ခေါင်းမပါသောသရဲ (စ-ဆုံး)
  ခေါင်းမပါသောသရဲ (စ-ဆုံး) ——————————— ဒေစီတို့နေသောရပ်ကွက်သည်မြို့အစွန်တွင်ရှိကာအေးဆေးသည်ဟုဆိုရမည် ဒေစီယောင်္ကျားသည်လိုင်းကားမောင်းသောကားသမ... thumbnail 1 summary
 ခေါင်းမပါသောသရဲ (စ-ဆုံး)
———————————
ဒေစီတို့နေသောရပ်ကွက်သည်မြို့အစွန်တွင်ရှိကာအေးဆေးသည်ဟုဆိုရမည်
ဒေစီယောင်္ကျားသည်လိုင်းကားမောင်းသောကားသမားတဦးဖြစ်ကာဒေစီကဈေးမှာကုန်စုံဆိုင်ဖွင့်သည်
ဒေစီတို့နေသောရပ်ကွက်နှင့်တဘက်ရပ်ကွက်အလယ်တွင်လမ်းမကြီးတခုခြားထားသည်
ထိုလမ်းမကြီးပေါ်တွင်ကားဂိတ်တခုလဲရှိတာကြောင့်ကားစီးရသည်မှာအဆင်ပြေသည်။
ထိုလမ်းမကြီးဘေးတွင်ရပ်ကွက်ဓမ္မာရုံကြီးတခုရှိကာသရဲအလွန်ခြောက်သည်ဟုနံမည်ကြီးသည်။
ထိုဓမ္မာရုံတွင်အရေးအခင်းကာလကလူများအားခေါင်းဖြတ်သတ်ထားသောကြောင့်
မကျွတ်မလွတ်သူများရှိနေသည်ဟုယူဆကာဘယ်သူမှအသုံးမပြုပဲပြစ်ထားလေသည်။
မနက်စောစောနှင့်ညဘက်များတွင်အရပ်ထဲကလူအများအပြားသည်ခေါင်းပြတ်သရဲများအားတွေ့ကြရသည်ဟုပြောကြသည်။
အရပ်ထဲလူတယောက်မနက်စောစောကားထွက်စီးရာကားဂိတ်မရောက်ခင်လမ်းမပေါ်ရောက်တော့
သူ့နောက်မှလူတယောက်လမ်းရှောက်လိုက်လာသံကြားရသည်သို့ပေမဲ့ထိုလူကသူ့လို့ပဲမနက်စောစော
ကားလာစီးသူတယောက်လို့ထင်လိုက်သည်ဒါပေမဲ့နောက်ကလိုက်လာသောသူသည်
လမ်းမပေါ်တခုခုကိုတရွတ်တိုက်ဆွဲလာသလိုမျိုးအသံကြောင့်သူလဲအံ့သြကာသိချင်စိတ်ဖြင့်
နောက်သို့လှည့်ကြည့်လိုက်လေသည်ထိုအခါမနက်မလင်းတလင်းအရောင်ဖြင့်တွေ့လိုက်ရသည်က
ခေါင်းမပါသောခန္တာကိုယ်ကြီးတခုသည်သူ့နောက်သို့ရှောက်လာကာ
လက်ထဲတွင်ဆံပင်အရှည်ကိုကြိုးပုံစံဖြင့်ဆွဲထားသောခေါင်းပြတ်တလုံးအား
လမ်းပေါ်တွင်ဒရွတ်တိုက်၍ဆွဲလာခြင်းဖြစ်သည်။
”””အား—–ခေါင်းပြတ်ကြီး–””
ထိုအခါထိုလူလဲငယ်သံပါအောင်အော်ကာကားဂိတ်သို့ပြေးလိုက်သည်မှာလှစ်လှစ်ထနေသည်။
ကားဂိတ်ရောက်မှကားသမားများကကတုန်ကရင်ဖြစ်နေသောလူအားရေဝိုင်းတိုက်ကြရလေသည်။
ဒေစီယောင်္ကျားကထိုဓမ္မာရုံနားကကားဂိတ်တွင်ကားမောင်းသောကြောင့်သတင်းစုံကြားနေရသည်။
တရက်ညဘက်တွင်ကားသမားများကားသိမ်းကာကားဂိတ်ထိုး၍ကားပေါ်တွင်အရက်စုသောက်ကြလေသည်။
အမြည်းကလဲစုံသည်တယောက်တထုတ်နှင့်တော်တော်ပွဲစည်နေသည်။
ကားသမားအုပ်စုလဲဝိုင်းဖွဲ့ကောင်းနေတုန်းကားသမားတယောက်ဖြစ်သော
ကားဆရာကိုဘသောင်းကကားပေါ်ကဆင်းကာ
ကားလမ်းဘေးတွင်အပေါ့သွားလေသည်သူအပေါ့သွားပြီးပြန်လှည့်လာရာ
