“သန်းခေါင်ယံငိုသံ “(စ/ဆုံး)

“သန်းခေါင်ယံငိုသံ “(စ/ဆုံး)   “အိမ်ကကျယ်လိုက်တာ နင်နဲ့တော့အကိုက်ပဲပေါ့ ငုဝါ …စာအေးအေးဆေး ရေးပါလိမ့် … ” မှန်ပါသည်။ သူငယ်ချင်းဖြစ်သူပြောသကဲ့သ... thumbnail 1 summary

“သန်းခေါင်ယံငိုသံ “(စ/ဆုံး)

 

“အိမ်ကကျယ်လိုက်တာ နင်နဲ့တော့အကိုက်ပဲပေါ့ ငုဝါ …စာအေးအေးဆေး ရေးပါလိမ့် … ”

မှန်ပါသည်။ သူငယ်ချင်းဖြစ်သူပြောသကဲ့သို့ပင် ငုဝါငှါးလိုက်သောအိမ်မှာကျယ်ဝန်းလှပါသည်။ပေရှစ်ဆယ် ပေခြောက်ဆယ်ကျယ်ဝန်းသော ခြံထဲတွင် ပေနှစ်ဆယ်ပေငါးဆယ် အကျယ်ရှိသော အိမ်ကိုဆောက်လုပ်ထားခြင်းဖြစ်ပါလေသည်။အိမ်လေးသည် ပျဉ်ထောင်သွပ်မိုး ခြေတံရှည်အိမ်မြင့်လေး ဖြစ်သည်။အိမ်ရှေ့တွင် ဝရံတာလေးထုတ်ထားသည်။အိမ်ထဲသို့ ၀င်လိုက်လျှင် ဧည့်ခန်းကိုဦးစွာရောက်သည်။ပြီးလျှင် အိမ်မကြီးဘုရားခန်းဖြစ်သည်။ ဘုရားခန်းပြီးလျှင် အိပ်ခန်းနှစ်ခန်း။အိပ်ခန်းပြီးလျှင် ထမင်းစားခန်း မီးဖိုချောင်ဖြစ်သည်။ထို့နောက်တွင်မှ ရေချိုးခန်းအိမ်သာရှိသည်။အိမ်လေးသည် သာမန်ရိုးရိုးအိမ်တစ်လုံး ပုံစံသာ ဖြစ်သည်။ထူးထူးခြားခြားဆို၍ အိပ်ခန်းများပေါ်တွင် ဆောက်လုပ်ထားသော ထပ်ခိုးတစ်ခုပါရှိသည်။

“အတွင်းဘက်က မီးမလာရင် မှောင်တယ်နော် … နင်နေရဲရဲ့လား ”

ငယ်ပေါင်းသူငယ်ချင်းတွေမို့ ငုဝါအကြောင်းကို သိသော သူငယ်ချင်းဖြစ်သူက မေးသည်။

“နေရဲပါတယ် …ဘေးမှာလဲအိမ်တွေရှိတာပဲ … ပြီးတော့ လူမနေထားတဲ့ အိမ်ဟောင်းမှ မဟုတ်တာ…လူတွေနေသွားတာပဲဟာ ”
ပြောမယ့်သာ ပြောလိုက်ရသည်။ငုဝါရင်ထဲ ထိတ်ခနဲတော့ ခုန်လှုပ်သွားမိသည်။ငုဝါက သရဲတစ္ဆေ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းများကို ရေးသော တက်သစ်စ စာရေးဆရာတစ်ယောက် ဖြစ်သည်။လျှို့ဝှက်ဆန်းကြယ် အကြောင်းများကို ရေးသော စာရေးဆရာ ဆိုသော်လည်း ငုဝါက ကြောက်တတ်သည်။ပြောရမည်ဆိုလျှင် စာရေးသူကိုယ်တိုင်က ကြောက်တတ်၍ ကြောက်ကြောက်နှင့် ရေးလိုက်သော စာမူများမှာ ပို၍အသက်ဝင်နေသည်ဟု ပြောရလေမည်လား။လူ့စိတ်သည် ဆန်းတော့ ဆန်းကြယ်လှပေသည်။ကြောက်တတ်သူများသည် ကြောက်စရာ လန့်စရာ ကိစ္စများကို ပို၍စိတ်ဝင်စားတတ်ကြသည်။သိချင်ကြသည်။လေ့လာစူးစမ်းချင်ကြသည်သာ။ ငုဝါ သည် ငယ်စဉ်က အလွန်ကြောက်တတ်သည်။ကြမ်းပေါက်ကလေးရှိလျှင်ပင် မထိုင်ရဲလောက်အောင် ကြောက်လန့်တတ်သူဖြစ်သည်။သို့သော် သရဲတစ္ဆေ အကြောင်း ပြောလျှင် ငုဝါ အလွန်စိတ်ဝင်စားသည်။သရဲ တစ္ဆေ အကြောင်းရုပ်ရှင်၊ ဗီဒီယိုကားများနှင့် စာအုပ်များကို အလွန်ဖတ်သည်။သို့နှင့်ပင် ငုဝါသည် သရဲတစ္ဆေနှင့် လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းများကို ရေးသားသူတစ်ယောက် ဖြစ်လာခဲ့သည်။

~~~~~~~~~~~~~~~~~

ညခုနှစ်နာရီပင်ရှိသေးသော်လည်း တိတ်ဆိတ်လွန်းသော ပတ်ဝန်းကျင်ကြောင့် ငုဝါစိတ်ထဲ အားငယ်သလိုလိုဖြစ်နေမိသည်။ယခင် ငုဝါ နေခဲ့သောနေရာဆိုလျှင် ည ဆယ်နာရီ ဆယ့်တစ်နာရီပင်လျှင် လူသံ၊ကားသံများကြားနေရသောကြာင့် သည်နေရာနှင့် အကွာကြီးကွာလှပေသည်။

ငုဝါသည် ညကိုးနာရီထိုးပြီးနောက်တွင် ဖွင့်ထားသောတီဗီကို ပိတ်လိုက်ပြီးလျှင် အိပ်ရာဝင်ရန်ပြင်လိုက်သည်။သည်နေ့ညမှာ ပင်ပန်းလွန်းသောကြောင့် စာမရေးဖြစ်ဘဲ နောက်နေ့မှသာ ရေးရန် ဆုံးဖြတ်လိုက်လေသည်။

~~~~~~~~~~~~~~~~~~

ငုဝါအိပ်နေရင်းမှ ဖျတ်ခနဲ လန့်နိုးလာမိသည်။နိုးနိုးချင်းမှာပင် ငုဝါ တစ်ကိုယ်လုံး ချွေးစီးများထွက်နေသည်ကို သိလိုက်ရသည် ။ငုဝါ မအိပ်ခင် ဖွင့်ထားခဲ့သောပန်ကာကိုကြည့်လိုက်မိသည်။ပန်ကာကပိတ်နေသည်။နောက်ဖေးဘက်တွင် ထွန်းထားသော မီးအလင်းရောင်ကို တွေ့နေရသောကြောင့် မီးပျက်၍ ပန်ကာပိတ်သွားခြင်းမဟုတ်မှန်းကို ငုဝါသိလိုက်သည်။ သို့ဆိုလျှင် ပန်ကာ အဘယ်ကြောင့် ပိတ်သွားပါသနည်း ။ပင်ပန်းသောအရှိန်ကြောင့်ငုဝါ ကြာရှည် မစဉ်းစားနိုင်ပါဘဲ ပန်ကာကို ပြန်ဖွင့်လိုက်ပြီးလျှင် ပစ္စုပ္ပန်အခြေအနေကို မေ့သွားပြီး ပြန်အိပ်လိုက်လေသည်။

~~~~~~~~~~~~~~~~~~~
သည်တစ်ကြိမ် ငုဝါနိုးလာရခြင်းသည် ပန်ကာ ပိတ်သွားသောကြောင့် ပူအိုက်လှသဖြင့် နိုးလာခြင်း မဟုတ်ဘဲ အကြောင်းမဲ့သက်သက် နိုးလာရခြင်းဖြစ်ပါလေသည်။အကြောင်းမဲ့သက်သက်ဆိုသော်လည်း ခြင်ထောင်ဘေးတွင် တစ်ယောက်ယောက်ထိုင်နေပြီး ငုဝါကို စောင့်ကြည့်နေသလို ခံစားနေရသောကြောင့် လန်နိုးလာရခြင်းဖြစ်လေသည်။ငုဝါသည် နိုးနိုးချင်းမှာပင် ခြင်ထောင်ဘေးရှိအမှောင်ထဲသို့ မျက်လုံးအပြူးသားနှင့် ကြည့်လိုက်မိသည်။ငုဝါ အိပ်နေသော အခန်းထဲသို့ အိမ်ရှေ့နှင့်မီးဖိုချောင်သို့ ဆက်သွယ်ထားသော စင်္ကြန်လမ်းမှ မီရောင်ခပ်မှိန်မှိန်သည် ကွက်တိကွက်ကြားကျရောက်လျက်ရှိပေသည်။ဟိုတစ်စ သည်တစ်စ အလင်းရောင် ခပ်မှိန်မှိန်အောက်တွင် အခန်းထဲရှိ ပစ္စည်းများ၏ အရိပ်များကိုကြည့်ရသည်မှာ အနည်းငယ် ထိတ်လန့်တုန်လှုပ်ချင်စရာဖြစ်လေသည်။ငုဝါသည် အိပ်ရာမှ အသာထလိုက်ပြီးလျှင် အပေါ့အပါးသွားရန်အတွက် အိမ်သာရှိရာသို ထွက်လာခဲ့သည်။

ခြေလှမ်းများကိုတစ်လှမ်းချင်းလှမ်းနေရင်းမှ အနောက်မှ တစ်ယောက်ယောက်လိုက်ပါလာသလို ခံစားလိုက်ရသောကြောင့် ငုဝါနောက်ဘက်ဆီသို့ လှည့်၍လှည့်၍ ကြည့်မိလေသည်။ထိုအခါ ရှည်ရှည်မျောမျော အရိပ်ကြီးတစ်ခုကို တွေ့လိုက်ရသောကြောင့် ငုဝါရင်တွေဒိန်းခနဲ ခုန်လှုပ်သွားမိပြီးလျှင် ရုတ်တရက် ခြေဖျားလက်ဖျားများပင် အေးစက်သွားလေသည်။ပြီးမှ အသေအချာ ထပ်မံကြည့်မိလိုက်သောအခါ ထိုရှည်ရှည်မျောမျော အရိပ်ကြီးမှာ မိမိ၏အရိပ်ပင်ဖြစ်ကြောင်းကို သိလိုက် ရပြီး ငုဝါ သက်ပြင်းကို ချလိုက်မိလေသည်။

~~~~~~~~~~~~~~~~~~~

ငုဝါအိမ်သာမှ ပြန်ထွက်လာသောအခါတွင်လည်း အလာတုန်းကကဲ့သို့ပင် ငုဝါ၏ အနီးအပါးတွင်တစ်ယောက်ယောက်ရှိနေသည်ကဲ့သို့ ခံစားရပြန်သောကြောင့် ဘေးဘီဝဲယာ နေရာအနှံ့သို့ ကြည့်မိပြန်လေသည်။သို့သော်လည်း ဘာဆိုဘာမျှ မတွေ့ရပေ။သို့ပါလျက်နှင့် ငုဝါမှာ မိမိနှင့် အတူတစ်ယောက်ယောက်ရှိနေသကဲ့သို့ ခံစားနေရလေသည်။ငုဝါ မရဲတရဲဖြင့် အိမ်၏ နေရာအနှံ့သို့လိုက်ကြည့်နေရင်းမှ ထပ်ခိုးဆီသို့ အကြည့် ရောက်သွားမိလေသည်။
လျှောက်လမ်း၏ မီးရောင်သည် ထပ်ခိုးအထိ မရောက်ရှိနိုင်သောကြောင့် ထပ်ခိုးတစ်ခုလုံး မှောင်မည်း၍ နေလေသည်။ငုဝါသည် မှောင်မည်းနေသော ထပ်ခိုးဆီသို့ ကြည့်နေမိရင်းမှ ထပ်ခိုးဆီမှ ခေါင်းကြီး ငိုက်စိုက်ချလျက် ဆံပင်ဖားလျားနှင့်ဖြူဖြူအရိပ်ကြီးဆင်းလာသကဲ့သို့ မြင်ယောင်မိလေသည် ။ ထို့နောက် ထပ်ခိုးသို့ တက်သော လှေကား၏ထိပ်တွင် မည်းမည်းသဏ္ဍာန် အကောင်ကြီးတစ်ကောင် ငုတ်တုတ်ကြီး ထိုင်နေသကဲ့ စိတ်မှ မြင်ယောင်မိပြန်လေသည်။ငုဝါသည် မိမိ စိတ်ထဲမှ ထင်ချင်ရာထင်မြင်ချင်ရမြင်နေမိပြီးသည့်နောက် ထိတ်လန့်ကြောက်ရွံ့စိတ်သည် သာ၍ပင် ဆိုးလာသောကြောင့် အိပ်ခန်းထဲသို့အမြန်၀င်လိုက်ပြီးလျှင် ဖုန်းဖြင့် ပရိတ်ပဋ္ဌာန်းတရားများကို ခပ်တိုးတိုးဖွင့်ထားလိုက်သည်။အမှန်စစ်စစ် ငုဝါသည် ကြောက်လန့်တတ်သူဖြစ်သော်လည်း ဤမျှလောက် အသည်းငယ်သူတစ်ယောက်မဟုတ်ပါချေ။ယခုမူ ငုဝါ သည် ပထမဆုံး ညမှာပင် ညနက်သန်းခေါင်အချိန်တွင် လန့်နိုးလာပြီးနောက် ပြန်၍ မအိပ်ရဲအောင်ပင် ဖြစ်နေမိလေသည်။ပြန်အိပ်မည် အကြံနှင့် မျက်လုံးကို စုံမှိတ်လိုက်သော်လည်း ခြင်ထောင်အပြင်မှနေ၍ မိမိအား တစ်စုံတစ်ယောက်က ကြည့်နေသလို ခံစားနေရသောကြောင့် မအိပ်ရဲအောင်ပင် ဖြစ်နေမိလေသည်။

