညီမယ့်သူပေါ်လာပြီကွ”

“ ဟာ တကယ်လား ဘဒွေး….ဘယ်သူတွေများလဲဗျ”

“ မနေ့က မင်းတို့ကိစ္စပြောပြီး ဟိုဘက်ရွာကိုသွားတော့ လမ်းကဇရပ်တစ်ခုမှာ လူတွေစုပြုံနေလို့ ဘာများဖြစ်လဲဆိုပြီးဝင်ကြည့်တာ… ပိုးထိလူနာတစ်ယောက်ကို ဆေးကုနေတာမြင်လိုက်ရတယ်”

ဘဒွေးကစကားပြောနေရင်းမောသွားတဲ့ဟန်နဲ့ အအေးခံထားတဲ့ရေနွေးခွက်ကိုမော့သောက်လိုက်ပြီး

“ ဆရာတွေက ငယ်ငယ်လေးတွေ ငါ့ကောင်ရ… သူတို့ကုတဲ့နည်းက အဆန်းကွ”

“ ပြောပါဦး ဘဒွေး ဘယ်လိုနည်းနဲ့ကုတာလဲ”

“ လူနာကို ကိုက်သွားတဲ့မြွေကို နှုတ်မိန့်နဲ့ခေါ်ပြီး အဆိပ်ကိုပြန်စုပ်ခိုင်းတာ။ ငါလဲ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတုန်း နှာမှုတ်သံကြားလို့ကြည့်လိုက်တာ ဇရပ်အောက်ကနေ ထွက်လာတဲ့ အကောင်က ငါတို့လက်ဖျံလောက်ရှိတယ်။ မဲနက်ပြီး ပါးပျဉ်းမှာ “ဝ”ကွက်တွေတောင်ပေါ်နေပြီ”

“ ဒါဆို အတော်ကြီးတဲ့ကောင်ပဲ..”

“ အေး ဟုတ်တယ်… မဲနက်နေတဲ့မြွေဟောက်ကြီးက ဂါထာရွတ်နေတဲ့ဆရာရှေ့ရောက်တော့ တီကောင်တစ်ကောင်လို ငြိမ်ကျသွားတာ။ အဲဒီမှာဆရာလုပ်တဲ့သူက ပိုးထိတဲ့နေရာကိုလက်ညိုးထိုးပြပြီး အဆိပ်ပြန်ထုတ်ခိုင်းတာ။ ရပ်ကြည့်နေတဲ့လူအုပ်ကြီးကတော့ ဟာခနဲ ဟင်ခနဲ ဖြစ်နေတာပဲ။ အဆိပ်တက်နေတဲ့ လူနာရဲ့ ဒဏ်ရာကနေ သွေးမဲမဲတွေကျတဲ့ထိ ပြန်စုပ်ထုတ်ပေးပြီးမှ ဇရပ်အောက်ထဲပြန်ဝင်သွားတာ”

“ ဆရာတွေကအတော်စွမ်းတာပဲ…ဒါနဲ့ အဲဒီကိစ္စနဲ့ ကျုပ်ကိစ္စဘာပတ်သတ်လို့လဲဗျ”

“ ဒီလောက်စွမ်းနေမှတော့ အခြားပယောဂကိစ္စတွေလဲ ကုနိုင်မယ်ထင်ပြီး ငါလဲအခြေအနေကိုစောင့်ကြည့်နေတာ ဟိုဘက်ရွာတောင်မရောက်ခဲ့ဘူး။ ပိုးထိလူနာပြန်သတိရလာတဲ့အချိန်ရောက်မှာ မယောင်မလည်နဲ့အနားသွားပြီး မင်းအိမ်မှာဖြစ်နေတဲ့အကြောင်းကိုပြောပြခဲ့တာပဲ”

“ သူ သူတို့က ဘာပြောလဲ ဘဒွေး”

“ ဒီနေ့သူတို့လာကြည့်ပေးမယ်ပြောတာပဲ…ဒါကြောင့် မင်းကိုခေါ်လိုက်တာ”

ဘဒွေးစကားအဆုံးမှာ နွားကျောင်းသားကံကောင်းက ပုဆိုးကိုစလွယ်သိုင်းပြီး

“ ဘဒွေး ဧည့်သည်တွေပါလာတယ်ဗျ”

“ ဟော ပြောရင်းဆိုရင်း ဆရာလေးတို့ရောက်လာကြပြီ”

လှမောင်က ခြံထဲဝင်လာတဲ့ လူသုံးယောက်ကို အကဲခတ်နေတဲ့အချိန်

“ ရဲမောင် ဒါက ငါပြောတဲ့ဆရာလေးတွေလေ… “

“ ဟုတ် ထိုင်ကြပါဦးဗျ”

သျှောင်တစ်စောင်းကိုသေသပ်စွာထုံးထားပြီး ချည်လွယ်အိတ်ကိုတစ်စောင်းလွယ်ထားတဲ့လူငယ်က လွတ်နေတဲ့ကွပ်ပြစ်မှာဝင်ထိုင်လိုက်ပြီး

“ မနေ့က ဦးကြီးပြောတဲ့ကိစ္စဖြစ်နေတာ ဒီနောင်ကြီးတို့အိမ်မှာလား”

“ ဟုတ်ပါတယ် ဆရာလေး ။ ကျုပ်အိမ်မှာဖြစ်နေတာပါ.. “

“ ဒါဖြင့် အိမ်ကိုသွားကြည့်ရအောင်… “

“ ကြွပါဆရာလေး ကျုပ်လိုက်ပြပါ့မယ်”

သျောင်တစ်စောင်းနဲ့လူငယ်က အနောက်မှာရပ်နေတဲ့ လူနှစ်ယောက်ကိုခေါ်ပြီး ရဲမောင်အနောက်ကနေလိုက်သွားခဲ့ကြတယ်။

“ ညိုမိရေ ဧည့်သည်ပါလာတယ်ဟေ့။ ရေနွေးကြမ်းနဲ့ လက်ဖက်လေးချပေးပါဦး”

ရဲမောင်စကားကြောင့် အိမ်ရှေ့မှာထိုင်နေတဲ့ညိုမိက ချက်ချင်းထပြီး အိမ်နောက်ဖေးဘက်ကိုဝင်သွားခဲ့တယ်။

သျှောင်တစ်စောင်းနဲ့လူက အိမ်ပေါ်ကိုမတက်ခင် မျက်လုံးကိုမှိတ်ကာအာရုံခံလိုက်ပြီး

“ အချိန်မှီလို့တော်ပါသေးရဲ့..”

“ ဗျာ ဘာဖြစ်လို့လဲ”

“ လာဗျာ အိမ်ပေါ်ရောက်မှပြောကြတာပေါ့”

သျှောင်တစ်စောင်းနဲ့လူအိမ်ပေါ်ကိုရောက်တော့ အိမ်ခန်းဝမှာမတ်တပ်ရပ်နေတဲ့ ဖြူဖတ်ဖြူလျော်ကလေးမတစ်ယောက်ကိုမြင်လိုက်ရတယ်။ 

“ ဒီအိမ်မှာ ကလေးနှစ်ယောက်ရှိနေပါလား”

“ အိမ်မှာက ကျွန်တော်သမီးတစ်ယောက်ပဲရှိတာလေ ဆရာလေး”

“ မဟုတ်ဘူး… ခုနကအိမ်ခန်းပေါက်ဝမှာ ကလေးမတစ်ယောက်ကိုတွေ့လိုက်တယ်။ သူ့ပုံစံကြည့်ရတာ ကျုပ်တို့လာတာကို မကြိုက်တဲ့ပုံပဲ”

“ ဆရာတို့ကိုအားကိုးပါတယ်။ ကျွန်တော်တို့သမီးလေးကို ကယ်တင်ပေးပါဗျာ”

“ သက်ခိုင် မင်းမှာ သိမ်ဝင်သပိတ်ကွဲစပါလာတယ်မဟုတ်လား”

သျှောင်တစ်စောင်းနဲ့လူရဲ့အနောက်မှာပါလာတဲ့ သက်ခိုင်ဆိုတဲ့လူက လွယ်အိတ်ထဲကနေ သပိတ်ကွဲတစ်ခုကိုထုတ်လိုက်ပြီး

“ပါတယ်ဆရာ ကျွန်တော်ဘာလုပ်ရမလဲ”

“ ဒီအိမ်မှာရှိတဲ့ကလေးမကို ဆေးဖယောင်းတိုင် လေးတိုင်အလယ်မှာထိုင်ခိုင်းပြီး သိမ်ဝင်သပိတ်ကွဲစပေါ်မှာ နောက်ထပ်ဆေးဖယောင်းတိုင်ထွန်းထားပါ”

သက်ခိုင်ဆိုတဲ့လူက စန်းစန်းရဲ့လက်ကိုဆွဲပြီး အိမ်ဦးခန်းမှာထိုင်ခိုင်းကာ ဆေးဖယောင်းတိုင်လေးတိုင်ကို ထွန်းညှိလိုက်တယ်။

“ အဖေ သူတို့က သမီးကိုဘာလုပ်ကြမှာလဲ”

“ သမီး ကျန်းမာအောင် ဒီက ဦးဦးတွေက လုပ်ပေးမလို့ပါ။ အဖေလဲရှိတာပဲ မကြောက်နဲ့နော်”

ညိုမိက ရေနွေးကြမ်းအိုးကိုယူပြီးအခန်းပြင်ထွက်လာတဲ့အချိန် ခြေထောက်ကိုတစ်ခုခုနဲ့ထိုးခံလိုက်သလိုဖြစ်ပြီး ဟန်ချက်ပျက်ကာလဲကျသွားခဲ့တယ်။

“ ဒုန်း ခလွမ်း ခလွမ်း”

“ ဟာ ညိုမိ ဘယ်လိုဖြစ်တာလဲ”

