အချုပ်ခန်းထဲက တစ္ဆေ ( ဖြစ်ရပ်မှန်)

စကားတွေထဲမှာ ပြတ်သားလှတဲ့ ရည်ရွယ်ချက်တစ်မျိုးပါနေတယ်ဆိုတာပါပဲ။ ******** မောင်လွင့် သတင်းကိုကြားပြီးတော့ ဗဟိုကင်းတစ်ခုလုံး ၀မ်းနည်းနေကြတ... thumbnail 1 summary

စကားတွေထဲမှာ ပြတ်သားလှတဲ့ ရည်ရွယ်ချက်တစ်မျိုးပါနေတယ်ဆိုတာပါပဲ။

********
မောင်လွင့် သတင်းကိုကြားပြီးတော့ ဗဟိုကင်းတစ်ခုလုံး ၀မ်းနည်းနေကြတယ်။
အားလုံး တစ်နေကုန်၊ တစ်နေခမ်း စကားတောင် သိပ်မပြောဖြစ်။ ပြောပြန်လျင်တောင်မှ မောင်လွင့်အကြောင်းတွေသာ ပြောနေမိကြသလို၊ ညဘက်ရောက်ချိန်ကျတော့ စိတ်မကောင်းမှုတွေကြောင့် ကင်းစောင့်နှစ်ယောက်သာထားပြီး စောစီးစွာနဲ့ပဲ အိပ်ရာဆီ၀င်ခဲ့ကြပါတယ်။ ဒါပေမယ့် အားလုံးအိပ်မပျော်နိုင်သေးပါ။
" စိုးကြီး...ကိုးနာရီထိုးပြီ၊ နာရီသံချောင်းသွားခေါက်လိုက်ဦး..."
ထိုင်ကင်းဖြစ်သူ မောင်မောင်ကပြောတော့ စောင့်ကင်းဖြစ်တဲ့ စိုးကြီး နာရီသံချောင်းသွားခေါက်လိုက်တယ်။
" ဒေါင်...ဒေါင်...ဒေါင်..."
စည်းချက်ကျကျခေါက်လိုက်တဲ့ နာရီသံကို ဘာရယ်မဟုတ် အားလုံးနားထောင်နေမိကြတယ်။ နာရီသံရဲ့ အဆုံးမှာတော့...
" ညကိုးနာရီလိုင်းဒေါင်း...အချုပ်သား သတင်းပို့..."
နာရီသံအဆုံး ထိုင်ကင်းကျသူ မောင်မောင်က အော်လိုက်တယ်။
" အချုပ်ခန်း ၁...အချုပ်သား သော်ဇင် ကျန်းမာရေးကောင်း၊ ကောင်းမွန်စွာရှိ..."
အခန်း ၁ ဆီက အချုပ်သားသတင်းပို့သံထွက်ပေါ်လာတာကို အားလုံးကြားလိုက်ရပါတယ်။ အခန်း၂ ဆီမှာကတော့ မောင်လွင်ထွက်သွားပြီးနောက် ဘယ်သူမှမရှိဘူး။
သို့သော်...။
" အချုပ်ခန်း ၂...အချုပ်သား မောင်လွင်...ကျန်းမာရေးကောင်း၊ ကောင်းမွန်စွာရှိ..."
" ဟာ..."
ဘာမှမရှိတဲ့ အချုပ်ခန်း ၂ ဆီက ပီသစွာထွက်ပေါ်လာတဲ့ သတင်းပို့သံကြီး။ မောင်လွင့်အသံမှ လုံး၀အစစ်။
အကုန်လုံးရုတ်ရုတ်သည်းသည်းဖြစ်ကုန်ကြတယ်။ အိပ်နေကြတဲ့သူတွေ အရှေ့ဆီပြေးထွက်လာကြတယ်။
ကင်းမှူးက...
" ဘယ်သူအော်တာလဲ...ဟေ့ကောင်တွေ ဘယ်သူအော်တာလဲ..."
" ဘယ်သူမှ မအော်ဘူး။ အချုပ်ခန်း၂ ထဲက အော်နေတာ..."
" ဟာ...မဖြစ်နိုင်တာ..."
ကင်းမှူးက မီးပိတ်ထားလို့ မှောင်မည်းနေတဲ့ အခန်း၂ ကို ကြည့်ပြီးပြောလိုက်တယ်။
" အချုပ်ခန်း ၂...အချုပ်သား မောင်လွင်...ကျန်းမာရေးကောင်း၊ ကောင်းမွန်စွာရှိ..."
" ဟာ..."
အားလုံးကြည့်နေတုန်းမှာပဲ အချုပ်ခန်းဆီက အသံခပ်တိုးတိုးက ထွက်ပေါ်လာပြန်တယ်။
" မဖြစ်နိုင်ဘူး...ဒါတစ်ယောက်ယောက်နောက်နေတာ..."
ကင်းမှူးက ပြောပြီး အချုပ်ခန်းကို ဖွင့်လို့မီးဖွင့်ကြည့်လိုက်တယ်။
အထဲမှာ အခင်းကွပ်ပျစ်ပြားကလွဲပြီး ဘာဆိုဘာမှ ရှိမနေ။ သို့ပေမယ့် အခန်းဆီက အပုပ်နံ့ကြီးတစ်ခုကတော့ အပြင်ကို လွင့်ပျံလာတာကို အားလုံး ရှုရှိုက်လိုက်မိကြတယ်။
ဒါဟာ မောင်လွင် ပါဆိုတာ အားလုံး ယုံကြည်မိလိုက်ကြပြီ။
ပြီးတော့...အားလုံးသတိရလိုက်မိတာက သူပြောသွားတဲ့ စကား။
" အခွင့်ရှိရင်...ဒီမိသားစုဆီ...ကျုပ်...ပြန်လာဦးမှာပါဗျာ..."
********
" မောင်လွင်နဲ့ တကွ...မကျွတ်မလွတ်သေးကြသူများ အားလုံး...ကြားကြားသမျှ...."
ဖြစ်ရပ်ဖြစ်ပြီး တစ်ရက်ကျော်။
ထိုနေ့တွင်တော့...။
တပ်ရင်းဗဟိုကင်းဆီမှာ သံဃာသုံးပါးပင့်လို့ ဆွမ်းကပ်၊ လှူဖွယ်တချို့ ဆပ်ကပ်ပေးပြီး မောင်လွင့်ကို ရည်ရွယ်လို့ အမျှဝေပေးခဲ့ပါတယ်။
အဲ့ဒီ့နောက်မှာတော့ ယနေ့အချိန်အထိ မောင်လွင်နဲ့ ပက်သက်သော ထူးခြားမှုတစ်စုံတစ်ရာမရှိတော့ပါ။
သို့ပေသော်ငြား...။
မောင်လွင်ရဲ့ အကြောင်းကိုတော့ ယနေ့အချိန်ထိ ပြောဖြစ်နေကြဆဲဖြစ်ပါတယ်။
ပြီးပါပြီ။
နောင်ရိုး(ဆေးတပ်)

No comments

Post a Comment