တစ္ဆေရောင်းတဲ့ထမင်းဆိုင်(စ၊ဆုံး)

  တစ္ဆေရောင်းတဲ့ထမင်းဆိုင်(စ၊ဆုံး) —————————————– ကားလမ်းမကြီးပေါ်တွင် အဖြူရောင်ကားလေးတစ်စီးက ဖြည်းဖြည်းမှန်မှန်ဖြင့်မောင်းနှင်နေလေသည်။ ကားထ... thumbnail 1 summary

 တစ္ဆေရောင်းတဲ့ထမင်းဆိုင်(စ၊ဆုံး)

—————————————–
ကားလမ်းမကြီးပေါ်တွင်
အဖြူရောင်ကားလေးတစ်စီးက
ဖြည်းဖြည်းမှန်မှန်ဖြင့်မောင်းနှင်နေလေသည်။
ကားထဲ၌အမျိုးသားနှစ်ဦး
အမျိုးသမီးတစ်ဦးလိုက်ပါစီးနင်းလာလေသည်။
ကားနောက်ခန်းထဲ၌အတူထိုင်နေသော
အမျိုးသားနှင့်အမျိုးသမီးမှာ
ချစ်သူရည်းစားဖြစ်ကြလေသည်။
ကားနောက်ခန်းမှနေ၍ကားမောင်း
နေသောအမျိုးသားအားလှမ်းပြီး
စနောက်နေကြလေသည်။
“ပြောထားပေါ့နိုင်ဦးရာ။
မင်းကအနားမှာကောင်မလေးရှိနေတာကိုးကွ။
“အံမယ်မင်းလည်းအားကျရင်
ငါ့လိုရည်းစားရှာပေါ့စိုးသူရာ”
“နိုး နိုး နိုး ငါကအပူမရှာချင်လို့ကို
တစ်ယောက်တည်းနေနေတာကွ။
သဘောပေါက်ထား”
“ဘာမှမဟုတ်ဘူးကို
စိုးသူကကောင်မလေးမရှိလို့
ရှက်ရမ်းရမ်းပြီးလျှောက်ပြောနေတာသိလား”
“ဟား ဟား ဟား ”
“ဒီမှာနှင်းနုငါ့ရုပ်ငါ့ရည်နဲ့ဆိုရင်လေ
ရုပ်ရှင်မင်းသမီးကိုတောင်ရည်းစား
လုပ်ပစ်လိုက်လို့ရတယ်သဘောပေါက်”
“ဟား ဟား ဟား
ရယ်ရတာအူတောင်နာတယ်စိုးသူရာ
မင်းကလူကောင်သာသေးတယ်
လေလုံးကမသေးဘူးပဲငါ့ကောင်ရ”
“မင်းသူငယ်ချင်းပဲဒီလောက်တော့
ရှိမှာပေါ့ကွာ”
“ကဲကဲ တော်ပါတော့ကိုရယ်
မစပါနဲ့တော့ကိုစိုးသူကြီးအားငယ်နေပါဦးမယ်”
နိုင်ဦးနှင့်နှင်းနုတို့ချစ်သူစုံတွဲက
ကားမောင်းနေသောစိုးသူအား
စနောက်နေကြခြင်းဖြစ်လေသည်။
စိုးသူ၊နိုင်ဦး၊နှင်းနုတို့သုံးယောက်
ကားတစ်စီးနှင့်နယ်မှသူငယ်ချင်းတစ်ယောက်၏
မင်္ဂလာဆောင်သို့ကားဖြင့်
သွားနေကြခြင်းဖြစ်လေသည်။
တစ်ခါမှမရောက်ဖူးသော
သူငယ်ချင်း၏ရွာမင်္ဂလာပွဲသို့မေးမြန်းပြီး
ကားဖြင့်ထွက်လာခဲ့ကြခြင်းဖြစ်သည်။
လမ်းတစ်လျှောက်လုံးနိုင်ဦးနှင့်စိုးသူက
ကားကိုအလှည့်ကျမောင်းနှင်ပြီးခရီးဆက်
ခဲ့ကြလေသည်။
တဖြည်းဖြည်းနှင့်နေရောင်ပင်
ကွယ်ပျောက်သွားခဲ့လေသည်။
အရမ်းမှောင်လွန်းသည့်အတွက်ရော
မကျွမ်းကျင်သည့်ဒေသဖြစ်သည့်အတွက်ကြောင့်ကားကိုအရှိန်ထိန်းကာမောင်းနှင်
ခဲ့ရလေသည်။
လမ်းတစ်ဖက်တစ်ချက်တွင်လည်း
သစ်ပင်ကြီးများဖြင့်ပိန်းနေအောင်
မှောင်နေလေသည်။
“ကို…ချစ်ဗိုက်ဆာတယ်”
“ဟောဗျာ…ချစ်ပဲတစ်လမ်းလုံးပါလာတဲ့
မုန့်တွေစားလာတာပဲမဟုတ်လား။
အခုဗိုက်ကဆာနေပြန်ပြီလား”
“ကိုရယ်မုန့်ကထမင်းဟင်းလောက်
ဗိုက်ပြည့်ပါ့မလားကိုရဲ့။
ဆာတာပေါ့လို့”
“ချစ်ကလည်းအပြင်ကိုလည်း
ကြည့်ဦးလေခြောက်ကပ်လို့
ဘာဆိုင်မှလည်းရှိတာမှမဟုတ်တာ
ကိုယ်ကဘယ်လိုလုပ်ပေးရမှာလဲ”
“ဘာလဲကိုကချစ်ကိုအော်တာလား
စိတ်မရှည်တော့တာလား”
“မဟုတ်ပါဘူးကွာ။
ကိုကဒီအတိုင်းပြောပြတာပါချစ်ရဲ့
လမ်းတစ်နေရာရာရောက်ရင်တော့
စားစရာတစ်ခုခုတော့တွေ့မှာပါ
ခဏလေးတော့သည်းခံပြီးစောင့်နော်”
“ပြီးရော…”
စိုးသူလည်းကားနောက်ခန်းမှ
နိုင်ဦးတို့အတွဲအားကြည့်ကာပြုံးမိလိုက်
လေသည်။
“ဒီနေရာကြီးကအရမ်းခေါင်တာပဲနော်
လူသွားလူလာလည်းသိပ်မရှိကြဘူး
အပြင်ကိုလည်းကြည့်ပါဦးမှောင်မဲနေတာပဲ
ကြောက်စရာကြီး”
“ချစ်ကလည်းဒါကတောဘက်လမ်းတွေ
ဆိုတော့မြို့ လောက်တော့လူသွားလူလာ
ဘယ်ရှိပါ့မလဲ”
“အင်းဟုတ်တယ်နော်။
ဘာလို့များကို့ရဲ့သူငယ်ချင်းက
ဒီလိုတောခေါင်ခေါင်နေရာက
မိန်းကလေးနဲ့လက်ထပ်လဲမသိဘူး”
“နတ်ဖူးစာရွာလည်ဆိုသလိုပေါ့ချစ်ရယ်
သူ့ဖူးစာရှိတဲ့နေရာမှာလာဆုံကြတာပေါ့”
“ဟာ…ဟိုရှေ့မှာမီးရောင်လေးတွေ့တယ်ကွ”
စိုးသူကကားမောင်းရင်းပြောလိုက်လေသည်။
“ဟာ…ဟုတ်လား”
“ဟုတ်တယ်ကွ။
ကြည့်ရတာဆိုင်တစ်ဆိုင်ပုံစံမျိုးပဲ
ကားကိုရပ်ပြီးဆင်းကြည့်ရအောင်
နှင်းနုလည်းဗိုက်ဆာနေသလို
ငါတို့လည်းဗိုက်ဆာနေပြီ”
“အေးကွာကားပေါ်ကဆင်းပြီး
အခြေအနေကြည့်ကြတာပေါ့”
မီးရောင်မြင်နေရသည့်နေရာကို
ရောက်တော့ကားအားရပ်လိုက်လေသည်။
“ဂျောက်…”
“ဘုံး ဘုံး”
ကားတံခါးအားဖွင့်ကာသုံးယောက်သား
ကားပေါ်မှဆင်းလာခဲ့ကြလေသည်။
ဖယောင်းတိုင်မီးများစွာထွန်းထားသည့်
ဆိုင်ငယ်လေးပင်ဖြစ်သည်။
“တစ်သတ်စွဲထမင်းဆိုင်”
ဆိုင်ရှေ့တွင်ချိတ်ဆွဲထားသော
ဆိုင်းဘုတ်နာမည်အားဖတ်ကြည့်လိုက်ရာ
သူတို့သုံးယောက်သားထမင်းဆိုင်မှန်း
သိသွားကြလေသည်။
ထို့နောက်ဆိုင်ထဲကိုသုံးယောက်သား
ဝင်လာခဲ့ကြပြီး
ထိုင်စရာနေရာအားရှာဖွေလိုက်လေသည်။
ဆိုင်၏ထောင့်တစ်နေရာမှာရှိသော
စားပွဲခုံအားရွေးပြီးထိုင်လိုက်ကြလေသည်။
ဆိုင်ထဲတွင်တော့အသက်ကြီးကြီး
မိန်းမကြီးတစ်ယောက်နှင့်ခပ်ငယ်ငယ်
