” အလောင်းပြင်တဲ့ ည ” (စ/ဆုံး)

  Unicode Version ” အလောင်းပြင်တဲ့ ည ” (စ/ဆုံး) ————————————- ညကား မျိုသိပ်မှုတစ်မျိုးဖြင့် ရေငုံနှုတ်ပိတ် လျက် ရှိလေသည်။ အပြာဖျော့ဖျော့ကောင... thumbnail 1 summary

 Unicode Version

” အလောင်းပြင်တဲ့ ည ” (စ/ဆုံး)
————————————-

ညကား မျိုသိပ်မှုတစ်မျိုးဖြင့် ရေငုံနှုတ်ပိတ်
လျက် ရှိလေသည်။ အပြာဖျော့ဖျော့ကောင်းကင်
သည် မိုးရာသီမကုန်သေးဟန်ုဖြင့် မိုးရိပ်မိုးငွေ့များကို
မြင်နေရသေးသည်။ မှုန်ဝါးဝါးလရောင်သည်
မိုးမှုန်များကို တိုးထွက်ကာ အစွမ်းကုန် သာလျက်
ရှိသဖြင့် သစ်ရိပ်၊ ပတ်ဝန်းကျင်၊ ထန်းတောတွေကို
မြင်နေရသေးသည်။
လရောင်မှုန်ဝါးဝါးဖြင့် မြင်နေရသေးသည်
သည်ဒေသမှာ မြေလတ်ဒေသ၏ ထုံးစံအတိုင်း
မိုးနည်းရပ်ဝန်းဒေသဖြစ်သည့် အလျောက်
ရွာမလိုဟန်ပျိုးသည်မှာ ထုံးစံလိုဖြစ်နေသည်။
ဖားခံတွင်းချဉ်ရုံလောက်သာ ရွာသည့်
မိုးကား စီးပွားမဖြစ်ပေ။
လရောင် မလင်းတလင်းအောက်တွင် ထန်းတော
ညိုညိုကို မလှုပ်မယှက် မြင်နေရသည်။ အမှန်တော့
မျိုသိပ်မှုများဖြင့် ရေငုံနှုတ်ပိတ်ညဟု ဆိုရမည်ထက်
ထိတ်လန့်ကြေကွဲဖွယ်ည ဆိုက ပို၍ မှန်ကန်ပေ
လိမ့်မည်။ သောင်းဖေတစ်ယောက် ထန်းပင်ပေါ်မှ
ပြုတ်ကျသေဆုံးသွားသည့်သတင်းဆိုးကြီးသည်
ထနောင်းကုန်းရွာထဲတွင် နံနက်အရုဏ်တက်ခါစ
ကပင် ပြန့်နှံ့သွားပြီး ဖြစ်သည်။
သောင်းဖေသည် သူပိုင်ခြံထဲရှိ ထန်းပင်တက်ရာမှ
ဇောက်ထိုးပြုတ်ကျကာ ဇက်ကျိုးပြီး နေရာတွင်
ပွဲချင်းပြီး သေဆုံးသွားခြင်းပင်တည်း။ နံနက်စောစော
အမှောင်ပျိုးဆဲ ၊ ထန်းပင်ပေါ်တက်ရာ
ခြေချော်လက်ချော် ပြုတ်ကျခြင်းဖြစ်သည်။
သူကြီးလည်း အလုပ်ရှုပ်သွားသည်။
မြို့ပေါ်သို့ လှည်းဖြင့် သွားကာ ဌာနအုပ်သို့
အကြောင်းကြားပြီး ပုလိပ်တွေကိုလည်း
ခေါ်လာရသည်။
စစ်ချက်တွေ ယူရသည်။ သောင်းဖေ၏မိန်းမ
မိညိုသည် သတိလစ်နေသဖြင့် ရွာထဲမှ
မိန်းမတစ်သိုက်က ပြုစုနေရပေရာ တစ်နာရီလောက်
ကြာမှ သတိရလာသည်။ ယောင်္ကျားအလောင်းကို
ကြည့်ကာ အငိုမတိတ်တော့ပေ။ ဆွေမျိုးများ၏
ငိုသံလည်း ကျွက်ကျွက်ညံသွားလေသည်။
သည်လိုနှင့် သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့်
အလောင်းကို ပြင်ဆင်ကြရသည်။ တောဓလေ့
အတိုင်း ရွာထဲမှာ သေသဖြင့် ရွာပြင်မထုတ်ဘဲ
သုံးရက်ထားပြီးမှ သင်္ဂြု ိဟ်ရန် ဆုံးဖြတ်ချက်ချပြီး
အလောင်းကို တဲရှေ့ ထန်းပင်အောက်တွင်
ယာယီချထားသည်။
ဇက်ကျိုးနေသော အလောင်းကို ဝါးကပ်ပေါ်
တင်ကာ စောင်ပါးလွှမ်း၍ရပ်ဓလေ့ထုံးစံများနှင့်
တင်ထားခြင်းဖြစ်သည်။
ရုတ်တရက် သေဆုံးသွားသော
နာရေးဖြစ်သဖြင့် မိတ်ဆွေအပေါင်း
အသင်းတွေက တဖွဲဖွဲ ရောက်လာသည်။
သောင်းဖေသည် ကဇော်သမား၊
ဖဲသမား ဖြစ်ရကား ဒုက္ခပေါင်းစုံ
အပေါင်းအသင်းစုံလှသည်။ရင်းနှီးသည့်
သူငယ်ချင်းတွေက သောက်ဖော်သောက်ဖက်
ဆိုးဖော်ဆိုးဖက်ကြီး ရုတ်တရက် ကွယ်လွန်
သွားသဖြင့် ယူကြုံးမရ ဖြစ်ကာ ငိုသူက
ငိုသည်။ မိညိုသည် ငိုလျက် ပြောလိုက်
တိုင်တည်လိုက်နှင့် ဧည့်ခံစကားပြောနေရ
သည်။ ကွမ်း၊ ဆေးလိပ် တည်ခင်းရသေးသည်။
သည်လိုနှင့် နေစောင်းစပြုလာသည်။
ဧည့်သည်က ပိုများလာသည်။ ထိုအချိန်တွင်
ခေါင်းပျဉ်စပ်သူ၊ စက္ကူပန်းဆင်သူတွေကလည်း
မအားလပ်နိုင်တော့ပြီ။ ဧည့်သည်ဧည့်ခံသူ၊
ရေနွေးကျို ၊ ထန်းလျက်၊ ဆေးလိပ်၊ တည်ခင်း
