တစ္ဆေကြီးနေတဲ့အိမ် ( စ/ဆုံး)

  တစ္ဆေကြီးနေတဲ့အိမ် ( စ/ဆုံး) ~~~~~~~~~~~~~~ မူရင်းရေးသားသူ_ဆရာတာတေ ကိုဘထွန်းလာခေါ်တာနဲ့ ကျုပ်လိုက်သွားတာဗျို့ ။ ထီးဂလိုင်ဆိုတဲ့ရွာက ကျုပ်တ... thumbnail 1 summary

 တစ္ဆေကြီးနေတဲ့အိမ် ( စ/ဆုံး)

~~~~~~~~~~~~~~
မူရင်းရေးသားသူ_ဆရာတာတေ

ကိုဘထွန်းလာခေါ်တာနဲ့ ကျုပ်လိုက်သွားတာဗျို့ ။

ထီးဂလိုင်ဆိုတဲ့ရွာက ကျုပ်တို့ထနောင်းကုန်းနဲ့တော့

အတော်ကလေးလှမ်းသားဗျ ။ ထီးဂလိုင်က ကိုဘထွန်းတို့

အမျိုးတွေရှင်ပြုဖိတ်လို့သွားတာပါဗျာ။

အသွားမှာတော့ အဟုတ်သားဗျ ။ ထီးဂလိုင်မှာနေတဲ့

ကိုဘထွန်းတို့ကလှည်းနဲ့လာခေါ်တာပေါ့ဗျာ။

ကဆုန်လဆိုတော့လည်း ရာသီဥတုကအတော်ကိုပူပါဗျာ။

ကျုပ်တို့အညာသားတွေပြောလေ့ရှိတာပေါ့ဗျာ တန်ခူး ကဆုန်

ဆွေ့ဆွေ့ခုန်ဆိုတာဘဲပေါ့ဗျာ။ယင်းချောင်းတွေမှာလည်း

ရေကိုခန်းနေတာဗျ။အသွားမှာ ထီးဂလိုင်မရောက်ခင်

ယင်းချောင်းတစ်ချောင်းကိုဖြတ်ရတာပေါ့ဗျာ နွားခြေထောက်

တွေလည်းရေစွတ်ရုံဘဲရှိတာဗျ။သိပ်မကြာပါဘူး ထီးဂလိုင်ကို

ရောက်သွားရောဗျို့။ထီးဂလိုင်ကိုအခုမှ ရောက်ဖူးတာပေါ့ဗျာ။

ကျုပ်လည်းတော်တော် သဘောကျသွားတယ်ဗျို့။

ထီးဂလိုင်က သာယာတာကလားဗျ ။ရွာပြင်ကဆိုရင်

ထန်းတောလေးကလည်းညို့နေတာဗျို့ ။ထီးဂလိုင်က ထန်း

လျက်ချက်တဲ့ ရွာလေဗျာ ။ ထန်းလျက်မှ

မျိုးကိုစုံနေအောင် ထွက်တာဗျ။ ထဖိုးဦးစားမလား ၊

ဇီးထန်းလျက်စားမလား ၊ ပေါက်ပေါက်နဲ့ ဆုပ်ထားတဲ့

ထန်းလျက်ဆုပ် စားမလား ၊ အုန်းထန်းလျက်စားမလား

စုံချက်ဗျာ။ထီးဂလိုင် ဇီးယိုကလည်း လွှတ်ကောင်းတာဗျို့။

ဇီးပေါင်းလည်းလုပ်တယ် ။ ဒီတော့ ရွာကစီးပွားရေး လွှတ်

ကောင်းတာပေါ့ဗျာ။ နှမ်းရော ၊ ပဲရော ၊ ထန်းလျက်ရောဆို

တော့ ၀င်ငွေကို မှန်နေတာ ပေါ့ဗျာ။ ထီးဂလိုင် နောက်ကျော

မှာက အလယ်ရိုးမကြီးက ကပ်လို့လေဗျာ။ မိုးဦးကျရင် မှိုနှုတ်

မျှစ်နှုတ်ကလည်းအလုပ်ဖြစ်သေးဆိုပဲ။ ထင်းခုတ်၊ဝါးခုတ်

သစ်ခုတ် ကလည်း အပိုရသေးတယ်တဲ့ဗျို့ ။ ဒီတော့ ထီးဂလိုင်

မှာ လူဆင်းရဲ နည်းတယ် တဲ့ဗျ။ လူချမ်သာပေါတာပေါ့ဗျာ။

အခုရှင်ပြု လုပ်တဲ့ကိုဘထွန်းတို့အမျိုးတွေဆိုရင်လည်း

ထီးဂလိုင်ရဲ့လူချမ်းသာစရင်း ပါသူတွေပဲဗျ။ထီးဂလိုင်က

အိမ်ဝိုင်းတွေ အတော်များများ မြင်းစောင်းတွေနဲ့ဗျ။

မြင်းတွေလည်း ရှိကြတယ်။ဟိုရွာဒီရွာ သွားချင်ရင်မြင်းနဲ့ဘဲ

သွားကြတာလေ။ လူချမ်းသာတွေဆိုတော့လည်းမြင်းက

စီးနိုင်တာပေါ့ဗျာ။ ဟန်တော့အကျသားဗျ။

ရပ်ထဲရွာထဲ ရှင်ပြုရှိပြီ ဆိုရင် ရှင်လောင်းလှည့်ဖို့ မြင်းတွေမှ

တန်းစီထွက်လာတာဗျို့။ တစ်ချို့မြင်းကြီးတွေဆို နည်းတဲ့

ဒေါက် ကြီးတွေမဟုတ်ဘူးဗျို့။ ပြိုင်မြုင်းလုပ်လို့ရတဲ့အမျိုးလေ

ဗျာ။ ကိုဘထွန်းတို့အမျိုးတွေရှင်ပြုကလည်းအစည်သားဗျ။

စုစုပေါင်း ရှင်ဆယ်ပါးဗျ။ ရဟန်းလောင်းကနှစ်ပါး။အလှူကြီး

ပေါ့ဗျာ။ထီးဂလိုင်ရွာဦးကျောင်းကြီးကလည်းလွှတ်ကျယ်တာဗျို့။

ထမင်းကျွေးရုံကြီးကလည်းကျယ်ပါ့ဗျာ ။ အနီးအနားရွာ

တွေကလည်းလာသေးသဗျ။ လှည်းယာဉ်တွေနဲ့ လာကြတာ

လေ။ ရွာလယ်လမ်းမကြီးက ဖုန်တထောင်းထောင်းထပြီး

ခြူသံ တ ချွင်ချွင်နဲ့ပေါ့ဗျာ။ ခြူသံဆိုတာ သိပ်ကြာကြာပြတ်

တယ်လို့ မရှိဘူးဗျ။ လှည်းတွေကလည်းတစ်စီးပြီးတစ်စီးဝင်

လာတာဗျို့။ ထီးဂလိုင်သားတွေရဲ့ ဝက်သားချက်ကလည်း

လွှတ်ကောင်းဗျာ။ ချက်ထားလိုက်တဲ့ ဝက်သားကလည်း

နူးအိနေတာဗျို့။ သရက်ချဉ်သုတ်ကလေးကလည်း

ခပ်ပြေပြေ လေးဗျာ။ မယ်ဇလီ ရွက်ဟင်းချိုလေးကလည်း

အချက်ကောင်းတော့ မခါးဘဲဆိမ့် ကိုနေတာဗျို့။ ထီးဂလိုင်ဆို

တာက ကျုပ်တို့နယ်မှာ ပဲထွက် နှမ်းထွက်ကောင်းတဲ့ရွာဗျ။

ဒီတော့ ချက်သမျှဟင်းတွေမှာ ဆီကိုနစ်နေတာဗျ။

ငရုတ်သီးကြော်ဆိုလည်း ဆီအရွဲသားနဲ့ဗျ။အလှူလာတဲ့

ပရိတ်သတ်တွေလည်းစားလိုက်ကြတာဗျာ။ ခေါင်းကိုမဖော်

ဘူးဗျို့။ ကိုဘထွန်းနဲ့ ကျုပ်လည်းဗိုက်ခွေးနမ်းမတတ်ကိုကြိတ်

လိုက်ကြတာဗျို့။ထမင်းစားသောက်ပြီးတော့ ဧည့်ခံတဲ့

လက်ဖက်ကလည်း အပေါ်မှာ ဆီလက်တစ်လုံးလောက်

မြုပ်နေတာဗျ။ ကျုပ်အကြိုက်နဂါး ဆေးပေါ့လိပ် ကလည်း

အစည်းလိုက်ကို ဝိုင်းတိုင်းမှာ ချထားတာဗျို့။

ဗိုက်တင်းအောင် ထမင်းစားပြီး လက်ဖက်ကလေးနဲ့အကြမ်း

ရည်လေးသောက်၊ နဂါးဆေးပေါ့လိပ်ကလေးဖွာဆိုတော့

မျက်စိကလေးစဉ်းပြီးလွှတ်ကို ဇိမ်ကျနေတာပေါ့ဗျာ။

ကျုပ်တို့အညာသားတွေအတွက်စည်းစိမ်ဆိုတဲ့အထဲမှာ

နဂါးဆေးပေါ့လိပ်ကလည်း မပါမဖြစ်ထင်ပါရဲ့ဗျာ။

အလျှုပြီးနောက်တစ်နေ့တော့ ကိုဘထွန်းရဲ့အကို ဝမ်းကွဲတွေ

က ကိုဘထွန်းနဲ့ကျုပ်ကိုရွာတောင်ဘက်ကထန်းတောကြီးထဲ

ကို ခေါ်လာတယ်ဗျာ ။ နေညိုရင် ရွှေဘိုကိုလွမ်းတယ် ဆိုတဲ

စကားက ဒီလိုထန်းတောကြီးကို ပြောတာထင်ပါရဲ့ဗျာ။

ထီးဂလိုင်သားတော်တော်များများကို တွေ့ရသဗျ။

ကိုဘထွန်းရဲ့အကိုတွေဖြစ်တဲ့ ကိုထွန်းတင်တို့ ကိုထွန်းရင်

တို့က ကိုဘထွန်းနဲ့ ကျုပ်နဲ့ကို မိတ်ဆက်ပေးကြတယ်

ဗျ။ ထီးဂလိုင်သားတွေ လွှတ်ကိုခင်တတ်မှန်းကို ကျုပ်လည်း

ဒီတော့မှသိရတာဗျို့ ။ မြင်တာနဲ့ကို ခင်ကြတာဗျ

"ဟ နေပါအုံး ဒီနာမည်ငါ ကြားဖူး

ပါတယ် ထနောင်းကုန်းက တာတေဟုတ်လား "

ကိုမောင်ပုဆိုတဲ့လူကထန်းရည်လေးထွေထွေနဲ့ ကျုပ်ကို

ကြည့်ပြီးမေးတယ်

"ဟုတ်ပါတယ်ဗျ တာတေဆိုတာကျုပ်ပါ "

လို့ ဖြေလိုက်ရော ကိုမောင်ပုမျက်နှာကဝမ်းသာသွားတဲ့ ပုံဘဲဗျ

ကျုပ်ကို ပြုံးပြုံးကြီးလုပ်ပြီးကြည့်နေတယ်။

" ဒီလိုကွ တာတေရ ၊မင်းတို့ရွာကအောင်ချစ်နဲ့ ငါက

သူငယ်ချင်းကွ "

ကိုအောင်ချစ်အသံကြားရတော့ ကျုပ်ဆတ်ကနဲတောင်တုန်

သွားမိတယ်။

"ဗျာ ကိုမောင်ပုက ကိုအောင်ချစ်နဲ့သူငယ်ချင်းတွေလား"

"အေးလေကွာ ဒီကောင်နဲ့ ငါနဲ့ကဝါသနာတူတွေလေကွာ

တာတေရာ၊ဘာဝါသနာလဲ မင်းသိလား "

"ဟာ ကျုပ်မသိဘူးဗျ "

"ဖဲလေကွာ ဖဲ၊ ဖဲ ဟား ၊ ဟား ၊ ဟား "

"သြော၊် ဟုတ်လား ၊ကိုအောင်ချစ်ကတော့ဖဲဆိုလွှတ်ဝါသနာ

ကြီးတာဗျ "

"ငါလည်းအောင်ချစ်အတိုင်းဘဲကွ တာတေရ ၊ ငါတို့

နှစ်ယောက် မိန်းမတွေ ဘာတွေယူဖို့စိတ်မဝင်စားဘူးကွ၊

ဖဲပဲချချင်တာ၊ ဖဲသာချနေလို့ကတော့ထမင်းမစားရလည်း

နေနိုင်တဲ့ ကောင်တွေဟေ့"

" အင်း ၊ ကျုပ်ယုံပါတယ်ဗျာ ။ကိုအောင်ချစ်နဲ့ကျုပ်ကတော်

တော်ကို တွဲခဲ့ကြတာဗျ။ကုန်ကုန်ပြောရရင် ကိုအောင်ချစ်သေ

တဲ့အချိန်ထိပေါ့ဗျာ"

ထန်းရည်ဝိုင်းကကျန်တဲ့ လူတွေက တစ်ချို့က ဆေးလိပ်လေး

တွေဖွာလိူ့ ၊ တစ်ချို့ကလည်း ထန်းရည်ထည့်ထားတဲ့ အုန်းမှုတ်

ခွက်ကလေး မော့လို့ ၊တစ်ချို့ကတော့ သောက်လုံးကြီးတဲ့

သူတွေဆိုတော့ မြူအိုးလိုက်မော့လို့ပေါ့ဗျာ။ ဒါပေမဲ့ အားလုံး

က ကျုပ်နဲ့ ကိုမောင်ပု ပြောတာကို နားစွင့်နေတာဗျ။

"ဒါထက်တာတေရဲ့။ ငါသူငယ်ချင်းအောင်ချစ်သေတဲ့

အကြောင်းကို နည်းနည်းတော့ ကြားမိသကွ၊

ပြီးတော့အောင်ချစ်သေတဲ့ အချိန်မှာမင်းကအနားမှာရှိတယ်

လို့ မင်းတို့ရွာက ကိုဆိတ်ဖွားငါကိုပြောဖူးတယ်ကွ"

"သြော် ၊ ကိုမောင်ပုကို ကိုဆိတ်ဖွားပြောတာလား

ဟုတ်တယ်ဗျ ၊ ကိုအောင်ချစ်သေတော့ ကျုပ်တို့

ရွာမြောက်ဘက်က မီးလောင်ကုန်းသင်္ချိုင်း ထဲမှာ ကိုအောင်ချစ်

နဲ့ကျုပ်က မီးလောင်ကုန်းကတရုတ်ကြီးအမိန်းရဲ့ အသုဘမှာဖဲ

ချပြီး ပြန်လာတာဗျ ။ကျုပ်က ကိုအောင်ချစ်နဲ့ အဖော်လိုက်ရ

တာပေါ့ဗျာ။ ည၂ချက်တီးလောက် မှာသေတာဗျ "

" ဟာ... ည၂ချက်တီး ဟုတ်လား ၊

သင်္ချိုင်းထဲမှာ သေတာ၊ဟင် ဘယ်လိုဖြစ်တာတုန်းကွ "

ထန်းရည်ဝိုင်းက အားလုံး ဝိုင်းပြီး တစ်ယောက်တစ်ပေါက်

မေးကြတာဗျ။ ပြီးတော့မှ ကိုမောင်ပု ကပြောတယ်။

"သင်္ချိ ုင်းထဲ မှာ အချိန်မတော်ကြီး သေတယ်ဆိုတာတော့

ငါသိတယ် တာတေရ။ ဘယ်လိုဘယ်ပုံသေတယ်ဆိုတာတော့

