ခိုတောင်သိုက် (စ-ဆုံး)

  ခိုတောင်သိုက် (စ-ဆုံး) ရေးသားသူ...သန့်ဇင် အချိန်ကာလသည် ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားပြီးနောက် ဂျာမန်များ ဥရောပတိုက်၌ စစ်မျက်နှာ တ... thumbnail 1 summary

 ခိုတောင်သိုက် (စ-ဆုံး)

ရေးသားသူ...သန့်ဇင်

အချိန်ကာလသည် ၁၉၄၄ ခုနှစ်
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားပြီးနောက်
ဂျာမန်များ ဥရောပတိုက်၌ စစ်မျက်နှာ
တိုးချဲ့နေသလို ဂျပန်များကလည်း မြန်မာ
တစ်ပြည်လုံးအား သိမ်းပိုက်ပြီး အနောက်
မြောက်ဒေသအားဖြတ်သန်း၍ မဏိပူရ
လွင်ပြင်ရှိ အင်ဖာမြို့နှင့် အာသံနယ်ခြားရှိ
ကိုဟီးမားမြို့သို့ ဦးတည်ချီတက်နေချိန်
ဖြစ်သည်။

ဖက်ဆစ်ဂျပန်များ၏ စစ်ရေး
ရည်မှန်းချက်မှာ ထိုဒေသမှာတစ်ဆင့်
အိန္ဒိယနိုင်ငံအတွင်း ထိုးဖောက်၍
အင်္ဂလိပ်တပ်များအား တိုက်ထုတ်ပြီး
အိန္ဒိယတစ်နိုင်ငံလုံးအား သိမ်းပိုက်ရန်
ဖြစ်သည်။ ၁၉၄၄ ခုနှစ် ၊ မတ်လ ၁၅
ရက်နေ့တွင် ဂျပန်တပ်မတော် အမှတ်
(၃၃) ၊ (၃၁) ၊ (၁၅) အစရှိသော
တပ်မကြီးများသည် စစ်ကြောင်း
သုံးကြောင်းခွဲ၍ မြန်မာနိုင်ငံနှင့် အိန္ဒိယ
နိုင်ငံနယ်စပ်အကြား ပတ်ကွိုင်တောင်တန်း၊
နာဂတောင်တန်း၊ ဟူးကောင်းတောင်တန်း
ကြီးများအား ခက်ခဲစွာ ဖြတ်ကျော်ပြီး
ချီတက်ကြ၏။

အင်္ဂလိပ်တို့သည် ဒုတိယကမ္ဘာစစ်ကြီး
ဖြစ်ပွားပြီးနောက် ဂျပန်နိုင်ငံက အမေရိကန်
နိုင်ငံ၏ ရေတပ်အခြေစိုက်စခန်းဖြစ်သော
ပုလဲဆိပ်ကမ်းအား အလစ်အငိုက်
တိုက်ခိုက်ခြင်းဖြင့် ဒုတိယကမ္ဘာစစ်ပွဲကြီး
အတွင်း အမေရိကန်နိုင်ငံ ပါဝင်လာသော
အခါ အမေရိကန်တို့နှင့် မဟာမိတ်တပ်
ပေါင်းစု ဖွဲ့လိုက်ကြသည်။ ဂျပန် ၊ ဂျာမနီ ၊
အီတလီတို့အား ဝင်ရိုးတန်းဖက်ဆစ်နိုင်ငံ
များဟု ခေါ်ကြသည်။

အိန္ဒိယစစ်မြေပြင်တွင် အင်္ဂလိပ်နှင့်
အမေရိကန်တပ်များ ပူးပေါင်းပြီး
မဟာမိတ်တပ်ပေါင်းစုဖွဲ့၍ ထိုးဖောက်
ဝင်ရောက်လာနေသော ဂျပန်တပ်များအား
ခံစစ်ဆင်သည်။ သို့အတွက်ကြောင့်
မဟာမိတ်တပ်များအဖို့ မိမိတို့၏ အခြေခံ
စခန်းများနှင့် အလှမ်းကွာခြင်းမရှိဘဲ
တိုက်ပွဲဆင်နွှဲနိုင်ခဲ့သည်။

ဂျပန်တပ်များအဖို့ စစ်ဦးဘီးလူ
ဆိုသည့်အတိုင်း တရကြမ်းတိုက်ပွဲဆင်၍
မြို့ရွာနိုင်ငံများအား သိမ်းပိုက်ရင်း သူတို့၏
အခြေခံစခန်းများနှင့် ဝေးကွာမှန်းမသိ
ဝေးကွာလာခဲ့၏။ စစ်ဦးရောက်နေသော
အိန္ဒိယနယ်စပ်သို့ လိုအပ်သော လက်နက်
ခဲယမ်းမီးကျောက် ၊ စားနပ်ရိက္ခာများအား
ပို့ဆောင်ပေးရန်မှာ တဖြည်းဖြည်း ခက်ခဲ
လာခဲ့၏။ နယ်စပ်သို့သွားသော တမူးလမ်း
မှာလည်း ထိုစဉ်က လွယ်ကူသောလမ်း
မဟုတ်ခဲ့။

သို့သော် ပထမဦးဆုံး အင်ဖာတိုက်ပွဲ၌
ဂျပန်တပ်များ အနိုင်ရလိုက်သည်။
အိန္ဒိယနယ်စပ်ရှိ ဗိုလ်ချုပ်ကြီးစလင်း၏
အမှတ် (၁၄) တပ်မတော်အား ဂျပန်တပ်များ အောင်ပွဲခံလိုက်သောအခါ
ဂျပန်နိုင်ငံ တိုကျိုရေဒီယိုမှ အောင်ပွဲအတွက် ကျူးရင့်ဟစ်ကြွေးသံများ
ပွက်ပွက်ညံသွားခဲ့သည်။ မဏိပူရလွင်ပြင်ရှိ
အင်ဖာမြို့နှင့် အာသံနယ်ခြားရှိ ကိုဟီးမားမြို့တို့ရှိ မဟာမိတ်တပ်များအား
ဂျပန်ဒီဝီဇံတပ်ကြီးများက ဝိုင်းထားလိုက်
ကြသည်။

ထိုအခါ မြန်မာနိုင်ငံမှ အိန္ဒိယသို့
ပြောင်းရွှေ့ ရုံးစိုက်သော ဘုရင်ခံ
ဆာဒေါ်မန်စမစ်နှင့် အစိုးရအဖွဲ့သည်
တုန်လှုပ်ချောက်ချားလာကြသည်။
အိန္ဒိယနိုင်ငံကြီးအား ဂျပန်တပ်များက
နေ့သိမ်းမှာလား ၊ ညသိမ်းမှာလားဟု
စိုးရိမ်လာကြ၏။

ဒါပေမယ့် အထက်ပါ အခြေအနေသည်
ခေတ္တခဏသာဖြစ်ခဲ့ပါသည်။ ရှေ့တန်း
ရောက် ဂျပန်တပ်မတော်အား နောက်တန်းမှ စားနပ်ရိက္ခာနှင့်လက်နက်
ခဲယမ်းမထောက်ပံ့နိုင်ခြင်း ၊ ဂျပန်လေ
တပ်မတော်ကလည်း ကောင်းစွာမကူညီနိုင်
သောအခါ တိုက်ပွဲသည် အခြေအနေ
တစ်မျိုးပြောင်းသွား၏။ ဖက်ဆစ်ဂျပန်တို့၏
မြန်မာပြည်စစ်မြေပြင်၌ ကျဆုံးခြင်းအလှည့်
အပြောင်းသည် စတင်ခဲ့ပြီဖြစ်ပါသည်။
ချန်ကေရှိတ်၏ တရုတ်ဖြူတပ်များကလည်း
ဂျပန်တပ်များ ရိက္ခာ မပို့နိုင်အောင်
လမ်းကြောင်းများ ဖြတ်တောက်ထား၏။
ထို့ကြောင့် ဂျပန်တပ်များ တဖြည်းဖြည်း
အားအင်ချည့်နဲ့လာခဲ့ကြရသည်။

အဝိုင်းခံထားရသော မဟာမိတ်တပ်များသို့
မဟာမိတ်စစ်လေယာဉ်များက လက်နက်
ခဲယမ်းများ ၊ စားနပ်ရိက္ခာများအား
လေထီးများဖြင့် အဆက်မပြတ်ထောက်ပံ့
ပေးပြီး လေကြောင်းကပါ ပြင်းထန်စွာ
တိုက်ခိုက်သောအခါ ဝိုင်းရံထားသော
ဂျပန်တပ်များ အကျအဆုံးများစွာဖြင့်
ဆုတ်ခွာကြရတော့သည်။ ထိုအခါ
အင်အားချည့်နဲ့ပြီး အစာရေစာ ငတ်မွတ်နေ
သော ဂျပန်တပ်တို့အား မဟာမိတ်တပ်များ
က ကြည်းတပ် ၊ လေတပ်ဖြင့် ပြင်းထန်စွာ
တိုက်ခိုက်ကြတော့သည်။

မဏိပူရ ၊ အင်ဖာနှင့် ကိုဟီးမားစစ်မြေပြင်၌
ဂျပန်စစ်သားတို့၏ကျဆုံးမှုမှာ ကြောက်
ခမန်းလိလိဖြစ်ပြီး စစ်သားဦးရေ
သုံးသောင်းခန့်နှင့် သုံ့ပန်းများမှာလည်း
အမြောက်အများ အဖမ်းခံရ၏။

တမူးလမ်းအတိုင်း ဆုတ်ခွာသွားသော
ဂျပန်တပ်များနောက်သို့ မဟာမိတ်တပ်များ
က ထက်ကြပ်မကွာ လိုက်လံတိုက်ခိုက်
သောကြောင့် ချင်းတွင်းမြစ်ဝှမ်းအထိ
ဂျပန်တပ်များ ပြန်လည်မခုခံနိုင်ဘဲ
ထွက်ပြေးရ၏ အရှေ့တောင်အာရှစစ်မြေပြင်၏
စစ်သေနာပတိချုပ်ဗိုလ်ချုပ်ကြီးမောင့်ဘတ်
တန်၏ လက်ရုံးတစ်ဆူဖြစ်သော
ဗိုလ်ချုပ်ကြီးစလင်းသည် အမှတ် (၁၄)
တပ်မတော်အား ဦးစီး၍ ဒီဝီဇံတပ် (၇) တပ် ၊ သံချပ်ကာယန္တရား ဘရီဂိတ် (၂)
တပ်အပြင် လေကြောင်း စစ်ကူဖြင့်
လိုက်လံတိုက်ခိုက်သောအခါ ရွှေဘိုမြို့၌
ခုခံရန် ပြင်ဆင်ထားသော ဂျပန်များ
မခုခံနိုင်ဘဲ ဆုတ်ခွာထွက်ပြေးရပြန်သည်။

ရွှေဘိုမှတစ်ဆင့် ဧရာဝတီမြစ်
အနီးဆုတ်ခွာလာသော ဂျပန်ဒီဝီဇံတပ်မ
သုံးခုမှ လက်ကျန်စစ်သားများသည်
ကျောက်မြောင်း ၊ ခင်ဦးမြို့အရှေ့ဘက်မှ
တစ်ဆင့် ဧရာဝတီမြစ်အား ဖြတ်ကူးကြ
သည်။

ဂျပန်တပ်မတော် အမှတ် (၃၃)
ဒီဝီဇံတပ်မ၏ စစ်တံခွန်အလံကိုင်
တပ်ရင်းဖြစ်သော ဗိုလ်မှူးကြီးတာကာရှီးမားဦးဆောင်သည့်
တပ်ရင်းတစ်ရင်းသည် ရွှေဘိုမှတစ်ဆင့်
ကျောက်မြောင်းဘက်သို့မဆင်းဘဲ
ခင်ဦးမြို့နယ် အရှေ့ဘက်သို့
တောအုပ်ကြီးများအား အကာအကွယ်ပြု၍
ဆုတ်ခွာလာကြသည်။ ကျန်တပ်များက
ရွှေဘိုမှကျောက်မြောင်းသို့ ဆုတ်ခွာပြီး
ဧရာဝတီမြစ် အရှေ့ဘက်တို့ ကူးသို့ပြေးကြ
သည်။

ဂျပန်စစ်ဗိုလ် တာကာရှီးမား
ဦးဆောင်သောတပ်ရင်းသည် ဂျပန်ဒီဝီဇံတပ်မများ၏ အရေးကြီးစာရွက်
စာတမ်းများ ၊ ဂျပန်ဘုရင့်စစ်တံခွန်အလံနှင့်
အတူ မြန်မာပြည်စစ်မြေပြင်အတွင်း
လုယက်သိမ်းဆည်းခဲ့သော အဖိုးတန် ရွှေ ၊
ငွေ လက်ဝတ်ရတနာများ အမြောက်အမြား
ပါဝင်သည်။

ထိုစဉ်က သပတ်ကျင်းမြို့နယ်
ဧရာဝတီမြစ် အနောက်ဘက်ကမ်းအနီး
ရေလယ်ခေါင်ကျွန်းရှိ အညာသီဟတော
ဘုရားအနောက်ဘက်သည် သစ်တော
ဝါးတောကြီးများ ဖုံးလွှမ်းလျက်ရှိသည်။
ယခုကဲ့သို့ လယ်ယာများမရှိသေး။
ခိုတောင်ကြိုးဝိုင်းဟု ခေါ်ကြသည်။

ထိုသစ်တောကြိုးဝိုင်းအတွင်းသို့
ဂျပန်ဗိုလ်တာကာရှီးမားနှင့် ဂျပန်စစ်တပ်
ရောက်ရှိလာခဲ့သည်။ သူတို့နှင့်အတူ
ခင်ဦးမြို့မှ လှည်းကိုးစီးနှင့် လှည်းမောင်း
သမား မြန်မာကိုးယောက်အား ချွေးတပ်
အဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြသည်။
လှည်းသမားကိုးယောက်အား ဧရာဝတီမြစ်
ဆိပ်ရောက်လျှင် ပြန်လွှတ်ပေးမည်ဟု
ပြောပြီး ခေါ်ခဲ့ကြခြင်း ဖြစ်၏။ အညာသီဟ
တောဘုရားမြစ်ဆိပ်မှ အနောက်ဘက်
နှစ်မိုင်ခန့်အကွာ သစ်တောအုပ်အတွင်း
ဝယ် ဂျပန်တပ်များ ခေတ္တစခန်းချကြသည်။

လှည်းသမား မြန်မာလူမျိုးများကလည်း
မောပန်းလွန်းသဖြင့် ရေသောက်သူ
သောက် ၊ နွားများအား ရေတိုက်သူတိုက် ၊
ဆေးလိပ်ဖွာသူဖွာဖြင့် အနားယူနေကြ
သည်။

ဂျပန်ဗိုလ်မှူးကြီး တာကာရှီးမား နှင့်
ဂျပန်စစ်ဗိုလ်များသည် အရေးကြီးကိစ္စ
တစ်ခုအား ခေါင်းချင်းဆိုင်ပြီး တိုင်ပင်နေကြ
သည်။ ဂျပန်စစ်သားများမှာလည်း
ဖျားနာသူ ၊ ဒဏ်ရာရသူ ၊ အစာရေစာ
မဝလင်သဖြင့် အားပြတ်နွမ်းနယ်မှုများ
ကြောင့် ခြေပစ်လက်ပစ် ဖြစ်နေကြသည်။
မြန်မာလှည်းသမားကိုးယောက်မှ
လူရည်လည်သူ လေးယောက်သည်
တစ်ဦးနှင့်တစ်ဦး မျက်ရိပ်မျက်ခြည်ပြလျက်
အသံမဲ့စကားပြောနေကြသည်။ တစ်ဦးက
လူနာစစ်သားများလှဲနေသောဘက်သို့
မျက်စပစ်ပြသည်။ ထိုနေရာသည်
အစောင့်ဂျပန်စစ်သားများမရှိဘဲ လစ်ဟာ
လျက်ရှိသည်။ ဂျပန်စစ်သားနှစ်ယောက်က
မပြောမဆိုဘဲ နွားလှည်းတစ်စီးမှ
နွားနှစ်ကောင်အား ဖြုတ်ယူသွားကြသည်။
သေနတ်သံ လေး၊ ငါးချက် ကြားရပြီး
နောက် နွားကြီးနှစ်ကောင်မှာ အသက်
ပျောက်သွားခဲ့ရသည်။ ဂျပန်များက
နွားအသေကောင်အား အမဲဖျက်ကြသည်။
ရေနွေးအိုးကြီးတည်ပြီး အမဲသားများ ပြုတ်
သူပြုတ် ၊ မီးကင်၍ မကျက်တကျက်မှာ
အငမ်းမရဖြင့်စားနေစဉ် လှည်းသမားလေးဦးမှာ ဂျပန်လူနာစစ်သား
များအား ခုန်ကျော်ပြီး တောကြီးအတွင်းသို့
ထွက်ပြေးပါတော့သည်။ သူတို့
ခပ်လှမ်းလှမ်းရောက်မှ စစ်သားများတွေ့
သွားပြီး သေနတ်ဖြင့် ဝိုင်းပစ်ကြသည်။
ဒါပေမယ့် လှည်းသမားလေးဦးမှာ
သစ်တောကြီးအတွင်း ဝင်ရောက်ပျောက်
ကွယ်သွား၏။ ထိုအခါကျမှ ဂျပန်စစ်သား
များ ကျန်လှည်းသမားငါးဦးအား
သေနတ်များဖြင့် ဝိုင်ချိန်ထားပြီး
ဂျပန်စစ်ဗိုလ်ကြီးတစ်ဦးက သစ်တောကြီး
အတွင်း မြေကွက်လပ်တစ်ခုတွင်
တွင်းကြီးတူးခိုင်း၏။

ထွက်ပြေးသွားသော လှည်းသမားလေးဦးမှ
လူငယ်တစ်ယောက်သည် အဝေးသို့
ထွက်မပြေးဘဲ ကျွန်းပင်အမြင့်ကြီးတစ်ပင်
ပေါ်သို့ တက်၍ ဂျပန်များအား စောင့်ကြည့်
နေခဲ့ပါသည်။ သူသည် လှည်းဖြင့်
သယ်ဆောင်လာသော သံသေတ္တာကြီးများ
အား မသင်္ကာရှိနေခဲ့သည်။ ဘယ်လိုနည်းနှင့်မှ ကျည်ဆန်သေတ္တာများ
မဖြစ်နိုင်ဟု သူထင်ထားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဂျပန်စစ်သားများ
သည် ထိုသံသေတ္တာများအား အလွန်
ဂရုစိုက်လွန်း၍ဖြစ်သည်။ လှည်းတစ်စီး
သံသေတ္တာကြီးနှစ်လုံးဖြင့် စုစုပေါင်း
သေတ္တာဆယ့်ရှစ်လုံးဖြစ်သည်။
တွင်းကြီးတူးပြီးသောအခါတွင်
လှည်းသမားများအား တွင်းကြီးထဲသို့
သံသေတ္တာများအား စီ၍ ချခိုင်းသည်။
တွင်းနှုတ်ခမ်းတွင် ဂျပန်စစ်သား
လေးယောက် သေနတ်များကိုင်ပြီး
စောင့်ကြည့်နေကြသည်။ သေတ္တာများ
စီပြီးသွားသည်နှင့် စစ်သားလေးယောက်က
လှည်းသမားများအား သေနတ်ဖြင့်
ချိန်လိုက်ကြသည်။ လှည်းသမားများ
တွင်းပေါ်သို့ တက်၍ မရတော့ပါ။

ဂျပန်ဗိုလ်မှူးကြီး တာကာရှီးမား
တွင်းအနီးသို့ လျှောက်လာပြီး တွင်းထဲသို့
ငုံ့ကြည့်သည်။ မြန်မာစကားတတ်သော
ဂျပန်ဗိုလ်တစ်ယောက်က-

"မင်းတို့ မြန်မာလှည်းသမားငါးယောက်
နီပွန်တပ်မတော်ရဲ့အမိန့်ကို နာခံရမယ်။
ဒီသေတ္တာတွေဟာ ရွှေငွေရတနာတွေဖြစ်
တယ်။ မင်းတို့ကို သတ်ပြီးနောက်
မင်းတို့ရဲ့ဝိညာဉ်တွေဟာ ဒီရွှေငွေတွေကို
စောင့်ကြပ်ရမယ်။ ငါတို့က လွဲလို့ တခြားသူ
တွေ မတူးဖော်နိုင်အောင် မင်းတို့စောင့်ကြပ်
ဖို့ ဂျပန်ဘုရင်မင်းမြတ်ကိုယ်စား ဗိုလ်မှူးကြီး တာကာရှီးမား အမိန့်ပြန်လိုက်
မယ်"

