အောင်မြတ်သာနှင့်ဘီလူးစီးတဲ့နက္ခတ်

ဒီအချိန်ကစပြီး ကျင့်ကြံနှုန်းကို ပိုတိုးပြီးကျင့်ကြံပါ့မယ်။ နောက်နောင်ဒီလိုအဖြစ်မျိုး ထပ်မဖြစ်စေရတော့ပါဘူး” “အင်း ... မင်းတို့နှစ်ယောက် နေ... thumbnail 1 summary
ဒီအချိန်ကစပြီး ကျင့်ကြံနှုန်းကို ပိုတိုးပြီးကျင့်ကြံပါ့မယ်။ နောက်နောင်ဒီလိုအဖြစ်မျိုး ထပ်မဖြစ်စေရတော့ပါဘူး”
“အင်း ... မင်းတို့နှစ်ယောက် နေသာသလိုနေခဲ့တဲ့အကျိုးက ဒီလို နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့တဲ့အခါ ဘယ်လောက်အရေးပါလဲမြင်ပီမဟုတ်လား။ ဒီနေ့ကစပြီး မင်းတို့နှစ်ယောက် အရင်လိုအရည်ချင်းတွေပြန်ရအောင် ကျင့်ကြံအားထုတ်ကြပါ။ ဘမိုးကိုလဲ မင်းတို့လက်ထဲ အပ်ခဲ့မယ်။ မင်းတို့ကျင့်ကြံစွမ်းတွေ ပြန်လည်တိုးတက်လာတဲ့တစ်နေ့ ငါပြန်လာခဲ့မယ်။ သဘက်ကြီးက ကျုပ်အနောက်လိုက်ခဲ့ပါ”
အောင်မြတ်သာက မျက်နှာထားတင်းတင်းနဲ့ပြောဆိုကာ ရင်ပြင်အောက်ကို ဆင်းသွား ခဲ့တယ်။
“သင်က ဒီစေတီရဲ့ ဌာပနာတိုက်ထဲကို ဘယ်လိုကြောင့်ဝင်ခွင့်ရနေတာလဲ”
“သင်ဒီစကားမေးမယ်ဆိုတာ ကျုပ်အစထဲကသိတယ်။ သင်နားလည်အောင် ပြောရရင် ကျုပ်က ဒီစေတီကိုစတည်ခဲ့တဲ့ ပန်းရံအလုပ်သမားတွေကို ကြီးကြပ်ရတဲ့သူပဲ။ ကျုပ်နာမည်က မိုးယွန်းလို့ခေါ်တယ်။ နန်းတွင်းထဲမှာတော့ သွေးသောက်ကြီးမိုးယွန်းဆိုရင် လူတိုင်းသိကြတယ်။ စေတီရဲ့တတိယအုတ်မြစ်ချပြီးတဲ့အချိန် ကျုပ်ရဲ့တာဝန်ပေါ့လျော့မှုကြောင့် မင်းတရားကြီး အမျက်တော်ရှပြီး လက်သုံးတော်သန်လျက်နဲ့ ခုတ်သတ်ခံထိခဲ့တယ်။ ကျုပ်မျက်နှာပေါ်မှာ ရှိနေတဲ့ အမှတ်သားက မင်းတရားကြီးပေးအပ်ခဲ့တဲ့ လက်ဆောင်ပါ”
“ဒါဆိုသင်က ....”