ကောင်မလေးတစ်ယောက်ထိုင်နေသည်ကို
မြင်လိုက်ရလေသည်။
သူတို့သုံးယောက်ဝင်လာသည်ကို
မြင်တော့ဆိုင်ရှင်အဒေါ်ကြီးက
သူတို့ထိုင်နေသည့်နေရာသို့ရောက်လာလေသည်။
“လူကလေးတို့ဘာစားကြမလဲဟင်”
“ဟုတ်ကဲ့ ထမင်းသုံးပွဲပေးပါ
ဒါနဲ့အဒေါ့်ဆိုင်မှာဘာဟင်းတွေရလဲဗျ”
နိုင်ဦးကမေးလိုက်ခြင်းဖြစ်သည်။
“အဒေါ့်ဆိုင်မှာကဝက်သား၊ကြက်သား
အမဲသား၊ဆိတ်ကလီစာချက်၊ငါးဖယ်ချက်
တွေတော့ရသေးတယ်လူလေးရဲ့”
“ဟင်းကြမ်းရောမရဘူးလားရှင့်”
“ဟင်းကြမ်းကအာလူးချက်ပဲရှိမယ်
ကလေးမရဲ့”
“ချစ်ကဘာဟင်းနဲ့စားမလဲ
စိုးသူမင်းရောဘာနဲ့စားမှာလဲ”
“ချစ်ကကြက်သားပဲစားတော့မယ်”
“ငါကတော့အမဲသားပဲပေါ့ကွာ
ကားမောင်းရဦးမှာဆိုတော့ဝက်သားစားလို့
မဖြစ်ဘူးထင်တယ်”
“ဒါဆိုအမဲသားနဲ့ကြက်သားဟင်း
ချပေးပါအဒေါ်”
“ဟုတ်ပြီလူကလေးတို့ခဏလေးစောင့်နော်။
အဒေါ်ထမင်းနဲ့ဟင်းတွေပို့ခိုင်းလိုက်မယ်”
“ဟုတ်ကဲ့အဒေါ်”
“ကိုဒီလိုနေရာခေါင်ခေါင်ကြီးမှာ
ထမင်းဆိုင်ဖွင့်ထားတာရောင်းရော
ရောင်းရရဲ့လားမသိဘူးနော်”
“ဟာချစ်ကလည်းကြားသွားမှဖြင့်
အားနာစရာကြီး”
“ကဲမယ်မင်းကြီးမ အရေးကြီးတာက
ဗိုက်ဝဖို့ပဲမဟုတ်လား။
ရောင်းရတာမရောင်းရတာကိုယ့်အလုပ်
မဟုတ်ဘူး”
“အင်းပါ ကိုစိုးသူကလည်း”
စိုးသူကနှင်းနုအားဘုဆတ်ဆတ်
ပြောလိုက်သဖြင့်နှင်းနုငြိမ်သွားလေသည်။
ခဏနေတော့ထမင်းဆိုင်ထဲမှ
ကောင်မလေးကသူတို့သုံးယောက်ထံသို့
ထမင်းပန်းကန်များနှင့်ဟင်းများ
လာချပေးလေသည်။
“အစ်ကိုတို့အစ်မတို့သုံးဆောင်ကြပါရှင့်”
“ကျေးဇူးပါညီမလေး”
ထမင်းလာချပေးသည့်ကောင်မလေးမှာ
လှပလွန်းသဖြင့်ကိုစိုးသူပါးစပ်အဟောင်းသား
ဖြစ်နေရလေသည်။
“အဟမ်း အဟမ်း စိုးသူ
ဘာလုပ်နေတာလဲစားလေ။
ဘာတွေဒီလောက်ငေးကြည့်နေရတာလဲကွ”
“ဘာ ဘာမှမငေးပါဘူးကွာ
မင်းကလည်း”
“ဟိဟိ”
ကိုစိုးသူဖြစ်ပျက်သွားပုံအား
ဆိုင်ရှင်ကောင်မလေးကသိသဖြင့်ရှက်ရန်းရန်းကာ
ရယ်ပြီးထွက်သွားလေသည်။
“လူကလေးတို့လိုတာရှိရင်ပြောနော်
အားမနာနဲ့သိလား”
“ဟုတ်ကဲ့အဒေါ်ဘာမှမလိုပါဘူးဗျ”
“အေးကွယ်အေးအေး”
ဆိုင်ရှင်အဒေါ်ကြီးကလှမ်းမေးသဖြင့်
စိုးသူလည်းပြန်လည်ဖြေလိုက်ရလေသည်။
“ချစ်စားလေဘာလုပ်နေတာလဲ။
“ရော့ ဒါကကို့အတွက် စားနော်”
“ဒါကချစ်အတွက်အသားတုံးလေးစားနော်
များများစားဒါမှအားရှိမှာ”
“မင်းတို့တွေမပြီးနိုင်သေးဘူးလားကွာ
ငါ့ရှေ့လာပြီးချစ်စားပါကိုယ်စားပါတွေ
လာလုပ်ပြနေကြတယ်။
တကယ်ပဲ”
“မင်းမနာလိုမရှိစမ်းပါနဲ့ စိုးသူရာ
ဒါကြောင့်မင်းဆော်မရှိတာ”
“ဘာကွ…”
“ကဲပါကိုရယ် ထမင်းလေးတော့
ကောင်းကောင်းစားပါရစေ။
ရန်ဖြစ်ချင်ကားပေါ်ရောက်မှဖြစ်ကြပါ”
နှင်းနုကကြားဖြတ်ကာပြောလိုက်သဖြင့်
နိုင်ဦးနှင့်စိုးသူလည်းထမင်းကိုသာ
ဆက်စားနေလိုက်သည်။
ဗိုက်ဆာဆာနှင့်စားလိုက်သဖြင့်
ခဏလေးအတွင်းမှာပင်ထမင်းနှင့်ဟင်းများ
ကုန်စင်သွားလေသည်။
“ရေသောက်ချင်တယ်ရေရှိလားမသိဘူး”
“ဟိုမှာလေရေအိုးစင်ကြီးတစ်ခုလုံးတောင်
မင်းမမြင်ဘူးလား”
“ဟာအေးဟုတ်သားပဲ
ငါသွားသောက်လိုက်ဦးမယ်”
စိုးသူလည်းရေအိုးစင်သို့ရောက်လာပြီး
ရေတစ်ခွက်ကိုခပ်ကာအားပါးတရ
သောက်လိုက်တော့သည်။
“အား…အခုမှပဲဗိုက်ကိုတင်းသွားတော့တာပဲ”
“နိုင်ဦးနဲ့နှင်းနု ရေသောက်ကြဦးမှာလား”
“ချစ်ရေသောက်မလား”
“အင်း…သောက်မယ်ကို”
“ဟေ့ကောင်စိုးသူနှစ်ခွက်ခပ်ခဲ့ကွာ”
စိုးသူလည်းရေခွက်နှစ်ခွက်ဖြင့်
ရေခပ်ကာနိုင်ဦးထံသို့လှမ်းပေးလိုက်လေသည်။
“ရော့ချစ်ရေ”
“ကျေးဇူးပဲကိုစိုးသူ”
“ရပါတယ်”
“ဂလု ဂလု”
“ရော့တပည့်ကျော်ကြီးရေခွက်သွားထားချေ”
“အောင်မာ ငါလုပ်လိုက်ရသေဦးမယ်
မင်းတော့”
“ဟီးဟီး ချစ်လို့စတာပါသူငယ်ချင်းကလည်း”
စိုးသူလည်းရေခွက်များအား
ရေအိုးစင်၌ပြန်ထားလိုက်ပြီးစားပွဲခုံသို့
ပြန်လာကာထိုင်နေလိုက်သည်။
“အဒေါ်ရေပိုက်ဆံရှင်းမယ်ဗျို့ ”
နိုင်ဦးကထမင်းဖိုးရှင်းရန်ဆိုင်ရှင်
အဒေါ်ကြီးအားခေါ်လိုက်ခြင်းဖြစ်သည်။
“လာပြီလူကလေး လာပြီ”
ဆိုင်ရှင်အဒေါ်ကြီးကသူတို့စားပွဲဝိုင်း
သို့ရောက်လာခဲ့လေသည်။
“အဒေါ်အားလုံးပေါင်းဘယ်လောက်
ကျလဲခင်ဗျ။
“ပေးစရာမလိုပါဘူးငါ့တူရယ်
အဒေါ်ကစေတနာနဲ့ကျွေးတာပါကွယ့်”
“ဗျာ…”
“ရှင်…”
“ဟာမလုပ်ပါနဲ့အဒေါ်ရယ်
တန်ရာတန်ကြေးတော့ယူရမှာပေါ့ဗျာ။
အဒေါ်မှာလည်းနောက်တစ်နေ့အတွက်
အရင်းကရှိသေးတယ်မဟုတ်လား”
“မလိုပါဘူးငါ့တူရယ် အဒေါ်တို့
ဆိုင်လေးအတွက်ငွေမလိုပါဘူး
အဒေါ်ကစေတနာရှိလို့လူကလေးတို့ကို
ကျွေးတာပါ။
အဒေါ်ချကျွေးသမျှအကုန်ကုန်သွားလို့
အဒေါ်ကတောင်ဝမ်းသာနေတာကွယ့်”
“ခင်ဗျာ…”
ဆိုင်ရှင်အဒေါ်ကြီး၏စကားကြောင့်