ငါမသိဘူးကွ ၊ နို့ ဘယ်လိုဖြစ်တာတုံးကွာ "

ကျုပ်လည်းဒီအကြောင်းကို ပြန်မပြောချင်ပေမဲ့ သူတို့က

သိပ်သိချင်နေတာဆိုတော့လည်း ပြောရတော့မှာပေါ့ဗျာ။

" ပိုးထိတာနေမှာ ပေါ့ မောင်ပုရာ "

ကိုအုန်း ဆိုတဲ့သူက သူ့ထင်ကြေးကို ဝင်ပြောတယ်။

"ပိုးထိတာ မဟုတ်ဘူးဗျ အသတ်ခံရတာ"

" ဟာ အသတ်ခံရတာ ဟုတ်လား "

"ဒါဆို ဘယ်သူသတ်တာတယ်ဆိုတာ မင်းသိမှာပေါ့

တာတေရ၊ ရဲကို မင်း မပြောဘူးလား"

ကျုပ်ကသူတို့ကိုခေါင်းခါပြတယ် ။သူတို့ကတော့ ကျုပ်ဘာ

ပြောမှာတုန်းဆိုတာကိုစိတ်ဝင်စားနေကြတာဗျ၊

"သိတာပေါ့ဗျာ ကိုအောင်ချစ်ကို မဖဲဝါသတ်တာ"

"ဟေ"

"မဖဲဝါ ဟုတ်လား"

အားလုံးတအံ့တသြနဲ့ ကျုပ်ကိုကြည့်နေကြတယ်။တချို့က

တော့ ဟုတ်ပါ့မလားဆိုတဲ့ အကြည့်နဲ့ပေါ့ဗျာ ။

" မဖဲဝါ ဆိုတာ သရဲမပဲကွ တာတေရ "

"ဟုတ်တယ် ကိုမောင်ပုရဲ့ အဲ့ဒီ့မဖဲဝါက ကိုအောင်ချစ်ကိုသတ်

လိုက္တာ"

"ဟေ ဘယ်လိုဖြစ်ရတာတုန်းတာတေရာ"

"အင်း ၊ ဒီလိုဗျ ကိုမောင်ပုရဲ့၊ မီးလောင်ကုန်းက တရုတ်

အသုဘမှာဖဲသွားချဖို့ ကိုအောင်ချစ်က ကျုပ်ကိုအဖော်

်ခေါ်တယ်၊ အဲ့ဒီမှာ မြို့ကတရုတ်တွေ ရောက်နေတာ။

သူဌေးတွေချည်းပဲတဲ့၊အဲ့ဒီလူတွေကိုသူနိုင်အောင်ကစားမယ်

လို့ပြောတယ် "

"သြော် ၊ သြော် "

"ကျုပ်ကတော့သတိပေးတာပေါ့ဗျာ။ကိုအောင်ချစ်

မြို့ကလူတွေကိုနိုင်အောင် ယှဉ်ကစားလို့ခင်ဗျားနိုင်ပါ့ မလား

လို့ဆိုတော့ ကိုအောင်ချစ်ကကျုပ်ကို ပြောတယ်ဗျ။

သူမှာဖဲနိုင်အောင် ကစားနိုင်တဲ့နည်းတွေရှိတယ်တဲ့ဗျ "

"ဟေဟုတ်လား ၊ ဘာနည်းတွေများပါလိမ့် "

ကိုမောင်ပုကလည်း ဖဲသမားဆိုတော့ ဖဲနိုင်အောင်ကစားနိုင်

တဲ့ နည်းဆိုတာကို စိတ်၀င်စားတာပေါ့ဗျာ။

"မောင်ပုရာ မင်းကတစ်မျိုး ၊ ငြိမ်ငြိမ်နားထောင်စမ်းပါကွ "

ကိုမောင်ပုရဲ့ သူငယ်ချင်းတွေက သူ့ကိုဝိုင်းအော်ကြတယ်ဗျို့။

" အဲ့ဒီညခုနှစ်နာရီလောက်မှာ ကိုအောင်ချစ်ခေါ်လို့

်လိုက်သွားတယ်။ မီးလောင်ကုန်းသင်္ချိုင်းကိုရောက်တော့

ကိုအောင်ချစ်က ပြောတယ်ဗျ "

"တာတေခဏနေအုံးကွ၊ ဒီည ငါကစီးပွားဖြစ်ဖဲရိုက်မှာဆိုတော့

ငါ့အစွမ်းတစ်ခုတည်းနဲ့ မဖြစ်ဘူးကွ၊မဖဲဝါရဲ့ အကူအညီ ကို

လည်းတောင်းရအုံးမှာ"

"ဗျာ...မဖဲဝါ ဟုတ်လား "

"အေးဟုတ်တယ်လေ၊ ဘာလဲမင်းကမဖဲဝါဆိုတော့

လန့်သွားလို့လား"

လို့ပြောပြီး လက်ထဲကအထုပ်ကိုဂူပေါ်တင်ပြီး ဖြည်တယ်။

ကျုပ်သေသေချာချာ မှတ်မိတယ်။ ကိုမောင်ပုရဲ့

သူကြီးဦးသူတော် ဂူပေါ်မှာဖြည်တာ။

" ဘာအထုပ်ကို ဖြည်တာတုံး တာတေရ "

" ခေါက်ဆွဲ ကြော်ထုပ်ဗျ ။ ကိုအောင်ချစ်က မဖဲဝါကိုကျွေးဖို့

ဆိုပြီး ကျုပ်တို့ရွာက အပိန့် ခေါက်ဆွဲကြော် ဆိုင်ကအကောင်း

စားမှာလာတာဗျ။

" သြော်...သြော် မဖဲဝါကို ခေါက်ဆွဲကျွေးတာကိုး "

ထန်းရည် ဝိုင်းကလူတစ်ယောက်က ခေါင်းလေး

တညိတ်ညိတ် လုပ်ပြီး၀င်ပြောသဗျ။

"ဟုတ်တယ်ဗျ ။ ကိုအောင်ချစ်ကမဖဲဝါကိုသေသေချာချာ

ပင့်ဖိတ်ပြီး ခေါက်ဆွဲကြော်ကျွေးတာ ပြီးတော့ ဖဲနိုင်အောင်

လုပ်ပေးပါ ထူးထူးခြားခြားနိုင်ရင် နောက်တစ်နေ့မှာ

မဖဲဝါကို ဒီနေရာမှာဘဲ အမဲသားသုံးပိဿာ

ချက်ကျွေးပါ့မယ်လို့ သေသေချာချာ ကတိပြုတာဗျ "

"နို့နေပါအုံး တာတေရ အောင်ချစ်ကျွေးတဲ့ ခေါက်ဆွဲကြော်

ကို မဖဲဝါစားလို့လား"

ကိုမောင်ပုကကျုပ်ကို ထောက်မေးတယ်ဗျ။

" ဟာ စားပါပြီလားကိုမောင်ပုရာ၊ ကျုပ်သေချာကိုကြည့်နေတာ

ခေါက်ဆွဲကြော်တွေမှပြိုက်ကနဲ ပြိုက်ကနဲ ကုန်သွားတာဗျ"

"ဟေ ဟုတ်လား"

အားလုံးအံ့သြကုန်ကြတာဗျို့။ကျုပ်လည်းဆက်ပြီးပြောရတာ

ပေါ့လေ

"နို့ နေပါဦး တာတေရ ၊ အဲ့ဒီ့ညက အောင်ချစ်ဖဲရောနိုင်လား"

"ဟာ မောင်ပုရာ ခင်ဗျား သူငယ်ချင်း ကိုအောင်ချစ်ကိုနိုင်

လိုက်တာမှဗျာ။တစ်ဝိုင်းလုံး ရှိသမျှ တရုတ်တွေရဲ့

ပိုက်ဆံတွေသူ့ဆီရောက်တာဗျို့ ။

နာရီ လက်စွပ်တွေအကုန်ရောက်တာဗျ။

ရန်ကုန်ကလာတဲ့တရုတ်တွေဆိုတာ ခါးဝတ်ခါးစားပဲ

ကျန်တော့တာဗျ "

"ဟာဒါဆိုမဖဲဝါကအောင်ချစ်ကို

တကယ်ကူညီလိုက်တာပေါ့ကွ တာတေရ"

" အို ကူညီလိုက်တာမှဗျာ၊ အဲ့ဒီ့ညအိမ်ပြန်တော့ ကျုပ်မှာ

ကိုအောင်ချစ် နိုင်ထားတဲ့ ငွေထုပ်ကြီးကိုထမ်းလိုက်ရတာဗျာ"

"ဟာ..."

ထန်းရည် ဝိုင်းတစ်ခုလုံး စိတ်၀င်စားနေတာဗျို့။ ထန်းရည်

တောင် ထပ်မမော့ကြတော့ဘူး။

အေး ဒီတော့ အောင်ချစ်က မဖဲဝါကို အမဲသားသုံးပိဿာကျွေး

ရောလားကွ "

ကိုမောင်ပု က သူသူငယ်ချင်းအကြောင်းကို တော်တော်

သိချင်နေပုံပဲဗျ။ ကျုပ်က ဒီနေရာမှာ အလိုလိုသက်ပြင်းချလိုက်

မိတယ်။

"အဲဒီမှာ ပြဿနာစတာပေါ့ဗျာ "

"ဟေ ဘယ်လိုဖြစ်တာတုန်းကွ ။ သူ့ကို ဒီလောက် သိသိ

သာသာ လုပ်ပေးထားတာပဲကွာ။

သူကတိအတိုင်းကျွေးရမှာပေါ့ကွာ "

" ကိုအောင်ချစ်က ကျွေးဖို့တော့လုပ်တယ်ဗျ။

မြို့ကိုလူလွှတ်ပြီး အမဲသားဝယ်ခိုင်းတယ်။

ဒါပေမဲ့အမဲသားရမလာဘူးဗျ "

"ဟာ "

ကိုမောင်ပုလည်းအံ့သြသွားတယ်ဗျ။

ကိုအုန်းဆိုတဲ့လူကဝင်ပြောတယ်။

" ဝယ်မရရင်လည်း တောင်းပန်ထားပြီးရတဲ့နေ့

ကျွေးရင် ရမှာပေါ့ကွာ "

" အေးဗျာကိုအောင်ချစ်က အဲ့ဒီလို့မလုပ်ဘူးဗျ ။

ဖဲနှိုင်တာဟာ မဖဲဝါလုပ်ပေးတာ ဟုတ်ချင်မှလည်းဟုတ်မှာပါ

တဲ့လေ ။ သူ့အစွမ်းနဲ့ သူနိုင်တာ ဖြစ်ချင်ဖြစ်မှာပေါ့လို့

ကျုပ်ကို ပြောတယ်။ပြီးတော့ ကိုအောင်ချစ်က ကျုပ်ကိုတောင်

ဆူသေးတာဗျ။ မဖဲဝါကိုဒီလောက်ကြောက်နေရသေးလား

ပေါ့ဗျာ။ အဲ့ဒီ ညဖဲသွားရိုက်တော့ ကိုအောင်ချစ်ရှူံးလိုက်တာမှ

ပက်ပက်စက်စက်ကို ရှူံးတာဗျို့။တစ်လှည့်မှမနိုင်တာ"

" ဟေ ပထမည နိုင်တာတွေ ကုန်ရောလားကွ "

" ဟာ မကုန်ဘူးဗျ ၊ ကိုမောင်ပုရဲ့ ။ ခင်ဗျားလူကလည်း

လူပါးပဲ။ အကုန်ပြန်ယူလာတာမဟုတ်ဘူးဗျ "

"ဟား ၊ ဟား ၊ ဟား ၊ ဟား "....

ကျုပ် ပြောလိုက်တာကို သဘောကျပြီး ဝိုင်းရယ်နေတယ်။

ကျုပ်က ဆက်ပြောပြတယ်။

" အဲ့ဒီည မီးလောင်ကုန်းကအပြန်မှာ ကိုအောင်ချစ်

အရက်တော်တော် မူးနေတာဗျ။ လက်ထဲမှာလည်းအရက်

ပုလင်းကြီးကိုင်ပြီး လမ်းလျှောက်သောက်လာတာ၊

မီးလောင်ကုန်းသချိုင်းလည်းရောက်ရော မဖဲဝါကို

စဆဲတော့တာပဲဗျာ "

" ဟာ ၊ ဆဲတယ် ဟုတ်လား

အောင်ချစ် တော်တော်မှားသွားတာပဲကွာ "

ကိုမောင်ပုအံ့သြပြီး ပြောတယ်။

" ကျုပ်လည်းသူ့ကိုအမျိုးမျိုးပြောပါတယ်ဗျာ ။

ဘယ်လိုပြောလို့မှကို မရတာ။ လူကလည်းတော်တော်

လေးမူးနေပြီလေဗျာ။ ကျုပ်ကိုတောင် ဟေ့ကောင်

တာတေ မင်းကြောက်ရင် ရှေ့က သွားနှင့်

ဒီကောင်မနဲ့ငါဒီညစရင်းရှင်းမယ်ပြောပြီး ထပ်ဆဲတော့တာ

ဘဲဗျာ။ ကျုပ်လည်းစိတ်ပျက်သွားတာနဲ့ သူအနားကထွက်လာ

ခဲ့တာ ခြေလေးငါးလှမ်းဘဲလှမ်းရသေးတယ်ဗျာ ။

အုန်း အုန်းဆိုတဲ့အသံကြီးကြားလို့ နောက်ကိုလှည့်ကြည့်

လိုက်တော့ကိုအောင်ချစ်လက်ထဲကအရက်ပုလင်းလွတ်ကျ

သွားပြီးရှေ့ကိုဒူးညွတ်ကျသွားတယ်။ သူနောက်မှာဆံပင်ဖား

လျားကြီးချပြီး မားမားကြီးရပ်နေတာမဖဲဝါကြီးဗျ ။

အရပ်ကြီးကလည်းဆယ်ပေလောက်ရှိမယ် ထင်တယ်

ကိုမောင်ပုရဲ့ ၊မျက်လုံးကြီးတွေများဗျာ အကြမ်းပန်းကန်

လောက်ရှိမယ်ဗျ ။ နီရဲပြီး အရောင်တွေ တောက်နေတာဗျို့"

" နို့အောင်ချစ် ဘာဖြစ်သွားတုံး"

ကိုမောင်ပုက ကျုပ်ကို မေးတယ် ။

"ဘာဖြစ်ရမှာတုန်း ကိုမောင်ပုရယ် ၊ သွေးတွေအန်တော့ တာ

ပေါ့ဗျာ။ဝေါကနဲ ဝေါကနဲ နှစ်ချက်ထိုးအန်ပြီးမှောက်လျားထိုး

လဲကျသွားတော့တာပေါ့ဗျာ။ မဖဲဝါကြီးလည်းပျောက်သွားရောဗျို့ "

" အို ဖြစ်မှ ဖြစ်ရလေကွာ "

ကျုပ်စကားဆုံးတော့ ကိုမောင်ပုလည်းတော်တော်ကို

စိတ်မကောင်းဖြစ်သွားတာဗျ ။ ထန်းရည် ဝိုင်းတစ်ခုလုံး

ငြိမ်ပြီး တွေးနေကျတာဗျ။

" လတ်စသတ်တော့ မဖဲဝါ ဆိုတာ တကယ်ရှိတာပါလား"

လို့ ကိုမောင်ပုက ၀င်ပြောတယ် ။

