*၅၂၈ အစွဲ*
(စ/ဆုံး)
**********************************
ဖြစ်ရပ်မှန် အကြောင်းအရာလေးတစ်
ခုကို ပြုပြင်၍ တင်ပြခြင်းဖြစ်ပါသည်။ ဇာတ်
သည်။
ဝုန်း....ဒုန်း....ဒုန်း...
"အား...ဝါး......ဟီး.... ဝါး....."
သားငယ်ရဲ့စူးစူးဝါးဝါးငိုသံကိုရုတ်တရက်
ကြားလိုက်ရသဖြင့် နေလ ရော ကြာဖြူပါ
အသံကြားရာ လှေကားဆီသို့ အမြန်ဆုံးပြေး
သွားကြသည်။
လှေကား ခြေရင်းတွင် လဲကျ၍ငိုနေသော
သားငယ်ကို ကြာဖြူစိုးရိမ်တကြီးအော်လိုက်ပြီး
ပွေ့ချီလိုက်၏။
"သား.....သားလေး..ဒုက္ခပါပဲ ကျိုးပဲ့ကုန်
ရင်ဒုက္ခ..."
ပြီးတော့ မွန်မွန့်ကိုဆူတော့သည်။
"သမီး...မွန်မွန်..မောင်လေးလှေကားပေါ်
မတက်စေနဲ့ တက်ရင်ဆွဲထား ပြောမရရင်မေမေ တို့ကိုတိုင်လို့ပြောထားတယ်လေ...အခုတော့
ပြုတ်ကျပြန်ပြီ..."
"သမီးက အကြီးပဲ မောင်လေးကိုဂရုစိုက်
မွေပါ့..."
မွန်မွန်ကလည်း သူ့မောင်လေး ဝေယံကို
ငိုမဲ့မဲ့ဖြင့်စိတ်မကောင်းစွာကြည့်နေသည်။
"မောင်လေး လှေကားပေါ်တက်သွားတာ
သမီးမသိလိုက်လို့ပါ မေမေ..."
နေလက ကြာဖြူ့ပြောလိုက်သည်။
"ကဲပါ ဖြူရာ သမီးကိုဆူမနေပါနဲ့တော့
သားလည်း ဘာမှမဖြစ်ပါဘူးကွ..."
" မဖြစ်လို့ပေါ့ ဖြစ်ရင်ဖြူ ရင်ကျိုးပြီးသေ
မှာပဲ...မတော်လို့ ကျိုးပဲ့သွားရင်ဘယ်လိုလုပ်မ
လဲ..."
မွန်မွန် လည်းသူ့အမေဆူတာရော သူ့
မောင်လေးအတွက်စိတ်မကောင်းဖြစ်တာပါ
ရောပြီး ငိုနေချေ၏။ နေလလည်းမနေနိုင်တော့
...
"ဘာလို့ ငိုတာလည်း သမီးလေးရဲ့ သမီးကို
မေမေက ဆူတာမဟုတ်ပါဘူး...မောင်လေးကို
ဂရုစိုက်ဖို့ပြောတာပါ နောက်ဆိုမောင်လေးကို
လှေကားပေါ်မတက်စေနဲ့နော်..."
"ဟုတ်...ဟုတ်...ဖေကြီး..."
အချို့ကပြောကြသည် အမေများက
သားများကိုပိုချစ်၍ အဖေများက သမီးများကိုပို
၍ ချစ်တက်ကြသည်ဟုဆိုသည်။
ထိုစကားက သူတို့အတွက်တော့ ရာခိုင်
နှုန်း အတော်များများမှန်သည်။ကြာဖြူက သား
ငယ်ဝေယံကို အကဲပိုသလို နေလကလည်း သ
မီးကြီး မွန်မွန့်ကို ပို၍ အလိုလိုက်သယောင်ရှိ
သည်။
သားငယ် ဝေယံထိုလှေကားမှ ပြုတ်ကျ
သည်မှာ ၃ ကြိမ်ပင်ရှိနေပြီဖြစ်သည်။ ဒုတိယအ
ကြိမ်ပြုတ်ကျတုန်းက ခေါင်းပေါက်သွားခဲ့၏။
မိဘတွေက အလုပ်များလှသဖြင့် ဝေယံ
လေးကို အမဖြစ်သူ မြတ်ရည်မွန်(မွန်မွန် ဟုသာ
ခေါ်သည်)ကသာ အများအားဖြင့်ထိန်းရ၏။
အိမ်စေ အဒေါ်ကြီးတစ်ယောက်ရှိသော်လည်း
အိမ်အလုပ် များလှသဖြင့် ဝေယံလေးကို အမြဲ
ထိန်းမပေးနိုင်ပါ။
မွန်မွန်က အသက် ၉နှစ်ဖြစ်ပြီး ဝေယံက
တော့ ၄ နှစ်သာရှိပါသေးသည်။
ယခု တတိယအကြိမ် ဝေယံပြုတ်ကျတော့
ကြာဖြူက နေလကိုပြော၏။
"မောင်...လှေကားခြေရင်းကိုတခုခုကာ
လိုက်ပါလား သားတက်လို့မရအောင်လေ..."
