ဝမ်းတွင်းစုန်းနှင့်ဖောက်ပြန်သူ (စ-ဆုံး)

မယားကြီးစကားကြောင့်သူလန့်သွားမိသည်ဒီသနပ်ခါးတုံးကိုမယားငယ်ကျိန်စာတိုက်လိုက်တာ သွားသတိရမိသည်သူလဲအမေအိမ်ယူသွားဘို့မေ့သွားခြင်းဖြစ်သည်ဒါပေမဲ့ဘာမ... thumbnail 1 summary



မယားကြီးစကားကြောင့်သူလန့်သွားမိသည်ဒီသနပ်ခါးတုံးကိုမယားငယ်ကျိန်စာတိုက်လိုက်တာ

သွားသတိရမိသည်သူလဲအမေအိမ်ယူသွားဘို့မေ့သွားခြင်းဖြစ်သည်ဒါပေမဲ့ဘာမှမဖြစ်လောက်လို့သူထင်သည်။

ညဘက်မှာတော့မင်ဟန်ထင်တာလွဲနေသည်မယားကြီးမျက်နှာတစ်ခုလုံးယားသည်ဆိုကာကုတ်နေသည်။

''''မင်းဟန့်----ရှင့်သနပ်ခါးကဘာတွေလဲယားလိုက်တာ''''

'''''မင်းနဲ့မတည့်ဘူးထင်တယ်မျက်နှာမြန်မြန်သွားသစ်လိုက်ပါလား''''''

သူ့မိန်းမလဲမျက်နှာအပြေးအလွှားသစ်ပေမဲ့ခဏအတွင်းပင်မျက်နှာတစ်ခုလုံးအင်ပြင်လို

အဖုတွေအပိန့်တွေထွက်လာကာနီရဲမို့အစ်၍လာသည်မှာကြောက်စရာပင်ကောင်းတော့သည်။

မင်းဟန်လဲအတော်လန့်သွားသည်သူ့မယားငယ်ကိုအစွမ်းကိုလဲအထင်မသေးရဲ

ဒါနဲ့မိုးလင်းတော့မယားကြီးအားဆေးခန်းသွားပြရသည်ဒါပေမဲ့သိပ်မသက်သာတာကြောင့်

အရေပြားအထူးကုဆီပြေးရပြန်သည်နောက်ဆုံးအထက်လမ်းဆရာကြီးတစ်ဦးဆီရောက်သွားကြသည်။

အထက်လမ်းဆရာကြီးကသူတို့လင်မယားအားအရင်ဘုရားရှိခိုးကာအာရုံခံကြည့်ရာဝယ်

'''''အော်မင်းတို့ကအနာတစ်ခြားဆေးတခြားဖြစ်နေတာကွ----'တကယ်တော့မင်းယူထားတဲ့မယားငယ်ဟာ------ဝမ်းတွင်းစုန်းတစ်ယောက်ပဲကွဲ့------

------သူပြောတာကျိန်တာတွေကတကယ်ဖြစ်နေတဲ့ဝမ်းတွင်းစုန်းအာဏာစက်သူ့မှာပါနေတယ်------မင်းကဝမ်းတွင်းစုန်းနဲ့မှသွားပတ်သတ်မိသကိုးးးး-------''''''

''' ဒါဆိုကျွန်တော်ဘာဆက်လုပ်ရမလဲဆရာ-----ကျွန်တော်သူ့ကိုဆက်မပေါင်းရဲတော့ဘူးးး-----ကျွန်တော့်ကိုကယ်ပါအုံးဆရာ---''''

''''အဲဒါမင်းအတွက်အိမ်ထောင်ရေးဖောက်ပြန်သူရဲ့သင်ခန်းစာပဲကွ-----ဝမ်းတွင်းစုန်းတွေကသူတို့ဝမ်းတွင်းစုန်းဖြစ်မှန်း----

သိတဲ့သူရှိသလိုမသိတဲ့သူလဲရှိတယ်--------မင်းမယားငယ်ကမသိဘူးဆိုရင်ငါ့ဆီခေါ်လာခဲ့ငါသူ့ပညာကိုလူ ခိုင်းလိုက်မယ်'''''''

''''မဟုတ်ရင်မင်းမှာအန္တရယ်အကြီးကြီးဖြစ်နိုင်တယ်'''''

ထိုဆရာကြီးဆေးကြောင့်မယားကြီးသက်သာပျောက်ကင်းသွားပေမဲ့မင်းဟန်စိတ်မအေးနိုင်ပေ

နောက်တစ်နေ့ညတွင်မင်းဟန်ထံသို့မယားငယ်ဖုန်းဆက်သည်အသံကမကျေနပ်သံ

''''ရှင်ပြောတော့ရှင့်အမေအိမ်ခဏပြန်မှာဆို-----တစ်ပတ်၁၀ရက်ဆိုအခုတော့-----ရှင့်မယားကြီးနဲ့အကြည့်စိုက်နေတယ်ပေါ့-----ရှင်၃ရက်အတွင်းပြန်မလာရင်ကျွန်မအဆိုးမဆိုနဲ့'''

''''အေးပါကွာ---အေးပါ''''

မင်းဟန်မယားစကားကြားတော့မပြန်ပဲမနေရဲပေပြန်မှဖြစ်မည်မဟုတ်ရင်ဘာဖြစ်မလဲမတွေးရဲပေ

ဒီလိုနဲ့မင်းဟန်မယားငယ်ဆီပြန်လာရင်းတွေးလာမိသည်မယားငယ်အားဆရာကြီးဆီချော့ခေါ်သွားကာ

သူ့ပညာတွေလူ ခိုင်းမှသူနဲ့မယားငယ်ဇတ်လမ်းအေးမည်သူလဲအန္တရယ်ကင်းမည်ဖြစ်သည်။

သို့ပေမဲ့မယားငယ်သည်သူထင်သလိုမဟုတ်ပေဘယ်လိုမှစည်းရုံး၍ခေါ်မရပေ

ပတ်ဝန်းကျင်ကလူများကလဲသူ့မယားငယ်အားဝေးဝေးကရှောင်လာကြသည်။

သူမနှင့်ရန်ဖြစ်သူတိုင်းသူမကျိန်သလိုဖြစ်နေကြသည့်အတွက်ကွယ်ရာတွင်

မိစ္ဆာမလို့ခေါ်နေကြသလိုအာကြမ်းလျှာကြမ်းအလွန်နိုင်သဖြင့်မင်းဟန်တောင်ရန်မဖြစ်အောင်ရှောင်နေရသည်။

သူ့မယားငယ်ကလဲသူမအားလူတွေကြောက်ကြသည်ကိုအလွန်သဘောကျနေပုံရသည်

သူမပညာအားစွန့်လွှတ်ဘို့ပြော၍ရမည်မထင်သူမ~သိသလား~မသိသလား~မသိပေမဲ့

ပြောပြလိုက်မှပိုဆိုးသွားမှာသူကြောက်မိသည်ထိုင်နေအကောင်းသားထသွားမှကျိူ းမှန်းသိဆိုသလိုဖြစ်မှာစိုးသည်။

ကိုယ်ရှုးကိုယ်ပတ်ဆိုသလိုမယားငယ်ဆီကလွတ်လမ်းကလဲမမြင်ပေဘာလုပ်ရမှန်းမသိ

တစ်နေ့သူ့မယားငယ်သည်သူမအဖေဆုံး၍တခြားနယ်သိုပြန်ရလေသည်။

ထိုအခါမင်းဟန်ကအလုပ်အကြောင်းပြကာကျန်နေခဲ့လိုက်သည်သူ့စိတ်ထဲအလွန်ပျော်နေသည်

သူမယားငယ်မရှိတုန်းမယားကြီးဆီအပြေးသွားရန်စိတ်ကူးမိသည်အထက်လမ်းဆရာဆီလဲသွား၍

အကျိူ းအကြောင်းပြောပြကာသူအတွက်ကျိန်စာလွတ်ရန်အကာအကွယ်တောင်းမည်ဟုအကြံနှင့်ဖြစ်သည်။

သူ့မယားငယ်အိမ်ကထွက်ပြီးမကြာခင်သူလဲအိမ်ကထွက်ကာမယားကြီးဆီအပြေးပြန်လေသည်။

ကံဆိုးချင်တော့အရေးကြီးပစ္စည်းမေ့ကျန်ခဲ့၍အိမ်ပြန်ယူသောမယားငယ်သည်အိမ်ရောက်သော်

တံခါးပိတ်ထား၍မင်းဟန်အလုပ်ထဲလိုက်သွားရာခွင့်ယူသွားသည်ဆို၍ဒေါသဖြစ်ကာကျိန်လိုက်လေသည်။

''''ငါ့ကိုလိမ်တဲ့အကောင်------လမ်းသွားရင်းကားမှောက်သေပါစေတော်---''' '

ထိုသိုကျိန်ပြီးဒေါနှင့်မောနှင့်ထွက်သွားသောမင်းဟန်မိန်းမအားအလုပ်ထဲကလူများစိတ်ပျက်စွာကြည့်ရင်းကျန်ခဲ့လေသည်။

နောက်တစ်နေ့မှာတော့မင်းဟန်စီးသွားသောကားသည်လမ်းတွင်မှောက်၍မင်းဟန်တစ်ယောက်

နေရာတွင်ပွဲချင်းပြီးဆုံးသွားသည်ဆိုသောသတင်းပင်ဖြစ်လေသည်။

မင်းဟန်မယားငယ်ဆီကရာသက်ပန်လွတ်မြောက်သွားပြီဖြစ်သည်။

သို့ပေမဲ့သူမှာလွတ်မြောက်ရန်လမ်းမရှိသောနေရာလဲရှိနေသည်ကိုသူမသိရှာပေ

ပြီး

D Moe Moe

No comments

Post a Comment