"ဟာ ၊ ရှိပါပြီလား မောင်ပုရာ၊ ငါ့အဘပြောဖူးတယ်ကွ။

ရွာအနောက်ကကင်္ချိုင်းထဲကနေ ဆံပင်ကြီးဖားလျားချပြီး

ခေါင်းကြီးတစ်လုံးထမ်းသွားတဲ့ မဖဲဝါကြီးကိုသူမြင်

လိုက်ရတယ်ဆိုပဲ ။ ငါအဘကသင်္ချိုင်းဘေးက လှည်းလမ်း

အတိုင်းလှည်းမောင်းလာတာဆိုပဲ၊ နွားတွေဆိုတာ လန့်ပြီး

ပဒပ်ရပ်နေကြတာတဲ့ဟေ့။ ရှေ့မတိုးတော့ဘူးတဲ့ဟေ့ ။

အဲ့ဒါနဲ့အဘကနှင်တံနဲ့ခပ်နာနာထိုးမှ ဆက်သွားကြတာဆိုပဲ"

ကိုထန်းဖူးဆိုတဲ့ လူက ကိုမောင်ပုကို ပြောပြတာဗျ။

စကားဝိုင်းလေးက တော်တော်ကောင်းသွားတာဗျို့။ သူကြား

ဖူးတာ ၊ ကိုယ်ကြားဖူးတာ ပြောကြတာပေါ့ဗျာ။ ထန်းရည်

ဆိုတာလည်း တစ်မြူပြီး တစ်မြူချပေးရတာဗျို့။ အမြည်းကတော့

အမဲ ကြော်ပေါ့ဗျာ။ အဲ ပြောရဦးမယ်ဗျ၊ တာတေဆိုတဲ့

ကျုပ်က အညာသားဆိုပေမယ့် ထန်းရည်တော့ မကြိုက်ဘူးဗျ။

အခုလည်း မိတ်ဖြစ်ဆွေဖြစ် အနေနဲ့ သာ အာစွပ်ရုံကျုပ်

သောက်တာဗျို့။ သောက်ကို မသောက်နိုင်တာ။

အဲ့ဒီ့ညနေ ကတော့ ပခန်းကိုကြီးကျော်တို့ သိပ်ကြိုက်တဲ့

ညနေမျိုး ထင်ပါရဲ့ ဗျာ။လွှတ်ပျော်ဖို့ ကောင်းတာဗျို့။

ကျုပ်ကိုလည်း တော်တော်ခင် သွားကြတာ။

ထီးဂလိုင်ကိုမကြာခဏ အလည်လာဖို့ ထပ်ကာထပ်ကာ

ဖိတ်ခေါ်ကြတယ်။ တာတေ ဆိုတဲ့ ကျုပ်ကလည်း လာလည်

ပါ့မယ်လို့ ကတိက၀တ် တွေပြုရတာပေါ့ဗျာ။ အားလုံးစား

သောက်ပြီးတော့ ရွာထဲကို အုပ်လိုက်ကြီး ပြန်၀င်ကျတာပေါ့

ဗျာ။ အားလုံး လမ်းလျှောက် တာ ကော့လန်ကော့လန်နဲ့ဗျ။

အဲ ပြောရဦးမယ်။ လူဆိုတာ အရက်မူးရင် အရှေ့ကိုစိုက်

သွားတတ်တယ်ဗျ။ ထန်းရည်မူးရင် နောက်ကို လန်ပြီးမူး

တာလေဗျာ။ အမူးလွန်လို့ လဲရင်လည်း အရက်သမား က

ရှေ့ကို မှောက်လျားထိုးလဲတာဗျ။ ထန်းရည် သမားများကျတော့

မူးပြီဆိုရင် နောက်ကို ပက်လက် လန်ပြီး လဲတာဗျိ့။

နောက်နေ့ရောက်တော့

ကိုဘထွန်းနဲ့ ကျုပ်ရွာကို ပြန်ခဲ့ကြတယ်။

ကျုပ်တို့နှစ်ယောက်လှည်းကြုံလိုက်လာတာဗျ။

လှည်းကြုံကလည်းယင်းချောင်းမရောက်ခင်တစ်တိုင်လောက်

အလို(နှစ်မိုင်)ကတောင်ချိုင့်ဆိုတဲ့ ရွာအထိရောက်တာ။

ယင်းချောင်းဟိုဘက်ကို ကျုပ်နဲ့ကိုဘထွန်းကုန်းကြောင်းသွား

ကြမှာဗျ။ ဒီခရီးလောက်ကတော့ ကျုပ်တို့ကသွားနေကြပါဗျာ

တောင်ချိုင့်ကနေထွက်လာတော့ညနေတော်တော်စောင်း

နေပြီ ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့လှည်းကြုံလိုက်လာတဲ့

ကိုချို ဆိုတဲ့လူကသူတို့အိမ်ကို အတင်းဝင်ပါဆိုပြီးဇွတ်

အိမ်လည်ခေါ်နေတာဗျို့။ကျုပ်တို့ နှစ်ယောက်လည်းအားနာ

တာနဲ့ လိုက်ခဲ့ကြတာ။ သူ့အိမ်ရောက်တော့လည်း

ညနေစာ စားပြီးမှ သွားပါလို့ ဇွတ်ဆွဲပြန်ရောဗျို့။ လွှတ်သဘော

ကောင်းတဲ့ ကိုချိုတို့မိသားစုကို အားနာတာနဲ့ ညနေစာစားကြ

ရတာပေါ့ဗျာ။ ဒါကြောင့်ညနေစောင်းမှတောင်ချိုင့်က

ထွက်ဖြစ်တော့တာဗျ ။တောင်ချိုင့်ကထွက်လာတော့

အံ့သြစရာဗျာ။ ကောင်းကင်မှာမိုးသားမည်းမည်းတွေတက်

လာလို့ဗျို့ ။

"ဟာ ကိုဘထွန်းရေ မိုးတွေချက်ချင်းတက်လာပါလားဗျို့ "

"အေးကွ တာတေရ ၊ ယင်းချောင်းရောက်အောင်

ခပ်သုတ်သုတ်ကလေးလျှောက်ရအောင်ဟေ့ ။

ကိုချိုတို့အိမ်သားတွေ အတင်းဆွဲတာနဲ့ထမင်းစားနေလို့

နောက်ကျသွားတာကွ "

" ဟာ ကိုဘထွန်းရယ် သူတို့ကလည်း ကျုပ်တို့ နှစ်ယောက်ကို

တွေ့တွေ့ချင်း ကို ခင်တာဗျ။ လွှတ်သဘောကောင်းတဲ့

မိသားစုပါဗျ။ဒီတော့လည်း ထမင်းစားဖို့ကို ဘယ်နှယ့်လုပ်

ငြင်းမလဲ ဗျာ "

ကျုပ်နဲ့ကိုဘထွန်းတို့ခပ်သုတ်သုတ်လျှောက်ကြတယ်။

ကိုဘထွန်းကကျုပ်ထက်ငါးနှစ်လောက်တော့ကြီးမှာဗျ။

သူကလူကတော့လူဗလံကလေး။ ကျုပ်ထက်

တောင်နည်းနည်းညှက်ချင်သေးတယ် ။ဒါပေမဲ့လူကတော့

လူလျင် လူသွက်ဗျို့။ ယင်းချောင်းမရောက်ခင် မိုးမိမှာစိုးပြီး

ယင်းချောင်းကိုခပ်သုတ်သုတ် လျှောက်သွားနေတာကို

ကျုပ်က သူ့နောက်ကနေ အလျားထိုး လိုက်နေရသဗျို့။

ကျုပ်တို့နှစ်ယောက်လည်းယင်းချောင်းလည်းရောက်ရော

ကောင်းကင်မှာ မိုးတွေမည်းနေပြီဗျ ။ အချိန်ကလည်းမိုးချုပ်

စဖြစ်ပြီ ဗျ ။

"ကဲတာတေ သတိထားကူးဟေ့..မိုးတော့လွတ်သေးကွ "

ပြောပြောဆိုဆိုနဲ့ ကိုဘထွန်းက ပုဆိုးခါးတောင်းကျိုက်တယ်။

ကျုပ်လည်းကပျာကယာပုဆိုးခါးတောင်းကျိုက်လိုက်တာပေါ့ဗျာ

ကျုပ်တို့နှစ်ယောက်ချောင်းထဲဆင်းခဲ့ကြတယ်။

ယင်းချောင်းက ရေစီးသန်တော့အောက်ကသဲမြေမှာကြာကြာ

ရပ်လို့ရတာမရဘူးဗျ ။ရပ်ရင်သဲကကျွံ၀င်သွားတော့ လူက

ယိုင်ပြီး ဟန်ချက်ပျက်သွားတတ်တယ် ။ဒါကြောင့်အောက်က

နင်းထားတဲ့သဲကျွံဝင်မသွားအောင် ခပ်သုတ်သုတ်လျှောက်

ကြရတာ ။ ကျုပ်တို့နှစ်ယောက်ချောင်းထဲ ခြေလှမ်း

ဆယ့်ငါးလှမ်းလောက်ပဲလျှောက်မိတယ်ဆိုရင်ပဲ

ကျုပ်က ချောင်းအထက်ပိုင်းကိုလှမ်းကြည့်မိတယ် ဗျို့ ။

"ဟာ ကိုဘထွန်း ရေတွေလာပြီ ၊နောက်ပြန်ပြေး

နောက်ပြန်ပြေး "

တောင်ကျရေဗျို့။ ကျုပ်ကနောက်ပြန်ပြေးတယ် ။

ဘယ်လွတ်မတုံးဗျာ။ တောင်ကျရေပဲ လူမပြောနဲ့ ၊

မြင်းပြေးတောင်မလွတ်ဘူးဗျ ။ ကျုပ်ရော ကိုဘထွန်းရော

ရေလုံးရိုက်ပြီး ပါသွားတယ် ။ ဒါပေမဲ့ ကျုပ်ရော ကိုဘထွန်း

ရောကရေကူးလည်းသန်တယ် ။ သတိလည်းကောင်းတယ်

ဆိုတော့ ကမ်းဟိုဘက်ကိုကူးကြတာပေါ့ဗျာ။

ချောင်းထဲမှာမှောင်သွားပြီဗျ။မိုးချုပ်တာရော၊ မိုးမှောင်တာရော

ပေါင်းပြီး မည်းမှောင်သွားပြီ။

"ဝေါ ၊ ဝေါ "

ကြောက်စရာကောင်းတဲ့ရေစီးသံကြီးကို ကြားနေရတာ

သွေးပျက်စရာပဲဗျာ။ချောင်းရေကလည်းချက်ချင်းကိုပြင်ကျယ်

ကြီးဖြစ်သွားပြီး ကမ်းကဝေးသွားတော့ ကျုပ်တို့နှစ်ယောက်

တော်တော်ကို ကူးနေရတာပေါ့ဗျာ။

ရေစီးနဲ့မျောလည်းမျောနေကြတာပေါ့ဗျာ။

"အား"

ဟာ ၊ ကိုဘထွန်းအော်သံဗျို့။ ကျုပ် လန့်သွားတယ်။

ဘာမှလည်းမမြင်ရတော့ဘူး ။ မှောင်ပိန်းနေပြီ။

"ကိုဘထွန်းဘာဖြစ်တာတုံး "

"တာတေရေ ငါ့ ခြေထောက်ကိုသစ်တုံးကြီးတိုက်သွားတာ၊

ကျိုးပြီထင်တယ် "

ကိုဘထွန်းစကား ဆုံးတယ်ဆိုရင်ပဲ ကျုပ်ကမ်းစပ်

ရောက်သွားတယ်။ခြေထောက်လို့ရသွားပြီ။

" ကိုဘထွန်း ၊ ကိုဘထွန်း ၊ ခင်ဗျား ဘယ်မှာတုန်း "

အော်မေးတော့...

"ငါဒီမှာကွ တာတေရ .. ကမ်းစပ်ရောက်ပြီ"

"ဝေါ ၊ ဝေါ ၊ ဝေါ ၊ ဂျိန်း၊ ဂျိန်း "

အို ရွာလိုက်တဲ့မိုးဗျာ ၊ မိုးသံရော ရေစီးသံရော မိုးခြိမ်းသံရော

။ ကျုပ်လည်း ကိုဘထွန်း အသံကိုမှန်းပြီးပြေးသွားရတယ်။

တွေ့ပြီ ၊ တွေ့ပြီ ကိုဘထွန်း က ထနောင်းပင်ရဲ့ပင်စည်ကိုမှီပြီး

ထိုင်နေတယ်။ လျှပ်တစ်ချက်လက်လိုက်တဲ့အချိန်မှာ

သူ့ကိုကျုပ်တွေ့သွားတာဗျ။ သူကလည်းကျုပ်ကိုမြင်သွားတယ်

"တာတေ ၊ လာ လာ ငါ ဒီမှာ ငါ့ခြေထောက်တော့

သစ်တုံးကြီးဝင်ဆောင့်သွားတာကျိုးသွားပြီထင်တယ်ကွ ၊

ငါခေါင်းတွေ လည်းမူးနောက်နေတယ်။ဘာဖြစ်မှန်းမသိဘူး

တာတေ"

ကျုပ် ကိုဘထွန်းကို ချက်ချင်းမထူပေးပြီး ကျုပ်ကိုကျောပိုးခိုင်း

တယ် ။

" ကိုဘထွန်း ဒီနေရာက မကြာမီ ရေမြုပ်တော့မှာ"

ကိုဘထွန်းက လူဗလံလေးဆိုတော့ ကျုပ်အသာလေးကျောပိုး

နိုင်တာပေါ့ဗျာ။

"ဘယ်သွားမှာတုန်း တာတေ "

"တောင်ချိုင့်ကိုဘဲ ပြန်ရမှာပေါ့ဗျာ"

"မင်း လမ်းသိလို့လား "

" လမ်းတော့မသိဘူးဗျ ။ ကျုပ်တို့ ချောင်းထဲမှာမျောသွားတာ

လည်း ဘယ်လောက်ဝေးသွားမှန်းမသိဘူး။ ဒါပေမဲ့

လျှပ်လက် တဲ့အရောင်နဲ့ကြည့်ပြီးသွားကြတာပေါ့ဗျာ။

တောင်ချိုင့်မရောက်လည်း ရောက်တဲ့ရွာမှာ ဝင်ပြီးအကူအညီ

တောင်းဖို့ပေါ့ ဗျာ"

ကိုဘထွန်း ကိုကျောပိုးပြီး ခပ်သွက်သွက်လျောက်လာတယ်။

ကိုဘထွန်းကတော့ကျုပ်ရဲ့ကျောပေါ်မှာမှေးနေတယ်ဗျ ။

ဘာမှမပြောတော့ဘူး ။

"ဟာ ၊ ဟိုမှာ ဟိုမှာ "

ကျုပ်အသံကြားတော့ ကိုဘထွန်းကမေးတယ် ။

" ဟင် ဘာတုံး တာတေ "

" ဟိုရှေ့မှာ အိမ်ကြီးတစ်လုံးဗျ ။ မီးရောင်တော့မတွေ့ဘူး။