"အင်း....မောင်လည်းစဉ်းစားမိပါတယ်
စိတ်ချ မနက်ဖြန်ကာလိုက်မယ်နော်..."
နောက်တနေ့မိုးလင်းတော့ ထုံးစံအတိုင်း
နေလက အိမ်ရှေ့၌ပင်ဖွင့်ထားသောသူ၏ ဆိုင် ကယ်ပြင်ဆိုင်လေးကို စတင်ဖွင့်နေပြီဖြစ်သည်။
သွပ်တံခါးချက်များကို တစ်ချပ်ခြင်းဖြုတ်ရင်း...
အလုပ်သွားရန်ပြင်နေသော ကြာဖြူ့ကို ပြုံးပြ
လိုက်သည်။
"ဖြူ...သွားတော့မှာလား...နေပါဦးကွ"
ဆိုင်ကယ်စီး ဟဲလ်မက်ဦးထုတ်ဆောင်းပြီး ဆိုင်ကယ်ပေါ်တက်ရန်ပြင်နေသော ကြာဖြူက..
"ဘာလဲ မောင်ရဲ့ ဘာမှာမလို့လဲ အလုပ်
နောက်ကျနေပြီ..."
နေလက ပြုံးစိစိမျက်နှာဖြင့် ..
"အရင်တုန်းကဆို အလုပ်သွားခါနီး ဖြူ့ကို
အာဘွားပေးနေကျလေ အခုရော..ပေးရမလား"
"ဟား....ဟား...မောင်ကလည်း ကလေး ၂
ယောက်တောင်ရနေပြီလေ သူငယ်ပြန်နေ ပြန်
ပြီ...တကယ်ပဲ နောက်ကျနေပြီ အာဘွားပေးချင်
ပြန်မှပေးတော့...ခိ ခိ... သွားတော့မယ်.."
"ဖေကြီးရေ ....မောင်လေးလှေကားပေါ်
တက်နေတယ်...သမီးပြောတာလည်းမရဘူး..."
"ဟင်..."
"ဟာ..."
"ဒီကလေးတွေကလည်းကွာ"
အိမ်ထဲမှအော်တိုင်နေသော မွန်မွန့် အသံ ကြောင့်နေလ အိမ်ထဲဝင်ပြေးသွားတော့ကြာဖြူ လည်းဆိုင်ကယ်စီးဦးထုတ်ကို အမြန်ချွတ်လိုက် ပြီးအိမ်ထဲပြေးလိုက်သွားပြန်၏။
အိမ်ထဲရောက်တော့ မျောက်ရှုံးအောင်
ဆော့သောဝေယံက လှေကားဆယ်ထစ်ခန့်
သို့ ရောက်နေပြီဖြစ်သည်။နေလလည်းလှေကား
ပေါ် တက်သွားပြီး သားငယ်ဝေယံကိုပွေ့ချီကာ
ပြန်ဆင်းလာခဲ့သည်။ကြာဖြူလည်း အပြေး
တစ်ပိုင်းရောက်လာသည်။
"မောင်...လှေကားခြေရင်းကို သားတက်လို့
မရအောင် တစ်ခုခု ကာရိုက်လိုက်နော်...ဒီနေ့ပဲ
ရိုက်လိုက်တော့နော်...."
ကြာဖြူလက်ပတ်နာရီကိုကြည့်လိုက်ရင်း..
"ဟာ..အရမ်းနောက်ကျနေပြီ သွားပြီမောင်
ရေ.... လှေကားကို တခုခုကာဖို့မြန်မြန်လုပ်
သွားပြီ...."
ကြာဖြူ အလုပ်နောက်ကျသဖြင့် အပြေး
တစ်ပိုင်း ထွက်သွားတော့ ဆိုင်ကယ်စီး ဦးထုတ်
ကို ကြုံရာစားပွဲတွင် တင်ထားခဲ့သည်။မေ့ကျန်
ခဲ့ခြင်းဖြစ်သည်။
" ဖြူ....ဦးထုတ်ကျန်ခဲ့တယ်....ဟာ...မ
ကြားတော့ဘူး....."