.~~~~~~~~~~~~~~~~~

ငုဝါ မနက် ကိုးနာရီကျော်မှ နိုးလားခဲ့ပြီး ကော်ဖီတစ်ခွက်ဖျော်လိုက်ပြီးလျှင် ခြံထဲသို့ အညောင်းအညာပြေ လမ်းလျှောက်ရန် ဆင်းခဲ့သည်။

“တူမကြီး နေရတာ အဆင်ပြေရဲ့လား …အကူအညီလိုရင် ပြောနော် ”

ဘေးခြံမှ အဒေါ်ကြီး၏ စကားသံကြောင့် ငုဝါလည်း အားတက်သလိုဖြစ်သွားရပြီး

“ကျေးဇူးပါ ဒေါ်ဒေါ် … ရောက်စမို့ အိပ်လို့တော့ မပျော်ဘူး …အိမ်ကလဲကြီးတော့ စိတ်ထဲ ချောက်ချားနေမိသလို ဖြစ်နေတယ် ”

ငုဝါသည် စိတ်ထဲ ခံစားနေရသည့်အတိုင်း ဘေးခြံမှ အဒေါ်ကြီးကို ပြောလိုက်မိသည်။

“ဪ … တစ်ယောက်တည်း ဖြစ်နေလို့ နေမှာပါကွယ် … အိမ်က သန့်ပါတယ် …အရင်နေသွားတဲ့ မိသားစုမှာ ဆိုရင် ကလေးတွေပါပါတယ်လေ … ကြောက်စရာ ဘာမှမရှိပါဘူးကွယ် ”

“ဒါနဲ့ သူတို့က ဘာလို့ ပြောင်းသွားကြတာလဲ ဒေါ်ဒေါ် ”

ငုဝါလည်း မေးလက်စနှင့် မထူးပြီးမို့ သိချင်နေသော အကြောင်းအရာကို မေးလိုက်သည်။
.
“သူတို့က ခြံပိုင်ဝယ်လိုက်လို့ ပြောင်းသွားကြတာကွဲ့ …အခြားကြောင့် မဟုတ်ပါဘူး …ပြောမယ်ဆိုရင် …ဒီအိမ်နဲ့ ဒီခြံက ဘာဘာညာညာတွေ မရှိပါဘူးကွယ် … ဒေါ်ကြီးတို့ မိသားစု ဒီအိမ်ဘေးမှာနေလာကြာလှပေါ့ ဒီအိမ်မှာ လူလဲ မသေဖူးဘူး…..ပြီးတော့ အိမ်ဆောက်ထားတာလဲ လေးငါးခြောက်နှစ်ပဲရှိသေးတယ်လေ……ထူးထူးခြားခြားဆိုရင် ဒီအိမ်မှာ နေသွားတဲ့သူတွေ အကုန် စီးပွားတက်သွားကြတာကွဲ့ …ဒါပေမဲ့ တစ်ခုတော့ ရှိတယ်ကွဲ့ ”

အဒေါ်ကြီးသည် စကားပြောနေရင်းမှ ခြံစည်းရိုးနားမှ နွယ်ပင်များကို ဓါးနှင့်ခုတ်ဖြတ်နေသောကြောင့် ပြောလက်စ်စကားကို ရပ်တန့် လိုက်လေသည်။ငုဝါမှာ အဒေါ်ကြီးပြောမည့် နောက်ဆက်တွဲစကားကို သိချင်လွန်းသောကြောင့် ခြံစည်းရိုးနားသို့ တိုးကပ်၍သွားမိပြီး မေးလိုက်မိလေသည်။

“ဒါပေမဲ့ ဘာဖြစ်လို့လဲ ဒေါ်ဒေါ် ”

” သိပ်အထူးခြားကြီးတော့ မဟုတ်ပါဘူးကွယ် … ဒီအိမ်ကလူမမြဲဘူးကွဲ့ … အိမ်ဆောက်ပြီး ခြောက်နှစ်အတွင်းမှာ မိသားစု ဆယ်စုမကဘူး ပြောင်းလာလိုက် ပြန်ပြောင်းသွားလိုက်ကြန့် ကြာရှည်မနေကြဘူး … ဒုက္ခရောက်ပြီး ပြောင်းသွားကြတာတော့ မဟုတ်ပါဘူးကွယ် … ဘာတွေညာတွေ မရှိတာမို့ စိတ်အေးအေးနဲ့ သာနေပါကွယ် ”

~~~~~~~~~~~~~~~~~

ယမန်နေ့က အိပ်ရေးဝဝမအိပ်ခဲ့ရသောကြောင့် ယနေ့ညလည်း ငုဝါသည် ညစာစားပြီးနောက် ဘုရားရှိခိုးအမျှဝေပြီး ခပ်စောစောအိပ်ဖို့ဆုံးဖြတ်လိုက်သည်။သည်နေ့အဖို့မှာတော့ ဘေးခြံမှ အဒေါ်ကြီး၏ စကားကြောင့် ငုဝါမှာ စိတ်အေးလက်အေးရှိနေသည်မှာ အမှန်ပါပင်။
ငုဝါ ပန်ကာကိုနံပတ်တစ်မှာထားလိုက်ပြီး အိပ်ရာထဲသို့ ၀င်လိုက်သည်။မိုးဦးဝင်ကာစ ရာသီဖြစ်သော်လည်း အနည်းငယ်ပူသောကြောင့် အအေးကြိုက်သော ငုဝါက ညလုံးပေါက်ပင် ပန်ကာကို ဖွင့်အိပ်လေ့ရှိသည်။သို့မှသာလည်း အပူဒဏ်ကို မခံနိုင်သော ငုဝါအဖို့ အိပ်ပျော်နိုင်သည်ဖြစ်ပေသည်။

~~~~~~~~~~~~~~~~~~~~
အိပ်ပျော်နေရာမှ ငုဝါဖျတ်ခနဲ လန့်နိုးလာမိပြန်သည်။ငုဝါသည် နိုးနိုးချင်းမှာပင် ခြင်ထောင် အပြင် အခန်းထောင့် အမှောင်ထဲသို့ စူးစိုက်၍ ကြည့်လိုက်မိသည်။အခန်းထောင့် အမှောင်ထဲတွင် လှုတစ်ယောက် ငုတ်တုတ်ထိုင်နေပြီး ငုဝါကို စူးစိုက်ကြည့်နေသလို စိတ်က ထင်မိပြန်သည်။ကျောထဲမှလည်း စိမ့်ခနဲ စိမ့်ခနဲ အေးလာသလို ခံစားလာရပြီးလျှင် ရင်ထဲ၌လည်း တလှပ်လှပ် ခုန်လှုပ်လာပြန်သည် ။ ထိုစဉ် ခေါင်းထက်တည့်တည့်ရှိ ထပ်ခိုးပေါ်မှ အိမ်မြှောင် စုတ်ထိုးသံကို ကြားလိုက်ရသောကြောင့် ငုဝါ ရင်တွေ တဒိန်းဒိန်းခုန်လှုပ်သွားပြီး ဖုန်းမီးလေးနှင့် တောင်မြောက် အရပ်လေးပါးသို့ လိုက်လံ၍ ထိုးကြည့်မိပြန်လေသည်။ထိအခါ ပတ်ဝန်းကျင်သည် ပြန်လည်၍တိတ်ဆိတ်သွားပြန်လေသည် ။ငုဝါသည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီးလျှင် မီးခလုတ်ရှိရာသို့ တုန်တုန်ယင်ယင်နှင့် ထသွားလိုက်ပြီး မီးခလုတ်ကို ဖွင့်လိုက်သည်။ လင်းထိန်သွားသော အခန်းထဲတွင် ငုဝါ အနည်းငယ်မျှ ကြောက်စိတ်ပြေသွားမိလေသည်။

~~~~~~~~~~~~~~~~~~

” ငုဝါ မျက်တွင်းတွေလဲကျလို့ ပိန်သွားလှချည်လားဟယ် … စာတွေ ဘယ်လောက်တောင် ရေးနေတာလဲ ”

သူငယ်ချင်းဖြစ်သူ၏စကားကြောင့် ငုဝါမှာ ` ငိုချင်ရဲ့ လက်တို့ “ဆိုသလို ဖြစ်သွားမိပြိလျှင် သူငယ်ချင်းကိုဖြစ်ကြောင်း ကုန်စင်ကို ပြောပြလိုက်သည်။

“သေချာလို့လားဟယ် …ငါတို့စုံစမ်းရသလောက် ဒီအိမ်က သန့်ပါတယ် … နင်ရေးမဲ့ဇာတ်လမ်းအကြောင်း စဉ်းစားရင်း စိတ်ထဲ စွဲသွားလို့ များလားဟယ် … အရင် အိမ်ငှားတွေက ဟိုဘက်ရပ်ကွက်မှာတင်နေတာဆို မေးကြည့်ပါလား ”

သူငယ်ချင်းဖြစ်သူ၏ အကြံပြုစကားကို နားတောင်ပြီးနောက် ငုဝါက ပြန်ဖြေလိုက်သည်။

“ဘယ်နေမလဲဟာ ..မေးပြီးပေါ့ …သူတို့ပြောတာ ဟုတ်တော့လည်း ဟုတ်တယ်… ငါလဲ တစ်ခါမှ အခြောက်မခံရပါဘူးဟယ်…ဒါပေမဲ့ ပြောင်းလာတဲ့နေ့ကတည်းက ကောင်းကောင်း မအိပ်ခဲ့ရဘူးလေ … ခုဆို ရက်ကြာလာတာနဲ့အမျှလူလည်း လူမမာရုပ်ပေါက်နေပြီလေ…စာလဲ နေ့လယ်နေ့ခင်းမှာခဏတစ်ဖြုတ်လောက်ပဲရေးနိုင်တယ်လေ .. ”

“မိန်းမရေ မင်းသမီးကတော့ ….တွေ့သမျှမုန့် လိုက်ဆွဲနေတာပဲ ”

“ကိုသက်အောင်တို့ သားအဖပါ လိုက်လာတာလား ”

” ဟုတ်ပ ငုဝါရေ … ပိတ်ရက်မို့ပျင်းလို့တဲ့လေ …”

ငုဝါတို စကားပြောနေစဉ်မှာ တစ်နှစ်ကျော်အရွယ် ကလေးငယ်လေးကို ချီပိုးပြီး အိမ်ပေါ်သို့ တက်လာသော သူငယ်ချင်း၏ခင်ပွန်း ဖြစ်သူကိုသက်အောင်ကို ငုဝါ နှုတ်ဆက်စကားပြောလိုက်သည်။

“အီ..ဟီး …ဟီး .ဟီး ”

” သမီးလေး ဘာလို့ငိုတာလဲကွယ် … လာ …လာ …မေမေ့ဆီကိုလာ .”

ကိုသက်အောင် အိမ်ပေါ်သို့ တက်လိုက်သည်နှင့် ကလေးက အထိတ်တလန့်နှင့် ငိုပါလေသည်။ မိခင်ဖြစ်သူက ဆွဲခေါ်ယူလိုက်ပြီး ချော့သော်လည်း ကလေးမှာ အငိုမတိတ်ဘဲရှိလေသည်။

“ငုဝါရေ ငါအောက်ဆင်းပြီး ကလေးချော့လိုက်အုံးမယ်ဟာ ”

” ဟုတ် … ဟုတ်ကဲ့ ကိုသက်အောင် ”

ငုဝါသည် ကိုသက်အောင်ကို ယောင်ကန်းကန်နှင့် ခေါင်းငြိမ့်ပြလိုက်မိသည်။

“သမီးလေးက အိမ်က မှောင်လို့ ငိုတာဖြစ်မယ် ငုဝါ …”

သူငယ်ချင်းဖြစ်သူ၏ စကားကို ငုဝါ ဘာမှပြန်မပြောဘဲ ငြိမ်သက်စွာ နားထောင်နေမိလေသည်။

“နင် ဒီမှာ နေရတာ အဆင်မပြေလဲ ….တို့အိမ်လိုက်နေပါလား ”

” ရပါတယ်ဟာ … နောက်ဆို နေသားကျသွားမှာပါ ”

သူငယ်ချင်းဖြစ်သူကို ငုဝါခေါင်းခါပြရင်း ငြင်းဆန်လိုက်သည်။ကိုယ့်ကြောင့် သူများကို အလုပ်ရှုပ် စိတ်မရှုပ်စေလိုပါလေ။အိမ်လခ အဆုံးခံပြီး ပြောင်းရအောင်လည်း ငုဝါမှာ ငွေများများစားစားရှိသည်မဟုတ်ပေ။

