အောင်မြတ်သာနှင့်ကျောက်စိမ်းကြေးမုံ

  အောင်မြတ်သာနှင့်ကျောက်စိမ်းကြေးမုံ ညကနက်သထက်နက်လာတာနဲ့အမျှ ပိုးကောင်ငယ်လေးတွေရဲ့အော်မြည်သံက တစ်ဖြေးဖြေးကျယ်လောင်လာခဲ့တယ်။ တစ်ခါတစ်ရံ လေတို... thumbnail 1 summary

 အောင်မြတ်သာနှင့်ကျောက်စိမ်းကြေးမုံ


ညကနက်သထက်နက်လာတာနဲ့အမျှ ပိုးကောင်ငယ်လေးတွေရဲ့အော်မြည်သံက တစ်ဖြေးဖြေးကျယ်လောင်လာခဲ့တယ်။ တစ်ခါတစ်ရံ လေတိုက်လို့ သစ်ကိုင်းချင်းပွတ်တိုက်သံ၊ သစ်ရွက်လေချွန်သံတွေက တိတ်ဆိတ်နေတဲ့ညရဲ့ အဓိပ္ပါယ်ကိုပိုမိုပေါ်လွင်စေခဲ့တယ်။

အဲဒီလိုတိတ်ဆိတ်ငြိမ်သက်နေတဲ့ ညသန်းခေါင်အချိန်မှာတော့ လူသူအရောက်ပေါက်နည်းတဲ့ စေတီပျက်တစ်ဆူပေါ်မှာတော့ အောင်မြတ်သာတို့ဆရာတပည့်တွေရဲ့ဝင်လေထွက်လေရှုရှိုက်နေတဲ့အသံအချို့က စည်းချက်ညီစွာထွက်ပေါ်လာခဲ့တယ်။

သမာဓိအားကို ခိုင်မာအောင်တည်ဆောက်ပြီး ရှုမှတ်နေတဲ့အတွက် သမထက ပိုမိုအားကောင်းလာခဲ့တယ်။ နှာခေါင်းထိပ်ကနေရှုသွင်းလိုက်တဲ့လေကြောင့် မွှေးညှင်းနုလေးတွေ လှုပ်ခတ်သွားပုံ၊ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် အေးမြတဲ့လေဝင်ရောက်သွားပုံတွေကို ရုပ်ရှင်ပြသလို တစ်ဆင့်ချင်းမြင်ယောင်လာခဲ့တယ်။ အဲဒီအချိန် မျက်လုံးထဲမှာ စကားလုံးနဲ့ဖော်ပြလို့မရတဲ့ အလင်းတန်းအချို့ကို စူးရှစွာမြင်လိုက်ရတဲ့အတွက် အောင်မြတ်သာရဲ့မျက်ခုံးတွေ မသိမသာကျုံ့သွားခဲ့တယ်။ အလင်းရောင်တန်းတွေပျောက်သွားတဲ့အချိန်မှာတော့ ကြေးလင်ဗန်းနဲ့ပြင်ထားတဲ့ ကန်တော့ပွဲငါးပွဲရဲ့အရှေ့မှာ တင်ပလ္လင်ခွေထိုင်ပြီး ဂါထာတစ်ပုဒ်ကို တစ်တွတ်တွတ်ရွတ်ဆိုနေတဲ့ မိန်းမတစ်ယောက်ကို ဖျတ်ခနဲမြင်တွေ့လိုက်ရတယ်။သူ့ရဲ့အရှေ့မှာတော့ သွေးသံတရဲရဲဖြစ်နေတဲ့ လက်ချောင်းတွေအပြင် တစ်ဆတ်ဆတ်ခုန်နေတဲ့ ကိုယ်တွင်းကလီစာအချို့ကိုမြင်လိုက်ရတယ်။ အဲဒီမြင်ကွင်းပြီးတာနဲ့ ပုံရိပ်တွေဖျတ်ခနဲပျောက်သွားပြီး မျက်နှာကိုအဝတ်နဲ့ဖုံးထားတဲ့လူတစ်ယောက်က ကန်တော့ပွဲတွေအရှေ့မှာတင်ထားတဲ့ အရာတစ်ခုကို ခိုးယူကာ ပြန်ထွက်သွားတာကိုမြင်လိုက်ရတယ်။

အောင်မြတ်သာလဲ အတွေးနောက်မလိုက်ပဲ ပေါ်လာတဲ့အာရုံကိုချက်ချင်းဖျောက်ပြီး သမထကိုတည်မြဲအောင်သာကြိုးစားရှုမှတ်လာခဲ့တာ မနက်အရုဏ်တက်လင်းကြက်တွန်သံကြားတော့မှ မှိတ်ထားတဲ့မျက်လုံးတွေကိုဖွင့်ကာ တရားဖြုတ်ခဲ့တယ်။ တရားဖြုတ်ပြီးချိန်မှာတော့ သက်ခိုင်နဲ့ တောက်ရတို့ပြင်ဆင်ပေးထားတဲ့အရာတွေနဲ့ ကိုယ်လက်သန့်စင်ပြီး စေတီကို လက်ယာရစ်ပတ်ကာ စင်္ကြန်လျောက်နေခဲ့တယ်။

“ ဆရာ… ဆရာလေး ….”

အနောက်ကနေ တုန်တုန်ရီရီနဲ့ခေါ်တဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ မျက်နှာကိုလက်နဲ့အုပ်ထားပြီး အမွှေးကြမ်းတွေထူထပ်စွာပေါက်နေတဲ့ခန္ဓာကိုယ်ပေါ်မှာညစ်နွမ်းနေတဲ့ယောဂီစပတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကိုမြင်လိုက်ရတယ်။

“ သင်ကဘယ်သူပါလဲ”

“ ကျွန်တော်က ဘုရားပေါ်မှာနေတဲ့ သဘက်ကြီးတိုက်မောင်းပါ”

“ သင့််ကိုကြည့်ရတာ အသက်အတော်ကြီးမယ့်ပုံပဲ… ကဲ ဆိုစမ်းပါဦး ဘာကိစ္စများလဲ”

“ ကျွန်တော်ရဲ့သက်တမ်းက နှစ်၃၀၀ရှိပါပြီ… ဘုရားပေါ်မှာ နေတဲ့နှစ်က ၁၀၀လောက်ပဲရှိပါသေးတယ်။ အခု ကျွန်တော် ပြောချင်တာက ဆရာလေးတို့မှာပါလာတဲ့ ကျောက်စိမ်းပြားအကြောင်းပါ”

“ ကျောက်စိမ်းပြားကဘာဖြစ်လို့လဲ…”

“ ဆရာလေးတို့ယူလာတဲ့ ကျောက်စိမ်းပြားကြောင့် ဘုရားမှာနေတဲ့ နာနာဘာဝအငယ်လေးတွေက​ အတော်ကြောက်လန့်နေကြပါတယ်”

“ ဟင် … ဘာဖြစ်လို့ ကြောက်လန့်နေကြတာလဲ ပြောပြပါဦး”

“ ကျောက်စိမ်းပြားမှာပါတဲ့ အရုပ်တွေက သာမန်မဟုတ်ဘူးဆရာလေး.. အရင်ခေတ်က အဆင့်မြင့်ပညာသည်တွေကိုယ်တိုင် ဘုရင့်အမိန့်နဲ့စီရင်ထားတဲ့ မြို့ရိုးစောင့်အစီအရင်တွေဖြစ်နေလို့ပါ”

“ ဒီကျောက်စိမ်းပြားကို သာမန်လူတစ်ယောက်ဆီကနေ ရလာခဲ့ပေမယ့်.. ထူးဆန်းတာကိုတော့သတိထားမိခဲ့တယ်။ ဒါပေမယ့် အန္တရာယ်လဲမပေးတော့ သူ့သဘာဝအတိုင်းရှိနေပါစေဆိုပြီး အိတ်ထဲထည့်ထားလိုက်တာ”

“ ဆရာလေးတို့ တရားထိုင်နေတဲ့အချိန် အဲဒီကျောက်စိမ်းပြားထဲကနေ ထိုးကွင်းမှင်ကြောင်တွေထိုးထားပြီး ပါးမှာသနပ်ခါးကွက်ကို ထင်းနေအောင်လူးထားတဲ့ လူထွားကြီးတစ်ယောက်ထွက်လာခဲ့တယ်။ သူ့အရှိန်အဝါက အတော်ကြီးလို့ ရင်ပြင်မှာနေတဲ့ ကလေးတွေအကုန်ကြောက်လန့်ပြီး ကျွန်တော်ဆီရောက်လာခဲ့ပါတယ်။ ဆရာလေးတို့ သူ့ကိုအလွတ်မပေးပဲ စောင့်ကြည့်ပြီး ကျွန်တော်တပည့်သားမြေးတွေကို ကူညီပေးပါလို့ တောင်းဆိုပါရစေ”

အောင်မြတ်သာလဲ သဘက်ကြီးတိုက်မောင် တစ်ဖြစ်လဲ အဖိုးတိုက်မောင်းပြောတဲ့စကားတွေကို သေချာစဉ်းစားလိုက်ပြီး

“ ကျုပ်တို့ဆီမှာရှိနေတဲ့ ပစ္စည်းကြောင့် နောက်ထပ်ဒီလိုပြဿနာမျိုးမဖြစ်စေရဘူးလို့ ကတိပေးပါတယ်”

“ ကျေးဇူးတင်ပါတယ် ဆရာလေး… ကျုပ်လေ ဆရာလေးကိုမြင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀ကျော်လောက်က ဆုံတွေ့ခဲ့တဲ့သူတစ်ယောက်ကိုသတိရမိတယ်။ သူ့ကြောင့် ဆိုးသွမနေ အခုလိုအခြေအနေရောက်လာခဲ့တာ”

“ ဘယ်လောက်ပဲ ဆိုးသွမ်းပါစေ မိမိကိုယ်ကိုပြုပြင်ပြောင်းလဲနိုင်ခဲ့တယ်ဆိုတဲ့အချက်နဲ့တင် အဖိုးက ပုဂ္ဂိုလ်ကောင်းတစ်ပါးဖြစ်နေပါပြီ.. ခုနက ကိစ္စအတွက်လဲ စိတ်မပူပါနဲ့ ကျုပ်တို့အတတ်နိုင်ဆုံးရှင်းပေးပါမယ်”

“ ကောင်းပါပြီဆရာလေး… အလင်းရောင်လဲထွက်နေပြီဆိုတော့ ကျွန်တော်ကိုခွင့်ပြုပါဦး”

မျက်နှာတစ်ခုလုံး အမွှေးကြမ်းတွေနဲ့ဖုံးနေတဲ့ အဖိုးတိုင်မောင်းက ပခုံးပေါ်ကနေလျောကျလုဆဲဆဲဖြစ်နေတဲ့ယောဂီစကိုဆွဲတင်ကာ တံခွန်တိုင်ဘေးကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။

အောင်မြတ်သာလဲ တနင်္ဂနွေထောင့်မှာရှိတဲ့ စောင်းတန်းကိုပြန်ရောက်လာတဲ့အချိန် တောက်ရက

“ ဆရာ … ကျွန်တော်ညက တရားထိုင်နေတုန်း နားထဲမှာ ဓါးသွေးတဲ့အသံတွေကြားနေရတယ်..နောက်ပြီး အရမ်းပြင်းတဲ့သွေးညှီနံ့တွေလဲရတယ်”

တောက်ရစကားကိုကြားတော့ သက်ခိုင်က

“ ငါက သနပ်ခါးနံ့နဲ့သွေးညီနံ့ရောနေတဲ့ အနံ့မျိုးရတာ… ဆရာ အဲဒါကောင်းခြင်းတော့မဖြစ်နိုင်ဘူးထင်တယ်”

“ရင်ပြင်မှာရှိတဲ့အဖိုးပြောစကားတွေနဲ့ မင်းတို့နှစ်ယောက်ပြောတဲ့စကားတွေကိုချင့်ချိန်စဉ်းစားလိုက်ရင် ငါတို့ယူလာတဲ့ကျောက်စိမ်းပြားမှာ ပြဿနာရှိနေပြီထင်တယ်”

“ ဗျာ … ကျောက်စိမ်းပြားကို ကြည့်တာတော့ ထူးခြားမှုမတွေ့မိဘူး”

“ ဘယ်လိုပဲဖြစ်ဖြစ် ဒီည သေချာသိအောင် စမ်းကြည့်ပြီးမှ ဘာဆက်လုပ်မလဲ ဆုံးဖြတ်ကြတာပေါ့”

အောင်မြတ်သာစကားကိုကြားတော့ သက်ခိုင်နဲ့ တောက်ရတို့ရဲ့အကြည့်တွေက ကျောက်စိမ်းပြားထည့်ထားတဲ့ လွယ်အိတ်ပေါ်ကိုရောက်သွားခဲ့ကြတယ်။

+++++++

တစ်နေကုန်ခြစ်ခြစ်တောက်ပူခဲ့တဲ့အပူရှိန်က ညဘက်လဲရောက်ရော သူမဟုတ်တဲ့အတိုင်းမျက်နှာလွှဲသွားခဲ့ပေမယ့် အနောက်ဘက်လေညှင်းတွေကတော့ စေတီရဲ့ထီးတော်မှာချိတ်ဆွဲထားတဲ့ ခေါင်းလောင်းငယ်လေးတွေကို ထိတွေ့ကာကျီစယ်နေခဲ့ကြတယ်။

“ ချလွင် ချလွင် ချွင်”

နားဝင်ချိုလှတဲ့ ခေါင်းလောင်းသံတွေနဲ့အတူ ဖိုခနောက်ဆိုင်ထိုင်နေကြတဲ့ လူသုံးယောက်ဆီကနေ ဂါထာတစ်ပုဒ်ရွတ်ဆိုသံသဲ့သဲ့ထွက်လာခဲ့တယ်။

“ ဖျတ်ဖျတ်ဖျတ်… ဂလက် ဂလက်”

ဂါထာရွတ်ဆိုအပြီးမှာတော့ လူသုံးယောက်အလယ်မှာရှိနေတဲ့ ကျောက်စိမ်းပြားက ငါးရံ့ပြာလူးသလို တဖျတ်ဖျတ်နဲ့ခုန်လာပါလေရော။

“ ဒီကျောက်စိမ်းပြားမှာစွဲကပ်နေတဲ့အရာမှန်သမျှ ကျုပ်အရှေ့သို့ထွက်လာစေ… ဤအမိန့်သည် အထက်ဆရာကြီးများနဲ့ သက်ဆိုင်ရာနတ်ကောင်းနတ်မြတ်တို့ထံခွင့်တောင်းပြီးပေးတာဖြစ်လို့မဆိုင်သူဝင်ရောက်နှောက်ယှက်ပါက မီးလောင်ကျွမ်းပြီးပြာမှုန်အတိဖြစ်စေသား”