သူတွေ အလျှိုလျှိုပေါ်လာကြသည်။
ညီညွတ်သော တောဓလေ့ဟု ဆိုရမည်။
ခပ်လှမ်းလှမ်းထန်းပင်အောက်တွင်တော့
သောင်းဖေ၏ဝိညာဉ်မဲ့ခန္ဓာကြီးက
ခန့်ခန့်ကြီးငြိမ်သက်နေသည်။
ကာလသားတစ်သိုက်ကား သည်လို
ကာလမျိုးတွင် အခွင့်အရေးတစ်ရပ်
အနေဖြင့် သောက်စားပျော်ပါးမူးယစ်
ကြကုန်သည်။
ညဘက်ရောက်လျှင် ဖဲဝိုင်း၊ ကတ်ဝိုင်းက
လာဦးမည်။
ထိုစဉ် အရက်ကလေးထွေထွေနှင့်
သြဇာအာဏာရှိဟန်တူသော လူတစ်ဦး
ရောက်လာသည်။ ပုဆိုးတိုတို အပေါ်အင်္ကျ ီဗလာ၊
အသားမည်းမည်း။
“ဟေ့ …ငါ့သူငယ်ချင်းသောင်းဖေကို
ကွင်းစပ်မှာ ဒီအတိုင်း ပစ်ထားလို့ ရမလားကွ
ပြင်ဆင်ပြီး ခေါင်းထဲထည့်ကြမယ် ”
စကားဆုံးသည်နှင့် ရွာထဲမှ ရှေ့မီနောက်မီ
အဘိုးကြီးတစ်ယောက် တုန်တုန်ချိချိဖြင့်
ဝိုင်းအနီးသို့ ရောက်လာကာ…
“မောင် …မောင် …အဝှာ…သာဒင်ရယ်၊
ဒီနယ်ဘက်မှာ ညနေစောင်းကြီး ခေါင်းမသွင်း
ကောင်းပါဘူးကွယ်၊ မနက်မှ ပြင်ဆင်ကြပါ၊
ရွာနာသကွဲ့ …”
သာဒင်သည် အဘိုးကြီးကို မျက်မှောင်တစ်ချက်
ကြုတ်ကြည့်သည်။ ထွီခနဲ ကွမ်းသွေးတစ်ချက်
ထွေးကာ လုံချည်ကို တဖြန်းဖြန်းခါပြင်ဝတ်ပြီး
ရင်ခေါင်းပေါ် တက်ဝတ်လိုက်သည်။
နှုတ်ခမ်းကြီးကို အရုပ်ဆိုးစွာ တစ်ချက်တွန့်ပြီး…
“ဘကြီးပေတုံးတို့က အဲဒါခက်တာပဲ။
ရပ်ဓလေ့ ရွာဓလေ့တွေ ဘေးချိတ်၊
ဒါ…ကျုပ်တို့ အချစ်ဆုံးသူငယ်ချင်းဗျ။
နောက်ဆုံးခရီးဗျ၊ ကျုပ်ကတော့ ဘယ်သူတားတား
သောင်းဖေ အလောင်းကို ဒီနေ့ပြင်ဆင်
ခေါင်းသွင်းမှာပဲ၊ တားတဲ့သူ ခေါင်းအပြတ်ပဲ၊
ဘာမှတ်လဲ…သာဒင်ကွ၊ ဟေ့ ဖိုးသံလုံးတို့
ဒီည ခေါင်းပြင်၊ ခေါင်းသွင်းမယ်ဟေ့”
အသုဘလာ ပရိတ်သတ်သည် ရုတ်တရက်
ငြိမ်သက်သွားကာ သာဒင်နှင့် ဘကြီးပေတုံးကို
ကြည့်နေကြသည်။ မည်သူမျှ ဝင်ပြောဆိုခြင်း
မရှိကြတော့ပေ။
“မဟုတ်သေးပါဘူးကွယ်။ ရပ်ဓလေ့
ရွာဓလေ့ …ပြီးတော့ ရုတ်တရက်ကြီး
သေသွားတာလေကွယ်၊ ဆင်ခြင်ဖို့
ပြောပြတာပါ မောင်ရင်ရယ်”
သာဒင်သည် ကွမ်းသွေးကို ထွီခနဲ ထွေးလိုက်
ပြန်သည်။
“ကျုပ်က ဂျော့ဘုရင်လာ တားတာတောင်
ဂရုမစိုက်ဘူး၊ ညဘက် အလောင်းကို အပြီး
ပြင်မယ်။ ဘယ့်နှယ်ဗျာ…ကျုပ်သူငယ်ချင်းခမျာ
ကွင်းခေါင်ခေါင်မှာ လေတဟူးဟူးနဲ့၊
မိုးရွာမှဖြင့် ရက်ရက်စက်စက်ဗျာ…
ဘကြီးက ဂျော့ဘုရင်လား”
ဘကြီးပေတုံးသည် ပြောမရဆိုမရ
ဖြစ်နေသော သာဒင်ကို ခွန်းတုံ့
ပြန်ခြင်းမပြုတော့ဘဲ ငြိမ်သက်
သွားလေသည်။ သာဒင်နှင့် အပေါင်းပါများ
သည် မိုက်ရူးရဲလူရမ်းကားများ ဖြစ်သည်။
ရပ်ဓလေ့ ရွာဓလေ့ထုံးစံကိုလည်း
အသိအာရုံထဲ ထည့်ထားပုံမရ။
သောက်စားပျော်ပါး ဆဲရေးတိုင်းထွာ
နေကြသည်။ မိညိုမှာ မသာရှင်ဖြစ်သော်လည်း
သာဒင်နှင့် ဆွေမျိုးများနီးစပ်တော်သည်
သာမက ရွာလူမိုက် သာဒင်နှင့် လူရမ်းကား
အုပ်စုကို လွန်ဆန်ရဲဟန် မရှိပေ။
လွန်ဆန်လျှင်လည်း အသုဘပျက်ရုံပင်
ရှိသည်။ ကျီးနှင့် ဖုတ်ဖုတ်သာ ဖြစ်တော့မည်
သူတို့ အုပ်စု ဦးဆောင်၍သာ ရွာထဲ
သာရေးနာရေးက စည်ကားစမြဲ။
သည်လိုနှင့် နေဝင်ရီတရော မမှောင်တမှောင်
အချိန်တွင် သာဒင်ဦးဆောင်သော လူငယ်
လူလတ်ပိုင်းတစ်စုသည် အစိမ်းသေသောင်းဖေ၏
အလောင်းကို ခေါင်းသွင်းရန် ပြင်ဆင်ကြလေသည်။
လူငယ်နှစ်ယောက်က သောင်းဖေ၏
ခန္ဓာကိုယ်မှ အဝတ်အချို့ကို ဆွဲလှပ်ကာ
မျက်နှာကို ဖော်လိုက်သည်။ ထိုအခါ
သောင်းဖေ၏ နာကျင်ရှုံ့တွ၍ မချိမဆန့်
မျက်နှာ ညိုပုပ်ပုပ်ကြီးက ပေါ်လာသည်။
