မရဏ ဆုံမှတ် (စ/ဆုံး)

  မရဏ ဆုံမှတ် (စ/ဆုံး) ~~~~~~~~~~~~~ မူရင်းရေးသားသူ_ဆရာတာတေ ဓါတ်ဆက်ပြီးတော့ အမြင်ဖွင့်ပေးလို့ရတယ် ဆိုတာကို ဘထစ်ရော၊ ကျုပ်ရော သိသွားကြတာပေါ့ဗ... thumbnail 1 summary

 မရဏ ဆုံမှတ် (စ/ဆုံး)

~~~~~~~~~~~~~
မူရင်းရေးသားသူ_ဆရာတာတေ

ဓါတ်ဆက်ပြီးတော့ အမြင်ဖွင့်ပေးလို့ရတယ်
ဆိုတာကို ဘထစ်ရော၊ ကျုပ်ရော သိသွားကြတာပေါ့ဗျာ။
ဒါပေမဲ့ ဘထစ်က ပြောတယ်ဗျ။

"ဟေ့ကောင် တာတေ၊ ဒါ လူတိုင်းကို လုပ်ပေးလို့ မရဘူး။
မင်းက နဂိုဓါတ်ခံကောင်းလို့ ရတာ"

ကျုပ် နားမလည်ဘူးဗျ။ ဘထစ်ပြောတဲ့
နဂိုဓါတ်ခံဆိုတာ ဘာကိုပြောမှန်း ကျုပ် မသိဘူး။
ဒါပေမဲ့ မေးလည်း မမေးတတ်ဘူးဗျ။ဒီအတိုင်းပဲ ငြိမ်နေရတာပေါ့ဗျာ။

ကျုပ် မှတ်မိသေးရောဗျာ။ အဲဒီလက သီတင်းကျွတ်လဗျ။
ကျုပ်တို့တွေ ပထမအစမ်းစာမေးပွဲ ဖြေနေကြတာ။
ပထဝီဖြေတဲ့နေ့ ထင်တယ်ဗျ။ စာမေးပွဲဖြေပြီးလို့
အခန်းထဲကနေ ထွက်လာတော့ ဘထစ်က
ကျောင်းဝန်းထဲက မန်ကျည်းပင်အောက်မှာ
ရပ်ပြီး ကျုပ်ကို စောင့်နေတယ်ဗျ။

"တာတေ လာဦးကွ၊ မင်းကို ငါပြောစရာရှိလို့ "

ကျုပ်က ဘထစ်ဆီကို လျှောက်သွားရင်း
လှမ်းပြောလိုက်တယ်။

"အေး ပြော၊ ဘာတွေ ပေါက်ပေါက်ရှာရှာ
လုပ်ဦးမလို့လဲကွ ဘထစ်ရ"

ဒီကောင် ကျုပ်ပြောတော့ ရယ်တယ်ဗျ။

"ဟာ ဘာမှ ပေါက်ပေါက်ရှာရှာ မလုပ်ပါဘူးကွာ။
ငါ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ ရွာပြန်မလို့ကွ"

"ဟေ ရွာ ဟုတ်လား ဘထစ်၊ မင်းမှာ ရွာရှိလို့လား "

"ဟေ့ကောင် တာတေ၊ ဘထစ်က တောထဲမှာ
အလေ့ကျပေါက်တဲ့ သစ်ပင်မဟုတ်ဘူးကွ"

" ဟာ ဘထစ်ကလည်း ငါက အဲဒီလို ပြောတာ
မဟုတ်ပါဘူးကွာ၊ မင်းက မင်းငယ်ငယ်ကတည်းက
မိဘတွေ တိမ်ပါးကုန်လို့ မင်းရဲ့ ဘဘုန်းကြီးက
မွေးစားတာဆို ၊ ဆွေမျိုးသားချင်း ဆိုတာလည်း
မင်းမှာ လုံးဝမရှိဘူးလို့ မင်းပဲ ငါ့ကို
ပြောခဲ့တာလေ။ ဒါကြောင့် ငါ့က ပြောတာကွ"

"အေး ဟုတ်တယ်၊ မင်းပြောတာ မှန်တယ် တာတေ၊
ငါ အခု သွားမှာက ဘဘုန်းရဲ့ ကျောင်းကို သွားမှာ။
အဲဒီရွာမှာ ငါကြီးလာခဲ့ရတာ။ ဘဘုန်း မရှိပေမဲ့
တစ်ရွာလုံးက ငါ့ကို ခင်ကြတာကွ၊ပြီးတော့
သီတင်းကျွတ်လပြည့်မှာ ရွာဘုရားပွဲရှိတယ်။
လေးကျွန်းမာရ်အောင် ဘုရားပွဲကွ။
အားကြီးစည်တာ၊ ပျော်စရာအားကြီး
ကောင်းတာကွ၊ ဒီအချိန်ဆိုရင် ယင်းချောင်းကြီးက
ရေကျသွားလို့ သောင်တွေ ပေါ်နေပြီ။
အဲဒီမှာ ကြက်သွန်ခင်းတွေ စိုက်ဖို့ နေရာတွေ
မှတ်နေကြပြီပေါ့ကွာ"

"ဇာတ်ပွဲတွေရောပါလား ဘထစ်"

"ဟကောင်ရ ပါတာပေါ့ဟ ။ လေးကျွန်းမာရ်အောင်ဘုရား
ပွဲက နယ်နယ်ရရမှ မဟုတ်တာ။ မြို့ပေါ်တွေရော
အနီးအနားက ရွာဆယ်ရွာလောက်ကရော လာကြတာကွ"

"ဟာ ဒါဆို တော်တော်ကို ပျော်ဖို့ကောင်းမှာပဲနော်"

"အေး အဲဒါ မင်းကို ငါက ခေါ်သွားချင်တာ။
ရွာမှာ နှစ်ညလောက်အိပ်ပြီး ပြန်ခဲ့မှာပေါ့ကွာ၊
ကျောင်းမဖွင့်ခင် မင်းရွာကို ပြန်လို့ မီပါသေးတယ်ကွာ၊
ဘယ်လိုလဲ လိုက်မလား "

"အင်း အဆင်တော့ ပြေသားကွ၊ အဘရော
အမေပါ ရောက်နေကြတယ်ကွ ၊ ဘကြီးကို
ကန်တော့ဖို့ လာကြတာ၊ ငါပြောရင် ရမှာပါ"

"ဟာ ဒါဆိုလည်း ပြောကွာ တာတေရာ၊
တို့ သူငယ်ချင်း နှစ်ယောက် ဘုရားပွဲမှာ
ပျော်ကြတာပေါ့"

ဘထစ်က တော်တော်ဝမ်းသာသွားတဲ့ပုံပဲဗျ။
ကျုပ်အိမ်ပြန်ရောက်တော့ အဘနဲ့ အမေကို
ပြန်ပြောပြရတာပေါ့ဗျာ။ အဘက ကျုပ်ကိုမေးတယ်။

"နို့ သူ့ရွာက ဘာတဲ့တုံး တာတေရဲ့ "

"ကွေ့ကြီးလို့ ပြောတယ် အဘ"

ကွမ်းကြီးငုံပြီး နားထောင်နေတဲ့ ဘကြီးက
ခေါင်းကြီးညိတ်ပြီး ဝင်ပြောတယ်ဗျ။

"အင်း အင်း မြောက်ဘက်က ရွာတွေပေါ့ကွာ။
ကညင်ကိုးပင် စင်ကိုးစင်တို့၊ ခရေပင်ဇောက်ထိုးတို့၊
ကွေ့ကြီးတို့၊ စုန်းကွင်းတို့ဆိုတာ မြို့မြောက်ဘက်က
ရွာတွေကွ၊ နို့ သွားရင် မင်းတို့ ဘယ်လို
သွားရမှာတုံးကွ၊ တာတေရ"

"ဟိုကောင်ဘထစ် ပြောတာတော့ ဒီမြို့ကနေ
ဒေါ့ဂျစ်ကားကြီးစီးသွားရင် ဘုရားအိုရွာကို
ရောက်မယ်တဲ့။ အဲဒီကမှ လှည်းခေါ်ပြီး
ဆက်သွားရမှာလို့ ပြောတယ် ဘကြီးရ"

"အေး ဟုတ်တာပေါ့၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က
ငါ အဲဒီဘက်ကို တစ်ခေါက်ရောက်ဖူးတယ်
အဲဒီဘက်က ရွာတွေလည်း သူ့နေရာနဲ့သူတော့
စည်သားဟ"

ဟုတ်တော့ ဟုတ်တယ်ဗျ။ အဘတို့ အမေတို့က
ဘယ်မှ သိပ်ရောက်ဖူးကြတာ မဟုတ်ဘူးဗျ။
ရွာနီးချုပ်စပ်ရယ်၊ ဒီမြို့ရယ်ပဲ သူတို့
သွားလာနေတာ။

"အေး အေး မင်းလိုက်ချင်ရင် လိုက်သွားပေါ့ကွာ၊
ယောက်ျားဆိုတာ သွားတတ် လာတတ်လည်း
ရှိဦးမှကွ၊ ဗဟုသုတလည်းများမှ ကောင်းတာ၊
ကဲ ကဲ မင်း သူငယ်ချင်း ဘယ်သူ"

"ဘထစ်လေ အဘရဲ့ "

"ဟဲ့ နင့်သူငယ်ချင်း နာမည်ကလည်း
အဆန်းပါလား "

လို့ အမေက ဝင်ပြောတယ်။ ဒီတော့မှ ကျုပ်လည်း
သတိရသွားပြီး …

"ဟာ မဟုတ်ဘူး အမေရဲ့၊ ဒီကောင်နာမည်က ဘထစ်
မဟုတ်ဘူးဗျ၊ ဘချစ်တဲ့။ ဒါပေမဲ့ ဒီကောင်က
စကားပြောရင် အားကြီးထစ်တာဗျ။ ဒါကြောင့်
ကျုပ်တို့ သူငယ်ချင်းတွေက သူ့ကို ဘထစ်လို့
ပြောင်ခေါ်ရာနေ နာမည်တွင်သွားတာ"

အဲဒီညက အဘရယ်၊ အမေရယ်၊ ကျုပ်ရယ်
ဘကြီးကို သီတင်းကျွတ် ကန်တော့ကြတယ်
ပြီးတော့ ဘထစ်နဲ့ လိုက်သွားဖို့ လမ်းစရိတ်နဲ့
ဘုရားပွဲမှာ သုံးစွဲဖို့ ပိုက်ဆံပေးတယ်။

ဘကြီးကလည်း ကျုပ်ကို မုန့်ဖိုးပေးသေးတယ်လေ။
စာမေးပွဲပြီးတော့ ကျုပ် ဘထစ်နဲ့ လိုက်ခဲ့တာပေါ့ဗျာ။
ဒေါ့ဂျစ်ကား အစုတ်ကြီးက တစ်လမ်းလုံး
မောင်းလိုက် ရပ်သွားလိုက်၊ နည်းနည်းပါးပါး
ပြင်ပေးလိုက် ပြန်မောင်းလိုက်နဲ့ ဆွမ်းစားချိန်
ရောက်တော့ ဘုရားအိုဆိုတဲ့ ရွာကို ကျုပ်တို့
ရောက်ခဲ့ရောဗျို့။ အဲဒီက အကြော်တဲကလေးတစ်တဲကို
ဝင်ပြီး ဘထစ်နဲ့ ကျုပ်နဲ့ အကြော်စားတယ်။

စားသောက်ပြီး တအောင့်ကြာတော့ နွားလှည်းလာတယ်။
ဘထစ်က လှည်းသမားကို ကွေ့ကြီးသွားမလို့လို့
ပြောတယ်။ လှည်းသမားက ပြောတယ်။

ကျုပ်လှည်းက ကွေ့ကြီးတော့ မရောက်ဘူး။
စုန်းကွင်းအထိပဲရောက်မှာ၊မင်းတို့ ဟိုဘက်ကို
လမ်းလျှောက်ရမှာပဲ။ ဘာဝေးတာမှတ်လို့၊
တစ်တိုင် တစ်တိုင်သာသာ ရှိတာပါ"

"အင်း ဟုတ်ပြီ၊ ကျုပ်တို့နှစ်ယောက်
စုန်းကွင်းအထိ လိုက်မယ်"

ဘထစ်နဲ့ ကျုပ်နဲ့ လှည်းပေါ်တက်ပြီး လိုက်ခဲ့ကြတယ်။
တစ်လမ်းလုံး ဘထစ်နဲ့ လှည်းသမားက စကားဖောင်
ဖွဲ့လာကြတာဗျို့။ ဘုရားအိုက ထွက်လာပြီး
ပွေးကုန်းရောက်တော့ ကညင်ပင်ကိုးပင်ကို
သွားမယ့် အဘိုးနှစ်ယောက် ပါလာတယ်ဗျ။

အဲဒီမှာတင် အဲဒီအဘိုးကြီးနှစ်ယောက်နဲ့
လှည်းသမားနဲ့ စကားဖောင်ဖွဲ့ကြရောဗျို့။
သူတို့ပြောတာက နှမ်းအကြောင်း၊ပဲအကြောင်း
မဟုတ်ဘူးဗျ။ စုန်းအကြောင်း ပြောကြတာ။

"ပြောရဦးမယ် ဘိုးကျင်ရေ"

လှည်းသမားနဲ့ ဒီအဘိုးကြီးနှစ်ယောက်က
နဂိုတည်းက ရင်းနှီးကြတာဗျ။

"ဟေ ဘာတုံး ငမောင်ရ"

"ကျုပ်လည်း လှည်းသမားဘဝနဲ့ ဒီနေရာမှာ
မောင်းလာတာ ကြာပေါ့ ဘိုးကျင်ရေ ၊ တစ်ခါ
တစ်ခါတော့လည်း အထူးအဆန်းတွေ ကြုံရသားဗျ"

အဘိုးကြီးနှစ်ယောက်က ကျုပ်တို့နဲ့ မျက်နှာချင်းဆိုင်
ထိုင်နေတာဗျ။ လှည်းလမ်းဘေးက မြေပဲခင်းတွေကို
ငေးကြည့်ရင်း ပြောနေကြတာ။

"ဘာများတွေ့လို့တုံး"

"မနေ့ကလေဗျာ၊ ဘုရားအိုက ဘိုးစံဝနဲ့ သူ့မိန်းမ
အရီးမယ်မြလေ၊ သူတို့ အရီးတစ်ယောက်
တော်တော်မမာနေလို့ သတင်းမေးဖို့ ဆိုပြီး
စုန်းကွင်းကို လိုက်ပို့ခိုင်းလို့ ကျုပ် လိုက်ပို့ရပါရောလား။
ပြန်တော့ မိုးချုပ်သွားရော ဘိုးကျင်ရဲ့၊
လကလည်း မိုက်နေတော့ ကျုပ်က လှည်းကို
ခပ်သုတ်သုတ် မောင်းလာတာဗျ။

စုန်းကွင်းကျော်လာပြီး ပဲခင်းနှစ်ခင်းလောက်
ကျော်တော့ ခြံထဲက မီးလုံးကြီးတစ်လုံး တက်လာတာဗျ။
ကျုပ်ဖြင့် လန့်လိုက်တာဗျာ။ နွားတွေလည်း
လန့်ပြီး ရှေ့ဆက်မသွားတော့လို့ ကျုပ်မှာ
မနည်းကို မောင်းခဲ့ရတာ"

"နို့ အဲဒီမီးလုံးကြီးက ဘယ်ရောက်သွားတုံး"

ဘိုးကျင်ဆိုတဲ့ အဘိုးကြီးက မေးတယ်ဗျ။
ကျုပ်နဲ့ ဘထစ်ကတော့ သူတို့ပြောနေတာကို ငြိမ်ပြီး
နားထောင်နေကြတာပေါ့ဗျာ။

"လူနှစ်ရပ်လောက် အမြင့်မှာ ဝဲနေတာဗျ။
ခြုံပုတ်ကြီးတွေပေါ်မှာ ဝဲပြီး ပျံနေတာဗျို့။
ဒါနဲ့ ကျုပ်လည်း နွားတွေကို နှင်တံနဲ့ တို့ပြီး
ခပ်သုတ်သုတ် မောင်းခဲ့ရောဗျို့။

"အဲဒီ ဘာလို့ထင်တုံး ငမောင်"

ဘိုးကျင်က မေးတော့ လှည်းသမား ကိုမောင်က
လက်ထဲက နှင်တံကို ဘေးချပြီး ကြိုးကို လှည်းကြန်တိုင်မှာ
ချိတ်လိုက်တယ်။ပြီးတော့မှ ခေါင်းမှာ ပေါင်းထားတဲ့
ပုဆိုးကို ဖြည်ပြီး ခေါင်းပေါင်းကို အကျအန
ပြန်ပေါင်းလိုက်တယ်။ ကြိုးနဲ့ နှင်တံကို ပြန်ကိုင်း
ပြီးတော့ ဘိုးကျင်ကို တစ်ချက် လှည့်ကြည့်တယ်။

"ကျုပ် မသိဘူးဗျ ဘိုးကျင်ရဲ့ "

"အဲဒါ ချေးစားစုန်းပေါ့ကွ ငမောင်ရ"

"ဟ ဟုတ်လား၊ ကျုပ်က ကြားဖူးရုံသာ ရှိတာ၊
ဒီလို တစ်ခါမှ မြင်ဖူးတာ မဟုတ်ဘူး ဘိုးကျင်ရ"

ကျုပ်နဲ့ ဘထစ်လည်း တော်တော်ကို စိတ်ဝင်စားသွားကြတာဗျို့။

"ဟိုတုန်းကတော့ စုန်းကွင်းဘက်မှာ ဒါတွေ တော်တော်ပေါတာကွ၊
ခုတော့ မရှိတော့ပါဘူး၊ ဒီစုန်းက ဘယ်ကဟာလည်းမှ
မသိတာ"

ဘိုးကျင်နဲ့ အတူထိုင်နေတဲ့ အဘိုးကြီးက ဝင်ပြောတာဗျ။

"ဟုတ်တယ် ကိုပေါ်လာရဲ့၊ ဒီခေတ်ထဲမှာ မရှိသလောက်
ဖြစ်နေပါပြီ။ ဒီချေးစားစုန်းက ဘယ်ကပေါ်လာတာလဲ
မသိဘူး"

လှည်းသမား ကိုမောင်ကမေးတော့ ဘိုးကျင်က
စိတ်မရှည်သလို ဖြစ်သွားပြီး …

"သေချာတာပေါ့ ငမောင်ရ၊ ဟောဒီ ကိုပေါ်လာတို့
ငါတို့ ငယ်ငယ်တုန်းက ဆိုရင် ဒီတစ်ကြောမှာ စုန်းတွေ
သိပ်ပေါတာကွ၊ နို့ နေပါဦးကွ၊ အဲဒီမီးလုံးကြီး
ဘယ်ရောက်သွားလဲ၊ မင်းတွေ့ခဲ့သေးလား "

"ကျုပ် လှည့်ကြည့်တော့ ထန်းပင်နှစ်ပင်နားက
ခြုံပုတ်ကြီးတွေထဲ ဝင်သွားပြီး ပျောက်သွားတာပဲဗျ"

"အေး အဲဒါ ချေးစားစုန်း အစစ်ပေါ့ကွ၊
အဲဒီခြုံပုတ်ထဲမှာ လူတွေ စွန့်ထားတဲ့ မစင်တွေကို
လိုက္စားတာကြ"

"သြော် ဒါကြောင့် ခြုံပုတ်တွေပေါ်မှာ ဝဲနေတာကိုး"

"ဟုတ်ပါ့ဗျာ၊ အဲဒါတွေကို လိုက်ရှာတာဟေ့။
အချိန်တန်ရင် ဒီစုန်းတွေက မစားဘဲကို မနေနိုင်တာတဲ့ကွ"

"ဖြစ်မှ ဖြစ်ရလေဗျာ"

လှည်းသမား ကိုမောင်ကပြောရင်း ကျုပ်နဲ့ ဘထစ်ကို
လှည့်ကြည့်ပြီး ရယ်ပြတယ်ဗျ။ ကျုပ်တို့လည်း
ရယ်မိတာပေါ့ဗျာ။

"စုန်းဆိုလို့ ပြောရဦးမယ် ကိုကျင်ရေ"

ကိုပေါ်လာ ဆိုတဲ့ အဘိုးကြီး ပြောလိုက်တယ်

"အင်း ပြောစမ်းပါဦး၊ ကိုပေါ်လာရဲ့ "

"အင်း ကျုပ်တို့က ငယ်ငယ်ရှိပါသေးရော၊
ကျုပ်တို့ရွာမှာ ကိုပန်းမောင် ဆိုတဲ့ လူနဲ့ သူ့မယား
မဆော့ ဆိုတာ ရှိသဗျ။ မဆော့က ကျုပ်တို့ရွာသူ
မဟုတ်ဘူးဗျ။ တခြားက မိန်းမ၊ ကိုပန်းမောင်နဲ့
အကြောင်းပါမှ ကျုပ်တို့ရွာကို ရောက်လာတာ။
အဲဒီ မဆော့က ချေးစားစုန်းမဗျ"

"အို ဖြစ်မှဖြစ်ရလေဗျာ၊ ဒါကို သူ့ယောင်္ကျားက
သိသလား"

"ဘယ်သိမလဲ ကိုကျင်ရာ၊ သိမှာတော့ ဘယ်သူက
ချေးစားစုန်းမကြီးကို ယူမှာတုံးဗျ"

"သြော် ဒီလူလည်း သနားစရာပါလား ကိုပေါ်လာရ"

"ဟုတ်ပါ့ဗျာ၊ လူကလည်း လူရိုးကြီးဗျ။ ရိုးလွန်းတော့
အဆိုသလိုပေါ့ဗျာ။ ဘာမှကို မသိဘူးဗျ။ ဒီတုန်းက
ကျုပ်တို့ရွာမှာ အိမ်သာတွေ ဘာတွေ ထားကြတာမှ
မဟုတ်တာ။ ရွာပြင်ထွက်ပြီး
ခြုံပုတ်တွေထဲပဲ ရှင်းလိုက်ကြတာ မဟုတ်လား။
ဒီစုန်းမက ဟန်ကို ကျနေတာပေါ့ဗျာ၊ ညညဆို မီးလုံးကြီး
သူတို့အိမ်က ပျံထွက်လာပြီး အဲဒီခြုံပုတ်တွေထဲမှာ
ဝင်သွားလိုက်၊ ပျံထွက်လာလိုက် လုပ်နေတာ
ရွာသားတွေက တွေ့ကြရောဗျို့။
ဒီတော့ ကိုပန်းမောင်ကို လူကြီးတွေက
တိုးတိုးတိတ်တ်ိတ် ခေါ်ကြတာပေါ့။
အဲဒီကိုပန်းမောင်ဆိုတဲ့ လူရိုးကြီးက
ဒါကိုသိတော့ ငိုလိုက်တာတဲ့ဗျာ"

"သြော် သြော် ဒီတော့မှ သူသိတာကိုးဗျ။
သားသမီးတွေ ဘာတွေ ရနေပြီလားဗျ"

"ဟာ မရဘူးဗျ။ သားသမီးတော့ ကိုပန်းမောင်တို့မှာ
မရှိဘူး "

"ဒါနဲ့ ရွာထဲက လူတွေ အကြံပေးတဲ့အတိုင်း
ကိုပန်းမောင်က စောင့်ဖမ်းတာပေါ့ဗျာ။
သူအိပ်ချင်ယောင်နေတာတဲ့ဗျ။ သန်းခေါင်လောက်
ရောက်တော့ ဒီမိန်းမက ကိုပန်းမောင် အိပ်မအိပ်ကို
သေသေချာချာ အကဲခတ်တယ်ဆိုပဲ။
ပြီးတော့မှ သူ့လင် အိပ်မောကျနေပြီထင်ပြီး
သူ့လည်ပင်းကို သူ့လက်နဲ့ ရစ်လိုက်တာ
ခေါင်းကြီးပြတ်ထွက်သွားပြီး မီးလုံးကြီးလို