မျက်နှာချင်းဆိုင်ဓမ္မာရုံဘက်သို့မျက်လုံးရောက်သွားသည်ထိုအချိန်တွင်
ခေါင်းမပါသော်မဲမဲလူရိပ်တခုသည်သူ့ဆီသိုလျှင်မြန်သောအရှိန်နှင့်လွင့်လာရာ
သူလဲတအံ့တသြကြက်သေသေ၍ကြည့်နေမိတုန်းသူ့နဘေးအားလေဟပ်သွားသလို
တစုံတဦးကဝင်တိုက်လိုက်သလိုကြက်သီးများထသွားလေသည်။
သူဘေးဘီကြည့်နေတုန်းသူ့ခန္တာကိုယ်ထဲတခုခုဝင်သလိုဖြစ်သွားကာအသိစိတ်ပျောက်သွားလေသည်။
ထိုကားသမားကိုဘသောင်းသည်ကားပေါ်သို့လွှားကနဲခုန်တက်သွားကာ
အရက်ဝိုင်းအလယ်ကအမြည်းများအားအားရပါးရစားလေတော့သည်။
ထိုအခါဝိုင်းသောက်နေသောကားသမားများကမကျေမနပ်ဖြစ်သွားကြကာ
”’ဟေ့ကောင်ဘာဖြစ်သွားတာတုံး—-အရက်နဲ့သောက်ဖို့ထားတာအကုန်စားနေရသလား—””
ထိုကားသမားကိုဘသောင်းကသူများပြောတာစိတ်မဝင်စားကြားပုံလဲမပေါ်ရှိသမျှအမြည်းများအား
ပါစပ်ထဲပလုပ်ပလောင်းထည့်ကာစားရင်းမျက်လုံးကြီးလဲပြူးထွက်နေသည်။
စားနေရင်းနဘေးကကားသမားထံကအရက်ပုလင်းအားလုကာအကုန်မော့သောက်ချလိုက်သည်မှာ
ခုနှစ်ရက်ခုနှလီထမင်းမစားရသောအငတ်ကဲ့သို့ဖြစ်နေသည်။
ထိုအခါအားလုံးကဒေါသဖြစ်သွားကာတယောက်ထဲစားသောက်ပြစ်ရမလားဟုဆိုကာ
မူးနေသောကားသမားတယောက်ကထ၍ပိတ်ကန်ထည့်လိုက်သည်။နှုတ်ကလဲ
””ငါ ###%$&$%—-သားခွေးကောင်ဘာလို့ဒီလောက်ငတ်နေတာလဲ—-””
””’ငါမဝသေးဘူး—-မင်းတို့ကိုပါစားရမလား””’
ထိုကားသမားကိုဘသောင်းပြန်ပြောသောအသံသည်သူ့၏မူရင်းအသံမဟုတ်ပဲခပ်လေးလေးနဲ့သြသြကြီးဖြစ်နေသည်
မျက်လုံးများကလဲနီရဲနေသည်မှာသာမန်မဟုတ်ဟုထင်နေတုန်းလျှာကြီးကလဲတွဲလဲထွက်နေကာ
သရေတမျှားမျှားဖြစ်နေသည်။ထိုအခါမှကားသမားများလန့်သွားကာမေးလိုက်သည်။
””မင်းကဘယ်သူလဲ—-မင်းဘာဖြစ်နေတာလဲ—-”’
””’ငါကဓမ္မာရုံမှာခေါင်းဖြတ်ခံထားရတဲ့သရဲ””’
ထိုသို့ပြောလိုက်တော့မှကားသမားများပျာယာခတ်ကုန်ကာ
အမူးများပင်ပြေသွားသည်။
ထိုအခါသရဲဝင်ပူးနေသောလူသည်လွှားကနဲခုန်ထကာကားသမားတယောက်နားကပ်သွားသည့်အခါ
ကားသမားများဝရုန်းသုန်းကားဖြစ်သွားကြကာသရဲပူးနေသူအားဝိုင်း၍ချုပ်ထားကြသည်။
ဝုန်းဒိုင်းကြဲနေသောသရဲအားဖမ်းထားရသည်မှာမလွယ်ပေ
ထိုနောက်သူတို့ဘာမှမတတ်နိုင်ပဲနီးစပ်ရာဘုန်းကြီးကျောင်းသို့ကားမောင်းသွားကြသည်။
ဒီအချိန်တွင်ည၁၀နာရီကျော်နေပြီဘုန်းကြီးအားအကျိုးအကြောင်းလျှောက်ကြသည်။
ထိုအခါဘုန်းကြီးမှသရဲပူးနေသူအားဘုရားစင်ရှေ့ထိုင်ခိုင်း၍ရေမန်းမျာခေါင်းပေါ်တောက်ပေးလိုက်ချိန်မှာပဲ
သရဲကထွက်သွားလေသည်။ဒီတော့မှကားဆရာကိုဘသောင်းက