ပေ ၃၀ ခန့် မြင့်မားသော ထန်းပင်ပေါ်မှ
ဇောက်ထိုးပြုတ်ကျသော အလောင်းဖြစ်ရကား
လည်ပင်းရိုးက ကျိုးကြေကာ ရင်ဘတ်နှင့်
ကျောပြင်က ထိန်းချုပ်မရဘဲ ချာလည်လည်
နေသည်။
ထို့ကြောင့် သာမန်သေဆုံးသော အလောင်းမဟုတ်
ရကား အလောင်းကိုင်သူနှစ်ယောက်ပင်
ရုတ်တရက် လန့်ဖျပ်သွားပြီး လက်တွန့်
သွားကြလေသည်။
” ဟ…ဟ …လည်ပင်းရိုးကျိုးပြီး
လည်နေတာဟ”
ထို့ကြောင့် တစ်ယောက်က ခေါင်းကို ထိန်း၊
ကျန်တစ်ယောက်က အေးစက်မာခဲနေသော
ခန္ဓာကိုယ်အောက်ပိုင်းကို ထိန်းကိုင်ကာ
အဝတ်သစ်တွေ လဲလှယ်ကြသည်။ ထိုစဉ်
ရွာဦးကျောင်းမှ အောက်လင်းဓါတ်မီးနှစ်လုံး
ကလည်း ထိန်ထိန်လင်းလင်း ရောက်လာပြန်ရာ
အသုဘအိမ်သည် ပို၍မြိုင်ဆိုင်သွား၏။
သာဒင်သည် တဟဲဟဲရယ်ကာ…
“ဟေ့…တို့သူငယ်ချင်းကို နောက်ဆုံး
အနေနဲ့ လှလှပပပြုပြင်ကြရမှာကွ၊
ရွာလယ်က ဘွေးတုတ်တို့ ညီအစ်မ
မြို့က ပြန်လာတာ နှုတ်ခမ်းနီနဲ့
မျက်နှာချေတွေ ပါလာတယ်ကွ၊
မျက်နှာချေ တစ်ဘူးနဲ့ နှုတ်ခမ်းနီ
တစ်ဘူး သွားတောင်းကြကွာ၊
တစ်ယောက် သွားတောင်း၊ ဒီကောင့်ကို
လှလှပပ ပြင်ရမယ်ဟေ့”
ရွာထဲသို့ လူငယ်လေးတစ်ယောက်
ထွက်သွားသည်။ အလောင်းကြီးကား
ဝါးကပ်ပေါ်တွင် ဆန့်ဆန့်ကြီး လဲလျောင်းနေဆဲပင်။
သည်အချိန်တွင် ဖဲဝိုင်းအတွက် ပြင်ဆင်သူ
တွေကလည်း တက်ညီလက်ညီပင်။
တစ်ယောက်က ဖဲထုပ်အသစ်စက်စက်ကို
ဘူးမှ ထုတ်ယူကာ တရွှမ်းရွှမ်းမြည်အောင်
ကုလားဖန် ထိုးလေ၏။
“ဝိုင်းတော့ ကောင်းပြီဟေ့၊ ဖဲမရိုက်ရတာ
ကြာပြီ”
ခဏကြာလျှင် မျက်နှာချေနှင့် နှုတ်ခမ်းနီ
သွားယူသော လူငယ်လေး ပြန်ရောက်လာသည်။
ထိုအခါ သာဒင်နှင့် သူငယ်ချင်းသုံးဦးသည်
သောင်းဖေ၏ရုပ်အလောင်းကို စတင်၍
ပြင်ဆင်ကြလေသည်။ အောက်လင်းဓါတ်မီး
တစ်လုံးကို အလောင်းစင်ဆီသို့ ရွှေ့ယူ
လာသဖြင့် ပို၍ လင်းထိန်သွား၏။
ထိုအခါ မျက်လုံးပြူး ရှုံ့တွနေသာ အလောင်း
မျက်နှာပြင်ကို သာဒင်သည် မကြောက်မရွံ့
ပြုပြင်လေသည်။ ပြူးထွက်နေသော
မျက်လုံးကြီးများကို အတင်းပိတ်စေသည်။
ပခုံးတစ်ဖက် နိမ့်ဝင်နေသည်ကို ဆွဲဆန့်သည်။
စောင်းရွဲ့နေသော ပါးတစ်ဖက်ကို ဆွဲလိမ်သည်။
တစ်ခြမ်းပိန်နေသော ခေါင်းကြီးကို တဖတ်ဖတ်
ရိုက်ကာ တည့်မတ်ရသည်။
“သောင်းဖေ၊ စိတ်မဆိုးနဲ့ကွ၊ မင်း သေပန်း
ပွင့်နေအောင် ငါ လုပ်ပေးနေတာ၊ မင်းကလည်း
မြေပြင်ကို ရေပြင်မှတ်ပြီး ဒိုက်ဗင်ထိုးရတယ်လို့ကွာ၊
တော်တော်အသုံးမကျတာပဲကိုး”
သာဒင်သည် လိမ်နေသော လည်ပင်းကို
ခပ်ကြမ်းကြမ်းကိုင်၍ တည့်မတ်လိုက်ပေရာ
အကြောကို သွားနှိပ်မိသည် မသိ။
အလောင်းကြီးက ရုတ်တရက် မျက်စိပွင့်သွားသည်။
အလောင်းပြင် အဖော်နှစ်ယောက်သည် ‘ဟာ’ခနဲ
တ,ကာ နောက်သို့ ကြောက်လန့်တကြား
ဆုတ်လိုက်လေသည်။ သာဒင်သည်
မကြောက်မရွံ့ပင်…
“အောင်မယ်…သောင်းဖေ၊ မင်းက တို့ကို
စိတ်ဆိုးတာလား၊ မင်း လှလှပပဖြစ်အောင်
လုပ်ပေးနေတာလေကွာ၊ ငြိမ်ငြိမ်နေမှပေါ့ကွ၊
မင်းကို မျက်နှာချေလိမ်ပြီး နှုတ်ခမ်းနီဆိုးပေးမယ်၊
ဒါမှ ဓါတ်ရှင်မင်းသား မောင်ညီပုနဲ့ ပိုလှသွားမှာကွ၊
ငြိမ်ငြိမ်နေ၊ ဓါတ်ရှင်မင်းသားလောက်တော့
စပျော့ပေါ့ …”
သာဒင်သည် မျက်နှာချေဘူးထဲမှ ပန်းရောင်
မျက်နှာချေများကို ကော်ယူကာ သောင်းဖေ၏
မျက်နှာကို မညီမညာ မလိမ်းတတ် လိမ်းခြင်း၊
နှုတ်ခမ်းနီဆိုးခြင်းတို့ကို ဆောင်ရွက်လေတော့
သည်။ နာရီဝက်မျှ ကြာသွားသည်။
သည်လိုနှင့် အလောင်းပြင်ပြီးသောအခါ
