အောင်မြတ်သာနှင့်ဘုရားပျက်ကုန်း (စ/ဆုံး)

” အရွယ်ကငယ်ငယ် အစွမ်းထက်တယ် ဘုရားကုန်းပေါ် ရောင်တော်လွှတ်ရင်ဖြင့် အိမ်တိုင်းစေ့ အလှူပေးနိုင်မယ့်သူဌေး ရောက်လိမ့်မလေး…” ဟဲ့ အရူးသာကောင်း နင့်... thumbnail 1 summary

” အရွယ်ကငယ်ငယ် အစွမ်းထက်တယ်
ဘုရားကုန်းပေါ် ရောင်တော်လွှတ်ရင်ဖြင့်
အိမ်တိုင်းစေ့ အလှူပေးနိုင်မယ့်သူဌေး
ရောက်လိမ့်မလေး…”
ဟဲ့ အရူးသာကောင်း နင့်မလဲ တစ်နေ့တစ်နေ့ ဒီတဘောင်ပဲ ရွတ်နေတော့တာပဲ..
လာ လာ ထမင်းနဲ့ဟင်းလာယူ..
…..
သူကတော့ ဒင်းကင်းရွာမှာ မသိတဲ့သူမရှိတဲ့ အရူးသာကောင်းပဲ..
သူကရူးပေမယ့် မရိုင်းဘူးဗျ
ကျုပ်တို့ ငယ်ငယ်ထဲက သူရောက်နေတာ
ခုဆိုရင်.ကျုပ်တောင် အသက်၃၀ပြည့်တော့မယ်
ငယ်ငယ်ကဆို အရူးသာကောင်းလာရင် ကလေးတွေပျော်ကြတယ်..
ဘာဖြစ်လို့လဲဆိုတော့ သူကကျုပ်တို့စားချင်တဲ့ အသီးမှန်သမျှ ခူးပေးတာကိုး
…..
ဒါနဲ့ ကျုပ်တို့ရွာရဲ့ တဘောင်စကားကို အရူးသာကောင်းက အမြဲလိုလိုရွတ်နေတတ်တယ်
ကျုပ်ရဲ့အဖိုးတွေပြောဖူးတာက ဒီတဘောင်သာမှန်ရင် ကျူပ်တို့ရွာချမ်းသာပီတဲ့..
ဒါပေမယ့် ခုထိမချမ်းသာသေးပါဘူးဗျာ
တစ်နေ့လုပ်မှတစ်နေ့စား ကာယလုပ်သားတွေမို့လို့ တဘောင်စကားကို ယုံတစ်ဝက်မယုံတစ်ဝက် ဖြစ်နေရတယ်။
……
တဘောင်မှာပါတဲ့ ဘုရားကုန်းဆိုတာတော့ ကျုပ်သိတယ်ဗျ
ဘုရားကုန်းဆိုတာ ကျုပ်တို့ရွာအနောက်က တောင်ကုန်လေးတစ်ခုပဲ။
အရင်ကတော့ နာမည်တောင်မရှိတဲ့ကုန်းလေးပေါ့
ကျုပ်မှတ်မိသလောက် ကျုပ်အသက်၁၆နှစ်လောက်မှာ ဘုရားတည်ဖို့ဆိုပြီး လူတစ်စုရောက်လာဖူးတယ်။
အဲတုန်းက တဘောင်စကားမှန်ပီပေါ့..
ဘုရားကုန်းပေါ်သာ ဘုရားတည်ပြီးရင် ကျုပ်တို့ချမ်းသာမယ်ဆိုတဲ့.နမိတ်အတည်ဖြစ်ပြီဆိုလို့ ပျော်နေကြတာ။
ဘုရားတည်မယ့် အဖွဲ့ကိုလဲ လိုလေသေးမရှိ ပြုစုရတာကအမော..
ဘုရားတည်မယ့်သူတွေကလဲ ဘုရားကုန်းပေါ်မှာ နေရာတွေရွေး.
မြေတွေတူး
ပနက်တွေဘာတွေရိုက်ပြီး
အောက်ခံကို.အုတ်ဘောင်စချပါလေရော..
…..
ဘယ်ပြောကောင်းမလဲ ကျုပ်တို့ရွာသားတွေက အလှူဆို လက်မနှေးတတ်ကြဘူးလေ
ဘုရားဌာပနာဆိုပြီး နားကပ်ချွတ်လှူတဲ့သူနဲ့
လက်ကောက်ချွတ်လှူတဲ့သူနဲ့
ဌာပနာခွက်မှာ.ရတနာပစ္စည်းတွေ ရက်အနည်းငယ်.အတွင်းပြည့်သွားတာ
…..
မှတ်မှတ်ရရ
ဦးသံလှ အိမ်အနောက်မှာ ဝက်ပေါ်တဲ့နေ့
ဌာပနာပစ္စည်းတွေကော
ဘုရားတည်မယ့်သူတွေပါ
ပျောက်ချင်းမလှပျောက်ကုန်ပါလေရောဗျာ
…..
ဖွတ်ထွက်မှတောင်ပို့မှန်းသိတော့
အားလုံးကုန်ပီ
မွဲသထက်မွဲကြရင်း
ဘုရားကုန်းပေါ်က အောက်ခံအုတ်ခုံလေးသာ.အမှတ်တရကျန်တော့တာပဲဗျို့..
…..
ဒီလိုနဲ့ ၅နှစ်လောက်ကြာတော့
ဘုရားတည်မယ့်အဖွဲ့တစ်ဖွဲ့.ရောက်ချလာပါလေရော
ဒီတစ်ခါတော့ ဒင်းကင်းရွာသားတွေ ပါးနပ်ပီလေ
ဘယ်သူမှအရောမဝင်ဘူး
ခပ်တည်တည်ပဲနေကြတာ
…..
ဘုရားတည်မယ့်အဖွဲ့ကလဲ.အရင်အဖွဲ့နဲ့မတူဘူးဗျ
ရွာသားတွေဆီက.ဘာမှအကူညီမတောင်းတာ
အဲဒါနဲ့ကျုပ်လဲ.တောထဲထင်းခွေသွားရင်း
တစ်စေ့တစ်စောင်း.အကဲခတ်ကြည့်တာပေါ့..
အဲတော့မှ ကျုပ်သိတာက
ဒီအဖွဲ့က.တကယ်ဘုရားတည်မယ့်အဖွဲ့ပဲ
ဒါမယ့်.ကျုပ်လဲရွာကိုမပြောရဲဘူးဗျ
တစ်ခါသေဖူး.ပျဉ်ဖိုးနားလည်ဆိုသလို မသိမသာပဲ အကဲခတ်နေတာ..
…..
ဒီအဖွဲ့လဲ.အောက်ခံအုတ်ပုံတောင်မပီးပါဘူးဗျာ
မြေနေရာကြမ်းတယ် အနှောင့်အယှက်တွေရှိတယ်.ဆိုပြီး ပြေးကြပါလေရော..
အဲဒီလိုနဲ့ ကျုပ်တို့ရွာအနောက်က ဘုရားကုန်းပေါ်ကို ဘယ်သူမှမလာတော့တာ ဒီနေ့အထိပဲဗျို့..
….
အခုလဲ.သူကြီးအိမ်မှာ ဘုရားတည်မယ့်သူတွေ ရောက်နေတယ်ကြားလို့ သွားကြည့်လိုက်ဦးမယ်..
သူကြီးအိမ်ရှေ့ရောက်တော့
လူတွေစုရုံးစုရုံးနဲ့ ဖြစ်နေကြပီ.
ဟေ့ကောင် ငတို .
မြန်မြန်လာကြည့်.
ဒီတစ်ခါ.ဘုရားတည်မယ့်သူတွေက လူငယ်တွေကွ
ဟင်.. ဟုတ်လား.ကိုရင်ကြက်တော
…..
ကျုပ်လဲ သူကြီးအိမ်ဘေးက.သရက်ပင်ပေါ် တက်ပြီး ကြည့်လိုက်တော့.
သူကြီးအိမ်ရှေ့ကွပ်ပစ်မှာ ထိုင်နေတဲ့ လူငယ်နှစ်ယောက်..
နှစ်ယောက်လုံးယောဂီဝတ်စုံနဲ့ဆိုတော့ ရုတ်တရက်ကြည့်လိုက်တာ ရသေ့လိုလို.ဘာလိုလိုပေါ့ဗျာ.
…..
ကိုရင်ကြက်တော
ဒီလူငယ်တွေက ဘုရားတည်မှာလား
အေးလေ.
သူတို့ကသူကြီးဆီမှာခွင့်တောင်းနေတာ
….
ဖြစ်ပါ့မလားဗျာ
လူတွေကဖြင့် ငယ်ငယ်လေးတွေ
နောက်ပီး ဘုရားကုန်းကလဲ.နာမည်ကြီးပါဘိသနဲ့
…..
ဟေ့ကောင် ငတို
မင်းတို့ရွာတဘောင်မှတ်မိတယ်မလား
ပြန်ရွတ်စမ်း.
မှတ်မိတာပေါ့ဗျ
ဒီလိုလေ.

