ကွယ်လွန်သူနေထိုင်ရာ(စ/ဆုံး)

  Unicode Version ကွယ်လွန်သူနေထိုင်ရာ(စ/ဆုံး) ————————————- “ ကျွိ……….ဝုန်း………..အား…….. ” “ ဟဲ့ ဘာဖြစ်ကြတာတုန်း ဘာဖြစ်တာတုန်း ” “ ကားတိုက်တာ... thumbnail 1 summary

 Unicode Version

ကွယ်လွန်သူနေထိုင်ရာ(စ/ဆုံး)
————————————-
“ ကျွိ……….ဝုန်း………..အား…….. ”
“ ဟဲ့ ဘာဖြစ်ကြတာတုန်း ဘာဖြစ်တာတုန်း ”
“ ကားတိုက်တာတဲ့ဟေ့…… ”
“ လူကိုတိုက်မိတာတဲ့… ”
“ သေပြီလားမသိဘူး… ဝိုင်းပြီး ဆေးရုံပို့ကြပါဦး ”
“ ကားသမားကို ဝိုင်းထားဟေ့… မပြေးစေနဲ့နော်

ကားနံပါတ်ရော မှတ်ထားကြ…. ”

“ ဟင်…အတိုက်ခံရတာ (…)ကျောင်းက ဆရာမ ခင်မာကြည်ပဲ…. ”

“ ဟာ…ဟေ့… ဆရာမ ခင်မာကြည်တဲ့…

သူ့အိမ်ကို ပြေးပြောကြပါစမ်းပါ….ကျုပ်တို့ ဆရာမကို ဆေးရုံပေါ်

ပို့နှင့်မယ်…. ”

“ ဆေးရုံမပို့နဲ့တော့ ဆရာမကိုလည်းသေချာကြည့်ဦး

အသက်ရှိသေးရဲ့လားလို့… ခေါင်းတစ်ခြမ်းလုံးပွင့်ထွက်နေပြီးတော့

လမ်းမမှာလည်း ဦးနှောက်အပိုင်းအစတွေနဲ့ ၊ မျက်နာတစ်ခုလုံးလည်း

လူရုပ်တောင်မပေါ်တော့ဘူး ၊ သူစီးနေကျ

ဆိုင်ကယ်လေးရယ် ၊ ကိုယ်ဟန် ကျောင်းဆရာမ ဝတ်စုံရယ်ကြောင့်သာ

ဆရာမ ခင်မာကြည်မှန်းသိတာ ”

“ ကျွတ် ကျွတ် ကျွတ် …ဆရာမ ဖြစ်မှ ဖြစ်ရလေ…

အဖြစ်ဆိုးလိုက်တာ …. သူ့မိသားစုတော့ ဘယ်လိုဖြေကြမလဲမသိတော့ပါဘူး… ”

“ ရဲခေါ်ထားပြီးပြီလား ”

“ ဟုတ်ကဲ့ လာနေပြီလို့ပြောတာပဲ…… ”

“ သြော်….အနိဌာရုံတွေ တစ်ဘဝလုံး

မမြင်ရ မကြားရပါစေနဲ့လား… မဆင်မခြင်မောင်းကြတဲ့

ယဉ်မောင်းတွေကြောင့် တိုင်းပြည်က ရတနာတွေ ဆုံးရှုံးနေရတာ

မနည်းတော့ဘူးထင်တယ်…. ၊အခုလည်း …. တို့ ဆရာမ……ဆရာမ….

