အောင်မြတ်သာနှင့်ဇော်ဂနီငတိ ( စ / ဆုံး )

  အောင်မြတ်သာနှင့်ဇော်ဂနီငတိ ( စ / ဆုံး ) ########################### အောင်မြတ်သာနဲ့ တပည့်သက်ခိုင်တို့နှစ်ဦး ညောင်သာရွာဇရပ်မှာ မီးနေသည်အစိမ်... thumbnail 1 summary

 အောင်မြတ်သာနှင့်ဇော်ဂနီငတိ ( စ / ဆုံး )

###########################
အောင်မြတ်သာနဲ့ တပည့်သက်ခိုင်တို့နှစ်ဦး ညောင်သာရွာဇရပ်မှာ မီးနေသည်အစိမ်းသေ မိန်းကလေးကို လွတ်ကျွတ်အောင် ဆောင်ရွက် ပေးခဲ့ပြီးနောက်ပိုင်း ညောင်သာရွာကနေ ထွက်ခွာခဲ့လိုက်သည် ။
. ဒီတစ်ခါတော့ သူတို့ရဲ့ခရီးစဉ်က မြန်မာပြည်အောက်ပိုင်း ရာမညတိုင်းဆီသို့ ခရီးတစ်ခေါက်ထွက်ခဲ့ကြတယ် ။
. ရထားတစ်တန် လှေတစ်တန်ဖြင့် လိုရာခရီးကို ခက်ခဲစွာရောက်လာခဲ့ကြတယ် ။
. ဆရာ.. ဒီတစ်ခေါက်ခရီးကကော ဘာတွေများ ထူးခြားမလဲမသိဘူးနော် ။
. အတွေ့အကြုံသစ်တွေတော့ ရမယ်ထင်တယ် ။
. စကားတစ်ပြောပြောနဲ့ လမ်းလျောက်လာရင်း ငှက်ပျောတောရွာဆိုတဲ့ ဆိုင်းဘုတ်တစ်ခုကို လှမ်းမြင်လိုက်တယ် ။
.အောင်မြတ်သာက သက်ခိုင်ရေ တို့ခရီးစဉ်ကတော့ ဒီရွာမှာ စပြီဟေ့..
ကဲ.. ရွာလူကြီးကို သတင်း၀င်ပို့ပြီး ဒီရွာမှာ နားကြတာပေါ့ ။
ရွာလူကြီးကို သတင်းပို့ ရွာဦးဆရာတော်ကျောင်းမှာ တည်းခိုနေထိုင်ဖို့ စီစဉ်ပေးကြတယ် ။
စားဖို့သောက်ဖို့ကအစ လိုလေသေးမရှိအောင် ကူညီတတ်ကြတဲ့ မွန်လူမျိုးတွေရဲ့ ဓလေ့ကို မြင်တော့ သက်ခိုင်တစ်ယောက် ကျေနပ်နေလေရဲ့ ။
အိပ်ခါနီး ရွာကျောင်းဆရာတော်နဲ့ စကားစမြည် ပြောနေရင်း..
အောင်မြတ်သာက စကားလှမ်းတောက် လိုက်တယ် ။
အရှင်ဘုရားတို့ရွာမှာ သာမန်မဟုတ်တဲ့ ထူးခြားနေတဲ့ ကိစ္စများရှိလား ဘုရား ။
တပည့်တော်တို့က မိမိတို့တတ်တဲ့ ပညာနဲ့ ၇ရက်သားသမီးတွေကို ကယ်တင်နေတဲ့ သူတွေပါဆိုတော့..
ဆရာတော်က..
အိမ်းးး အခုလဲ ရွာမှာ ထူးဆန်းတဲ့ကိစ္စ တစ်ခုဖြစ်နေတယ် ။
ဆရာတော်တို့တစ်သက် တစ်ခါမှလဲ မကြုံဘူးဘူး
ဖြစ်စဉ်လေး ပြောပြလို့အဆင်ပြေရင် ပြောပြ ပေးစေချင်ပါတယ် ဘုရား။
ဒီလိုကွဲ့..