နိုင်ဦးခေါင်းရှုပ်သွားရလေသည်။
စီးပွားရေးလုပ်နေသည့်မည်သူမဆို
ငွေကအလွန်အဓိကကျနေသည်မဟုတ်ပါလား
ငွေဆိုတာလူတိုင်းအတွက်မရှိမဖြစ်
အရာတစ်ခုဖြစ်လေသည်။
ယခုထမင်းဆိုင်ပိုင်ရှင်အဒေါ်ကြီး၏
စကားကြောင့်နိုင်ဦးတို့သုံးယောက်သား
စဉ်းစားရကြပ်သွားလေသည်။
“အဒေါ့်ဆိုင်အတွက်ငွေမလိုဘူးဆိုရင်
အဒေါ်ရောင်းတဲ့ထမင်းတွေအသားတွေ
ကိုအဒေါ်ဘယ်လိုပြန်ဝယ်မှာလဲဗျ”
“အို…မခက်ပါဘူးငါ့တူရယ်
လိုသမျှအသားအကုန်လုံးသင်္ချိုင်းထဲ
သွားယူလိုက်ရုံပဲလေ”
“ဗျာ…”
“ရှင်”
“ဟင်…”
“ဟား ဟား ဟား ဟား”
“ဘယ်လိုလဲငါ့ဆိုင်ကထမင်းဟင်းတွေ
စားလို့မှကောင်းရဲ့လား”
“ဟီး ဟီးဟီး ဟီး”
ဆိုင်ရှင်အဒေါ်ကြီးနှင့်ကောင်မလေးမှာ
တဟီးဟီးတဟားဟားရယ်မောရင်း
ကြောက်စဖွယ်မျက်နှာကြီးများအဖြစ်
ပြောင်းလဲသွားကြလေသည်။
ထမင်းလာချပေးသည့်ကောင်မလေးသည်
လည်းချောမောလှပသည့်ပုံစံပျောက်ကာ
ဆံပင်တစ်ချောင်းမှမရှိသောခေါင်းခွံကြီးနှင့်
လောက်တဖွားဖွားထွက်ကျနေသည့်မျက်နှာ
ကြီးဖြင့်ရယ်မောပြနေလေသည်။
ဆိုင်ရှင်အဒေါ်ကြီးလည်းထို့အတူပင်
နဂိုကလူရုပ်အသွင်ပျောက်ကာ
မျက်လုံးတစ်ဖက်ကအပြင်သို့တွဲလောင်းကြီး
ကျနေပြီးမျက်နှာတစ်ချမ်းမှာလည်း
အရိုးများထွက်ပေါ်နေလေသည်။
နိုင်ဦး၊နှင်းနုနှင့်စိုးသူတို့လည်း
ဆိုင်ရှင်သားအမိအားသရဲမှန်းသိသွားသဖြင့်
အလွန်ထိတ်လန့်နေကြတော့သည်။
“ပြေးပြေး နှင်းနုပြေး
စိုးသူလာမြန်မြန်”
စိုးသူလည်းနိုင်ဦးရဲ့ခေါ်သံကြားမှ
သတိဝင်လာခဲ့လေသည်။
“ဟင်…အေး နိုင်ဦး လာပြေးကြစို့ ”
“နှင်းနုလာ”
ထို့အတူနှင်းနုလည်းသရဲသားအမိအား
မြင်ကာထိတ်လန့်နေမိသည်။
သူတို့သုံးယောက်သားထမင်းဆိုင်ထဲမှ
ကြောက်အားလန့်အားထွက်ပြေးလာခဲ့
ကြတော့သည်။
“ဟီး ဟီး ဟီး
သရဲသားအမိကသူတို့နောက်မှဒယီးဒယိုင်
နှင့်ပြေးလိုက်လာကြလေသည်။
“ကားဆီရောက်အောင်ပြေးကြ”
“နောက်လှည့်မကြည့်နဲ့ နိုင်ဦး
ပြေး”
“ဂလောက်”
“ဘုံး ဘုံး”
နိုင်ဦး၊နှင်းနုနှင့်စိုးသူတို့သုံးဦး
ကားထဲရောက်လာပြီးကားတံခါးအား
အလျင်အမြန်ပိတ်လိုက်ကြလေသည်။
“မောင်းမောင်း မောင်းတော့”
“မြန်မြန်လေး”
“ဘူးဝူးဝူး”
ကံကောင်းသည်ဟုဆိုရပေမည်။
ကားကချက်ချင်းမောင်း၍ရသဖြင့်
ထိုနေရာမှအမြန်ဆုံးထွက်လာခဲ့ကြလေသည်။
“ဘုံး”
“အောင်မယ်လေး”
“အား…”
ကားနောက်ဖုံးပေါ်၌ကပ်တွယ်ပြီး
လိုက်လာသည့်သရဲမကြီးအားကားနောက်ခန်း၌
ထိုင်နေသောနိုင်ဦးနှင့်နှင်းနုတို့
ချစ်သူနှစ်ဦးမြင်လိုက်ကာထိတ်လန့်သွားကြလေ
သည်။
“ကားနောက်မှာသရဲမကြီး
ပါလာတယ်စိုးသူ။
ဘယ်လိုလုပ်ကြမလဲ”
“ဟေဟုတ်လား ငါ ငါလည်းမသိတော့ဘူးကွာ”
“ကို ဘုရားစာရွတ်ဖို့မေ့နေတာ
ဘုရားစာရွတ်ရင်သရဲတွေကြောက်ကြတယ်တဲ့”
“အေး ဟုတ်သားပဲကွာ။
မေ့နေလိုက်တာ”
နှင်းနုပြောမှဘုရားစာရွတ်ရန်
သတိရမိကြလေသည်။
သရဲမကြီးကတော့ကားနောက်ဖုံး၌
ကပ်တွယ်၍လိုက်လာဆဲပင်ဖြစ်သည်။
ကျန်သည့်သရဲမတစ်ကောင်ကတော့
လိုက်လာခဲ့ခြင်းမရှိပေ။
ထို့နောက်တပြိုင်နက်ထဲသုံးယောက်သား
ဘုရားစာရွတ်လိုက်ကြတော့သည်။
“အား မရွတ်နဲ့ ပူတယ် ပူတယ်”
“ဝုန်း”
သရဲမကြီးကနားနှစ်ဖက်ကိုပိတ်ပြီး
အော်ဟစ်ကာကားပေါ်မှခုန်ဆင်း
သွားတော့လေသည်။
“သရဲမကြီးမရှိတော့ဘူး စိုးသူ”
“ဘုရားစာရွတ်တာသူကြောက်လို့ဖြစ်မယ်
ခုန်ဆင်းသွားတာမြင်လိုက်ရတယ်”
“ဟာ…ရှေ့မှာမီးရောင်တွေမြင်နေရပြီ
ရွာရောက်ပြီနိုင်ဦး”
“ဟူး တော်သေးတာပေါ့ကွာ
ရွာကိုရောက်ပေလို့သာပဲ။
မဟုတ်ရင်လမ်းမှာသရဲခြောက်လို့
သေတော့မှာပဲ”
“ကိုရယ်သိပ်လည်းကြောက်မနေပါနဲ့တော့။
ရွာကိုရောက်လာပြီပဲဟာ”
“အင်းပါ ချစ်လည်းမကြောက်နဲ့တော့နော်”
“အင်း”
စိုးသူလည်းကားအားဖြည်းဖြည်း
မောင်းကာရွာထဲဝင်လာခဲ့လေသည်။
ကားကိုရွာအထဲထိမောင်းမဝင်တော့ပဲ
ရွာအဝင်၌ရပ်ထားခဲ့လေသည်။
သူတို့၃ယောက်သားကားပေါ်မှ
ဆင်းကာရွာထဲလျှောက်လာခဲ့ကြလေသည်။
အိမ်တစ်အိမ်အားဝင်ကာ
မင်္ဂလာဆောင်မည့်သတို့သားနေအိမ်အား
စုံစမ်းမေးမြန်းကြလေသည်။
အိမ်ရှင်လူကြီးကသူကိုယ်တိုင်လိုက်ပို့ပေးပါ့မည်
ဆိုပြီးလိုက်လံပို့ပေးရှာလေသည်။
“မောင်ခန့်ကောင်း မောင်ခန့်ကောင်းရေ
ဒီမှာမင်းသူငယ်ချင်းတွေကမင်းနဲ့
တွေ့ချင်လို့တဲ့ငါလိုက်ပို့တာကွ”
“ဟာ…နိုင်ဦး၊စိုးသူ မင်းတို့ငါ့မင်္ဂလာဆောင်ကိုအတည်ကြီး
လိုက်လာကြတာလားကွ။
အံမယ်နှင်းနုလည်းပါလာတာကိုး
လာလာ လာကြ”
ကိုခန့်ကောင်းကစိုးသူနှင့်နိုင်ဦးအား
အိမ်ထဲဖိတ်ခေါ်လိုက်လေသည်။
နှင်းနုလည်းနိုင်ဦးလက်ကိုဆွဲကာ
အိမ်ထဲဝင်လာခဲ့သည်။
“သူငယ်ချင်းရေကံကောင်းလို့
မင်းဆီအသက်မပျောက်ပဲရောက်လာခဲ့တာကွ။
“ဟင်…မင်းဟာကဘာစကားကြီးလဲ