“ ခြေထောက်နဲ့တစ်ခုခုတိုက်မိတာထင်တယ်။ ပြန်သွားထည့်ပေးပါ့မယ်”

“ နေပါစေ အစ်မ… အိမ်သားတွေအားလုံး ဘယ်မှမသွားပဲ ဒီနားမှာလာထိုင်ကြပါ”

သျှောင်တစ်စောင်းနဲ့လူစကားကြောင့် ညိုမိက ရေနွေးကြမ်းလင်ဗန်းကိုဘေးချကာ ဝင်ထိုင်လိုက်တယ်။

“ ကျုပ်အိမ်ပေါ်တက်လာတော့မြင်လိုက်ရတာက မိန်းကလေးတစ်ယောက်ပဲ။ သူမှီတွယ်နေတဲ့အရုပ်ကို ယူလာပေးလို့ရလား”

“ အခန်းထဲကိုဒီအချိန်ဝင်ရင် ကျွန်မတို့ကို တစ်ခုခုလုပ်နိုင်တယ်ဆရာလေး”

“ ဒါဖြင့်လဲ အရုပ်ဘယ်နားရှိလဲဆိုတာပြောပြပါ”

“ အရုပ်က အခန်းထဲဗီရိုဘေးကခြင်းထဲမှာရှိပါတယ်”

“ တောက်ရ အခန်းထဲကအရုပ်ကိုသွားယူလာခဲ့…”

တောက်ရဆိုတဲ့လူက အခန်းထဲဝင်သွားပြီး ရွှေရောင်ဆံပင်တွေပါတဲ့ဘိုမရုပ်တစ်ခုကိုဆွဲထုတ်လာခဲ့တယ်။

“ ဒီအရုပ်ဆိုတာသေချာတယ်ဆရာ… နောက်ပြီး ဆရာမြင်တဲ့ကလေးမက ဗီရိုအောက်မှာရှိနေတယ်”

“ အရုပ်ကို ပရိတ်ကြိုးတွေနဲ့ချည်ပြီး ဒီကလေးမနဲ့အတူထားပေးလိုက်ပါ”

တောက်ရက အရုပ်ကိုပရိတ်ကြိုးတွေနဲ့ချည်ပြီး ကလေးမလေးနဲ့အတူထားလိုက်တယ်။

သျှောင်တစ်စောင်းနဲ့လူက အာရုံတွေကိုစုစည်းပြီး စည်းထဲကိုကြည့်လိုက်ရာ ပရိတ်ကြိုးတွေရစ်ပတ်မှုကြောင့် ရုန်းမရဖြစ်နေတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ သင်ဘယ်သူလဲ…ဘာကြောင့် ဒီကလေးမလေးကိုဒုက္ခပေးနေတာလဲ”

“ ဒီကောင်မလေးက ငါ့ကိုခေါ်လာခဲ့တာလေ”

ရဲမောင်တို့လင်မယားကတော့ သျှောင်တစ်စောင်းနဲ့လူပြောတာကိုပဲကြားနေရတယ်။

“ သင်က ဒီကလေးမကို ပူးကပ်ပြီး ဒုက္ခပေးမယ်လို့ ဘာကြောင့်ပြောရတာလဲ”

“ သူတို့က ငါ့အရုပ်ကိုမီးရှို့မယ်လုပ်လို့ ပြောတာ”

“ အခုကစပြီး နင့်ကို ငါတို့ပြန်ခေါ်သွားမယ်။ ဒီအိမ်ကိုရော ကလေးမကိုပါဒုက္ခမပေးနဲ့တော့ ကြားလား”

“ ငါ့မှာနေစရာမရှိဘူး… အရင်သခင်က ငါ့ကိုခိုင်းပဲခိုင်းပြီး အစာမကျွေးပဲ စွန့်ပစ်ခဲ့တာ”

“ အခုသင်ဘာစားချင်လဲ…. သင်စားချင်တာ ကျွေးမယ်။ ပြီးရင်တော့ ကျုပ်တို့နဲ့တစ်ပါထဲလိုက်ခဲ့”

“ ဒီကလေးမလေးကို ငါဒုက္ခရောက်အောင်လုပ်တာမဟုတ်ပါဘူး။ သူ့ကို ငါတကယ်ခင်လို့စနောက်မိတာပါ”

“ သင်နဲ့ဒီကလေးမက ဘဝချင်းမှမတူတော့တာ။ ဘာကြောင့် သံယောဇဉ်ဖြစ်နေတာလဲ။ ကျုပ်တို့အနေနဲ့ သင့်ကိုနာကျင်အောင်မလုပ်ရက်လို့ မေတ္တာနဲ့ပြောနေတာပါ”

“ သူကငါ့အပေါ် ကြင်နာတယ်၊ ငါ့ကိုလဲခင်တယ်၊ သူနဲ့အတူတူနေတဲ့အချိန်တွေက တကယ်ကိုပျော်ဖို့ကောင်းတယ်”

“ ကဲ မိန်းကလေး ကျုပ်တို့အနေနဲ့ အခြားပုဂ္ဂိုလ်တွေကိုဆင့်မခေါ်ခင် ပြောတာကိုလိုက်တာပါ”

“ ငါနားလည်ပါတယ်…သူ့ကိုငါနှုတ်ဆက်ခဲ့ပါတယ်လို့ ပြောပေးပါ။ ဒါပြီးရင် နင်တို့နဲ့လိုက်လာခဲ့ပါ့မယ်”

သျှောင်တစ်စောင်းနဲ့လူလဲ ချော့မော့ပြောလို့ရပီမို့ စီရင်ထားတဲ့အရာတွေကိုဖယ်ရှားကာ တစ်အိမ်လုံးကို ရေမန်းတွေနဲ့ပက်ဖြန်းစေခဲ့တယ်။ပြီးတာနဲ့ ကလေးမလေးကို သူ့သူငယ်ချင်းကနှုတ်ဆက်တယ်ဆိုတဲ့အကြောင်းပြောပြကာ အရုပ်မလေးကိုယူဆောင်ပြီး ထွက်သွားခဲ့တယ်။

ရွာနဲ့အတော်အလှမ်းဝေးတဲ့နေရာရောက်တော့ ချုပ်နှောင်ထားတဲ့ပရိတ်ကြိုးတွေကိုဖြုတ်ပေးပြီး အရုပ်ကိုယ်ထဲမှာ ထည့်ထားတဲ့ အစီအရင်တွေကို မီးရှို့ဖျက်စီးပေးခဲ့တယ်။

ဒီကိစ္စတွေဖြစ်ပြီး သုံးနှစ်လောက်ကြာတော့ ညိုမိမှာ ဒုတိယကိုယ်ဝန်ရလာခဲ့တယ်။ ကလေးမမွေးခင် တစ်လလောက်အလိုမှာ တစ်ခေါင်းလုံးစံပယ်ပန်းတွေပန်ထားတဲ့ ကလေးမလေးတစ်ယောက်က

“ မမကို သတိရလို့ မေမေတို့ဆီ သမီးပြန်လာခဲ့တယ်နော်” ဆိုပြီးလာပြောတာကိုအိမ်မက်မက်ခဲ့တယ်။

…….

“ တိုက်အိမ်နီနီအောက်မှာ … ငါ့ကိုသတ်ပြီးမြုပ်ထားတယ်။ ငါ့ကိုကယ်ကြပါ… ကယ်ကြပါဦး”

ကြောက်ရွံ့မှုတွေနဲ့အော်နေတဲ့အသံက နားထဲကို စူးပြီးဝင်လာခဲ့တဲ့အချိန် တရားထိုင်နေတဲ့ အောင်မြတ်သာရဲ့မျက်လုံးအစုံက ဖြတ်ခနဲပွင့်လာခဲ့တယ်။

ဒီအသံကိုအောင်မြတ်သာက. ဘာလို့ကြားရတာလဲ?

ဘယ်လိုပတ်သတ်မှုရှိလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်အိမ်အိုအောက်ကငိုညဉ်းသံဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်

ဇေယန(ရာမည)

ေအာင္ျမတ္သာႏွင့္အသက္ဝင္ေနေသာအ႐ုပ္

အရိပ္ရတဲ့ေညာင္ညိဳပင္ေအာက္မွာ ကေလးတစ္သိုက္က အပူအပင္ကင္းစြာေဆာ့ကစားေနခဲ့ၾကတယ္။ မၾကာခင္ ကေလးေတြကစားေနတဲ့ ေညာင္ပင္နဲ႔မလွမ္းမကမ္းသစ္ပင္ေအာက္ကို မိန္းမတစ္ဦး မေယာင္မလည္နဲ႔ေရာက္လာၿပီး လက္ထဲကိုင္ထားတဲ့ပစၥည္းကိုပစ္ခ်ကာ ျပန္ထြက္သြားခဲ့တယ္။

ဒီျမင္ကြင္းကို ေဆာ့ကစားေနရင္းျမင္လိုက္တဲ့ ေကာင္မေလးတစ္ေယာက္က 

“ စန္းစန္းေရ ဟိုအပင္ေအာက္မွာ အ႐ုပ္တစ္႐ုပ္က်ေနပါလား”

“ ဟယ္ ဟုတ္လား ဘာအ႐ုပ္ေလးလဲမသိဘူး .. သြားၾကည့္ရေအာင္”

သူငယ္ခ်င္းႏွစ္ေယာက္ကစားေနရင္း ထသြားၿပီး ၾကည့္လိုက္ရာ ေ႐ႊေရာင္ဆံပင္တပ္ထားတဲ့ ေကာ္႐ုပ္ေလးတစ္႐ုပ္ကိုျမင္လိုက္ရတယ္။

“ ဘိုမ႐ုပ္ေလးပါလား… ခ်စ္စရာေလး”

စန္းစန္းက သစ္ပင္ေအာက္မွာက်ေနတဲ့အ႐ုပ္ေလးကို ေကာက္ကိုင္ၿပီး ကစားေနတဲ့ေညာင္ပင္ေအာက္ကိုယူလာခဲ့လိုက္တယ္။

ကေလးေတြက စန္းစန္းယူလာတဲ့ အ႐ုပ္ေလးကို တစ္ေယာက္တစ္လက္ယူၾကည့္ၿပီးေဆာ့ေနရင္း မၾကာခင္ အားလုံးကိုယ့္အိမ္ကိုျပန္လာခဲ့ၾကတယ္။

စန္းစန္းကေတာ့ သူယူလာတဲ့အ႐ုပ္ေလးကို အိမ္ထိသယ္လာၿပီး အိပ္ယာေဘးမွာရွိတဲ့ ျခင္းတစ္ခုထဲကို ပစ္ထည့္ထားလိုက္တယ္။

…..