ဂျပန်စစ်ဗိုလ်၏ အမိန့်ပြန်တမ်း
ပြီးဆုံးသွားသည်နှင့် စက်သေနတ်သံများ
ဆူညံစွာ ထွက်ပေါ်လာပြီး မြန်မာလှည်းသ
မားငါးဦးတို့မှာ သွေးသံရဲရဲဖြင့် သံသေတ္တာ
ကြီးများပေါ်သို့ လဲကျအသက်ပျောက်သွား
ကြပါသည်။

ပြီးနောက် ဂျပန်ဗိုလ်ကြီးက
ဂျပန်ဘာသာဖြင့် အမိန့်ပေးလိုက်သောအခါ
တွင်းနှုတ်ခမ်းပေါ်၌ စောင့်ကြည့်နေသော
ဂျပန်စစ်သားလေးဦးသည် သေနတ်များ
အား ပစ်ချလိုက်ပြီး တွင်းနှုတ်ခမ်းတွင်
ဒူးထောက်လိုက်ကြသည်။ ဂျပန်စစ်ဗိုလ်ကြီးက ဂျပန်ဘာသာဖြင့်
အမိန့်ပြန်သလိုပြုလုပ်ပြီးသောအခါ
ဂျပန်ဗိုလ်ကြီး၏ခါးမှ ကင်ဒိုဂျပန်ဓားကြီး
သည် နေရောင်အောက်၌ လင်းလက်သွား
ပြီး ဂျပန်စစ်သားလေးယောက်၏
လည်ပင်းပေါ်သို့ ဝဲကျသွားပါသည်။
စစ်သားလေးယောက်၏ ဦးခေါင်းပြတ်များ
တွင်းထဲသို့ လိမ့်ဆင်းသွားသည်။
သူတို့ခန္ဓာကိုယ်မှသွေးတို့မှာ တွင်းထဲသို့
မြင်မကောင်းအောင် စီးကျနေကြသည်။
ဂျပန်စစ်သားတစ်ယောက်က အသက်မဲ့နေ
သော ခန္ဓာကိုယ်များအား တွင်းထဲသို့
ခြေနှင့်ကန်ချသည်။ သူတို့ကိုင်ခဲ့သော
ဂျပန်ရိုင်ဖယ် လေးလက်အားလည်း
တွင်းထဲသို့ ပစ်ချလိုက်သည်။ မြေဖို့ပြီး
သည်နှင့် ဂျပန်တပ်ကြီးသည် ဧရာဝတီမြစ်
ဘက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြ
သည်။

ထိုမြင်ကွင်းအား ကျွန်းပင်ကြီးပေါ်မှ
ချောင်းကြည့်နေသော လှည်းသမားသည်
သွေးပျက်ချင်သလိုဖြစ်လာပြီး ဂျပန်များမရှိ
တော့သည်နှင့် သူ့ရွာရှိရာ ခင်ဦးမြို့ဘက်
သို့ ပြေးထွက်သွားပါတော့သည်။

မြန်မာပြည် လွတ်လပ်ရေးရ၍
ဖဆပလခေတ်နောက်ပိုင်း တော်လှန်ရေး
ကောင်စီတက်လာပြီး လမ်းစဉ်ပါတီခေတ်
ရောက်လာသည်။ အင်္ဂလိပ်ခေတ်က
ခိုတောင်ကြိုးဝိုင်းသစ်တောကြီးသည်
လယ်ယာမြေ ချဲ့ထွင်သည့်ဒေသခံရွာသား
များ၏လက်ချက်ကြောင့် သစ်တောပြုန်း
တီးလာပြီး ကျုံ့၍ကျုံ့၍လာ၏။
ခင်ဦးမြို့နယ်ရှိ ကျေးရွာများက ထိုသစ်တောကြီးအတွင်း သစ်ဝါးခုတ်ကြ
သည်။ ထင်းခွေကြသည်။ တောအနီး
နွားကျောင်းကြသည်။ တစ်ခါတစ်ရံ
ဝါးခုတ်သူ နွားကျောင်းသားများ
ရွှေလက်ကောက် ၊ ရွှေလက်စွပ် ၊ ရွှေဒင်္ဂါး
များ ထိုတောထဲမှ ကောက်ရကြသည်။
ထိုအဖြစ်အပျက်လေးအား တင်ပြပါဦးမည်။

ဧရာဝတီမြစ်အရှေ့ဘက် သပိတ်ကျင်း
မြို့နယ်သည် မန္တလေးတိုင်းဒေသကြီး
ပြင်ဦးလွင်ခရိုင်တွင် ပါဝင်၍ မြစ်အနောက်
ဘက် ခင်ဦးမြို့နယ်သည် စစ်ကိုင်းတိုင်း
ဒေသကြီး ရွှေဘိုခရိုင်၌ ပါဝင်သည်။
မြစ်အနောက်ဘက်တွင် တောင်မှမြောက်
သို့ အလျားလိုက်ဖောက်လုပ်ထားသော
ဗျူဟာလမ်းဟု ခေါ်ကြသော မြေသားလမ်း
ကြီး ရှိသည်။ အညာသီဟတောဘုရား၏
မြောက်ဘက် ဧရာဝတီမြစ်ကမ်းစပ်
ဗျူဟာလမ်းမှတစ်ဆင့် ခင်ဦးမြို့နယ်သို့
သွားသော ကျောက်ချောခင်းထားသည့်
ကားလမ်းရှိသည်။

ထိုကားလမ်း၏နံဘေး၌ အင်ပင်အမည်ရှိ
ရွာလေးရှိသည်။ ထိုရွာလေး၌ ကိုရင်သာနှင့်
မကြီးလှတို့ မိသားစု နေထိုင်ပါသည်။
သားသမီးလေးယောက်ရှိရာတွင်
မောင်တင်အောင်က အကြီးဆုံးဖြစ်သည်။
အသက် (၁၅) နှစ်ခန့်ရှိ ထိုသူငယ်သည်
မိဘဖြစ်သူတို့၏ လယ်ယာများ၌ ကူညီထွန်
ယက်ပေးရသလို အိမ်မှာမွေးထားသော
နွားများကိုလည်း ကျောင်းရသည်။
သူတို့ရွာနှင့် ခိုတောင်ကြိုးဝိုင်းသစ်တောက
သိပ်မဝေးလှပါ။ ဒီတော့ မောင်တင်အောင်
သည် နွားကျောင်းလျှင် အရိပ်အာဝါသ
ကောင်းပြီး အစာရေစာပေါသော
ခိုတောင်ကြိုးဝိုင်းတောစပ်သို့ နွားကျောင်း
လေ့ ရှိသည်။

မကြီးလှ၏ ဖခင်ဖြစ်သူမှာ ဦးလူလေး
ဖြစ်၏။ သူသည် ဂျပန်ခေတ်က ချောအဆွဲ
ခံရပြီး ထွက်ပြေးလွတ်မြောက်လာသော
လှည်းသမားတစ်ဦး ဖြစ်၏။ ဂျပန်ခေတ်တုန်းက ဖြစ်ပျက်ခဲ့သော
ထိုအကြောင်းအရာများအား မြေးဖြစ်သူ
မောင်တင်အောင်အား ပုံပြင်သဖွယ်
ပြောပြတတ်သည်။ မောင်တင်အောင်သည်
ကလေးအရွယ်မို့ မကြောက်တတ်သော်
လည်း ထိုတောထဲ၌ ဂျပန်များ သတ်သွား၍
အစောင့်တွေ သရဲတွေ ဖြစ်ကုန်ကြသော
လှည်းသမားများနှင့် ဂျပန်စစ်သားတွေရှိ
ကြောင်း အဘိုးပြောပြ၍ သိနေသည်။
ထို့ကြောင့် နွားကျောင်းရာတွင်း ထိုတောထဲ
သို့ ဘယ်တော့မှ မဝင်ပါ။ သို့ရာတွင်
နွားကျောင်းတိုင်း တောစပ်ရှိ ဖျောက်ဆိတ်
ပင်ကြီး၌ ပါလာသည့် ထမင်းထုပ်မှ ထမင်း၊
ဟင်းများအား စားဦးစားဖျား တင်မြှောက်
လေ့ရှိသည်။ ဘာရယ်မဟုတ်ပေမယ့်
အဘိုးသင်ထားသဖြင့် ပြုလုပ်ခြင်း
ဖြစ်သည်။

တစ်နေ့ -

ထုံးစံအတိုင်း တောစပ်အနီး
နွားများကို လွှတ်ကျောင်း၍ ထမင်းထုပ်
ဖြေပြီး ဖျောက်ဆိတ်ပင်ခွကြား၌
စားဦးစားဖျား တင်မြှောက်လိုက်သည်။
လွယ်အိတ်နှင့်ထမင်းထုပ်အား သစ်ကိုင်းမှာချိတ်၍ ပါလာသည့် လေးခွဖြင့်
တွေ့သမျှ ငှက်တို့အား လိုက်ပစ်နေစဉ်
ဝံလိုငှက်ကြီးတစ်ကောင်သည်
ဖျောက်ဆိတ်ပင်ကြီး၌ လာနားသည်။

"ဟာ - ငှက်ကြီးကကြီးလိုက်တာ။
အနည်းဆုံး နှစ်ပိဿာလောက်တော့
ရှိမှာပဲ။ ခေါင်းကိုမှန်အောင်ပစ်မှ"

မောင်တင်အောင်က လေးခွဖြင့်
သေသေချာချာ ချိန်၍ပစ်သည်။ မထိပါ။
နွားကျောင်းသားများသည် နေ့စဉ်
နွားကျောင်းရင်း လေးခွဖြင့်ပစ်နေကျ
ဖြစ်သောကြောင့် လက်တည့်ကြသူများ၏။
ယခုသော် ထိုငှက်ကြီးအား မည်သို့မျှ
ပစ်မရဖြစ်နေသည်။ သူဒေါသထွက်လာ
သောအခါ ဝံလိုငှက်ကြီးသည် မနီးမဝေး
တောထဲရှိ သစ်ပင်တစ်ပင်ပေါ်သို့
သွားနားပြန်သည်။ သူထက်ကြပ်မကွာ
လိုက်၍ လောက်လေးခွဖြင့်ပစ်သည်။
ဤသို့ဖြင့် တောအုပ်အတွင်းသို့
ရောက်မှန်းမသိ ရောက်လာသည်။
တောအုပ်ထဲရောက်သည်နှင့် ဝံလိုငှက်ကြီး
သည် ပျောက်ခြင်းမလှ ပျောက်သွားပါ
တော့သည်။

မောင်တင်အောင် ငှက်ကြီးအား
လိုက်ရှာရင်း အဘိုးပြောသည့်ပုံပြင်အား
သတိရ၍ ကြက်သီးတွေ ထလာသည်။
စိတ်ကိုတင်းထားလိုက်ပြီး လေးခွကိုင်၍
ဟိုသည်ကြည့်နေစဉ် ပျဉ်းမပင်ကြီးအနီး
ခြတောင်ပို့ပေါ်မှ ဝင်းဝင်းလက်လက်
အရာများအား တွေ့လိုက်ရသည်။
ခြတောင်ပို့အနားသွား၍ ကြည့်လိုက်သော
အခါ ရွှေလက်ကောက်များနှင့် ရွှေဒင်္ဂါးများ
ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်သော
အခါ ဝါးတော ၊ ကျွန်းပင်ကြီးများဖြင့်
တောသည် တိတ်ဆိတ်နေပါသည်။
ပင်မြင့်ကြီးများထက်မှ ငှက်သံလေးများက
စိုးစိုးစီစီမြည်ကြွေးနေကြသည်။
တောင်ပို့ထက်မှ လက်ကောက်များနှင့်
ရွှေဒင်္ဂါးများအား ပုဆိုးခါးပုံစထဲအမြန်ထည့်
၍ တောထဲမှ အမြန်ပြေးထွက်ခဲ့ပါသည်။

"အဘိုး ၊ ကျွန်တော် အဘိုးပြောတဲ့
တောထဲက ဒီရွှေတွေရလာတယ်"

ဦးလူလေးသည် ခေါင်းတဆတ်ဆတ်
ညိတ်ရင်း ရွှေဒင်္ဂါးများအား ပွတ်သပ်ကြည့်
နေသည်။

"ငါ့မြေးက နွားကျောင်းတိုင်း
သူတို့ကိုကျွေးမွေးနေတာကို
သူတို့ကျေးဇူးပြန်ဆပ်ကြတာနေမှာ။
ငါ့မြေးနဲ့ထိုက်လို့ရတာ။ ဒီခိုတောင်သိုက်က
ငါ့မြေးကိုမ,ပြီ။ အင်း - မရှိဘူးဆိုရင်တောင်
ရွှေတွေက နှစ်ဆယ်သားလောက်ရှိမယ်။
ဒါတွေကို ထုခွဲပြီး ငါ့မြေးလေးကို
ရှင်ပြုပေးရမယ်။ ငါ့မြေးလေး အသက်(၁၅)
နှစ်ကျော်လာတာတောင် ရှင်မပြုရသေးဘူး"

မောင်တင်အောင်၏ ဖခင်၊ မိခင်
တို့မှာလည်း အလွန်ဝမ်းသာကြသည်။
ရွှေတွေအား လုံခြုံစွာသိမ်းဆည်းကြပြီး
ညဘက်ရောက်၍ သူတို့အိပ်ကြသောအခါ.

သူတို့အိမ်လေးအား
ဂျပန်စစ်သားလေးယောက်က
သေနတ်တွေနဲ့ဝိုင်းထားကြသည်။
မျက်နှာသုတ်ပဝါများအား ခေါင်း၌စည်းပတ်
ထားသော လူကြီးငါးယောက် အိမ်ထဲဝင်
လာကြသည်။

"လူလေး ၊ လူလေး - ငါတို့
မင်းမြေးကို ရွှေတွေပေးလိုက်တယ်။
သူ့ကိုရှင်ပြုပေးရင် ငါတို့ကိုအမျှဝေပေးပါ။
ဒါဆို ငါတို့ကျွတ်လွတ်ပြီး ကောင်းရာမွန်ရာ
ဘဝရောက်မယ်။ ငါတို့ ဂျပန်စစ်ဗိုလ်ကြီး
အမိန့်အရ ဒီပစ္စည်းတွေကို စောင့်နေရ
တယ်။ အမျှဝေရင် ငါတို့ကျွတ်လွတ်ကြပေ
မယ့် ဂျပန်စစ်သားတွေကတော့ ကျွတ်မှာ
မဟုတ်ဘူး။ သူတို့က ဂျပန်ဘုရင်အမိန့်ပြန်
မှ ကျွတ်လွတ်မယ်လို့ ပြောကြတယ်။
အလှူလုပ်ရင် ငါတို့ နာမည်ခေါ်ပြီး
အမျှဝေပေးပါ။ လူလေး မင်းလုပ်ဖြစ်အောင်
လုပ်ပေးပါ"

ဦးလူလေး အိပ်မက်မက်နေရာမှ
လန့်နိုးလာသည်။ အိပ်မက်ထဲမှ
လှည်းသမားတွေကို သူပြန်ပြီးမြင်ယောင်
လာသည်။ စိတ်မကောင်းဖြစ်ရပြီး
အမြန်ဆုံး ရှင်ပြုအလှူပွဲလုပ်ရန်
ဆုံးဖြတ်လိုက်၏။ ရွာဦးကျောင်း၌
မောင်တင်အောင်အား ရှင်ပြုသောအခါ
ရေစက်ချအမျှဝေရာ၌ ခိုတောင်ကြိုးဝိုင်းထဲမှ အသတ်ခံရသော
လှည်းသမားများ၏ နာမည်များအား
တစ်ဦးချင်း ဖိတ်ခေါ်၍ အမျှပေးဝေပါသည်။
ထိုအဖြစ်အပျက်သတင်းသည် ရွာနီးချုပ်စပ်
မှတစ်ဆင့် ပျံ့နှံ့သွားပါတော့သည်။

ဦးသန်းရှောင် (ယခုကွယ်လွန်ပြီး)သည်
သပိတ်ကျင်းမြို့ပေါ်မှ လုပ်ငန်းရှင်တစ်ဦး
ဖြစ်သည်။ သစ်လုပ်ငန်း ၊ ရွှေလုပ်ငန်းများ
ဖြင့် ကြီးပွားချမ်းသာနေသူဖြစ်လေသည်။
တပည့်ဖြစ်သူ သစ်ခေါင်းမောင်စံက
ခိုတောင်ကြိုးဝိုင်းထဲမှာ တွေ့ကြုံခဲ့ရသော
အင်ပင်ရွာမှ မောင်တင်အောင်၏
အဖြစ်အပျက်အား ဦးသန်းရှောင် ကို
ပြောပြ၏။

"မင်းဟာက သေချာပါ့မလားကွာ"

"ဆရာရဲ့ ၊ အင်ပင်ရွာမှာ ဟိုးလေး
တကျော်ကျော်ဖြစ်ခဲ့တဲ့ကိစ္စပဲ။ အခုလောက်
ဆို ရွှေဘိုဘက်က သိုက်ဆရာတွေ
တူးဖို့တောင်လုပ်နေကြပြီထင်တယ်"

"ဒီလိုဆို မင်းဆရာကောင်းကောင်းရှာကွာ၊
ရှိနိုင်ပါ့မလား"

"ရှိပါ့ဗျား ၊ ဝါးဖြူတောင်က
ဆရာကြီး ဦးအံ့ကျော်ဟာ အရမ်းစွမ်းတယ်။
ဆရာနဲ့ပေးတွေ့မယ်။ ဆရာအားတဲ့ရက်မှာ
အိမ်ကကားနဲ့သွားကြတာပေါ့"

ဤသို့ဖြင့် တစ်နေ့သောအခါ၌
ဦးသန်းရှောင် နှင့် မောင်စံတို့
ဝါးဖြူတောင်သို့ထွက်လာခဲ့ကြသည်။
ဝါးဖြူတောင်အနီးတောင်ကုန်းလေးအောက်
၌ ဆရာကြီးဦးအံ့ကျော်တဲရှိသည်။
အသက် (၆၀) ခန့် မုတ်ဆိတ်ကျင်စွယ်
သျှောင်ထုံးကြီးနှင့် ဆရာကြီးဦးအံ့ကျော်
သည် ခံ့ညားပါပေစွ။

"ဆရာ ၊ ဒါ ကျွန်တော်ပြောတဲ့
ဆရာကြီးဦးအံ့ကျော် "

မောင်စံ မိတ်ဆက်ပေးသည်။

"ရေနွေးကြမ်းသောက် ၊ ကွမ်းစားကြဦး။
ဒါနဲ့ လာရင်းကိစ္စက "

အကြမ်းအိုးနှင့် ကွမ်းအစ်အား
ထိုးပေးရင် ဆရာကြီးကမေးသည်။

ဦးသန်းရှောင် မောင်စံအား
မေးဆတ်ပြသည်။

"ဒီလိုပါ ဆရာကြီး၊ သိုက်စာတစ်ခု
ရလာလို့။ အဲဒါ ဆရာကြီးအစွမ်းနဲ့ဖော်ပေး
နိုင်မလား။ ကုန်ကျစရိတ် အားလုံး
ကျွန်တော့်သူဌေးက ကျခံပါ့မယ်။
လုပ်ငန်းအောင်မြင်ရင် ဝေစုဆယ်ပုံတစ်ပုံရ
ပါမယ်။ ဖြစ်နိုင်ပါ့မလား"

ဆရာကြီးသည် မုတ်ဆိတ်မွေးအား
လက်ဖြင့်သပ်ရင်း စဉ်းစားနေသည်။

"သိုက်ကဘယ်နေရာမှာလဲ"

"အညာသီဟတော အနောက်ဘက်
(၂) မိုင်ကွာ ခိုတောင်ကြိုးဝိုင်းထဲက
ခိုတောင်သိုက် "

"အင်း - သိပ်တော့မဝေးပါဘူး။
ဒီခိုတောင်သိုက်ဆိုတာကို မကြားဖူးဘူး။
ရှိကောရှိလို့လား"

"ရှိတာသေချာပါတယ်ဆရာကြီး။
ဂျပန်ခေတ်တုန်းက ဂျပန်တွေ ဒီဘက်ကို
စစ်ဆုတ်လာရင်း ခိုတောင်ကြိုးဝိုင်းထဲမှာ
မြှုပ်သွားတာ လှည်းကိုးစီးတိုက်လို့ပြောကြ
တယ်"