~~~~~~~~~~~~~~~~~~~~~
ပန်ကာကို ခြင်ထောင်အပြင် ခပ်ဝေးဝေးမှာ ထားလိုက်ပြီးလျှင် ငုဝါ အိပ်ရာထဲသို့ဝင်လိုက်သည်။ ယနေ့အဖို့မှာတော့ ညသန်းခေါင် တရေးနိုး အချိန်တွင် ပိတ်နေတတ်သော ပန်ကာကိစ္စကို အမိဖမ်းရန်အတွက် ငုဝါ ကြံစည်ထားသည်။ ယခင်နေ့တွေတုန်းက ပန်ကာကို ခြင်ထောင်ထဲသို့ ထည့်အိပ်ခြင်းဖြစ်သောကြောင့် ငုဝါကိုယ်တိုင်များ အိပ်ချင်မူးတူးနဲ့ ပိတ်မိလေသလားဟု ထင်ယောင်ထင်မှား ဖြစ်နေမိသောကြောင့် ယခုကဲ့သို့ စမ်းသပ်ရခြင်းဖြစ်လေသည်။

~~~~~~~~~~~~~~~~~~~

သတိနှင့် အိပ်နေသောကြောင့် ငုဝါ မကြာခဏဆိုသလို လန့်နိုးနေမိသည်။ ဒုတိယအကြိမ်မြောက် လန်နိုးလာချိန်ထိ ပန်ကာက လည်နေဆဲဖြစ်သောကြောင့် ငုဝါ ရင်ထဲမှ စိုးရိမ်ထိတ်လန့်မှုများ အနည်းငယ် ပြေလျော့သွားမိသည်။ငုဝါခြင်ထောင် အပြင်ကို ခဏတာမျှစူးစိုက်ကြည့်လိုက်မိပြီးနောက်ပြန်လည် အိပ်လိုက်သည်။

~~~~~~~~~~~~~~~~~

“အမယ်လေး ”

ငုဝါ သည် အိပ်ပျော်နေရင်းမှာ မိမိလက်ကို အေးစက်စက် အရာတစ်ခုက လာရောက်ထိတွေ့လိုက်သလို ခံစားလိုက်ရသောကြောင့် အိပ်ချင်မူးတူးနှင့် ယောင်အော်လိုက်မိသည်။ပြီးနောက် အိပ်ရာထဲမှ ကြုံးရုန်းထလိုက်ပြီးလျှင် ခြင်ထောင်ဘေးကို အထိတ်တလန့်နှင့် ကြည့်လိုက်မိသည်။

“ဟင် ” ပန်ကာမှလေကို မရရှိတော့သောကြောင့် ငုဝါ အထိတ်တလန့်နှင့် ဖုန်းမီးကို ဖွင့်ကာပန်ကာကို ထိုးကြည့်လိုက်မိသည်။

“အား ”

ဖုန်းမီးအလင်းရောင် အောက်တွင် ငုဝါ မြင်လိုက်ရသည်မှာ ခြင်ထောင်ဘေးတွင် ငုတ်တုတ်ထိုင်ကာ ဖြူဖြူဖွေးဖွေးမျက်နှာကြီးနှင့် ငုဝါကို စိုက်ကြည်နေသော မျက်နှာကြီးကိုတွေ့လိုက်ရသောကြောင့် သွေးပျက်မတက် အော်လိုက်မိသည်။သို့သော်လည်း အသံမှာ ထွက်မလာဘဲ ငုဝါတစ်ကိုယ်လုံးပါ လှုပ်ရှား၍ မရအောင် ဖြစ်နေလေသည်။ငုဝါအထိတ်တလန့်နှင့် ရုန်းကန်လှုပ်ရှားရင်း အော်ဟစ်နေမိသည်။ထိုအချိန်ထိ ဖြူဖြူဖွေးဖွေး မျက်နှာကြီးမှာ ငုဝါကို စိုက်ကြည့်နေဆဲပင် ဖြစ်လေသည်။ငုဝါ ဇောချွေးများပြန်လာပြီးလျှင် ကြောက်လန့်တကြားနှင့် နေရာမှ ထရန် အားကုန် ကြိုးစားလိုက်ရာ ငုဝါ တစ်ကိုယ်လုံး လှုပ်ရှား၍ ရသွားလေသည်။ထိုအခါမှပင် ငုဝါအိပ်မက်မက်နေသည်မှန်းကို သိလိုက်ရသည်။ငုဝါ တုန်တုန်ယင်ယင်နှင့် အိပ်ရာထဲမှထလိုက်ပြီး ခြင်ထောင် ဘေးကို ကြည့်လိုက်မိသည်။ထိုအခါ ညဦးက အသေအချာဖွင့်ထားခဲ့သော ပန်ကာမှာ ပိတ်နေသည်ကို တွေ့လိုက်ရသည်။ထိတ်လန့်လွန်းသဖြင့် ငုဝါတစ်ကိုယ်လုံး ချွေးဒီးဒီးကျနေပြီဖြစ်လေသည်။ခြင်ထောင် အပြင်သို့ ထွက်လိုက်ပြီးလျှင် တစ်အိမ်လုံးရှိမီးများကိုလိုက်ဖွင့်လိုက်သည်။တစ်အိမ်လုံး ထိန်ထိန်လင်းသွား၍ ကြောက်စိတ်ပြေလျော့သွားသော်လည်း ငုဝါ၏စိတ်ထဲတွင် အနီးအပါးမှ တစ်စုံတယောက်ကပ်လိုက်လာသလိုခံစားနေရပြီး ခြေသံတရှပ်ရှပ်ကိုပါ ကြားယောင်နေမိလေသည်။

~~~~~~~~~~~~~~~~~~~

“ဪ ညီမက ( ….) အိမ်ကို ငှါးလိုက်တဲ့သူလား ”

“ဟုတ်ပါတယ် အစ်မ …အဲ့ဒါကြောင့် ဟိုလေ …အစ်မတို့နေခဲ့တုန်းကရော ဘယ်လိုတွေကြုံခဲ့သလဲဟင် ..”

ငုဝါသည် ယခုလက်ရှိ မိမိနေနေသော အိမ်၏ ပိုင်ရှင်ဟောင်းကို မေးလိုက်မိသည်။ သူကလည်း ငုဝါနှင့် မျက်မှန်းတန်းမိနေပြီဖြစ်သောကြောင့် ငုဝါကို ကောင်းကောင်းမွန်မွန်ပင် ပြန်၍ ဖြေလေသည်။

“ဘယ်လိုပြောရမလဲ …မကောင်းတာဘာညာတော့ မကြုံဖူးပါဘူးကွယ် …. ဒါပေမဲ့ အိမ်မှာ တစ်ယောက်တည်း နှစ်ယောက်တည်းကျန်ခဲ့ရင်တော့ အလိုလိုနေရင်းစိတ်ချောက်ချားသလိုဖြစ်မိကြတယ် … ခြောက်တာလှန့်တာ မခံကြရရဘဲ အလိုလို ကျောစိမ့် မိတာမျိုးပေါ့ …ဒါနဲ့ အစ်မတို့လဲ အရင် အိမ်ရှင် အဆက်ဆက်ကို စုံစမ်းကြည့်တော့ အိမ်မှာ လူသေထားတာလဲ မရှိဘူးတဲ့… ဒါပေမဲ့ သူတို့တွေလဲ အလိုလိုနေရင် ထိတ်လန့်နေမိကြလို့ ပြောင်းကုန်ကြတာတဲ့လေ …ညီမလေးက တစ်ယောက်တည်းသမားဆိုရင်တော့ အဲ့ဒီမှာ မနေပါနဲ့ကွယ် ….အခြားမှာပြောင်းနေပါလား ”

~~~~~~~~~~~~~~~~~~~
ငုဝါ အိမ်ရှေ့ ၀ရံတာလေးမှာ ထိုင်ရင်း အိမ်အကြောင်းကို တွေးနေမိသည်။ခြံထဲတွင် ကြီးကြီးမားမားသစ်ပင်ဆို၍ ခြံဝမှ ပိတောက်ပင်ကြီး သာရှိသည်။သို့ပါလျက် အိမ်သည် အဘယ်ကြောင့် ထိတ်လန့်ချောက်ချားဖွယ်ဖြစ်နေသည်ကို စဉ်းစား၍ မရနိုင်အောင် ဖြစ်နေမိလေသည်။

“တူမကြီးရေ ဒေါ်ဒေါ် ဝင်ခဲ့မယ်နော် ”

“ဟုတ်ကဲ့ ဒေါ်ဒေါ် ဝင်ခဲ့ပါ ”

ဘေးအိမ်မှ အဒေါ်ကြီးသည် ပြောပြောဆိုဆိုနှင့် ခြံထဲသို့ဝင်လာသောကြောင့် ငုဝါ လှမ်းနှုတ်ဆက်လိုက်သည်။

“တူမကြီး နေရတာ အဆင်မပြေဘူးလား …”

” အဆင်မပြေတာထက် စိတ်က ချောက်ချားနေမိတာပါ ဒေါ်ဒေါ် …ဘာရယ်မှန်းလဲ သေချာမသိပါဘူး ”

ဘေးခြံက အဒေါ်ကြီး၏ အမေးကို ငုဝါ အလိုက်သင့်ဖြေလိုက်သည်။

“ဒေါ်ကြီးတို့လဲ နေလာတာကြာပါပြီကွယ် … ခြံထဲ ဘာအရိပ်ယောင်မတော့ မမြင်မိဘူး …ဒီအိမ်ရဲ့ မူလပိုင်ရှင်တွေက လဲ ဒေါ်ကြီးတို့လို နှစ်ချီပြီး နေခဲ့တာပေါ့ကွယ် … နောက်တော့ ဒီခြံကြီးကို ရောင်းပြီး မြို့ထဲဘက်ကို ပြောင်းသွားကြတယ်လေ … နောက် ရောက်လာတဲ့ လူသစ်တွေက ဟော့ဒီအိမ်ကြီးကိုဆောက်ပြီး နေခဲ့ကြတာပေါ့ … ဒါပေမဲ့ သူတို့ကသိပ်မကြာဘူး ပြောင်းသွားကြပြန်ရော …အဲ့ဒီလိုနဲ့ ဒီအိမ်မှာ နှစ်ပြည့် အောင် နေသွားတဲ့သူမရှိဖြစ်လာတာပေါ့ … သူတို့အားလုံး အခြောက်အလှန့် ရှိလို့ ပြောင်းကြတာတော့ မဟုတ်ပါဘူးကွယ် ”

” ဟုတ်ကဲ့ ဒေါ်ကြီး …ဒါဆို …ပိုင်ရှင်အသစ်ပြောင်းလိုက်ပြီး ဒီအိမ်သစ်ဆောက်ပြီးမှ အပြောင်းအရွှေ့တွေများလာတာလား ဒေါ်ကြီး ”

ငုဝါက အဒေါ်ကြီးကိုမေးလိုက်သည်။

“အင်း … ဟုတ်တယ်ကွဲ့ …ဒီအိမ်သစ်မှာ လူမမြဲတာကတော့ အမှန်ပဲ ”

” ဒါနဲ့ ဒေါ်ကြီး… ဒီအိမ်က သစ်တွေက အသစ်တွေလား ….ဒါမှမဟုတ် အိမ်ဟောင်းကို ဝယ်ပြီး ဆောက်ထားတလား ”

ငုဝါ သည် သိချင်တာကိုမေးလိုက်သည်။

“အိမ်ဟောင်းကိုဝယ်ပြီး ဆောက်ထားတာပဲ .. အိမ်တိုင်တွေကို အမှတ်အသားလုပ်ထားလို့ … အမှားမပါဘူးတဲ့ … အိမ်ဟောင်းသွားဝယ်ပြီး အိမ်ပန်ဆောက်တော့ ဒေါ်ကြီးယောကျာ်းလဲ ပါတယ်လေ ”

ဘေးခြံမှ အဒေါ်ကြီးက ပြောဆိုပြီးသည့်နောက်တွင် သူ၏ခြံဘက်သို့ ပြန်၍ သွားလေသည်။

~~~~~~~~~~~~~~~~~~

အိပ်ရေးပျက်သောညတွေများလာသောကြောင့် မဟန်နိုင်တော့သည့်အဆုံးတွင် တစ်အိမ်လုံးရှိမီးများကို ဖွင့်ထားပြီး ငုဝါနှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်သွားခဲ့ပါလေသည်။

~~~~~~~~~~—-~~~~~

“ရှပ် …ရှပ် …ရှပ် ”

ငုဝါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှာ မသိစိတ်၏ လှုံ့ဆော်မှုကြောင့် လန့်နိုးလာခဲ့ပြန်သည်။နောက်တွင် အခန်းအပြင်ဘက်မှ ခြေသံ တရှပ်ရှပ်ကို ကြားလိုက်ရသောကြောင့် ငုဝါ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထလာပြီး ထိတ်လန့်သွားမိလေသည်။မိန်းခလေးတစ်ယောက်တည်းနေမှန်း သိ၍သူခိုးသူဝှက်များကပ်သည်လား။ငုဝါ တုန်လှုပ်နေသော စိတ်ကို ထိန်း၍ အိပ်ရာဘေးမှ လက်ကိုင်တုတ်ကို ကောက်ယူလိုက်ပြီး ခြေကို ဖော့နင်းလျက် အခန်းအပြင်သို့ ထွက်ခဲ့လိုက်သည်။ညက တစ်အိမ်လုံးရှိ မီးများကို ဖွင့်ထားခဲ့သော်လည်း ယခုအခါတွင် နောက်ဖေး စင်္ကြန် မီးရောင်ကိုသာ တွေ့ရလေသည်။ငုဝါတတ်နိုင်သမျှ ခြေကိုဖော့နင်း၍ လျှောက်ခဲ့သည်။

“ဟင် ”

ငုဝါအခန်းထဲမှ ထွက်ထွက်ချင်းမှာပင် ရှေ့မှနေ၍ ကျောခိုင်းသွားနေသော လူတ်စ်ယောက်ကို မြင်လိုက်ရသောကြောင့် အသံတုန်တုန်နှင့် လှမ်းမေးလိုက်မိသည်။သို့သော်လည်း ငုဝါနှုတ်မှ အသံထွက်မလာနိုင်ဘဲ ဆွံ့အ၍နေလေသည်။ငုဝါ၏နှုတ်မှ အသံထွက်မလာသော်လည်း ရှေ့မှ ကျော်ခိုင်းသွားနေသောသူသည် ငုဝါ ဘက်သို့ လှည့်၍ကြည့်လာလေသည်။

