*ချစ်၍ပြန်လာသော*📖📖📖 (စ-ဆုံး)

********************************** သော်တာလမင်းစန္ဒာ ဒီအကြောင်းကိုကျွန်မပြန်မပြောချင်ဘူး။ဒဏ်ရာအဟောင်းက အသစ်ဖြစ်ရလို့ နာကျင်ရတယ်။ဒါမယ့်လည်းအခု... thumbnail 1 summary



**********************************

သော်တာလမင်းစန္ဒာ

ဒီအကြောင်းကိုကျွန်မပြန်မပြောချင်ဘူး။ဒဏ်ရာအဟောင်းက
အသစ်ဖြစ်ရလို့ နာကျင်ရတယ်။ဒါမယ့်လည်းအခုနေအခါမှာ
နေသားကျပြီး တရားသဘောကိုနားလည်ခံစားလာတတ်တော့
ထိတ်လန့်ခဲ့ရတဲ့ညကိုရေးပြပါရစေ။

လွန်ခဲ့တဲ့ငါးနှစ်ကျော်လောက်က မိုးကြီးလေကြီးရွာချတဲ့ညမှာ
ကျွန်မနဲ့သားလေး၂ယောက်ထဲ အိမ်မှာရှိနေတာပေါ့။သားလေးက
၁နှစ်ကျော်ပဲရှိပါသေးတယ်။သားဦးလေးပါ။ကျွန်မယောကျာ်းက
ဖုန်းဆိုင်အသေးလေးကို သူ့ငယ်ချင်းနဲ့ ရှယ်ယာလုပ်ပြီးဖွင့်ထား
ပါတယ်။

အဲ့ဒီအချိန်က၅သိန်းဖုန်းတွေ၂သိန်းဖုန်းတွေချပေးတဲ့အချိန်။
ဖုန်းဆိုင်လေးကရောင်းရတော့ ယောကျာ်းကညမိုးချုပ်မှဆိုင်ပိတ်
ပါတယ်။ည၉နာရီခွဲမှပိတ်တယ်။ဆိုင်နဲ့အိမ်ကဆိုင်ကယ်နဲ့နာရီဝက်
လောက်မောင်းရပါတယ်။

အဲ့ညမှာ ည၁၀နာရီခွဲနေပေမယ့်ယောကျာ်းကအိမ်ပြန်မရောက်လာ
သေးပါဘူး။ကျွန်မလည်းစိတ်ပူပြီးသူ့ငယ်ချင်းကိုဖုန်းဆက်မေးတော့
၉နာရီခွဲကပဲဆိုင်သိမ်းပြီးအိမ်ပြန်သွားတယ်လို့ပြောပါတယ်။အိမ်နဲ့
ဆိုင်က ပုံမှန်မောင်းရင်တောင် ၄၅မိနစ်ဆိုရောက်သင့်နေတာ။

ခုက၁၀နာရီခွဲပြီး ၁၅မိနစ်တောင်စွန်းလာပြီ။ပြန်မရောက်လာသေး
ဘူး။ကျွန်မလည်းအရမ်းစိတ်ပူသွားတယ်။ယောက္ခအိမ်ကို ဖုန်းဆက်
ပြီးမေးတယ်။မလာဘူးတဲ့။သူ့ငယ်ချင်းတွေကို ဖုန်းဆက်တယ်။
မလာဘူးပဲပြောကြပါတယ်။

၁၁နာရီလည်းထိုးနေပြီ။ကျွန်မယောက္ခမတွေကိုအိမ်လာခေါ်ခိုင်း
ပြီးယောကျာ်းကိုလိုက်ရှာကြည့်ဖို့စိတ်ကူးလိုက်တယ်။အဲ့ဒီအချိန်
မှာကျွန်မယောကျာ်းပြန်လာပါတယ်။အိမ်ရှေ့ကအော်ခေါ်နေလို့
တခုခုဖြစ်ပြီဆိုတာလည်းသိလိုက်တယ်။

ခါတိုင်းအိမ်ပြန်လာရင်ဆိုင်ကယ်ဟွန်းတီးပြီးခေါ်နေကြ။အခုက
ဆိုင်ကယ်သံမကြားဘူး။ကျွန်မထိတ်ထိတ်လန့်လန့်နဲ့အိမ်တံခါး
သွားဆင်းဖွင့်ပေးလိုက်တယ်။ယောကျာ်းကခြေဗလာနဲ့ပြန်လာ
တာ။ဆိုင်ကယ်လည်းပါမလာဘူး။ဖိနပ်လည်းမပါလာဘူး။