စိုးသူရ။ရှင်းအောင်ပြောစမ်းပါကွ”
“ဒီလိုငါ့ကောင်ရေ
ငါတို့လာတဲ့လမ်းမှာထမင်းဆိုင်တစ်ဆိုင်
တွေ့လိုဝင်ပြီးစားကြတာ
အဲ့ဒီဆိုင်ကလူတွေရောင်းတာမှမဟုတ်ပဲ
သရဲသားအမိဖြစ်နေတယ်ဟေ့
ငါတို့ကိုလိုက်သတ်လို့မနည်းလွတ်အောင်
ပြေးလာခဲ့ကြတာကွ”
“ဖြစ်မှဖြစ်ရလေသူငယ်ချင်းတို့ရာ
အဲ့ဒီသရဲသားအမိကလူနည်းနည်းလူစိမ်းရင်
အခုလိုပဲအမြဲခြောက်နေကြကွ။
“ဟေ”
“ဟင်”
“ရှင်”
“ဟုတ်တယ်မင်းတို့အံ့သြလည်း
အံ့သြချင်စရာပဲကွ။
အဲဒီသရဲသားအမိကမကျွတ်မလွတ်ပဲ
ရှိနေတာအတော်ကြာပြီကွ။
အရင်ကအဲ့ဒီနေရာကြီးကရွာလေကွာ
သူ့နံဘေးမှာကတို့ရွာသင်္ချိုင်းကုန်းလေ
တို့ရွာကအသုဘရှိရင်အဲ့ဒီသင်္ချိုင်းကိုသွားပြီး
မြှုပ်နှံကြရတယ်လေ။
အဲနောက်တော့ အဲ့ဒီရွာမှာကာလဝမ်းရောဂါအကြီးအကျယ်
ဖြစ်ကြတယ်ကွ။
လူအတော်များများလည်း
ဝမ်းရောဂါနဲ့သေကုန်ကြတယ်လေ
နောက်တော့ရွာလုံးကျွတ်နီးပါး
ပြောင်းကြရွှေ့သွားကြတယ်လေ
ဝမ်းရောဂါနဲ့
သေသွားတဲ့အထဲမှာအဲ့ဒီရွာကထမင်းဆိုင်ပိုင်ရှင်သားအမိဒေါ်ခင်မေနဲ့သူ့သမီးခင်ယုမေလည်း
ပါခဲ့တယ်။
ဘယ်သူကမှလည်းအမျှအတန်းမပေးကြတော့
ဒီသရဲသားအမိကအခုထိ
မကျွတ်မလွတ်ဖြစ်နေတာပေါ့ကွာ
မင်းတို့လိုပဲကွ။
တခြားသူတွေလည်းအခုလိုခြောက်လှန့်တာ
ခံကြရတယ်ကွ။
“မင်းပြောသလိုဆိုရင်
ဒီသားအမိကသေသွားတာကြာပြီပဲကွ။
သူတို့ကိုယ်သူတို့သေမှန်းသိပုံမရဘူး
ဒါကြောင့်ပုံမှန်လူတွေလိုပဲ
သွားလာလှုပ်ရှားနေကြတာဖြစ်မယ်”
“မဟုတ်လောက်ဘူးနိုင်ဦး
သူတို့ကသူတို့ရှိနေတယ်ဆိုတာ
အဖန်ဖန်ထပ်တလဲလဲပြနေတာကွ”
“ဒါလည်းဖြစ်နိုင်တာပဲ
ကဲ ရောက်တုန်းရောက်ခိုက်အေးအေးဆေးဆေး
အနားယူလိုက်ကြဦး။
မနက်ဖြန်ငါ့မင်္ဂလာဆောင်လည်း
ရှိသေးတယ်မလား။
ရွာမှာအကြာကြီးတော့နေပေးကြဦး”
“စိတ်ချ၃ ၄ရက်လောက်တော့
နေဦးမှာ။
ငါတို့အားလုံးလည်းအားနေတာကိုးကွ”
“အေးပါ မင်းတို့ပျော်သလောက်သာနေကြပေါ့”
“မင်းလည်းမနက်မင်္ဂလာဆောင်ရဦး
မှာဆိုတော့သွားအိပ်တော့လေကွာ”
“အေးပါ။
ငါမင်းတို့အတွက်အိပ်ဖို့စီစဉ်လိုက်ဦးမယ်
နှင်းနုကိုတော့ငါ့ညီမထွေးငယ်နဲ့
အိပ်ခိုင်းလိုက်ပေါ့ကွာ”
“ဟုတ်ကဲ့ ကိုခန့်ကောင်း”
နှင်းနုကကိုခန့်ကောင်းကို
ခေါင်းညိတ်ကာပြောလိုက်လေသည်။
“ချစ်ဒါဆိုရင် ချစ်က
ထွေးငယ်နဲ့သွားအိပ်လိုက်ပေါ့
ကိုယ်ကတော့စိုးသူနဲ့အိပ်လိုက်မယ်”
“အင်းပါကိုရဲ့”
“နေဦးမေ့တော့မလို့”
“ဘာလဲခန့်ကောင်း”
“မင်းတို့သရဲသားအမိရောင်းတဲ့
ထမင်းတွေစားလာခဲ့ကြတာမလား”
“အေးဟုတ်သားပဲကွ”
“အင်းဟုတ်တယ်လေ”
“ဟာ…ဟိုသရဲသားအမိက
ဘာတွေကျွေးလွှတ်လိုက်မှန်းမသိဘူး
နေနေငါရေမန်းသွားယူပြီး
မင်းတို့ကိုတိုက်ဦးမှပဲ”
ကိုခန့်ကောင်းကအိမ်ပေါ်သို့အလျင်
အမြန်တက်သွားလေသည်။
အိမ်အောက်ပြန်ဆင်းလာတော့
ရေမန်းဗူးတစ်ဘူးပါလာလေသည်။
“ရော့သောက်လိုက်ကြ
အန္တရာယ်ကင်းသွားအောင်လို့”
“အေးအေး”
“ဂလုဂလု”
“ရော့နိုင်ဦး သောက်လိုက်”
“ဂလု”
“ချစ်ရောသောက်လိုက်”
“အင်း”
“ဂလုဂလု”
“ကျေးဇူးပဲသူငယ်ချင်း”
ရေမန်းသောက်ပြီးသည်နှင့်
သူတို့သုံးယောက်ဗိုက်ထဲမှမအီမသာ
ဖြစ်လာကြလေသည်။
“ဝေါ့ ”
“အော့”
“ဝေါ့ အော့”
သုံးယောက်ပြိုင်တူထိုးအန်ကြတော့လေသည်။
“ဟာ…”
“ဟင်”
“ဟာ ဘာ ဘာတွေလဲ”
အန်ဖတ်များမှာမည်းမည်းပုတ်ပုတ်
အတုံးအတစ်များဖြစ်ပြီးထိုအန်ဖတ်များထဲတွင်
ရွစိရွစိနှင့်လောက်များကိုပါ
ုမြင်လိုက်ကြရလေသည်။
“ဟင် လောက်တွေပါလား”
” ဒါ ဒါဆို ငါတို့စားလာခဲ့တာ
ထမင်းတွေဟင်းတွေမဟုတ်ဘူးပေါ့”
“ဘယ်ဟုတ်မလဲကွ။
နာနာဘာဝတွေကျွေးမှတော့မကောင်းတဲ့
အရာတွေပဲဖြစ်မှာပေါ့
ဘာမှမပူနဲ့တော့ရေမန်းတန်ခိုးကြောင့်
မကောင်းတာတွေအကုန်အန်တဲ့အထဲ
ပါသွားပြီပဲလေ”
“အခုမှခေါင်းထဲကြည်ကြည်လင်လင်
ရှိသွားသလိုပဲကွာ”
“ဟုတ်တယ်နော်
ခုနုကဆိုရင်ဘယ်လိုကြီးမှန်းမသိဘူး
မူးနောက်နောက်နဲ့”
“ကဲကဲ ပင်ပန်းထားကြတာ
သွားအိပ်လိုက်ကြဦး”
“အေးအေး လာစိုးသူသွားကြစို့
နှင်းနုလာ”
“အင်း”
“လာပြီသူငယ်ချင်း”
နှင်းနု၊နိုင်ဦးနှင့်စိုးသူတို့သူတို့သုံးယောက်လည်း
အိမ်ပေါ်သို့တက်သွားကြလေသည်။
==================
စိုးသူတို့သုံးယောက်ရွာကမင်္ဂလာဆောင်မှာ
၃.၄ရက်နေပြီးမှအိမ်သို့ပြန်လာခဲ့ကြလေသည်။
အိမ်အပြန်လမ်း၌သူတို့ဝင်ပြီးစားခဲ့သည့်
ထမင်းဆိုင်လေးအားရှာကြည့်မိလေသည်။
ထမင်းဆိုင်ကိုမတွေ့ရပဲခြုံနွယ်များဖြင့်
ပြည့်နှက်နေသောဖုံးဆိုးမြေကိုသာ
မြင်တွေ့ရလေတော့သည်။
ဤနေရာကိုကြည့်ပြီးအရင်ရက်က
ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်ကို
ပြန်လည်မြင်ယောင်ကာသူတို့၃ယောက်
ကြက်သီးမွေးညှင်းများပင်ထလာခဲ့