ဝူး......ဝေါ......
နေလ ဦးထုတ်ကိုတွေ့တော့ ယူပြီးပြေး
၍ လိုက်ပေးသော်လည်း မမှီတော့ ကြာဖြူက
ဆိုင်ကယ်ကို ခပ်မြန်မြန်ပင် မောင်းထွက်သွား
ပြီဖြစ်သည်။
ဖြစ်ချင်တော့ ထိုနေတစ်နေ့လုံး နေလအ
လုပ် အရမ်းရှုပ်နေသည်။ လာပြင်သည့် ဆိုင်
ကယ်ကလည်းများသဖြင့် လှေကားကာရိုက်
ရမည့်ကိစ္စကို မေ့နေမိသည်။ညနေ ၆ နာရီကျော်
မှ သတိရသည်။ဒီနေ့တော့ ရှိပါစေတော့ နောက်
နေ့မှ လှေကားကိစ္စလုပ်တော့မည်ဟုတွေးမိ
သည်။တစ်ရက်လောက်နဲ့တော့မထူးပါဟုတွေး
မိသည်။ မွန်မွန့်ကိုလည်း သေချာကြည့်ခိုင်းထား
သည်မို့ ဘာမှမဖြစ်နိုင်ပါဟုတွေးမိသည်။
" ဖေကြီး...."
နောက်ဖက်မှ ခေါ်သံကြားသဖြင့်လှည့်ကြည့်
လိုက်တော့ မွန်မွန့်ကို တွေ့ရသည်။
"ဘာလည်း သမီးရဲ့....."
"ဟို...မေမေ ဘယ်ရောက်သွားတာလဲ...
ပျောက်သွားလို့...."
"မေမေက အလုပ်သွားတယ်လေသမီးရဲ့
ပြန်မရောက်သေးဘူးလေ..."
"မဟုတ်ဘူး...ဖေကြီး...ခုနတုန်းကလေ...
မေမေ့ကို တွေ့လိုက်တယ်..."
"ပြန်မရောက်သေးပါဘူးဆိုကွာ သမီးက
လည်း...."
"ဖေကြီး ခုန သမီး...မုန့်သွားဝယ်ပြီးပြန်
လာတော့ မောင်လေးက လှေကားပေါ်တက်
ဆော့နေတာ လှေကားထိပ်ဆုံးတောင်ရောက်
နေပြီ....အဲ့ဒါပြုတ်ကျမလိုဖြစ်တော့... "
"ဟင်...အခုလား သမီး...."
"မဟုတ်ဘူး ဖေကြီး မောင်လေးပြုတ်ကျ
မလိုဖြစ်တော့ မေမေကဘယ်အချိန်က အိမ်ပေါ်
ထပ်ကြိုရောက်နေလည်းမသိဘူး...မောင်လေး
ကိုလှမ်းဆွဲထားလိုက်တယ်..."
"ပြီးတော့ မောင်လေးကို ချီပြီးအောက်ထပ် ဆင်းလာတယ်..အောက်ထပ်လည်းရောက်ရော သမီးဟိုဘက်ခဏလေး လှည့်လိုက်တာ မေမေ မရှိတော့ဘူးကြမ်းပြင်ပေါ်မှာမောင်လေး တစ် ယောက်တည်းရှိနေတယ်..."
"အော်..မေမေ မရောက်သေးပါဘူးဆို
ငါ့သမီးကလည်း ဘာတွေပြောနေမှန်းမသိဘူး
သွားသွား မောင်လေးနဲ့သွားကစားနော်..."
နေလ မွန်မွန့် စကားကိုအလေးထားပုံမရ
ပါ။ဆိုင်ကယ်ကိုသာပြင်ရန် အာရုံရောက်နေမိ
သည်။
သို့သော်လည်း ခဏနေတော့ တွေးမိသည်။
မွန်မွန် ဘာတွေပြောသွားတာပါလိမ့်.... ကြာဖြူ
အလုပ်မှ ပြန်မရောက်သေးတာတော့ အမှန်ပင်
ဖြစ်သည်။ ထူးခြားသည်က မွန်မွန် ညာမပြော
တက်ပါ ယခုမှ ဘာစိတ်ကူးနှင့် ဘာတွေပြောနေ
မှန်းမသိတော့ပါ။
" ကိုနေလ ကိုနေလ "
အပြေးတစ်ပိုင်းရောက်လာသော အိမ်နီး
ချင်း ကျော်စိုး၏ အထိတ်တလန့်အမူရာကြောင့်
နေလ ရင်ထိတ်သွားမိသည်။
" ဟာ...လန့်လိုက်တာကျော်စိုးရာ ဘာတွေ
ဖြစ်လာတာလဲ..."