ယောကျာ်း ရှင့်ဆိုင်ကယ်ဘယ်မှာလဲ လို့မေးတော့ အလုခံရသတဲ့။
သူဆိုင်ပိတ်ပြီးပြန်လာတော့ လူ၂ယောက်ကဆိုင်ကယ်နဲ့ကပ်လိုက်
လာပြီးအနောက်ကနေဝင်တိုက်တယ်တဲ့။ယောကျာ်းကစိတ်တိုပြီး
မင်းတို့ဘာလုပ်တာလဲဘာညာပေါ့။ဟိုကဆိုင်ကယ်ရှေ့ပိတ်ရပ်
ပစ်တယ်။

ယောကျာ်းကလည်းဆိုင်ကယ်ဘရိတ်အမြန်အုပ်လို့ပေါ့ မဟုတ်ရင်
ပိတ်ရပ်ထားတဲ့ဆိုင်ကယ်ကိုဝင်တိုက်မိတော့မှာတဲ့။အဲ့မှာပဲလူနှစ်
ယောက်ကဘာမပြောညာမပြောနဲ့ ခါးကြားကတုတ်နဲ့ဝင်ရိုက်တော့
တာပဲတဲ့။သူကလည်းပြန်ခုခံပေမယ့်၂ယောက်၁ယောက်ဆိုတော့

မနိုင်ဘူး။

သူမှောက်ကျသွားတာနဲ့ဆိုင်ကယ်၁ယောက်၁စီးမောင်းပြေးသွား
တာပါတဲ့။ကျွန်မယောကျာ်းကိုကြည့်တော့ မျက်နှာမှာနဲနဲညိုမည်း
နေတာကလွှဲလို့ ဘာမှသိပ်မထိခိုက်မိဘူး။လူသိပ်မထိလို့တော်သေး
တာပေါ့လို့ မနက်ဖြန်ရဲစခန်းသွားပြီးအမှုဖွင့်မယ်လို့တိုင်ပင်ကြသေး
တယ်။

ညမိုးချုပ်နေပြီဆိုတော့ယောကျာ်းလည်း နားတော့ဆိုပြီးသူ့ကို
စောင်အပါးလေးခြုံပေးလိုက်တယ်။ယောကျာ်းကုတင်ပေါ်အိပ်လိုက်
တာနဲ့ အိပ်ပျော်နေတဲ့သားလေးကထငိုပါလေရော။ကျွန်မလည်း
သားကိုချော့သိပ်ဖို့အိပ်ခန်းအပြင်ဖက်ထွက်လာခဲ့လိုက်တယ်။
ယောက္ခမတွေဆီဖုန်းဆက်ပြီးပြန်ရောက်လာပြီဆိုတဲ့အကြောင်း
လှမ်းပြောရသေးတယ်။စိတ်ပူနေမှာစိုးလို့။

သားငိုသံနဲ့သားရဲ့အဖေမအိပ်ရမှာစိုးလို့ သားကိုချော့ရတာပေါ့။
အပြင်ထွက်တော့သားကအငိုတိတ်သွားပါတယ်။ပြန်အိပ်ပျော်သွား
လို့ အခန်းထဲပြန်ဝင်ပြီး ယောကျာ်းနဘေးနားသိပ်လိုက်ရင်ပဲ ထပ်ငို
လာပြန်လေရော။

အဲ့လိုသုံးလေးခါဖြစ်လာတော့ကျွန်မလည်းအိပ်မရတော့ဘူး။ဒီည
တော့မိုးလင်းအခန်းအပြင်မှာသားကိုဖက်ပြီးငုတ်တုတ်ထိုင်ရမယ့်
သဘော။ယောကျာ်းကတော့နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေရှာ
တယ်။

ည၂နာရီလောက်ရောက်တော့သားကရှုးရှုးပေါက်ချလို့ဘောင်းဘီ
လဲပေးဖို့အခန်းထဲဝင်ယူတာပေါ့။ကျွန်မလည်းသားဘောင်းဘီရွေး
နေတုံးစိတ်ကမသန့်လာဘူးဖြစ်လာတယ်။ဘောင်းဘီအမြန်ယူပြီး
ယောကျာ်းဖက်ကြည့်လိုက်တာမျက်နှာသေကြီးနဲ့ကျွန်မကိုကြည့်နေတယ်။

ကျွန်မလည်းလန့်ပြီး ရှင်ဘာဖြစ်တာလဲလို့မေးတာပြန်မဖြေဘူး။
သူ့အနားကြောက်ကြောက်နဲ့သွားပြီးလှုပ်လိုက်တော့မှသတိဝင်
လာတယ်။အင်း အဲ နဲ့။ခုနကဘာလို့ရုပ်သေကြီးနဲ့ကြည့်နေတာလဲ
လို့မေးကြည့်တော့သူအိပ်ပျော်နေတာပါတဲ့။မသိဘူးတဲ့။