တော့သည်။
ပြီးပါပြီ။
ဇာတ်လမ်းလေးအားကြိုက်နှစ်သက်ပါက
လက်မလေးတွေနှိပ်ပြီးShareသွားကြ
နော်။
စာဖတ်သူများရွှင်လန်းကြပါစေ။

Zawgyi Version

တေစၦေရာင္းတဲ့ထမင္းဆိုင္(စ၊ဆံုး)
—————————————–
ကားလမ္းမျကီးေပၚတြင္
အျဖူေရာင္ကားေလးတစ္စီးက
ျဖည္းျဖည္းမွန္မွန္ျဖင့္ေမာင္းႏွင္ေနေလသည္။
ကားထဲ၌အမ်ိုးသားႏွစ္ဦး
အမ်ိုးသမီးတစ္ဦးလိုက္ပါစီးနင္းလာေလသည္။
ကားေနာက္ခန္းထဲ၌အတူထိုင္ေနေသာ
အမ်ိုးသားႏွင့္အမ်ိုးသမီးမွာ
ခ်စ္သူရည္းစားျဖစ္ျကေလသည္။
ကားေနာက္ခန္းမွေန၍ကားေမာင္း
ေနေသာအမ်ိုးသားအားလွမ္းျပီး
စေနာက္ေနျကေလသည္။
“ေျပာထားေပါ့နိုင္ဦးရာ။
မင္းကအနားမွာေကာင္မေလးရွိေနတာကိုးကြ။
“အံမယ္မင္းလည္းအားက်ရင္
ငါ့လိုရည္းစားရွာေပါ့စိုးသူရာ”
“နိုး နိုး နိုး ငါကအပူမရွာခ်င္လို့ကို
တစ္ေယာက္တည္းေနေနတာကြ။
သေဘာေပါက္ထား”
“ဘာမွမဟုတ္ဘူးကို
စိုးသူကေကာင္မေလးမရွိလို့
ရွက္ရမ္းရမ္းျပီးေလ်ွာက္ေျပာေနတာသိလား”
“ဟား ဟား ဟား ”
“ဒီမွာနွင္းနုငါ့ရုပ္ငါ့ရည္နဲ႔ဆိုရင္ေလ
ရုပ္ရွင္မင္းသမီးကိုေတာင္ရည္းစား
လုပ္ပစ္လိုက္လို့ရတယ္သေဘာေပါက္”
“ဟား ဟား ဟား
ရယ္ရတာအူေတာင္နာတယ္စိုးသူရာ
မင္းကလူေကာင္သာေသးတယ္
ေလလံုးကမေသးဘူးပဲငါ့ေကာင္ရ”
“မင္းသူငယ္ခ်င္းပဲဒီေလာက္ေတာ့
ရွိမွာေပါ့ကြာ”
“ကဲကဲ ေတာ္ပါေတာ့ကိုရယ္
မစပါနဲ႔ေတာ့ကိုစိုးသူျကီးအားငယ္ေနပါဦးမယ္”
နိုင္ဦးႏွင့္ႏွင္းနုတို့ခ်စ္သူစံုတြဲက
ကားေမာင္းေနေသာစိုးသူအား
စေနာက္ေနျကျခင္းျဖစ္ေလသည္။
စိုးသူ၊နိုင္ဦး၊နွင္းနုတို့သံုးေယာက္
ကားတစ္စီးႏွင့္နယ္မွသူငယ္ခ်င္းတစ္ေယာက္၏
မဂၤလာေဆာင္သို့ကားျဖင့္
သြားေနျကျခင္းျဖစ္ေလသည္။
တစ္ခါမွမေရာက္ဖူးေသာ
သူငယ္ခ်င္း၏ရြာမဂၤလာပြဲသို့ေမးျမန္းျပီး
ကားျဖင့္ထြက္လာခဲ့ျကျခင္းျဖစ္သည္။
လမ္းတစ္ေလ်ွာက္လံုးနိုင္ဦးႏွင့္စိုးသူက
ကားကိုအလွည့္က်ေမာင္းႏွင္ျပီးခရီးဆက္
ခဲ့ျကေလသည္။
တျဖည္းျဖည္းႏွင့္ေနေရာင္ပင္
ကြယ္ေပ်ာက္သြားခဲ့ေလသည္။
အရမ္းေမွာင္လြန္းသည့္အတြက္ေရာ
မက်ြမ္းက်င္သည့္ေဒသျဖစ္သည့္အတြက္ေျကာင့္ကားကိုအရွိန္ထိန္းကာေမာင္းႏွင္
ခဲ့ရေလသည္။
လမ္းတစ္ဖက္တစ္ခ်က္တြင္လည္း
သစ္ပင္ျကီးမ်ားျဖင့္ပိန္းေနေအာင္
ေမွာင္ေနေလသည္။
“ကို…ခ်စ္ဗိုက္ဆာတယ္”
“ေဟာဗ်ာ…ခ်စ္ပဲတစ္လမ္းလံုးပါလာတဲ့
မုန့္ေတြစားလာတာပဲမဟုတ္လား။
အခုဗိုက္ကဆာေနျပန္ျပီလား”
“ကိုရယ္မုန့္ကထမင္းဟင္းေလာက္
ဗိုက္ျပည့္ပါ့မလားကိုရဲ႕။
ဆာတာေပါ့လို့”
“ခ်စ္ကလည္းအျပင္ကိုလည္း
ျကည့္ဦးေလေျခာက္ကပ္လို့
ဘာဆိုင္မွလည္းရွိတာမွမဟုတ္တာ
ကိုယ္ကဘယ္လိုလုပ္ေပးရမွာလဲ”
“ဘာလဲကိုကခ်စ္ကိုေအာ္တာလား
စိတ္မရွည္ေတာ့တာလား”
“မဟုတ္ပါဘူးကြာ။
ကိုကဒီအတိုင္းေျပာျပတာပါခ်စ္ရဲ႕
လမ္းတစ္ေနရာရာေရာက္ရင္ေတာ့
စားစရာတစ္ခုခုေတာ့ေတြ႔မွာပါ
ခဏေလးေတာ့သည္းခံျပီးေစာင့္ေနာ္”
“ျပီးေရာ…”
စိုးသူလည္းကားေနာက္ခန္းမွ
နိုင္ဦးတို့အတြဲအားျကည့္ကာျပုံးမိလိုက္
ေလသည္။
“ဒီေနရာျကီးကအရမ္းေခါင္တာပဲေနာ္
လူသြားလူလာလည္းသိပ္မရွိျကဘူး
အျပင္ကိုလည္းျကည့္ပါဦးေမွာင္္မဲေနတာပဲ
ေျကာက္စရာျကီး”
“ခ်စ္ကလည္းဒါကေတာဘက္လမ္းေတြ
ဆိုေတာ့ျမို့ ေလာက္ေတာ့လူသြားလူလာ
ဘယ္ရွိပါ့မလဲ”
“အင္းဟုတ္တယ္ေနာ္။
ဘာလို့မ်ားကို့ရဲ႕သူငယ္ခ်င္းက
ဒီလိုေတာေခါင္ေခါင္ေနရာက
မိန္းကေလးနဲ႔လက္ထပ္လဲမသိဘူး”
“နတ္ဖူးစာရြာလည္ဆိုသလိုေပါ့ခ်စ္ရယ္
သူ့ဖူးစာရွိတဲ့ေနရာမွာလာဆံုျကတာေပါ့”
“ဟာ…ဟိုေရွ့မွာမီးေရာင္ေလးေတြ့တယ္ကြ”
စိုးသူကကားေမာင္းရင္းေျပာလိုက္ေလသည္။
“ဟာ…ဟုတ္လား”
“ဟုတ္တယ္ကြ။
ျကည့္ရတာဆိုင္တစ္ဆိုင္ပံုစံမ်ိုးပဲ
ကားကိုရပ္ျပီးဆင္းျကည့္ရေအာင္
ႏွင္းနုလည္းဗိုက္ဆာေနသလို
ငါတို့လည္းဗိုက္ဆာေနျပီ”
“ေအးကြာကားေပၚကဆင္းျပီး
အေျခအေနျကည့္ျကတာေပါ့”
မီးေရာင္ျမင္ေနရသည့္ေနရာကို
ေရာက္ေတာ့ကားအားရပ္လိုက္ေလသည္။
“ေဂ်ာက္…”
“ဘံုး ဘံုး”
ကားတံခါးအားဖြင့္ကာသံုးေယာက္သား
ကားေပၚမွဆင္းလာခဲ့ျကေလသည္။
ဖေယာင္းတိုင္မီးမ်ားစြာထြန္းထားသည့္
ဆိုင္ငယ္ေလးပင္ျဖစ္သည္။
“တစ္သတ္စြဲထမင္းဆိုင္”
ဆိုင္ေရွ့တြင္ခ်ိတ္ဆြဲထားေသာ
ဆိုင္းဘုတ္နာမည္အားဖတ္ျကည့္လိုက္ရာ
သူတို့သံုးေယာက္သားထမင္းဆိုင္မွွန္း
သိသြားျကေလသည္။
ထို့ေနာက္ဆိုင္ထဲကိုသံုးေယာက္သား
ဝင္လာခဲ့ျကျပီး
ထိုင္စရာေနရာအားရွာေဖြလိုက္ေလသည္။
ဆိုင္၏ေထာင့္တစ္ေနရာမွာရွိေသာ
စားပြဲခံုအားေရြးျပီးထိုင္လိုက္ျကေလသည္။
ဆိုင္ထဲတြင္ေတာ့အသက္ျကီးျကီး
မိန္းမျကီးတစ္ေယာက္ႏွင့္ခပ္ငယ္ငယ္
ေကာင္မေလးတစ္ေယာက္ထိုင္ေနသည္ကို
ျမင္လိုက္ရေလသည္။