အရောင်တွေ တောက်လာတယ်ဆိုပဲ။
အဲဒီမီးလုံးကြီးက အိမ်ထဲမှာ
ပတ်ပျံနေသေးတာတဲ့ဗျို့။
ကိုပန်းမောင် တကယ်အိပ်လား၊ မအိပ်လား
ဆိုတာ စစ်နေတာတဲ့။ ဟိုလူကလည်း
ငြိမ်ပြီး အိပ်ချင်ယောင်ဆောင်နေတော့
စိတ်ချပြီး စုန်းမက အိမ်ထဲက ထွက်သွားရောတဲ့ဗျို့"

"သူ့မိန်းမစုန်းဆိုတာ သူကိုယ်တိုင် သိသွားတာပေါ့
ဘိုးပေါ်လာရာ"

လှည်းသမား ကိုမောင်က ဝင်ပြောတယ်ဗျ။

"အေးပေါ့၊ ဒီမှာတင် ရွာထဲက လူတွေ
မှာထားတဲ့အတိုင်း ခေါင်းလျှော်ဖို့ လုပ်ထားတဲ့
တရော်ရည်နဲ့ ခေါင်းပြတ် လည်ငုတ်ကြီးကို
ခပ်ရွှဲရွှဲပွတ်ထားလိုက်သတဲ့ကွ၊ တစ်နာရီ
နှစ်နာရီလောက်ကြာတော့ မီးလုံးကြီး
ပျံလာပြီး အိမ်ထဲကို ဝင်လာတယ်။
သူ့ခေါင်းကို လည်ပင်းမှာ ပြန်တပ်တော့
ကိုပန်းမောင် သုတ်ထားတဲ့ တရော်တွေနဲ့
ချော်နေတော့တာပေါ့ကွာ။ တပ်လို့ကို
မရဘဲ ချော်ထွက်နေတော့မှ ကိုပန်းမောင်က
အိပ်ရာကထပြီး လက်ပူးလက်ကြပ်
ဖမ်းတော့တာပေါ့"

"အင်း ဒီတော့ သူ့မယားက သူ့ကို
ဘာပြောတုံးဗျ၊ ကိုပေါ်လာရဲ့ "

"ငိုယိုပြီး သူ့ကို ခွင့်လွှတ်ဖို့ ပြောသတဲ့ ၊
ကိုပန်းမောင်က ဒီအတိုင်းတော့ ဘယ်လိုမှ
မဖြစ်တဲ့ အကြောင်းနဲ့ ဒီပညာကို စွန့်ချင်ရင်စွန့်၊
ဒါမှမဟုတ် သူနဲ့ ကွဲချင်ကွဲဖို့ပြောတော့ ဒီပညာကို
စွန့်ပါမယ်လို့ ပြောသတဲ့ ။ ဒါနဲ့ ကိုပန်းမောင်က
တရော်တွေကို ရေနဲ့ ဆေးပေးလိုက်တော့မှ
သူ့ခေါင်းက ပြန်တပ်လို့ ရသွားတယ်ဆိုပဲ"

"ဒါနဲ့ ချေးစားစုန်းမက သူပညာတွေကို
စွန့်လိုက်ရောလား"

"ဟား ဟား ဟား ဟား ဘယ်စွန့်မှာတုံးဗျာ၊
ဟိုနေ့ စွန့်မယ်၊ ဒီနေ့ စွန့်မယ်နဲ့ လုပ်နေပြီး
တစ်ရက်တော့ ကိုပန်းမောင်အလစ်မှာ
ရွာကနေ အပြီးထွက်သွားရောဗျို့။
ကိုပန်းမောင်လည်း စိတ်မကောင်းဖြစ်တာပေါ့ဗျာ။
ဒါပေမဲ့ သူ့လမ်းကို သူရွေးတာပဲဆိုပြီး
နေလိုက်တော့တာပေါ့ "

အင်း လူ့လောကကြီးကလည်း တယ်ပြီး
ရှုပ်ထွေးတာကိုး ကိုပေါ်လာရယ်"

"ဟုတ်ပါ ကိုကျင်ရယ်၊ အင်း ပြောလက်စနဲ့
ပြောရဦးမယ်ဗျ။ ဒီကလေးတွေလည်း ဗဟုသုတ
ရတာပေါ့လေ"

"ဟာ ပြောပါ ဘိုးပေါ်လာရဲ့၊ ကျုပ်ကလည်း
ဒါမျိုးမှာ နားထောင်ရရင် အားကြီးစိတ်ဝင်စားတာဗျ"

လှည်းသမား ကိုမောင်ကလည်း တော်တော်ကို
စိတ်ဝင်စားတာဗျ။

"အေး အေး ဒီလိုကွ။ ငါ ငယ်ငယ်က
ချင်းတွင်းဘက်မှာ နေခဲ့တာ၊ သစ်လုပ်ငန်းမှာ
လုပ်ခဲ့တာကွ၊ အဲဒီဘက်တွေမှာ တောတွေကလည်း
အားကြီးနက်တော့ သားရဲတရစ္ဆာန် လွှတ်ပေါတာဟေ့။
ကျားတွေလည်း ရှိသကွ၊ အဲဒီအထဲမှာ
လူကျားတွေလည်း ရှိတယ် "

"ဗျာ လူလည်းဟုတ်လား၊ ဘိုးပေါ်လာ"

လှည်းသမားက တအံ့တသြ မေးတယ်ဗျ။
ဦးပေါ်လာဆိုတဲ့ အဘိုးကြီးက ခေါင်းလေးညိတ်ပြီး …

"လူကျားဆိုတာ သမန်းကျားကို ပြောတာပေါ့ကွာ
လူကနေ ကျားဘဝကို ပြောင်းသွားတာလေ"

"ဟင် အဲဒါ တကယ်ရှိလို့လား ဘိုးရဲ့ "

ဘထစ်ဆိုတဲ့ကောင်က အဘိုးကြီး ဦးပေါ်လာကို
အ,ထစ် အ,ထစ်နဲ့ မေးတယ်ဗျ၊ ကျုပ်ကတော့
ငြိမ်ပြီးတော့ပဲ နားထောင်နေတာပါ။

"ဟာ တကယ်ရှိတာ ကလေးရဲ့၊ ငါ့ကိုယ်တွေ့ပါကွာ၊
မယုံမရှိပါနဲ့ "

"အို ကျုပ်က ပုံပြင်တွေလို့ ထင်နေခဲ့တာ"

"ဘယ်ပုံပြင်ဟုတ်မလဲကွာ၊ တကယ်ရှိတာပါ၊
ရုပ်ပြောင်းရုပ်လွဲ ဆေးထိုးရတာကွ၊ ထိုးတိုင်း
စွမ်းတာတော့ မဟုတ်ဘူးကွ၊ လူတစ်ရာထိုးမှ
တကယ်ရှိလား။ အဲဒါကို သမန်းဆေးလို့ခေါ်တယ်၊
ရှေးဟောင်းမှော်ဆေးတစ်မျိုးပါကွာ"

"ဘိုးတွေ့ခဲ့ပုံကို ပြောပါဦးဗျ"

ဘထစ်က တော်တော်ကို သိချင်နေတဲ့ပုံပြပြီး
အတင်းမေးတော့တာပဲ။

"ချင်းတွင်းက ရွာလေးတစ်ရွာမှာ စံမောင်ဆိုတဲ့ကောင်
တစ်ယောက် ရှိတယ်ကွ၊ ဒီကောင်က သမန်းဆေးထိုးတာ
စွမ်းတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ စံမောင်
ကျားဖြစ်သွားတာကို တွေ့ဖူးတဲ့ လူကတော့
တစ်ယောက်မှ မရှိပါဘူးကွာ၊ ငါလည်း
မတွေ့ဖူးပါဘူး ၊ အေး တစ်နေ့တော့ ဒီကောင်က
သစ်လုပ်ငန်းထဲ ဝင်လာတယ်။ တိုက်တိုက်ဆိုက်ဆိုက်ပဲ
ငါ့အဖွဲ့မှာ ပါလာတယ်၊ ကျွန်းပင်ကြီးတွေ
သင်းသတ်ရတဲ့အခါဆိုရင် တောကြီးထဲမှာ
လနဲ့ချီပြီး အလုပ်လုပ်ကြရတာကွ၊
တစ်ခါတော့ အစားအသောက်ကလည်း
ပြတ်လပ်လာတဲ့အချိန် စံမောင်က
ငါ့အနားကပ်လာပြီး ပြောတယ် "

"ဆရာရေ အဖွဲ့မှာ အစားအသောက်က
ပြတ်နေပြီ၊ ကျုပ် အမဲလေး ဘာလေး
ထွက်ရှာဦးမယ် "

"ဟေ၊ မင်းက အမဲပစ်တတ်လို့လားကွ"

"ဟာ အမဲ မပစ်ပါဘူးဗျ၊ ကျုပ်က
သမန်းအောင်ထားတာဆိုတော့ ကျားဘဝပြောင်းပြီး
အမဲကောင် လိုက်ရှာမှာပေါ့ဗျ"

"ဟေ ဟုတ်လား စံမောင်၊ မင်း တကယ်အောင်ထားတာလား"

"မယုံရင် ဆရာ လိုက်ခဲ့လေ။ တခြားသူတွေကိုတော့
ပြန်မပြောနဲ့ "

လို့ ပြောတာနဲ့ ကျုပ်လည်း သူ့နောက်ကို တိတ်တိတ်
လိုက်သွားရောဗျို့။ တောနက်ထဲရောက်တော့
ကျုပ်ကို ဒီကောင်က ခပ်ဝေးဝေးမှာ နေခိုင်းတယ်ဗျ။
ပြီးတော့မှ ခြုံပုတ်ကလေးအကွယ်မှာ သူ့အဝတ်အစားတွေကို
ချွတ်ချလိုက်တာ။ နောက်တော့ မတ်တတ်ရပ်လျက်ကနေ
လက်အုပ်ချီတာ တွေ့ရတယ်။ ပြီးတော့
ပါးစပ်က ပွစိ ပွစိ လုပ်ပြီး ရွတ်ဖတ်နေတော့ပဲဗျ။

ကျုပ်လည်း နည်းနည်းကြောက်လာတာနဲ့
သစ်ပင်ကြီးတစ်ပင်ပေါ်ကို ဖက်တက်ပြီး
နေလိုက်တယ်။ ရှိတွေ ဘာတွေ ခိုးလည်းပြီးရော
ဒီကောင် မြေကြီးမှာ လက်ထောက်ပြီး
နောက်ကျွမ်းပစ်လိုက်တာ၊ ဟာဗျာ။
ဘာပြောကောင်းမလဲ တကယ့်ကျားကြီး
ဖြစ်သွားရောဗျို့။

'ဝေါင်း ဝေါင်း ' နဲ့ နှစ်ချက်လောက် ဟိန်းလိုက်သေးတာ။
ပြီးတော့ တောထဲကို ပြေးဝင်သွားရောဗျို့။

"ဟာ တကယ်ပေါ့ ဘိုး ဟုတ်လား "

ဘထစ်က မေးပြန်ရောဗျို့

"သြော် တကယ်ကို ကျားဖြစ်သွားတာပါကွာ၊
ငါလည်း သစ်ပင်အောက်ကို ပြန်မဆင်းရဲတော့ဘဲ
အပေါ်ထပ်တက်ရတော့တာပေါ့။ ဒီကောင် တော်တော်နဲ့ကို
ပြန်မလာတာကွ။ တစ်နာရီလောက်ကြာတော့မှ
'ဟင်း ဟင်း ဟင်း 'ဆိုပြီး မာန်ဖီတဲ့အသံကြီး
ကြားလို့ သစ်ပင်အောက်ကို ငုံ့ကြည့်လိုက်တော့မှ
နည်းတဲ့ကျားကြီးမှ မဟုတ်တာ၊ ကိုးတောင်ကျားကြီးကွ။
ပါးစပ်မှာ ဆတ်ကြီးတစ်ကောင်ကိုက်ပြီး ဆွဲလာတာဟေ့။
ငါ့စိတ်ထဲမှာ ဒါ စံမောင်ကျားမှ ဟုတ်ရဲ့လား။

တခြားကျားများလားလို့ တွေးမိပြီး သစ်ပင်ပေါ်
နောက်တစ်ဆင့် ထပ်တက်မိပြန်ရောပေါ့။
အဲဒီကျားက ဆတ်သေကြီးကို ငါတက်နေတဲ့
သစ်ပင်အောက်မှာ ထားခဲ့ပြီး ဆက်သွားတယ်။

စောစောက ခြုံပုတ်ကလေးဘက်ကို သွားတာ။
အဲဒီခြုံနားမှာ ပျောက်သွားတယ်။ ခဏနေတော့
ခြုံထဲကနေ စံမောင် ထွက်လာတယ်။

သူ့အင်္ကျီ၊ ပုဆိုးတွေ ပြန်ဝတ်ထားတယ်။
ဒီတော့မှ ငါလည်း သစ်ပင်ပေါ်က ဆင်းခဲ့ရတာပေါ့လေ။
သစ်ပင်အောက်ကို ရောက်တော့ စံမောင်က
ငါ့ကို ပြုံးပြုံးကြီးကြည့်ပြီး …

"ကဲ ဘယ့်နှယ်လဲ ဆရာ၊ သမန်းကျား ဆိုတာကို
ဆရာ ယုံသွားပြီလား။ ဒါပေမဲ့ ဘယ်သူ့ကိုမှ
မပြောနဲ့ ဆရာ၊ တစ်ရွာလုံးက ကျုပ် ဆေးအောင်တာကို
သိကြတယ်။ ဒါပေမဲ့ ကျုပ် ကျားဘဝပြောင်းတာကိုတော့
သူတို့ တစ်ခါမှ မတွေ့ကြဘူး၊ ဒါကြောင့်
ဒါတွေဟာ ပုံပြင်ပါလို့ ထင်နေကြတာ။
ကျုပ်ကလည်း မဟုတ်ဘူးလို့ပဲ အမြဲငြင်းထားတာ"

"အေးပါကွာ ငါ ပါးစပ်လုံပါတယ် စိတ်ချပါ
ကဲ ဒီဆတ်ကြီးကို ဒီအတိုင်း သယ်သွားလို့
ကောင်းပါ့မလား "

"ရပါတယ် ဆရာရဲ့၊ ဆရာနဲ့ ကျုပ်နဲ့ တောထဲမှာ
အမဲထောင်ထားတယ်လို့ ကျုပ်က
ပြောထားတာ၊ ဓါးရာလေး ဘာလေးနည်းနည်းပေးပြီး
ယူသွားကြတာပေါ့"

စံမောင်က အဲဒီလို ပြောပြီး ဆတ်ကြီးကို ဓါးချက်
နည်းနည်းပေးလိုက်တယ်၊ ပြီးတော့ သူနဲ့ ငါနဲ့
ဆတ်သေကြီးကို ရှေ့နောက်ထမ်းပြီး စခန်းကို
သယ်ခဲ့ကြတာပေါ့ကွာ၊ တောထဲမှာ ဟင်းစား
ငတ်တိုင်း စံမောင်နဲ့ ငါနဲ့ ဒီ အလုပ်ကို လုပ်နေကြတာကွ"

"နောက်တော့ အဲဒီလူ ဘာဖြစ်သွားလဲ ဘိုးပေါ်လာရဲ့ "

လှည်းသမားက မေးပြန်ရောဗျို့၊ ဘိုးပေါ်လာက
ခေါင်းလေးညိတ်လိုက်ပြီးတော့ …

"အေးကွ၊ နောက်တစ်နှစ်လောက်ကြာတော့
စံမောင်တို့ ရွာက လူတွေ ပြောတယ်၊ ပြာသိုလကြီးတဲ့၊
တအားအေးတဲ့ ညမှ သူတို့ရွာနားမှာ ကျားဟိန်းသံတွေ
ကြားရတယ်တဲ့၊ အဲဒီအသံတွေ ကြားတော့
စံမောင်က ရွာထဲမှာ ဂဏှာမငြိမ်ကို ဖြစ်လာတာတဲ့ဟေ့။
နောက်ဆုံးတော့ သူတို့ရွာသားတွေ ဝိုင်းချုပ်နှောင်ထားတဲ့
ကြားကပဲ အဝတ်အစားတွေ အတင်းချွတ်ပစ်ပြီး
နောက်ကျွမ်းပစ်လိုက်တာ၊ ကျားကြီးဖြစ်သွားရောတဲ့။

ရွာသားတွေလည်း အိမ်ပေါ်တွေ တက်ပြေးကြရတော့တာပေါ့။
အဲဒါ စံမောင်ကျားက အသံကျယ်ကြီးနဲ့
ဟိန်းသတဲ့၊ ရွာအပြင်က ကျားတွေက ဟိန်းလိုက်၊
ရွာထဲက ကျားက ဟိန်းလိုက်နဲ့ နောက်ဆုံးတော့
ရွာစည်းရိုးကို ခုန်ကျော်ပြီး ထွက်သွားရောတဲ့ဟေ့။
အဲဒီညကတည်းက စံမောင် ရွာကို ပြန်မလာတော့တာ
ဒီနေ့အထိဆိုပဲ၊ ငါလည်း သစ်တောက
ထွက်လာပြီးတဲ့နောက် အဲဒီဘက်ကို
ပြန်မရောက်တော့ စံမောင်သတင်းကို သိပ်မကြားတော့ဘူး။

မနှစ်က ရန်ကုန်ကို ရွှေတိဂုံဘုရားကြီးဖူးဖို့
သွားတော့မှ သစ်တောက လုပ်ဖော်ကိုင်ဖက်တစ်ယောက်
ပြောပြလို့ စံမောင် ရွာပြန်မလာတော့ဘူးဆိုတာ
သိလာရတာ "

"အို …ဖြစ်မှဖြစ်ရလေဗျာ"

ဘိုးကျင်က စုတ်ကလေး တသပ်သပ်လုပ်ပြီး
ပြောတယ်ဗျ။

"ဒီလူ တစ်ခါတည်း ကျားဖြစ်သွားတယ်
ထင်တယ်ဗျ၊ ဘိုးကျင်ရ "

လှည်းသမားကလည်း သူ့ထင်ကြေးကို
ပေးတယ်ဗျ။

"အင်း ဖြစ်နိုင်တာပေါ့ ငမောင်ရာ၊ လူစိတ်ကို
ပြန်မလည်တော့တာဖြစ်မှာပေါ့။ အရိုင်းစိတ်ကြီးနဲ့ပဲ
တောထဲ တောင်ထဲမှာ လျှောက်သွားရင်း
ဘဝဆုံးသွားသလားမှ မသိတာ"

ဘိုးရင်ကလည်း သူ့အထင်ကို ပြောတယ်
ဒီလိုနဲ့ စကားတပြောပြောနဲ့ လှည်းမောင်းလာလိုက်တာ
နာရီပြန် နှစ်ချက်လောက်မှာ ကညင်ကိုးပင်ကို
ရောက်တယ်။ အဘိုးကြီးနှစ်ယောက် လှည်းသမားကို
ပိုက်ဆံပေးကြတယ်၊ ပြီးတော့မှ လှည်းပေါ်က
ဆင်းသွားတယ်၊ ကျုပ်တို့ နှစ်ယောက်ကိုတောင်
သေသေချာချာ နှုတ်ဆက် သွားသေးတယ်။

"ဒါ ကညင်ကိုးပင်၊ စင်ကိုးစင်လေကွာ
ဒါလည်း အဓိကရနေရာတစ်ခုပဲကွ၊
ဒီအကြောင်းကိုတော့ နောက်တစ်ခါကြုံမှ
ပြောပြတော့မယ်ဟေ့ "

"ဟုတ်ကဲ့ပါ အဘိုးတို့ "

လို့ ကျုပ်က နှုတ်ဆက်လိုက်ရတယ်၊ ဒါမျိုးကျတော့
ဘထစ်က ထစ်နေလို့ စကားက ထွက်မလာဘူးလေဗျာ။
ကျုပ်လည်း ဒီတော့မှ ကညင်ပင်ကြီးတွေကို မော့ကြည့်မိတယ်။

ဟုတ်တယ်ဗျို့။ ကညင်ပင်ကြီးတွေက အမြင့်ကြီးတွေဗျ။
အပင်တစ်ပင်မှာ နတ်ကွန်းလို စင်ကလေးတစ်စင်စီ ရှိတယ်။

ကညင်ပင်ကြီးတွေက အားလုံးကိုးပင်ဆိုတော့
စင်တွေကလည်း ကိုးစင်ပေါ့ဗျာ။ကညင်ကိုးပင်
စင်ကိုးစင်တဲ့။ ကျုပ်စိတ်ထဲက ရွတ်ကြည့်လိုက်မိတယ်။
နောက်တစ်ခါတွေ့မှ ဒီအကြောင်း ပြောပြဦးမယ်ဆိုပဲ။

ဒီကညင်ပင်ကြီးကိုးပင်မှာ ဘာအကြောင်းတွေများ
ရှိနေလို့လဲ၊ စင်ကိုးစင်ကို ဆောက်ပေးထားရတာကော
ဘာကြောင့်များလဲ။

"ဒီကညင်ပင်ကြီးတွှေဲ့အောက်မှာ သိုက်ကြီးရှိတယ်လို့
ပြောကြတာကွ၊ ကညင်ကိုးပင်သိုလ်ပေါ့။
အဲဒီသိုက်စောင့်တွေက မောင်နှမ ကိုးယောက်ရှိတယ်။
သူတို့ကို ကညင်ပင်မောင်နှမတွေလို့ ခေါ်ကြတယ်
ဒီနားက ရွာတွေမှာ ဘုရားပွဲတို့၊ ကထိန်တို့ရှိလို့
ပွဲလမ်းသဘင်ရှိရင် သူတို့မောင်နှမတွေ
လူစုခွဲပြီး သွားကြတယ် "

"ဟင် ဟုတ်လားဗျ၊ ဦးမောင်ရဲ့ "

လှည်းဆရာရဲ့ နာမည်ကို ကျုပ်တို့ သိသွားပြီဆိုတော့
သူ့ကို ရင်းရင်းနှီးနှီးပဲ နာမည်ခေါ်ပြီး ပြောလိုက်တာပေါ့ဗျာ။

" ဒီအနီးအနားရွာတွေက သူတို့ကို မတွေ့ဘူးတဲ့။။
လူမရှိသလောက်ပဲကွ၊ လူတွေကိုလည်း
အနှောက်အယှက် ဘယ်တော့မှ မလုပ်ဘူး။
အေး သူတို့နေရာမှာ မဟုတ်တာ သွားလုပ်ရင်လည်း
ဘယ်တော့မှ အရှင်မထားဘူးကွ၊ အသေလုပ်လိုက်တာချည်းပဲ"

"ဟင် သတ်ပစ်တယ် ဟုတ်လားဗျ ဦးမောင်"

လှည်းက ကညင်ပင်ကြီးတွေနဲ့ တော်တော်ကို
ဝေးလာပြီဗျ။ ဒါကြောင့်လည်း ကျုပ်က
မေးဝံ့တာပေါ့။

"နေဦးဗျ၊ ကျုပ်တို့က အခု ကွေ့ကြီးက
လေးကျွန်းမာရ်အောင်ဘုရားပွဲကို သွားကြမှာ၊
အဲဒီကိုရော ဒီကညင်ပင်မောင်နှမတွေ လာတတ်သလားဗျ"

"ဟာ အဲဒီဘုရားပွဲက ဒီအနီးအနားမှာ အစည်းကားဆုံး
လေကွာ။ ဒီမောင်နှမတွေက အဲဒီဘုရားပွဲကို
အဓိက သွားကြတာပေါ့ကွ"

'ဟင် ဟုတ်လား၊ ဒါဆိုရင် ကျုပ်တို့များ တွေ့နေဦးမလား
မသိဘူးနော် "

ကျုပ်စကားကိုကြားတော့ ဘထစ်က ကျုပ်ကို
တစ်ချက် လှည့်ကြည့်တယ်။ ပြီးတော့
အ,ထစ် အ,ထစ်နဲ့ ပြောတယ်ဗျ။