” အရွယ်ကငယ်ငယ် အစွမ်းထက်တယ်
ဘုရားကုန်းပေါ် ရောင်တော်လွှတ်ရင်ဖြင့်
အိမ်တိုင်းစေ့ အလှူပေးနိုင်မယ့်သူဌေး
ရောက်လိမ့်မလေး…”

အေး. အဲဒီမှာ အရွယ်ကငယ်ငယ် အစွမ်းထက်တယ်ဆိုတဲ့စကားက ဒီလူငယ်နှစ်ယောက်ကို ပြောတာမဖြစ်နိုင်ဘူးလား
….
အာဗျာ
ကိုရင်ကြက်တောက အယုံလွယ်နေပြန်ပီ
ဟေ့ကောင် ငါလဲယုံတယ်မပြောပါဘူးကွာ
တဘောင်အရ တိုက်ဆိုင်နေလို့ လူတွေဒီလောက်များနေတာပေါ့..
….
ငါတို့အလုပ်က စောင့်ကြည့်ဖို့ပဲ..
မင်းရော ငါရော ဒီလူငယ်နှစ်ယောက်ကို စောင့်ကြည့်ရမယ်..
ထိုစဉ်..
ရွာသူရွာသားအပေါင်းတို့
ဒီနေ့ ကျုပ်ခေါ်ရတဲ့အကြောင်းက
ဒီလူငယ်နှစ်ယောက်က ကျုပ်တို့ရွာအနောက်ဘက် ဘုရားကုန်းပေါ်မှာ စေတီတည်ချင်လို့တဲ့.
ရွာသူရွာသားတွေအနေနဲ့ ဘာများပြောချင်ပါသလဲ
…..
အိုတော်..
တည်ချင်ရင်တည်ပေါ့
ကုသိုလ်တောင်ရသေးတယ်
ကျုပ်တို့ဆီတော့အလှူမခံနဲ့
လှူစရာလဲ မရှိတော့ဘူး
စားဖို့တောင်အနိုင်နိုင်
ကျုပ်တို့အနေနဲ့ ပါဝင်နိုင်တာဆိုလို့ လုပ်အားပဲရှိတယ်
…….
ကဲ.အားလုံးသဘောတူကြလား
ရွာသားတွေထံမှ.ဘာသံမှမထွက်လာတော့
အဲဒါဆို သဘောတူတယ်လို့ယူဆလိုက်မယ်
…..
သူကြီးလဲ ရွာသားတွေကို ပြန်ခိုင်းလိုက်ပြီး
တက်ပု မင်းက ငတိုကိုသွားခေါ်
ငါခိုင်းစရာရှိလို့..
…..
ထိုစဉ်
သူကြီး ကျုပ်ဒီမှာပါဗျ
ခုနထဲကရောက်နေတာ

အေး.ဒါဆိုအတော်ပဲ
မင်းက ဒီက လူငယ်နှစ်ယောက်ကို လိုအပ်တာရှိရင် ကူညီပေးလိုက်ဦး
ဒါက ငတိုတဲ့
မွေးထဲက.လက်တစ်ချောင်းတိုနေလို့ ငတိုလို့ခေါ်တာ.
…..
ငတို
ဒါက ဆရာအောင်မြတ်သာတဲ့
ဒါက သက်ခိုင်

တွေ့ရတာဝမ်းသာပါတယ်ဆရာတို့.
ထိုအခါ အောင်မြတ်သာဆိုတဲ့ဆရာက
ကျုပ်ကိုပြုံးပြတယ်ဗျ။
ကျုပ်လဲ အခုမှအနီးကပ်ကြည့်ရတာ
တော်တော်ချောသကိုးဗျ
နှာတံလေးကဖြောင့်စင်းနေတာပဲ
မျက်လုံးမျက်ခုံးကပြောစရာမလိုအောင် ကြည့်ကောင်းတာ..
မျက်လုံးတွေဆိုရင် တစ်လက်လက်တောက်နေတာ
အကြည့်တွေကလဲ စူးရှသဗျ
……
နောက်တစ်ယောက်ကတော့
မှုန်တေတေနဲ့ ကျုပ်ကိုကြည့်တာ
ကျုပ်လဲ ဘယ်ကစပြောရမှန်းမသိတော့
ဆရာတို့ ဘယ်မှာအိပ်မှာလဲ..
…..
ကျုပ်တို့ ဘုရားကုန်းပေါ်မှာပဲ အိပ်မှာ
ဒီက မိတ်ဆွေအနေနဲ့ အပန်းမကြီးဘူးဆိုရင် ကျုပ်တို့နဲ့လိုက်ခဲ့ပါလား
ကျုပ်တို့လဲ အဖော်ရတာပေါ့
….
သြဇာအပြည့်ပါတဲ့အသံကြီးရဲ့အောက်မှာ.ကျုပ်မငြင်းနိုင်ခဲ့ဘူး
ဘယ်လိုခေါင်းငြိမ့်မိသွားလဲ.မသိတာ
….
နောက်ဆုံး ကျုပ်တို့ဘုရားကုန်းပေါ်ရောက်သွားတော့..
ဘုရားပျက်နားမှာ တဲတစ်လုံးကိုတွေ့လိုက်ရတယ်
ကျုပ်မနက်ထင်းခွေလာတုန်းက ဒီတဲကိုမတွေ့ပါဘူး
ဘယ်သူတွေလာဆောက်ထားပါလိမ့်
ကျုပ်စိတ်ထဲတွေးနေတုန်းရှိသေး
…..
ဒီကမိတ်ဆွေတွေ ဆောက်ထားပေးတာနေမှာ
အမ်.
ကျုပ် ပါးစပ်အဟောင်းသားဖြစ်သွားတယ်
ကျုပ်စိတ်ထဲတွေးနေတာ.ဒီလူဘယ်လိုလုပ်သိလဲပေါ့
နောက်မှ တိုက်ဆိုင်တာနေမှာလို့ သဘောထားလိုက်တယ်
……
မိုးချုပ်တော့ .
ကျုပ်နဲ့ သက်ခိုင်ဆိုတဲ့လူက ထမင်းချက်တာဝန်ကို ယူရတယ်
အောင်မြတ်သာဆိုတဲ့ လူငယ်ကတော့ ဘုရားပျက်အရှေ့မှာ တရားထိုင်နေတာ ငြိမ်နေတာပဲ..
….
ဒီလိုနဲ့ ကျုပ် လေ့လာကြည့်တော့
ဒီလူငယ်နှစ်ယောက်မှာ ပိုက်ဆံဆိုတာလဲ မတွေ့ဘူး..
ရွာကထည့်ပေးလိုက်တဲ့ ဆန်အချို့ရယ် အသီးအနှံတစ်ချို့ရယ်ပဲတွေ့ရတယ်
ဒါနဲ့ ဘယ်လိုများ ဘုရားတည်မလဲပေါ့
….
ကျုပ်လဲ မနက်ဆို ရွာထဲဆင်း
ညနေဆို ဘုရားကုန်းပေါ်တက်နဲ့ အလုပ်ရှုပ်နေတယ်
ကျုပ်သတိထားမိတာက အောင်မြတ်သာဆိုတဲ့ လူငယ်က ဘုရားကုန်းပေါ်စရောက်ထဲက တရားထိုင်နေတာကိုပဲ တွေ့ရတယ်
…..
ကျုပ်ကိုလဲ.ဘာမှမပြောတော့ဘူး
သူ့တပည့်လုပ်တဲ့သူကိုလဲ.ဘာမှမပြောဘူး
ကျုပ်လဲ ထမင်းစားပြီး ကျောဆန့်လိုက်တာ
ဘယ်လိုအိပ်ပျော်သွားလဲမသိဘူး
….
ကျုပ်အိပ်ပျော်နေတုန်း
ဆင်အော်သံကြားလိုက်ရတယ်
ကျုပ်လဲ လန့်နိုးလာပြီး
ဒီနားမှာ ဆင်လဲမရှိပဲ.ဘာလို့ဆင်အော်သံ.ကြားလဲဆိုပြီး ထရံပေါက်ကနေ ချောင်းကြည့်လိုက်တော့.
ဘုရားကုန်းပေါ်ကို ဆင်ဖြူတစ်ကောင်တက်လာတာဗျ…
ဆင်ကတစ်ကိုယ်လုံးဖြူစွတ်နေတာ
အစွယ်နှစ်ချောင်းဆိုလဲ အရှည်ကြီးပဲ
ဆင်ပေါ်မှာတော့ လူတစ်ယောက်ထိုင်လာတာ.တွေ့လိုက်ရတယ်
……
ထိုဆင်က ဘုရားပျက်အရှေ့ရောက်တော့ ခေါင်းဝပ်ပေးလိုက်တယ်.
ဆင်ဦးကင်းပေါ်က လူကဆင်းလာပြီး တရားထိုင်နေတဲ့ အောင်မြတ်သာကို အရိုအသေပေးတာ
….
ကျုပ်ဖြင့် ကိုယ့်မျက်လုံးတောင်.ကိုယ်မယုံနိုင်လို့ လက်နဲ့ပွတ်ကြည့်ရတယ်
ဆင်ပေါ်ကဆင်းလာတဲ့သူက လည်ပင်းမှာ.ပုတီးကုံးတွေဆွဲထားတာ
အသက်လဲကြီးနေပီ
ထိုအဘိုးကြီးက အောင်မြတ်သာဆိုတဲ့ လူငယ်ကို စကားပြောတာတွေ့ရတယ်
ဘာတွေပြောလဲတော့ ကျုပ်လဲမကြားရဘူး
နောက်တော့ ဆင်ပေါ်ပြန်တက်ပြီး တောင်အောက် ဆင်းသွားတာကို မြင်လိုက်ရတယ်
….
ကျုပ်လဲ ဟိုတွေးဒီတွေးနဲ့ အိပ်လိုက်တာ
မနက်နောက်ကျမှနိုးတယ်
အိပ်ယာနိုးတော့..
ဒီကမိတ်ဆွေကို အကူညီတောင်းစရာလေးရှိလို့ပါ
ဆိုပြီး အောင်မြတ်သာက ပြောတယ်
….
ကျုပ်လဲ ကူညီနိုင်ရင် ကူညီမယ်ပေါ့ဗျာ
ဘာကူညီရမလဲပြောတော့..
ကျုပ်ကို ဆန်၁ဘူးနဲ့ပံသကူအသား ၁ပိဿ ာ ဝယ်ခိုင်းတာ
ပိုက်ဆံကို သူ့လွယ်အိတ်ထဲကနေ ထုတ်ပြီးပေးတော့ ကျုပ်ရူးချင်သလိုလိုဖြစ်သွားတယ်
….
ဘာလို့လဲဆိုတော့ အဲဒီလွယ်အိတ်ကို ကျုပ်ပဲလွယ်ပြီးတောင်ပေါ်တက်လာတာ
အိတ်ထဲပါတာဆိုလို့ ဆီစိမ်းစက္ကူအနည်းငယ်ရယ်
အဝတ်အစားတွေပဲပါတာ
အခုမှ ဘယ်လိုပိုက်ဆံရလာလဲ စဉ်းစားလို့မရဘူး
…..
ကျုပ်လဲ ရွာထဲဆင်းပြီး ဆန်၁ဘူးနဲ့အသားတွေ ဝယ်လာခဲ့လိုက်တယ်