"ခင်ဗျားမိန်းမ ကြာဖြူ လမ်းထိပ်မှာ သူ့
ဆိုင်ကယ်နဲ့ ကားတစ်စီးတိုက်မိတာ ဆုံးသွားပြီ
ဗျ ပွဲချင်းပြီးပဲ..."
"ဘာ.!!!...."
နေလ ပြင်လက်စ ဆိုင်ကယ်ကို ပစ်ထား
ခဲ့ကာ လမ်းထိပ်သို့အပြေးအလွှားထွက်သွား
တော့သည်။
နေလရောက်လာတော့ မြင်ကွင်းက မ
ကောင်းလှပါ ကြာဖြူက ကတ္တရာလမ်းပေါ်တွင်
ဆိုင်ကယ်တခြား လူတခြားနှင့် ဦးခေါင်းကိုထိ
ခိုက်မိသည့် ဒဏ်ရာနှင့် သေဆုံးနေပြီဖြစ်ပါ
သည်။ဆိုင်ကယ်စီး ဦးထုတ်ကို ဒီနေ့တစ်ရက်
တည်း သာမေ့ကျန်ခဲ့ဖူးသော သူ့ဇနီးအတွက်
နေလ ယူကြုံးမရ ဖြစ်နေတော့၏။
"ဖြူ.!!!!.....ဖြစ်မှ ဖြစ်ရလေကွာ...."
" ဝေယံလေးကို စိတ်ချသွားပြီလားကွ
ဖြူ....ကိုယ်ဘယ်လိုဖြေရမလဲကွာ....."
သွေးသံ ရဲရဲနှင့် ကြာဖြူ့အလောင်းကို
ပွေ့ဖက်ထားပြီး ငိုကြွေးနေတော့သည်။
ထိုစဉ် မွန်မွန် လည်းရောက်လာ၏။ သူ့
အဖေနောက်မှ ပြေးလိုက်လာပုံရသည်။ကျော်
စိုးကလည်း ဝေယံလေးကိုချီကာ ရောက်လာ
သည်။
မွန်မွန် သေဆုံးနေသောသူ့အမေကိုတွေ့ တော့ ငိုယို၍ပြောနေ၏။
"ဟီး....အဟီး.....မေမေ.....ခုန ကတောင်
မောင်လေး လှေကားပေါ်က ပြုတ်ကျခါနီးမေ
မေ လာကယ်သွားတာလေ ဘာလို့အခုဒီမှာလာ
သေနေရတာလဲ....ဟီး...အဟင့်...ဟီး........."
"ဒါဆို အိမ်ကိုရောက်လာတာ ဘယ်သူလဲ...
မေမေက ဘာလို့ နှစ်ယောက်ဖြစ်နေရတာလဲ..
ဟီး........မေမေ........."
ပြီးပါပြီ
ရွင်လန်းချမ်းမြေ့ကြပါစေ
စာရေးသူ=ဇာမဏီအားလေးစားလျက်
#Like&shareလေးလုပ်ပြီးအားပေးကြပါအူံး
*၅၂၈ အစြဲ*📖📖📖 (စ/ဆုံး)
**********************************
ျဖစ္ရပ္မွန္ အေၾကာင္းအရာေလးတစ္
ခုကို ျပဳျပင္၍ တင္ျပျခင္းျဖစ္ပါသည္။ ဇာတ္
ေကာင္ နာမည္မ်ားကိုေတာ့ ေျပာင္းလဲထားပါ
သည္။
ဝုန္း....ဒုန္း....ဒုန္း...
"အား...ဝါး......ဟီး.... ဝါး....."
သားငယ္ရဲ႕စူးစူးဝါးဝါးငိုသံကို႐ုတ္တရက္
ၾကားလိုက္ရသျဖင့္ ေနလ ေရာ ၾကာျဖဴပါ
အသံၾကားရာ ေလွကားဆီသို႔ အျမန္ဆုံးေျပး
သြားၾကသည္။
ေလွကား ေျခရင္းတြင္ လဲက်၍ငိုေနေသာ
သားငယ္ကို ၾကာျဖဴစိုးရိမ္တႀကီးေအာ္လိုက္ၿပီး
ေပြ႕ခ်ီလိုက္၏။
"သား.....သားေလး..ဒုကၡပါပဲ က်ိဳးပဲ့ကုန္
ရင္ဒုကၡ..."
ၿပီးေတာ့ မြန္မြန္႔ကိုဆူေတာ့သည္။
"သမီး...မြန္မြန္..ေမာင္ေလးေလွကားေပၚ
မတက္ေစနဲ႔ တက္ရင္ဆြဲထား ေျပာမရရင္ေမေမ တို႔ကိုတိုင္လို႔ေျပာထားတယ္ေလ...အခုေတာ့
ျပဳတ္က်ျပန္ၿပီ..."
"သမီးက အႀကီးပဲ ေမာင္ေလးကိုဂ႐ုစိုက္
ေမြပါ့..."
မြန္မြန္ကလည္း သူ႔ေမာင္ေလး ေဝယံကို
ငိုမဲ့မဲ့ျဖင့္စိတ္မေကာင္းစြာၾကည့္ေနသည္။
"ေမာင္ေလး ေလွကားေပၚတက္သြားတာ
သမီးမသိလိုက္လို႔ပါ ေမေမ..."
ေနလက ၾကာျဖဴ႕ေျပာလိုက္သည္။
"ကဲပါ ျဖဴရာ သမီးကိုဆူမေနပါနဲ႔ေတာ့
သားလည္း ဘာမွမျဖစ္ပါဘူးကြ..."
" မျဖစ္လို႔ေပါ့ ျဖစ္ရင္ျဖဴ ရင္က်ိဳးၿပီးေသ
မွာပဲ...မေတာ္လို႔ က်ိဳးပဲ့သြားရင္ဘယ္လိုလုပ္မ
လဲ..."
မြန္မြန္ လည္းသူ႔အေမဆူတာေရာ သူ႔
ေမာင္ေလးအတြက္စိတ္မေကာင္းျဖစ္တာပါ
ေရာၿပီး ငိုေနေခ်၏။ ေနလလည္းမေနႏိုင္ေတာ့
...
"ဘာလို႔ ငိုတာလည္း သမီးေလးရဲ႕ သမီးကို
ေမေမက ဆူတာမဟုတ္ပါဘူး...ေမာင္ေလးကို
ဂ႐ုစိုက္ဖို႔ေျပာတာပါ ေနာက္ဆိုေမာင္ေလးကို
ေလွကားေပၚမတက္ေစနဲ႔ေနာ္..."
"ဟုတ္...ဟုတ္...ေဖႀကီး..."
အခ်ိဳ႕ကေျပာၾကသည္ အေမမ်ားက
သားမ်ားကိုပိုခ်စ္၍ အေဖမ်ားက သမီးမ်ားကိုပို
၍ ခ်စ္တက္ၾကသည္ဟုဆိုသည္။
ထိုစကားက သူတို႔အတြက္ေတာ့ ရာခိုင္
ႏႈန္း အေတာ္မ်ားမ်ားမွန္သည္။ၾကာျဖဴက သား
ငယ္ေဝယံကို အကဲပိုသလို ေနလကလည္း သ
မီးႀကီး မြန္မြန္႔ကို ပို၍ အလိုလိုက္သေယာင္ရွိ
သည္။
သားငယ္ ေဝယံထိုေလွကားမွ ျပဳတ္က်
သည္မွာ ၃ ႀကိမ္ပင္ရွိေနၿပီျဖစ္သည္။ ဒုတိယအ
ႀကိမ္ျပဳတ္က်တုန္းက ေခါင္းေပါက္သြားခဲ့၏။
မိဘေတြက အလုပ္မ်ားလွသျဖင့္ ေဝယံ
ေလးကို အမျဖစ္သူ ျမတ္ရည္မြန္(မြန္မြန္ ဟုသာ
ေခၚသည္)ကသာ အမ်ားအားျဖင့္ထိန္းရ၏။
အိမ္ေစ အေဒၚႀကီးတစ္ေယာက္ရွိေသာ္လည္း
အိမ္အလုပ္ မ်ားလွသျဖင့္ ေဝယံေလးကို အၿမဲ
ထိန္းမေပးႏိုင္ပါ။
မြန္မြန္က အသက္ ၉ႏွစ္ျဖစ္ၿပီး ေဝယံက
ေတာ့ ၄ ႏွစ္သာရွိပါေသးသည္။
ယခု တတိယအႀကိမ္ ေဝယံျပဳတ္က်ေတာ့
ၾကာျဖဴက ေနလကိုေျပာ၏။
"ေမာင္...ေလွကားေျခရင္းကိုတခုခုကာ
လိုက္ပါလား သားတက္လို႔မရေအာင္ေလ..."
