အောင်မြတ်သာနှင့်မြေဖုတ်ဘီလူးအစားကျူး

  အောင်မြတ်သာနှင့်မြေဖုတ်ဘီလူးအစားကျူး ညနေ နေဝင်ရီတစ်ရောအချိန်ဖြစ်တဲ့အတွက် နေရဲ့ အပူချိန်က နုနယ်လတ်ဆတ်နေတဲ့လေပြေတွေအောက်မှာ ငုပ်လျှိုးကာ ပျေ... thumbnail 1 summary

 အောင်မြတ်သာနှင့်မြေဖုတ်ဘီလူးအစားကျူး


ညနေ နေဝင်ရီတစ်ရောအချိန်ဖြစ်တဲ့အတွက် နေရဲ့ အပူချိန်က နုနယ်လတ်ဆတ်နေတဲ့လေပြေတွေအောက်မှာ ငုပ်လျှိုးကာ ပျောက်ကွယ်လုဆဲဆဲ ဖြစ်နေခဲ့တယ်။

အပူချိန်မရှိတော့တဲ့အတွက် အိုးဘိုရွာက ကလေးငယ်တွေအနေနဲ့ရွာလမ်းမတစ်လျောက် အော်ဟစ်ပြေးလွှားရင်း လွတ်လပ်ပျော်ရွှင်မှုအရသာကို ပြည့်ပြည့်ဝဝခံစားနေခဲ့ကြတယ်။

‌အချိန်အတော်ကြာဆော့ကစားအပြီးမှာတော့ ကလေးအုပ်ကမောသွားတဲ့ဟန်နဲ့ ရွာထိပ်က ကုက္ကိုပင်အောက်မှာထိုင်ပြီး လယ်ထဲကပြန်လာတဲ့မိဘတွေကို စောင့်မျှော်နေတဲ့အချိန် ဖိုးသံလုံးဆိုတဲ့ကလေးက

" ရွာပြင်က ကန်သင်းရိုးဘေးမှာ ပုပုကွကွနဲ့ ဘာအကောင်ကြီးလဲ"ဆိုပြီးပြောလိုက်တော့ အခြားကလေးတွေက

" ဘာမှမရှိပါဘူး ငါတော့မမြင်ဘူး... ဘုတ်ဆုံမ နင်ရောမြင်ရလား"

" ငါလဲမမြင်ရဘူး .. ဖိုးသံလုံး ငါတို့ကိုစနေတာဖြစ်မယ်"

" ဟာ ငါမစဘူး တကယ်ပြောတာ၊ ဟိုမှာကြည့် ခေါင်းတစ်လှုပ်လှုပ်နဲ့ ကန်သင်းရိုးဘေးမှာထိုင်နေတယ်"

ဖိုးသံလုံးစကားကို အခြားဘယ်ကလေးမှမယုံတဲ့အတွက် စိတ်ပေါက်ပေါက်နဲ့မတ်တပ်ထရပ်လိုက်ပြီး

" မယုံရင် ငါကိုယ်တိုင်အဲအကောင်ကို ခေါ်လာပြမယ် ကြည့်နေ" လို့ပြောပြီး ကန်သင်းရိုးဘက်ကို ထွက်သွားခဲ့တယ်။

ကျန်တဲ့ကလေးတွေက ဖိုးသံလုံး ဘာလုပ်မလဲဆိုတာ ကြည့်နေရင်း ကန်သင်းရိုးနားရောက်တော့ ငယ်သံပါအောင်အော်ပြီး ရွာထဲဘက်ကို ပြန်ပြေးလာတာမြင်လိုက်ရတယ်။

ကြောက်လန့်တစ်ကြားပြေးလာတဲ့ဖိုးသံလုံးက ရွာထဲကိုမရောက်ခင်မှာပဲ အနောက်ကနေ တစ်စုံတစ်ယောက် ဆောင့်တွန်းလိုက်သလိုဖြစ်ပြီး ဝမ်းလျားထိုးမှောက်လျက်လဲကျသွားပါလေရော။

" သံလုံး ဟဲ့ ဘယ်လိုဖြစ်ဝာာလဲ "

ကစားဖော်ကလေးတွေက လဲကျသွားတဲ့ ဖိုးသံလုံးဆီကိုပြေးလာပြီး တွဲထူလိုက်တဲ့အချိန် တစ်ကိုယ်လုံးအမွှေးအမျှင်တွေဖုံးလွှမ်းနေတဲ့ပုကွကွဂင်တိုတို အကောင်တစ်ကောင်က မဲနက်ပြီးချွန်ထက်နေတဲ့ သွားတွေပေါ်အောင်ရယ်နေတဲ့ အကောင်တစ်ကောင်ကို ဖိုးသံလုံးမြင်လိုက်ရတယ်။
+++++++++

" ကိုချစ်စံ ကလေးက အဖျားလဲမကျဘူး ဘယ်လိုလုပ်ကြမလဲ"

" ညနေက ရွာပြင်မှာ ချော်လဲကျထားတာနဲ့များ ဆိုင်နေမလား။ နောက်ပြီး သူ့မျက်လုံးတွေက ရီဝေဝေနဲ့ မေးတာလဲ ဟုတ်တိပတ်တိမဖြေဘူးဖြစ်နေတယ်"

" ရွာထဲက နားလည်တတ်ကျွမ်းတဲ့ သူတစ်ယောက်ယောက်ကိုခေါ်ပြရင်ကောင်းမလား"

" မလိုပါဘူး မိန်းမရယ် အခုအိမ်မှာဘာချက်ထားလဲ"

" ကြက်ခြေထောက်နဲ့ဘူးသီးချက်ထားတာတော့ရှိတယ် တော်က ဘာလုပ်မလို့လဲ"

" ခေါစာပစ်မလို့လေ ငါတို့ငယ်ငယ်က ဒီလိုဖြစ်ရင် အမေက ခေါစာပစ်ပေးနေကြ"

ကိုချစ်စံစကားကြောင့် မိန်းမဖြစ်သူက ပွေ့ပိုက်ထားတဲ့သားဖြစ်သူကို အောက်ချပြီး အထမှာ ဖိုးသံလုံး တစ်ကိုယ်လုံးအဖျားတက်သလို တုန်ရီလာတာကိုမြင်လိုက်ရတယ်။

" သား ဘာဖြစ်တာလဲ ။ ကိုချစ်စံ သားလေးဘာဖြစ်လဲမသိဘူး တစ်ခုခုလုပ်ပါဦး"

" ငါ့ကိုသားလို့မခေါ်နဲ့ ငါကနင်တို့သား မဟုတ်ဘူး ဟီးဟီးဟီး"

ရယ်ကျဲကျဲဗြီတီတီမျက်နှာထားတဲ့ ရုတ်တရက်ဆောင့်ကြောင့်ထထိုင်လိုက်တဲ့သားဖြစ်သူကိုမြင်တော့

" ကိုချစ်စံ သားလေးပုံစံကြည့်ရတာ မူမမှန်ဘူးနော်"

" သား ဘာဖြစ်တာလဲ အဖေ့ကိုပြောလေ"

" အဟီးအဟီး ဟက်ဟက် ငါ.. ငါက နင် နင်တို့ သားမဟုတ်ဘူးလို့ ဘယ်နှစ်ခါပြောရမလဲ"

" ဒါဆို နင်ကဘယ်သူလဲ ငါ့သားကို ဘာလုပ်ထားတာလဲ"

" ငါက နင့်သားကိုဖမ်းစားထားတာ ဟက်ဟက်"

ဖိုးသံလုံးက မျက်ထောင့်နီနဲ့ ‌စိုက်ကြည့်ပြီး အသံဩဩနဲ့ပြောလိုက်တာကြောင့် ကိုချစ်စံ အနောက်ကိုဆုတ်လိုက်ပြီး

" မိန်းမ ဒေါ်ချစ်ပုကို အမြန်သွားခေါ်... အမြန်လုပ်"

ကိုချစ်စံစကားကြောင့် မိန်းမဖြစ်သူက အိမ်ပေါ်ကနေပြေးဆင်းသွားတဲ့အချိန်

" ဒီကလေး အသားက နုနုဖတ်ဖတ်လေးဆိုတော့ အတွင်းကလီစာတွေကလဲ ချိုမြနေမှာပဲနော် အဟီးအဟီး"

" နင်ဘယ်သူလဲ ငါ့သားကို ဘာမှလုပ်ဖို့မစဉ်းစားနဲ့။ နင်ဖြစ်ချင်တာ ငါလုပ်ပေးမယ်"

ကိုချစ်စံစကားအဆုံးမှာ ပူးကပ်နေတဲ့ဖိုးသံလုံးက သွားကြီးဖြဲပြီးရယ်ကာ

" ငါစားချင်တာ ဒီကလေးရဲ့ အူတွင်းကလီစာပဲ ဘယ်လိုလဲ စားလိုက်ရမလား"

ကိုချစ်စံလဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့အတွက် အိမ်ပြင်ကိုကြည့်လိုက်ရာ ထဘီတိုတိုဝတ်ပြီး အပြေးလာနေတဲ့ ဒေါ်ချစ်ပုကိုမြင်လိုက်ရတယ်။ သူ့အနောက်မှာတော့ ကာလသားသုံးလေးယောက်ပါလာခဲ့တယ်။

ဒေါ်ချစ်ပုက အိမ်ပေါ်ကိုရောက်တော့ ဆောင့်ကြောင့်ထိုင်နေတဲ့ဖိုးသံလုံးကိုကြည့်ကာ

" နင့်သားကို မြေဖုတ်ဘီလူးဖမ်းထားထားတာပဲ။ ဟဲ့ ကလေးကိုဝင်ပူးနေတဲ့အကောင် နင်ဘာလိုချင်လို့ အခုလိုပူးကပ်နေရတာလဲ"

ဒေါ်ချစ်ပုစကားကို ဖိုးသံလုံးက အလေးမထားဟန်နဲ့ မျက်နှာလွှဲလိုက်ပြီး အိမ်နံရံကိုခေါင်းနဲ့ မနားတမ်းဆောင့်ပါလေရော။

" သူက ဖိုးသံလုံးရဲ့အူတွင်းကလီစာကိုစားချင်ပြောတယ်"

" အို ဒီလိုတော့ ဘယ်ရမလဲ... ဟဲ့ ဖုတ်ဘီလူး နင်စားချင်တဲ့ကလေးရဲ့ ကလီစာကို အမဲအူစုံသဲစုံနဲ့လဲပေး။ ဒါဆိုရင် အခုချက်ချင်း ကျွေးမယ်"

ဒေါ်ချစ်ပုစကားအဆုံးမှာ ဖိုးသံလုံးက သွားဖြဲကာ ရယ်လိုက်ပြီး

" ဒါဖြင့်လဲ အမဲအူစုံသဲစုံလတ်လတ်ဆတ်ဆတ်ကို ငှက်ပျောဖက်ပေါ်တင်ပြီး ရွာထိပ်မှာလာချပေး။ ကတိမတည်ရင်တော့ ဒိကလေးကိုယ်ထဲဝင်ပူးပြီး အသေသတ်မှာနော်"

" ငါကတိပေးတယ် နောက်နာရီဝက်အတွင်း နင်စားချင်တာစားရစေမယ်။ ကလေးလဲ ပင်ပန်းနေပြီ အမြန်ထွက်သွားတော့"

" အဟီးအဟီး ကျုပ်စောင့်နေမယ်နော် ဟက်ဟက်"

စကားအဆုံးမှာ ဖိုးသံလုံးတစ်ကိုယ်လုံး ပျော့ခွေကာ လဲကျသွားခဲ့တယ်။

" ရင်မေ ကလေးကို ရေတစ်ခွက်အရင်တိုက်လိုက်ဦး။ ချစ်စံ နင်က ငါ့အိမ်မှာ မနက်က‌ပေါ်ထားတဲ့ညအမဲအူတွေသွားယူလာခဲ့"

ဒေါ်ချစ်ပုစကားကြောင့် ချစ်စံလဲ အိမ်ပေါ်ကနေ ဆင်းသွားခဲ့တယ်။ ခဏကြာတော့ နှီးနဲ့ချည်ထားတဲ့ အမဲကလီစာတွေပါလာပြီး

" ဒေါ်ချစ်ပု ဒါတွေကိုဘာလုပ်ရမှာလဲ"

" ဘာမှမလုပ်နဲ့ အိမ်နောက်ဖေးက ငှက်ပျောပင်ကနေ ငှက်ပျောရွက်တစ်ရွက်ခုတ်ပြီး ငါ့အနောက်လိုက်ခဲ့။ အော် ဖယောင်းတိုင်နဲ့မီးခြစ်ပါယူလာခဲ့ဦး"

ကိုချစ်စံလဲ ဒေါ်ချစ်ပုမှာတာတွေယူလာပြီး ရွာထိပ်ရောက်တော့ ပါလာတဲ့အမဲကလီစာတွဲကို ငှက်ပျောဖက်ပေါ်တင်ပြီး ဖယောင်းတိုင်ထွန်းနေတဲ့အချိန် အမှောင်ထဲကနေ နီရဲနေတဲ့မျက်လုံးနှစ်လုံးက ချစ်စံတို့ကိုချောင်းမြောင်းကြည့်ရှုနေခဲ့တယ်။

" ချစ်စံ အနောက်ကိုလှည့်မကြည့်နဲ့ အိမ်ကိုပြန်တော့"

ဒေါ်ချစ်ပုက ပြောပြောဆိုဆိုနဲ့ ထဘီတိုတိုဝတ်ကာ ရွာထဲကိုခပ်သုတ်သုတ်ထွက်သွားခဲ့တယ်။ ချစ်စံလဲ လမ်းလျောက်နေရင်း လှည့်ကြည့်ချင်စိတ်ကိုထိန်းမရတာကြောင့် သမင်လည်ပြန်ကြည့်လိုက်ရာ ခုနက ချထားတဲ့ ငှက်ပျောရွက်ပေါ်မှာ ခွထိုင်ပြီး လက်နှစ်ဖက်နဲ့ကြုံးစားနေတဲ့ အကောင်တစ်ကောင်ကို ဖယောင်းတိုင်မီးအလင်းရောင်နဲ့မြင်လိုက်ရတယ်။

အိမ်ပြန်ရောက်တော့ သားဖြစ်သူက သူ့အမေထည့်ပေးထားတဲ့ ထမင်းကိုစားနေတာမြင်တော့
" ဟေ နေကောင်းသွားပြီလား"

" ဟုတ်တယ် တော်တို့ထွက်သွားတာနဲ့ လူကောင်းပကတိပြန်ဖြစ်သွားတာ"

" ဟူး တော်ပါသေးရဲ့... နောက်ဆို ညနေစောင်းရင် ကလေးကိုအိမ်ပေါ်ကအိမ်အောက်ပေးမဆင်းနဲ့တော့ ကြားလား"

" သိပါ့တော်ရေ သိပါ့.. ကဲ ရေမိုးချိုးလိုက်ဦး ကျုပ်ထမင်းပြင်ထားပေးမယ်"