"အင်း - ကျုပ်လည်း ကလေးဝမြို့နားက
တောင်ကြောကြီးဘေး ကားလမ်းအနီးမှာ
ဂျပန်တွေမြှုပ်သွားတဲ့သိုက်ကို သွားတူးဖူး
ပါတယ်။ တူးလိုက်တိုင်း တောင်က
ပြိုပြိုကျလာလို့ ဆက်မတူးရဲတော့ဘဲ
လက်လျှော့လိုက်ရတယ်။ ဒီဂျပန်တွေက
စစ်သရဲတွေဆိုတော့ စိတ်ဓာတ်က
အရမ်းပြင်းတယ်။ တော်ရုံဆရာတွေမလွယ်
ဘူး။ အဲဒီသိုက်လည်း နောက်ဆုံးကားလမ်း
ချဲ့ရင်း လမ်းအောက်ရောက်သွားပြီထင်
တယ်။ ကလေးဝမြို့သူမြို့သားတွေ
အခုထက်ထိ ပုံပြင်တစ်ပုဒ်လိုပြောနေကြ
တုန်းပဲ"

"ခိုတောင်သိုက် က ဆရာကြီး
အစွမ်းနဲ့ဆိုရမှာပါ"

"ခင်ဗျားတို့ပြောတဲ့ ဆယ်ဖို့တစ်ဖို့ဆိုတာ
သေချာတယ်နော်။ တချို့တွေက ပစ္စည်းမြင်ရင် လောဘတက်ပြီး သစ္စာဖောက်ကြရော"

ထိုအခါ ဦးသန်းရှောင် မှ ဝင်ပြောပါသည်။

"စိတ်ချပါ ဆရာကြီး၊ ကျွန်တော်ကတိ
တည်ပါတယ်။ ဆရာကြီးဘက်ကသာ
အစွမ်းကုန်လုပ်ပေးပါ"

ဆရာကြီးဦးအံ့ကျော် နှင့် ညှိနှိုင်းပြီးကြ၍
နောက်တစ်ခါလာလျှင် အစီအစဉ်စမည့်နေ့
အား ပြောမည်ဆိုပြီး ဆရာတပည့်
နှစ်ယောက် တစ်ဆက်တည်း သပိတ်ကျင်း
ကမ်းနားဆိပ်မှစက်လှေနှင့် တစ်ဖက်ကမ်း
သို့ကူးကြသည်။ နွားလှည်းငှါး၍ ခင်ဦးကား
လမ်းအတိုင်း အင်ပင်ရွာသို့ သွားကြသည်။
မေးစမ်းပြီးသွားကြရာ ဦးလူလေးအိမ်သို့
ရောက်လာကြသည်။

"ဦးလေးဟာ ဂျပန်ခေတ်တုန်းက
ဂျပန်စစ်သားတွေ ချောဆွဲပြီး
ခိုတောင်ကြိုးဝိုင်းထဲပါသွားတဲ့လှည်းသမား
ကြီးလို့ပြောကြပါတယ်။ ထွက်ပြေးလို့
အသက်မသေဘဲ လွတ်လာတယ်လို့ပြော
ကြပါတယ် ဟုတ်ပါသလား"

ဦးသန်းရှောင်သည် ပြောလည်းပြော
တစ်ရာတန်ငွေစက္ကူတစ်ထပ်နှစ်သောင်းခန့်
ရှိမည်ထင်ရ၏။ ဦးလူလေးရှေ့သို့
ရိုရိုသေသေကမ်းလိုက်ပါသည်။
ဦးလူလေး ငွေစက္ကူအထပ်လိုက်အား
တစ်ချက်ကြည့်လိုက်သည်။ (ထိုခေတ်က
ရွှေတစ်ကျပ်သား သုံးထောင်ခန့်ရှိရာ
ငွေနှစ်သောင်းသည် လူတစ်ယောက်
အတွက် ရင်းနှီးစားလို့ရပါသည်။)

"ကျုပ်နဲ့အတူ အောင်သာတို့
လှည်းသမားတွေပါ စုစုပေါင်း လေးယောက် သေပြေးရှင်ပြေးထွက်ပြေး
လာရတယ်။ ကျုပ်ကဆက်ပြေးရင် လမ်းမှာ
ဂျပန်တွေနဲ့တိုးမှာစိုးတာရယ်၊ သူတို့
ဒီလှည်းပေါ်က သံသေတ္တာတွေကို
အရိပ်တကြည့်ကြည့်ဖြစ်နေကြလို့မသင်္ကာ
တာနဲ့ ဝေးဝေးမပြေးဘဲ ကျွန်းပင်ကြီးပေါ်
တက်ပြီး ချောင်းကြည့်နေခဲ့တာ"

"ဦးလေး အဲဒီနေရာကိုပြောပြပါလား။
ကျွန်တော် ထိုက်ထိုက်တန်တန် ကန်တော့
ပါ့မယ်"

ဦးသန်းရှောင်၏ ပြောစကားအား
ဦးလူလေးက လက်ဝါးကာပြလိုက်သည်။

"ကျုပ်တို့မြေးအဘိုး တစ်စု
သူတို့ပေးတာလေးနဲ့ အခြေတကျဖြစ်နေပါ
ပြီ။ မကျွတ်လွတ်ခဲ့တဲ့ ကျုပ်တို့မြန်မာလူမျိုး
လှည်းသမားငါးယောက်လည်း ကောင်းရာ
မွန်ရာဘုံဘဝရောက်ကုန်ပါပြီ။ ကျုပ်ကို
အိပ်မက်လာပေးကြပါတယ်။ သူတို့
အညာသီဟတောဘုရားနားမှာ ရုက္ခစိုးကြီး
တွေဖြစ်နေကြပြီလို့။ အဲဒါကြောင့်
ကျုပ်အရမ်းဝမ်းသာခဲ့တယ်။ ဂျပန်စစ်သား
လေးကောင်ကတော့ မိစ္ဆာဒိဋ္ဌိတွေဖြစ်နေကြလို့ ဘယ်လိုမှအမျှ
ဝေလို့မရဘူး။ ဒီကောင်တွေ ဂျပန်ဘုရင်
မင်းမြတ်အမိန့်မပြန်မချင်း ဒီဥစ္စာတွေကို
စောင့်နေကြရမှာ"

"ဦးလေးရယ် ၊ မလိုက်နိုင်ရင်တောင်
နေရာညွှန်းလေးပြောပြရင်ကျေနပ်ပါတယ်"

"အဲဒါတော့ ပြောနိုင်ပါတယ်။
သီဟတောဘုရားဆိပ်ကမ်းကနေပြီး
အနောက်စူးစူး နှစ်မိုင်လောက် တောထဲ
ဝင်လိုက်ရင် ကျွန်းပင်ကြီးသုံးပင်
ဖိုခုံလောက်ဆိုင်ပေါက်နေတဲ့ မြေပျော့ပျော့
ကွက်လပ်ကိုတွေ့လိမ့်မယ်။ စိမ့်မြေလိုဖြစ်
နေတာ။ ဂျပန်တွေက တွင်းကိုဖို့ပြီး အပေါ်မှာ ကျောက်တုံးကြီးတစ်တုံးလှိမ့်
တင်ထားပြီး အမှတ်အသားလုပ်ထားခဲ့ကြ
တယ်။ အဲဒီနေရာပဲ"

"တခြားဘာအမှတ်အသားရှိသေးလဲ
ဦးလေး "

"အင်း - ကျုပ်မှတ်မိတာက
အဲဒီနေရာရဲ့မြောက်စူးစူး တစ်မိုင်လောက်
မှာ စမ်းချောင်းလေးတစ်ချောင်းရှိတယ်။
ကျုပ်ရေငတ်လို့ရေသောက်ခဲ့တဲ့နေရာ"

"ကျေးဇူးအများကြီးတင်ပါတယ် ဦးလေး။
ကျွန်တော်တို့ လုပ်ငန်းအောင်မြင်ရင်
ဦးလေးကို ထိုက်ထိုက်တန်တန် ကန်တော့
ပါ့မယ်"

သူတို့အုပ်စု ဦးလူလေးအား
နှုတ်ဆက်ပြီးပြန်ခဲ့ကြသည်။

ဧရာဝတီမြစ်ရေပြင်သည်
လှိုင်းကြက်ခွပ်လေးများထလျက် တငြိမ့်ငြိမ့်
စီးဆင်းနေသည်။ မလှမ်းမကမ်းမှာက
တောင်ကြီးနှစ်လုံးသည် မြစ်ကြီးအား
ပိတ်ဆို့ကာဆီးထားသလို ဖြစ်နေသည်။
ထိုနေရာသည် ဧရာဝတီမြစ်၏ တတိယ
မြစ်ကျဉ်းအစ ဖြစ်ပါသည်။ အညာသီဟ
တောဘုရားမှ ဆည်းလည်းသံလေးများက
လေအဝှေ့မှာ တချွင်ချွင်မြည်ရင်း မြစ်ပြင်၌
စီးမျောနေ၏။ သီဟတောဘုရားကျွန်းပေါ်မှ
ဆီးဖြူသီးလေးများက ရေစီးအတိုင်း
မြောက်မှတောင်သို့ စီးမျောလျက်။
အရှေ့ဘက်ကမ်း ရွှေမြင်တင်တောင်တန်း
ပေါ်မှ ရွှေမြင်တင်စေတီ၏ စိန်ဖူးတော်သည်
ကျနေရောင်၌ စူးစူးရှရှ လင်းလက်လျက်ရှိ
သည်။

သပိတ်ကျင်းမြို့ ဆိပ်ကမ်းတွင်
ဦးသန်ရှောင်တို့ ဆရာတပည့်တွေ
အလုပ်ရှုပ်လျက်ရှိသည်။ စက်လှေဦး
ခေါင်းပိုင်း၌ ဆရာကြီးဦးအံ့ကျော်သည်
ကွမ်းတမြုံ့မြုံ့ဝါးလျက်ရှိသည်။
ဦးသန်းရှောင်က မောင်စံခေါင်းဆောင်သော
သူ့အလုပ်သမားများအား လိုအပ်သည်များ
ကို မှာကြားနေသည်။ အုန်းသီး ၊ ငှက်ပျောသီး ၊ အမွှေးတိုင် ၊ ဖယောင်းတိုင်
မှအစ သပြေပန်းအဆုံး မလစ်လပ်စေရ။
ပေါက်တူး၊ တူးရွင်း၊ ငန်းပြားပါမကျန်
စက်လှေပေါ်တင်၏။ မျက်နှာသိများက
ဘယ်ကိုချီတက်မလို့လဲဟုမေးရာ ရွှေမှော်
ဘက်သွားကြမလို့ဟု ဖြေလိုက်သည်။
နေစောင်းသည်နှင့် အညာသီဟတော
အနောက်ဘက်ကမ်းစပ်အရောက်သွားရန်
ဆော်သြနေရသည်။

ညနေလေးနာရီခန့်တွင် သူတိုအုပ်စု
သီဟတောဘုရားအနောက်ဘက်ကမ်းသို့
ရောက်သွားကြသည်။ ဦးသန်းရှောင်၏
လူယုံတပည့်တစ်ယောက် လှည်းတစ်စီးနှင့်
လာကြိုနေသည်။ ခိုတောင်ကြိုးဝိုင်းသည်
မဆလခေတ်၌ ရွာနီးချုပ်စပ်များက သစ် ၊
ဝါးများခုတ်ကြ ၊ လယ်ယာအသစ်တိုးချဲ့
ရင်း ကျုံ့၍လာချေပြီတည်း။ သစ်ကြီးဝါးကြီးများ ပြုန်းတီးခဲ့သော်လည်း
တောအစအနကကျန်နေသေး၏။ တော
အုပ်ထဲသို့ သစ်တိုက်ဝါးတိုက်သည့်လှည်း
လမ်းကြောင်းအတိုင်း ဝင်လာခဲ့ကြသည်။
ဦးသန်းရှောင်သည် နှစ်မိုင်ခန့်ဆိုသည့်
စကားအား မှတ်သားပြီး ကမ်းနားစပ်မှ
နှစ်မိုင်ခရီးအား ခန့်မှန်းနေ၏။ နှစ်မိုင်ခန့်သို့
ရောက်သောအခါ ကိုင်းမြက်များ ထူထပ်စွာ
ပေါက်နေသည့် မြေပျော့ပျော့ စိမ့်မြေအား
စတွေ့သည်။ အင်ပင် ၊ သစ်ရာပင်များဖြင့်
တောထူနေ၏။ ကျွန်းပင်ကြီးသုံးပင်အား
မလှမ်းမကမ်းတွင် တွေ့ကြလေသည်။

"မောင်စံ၊ အဲဒီနေရာပဲ။ ပိုပြီး
သေချာအောင် မင်းလူတစ်ယောက်ခေါ်ပြီး
မြောက်စူးစူးကိုသွား၊ တစ်မိုင်လောက်မှာ
စမ်းချောင်းလေးရှိရင် အမြန်ပြန်လာ။
ငါ့နှစ်လုံးပြူးကို ယူသွား"

မောင်စံနှင့် လူတစ်ယောက်
ခပ်သွက်သွက်ထွက်သွားကြသည်။

တောကျေးငှက်တို့အိပ်တန်းတက်ဖို့
ပြင်နေကြ၏။ အောင်လောင်ငှက်ကြီး
နှစ်ကောင် သစ်ရာပင်ကြီးထက်၌ "ဂ...
ဂ...ဂ" ဟုအော်နေကြသည်။ သစ်ပင်
အောက်၌ ငါးအသေကောင်များပြန့်ကျဲ
လျက်ရှိသည်။ သစ်ကိုင်းများအကြားမှ
မျောက်ညိုတစ်အုပ်က သူတို့လူစုအား
ချောင်းကြည့်နေကြသည်။ စိမ့်မြေသည်
ကိုင်းပင်များဖြင့်ထူထပ်စွာရှိနေ၏။

တစ်နာရီခန့်ကြာသော မောင်စံ
တို့နှစ်ယောက် ပြန်လာကြသည်။

"သေချာတယ် ဆရာကြီး၊ ကျွန်တော်တို့
စမ်းချောင်းကို တွေ့ခဲ့တယ်"

"ဒါဆိုရင် မင်းခေါင်းဆောင်ပြီး
ကိုင်းတောကိုရှင်း၊ ကျောက်တုံးကြီးကို
တွေ့ရင် ပတ်ပတ်လည်တောရှင်းထားလိုက်"

ဦးသန်းရှောင် နှင့် ဆရာကြီး
ဦးအံ့ကျော်တို့နှစ်ယောက် သစ်ပင်ကြီး
တစ်ပင်အောက်မှာထိုင်ပြီး စကားပြောနေ
ကြသည်။

နေဝင်တော့မည်။ မျောက်အော်သံများက
သစ်ပင်ကြီးများထက် ဟိုမှသည်မှ ကြားနေ
ရသည်။ သိုက်တူးမည့်ကိစ္စသာမရှိလျှင်
ဒီည မျောက်သားဟင်း၊ မျောက်ချေးခါး
ဟင်းတစ်ခွက်တော့ဖြင့် ကောင်းကောင်း
စားရဦးမည်။ ယခုတော့ အရေးကြီးကိစ္စ
ပါလာသဖြင့် မျောက်ညိုတစ်အုပ်အား
ခွင့်လွှတ်ထားလိုက်သည်။

"ဆရာကြီး ၊ ကိုင်းတောထဲမှာ
ရှင်းပြီးပြီ။ ကျောက်တုံးကြီးကိုလည်း
တွေ့တယ်"

မောင်စံက ဦးသန်းရှောင်အား
အစီရင်ခံနေသည်။ ကိုင်းတောအလယ်
ရှင်းထားသော မြေကွက်လပ်နှင့်
ဦးသန်းရှောင်တို့ထိုင်နေသော သစ်ပင်ကြီး
၏ အောက်မှာ ဘာမှမဝေးသဖြင့် သစ်ပင်
အောက်မှာပဲ စခန်းချကြသည်။

"ဦးသန်းရှောင် ၊ ကျုပ် ဒီညတစ်ညလုံး
ပွဲထိုးပြီးအလုပ်လုပ်ရမှာ။ ကိစ္စဝိစ္စပြီးလို့
နေထွက်မှတူးလို့မရဘူးလား။ မြင်မြင်
ထင်ထင်ရှိတော့ ပိုကောင်းတာပေါ့"

"ဆရာကြီးဘယ်လိုစီစဉ်ချင်ပါသလဲ
ပြောပါ"

"ကိုင်းတောအလယ် ကျောက်တုံးကြီးပေါ်
မှာ ကန်တော့ပွဲကိုတင်ပြီး ကိုင်းတောပတ်
လည်စည်းချပြီး ပရိတ်ကြိုးတားချင်တယ်။
ပြီးတော့ အဓိဋ္ဌာန် ပုတီးစိပ်ရမှာ"

"ရပါတယ် ဆရာကြီး လုပ်ပါ ၊
ကျွန်တော်တို့မှာ အချိန်ရှိပါတယ်"

ဆရာကြီးဦးအံ့ကျော်က
ကျောက်တုံးကြီးရှိရာသို့သွားပြီး
ကန်တော့ပွဲကို တင်လိုက်သည်။
ပရိတ်ရေများဖြင့် ကျောက်တုံးကြီးအား
ပက်ဖျန်းပြီး ဖယောင်းတိုင် ၊ အမွှေးတိုင်များ
ထွန်းလိုက်သည်။ မောင်စံနှင့် အခြားသူများ
က ဆရာကြီးပေးသော အပ်ချည်လုံးဖြင့်
ကိုင်းတောပတ်ပတ်လည် တားလိုက်၏။
ဆရာကြီးဦးအံ့ကျော်သည် သစ်ပင်ကြီး
အောက်တွင် ထိုင်လိုက်ပြီး ဖယောင်းတိုင်
တစ်တိုင်ထွန်းကာ ပုတီးစတင်စိပ်ပါတော့
သည်။ တောတွင်းမှ ညဉ့်ယံအချိန်ကာလ
သည် တိတ်ဆိတ်လွန်းလှသည်။
တစ်ခါတစ်ရံ မျောက်ညိုတို့၏ တကွိကွိ
အသံများကြားရသည်။ လင်းဝက်တို့
အနောက်မှအရှေ့သို့ တကွပ်ကွပ်အသံ
ပေးရင်း ပျံသန်းသွားကြသည်။

"ဦးသန်းရှောင် ၊ ညနေကစက်လှေထဲမှာ
မောင်သော့လို့ခေါ်သံကြားလိုက်တယ်။
သူပါလာသလား"

"ပါပါတယ် ဆရာကြီး ၊ ကျွန်တော်
သစ်ဆိုင်က တပည့်တစ်ယောက်ပါ။
မောင်သော့ရေ ၊ ဆရာကြီးခေါ်နေတယ်"

ရေနွေးအိုးတည်နေသော
မောင်သော့သည် ဆရာကြီးဦးအံ့ကျော်
အနီး ရောက်လာသည်။

"ဘာခိုင်းမလို့လဲ ဆရာကြီး"

"မင်းက ဒီလိုလုပ်။ ငါကမောင်သော့ရေ
ခေါ်လိုက်ရင် ဗျာလို့ထူးပြီး လာပါပြီ
ဆရာကြီးလို့ပြော။ ပြီးတော့ ငါခိုင်းတဲ့
အတိုင်း မင်းလုပ်ရဲပါတယ်နော်"

"စိတ်ချပါ ၊ လုပ်ရဲပါတယ် ဆရာကြီး"

"ကိုင်း - ဒါဆိုရင် ဟိုဘက်ကိုပြန်သွားပြီး
စောင့်နေ"

မောင်သော့ပြန်သွားပြီး ရေနွေးအိုး
မီးဖိုအား ထင်းထည့်နေ၏။ ခြင်ကိုက်
သက်သာစေရန် မီးခိုးအူသည့်ထင်း
ချောင်းများအားရွေးပြီး မီးထဲထည့်နေ၏။

ဆရာကြီးဦးအံ့ကျော် ဂါထာများ
မန်းမှုတ်နေရာမှ -

"မောင်သော့ရေ "

"ဗျာ - ဆရာကြီး၊ လာပါပြီ"

"ကိုင်းတောအလယ်က ကျောက်တုံး
ကြီးကို လက်ဝါးနဲ့သွားရိုက်ကွာ။ ပြီးတာနဲ့
ငါ့ဆီအမြန်ပြန်လာ ကြားလား"

"ကြားပါတယ် ဆရာကြီး"

မောင်သော့ ကပျာကယာ
ကိုင်းတောထဲဝင်သွားသည်။
တစ်အောင့်ကြာသော သုတ်သီးသုတ်ပျာ
ဖြင့် ပြန်ထွက်လာသည်။