လူတော့ရှိမှာပါ ။ မိုးတွေ လေတွေနဲ့ဆိုတော့ မီးမှုတ်ပြီး

စောစောအိပ်ချင် အိပ်နေကြမှာပေါ့ ဗျာ။အဲဒီမှာဝင်ပြီးမိုးခိုရ

တော့မှာပဲဗျာ "

မိုးတွေကလည်း ရေတွေသွန်ချသလို ကိုရွာတာဗျ။

တော်တော်ကလေး သွားလိုက်တော့မှ လှည်းလမ်းကြောင်း

တစ်ခုကိုတွေ့တယ် ။လှည်းလမ်းကြောင်းကိုကျော်လိုက်

တော့အိမ်ဝင်းကြီးတစ်ခုထဲကို ရောက်လာတယ်။

လျှပ်စီးတစ်ချက်အလက်မှာ အိမ်ကြီးဆီကိုကြည့်လိုက်တော့

တံခါးကြီးပွင့်နေတယ်ဗျ။ ခပ်ဟဟလေးပွင့်နေတာ လူရှိရှိ

မရှိရှိ ဗျာ မိုးတော့ဝင်ခိုလို့ရပြီ ဆိုပြီးကျုပ် ဝမ်းသာသွားတယ် ။

ကိုဘထွန်းကို ကျောပိုးရင်း အိမ်ကြီးရဲ့ တခါးမကြီးကိုတွန်းဖွင့်

ဝင်လိုက်တယ် ။ အိမ်ကြီးကလည်းမှောင်မည်းနေတာဗျ ။

ဘာမှကိုမမြင်ရဘူး။ ကျုပ်အိမ်ထဲကို ဝင်လိုက်တယ်

တစ်လှမ်း နှစ်လှမ်း ၊ သုံးလှမ်း

"ရပ် "

ကျုပ်တစ်ကိုယ်လုံးကြက်သီးတွေ ဖြန်းကနဲ ထသွားတယ်ဗျ။

မှောင်ထဲက ထွက်လာတဲ့ အသံကြီးဗျ။ အသံကခပ်သြသြကြီး

ဗျ။ ယောက်ျားကြီးတစ်ယောက်ရဲ့ အသံပဲ ။

"ကိုဘထွန်း ကိုဘထွန်း"

ကျုပ်ကခေါ်လိုက်တာ ကိုဘထွန်းက ပြန်မထူးဘူး

ကျုပ်ပခုံးပေါ်မှာခေါင်းမှီပြီး အိပ်ပျော်နေပြီဗျာ။

"ဘထွန်းမြွှေဆိပ်မိနေပြီ "

မှောင်ထဲကအသံကြီးထပ်ထွက်လာတယ်။ ဟာကိုဘထွန်း

ပိုးထိထားတာထင်တယ် ။ ကျုပ်အတော်ကိုစိုးရိမ်သွားတယ်။

"ခြေထောက်ကလည်းကျိုးလို့ ဒီအထဲကိုမြန်မြန်ခေါ်ခဲ့။

ဒါထက်နောက်ကျရင်သေတော့မှာ"

"ဗျာ"

"အခုခေါ်ခဲ့ဆိုတာ ဘာလုပ်နေတာတုန်း "

ကျုပ်လည်းအမှောင်ထဲကိုရမ်းလျှောက်ခဲ့ရတာပေါ့ဗျာ။

ဘာမှလည်းမမြင်ရဘူး။ မှောင်ထဲကပြောနေတာလည်း

ဘယ်သူမှန်းမသိဘူး။ ကျုပ်တစ်ကိုယ်လုံးလည်းရေတွေရွှဲနစ်

ပြီး ခိုက်ခိုက်တုန်နေပြီလေ။ ကြောက်လို့ကြက်သီးထ

တာလည်းပါတာပေါ့ဗျာ။

"ရောက်ပြီ အဲ့ဒီကုတင်ပေါ်တင်လိုက် "

ကျုပ်လက်နဲ့ လိုက်စမ်းတယ်။ ဟုတ်တယ်ဗျ ။ကုတင်ကြီး

တစ်လုံး ကျုပ်ကိုဘထွန်းကို ကုတင်ပေါ် ခပ်ဖြေးဖြေးချလိုက်

တယ်။ ကိုဘထွန်းကတော့ ငြိမ်နေတာဗျို့။ အိပ်နေလား

သတိလစ်နေလားဆိုတာ ကျုပ်မသိရဘူး။

မှောင်မည်းနေတော့ ကိုဘထွန်းကိုလည်းကျုပ်မြင်ရတာ

မဟုတ်ဘူးဗျ၊ ။

"သွားတော့လေ ဘာလုပ်နေတာလဲ "

ကျုပ်နောက်ကျောဘက်က အသံကြီးထွက်လာတယ် ။

ကျုပ်လည်းဘာမှ ပြန်မပြောရဲပဲ

အမှောင်ထဲမှာပဲစမ်းပြီးထွက်လာတယ် ။

လျှပ်စီးအလက်မှာပွင့်နေတဲ့ တံခါးပေါက်ကို တွေ့လိုက်လို့

ကျုပ်လျှောက်တတ်တာပေါ့ဗျာ ။ တစ်အိမ်လုံးငြိမ်သွားတယ်။

"ဝေါ ၊ ဝေါ ၊ ဝေါ ဂျိန်း ဂျိန်း "

အပြင်မှာတော့ မိုးရောလေရောတော်တော်ကြမ်းနေတာဗျို့။

ကျုပ်လည်းချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေပြီ။ ကျုပ်လည်းနံရံ

ကိုမှီပြီး ထိုင်ချလိုက်တယ်။ ခဏနေတော့ ကျုပ်လှစ်ကနဲ

အိပ်ပျော်သွားတယ်။ဘယ်လောက်ကြာအောင် အိပ်ပျော်သွား

မှန်းမသိပါဘူးဗျာ။

"ဟေ့ သူငယ် ၊ ဟေ့ သူငယ်"

ကျုပ်ကိုလူတစ်ယောက်ကလှုပ်နိူးနေတာဗျ။

မှောင်ထဲကထွက်လာတဲ့အသံကြီးကို ကျုပ်ချက်ချင်းသတိ

ရပြီး ဝုန်းကနဲ ထထိုင်လိုက်တယ် ။မိုးကမရွာတော့ဘူး

နေတောင်ပူနေပြီဗျ။ ကျုပ်အဝတ်တွေလည်းခြောက်နေပြီ။

"သတိထား သူငယ် ၊သတိထား ဒီမြက်တောကြီးထဲ ဘာလို့

အိပ်နေတာတုန်း၊ ကျုပ်လှည်းမောင်းလာရင်းတွေ့လို့

လာကြည့်တာကွ "

"ကိုဘထွန်းရော ကိုဘထွန်း"

ကျုပ်ကိုလူပ်နှိုးတဲ့ အဘိုးကြီးကိုကြည့်ပြီးမေးလိုက်တယ်။

မြက်ရိုင်းတောကြီးထဲ ကျုပ်အိပ်ပျေ ာ်နေတာဗျ။

" ဟိုသူငယ်လား၊ ဟို အုတ်ဂူပေါ်မှာ အိပ်နေတဲ့သူငယ်မို့လား"

"ဗျာ ဘယ်မှာတုံး ၊ ဘယ်ကအုတ်ဂူတုံး"

ဟာဟုတ်ပါရဲ့ဗျာ။ ကိုဘထွန်းက အုတ်ဂူပေါ်မှာဆန့်ဆန့်ကြီး

အိပ်ပျော်နေတာဗျ။

ကျုပ် ချက်ချင်းထပြီး ကိုဘထွန်းကို ပြေးနှိုးလိုက်တာပေါ့ဗျာ။

" ကိုဘထွန်း ကိုဘထွန်း "

"ဟင် တာတေ ငါတို့ဘယ်ရောက်နေတာတုန်း၊ အားးးကျွတ်

ကျွတ် ငါခြေထောက်မှာ ဘာလုပ်ထားတာတုန်း"

"ဟင် ဒီသူငယ်ကခြေထောက်ကျိုးထားတာလား

ဝါးခြမ်းတွေနဲ့ ညှပ်ပြီး ကျပ်စည်းထားတာပဲ "

ကျုပ်တို့ကိုနှိုးတဲ့အဘိုကြီးကပြောတယ်

"ဟုတ်တယ် အဘ ညကကျုပ်တို့နှစ်ယောက် ယင်းချောင်းထဲ

ကို ဖြတ်နေတုန်း တောင်ကျရေနဲ့ ပါသွားကြတာ။ ကိုဘထွန်း

က သစ်တုံးနဲ့ စောင့်မိပြီး ခြေကျိုးသွားတာဗျ။ နို့ နေပါဦးအဘရဲ့

ကျုပ်တို့ နှစ်ယောက် ညက အိမ်မဲကြီးထဲမှာပါ။ ကိုဘထွန်းကို

ကျုပ်က ကုတင်ကြီးတစ်လုံးပေါ်တင်ပေးထားတာ။

အဲ့ဒီအိမ်မည်းကြီးထဲက လူကြီးတစ်ယောက်ကဆေးကုပေး

တာဗျ ။ အသံပဲ ကျုပ်ကြားရတာ လူကိုတော့မမြင်ဘူး။

အခုအဲ့ဒီအိမ်ကြီးက ဘယ်မှာတုန်းဗျ ၊ ကျုပ်တို့ကဒီနေရာကို

ဘယ်လိုလုပ် ရောက်နေတာတုန်းဗျ "

" အိမ်မဲကြီးဟုတ်လား သူငယ် ၊ကျုပ်တို့မမွေးခင်တုန်းက

ဒီနေရာဟာ ဆေးဆရာကြီးတစ်ယောက်နေတဲ့ ခြံဝင်းကြီး

လို့ ပြောသံကြားဖူးတယ်။အဲ့ဒီဆေးဆရာကြီးမိသားစုက

အိမ်မဲကြီး အကြီးကြီးတစ်လုံးနဲ့နေကြတာတဲ့ကွ၊

ဟိုသူငယ်တက်အိပ်နေတဲ့ အုတ်ဂူကြီးကဆေးဆရာကြီးရဲ့ဂူ

ပေါ့ ။ သူသေတော့သူ့မိသားစုက ဒီခြံဝင်းကြီးထဲမှာပဲ

သူကိုဂူသွင်းပြီး သင်္ဂြိုဟ်ထားကြတယ်လို့ပြောကြတယ် ။

အိမ်မဲကြီးဆိုတာကိုအဘတို့ရွာက အသက်ကိုးဆယ်ကျော်ရှိ

တဲ့လူတွေ တောင်မမီလိုက်ကြဘူးကွ ။စကားပဲကျန်နေတာ။

ဒါပေမဲ့ ဒီ အုတ်ဂူကြီးကရှိနေသေးတော့ ဒီအကြောင်းတွေ

ွကလည်းဟုတ်မှာပဲလို့ ယုံကြရတာပေါ့ကွာ"

ကျုပ်လည်းဘာပြန်ပြောရမှန်းတောင်မသိတော့ပဲ

ပါးစပ်အဟောင်းသားဖြစ်သွားတာပေါ့ဗျာ ။

"နို့ အဘနာမည်ကဘယ်သူတုန်းဗျ ။

အဘတို့ရွာက ဝေးသေးလား "

"ကျုပ်နာမည်က ဦးစံတဲ့ဗျ ။ ရွာကမဝေးတော့ဘူး။

ဒီလှည်းလမ်းအတိုင်းမောင်းလိုက်ရင် နာရီဝက်ဆိုရင်

ရွာရောက်ပြီ ။ ရွာနာမည်ကသမားကုန်းရွာ လို့ခေါ်တယ် ။

ဆေးဆရာကြီးကို အစွဲပြုပြီး ခေါ်တာလို့ပြောတယ် ကွ ။

နို့ မင်းတို့က ဘယ်ကလာကြတာတုံး "

"ကျုပ်တို့နေတာကထနောင်းကုန်းဗျ ။ထီးဂလိုင်အလှူ

ကိုသွားကြတာပါ။တောင်ချိုင့်မှာညစာကိုဝင်စားပြီး

ထွက်ခဲ့တာအဘရဲ့ "

" ဟာ တောင်ချိုင့်ကတော်တော်တောင်လှမ်းနေပြီပဲ

မင်းတို့တော်တော်မျောလာတာကွ"

"ဟင် ၊ ဟုတ်လားအဘ"

"အေး ဟုတ်တယ် ။ ကဲ လာကြပါ။

ကျုပ်မှာလှည်းပါပါတယ်။ ချောင်းရေလည်း ကျနေပါပြီ။

ကျုပ်ရွာအရောက်ပို့ပေးပါ့မယ်။ဟိုသူငယ်ကခြေထောက်လည်း

လည်းကျိုးနေတာမို့လား။ ဒီယင်းချောင်းကျော်လိုက်ရင်

ထနောင်းကုန်းကို သိပ်မမောင်းရပါဘူး။

ကျုပ်နွားက နွားသန်ကြီးတွေပါ။ ကဲ လာ လာ

ကျုပ်လှည်းပေါ်တက် "

ကျုပ်လည်းမငြင်းတော့ဘူးဗျာ။ ကိုဘထွန်းကိုဂူပေါ်ကတွဲချ

ရင်း အုတ်ဂူကို တစ်ပတ်ပတ်ပြီးကြည့်တယ်။ အင်းဂတေ

တွေကကွာနေပြီဗျ။ ဂူပေါ်မှာဘာစာမှ မရှိတော့ဘူး ။

လှည်းပေါ်ရောက်တော့ ဦးစံဆိုတဲ့အဘိုးကြီးက ခြေထောက်

မှာ ကျပ်စည်းထားတဲ့ကိုဘထွန်းကိုကြည့်ပြီးမေး

တယ်ဗျ ။

"သူငယ်တို့ညကအိမ်မဲကြီးထဲကိုရောက်ခဲ့တယ်ဆိုတာ

တကယ်လားကွဲ့"

"တကယ်ဗျ အဘစံရဲ့ ၊ ဟောဒီကိုဘထွန်းရဲ့

ခြေထောက်လည်းကျိုး ၊ ပိုးလည်းထိဆိုတော့ သတိမေ့သွား

တာ သူကိုကျောပိုးပြီးကျုပ်ကဒီအိမ်ကြီးထဲကိုဝင်ခဲ့တာ ။

မှောင်ထဲကအသံကြီးပဲကျုပ်ကြားခဲ့ရတာဗျအဘစံရဲ့ ။

ကိုဘထွန်းကိုသူကနာမည်တောင်ခေါ်လိုက်သေးတယ် ။

ကုတင်ပေါ်တင်ဆိုလို့ကျုပ်တောင်အမှောင်ထဲစမ်းပြီးတင်လိုက်

တာ။ အဲ့ဒါ အုတ်ဂူကြီးဖြစ်နေတာပေါ့ဗျာ။ ဒီတော့ကျုပ်အထင်

ပြောရရင် ဒီအိမ်ကြီးကဒီနေရာမှာပဲရှိနေတာဗျ အဘစံရဲ့ ။

ိုကိုဘထွန်းကို ညကအမှောင်ထဲမှာဆေးကုပေးတာလည်း

အဘပြောတဲ့ဆေးဆရာကြီးပဲဖြစ်မှာဗျ "

ကျုပ်ကသေသေချာချာပြောပြလိုက်မှ အဘစံဆိုတဲ့

အဘိုးကြီးပျက်သွားတယ်ဗျ

"ဟေ ဟုတ်လား ၊ ဒါဆိုဆေးဆရာကြီးအခုထိမကျွတ်သေးဘူးပေါ့ "