"ေဖႀကီး… ဒီေန႔သမီးအတြက္ မုန္႔လဲမပါဘူးေနာ္”

အိမ္ေပၚတက္ကာစ သမီးျဖစ္သူရဲ႕စကားေၾကာင့္ ကိုရဲေမာင္ ခေမာက္ကိုခြၽတ္ကာ ေပြ႕ခ်ီလိုက္ၿပီး

“ အေဖ အလုပ္ေတြမ်ားေနတာနဲ႔ေမ့သြားတာ သမီးေရ… ေနာက္ေန႔မွ ဝယ္လာခဲ့ေပးမယ္ေနာ္”

“ သားအဖေတြ ေနာက္မွအကဲပိုၾက … ေရခ်ိဳးဖို႔လုပ္ဦး”

အိမ္ထဲမွာ ထမင္းပြဲျပင္ေနတဲ့ မိန္းမျဖစ္သူညိဳမိရဲ႕စကားေၾကာင့္ ကိုရဲေမာင္ ရယ္က်ဲက်ဲလုပ္ၿပီး သမီးျဖစ္သူကို ေအာက္ခ်ကာ ေရခ်ိဳးဖို႔ထြက္သြားခဲ့တယ္။

……

“ ဒီေန႔အလုပ္ပင္ပန္းလို႔လားမသိဘူး… ထမင္းစားေကာင္းတယ္မိန္းမေရ..”

“ ေကာင္းဆို ဒီေန႔က ဝက္သားနီခ်က္တာကိုး… ရွင္ေနာ္ ကေလးကိုလဲ အခ်ိန္ေပးပါဦး..ကြၽန္မတို႔မွာ ဒီသမီးေလးတစ္ေယာက္ပဲရွိတာ”

ကိုရဲေမာင္က ထမင္းလုပ္ကိုပလုပ္ပေလာင္းစားေနရင္း 

“ မနက္ျဖန္ အလုပ္ပိတ္တယ္ေလ … သမီးအတြက္အခ်ိန္ေပးရမွာေပါ့။ ဒါနဲ႔ သမီးတစ္ေယာက္ဘယ္ေရာက္ေနလဲ”

“ ထမင္းစားခ်ိန္ လာရႈပ္မွာစိုးလို႔ အခန္းထဲမွာေဆာ့ေနလို႔ေျပာထားတယ္…”

ထမင္းစားၿပီးေတာ့ အခန္းထဲကို ဝင္ၾကည့္လိုက္ရာ ဘိုမ႐ုပ္တစ္႐ုပ္နဲ႔ေဆာ့ေနတဲ့ သမီးျဖစ္သူကိုျမင္လိုက္ရတယ္။

“ ဟာ ေဖႀကီး … ဒီအ႐ုပ္က သမီးကိုရယ္ျပတယ္သိလား”

ဘိုမ႐ုပ္ကို ရင္ခြင္ထဲထည့္ၿပီး ေျပာလိုက္တဲ့ သမီးျဖစ္သူစကားေၾကာင့္ ကိုရဲေမာင္ သေဘာက်စြာရယ္လိုက္ၿပီး

“ သမီးကိုရယ္ျပရင္ သမီးကျပန္ၿပဳံးျပလိုက္ေပါ့…”

“ ဟီး… ဒီအ႐ုပ္ေလးကို သမီးနဲ႔တူတူေပးအိပ္လိုက္မယ္ေနာ္။ ညဘက္ေတြ သူတစ္ေယာက္ထဲအိပ္ရတာ ပ်င္းေနလိမ့္မယ္”

“ သမီး သေဘာပါဗ်ာ… အခု အေဖက သမီးကို ပုံျပင္ေလးေတြေျပာျပမယ္။ ဘယ္လိုလဲ နားမေထာင္ခ်င္ဘူးလား”

“ ေယး ၾကက္သားအမိပုံျပင္ေျပာျပေနာ္..”

စန္းစန္းက အ႐ုပ္ကိုဖက္ၿပီး အေဖျဖစ္သူေျပာျပတဲ့ ပုံျပင္ကိုနားေထာင္ကာ အိပ္ေပ်ာ္သြားခဲ့တယ္။

……

“ ခစ္ခစ္ခစ္… ဟက္ဟက္”

ေျခေထာက္ေအာက္မွာ ရယ္ေနတဲ့သမီးျဖစ္သူရဲ႕အသံေၾကာင့္ ကိုရဲေမာင္ လန္႔ႏိုးလာၿပီးၾကည့္လိုက္ရာ ျခင္ေထဋင္အျပင္ဘက္မွာ ထိုင္ၿပီး တစ္ေယာက္ထဲစကားေတြေျပာလိုက္ ရယ္လိုက္လုပ္ေနတဲ့ သမီးျဖစ္သူကိုျမင္လိုက္ရတယ္။

“ သမီး ဟာ ဒီေကာင္မေလးေတာ့ အိပ္ေနရင္းေယာင္ေနျပန္ၿပီထင္တယ္..”

ကိုရဲေမာင္က ျခင္ေထာင္အျပင္ထြက္ၿပီး ေပြ႕ခ်ီလိုက္တဲ့အခ်ိန္ လ်ာကိုထုတ္ၿပီးမ်က္ေတာင္လန္ေနတဲ့သမီးျဖစ္သူကိုျမင္ေတာ့ လန္႔ျဖန္႔သြားခဲ့တယ္။

“ သမီး သမီး… ဘာျဖစ္တာလဲ”

ေက်ာကုန္းကိုပုတ္ၿပီး ေမးလိုက္ေတာ့မွ ပုံမွန္အတိုင္းျပန္ျဖစ္သြားၿပီး

“ ပူစူးမ ေရာ သူဘယ္ေရာက္သြားလဲဟင္“

“ ဘယ္က ပူစူးမလဲ.. သမီးအိမ္မက္မက္ၿပီး ေယာင္ေနလို႔ အေဖလႈပ္ႏႈိးလိုက္တာ..”

“ ဟိုေလ ခုနက သမီးသူငယ္ခ်င္းပူစူးမနဲ႔ေဆာ့ေနတာ .. သူက မ်က္ေတာင္ကိုလွန္ၿပီး လွ်ာထုတ္ျပလို႔ သမီးေတာင္ လိုက္လုပ္ၾကည့္ေနေသးတယ္”

“ ဒီကေလးကေတာ့ အိမ္မက္ထဲထိေတာင္ ေပါက္ေပါက္ရွာရွာေဆာ့ေနပါလား။ ကဲကဲ ျပန္အိပ္လိုက္ေတာ့ “

ကိုရဲေမာင္က သမီးျဖစ္သူရဲ႕ေက်ာကိုပုတ္ၿပီးသိပ္လိုက္ရာ ခဏေလးအတြင္းအိပ္ေပ်ာ္သြားခဲ့တယ္။

…….

“ သမီးေရ … မနက္စာစားခ်ိန္ေရာက္ေနၿပီ.. ထေတာ့ေလ”

မိခင္ျဖစ္သူရဲ႕လႈပ္ႏႈိးမႈေၾကာင့္ အီးအဲလုပ္ကာ ထလာၿပီး

“ ေဖႀကီးေရာ ဒီေန႔ သမီးနဲ႔ကစားမယ္ေျပာထားတယ္ေလ”

“ ဟိုေလ ေဖႀကီးက သမီးအတြက္ မုန္႔ေတြသြားဝယ္ေနတာ.. ဒီေန႔ေတာ့ အ႐ုပ္ေလးေတြနဲ႔ပဲ ေဆာ့ထားလိုက္ေနာ္”

မိခင္ျဖစ္သူရဲ႕စကားအဆုံးမွာ စန္းစန္းက ႏႈတ္ခမ္းစူကာ ေဆာင့္ၾကည္ေအာင့္ၾကည္နဲ႔ မ်က္ႏွာသစ္ရန္ထသြားခဲ့တယ္။

မနက္စာ ထမင္းေၾကာ္စားၿပီးတာနဲ႔ အ႐ုပ္တစ္႐ုပ္ကိုပိုက္ကာ အခန္းထဲဝင္သြားတဲ့ သမီးျဖစ္သူကိုၾကည့္ၿပီး

“ သမီး အေမနဲ႔တူတူေဆာ့မလား..ေဖႀကီး အလုပ္က အေရးႀကီးေပၚလာလို႔ သမီးနဲ႔မေဆာ့ႏိုင္တာပါ။ စိတ္မေကာက္နဲ႔ေနာ္”

“ ဟအင္း ဘယ္သူနဲ႔မွမေဆာ့ေတာ့ဘူး…ပူစူးမနဲ႔ပဲေဆာ့ေတာ့မယ္”

မိခင္ျဖစ္သူလဲ အ႐ုပ္ေတြကို သူ႔ဘာသာနာမည္ေပးတတ္တဲ့ သမီးျဖစ္သူရဲ႕အက်င့္ေၾကာင့္ ဘာမွဆက္မေမးေတာ့ပဲ ထမင္းခ်က္ရန္ အိမ္ေနာက္ေဖးကိုဝင္သြားခဲ့တယ္။