အောင်မြတ်သာက မာန်ဌာန်အပြည့်နဲ့အမိန့်ပြန်ပြီး ရင်ပြင်ကိုလက်ဝါးနဲ့ရိုက်လိုက်ရာ ငြိမ်နေတဲ့ ကျောက်စိမ်းပြားဆီကနေ မီးခိုးရောင်အငွေ့တွေထွက်လာခဲ့တယ်။ အငွေ့တွေပျောက်သွားတာနဲ့ တောင်ရှည်ပုဆိုးကိုခါးတောင်းကျိုက်ထားကာ ပေါင်မှာလဲ ထိုးကွင်းမှင်ကြောင်အပြည့်နဲ့လူထွားကြီးတစ်ဦးပေါ်လာပြီး လက်ခမောင်းကိုတစ်ဖျောင်းဖျောင်းမြည်အောင်ခတ်ပါလေရော။

“ သင် ဘယ်သူလဲဆိုတာအမှန်တိုင်းဖြေပါ”လို့ပြောလိုက်တော့အရပ်အမောင်းက ဆယ်တောင်လောက်ရှိပြီး ပါးနှစ်ဖက်မှာလဲ ညီညာတဲ့သနပ်ခါးပါးကွက်ကိုလိမ်းချယ်ထားတဲ့ လူထွားကြီးက အောင်မြတ်သာတို့ကိုငုံ့ကြည့်ကာ

“ ငါ့နာမည်က ငစိန် .. နင်တို့က ငါ့ကိုနေလို့မရအောင် ဘာကြောင့်လုပ်တာလဲ… ဟမ်းး”ဆိုပြီးအသံနက်ကြီးနဲ့အော်ပါလေရော။

အောင်မြတ်သာကတော့ လက်ခမောင်းခတ်နေတဲ့ လူထွားကြီးကို ဖြောင့်စင်းနေတဲ့မျက်တောင်လှန်ရုံသာမော့ကြည့်လိုက်ပြီး

“ ကျုပ်တို့က သင်အန္တရာယ်ဖြစ်အောင် နာကျင်အောင်လုပ်မယ့်သူတွေမဟုတ်ပါဘူး… ကျုပ်တို့သိချင်တာတွေဖြေပေးပြီးရင် သင့်နေရာကိုပြန်ပို့ပေးမှာပါ”

“ ငါအိပ်နေတာကို ဘုရားစာရွတ်တဲ့အသံတွေနဲ့နှိုးလိုက်ထဲက စိတ်တိုနေတာနော်… “

“ ဘုရားသံတရားသံကြားပြီး စိတ်တိုတယ်လို့ပြောထဲက သင်ကကောင်းတဲ့သူတော့မဟုတ်လောက်ဘူး”

“ ငါ့ဘဝမှာ ကုသိုလ်ဆိုတာ ဘာမှန်းတောင်မသိခဲ့ဘူး… ငါသိတာက မင်းတရားကြီးရဲ့အမိန့်ကိုလွန်ဆန်သူတွေ၊ ခိုးဆိုးလုနှိုက်တဲ့သူတွေရဲ့ လည်ပင်းကို လက်သုံးတော်ဓါးနဲ့တိခနဲပြတ်အောင်ဖြတ်ဖို့ပဲ… ဟားဟားဟား”

“ သင်လို အာဏာပါးကွက်သားက ဘယ်လိုကြောင့် ဒီလိုအစီအရင်ထဲရောက်နေခဲ့တာလဲ”

“ ငါကို နန်းတွင်းကဝေအချုပ်အဖွားကြီးက ဒီထဲထည့်ခဲ့တာ… ငါ့လိုပဲ လက်ယာဓါးသမားအဖွဲ့က သွေးသောက်ငဘုန်းမြတ်၊ ဝီယော်မြင်းတပ်ဖွဲ့က အိုးစားငကောင်းနဲ့ လက်မရွံ့လူသတ်သမားငဘိုးတေတို့လဲ ထည့်ပိတ်ခံခဲ့ရတယ်”

“ ဟင် သူတို့ကရော ဒီထဲမှာ မဟုတ်ဘူးလား”

“ ဒီထဲမှာ ငါတစ်ယောက်ပဲရှိတယ်… ငါ့ကိုထိန်းချုပ်ထားတဲ့ အနှောင်အဖွဲ့တွေထဲက တစ်ခုကမနေ့ညက သူ့အလိုလိုပြေလျော့သွားတဲ့အတွက် အပြင်ကိုထွက်ခွင့်ရခဲ့တာ”

“ သင်ကအပြင်ကိုထွက်ခွင့်ရရဲ့သားနဲ့ ဘာလို့အထဲကိုပြန်ရောက်နေတာလဲ”

“ မင်းတရားကြီးက သူ့ရဲ့နန်းတော်အသစ် ဝင်ပေါက်မှာ ငါ့ကိုစောင့်ကြပ်ဖို့အမိန့်ပြန်ခဲ့တဲ့အတွက် ငါအမှုတော်ကိုထမ်းရဦးမယ်… ဘာအကြောင်းကြောင့်နဲ့မှ ငါအမိန့်ကိုမလွန်ဆန်ဘူး”

“ ဒါဆိုရင် သင်အချုပ်နှောင်ခံထားရတဲ့ ကျောက်စိမ်းပြားလိုမျိုး နောက်ထပ်သုံးခုရှိသေးတာပေါ့”

“ အစီအရင်တွေကို မင်းတရားကြီးဆီဆက်သမယ့်ညမှာ ငါကိုချုပ်နှောင်ထားတဲ့ကျောက်စိမ်းပြားကို ကဝေအချုပ်အဖွားကြီးရဲ့ တပည့်တစ်ယောက်ကခိုးယူထွက်ပြေးသွားခဲ့တယ်… ဒါကြောင့် ငါဆိုတဲ့ကောင်က မင်းတရားကြီးရဲ့ အမိန့်အရ အနောက်ဘက်တံခါးမုဒ်ဦးကို စောင့်ရှောက်ရမယ့် တာဝန်ရှိနေခဲ့တယ်”

“ ဒါဆိုရင် သင်တို့က နန်းမြို့အသစ်တည်တုန်းက စတေးခံခဲ့ရတဲ့သူတွေပေါ့”

“ တယ် ရာရာစစ စတေးခံတယ်တဲ့လား… ငါတို့က ကိုယ့်ဆန္ဒနဲ့ကိုယ် အမှုတော်ထမ်းခဲ့တာကွ”

“ ကျုပ်တို့လဲ သိသင့်သလောက်သိရပြီဆိုတော့ သင်ပြန်နိုင်ပါပြီ”လို့ပြောလိုက်တော့ ထိုးကွင်းမှင်ကြောင်အပြည့်နဲ့ အာဏာပါးကွက်သားက အခိုးအငွေ့တွေဖြစ်ကာ ပျောက်ကွယ်သွားခဲ့တယ်။
++++++

နောက်တစ်နေ့ မနက်အရုဏ်တက်တဲ့အချိန်ရောက်တော့ အောင်မြတ်သာတို့ဆရာတပည့်တွေ ဘုရားရင်ပြင်ပေါ်ကနေဆင်းပြီး တောင်ဘက်စူးစူးအရပ်ကိုခရီထွက်ခဲ့ကြတယ်။

ခြေလျှင်တစ်တန် လှည်းတစ်တန်ဖြင့် နှစ်ရက်ခန့်ခရီးဆက်ပြီးတဲ့အခါမှာတော့ ဆင်းရဲတဲ့လူတန်းစားတွေနေထိုင်တဲ့ ဆင်ခြင်ဖုံးရပ်ကွက်တစ်ခုကိုရောက်လာခဲ့တယ်။

အင်ဖက်တွေမိုးထားတဲ့ တဲသေးသေးလေးတွေကို မြေကမူထက်မှာဖြစ်သလိုဆောက်ပြီးနေထိုင်ကြတဲ့လူတွေက အောင်မြတ်သာတို့ကိုမြင်တော့ အလှူခံတဲ့လူတွေလို့ထင်ပြီး လက်ခါမောင်းထုတ်ကြပေမယ့် အသားအရည်ပိန်လှီမဲခြောက်နေတဲ့လူတစ်ယောက်ကတော့ နွမ်းနယ်ပြီးအမဲကွက်တွေထနေတဲ့ ရခိုင်ငှက်ပျောသီးသုံးလုံးကို လာကမ်းပေးကာ

“ ကျုပ်တို့မှာလဲ ဒါပဲရှိလို့ ကောင်းသည်ဆိုးသည်သဘောမထားပဲ လက်ခံပေးပါ” လို့ပြောလိုက်တော့ အောင်မြတ်သာက ချေးအထပ်ထပ်ပေနေတဲ့လက်နဲ့ကိုင်ထားတဲ့ ငှက်ပျောသီးသုံးလုံးကိုယူကာ တစ်လုံးကိုသူ့အရှေ့မှာတင် ကုန်စင်အောင်စားပြလိုက်တယ်။

“ သာဓု သာဓု သာဓု ဤသို့လှူဒါန်းရတဲ့အကျိုးကို မျက်မှောက်ကာလမှာ အပြည့်အဝခံစားနိုင်ကြပါစေ”ဆိုပြီးဆုပေးကာ မြေနီလမ်းအတိုင်းထွက်သွားခဲ့တယ်။

မြေနီလမ်းကျဉ်းကနေ နာရီဝက်လောက်လမ်းလျောက်ပြီးတဲ့အချိန်မှာတော့ ဖြစ်သလိုမြုပ်နှံထားတဲ့ မြေပုံတွေထဲကနေ တစ်ပိုင်းတစ်စထွက်နေတဲ့ အလောင်းကောင်တွေကို စိမ်ပြေနပြေကိုက်ဖဲ့စားသောက်နေတဲ့ တောခွေးလေးငါးကောင်ကိုမြင်လိုက်ရတယ်။

ပွဲတော်တည်နေတဲ့တောခွေးတွေက အောင်မြတ်သာတို့ကိုလဲမြင်ရော ဘေးနားမှာရှိတဲ့ ဘိစပ်တောတွေထဲကို တိုးဝင်ထွက်ပြေးသွားခဲ့တယ်။

“ ဒီနေရာမှာ အခြေချပြီး ခဏနေရဦးမယ်ထင်တယ်”

“ ဒီလိုနေရာမှာ နေမယ်ဆိုထဲက အရေးကြီးကိစ္စရှိလို့မဟုတ်လား ဆရာ”

တောက်ရစကားကိုအောင်မြတ်သာက ဘာမှပြန်မပြောပဲ အသုဘချမယ့်သူတွေကို သရဏဂုံတင်ဖို့ ဖြစ်သလိုဆောက်ထားတဲ့ ဇရပ်ပေါ်ကိုတက်သွားခဲ့တယ်။
+++++++

ညသန်းခေါင်အချိန်ရောက်တော့ သင်္ချိုင်းအနောက်ဘက် ဖုန်းဆိုးတောထဲကနေ မီးအလင်းရောင်တွေထွက်လာတာကိုမြင်လိုက်ရတယ်။

“ ဆရာ.. ညကြီးအချိန်မတော် မီးတုတ်တွေနဲ့ပါလား”

သက်ခိုင်စကားကြောင့် အောင်မြတ်သာက တစ်ခုခုကိုစဉ်းစားမိပြီး

“ ဇရပ်ပေါ်က မီးတွေအကုန်ငြိမ်းပြီးကြည့်နေ… အသံမထွက်စေနဲ့” လို့ပြောကာ လွယ်အိတ်ထဲမှာထည့်ထားတဲ့ ကျောက်စိမ်းပြားကို ခရုပတ်အင်းနဲ့ပတ်လိုက်တာကို သက်ခိုင် သတိထားမိလိုက်တယ်။

ခဏနေတော့ နီညိုရောင်တောင်ရှည်ပုဆိုးကို ခါးတောင်းကျိုက်ထားတဲ့ လူလေးယောက်က တစ်ကိုယ်လုံးသွေးသံတရဲရဲဖြစ်နေတဲ့ ယောင်္ကျားတစ်ယောက်ကို သင်္ချိုင်းအလယ်မှာဒူးထောက်ထိုင််ခိုင်းပြီး လက်ထဲမှာရှိနေတဲ့ ဓါးနဲ့ဇက်ကိုတိခနဲပြတ်အောင် ပိုင်းချလိုက်တာမြင်လိုက်ရတယ်။

အောင်မြတ်သာတို့လဲ သွေးပျက်ဖွယ်မြင်ကွင်းကို မျက်တောင်မခတ်တမ်းကြည့်နေတဲ့အချိန် လွယ်အိတ်ထဲမှာရှိနေတဲ့ ကျောက်စိမ်းပြားက တစ်ဆတ်ဆတ်တုန်လာတာသတိထားမိခဲ့တယ်။

ဒါကိုသတိထားမိတဲ့သက်ခိုင်က လွယ်အိတ်ကိုယူမလို့ လက်ရွယ်လိုက်ရာ အောင်မြတ်သာက အသာနေဖို့ လက်ကာပြခဲ့တယ်။ ခဏနေတော့ ခေါင်းပြတ်ကာမလှုပ်မယှက်ဖြစ်နေတဲ့ အလောင်းကောင်က တစ်ဖြေးဖြေးလှုပ်လာပြီး ပြတ်ကျသွားတဲ့ဦးခေါင်းကိုကောက်ယူကာ လည်ပင်းမှာတေ့လိုက်ရုံနဲ့ အကောင်းပကတိပြန်ဖြစ်သွားတာကိုလဲ အံ့အားသင့်ဖွယ်မြင်လိုက်ရတယ်။

ခဏနေတော့ ခါးထောင်းကျိုက်ထားတဲ့လူတွေက ဒူးထောက်ထိုင်နေတဲ့လူကိုဆွဲထူပြီး လာရာလမ်းအတိုင်းပြန်ထွက်သွားခဲ့တယ်။

မီးရောင်တွေတစ်ဖြေးဖြေးမှိန်ပြီးပျောက်ကွယ်သွားတဲ့အချိန်ရောက်တော့ သက်ခိုင်က ဖယောင်းတိုင်မီးတွေပြန်ထွန်းကာ

“ ဆရာ ခုနက မြင်လိုက်ရတာတွေက ဘယ်လိုအဓိပ္ပါယ်ဖြစ်မလဲ… နောက်ပြီး သူတို့လာတာနဲ့ ကျောက်စိမ်းပြားတုန်ခါမှုပိုပြင်းလာတာကိုလဲသတိထားမိခဲ့တယ်”

“ ငါတို့လာတဲ့လမ်းမှာ မြေသားကုန်းမြင့်တွေကိုမြင်တယ်မဟုတ်လား..”