ဆန်နဲ့အသားတွေရလာတော့
ကျုပ်ကိုချက်ခိုင်းတယ်
ကျုပ်လဲ သေချာချက်ပြီး ထမင်းအိုးနားထိုင်နေလိုက်တယ်
…..
ကဲကဲ..
အချိန်ကျပီ
တို့တွေအလှူတစ်ခုလုပ်ကြစို့ဆိုပြီး
ထူးထူးဆန်းဆန်းစကားတွေပြောတယ်
….
ကျုပ်လဲ
ဘာအလှူလုပ်မှာတုန်းလို့မေးတော့
အောင်မြတ်သာက
ဒီနေရာမှာနေထိုင်ကြတဲ့ သတ္တဝါတွေအားလုံးကို ကျွေးမွေးမယ့်အလှူပါ.
အခုကျုပ်တို့ဘုရားတည်ဖို့ သူတို့ပိုင်တဲ့နေရာမှာ နေရတယ်။
သူတို့ကိုခွင့်ပြုဖို့ မေတ္တာရပ်ခံရတယ်
တစ်ဦးမေတ္တာ တစ်ဦးစေတနာပေါ့ဗျာ
…..
ကဲ.
ခုနက ချက်ထားတဲ့ တစ်ဘူးချက်အိုးနဲ့
အသားဟင်းအိုး ယူခဲ့လို့ရပီ
ကျုပ်လဲ ဟင်းအိုးနဲ့ထမင်းအိုးကို ယူလာခဲ့လိုက်တယ်
ထိုအခါ.အောင်မြတ်သာက
မနက်က.ကျုပ်ခုတ်ထားတဲ့ ငှက်ပျောရွက်တွေကို ချခင်းပြီး
တစ်ဘူးအိုးထဲက ထမင်းတွေကို.အပုံလိုက်.အပုံလိုက် နေရာချပါလေရော
ထူးဆန်းတာက ခူးထားတဲ့ငှက်ပျောဖက်တွေသာ.ကုန်သွားတယ်
တစ်ဘူးအိုးထဲက ထမင်းက မကုန်တာပဲ
ဟင်းတွေလဲ ဒီအတိုင်းပဲ
ငှက်ပျောဖက်ပေါ်ပုံထားတဲ့ ထမင်းပုံတွေက မရှိဘူးဆို လေးငါးဆယ်လောက်ရှိတယ်..
ကျုပ်လဲ ဒီလူငယ်က သာမန်လူမဟုတ်ဘူးဆိုတာ သိလိုက်ပီ..
…..
ထမင်းတွေလဲပုံပြီးရော
မနက်နေမွန်းတည့်နေပီ
ထိုအခါအောင်မြတ်သာက
ဒီနေရာဒီဌာနေမှာ နေထိုင်ကြတဲ့ မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်များအားလုံးပင့်ဖိတ်ပါတယ်
ကျုပ်တည်ခင်းဧည့်ခံသော စားဖွယ်များကို စိတ်တိုင်းကျသုံးဆောင်နိုင်ပါတယ်
တစ်ခုမေတ္တာရပ်ခံချင်တာကတော့ မိမိတို်ရဲ့ မူလရုပ်သွင်အမှန်နဲ့မလာပဲ လူတိုင်းတွေ့မြင်လို့ရတဲ့ ပုံစံမျိုးနဲ့သာ လာကြပါလို့ ထပ်လောင်းပြောကြားလိုပါတယ်။
အစားအသောက်များသုံးဆောင်တဲ့နေရာမှာလည်း
တစ်ယောက်နဲ့တစ်ယောက် ရန်စောင်စောင်းမြောင်းခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်…
အခုချိန်ကစပြီး သုံးဆောင်နိုင်ပါပီ
……
အဲလိုခေါ်လိုက်တယ်ဆိုရင်ပဲ
အနောက်လျှိုထဲကနေ တက်လာကြတဲ့ တောဝက်အုပ်တွေ
ဂျီအုပ်တွေ အိုဗျာ
သတ္တဝါအစုံပဲ
သူအုပ်စုနဲ့သူ စနစ်တကျစားနေကြတာ
စားပြီးတဲ့အခါ အလျှိုလျှိုပြန်သွားကြတာ တကယ့်ကို အံံ့မခန်းပါပဲဗျာ
…..
ကျုပ်ကတော့ ကုန်တဲ့ထမင်းတွေဟင်းတွေလိုက်ဖြည့်ပေးရတဲ့တာဝန်ကိုယူရတယ်
မြေပြင်ပေါ်က သတ္တဝါတွေပြီးတော့
လေပေါ်က သတ္တဝါတွေကိုလဲ ခုနကလို ခေါ်ပြန်တယ်
လာကြတဲ့ငှက်တွေ
အမျိုးကိုစုံလို့
ကျုပ်တောင်ကြည့်ကောင်းလို့ကြည့်နေရင်း ထမင်းထည့်ဖို့တောင်မေ့တယ်
နေ့လည်လောက်ကျတော့ အလှူလုပ်တဲ့အမှုပြီးမြောက်သွားတယ်
…….
ကျုပ်လဲဗိုက်တော်တော်ဆာနေပီ
အဲဒါနဲ့ ဘေးက အင်ဖက်တစ်ရွက်ခူးပြီး တစ်ဘူးအိုးထဲက ထမင်းနဲ့ဟင်းကိုရောချကာ လွေးတော့တာပဲ
ကျုပ်စားပီးတာတောင် တစ်ဘူးအိုးထဲက ထမင်းနဲ့ဟင်းကမကုန်သေးတာတော့ ထူးဆန်းတယ်
……
ကျုပ်လဲစားပီးရော
ကျန်တဲ့ထမင်းနဲ့ဟင်းတွေကို ဖက်နဲ့ထုပ်ပြီး ရွာသားတစ်ယောက်ကိုပေးဖို့ပြောတယ်
တစ်ခုထူးဆန်းတာက သူကိုယ်တိုင် ဖက်နဲ့ထုပ်မှ ထမင်းနဲ့ဟင်းကုန်တာပဲ
…..
နောက်တစ်နေ့မှာ
ဘုရားစတည်တော့တာပဲ
ဘုရားစတည်တော့ လိုအပ်တဲ့ပစ္စည်းမှန်သမျှ အလှူရှင်အလိုလိူရောက်လာတာ
ကျုပ်တို့ရွာကမဟုတ်တဲ့အလှူရှင်တွေ
လာလှူတဲ့သူတွေကိုလဲ တစ်ခါမှမမြင်ဖူးဖူး
သူတို့ကစကားလဲမပြောကြဘူး
ဘုရားတည်တဲ့အလုပ်သမားတွေကိုလဲ အဲဒီအလှူရှင်တွေကပဲ ခေါ်လာပေးတာ
……
ကျုပ်တို့ရွာသားတွေက ကုသိုလ်လိုချင်လို့ အနည်အကျဉ်းကူလုပ်တာတော့ရှိတာပေါ့ဗျာ.
သူကြီးကလဲအမိန့်ထုတ်ထားတာကိုး
တစ်အိမ်တစ်ယောက်မလုပ်မနေရတဲ့
…..
ဘုရားကုန်းပေါ်မှာ လုပ်အားပေးသူတွေ စည်ကားချက်ကတော့ ပြောမနေနဲ့
လူတွေနဲ့ဥစ္စာစောင့်တွေဆိုတာ ရောထွေးနေတာ
ကျုပ်ကို ဘယ်လိုသိလဲမေးကြမယ်ဆိုတာသိတယ်
ကျုပ်သိတာပေါ့..
ဆရာအောင်မြတ်သာက.ကျုပ်ကိုမှာထားပီးသား
အလုပ်လုပ်တဲ့နေရာမှာ အရိပ်မထွက် ချွေးမထွက်ရင် အဲဒါလူမဟုတ်ဘူးတဲ့
……
ကျုပ်လဲ လုပ်နေရင်း တစ်စေ့တစ်စောင်း အကဲခတ်ကြည့်တော့ ဟုတ်သဗျ
တစ်ချို့တွေက အရိပ်မပေါ်ဘူး
တစ်ချို့တွေက ချွေးလုံးဝမထွက်ဘူး
ရွာသူရွာသားတွေကတော့ တစ်ခြားရွာကလူတွေ ထင်နေကြတာ
ကိုယ့်ရွာကလူတွေမှာတော့ ချွေးတစ်လုံးလုံးနဲ့ လုပ်ကြတာ
……
အချိန်ကား ၁လပြည့်လို့ ၂ထဲရောက်လာခဲ့တယ်
စေတီကတော့ ရုပ်လုံးပေါ်လာခဲ့ပြီ
အဲမှာပြဿ နာစတွေ့တာပဲ
စေတီစတည်ထဲက လုပ်အားပေးလာကြတဲ့ သူတွေ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းမလာကြတာပဲ
ဗုဒ္ဓဟူးနေ့ဆိုရင် ရွာသူရွာသားတွေနဲ့ပဲ လုပ်ကြရတာ
…..
ကျုပ်လဲ ဆရာအောင်မြတ်သာကိုမေးတာပေါ့
ဘာလို့မလာကြလဲဆိုတော့
ဗုဒ္ဓဟူးနေ့တိုင်း သူတို့လောကသားတွေရဲ့ ညီလာခံရှိတယ်တဲ့
အဲဒါကြောင့် မလာတာလို့ပြောတယ်
…..
နောက်ဆုံး စေတီကလဲပီးတော့မယ်
လူတွေကလဲ မျှော်လင့်ချက်တွေနဲ့ ဝမ်းသာနေကြတယ်
အားကြိုးမာန်တက်လုပ်ကိုင်နေရင်း
ရွာထဲက ဒေါ်မဲစိန်ကိုယ်ထဲ တစ်စုံတစ်ယောက် ဝင်ပူးပါလေရော..
မျက်လုံးကြီးတွေဆိုတာ.ပြူးထွက်နေတာ
ဘုရားတည်လုပ်အားပေးနေကြတဲ့လူတွေ ကြောက်လန့်တကြားပြေးကြတာ
အဲဒီထဲကျုပ်လဲပါတယ်
‌အဲဒီနေ့က မှတ်မှတ်ရရ ဗုဒ္ဓဟူးနေ့ဗျ
……
အဲမှာ ဆရာအောင်မြတ်သာက
အခုရောက်လာတာ.ဘယ်သူပါလဲ
ထိုအခါ မမဲစိန်က ငါကွ ဒီတောင်ကိုအပိုင်စား ရထားတဲ့ နတ်စည်တော်ဆိုတာငါပဲ
ငါပိုင်တဲ့နယ်မြေမှာ.ငါမရှိတုန်း ဒီလိုလုပ်တာ ငါ့ဆီကခွင့်မတောင်းပဲ လုပ်တာ..
မကျေနပ်ဘူးဟေ့
……
ထိုအခါ.အောင်မြတ်သာက
မဟုတ်သေးဘူး နတ်စည်တော်
ကျုပ်က ကုသိုလ်ကောင်းမှုအတွက် ဆောင်ရွက် တာပါ
တစ်ခြားရည်ရွယ်ချက်တွေလုံးဝမပါဘူး
နတ်စည်တော်အနေနဲ့ နားလည်ပေးစေလိုပါတယ်
ကျုပ်ဒီစေတီကိုမတည်ခင်မှာ အားလုံးကို ခွင့်တောင်းပါတယ်
နတ်မင်းကြီးလေးပါးကအစ
နတ်မြတ်နတ်ကောင်းအပေါင်းကို တိုင်တည်ပီး တည်တာပါ
သင့်ကိုလဲ ပင့်ဖိတ်ပါတယ်
သင်က.ဘယ်လိုအကြောင်းကြောင့် မသိဖြစ်နေရတာလဲ
……
ကျုပ်မသိဘူး
ကျုပ်ကိုအသိမပေးလို့ နှောင့်ယှက်မယ်ဆိုပြီးလာတာ