"ကဲကဲ - အားလုံး ဒီနေရာမှာ
လာစုပြီးထိုင်ကြ။ ကျုပ်စည်းချပြီးရင်
ဘယ်သူမှစည်းအပြင်မထွက်ကြနဲ့တော့။
ထွက်မိတာနဲ့ အစီအစဉ်တွေအားလုံးပျက်ပြီ"

ဦးသန်းရှောင်တို့ သစ်ပင်ကြီးအောက်
မြေကွက်လပ်မှာ စုဝေးထိုင်ပြီးသောအခါ
ဆရာကြီးဦးအံ့ကျော်သည် ဆန်မန်းများဖြင့်
စည်းဝိုင်းတားသကဲ့သို့ လိုက်၍ကြဲချသည်။
ပြီးသောအခါ ပြန်ထိုင်ပြီး ပုတီးစိပ်နေပြန်ပါ
သည်။ ဦးသန်းရှောင် ၊ မောင်စံ နှင့်
ကျန်သည့်သူများလည်း ဖယောင်တိုင်မီး
ပျပျအောက်တွင် ဘာတွေဖြစ်လာမည်လဲ
ဟု ရင်တထိတ်ထိတ်ဖြင့် ပတ်ဝန်းကျင်အား
ကြည့်နေကြသည်။

"ဝုန်း...ဝရော"

ကိုင်းတောအလယ်မှကျောက်တုံးကြီး
လိမ့်ကျသွားသည့် အသံကြီးဖြစ်ပါသည်။
တင်ထားသည့် ကန်တော့ပွဲကတော့
ကျွမ်းထိုးမောက်ခုံဖြစ်ပြီထင်ပါရဲ့။

"သိုက်တံခါးပွင့်သွားပြီ ၊ မောင်သော့ကို
ဖွင့်ခိုင်းလိုက်တာ"

"မောင်သော့ ၊ မင်းကျောက်တုံးကြီးကို
ဘာသွားလုပ်လိုက်လဲ"

မောင်စံက တိုးတိုးမေးသည်။

"ကျုပ် ဆရာကြီးခိုင်းတဲ့အတိုင်း
လက်ဝါးနဲ့ရိုက်လိုက်တာပါပဲ"

"အားလုံး သတိဝီရိယနဲ့နေကြပါ။
သိုက်တံခါးပွင့်သွားပြီ။ စည်းအပြင်ကို
မထွက်ကြနဲ့။ အတွင်းမှာနေနေသရွေ့
ကျုပ်တာဝန်ယူတယ်။ ဘာမှမဖြစ်စေရဘူး။
အပြင်ထွက်ပြေးရင် တစ်စုံတစ်ခု ဖြစ်သွား
လိမ့်မယ်။ ကျုပ်ပြောတဲ့စကားကိုနားထောင်
ပါ"

ဆရာကြီးဦးအံ့ကျော်သည် တဖွဖွ
သတိပေးနေရင်း ကိုင်းတောအလယ်သို့
စူးစူးရဲရဲကြည့်ကာ နှုတ်မှဂါထာတစ်ပုဒ်အား
တတွတ်တွတ်ရွတ်နေသည်။ ကိုင်းတော
ကြီးသည် လေပြင်းမွှေ့လိုက်သည့်ပမာ
ကိုင်းပင်များယိမ်းခါသွားပြီး အရိပ်မည်းမည်းလေးခု ပြေးထွက်လာပါ
သည်။ ဦးသန်ရှောင်တို့ လူစုတစ်ယောက်
နှင့်တစ်ယောက် ပူးကပ်သွားကြ၏။
ဆရာကြီးဦးအံ့ကျော်ကတော့ ဖယောင်းတိုင်မီးပေါ်သို့ ဆေးမှုန့်များဖြူး
ချလိုက် ၊ ကိုင်းတောကြီးအား လက်ညှိုးထိုး
ပြီး မန္တန်တွေရွတ်လိုက် အမိန့်ပေးရင်းနှင့်
အလုပ်ရှုပ်နေသည်။

"ဒိုင်း...ဒိုင်း...ဒိုင်း...ဒိုင်း"

ဘယ်နေရာမှပစ်နေမှန်းမသိသော
ကျည်ဆန်တွေက တဒိုင်းဒိုင်းမြည်ဟည်း
ရင်း တရွှီရွှီဖြင့် သူတို့ထိုင်နေသော
သစ်ပင်အောက်သို့ရောက်လာသည်။
သူတို့ခေါင်းပေါ်ကျော်သွားလိုက်၊ နံဘေးမှ
ဖြတ်သွားလိုက်ဖြစ်နေသောကျည်ဆန်များ
သည် တရွှီရွှီအသံပေးရင်း ဖြတ်သန်းနေ
ကြသည်မှာ အသည်းတယားယားဖြစ်နေ
ကြရ၏။ သေနတ်သံတဒိုင်းဒိုင်းအသံများ
ကြောင့် အိပ်တန်းတက်နေကြသော
ငှက်တို့ လန့်ပျံကြသည်။ မျောက်ညို
တစ်အုပ်မှာ သစ်ပင်များပေါ်မှ ဟိုသည်ပြေး
လွှားကြတော့သည်။ သေနတ်သံများ
ပြန်တိတ်သွား၏။

"ဆရာ ကျွန်တော်တို့ပြန်လစ်ကြရင်
ကောင်းမယ်"

မောင်စံက တိုးတိုးပြောသည်။
ဦးသန်းရှောင် ဆရာကြီးဦးအံ့ကျော်အား
လှည့်ကြည့်လိုက်သည်။ ဆရာကြီးသည်
ဇောချွေးများပြန်လျက် မြေကြီးအား
ကြိမ်လုံးဖြင့်ရိုက်နေသည်။ သူတို့ကိုလည်း
စည်းဝိုင်းအပြင်မထွက်ရန် လက်ဟန်ခြေ
ဟန်ပြနေသည်။ ပြီးနောက် တင်ပျင်ခွေ
ထိုင်ပြီး ပုတီးစိပ်ပြန်သည်။

"ဒိုင်း...ဒိုင်း...ရွှီ...ဒိုင်း...ဒိုင်း..ရွှီ ရွှီ"

"ဟ - လာပြန်ပဟေ့၊ ဝပ်နေကြ"

ဦးသန်းရှောင်သည် ကြောက်လန့်တကြား
အော်လိုက်ပြီး မြေကြီးပေါ်တွင် ပြားပြား
ဝပ်လိုက်သည်။ ဖယောင်းတိုင်မီးပျပျ
အောက်ဝယ် ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီး
များကြားမှမည်းမည်းအရိပ်ဘေးခုသည်
ဟိုပြေးသည်ပြေးလုပ်နေကြပြီး လက်ထဲမှာ
ရိုင်ဖယ်သေနတ်ပုံသဏ္ဌာန် ရှည်မျောမျော
အရာများ ကိုင်ထားသည်ကို ရိပ်ခနဲတွေ့နေ
ရသည်။ သေနတ်သံများ ပြန်ပျောက်သွား
ပြန်၏။ ဆရာကြီးဦးအံ့ကျော် ပုတီးစိပ်နေရာ
မှ သက်ပြင်းခဏခဏချနေသည်ကို
ကြားနေရ၏။ သူတို့အုပ်စု စိတ်မောလူမော
ဖြစ်ပြီး တစ်ယောက်ပေါ်တစ်ယောက်မှီရင်း
မှေးခနဲ အိပ်ပျော်သွားကြ၏။

"ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း"

"ဟိုက် - လာပြန်ပြီဟေ့"

အိပ်ပျော်နေရာမှ လန့်နိုးလာကြပြီး
အထိတ်တလန့် ဖြစ်ကြရပြန်ပါသည်။
ဦးသန်းရှောင် စဉ်းစားကြည့်မိသည်။
သေအောင်ပစ်ချလျှင် သူတို့အုပ်စုသည်
ခြင်းထဲမှ ကြက်များလိုဖြစ်နေသည်။
လွယ်လွယ်လေး ပစ်သတ်လို့ရ၏။
ယခုတော့ သည်လိုမဟုတ်။ တဒိုင်းဒိုင်းနှင့်
ကျည်ဆန်များကသာ ဖြတ်သန်းသွားနေ
သည်။ ဘယ်သူ့ကိုမှ ကျည်ဆန်မမှန်သေး။
ဧကန္တ - ဆရာကြီး၏ စည်းဝိုင်းအတွင်းမှာ
နေနေ၍ဖြစ်မည်။ အကယ်၍ စည်းအပြင်
ထွက်လျှင် မတွေးဝံ့စရာ။

"မင်းတို့ စည်းအပြင်ကိုကြောက်ပြီး
ထွက်မပြေးကြနဲ့၊ စည်းဝိုင်းထဲမှာနေရင်
သူတို့ ငါတို့ကိုမှန်အောင်မပစ်နိုင်ဘူး။
ငါ့စကားကို နားထောင်"

တပည့်များက ဦးသန်းရှောင်၏
အမိန့်ကို တစ်သဝေမတိမ်း လိုက်နာကြ
ပါသည်။ ထိုညက ခြင်အကိုက်ခံပြီး
တစ်ညလုံးမိုးလင်းခဲ့ရသည်။ သေနတ်သံ
များကလည်း မေ့သလောက်ရှိလျှင် ပြန်ပြန်
ပေါ်လာ၏။ ဤသို့ဖြင့် ရောင်နီလာပြီး
အလင်းရောင်ပျပျမြင်ရသောအခါ
ကိုင်းတောထဲမှကန်တော့ပွဲမှာ ကျွမ်းထိုး
မှောက်ခုံဖြစ်နေပြီး အုန်းသီးတခြား ၊ ငှက်
ပျောသီးတခြားဖြစ်နေသည်။ ဆရာကြီး
ဦးအံ့ကျော်သည် ခေါင်းတခါခါဖြင့် သက်ပြင်းချနေသည်။

"လက်လျှော့လိုက်ပါတော့ဦးသန်းရှောင်။
သူတို့ဟာ ကမ္ဘာပေါ်မှာ အာဏာစက်
အပြင်ဆုံး ဘုရင့်စစ်တပ်ရဲ့ အမိန့်ကြောင့်
ဝိညာဉ်လောကအစောင့်အကြပ်တွေ
ဖြစ်နေတာတောင် အမိန့်ကိုနာခံတုန်းပဲ။
သာမန်မကောင်းဆိုးဝါး သိုက်စောင့်
သတ္တဝါတွေဆိုရင် ကျုပ်ဆေးဝါးအစီအရင်
ဒဏ်ကို မခံနိုင်ပါဘူး။ ဒါပေမယ့် သူတို့ဟာ
လူ့ဘဝထဲက စစ်သားဖြစ်ခဲ့ပြီး အရက်စက်
ဆုံဖက်ဆစ်စစ်သားတွေဖြစ်နေတော့
ကြမ်းတမ်းလွန်းလှရုံမကဘဲ အခုတစ်ခါ
ပရလောကသိုက်အစောင့်အကြပ်တွေ
ဖြစ်သွားတော့ ပိုပြီးကြမ်းပြီ ရမ်းပြီပေါ့။
ကျုပ်က စည်းကိုလုံအောင် တားနိုင်ခဲ့လို့
ခင်ဗျားတို့ ဘာမှမဖြစ်တာကံကောင်းတယ်
မှတ်ပါ။ ခိုတောင်ကြိုးဝိုင်း တောစိုးနတ်ကြီး
ကလည်း ကျုပ်ကို ဆက်မလုပ်ဖို့ မေတ္တာရပ်ခံနေပါတယ်။ ဒီတော့
လက်လျှော့လိုက်ပါတော့ဗျာ"

ဦးသန်းရှောင်သည် ဘာမှဆက်မပြော
တော့ဘဲ ပစ္စည်းများသိမ်းဆည်း၍
လှည်းဖြင့်ပြန်ခဲ့ကြပါသည်။ သူ့မျက်စိထဲ
တွင်တော့ လှည်းကိုးစီးမျှ ရွှေ ၊ ငွေ ၊ လက်
ဝတ်ရတနာ ၊ ရွှေဒင်္ဂါး တွေကိုမြင်နေတုန်း
ဖြစ်၏။ (မှတ်ချက်- သပိတ်ကျင်းမြို့ရှိ
ဦးသန်းရှောင်မှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ပါသည်။

တစ်နေ့ သပိတ်ကျင်းမြို့သို့
လူတစ်စုရောက်ရှိလာသည်။ သူတို့သည်
မြို့စွန်ဘုန်းကြီးကျောင်း၌တည်းကြသည်။
ဝတ်စားပုံများက သာမန်လူတွေနှင့်မတူပါ။
ခေါင်းပေါင်းနီ၊ လက်ပတ်နီ၊ ဆံပင်ရှည်ကြီး
များဖြင့် ကြည့်ရသည်မှာ ကိုးလိုးကန့်လန့်
နိုင်လှသည်။ လူ (၁၅)ဦးခန့်အဖွဲ့ဖြစ်သော
ကြောင့် ဘုန်းကြီးကျောင်းမှ မကျွေးနိုင်ပါ။
သူတို့ဟာသူတို့ ချက်စားကြ၏။
ခေါင်းဆောင်ဖြစ်သူက သျှောင်ထုံးကြီးနှင့်
ဖြစ်ပြီး နှုတ်ခမ်းမွေးမှာ ကော့ပျံနေသည်။
ဝိဇ္ဇာမဟိဒ္ဓိစူဠဂန္ဓာရီဂိုဏ်းတော်ကြီးဟု
ပြောသည်။ သူတို့သည် အုန်းသီး ၊ ငှက်ပျောသီး ၊ သပြေပန်းများမြောက်မြား
စွာဝယ်၍ တစ်ခုသောညနေခင်းမှာ
စက်လှေဖြင့် သပိတ်ကျင်းဆိပ်ကမ်းမှ
အညာသီဟတောဘုရားဘက်သို့
ထွက်ခွာသွားကြသည်။

နံနက်လင်းသောအခါ
သပိတ်ကျင်းဆိပ်ကမ်း၌ လူအများ
ရုံးစုရုံးစုဖြစ်နေသဖြင့် သွားရောက်စပ်စုရာမှ
စုတ်ပြတ်သတ်နေပြီး ရုပ်ပျက်ဆင်းပျက်
ဖြစ်နေသော ထိုလူစုကိုတွေ့ရပါတော့
သည်။ စက်လှေသမားအား သီဟတော
ဘုရားအနောက်ဘက်ဆိပ်ကမ်းမှ
တစ်ညလုံးစောင့်ခိုင်းထားသည်။
နံနက်ဝေလီဝေလင်းတွင် ခွေးပြေးဝက်ပြေး
ဖြစ်လာကြသောထိုလူစုကိုတွေ့ရ၏။
အဝတ်အစားတွေစုတ်ပြတ်သတ်နေပြီး
ဆံပင်ရှည်ကြီးတွေ ဖရိုဖရဲ ဖြစ်နေကြသော
သူတို့အား စက်လှေသမားက
တစ်ယောက်ချင်းလှေပေါ်သို့တွဲချရ၏။
ထို့နောက် သူတို့သည် သပိတ်ကျင်းမှာ
မနေရဲတော့ဘဲ (၆) မိုင်ရွာသို့
ပြောင်းသွားခဲ့ကြသည်။ သိပ်မကြာလိုက်ပါ။
သူတို့ (၁၅) ဦးလုံး တစ်ယောက်ပြီးတစ်
ယောက် သေဆုံးကုန်ကြသည်ဟုသတင်း
ကြားသိရသည်။

ခိုတောင်သိုက်သည် ဤမျှအထိ

ကြမ်းတမ်းဆိုးဝါးလွန်းလှပါပေတည်း။

{ ပြီးပါပြီ။}
မူရင်းရေးသူ-သန့်ဇင်

ခိုေတာင္သိုက္ (စ-ဆုံး)
ေရးသားသူ...သန႔္ဇင္

အခ်ိန္ကာလသည္ ၁၉၄၄ ခုႏွစ္
ဒုတိယကမာၻစစ္ႀကီး ျဖစ္ပြားၿပီးေနာက္
ဂ်ာမန္မ်ား ဥေရာပတိုက္၌ စစ္မ်က္ႏွာ
တိုးခ်ဲ႕ေနသလို ဂ်ပန္မ်ားကလည္း ျမန္မာ
တစ္ျပည္လုံးအား သိမ္းပိုက္ၿပီး အေနာက္
ေျမာက္ေဒသအားျဖတ္သန္း၍ မဏိပူရ
လြင္ျပင္ရွိ အင္ဖာၿမိဳ႕ႏွင့္ အာသံနယ္ျခားရွိ
ကိုဟီးမားၿမိဳ႕သို႔ ဦးတည္ခ်ီတက္ေနခ်ိန္
ျဖစ္သည္။

ဖက္ဆစ္ဂ်ပန္မ်ား၏ စစ္ေရး
ရည္မွန္းခ်က္မွာ ထိုေဒသမွာတစ္ဆင့္
အိႏၵိယႏိုင္ငံအတြင္း ထိုးေဖာက္၍
အဂၤလိပ္တပ္မ်ားအား တိုက္ထုတ္ၿပီး
အိႏၵိယတစ္ႏိုင္ငံလုံးအား သိမ္းပိုက္ရန္
ျဖစ္သည္။ ၁၉၄၄ ခုႏွစ္ ၊ မတ္လ ၁၅
ရက္ေန႔တြင္ ဂ်ပန္တပ္မေတာ္ အမွတ္
(၃၃) ၊ (၃၁) ၊ (၁၅) အစရွိေသာ
တပ္မႀကီးမ်ားသည္ စစ္ေၾကာင္း
သုံးေၾကာင္းခြဲ၍ ျမန္မာႏိုင္ငံႏွင့္ အိႏၵိယ
ႏိုင္ငံနယ္စပ္အၾကား ပတ္ကြိဳင္ေတာင္တန္း၊
နာဂေတာင္တန္း၊ ဟူးေကာင္းေတာင္တန္း
ႀကီးမ်ားအား ခက္ခဲစြာ ျဖတ္ေက်ာ္ၿပီး
ခ်ီတက္ၾက၏။

အဂၤလိပ္တို႔သည္ ဒုတိယကမာၻစစ္ႀကီး
ျဖစ္ပြားၿပီးေနာက္ ဂ်ပန္ႏိုင္ငံက အေမရိကန္
ႏိုင္ငံ၏ ေရတပ္အေျခစိုက္စခန္းျဖစ္ေသာ
ပုလဲဆိပ္ကမ္းအား အလစ္အငိုက္
တိုက္ခိုက္ျခင္းျဖင့္ ဒုတိယကမာၻစစ္ပြဲႀကီး
အတြင္း အေမရိကန္ႏိုင္ငံ ပါဝင္လာေသာ
အခါ အေမရိကန္တို႔ႏွင့္ မဟာမိတ္တပ္
ေပါင္းစု ဖြဲ႕လိုက္ၾကသည္။ ဂ်ပန္ ၊ ဂ်ာမနီ ၊
အီတလီတို႔အား ဝင္႐ိုးတန္းဖက္ဆစ္ႏိုင္ငံ
မ်ားဟု ေခၚၾကသည္။

အိႏၵိယစစ္ေျမျပင္တြင္ အဂၤလိပ္ႏွင့္
အေမရိကန္တပ္မ်ား ပူးေပါင္းၿပီး
မဟာမိတ္တပ္ေပါင္းစုဖြဲ႕၍ ထိုးေဖာက္
ဝင္ေရာက္လာေနေသာ ဂ်ပန္တပ္မ်ားအား
ခံစစ္ဆင္သည္။ သို႔အတြက္ေၾကာင့္
မဟာမိတ္တပ္မ်ားအဖို႔ မိမိတို႔၏ အေျခခံ
စခန္းမ်ားႏွင့္ အလွမ္းကြာျခင္းမရွိဘဲ
တိုက္ပြဲဆင္ႏႊဲႏိုင္ခဲ့သည္။

ဂ်ပန္တပ္မ်ားအဖို႔ စစ္ဦးဘီးလူ
ဆိုသည့္အတိုင္း တရၾကမ္းတိုက္ပြဲဆင္၍
ၿမိဳ႕႐ြာႏိုင္ငံမ်ားအား သိမ္းပိုက္ရင္း သူတို႔၏
အေျခခံစခန္းမ်ားႏွင့္ ေဝးကြာမွန္းမသိ
ေဝးကြာလာခဲ့၏။ စစ္ဦးေရာက္ေနေသာ
အိႏၵိယနယ္စပ္သို႔ လိုအပ္ေသာ လက္နက္
ခဲယမ္းမီးေက်ာက္ ၊ စားနပ္ရိကၡာမ်ားအား
ပို႔ေဆာင္ေပးရန္မွာ တျဖည္းျဖည္း ခက္ခဲ
လာခဲ့၏။ နယ္စပ္သို႔သြားေသာ တမူးလမ္း
မွာလည္း ထိုစဥ္က လြယ္ကူေသာလမ္း
မဟုတ္ခဲ့။