”’ငါဘယ်ရောက်နေတာလဲ—မင်းတို့ကဘာဖြစ်နေကြတာလဲ—-””
ထိုအခါမှကားသမားများ”’အင်း””ချနိုင်ကာဘုန်းကြီးကျောင်းမှပြန်ကြလေသည်။
အဲဒီနောက်မှာတော့ကားသမားများကားဂိတ်တွင်အရက်ဝိုင်းမလုပ်ရဲတော့ပေ။
ဒေစီကတော့သူ့ယောင်္ကျားပြန်ပြောပြတာမယုံလက်တွေ့မှယုံမည်ဖြစ်သည်။
””ရှင်တို့ကယောင်္ကျားကြီးတွေဖြစ်နေပြီးသရဲတကောင်တောင်မနိုင်ကြတာအံ့သြဘ—-””’
ထိုသို့ဒေစီကသူ့ယောင်္ကျားအားမဲ့ကာရွဲ့ကာခနဲ့လိုက်သေးသည်။
တရက်တွင်တော့ဒေစီတို့လင်မယားကနယ်ကဧည့်သယ်များဘူတာကြီးတွင်ကြိုရန်အတွက်
မနက်၄နာရီထွက်မည့်ကားဖြင့်မြို့ထဲလိုက်ရန်ကားဂိတ်သို့ထွက်လာလေသည်။
မိုးကလဲမလင်းသေးပေအမှောင်ကရှိနေသေးသည်ကားဂိတ်တွင်မနက်၄နာရီထွက်မည့်ကားက
ဂိတ်ရှေ့တွင်ထိုးထားသည်ကားပေါ်တွင်တော့ဘယ်သူမှမရှိသေး
ဒါနဲ့ဒေစီယောင်္ကျားကကားသမားနှင့်စကားသွားပြောနေသည်
ဒေစီလဲကားပေါ်တက်လိုက်ရာကားပေါ်တွင်မီးလုံးခပ်မှိန်ထွန်းထားသည်မို့
လူတယောက်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။
အသေအချာကြည့်မှထိုထိုင်နေသောသူသည်ဦးခေါင်းမပါသောခေါင်းပြတ်တယောက်ဖြစ်နေသည်
ထိုအခါမှဒေစီသည်ကြောင်ကြည့်နေရင်းသတိရကာ
””သရဲ—-ခေါင်းပြတ်သရဲ’—-လာကြပါအုံး—””
ဒေစီယောင်္ကျားနှင့်ကားသမားများလဲဒေစီအော်သံကြောင့်အပြေးအလွှားကားပေါ်တက်လာရာ
သတိမေ့နေသောဒေစီအားတွေ့ရကာကားပေါ်တွင်ဘာမှမတွေ့ရပါ။
ထိုနောက်တွင်တော့ကားဂိတ်မှုးများနှင့်ဓမ္မာရုံမှရပ်ကွက်လူကြီးများစုပေါင်းတိုင်ပင်ကာ
ဓမ္မာရုံတွင်တရားပွဲကျင်းပရန်တိုင်ပင်ကြလေသည်နံမည်ကြီးဆရာတော်ကြီးများအားပင့်ကာ၃ရက်တရားပွဲ
လုပ်ရန်အားချင်းစီစဉ်ကြကာဓမ္မာရုံရှင်းလင်းဘို့ရပ်ကွက်အတွင်းက
တက်ကြွသောလူငယ်များဖြင့်အခမ်းအနားပြင်ကြလေသည်။
အားလုံးဓမ္မာရုံတွင်းပြင်ရေဆေးကြရာထူးဆန်းစွာပင်ဓမ္မာရုံရှေ့တွင်သွေးကွက်ကြီးပေါ်လာလေသည်။
ထိုအခါသန့်ရှင့်ရေးလုပ်သူများကရေလောင်းလိုက်ခဏနေပြန်ပေါ်လာပြန်သည်။
ဒီလိုပေါ်လိုက်ပျောက်လိုက်ဖြစ်နေပြီးပရိတ်ရေလောင်းလိုက်ရသည်။
အားလုံးခြေကုန်လက်ပန်းကျသွားမှတဖြေးဖြေးပျောက်ကွယ်သွားလေသည်။
ထိုတရားပွဲကြီးအောင်မြင်စွာပြီးဆုံးသွားချိန်မှာတော့ခေါင်းပြတ်သရဲများခြောက်သံမကြားရတော့ပါ
ယခုအခါထိုနေရာတွင်ကားဂိတ်လဲမရှိတော့ပါတိုးချဲ့ထားသောလမ်းမကျယ်ကြီးဖြစ်၍နေပါပြီ
••••••••••••ပြီး••••••••••••••••
Zawgyi Version
———————————
”””အား—–ခေါင်းပြတ်ကြီး–””