“ ဟုတ်ကဲ့ မြင်ခဲ့ပါတယ်”

“ အဲဒီကမူတွေက ရှေးဟောင်းနန်းမြို့ရိုးတွေပဲ… ငါတို့လက်ထဲမှာရထားတဲ့ကျောက်စိမ်းပြားကလဲ ဒီမြို့နဲ့ပတ်သတ်မှုရှိနေတယ်။ ဒါကြောင့် ဒီနေ့ရာကို ရောက်အောင်လာခဲ့တာ။ ခုနကမြင်တဲ့အရာတွေက အခုထိမကျွတ်ပဲမြို့ကိုစိတ်စွဲနေကြတဲ့ကျတ်တစ္ဆေတွေပဲ”

“ အော် အဲလိုလား…ဒါနဲ့ ဆရာက ကျောက်စိမ်းပြားထဲက ပုဂ္ဂိုလ်ကို ကျွတ်လွတ်အောင်လုပ်ပေးဖို့ ဒီကိုလာခဲ့တာပေါ့”

“ မဟုတ်ဘူး သက်ခိုင်… သူ့ကိုယ်တိုင်က ကျွတ်လွတ်ချင်တဲ့စိတ်မရှိတဲ့အတွက် ငါတို့က အတင်းအကြပ်ကျွတ်လွတ်အောင်လုပ်ပေးလို့မရဘူး။ အခုငါတို့လာတာက မြို့ရိုးဝင်ပေါက်လေးခုမှာမြုပ်ထားတဲ့ ကျောက်စိမ်းအစီအရင်တွေကို ရယူဖို့ပဲ”

“ ဗျာ… အဲဒီအစီအရင်တွေကိုယူပြီး ဘာလုပ်မလို့လဲဆရာ”

“ အမှန်တကယ်ကျွတ်လွတ်ချင်တဲ့သူတွေကို လွှတ်ပေးဖို့ဆိုတာပဲသိထားပါ။ ကဲ ဒီနေ့တော့ နားလိုက်ကြဦး..မနက်ဖြန်မနက်အရုဏ်တက်တာနဲ့ မြို့ဝင်ပေါက်လေးခုကိုရှာကြတာပေါ့”

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရတို့ ညဘက်မှာလုပ်စရာရှိတဲ့အမှုကိစ္စတွေကိုပြုလုပ်ပြီး အိပ်ယာဝင်ခဲ့ကြတယ်။ အဲဒီအချိန် ခေါင်းမှာပဝါအနက်ရောင်ပတ်ထားတဲ့လူတစ်ယောက်က အမှောင်ထုထဲကနေ ဇရပ်ပေါ်စူးစိုက်ကြည့်နေတာ ဘယ်သူသတိမထားမိခဲ့ကြဘူး။

+++++++

မနက်အရုဏ်တက်ချိန်ရောက်တော့ သင်္ချိုင်းအနောက်ဘက်မှာရှိတဲ့ မြို့ရိုးဘက်ကိုစတင်ထွက်ခွါခဲ့ကြတယ်။ မပြုမပြင်ပဲနှစ်ပေါင်းများစွာထားခဲ့တဲ့အတွက် အချို့နေရာတွေမှာအုတ်ချပ်တွေမရှိတော့ပဲ မြေသားကမူလေးတွေသာကျန်နေခဲ့တယ်။

မြို့ရိုးတောက်လျောက် ကြည့်ရှုရင်းထွက်လာခဲ့ရာ နေထန်းတစ်ဖျားလောက်လဲရောက်ရော မြို့အဝင်ဂိတ်ပုံစံအုတ်ကျောနေရာတစ်ခုကိုမြင်တော့ သက်ခိုင်က

“ ဆရာ ဒီနေရာက ဝင်ပေါက်လေးခုထဲက တစ်ခုဖြစ်နိုင်တယ်နော်”လို့ပြောတော့ အောင်မြတ်သာက

“ ဟုတ်မဟုတ် သေချာသိရအောင်လုပ်လို့ရတဲ့နည်းတစ်ခုရှိတယ်”လို့ပြောကာ ခရုပတ်အင်းနဲ့ပတ်ထားတဲ့ ကျောက်စိမ်းပြားကို မြို့ရိုးပေါ်တင်လိုက်တဲ့အချိန် မြေအောက်ထဲကနေ အသံနက်ကြီးနဲ့အော်လိုက်တဲ့အသံလှိုင်းတစ်ခုကို ရှင်းလင်းစွာကြားလိုက်ရတယ်။

“ သေချာပြီ… ဒါက သူတို့အချင်းချင်းသိတဲ့အဓိပ္ပါယ်ပဲ.. အခုချက်ချင်း မြို့ရိုးမှာမြုပ်ထားတဲ့အစီအရင်ကို ယူကြရအောင်။ တောက်ရက ခရုပတ်အင်းကို အသင့်ပြင်ထားပြီး အစီအရင်ထွက်လာတာနဲ့ အုပ်ပြီးဖမ်းပေတော့”ဆိုပြီးပြောတော့ တောက်ရက ခရုပတ်အင်းကို ကိုင်ထားပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။

အောင်မြတ်သာလဲ မြို့ရိုးဝင်ပေါက်အလယ်တည့်တည့်မှာ တင်ပလ္လင်ခွေထိုင်လိုက်ပြီး ဘေးပတ်လည်ကိုစည်းချနေတဲ့အချိန် အလွန်ကြီးမားတဲ့အရိပ်တစ်ခုကို မြင်ပြီးမော့ကြည့်လိုက်ရာ ထန်းတစ်ပင်လောက်မြင့်တဲ့အရပ်နဲ့ မြို့ရိုးကိုခွပြီးရပ်နေတဲ့ အကောင်တစ်ကောင်ကိုမြင်လိုက်ရတယ်။

“ မြတ်စွာဘုရား နည်းတဲ့ကောင်ကြီးမဟုတ်ဘူး”

ရုတ်တရက်မြင်လိုက်ရတာကြောင့် တောက်ရနဲ့ သက်ခိုင်တို့ ပါးစပ်အဟောင်းသားဖြစ်ပြီး အံ့ဩသွားတဲ့အချိန် ခွပြီးရပ်နေတဲ့အကောင်က အောင်မြတ်သာရဲ့မျက်နှာတည့်တည့်ကို ငှက်ပျောရွက်သုံးရွက်စာလောက်ကြီးမားတဲ့ ခြေထောက်နဲ့နင်းဖို့ရွယ်လိုက်တဲ့အချိန် မမြင်ရတဲ့တွန်းကန်အားတစ်ခုကြောင့် ဟန်ချက်ပျက်ကာ ဘေးကိုယိုင်ထွက်သွားခဲ့တယ်။

“ နေ့ခင်းကြောင်တောင်အချိန်တောင် ကိုယ်ထင်ပြနိုင်တယ်ဆိုတော့ သင်က ဒီမြို့ကိုစောင့်ကြပ်နေတဲ့ သူပဲဖြစ်ရမယ်… “

အောင်မြတ်သာစကားကြောင့် ဘေးကိုယိုင်ကျသွားတဲ့ အကောင်ကြီးက စိတ်ဆိုးပြီး ကြီးမားကြမ်းတမ်းတဲ့ လက်ဝါးနဲ့ရိုက်ဖို့ရွယ်လိုက်တဲ့အချိန် ဦးခေါင်းရဲ့လေးဘက်လေးတန်ကနေ သန်လျက်ကိုယ်စီကိုင်ထားတဲ့ နတ်ဘီလူးလေးပါးပေါ်လာပြီး

“ ရိုက်ချလိုက်စမ်း… သင် ရိုက်တာနဲ့ ကျုပ်တို့လက်ထဲကိုင်ထားတဲ့ သန်လျက်တွေက သင့်ဦးခေါင်းကို ရှစ်စိပ်ကွဲအောင် ခွဲစေရမယ်ဟေ့” လို့ကြိမ်းဝါးတော့မှ ရွယ်ထားတဲ့လက်ကိုပြန်ချကာ အနောက်ကိုဆုတ်သွားခဲ့တယ်။

“ ကဲ မြို့စောင့်ပုဂ္ဂိုလ်အနေနဲ့ ကျုပ်ကိုအထင်အမြင်မှားနေတာကိုရှင်းပြပါရစေ… သင့်ရဲ့အတ္တဘောရုပ်သွင်ကို သာမန်အဖြစ်ဖန်ဆင်းပြီး ကျုပ်အရှေ့လာရောက်ဖို့ မေတ္တာရပ်ခံပါတယ်” လို့ပြောလိုက်တော့မှ ထန်းတစ်ပင်အရပ်လောက်ရှိတဲ့အကောင်ကနေ တစ်ဖြေးဖြေးသေးငယ်သွားပြီး ဆင်စွယ်ရောင်ချိတ်ပုဆိုးနဲ့ အဝါနုရောင်အင်္ကျီကို ကျနစွာဝတ်ဆင်ထားတဲ့ လူတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့တယ်။

“ သင် က သိုက်ဆရာလော.. ဒါမှမဟုတ် ငါတို့ကို ဖမ်းဆီးချုပ်နှောင်ခိုင်းစေမယ့်ဆရာလော…”

မျက်နှာမှာ ကန့်လန့်ဖြတ်ဓါးခုတ်ရာအမှတ်အသားနဲ့ ပုဂ္ဂိုလ်ရဲ့ မာထန်တဲ့အမေးကြောင့် အောင်မြတ်သာ ခေါင်းက်ုတွင်တွင်ခါယမ်းလိုက်ပြီး

“ ကျုပ်ကသင်ထင်သလို လူစားမဟုတ်ပါဘူး… ကျုပ်တို့ဒီကိုလာတာက ကျောက်စိမ်းကြေးမုံလေးခုကို ခေတ္တအသုံးပြုဖို့ပါ… သင်ကဒီမြို့စောင့်ပုဂ္ဂိုလ်ဆိုတော့ ဒီအစီအရင်အကြောင်းသိမယ်ထင်ပါတယ်”

“ မဖြစ်နိုင်ဘူး… ကျောက်စိမ်းကြေးမုံကိုသုံးရင် ကဝေချုပ်ရဲ့ဝိဉာဉ်ပြန်လည်လွတ်မြောက်လာလိမ့်မယ်”

“ ကဝေချုပ်ရဲ့ဝိဉာဉ်ပြန်လည်လွတ်မြောက်လာမယ်ဆိုတာ ဘယ်လိုမျိုးလဲ ပြောပါဦး”

“ ကဝေချုပ်က သူတတ်အပ်တဲ့ပညာနဲ့ မြို့ဝင်ပေါက်တိုင်းမှာ ခေါင်းဆောင်တစ်ယောက် ငယ်သားရှစ်ယောက်ကိုစတေးပြီး အစီအရင်တွေလုပ်ခဲ့တယ်၊ ဒါပေမယ့် အစီအရင် ထည့်သွင်းမယ့်နေ့မှာတော့ ပါးကွက်သားတစ်ယောက်ကို စတေးပြီးစောင့်ကြပ်ဖို့စီရင်ထားတဲ့ ပစ္စည်းပျောက်သွားတဲ့အတွက် မင်းတရားကြီးအမျက်တော်ရှပြီး သူ့ရဲ့နောက်လိုက်ငါးဆယ်နဲ့အတူ ဂူပိတ်ကွပ်မျက်ခံခဲ့ရတယ်။ သူတို့ဂူပိတ်ကွပ်မျက်ခံရတဲ့နေရာကိုဖွင့်ဖို့ဆိုရင် ကျောက်စိမ်းကြေးမုံလေးခုပြည့်မှရမယ်။ ဂူပေါက်ပွင့်တာနဲ့ ကဝေအချုပ်ရဲ့ဝိဥာဉ်နဲ့အတူ ပညာသည်အယောက်၅၀ရဲ့ဝိဥာဉ်တွေပြန်လွတ်လာကြလိမ့်မယ်။ ဒါကြောင့် အန္တရာယ်များတဲ့ ကိစ္စကို ဒီမြို့ကိုစောင့်ကြပ်နေတဲ့ကျုပ်အနေနဲ့ ဘယ်လိုမှခွင့်မပြုနိုင်ဘူး”

“ ဒါဆိုရင် မြို့ရိုးဝင်ပေါက်တွေမှာအစီအရင်ထည့်သွင်းမယ့်ကိစ္စက မဖြစ်လာခဲ့ဘူးပေါ့”

“ ဟုတ်တယ် … ကျောက်စိမ်းကြေးမုံတစ်ခုပျောက်သွားတဲ့အတွက် အစီအရင်မပြည့်စုံဘူးဖြစ်သွားခဲ့တယ်။ အဲဒါကြောင့် မြို့ရိုးတွေမှာ သာမန်အစောင့်တွေပဲထားပြီး ကျုပ်ကိုတော့ တစ်မြို့လုံးကိုစောင့်ကြပ်ဖို့တာဝန်ပေးခဲ့တယ်”

“ ဒါဖြင့် မြို့ကြီးက ဘာအကြောင်းကြောင့် အလုံးစုံပျက်စီးသွားခဲ့တာလဲ”

“ အဓိကအကြောင်းကတော့ ကဝေအချုပ်ကိုအမျက်တော်ရှသတ်လိုက်တာကြောင့်ပဲ… ကဝေအချုပ်ကို မင်းတရားကြီးအမြင်ကြည်လင်စဉ်က နန်းစဉ်ရွာကိုအပိုင်စားပေးခဲ့ဖူးတယ်။ နန်းစဉ်ရွာဆိုတာ မင်းတရားကြီးစေခိုင်းတဲ့ လောကီကိစ္စရပ်တွေကို စီရင်ပေးတဲ့နေရာပဲ။ ကဝေအချုပ်ကိုကွပ်မျက်တော့ နန်းစဉ်ရွာကလူတွေအတော်များများသေခဲ့ကြတယ်။ ဒါကိုမကျေနပ်တဲ့ ရွာသားတွေက မင်းတရားကြီးရဲ့ ခေတ်ပြိုင်ဘုရင်တစ်ပါးထံခိုလှုံပြီး မြို့ရိုးမှာထားရှိတဲ့ အစီအရင်တွေအကြောင်းကို လျောက်ထားခဲ့တယ်။ နန်းစဉ်ရွာခံတွေရဲ့အကူအညီကြောင့် မင်းတရားကြီးရဲ့ထီးနန်းပျက်စီးခဲ့ပြီး မြို့လဲစိစိညက်ကျေသွားခဲ့တယ်။ ဒါပေမယ့် နန်းစဉ်ရွာကလူတွေ မျှော်လင့်ထားသလို ကဝေအချုပ်နဲ့အပေါင်းပါတွေရဲ့ ဝိဉာဉ်ကိုမလွှတ်ပေးနိုင်ခဲ့ဘူး.. ဒါကြောင့် သင်တို့တောင်းဆိုတဲ့အရာကို ကျုပ်အနေနဲ့ မလိုက်လျောနိုင်တာ ခွင့်လွှတ်ပေးပါ”

“ မြို့ပျက်သွားတဲ့အချိန် ကျောက်စိမ်းကြေးမုံ၃ခု ဘယ်ရောက်သွားလဲဆိုတာရောသိပါသလား”

“ ကျုပ်အနေနဲ့ ဒီအကြောင်းအရာတွေကိုပြောမပြနိုင်ပါဘူး“

“ အခု မြို့ပျက်ထဲမှာ ကျွတ်လွတ်သင့်တဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိပေမယ့် ဘာကြောင့်လွတ်ရာကျွတ်ရာ မသွားနိုင်တာလဲသိပါသလား”

“ ကျုပ်လို သာမန်အစောင့်တစ်ယောက်က ဘယ်လိုသိနိုင်မှာလဲ…”

“ သင်မသိဘူးဆိုရင် ကျုပ်ပြောပြမယ်… သင်အပါအဝင် ဒီမြို့တွင်းမှာမကျွတ်မလွတ်ပဲရှိနေတဲ့သူတွေရဲ့ လိပ်ပြာချုပ်အမိန့်ပြန်စာက အဲဒီဂူထဲမှာရှိနေတယ်။ ဒါကြောင့် ဂူကိုမဖွင့်နိုင်ဘူးဆိုရင် ဘယ်ကမ္ဘာရောက်ရောက် သင်တို့ဒီလိုဘဝဖြစ်နေဦးမှာပဲ”

အောင်မြတ်သာစကားအဆုံးမှာ မြို့ရိုးအတွင်းထဲကနေ ဝမ်းနည်းစွာငိုကြွေးသံတွေအပြင် တောက်ခတ်သံ နာကျဉ်းစွာအော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့တယ်။

“ သင်လက်အောက်ကငယ်သားတွေထဲမှာ ကျွတ်ထိုက်သူတွေအများကြီးရှိနေတယ်… ကဝေအချုပ်လွတ်မှာကိုကြောက်ပြီး နေ့စံညခံဘဝနဲ့နေသွားကြမှာလား”

အောင်မြတ်သာစကားအဆုံးမှာ မြို့စောင့်ပုဂ္ဂိုလ်အနည်းငယ်တွေဝေသွားခဲ့ပြီး အတန်ကြာမှ..