"မင်း ကံကောင်းရင်တော့ တွေ့ရမှာပေါ့ကွာ'တဲ့။

အင်းလေ တွေ့တော့ တွေ့ဖူးချင်သားဗျ။
ကညင်ပင်မောင်နှမကိုးယောက်တဲ့။
စိတ်ဝင်စားစရာတော့ တော်တော်ကောင်းတာပဲ။
ညနေ လေးနာရီလောက်မှာ စုန်းကွင်းကို
လှည်းရောက်တယ်။ ကျုပ်တို့နှစ်ယောက်
စုန်းကွင်းကနေ ကွေ့ကြီးကို ကုန်းကြောင်း
လျှောက်ခဲ့ကြတယ်။ မြေပဲခင်းတွေကိုဖြတ်ပြီး
ကျုပ်တို့ နှစ်ယောက် ခပ်သုတ်သုတ်
လျှောက်ခဲ့ကြတာ ငါးနာရီထိုးတော့
ကွေ့ကြီးကိုရောက်ပြီး ဘထစ်ကို မွေးစားခဲ့တဲ့
ဘဘုန်းရဲ့ ကျောင်းက ရွာတောင်ဘက်မှာဗျ။
ဘုရားပွဲက ရွာအရှေ့ပိုင်းမှာ ။ကျုပ်တို့
ဘုန်းကြီးကျောင်းရောက်တော့ လက်ရှိ
ကျောင်းထိုင် ဆရာတော်က ဘထစ်ကို
ဝမ်းသားအားရ ဆီးကြိုတယ်။ ဘထစ်ပြောတာ
ဟုတ်တယ်ဗျ။ ကျုပ်တို့ ရွာထဲကို ဖြတ်လျှောက်
လာတော့ ဒီကောင့်ကို တွေ့တဲ့လူတိုင်းက
နှုတ်ဆက်တာဗျ။

"ဟေ့ကောင် ဘထစ်၊ တစ်ရွာလုံး မင်းအသိတွေချည်း
ပါလားကြ"

"ငါ ဆွမ်းခံလိုက်ခဲ့ရတဲ့ အိမ်ချည်းပဲလေကွာ၊
ငါ့ကို မသိဘဲ ဘယ်နေပါမလဲ၊ ဟဲ ဟဲ ဟဲ "

ကျောင်းက ကိုရင်တွေ ဦးပဉ္ဇင်းတွေးကလည်း
ဘထစ်တော်တော်ခင်ကြတာဗျ။

ကျုပ်တို့နှစ်ယောက် ဆရာတော်ကို ဦးချကြတယ်
ပြီးတော့ ဘထစ်က ကျုပ်နာမည်ကို ပြောပြတယ်။
ဆရာတော်ကလည်း ကျုပ်ကို ခင်သွားပုံပဲဗျ။

"ကဲ ဘထစ်ရော မင်းသူငယ်ချင်း မောင်တာတေရော
ဒီကျောင်းမှာ လွတ်လွတ်လပ်လပ်သာနေကြ၊
ညရောက်တော့ ဘုရားပွဲမှာ လျှောက်လည်ကြ၊
ဒီညတော့ ပန်တျာကြည်လင်ဇာတ် ကမှကွ၊
ဒီညဆိုရင် ဘုရားပွဲက ငါးညမြောက်ပဲ။
လာလိုက်တဲ့လူတွေဆိုတာ မနည်းပါဘူးကွာ၊
ညရောက်တော့ တွေ့ကြမှာပါ"

"တင့်ပါဘုရား တပည့်တော်တို့ ပွဲတော့
မကြည့်ပါဘူး ဘုရား၊ လျှောက်ပြီး ကြည့်ရုံပဲ
ကြည့်မှာပါ "

"အေး အေး မင်းတို့သဘောပဲ၊
ဟေ့ ကျော်မောင်နဲ့ ကျော်အောင် ခဏလာကြဦး"

ဘုန်းကြီး ခေါ်လိုက်တော့ ကျောင်းသားနှစ်ယောက်
ရောက်လာတယ်ဗျ။ ဆရာတော်ရှေ့မှာ ဒူးကလေးတွေ
တုပ်ပြီး ထိုင်နေကြတယ်

"ကဲ ကျော်အောင်နဲ့ ကျော်မောင် ဒီက မင်းတို့
အစ်ကိုကြီးဘချစ်နဲ့ သူ့သူငယ်ချင်း ကိုကြီးတာတေတို့
ညစာစားဖို့ စီစဉ်လိုက်ကြကွယ်"

"တင့်ပါ ဘုရား၊ ကိုကြီးအုန်းညွန့်တို့ စီစဉ်နေပါပြီဘုရား"

"ဟေ အုန်းညွန့် ဟုတ်လား၊ အုန်းညွန့်က
သူ့ရွာပြန်မလို့ဆို"

"တင့်ပါ မပြန်ဖြစ်သေးဘူးဘုရား၊ မနက်ဖြန်မှပဲ
ပြန်တော့မယ် ပြောတယ်ဘုရား "

'သြော် အေး အေး မင်းတို့နှစ်ယောက်က
ဒီအစ်ကိုတွေလိုတာ လုပ်ပေးကြကွဲ့၊ ကဲ
ဘချစ်တို့ ရေမိုးချိုးချင်ရင် ရေတွင်းမှာ ချိုးကြလေကွယ်
ဘချစ်က ဒါ မင်းကျောင်းပဲဟာ၊မောင်တာတေကို
လိုတာလုပ်ပေးလိုက်ပေတော့ "

"တင်ပါ့ဘုရား၊ ဒါဆိုရင် တပည့်တော်တို့
သွားလိုက်ပါဦးမယ်ဘုရား "

"ကဲ မင်းတို့ အဝတ်အစားအိတ်တွေကို ဟိုမြောက်ဘက်
အခန်းထဲ ယူသွားကြ ၊ အဲဒီအခန်းမှာ ကုတင်
အလွတ်နှစ်လုံးရှိတယ်၊ အဲဒီမှာ ဒီည အိပ်ပေတော့
ဟုတ်လား ဘချစ် "

"တင့်ပါဘုရား "

ကျုပ်နဲ့ ဘထစ် မြောက်ဘက်ခန်းကို
လာခဲ့တယ်။ ရေတွင်းမှာ ရေတစ်ဝချိုးပြီး
ညစာ စားကြတယ်။ ကျောင်းသားတွေရော
ကိုရင်တွေကပါ ဧည့်ဝတ်တော်တော်ကောင်းကြပါတယ်
ကျုပ်ဖြင့် အားတောင်နာလာတယ်ဗျာ။

ကျုပ်တို့ စားသောက်ပြီးတော့ မိုးချုပ်နေပြီ။
ည (၇)နာရီ ထိုးတော့ ဘထစ်နဲ့ ကျုပ် ဘုရားပွဲစျေးကို
ထွက်လာခဲ့တယ်။ လေးကျွန်းမာရ်အောင်ဘုရားက
ယင်းချောင်းနံဘေးက တောင်ကုန်းမြင့်မြင့်
ကလေးပေါ်မှာဗျ။

မီးကို ထိန်နေတာပါပဲဗျာ။ ဘုရားကတော့
ရှေးဘုရားဗျ။ ဥာဏ်တော်လည်း အတော်မြင့်သားပဲ။
ကျုပ်တို့ ဘုရားပေါ်တက်ခဲ့တယ်။ တရုတ်စကားပင်တွေ
စိုက်ထားတဲ့ ဘုရားတောင်ပေါ်ကနေ ယင်းချောင်းနံဘေးက
ပွဲစျေးတန်းကလေးကို ငုံ့ကြည့်ရတာ တော်တော်ကို
ပျော်စရာကောင်းတာပဲဗျာ။

ယင်းချောင်းကတော့ ရေကျချိန်ဆိုတော့
ရေတိမ်တိမ် ရှိတာပါ။ ပန်တျာကြည်လင်ရဲ့
ဇာတ်ရုံကတော့ ကွင်းကြီးထဲမှာဗျ။
ရဟတ်ကြီးတစ်ခုလည်းပါတော့ လူကို
တရုန်းရုန်းဖြစ်နေတာပါဗျာ။

ယင်းချောင်းနံဘေးက သောင်ပြင်မှာက
ဆိုင်တန်းကြီးပေါ့ဗျာ။ လူကိုကြိတ်ကြိတ်တိုးနေတာပါပဲ။
ဘထစ်နဲ့ ကျုပ်က ကြရည် တစ်ယောက်တစ်ခွက်
သောက်တယ်၊ ပြီးတော့ ဇာတ်ရုံဘက်ကို သွားတယ်
ဟိုလျှောက် ဒီလျှောက်ပေါ့ဗျာ။ လူကတော့
တော်တော်ကို စည်တာဗျ။
အဲဒီမှာ ကျုပ်က လူတွေ မျက်နှာကို လိုက်ကြည့်ပြီး
အကဲခတ်နေတာကို ဘထစ်က တွေ့တော့
ပြုံးပြုံးကြီးလုပ်ပြီး …

"ဟေ့ကောင် တာတေ မင်း ဘယ်သူ့ကို
လိုက်ရှာနေတာတုံး"

လို့ မေးတယ်။ကျုပ်ကလည်း ခပ်ပြုံးပြုံးလုပ်ပြီး …

"ကညင်ကိုးပင်လေကွာ"

လို့ ပြောတော့ ဘထစ်က ရယ်လိုက်တာဗျာ။

"မင်းကွာ ၊ လူတွေ ဒီလောက်များနေတာ
ဘယ်သူက လူ၊ ဘယ်သူက ဥစ္စာစောင့်ဆိုတာ
သိနိုင်မှာလဲကွာ "

"အေးကွ၊ ဒါတော့ ဟုတ်တာပဲ "

လို့ ကျုပ်က ပြန်ပြောပြီး ယင်းချောင်းနံဘေးက
ပွဲစျေးတန်းဘက်ကို ဆင်းလာခဲ့တယ်။ စည်လိုက်တဲ့
လူဗျာ။ အထည်တွေ ဝယ်ကြ၊ ဘာတွေဝယ်၊
ဒန်အိုးဒန်ခွက်တွေ၊ ကြွေပန်ကန်တွေဝယ်ကြ။
ကလေးကစားစရာတွေ ဝယ်ကြ၊ စာအုပ်တွေ။
စောင်၊ ခြင်ထောင်တွေ ဝယ်ကြနဲ့ တော်တော်ကို
ပျော်ကြတာဗျ။ ကျုပ်ဖြင့် သူတို့ဆီက အပျော်တွေ
ကူးပြီး ကျုပ်ပါ ပျော်နေတာဗျ။

ဘထစ်လည်း ကျုပ်လိုပဲ ပျော်နေပုံပဲဗျ။
ကျုပ်တို့နှစ်ယောက် ပွဲစျေးတန်းအဆုံးက
ရေမန်းကျည်းပင်ကြီးတစ်ပင်အောက်မှာ ထိုင်ပြီး
ယင်းချောင်းကလေးထဲမှာ လရောင်ထိုးကျနေတာကို
ကြည့်နေကြတာဗျ။ အချိန်ကတော့ ညကိုးနာရီခွဲလောက်
ရှိမယ်ထင်တယ်။ ပွဲတောင် ထွက်နေပြီဗျ။

အဲဒီတုန်းမှာ ဘထစ် မျက်လုံးပြူးပြီး
ယင်းချောင်းအလယ်ကို လှမ်းကြည့်နေတယ်
ပြီးတော့ …

"ဟာ …ဟိုမှာ မ..မ..ဖဲဝါကြီးကွ၊ ခေါင်းကြီးထမ်းပြီး
ယင်းချောင်းကို လှမ်းကျော်လိုက်တာကွ"

"ဘာကွ ဘထစ်၊ မဖဲဝါကြီး ဟုတ်လား၊
မင်းကွာ မဟုတ်တာ ပြောဦးမယ် ဒီယင်းချောင်းကို
မဖဲဝါက ဘယ်လိုလုပ် ကျော်မှာလဲကွ"

"မင်း မင်း မသိဘူး တာတေ၊ သူက ကြိုက်သလို
ဖနဆင်းလို့ရတယ် အခု သူ့အရပ်ကြီးကို ထန်းပင်နှစ်ပင်လောက်
အမြင့်ကြီး ဖန်ဆင်းထားတာ၊ ဟော ဟော ဒီဘက်
ကမ်းကို ရောက်လာပြီ၊ ပုခုံးပေါ်မှာ ခေါင်းကြီး
တစ်လုံးလည်း ထမ်းထားတယ်ကွ"

"ဟေ ဟုတ်လား ဘထစ်၊ ခေါင်းကြီးထမ်းလာတယ်
ဟုတ်လား ၊ ဒါ ဘာလုပ်ဖို့လာတာတုံးကွာ၊
ဒါ ဘုရားပွဲ မဟုတ်လား၊ လာချင်ရင် ဒီအတိုင်းလာပေါ့
ခေါင်းကြီးက ဘာဖြစ်လို့ ထမ်းလာတာတုံး"

"ဟော ယင်းချောင်းအတိုင်း အထက်ဘက်ကို
လျှောက်သွားနေတယ်ကွ၊ လာ လာ တာတေ၊
သူ့နောက်က လိုက်ကြည့်မယ်၊ ကဲ ဒီလိုလုပ်ကွာ၊
မင်းပါ မြင်ရအောင် အရင်တစ်ခါတုန်းကလို
ငါ့လက်ကို ဆုပ်ထား၊ အေး ဟုတ်ပြီ၊ ဆေးတော်စောင့်ကြီးဗျာ
ကျုပ် သူငယ်ချင်းကို အမြင်ဖွင့်ပေးပါဗျာ
ကဲ တာတေ၊ မျက်စိခဏ ပိတ်ထားလိုက်
ပြီးတော့မှ ဖြည်းဖြည်းပြန်ဖွင့်လိုက်"

ကျုပ်က ဒီအတွေ့အကြုံ ရှိပြီးသားဆိုတော့
ဘထစ် ပြောသလို လုပ်လိုက်တာပေါ့ဗျာ။

"ဟာ ဟုတ်သားပဲ ဘထစ်ရ၊ မဖဲဝါကြီးက အရပ်
အရှည်ကြီး ဖန်ဆင်းထားတာကိုးကွ၊ ဒါကြောင့်
ယင်းချောင်းကို ခွကျော်နိုင်တာပေါ့။ ဒါ ဘယ်ကို
သွားနေတာတုံးကွ"

"ငါလည်း မသိဘူး တာတေ၊ ငါ့လက်ကို
မလွှတ်နဲ့တော့၊ ဆုပ်ထား ဆုပ်ထား၊
ဒါမှ မင်းမြင်ရမှာ ၊ ဟာ ချောင်းအကွေ့မှာ
ပျောက်သွားပါရောလားကွ"

ကျုပ်တို့နှစ်ယောက် ယင်းချောင်းကွေ့အထိ
လိုက်ကြည့်သေးတယ်ဗျ။ ဘာမှမတွေ့တော့ဘူး။
သဲသောင်ပေါ်မှာ ခြေရာတွေ ဘာတွေ ကျန်မလားလို့လည်း
လိုက်ရှာကြည့်ကြသေးတယ်။ခြေရာလည်း မတွေ့ပါလား"

"ဘထစ် ဒါ ဘာဖြစ်တာတုံးကွ၊ ဒီလောက်
လူစည်ကားတဲ့ နေရာကို မဖဲဝါကြီး ဘာလာလုပ်တယ်လို့
မင်း ထင်လဲ"

"ကဲ မင်း ငါ့လက်ကို ဖြည်လိုက်တော့၊ မဖဲဝါမှ
မရှိတော့တာ"

ကျုပ်က လက်ဆုပ်ကို ဖြည်လိုက်တယ်။

ဘထစ်က သက်ပြင်းတစ်ချက် ချလိုက်တယ်။
ပြီးတော့မှ အ,ထစ် အ,ထစ်နဲ့ ပြောတယ်ဗျ။

"တာတေ ဒါတော်တော်ကို မကောင်းတဲ့ အတိတ်နိမိတ်ကြီးကွ
အင်မတန်ဖြစ်ခဲတာ၊ မဖဲဝါ ခေါင်းထမ်းတာ
အကြောင်းမဲ့ မထမ်းဘူး၊ ဒီနေရာမှာ လူတွေ
အများကြီး သေတော့မှာမို့လို့ကွ"

"ဟေ ဟုတ်လား ဘထစ်၊ မင်း သိတယ်ဟုတ်လား"

"အေး ငါသိတယ်ကွ၊ ငါ တိတိကျကျကို ကြားဖူးတာ။
အခုမှ မြင်ဖူးတွေ့ဖူးတာ၊ ဒီနေရာမှာတော့ တစ်ခုခုဖြစ်ပြီး
လူတွေ အများကြီး သေလိမ့်မယ် "

"ဒါဆိုရင် လူတွေကို မင်းနဲ့ငါ အသိလိုက်ပေးကြမလား"

"ဟာ တာတေရာ၊ မင်းနဲ့ ငါ လျှောက်ပြောတော့ရော
ဘယ်သူက ယုံမှာတုံးကွ"

ဘာဖြစ်မယ်လို့ မင်းထင်လဲ၊ ဘထစ်"

"အဲဒါတော့ ငါလည်း မတွေးတတ်ဘူးကွ၊
ကဲ တာတေ၊ မင်းနဲ့ငါ ဘုရားတောင်ပေါ်
တက်ကြရအောင်၊ ဘုရားကိုပဲ အာရုံပြုပြီး
လူတွေကို ဘေးမသီ ရန်မခဖို့ မေတ္တာပို့ကြတာပေါ့ကွာ"

ပြောပြောဆိုဆို ဘထစ်နဲ့ ကျုပ်နဲ့ ဘုရားတောင်ပေါ်ကို
တက်ခဲ့ကြတယ်။ ဘုရားမှာ လူတောင် တော်တော်
ရှင်းနေပြီဗျ။ အားလုံး ပွဲခင်းထဲရောက် ဆိုင်တန်းတွေဘက်
ရောက်ပေါ့ဗျာ၊ ဘထစ်နဲ့ ကျုပ် ဘုရားရှိခိုးပြီး
မေတ္တာသုတ် ရွတ်ကြတယ်။

ပြီးတော့ နှစ်ယောက်သား လူတွေကို
မေတ္တာပို့ကြတာပေါ့ဗျာ၊ ဘုရားပွဲလာတဲ့သူတွေ
ဘေးဥပါဒ်အန္တရာယ် ကင်းကြပါစေပေါ့ဗျာ။

ကျုပ်တို့နှစ်ယောက် မေတ္တာပို့လို့ တော်တော်ကလေး
ကြာသွားတော့ …

"ဂျိမ်း ဂျိမ်း ဂျိမ်း "

မိုးခြိမ်းသံကြီးဗျ၊ ခပ်လှမ်းလှမ်းက ကြားလိုက်တာ။
ကျုပ်ကြားသလို ဘထစ်လည်းကြားတယ်။
သူ ချက်ချင်း ထိုင်ရာကနေ ဆတ်ခနဲ ထတယ်။
ပြီးတော့ ယင်းချောင်းရှိတဲ့ဘက်ကို ပြေးသွားတယ်။
ကျုပ်လည်း ဘုမသိ ဘာမသိနဲ့ ဘထစ်နောက်က
ပြေးလိုက်ခဲ့ရတာပေါ့ဗျာ။ ဘုရားလူကြီးတွေလည်း
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
ကောင်းကင်ကို မော့ကြည့်ကြတယ်။

"နောက်ကျသွားပြီ တာတေရေ၊ မိုးစက်တွေတောင်
ကျလာပြီကွ၊ ဟိုးအထက်ဘက်က တောင်တွေပေါ်မှာ
မိုးရွာနေပြီ၊ မကြာခင် ယင်းချောင်းထဲကို
ရေတွေ ဒလဟော ကျလာတော့မယ်။
ဟော ဟိုမှာတွေ့လား မိုးစက်တွေ ကျလာလို့
လူတွေ သဘောပေါက်သွားပြီကွ၊
ပြေးနေကြပြီ တွေ့လား၊ ပြေးနေကြပြီ၊
လွတ်ပါမလား၊ လွတ်ပါ့မလား"

ဘထစ်ပါးစပ်က တတွတ်တွတ် ပြောနေတယ်ဗျ။
ကျုပ်က ယင်းချောင်းအထက်ဘက်ကို ကြည့်နေမိတယ်

"ဟာ ဘထစ် ဟိုမှာ ဟိုမှာ ရေလုံးကြီး ကျလာပြီ၊
ရေလုံးကြီး ဟိုမှာ "

ကျုပ် အလန့်တကြား အော်လိုက်တယ်။
ဟုတ်တယ်ဗျာ။ ရေလုံးကြီးတွေ ဖျာလိပ်ကြီး
လိမ့်သလို လိမ့်ကျလာတာ။ ဒါမျိုးပေါ့ဗျာ၊
မြင်းပြေးလို့တောင် မလွတ်ဘူးဆိုတာပေါ့

"ဝေါ ဝေါ ဝေါ"

အသံကြီးကို မြည်ပြီးတော့ ကျလာတာဗျို့
စောစောက စည်ကားနေတဲ့ ဘုရားပွဲ စျေးတန်းကလေးမှာ
ငရဲ ပွက်သလို အသံတွေ၊ အော်ကြ ဟစ်ကြတဲ့
အသံတွေ ကျွက်ကျွက်ကို ညံသွားတာပေါ့ဗျာ။
မြန်လိုက်ပါဘိတော့ဗျာ။ ခဏကလေးအတွင်းမှာကို
ယင်းချောင်းတစ်ခုလုံးကို ရေတွေ ပြည့်သွားတာဗျို့။

ဆိုင်ခန်းကလေးတွေလည်း ခေါင်မိုးတွေပဲ
ပေါ်တော့တာ၊ တစ်ချို့လည်း ရေစီးနဲ့ ကျွတ်ပါသွားပြီ။

ဇာတ်ရုံထဲက လူတွေလည်း ပြေးထွက်လာကြပြီဗျို့။
ပွဲလည်း ပျက်သွားပါပြီ။

"ဝေါ"

မိုးတွေ ဝေါခနဲ ရွာချလိုက်ပြီဗျို့။ ဒီမိုးတွေ ချက်ချင်း
ဘယ်ကဘယ်လို တက်လာမှန်းကို မသိလိုက်ပါဘူးဗျာ။
ယင်းချောင်းကြီးထဲမှာ ရေတွေဖွေးလို့။

ဆိုင်တွေ ရေအောက်ကို မြှုပ်ကုန်ပြီ။
လူတွေရော ဘယ်လောက်လွတ်ပြီး ဘယ်လောက်
ရေနဲ့ပါသွားသလဲ။ ကျန်တဲ့လူတွေက မိုးရေတွေစိုလို့။

ကျုပ်ရော ဘထစ်ရော မိုးရေတွေ ရွှဲလို့ပေါ့ဗျာ။

ဟော ကွေ့ကြီးရွာထဲက လူတွေလည်း
ပြေးထွက်လာကြတယ်ဗျို့။ ဒါပေမဲ့ ဘယ်သူက
ဘာတတ်နိုင်မှာလဲဗျာ။

ကျုပ် မျက်စိမှာတော့ ထန်းပင်နှစ်ပင်စာလောက်ရှိတဲ့
အရပ်ကြီးနဲ့ သောင်ပြင်မှာ ခေါင်းကြီးတစ်လုံးထမ်းပြီး
လျှောက်သွားနေတဲ့ မဖဲဝါကြီးကိုပဲ မြင်နေမိတယ်ဗျာ။

ဒီည ဒီနေရာဟာ ဘဝအဆက်ဆက်က ပါလာတဲ့
အကုသိုလ်တရားတွေ လာဆုံတဲ့ မရဏဆုံမှတ်တစ်ခုပဲပေါ့ဗျာ။

ပွီးပါပီခဗျာ

သံလက်ဝါး မဖဲဝါ စာအုပ်မှ ကောက်နှုတ်တင်ပြသည်

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ။

#တာတေ

မရဏ ဆုံမွတ္ (စ/ဆုံး)
~~~~~~~~~~~~~
မူရင္းေရးသားသူ_ဆရာတာေတ

ဓါတ္ဆက္ၿပီးေတာ့ အျမင္ဖြင့္ေပးလို႔ရတယ္
ဆိုတာကို ဘထစ္ေရာ၊ က်ဳပ္ေရာ သိသြားၾကတာေပါ့ဗ်ာ။
ဒါေပမဲ့ ဘထစ္က ေျပာတယ္ဗ်။

"ေဟ့ေကာင္ တာေတ၊ ဒါ လူတိုင္းကို လုပ္ေပးလို႔ မရဘူး။
မင္းက နဂိုဓါတ္ခံေကာင္းလို႔ ရတာ"

က်ဳပ္ နားမလည္ဘူးဗ်။ ဘထစ္ေျပာတဲ့
နဂိုဓါတ္ခံဆိုတာ ဘာကိုေျပာမွန္း က်ဳပ္ မသိဘူး။
ဒါေပမဲ့ ေမးလည္း မေမးတတ္ဘူးဗ်။ဒီအတိုင္းပဲ ၿငိမ္ေနရတာေပါ့ဗ်ာ။

က်ဳပ္ မွတ္မိေသးေရာဗ်ာ။ အဲဒီလက သီတင္းကြၽတ္လဗ်။
က်ဳပ္တို႔ေတြ ပထမအစမ္းစာေမးပြဲ ေျဖေနၾကတာ။
ပထဝီေျဖတဲ့ေန႔ ထင္တယ္ဗ်။ စာေမးပြဲေျဖၿပီးလို႔
အခန္းထဲကေန ထြက္လာေတာ့ ဘထစ္က
ေက်ာင္းဝန္းထဲက မန္က်ည္းပင္ေအာက္မွာ
ရပ္ၿပီး က်ဳပ္ကို ေစာင့္ေနတယ္ဗ်။

"တာေတ လာဦးကြ၊ မင္းကို ငါေျပာစရာရွိလို႔ "

က်ဳပ္က ဘထစ္ဆီကို ေလွ်ာက္သြားရင္း
လွမ္းေျပာလိုက္တယ္။

"ေအး ေျပာ၊ ဘာေတြ ေပါက္ေပါက္ရွာရွာ
လုပ္ဦးမလို႔လဲကြ ဘထစ္ရ"

ဒီေကာင္ က်ဳပ္ေျပာေတာ့ ရယ္တယ္ဗ်။

"ဟာ ဘာမွ ေပါက္ေပါက္ရွာရွာ မလုပ္ပါဘူးကြာ။
ငါ သီတင္းကြၽတ္ ေက်ာင္းပိတ္ရက္မွာ ႐ြာျပန္မလို႔ကြ"

"ေဟ ႐ြာ ဟုတ္လား ဘထစ္၊ မင္းမွာ ႐ြာရွိလို႔လား "

"ေဟ့ေကာင္ တာေတ၊ ဘထစ္က ေတာထဲမွာ
အေလ့က်ေပါက္တဲ့ သစ္ပင္မဟုတ္ဘူးကြ"

" ဟာ ဘထစ္ကလည္း ငါက အဲဒီလို ေျပာတာ
မဟုတ္ပါဘူးကြာ၊ မင္းက မင္းငယ္ငယ္ကတည္းက
မိဘေတြ တိမ္ပါးကုန္လို႔ မင္းရဲ႕ ဘဘုန္းႀကီးက
ေမြးစားတာဆို ၊ ေဆြမ်ိဳးသားခ်င္း ဆိုတာလည္း
မင္းမွာ လုံးဝမရွိဘူးလို႔ မင္းပဲ ငါ့ကို
ေျပာခဲ့တာေလ။ ဒါေၾကာင့္ ငါ့က ေျပာတာကြ"