“ဟုတ်တယ် ကျုပ်သေပြီးတဲ့အချိန် စေတီကိုစွဲလမ်းတဲ့စိတ်ကြောင့် မကျွတ်မလွတ်ဖြစ် နေတာကိုသိတဲ့ မင်းတရားကြီးက ရင်ပြင်တစ်ဝိုက်ကိုအပိုင်စားပေးပြီး ဌာပနာထည့်တဲ့အခါမှာလဲ ကျုပ်ပိုင်ဆိုင်တဲ့ပစ္စည်းအချို့ကို ထည့်ဝင်ပေးခဲ့တယ်။ ဒီကုသိုလ်ကြောင့် ရင်ပြင်တော်အပြင် ဌာပနာ တိုက်ရဲ့ပထမအဆင့်ထိ ဝင်လို့ရနေခဲ့တာပဲ”
“ သင့်ကို ရင်ပြင်ကနေ ဘယ်မှမသွားရအောင် ထိန်းချုပ်ထားတယ်ဆိုတဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲ”
“သူ့နာမည်တော့ ငါမသိဘူး...။ သူကလဲ မင်းတရားကြီးရဲ့အမိန့်အရ ကြောင်တစ်ရာသိုက်ကို စောင့်နေရတဲ့သူပဲ”
“ကြောင်တစ်ရာသိုက်ဟုတ်လား... ဒါဆိုသူကသိုက်စောင့်ပုဂ္ဂိုလ်တစ်ဦးပေါ့”
“သိုက်စောင့်ဆိုတာထက် မင်းတရားကြီးအမိန့်အရ ဒီနယ်မြေတစ်ဝိုက်ကို ကြီးစိုးနေတဲ့သူလို့ ပြောရင်ပိုမှန်မယ်။ ကျုပ်အနေနဲ့ ဆွေမျိုးသားချင်းတွေကို အိမ်မက်ပေးပြီး အလှူတန်းလုပ်ခိုင်း ချင်ပေမယ့် သူက ကျုပ်ကို ဒီနေရာကနေခွာလို့မရအောင် ထိန်းချုပ်ထားတယ်။ ဒါကြောင့် သင်တို့နဲ့ အပေးယူလုပ်ဖို့ကြိုးစားခဲ့တာပဲ”
“ဒါဆိုသင့်ကို ထိန်းချုပ်မှုအောက်က လွတ်အောင် ကျုပ်ကြိုးစားကြည့်ပေးမယ်။ အတိအကျ ကြီးတော့ အာမမခံဘူး”
“သင်လုပ်ရင်ဖြစ်ပါတယ်။ ကျုပ်က သင့်ကိုယုံကြည်လို့အကူညီတောင်းတာပါ”
“ဒါဖြင့်လဲ ကြောင်တစ်ရာစေတီရှိတဲ့နေရာကို လမ်းညွှန်ပေးပါဦး”
အောင်မြတ်သာစကားအဆုံးမှာ သဘက်ကြီးက လက်ခေါက်ကိုမှုတ်လိုက်ရာ တစ်ကိုယ်လုံး မဲနက်နေတဲ့ခွေးတစ်ကောင် ခြုံတောထဲကနေထွက်ပေါ်လာခဲ့တယ်။
“ဒီကောင်က ကျုပ်အားကိုးရတဲ့သူပဲ... သင့်ကိုလမ်းပြပေးပါလိမ့်မယ်”
သဘက်ကြီးရဲ့စကားအဆုံးမှာ ခွေးနက်ကြီးက အမြှီးလေးနှံ့ကာအရှေ့ကနေ တစ်ဖြေးဖြေး ထွက်ခွာသွားခဲ့တယ်။
နောက်ဝတ္တုမှာတော့ ကြောင်တစ်ရာစေတီရဲ့ ထူးဆန်းအံ့သြဖွယ်အဖြစ်ပျက်တွေ၊ ကြမ်းတမ်း လွန်းတဲ့အစောင့်ရှောက်တွေအပြင်၊ နှစ်ပေါင်းများစွာတိမ်မြုပ်ပျောက်ကွယ်နေတဲ့ ကျင့်စဉ်တစ်ခု အကြောင်းရေးထားတဲ့ပေလွှာကို မထင်မှတ်ပဲရခဲ့တဲ့အဖြစ်ကိုတော့ “အောင်မြတ်သာနှင့် ကြောင်တစ်ရာစေတီ”ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment