ပြည့်တန်ဆာမလေးသီရိမာ

  ပြည့်တန်ဆာမလေးသီရိမာ ★ ★ ဘယ်လို … ဘယ်လို …. ပြန်ပြောစမ်းပါဦး သခင်မ နားကြားများလွဲလေသလားကွယ် >>> ဟုတ်ပါတယ် သခင်မ … သခင်မကို အမျိုး... thumbnail 1 summary

 ပြည့်တန်ဆာမလေးသီရိမာ


★ ★ ဘယ်လို … ဘယ်လို …. ပြန်ပြောစမ်းပါဦး သခင်မ နားကြားများလွဲလေသလားကွယ်

>>> ဟုတ်ပါတယ် သခင်မ … သခင်မကို အမျိုးသမီးတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ် ….

★ ★ မဖြစ်နိုင်တာကွယ် … သခင်မဘ၀မှာ အမျိုးသမီးကတွေ့ခွင့်တောင်းတယ်ဆိုတာ မဖြစ်နိင်တာပဲ … သူက ဘယ်သူလဲ … ဘာကိစ္စတဲ့တုန်း …တစ်လကြိုတင် ချိတ်ဆက်ထားခြင်း မရှိရင်သခင်မ ဘယ်သူ့မှ မတွေ့တာ သူမသိ ဘူးလား …။

>>> သိပ်ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက်ပါသခင်မ … ကိုယ်ရေးကိုယ်တာကိစ္စကြောင့် သခင်မကိုပဲတွေ့ပါရစေ … သခင်မနဲ့ နှစ်ကိုယ်ကြားပြောပါရစေ တဲ့ ….

★ ★ ဘုရားဘုရား … ဟုတ်ရဲ့လားကွယ် … ကဲကဲ … ထားပါတော့ သူ့ကိုဖျော်ရည်နဲ့ ဧည့်ခံ ထားလိုက်ပါကွယ် … သခင်မလာခဲ့မယ် ခဏစောင့်ဖို့ ပြောထားလိုက်နော် ….

အင်း …. ကျမလိုပြည့်တန်ဆာတစ်ယောက်ကို …. အမျိုးသမီးတစ်ယောက်က … တွေ့ခွင့် တောင်းတယ် ဆိုပါလား ထူးဆန်လိုက်တာ ….

ကိုယ်ကို မှန်ရှေ့မှာ တစ်ချက် လှည့်ပတ်ကြည့်လိုက်တယ် …. ပြီးတော့ အပေါ်ရုံလေးကို အသာအယာ ခြုံပြီး …. ဧည့်ခန်းမဆီကိုထွက်လာခဲ့တယ် …။

အိုး … မျက်နှာလေးက ကျက်သရေရှိသလို အေးချမ်းလှပါလား ….

ဧည့်ခန်း စန္ဒကူးညောင်စောင်းမှာ ထိုင်နေတဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ကျက်သရေရှိနေတဲ့ ကျမနဲ့သက်တူရွယ်တူလောက်ရှိမယ့် မိန်းကလေးတစ်ယောက် … ကျမဧည့်ခန်း အပြင်အဆင်ခမ်းနားပုံကို … စိတ်၀င်တစားကြည့်ရင်း ကျမကို စောင့်နေတာ တွေ့လိုက်ရတယ် ….

★ ★ကျမ ကသီရိမာ ပါ ….

သူကျမကို မော့ကြည့်ပြီး … ပါးစပ်အဟောင်းသားနဲ့ခဏငေးမောသွားတယ် … ပြီးမှ သတိ ၀င်လာပြီး ….

★ ဒီလောက် လှပကျော့ရှင်းပြီး ကျက်သရေရှိလှတာ …. သီရိမာပဲဖြစ်မှာပေါ့ … နိုင်ငံတော်ရဲ့ အချောဆုံး အလှဆုံး ကျက်သရေအရှိဆုံးဘွဲ့ကို ခံယူထားတာပဲ … ကျမတောင် ငေးမိသွားရတယ် …. ကျမက ဥတ္တရာပါ …. သုမန သူဋ္ဌေကြီးရဲ့ ချွေးမပါရှင် …

★ ★ သြော် … နန္ဒသူဋ္ဌေးလေးရဲ့ ကြင်ယာကိုး …. နာမည်ကို ကြားဖူးတာကြာပါပကော ရှင် … သိပ်တော်ပြီး ခင်ပွန်းကိုသိပ်ဂရုစိုက်တဲ့ …. မိန်းမမြတ်လေးတဲ့ … ကျမယုံသွားပြီ …

ဒီမယ် … ကျမပြောပြပါဦးမယ် …. ဒီနိုင်ငံရဲ့မင်းမျိုးမင်းနွယ် သူဋ္ဌေးသူကြွယ်တွေထဲမှာ … ကျမဆီကို ရောက်မလာတဲ့ တစ်ဦးတည်းသောသူကိုပြပါဆိုရင်လေ …. ရှင့်ရဲ့နူးညံ့သိမ်မွေ့တဲ့ … ပြုစုမူအောက်က ရှင့်ခင်ပွန်းပဲရှင် သိရဲ့လား …။

★ အင်း …. သူ သီရိမာနဲ့ မတွေ့ဖူးတာကြောင့် သီရိမာဆီမလာတာကြောင့် ကျမမှာ … အခက်တွေတွေ့ပြီး နောက်ဆုံး … ကျမကပဲ သီရိမာ ဆီလာပြီး သီရိမာကလာပေးဖို့ အကူအညီတောင်းရတော့တာပေါ့ရှင် …. ။

★ ★ ဟင် … ဘယ်လို … ကျမဒီနေ့ဘာဖြစ်တယ်မသိဘူးရှင် … ထူးဆန်းတာတွေနဲ့ပဲ ကြုံတွေ့ နေရတယ် … တခုခုမှားနေသလားပဲ … ကျမအထင် … အမက ကျမကို ရှင့်ခင်ပွန်းနဲ့ တွေ့စေချင်သလားပဲ …. ဟုတ်လား ….

ကျမသိတာက ဂုဏ်သရေရှိအမျိုးသမီးတွေက … သူတို့ ခင်ပွန်းတွေကို … ကျမဆီခြေဦးလှည့်မှာသိပ်ကြောက်ကြတယ်လေ …။

★ ပြောရမှာတော့အားနာပါတယ် သီရိမာ …. ကျမဖခင် သုမနသူဋ္ဌေးနဲ့ ကျမခင်ပွန်းဟာ … ဗုဒ္ဓရဲ့တရားတော်ကို … သက်၀င်ယုံကြည်မှုမရှိကြသေးဖူးလေ … ဗုဒ္ဓရဲ့ အဆုံးအမကို လက်မခံသေးဘူး … ကျမကတော့ ကျမ မိဘတွေလို ဒါန သီလ ဘာ၀နာကို အားကိုးပြုပြီးနေတယ် … ဒါပေမယ့် ရှင်သိလား သီရိမာ … ကျမလေ သူနဲ့အကြောင်းပါပြီးကတည်းကစလို့ … ကျမ ကိုလေ ဥပုသ်လေးတောင်စောင့်ခွင့်မပေးပဲ …နေ့စဉ်သူ့ကိုပဲ ပြုစုစေတယ် …

★ ★ ခစ်ခစ် … အမခင်ပွန်းက အမကို သိပ်ချစ်တာပေါ့ ….

★ ဒါချစ်တာလို့ခေါ်လား သီရိမာ …. ပျိုမျစ်မှုတွေကုန်သွားချိန်ရော …. အဆင်းလှတုန်း … အရွယ်နုပျိုတုန်း ကျန်းမာသန်စွမ်းတုန်းတော့ … ချစ်တာပေါ့ …

★ ★ အို … အမ ဥတ္တရာ … ကျမအမေလဲဒီလိုပဲ သိလား … ဘုရင်မင်းမြတ်ကအစ တစ်နိုင်ငံလုံး အနမ်းခံရတဲ့ ပန်းကလေး … ဟော ... သူလဲအိုမင်းရော … ဘယ်သူမှ အရေးမလုပ်တော့ဘူး ….

ခုလဲကြည့်လေ .. ကျမမပါရင် … ဘုရင်မင်းကြီး ဘာပွဲမှလုပ်လို့မရဘူး …. ဘယ်သံတမန် ဧည့်သည်မှ တွေ့လိုမရဘူး … ကျမအားတဲ့ရက်ကို သူညှိပြီးစီစဉ်ရတာ …. ပြောပြစမ်းပါ အမဥတ္တရာ … ကျမရဲ့ ပျိုမျစ်ခြင်းကဘယ်လောက်ထိခံမလဲ … နောက် ငါးနှစ်လား … နောက်ဆယ်နှစ်လား ….

သူမက ကျမတို ညီမငယ်လေး တစ်ယောက် လို မြတ်နိုးစွာ ပြုံးကြည့်နေတယ် ….

★ ★ ကျမဘယ်လိုကူညီရမလဲ … ပြောလေ

★ ဆယ့်ငါးရက်တိတိ ကျမအိမ်မှာလာနေပြီး ကျမခင်ပွန်းကို … ခင်ပွန်းတစ်ယောက်လို ပြုစုပေးပါညီမရယ် … ဗုဒ္ဓနဲ့ သံဃာတော်တွေကို … ကျမ ဆွမ်းဖိတ်လုပ်ကျွေးချင်တယ် … သီလဆောက်တည်ချင်တယ် … ဆယ့်ငါးရက်ထဲပါ …. ကျသင့်ငွေကို ခုထဲကပေးခဲ့ပါ့မယ် ညီမရယ် ….

★ ★ ဆယ့်ငါးရက်တောင် … များလှပါလား … ပြီးတော့ အမခင်ပွန်းက ကျမပြုစုလုပ်ကျွေးတာ နှစ်သက်မယ်လို့ အမထင်လားဟင် ….

★ ငါ့ညီမလောက်လှတာ … ရာဇဂြိုဟ်မှာ ရှိလို့လား ညီမလေးရယ် …. ပျိုမျစ်မှုနဲ့ … အလှအပကို ကိုးကွယ်တဲ့ ယောက်ျားတစ်ယောက်က … လောကမှာ အလှဆုံးလို့ ပြောလို့ရတဲ့ ညီမကို မနှစ်သက်ဘူးဆိုရင် .. ကျိန်းသေပြီ … သူဟာယောဂီပဲ … အမခင်ပွန်းအကြောင်း အမသိပါတယ်ညီမငယ် … သူမင်းနဲ့တွေ့တာနောက်ကျတယ်တောင်ထင်မှာ … ။

★ ★ တစ်ကယ်ဆို ကျမ ဒါမျိုး ရက်ရှည် ပြုစုရတာလက်မခံချင်ဘူး … အားလုံးကို နေ့ပိုင်း နာရီပိုင်း လောက်ပဲပြုစုရတာ .. ဒါပေမယ့် …ခင်ပွန်းအတွက် … ဇနီးကိုယ်တိုင် လာတယ် ဆိုတော့ ကျမလက်ခံလိုက်ပါ့မယ် … ပြီးတော့ဗုဒ္ဓအတွက် ဆိုတဲ့စကားကိုကြားရတော့ ကျမတို့အနွယ် ရဟန္တာမကြီး အမ္ဗပါလီကို မြင်မိလို့ပါ ….။

★ ၀မ်းသာလိုက်တာ ညီမငယ် … သာဓု သာဓု သာဓုပါ … ဒါဆို အမ မနက်ဖြန် ရထား လွှတ်လိုက်ပါ့မယ် ….

★ ★ အို … ကိစ္စမရှိပါဘူးအမ … ကျမရထားနဲ့ပဲလာခဲ့ပါ့မယ် ….