သို႔ေသာ္ ပထမဦးဆုံး အင္ဖာတိုက္ပြဲ၌
ဂ်ပန္တပ္မ်ား အႏိုင္ရလိုက္သည္။
အိႏၵိယနယ္စပ္ရွိ ဗိုလ္ခ်ဳပ္ႀကီးစလင္း၏
အမွတ္ (၁၄) တပ္မေတာ္အား ဂ်ပန္တပ္မ်ား ေအာင္ပြဲခံလိုက္ေသာအခါ
ဂ်ပန္ႏိုင္ငံ တိုက်ိဳေရဒီယိုမွ ေအာင္ပြဲအတြက္ က်ဴးရင့္ဟစ္ေႂကြးသံမ်ား
ပြက္ပြက္ညံသြားခဲ့သည္။ မဏိပူရလြင္ျပင္ရွိ
အင္ဖာၿမိဳ႕ႏွင့္ အာသံနယ္ျခားရွိ ကိုဟီးမားၿမိဳ႕တို႔ရွိ မဟာမိတ္တပ္မ်ားအား
ဂ်ပန္ဒီဝီဇံတပ္ႀကီးမ်ားက ဝိုင္းထားလိုက္
ၾကသည္။

ထိုအခါ ျမန္မာႏိုင္ငံမွ အိႏၵိယသို႔
ေျပာင္းေ႐ႊ႕ ႐ုံးစိုက္ေသာ ဘုရင္ခံ
ဆာေဒၚမန္စမစ္ႏွင့္ အစိုးရအဖြဲ႕သည္
တုန္လႈပ္ေခ်ာက္ခ်ားလာၾကသည္။
အိႏၵိယႏိုင္ငံႀကီးအား ဂ်ပန္တပ္မ်ားက
ေန႔သိမ္းမွာလား ၊ ညသိမ္းမွာလားဟု
စိုးရိမ္လာၾက၏။

ဒါေပမယ့္ အထက္ပါ အေျခအေနသည္
ေခတၱခဏသာျဖစ္ခဲ့ပါသည္။ ေရွ႕တန္း
ေရာက္ ဂ်ပန္တပ္မေတာ္အား ေနာက္တန္းမွ စားနပ္ရိကၡာႏွင့္လက္နက္
ခဲယမ္းမေထာက္ပံ့ႏိုင္ျခင္း ၊ ဂ်ပန္ေလ
တပ္မေတာ္ကလည္း ေကာင္းစြာမကူညီႏိုင္
ေသာအခါ တိုက္ပြဲသည္ အေျခအေန
တစ္မ်ိဳးေျပာင္းသြား၏။ ဖက္ဆစ္ဂ်ပန္တို႔၏
ျမန္မာျပည္စစ္ေျမျပင္၌ က်ဆုံးျခင္းအလွည့္
အေျပာင္းသည္ စတင္ခဲ့ၿပီျဖစ္ပါသည္။
ခ်န္ေကရွိတ္၏ တ႐ုတ္ျဖဴတပ္မ်ားကလည္း
ဂ်ပန္တပ္မ်ား ရိကၡာ မပို႔ႏိုင္ေအာင္
လမ္းေၾကာင္းမ်ား ျဖတ္ေတာက္ထား၏။
ထို႔ေၾကာင့္ ဂ်ပန္တပ္မ်ား တျဖည္းျဖည္း
အားအင္ခ်ည့္နဲ႔လာခဲ့ၾကရသည္။

အဝိုင္းခံထားရေသာ မဟာမိတ္တပ္မ်ားသို႔
မဟာမိတ္စစ္ေလယာဥ္မ်ားက လက္နက္
ခဲယမ္းမ်ား ၊ စားနပ္ရိကၡာမ်ားအား
ေလထီးမ်ားျဖင့္ အဆက္မျပတ္ေထာက္ပံ့
ေပးၿပီး ေလေၾကာင္းကပါ ျပင္းထန္စြာ
တိုက္ခိုက္ေသာအခါ ဝိုင္းရံထားေသာ
ဂ်ပန္တပ္မ်ား အက်အဆုံးမ်ားစြာျဖင့္
ဆုတ္ခြာၾကရေတာ့သည္။ ထိုအခါ
အင္အားခ်ည့္နဲ႔ၿပီး အစာေရစာ ငတ္မြတ္ေန
ေသာ ဂ်ပန္တပ္တို႔အား မဟာမိတ္တပ္မ်ား
က ၾကည္းတပ္ ၊ ေလတပ္ျဖင့္ ျပင္းထန္စြာ
တိုက္ခိုက္ၾကေတာ့သည္။

မဏိပူရ ၊ အင္ဖာႏွင့္ ကိုဟီးမားစစ္ေျမျပင္၌
ဂ်ပန္စစ္သားတို႔၏က်ဆုံးမႈမွာ ေၾကာက္
ခမန္းလိလိျဖစ္ၿပီး စစ္သားဦးေရ
သုံးေသာင္းခန္႔ႏွင့္ သုံ႔ပန္းမ်ားမွာလည္း
အေျမာက္အမ်ား အဖမ္းခံရ၏။

တမူးလမ္းအတိုင္း ဆုတ္ခြာသြားေသာ
ဂ်ပန္တပ္မ်ားေနာက္သို႔ မဟာမိတ္တပ္မ်ား
က ထက္ၾကပ္မကြာ လိုက္လံတိုက္ခိုက္
ေသာေၾကာင့္ ခ်င္းတြင္းျမစ္ဝွမ္းအထိ
ဂ်ပန္တပ္မ်ား ျပန္လည္မခုခံႏိုင္ဘဲ
ထြက္ေျပးရ၏ အေရွ႕ေတာင္အာရွစစ္ေျမျပင္၏
စစ္ေသနာပတိခ်ဳပ္ဗိုလ္ခ်ဳပ္ႀကီးေမာင့္ဘတ္
တန္၏ လက္႐ုံးတစ္ဆူျဖစ္ေသာ
ဗိုလ္ခ်ဳပ္ႀကီးစလင္းသည္ အမွတ္ (၁၄)
တပ္မေတာ္အား ဦးစီး၍ ဒီဝီဇံတပ္ (၇) တပ္ ၊ သံခ်ပ္ကာယႏၲရား ဘရီဂိတ္ (၂)
တပ္အျပင္ ေလေၾကာင္း စစ္ကူျဖင့္
လိုက္လံတိုက္ခိုက္ေသာအခါ ေ႐ႊဘိုၿမိဳ႕၌
ခုခံရန္ ျပင္ဆင္ထားေသာ ဂ်ပန္မ်ား
မခုခံႏိုင္ဘဲ ဆုတ္ခြာထြက္ေျပးရျပန္သည္။

ေ႐ႊဘိုမွတစ္ဆင့္ ဧရာဝတီျမစ္
အနီးဆုတ္ခြာလာေသာ ဂ်ပန္ဒီဝီဇံတပ္မ
သုံးခုမွ လက္က်န္စစ္သားမ်ားသည္
ေက်ာက္ေျမာင္း ၊ ခင္ဦးၿမိဳ႕အေရွ႕ဘက္မွ
တစ္ဆင့္ ဧရာဝတီျမစ္အား ျဖတ္ကူးၾက
သည္။

ဂ်ပန္တပ္မေတာ္ အမွတ္ (၃၃)
ဒီဝီဇံတပ္မ၏ စစ္တံခြန္အလံကိုင္
တပ္ရင္းျဖစ္ေသာ ဗိုလ္မႉးႀကီးတာကာရွီးမားဦးေဆာင္သည့္
တပ္ရင္းတစ္ရင္းသည္ ေ႐ႊဘိုမွတစ္ဆင့္
ေက်ာက္ေျမာင္းဘက္သို႔မဆင္းဘဲ
ခင္ဦးၿမိဳ႕နယ္ အေရွ႕ဘက္သို႔
ေတာအုပ္ႀကီးမ်ားအား အကာအကြယ္ျပဳ၍
ဆုတ္ခြာလာၾကသည္။ က်န္တပ္မ်ားက
ေ႐ႊဘိုမွေက်ာက္ေျမာင္းသို႔ ဆုတ္ခြာၿပီး
ဧရာဝတီျမစ္ အေရွ႕ဘက္တို႔ ကူးသို႔ေျပးၾက
သည္။

ဂ်ပန္စစ္ဗိုလ္ တာကာရွီးမား
ဦးေဆာင္ေသာတပ္ရင္းသည္ ဂ်ပန္ဒီဝီဇံတပ္မမ်ား၏ အေရးႀကီးစာ႐ြက္
စာတမ္းမ်ား ၊ ဂ်ပန္ဘုရင့္စစ္တံခြန္အလံႏွင့္
အတူ ျမန္မာျပည္စစ္ေျမျပင္အတြင္း
လုယက္သိမ္းဆည္းခဲ့ေသာ အဖိုးတန္ ေ႐ႊ ၊
ေငြ လက္ဝတ္ရတနာမ်ား အေျမာက္အျမား
ပါဝင္သည္။

ထိုစဥ္က သပတ္က်င္းၿမိဳ႕နယ္
ဧရာဝတီျမစ္ အေနာက္ဘက္ကမ္းအနီး
ေရလယ္ေခါင္ကြၽန္းရွိ အညာသီဟေတာ
ဘုရားအေနာက္ဘက္သည္ သစ္ေတာ
ဝါးေတာႀကီးမ်ား ဖုံးလႊမ္းလ်က္ရွိသည္။
ယခုကဲ့သို႔ လယ္ယာမ်ားမရွိေသး။
ခိုေတာင္ႀကိဳးဝိုင္းဟု ေခၚၾကသည္။

ထိုသစ္ေတာႀကိဳးဝိုင္းအတြင္းသို႔
ဂ်ပန္ဗိုလ္တာကာရွီးမားႏွင့္ ဂ်ပန္စစ္တပ္
ေရာက္ရွိလာခဲ့သည္။ သူတို႔ႏွင့္အတူ
ခင္ဦးၿမိဳ႕မွ လွည္းကိုးစီးႏွင့္ လွည္းေမာင္း
သမား ျမန္မာကိုးေယာက္အား ေခြၽးတပ္
အျဖစ္ ဖမ္းဆီးေခၚေဆာင္ခဲ့ၾကသည္။
လွည္းသမားကိုးေယာက္အား ဧရာဝတီျမစ္
ဆိပ္ေရာက္လွ်င္ ျပန္လႊတ္ေပးမည္ဟု
ေျပာၿပီး ေခၚခဲ့ၾကျခင္း ျဖစ္၏။ အညာသီဟ
ေတာဘုရားျမစ္ဆိပ္မွ အေနာက္ဘက္
ႏွစ္မိုင္ခန္႔အကြာ သစ္ေတာအုပ္အတြင္း
ဝယ္ ဂ်ပန္တပ္မ်ား ေခတၱစခန္းခ်ၾကသည္။

လွည္းသမား ျမန္မာလူမ်ိဳးမ်ားကလည္း
ေမာပန္းလြန္းသျဖင့္ ေရေသာက္သူ
ေသာက္ ၊ ႏြားမ်ားအား ေရတိုက္သူတိုက္ ၊
ေဆးလိပ္ဖြာသူဖြာျဖင့္ အနားယူေနၾက
သည္။

ဂ်ပန္ဗိုလ္မႉးႀကီး တာကာရွီးမား ႏွင့္
ဂ်ပန္စစ္ဗိုလ္မ်ားသည္ အေရးႀကီးကိစၥ
တစ္ခုအား ေခါင္းခ်င္းဆိုင္ၿပီး တိုင္ပင္ေနၾက
သည္။ ဂ်ပန္စစ္သားမ်ားမွာလည္း
ဖ်ားနာသူ ၊ ဒဏ္ရာရသူ ၊ အစာေရစာ
မဝလင္သျဖင့္ အားျပတ္ႏြမ္းနယ္မႈမ်ား
ေၾကာင့္ ေျခပစ္လက္ပစ္ ျဖစ္ေနၾကသည္။
ျမန္မာလွည္းသမားကိုးေယာက္မွ
လူရည္လည္သူ ေလးေယာက္သည္
တစ္ဦးႏွင့္တစ္ဦး မ်က္ရိပ္မ်က္ျခည္ျပလ်က္
အသံမဲ့စကားေျပာေနၾကသည္။ တစ္ဦးက
လူနာစစ္သားမ်ားလွဲေနေသာဘက္သို႔
မ်က္စပစ္ျပသည္။ ထိုေနရာသည္
အေစာင့္ဂ်ပန္စစ္သားမ်ားမရွိဘဲ လစ္ဟာ
လ်က္ရွိသည္။ ဂ်ပန္စစ္သားႏွစ္ေယာက္က
မေျပာမဆိုဘဲ ႏြားလွည္းတစ္စီးမွ
ႏြားႏွစ္ေကာင္အား ျဖဳတ္ယူသြားၾကသည္။
ေသနတ္သံ ေလး၊ ငါးခ်က္ ၾကားရၿပီး
ေနာက္ ႏြားႀကီးႏွစ္ေကာင္မွာ အသက္
ေပ်ာက္သြားခဲ့ရသည္။ ဂ်ပန္မ်ားက
ႏြားအေသေကာင္အား အမဲဖ်က္ၾကသည္။
ေရေႏြးအိုးႀကီးတည္ၿပီး အမဲသားမ်ား ျပဳတ္
သူျပဳတ္ ၊ မီးကင္၍ မက်က္တက်က္မွာ
အငမ္းမရျဖင့္စားေနစဥ္ လွည္းသမားေလးဦးမွာ ဂ်ပန္လူနာစစ္သား
မ်ားအား ခုန္ေက်ာ္ၿပီး ေတာႀကီးအတြင္းသို႔
ထြက္ေျပးပါေတာ့သည္။ သူတို႔
ခပ္လွမ္းလွမ္းေရာက္မွ စစ္သားမ်ားေတြ႕
သြားၿပီး ေသနတ္ျဖင့္ ဝိုင္းပစ္ၾကသည္။
ဒါေပမယ့္ လွည္းသမားေလးဦးမွာ
သစ္ေတာႀကီးအတြင္း ဝင္ေရာက္ေပ်ာက္
ကြယ္သြား၏။ ထိုအခါက်မွ ဂ်ပန္စစ္သား
မ်ား က်န္လွည္းသမားငါးဦးအား
ေသနတ္မ်ားျဖင့္ ဝိုင္ခ်ိန္ထားၿပီး
ဂ်ပန္စစ္ဗိုလ္ႀကီးတစ္ဦးက သစ္ေတာႀကီး
အတြင္း ေျမကြက္လပ္တစ္ခုတြင္
တြင္းႀကီးတူးခိုင္း၏။

ထြက္ေျပးသြားေသာ လွည္းသမားေလးဦးမွ
လူငယ္တစ္ေယာက္သည္ အေဝးသို႔
ထြက္မေျပးဘဲ ကြၽန္းပင္အျမင့္ႀကီးတစ္ပင္
ေပၚသို႔ တက္၍ ဂ်ပန္မ်ားအား ေစာင့္ၾကည့္
ေနခဲ့ပါသည္။ သူသည္ လွည္းျဖင့္
သယ္ေဆာင္လာေသာ သံေသတၱာႀကီးမ်ား
အား မသကၤာရွိေနခဲ့သည္။ ဘယ္လိုနည္းႏွင့္မွ က်ည္ဆန္ေသတၱာမ်ား
မျဖစ္ႏိုင္ဟု သူထင္ထားခဲ့သည္။
အဘယ္ေၾကာင့္ဆိုေသာ္ ဂ်ပန္စစ္သားမ်ား
သည္ ထိုသံေသတၱာမ်ားအား အလြန္
ဂ႐ုစိုက္လြန္း၍ျဖစ္သည္။ လွည္းတစ္စီး
သံေသတၱာႀကီးႏွစ္လုံးျဖင့္ စုစုေပါင္း
ေသတၱာဆယ့္ရွစ္လုံးျဖစ္သည္။
တြင္းႀကီးတူးၿပီးေသာအခါတြင္
လွည္းသမားမ်ားအား တြင္းႀကီးထဲသို႔
သံေသတၱာမ်ားအား စီ၍ ခ်ခိုင္းသည္။
တြင္းႏႈတ္ခမ္းတြင္ ဂ်ပန္စစ္သား
ေလးေယာက္ ေသနတ္မ်ားကိုင္ၿပီး
ေစာင့္ၾကည့္ေနၾကသည္။ ေသတၱာမ်ား
စီၿပီးသြားသည္ႏွင့္ စစ္သားေလးေယာက္က
လွည္းသမားမ်ားအား ေသနတ္ျဖင့္
ခ်ိန္လိုက္ၾကသည္။ လွည္းသမားမ်ား
တြင္းေပၚသို႔ တက္၍ မရေတာ့ပါ။

ဂ်ပန္ဗိုလ္မႉးႀကီး တာကာရွီးမား
တြင္းအနီးသို႔ ေလွ်ာက္လာၿပီး တြင္းထဲသို႔
ငုံ႔ၾကည့္သည္။ ျမန္မာစကားတတ္ေသာ
ဂ်ပန္ဗိုလ္တစ္ေယာက္က-

"မင္းတို႔ ျမန္မာလွည္းသမားငါးေယာက္
နီပြန္တပ္မေတာ္ရဲ႕အမိန္႔ကို နာခံရမယ္။
ဒီေသတၱာေတြဟာ ေ႐ႊေငြရတနာေတြျဖစ္
တယ္။ မင္းတို႔ကို သတ္ၿပီးေနာက္
မင္းတို႔ရဲ႕ဝိညာဥ္ေတြဟာ ဒီေ႐ႊေငြေတြကို
ေစာင့္ၾကပ္ရမယ္။ ငါတို႔က လြဲလို႔ တျခားသူ
ေတြ မတူးေဖာ္ႏိုင္ေအာင္ မင္းတို႔ေစာင့္ၾကပ္
ဖို႔ ဂ်ပန္ဘုရင္မင္းျမတ္ကိုယ္စား ဗိုလ္မႉးႀကီး တာကာရွီးမား အမိန္႔ျပန္လိုက္
မယ္"

ဂ်ပန္စစ္ဗိုလ္၏ အမိန္႔ျပန္တမ္း
ၿပီးဆုံးသြားသည္ႏွင့္ စက္ေသနတ္သံမ်ား
ဆူညံစြာ ထြက္ေပၚလာၿပီး ျမန္မာလွည္းသ
မားငါးဦးတို႔မွာ ေသြးသံရဲရဲျဖင့္ သံေသတၱာ
ႀကီးမ်ားေပၚသို႔ လဲက်အသက္ေပ်ာက္သြား
ၾကပါသည္။

ၿပီးေနာက္ ဂ်ပန္ဗိုလ္ႀကီးက
ဂ်ပန္ဘာသာျဖင့္ အမိန္႔ေပးလိုက္ေသာအခါ
တြင္းႏႈတ္ခမ္းေပၚ၌ ေစာင့္ၾကည့္ေနေသာ
ဂ်ပန္စစ္သားေလးဦးသည္ ေသနတ္မ်ား
အား ပစ္ခ်လိုက္ၿပီး တြင္းႏႈတ္ခမ္းတြင္
ဒူးေထာက္လိုက္ၾကသည္။ ဂ်ပန္စစ္ဗိုလ္ႀကီးက ဂ်ပန္ဘာသာျဖင့္
အမိန္႔ျပန္သလိုျပဳလုပ္ၿပီးေသာအခါ
ဂ်ပန္ဗိုလ္ႀကီး၏ခါးမွ ကင္ဒိုဂ်ပန္ဓားႀကီး
သည္ ေနေရာင္ေအာက္၌ လင္းလက္သြား
ၿပီး ဂ်ပန္စစ္သားေလးေယာက္၏
လည္ပင္းေပၚသို႔ ဝဲက်သြားပါသည္။
စစ္သားေလးေယာက္၏ ဦးေခါင္းျပတ္မ်ား
တြင္းထဲသို႔ လိမ့္ဆင္းသြားသည္။
သူတို႔ခႏၶာကိုယ္မွေသြးတို႔မွာ တြင္းထဲသို႔
ျမင္မေကာင္းေအာင္ စီးက်ေနၾကသည္။
ဂ်ပန္စစ္သားတစ္ေယာက္က အသက္မဲ့ေန
ေသာ ခႏၶာကိုယ္မ်ားအား တြင္းထဲသို႔
ေျခႏွင့္ကန္ခ်သည္။ သူတို႔ကိုင္ခဲ့ေသာ
ဂ်ပန္႐ိုင္ဖယ္ ေလးလက္အားလည္း
တြင္းထဲသို႔ ပစ္ခ်လိုက္သည္။ ေျမဖို႔ၿပီး
သည္ႏွင့္ ဂ်ပန္တပ္ႀကီးသည္ ဧရာဝတီျမစ္
ဘက္သို႔ အလ်င္အျမန္ ဆုတ္ခြာသြားၾက
သည္။

