အောင်မြတ်သာနှင့်အုတ်နီကန်သင်္ချိုင်း

  အောင်မြတ်သာနှင့်အုတ်နီကန်သင်္ချိုင်း လအလင်းရောင်က မှိန်ပျပျသာကျနေတဲ့ အုတ်နီကန်သင်္ချိုင်းအနီးတစ်ဝိုက်မှာတော့ လင်းကောင်ပိုးငှက်(ခေါ်)ငှက်ဆိ... thumbnail 1 summary

 အောင်မြတ်သာနှင့်အုတ်နီကန်သင်္ချိုင်း


လအလင်းရောင်က မှိန်ပျပျသာကျနေတဲ့ အုတ်နီကန်သင်္ချိုင်းအနီးတစ်ဝိုက်မှာတော့ လင်းကောင်ပိုးငှက်(ခေါ်)ငှက်ဆိုးရဲ့အော်သံ‌တွေအပြင် အလောင်းကောင်တွေကို လာရောက်တူးဖော်စားသောက်နေကြတဲ့ တောခွေးတွေရဲ့ အစာလုမာန်ဖီသံကလဲ တစ်ခါတစ်ရံ သင်္ချိုင်းအပြင်ဘက်ကို လျှံပြီးထွက်လာခဲ့တယ်။

ညနေကမှ မီးရှို့ထားတဲ့ အလောင်းကောင်ရဲ့ဗိုက်အဆီမှာလောင်ကျွမ်းနေဆဲဖြစ်တဲ့ မီးစမီးပွှားလေးတွေက လေအဝှေ့မှာ ရဲခနဲ ရဲခနဲနဲ့ ထတောက်လာတတ်တယ်။ သာမန်လူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် အုတ်နီကန်သင်္ချိုင်းရဲ့ ပုံပန်းသဏ္ဍာန်က ထိတ်လန့်ကြောက်မက်ဖွယ် အတော်ကောင်းလှတယ်။

ဒီလိုအမင်္ဂလာမြင်ကွင်းတွေနဲ့ပြည့်နှက်နေတဲ့ သင်္ချိုင်းထဲကိုတော့ တည်ငြိမ်တဲ့ခြေလှမ်းတွေနဲ့အတူလူသုံးယောက်ဝင်လာခဲ့ကြတယ်။ ဝင်လာကြတဲ့လူသုံးယောက်ရဲ့မျက်ဝန်းတွေက ကြောက်ရွံ့မှုမရှိ၊ ထိတ်လန့်မှုမရှိတဲ့အပြင် လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာလဲ ရဲရင့်မှုဆိုတဲ့အမှတ်အသားတွေကပ်ပါနေရလောက်အောင် တက်ကြွနေခဲ့တယ်။

သင်္ချိုင်းထဲဝင်လာတဲ့လူသုံးယောက်ရဲ့ခြေလှမ်းတွေက သေဆုံးသူတွေကို သရဏဂုံတင်ပေးနေကြဖြစ်တဲ့ ဇရပ်အိုလေးပေါ်ကိုဦးတည်ခဲ့ကြတယ်။ ဇရပ်ပေါ်ရောက်တော့ လွယ်အိတ်ထဲကနေ ဖယောင်းတိုင်နဲ့မီးခြစ်ကိုထုတ်ပြီး ဇရပ်ပတ်ပတ်လည်နဲ့ ယိုင်တိုင်တိုင်ဖြစ်နေတဲ့ ဘုရားကျောင်းဆောင်မှာထွန်းညှိလိုက်ကြတယ်။

ဖယောင်းတိုင်မီးအလင်းရောင်ရုတ်တရက်ပေါ်လာတဲ့အတွက် အုတ်နီကန်သင်္ချိုင်းထဲမှာကြီးစိုးနေတဲ့အမှောင်ထုက ဘေးကိုအနည်းငယ်ဖယ်ပေးလိုက်ကြရတယ်။ ဖယောင်းတိုင်အလင်းရောင်ကြောင့် ဇရပ်ပတ်ပတ်လည်မှာ လှည့်ပတ်သွားလာနေကြတဲ့ ဧရာမမြေကြွက်ကြီးတွေက သူတို့ကိုရန်ပြုမယ်ထင်ပြီး ထွက်ပြေးကြတဲ့အပြင် ဇရပ်ထုတ်တန်းပေါ်မှာ ညအိပ်နေကြတဲ့ လင်းနို့တွေကလဲ တောင်ပံတဖျတ်ဖျတ်ခတ်ကာ အပြင်ကိုပျံပြေးသွားကြတယ်။

ဇရပ်ပေါ်ရောက်နေကြတဲ့လူသုံးယောက်ကလဲ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေကို စိတ်ဝင်းစားဟန်မပြပဲ သူတို့လုပ်စရာရှိတဲ့ကိစ္စတွေကိုသာ အာရုံစိုက်ပြီးလုပ်နေခဲ့ကြတယ်။ လူမနေတာကြာပြီဖြစ်တဲ့ဇရပ်ပေါ်ကို အချိန်အတန်ကြာရှင်းပြီးတဲ့နောက်မှာတော့ လူသုံးယောက် ကျောခင်းစရာနေရာတစ်ခုကိုရလာခဲ့တယ်။

" နေရာထိုင်ခင်းတော့ အဆင်ပြေသွားပြီ ဆရာ ဘာတွေထပ်လုပ်ရဦးမလဲ"

"သက်ခိုင်ရေ ငါတို့လဲဒီနေရာမှာ အချိန်တစ်ခုလောက်နေရမယ်ဆိုတော့ ဘုရားကျောင်းဆောင်ကိုတော့ပြင်စေချင်တယ် အခုလောလောဆယ်တော့ ဒီဆင်းတုတော်ကိုပဲ ပူဇော်ထားလိုက်ပါ"

ဆံပင်ကိုအနောက်ပြန်လှန်တင်ပြီး သေသပ်စွာစည်းနှောင်ထားတဲ့ လူငယ်က စကားအဆုံးမှာ လွယ်အိတ်ထဲမှာထည့်လာတဲ့ တစ်ထွာသာသာရှိတဲ့ ဆင်းတုတော်တစ်ဆူကိုထုတ်ပေးလိုက်တယ်။ သက်ခိုင်ဆိုတဲ့လူကလဲ ရွှေရောင်တဝင်းဝင်းနဲ့သပ္ပါယ်နေတဲ့ ဆင်းတုတော်ကို လက်နှစ်ဖက်နဲ့ ရိုသေစွာပင့်ပြီး ယိုင်နဲ့နေတဲ့ဘုရားကျောင်းဆောင်ပေါ်မှာတင်လိုက်တယ်။

ဘုရားဆင်းတုတော်ကို တင်လိုက်တဲ့အချိန် ဇရပ်အထဲကနေ ကြောက်လန့်တကြားပြေးထွက်နေကြတဲ့ခြေသံတွေအပြင် ‌မကျေမနပ်တောက်ခတ်သံ အော်ဟစ်ဆဲဆိုသံတွေကိုပါကြားလိုက်ရတယ်။

" ဘုရားဆင်းတုတော်ပူဇော်လိုက်တာနဲ့ သူတို့မနေနိုင်ကြတာဖြစ်မယ်နော်ဆရာ ကျွန်တော်တို့ကိုတော့ ကျေနပ်မယ်လို့မထင်ဘူး"

" အလင်းကိုတွေ့ရင် အမှောင်လောကသားတွေက ကြောက်ရတာထုံးစံပဲ တောက်ရ ဒါကြောင့် ငါတို့ကိုနည်းမျိုးစုံနဲ့ အနှောက်အယှက်ပေးနေဦးမှာပဲဆိုတာလဲသိတယ် ငါတို့ဒီကိုလာတဲ့ရည်ရွယ်ချက်က ရွှေခဲဆိုတဲ့ လူတစ်ပိုင်းဘီလူးတစ်ပိုင်းပုဂ္ဂိုလ်ကို ပြန်ခေါ်ဖို့ပဲ လုပ်ငန်းအောင်မြင်ဖို့အတွက် ငါတို့သုံးရမယ့်လက်နက်က မေတ္တာပဲ ဒီအတွက် အပ္ပါယ်လေးဘုံက သတ္တဝါတွေကို မလိုအပ်ပဲ နာကျင်‌အောင်မလုပ်ပါနဲ့ "

" ဟုတ်ကဲ့ပါဆရာ ကျွန်တော်မှတ်သားထားပါမယ် ဒါပေမယ့် ကျွန်တော်မရှင်းတာလေးတစ်ခုတော့မေးခွင့်ပြုပါ ဆရာက ရွှေခဲလို ပုဂ္ဂိုလ်ကိုဘာကြောင့်ခေါ်ဖို့လုပ်ရတာလဲ သူကရော ဘာများအသုံးဝင်နိုင်မလဲဆရာ"

တောက်ရစကားအဆုံးမှာ အောင်မြတ်သာက ကြည်လင်အေးမြတဲ့အပြုံးကိုပြုံးလိုက်ပြီး

" ရွှေခဲနဲ့ငွေခဲဆိုတဲ့ပုဂ္ဂိုလ်က ငါတို့အင်းတော်ကြီးဂိုဏ်းအတွက်အရမ်းလိုအပ်တယ်လို့ပဲသိထားပါ ကဲ ပြောရင်းဆိုရင်း ငါတို့ကိုမောင်းထုတ်မယ့်သူတွေလာကြနေကြပြီ" လို့ပြောကာ မြေပုံမို့မို့တွေရှိနေတဲ့ သင်္ချိုင်းအတွင်းဘက်ကို လှမ်းကြည့်လိုက်တယ်။

သက်ခိုင်နဲ့တောက်ရလဲ အခြေအနေကိုရိပ်စားမိပြီး အောင်မြတ်သာငေးကြည့်နေတဲ့နေရာကို ကြည့်လိုက်တဲ့အချိန် အလောင်းကောင်တွေကိုဖော်စားနေကြတဲ့ တောခွေးတွေရဲ့ စူးစူးဝါးဝါးအူသံကို ကြက်သီးထဖွယ်ကောင်းအောင်ကြားလိုက်ရတယ်။

ခွေးအူသံတွေအဆုံးမှာတော့ ဇရပ်မလှမ်းမကမ်းမှာပေါက်နေတဲ့ ကုက္ကိုပင်ရဲ့ဂွကြားထဲမှာ ခါးထောက်ပြီးရပ်နေတဲ့ မဲမဲကောင်းတစ်ကောင်ကိုမြင်လိုက်ရတယ်။

မျက်လုံးနှစ်လုံးက မီးကျီခဲလိုရဲတောက်နေပြီး ခန္ဓာကိုယ်က လူသုံးဖက်စာလောက်ကြီးမားနေတဲ့သူက အောင်မြတ်သာတို့ရှိရာဇရပ်ကိုလက်ညိုးထိုးပြီး

" နင်တို့လုပ်လို့ ငါ့တပည့်တွေ နေစရာမရှိတော့ဘူး‌ပြောတယ်ဒီနေရာမှာနေချင်ရင် ငါ့ကိုအရင်ပသပူဇော်ပါ ငါ့ခွင့်ပြုချက်မရပဲနေရင် အသေဆိုးနဲ့သေသွားလိမ့်မယ် " လို့ပြောကာ ကုက္ကိုပင်အောက်ကိုခုန်ဆင်းလာခဲ့တယ်။

အောင်မြတ်သာကတော့ ဇရပ်ပေါ်မှာ တင်ပလ္လင်ခွေထိုင်‌နေရင်း

" သင်က ဘယ်သူပါလဲ ကျုပ်တို့က မကောင်းတဲ့အမှုကိုပြုကြမယ့်သူတွေလဲမဟုတ်ဘူး နောက်ပြီး ကျုပ်တို့နေတဲ့ဇရပ်က အများပြည်သူတွေခိုနားလို့ရအောင် ဆောက်ထားပေးတဲ့ဇရပ်ဖြစ်လို့ သင့်ကိုလဲခွင့်တောင်းစရာမလိုဘူးထင်ပါတယ်" လို့ပြောလိုက်ပြီး မီးငြိမ်းခါနီးဖြစ်နေတဲ့ ဖယောင်းတိုင်တစ်တိုင်ကို အသစ်ပြန်လဲနေလိုက်တယ်။

" နင်တို့က အကြောက်အလန့်မရှိကြပါလား ဒီနယ်တစ်ဝိုက်မှာ ငလက်တိုလို့ပြောလိုက်ရင် မသိတဲ့သူမရှိဘူး ဒီသင်္ချိုင်းက ငါပိုင်တဲ့နေရာ ငါ့နေရာကိုလဲလာသေးတယ် ငါ့ကိုလဲ လေးစားရကောင်းမှန်းမသိဘူး ငကျွဲနဲ့ငသဲ လာစမ်း"

ငလက်တိုရဲ့အမိန့်သံအဆုံးမှာ သင်္ချိုင်းမြေကြီးထဲကနေ သရဲနှစ်ကောင် ကုန်းရုန်းပြီးထလာခဲ့ကြတယ်။ ပါးစပ်အပြင်ကို တစ်ထွာလောက်ထွက်ကျနေတဲ့အစွယ်နှစ်ချောင်းက ပါးစောင်ဘက်ကိုကော့တက်နေပြီး မျက်လုံးတွေက ဘဲဥတစ်လုံးစာလောက်အပြင်ကိုပြူးထွက်နေတဲ့ သရဲနှစ်ကောင်က ဇရပ်ထဲမှာထိုင်နေတဲ့ အောင်မြတ်သာတို့ကို စားမတတ် ဝါးမတတ် စိုက်ကြည့်နေကြတယ်။

" ငကျွဲ နဲ့ ငသဲ ဒီသုံးယောက်ရဲ့ အသည်းကို ငါစားချင်တယ် မင်းတို့ရအောင်ယူပေးရင် ငါလတ်လတ်ဆတ်ဆတ်လာမြုပ်တဲ့အလောင်းတွေကို စားခွင့်ပေးမယ်"

ငလက်တိုရဲ့စကားကြောင့် သရဲနှစ်ကောင်က ကြက်သီးထဖွယ်ကောင်းလောက်တဲ့အသံနက်တွေနဲ့ အော်ရယ်လိုက်ပြီး ဇရပ်ပေါ်ကိုတက်လာခဲ့ကြတယ်။

သရဲနှစ်ကောင်က ဇရပ်ပေါ်ကိုရောက်ဖို့ လှေကားထစ်နှစ်ထစ်လောက်အလိုမှာတော့ အောင်မြတ်သာထွန်းထားတဲ့ဖယောင်းတိုင်တွေကနေ မီးတောက်မီးလျှံတွေထွက်လာပြီး သရဲနှစ်ကောင်ကို ဟပ်မိပါလေရော။

" အား ပူတယ် ပူတယ် "
လှေကားပေါ်တက်လာတဲ့နှစ်ကောင်က မီးဟပ်တဲ့ဒဏ်ကြောင့် ဇရပ်အောက်ကမြေကြီးပေါ်ပြုတ်ကျကာ လူးလိမ့်နေပါလေရော။

" တောက် နင်တို့က ဒီလိုပညာတွေတတ်လို့ ငါ့ကိုမထီမဲ့မြင်လုပ်တာကိုး ဟဲ့ ဗိုက်ပေါက်မ ဒီတစ်ခါ နင့်အလှည့်ပဲ ဒီလူတွေကို အသေသတ်စမ်း ငါကအရှင်မလိုချင်ဘူးနော် အသေပဲလိုချင်တာ နင်မသတ်နိုင်ရင် ငါနဲ့အတွေ့ပဲ"

ကုက္ကိုပင်အောက်မှာရပ်နေတဲ့ ငလက်တိုက သင်္ချိုင်းထဲမှာရှိနေတဲ့ ဗိုက်ပေါက်မဆိုတဲ့သရဲကို ထပ်ခေါ်ပါလေရော။

ငလက်တိုရဲ့ဒေါသတကြီးအော်ဟစ်လိုက်တဲ့အသံအဆုံးမှာ ဇရပ်ပေါ်ကို ဆနွင်းနံ့နဲ့အပုတ်နံ့တွေရောနှောနေတဲ့ အနံ့တွေထောင်းခနဲထအောင် တက်လာခဲ့တယ်။ အနံ့ရပြီးမကြာခင်မှာပဲ တစ်ကိုယ်လုံးဝါထိန်နေပြီး မျက်တွင်းကဟောက်ပက် ဝမ်းဗိုက်နေရာကလဲဟက်တက်ကွဲနေပြီးအထဲကနေ အချင်းနဲ့ရစ်ပတ်ကာ တွဲလောင်းကျနေတဲ့ မွေးကင်းစကလေးငယ်တစ်ဦးကို ပိုက်လျက်ထွက်လာတဲ့ သရဲမကိုမြင်လိုက်ရတယ်။