အဘိုးကြီးလည်းတော်တော်ကြောက်သွားပုံရတယ် ။

ပြီးတော့ဆေးဆရာကြီးရဲ့အုတ်ဂူကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။

"ဟဲ့ နွား ဖျန်း"

အဘစံကသူနွားတွေကိုခပ်ကြမ်းကြမ်းရိုက်လိုက်ပြီး

အဲ့ဒီနေရာက တရကြမ်း မောင်းပြေးတော့တာပဲဗျာ။

ပြီးပါပြီခဗ်ာ

စာဖတ်ပရိတ်သတ်များ အားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။

ဤဝတ္တုလေး အား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံး ဗျာ။


တေစၦႀကီးေနတဲ့အိမ္ ( စ/ဆုံး) ~~~~~~~~~~~~~~မူရင္းေရးသားသူ_ဆရာတာေတ ကိုဘထြန္းလာေခၚတာနဲ႔ က်ဳပ္လိုက္သြားတာဗ်ိဳ႕ ။ ထီးဂလိုင္ဆိုတဲ့႐ြာက က်ဳပ္တို႔ထေနာင္းကုန္းနဲ႔ေတာ့ အေတာ္ကေလးလွမ္းသားဗ် ။ ထီးဂလိုင္က ကိုဘထြန္းတို႔ အမ်ိဳးေတြရွင္ျပဳဖိတ္လို႔သြားတာပါဗ်ာ။ အသြားမွာေတာ့ အဟုတ္သားဗ် ။ ထီးဂလိုင္မွာေနတဲ့ ကိုဘထြန္းတို႔ကလွည္းနဲ႔လာေခၚတာေပါ့ဗ်ာ။ ကဆုန္လဆိုေတာ့လည္း ရာသီဥတုကအေတာ္ကိုပူပါဗ်ာ။ က်ဳပ္တို႔အညာသားေတြေျပာေလ့ရွိတာေပါ့ဗ်ာ တန္ခူး ကဆုန္ ေဆြ႕ေဆြ႕ခုန္ဆိုတာဘဲေပါ့ဗ်ာ။ယင္းေခ်ာင္းေတြမွာလည္း ေရကိုခန္းေနတာဗ်။အသြားမွာ ထီးဂလိုင္မေရာက္ခင္ ယင္းေခ်ာင္းတစ္ေခ်ာင္းကိုျဖတ္ရတာေပါ့ဗ်ာ ႏြားေျခေထာက္ ေတြလည္းေရစြတ္႐ုံဘဲရွိတာဗ်။သိပ္မၾကာပါဘူး ထီးဂလိုင္ကို ေရာက္သြားေရာဗ်ိဳ႕။ထီးဂလိုင္ကိုအခုမွ ေရာက္ဖူးတာေပါ့ဗ်ာ။ က်ဳပ္လည္းေတာ္ေတာ္ သေဘာက်သြားတယ္ဗ်ိဳ႕။ ထီးဂလိုင္က သာယာတာကလားဗ် ။႐ြာျပင္ကဆိုရင္ ထန္းေတာေလးကလည္းညိဳ႕ေနတာဗ်ိဳ႕ ။ထီးဂလိုင္က ထန္း လ်က္ခ်က္တဲ့ ႐ြာေလဗ်ာ ။ ထန္းလ်က္မွ မ်ိဳးကိုစုံေနေအာင္ ထြက္တာဗ်။ ထဖိုးဦးစားမလား ၊ ဇီးထန္းလ်က္စားမလား ၊ ေပါက္ေပါက္နဲ႔ ဆုပ္ထားတဲ့ ထန္းလ်က္ဆုပ္ စားမလား ၊ အုန္းထန္းလ်က္စားမလား စုံခ်က္ဗ်ာ။ထီးဂလိုင္ ဇီးယိုကလည္း လႊတ္ေကာင္းတာဗ်ိဳ႕။ ဇီးေပါင္းလည္းလုပ္တယ္ ။ ဒီေတာ့ ႐ြာကစီးပြားေရး လႊတ္ ေကာင္းတာေပါ့ဗ်ာ။ ႏွမ္းေရာ ၊ ပဲေရာ ၊ ထန္းလ်က္ေရာဆို ေတာ့ ၀င္ေငြကို မွန္ေနတာ ေပါ့ဗ်ာ။ ထီးဂလိုင္ ေနာက္ေက်ာ မွာက အလယ္႐ိုးမႀကီးက ကပ္လို႔ေလဗ်ာ။ မိုးဦးက်ရင္ မႈိႏႈတ္ မွ်စ္ႏႈတ္ကလည္းအလုပ္ျဖစ္ေသးဆိုပဲ။ ထင္းခုတ္၊ဝါးခုတ္ သစ္ခုတ္ ကလည္း အပိုရေသးတယ္တဲ့ဗ်ိဳ႕ ။ ဒီေတာ့ ထီးဂလိုင္ မွာ လူဆင္းရဲ နည္းတယ္ တဲ့ဗ်။ လူခ်မ္သာေပါတာေပါ့ဗ်ာ။ အခုရွင္ျပဳ လုပ္တဲ့ကိုဘထြန္းတို႔အမ်ိဳးေတြဆိုရင္လည္း ထီးဂလိုင္ရဲ႕လူခ်မ္းသာစရင္း ပါသူေတြပဲဗ်။ထီးဂလိုင္က အိမ္ဝိုင္းေတြ အေတာ္မ်ားမ်ား ျမင္းေစာင္းေတြနဲ႔ဗ်။ ျမင္းေတြလည္း ရွိၾကတယ္။ဟို႐ြာဒီ႐ြာ သြားခ်င္ရင္ျမင္းနဲ႔ဘဲ သြားၾကတာေလ။ လူခ်မ္းသာေတြဆိုေတာ့လည္းျမင္းက စီးႏိုင္တာေပါ့ဗ်ာ။ ဟန္ေတာ့အက်သားဗ်။ ရပ္ထဲ႐ြာထဲ ရွင္ျပဳရွိၿပီ ဆိုရင္ ရွင္ေလာင္းလွည့္ဖို႔ ျမင္းေတြမွ တန္းစီထြက္လာတာဗ်ိဳ႕။ တစ္ခ်ိဳ႕ျမင္းႀကီးေတြဆို နည္းတဲ့ ေဒါက္ ႀကီးေတြမဟုတ္ဘူးဗ်ိဳ႕။ ၿပိဳင္ျမဳင္းလုပ္လို႔ရတဲ့အမ်ိဳးေလ ဗ်ာ။ ကိုဘထြန္းတို႔အမ်ိဳးေတြရွင္ျပဳကလည္းအစည္သားဗ်။ စုစုေပါင္း ရွင္ဆယ္ပါးဗ်။ ရဟန္းေလာင္းကႏွစ္ပါး။အလႉႀကီး ေပါ့ဗ်ာ။ထီးဂလိုင္႐ြာဦးေက်ာင္းႀကီးကလည္းလႊတ္က်ယ္တာဗ်ိဳ႕။ ထမင္းေကြၽး႐ုံႀကီးကလည္းက်ယ္ပါ့ဗ်ာ ။ အနီးအနား႐ြာ ေတြကလည္းလာေသးသဗ်။ လွည္းယာဥ္ေတြနဲ႔ လာၾကတာ ေလ။ ႐ြာလယ္လမ္းမႀကီးက ဖုန္တေထာင္းေထာင္းထၿပီး ျခဴသံ တ ခြၽင္ခြၽင္နဲ႔ေပါ့ဗ်ာ။ ျခဴသံဆိုတာ သိပ္ၾကာၾကာျပတ္ တယ္လို႔ မရွိဘူးဗ်။ လွည္းေတြကလည္းတစ္စီးၿပီးတစ္စီးဝင္ လာတာဗ်ိဳ႕။ ထီးဂလိုင္သားေတြရဲ႕ ဝက္သားခ်က္ကလည္း လႊတ္ေကာင္းဗ်ာ။ ခ်က္ထားလိုက္တဲ့ ဝက္သားကလည္း ႏူးအိေနတာဗ်ိဳ႕။ သရက္ခ်ဥ္သုတ္ကေလးကလည္း ခပ္ေျပေျပ ေလးဗ်ာ။ မယ္ဇလီ ႐ြက္ဟင္းခ်ိဳေလးကလည္း အခ်က္ေကာင္းေတာ့ မခါးဘဲဆိမ့္ ကိုေနတာဗ်ိဳ႕။ ထီးဂလိုင္ဆို တာက က်ဳပ္တို႔နယ္မွာ ပဲထြက္ ႏွမ္းထြက္ေကာင္းတဲ့႐ြာဗ်။ ဒီေတာ့ ခ်က္သမွ်ဟင္းေတြမွာ ဆီကိုနစ္ေနတာဗ်။ င႐ုတ္သီးေၾကာ္ဆိုလည္း ဆီအ႐ြဲသားနဲ႔ဗ်။အလႉလာတဲ့ ပရိတ္သတ္ေတြလည္းစားလိုက္ၾကတာဗ်ာ။ ေခါင္းကိုမေဖာ္ ဘူးဗ်ိဳ႕။ ကိုဘထြန္းနဲ႔ က်ဳပ္လည္းဗိုက္ေခြးနမ္းမတတ္ကိုႀကိတ္ လိုက္ၾကတာဗ်ိဳ႕။ထမင္းစားေသာက္ၿပီးေတာ့ ဧည့္ခံတဲ့ လက္ဖက္ကလည္း အေပၚမွာ ဆီလက္တစ္လုံးေလာက္ ျမဳပ္ေနတာဗ်။ က်ဳပ္အႀကိဳက္နဂါး ေဆးေပါ့လိပ္ ကလည္း အစည္းလိုက္ကို ဝိုင္းတိုင္းမွာ ခ်ထားတာဗ်ိဳ႕။ ဗိုက္တင္းေအာင္ ထမင္းစားၿပီး လက္ဖက္ကေလးနဲ႔အၾကမ္း ရည္ေလးေသာက္၊ နဂါးေဆးေပါ့လိပ္ကေလးဖြာဆိုေတာ့ မ်က္စိကေလးစဥ္းၿပီးလႊတ္ကို ဇိမ္က်ေနတာေပါ့ဗ်ာ။ က်ဳပ္တို႔အညာသားေတြအတြက္စည္းစိမ္ဆိုတဲ့အထဲမွာ နဂါးေဆးေပါ့လိပ္ကလည္း မပါမျဖစ္ထင္ပါရဲ႕ဗ်ာ။ အလွ်ဳၿပီးေနာက္တစ္ေန႔ေတာ့ ကိုဘထြန္းရဲ႕အကို ဝမ္းကြဲေတြ က ကိုဘထြန္းနဲ႔က်ဳပ္ကို႐ြာေတာင္ဘက္ကထန္းေတာႀကီးထဲ ကို ေခၚလာတယ္ဗ်ာ ။ ေနညိဳရင္ ေ႐ႊဘိုကိုလြမ္းတယ္ ဆိုတဲ စကားက ဒီလိုထန္းေတာႀကီးကို ေျပာတာထင္ပါရဲ႕ဗ်ာ။ ထီးဂလိုင္သားေတာ္ေတာ္မ်ားမ်ားကို ေတြ႕ရသဗ်။ ကိုဘထြန္းရဲ႕အကိုေတြျဖစ္တဲ့ ကိုထြန္းတင္တို႔ ကိုထြန္းရင္ တို႔က ကိုဘထြန္းနဲ႔ က်ဳပ္နဲ႔ကို မိတ္ဆက္ေပးၾကတယ္ ဗ်။ ထီးဂလိုင္သားေတြ လႊတ္ကိုခင္တတ္မွန္းကို က်ဳပ္လည္း ဒီေတာ့မွသိရတာဗ်ိဳ႕ ။ ျမင္တာနဲ႔ကို ခင္ၾကတာဗ် "ဟ ေနပါအုံး ဒီနာမည္ငါ ၾကားဖူး ပါတယ္ ထေနာင္းကုန္းက တာေတဟုတ္လား " ကိုေမာင္ပုဆိုတဲ့လူကထန္းရည္ေလးေထြေထြနဲ႔ က်ဳပ္ကို ၾကည့္ၿပီးေမးတယ္ "ဟုတ္ပါတယ္ဗ် တာေတဆိုတာက်ဳပ္ပါ " လို႔ ေျဖလိုက္ေရာ ကိုေမာင္ပုမ်က္ႏွာကဝမ္းသာသြားတဲ့ ပုံဘဲဗ် က်ဳပ္ကို ၿပဳံးၿပဳံးႀကီးလုပ္ၿပီးၾကည့္ေနတယ္။ " ဒီလိုကြ တာေတရ ၊မင္းတို႔႐ြာကေအာင္ခ်စ္နဲ႔ ငါက သူငယ္ခ်င္းကြ " ကိုေအာင္ခ်စ္အသံၾကားရေတာ့ က်ဳပ္ဆတ္ကနဲေတာင္တုန္ သြားမိတယ္။ "ဗ်ာ ကိုေမာင္ပုက ကိုေအာင္ခ်စ္နဲ႔သူငယ္ခ်င္းေတြလား" "ေအးေလကြာ ဒီေကာင္နဲ႔ ငါနဲ႔ကဝါသနာတူေတြေလကြာ တာေတရာ၊ဘာဝါသနာလဲ မင္းသိလား " "ဟာ က်ဳပ္မသိဘူးဗ် " "ဖဲေလကြာ ဖဲ၊ ဖဲ ဟား ၊ ဟား ၊ ဟား " "ေၾသာ၊္ ဟုတ္လား ၊ကိုေအာင္ခ်စ္ကေတာ့ဖဲဆိုလႊတ္ဝါသနာ ႀကီးတာဗ် " "ငါလည္းေအာင္ခ်စ္အတိုင္းဘဲကြ တာေတရ ၊ ငါတို႔ ႏွစ္ေယာက္ မိန္းမေတြ ဘာေတြယူဖို႔စိတ္မဝင္စားဘူးကြ၊ ဖဲပဲခ်ခ်င္တာ၊ ဖဲသာခ်ေနလို႔ကေတာ့ထမင္းမစားရလည္း ေနႏိုင္တဲ့ ေကာင္ေတြေဟ့" " အင္း ၊ က်ဳပ္ယုံပါတယ္ဗ်ာ ။ကိုေအာင္ခ်စ္နဲ႔က်ဳပ္ကေတာ္ ေတာ္ကို တြဲခဲ့ၾကတာဗ်။ကုန္ကုန္ေျပာရရင္ ကိုေအာင္ခ်စ္ေသ တဲ့အခ်ိန္ထိေပါ့ဗ်ာ" ထန္းရည္ဝိုင္းကက်န္တဲ့ လူေတြက တစ္ခ်ိဳ႕က ေဆးလိပ္ေလး ေတြဖြာလိူ႔ ၊ တစ္ခ်ိဳ႕ကလည္း ထန္းရည္ထည့္ထားတဲ့ အုန္းမႈတ္ ခြက္ကေလး ေမာ့လို႔ ၊တစ္ခ်ိဳ႕ကေတာ့ ေသာက္လုံးႀကီးတဲ့ သူေတြဆိုေတာ့ ျမဴအိုးလိုက္ေမာ့လို႔ေပါ့ဗ်ာ။ ဒါေပမဲ့ အားလုံး က က်ဳပ္နဲ႔ ကိုေမာင္ပု ေျပာတာကို နားစြင့္ေနတာဗ်။ "ဒါထက္တာေတရဲ႕။ ငါသူငယ္ခ်င္းေအာင္ခ်စ္ေသတဲ့ အေၾကာင္းကို နည္းနည္းေတာ့ ၾကားမိသကြ၊ ၿပီးေတာ့ေအာင္ခ်စ္ေသတဲ့ အခ်ိန္မွာမင္းကအနားမွာရွိတယ္ လို႔ မင္းတို႔႐ြာက ကိုဆိတ္ဖြားငါကိုေျပာဖူးတယ္ကြ" "ေၾသာ္ ၊ ကိုေမာင္ပုကို ကိုဆိတ္ဖြားေျပာတာလား ဟုတ္တယ္ဗ် ၊ ကိုေအာင္ခ်စ္ေသေတာ့ က်ဳပ္တို႔ ႐ြာေျမာက္ဘက္က မီးေလာင္ကုန္းသခ်ႋဳင္း ထဲမွာ ကိုေအာင္ခ်စ္ နဲ႔က်ဳပ္က မီးေလာင္ကုန္းကတ႐ုတ္ႀကီးအမိန္းရဲ႕ အသုဘမွာဖဲ ခ်ၿပီး ျပန္လာတာဗ် ။က်ဳပ္က ကိုေအာင္ခ်စ္နဲ႔ အေဖာ္လိုက္ရ တာေပါ့ဗ်ာ။ ည၂ခ်က္တီးေလာက္ မွာေသတာဗ် " " ဟာ... ည၂ခ်က္တီး ဟုတ္လား ၊ သခ်ႋဳင္းထဲမွာ ေသတာ၊ဟင္ ဘယ္လိုျဖစ္တာတုန္းကြ " ထန္းရည္ဝိုင္းက အားလုံး ဝိုင္းၿပီး တစ္ေယာက္တစ္ေပါက္ ေမးၾကတာဗ်။ ၿပီးေတာ့မွ ကိုေမာင္ပု ကေျပာတယ္။ "သခ်ႋ ုင္းထဲ မွာ အခ်ိန္မေတာ္ႀကီး ေသတယ္ဆိုတာေတာ့ ငါသိတယ္ တာေတရ။ ဘယ္လိုဘယ္ပုံေသတယ္ဆိုတာေတာ့ ငါမသိဘူးကြ ၊ ႏို႔ ဘယ္လိုျဖစ္တာတုံးကြာ " က်ဳပ္လည္းဒီအေၾကာင္းကို ျပန္မေျပာခ်င္ေပမဲ့ သူတို႔က သိပ္သိခ်င္ေနတာဆိုေတာ့လည္း ေျပာရေတာ့မွာေပါ့ဗ်ာ။ " ပိုးထိတာေနမွာ ေပါ့ ေမာင္ပုရာ " ကိုအုန္း ဆိုတဲ့သူက သူ႔ထင္ေၾကးကို ဝင္ေျပာတယ္။ "ပိုးထိတာ မဟုတ္ဘူးဗ် အသတ္ခံရတာ" " ဟာ အသတ္ခံရတာ ဟုတ္လား " "ဒါဆို ဘယ္သူသတ္တာတယ္ဆိုတာ မင္းသိမွာေပါ့ တာေတရ၊ ရဲကို မင္း မေျပာဘူးလား" က်ဳပ္ကသူတို႔ကိုေခါင္းခါျပတယ္ ။သူတို႔ကေတာ့ က်ဳပ္ဘာ ေျပာမွာတုန္းဆိုတာကိုစိတ္ဝင္စားေနၾကတာဗ်၊ "သိတာေပါ့ဗ်ာ ကိုေအာင္ခ်စ္ကို မဖဲဝါသတ္တာ" "ေဟ" "မဖဲဝါ ဟုတ္လား" အားလုံးတအံ့တၾသနဲ႔ က်ဳပ္ကိုၾကည့္ေနၾကတယ္။တခ်ိဳ႕က ေတာ့ ဟုတ္ပါ့မလားဆိုတဲ့ အၾကည့္နဲ႔ေပါ့ဗ်ာ ။ " မဖဲဝါ ဆိုတာ သရဲမပဲကြ တာေတရ " "ဟုတ္တယ္ ကိုေမာင္ပုရဲ႕ အဲ့ဒီ့မဖဲဝါက ကိုေအာင္ခ်စ္ကိုသတ္ လိုကၱာ" "ေဟ ဘယ္လိုျဖစ္ရတာတုန္းတာေတရာ" "အင္း ၊ ဒီလိုဗ် ကိုေမာင္ပုရဲ႕၊ မီးေလာင္ကုန္းက တ႐ုတ္ အသုဘမွာဖဲသြားခ်ဖို႔ ကိုေအာင္ခ်စ္က က်ဳပ္ကိုအေဖာ္ ္ေခၚတယ္၊ အဲ့ဒီမွာ ၿမိဳ႕ကတ႐ုတ္ေတြ ေရာက္ေနတာ။ သူေဌးေတြခ်ည္းပဲတဲ့၊အဲ့ဒီလူေတြကိုသူႏိုင္ေအာင္ကစားမယ္ လို႔ေျပာတယ္ " "ေၾသာ္ ၊ ေၾသာ္ " "က်ဳပ္ကေတာ့သတိေပးတာေပါ့ဗ်ာ။ကိုေအာင္ခ်စ္ ၿမိဳ႕ကလူေတြကိုႏိုင္ေအာင္ ယွဥ္ကစားလို႔ခင္ဗ်ားႏိုင္ပါ့ မလား လို႔ဆိုေတာ့ ကိုေအာင္ခ်စ္ကက်ဳပ္ကို ေျပာတယ္ဗ်။ သူမွာဖဲႏိုင္ေအာင္ ကစားႏိုင္တဲ့နည္းေတြရွိတယ္တဲ့ဗ် " "ေဟဟုတ္လား ၊ ဘာနည္းေတြမ်ားပါလိမ့္ " ကိုေမာင္ပုကလည္း ဖဲသမားဆိုေတာ့ ဖဲႏိုင္ေအာင္ကစားႏိုင္ တဲ့ နည္းဆိုတာကို စိတ္၀င္စားတာေပါ့ဗ်ာ။ "ေမာင္ပုရာ မင္းကတစ္မ်ိဳး ၊ ၿငိမ္ၿငိမ္နားေထာင္စမ္းပါကြ " ကိုေမာင္ပုရဲ႕ သူငယ္ခ်င္းေတြက သူ႔ကိုဝိုင္းေအာ္ၾကတယ္ဗ်ိဳ႕။ " အဲ့ဒီညခုႏွစ္နာရီေလာက္မွာ ကိုေအာင္ခ်စ္ေခၚလို႔ ္လိုက္သြားတယ္။ မီးေလာင္ကုန္းသခ်ႋဳင္းကိုေရာက္ေတာ့ ကိုေအာင္ခ်စ္က ေျပာတယ္ဗ် " "တာေတခဏေနအုံးကြ၊ ဒီည ငါကစီးပြားျဖစ္ဖဲ႐ိုက္မွာဆိုေတာ့ ငါ့အစြမ္းတစ္ခုတည္းနဲ႔ မျဖစ္ဘူးကြ၊မဖဲဝါရဲ႕ အကူအညီ ကို လည္းေတာင္းရအုံးမွာ" "ဗ်ာ...မဖဲဝါ ဟုတ္လား " "ေအးဟုတ္တယ္ေလ၊ ဘာလဲမင္းကမဖဲဝါဆိုေတာ့ လန္႔သြားလို႔လား" လို႔ေျပာၿပီး လက္ထဲကအထုပ္ကိုဂူေပၚတင္ၿပီး ျဖည္တယ္။ က်ဳပ္ေသေသခ်ာခ်ာ မွတ္မိတယ္။ ကိုေမာင္ပုရဲ႕ သူႀကီးဦးသူေတာ္ ဂူေပၚမွာျဖည္တာ။ " ဘာအထုပ္ကို ျဖည္တာတုံး တာေတရ " " ေခါက္ဆြဲ ေၾကာ္ထုပ္ဗ် ။ ကိုေအာင္ခ်စ္က မဖဲဝါကိုေကြၽးဖို႔ ဆိုၿပီး က်ဳပ္တို႔႐ြာက အပိန္႔ ေခါက္ဆြဲေၾကာ္ ဆိုင္ကအေကာင္း စားမွာလာတာဗ်။ " ေၾသာ္...ေၾသာ္ မဖဲဝါကို ေခါက္ဆြဲေကြၽးတာကိုး " ထန္းရည္ ဝိုင္းကလူတစ္ေယာက္က ေခါင္းေလး တညိတ္ညိတ္ လုပ္ၿပီး၀င္ေျပာသဗ်။ "ဟုတ္တယ္ဗ် ။ ကိုေအာင္ခ်စ္ကမဖဲဝါကိုေသေသခ်ာခ်ာ ပင့္ဖိတ္ၿပီး ေခါက္ဆြဲေၾကာ္ေကြၽးတာ ၿပီးေတာ့ ဖဲႏိုင္ေအာင္ လုပ္ေပးပါ ထူးထူးျခားျခားႏိုင္ရင္ ေနာက္တစ္ေန႔မွာ မဖဲဝါကို ဒီေနရာမွာဘဲ အမဲသားသုံးပိႆာ ခ်က္ေကြၽးပါ့မယ္လို႔ ေသေသခ်ာခ်ာ ကတိျပဳတာဗ် " "ႏို႔ေနပါအုံး တာေတရ ေအာင္ခ်စ္ေကြၽးတဲ့ ေခါက္ဆြဲေၾကာ္ ကို မဖဲဝါစားလို႔လား" ကိုေမာင္ပုကက်ဳပ္ကို ေထာက္ေမးတယ္ဗ်။ " ဟာ စားပါၿပီလားကိုေမာင္ပုရာ၊ က်ဳပ္ေသခ်ာကိုၾကည့္ေနတာ ေခါက္ဆြဲေၾကာ္ေတြမွၿပိဳက္ကနဲ ၿပိဳက္ကနဲ ကုန္သြားတာဗ်" "ေဟ ဟုတ္လား" အားလုံးအံ့ၾသကုန္ၾကတာဗ်ိဳ႕။က်ဳပ္လည္းဆက္ၿပီးေျပာရတာ ေပါ့ေလ "ႏို႔ ေနပါဦး တာေတရ ၊ အဲ့ဒီ့ညက ေအာင္ခ်စ္ဖဲေရာႏိုင္လား" "ဟာ ေမာင္ပုရာ ခင္ဗ်ား သူငယ္ခ်င္း ကိုေအာင္ခ်စ္ကိုႏိုင္ လိုက္တာမွဗ်ာ။တစ္ဝိုင္းလုံး ရွိသမွ် တ႐ုတ္ေတြရဲ႕ ပိုက္ဆံေတြသူ႔ဆီေရာက္တာဗ်ိဳ႕ ။ နာရီ လက္စြပ္ေတြအကုန္ေရာက္တာဗ်။ ရန္ကုန္ကလာတဲ့တ႐ုတ္ေတြဆိုတာ ခါးဝတ္ခါးစားပဲ က်န္ေတာ့တာဗ် " "ဟာဒါဆိုမဖဲဝါကေအာင္ခ်စ္ကို တကယ္ကူညီလိုက္တာေပါ့ကြ တာေတရ" " အို ကူညီလိုက္တာမွဗ်ာ၊ အဲ့ဒီ့ညအိမ္ျပန္ေတာ့ က်ဳပ္မွာ ကိုေအာင္ခ်စ္ ႏိုင္ထားတဲ့ ေငြထုပ္ႀကီးကိုထမ္းလိုက္ရတာဗ်ာ" "ဟာ..." ထန္းရည္ ဝိုင္းတစ္ခုလုံး စိတ္၀င္စားေနတာဗ်ိဳ႕။ ထန္းရည္ ေတာင္ ထပ္မေမာ့ၾကေတာ့ဘူး။ ေအး ဒီေတာ့ ေအာင္ခ်စ္က မဖဲဝါကို အမဲသားသုံးပိႆာေကြၽး ေရာလားကြ " ကိုေမာင္ပု က သူသူငယ္ခ်င္းအေၾကာင္းကို ေတာ္ေတာ္ သိခ်င္ေနပုံပဲဗ်။ က်ဳပ္က ဒီေနရာမွာ အလိုလိုသက္ျပင္းခ်လိုက္ မိတယ္။ "အဲဒီမွာ ျပႆနာစတာေပါ့ဗ်ာ " "ေဟ ဘယ္လိုျဖစ္တာတုန္းကြ ။ သူ႔ကို ဒီေလာက္ သိသိ သာသာ လုပ္ေပးထားတာပဲကြာ။ သူကတိအတိုင္းေကြၽးရမွာေပါ့ကြာ " " ကိုေအာင္ခ်စ္က ေကြၽးဖို႔ေတာ့လုပ္တယ္ဗ်။ ၿမိဳ႕ကိုလူလႊတ္ၿပီး အမဲသားဝယ္ခိုင္းတယ္။ ဒါေပမဲ့အမဲသားရမလာဘူးဗ် " "ဟာ " ကိုေမာင္ပုလည္းအံ့ၾသသြားတယ္ဗ်။ ကိုအုန္းဆိုတဲ့လူကဝင္ေျပာတယ္။ " ဝယ္မရရင္လည္း ေတာင္းပန္ထားၿပီးရတဲ့ေန႔ ေကြၽးရင္ ရမွာေပါ့ကြာ " " ေအးဗ်ာကိုေအာင္ခ်စ္က အဲ့ဒီလို႔မလုပ္ဘူးဗ် ။ ဖဲႏႈိင္တာဟာ မဖဲဝါလုပ္ေပးတာ ဟုတ္ခ်င္မွလည္းဟုတ္မွာပါ တဲ့ေလ ။ သူ႔အစြမ္းနဲ႔ သူႏိုင္တာ ျဖစ္ခ်င္ျဖစ္မွာေပါ့လို႔ က်ဳပ္ကို ေျပာတယ္။ၿပီးေတာ့ ကိုေအာင္ခ်စ္က က်ဳပ္ကိုေတာင္ ဆူေသးတာဗ်။ မဖဲဝါကိုဒီေလာက္ေၾကာက္ေနရေသးလား ေပါ့ဗ်ာ။ အဲ့ဒီ ညဖဲသြား႐ိုက္ေတာ့ ကိုေအာင္ခ်စ္ရႉံးလိုက္တာမွ ပက္ပက္စက္စက္ကို ရႉံးတာဗ်ိဳ႕။တစ္လွည့္မွမႏိုင္တာ" " ေဟ ပထမည ႏိုင္တာေတြ ကုန္ေရာလားကြ " " ဟာ မကုန္ဘူးဗ် ၊ ကိုေမာင္ပုရဲ႕ ။ ခင္ဗ်ားလူကလည္း လူပါးပဲ။ အကုန္ျပန္ယူလာတာမဟုတ္ဘူးဗ် " "ဟား ၊ ဟား ၊ ဟား ၊ ဟား ".... က်ဳပ္ ေျပာလိုက္တာကို သေဘာက်ၿပီး ဝိုင္းရယ္ေနတယ္။ က်ဳပ္က ဆက္ေျပာျပတယ္။ " အဲ့ဒီည မီးေလာင္ကုန္းကအျပန္မွာ ကိုေအာင္ခ်စ္ အရက္ေတာ္ေတာ္ မူးေနတာဗ်။ လက္ထဲမွာလည္းအရက္ ပုလင္းႀကီးကိုင္ၿပီး လမ္းေလွ်ာက္ေသာက္လာတာ၊ မီးေလာင္ကုန္းသခ်ိဳင္းလည္းေရာက္ေရာ မဖဲဝါကို စဆဲေတာ့တာပဲဗ်ာ " " ဟာ ၊ ဆဲတယ္ ဟုတ္လား ေအာင္ခ်စ္ ေတာ္ေတာ္မွားသြားတာပဲကြာ " ကိုေမာင္ပုအံ့ၾသၿပီး ေျပာတယ္။ " က်ဳပ္လည္းသူ႔ကိုအမ်ိဳးမ်ိဳးေျပာပါတယ္ဗ်ာ ။ ဘယ္လိုေျပာလို႔မွကို မရတာ။ လူကလည္းေတာ္ေတာ္ ေလးမူးေနၿပီေလဗ်ာ။ က်ဳပ္ကိုေတာင္ ေဟ့ေကာင္ တာေတ မင္းေၾကာက္ရင္ ေရွ႕က သြားႏွင့္ ဒီေကာင္မနဲ႔ငါဒီညစရင္းရွင္းမယ္ေျပာၿပီး ထပ္ဆဲေတာ့တာ ဘဲဗ်ာ။ က်ဳပ္လည္းစိတ္ပ်က္သြားတာနဲ႔ သူအနားကထြက္လာ ခဲ့တာ ေျခေလးငါးလွမ္းဘဲလွမ္းရေသးတယ္ဗ်ာ ။ အုန္း အုန္းဆိုတဲ့အသံႀကီးၾကားလို႔ ေနာက္ကိုလွည့္ၾကည့္ လိုက္ေတာ့ကိုေအာင္ခ်စ္လက္ထဲကအရက္ပုလင္းလြတ္က် သြားၿပီးေရွ႕ကိုဒူးၫြတ္က်သြားတယ္။ သူေနာက္မွာဆံပင္ဖား လ်ားႀကီးခ်ၿပီး မားမားႀကီးရပ္ေနတာမဖဲဝါႀကီးဗ် ။ အရပ္ႀကီးကလည္းဆယ္ေပေလာက္ရွိမယ္ ထင္တယ္ ကိုေမာင္ပုရဲ႕ ၊မ်က္လုံးႀကီးေတြမ်ားဗ်ာ အၾကမ္းပန္းကန္ ေလာက္ရွိမယ္ဗ် ။ နီရဲၿပီး အေရာင္ေတြ ေတာက္ေနတာဗ်ိဳ႕" " ႏို႔ေအာင္ခ်စ္ ဘာျဖစ္သြားတုံး" ကိုေမာင္ပုက က်ဳပ္ကို ေမးတယ္ ။ "ဘာျဖစ္ရမွာတုန္း ကိုေမာင္ပုရယ္ ၊ ေသြးေတြအန္ေတာ့ တာ ေပါ့ဗ်ာ။ေဝါကနဲ ေဝါကနဲ ႏွစ္ခ်က္ထိုးအန္ၿပီးေမွာက္လ်ားထိုး လဲက်သြားေတာ့တာေပါ့ဗ်ာ။ မဖဲဝါႀကီးလည္းေပ်ာက္သြားေရာဗ်ိဳ႕ " " အို ျဖစ္မွ ျဖစ္ရေလကြာ " က်ဳပ္စကားဆုံးေတာ့ ကိုေမာင္ပုလည္းေတာ္ေတာ္ကို စိတ္မေကာင္းျဖစ္သြားတာဗ် ။ ထန္းရည္ ဝိုင္းတစ္ခုလုံး ၿငိမ္ၿပီး ေတြးေနက်တာဗ်။ " လတ္စသတ္ေတာ့ မဖဲဝါ ဆိုတာ တကယ္ရွိတာပါလား" လို႔ ကိုေမာင္ပုက ၀င္ေျပာတယ္ ။ "ဟာ ၊ ရွိပါၿပီလား ေမာင္ပုရာ၊ ငါ့အဘေျပာဖူးတယ္ကြ။ ႐ြာအေနာက္ကကခ်ႋဳင္းထဲကေန ဆံပင္ႀကီးဖားလ်ားခ်ၿပီး