ကဲ နတ်စည်တော်
သင်မယုံကြည်ဖြစ်နေတာ
ကျုပ်သိပါတယ်

သင့်ရဲ့အုပ်ချုပ်သူနတ်မင်းကို သင်ကိုယ်တိုင်မေးကြည့်ပါ
သင့်ကိုသူတို့ပြောဖို့မေ့လျော့နေတာဖြစ်မယ်
သင်လဲ စိတ်ကိုလျော့ပါ
သင်ရဲ့ဒေါသစိတ်ကြောင့် သင်အကုသိုလ်ဖြစ်နေပီ
……
သင်.နတ်သဘင်အစည်းအဝေး တက်နေတဲ့ အချိန်မို့လို့ သင်မသိတာဖြစ်လိမ့်မယ်
သင်ကိုလဲ အမျှအတန်းပေးဝေမှာပါ
သင်အမှူးရှိတဲ့ ပုဂ္ဂိုလ်များအားလုံးကို ရည်စူးပြီး ရေစက်ချအမျှဝေပါမယ်
သင်ရဲ့ဗိမ္မာန်ကိုပြန်ပါတော့လို့ ပြောလိုက်တာ
မမဲစိန်လဲ.နေရာမှာတင် အရုပ်ကြိုးပြတ်လဲပါလေရော
…….
၂လတိတိ ပြည့်တဲ့နေ့မှာ
ကျုပ်တို့တစ်ရွာလုံး.ဝတ်ကောင်းစားလှတွေနဲ့
အနောက်ဘက်တောင်ကုန်းပေါ်ကို ချီတက်ဖို့ တာဆူနေပီ
…..
ဒီနေ့က စေတီထီးတင်ပွဲနေ့လေ
ကျုပ်တောင် ယောပုဆိုးနဲ့အကျႌအဖြူ.ကို ကျကျနန ဝတ်ထားတာ
စေတီရဲ့ ဘွဲ့တော်ကို
ရန်အောင်မြင်စေတီလို့ သမုတ်ခဲ့တယ်
…..
ထီးတင်ပွဲမှာ ဘယ်ကနေဘယ်လိုရောက်လာတဲ့ လူတွေလဲတော့မသိပါဘူးဗျာ
ဘုရားကုန်းအပြည့်ပဲ
ဆရာအောင်မြတ်သာက သူ့လွယ်အိတ်ထဲကနေ ရွှေမိုးငွေမိုးတွေကျဲချတာ..
ပိုက်ဆံတွေဆိုတာ လေအဝှေ့မှာ ဖလပ်ဖလပ်နဲ့
ကျုပ်တောင်ဝင်လုလို့ လုံချည်အသစ်လေးပြဲခဲ့ သေးတယ်
……..
ထီးတင်ရေစက်ချပွဲလဲပြီးရော
တော်တော်ပန်းကုန်ပီ
ကျုပ်လဲ အိပ်ချလိုက်တာ
တစ်ရေးထဲပဲ
မနက်မိုးလင်းလို့
ကျုပ်နိုးတော့..
ဆရာအောင်မြတ်သာကော
သူ့တပည့်ကိုပါမတွေ့ရတော့တာပဲ
……
ကျုပ်အိပ်တဲ့ဘေးမှာတော့..
ရွှေရောင်အိတ်လေးတစ်ခု
အထဲကိုဖွင့်ကြည့်လိုက်တော့
စာတစ်စောင်နဲ့ ရွှေဒင်္ဂါး၁၀ပြားတိတိ
……
ကျုပ်လဲ ဘုရားရှိခိုးပြီး
ရွာထဲကိုဆင်းလာခဲ့လိုက်တယ်
ရွာထဲရောက်ကော
တစ်ရွာလုံးထကနေတာကို.အထူးအဆန်းမြင်လိုက်ရတယ်
…..
ဟေ့ကောင်.ငတို
ငါတို့ရွာချမ်းသာပီဟ
တဘောင်စကားအရမ်းမှန်တယ်
မနက်မိုးလင်းလို့ အိ်မ်တံခါးဖွင့်လိုက်တာ.အိမ်တိုင်း အိမ်တိုင်း.ရွှေဒင်္ဂါးတွေရကြတယ်
…..
ကိုရင်ကြက်တောက.ဘယ်လောက်ရလဲ
ငါက ၅ပြားတောင်ရတယ်
ကျန်တဲ့သူတွေလဲ ၅ပြားစီရကြတယ်
….
တစ်ရွာလုံးပျော်နေကြတဲ့အချိန်
ကျုပ်စိတ်မကောင်းဖြစ်နေရတယ်
စာကိုဖွင့်ဖတ်လိုက်တော့
” လူဆိုတာ ရေစက်ရှိလို့ ဆုံကြရတယ်”
“လူဆိုတာ ရေစက်ကုန်ရင် ခွဲခွာရတယ်”
“ဘာသာသာသနာအကျိုး.သယ်ပိုးနိုင်ပါစေ” ဆိုတဲ့ စာသားလေးကိုတွေ့တော့ ကျုပ်မျက်ရည်တွေ ကျလာခဲ့တယ်။
ကျုပ်ရဲ့နှုတ်ခမ်းအစုံကနေ တစ်စုံတစ်ခုရွတ်ဆိုနေမိတယ်..
အဲဒါကတော့

” အရွယ်ကငယ်ငယ် အစွမ်းထက်တယ်
ဘုရားကုန်းပေါ် ရောင်တော်လွှတ်ရင်ဖြင့်
အိမ်တိုင်းစေ့ အလှူပေးနိုင်မယ့်သူဌေး
ရောက်လိမ့်မလေး…”

လေးစားစွာဖြင့်
ဇေယန(ရာမည)


” အ႐ြယ္ကငယ္ငယ္ အစြမ္းထက္တယ္

ဘုရားကုန္းေပၚ ေရာင္ေတာ္လႊတ္ရင္ျဖင့္

အိမ္တိုင္းေစ့ အလႉေပးႏိုင္မယ့္သူေဌး

ေရာက္လိမ့္မေလး…”

ဟဲ့ အ႐ူးသာေကာင္း နင့္မလဲ တစ္ေန႔တစ္ေန႔ ဒီတေဘာင္ပဲ ႐ြတ္ေနေတာ့တာပဲ..

လာ လာ ထမင္းနဲ႔ဟင္းလာယူ..

…..

သူကေတာ့ ဒင္းကင္း႐ြာမွာ မသိတဲ့သူမရွိတဲ့ အ႐ူးသာေကာင္းပဲ..

သူက႐ူးေပမယ့္ မ႐ိုင္းဘူးဗ်

က်ဳပ္တို႔ ငယ္ငယ္ထဲက သူေရာက္ေနတာ

ခုဆိုရင္.က်ဳပ္ေတာင္ အသက္၃၀ျပည့္ေတာ့မယ္

ငယ္ငယ္ကဆို အ႐ူးသာေကာင္းလာရင္ ကေလးေတြေပ်ာ္ၾကတယ္..

ဘာျဖစ္လို႔လဲဆိုေတာ့ သူကက်ဳပ္တို႔စားခ်င္တဲ့ အသီးမွန္သမွ် ခူးေပးတာကိုး

…..