ရွာထဲမှာ ဦးသာနုနဲ့ ဒေါ်စိမ်းတင် ဆိုတဲ့ လင်မယား နှစ်ယောက်ရှိတယ် ။
သူတို့မှာ သမီးလေးတစ်ယောက်ရှိတယ် ။ အသက်ကတော့ ၁၈နှစ်လောက်ပေါ့ ။
သူတို့မိသားစုက တောထဲသွား ထင်းခုတ်တဲ့ အလုပ်နဲ့ အသက်မွေးကြတယ် ။
တစ်နေ့မှာ ဦးသာနုတစ်ယောက် တောထဲမှာ မျက်စိလည်ရင်း တောနက်ထဲ ရောက်သွားခဲ့တယ်
ဘယ်လိုမှ လာရာလမ်းကို မပြန်တတ်တော့တဲ့ အချိန်..
သားရဲတိရိစ္ဆာန်အန္တရာယ်တွေလဲရှိတော့ စမ်းမိစမ်းရာ လျောက်သွားရင်း ဂူတစ်ဂူကို တွေ့တော့ ၀င်နားလိုက်တယ် ။
ထူးဆန်းတာက ဂူထဲမှာ လူတစ်ယောက် နေတဲ့ပုံစံအတိုင်း သန့်ပြန့်နေတာပဲ ။
ဒီထက်ပိုထူးဆန်းတာက ဇော်ဂျီလိုလိုအ၀တ်အနီရောင်နဲ့ လူတစ်ယောက် ဂူထဲကနေ ထွက်လာတာပဲ ။
ဦးသာနုလဲ သူကြုံရတဲ့ အကြောင်းပြောပြ လိုက်တော့ ..
အကျၤီအနီနဲ့လူက ဒီတစ်ညတော့ နားလိုက်ပါ.
နောက်နေ့ အိမ်ပြန်ရောက်အောင် လိုက်ပို့ပေးပါ့ မယ်ဆိုတော့ ဦးသာနုလဲ ၀မ်းသာသွားတယ် ။
အဲဒီနေ့ညက စကားတွေသူတို့ပြောဖြစ်ကြရင်း ဦးသာနုမှာ သမီးတစ်ယောက်ရှိတယ်ဆိုတာ ပြောမိသွားတယ် ။
ပြဿနာက အဲဒီမှာစတာပဲ ။
ဒီအချိန်ထိ အဲဒီလူက ဘယ်လိုပုဂ္ဂိုလ်ဆိုတာ ဦးသာနု မသိသေးဘူး ။
နောက်နေ့ကျတော့ သာမန်အရပ်၀တ်ပုံစံနဲ့ ဦးသာနု အိမ်ထိလိုက်ပို့ပေးခဲ့တယ် ။
မိသားစုတွေကလဲ ကိုယ့်ကျေးဇူးရှင်ဆိုတော့ တတ်နိုင်သမျှ ဧည့်၀တ်ကျေအောင် ပြုစုကြတာပေါ့ ။
အဲဒီမှာ တောထဲက လူက ဦးသာနု သမီးကို ချစ်ခင်စုံမက်ကြောင်း ပြောချလိုက်ပါလေရော ။
သူနဲ့လက်ထပ်ပါက လိုချင်တဲ့ ရွှေငွေကျောက်သံ ပတ္တမြားတွေ ပေးမယ်ဆိုပြီး ကမ်းလှမ်းလာတယ် ။
ဦးသာနုကလဲ သမီးလေးဆန္ဒပါရင် ကန့်ကွက်စရာ မရှိဘူးလို့ ပညာသားနဲ့ပြောလိုက်မိတယ် ။
....
ဒါပေမယ့် ကောင်မလေးက ဘယ်လက်ခံပါ့မလဲ ။
လက်မခံဘူးဆိုပြီး ငြင်းလိုက်တော့
တောထဲက လူက ဒေါသထွက်ပြီး
ငါ့လို လူကို ငြင်းရဲတဲ့ မိန်းမ ..