ဆရာမ ကောင်းရာသုဂတိလားပါစေ…. ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံ မြောက်ဖျားပိုင်းကအထင်ကရမြို့တစ်မြို့……….. ။

စာသင်ကျောင်းတစ်ခုတွင်……

“ ဒီနေ့ ဆရာမ ခင်မာကြည် နာရေး ရက်လည်မို့လား စောလွင် ရ ”

နဝမတန်းက ကျောင်းသားလေးတစ်ယောက်စကားကို ဘေးမှာထိုင်နေတဲ့

ကျန် ကျောင်းသားတစ်ယောက်ကလည်းပြန်တုန့်ပြန်လိုက်တယ်

“အေးလေအဲ့ဒါကြောင့် တို့အတန်းပိုင်တွေတောင်

အတန်းမဝင်ကြဘူး…ဒီနေ့စာမသင်ရင်လည်း ကျောင်းမလာပါဘူး

အိမ်မှာအိပ်နေတယ်…အစောကြီးထရတာ ပျင်းလိုက်တာ…. ”

သူတို့နှစ်ယောက်စကားပြောနေတုန်း တစ်ခုံကျော်က

သူငယ်ချင်းကောင်မလေးတစ်ယောက်က ကြားသွားပြီး

ဝင်ပြောလိုက်သေးတယ်

“ ဆရာမ ခင်မာကြည်တစ်ယောက် သနားပါတယ်နော်

သူ့ခမျာ… မိသားစုကလည်း ပြည့်စုံ… ၊အရာရာအဆင်ပြေနေတုန်း ၊

အသက်ကလည်းအရွယ်တင်နုပျိုနေတဲ့အချိန်အခုလို မမျှော်လင့်တဲ့

အဖြစ်ဆိုးကြီး ကြုံလိုက်ရမယ်လို့ ထင်ထားမှာတောင်မဟုတ်ဘူး ၊

ဆိုးလိုက်တဲ့ ကားသမားတွေ ၊အတင်းလုမောင်းနေကျ

အခုတော့ လူပါသေရပြီ ”

“ ကားသမားတွေ ကြမ်းတာလည်းကြမ်းတာပေါ့

ဆရာမလည်း ဆိုင်ကယ်ဖြည်းဖြည်းမှ မစီးတာ…

ပြီးတော့ ဦးထုပ်မပါ ဘာမပါဆိုတော့အကာအကွယ်မဲ့ပြီး

ကားအောက်ထဲချိတ်ပါသွားရှာတာ…. ”

“ မင်းတို့တော့မသိဘူး

အဲ့နေ့က ဆရာမ သေတဲ့နေရာမှာ ငါရှိနေတယ် ၊

ငါ့မျက်စိရှေ့တင်ပဲ ပွဲချင်းပြီးသွားတာကိုမှ

ရုပ်ပျက်ဆင်းပျက်ပဲ…. ဆရာမကအစိမ်းသေဆိုတော့

သူ သေလို့သေမှန်းရော သိပါ့မလား ၊ မကျွတ်ဘဲနဲ့

ငါတို့ ကျောင်းမှာ လာခြောက်ရင် ပြသနာပဲ…. ”

ထိုလူငယ်လေးစကားအဆုံး လူငယ်လေးကို

ကျန် သူငယ်ချင်းတွေက ထုရိုက်ကြရင်း

“ သြော်…ဒီကောင်ကလည်း

အရေးထဲ တစ်မောက်…မင်းပဲ

ကြီးလာရင် သရဲဝတ္တုရေး စာရေးဆရာလုပ်မယ်လေးဘာလေးနဲ့ ” လို့

ဝိုင်းပြောလိုက်တဲ့အခါ လူငယ်လေးက ပြန်ဖြေတယ်

“အေးလေ…မင်းတို့သေချာမသိသေးပါဘူး

သရဲစာရေးဆရာဆိုတာ သရဲကြောက်တတ်တဲ့သူတွေအများစုမှ ဖြစ်ကြတာ ၊

ဟုတ်တယ်လေ ကြောက်စိတ်ရဲ့အရသာ ခံစားချက်တွေကို

သူတို့ ကောင်းကောင်းနားလည်နေလို့ ဒီလိုခံစားပြီး

အနုပညာကို ပုံဖော်နေကြတာမဟုတ်လား… ၊ မင်းတို့နားလည်အောင်ပြောရရင်

လူတစ်ယောက်က သံပုရာသီးတစ်လုံးကို ကိုယ်အရင် စားကြည့်ပြီးမှ

အဲ့ဒီ သံပုရာသီးရဲ့အရသာက ချိုသလား ချဉ်သလားဆိုတာ သူများကို

သေချာရှင်းပြနိုင်မှာလေ…ချဉ်တယ်ဆိုရင်လည်း

ဘယ်လိုချဉ်တာလဲဆိုတာကအစပေါ့….. ”