အသင့်ချထားသော သစ်သားခေါင်းထဲသို့
ရွှေ့ထည့်ကြသည်။
ခေါင်းအဖုံးကိုတော့ မပိတ်ဘဲ ခပ်စေ့စေ့
ဟထားရသည်။
ညဉ့်ကား တဖြည်းဖြည်း နက်ရှိုင်းစပြုလာသည်။
လရောင်မှာ မှုန်ဝါးဝါးမျှသာ။ ဖဲဝိုင်းတွင်တော့
လူစည်ကားနေသည်။ သာဒင်က ဖဲဝိုင်းတွင်
မပါဘဲ လူကြီးတစ်ယောက်နှင့် စကား
လက်ဆုံကျနေသည်။
ထိုစဉ် လင်ကောင်ပိုးငှက်တစ်ကောင်၏
ဂီးခနဲ တစ်ချက်အော်သံနှင့် အတူ ထန်းတော
အနောက်ဘက် သင်္ချိုင်းစပ်မှ’ဟေး’ခနဲ
‘ဟေး’ခနဲ အော်သံကြီးကို ကြားလိုက်ရကာ
ဖဲဝိုင်းမှ လူများသည် တစ်ယောက်မျက်နှာ
တစ်ယောက် ပြန်ကြည့်ကာ ကြောင်
အအဖြစ်ကုန်ကြသည်။
ဟေးခနဲ အော်သံများက သင်္ချိုင်းဆီမှ
တဖြည်းဖြည်း နီးကပ်လို့ လာလေပြီ။
ဖဲဝိုင်းမှ ထိုးသားများသည် လန့်ဖျပ်ကာ
လှုပ်လှုပ်ရွရွ ဖြစ်လာသည်။
“ဘာသံကြီးလဲဟ၊ ကြောက်စရာကြီး”
ထိုစဉ် ခပ်ဝေးဝေးမှ ပြင်ဆင်ထားသော
ရုပ်အလောင်းကြီးဆီမှ ခေါင်းအဖုံးသည်
ဒုန်းခနဲ မြည်ကာ ပြုတ်ကျသွားလေသည်။
အားလုံးလန့်ဖျပ်ကာ ထသူက ထ၊
ပိုက်ဆံသိမ်းသူက သိမ်း၊ အိမ်ပေါ်
တက်ပြေးသူက ပြေးနှင့် ရုန်းရင်းဆန်ခတ်
ဖြစ်နေစဉ် သောင်းဖေ၏ ရုပ်အလောင်းကြီးသည်
မျက်နှာချေ အဖွေးသားနှင့် ရုတ်တရက်
ထထိုင်လေသည်။
အလောင်းကြီးသည် မီးရောင်လာရာသို့
လှမ်းကြည့်နေလေသည်တကား။
“အောင်မလေးဗျ…၊ သရဲ သရဲ ဖုတ်ဝင်လာပြီ”
ပြေးသူ ပြေးနှင့် ရှုပ်ယှက်ခတ်နေစဉ် ရုပ်
အလောင်းကြီးသည် တစ်ဖက်က အော်သံကြီးကို
ပြန်တုံ့ပြန်ကာ တဟေးဟေးဖြင့် ပြန်အော်လေသည်။
အော်သံအဆုံးတွင် ရုပ်အလောင်းကြီးသည်
ကုန်းရုန်းထလိုက်ရာ လိမ်စောင်းနေသော
လည်ပင်းကြီးက နောက်ကျောပြင်ထိ
ရောက်သွားပြီး အသံသြရှရှကြီးဖြင့် …
“အရက်ကိုတဲ့မှ …အားမနာ…အားမနာ
မသောက်ရင် သီလစောင့်မယ်…ကိုကျောင်းဒကာ…
သောက်တော်ဘူးရယ်နဲ့ …ကိုယ်မကွာ…
ကိုယ်မကွာ…သောက်တော်ဘူးရယ်နဲ့…
ကိုယ်မကွာ…ကိုယ်မကွာ…”
နတ်သံဟစ်လေတော့သည်။
ဖဲဝိုင်းကား ထိန်းမရအောင် ပျက်လေပြီ။
ဝိုင်းသားများသည် တစ်ယောက်နှင့်တစ်ယောက်
တွန်းထိုးကာ အချို့က သာဒင်ကို တက်နင်းပြီး
ရွာထဲသို့ ဝင်ပြေးကြလေသည်။
သာဒင်သည် မူးနေကာ တော်တော်နှင့် မထနိုင်ပေ။
အလောင်းကောင်ကြီးသည် ‘ဟေး’ခနဲ အော်ကာ
ထန်းတောကြား သင်္ချိုင်းဆီမှ အော်သံတွေ
ကြားရာဆီသို့ ဒယိမ်းဒယိုင်ဖြင့် ပြေးထွက်
သွားလေသည်။ အလောင်းကောင်ကြီး
ဖုတ်ဝင်ထွက်ပြေးသွားရာ နောက်သို့
မည်သူမျှ လိုက်မရှာဝံ့ကြဘဲ မိုးလင်းမှ
လူစုကာ ထွက်ပြေးသွားရာ သင်္ချိုင်းဆီသို့
သွားရောက်ရှာဖွေကြသည်။
ထိုအခါ သင်္ချိုင်းအဝတွင် ရွှံ့အလူးလူးဖြင့်
ပက်လက်လန်လဲကျနေသော မျက်နှာချေ
အဖွေးသား၊ နှုတ်ခမ်းနီအရဲသားနှင့် သောင်းဖေ၏
ရုပ်အလောင်းကြီးကို တွေ့လိုက်ကြရလေသည်။
အလောင်းကြီး၏ မျက်နှာပြင်ကား
ထန်းပင်ပေါ်မှ လိမ့်ကျခါစနှင့် မတူဘဲ
လောကကြီးကို ကျေနပ်ခွင့်လွှတ်သည့်ပမာ
ပြုံးဖြီးဖြီးကြီး ဖြစ်နေသည်ကို တွေ့မြင်
လိုက်ကြရလေတော့သည်။
ထိုအခါ ဘကြီးပေတုံးသည် မျက်နှာညှိုးငယ်စွာဖြင့်…
“ငါပြောသပေါ့ကွယ်…၊ ဓလေ့ထုံးစံကို
မဖျက်ကောင်းဘူးလို့ ပြောပါသကော၊
မလုပ်သင့်တာလုပ်တော့ အပမှီပြီး သင်္ချိုင်းထဲက
ဖုတ်တစ္ဆေတွေက ရွာစပ်ထိ ရောက်လာပြီး
သူတို့အဖော်ကို ညာသံပေးပြီး ခေါ်တာပေါ့။
အုပ်လိုက် လာခေါ်တာ၊ သောင်းဖေက
ဖုတ်ဝင်ပြီး သင်္ချိုင်းထိ လိုက်သွားတာပဲ၊
ရွာနာတာပေါ့ …၊ ဒီတော့ ရပ်ရွာသန့်သွား