ချစ်စံလဲ အိမ်နံရံမှာ ချိတ်ထားတဲ့ရေလဲပုဆိုးကိုယူကာ ရေချိုးဖို့ဆင်းလာခဲ့လိုက်တယ်။ ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်း ညနေနေဝင်ရီတစ်ရောအချိန်တွေဆိုရင် ကလေးတွေကိုအပြင်မပေးထွက်ကြတော့ဘူး။ ဒါပေမယ့်လဲ ပြဿနာကမပြီးဆုံးပဲ ရွာပြင်ထွက်ပြီး အလုပ်လုပ်တဲ့လူတွေထဲကမှ ကံနိမ့်တဲ့သူတွေကို ရွေးပြီး ပူးကပ်နှောက်ယှက်ကာ တောင်းရမ်းစားသောက်ပါလေရော။

ရွာကလူတွေကလဲ ပူးကပ်လာတဲ့အခါ ထုံးစံအတိုင်း ခေါစာပစ်ပြီးကျွေးကြတဲ့အတွက် နာနာဘာဝကောင်က ပိုပြီးအတင့်ရဲလာခဲ့တယ်။ တစ်ရက်မှာတော့ ကိုချစ်စံတို့ရွာထဲက ဆယ်ကျော်သက်လူငယ်တစ်ဦး ပျောက်ချင်းမလှပျောက်သွားခဲ့တယ်။

လယ်လုပ်ရင်း အလေးသွားချင်တယ်ပြောပြီးထွက်သွားတာ နေစောင်းတဲ့အချိန်ထိပြန်မလာတော့ ရွာသားတွေလဲ တုတ်ဆွဲဓါးဆွဲနဲ့ လိုက်ရှာကြတဲ့အချိန်

" ဟေ့ ခဏရပ်လိုက်ဦး ငါ့နားထဲ တောတိုးသံကြားနေရတယ် ထွန်းကျော် ဖြစ်နေမလားမသိဘူး"

ငယ်စဉ်ဘဝက ပဲခူးရိုးမထဲမှာ အမဲလိုက်ခဲ့တဲ့ ဘကြီးသိန်းက အသံကြားရာဘက်ကို မျက်နှာမူကာပြောလိုက်ပြီး လူတွေကို အသံမထွက်ဖို့ လက်ဟန်ခြေဟန်နဲ့ပြလိုက်တယ်။

တောတိုးသံကတစ်ဖြေးဖြေး နီးကပ်လာတဲ့အတွက် လက်ထဲကိုင်ထားတဲ့ ဒူးလေးကိုချိန်ဆရင်း အန္တရာယ်ရှိတဲ့အကောင်ဆိုရင်ပစ်ချဖို့ရွယ်နေတဲ့အချိန် တောထဲကနေ ယောဂီဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက်ထွက်လာတာကိုမြင်လိုက်ရတယ်။

" ဟာ .. အားလုံး လက်နက်တွေချထားလိုက်။ တော်ပါသေးရဲ့ ကျုပ်က တောကောင်ထင်ပြီးပစ်ချမိတော့မလို့။ ဒါနဲ့ သင်က ဒီတောထဲဘာလာလုပ်တာလဲ"

" ကျုပ်မိတ်ဆွေတစ်ယောက်က တောထဲမှာ တရားအားထုတ်နေလို့ လာတွေ့တာပါ။ အနောက်မှာ ကျုပ်တပည့်နှစ်ယောက်လဲပါပါသေးတယ်"

ယောဂီဝတ်လူရဲ့စကားအဆုံးမှာ တောထဲကနေ နောက်ထပ် ယောဂီဝတ်လူနှစ်ယောက်ထပ်ထွက်လာခဲ့တယ်။

" ဒီလို တောကြီးမျက်မည်းထဲမှာ မကြောက်မရွံ့သွားလာနေတာ အံ့ဩစရာပဲ။ ကျုပ်တို့ရွာက လူတစ်ယောက်တောင် ဒီမနက်ပျောက်သွားလို့ တောကောင်တွေများဆွဲသွားသလားဆိုပြီးလိုက်ရှာနေတာ"

" လူတစ်ယောက်ပျောက်လို့ ဟုတ်လား။ ကျုပ်တို့အခုဖြတ်လာတဲ့တစ်လျောက်တော့ အန္တရာယ်ရှိတဲ့ တောကောင်တစ်ကောင်တစ်လေတောင်မတွေ့မိဘူးဗျ"

" ဒုက္ခပါပဲ... မိုးကလဲချုပ်တော့မှာဆိုတော့ ဆက်လိုက်ဖို့ကအဆင်မပြေတော့ဘူး။ ဒီက ဧည့်သည်တွေကရော ဘယ်ကိုခရီးဆက်ကြမှာလဲ"

" ဒီတစ်ညတော့ အဆင်ပြေရင် ရွာမှာပဲတည်းချင်ပါတယ်။ အဆင်မပြေရင်တော့ အခြားတစ်နေရာရှာလိုက်ပါမယ်"

" မဟုတ်တာကွယ်... တည်းလို့ရပါတယ်။ အခုကျုပ်တို့လဲပြန်တော့မှာဆိုတော့ တစ်ပါထဲလိုက်ခဲ့ကြလေ"

ရွာသားတွေရဲ့ဖော်ရွေမှုကြောင့် ယောဂီဝတ်လူသုံးယောက်မျက်နှာမှာ အပြုံးပန်းတွေပွင့်သွားပြီး ခေါ်တဲ့နောက်ကိုလိုက်သွားခဲ့ကြတယ်။

" ဒီက ဧည့်သည်တွေကြည့်ရတာ အသက်ငယ်သေးတဲ့ပုံပဲ။ ဒီလိုအသက်အရွယ်နဲ့ဘာသာရေးလိုက်စားတာ တကယ်အံ့ဩမိပါတယ်။ အော် ဒါနဲ့ အဘနာမည်က ဦးသိန်းလို့ခေါ်တယ်။ ဧည့်သည်တို့ကရော..."

ဦးသိန်းစကားကြောင့် နူးညံ့‌ဖြောင့်စင်းစွာရှည်ကျနေတဲ့ ဆံပင်ကို တစ်ပတ်လျှိုထုံးထားတဲ့လူက
" ကျုပ်နာမည်က အောင်မြတ်သာပါ။ သူတို့နှစ်ယောက်က သက်ခိုင်နဲ့တောက်ရပါ။ အခုလိုဦးကြီးတို့နဲ့ဆုံတွေ့ရတာ ဝမ်းသာပါတယ်"

အောင်မြတ်သာတို့လဲ စကားတစ်ပြောပြောနဲ့လမ်းလျောက်လာခဲ့တာ နေရောင်ပျောက်ပြီးအမှောင်ထုဖုံးလွှမ်းတဲ့အချိန်ကိုရောက်လာခဲ့တယ်။

" စကားတွေကောင်းနေလိုက်တာ အတော်တောင်မှောင်နေပြီပဲ။ ကဲ ရှေ့တစ်ကွေ့ဆို ရွာရောက်ပါပြီ"

ဘကြီးသိန်းက စကားစကိုဖြတ်ပြီးလျောက်သွားခဲ့တာ ကွမ်းတစ်ယာညက်လောက်ကြာတော့ ဖယောင်းတိုင်မီးတစ်တိုင်အောက်မှာ ဖက်ရွက်နဲ့ပုံထားတဲ့ ထမင်းနဲ့ဟင်းတစ်ပုံကိုမြင်လိုက်ရတယ်။

အောင်မြတ်သာတို့က ထမင်းပုံကိုစူးစိုက်ကြည့်နေတာကို ဘကြီးသိန်းမြင်တော့
" ဒါကတော့ ရွာမှာ နေမကောင်းဖြစ်တာတို့ ဘာတို့ဆိုရင် ဒီလိုပဲ ခေါစာပစ်ကြတာ ထုံးစံတစ်ခုလိုဖြစ်နေပြီ။ ဧည့်သည်တွေက အခုမှရောက်တာဆိုတော့ အထူးအဆန်းဖြစ်နေမှာပေါ့"

အောင်မြတ်သာလဲ ဘကြီးသိန်းစကားကို ပါးချိုင့်နှစ်ဖက်ပေါ်အောင်ပြုံးကာ အသိအမှတ်ပြုလိုက်ပြီး လျောက်သွားရင်းကနေ မျက်ခုံးနှစ်ခုကိုကျုတ်ကာ အနောက်ကိုပြန်ကြည့်လိုက်ရာ မြေကြီးထဲကနေ လက်တစ်ဖက်ထွက်လာပြီး ထမင်းပုံကိုအုပ်ထားတာကိုမြင်လိုက်ရတယ်။

ဘကြီးသိန်းလဲ ဧည့်သည်တွေကို နေရာချပြီး ထမင်းလက်စုံစားကာ စကားစမြည်အနည်းငယ်ပြောခဲ့ကြတယ်။ ငယ်စဉ်ထဲက တစ်ကိုယ်တည်း မုဆိုးအလုပ်ကိုလုပ်လာတဲ့ ဘကြီးသိန်းရဲ့စကားတွေက ပြတ်သားခြင်း၊ စိတ်ဓါတ်မာကြောခြင်းတွေကို ပေါ်လွင်စေခဲ့တယ်။ ဘကြီးသိန်းလဲ စကားပြောရတာများတော့ မောလာတဲ့ဟန်နဲ့ ရေနွေးတစ်ခွက်ကိုမော့လိုက်ပြီး
" ဧည့်သည်တွေလဲ ပင်ပန်းနေကြပီထင်တယ်။ ကျုပ်လဲမနက်ကျရင် လူပျောက်ရှာရဦးမှာဆိုတော့ စောစောအိပ်လိုက်ဦးမယ်။ မအိပ်ချင်သေးရင်လဲ အေးဆေးနားကြဦးနော်"လို့ပြောကာ အခန်းထဲဝင်သွားခဲ့တယ်။

ဘကြီးသိန်း အိပ်သွားတော့ အောင်မြတ်သာက
" ဒီရွာကိုစဝင်လာတော့ ခေါစာပစ်ထားတာကိုမြင်ကြတယ်မလား"

" ဟုတ်တယ်ဆရာ ကျွန်တော်လဲဆရာကိုမေးချင်နေတာပါးစပ်ကိုယားနေတာပဲ။ အခုလဲ ပညာစက်အချို့ကိုခံစားနေမိတယ်။ သေချာတာကတော့ ရွာထဲမှာ ပညာသည်ရှိကိုရှိရမယ်"

" သက်ခိုင်ပြောတာ ငါလဲလက်ခံတယ်။ မနက်ကျရင် မင်းတို့နှစ်ယောက်က ရွာထဲသွားပြီး ဖြစ်ပျက်နေတာတွေကိုစနည်းနာခဲ့ကြ။ တကယ်လို့ ပညာသည်လို့ယူဆတဲ့သူနဲ့တွေ့ခဲ့ရင်တောင် မင်းတို့ပညာကိုယောင်လို့တောင်မထုတ်ပြမိစေနဲ့"

" ဒါဆို ကျွန်တော်တို့ဒီည ဘာမှလုပ်စရာမလိုဘူးလားဆရာ"

" တောက်ရအနေနဲ့လုပ်ရမယ့်ကိစ္စတစ်ခုရှိတယ်။ ညလူခြေတိတ်ချိန် နာနာဘာဝအောက်လမ်းပညာသည်တွေမြင်နိုင်စွမ်းမရှိတဲ့ စက္ခုသုံးကွက်အင်းကိုသုံးပြီးရွာထိပ်ကိုသွား၊ပြီးရင် ရွာထိပ်အစပ်လျောက်လမ်းဘယ်ညာမှာ မြင်းခုန်စမကွက် တစ်ကွက်စီမြုပ်ပြီးပြန်လာခဲ့။ ရွာပြင်မှာမင်းမထင်မှတ်ထားတာတွေလဲ မြင်ကောင်းမြင်ရလိမ့်မယ်။ မြင်သမျှအရာအားလုံးကို မသိချင်ယောင်ဆောင်ပြီးသာပြန်လာခဲ့"

" ဟုတ်ကဲ့ဆရာ ကျွန်တော်သေချာလုပ်ခဲ့ပါ့မယ်"

တောက်ရလဲ အောင်မြတ်သာကမ်းပေးတဲ့ စက္ခုစမကို မြိုပြီး မြင်းခုန်စမ(စမအက္ခရာတွေကို စစ်တုရင်ထိုးတဲ့အခါ မြင်းခုန်ကွက်လို ကျော်ခွပြီးရေးဆွဲထားတဲ့စမကို မြင်းခုန်စမလို့ခေါ်ပါတယ်)ကိုကိုင်ကာ ရွာထိပ်ကိုထွက်လာခဲ့လိုက်တယ်။

သက်ကြီးခေါင်းချချိန်ဖြစ်တဲ့အတွက် တစ်ရွာလုံးအပ်ကျသံပင်မကြားလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပြီး အိမ်မွေးခွေးအချို့တစ်လေသာ ရွာလမ်းမပေါ်ဖြတ်သွားဖြတ်လာလုပ်နေခဲ့ကြတယ်။ ဒါပေမယ့် စက္ခုစမကိုမြိုထားတဲ့တောက်ရကို မြင်တွေ့ဟန်မတူပဲ အချင်းချင်းစလိုက် ကိုက်လိုက်နဲ့ ကျီစယ်ဆော့ကစားနေကြတယ်။ တောက်ရလဲ ရွာလမ်းအတိုင်းလျောက်လာခဲ့တာ မကြာခင် ရွာထိပ်အဝင်လမ်းဝကိုရောက်လာခဲ့တယ်။.