ဗိုက်ပေါက်မလို့ခေါ်တဲ့သရဲမက လှုပ်လီလှုပ်လှဲ့နဲ့ လမ်းလျောက်လာရင်း ဟက်တက်ကွဲကာ သွေးပုတ်တွေတစ်စက်ချင်းကျနေတဲ့နေရာကိုအုံခဲနေတဲ့ ယင်ကောင်မဲမဲတွေကို လက်နဲ့သပ်ယူပြီး ပါးစပ်ထဲထိုးထည့်လိုက်တယ်။

ယင်ကောင်တွေကိုဖြေးဖြေးချင်းဝါးစားရင်း လျောက်လာခဲ့တာ ငလက်တိုရှေ့ရောက်တော့

" ငါ့ကိုခေါ်တာဘာလုပ်ဖို့လဲ "

" နင့်ကိုခေါ်တာက အခြားမဟုတ်ဘူး ဇရပ်ပေါ်မှာရှိနေတဲ့လူသုံးယောက်က ငါ့ကိုမထီလေးစားလုပ်နေလို့ နင့်ကိုဆုံးမခိုင်းမလို့ခေါ်တာ"

ငလက်တိုစကားအဆုံးမှာ ဗိုက်ပေါက်မက တဟီးဟီးတဟားဟားနဲ့အော်ရယ်လိုက်ပြီး

" သင်္ချိုင်းရဲ့သခင်ဘွဲ့ကိုယူထားပြီး ဒီလူတွေကိုတောင် မောင်းမထုတ်နိုင်ဘူးလား ဒါဆို နင့်ကိုပေးထားတဲ့ရာထူးကို ငါ့ကိုလွှဲဖို့ပြင်ပေတော့ "လို့ ဝမ်းခေါင်းသံကြီးနဲ့ပြောလိုက်ရာ အချင်းကြိုးတန်းလန်းဖြစ်နေတဲ့ မွေးကင်းစကလေးက တအီးအီးနဲ့ငိုပါလေရော။

" ဟဲ့ ငါ့ကလေးငိုနေပြီ နင်ခိုင်းတာကိုလုပ်လို့အောင်မြင်ရင် အရှင်မဖဲဝါကို ဒီကြောင်းတွေပြောပြပြီး နင့်နေရာကိုငါယူမယ် "

အောင်မြတ်သာတို့ကလဲ ဇရပ်ပေါ်ကနေပြီး ငလက်တိုနဲ့ ဗိုက်ပေါက်မတို့ရဲ့ ရန်ပွဲကိုထိုင်ကြည့်နေခဲ့တယ်။

" ဟိုကောင်မ စကားမများနဲ့ ငါ့တင်းပုတ်စာမိချင်လို့လား နင့်ထက်သာလို့ အရှင်မက ငါ့ကိုဒီနေရာပေးထားတာ အခုငါခိုင်းတာကိုနင်လုပ် နောက်ထပ်လျာရှည်ရင် နင်ရော နင့်လက်ထဲက ကလေးရော ငါညှာမှာမဟုတ်ဘူး"

ငလက်တိုရဲ့မာထန်တဲ့စကားကြောင့် ဗိုက်ပေါက်မမျက်နှာချိုးကိုပြန်ပြင်လိုက်ပြီး ဇရပ်ပေါ်ကို မျက်စောင်းထိုးကြည့်ကာ

" ဇရပ်ပေါ်က အကောင်သုံးကောင် နင်တို့ကြောင့် ငါပါအလုပ်ပိုရပြီ အခုချက်ချင်းဇရပ်ပေါ်ကဆင်းပြီး ပြန်မလား ငါလာပြီးဂုတ်ချိုးသတ်ရမလား " ဆိုပြီးပြောပါလေရော။

အောင်မြတ်သာကတော့ ဇရပ်အောက်မှာရပ်နေတဲ့ ဗိုက်ပေါက်မကိုကြည့်လိုက်ပြီး

" သင်တို့ရဲ့အကုသိုလ်ကလဲ တယ်ကြီးသကိုး ကျုပ်တို့ကလဲ အတတ်နိုင်ဆုံး သင်တို့နာကျင်အောင်မလုပ်ဖို့ စိတ်ကူးထားပါတယ် ဒါကြောင့် ကျုပ်တို့ကိုမောင်းထုတ်မယ့်အကြံကိုလက်လျော့ကြပါ " လို့လေသံအေးအေးနဲ့ပြောလိုက်ပေမယ့် ဗိုက်ပေါက်မက လက်မခံပဲ ဇရပ်ပေါ်ကိုတက်မယ့်အပေါက်ဝရှေ့မှာ ခါးထောက်ကာမတ်တပ်ရပ်လိုက်ပြီး ဗိုက်အပေါက်နားမှာ အုံနေတဲ့ယင်ကောင်တွေကို လက်နှစ်ဖက်နဲ့ယူလိုက်ပြီး အောင်မြတ်သာတို့ရှိရာဇရပ်ပေါ်ကို ပစ်ထည့်လိုက်တယ်။

" ဝီး ဝီး ဝီး "ဆိုတဲ့အသံနဲ့အတူ ပျံလာကြတဲ့ယင်ကောင်ပေါင်းများစွာက ဇရပ်အဝင်ဝမှာထွန်းထားတဲ့ ဖယောင်းတိုင်နားလဲရောက်ရော လျှပ်စစ်နဲ့အတို့ခံလိုက်ရသလို ဖောက်ခနဲ ဖောက်ခနဲမြည်ပြီး အောက်ကိုပြုတ်ကျကုန်တယ်။ ဗိုက်ပေါက်မကလဲ မာန်မလျော့သေးပဲ လက်ထဲမှာကိုင်ထားတဲ့ မွေးကင်းစကလေးကို ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ ဗိုက်ထဲကိုထိုးထည့်ပြီး ဇရပ်ပေါ်ကို ကိုယ်တိုင်တက်ဖို့ခြေလှမ်းတွေပြင်နေတဲ့အချိန် ဘယ်ကနေရောက်လာမှန်းမသိတဲ့ ကိုးတောင်ကျားတစ်ကောင်က ဗိုက်ပေါက်မရဲ့ကိုယ်ကို ကိုက်ပြီးဆွဲမွှေ့ကာ ခါထုတ်လိုက်တယ်။

" ဝေါင်း "
" ဝေါင်း"
" ဝေါင်း"

‌ဇရပ်ရဲ့လှေကားအဝမှာ ဒေါသတကြီးမာန်ဖီနေတဲ့ကိုးတောင်ကျားကြီးကိုမြင်တော့ အောင်မြတ်သာက ထိုင်နေရာကနေထလာပြီး

" မောင်မဲခေါင် ဒေါသတွေကိုလျော့ပါ သူတို့က ဆရာကိုဘာဒုက္ခမှမပေးနိုင်ပါဘူး" လို့ပြောပြီး လည်ကုတ်လေးကိုပွတ်သပ်ပေးလိုက်တော့မှ မာန်ဖီနေတဲ့ကိုးတောင်ကျားက မာန်ကိုလျော့လိုက်ပြီး ပဒပ်ထရပ်လိုက်ရာ အပေါ်ပိုင်းဗလာကျင်းထားပြီး လုံချည်ကိုခါးတောင်းကျိုက်ထားတဲ့ လူတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့တယ်။

" ဆရာတို့ဘာဖြစ်သွားသေးလဲ "

" ဘာမှမဖြစ်ပါဘူး ‌မင်းကဘယ်လိုဖြစ်လို့ ရောက်လာခဲ့တာလဲ"

" ကျုပ်တရားထိုင်နေတုန်း ဆရာတို့ကိုအန္တရာယ်ပေးနေတယ်ဆိုတဲ့မြင်ကွင်းကိုတွေ့လို့ စိတ်ပူပြီးအရောက်လာခဲ့တာ ဆရာတို့က ဒီကောင်တွေကို မေတ္တာနဲ့ပြောဆိုနေတာကိုး တစ်ချို့အရာတွေက မေတ္တာနဲ့ပြောရင် မရဘူး ကျုပ်လိုအကြမ်းနည်းသုံးရတယ် ဆရာခဏစောင့်ပါ"

မောင်မဲခေါင်ဆိုတဲ့လူက အောင်မြတ်သာကို အရိုအသေပေးပြီး ကျားခနဲမာန်သွင်းကာ နောက်ပြန်ကျွမ်းထိုးလိုက်တဲ့အချိန် အဝါနဲ့အမဲကျားနဲ့အရမ်းကိုလှတဲ့ကိုးတောင်းကျားအသွင်ပြောင်းသွားပြီး မလှမ်းမကမ်းမှာ ရှိနေတဲ့ ငလက်တိုတို့ အုပ်စုထဲကို ခုန်ဝင်သွားခဲ့တယ်။

ရုတ်တရက်လျင်မြန်လွန်းတဲ့ မောင်မဲခေါင်ရဲ့ အပြုအမူကြောင့် အောင်မြတ်သာတားချိန်မရလိုက်တဲ့အချိန် မောင်မဲခေါင်ရဲ့ ကြမ်းကြမ်းတမ်းတမ်းနှုတ်ဆက်မှုကြောင့် ငလက်တိုတို့အုပ်စုတွေ သင်္ချိုင်းအထဲကို ပြေးကြပါလေရော။

မောင်မဲခေါင်ကလဲ ငလက်တိုတို့အုပ်စုပြေးတဲ့နောက်ကို လွှားခနဲ လွှားခနဲ ခုန်ပြီးလိုက်သွားခဲ့တယ်။ မကြာခင် သင်္ချိုင်းအတွင်းဘက်ကနေ ကမ္ဘာပျက်တဲ့အလား ကြောက်လန့်တကြားအော်ဟစ်သံ၊ ကျားရိုင်းတစ်ကောင်ရဲ့မာန်ဖီသံတွေအပြင် ကလေးငယ်တွေရဲ့ ငိုသံတွေကိုပါကြားလိုက်ရတယ်။

မကြာခင် အော်ဟစ်သံတွေတိတ်ဆိတ်သွားပြီး အုတ်ဂူအပျက်တွေပေါ်ကနေ လွှားခနဲ လွှားခနဲ ခုန်ကျော်ကာ ပြန်လာတဲ့ ကိုးတောင်ကျားတစ်ကောင်ကိုမြင်လိုက်ရတယ်။ ကိုးတောင်ကျားက အောင်မြတ်သာအရှေ့ရောက်တော့ သခင်အနားကိုရောက်တဲ့ ကြောင်တစ်ကောင်ပမာ တိုးဝေ့ကာကျီစယ်ဆော့ကစားပါလေရော။

အောင်မြတ်သာကလဲ ကိုးတောင်ကျားရဲ့ ခေါင်းကိုသုံးချက်ပွတ်ပေးလိုက်ပြီးတဲ့အချိန်မှာတော့ ကျားအသွင်ပျောက်သွားပြီး လူအသွင်ပြန်ပေါ်လာခဲ့တယ်။

" ဆရာနဲ့ပြန်တွေ့ရတာဝမ်းသာပါတယ် ဒီကောင်တွေတော့ ထပ်မနှောက်ယှက်ရဲတော့ဘူး ဆရာတို့ကိစ္စပြီးတဲ့အထိ ကျုပ်စောင့်ရှောက်ပေးပါမယ်" လို့ပြောတော့အောင်မြတ်သာက

" မဲခေါင် မင်းအရင်လိုမဆိုးသွမ်းတော့ပေမယ့် အရင်ကလက်စလက်နတွေတော့ ကျန်နေသေးပါလား" ဆိုပြီးပြောကာ ခပ်သဲ့သဲ့ရယ်လိုက်တယ်။

" ကျုပ်အရင်စိတ်နဲ့ဆိုရင် ဒီကောင်တွေနောက်တစ်ခါထပ်သေသွားမယ် အခုစိတ်ကိုမနည်းလျော့ထားတာဆရာရေ အော် ဒါနဲ့ ဆရာသက်ခိုင်နဲ့ ဆရာတောက်ရလဲပါနေတာကိုး "

မောင်မဲခေါင်ရဲ့စကားကြောင့် သက်ခိုင်နဲ့တောက်ရတို့ကြောင်တောင်တောင်ဖြစ်သွားပြီး

" ကျုပ်တို့ကို သင်ကသိလို့လား သင်နဲ့ကျုပ်တို့တစ်ခါမှလဲမဆုံဘူးသေးဘူးနော်"

" ဟုတ်ပါတယ် ဆရာတို့နဲ့ကျုပ်တစ်ခါမှမဆုံဘူးသေးပါဘူး ဒါပထမဆုံးပါပဲ သို့ပေမယ့် ဆရာတို့အကြောင်းကို ဟောဒီက ကျုပ်ဆရာက ပြောပြဖူးလို့သိနေတာပါ"

မောင်မဲခေါင်နဲ့ သက်ခိုင်တို့အဖြစ်ကိုကြည့်ကာပြုံးနေတဲ့ အောင်မြတ်သာက

" မောင်မဲခေါင်အကြောင်းကိုတော့ နောက်မှအစအဆုံးပြောပြပေးပါမယ် အခုငါတို့မေးမယ့်သူတွေကလဲ မောင်မဲခေါင် ရမ်းလိုက်လို့ ပျောက်ကုန်ကျပြီ နောက်နေ့မှပဲ ချော့မော့ပြီးပြန်မေးရမယ် ညလဲအတော်နက်နေပြီဖြစ်လို့ အားလုံးနားကြဦး ကျုပ်လဲ လုပ်စရာကိစ္စတွေရှိသေးတယ်"လို့ပြောကာ ဇရပ်ပေါ်ပြန်တက်လာပြီး ဘုရားကျောင်းဆောင်အရှေ့မှာထိုင်ကာ နိစ္စဓူဝကိစ္စတွေကိုလုပ်နေလိုက်တယ်။ မောင်မဲခေါင်၊ သက်ခိုင်နဲ့ တောက်ရတို့ကလဲ မိမိတို့ကိုယ်စီလုပ်နေကြအလုပ်တွေဖြစ်တဲ့ အင်းကွက်ဆွဲခြင်း၊ တရားထိုင်ခြင်းအမှုတွေကို ဆက်လုပ်ခဲ့ကြတယ်။
++++++

မနက်အလင်းရောင်စထွက်တဲ့အချိန်မှာတော့ အောင်မြတ်သာတရားထိုင်တာကိုဖြုတ်လိုက်ပြီး လှည့်ကြည့်လိုက်တော့ သက်ခိုင်နဲ့တောက်ရ ဘုရားကျောင်းဆောင်ကိုအသစ်လုပ်ဖို့ သစ်တိုသစ်စတွေသယ်နေကြတာမြင်လိုက်ရတယ်။

" ဆရာ တရားဖြုတ်ပြီလား ဒီနားမှာ လူနေအိမ်ခြေလဲသိပ်မတွေ့ရဘူး ဘုရားကျောင်းဆောင်အသစ်လုပ်ဖို့ဆိုရင် သံတွေ တူတွေလိုလိမ့်မယ်"

" မပူပါနဲ့ မကြာခင် ဒီကိုထင်းခုတ်သမားတွေလာလိမ့်မယ် သူတို့မှာလိုအပ်တာတွေပါလာပါလိမ့်မယ်"

အောင်မြတ်သာစကားဆုံးပြီးသိပ်မကြာခင်မှာပဲ ပုဆိန်ကိုယ်စီကိုင်ပြီးလျောက်လာတဲ့ ထင်းခုတ်သမားလေးယောက်ကိုတွေ့လိုက်ရတယ်။ ထင်းခုတ်သမားတွေကလဲ ယောဂီဝတ်စုံဝတ်ထားတဲ့အောင်မြတ်သာတို့ကိုမြင်တော့

" ဟေ့လူတွေ ဟေ့လူတွေ ခင်ဗျားတို့ကမကြောက်မရွံ့နဲ့ဒီဇရပ်မှာနေရဲတယ်ပေါ့လေ" လို့ပြောတော့ သက်ခိုင်က

" ဒီဇရပ်ကဘာများဖြစ်လို့လဲဗျ ကျုပ်တို့ကခရီးသွားတွေဆိုတော့ ဒီနယ်အကြောင်းမသိဘူး ဒါကြောင့်ခေတ္တနေနေတာ"

" အော် ဒါကြောင့်နေရဲကြတာကိုး ဒီနေရာကအရမ်းကြမ်းတာဗျ အနားတစ်ဝိုက်ရွာကလူတွေတောင် ညနေမှောင်စပျိုးရင် ဒီလမ်းကဘယ်သူမှမဖြတ်ကြတော့ဘူး "

" ဘာလို့မဖြတ်ရဲတာလဲ ပြောပါဦး"