"ေအး ဟုတ္တယ္၊ မင္းေျပာတာ မွန္တယ္ တာေတ၊
ငါ အခု သြားမွာက ဘဘုန္းရဲ႕ ေက်ာင္းကို သြားမွာ။
အဲဒီ႐ြာမွာ ငါႀကီးလာခဲ့ရတာ။ ဘဘုန္း မရွိေပမဲ့
တစ္႐ြာလုံးက ငါ့ကို ခင္ၾကတာကြ၊ၿပီးေတာ့
သီတင္းကြၽတ္လျပည့္မွာ ႐ြာဘုရားပြဲရွိတယ္။
ေလးကြၽန္းမာရ္ေအာင္ ဘုရားပြဲကြ။
အားႀကီးစည္တာ၊ ေပ်ာ္စရာအားႀကီး
ေကာင္းတာကြ၊ ဒီအခ်ိန္ဆိုရင္ ယင္းေခ်ာင္းႀကီးက
ေရက်သြားလို႔ ေသာင္ေတြ ေပၚေနၿပီ။
အဲဒီမွာ ၾကက္သြန္ခင္းေတြ စိုက္ဖို႔ ေနရာေတြ
မွတ္ေနၾကၿပီေပါ့ကြာ"

"ဇာတ္ပြဲေတြေရာပါလား ဘထစ္"

"ဟေကာင္ရ ပါတာေပါ့ဟ ။ ေလးကြၽန္းမာရ္ေအာင္ဘုရား
ပြဲက နယ္နယ္ရရမွ မဟုတ္တာ။ ၿမိဳ႕ေပၚေတြေရာ
အနီးအနားက ႐ြာဆယ္႐ြာေလာက္ကေရာ လာၾကတာကြ"

"ဟာ ဒါဆို ေတာ္ေတာ္ကို ေပ်ာ္ဖို႔ေကာင္းမွာပဲေနာ္"

"ေအး အဲဒါ မင္းကို ငါက ေခၚသြားခ်င္တာ။
႐ြာမွာ ႏွစ္ညေလာက္အိပ္ၿပီး ျပန္ခဲ့မွာေပါ့ကြာ၊
ေက်ာင္းမဖြင့္ခင္ မင္း႐ြာကို ျပန္လို႔ မီပါေသးတယ္ကြာ၊
ဘယ္လိုလဲ လိုက္မလား "

"အင္း အဆင္ေတာ့ ေျပသားကြ၊ အဘေရာ
အေမပါ ေရာက္ေနၾကတယ္ကြ ၊ ဘႀကီးကို
ကန္ေတာ့ဖို႔ လာၾကတာ၊ ငါေျပာရင္ ရမွာပါ"

"ဟာ ဒါဆိုလည္း ေျပာကြာ တာေတရာ၊
တို႔ သူငယ္ခ်င္း ႏွစ္ေယာက္ ဘုရားပြဲမွာ
ေပ်ာ္ၾကတာေပါ့"

ဘထစ္က ေတာ္ေတာ္ဝမ္းသာသြားတဲ့ပုံပဲဗ်။
က်ဳပ္အိမ္ျပန္ေရာက္ေတာ့ အဘနဲ႔ အေမကို
ျပန္ေျပာျပရတာေပါ့ဗ်ာ။ အဘက က်ဳပ္ကိုေမးတယ္။

"ႏို႔ သူ႔႐ြာက ဘာတဲ့တုံး တာေတရဲ႕ "

"ေကြ႕ႀကီးလို႔ ေျပာတယ္ အဘ"

ကြမ္းႀကီးငုံၿပီး နားေထာင္ေနတဲ့ ဘႀကီးက
ေခါင္းႀကီးညိတ္ၿပီး ဝင္ေျပာတယ္ဗ်။

"အင္း အင္း ေျမာက္ဘက္က ႐ြာေတြေပါ့ကြာ။
ကညင္ကိုးပင္ စင္ကိုးစင္တို႔၊ ခေရပင္ေဇာက္ထိုးတို႔၊
ေကြ႕ႀကီးတို႔၊ စုန္းကြင္းတို႔ဆိုတာ ၿမိဳ႕ေျမာက္ဘက္က
႐ြာေတြကြ၊ ႏို႔ သြားရင္ မင္းတို႔ ဘယ္လို
သြားရမွာတုံးကြ၊ တာေတရ"

"ဟိုေကာင္ဘထစ္ ေျပာတာေတာ့ ဒီၿမိဳ႕ကေန
ေဒါ့ဂ်စ္ကားႀကီးစီးသြားရင္ ဘုရားအို႐ြာကို
ေရာက္မယ္တဲ့။ အဲဒီကမွ လွည္းေခၚၿပီး
ဆက္သြားရမွာလို႔ ေျပာတယ္ ဘႀကီးရ"

"ေအး ဟုတ္တာေပါ့၊ လြန္ခဲ့တဲ့ ဆယ္ႏွစ္ေလာက္က
ငါ အဲဒီဘက္ကို တစ္ေခါက္ေရာက္ဖူးတယ္
အဲဒီဘက္က ႐ြာေတြလည္း သူ႔ေနရာနဲ႔သူေတာ့
စည္သားဟ"

ဟုတ္ေတာ့ ဟုတ္တယ္ဗ်။ အဘတို႔ အေမတို႔က
ဘယ္မွ သိပ္ေရာက္ဖူးၾကတာ မဟုတ္ဘူးဗ်။
႐ြာနီးခ်ဳပ္စပ္ရယ္၊ ဒီၿမိဳ႕ရယ္ပဲ သူတို႔
သြားလာေနတာ။

"ေအး ေအး မင္းလိုက္ခ်င္ရင္ လိုက္သြားေပါ့ကြာ၊
ေယာက္်ားဆိုတာ သြားတတ္ လာတတ္လည္း
ရွိဦးမွကြ၊ ဗဟုသုတလည္းမ်ားမွ ေကာင္းတာ၊
ကဲ ကဲ မင္း သူငယ္ခ်င္း ဘယ္သူ"

"ဘထစ္ေလ အဘရဲ႕ "

"ဟဲ့ နင့္သူငယ္ခ်င္း နာမည္ကလည္း
အဆန္းပါလား "

လို႔ အေမက ဝင္ေျပာတယ္။ ဒီေတာ့မွ က်ဳပ္လည္း
သတိရသြားၿပီး …

"ဟာ မဟုတ္ဘူး အေမရဲ႕၊ ဒီေကာင္နာမည္က ဘထစ္
မဟုတ္ဘူးဗ်၊ ဘခ်စ္တဲ့။ ဒါေပမဲ့ ဒီေကာင္က
စကားေျပာရင္ အားႀကီးထစ္တာဗ်။ ဒါေၾကာင့္
က်ဳပ္တို႔ သူငယ္ခ်င္းေတြက သူ႔ကို ဘထစ္လို႔
ေျပာင္ေခၚရာေန နာမည္တြင္သြားတာ"

အဲဒီညက အဘရယ္၊ အေမရယ္၊ က်ဳပ္ရယ္
ဘႀကီးကို သီတင္းကြၽတ္ ကန္ေတာ့ၾကတယ္
ၿပီးေတာ့ ဘထစ္နဲ႔ လိုက္သြားဖို႔ လမ္းစရိတ္နဲ႔
ဘုရားပြဲမွာ သုံးစြဲဖို႔ ပိုက္ဆံေပးတယ္။

ဘႀကီးကလည္း က်ဳပ္ကို မုန္႔ဖိုးေပးေသးတယ္ေလ။
စာေမးပြဲၿပီးေတာ့ က်ဳပ္ ဘထစ္နဲ႔ လိုက္ခဲ့တာေပါ့ဗ်ာ။
ေဒါ့ဂ်စ္ကား အစုတ္ႀကီးက တစ္လမ္းလုံး
ေမာင္းလိုက္ ရပ္သြားလိုက္၊ နည္းနည္းပါးပါး
ျပင္ေပးလိုက္ ျပန္ေမာင္းလိုက္နဲ႔ ဆြမ္းစားခ်ိန္
ေရာက္ေတာ့ ဘုရားအိုဆိုတဲ့ ႐ြာကို က်ဳပ္တို႔
ေရာက္ခဲ့ေရာဗ်ိဳ႕။ အဲဒီက အေၾကာ္တဲကေလးတစ္တဲကို
ဝင္ၿပီး ဘထစ္နဲ႔ က်ဳပ္နဲ႔ အေၾကာ္စားတယ္။

စားေသာက္ၿပီး တေအာင့္ၾကာေတာ့ ႏြားလွည္းလာတယ္။
ဘထစ္က လွည္းသမားကို ေကြ႕ႀကီးသြားမလို႔လို႔
ေျပာတယ္။ လွည္းသမားက ေျပာတယ္။

က်ဳပ္လွည္းက ေကြ႕ႀကီးေတာ့ မေရာက္ဘူး။
စုန္းကြင္းအထိပဲေရာက္မွာ၊မင္းတို႔ ဟိုဘက္ကို
လမ္းေလွ်ာက္ရမွာပဲ။ ဘာေဝးတာမွတ္လို႔၊
တစ္တိုင္ တစ္တိုင္သာသာ ရွိတာပါ"

"အင္း ဟုတ္ၿပီ၊ က်ဳပ္တို႔ႏွစ္ေယာက္
စုန္းကြင္းအထိ လိုက္မယ္"

ဘထစ္နဲ႔ က်ဳပ္နဲ႔ လွည္းေပၚတက္ၿပီး လိုက္ခဲ့ၾကတယ္။
တစ္လမ္းလုံး ဘထစ္နဲ႔ လွည္းသမားက စကားေဖာင္
ဖြဲ႕လာၾကတာဗ်ိဳ႕။ ဘုရားအိုက ထြက္လာၿပီး
ေပြးကုန္းေရာက္ေတာ့ ကညင္ပင္ကိုးပင္ကို
သြားမယ့္ အဘိုးႏွစ္ေယာက္ ပါလာတယ္ဗ်။

အဲဒီမွာတင္ အဲဒီအဘိုးႀကီးႏွစ္ေယာက္နဲ႔
လွည္းသမားနဲ႔ စကားေဖာင္ဖြဲ႕ၾကေရာဗ်ိဳ႕။
သူတို႔ေျပာတာက ႏွမ္းအေၾကာင္း၊ပဲအေၾကာင္း
မဟုတ္ဘူးဗ်။ စုန္းအေၾကာင္း ေျပာၾကတာ။

"ေျပာရဦးမယ္ ဘိုးက်င္ေရ"

လွည္းသမားနဲ႔ ဒီအဘိုးႀကီးႏွစ္ေယာက္က
နဂိုတည္းက ရင္းႏွီးၾကတာဗ်။

"ေဟ ဘာတုံး ငေမာင္ရ"

"က်ဳပ္လည္း လွည္းသမားဘဝနဲ႔ ဒီေနရာမွာ
ေမာင္းလာတာ ၾကာေပါ့ ဘိုးက်င္ေရ ၊ တစ္ခါ
တစ္ခါေတာ့လည္း အထူးအဆန္းေတြ ႀကဳံရသားဗ်"

အဘိုးႀကီးႏွစ္ေယာက္က က်ဳပ္တို႔နဲ႔ မ်က္ႏွာခ်င္းဆိုင္
ထိုင္ေနတာဗ်။ လွည္းလမ္းေဘးက ေျမပဲခင္းေတြကို
ေငးၾကည့္ရင္း ေျပာေနၾကတာ။

"ဘာမ်ားေတြ႕လို႔တုံး"

"မေန႔ကေလဗ်ာ၊ ဘုရားအိုက ဘိုးစံဝနဲ႔ သူ႔မိန္းမ
အရီးမယ္ျမေလ၊ သူတို႔ အရီးတစ္ေယာက္
ေတာ္ေတာ္မမာေနလို႔ သတင္းေမးဖို႔ ဆိုၿပီး
စုန္းကြင္းကို လိုက္ပို႔ခိုင္းလို႔ က်ဳပ္ လိုက္ပို႔ရပါေရာလား။
ျပန္ေတာ့ မိုးခ်ဳပ္သြားေရာ ဘိုးက်င္ရဲ႕၊
လကလည္း မိုက္ေနေတာ့ က်ဳပ္က လွည္းကို
ခပ္သုတ္သုတ္ ေမာင္းလာတာဗ်။

စုန္းကြင္းေက်ာ္လာၿပီး ပဲခင္းႏွစ္ခင္းေလာက္
ေက်ာ္ေတာ့ ၿခံထဲက မီးလုံးႀကီးတစ္လုံး တက္လာတာဗ်။
က်ဳပ္ျဖင့္ လန္႔လိုက္တာဗ်ာ။ ႏြားေတြလည္း
လန္႔ၿပီး ေရွ႕ဆက္မသြားေတာ့လို႔ က်ဳပ္မွာ
မနည္းကို ေမာင္းခဲ့ရတာ"

"ႏို႔ အဲဒီမီးလုံးႀကီးက ဘယ္ေရာက္သြားတုံး"

ဘိုးက်င္ဆိုတဲ့ အဘိုးႀကီးက ေမးတယ္ဗ်။
က်ဳပ္နဲ႔ ဘထစ္ကေတာ့ သူတို႔ေျပာေနတာကို ၿငိမ္ၿပီး
နားေထာင္ေနၾကတာေပါ့ဗ်ာ။

"လူႏွစ္ရပ္ေလာက္ အျမင့္မွာ ဝဲေနတာဗ်။
ၿခဳံပုတ္ႀကီးေတြေပၚမွာ ဝဲၿပီး ပ်ံေနတာဗ်ိဳ႕။
ဒါနဲ႔ က်ဳပ္လည္း ႏြားေတြကို ႏွင္တံနဲ႔ တို႔ၿပီး
ခပ္သုတ္သုတ္ ေမာင္းခဲ့ေရာဗ်ိဳ႕။

"အဲဒီ ဘာလို႔ထင္တုံး ငေမာင္"

ဘိုးက်င္က ေမးေတာ့ လွည္းသမား ကိုေမာင္က
လက္ထဲက ႏွင္တံကို ေဘးခ်ၿပီး ႀကိဳးကို လွည္းၾကန္တိုင္မွာ
ခ်ိတ္လိုက္တယ္။ၿပီးေတာ့မွ ေခါင္းမွာ ေပါင္းထားတဲ့
ပုဆိုးကို ျဖည္ၿပီး ေခါင္းေပါင္းကို အက်အန
ျပန္ေပါင္းလိုက္တယ္။ ႀကိဳးနဲ႔ ႏွင္တံကို ျပန္ကိုင္း
ၿပီးေတာ့ ဘိုးက်င္ကို တစ္ခ်က္ လွည့္ၾကည့္တယ္။

"က်ဳပ္ မသိဘူးဗ် ဘိုးက်င္ရဲ႕ "

"အဲဒါ ေခ်းစားစုန္းေပါ့ကြ ငေမာင္ရ"

"ဟ ဟုတ္လား၊ က်ဳပ္က ၾကားဖူး႐ုံသာ ရွိတာ၊
ဒီလို တစ္ခါမွ ျမင္ဖူးတာ မဟုတ္ဘူး ဘိုးက်င္ရ"

က်ဳပ္နဲ႔ ဘထစ္လည္း ေတာ္ေတာ္ကို စိတ္ဝင္စားသြားၾကတာဗ်ိဳ႕။

"ဟိုတုန္းကေတာ့ စုန္းကြင္းဘက္မွာ ဒါေတြ ေတာ္ေတာ္ေပါတာကြ၊
ခုေတာ့ မရွိေတာ့ပါဘူး၊ ဒီစုန္းက ဘယ္ကဟာလည္းမွ
မသိတာ"

ဘိုးက်င္နဲ႔ အတူထိုင္ေနတဲ့ အဘိုးႀကီးက ဝင္ေျပာတာဗ်။

"ဟုတ္တယ္ ကိုေပၚလာရဲ႕၊ ဒီေခတ္ထဲမွာ မရွိသေလာက္
ျဖစ္ေနပါၿပီ။ ဒီေခ်းစားစုန္းက ဘယ္ကေပၚလာတာလဲ
မသိဘူး"

လွည္းသမား ကိုေမာင္ကေမးေတာ့ ဘိုးက်င္က
စိတ္မရွည္သလို ျဖစ္သြားၿပီး …

"ေသခ်ာတာေပါ့ ငေမာင္ရ၊ ေဟာဒီ ကိုေပၚလာတို႔
ငါတို႔ ငယ္ငယ္တုန္းက ဆိုရင္ ဒီတစ္ေၾကာမွာ စုန္းေတြ
သိပ္ေပါတာကြ၊ ႏို႔ ေနပါဦးကြ၊ အဲဒီမီးလုံးႀကီး
ဘယ္ေရာက္သြားလဲ၊ မင္းေတြ႕ခဲ့ေသးလား "

"က်ဳပ္ လွည့္ၾကည့္ေတာ့ ထန္းပင္ႏွစ္ပင္နားက
ၿခဳံပုတ္ႀကီးေတြထဲ ဝင္သြားၿပီး ေပ်ာက္သြားတာပဲဗ်"

"ေအး အဲဒါ ေခ်းစားစုန္း အစစ္ေပါ့ကြ၊
အဲဒီၿခဳံပုတ္ထဲမွာ လူေတြ စြန္႔ထားတဲ့ မစင္ေတြကို
လိုကၥားတာၾက"

"ေၾသာ္ ဒါေၾကာင့္ ၿခဳံပုတ္ေတြေပၚမွာ ဝဲေနတာကိုး"

"ဟုတ္ပါ့ဗ်ာ၊ အဲဒါေတြကို လိုက္ရွာတာေဟ့။
အခ်ိန္တန္ရင္ ဒီစုန္းေတြက မစားဘဲကို မေနႏိုင္တာတဲ့ကြ"

"ျဖစ္မွ ျဖစ္ရေလဗ်ာ"

လွည္းသမား ကိုေမာင္ကေျပာရင္း က်ဳပ္နဲ႔ ဘထစ္ကို
လွည့္ၾကည့္ၿပီး ရယ္ျပတယ္ဗ်။ က်ဳပ္တို႔လည္း
ရယ္မိတာေပါ့ဗ်ာ။

"စုန္းဆိုလို႔ ေျပာရဦးမယ္ ကိုက်င္ေရ"

ကိုေပၚလာ ဆိုတဲ့ အဘိုးႀကီး ေျပာလိုက္တယ္

"အင္း ေျပာစမ္းပါဦး၊ ကိုေပၚလာရဲ႕ "

"အင္း က်ဳပ္တို႔က ငယ္ငယ္ရွိပါေသးေရာ၊
က်ဳပ္တို႔႐ြာမွာ ကိုပန္းေမာင္ ဆိုတဲ့ လူနဲ႔ သူ႔မယား
မေဆာ့ ဆိုတာ ရွိသဗ်။ မေဆာ့က က်ဳပ္တို႔႐ြာသူ
မဟုတ္ဘူးဗ်။ တျခားက မိန္းမ၊ ကိုပန္းေမာင္နဲ႔
အေၾကာင္းပါမွ က်ဳပ္တို႔႐ြာကို ေရာက္လာတာ။
အဲဒီ မေဆာ့က ေခ်းစားစုန္းမဗ်"