“အေးပါ သကောင့်သား စာရေးဆရာရူးရေ

မင်းပြောတာလည်းထားပါလေ… ၊ ငါလည်း မင်းပြောမှ

စိုးရိမ်မိတာ တစ်ခုရှိတယ် တို့ကျောင်းက ဆရာမ ခင်မာကြည်

မကျွတ်ရင် ဘယ်လိုလုပ်မလဲ…. ”

“ စိတ်မပူပါနဲ့ကွာ ၊ သူက စိတ်ကောင်းရှိတဲ့သူပဲ

ကောင်းရာမွန်ရာ ရောက်မှာပါ ”

အဲ့ဒီစကားကို မကျေနပ်သေးတဲ့ သူငယ်ချင်းတစ်ယောက်က

ဝင်ထောက်တယ်…

“အစိမ်းသေတွေက တော်ရုံနဲ့ မကျွတ်ဘူးလို့

ကြားဖူးတယ် ၊ သူတို့သေလို့သေမှန်းမသိတာရယ် ၊

သေခါနီးအစွဲကြောင့်ရယ် ကျွတ်မယ်လို့မထင်ဘူးနော် ”

အတန်းထဲကအတန်းဖော် ၆ယောက်လောက်

စကားဝိုင်းပြောနေတာကိုအစအဆုံးဝင်မပြောဘဲ နားထောင်နေတဲ့

မိန်းကလေးတစ်ယောက်ကအဆုံးကျမှ ဝင်ပြောလိုက်တာ

စကားတစ်ခွန်းတည်း…ဒါပေမယ့်အဲ့စကားတစ်ခွန်းရဲ့

နောက်ကွယ်မှာအကြောက်တရားက ကပ်ပါလာခဲ့ပြီလေ

သူပြောလိုက်တာက ရိုးရှင်းအေးစက်လွန်းပါတယ် ။

“ ဟင် ဒါဆို …ဆရာမ ခင်မာကြည်က

အစိမ်းသရဲ တကယ် ဖြစ်သွားပြီလား………. ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြို့အထင်ကရ စေတီတော် တစ်ဆူနဲ့

ကပ်လျက်မှာရှိတဲ့ ဘုန်းကြီးကျောင်းဝန်းကြီးထဲက

အဆောင်သစ်တစ်ခုကို ဆေးသုတ်နေကြတဲ့

အလုပ်သမားနှစ်ယောက်အလုပ်လုပ်ရင်း

အပြန်အလှန် စကားပြောလို့………

“ ဒီအဆောက်အဦးက ဘာအတွက်လဲ ”

“ မသိပါဘူး ဘုန်းကြီးတွေကတော့

ညအိပ်ညနေ ဧည့်သည်တွေအတွက် တည်းနိုင်ဖို့

ဇရပ် ၊ ဓမ္မာရုံအဖြစ် ထားမယ်လို့ ပြောကြတာပဲ ”

“ ကျောင်းဝင်းကြီးက ကျယ်တော့

ဒီ နှစ်ထပ် ဆောင်အသစ်လေးနဲ့အတော်ဟန်ကျမှာပဲကွာ ”

“အဆောင်နာမည်ကိုလည်း ဖတ်လိုက်ဦး

ဘာတဲ့……. ခင်မာကြည်အဆောင် ဆိုပါလား…… ”

“အေးလေ …ခင်မာကြည်ကို မင်းမသိတာလည်းမဟုတ်ဘဲနဲ့ ”

“ တကယ် မသိတာပါကွာ လုပ်စမ်းပါဦး ”