“ ကဝေအချုပ်လွတ်လာရင် ဘာဆက်လုပ်ကြမလဲ.. သူ့ကိုသင်တို့ထိန်းချုပ်နိုင်မယ်ထင်လား”

“ ကဝေအချုပ် ကျုပ်တို့လက်က ဘာအကြောင်းကြောင့်မှမလွတ်စေရဘူးလို့ ကျုပ်ကတိပေးပါတယ်.”

“ သင်တို့ဘက်က ကတိပေးတယ်ဆိုရင် ဖွက်ထားတဲ့ကျောက်စိမ်းကြေးမုံ၃ခုကို ကျုပ်ထုတ်ပေးပါမယ်”

မြို့စောင့်ပုဂ္ဂိုလ်က စကားအဆုံးမှာ ဦးခေါင်းမှာထုံးထားတဲ့ သျှောင်ထုံးထဲကနေ ကျောက်စိမ်းပြား၃ခုကိုထုတ်ပေးလိုက်တယ်။

အောင်မြတ်သာလဲ ကျောက်စိမ်းကြေးမုံ၃ခုရတာနဲ့ သက်ခိုင်နဲ့ တောက်ရဘက်ကိုလှည့်ပြီး

“ ဒီကျောက်စိမ်းကြေးမုံကိုသုံးပြီး ဂူကိုဖွင့်တဲ့အချိန် ကဝေအချုပ်နဲ့အပေါင်းအပါတွေ ဦးဆုံးထွက်လာကြလိမ့်မယ်။ အဲဒီအချိန် မင်းတို့က ၅၁ကွက်ပါတဲ့စစ်သူကြီးလေးပါးအင်းကို ဂူပေါက်မှာဆွဲပြီး စောင့်နေကြ။ ဂူထဲကထွက်လာတဲ့ ပညာသည်တွေ အင်းကွက်ထဲမှာ မိတာနဲ့ သူတို့ရဲ့စိတ်ရိုင်းတွေလျော့ပါးအောင် မေတ္တာသုတ်ကို မနားတမ်းရွတ်ဖတ်ရမယ်။ ငါ့အနေနဲ့ ဂူထဲမှာရှိတဲ့ လိပ်ပြာချုပ်အမိန့်ပြန်တမ်းစာကိုဖတ်ပြီးတဲ့အချိန် တောင့်ခံထားရမယ်။ ဘယ်လိုလဲ လုပ်နိုင်ပါ့မလား”

“ စိတ်ချပါဆရာ ကျွန်တော်တို့လုပ်နိုင်ပါတယ်”

“ကောင်းပြီ ဒါဖြင့်ရင် ကဝေအချုပ်ကိုကွပ်မျက်ခဲ့တဲ့ဂူပေါက်ကိုရှာကြရအောင်”လို့ပြောပြီးကျောက်စိမ်းကြေးမုံလေးခုကိုထိကပ်လိုက်ရာ အနောက်ဘက်စွန်းစွန်းမှာရှိတဲ့ မြို့ရိုးတံတိုင်းလှုပ်ခတ်လာပြီး အုတ်အကျိုးအပဲ့တွေကျလာခဲ့တယ်။

အောင်မြတ်သာလဲ ပြိုကျနေတဲ့ မြို့ရိုးဘက်ကိုသွားကြည့်ရာ လူတစ်ကိုယ်ဝင်လို့ရတဲ့ အပေါက်တစ်ခုပေါ်လာတာကိုမြင်တော့

“ ဒီဂူပေါက်တံခါးကိုဖွင့်တာနဲ့ အန္တရာယ်တွေစပြီနော်… သတိထားကြ” လို့ပြောကာ ကျောက်စိမ်းကြေးမုံလေးချပ်ကို ကိုင်ပြီး အောက်ကိုဆင်းသွားခဲ့တယ်။ ဂူပေါက်ဝကိုရောက်တော့ဝင်္ကဘာပုံစံသော့ပေါက်ထဲကို ကျောက်စိမ်းကြေးမုံလေးခု ကပ်ထည့်လိုက်ရာ “ ဂျိမ်း” ဆိုတဲ့အသံနဲ့အတူ ကြေးတံခါးနှစ်ချပ်ကဖြေးညှင်းစွာပွင့်လာခဲ့တယ်။

အဲဒီအချိန် ကျောက်စိမ်းကြေးမုံတွေထဲမှာရှိနေတဲ့ ငဘုန်းမြတ်၊ ငကောင်း၊ငဘိုးတေနဲ့ ပါးကွက်သားငစိန်တို့ထွက်လာပြီး သူတို့ကိုမင်းတရားကြီးစောင့်ခိုင်းခဲ့တဲ့ မြို့ရိုးဝင်ပေါက်တွေဆီထွက်သွားခဲ့ကြသလို မှောင်မဲနေတဲ့ ဂူပေါက်အထဲမှာလဲ ဝမ်းသာအားရရယ်မောသံ၊ ကြိမ်းဝါးသံတွေနဲ့အတူ ဆံပင်ဖားလျားချထားတဲ့ မိန်းမတစ်ယောက်ရဲ့ပုံရိပ်ကအပြင်ကိုထွက်လာခဲ့တယ်။ ဒါပေမယ့် သက်ခိုင်နဲ့တောက်ရတို့ အသင့်စီရင်ထားတဲ့ စစ်သူကြီးလေးပါးအင်း၅၁ကွက်ထဲက ပထမဆုံးအကွက်မှာပိတ်မိနေခဲ့တယ်။ ဂူပေါက်ထဲကနေ ထွက်လာသမျှ ဝိဉာဉ်တွေအားလုံးအင်းကွက်ထဲမှာပိတ်မိနေခဲ့တယ်။

“ ဆရာ ဒီကောင်တွေအရမ်းရုန်းနေတယ်… ကျွန်တော်တို့ဘာဆက်လုပ်ရမလဲ”

တောက်ရက စစ်သူကြီးလေးပါးအင်းကို မဖောက်အောင်ထိန်းနေရင်း ပြောလိုက်တဲ့အသံကြောင့် အောင်မြတ်သာက

“ သက်ခိုင်က ကွန်ခြာအင်းနဲ့အပေါ်ကနေထပ်ရံထားပေး… လိပ်ပြာချုပ်အမိန့်ပြန်တမ်းရတာနဲ့ အကုန်လုံးကို မူလနေရာပြန်ထားမယ်” ဆိုပြီးပြောကာ ဂူပေါက်ထဲကိုတိုးဝင်သွားခဲ့တယ်။ အထဲကိုရောက်တော့ အက်ကွဲနေတဲ့အုတ်နံရံတွေကြားထဲကနေဝင်နေတဲ့ အလင်းရောင်ကို အားယူပြီးကြည့်လိုက်ရာ အရိုးကျနေပြီဖြစ်တဲ့ အလောင်း ၅၀အပြင် ဆံပင်အခွေလိုက်ထုံးထားတဲ့အရိုးစုတစ်ခုကိုမြင်လိုက်ရတယ်။

အောင်မြတ်သာလဲ လိပ်ပြာချုပ်အမိန့်ပြန်တမ်းကိုလိုက်ရှာကြည့်ရာ ဆံထုံးထဲမှာပေရွက်နဲ့လိပ်ထားတာကိုမြင်တွေ့ခဲ့တယ်။ လိပ်ပြာချုပ်အမိန့်ပြန်တမ်းရတာနဲ့ ဂူပေါက်ဝမှာတင် မီးရှို့ကာဖျက်ဆီးခဲ့တယ်။ အဲဒီအချိန် မြို့ရိုးထဲကနေ ပျော်ရွှင်စွာအော်ဟစ်သံ၊ လက်ခုပ်လက်ဝါးတီးသံတွေကို အတန်ကြာကြားလိုက်ရတယ်။ လိပ်ပြာချုပ်အမိန့်ပြန်တမ်းကိုဖျက်ဆီးပြီးတာနဲ့ စစ်သူကြီးလေးပါးအင်းထဲမှာ ဖမ်းမိထားတဲ့ ပညာသည်တွေကို ဂူထဲပြန်သွင်းကာ အပေါက်ဝကိုပိတ်လိုက်တဲ့အချိန် မြောက်အရပ်ကနေ ပြင်းအားများတဲ့ပညာစက်တစ်ခုတိုးဝင်လာတာကို သတိထားမိခဲ့တယ်။

သက်ခိုင်နဲ့တောက်ရကတော့ မြို့ရိုးအဟောင်းမှာရှိတဲ့သူတွေထဲက ကျွတ်ထိုက်သူတွေ ကျွတ်လွတ်သွားတဲ့အတွက် ဝမ်းသာကာပြုံးပျော်နေခဲ့ပေမယ့် အောင်မြတ်သာကတော့အနောက်အရပ်ဆီကို စူးရှတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး

“ ကဝေအချုပ်မိန်းမ ငါတို့ကိုလှည့်စားသွားပါလား”လို့တီးတိုးရေရွတ်ခဲ့တယ်။

အောင်မြတ်သာတို့ မြို့ရိုးအဟောင်းနားကနေပြန်ထွက်လာတဲ့အချိန်မှာတော့ မျက်နှာဖုံးထားတဲ့မိန်းမတစ်ယောက် ဂူပေါက်ဝကိုရောက်လာပြီး

“ အနောက်ဘက်မြို့ရိုးတံခါးကိုစောင့်ရှောက်သူ ငဘိုးတေ.. သင့်ရဲ့သစ္စာရှိမှု၊ အနစ်နာခံမှုတွေကို ကဝေအချုပ်သခင်မက အသိအမှတ်ပြုနေမှာပါ။ ငါတို့ နန်းစဉ်ရွာကလူတွေက လူရှုပ်သုံးယောက်ဆီမှာရှိနေတဲ့ သော့ကိုရအောင်ယူပြီး သင်နဲ့ ကျုပ်တို့ရဲ့ ဘိုးဘေးတွေရဲ့ဝိဉာဉ်ကို လွတ်မြောက်အောင် လုပ်ပေးပါမယ်” လို့ပြောကာ မြို့ရိုးဘေးက ခြုံတွေထဲကိုဝင်ရောက်သွားခဲ့တယ်။
++++++
မျက်နှာကိုအဝတ်နဲ့ဖုံးထားတဲ့ မိန်းမက ဘယ်သူလဲ?
ကဝေအချုပ်မိန်းမရဲ့ဝိဉာဉ်က ဘယ်လိုလွတ်မြောက်သွားပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ “ အောင်မြတ်သာနှင့် နန်းစဉ်ရွာသခင်မြနန်းရှင်”ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

ေအာင္ျမတ္သာႏွင့္ေက်ာက္စိမ္းေၾကးမုံ

ညကနက္သထက္နက္လာတာနဲ႔အမွ် ပိုးေကာင္ငယ္ေလးေတြရဲ႕ေအာ္ျမည္သံက တစ္ေျဖးေျဖးက်ယ္ေလာင္လာခဲ့တယ္။ တစ္ခါတစ္ရံ ေလတိုက္လို႔ သစ္ကိုင္းခ်င္းပြတ္တိုက္သံ၊ သစ္႐ြက္ေလခြၽန္သံေတြက တိတ္ဆိတ္ေနတဲ့ညရဲ႕ အဓိပၸါယ္ကိုပိုမိုေပၚလြင္ေစခဲ့တယ္။

အဲဒီလိုတိတ္ဆိတ္ၿငိမ္သက္ေနတဲ့ ညသန္းေခါင္အခ်ိန္မွာေတာ့ လူသူအေရာက္ေပါက္နည္းတဲ့ ေစတီပ်က္တစ္ဆူေပၚမွာေတာ့ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြရဲ႕ဝင္ေလထြက္ေလရႈရႈိက္ေနတဲ့အသံအခ်ိဳ႕က စည္းခ်က္ညီစြာထြက္ေပၚလာခဲ့တယ္။

သမာဓိအားကို ခိုင္မာေအာင္တည္ေဆာက္ၿပီး ရႈမွတ္ေနတဲ့အတြက္ သမထက ပိုမိုအားေကာင္းလာခဲ့တယ္။ ႏွာေခါင္းထိပ္ကေနရႈသြင္းလိုက္တဲ့ေလေၾကာင့္ ေမႊးညႇင္းႏုေလးေတြ လႈပ္ခတ္သြားပုံ၊ အသက္ရႉလမ္းေၾကာင္းကေနတစ္ဆင့္ ေအးျမတဲ့ေလဝင္ေရာက္သြားပုံေတြကို ႐ုပ္ရွင္ျပသလို တစ္ဆင့္ခ်င္းျမင္ေယာင္လာခဲ့တယ္။ အဲဒီအခ်ိန္ မ်က္လုံးထဲမွာ စကားလုံးနဲ႔ေဖာ္ျပလို႔မရတဲ့ အလင္းတန္းအခ်ိဳ႕ကို စူးရွစြာျမင္လိုက္ရတဲ့အတြက္ ေအာင္ျမတ္သာရဲ႕မ်က္ခုံးေတြ မသိမသာက်ဳံ႕သြားခဲ့တယ္။ အလင္းေရာင္တန္းေတြေပ်ာက္သြားတဲ့အခ်ိန္မွာေတာ့ ေၾကးလင္ဗန္းနဲ႔ျပင္ထားတဲ့ ကန္ေတာ့ပြဲငါးပြဲရဲ႕အေရွ႕မွာ တင္ပလႅင္ေခြထိုင္ၿပီး ဂါထာတစ္ပုဒ္ကို တစ္တြတ္တြတ္႐ြတ္ဆိုေနတဲ့ မိန္းမတစ္ေယာက္ကို ဖ်တ္ခနဲျမင္ေတြ႕လိုက္ရတယ္။သူ႔ရဲ႕အေရွ႕မွာေတာ့ ေသြးသံတရဲရဲျဖစ္ေနတဲ့ လက္ေခ်ာင္းေတြအျပင္ တစ္ဆတ္ဆတ္ခုန္ေနတဲ့ ကိုယ္တြင္းကလီစာအခ်ိဳ႕ကိုျမင္လိုက္ရတယ္။ အဲဒီျမင္ကြင္းၿပီးတာနဲ႔ ပုံရိပ္ေတြဖ်တ္ခနဲေပ်ာက္သြားၿပီး မ်က္ႏွာကိုအဝတ္နဲ႔ဖုံးထားတဲ့လူတစ္ေယာက္က ကန္ေတာ့ပြဲေတြအေရွ႕မွာတင္ထားတဲ့ အရာတစ္ခုကို ခိုးယူကာ ျပန္ထြက္သြားတာကိုျမင္လိုက္ရတယ္။

ေအာင္ျမတ္သာလဲ အေတြးေနာက္မလိုက္ပဲ ေပၚလာတဲ့အာ႐ုံကိုခ်က္ခ်င္းေဖ်ာက္ၿပီး သမထကိုတည္ၿမဲေအာင္သာႀကိဳးစားရႈမွတ္လာခဲ့တာ မနက္အ႐ုဏ္တက္လင္းၾကက္တြန္သံၾကားေတာ့မွ မွိတ္ထားတဲ့မ်က္လုံးေတြကိုဖြင့္ကာ တရားျဖဳတ္ခဲ့တယ္။ တရားျဖဳတ္ၿပီးခ်ိန္မွာေတာ့ သက္ခိုင္နဲ႔ ေတာက္ရတို႔ျပင္ဆင္ေပးထားတဲ့အရာေတြနဲ႔ ကိုယ္လက္သန္႔စင္ၿပီး ေစတီကို လက္ယာရစ္ပတ္ကာ စၾကၤန္ေလ်ာက္ေနခဲ့တယ္။

“ ဆရာ… ဆရာေလး ….”