ထမင္းအိုးက်က္တဲ့အခ်ိန္ေရာက္ေတာ့ အခန္းထဲကေန အခ်င္းခ်င္းစကားေျပာကာရယ္ေမာေနတဲ့အသံေၾကာင့္ ငွဲ႔လက္ထမင္းကိုခ်ၿပီး ဝင္ၾကည့္လိုက္ရာ ဘိုမ႐ုပ္တစ္ခုနဲ႔ေဆာ့ကစားေနတဲ့ သမီးျဖစ္သူကိုျမင္လိုက္ရတယ္။

“ သမီး … ပ်င္းေနပီလား”

မိခင္ျဖစ္သူစကားေၾကာင့္ ဘိုမ႐ုပ္ကိုကိုင္ထားတဲ့စန္းစန္းက မ်က္ႏွာတည္ႀကီးနဲ႔လွည့္ၾကည့္ကာ

“ မပ်င္းဘူး ပူစူးမနဲ႔ေဆာ့ရတာ ပိုေတာင္ေပ်ာ္ဖို႔ေကာင္းေသး” 

“ ဒါဆိုေဆာ့ေနလိုက္ဦးေနာ္ … အေမ ဟင္းခ်က္လိုက္ဦးမယ္”

ထမင္းဟင္းေတြခ်က္ၿပီးတဲ့အခ်ိန္ မိန္းကေလးႏွစ္ေယာက္စကားေျပာေနတဲ့အသံကိုထပ္ၾကားျပန္ေရာ။ ဒီတစ္ခါမွာေတာ့ အသံမေပးပဲ တံခါးေပါက္နားကပ္ၿပီးေခ်ာင္းၾကည့္ရာ စန္းစန္းေဘးမွာ ထိုင္ေနတဲ့ မိန္းကေလးတစ္ေယာက္ကို ျဖတ္ခနဲျမင္လိုက္ရတယ္။ ဒါေပမယ့္ မ်က္စိတစ္မွိတ္အတြင္းမွာပဲ ျမင္ေနရတဲ့မိန္းကေလးက ျဖတ္ခနဲေပ်ာက္ကြယ္သြားတာျမင္ေတာ့ စိတ္ပူသြားၿပီး

“ သမီး ခုနက သမီးနဲ႔တူတူရွိေနတာ ဘယ္သူလဲ…အေမကိုေျပာစမ္း ..သူကဘယ္သူလဲ”

“ အေမ ဘယ္သူကိုေျပာေနတာလဲ… သမီးနဲ႔ေဆာ့ေနတာဆိုလို႔ ပူစူးမပဲရွိတာ”

စန္းစန္းက လက္ထဲကအ႐ုပ္ကို ေထာင္ျပၿပီးေျပာလိုက္ေတာ့ 

“ အင္းပါ အင္းပါ အေမ အျမင္မွားတာပဲျဖစ္မယ္…ဒီေန႔ ပန္းႏု တို႔နဲ႔သြားမေဆာ့ဘူးလား”

“ သူတို႔နဲ႔ေဆာ့တာထက္ ပူစူးမနဲ႔ေဆာ့တာက ပိုေပ်ာ္ဖို႔ေကာင္းတယ္… ဟုတ္တယ္ေနာ္ ပူစူးမ”

စန္းစန္းက လက္ထဲကိုင္ထားတဲ့အ႐ုပ္ကို ၾကည့္ၿပီးေျပာလိုက္တယ္။

“ ဒါဆိုလဲၿပီးေရာ… ေန႔လည္ထမင္းစားၿပီးရင္ေတာ့ တစ္ေရးအိပ္မွရမယ္ေနာ္”

“ ဟုတ္ “

ေန႔လည္ထမင္းစားၿပီးခ်ိန္ေရာက္ေတာ့ သားအမိႏွစ္ေယာက္ အိမ္ေရွ႕ကြပ္ျပစ္မွာဖ်ာတစ္ခ်ပ္ခင္းၿပီး တစ္ေရးတစ္ေမာအိပ္ခဲ့ၾကတယ္။

အိပ္ေပ်ာ္ေနရင္းျဖတ္ခနဲလန္႔ႏိုးလာလို႔ ၾကည့္လိုက္ေတာ့ ေဘးမွာအိပ္ေနတဲ့သမီးျဖစ္သူကိုမေတြ႕ရေတာ့ဘူး။ အိမ္ေလွကားမွာေတာ့ ဖိနပ္ရွိေနတာမို႔ အျပင္မသြားေလာက္ဘူးဆိုတာသိတဲ့အတြက္ အိမ္သာေတြဘာေတြမ်ားသြားေနလားဆိုၿပီးၾကည့္ဖို႔ အိမ္ထဲဝင္လာတဲ့အခ်ိန္ အိမ္ခန္းထဲမွာ စန္းစန္းရဲ႕အသံအျပင္ အျခားမိန္းကေလးတစ္ေယာက္ရဲ႕အသံကိုပါၾကားလိုက္ရတယ္။

ဒီတစ္ခါေတာ့ နားၾကားမွားတာ ဘယ္လိုမွမျဖစ္ႏိုင္တဲ့အတြက္ ထရံအေပါက္ကေနေခ်ာင္းၾကည့္လိုက္ရာ စန္းစန္းရဲ႕အေရွ႕မွာေက်ာေပးထိုင္ေနတဲ့ ကေလးတစ္ေယာက္ကိုျမင္လိုက္ရတယ္။ စန္းစန္းကေတာ့ သူ႔အေရွ႕မွာေက်ာေပးထားတဲ့ မိန္းကေလးရဲ႕ဆံပင္ေတြကို ဘီးနဲ႔ဖီးေပးေနတာျမင္ေတာ့ လန္႔ျဖန္႔သြားၿပီး အခန္းထဲကိုေျပးဝင္လာတဲ့အခ်ိန္ ဘိုမ႐ုပ္မွာပါတဲ့ ဆံပင္ေတြကို ဘီးနဲ႔ဖီးေပးေနတဲ့ သမီးျဖစ္သူကိုျမင္လိုက္ရတယ္။

“ သမီး ခုနက မိန္းကေလးက ဘယ္သူလဲ… အေမကိုမလိမ္နဲ႔ အမွန္အတိုင္းေျပာ”

စန္းစန္းက မိခင္ျဖစ္သူကို ဘာမွမေျပာပဲေၾကာင္စီစီနဲ႔ၾကည့္ေနခဲ့တယ္။

“ ဒီအ႐ုပ္ကိုေပးစမ္း… ေဆာ့ခ်င္ရင္ အျခားအ႐ုပ္နဲ႔ေဆာ့”

မိခင္ျဖစ္သူက စန္းစန္းကိုင္ထားတဲ့အ႐ုပ္ကိုဆြဲယူလိုက္တဲ့အခ်ိန္ လက္ထဲကလြတ္ၿပီး ၾကမ္းေအာက္ကိုက်သြားခဲ့တယ္။အဲဒီအခ်ိန္ ဗီ႐ိုေအာက္ဘက္လြတ္ေနတဲ့ေနရာကေန ေသြးမရွိပဲျဖဴဖတ္ျဖဴေရာ္ျဖစ္ေနတဲ့ လက္တစ္ဖက္ထြက္လာၿပီး အ႐ုပ္ကိုဆြဲယူသြားပါေလေရာ။

“ အမေလး ….ကယ္ၾကပါဦး သရဲ..သရဲ”

မိခင္ျဖစ္သူရဲ႕ေၾကာက္လန္႔တၾကားေအာ္တဲ့ပုံကိုၾကည့္ၿပီး စန္းစန္းက လက္ခုပ္လက္ဝါးတီးကာ တစ္ဟားဟားနဲ႔ေအာ္ရီပါေလေရာ။

…….

“ အိမ္မွာ သရဲရွိေနၿပီထင္တယ္ …”

သံပုရာသီးကိုရႈေနရင္းေျပာလိုက္တဲ့ မိန္းမျဖစ္သူစကားေၾကာင့္ ကိုရဲေမာင္ ေခါင္းကိုေျဖးညႇင္းစြာခါယမ္းလိုက္ၿပီး

“ မျဖစ္ႏိုင္တာကြာ ဒီအိမ္မွာေနလာတာပဲ သမီးေလးတစ္သက္ရွိေနၿပီ”

“ ကြၽန္မက ကိုယ္တိုင္ႀကဳံခဲ့ရတဲ့သူပါ… သမီးေလးေဆာ့ေနတဲ့အ႐ုပ္မွာ တစ္ခုခုကပ္ေနၿပီထင္တယ္”

“ ရတနာ နင့္စိတ္ကိုနင္ထိန္းစမ္း…အခုငါေရာက္ေနၿပီပဲ အိမ္ျပန္လိုက္ခဲ့ပါကြာ”

“ ဟအင္း ကြၽန္မမလိုက္ဘူး… အေမတို႔အိမ္မွာပဲေနခဲ့မယ္”

ကိုရဲေမာင္လဲ ေျပာမရတဲ့အဆုံး စိတ္ဆိုးၿပီး သမီးျဖစ္သူကိုေခၚကာ အိမ္ျပန္ခဲ့လိုက္တယ္။

စန္းစန္းကေတာ့ အိမ္ျပန္ရမယ္ဆိုလို႔ သီခ်င္းေလးတစ္ညီးညီးနဲ႔ျပန္လိုက္လာခဲ့တယ္။ အိမ္ေပၚေရာက္ေတာ့ အခန္းေထာင့္မွာ ဘိုမ႐ုပ္ေလးက ထိုင္လ်က္အေနအထားျဖစ္ေနတာျမင္ေတာ့ ေကာက္ယူလိုက္ၿပီး ေသခ်ာၾကည့္လိုက္တယ္။

“ ကေလးကစားစရာအ႐ုပ္ကိုမ်ားေၾကာက္ရတယ္လို႔…”

ကိုရဲေမာင္စကားအဆုံးမွာ စန္းစန္းဆီကေန အသက္မပါတဲ့ အၿပဳံးတစ္ခုထြက္ေပၚလာခဲ့တယ္။

သားအဖေတြ ေရမိုးခ်ိဳးထမင္းစားၿပီးတဲ့အခ်ိန္ စန္းစန္းက အ႐ုပ္နဲ႔ေဆာ့ေနတဲ့အတြက္ အိမ္ေရွ႕ထြက္ထိုင္ၿပီး ျမင္းႏွစ္ေကာင္ေဆးေပါ့လိပ္ကို ဖြာေနခဲ့လိုက္တယ္။

အဲဒီအခ်ိန္ အိမ္ခန္းထဲကေန ကဆုန္ေပါက္ေျပးလႊားေနတဲ့အသံေၾကာင့္ ေသာက္လက္စေဆးလိပ္ကို ျပာသပ္လိုက္ၿပီး 

“ သမီး အဲေလာက္မေဆာ့နဲ႔ေလ…” လို႔ေအာ္ေျပာလိုက္ေတာ့ ခုန္ေပါက္ေနတဲ့အသံေတြရပ္သြားခဲ့တယ္။ ဒါေပမယ့္ မၾကာခင္ အသံေတြျပန္ထြက္လာတဲ့အတြက္ ေဆးလိပ္ကိုမီးသတ္ကာ အိမ္ေပၚကိုတက္လာခဲ့တယ္။

“ ဒီကေလးမကေတာ့ မလြယ္ပါလား”

တစ္ေယာက္ထဲေရ႐ြတ္ရင္း အခန္းထဲကိုၾကည့္လိုက္ရာ အညာေစာင္ႀကီးေခါင္းၿမီးၿခဳံရင္း တစ္ခစ္ခစ္နဲ႔ရယ္ေနတဲ့ သမီးျဖစ္သူကိုျမင္လိုက္ရတယ္။

“ ဒီေလာက္ပူတာကို ေစာင္ၿခဳံၿပီးေဆာ့ေနရတယ္လို႔”

ကိုရဲေမာင္က အိပ္ယာေပၚကိုတက္ၿပီး ၿခဳံထားတဲ့ေစာင္ကို ဆြဲခြါလိုက္ရာ အထဲမွာဘာမွမရွိ။

အဲဒီျမင္ကြင္းေၾကာင့္ မေၾကာက္တတ္တဲ့ကိုရဲေမာင္ တစ္ေယာက္ တစ္ကိုယ္လုံးမွာရွိတဲ့ ၾကက္သီးေမႊးညႇင္းေတြထလာၿပီး ေခါင္းနပန္းေတြႀကီးလာခဲ့တယ္။

“ သမီး သမီး… စန္းစန္း “

သမီးျဖစ္သူကိုေအာ္ေခၚၿပီးလိုက္ရွာေနတဲ့အခ်ိန္ ဘီဒိုေဘးအေမွာင္ထုထဲကေန 

“ ဝါး”

“ နင့္ေမကလႊား… လန္႔လိုက္တာသမီးရယ္… အဲဒီမွာဘာဝင္လုပ္ေနတာလဲ”

“ ပူစူးမက တူတူပုန္းတမ္း ကစားမယ္ဆိုလို႔ ပုန္းေနတာ”

“ ဟင္ ဘယ္က ပူစူးမလဲ…”

“ သမီးသူငယ္ခ်င္းေပါ့… သူကေျပာတယ္ …”

စန္းစန္းက ေျပာမလို႔လုပ္ၿပီးကာမွ ဗီ႐ိုဘက္ကိုလွည့္ၾကည့္လိုက္ၿပီး…ၿငိမ္သြားခဲ့တယ္။

“ သမီး ဘာျဖစ္လဲ သူကဘာေျပာတာလဲ…”

စန္းစန္းက သူ႔အေဖေမးတာကိုခ်က္ခ်င္းမေျဖေပးပဲ ဗီ႐ိုဘက္ကိုလွည့္ကာ

“ ငါ့ေဖႀကီးကိုေတာ့ေျပာျပလိုက္မယ္ေလဟာ… ေဖႀကီးက နင္နဲ႔ငါကိုေပးေဆာ့မွာပါ”

“ ဗီ႐ိုထဲမွာဘယ္သူရွိေနတာလဲသမီး”

ကိုရဲေမာင္က စန္းစန္းကိုေက်ာအေနာက္မွာထားၿပီး အခန္းထဲမွာထြန္းထားတဲ့ဖေယာင္းတိုင္ကိုယူကာ ဗီ႐ိုအနားကိုကပ္သြားခဲ့တယ္။

“ ေဖႀကီး … ဘာလုပ္မလို႔လဲ”

“ ၿငိမ္ၿငိမ္ေနသမီး… ဗီ႐ိုတံခါးထဲမွာ တစ္ခုခုရွိေနၿပီ”

ကိုရဲေမာင္က ဟေနတဲ့ ဗီ႐ိုတံခါးအနားကို ဖေယာင္းတိုင္မီးနဲ႔ကပ္ၾကည့္ရာ ၾကားအေပါက္ကေန လာေခ်ာင္းတဲ့ ျဖဴဖတ္ျဖဴေရာ္မ်က္ႏွာတစ္ခုကိုျဖတ္ခနဲျမင္လိုက္ရတယ္။

“ ဟိတ္ ဘယ္သူလဲ…”

ကိုရဲေမာင္က တံခါးကိုဆတ္ခနဲ ဆြဲဖြင့္ၾကည့္လိုက္ေပမယ့္ အထဲမွာ စန္းစန္းေဆာ့ေနက်အ႐ုပ္ေတြကိုသာျမင္လိုက္ရတယ္။

“ ေဖႀကီး ပူစူးမက ေျပာတယ္…သမီးနဲ႔ေဆာ့လို႔မဝေသးဘူးတဲ့”

“ သမီးအေမေျပာတာမွန္ေနၿပီ… သမီးေဆာ့ေနက် ဘိုမ႐ုပ္ေလးဘယ္မွာလဲ”

စန္းစန္းက သူ႔အေဖစကားေၾကာင့္ ဗီ႐ိုထဲမွာထည့္ထားတဲ့ ဘိုမ႐ုပ္ကိုထုတ္လာၿပီး ကမ္းေပးလိုက္တယ္။

“ ဒီအ႐ုပ္ကိုမီးရႈိ႕ပစ္ရမယ္… လာ အေဖနဲ႔လိုက္ခဲ့..”

ကိုရဲေမာင္က ဘိုမ႐ုပ္ကိုဆံပင္ကေနကိုင္ကာ အိမ္ေအာက္ကိုဆင္းလာၿပီး မီးရႈိ႕ဖို႔လုပ္တဲ့အခ်ိန္ ေဘးမွာရပ္ေနတဲ့ စန္းစန္းက အံကိုႀကိတ္ၿပီး ေတာက္ခတ္ကာ

“ ငါ့ကိုဖ်က္စီးရင္ နင့္သမီးလဲ ေသေစရမယ္ ဟင္းဟင္း”

“သမီး … သတိထားဦးေလ…”

“ ငါကနင့္သမီးမဟုတ္ဘူး…ငါ့နာမည္ ပူစူးမ”

“ နင္ ငါ့သမီးကို ဘာလုပ္ထားတာလဲ…”

“ နင့္သမီးက ငါ့ကိုဒီေခၚလာခဲ့တာ… အခုနင္ငါ့ကိုမီးရႈိ႕တာနဲ႔ နင့္သမီးဇက္က်ိဳးေသေစရမယ္”

“ သမီးကိုေတာ့ ဘာမွမလုပ္ပါနဲ႔…. နင့္ကိုလဲ မီးမရႈိ႕ေတာ့ဘူး…”

“ ေအး ငါတို႔ႏွစ္ေယာက္ေဆာ့တာကို ဘယ္ေတာ့မွမေႏွာက္ယွက္နဲ႔ ။ ကေလးကို ငါမသိပဲ ေခၚသြားလို႔ကေတာ့ ငါ့အဆိုးမဆိုနဲ႔”

စန္းစန္းက အံတစ္ႀကိတ္ႀကိတ္နဲ႔ေျပာၿပီး ေပ်ာ့ေခြကာလဲက်သြားခဲ့တယ္။ 

…..