“ တလောက ကားနဲ့ဆိုင်ကယ် ချိတ်ပါသွားပြီး ရုပ်ပျက်ဆင်းပျက်

သေသွားတဲ့ ဆရာမ ဒေါ်ခင်မာကြည်အတွက် ရထားတဲ့

နစ်နာကြေး လျော်ကြေးငွေကို မိသားစုက

တစ်ပြားမှ မယူဘဲနဲ့ ဆရာမ ခင်မာကြည် ကုသိုလ်ရအောင်

ဒီအဆောင်အဦးလေး လုပ်ပေးထားတာလို့ သိရတယ်ကွ ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ခင်မာကြည်အဆောင်

“ ဘုန်းဘုန်းဘုရား တပည့်တော် ညက

ခင်မာကြည်အဆောင်အပေါ်ဘက်ဘုရားခန်းထပ်နားမှာ

လူရိပ်တွေ့လို့သွားစစ်တာ ဘာမျှမတွေ့ဘူးဘုရား ၊

တစ်ခါတစ်လေလည်း မီးတွေက မှိတ်လိုက်လင်းလိုက် နဲ့

တစ်ခါတစ်လေ နှစ်ထပ်ဆောင်ဆိုတော့ လှေကားက

လူတစ်ယောက်ဆင်းလာတဲ့ ခြေသံတွေကြားနေရတယ် ၊

တစ်ခါတစ်ခါ ငိုသံလိုလိုညည်းသံလိုလိုလည်းကြားရတယ်

ဘုရား… ၊ ထူးဆန်းတာက ဒီအဆောင်ကြီးဆောက်ပြီးမှ

ဖြစ်တာဘုရား ၊အရှင်ဘုရားတို့ရော ဘာမျှ ထူးထူးဆန်းဆန်း

မကြုံရသေးဘူးလား ”

ညစောင့် ကပ္ပိယလာလျှောက်တဲ့စကားကို ကျောင်းနေ သံဃာတစ်ပါးက

“အိမ်း…ဦးဇင်းတို့တော့ နေနေတာ

အခုထိ ဘာမျှထူးခြားတာ မတွေ့သေးဘူး

တစ်ခါတစ်လေတော့ ခင်မာကြည်အဆောင်ဘက်က

ဆိုးဆိုးရွားရွား ကြွက်သေကောင်ပုတ်နဲ့လိုလိုတော့

ရဖူးတယ်…. ”

“အရှင်ဘုရား ဆရာမ ခင်မာကြည်များ မကျွတ်ဘူးလားမသိဘူး…

အမျှအတန်းလည်း မရဘူးထင်တယ် ”

“အေးကွယ်..တစ်ချို့က

အမျှအတန်းမရကြတာ ၊ တစ်ချို့ကတော့ မယူကြတာကွဲ့

ခင်မာကြည်တစ်ယောက် ကောင်းရာမွန်ရာဘုံဘဝရောက်ပါစေလေ…. ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘုရားဖူးအလည်အပတ် ဧည့်သည်တွေ များလွန်းတော့