ေခါင္းႀကီးတစ္လုံးထမ္းသြားတဲ့ မဖဲဝါႀကီးကိုသူျမင္ လိုက္ရတယ္ဆိုပဲ ။ ငါအဘကသခ်ႋဳင္းေဘးက လွည္းလမ္း အတိုင္းလွည္းေမာင္းလာတာဆိုပဲ၊ ႏြားေတြဆိုတာ လန္႔ၿပီး ပဒပ္ရပ္ေနၾကတာတဲ့ေဟ့။ ေရွ႕မတိုးေတာ့ဘူးတဲ့ေဟ့ ။ အဲ့ဒါနဲ႔အဘကႏွင္တံနဲ႔ခပ္နာနာထိုးမွ ဆက္သြားၾကတာဆိုပဲ" ကိုထန္းဖူးဆိုတဲ့ လူက ကိုေမာင္ပုကို ေျပာျပတာဗ်။ စကားဝိုင္းေလးက ေတာ္ေတာ္ေကာင္းသြားတာဗ်ိဳ႕။ သူၾကား ဖူးတာ ၊ ကိုယ္ၾကားဖူးတာ ေျပာၾကတာေပါ့ဗ်ာ။ ထန္းရည္ ဆိုတာလည္း တစ္ျမဴၿပီး တစ္ျမဴခ်ေပးရတာဗ်ိဳ႕။ အျမည္းကေတာ့ အမဲ ေၾကာ္ေပါ့ဗ်ာ။ အဲ ေျပာရဦးမယ္ဗ်၊ တာေတဆိုတဲ့ က်ဳပ္က အညာသားဆိုေပမယ့္ ထန္းရည္ေတာ့ မႀကိဳက္ဘူးဗ်။ အခုလည္း မိတ္ျဖစ္ေဆြျဖစ္ အေနနဲ႔ သာ အာစြပ္႐ုံက်ဳပ္ ေသာက္တာဗ်ိဳ႕။ ေသာက္ကို မေသာက္ႏိုင္တာ။ အဲ့ဒီ့ညေန ကေတာ့ ပခန္းကိုႀကီးေက်ာ္တို႔ သိပ္ႀကိဳက္တဲ့ ညေနမ်ိဳး ထင္ပါရဲ႕ ဗ်ာ။လႊတ္ေပ်ာ္ဖို႔ ေကာင္းတာဗ်ိဳ႕။ က်ဳပ္ကိုလည္း ေတာ္ေတာ္ခင္ သြားၾကတာ။ ထီးဂလိုင္ကိုမၾကာခဏ အလည္လာဖို႔ ထပ္ကာထပ္ကာ ဖိတ္ေခၚၾကတယ္။ တာေတ ဆိုတဲ့ က်ဳပ္ကလည္း လာလည္ ပါ့မယ္လို႔ ကတိက၀တ္ ေတြျပဳရတာေပါ့ဗ်ာ။ အားလုံးစား ေသာက္ၿပီးေတာ့ ႐ြာထဲကို အုပ္လိုက္ႀကီး ျပန္၀င္က်တာေပါ့ ဗ်ာ။ အားလုံး လမ္းေလွ်ာက္ တာ ေကာ့လန္ေကာ့လန္နဲ႔ဗ်။ အဲ ေျပာရဦးမယ္။ လူဆိုတာ အရက္မူးရင္ အေရွ႕ကိုစိုက္ သြားတတ္တယ္ဗ်။ ထန္းရည္မူးရင္ ေနာက္ကို လန္ၿပီးမူး တာေလဗ်ာ။ အမူးလြန္လို႔ လဲရင္လည္း အရက္သမား က ေရွ႕ကို ေမွာက္လ်ားထိုးလဲတာဗ်။ ထန္းရည္ သမားမ်ားက်ေတာ့ မူးၿပီဆိုရင္ ေနာက္ကို ပက္လက္ လန္ၿပီး လဲတာဗ်ိ႕။ ေနာက္ေန႔ေရာက္ေတာ့ ကိုဘထြန္းနဲ႔ က်ဳပ္႐ြာကို ျပန္ခဲ့ၾကတယ္။ က်ဳပ္တို႔ႏွစ္ေယာက္လွည္းႀကဳံလိုက္လာတာဗ်။ လွည္းႀကဳံကလည္းယင္းေခ်ာင္းမေရာက္ခင္တစ္တိုင္ေလာက္ အလို(ႏွစ္မိုင္)ကေတာင္ခ်ိဳင့္ဆိုတဲ့ ႐ြာအထိေရာက္တာ။ ယင္းေခ်ာင္းဟိုဘက္ကို က်ဳပ္နဲ႔ကိုဘထြန္းကုန္းေၾကာင္းသြား ၾကမွာဗ်။ ဒီခရီးေလာက္ကေတာ့ က်ဳပ္တို႔ကသြားေနၾကပါဗ်ာ ေတာင္ခ်ိဳင့္ကေနထြက္လာေတာ့ညေနေတာ္ေတာ္ေစာင္း ေနၿပီ ။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ဳပ္တို႔လွည္းႀကဳံလိုက္လာတဲ့ ကိုခ်ိဳ ဆိုတဲ့လူကသူတို႔အိမ္ကို အတင္းဝင္ပါဆိုၿပီးဇြတ္ အိမ္လည္ေခၚေနတာဗ်ိဳ႕။က်ဳပ္တို႔ ႏွစ္ေယာက္လည္းအားနာ တာနဲ႔ လိုက္ခဲ့ၾကတာ။ သူ႔အိမ္ေရာက္ေတာ့လည္း ညေနစာ စားၿပီးမွ သြားပါလို႔ ဇြတ္ဆြဲျပန္ေရာဗ်ိဳ႕။ လႊတ္သေဘာ ေကာင္းတဲ့ ကိုခ်ိဳတို႔မိသားစုကို အားနာတာနဲ႔ ညေနစာစားၾက ရတာေပါ့ဗ်ာ။ ဒါေၾကာင့္ညေနေစာင္းမွေတာင္ခ်ိဳင့္က ထြက္ျဖစ္ေတာ့တာဗ် ။ေတာင္ခ်ိဳင့္ကထြက္လာေတာ့ အံ့ၾသစရာဗ်ာ။ ေကာင္းကင္မွာမိုးသားမည္းမည္းေတြတက္ လာလို႔ဗ်ိဳ႕ ။ "ဟာ ကိုဘထြန္းေရ မိုးေတြခ်က္ခ်င္းတက္လာပါလားဗ်ိဳ႕ " "ေအးကြ တာေတရ ၊ ယင္းေခ်ာင္းေရာက္ေအာင္ ခပ္သုတ္သုတ္ကေလးေလွ်ာက္ရေအာင္ေဟ့ ။ ကိုခ်ိဳတို႔အိမ္သားေတြ အတင္းဆြဲတာနဲ႔ထမင္းစားေနလို႔ ေနာက္က်သြားတာကြ " " ဟာ ကိုဘထြန္းရယ္ သူတို႔ကလည္း က်ဳပ္တို႔ ႏွစ္ေယာက္ကို ေတြ႕ေတြ႕ခ်င္း ကို ခင္တာဗ်။ လႊတ္သေဘာေကာင္းတဲ့ မိသားစုပါဗ်။ဒီေတာ့လည္း ထမင္းစားဖို႔ကို ဘယ္ႏွယ့္လုပ္ ျငင္းမလဲ ဗ်ာ " က်ဳပ္နဲ႔ကိုဘထြန္းတို႔ခပ္သုတ္သုတ္ေလွ်ာက္ၾကတယ္။ ကိုဘထြန္းကက်ဳပ္ထက္ငါးႏွစ္ေလာက္ေတာ့ႀကီးမွာဗ်။ သူကလူကေတာ့လူဗလံကေလး။ က်ဳပ္ထက္ ေတာင္နည္းနည္းညႇက္ခ်င္ေသးတယ္ ။ဒါေပမဲ့လူကေတာ့ လူလ်င္ လူသြက္ဗ်ိဳ႕။ ယင္းေခ်ာင္းမေရာက္ခင္ မိုးမိမွာစိုးၿပီး ယင္းေခ်ာင္းကိုခပ္သုတ္သုတ္ ေလွ်ာက္သြားေနတာကို က်ဳပ္က သူ႔ေနာက္ကေန အလ်ားထိုး လိုက္ေနရသဗ်ိဳ႕။ က်ဳပ္တို႔ႏွစ္ေယာက္လည္းယင္းေခ်ာင္းလည္းေရာက္ေရာ ေကာင္းကင္မွာ မိုးေတြမည္းေနၿပီဗ် ။ အခ်ိန္ကလည္းမိုးခ်ဳပ္ စျဖစ္ၿပီ ဗ် ။ "ကဲတာေတ သတိထားကူးေဟ့..မိုးေတာ့လြတ္ေသးကြ " ေျပာေျပာဆိုဆိုနဲ႔ ကိုဘထြန္းက ပုဆိုးခါးေတာင္းက်ိဳက္တယ္။ က်ဳပ္လည္းကပ်ာကယာပုဆိုးခါးေတာင္းက်ိဳက္လိုက္တာေပါ့ဗ်ာ က်ဳပ္တို႔ႏွစ္ေယာက္ေခ်ာင္းထဲဆင္းခဲ့ၾကတယ္။ ယင္းေခ်ာင္းက ေရစီးသန္ေတာ့ေအာက္ကသဲေျမမွာၾကာၾကာ ရပ္လို႔ရတာမရဘူးဗ် ။ရပ္ရင္သဲကကြၽံ၀င္သြားေတာ့ လူက ယိုင္ၿပီး ဟန္ခ်က္ပ်က္သြားတတ္တယ္ ။ဒါေၾကာင့္ေအာက္က နင္းထားတဲ့သဲကြၽံဝင္မသြားေအာင္ ခပ္သုတ္သုတ္ေလွ်ာက္ ၾကရတာ ။ က်ဳပ္တို႔ႏွစ္ေယာက္ေခ်ာင္းထဲ ေျခလွမ္း ဆယ့္ငါးလွမ္းေလာက္ပဲေလွ်ာက္မိတယ္ဆိုရင္ပဲ က်ဳပ္က ေခ်ာင္းအထက္ပိုင္းကိုလွမ္းၾကည့္မိတယ္ ဗ်ိဳ႕ ။ "ဟာ ကိုဘထြန္း ေရေတြလာၿပီ ၊ေနာက္ျပန္ေျပး ေနာက္ျပန္ေျပး " ေတာင္က်ေရဗ်ိဳ႕။ က်ဳပ္ကေနာက္ျပန္ေျပးတယ္ ။ ဘယ္လြတ္မတုံးဗ်ာ။ ေတာင္က်ေရပဲ လူမေျပာနဲ႔ ၊ ျမင္းေျပးေတာင္မလြတ္ဘူးဗ် ။ က်ဳပ္ေရာ ကိုဘထြန္းေရာ ေရလုံး႐ိုက္ၿပီး ပါသြားတယ္ ။ ဒါေပမဲ့ က်ဳပ္ေရာ ကိုဘထြန္း ေရာကေရကူးလည္းသန္တယ္ ။ သတိလည္းေကာင္းတယ္ ဆိုေတာ့ ကမ္းဟိုဘက္ကိုကူးၾကတာေပါ့ဗ်ာ။ ေခ်ာင္းထဲမွာေမွာင္သြားၿပီဗ်။မိုးခ်ဳပ္တာေရာ၊ မိုးေမွာင္တာေရာ ေပါင္းၿပီး မည္းေမွာင္သြားၿပီ။ "ေဝါ ၊ ေဝါ " ေၾကာက္စရာေကာင္းတဲ့ေရစီးသံႀကီးကို ၾကားေနရတာ ေသြးပ်က္စရာပဲဗ်ာ။ေခ်ာင္းေရကလည္းခ်က္ခ်င္းကိုျပင္က်ယ္ ႀကီးျဖစ္သြားၿပီး ကမ္းကေဝးသြားေတာ့ က်ဳပ္တို႔ႏွစ္ေယာက္ ေတာ္ေတာ္ကို ကူးေနရတာေပါ့ဗ်ာ။ ေရစီးနဲ႔ေမ်ာလည္းေမ်ာေနၾကတာေပါ့ဗ်ာ။ "အား" ဟာ ၊ ကိုဘထြန္းေအာ္သံဗ်ိဳ႕။ က်ဳပ္ လန္႔သြားတယ္။ ဘာမွလည္းမျမင္ရေတာ့ဘူး ။ ေမွာင္ပိန္းေနၿပီ။ "ကိုဘထြန္းဘာျဖစ္တာတုံး " "တာေတေရ ငါ့ ေျခေထာက္ကိုသစ္တုံးႀကီးတိုက္သြားတာ၊ က်ိဳးၿပီထင္တယ္ " ကိုဘထြန္းစကား ဆုံးတယ္ဆိုရင္ပဲ က်ဳပ္ကမ္းစပ္ ေရာက္သြားတယ္။ေျခေထာက္လို႔ရသြားၿပီ။ " ကိုဘထြန္း ၊ ကိုဘထြန္း ၊ ခင္ဗ်ား ဘယ္မွာတုန္း " ေအာ္ေမးေတာ့... "ငါဒီမွာကြ တာေတရ .. ကမ္းစပ္ေရာက္ၿပီ" "ေဝါ ၊ ေဝါ ၊ ေဝါ ၊ ဂ်ိန္း၊ ဂ်ိန္း " အို ႐ြာလိုက္တဲ့မိုးဗ်ာ ၊ မိုးသံေရာ ေရစီးသံေရာ မိုးၿခိမ္းသံေရာ ။ က်ဳပ္လည္း ကိုဘထြန္း အသံကိုမွန္းၿပီးေျပးသြားရတယ္။ ေတြ႕ၿပီ ၊ ေတြ႕ၿပီ ကိုဘထြန္း က ထေနာင္းပင္ရဲ႕ပင္စည္ကိုမွီၿပီး ထိုင္ေနတယ္။ လွ်ပ္တစ္ခ်က္လက္လိုက္တဲ့အခ်ိန္မွာ သူ႔ကိုက်ဳပ္ေတြ႕သြားတာဗ်။ သူကလည္းက်ဳပ္ကိုျမင္သြားတယ္ "တာေတ ၊ လာ လာ ငါ ဒီမွာ ငါ့ေျခေထာက္ေတာ့ သစ္တုံးႀကီးဝင္ေဆာင့္သြားတာက်ိဳးသြားၿပီထင္တယ္ကြ ၊ ငါေခါင္းေတြ လည္းမူးေနာက္ေနတယ္။ဘာျဖစ္မွန္းမသိဘူး တာေတ" က်ဳပ္ ကိုဘထြန္းကို ခ်က္ခ်င္းမထူေပးၿပီး က်ဳပ္ကိုေက်ာပိုးခိုင္း တယ္ ။ " ကိုဘထြန္း ဒီေနရာက မၾကာမီ ေရျမဳပ္ေတာ့မွာ" ကိုဘထြန္းက လူဗလံေလးဆိုေတာ့ က်ဳပ္အသာေလးေက်ာပိုး ႏိုင္တာေပါ့ဗ်ာ။ "ဘယ္သြားမွာတုန္း တာေတ " "ေတာင္ခ်ိဳင့္ကိုဘဲ ျပန္ရမွာေပါ့ဗ်ာ" "မင္း လမ္းသိလို႔လား " " လမ္းေတာ့မသိဘူးဗ် ။ က်ဳပ္တို႔ ေခ်ာင္းထဲမွာေမ်ာသြားတာ လည္း ဘယ္ေလာက္ေဝးသြားမွန္းမသိဘူး။ ဒါေပမဲ့ လွ်ပ္လက္ တဲ့အေရာင္နဲ႔ၾကည့္ၿပီးသြားၾကတာေပါ့ဗ်ာ။ ေတာင္ခ်ိဳင့္မေရာက္လည္း ေရာက္တဲ့႐ြာမွာ ဝင္ၿပီးအကူအညီ ေတာင္းဖို႔ေပါ့ ဗ်ာ" ကိုဘထြန္း ကိုေက်ာပိုးၿပီး ခပ္သြက္သြက္ေလ်ာက္လာတယ္။ ကိုဘထြန္းကေတာ့က်ဳပ္ရဲ႕ေက်ာေပၚမွာေမွးေနတယ္ဗ် ။ ဘာမွမေျပာေတာ့ဘူး ။ "ဟာ ၊ ဟိုမွာ ဟိုမွာ " က်ဳပ္အသံၾကားေတာ့ ကိုဘထြန္းကေမးတယ္ ။ " ဟင္ ဘာတုံး တာေတ " " ဟိုေရွ႕မွာ အိမ္ႀကီးတစ္လုံးဗ် ။ မီးေရာင္ေတာ့မေတြ႕ဘူး။ လူေတာ့ရွိမွာပါ ။ မိုးေတြ ေလေတြနဲ႔ဆိုေတာ့ မီးမႈတ္ၿပီး ေစာေစာအိပ္ခ်င္ အိပ္ေနၾကမွာေပါ့ ဗ်ာ။အဲဒီမွာဝင္ၿပီးမိုးခိုရ ေတာ့မွာပဲဗ်ာ " မိုးေတြကလည္း ေရေတြသြန္ခ်သလို ကို႐ြာတာဗ်။ ေတာ္ေတာ္ကေလး သြားလိုက္ေတာ့မွ လွည္းလမ္းေၾကာင္း