“အမယ်လေး”

တစ်ခေါင်းလုံးဖွေးဖြူနေသောဆံပင်များနှင့် အဘွားအိုတစ်ယောက်ကိုတွေ့လိုက်ရလေသည်။ထိုအဘွားအိုသည် သွေးမရှိသကဲ့သို့ ဖွေးဆုပ်ဆုပ်မျက်နာပြင်ထက်ရှိ ပြူးကျယ်ကျယ် မျက်လုံးအစုံနှင့် ငုဝါကို လှမ်း၍ကြည့်နေပြီးနောက် ငုဝါ ရှိရာဆီသို့ ခြေထောက်များကို တရွတ်ဆွဲပြီး လျှောက်လာသည်ကို တွေ့လိုက်ရသည်။ငုဝါသည် ထို မြင်ကွင်းကို ကြက်သေသေလျက်ကြောင်ကြည့်နေမိစဉ်မှာပင် အဘွားအိုသည် ငုဝါကို ကျော်လျက် အိမ်၏အရှေ့ဘက်ဆီသို့ လျှောက်၍သွားသည်။ပြီးလျှင် အိမ်နံရံများကို လက်နှင့် ပွတ်သပ်၍ ကြည့်သည်။ပြီးနောက် ငုဝါရှိရာဆီသို့ ပြန်၍ လျှောက်လာပြီးလျှင် ငုဝါမျက်နှာကို စူးစူးစိုက်စိုက်နှင့်ကြည့်လေသည်။အဘွားအို၏ အပြုအမူကြောင့် ငုဝါမှာ အသက်ရှုဖို့ရန်ပင် မေ့လျော့နေမိသည်။ဆံပင်ဖားလျားနှင့် ဖြူဖြူအရိပ်ကြီးလိုလို လူပုံလိုလိုနဲ့ အဘွားအိုသည် ငုဝါကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် နှုတ်မှ တစ်စုံတစ်ရာကို ပြောလိုက်သကဲ့သို့ ငုဝါခံစားသိရှိလိုက်သည်။အဘွားအို ပြောသောစကားမှာ “သမီးလဲ မဟုတ်ဘူး …သမီးတို့ဘယ်မှာလဲ ”ဟု အဓိပ္ပါယ်ရလေသည်။ပြီးလျှင် နောက်ဆက်တွဲ စကားများကိုလည်း ငုဝါ ခံစားသိရှိလိုက်ပြန်လေသည်။”သမီးကို ရှာပေး …အဘွား သမီးကို ရှာပေးပါနော် … ဒီအိမ်က သမီးလေးအတွက်ပဲ ….”

ငုဝါ သည် အသိကင်းလွတ်နေသူကဲ့သို့ဖြစ်နေသော်လည်း အဘွားအိုစိတ်ထဲမှ ပြောနေသမျှကို သိရှိနားလည်နေသလို ၊အဘွားအို၏ ချောက်ချားဖွယ်ငိုသံကိုလည်း နားထဲတွင် ကြားနေရလေသည်။

“အဘွားရဲ့အိမ်ကို ပြန်ပေး … ပြန်ပေးပါနော် …ဒီအိမ်က အဘွားရဲ့သမီးအတွက် ဆောက်ပေးထားတာလေ …” အဘွားအိုသည် ပြောနေရင်းမှပင် ငုဝါ၏ အနားသို့ ပြန်၍တိုးကပ် လာပြီးလျှင် မျက်လုံးအိမ်ထဲတွင် မျက်ဆံအနက် မပါရှိသော မျက်လုံးသေကြီးများနှင့် ငုဝါကို ကြည့်လေသည်။အဘွားအို၏ အကြည့်ကြောင့် ငုဝါ၏ အသည်းဆိုင်တစ်ခုလုံး အေးစက်စက်လက်အစုံနှင့်ဆုပ်ညှစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ဒူးများမှာလည်း တဆတ်ဆတ်တုန်လျက် ကြမ်းပြင်ပေါ်သို့ညွှတ် ခွေကျသွားသည်။

“အား ”
ကြောက်ကြောက်လန့်လန့်နှင့် အော်ဟစ်လိုက်မိသော ငုဝါ၏ အသံသည် ပြင်ပသို့ ထွက်မလာဘဲ အသက်မဲ့သူကဲ့သို့ ဖြစ်နေသော ခန္ဓာကိုယ်ကြီးသည် ဆတ်ခနဲ လှုပ်ရှားသွားပြီးလျှင် ဝုန်းခနဲ ထထိုင်လိုက်မိလေသည်။ထိုအခါမှပင် ငုဝါသည် အိပ်မက်မက်နေမှန်းကို သိလိုက်ရလေသည်။အိမ်မက်သည် ပီပြင်ထင်ရှားလွန်းလှပေသည်။ထို့အတူ အိပ်မက်မှ လန့်နို့လာသည်နှင့် တစ်ပြိုင်နက် ထုံးစံအတိုင်း ပန်ကာမှာ ပိတ်နေသည့်အပြင် တစ်အိမ်လုံးမှောင်မည်းနေလေသည်။မှောင်မှောင်မည်းမည်းထဲတွင် အိမ်သည် စိမ့်၍အေးနေလေသည်။နားထဲတွင်လည်း ငိုသံသဲ့သဲ့ကို ကြားနေမိသလိုပင်။ငုဝါဖုန်းမီးကို ဖွင့်လိုက်ပြီးလျှင် ခြင်ထောင် အပြင်သို့ မရဲတရဲ ကြည့်လိုက်မိသည်။ထိုအခါ ခြင်ထောင်အပြင်တွင် ဖြူဖြူအရိပ်ကြီးတစ်ခု ယိမ်းထိုးနေသည်ကို တွေ့လိုက်ရပြီး ထိုအရိပ်မှာ ရုတ်ခြည်းပင် ပျောက်ကွယ်၍ သွားပြန်လေသည်။ငုဝါသည် ထိုအချင်းအရာကိုကြည့်၍ တုန်လှုပ်ချောက်ချားသွားမိပြီးလျှင် မီးခလုတ် ရှိရာဆီသို့ ဝုန်းခနဲ ပြေးသွားလိုက်ပြီးလျှင် မီးကို ဖွင့်လိုက်သည်။မီးအလင်းရောင်အောက်တွင် အိမ်ကြီးသည် ပကတိ တိတ်ဆိတ်ငြိမ်သက်သွားပြန်လေသည်။

~~~~~~~~~~~~~~~~~~~~

“ဦးလေးလိုက်ဝယ်ပေးခဲ့တာတော့ ဒီအိမ်ပဲကွဲ့ …အိမ်ရှင်နဲ့ ဦးလေး သိပါတယ်ကွယ် .. ”

ဘေးခြံမှ ဦးလေးကြီးသည် တစ်ထပ်တိုက်ပုလေးကို လက်ညှိုးထိုးပြရင်း မှ ငုဝါကို လှည့်၍ ပြောသည်။ဦးလေးကြီး၏ စကားကြောင့် ငုဝါ စိတ်သက်သာရာ ရသွားမိသည်။ငုဝါမှာ ဘေးခြံမှ ဦးလေးကြီးကို အကူအညီတောင်းပြီး အိမ်ဟောင်းဖျက်ဝယ်ခဲ့သော ပိုင်ရှင်ဆီသို့ လိုက်ပို့ခိုင်းခြင်းဖြစ်ပါလေသည်။

~~~~~~~~~~~~~~~~~~~

“တူမက ဘာကို သိချင်တာလဲကွယ် ”

ရုပ်ရည် ခန့်ခန့်ထည်ထည်နှင့် အိမ်ရှင် အန်တီကြီးက ငုဝါကို မေးလာလေသည်။ငုဝါလည်း ညကအိမ်မက်ထဲတွင် မြင်ခဲ့ရသော အဘွားအို ပုံစံကို ပြောပြီး အိမ်ရှင် အန်တီကြီးကို မေးလိုက်သည်။

“တူမကြီး ပြောပုံအရဆို အန်တီ အမေနဲ့တူတာပဲ …ခဏနော် အန်တီ ဓါတ်ပုံပြပါ့မယ် ”

~~~~~~~~~~~~~

“ဟုတ် ..ဟုတ်ပါတယ်ရှင် …ဒီထဲက အဘွားပါမှန်ပါတယ် ”

ငုဝါသည်အိမ်ရှင် အန်တီကြီးပြသော ဓါတ်ပုံကိုကြည့်ရင်း မိမိကြုံခဲ့ရသမျှကို ပြောပြလိုက်သည်။

“ဘယ် ..ဘယ်လို တူမကြီး …တကယ်ပဲလားဟင် …အမေဆုံးသွားတာ ခုနစ်နှစ်ကျော်ပါပြီကွယ် …အမေက သူ့အိမ်ကို သိပ်ချစ်တာ … ပြီးတော့ အဲ့ဒီအိမ်ဆောက်ပြီးတော့ အန်တီ အတွက်ဆိုပြီး အမြဲပြောနေတာလေ … ပြောရမယ်ဆိုရင် အဲ့ဒီအိမ်ဆောက်ပြီးကတည်းက ခရီးဝေးလဲ ခေါ်လို့မရဘူး … နောက်ဆုံး အမေဆုံးသွားတော့ အန်တီတို့လဲ …အလှူအတန်းတွေလုပ်ပြီး အိမ်ကို အမေစွဲလမ်းမနေရအောင် အိမ်ကိုပါ ဖျက်ရောင်းခဲ့တာပေါ့ကွယ် ….အခုတော့ .. အမေက ..”

အန်တီကြီးမှာ ပြောရင်းနှင့် ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာလေသည်။

~~~~~~~~~~~~~~~~~

ငုဝါသည် ပစ္စည်းများကို အငှားကားပေါ်သို့ တင်ပြီးနောက်တွင် အိမ်ကြီးကို နောက်ဆုံး အနေဖြင့် ကြည့်လိုက်မိလေသည်။ထိုအခါ အိမ်ရှေ့ဝရံတာတွင် အရိပ် လိုလိုအရာကို မြင်ယောင်လိုက်မိလေသည်။

” နှုတ်ဆက်ခဲ့ပါတယ် အဘွားရေ … မနက်ဖြန်ဆိုရင်…အဘွားမျှော်နေတဲ့ အဘွားရဲ့ သမီးက ….အဘွားအတွက် အလှူအတန်းလာလုပ်ပေးမှာမို့ သာဓုခေါ်ပြီး ..ဒီဘဝက စွဲလမ်းမှုတွေကို ဖြတ်တောက်လို့ ဘဝသစ်ကို အေးအေးချမ်းချမ်း ကူးပြောင်းပါတော့ အဘွားရယ် ” ဟု ငုဝါ နှုတ်မှ ခပ်တိုးတိုးပြောဆိုလိုက်မိပါလေသည်။

ဧကြည်ဖြူ


“သန္းေခါင္ယံငိုသံ “(စ/ဆုံး)


 


“အိမ္ကက်ယ္လိုက္တာ နင္နဲ႔ေတာ့အကိုက္ပဲေပါ့ ငုဝါ …စာေအးေအးေဆး ေရးပါလိမ့္ … ”


မွန္ပါသည္။ သူငယ္ခ်င္းျဖစ္သူေျပာသကဲ့သို႔ပင္ ငုဝါငွါးလိုက္ေသာအိမ္မွာက်ယ္ဝန္းလွပါသည္။ေပရွစ္ဆယ္ ေပေျခာက္ဆယ္က်ယ္ဝန္းေသာ ၿခံထဲတြင္ ေပႏွစ္ဆယ္ေပငါးဆယ္ အက်ယ္ရွိေသာ အိမ္ကိုေဆာက္လုပ္ထားျခင္းျဖစ္ပါေလသည္။အိမ္ေလးသည္ ပ်ဥ္ေထာင္သြပ္မိုး ေျခတံရွည္အိမ္ျမင့္ေလး ျဖစ္သည္။အိမ္ေရွ႕တြင္ ဝရံတာေလးထုတ္ထားသည္။အိမ္ထဲသို႔ ၀င္လိုက္လွ်င္ ဧည့္ခန္းကိုဦးစြာေရာက္သည္။ၿပီးလွ်င္ အိမ္မႀကီးဘုရားခန္းျဖစ္သည္။ ဘုရားခန္းၿပီးလွ်င္ အိပ္ခန္းႏွစ္ခန္း။အိပ္ခန္းၿပီးလွ်င္ ထမင္းစားခန္း မီးဖိုေခ်ာင္ျဖစ္သည္။ထို႔ေနာက္တြင္မွ ေရခ်ိဳးခန္းအိမ္သာရွိသည္။အိမ္ေလးသည္ သာမန္႐ိုး႐ိုးအိမ္တစ္လုံး ပုံစံသာ ျဖစ္သည္။ထူးထူးျခားျခားဆို၍ အိပ္ခန္းမ်ားေပၚတြင္ ေဆာက္လုပ္ထားေသာ ထပ္ခိုးတစ္ခုပါရွိသည္။


“အတြင္းဘက္က မီးမလာရင္ ေမွာင္တယ္ေနာ္ … နင္ေနရဲရဲ႕လား ”


ငယ္ေပါင္းသူငယ္ခ်င္းေတြမို႔ ငုဝါအေၾကာင္းကို သိေသာ သူငယ္ခ်င္းျဖစ္သူက ေမးသည္။


“ေနရဲပါတယ္ …ေဘးမွာလဲအိမ္ေတြရွိတာပဲ … ၿပီးေတာ့ လူမေနထားတဲ့ အိမ္ေဟာင္းမွ မဟုတ္တာ…လူေတြေနသြားတာပဲဟာ ”