ငတိဆိုတာ ဘာကောင်လဲ သိရမယ်ဆိုပြီး
အိမ်ပေါ်ကနေ ဆင်းပြီး ပြန်သွားတော့တာပဲ ။
.....
အဲဒီအထိ ဦးသာနုတို့ ဘာလို့ဘာမှန်း မသိသေးဘူး ။
နောက်နေ့တွေကျတော့ ညဖက်ရောက်တာနဲ့ ဦးသာနုတို့ ခြံ၀ိုင်းထဲမှာ ကျားဟိန်းသံတွေ ကြားလာရတော့တာပဲ ။
ဒကာလေးတို့ မလာခင် တစ်ရက်ပေါ့ ။
ကျားဟိန်းသံတွေ ကြားတော့ ရွာထဲက လူတွေက တုတ်တွေ ဓါးတွေ ဆွဲပြီး လိုက်ရှာတော့လဲ အသံသာကြားတယ် ။ အကောင်အထည်က မမြင်ရဘူး ။
ဒီညလဲ ဘယ်လိုလာဦးမလဲ မသိဘူး ။
ဒီက ဒကာလေးတို့ ကူညီနိုင်ရင် ကူညီပေးကြပါဦး
ဘုန်းကြီးက လောကီကိစ္စတွေကို ၀င်မပတ်သက်ချင်လို့ နတ်ကောင်းနတ်မြတ်တွေ ကိုပဲ အမြဲတမ်းကူညီပေးဖို့ ပြောခဲ့တယ် ။
အခုတော့ သူတို့ကူညီပြီထင်ပါတယ် ။
......
ဆရာတော်ရဲ့ စကားကြားတော့ အောင်မြတ်သာ တစ်ချက်ပြုံးလိုက်မိတယ် ။
သက်ခိုင်ကတော့ သဘောပေါက်တဲ့ ပုံစံနဲ့ အရှင်ဘုရား တပည့်တော်တို့ အတတ်နိုင်ဆုံး ကယ်တင်ပေးပါ့မယ် ။
....
ညဖက်ထမင်းစားသောက်ပြီးတော့ အောင်မြတ်သာနဲ့ သက်ခိုင်တို့နှစ်ဦး ဦးသာနုတို့ အိမ်ဘက်ကို ထွက်လာလိုက်တယ် ။
အိမ်ကိုလဲရောက်ကော ဖြစ်ကြောင်းကုန်စင် ပြောပြပြီး အိမ်ဦးခန်းထဲက ဘုရားစင်ရှေ့ထိုင်ပြီး တရားထိုင်နေလိုက်တယ် ။
သက်ခိုင်ကတော့ အင်းချပ်တွေဆွဲပြီး ခြံတစ်ခြံလုံးနဲ့ အိမ်၀မှာ ကပ်ဖို့ အိမ်ရှင်တွေကို မှာကြားနေတယ် ။
......
ဝေါငြးးးး ဝေါငြးးးးး
ကျားဟိန်းသံက အတိုင်းသား ပေါ်ထွက်လာပီ ။
ဆရာ ..
သက်ခိုင် .. မင်းကြည့်ကြည့်စမ်း
ဘာမြင်လဲလို့..
.....
သက်ခိုင်လဲ ခြံ၀င်းအနှံ့လိုက်ကြည့်လိုက်တော့.
ခြံ၀မှာ.. ကျား၂ကောင်တောင်ပါလား..
အမလေးးလေးး ကျားတွေက လူခါးစောင်းကျော် လောက်ရှိတယ် ။
.....
ထပ်ကြည့်စမ်း..
ဘာထပ်မြင်သေးလဲ..