အောင် ပရိတ်တရားတွေ ရွတ်ကြ
ဖတ်ကြတာပေါ့ကွယ်…”
သာဒင်သည် မျက်နှာငယ်ကလေးနှင့်
ရေငုံနှုတ်ပိတ် တိတ်ဆိတ်နေလေတော့သည်။ ။
ပြီးပါပြီ

 

Zawgyi Version

” အေလာင္းျပင္တဲ့ ည ” (စ/ဆုံး)
————————————-

ညကား မ်ိဳသိပ္မႈတစ္မ်ိဳးျဖင့္ ေရငုံႏႈတ္ပိတ္
လ်က္ ရွိေလသည္။ အျပာေဖ်ာ့ေဖ်ာ့ေကာင္းကင္
သည္ မိုးရာသီမကုန္ေသးဟႏ္ုျဖင့္ မိုးရိပ္မိုးေငြ႕မ်ားကို
ျမင္ေနရေသးသည္။ မႈန္ဝါးဝါးလေရာင္သည္
မိုးမႈန္မ်ားကို တိုးထြက္ကာ အစြမ္းကုန္ သာလ်က္
ရွိသျဖင့္ သစ္ရိပ္၊ ပတ္ဝန္းက်င္၊ ထန္းေတာေတြကို
ျမင္ေနရေသးသည္။
လေရာင္မႈန္ဝါးဝါးျဖင့္ ျမင္ေနရေသးသည္
သည္ေဒသမွာ ေျမလတ္ေဒသ၏ ထုံးစံအတိုင္း
မိုးနည္းရပ္ဝန္းေဒသျဖစ္သည့္ အေလ်ာက္
႐ြာမလိုဟန္ပ်ိဳးသည္မွာ ထုံးစံလိုျဖစ္ေနသည္။
ဖားခံတြင္းခ်ဥ္႐ုံေလာက္သာ ႐ြာသည့္
မိုးကား စီးပြားမျဖစ္ေပ။
လေရာင္ မလင္းတလင္းေအာက္တြင္ ထန္းေတာ
ညိဳညိဳကို မလႈပ္မယွက္ ျမင္ေနရသည္။ အမွန္ေတာ့
မ်ိဳသိပ္မႈမ်ားျဖင့္ ေရငုံႏႈတ္ပိတ္ညဟု ဆိုရမည္ထက္
ထိတ္လန႔္ေၾကကြဲဖြယ္ည ဆိုက ပို၍ မွန္ကန္ေပ
လိမ့္မည္။ ေသာင္းေဖတစ္ေယာက္ ထန္းပင္ေပၚမွ
ျပဳတ္က်ေသဆုံးသြားသည့္သတင္းဆိုးႀကီးသည္
ထေနာင္းကုန္း႐ြာထဲတြင္ နံနက္အ႐ုဏ္တက္ခါစ
ကပင္ ျပန႔္ႏွံ႔သြားၿပီး ျဖစ္သည္။
ေသာင္းေဖသည္ သူပိုင္ၿခံထဲရွိ ထန္းပင္တက္ရာမွ
ေဇာက္ထိုးျပဳတ္က်ကာ ဇက္က်ိဳးၿပီး ေနရာတြင္
ပြဲခ်င္းၿပီး ေသဆုံးသြားျခင္းပင္တည္း။ နံနက္ေစာေစာ
အေမွာင္ပ်ိဳးဆဲ ၊ ထန္းပင္ေပၚတက္ရာ
ေျခေခ်ာ္လက္ေခ်ာ္ ျပဳတ္က်ျခင္းျဖစ္သည္။
သူႀကီးလည္း အလုပ္ရႈပ္သြားသည္။
ၿမိဳ႕ေပၚသို႔ လွည္းျဖင့္ သြားကာ ဌာနအုပ္သို႔
အေၾကာင္းၾကားၿပီး ပုလိပ္ေတြကိုလည္း
ေခၚလာရသည္။
စစ္ခ်က္ေတြ ယူရသည္။ ေသာင္းေဖ၏မိန္းမ
မိညိဳသည္ သတိလစ္ေနသျဖင့္ ႐ြာထဲမွ
မိန္းမတစ္သိုက္က ျပဳစုေနရေပရာ တစ္နာရီေလာက္
ၾကာမွ သတိရလာသည္။ ေယာက်ၤားအေလာင္းကို
ၾကည့္ကာ အငိုမတိတ္ေတာ့ေပ။ ေဆြမ်ိဳးမ်ား၏
ငိုသံလည္း ကြၽက္ကြၽက္ညံသြားေလသည္။
သည္လိုႏွင့္ သက္ဆိုင္ရာ၏ ခြင့္ျပဳခ်က္ျဖင့္
အေလာင္းကို ျပင္ဆင္ၾကရသည္။ ေတာဓေလ့
အတိုင္း ႐ြာထဲမွာ ေသသျဖင့္ ႐ြာျပင္မထုတ္ဘဲ
သုံးရက္ထားၿပီးမွ သျဂၤု ိဟ္ရန္ ဆုံးျဖတ္ခ်က္ခ်ၿပီး
အေလာင္းကို တဲေရွ႕ ထန္းပင္ေအာက္တြင္
ယာယီခ်ထားသည္။
ဇက္က်ိဳးေနေသာ အေလာင္းကို ဝါးကပ္ေပၚ
တင္ကာ ေစာင္ပါးလႊမ္း၍ရပ္ဓေလ့ထုံးစံမ်ားႏွင့္
တင္ထားျခင္းျဖစ္သည္။
႐ုတ္တရက္ ေသဆုံးသြားေသာ
နာေရးျဖစ္သျဖင့္ မိတ္ေဆြအေပါင္း
အသင္းေတြက တဖြဲဖြဲ ေရာက္လာသည္။
ေသာင္းေဖသည္ ကေဇာ္သမား၊
ဖဲသမား ျဖစ္ရကား ဒုကၡေပါင္းစုံ
အေပါင္းအသင္းစုံလွသည္။ရင္းႏွီးသည့္
သူငယ္ခ်င္းေတြက ေသာက္ေဖာ္ေသာက္ဖက္
ဆိုးေဖာ္ဆိုးဖက္ႀကီး ႐ုတ္တရက္ ကြယ္လြန္
သြားသျဖင့္ ယူႀကဳံးမရ ျဖစ္ကာ ငိုသူက
ငိုသည္။ မိညိဳသည္ ငိုလ်က္ ေျပာလိုက္
တိုင္တည္လိုက္ႏွင့္ ဧည့္ခံစကားေျပာေနရ
သည္။ ကြမ္း၊ ေဆးလိပ္ တည္ခင္းရေသးသည္။
သည္လိုႏွင့္ ေနေစာင္းစျပဳလာသည္။
ဧည့္သည္က ပိုမ်ားလာသည္။ ထိုအခ်ိန္တြင္
ေခါင္းပ်ဥ္စပ္သူ၊ စကၠဴပန္းဆင္သူေတြကလည္း
မအားလပ္ႏိုင္ေတာ့ၿပီ။ ဧည့္သည္ဧည့္ခံသူ၊
ေရေႏြးက်ိဳ ၊ ထန္းလ်က္၊ ေဆးလိပ္၊ တည္ခင္း
သူေတြ အလွ်ိဳလွ်ိဳေပၚလာၾကသည္။
ညီၫြတ္ေသာ ေတာဓေလ့ဟု ဆိုရမည္။
ခပ္လွမ္းလွမ္းထန္းပင္ေအာက္တြင္ေတာ့
ေသာင္းေဖ၏ဝိညာဥ္မဲ့ခႏၶာႀကီးက