အေနာက္ကေန တုန္တုန္ရီရီနဲ႔ေခၚတဲ့အသံေၾကာင့္ လွည့္ၾကည့္လိုက္ရာ မ်က္ႏွာကိုလက္နဲ႔အုပ္ထားၿပီး အေမႊးၾကမ္းေတြထူထပ္စြာေပါက္ေနတဲ့ခႏၶာကိုယ္ေပၚမွာညစ္ႏြမ္းေနတဲ့ေယာဂီစပတ္ထားတဲ့ ပုဂၢိဳလ္တစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ သင္ကဘယ္သူပါလဲ”

“ ကြၽန္ေတာ္က ဘုရားေပၚမွာေနတဲ့ သဘက္ႀကီးတိုက္ေမာင္းပါ”

“ သင့္္ကိုၾကည့္ရတာ အသက္အေတာ္ႀကီးမယ့္ပုံပဲ… ကဲ ဆိုစမ္းပါဦး ဘာကိစၥမ်ားလဲ”

“ ကြၽန္ေတာ္ရဲ႕သက္တမ္းက ႏွစ္၃၀၀ရွိပါၿပီ… ဘုရားေပၚမွာ ေနတဲ့ႏွစ္က ၁၀၀ေလာက္ပဲရွိပါေသးတယ္။ အခု ကြၽန္ေတာ္ ေျပာခ်င္တာက ဆရာေလးတို႔မွာပါလာတဲ့ ေက်ာက္စိမ္းျပားအေၾကာင္းပါ”

“ ေက်ာက္စိမ္းျပားကဘာျဖစ္လို႔လဲ…”

“ ဆရာေလးတို႔ယူလာတဲ့ ေက်ာက္စိမ္းျပားေၾကာင့္ ဘုရားမွာေနတဲ့ နာနာဘာဝအငယ္ေလးေတြက​ အေတာ္ေၾကာက္လန္႔ေနၾကပါတယ္”

“ ဟင္ … ဘာျဖစ္လို႔ ေၾကာက္လန္႔ေနၾကတာလဲ ေျပာျပပါဦး”

“ ေက်ာက္စိမ္းျပားမွာပါတဲ့ အ႐ုပ္ေတြက သာမန္မဟုတ္ဘူးဆရာေလး.. အရင္ေခတ္က အဆင့္ျမင့္ပညာသည္ေတြကိုယ္တိုင္ ဘုရင့္အမိန္႔နဲ႔စီရင္ထားတဲ့ ၿမိဳ႕႐ိုးေစာင့္အစီအရင္ေတြျဖစ္ေနလို႔ပါ”

“ ဒီေက်ာက္စိမ္းျပားကို သာမန္လူတစ္ေယာက္ဆီကေန ရလာခဲ့ေပမယ့္.. ထူးဆန္းတာကိုေတာ့သတိထားမိခဲ့တယ္။ ဒါေပမယ့္ အႏၲရာယ္လဲမေပးေတာ့ သူ႔သဘာဝအတိုင္းရွိေနပါေစဆိုၿပီး အိတ္ထဲထည့္ထားလိုက္တာ”

“ ဆရာေလးတို႔ တရားထိုင္ေနတဲ့အခ်ိန္ အဲဒီေက်ာက္စိမ္းျပားထဲကေန ထိုးကြင္းမွင္ေၾကာင္ေတြထိုးထားၿပီး ပါးမွာသနပ္ခါးကြက္ကို ထင္းေနေအာင္လူးထားတဲ့ လူထြားႀကီးတစ္ေယာက္ထြက္လာခဲ့တယ္။ သူ႔အရွိန္အဝါက အေတာ္ႀကီးလို႔ ရင္ျပင္မွာေနတဲ့ ကေလးေတြအကုန္ေၾကာက္လန္႔ၿပီး ကြၽန္ေတာ္ဆီေရာက္လာခဲ့ပါတယ္။ ဆရာေလးတို႔ သူ႔ကိုအလြတ္မေပးပဲ ေစာင့္ၾကည့္ၿပီး ကြၽန္ေတာ္တပည့္သားေျမးေတြကို ကူညီေပးပါလို႔ ေတာင္းဆိုပါရေစ”

ေအာင္ျမတ္သာလဲ သဘက္ႀကီးတိုက္ေမာင္ တစ္ျဖစ္လဲ အဖိုးတိုက္ေမာင္းေျပာတဲ့စကားေတြကို ေသခ်ာစဥ္းစားလိုက္ၿပီး

“ က်ဳပ္တို႔ဆီမွာရွိေနတဲ့ ပစၥည္းေၾကာင့္ ေနာက္ထပ္ဒီလိုျပႆနာမ်ိဳးမျဖစ္ေစရဘူးလို႔ ကတိေပးပါတယ္”

“ ေက်းဇူးတင္ပါတယ္ ဆရာေလး… က်ဳပ္ေလ ဆရာေလးကိုျမင္ေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း၁၀၀ေက်ာ္ေလာက္က ဆုံေတြ႕ခဲ့တဲ့သူတစ္ေယာက္ကိုသတိရမိတယ္။ သူ႔ေၾကာင့္ ဆိုးသြမေန အခုလိုအေျခအေနေရာက္လာခဲ့တာ”

“ ဘယ္ေလာက္ပဲ ဆိုးသြမ္းပါေစ မိမိကိုယ္ကိုျပဳျပင္ေျပာင္းလဲႏိုင္ခဲ့တယ္ဆိုတဲ့အခ်က္နဲ႔တင္ အဖိုးက ပုဂၢိဳလ္ေကာင္းတစ္ပါးျဖစ္ေနပါၿပီ.. ခုနက ကိစၥအတြက္လဲ စိတ္မပူပါနဲ႔ က်ဳပ္တို႔အတတ္ႏိုင္ဆုံးရွင္းေပးပါမယ္”

“ ေကာင္းပါၿပီဆရာေလး… အလင္းေရာင္လဲထြက္ေနၿပီဆိုေတာ့ ကြၽန္ေတာ္ကိုခြင့္ျပဳပါဦး”

မ်က္ႏွာတစ္ခုလုံး အေမႊးၾကမ္းေတြနဲ႔ဖုံးေနတဲ့ အဖိုးတိုင္ေမာင္းက ပခုံးေပၚကေနေလ်ာက်လုဆဲဆဲျဖစ္ေနတဲ့ေယာဂီစကိုဆြဲတင္ကာ တံခြန္တိုင္ေဘးကိုဝင္ေရာက္ေပ်ာက္ကြယ္သြားခဲ့တယ္။

ေအာင္ျမတ္သာလဲ တနဂၤေႏြေထာင့္မွာရွိတဲ့ ေစာင္းတန္းကိုျပန္ေရာက္လာတဲ့အခ်ိန္ ေတာက္ရက

“ ဆရာ … ကြၽန္ေတာ္ညက တရားထိုင္ေနတုန္း နားထဲမွာ ဓါးေသြးတဲ့အသံေတြၾကားေနရတယ္..ေနာက္ၿပီး အရမ္းျပင္းတဲ့ေသြးညႇီနံ႔ေတြလဲရတယ္”

ေတာက္ရစကားကိုၾကားေတာ့ သက္ခိုင္က

“ ငါက သနပ္ခါးနံ႔နဲ႔ေသြးညီနံ႔ေရာေနတဲ့ အနံ႔မ်ိဳးရတာ… ဆရာ အဲဒါေကာင္းျခင္းေတာ့မျဖစ္ႏိုင္ဘူးထင္တယ္”

“ရင္ျပင္မွာရွိတဲ့အဖိုးေျပာစကားေတြနဲ႔ မင္းတို႔ႏွစ္ေယာက္ေျပာတဲ့စကားေတြကိုခ်င့္ခ်ိန္စဥ္းစားလိုက္ရင္ ငါတို႔ယူလာတဲ့ေက်ာက္စိမ္းျပားမွာ ျပႆနာရွိေနၿပီထင္တယ္”

“ ဗ်ာ … ေက်ာက္စိမ္းျပားကို ၾကည့္တာေတာ့ ထူးျခားမႈမေတြ႕မိဘူး”

“ ဘယ္လိုပဲျဖစ္ျဖစ္ ဒီည ေသခ်ာသိေအာင္ စမ္းၾကည့္ၿပီးမွ ဘာဆက္လုပ္မလဲ ဆုံးျဖတ္ၾကတာေပါ့”

ေအာင္ျမတ္သာစကားကိုၾကားေတာ့ သက္ခိုင္နဲ႔ ေတာက္ရတို႔ရဲ႕အၾကည့္ေတြက ေက်ာက္စိမ္းျပားထည့္ထားတဲ့ လြယ္အိတ္ေပၚကိုေရာက္သြားခဲ့ၾကတယ္။

+++++++

တစ္ေနကုန္ျခစ္ျခစ္ေတာက္ပူခဲ့တဲ့အပူရွိန္က ညဘက္လဲေရာက္ေရာ သူမဟုတ္တဲ့အတိုင္းမ်က္ႏွာလႊဲသြားခဲ့ေပမယ့္ အေနာက္ဘက္ေလညႇင္းေတြကေတာ့ ေစတီရဲ႕ထီးေတာ္မွာခ်ိတ္ဆြဲထားတဲ့ ေခါင္းေလာင္းငယ္ေလးေတြကို ထိေတြ႕ကာက်ီစယ္ေနခဲ့ၾကတယ္။

“ ခ်လြင္ ခ်လြင္ ခြၽင္”

နားဝင္ခ်ိဳလွတဲ့ ေခါင္းေလာင္းသံေတြနဲ႔အတူ ဖိုခေနာက္ဆိုင္ထိုင္ေနၾကတဲ့ လူသုံးေယာက္ဆီကေန ဂါထာတစ္ပုဒ္႐ြတ္ဆိုသံသဲ့သဲ့ထြက္လာခဲ့တယ္။

“ ဖ်တ္ဖ်တ္ဖ်တ္… ဂလက္ ဂလက္”

ဂါထာ႐ြတ္ဆိုအၿပီးမွာေတာ့ လူသုံးေယာက္အလယ္မွာရွိေနတဲ့ ေက်ာက္စိမ္းျပားက ငါးရံ႕ျပာလူးသလို တဖ်တ္ဖ်တ္နဲ႔ခုန္လာပါေလေရာ။

“ ဒီေက်ာက္စိမ္းျပားမွာစြဲကပ္ေနတဲ့အရာမွန္သမွ် က်ဳပ္အေရွ႕သို႔ထြက္လာေစ… ဤအမိန္႔သည္ အထက္ဆရာႀကီးမ်ားနဲ႔ သက္ဆိုင္ရာနတ္ေကာင္းနတ္ျမတ္တို႔ထံခြင့္ေတာင္းၿပီးေပးတာျဖစ္လို႔မဆိုင္သူဝင္ေရာက္ေႏွာက္ယွက္ပါက မီးေလာင္ကြၽမ္းၿပီးျပာမႈန္အတိျဖစ္ေစသား”

ေအာင္ျမတ္သာက မာန္ဌာန္အျပည့္နဲ႔အမိန္႔ျပန္ၿပီး ရင္ျပင္ကိုလက္ဝါးနဲ႔႐ိုက္လိုက္ရာ ၿငိမ္ေနတဲ့ ေက်ာက္စိမ္းျပားဆီကေန မီးခိုးေရာင္အေငြ႕ေတြထြက္လာခဲ့တယ္။ အေငြ႕ေတြေပ်ာက္သြားတာနဲ႔ ေတာင္ရွည္ပုဆိုးကိုခါးေတာင္းက်ိဳက္ထားကာ ေပါင္မွာလဲ ထိုးကြင္းမွင္ေၾကာင္အျပည့္နဲ႔လူထြားႀကီးတစ္ဦးေပၚလာၿပီး လက္ခေမာင္းကိုတစ္ေဖ်ာင္းေဖ်ာင္းျမည္ေအာင္ခတ္ပါေလေရာ။

“ သင္ ဘယ္သူလဲဆိုတာအမွန္တိုင္းေျဖပါ”လို႔ေျပာလိုက္ေတာ့အရပ္အေမာင္းက ဆယ္ေတာင္ေလာက္ရွိၿပီး ပါးႏွစ္ဖက္မွာလဲ ညီညာတဲ့သနပ္ခါးပါးကြက္ကိုလိမ္းခ်ယ္ထားတဲ့ လူထြားႀကီးက ေအာင္ျမတ္သာတို႔ကိုငုံ႔ၾကည့္ကာ

“ ငါ့နာမည္က ငစိန္ .. နင္တို႔က ငါ့ကိုေနလို႔မရေအာင္ ဘာေၾကာင့္လုပ္တာလဲ… ဟမ္းး”ဆိုၿပီးအသံနက္ႀကီးနဲ႔ေအာ္ပါေလေရာ။

ေအာင္ျမတ္သာကေတာ့ လက္ခေမာင္းခတ္ေနတဲ့ လူထြားႀကီးကို ေျဖာင့္စင္းေနတဲ့မ်က္ေတာင္လွန္႐ုံသာေမာ့ၾကည့္လိုက္ၿပီး