ဆရာ... ကျား၂ကောင်အပြင် လူ၂ယောက်ပါတယ်
ခြံထဲတော့၀င်မရဘူး ။
အင်းတွေကပ်ထားတော့ ခြံထဲက အင်းစောင့်နတ် တွေက မပေး၀င်ဘူး ။
ခြံစောင့်နတ်က အင်းစောင့်နတ်အနောက်မှာ ရပ်နေတယ်ဆရာ ။
သူပုံစံက ကြောက်နေတဲ့ပုံပဲ ။
....
ကဲ .. ကဲ... ခြံ၀က ပုဂ္ဂိုလ်တွေကို ပေး၀င်လိုက်..
သူတို့နဲ့တွေ့မှ သိချင်တာ မေးလို့ရမှာ..
ဆိုပြီး အောင်မြတ်သာက ပြောလိုက်ရုံနဲ့ အင်းစောင့်နတ်တွေက ဖြတ်ခနဲ ပျောက်သွားတယ်
ခြံ၀က ကျား၂ကောင်နဲ့ လူနှစ်ယောက်က ခြံထဲ၀င်လာတာ.မြင်နေရတယ် ။
အိမ်ရှေ့လဲရောက်ကော..
ခုမှသေချာကြည့်လိုက်တော့
ရုပ်ချင်ခွဲမရအောင်တူနေတဲ့ ညီအကို၂ယောက်..
လက်ထဲမှာလဲ ဓါးတစ်လက်စီကိုင်ထားပါလား ။
ပိုးပဝါအနီကို ရင်ခေါင်းထိရောက်အောင် စည်းထားပြီး ပိုးလုံချည်ကို ခါးတောင်းကျိုက်ထားတာ ။
မျက်နှာတွေကတော့ ညိုးငယ်နေတဲ့ပုံစံပဲ ။
ဒီအဖြစ်တွေကို သက်ခိုင်တို့ ၂ဦးပဲ မြင်နေရတယ်
အိမ်ရှင်တွေကတော့ အိမ်ထောင့်လေးမှာကပ်ပြီး အေ၀းကနေ လှမ်းကြည့်နေလေရဲ့ ။
.....
အောင်မြတ်သာက..
ဒီက ပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲ ။
ဘာကြောင့် ဒီကိုလာရသလဲ မေးတော့ ။
ဒီမိန်းကလေးကို လာခေါ်ခိုင်းလို့ လာရတာ ။
အသာတကြည် မပေးရင် ကျားပေါ်တင်လာလို့ မှာလိုက်လို့ လာခေါ်တာပါ ။
...
ကဲ ခက်သရော..
သူများသားသမီးကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက် မရှိပဲ ခေါ်ရင် ဒါဟာ ခိုးယူတာပဲ ။
ဒီက ပုဂ္ဂိုလ်တွေနာမည်လေး ပြောပါဦးဆိုတော့..
ကျုပ်က တောင်ပြုံးမင်းငယ်
ကျုပ်က တောင်ပြုံးမင်းကြီး.
....
အော်.. လက်စသတ်တော့ မယ်၀ဏ္ဏရဲ့ သားနှစ်ပါးကိုး ..
ဒါနဲ့ .. မင်းတို့က ဘာလို့ဒီလိုလုပ်ရတာလဲ ။
ဒီကလေးမနဲ့ မင်းတို့က ဘယ်လိုပတ်သတ်လို့လဲ
......
မပတ်သက်ပါဘူး ခိုင်းလို့ လုပ်ရတာပါ ။
အရှေ့အရပ်က ပုဂ္ဂိုလ်တစ်ယောက်ခိုင်းလို့ လုပ်ရတာပါ ။
ကဲ ဟုတ်ပီ..
အဲဒီပုဂ္ဂိုလ်ကို ပြောလိုက် ..
လိုချင်ရင် သူကိုယ်တိုင် လာခဲ့လို့ပြောလိုက် ။
....
မင်းတို့နဲ့တော့မထည့်ပေးနိုင်ဘူး ။
မင်းတို့ရောက်လာတာ နောက်ကျသွားတယ် ။
ငါမရှိရင်တော့ ခေါ်နိုင်ကောင်း ခေါ်သွားလို့ရမယ် ထင်ပါတယ် ။
အခုငါရောက်လာပီ ..