ဒါနဲ႔ က်ဳပ္တို႔႐ြာရဲ႕ တေဘာင္စကားကို အ႐ူးသာေကာင္းက အၿမဲလိုလို႐ြတ္ေနတတ္တယ္

က်ဳပ္ရဲ႕အဖိုးေတြေျပာဖူးတာက ဒီတေဘာင္သာမွန္ရင္ က်ဴပ္တို႔႐ြာခ်မ္းသာပီတဲ့..

ဒါေပမယ့္ ခုထိမခ်မ္းသာေသးပါဘူးဗ်ာ

တစ္ေန႔လုပ္မွတစ္ေန႔စား ကာယလုပ္သားေတြမို႔လို႔ တေဘာင္စကားကို ယုံတစ္ဝက္မယုံတစ္ဝက္ ျဖစ္ေနရတယ္။

……

တေဘာင္မွာပါတဲ့ ဘုရားကုန္းဆိုတာေတာ့ က်ဳပ္သိတယ္ဗ်

ဘုရားကုန္းဆိုတာ က်ဳပ္တို႔႐ြာအေနာက္က ေတာင္ကုန္ေလးတစ္ခုပဲ။

အရင္ကေတာ့ နာမည္ေတာင္မရွိတဲ့ကုန္းေလးေပါ့

က်ဳပ္မွတ္မိသေလာက္ က်ဳပ္အသက္၁၆ႏွစ္ေလာက္မွာ ဘုရားတည္ဖို႔ဆိုၿပီး လူတစ္စုေရာက္လာဖူးတယ္။

အဲတုန္းက တေဘာင္စကားမွန္ပီေပါ့..

ဘုရားကုန္းေပၚသာ ဘုရားတည္ၿပီးရင္ က်ဳပ္တို႔ခ်မ္းသာမယ္ဆိုတဲ့.နမိတ္အတည္ျဖစ္ၿပီဆိုလို႔ ေပ်ာ္ေနၾကတာ။

ဘုရားတည္မယ့္ အဖြဲ႕ကိုလဲ လိုေလေသးမရွိ ျပဳစုရတာကအေမာ..

ဘုရားတည္မယ့္သူေတြကလဲ ဘုရားကုန္းေပၚမွာ ေနရာေတြေ႐ြး.

ေျမေတြတူး

ပနက္ေတြဘာေတြ႐ိုက္ၿပီး

ေအာက္ခံကို.အုတ္ေဘာင္စခ်ပါေလေရာ..

…..

ဘယ္ေျပာေကာင္းမလဲ က်ဳပ္တို႔႐ြာသားေတြက အလႉဆို လက္မေႏွးတတ္ၾကဘူးေလ

ဘုရားဌာပနာဆိုၿပီး နားကပ္ခြၽတ္လႉတဲ့သူနဲ႔

လက္ေကာက္ခြၽတ္လႉတဲ့သူနဲ႔

ဌာပနာခြက္မွာ.ရတနာပစၥည္းေတြ ရက္အနည္းငယ္.အတြင္းျပည့္သြားတာ

…..

မွတ္မွတ္ရရ

ဦးသံလွ အိမ္အေနာက္မွာ ဝက္ေပၚတဲ့ေန႔

ဌာပနာပစၥည္းေတြေကာ

ဘုရားတည္မယ့္သူေတြပါ

ေပ်ာက္ခ်င္းမလွေပ်ာက္ကုန္ပါေလေရာဗ်ာ

…..

ဖြတ္ထြက္မွေတာင္ပို႔မွန္းသိေတာ့

အားလုံးကုန္ပီ

မြဲသထက္မြဲၾကရင္း

ဘုရားကုန္းေပၚက ေအာက္ခံအုတ္ခုံေလးသာ.အမွတ္တရက်န္ေတာ့တာပဲဗ်ိဳ႕..

…..

ဒီလိုနဲ႔ ၅ႏွစ္ေလာက္ၾကာေတာ့

ဘုရားတည္မယ့္အဖြဲ႕တစ္ဖြဲ႕.ေရာက္ခ်လာပါေလေရာ

ဒီတစ္ခါေတာ့ ဒင္းကင္း႐ြာသားေတြ ပါးနပ္ပီေလ

ဘယ္သူမွအေရာမဝင္ဘူး

ခပ္တည္တည္ပဲေနၾကတာ

…..

ဘုရားတည္မယ့္အဖြဲ႕ကလဲ.အရင္အဖြဲ႕နဲ႔မတူဘူးဗ်

႐ြာသားေတြဆီက.ဘာမွအကူညီမေတာင္းတာ

အဲဒါနဲ႔က်ဳပ္လဲ.ေတာထဲထင္းေခြသြားရင္း

တစ္ေစ့တစ္ေစာင္း.အကဲခတ္ၾကည့္တာေပါ့..

အဲေတာ့မွ က်ဳပ္သိတာက

ဒီအဖြဲ႕က.တကယ္ဘုရားတည္မယ့္အဖြဲ႕ပဲ

ဒါမယ့္.က်ဳပ္လဲ႐ြာကိုမေျပာရဲဘူးဗ်

တစ္ခါေသဖူး.ပ်ဥ္ဖိုးနားလည္ဆိုသလို မသိမသာပဲ အကဲခတ္ေနတာ..

…..

ဒီအဖြဲ႕လဲ.ေအာက္ခံအုတ္ပုံေတာင္မပီးပါဘူးဗ်ာ

ေျမေနရာၾကမ္းတယ္ အေႏွာင့္အယွက္ေတြရွိတယ္.ဆိုၿပီး ေျပးၾကပါေလေရာ..

အဲဒီလိုနဲ႔ က်ဳပ္တို႔႐ြာအေနာက္က ဘုရားကုန္းေပၚကို ဘယ္သူမွမလာေတာ့တာ ဒီေန႔အထိပဲဗ်ိဳ႕..

….

အခုလဲ.သူႀကီးအိမ္မွာ ဘုရားတည္မယ့္သူေတြ ေရာက္ေနတယ္ၾကားလို႔ သြားၾကည့္လိုက္ဦးမယ္..

သူႀကီးအိမ္ေရွ႕ေရာက္ေတာ့

လူေတြစု႐ုံးစု႐ုံးနဲ႔ ျဖစ္ေနၾကပီ.

ေဟ့ေကာင္ ငတို .

ျမန္ျမန္လာၾကည့္.

ဒီတစ္ခါ.ဘုရားတည္မယ့္သူေတြက လူငယ္ေတြကြ

ဟင္.. ဟုတ္လား.ကိုရင္ၾကက္ေတာ

…..

က်ဳပ္လဲ သူႀကီးအိမ္ေဘးက.သရက္ပင္ေပၚ တက္ၿပီး ၾကည့္လိုက္ေတာ့.

သူႀကီးအိမ္ေရွ႕ကြပ္ပစ္မွာ ထိုင္ေနတဲ့ လူငယ္ႏွစ္ေယာက္..

ႏွစ္ေယာက္လုံးေယာဂီဝတ္စုံနဲ႔ဆိုေတာ့ ႐ုတ္တရက္ၾကည့္လိုက္တာ ရေသ့လိုလို.ဘာလိုလိုေပါ့ဗ်ာ.

…..

ကိုရင္ၾကက္ေတာ

ဒီလူငယ္ေတြက ဘုရားတည္မွာလား

ေအးေလ.

သူတို႔ကသူႀကီးဆီမွာခြင့္ေတာင္းေနတာ

….

ျဖစ္ပါ့မလားဗ်ာ

လူေတြကျဖင့္ ငယ္ငယ္ေလးေတြ

ေနာက္ပီး ဘုရားကုန္းကလဲ.နာမည္ႀကီးပါဘိသနဲ႔

…..

ေဟ့ေကာင္ ငတို

မင္းတို႔႐ြာတေဘာင္မွတ္မိတယ္မလား

ျပန္႐ြတ္စမ္း.

မွတ္မိတာေပါ့ဗ်

ဒီလိုေလ.


” အ႐ြယ္ကငယ္ငယ္ အစြမ္းထက္တယ္

ဘုရားကုန္းေပၚ ေရာင္ေတာ္လႊတ္ရင္ျဖင့္

အိမ္တိုင္းေစ့ အလႉေပးႏိုင္မယ့္သူေဌး

ေရာက္လိမ့္မေလး…”


ေအး. အဲဒီမွာ အ႐ြယ္ကငယ္ငယ္ အစြမ္းထက္တယ္ဆိုတဲ့စကားက ဒီလူငယ္ႏွစ္ေယာက္ကို ေျပာတာမျဖစ္ႏိုင္ဘူးလား

….

အာဗ်ာ

ကိုရင္ၾကက္ေတာက အယုံလြယ္ေနျပန္ပီ

ေဟ့ေကာင္ ငါလဲယုံတယ္မေျပာပါဘူးကြာ

တေဘာင္အရ တိုက္ဆိုင္ေနလို႔ လူေတြဒီေလာက္မ်ားေနတာေပါ့..

….

ငါတို႔အလုပ္က ေစာင့္ၾကည့္ဖို႔ပဲ..

မင္းေရာ ငါေရာ ဒီလူငယ္ႏွစ္ေယာက္ကို ေစာင့္ၾကည့္ရမယ္..

ထိုစဥ္..

႐ြာသူ႐ြာသားအေပါင္းတို႔

ဒီေန႔ က်ဳပ္ေခၚရတဲ့အေၾကာင္းက

ဒီလူငယ္ႏွစ္ေယာက္က က်ဳပ္တို႔႐ြာအေနာက္ဘက္ ဘုရားကုန္းေပၚမွာ ေစတီတည္ခ်င္လို႔တဲ့.

႐ြာသူ႐ြာသားေတြအေနနဲ႔ ဘာမ်ားေျပာခ်င္ပါသလဲ

…..

အိုေတာ္..