“ က်ဳပ္တို႔က သင္အႏၲရာယ္ျဖစ္ေအာင္ နာက်င္ေအာင္လုပ္မယ့္သူေတြမဟုတ္ပါဘူး… က်ဳပ္တို႔သိခ်င္တာေတြေျဖေပးၿပီးရင္ သင့္ေနရာကိုျပန္ပို႔ေပးမွာပါ”

“ ငါအိပ္ေနတာကို ဘုရားစာ႐ြတ္တဲ့အသံေတြနဲ႔ႏႈိးလိုက္ထဲက စိတ္တိုေနတာေနာ္… “

“ ဘုရားသံတရားသံၾကားၿပီး စိတ္တိုတယ္လို႔ေျပာထဲက သင္ကေကာင္းတဲ့သူေတာ့မဟုတ္ေလာက္ဘူး”

“ ငါ့ဘဝမွာ ကုသိုလ္ဆိုတာ ဘာမွန္းေတာင္မသိခဲ့ဘူး… ငါသိတာက မင္းတရားႀကီးရဲ႕အမိန္႔ကိုလြန္ဆန္သူေတြ၊ ခိုးဆိုးလုႏႈိက္တဲ့သူေတြရဲ႕ လည္ပင္းကို လက္သုံးေတာ္ဓါးနဲ႔တိခနဲျပတ္ေအာင္ျဖတ္ဖို႔ပဲ… ဟားဟားဟား”

“ သင္လို အာဏာပါးကြက္သားက ဘယ္လိုေၾကာင့္ ဒီလိုအစီအရင္ထဲေရာက္ေနခဲ့တာလဲ”

“ ငါကို နန္းတြင္းကေဝအခ်ဳပ္အဖြားႀကီးက ဒီထဲထည့္ခဲ့တာ… ငါ့လိုပဲ လက္ယာဓါးသမားအဖြဲ႕က ေသြးေသာက္ငဘုန္းျမတ္၊ ဝီေယာ္ျမင္းတပ္ဖြဲ႕က အိုးစားငေကာင္းနဲ႔ လက္မ႐ြံ႕လူသတ္သမားငဘိုးေတတို႔လဲ ထည့္ပိတ္ခံခဲ့ရတယ္”

“ ဟင္ သူတို႔ကေရာ ဒီထဲမွာ မဟုတ္ဘူးလား”

“ ဒီထဲမွာ ငါတစ္ေယာက္ပဲရွိတယ္… ငါ့ကိုထိန္းခ်ဳပ္ထားတဲ့ အေႏွာင္အဖြဲ႕ေတြထဲက တစ္ခုကမေန႔ညက သူ႔အလိုလိုေျပေလ်ာ့သြားတဲ့အတြက္ အျပင္ကိုထြက္ခြင့္ရခဲ့တာ”

“ သင္ကအျပင္ကိုထြက္ခြင့္ရရဲ႕သားနဲ႔ ဘာလို႔အထဲကိုျပန္ေရာက္ေနတာလဲ”

“ မင္းတရားႀကီးက သူ႔ရဲ႕နန္းေတာ္အသစ္ ဝင္ေပါက္မွာ ငါ့ကိုေစာင့္ၾကပ္ဖို႔အမိန္႔ျပန္ခဲ့တဲ့အတြက္ ငါအမႈေတာ္ကိုထမ္းရဦးမယ္… ဘာအေၾကာင္းေၾကာင့္နဲ႔မွ ငါအမိန္႔ကိုမလြန္ဆန္ဘူး”

“ ဒါဆိုရင္ သင္အခ်ဳပ္ေႏွာင္ခံထားရတဲ့ ေက်ာက္စိမ္းျပားလိုမ်ိဳး ေနာက္ထပ္သုံးခုရွိေသးတာေပါ့”

“ အစီအရင္ေတြကို မင္းတရားႀကီးဆီဆက္သမယ့္ညမွာ ငါကိုခ်ဳပ္ေႏွာင္ထားတဲ့ေက်ာက္စိမ္းျပားကို ကေဝအခ်ဳပ္အဖြားႀကီးရဲ႕ တပည့္တစ္ေယာက္ကခိုးယူထြက္ေျပးသြားခဲ့တယ္… ဒါေၾကာင့္ ငါဆိုတဲ့ေကာင္က မင္းတရားႀကီးရဲ႕ အမိန္႔အရ အေနာက္ဘက္တံခါးမုဒ္ဦးကို ေစာင့္ေရွာက္ရမယ့္ တာဝန္ရွိေနခဲ့တယ္”

“ ဒါဆိုရင္ သင္တို႔က နန္းၿမိဳ႕အသစ္တည္တုန္းက စေတးခံခဲ့ရတဲ့သူေတြေပါ့”

“ တယ္ ရာရာစစ စေတးခံတယ္တဲ့လား… ငါတို႔က ကိုယ့္ဆႏၵနဲ႔ကိုယ္ အမႈေတာ္ထမ္းခဲ့တာကြ”

“ က်ဳပ္တို႔လဲ သိသင့္သေလာက္သိရၿပီဆိုေတာ့ သင္ျပန္ႏိုင္ပါၿပီ”လို႔ေျပာလိုက္ေတာ့ ထိုးကြင္းမွင္ေၾကာင္အျပည့္နဲ႔ အာဏာပါးကြက္သားက အခိုးအေငြ႕ေတြျဖစ္ကာ ေပ်ာက္ကြယ္သြားခဲ့တယ္။
++++++

ေနာက္တစ္ေန႔ မနက္အ႐ုဏ္တက္တဲ့အခ်ိန္ေရာက္ေတာ့ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ ဘုရားရင္ျပင္ေပၚကေနဆင္းၿပီး ေတာင္ဘက္စူးစူးအရပ္ကိုခရီထြက္ခဲ့ၾကတယ္။

ေျခလွ်င္တစ္တန္ လွည္းတစ္တန္ျဖင့္ ႏွစ္ရက္ခန္႔ခရီးဆက္ၿပီးတဲ့အခါမွာေတာ့ ဆင္းရဲတဲ့လူတန္းစားေတြေနထိုင္တဲ့ ဆင္ျခင္ဖုံးရပ္ကြက္တစ္ခုကိုေရာက္လာခဲ့တယ္။

အင္ဖက္ေတြမိုးထားတဲ့ တဲေသးေသးေလးေတြကို ေျမကမူထက္မွာျဖစ္သလိုေဆာက္ၿပီးေနထိုင္ၾကတဲ့လူေတြက ေအာင္ျမတ္သာတို႔ကိုျမင္ေတာ့ အလႉခံတဲ့လူေတြလို႔ထင္ၿပီး လက္ခါေမာင္းထုတ္ၾကေပမယ့္ အသားအရည္ပိန္လွီမဲေျခာက္ေနတဲ့လူတစ္ေယာက္ကေတာ့ ႏြမ္းနယ္ၿပီးအမဲကြက္ေတြထေနတဲ့ ရခိုင္ငွက္ေပ်ာသီးသုံးလုံးကို လာကမ္းေပးကာ

“ က်ဳပ္တို႔မွာလဲ ဒါပဲရွိလို႔ ေကာင္းသည္ဆိုးသည္သေဘာမထားပဲ လက္ခံေပးပါ” လို႔ေျပာလိုက္ေတာ့ ေအာင္ျမတ္သာက ေခ်းအထပ္ထပ္ေပေနတဲ့လက္နဲ႔ကိုင္ထားတဲ့ ငွက္ေပ်ာသီးသုံးလုံးကိုယူကာ တစ္လုံးကိုသူ႔အေရွ႕မွာတင္ ကုန္စင္ေအာင္စားျပလိုက္တယ္။

“ သာဓု သာဓု သာဓု ဤသို႔လႉဒါန္းရတဲ့အက်ိဳးကို မ်က္ေမွာက္ကာလမွာ အျပည့္အဝခံစားႏိုင္ၾကပါေစ”ဆိုၿပီးဆုေပးကာ ေျမနီလမ္းအတိုင္းထြက္သြားခဲ့တယ္။

ေျမနီလမ္းက်ဥ္းကေန နာရီဝက္ေလာက္လမ္းေလ်ာက္ၿပီးတဲ့အခ်ိန္မွာေတာ့ ျဖစ္သလိုျမဳပ္ႏွံထားတဲ့ ေျမပုံေတြထဲကေန တစ္ပိုင္းတစ္စထြက္ေနတဲ့ အေလာင္းေကာင္ေတြကို စိမ္ေျပနေျပကိုက္ဖဲ့စားေသာက္ေနတဲ့ ေတာေခြးေလးငါးေကာင္ကိုျမင္လိုက္ရတယ္။

ပြဲေတာ္တည္ေနတဲ့ေတာေခြးေတြက ေအာင္ျမတ္သာတို႔ကိုလဲျမင္ေရာ ေဘးနားမွာရွိတဲ့ ဘိစပ္ေတာေတြထဲကို တိုးဝင္ထြက္ေျပးသြားခဲ့တယ္။

“ ဒီေနရာမွာ အေျခခ်ၿပီး ခဏေနရဦးမယ္ထင္တယ္”

“ ဒီလိုေနရာမွာ ေနမယ္ဆိုထဲက အေရးႀကီးကိစၥရွိလို႔မဟုတ္လား ဆရာ”

ေတာက္ရစကားကိုေအာင္ျမတ္သာက ဘာမွျပန္မေျပာပဲ အသုဘခ်မယ့္သူေတြကို သရဏဂုံတင္ဖို႔ ျဖစ္သလိုေဆာက္ထားတဲ့ ဇရပ္ေပၚကိုတက္သြားခဲ့တယ္။
+++++++

ညသန္းေခါင္အခ်ိန္ေရာက္ေတာ့ သခ်ႋဳင္းအေနာက္ဘက္ ဖုန္းဆိုးေတာထဲကေန မီးအလင္းေရာင္ေတြထြက္လာတာကိုျမင္လိုက္ရတယ္။

“ ဆရာ.. ညႀကီးအခ်ိန္မေတာ္ မီးတုတ္ေတြနဲ႔ပါလား”

သက္ခိုင္စကားေၾကာင့္ ေအာင္ျမတ္သာက တစ္ခုခုကိုစဥ္းစားမိၿပီး

“ ဇရပ္ေပၚက မီးေတြအကုန္ၿငိမ္းၿပီးၾကည့္ေန… အသံမထြက္ေစနဲ႔” လို႔ေျပာကာ လြယ္အိတ္ထဲမွာထည့္ထားတဲ့ ေက်ာက္စိမ္းျပားကို ခ႐ုပတ္အင္းနဲ႔ပတ္လိုက္တာကို သက္ခိုင္ သတိထားမိလိုက္တယ္။

ခဏေနေတာ့ နီညိဳေရာင္ေတာင္ရွည္ပုဆိုးကို ခါးေတာင္းက်ိဳက္ထားတဲ့ လူေလးေယာက္က တစ္ကိုယ္လုံးေသြးသံတရဲရဲျဖစ္ေနတဲ့ ေယာက်ၤားတစ္ေယာက္ကို သခ်ႋဳင္းအလယ္မွာဒူးေထာက္ထိုင္္ခိုင္းၿပီး လက္ထဲမွာရွိေနတဲ့ ဓါးနဲ႔ဇက္ကိုတိခနဲျပတ္ေအာင္ ပိုင္းခ်လိုက္တာျမင္လိုက္ရတယ္။

ေအာင္ျမတ္သာတို႔လဲ ေသြးပ်က္ဖြယ္ျမင္ကြင္းကို မ်က္ေတာင္မခတ္တမ္းၾကည့္ေနတဲ့အခ်ိန္ လြယ္အိတ္ထဲမွာရွိေနတဲ့ ေက်ာက္စိမ္းျပားက တစ္ဆတ္ဆတ္တုန္လာတာသတိထားမိခဲ့တယ္။

ဒါကိုသတိထားမိတဲ့သက္ခိုင္က လြယ္အိတ္ကိုယူမလို႔ လက္႐ြယ္လိုက္ရာ ေအာင္ျမတ္သာက အသာေနဖို႔ လက္ကာျပခဲ့တယ္။ ခဏေနေတာ့ ေခါင္းျပတ္ကာမလႈပ္မယွက္ျဖစ္ေနတဲ့ အေလာင္းေကာင္က တစ္ေျဖးေျဖးလႈပ္လာၿပီး ျပတ္က်သြားတဲ့ဦးေခါင္းကိုေကာက္ယူကာ လည္ပင္းမွာေတ့လိုက္႐ုံနဲ႔ အေကာင္းပကတိျပန္ျဖစ္သြားတာကိုလဲ အံ့အားသင့္ဖြယ္ျမင္လိုက္ရတယ္။

ခဏေနေတာ့ ခါးေထာင္းက်ိဳက္ထားတဲ့လူေတြက ဒူးေထာက္ထိုင္ေနတဲ့လူကိုဆြဲထူၿပီး လာရာလမ္းအတိုင္းျပန္ထြက္သြားခဲ့တယ္။

မီးေရာင္ေတြတစ္ေျဖးေျဖးမွိန္ၿပီးေပ်ာက္ကြယ္သြားတဲ့အခ်ိန္ေရာက္ေတာ့ သက္ခိုင္က ဖေယာင္းတိုင္မီးေတြျပန္ထြန္းကာ

“ ဆရာ ခုနက ျမင္လိုက္ရတာေတြက ဘယ္လိုအဓိပၸါယ္ျဖစ္မလဲ… ေနာက္ၿပီး သူတို႔လာတာနဲ႔ ေက်ာက္စိမ္းျပားတုန္ခါမႈပိုျပင္းလာတာကိုလဲသတိထားမိခဲ့တယ္”

“ ငါတို႔လာတဲ့လမ္းမွာ ေျမသားကုန္းျမင့္ေတြကိုျမင္တယ္မဟုတ္လား..”