အခု မင်းတို့ထက် ကြီးတဲ့ နတ်ကြီးတွေကို.ပင့်ပြီး ဒဏ်ခတ်ခိုင်းရမလားဆိုတော့..
....
မျက်နှာတစ်ချက်ပျက်သွားပြီး ..
သူတို့လဲ ခိုင်းလို့လုပ်ရတာပါ ။
ခိုင်းတဲ့ပုဂ္ဂိုလ်က သူတို့ထက် တန်ခိုးကြီးလို့ မလွန်ဆန်နိုင်ဘူးဆိုတဲ့အကြောင်း
သူတို့လဲ မလုပ်ချင်ပါဘူးဆိုတဲ့အကြောင်း ..
ဆရာအောင်မြတ်သာကိုလဲ သူတို့သိပါကြောင်း ..
ပြောပြတော့..
အေး.. ငါ အင်းစောင့်နတ်တွေကို အကူအညီတောင်းပြီး မင်းတို့ကို ဘာမှမလုပ်နိုင်အောင် စောင့်ရှောက်ခိုင်းလိုက်မယ်
မင်းတို့လဲ ကိုယ့်နန်းကိုယ် ပြန်ကြတော့..
ကဲ.. ဆိုင်ရာပိုင်ရာ အင်းစောင့်နတ်များ ဒီပုဂ္ဂိုလ်များအား လိုက်ပါစောင့်ရှောက်ပေး ကြကုန်လို့ ပြောလိုက်တာနဲ့ ။
ခြံ၀မှာခုနကတွေ့တဲ့ ပုဂ္ဂိုလ်တွေက ညီနောင်၂ပါး နဲ့အတူ လိုက်ပါသွားတာ သက်ခိုင်တွေ့လိုက်ရတယ် ။
......
ဆရာ... တောင်ပြုံးမင်းဆိုတာ တန်ခိုးကြီးတဲ့ နတ်တွေပဲ ။
သူတို့ကိုတောင် ခိုင်းလို့ရတယ်ဆိုတော့ အခုရင်ဆိုင်ရမယ့်သူက ဘယ်သူမို့လို့လဲ ။
.....
သက်ခိုင်...
အခုရင်ဆိုင်ရမှက ဇော်ကနီငတိဆိုတဲ့ ပုဂ္ဂိုလ်ပဲ.
ဇော်ကနီဆိုတာ အတွင်း ၃၇မင်း အပြင် ၃၇ မင်းလုံးကို လိုသလိုစေခိုင်းလို့ရတဲ့ အစွမ်းရှိတယ်
တစ်ချို့တွေက ဆိုးသွမ်းသလို တစ်ချို့တွေက အေးဆေးနေကြတယ် ။
ခုကြုံရမယ့် ဇော်ကနီငတိဆိုတာက အပျိုစင်တွေရဲ့ ကိုယ်ငွေ့ကိုယူပြီး သူရဲ့အစွမ်း တိုးသထက်တိုးအောင် လုပ်နေတဲ့သူပဲ ။
.....
မိန်းမပျို ဘယ်နှစ်ယောက်ကို သိမ်းပြီးပြီလဲမသိဘူး
သူက မိန်းပပျိုတွေကို ခေါ်ပြီး သူအနားမှာ ထားစေတယ် ။
သူခေါ်တဲ့မိန်းကလေးတိုင်းဟာ အပျိုစင်ဖြစ်ရမယ်
မိန်းကလေးတိုင်းမှာ ကိုယ်သင်းနံ့ဆိုတာရှိတယ် ။ သူကအဲဒီကိုယ်သင်းနဲ့ကို စုပ်ယူပြီး သူအစွမ်းတွေ တိုးအောင်လုပ်တာ ။
....