ခန႔္ခန႔္ႀကီးၿငိမ္သက္ေနသည္။
ကာလသားတစ္သိုက္ကား သည္လို
ကာလမ်ိဳးတြင္ အခြင့္အေရးတစ္ရပ္
အေနျဖင့္ ေသာက္စားေပ်ာ္ပါးမူးယစ္
ၾကကုန္သည္။
ညဘက္ေရာက္လွ်င္ ဖဲဝိုင္း၊ ကတ္ဝိုင္းက
လာဦးမည္။
ထိုစဥ္ အရက္ကေလးေထြေထြႏွင့္
ၾသဇာအာဏာရွိဟန္တူေသာ လူတစ္ဦး
ေရာက္လာသည္။ ပုဆိုးတိုတို အေပၚအက်ၤ ီဗလာ၊
အသားမည္းမည္း။
“ေဟ့ …ငါ့သူငယ္ခ်င္းေသာင္းေဖကို
ကြင္းစပ္မွာ ဒီအတိုင္း ပစ္ထားလို႔ ရမလားကြ
ျပင္ဆင္ၿပီး ေခါင္းထဲထည့္ၾကမယ္ ”
စကားဆုံးသည္ႏွင့္ ႐ြာထဲမွ ေရွ႕မီေနာက္မီ
အဘိုးႀကီးတစ္ေယာက္ တုန္တုန္ခ်ိခ်ိျဖင့္
ဝိုင္းအနီးသို႔ ေရာက္လာကာ…
“ေမာင္ …ေမာင္ …အဝွာ…သာဒင္ရယ္၊
ဒီနယ္ဘက္မွာ ညေနေစာင္းႀကီး ေခါင္းမသြင္း
ေကာင္းပါဘူးကြယ္၊ မနက္မွ ျပင္ဆင္ၾကပါ၊
႐ြာနာသကြဲ႕ …”
သာဒင္သည္ အဘိုးႀကီးကို မ်က္ေမွာင္တစ္ခ်က္
ၾကဳတ္ၾကည့္သည္။ ထြီခနဲ ကြမ္းေသြးတစ္ခ်က္
ေထြးကာ လုံခ်ည္ကို တျဖန္းျဖန္းခါျပင္ဝတ္ၿပီး
ရင္ေခါင္းေပၚ တက္ဝတ္လိုက္သည္။
ႏႈတ္ခမ္းႀကီးကို အ႐ုပ္ဆိုးစြာ တစ္ခ်က္တြန႔္ၿပီး…
“ဘႀကီးေပတုံးတို႔က အဲဒါခက္တာပဲ။
ရပ္ဓေလ့ ႐ြာဓေလ့ေတြ ေဘးခ်ိတ္၊
ဒါ…က်ဳပ္တို႔ အခ်စ္ဆုံးသူငယ္ခ်င္းဗ်။
ေနာက္ဆုံးခရီးဗ်၊ က်ဳပ္ကေတာ့ ဘယ္သူတားတား
ေသာင္းေဖ အေလာင္းကို ဒီေန႔ျပင္ဆင္
ေခါင္းသြင္းမွာပဲ၊ တားတဲ့သူ ေခါင္းအျပတ္ပဲ၊
ဘာမွတ္လဲ…သာဒင္ကြ၊ ေဟ့ ဖိုးသံလုံးတို႔
ဒီည ေခါင္းျပင္၊ ေခါင္းသြင္းမယ္ေဟ့”
အသုဘလာ ပရိတ္သတ္သည္ ႐ုတ္တရက္
ၿငိမ္သက္သြားကာ သာဒင္ႏွင့္ ဘႀကီးေပတုံးကို
ၾကည့္ေနၾကသည္။ မည္သူမွ် ဝင္ေျပာဆိုျခင္း
မရွိၾကေတာ့ေပ။
“မဟုတ္ေသးပါဘူးကြယ္။ ရပ္ဓေလ့
႐ြာဓေလ့ …ၿပီးေတာ့ ႐ုတ္တရက္ႀကီး
ေသသြားတာေလကြယ္၊ ဆင္ျခင္ဖို႔
ေျပာျပတာပါ ေမာင္ရင္ရယ္”
သာဒင္သည္ ကြမ္းေသြးကို ထြီခနဲ ေထြးလိုက္
ျပန္သည္။
“က်ဳပ္က ေဂ်ာ့ဘုရင္လာ တားတာေတာင္
ဂ႐ုမစိုက္ဘူး၊ ညဘက္ အေလာင္းကို အၿပီး
ျပင္မယ္။ ဘယ့္ႏွယ္ဗ်ာ…က်ဳပ္သူငယ္ခ်င္းခမ်ာ
ကြင္းေခါင္ေခါင္မွာ ေလတဟူးဟူးနဲ႔၊
မိုး႐ြာမွျဖင့္ ရက္ရက္စက္စက္ဗ်ာ…
ဘႀကီးက ေဂ်ာ့ဘုရင္လား”
ဘႀကီးေပတုံးသည္ ေျပာမရဆိုမရ
ျဖစ္ေနေသာ သာဒင္ကို ခြန္းတုံ႔
ျပန္ျခင္းမျပဳေတာ့ဘဲ ၿငိမ္သက္
သြားေလသည္။ သာဒင္ႏွင့္ အေပါင္းပါမ်ား
သည္ မိုက္႐ူးရဲလူရမ္းကားမ်ား ျဖစ္သည္။
ရပ္ဓေလ့ ႐ြာဓေလ့ထုံးစံကိုလည္း
အသိအာ႐ုံထဲ ထည့္ထားပုံမရ။
ေသာက္စားေပ်ာ္ပါး ဆဲေရးတိုင္းထြာ
ေနၾကသည္။ မိညိဳမွာ မသာရွင္ျဖစ္ေသာ္လည္း
သာဒင္ႏွင့္ ေဆြမ်ိဳးမ်ားနီးစပ္ေတာ္သည္
သာမက ႐ြာလူမိုက္ သာဒင္ႏွင့္ လူရမ္းကား
အုပ္စုကို လြန္ဆန္ရဲဟန္ မရွိေပ။
လြန္ဆန္လွ်င္လည္း အသုဘပ်က္႐ုံပင္
ရွိသည္။ က်ီးႏွင့္ ဖုတ္ဖုတ္သာ ျဖစ္ေတာ့မည္
သူတို႔ အုပ္စု ဦးေဆာင္၍သာ ႐ြာထဲ
သာေရးနာေရးက စည္ကားစၿမဲ။
သည္လိုႏွင့္ ေနဝင္ရီတေရာ မေမွာင္တေမွာင္
အခ်ိန္တြင္ သာဒင္ဦးေဆာင္ေသာ လူငယ္
လူလတ္ပိုင္းတစ္စုသည္ အစိမ္းေသေသာင္းေဖ၏
အေလာင္းကို ေခါင္းသြင္းရန္ ျပင္ဆင္ၾကေလသည္။
လူငယ္ႏွစ္ေယာက္က ေသာင္းေဖ၏
ခႏၶာကိုယ္မွ အဝတ္အခ်ိဳ႕ကို ဆြဲလွပ္ကာ
မ်က္ႏွာကို ေဖာ္လိုက္သည္။ ထိုအခါ
ေသာင္းေဖ၏ နာက်င္ရႈံ႕တြ၍ မခ်ိမဆန႔္
မ်က္ႏွာ ညိဳပုပ္ပုပ္ႀကီးက ေပၚလာသည္။
ေပ ၃၀ ခန႔္ ျမင့္မားေသာ ထန္းပင္ေပၚမွ
ေဇာက္ထိုးျပဳတ္က်ေသာ အေလာင္းျဖစ္ရကား
လည္ပင္း႐ိုးက က်ိဳးေၾကကာ ရင္ဘတ္ႏွင့္
ေက်ာျပင္က ထိန္းခ်ဳပ္မရဘဲ ခ်ာလည္လည္