အခန်း ( ၂ )

> ★< ကျမရဲ့ မြင်းဖြူ လေးကောင် က တဲ့ ရထားလုံး နန္ဒသူဌေးလေးရဲ့ အိမ်ရှေ့ရောက်တယ်ဆိုရင်ပဲ … ကျမနဲ့ အတူပါလာတဲ့အလုပ်သမားတွေက .. ကျမကို တံခါးဖွင့်ပေးချိန်မှာ … ဥတ္တရာက အိမ်ထဲက ပြုံးရွှင်စွာပြေးထွက်လာပြီး …. ရထားပေါ်ကဆင်းမယ့်ကျမကို သူ့လက်နှစ်ဖက်နဲ့ ဆီးကြို ဖေးမပါတယ် … အသင့်စောင့်နေတဲ့သူ့အခြွေရံတွေက … ကျမ သေတ္တာတွေကို သယ်သွားကြပါတယ် ….

သူကျမလက်ကို ဆွဲပြီး ခမ်းနားလှတဲ့ ဂေဟာကြီးအပေါ်တက်လာခဲ့တယ် …. လှေခါးထိပ် နှစ်ဖက်မှာ မိန်းမပျိုနှစ်ယောက်စီက ကျမတို့ကိုအရိုအသေပေးကြတယ် …

★ ညည်းတို့အရှင် … အခန်းတွင်းမှာလား …

>>> ဟုတ်ကဲ့ပါသခင်မ … ဧည့်သည်အတွက် သခင့်အခန်းနဲ့ ကပ်လျက်အခန်းမှာ ပြင်ထားပါတယ် …. ။

★ အေး အေး မင်းတို့လွတ်လပ်စွာနေကြတော့ ….

သူ ကျမကိုလက်ဆွဲခေါ်လာပြီး … ကျမအတွက်ပြင်ထားတဲ့အခန်း လို့ထင်ရတဲ့အခန်းရှေ့မှာ .. ရပ်ပြီး …

★ ခဏတစ်ဖြုတ်နားဦးနော်ညီမလေး …. ခဏနေ သူဋ္ဌေးမင်းနဲ့တွေ့ဖို့ အမလာခေါ်မယ်…။

> ★ < သလွန်ပေါ်မှာထိုင်ရင်း ..ကျမဘ၀အကြောင်းစဉ်းစားမိတယ် ….

ကျမရဲ့မိခင်အမည်က သလ္လာ၀တီ …. ဗိမ္မိသာရမင်းကြီးရဲ့ အမတ်ချုပ်ကြီးရဲ့ သမီး … ဝေသာလီ ဂဏ နိုင်ငံတွေရဲ့ဥပဒေအရ … နိုင်ငံတစ်နိုင်ငံက … မြင့်မြတ်တဲ့မျိုးနွယ်မိန်းကလေးတစ်ယောက် သိပ်ချောသိပ်လှလို့ ( ၇ ) ပြည်ထောင်မင်းတွေ လာတောင်းရမ်းယူရပြီဆိုရင် …. ဒီမိန်းကလေးကို … နိုင်ငံတော်ရဲ့သမီး … မြင့်မြတ်သူအားလုံးပိုင်သူ … ဆိုတဲ့ဘွဲ့ပေးရတယ် …

ဘုရင်ကိုယ်တိုင် …စံနန်းဥယျာဉ် ဆောက်ပေးရတယ် … မင်းစိုးရာဇာ နဲ့ ဘုရင်ဘွဲ့ပေးထားတဲ့ သူဋ္ဌေးတွေကို … ပြုစုရတယ် …. မင်းခမ်း မင်းနားတွေကို ဦးစီးရတယ် …

တစ်ပြည်ထောင်မင်းတွေကို ဧည့်ခံရတယ် …. စစ်မက်အရေး အရိပ်အမြွက်ရှိရင် …မာယာနဲ့ ညှိနှိုင်းရတယ် … သတင်းနှိုက်ရတယ် ...

ဒီလိုဘွဲ့ပေးလိုက်တဲ့အချိန်မှာ … ကျမမိခင်ရဲ့ချစ်သူ အဘယ မင်းသားက ကျမအမေကို နှစ်ချီပြီး ငှားခဲ့တယ် ( ဥပဒေကိုမှ မလွန်ဆန်နိုင်ပဲကိုး )

ကျမရဲ့မိခင်ဟာ … အဘယမင်းသားနဲ့ အကြောင်းပြုစုံမက်ပြီး … သားလေးတစ်ယောက် ဖွားမြင်ခဲ့တယ် …. သားယောက်ျားလေး ဂုဏ်မငယ်ရအောင် … အဘယဘုရင်ကိုယ်တိုင် နန်းတွင်းခေါ်ယူ သူ့ရင်သွေးလေးကို ဇီ၀က လို့မှည့်ပြီး … နန်းတွင်းမှာထားခဲ့တယ် …

ကျမကိုမွေးဖွားခဲ့တဲ့အခါမှာတော့ … မအေတူတဲ့အပြင် ..မအေထက်တောင်နူးညံ့လှပလို့ ….ကျမကို မိခင်ရဲ့အရိုက်အရာကို ဆက်ခံစေခဲ့တယ် … ။

ကျမမိခင်ကြီးကွယ်လွန်တဲ့အခါ … ကျမကိုသိပ်ချစ်တဲ့ ကျမရဲ့ အကိုကြီး ဟာ … သမားတော်ကြီးဇီ၀ကဆိုပြီး ထင်ရှားခဲ့သလို … ကျမဟာလဲ …. ရာဇဂြိုဟ်ရဲ့ ရုပ်၊ အဆင်း အင်္ဂါ ကြန်အင်လက္ခဏာ … ပညာ … အဖြာဖြာနဲ့ပြည့်စုံတဲ့ …. မင်းအသိအမှတ်ပြု … တိုင်းပြည်ရဲ့ အဓိကကျတဲ့ ၀န်ထမ်းတစ်ဦးဖြစ်လာတာပေါ့ …. ဒီလိုနိုင်ငံ့ သမီးပျိုတွေ ဟာ…. မဟာဆီမဟာသွေးပဲဖြစ်ရတယ် လေ ….

ကျမတတ်အပ်တဲ့တာ၀န် …ဟုတ်လား …အဲ့ဒါတွေက ….
၁။အကမျိုးစုံ ကပြ သင်ပြတတ်ရတယ်
၂။ တူရိယာပစ္စည်းမျိုးစုံ…တီးတတ်မှုတ်တတ်ရတယ် …
၃။ အခါရာသီအလိုက် သင့်တော်တဲ့၀တ်စားဆင်ယင်မှု ကိုယ်တိုင်ရော… မင်းအခမ်းနားအတွက်ရော…ဘုရင်ကိုပါ…ဆင်မြန်းနိုင်ရတယ်
၄။ ရုပ်နဲ့လိုက်တဲ့ ခြယ်သပြင်ဆင်မှု
၅။ အိပ်ယာ၊ ကုတင် … ပန်းအလှပြင် .. စံအိမ်တော် ရှုမ၀ကျက်သရေနဲ့ ပြည့်စုံအောင် ပြင်ဆင်မှု
၆။ လူအမျိုးမျိုး… နှစ်သက်ပျော်ရွှင်အောင်ပြုစုမှု
၇။ သေရည်သေရက် အမျိုးမျိုး ရောစပ်ရာမှာလိမ်မာမှု
၈။ ကာမမွေ့လျော်ပုံအမျိုးမျိုးအတတ်
၉။ လေး၊ မြှား၊ ကျည်..ဒါဏ်ရာခွဲစိတ်ကုသပေးရတဲ့အတတ်
၁၀။ အချက်အပြုတ်ကျွမ်းကျင်လိမ်မာမှု
၁၁။ ပန်းချီ
၁၂။ အ၀တ်အစားတို့ကို ကိုယ်တိုင်စံပြချုပ်လုပ်တတ်မှု
၁၃။ ကလေးသူငယ်တို့အား စောင့်ရှောက်မှုအတတ်
၁၄။ ဘာသာမျိုးစုံကိုရေးနိုင်ဖတ်နိုင်ပြီး …တိုင်းတစ်ပါးမှ ဘုရင်၊ မင်းသား စသည် သံတမန်များကိုပြုစုစဉ် …နိုင်ငံအတွက် သတင်းအချက်အလက်များကို … နှိုက်ယူစုံစမ်းခြင်းအတတ် ….
၁၅။ ကွမ်းယာခြင်းအတတ်
၁၆။ အိမ်တွင်းပရိဘောဂနှစ်သက်ဖွယ်ထားသိုခြင်း …
၁၇။ လင်ယောက်ျားနှစ်သက်ကျေနပ်အောင်ပြုစုခြင်းအတတ် နှင့် ပြန်လည်သင်ပြခြင်းအတတ်
၁၈။ နို့ ထောပတ် .. မလိုင် …ဒိန်ခဲ စသည်တို့ကိုကိုယ်တိုင်စီရင်ခြင်းအတတ်…။

ဒါ့အပြင်

မင်းမှုထမ်းတို့ကိုလဲနိုင်ငံတော်တွက် ကြိုးစားချင်စိတ်ရှိအောင်သီချင်းစပ်ဆိုဖျော်ဖြေကပြခြင်း … ရဲစိတ် ရဲမာန်ပြည့်ဝအောင် သီချင်းများစပ်ဖျော်ဖြေပေးခြင်း …ဒါတွေ တတ်ရတာပေါ့ …။
( ပြည်သူတွေက ဘုရင်ကို တွေ့ရခဲသလို ကျမကိုလဲ တွေ့ခဲပါတယ် …. တစ်နှစ်တစ်ကြိမ် နိုင်ငံသူနိုင်ငံသားတွေ မင်းမှုထမ်း ရဲမက်တွေကို သီချင်းသီကုံး ဖျော်ဖြေရတယ် ပြည်သူ တွေကလဲကျမကို သိတ်မြတ်နိုးတယ် )

ဒါကြောင့် နိုင်ငံတော်ကချေသည်ဆိုတာ …. နိုင်ငံဂုဏ်ဆောင် ပညာရှိ … မင်းမျိုးနွယ် ဆိုပါတော့

ကျမအမေနဲ့ ခေတ်ပြိုင် အမ္ဗပါလီဆိုတဲ့ ဝေသာလီက ကချေသည် ဆိုရင်လေ … မူးကြီး မတ်ကြီးတွေထက်တောင် ပညာသာလွန်တဲ့အပြင် … ဟော .. အခုဆိုရင် လေ ... ဗုဒ္ဓရဲ့ သမီးတော်၊ ဘုရင်တောင်ဦးခိုက်ရတဲ့ ရဟန္တာထေရီမကြီး ဖြစ်နေပြီပေါ့ …

အင်း ..ကျမလဲတစ်နေ့နေ့မှာဗုဒ္ဓကို …ယုံကြည်သူဖြစ်မလားမသိဘူး …ဒါပေမယ့် … ကျမ ကတော့ လက်ရှိကျမရဲ့ပျိုမြစ်နုနယ်မှုကို …. သိပ်သဘောကျတယ် …. ကျမ ခြေထောက်လေးတစ်ချက်ခတ်လိုက်တာနဲ့ …. ဘုရင်ကအစ ..မင်းဆွေစိုးမျိုး သူဌေးတွေရဲ့ငွေအားလုံး ကျမခြေထောက်အောက်ရောက်လာတာလေ ….

★ ဒေါက် ဒေါက် … ညီမရေ ..သူဌေးမင်းနဲ့တွေ့ရအောင် …

> ★ < သူ့နောက်ကနေ … ခပ်ယို့ယို့လိုက်သွားလိုက်တယ် …. ကျမရဲ့ကပ်လျက်အခန်းထဲမှာ .. သူဋ္ဌေလေးကို .. သလွန်ညောင်စောင်းပေါ် ထိုင်နေတာတွေ့ရတယ် …

သူ … သေရည်ကို ရွှေခွက်နဲ့သောက်နေတုန်းအချိန် … ခန့်ညားမွန်ရည်တယ် … အပူအပင် အကြောင့်အကျ … စိတ်သောကကို … သူ့စိတ်ထဲအရောက်မခံပုံပဲ …

ဥပတိရုပ်ကောင်းသလို … ဥတ္တရာပြောသလိုပဲ … ကာမသုခလ္လိကာနုယောဂ … ကျင့်သုံးအားသန်ပုံပဲဆိုတာ အကဲခတ်လို့ရတယ် … ဘယ်လိုပဲဆိုဆို … သဘောထားဖြောင့်စင်းပြီး နှစ်လိုဖွယ်အဆင်း ရှိသူလို့ သတ်မှတ်ရမှာပါ…။

★ သီရိမာ …. ရောက်လာပါပြီ … အရှင့်သား ….