ဒါပေမယ့် သူခေါ်သွားတဲ့ မိန်းကလေးတိုင်းကို ပြန်ပို့ပေးတယ် ။
ဒါပေမယ့် အဲဒီမိန်းကလေးတွေက ပုံမှန်မဟုတ်တော့ဘူး ။
အသိဉာဏ်တွေပျောက်ဆုံးကုန်တယ် ။
......
ဒါဆိုသူက ဘာကျင့်စဉ်ကျင့်တာလဲဆရာ..
သူက ကာမသိဒ္ဓိ ကျင့်စဉ်ကျင့်နေတာပဲ ။
သူကျင့်စဉ်အောင်ရင် အမျိုးကောင်းသမီးတွေအတွက် စိုးရိမ်စရာပဲ ။
.....
ဒီတစ်ညထဲ သူကို နှိမ်နင်းမှရမယ် ။
သက်ခိုင် မင်းက ငါပြောတဲ့အတိုင်းသာ ကူညီပေး
အခု လွယ်အိတ်ထဲမှာ ချည်မျှင်ကြိုးတွေပါတယ် ။
ငါခေါ်လိုက်လို့ အဲဒီပုဂ္ဂိုလ်၀င်လာတာနဲ့ ၀င်လာတဲ့သူရဲ့ ကိုယ်ကို ဒီကြိုးတွေနဲ့ ပတ်လိုက်.
.....
ဇော်ကနီဆိုတာ ငါတို့ကျင့်စဉ်နဲ့ ယှဉ်လိုက်ရင် ၃နှစ်သားနဲ့ ၂၅နှစ်အရွယ်လောက် ကွာတယ် ။
ကဲ.. လုပ်စရာရှိတာ.လုပ်တော့ ဆိုပြီး လိုအပ်တာတွေ ပြင်ဆင်လိုက်တယ် ။
.....
အချိန်ကား သန်းခေါင်ယံရောက်လာပီ...
ဘုရားစင်ရှေ့ တင်ပလ္လင်ခွေထိုင်နေတဲ့ အောင်မြတ်သာက..
မိန်းကလေးများအား.ပြုစားတတ်သူ
ဇော်ကနီဆိုသူ ငါအောင်မြတ်သာရှေ့ ဒူးထောက်ရောက်စေ...ဆိုပြီး ကြမ်းပြင်ကို လက်ဝါးနဲ့ပုတ်လိုက်တယ်ဆိုရင်ဖြင့် ..
ဦးသာနုတစ်ယောက် အိမ်ရှေ့မှာ..
ထိုင်နေရာက..
ဗြုန်းးး ဆို ဒူးထောက်လျက်ကြီး အောင်မြတ်သာ ရှေ့ရောက်ချလာတယ် ။
သက်ခိုင်လဲ ၀င်လာတယ်ဆိုတာနဲ့ လွယ်အိတ်ထဲမှာ အသင့်ဆောင်ထားတဲ့ ချည်မျှင်ကြိုးတွေကို ဦးသာနု တစ်ကိုယ်လုံး ပတ်လိုက်တယ် ။
ပတ်လိုက်တယ်ဆိုရင်ဖြင့် ချည်မျှင်ကြိုးတွေက ရွှေရောင်ကြိုးတွေဖြစ်သွားပြီး တစ်ကိုယ်လုံး လှုပ်မရအောင် တုတ်ထားသလို ဖြစ်သွားတယ် ။
.....
အောင်မြတ်သာက .. အခုရောက်လာတာ ဘယ်သူလဲ ...လို့မေးတော့.
မျက်ထောင့်နီးကြီးနဲ့ ကြည့်ပြီး ..
ငါအလုပ်ကို ဖျက်လိုဖျက်ဆီး လုပ်တဲ့သူ အသေဆိုးနဲ့သေအောင် လုပ်ပြမယ် ။
...
အောင်မြတ်သာက တစ်ချက်ပြုံးလိုက်ပြီး ..