ဘုန်းတော်ကြီးကျောင်လည်း လူအပြည့် ၊ မကြာသေးခင်ကဆောက်ထားတဲ့

ခင်မာကြည်အဆောင်လည်း လူအပြည့် ကိုယ်စီကိုယ်စီ

ကျောတစ်ခင်းစာလေးတွေ နေရာယူထားကြတယ် ၊

နေရာကအဆောင်အပေါ်ထပ်နဲ့အောက်ထပ်

အောက်မှာ လူ ဆယ်ယောက်ကျော်လောက်

ကောင်းကောင်းနေလို့ရပြီးတော့အပေါ်မှာလည်း

ဆယ်ယောက်ကျော်လောက်နေလို့ရတယ် ဆိုပေမယ့်လည်း

ခရီးသွားသူတွေထဲက သုံး…လေးယောက်လောက်ကပဲ

အပေါ်ဘက်မှာ တက်ပြီး တည်းကြတယ် ၊ ခင်မာကြည်အဆောင်ရဲ့

အပေါ်ဘက်ဟောခန်းကြီးမှာ ဘုရားခန်းကျယ်တစ်ခုရှိတယ်

ဘုရားခန်းရဲ့ရှေ့ထောင့်ဘက်ခြမ်းမှာ

ကုတင်အသေးစားလေးတစ်ခုလည်း

ထားပေးထားတယ် …

အပေါ်ထပ်က လူသုံးယောက်ထဲကနေ တစ်ယောက်က

အဲ့ ခုတင်ကြီးပေါ်မှာအိပ်ပြီးအနားယူလိုက်တယ် ၊

အဲ့ဒီ့လူအနားယူအိပ်စက်နေရင်းက ညသန်းခေါင်

ခွေးတွေကလည်း သံပြိုင်အူ…. ၊ လအလင်းရောင်မှိန်မှန်လေးအောက်မှာ

လျှက်စစ်မီးတွေအကုန် ခဏပျက်သွားပြီး ကုတင်လေးပေါ်တက်အိပ်နေတဲ့

လူရဲ့ ခြေထောက်ကိုအေးစက်စက်မဲမဲအရာတစ်ခုက ဆက်ခနဲ့

ဆောင့်ဆွဲချတာကို ခံလိုက်ရတယ် ၊ ခံလိုက်ရတဲ့သူလည်း

တစ်ချက်အံသြသွားပေမယ့်အိပ်မက်ယောင်တာပါလေဆိုတဲ့စိတ်နဲ့

ပြန်ပြီးကြိုးစားအိပ်လိုက်ပြန်တယ် … ၊အိပ်နေတုန်း မျက်နာပေါ်

အေးစက်စက် ညှီနံ့ရတဲ့အရည်လေးတွေ တစ်ချက်ပြီးတစ်ချက်

စီးကျလာသလို ခံစားလိုက်ရပြန်တော့ ကာယကံရှင်လည်း

မနေသာပဲ မျက်လုံးလေးဖွင့်ကြည့်လိုက်တော့

သူမျက်နာတည့်တည့်မှာ ရုပ်ပျက်ဆင်းပျက် ဦးနှောက်တစ်ချက်မပါပဲ

မျက်နာတစ်ခြမ်း စုတ်ပြတ်နေတဲ့ ဆံပင်အရှည်နဲ့အမျိုးသမီး

တစ်ယောက်အသက်မပါနဲ့မျက်လုံးဖြူဖြူကြီးအကြည့်နဲ့

ဟပြဲနေတဲ့ ပါးစပ်……မျက်နာတစ်ခုလုံးသေချာ

မြင်လိုက်ရတော့အိပ်မက်မဟုတ်မှန်းလည်းသိ….

လန့်လည်း လန့်သွားပြီး ငယ်သံပါအောင် ကုန်းအော်လိုက်မယ်တယ်

“အား ………….!!!!!!!!!!!!!!!! ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ ခင်မာကြည်အဆောင်က သရဲခြောက်တယ်တဲ့

ဒီမှာ တလောက တည်းသွားတဲ့သူတွေ ကြုံလိုက်ရတယ်ပြောတယ် ၊

တစ်ခြားတည်းသွားတဲ့သူတွေ ၊ ညအိပ်ညနေ နေသွားတဲ့သူတွေလည်း

ကြုံလိုက်တယ်ပြောတယ် ”