တည္ခ်င္ရင္တည္ေပါ့

ကုသိုလ္ေတာင္ရေသးတယ္

က်ဳပ္တို႔ဆီေတာ့အလႉမခံနဲ႔

လႉစရာလဲ မရွိေတာ့ဘူး

စားဖို႔ေတာင္အႏိုင္ႏိုင္

က်ဳပ္တို႔အေနနဲ႔ ပါဝင္ႏိုင္တာဆိုလို႔ လုပ္အားပဲရွိတယ္

…….

ကဲ.အားလုံးသေဘာတူၾကလား

႐ြာသားေတြထံမွ.ဘာသံမွမထြက္လာေတာ့

အဲဒါဆို သေဘာတူတယ္လို႔ယူဆလိုက္မယ္

…..

သူႀကီးလဲ ႐ြာသားေတြကို ျပန္ခိုင္းလိုက္ၿပီး

တက္ပု မင္းက ငတိုကိုသြားေခၚ

ငါခိုင္းစရာရွိလို႔..

…..

ထိုစဥ္

သူႀကီး က်ဳပ္ဒီမွာပါဗ်

ခုနထဲကေရာက္ေနတာ

ေအး.ဒါဆိုအေတာ္ပဲ

မင္းက ဒီက လူငယ္ႏွစ္ေယာက္ကို လိုအပ္တာရွိရင္ ကူညီေပးလိုက္ဦး

ဒါက ငတိုတဲ့

ေမြးထဲက.လက္တစ္ေခ်ာင္းတိုေနလို႔ ငတိုလို႔ေခၚတာ.

…..

ငတို

ဒါက ဆရာေအာင္ျမတ္သာတဲ့

ဒါက သက္ခိုင္

ေတြ႕ရတာဝမ္းသာပါတယ္ဆရာတို႔.

ထိုအခါ ေအာင္ျမတ္သာဆိုတဲ့ဆရာက

က်ဳပ္ကိုၿပဳံးျပတယ္ဗ်။

က်ဳပ္လဲ အခုမွအနီးကပ္ၾကည့္ရတာ

ေတာ္ေတာ္ေခ်ာသကိုးဗ်

ႏွာတံေလးကေျဖာင့္စင္းေနတာပဲ

မ်က္လုံးမ်က္ခုံးကေျပာစရာမလိုေအာင္ ၾကည့္ေကာင္းတာ..

မ်က္လုံးေတြဆိုရင္ တစ္လက္လက္ေတာက္ေနတာ

အၾကည့္ေတြကလဲ စူးရွသဗ်

……

ေနာက္တစ္ေယာက္ကေတာ့

မႈန္ေတေတနဲ႔ က်ဳပ္ကိုၾကည့္တာ

က်ဳပ္လဲ ဘယ္ကစေျပာရမွန္းမသိေတာ့

ဆရာတို႔ ဘယ္မွာအိပ္မွာလဲ..

…..

က်ဳပ္တို႔ ဘုရားကုန္းေပၚမွာပဲ အိပ္မွာ

ဒီက မိတ္ေဆြအေနနဲ႔ အပန္းမႀကီးဘူးဆိုရင္ က်ဳပ္တို႔နဲ႔လိုက္ခဲ့ပါလား

က်ဳပ္တို႔လဲ အေဖာ္ရတာေပါ့

….

ၾသဇာအျပည့္ပါတဲ့အသံႀကီးရဲ႕ေအာက္မွာ.က်ဳပ္မျငင္းႏိုင္ခဲ့ဘူး

ဘယ္လိုေခါင္းၿငိမ့္မိသြားလဲ.မသိတာ

….

ေနာက္ဆုံး က်ဳပ္တို႔ဘုရားကုန္းေပၚေရာက္သြားေတာ့..

ဘုရားပ်က္နားမွာ တဲတစ္လုံးကိုေတြ႕လိုက္ရတယ္

က်ဳပ္မနက္ထင္းေခြလာတုန္းက ဒီတဲကိုမေတြ႕ပါဘူး

ဘယ္သူေတြလာေဆာက္ထားပါလိမ့္

က်ဳပ္စိတ္ထဲေတြးေနတုန္းရွိေသး

…..

ဒီကမိတ္ေဆြေတြ ေဆာက္ထားေပးတာေနမွာ

အမ္.

က်ဳပ္ ပါးစပ္အေဟာင္းသားျဖစ္သြားတယ္

က်ဳပ္စိတ္ထဲေတြးေနတာ.ဒီလူဘယ္လိုလုပ္သိလဲေပါ့

ေနာက္မွ တိုက္ဆိုင္တာေနမွာလို႔ သေဘာထားလိုက္တယ္

……

မိုးခ်ဳပ္ေတာ့ .

က်ဳပ္နဲ႔ သက္ခိုင္ဆိုတဲ့လူက ထမင္းခ်က္တာဝန္ကို ယူရတယ္

ေအာင္ျမတ္သာဆိုတဲ့ လူငယ္ကေတာ့ ဘုရားပ်က္အေရွ႕မွာ တရားထိုင္ေနတာ ၿငိမ္ေနတာပဲ..

….

ဒီလိုနဲ႔ က်ဳပ္ ေလ့လာၾကည့္ေတာ့

ဒီလူငယ္ႏွစ္ေယာက္မွာ ပိုက္ဆံဆိုတာလဲ မေတြ႕ဘူး..

႐ြာကထည့္ေပးလိုက္တဲ့ ဆန္အခ်ိဳ႕ရယ္ အသီးအႏွံတစ္ခ်ိဳ႕ရယ္ပဲေတြ႕ရတယ္

ဒါနဲ႔ ဘယ္လိုမ်ား ဘုရားတည္မလဲေပါ့

….

က်ဳပ္လဲ မနက္ဆို ႐ြာထဲဆင္း

ညေနဆို ဘုရားကုန္းေပၚတက္နဲ႔ အလုပ္ရႈပ္ေနတယ္

က်ဳပ္သတိထားမိတာက ေအာင္ျမတ္သာဆိုတဲ့ လူငယ္က ဘုရားကုန္းေပၚစေရာက္ထဲက တရားထိုင္ေနတာကိုပဲ ေတြ႕ရတယ္

…..

က်ဳပ္ကိုလဲ.ဘာမွမေျပာေတာ့ဘူး

သူ႔တပည့္လုပ္တဲ့သူကိုလဲ.ဘာမွမေျပာဘူး

က်ဳပ္လဲ ထမင္းစားၿပီး ေက်ာဆန္႔လိုက္တာ

ဘယ္လိုအိပ္ေပ်ာ္သြားလဲမသိဘူး

….

က်ဳပ္အိပ္ေပ်ာ္ေနတုန္း

ဆင္ေအာ္သံၾကားလိုက္ရတယ္

က်ဳပ္လဲ လန္႔ႏိုးလာၿပီး

ဒီနားမွာ ဆင္လဲမရွိပဲ.ဘာလို႔ဆင္ေအာ္သံ.ၾကားလဲဆိုၿပီး ထရံေပါက္ကေန ေခ်ာင္းၾကည့္လိုက္ေတာ့.

ဘုရားကုန္းေပၚကို ဆင္ျဖဴတစ္ေကာင္တက္လာတာဗ်…

ဆင္ကတစ္ကိုယ္လုံးျဖဴစြတ္ေနတာ

အစြယ္ႏွစ္ေခ်ာင္းဆိုလဲ အရွည္ႀကီးပဲ

ဆင္ေပၚမွာေတာ့ လူတစ္ေယာက္ထိုင္လာတာ.ေတြ႕လိုက္ရတယ္

……

ထိုဆင္က ဘုရားပ်က္အေရွ႕ေရာက္ေတာ့ ေခါင္းဝပ္ေပးလိုက္တယ္.

ဆင္ဦးကင္းေပၚက လူကဆင္းလာၿပီး တရားထိုင္ေနတဲ့ ေအာင္ျမတ္သာကို အ႐ိုအေသေပးတာ

….

က်ဳပ္ျဖင့္ ကိုယ့္မ်က္လုံးေတာင္.ကိုယ္မယုံႏိုင္လို႔ လက္နဲ႔ပြတ္ၾကည့္ရတယ္

ဆင္ေပၚကဆင္းလာတဲ့သူက လည္ပင္းမွာ.ပုတီးကုံးေတြဆြဲထားတာ

အသက္လဲႀကီးေနပီ

ထိုအဘိုးႀကီးက ေအာင္ျမတ္သာဆိုတဲ့ လူငယ္ကို စကားေျပာတာေတြ႕ရတယ္

ဘာေတြေျပာလဲေတာ့ က်ဳပ္လဲမၾကားရဘူး

ေနာက္ေတာ့ ဆင္ေပၚျပန္တက္ၿပီး ေတာင္ေအာက္ ဆင္းသြားတာကို ျမင္လိုက္ရတယ္

….

က်ဳပ္လဲ ဟိုေတြးဒီေတြးနဲ႔ အိပ္လိုက္တာ

မနက္ေနာက္က်မွႏိုးတယ္

အိပ္ယာႏိုးေတာ့..

ဒီကမိတ္ေဆြကို အကူညီေတာင္းစရာေလးရွိလို႔ပါ

ဆိုၿပီး ေအာင္ျမတ္သာက ေျပာတယ္

….

က်ဳပ္လဲ ကူညီႏိုင္ရင္ ကူညီမယ္ေပါ့ဗ်ာ

ဘာကူညီရမလဲေျပာေတာ့..

က်ဳပ္ကို ဆန္၁ဘူးနဲ႔ပံသကူအသား ၁ပိႆ ာ ဝယ္ခိုင္းတာ

ပိုက္ဆံကို သူ႔လြယ္အိတ္ထဲကေန ထုတ္ၿပီးေပးေတာ့ က်ဳပ္႐ူးခ်င္သလိုလိုျဖစ္သြားတယ္

….

ဘာလို႔လဲဆိုေတာ့ အဲဒီလြယ္အိတ္ကို က်ဳပ္ပဲလြယ္ၿပီးေတာင္ေပၚတက္လာတာ

အိတ္ထဲပါတာဆိုလို႔ ဆီစိမ္းစကၠဴအနည္းငယ္ရယ္

အဝတ္အစားေတြပဲပါတာ

အခုမွ ဘယ္လိုပိုက္ဆံရလာလဲ စဥ္းစားလို႔မရဘူး

…..