" အရင်က အုတ်နီကန်သင်္ချိုင်းဆိုတာ ရွာလေးရွာရဲ့အလယ်မှာရှိလို့ ဘယ်ရွာကလူသေသေ ဒီသင်္ချိုင်းမှာလာမြုပ်ကြရတယ် ရွာဓလေ့တွေအရပြောရရင် သင်္ချိုင်းကိုရောက်တာနဲ့ ငလက်တိုဆိုတဲ့သရဲကို ထမင်းထုပ်နဲ့အရင်ပသရတယ် အဲလိုမပသဘူးဆိုရင် သရဏဂုံတောင်မတင်ရဲအောင် ခြောက်လှန့်တာဗျ အချို့သိက္ခာနုသေးတဲ့ဘုန်းကြီးတွေဆိုရင် နေ့ခင်းဘက်တောင် ထပြေးရတယ် ကျုပ်တို့အိမ်ထောင်ကျပြီးတဲ့အချိန်လောက်ရောက်တော့ ရွာတစ်ရွာဆီမှာ သင်္ချိုင်းမြေတစ်ခုဆီဖော်ခဲ့တယ် ဒါကြောင့်အုတ်နီကန်သင်္ချိုင်းကိုမသုံးဖြစ်ကြတော့ဘူး တစ်ရွာနဲ့တစ်ရွာသွားချင်ရင်တော့ ဒီလမ်းကအနီးဆုံးဖြတ်လမ်းပဲ အချို့မကြောက်တတ်တဲ့ကောင်တွေကတော့ ဒီလမ်းကိုသုံးကြတယ် ညဘက်သွားတဲ့သူတိုင်း တစ်နည်းမဟုတ်တစ်နည်းခြောက်ခံထိတာပဲဗျို့ အခုကျုပ်တို့တောင် မနက်လင်းအားကြီးအချိန်မို့လို့သာ လာရတာ ကျောကခပ်ချမ်းချမ်းဗျ"

" ခင်ဗျားတို့ပြောတာဖြစ်နိုင်တယ် ညကတောင် ကျုပ်တို့နေလို့မရအောင်ခြောက်လှန့်သေးတယ် အော် ဒါနဲ့ ခင်ဗျားတို့မှာ ပုဆိန်တွေပါရင်ခဏငှားပါလား ကျုပ်တို့ဘုရားကျောင်းဆောင်အသစ်လေးလုပ်ချင်လို့"

" ဒီလောက်ကတော့ကျုပ်တို့ပဲလုပ်ပေးပါမယ် အလွန်ဆုံးကြာ နာရီဝက်ပေါ့ "

" ဒါဆိုပိုအဆင်သင့်တာပေါ့ဗျာ လိုအပ်တဲ့သစ်တွေတိုသစ်စတွေကိုတော့ကျုပ်တို့ရှာထားပါတယ်"

ထင်းခုတ်သမားတွေလဲ သက်ခိုင်တို့ရှာထားတဲ့ သစ်တိုသစ်စတွေကိုအသုံးပြုပြီး ဘုရားကျောင်းဆောင်အသေးတစ်ခုကိုပြုလုပ်ပေးခဲ့ကြတယ်။

" ကျောင်းဆောင်လဲပြီးပြီဆိုတော့ ကျုပ်တို့ထင်းရှာသွားလိုက်ဦးမယ်ဗျို့ ဒီညတော့အခြားနေရာပြောင်းကြဦးနော် နေစရာမရှိရင် ကျုပ်တို့ရွာလိုက်ခဲ့လဲရတယ်"

" ရပါတယ်ဗျာ အခုလိုကူညီပေးတာကိုပဲ ကျေးဇူးတင်နေပါပြီ မိတ်ဆွေတို့လဲ သွားလမ်းသာလို့လာလမ်းဖြောင့်ကြပါစေ"

သက်ခိုင်လဲ ထင်းခုတ်သမားတွေကိုနှုတ်ဆက်ပြီ ဘုရားကျောင်းဆောင်အသစ်ကို ကိုင်ကာ ဇရပ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။

ဇရပ်ပေါ်ရောက်တော့ ဘုရားကျောင်းဆောင်အဟောင်းကိုဖြုတ်ပြီး ကျောင်းဆောင်အသစ်ကိုတပ်ဆင်လိုက်တယ်။

ပထဝီမြေအနေအထားကျွမ်းကျင်တဲ့မောင်မဲခေါင်ကတော့ အနီးအနားမှာရှိတဲ့ သစ်ဥသစ်ဖုတွေကိုရှာပြီး အောင်မြတ်သာတို့ကိုကျွေးခဲ့တယ်။

ညနေ နေဝင်ရီတစ်ရောအချိန်ရောက်တော့ အောင်မြတ်သာတို့အားလုံး ဘုရားကျောင်းဆောင်အရှေ့မှာထိုင်ပြီး အင်းကွက်ဆွဲနေတဲ့အချိန် အန္တရာယ်အငွေ့အသက်တစ်ခုကိုခံစားလိုက်ရတယ်။

အကင်းပါးတဲ့မောင်မဲခေါင်က အင်းကွက်ဆွဲနေရာကိုရပ်လိုက်ပြီး ဇရပ်ပတ်ပတ်လည်ကို မျက်လုံးဝေ့ကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို အနောက်ကျွမ်းပစ်ကာ ကျားအသွင်းပြောင်းပြီး ဇရပ်အောက်ကိုခုန်ဆင်းသွားတဲ့အချိန် ဇရပ်ဘေးမှာပေါက်နေတဲ့ ခြုံအကွယ်ကနေ လူခါးစောင်းလောက်ရှိတဲ့ ခွေးနက်ကြီးတစ်ကောင်ထွက်လာခဲ့တယ်။

ခွေးနက်ကြီးက မောင်မဲခေါင်ကိုမြင်တော့ တဂီးဂီးနဲ့ မာန်ဖီရင်း အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။ မောင်မဲခေါင်ကလဲ ခွေးနက်ကြီးကိုကြည့်ပြီး မာန်ဖီကာ တစ်ကောင်နဲ့တစ်ကောင် တည်နေကြတယ်။

ခွေးနက်ကြီးကလဲအကြောက်အလန့်မရှိသလို မောင်မဲခေါင်ကလဲ အလစ်မပေးပဲ ကျားချောင်းချောင်းနေရင်း ရုတ်တရက်ခုန်အုပ်ချလိုက်တယ်။

" ဂီးဂီးဂဲ ဂူး ဂရောင်း"

" ဝေါင်း ဝေါင်း "

" ဖြောင်း ဂျွတ် ဝုန်း ဂလုန်း"

အရွယ်မစားသိပ်မကွာတဲ့ ခွေးနက်ကြီးနဲ့ မောင်မဲခေါင်တစ်ဖြစ်လဲ ကိုးတောင်ကျားတို့ရဲ့တိုက်ပွဲက ပြင်းထန်ခဲ့တယ်။ မောင်မဲခေါင်က ကိုက်တယ်။ ခွေးနက်ကြီးက ရှောင်ရင်း လက်သည်းနဲ့ပြန်ကုတ်တယ်။ မောင်မဲခေါင်ကလဲ လျင်မြန်သူပီပီ သတိမလစ်ပဲ ခွေးနက်ကြီးရဲ့ ဂုတ်ပေါ်ကိုခုန်ကာ ခဲဖို့ကြိုးစားတယ်။ တစ်ချက်မှာတော့ မောင်မဲခေါင်ရဲ့လက်သည်းချက်က ခွေးနက်ကြီးရဲ့ မျက်နှာကိုထိသွားပြီး သွေးလိုလိုအရည်အမဲတွေစီးလာခဲ့တယ်။ ခွေးနက်ကြီးက မောင်မဲခေါင်ရဲ့လက်သည်းချက်မိသွားတော့ ဒေါသပိုထွက်ပြီး အနာခံကာ အတင်းဝင်လုံးတယ်။ မောင်မဲခေါင်ကလဲ အပူးမခံပဲ လစ်ရင်လစ်သလို ကိုက်လိုက်ပြန်ဆုတ်လိုက်လုပ်နေတာ အချိန်ကြာလာတော့ ခွေးနက်ကြီးခြေကုန်လက်ပန်းကျလာတယ်။ ခွေးနက်ကြီး ခြေတွေလက်တွေလှုပ်ရှားမှုနှေးလာတဲ့အချိန် မောင်မဲခေါင်က လည်မြိုကိုခဲဖို့ ခုန်အအုပ်မှာ " ဖြောင်း"ဆိုတဲ့အသံနဲ့အတူ အနောက်ကို ဆယ်ပေလောက်လွင့်ထွက်သွားခဲ့တယ်။

မောင်မဲခေါင်လဲရုတ်တရက်ခံလိုက်တဲ့အတွက် ဒေါသထွက်ပြီး မာန်ဖီကာပြန်ထဖို့အလုပ် ခွေးနက်ကြီးရဲ့ကိုယ်ပေါ်မှာ ဆံပင်ဖားလျားချကာ ‌ဆေးပြင်းလိပ်ကိုခဲထားတဲ့ မိန်းမတစ်ယောက်ရပ်နေတာမြင်လိုက်ရတယ်။

တစ်ဇွတ်ထိုးသမားမောင်မဲခေါင်ကလဲ ခွေးနက်ကြီးကိုရော ရပ်နေတဲ့မိန်းမကိုပါ ကိုက်သတ်ဖို့ ဟန်အပြင်

" မောင်မဲခေါင် တော်ပြီ ဒီကိစ္စကို ကျုပ်ဖြေရှင်းပါ့မယ်" ဆိုတဲ့အသံနဲ့အတူ အောင်မြတ်သာ ဇရပ်အောက်ကိုဆင်းလာခဲ့တယ်။

မောင်မဲခေါင်လဲ အောင်မြတ်သာစကားကြောင့် မာန်ကိုပြန်ချလိုက်ပြီး မတ်တပ်ရပ်နေတဲ့ အောင်မြတ်သာအနားကိုသွားကာ ခါးကိုနိမ့်ပေးလိုက်တယ်။

အောင်မြတ်သာလဲ မောင်မဲခေါင်ရဲ့ဆန္ဒကို လိုက်လျောပေးတဲ့အနေနဲ့ နိမ့်ပေးထားတဲ့ကျောပေါ်ကိုတက်လိုက်တယ်။

ခွေးနက်ကြီးပေါ်မှာရပ်နေတဲ့မိန်းမက ဆေးပြင်းလိပ်ကို အားပြင်းပြင်းနဲ့ရှိုက်ဖွာလိုက်ပြီး

" နင်တို့က ငါ့လူတွေကို ထိခိုက်ဒဏ်ရာရအောင်လုပ်လိုက်တယ်ဆို အဲဒါဟုတ်သလား ဟင်းဟင်း"

" ကျုပ်က မေတ္တာရှေ့ထားပြီး ကောင်းကောင်းမွန်မွန်မေးပါသေးတယ် သူတို့ကရန်ပြုတော့ ကျုပ်တပည့်က မနေနိုင်လို့ ဝင်ကူရာကနေ မဖြစ်သင့်တာတွေဖြစ်ခဲ့ရတာပါ"

" ဟားဟားဟားဟား သူတော်ကောင်းကြီးတွေနဲ့လာတွေ့နေပါရောလား ငါ့ပိုင်နက် ငါ့နယ်မြေထဲကိုရောက်နေတာတောင် ငါ့ကိုအသိမပေးပဲ ထင်ရာစိုင်းနေကြတဲ့သူတွေ နင်တို့ကို ငါခွင့်လွှတ်မယ်ထင်နေလား"

" ကျုပ်ကဒီကိုလာတာ ဘယ်သူ့ကိုမှဒုက္ခပေးဖို့မဟုတ်ဘူး သင့်ဆီမှာ ရွှေခဲဆိုတဲ့နာမည်နဲ့သူတစ်ယောက်ရှိနေတယ်မဟုတ်လား"

ရွှေခဲဆိုတဲ့အသံကြားတော့ ခွေးနက်ကြီးကျောပေါ်မှာရပ်နေတဲ့မဖဲဝါက ရှည်ကျနေတဲ့ဆံပင်တွေလှုပ်ရမ်းတဲ့ထိ ရယ်မောလိုက်ပြီး

" ငါ့သင်္ချိုင်းထဲဝင်ပြီး ငါ့အခွင့်မရှိပဲ အလောင်းတွေကိုဖော်စားတဲ့ဘီလူးတစ်ပိုင်း လူတစ်ပိုင်းကောင်ကိုပြောတာလား "

" ဟုတ်ပါတယ် သူ့ကိုကျုပ်တို့လက်ထဲအပ်ပေးပါ လို့တောင်းဆိုပါတယ်"

" နင်တို့တောင်းတိုင်းပေးရအောင် ငါကနင်တို့အစေခံလား နင်တို့ဒုက္ခမရောက်ပဲ လာရာလမ်းအတိုင်းပြန်ချင်ရင် ငါ့ကိုပြန်တောင်းပန်စမ်း အေး နင်တို့မတောင်းပန်ရင်တော့ ဖဲဝါအကြောင်း
သိစေရမယ် "

" သင်ကမပြစ်မှားသင့်တဲ့သူကိုပြစ်မှားမိနေပြီ ကျုပ်တို့ဘက်ကအမှားလုပ်ထားတာမရှိတဲ့အတွက် သင့်ကိုမတောင်းပန်နိုင်ဘူး သင်ဘက်ကဖြစ်ချင်တဲ့အတိုင်းလုပ်ပါ "

အောင်မြတ်သာစကားအဆုံးမှာ မဖဲဝါက မြေကြီးပေါ်ကိုဆင်းကာ တောက်တစ်ချက်ခေါက်လိုက်ပြီး မြေကြီးကို‌ဖနောင့်နဲ့ပေါက်ချလိုက်တဲ့အချိန် အရပ်ကထန်းပင်တစ်ပင်စာလောက်အထိ မြင့်တက်သွားခဲ့တယ်။

" ကဲ သင်စိတ်ကြိုက်ဖန်ဆင်းပြီးပြီဆိုတော့ သင်လုပ်လိုရာလုပ်လို့ရပါပြီ သင်ကျုပ်ကိုမြူမှုန်တစ်မှုန်လောက်သာထိခိုက်အောင်လုပ်နိုင်ရင် ကျုပ်လာရာလမ်းအတိုင်းလှည့်ပြန်ပါမယ် သင်မလုပ်နိုင်ရင်တော့ ရွှေခဲဆိုသူကို ကျုပ်ဆီအပ်ပါ"

" နင်ကစကားအရမ်းများတဲ့သူပဲ ငါ့ဖဝါးအောက်မှာ စိစိညက်ညက်ကြေပြီးသေပေတော့"

မဖဲဝါက ပြောရင်းဆိုရင်း တောင်လောက်ရှိတဲ့ခြေဖဝါးကိုမြောက်လိုက်တဲ့အချိန် အောင်မြတ်သာရဲ့ဘေးပတ်ပတ်လည်မှာ နဖူးမှာအင်းစမကွက်တွေပါတဲ့ရွှေဓါးကိုင်အစောင့်ကိုးယောက်ပေါ်လာခဲ့တယ်။ အောင်မြတ်သာကတော့ ဘာမှမလုပ်ပဲ မဖဲဝါကိုပြုံးပြီးကြည့်နေခဲ့တယ်။

ရွှေဓါးကိုင်အစောင့်တွေက အောင်မြတ်သာ ခေါင်းပေါ် ခြေထောက်မရောက်ခင် လေပေါ်ကိုခုန်တက်သွားပြီး ရွယ်ထားတဲ့ခြေဖဝါးကို ဓါးနဲ့ခုတ်ပိုင်းချလိုက်တယ်။

ရုတ်တရက်ဆိုတော့သတိမထားမိလိုက်တဲ့ မဖဲဝါက ရွှေဓါးကိုင်အစောင့်တွေရဲ့ ဓါးချက်မိပြီး အနောက်ကိုသုံးလှမ်းလောက်ပြန်ဆုတ်လိုက်ရတယ်။

" နင်ကလဲ ခေသူမဟုတ်သလို ငါကလဲ သင်္ချိုင်းတကာကိုအပိုင်စားရထားတဲ့ဖဲဝါတဲ့ဟေ့ " လို့အော်ပြီး ညာဘက်လက်နဲ့ ရွှေဓါးကိုင်အစောင့်တွေကို ရိုက်ထုတ်လိုက်ရာ အစောင့်ပုဂ္ဂိုလ်တွေ ဘေးကိုလွှင့်ထွက်သွားခဲ့တယ်။

ဂိုဏ်းစောင့်အောက်နတ်တွေကိုပါ ဖရိုဖရဲဖြစ်အောင်လုပ်လိုက်တဲ့မဖဲဝါကိုမြင်တော့ သက်ခိုင် စိတ်တိုသွားပြီး အရှေ့ကိုတက်ဖို့ဟန်ပြင်လိုက်တဲ့အချိန် အောင်မြတ်သာက လက်ကာပြပြီး

" ဝင်မပါနဲ့သက်ခိုင် သူစိတ်ကျေနပ်တဲ့ထိ တိုက်ပါစေ " လို့ပြောကာ မျက်လုံးကိုစုံမှိတ်လိုက်တဲ့အချိန် သင်္ချိုင်းမြေတစ်ခုလုံးငလျင်လှုပ်သလို တုန်ဟီးသွားခဲ့တယ်။