"အင္း....ေမာင္လည္းစဥ္းစားမိပါတယ္
စိတ္ခ် မနက္ျဖန္ကာလိုက္မယ္ေနာ္..."
🕛🕧🕐🕜🕑🕝🕒🕞🕓🕟🕔🕠🕕🕡
ေနာက္တေန႔မိုးလင္းေတာ့ ထုံးစံအတိုင္း
ေနလက အိမ္ေရွ႕၌ပင္ဖြင့္ထားေသာသူ၏ ဆိုင္ ကယ္ျပင္ဆိုင္ေလးကို စတင္ဖြင့္ေနၿပီျဖစ္သည္။
သြပ္တံခါးခ်က္မ်ားကို တစ္ခ်ပ္ျခင္းျဖဳတ္ရင္း...
အလုပ္သြားရန္ျပင္ေနေသာ ၾကာျဖဴ႕ကို ၿပဳံးျပ
လိုက္သည္။
"ျဖဴ...သြားေတာ့မွာလား...ေနပါဦးကြ"
ဆိုင္ကယ္စီး ဟဲလ္မက္ဦးထုတ္ေဆာင္းၿပီး ဆိုင္ကယ္ေပၚတက္ရန္ျပင္ေနေသာ ၾကာျဖဴက..
"ဘာလဲ ေမာင္ရဲ႕ ဘာမွာမလို႔လဲ အလုပ္
ေနာက္က်ေနၿပီ..."
ေနလက ၿပဳံးစိစိမ်က္ႏွာျဖင့္ ..
"အရင္တုန္းကဆို အလုပ္သြားခါနီး ျဖဴ႕ကို
အာဘြားေပးေနက်ေလ အခုေရာ..ေပးရမလား"
"ဟား....ဟား...ေမာင္ကလည္း ကေလး ၂
ေယာက္ေတာင္ရေနၿပီေလ သူငယ္ျပန္ေန ျပန္
ၿပီ...တကယ္ပဲ ေနာက္က်ေနၿပီ အာဘြားေပးခ်င္
ျပန္မွေပးေတာ့...ခိ ခိ... သြားေတာ့မယ္.."
"ေဖႀကီးေရ ....ေမာင္ေလးေလွကားေပၚ
တက္ေနတယ္...သမီးေျပာတာလည္းမရဘူး..."
"ဟင္..."
"ဟာ..."
"ဒီကေလးေတြကလည္းကြာ"
အိမ္ထဲမွေအာ္တိုင္ေနေသာ မြန္မြန္႔ အသံ ေၾကာင့္ေနလ အိမ္ထဲဝင္ေျပးသြားေတာ့ၾကာျဖဴ လည္းဆိုင္ကယ္စီးဦးထုတ္ကို အျမန္ခြၽတ္လိုက္ ၿပီးအိမ္ထဲေျပးလိုက္သြားျပန္၏။
အိမ္ထဲေရာက္ေတာ့ ေမ်ာက္ရႈံးေအာင္
ေဆာ့ေသာေဝယံက ေလွကားဆယ္ထစ္ခန္႔
သို႔ ေရာက္ေနၿပီျဖစ္သည္။ေနလလည္းေလွကား
ေပၚ တက္သြားၿပီး သားငယ္ေဝယံကိုေပြ႕ခ်ီကာ
ျပန္ဆင္းလာခဲ့သည္။ၾကာျဖဴလည္း အေျပး
တစ္ပိုင္းေရာက္လာသည္။
"ေမာင္...ေလွကားေျခရင္းကို သားတက္လို႔
မရေအာင္ တစ္ခုခု ကာ႐ိုက္လိုက္ေနာ္...ဒီေန႔ပဲ
႐ိုက္လိုက္ေတာ့ေနာ္...."
ၾကာျဖဴလက္ပတ္နာရီကိုၾကည့္လိုက္ရင္း..
"ဟာ..အရမ္းေနာက္က်ေနၿပီ သြားၿပီေမာင္
ေရ.... ေလွကားကို တခုခုကာဖို႔ျမန္ျမန္လုပ္
သြားၿပီ...."
ၾကာျဖဴ အလုပ္ေနာက္က်သျဖင့္ အေျပး
တစ္ပိုင္း ထြက္သြားေတာ့ ဆိုင္ကယ္စီး ဦးထုတ္
ကို ႀကဳံရာစားပြဲတြင္ တင္ထားခဲ့သည္။ေမ့က်န္
ခဲ့ျခင္းျဖစ္သည္။
" ျဖဴ....ဦးထုတ္က်န္ခဲ့တယ္....ဟာ...မ
ၾကားေတာ့ဘူး....."
ဝူး......ေဝါ......
ေနလ ဦးထုတ္ကိုေတြ႕ေတာ့ ယူၿပီးေျပး
၍ လိုက္ေပးေသာ္လည္း မမွီေတာ့ ၾကာျဖဴက
ဆိုင္ကယ္ကို ခပ္ျမန္ျမန္ပင္ ေမာင္းထြက္သြား
ၿပီျဖစ္သည္။
🕛🕧🕐🕜🕑🕝🕒🕞🕓🕟🕔🕠🕕🕡
ျဖစ္ခ်င္ေတာ့ ထိုေနတစ္ေန႔လုံး ေနလအ
လုပ္ အရမ္းရႈပ္ေနသည္။ လာျပင္သည့္ ဆိုင္
ကယ္ကလည္းမ်ားသျဖင့္ ေလွကားကာ႐ိုက္
ရမည့္ကိစၥကို ေမ့ေနမိသည္။ညေန ၆ နာရီေက်ာ္
မွ သတိရသည္။ဒီေန႔ေတာ့ ရွိပါေစေတာ့ ေနာက္
ေန႔မွ ေလွကားကိစၥလုပ္ေတာ့မည္ဟုေတြးမိ
သည္။တစ္ရက္ေလာက္နဲ႔ေတာ့မထူးပါဟုေတြး
မိသည္။ မြန္မြန္႔ကိုလည္း ေသခ်ာၾကည့္ခိုင္းထား
သည္မို႔ ဘာမွမျဖစ္ႏိုင္ပါဟုေတြးမိသည္။
" ေဖႀကီး...."
ေနာက္ဖက္မွ ေခၚသံၾကားသျဖင့္လွည့္ၾကည့္
လိုက္ေတာ့ မြန္မြန္႔ကို ေတြ႕ရသည္။
"ဘာလည္း သမီးရဲ႕....."
"ဟို...ေမေမ ဘယ္ေရာက္သြားတာလဲ...
ေပ်ာက္သြားလို႔...."
"ေမေမက အလုပ္သြားတယ္ေလသမီးရဲ႕
ျပန္မေရာက္ေသးဘူးေလ..."
"မဟုတ္ဘူး...ေဖႀကီး...ခုနတုန္းကေလ...
ေမေမ့ကို ေတြ႕လိုက္တယ္..."
"ျပန္မေရာက္ေသးပါဘူးဆိုကြာ သမီးက
လည္း...."
"ေဖႀကီး ခုန သမီး...မုန္႔သြားဝယ္ၿပီးျပန္
လာေတာ့ ေမာင္ေလးက ေလွကားေပၚတက္
ေဆာ့ေနတာ ေလွကားထိပ္ဆုံးေတာင္ေရာက္
ေနၿပီ....အဲ့ဒါျပဳတ္က်မလိုျဖစ္ေတာ့... "
"ဟင္...အခုလား သမီး...."
"မဟုတ္ဘူး ေဖႀကီး ေမာင္ေလးျပဳတ္က်
မလိုျဖစ္ေတာ့ ေမေမကဘယ္အခ်ိန္က အိမ္ေပၚ
ထပ္ႀကိဳေရာက္ေနလည္းမသိဘူး...ေမာင္ေလး
ကိုလွမ္းဆြဲထားလိုက္တယ္..."
"ၿပီးေတာ့ ေမာင္ေလးကို ခ်ီၿပီးေအာက္ထပ္ ဆင္းလာတယ္..ေအာက္ထပ္လည္းေရာက္ေရာ သမီးဟိုဘက္ခဏေလး လွည့္လိုက္တာ ေမေမ မရွိေတာ့ဘူးၾကမ္းျပင္ေပၚမွာေမာင္ေလး တစ္ ေယာက္တည္းရွိေနတယ္..."
"ေအာ္..ေမေမ မေရာက္ေသးပါဘူးဆို
ငါ့သမီးကလည္း ဘာေတြေျပာေနမွန္းမသိဘူး
သြားသြား ေမာင္ေလးနဲ႔သြားကစားေနာ္..."