ေျပာမယ့္သာ ေျပာလိုက္ရသည္။ငုဝါရင္ထဲ ထိတ္ခနဲေတာ့ ခုန္လႈပ္သြားမိသည္။ငုဝါက သရဲတေစၦ လွ်ိဳ႕ဝွက္ဆန္းၾကယ္ ဇာတ္လမ္းမ်ားကို ေရးေသာ တက္သစ္စ စာေရးဆရာတစ္ေယာက္ ျဖစ္သည္။လွ်ိဳ႕ဝွက္ဆန္းၾကယ္ အေၾကာင္းမ်ားကို ေရးေသာ စာေရးဆရာ ဆိုေသာ္လည္း ငုဝါက ေၾကာက္တတ္သည္။ေျပာရမည္ဆိုလွ်င္ စာေရးသူကိုယ္တိုင္က ေၾကာက္တတ္၍ ေၾကာက္ေၾကာက္ႏွင့္ ေရးလိုက္ေသာ စာမူမ်ားမွာ ပို၍အသက္ဝင္ေနသည္ဟု ေျပာရေလမည္လား။လူ႔စိတ္သည္ ဆန္းေတာ့ ဆန္းၾကယ္လွေပသည္။ေၾကာက္တတ္သူမ်ားသည္ ေၾကာက္စရာ လန္႔စရာ ကိစၥမ်ားကို ပို၍စိတ္ဝင္စားတတ္ၾကသည္။သိခ်င္ၾကသည္။ေလ့လာစူးစမ္းခ်င္ၾကသည္သာ။ ငုဝါ သည္ ငယ္စဥ္က အလြန္ေၾကာက္တတ္သည္။ၾကမ္းေပါက္ကေလးရွိလွ်င္ပင္ မထိုင္ရဲေလာက္ေအာင္ ေၾကာက္လန႔္တတ္သူျဖစ္သည္။သို႔ေသာ္ သရဲတေစၦ အေၾကာင္း ေျပာလွ်င္ ငုဝါ အလြန္စိတ္ဝင္စားသည္။သရဲ တေစၦ အေၾကာင္း႐ုပ္ရွင္၊ ဗီဒီယိုကားမ်ားႏွင့္ စာအုပ္မ်ားကို အလြန္ဖတ္သည္။သို႔ႏွင့္ပင္ ငုဝါသည္ သရဲတေစၦႏွင့္ လွ်ိဳ႕ဝွက္ဆန္းၾကယ္ ဇာတ္လမ္းမ်ားကို ေရးသားသူတစ္ေယာက္ ျဖစ္လာခဲ့သည္။


~~~~~~~~~~~~~~~~~


ညခုႏွစ္နာရီပင္ရွိေသးေသာ္လည္း တိတ္ဆိတ္လြန္းေသာ ပတ္ဝန္းက်င္ေၾကာင့္ ငုဝါစိတ္ထဲ အားငယ္သလိုလိုျဖစ္ေနမိသည္။ယခင္ ငုဝါ ေနခဲ့ေသာေနရာဆိုလွ်င္ ည ဆယ္နာရီ ဆယ့္တစ္နာရီပင္လွ်င္ လူသံ၊ကားသံမ်ားၾကားေနရေသာၾကာင့္ သည္ေနရာႏွင့္ အကြာႀကီးကြာလွေပသည္။


ငုဝါသည္ ညကိုးနာရီထိုးၿပီးေနာက္တြင္ ဖြင့္ထားေသာတီဗီကို ပိတ္လိုက္ၿပီးလွ်င္ အိပ္ရာဝင္ရန္ျပင္လိုက္သည္။သည္ေန႔ညမွာ ပင္ပန္းလြန္းေသာေၾကာင့္ စာမေရးျဖစ္ဘဲ ေနာက္ေန႔မွသာ ေရးရန္ ဆုံးျဖတ္လိုက္ေလသည္။


~~~~~~~~~~~~~~~~~~


ငုဝါအိပ္ေနရင္းမွ ဖ်တ္ခနဲ လန္႔ႏိုးလာမိသည္။ႏိုးႏိုးခ်င္းမွာပင္ ငုဝါ တစ္ကိုယ္လုံး ေခြၽးစီးမ်ားထြက္ေနသည္ကို သိလိုက္ရသည္ ။ငုဝါ မအိပ္ခင္ ဖြင့္ထားခဲ့ေသာပန္ကာကိုၾကည့္လိုက္မိသည္။ပန္ကာကပိတ္ေနသည္။ေနာက္ေဖးဘက္တြင္ ထြန္းထားေသာ မီးအလင္းေရာင္ကို ေတြ႕ေနရေသာေၾကာင့္ မီးပ်က္၍ ပန္ကာပိတ္သြားျခင္းမဟုတ္မွန္းကို ငုဝါသိလိုက္သည္။ သို႔ဆိုလွ်င္ ပန္ကာ အဘယ္ေၾကာင့္ ပိတ္သြားပါသနည္း ။ပင္ပန္းေသာအရွိန္ေၾကာင့္ငုဝါ ၾကာရွည္ မစဥ္းစားႏိုင္ပါဘဲ ပန္ကာကို ျပန္ဖြင့္လိုက္ၿပီးလွ်င္ ပစၥဳပၸန္အေျခအေနကို ေမ့သြားၿပီး ျပန္အိပ္လိုက္ေလသည္။


~~~~~~~~~~~~~~~~~~~

သည္တစ္ႀကိမ္ ငုဝါႏိုးလာရျခင္းသည္ ပန္ကာ ပိတ္သြားေသာေၾကာင့္ ပူအိုက္လွသျဖင့္ ႏိုးလာျခင္း မဟုတ္ဘဲ အေၾကာင္းမဲ့သက္သက္ ႏိုးလာရျခင္းျဖစ္ပါေလသည္။အေၾကာင္းမဲ့သက္သက္ဆိုေသာ္လည္း ျခင္ေထာင္ေဘးတြင္ တစ္ေယာက္ေယာက္ထိုင္ေနၿပီး ငုဝါကို ေစာင့္ၾကည့္ေနသလို ခံစားေနရေသာေၾကာင့္ လန္ႏိုးလာရျခင္းျဖစ္ေလသည္။ငုဝါသည္ ႏိုးႏိုးခ်င္းမွာပင္ ျခင္ေထာင္ေဘးရွိအေမွာင္ထဲသို႔ မ်က္လုံးအျပဴးသားႏွင့္ ၾကည့္လိုက္မိသည္။ငုဝါ အိပ္ေနေသာ အခန္းထဲသို႔ အိမ္ေရွ႕ႏွင့္မီးဖိုေခ်ာင္သို႔ ဆက္သြယ္ထားေသာ စၾကၤန္လမ္းမွ မီေရာင္ခပ္မွိန္မွိန္သည္ ကြက္တိကြက္ၾကားက်ေရာက္လ်က္ရွိေပသည္။ဟိုတစ္စ သည္တစ္စ အလင္းေရာင္ ခပ္မွိန္မွိန္ေအာက္တြင္ အခန္းထဲရွိ ပစၥည္းမ်ား၏ အရိပ္မ်ားကိုၾကည့္ရသည္မွာ အနည္းငယ္ ထိတ္လန္႔တုန္လႈပ္ခ်င္စရာျဖစ္ေလသည္။ငုဝါသည္ အိပ္ရာမွ အသာထလိုက္ၿပီးလွ်င္ အေပါ့အပါးသြားရန္အတြက္ အိမ္သာရွိရာသို ထြက္လာခဲ့သည္။


ေျခလွမ္းမ်ားကိုတစ္လွမ္းခ်င္းလွမ္းေနရင္းမွ အေနာက္မွ တစ္ေယာက္ေယာက္လိုက္ပါလာသလို ခံစားလိုက္ရေသာေၾကာင့္ ငုဝါေနာက္ဘက္ဆီသို႔ လွည့္၍လွည့္၍ ၾကည့္မိေလသည္။ထိုအခါ ရွည္ရွည္ေမ်ာေမ်ာ အရိပ္ႀကီးတစ္ခုကို ေတြ႕လိုက္ရေသာေၾကာင့္ ငုဝါရင္ေတြဒိန္းခနဲ ခုန္လႈပ္သြားမိၿပီးလွ်င္ ႐ုတ္တရက္ ေျခဖ်ားလက္ဖ်ားမ်ားပင္ ေအးစက္သြားေလသည္။ၿပီးမွ အေသအခ်ာ ထပ္မံၾကည့္မိလိုက္ေသာအခါ ထိုရွည္ရွည္ေမ်ာေမ်ာ အရိပ္ႀကီးမွာ မိမိ၏အရိပ္ပင္ျဖစ္ေၾကာင္းကို သိလိုက္ ရၿပီး ငုဝါ သက္ျပင္းကို ခ်လိုက္မိေလသည္။


~~~~~~~~~~~~~~~~~~~


ငုဝါအိမ္သာမွ ျပန္ထြက္လာေသာအခါတြင္လည္း အလာတုန္းကကဲ့သို႔ပင္ ငုဝါ၏ အနီးအပါးတြင္တစ္ေယာက္ေယာက္ရွိေနသည္ကဲ့သို႔ ခံစားရျပန္ေသာေၾကာင့္ ေဘးဘီဝဲယာ ေနရာအႏွံ႔သို႔ ၾကည့္မိျပန္ေလသည္။သို႔ေသာ္လည္း ဘာဆိုဘာမွ် မေတြ႕ရေပ။သို႔ပါလ်က္ႏွင့္ ငုဝါမွာ မိမိႏွင့္ အတူတစ္ေယာက္ေယာက္ရွိေနသကဲ့သို႔ ခံစားေနရေလသည္။ငုဝါ မရဲတရဲျဖင့္ အိမ္၏ ေနရာအႏွံ႔သို႔လိုက္ၾကည့္ေနရင္းမွ ထပ္ခိုးဆီသို႔ အၾကည့္ ေရာက္သြားမိေလသည္။

ေလွ်ာက္လမ္း၏ မီးေရာင္သည္ ထပ္ခိုးအထိ မေရာက္ရွိႏိုင္ေသာေၾကာင့္ ထပ္ခိုးတစ္ခုလုံး ေမွာင္မည္း၍ ေနေလသည္။ငုဝါသည္ ေမွာင္မည္းေနေသာ ထပ္ခိုးဆီသို႔ ၾကည့္ေနမိရင္းမွ ထပ္ခိုးဆီမွ ေခါင္းႀကီး ငိုက္စိုက္ခ်လ်က္ ဆံပင္ဖားလ်ားႏွင့္ျဖဴျဖဴအရိပ္ႀကီးဆင္းလာသကဲ့သို႔ ျမင္ေယာင္မိေလသည္ ။ ထို႔ေနာက္ ထပ္ခိုးသို႔ တက္ေသာ ေလွကား၏ထိပ္တြင္ မည္းမည္းသ႑ာန္ အေကာင္ႀကီးတစ္ေကာင္ ငုတ္တုတ္ႀကီး ထိုင္ေနသကဲ့ စိတ္မွ ျမင္ေယာင္မိျပန္ေလသည္။ငုဝါသည္ မိမိ စိတ္ထဲမွ ထင္ခ်င္ရာထင္ျမင္ခ်င္ရျမင္ေနမိၿပီးသည့္ေနာက္ ထိတ္လန႔္ေၾကာက္႐ြံ႕စိတ္သည္ သာ၍ပင္ ဆိုးလာေသာေၾကာင့္ အိပ္ခန္းထဲသို႔အျမန္၀င္လိုက္ၿပီးလွ်င္ ဖုန္းျဖင့္ ပရိတ္ပ႒ာန္းတရားမ်ားကို ခပ္တိုးတိုးဖြင့္ထားလိုက္သည္။အမွန္စစ္စစ္ ငုဝါသည္ ေၾကာက္လန႔္တတ္သူျဖစ္ေသာ္လည္း ဤမွ်ေလာက္ အသည္းငယ္သူတစ္ေယာက္မဟုတ္ပါေခ်။ယခုမူ ငုဝါ သည္ ပထမဆုံး ညမွာပင္ ညနက္သန္းေခါင္အခ်ိန္တြင္ လန႔္ႏိုးလာၿပီးေနာက္ ျပန္၍ မအိပ္ရဲေအာင္ပင္ ျဖစ္ေနမိေလသည္။ျပန္အိပ္မည္ အႀကံႏွင့္ မ်က္လုံးကို စုံမွိတ္လိုက္ေသာ္လည္း ျခင္ေထာင္အျပင္မွေန၍ မိမိအား တစ္စုံတစ္ေယာက္က ၾကည့္ေနသလို ခံစားေနရေသာေၾကာင့္ မအိပ္ရဲေအာင္ပင္ ျဖစ္ေနမိေလသည္။


.~~~~~~~~~~~~~~~~~


ငုဝါ မနက္ ကိုးနာရီေက်ာ္မွ ႏိုးလားခဲ့ၿပီး ေကာ္ဖီတစ္ခြက္ေဖ်ာ္လိုက္ၿပီးလွ်င္ ၿခံထဲသို႔ အေညာင္းအညာေျပ လမ္းေလွ်ာက္ရန္ ဆင္းခဲ့သည္။


“တူမႀကီး ေနရတာ အဆင္ေျပရဲ႕လား …အကူအညီလိုရင္ ေျပာေနာ္ ”


ေဘးၿခံမွ အေဒၚႀကီး၏ စကားသံေၾကာင့္ ငုဝါလည္း အားတက္သလိုျဖစ္သြားရၿပီး


“ေက်းဇူးပါ ေဒၚေဒၚ … ေရာက္စမို႔ အိပ္လို႔ေတာ့ မေပ်ာ္ဘူး …အိမ္ကလဲႀကီးေတာ့ စိတ္ထဲ ေခ်ာက္ခ်ားေနမိသလို ျဖစ္ေနတယ္ ”


ငုဝါသည္ စိတ္ထဲ ခံစားေနရသည့္အတိုင္း ေဘးၿခံမွ အေဒၚႀကီးကို ေျပာလိုက္မိသည္။


“ဪ … တစ္ေယာက္တည္း ျဖစ္ေနလို႔ ေနမွာပါကြယ္ … အိမ္က သန္႔ပါတယ္ …အရင္ေနသြားတဲ့ မိသားစုမွာ ဆိုရင္ ကေလးေတြပါပါတယ္ေလ … ေၾကာက္စရာ ဘာမွမရွိပါဘူးကြယ္ ”


“ဒါနဲ႔ သူတို႔က ဘာလို႔ ေျပာင္းသြားၾကတာလဲ ေဒၚေဒၚ ”


ငုဝါလည္း ေမးလက္စႏွင့္ မထူးၿပီးမို႔ သိခ်င္ေနေသာ အေၾကာင္းအရာကို ေမးလိုက္သည္။

.