ညဦးပိုင်းက ပစ်ထားတဲ့ ခေါစာခွက်တွေပေါ်မှာ ကျန်နေတဲ့ မီးစတွေက အနီးအနားက မြက်ခြောက်တွေ၊ သစ်ရွက်ခြောက်တွေပေါ်ကျပြီး အငွေ့တစ်လူလူနဲ့ လွင့်နေတာကိုက ချောက်ချားစရာကောင်းလှတယ်။ ခေါစာခွက်တွေရဲ့ဘေးမှာတော့ သာမန်လူတွေရဲ့ခန္ဓာကိုယ်အတိုင်းဖြစ်တည်နေတဲ့ နာနာဘာဝအချို့ကို ဝိုးတစ်ဝါးမြင်လိုက်ရတယ်။ အချို့က ပါးစပ်ပေါက်မပါ၊ အချို့က မျက်လုံးတွေပြူးထွက်ပြီး ပါးစပ်ထဲကနေ လောက်တွေတစ်ဖွားဖွားကျနေတဲ့ နာနာဘာဝတွေကိုလဲ အော့နှလုံးနာစရာမြင်တွေ့လိုက်ရတယ်။ဒါပေမယ့် တောက်ရကိုတော့ သူတို့မမြင်တွေ့ရပဲ ငှက်ပျောဖက်ပေါ်ကျန်နေတဲ့ အကြွင်းအကျန်တွေကိုသာ လုယက်ငြင်းခုန်ပြီး စားသောက်နေခဲ့ကြတယ်။

တောက်ရလဲ သူ့မှာပါလာတဲ့ မြင်းခုန်စမကို ရွာထိပ်တစ်ဖက်တစ်ချပ်မှာ မြုပ်ပြီးပြန်ဖို့အလုပ် နားထဲမှာ လူငယ်တစ်ယောက်ရဲ့ တီးတိုးငိုညဉ်းသံကိုကြားလိုက်ရတယ်။ အသံက လူတစ်ဦး ငိုနေတဲ့အသံဖြစ်ပေမယ့် ဆရာဖြစ်သူရဲ့စကားကြောင့် ပြန်လှည့်မကြည့်ပဲ တည်းခိုတဲ့အိမ်ကိုပြန်လာခဲ့လိုက်တယ်။ အိမ်ရောက်တော့ ညသန်းခေါင်းယံအချိန် တရားထိုင်နေတဲ့ ဆရာဖြစ်သူကိုမြင်တွေ့လိုက်ရတယ်။

တောက်ရလဲ တိုင်နံရံမှာ ချိတ်ထားတဲ့လွယ်အိတ်ထဲကနေ ဂိုဏ်းပုတီးကိုထုတ်ပြီး ငါးပါးသီလခံကာ ပြုလုပ်နေကြဖြစ်တဲ့အမှုကိုပြုခဲ့တယ်။ နောက်တစ်နေ့မနက်ရောက်တော့ ညကဖြစ်ပျက်တာတွေကိုပြန်ပြောင်းပြောပြလိုက်ရာ အောင်မြတ်သာက

" မင်း ညက ကြားရတဲ့ ငိုသံက ဒီရွာကပျောက်သွားတဲ့လူငယ်ပဲဖြစ်မယ်။ ငါ့အထင်ပြောရရင် သူ့ကို မြေဖုတ်ဘီလူးကဖွက်ထားတာပဲ"

" ဒါဆို ဘယ်လိုလုပ်ရမလဲဆရာ..."

" ညနေ မမှောင်ခင်ရွာထဲကို လူတွေအကုန်ပြန်လာဖို့ ဘကြီးသိန်းကိုမှာလိုက်တယ်။ အဲဒီမှာ ညကမင်းမြုပ်ထားတဲ့အင်းအစွမ်းပြပုံကို ကြည့်ကြတာပေါ့ကွာ"

အောင်မြတ်သာက စကားပြောရင်း ဘေးမှာချထားတဲ့အိတ်ထဲကနေ တစ်စုံတစ်ခုကိုထုတ်ယူကာ ချလိုက်ပြီး
" ဒါကတော့ သိမ်ဝင်သင်္ကန်းအစုတ်ကို သုံးချောင်းထောက်ပုံကျစ်ထားတာပဲ(ဒီနည်းလမ်းကို အောင်မြတ်သာပညာဆည်းပူးစဉ်က ဦးတိက္ခအသုံးပြုခဲ့တဲ့နည်းဖြစ်ပါတယ်)"

" ဒီအရာက ဘယ်အတွက်သုံးဖို့လဲဆရာ"

" မနေ့က ရွာထဲဝင်တော့ ပညာသည်ရဲ့အငွေ့အသက်ကိုခံစားရတယ်လို့ပြောခဲ့တယ်မဟုတ်လား။ ဒီအရာကိုသုံးတဲ့အခါ ငါတို့ရဲ့အာဏာစက်ကို မလွန်ဆန်နိုင်တဲ့ပညာသည်မှန်သမျှ တစ်နည်းနည်းနဲ့ လာရောက် တောင်းပန်ကြလိမ့်မယ်။ ငါတို့အနေနဲ့ သူတို့ကို လူပုံအလယ်အရှက်မကွဲစေဖို့အထူးသတိမူရလိမ့်မယ်။ ဒါကြောင့် ညနေကျရင် ‌သက်ခိုင်က ဒီသုံးချောင်းထောက်ကို လူတွေမမြင်နိုင်တဲ့နေရာမှာ ဆီစိမ်ပြီး မီးညှိထားရမယ်။ ငါ့အမြင်အရ ဒီရွာမှာ ပညာအဆင့်မြင့်တဲ့သူမရှိတာမို့ သူတို့တွေ ငါတို့ဆီကိုသေချာပေါက်ရောက်လာလိမ့်မယ်။ ကဲ အခုတော့ ကိုယ်လုပ်စရာရှိတာလုပ်ထားကြ။ ညနေစောင်းတာနဲ့ ဒီရွာက ပြဿနာကိုကူညီဖြေရှင်းပေးကြတာပေါ့"

ညနေစောင်းရောက်တော့ ဘကြီးသိန်းရဲ့ဆော်ဩမှုကြောင့် ရွာသားတွေအားလုံး နေမဝင်မီအလျှိုလျှိုရောက်ချလာခဲ့တယ်။ သက်ခိုင်ကလဲ အောင်မြတ်သာခိုင်းထားတဲ့အတိုင်း သုံးချောင်းထောက်ဆီမီးကို မမြင်ကွယ်ရာမှာထွန်းပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။

ဘကြီးသိန်းအပါအဝင် ရွာသူရွာသားတွေကလဲ အောင်မြတ်သာတို့ကို သာမန်လူတွေလို့ပဲ သိထားတဲ့အတွက် အရမ်းကြီးစိတ်မဝင်စားကြပဲ ပျောက်ဆုံးနေတဲ့လူငယ်ကိုရှာပြီးပြန်လာတဲ့အဖွဲ့ကိုသာစောင့်မျှော်နေခဲ့ကြတယ်။ မကြာခင် ဘကြီးသိန်းတို့အဖွဲ့ပြန်ရောက်လာတာကို အဝေးကနေ လှမ်းမြင်လိုက်ရတယ်။

" ဆရာ ... အဖွဲ့ထဲက တစ်ယောက်ရဲ့ ဂုတ်ပေါ်မှာ တစ်ခုခုပါလာသလိုပဲ"

တောက်ရရဲ့ လေသံကြောင့် သက်ခိုင်လှမ်းကြည့်လိုက်ရာ ပုကွကွဂင်တိုတိုအကောင်တစ်ကောင် ဂုတ်ပေါ်ကနေခွစီးပြီးလိုက်လာတာကိုမြင်လိုက်ရတယ်။

" ဆရာ ... "

" ဒီရွာကိုဒုက္ခပေးနေတာ ဒီကောင်ပဲ၊ အခုလဲ ကံနိမ့်တဲ့လူအပေါ်ကနေ ကပ်တွယ်လာပြန်ပြီ။ ဒီတစ်ခါတော့ ဒင်းအရင်လိုဝင်လို့မရတော့ပါဘူး"

အောင်မြတ်သာစကားအဆုံးမှာ ဘကြီးသိန်းတို့လူစုက ရွာထိပ်ကိုရောက်လာခဲ့တယ်။ အဖွဲ့ကလူတွေအားလုံးအသီးသီး အထဲဝင်လာတဲ့အချိန် ဂုတ်ပေါ်ခွစီးလာတဲ့အကောင်အလှည့်ရောက်ရော လျှပ်စစ်တွန်းကန်အားမိတဲ့လူလို အဝေးကိုလွင့်ထွက်သွားခဲ့တယ်။ လူကတော့ ဘာမှမသိလိုက်ပေမယ့် ဂုတ်ပေါ်ကနေလွင့်ထွက်သွားတဲ့ အကောင်က အံ့ဩမှုပေါင်းများစွာနဲ့ဖုန်တောထဲကနေ ကုန်းရုန်းထပြီး ရွာထဲကိုဝင်ဖို့လုပ်ပြန်ရော။ ဒီတစ်ခါမှာလဲ ခပ်ဝေးဝေးကို လွင့်ထွက်သွားတဲ့အတွက် ထပ်မဝင်ရဲတော့ပဲ ရွာအပြင်မှာ ဒေါသတစ်ကြီးဖြစ်ကာ သောင်းကျန်းပါလေရော။

အောင်မြတ်သာတို့ကလဲ ပွဲမပြီးသေးတဲ့အတွက် ဘာမှမလုပ်သေးပဲ သုံးချောင်းထောက်ဆီမီးအကုန်ကိုသာ စောင့်ကြည့်နေခဲ့ကြတယ်။ မီးစာကုန်လုကုန်ခင်အချိန်မှာတော့ ထဘီတိုတိုဝတ်ပြီး အောင်မြတ်သာတို့ရှိရာလျောက်လာတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

မိန်းမကြီးက အောင်မြတ်သာတို့ကိုမြင်တော့ ချုံးပွဲချငိုပြီး
" ခွင့်လွှတ်ပေးပါ ဒီတစ်ကြိမ်ခွင့်လွှတ်ပေးပါ ဆရာတို့ပညာစွမ်းကိုတကယ်ကြောက်ပါပြီ။ နောက်နောင်ဒိလိုအမှုမျိုးမလုပ်တော့ပါဘူးလို့လဲ ကတိသစ္စာခံယူပါ့မယ်။ ကျွန်မအရမ်းပူလောင်နေလို့ပါ။မီးကိုငြိမ်းပေးပါဆရာတို့ရယ်"

" သင် ဘာကြောင့် ဒီလိုလုပ်ရတာလဲ၊ ကိုယ့်ရွာသားအချင်းချင်းကို လုပ်ရက်လိုက်တာ"

" ဆရာတို့အပြစ်ပေးသမျှခံဆိုလဲခံပါ့မယ်။ ကျွန်မအနေနဲ့ ရောင်းမကုန်တဲ့ အမဲအူတွေကို ရောင်းထွက်အောင် မကြံကောင်းမစည်ရာကြံခဲ့မိပါတယ်။ အခုကစပြီး မလုပ်တော့ပါဘူးလို့လဲကတိပေးပါတယ်။ မီးကိုငြိမ်းပေးပါဆရာ။ တစ်ကိုယ်လုံးလဲပူလောင်နေတာ ငရဲကျနေသလိုပါပဲ"

" အေး သင်က မြေဖုတ်ဘီလူးနဲ့အပေးအယူလုပ်ပြီး လူတွေကိုဒုက္ခပေးတယ်။ အခုပျောက်နေတဲ့လူငယ်ကလဲ သင့်လက်ချက်ပဲမဟုတ်လား"

" မဟုတ်ပါဘူးဆရာ အခုပျောက်နေတာ ကျွန်မရဲ့သားပါ။ သူက ဟိုဘက်ရွာကနေ အမဲအူတွေယူပြီး ရွာထဲကခေါစာပစ်တဲ့သူတွေဆီကိုပို့ပေးရတာပါ။ တစ်ရက်မှာ ဟိုဘက်ရွာကအမဲမပေါ်ဖြစ်လို့ အစာကျွေးတဲ့အချိန်မကျွေးမိလိုက်တာ ကျွန်မသားကိုဒုက္ခပေးတော့တာပဲ"

" သင်လဲပညာသည်ပဲ ဘာကြောင့် ပြန်ခေါ်လို့မရတာလဲ"

" ကျွန်မကပညာသည်ဆိုပေမယ့် ပညာအဆင့်အတန်းအရမ်းနိမ့်ပါတယ်။ သာမန်သရဲတစ္ဆေတွေလောက်ပဲ ဟိန်းဟောက်မာန်မဲလို့ရပါတယ်။ အခုဖွက်ထားတာက တွင်းအောင်းမြေဖုတ်ဘီလူးပါ။ သူ့ကိုကျွန်မအမိန့်ပေးနိုင်စွမ်းမရှိတဲ့အတွက် အခုလို ကျွန်မသားကို ဖွက်ထားတာပါ။ ကျွန်မအနေနဲ့ ရွာကိုလဲမပြောရဲပဲ ကြိတ်မှိတ်နေနေရတာ။ ဆရာတို့အနေနဲ့ကူညီပေးပါရှင်"

" အေး သင့်မှာ အခုကျန်နေတဲ့ပညာတွေအားလုံး ဘုရားကိုလှူပြီး သစ္စာရေသောက်ရင် ကျုပ်တို့ကူညီပေးမယ်"

" လှူပါ့မယ်ဆရာ၊ သစ္စာရေလဲသောက်ပါ့မယ်။ သားလေး အသက်ရှင်လျက်ရှိသေးရင် ဘာမဆိုလုပ်ပါ့မယ်"

" သက်ခိုင် သူ့ကိုပညာနှုတ်ပြီး သစ္စာရေတိုက်လိုက်။ ည ရှစ်နာရီထိုးတဲ့အခါ သင့်သားအိမ်ကိုပြန်ရောက်လာအောင်လုပ်ပေးမယ်"

မိန်းမကြီးလဲ သက်ခိုင်တိုက်တဲ့သစ္စာရေကို ကြည်ကြည်ဖြူဖြူသောက်နေတဲ့အချိန် တောက်ရက သုံးချောင်းထောက်ဆီမီးကိုငြိမ်းသတ်ပေးခဲ့တယ်။

" ကျုပ်တို့ကိုပေးတဲ့ကတိ ဖျက်တာနဲ့ သင်ဆိုခဲ့တဲ့သစ္စာအတိုင်းပြန်စူးမှာကိုတော့မမေ့ပါနဲ့"

" ကျွန်မမဖျက်ရဲပါဘူး .. ဆရာတို့အစွမ်းကိုလဲ ရိုသေလေးစားမိပါတယ်"

" ဒါဖြင့် သင်လိုရာသွားလို့ရပြီ။ ကျုပ်တို့လုပ်စရာရှိတာဆက်လုပ်ရဦးမယ်"

အောင်မြတ်သာစကားအဆုံးမှာ မိန်းမကြီးက ရွာထိပ်ဘက်ကိုလှည့်ကြည့်ရင်း ပြန်သွားခဲ့တယ်။

" ဗျို့ ဒေါ်ချစ်ပို အခုဘယ်ကပြန်လာတာလဲ"

ကိုချစ်စံရဲ့အသံကြောင့် ဖြေးညှင်းစွာလမ်းလျောက်သွားတဲ့ ဒေါ်ချစ်ပိုက ရွာထိပ်ကိုလက်ညိုးထိုးပြပြီး
" ငါ့သားလေး ပြန်တွေ့ပီလားလို့ သွားကြည့်တာပါကွယ်" လို့ပြောရင်း ထွက်သွားခဲ့တယ်။

++++++++

အမှောင်ထုကတစ်ဖြေးဖြေးကြီးစိုးလာတာနဲ့အမျှ ရွာအပြင်တလင်းပြင်အလယ်မှာမလှုပ်မယှက်ထိုင်နေတဲ့လူသုံးယောက်ဆီကနေ မီးအလင်းရောင်အချို့ထွက်ပေါ်လာခဲ့တယ်။