ထိုျမင္ကြင္းအား ကြၽန္းပင္ႀကီးေပၚမွ
ေခ်ာင္းၾကည့္ေနေသာ လွည္းသမားသည္
ေသြးပ်က္ခ်င္သလိုျဖစ္လာၿပီး ဂ်ပန္မ်ားမရွိ
ေတာ့သည္ႏွင့္ သူ႔႐ြာရွိရာ ခင္ဦးၿမိဳ႕ဘက္
သို႔ ေျပးထြက္သြားပါေတာ့သည္။

ျမန္မာျပည္ လြတ္လပ္ေရးရ၍
ဖဆပလေခတ္ေနာက္ပိုင္း ေတာ္လွန္ေရး
ေကာင္စီတက္လာၿပီး လမ္းစဥ္ပါတီေခတ္
ေရာက္လာသည္။ အဂၤလိပ္ေခတ္က
ခိုေတာင္ႀကိဳးဝိုင္းသစ္ေတာႀကီးသည္
လယ္ယာေျမ ခ်ဲ႕ထြင္သည့္ေဒသခံ႐ြာသား
မ်ား၏လက္ခ်က္ေၾကာင့္ သစ္ေတာျပဳန္း
တီးလာၿပီး က်ဳံ႕၍က်ဳံ႕၍လာ၏။
ခင္ဦးၿမိဳ႕နယ္ရွိ ေက်း႐ြာမ်ားက ထိုသစ္ေတာႀကီးအတြင္း သစ္ဝါးခုတ္ၾက
သည္။ ထင္းေခြၾကသည္။ ေတာအနီး
ႏြားေက်ာင္းၾကသည္။ တစ္ခါတစ္ရံ
ဝါးခုတ္သူ ႏြားေက်ာင္းသားမ်ား
ေ႐ႊလက္ေကာက္ ၊ ေ႐ႊလက္စြပ္ ၊ ေ႐ႊဒဂၤါး
မ်ား ထိုေတာထဲမွ ေကာက္ရၾကသည္။
ထိုအျဖစ္အပ်က္ေလးအား တင္ျပပါဦးမည္။

ဧရာဝတီျမစ္အေရွ႕ဘက္ သပိတ္က်င္း
ၿမိဳ႕နယ္သည္ မႏၲေလးတိုင္းေဒသႀကီး
ျပင္ဦးလြင္ခ႐ိုင္တြင္ ပါဝင္၍ ျမစ္အေနာက္
ဘက္ ခင္ဦးၿမိဳ႕နယ္သည္ စစ္ကိုင္းတိုင္း
ေဒသႀကီး ေ႐ႊဘိုခ႐ိုင္၌ ပါဝင္သည္။
ျမစ္အေနာက္ဘက္တြင္ ေတာင္မွေျမာက္
သို႔ အလ်ားလိုက္ေဖာက္လုပ္ထားေသာ
ဗ်ဴဟာလမ္းဟု ေခၚၾကေသာ ေျမသားလမ္း
ႀကီး ရွိသည္။ အညာသီဟေတာဘုရား၏
ေျမာက္ဘက္ ဧရာဝတီျမစ္ကမ္းစပ္
ဗ်ဴဟာလမ္းမွတစ္ဆင့္ ခင္ဦးၿမိဳ႕နယ္သို႔
သြားေသာ ေက်ာက္ေခ်ာခင္းထားသည့္
ကားလမ္းရွိသည္။

ထိုကားလမ္း၏နံေဘး၌ အင္ပင္အမည္ရွိ
႐ြာေလးရွိသည္။ ထို႐ြာေလး၌ ကိုရင္သာႏွင့္
မႀကီးလွတို႔ မိသားစု ေနထိုင္ပါသည္။
သားသမီးေလးေယာက္ရွိရာတြင္
ေမာင္တင္ေအာင္က အႀကီးဆုံးျဖစ္သည္။
အသက္ (၁၅) ႏွစ္ခန္႔ရွိ ထိုသူငယ္သည္
မိဘျဖစ္သူတို႔၏ လယ္ယာမ်ား၌ ကူညီထြန္
ယက္ေပးရသလို အိမ္မွာေမြးထားေသာ
ႏြားမ်ားကိုလည္း ေက်ာင္းရသည္။
သူတို႔႐ြာႏွင့္ ခိုေတာင္ႀကိဳးဝိုင္းသစ္ေတာက
သိပ္မေဝးလွပါ။ ဒီေတာ့ ေမာင္တင္ေအာင္
သည္ ႏြားေက်ာင္းလွ်င္ အရိပ္အာဝါသ
ေကာင္းၿပီး အစာေရစာေပါေသာ
ခိုေတာင္ႀကိဳးဝိုင္းေတာစပ္သို႔ ႏြားေက်ာင္း
ေလ့ ရွိသည္။

မႀကီးလွ၏ ဖခင္ျဖစ္သူမွာ ဦးလူေလး
ျဖစ္၏။ သူသည္ ဂ်ပန္ေခတ္က ေခ်ာအဆြဲ
ခံရၿပီး ထြက္ေျပးလြတ္ေျမာက္လာေသာ
လွည္းသမားတစ္ဦး ျဖစ္၏။ ဂ်ပန္ေခတ္တုန္းက ျဖစ္ပ်က္ခဲ့ေသာ
ထိုအေၾကာင္းအရာမ်ားအား ေျမးျဖစ္သူ
ေမာင္တင္ေအာင္အား ပုံျပင္သဖြယ္
ေျပာျပတတ္သည္။ ေမာင္တင္ေအာင္သည္
ကေလးအ႐ြယ္မို႔ မေၾကာက္တတ္ေသာ္
လည္း ထိုေတာထဲ၌ ဂ်ပန္မ်ား သတ္သြား၍
အေစာင့္ေတြ သရဲေတြ ျဖစ္ကုန္ၾကေသာ
လွည္းသမားမ်ားႏွင့္ ဂ်ပန္စစ္သားေတြရွိ
ေၾကာင္း အဘိုးေျပာျပ၍ သိေနသည္။
ထို႔ေၾကာင့္ ႏြားေက်ာင္းရာတြင္း ထိုေတာထဲ
သို႔ ဘယ္ေတာ့မွ မဝင္ပါ။ သို႔ရာတြင္
ႏြားေက်ာင္းတိုင္း ေတာစပ္ရွိ ေဖ်ာက္ဆိတ္
ပင္ႀကီး၌ ပါလာသည့္ ထမင္းထုပ္မွ ထမင္း၊
ဟင္းမ်ားအား စားဦးစားဖ်ား တင္ေျမႇာက္
ေလ့ရွိသည္။ ဘာရယ္မဟုတ္ေပမယ့္
အဘိုးသင္ထားသျဖင့္ ျပဳလုပ္ျခင္း
ျဖစ္သည္။

တစ္ေန႔ -

ထုံးစံအတိုင္း ေတာစပ္အနီး
ႏြားမ်ားကို လႊတ္ေက်ာင္း၍ ထမင္းထုပ္
ေျဖၿပီး ေဖ်ာက္ဆိတ္ပင္ခြၾကား၌
စားဦးစားဖ်ား တင္ေျမႇာက္လိုက္သည္။
လြယ္အိတ္ႏွင့္ထမင္းထုပ္အား သစ္ကိုင္းမွာခ်ိတ္၍ ပါလာသည့္ ေလးခြျဖင့္
ေတြ႕သမွ် ငွက္တို႔အား လိုက္ပစ္ေနစဥ္
ဝံလိုငွက္ႀကီးတစ္ေကာင္သည္
ေဖ်ာက္ဆိတ္ပင္ႀကီး၌ လာနားသည္။

"ဟာ - ငွက္ႀကီးကႀကီးလိုက္တာ။
အနည္းဆုံး ႏွစ္ပိႆာေလာက္ေတာ့
ရွိမွာပဲ။ ေခါင္းကိုမွန္ေအာင္ပစ္မွ"

ေမာင္တင္ေအာင္က ေလးခြျဖင့္
ေသေသခ်ာခ်ာ ခ်ိန္၍ပစ္သည္။ မထိပါ။
ႏြားေက်ာင္းသားမ်ားသည္ ေန႔စဥ္
ႏြားေက်ာင္းရင္း ေလးခြျဖင့္ပစ္ေနက်
ျဖစ္ေသာေၾကာင့္ လက္တည့္ၾကသူမ်ား၏။
ယခုေသာ္ ထိုငွက္ႀကီးအား မည္သို႔မွ်
ပစ္မရျဖစ္ေနသည္။ သူေဒါသထြက္လာ
ေသာအခါ ဝံလိုငွက္ႀကီးသည္ မနီးမေဝး
ေတာထဲရွိ သစ္ပင္တစ္ပင္ေပၚသို႔
သြားနားျပန္သည္။ သူထက္ၾကပ္မကြာ
လိုက္၍ ေလာက္ေလးခြျဖင့္ပစ္သည္။
ဤသို႔ျဖင့္ ေတာအုပ္အတြင္းသို႔
ေရာက္မွန္းမသိ ေရာက္လာသည္။
ေတာအုပ္ထဲေရာက္သည္ႏွင့္ ဝံလိုငွက္ႀကီး
သည္ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားပါ
ေတာ့သည္။

ေမာင္တင္ေအာင္ ငွက္ႀကီးအား
လိုက္ရွာရင္း အဘိုးေျပာသည့္ပုံျပင္အား
သတိရ၍ ၾကက္သီးေတြ ထလာသည္။
စိတ္ကိုတင္းထားလိုက္ၿပီး ေလးခြကိုင္၍
ဟိုသည္ၾကည့္ေနစဥ္ ပ်ဥ္းမပင္ႀကီးအနီး
ျခေတာင္ပို႔ေပၚမွ ဝင္းဝင္းလက္လက္
အရာမ်ားအား ေတြ႕လိုက္ရသည္။
ျခေတာင္ပို႔အနားသြား၍ ၾကည့္လိုက္ေသာ
အခါ ေ႐ႊလက္ေကာက္မ်ားႏွင့္ ေ႐ႊဒဂၤါးမ်ား
ျဖစ္ေနသည္ကို ေတြ႕လိုက္ရသည္။
သူပတ္ဝန္းက်င္သို႔ လွည့္ပတ္ၾကည့္ေသာ
အခါ ဝါးေတာ ၊ ကြၽန္းပင္ႀကီးမ်ားျဖင့္
ေတာသည္ တိတ္ဆိတ္ေနပါသည္။
ပင္ျမင့္ႀကီးမ်ားထက္မွ ငွက္သံေလးမ်ားက
စိုးစိုးစီစီျမည္ေႂကြးေနၾကသည္။
ေတာင္ပို႔ထက္မွ လက္ေကာက္မ်ားႏွင့္
ေ႐ႊဒဂၤါးမ်ားအား ပုဆိုးခါးပုံစထဲအျမန္ထည့္
၍ ေတာထဲမွ အျမန္ေျပးထြက္ခဲ့ပါသည္။

"အဘိုး ၊ ကြၽန္ေတာ္ အဘိုးေျပာတဲ့
ေတာထဲက ဒီေ႐ႊေတြရလာတယ္"

ဦးလူေလးသည္ ေခါင္းတဆတ္ဆတ္
ညိတ္ရင္း ေ႐ႊဒဂၤါးမ်ားအား ပြတ္သပ္ၾကည့္
ေနသည္။

"ငါ့ေျမးက ႏြားေက်ာင္းတိုင္း
သူတို႔ကိုေကြၽးေမြးေနတာကို
သူတို႔ေက်းဇူးျပန္ဆပ္ၾကတာေနမွာ။
ငါ့ေျမးနဲ႔ထိုက္လို႔ရတာ။ ဒီခိုေတာင္သိုက္က
ငါ့ေျမးကိုမ,ၿပီ။ အင္း - မရွိဘူးဆိုရင္ေတာင္
ေ႐ႊေတြက ႏွစ္ဆယ္သားေလာက္ရွိမယ္။
ဒါေတြကို ထုခြဲၿပီး ငါ့ေျမးေလးကို
ရွင္ျပဳေပးရမယ္။ ငါ့ေျမးေလး အသက္(၁၅)
ႏွစ္ေက်ာ္လာတာေတာင္ ရွင္မျပဳရေသးဘူး"

ေမာင္တင္ေအာင္၏ ဖခင္၊ မိခင္
တို႔မွာလည္း အလြန္ဝမ္းသာၾကသည္။
ေ႐ႊေတြအား လုံၿခဳံစြာသိမ္းဆည္းၾကၿပီး
ညဘက္ေရာက္၍ သူတို႔အိပ္ၾကေသာအခါ.

သူတို႔အိမ္ေလးအား
ဂ်ပန္စစ္သားေလးေယာက္က
ေသနတ္ေတြနဲ႔ဝိုင္းထားၾကသည္။
မ်က္ႏွာသုတ္ပဝါမ်ားအား ေခါင္း၌စည္းပတ္
ထားေသာ လူႀကီးငါးေယာက္ အိမ္ထဲဝင္
လာၾကသည္။

"လူေလး ၊ လူေလး - ငါတို႔
မင္းေျမးကို ေ႐ႊေတြေပးလိုက္တယ္။
သူ႔ကိုရွင္ျပဳေပးရင္ ငါတို႔ကိုအမွ်ေဝေပးပါ။
ဒါဆို ငါတို႔ကြၽတ္လြတ္ၿပီး ေကာင္းရာမြန္ရာ
ဘဝေရာက္မယ္။ ငါတို႔ ဂ်ပန္စစ္ဗိုလ္ႀကီး
အမိန္႔အရ ဒီပစၥည္းေတြကို ေစာင့္ေနရ
တယ္။ အမွ်ေဝရင္ ငါတို႔ကြၽတ္လြတ္ၾကေပ
မယ့္ ဂ်ပန္စစ္သားေတြကေတာ့ ကြၽတ္မွာ
မဟုတ္ဘူး။ သူတို႔က ဂ်ပန္ဘုရင္အမိန္႔ျပန္
မွ ကြၽတ္လြတ္မယ္လို႔ ေျပာၾကတယ္။
အလႉလုပ္ရင္ ငါတို႔ နာမည္ေခၚၿပီး
အမွ်ေဝေပးပါ။ လူေလး မင္းလုပ္ျဖစ္ေအာင္
လုပ္ေပးပါ"

ဦးလူေလး အိပ္မက္မက္ေနရာမွ
လန္႔ႏိုးလာသည္။ အိပ္မက္ထဲမွ
လွည္းသမားေတြကို သူျပန္ၿပီးျမင္ေယာင္
လာသည္။ စိတ္မေကာင္းျဖစ္ရၿပီး
အျမန္ဆုံး ရွင္ျပဳအလႉပြဲလုပ္ရန္
ဆုံးျဖတ္လိုက္၏။ ႐ြာဦးေက်ာင္း၌
ေမာင္တင္ေအာင္အား ရွင္ျပဳေသာအခါ
ေရစက္ခ်အမွ်ေဝရာ၌ ခိုေတာင္ႀကိဳးဝိုင္းထဲမွ အသတ္ခံရေသာ
လွည္းသမားမ်ား၏ နာမည္မ်ားအား
တစ္ဦးခ်င္း ဖိတ္ေခၚ၍ အမွ်ေပးေဝပါသည္။
ထိုအျဖစ္အပ်က္သတင္းသည္ ႐ြာနီးခ်ဳပ္စပ္
မွတစ္ဆင့္ ပ်ံ႕ႏွံ႔သြားပါေတာ့သည္။

ဦးသန္းေရွာင္ (ယခုကြယ္လြန္ၿပီး)သည္
သပိတ္က်င္းၿမိဳ႕ေပၚမွ လုပ္ငန္းရွင္တစ္ဦး
ျဖစ္သည္။ သစ္လုပ္ငန္း ၊ ေ႐ႊလုပ္ငန္းမ်ား
ျဖင့္ ႀကီးပြားခ်မ္းသာေနသူျဖစ္ေလသည္။
တပည့္ျဖစ္သူ သစ္ေခါင္းေမာင္စံက
ခိုေတာင္ႀကိဳးဝိုင္းထဲမွာ ေတြ႕ႀကဳံခဲ့ရေသာ
အင္ပင္႐ြာမွ ေမာင္တင္ေအာင္၏
အျဖစ္အပ်က္အား ဦးသန္းေရွာင္ ကို
ေျပာျပ၏။

"မင္းဟာက ေသခ်ာပါ့မလားကြာ"

"ဆရာရဲ႕ ၊ အင္ပင္႐ြာမွာ ဟိုးေလး
တေက်ာ္ေက်ာ္ျဖစ္ခဲ့တဲ့ကိစၥပဲ။ အခုေလာက္
ဆို ေ႐ႊဘိုဘက္က သိုက္ဆရာေတြ
တူးဖို႔ေတာင္လုပ္ေနၾကၿပီထင္တယ္"

"ဒီလိုဆို မင္းဆရာေကာင္းေကာင္းရွာကြာ၊
ရွိႏိုင္ပါ့မလား"

"ရွိပါ့ဗ်ား ၊ ဝါးျဖဴေတာင္က
ဆရာႀကီး ဦးအံ့ေက်ာ္ဟာ အရမ္းစြမ္းတယ္။
ဆရာနဲ႔ေပးေတြ႕မယ္။ ဆရာအားတဲ့ရက္မွာ
အိမ္ကကားနဲ႔သြားၾကတာေပါ့"

ဤသို႔ျဖင့္ တစ္ေန႔ေသာအခါ၌
ဦးသန္းေရွာင္ ႏွင့္ ေမာင္စံတို႔
ဝါးျဖဴေတာင္သို႔ထြက္လာခဲ့ၾကသည္။
ဝါးျဖဴေတာင္အနီးေတာင္ကုန္းေလးေအာက္
၌ ဆရာႀကီးဦးအံ့ေက်ာ္တဲရွိသည္။
အသက္ (၆၀) ခန္႔ မုတ္ဆိတ္က်င္စြယ္
ေသွ်ာင္ထုံးႀကီးႏွင့္ ဆရာႀကီးဦးအံ့ေက်ာ္
သည္ ခံ့ညားပါေပစြ။

"ဆရာ ၊ ဒါ ကြၽန္ေတာ္ေျပာတဲ့
ဆရာႀကီးဦးအံ့ေက်ာ္ "

ေမာင္စံ မိတ္ဆက္ေပးသည္။

"ေရေႏြးၾကမ္းေသာက္ ၊ ကြမ္းစားၾကဦး။
ဒါနဲ႔ လာရင္းကိစၥက "

အၾကမ္းအိုးႏွင့္ ကြမ္းအစ္အား
ထိုးေပးရင္ ဆရာႀကီးကေမးသည္။

ဦးသန္းေရွာင္ ေမာင္စံအား
ေမးဆတ္ျပသည္။

"ဒီလိုပါ ဆရာႀကီး၊ သိုက္စာတစ္ခု
ရလာလို႔။ အဲဒါ ဆရာႀကီးအစြမ္းနဲ႔ေဖာ္ေပး
ႏိုင္မလား။ ကုန္က်စရိတ္ အားလုံး
ကြၽန္ေတာ့္သူေဌးက က်ခံပါ့မယ္။
လုပ္ငန္းေအာင္ျမင္ရင္ ေဝစုဆယ္ပုံတစ္ပုံရ
ပါမယ္။ ျဖစ္ႏိုင္ပါ့မလား"

ဆရာႀကီးသည္ မုတ္ဆိတ္ေမြးအား
လက္ျဖင့္သပ္ရင္း စဥ္းစားေနသည္။

"သိုက္ကဘယ္ေနရာမွာလဲ"

"အညာသီဟေတာ အေနာက္ဘက္
(၂) မိုင္ကြာ ခိုေတာင္ႀကိဳးဝိုင္းထဲက
ခိုေတာင္သိုက္ "

"အင္း - သိပ္ေတာ့မေဝးပါဘူး။
ဒီခိုေတာင္သိုက္ဆိုတာကို မၾကားဖူးဘူး။
ရွိေကာရွိလို႔လား"