သူ ကျမကို လှမ်းကြည့်လိုက်တယ် …ကျမလဲသူ့ကို စိုက်ကြည့်လိုက်တဲ့အချိန်မှာ … ကျိန်းသေပြီ … သူ့အကြည့်ကို ကျမရဲ့ရူပါရုံက သံလိုက်လိုဆွဲဆောင်သွားပြီ… မခွာတော့ဘူး … သူ ဥတ္တရာရှိနေတာ မသိတော့ဘူး …

★ ကဲ … သီရိမာ … ကိုယ့်အိမ် … ကိုယ့်ခင်ပွန်းလိုသဘောထား … ပျော်ပျော်နေနော် … အိမ်စေအမှုလုပ်များကလဲ ရှင့်ကို .. ကျမနဲ့မခြား … ခစား၊ ရိုသေကြပါလိမ့်မယ် ….

ကိုယ့်ခင်ပွန်းလိုသဘောထား … ဒီစကားက ကျမကို ပီတိဖြစ်စေတယ် …ကျမ ဥတ္တရာကို ခေါင်းညိမ့်ပြလိုက်တယ် … နန္ဒကတော့ ကျမကိုခြေဆုံးခေါင်းဆုံးကြည့်နေရာက မခွာနိုင်သေးဘူး …။
ဥတ္တရာထွက်သွားပါတယ် … သူကျမကိုကြည့်နေတုန်း …. ကျမသူ့နားတိုးသွားလိုက် တယ် …

★ ★ ဘာစကားမှမပြောတော့ဘူးလား … သီရိမာကိုအလိုမရှိဘူးလားဟင် …

★ ★ ★ အို…အို .. ဒီ..ဒီလို မဟုတ်ပါဘူး … ဗြုန်းကနဲဆိုတော့လေ … အံ့သြသွားလို့ပါ …

★ ★ ဘာလို့ …

★ ★ ★ နတ်သမီးတစ်ပါး ကျုပ်ရှေ့ရောက်လာတယ်လို့ … အိမ်မက်များမက်နေသလားလို့ပါ … လှလိုက်တဲ့ သီရိမာ၇ယ် … လှလိုက်တာ … ဒီနေ့ဒီရက်ထိ … သီရိမာကို … မတွေ့ခဲ့ရတာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ ...။

> ★ < ကျမလဲ သူ့ကိုမြင်မြင်ချင်း စိတ်၀င်စားမိတယ် … ဒီရက်တွေ သူ ကျမကို သူ့မျက်စိအောက်က အပျောက်မခံဘူး … နောက်ဆုံး အစားအသောက်ကိုတောင် သီရိမာ ..ပြင်ဆင်ပေးမှ … အ၀တ်အစားကအစ သီရိမာ ဆင်မှ … ကျမတို့ကမ္ဘာမှာ .. ဥတ္တရာ မရှိတော့ဘူး … ကျေးကျွန်တွေကလဲ ကျမကို … အိမ်ကြီးသခင် … သူဌေးကတော်ကြီးလို ..ရိုကျိုးခစားကြတယ် … ကျမထင်တယ် .. သူကျမကိုလက်လွှတ်မခံတော့ဘူး … ကျမလဲ အိမ်ထောင်ရှင်မိန်းမတစ်ယောက်လိုပဲ နေချင်လာတော့တယ် ….

ကျမတို့ … အချိန်တွေကိုမေ့နေကြတယ် …. သူက သူနဲ့ ကျမ စတွေ့တဲ့နေ့ကို သူနဲ့ကျမရဲ့မင်္ဂလာအထိမ်းအမှတ်နေ့လို့ သတ်မှတ်တယ် … သိပ်ပျော်နေခဲ့ကြတာ ..။

ဒီလိုနဲ့နန္ဒသူဋ္ဌေးရင်ခွင်မှာ ကျမနေနေခဲ့တာ နှစ်ပတ်ပြည့်ခဲ့ပြီ ….

အင်း သမဏေ ဏ … သမဏော … ဂေါဏေ ဏ... ဂေါဏော တဲ့ …ကိလေသာတပ်မက်သူနှင့် … တရားကျင့်သူ …နေ့စဉ် ဗုဒ္ဓဝေယျာ၀စ္စနှင့် သီလမြဲသူ ဥတ္တရာနှင့် …. ကာမ ကို အလွန်အကြူးတပ်မက်သူ … နန္ဒ … စည်းဝါးမကိုက်နိုင်ပါဘူး ….

ကျမနဲ့နန္ဒကတော့ သံလိုက်နှင့်သံကဲ့သို့ …. သိပ်လိုက်ဖက်တယ် …. ပြီးတော့ ကျမတို့နှစ်ယောက် မခွဲနိုင်တော့ဘူး … ကျမစိတ်ကို ကျမသိနေပြီ … ကျမ သူ့ကိုမခွဲနိုင်ဘူး ….
မနက်ဖြန် ဆယ့်ငါးရက်ပြည့်မြောက်ပြီ …. လင်သားကင်းမဲ့သောအိမ်သို့ပြန်ရတော့မည် … ငါဒီအိမ်ကိုသိပ်စက်ဆုပ်တယ် ….

အကယ်၍ ဥတ္တရာသေပြီး … ငါသာ နန္ဒဇနီးဖြစ်ခဲ့သော် … ကျမဆက်၍မတွေးချင်တော့ … ကျမစိတ်ထဲမှာပြင်းပြနေတာ … ကျမသာနန္ဒရဲ့ဇနီးမယား … ဒီအိမ်ကြီးရဲ့သခင်မ …

နန္ဒသလွန်တက်ကထပြီး … ပြူတင်းပေါက်မှာ သွားရပ်နေတာ တွေ့ရတယ် … ကျမက နန္ဒ မှီဝဲတဲ့ ရသာယနဆေးအတွက် ထောပတ် ပိသာလောက်ကို ..ကြေးအိုးနဲ့ကျိုနေတယ် … ထောပတ်တွေပွက်ပွက်ဆူနေပြီ …

ကျမ နန္ဒကို တစ်ချက်လှမ်းကြည့်လိုက်တယ် … သူပြတင်းပေါက်ကနေ … အောက်ကိုငုံ့ကြည့်ပြီး …. ခေါင်းတညိမ့်ညိမ့်နဲ့ပြုံးပြီး အခန်းထဲပြန်လှည့်၀င်လာတယ် …

ဟင် …သူဘာကြည့်တာလဲ … ဘာလို့ပြုံးတာလဲ … ကျမအပြေးအလွှား ပြတင်းနားကို သွားကြည့်လိုက်တယ် …

ချွေးသံတရွှဲရွှဲနဲ့ ဗုဒ္ဓနှင့်သံဃာတွေအတွက် ဆွမ်းချက်နေတဲ့ … ဥတ္တရာပါလား

တောက် … ဒီမိန်းမ …

ဟားးးး …. တရားကိုပဲနှစ်သက်တဲ့မိန်းမမှာ ဘာလို့ အဖိုးတန်လင်ယောက်ျားရှိရတာလဲ … ငါ့လို .. ပညာတတ် အရာရာပြည့်စုံပြီး လင်သားကို မကုန်ခမ်းနိုင်တဲ့ … သာယာမှုပေးတတ်သူမှာကျတော့ ဘာလို့လင်သားမရှိရတာလဲ …

ကျမ သူမကို စူးစူးရဲရဲ ကြည့်နေချိန်မှာ … သူမကလဲ အမှတ်တမဲ့ … မော့အကြည့် … ကျမကိုလဲတွေ့ရော … လှမ်းပြီး ပြုံးပြတယ် ….

ကြည်လင်သန့်ရှင်းတဲ့အပြုံး … ကျမဒေါသကိုဆွစေတဲ့အပြုံး … ငါ့လောက်မချောတဲ့မိန်းမမှာ … ဘာလို့ဒီလိုစွဲမက်ဖွယ်ဖြူစင်အပြစ်ကင်းတဲ့အပြုံး ရှိနေရတာလဲ ….

သင်းက .. ငါ့ကို ခုထိ အနိုင်ယူနေတုန်းပါလားးး …

ကျမဘာမှစဉ်းစားမနေတော့ဘူး … မီးဖိုပေါ်က ကျိုက်ကျိုက်ဆူနေတဲ့ ထောပတ်ဆီပူအိုးကို … သတိထား မ လာပြီး … ဥတ္တရာခေါင်းပေါ် လောင်းချလိုက်ပါတော့တယ် …

>>> အမလေး … ဘယ့်နှယ် လုပ်လိုက်တာတုန်း …

>>> သခင်မကို ကယ်ကြပါဦး …..

၀ိုင်းအော်ကြသောအသံနှင့်အတူ … ယောက်ျားမိန်းမများ တဝုန်းဝုန်း အပေါ်ထပ်သို့ပြေး တက်လာကြပြီး … ကျမကို ဆွဲထုတ်ရိုက်နှက်ကြပါတော့တယ် …

သူ့အခန်း ခဏပြန်သွားတဲ့နန္ဒလဲ ပြေးထွက်လာပြီး …

★ ★ ★ ဟဲ့ ဟဲ့ သီရိမာကို မင်းတို့ဘယ်လိုပြုနေကြတာတုန်း … ဆိုပြီးတားတယ် …

>>> မဟုတ်ဘူး အရှင့်သား … သူသခင်မကို ..ထောပတ် ဆီပူရေတွေနဲ့လောင်းချတယ် အရှင့်သား ….

★ ★ ★ ဟင် … ဥတ္တရာ … ငါ့ရဲ့ဥတ္တရာ … သေရှာပြီလား …

> ★ < နန္ဒ အပူတပြင်း ပြေးဆင်းသွားတယ် …. ကျမသိသွားပြီ … ကျမရဲ့ဘ၀အမှန် …
ငါကားအခစားး …. ရိုင်းရိုင်းပြောရရင် ကြေးစား …. ဥတ္တရာက နန္ဒရဲ့ ကြင်သူသက်ထား … ဇနီးမယား ….

ထာ၀ရမယားဖြစ်လို၍ ပြုမှားမိသည့်တိုင်အောင် နန္ဒ၏ မေတ္တာစစ်ကား … ငါ့အပေါ်မှာ မဟုတ် … ဥတ္တရာ အပေါ်မှာသာ ရှိတာငါသိရပြီ …

၀ိုင်း၀န်းရိုက်နှက်နေတာကို နာမှန်းမသိတော့ဘူး … ရှက်ခြင်း .. ပူလောင်ခြင်း … ၀မ်းနည်းခြင်း … ယူကျုံးမရဖြစ်ခြင်း ရောထွေးနေခဲ့တယ် … ဒီအချိန်မှာပဲ …

ဟဲ့ … ဟဲ့ … ငါ့ကျေးဇူးရှင် ခင်ပွန်းမကို အန္တရာယ် မပြုကြနဲ့ ရပ်ကြတော့ တော်တော့ ဆိုပြီး ကျမကိုယ်ပေါ်မှာလှဲချအုပ်မိုးပြီး … ၀င်ကာတဲ့ ဥတ္တရာကိုတွေ့လိုက်ရလျှင်ပဲ … ကျမလန့်လွန်းလို့ ကြက်သေသေသွားခဲ့တယ် ….

ထောပတ်ရေတွေ တစ်ကိုယ်လုံးရွှဲရွှဲစိုနေပါလျက် … ထိုအပူဟာ သူ့မေတ္တာဓါတ်ကို မကျော်လွှားနိုင်ကြောင်း … မျက်စိနဲ့ တပ်အပ်မြင်တွေ့လိုက်ရတယ် ….

★ သူမတော်တဆပြုမိတာဖြစ်မှာပါကွယ် …

>>> မဟုတ်ဘူးအရှင်မ .. သူ ကျကျနနလောင်းလိုက်တာ … ကျမသေသေချာတွေ့လိုက်တယ် ….