ရုတ်တရက်တုန်ခါသွားတဲ့အရှိန်ကြောင့် မဖဲဝါအနောက်ကိုယိုင်ကျသွားမလိုဖြစ်သွားခဲ့တဲ့အချိန် အနောက်ဘက်မှာရှိတဲ့တောင်တန်းတွေကို တစ်လှမ်းချင်းခွကျော်ပြီး အောင်မြတ်သာရှိရာကိုလာနေတဲ့ အမွှေးစုတ်ဖွားနဲ့မဲမဲကောင်တစ်ကောင်ကိုလှမ်းမြင်လိုက်ရတယ်။

သက်ခိုင်နဲ့တောက်ရတော့ အမွှေးစုတ်ဖွားနဲ့ကောင်ကိုကြည့်ပြီး

" ခြေဖဝါးသုံးတောင် ရောက်လာပြီဟေ့" ဆိုပြီးဝမ်းသာအားရ အော်ဟစ်လိုက်ကြတယ်။
(ခြေဖဝါးသုံးတောင်အကြောင်းကိုတော့ အောင်မြတ်သာနှင့်ခြေဖဝါးသုံးတောင်ဆိုတဲ့ဝတ္တုမှာဖတ်ရှုနိုင်ပါတယ်)

မဖဲဝါက သူ့ထက်သုံးဆလောက်ကြီးတဲ့ အကောင်ကိုမြင်တော့ နည်းနည်းလန့်သွားခဲ့တယ်။ ခြေဖဝါးသုံးတောင်ကလဲ ကြီးမားကျယ်ပြန့်တဲ့ခြေလှမ်းကျဲကြီးတွေနဲ့ သင်္ချိုင်းထဲကိုဝင်လာတဲ့အချိန် မလှမ်းမကမ်းကနေ အခြေအနေကိုကြည့်နေကြတဲ့ နာနာဘာဝတွေအကုန်ထွက်ပြေးကြပါလေရော။

အောင်မြတ်သာက ခြေဖဝါးသုံးတောင်ကိုကြည့်ပြီး

" ကျုပ်ဆင့်ခေါ်လိုက်ရတဲ့အကြောင်းကိုတော့ သင်သိလောက်ပြီထင်ပါတယ် အခုသင့်အရှေ့မှာရပ်နေတဲ့သူက သင်္ချိုင်းတွေကိုအပိုင်စားရတဲ့ မဖဲဝါပဲဖြစ်တယ် " လို့ပြောလိုက်တော့ ခြေဖဝါးသုံးတောင်က မဖဲဝါကိုငုံ့ကြည့်လိုက်ပြီး ဘေးမှာရပ်နေတဲ့ ခွေးနက်ကြီးကို အမြှီးကနေကိုင်ကာ ပစ်ထုတ်လိုက်တယ်။

" သရဲမသာသာအဆင့်ရှိတဲ့ ကောင်မက ငါ့ဆရာကိုခြေနဲ့ရွယ်ရဲတယ်ဟုတ်လား ငါက အင်းတော်ကြီးဂိုဏ်းရဲ့အောက်နတ်စာရင်းပဲဝင်တဲ့ ခြေဖဝါးသုံးတောင်ပဲ ငါ့ကိုအရင်နိုင်အောင် တိုက်စမ်း နင်မနိုင်ရင် ငါကိုယ်တိုင်နင့်ကို ရိုက်သတ်မယ် " လို့ကြိမ်းဝါးလိုက်တဲ့အချိန် မဖဲဝါက အနောက်ကိုဆုတ်လိုက်ပြီး

" ကျွန်တော်မျိုးမရဲ့ အရှင်သခင် အနောက်မယ်တော်(အမေရေယာဉ်)ကိုပင့်ဖိတ်ပါတယ် ယခုကျွန်တော်မျိုးမရဲ့ပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့သူတွေကိုမောင်းထုတ်ဖို့ တန်ခိုးစွမ်းအားတွေပေးတော်မူပါ " လို့အော်လိုက်တဲ့အချိန် ထန်းတစ်ပင်လောက်ရှိတဲ့ အရပ်ကနေထပ်မကြီးလာပဲ တစ်ဖြေးဖြေးသေးလာကာ သာမန်အရွယ်အစားကိုရောက်လာခဲ့တဲ့အချိန် သင်္ချိုင်းထဲကို ထဘီအနက်ရောင်ကိုစွန်တောင်ဆွဲကာ ဝင်လာတဲ့မိန်းမကြီးတစ်ယောက်ကို အောင်မြတ်သာမြင်လိုက်ရတယ်။

အပေါ်အောက်အနက်ရောင်ဝမ်းဆက်ဝတ်ထားတဲ့မိန်းမကြီးက မဖဲဝါအနားကိုရောက်တော့ ဘာမပြောညာမပြောနဲ့ ပါးနားတွေကိုလှိမ့်နေအောင်ရိုက်ပါလေရော။

" ဟဲ့ကောင်မ နင့်ကိုယ်နင်ဘာထင်လို့ ဒီပုဂ္ဂိုလ်တွေကိုစော်ကားရတာလဲ ဖြောင်း ဖြောင်း"

" အမလေး ကြောက်ပါပြီ မရိုက်ပါနဲ့တော့ နာလှပါပြီ"

" ဒါနဲ့များ နင်က ငါ့ဆီကနေ တန်ခိုးစွမ်းအင်တွေ တောင်းရဲသေးတယ် နင့်လိုကောင်မကို ဒီတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူး အထိန်းတော်တွေ ဒီကောင်မကို လက်ပြန်ကြိုးတုပ်ပြီးချုပ်ထားစမ်း "

အနက်ရောင်အပေါ်အောက်ဝတ်ထားတဲ့မိန်းမကြီးရဲ့စကားအဆုံးမှာ မဖဲဝါဘေးကနေ မိန်းမကြီးနှစ်ဦးပေါ်လာပြီး လက်ကိုနောက်ပြန်ကြိုးတုပ်လိုက်တယ်။

"ဆရာတွေရှိနေလို့ ငါအယုတ်တအနတ္တတွေမဆဲသေးဘူး ဒီပုဂ္ဂိုလ်တွေက သူတို့ဖိနပ်ကိုနင့်ခေါင်းပေါ်မှာတင်ရင်တောင် နင်ဘာမှပြန်ပြောခွင့်မရှိဘူးဟဲ့ တယ် ငါလုပ်လိုက်ရရင် သေတော့မယ် ဆရာတို့ကိုတောင်းပန်ပါတယ် ကျွန်တော်မျိုးမရဲ့သွန်သင်မှုအားနည်းလို့ အခုလို‌တွေဖြစ်ရတာပါ အပြစ်ပေးမယ်ဆိုရင် ကျွန်တော်မျိူမကိုပေးတော်မူပါ"

အနက်ရောင်ဝတ်စုံဝတ်ထားတဲ့မိန်းမကြီးရဲ့စကားကိုကြားတော့ အောင်မြတ်သာက

" ဘာမှစိတ်ထဲမထားပါနဲ့ ကျုပ်တို့ကလဲ သင့်တပည့်အပေါ်ထိခိုက်အောင်မလုပ်ကြပါဘူး သင်ရောက်လာတာကိုပဲ ကျုပ်တို့ကကျေနပ်နေပါပြီ"

" အခုလိုခွင့်လွှတ်ပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ် ဆရာတို့က ဒီလိုနေရာကို အကြောင်းမဲ့သက်သက်တော့လာမှာမဟုတ်လောက်ဘူး ဘယ်လိုအရေးကိစ္စများရှိလဲဆိုတာ သိခွင့်ရှိရင်သိချင်ပါတယ်"

" အနောက်မယ်တော်က မဖဲဝါရဲ့သခင်ဆိုတော့ အပူကပ်ရဦးမယ်ထင်ပါရဲ့ သင့်ရဲ့တပည့်မဆီမှာ ရွှေခဲလို့ခေါ်တဲ့ ဘီလူးတစ်ပိုင်းလူတစ်ပိုင်းပုဂ္ဂိုလ်တစ်ယောက်ရှိတယ် သူ့ကိုကျုပ်တို့ခေါ်သွားချင်ပါတယ်"

အောင်မြတ်သာစကားကြောင့် အနောက်မယ်တော်က မဖဲဝါဘက်လှည့်ပြီး

" ဟိုကောင်မ ဆရာ‌တို့ပြောတဲ့သူ နင့်ဆီမှာရှိနေတာလား"

" ဟုတ်ကဲ့ ရှိပါတယ် အလောင်းကောင်တွေကို အခွင့်မရှိပဲဖော်စားလို့ ဖမ်းထားတာပါ"

" အခုချက်ချင်း အဲဒီကောင်ကိုခေါ်လာခိုင်း"

" ဟုတ်ကဲ့ပါ အရှင်မ "

မဖဲဝါလဲ အနောက်မယ်တော်ရဲ့အမိန့်ကိုမလွန်ဆန်ရဲဘဲ သင်္ချိုင်းထဲမှာဖမ်းထားတဲ့ ရွှေခဲကိုခေါ်ထုတ်ပေးခဲ့တယ်။

ဆံပင်တွေက စုတ်ဖွား၊ အစွယ်တွေကတကားကားနဲ့ ကြောက်မယ်ဖွယ်ကောင်းတဲ့အသွင်ဖြစ်နေတဲ့ ရွှေခဲကိုမြင်တော့ အောင်မြတ်သာက

" ခြေဖဝါးသုံးတောင်ရေ ဒီတစ်ခါတော့ မင်းကိုပဲအကူအညီတောင်းရဦးမယ် ဒီကောင်ကိုခေါ်ပြီး မင်းနေတဲ့တောင်မှာခဏထားထားပါဦး သိပ်မကြာခင်သူ့ညီကိုခေါ်ပြီးပြန်လာခဲ့မယ်" လို့ပြောလိုက်တော့ ခြေဖဝါးသုံးတောင်က အောင်မြတ်သာကိုအရိုအသေပေးကာ ရွှေခဲကိုဂုတ်ကနေဆွဲကိုင်ကာ ပြန်လည်ထွက်သွားခဲ့တယ်။

အနောက်မယ်တော်ကလဲ နောက်နောင်ဒီလိုအဖြစ်မျိုးမဖြစ်အောင် သူ့လက်အောက်မှာရှိတဲ့သူတွေကို ဆုံးမပေးမယ်ဆိုတဲ့ကတိကိုပေးပြီး ပျောက်ကွယ်သွားခဲ့တယ်။

မောင်မဲခေါင်လဲ ကိစ္စတွေပြီးလို့ လူအဖြစ်ပြန်ပြောင်းလိုက်တဲ့အချိန် ကိုယ်ပေါ်မှာဒဏ်ရာဒဏ်ချက်အနည်းငယ်ကျန်ရှိခဲ့တယ်။

အောင်မြတ်သာလဲ မောင်မဲခေါင်ရဲ့ ရဲရင့်မှုကိုချီးကျူးရင်း ဒဏ်ရာတွေကို လွယ်အိတ်ထဲကဆီမန်းပုလင်းကိုထုတ်ကာ လိမ်းပေးခဲ့တယ်။

သက်ခိုင်နဲ့တောက်ရကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အောင်မြတ်သာနဲ့မောင်မဲခေါင်တို့ဘယ်လိုဆုံခဲ့ကြလဲဆိုတာကိုမေးဖို့ တိုင်ပင်ကိုက်နေကြတယ်။

မောင်မဲခေါင်လဲ ဆီမန်း‌အစွမ်းကြောင့်ဒဏ်ရာတွေပျောက်ကင်းသွားတဲ့အချိန် အောင်မြတ်သာကိုကန်တော့ကာ ဌာနေကိုပြန်သွားခဲ့တယ်။ မောင်မဲခေါင်ပြန်သွားတာနဲ့ သက်ခိုင်နဲ့တောက်ရက

" ဆရာ နဲ့ မောင်မဲခေါင် ဘယ်လိုဆုံဖြစ်ခဲ့ကြလဲဆိုတာ အရမ်းသိချင်နေပြီ" လို့ပြောလိုက်တော့ အောင်မြတ်သာက

" မင်းတို့မေးတော့မယ်ဆိုတာ ငါကကြိုသိနေပါတယ် အခုတော့ ဒီဇရပ်ကို စွန့်ခွာကြရအောင်" လို့ပြောကာ ဘုရားကျောင်းဆောင်မှာရှိတဲ့ ဆင်းတုတော်ကို ရိုသေစွာကန်တော့ပြီး ဇရပ်ပေါ်ကနေဆင်းလာခဲ့လိုက်တယ်။

အောင်မြတ်သာရဲ့အနောက်မှာတော့ သက်ခိုင်နဲ့တောက်ရ လွယ်အိတ်ကိုယ်စီဖြင့် ထပ်ချပ်မကွာလိုက်ပါလျက်။

လမ်းတစ်ဝက်ရောက်တော့
" မောင်မဲခေါင်နဲ့ကမထင်မှတ်ထားပဲဆုံခဲ့တာ အဲဒီအချိန်မင်းတို့က ရဟန်းဝတ်နေကြတယ်လေ မဲခေါင်ကအရမ်းဆိုးတဲ့ကောင် သူ့ကိုအခုလိုအခြေအနေရောက်အောင်အချိန်အတော်ယူခဲ့ရတယ်" ဆိုပြီးအစချီကာပြောပြခဲ့တယ်။

+++++++++
အောင်မြတ်သာနဲ့မောင်မဲခေါင်တို့ဘယ်လိုဆုံတွေ့ခဲ့လဲ မောင်မဲခေါင်ကရော ဘယ်လိုအစွမ်းတွေရှိလဲ၊ ဘယ်လိုရက်စက်ဆိုးသွမ်းခဲ့လဲဆိုတာကိုအောင်မြတ်သာနှင့်‌ မှော်သမန်းကျားဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

ေအာင္ျမတ္သာႏွင့္အုတ္နီကန္သခ်ႋဳင္း

လအလင္းေရာင္က မွိန္ပ်ပ်သာက်ေနတဲ့ အုတ္နီကန္သခ်ႋဳင္းအနီးတစ္ဝိုက္မွာေတာ့ လင္းေကာင္ပိုးငွက္(ေခၚ)ငွက္ဆိုးရဲ႕ေအာ္သံ‌ေတြအျပင္ အေလာင္းေကာင္ေတြကို လာေရာက္တူးေဖာ္စားေသာက္ေနၾကတဲ့ ေတာေခြးေတြရဲ႕ အစာလုမာန္ဖီသံကလဲ တစ္ခါတစ္ရံ သခ်ႋဳင္းအျပင္ဘက္ကို လွ်ံၿပီးထြက္လာခဲ့တယ္။

ညေနကမွ မီးရႈိ႕ထားတဲ့ အေလာင္းေကာင္ရဲ႕ဗိုက္အဆီမွာေလာင္ကြၽမ္းေနဆဲျဖစ္တဲ့ မီးစမီးပႊားေလးေတြက ေလအေဝွ႔မွာ ရဲခနဲ ရဲခနဲနဲ႔ ထေတာက္လာတတ္တယ္။ သာမန္လူတစ္ေယာက္အေနနဲ႔ ၾကည့္မယ္ဆိုရင္ အုတ္နီကန္သခ်ႋဳင္းရဲ႕ ပုံပန္းသ႑ာန္က ထိတ္လန႔္ေၾကာက္မက္ဖြယ္ အေတာ္ေကာင္းလွတယ္။

ဒီလိုအမဂၤလာျမင္ကြင္းေတြနဲ႔ျပည့္ႏွက္ေနတဲ့ သခ်ႋဳင္းထဲကိုေတာ့ တည္ၿငိမ္တဲ့ေျခလွမ္းေတြနဲ႔အတူလူသုံးေယာက္ဝင္လာခဲ့ၾကတယ္။ ဝင္လာၾကတဲ့လူသုံးေယာက္ရဲ႕မ်က္ဝန္းေတြက ေၾကာက္႐ြံ႕မႈမရွိ၊ ထိတ္လန႔္မႈမရွိတဲ့အျပင္ လွမ္းလိုက္တဲ့ေျခလွမ္းတိုင္းမွာလဲ ရဲရင့္မႈဆိုတဲ့အမွတ္အသားေတြကပ္ပါေနရေလာက္ေအာင္ တက္ႂကြေနခဲ့တယ္။

သခ်ႋဳင္းထဲဝင္လာတဲ့လူသုံးေယာက္ရဲ႕ေျခလွမ္းေတြက ေသဆုံးသူေတြကို သရဏဂုံတင္ေပးေနၾကျဖစ္တဲ့ ဇရပ္အိုေလးေပၚကိုဦးတည္ခဲ့ၾကတယ္။ ဇရပ္ေပၚေရာက္ေတာ့ လြယ္အိတ္ထဲကေန ဖေယာင္းတိုင္နဲ႔မီးျခစ္ကိုထုတ္ၿပီး ဇရပ္ပတ္ပတ္လည္နဲ႔ ယိုင္တိုင္တိုင္ျဖစ္ေနတဲ့ ဘုရားေက်ာင္းေဆာင္မွာထြန္းညႇိလိုက္ၾကတယ္။