အင်းပေါ့ သူလည်းလန့်ထားတော့ခြောက်ခြားနေတာနေမှာလို့
ကျွန်မထင်မိလိုက်တယ်။သားလေးကိုဘောင်းဘီလဲပေးပြီးအိပ်
မရလို့ငုတ်တုတ်ထိုင်နေရတယ်။၅နာရီလောက်ကြတော့ အိပ်မရ
မယ့်တူတူမျက်နှာသစ်ပြီးအိမ်အလုပ်တွေလုပ်နေလိုက်တယ်။

သားလေးနိုးလာတော့မနက်၆နာရီထိုးပြီ။သားကနို့ဖြတ်ထားခါစ
မို့ မနက်အစောသားအတွက် ကွေကာကျိုပေးနေတုံးဖုန်းလာပါရော။
ယောက္ခမဆီကဖုန်းလာတာ။ယောကျာ်းဆုံးပြီတဲ့။ကျွန်မအံ့သြသွား
တယ်။အမေမဟုတ်တာပဲ အမေ့သားကိုနိုင်ကအိမ်မှာအိပ်နေတာ
လို့ပြောပြတယ်။

ယောက္ခမကလည်းသူလည်းမယုံဘူးတဲ့။သူ့ကိုဆေးရုံကနေဖုန်း
ဆက်လာတယ်ပြောတယ်။သူ့သားဖုန်းနဲ့ဆက်လာတာတဲ့။သူ့သား
နဲ့ဖုန်းပြောချင်တယ်ဆိုတာနဲ့ကျွန်မအခန်းထဲအပြေးဝင်သွားပေး
တော့ ကုတင်ပေါ်မှာကျွန်မယောကျာ်းရှိမနေဘူး။

ကျွန်မလည်းအမေခဏကိုင်ထားပေးဦးဆိုပြီးယောကျာ်းကိုလိုက်
ရှာတာတစ်အိမ်လုံးအနှံ့ပဲ လုံးဝရှာမတွေ့ခဲ့ဘူး။အမေရေညကအိမ်
ကိုပြန်လာအိပ်တာသေချာတယ်အခုအိမ်မှာရှိမနေဘူးဆိုတော့
ယောက္ခမကအိမ်လာမယ်တဲ့။

အဲ့ဒါနဲ့ကျွန်မအိမ်မှာထိုင်စောင့်နေမိတယ်။စောင့်နေရင်းယောကျာ်း
ဖုန်းကိုဆက်တော့ကျွန်မယောကျာ်းညကအရိုက်ခံရပြီး ပလက်
ဖောင်းနဲ့ခေါင်းဆောင့်မိတာ နေရာတင်ဆုံးသတဲ့။ကျွန်မဘယ်လို
ယုံရမလဲ။

ယောက္ခမအိမ်လာတာနဲ့ဆေးရုံကိုချက်ချင်းလိုက်သွားကြည့်တယ်။
ရင်ခွဲရုံကိုပို့လိုက်ပြီဆိုလို့ရင်ခွဲရုံကိုအပြေးသွားတယ်။အဲ့ဒီမှာ
ကျွန်မယောကျာ်းအလောင်းကိုတွေ့လိုက်ရတာပါပဲ။

ညတုံးကဝတ်ထားတဲ့ရှပ်အကျီ င်္အကွက်စိပ်လေးနဲ့ကျွန်မယောကျာ်း
အစစ်။ဘဝရဲ့အားကိုးအားထားရတဲ့သူပျောက်ကွယ်လို့သွားခဲ့
ပါပြီ။ယောကျာ်းကသူဆုံးပြီးသူ့ဝိညာဉ်ကအိမ်ကိုပြန်လာခဲ့တာ
နဲ့တူပါတယ်။

သူ့ရဲ့ကျွန်မတို့သားအမိအပေါ်ချစ်လို့ပြန်လာတဲ့စိတ်ကိုပြန်တွေးမိ
တိုင်း လွမ်းဆွတ်ဝမ်းနည်းနေရဆဲပေါ့။

ဖြစ်ရပ်မှန်အကြောင်းကိုပြန်လည်ခံစားရေးဖွဲ့ပါသည်။ပြောပြသည့်အစ်မမီအားကျေးဇူးအထူးတင်ပါတယ်ရှင်။
ဒီတစ်ပုဒ်က အရင်စိတ်ချောက်ချားဖွယ်ပရလောကနယ်ပယ်gpအဟောင်းမှာ တခြားကလောင်အသစ်စမ်းရင်းတင်ခဲ့ဖူးတာပါ။

သော်တာလမင်းစန္ဒ

No comments

Post a Comment