★ ကဲ ..တော်ပါပြီ …ထားလိုက်ပါတော့ … ငါ့မှာမှအန္တရာယ်မဖြစ်ပဲကွယ် … စိတ်မဆိုးကြပါနဲ့ … သူဟာ သခင်မတို့ကျေးဇူးရှင်လေ … သူသာ အရှင့်သားကို လာမပြုစုမစောင့်ရှောက်ရင် .. သခင်မတို့လဲ … ဝိတက် .. ဝိစာရ ရှင်းရှင်းနဲ့ ဗုဒ္ဓကို ဆွမ်းလုပ်ကျွေးနိုင်မှာမဟုတ်ဘူးလေ … ကြည့်စမ်းပါဦး … သူ့ခမျာဒါဏ်ရာတွေတောင်ရနေရှာပြီ … မင်းတို့အားလုံး သူ့ကို တောင်းပန်လိုက်ကြ ….

သူကိုယ်တိုင် ပျာပျာသလဲ ဆေးလိမ်းပေးရှာတယ် …. နန္ဒကတော့ ကျမကို စူးစူးဝါးဝါး တစ်ချက်ကြည့်ပြီး အပါးက လှည့်ထွက်သွားတယ် ….

★ ★ ကျမ မှားပါပြီအမရယ် … အမက တစ်ကယ့်သူတော်ကောင်းပါ …

★ မငိုပါနဲ့ ညီမရယ် … မငိုပါနဲ့ … ပုထုဇဉ်ဆိုတာ … ရာဂပွားသလောက် မှားကြတာပဲလေ …

★ ★ ကျမကိုခွင့်လွှတ်တာ … အမကို သိပ်အံ့သြမိတယ် …. ကျမကို မမုန်းဘူးလားဟင် …။

★ ညီမလေးကိုမုန်းလိုက်ရင် …. ထောပတ်ပူတွေဟာ တစ်ကိုယ်လုံးကို … လောင်မြိုက်တော့မှာပေါ့ … ကြည့်ပါလား … အမ ဘာမှ မှ မဖြစ်တာ …။
ဒါဟာ အမက ညီမကိုမမုန်းဘူးဆိုတဲ့ အထင်ရှားဆုံးသက်သေပါပဲ ညီမလေးရယ် ….

ကျမသူ့ကိုဖက်ပြီး အားရပါးရငိုလိုက်တယ် ….

အခန်း ( ၃ )

အဲ့ဒီနေ့ကပဲ … ဥတ္တရာရဲ့ အကူအညီနဲ့ … ကျမအိမ်ကိုပြန်ခဲ့တယ် … ဗုဒ္ဓနဲ့ရဟန်း ၅၀၀ အတွက် ဆွမ်း၊ ဆွမ်းဟင်းတို့ကို … တစ်ညလုံးကိုယ်တိုင်ချက်ပြုတ်ခဲ့တယ် ….

နောက်တစ်နေ့မှာ … ကျမပိုင်တဲ့ မြင်းဖြူလေးကောင် က တဲ့ ရထားလုံးပေါ်မှာ ဆွမ်းဟင်းအပြည့်နဲ့ … ဥတ္တရာအိမ်ကို ဒုတိယအကြိမ် … ရောက်လာခဲ့တယ် ….

ပထမတစ်ကြိမ်က … လျှပ်ပေါ်လော်လီသောစိတ်ဖြင့် …ကိုယ်တွင် လှသထက်လှအောင် … မာနဆောင်လာပြီး …

တခုတစ်ကြိမ်လာရာမှာတော့ …ကျိုးနွံအောက်ကျို့သော စိတ် … တစ်ညလုံးပင်ပန်းထားသော်လည်း …. ၀င့်ဝါမှုမရှိ ပကာသနမဆန်သောအ၀တ်တို့နှင့် …

ဖြူစင်တက်ကြွသော အပြုံးကိုဆောင်လျှက် ….. ဆွမ်းအုပ်ကို ခြေလျင်သယ်လာသောကျမကို … လမ်းသွားလမ်းလာများမြင်ပြီး … ပီတိသောမနဿ ဖြစ်နေကြပါတယ် …

ဗုဒ္ဓကိုတွေ့လိုက်ရတဲ့အချိန်မှာ … လူအားလုံးက ဖခင် လို့ ခေါ်ရတဲ့အကြောင်းရင်းကို သိခဲ့ရတယ် ….

ဗုဒ္ဓ ကိုဒီနေ့ဒီရက်ထိ မဖူးတွေ့ပဲနေခဲ့တာ … ကျမကိုယ်ကျမ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိပါဘူး … မိသီရိမာ ….

လှလိုက်တဲ့သီရိမာရယ် …လှလိုက်တာ … ဒီနေ့ဒီရက်ထိ …သီရိမာကို … မတွေ့ခဲ့ရတာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ …. ။

မိန်းမယုတ် …. ။ (( ပြန်ကြားယောင်ပြီး ကျမကိုယ်ကျမ ကျိန်ဆဲမိပါပြီ )))

ဆွမ်းဘုန်းပေးပြီးနောက် …. ဗုဒ္ဓက ကျမကို ဂရုဏာ အပြည့်ပါတဲ့ အပြုံးနဲ့ လှမ်းကြည့်ပါတယ် … ကျမက

★ ★ ဖခင် … ယမန်နေ့က .. ကျမဟာ … ကျမရဲ့ကျေးဇူးရှင် … ဥတ္တရာကို မပြုကောင်းမပြုအပ်သောအရာ … ထောပတ်ဆီပူလောင်းပြီးသေကြောင်းကြံခဲ့ပါတယ် … သူတော်ကောင်းကိုစော်ကားမိတဲ့အတွက် … ကြီးစွာသော အပြစ်မှ လွတ်မြောက်ချင်တဲ့အတွက် …. ကြီးစွာသောနောင်တတရားနှင့်အတူ … အဖ ဘုရားရှင် ရှေ့မှောက် ရောက်လာခဲ့ပါတယ် ….

★ ★ ★ ★ ချစ်သမီး …. သူတော်ကောင်းကိုပစ်မှားလျှင် … ကြီးစွာသော အပြစ်ရှိသည်ဟု မှတ်လေလော့ …. ။

ချစ်သမီး … ချစ်သမီးတဲ့ … ဘ၀မှာ တစ်ခါမှမကြားဖူးခဲ့တဲ့ … လောကမှာ ကျမကို ဒီလို ခေါ်မယ့်သူ မရှိဘူးထင်ထားတာ …. မရှိဖူးတဲ့ ဖခင်ဆိုသူဆီက ကြားချင်ဆုံးစကား …. ဗုဒ္ဓက ချစ်သမီးတဲ့ … ကျမမျက်ရည်တွေကျလာပါတယ် … ။

★ ★ ★ ★ ချစ်သမီးဥတ္တရာ … ထောပတ်ဆီပူရည် နှင့် လောင်းသောအခါ အသို့ရှိသနည်း ….

★ တပည့်တော်သည် …သီရိမာကျေးဇူးကြောင့် …ဒါနကိုပြုခွင့်ရပေသည် … သီလကို ဆောက်တည်ခွင့်ရပေသည်… ဗုဒ္ဓကို ဖူးတွေ့ဆွမ်းလုပ်ကျွေခွင့်ရပေသည် …. သီရိမာ ကားကျေးဇူးရှင်ပေတကားဟု … လွန်စွာချစ်ကြည်သော မေတ္တာဓါတ်ဖြင့် ခံနေပါသည် ဘုရား ။

★ ★ ★ ★ သာဓု သာဓု သာဓု ဥတ္တရာ … အမျက်စောင်းမာန်ကြီးသူကို …. အမျက်မရှိခြင်းဖြင့်အောင်နိုင်ရာ၏ …။

သူတော်မဟုတ် အကျင့်ယုတ်သူကို ….
သူတော်အကျင့်ဖြင့်အောင်နိုင်ရာ၏

၀န်တိုစဉ်းလဲ … စေးနဲသူကို ….
စွန့်ကြဲပေးကမ်း …. လှူဒါန်းခြင်းဖြင့်အောင်နိုင်ရာ၏ ….

ချွတ်လွဲဖောက်ပြန် … မမှန်စကားဆိုသူကို …
သစ္စာစကားဖြင့်အောင်နိုင်ရာ၏ ….

> ★ < ကျမ မျက်ရည်သွင်သွင် စီးကျသည်အထိ ပီတိဖြစ်ခဲ့ရသည် …. သည်မျှသော တရားအစုလေးဖြင့် ကျမစိတ်ကိုချက်ချင်းသိလိုက်ရသည် …

အယူအဆအလွဲများ … သို့လောသို့လော တွေဝေမှုများ …. အရေခွံ ကွာကျခဲ့သည် …
ဓမ္မအရသာကွန့်မြူးလျှက် … ပီတိဖြင့် ပေါ့ပါးကြည်လျှက်ရှိနေခဲ့သည်။

သံဝေဂတရား ချက်ချင်းရရှိလိုက်သည် … စိတ်သည် … ဝါဂွမ်းနှယ် ပေါ့ပါးကြည်လင်သွားခဲ့ရသည် …

အိမ်ယာသည်လည်းကောင်း … ဥစ္စာသည်လည်းကောင်း … ကျမ၏ရူပကာယသည်လည်းကောင်း … အစရှိသော တပ်မက်မှု အားလုံးတို့သည် …. ကျမစိတ်ထဲမှ အပြီးတိုင် စင်ကြယ်သွားခဲ့သည် ….

သာဓု သာဓု သာဓု ချစ်သမီး သီရိမာ …. သင်ချစ်သမီးကား … အရိယာမဂ် ..အယဉ် အဆင့်သို့ … ဆိုက်ရောက်ခို၀င်ပြီး ဖြစ်ပေပြီ ….။

လောက၏ဖခင် ဗုဒ္ဓ၏ စကားသည် … အမ ဥတ္တရာတို့ တိုက်ကြီးတစ်ခုလုံး သိမ့်သိမ့်တုန်သွားသည်ဟု … ကျမထင်လိုက်မိသည် … ကျမမျက်ရည်တွေကား ရွှဲရွှဲစိုလျှက်ပင် ….။

credit: Original

ျပည့္တန္ဆာမေလးသီရိမာ

★ ★ ဘယ္လို … ဘယ္လို …. ျပန္ေျပာစမ္းပါဦး သခင္မ နားၾကားမ်ားလြဲေလသလားကြယ္

>>> ဟုတ္ပါတယ္ သခင္မ … သခင္မကို အမ်ိဳးသမီးတစ္ေယာက္က ေတြ႕ခြင့္ေတာင္းေနပါတယ္ ….

★ ★ မျဖစ္ႏိုင္တာကြယ္ … သခင္မဘ၀မွာ အမ်ိဳးသမီးကေတြ႕ခြင့္ေတာင္းတယ္ဆိုတာ မျဖစ္နိင္တာပဲ … သူက ဘယ္သူလဲ … ဘာကိစၥတဲ့တုန္း …တစ္လႀကိဳတင္ ခ်ိတ္ဆက္ထားျခင္း မရွိရင္သခင္မ ဘယ္သူ႔မွ မေတြ႕တာ သူမသိ ဘူးလား …။

>>> သိပ္က်က္သေရရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္ပါသခင္မ … ကိုယ္ေရးကိုယ္တာကိစၥေၾကာင့္ သခင္မကိုပဲေတြ႕ပါရေစ … သခင္မနဲ႔ ႏွစ္ကိုယ္ၾကားေျပာပါရေစ တဲ့ ….

★ ★ ဘုရားဘုရား … ဟုတ္ရဲ႕လားကြယ္ … ကဲကဲ … ထားပါေတာ့ သူ႔ကိုေဖ်ာ္ရည္နဲ႔ ဧည့္ခံ ထားလိုက္ပါကြယ္ … သခင္မလာခဲ့မယ္ ခဏေစာင့္ဖို႔ ေျပာထားလိုက္ေနာ္ ….

အင္း …. က်မလိုျပည့္တန္ဆာတစ္ေယာက္ကို …. အမ်ိဳးသမီးတစ္ေယာက္က … ေတြ႕ခြင့္ ေတာင္းတယ္ ဆိုပါလား ထူးဆန္လိုက္တာ ….