အင်းစမစာလုံးတွေ ထွင်းထားတဲ့ ဖယောင်းတိုင်သုံးတိုင်ဆီကနေထွက်လာတဲ့ မီးအလင်းရောင်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ရှင်းလင်းစွာမြင်တွေ့နေရတယ်။

" ဆရာ ဒီကောင်မကြာခင်ထွက်လာတော့မယ်ထင်တယ်။ ကျွန်တော်နှာခေါင်းထဲအပုတ်နံ့တွေရနေပြီ"

" သေချာတာပေါ့ သက်ခိုင်။ ဒီကောင် ငါတို့ရဲ့အမိန့်ကို လွန်ဆန်ဖို့ကြိုးစားလေလေ သူတစ်ကိုယ်လုံး ငရဲမီးနဲ့မြိုက်သလို ပူလောင်လေလေဖြစ်နေမှာပါ"

မကြာခင် တလင်းပြင်တစ်ခုလုံး လှိုင်းထသလိုဖြစ်လာပြီး မြေကြီးထဲကနေ ညစ်ပတ်နံစော်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ရုပ်သွင်နဲ့ နာနာဘာဝတစ်ကောင်ခုန်ထွက်လာခဲ့တယ်။

" အခုကျုပ်တို့အရှေ့ရောက်လာတာ ဘယ်သူလဲ"

ပြတ်သားတည်ကြည်တဲ့အသံကြောင့် တစ်ကိုယ်လုံးအမွှေးအမျှင်တွေဖုံးအုပ်နေတဲ့ နာနာဘာဝကောင် ရုတ်တရက်ဆိုသလို ကျောပေးလိုက်ပြီး
" ငါနေလို့မရတော့လို့ လာခဲ့တာ။ ငါက ဒီလယ်မြေတွေမှာ နေတဲ့ မြေဘုတ်ဘီလူးပဲ"

" အော် လတ်စသတ်တော့ မင်းကိုး။ ဒါဖြင့်လဲ မေးစရာရှိတာမေးရသေးတာပေါ့။ရွာထဲက လူတစ်ယောက်ကို သင်ဖွက်ထားတယ်ဆိုတာ ကျုပ်သိတယ်။ အခုချက်ချင်း ဖွက်ထားတာကိုပယ်ဖျက်ပေးပါ"

အောင်မြတ်သာစကားကြောင့် ကျောပေးထားတဲ့အကောင်က ကြက်သီးထစရာကောင်းတဲ့အသံနဲ့ ညဉ်းယူလိုက်ပြီး
" ငါ့ကိုပေးထားတဲ့ ကတိပျက်တဲ့အတွက် ဒီကောင်ကိုဖမ်းစားတာဖြစ်လို့ မလွှတ်ပေးနိုင်ဘူး"

" တောက် မင်းကများ ငါ့ဆရာကို ပြန်ခံပြောနေသေးတယ်။ ငါထလုပ်လိုက်ရ"

တောက်ရက စိတ်ဆိုးတဲ့ဟန်နဲ့ထပြီး တွယ်မလိုလုပ်တော့ အောင်မြတ်သာက တားလိုက်ပြီး

" အချို့အရိုင်းအစိုင်းအနွယ်တွေက ဒီလိုပဲပြောတတ်တာ ခွင့်လွှတ်ပေးလိုက်ပါ။ ကဲ အသင်မြေဖုတ်ဘီလူး ကျုပ်အနေနဲ့ သုံးကြိမ်သုံးခါ ခွင့်တောင်းပါမယ်။ ဒါကိုသင့်အနေနဲ့ မလိုက်လျောဘူးဆိုရင် သင့်ထက် အဆပေါင်းများစွာကြမ်းတဲ့သူကိုခေါ်ပြီးဆုံးမခိုင်းရမှာပဲ"

အောင်မြတ်သာစကားအဆုံးမှာ နာနာဘာဝကောင်က ဂရုမစိုက်ဟန်နဲ့ လက်ကအမွှေးအမျှင်တွေကို ကုတ်ခြစ်ကာ မသိကျိုးနွံပြုနေခဲ့တယ်။

" ကောင်းပြီလေ သင်ဘက်ကဆန္ဒက ဒီလိုဆိုတော့လဲ ကျုပ်ဘက်ကလဲ လုပ်သင့်တာလုပ်ရတော့မှာပေါ့"

အောင်မြတ်သာ သူ့အရှေ့မှာ မလေးမစားလုပ်နေတဲ့ နာနာဘာဝကို မဲ့ပြုံးလေးနဲ့တစ်ချက်ကြည့်ပြီး
" ကျွန်ုပ်ဘဝအဆက်ဆက်ပြုကျင့်ခဲ့တဲ့ အကျင့်သီလတွေကိုတိုင်တည်၍လည်းကောင်း၊ အထက်ဆရာကြီးအပေါင်းတို့၏ စရဏအကျင့်သီလကို တိုင်တည်၍ ကတိသစ္စာပြုလိုက်ပါတယ်။ ဤမြေဖုတ်ဘီလူးဟာ လူသားတွေကို ဖမ်းစား၊ ခြောက်စား၊ ကပ်စား၊ လှန့်စားနေတဲ့အမှုကိုကျူးလွန်နေတာကြောင့် ၎င်းနဲ့ထိုက်တန်တဲ့အပြစ်ကိုပေးရန် လက်နက်လေးမျိုးကိုင်ဆောင်ထားတဲ့ အင်းဘီလူးလေးကောင် ကျွန်ုပ်အရှေ့သို့ မဆိုင်းမတွရောက်ရှိစေသား"လို့အမိန့်ပြန်လိုက်ရာ မြေဖုတ်ဘီလူးရဲ့ဘေးပတ်ပတ်လည်ကနေ သန်လျက်၊ လှံ၊ ဆူးတင်းပုတ်၊ ရွှေပိုက်ကွန်ကိုင်ထားတဲ့ အင်းဘီလူးလေးပါးဝန်းရံပြီးထွက်ပေါ်လာခဲ့တယ်။

အစွယ်တွေကအပြင်ကို တစ်ထွာလောက်ကော့ထွက်နေပြီးစားမတ်ဝါးမတတ်ရုပ်သွင်ရှိတဲ့ အင်းဘီလူးလေးပါးကိုမြင်တော့ မြေဖုတ်ဘီလူး သွေးပျက်မတတ်ကြောက်ရွံ့သွားပြီး

" နတ်ဘီလူးတွေ အမလေး ကြောက်ပါပြီ၊ ငါ့ကိုမထုရိုက်ကြပါနဲ့"

" ဒီလိုကျတော့လဲ သင်က ကြောက်တတ်သားပဲ။ အခုချက်ချင်း ဖမ်းထားတဲ့လူကိုထုတ်ပေးရင်ပေး၊ မပေးရင် တစ်ကိုယ်လုံးအစိတ်စိတ်အမွှာမွှာဖြစ်အောင် ထုရိုက်ခိုင်းလိုက်မယ်"

ဒီတစ်ခါမှာတော့ အောင်မြတ်သာစကားကို မြေဖုတ်ဘီလူးအတော်ကြောက်ရွံ့သွားဟန်နဲ့

" ပြန်ထုတ်ပေးပါမယ်၊ ငါ့ကိုဘာမှမလုပ်ပါနဲ့" လို့ပြောပြီး လက်နဲ့ဝှေ့ယမ်းလိုက်ရာ ရွာအပြင် ချတောင်ပို့တစ်လုံးနားမှာ အားပြတ်ပြီးခွေလဲနေတဲ့ လူငယ်တစ်ယောက်ပေါ်လာခဲ့တယ်။

" သက်ခိုင် လူနာကို သက်စောင့်ဆေးတော်ကြီးတစ်တို့တိုက်ထားလိုက်"

အောင်မြတ်သာစကားကြောင့် သက်ခိုင်က လွယ်အိတ်ထဲမှာထည့်ထားတဲ့ ဖန်ပုလင်းတစ်လုံးကိုထုတ်ယူပြီး အထဲကနေ ဆေးမှုန့်အနီအနည်းငယ်ကို ထုတ်ယူကာ မေ့လဲကျနေတဲ့သူပါးစပ်ထဲကို ခွံ့ပေးလိုက်တယ်။

လူနာလဲ ဆေးတော်ကြီးဝင်တာနဲ့သတိပြန်ရလာပြီး မှိန်းနေတဲ့အချိန် အောင်မြတ်သာက

" ဒီ မြေဖုတ်ဘီလူးက ဘယ်လိုကြောင့် အတင့်ရဲနေရတာလဲ။ သူ့ရဲ့အထက်ပုဂ္ဂိုလ်တွေအားလုံးကို အကြောင်းကြားပြီး ပြင်းထန်တဲ့အပြစ်ကိုပေးဖို့ သင်တို့လေးယောက်ကတာဝန်ယူပါ" လို့ပြောလိုက်တော့ အင်းဘီလူးလေးပါးထဲက အငယ်ဆုံးအင်းဘီလူးက

" ဒီအရိုင်းစိုင်းကောင်က နတ်သူငယ်ပဝတ္တ ထိန်းချုပ်တဲ့နယ်မြေကလို့သိရပါတယ်ဆရာ"

" နတ်သူငယ်ပဝတ္တ ဟုတ်လား။ သူက ဒီလိုငယ်သားတစ်ယောက်လွတ်နေတာ ဘာကြောင့်မသိရတာလဲ"

" နတ်သူငယ်ပဝတ္တဆိုတာ နတ်ဘီလူးတွေရဲ့မျက်နှာပေးခြင်းကိုခံရတဲ့ တန်ခိုးကြီးနတ်သူငယ်ဖြစ်တဲ့အတွက် ကျွန်ုပ်တို့အနေနဲ့ သူ့ကိုအမိန့်ပေးနိုင်စွမ်းမရှိပါဘူးဆရာ"

" အော် လက်စသတ်တော့ ဒီကောင်က သူ့ဆရာနတ်သူငယ်ကြောင့် ထင်ရာစိုင်းနေတာကိုး။ ဟုတ်ပြီ အသင်တိုလဲတာဝန်ပြီးဆုံးပြီဖြစ်လို့ လာရာလမ်းကိုပြန်ကြပါ။ ‌ဆိုးသွမ်းခဲ့တဲ့ကောင်ကိုတော့ သင်တို့အဆောင်ခြေရင်းမှာ သံကွန်ခြာနဲ့အုပ်ပြီးခေတ္တထိန်းသိမ်းထားဦး"

" ဆရာအမိန့်ကို ရိုသေစွာလိုက်နာပါ့မယ်"

အင်းဘီလူးလေးပါးလဲ အောင်မြတ်သာကို ဦးညွှတ်အရိုအသေပြုရင်း ပျောက်ကွယ်သွားတဲ့အချိန် သတိမေ့နေတဲ့လူငယ်က ခွန်အားပြည့်လာဟန်နဲ့ မတ်တပ်ထရပ်ကာ

" ဆရာတို့ကယ်လို့သာပဲ နောက်ဆို ကျွန်တော်ဘဝတော့ဆုံးပါပြီဗျာ။ ဒီကောင်က အတော်ကိုကြောက်ဖို့ကောင်းတယ်"

" မင်းလဲ ဒီဒုက္ခကလွတ်ပြီဆိုတော့ အိမ်ပြန်လိုက်ပါဦး။ မင်းအမေတော့ အရမ်းပျော်မှာ အသေချာပဲ"

လူငယ်ကတော့ သူ့အမေဖြစ်သူဘယ်လိုလုပ်ခဲ့တယ်ဆိုတာသိဟန်မတူပဲ ရွှင်မြူးသွက်လက်စွာနဲ့ရွာထဲကိုဝင်သွားတဲ့အချိန် အောင်မြတ်သာတို့ခြေလှမ်းတွေကတော့ တောင်ဘက်စူးစူးမှာရှိတဲ့အရပ်သို့ လှမ်းခဲ့ကြတယ်။

နောက်ဝတ္တုမှာတော့ တပည့်တပန်းပေါင်းများစွာနဲ့ထင်တိုင်းကျဲနေတဲ့ နတ်သူငယ်ကို ဘယ်လို‌ဆုံးမမလဲဆိုတဲ့အကြောင်းကို အောင်မြတ်သာနှင့်နတ်သူငယ်ပဝတ္တဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

#ညမဖတ်ရ 

ေအာင္ျမတ္သာႏွင့္ေျမဖုတ္ဘီလူးအစားက်ဴး

ညေန ေနဝင္ရီတစ္ေရာအခ်ိန္ျဖစ္တဲ့အတြက္ ေနရဲ႕ အပူခ်ိန္က ႏုနယ္လတ္ဆတ္ေနတဲ့ေလေျပေတြေအာက္မွာ ငုပ္လွ်ိဳးကာ ေပ်ာက္ကြယ္လုဆဲဆဲ ျဖစ္ေနခဲ့တယ္။

အပူခ်ိန္မရွိေတာ့တဲ့အတြက္ အိုးဘို႐ြာက ကေလးငယ္ေတြအေနနဲ႔႐ြာလမ္းမတစ္ေလ်ာက္ ေအာ္ဟစ္ေျပးလႊားရင္း လြတ္လပ္ေပ်ာ္႐ႊင္မႈအရသာကို ျပည့္ျပည့္ဝဝခံစားေနခဲ့ၾကတယ္။

‌အခ်ိန္အေတာ္ၾကာေဆာ့ကစားအၿပီးမွာေတာ့ ကေလးအုပ္ကေမာသြားတဲ့ဟန္နဲ႔ ႐ြာထိပ္က ကုကၠိဳပင္ေအာက္မွာထိုင္ၿပီး လယ္ထဲကျပန္လာတဲ့မိဘေတြကို ေစာင့္ေမွ်ာ္ေနတဲ့အခ်ိန္ ဖိုးသံလုံးဆိုတဲ့ကေလးက

" ႐ြာျပင္က ကန္သင္း႐ိုးေဘးမွာ ပုပုကြကြနဲ႔ ဘာအေကာင္ႀကီးလဲ"ဆိုၿပီးေျပာလိုက္ေတာ့ အျခားကေလးေတြက

" ဘာမွမရွိပါဘူး ငါေတာ့မျမင္ဘူး... ဘုတ္ဆုံမ နင္ေရာျမင္ရလား"

" ငါလဲမျမင္ရဘူး .. ဖိုးသံလုံး ငါတို႔ကိုစေနတာျဖစ္မယ္"

" ဟာ ငါမစဘူး တကယ္ေျပာတာ၊ ဟိုမွာၾကည့္ ေခါင္းတစ္လႈပ္လႈပ္နဲ႔ ကန္သင္း႐ိုးေဘးမွာထိုင္ေနတယ္"

ဖိုးသံလုံးစကားကို အျခားဘယ္ကေလးမွမယုံတဲ့အတြက္ စိတ္ေပါက္ေပါက္နဲ႔မတ္တပ္ထရပ္လိုက္ၿပီး