သူတို့သံုးေယာက္ဝင္လာသည္ကို
ျမင္ေတာ့ဆိုင္ရွင္အေဒၚျကီးက
သူတို့ထိုင္ေနသည့္ေနရာသို့ေရာက္လာေလသည္။
“လူကေလးတို့ဘာစားျကမလဲဟင္”
“ဟုတ္ကဲ့ ထမင္းသံုးပြဲေပးပါ
ဒါနဲ႔အေဒၚ့ဆိုင္မွာဘာဟင္းေတြရလဲဗ်”
နိုင္ဦးကေမးလိုက္ျခင္းျဖစ္သည္။
“အေဒၚ့ဆိုင္မွာကဝက္သား၊ျကက္သား
အမဲသား၊ဆိတ္ကလီစာခ်က္၊ငါးဖယ္ခ်က္
ေတြေတာ့ရေသးတယ္လူေလးရဲ႕”
“ဟင္းျကမ္းေရာမရဘူးလားရွင့္”
“ဟင္းျကမ္းကအာလူးခ်က္ပဲရွိမယ္
ကေလးမရဲ႕”
“ခ်စ္ကဘာဟင္းနဲ႔စားမလဲ
စိုးသူမင္းေရာဘာနဲ႔စားမွာလဲ”
“ခ်စ္ကျကက္သားပဲစားေတာ့မယ္”
“ငါကေတာ့အမဲသားပဲေပါ့ကြာ
ကားေမာင္းရဦးမွာဆိုေတာ့ဝက္သားစားလို့
မျဖစ္ဘူးထင္တယ္”
“ဒါဆိုအမဲသားနဲ႔ျကက္သားဟင္း
ခ်ေပးပါအေဒၚ”
“ဟုတ္ျပီလူကေလးတို့ခဏေလးေစာင့္ေနာ္။
အေဒၚထမင္းနဲ႔ဟင္းေတြပို့ခိုင္းလိုက္မယ္”
“ဟုတ္ကဲ့အေဒၚ”
“ကိုဒီလိုေနရာေခါင္ေခါင္ျကီးမွာ
ထမင္းဆိုင္ဖြင့္ထားတာေရာင္းေရာ
ေရာင္းရရဲ့လားမသိဘူးေနာ္”
“ဟာခ်စ္ကလည္းျကားသြားမွျဖင့္
အားနာစရာျကီး”
“ကဲမယ္မင္းျကီးမ အေရးျကီးတာက
ဗိုက္ဝဖို့ပဲမဟုတ္လား။
ေရာင္းရတာမေရာင္းရတာကိုယ့္အလုပ္
မဟုတ္ဘူး”
“အင္းပါ ကိုစိုးသူကလည္း”
စိုးသူကႏွင္းနုအားဘုဆတ္ဆတ္
ေျပာလိုက္သျဖင့္ႏွင္းနုျငိမ္သြားေလသည္။
ခဏေနေတာ့ထမင္းဆိုင္ထဲမွ
ေကာင္မေလးကသူတို့သံုးေယာက္ထံသို့
ထမင္းပန္းကန္မ်ားႏွင့္ဟင္းမ်ား
လာခ်ေပးေလသည္။
“အစ္ကိုတို့အစ္မတို့သံုးေဆာင္ျကပါရွင့္”
“ေက်းဇူးပါညီမေလး”
ထမင္းလာခ်ေပးသည့္ေကာင္မေလးမွာ
လွပလြန္းသျဖင့္ကိုစိုးသူပါးစပ္အေဟာင္းသား
ျဖစ္ေနရေလသည္။
“အဟမ္း အဟမ္း စိုးသူ
ဘာလုပ္ေနတာလဲစားေလ။
ဘာေတြဒီေလာက္ေငးျကည့္ေနရတာလဲကြ”
“ဘာ ဘာမွမေငးပါဘူးကြာ
မင္းကလည္း”
“ဟိဟိ”
ကိုစိုးသူျဖစ္ပ်က္သြားပံုအား
ဆိုင္ရွင္ေကာင္မေလးကသိသျဖင့္ရွက္ရန္းရန္းကာ
ရယ္ျပီးထြက္သြားေလသည္။
“လူကေလးတို့လိုတာရွိရင္ေျပာေနာ္
အားမနာနဲ႔သိလား”
“ဟုတ္ကဲ့အေဒၚဘာမွမလိုပါဘူးဗ်”
“ေအးကြယ္ေအးေအး”
ဆိုင္ရွင္အေဒၚျကီးကလွမ္းေမးသျဖင့္
စိုးသူလည္းျပန္လည္ေျဖလိုက္ရေလသည္။
“ခ်စ္စားေလဘာလုပ္ေနတာလဲ။
“ေရာ့ ဒါကကို့အတြက္ စားေနာ္”
“ဒါကခ်စ္အတြက္အသားတံုးေလးစားေနာ္
မ်ားမ်ားစားဒါမွအားရွိမွာ”
“မင္းတို့ေတြမျပီးနိုင္ေသးဘူးလားကြာ
ငါ့ေရွ့လာျပီးခ်စ္စားပါကိုယ္စားပါေတြ
လာလုပ္ျပေနျကတယ္။
တကယ္ပဲ”
“မင္းမနာလိုမရွိစမ္းပါနဲ႔ စိုးသူရာ
ဒါေျကာင့္မင္းေဆာ္မရွိတာ”
“ဘာကြ…”
“ကဲပါကိုရယ္ ထမင္းေလးေတာ့
ေကာင္းေကာင္းစားပါရေစ။
ရန္ျဖစ္ခ်င္ကားေပၚေရာက္မွျဖစ္ျကပါ”
ႏွင္းနုကျကားျဖတ္ကာေျပာလိုက္သျဖင့္
နိုင္ဦးႏွင့္စိုးသူလည္းထမင္းကိုသာ
ဆက္စားေနလိုက္သည္။
ဗိုက္ဆာဆာႏွင့္စားလိုက္သျဖင့္
ခဏေလးအတြင္းမွာပင္ထမင္းႏွင့္ဟင္းမ်ား
ကုန္စင္သြားေလသည္။
“ေရေသာက္ခ်င္တယ္ေရရွိလားမသိဘူး”
“ဟိုမွာေလေရအိုးစင္ျကီးတစ္ခုလံုးေတာင္
မင္းမျမင္ဘူးလား”
“ဟာေအးဟုတ္သားပဲ
ငါသြားေသာက္လိုက္ဦးမယ္”
စိုးသူလည္းေရအိုးစင္သို့ေရာက္လာျပီး
ေရတစ္ခြက္ကိုခပ္ကာအားပါးတရ
ေသာက္လိုက္ေတာ့သည္။
“အား…အခုမွပဲဗိုက္ကိုတင္းသြားေတာ့တာပဲ”
“နိုင္ဦးနဲ႔ႏွင္းနု ေရေသာက္ျကဦးမွာလား”
“ခ်စ္ေရေသာက္မလား”
“အင္း…ေသာက္မယ္ကို”
“ေဟ့ေကာင္စိုးသူႏွစ္ခြက္ခပ္ခဲ့ကြာ”
စိုးသူလည္းေရခြက္ႏွစ္ခြက္ျဖင့္
ေရခပ္ကာနိုင္ဦးထံသို့လွမ္းေပးလိုက္ေလသည္။
“ေရာ့ခ်စ္ေရ”
“ေက်းဇူးပဲကိုစိုးသူ”
“ရပါတယ္”
“ဂလု ဂလု”
“ေရာ့တပည့္ေက်ာ္ျကီးေရခြက္သြားထားေခ်”
“ေအာင္မာ ငါလုပ္လိုက္ရေသဦးမယ္
မင္းေတာ့”
“ဟီးဟီး ခ်စ္လို့စတာပါသူငယ္ခ်င္းကလည္း”
စိုးသူလည္းေရခြက္မ်ားအား
ေရအိုးစင္၌ျပန္ထားလိုက္ျပီးစားပြဲခံုသို့
ျပန္လာကာထိုင္ေနလိုက္သည္။
“အေဒၚေရပိုက္ဆံရွင္းမယ္ဗ်ို့ ”
နိုင္ဦးကထမင္းဖိုးရွင္းရန္ဆိုင္ရွင္
အေဒၚျကီးအားေခၚလိုက္ျခင္းျဖစ္သည္။
“လာျပီလူကေလး လာျပီ”
ဆိုင္ရွင္အေဒၚျကီးကသူတို့စားပြဲဝိုင္း
သို့ေရာက္လာခဲ့ေလသည္။
“အေဒၚအားလံုးေပါင္းဘယ္ေလာက္
က်လဲခင္ဗ်။
“ေပးစရာမလိုပါဘူးငါ့တူရယ္
အေဒၚကေစတနာနဲ႔ေက်ြးတာပါကြယ့္”
“ဗ်ာ…”
“ရွင္…”
“ဟာမလုပ္ပါနဲ႔အေဒၚရယ္
တန္ရာတန္ေျကးေတာ့ယူရမွာေပါ့ဗ်ာ။
အေဒၚမွာလည္းေနာက္တစ္ေန့အတြက္
အရင္းကရွိေသးတယ္မဟုတ္လား”
“မလိုပါဘူးငါ့တူရယ္ အေဒၚတို့
ဆိုင္ေလးအတြက္ေငြမလိုပါဘူး
အေဒၚကေစတနာရွိလို့လူကေလးတို့ကို
ေက်ြးတာပါ။
အေဒၚခ်ေက်ြးသမ်ွအကုန္ကုန္သြားလို့
အေဒၚကေတာင္ဝမ္းသာေနတာကြယ့္”
“ခင္ဗ်ာ…”
ဆိုင္ရွင္အေဒၚျကီး၏စကားေျကာင့္
နိုင္ဦးေခါင္းရႈပ္သြားရေလသည္။
စီးပြားေရးလုပ္ေနသည့္မည္သူမဆို
ေငြကအလြန္အဓိကက်ေနသည္မဟုတ္ပါလား