ကိုယ္ကို မွန္ေရွ႕မွာ တစ္ခ်က္ လွည့္ပတ္ၾကည့္လိုက္တယ္ …. ၿပီးေတာ့ အေပၚ႐ုံေလးကို အသာအယာ ၿခဳံၿပီး …. ဧည့္ခန္းမဆီကိုထြက္လာခဲ့တယ္ …။

အိုး … မ်က္ႏွာေလးက က်က္သေရရွိသလို ေအးခ်မ္းလွပါလား ….

ဧည့္ခန္း စႏၵကူးေညာင္ေစာင္းမွာ ထိုင္ေနတဲ့ အျပစ္ကင္းစင္တဲ့ မ်က္ႏွာေလးနဲ႔ က်က္သေရရွိေနတဲ့ က်မနဲ႔သက္တူ႐ြယ္တူေလာက္ရွိမယ့္ မိန္းကေလးတစ္ေယာက္ … က်မဧည့္ခန္း အျပင္အဆင္ခမ္းနားပုံကို … စိတ္၀င္တစားၾကည့္ရင္း က်မကို ေစာင့္ေနတာ ေတြ႕လိုက္ရတယ္ ….

★ ★က်မ ကသီရိမာ ပါ ….

သူက်မကို ေမာ့ၾကည့္ၿပီး … ပါးစပ္အေဟာင္းသားနဲ႔ခဏေငးေမာသြားတယ္ … ၿပီးမွ သတိ ၀င္လာၿပီး ….

★ ဒီေလာက္ လွပေက်ာ့ရွင္းၿပီး က်က္သေရရွိလွတာ …. သီရိမာပဲျဖစ္မွာေပါ့ … ႏိုင္ငံေတာ္ရဲ႕ အေခ်ာဆုံး အလွဆုံး က်က္သေရအရွိဆုံးဘြဲ႕ကို ခံယူထားတာပဲ … က်မေတာင္ ေငးမိသြားရတယ္ …. က်မက ဥတၱရာပါ …. သုမန သူေ႒ႀကီးရဲ႕ ေခြၽးမပါရွင္ …

★ ★ ေၾသာ္ … နႏၵသူေ႒းေလးရဲ႕ ၾကင္ယာကိုး …. နာမည္ကို ၾကားဖူးတာၾကာပါပေကာ ရွင္ … သိပ္ေတာ္ၿပီး ခင္ပြန္းကိုသိပ္ဂ႐ုစိုက္တဲ့ …. မိန္းမျမတ္ေလးတဲ့ … က်မယုံသြားၿပီ …

ဒီမယ္ … က်မေျပာျပပါဦးမယ္ …. ဒီႏိုင္ငံရဲ႕မင္းမ်ိဳးမင္းႏြယ္ သူေ႒းသူႂကြယ္ေတြထဲမွာ … က်မဆီကို ေရာက္မလာတဲ့ တစ္ဦးတည္းေသာသူကိုျပပါဆိုရင္ေလ …. ရွင့္ရဲ႕ႏူးညံ့သိမ္ေမြ႕တဲ့ … ျပဳစုမူေအာက္က ရွင့္ခင္ပြန္းပဲရွင္ သိရဲ႕လား …။

★ အင္း …. သူ သီရိမာနဲ႔ မေတြ႕ဖူးတာေၾကာင့္ သီရိမာဆီမလာတာေၾကာင့္ က်မမွာ … အခက္ေတြေတြ႕ၿပီး ေနာက္ဆုံး … က်မကပဲ သီရိမာ ဆီလာၿပီး သီရိမာကလာေပးဖို႔ အကူအညီေတာင္းရေတာ့တာေပါ့ရွင္ …. ။

★ ★ ဟင္ … ဘယ္လို … က်မဒီေန႔ဘာျဖစ္တယ္မသိဘူးရွင္ … ထူးဆန္းတာေတြနဲ႔ပဲ ႀကဳံေတြ႕ ေနရတယ္ … တခုခုမွားေနသလားပဲ … က်မအထင္ … အမက က်မကို ရွင့္ခင္ပြန္းနဲ႔ ေတြ႕ေစခ်င္သလားပဲ …. ဟုတ္လား ….

က်မသိတာက ဂုဏ္သေရရွိအမ်ိဳးသမီးေတြက … သူတို႔ ခင္ပြန္းေတြကို … က်မဆီေျခဦးလွည့္မွာသိပ္ေၾကာက္ၾကတယ္ေလ …။

★ ေျပာရမွာေတာ့အားနာပါတယ္ သီရိမာ …. က်မဖခင္ သုမနသူေ႒းနဲ႔ က်မခင္ပြန္းဟာ … ဗုဒၶရဲ႕တရားေတာ္ကို … သက္၀င္ယုံၾကည္မႈမရွိၾကေသးဖူးေလ … ဗုဒၶရဲ႕ အဆုံးအမကို လက္မခံေသးဘူး … က်မကေတာ့ က်မ မိဘေတြလို ဒါန သီလ ဘာ၀နာကို အားကိုးျပဳၿပီးေနတယ္ … ဒါေပမယ့္ ရွင္သိလား သီရိမာ … က်မေလ သူနဲ႔အေၾကာင္းပါၿပီးကတည္းကစလို႔ … က်မ ကိုေလ ဥပုသ္ေလးေတာင္ေစာင့္ခြင့္မေပးပဲ …ေန႔စဥ္သူ႔ကိုပဲ ျပဳစုေစတယ္ …

★ ★ ခစ္ခစ္ … အမခင္ပြန္းက အမကို သိပ္ခ်စ္တာေပါ့ ….

★ ဒါခ်စ္တာလို႔ေခၚလား သီရိမာ …. ပ်ိဳမ်စ္မႈေတြကုန္သြားခ်ိန္ေရာ …. အဆင္းလွတုန္း … အ႐ြယ္ႏုပ်ိဳတုန္း က်န္းမာသန္စြမ္းတုန္းေတာ့ … ခ်စ္တာေပါ့ …

★ ★ အို … အမ ဥတၱရာ … က်မအေမလဲဒီလိုပဲ သိလား … ဘုရင္မင္းျမတ္ကအစ တစ္ႏိုင္ငံလုံး အနမ္းခံရတဲ့ ပန္းကေလး … ေဟာ ... သူလဲအိုမင္းေရာ … ဘယ္သူမွ အေရးမလုပ္ေတာ့ဘူး ….

ခုလဲၾကည့္ေလ .. က်မမပါရင္ … ဘုရင္မင္းႀကီး ဘာပြဲမွလုပ္လို႔မရဘူး …. ဘယ္သံတမန္ ဧည့္သည္မွ ေတြ႕လိုမရဘူး … က်မအားတဲ့ရက္ကို သူညႇိၿပီးစီစဥ္ရတာ …. ေျပာျပစမ္းပါ အမဥတၱရာ … က်မရဲ႕ ပ်ိဳမ်စ္ျခင္းကဘယ္ေလာက္ထိခံမလဲ … ေနာက္ ငါးႏွစ္လား … ေနာက္ဆယ္ႏွစ္လား ….

သူမက က်မတို ညီမငယ္ေလး တစ္ေယာက္ လို ျမတ္ႏိုးစြာ ၿပဳံးၾကည့္ေနတယ္ ….

★ ★ က်မဘယ္လိုကူညီရမလဲ … ေျပာေလ

★ ဆယ့္ငါးရက္တိတိ က်မအိမ္မွာလာေနၿပီး က်မခင္ပြန္းကို … ခင္ပြန္းတစ္ေယာက္လို ျပဳစုေပးပါညီမရယ္ … ဗုဒၶနဲ႔ သံဃာေတာ္ေတြကို … က်မ ဆြမ္းဖိတ္လုပ္ေကြၽးခ်င္တယ္ … သီလေဆာက္တည္ခ်င္တယ္ … ဆယ့္ငါးရက္ထဲပါ …. က်သင့္ေငြကို ခုထဲကေပးခဲ့ပါ့မယ္ ညီမရယ္ ….

★ ★ ဆယ့္ငါးရက္ေတာင္ … မ်ားလွပါလား … ၿပီးေတာ့ အမခင္ပြန္းက က်မျပဳစုလုပ္ေကြၽးတာ ႏွစ္သက္မယ္လို႔ အမထင္လားဟင္ ….

★ ငါ့ညီမေလာက္လွတာ … ရာဇၿဂိဳဟ္မွာ ရွိလို႔လား ညီမေလးရယ္ …. ပ်ိဳမ်စ္မႈနဲ႔ … အလွအပကို ကိုးကြယ္တဲ့ ေယာက္်ားတစ္ေယာက္က … ေလာကမွာ အလွဆုံးလို႔ ေျပာလို႔ရတဲ့ ညီမကို မႏွစ္သက္ဘူးဆိုရင္ .. က်ိန္းေသၿပီ … သူဟာေယာဂီပဲ … အမခင္ပြန္းအေၾကာင္း အမသိပါတယ္ညီမငယ္ … သူမင္းနဲ႔ေတြ႕တာေနာက္က်တယ္ေတာင္ထင္မွာ … ။

★ ★ တစ္ကယ္ဆို က်မ ဒါမ်ိဳး ရက္ရွည္ ျပဳစုရတာလက္မခံခ်င္ဘူး … အားလုံးကို ေန႔ပိုင္း နာရီပိုင္း ေလာက္ပဲျပဳစုရတာ .. ဒါေပမယ့္ …ခင္ပြန္းအတြက္ … ဇနီးကိုယ္တိုင္ လာတယ္ ဆိုေတာ့ က်မလက္ခံလိုက္ပါ့မယ္ … ၿပီးေတာ့ဗုဒၶအတြက္ ဆိုတဲ့စကားကိုၾကားရေတာ့ က်မတို႔အႏြယ္ ရဟႏၲာမႀကီး အမၺပါလီကို ျမင္မိလို႔ပါ ….။

★ ၀မ္းသာလိုက္တာ ညီမငယ္ … သာဓု သာဓု သာဓုပါ … ဒါဆို အမ မနက္ျဖန္ ရထား လႊတ္လိုက္ပါ့မယ္ ….

★ ★ အို … ကိစၥမရွိပါဘူးအမ … က်မရထားနဲ႔ပဲလာခဲ့ပါ့မယ္ ….

အခန္း ( ၂ )

> ★< က်မရဲ႕ ျမင္းျဖဴ ေလးေကာင္ က တဲ့ ရထားလုံး နႏၵသူေဌးေလးရဲ႕ အိမ္ေရွ႕ေရာက္တယ္ဆိုရင္ပဲ … က်မနဲ႔ အတူပါလာတဲ့အလုပ္သမားေတြက .. က်မကို တံခါးဖြင့္ေပးခ်ိန္မွာ … ဥတၱရာက အိမ္ထဲက ၿပဳံး႐ႊင္စြာေျပးထြက္လာၿပီး …. ရထားေပၚကဆင္းမယ့္က်မကို သူ႔လက္ႏွစ္ဖက္နဲ႔ ဆီးႀကိဳ ေဖးမပါတယ္ … အသင့္ေစာင့္ေနတဲ့သူ႔အေႁခြရံေတြက … က်မ ေသတၱာေတြကို သယ္သြားၾကပါတယ္ ….

သူက်မလက္ကို ဆြဲၿပီး ခမ္းနားလွတဲ့ ေဂဟာႀကီးအေပၚတက္လာခဲ့တယ္ …. ေလွခါးထိပ္ ႏွစ္ဖက္မွာ မိန္းမပ်ိဳႏွစ္ေယာက္စီက က်မတို႔ကိုအ႐ိုအေသေပးၾကတယ္ …

★ ညည္းတို႔အရွင္ … အခန္းတြင္းမွာလား …

>>> ဟုတ္ကဲ့ပါသခင္မ … ဧည့္သည္အတြက္ သခင့္အခန္းနဲ႔ ကပ္လ်က္အခန္းမွာ ျပင္ထားပါတယ္ …. ။

★ ေအး ေအး မင္းတို႔လြတ္လပ္စြာေနၾကေတာ့ ….