" မယုံရင္ ငါကိုယ္တိုင္အဲအေကာင္ကို ေခၚလာျပမယ္ ၾကည့္ေန" လို႔ေျပာၿပီး ကန္သင္း႐ိုးဘက္ကို ထြက္သြားခဲ့တယ္။

က်န္တဲ့ကေလးေတြက ဖိုးသံလုံး ဘာလုပ္မလဲဆိုတာ ၾကည့္ေနရင္း ကန္သင္း႐ိုးနားေရာက္ေတာ့ ငယ္သံပါေအာင္ေအာ္ၿပီး ႐ြာထဲဘက္ကို ျပန္ေျပးလာတာျမင္လိုက္ရတယ္။

ေၾကာက္လန႔္တစ္ၾကားေျပးလာတဲ့ဖိုးသံလုံးက ႐ြာထဲကိုမေရာက္ခင္မွာပဲ အေနာက္ကေန တစ္စုံတစ္ေယာက္ ေဆာင့္တြန္းလိုက္သလိုျဖစ္ၿပီး ဝမ္းလ်ားထိုးေမွာက္လ်က္လဲက်သြားပါေလေရာ။

" သံလုံး ဟဲ့ ဘယ္လိုျဖစ္ဝာာလဲ "

ကစားေဖာ္ကေလးေတြက လဲက်သြားတဲ့ ဖိုးသံလုံးဆီကိုေျပးလာၿပီး တြဲထူလိုက္တဲ့အခ်ိန္ တစ္ကိုယ္လုံးအေမႊးအမွ်င္ေတြဖုံးလႊမ္းေနတဲ့ပုကြကြဂင္တိုတို အေကာင္တစ္ေကာင္က မဲနက္ၿပီးခြၽန္ထက္ေနတဲ့ သြားေတြေပၚေအာင္ရယ္ေနတဲ့ အေကာင္တစ္ေကာင္ကို ဖိုးသံလုံးျမင္လိုက္ရတယ္။
+++++++++

" ကိုခ်စ္စံ ကေလးက အဖ်ားလဲမက်ဘူး ဘယ္လိုလုပ္ၾကမလဲ"

" ညေနက ႐ြာျပင္မွာ ေခ်ာ္လဲက်ထားတာနဲ႔မ်ား ဆိုင္ေနမလား။ ေနာက္ၿပီး သူ႔မ်က္လုံးေတြက ရီေဝေဝနဲ႔ ေမးတာလဲ ဟုတ္တိပတ္တိမေျဖဘူးျဖစ္ေနတယ္"

" ႐ြာထဲက နားလည္တတ္ကြၽမ္းတဲ့ သူတစ္ေယာက္ေယာက္ကိုေခၚျပရင္ေကာင္းမလား"

" မလိုပါဘူး မိန္းမရယ္ အခုအိမ္မွာဘာခ်က္ထားလဲ"

" ၾကက္ေျခေထာက္နဲ႔ဘူးသီးခ်က္ထားတာေတာ့ရွိတယ္ ေတာ္က ဘာလုပ္မလို႔လဲ"

" ေခါစာပစ္မလို႔ေလ ငါတို႔ငယ္ငယ္က ဒီလိုျဖစ္ရင္ အေမက ေခါစာပစ္ေပးေနၾက"

ကိုခ်စ္စံစကားေၾကာင့္ မိန္းမျဖစ္သူက ေပြ႕ပိုက္ထားတဲ့သားျဖစ္သူကို ေအာက္ခ်ၿပီး အထမွာ ဖိုးသံလုံး တစ္ကိုယ္လုံးအဖ်ားတက္သလို တုန္ရီလာတာကိုျမင္လိုက္ရတယ္။

" သား ဘာျဖစ္တာလဲ ။ ကိုခ်စ္စံ သားေလးဘာျဖစ္လဲမသိဘူး တစ္ခုခုလုပ္ပါဦး"

" ငါ့ကိုသားလို႔မေခၚနဲ႔ ငါကနင္တို႔သား မဟုတ္ဘူး ဟီးဟီးဟီး"

ရယ္က်ဲက်ဲၿဗီတီတီမ်က္ႏွာထားတဲ့ ႐ုတ္တရက္ေဆာင့္ေၾကာင့္ထထိုင္လိုက္တဲ့သားျဖစ္သူကိုျမင္ေတာ့

" ကိုခ်စ္စံ သားေလးပုံစံၾကည့္ရတာ မူမမွန္ဘူးေနာ္"

" သား ဘာျဖစ္တာလဲ အေဖ့ကိုေျပာေလ"

" အဟီးအဟီး ဟက္ဟက္ ငါ.. ငါက နင္ နင္တို႔ သားမဟုတ္ဘူးလို႔ ဘယ္ႏွစ္ခါေျပာရမလဲ"

" ဒါဆို နင္ကဘယ္သူလဲ ငါ့သားကို ဘာလုပ္ထားတာလဲ"

" ငါက နင့္သားကိုဖမ္းစားထားတာ ဟက္ဟက္"

ဖိုးသံလုံးက မ်က္ေထာင့္နီနဲ႔ ‌စိုက္ၾကည့္ၿပီး အသံဩဩနဲ႔ေျပာလိုက္တာေၾကာင့္ ကိုခ်စ္စံ အေနာက္ကိုဆုတ္လိုက္ၿပီး

" မိန္းမ ေဒၚခ်စ္ပုကို အျမန္သြားေခၚ... အျမန္လုပ္"

ကိုခ်စ္စံစကားေၾကာင့္ မိန္းမျဖစ္သူက အိမ္ေပၚကေနေျပးဆင္းသြားတဲ့အခ်ိန္

" ဒီကေလး အသားက ႏုႏုဖတ္ဖတ္ေလးဆိုေတာ့ အတြင္းကလီစာေတြကလဲ ခ်ိဳျမေနမွာပဲေနာ္ အဟီးအဟီး"

" နင္ဘယ္သူလဲ ငါ့သားကို ဘာမွလုပ္ဖို႔မစဥ္းစားနဲ႔။ နင္ျဖစ္ခ်င္တာ ငါလုပ္ေပးမယ္"

ကိုခ်စ္စံစကားအဆုံးမွာ ပူးကပ္ေနတဲ့ဖိုးသံလုံးက သြားႀကီးၿဖဲၿပီးရယ္ကာ

" ငါစားခ်င္တာ ဒီကေလးရဲ႕ အူတြင္းကလီစာပဲ ဘယ္လိုလဲ စားလိုက္ရမလား"

ကိုခ်စ္စံလဲ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိတဲ့အတြက္ အိမ္ျပင္ကိုၾကည့္လိုက္ရာ ထဘီတိုတိုဝတ္ၿပီး အေျပးလာေနတဲ့ ေဒၚခ်စ္ပုကိုျမင္လိုက္ရတယ္။ သူ႔အေနာက္မွာေတာ့ ကာလသားသုံးေလးေယာက္ပါလာခဲ့တယ္။

ေဒၚခ်စ္ပုက အိမ္ေပၚကိုေရာက္ေတာ့ ေဆာင့္ေၾကာင့္ထိုင္ေနတဲ့ဖိုးသံလုံးကိုၾကည့္ကာ

" နင့္သားကို ေျမဖုတ္ဘီလူးဖမ္းထားထားတာပဲ။ ဟဲ့ ကေလးကိုဝင္ပူးေနတဲ့အေကာင္ နင္ဘာလိုခ်င္လို႔ အခုလိုပူးကပ္ေနရတာလဲ"

ေဒၚခ်စ္ပုစကားကို ဖိုးသံလုံးက အေလးမထားဟန္နဲ႔ မ်က္ႏွာလႊဲလိုက္ၿပီး အိမ္နံရံကိုေခါင္းနဲ႔ မနားတမ္းေဆာင့္ပါေလေရာ။

" သူက ဖိုးသံလုံးရဲ႕အူတြင္းကလီစာကိုစားခ်င္ေျပာတယ္"

" အို ဒီလိုေတာ့ ဘယ္ရမလဲ... ဟဲ့ ဖုတ္ဘီလူး နင္စားခ်င္တဲ့ကေလးရဲ႕ ကလီစာကို အမဲအူစုံသဲစုံနဲ႔လဲေပး။ ဒါဆိုရင္ အခုခ်က္ခ်င္း ေကြၽးမယ္"

ေဒၚခ်စ္ပုစကားအဆုံးမွာ ဖိုးသံလုံးက သြားၿဖဲကာ ရယ္လိုက္ၿပီး

" ဒါျဖင့္လဲ အမဲအူစုံသဲစုံလတ္လတ္ဆတ္ဆတ္ကို ငွက္ေပ်ာဖက္ေပၚတင္ၿပီး ႐ြာထိပ္မွာလာခ်ေပး။ ကတိမတည္ရင္ေတာ့ ဒိကေလးကိုယ္ထဲဝင္ပူးၿပီး အေသသတ္မွာေနာ္"

" ငါကတိေပးတယ္ ေနာက္နာရီဝက္အတြင္း နင္စားခ်င္တာစားရေစမယ္။ ကေလးလဲ ပင္ပန္းေနၿပီ အျမန္ထြက္သြားေတာ့"

" အဟီးအဟီး က်ဳပ္ေစာင့္ေနမယ္ေနာ္ ဟက္ဟက္"

စကားအဆုံးမွာ ဖိုးသံလုံးတစ္ကိုယ္လုံး ေပ်ာ့ေခြကာ လဲက်သြားခဲ့တယ္။

" ရင္ေမ ကေလးကို ေရတစ္ခြက္အရင္တိုက္လိုက္ဦး။ ခ်စ္စံ နင္က ငါ့အိမ္မွာ မနက္က‌ေပၚထားတဲ့ညအမဲအူေတြသြားယူလာခဲ့"

ေဒၚခ်စ္ပုစကားေၾကာင့္ ခ်စ္စံလဲ အိမ္ေပၚကေန ဆင္းသြားခဲ့တယ္။ ခဏၾကာေတာ့ ႏွီးနဲ႔ခ်ည္ထားတဲ့ အမဲကလီစာေတြပါလာၿပီး

" ေဒၚခ်စ္ပု ဒါေတြကိုဘာလုပ္ရမွာလဲ"

" ဘာမွမလုပ္နဲ႔ အိမ္ေနာက္ေဖးက ငွက္ေပ်ာပင္ကေန ငွက္ေပ်ာ႐ြက္တစ္႐ြက္ခုတ္ၿပီး ငါ့အေနာက္လိုက္ခဲ့။ ေအာ္ ဖေယာင္းတိုင္နဲ႔မီးျခစ္ပါယူလာခဲ့ဦး"

ကိုခ်စ္စံလဲ ေဒၚခ်စ္ပုမွာတာေတြယူလာၿပီး ႐ြာထိပ္ေရာက္ေတာ့ ပါလာတဲ့အမဲကလီစာတြဲကို ငွက္ေပ်ာဖက္ေပၚတင္ၿပီး ဖေယာင္းတိုင္ထြန္းေနတဲ့အခ်ိန္ အေမွာင္ထဲကေန နီရဲေနတဲ့မ်က္လုံးႏွစ္လုံးက ခ်စ္စံတို႔ကိုေခ်ာင္းေျမာင္းၾကည့္ရႈေနခဲ့တယ္။

" ခ်စ္စံ အေနာက္ကိုလွည့္မၾကည့္နဲ႔ အိမ္ကိုျပန္ေတာ့"

ေဒၚခ်စ္ပုက ေျပာေျပာဆိုဆိုနဲ႔ ထဘီတိုတိုဝတ္ကာ ႐ြာထဲကိုခပ္သုတ္သုတ္ထြက္သြားခဲ့တယ္။ ခ်စ္စံလဲ လမ္းေလ်ာက္ေနရင္း လွည့္ၾကည့္ခ်င္စိတ္ကိုထိန္းမရတာေၾကာင့္ သမင္လည္ျပန္ၾကည့္လိုက္ရာ ခုနက ခ်ထားတဲ့ ငွက္ေပ်ာ႐ြက္ေပၚမွာ ခြထိုင္ၿပီး လက္ႏွစ္ဖက္နဲ႔ႀကဳံးစားေနတဲ့ အေကာင္တစ္ေကာင္ကို ဖေယာင္းတိုင္မီးအလင္းေရာင္နဲ႔ျမင္လိုက္ရတယ္။

အိမ္ျပန္ေရာက္ေတာ့ သားျဖစ္သူက သူ႔အေမထည့္ေပးထားတဲ့ ထမင္းကိုစားေနတာျမင္ေတာ့
" ေဟ ေနေကာင္းသြားၿပီလား"

" ဟုတ္တယ္ ေတာ္တို႔ထြက္သြားတာနဲ႔ လူေကာင္းပကတိျပန္ျဖစ္သြားတာ"

" ဟူး ေတာ္ပါေသးရဲ႕... ေနာက္ဆို ညေနေစာင္းရင္ ကေလးကိုအိမ္ေပၚကအိမ္ေအာက္ေပးမဆင္းနဲ႔ေတာ့ ၾကားလား"

" သိပါ့ေတာ္ေရ သိပါ့.. ကဲ ေရမိုးခ်ိဳးလိုက္ဦး က်ဳပ္ထမင္းျပင္ထားေပးမယ္"

ခ်စ္စံလဲ အိမ္နံရံမွာ ခ်ိတ္ထားတဲ့ေရလဲပုဆိုးကိုယူကာ ေရခ်ိဳးဖို႔ဆင္းလာခဲ့လိုက္တယ္။ ဒီကိစၥေတြျဖစ္ၿပီးေနာက္ပိုင္း ညေနေနဝင္ရီတစ္ေရာအခ်ိန္ေတြဆိုရင္ ကေလးေတြကိုအျပင္မေပးထြက္ၾကေတာ့ဘူး။ ဒါေပမယ့္လဲ ျပႆနာကမၿပီးဆုံးပဲ ႐ြာျပင္ထြက္ၿပီး အလုပ္လုပ္တဲ့လူေတြထဲကမွ ကံနိမ့္တဲ့သူေတြကို ေ႐ြးၿပီး ပူးကပ္ေႏွာက္ယွက္ကာ ေတာင္းရမ္းစားေသာက္ပါေလေရာ။

႐ြာကလူေတြကလဲ ပူးကပ္လာတဲ့အခါ ထုံးစံအတိုင္း ေခါစာပစ္ၿပီးေကြၽးၾကတဲ့အတြက္ နာနာဘာဝေကာင္က ပိုၿပီးအတင့္ရဲလာခဲ့တယ္။ တစ္ရက္မွာေတာ့ ကိုခ်စ္စံတို႔႐ြာထဲက ဆယ္ေက်ာ္သက္လူငယ္တစ္ဦး ေပ်ာက္ခ်င္းမလွေပ်ာက္သြားခဲ့တယ္။

လယ္လုပ္ရင္း အေလးသြားခ်င္တယ္ေျပာၿပီးထြက္သြားတာ ေနေစာင္းတဲ့အခ်ိန္ထိျပန္မလာေတာ့ ႐ြာသားေတြလဲ တုတ္ဆြဲဓါးဆြဲနဲ႔ လိုက္ရွာၾကတဲ့အခ်ိန္