ေငြဆိုတာလူတိုင္းအတြက္မရွိမျဖစ္
အရာတစ္ခုျဖစ္ေလသည္။
ယခုထမင္းဆိုင္ပိုင္ရွင္အေဒၚျကီး၏
စကားေျကာင့္နိုင္ဦးတို့သံုးေယာက္သား
စဥ္းစားရျကပ္သြားေလသည္။
“အေဒၚ့ဆိုင္အတြက္ေငြမလိုဘူးဆိုရင္
အေဒၚေရာင္းတဲ့ထမင္းေတြအသားေတြ
ကိုအေဒၚဘယ္လိုျပန္ဝယ္မွာလဲဗ်”
“အို…မခက္ပါဘူးငါ့တူရယ္
လိုသမ်ွအသားအကုန္လံုးသခ်ၤိဳင္းထဲ
သြားယူလိုက္ရံုပဲေလ”
“ဗ်ာ…”
“ရွင္”
“ဟင္…”
“ဟား ဟား ဟား ဟား”
“ဘယ္လိုလဲငါ့ဆိုင္ကထမင္းဟင္းေတြ
စားလို့မွေကာင္းရဲ႕လား”
“ဟီး ဟီးဟီး ဟီး”
ဆိုင္ရွင္အေဒၚျကီးႏွင့္ေကာင္မေလးမွာ
တဟီးဟီးတဟားဟားရယ္ေမာရင္း
ေျကာက္စဖြယ္မ်က္ႏွာျကီးမ်ားအျဖစ္
ေျပာင္းလဲသြားျကေလသည္။
ထမင္းလာခ်ေပးသည့္ေကာင္မေလးသည္
လည္းေခ်ာေမာလွပသည့္ပံုစံေပ်ာက္ကာ
ဆံပင္တစ္ေခ်ာင္းမွမရွိေသာေခါင္းခြံျကီးႏွင့္
ေလာက္တဖြားဖြားထြက္က်ေနသည့္မ်က္ႏွာ
ျကီးျဖင့္ရယ္ေမာျပေနေလသည္။
ဆိုင္ရွင္အေဒၚျကီးလည္းထို့အတူပင္
နဂိုကလူရုပ္အသြင္ေပ်ာက္ကာ
မ်က္လံုးတစ္ဖက္ကအျပင္သို့တြဲေလာင္းျကီး
က်ေနျပီးမ်က္ႏွာတစ္ခ်မ္းမွာလည္း
အရိုးမ်ားထြက္ေပၚေနေလသည္။
နိုင္ဦး၊ႏွင္းနုႏွင့္စိုးသူတို့လည္း
ဆိုင္ရွင္သားအမိအားသရဲမွန္းသိသြားသျဖင့္
အလြန္ထိတ္လန့္ေနျကေတာ့သည္။
“ေျပးေျပး ႏွင္းနုေျပး
စိုးသူလာျမန္ျမန္”
စိုးသူလည္းနိုင္ဦးရဲ႕ေခၚသံျကားမွ
သတိဝင္လာခဲ့ေလသည္။
“ဟင္…ေအး နိုင္ဦး လာေျပးျကစို့ ”
“ႏွင္းနုလာ”
ထို့အတူႏွင္းနုလည္းသရဲသားအမိအား
ျမင္ကာထိတ္လန့္ေနမိသည္။
သူတို့သံုးေယာက္သားထမင္းဆိုင္ထဲမွ
ေျကာက္အားလန့္အားထြက္ေျပးလာခဲ့
ျကေတာ့သည္။
“ဟီး ဟီး ဟီး
သရဲသားအမိကသူတို့ေနာက္မွဒယီးဒယိုင္
ႏွင့္ေျပးလိုက္လာျကေလသည္။
“ကားဆီေရာက္ေအာင္ေျပးျက”
“ေနာက္လွည့္မျကည့္နဲ့ နိုင္ဦး
ေျပး”
“ဂေလာက္”
“ဘံုး ဘံုး”
နိုင္ဦး၊ႏွင္းနုႏွင့္စိုးသူတို့သံုးဦး
ကားထဲေရာက္လာျပီးကားတံခါးအား
အလ်င္အျမန္ပိတ္လိုက္ျကေလသည္။
“ေမာင္းေမာင္း ေမာင္းေတာ့”
“ျမန္ျမန္ေလး”
“ဘူးဝူးဝူး”
ကံေကာင္းသည္ဟုဆိုရေပမည္။
ကားကခ်က္ခ်င္းေမာင္း၍ရသျဖင့္
ထိုေနရာမွအျမန္ဆံုးထြက္လာခဲ့ျကေလသည္။
“ဘံုး”
“ေအာင္မယ္ေလး”
“အား…”
ကားေနာက္ဖံုးေပၚ၌ကပ္တြယ္ျပီး
လိုက္လာသည့္သရဲမျကီးအားကားေနာက္ခန္း၌
ထိုင္ေနေသာနိုင္ဦးႏွင့္ႏွင္းနုတို့
ခ်စ္သူႏွစ္ဦးျမင္လိုက္ကာထိတ္လန့္သြားျကေလ
သည္။
“ကားေနာက္မွာသရဲမျကီး
ပါလာတယ္စိုးသူ။
ဘယ္လိုလုပ္ျကမလဲ”
“ေဟဟုတ္လား ငါ ငါလည္းမသိေတာ့ဘူးကြာ”
“ကို ဘုရားစာရြတ္ဖို့ေမ့ေနတာ
ဘုရားစာရြတ္ရင္သရဲေတြေျကာက္ျကတယ္တဲ့”
“ေအး ဟုတ္သားပဲကြာ။
ေမ့ေနလိုက္တာ”
ႏွင္းနုေျပာမွဘုရားစာရြတ္ရန္
သတိရမိျကေလသည္။
သရဲမျကီးကေတာ့ကားေနာက္ဖံုး၌
ကပ္တြယ္၍လိုက္လာဆဲပင္ျဖစ္သည္။
က်န္သည့္သရဲမတစ္ေကာင္ကေတာ့
လိုက္လာခဲ့ျခင္းမရွိေပ။
ထို့ေနာက္တျပိုင္နက္ထဲသုံးေယာက္သား
ဘုရားစာရြတ္လိုက္ျကေတာ့သည္။
“အား မရြတ္န႔ဲ ပူတယ္ ပူတယ္”
“ဝုန္း”
သရဲမျကီးကနားႏွစ္ဖက္ကိုပိတ္ျပီး
ေအာ္ဟစ္ကာကားေပၚမွခုန္ဆင္း
သြားေတာ့ေလသည္။
“သရဲမျကီးမရွိေတာ့ဘူး စိုးသူ”
“ဘုရားစာရြတ္တာသူေျကာက္လို့ျဖစ္မယ္
ခုန္ဆင္းသြားတာျမင္လိုက္ရတယ္”
“ဟာ…ေရွ့မွာမီးေရာင္ေတြျမင္ေနရျပီ
ရြာေရာက္ျပီနိုင္ဦး”
“ဟူး ေတာ္ေသးတာေပါ့ကြာ
ရြာကိုေရာက္ေပလို့သာပဲ။
မဟုတ္ရင္လမ္းမွာသရဲေျခာက္လို့
ေသေတာ့မွာပဲ”
“ကိုရယ္သိပ္လည္းေျကာက္မေနပါနဲ့ေတာ့။
ရြာကိုေရာက္လာျပီပဲဟာ”
“အင္းပါ ခ်စ္လည္းမေျကာက္နဲ့ေတာ့ေနာ္”
“အင္း”
စိုးသူလည္းကားအားျဖည္းျဖည္း
ေမာင္းကာရြာထဲဝင္လာခဲ့ေလသည္။
ကားကိုရြာအထဲထိေမာင္းမဝင္ေတာ့ပဲ
ရြာအဝင္၌ရပ္ထားခဲ့ေလသည္။
သူတို့၃ေယာက္သားကားေပၚမွ
ဆင္းကာရြာထဲေလ်ွာက္လာခဲ့ျကေလသည္။
အိမ္တစ္အိမ္အားဝင္ကာ
မဂၤလာေဆာင္မည့္သတို့သားေနအိမ္အား
စံုစမ္းေမးျမန္းျကေလသည္။
အိမ္ရွင္လူျကီးကသူကိုယ္တိုင္လိုက္ပို့ေပးပါ့မည္
ဆိုျပီးလိုက္လံပို့ေပးရွာေလသည္။
“ေမာင္ခန့္ေကာင္း ေမာင္ခန့္ေကာင္းေရ
ဒီမွာမင္းသူငယ္ခ်င္းေတြကမင္းနဲ႔
ေတြ့ခ်င္လို့တဲ့ငါလိုက္ပို့တာကြ”
“ဟာ…နိုင္ဦး၊စိုးသူ မင္းတို့ငါ့မဂၤလာေဆာင္ကိုအတည္ျကီး
လိုက္လာျကတာလားကြ။
အံမယ္ႏွင္းနုလည္းပါလာတာကိုး
လာလာ လာျက”
ကိုခန့္ေကာင္းကစိုးသူႏွင့္နိုင္ဦးအား
အိမ္ထဲဖိတ္ေခၚလိုက္ေလသည္။
ႏွင္းနုလည္းနိုင္ဦးလက္ကိုဆြဲကာ
အိမ္ထဲဝင္လာခဲ့သည္။
“သူငယ္ခ်င္းေရကံေကာင္းလို့
မင္းဆီအသက္မေပ်ာက္ပဲေရာက္လာခဲ့တာကြ။
“ဟင္…မင္းဟာကဘာစကားျကီးလဲ
စိုးသူရ။ရွင္းေအာင္ေျပာစမ္းပါကြ”
“ဒီလိုငါ့ေကာင္ေရ
ငါတို့လာတဲ့လမ္းမွာထမင္းဆိုင္တစ္ဆိုင္
ေတြ့လိုဝင္ျပီးစားျကတာ