သူ က်မကိုလက္ဆြဲေခၚလာၿပီး … က်မအတြက္ျပင္ထားတဲ့အခန္း လို႔ထင္ရတဲ့အခန္းေရွ႕မွာ .. ရပ္ၿပီး …

★ ခဏတစ္ျဖဳတ္နားဦးေနာ္ညီမေလး …. ခဏေန သူေ႒းမင္းနဲ႔ေတြ႕ဖို႔ အမလာေခၚမယ္…။

> ★ < သလြန္ေပၚမွာထိုင္ရင္း ..က်မဘ၀အေၾကာင္းစဥ္းစားမိတယ္ ….

က်မရဲ႕မိခင္အမည္က သလႅာ၀တီ …. ဗိမၼိသာရမင္းႀကီးရဲ႕ အမတ္ခ်ဳပ္ႀကီးရဲ႕ သမီး … ေဝသာလီ ဂဏ ႏိုင္ငံေတြရဲ႕ဥပေဒအရ … ႏိုင္ငံတစ္ႏိုင္ငံက … ျမင့္ျမတ္တဲ့မ်ိဳးႏြယ္မိန္းကေလးတစ္ေယာက္ သိပ္ေခ်ာသိပ္လွလို႔ ( ၇ ) ျပည္ေထာင္မင္းေတြ လာေတာင္းရမ္းယူရၿပီဆိုရင္ …. ဒီမိန္းကေလးကို … ႏိုင္ငံေတာ္ရဲ႕သမီး … ျမင့္ျမတ္သူအားလုံးပိုင္သူ … ဆိုတဲ့ဘြဲ႕ေပးရတယ္ …

ဘုရင္ကိုယ္တိုင္ …စံနန္းဥယ်ာဥ္ ေဆာက္ေပးရတယ္ … မင္းစိုးရာဇာ နဲ႔ ဘုရင္ဘြဲ႕ေပးထားတဲ့ သူေ႒းေတြကို … ျပဳစုရတယ္ …. မင္းခမ္း မင္းနားေတြကို ဦးစီးရတယ္ …

တစ္ျပည္ေထာင္မင္းေတြကို ဧည့္ခံရတယ္ …. စစ္မက္အေရး အရိပ္အႁမြက္ရွိရင္ …မာယာနဲ႔ ညႇိႏႈိင္းရတယ္ … သတင္းႏႈိက္ရတယ္ ...

ဒီလိုဘြဲ႕ေပးလိုက္တဲ့အခ်ိန္မွာ … က်မမိခင္ရဲ႕ခ်စ္သူ အဘယ မင္းသားက က်မအေမကို ႏွစ္ခ်ီၿပီး ငွားခဲ့တယ္ ( ဥပေဒကိုမွ မလြန္ဆန္ႏိုင္ပဲကိုး )

က်မရဲ႕မိခင္ဟာ … အဘယမင္းသားနဲ႔ အေၾကာင္းျပဳစုံမက္ၿပီး … သားေလးတစ္ေယာက္ ဖြားျမင္ခဲ့တယ္ …. သားေယာက္်ားေလး ဂုဏ္မငယ္ရေအာင္ … အဘယဘုရင္ကိုယ္တိုင္ နန္းတြင္းေခၚယူ သူ႔ရင္ေသြးေလးကို ဇီ၀က လို႔မွည့္ၿပီး … နန္းတြင္းမွာထားခဲ့တယ္ …

က်မကိုေမြးဖြားခဲ့တဲ့အခါမွာေတာ့ … မေအတူတဲ့အျပင္ ..မေအထက္ေတာင္ႏူးညံ့လွပလို႔ ….က်မကို မိခင္ရဲ႕အ႐ိုက္အရာကို ဆက္ခံေစခဲ့တယ္ … ။

က်မမိခင္ႀကီးကြယ္လြန္တဲ့အခါ … က်မကိုသိပ္ခ်စ္တဲ့ က်မရဲ႕ အကိုႀကီး ဟာ … သမားေတာ္ႀကီးဇီ၀ကဆိုၿပီး ထင္ရွားခဲ့သလို … က်မဟာလဲ …. ရာဇၿဂိဳဟ္ရဲ႕ ႐ုပ္၊ အဆင္း အဂၤါ ၾကန္အင္လကၡဏာ … ပညာ … အျဖာျဖာနဲ႔ျပည့္စုံတဲ့ …. မင္းအသိအမွတ္ျပဳ … တိုင္းျပည္ရဲ႕ အဓိကက်တဲ့ ၀န္ထမ္းတစ္ဦးျဖစ္လာတာေပါ့ …. ဒီလိုႏိုင္ငံ့ သမီးပ်ိဳေတြ ဟာ…. မဟာဆီမဟာေသြးပဲျဖစ္ရတယ္ ေလ ….

က်မတတ္အပ္တဲ့တာ၀န္ …ဟုတ္လား …အဲ့ဒါေတြက ….
၁။အကမ်ိဳးစုံ ကျပ သင္ျပတတ္ရတယ္
၂။ တူရိယာပစၥည္းမ်ိဳးစုံ…တီးတတ္မႈတ္တတ္ရတယ္ …
၃။ အခါရာသီအလိုက္ သင့္ေတာ္တဲ့၀တ္စားဆင္ယင္မႈ ကိုယ္တိုင္ေရာ… မင္းအခမ္းနားအတြက္ေရာ…ဘုရင္ကိုပါ…ဆင္ျမန္းႏိုင္ရတယ္
၄။ ႐ုပ္နဲ႔လိုက္တဲ့ ျခယ္သျပင္ဆင္မႈ
၅။ အိပ္ယာ၊ ကုတင္ … ပန္းအလွျပင္ .. စံအိမ္ေတာ္ ရႈမ၀က်က္သေရနဲ႔ ျပည့္စုံေအာင္ ျပင္ဆင္မႈ
၆။ လူအမ်ိဳးမ်ိဳး… ႏွစ္သက္ေပ်ာ္႐ႊင္ေအာင္ျပဳစုမႈ
၇။ ေသရည္ေသရက္ အမ်ိဳးမ်ိဳး ေရာစပ္ရာမွာလိမ္မာမႈ
၈။ ကာမေမြ႕ေလ်ာ္ပုံအမ်ိဳးမ်ိဳးအတတ္
၉။ ေလး၊ ျမႇား၊ က်ည္..ဒါဏ္ရာခြဲစိတ္ကုသေပးရတဲ့အတတ္
၁၀။ အခ်က္အျပဳတ္ကြၽမ္းက်င္လိမ္မာမႈ
၁၁။ ပန္းခ်ီ
၁၂။ အ၀တ္အစားတို႔ကို ကိုယ္တိုင္စံျပခ်ဳပ္လုပ္တတ္မႈ
၁၃။ ကေလးသူငယ္တို႔အား ေစာင့္ေရွာက္မႈအတတ္
၁၄။ ဘာသာမ်ိဳးစုံကိုေရးႏိုင္ဖတ္ႏိုင္ၿပီး …တိုင္းတစ္ပါးမွ ဘုရင္၊ မင္းသား စသည္ သံတမန္မ်ားကိုျပဳစုစဥ္ …ႏိုင္ငံအတြက္ သတင္းအခ်က္အလက္မ်ားကို … ႏႈိက္ယူစုံစမ္းျခင္းအတတ္ ….
၁၅။ ကြမ္းယာျခင္းအတတ္
၁၆။ အိမ္တြင္းပရိေဘာဂႏွစ္သက္ဖြယ္ထားသိုျခင္း …
၁၇။ လင္ေယာက္်ားႏွစ္သက္ေက်နပ္ေအာင္ျပဳစုျခင္းအတတ္ ႏွင့္ ျပန္လည္သင္ျပျခင္းအတတ္
၁၈။ ႏို႔ ေထာပတ္ .. မလိုင္ …ဒိန္ခဲ စသည္တို႔ကိုကိုယ္တိုင္စီရင္ျခင္းအတတ္…။

ဒါ့အျပင္

မင္းမႈထမ္းတို႔ကိုလဲႏိုင္ငံေတာ္တြက္ ႀကိဳးစားခ်င္စိတ္ရွိေအာင္သီခ်င္းစပ္ဆိုေဖ်ာ္ေျဖကျပျခင္း … ရဲစိတ္ ရဲမာန္ျပည့္ဝေအာင္ သီခ်င္းမ်ားစပ္ေဖ်ာ္ေျဖေပးျခင္း …ဒါေတြ တတ္ရတာေပါ့ …။
( ျပည္သူေတြက ဘုရင္ကို ေတြ႕ရခဲသလို က်မကိုလဲ ေတြ႕ခဲပါတယ္ …. တစ္ႏွစ္တစ္ႀကိမ္ ႏိုင္ငံသူႏိုင္ငံသားေတြ မင္းမႈထမ္း ရဲမက္ေတြကို သီခ်င္းသီကုံး ေဖ်ာ္ေျဖရတယ္ ျပည္သူ ေတြကလဲက်မကို သိတ္ျမတ္ႏိုးတယ္ )

ဒါေၾကာင့္ ႏိုင္ငံေတာ္ကေခ်သည္ဆိုတာ …. ႏိုင္ငံဂုဏ္ေဆာင္ ပညာရွိ … မင္းမ်ိဳးႏြယ္ ဆိုပါေတာ့

က်မအေမနဲ႔ ေခတ္ၿပိဳင္ အမၺပါလီဆိုတဲ့ ေဝသာလီက ကေခ်သည္ ဆိုရင္ေလ … မူးႀကီး မတ္ႀကီးေတြထက္ေတာင္ ပညာသာလြန္တဲ့အျပင္ … ေဟာ .. အခုဆိုရင္ ေလ ... ဗုဒၶရဲ႕ သမီးေတာ္၊ ဘုရင္ေတာင္ဦးခိုက္ရတဲ့ ရဟႏၲာေထရီမႀကီး ျဖစ္ေနၿပီေပါ့ …

အင္း ..က်မလဲတစ္ေန႔ေန႔မွာဗုဒၶကို …ယုံၾကည္သူျဖစ္မလားမသိဘူး …ဒါေပမယ့္ … က်မ ကေတာ့ လက္ရွိက်မရဲ႕ပ်ိဳျမစ္ႏုနယ္မႈကို …. သိပ္သေဘာက်တယ္ …. က်မ ေျခေထာက္ေလးတစ္ခ်က္ခတ္လိုက္တာနဲ႔ …. ဘုရင္ကအစ ..မင္းေဆြစိုးမ်ိဳး သူေဌးေတြရဲ႕ေငြအားလုံး က်မေျခေထာက္ေအာက္ေရာက္လာတာေလ ….

★ ေဒါက္ ေဒါက္ … ညီမေရ ..သူေဌးမင္းနဲ႔ေတြ႕ရေအာင္ …

> ★ < သူ႔ေနာက္ကေန … ခပ္ယို႔ယို႔လိုက္သြားလိုက္တယ္ …. က်မရဲ႕ကပ္လ်က္အခန္းထဲမွာ .. သူေ႒ေလးကို .. သလြန္ေညာင္ေစာင္းေပၚ ထိုင္ေနတာေတြ႕ရတယ္ …

သူ … ေသရည္ကို ေ႐ႊခြက္နဲ႔ေသာက္ေနတုန္းအခ်ိန္ … ခန္႔ညားမြန္ရည္တယ္ … အပူအပင္ အေၾကာင့္အက် … စိတ္ေသာကကို … သူ႔စိတ္ထဲအေရာက္မခံပုံပဲ …

ဥပတိ႐ုပ္ေကာင္းသလို … ဥတၱရာေျပာသလိုပဲ … ကာမသုခလႅိကာႏုေယာဂ … က်င့္သုံးအားသန္ပုံပဲဆိုတာ အကဲခတ္လို႔ရတယ္ … ဘယ္လိုပဲဆိုဆို … သေဘာထားေျဖာင့္စင္းၿပီး ႏွစ္လိုဖြယ္အဆင္း ရွိသူလို႔ သတ္မွတ္ရမွာပါ…။

★ သီရိမာ …. ေရာက္လာပါၿပီ … အရွင့္သား ….