" ေဟ့ ခဏရပ္လိုက္ဦး ငါ့နားထဲ ေတာတိုးသံၾကားေနရတယ္ ထြန္းေက်ာ္ ျဖစ္ေနမလားမသိဘူး"

ငယ္စဥ္ဘဝက ပဲခူး႐ိုးမထဲမွာ အမဲလိုက္ခဲ့တဲ့ ဘႀကီးသိန္းက အသံၾကားရာဘက္ကို မ်က္ႏွာမူကာေျပာလိုက္ၿပီး လူေတြကို အသံမထြက္ဖို႔ လက္ဟန္ေျခဟန္နဲ႔ျပလိုက္တယ္။

ေတာတိုးသံကတစ္ေျဖးေျဖး နီးကပ္လာတဲ့အတြက္ လက္ထဲကိုင္ထားတဲ့ ဒူးေလးကိုခ်ိန္ဆရင္း အႏၲရာယ္ရွိတဲ့အေကာင္ဆိုရင္ပစ္ခ်ဖို႔႐ြယ္ေနတဲ့အခ်ိန္ ေတာထဲကေန ေယာဂီဝတ္စုံဝတ္ထားတဲ့ လူတစ္ေယာက္ထြက္လာတာကိုျမင္လိုက္ရတယ္။

" ဟာ .. အားလုံး လက္နက္ေတြခ်ထားလိုက္။ ေတာ္ပါေသးရဲ႕ က်ဳပ္က ေတာေကာင္ထင္ၿပီးပစ္ခ်မိေတာ့မလို႔။ ဒါနဲ႔ သင္က ဒီေတာထဲဘာလာလုပ္တာလဲ"

" က်ဳပ္မိတ္ေဆြတစ္ေယာက္က ေတာထဲမွာ တရားအားထုတ္ေနလို႔ လာေတြ႕တာပါ။ အေနာက္မွာ က်ဳပ္တပည့္ႏွစ္ေယာက္လဲပါပါေသးတယ္"

ေယာဂီဝတ္လူရဲ႕စကားအဆုံးမွာ ေတာထဲကေန ေနာက္ထပ္ ေယာဂီဝတ္လူႏွစ္ေယာက္ထပ္ထြက္လာခဲ့တယ္။

" ဒီလို ေတာႀကီးမ်က္မည္းထဲမွာ မေၾကာက္မ႐ြံ႕သြားလာေနတာ အံ့ဩစရာပဲ။ က်ဳပ္တို႔႐ြာက လူတစ္ေယာက္ေတာင္ ဒီမနက္ေပ်ာက္သြားလို႔ ေတာေကာင္ေတြမ်ားဆြဲသြားသလားဆိုၿပီးလိုက္ရွာေနတာ"

" လူတစ္ေယာက္ေပ်ာက္လို႔ ဟုတ္လား။ က်ဳပ္တို႔အခုျဖတ္လာတဲ့တစ္ေလ်ာက္ေတာ့ အႏၲရာယ္ရွိတဲ့ ေတာေကာင္တစ္ေကာင္တစ္ေလေတာင္မေတြ႕မိဘူးဗ်"

" ဒုကၡပါပဲ... မိုးကလဲခ်ဳပ္ေတာ့မွာဆိုေတာ့ ဆက္လိုက္ဖို႔ကအဆင္မေျပေတာ့ဘူး။ ဒီက ဧည့္သည္ေတြကေရာ ဘယ္ကိုခရီးဆက္ၾကမွာလဲ"

" ဒီတစ္ညေတာ့ အဆင္ေျပရင္ ႐ြာမွာပဲတည္းခ်င္ပါတယ္။ အဆင္မေျပရင္ေတာ့ အျခားတစ္ေနရာရွာလိုက္ပါမယ္"

" မဟုတ္တာကြယ္... တည္းလို႔ရပါတယ္။ အခုက်ဳပ္တို႔လဲျပန္ေတာ့မွာဆိုေတာ့ တစ္ပါထဲလိုက္ခဲ့ၾကေလ"

႐ြာသားေတြရဲ႕ေဖာ္ေ႐ြမႈေၾကာင့္ ေယာဂီဝတ္လူသုံးေယာက္မ်က္ႏွာမွာ အၿပဳံးပန္းေတြပြင့္သြားၿပီး ေခၚတဲ့ေနာက္ကိုလိုက္သြားခဲ့ၾကတယ္။

" ဒီက ဧည့္သည္ေတြၾကည့္ရတာ အသက္ငယ္ေသးတဲ့ပုံပဲ။ ဒီလိုအသက္အ႐ြယ္နဲ႔ဘာသာေရးလိုက္စားတာ တကယ္အံ့ဩမိပါတယ္။ ေအာ္ ဒါနဲ႔ အဘနာမည္က ဦးသိန္းလို႔ေခၚတယ္။ ဧည့္သည္တို႔ကေရာ..."

ဦးသိန္းစကားေၾကာင့္ ႏူးညံ့‌ေျဖာင့္စင္းစြာရွည္က်ေနတဲ့ ဆံပင္ကို တစ္ပတ္လွ်ိဳထုံးထားတဲ့လူက
" က်ဳပ္နာမည္က ေအာင္ျမတ္သာပါ။ သူတို႔ႏွစ္ေယာက္က သက္ခိုင္နဲ႔ေတာက္ရပါ။ အခုလိုဦးႀကီးတို႔နဲ႔ဆုံေတြ႕ရတာ ဝမ္းသာပါတယ္"

ေအာင္ျမတ္သာတို႔လဲ စကားတစ္ေျပာေျပာနဲ႔လမ္းေလ်ာက္လာခဲ့တာ ေနေရာင္ေပ်ာက္ၿပီးအေမွာင္ထုဖုံးလႊမ္းတဲ့အခ်ိန္ကိုေရာက္လာခဲ့တယ္။

" စကားေတြေကာင္းေနလိုက္တာ အေတာ္ေတာင္ေမွာင္ေနၿပီပဲ။ ကဲ ေရွ႕တစ္ေကြ႕ဆို ႐ြာေရာက္ပါၿပီ"

ဘႀကီးသိန္းက စကားစကိုျဖတ္ၿပီးေလ်ာက္သြားခဲ့တာ ကြမ္းတစ္ယာညက္ေလာက္ၾကာေတာ့ ဖေယာင္းတိုင္မီးတစ္တိုင္ေအာက္မွာ ဖက္႐ြက္နဲ႔ပုံထားတဲ့ ထမင္းနဲ႔ဟင္းတစ္ပုံကိုျမင္လိုက္ရတယ္။

ေအာင္ျမတ္သာတို႔က ထမင္းပုံကိုစူးစိုက္ၾကည့္ေနတာကို ဘႀကီးသိန္းျမင္ေတာ့
" ဒါကေတာ့ ႐ြာမွာ ေနမေကာင္းျဖစ္တာတို႔ ဘာတို႔ဆိုရင္ ဒီလိုပဲ ေခါစာပစ္ၾကတာ ထုံးစံတစ္ခုလိုျဖစ္ေနၿပီ။ ဧည့္သည္ေတြက အခုမွေရာက္တာဆိုေတာ့ အထူးအဆန္းျဖစ္ေနမွာေပါ့"

ေအာင္ျမတ္သာလဲ ဘႀကီးသိန္းစကားကို ပါးခ်ိဳင့္ႏွစ္ဖက္ေပၚေအာင္ၿပဳံးကာ အသိအမွတ္ျပဳလိုက္ၿပီး ေလ်ာက္သြားရင္းကေန မ်က္ခုံးႏွစ္ခုကိုက်ဳတ္ကာ အေနာက္ကိုျပန္ၾကည့္လိုက္ရာ ေျမႀကီးထဲကေန လက္တစ္ဖက္ထြက္လာၿပီး ထမင္းပုံကိုအုပ္ထားတာကိုျမင္လိုက္ရတယ္။

ဘႀကီးသိန္းလဲ ဧည့္သည္ေတြကို ေနရာခ်ၿပီး ထမင္းလက္စုံစားကာ စကားစျမည္အနည္းငယ္ေျပာခဲ့ၾကတယ္။ ငယ္စဥ္ထဲက တစ္ကိုယ္တည္း မုဆိုးအလုပ္ကိုလုပ္လာတဲ့ ဘႀကီးသိန္းရဲ႕စကားေတြက ျပတ္သားျခင္း၊ စိတ္ဓါတ္မာေၾကာျခင္းေတြကို ေပၚလြင္ေစခဲ့တယ္။ ဘႀကီးသိန္းလဲ စကားေျပာရတာမ်ားေတာ့ ေမာလာတဲ့ဟန္နဲ႔ ေရေႏြးတစ္ခြက္ကိုေမာ့လိုက္ၿပီး
" ဧည့္သည္ေတြလဲ ပင္ပန္းေနၾကပီထင္တယ္။ က်ဳပ္လဲမနက္က်ရင္ လူေပ်ာက္ရွာရဦးမွာဆိုေတာ့ ေစာေစာအိပ္လိုက္ဦးမယ္။ မအိပ္ခ်င္ေသးရင္လဲ ေအးေဆးနားၾကဦးေနာ္"လို႔ေျပာကာ အခန္းထဲဝင္သြားခဲ့တယ္။

ဘႀကီးသိန္း အိပ္သြားေတာ့ ေအာင္ျမတ္သာက
" ဒီ႐ြာကိုစဝင္လာေတာ့ ေခါစာပစ္ထားတာကိုျမင္ၾကတယ္မလား"

" ဟုတ္တယ္ဆရာ ကြၽန္ေတာ္လဲဆရာကိုေမးခ်င္ေနတာပါးစပ္ကိုယားေနတာပဲ။ အခုလဲ ပညာစက္အခ်ိဳ႕ကိုခံစားေနမိတယ္။ ေသခ်ာတာကေတာ့ ႐ြာထဲမွာ ပညာသည္ရွိကိုရွိရမယ္"

" သက္ခိုင္ေျပာတာ ငါလဲလက္ခံတယ္။ မနက္က်ရင္ မင္းတို႔ႏွစ္ေယာက္က ႐ြာထဲသြားၿပီး ျဖစ္ပ်က္ေနတာေတြကိုစနည္းနာခဲ့ၾက။ တကယ္လို႔ ပညာသည္လို႔ယူဆတဲ့သူနဲ႔ေတြ႕ခဲ့ရင္ေတာင္ မင္းတို႔ပညာကိုေယာင္လို႔ေတာင္မထုတ္ျပမိေစနဲ႔"

" ဒါဆို ကြၽန္ေတာ္တို႔ဒီည ဘာမွလုပ္စရာမလိုဘူးလားဆရာ"

" ေတာက္ရအေနနဲ႔လုပ္ရမယ့္ကိစၥတစ္ခုရွိတယ္။ ညလူေျခတိတ္ခ်ိန္ နာနာဘာဝေအာက္လမ္းပညာသည္ေတြျမင္ႏိုင္စြမ္းမရွိတဲ့ စကၡဳသုံးကြက္အင္းကိုသုံးၿပီး႐ြာထိပ္ကိုသြား၊ၿပီးရင္ ႐ြာထိပ္အစပ္ေလ်ာက္လမ္းဘယ္ညာမွာ ျမင္းခုန္စမကြက္ တစ္ကြက္စီျမဳပ္ၿပီးျပန္လာခဲ့။ ႐ြာျပင္မွာမင္းမထင္မွတ္ထားတာေတြလဲ ျမင္ေကာင္းျမင္ရလိမ့္မယ္။ ျမင္သမွ်အရာအားလုံးကို မသိခ်င္ေယာင္ေဆာင္ၿပီးသာျပန္လာခဲ့"

" ဟုတ္ကဲ့ဆရာ ကြၽန္ေတာ္ေသခ်ာလုပ္ခဲ့ပါ့မယ္"

ေတာက္ရလဲ ေအာင္ျမတ္သာကမ္းေပးတဲ့ စကၡဳစမကို ၿမိဳၿပီး ျမင္းခုန္စမ(စမအကၡရာေတြကို စစ္တုရင္ထိုးတဲ့အခါ ျမင္းခုန္ကြက္လို ေက်ာ္ခြၿပီးေရးဆြဲထားတဲ့စမကို ျမင္းခုန္စမလို႔ေခၚပါတယ္)ကိုကိုင္ကာ ႐ြာထိပ္ကိုထြက္လာခဲ့လိုက္တယ္။

သက္ႀကီးေခါင္းခ်ခ်ိန္ျဖစ္တဲ့အတြက္ တစ္႐ြာလုံးအပ္က်သံပင္မၾကားေလာက္ေအာင္ တိတ္ဆိတ္ၿငိမ္သက္ေနၿပီး အိမ္ေမြးေခြးအခ်ိဳ႕တစ္ေလသာ ႐ြာလမ္းမေပၚျဖတ္သြားျဖတ္လာလုပ္ေနခဲ့ၾကတယ္။ ဒါေပမယ့္ စကၡဳစမကိုၿမိဳထားတဲ့ေတာက္ရကို ျမင္ေတြ႕ဟန္မတူပဲ အခ်င္းခ်င္းစလိုက္ ကိုက္လိုက္နဲ႔ က်ီစယ္ေဆာ့ကစားေနၾကတယ္။ ေတာက္ရလဲ ႐ြာလမ္းအတိုင္းေလ်ာက္လာခဲ့တာ မၾကာခင္ ႐ြာထိပ္အဝင္လမ္းဝကိုေရာက္လာခဲ့တယ္။.