က်ဳပ္လဲ ႐ြာထဲဆင္းၿပီး ဆန္၁ဘူးနဲ႔အသားေတြ ဝယ္လာခဲ့လိုက္တယ္


ဆန္နဲ႔အသားေတြရလာေတာ့

က်ဳပ္ကိုခ်က္ခိုင္းတယ္

က်ဳပ္လဲ ေသခ်ာခ်က္ၿပီး ထမင္းအိုးနားထိုင္ေနလိုက္တယ္

…..

ကဲကဲ..

အခ်ိန္က်ပီ

တို႔ေတြအလႉတစ္ခုလုပ္ၾကစို႔ဆိုၿပီး

ထူးထူးဆန္းဆန္းစကားေတြေျပာတယ္

….

က်ဳပ္လဲ

ဘာအလႉလုပ္မွာတုန္းလို႔ေမးေတာ့

ေအာင္ျမတ္သာက

ဒီေနရာမွာေနထိုင္ၾကတဲ့ သတၱဝါေတြအားလုံးကို ေကြၽးေမြးမယ့္အလႉပါ.

အခုက်ဳပ္တို႔ဘုရားတည္ဖို႔ သူတို႔ပိုင္တဲ့ေနရာမွာ ေနရတယ္။

သူတို႔ကိုခြင့္ျပဳဖို႔ ေမတၱာရပ္ခံရတယ္

တစ္ဦးေမတၱာ တစ္ဦးေစတနာေပါ့ဗ်ာ

…..

ကဲ.

ခုနက ခ်က္ထားတဲ့ တစ္ဘူးခ်က္အိုးနဲ႔

အသားဟင္းအိုး ယူခဲ့လို႔ရပီ

က်ဳပ္လဲ ဟင္းအိုးနဲ႔ထမင္းအိုးကို ယူလာခဲ့လိုက္တယ္

ထိုအခါ.ေအာင္ျမတ္သာက

မနက္က.က်ဳပ္ခုတ္ထားတဲ့ ငွက္ေပ်ာ႐ြက္ေတြကို ခ်ခင္းၿပီး

တစ္ဘူးအိုးထဲက ထမင္းေတြကို.အပုံလိုက္.အပုံလိုက္ ေနရာခ်ပါေလေရာ

ထူးဆန္းတာက ခူးထားတဲ့ငွက္ေပ်ာဖက္ေတြသာ.ကုန္သြားတယ္

တစ္ဘူးအိုးထဲက ထမင္းက မကုန္တာပဲ

ဟင္းေတြလဲ ဒီအတိုင္းပဲ

ငွက္ေပ်ာဖက္ေပၚပုံထားတဲ့ ထမင္းပုံေတြက မရွိဘူးဆို ေလးငါးဆယ္ေလာက္ရွိတယ္..

က်ဳပ္လဲ ဒီလူငယ္က သာမန္လူမဟုတ္ဘူးဆိုတာ သိလိုက္ပီ..

…..

ထမင္းေတြလဲပုံၿပီးေရာ

မနက္ေနမြန္းတည့္ေနပီ

ထိုအခါေအာင္ျမတ္သာက

ဒီေနရာဒီဌာေနမွာ ေနထိုင္ၾကတဲ့ ျမင္အပ္မျမင္အပ္ ပုဂၢိဳလ္မ်ားအားလုံးပင့္ဖိတ္ပါတယ္

က်ဳပ္တည္ခင္းဧည့္ခံေသာ စားဖြယ္မ်ားကို စိတ္တိုင္းက်သုံးေဆာင္ႏိုင္ပါတယ္

တစ္ခုေမတၱာရပ္ခံခ်င္တာကေတာ့ မိမိတို္ရဲ႕ မူလ႐ုပ္သြင္အမွန္နဲ႔မလာပဲ လူတိုင္းေတြ႕ျမင္လို႔ရတဲ့ ပုံစံမ်ိဳးနဲ႔သာ လာၾကပါလို႔ ထပ္ေလာင္းေျပာၾကားလိုပါတယ္။

အစားအေသာက္မ်ားသုံးေဆာင္တဲ့ေနရာမွာလည္း

တစ္ေယာက္နဲ႔တစ္ေယာက္ ရန္ေစာင္ေစာင္းေျမာင္းျခင္းမ်ား မျပဳလုပ္ၾကပါရန္ ေမတၱာရပ္ခံအပ္ပါတယ္…

အခုခ်ိန္ကစၿပီး သုံးေဆာင္ႏိုင္ပါပီ

……

အဲလိုေခၚလိုက္တယ္ဆိုရင္ပဲ

အေနာက္လွ်ိဳထဲကေန တက္လာၾကတဲ့ ေတာဝက္အုပ္ေတြ

ဂ်ီအုပ္ေတြ အိုဗ်ာ

သတၱဝါအစုံပဲ

သူအုပ္စုနဲ႔သူ စနစ္တက်စားေနၾကတာ

စားၿပီးတဲ့အခါ အလွ်ိဳလွ်ိဳျပန္သြားၾကတာ တကယ့္ကို အံံ့မခန္းပါပဲဗ်ာ

…..

က်ဳပ္ကေတာ့ ကုန္တဲ့ထမင္းေတြဟင္းေတြလိုက္ျဖည့္ေပးရတဲ့တာဝန္ကိုယူရတယ္

ေျမျပင္ေပၚက သတၱဝါေတြၿပီးေတာ့

ေလေပၚက သတၱဝါေတြကိုလဲ ခုနကလို ေခၚျပန္တယ္

လာၾကတဲ့ငွက္ေတြ

အမ်ိဳးကိုစုံလို႔

က်ဳပ္ေတာင္ၾကည့္ေကာင္းလို႔ၾကည့္ေနရင္း ထမင္းထည့္ဖို႔ေတာင္ေမ့တယ္

ေန႔လည္ေလာက္က်ေတာ့ အလႉလုပ္တဲ့အမႈၿပီးေျမာက္သြားတယ္

…….

က်ဳပ္လဲဗိုက္ေတာ္ေတာ္ဆာေနပီ

အဲဒါနဲ႔ ေဘးက အင္ဖက္တစ္႐ြက္ခူးၿပီး တစ္ဘူးအိုးထဲက ထမင္းနဲ႔ဟင္းကိုေရာခ်ကာ ေလြးေတာ့တာပဲ

က်ဳပ္စားပီးတာေတာင္ တစ္ဘူးအိုးထဲက ထမင္းနဲ႔ဟင္းကမကုန္ေသးတာေတာ့ ထူးဆန္းတယ္

……

က်ဳပ္လဲစားပီးေရာ

က်န္တဲ့ထမင္းနဲ႔ဟင္းေတြကို ဖက္နဲ႔ထုပ္ၿပီး ႐ြာသားတစ္ေယာက္ကိုေပးဖို႔ေျပာတယ္

တစ္ခုထူးဆန္းတာက သူကိုယ္တိုင္ ဖက္နဲ႔ထုပ္မွ ထမင္းနဲ႔ဟင္းကုန္တာပဲ

…..

ေနာက္တစ္ေန႔မွာ

ဘုရားစတည္ေတာ့တာပဲ

ဘုရားစတည္ေတာ့ လိုအပ္တဲ့ပစၥည္းမွန္သမွ် အလႉရွင္အလိုလိူေရာက္လာတာ

က်ဳပ္တို႔႐ြာကမဟုတ္တဲ့အလႉရွင္ေတြ

လာလႉတဲ့သူေတြကိုလဲ တစ္ခါမွမျမင္ဖူးဖူး

သူတို႔ကစကားလဲမေျပာၾကဘူး

ဘုရားတည္တဲ့အလုပ္သမားေတြကိုလဲ အဲဒီအလႉရွင္ေတြကပဲ ေခၚလာေပးတာ

……

က်ဳပ္တို႔႐ြာသားေတြက ကုသိုလ္လိုခ်င္လို႔ အနည္အက်ဥ္းကူလုပ္တာေတာ့ရွိတာေပါ့ဗ်ာ.

သူႀကီးကလဲအမိန္႔ထုတ္ထားတာကိုး

တစ္အိမ္တစ္ေယာက္မလုပ္မေနရတဲ့

…..

ဘုရားကုန္းေပၚမွာ လုပ္အားေပးသူေတြ စည္ကားခ်က္ကေတာ့ ေျပာမေနနဲ႔

လူေတြနဲ႔ဥစၥာေစာင့္ေတြဆိုတာ ေရာေထြးေနတာ

က်ဳပ္ကို ဘယ္လိုသိလဲေမးၾကမယ္ဆိုတာသိတယ္

က်ဳပ္သိတာေပါ့..

ဆရာေအာင္ျမတ္သာက.က်ဳပ္ကိုမွာထားပီးသား

အလုပ္လုပ္တဲ့ေနရာမွာ အရိပ္မထြက္ ေခြၽးမထြက္ရင္ အဲဒါလူမဟုတ္ဘူးတဲ့

……

က်ဳပ္လဲ လုပ္ေနရင္း တစ္ေစ့တစ္ေစာင္း အကဲခတ္ၾကည့္ေတာ့ ဟုတ္သဗ်

တစ္ခ်ိဳ႕ေတြက အရိပ္မေပၚဘူး

တစ္ခ်ိဳ႕ေတြက ေခြၽးလုံးဝမထြက္ဘူး

႐ြာသူ႐ြာသားေတြကေတာ့ တစ္ျခား႐ြာကလူေတြ ထင္ေနၾကတာ

ကိုယ့္႐ြာကလူေတြမွာေတာ့ ေခြၽးတစ္လုံးလုံးနဲ႔ လုပ္ၾကတာ

……

အခ်ိန္ကား ၁လျပည့္လို႔ ၂ထဲေရာက္လာခဲ့တယ္

ေစတီကေတာ့ ႐ုပ္လုံးေပၚလာခဲ့ၿပီ

အဲမွာျပႆ နာစေတြ႕တာပဲ

ေစတီစတည္ထဲက လုပ္အားေပးလာၾကတဲ့ သူေတြ အပတ္စဥ္ဗုဒၶဟူးေန႔တိုင္းမလာၾကတာပဲ

ဗုဒၶဟူးေန႔ဆိုရင္ ႐ြာသူ႐ြာသားေတြနဲ႔ပဲ လုပ္ၾကရတာ

…..