အဲ့ဒီဆိုင္ကလူေတြေရာင္းတာမွမဟုတ္ပဲ
သရဲသားအမိျဖစ္ေနတယ္ေဟ့
ငါတို့ကိုလိုက္သတ္လို့မနည္းလြတ္ေအာင္
ေျပးလာခဲ့ျကတာကြ”
“ျဖစ္မွျဖစ္ရေလသူငယ္ခ်င္းတို့ရာ
အဲ့ဒီသရဲသားအမိကလူနည္းနည္းလူစိမ္းရင္
အခုလိုပဲအျမဲေျခာက္ေနျကကြ။
“ေဟ”
“ဟင္”
“ရွင္”
“ဟုတ္တယ္မင္းတို့အံ့ျသလည္း
အံ့ျသခ်င္စရာပဲကြ။
အဲဒီသရဲသားအမိကမက်ြတ္မလြတ္ပဲ
ရွိေနတာအေတာ္ျကာျပီကြ။
အရင္ကအဲ့ဒီေနရာျကီးကရြာေလကြာ
သူ့နံေဘးမွာကတို့ရြာသခ်ၤိဳင္းကုန္းေလ
တို့ရြာကအသုဘရွိရင္အဲ့ဒီသခ်ၤိဳင္းကိုသြားျပီး
ျမွုပ္ႏွံျကရတယ္ေလ။
အဲေနာက္ေတာ့ အဲ့ဒီရြာမွာကာလဝမ္းေရာဂါအျကီးအက်ယ္
ျဖစ္ျကတယ္ကြ။
လူအေတာ္မ်ားမ်ားလည္း
ဝမ္းေရာဂါနဲ့ေသကုန္ျကတယ္ေလ
ေနာက္ေတာ့ရြာလံုးက်ြတ္နီးပါး
ေျပာင္းျကေရႊ့သြားျကတယ္ေလ
ဝမ္းေရာဂါနဲ့
ေသသြားတဲ့အထဲမွာအဲ့ဒီရြာကထမင္းဆိုင္ပိုင္ရွင္သားအမိေဒၚခင္ေမနဲ႔သူ့သမီးခင္ယုေမလည္း
ပါခဲ့တယ္။
ဘယ္သူကမွလည္းအမ်ွအတန္းမေပးျကေတာ့
ဒီသရဲသားအမိကအခုထိ
မက်ြတ္မလြတ္ျဖစ္ေနတာေပါ့ကြာ
မင္းတို့လိုပဲကြ။
တျခားသူေတြလည္းအခုလိုေျခာက္လွန့္တာ
ခံျကရတယ္ကြ။
“မင္းေျပာသလိုဆိုရင္
ဒီသားအမိကေသသြားတာျကာျပီပဲကြ။
သူတို့ကိုယ္သူတို့ေသမွန္းသိပံုမရဘူး
ဒါေျကာင့္ပံုမွန္လူေတြလိုပဲ
သြားလာလႈပ္ရွားေနျကတာျဖစ္မယ္”
“မဟုတ္ေလာက္ဘူးနိုင္ဦး
သူတို့ကသူတို့ရွိေနတယ္ဆိုတာ
အဖန္ဖန္ထပ္တလဲလဲျပေနတာကြ”
“ဒါလည္းျဖစ္နိုင္တာပဲ
ကဲ ေရာက္တုန္းေရာက္ခိုက္ေအးေအးေဆးေဆး
အနားယူလိုက္ျကဦး။
မနက္ျဖန္ငါ့မဂၤလာေဆာင္လည္း
ရွိေသးတယ္မလား။
ရြာမွာအျကာျကီးေတာ့ေနေပးျကဦး”
“စိတ္ခ်၃ ၄ရက္ေလာက္ေတာ့
ေနဦးမွာ။
ငါတို့အားလံုးလည္းအားေနတာကိုးကြ”
“ေအးပါ မင္းတို့ေပ်ာ္သေလာက္သာေနျကေပါ့”
“မင္းလည္းမနက္မဂၤလာေဆာင္ရဦး
မွာဆိုေတာ့သြားအိပ္ေတာ့ေလကြာ”
“ေအးပါ။
ငါမင္းတို့အတြက္အိပ္ဖို့စီစဥ္လိုက္ဦးမယ္
ႏွင္းနုကိုေတာ့ငါ့ညီမေထြးငယ္နဲ့
အိပ္ခိုင္းလိုက္ေပါ့ကြာ”
“ဟုတ္ကဲ့ ကိုခန့္ေကာင္း”
ႏွင္းနုကကိုခန့္ေကာင္းကို
ေခါင္းညိတ္ကာေျပာလိုက္ေလသည္။
“ခ်စ္ဒါဆိုရင္ ခ်စ္က
ေထြးငယ္နဲ့သြားအိပ္လိုက္ေပါ့
ကိုယ္ကေတာ့စိုးသူနဲ့အိပ္လိုက္မယ္”
“အင္းပါကိုရဲ႕”
“ေနဦးေမ့ေတာ့မလို့”
“ဘာလဲခန့္ေကာင္း”
“မင္းတို့သရဲသားအမိေရာင္းတဲ့
ထမင္းေတြစားလာခဲ့ျကတာမလား”
“ေအးဟုတ္သားပဲကြ”
“အင္းဟုတ္တယ္ေလ”
“ဟာ…ဟိုသရဲသားအမိက
ဘာေတြေက်ြးလႊတ္လိုက္မွန္းမသိဘူး
ေနေနငါေရမန္းသြားယူျပီး
မင္းတို့ကိုတိုက္ဦးမွပဲ”
ကိုခန့္ေကာင္းကအိမ္ေပၚသို့အလ်င္
အျမန္တက္သြားေလသည္္။
အိမ္ေအာက္ျပန္ဆင္းလာေတာ့
ေရမန္းဗူးတစ္ဘူးပါလာေလသည္။
“ေရာ့ေသာက္လိုက္ျက
အႏၱရာယ္ကင္းသြားေအာင္လို့”
“ေအးေအး”
“ဂလုဂလု”
“ေရာ့နိုင္ဦး ေသာက္လိုက္”
“ဂလု”
“ခ်စ္ေရာေသာက္လိုက္”
“အင္း”
“ဂလုဂလု”
“ေက်းဇူးပဲသူငယ္ခ်င္း”
ေရမန္းေသာက္ျပီးသည္ႏွင့္
သူတို့သံုးေယာက္ဗိုက္ထဲမွမအီမသာ
ျဖစ္လာျကေလသည္။
“ေဝါ့ ”
“ေအာ့”
“ေဝါ့ ေအာ့”
သံုးေယာက္ျပိုင္တူထိုးအန္ျကေတာ့ေလသည္။
“ဟာ…”
“ဟင္”
“ဟာ ဘာ ဘာေတြလဲ”
အန္ဖတ္မ်ားမွာမည္းမည္းပုတ္ပုတ္
အတံုးအတစ္မ်ားျဖစ္ျပီးထိုအန္ဖတ္္မ်ားထဲတြင္
ရြစိရြစိႏွင့္ေလာက္မ်ားကိုပါ
ုျမင္လိုက္ျကရေလသည္။
“ဟင္ ေလာက္ေတြပါလား”
” ဒါ ဒါဆို ငါတို့စားလာခဲ့တာ
ထမင္းေတြဟင္းေတြမဟုတ္ဘူးေပါ့”
“ဘယ္ဟုတ္မလဲကြ။
နာနာဘာဝေတြေက်ြးမွေတာ့မေကာင္းတဲ့
အရာေတြပဲျဖစ္မွာေပါ့
ဘာမွမပူနဲ့ေတာ့ေရမန္းတန္ခိုးေျကာင့္
မေကာင္းတာေတြအကုန္အန္တဲ့အထဲ
ပါသြားျပီပဲေလ”
“အခုမွေခါင္းထဲျကည္ျကည္လင္လင္
ရွိသြားသလိုပဲကြာ”
“ဟုတ္တယ္ေနာ္
ခုနုကဆိုရင္ဘယ္လိုျကီးမွန္းမသိဘူး
မူးေနာက္ေနာက္နဲ့”
“ကဲကဲ ပင္ပန္းထားျကတာ
သြားအိပ္လိုက္ျကဦး”
“ေအးေအး လာစိုးသူသြားျကစို့
ႏွင္းနုလာ”
“အင္း”
“လာျပီသူငယ္ခ်င္း”
ႏွင္းနု၊နိုင္ဦးႏွင့္စိုးသူတို့သူတို့သံုးေယာက္လည္း
အိမ္ေပၚသို့တက္သြားျကေလသည္။
==================
စိုးသူတို့သံုးေယာက္ရြာကမဂၤလာေဆာင္မွာ
၃.၄ရက္ေနျပီးမွအိမ္သို႔ျပန္လာခဲ့ျကေလသည္။
အိမ္အျပန္လမ္း၌သူတို့ဝင္ျပီးစားခဲ့သည့္
ထမင္းဆိုင္ေလးအားရွာျကည့္မိေလသည္။
ထမင္းဆိုင္ကိုမေတြ႔ရပဲျခံုႏြယ္မ်ားျဖင့္
ျပည့္ႏွက္ေနေသာဖံုးဆိုးေျမကိုသာ
ျမင္ေတြ႔ရေလေတာ့သည္။
ဤေနရာကိုျကည့္ျပီးအရင္ရက္က
ျကံုေတြ့ခဲ့ရေသာအျဖစ္အပ်က္ကို
ျပန္လည္ျမင္ေယာင္ကာသူတို့၃ေယာက္
ျကက္သီးေမြးညွင္းမ်ားပင္ထလာခဲ့
ေတာ့သည္။
ျပီးပါျပီ။
ဇာတ္လမ္းေလးအားျကိုက္ႏွစ္သက္ပါက
လက္မေလးေတြနွိပ္ျပီးShareသြားျက
ေနာ္။
စာဖတ္သူမ်ားရႊင္လန္းျကပါေစ။

No comments

Post a Comment