ၾကခတ္ဝါးေတြကိုယက္ၿပီးကာရန္ထားတဲ့ ၿခံစည္း႐ိုးအတြင္းမွာေတာ့ ကိုရဲေမာင္တို႔လင္မယားအျပင္ အသက္ေျခာက္ဆယ္အ႐ြယ္လူႀကီးႏွစ္ေယာက္က ၿငိမ္သက္စြာနဲ႔တစ္ခုခုကိုေတြးေနခဲ့ၾကတယ္။

“ ဒီပုံစံအတိုင္းဆိုရင္ ငါ့ေျမးအတြက္ အႏၲရာယ္ရွိႏိုင္တယ္။ ရဲေမာင္ေရာ ညိဳမိေရာ ႀကဳံခဲ့ပုံေတြအရဆိုရင္ အဲဒီအ႐ုပ္မွာကပ္ေနတဲ့ နာနာဘာဝကလဲ စန္းစန္းတို႔အ႐ြယ္ပဲျဖစ္မွာ”

“ ဘေဒြးေျပာတာဟုတ္တယ္။ ဒါေပမယ့္ သမီးကလဲ အ႐ုပ္ကိုလက္ထဲကမခ်တာ ျမင္တဲ့အတိုင္းပဲ။ ကြၽန္ေတာ္တို႔ဘယ္လိုလုပ္သင့္တယ္ဆိုေျပာျပပါဦး”

“ ငါ့အေတြ႕အႀကဳံအရ ဒီအ႐ုပ္မွာပါလာတဲ့ နာနာဘာဝက စန္းစန္းရဲ႕ကိုယ္ထဲကိုအခ်ိန္မေ႐ြးပူးကပ္လို႔ရတဲ့အေနအထားျဖစ္လို႔ အရမ္းကာေရာ မလုပ္ေစခ်င္ဘူး”

“ အစကေတာ့ ကြၽန္ေတာ္က သံဃာေတြပင့္ၿပီး ပရိတ္ကမၼဝါ႐ြတ္ဖို႔စိတ္ကူးၾကည့္ေသးတယ္။ ခုနက ဘေဒြးေျပာသလိုေတြးမိလို႔မလုပ္ျဖစ္တာ”

ကမၼဝါဆိုတဲ့အသံၾကားေတာ့ မလွမ္းမကမ္းမွာအ႐ုပ္ကိုပိုက္ၿပီးထိုင္ေနတဲ့ စန္းစန္းက ရဲေမာင္ကို မ်က္ေထာင့္နီနဲ႔လွမ္းၾကည့္လိုက္တယ္။

“ တစ္ရက္ႏွစ္ရက္ေတာ့ ေစာင့္ၾကည့္လိုက္ပါဦး…ငါလဲ အနီးနား႐ြာကအသိေတြကိုေမးၾကည့္ထားလိုက္မယ္”

ဘေဒြးစကားေၾကာင့္ ရဲေမာင္တို႔လင္မယားႏွစ္ေယာက္ သက္ျပင္းရွည္တစ္ခ်က္ကိုခ်လိုက္ၿပီး သမီးျဖစ္သူကိုလွမ္းၾကည့္လိုက္တယ္။

…..

“ သမီး ထမင္းစားမယ္…လာေလ”

“ အေမ ပူစူးမကလဲ ဗိုက္ဆာတယ္တဲ့…သူ႔ကိုလဲေကြၽးလိုက္လို႔ရလား”

အိမ္ခန္းထဲမွာအ႐ုပ္မနဲ႔ေဆာ့ေနရင္းေျပာလိုက္တဲ့ သမီးျဖစ္သူစကားေၾကာင့္ မိခင္ျဖစ္သူက 

“ သမီးကလဲ အ႐ုပ္မက ဘယ္လိုစားလို႔ရမွာလဲ…”

ညိဳမိစကားအဆုံးမွာ စန္းစန္းလက္ထဲကိုင္ထားတဲ့အ႐ုပ္မရဲ႕ေခါင္းက လွည့္လာၿပီးသူ႔ကိုၾကည့္ေနတာျမင္လိုက္ရတယ္။

“ သ..သမီး.. အ႐ုပ္ကိုခဏခ်ထားၿပီး…လာခဲ့ပါဦး”

“ မရဘူး ဟအင္း… ပူစူးမကို ထမင္းေကြၽးမယ္ေျပာမွ သမီးလဲထမင္းစားမယ္”

အေျခအေနကိုေစာင့္ၾကည့္ေနတဲ့ရဲေမာင္က မေနသာေတာ့ပဲ

“ သူ႔ကို အေဖတို႔က ဘယ္လိုထမင္းေကြၽးရမလဲ..“

ရဲေမာင္စကားကိုၾကားေတာ့ စန္းစန္းက အ႐ုပ္မကိုၾကည့္လိုက္ ေခါင္းတစ္ညိမ့္ညိမ့္လုပ္လိုက္နဲ႔

“ ပူစူးမကေျပာတယ္ ပန္းကန္ထဲမွာ ထမင္းနဲ႔ဟင္းထည့္ၿပီး ဗီ႐ိုေအာက္မွာထားေပးတဲ့”

စန္းစန္းစကားေၾကာင့္ ရဲေမာင္က ညိဳမိကိုမ်က္စပစ္ျပလိုက္ၿပီး

“ တစ္ပန္းကန္ထည့္ၿပီး ထားေပးလိုက္ပါကြာ…ဒီလိုမွမဟုတ္ရင္ သမီးကထမင္းစားမွာမဟုတ္ဘူး”

ရဲေမာင္စကားေၾကာင့္ ညိဳမိက ငါးဟင္းနဲ႔ထမင္းကို ပန္းကန္ထဲထည့္ၿပီး

“ ကြၽန္မေတာ့ မထားရဲဘူး…ရွင္ပဲသြားထားေပးလိုက္”

“ အေဖ သမီးကိုေပး … ပူစူးမက သမီးေကြၽးမွစားတာ သိလား”

စန္းစန္းကသြက္လက္စြာနဲ႔သူ႔အေဖလက္ထဲက ထမင္းပန္းကန္ကိုယူၿပီး ဗီ႐ိုေအာက္ထဲကိုထိုးထည့္ေပးလိုက္တယ္။ အဲဒီအခ်ိန္ ျဖဴဖတ္ျဖဴေလ်ာ္ျဖစ္ေနတဲ့လက္ေသးေသးေလးတစ္ဖက္က ထမင္းပန္းကန္ကိုျဖတ္ခနဲဆြဲယူသြားတာကို ရဲေမာင္ျမင္လိုက္ရတယ္။

ညဘက္အိပ္ခါနီးအခ်ိန္ေရာက္ေတာ့ စန္းစန္းက ရႈိက္ႀကီးတငင္ ငိုပါေလေရာ။

“ သမီး သမီး ဘာျဖစ္တာလဲ…”

“ အဟင့္ အဟင့္ ပူစူးမကေျပာတယ္… အေမနဲ႔ အေဖတို႔က သူကိုေမာင္းထုတ္ၾကမလို႔လုပ္ေနတယ္တဲ့”

“ မဟုတ္ပါဘူးသမီးရယ္..”

“ သူကေျပာေသးတယ္…ဒီအိမ္ကေန သူထြက္သြားရင္ သမီးကိုလဲေခၚသြားမယ္တဲ့”

“ ဘုရား ဘုရား… ေပါက္ကရေတြမေျပာနဲ႔ေလသမီး။ သမီးက အေဖတို႔အေမတို႔နဲ႔ခြဲၿပီးသြားႏိုင္လို႔လား”

“ ဟအင္း မသြားႏိုင္ဘူး”

“ ဒါဆို သူေခၚတဲ့အခါ သမီးမလိုက္နဲ႔ေပါ့… ဟုတ္ၿပီလား”

ရဲေမာင္က သမီးျဖစ္သူပါးကိုနမ္းရႈံရင္း ျပန္သိပ္ဖို႔လုပ္တဲ့အခ်ိန္ အခန္းထဲကေန တစ္ဝုန္းဝုန္းနဲ႔ ေျခေထာက္ေဆာင့္တဲ့အသံကိုၾကားလိုက္ရတယ္။

အခန္းထဲကအသံၾကားေတာ့အိပ္မလို႔လုပ္ေနတဲ့ စန္းစန္းက ျခင္ေထာင္ထဲမွာ ထထိုင္လိုက္ၿပီး ေျခရင္းဘက္ကိုလက္ညိဳးထိုးကာ

“ ဟင္ ပူစူးမ နင္ဘယ္လိုအိမ္ေရွ႕ထိထြက္လာတာလဲ..”

“ သမီး ဘာျဖစ္လို႔လဲ..”

“ ျခင္ေထာင္အျပင္မွာ ပူစူးမက သမီးကို စိုက္ၾကည့္ေနတယ္။ သူ႔ပုံစံက စိတ္ဆိုးေနသလိုပဲ”

“ လာလာ သမီး မ်က္စိမွိတ္ထားလိုက္…။ ဟိုကေလးမ ငါ့သမီးကိုဒီေလာက္ထိ ဒုကၡမေပးပါနဲ႔။ ငါတို႔လဲ နင္လုပ္ခိုင္းတာအကုန္လုပ္ေပးေနတာပဲ…ကေလးကို ညဘက္ေလးေတာ့ ေပးအိပ္သင့္ပါတယ္”

ရဲေမာင္က စိတ္တိုစြာနဲ႔ေျပာလိုက္ေတာ့မွ ျခင္ေထာင္ေျခရင္းကေန အိမ္ခန္းထဲကိုျပန္ဝင္သြားတဲ့ ေျခသံတစ္ရွပ္ရွပ္ကိုၾကားလိုက္ရတယ္။

……..