"အို ျဖစ္မွျဖစ္ရေလဗ်ာ၊ ဒါကို သူ႔ေယာက်ၤားက
သိသလား"

"ဘယ္သိမလဲ ကိုက်င္ရာ၊ သိမွာေတာ့ ဘယ္သူက
ေခ်းစားစုန္းမႀကီးကို ယူမွာတုံးဗ်"

"ေၾသာ္ ဒီလူလည္း သနားစရာပါလား ကိုေပၚလာရ"

"ဟုတ္ပါ့ဗ်ာ၊ လူကလည္း လူ႐ိုးႀကီးဗ်။ ႐ိုးလြန္းေတာ့
အဆိုသလိုေပါ့ဗ်ာ။ ဘာမွကို မသိဘူးဗ်။ ဒီတုန္းက
က်ဳပ္တို႔႐ြာမွာ အိမ္သာေတြ ဘာေတြ ထားၾကတာမွ
မဟုတ္တာ။ ႐ြာျပင္ထြက္ၿပီး
ၿခဳံပုတ္ေတြထဲပဲ ရွင္းလိုက္ၾကတာ မဟုတ္လား။
ဒီစုန္းမက ဟန္ကို က်ေနတာေပါ့ဗ်ာ၊ ညညဆို မီးလုံးႀကီး
သူတို႔အိမ္က ပ်ံထြက္လာၿပီး အဲဒီၿခဳံပုတ္ေတြထဲမွာ
ဝင္သြားလိုက္၊ ပ်ံထြက္လာလိုက္ လုပ္ေနတာ
႐ြာသားေတြက ေတြ႕ၾကေရာဗ်ိဳ႕။
ဒီေတာ့ ကိုပန္းေမာင္ကို လူႀကီးေတြက
တိုးတိုးတိတ္တ္ိတ္ ေခၚၾကတာေပါ့။
အဲဒီကိုပန္းေမာင္ဆိုတဲ့ လူ႐ိုးႀကီးက
ဒါကိုသိေတာ့ ငိုလိုက္တာတဲ့ဗ်ာ"

"ေၾသာ္ ေၾသာ္ ဒီေတာ့မွ သူသိတာကိုးဗ်။
သားသမီးေတြ ဘာေတြ ရေနၿပီလားဗ်"

"ဟာ မရဘူးဗ်။ သားသမီးေတာ့ ကိုပန္းေမာင္တို႔မွာ
မရွိဘူး "

"ဒါနဲ႔ ႐ြာထဲက လူေတြ အႀကံေပးတဲ့အတိုင္း
ကိုပန္းေမာင္က ေစာင့္ဖမ္းတာေပါ့ဗ်ာ။
သူအိပ္ခ်င္ေယာင္ေနတာတဲ့ဗ်။ သန္းေခါင္ေလာက္
ေရာက္ေတာ့ ဒီမိန္းမက ကိုပန္းေမာင္ အိပ္မအိပ္ကို
ေသေသခ်ာခ်ာ အကဲခတ္တယ္ဆိုပဲ။
ၿပီးေတာ့မွ သူ႔လင္ အိပ္ေမာက်ေနၿပီထင္ၿပီး
သူ႔လည္ပင္းကို သူ႔လက္နဲ႔ ရစ္လိုက္တာ
ေခါင္းႀကီးျပတ္ထြက္သြားၿပီး မီးလုံးႀကီးလို
အေရာင္ေတြ ေတာက္လာတယ္ဆိုပဲ။
အဲဒီမီးလုံးႀကီးက အိမ္ထဲမွာ
ပတ္ပ်ံေနေသးတာတဲ့ဗ်ိဳ႕။
ကိုပန္းေမာင္ တကယ္အိပ္လား၊ မအိပ္လား
ဆိုတာ စစ္ေနတာတဲ့။ ဟိုလူကလည္း
ၿငိမ္ၿပီး အိပ္ခ်င္ေယာင္ေဆာင္ေနေတာ့
စိတ္ခ်ၿပီး စုန္းမက အိမ္ထဲက ထြက္သြားေရာတဲ့ဗ်ိဳ႕"

"သူ႔မိန္းမစုန္းဆိုတာ သူကိုယ္တိုင္ သိသြားတာေပါ့
ဘိုးေပၚလာရာ"

လွည္းသမား ကိုေမာင္က ဝင္ေျပာတယ္ဗ်။

"ေအးေပါ့၊ ဒီမွာတင္ ႐ြာထဲက လူေတြ
မွာထားတဲ့အတိုင္း ေခါင္းေလွ်ာ္ဖို႔ လုပ္ထားတဲ့
တေရာ္ရည္နဲ႔ ေခါင္းျပတ္ လည္ငုတ္ႀကီးကို
ခပ္႐ႊဲ႐ႊဲပြတ္ထားလိုက္သတဲ့ကြ၊ တစ္နာရီ
ႏွစ္နာရီေလာက္ၾကာေတာ့ မီးလုံးႀကီး
ပ်ံလာၿပီး အိမ္ထဲကို ဝင္လာတယ္။
သူ႔ေခါင္းကို လည္ပင္းမွာ ျပန္တပ္ေတာ့
ကိုပန္းေမာင္ သုတ္ထားတဲ့ တေရာ္ေတြနဲ႔
ေခ်ာ္ေနေတာ့တာေပါ့ကြာ။ တပ္လို႔ကို
မရဘဲ ေခ်ာ္ထြက္ေနေတာ့မွ ကိုပန္းေမာင္က
အိပ္ရာကထၿပီး လက္ပူးလက္ၾကပ္
ဖမ္းေတာ့တာေပါ့"

"အင္း ဒီေတာ့ သူ႔မယားက သူ႔ကို
ဘာေျပာတုံးဗ်၊ ကိုေပၚလာရဲ႕ "

"ငိုယိုၿပီး သူ႔ကို ခြင့္လႊတ္ဖို႔ ေျပာသတဲ့ ၊
ကိုပန္းေမာင္က ဒီအတိုင္းေတာ့ ဘယ္လိုမွ
မျဖစ္တဲ့ အေၾကာင္းနဲ႔ ဒီပညာကို စြန္႔ခ်င္ရင္စြန္႔၊
ဒါမွမဟုတ္ သူနဲ႔ ကြဲခ်င္ကြဲဖို႔ေျပာေတာ့ ဒီပညာကို
စြန္႔ပါမယ္လို႔ ေျပာသတဲ့ ။ ဒါနဲ႔ ကိုပန္းေမာင္က
တေရာ္ေတြကို ေရနဲ႔ ေဆးေပးလိုက္ေတာ့မွ
သူ႔ေခါင္းက ျပန္တပ္လို႔ ရသြားတယ္ဆိုပဲ"

"ဒါနဲ႔ ေခ်းစားစုန္းမက သူပညာေတြကို
စြန္႔လိုက္ေရာလား"

"ဟား ဟား ဟား ဟား ဘယ္စြန္႔မွာတုံးဗ်ာ၊
ဟိုေန႔ စြန္႔မယ္၊ ဒီေန႔ စြန္႔မယ္နဲ႔ လုပ္ေနၿပီး
တစ္ရက္ေတာ့ ကိုပန္းေမာင္အလစ္မွာ
႐ြာကေန အၿပီးထြက္သြားေရာဗ်ိဳ႕။
ကိုပန္းေမာင္လည္း စိတ္မေကာင္းျဖစ္တာေပါ့ဗ်ာ။
ဒါေပမဲ့ သူ႔လမ္းကို သူေ႐ြးတာပဲဆိုၿပီး
ေနလိုက္ေတာ့တာေပါ့ "

အင္း လူ႔ေလာကႀကီးကလည္း တယ္ၿပီး
ရႈပ္ေထြးတာကိုး ကိုေပၚလာရယ္"

"ဟုတ္ပါ ကိုက်င္ရယ္၊ အင္း ေျပာလက္စနဲ႔
ေျပာရဦးမယ္ဗ်။ ဒီကေလးေတြလည္း ဗဟုသုတ
ရတာေပါ့ေလ"

"ဟာ ေျပာပါ ဘိုးေပၚလာရဲ႕၊ က်ဳပ္ကလည္း
ဒါမ်ိဳးမွာ နားေထာင္ရရင္ အားႀကီးစိတ္ဝင္စားတာဗ်"

လွည္းသမား ကိုေမာင္ကလည္း ေတာ္ေတာ္ကို
စိတ္ဝင္စားတာဗ်။

"ေအး ေအး ဒီလိုကြ။ ငါ ငယ္ငယ္က
ခ်င္းတြင္းဘက္မွာ ေနခဲ့တာ၊ သစ္လုပ္ငန္းမွာ
လုပ္ခဲ့တာကြ၊ အဲဒီဘက္ေတြမွာ ေတာေတြကလည္း
အားႀကီးနက္ေတာ့ သားရဲတရစာၦန္ လႊတ္ေပါတာေဟ့။
က်ားေတြလည္း ရွိသကြ၊ အဲဒီအထဲမွာ
လူက်ားေတြလည္း ရွိတယ္ "

"ဗ်ာ လူလည္းဟုတ္လား၊ ဘိုးေပၚလာ"

လွည္းသမားက တအံ့တၾသ ေမးတယ္ဗ်။
ဦးေပၚလာဆိုတဲ့ အဘိုးႀကီးက ေခါင္းေလးညိတ္ၿပီး …

"လူက်ားဆိုတာ သမန္းက်ားကို ေျပာတာေပါ့ကြာ
လူကေန က်ားဘဝကို ေျပာင္းသြားတာေလ"

"ဟင္ အဲဒါ တကယ္ရွိလို႔လား ဘိုးရဲ႕ "

ဘထစ္ဆိုတဲ့ေကာင္က အဘိုးႀကီး ဦးေပၚလာကို
အ,ထစ္ အ,ထစ္နဲ႔ ေမးတယ္ဗ်၊ က်ဳပ္ကေတာ့
ၿငိမ္ၿပီးေတာ့ပဲ နားေထာင္ေနတာပါ။

"ဟာ တကယ္ရွိတာ ကေလးရဲ႕၊ ငါ့ကိုယ္ေတြ႕ပါကြာ၊
မယုံမရွိပါနဲ႔ "

"အို က်ဳပ္က ပုံျပင္ေတြလို႔ ထင္ေနခဲ့တာ"

"ဘယ္ပုံျပင္ဟုတ္မလဲကြာ၊ တကယ္ရွိတာပါ၊
႐ုပ္ေျပာင္း႐ုပ္လြဲ ေဆးထိုးရတာကြ၊ ထိုးတိုင္း
စြမ္းတာေတာ့ မဟုတ္ဘူးကြ၊ လူတစ္ရာထိုးမွ
တကယ္ရွိလား။ အဲဒါကို သမန္းေဆးလို႔ေခၚတယ္၊
ေရွးေဟာင္းေမွာ္ေဆးတစ္မ်ိဳးပါကြာ"

"ဘိုးေတြ႕ခဲ့ပုံကို ေျပာပါဦးဗ်"

ဘထစ္က ေတာ္ေတာ္ကို သိခ်င္ေနတဲ့ပုံျပၿပီး
အတင္းေမးေတာ့တာပဲ။

"ခ်င္းတြင္းက ႐ြာေလးတစ္႐ြာမွာ စံေမာင္ဆိုတဲ့ေကာင္
တစ္ေယာက္ ရွိတယ္ကြ၊ ဒီေကာင္က သမန္းေဆးထိုးတာ
စြမ္းတယ္လို႔ ေျပာၾကတယ္။ ဒါေပမဲ့ စံေမာင္
က်ားျဖစ္သြားတာကို ေတြ႕ဖူးတဲ့ လူကေတာ့
တစ္ေယာက္မွ မရွိပါဘူးကြာ၊ ငါလည္း
မေတြ႕ဖူးပါဘူး ၊ ေအး တစ္ေန႔ေတာ့ ဒီေကာင္က
သစ္လုပ္ငန္းထဲ ဝင္လာတယ္။ တိုက္တိုက္ဆိုက္ဆိုက္ပဲ
ငါ့အဖြဲ႕မွာ ပါလာတယ္၊ ကြၽန္းပင္ႀကီးေတြ
သင္းသတ္ရတဲ့အခါဆိုရင္ ေတာႀကီးထဲမွာ
လနဲ႔ခ်ီၿပီး အလုပ္လုပ္ၾကရတာကြ၊
တစ္ခါေတာ့ အစားအေသာက္ကလည္း
ျပတ္လပ္လာတဲ့အခ်ိန္ စံေမာင္က
ငါ့အနားကပ္လာၿပီး ေျပာတယ္ "

"ဆရာေရ အဖြဲ႕မွာ အစားအေသာက္က
ျပတ္ေနၿပီ၊ က်ဳပ္ အမဲေလး ဘာေလး
ထြက္ရွာဦးမယ္ "

"ေဟ၊ မင္းက အမဲပစ္တတ္လို႔လားကြ"

"ဟာ အမဲ မပစ္ပါဘူးဗ်၊ က်ဳပ္က
သမန္းေအာင္ထားတာဆိုေတာ့ က်ားဘဝေျပာင္းၿပီး
အမဲေကာင္ လိုက္ရွာမွာေပါ့ဗ်"

"ေဟ ဟုတ္လား စံေမာင္၊ မင္း တကယ္ေအာင္ထားတာလား"

"မယုံရင္ ဆရာ လိုက္ခဲ့ေလ။ တျခားသူေတြကိုေတာ့
ျပန္မေျပာနဲ႔ "

လို႔ ေျပာတာနဲ႔ က်ဳပ္လည္း သူ႔ေနာက္ကို တိတ္တိတ္
လိုက္သြားေရာဗ်ိဳ႕။ ေတာနက္ထဲေရာက္ေတာ့
က်ဳပ္ကို ဒီေကာင္က ခပ္ေဝးေဝးမွာ ေနခိုင္းတယ္ဗ်။
ၿပီးေတာ့မွ ၿခဳံပုတ္ကေလးအကြယ္မွာ သူ႔အဝတ္အစားေတြကို
ခြၽတ္ခ်လိုက္တာ။ ေနာက္ေတာ့ မတ္တတ္ရပ္လ်က္ကေန
လက္အုပ္ခ်ီတာ ေတြ႕ရတယ္။ ၿပီးေတာ့
ပါးစပ္က ပြစိ ပြစိ လုပ္ၿပီး ႐ြတ္ဖတ္ေနေတာ့ပဲဗ်။

က်ဳပ္လည္း နည္းနည္းေၾကာက္လာတာနဲ႔
သစ္ပင္ႀကီးတစ္ပင္ေပၚကို ဖက္တက္ၿပီး
ေနလိုက္တယ္။ ရွိေတြ ဘာေတြ ခိုးလည္းၿပီးေရာ
ဒီေကာင္ ေျမႀကီးမွာ လက္ေထာက္ၿပီး
ေနာက္ကြၽမ္းပစ္လိုက္တာ၊ ဟာဗ်ာ။
ဘာေျပာေကာင္းမလဲ တကယ့္က်ားႀကီး
ျဖစ္သြားေရာဗ်ိဳ႕။

'ေဝါင္း ေဝါင္း ' နဲ႔ ႏွစ္ခ်က္ေလာက္ ဟိန္းလိုက္ေသးတာ။
ၿပီးေတာ့ ေတာထဲကို ေျပးဝင္သြားေရာဗ်ိဳ႕။

"ဟာ တကယ္ေပါ့ ဘိုး ဟုတ္လား "

ဘထစ္က ေမးျပန္ေရာဗ်ိဳ႕

"ေၾသာ္ တကယ္ကို က်ားျဖစ္သြားတာပါကြာ၊
ငါလည္း သစ္ပင္ေအာက္ကို ျပန္မဆင္းရဲေတာ့ဘဲ
အေပၚထပ္တက္ရေတာ့တာေပါ့။ ဒီေကာင္ ေတာ္ေတာ္နဲ႔ကို
ျပန္မလာတာကြ။ တစ္နာရီေလာက္ၾကာေတာ့မွ
'ဟင္း ဟင္း ဟင္း 'ဆိုၿပီး မာန္ဖီတဲ့အသံႀကီး
ၾကားလို႔ သစ္ပင္ေအာက္ကို ငုံ႔ၾကည့္လိုက္ေတာ့မွ
နည္းတဲ့က်ားႀကီးမွ မဟုတ္တာ၊ ကိုးေတာင္က်ားႀကီးကြ။
ပါးစပ္မွာ ဆတ္ႀကီးတစ္ေကာင္ကိုက္ၿပီး ဆြဲလာတာေဟ့။
ငါ့စိတ္ထဲမွာ ဒါ စံေမာင္က်ားမွ ဟုတ္ရဲ႕လား။

တျခားက်ားမ်ားလားလို႔ ေတြးမိၿပီး သစ္ပင္ေပၚ
ေနာက္တစ္ဆင့္ ထပ္တက္မိျပန္ေရာေပါ့။
အဲဒီက်ားက ဆတ္ေသႀကီးကို ငါတက္ေနတဲ့
သစ္ပင္ေအာက္မွာ ထားခဲ့ၿပီး ဆက္သြားတယ္။

ေစာေစာက ၿခဳံပုတ္ကေလးဘက္ကို သြားတာ။
အဲဒီၿခဳံနားမွာ ေပ်ာက္သြားတယ္။ ခဏေနေတာ့
ၿခဳံထဲကေန စံေမာင္ ထြက္လာတယ္။

သူ႔အက်ႌ၊ ပုဆိုးေတြ ျပန္ဝတ္ထားတယ္။
ဒီေတာ့မွ ငါလည္း သစ္ပင္ေပၚက ဆင္းခဲ့ရတာေပါ့ေလ။
သစ္ပင္ေအာက္ကို ေရာက္ေတာ့ စံေမာင္က
ငါ့ကို ၿပဳံးၿပဳံးႀကီးၾကည့္ၿပီး …

"ကဲ ဘယ့္ႏွယ္လဲ ဆရာ၊ သမန္းက်ား ဆိုတာကို
ဆရာ ယုံသြားၿပီလား။ ဒါေပမဲ့ ဘယ္သူ႔ကိုမွ
မေျပာနဲ႔ ဆရာ၊ တစ္႐ြာလုံးက က်ဳပ္ ေဆးေအာင္တာကို
သိၾကတယ္။ ဒါေပမဲ့ က်ဳပ္ က်ားဘဝေျပာင္းတာကိုေတာ့
သူတို႔ တစ္ခါမွ မေတြ႕ၾကဘူး၊ ဒါေၾကာင့္
ဒါေတြဟာ ပုံျပင္ပါလို႔ ထင္ေနၾကတာ။
က်ဳပ္ကလည္း မဟုတ္ဘူးလို႔ပဲ အၿမဲျငင္းထားတာ"

"ေအးပါကြာ ငါ ပါးစပ္လုံပါတယ္ စိတ္ခ်ပါ
ကဲ ဒီဆတ္ႀကီးကို ဒီအတိုင္း သယ္သြားလို႔
ေကာင္းပါ့မလား "