က်ဳပ္လဲ ဆရာေအာင္ျမတ္သာကိုေမးတာေပါ့

ဘာလို႔မလာၾကလဲဆိုေတာ့

ဗုဒၶဟူးေန႔တိုင္း သူတို႔ေလာကသားေတြရဲ႕ ညီလာခံရွိတယ္တဲ့

အဲဒါေၾကာင့္ မလာတာလို႔ေျပာတယ္

…..

ေနာက္ဆုံး ေစတီကလဲပီးေတာ့မယ္

လူေတြကလဲ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ဝမ္းသာေနၾကတယ္

အားႀကိဳးမာန္တက္လုပ္ကိုင္ေနရင္း

႐ြာထဲက ေဒၚမဲစိန္ကိုယ္ထဲ တစ္စုံတစ္ေယာက္ ဝင္ပူးပါေလေရာ..

မ်က္လုံးႀကီးေတြဆိုတာ.ျပဴးထြက္ေနတာ

ဘုရားတည္လုပ္အားေပးေနၾကတဲ့လူေတြ ေၾကာက္လန္႔တၾကားေျပးၾကတာ

အဲဒီထဲက်ဳပ္လဲပါတယ္

‌အဲဒီေန႔က မွတ္မွတ္ရရ ဗုဒၶဟူးေန႔ဗ်

……

အဲမွာ ဆရာေအာင္ျမတ္သာက

အခုေရာက္လာတာ.ဘယ္သူပါလဲ

ထိုအခါ မမဲစိန္က ငါကြ ဒီေတာင္ကိုအပိုင္စား ရထားတဲ့ နတ္စည္ေတာ္ဆိုတာငါပဲ

ငါပိုင္တဲ့နယ္ေျမမွာ.ငါမရွိတုန္း ဒီလိုလုပ္တာ ငါ့ဆီကခြင့္မေတာင္းပဲ လုပ္တာ..

မေက်နပ္ဘူးေဟ့

……

ထိုအခါ.ေအာင္ျမတ္သာက

မဟုတ္ေသးဘူး နတ္စည္ေတာ္

က်ဳပ္က ကုသိုလ္ေကာင္းမႈအတြက္ ေဆာင္႐ြက္ တာပါ

တစ္ျခားရည္႐ြယ္ခ်က္ေတြလုံးဝမပါဘူး

နတ္စည္ေတာ္အေနနဲ႔ နားလည္ေပးေစလိုပါတယ္

က်ဳပ္ဒီေစတီကိုမတည္ခင္မွာ အားလုံးကို ခြင့္ေတာင္းပါတယ္

နတ္မင္းႀကီးေလးပါးကအစ

နတ္ျမတ္နတ္ေကာင္းအေပါင္းကို တိုင္တည္ပီး တည္တာပါ

သင့္ကိုလဲ ပင့္ဖိတ္ပါတယ္

သင္က.ဘယ္လိုအေၾကာင္းေၾကာင့္ မသိျဖစ္ေနရတာလဲ

……

က်ဳပ္မသိဘူး

က်ဳပ္ကိုအသိမေပးလို႔ ေႏွာင့္ယွက္မယ္ဆိုၿပီးလာတာ


ကဲ နတ္စည္ေတာ္

သင္မယုံၾကည္ျဖစ္ေနတာ

က်ဳပ္သိပါတယ္


သင့္ရဲ႕အုပ္ခ်ဳပ္သူနတ္မင္းကို သင္ကိုယ္တိုင္ေမးၾကည့္ပါ

သင့္ကိုသူတို႔ေျပာဖို႔ေမ့ေလ်ာ့ေနတာျဖစ္မယ္

သင္လဲ စိတ္ကိုေလ်ာ့ပါ

သင္ရဲ႕ေဒါသစိတ္ေၾကာင့္ သင္အကုသိုလ္ျဖစ္ေနပီ

……

သင္.နတ္သဘင္အစည္းအေဝး တက္ေနတဲ့ အခ်ိန္မို႔လို႔ သင္မသိတာျဖစ္လိမ့္မယ္

သင္ကိုလဲ အမွ်အတန္းေပးေဝမွာပါ

သင္အမႉးရွိတဲ့ ပုဂၢိဳလ္မ်ားအားလုံးကို ရည္စူးၿပီး ေရစက္ခ်အမွ်ေဝပါမယ္

သင္ရဲ႕ဗိမၼာန္ကိုျပန္ပါေတာ့လို႔ ေျပာလိုက္တာ

မမဲစိန္လဲ.ေနရာမွာတင္ အ႐ုပ္ႀကိဳးျပတ္လဲပါေလေရာ

…….

၂လတိတိ ျပည့္တဲ့ေန႔မွာ

က်ဳပ္တို႔တစ္႐ြာလုံး.ဝတ္ေကာင္းစားလွေတြနဲ႔

အေနာက္ဘက္ေတာင္ကုန္းေပၚကို ခ်ီတက္ဖို႔ တာဆူေနပီ

…..

ဒီေန႔က ေစတီထီးတင္ပြဲေန႔ေလ

က်ဳပ္ေတာင္ ေယာပုဆိုးနဲ႔အက်ႌအျဖဴ.ကို က်က်နန ဝတ္ထားတာ

ေစတီရဲ႕ ဘြဲ႕ေတာ္ကို

ရန္ေအာင္ျမင္ေစတီလို႔ သမုတ္ခဲ့တယ္

…..

ထီးတင္ပြဲမွာ ဘယ္ကေနဘယ္လိုေရာက္လာတဲ့ လူေတြလဲေတာ့မသိပါဘူးဗ်ာ

ဘုရားကုန္းအျပည့္ပဲ

ဆရာေအာင္ျမတ္သာက သူ႔လြယ္အိတ္ထဲကေန ေ႐ႊမိုးေငြမိုးေတြက်ဲခ်တာ..

ပိုက္ဆံေတြဆိုတာ ေလအေဝွ႔မွာ ဖလပ္ဖလပ္နဲ႔

က်ဳပ္ေတာင္ဝင္လုလို႔ လုံခ်ည္အသစ္ေလးၿပဲခဲ့ ေသးတယ္

……..

ထီးတင္ေရစက္ခ်ပြဲလဲၿပီးေရာ

ေတာ္ေတာ္ပန္းကုန္ပီ

က်ဳပ္လဲ အိပ္ခ်လိုက္တာ

တစ္ေရးထဲပဲ

မနက္မိုးလင္းလို႔

က်ဳပ္ႏိုးေတာ့..

ဆရာေအာင္ျမတ္သာေကာ

သူ႔တပည့္ကိုပါမေတြ႕ရေတာ့တာပဲ

……

က်ဳပ္အိပ္တဲ့ေဘးမွာေတာ့..

ေ႐ႊေရာင္အိတ္ေလးတစ္ခု

အထဲကိုဖြင့္ၾကည့္လိုက္ေတာ့

စာတစ္ေစာင္နဲ႔ ေ႐ႊဒဂၤါး၁၀ျပားတိတိ

……

က်ဳပ္လဲ ဘုရားရွိခိုးၿပီး

႐ြာထဲကိုဆင္းလာခဲ့လိုက္တယ္

႐ြာထဲေရာက္ေကာ

တစ္႐ြာလုံးထကေနတာကို.အထူးအဆန္းျမင္လိုက္ရတယ္

…..

ေဟ့ေကာင္.ငတို

ငါတို႔႐ြာခ်မ္းသာပီဟ

တေဘာင္စကားအရမ္းမွန္တယ္

မနက္မိုးလင္းလို႔ အိ္မ္တံခါးဖြင့္လိုက္တာ.အိမ္တိုင္း အိမ္တိုင္း.ေ႐ႊဒဂၤါးေတြရၾကတယ္

…..

ကိုရင္ၾကက္ေတာက.ဘယ္ေလာက္ရလဲ

ငါက ၅ျပားေတာင္ရတယ္

က်န္တဲ့သူေတြလဲ ၅ျပားစီရၾကတယ္

….

တစ္႐ြာလုံးေပ်ာ္ေနၾကတဲ့အခ်ိန္

က်ဳပ္စိတ္မေကာင္းျဖစ္ေနရတယ္

စာကိုဖြင့္ဖတ္လိုက္ေတာ့

” လူဆိုတာ ေရစက္ရွိလို႔ ဆုံၾကရတယ္”

“လူဆိုတာ ေရစက္ကုန္ရင္ ခြဲခြာရတယ္”

“ဘာသာသာသနာအက်ိဳး.သယ္ပိုးႏိုင္ပါေစ” ဆိုတဲ့ စာသားေလးကိုေတြ႕ေတာ့ က်ဳပ္မ်က္ရည္ေတြ က်လာခဲ့တယ္။

က်ဳပ္ရဲ႕ႏႈတ္ခမ္းအစုံကေန တစ္စုံတစ္ခု႐ြတ္ဆိုေနမိတယ္..

အဲဒါကေတာ့


” အ႐ြယ္ကငယ္ငယ္ အစြမ္းထက္တယ္

ဘုရားကုန္းေပၚ ေရာင္ေတာ္လႊတ္ရင္ျဖင့္

အိမ္တိုင္းေစ့ အလႉေပးႏိုင္မယ့္သူေဌး

ေရာက္လိမ့္မေလး…”


ေလးစားစြာျဖင့္

ေဇယန(ရာမည)

No comments

Post a Comment