“ ဟုတ္ကဲ့ ျမင္ခဲ့ပါတယ္”

“ အဲဒီကမူေတြက ေရွးေဟာင္းနန္းၿမိဳ႕႐ိုးေတြပဲ… ငါတို႔လက္ထဲမွာရထားတဲ့ေက်ာက္စိမ္းျပားကလဲ ဒီၿမိဳ႕နဲ႔ပတ္သတ္မႈရွိေနတယ္။ ဒါေၾကာင့္ ဒီေန႔ရာကို ေရာက္ေအာင္လာခဲ့တာ။ ခုနကျမင္တဲ့အရာေတြက အခုထိမကြၽတ္ပဲၿမိဳ႕ကိုစိတ္စြဲေနၾကတဲ့က်တ္တေစၦေတြပဲ”

“ ေအာ္ အဲလိုလား…ဒါနဲ႔ ဆရာက ေက်ာက္စိမ္းျပားထဲက ပုဂၢိဳလ္ကို ကြၽတ္လြတ္ေအာင္လုပ္ေပးဖို႔ ဒီကိုလာခဲ့တာေပါ့”

“ မဟုတ္ဘူး သက္ခိုင္… သူ႔ကိုယ္တိုင္က ကြၽတ္လြတ္ခ်င္တဲ့စိတ္မရွိတဲ့အတြက္ ငါတို႔က အတင္းအၾကပ္ကြၽတ္လြတ္ေအာင္လုပ္ေပးလို႔မရဘူး။ အခုငါတို႔လာတာက ၿမိဳ႕႐ိုးဝင္ေပါက္ေလးခုမွာျမဳပ္ထားတဲ့ ေက်ာက္စိမ္းအစီအရင္ေတြကို ရယူဖို႔ပဲ”

“ ဗ်ာ… အဲဒီအစီအရင္ေတြကိုယူၿပီး ဘာလုပ္မလို႔လဲဆရာ”

“ အမွန္တကယ္ကြၽတ္လြတ္ခ်င္တဲ့သူေတြကို လႊတ္ေပးဖို႔ဆိုတာပဲသိထားပါ။ ကဲ ဒီေန႔ေတာ့ နားလိုက္ၾကဦး..မနက္ျဖန္မနက္အ႐ုဏ္တက္တာနဲ႔ ၿမိဳ႕ဝင္ေပါက္ေလးခုကိုရွာၾကတာေပါ့”

ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္နဲ႔ ေတာက္ရတို႔ ညဘက္မွာလုပ္စရာရွိတဲ့အမႈကိစၥေတြကိုျပဳလုပ္ၿပီး အိပ္ယာဝင္ခဲ့ၾကတယ္။ အဲဒီအခ်ိန္ ေခါင္းမွာပဝါအနက္ေရာင္ပတ္ထားတဲ့လူတစ္ေယာက္က အေမွာင္ထုထဲကေန ဇရပ္ေပၚစူးစိုက္ၾကည့္ေနတာ ဘယ္သူသတိမထားမိခဲ့ၾကဘူး။

+++++++

မနက္အ႐ုဏ္တက္ခ်ိန္ေရာက္ေတာ့ သခ်ႋဳင္းအေနာက္ဘက္မွာရွိတဲ့ ၿမိဳ႕႐ိုးဘက္ကိုစတင္ထြက္ခြါခဲ့ၾကတယ္။ မျပဳမျပင္ပဲႏွစ္ေပါင္းမ်ားစြာထားခဲ့တဲ့အတြက္ အခ်ိဳ႕ေနရာေတြမွာအုတ္ခ်ပ္ေတြမရွိေတာ့ပဲ ေျမသားကမူေလးေတြသာက်န္ေနခဲ့တယ္။

ၿမိဳ႕႐ိုးေတာက္ေလ်ာက္ ၾကည့္ရႈရင္းထြက္လာခဲ့ရာ ေနထန္းတစ္ဖ်ားေလာက္လဲေရာက္ေရာ ၿမိဳ႕အဝင္ဂိတ္ပုံစံအုတ္ေက်ာေနရာတစ္ခုကိုျမင္ေတာ့ သက္ခိုင္က

“ ဆရာ ဒီေနရာက ဝင္ေပါက္ေလးခုထဲက တစ္ခုျဖစ္ႏိုင္တယ္ေနာ္”လို႔ေျပာေတာ့ ေအာင္ျမတ္သာက

“ ဟုတ္မဟုတ္ ေသခ်ာသိရေအာင္လုပ္လို႔ရတဲ့နည္းတစ္ခုရွိတယ္”လို႔ေျပာကာ ခ႐ုပတ္အင္းနဲ႔ပတ္ထားတဲ့ ေက်ာက္စိမ္းျပားကို ၿမိဳ႕႐ိုးေပၚတင္လိုက္တဲ့အခ်ိန္ ေျမေအာက္ထဲကေန အသံနက္ႀကီးနဲ႔ေအာ္လိုက္တဲ့အသံလႈိင္းတစ္ခုကို ရွင္းလင္းစြာၾကားလိုက္ရတယ္။

“ ေသခ်ာၿပီ… ဒါက သူတို႔အခ်င္းခ်င္းသိတဲ့အဓိပၸါယ္ပဲ.. အခုခ်က္ခ်င္း ၿမိဳ႕႐ိုးမွာျမဳပ္ထားတဲ့အစီအရင္ကို ယူၾကရေအာင္။ ေတာက္ရက ခ႐ုပတ္အင္းကို အသင့္ျပင္ထားၿပီး အစီအရင္ထြက္လာတာနဲ႔ အုပ္ၿပီးဖမ္းေပေတာ့”ဆိုၿပီးေျပာေတာ့ ေတာက္ရက ခ႐ုပတ္အင္းကို ကိုင္ထားၿပီး အေျခအေနကိုေစာင့္ၾကည့္ေနခဲ့တယ္။

ေအာင္ျမတ္သာလဲ ၿမိဳ႕႐ိုးဝင္ေပါက္အလယ္တည့္တည့္မွာ တင္ပလႅင္ေခြထိုင္လိုက္ၿပီး ေဘးပတ္လည္ကိုစည္းခ်ေနတဲ့အခ်ိန္ အလြန္ႀကီးမားတဲ့အရိပ္တစ္ခုကို ျမင္ၿပီးေမာ့ၾကည့္လိုက္ရာ ထန္းတစ္ပင္ေလာက္ျမင့္တဲ့အရပ္နဲ႔ ၿမိဳ႕႐ိုးကိုခြၿပီးရပ္ေနတဲ့ အေကာင္တစ္ေကာင္ကိုျမင္လိုက္ရတယ္။

“ ျမတ္စြာဘုရား နည္းတဲ့ေကာင္ႀကီးမဟုတ္ဘူး”

႐ုတ္တရက္ျမင္လိုက္ရတာေၾကာင့္ ေတာက္ရနဲ႔ သက္ခိုင္တို႔ ပါးစပ္အေဟာင္းသားျဖစ္ၿပီး အံ့ဩသြားတဲ့အခ်ိန္ ခြၿပီးရပ္ေနတဲ့အေကာင္က ေအာင္ျမတ္သာရဲ႕မ်က္ႏွာတည့္တည့္ကို ငွက္ေပ်ာ႐ြက္သုံး႐ြက္စာေလာက္ႀကီးမားတဲ့ ေျခေထာက္နဲ႔နင္းဖို႔႐ြယ္လိုက္တဲ့အခ်ိန္ မျမင္ရတဲ့တြန္းကန္အားတစ္ခုေၾကာင့္ ဟန္ခ်က္ပ်က္ကာ ေဘးကိုယိုင္ထြက္သြားခဲ့တယ္။

“ ေန႔ခင္းေၾကာင္ေတာင္အခ်ိန္ေတာင္ ကိုယ္ထင္ျပႏိုင္တယ္ဆိုေတာ့ သင္က ဒီၿမိဳ႕ကိုေစာင့္ၾကပ္ေနတဲ့ သူပဲျဖစ္ရမယ္… “

ေအာင္ျမတ္သာစကားေၾကာင့္ ေဘးကိုယိုင္က်သြားတဲ့ အေကာင္ႀကီးက စိတ္ဆိုးၿပီး ႀကီးမားၾကမ္းတမ္းတဲ့ လက္ဝါးနဲ႔႐ိုက္ဖို႔႐ြယ္လိုက္တဲ့အခ်ိန္ ဦးေခါင္းရဲ႕ေလးဘက္ေလးတန္ကေန သန္လ်က္ကိုယ္စီကိုင္ထားတဲ့ နတ္ဘီလူးေလးပါးေပၚလာၿပီး

“ ႐ိုက္ခ်လိုက္စမ္း… သင္ ႐ိုက္တာနဲ႔ က်ဳပ္တို႔လက္ထဲကိုင္ထားတဲ့ သန္လ်က္ေတြက သင့္ဦးေခါင္းကို ရွစ္စိပ္ကြဲေအာင္ ခြဲေစရမယ္ေဟ့” လို႔ႀကိမ္းဝါးေတာ့မွ ႐ြယ္ထားတဲ့လက္ကိုျပန္ခ်ကာ အေနာက္ကိုဆုတ္သြားခဲ့တယ္။

“ ကဲ ၿမိဳ႕ေစာင့္ပုဂၢိဳလ္အေနနဲ႔ က်ဳပ္ကိုအထင္အျမင္မွားေနတာကိုရွင္းျပပါရေစ… သင့္ရဲ႕အတၱေဘာ႐ုပ္သြင္ကို သာမန္အျဖစ္ဖန္ဆင္းၿပီး က်ဳပ္အေရွ႕လာေရာက္ဖို႔ ေမတၱာရပ္ခံပါတယ္” လို႔ေျပာလိုက္ေတာ့မွ ထန္းတစ္ပင္အရပ္ေလာက္ရွိတဲ့အေကာင္ကေန တစ္ေျဖးေျဖးေသးငယ္သြားၿပီး ဆင္စြယ္ေရာင္ခ်ိတ္ပုဆိုးနဲ႔ အဝါႏုေရာင္အက်ႌကို က်နစြာဝတ္ဆင္ထားတဲ့ လူတစ္ေယာက္အျဖစ္ေျပာင္းလဲသြားခဲ့တယ္။

“ သင္ က သိုက္ဆရာေလာ.. ဒါမွမဟုတ္ ငါတို႔ကို ဖမ္းဆီးခ်ဳပ္ေႏွာင္ခိုင္းေစမယ့္ဆရာေလာ…”

မ်က္ႏွာမွာ ကန္႔လန္႔ျဖတ္ဓါးခုတ္ရာအမွတ္အသားနဲ႔ ပုဂၢိဳလ္ရဲ႕ မာထန္တဲ့အေမးေၾကာင့္ ေအာင္ျမတ္သာ ေခါင္းက္ုတြင္တြင္ခါယမ္းလိုက္ၿပီး

“ က်ဳပ္ကသင္ထင္သလို လူစားမဟုတ္ပါဘူး… က်ဳပ္တို႔ဒီကိုလာတာက ေက်ာက္စိမ္းေၾကးမုံေလးခုကို ေခတၱအသုံးျပဳဖို႔ပါ… သင္ကဒီၿမိဳ႕ေစာင့္ပုဂၢိဳလ္ဆိုေတာ့ ဒီအစီအရင္အေၾကာင္းသိမယ္ထင္ပါတယ္”

“ မျဖစ္ႏိုင္ဘူး… ေက်ာက္စိမ္းေၾကးမုံကိုသုံးရင္ ကေဝခ်ဳပ္ရဲ႕ဝိဉာဥ္ျပန္လည္လြတ္ေျမာက္လာလိမ့္မယ္”

“ ကေဝခ်ဳပ္ရဲ႕ဝိဉာဥ္ျပန္လည္လြတ္ေျမာက္လာမယ္ဆိုတာ ဘယ္လိုမ်ိဳးလဲ ေျပာပါဦး”

“ ကေဝခ်ဳပ္က သူတတ္အပ္တဲ့ပညာနဲ႔ ၿမိဳ႕ဝင္ေပါက္တိုင္းမွာ ေခါင္းေဆာင္တစ္ေယာက္ ငယ္သားရွစ္ေယာက္ကိုစေတးၿပီး အစီအရင္ေတြလုပ္ခဲ့တယ္၊ ဒါေပမယ့္ အစီအရင္ ထည့္သြင္းမယ့္ေန႔မွာေတာ့ ပါးကြက္သားတစ္ေယာက္ကို စေတးၿပီးေစာင့္ၾကပ္ဖို႔စီရင္ထားတဲ့ ပစၥည္းေပ်ာက္သြားတဲ့အတြက္ မင္းတရားႀကီးအမ်က္ေတာ္ရွၿပီး သူ႔ရဲ႕ေနာက္လိုက္ငါးဆယ္နဲ႔အတူ ဂူပိတ္ကြပ္မ်က္ခံခဲ့ရတယ္။ သူတို႔ဂူပိတ္ကြပ္မ်က္ခံရတဲ့ေနရာကိုဖြင့္ဖို႔ဆိုရင္ ေက်ာက္စိမ္းေၾကးမုံေလးခုျပည့္မွရမယ္။ ဂူေပါက္ပြင့္တာနဲ႔ ကေဝအခ်ဳပ္ရဲ႕ဝိဥာဥ္နဲ႔အတူ ပညာသည္အေယာက္၅၀ရဲ႕ဝိဥာဥ္ေတြျပန္လြတ္လာၾကလိမ့္မယ္။ ဒါေၾကာင့္ အႏၲရာယ္မ်ားတဲ့ ကိစၥကို ဒီၿမိဳ႕ကိုေစာင့္ၾကပ္ေနတဲ့က်ဳပ္အေနနဲ႔ ဘယ္လိုမွခြင့္မျပဳႏိုင္ဘူး”

“ ဒါဆိုရင္ ၿမိဳ႕႐ိုးဝင္ေပါက္ေတြမွာအစီအရင္ထည့္သြင္းမယ့္ကိစၥက မျဖစ္လာခဲ့ဘူးေပါ့”

“ ဟုတ္တယ္ … ေက်ာက္စိမ္းေၾကးမုံတစ္ခုေပ်ာက္သြားတဲ့အတြက္ အစီအရင္မျပည့္စုံဘူးျဖစ္သြားခဲ့တယ္။ အဲဒါေၾကာင့္ ၿမိဳ႕႐ိုးေတြမွာ သာမန္အေစာင့္ေတြပဲထားၿပီး က်ဳပ္ကိုေတာ့ တစ္ၿမိဳ႕လုံးကိုေစာင့္ၾကပ္ဖို႔တာဝန္ေပးခဲ့တယ္”

“ ဒါျဖင့္ ၿမိဳ႕ႀကီးက ဘာအေၾကာင္းေၾကာင့္ အလုံးစုံပ်က္စီးသြားခဲ့တာလဲ”

“ အဓိကအေၾကာင္းကေတာ့ ကေဝအခ်ဳပ္ကိုအမ်က္ေတာ္ရွသတ္လိုက္တာေၾကာင့္ပဲ… ကေဝအခ်ဳပ္ကို မင္းတရားႀကီးအျမင္ၾကည္လင္စဥ္က နန္းစဥ္႐ြာကိုအပိုင္စားေပးခဲ့ဖူးတယ္။ နန္းစဥ္႐ြာဆိုတာ မင္းတရားႀကီးေစခိုင္းတဲ့ ေလာကီကိစၥရပ္ေတြကို စီရင္ေပးတဲ့ေနရာပဲ။ ကေဝအခ်ဳပ္ကိုကြပ္မ်က္ေတာ့ နန္းစဥ္႐ြာကလူေတြအေတာ္မ်ားမ်ားေသခဲ့ၾကတယ္။ ဒါကိုမေက်နပ္တဲ့ ႐ြာသားေတြက မင္းတရားႀကီးရဲ႕ ေခတ္ၿပိဳင္ဘုရင္တစ္ပါးထံခိုလႈံၿပီး ၿမိဳ႕႐ိုးမွာထားရွိတဲ့ အစီအရင္ေတြအေၾကာင္းကို ေလ်ာက္ထားခဲ့တယ္။ နန္းစဥ္႐ြာခံေတြရဲ႕အကူအညီေၾကာင့္ မင္းတရားႀကီးရဲ႕ထီးနန္းပ်က္စီးခဲ့ၿပီး ၿမိဳ႕လဲစိစိညက္ေက်သြားခဲ့တယ္။ ဒါေပမယ့္ နန္းစဥ္႐ြာကလူေတြ ေမွ်ာ္လင့္ထားသလို ကေဝအခ်ဳပ္နဲ႔အေပါင္းပါေတြရဲ႕ ဝိဉာဥ္ကိုမလႊတ္ေပးႏိုင္ခဲ့ဘူး.. ဒါေၾကာင့္ သင္တို႔ေတာင္းဆိုတဲ့အရာကို က်ဳပ္အေနနဲ႔ မလိုက္ေလ်ာႏိုင္တာ ခြင့္လႊတ္ေပးပါ”