“ ရဲေမာင္…. ရဲေမာင္ “

အိမ္ေရွ႕ကေန ေအာ္ေခၚေနတဲ့အသံေၾကာင့္ အိမ္ေနာက္ေဖးမွာေရထမ္းေနတဲ့ ရဲေမာင္ အေျပးအလႊားထြက္လာၿပီး

“ကိုဝင္းၿမိဳင္ပါလား…ဘာကိစၥလဲဗ်”

“ ဘေဒြး ေခၚခိုင္းလိုက္လို႔ လာေခၚတာ… အလုပ္အားရင္ သူ႔အိမ္ဝိုင္းထဲခဏလာပါဦးတဲ့”

“ အခုလာခဲ့မယ္လို႔ေျပာေပးပါဦး”

ရဲေမာင္က ပခုံးမွာလြယ္ထားတဲ့ တံပိုးကိုခ်ကာ လုံခ်ည္ျပင္ဝတ္လိုက္ၿပီး ဘေဒြးအိမ္ဘက္ကိုထြက္လာခဲ့လိုက္တယ္။

“ ေဟ့ ရဲေမာင္ လာကြာ… ေရေႏြးၾကမ္းေသာက္ဦး”

“ က်ဳပ္ကိုေခၚတယ္ဆိုလို႔… ဘာကိစၥမ်ားလဲဘေဒြး”

“ ေအး မင္းတို႔အိမ္မွာျဖစ္ေနတဲ့ကိစၥကို ကူညီမယ့္သူေပၚလာၿပီကြ”

“ ဟာ တကယ္လား ဘေဒြး….ဘယ္သူေတြမ်ားလဲဗ်”

“ မေန႔က မင္းတို႔ကိစၥေျပာၿပီး ဟိုဘက္႐ြာကိုသြားေတာ့ လမ္းကဇရပ္တစ္ခုမွာ လူေတြစုၿပဳံေနလို႔ ဘာမ်ားျဖစ္လဲဆိုၿပီးဝင္ၾကည့္တာ… ပိုးထိလူနာတစ္ေယာက္ကို ေဆးကုေနတာျမင္လိုက္ရတယ္”

ဘေဒြးကစကားေျပာေနရင္းေမာသြားတဲ့ဟန္နဲ႔ အေအးခံထားတဲ့ေရေႏြးခြက္ကိုေမာ့ေသာက္လိုက္ၿပီး

“ ဆရာေတြက ငယ္ငယ္ေလးေတြ ငါ့ေကာင္ရ… သူတို႔ကုတဲ့နည္းက အဆန္းကြ”

“ ေျပာပါဦး ဘေဒြး ဘယ္လိုနည္းနဲ႔ကုတာလဲ”

“ လူနာကို ကိုက္သြားတဲ့ေႁမြကို ႏႈတ္မိန္႔နဲ႔ေခၚၿပီး အဆိပ္ကိုျပန္စုပ္ခိုင္းတာ။ ငါလဲ ၾကည့္ေကာင္းေကာင္းနဲ႔ ၾကည့္ေနတုန္း ႏွာမႈတ္သံၾကားလို႔ၾကည့္လိုက္တာ ဇရပ္ေအာက္ကေန ထြက္လာတဲ့ အေကာင္က ငါတို႔လက္ဖ်ံေလာက္ရွိတယ္။ မဲနက္ၿပီး ပါးပ်ဥ္းမွာ “ဝ”ကြက္ေတြေတာင္ေပၚေနၿပီ”

“ ဒါဆို အေတာ္ႀကီးတဲ့ေကာင္ပဲ..”

“ ေအး ဟုတ္တယ္… မဲနက္ေနတဲ့ေႁမြေဟာက္ႀကီးက ဂါထာ႐ြတ္ေနတဲ့ဆရာေရွ႕ေရာက္ေတာ့ တီေကာင္တစ္ေကာင္လို ၿငိမ္က်သြားတာ။ အဲဒီမွာဆရာလုပ္တဲ့သူက ပိုးထိတဲ့ေနရာကိုလက္ညိဳးထိုးျပၿပီး အဆိပ္ျပန္ထုတ္ခိုင္းတာ။ ရပ္ၾကည့္ေနတဲ့လူအုပ္ႀကီးကေတာ့ ဟာခနဲ ဟင္ခနဲ ျဖစ္ေနတာပဲ။ အဆိပ္တက္ေနတဲ့ လူနာရဲ႕ ဒဏ္ရာကေန ေသြးမဲမဲေတြက်တဲ့ထိ ျပန္စုပ္ထုတ္ေပးၿပီးမွ ဇရပ္ေအာက္ထဲျပန္ဝင္သြားတာ”

“ ဆရာေတြကအေတာ္စြမ္းတာပဲ…ဒါနဲ႔ အဲဒီကိစၥနဲ႔ က်ဳပ္ကိစၥဘာပတ္သတ္လို႔လဲဗ်”

“ ဒီေလာက္စြမ္းေနမွေတာ့ အျခားပေယာဂကိစၥေတြလဲ ကုႏိုင္မယ္ထင္ၿပီး ငါလဲအေျခအေနကိုေစာင့္ၾကည့္ေနတာ ဟိုဘက္႐ြာေတာင္မေရာက္ခဲ့ဘူး။ ပိုးထိလူနာျပန္သတိရလာတဲ့အခ်ိန္ေရာက္မွာ မေယာင္မလည္နဲ႔အနားသြားၿပီး မင္းအိမ္မွာျဖစ္ေနတဲ့အေၾကာင္းကိုေျပာျပခဲ့တာပဲ”

“ သူ သူတို႔က ဘာေျပာလဲ ဘေဒြး”

“ ဒီေန႔သူတို႔လာၾကည့္ေပးမယ္ေျပာတာပဲ…ဒါေၾကာင့္ မင္းကိုေခၚလိုက္တာ”

ဘေဒြးစကားအဆုံးမွာ ႏြားေက်ာင္းသားကံေကာင္းက ပုဆိုးကိုစလြယ္သိုင္းၿပီး

“ ဘေဒြး ဧည့္သည္ေတြပါလာတယ္ဗ်”

“ ေဟာ ေျပာရင္းဆိုရင္း ဆရာေလးတို႔ေရာက္လာၾကၿပီ”

လွေမာင္က ၿခံထဲဝင္လာတဲ့ လူသုံးေယာက္ကို အကဲခတ္ေနတဲ့အခ်ိန္

“ ရဲေမာင္ ဒါက ငါေျပာတဲ့ဆရာေလးေတြေလ… “

“ ဟုတ္ ထိုင္ၾကပါဦးဗ်”

ေသွ်ာင္တစ္ေစာင္းကိုေသသပ္စြာထုံးထားၿပီး ခ်ည္လြယ္အိတ္ကိုတစ္ေစာင္းလြယ္ထားတဲ့လူငယ္က လြတ္ေနတဲ့ကြပ္ျပစ္မွာဝင္ထိုင္လိုက္ၿပီး

“ မေန႔က ဦးႀကီးေျပာတဲ့ကိစၥျဖစ္ေနတာ ဒီေနာင္ႀကီးတို႔အိမ္မွာလား”

“ ဟုတ္ပါတယ္ ဆရာေလး ။ က်ဳပ္အိမ္မွာျဖစ္ေနတာပါ.. “

“ ဒါျဖင့္ အိမ္ကိုသြားၾကည့္ရေအာင္… “

“ ႂကြပါဆရာေလး က်ဳပ္လိုက္ျပပါ့မယ္”

ေသ်ာင္တစ္ေစာင္းနဲ႔လူငယ္က အေနာက္မွာရပ္ေနတဲ့ လူႏွစ္ေယာက္ကိုေခၚၿပီး ရဲေမာင္အေနာက္ကေနလိုက္သြားခဲ့ၾကတယ္။

“ ညိဳမိေရ ဧည့္သည္ပါလာတယ္ေဟ့။ ေရေႏြးၾကမ္းနဲ႔ လက္ဖက္ေလးခ်ေပးပါဦး”

ရဲေမာင္စကားေၾကာင့္ အိမ္ေရွ႕မွာထိုင္ေနတဲ့ညိဳမိက ခ်က္ခ်င္းထၿပီး အိမ္ေနာက္ေဖးဘက္ကိုဝင္သြားခဲ့တယ္။

ေသွ်ာင္တစ္ေစာင္းနဲ႔လူက အိမ္ေပၚကိုမတက္ခင္ မ်က္လုံးကိုမွိတ္ကာအာ႐ုံခံလိုက္ၿပီး

“ အခ်ိန္မွီလို႔ေတာ္ပါေသးရဲ႕..”

“ ဗ်ာ ဘာျဖစ္လို႔လဲ”

“ လာဗ်ာ အိမ္ေပၚေရာက္မွေျပာၾကတာေပါ့”

ေသွ်ာင္တစ္ေစာင္းနဲ႔လူအိမ္ေပၚကိုေရာက္ေတာ့ အိမ္ခန္းဝမွာမတ္တပ္ရပ္ေနတဲ့ ျဖဴဖတ္ျဖဴေလ်ာ္ကေလးမတစ္ေယာက္ကိုျမင္လိုက္ရတယ္။ 

“ ဒီအိမ္မွာ ကေလးႏွစ္ေယာက္ရွိေနပါလား”

“ အိမ္မွာက ကြၽန္ေတာ္သမီးတစ္ေယာက္ပဲရွိတာေလ ဆရာေလး”

“ မဟုတ္ဘူး… ခုနကအိမ္ခန္းေပါက္ဝမွာ ကေလးမတစ္ေယာက္ကိုေတြ႕လိုက္တယ္။ သူ႔ပုံစံၾကည့္ရတာ က်ဳပ္တို႔လာတာကို မႀကိဳက္တဲ့ပုံပဲ”

“ ဆရာတို႔ကိုအားကိုးပါတယ္။ ကြၽန္ေတာ္တို႔သမီးေလးကို ကယ္တင္ေပးပါဗ်ာ”

“ သက္ခိုင္ မင္းမွာ သိမ္ဝင္သပိတ္ကြဲစပါလာတယ္မဟုတ္လား”

ေသွ်ာင္တစ္ေစာင္းနဲ႔လူရဲ႕အေနာက္မွာပါလာတဲ့ သက္ခိုင္ဆိုတဲ့လူက လြယ္အိတ္ထဲကေန သပိတ္ကြဲတစ္ခုကိုထုတ္လိုက္ၿပီး

“ပါတယ္ဆရာ ကြၽန္ေတာ္ဘာလုပ္ရမလဲ”

“ ဒီအိမ္မွာရွိတဲ့ကေလးမကို ေဆးဖေယာင္းတိုင္ ေလးတိုင္အလယ္မွာထိုင္ခိုင္းၿပီး သိမ္ဝင္သပိတ္ကြဲစေပၚမွာ ေနာက္ထပ္ေဆးဖေယာင္းတိုင္ထြန္းထားပါ”

သက္ခိုင္ဆိုတဲ့လူက စန္းစန္းရဲ႕လက္ကိုဆြဲၿပီး အိမ္ဦးခန္းမွာထိုင္ခိုင္းကာ ေဆးဖေယာင္းတိုင္ေလးတိုင္ကို ထြန္းညႇိလိုက္တယ္။