ဟုတ်ပါပီ.. အရင်ဆုံး ဒီကြိုးထဲက လွတ်အောင် ရုန်းကြည့်ပါဦး ။
မင်းခေါင်းပေါ်ကို ကြည့်စမ်းး
ဘာမြင်လဲလို့ပြောတော့...
၀င်ပူးနေတဲ့သူက အပေါ်လဲမော့အကြည့်..
.....
ဟာ.... ရက္ကန်းစင်တောင် ဆရာတော်နဲ့ အဘ ဘိုးဘိုးအောင်တို့ပါလား ။
ဒါဆို ဒါဆို ... မင်းက..
အေး.. ဟုတ်တယ် ။
မင်းရဲ့လုပ်ရပ်တွေကို နှိမ်နင်းဖို့ တာ၀န်ပေးလိုက်တဲ့ အောင်မြတ်သာဆိုတာငါပဲ ။
မင်းအပြစ် မင်းသိလား ..
ဟုတ်.. ဟုတ်ကဲ့ သိပါတယ် ။
မင်း အပြစ်တွေကို.မင်းဘယ်လိုတာ၀န်ယူမလဲ ။
လူသူမရှိတဲ့ တောထဲမှာ အနှစ် ၃၀၀ တရားကျင့်ကြံပါ့မယ် ။
ဒီကျင့်စဉ်ကိုလဲ မကျင့်တော့ပါဘူးလို့ ကျိန်ဆိုပါတယ် ။
ကျင့်ကြံခဲ့ပါက မဟာအ၀ီစိငရဲကျပါစေ ။
ဘုရားအဆူဆူပွင့်တာကို မမှီပါရစေနဲ့ ။
......
ကဲ... မင်းအပြစ် မင်းသိပီဆိုတော့ ဒီသစ္စာရေကို သောက်ပြီး မင်းပြောတဲ့အတိုင်း ကျင့်ကြံပေတော့.
မင်းရဲ့တန်ခိုးတွေကိုတော့ အနည်းငယ်နှုတ်မယ်လို့ မင်းတို့ရဲ့အချုပ် ေ၀ဿ၀ဏ်နတ်မင်းထံ ခွင့်တောင်းထားပြီးပြီ .
မင်းက ကိုယ့်ရဲ့ တန်ခိုးအာဏာကို မလိုအပ်ပဲ သုံးတယ် ။
သူတစ်ပါးကို မကောင်းတဲ့လုပ်ရပ်လုပ်ဖို့ ခိုင်းစေတယ် ။
ဒီနေ့ကစပြီး မင်း လူတွေရှိတဲ့နေရာကို ဘယ်တော့မှမလာနဲ့တော့ ။
သက်ခိုင် ကြိုးဖြေပေးလိုက်..
....
သက်ခိုင်လဲ ချည်ထားတဲ့ ကြိုးတွေကို ဖြုတ်ပေး လိုက်တော့ ဦးသာနု သတိပြန်ရလာတယ် ။
အောင်မြတ်သာကတော့ အန္တရာယ်ကင်းသွားပီ ဖြစ်လို့ စိတ်ချမ်းသာစွာနေလို့ရပြီလို့ ပြောပြီး ရွာဦးကျောင်းကို.ပြန်လာလိုက်တယ် ။
.....
ရွာကျောင်းရောက်တော့ ဆရာတော်ကို ကန်တော့ပြီး အကျိုးအကြောင်း ရှင်းပြလိုက်တယ်.
အချိန်လဲ လင့်နေပီမို့ သက်ခိုင်လဲ ဆရာအောင်မြတ်သာကို ကန်တော့ပြီး အိပ်ယာထဲ၀င်ခဲ့လိုက်တယ် ။
အောင်မြတ်သာကတော့ အိပ်ယာထဲမ၀င်ပဲ ဘုရားခန်း၀င်သွားတာကို.ခြင်ထောင်ထဲကနေ လှမ်းကြည့်နေလိုက်မိတယ် ။
. ဇေယန ( ရာမည )

No comments

Post a Comment