“ ၿမိဳ႕ပ်က္သြားတဲ့အခ်ိန္ ေက်ာက္စိမ္းေၾကးမုံ၃ခု ဘယ္ေရာက္သြားလဲဆိုတာေရာသိပါသလား”

“ က်ဳပ္အေနနဲ႔ ဒီအေၾကာင္းအရာေတြကိုေျပာမျပႏိုင္ပါဘူး“

“ အခု ၿမိဳ႕ပ်က္ထဲမွာ ကြၽတ္လြတ္သင့္တဲ့ပုဂၢိဳလ္ေတြ အမ်ားႀကီးရွိေပမယ့္ ဘာေၾကာင့္လြတ္ရာကြၽတ္ရာ မသြားႏိုင္တာလဲသိပါသလား”

“ က်ဳပ္လို သာမန္အေစာင့္တစ္ေယာက္က ဘယ္လိုသိႏိုင္မွာလဲ…”

“ သင္မသိဘူးဆိုရင္ က်ဳပ္ေျပာျပမယ္… သင္အပါအဝင္ ဒီၿမိဳ႕တြင္းမွာမကြၽတ္မလြတ္ပဲရွိေနတဲ့သူေတြရဲ႕ လိပ္ျပာခ်ဳပ္အမိန္႔ျပန္စာက အဲဒီဂူထဲမွာရွိေနတယ္။ ဒါေၾကာင့္ ဂူကိုမဖြင့္ႏိုင္ဘူးဆိုရင္ ဘယ္ကမာၻေရာက္ေရာက္ သင္တို႔ဒီလိုဘဝျဖစ္ေနဦးမွာပဲ”

ေအာင္ျမတ္သာစကားအဆုံးမွာ ၿမိဳ႕႐ိုးအတြင္းထဲကေန ဝမ္းနည္းစြာငိုေႂကြးသံေတြအျပင္ ေတာက္ခတ္သံ နာက်ဥ္းစြာေအာ္ဟစ္သံေတြ ထြက္ေပၚလာခဲ့တယ္။

“ သင္လက္ေအာက္ကငယ္သားေတြထဲမွာ ကြၽတ္ထိုက္သူေတြအမ်ားႀကီးရွိေနတယ္… ကေဝအခ်ဳပ္လြတ္မွာကိုေၾကာက္ၿပီး ေန႔စံညခံဘဝနဲ႔ေနသြားၾကမွာလား”

ေအာင္ျမတ္သာစကားအဆုံးမွာ ၿမိဳ႕ေစာင့္ပုဂၢိဳလ္အနည္းငယ္ေတြေဝသြားခဲ့ၿပီး အတန္ၾကာမွ..

“ ကေဝအခ်ဳပ္လြတ္လာရင္ ဘာဆက္လုပ္ၾကမလဲ.. သူ႔ကိုသင္တို႔ထိန္းခ်ဳပ္ႏိုင္မယ္ထင္လား”

“ ကေဝအခ်ဳပ္ က်ဳပ္တို႔လက္က ဘာအေၾကာင္းေၾကာင့္မွမလြတ္ေစရဘူးလို႔ က်ဳပ္ကတိေပးပါတယ္.”

“ သင္တို႔ဘက္က ကတိေပးတယ္ဆိုရင္ ဖြက္ထားတဲ့ေက်ာက္စိမ္းေၾကးမုံ၃ခုကို က်ဳပ္ထုတ္ေပးပါမယ္”

ၿမိဳ႕ေစာင့္ပုဂၢိဳလ္က စကားအဆုံးမွာ ဦးေခါင္းမွာထုံးထားတဲ့ ေသွ်ာင္ထုံးထဲကေန ေက်ာက္စိမ္းျပား၃ခုကိုထုတ္ေပးလိုက္တယ္။

ေအာင္ျမတ္သာလဲ ေက်ာက္စိမ္းေၾကးမုံ၃ခုရတာနဲ႔ သက္ခိုင္နဲ႔ ေတာက္ရဘက္ကိုလွည့္ၿပီး

“ ဒီေက်ာက္စိမ္းေၾကးမုံကိုသုံးၿပီး ဂူကိုဖြင့္တဲ့အခ်ိန္ ကေဝအခ်ဳပ္နဲ႔အေပါင္းအပါေတြ ဦးဆုံးထြက္လာၾကလိမ့္မယ္။ အဲဒီအခ်ိန္ မင္းတို႔က ၅၁ကြက္ပါတဲ့စစ္သူႀကီးေလးပါးအင္းကို ဂူေပါက္မွာဆြဲၿပီး ေစာင့္ေနၾက။ ဂူထဲကထြက္လာတဲ့ ပညာသည္ေတြ အင္းကြက္ထဲမွာ မိတာနဲ႔ သူတို႔ရဲ႕စိတ္႐ိုင္းေတြေလ်ာ့ပါးေအာင္ ေမတၱာသုတ္ကို မနားတမ္း႐ြတ္ဖတ္ရမယ္။ ငါ့အေနနဲ႔ ဂူထဲမွာရွိတဲ့ လိပ္ျပာခ်ဳပ္အမိန္႔ျပန္တမ္းစာကိုဖတ္ၿပီးတဲ့အခ်ိန္ ေတာင့္ခံထားရမယ္။ ဘယ္လိုလဲ လုပ္ႏိုင္ပါ့မလား”

“ စိတ္ခ်ပါဆရာ ကြၽန္ေတာ္တို႔လုပ္ႏိုင္ပါတယ္”

“ေကာင္းၿပီ ဒါျဖင့္ရင္ ကေဝအခ်ဳပ္ကိုကြပ္မ်က္ခဲ့တဲ့ဂူေပါက္ကိုရွာၾကရေအာင္”လို႔ေျပာၿပီးေက်ာက္စိမ္းေၾကးမုံေလးခုကိုထိကပ္လိုက္ရာ အေနာက္ဘက္စြန္းစြန္းမွာရွိတဲ့ ၿမိဳ႕႐ိုးတံတိုင္းလႈပ္ခတ္လာၿပီး အုတ္အက်ိဳးအပဲ့ေတြက်လာခဲ့တယ္။

ေအာင္ျမတ္သာလဲ ၿပိဳက်ေနတဲ့ ၿမိဳ႕႐ိုးဘက္ကိုသြားၾကည့္ရာ လူတစ္ကိုယ္ဝင္လို႔ရတဲ့ အေပါက္တစ္ခုေပၚလာတာကိုျမင္ေတာ့

“ ဒီဂူေပါက္တံခါးကိုဖြင့္တာနဲ႔ အႏၲရာယ္ေတြစၿပီေနာ္… သတိထားၾက” လို႔ေျပာကာ ေက်ာက္စိမ္းေၾကးမုံေလးခ်ပ္ကို ကိုင္ၿပီး ေအာက္ကိုဆင္းသြားခဲ့တယ္။ ဂူေပါက္ဝကိုေရာက္ေတာ့ဝကၤဘာပုံစံေသာ့ေပါက္ထဲကို ေက်ာက္စိမ္းေၾကးမုံေလးခု ကပ္ထည့္လိုက္ရာ “ ဂ်ိမ္း” ဆိုတဲ့အသံနဲ႔အတူ ေၾကးတံခါးႏွစ္ခ်ပ္ကေျဖးညႇင္းစြာပြင့္လာခဲ့တယ္။

အဲဒီအခ်ိန္ ေက်ာက္စိမ္းေၾကးမုံေတြထဲမွာရွိေနတဲ့ ငဘုန္းျမတ္၊ ငေကာင္း၊ငဘိုးေတနဲ႔ ပါးကြက္သားငစိန္တို႔ထြက္လာၿပီး သူတို႔ကိုမင္းတရားႀကီးေစာင့္ခိုင္းခဲ့တဲ့ ၿမိဳ႕႐ိုးဝင္ေပါက္ေတြဆီထြက္သြားခဲ့ၾကသလို ေမွာင္မဲေနတဲ့ ဂူေပါက္အထဲမွာလဲ ဝမ္းသာအားရရယ္ေမာသံ၊ ႀကိမ္းဝါးသံေတြနဲ႔အတူ ဆံပင္ဖားလ်ားခ်ထားတဲ့ မိန္းမတစ္ေယာက္ရဲ႕ပုံရိပ္ကအျပင္ကိုထြက္လာခဲ့တယ္။ ဒါေပမယ့္ သက္ခိုင္နဲ႔ေတာက္ရတို႔ အသင့္စီရင္ထားတဲ့ စစ္သူႀကီးေလးပါးအင္း၅၁ကြက္ထဲက ပထမဆုံးအကြက္မွာပိတ္မိေနခဲ့တယ္။ ဂူေပါက္ထဲကေန ထြက္လာသမွ် ဝိဉာဥ္ေတြအားလုံးအင္းကြက္ထဲမွာပိတ္မိေနခဲ့တယ္။

“ ဆရာ ဒီေကာင္ေတြအရမ္း႐ုန္းေနတယ္… ကြၽန္ေတာ္တို႔ဘာဆက္လုပ္ရမလဲ”

ေတာက္ရက စစ္သူႀကီးေလးပါးအင္းကို မေဖာက္ေအာင္ထိန္းေနရင္း ေျပာလိုက္တဲ့အသံေၾကာင့္ ေအာင္ျမတ္သာက

“ သက္ခိုင္က ကြန္ျခာအင္းနဲ႔အေပၚကေနထပ္ရံထားေပး… လိပ္ျပာခ်ဳပ္အမိန္႔ျပန္တမ္းရတာနဲ႔ အကုန္လုံးကို မူလေနရာျပန္ထားမယ္” ဆိုၿပီးေျပာကာ ဂူေပါက္ထဲကိုတိုးဝင္သြားခဲ့တယ္။ အထဲကိုေရာက္ေတာ့ အက္ကြဲေနတဲ့အုတ္နံရံေတြၾကားထဲကေနဝင္ေနတဲ့ အလင္းေရာင္ကို အားယူၿပီးၾကည့္လိုက္ရာ အ႐ိုးက်ေနၿပီျဖစ္တဲ့ အေလာင္း ၅၀အျပင္ ဆံပင္အေခြလိုက္ထုံးထားတဲ့အ႐ိုးစုတစ္ခုကိုျမင္လိုက္ရတယ္။

ေအာင္ျမတ္သာလဲ လိပ္ျပာခ်ဳပ္အမိန္႔ျပန္တမ္းကိုလိုက္ရွာၾကည့္ရာ ဆံထုံးထဲမွာေပ႐ြက္နဲ႔လိပ္ထားတာကိုျမင္ေတြ႕ခဲ့တယ္။ လိပ္ျပာခ်ဳပ္အမိန္႔ျပန္တမ္းရတာနဲ႔ ဂူေပါက္ဝမွာတင္ မီးရႈိ႕ကာဖ်က္ဆီးခဲ့တယ္။ အဲဒီအခ်ိန္ ၿမိဳ႕႐ိုးထဲကေန ေပ်ာ္႐ႊင္စြာေအာ္ဟစ္သံ၊ လက္ခုပ္လက္ဝါးတီးသံေတြကို အတန္ၾကာၾကားလိုက္ရတယ္။ လိပ္ျပာခ်ဳပ္အမိန္႔ျပန္တမ္းကိုဖ်က္ဆီးၿပီးတာနဲ႔ စစ္သူႀကီးေလးပါးအင္းထဲမွာ ဖမ္းမိထားတဲ့ ပညာသည္ေတြကို ဂူထဲျပန္သြင္းကာ အေပါက္ဝကိုပိတ္လိုက္တဲ့အခ်ိန္ ေျမာက္အရပ္ကေန ျပင္းအားမ်ားတဲ့ပညာစက္တစ္ခုတိုးဝင္လာတာကို သတိထားမိခဲ့တယ္။

သက္ခိုင္နဲ႔ေတာက္ရကေတာ့ ၿမိဳ႕႐ိုးအေဟာင္းမွာရွိတဲ့သူေတြထဲက ကြၽတ္ထိုက္သူေတြ ကြၽတ္လြတ္သြားတဲ့အတြက္ ဝမ္းသာကာၿပဳံးေပ်ာ္ေနခဲ့ေပမယ့္ ေအာင္ျမတ္သာကေတာ့အေနာက္အရပ္ဆီကို စူးရွတဲ့အၾကည့္နဲ႔ ၾကည့္လိုက္ၿပီး

“ ကေဝအခ်ဳပ္မိန္းမ ငါတို႔ကိုလွည့္စားသြားပါလား”လို႔တီးတိုးေရ႐ြတ္ခဲ့တယ္။

ေအာင္ျမတ္သာတို႔ ၿမိဳ႕႐ိုးအေဟာင္းနားကေနျပန္ထြက္လာတဲ့အခ်ိန္မွာေတာ့ မ်က္ႏွာဖုံးထားတဲ့မိန္းမတစ္ေယာက္ ဂူေပါက္ဝကိုေရာက္လာၿပီး

“ အေနာက္ဘက္ၿမိဳ႕႐ိုးတံခါးကိုေစာင့္ေရွာက္သူ ငဘိုးေတ.. သင့္ရဲ႕သစၥာရွိမႈ၊ အနစ္နာခံမႈေတြကို ကေဝအခ်ဳပ္သခင္မက အသိအမွတ္ျပဳေနမွာပါ။ ငါတို႔ နန္းစဥ္႐ြာကလူေတြက လူရႈပ္သုံးေယာက္ဆီမွာရွိေနတဲ့ ေသာ့ကိုရေအာင္ယူၿပီး သင္နဲ႔ က်ဳပ္တို႔ရဲ႕ ဘိုးေဘးေတြရဲ႕ဝိဉာဥ္ကို လြတ္ေျမာက္ေအာင္ လုပ္ေပးပါမယ္” လို႔ေျပာကာ ၿမိဳ႕႐ိုးေဘးက ၿခဳံေတြထဲကိုဝင္ေရာက္သြားခဲ့တယ္။
++++++
မ်က္ႏွာကိုအဝတ္နဲ႔ဖုံးထားတဲ့ မိန္းမက ဘယ္သူလဲ?
ကေဝအခ်ဳပ္မိန္းမရဲ႕ဝိဉာဥ္က ဘယ္လိုလြတ္ေျမာက္သြားၿပီး ဘာေတြဆက္ျဖစ္မယ္ဆိုတာကိုေတာ့ “ ေအာင္ျမတ္သာႏွင့္ နန္းစဥ္႐ြာသခင္ျမနန္းရွင္”ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

No comments

Post a Comment