"ရွိတာေသခ်ာပါတယ္ဆရာႀကီး။
ဂ်ပန္ေခတ္တုန္းက ဂ်ပန္ေတြ ဒီဘက္ကို
စစ္ဆုတ္လာရင္း ခိုေတာင္ႀကိဳးဝိုင္းထဲမွာ
ျမႇဳပ္သြားတာ လွည္းကိုးစီးတိုက္လို႔ေျပာၾက
တယ္"

"အင္း - က်ဳပ္လည္း ကေလးဝၿမိဳ႕နားက
ေတာင္ေၾကာႀကီးေဘး ကားလမ္းအနီးမွာ
ဂ်ပန္ေတြျမႇဳပ္သြားတဲ့သိုက္ကို သြားတူးဖူး
ပါတယ္။ တူးလိုက္တိုင္း ေတာင္က
ၿပိဳၿပိဳက်လာလို႔ ဆက္မတူးရဲေတာ့ဘဲ
လက္ေလွ်ာ့လိုက္ရတယ္။ ဒီဂ်ပန္ေတြက
စစ္သရဲေတြဆိုေတာ့ စိတ္ဓာတ္က
အရမ္းျပင္းတယ္။ ေတာ္႐ုံဆရာေတြမလြယ္
ဘူး။ အဲဒီသိုက္လည္း ေနာက္ဆုံးကားလမ္း
ခ်ဲ႕ရင္း လမ္းေအာက္ေရာက္သြားၿပီထင္
တယ္။ ကေလးဝၿမိဳ႕သူၿမိဳ႕သားေတြ
အခုထက္ထိ ပုံျပင္တစ္ပုဒ္လိုေျပာေနၾက
တုန္းပဲ"

"ခိုေတာင္သိုက္ က ဆရာႀကီး
အစြမ္းနဲ႔ဆိုရမွာပါ"

"ခင္ဗ်ားတို႔ေျပာတဲ့ ဆယ္ဖို႔တစ္ဖို႔ဆိုတာ
ေသခ်ာတယ္ေနာ္။ တခ်ိဳ႕ေတြက ပစၥည္းျမင္ရင္ ေလာဘတက္ၿပီး သစၥာေဖာက္ၾကေရာ"

ထိုအခါ ဦးသန္းေရွာင္ မွ ဝင္ေျပာပါသည္။

"စိတ္ခ်ပါ ဆရာႀကီး၊ ကြၽန္ေတာ္ကတိ
တည္ပါတယ္။ ဆရာႀကီးဘက္ကသာ
အစြမ္းကုန္လုပ္ေပးပါ"

ဆရာႀကီးဦးအံ့ေက်ာ္ ႏွင့္ ညႇိႏႈိင္းၿပီးၾက၍
ေနာက္တစ္ခါလာလွ်င္ အစီအစဥ္စမည့္ေန႔
အား ေျပာမည္ဆိုၿပီး ဆရာတပည့္
ႏွစ္ေယာက္ တစ္ဆက္တည္း သပိတ္က်င္း
ကမ္းနားဆိပ္မွစက္ေလွႏွင့္ တစ္ဖက္ကမ္း
သို႔ကူးၾကသည္။ ႏြားလွည္းငွါး၍ ခင္ဦးကား
လမ္းအတိုင္း အင္ပင္႐ြာသို႔ သြားၾကသည္။
ေမးစမ္းၿပီးသြားၾကရာ ဦးလူေလးအိမ္သို႔
ေရာက္လာၾကသည္။

"ဦးေလးဟာ ဂ်ပန္ေခတ္တုန္းက
ဂ်ပန္စစ္သားေတြ ေခ်ာဆြဲၿပီး
ခိုေတာင္ႀကိဳးဝိုင္းထဲပါသြားတဲ့လွည္းသမား
ႀကီးလို႔ေျပာၾကပါတယ္။ ထြက္ေျပးလို႔
အသက္မေသဘဲ လြတ္လာတယ္လို႔ေျပာ
ၾကပါတယ္ ဟုတ္ပါသလား"

ဦးသန္းေရွာင္သည္ ေျပာလည္းေျပာ
တစ္ရာတန္ေငြစကၠဴတစ္ထပ္ႏွစ္ေသာင္းခန္႔
ရွိမည္ထင္ရ၏။ ဦးလူေလးေရွ႕သို႔
႐ို႐ိုေသေသကမ္းလိုက္ပါသည္။
ဦးလူေလး ေငြစကၠဴအထပ္လိုက္အား
တစ္ခ်က္ၾကည့္လိုက္သည္။ (ထိုေခတ္က
ေ႐ႊတစ္က်ပ္သား သုံးေထာင္ခန္႔ရွိရာ
ေငြႏွစ္ေသာင္းသည္ လူတစ္ေယာက္
အတြက္ ရင္းႏွီးစားလို႔ရပါသည္။)

"က်ဳပ္နဲ႔အတူ ေအာင္သာတို႔
လွည္းသမားေတြပါ စုစုေပါင္း ေလးေယာက္ ေသေျပးရွင္ေျပးထြက္ေျပး
လာရတယ္။ က်ဳပ္ကဆက္ေျပးရင္ လမ္းမွာ
ဂ်ပန္ေတြနဲ႔တိုးမွာစိုးတာရယ္၊ သူတို႔
ဒီလွည္းေပၚက သံေသတၱာေတြကို
အရိပ္တၾကည့္ၾကည့္ျဖစ္ေနၾကလို႔မသကၤာ
တာနဲ႔ ေဝးေဝးမေျပးဘဲ ကြၽန္းပင္ႀကီးေပၚ
တက္ၿပီး ေခ်ာင္းၾကည့္ေနခဲ့တာ"

"ဦးေလး အဲဒီေနရာကိုေျပာျပပါလား။
ကြၽန္ေတာ္ ထိုက္ထိုက္တန္တန္ ကန္ေတာ့
ပါ့မယ္"

ဦးသန္းေရွာင္၏ ေျပာစကားအား
ဦးလူေလးက လက္ဝါးကာျပလိုက္သည္။

"က်ဳပ္တို႔ေျမးအဘိုး တစ္စု
သူတို႔ေပးတာေလးနဲ႔ အေျခတက်ျဖစ္ေနပါ
ၿပီ။ မကြၽတ္လြတ္ခဲ့တဲ့ က်ဳပ္တို႔ျမန္မာလူမ်ိဳး
လွည္းသမားငါးေယာက္လည္း ေကာင္းရာ
မြန္ရာဘုံဘဝေရာက္ကုန္ပါၿပီ။ က်ဳပ္ကို
အိပ္မက္လာေပးၾကပါတယ္။ သူတို႔
အညာသီဟေတာဘုရားနားမွာ ႐ုကၡစိုးႀကီး
ေတြျဖစ္ေနၾကၿပီလို႔။ အဲဒါေၾကာင့္
က်ဳပ္အရမ္းဝမ္းသာခဲ့တယ္။ ဂ်ပန္စစ္သား
ေလးေကာင္ကေတာ့ မိစာၦဒိ႒ိေတြျဖစ္ေနၾကလို႔ ဘယ္လိုမွအမွ်
ေဝလို႔မရဘူး။ ဒီေကာင္ေတြ ဂ်ပန္ဘုရင္
မင္းျမတ္အမိန္႔မျပန္မခ်င္း ဒီဥစၥာေတြကို
ေစာင့္ေနၾကရမွာ"

"ဦးေလးရယ္ ၊ မလိုက္ႏိုင္ရင္ေတာင္
ေနရာၫႊန္းေလးေျပာျပရင္ေက်နပ္ပါတယ္"

"အဲဒါေတာ့ ေျပာႏိုင္ပါတယ္။
သီဟေတာဘုရားဆိပ္ကမ္းကေနၿပီး
အေနာက္စူးစူး ႏွစ္မိုင္ေလာက္ ေတာထဲ
ဝင္လိုက္ရင္ ကြၽန္းပင္ႀကီးသုံးပင္
ဖိုခုံေလာက္ဆိုင္ေပါက္ေနတဲ့ ေျမေပ်ာ့ေပ်ာ့
ကြက္လပ္ကိုေတြ႕လိမ့္မယ္။ စိမ့္ေျမလိုျဖစ္
ေနတာ။ ဂ်ပန္ေတြက တြင္းကိုဖို႔ၿပီး အေပၚမွာ ေက်ာက္တုံးႀကီးတစ္တုံးလွိမ့္
တင္ထားၿပီး အမွတ္အသားလုပ္ထားခဲ့ၾက
တယ္။ အဲဒီေနရာပဲ"

"တျခားဘာအမွတ္အသားရွိေသးလဲ
ဦးေလး "

"အင္း - က်ဳပ္မွတ္မိတာက
အဲဒီေနရာရဲ႕ေျမာက္စူးစူး တစ္မိုင္ေလာက္
မွာ စမ္းေခ်ာင္းေလးတစ္ေခ်ာင္းရွိတယ္။
က်ဳပ္ေရငတ္လို႔ေရေသာက္ခဲ့တဲ့ေနရာ"

"ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဦးေလး။
ကြၽန္ေတာ္တို႔ လုပ္ငန္းေအာင္ျမင္ရင္
ဦးေလးကို ထိုက္ထိုက္တန္တန္ ကန္ေတာ့
ပါ့မယ္"

သူတို႔အုပ္စု ဦးလူေလးအား
ႏႈတ္ဆက္ၿပီးျပန္ခဲ့ၾကသည္။

ဧရာဝတီျမစ္ေရျပင္သည္
လႈိင္းၾကက္ခြပ္ေလးမ်ားထလ်က္ တၿငိမ့္ၿငိမ့္
စီးဆင္းေနသည္။ မလွမ္းမကမ္းမွာက
ေတာင္ႀကီးႏွစ္လုံးသည္ ျမစ္ႀကီးအား
ပိတ္ဆို႔ကာဆီးထားသလို ျဖစ္ေနသည္။
ထိုေနရာသည္ ဧရာဝတီျမစ္၏ တတိယ
ျမစ္က်ဥ္းအစ ျဖစ္ပါသည္။ အညာသီဟ
ေတာဘုရားမွ ဆည္းလည္းသံေလးမ်ားက
ေလအေဝွ႔မွာ တခြၽင္ခြၽင္ျမည္ရင္း ျမစ္ျပင္၌
စီးေမ်ာေန၏။ သီဟေတာဘုရားကြၽန္းေပၚမွ
ဆီးျဖဴသီးေလးမ်ားက ေရစီးအတိုင္း
ေျမာက္မွေတာင္သို႔ စီးေမ်ာလ်က္။
အေရွ႕ဘက္ကမ္း ေ႐ႊျမင္တင္ေတာင္တန္း
ေပၚမွ ေ႐ႊျမင္တင္ေစတီ၏ စိန္ဖူးေတာ္သည္
က်ေနေရာင္၌ စူးစူးရွရွ လင္းလက္လ်က္ရွိ
သည္။

သပိတ္က်င္းၿမိဳ႕ ဆိပ္ကမ္းတြင္
ဦးသန္ေရွာင္တို႔ ဆရာတပည့္ေတြ
အလုပ္ရႈပ္လ်က္ရွိသည္။ စက္ေလွဦး
ေခါင္းပိုင္း၌ ဆရာႀကီးဦးအံ့ေက်ာ္သည္
ကြမ္းတၿမဳံ႕ၿမဳံ႕ဝါးလ်က္ရွိသည္။
ဦးသန္းေရွာင္က ေမာင္စံေခါင္းေဆာင္ေသာ
သူ႔အလုပ္သမားမ်ားအား လိုအပ္သည္မ်ား
ကို မွာၾကားေနသည္။ အုန္းသီး ၊ ငွက္ေပ်ာသီး ၊ အေမႊးတိုင္ ၊ ဖေယာင္းတိုင္
မွအစ သေျပပန္းအဆုံး မလစ္လပ္ေစရ။
ေပါက္တူး၊ တူး႐ြင္း၊ ငန္းျပားပါမက်န္
စက္ေလွေပၚတင္၏။ မ်က္ႏွာသိမ်ားက
ဘယ္ကိုခ်ီတက္မလို႔လဲဟုေမးရာ ေ႐ႊေမွာ္
ဘက္သြားၾကမလို႔ဟု ေျဖလိုက္သည္။
ေနေစာင္းသည္ႏွင့္ အညာသီဟေတာ
အေနာက္ဘက္ကမ္းစပ္အေရာက္သြားရန္
ေဆာ္ၾသေနရသည္။

ညေနေလးနာရီခန္႔တြင္ သူတိုအုပ္စု
သီဟေတာဘုရားအေနာက္ဘက္ကမ္းသို႔
ေရာက္သြားၾကသည္။ ဦးသန္းေရွာင္၏
လူယုံတပည့္တစ္ေယာက္ လွည္းတစ္စီးႏွင့္
လာႀကိဳေနသည္။ ခိုေတာင္ႀကိဳးဝိုင္းသည္
မဆလေခတ္၌ ႐ြာနီးခ်ဳပ္စပ္မ်ားက သစ္ ၊
ဝါးမ်ားခုတ္ၾက ၊ လယ္ယာအသစ္တိုးခ်ဲ႕
ရင္း က်ဳံ႕၍လာေခ်ၿပီတည္း။ သစ္ႀကီးဝါးႀကီးမ်ား ျပဳန္းတီးခဲ့ေသာ္လည္း
ေတာအစအနကက်န္ေနေသး၏။ ေတာ
အုပ္ထဲသို႔ သစ္တိုက္ဝါးတိုက္သည့္လွည္း
လမ္းေၾကာင္းအတိုင္း ဝင္လာခဲ့ၾကသည္။
ဦးသန္းေရွာင္သည္ ႏွစ္မိုင္ခန္႔ဆိုသည့္
စကားအား မွတ္သားၿပီး ကမ္းနားစပ္မွ
ႏွစ္မိုင္ခရီးအား ခန္႔မွန္းေန၏။ ႏွစ္မိုင္ခန္႔သို႔
ေရာက္ေသာအခါ ကိုင္းျမက္မ်ား ထူထပ္စြာ
ေပါက္ေနသည့္ ေျမေပ်ာ့ေပ်ာ့ စိမ့္ေျမအား
စေတြ႕သည္။ အင္ပင္ ၊ သစ္ရာပင္မ်ားျဖင့္
ေတာထူေန၏။ ကြၽန္းပင္ႀကီးသုံးပင္အား
မလွမ္းမကမ္းတြင္ ေတြ႕ၾကေလသည္။

"ေမာင္စံ၊ အဲဒီေနရာပဲ။ ပိုၿပီး
ေသခ်ာေအာင္ မင္းလူတစ္ေယာက္ေခၚၿပီး
ေျမာက္စူးစူးကိုသြား၊ တစ္မိုင္ေလာက္မွာ
စမ္းေခ်ာင္းေလးရွိရင္ အျမန္ျပန္လာ။
ငါ့ႏွစ္လုံးျပဴးကို ယူသြား"

ေမာင္စံႏွင့္ လူတစ္ေယာက္
ခပ္သြက္သြက္ထြက္သြားၾကသည္။

ေတာေက်းငွက္တို႔အိပ္တန္းတက္ဖို႔
ျပင္ေနၾက၏။ ေအာင္ေလာင္ငွက္ႀကီး
ႏွစ္ေကာင္ သစ္ရာပင္ႀကီးထက္၌ "ဂ...
ဂ...ဂ" ဟုေအာ္ေနၾကသည္။ သစ္ပင္
ေအာက္၌ ငါးအေသေကာင္မ်ားျပန္႔က်ဲ
လ်က္ရွိသည္။ သစ္ကိုင္းမ်ားအၾကားမွ
ေမ်ာက္ညိဳတစ္အုပ္က သူတို႔လူစုအား
ေခ်ာင္းၾကည့္ေနၾကသည္။ စိမ့္ေျမသည္
ကိုင္းပင္မ်ားျဖင့္ထူထပ္စြာရွိေန၏။

တစ္နာရီခန္႔ၾကာေသာ ေမာင္စံ
တို႔ႏွစ္ေယာက္ ျပန္လာၾကသည္။

"ေသခ်ာတယ္ ဆရာႀကီး၊ ကြၽန္ေတာ္တို႔
စမ္းေခ်ာင္းကို ေတြ႕ခဲ့တယ္"

"ဒါဆိုရင္ မင္းေခါင္းေဆာင္ၿပီး
ကိုင္းေတာကိုရွင္း၊ ေက်ာက္တုံးႀကီးကို
ေတြ႕ရင္ ပတ္ပတ္လည္ေတာရွင္းထားလိုက္"

ဦးသန္းေရွာင္ ႏွင့္ ဆရာႀကီး
ဦးအံ့ေက်ာ္တို႔ႏွစ္ေယာက္ သစ္ပင္ႀကီး
တစ္ပင္ေအာက္မွာထိုင္ၿပီး စကားေျပာေန
ၾကသည္။

ေနဝင္ေတာ့မည္။ ေမ်ာက္ေအာ္သံမ်ားက
သစ္ပင္ႀကီးမ်ားထက္ ဟိုမွသည္မွ ၾကားေန
ရသည္။ သိုက္တူးမည့္ကိစၥသာမရွိလွ်င္
ဒီည ေမ်ာက္သားဟင္း၊ ေမ်ာက္ေခ်းခါး
ဟင္းတစ္ခြက္ေတာ့ျဖင့္ ေကာင္းေကာင္း
စားရဦးမည္။ ယခုေတာ့ အေရးႀကီးကိစၥ
ပါလာသျဖင့္ ေမ်ာက္ညိဳတစ္အုပ္အား
ခြင့္လႊတ္ထားလိုက္သည္။

"ဆရာႀကီး ၊ ကိုင္းေတာထဲမွာ
ရွင္းၿပီးၿပီ။ ေက်ာက္တုံးႀကီးကိုလည္း
ေတြ႕တယ္"

ေမာင္စံက ဦးသန္းေရွာင္အား
အစီရင္ခံေနသည္။ ကိုင္းေတာအလယ္
ရွင္းထားေသာ ေျမကြက္လပ္ႏွင့္
ဦးသန္းေရွာင္တို႔ထိုင္ေနေသာ သစ္ပင္ႀကီး
၏ ေအာက္မွာ ဘာမွမေဝးသျဖင့္ သစ္ပင္
ေအာက္မွာပဲ စခန္းခ်ၾကသည္။

"ဦးသန္းေရွာင္ ၊ က်ဳပ္ ဒီညတစ္ညလုံး
ပြဲထိုးၿပီးအလုပ္လုပ္ရမွာ။ ကိစၥဝိစၥၿပီးလို႔
ေနထြက္မွတူးလို႔မရဘူးလား။ ျမင္ျမင္
ထင္ထင္ရွိေတာ့ ပိုေကာင္းတာေပါ့"

"ဆရာႀကီးဘယ္လိုစီစဥ္ခ်င္ပါသလဲ
ေျပာပါ"

"ကိုင္းေတာအလယ္ ေက်ာက္တုံးႀကီးေပၚ
မွာ ကန္ေတာ့ပြဲကိုတင္ၿပီး ကိုင္းေတာပတ္
လည္စည္းခ်ၿပီး ပရိတ္ႀကိဳးတားခ်င္တယ္။
ၿပီးေတာ့ အဓိ႒ာန္ ပုတီးစိပ္ရမွာ"

"ရပါတယ္ ဆရာႀကီး လုပ္ပါ ၊
ကြၽန္ေတာ္တို႔မွာ အခ်ိန္ရွိပါတယ္"

ဆရာႀကီးဦးအံ့ေက်ာ္က
ေက်ာက္တုံးႀကီးရွိရာသို႔သြားၿပီး
ကန္ေတာ့ပြဲကို တင္လိုက္သည္။
ပရိတ္ေရမ်ားျဖင့္ ေက်ာက္တုံးႀကီးအား
ပက္ဖ်န္းၿပီး ဖေယာင္းတိုင္ ၊ အေမႊးတိုင္မ်ား
ထြန္းလိုက္သည္။ ေမာင္စံႏွင့္ အျခားသူမ်ား
က ဆရာႀကီးေပးေသာ အပ္ခ်ည္လုံးျဖင့္
ကိုင္းေတာပတ္ပတ္လည္ တားလိုက္၏။
ဆရာႀကီးဦးအံ့ေက်ာ္သည္ သစ္ပင္ႀကီး
ေအာက္တြင္ ထိုင္လိုက္ၿပီး ဖေယာင္းတိုင္
တစ္တိုင္ထြန္းကာ ပုတီးစတင္စိပ္ပါေတာ့
သည္။ ေတာတြင္းမွ ညဥ့္ယံအခ်ိန္ကာလ
သည္ တိတ္ဆိတ္လြန္းလွသည္။
တစ္ခါတစ္ရံ ေမ်ာက္ညိဳတို႔၏ တကြိကြိ
အသံမ်ားၾကားရသည္။ လင္းဝက္တို႔
အေနာက္မွအေရွ႕သို႔ တကြပ္ကြပ္အသံ
ေပးရင္း ပ်ံသန္းသြားၾကသည္။