“သူတို႔က ၿခံပိုင္ဝယ္လိုက္လို႔ ေျပာင္းသြားၾကတာကြဲ႕ …အျခားေၾကာင့္ မဟုတ္ပါဘူး …ေျပာမယ္ဆိုရင္ …ဒီအိမ္နဲ႔ ဒီၿခံက ဘာဘာညာညာေတြ မရွိပါဘူးကြယ္ … ေဒၚႀကီးတို႔ မိသားစု ဒီအိမ္ေဘးမွာေနလာၾကာလွေပါ့ ဒီအိမ္မွာ လူလဲ မေသဖူးဘူး…..ၿပီးေတာ့ အိမ္ေဆာက္ထားတာလဲ ေလးငါးေျခာက္ႏွစ္ပဲရွိေသးတယ္ေလ……ထူးထူးျခားျခားဆိုရင္ ဒီအိမ္မွာ ေနသြားတဲ့သူေတြ အကုန္ စီးပြားတက္သြားၾကတာကြဲ႕ …ဒါေပမဲ့ တစ္ခုေတာ့ ရွိတယ္ကြဲ႕ ”


အေဒၚႀကီးသည္ စကားေျပာေနရင္းမွ ၿခံစည္း႐ိုးနားမွ ႏြယ္ပင္မ်ားကို ဓါးႏွင့္ခုတ္ျဖတ္ေနေသာေၾကာင့္ ေျပာလက္စ္စကားကို ရပ္တန္႔ လိုက္ေလသည္။ငုဝါမွာ အေဒၚႀကီးေျပာမည့္ ေနာက္ဆက္တြဲစကားကို သိခ်င္လြန္းေသာေၾကာင့္ ၿခံစည္း႐ိုးနားသို႔ တိုးကပ္၍သြားမိၿပီး ေမးလိုက္မိေလသည္။


“ဒါေပမဲ့ ဘာျဖစ္လို႔လဲ ေဒၚေဒၚ ”


” သိပ္အထူးျခားႀကီးေတာ့ မဟုတ္ပါဘူးကြယ္ … ဒီအိမ္ကလူမၿမဲဘူးကြဲ႕ … အိမ္ေဆာက္ၿပီး ေျခာက္ႏွစ္အတြင္းမွာ မိသားစု ဆယ္စုမကဘူး ေျပာင္းလာလိုက္ ျပန္ေျပာင္းသြားလိုက္ၾကန္႔ ၾကာရွည္မေနၾကဘူး … ဒုကၡေရာက္ၿပီး ေျပာင္းသြားၾကတာေတာ့ မဟုတ္ပါဘူးကြယ္ … ဘာေတြညာေတြ မရွိတာမို႔ စိတ္ေအးေအးနဲ႔ သာေနပါကြယ္ ”


~~~~~~~~~~~~~~~~~


ယမန္ေန႔က အိပ္ေရးဝဝမအိပ္ခဲ့ရေသာေၾကာင့္ ယေန႔ညလည္း ငုဝါသည္ ညစာစားၿပီးေနာက္ ဘုရားရွိခိုးအမွ်ေဝၿပီး ခပ္ေစာေစာအိပ္ဖို႔ဆုံးျဖတ္လိုက္သည္။သည္ေန႔အဖို႔မွာေတာ့ ေဘးၿခံမွ အေဒၚႀကီး၏ စကားေၾကာင့္ ငုဝါမွာ စိတ္ေအးလက္ေအးရွိေနသည္မွာ အမွန္ပါပင္။

ငုဝါ ပန္ကာကိုနံပတ္တစ္မွာထားလိုက္ၿပီး အိပ္ရာထဲသို႔ ၀င္လိုက္သည္။မိုးဦးဝင္ကာစ ရာသီျဖစ္ေသာ္လည္း အနည္းငယ္ပူေသာေၾကာင့္ အေအးႀကိဳက္ေသာ ငုဝါက ညလုံးေပါက္ပင္ ပန္ကာကို ဖြင့္အိပ္ေလ့ရွိသည္။သို႔မွသာလည္း အပူဒဏ္ကို မခံႏိုင္ေသာ ငုဝါအဖို႔ အိပ္ေပ်ာ္ႏိုင္သည္ျဖစ္ေပသည္။


~~~~~~~~~~~~~~~~~~~~

အိပ္ေပ်ာ္ေနရာမွ ငုဝါဖ်တ္ခနဲ လန႔္ႏိုးလာမိျပန္သည္။ငုဝါသည္ ႏိုးႏိုးခ်င္းမွာပင္ ျခင္ေထာင္ အျပင္ အခန္းေထာင့္ အေမွာင္ထဲသို႔ စူးစိုက္၍ ၾကည့္လိုက္မိသည္။အခန္းေထာင့္ အေမွာင္ထဲတြင္ လႈတစ္ေယာက္ ငုတ္တုတ္ထိုင္ေနၿပီး ငုဝါကို စူးစိုက္ၾကည့္ေနသလို စိတ္က ထင္မိျပန္သည္။ေက်ာထဲမွလည္း စိမ့္ခနဲ စိမ့္ခနဲ ေအးလာသလို ခံစားလာရၿပီးလွ်င္ ရင္ထဲ၌လည္း တလွပ္လွပ္ ခုန္လႈပ္လာျပန္သည္ ။ ထိုစဥ္ ေခါင္းထက္တည့္တည့္ရွိ ထပ္ခိုးေပၚမွ အိမ္ေျမႇာင္ စုတ္ထိုးသံကို ၾကားလိုက္ရေသာေၾကာင့္ ငုဝါ ရင္ေတြ တဒိန္းဒိန္းခုန္လႈပ္သြားၿပီး ဖုန္းမီးေလးႏွင့္ ေတာင္ေျမာက္ အရပ္ေလးပါးသို႔ လိုက္လံ၍ ထိုးၾကည့္မိျပန္ေလသည္။ထိအခါ ပတ္ဝန္းက်င္သည္ ျပန္လည္၍တိတ္ဆိတ္သြားျပန္ေလသည္ ။ငုဝါသည္ အသက္ကို ခပ္ျပင္းျပင္းရႉရႈိက္လိုက္ၿပီးလွ်င္ မီးခလုတ္ရွိရာသို႔ တုန္တုန္ယင္ယင္ႏွင့္ ထသြားလိုက္ၿပီး မီးခလုတ္ကို ဖြင့္လိုက္သည္။ လင္းထိန္သြားေသာ အခန္းထဲတြင္ ငုဝါ အနည္းငယ္မွ် ေၾကာက္စိတ္ေျပသြားမိေလသည္။


~~~~~~~~~~~~~~~~~~


” ငုဝါ မ်က္တြင္းေတြလဲက်လို႔ ပိန္သြားလွခ်ည္လားဟယ္ … စာေတြ ဘယ္ေလာက္ေတာင္ ေရးေနတာလဲ ”


သူငယ္ခ်င္းျဖစ္သူ၏စကားေၾကာင့္ ငုဝါမွာ ` ငိုခ်င္ရဲ႕ လက္တို႔ “ဆိုသလို ျဖစ္သြားမိၿပိလွ်င္ သူငယ္ခ်င္းကိုျဖစ္ေၾကာင္း ကုန္စင္ကို ေျပာျပလိုက္သည္။


“ေသခ်ာလို႔လားဟယ္ …ငါတို႔စုံစမ္းရသေလာက္ ဒီအိမ္က သန႔္ပါတယ္ … နင္ေရးမဲ့ဇာတ္လမ္းအေၾကာင္း စဥ္းစားရင္း စိတ္ထဲ စြဲသြားလို႔ မ်ားလားဟယ္ … အရင္ အိမ္ငွားေတြက ဟိုဘက္ရပ္ကြက္မွာတင္ေနတာဆို ေမးၾကည့္ပါလား ”


သူငယ္ခ်င္းျဖစ္သူ၏ အႀကံျပဳစကားကို နားေတာင္ၿပီးေနာက္ ငုဝါက ျပန္ေျဖလိုက္သည္။


“ဘယ္ေနမလဲဟာ ..ေမးၿပီးေပါ့ …သူတို႔ေျပာတာ ဟုတ္ေတာ့လည္း ဟုတ္တယ္… ငါလဲ တစ္ခါမွ အေျခာက္မခံရပါဘူးဟယ္…ဒါေပမဲ့ ေျပာင္းလာတဲ့ေန႔ကတည္းက ေကာင္းေကာင္း မအိပ္ခဲ့ရဘူးေလ … ခုဆို ရက္ၾကာလာတာနဲ႔အမွ်လူလည္း လူမမာ႐ုပ္ေပါက္ေနၿပီေလ…စာလဲ ေန႔လယ္ေန႔ခင္းမွာခဏတစ္ျဖဳတ္ေလာက္ပဲေရးႏိုင္တယ္ေလ .. ”


“မိန္းမေရ မင္းသမီးကေတာ့ ….ေတြ႕သမွ်မုန႔္ လိုက္ဆြဲေနတာပဲ ”


“ကိုသက္ေအာင္တို႔ သားအဖပါ လိုက္လာတာလား ”


” ဟုတ္ပ ငုဝါေရ … ပိတ္ရက္မို႔ပ်င္းလို႔တဲ့ေလ …”


ငုဝါတို စကားေျပာေနစဥ္မွာ တစ္ႏွစ္ေက်ာ္အ႐ြယ္ ကေလးငယ္ေလးကို ခ်ီပိုးၿပီး အိမ္ေပၚသို႔ တက္လာေသာ သူငယ္ခ်င္း၏ခင္ပြန္း ျဖစ္သူကိုသက္ေအာင္ကို ငုဝါ ႏႈတ္ဆက္စကားေျပာလိုက္သည္။


“အီ..ဟီး …ဟီး .ဟီး ”


” သမီးေလး ဘာလို႔ငိုတာလဲကြယ္ … လာ …လာ …ေမေမ့ဆီကိုလာ .”


ကိုသက္ေအာင္ အိမ္ေပၚသို႔ တက္လိုက္သည္ႏွင့္ ကေလးက အထိတ္တလန႔္ႏွင့္ ငိုပါေလသည္။ မိခင္ျဖစ္သူက ဆြဲေခၚယူလိုက္ၿပီး ေခ်ာ့ေသာ္လည္း ကေလးမွာ အငိုမတိတ္ဘဲရွိေလသည္။


“ငုဝါေရ ငါေအာက္ဆင္းၿပီး ကေလးေခ်ာ့လိုက္အုံးမယ္ဟာ ”


” ဟုတ္ … ဟုတ္ကဲ့ ကိုသက္ေအာင္ ”


ငုဝါသည္ ကိုသက္ေအာင္ကို ေယာင္ကန္းကန္ႏွင့္ ေခါင္းၿငိမ့္ျပလိုက္မိသည္။


“သမီးေလးက အိမ္က ေမွာင္လို႔ ငိုတာျဖစ္မယ္ ငုဝါ …”


သူငယ္ခ်င္းျဖစ္သူ၏ စကားကို ငုဝါ ဘာမွျပန္မေျပာဘဲ ၿငိမ္သက္စြာ နားေထာင္ေနမိေလသည္။


“နင္ ဒီမွာ ေနရတာ အဆင္မေျပလဲ ….တို႔အိမ္လိုက္ေနပါလား ”


” ရပါတယ္ဟာ … ေနာက္ဆို ေနသားက်သြားမွာပါ ”


သူငယ္ခ်င္းျဖစ္သူကို ငုဝါေခါင္းခါျပရင္း ျငင္းဆန္လိုက္သည္။ကိုယ့္ေၾကာင့္ သူမ်ားကို အလုပ္ရႈပ္ စိတ္မရႈပ္ေစလိုပါေလ။အိမ္လခ အဆုံးခံၿပီး ေျပာင္းရေအာင္လည္း ငုဝါမွာ ေငြမ်ားမ်ားစားစားရွိသည္မဟုတ္ေပ။


~~~~~~~~~~~~~~~~~~~~~

ပန္ကာကို ျခင္ေထာင္အျပင္ ခပ္ေဝးေဝးမွာ ထားလိုက္ၿပီးလွ်င္ ငုဝါ အိပ္ရာထဲသို႔ဝင္လိုက္သည္။ ယေန႔အဖို႔မွာေတာ့ ညသန္းေခါင္ တေရးႏိုး အခ်ိန္တြင္ ပိတ္ေနတတ္ေသာ ပန္ကာကိစၥကို အမိဖမ္းရန္အတြက္ ငုဝါ ႀကံစည္ထားသည္။ ယခင္ေန႔ေတြတုန္းက ပန္ကာကို ျခင္ေထာင္ထဲသို႔ ထည့္အိပ္ျခင္းျဖစ္ေသာေၾကာင့္ ငုဝါကိုယ္တိုင္မ်ား အိပ္ခ်င္မူးတူးနဲ႔ ပိတ္မိေလသလားဟု ထင္ေယာင္ထင္မွား ျဖစ္ေနမိေသာေၾကာင့္ ယခုကဲ့သို႔ စမ္းသပ္ရျခင္းျဖစ္ေလသည္။


~~~~~~~~~~~~~~~~~~~


သတိႏွင့္ အိပ္ေနေသာေၾကာင့္ ငုဝါ မၾကာခဏဆိုသလို လန္႔ႏိုးေနမိသည္။ ဒုတိယအႀကိမ္ေျမာက္ လန္ႏိုးလာခ်ိန္ထိ ပန္ကာက လည္ေနဆဲျဖစ္ေသာေၾကာင့္ ငုဝါ ရင္ထဲမွ စိုးရိမ္ထိတ္လန႔္မႈမ်ား အနည္းငယ္ ေျပေလ်ာ့သြားမိသည္။ငုဝါျခင္ေထာင္ အျပင္ကို ခဏတာမွ်စူးစိုက္ၾကည့္လိုက္မိၿပီးေနာက္ျပန္လည္ အိပ္လိုက္သည္။


~~~~~~~~~~~~~~~~~


“အမယ္ေလး ”


ငုဝါ သည္ အိပ္ေပ်ာ္ေနရင္းမွာ မိမိလက္ကို ေအးစက္စက္ အရာတစ္ခုက လာေရာက္ထိေတြ႕လိုက္သလို ခံစားလိုက္ရေသာေၾကာင့္ အိပ္ခ်င္မူးတူးႏွင့္ ေယာင္ေအာ္လိုက္မိသည္။ၿပီးေနာက္ အိပ္ရာထဲမွ ႀကဳံး႐ုန္းထလိုက္ၿပီးလွ်င္ ျခင္ေထာင္ေဘးကို အထိတ္တလန႔္ႏွင့္ ၾကည့္လိုက္မိသည္။


“ဟင္ ” ပန္ကာမွေလကို မရရွိေတာ့ေသာေၾကာင့္ ငုဝါ အထိတ္တလန္႔ႏွင့္ ဖုန္းမီးကို ဖြင့္ကာပန္ကာကို ထိုးၾကည့္လိုက္မိသည္။


“အား ”


ဖုန္းမီးအလင္းေရာင္ ေအာက္တြင္ ငုဝါ ျမင္လိုက္ရသည္မွာ ျခင္ေထာင္ေဘးတြင္ ငုတ္တုတ္ထိုင္ကာ ျဖဴျဖဴေဖြးေဖြးမ်က္ႏွာႀကီးႏွင့္ ငုဝါကို စိုက္ၾကည္ေနေသာ မ်က္ႏွာႀကီးကိုေတြ႕လိုက္ရေသာေၾကာင့္ ေသြးပ်က္မတက္ ေအာ္လိုက္မိသည္။သို႔ေသာ္လည္း အသံမွာ ထြက္မလာဘဲ ငုဝါတစ္ကိုယ္လုံးပါ လႈပ္ရွား၍ မရေအာင္ ျဖစ္ေနေလသည္။ငုဝါအထိတ္တလန္႔ႏွင့္ ႐ုန္းကန္လႈပ္ရွားရင္း ေအာ္ဟစ္ေနမိသည္။ထိုအခ်ိန္ထိ ျဖဴျဖဴေဖြးေဖြး မ်က္ႏွာႀကီးမွာ ငုဝါကို စိုက္ၾကည့္ေနဆဲပင္ ျဖစ္ေလသည္။ငုဝါ ေဇာေခြၽးမ်ားျပန္လာၿပီးလွ်င္ ေၾကာက္လန႔္တၾကားႏွင့္ ေနရာမွ ထရန္ အားကုန္ ႀကိဳးစားလိုက္ရာ ငုဝါ တစ္ကိုယ္လုံး လႈပ္ရွား၍ ရသြားေလသည္။ထိုအခါမွပင္ ငုဝါအိပ္မက္မက္ေနသည္မွန္းကို သိလိုက္ရသည္။ငုဝါ တုန္တုန္ယင္ယင္ႏွင့္ အိပ္ရာထဲမွထလိုက္ၿပီး ျခင္ေထာင္ ေဘးကို ၾကည့္လိုက္မိသည္။ထိုအခါ ညဦးက အေသအခ်ာဖြင့္ထားခဲ့ေသာ ပန္ကာမွာ ပိတ္ေနသည္ကို ေတြ႕လိုက္ရသည္။ထိတ္လန္႔လြန္းသျဖင့္ ငုဝါတစ္ကိုယ္လုံး ေခြၽးဒီးဒီးက်ေနၿပီျဖစ္ေလသည္။ျခင္ေထာင္ အျပင္သို႔ ထြက္လိုက္ၿပီးလွ်င္ တစ္အိမ္လုံးရွိမီးမ်ားကိုလိုက္ဖြင့္လိုက္သည္။တစ္အိမ္လုံး ထိန္ထိန္လင္းသြား၍ ေၾကာက္စိတ္ေျပေလ်ာ့သြားေသာ္လည္း ငုဝါ၏စိတ္ထဲတြင္ အနီးအပါးမွ တစ္စုံတေယာက္ကပ္လိုက္လာသလိုခံစားေနရၿပီး ေျခသံတရွပ္ရွပ္ကိုပါ ၾကားေယာင္ေနမိေလသည္။


~~~~~~~~~~~~~~~~~~~


“ဪ ညီမက ( ….) အိမ္ကို ငွါးလိုက္တဲ့သူလား ”


“ဟုတ္ပါတယ္ အစ္မ …အဲ့ဒါေၾကာင့္ ဟိုေလ …အစ္မတို႔ေနခဲ့တုန္းကေရာ ဘယ္လိုေတြႀကဳံခဲ့သလဲဟင္ ..”


ငုဝါသည္ ယခုလက္ရွိ မိမိေနေနေသာ အိမ္၏ ပိုင္ရွင္ေဟာင္းကို ေမးလိုက္မိသည္။ သူကလည္း ငုဝါႏွင့္ မ်က္မွန္းတန္းမိေနၿပီျဖစ္ေသာေၾကာင့္ ငုဝါကို ေကာင္းေကာင္းမြန္မြန္ပင္ ျပန္၍ ေျဖေလသည္။


“ဘယ္လိုေျပာရမလဲ …မေကာင္းတာဘာညာေတာ့ မႀကဳံဖူးပါဘူးကြယ္ …. ဒါေပမဲ့ အိမ္မွာ တစ္ေယာက္တည္း ႏွစ္ေယာက္တည္းက်န္ခဲ့ရင္ေတာ့ အလိုလိုေနရင္းစိတ္ေခ်ာက္ခ်ားသလိုျဖစ္မိၾကတယ္ … ေျခာက္တာလွန႔္တာ မခံၾကရရဘဲ အလိုလို ေက်ာစိမ့္ မိတာမ်ိဳးေပါ့ …ဒါနဲ႔ အစ္မတို႔လဲ အရင္ အိမ္ရွင္ အဆက္ဆက္ကို စုံစမ္းၾကည့္ေတာ့ အိမ္မွာ လူေသထားတာလဲ မရွိဘူးတဲ့… ဒါေပမဲ့ သူတို႔ေတြလဲ အလိုလိုေနရင္ ထိတ္လန႔္ေနမိၾကလို႔ ေျပာင္းကုန္ၾကတာတဲ့ေလ …ညီမေလးက တစ္ေယာက္တည္းသမားဆိုရင္ေတာ့ အဲ့ဒီမွာ မေနပါနဲ႔ကြယ္ ….အျခားမွာေျပာင္းေနပါလား ”


~~~~~~~~~~~~~~~~~~~

ငုဝါ အိမ္ေရွ႕ ၀ရံတာေလးမွာ ထိုင္ရင္း အိမ္အေၾကာင္းကို ေတြးေနမိသည္။ၿခံထဲတြင္ ႀကီးႀကီးမားမားသစ္ပင္ဆို၍ ၿခံဝမွ ပိေတာက္ပင္ႀကီး သာရွိသည္။သို႔ပါလ်က္ အိမ္သည္ အဘယ္ေၾကာင့္ ထိတ္လန႔္ေခ်ာက္ခ်ားဖြယ္ျဖစ္ေနသည္ကို စဥ္းစား၍ မရႏိုင္ေအာင္ ျဖစ္ေနမိေလသည္။


“တူမႀကီးေရ ေဒၚေဒၚ ဝင္ခဲ့မယ္ေနာ္ ”


“ဟုတ္ကဲ့ ေဒၚေဒၚ ဝင္ခဲ့ပါ ”


ေဘးအိမ္မွ အေဒၚႀကီးသည္ ေျပာေျပာဆိုဆိုႏွင့္ ၿခံထဲသို႔ဝင္လာေသာေၾကာင့္ ငုဝါ လွမ္းႏႈတ္ဆက္လိုက္သည္။


“တူမႀကီး ေနရတာ အဆင္မေျပဘူးလား …”


” အဆင္မေျပတာထက္ စိတ္က ေခ်ာက္ခ်ားေနမိတာပါ ေဒၚေဒၚ …ဘာရယ္မွန္းလဲ ေသခ်ာမသိပါဘူး ”


ေဘးၿခံက အေဒၚႀကီး၏ အေမးကို ငုဝါ အလိုက္သင့္ေျဖလိုက္သည္။


“ေဒၚႀကီးတို႔လဲ ေနလာတာၾကာပါၿပီကြယ္ … ၿခံထဲ ဘာအရိပ္ေယာင္မေတာ့ မျမင္မိဘူး …ဒီအိမ္ရဲ႕ မူလပိုင္ရွင္ေတြက လဲ ေဒၚႀကီးတို႔လို ႏွစ္ခ်ီၿပီး ေနခဲ့တာေပါ့ကြယ္ … ေနာက္ေတာ့ ဒီၿခံႀကီးကို ေရာင္းၿပီး ၿမိဳ႕ထဲဘက္ကို ေျပာင္းသြားၾကတယ္ေလ … ေနာက္ ေရာက္လာတဲ့ လူသစ္ေတြက ေဟာ့ဒီအိမ္ႀကီးကိုေဆာက္ၿပီး ေနခဲ့ၾကတာေပါ့ … ဒါေပမဲ့ သူတို႔ကသိပ္မၾကာဘူး ေျပာင္းသြားၾကျပန္ေရာ …အဲ့ဒီလိုနဲ႔ ဒီအိမ္မွာ ႏွစ္ျပည့္ ေအာင္ ေနသြားတဲ့သူမရွိျဖစ္လာတာေပါ့ … သူတို႔အားလုံး အေျခာက္အလွန႔္ ရွိလို႔ ေျပာင္းၾကတာေတာ့ မဟုတ္ပါဘူးကြယ္ ”


” ဟုတ္ကဲ့ ေဒၚႀကီး …ဒါဆို …ပိုင္ရွင္အသစ္ေျပာင္းလိုက္ၿပီး ဒီအိမ္သစ္ေဆာက္ၿပီးမွ အေျပာင္းအေ႐ႊ႕ေတြမ်ားလာတာလား ေဒၚႀကီး ”


ငုဝါက အေဒၚႀကီးကိုေမးလိုက္သည္။


“အင္း … ဟုတ္တယ္ကြဲ႕ …ဒီအိမ္သစ္မွာ လူမၿမဲတာကေတာ့ အမွန္ပဲ ”


” ဒါနဲ႔ ေဒၚႀကီး… ဒီအိမ္က သစ္ေတြက အသစ္ေတြလား ….ဒါမွမဟုတ္ အိမ္ေဟာင္းကို ဝယ္ၿပီး ေဆာက္ထားတလား ”


ငုဝါ သည္ သိခ်င္တာကိုေမးလိုက္သည္။


“အိမ္ေဟာင္းကိုဝယ္ၿပီး ေဆာက္ထားတာပဲ .. အိမ္တိုင္ေတြကို အမွတ္အသားလုပ္ထားလို႔ … အမွားမပါဘူးတဲ့ … အိမ္ေဟာင္းသြားဝယ္ၿပီး အိမ္ပန္ေဆာက္ေတာ့ ေဒၚႀကီးေယာက်ာ္းလဲ ပါတယ္ေလ ”


ေဘးၿခံမွ အေဒၚႀကီးက ေျပာဆိုၿပီးသည့္ေနာက္တြင္ သူ၏ၿခံဘက္သို႔ ျပန္၍ သြားေလသည္။


~~~~~~~~~~~~~~~~~~


အိပ္ေရးပ်က္ေသာညေတြမ်ားလာေသာေၾကာင့္ မဟန္ႏိုင္ေတာ့သည့္အဆုံးတြင္ တစ္အိမ္လုံးရွိမီးမ်ားကို ဖြင့္ထားၿပီး ငုဝါႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ပင္ အိပ္ေပ်ာ္သြားခဲ့ပါေလသည္။


~~~~~~~~~~—-~~~~~


“ရွပ္ …ရွပ္ …ရွပ္ ”


ငုဝါ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနရာမွာ မသိစိတ္၏ လႈံ႕ေဆာ္မႈေၾကာင့္ လန႔္ႏိုးလာခဲ့ျပန္သည္။ေနာက္တြင္ အခန္းအျပင္ဘက္မွ ေျခသံ တရွပ္ရွပ္ကို ၾကားလိုက္ရေသာေၾကာင့္ ငုဝါ တစ္ကိုယ္လုံး ၾကက္သီးေမြးညင္းမ်ားထလာၿပီး ထိတ္လန္႔သြားမိေလသည္။မိန္းခေလးတစ္ေယာက္တည္းေနမွန္း သိ၍သူခိုးသူဝွက္မ်ားကပ္သည္လား။ငုဝါ တုန္လႈပ္ေနေသာ စိတ္ကို ထိန္း၍ အိပ္ရာေဘးမွ လက္ကိုင္တုတ္ကို ေကာက္ယူလိုက္ၿပီး ေျခကို ေဖာ့နင္းလ်က္ အခန္းအျပင္သို႔ ထြက္ခဲ့လိုက္သည္။ညက တစ္အိမ္လုံးရွိ မီးမ်ားကို ဖြင့္ထားခဲ့ေသာ္လည္း ယခုအခါတြင္ ေနာက္ေဖး စၾကၤန္ မီးေရာင္ကိုသာ ေတြ႕ရေလသည္။ငုဝါတတ္ႏိုင္သမွ် ေျခကိုေဖာ့နင္း၍ ေလွ်ာက္ခဲ့သည္။