“ အေဖ သူတို႔က သမီးကိုဘာလုပ္ၾကမွာလဲ”

“ သမီး က်န္းမာေအာင္ ဒီက ဦးဦးေတြက လုပ္ေပးမလို႔ပါ။ အေဖလဲရွိတာပဲ မေၾကာက္နဲ႔ေနာ္”

ညိဳမိက ေရေႏြးၾကမ္းအိုးကိုယူၿပီးအခန္းျပင္ထြက္လာတဲ့အခ်ိန္ ေျခေထာက္ကိုတစ္ခုခုနဲ႔ထိုးခံလိုက္သလိုျဖစ္ၿပီး ဟန္ခ်က္ပ်က္ကာလဲက်သြားခဲ့တယ္။

“ ဒုန္း ခလြမ္း ခလြမ္း”

“ ဟာ ညိဳမိ ဘယ္လိုျဖစ္တာလဲ”

“ ေျခေထာက္နဲ႔တစ္ခုခုတိုက္မိတာထင္တယ္။ ျပန္သြားထည့္ေပးပါ့မယ္”

“ ေနပါေစ အစ္မ… အိမ္သားေတြအားလုံး ဘယ္မွမသြားပဲ ဒီနားမွာလာထိုင္ၾကပါ”

ေသွ်ာင္တစ္ေစာင္းနဲ႔လူစကားေၾကာင့္ ညိဳမိက ေရေႏြးၾကမ္းလင္ဗန္းကိုေဘးခ်ကာ ဝင္ထိုင္လိုက္တယ္။

“ က်ဳပ္အိမ္ေပၚတက္လာေတာ့ျမင္လိုက္ရတာက မိန္းကေလးတစ္ေယာက္ပဲ။ သူမွီတြယ္ေနတဲ့အ႐ုပ္ကို ယူလာေပးလို႔ရလား”

“ အခန္းထဲကိုဒီအခ်ိန္ဝင္ရင္ ကြၽန္မတို႔ကို တစ္ခုခုလုပ္ႏိုင္တယ္ဆရာေလး”

“ ဒါျဖင့္လဲ အ႐ုပ္ဘယ္နားရွိလဲဆိုတာေျပာျပပါ”

“ အ႐ုပ္က အခန္းထဲဗီ႐ိုေဘးကျခင္းထဲမွာရွိပါတယ္”

“ ေတာက္ရ အခန္းထဲကအ႐ုပ္ကိုသြားယူလာခဲ့…”

ေတာက္ရဆိုတဲ့လူက အခန္းထဲဝင္သြားၿပီး ေ႐ႊေရာင္ဆံပင္ေတြပါတဲ့ဘိုမ႐ုပ္တစ္ခုကိုဆြဲထုတ္လာခဲ့တယ္။

“ ဒီအ႐ုပ္ဆိုတာေသခ်ာတယ္ဆရာ… ေနာက္ၿပီး ဆရာျမင္တဲ့ကေလးမက ဗီ႐ိုေအာက္မွာရွိေနတယ္”

“ အ႐ုပ္ကို ပရိတ္ႀကိဳးေတြနဲ႔ခ်ည္ၿပီး ဒီကေလးမနဲ႔အတူထားေပးလိုက္ပါ”

ေတာက္ရက အ႐ုပ္ကိုပရိတ္ႀကိဳးေတြနဲ႔ခ်ည္ၿပီး ကေလးမေလးနဲ႔အတူထားလိုက္တယ္။

ေသွ်ာင္တစ္ေစာင္းနဲ႔လူက အာ႐ုံေတြကိုစုစည္းၿပီး စည္းထဲကိုၾကည့္လိုက္ရာ ပရိတ္ႀကိဳးေတြရစ္ပတ္မႈေၾကာင့္ ႐ုန္းမရျဖစ္ေနတဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ မိန္းကေလးတစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ သင္ဘယ္သူလဲ…ဘာေၾကာင့္ ဒီကေလးမေလးကိုဒုကၡေပးေနတာလဲ”

“ ဒီေကာင္မေလးက ငါ့ကိုေခၚလာခဲ့တာေလ”

ရဲေမာင္တို႔လင္မယားကေတာ့ ေသွ်ာင္တစ္ေစာင္းနဲ႔လူေျပာတာကိုပဲၾကားေနရတယ္။

“ သင္က ဒီကေလးမကို ပူးကပ္ၿပီး ဒုကၡေပးမယ္လို႔ ဘာေၾကာင့္ေျပာရတာလဲ”

“ သူတို႔က ငါ့အ႐ုပ္ကိုမီးရႈိ႕မယ္လုပ္လို႔ ေျပာတာ”

“ အခုကစၿပီး နင့္ကို ငါတို႔ျပန္ေခၚသြားမယ္။ ဒီအိမ္ကိုေရာ ကေလးမကိုပါဒုကၡမေပးနဲ႔ေတာ့ ၾကားလား”

“ ငါ့မွာေနစရာမရွိဘူး… အရင္သခင္က ငါ့ကိုခိုင္းပဲခိုင္းၿပီး အစာမေကြၽးပဲ စြန္႔ပစ္ခဲ့တာ”

“ အခုသင္ဘာစားခ်င္လဲ…. သင္စားခ်င္တာ ေကြၽးမယ္။ ၿပီးရင္ေတာ့ က်ဳပ္တို႔နဲ႔တစ္ပါထဲလိုက္ခဲ့”

“ ဒီကေလးမေလးကို ငါဒုကၡေရာက္ေအာင္လုပ္တာမဟုတ္ပါဘူး။ သူ႔ကို ငါတကယ္ခင္လို႔စေနာက္မိတာပါ”

“ သင္နဲ႔ဒီကေလးမက ဘဝခ်င္းမွမတူေတာ့တာ။ ဘာေၾကာင့္ သံေယာဇဥ္ျဖစ္ေနတာလဲ။ က်ဳပ္တို႔အေနနဲ႔ သင့္ကိုနာက်င္ေအာင္မလုပ္ရက္လို႔ ေမတၱာနဲ႔ေျပာေနတာပါ”

“ သူကငါ့အေပၚ ၾကင္နာတယ္၊ ငါ့ကိုလဲခင္တယ္၊ သူနဲ႔အတူတူေနတဲ့အခ်ိန္ေတြက တကယ္ကိုေပ်ာ္ဖို႔ေကာင္းတယ္”

“ ကဲ မိန္းကေလး က်ဳပ္တို႔အေနနဲ႔ အျခားပုဂၢိဳလ္ေတြကိုဆင့္မေခၚခင္ ေျပာတာကိုလိုက္တာပါ”

“ ငါနားလည္ပါတယ္…သူ႔ကိုငါႏႈတ္ဆက္ခဲ့ပါတယ္လို႔ ေျပာေပးပါ။ ဒါၿပီးရင္ နင္တို႔နဲ႔လိုက္လာခဲ့ပါ့မယ္”

ေသွ်ာင္တစ္ေစာင္းနဲ႔လူလဲ ေခ်ာ့ေမာ့ေျပာလို႔ရပီမို႔ စီရင္ထားတဲ့အရာေတြကိုဖယ္ရွားကာ တစ္အိမ္လုံးကို ေရမန္းေတြနဲ႔ပက္ျဖန္းေစခဲ့တယ္။ၿပီးတာနဲ႔ ကေလးမေလးကို သူ႔သူငယ္ခ်င္းကႏႈတ္ဆက္တယ္ဆိုတဲ့အေၾကာင္းေျပာျပကာ အ႐ုပ္မေလးကိုယူေဆာင္ၿပီး ထြက္သြားခဲ့တယ္။

႐ြာနဲ႔အေတာ္အလွမ္းေဝးတဲ့ေနရာေရာက္ေတာ့ ခ်ဳပ္ေႏွာင္ထားတဲ့ပရိတ္ႀကိဳးေတြကိုျဖဳတ္ေပးၿပီး အ႐ုပ္ကိုယ္ထဲမွာ ထည့္ထားတဲ့ အစီအရင္ေတြကို မီးရႈိ႕ဖ်က္စီးေပးခဲ့တယ္။

ဒီကိစၥေတြျဖစ္ၿပီး သုံးႏွစ္ေလာက္ၾကာေတာ့ ညိဳမိမွာ ဒုတိယကိုယ္ဝန္ရလာခဲ့တယ္။ ကေလးမေမြးခင္ တစ္လေလာက္အလိုမွာ တစ္ေခါင္းလုံးစံပယ္ပန္းေတြပန္ထားတဲ့ ကေလးမေလးတစ္ေယာက္က

“ မမကို သတိရလို႔ ေမေမတို႔ဆီ သမီးျပန္လာခဲ့တယ္ေနာ္” ဆိုၿပီးလာေျပာတာကိုအိမ္မက္မက္ခဲ့တယ္။

…….

“ တိုက္အိမ္နီနီေအာက္မွာ … ငါ့ကိုသတ္ၿပီးျမဳပ္ထားတယ္။ ငါ့ကိုကယ္ၾကပါ… ကယ္ၾကပါဦး”

ေၾကာက္႐ြံ႕မႈေတြနဲ႔ေအာ္ေနတဲ့အသံက နားထဲကို စူးၿပီးဝင္လာခဲ့တဲ့အခ်ိန္ တရားထိုင္ေနတဲ့ ေအာင္ျမတ္သာရဲ႕မ်က္လုံးအစုံက ျဖတ္ခနဲပြင့္လာခဲ့တယ္။

ဒီအသံကိုေအာင္ျမတ္သာက. ဘာလို႔ၾကားရတာလဲ?

ဘယ္လိုပတ္သတ္မႈရွိလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္အိမ္အိုေအာက္ကငိုညဥ္းသံဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္

ေဇယန(ရာမည)

No comments

Post a Comment