"ရပါတယ္ ဆရာရဲ႕၊ ဆရာနဲ႔ က်ဳပ္နဲ႔ ေတာထဲမွာ
အမဲေထာင္ထားတယ္လို႔ က်ဳပ္က
ေျပာထားတာ၊ ဓါးရာေလး ဘာေလးနည္းနည္းေပးၿပီး
ယူသြားၾကတာေပါ့"

စံေမာင္က အဲဒီလို ေျပာၿပီး ဆတ္ႀကီးကို ဓါးခ်က္
နည္းနည္းေပးလိုက္တယ္၊ ၿပီးေတာ့ သူနဲ႔ ငါနဲ႔
ဆတ္ေသႀကီးကို ေရွ႕ေနာက္ထမ္းၿပီး စခန္းကို
သယ္ခဲ့ၾကတာေပါ့ကြာ၊ ေတာထဲမွာ ဟင္းစား
ငတ္တိုင္း စံေမာင္နဲ႔ ငါနဲ႔ ဒီ အလုပ္ကို လုပ္ေနၾကတာကြ"

"ေနာက္ေတာ့ အဲဒီလူ ဘာျဖစ္သြားလဲ ဘိုးေပၚလာရဲ႕ "

လွည္းသမားက ေမးျပန္ေရာဗ်ိဳ႕၊ ဘိုးေပၚလာက
ေခါင္းေလးညိတ္လိုက္ၿပီးေတာ့ …

"ေအးကြ၊ ေနာက္တစ္ႏွစ္ေလာက္ၾကာေတာ့
စံေမာင္တို႔ ႐ြာက လူေတြ ေျပာတယ္၊ ျပာသိုလႀကီးတဲ့၊
တအားေအးတဲ့ ညမွ သူတို႔႐ြာနားမွာ က်ားဟိန္းသံေတြ
ၾကားရတယ္တဲ့၊ အဲဒီအသံေတြ ၾကားေတာ့
စံေမာင္က ႐ြာထဲမွာ ဂဏွာမၿငိမ္ကို ျဖစ္လာတာတဲ့ေဟ့။
ေနာက္ဆုံးေတာ့ သူတို႔႐ြာသားေတြ ဝိုင္းခ်ဳပ္ေႏွာင္ထားတဲ့
ၾကားကပဲ အဝတ္အစားေတြ အတင္းခြၽတ္ပစ္ၿပီး
ေနာက္ကြၽမ္းပစ္လိုက္တာ၊ က်ားႀကီးျဖစ္သြားေရာတဲ့။

႐ြာသားေတြလည္း အိမ္ေပၚေတြ တက္ေျပးၾကရေတာ့တာေပါ့။
အဲဒါ စံေမာင္က်ားက အသံက်ယ္ႀကီးနဲ႔
ဟိန္းသတဲ့၊ ႐ြာအျပင္က က်ားေတြက ဟိန္းလိုက္၊
႐ြာထဲက က်ားက ဟိန္းလိုက္နဲ႔ ေနာက္ဆုံးေတာ့
႐ြာစည္း႐ိုးကို ခုန္ေက်ာ္ၿပီး ထြက္သြားေရာတဲ့ေဟ့။
အဲဒီညကတည္းက စံေမာင္ ႐ြာကို ျပန္မလာေတာ့တာ
ဒီေန႔အထိဆိုပဲ၊ ငါလည္း သစ္ေတာက
ထြက္လာၿပီးတဲ့ေနာက္ အဲဒီဘက္ကို
ျပန္မေရာက္ေတာ့ စံေမာင္သတင္းကို သိပ္မၾကားေတာ့ဘူး။

မႏွစ္က ရန္ကုန္ကို ေ႐ႊတိဂုံဘုရားႀကီးဖူးဖို႔
သြားေတာ့မွ သစ္ေတာက လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္
ေျပာျပလို႔ စံေမာင္ ႐ြာျပန္မလာေတာ့ဘူးဆိုတာ
သိလာရတာ "

"အို …ျဖစ္မွျဖစ္ရေလဗ်ာ"

ဘိုးက်င္က စုတ္ကေလး တသပ္သပ္လုပ္ၿပီး
ေျပာတယ္ဗ်။

"ဒီလူ တစ္ခါတည္း က်ားျဖစ္သြားတယ္
ထင္တယ္ဗ်၊ ဘိုးက်င္ရ "

လွည္းသမားကလည္း သူ႔ထင္ေၾကးကို
ေပးတယ္ဗ်။

"အင္း ျဖစ္ႏိုင္တာေပါ့ ငေမာင္ရာ၊ လူစိတ္ကို
ျပန္မလည္ေတာ့တာျဖစ္မွာေပါ့။ အ႐ိုင္းစိတ္ႀကီးနဲ႔ပဲ
ေတာထဲ ေတာင္ထဲမွာ ေလွ်ာက္သြားရင္း
ဘဝဆုံးသြားသလားမွ မသိတာ"

ဘိုးရင္ကလည္း သူ႔အထင္ကို ေျပာတယ္
ဒီလိုနဲ႔ စကားတေျပာေျပာနဲ႔ လွည္းေမာင္းလာလိုက္တာ
နာရီျပန္ ႏွစ္ခ်က္ေလာက္မွာ ကညင္ကိုးပင္ကို
ေရာက္တယ္။ အဘိုးႀကီးႏွစ္ေယာက္ လွည္းသမားကို
ပိုက္ဆံေပးၾကတယ္၊ ၿပီးေတာ့မွ လွည္းေပၚက
ဆင္းသြားတယ္၊ က်ဳပ္တို႔ ႏွစ္ေယာက္ကိုေတာင္
ေသေသခ်ာခ်ာ ႏႈတ္ဆက္ သြားေသးတယ္။

"ဒါ ကညင္ကိုးပင္၊ စင္ကိုးစင္ေလကြာ
ဒါလည္း အဓိကရေနရာတစ္ခုပဲကြ၊
ဒီအေၾကာင္းကိုေတာ့ ေနာက္တစ္ခါႀကဳံမွ
ေျပာျပေတာ့မယ္ေဟ့ "

"ဟုတ္ကဲ့ပါ အဘိုးတို႔ "

လို႔ က်ဳပ္က ႏႈတ္ဆက္လိုက္ရတယ္၊ ဒါမ်ိဳးက်ေတာ့
ဘထစ္က ထစ္ေနလို႔ စကားက ထြက္မလာဘူးေလဗ်ာ။
က်ဳပ္လည္း ဒီေတာ့မွ ကညင္ပင္ႀကီးေတြကို ေမာ့ၾကည့္မိတယ္။

ဟုတ္တယ္ဗ်ိဳ႕။ ကညင္ပင္ႀကီးေတြက အျမင့္ႀကီးေတြဗ်။
အပင္တစ္ပင္မွာ နတ္ကြန္းလို စင္ကေလးတစ္စင္စီ ရွိတယ္။

ကညင္ပင္ႀကီးေတြက အားလုံးကိုးပင္ဆိုေတာ့
စင္ေတြကလည္း ကိုးစင္ေပါ့ဗ်ာ။ကညင္ကိုးပင္
စင္ကိုးစင္တဲ့။ က်ဳပ္စိတ္ထဲက ႐ြတ္ၾကည့္လိုက္မိတယ္။
ေနာက္တစ္ခါေတြ႕မွ ဒီအေၾကာင္း ေျပာျပဦးမယ္ဆိုပဲ။

ဒီကညင္ပင္ႀကီးကိုးပင္မွာ ဘာအေၾကာင္းေတြမ်ား
ရွိေနလို႔လဲ၊ စင္ကိုးစင္ကို ေဆာက္ေပးထားရတာေကာ
ဘာေၾကာင့္မ်ားလဲ။

"ဒီကညင္ပင္ႀကီးေတႊဲ႕ေအာက္မွာ သိုက္ႀကီးရွိတယ္လို႔
ေျပာၾကတာကြ၊ ကညင္ကိုးပင္သိုလ္ေပါ့။
အဲဒီသိုက္ေစာင့္ေတြက ေမာင္ႏွမ ကိုးေယာက္ရွိတယ္။
သူတို႔ကို ကညင္ပင္ေမာင္ႏွမေတြလို႔ ေခၚၾကတယ္
ဒီနားက ႐ြာေတြမွာ ဘုရားပြဲတို႔၊ ကထိန္တို႔ရွိလို႔
ပြဲလမ္းသဘင္ရွိရင္ သူတို႔ေမာင္ႏွမေတြ
လူစုခြဲၿပီး သြားၾကတယ္ "

"ဟင္ ဟုတ္လားဗ်၊ ဦးေမာင္ရဲ႕ "

လွည္းဆရာရဲ႕ နာမည္ကို က်ဳပ္တို႔ သိသြားၿပီဆိုေတာ့
သူ႔ကို ရင္းရင္းႏွီးႏွီးပဲ နာမည္ေခၚၿပီး ေျပာလိုက္တာေပါ့ဗ်ာ။

" ဒီအနီးအနား႐ြာေတြက သူတို႔ကို မေတြ႕ဘူးတဲ့။။
လူမရွိသေလာက္ပဲကြ၊ လူေတြကိုလည္း
အေႏွာက္အယွက္ ဘယ္ေတာ့မွ မလုပ္ဘူး။
ေအး သူတို႔ေနရာမွာ မဟုတ္တာ သြားလုပ္ရင္လည္း
ဘယ္ေတာ့မွ အရွင္မထားဘူးကြ၊ အေသလုပ္လိုက္တာခ်ည္းပဲ"

"ဟင္ သတ္ပစ္တယ္ ဟုတ္လားဗ် ဦးေမာင္"

လွည္းက ကညင္ပင္ႀကီးေတြနဲ႔ ေတာ္ေတာ္ကို
ေဝးလာၿပီဗ်။ ဒါေၾကာင့္လည္း က်ဳပ္က
ေမးဝံ့တာေပါ့။

"ေနဦးဗ်၊ က်ဳပ္တို႔က အခု ေကြ႕ႀကီးက
ေလးကြၽန္းမာရ္ေအာင္ဘုရားပြဲကို သြားၾကမွာ၊
အဲဒီကိုေရာ ဒီကညင္ပင္ေမာင္ႏွမေတြ လာတတ္သလားဗ်"

"ဟာ အဲဒီဘုရားပြဲက ဒီအနီးအနားမွာ အစည္းကားဆုံး
ေလကြာ။ ဒီေမာင္ႏွမေတြက အဲဒီဘုရားပြဲကို
အဓိက သြားၾကတာေပါ့ကြ"

'ဟင္ ဟုတ္လား၊ ဒါဆိုရင္ က်ဳပ္တို႔မ်ား ေတြ႕ေနဦးမလား
မသိဘူးေနာ္ "

က်ဳပ္စကားကိုၾကားေတာ့ ဘထစ္က က်ဳပ္ကို
တစ္ခ်က္ လွည့္ၾကည့္တယ္။ ၿပီးေတာ့
အ,ထစ္ အ,ထစ္နဲ႔ ေျပာတယ္ဗ်။

"မင္း ကံေကာင္းရင္ေတာ့ ေတြ႕ရမွာေပါ့ကြာ'တဲ့။

အင္းေလ ေတြ႕ေတာ့ ေတြ႕ဖူးခ်င္သားဗ်။
ကညင္ပင္ေမာင္ႏွမကိုးေယာက္တဲ့။
စိတ္ဝင္စားစရာေတာ့ ေတာ္ေတာ္ေကာင္းတာပဲ။
ညေန ေလးနာရီေလာက္မွာ စုန္းကြင္းကို
လွည္းေရာက္တယ္။ က်ဳပ္တို႔ႏွစ္ေယာက္
စုန္းကြင္းကေန ေကြ႕ႀကီးကို ကုန္းေၾကာင္း
ေလွ်ာက္ခဲ့ၾကတယ္။ ေျမပဲခင္းေတြကိုျဖတ္ၿပီး
က်ဳပ္တို႔ ႏွစ္ေယာက္ ခပ္သုတ္သုတ္
ေလွ်ာက္ခဲ့ၾကတာ ငါးနာရီထိုးေတာ့
ေကြ႕ႀကီးကိုေရာက္ၿပီး ဘထစ္ကို ေမြးစားခဲ့တဲ့
ဘဘုန္းရဲ႕ ေက်ာင္းက ႐ြာေတာင္ဘက္မွာဗ်။
ဘုရားပြဲက ႐ြာအေရွ႕ပိုင္းမွာ ။က်ဳပ္တို႔
ဘုန္းႀကီးေက်ာင္းေရာက္ေတာ့ လက္ရွိ
ေက်ာင္းထိုင္ ဆရာေတာ္က ဘထစ္ကို
ဝမ္းသားအားရ ဆီးႀကိဳတယ္။ ဘထစ္ေျပာတာ
ဟုတ္တယ္ဗ်။ က်ဳပ္တို႔ ႐ြာထဲကို ျဖတ္ေလွ်ာက္
လာေတာ့ ဒီေကာင့္ကို ေတြ႕တဲ့လူတိုင္းက
ႏႈတ္ဆက္တာဗ်။

"ေဟ့ေကာင္ ဘထစ္၊ တစ္႐ြာလုံး မင္းအသိေတြခ်ည္း
ပါလားၾက"

"ငါ ဆြမ္းခံလိုက္ခဲ့ရတဲ့ အိမ္ခ်ည္းပဲေလကြာ၊
ငါ့ကို မသိဘဲ ဘယ္ေနပါမလဲ၊ ဟဲ ဟဲ ဟဲ "

ေက်ာင္းက ကိုရင္ေတြ ဦးပၪၨင္းေတြးကလည္း
ဘထစ္ေတာ္ေတာ္ခင္ၾကတာဗ်။

က်ဳပ္တို႔ႏွစ္ေယာက္ ဆရာေတာ္ကို ဦးခ်ၾကတယ္
ၿပီးေတာ့ ဘထစ္က က်ဳပ္နာမည္ကို ေျပာျပတယ္။
ဆရာေတာ္ကလည္း က်ဳပ္ကို ခင္သြားပုံပဲဗ်။

"ကဲ ဘထစ္ေရာ မင္းသူငယ္ခ်င္း ေမာင္တာေတေရာ
ဒီေက်ာင္းမွာ လြတ္လြတ္လပ္လပ္သာေနၾက၊
ညေရာက္ေတာ့ ဘုရားပြဲမွာ ေလွ်ာက္လည္ၾက၊
ဒီညေတာ့ ပန္တ်ာၾကည္လင္ဇာတ္ ကမွကြ၊
ဒီညဆိုရင္ ဘုရားပြဲက ငါးညေျမာက္ပဲ။
လာလိုက္တဲ့လူေတြဆိုတာ မနည္းပါဘူးကြာ၊
ညေရာက္ေတာ့ ေတြ႕ၾကမွာပါ"

"တင့္ပါဘုရား တပည့္ေတာ္တို႔ ပြဲေတာ့
မၾကည့္ပါဘူး ဘုရား၊ ေလွ်ာက္ၿပီး ၾကည့္႐ုံပဲ
ၾကည့္မွာပါ "

"ေအး ေအး မင္းတို႔သေဘာပဲ၊
ေဟ့ ေက်ာ္ေမာင္နဲ႔ ေက်ာ္ေအာင္ ခဏလာၾကဦး"

ဘုန္းႀကီး ေခၚလိုက္ေတာ့ ေက်ာင္းသားႏွစ္ေယာက္
ေရာက္လာတယ္ဗ်။ ဆရာေတာ္ေရွ႕မွာ ဒူးကေလးေတြ
တုပ္ၿပီး ထိုင္ေနၾကတယ္

"ကဲ ေက်ာ္ေအာင္နဲ႔ ေက်ာ္ေမာင္ ဒီက မင္းတို႔
အစ္ကိုႀကီးဘခ်စ္နဲ႔ သူ႔သူငယ္ခ်င္း ကိုႀကီးတာေတတို႔
ညစာစားဖို႔ စီစဥ္လိုက္ၾကကြယ္"

"တင့္ပါ ဘုရား၊ ကိုႀကီးအုန္းၫြန္႔တို႔ စီစဥ္ေနပါၿပီဘုရား"

"ေဟ အုန္းၫြန္႔ ဟုတ္လား၊ အုန္းၫြန္႔က
သူ႔႐ြာျပန္မလို႔ဆို"

"တင့္ပါ မျပန္ျဖစ္ေသးဘူးဘုရား၊ မနက္ျဖန္မွပဲ
ျပန္ေတာ့မယ္ ေျပာတယ္ဘုရား "

'ေၾသာ္ ေအး ေအး မင္းတို႔ႏွစ္ေယာက္က
ဒီအစ္ကိုေတြလိုတာ လုပ္ေပးၾကကြဲ႕၊ ကဲ
ဘခ်စ္တို႔ ေရမိုးခ်ိဳးခ်င္ရင္ ေရတြင္းမွာ ခ်ိဳးၾကေလကြယ္
ဘခ်စ္က ဒါ မင္းေက်ာင္းပဲဟာ၊ေမာင္တာေတကို
လိုတာလုပ္ေပးလိုက္ေပေတာ့ "

"တင္ပါ့ဘုရား၊ ဒါဆိုရင္ တပည့္ေတာ္တို႔
သြားလိုက္ပါဦးမယ္ဘုရား "

"ကဲ မင္းတို႔ အဝတ္အစားအိတ္ေတြကို ဟိုေျမာက္ဘက္
အခန္းထဲ ယူသြားၾက ၊ အဲဒီအခန္းမွာ ကုတင္
အလြတ္ႏွစ္လုံးရွိတယ္၊ အဲဒီမွာ ဒီည အိပ္ေပေတာ့
ဟုတ္လား ဘခ်စ္ "

"တင့္ပါဘုရား "

က်ဳပ္နဲ႔ ဘထစ္ ေျမာက္ဘက္ခန္းကို
လာခဲ့တယ္။ ေရတြင္းမွာ ေရတစ္ဝခ်ိဳးၿပီး
ညစာ စားၾကတယ္။ ေက်ာင္းသားေတြေရာ
ကိုရင္ေတြကပါ ဧည့္ဝတ္ေတာ္ေတာ္ေကာင္းၾကပါတယ္
က်ဳပ္ျဖင့္ အားေတာင္နာလာတယ္ဗ်ာ။

က်ဳပ္တို႔ စားေသာက္ၿပီးေတာ့ မိုးခ်ဳပ္ေနၿပီ။
ည (၇)နာရီ ထိုးေတာ့ ဘထစ္နဲ႔ က်ဳပ္ ဘုရားပြဲေစ်းကို
ထြက္လာခဲ့တယ္။ ေလးကြၽန္းမာရ္ေအာင္ဘုရားက
ယင္းေခ်ာင္းနံေဘးက ေတာင္ကုန္းျမင့္ျမင့္
ကေလးေပၚမွာဗ်။