သူ က်မကို လွမ္းၾကည့္လိုက္တယ္ …က်မလဲသူ႔ကို စိုက္ၾကည့္လိုက္တဲ့အခ်ိန္မွာ … က်ိန္းေသၿပီ … သူ႔အၾကည့္ကို က်မရဲ႕႐ူပါ႐ုံက သံလိုက္လိုဆြဲေဆာင္သြားၿပီ… မခြာေတာ့ဘူး … သူ ဥတၱရာရွိေနတာ မသိေတာ့ဘူး …

★ ကဲ … သီရိမာ … ကိုယ့္အိမ္ … ကိုယ့္ခင္ပြန္းလိုသေဘာထား … ေပ်ာ္ေပ်ာ္ေနေနာ္ … အိမ္ေစအမႈလုပ္မ်ားကလဲ ရွင့္ကို .. က်မနဲ႔မျခား … ခစား၊ ႐ိုေသၾကပါလိမ့္မယ္ ….

ကိုယ့္ခင္ပြန္းလိုသေဘာထား … ဒီစကားက က်မကို ပီတိျဖစ္ေစတယ္ …က်မ ဥတၱရာကို ေခါင္းညိမ့္ျပလိုက္တယ္ … နႏၵကေတာ့ က်မကိုေျခဆုံးေခါင္းဆုံးၾကည့္ေနရာက မခြာႏိုင္ေသးဘူး …။
ဥတၱရာထြက္သြားပါတယ္ … သူက်မကိုၾကည့္ေနတုန္း …. က်မသူ႔နားတိုးသြားလိုက္ တယ္ …

★ ★ ဘာစကားမွမေျပာေတာ့ဘူးလား … သီရိမာကိုအလိုမရွိဘူးလားဟင္ …

★ ★ ★ အို…အို .. ဒီ..ဒီလို မဟုတ္ပါဘူး … ျဗဳန္းကနဲဆိုေတာ့ေလ … အံ့ၾသသြားလို႔ပါ …

★ ★ ဘာလို႔ …

★ ★ ★ နတ္သမီးတစ္ပါး က်ဳပ္ေရွ႕ေရာက္လာတယ္လို႔ … အိမ္မက္မ်ားမက္ေနသလားလို႔ပါ … လွလိုက္တဲ့ သီရိမာရယ္ … လွလိုက္တာ … ဒီေန႔ဒီရက္ထိ … သီရိမာကို … မေတြ႕ခဲ့ရတာ … သြားမရွာခဲ့တာကိုေတာ့ .. ကိုယ့္ကိုကိုယ္ … ခြင့္မလႊတ္ႏိုင္ေအာင္ပါပဲ ...။

> ★ < က်မလဲ သူ႔ကိုျမင္ျမင္ခ်င္း စိတ္၀င္စားမိတယ္ … ဒီရက္ေတြ သူ က်မကို သူ႔မ်က္စိေအာက္က အေပ်ာက္မခံဘူး … ေနာက္ဆုံး အစားအေသာက္ကိုေတာင္ သီရိမာ ..ျပင္ဆင္ေပးမွ … အ၀တ္အစားကအစ သီရိမာ ဆင္မွ … က်မတို႔ကမာၻမွာ .. ဥတၱရာ မရွိေတာ့ဘူး … ေက်းကြၽန္ေတြကလဲ က်မကို … အိမ္ႀကီးသခင္ … သူေဌးကေတာ္ႀကီးလို ..႐ိုက်ိဳးခစားၾကတယ္ … က်မထင္တယ္ .. သူက်မကိုလက္လႊတ္မခံေတာ့ဘူး … က်မလဲ အိမ္ေထာင္ရွင္မိန္းမတစ္ေယာက္လိုပဲ ေနခ်င္လာေတာ့တယ္ ….

က်မတို႔ … အခ်ိန္ေတြကိုေမ့ေနၾကတယ္ …. သူက သူနဲ႔ က်မ စေတြ႕တဲ့ေန႔ကို သူနဲ႔က်မရဲ႕မဂၤလာအထိမ္းအမွတ္ေန႔လို႔ သတ္မွတ္တယ္ … သိပ္ေပ်ာ္ေနခဲ့ၾကတာ ..။

ဒီလိုနဲ႔နႏၵသူေ႒းရင္ခြင္မွာ က်မေနေနခဲ့တာ ႏွစ္ပတ္ျပည့္ခဲ့ၿပီ ….

အင္း သမေဏ ဏ … သမေဏာ … ေဂါေဏ ဏ... ေဂါေဏာ တဲ့ …ကိေလသာတပ္မက္သူႏွင့္ … တရားက်င့္သူ …ေန႔စဥ္ ဗုဒၶေဝယ်ာ၀စၥႏွင့္ သီလၿမဲသူ ဥတၱရာႏွင့္ …. ကာမ ကို အလြန္အၾကဴးတပ္မက္သူ … နႏၵ … စည္းဝါးမကိုက္ႏိုင္ပါဘူး ….

က်မနဲ႔နႏၵကေတာ့ သံလိုက္ႏွင့္သံကဲ့သို႔ …. သိပ္လိုက္ဖက္တယ္ …. ၿပီးေတာ့ က်မတို႔ႏွစ္ေယာက္ မခြဲႏိုင္ေတာ့ဘူး … က်မစိတ္ကို က်မသိေနၿပီ … က်မ သူ႔ကိုမခြဲႏိုင္ဘူး ….
မနက္ျဖန္ ဆယ့္ငါးရက္ျပည့္ေျမာက္ၿပီ …. လင္သားကင္းမဲ့ေသာအိမ္သို႔ျပန္ရေတာ့မည္ … ငါဒီအိမ္ကိုသိပ္စက္ဆုပ္တယ္ ….

အကယ္၍ ဥတၱရာေသၿပီး … ငါသာ နႏၵဇနီးျဖစ္ခဲ့ေသာ္ … က်မဆက္၍မေတြးခ်င္ေတာ့ … က်မစိတ္ထဲမွာျပင္းျပေနတာ … က်မသာနႏၵရဲ႕ဇနီးမယား … ဒီအိမ္ႀကီးရဲ႕သခင္မ …

နႏၵသလြန္တက္ကထၿပီး … ျပဴတင္းေပါက္မွာ သြားရပ္ေနတာ ေတြ႕ရတယ္ … က်မက နႏၵ မွီဝဲတဲ့ ရသာယနေဆးအတြက္ ေထာပတ္ ပိသာေလာက္ကို ..ေၾကးအိုးနဲ႔က်ိဳေနတယ္ … ေထာပတ္ေတြပြက္ပြက္ဆူေနၿပီ …

က်မ နႏၵကို တစ္ခ်က္လွမ္းၾကည့္လိုက္တယ္ … သူျပတင္းေပါက္ကေန … ေအာက္ကိုငုံ႔ၾကည့္ၿပီး …. ေခါင္းတညိမ့္ညိမ့္နဲ႔ၿပဳံးၿပီး အခန္းထဲျပန္လွည့္၀င္လာတယ္ …

ဟင္ …သူဘာၾကည့္တာလဲ … ဘာလို႔ၿပဳံးတာလဲ … က်မအေျပးအလႊား ျပတင္းနားကို သြားၾကည့္လိုက္တယ္ …

ေခြၽးသံတ႐ႊဲ႐ႊဲနဲ႔ ဗုဒၶႏွင့္သံဃာေတြအတြက္ ဆြမ္းခ်က္ေနတဲ့ … ဥတၱရာပါလား

ေတာက္ … ဒီမိန္းမ …

ဟားးးး …. တရားကိုပဲႏွစ္သက္တဲ့မိန္းမမွာ ဘာလို႔ အဖိုးတန္လင္ေယာက္်ားရွိရတာလဲ … ငါ့လို .. ပညာတတ္ အရာရာျပည့္စုံၿပီး လင္သားကို မကုန္ခမ္းႏိုင္တဲ့ … သာယာမႈေပးတတ္သူမွာက်ေတာ့ ဘာလို႔လင္သားမရွိရတာလဲ …

က်မ သူမကို စူးစူးရဲရဲ ၾကည့္ေနခ်ိန္မွာ … သူမကလဲ အမွတ္တမဲ့ … ေမာ့အၾကည့္ … က်မကိုလဲေတြ႕ေရာ … လွမ္းၿပီး ၿပဳံးျပတယ္ ….

ၾကည္လင္သန္႔ရွင္းတဲ့အၿပဳံး … က်မေဒါသကိုဆြေစတဲ့အၿပဳံး … ငါ့ေလာက္မေခ်ာတဲ့မိန္းမမွာ … ဘာလို႔ဒီလိုစြဲမက္ဖြယ္ျဖဴစင္အျပစ္ကင္းတဲ့အၿပဳံး ရွိေနရတာလဲ ….

သင္းက .. ငါ့ကို ခုထိ အႏိုင္ယူေနတုန္းပါလားးး …

က်မဘာမွစဥ္းစားမေနေတာ့ဘူး … မီးဖိုေပၚက က်ိဳက္က်ိဳက္ဆူေနတဲ့ ေထာပတ္ဆီပူအိုးကို … သတိထား မ လာၿပီး … ဥတၱရာေခါင္းေပၚ ေလာင္းခ်လိုက္ပါေတာ့တယ္ …

>>> အမေလး … ဘယ့္ႏွယ္ လုပ္လိုက္တာတုန္း …

>>> သခင္မကို ကယ္ၾကပါဦး …..

၀ိုင္းေအာ္ၾကေသာအသံႏွင့္အတူ … ေယာက္်ားမိန္းမမ်ား တဝုန္းဝုန္း အေပၚထပ္သို႔ေျပး တက္လာၾကၿပီး … က်မကို ဆြဲထုတ္႐ိုက္ႏွက္ၾကပါေတာ့တယ္ …

သူ႔အခန္း ခဏျပန္သြားတဲ့နႏၵလဲ ေျပးထြက္လာၿပီး …

★ ★ ★ ဟဲ့ ဟဲ့ သီရိမာကို မင္းတို႔ဘယ္လိုျပဳေနၾကတာတုန္း … ဆိုၿပီးတားတယ္ …

>>> မဟုတ္ဘူး အရွင့္သား … သူသခင္မကို ..ေထာပတ္ ဆီပူေရေတြနဲ႔ေလာင္းခ်တယ္ အရွင့္သား ….

★ ★ ★ ဟင္ … ဥတၱရာ … ငါ့ရဲ႕ဥတၱရာ … ေသရွာၿပီလား …

> ★ < နႏၵ အပူတျပင္း ေျပးဆင္းသြားတယ္ …. က်မသိသြားၿပီ … က်မရဲ႕ဘ၀အမွန္ …
ငါကားအခစားး …. ႐ိုင္း႐ိုင္းေျပာရရင္ ေၾကးစား …. ဥတၱရာက နႏၵရဲ႕ ၾကင္သူသက္ထား … ဇနီးမယား ….

ထာ၀ရမယားျဖစ္လို၍ ျပဳမွားမိသည့္တိုင္ေအာင္ နႏၵ၏ ေမတၱာစစ္ကား … ငါ့အေပၚမွာ မဟုတ္ … ဥတၱရာ အေပၚမွာသာ ရွိတာငါသိရၿပီ …

၀ိုင္း၀န္း႐ိုက္ႏွက္ေနတာကို နာမွန္းမသိေတာ့ဘူး … ရွက္ျခင္း .. ပူေလာင္ျခင္း … ၀မ္းနည္းျခင္း … ယူက်ဳံးမရျဖစ္ျခင္း ေရာေထြးေနခဲ့တယ္ … ဒီအခ်ိန္မွာပဲ …

ဟဲ့ … ဟဲ့ … ငါ့ေက်းဇူးရွင္ ခင္ပြန္းမကို အႏၲရာယ္ မျပဳၾကနဲ႔ ရပ္ၾကေတာ့ ေတာ္ေတာ့ ဆိုၿပီး က်မကိုယ္ေပၚမွာလွဲခ်အုပ္မိုးၿပီး … ၀င္ကာတဲ့ ဥတၱရာကိုေတြ႕လိုက္ရလွ်င္ပဲ … က်မလန္႔လြန္းလို႔ ၾကက္ေသေသသြားခဲ့တယ္ ….