ေနသည္။
ထို႔ေၾကာင့္ သာမန္ေသဆုံးေသာ အေလာင္းမဟုတ္
ရကား အေလာင္းကိုင္သူႏွစ္ေယာက္ပင္
႐ုတ္တရက္ လန႔္ဖ်ပ္သြားၿပီး လက္တြန႔္
သြားၾကေလသည္။
” ဟ…ဟ …လည္ပင္း႐ိုးက်ိဳးၿပီး
လည္ေနတာဟ”
ထို႔ေၾကာင့္ တစ္ေယာက္က ေခါင္းကို ထိန္း၊
က်န္တစ္ေယာက္က ေအးစက္မာခဲေနေသာ
ခႏၶာကိုယ္ေအာက္ပိုင္းကို ထိန္းကိုင္ကာ
အဝတ္သစ္ေတြ လဲလွယ္ၾကသည္။ ထိုစဥ္
႐ြာဦးေက်ာင္းမွ ေအာက္လင္းဓါတ္မီးႏွစ္လုံး
ကလည္း ထိန္ထိန္လင္းလင္း ေရာက္လာျပန္ရာ
အသုဘအိမ္သည္ ပို၍ၿမိဳင္ဆိုင္သြား၏။
သာဒင္သည္ တဟဲဟဲရယ္ကာ…
“ေဟ့…တို႔သူငယ္ခ်င္းကို ေနာက္ဆုံး
အေနနဲ႔ လွလွပပျပဳျပင္ၾကရမွာကြ၊
႐ြာလယ္က ေဘြးတုတ္တို႔ ညီအစ္မ
ၿမိဳ႕က ျပန္လာတာ ႏႈတ္ခမ္းနီနဲ႔
မ်က္ႏွာေခ်ေတြ ပါလာတယ္ကြ၊
မ်က္ႏွာေခ် တစ္ဘူးနဲ႔ ႏႈတ္ခမ္းနီ
တစ္ဘူး သြားေတာင္းၾကကြာ၊
တစ္ေယာက္ သြားေတာင္း၊ ဒီေကာင့္ကို
လွလွပပ ျပင္ရမယ္ေဟ့”
႐ြာထဲသို႔ လူငယ္ေလးတစ္ေယာက္
ထြက္သြားသည္။ အေလာင္းႀကီးကား
ဝါးကပ္ေပၚတြင္ ဆန႔္ဆန႔္ႀကီး လဲေလ်ာင္းေနဆဲပင္။
သည္အခ်ိန္တြင္ ဖဲဝိုင္းအတြက္ ျပင္ဆင္သူ
ေတြကလည္း တက္ညီလက္ညီပင္။
တစ္ေယာက္က ဖဲထုပ္အသစ္စက္စက္ကို
ဘူးမွ ထုတ္ယူကာ တ႐ႊမ္း႐ႊမ္းျမည္ေအာင္
ကုလားဖန္ ထိုးေလ၏။
“ဝိုင္းေတာ့ ေကာင္းၿပီေဟ့၊ ဖဲမ႐ိုက္ရတာ
ၾကာၿပီ”
ခဏၾကာလွ်င္ မ်က္ႏွာေခ်ႏွင့္ ႏႈတ္ခမ္းနီ
သြားယူေသာ လူငယ္ေလး ျပန္ေရာက္လာသည္။
ထိုအခါ သာဒင္ႏွင့္ သူငယ္ခ်င္းသုံးဦးသည္
ေသာင္းေဖ၏႐ုပ္အေလာင္းကို စတင္၍
ျပင္ဆင္ၾကေလသည္။ ေအာက္လင္းဓါတ္မီး
တစ္လုံးကို အေလာင္းစင္ဆီသို႔ ေ႐ႊ႕ယူ
လာသျဖင့္ ပို၍ လင္းထိန္သြား၏။
ထိုအခါ မ်က္လုံးျပဴး ရႈံ႕တြေနသာ အေလာင္း
မ်က္ႏွာျပင္ကို သာဒင္သည္ မေၾကာက္မ႐ြံ႕
ျပဳျပင္ေလသည္။ ျပဴးထြက္ေနေသာ
မ်က္လုံးႀကီးမ်ားကို အတင္းပိတ္ေစသည္။
ပခုံးတစ္ဖက္ နိမ့္ဝင္ေနသည္ကို ဆြဲဆန႔္သည္။
ေစာင္း႐ြဲ႕ေနေသာ ပါးတစ္ဖက္ကို ဆြဲလိမ္သည္။
တစ္ျခမ္းပိန္ေနေသာ ေခါင္းႀကီးကို တဖတ္ဖတ္
႐ိုက္ကာ တည့္မတ္ရသည္။
“ေသာင္းေဖ၊ စိတ္မဆိုးနဲ႔ကြ၊ မင္း ေသပန္း
ပြင့္ေနေအာင္ ငါ လုပ္ေပးေနတာ၊ မင္းကလည္း
ေျမျပင္ကို ေရျပင္မွတ္ၿပီး ဒိုက္ဗင္ထိုးရတယ္လို႔ကြာ၊
ေတာ္ေတာ္အသုံးမက်တာပဲကိုး”
သာဒင္သည္ လိမ္ေနေသာ လည္ပင္းကို
ခပ္ၾကမ္းၾကမ္းကိုင္၍ တည့္မတ္လိုက္ေပရာ
အေၾကာကို သြားႏွိပ္မိသည္ မသိ။
အေလာင္းႀကီးက ႐ုတ္တရက္ မ်က္စိပြင့္သြားသည္။
အေလာင္းျပင္ အေဖာ္ႏွစ္ေယာက္သည္ ‘ဟာ’ခနဲ
တ,ကာ ေနာက္သို႔ ေၾကာက္လန႔္တၾကား
ဆုတ္လိုက္ေလသည္။ သာဒင္သည္
မေၾကာက္မ႐ြံ႕ပင္…
“ေအာင္မယ္…ေသာင္းေဖ၊ မင္းက တို႔ကို
စိတ္ဆိုးတာလား၊ မင္း လွလွပပျဖစ္ေအာင္
လုပ္ေပးေနတာေလကြာ၊ ၿငိမ္ၿငိမ္ေနမွေပါ့ကြ၊
မင္းကို မ်က္ႏွာေခ်လိမ္ၿပီး ႏႈတ္ခမ္းနီဆိုးေပးမယ္၊
ဒါမွ ဓါတ္ရွင္မင္းသား ေမာင္ညီပုနဲ႔ ပိုလွသြားမွာကြ၊
ၿငိမ္ၿငိမ္ေန၊ ဓါတ္ရွင္မင္းသားေလာက္ေတာ့
စေပ်ာ့ေပါ့ …”
သာဒင္သည္ မ်က္ႏွာေခ်ဘူးထဲမွ ပန္းေရာင္
မ်က္ႏွာေခ်မ်ားကို ေကာ္ယူကာ ေသာင္းေဖ၏
မ်က္ႏွာကို မညီမညာ မလိမ္းတတ္ လိမ္းျခင္း၊
ႏႈတ္ခမ္းနီဆိုးျခင္းတို႔ကို ေဆာင္႐ြက္ေလေတာ့
သည္။ နာရီဝက္မွ် ၾကာသြားသည္။
သည္လိုႏွင့္ အေလာင္းျပင္ၿပီးေသာအခါ
အသင့္ခ်ထားေသာ သစ္သားေခါင္းထဲသို႔
ေ႐ႊ႕ထည့္ၾကသည္။
ေခါင္းအဖုံးကိုေတာ့ မပိတ္ဘဲ ခပ္ေစ့ေစ့
ဟထားရသည္။
ညဥ့္ကား တျဖည္းျဖည္း နက္ရႈိင္းစျပဳလာသည္။