ညဦးပိုင္းက ပစ္ထားတဲ့ ေခါစာခြက္ေတြေပၚမွာ က်န္ေနတဲ့ မီးစေတြက အနီးအနားက ျမက္ေျခာက္ေတြ၊ သစ္႐ြက္ေျခာက္ေတြေပၚက်ၿပီး အေငြ႕တစ္လူလူနဲ႔ လြင့္ေနတာကိုက ေခ်ာက္ခ်ားစရာေကာင္းလွတယ္။ ေခါစာခြက္ေတြရဲ႕ေဘးမွာေတာ့ သာမန္လူေတြရဲ႕ခႏၶာကိုယ္အတိုင္းျဖစ္တည္ေနတဲ့ နာနာဘာဝအခ်ိဳ႕ကို ဝိုးတစ္ဝါးျမင္လိုက္ရတယ္။ အခ်ိဳ႕က ပါးစပ္ေပါက္မပါ၊ အခ်ိဳ႕က မ်က္လုံးေတြျပဴးထြက္ၿပီး ပါးစပ္ထဲကေန ေလာက္ေတြတစ္ဖြားဖြားက်ေနတဲ့ နာနာဘာဝေတြကိုလဲ ေအာ့ႏွလုံးနာစရာျမင္ေတြ႕လိုက္ရတယ္။ဒါေပမယ့္ ေတာက္ရကိုေတာ့ သူတို႔မျမင္ေတြ႕ရပဲ ငွက္ေပ်ာဖက္ေပၚက်န္ေနတဲ့ အႂကြင္းအက်န္ေတြကိုသာ လုယက္ျငင္းခုန္ၿပီး စားေသာက္ေနခဲ့ၾကတယ္။

ေတာက္ရလဲ သူ႔မွာပါလာတဲ့ ျမင္းခုန္စမကို ႐ြာထိပ္တစ္ဖက္တစ္ခ်ပ္မွာ ျမဳပ္ၿပီးျပန္ဖို႔အလုပ္ နားထဲမွာ လူငယ္တစ္ေယာက္ရဲ႕ တီးတိုးငိုညဥ္းသံကိုၾကားလိုက္ရတယ္။ အသံက လူတစ္ဦး ငိုေနတဲ့အသံျဖစ္ေပမယ့္ ဆရာျဖစ္သူရဲ႕စကားေၾကာင့္ ျပန္လွည့္မၾကည့္ပဲ တည္းခိုတဲ့အိမ္ကိုျပန္လာခဲ့လိုက္တယ္။ အိမ္ေရာက္ေတာ့ ညသန္းေခါင္းယံအခ်ိန္ တရားထိုင္ေနတဲ့ ဆရာျဖစ္သူကိုျမင္ေတြ႕လိုက္ရတယ္။

ေတာက္ရလဲ တိုင္နံရံမွာ ခ်ိတ္ထားတဲ့လြယ္အိတ္ထဲကေန ဂိုဏ္းပုတီးကိုထုတ္ၿပီး ငါးပါးသီလခံကာ ျပဳလုပ္ေနၾကျဖစ္တဲ့အမႈကိုျပဳခဲ့တယ္။ ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ ညကျဖစ္ပ်က္တာေတြကိုျပန္ေျပာင္းေျပာျပလိုက္ရာ ေအာင္ျမတ္သာက

" မင္း ညက ၾကားရတဲ့ ငိုသံက ဒီ႐ြာကေပ်ာက္သြားတဲ့လူငယ္ပဲျဖစ္မယ္။ ငါ့အထင္ေျပာရရင္ သူ႔ကို ေျမဖုတ္ဘီလူးကဖြက္ထားတာပဲ"

" ဒါဆို ဘယ္လိုလုပ္ရမလဲဆရာ..."

" ညေန မေမွာင္ခင္႐ြာထဲကို လူေတြအကုန္ျပန္လာဖို႔ ဘႀကီးသိန္းကိုမွာလိုက္တယ္။ အဲဒီမွာ ညကမင္းျမဳပ္ထားတဲ့အင္းအစြမ္းျပပုံကို ၾကည့္ၾကတာေပါ့ကြာ"

ေအာင္ျမတ္သာက စကားေျပာရင္း ေဘးမွာခ်ထားတဲ့အိတ္ထဲကေန တစ္စုံတစ္ခုကိုထုတ္ယူကာ ခ်လိုက္ၿပီး
" ဒါကေတာ့ သိမ္ဝင္သကၤန္းအစုတ္ကို သုံးေခ်ာင္းေထာက္ပုံက်စ္ထားတာပဲ(ဒီနည္းလမ္းကို ေအာင္ျမတ္သာပညာဆည္းပူးစဥ္က ဦးတိကၡအသုံးျပဳခဲ့တဲ့နည္းျဖစ္ပါတယ္)"

" ဒီအရာက ဘယ္အတြက္သုံးဖို႔လဲဆရာ"

" မေန႔က ႐ြာထဲဝင္ေတာ့ ပညာသည္ရဲ႕အေငြ႕အသက္ကိုခံစားရတယ္လို႔ေျပာခဲ့တယ္မဟုတ္လား။ ဒီအရာကိုသုံးတဲ့အခါ ငါတို႔ရဲ႕အာဏာစက္ကို မလြန္ဆန္ႏိုင္တဲ့ပညာသည္မွန္သမွ် တစ္နည္းနည္းနဲ႔ လာေရာက္ ေတာင္းပန္ၾကလိမ့္မယ္။ ငါတို႔အေနနဲ႔ သူတို႔ကို လူပုံအလယ္အရွက္မကြဲေစဖို႔အထူးသတိမူရလိမ့္မယ္။ ဒါေၾကာင့္ ညေနက်ရင္ ‌သက္ခိုင္က ဒီသုံးေခ်ာင္းေထာက္ကို လူေတြမျမင္ႏိုင္တဲ့ေနရာမွာ ဆီစိမ္ၿပီး မီးညႇိထားရမယ္။ ငါ့အျမင္အရ ဒီ႐ြာမွာ ပညာအဆင့္ျမင့္တဲ့သူမရွိတာမို႔ သူတို႔ေတြ ငါတို႔ဆီကိုေသခ်ာေပါက္ေရာက္လာလိမ့္မယ္။ ကဲ အခုေတာ့ ကိုယ္လုပ္စရာရွိတာလုပ္ထားၾက။ ညေနေစာင္းတာနဲ႔ ဒီ႐ြာက ျပႆနာကိုကူညီေျဖရွင္းေပးၾကတာေပါ့"

ညေနေစာင္းေရာက္ေတာ့ ဘႀကီးသိန္းရဲ႕ေဆာ္ဩမႈေၾကာင့္ ႐ြာသားေတြအားလုံး ေနမဝင္မီအလွ်ိဳလွ်ိဳေရာက္ခ်လာခဲ့တယ္။ သက္ခိုင္ကလဲ ေအာင္ျမတ္သာခိုင္းထားတဲ့အတိုင္း သုံးေခ်ာင္းေထာက္ဆီမီးကို မျမင္ကြယ္ရာမွာထြန္းၿပီး အေျခအေနကိုေစာင့္ၾကည့္ေနခဲ့တယ္။

ဘႀကီးသိန္းအပါအဝင္ ႐ြာသူ႐ြာသားေတြကလဲ ေအာင္ျမတ္သာတို႔ကို သာမန္လူေတြလို႔ပဲ သိထားတဲ့အတြက္ အရမ္းႀကီးစိတ္မဝင္စားၾကပဲ ေပ်ာက္ဆုံးေနတဲ့လူငယ္ကိုရွာၿပီးျပန္လာတဲ့အဖြဲ႕ကိုသာေစာင့္ေမွ်ာ္ေနခဲ့ၾကတယ္။ မၾကာခင္ ဘႀကီးသိန္းတို႔အဖြဲ႕ျပန္ေရာက္လာတာကို အေဝးကေန လွမ္းျမင္လိုက္ရတယ္။

" ဆရာ ... အဖြဲ႕ထဲက တစ္ေယာက္ရဲ႕ ဂုတ္ေပၚမွာ တစ္ခုခုပါလာသလိုပဲ"

ေတာက္ရရဲ႕ ေလသံေၾကာင့္ သက္ခိုင္လွမ္းၾကည့္လိုက္ရာ ပုကြကြဂင္တိုတိုအေကာင္တစ္ေကာင္ ဂုတ္ေပၚကေနခြစီးၿပီးလိုက္လာတာကိုျမင္လိုက္ရတယ္။

" ဆရာ ... "

" ဒီ႐ြာကိုဒုကၡေပးေနတာ ဒီေကာင္ပဲ၊ အခုလဲ ကံနိမ့္တဲ့လူအေပၚကေန ကပ္တြယ္လာျပန္ၿပီ။ ဒီတစ္ခါေတာ့ ဒင္းအရင္လိုဝင္လို႔မရေတာ့ပါဘူး"

ေအာင္ျမတ္သာစကားအဆုံးမွာ ဘႀကီးသိန္းတို႔လူစုက ႐ြာထိပ္ကိုေရာက္လာခဲ့တယ္။ အဖြဲ႕ကလူေတြအားလုံးအသီးသီး အထဲဝင္လာတဲ့အခ်ိန္ ဂုတ္ေပၚခြစီးလာတဲ့အေကာင္အလွည့္ေရာက္ေရာ လွ်ပ္စစ္တြန္းကန္အားမိတဲ့လူလို အေဝးကိုလြင့္ထြက္သြားခဲ့တယ္။ လူကေတာ့ ဘာမွမသိလိုက္ေပမယ့္ ဂုတ္ေပၚကေနလြင့္ထြက္သြားတဲ့ အေကာင္က အံ့ဩမႈေပါင္းမ်ားစြာနဲ႔ဖုန္ေတာထဲကေန ကုန္း႐ုန္းထၿပီး ႐ြာထဲကိုဝင္ဖို႔လုပ္ျပန္ေရာ။ ဒီတစ္ခါမွာလဲ ခပ္ေဝးေဝးကို လြင့္ထြက္သြားတဲ့အတြက္ ထပ္မဝင္ရဲေတာ့ပဲ ႐ြာအျပင္မွာ ေဒါသတစ္ႀကီးျဖစ္ကာ ေသာင္းက်န္းပါေလေရာ။

ေအာင္ျမတ္သာတို႔ကလဲ ပြဲမၿပီးေသးတဲ့အတြက္ ဘာမွမလုပ္ေသးပဲ သုံးေခ်ာင္းေထာက္ဆီမီးအကုန္ကိုသာ ေစာင့္ၾကည့္ေနခဲ့ၾကတယ္။ မီးစာကုန္လုကုန္ခင္အခ်ိန္မွာေတာ့ ထဘီတိုတိုဝတ္ၿပီး ေအာင္ျမတ္သာတို႔ရွိရာေလ်ာက္လာတဲ့ မိန္းမတစ္ေယာက္ကိုျမင္လိုက္ရတယ္။

မိန္းမႀကီးက ေအာင္ျမတ္သာတို႔ကိုျမင္ေတာ့ ခ်ဳံးပြဲခ်ငိုၿပီး
" ခြင့္လႊတ္ေပးပါ ဒီတစ္ႀကိမ္ခြင့္လႊတ္ေပးပါ ဆရာတို႔ပညာစြမ္းကိုတကယ္ေၾကာက္ပါၿပီ။ ေနာက္ေနာင္ဒိလိုအမႈမ်ိဳးမလုပ္ေတာ့ပါဘူးလို႔လဲ ကတိသစၥာခံယူပါ့မယ္။ ကြၽန္မအရမ္းပူေလာင္ေနလို႔ပါ။မီးကိုၿငိမ္းေပးပါဆရာတို႔ရယ္"

" သင္ ဘာေၾကာင့္ ဒီလိုလုပ္ရတာလဲ၊ ကိုယ့္႐ြာသားအခ်င္းခ်င္းကို လုပ္ရက္လိုက္တာ"

" ဆရာတို႔အျပစ္ေပးသမွ်ခံဆိုလဲခံပါ့မယ္။ ကြၽန္မအေနနဲ႔ ေရာင္းမကုန္တဲ့ အမဲအူေတြကို ေရာင္းထြက္ေအာင္ မႀကံေကာင္းမစည္ရာႀကံခဲ့မိပါတယ္။ အခုကစၿပီး မလုပ္ေတာ့ပါဘူးလို႔လဲကတိေပးပါတယ္။ မီးကိုၿငိမ္းေပးပါဆရာ။ တစ္ကိုယ္လုံးလဲပူေလာင္ေနတာ ငရဲက်ေနသလိုပါပဲ"

" ေအး သင္က ေျမဖုတ္ဘီလူးနဲ႔အေပးအယူလုပ္ၿပီး လူေတြကိုဒုကၡေပးတယ္။ အခုေပ်ာက္ေနတဲ့လူငယ္ကလဲ သင့္လက္ခ်က္ပဲမဟုတ္လား"

" မဟုတ္ပါဘူးဆရာ အခုေပ်ာက္ေနတာ ကြၽန္မရဲ႕သားပါ။ သူက ဟိုဘက္႐ြာကေန အမဲအူေတြယူၿပီး ႐ြာထဲကေခါစာပစ္တဲ့သူေတြဆီကိုပို႔ေပးရတာပါ။ တစ္ရက္မွာ ဟိုဘက္႐ြာကအမဲမေပၚျဖစ္လို႔ အစာေကြၽးတဲ့အခ်ိန္မေကြၽးမိလိုက္တာ ကြၽန္မသားကိုဒုကၡေပးေတာ့တာပဲ"

" သင္လဲပညာသည္ပဲ ဘာေၾကာင့္ ျပန္ေခၚလို႔မရတာလဲ"

" ကြၽန္မကပညာသည္ဆိုေပမယ့္ ပညာအဆင့္အတန္းအရမ္းနိမ့္ပါတယ္။ သာမန္သရဲတေစၦေတြေလာက္ပဲ ဟိန္းေဟာက္မာန္မဲလို႔ရပါတယ္။ အခုဖြက္ထားတာက တြင္းေအာင္းေျမဖုတ္ဘီလူးပါ။ သူ႔ကိုကြၽန္မအမိန႔္ေပးႏိုင္စြမ္းမရွိတဲ့အတြက္ အခုလို ကြၽန္မသားကို ဖြက္ထားတာပါ။ ကြၽန္မအေနနဲ႔ ႐ြာကိုလဲမေျပာရဲပဲ ႀကိတ္မွိတ္ေနေနရတာ။ ဆရာတို႔အေနနဲ႔ကူညီေပးပါရွင္"

" ေအး သင့္မွာ အခုက်န္ေနတဲ့ပညာေတြအားလုံး ဘုရားကိုလႉၿပီး သစၥာေရေသာက္ရင္ က်ဳပ္တို႔ကူညီေပးမယ္"

" လႉပါ့မယ္ဆရာ၊ သစၥာေရလဲေသာက္ပါ့မယ္။ သားေလး အသက္ရွင္လ်က္ရွိေသးရင္ ဘာမဆိုလုပ္ပါ့မယ္"

" သက္ခိုင္ သူ႔ကိုပညာႏႈတ္ၿပီး သစၥာေရတိုက္လိုက္။ ည ရွစ္နာရီထိုးတဲ့အခါ သင့္သားအိမ္ကိုျပန္ေရာက္လာေအာင္လုပ္ေပးမယ္"

မိန္းမႀကီးလဲ သက္ခိုင္တိုက္တဲ့သစၥာေရကို ၾကည္ၾကည္ျဖဴျဖဴေသာက္ေနတဲ့အခ်ိန္ ေတာက္ရက သုံးေခ်ာင္းေထာက္ဆီမီးကိုၿငိမ္းသတ္ေပးခဲ့တယ္။

" က်ဳပ္တို႔ကိုေပးတဲ့ကတိ ဖ်က္တာနဲ႔ သင္ဆိုခဲ့တဲ့သစၥာအတိုင္းျပန္စူးမွာကိုေတာ့မေမ့ပါနဲ႔"

" ကြၽန္မမဖ်က္ရဲပါဘူး .. ဆရာတို႔အစြမ္းကိုလဲ ႐ိုေသေလးစားမိပါတယ္"

" ဒါျဖင့္ သင္လိုရာသြားလို႔ရၿပီ။ က်ဳပ္တို႔လုပ္စရာရွိတာဆက္လုပ္ရဦးမယ္"