မီးကို ထိန္ေနတာပါပဲဗ်ာ။ ဘုရားကေတာ့
ေရွးဘုရားဗ်။ ဥာဏ္ေတာ္လည္း အေတာ္ျမင့္သားပဲ။
က်ဳပ္တို႔ ဘုရားေပၚတက္ခဲ့တယ္။ တ႐ုတ္စကားပင္ေတြ
စိုက္ထားတဲ့ ဘုရားေတာင္ေပၚကေန ယင္းေခ်ာင္းနံေဘးက
ပြဲေစ်းတန္းကေလးကို ငုံ႔ၾကည့္ရတာ ေတာ္ေတာ္ကို
ေပ်ာ္စရာေကာင္းတာပဲဗ်ာ။

ယင္းေခ်ာင္းကေတာ့ ေရက်ခ်ိန္ဆိုေတာ့
ေရတိမ္တိမ္ ရွိတာပါ။ ပန္တ်ာၾကည္လင္ရဲ႕
ဇာတ္႐ုံကေတာ့ ကြင္းႀကီးထဲမွာဗ်။
ရဟတ္ႀကီးတစ္ခုလည္းပါေတာ့ လူကို
တ႐ုန္း႐ုန္းျဖစ္ေနတာပါဗ်ာ။

ယင္းေခ်ာင္းနံေဘးက ေသာင္ျပင္မွာက
ဆိုင္တန္းႀကီးေပါ့ဗ်ာ။ လူကိုႀကိတ္ႀကိတ္တိုးေနတာပါပဲ။
ဘထစ္နဲ႔ က်ဳပ္က ၾကရည္ တစ္ေယာက္တစ္ခြက္
ေသာက္တယ္၊ ၿပီးေတာ့ ဇာတ္႐ုံဘက္ကို သြားတယ္
ဟိုေလွ်ာက္ ဒီေလွ်ာက္ေပါ့ဗ်ာ။ လူကေတာ့
ေတာ္ေတာ္ကို စည္တာဗ်။
အဲဒီမွာ က်ဳပ္က လူေတြ မ်က္ႏွာကို လိုက္ၾကည့္ၿပီး
အကဲခတ္ေနတာကို ဘထစ္က ေတြ႕ေတာ့
ၿပဳံးၿပဳံးႀကီးလုပ္ၿပီး …

"ေဟ့ေကာင္ တာေတ မင္း ဘယ္သူ႔ကို
လိုက္ရွာေနတာတုံး"

လို႔ ေမးတယ္။က်ဳပ္ကလည္း ခပ္ၿပဳံးၿပဳံးလုပ္ၿပီး …

"ကညင္ကိုးပင္ေလကြာ"

လို႔ ေျပာေတာ့ ဘထစ္က ရယ္လိုက္တာဗ်ာ။

"မင္းကြာ ၊ လူေတြ ဒီေလာက္မ်ားေနတာ
ဘယ္သူက လူ၊ ဘယ္သူက ဥစၥာေစာင့္ဆိုတာ
သိႏိုင္မွာလဲကြာ "

"ေအးကြ၊ ဒါေတာ့ ဟုတ္တာပဲ "

လို႔ က်ဳပ္က ျပန္ေျပာၿပီး ယင္းေခ်ာင္းနံေဘးက
ပြဲေစ်းတန္းဘက္ကို ဆင္းလာခဲ့တယ္။ စည္လိုက္တဲ့
လူဗ်ာ။ အထည္ေတြ ဝယ္ၾက၊ ဘာေတြဝယ္၊
ဒန္အိုးဒန္ခြက္ေတြ၊ ေႂကြပန္ကန္ေတြဝယ္ၾက။
ကေလးကစားစရာေတြ ဝယ္ၾက၊ စာအုပ္ေတြ။
ေစာင္၊ ျခင္ေထာင္ေတြ ဝယ္ၾကနဲ႔ ေတာ္ေတာ္ကို
ေပ်ာ္ၾကတာဗ်။ က်ဳပ္ျဖင့္ သူတို႔ဆီက အေပ်ာ္ေတြ
ကူးၿပီး က်ဳပ္ပါ ေပ်ာ္ေနတာဗ်။

ဘထစ္လည္း က်ဳပ္လိုပဲ ေပ်ာ္ေနပုံပဲဗ်။
က်ဳပ္တို႔ႏွစ္ေယာက္ ပြဲေစ်းတန္းအဆုံးက
ေရမန္းက်ည္းပင္ႀကီးတစ္ပင္ေအာက္မွာ ထိုင္ၿပီး
ယင္းေခ်ာင္းကေလးထဲမွာ လေရာင္ထိုးက်ေနတာကို
ၾကည့္ေနၾကတာဗ်။ အခ်ိန္ကေတာ့ ညကိုးနာရီခြဲေလာက္
ရွိမယ္ထင္တယ္။ ပြဲေတာင္ ထြက္ေနၿပီဗ်။

အဲဒီတုန္းမွာ ဘထစ္ မ်က္လုံးျပဴးၿပီး
ယင္းေခ်ာင္းအလယ္ကို လွမ္းၾကည့္ေနတယ္
ၿပီးေတာ့ …

"ဟာ …ဟိုမွာ မ..မ..ဖဲဝါႀကီးကြ၊ ေခါင္းႀကီးထမ္းၿပီး
ယင္းေခ်ာင္းကို လွမ္းေက်ာ္လိုက္တာကြ"

"ဘာကြ ဘထစ္၊ မဖဲဝါႀကီး ဟုတ္လား၊
မင္းကြာ မဟုတ္တာ ေျပာဦးမယ္ ဒီယင္းေခ်ာင္းကို
မဖဲဝါက ဘယ္လိုလုပ္ ေက်ာ္မွာလဲကြ"

"မင္း မင္း မသိဘူး တာေတ၊ သူက ႀကိဳက္သလို
ဖနဆင္းလို႔ရတယ္ အခု သူ႔အရပ္ႀကီးကို ထန္းပင္ႏွစ္ပင္ေလာက္
အျမင့္ႀကီး ဖန္ဆင္းထားတာ၊ ေဟာ ေဟာ ဒီဘက္
ကမ္းကို ေရာက္လာၿပီ၊ ပုခုံးေပၚမွာ ေခါင္းႀကီး
တစ္လုံးလည္း ထမ္းထားတယ္ကြ"

"ေဟ ဟုတ္လား ဘထစ္၊ ေခါင္းႀကီးထမ္းလာတယ္
ဟုတ္လား ၊ ဒါ ဘာလုပ္ဖို႔လာတာတုံးကြာ၊
ဒါ ဘုရားပြဲ မဟုတ္လား၊ လာခ်င္ရင္ ဒီအတိုင္းလာေပါ့
ေခါင္းႀကီးက ဘာျဖစ္လို႔ ထမ္းလာတာတုံး"

"ေဟာ ယင္းေခ်ာင္းအတိုင္း အထက္ဘက္ကို
ေလွ်ာက္သြားေနတယ္ကြ၊ လာ လာ တာေတ၊
သူ႔ေနာက္က လိုက္ၾကည့္မယ္၊ ကဲ ဒီလိုလုပ္ကြာ၊
မင္းပါ ျမင္ရေအာင္ အရင္တစ္ခါတုန္းကလို
ငါ့လက္ကို ဆုပ္ထား၊ ေအး ဟုတ္ၿပီ၊ ေဆးေတာ္ေစာင့္ႀကီးဗ်ာ
က်ဳပ္ သူငယ္ခ်င္းကို အျမင္ဖြင့္ေပးပါဗ်ာ
ကဲ တာေတ၊ မ်က္စိခဏ ပိတ္ထားလိုက္
ၿပီးေတာ့မွ ျဖည္းျဖည္းျပန္ဖြင့္လိုက္"

က်ဳပ္က ဒီအေတြ႕အႀကဳံ ရွိၿပီးသားဆိုေတာ့
ဘထစ္ ေျပာသလို လုပ္လိုက္တာေပါ့ဗ်ာ။

"ဟာ ဟုတ္သားပဲ ဘထစ္ရ၊ မဖဲဝါႀကီးက အရပ္
အရွည္ႀကီး ဖန္ဆင္းထားတာကိုးကြ၊ ဒါေၾကာင့္
ယင္းေခ်ာင္းကို ခြေက်ာ္ႏိုင္တာေပါ့။ ဒါ ဘယ္ကို
သြားေနတာတုံးကြ"

"ငါလည္း မသိဘူး တာေတ၊ ငါ့လက္ကို
မလႊတ္နဲ႔ေတာ့၊ ဆုပ္ထား ဆုပ္ထား၊
ဒါမွ မင္းျမင္ရမွာ ၊ ဟာ ေခ်ာင္းအေကြ႕မွာ
ေပ်ာက္သြားပါေရာလားကြ"

က်ဳပ္တို႔ႏွစ္ေယာက္ ယင္းေခ်ာင္းေကြ႕အထိ
လိုက္ၾကည့္ေသးတယ္ဗ်။ ဘာမွမေတြ႕ေတာ့ဘူး။
သဲေသာင္ေပၚမွာ ေျခရာေတြ ဘာေတြ က်န္မလားလို႔လည္း
လိုက္ရွာၾကည့္ၾကေသးတယ္။ေျခရာလည္း မေတြ႕ပါလား"

"ဘထစ္ ဒါ ဘာျဖစ္တာတုံးကြ၊ ဒီေလာက္
လူစည္ကားတဲ့ ေနရာကို မဖဲဝါႀကီး ဘာလာလုပ္တယ္လို႔
မင္း ထင္လဲ"

"ကဲ မင္း ငါ့လက္ကို ျဖည္လိုက္ေတာ့၊ မဖဲဝါမွ
မရွိေတာ့တာ"

က်ဳပ္က လက္ဆုပ္ကို ျဖည္လိုက္တယ္။

ဘထစ္က သက္ျပင္းတစ္ခ်က္ ခ်လိုက္တယ္။
ၿပီးေတာ့မွ အ,ထစ္ အ,ထစ္နဲ႔ ေျပာတယ္ဗ်။

"တာေတ ဒါေတာ္ေတာ္ကို မေကာင္းတဲ့ အတိတ္နိမိတ္ႀကီးကြ
အင္မတန္ျဖစ္ခဲတာ၊ မဖဲဝါ ေခါင္းထမ္းတာ
အေၾကာင္းမဲ့ မထမ္းဘူး၊ ဒီေနရာမွာ လူေတြ
အမ်ားႀကီး ေသေတာ့မွာမို႔လို႔ကြ"

"ေဟ ဟုတ္လား ဘထစ္၊ မင္း သိတယ္ဟုတ္လား"

"ေအး ငါသိတယ္ကြ၊ ငါ တိတိက်က်ကို ၾကားဖူးတာ။
အခုမွ ျမင္ဖူးေတြ႕ဖူးတာ၊ ဒီေနရာမွာေတာ့ တစ္ခုခုျဖစ္ၿပီး
လူေတြ အမ်ားႀကီး ေသလိမ့္မယ္ "

"ဒါဆိုရင္ လူေတြကို မင္းနဲ႔ငါ အသိလိုက္ေပးၾကမလား"

"ဟာ တာေတရာ၊ မင္းနဲ႔ ငါ ေလွ်ာက္ေျပာေတာ့ေရာ
ဘယ္သူက ယုံမွာတုံးကြ"

ဘာျဖစ္မယ္လို႔ မင္းထင္လဲ၊ ဘထစ္"

"အဲဒါေတာ့ ငါလည္း မေတြးတတ္ဘူးကြ၊
ကဲ တာေတ၊ မင္းနဲ႔ငါ ဘုရားေတာင္ေပၚ
တက္ၾကရေအာင္၊ ဘုရားကိုပဲ အာ႐ုံျပဳၿပီး
လူေတြကို ေဘးမသီ ရန္မခဖို႔ ေမတၱာပို႔ၾကတာေပါ့ကြာ"

ေျပာေျပာဆိုဆို ဘထစ္နဲ႔ က်ဳပ္နဲ႔ ဘုရားေတာင္ေပၚကို
တက္ခဲ့ၾကတယ္။ ဘုရားမွာ လူေတာင္ ေတာ္ေတာ္
ရွင္းေနၿပီဗ်။ အားလုံး ပြဲခင္းထဲေရာက္ ဆိုင္တန္းေတြဘက္
ေရာက္ေပါ့ဗ်ာ၊ ဘထစ္နဲ႔ က်ဳပ္ ဘုရားရွိခိုးၿပီး
ေမတၱာသုတ္ ႐ြတ္ၾကတယ္။

ၿပီးေတာ့ ႏွစ္ေယာက္သား လူေတြကို
ေမတၱာပို႔ၾကတာေပါ့ဗ်ာ၊ ဘုရားပြဲလာတဲ့သူေတြ
ေဘးဥပါဒ္အႏၲရာယ္ ကင္းၾကပါေစေပါ့ဗ်ာ။

က်ဳပ္တို႔ႏွစ္ေယာက္ ေမတၱာပို႔လို႔ ေတာ္ေတာ္ကေလး
ၾကာသြားေတာ့ …

"ဂ်ိမ္း ဂ်ိမ္း ဂ်ိမ္း "

မိုးၿခိမ္းသံႀကီးဗ်၊ ခပ္လွမ္းလွမ္းက ၾကားလိုက္တာ။
က်ဳပ္ၾကားသလို ဘထစ္လည္းၾကားတယ္။
သူ ခ်က္ခ်င္း ထိုင္ရာကေန ဆတ္ခနဲ ထတယ္။
ၿပီးေတာ့ ယင္းေခ်ာင္းရွိတဲ့ဘက္ကို ေျပးသြားတယ္။
က်ဳပ္လည္း ဘုမသိ ဘာမသိနဲ႔ ဘထစ္ေနာက္က
ေျပးလိုက္ခဲ့ရတာေပါ့ဗ်ာ။ ဘုရားလူႀကီးေတြလည္း
တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး
ေကာင္းကင္ကို ေမာ့ၾကည့္ၾကတယ္။

"ေနာက္က်သြားၿပီ တာေတေရ၊ မိုးစက္ေတြေတာင္
က်လာၿပီကြ၊ ဟိုးအထက္ဘက္က ေတာင္ေတြေပၚမွာ
မိုး႐ြာေနၿပီ၊ မၾကာခင္ ယင္းေခ်ာင္းထဲကို
ေရေတြ ဒလေဟာ က်လာေတာ့မယ္။
ေဟာ ဟိုမွာေတြ႕လား မိုးစက္ေတြ က်လာလို႔
လူေတြ သေဘာေပါက္သြားၿပီကြ၊
ေျပးေနၾကၿပီ ေတြ႕လား၊ ေျပးေနၾကၿပီ၊
လြတ္ပါမလား၊ လြတ္ပါ့မလား"

ဘထစ္ပါးစပ္က တတြတ္တြတ္ ေျပာေနတယ္ဗ်။
က်ဳပ္က ယင္းေခ်ာင္းအထက္ဘက္ကို ၾကည့္ေနမိတယ္

"ဟာ ဘထစ္ ဟိုမွာ ဟိုမွာ ေရလုံးႀကီး က်လာၿပီ၊
ေရလုံးႀကီး ဟိုမွာ "

က်ဳပ္ အလန္႔တၾကား ေအာ္လိုက္တယ္။
ဟုတ္တယ္ဗ်ာ။ ေရလုံးႀကီးေတြ ဖ်ာလိပ္ႀကီး
လိမ့္သလို လိမ့္က်လာတာ။ ဒါမ်ိဳးေပါ့ဗ်ာ၊
ျမင္းေျပးလို႔ေတာင္ မလြတ္ဘူးဆိုတာေပါ့

"ေဝါ ေဝါ ေဝါ"

အသံႀကီးကို ျမည္ၿပီးေတာ့ က်လာတာဗ်ိဳ႕
ေစာေစာက စည္ကားေနတဲ့ ဘုရားပြဲ ေစ်းတန္းကေလးမွာ
ငရဲ ပြက္သလို အသံေတြ၊ ေအာ္ၾက ဟစ္ၾကတဲ့
အသံေတြ ကြၽက္ကြၽက္ကို ညံသြားတာေပါ့ဗ်ာ။
ျမန္လိုက္ပါဘိေတာ့ဗ်ာ။ ခဏကေလးအတြင္းမွာကို
ယင္းေခ်ာင္းတစ္ခုလုံးကို ေရေတြ ျပည့္သြားတာဗ်ိဳ႕။

ဆိုင္ခန္းကေလးေတြလည္း ေခါင္မိုးေတြပဲ
ေပၚေတာ့တာ၊ တစ္ခ်ိဳ႕လည္း ေရစီးနဲ႔ ကြၽတ္ပါသြားၿပီ။

ဇာတ္႐ုံထဲက လူေတြလည္း ေျပးထြက္လာၾကၿပီဗ်ိဳ႕။
ပြဲလည္း ပ်က္သြားပါၿပီ။

"ေဝါ"

မိုးေတြ ေဝါခနဲ ႐ြာခ်လိုက္ၿပီဗ်ိဳ႕။ ဒီမိုးေတြ ခ်က္ခ်င္း
ဘယ္ကဘယ္လို တက္လာမွန္းကို မသိလိုက္ပါဘူးဗ်ာ။
ယင္းေခ်ာင္းႀကီးထဲမွာ ေရေတြေဖြးလို႔။

ဆိုင္ေတြ ေရေအာက္ကို ျမႇဳပ္ကုန္ၿပီ။
လူေတြေရာ ဘယ္ေလာက္လြတ္ၿပီး ဘယ္ေလာက္
ေရနဲ႔ပါသြားသလဲ။ က်န္တဲ့လူေတြက မိုးေရေတြစိုလို႔။

က်ဳပ္ေရာ ဘထစ္ေရာ မိုးေရေတြ ႐ႊဲလို႔ေပါ့ဗ်ာ။

ေဟာ ေကြ႕ႀကီး႐ြာထဲက လူေတြလည္း
ေျပးထြက္လာၾကတယ္ဗ်ိဳ႕။ ဒါေပမဲ့ ဘယ္သူက
ဘာတတ္ႏိုင္မွာလဲဗ်ာ။

က်ဳပ္ မ်က္စိမွာေတာ့ ထန္းပင္ႏွစ္ပင္စာေလာက္ရွိတဲ့
အရပ္ႀကီးနဲ႔ ေသာင္ျပင္မွာ ေခါင္းႀကီးတစ္လုံးထမ္းၿပီး
ေလွ်ာက္သြားေနတဲ့ မဖဲဝါႀကီးကိုပဲ ျမင္ေနမိတယ္ဗ်ာ။

ဒီည ဒီေနရာဟာ ဘဝအဆက္ဆက္က ပါလာတဲ့
အကုသိုလ္တရားေတြ လာဆုံတဲ့ မရဏဆုံမွတ္တစ္ခုပဲေပါ့ဗ်ာ။

ပြီးပါပီခဗ်ာ

သံလက္ဝါး မဖဲဝါ စာအုပ္မွ ေကာက္ႏႈတ္တင္ျပသည္

ဤဝတၱဳေလးအား ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share ေလးနဲ႔ အားေပးသြားပါအုံးဗ်ာ။

#တာေတ

No comments

Post a Comment