လေရာင္မွာ မႈန္ဝါးဝါးမွ်သာ။ ဖဲဝိုင္းတြင္ေတာ့
လူစည္ကားေနသည္။ သာဒင္က ဖဲဝိုင္းတြင္
မပါဘဲ လူႀကီးတစ္ေယာက္ႏွင့္ စကား
လက္ဆုံက်ေနသည္။
ထိုစဥ္ လင္ေကာင္ပိုးငွက္တစ္ေကာင္၏
ဂီးခနဲ တစ္ခ်က္ေအာ္သံႏွင့္ အတူ ထန္းေတာ
အေနာက္ဘက္ သခ်ႋဳင္းစပ္မွ’ေဟး’ခနဲ
‘ေဟး’ခနဲ ေအာ္သံႀကီးကို ၾကားလိုက္ရကာ
ဖဲဝိုင္းမွ လူမ်ားသည္ တစ္ေယာက္မ်က္ႏွာ
တစ္ေယာက္ ျပန္ၾကည့္ကာ ေၾကာင္
အအျဖစ္ကုန္ၾကသည္။
ေဟးခနဲ ေအာ္သံမ်ားက သခ်ႋဳင္းဆီမွ
တျဖည္းျဖည္း နီးကပ္လို႔ လာေလၿပီ။
ဖဲဝိုင္းမွ ထိုးသားမ်ားသည္ လန႔္ဖ်ပ္ကာ
လႈပ္လႈပ္႐ြ႐ြ ျဖစ္လာသည္။
“ဘာသံႀကီးလဲဟ၊ ေၾကာက္စရာႀကီး”
ထိုစဥ္ ခပ္ေဝးေဝးမွ ျပင္ဆင္ထားေသာ
႐ုပ္အေလာင္းႀကီးဆီမွ ေခါင္းအဖုံးသည္
ဒုန္းခနဲ ျမည္ကာ ျပဳတ္က်သြားေလသည္။
အားလုံးလန႔္ဖ်ပ္ကာ ထသူက ထ၊
ပိုက္ဆံသိမ္းသူက သိမ္း၊ အိမ္ေပၚ
တက္ေျပးသူက ေျပးႏွင့္ ႐ုန္းရင္းဆန္ခတ္
ျဖစ္ေနစဥ္ ေသာင္းေဖ၏ ႐ုပ္အေလာင္းႀကီးသည္
မ်က္ႏွာေခ် အေဖြးသားႏွင့္ ႐ုတ္တရက္
ထထိုင္ေလသည္။
အေလာင္းႀကီးသည္ မီးေရာင္လာရာသို႔
လွမ္းၾကည့္ေနေလသည္တကား။
“ေအာင္မေလးဗ်…၊ သရဲ သရဲ ဖုတ္ဝင္လာၿပီ”
ေျပးသူ ေျပးႏွင့္ ရႈပ္ယွက္ခတ္ေနစဥ္ ႐ုပ္
အေလာင္းႀကီးသည္ တစ္ဖက္က ေအာ္သံႀကီးကို
ျပန္တုံ႔ျပန္ကာ တေဟးေဟးျဖင့္ ျပန္ေအာ္ေလသည္။
ေအာ္သံအဆုံးတြင္ ႐ုပ္အေလာင္းႀကီးသည္
ကုန္း႐ုန္းထလိုက္ရာ လိမ္ေစာင္းေနေသာ
လည္ပင္းႀကီးက ေနာက္ေက်ာျပင္ထိ
ေရာက္သြားၿပီး အသံၾသရွရွႀကီးျဖင့္ …
“အရက္ကိုတဲ့မွ …အားမနာ…အားမနာ
မေသာက္ရင္ သီလေစာင့္မယ္…ကိုေက်ာင္းဒကာ…
ေသာက္ေတာ္ဘူးရယ္နဲ႔ …ကိုယ္မကြာ…
ကိုယ္မကြာ…ေသာက္ေတာ္ဘူးရယ္နဲ႔…
ကိုယ္မကြာ…ကိုယ္မကြာ…”
နတ္သံဟစ္ေလေတာ့သည္။
ဖဲဝိုင္းကား ထိန္းမရေအာင္ ပ်က္ေလၿပီ။
ဝိုင္းသားမ်ားသည္ တစ္ေယာက္ႏွင့္တစ္ေယာက္
တြန္းထိုးကာ အခ်ိဳ႕က သာဒင္ကို တက္နင္းၿပီး
႐ြာထဲသို႔ ဝင္ေျပးၾကေလသည္။
သာဒင္သည္ မူးေနကာ ေတာ္ေတာ္ႏွင့္ မထႏိုင္ေပ။
အေလာင္းေကာင္ႀကီးသည္ ‘ေဟး’ခနဲ ေအာ္ကာ
ထန္းေတာၾကား သခ်ႋဳင္းဆီမွ ေအာ္သံေတြ
ၾကားရာဆီသို႔ ဒယိမ္းဒယိုင္ျဖင့္ ေျပးထြက္
သြားေလသည္။ အေလာင္းေကာင္ႀကီး
ဖုတ္ဝင္ထြက္ေျပးသြားရာ ေနာက္သို႔
မည္သူမွ် လိုက္မရွာဝံ့ၾကဘဲ မိုးလင္းမွ
လူစုကာ ထြက္ေျပးသြားရာ သခ်ႋဳင္းဆီသို႔
သြားေရာက္ရွာေဖြၾကသည္။
ထိုအခါ သခ်ႋဳင္းအဝတြင္ ႐ႊံ႕အလူးလူးျဖင့္
ပက္လက္လန္လဲက်ေနေသာ မ်က္ႏွာေခ်
အေဖြးသား၊ ႏႈတ္ခမ္းနီအရဲသားႏွင့္ ေသာင္းေဖ၏
႐ုပ္အေလာင္းႀကီးကို ေတြ႕လိုက္ၾကရေလသည္။
အေလာင္းႀကီး၏ မ်က္ႏွာျပင္ကား
ထန္းပင္ေပၚမွ လိမ့္က်ခါစႏွင့္ မတူဘဲ
ေလာကႀကီးကို ေက်နပ္ခြင့္လႊတ္သည့္ပမာ
ၿပဳံးၿဖီးၿဖီးႀကီး ျဖစ္ေနသည္ကို ေတြ႕ျမင္
လိုက္ၾကရေလေတာ့သည္။
ထိုအခါ ဘႀကီးေပတုံးသည္ မ်က္ႏွာညႇိဳးငယ္စြာျဖင့္…
“ငါေျပာသေပါ့ကြယ္…၊ ဓေလ့ထုံးစံကို
မဖ်က္ေကာင္းဘူးလို႔ ေျပာပါသေကာ၊
မလုပ္သင့္တာလုပ္ေတာ့ အပမွီၿပီး သခ်ႋဳင္းထဲက
ဖုတ္တေစၦေတြက ႐ြာစပ္ထိ ေရာက္လာၿပီး
သူတို႔အေဖာ္ကို ညာသံေပးၿပီး ေခၚတာေပါ့။
အုပ္လိုက္ လာေခၚတာ၊ ေသာင္းေဖက
ဖုတ္ဝင္ၿပီး သခ်ႋဳင္းထိ လိုက္သြားတာပဲ၊
႐ြာနာတာေပါ့ …၊ ဒီေတာ့ ရပ္႐ြာသန႔္သြား
ေအာင္ ပရိတ္တရားေတြ ႐ြတ္ၾက
ဖတ္ၾကတာေပါ့ကြယ္…”
သာဒင္သည္ မ်က္ႏွာငယ္ကေလးႏွင့္
ေရငုံႏႈတ္ပိတ္ တိတ္ဆိတ္ေနေလေတာ့သည္။ ။
ၿပီးပါၿပီ

No comments

Post a Comment