“ဟင္ ”


ငုဝါအခန္းထဲမွ ထြက္ထြက္ခ်င္းမွာပင္ ေရွ႕မွေန၍ ေက်ာခိုင္းသြားေနေသာ လူတ္စ္ေယာက္ကို ျမင္လိုက္ရေသာေၾကာင့္ အသံတုန္တုန္ႏွင့္ လွမ္းေမးလိုက္မိသည္။သို႔ေသာ္လည္း ငုဝါႏႈတ္မွ အသံထြက္မလာႏိုင္ဘဲ ဆြံ႕အ၍ေနေလသည္။ငုဝါ၏ႏႈတ္မွ အသံထြက္မလာေသာ္လည္း ေရွ႕မွ ေက်ာ္ခိုင္းသြားေနေသာသူသည္ ငုဝါ ဘက္သို႔ လွည့္၍ၾကည့္လာေလသည္။


“အမယ္ေလး”


တစ္ေခါင္းလုံးေဖြးျဖဴေနေသာဆံပင္မ်ားႏွင့္ အဘြားအိုတစ္ေယာက္ကိုေတြ႕လိုက္ရေလသည္။ထိုအဘြားအိုသည္ ေသြးမရွိသကဲ့သို႔ ေဖြးဆုပ္ဆုပ္မ်က္နာျပင္ထက္ရွိ ျပဴးက်ယ္က်ယ္ မ်က္လုံးအစုံႏွင့္ ငုဝါကို လွမ္း၍ၾကည့္ေနၿပီးေနာက္ ငုဝါ ရွိရာဆီသို႔ ေျခေထာက္မ်ားကို တ႐ြတ္ဆြဲၿပီး ေလွ်ာက္လာသည္ကို ေတြ႕လိုက္ရသည္။ငုဝါသည္ ထို ျမင္ကြင္းကို ၾကက္ေသေသလ်က္ေၾကာင္ၾကည့္ေနမိစဥ္မွာပင္ အဘြားအိုသည္ ငုဝါကို ေက်ာ္လ်က္ အိမ္၏အေရွ႕ဘက္ဆီသို႔ ေလွ်ာက္၍သြားသည္။ၿပီးလွ်င္ အိမ္နံရံမ်ားကို လက္ႏွင့္ ပြတ္သပ္၍ ၾကည့္သည္။ၿပီးေနာက္ ငုဝါရွိရာဆီသို႔ ျပန္၍ ေလွ်ာက္လာၿပီးလွ်င္ ငုဝါမ်က္ႏွာကို စူးစူးစိုက္စိုက္ႏွင့္ၾကည့္ေလသည္။အဘြားအို၏ အျပဳအမူေၾကာင့္ ငုဝါမွာ အသက္ရႈဖို႔ရန္ပင္ ေမ့ေလ်ာ့ေနမိသည္။ဆံပင္ဖားလ်ားႏွင့္ ျဖဴျဖဴအရိပ္ႀကီးလိုလို လူပုံလိုလိုနဲ႔ အဘြားအိုသည္ ငုဝါကို အတန္ၾကာ စိုက္ၾကည့္ေနၿပီးေနာက္ ႏႈတ္မွ တစ္စုံတစ္ရာကို ေျပာလိုက္သကဲ့သို႔ ငုဝါခံစားသိရွိလိုက္သည္။အဘြားအို ေျပာေသာစကားမွာ “သမီးလဲ မဟုတ္ဘူး …သမီးတို႔ဘယ္မွာလဲ ”ဟု အဓိပၸါယ္ရေလသည္။ၿပီးလွ်င္ ေနာက္ဆက္တြဲ စကားမ်ားကိုလည္း ငုဝါ ခံစားသိရွိလိုက္ျပန္ေလသည္။”သမီးကို ရွာေပး …အဘြား သမီးကို ရွာေပးပါေနာ္ … ဒီအိမ္က သမီးေလးအတြက္ပဲ ….”


ငုဝါ သည္ အသိကင္းလြတ္ေနသူကဲ့သို႔ျဖစ္ေနေသာ္လည္း အဘြားအိုစိတ္ထဲမွ ေျပာေနသမွ်ကို သိရွိနားလည္ေနသလို ၊အဘြားအို၏ ေခ်ာက္ခ်ားဖြယ္ငိုသံကိုလည္း နားထဲတြင္ ၾကားေနရေလသည္။


“အဘြားရဲ႕အိမ္ကို ျပန္ေပး … ျပန္ေပးပါေနာ္ …ဒီအိမ္က အဘြားရဲ႕သမီးအတြက္ ေဆာက္ေပးထားတာေလ …” အဘြားအိုသည္ ေျပာေနရင္းမွပင္ ငုဝါ၏ အနားသို႔ ျပန္၍တိုးကပ္ လာၿပီးလွ်င္ မ်က္လုံးအိမ္ထဲတြင္ မ်က္ဆံအနက္ မပါရွိေသာ မ်က္လုံးေသႀကီးမ်ားႏွင့္ ငုဝါကို ၾကည့္ေလသည္။အဘြားအို၏ အၾကည့္ေၾကာင့္ ငုဝါ၏ အသည္းဆိုင္တစ္ခုလုံး ေအးစက္စက္လက္အစုံႏွင့္ဆုပ္ညႇစ္ခံလိုက္ရသကဲ့သို႔ ခံစားလိုက္ရသည္။ဒူးမ်ားမွာလည္း တဆတ္ဆတ္တုန္လ်က္ ၾကမ္းျပင္ေပၚသို႔ၫႊတ္ ေခြက်သြားသည္။


“အား ”

ေၾကာက္ေၾကာက္လန႔္လန္႔ႏွင့္ ေအာ္ဟစ္လိုက္မိေသာ ငုဝါ၏ အသံသည္ ျပင္ပသို႔ ထြက္မလာဘဲ အသက္မဲ့သူကဲ့သို႔ ျဖစ္ေနေသာ ခႏၶာကိုယ္ႀကီးသည္ ဆတ္ခနဲ လႈပ္ရွားသြားၿပီးလွ်င္ ဝုန္းခနဲ ထထိုင္လိုက္မိေလသည္။ထိုအခါမွပင္ ငုဝါသည္ အိပ္မက္မက္ေနမွန္းကို သိလိုက္ရေလသည္။အိမ္မက္သည္ ပီျပင္ထင္ရွားလြန္းလွေပသည္။ထို႔အတူ အိပ္မက္မွ လန္႔ႏို႔လာသည္ႏွင့္ တစ္ၿပိဳင္နက္ ထုံးစံအတိုင္း ပန္ကာမွာ ပိတ္ေနသည့္အျပင္ တစ္အိမ္လုံးေမွာင္မည္းေနေလသည္။ေမွာင္ေမွာင္မည္းမည္းထဲတြင္ အိမ္သည္ စိမ့္၍ေအးေနေလသည္။နားထဲတြင္လည္း ငိုသံသဲ့သဲ့ကို ၾကားေနမိသလိုပင္။ငုဝါဖုန္းမီးကို ဖြင့္လိုက္ၿပီးလွ်င္ ျခင္ေထာင္ အျပင္သို႔ မရဲတရဲ ၾကည့္လိုက္မိသည္။ထိုအခါ ျခင္ေထာင္အျပင္တြင္ ျဖဴျဖဴအရိပ္ႀကီးတစ္ခု ယိမ္းထိုးေနသည္ကို ေတြ႕လိုက္ရၿပီး ထိုအရိပ္မွာ ႐ုတ္ျခည္းပင္ ေပ်ာက္ကြယ္၍ သြားျပန္ေလသည္။ငုဝါသည္ ထိုအခ်င္းအရာကိုၾကည့္၍ တုန္လႈပ္ေခ်ာက္ခ်ားသြားမိၿပီးလွ်င္ မီးခလုတ္ ရွိရာဆီသို႔ ဝုန္းခနဲ ေျပးသြားလိုက္ၿပီးလွ်င္ မီးကို ဖြင့္လိုက္သည္။မီးအလင္းေရာင္ေအာက္တြင္ အိမ္ႀကီးသည္ ပကတိ တိတ္ဆိတ္ၿငိမ္သက္သြားျပန္ေလသည္။


~~~~~~~~~~~~~~~~~~~~


“ဦးေလးလိုက္ဝယ္ေပးခဲ့တာေတာ့ ဒီအိမ္ပဲကြဲ႕ …အိမ္ရွင္နဲ႔ ဦးေလး သိပါတယ္ကြယ္ .. ”


ေဘးၿခံမွ ဦးေလးႀကီးသည္ တစ္ထပ္တိုက္ပုေလးကို လက္ညႇိဳးထိုးျပရင္း မွ ငုဝါကို လွည့္၍ ေျပာသည္။ဦးေလးႀကီး၏ စကားေၾကာင့္ ငုဝါ စိတ္သက္သာရာ ရသြားမိသည္။ငုဝါမွာ ေဘးၿခံမွ ဦးေလးႀကီးကို အကူအညီေတာင္းၿပီး အိမ္ေဟာင္းဖ်က္ဝယ္ခဲ့ေသာ ပိုင္ရွင္ဆီသို႔ လိုက္ပို႔ခိုင္းျခင္းျဖစ္ပါေလသည္။


~~~~~~~~~~~~~~~~~~~


“တူမက ဘာကို သိခ်င္တာလဲကြယ္ ”


႐ုပ္ရည္ ခန႔္ခန႔္ထည္ထည္ႏွင့္ အိမ္ရွင္ အန္တီႀကီးက ငုဝါကို ေမးလာေလသည္။ငုဝါလည္း ညကအိမ္မက္ထဲတြင္ ျမင္ခဲ့ရေသာ အဘြားအို ပုံစံကို ေျပာၿပီး အိမ္ရွင္ အန္တီႀကီးကို ေမးလိုက္သည္။


“တူမႀကီး ေျပာပုံအရဆို အန္တီ အေမနဲ႔တူတာပဲ …ခဏေနာ္ အန္တီ ဓါတ္ပုံျပပါ့မယ္ ”


~~~~~~~~~~~~~


“ဟုတ္ ..ဟုတ္ပါတယ္ရွင္ …ဒီထဲက အဘြားပါမွန္ပါတယ္ ”


ငုဝါသည္အိမ္ရွင္ အန္တီႀကီးျပေသာ ဓါတ္ပုံကိုၾကည့္ရင္း မိမိႀကဳံခဲ့ရသမွ်ကို ေျပာျပလိုက္သည္။


“ဘယ္ ..ဘယ္လို တူမႀကီး …တကယ္ပဲလားဟင္ …အေမဆုံးသြားတာ ခုနစ္ႏွစ္ေက်ာ္ပါၿပီကြယ္ …အေမက သူ႔အိမ္ကို သိပ္ခ်စ္တာ … ၿပီးေတာ့ အဲ့ဒီအိမ္ေဆာက္ၿပီးေတာ့ အန္တီ အတြက္ဆိုၿပီး အၿမဲေျပာေနတာေလ … ေျပာရမယ္ဆိုရင္ အဲ့ဒီအိမ္ေဆာက္ၿပီးကတည္းက ခရီးေဝးလဲ ေခၚလို႔မရဘူး … ေနာက္ဆုံး အေမဆုံးသြားေတာ့ အန္တီတို႔လဲ …အလႉအတန္းေတြလုပ္ၿပီး အိမ္ကို အေမစြဲလမ္းမေနရေအာင္ အိမ္ကိုပါ ဖ်က္ေရာင္းခဲ့တာေပါ့ကြယ္ ….အခုေတာ့ .. အေမက ..”


အန္တီႀကီးမွာ ေျပာရင္းႏွင့္ ပါးျပင္ေပၚသို႔ မ်က္ရည္မ်ားစီးက်လာေလသည္။


~~~~~~~~~~~~~~~~~


ငုဝါသည္ ပစၥည္းမ်ားကို အငွားကားေပၚသို႔ တင္ၿပီးေနာက္တြင္ အိမ္ႀကီးကို ေနာက္ဆုံး အေနျဖင့္ ၾကည့္လိုက္မိေလသည္။ထိုအခါ အိမ္ေရွ႕ဝရံတာတြင္ အရိပ္ လိုလိုအရာကို ျမင္ေယာင္လိုက္မိေလသည္။


” ႏႈတ္ဆက္ခဲ့ပါတယ္ အဘြားေရ … မနက္ျဖန္ဆိုရင္…အဘြားေမွ်ာ္ေနတဲ့ အဘြားရဲ႕ သမီးက ….အဘြားအတြက္ အလႉအတန္းလာလုပ္ေပးမွာမို႔ သာဓုေခၚၿပီး ..ဒီဘဝက စြဲလမ္းမႈေတြကို ျဖတ္ေတာက္လို႔ ဘဝသစ္ကို ေအးေအးခ်မ္းခ်မ္း ကူးေျပာင္းပါေတာ့ အဘြားရယ္ ” ဟု ငုဝါ ႏႈတ္မွ ခပ္တိုးတိုးေျပာဆိုလိုက္မိပါေလသည္။


ဧၾကည္ျဖဴ

No comments

Post a Comment