ေနလ မြန္မြန္႔ စကားကိုအေလးထားပုံမရ
ပါ။ဆိုင္ကယ္ကိုသာျပင္ရန္ အာ႐ုံေရာက္ေနမိ
သည္။
သို႔ေသာ္လည္း ခဏေနေတာ့ ေတြးမိသည္။
မြန္မြန္ ဘာေတြေျပာသြားတာပါလိမ့္.... ၾကာျဖဴ
အလုပ္မွ ျပန္မေရာက္ေသးတာေတာ့ အမွန္ပင္
ျဖစ္သည္။ ထူးျခားသည္က မြန္မြန္ ညာမေျပာ
တက္ပါ ယခုမွ ဘာစိတ္ကူးႏွင့္ ဘာေတြေျပာေန
မွန္းမသိေတာ့ပါ။
" ကိုေနလ ကိုေနလ "
အေျပးတစ္ပိုင္းေရာက္လာေသာ အိမ္နီး
ခ်င္း ေက်ာ္စိုး၏ အထိတ္တလန္႔အမူရာေၾကာင့္
ေနလ ရင္ထိတ္သြားမိသည္။
" ဟာ...လန္႔လိုက္တာေက်ာ္စိုးရာ ဘာေတြ
ျဖစ္လာတာလဲ..."
"ခင္ဗ်ားမိန္းမ ၾကာျဖဴ လမ္းထိပ္မွာ သူ႔
ဆိုင္ကယ္နဲ႔ ကားတစ္စီးတိုက္မိတာ ဆုံးသြားၿပီ
ဗ် ပြဲခ်င္းၿပီးပဲ..."
"ဘာ.!!!...."
ေနလ ျပင္လက္စ ဆိုင္ကယ္ကို ပစ္ထား
ခဲ့ကာ လမ္းထိပ္သို႔အေျပးအလႊားထြက္သြား
ေတာ့သည္။
ေနလေရာက္လာေတာ့ ျမင္ကြင္းက မ
ေကာင္းလွပါ ၾကာျဖဴက ကတၱရာလမ္းေပၚတြင္
ဆိုင္ကယ္တျခား လူတျခားႏွင့္ ဦးေခါင္းကိုထိ
ခိုက္မိသည့္ ဒဏ္ရာႏွင့္ ေသဆုံးေနၿပီျဖစ္ပါ
သည္။ဆိုင္ကယ္စီး ဦးထုတ္ကို ဒီေန႔တစ္ရက္
တည္း သာေမ့က်န္ခဲ့ဖူးေသာ သူ႔ဇနီးအတြက္
ေနလ ယူႀကဳံးမရ ျဖစ္ေနေတာ့၏။
"ျဖဴ.!!!!.....ျဖစ္မွ ျဖစ္ရေလကြာ...."
" ေဝယံေလးကို စိတ္ခ်သြားၿပီလားကြ
ျဖဴ....ကိုယ္ဘယ္လိုေျဖရမလဲကြာ....."
ေသြးသံ ရဲရဲႏွင့္ ၾကာျဖဴ႕အေလာင္းကို
ေပြ႕ဖက္ထားၿပီး ငိုေႂကြးေနေတာ့သည္။
ထိုစဥ္ မြန္မြန္ လည္းေရာက္လာ၏။ သူ႔
အေဖေနာက္မွ ေျပးလိုက္လာပုံရသည္။ေက်ာ္
စိုးကလည္း ေဝယံေလးကိုခ်ီကာ ေရာက္လာ
သည္။
မြန္မြန္ ေသဆုံးေနေသာသူ႔အေမကိုေတြ႕ ေတာ့ ငိုယို၍ေျပာေန၏။
"ဟီး....အဟီး.....ေမေမ.....ခုန ကေတာင္
ေမာင္ေလး ေလွကားေပၚက ျပဳတ္က်ခါနီးေမ
ေမ လာကယ္သြားတာေလ ဘာလို႔အခုဒီမွာလာ
ေသေနရတာလဲ....ဟီး...အဟင့္...ဟီး........."
"ဒါဆို အိမ္ကိုေရာက္လာတာ ဘယ္သူလဲ...
ေမေမက ဘာလို႔ ႏွစ္ေယာက္ျဖစ္ေနရတာလဲ..
ဟီး........ေမေမ........."
ၿပီးပါၿပီ
႐ြင္လန္းခ်မ္းေျမ့ၾကပါေစ
စာေရးသူ=ဇာမဏီအားေလးစားလ်က္
#Like&shareေလးလုပ္ၿပီးအားေပးၾကပါအူံး
No comments
Post a Comment