ဖေယာင္းတိုင္မီးအလင္းေရာင္႐ုတ္တရက္ေပၚလာတဲ့အတြက္ အုတ္နီကန္သခ်ႋဳင္းထဲမွာႀကီးစိုးေနတဲ့အေမွာင္ထုက ေဘးကိုအနည္းငယ္ဖယ္ေပးလိုက္ၾကရတယ္။ ဖေယာင္းတိုင္အလင္းေရာင္ေၾကာင့္ ဇရပ္ပတ္ပတ္လည္မွာ လွည့္ပတ္သြားလာေနၾကတဲ့ ဧရာမေျမႂကြက္ႀကီးေတြက သူတို႔ကိုရန္ျပဳမယ္ထင္ၿပီး ထြက္ေျပးၾကတဲ့အျပင္ ဇရပ္ထုတ္တန္းေပၚမွာ ညအိပ္ေနၾကတဲ့ လင္းႏို႔ေတြကလဲ ေတာင္ပံတဖ်တ္ဖ်တ္ခတ္ကာ အျပင္ကိုပ်ံေျပးသြားၾကတယ္။

ဇရပ္ေပၚေရာက္ေနၾကတဲ့လူသုံးေယာက္ကလဲ ပတ္ဝန္းက်င္မွာျဖစ္ေနတဲ့ အျဖစ္အပ်က္ေတြကို စိတ္ဝင္းစားဟန္မျပပဲ သူတို႔လုပ္စရာရွိတဲ့ကိစၥေတြကိုသာ အာ႐ုံစိုက္ၿပီးလုပ္ေနခဲ့ၾကတယ္။ လူမေနတာၾကာၿပီျဖစ္တဲ့ဇရပ္ေပၚကို အခ်ိန္အတန္ၾကာရွင္းၿပီးတဲ့ေနာက္မွာေတာ့ လူသုံးေယာက္ ေက်ာခင္းစရာေနရာတစ္ခုကိုရလာခဲ့တယ္။

" ေနရာထိုင္ခင္းေတာ့ အဆင္ေျပသြားၿပီ ဆရာ ဘာေတြထပ္လုပ္ရဦးမလဲ"

"သက္ခိုင္ေရ ငါတို႔လဲဒီေနရာမွာ အခ်ိန္တစ္ခုေလာက္ေနရမယ္ဆိုေတာ့ ဘုရားေက်ာင္းေဆာင္ကိုေတာ့ျပင္ေစခ်င္တယ္ အခုေလာေလာဆယ္ေတာ့ ဒီဆင္းတုေတာ္ကိုပဲ ပူေဇာ္ထားလိုက္ပါ"

ဆံပင္ကိုအေနာက္ျပန္လွန္တင္ၿပီး ေသသပ္စြာစည္းေႏွာင္ထားတဲ့ လူငယ္က စကားအဆုံးမွာ လြယ္အိတ္ထဲမွာထည့္လာတဲ့ တစ္ထြာသာသာရွိတဲ့ ဆင္းတုေတာ္တစ္ဆူကိုထုတ္ေပးလိုက္တယ္။ သက္ခိုင္ဆိုတဲ့လူကလဲ ေ႐ႊေရာင္တဝင္းဝင္းနဲ႔သပၸါယ္ေနတဲ့ ဆင္းတုေတာ္ကို လက္ႏွစ္ဖက္နဲ႔ ႐ိုေသစြာပင့္ၿပီး ယိုင္နဲ႔ေနတဲ့ဘုရားေက်ာင္းေဆာင္ေပၚမွာတင္လိုက္တယ္။

ဘုရားဆင္းတုေတာ္ကို တင္လိုက္တဲ့အခ်ိန္ ဇရပ္အထဲကေန ေၾကာက္လန႔္တၾကားေျပးထြက္ေနၾကတဲ့ေျခသံေတြအျပင္ ‌မေက်မနပ္ေတာက္ခတ္သံ ေအာ္ဟစ္ဆဲဆိုသံေတြကိုပါၾကားလိုက္ရတယ္။

" ဘုရားဆင္းတုေတာ္ပူေဇာ္လိုက္တာနဲ႔ သူတို႔မေနႏိုင္ၾကတာျဖစ္မယ္ေနာ္ဆရာ ကြၽန္ေတာ္တို႔ကိုေတာ့ ေက်နပ္မယ္လို႔မထင္ဘူး"

" အလင္းကိုေတြ႕ရင္ အေမွာင္ေလာကသားေတြက ေၾကာက္ရတာထုံးစံပဲ ေတာက္ရ ဒါေၾကာင့္ ငါတို႔ကိုနည္းမ်ိဳးစုံနဲ႔ အေႏွာက္အယွက္ေပးေနဦးမွာပဲဆိုတာလဲသိတယ္ ငါတို႔ဒီကိုလာတဲ့ရည္႐ြယ္ခ်က္က ေ႐ႊခဲဆိုတဲ့ လူတစ္ပိုင္းဘီလူးတစ္ပိုင္းပုဂၢိဳလ္ကို ျပန္ေခၚဖို႔ပဲ လုပ္ငန္းေအာင္ျမင္ဖို႔အတြက္ ငါတို႔သုံးရမယ့္လက္နက္က ေမတၱာပဲ ဒီအတြက္ အပၸါယ္ေလးဘုံက သတၱဝါေတြကို မလိုအပ္ပဲ နာက်င္‌ေအာင္မလုပ္ပါနဲ႔ "

" ဟုတ္ကဲ့ပါဆရာ ကြၽန္ေတာ္မွတ္သားထားပါမယ္ ဒါေပမယ့္ ကြၽန္ေတာ္မရွင္းတာေလးတစ္ခုေတာ့ေမးခြင့္ျပဳပါ ဆရာက ေ႐ႊခဲလို ပုဂၢိဳလ္ကိုဘာေၾကာင့္ေခၚဖို႔လုပ္ရတာလဲ သူကေရာ ဘာမ်ားအသုံးဝင္ႏိုင္မလဲဆရာ"

ေတာက္ရစကားအဆုံးမွာ ေအာင္ျမတ္သာက ၾကည္လင္ေအးျမတဲ့အၿပဳံးကိုၿပဳံးလိုက္ၿပီး

" ေ႐ႊခဲနဲ႔ေငြခဲဆိုတဲ့ပုဂၢိဳလ္က ငါတို႔အင္းေတာ္ႀကီးဂိုဏ္းအတြက္အရမ္းလိုအပ္တယ္လို႔ပဲသိထားပါ ကဲ ေျပာရင္းဆိုရင္း ငါတို႔ကိုေမာင္းထုတ္မယ့္သူေတြလာၾကေနၾကၿပီ" လို႔ေျပာကာ ေျမပုံမို႔မို႔ေတြရွိေနတဲ့ သခ်ႋဳင္းအတြင္းဘက္ကို လွမ္းၾကည့္လိုက္တယ္။

သက္ခိုင္နဲ႔ေတာက္ရလဲ အေျခအေနကိုရိပ္စားမိၿပီး ေအာင္ျမတ္သာေငးၾကည့္ေနတဲ့ေနရာကို ၾကည့္လိုက္တဲ့အခ်ိန္ အေလာင္းေကာင္ေတြကိုေဖာ္စားေနၾကတဲ့ ေတာေခြးေတြရဲ႕ စူးစူးဝါးဝါးအူသံကို ၾကက္သီးထဖြယ္ေကာင္းေအာင္ၾကားလိုက္ရတယ္။

ေခြးအူသံေတြအဆုံးမွာေတာ့ ဇရပ္မလွမ္းမကမ္းမွာေပါက္ေနတဲ့ ကုကၠိဳပင္ရဲ႕ဂြၾကားထဲမွာ ခါးေထာက္ၿပီးရပ္ေနတဲ့ မဲမဲေကာင္းတစ္ေကာင္ကိုျမင္လိုက္ရတယ္။

မ်က္လုံးႏွစ္လုံးက မီးက်ီခဲလိုရဲေတာက္ေနၿပီး ခႏၶာကိုယ္က လူသုံးဖက္စာေလာက္ႀကီးမားေနတဲ့သူက ေအာင္ျမတ္သာတို႔ရွိရာဇရပ္ကိုလက္ညိဳးထိုးၿပီး

" နင္တို႔လုပ္လို႔ ငါ့တပည့္ေတြ ေနစရာမရွိေတာ့ဘူး‌ေျပာတယ္ဒီေနရာမွာေနခ်င္ရင္ ငါ့ကိုအရင္ပသပူေဇာ္ပါ ငါ့ခြင့္ျပဳခ်က္မရပဲေနရင္ အေသဆိုးနဲ႔ေသသြားလိမ့္မယ္ " လို႔ေျပာကာ ကုကၠိဳပင္ေအာက္ကိုခုန္ဆင္းလာခဲ့တယ္။

ေအာင္ျမတ္သာကေတာ့ ဇရပ္ေပၚမွာ တင္ပလႅင္ေခြထိုင္‌ေနရင္း

" သင္က ဘယ္သူပါလဲ က်ဳပ္တို႔က မေကာင္းတဲ့အမႈကိုျပဳၾကမယ့္သူေတြလဲမဟုတ္ဘူး ေနာက္ၿပီး က်ဳပ္တို႔ေနတဲ့ဇရပ္က အမ်ားျပည္သူေတြခိုနားလို႔ရေအာင္ ေဆာက္ထားေပးတဲ့ဇရပ္ျဖစ္လို႔ သင့္ကိုလဲခြင့္ေတာင္းစရာမလိုဘူးထင္ပါတယ္" လို႔ေျပာလိုက္ၿပီး မီးၿငိမ္းခါနီးျဖစ္ေနတဲ့ ဖေယာင္းတိုင္တစ္တိုင္ကို အသစ္ျပန္လဲေနလိုက္တယ္။

" နင္တို႔က အေၾကာက္အလန႔္မရွိၾကပါလား ဒီနယ္တစ္ဝိုက္မွာ ငလက္တိုလို႔ေျပာလိုက္ရင္ မသိတဲ့သူမရွိဘူး ဒီသခ်ႋဳင္းက ငါပိုင္တဲ့ေနရာ ငါ့ေနရာကိုလဲလာေသးတယ္ ငါ့ကိုလဲ ေလးစားရေကာင္းမွန္းမသိဘူး ငကြၽဲနဲ႔ငသဲ လာစမ္း"

ငလက္တိုရဲ႕အမိန႔္သံအဆုံးမွာ သခ်ႋဳင္းေျမႀကီးထဲကေန သရဲႏွစ္ေကာင္ ကုန္း႐ုန္းၿပီးထလာခဲ့ၾကတယ္။ ပါးစပ္အျပင္ကို တစ္ထြာေလာက္ထြက္က်ေနတဲ့အစြယ္ႏွစ္ေခ်ာင္းက ပါးေစာင္ဘက္ကိုေကာ့တက္ေနၿပီး မ်က္လုံးေတြက ဘဲဥတစ္လုံးစာေလာက္အျပင္ကိုျပဴးထြက္ေနတဲ့ သရဲႏွစ္ေကာင္က ဇရပ္ထဲမွာထိုင္ေနတဲ့ ေအာင္ျမတ္သာတို႔ကို စားမတတ္ ဝါးမတတ္ စိုက္ၾကည့္ေနၾကတယ္။

" ငကြၽဲ နဲ႔ ငသဲ ဒီသုံးေယာက္ရဲ႕ အသည္းကို ငါစားခ်င္တယ္ မင္းတို႔ရေအာင္ယူေပးရင္ ငါလတ္လတ္ဆတ္ဆတ္လာျမဳပ္တဲ့အေလာင္းေတြကို စားခြင့္ေပးမယ္"

ငလက္တိုရဲ႕စကားေၾကာင့္ သရဲႏွစ္ေကာင္က ၾကက္သီးထဖြယ္ေကာင္းေလာက္တဲ့အသံနက္ေတြနဲ႔ ေအာ္ရယ္လိုက္ၿပီး ဇရပ္ေပၚကိုတက္လာခဲ့ၾကတယ္။

သရဲႏွစ္ေကာင္က ဇရပ္ေပၚကိုေရာက္ဖို႔ ေလွကားထစ္ႏွစ္ထစ္ေလာက္အလိုမွာေတာ့ ေအာင္ျမတ္သာထြန္းထားတဲ့ဖေယာင္းတိုင္ေတြကေန မီးေတာက္မီးလွ်ံေတြထြက္လာၿပီး သရဲႏွစ္ေကာင္ကို ဟပ္မိပါေလေရာ။

" အား ပူတယ္ ပူတယ္ "
ေလွကားေပၚတက္လာတဲ့ႏွစ္ေကာင္က မီးဟပ္တဲ့ဒဏ္ေၾကာင့္ ဇရပ္ေအာက္ကေျမႀကီးေပၚျပဳတ္က်ကာ လူးလိမ့္ေနပါေလေရာ။

" ေတာက္ နင္တို႔က ဒီလိုပညာေတြတတ္လို႔ ငါ့ကိုမထီမဲ့ျမင္လုပ္တာကိုး ဟဲ့ ဗိုက္ေပါက္မ ဒီတစ္ခါ နင့္အလွည့္ပဲ ဒီလူေတြကို အေသသတ္စမ္း ငါကအရွင္မလိုခ်င္ဘူးေနာ္ အေသပဲလိုခ်င္တာ နင္မသတ္ႏိုင္ရင္ ငါနဲ႔အေတြ႕ပဲ"

ကုကၠိဳပင္ေအာက္မွာရပ္ေနတဲ့ ငလက္တိုက သခ်ႋဳင္းထဲမွာရွိေနတဲ့ ဗိုက္ေပါက္မဆိုတဲ့သရဲကို ထပ္ေခၚပါေလေရာ။

ငလက္တိုရဲ႕ေဒါသတႀကီးေအာ္ဟစ္လိုက္တဲ့အသံအဆုံးမွာ ဇရပ္ေပၚကို ဆႏြင္းနံ႔နဲ႔အပုတ္နံ႔ေတြေရာေႏွာေနတဲ့ အနံ႔ေတြေထာင္းခနဲထေအာင္ တက္လာခဲ့တယ္။ အနံ႔ရၿပီးမၾကာခင္မွာပဲ တစ္ကိုယ္လုံးဝါထိန္ေနၿပီး မ်က္တြင္းကေဟာက္ပက္ ဝမ္းဗိုက္ေနရာကလဲဟက္တက္ကြဲေနၿပီးအထဲကေန အခ်င္းနဲ႔ရစ္ပတ္ကာ တြဲေလာင္းက်ေနတဲ့ ေမြးကင္းစကေလးငယ္တစ္ဦးကို ပိုက္လ်က္ထြက္လာတဲ့ သရဲမကိုျမင္လိုက္ရတယ္။

ဗိုက္ေပါက္မလို႔ေခၚတဲ့သရဲမက လႈပ္လီလႈပ္လွဲ႔နဲ႔ လမ္းေလ်ာက္လာရင္း ဟက္တက္ကြဲကာ ေသြးပုတ္ေတြတစ္စက္ခ်င္းက်ေနတဲ့ေနရာကိုအုံခဲေနတဲ့ ယင္ေကာင္မဲမဲေတြကို လက္နဲ႔သပ္ယူၿပီး ပါးစပ္ထဲထိုးထည့္လိုက္တယ္။

ယင္ေကာင္ေတြကိုေျဖးေျဖးခ်င္းဝါးစားရင္း ေလ်ာက္လာခဲ့တာ ငလက္တိုေရွ႕ေရာက္ေတာ့

" ငါ့ကိုေခၚတာဘာလုပ္ဖို႔လဲ "

" နင့္ကိုေခၚတာက အျခားမဟုတ္ဘူး ဇရပ္ေပၚမွာရွိေနတဲ့လူသုံးေယာက္က ငါ့ကိုမထီေလးစားလုပ္ေနလို႔ နင့္ကိုဆုံးမခိုင္းမလို႔ေခၚတာ"

ငလက္တိုစကားအဆုံးမွာ ဗိုက္ေပါက္မက တဟီးဟီးတဟားဟားနဲ႔ေအာ္ရယ္လိုက္ၿပီး

" သခ်ႋဳင္းရဲ႕သခင္ဘြဲ႕ကိုယူထားၿပီး ဒီလူေတြကိုေတာင္ ေမာင္းမထုတ္ႏိုင္ဘူးလား ဒါဆို နင့္ကိုေပးထားတဲ့ရာထူးကို ငါ့ကိုလႊဲဖို႔ျပင္ေပေတာ့ "လို႔ ဝမ္းေခါင္းသံႀကီးနဲ႔ေျပာလိုက္ရာ အခ်င္းႀကိဳးတန္းလန္းျဖစ္ေနတဲ့ ေမြးကင္းစကေလးက တအီးအီးနဲ႔ငိုပါေလေရာ။

" ဟဲ့ ငါ့ကေလးငိုေနၿပီ နင္ခိုင္းတာကိုလုပ္လို႔ေအာင္ျမင္ရင္ အရွင္မဖဲဝါကို ဒီေၾကာင္းေတြေျပာျပၿပီး နင့္ေနရာကိုငါယူမယ္ "

ေအာင္ျမတ္သာတို႔ကလဲ ဇရပ္ေပၚကေနၿပီး ငလက္တိုနဲ႔ ဗိုက္ေပါက္မတို႔ရဲ႕ ရန္ပြဲကိုထိုင္ၾကည့္ေနခဲ့တယ္။

" ဟိုေကာင္မ စကားမမ်ားနဲ႔ ငါ့တင္းပုတ္စာမိခ်င္လို႔လား နင့္ထက္သာလို႔ အရွင္မက ငါ့ကိုဒီေနရာေပးထားတာ အခုငါခိုင္းတာကိုနင္လုပ္ ေနာက္ထပ္လ်ာရွည္ရင္ နင္ေရာ နင့္လက္ထဲက ကေလးေရာ ငါညႇာမွာမဟုတ္ဘူး"

ငလက္တိုရဲ႕မာထန္တဲ့စကားေၾကာင့္ ဗိုက္ေပါက္မမ်က္ႏွာခ်ိဳးကိုျပန္ျပင္လိုက္ၿပီး ဇရပ္ေပၚကို မ်က္ေစာင္းထိုးၾကည့္ကာ

" ဇရပ္ေပၚက အေကာင္သုံးေကာင္ နင္တို႔ေၾကာင့္ ငါပါအလုပ္ပိုရၿပီ အခုခ်က္ခ်င္းဇရပ္ေပၚကဆင္းၿပီး ျပန္မလား ငါလာၿပီးဂုတ္ခ်ိဳးသတ္ရမလား " ဆိုၿပီးေျပာပါေလေရာ။

ေအာင္ျမတ္သာကေတာ့ ဇရပ္ေအာက္မွာရပ္ေနတဲ့ ဗိုက္ေပါက္မကိုၾကည့္လိုက္ၿပီး

" သင္တို႔ရဲ႕အကုသိုလ္ကလဲ တယ္ႀကီးသကိုး က်ဳပ္တို႔ကလဲ အတတ္ႏိုင္ဆုံး သင္တို႔နာက်င္ေအာင္မလုပ္ဖို႔ စိတ္ကူးထားပါတယ္ ဒါေၾကာင့္ က်ဳပ္တို႔ကိုေမာင္းထုတ္မယ့္အႀကံကိုလက္ေလ်ာ့ၾကပါ " လို႔ေလသံေအးေအးနဲ႔ေျပာလိုက္ေပမယ့္ ဗိုက္ေပါက္မက လက္မခံပဲ ဇရပ္ေပၚကိုတက္မယ့္အေပါက္ဝေရွ႕မွာ ခါးေထာက္ကာမတ္တပ္ရပ္လိုက္ၿပီး ဗိုက္အေပါက္နားမွာ အုံေနတဲ့ယင္ေကာင္ေတြကို လက္ႏွစ္ဖက္နဲ႔ယူလိုက္ၿပီး ေအာင္ျမတ္သာတို႔ရွိရာဇရပ္ေပၚကို ပစ္ထည့္လိုက္တယ္။

" ဝီး ဝီး ဝီး "ဆိုတဲ့အသံနဲ႔အတူ ပ်ံလာၾကတဲ့ယင္ေကာင္ေပါင္းမ်ားစြာက ဇရပ္အဝင္ဝမွာထြန္းထားတဲ့ ဖေယာင္းတိုင္နားလဲေရာက္ေရာ လွ်ပ္စစ္နဲ႔အတို႔ခံလိုက္ရသလို ေဖာက္ခနဲ ေဖာက္ခနဲျမည္ၿပီး ေအာက္ကိုျပဳတ္က်ကုန္တယ္။ ဗိုက္ေပါက္မကလဲ မာန္မေလ်ာ့ေသးပဲ လက္ထဲမွာကိုင္ထားတဲ့ ေမြးကင္းစကေလးကို ေဟာင္းေလာင္းေပါက္ျဖစ္ေနတဲ့ ဗိုက္ထဲကိုထိုးထည့္ၿပီး ဇရပ္ေပၚကို ကိုယ္တိုင္တက္ဖို႔ေျခလွမ္းေတြျပင္ေနတဲ့အခ်ိန္ ဘယ္ကေနေရာက္လာမွန္းမသိတဲ့ ကိုးေတာင္က်ားတစ္ေကာင္က ဗိုက္ေပါက္မရဲ႕ကိုယ္ကို ကိုက္ၿပီးဆြဲေမႊ႕ကာ ခါထုတ္လိုက္တယ္။

" ေဝါင္း "
" ေဝါင္း"
" ေဝါင္း"

‌ဇရပ္ရဲ႕ေလွကားအဝမွာ ေဒါသတႀကီးမာန္ဖီေနတဲ့ကိုးေတာင္က်ားႀကီးကိုျမင္ေတာ့ ေအာင္ျမတ္သာက ထိုင္ေနရာကေနထလာၿပီး

" ေမာင္မဲေခါင္ ေဒါသေတြကိုေလ်ာ့ပါ သူတို႔က ဆရာကိုဘာဒုကၡမွမေပးႏိုင္ပါဘူး" လို႔ေျပာၿပီး လည္ကုတ္ေလးကိုပြတ္သပ္ေပးလိုက္ေတာ့မွ မာန္ဖီေနတဲ့ကိုးေတာင္က်ားက မာန္ကိုေလ်ာ့လိုက္ၿပီး ပဒပ္ထရပ္လိုက္ရာ အေပၚပိုင္းဗလာက်င္းထားၿပီး လုံခ်ည္ကိုခါးေတာင္းက်ိဳက္ထားတဲ့ လူတစ္ေယာက္အျဖစ္ေျပာင္းလဲသြားခဲ့တယ္။

" ဆရာတို႔ဘာျဖစ္သြားေသးလဲ "

" ဘာမွမျဖစ္ပါဘူး ‌မင္းကဘယ္လိုျဖစ္လို႔ ေရာက္လာခဲ့တာလဲ"

" က်ဳပ္တရားထိုင္ေနတုန္း ဆရာတို႔ကိုအႏၲရာယ္ေပးေနတယ္ဆိုတဲ့ျမင္ကြင္းကိုေတြ႕လို႔ စိတ္ပူၿပီးအေရာက္လာခဲ့တာ ဆရာတို႔က ဒီေကာင္ေတြကို ေမတၱာနဲ႔ေျပာဆိုေနတာကိုး တစ္ခ်ိဳ႕အရာေတြက ေမတၱာနဲ႔ေျပာရင္ မရဘူး က်ဳပ္လိုအၾကမ္းနည္းသုံးရတယ္ ဆရာခဏေစာင့္ပါ"

ေမာင္မဲေခါင္ဆိုတဲ့လူက ေအာင္ျမတ္သာကို အ႐ိုအေသေပးၿပီး က်ားခနဲမာန္သြင္းကာ ေနာက္ျပန္ကြၽမ္းထိုးလိုက္တဲ့အခ်ိန္ အဝါနဲ႔အမဲက်ားနဲ႔အရမ္းကိုလွတဲ့ကိုးေတာင္းက်ားအသြင္ေျပာင္းသြားၿပီး မလွမ္းမကမ္းမွာ ရွိေနတဲ့ ငလက္တိုတို႔ အုပ္စုထဲကို ခုန္ဝင္သြားခဲ့တယ္။

႐ုတ္တရက္လ်င္ျမန္လြန္းတဲ့ ေမာင္မဲေခါင္ရဲ႕ အျပဳအမူေၾကာင့္ ေအာင္ျမတ္သာတားခ်ိန္မရလိုက္တဲ့အခ်ိန္ ေမာင္မဲေခါင္ရဲ႕ ၾကမ္းၾကမ္းတမ္းတမ္းႏႈတ္ဆက္မႈေၾကာင့္ ငလက္တိုတို႔အုပ္စုေတြ သခ်ႋဳင္းအထဲကို ေျပးၾကပါေလေရာ။

ေမာင္မဲေခါင္ကလဲ ငလက္တိုတို႔အုပ္စုေျပးတဲ့ေနာက္ကို လႊားခနဲ လႊားခနဲ ခုန္ၿပီးလိုက္သြားခဲ့တယ္။ မၾကာခင္ သခ်ႋဳင္းအတြင္းဘက္ကေန ကမာၻပ်က္တဲ့အလား ေၾကာက္လန႔္တၾကားေအာ္ဟစ္သံ၊ က်ား႐ိုင္းတစ္ေကာင္ရဲ႕မာန္ဖီသံေတြအျပင္ ကေလးငယ္ေတြရဲ႕ ငိုသံေတြကိုပါၾကားလိုက္ရတယ္။

မၾကာခင္ ေအာ္ဟစ္သံေတြတိတ္ဆိတ္သြားၿပီး အုတ္ဂူအပ်က္ေတြေပၚကေန လႊားခနဲ လႊားခနဲ ခုန္ေက်ာ္ကာ ျပန္လာတဲ့ ကိုးေတာင္က်ားတစ္ေကာင္ကိုျမင္လိုက္ရတယ္။ ကိုးေတာင္က်ားက ေအာင္ျမတ္သာအေရွ႕ေရာက္ေတာ့ သခင္အနားကိုေရာက္တဲ့ ေၾကာင္တစ္ေကာင္ပမာ တိုးေဝ့ကာက်ီစယ္ေဆာ့ကစားပါေလေရာ။

ေအာင္ျမတ္သာကလဲ ကိုးေတာင္က်ားရဲ႕ ေခါင္းကိုသုံးခ်က္ပြတ္ေပးလိုက္ၿပီးတဲ့အခ်ိန္မွာေတာ့ က်ားအသြင္ေပ်ာက္သြားၿပီး လူအသြင္ျပန္ေပၚလာခဲ့တယ္။

" ဆရာနဲ႔ျပန္ေတြ႕ရတာဝမ္းသာပါတယ္ ဒီေကာင္ေတြေတာ့ ထပ္မေႏွာက္ယွက္ရဲေတာ့ဘူး ဆရာတို႔ကိစၥၿပီးတဲ့အထိ က်ဳပ္ေစာင့္ေရွာက္ေပးပါမယ္" လို႔ေျပာေတာ့ေအာင္ျမတ္သာက

" မဲေခါင္ မင္းအရင္လိုမဆိုးသြမ္းေတာ့ေပမယ့္ အရင္ကလက္စလက္နေတြေတာ့ က်န္ေနေသးပါလား" ဆိုၿပီးေျပာကာ ခပ္သဲ့သဲ့ရယ္လိုက္တယ္။

" က်ဳပ္အရင္စိတ္နဲ႔ဆိုရင္ ဒီေကာင္ေတြေနာက္တစ္ခါထပ္ေသသြားမယ္ အခုစိတ္ကိုမနည္းေလ်ာ့ထားတာဆရာေရ ေအာ္ ဒါနဲ႔ ဆရာသက္ခိုင္နဲ႔ ဆရာေတာက္ရလဲပါေနတာကိုး "

ေမာင္မဲေခါင္ရဲ႕စကားေၾကာင့္ သက္ခိုင္နဲ႔ေတာက္ရတို႔ေၾကာင္ေတာင္ေတာင္ျဖစ္သြားၿပီး

" က်ဳပ္တို႔ကို သင္ကသိလို႔လား သင္နဲ႔က်ဳပ္တို႔တစ္ခါမွလဲမဆုံဘူးေသးဘူးေနာ္"

" ဟုတ္ပါတယ္ ဆရာတို႔နဲ႔က်ဳပ္တစ္ခါမွမဆုံဘူးေသးပါဘူး ဒါပထမဆုံးပါပဲ သို႔ေပမယ့္ ဆရာတို႔အေၾကာင္းကို ေဟာဒီက က်ဳပ္ဆရာက ေျပာျပဖူးလို႔သိေနတာပါ"

ေမာင္မဲေခါင္နဲ႔ သက္ခိုင္တို႔အျဖစ္ကိုၾကည့္ကာၿပဳံးေနတဲ့ ေအာင္ျမတ္သာက

" ေမာင္မဲေခါင္အေၾကာင္းကိုေတာ့ ေနာက္မွအစအဆုံးေျပာျပေပးပါမယ္ အခုငါတို႔ေမးမယ့္သူေတြကလဲ ေမာင္မဲေခါင္ ရမ္းလိုက္လို႔ ေပ်ာက္ကုန္က်ၿပီ ေနာက္ေန႔မွပဲ ေခ်ာ့ေမာ့ၿပီးျပန္ေမးရမယ္ ညလဲအေတာ္နက္ေနၿပီျဖစ္လို႔ အားလုံးနားၾကဦး က်ဳပ္လဲ လုပ္စရာကိစၥေတြရွိေသးတယ္"လို႔ေျပာကာ ဇရပ္ေပၚျပန္တက္လာၿပီး ဘုရားေက်ာင္းေဆာင္အေရွ႕မွာထိုင္ကာ နိစၥဓူဝကိစၥေတြကိုလုပ္ေနလိုက္တယ္။ ေမာင္မဲေခါင္၊ သက္ခိုင္နဲ႔ ေတာက္ရတို႔ကလဲ မိမိတို႔ကိုယ္စီလုပ္ေနၾကအလုပ္ေတြျဖစ္တဲ့ အင္းကြက္ဆြဲျခင္း၊ တရားထိုင္ျခင္းအမႈေတြကို ဆက္လုပ္ခဲ့ၾကတယ္။
++++++

မနက္အလင္းေရာင္စထြက္တဲ့အခ်ိန္မွာေတာ့ ေအာင္ျမတ္သာတရားထိုင္တာကိုျဖဳတ္လိုက္ၿပီး လွည့္ၾကည့္လိုက္ေတာ့ သက္ခိုင္နဲ႔ေတာက္ရ ဘုရားေက်ာင္းေဆာင္ကိုအသစ္လုပ္ဖို႔ သစ္တိုသစ္စေတြသယ္ေနၾကတာျမင္လိုက္ရတယ္။

" ဆရာ တရားျဖဳတ္ၿပီလား ဒီနားမွာ လူေနအိမ္ေျခလဲသိပ္မေတြ႕ရဘူး ဘုရားေက်ာင္းေဆာင္အသစ္လုပ္ဖို႔ဆိုရင္ သံေတြ တူေတြလိုလိမ့္မယ္"

" မပူပါနဲ႔ မၾကာခင္ ဒီကိုထင္းခုတ္သမားေတြလာလိမ့္မယ္ သူတို႔မွာလိုအပ္တာေတြပါလာပါလိမ့္မယ္"

ေအာင္ျမတ္သာစကားဆုံးၿပီးသိပ္မၾကာခင္မွာပဲ ပုဆိန္ကိုယ္စီကိုင္ၿပီးေလ်ာက္လာတဲ့ ထင္းခုတ္သမားေလးေယာက္ကိုေတြ႕လိုက္ရတယ္။ ထင္းခုတ္သမားေတြကလဲ ေယာဂီဝတ္စုံဝတ္ထားတဲ့ေအာင္ျမတ္သာတို႔ကိုျမင္ေတာ့

" ေဟ့လူေတြ ေဟ့လူေတြ ခင္ဗ်ားတို႔ကမေၾကာက္မ႐ြံ႕နဲ႔ဒီဇရပ္မွာေနရဲတယ္ေပါ့ေလ" လို႔ေျပာေတာ့ သက္ခိုင္က

" ဒီဇရပ္ကဘာမ်ားျဖစ္လို႔လဲဗ် က်ဳပ္တို႔ကခရီးသြားေတြဆိုေတာ့ ဒီနယ္အေၾကာင္းမသိဘူး ဒါေၾကာင့္ေခတၱေနေနတာ"

" ေအာ္ ဒါေၾကာင့္ေနရဲၾကတာကိုး ဒီေနရာကအရမ္းၾကမ္းတာဗ် အနားတစ္ဝိုက္႐ြာကလူေတြေတာင္ ညေနေမွာင္စပ်ိဳးရင္ ဒီလမ္းကဘယ္သူမွမျဖတ္ၾကေတာ့ဘူး "

" ဘာလို႔မျဖတ္ရဲတာလဲ ေျပာပါဦး"