ေထာပတ္ေရေတြ တစ္ကိုယ္လုံး႐ႊဲ႐ႊဲစိုေနပါလ်က္ … ထိုအပူဟာ သူ႔ေမတၱာဓါတ္ကို မေက်ာ္လႊားႏိုင္ေၾကာင္း … မ်က္စိနဲ႔ တပ္အပ္ျမင္ေတြ႕လိုက္ရတယ္ ….

★ သူမေတာ္တဆျပဳမိတာျဖစ္မွာပါကြယ္ …

>>> မဟုတ္ဘူးအရွင္မ .. သူ က်က်နနေလာင္းလိုက္တာ … က်မေသေသခ်ာေတြ႕လိုက္တယ္ ….

★ ကဲ ..ေတာ္ပါၿပီ …ထားလိုက္ပါေတာ့ … ငါ့မွာမွအႏၲရာယ္မျဖစ္ပဲကြယ္ … စိတ္မဆိုးၾကပါနဲ႔ … သူဟာ သခင္မတို႔ေက်းဇူးရွင္ေလ … သူသာ အရွင့္သားကို လာမျပဳစုမေစာင့္ေရွာက္ရင္ .. သခင္မတို႔လဲ … ဝိတက္ .. ဝိစာရ ရွင္းရွင္းနဲ႔ ဗုဒၶကို ဆြမ္းလုပ္ေကြၽးႏိုင္မွာမဟုတ္ဘူးေလ … ၾကည့္စမ္းပါဦး … သူ႔ခမ်ာဒါဏ္ရာေတြေတာင္ရေနရွာၿပီ … မင္းတို႔အားလုံး သူ႔ကို ေတာင္းပန္လိုက္ၾက ….

သူကိုယ္တိုင္ ပ်ာပ်ာသလဲ ေဆးလိမ္းေပးရွာတယ္ …. နႏၵကေတာ့ က်မကို စူးစူးဝါးဝါး တစ္ခ်က္ၾကည့္ၿပီး အပါးက လွည့္ထြက္သြားတယ္ ….

★ ★ က်မ မွားပါၿပီအမရယ္ … အမက တစ္ကယ့္သူေတာ္ေကာင္းပါ …

★ မငိုပါနဲ႔ ညီမရယ္ … မငိုပါနဲ႔ … ပုထုဇဥ္ဆိုတာ … ရာဂပြားသေလာက္ မွားၾကတာပဲေလ …

★ ★ က်မကိုခြင့္လႊတ္တာ … အမကို သိပ္အံ့ၾသမိတယ္ …. က်မကို မမုန္းဘူးလားဟင္ …။

★ ညီမေလးကိုမုန္းလိုက္ရင္ …. ေထာပတ္ပူေတြဟာ တစ္ကိုယ္လုံးကို … ေလာင္ၿမိဳက္ေတာ့မွာေပါ့ … ၾကည့္ပါလား … အမ ဘာမွ မွ မျဖစ္တာ …။
ဒါဟာ အမက ညီမကိုမမုန္းဘူးဆိုတဲ့ အထင္ရွားဆုံးသက္ေသပါပဲ ညီမေလးရယ္ ….

က်မသူ႔ကိုဖက္ၿပီး အားရပါးရငိုလိုက္တယ္ ….

အခန္း ( ၃ )

အဲ့ဒီေန႔ကပဲ … ဥတၱရာရဲ႕ အကူအညီနဲ႔ … က်မအိမ္ကိုျပန္ခဲ့တယ္ … ဗုဒၶနဲ႔ရဟန္း ၅၀၀ အတြက္ ဆြမ္း၊ ဆြမ္းဟင္းတို႔ကို … တစ္ညလုံးကိုယ္တိုင္ခ်က္ျပဳတ္ခဲ့တယ္ ….

ေနာက္တစ္ေန႔မွာ … က်မပိုင္တဲ့ ျမင္းျဖဴေလးေကာင္ က တဲ့ ရထားလုံးေပၚမွာ ဆြမ္းဟင္းအျပည့္နဲ႔ … ဥတၱရာအိမ္ကို ဒုတိယအႀကိမ္ … ေရာက္လာခဲ့တယ္ ….

ပထမတစ္ႀကိမ္က … လွ်ပ္ေပၚေလာ္လီေသာစိတ္ျဖင့္ …ကိုယ္တြင္ လွသထက္လွေအာင္ … မာနေဆာင္လာၿပီး …

တခုတစ္ႀကိမ္လာရာမွာေတာ့ …က်ိဳးႏြံေအာက္က်ိဳ႕ေသာ စိတ္ … တစ္ညလုံးပင္ပန္းထားေသာ္လည္း …. ၀င့္ဝါမႈမရွိ ပကာသနမဆန္ေသာအ၀တ္တို႔ႏွင့္ …

ျဖဴစင္တက္ႂကြေသာ အၿပဳံးကိုေဆာင္လွ်က္ ….. ဆြမ္းအုပ္ကို ေျခလ်င္သယ္လာေသာက်မကို … လမ္းသြားလမ္းလာမ်ားျမင္ၿပီး … ပီတိေသာမနႆ ျဖစ္ေနၾကပါတယ္ …

ဗုဒၶကိုေတြ႕လိုက္ရတဲ့အခ်ိန္မွာ … လူအားလုံးက ဖခင္ လို႔ ေခၚရတဲ့အေၾကာင္းရင္းကို သိခဲ့ရတယ္ ….

ဗုဒၶ ကိုဒီေန႔ဒီရက္ထိ မဖူးေတြ႕ပဲေနခဲ့တာ … က်မကိုယ္က်မ ခြင့္လႊတ္ႏိုင္စရာ အေၾကာင္းမရွိပါဘူး … မိသီရိမာ ….

လွလိုက္တဲ့သီရိမာရယ္ …လွလိုက္တာ … ဒီေန႔ဒီရက္ထိ …သီရိမာကို … မေတြ႕ခဲ့ရတာ … သြားမရွာခဲ့တာကိုေတာ့ .. ကိုယ့္ကိုကိုယ္ … ခြင့္မလႊတ္ႏိုင္ေအာင္ပါပဲ …. ။

မိန္းမယုတ္ …. ။ (( ျပန္ၾကားေယာင္ၿပီး က်မကိုယ္က်မ က်ိန္ဆဲမိပါၿပီ )))

ဆြမ္းဘုန္းေပးၿပီးေနာက္ …. ဗုဒၶက က်မကို ဂ႐ုဏာ အျပည့္ပါတဲ့ အၿပဳံးနဲ႔ လွမ္းၾကည့္ပါတယ္ … က်မက

★ ★ ဖခင္ … ယမန္ေန႔က .. က်မဟာ … က်မရဲ႕ေက်းဇူးရွင္ … ဥတၱရာကို မျပဳေကာင္းမျပဳအပ္ေသာအရာ … ေထာပတ္ဆီပူေလာင္းၿပီးေသေၾကာင္းႀကံခဲ့ပါတယ္ … သူေတာ္ေကာင္းကိုေစာ္ကားမိတဲ့အတြက္ … ႀကီးစြာေသာ အျပစ္မွ လြတ္ေျမာက္ခ်င္တဲ့အတြက္ …. ႀကီးစြာေသာေနာင္တတရားႏွင့္အတူ … အဖ ဘုရားရွင္ ေရွ႕ေမွာက္ ေရာက္လာခဲ့ပါတယ္ ….

★ ★ ★ ★ ခ်စ္သမီး …. သူေတာ္ေကာင္းကိုပစ္မွားလွ်င္ … ႀကီးစြာေသာ အျပစ္ရွိသည္ဟု မွတ္ေလေလာ့ …. ။

ခ်စ္သမီး … ခ်စ္သမီးတဲ့ … ဘ၀မွာ တစ္ခါမွမၾကားဖူးခဲ့တဲ့ … ေလာကမွာ က်မကို ဒီလို ေခၚမယ့္သူ မရွိဘူးထင္ထားတာ …. မရွိဖူးတဲ့ ဖခင္ဆိုသူဆီက ၾကားခ်င္ဆုံးစကား …. ဗုဒၶက ခ်စ္သမီးတဲ့ … က်မမ်က္ရည္ေတြက်လာပါတယ္ … ။

★ ★ ★ ★ ခ်စ္သမီးဥတၱရာ … ေထာပတ္ဆီပူရည္ ႏွင့္ ေလာင္းေသာအခါ အသို႔ရွိသနည္း ….

★ တပည့္ေတာ္သည္ …သီရိမာေက်းဇူးေၾကာင့္ …ဒါနကိုျပဳခြင့္ရေပသည္ … သီလကို ေဆာက္တည္ခြင့္ရေပသည္… ဗုဒၶကို ဖူးေတြ႕ဆြမ္းလုပ္ေကြၽခြင့္ရေပသည္ …. သီရိမာ ကားေက်းဇူးရွင္ေပတကားဟု … လြန္စြာခ်စ္ၾကည္ေသာ ေမတၱာဓါတ္ျဖင့္ ခံေနပါသည္ ဘုရား ။

★ ★ ★ ★ သာဓု သာဓု သာဓု ဥတၱရာ … အမ်က္ေစာင္းမာန္ႀကီးသူကို …. အမ်က္မရွိျခင္းျဖင့္ေအာင္ႏိုင္ရာ၏ …။

သူေတာ္မဟုတ္ အက်င့္ယုတ္သူကို ….
သူေတာ္အက်င့္ျဖင့္ေအာင္ႏိုင္ရာ၏

၀န္တိုစဥ္းလဲ … ေစးနဲသူကို ….
စြန္႔ႀကဲေပးကမ္း …. လႉဒါန္းျခင္းျဖင့္ေအာင္ႏိုင္ရာ၏ ….

ခြၽတ္လြဲေဖာက္ျပန္ … မမွန္စကားဆိုသူကို …
သစၥာစကားျဖင့္ေအာင္ႏိုင္ရာ၏ ….

> ★ < က်မ မ်က္ရည္သြင္သြင္ စီးက်သည္အထိ ပီတိျဖစ္ခဲ့ရသည္ …. သည္မွ်ေသာ တရားအစုေလးျဖင့္ က်မစိတ္ကိုခ်က္ခ်င္းသိလိုက္ရသည္ …

အယူအဆအလြဲမ်ား … သို႔ေလာသို႔ေလာ ေတြေဝမႈမ်ား …. အေရခြံ ကြာက်ခဲ့သည္ …
ဓမၼအရသာကြန္႔ျမဴးလွ်က္ … ပီတိျဖင့္ ေပါ့ပါးၾကည္လွ်က္ရွိေနခဲ့သည္။

သံေဝဂတရား ခ်က္ခ်င္းရရွိလိုက္သည္ … စိတ္သည္ … ဝါဂြမ္းႏွယ္ ေပါ့ပါးၾကည္လင္သြားခဲ့ရသည္ …

အိမ္ယာသည္လည္းေကာင္း … ဥစၥာသည္လည္းေကာင္း … က်မ၏႐ူပကာယသည္လည္းေကာင္း … အစရွိေသာ တပ္မက္မႈ အားလုံးတို႔သည္ …. က်မစိတ္ထဲမွ အၿပီးတိုင္ စင္ၾကယ္သြားခဲ့သည္ ….

သာဓု သာဓု သာဓု ခ်စ္သမီး သီရိမာ …. သင္ခ်စ္သမီးကား … အရိယာမဂ္ ..အယဥ္ အဆင့္သို႔ … ဆိုက္ေရာက္ခို၀င္ၿပီး ျဖစ္ေပၿပီ ….။

ေလာက၏ဖခင္ ဗုဒၶ၏ စကားသည္ … အမ ဥတၱရာတို႔ တိုက္ႀကီးတစ္ခုလုံး သိမ့္သိမ့္တုန္သြားသည္ဟု … က်မထင္လိုက္မိသည္ … က်မမ်က္ရည္ေတြကား ႐ႊဲ႐ႊဲစိုလွ်က္ပင္ ….။

credit: Original

No comments

Post a Comment