ေအာင္ျမတ္သာစကားအဆုံးမွာ မိန္းမႀကီးက ႐ြာထိပ္ဘက္ကိုလွည့္ၾကည့္ရင္း ျပန္သြားခဲ့တယ္။

" ဗ်ိဳ႕ ေဒၚခ်စ္ပို အခုဘယ္ကျပန္လာတာလဲ"

ကိုခ်စ္စံရဲ႕အသံေၾကာင့္ ေျဖးညႇင္းစြာလမ္းေလ်ာက္သြားတဲ့ ေဒၚခ်စ္ပိုက ႐ြာထိပ္ကိုလက္ညိဳးထိုးျပၿပီး
" ငါ့သားေလး ျပန္ေတြ႕ပီလားလို႔ သြားၾကည့္တာပါကြယ္" လို႔ေျပာရင္း ထြက္သြားခဲ့တယ္။

++++++++

အေမွာင္ထုကတစ္ေျဖးေျဖးႀကီးစိုးလာတာနဲ႔အမွ် ႐ြာအျပင္တလင္းျပင္အလယ္မွာမလႈပ္မယွက္ထိုင္ေနတဲ့လူသုံးေယာက္ဆီကေန မီးအလင္းေရာင္အခ်ိဳ႕ထြက္ေပၚလာခဲ့တယ္။

အင္းစမစာလုံးေတြ ထြင္းထားတဲ့ ဖေယာင္းတိုင္သုံးတိုင္ဆီကေနထြက္လာတဲ့ မီးအလင္းေရာင္ေၾကာင့္ ပတ္ဝန္းက်င္တစ္ခုလုံးကို ရွင္းလင္းစြာျမင္ေတြ႕ေနရတယ္။

" ဆရာ ဒီေကာင္မၾကာခင္ထြက္လာေတာ့မယ္ထင္တယ္။ ကြၽန္ေတာ္ႏွာေခါင္းထဲအပုတ္နံ႔ေတြရေနၿပီ"

" ေသခ်ာတာေပါ့ သက္ခိုင္။ ဒီေကာင္ ငါတို႔ရဲ႕အမိန႔္ကို လြန္ဆန္ဖို႔ႀကိဳးစားေလေလ သူတစ္ကိုယ္လုံး ငရဲမီးနဲ႔ၿမိဳက္သလို ပူေလာင္ေလေလျဖစ္ေနမွာပါ"

မၾကာခင္ တလင္းျပင္တစ္ခုလုံး လႈိင္းထသလိုျဖစ္လာၿပီး ေျမႀကီးထဲကေန ညစ္ပတ္နံေစာ္ၿပီး စက္ဆုပ္ဖြယ္ေကာင္းတဲ့႐ုပ္သြင္နဲ႔ နာနာဘာဝတစ္ေကာင္ခုန္ထြက္လာခဲ့တယ္။

" အခုက်ဳပ္တို႔အေရွ႕ေရာက္လာတာ ဘယ္သူလဲ"

ျပတ္သားတည္ၾကည္တဲ့အသံေၾကာင့္ တစ္ကိုယ္လုံးအေမႊးအမွ်င္ေတြဖုံးအုပ္ေနတဲ့ နာနာဘာဝေကာင္ ႐ုတ္တရက္ဆိုသလို ေက်ာေပးလိုက္ၿပီး
" ငါေနလို႔မရေတာ့လို႔ လာခဲ့တာ။ ငါက ဒီလယ္ေျမေတြမွာ ေနတဲ့ ေျမဘုတ္ဘီလူးပဲ"

" ေအာ္ လတ္စသတ္ေတာ့ မင္းကိုး။ ဒါျဖင့္လဲ ေမးစရာရွိတာေမးရေသးတာေပါ့။႐ြာထဲက လူတစ္ေယာက္ကို သင္ဖြက္ထားတယ္ဆိုတာ က်ဳပ္သိတယ္။ အခုခ်က္ခ်င္း ဖြက္ထားတာကိုပယ္ဖ်က္ေပးပါ"

ေအာင္ျမတ္သာစကားေၾကာင့္ ေက်ာေပးထားတဲ့အေကာင္က ၾကက္သီးထစရာေကာင္းတဲ့အသံနဲ႔ ညဥ္းယူလိုက္ၿပီး
" ငါ့ကိုေပးထားတဲ့ ကတိပ်က္တဲ့အတြက္ ဒီေကာင္ကိုဖမ္းစားတာျဖစ္လို႔ မလႊတ္ေပးႏိုင္ဘူး"

" ေတာက္ မင္းကမ်ား ငါ့ဆရာကို ျပန္ခံေျပာေနေသးတယ္။ ငါထလုပ္လိုက္ရ"

ေတာက္ရက စိတ္ဆိုးတဲ့ဟန္နဲ႔ထၿပီး တြယ္မလိုလုပ္ေတာ့ ေအာင္ျမတ္သာက တားလိုက္ၿပီး

" အခ်ိဳ႕အ႐ိုင္းအစိုင္းအႏြယ္ေတြက ဒီလိုပဲေျပာတတ္တာ ခြင့္လႊတ္ေပးလိုက္ပါ။ ကဲ အသင္ေျမဖုတ္ဘီလူး က်ဳပ္အေနနဲ႔ သုံးႀကိမ္သုံးခါ ခြင့္ေတာင္းပါမယ္။ ဒါကိုသင့္အေနနဲ႔ မလိုက္ေလ်ာဘူးဆိုရင္ သင့္ထက္ အဆေပါင္းမ်ားစြာၾကမ္းတဲ့သူကိုေခၚၿပီးဆုံးမခိုင္းရမွာပဲ"

ေအာင္ျမတ္သာစကားအဆုံးမွာ နာနာဘာဝေကာင္က ဂ႐ုမစိုက္ဟန္နဲ႔ လက္ကအေမႊးအမွ်င္ေတြကို ကုတ္ျခစ္ကာ မသိက်ိဳးႏြံျပဳေနခဲ့တယ္။

" ေကာင္းၿပီေလ သင္ဘက္ကဆႏၵက ဒီလိုဆိုေတာ့လဲ က်ဳပ္ဘက္ကလဲ လုပ္သင့္တာလုပ္ရေတာ့မွာေပါ့"

ေအာင္ျမတ္သာ သူ႔အေရွ႕မွာ မေလးမစားလုပ္ေနတဲ့ နာနာဘာဝကို မဲ့ၿပဳံးေလးနဲ႔တစ္ခ်က္ၾကည့္ၿပီး
" ကြၽႏ္ုပ္ဘဝအဆက္ဆက္ျပဳက်င့္ခဲ့တဲ့ အက်င့္သီလေတြကိုတိုင္တည္၍လည္းေကာင္း၊ အထက္ဆရာႀကီးအေပါင္းတို႔၏ စရဏအက်င့္သီလကို တိုင္တည္၍ ကတိသစၥာျပဳလိုက္ပါတယ္။ ဤေျမဖုတ္ဘီလူးဟာ လူသားေတြကို ဖမ္းစား၊ ေျခာက္စား၊ ကပ္စား၊ လွန႔္စားေနတဲ့အမႈကိုက်ဴးလြန္ေနတာေၾကာင့္ ၎နဲ႔ထိုက္တန္တဲ့အျပစ္ကိုေပးရန္ လက္နက္ေလးမ်ိဳးကိုင္ေဆာင္ထားတဲ့ အင္းဘီလူးေလးေကာင္ ကြၽႏ္ုပ္အေရွ႕သို႔ မဆိုင္းမတြေရာက္ရွိေစသား"လို႔အမိန႔္ျပန္လိုက္ရာ ေျမဖုတ္ဘီလူးရဲ႕ေဘးပတ္ပတ္လည္ကေန သန္လ်က္၊ လွံ၊ ဆူးတင္းပုတ္၊ ေ႐ႊပိုက္ကြန္ကိုင္ထားတဲ့ အင္းဘီလူးေလးပါးဝန္းရံၿပီးထြက္ေပၚလာခဲ့တယ္။

အစြယ္ေတြကအျပင္ကို တစ္ထြာေလာက္ေကာ့ထြက္ေနၿပီးစားမတ္ဝါးမတတ္႐ုပ္သြင္ရွိတဲ့ အင္းဘီလူးေလးပါးကိုျမင္ေတာ့ ေျမဖုတ္ဘီလူး ေသြးပ်က္မတတ္ေၾကာက္႐ြံ႕သြားၿပီး

" နတ္ဘီလူးေတြ အမေလး ေၾကာက္ပါၿပီ၊ ငါ့ကိုမထု႐ိုက္ၾကပါနဲ႔"

" ဒီလိုက်ေတာ့လဲ သင္က ေၾကာက္တတ္သားပဲ။ အခုခ်က္ခ်င္း ဖမ္းထားတဲ့လူကိုထုတ္ေပးရင္ေပး၊ မေပးရင္ တစ္ကိုယ္လုံးအစိတ္စိတ္အမႊာမႊာျဖစ္ေအာင္ ထု႐ိုက္ခိုင္းလိုက္မယ္"

ဒီတစ္ခါမွာေတာ့ ေအာင္ျမတ္သာစကားကို ေျမဖုတ္ဘီလူးအေတာ္ေၾကာက္႐ြံ႕သြားဟန္နဲ႔

" ျပန္ထုတ္ေပးပါမယ္၊ ငါ့ကိုဘာမွမလုပ္ပါနဲ႔" လို႔ေျပာၿပီး လက္နဲ႔ေဝွ႔ယမ္းလိုက္ရာ ႐ြာအျပင္ ခ်ေတာင္ပို႔တစ္လုံးနားမွာ အားျပတ္ၿပီးေခြလဲေနတဲ့ လူငယ္တစ္ေယာက္ေပၚလာခဲ့တယ္။

" သက္ခိုင္ လူနာကို သက္ေစာင့္ေဆးေတာ္ႀကီးတစ္တို႔တိုက္ထားလိုက္"

ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္က လြယ္အိတ္ထဲမွာထည့္ထားတဲ့ ဖန္ပုလင္းတစ္လုံးကိုထုတ္ယူၿပီး အထဲကေန ေဆးမႈန႔္အနီအနည္းငယ္ကို ထုတ္ယူကာ ေမ့လဲက်ေနတဲ့သူပါးစပ္ထဲကို ခြံ႕ေပးလိုက္တယ္။

လူနာလဲ ေဆးေတာ္ႀကီးဝင္တာနဲ႔သတိျပန္ရလာၿပီး မွိန္းေနတဲ့အခ်ိန္ ေအာင္ျမတ္သာက

" ဒီ ေျမဖုတ္ဘီလူးက ဘယ္လိုေၾကာင့္ အတင့္ရဲေနရတာလဲ။ သူ႔ရဲ႕အထက္ပုဂၢိဳလ္ေတြအားလုံးကို အေၾကာင္းၾကားၿပီး ျပင္းထန္တဲ့အျပစ္ကိုေပးဖို႔ သင္တို႔ေလးေယာက္ကတာဝန္ယူပါ" လို႔ေျပာလိုက္ေတာ့ အင္းဘီလူးေလးပါးထဲက အငယ္ဆုံးအင္းဘီလူးက

" ဒီအ႐ိုင္းစိုင္းေကာင္က နတ္သူငယ္ပဝတၱ ထိန္းခ်ဳပ္တဲ့နယ္ေျမကလို႔သိရပါတယ္ဆရာ"

" နတ္သူငယ္ပဝတၱ ဟုတ္လား။ သူက ဒီလိုငယ္သားတစ္ေယာက္လြတ္ေနတာ ဘာေၾကာင့္မသိရတာလဲ"

" နတ္သူငယ္ပဝတၱဆိုတာ နတ္ဘီလူးေတြရဲ႕မ်က္ႏွာေပးျခင္းကိုခံရတဲ့ တန္ခိုးႀကီးနတ္သူငယ္ျဖစ္တဲ့အတြက္ ကြၽႏ္ုပ္တို႔အေနနဲ႔ သူ႔ကိုအမိန႔္ေပးႏိုင္စြမ္းမရွိပါဘူးဆရာ"

" ေအာ္ လက္စသတ္ေတာ့ ဒီေကာင္က သူ႔ဆရာနတ္သူငယ္ေၾကာင့္ ထင္ရာစိုင္းေနတာကိုး။ ဟုတ္ၿပီ အသင္တိုလဲတာဝန္ၿပီးဆုံးၿပီျဖစ္လို႔ လာရာလမ္းကိုျပန္ၾကပါ။ ‌ဆိုးသြမ္းခဲ့တဲ့ေကာင္ကိုေတာ့ သင္တို႔အေဆာင္ေျခရင္းမွာ သံကြန္ျခာနဲ႔အုပ္ၿပီးေခတၱထိန္းသိမ္းထားဦး"

" ဆရာအမိန႔္ကို ႐ိုေသစြာလိုက္နာပါ့မယ္"

အင္းဘီလူးေလးပါးလဲ ေအာင္ျမတ္သာကို ဦးၫႊတ္အ႐ိုအေသျပဳရင္း ေပ်ာက္ကြယ္သြားတဲ့အခ်ိန္ သတိေမ့ေနတဲ့လူငယ္က ခြန္အားျပည့္လာဟန္နဲ႔ မတ္တပ္ထရပ္ကာ

" ဆရာတို႔ကယ္လို႔သာပဲ ေနာက္ဆို ကြၽန္ေတာ္ဘဝေတာ့ဆုံးပါၿပီဗ်ာ။ ဒီေကာင္က အေတာ္ကိုေၾကာက္ဖို႔ေကာင္းတယ္"

" မင္းလဲ ဒီဒုကၡကလြတ္ၿပီဆိုေတာ့ အိမ္ျပန္လိုက္ပါဦး။ မင္းအေမေတာ့ အရမ္းေပ်ာ္မွာ အေသခ်ာပဲ"

လူငယ္ကေတာ့ သူ႔အေမျဖစ္သူဘယ္လိုလုပ္ခဲ့တယ္ဆိုတာသိဟန္မတူပဲ ႐ႊင္ျမဴးသြက္လက္စြာနဲ႔႐ြာထဲကိုဝင္သြားတဲ့အခ်ိန္ ေအာင္ျမတ္သာတို႔ေျခလွမ္းေတြကေတာ့ ေတာင္ဘက္စူးစူးမွာရွိတဲ့အရပ္သို႔ လွမ္းခဲ့ၾကတယ္။

ေနာက္ဝတၱဳမွာေတာ့ တပည့္တပန္းေပါင္းမ်ားစြာနဲ႔ထင္တိုင္းက်ဲေနတဲ့ နတ္သူငယ္ကို ဘယ္လို‌ဆုံးမမလဲဆိုတဲ့အေၾကာင္းကို ေအာင္ျမတ္သာႏွင့္နတ္သူငယ္ပဝတၱဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

#ညမဖတ္ရ 

No comments

Post a Comment