တစ္ခုကိုေတြ႕တယ္ ။လွည္းလမ္းေၾကာင္းကိုေက်ာ္လိုက္ ေတာ့အိမ္ဝင္းႀကီးတစ္ခုထဲကို ေရာက္လာတယ္။ လွ်ပ္စီးတစ္ခ်က္အလက္မွာ အိမ္ႀကီးဆီကိုၾကည့္လိုက္ေတာ့ တံခါးႀကီးပြင့္ေနတယ္ဗ်။ ခပ္ဟဟေလးပြင့္ေနတာ လူရွိရွိ မရွိရွိ ဗ်ာ မိုးေတာ့ဝင္ခိုလို႔ရၿပီ ဆိုၿပီးက်ဳပ္ ဝမ္းသာသြားတယ္ ။ ကိုဘထြန္းကို ေက်ာပိုးရင္း အိမ္ႀကီးရဲ႕ တခါးမႀကီးကိုတြန္းဖြင့္ ဝင္လိုက္တယ္ ။ အိမ္ႀကီးကလည္းေမွာင္မည္းေနတာဗ် ။ ဘာမွကိုမျမင္ရဘူး။ က်ဳပ္အိမ္ထဲကို ဝင္လိုက္တယ္ တစ္လွမ္း ႏွစ္လွမ္း ၊ သုံးလွမ္း "ရပ္ " က်ဳပ္တစ္ကိုယ္လုံးၾကက္သီးေတြ ျဖန္းကနဲ ထသြားတယ္ဗ်။ ေမွာင္ထဲက ထြက္လာတဲ့ အသံႀကီးဗ်။ အသံကခပ္ၾသၾသႀကီး ဗ်။ ေယာက္်ားႀကီးတစ္ေယာက္ရဲ႕ အသံပဲ ။ "ကိုဘထြန္း ကိုဘထြန္း" က်ဳပ္ကေခၚလိုက္တာ ကိုဘထြန္းက ျပန္မထူးဘူး က်ဳပ္ပခုံးေပၚမွာေခါင္းမွီၿပီး အိပ္ေပ်ာ္ေနၿပီဗ်ာ။ "ဘထြန္းႁမႊေဆိပ္မိေနၿပီ " ေမွာင္ထဲကအသံႀကီးထပ္ထြက္လာတယ္။ ဟာကိုဘထြန္း ပိုးထိထားတာထင္တယ္ ။ က်ဳပ္အေတာ္ကိုစိုးရိမ္သြားတယ္။ "ေျခေထာက္ကလည္းက်ိဳးလို႔ ဒီအထဲကိုျမန္ျမန္ေခၚခဲ့။ ဒါထက္ေနာက္က်ရင္ေသေတာ့မွာ" "ဗ်ာ" "အခုေခၚခဲ့ဆိုတာ ဘာလုပ္ေနတာတုန္း " က်ဳပ္လည္းအေမွာင္ထဲကိုရမ္းေလွ်ာက္ခဲ့ရတာေပါ့ဗ်ာ။ ဘာမွလည္းမျမင္ရဘူး။ ေမွာင္ထဲကေျပာေနတာလည္း ဘယ္သူမွန္းမသိဘူး။ က်ဳပ္တစ္ကိုယ္လုံးလည္းေရေတြ႐ႊဲနစ္ ၿပီး ခိုက္ခိုက္တုန္ေနၿပီေလ။ ေၾကာက္လို႔ၾကက္သီးထ တာလည္းပါတာေပါ့ဗ်ာ။ "ေရာက္ၿပီ အဲ့ဒီကုတင္ေပၚတင္လိုက္ " က်ဳပ္လက္နဲ႔ လိုက္စမ္းတယ္။ ဟုတ္တယ္ဗ် ။ကုတင္ႀကီး တစ္လုံး က်ဳပ္ကိုဘထြန္းကို ကုတင္ေပၚ ခပ္ေျဖးေျဖးခ်လိုက္ တယ္။ ကိုဘထြန္းကေတာ့ ၿငိမ္ေနတာဗ်ိဳ႕။ အိပ္ေနလား သတိလစ္ေနလားဆိုတာ က်ဳပ္မသိရဘူး။ ေမွာင္မည္းေနေတာ့ ကိုဘထြန္းကိုလည္းက်ဳပ္ျမင္ရတာ မဟုတ္ဘူးဗ်၊ ။ "သြားေတာ့ေလ ဘာလုပ္ေနတာလဲ " က်ဳပ္ေနာက္ေက်ာဘက္က အသံႀကီးထြက္လာတယ္ ။ က်ဳပ္လည္းဘာမွ ျပန္မေျပာရဲပဲ အေမွာင္ထဲမွာပဲစမ္းၿပီးထြက္လာတယ္ ။ လွ်ပ္စီးအလက္မွာပြင့္ေနတဲ့ တံခါးေပါက္ကို ေတြ႕လိုက္လို႔ က်ဳပ္ေလွ်ာက္တတ္တာေပါ့ဗ်ာ ။ တစ္အိမ္လုံးၿငိမ္သြားတယ္။ "ေဝါ ၊ ေဝါ ၊ ေဝါ ဂ်ိန္း ဂ်ိန္း " အျပင္မွာေတာ့ မိုးေရာေလေရာေတာ္ေတာ္ၾကမ္းေနတာဗ်ိဳ႕။ က်ဳပ္လည္းခ်မ္းလြန္းလို႔ ခိုက္ခိုက္တုန္ေနၿပီ။ က်ဳပ္လည္းနံရံ ကိုမွီၿပီး ထိုင္ခ်လိုက္တယ္။ ခဏေနေတာ့ က်ဳပ္လွစ္ကနဲ အိပ္ေပ်ာ္သြားတယ္။ဘယ္ေလာက္ၾကာေအာင္ အိပ္ေပ်ာ္သြား မွန္းမသိပါဘူးဗ်ာ။ "ေဟ့ သူငယ္ ၊ ေဟ့ သူငယ္" က်ဳပ္ကိုလူတစ္ေယာက္ကလႈပ္ႏိူးေနတာဗ်။ ေမွာင္ထဲကထြက္လာတဲ့အသံႀကီးကို က်ဳပ္ခ်က္ခ်င္းသတိ ရၿပီး ဝုန္းကနဲ ထထိုင္လိုက္တယ္ ။မိုးကမ႐ြာေတာ့ဘူး ေနေတာင္ပူေနၿပီဗ်။ က်ဳပ္အဝတ္ေတြလည္းေျခာက္ေနၿပီ။ "သတိထား သူငယ္ ၊သတိထား ဒီျမက္ေတာႀကီးထဲ ဘာလို႔ အိပ္ေနတာတုန္း၊ က်ဳပ္လွည္းေမာင္းလာရင္းေတြ႕လို႔ လာၾကည့္တာကြ " "ကိုဘထြန္းေရာ ကိုဘထြန္း" က်ဳပ္ကိုလူပ္ႏႈိးတဲ့ အဘိုးႀကီးကိုၾကည့္ၿပီးေမးလိုက္တယ္။ ျမက္႐ိုင္းေတာႀကီးထဲ က်ဳပ္အိပ္ေပ် ာ္ေနတာဗ်။ " ဟိုသူငယ္လား၊ ဟို အုတ္ဂူေပၚမွာ အိပ္ေနတဲ့သူငယ္မို႔လား" "ဗ်ာ ဘယ္မွာတုံး ၊ ဘယ္ကအုတ္ဂူတုံး" ဟာဟုတ္ပါရဲ႕ဗ်ာ။ ကိုဘထြန္းက အုတ္ဂူေပၚမွာဆန္႔ဆန္႔ႀကီး အိပ္ေပ်ာ္ေနတာဗ်။ က်ဳပ္ ခ်က္ခ်င္းထၿပီး ကိုဘထြန္းကို ေျပးႏႈိးလိုက္တာေပါ့ဗ်ာ။ " ကိုဘထြန္း ကိုဘထြန္း " "ဟင္ တာေတ ငါတို႔ဘယ္ေရာက္ေနတာတုန္း၊ အားးးကြၽတ္ ကြၽတ္ ငါေျခေထာက္မွာ ဘာလုပ္ထားတာတုန္း" "ဟင္ ဒီသူငယ္ကေျခေထာက္က်ိဳးထားတာလား ဝါးျခမ္းေတြနဲ႔ ညႇပ္ၿပီး က်ပ္စည္းထားတာပဲ " က်ဳပ္တို႔ကိုႏႈိးတဲ့အဘိုႀကီးကေျပာတယ္ "ဟုတ္တယ္ အဘ ညကက်ဳပ္တို႔ႏွစ္ေယာက္ ယင္းေခ်ာင္းထဲ ကို ျဖတ္ေနတုန္း ေတာင္က်ေရနဲ႔ ပါသြားၾကတာ။ ကိုဘထြန္း က သစ္တုံးနဲ႔ ေစာင့္မိၿပီး ေျခက်ိဳးသြားတာဗ်။ ႏို႔ ေနပါဦးအဘရဲ႕ က်ဳပ္တို႔ ႏွစ္ေယာက္ ညက အိမ္မဲႀကီးထဲမွာပါ။ ကိုဘထြန္းကို က်ဳပ္က ကုတင္ႀကီးတစ္လုံးေပၚတင္ေပးထားတာ။ အဲ့ဒီအိမ္မည္းႀကီးထဲက လူႀကီးတစ္ေယာက္ကေဆးကုေပး တာဗ် ။ အသံပဲ က်ဳပ္ၾကားရတာ လူကိုေတာ့မျမင္ဘူး။ အခုအဲ့ဒီအိမ္ႀကီးက ဘယ္မွာတုန္းဗ် ၊ က်ဳပ္တို႔ကဒီေနရာကို ဘယ္လိုလုပ္ ေရာက္ေနတာတုန္းဗ် " " အိမ္မဲႀကီးဟုတ္လား သူငယ္ ၊က်ဳပ္တို႔မေမြးခင္တုန္းက ဒီေနရာဟာ ေဆးဆရာႀကီးတစ္ေယာက္ေနတဲ့ ၿခံဝင္းႀကီး လို႔ ေျပာသံၾကားဖူးတယ္။အဲ့ဒီေဆးဆရာႀကီးမိသားစုက အိမ္မဲႀကီး အႀကီးႀကီးတစ္လုံးနဲ႔ေနၾကတာတဲ့ကြ၊ ဟိုသူငယ္တက္အိပ္ေနတဲ့ အုတ္ဂူႀကီးကေဆးဆရာႀကီးရဲ႕ဂူ ေပါ့ ။ သူေသေတာ့သူ႔မိသားစုက ဒီၿခံဝင္းႀကီးထဲမွာပဲ သူကိုဂူသြင္းၿပီး သၿဂႋဳဟ္ထားၾကတယ္လို႔ေျပာၾကတယ္ ။ အိမ္မဲႀကီးဆိုတာကိုအဘတို႔႐ြာက အသက္ကိုးဆယ္ေက်ာ္ရွိ တဲ့လူေတြ ေတာင္မမီလိုက္ၾကဘူးကြ ။စကားပဲက်န္ေနတာ။ ဒါေပမဲ့ ဒီ အုတ္ဂူႀကီးကရွိေနေသးေတာ့ ဒီအေၾကာင္းေတြ ြကလည္းဟုတ္မွာပဲလို႔ ယုံၾကရတာေပါ့ကြာ" က်ဳပ္လည္းဘာျပန္ေျပာရမွန္းေတာင္မသိေတာ့ပဲ ပါးစပ္အေဟာင္းသားျဖစ္သြားတာေပါ့ဗ်ာ ။ "ႏို႔ အဘနာမည္ကဘယ္သူတုန္းဗ် ။ အဘတို႔႐ြာက ေဝးေသးလား " "က်ဳပ္နာမည္က ဦးစံတဲ့ဗ် ။ ႐ြာကမေဝးေတာ့ဘူး။ ဒီလွည္းလမ္းအတိုင္းေမာင္းလိုက္ရင္ နာရီဝက္ဆိုရင္ ႐ြာေရာက္ၿပီ ။ ႐ြာနာမည္ကသမားကုန္း႐ြာ လို႔ေခၚတယ္ ။ ေဆးဆရာႀကီးကို အစြဲျပဳၿပီး ေခၚတာလို႔ေျပာတယ္ ကြ ။ ႏို႔ မင္းတို႔က ဘယ္ကလာၾကတာတုံး " "က်ဳပ္တို႔ေနတာကထေနာင္းကုန္းဗ် ။ထီးဂလိုင္အလႉ ကိုသြားၾကတာပါ။ေတာင္ခ်ိဳင့္မွာညစာကိုဝင္စားၿပီး ထြက္ခဲ့တာအဘရဲ႕ " " ဟာ ေတာင္ခ်ိဳင့္ကေတာ္ေတာ္ေတာင္လွမ္းေနၿပီပဲ မင္းတို႔ေတာ္ေတာ္ေမ်ာလာတာကြ" "ဟင္ ၊ ဟုတ္လားအဘ" "ေအး ဟုတ္တယ္ ။ ကဲ လာၾကပါ။ က်ဳပ္မွာလွည္းပါပါတယ္။ ေခ်ာင္းေရလည္း က်ေနပါၿပီ။ က်ဳပ္႐ြာအေရာက္ပို႔ေပးပါ့မယ္။ဟိုသူငယ္ကေျခေထာက္လည္း လည္းက်ိဳးေနတာမို႔လား။ ဒီယင္းေခ်ာင္းေက်ာ္လိုက္ရင္ ထေနာင္းကုန္းကို သိပ္မေမာင္းရပါဘူး။ က်ဳပ္ႏြားက ႏြားသန္ႀကီးေတြပါ။ ကဲ လာ လာ က်ဳပ္လွည္းေပၚတက္ " က်ဳပ္လည္းမျငင္းေတာ့ဘူးဗ်ာ။ ကိုဘထြန္းကိုဂူေပၚကတြဲခ် ရင္း အုတ္ဂူကို တစ္ပတ္ပတ္ၿပီးၾကည့္တယ္။ အင္းဂေတ ေတြကကြာေနၿပီဗ်။ ဂူေပၚမွာဘာစာမွ မရွိေတာ့ဘူး ။ လွည္းေပၚေရာက္ေတာ့ ဦးစံဆိုတဲ့အဘိုးႀကီးက ေျခေထာက္ မွာ က်ပ္စည္းထားတဲ့ကိုဘထြန္းကိုၾကည့္ၿပီးေမး တယ္ဗ် ။ "သူငယ္တို႔ညကအိမ္မဲႀကီးထဲကိုေရာက္ခဲ့တယ္ဆိုတာ တကယ္လားကြဲ႕" "တကယ္ဗ် အဘစံရဲ႕ ၊ ေဟာဒီကိုဘထြန္းရဲ႕ ေျခေထာက္လည္းက်ိဳး ၊ ပိုးလည္းထိဆိုေတာ့ သတိေမ့သြား တာ သူကိုေက်ာပိုးၿပီးက်ဳပ္ကဒီအိမ္ႀကီးထဲကိုဝင္ခဲ့တာ ။ ေမွာင္ထဲကအသံႀကီးပဲက်ဳပ္ၾကားခဲ့ရတာဗ်အဘစံရဲ႕ ။ ကိုဘထြန္းကိုသူကနာမည္ေတာင္ေခၚလိုက္ေသးတယ္ ။ ကုတင္ေပၚတင္ဆိုလို႔က်ဳပ္ေတာင္အေမွာင္ထဲစမ္းၿပီးတင္လိုက္ တာ။ အဲ့ဒါ အုတ္ဂူႀကီးျဖစ္ေနတာေပါ့ဗ်ာ။ ဒီေတာ့က်ဳပ္အထင္ ေျပာရရင္ ဒီအိမ္ႀကီးကဒီေနရာမွာပဲရွိေနတာဗ် အဘစံရဲ႕ ။ ိုကိုဘထြန္းကို ညကအေမွာင္ထဲမွာေဆးကုေပးတာလည္း အဘေျပာတဲ့ေဆးဆရာႀကီးပဲျဖစ္မွာဗ် " က်ဳပ္ကေသေသခ်ာခ်ာေျပာျပလိုက္မွ အဘစံဆိုတဲ့ အဘိုးႀကီးပ်က္သြားတယ္ဗ် "ေဟ ဟုတ္လား ၊ ဒါဆိုေဆးဆရာႀကီးအခုထိမကြၽတ္ေသးဘူးေပါ့ " အဘိုးႀကီးလည္းေတာ္ေတာ္ေၾကာက္သြားပုံရတယ္ ။ ၿပီးေတာ့ေဆးဆရာႀကီးရဲ႕အုတ္ဂူကိုတစ္ခ်က္လွမ္းၾကည့္လိုက္တယ္။ "ဟဲ့ ႏြား ဖ်န္း" အဘစံကသူႏြားေတြကိုခပ္ၾကမ္းၾကမ္း႐ိုက္လိုက္ၿပီး အဲ့ဒီေနရာက တရၾကမ္း ေမာင္းေျပးေတာ့တာပဲဗ်ာ။ ၿပီးပါၿပီခဗ္ာ စာဖတ္ပရိတ္သတ္မ်ား အားလုံးပဲ စိတ္႐ႊင္လန္းပါေစခဗ်ာ။ ဤဝတၱဳေလး အား ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share ေလးနဲ႔ အားေပးသြားပါအုံး ဗ်ာ။

No comments

Post a Comment