"ဦးသန္းေရွာင္ ၊ ညေနကစက္ေလွထဲမွာ
ေမာင္ေသာ့လို႔ေခၚသံၾကားလိုက္တယ္။
သူပါလာသလား"

"ပါပါတယ္ ဆရာႀကီး ၊ ကြၽန္ေတာ္
သစ္ဆိုင္က တပည့္တစ္ေယာက္ပါ။
ေမာင္ေသာ့ေရ ၊ ဆရာႀကီးေခၚေနတယ္"

ေရေႏြးအိုးတည္ေနေသာ
ေမာင္ေသာ့သည္ ဆရာႀကီးဦးအံ့ေက်ာ္
အနီး ေရာက္လာသည္။

"ဘာခိုင္းမလို႔လဲ ဆရာႀကီး"

"မင္းက ဒီလိုလုပ္။ ငါကေမာင္ေသာ့ေရ
ေခၚလိုက္ရင္ ဗ်ာလို႔ထူးၿပီး လာပါၿပီ
ဆရာႀကီးလို႔ေျပာ။ ၿပီးေတာ့ ငါခိုင္းတဲ့
အတိုင္း မင္းလုပ္ရဲပါတယ္ေနာ္"

"စိတ္ခ်ပါ ၊ လုပ္ရဲပါတယ္ ဆရာႀကီး"

"ကိုင္း - ဒါဆိုရင္ ဟိုဘက္ကိုျပန္သြားၿပီး
ေစာင့္ေန"

ေမာင္ေသာ့ျပန္သြားၿပီး ေရေႏြးအိုး
မီးဖိုအား ထင္းထည့္ေန၏။ ျခင္ကိုက္
သက္သာေစရန္ မီးခိုးအူသည့္ထင္း
ေခ်ာင္းမ်ားအားေ႐ြးၿပီး မီးထဲထည့္ေန၏။

ဆရာႀကီးဦးအံ့ေက်ာ္ ဂါထာမ်ား
မန္းမႈတ္ေနရာမွ -

"ေမာင္ေသာ့ေရ "

"ဗ်ာ - ဆရာႀကီး၊ လာပါၿပီ"

"ကိုင္းေတာအလယ္က ေက်ာက္တုံး
ႀကီးကို လက္ဝါးနဲ႔သြား႐ိုက္ကြာ။ ၿပီးတာနဲ႔
ငါ့ဆီအျမန္ျပန္လာ ၾကားလား"

"ၾကားပါတယ္ ဆရာႀကီး"

ေမာင္ေသာ့ ကပ်ာကယာ
ကိုင္းေတာထဲဝင္သြားသည္။
တစ္ေအာင့္ၾကာေသာ သုတ္သီးသုတ္ပ်ာ
ျဖင့္ ျပန္ထြက္လာသည္။

"ကဲကဲ - အားလုံး ဒီေနရာမွာ
လာစုၿပီးထိုင္ၾက။ က်ဳပ္စည္းခ်ၿပီးရင္
ဘယ္သူမွစည္းအျပင္မထြက္ၾကနဲ႔ေတာ့။
ထြက္မိတာနဲ႔ အစီအစဥ္ေတြအားလုံးပ်က္ၿပီ"

ဦးသန္းေရွာင္တို႔ သစ္ပင္ႀကီးေအာက္
ေျမကြက္လပ္မွာ စုေဝးထိုင္ၿပီးေသာအခါ
ဆရာႀကီးဦးအံ့ေက်ာ္သည္ ဆန္မန္းမ်ားျဖင့္
စည္းဝိုင္းတားသကဲ့သို႔ လိုက္၍ႀကဲခ်သည္။
ၿပီးေသာအခါ ျပန္ထိုင္ၿပီး ပုတီးစိပ္ေနျပန္ပါ
သည္။ ဦးသန္းေရွာင္ ၊ ေမာင္စံ ႏွင့္
က်န္သည့္သူမ်ားလည္း ဖေယာင္တိုင္မီး
ပ်ပ်ေအာက္တြင္ ဘာေတြျဖစ္လာမည္လဲ
ဟု ရင္တထိတ္ထိတ္ျဖင့္ ပတ္ဝန္းက်င္အား
ၾကည့္ေနၾကသည္။

"ဝုန္း...ဝေရာ"

ကိုင္းေတာအလယ္မွေက်ာက္တုံးႀကီး
လိမ့္က်သြားသည့္ အသံႀကီးျဖစ္ပါသည္။
တင္ထားသည့္ ကန္ေတာ့ပြဲကေတာ့
ကြၽမ္းထိုးေမာက္ခုံျဖစ္ၿပီထင္ပါရဲ႕။

"သိုက္တံခါးပြင့္သြားၿပီ ၊ ေမာင္ေသာ့ကို
ဖြင့္ခိုင္းလိုက္တာ"

"ေမာင္ေသာ့ ၊ မင္းေက်ာက္တုံးႀကီးကို
ဘာသြားလုပ္လိုက္လဲ"

ေမာင္စံက တိုးတိုးေမးသည္။

"က်ဳပ္ ဆရာႀကီးခိုင္းတဲ့အတိုင္း
လက္ဝါးနဲ႔႐ိုက္လိုက္တာပါပဲ"

"အားလုံး သတိဝီရိယနဲ႔ေနၾကပါ။
သိုက္တံခါးပြင့္သြားၿပီ။ စည္းအျပင္ကို
မထြက္ၾကနဲ႔။ အတြင္းမွာေနေနသေ႐ြ႕
က်ဳပ္တာဝန္ယူတယ္။ ဘာမွမျဖစ္ေစရဘူး။
အျပင္ထြက္ေျပးရင္ တစ္စုံတစ္ခု ျဖစ္သြား
လိမ့္မယ္။ က်ဳပ္ေျပာတဲ့စကားကိုနားေထာင္
ပါ"

ဆရာႀကီးဦးအံ့ေက်ာ္သည္ တဖြဖြ
သတိေပးေနရင္း ကိုင္းေတာအလယ္သို႔
စူးစူးရဲရဲၾကည့္ကာ ႏႈတ္မွဂါထာတစ္ပုဒ္အား
တတြတ္တြတ္႐ြတ္ေနသည္။ ကိုင္းေတာ
ႀကီးသည္ ေလျပင္းေမႊ႕လိုက္သည့္ပမာ
ကိုင္းပင္မ်ားယိမ္းခါသြားၿပီး အရိပ္မည္းမည္းေလးခု ေျပးထြက္လာပါ
သည္။ ဦးသန္ေရွာင္တို႔ လူစုတစ္ေယာက္
ႏွင့္တစ္ေယာက္ ပူးကပ္သြားၾက၏။
ဆရာႀကီးဦးအံ့ေက်ာ္ကေတာ့ ဖေယာင္းတိုင္မီးေပၚသို႔ ေဆးမႈန္႔မ်ားျဖဴး
ခ်လိုက္ ၊ ကိုင္းေတာႀကီးအား လက္ညႇိဳးထိုး
ၿပီး မႏၲန္ေတြ႐ြတ္လိုက္ အမိန္႔ေပးရင္းႏွင့္
အလုပ္ရႈပ္ေနသည္။

"ဒိုင္း...ဒိုင္း...ဒိုင္း...ဒိုင္း"

ဘယ္ေနရာမွပစ္ေနမွန္းမသိေသာ
က်ည္ဆန္ေတြက တဒိုင္းဒိုင္းျမည္ဟည္း
ရင္း တ႐ႊီ႐ႊီျဖင့္ သူတို႔ထိုင္ေနေသာ
သစ္ပင္ေအာက္သို႔ေရာက္လာသည္။
သူတို႔ေခါင္းေပၚေက်ာ္သြားလိုက္၊ နံေဘးမွ
ျဖတ္သြားလိုက္ျဖစ္ေနေသာက်ည္ဆန္မ်ား
သည္ တ႐ႊီ႐ႊီအသံေပးရင္း ျဖတ္သန္းေန
ၾကသည္မွာ အသည္းတယားယားျဖစ္ေန
ၾကရ၏။ ေသနတ္သံတဒိုင္းဒိုင္းအသံမ်ား
ေၾကာင့္ အိပ္တန္းတက္ေနၾကေသာ
ငွက္တို႔ လန္႔ပ်ံၾကသည္။ ေမ်ာက္ညိဳ
တစ္အုပ္မွာ သစ္ပင္မ်ားေပၚမွ ဟိုသည္ေျပး
လႊားၾကေတာ့သည္။ ေသနတ္သံမ်ား
ျပန္တိတ္သြား၏။

"ဆရာ ကြၽန္ေတာ္တို႔ျပန္လစ္ၾကရင္
ေကာင္းမယ္"

ေမာင္စံက တိုးတိုးေျပာသည္။
ဦးသန္းေရွာင္ ဆရာႀကီးဦးအံ့ေက်ာ္အား
လွည့္ၾကည့္လိုက္သည္။ ဆရာႀကီးသည္
ေဇာေခြၽးမ်ားျပန္လ်က္ ေျမႀကီးအား
ႀကိမ္လုံးျဖင့္႐ိုက္ေနသည္။ သူတို႔ကိုလည္း
စည္းဝိုင္းအျပင္မထြက္ရန္ လက္ဟန္ေျခ
ဟန္ျပေနသည္။ ၿပီးေနာက္ တင္ပ်င္ေခြ
ထိုင္ၿပီး ပုတီးစိပ္ျပန္သည္။

"ဒိုင္း...ဒိုင္း...႐ႊီ...ဒိုင္း...ဒိုင္း..႐ႊီ ႐ႊီ"

"ဟ - လာျပန္ပေဟ့၊ ဝပ္ေနၾက"

ဦးသန္းေရွာင္သည္ ေၾကာက္လန္႔တၾကား
ေအာ္လိုက္ၿပီး ေျမႀကီးေပၚတြင္ ျပားျပား
ဝပ္လိုက္သည္။ ဖေယာင္းတိုင္မီးပ်ပ်
ေအာက္ဝယ္ ပတ္ဝန္းက်င္ရွိ သစ္ပင္ႀကီး
မ်ားၾကားမွမည္းမည္းအရိပ္ေဘးခုသည္
ဟိုေျပးသည္ေျပးလုပ္ေနၾကၿပီး လက္ထဲမွာ
႐ိုင္ဖယ္ေသနတ္ပုံသဏၭာန္ ရွည္ေမ်ာေမ်ာ
အရာမ်ား ကိုင္ထားသည္ကို ရိပ္ခနဲေတြ႕ေန
ရသည္။ ေသနတ္သံမ်ား ျပန္ေပ်ာက္သြား
ျပန္၏။ ဆရာႀကီးဦးအံ့ေက်ာ္ ပုတီးစိပ္ေနရာ
မွ သက္ျပင္းခဏခဏခ်ေနသည္ကို
ၾကားေနရ၏။ သူတို႔အုပ္စု စိတ္ေမာလူေမာ
ျဖစ္ၿပီး တစ္ေယာက္ေပၚတစ္ေယာက္မွီရင္း
ေမွးခနဲ အိပ္ေပ်ာ္သြားၾက၏။

"ဒိုင္း ဒိုင္း ဒိုင္း ဒိုင္း"

"ဟိုက္ - လာျပန္ၿပီေဟ့"

အိပ္ေပ်ာ္ေနရာမွ လန္႔ႏိုးလာၾကၿပီး
အထိတ္တလန္႔ ျဖစ္ၾကရျပန္ပါသည္။
ဦးသန္းေရွာင္ စဥ္းစားၾကည့္မိသည္။
ေသေအာင္ပစ္ခ်လွ်င္ သူတို႔အုပ္စုသည္
ျခင္းထဲမွ ၾကက္မ်ားလိုျဖစ္ေနသည္။
လြယ္လြယ္ေလး ပစ္သတ္လို႔ရ၏။
ယခုေတာ့ သည္လိုမဟုတ္။ တဒိုင္းဒိုင္းႏွင့္
က်ည္ဆန္မ်ားကသာ ျဖတ္သန္းသြားေန
သည္။ ဘယ္သူ႔ကိုမွ က်ည္ဆန္မမွန္ေသး။
ဧကႏၲ - ဆရာႀကီး၏ စည္းဝိုင္းအတြင္းမွာ
ေနေန၍ျဖစ္မည္။ အကယ္၍ စည္းအျပင္
ထြက္လွ်င္ မေတြးဝံ့စရာ။

"မင္းတို႔ စည္းအျပင္ကိုေၾကာက္ၿပီး
ထြက္မေျပးၾကနဲ႔၊ စည္းဝိုင္းထဲမွာေနရင္
သူတို႔ ငါတို႔ကိုမွန္ေအာင္မပစ္ႏိုင္ဘူး။
ငါ့စကားကို နားေထာင္"

တပည့္မ်ားက ဦးသန္းေရွာင္၏
အမိန္႔ကို တစ္သေဝမတိမ္း လိုက္နာၾက
ပါသည္။ ထိုညက ျခင္အကိုက္ခံၿပီး
တစ္ညလုံးမိုးလင္းခဲ့ရသည္။ ေသနတ္သံ
မ်ားကလည္း ေမ့သေလာက္ရွိလွ်င္ ျပန္ျပန္
ေပၚလာ၏။ ဤသို႔ျဖင့္ ေရာင္နီလာၿပီး
အလင္းေရာင္ပ်ပ်ျမင္ရေသာအခါ
ကိုင္းေတာထဲမွကန္ေတာ့ပြဲမွာ ကြၽမ္းထိုး
ေမွာက္ခုံျဖစ္ေနၿပီး အုန္းသီးတျခား ၊ ငွက္
ေပ်ာသီးတျခားျဖစ္ေနသည္။ ဆရာႀကီး
ဦးအံ့ေက်ာ္သည္ ေခါင္းတခါခါျဖင့္ သက္ျပင္းခ်ေနသည္။

"လက္ေလွ်ာ့လိုက္ပါေတာ့ဦးသန္းေရွာင္။
သူတို႔ဟာ ကမာၻေပၚမွာ အာဏာစက္
အျပင္ဆုံး ဘုရင့္စစ္တပ္ရဲ႕ အမိန္႔ေၾကာင့္
ဝိညာဥ္ေလာကအေစာင့္အၾကပ္ေတြ
ျဖစ္ေနတာေတာင္ အမိန္႔ကိုနာခံတုန္းပဲ။
သာမန္မေကာင္းဆိုးဝါး သိုက္ေစာင့္
သတၱဝါေတြဆိုရင္ က်ဳပ္ေဆးဝါးအစီအရင္
ဒဏ္ကို မခံႏိုင္ပါဘူး။ ဒါေပမယ့္ သူတို႔ဟာ
လူ႔ဘဝထဲက စစ္သားျဖစ္ခဲ့ၿပီး အရက္စက္
ဆုံဖက္ဆစ္စစ္သားေတြျဖစ္ေနေတာ့
ၾကမ္းတမ္းလြန္းလွ႐ုံမကဘဲ အခုတစ္ခါ
ပရေလာကသိုက္အေစာင့္အၾကပ္ေတြ
ျဖစ္သြားေတာ့ ပိုၿပီးၾကမ္းၿပီ ရမ္းၿပီေပါ့။
က်ဳပ္က စည္းကိုလုံေအာင္ တားႏိုင္ခဲ့လို႔
ခင္ဗ်ားတို႔ ဘာမွမျဖစ္တာကံေကာင္းတယ္
မွတ္ပါ။ ခိုေတာင္ႀကိဳးဝိုင္း ေတာစိုးနတ္ႀကီး
ကလည္း က်ဳပ္ကို ဆက္မလုပ္ဖို႔ ေမတၱာရပ္ခံေနပါတယ္။ ဒီေတာ့
လက္ေလွ်ာ့လိုက္ပါေတာ့ဗ်ာ"

ဦးသန္းေရွာင္သည္ ဘာမွဆက္မေျပာ
ေတာ့ဘဲ ပစၥည္းမ်ားသိမ္းဆည္း၍
လွည္းျဖင့္ျပန္ခဲ့ၾကပါသည္။ သူ႔မ်က္စိထဲ
တြင္ေတာ့ လွည္းကိုးစီးမွ် ေ႐ႊ ၊ ေငြ ၊ လက္
ဝတ္ရတနာ ၊ ေ႐ႊဒဂၤါး ေတြကိုျမင္ေနတုန္း
ျဖစ္၏။ (မွတ္ခ်က္- သပိတ္က်င္းၿမိဳ႕ရွိ
ဦးသန္းေရွာင္မွာ ကြယ္လြန္ခဲ့ၿပီ ျဖစ္ပါသည္။

တစ္ေန႔ သပိတ္က်င္းၿမိဳ႕သို႔
လူတစ္စုေရာက္ရွိလာသည္။ သူတို႔သည္
ၿမိဳ႕စြန္ဘုန္းႀကီးေက်ာင္း၌တည္းၾကသည္။
ဝတ္စားပုံမ်ားက သာမန္လူေတြႏွင့္မတူပါ။
ေခါင္းေပါင္းနီ၊ လက္ပတ္နီ၊ ဆံပင္ရွည္ႀကီး
မ်ားျဖင့္ ၾကည့္ရသည္မွာ ကိုးလိုးကန္႔လန္႔
ႏိုင္လွသည္။ လူ (၁၅)ဦးခန္႔အဖြဲ႕ျဖစ္ေသာ
ေၾကာင့္ ဘုန္းႀကီးေက်ာင္းမွ မေကြၽးႏိုင္ပါ။
သူတို႔ဟာသူတို႔ ခ်က္စားၾက၏။
ေခါင္းေဆာင္ျဖစ္သူက ေသွ်ာင္ထုံးႀကီးႏွင့္
ျဖစ္ၿပီး ႏႈတ္ခမ္းေမြးမွာ ေကာ့ပ်ံေနသည္။
ဝိဇၨာမဟိဒၶိစူဠဂႏၶာရီဂိုဏ္းေတာ္ႀကီးဟု
ေျပာသည္။ သူတို႔သည္ အုန္းသီး ၊ ငွက္ေပ်ာသီး ၊ သေျပပန္းမ်ားေျမာက္ျမား
စြာဝယ္၍ တစ္ခုေသာညေနခင္းမွာ
စက္ေလွျဖင့္ သပိတ္က်င္းဆိပ္ကမ္းမွ
အညာသီဟေတာဘုရားဘက္သို႔
ထြက္ခြာသြားၾကသည္။

နံနက္လင္းေသာအခါ
သပိတ္က်င္းဆိပ္ကမ္း၌ လူအမ်ား
႐ုံးစု႐ုံးစုျဖစ္ေနသျဖင့္ သြားေရာက္စပ္စုရာမွ
စုတ္ျပတ္သတ္ေနၿပီး ႐ုပ္ပ်က္ဆင္းပ်က္
ျဖစ္ေနေသာ ထိုလူစုကိုေတြ႕ရပါေတာ့
သည္။ စက္ေလွသမားအား သီဟေတာ
ဘုရားအေနာက္ဘက္ဆိပ္ကမ္းမွ
တစ္ညလုံးေစာင့္ခိုင္းထားသည္။
နံနက္ေဝလီေဝလင္းတြင္ ေခြးေျပးဝက္ေျပး
ျဖစ္လာၾကေသာထိုလူစုကိုေတြ႕ရ၏။
အဝတ္အစားေတြစုတ္ျပတ္သတ္ေနၿပီး
ဆံပင္ရွည္ႀကီးေတြ ဖ႐ိုဖရဲ ျဖစ္ေနၾကေသာ
သူတို႔အား စက္ေလွသမားက
တစ္ေယာက္ခ်င္းေလွေပၚသို႔တြဲခ်ရ၏။
ထို႔ေနာက္ သူတို႔သည္ သပိတ္က်င္းမွာ
မေနရဲေတာ့ဘဲ (၆) မိုင္႐ြာသို႔
ေျပာင္းသြားခဲ့ၾကသည္။ သိပ္မၾကာလိုက္ပါ။
သူတို႔ (၁၅) ဦးလုံး တစ္ေယာက္ၿပီးတစ္
ေယာက္ ေသဆုံးကုန္ၾကသည္ဟုသတင္း
ၾကားသိရသည္။

ခိုေတာင္သိုက္သည္ ဤမွ်အထိ

ၾကမ္းတမ္းဆိုးဝါးလြန္းလွပါေပတည္း။

{ ၿပီးပါၿပီ။}
မူရင္းေရးသူ-သန္႔ဇင္

No comments

Post a Comment