" အရင္က အုတ္နီကန္သခ်ႋဳင္းဆိုတာ ႐ြာေလး႐ြာရဲ႕အလယ္မွာရွိလို႔ ဘယ္႐ြာကလူေသေသ ဒီသခ်ႋဳင္းမွာလာျမဳပ္ၾကရတယ္ ႐ြာဓေလ့ေတြအရေျပာရရင္ သခ်ႋဳင္းကိုေရာက္တာနဲ႔ ငလက္တိုဆိုတဲ့သရဲကို ထမင္းထုပ္နဲ႔အရင္ပသရတယ္ အဲလိုမပသဘူးဆိုရင္ သရဏဂုံေတာင္မတင္ရဲေအာင္ ေျခာက္လွန႔္တာဗ် အခ်ိဳ႕သိကၡာႏုေသးတဲ့ဘုန္းႀကီးေတြဆိုရင္ ေန႔ခင္းဘက္ေတာင္ ထေျပးရတယ္ က်ဳပ္တို႔အိမ္ေထာင္က်ၿပီးတဲ့အခ်ိန္ေလာက္ေရာက္ေတာ့ ႐ြာတစ္႐ြာဆီမွာ သခ်ႋဳင္းေျမတစ္ခုဆီေဖာ္ခဲ့တယ္ ဒါေၾကာင့္အုတ္နီကန္သခ်ႋဳင္းကိုမသုံးျဖစ္ၾကေတာ့ဘူး တစ္႐ြာနဲ႔တစ္႐ြာသြားခ်င္ရင္ေတာ့ ဒီလမ္းကအနီးဆုံးျဖတ္လမ္းပဲ အခ်ိဳ႕မေၾကာက္တတ္တဲ့ေကာင္ေတြကေတာ့ ဒီလမ္းကိုသုံးၾကတယ္ ညဘက္သြားတဲ့သူတိုင္း တစ္နည္းမဟုတ္တစ္နည္းေျခာက္ခံထိတာပဲဗ်ိဳ႕ အခုက်ဳပ္တို႔ေတာင္ မနက္လင္းအားႀကီးအခ်ိန္မို႔လို႔သာ လာရတာ ေက်ာကခပ္ခ်မ္းခ်မ္းဗ်"

" ခင္ဗ်ားတို႔ေျပာတာျဖစ္ႏိုင္တယ္ ညကေတာင္ က်ဳပ္တို႔ေနလို႔မရေအာင္ေျခာက္လွန႔္ေသးတယ္ ေအာ္ ဒါနဲ႔ ခင္ဗ်ားတို႔မွာ ပုဆိန္ေတြပါရင္ခဏငွားပါလား က်ဳပ္တို႔ဘုရားေက်ာင္းေဆာင္အသစ္ေလးလုပ္ခ်င္လို႔"

" ဒီေလာက္ကေတာ့က်ဳပ္တို႔ပဲလုပ္ေပးပါမယ္ အလြန္ဆုံးၾကာ နာရီဝက္ေပါ့ "

" ဒါဆိုပိုအဆင္သင့္တာေပါ့ဗ်ာ လိုအပ္တဲ့သစ္ေတြတိုသစ္စေတြကိုေတာ့က်ဳပ္တို႔ရွာထားပါတယ္"

ထင္းခုတ္သမားေတြလဲ သက္ခိုင္တို႔ရွာထားတဲ့ သစ္တိုသစ္စေတြကိုအသုံးျပဳၿပီး ဘုရားေက်ာင္းေဆာင္အေသးတစ္ခုကိုျပဳလုပ္ေပးခဲ့ၾကတယ္။

" ေက်ာင္းေဆာင္လဲၿပီးၿပီဆိုေတာ့ က်ဳပ္တို႔ထင္းရွာသြားလိုက္ဦးမယ္ဗ်ိဳ႕ ဒီညေတာ့အျခားေနရာေျပာင္းၾကဦးေနာ္ ေနစရာမရွိရင္ က်ဳပ္တို႔႐ြာလိုက္ခဲ့လဲရတယ္"

" ရပါတယ္ဗ်ာ အခုလိုကူညီေပးတာကိုပဲ ေက်းဇူးတင္ေနပါၿပီ မိတ္ေဆြတို႔လဲ သြားလမ္းသာလို႔လာလမ္းေျဖာင့္ၾကပါေစ"

သက္ခိုင္လဲ ထင္းခုတ္သမားေတြကိုႏႈတ္ဆက္ၿပီ ဘုရားေက်ာင္းေဆာင္အသစ္ကို ကိုင္ကာ ဇရပ္ေပၚကိုတက္လာခဲ့လိုက္တယ္။

ဇရပ္ေပၚေရာက္ေတာ့ ဘုရားေက်ာင္းေဆာင္အေဟာင္းကိုျဖဳတ္ၿပီး ေက်ာင္းေဆာင္အသစ္ကိုတပ္ဆင္လိုက္တယ္။

ပထဝီေျမအေနအထားကြၽမ္းက်င္တဲ့ေမာင္မဲေခါင္ကေတာ့ အနီးအနားမွာရွိတဲ့ သစ္ဥသစ္ဖုေတြကိုရွာၿပီး ေအာင္ျမတ္သာတို႔ကိုေကြၽးခဲ့တယ္။

ညေန ေနဝင္ရီတစ္ေရာအခ်ိန္ေရာက္ေတာ့ ေအာင္ျမတ္သာတို႔အားလုံး ဘုရားေက်ာင္းေဆာင္အေရွ႕မွာထိုင္ၿပီး အင္းကြက္ဆြဲေနတဲ့အခ်ိန္ အႏၲရာယ္အေငြ႕အသက္တစ္ခုကိုခံစားလိုက္ရတယ္။

အကင္းပါးတဲ့ေမာင္မဲေခါင္က အင္းကြက္ဆြဲေနရာကိုရပ္လိုက္ၿပီး ဇရပ္ပတ္ပတ္လည္ကို မ်က္လုံးေဝ့ၾကည့္လိုက္ၿပီး ႐ုတ္တရက္ဆိုသလို အေနာက္ကြၽမ္းပစ္ကာ က်ားအသြင္းေျပာင္းၿပီး ဇရပ္ေအာက္ကိုခုန္ဆင္းသြားတဲ့အခ်ိန္ ဇရပ္ေဘးမွာေပါက္ေနတဲ့ ၿခဳံအကြယ္ကေန လူခါးေစာင္းေလာက္ရွိတဲ့ ေခြးနက္ႀကီးတစ္ေကာင္ထြက္လာခဲ့တယ္။

ေခြးနက္ႀကီးက ေမာင္မဲေခါင္ကိုျမင္ေတာ့ တဂီးဂီးနဲ႔ မာန္ဖီရင္း အေျခအေနကိုေစာင့္ၾကည့္ေနခဲ့တယ္။ ေမာင္မဲေခါင္ကလဲ ေခြးနက္ႀကီးကိုၾကည့္ၿပီး မာန္ဖီကာ တစ္ေကာင္နဲ႔တစ္ေကာင္ တည္ေနၾကတယ္။

ေခြးနက္ႀကီးကလဲအေၾကာက္အလန႔္မရွိသလို ေမာင္မဲေခါင္ကလဲ အလစ္မေပးပဲ က်ားေခ်ာင္းေခ်ာင္းေနရင္း ႐ုတ္တရက္ခုန္အုပ္ခ်လိုက္တယ္။

" ဂီးဂီးဂဲ ဂူး ဂေရာင္း"

" ေဝါင္း ေဝါင္း "

" ေျဖာင္း ဂြၽတ္ ဝုန္း ဂလုန္း"

အ႐ြယ္မစားသိပ္မကြာတဲ့ ေခြးနက္ႀကီးနဲ႔ ေမာင္မဲေခါင္တစ္ျဖစ္လဲ ကိုးေတာင္က်ားတို႔ရဲ႕တိုက္ပြဲက ျပင္းထန္ခဲ့တယ္။ ေမာင္မဲေခါင္က ကိုက္တယ္။ ေခြးနက္ႀကီးက ေရွာင္ရင္း လက္သည္းနဲ႔ျပန္ကုတ္တယ္။ ေမာင္မဲေခါင္ကလဲ လ်င္ျမန္သူပီပီ သတိမလစ္ပဲ ေခြးနက္ႀကီးရဲ႕ ဂုတ္ေပၚကိုခုန္ကာ ခဲဖို႔ႀကိဳးစားတယ္။ တစ္ခ်က္မွာေတာ့ ေမာင္မဲေခါင္ရဲ႕လက္သည္းခ်က္က ေခြးနက္ႀကီးရဲ႕ မ်က္ႏွာကိုထိသြားၿပီး ေသြးလိုလိုအရည္အမဲေတြစီးလာခဲ့တယ္။ ေခြးနက္ႀကီးက ေမာင္မဲေခါင္ရဲ႕လက္သည္းခ်က္မိသြားေတာ့ ေဒါသပိုထြက္ၿပီး အနာခံကာ အတင္းဝင္လုံးတယ္။ ေမာင္မဲေခါင္ကလဲ အပူးမခံပဲ လစ္ရင္လစ္သလို ကိုက္လိုက္ျပန္ဆုတ္လိုက္လုပ္ေနတာ အခ်ိန္ၾကာလာေတာ့ ေခြးနက္ႀကီးေျခကုန္လက္ပန္းက်လာတယ္။ ေခြးနက္ႀကီး ေျခေတြလက္ေတြလႈပ္ရွားမႈေႏွးလာတဲ့အခ်ိန္ ေမာင္မဲေခါင္က လည္ၿမိဳကိုခဲဖို႔ ခုန္အအုပ္မွာ " ေျဖာင္း"ဆိုတဲ့အသံနဲ႔အတူ အေနာက္ကို ဆယ္ေပေလာက္လြင့္ထြက္သြားခဲ့တယ္။

ေမာင္မဲေခါင္လဲ႐ုတ္တရက္ခံလိုက္တဲ့အတြက္ ေဒါသထြက္ၿပီး မာန္ဖီကာျပန္ထဖို႔အလုပ္ ေခြးနက္ႀကီးရဲ႕ကိုယ္ေပၚမွာ ဆံပင္ဖားလ်ားခ်ကာ ‌ေဆးျပင္းလိပ္ကိုခဲထားတဲ့ မိန္းမတစ္ေယာက္ရပ္ေနတာျမင္လိုက္ရတယ္။

တစ္ဇြတ္ထိုးသမားေမာင္မဲေခါင္ကလဲ ေခြးနက္ႀကီးကိုေရာ ရပ္ေနတဲ့မိန္းမကိုပါ ကိုက္သတ္ဖို႔ ဟန္အျပင္

" ေမာင္မဲေခါင္ ေတာ္ၿပီ ဒီကိစၥကို က်ဳပ္ေျဖရွင္းပါ့မယ္" ဆိုတဲ့အသံနဲ႔အတူ ေအာင္ျမတ္သာ ဇရပ္ေအာက္ကိုဆင္းလာခဲ့တယ္။

ေမာင္မဲေခါင္လဲ ေအာင္ျမတ္သာစကားေၾကာင့္ မာန္ကိုျပန္ခ်လိုက္ၿပီး မတ္တပ္ရပ္ေနတဲ့ ေအာင္ျမတ္သာအနားကိုသြားကာ ခါးကိုနိမ့္ေပးလိုက္တယ္။

ေအာင္ျမတ္သာလဲ ေမာင္မဲေခါင္ရဲ႕ဆႏၵကို လိုက္ေလ်ာေပးတဲ့အေနနဲ႔ နိမ့္ေပးထားတဲ့ေက်ာေပၚကိုတက္လိုက္တယ္။

ေခြးနက္ႀကီးေပၚမွာရပ္ေနတဲ့မိန္းမက ေဆးျပင္းလိပ္ကို အားျပင္းျပင္းနဲ႔ရႈိက္ဖြာလိုက္ၿပီး

" နင္တို႔က ငါ့လူေတြကို ထိခိုက္ဒဏ္ရာရေအာင္လုပ္လိုက္တယ္ဆို အဲဒါဟုတ္သလား ဟင္းဟင္း"

" က်ဳပ္က ေမတၱာေရွ႕ထားၿပီး ေကာင္းေကာင္းမြန္မြန္ေမးပါေသးတယ္ သူတို႔ကရန္ျပဳေတာ့ က်ဳပ္တပည့္က မေနႏိုင္လို႔ ဝင္ကူရာကေန မျဖစ္သင့္တာေတြျဖစ္ခဲ့ရတာပါ"

" ဟားဟားဟားဟား သူေတာ္ေကာင္းႀကီးေတြနဲ႔လာေတြ႕ေနပါေရာလား ငါ့ပိုင္နက္ ငါ့နယ္ေျမထဲကိုေရာက္ေနတာေတာင္ ငါ့ကိုအသိမေပးပဲ ထင္ရာစိုင္းေနၾကတဲ့သူေတြ နင္တို႔ကို ငါခြင့္လႊတ္မယ္ထင္ေနလား"

" က်ဳပ္ကဒီကိုလာတာ ဘယ္သူ႔ကိုမွဒုကၡေပးဖို႔မဟုတ္ဘူး သင့္ဆီမွာ ေ႐ႊခဲဆိုတဲ့နာမည္နဲ႔သူတစ္ေယာက္ရွိေနတယ္မဟုတ္လား"

ေ႐ႊခဲဆိုတဲ့အသံၾကားေတာ့ ေခြးနက္ႀကီးေက်ာေပၚမွာရပ္ေနတဲ့မဖဲဝါက ရွည္က်ေနတဲ့ဆံပင္ေတြလႈပ္ရမ္းတဲ့ထိ ရယ္ေမာလိုက္ၿပီး

" ငါ့သခ်ႋဳင္းထဲဝင္ၿပီး ငါ့အခြင့္မရွိပဲ အေလာင္းေတြကိုေဖာ္စားတဲ့ဘီလူးတစ္ပိုင္း လူတစ္ပိုင္းေကာင္ကိုေျပာတာလား "

" ဟုတ္ပါတယ္ သူ႔ကိုက်ဳပ္တို႔လက္ထဲအပ္ေပးပါ လို႔ေတာင္းဆိုပါတယ္"

" နင္တို႔ေတာင္းတိုင္းေပးရေအာင္ ငါကနင္တို႔အေစခံလား နင္တို႔ဒုကၡမေရာက္ပဲ လာရာလမ္းအတိုင္းျပန္ခ်င္ရင္ ငါ့ကိုျပန္ေတာင္းပန္စမ္း ေအး နင္တို႔မေတာင္းပန္ရင္ေတာ့ ဖဲဝါအေၾကာင္း
သိေစရမယ္ "

" သင္ကမျပစ္မွားသင့္တဲ့သူကိုျပစ္မွားမိေနၿပီ က်ဳပ္တို႔ဘက္ကအမွားလုပ္ထားတာမရွိတဲ့အတြက္ သင့္ကိုမေတာင္းပန္ႏိုင္ဘူး သင္ဘက္ကျဖစ္ခ်င္တဲ့အတိုင္းလုပ္ပါ "

ေအာင္ျမတ္သာစကားအဆုံးမွာ မဖဲဝါက ေျမႀကီးေပၚကိုဆင္းကာ ေတာက္တစ္ခ်က္ေခါက္လိုက္ၿပီး ေျမႀကီးကို‌ဖေနာင့္နဲ႔ေပါက္ခ်လိုက္တဲ့အခ်ိန္ အရပ္ကထန္းပင္တစ္ပင္စာေလာက္အထိ ျမင့္တက္သြားခဲ့တယ္။

" ကဲ သင္စိတ္ႀကိဳက္ဖန္ဆင္းၿပီးၿပီဆိုေတာ့ သင္လုပ္လိုရာလုပ္လို႔ရပါၿပီ သင္က်ဳပ္ကိုျမဴမႈန္တစ္မႈန္ေလာက္သာထိခိုက္ေအာင္လုပ္ႏိုင္ရင္ က်ဳပ္လာရာလမ္းအတိုင္းလွည့္ျပန္ပါမယ္ သင္မလုပ္ႏိုင္ရင္ေတာ့ ေ႐ႊခဲဆိုသူကို က်ဳပ္ဆီအပ္ပါ"

" နင္ကစကားအရမ္းမ်ားတဲ့သူပဲ ငါ့ဖဝါးေအာက္မွာ စိစိညက္ညက္ေၾကၿပီးေသေပေတာ့"

မဖဲဝါက ေျပာရင္းဆိုရင္း ေတာင္ေလာက္ရွိတဲ့ေျခဖဝါးကိုေျမာက္လိုက္တဲ့အခ်ိန္ ေအာင္ျမတ္သာရဲ႕ေဘးပတ္ပတ္လည္မွာ နဖူးမွာအင္းစမကြက္ေတြပါတဲ့ေ႐ႊဓါးကိုင္အေစာင့္ကိုးေယာက္ေပၚလာခဲ့တယ္။ ေအာင္ျမတ္သာကေတာ့ ဘာမွမလုပ္ပဲ မဖဲဝါကိုၿပဳံးၿပီးၾကည့္ေနခဲ့တယ္။

ေ႐ႊဓါးကိုင္အေစာင့္ေတြက ေအာင္ျမတ္သာ ေခါင္းေပၚ ေျခေထာက္မေရာက္ခင္ ေလေပၚကိုခုန္တက္သြားၿပီး ႐ြယ္ထားတဲ့ေျခဖဝါးကို ဓါးနဲ႔ခုတ္ပိုင္းခ်လိုက္တယ္။

႐ုတ္တရက္ဆိုေတာ့သတိမထားမိလိုက္တဲ့ မဖဲဝါက ေ႐ႊဓါးကိုင္အေစာင့္ေတြရဲ႕ ဓါးခ်က္မိၿပီး အေနာက္ကိုသုံးလွမ္းေလာက္ျပန္ဆုတ္လိုက္ရတယ္။

" နင္ကလဲ ေခသူမဟုတ္သလို ငါကလဲ သခ်ႋဳင္းတကာကိုအပိုင္စားရထားတဲ့ဖဲဝါတဲ့ေဟ့ " လို႔ေအာ္ၿပီး ညာဘက္လက္နဲ႔ ေ႐ႊဓါးကိုင္အေစာင့္ေတြကို ႐ိုက္ထုတ္လိုက္ရာ အေစာင့္ပုဂၢိဳလ္ေတြ ေဘးကိုလႊင့္ထြက္သြားခဲ့တယ္။

ဂိုဏ္းေစာင့္ေအာက္နတ္ေတြကိုပါ ဖ႐ိုဖရဲျဖစ္ေအာင္လုပ္လိုက္တဲ့မဖဲဝါကိုျမင္ေတာ့ သက္ခိုင္ စိတ္တိုသြားၿပီး အေရွ႕ကိုတက္ဖို႔ဟန္ျပင္လိုက္တဲ့အခ်ိန္ ေအာင္ျမတ္သာက လက္ကာျပၿပီး

" ဝင္မပါနဲ႔သက္ခိုင္ သူစိတ္ေက်နပ္တဲ့ထိ တိုက္ပါေစ " လို႔ေျပာကာ မ်က္လုံးကိုစုံမွိတ္လိုက္တဲ့အခ်ိန္ သခ်ႋဳင္းေျမတစ္ခုလုံးငလ်င္လႈပ္သလို တုန္ဟီးသြားခဲ့တယ္။

႐ုတ္တရက္တုန္ခါသြားတဲ့အရွိန္ေၾကာင့္ မဖဲဝါအေနာက္ကိုယိုင္က်သြားမလိုျဖစ္သြားခဲ့တဲ့အခ်ိန္ အေနာက္ဘက္မွာရွိတဲ့ေတာင္တန္းေတြကို တစ္လွမ္းခ်င္းခြေက်ာ္ၿပီး ေအာင္ျမတ္သာရွိရာကိုလာေနတဲ့ အေမႊးစုတ္ဖြားနဲ႔မဲမဲေကာင္တစ္ေကာင္ကိုလွမ္းျမင္လိုက္ရတယ္။

သက္ခိုင္နဲ႔ေတာက္ရေတာ့ အေမႊးစုတ္ဖြားနဲ႔ေကာင္ကိုၾကည့္ၿပီး

" ေျခဖဝါးသုံးေတာင္ ေရာက္လာၿပီေဟ့" ဆိုၿပီးဝမ္းသာအားရ ေအာ္ဟစ္လိုက္ၾကတယ္။
(ေျခဖဝါးသုံးေတာင္အေၾကာင္းကိုေတာ့ ေအာင္ျမတ္သာႏွင့္ေျခဖဝါးသုံးေတာင္ဆိုတဲ့ဝတၱဳမွာဖတ္ရႈႏိုင္ပါတယ္)

မဖဲဝါက သူ႔ထက္သုံးဆေလာက္ႀကီးတဲ့ အေကာင္ကိုျမင္ေတာ့ နည္းနည္းလန႔္သြားခဲ့တယ္။ ေျခဖဝါးသုံးေတာင္ကလဲ ႀကီးမားက်ယ္ျပန႔္တဲ့ေျခလွမ္းက်ဲႀကီးေတြနဲ႔ သခ်ႋဳင္းထဲကိုဝင္လာတဲ့အခ်ိန္ မလွမ္းမကမ္းကေန အေျခအေနကိုၾကည့္ေနၾကတဲ့ နာနာဘာဝေတြအကုန္ထြက္ေျပးၾကပါေလေရာ။

ေအာင္ျမတ္သာက ေျခဖဝါးသုံးေတာင္ကိုၾကည့္ၿပီး

" က်ဳပ္ဆင့္ေခၚလိုက္ရတဲ့အေၾကာင္းကိုေတာ့ သင္သိေလာက္ၿပီထင္ပါတယ္ အခုသင့္အေရွ႕မွာရပ္ေနတဲ့သူက သခ်ႋဳင္းေတြကိုအပိုင္စားရတဲ့ မဖဲဝါပဲျဖစ္တယ္ " လို႔ေျပာလိုက္ေတာ့ ေျခဖဝါးသုံးေတာင္က မဖဲဝါကိုငုံ႔ၾကည့္လိုက္ၿပီး ေဘးမွာရပ္ေနတဲ့ ေခြးနက္ႀကီးကို အျမႇီးကေနကိုင္ကာ ပစ္ထုတ္လိုက္တယ္။

" သရဲမသာသာအဆင့္ရွိတဲ့ ေကာင္မက ငါ့ဆရာကိုေျခနဲ႔႐ြယ္ရဲတယ္ဟုတ္လား ငါက အင္းေတာ္ႀကီးဂိုဏ္းရဲ႕ေအာက္နတ္စာရင္းပဲဝင္တဲ့ ေျခဖဝါးသုံးေတာင္ပဲ ငါ့ကိုအရင္ႏိုင္ေအာင္ တိုက္စမ္း နင္မႏိုင္ရင္ ငါကိုယ္တိုင္နင့္ကို ႐ိုက္သတ္မယ္ " လို႔ႀကိမ္းဝါးလိုက္တဲ့အခ်ိန္ မဖဲဝါက အေနာက္ကိုဆုတ္လိုက္ၿပီး

" ကြၽန္ေတာ္မ်ိဳးမရဲ႕ အရွင္သခင္ အေနာက္မယ္ေတာ္(အေမေရယာဥ္)ကိုပင့္ဖိတ္ပါတယ္ ယခုကြၽန္ေတာ္မ်ိဳးမရဲ႕ပိုင္နက္ထဲကို က်ဴးေက်ာ္ဝင္ေရာက္လာတဲ့သူေတြကိုေမာင္းထုတ္ဖို႔ တန္ခိုးစြမ္းအားေတြေပးေတာ္မူပါ " လို႔ေအာ္လိုက္တဲ့အခ်ိန္ ထန္းတစ္ပင္ေလာက္ရွိတဲ့ အရပ္ကေနထပ္မႀကီးလာပဲ တစ္ေျဖးေျဖးေသးလာကာ သာမန္အ႐ြယ္အစားကိုေရာက္လာခဲ့တဲ့အခ်ိန္ သခ်ႋဳင္းထဲကို ထဘီအနက္ေရာင္ကိုစြန္ေတာင္ဆြဲကာ ဝင္လာတဲ့မိန္းမႀကီးတစ္ေယာက္ကို ေအာင္ျမတ္သာျမင္လိုက္ရတယ္။

အေပၚေအာက္အနက္ေရာင္ဝမ္းဆက္ဝတ္ထားတဲ့မိန္းမႀကီးက မဖဲဝါအနားကိုေရာက္ေတာ့ ဘာမေျပာညာမေျပာနဲ႔ ပါးနားေတြကိုလွိမ့္ေနေအာင္႐ိုက္ပါေလေရာ။

" ဟဲ့ေကာင္မ နင့္ကိုယ္နင္ဘာထင္လို႔ ဒီပုဂၢိဳလ္ေတြကိုေစာ္ကားရတာလဲ ေျဖာင္း ေျဖာင္း"

" အမေလး ေၾကာက္ပါၿပီ မ႐ိုက္ပါနဲ႔ေတာ့ နာလွပါၿပီ"

" ဒါနဲ႔မ်ား နင္က ငါ့ဆီကေန တန္ခိုးစြမ္းအင္ေတြ ေတာင္းရဲေသးတယ္ နင့္လိုေကာင္မကို ဒီတိုင္းလႊတ္ထားလို႔မျဖစ္ေတာ့ဘူး အထိန္းေတာ္ေတြ ဒီေကာင္မကို လက္ျပန္ႀကိဳးတုပ္ၿပီးခ်ဳပ္ထားစမ္း "

အနက္ေရာင္အေပၚေအာက္ဝတ္ထားတဲ့မိန္းမႀကီးရဲ႕စကားအဆုံးမွာ မဖဲဝါေဘးကေန မိန္းမႀကီးႏွစ္ဦးေပၚလာၿပီး လက္ကိုေနာက္ျပန္ႀကိဳးတုပ္လိုက္တယ္။

"ဆရာေတြရွိေနလို႔ ငါအယုတ္တအနတၱေတြမဆဲေသးဘူး ဒီပုဂၢိဳလ္ေတြက သူတို႔ဖိနပ္ကိုနင့္ေခါင္းေပၚမွာတင္ရင္ေတာင္ နင္ဘာမွျပန္ေျပာခြင့္မရွိဘူးဟဲ့ တယ္ ငါလုပ္လိုက္ရရင္ ေသေတာ့မယ္ ဆရာတို႔ကိုေတာင္းပန္ပါတယ္ ကြၽန္ေတာ္မ်ိဳးမရဲ႕သြန္သင္မႈအားနည္းလို႔ အခုလို‌ေတြျဖစ္ရတာပါ အျပစ္ေပးမယ္ဆိုရင္ ကြၽန္ေတာ္မ်ိဴမကိုေပးေတာ္မူပါ"

အနက္ေရာင္ဝတ္စုံဝတ္ထားတဲ့မိန္းမႀကီးရဲ႕စကားကိုၾကားေတာ့ ေအာင္ျမတ္သာက

" ဘာမွစိတ္ထဲမထားပါနဲ႔ က်ဳပ္တို႔ကလဲ သင့္တပည့္အေပၚထိခိုက္ေအာင္မလုပ္ၾကပါဘူး သင္ေရာက္လာတာကိုပဲ က်ဳပ္တို႔ကေက်နပ္ေနပါၿပီ"

" အခုလိုခြင့္လႊတ္ေပးတဲ့အတြက္ ဝမ္းသာပီတိျဖစ္မိပါတယ္ ဆရာတို႔က ဒီလိုေနရာကို အေၾကာင္းမဲ့သက္သက္ေတာ့လာမွာမဟုတ္ေလာက္ဘူး ဘယ္လိုအေရးကိစၥမ်ားရွိလဲဆိုတာ သိခြင့္ရွိရင္သိခ်င္ပါတယ္"

" အေနာက္မယ္ေတာ္က မဖဲဝါရဲ႕သခင္ဆိုေတာ့ အပူကပ္ရဦးမယ္ထင္ပါရဲ႕ သင့္ရဲ႕တပည့္မဆီမွာ ေ႐ႊခဲလို႔ေခၚတဲ့ ဘီလူးတစ္ပိုင္းလူတစ္ပိုင္းပုဂၢိဳလ္တစ္ေယာက္ရွိတယ္ သူ႔ကိုက်ဳပ္တို႔ေခၚသြားခ်င္ပါတယ္"

ေအာင္ျမတ္သာစကားေၾကာင့္ အေနာက္မယ္ေတာ္က မဖဲဝါဘက္လွည့္ၿပီး

" ဟိုေကာင္မ ဆရာ‌တို႔ေျပာတဲ့သူ နင့္ဆီမွာရွိေနတာလား"

" ဟုတ္ကဲ့ ရွိပါတယ္ အေလာင္းေကာင္ေတြကို အခြင့္မရွိပဲေဖာ္စားလို႔ ဖမ္းထားတာပါ"

" အခုခ်က္ခ်င္း အဲဒီေကာင္ကိုေခၚလာခိုင္း"

" ဟုတ္ကဲ့ပါ အရွင္မ "

မဖဲဝါလဲ အေနာက္မယ္ေတာ္ရဲ႕အမိန႔္ကိုမလြန္ဆန္ရဲဘဲ သခ်ႋဳင္းထဲမွာဖမ္းထားတဲ့ ေ႐ႊခဲကိုေခၚထုတ္ေပးခဲ့တယ္။

ဆံပင္ေတြက စုတ္ဖြား၊ အစြယ္ေတြကတကားကားနဲ႔ ေၾကာက္မယ္ဖြယ္ေကာင္းတဲ့အသြင္ျဖစ္ေနတဲ့ ေ႐ႊခဲကိုျမင္ေတာ့ ေအာင္ျမတ္သာက

" ေျခဖဝါးသုံးေတာင္ေရ ဒီတစ္ခါေတာ့ မင္းကိုပဲအကူအညီေတာင္းရဦးမယ္ ဒီေကာင္ကိုေခၚၿပီး မင္းေနတဲ့ေတာင္မွာခဏထားထားပါဦး သိပ္မၾကာခင္သူ႔ညီကိုေခၚၿပီးျပန္လာခဲ့မယ္" လို႔ေျပာလိုက္ေတာ့ ေျခဖဝါးသုံးေတာင္က ေအာင္ျမတ္သာကိုအ႐ိုအေသေပးကာ ေ႐ႊခဲကိုဂုတ္ကေနဆြဲကိုင္ကာ ျပန္လည္ထြက္သြားခဲ့တယ္။

အေနာက္မယ္ေတာ္ကလဲ ေနာက္ေနာင္ဒီလိုအျဖစ္မ်ိဳးမျဖစ္ေအာင္ သူ႔လက္ေအာက္မွာရွိတဲ့သူေတြကို ဆုံးမေပးမယ္ဆိုတဲ့ကတိကိုေပးၿပီး ေပ်ာက္ကြယ္သြားခဲ့တယ္။

ေမာင္မဲေခါင္လဲ ကိစၥေတြၿပီးလို႔ လူအျဖစ္ျပန္ေျပာင္းလိုက္တဲ့အခ်ိန္ ကိုယ္ေပၚမွာဒဏ္ရာဒဏ္ခ်က္အနည္းငယ္က်န္ရွိခဲ့တယ္။

ေအာင္ျမတ္သာလဲ ေမာင္မဲေခါင္ရဲ႕ ရဲရင့္မႈကိုခ်ီးက်ဴးရင္း ဒဏ္ရာေတြကို လြယ္အိတ္ထဲကဆီမန္းပုလင္းကိုထုတ္ကာ လိမ္းေပးခဲ့တယ္။

သက္ခိုင္နဲ႔ေတာက္ရကေတာ့ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း ေအာင္ျမတ္သာနဲ႔ေမာင္မဲေခါင္တို႔ဘယ္လိုဆုံခဲ့ၾကလဲဆိုတာကိုေမးဖို႔ တိုင္ပင္ကိုက္ေနၾကတယ္။

ေမာင္မဲေခါင္လဲ ဆီမန္း‌အစြမ္းေၾကာင့္ဒဏ္ရာေတြေပ်ာက္ကင္းသြားတဲ့အခ်ိန္ ေအာင္ျမတ္သာကိုကန္ေတာ့ကာ ဌာေနကိုျပန္သြားခဲ့တယ္။ ေမာင္မဲေခါင္ျပန္သြားတာနဲ႔ သက္ခိုင္နဲ႔ေတာက္ရက

" ဆရာ နဲ႔ ေမာင္မဲေခါင္ ဘယ္လိုဆုံျဖစ္ခဲ့ၾကလဲဆိုတာ အရမ္းသိခ်င္ေနၿပီ" လို႔ေျပာလိုက္ေတာ့ ေအာင္ျမတ္သာက

" မင္းတို႔ေမးေတာ့မယ္ဆိုတာ ငါကႀကိဳသိေနပါတယ္ အခုေတာ့ ဒီဇရပ္ကို စြန႔္ခြာၾကရေအာင္" လို႔ေျပာကာ ဘုရားေက်ာင္းေဆာင္မွာရွိတဲ့ ဆင္းတုေတာ္ကို ႐ိုေသစြာကန္ေတာ့ၿပီး ဇရပ္ေပၚကေနဆင္းလာခဲ့လိုက္တယ္။

ေအာင္ျမတ္သာရဲ႕အေနာက္မွာေတာ့ သက္ခိုင္နဲ႔ေတာက္ရ လြယ္အိတ္ကိုယ္စီျဖင့္ ထပ္ခ်ပ္မကြာလိုက္ပါလ်က္။

လမ္းတစ္ဝက္ေရာက္ေတာ့
" ေမာင္မဲေခါင္နဲ႔ကမထင္မွတ္ထားပဲဆုံခဲ့တာ အဲဒီအခ်ိန္မင္းတို႔က ရဟန္းဝတ္ေနၾကတယ္ေလ မဲေခါင္ကအရမ္းဆိုးတဲ့ေကာင္ သူ႔ကိုအခုလိုအေျခအေနေရာက္ေအာင္အခ်ိန္အေတာ္ယူခဲ့ရတယ္" ဆိုၿပီးအစခ်ီကာေျပာျပခဲ့တယ္။

+++++++++
ေအာင္ျမတ္သာနဲ႔ေမာင္မဲေခါင္တို႔ဘယ္လိုဆုံေတြ႕ခဲ့လဲ ေမာင္မဲေခါင္ကေရာ ဘယ္လိုအစြမ္းေတြရွိလဲ၊ ဘယ္လိုရက္စက္ဆိုးသြမ္းခဲ့လဲဆိုတာကိုေအာင္ျမတ္သာႏွင့္‌ ေမွာ္သမန္းက်ားဆိုတဲ့ဝတၱဳေလးမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

No comments

Post a Comment