ခရီရောက်မစိုက်ကြားလိုက်ရတဲ့ စကားကြောင့်

ဦးချစ်ပို တစ်ယောက် မျက်လုံးပြူးအံ့သြမိပေမယ့်

ဒီထက် ကြမ်းပါတယ်လို့နာမည်ကြီးနေတဲ့ သုသာန်တွေအထိ

တရားကျင့်နေတတ်တဲ့ ပုဂ္ဂိုလ်မို့အများကြီး မတုန်လှုပ်ခဲ့ …. ၊

ဦးချစ်ပိုဆိုတာ သာသနာရေးဝန်ကြီးဌာနက

ဝန်ထမ်းအရာရှိတစ်ယောက်ပဲ… ၊ တာဝန်တစ်ခုနဲ့ဒီမြို့လေးကိုရောက်နေတုန်း

သူစိတ်ဝင်စားတဲ့ ပရလောကအကြောင်းလေးတွေ

ဟိုမေးဒီမေးနဲ့…အခု သူတစ်ညတည်းရမယ့်နေရာမှာ

သရဲခြောက်တယ်ဆိုတာကိုသိရလို့ စိတ်အားတတ်နေတဲ့

လူထူးဆန်းကြီးပေါ့…. ၊

လူထူးဆန်းကြီးနဲ့ ခင်မာကြည်အဆောင်နဲ့တော့

တွေ့ကြပြီ ။

ညလေးတစ်ညကအိပ်ဖို့ဟန်ပြင်နေတုန်း

ဦးချစ်ပိုရဲ့ လှူပ်ရှားမှုတွေကြောင့်အိပ်ဖြစ်မယ့်ဟန်မရှိ ၊

ခင်မာကြည်အဆောင်ထဲကို တံခါးလေးအသာတွန်းဖွင့်

ဝင်လိုက်ရင်း ပါးစပ်ကလည်း

“ မူရင်း ဒီအဆောင်ကြီးပိုင်ရှင် သက်ဆိုင်ရာ ပိုင်ရှင်တွေ

အသီးသီးကို ကျွန်တော် မေတ္တာပို့သပါတယ် … ကျန်းမာ၊ချမ်းသာကြပါစေ

ကျွန်တော့်ကို ဒီနေရာလေးမှာ တစ်ညတာလောက်လေး

အနားယူ တည်းခိုခွင့်ပြုဖို့လည်း တောင်းဆိုပါရစေ….. ၊

ကျွန်တော် ပြုခဲ့သမျှကုသိုလ်တွေကိုလည်းအမျှအတန်းပေးဝေမှာ

ဖြစ်တဲ့အတွက်အားလုံးမရမရှိအကုန်ရကြပါစေသား ၊

အားလုံးကျန်းမာချမ်းသာကြပါစေ……….. ”

မေတ္တာလေးတွေပို့ရင်း စိတ်ထဲက

မေတ္တာသုတ်တော်ကို ဆက်တိုက်ရွတ်ဆိုဖြစ်ပြီး

အဆောင်ကြီးရဲ့အပေါ်ထပ်ကို တက်လာခဲ့လိုက်တယ် ၊

အပေါ်ရောက်တော့ ထုံးစံအတိုင်းအိပ်ရမယ့်နေရာလေး ရှာဖွေရင်း

ဘုရားခန်းနားက ခုတင်သေးလေးကိုသွားမြင်ပြီး

အဲ့ဒီ့ခုတင်မှာ တစ်ညအိပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်

ဆုံးဖြတ်ချက်နဲ့အတူ ခုတင်ပေါ်ထိုင်ချလိုက်ရင်း

ခုတင်ပိုင်ရှင်တွေကိုလည်း မေတ္တာပို့ပါလေရော….

အဲ့လို မေတ္တာပို့နေတုန်းမှာပဲ လူမရှိတဲ့

ဟောခန်းကြီးထဲက ခြေသံတွေကိုကြားလိုက်ရပြီး

မကျေနပ်သလိုလို ညည်းညူသံကြီးတစ်ချက်ကိုလည်း

ကြားလိုက်ရပြန်တယ် ၊အခြေအနေကို သိလိုက်တဲ့

ဦးချစ်ပိုကလည်း ပိုင်ရှင်မကြိုက်မှန်းသိလို့

ခုတင်ပေါ်ကနေ ဆင်း…. ၊ ခုတင်ခြေရင်း ကြမ်းခင်းလေးမှာ

ခင်းကျင်းပြီး ဘုရားဝတ်ပြု ၊ တရားမှတ် တရားထိုင်ဖြစ်ခဲ့တယ် ၊

တရားထိုင်နေတုန်းမှာလည်း ဦးချစ်ပို မျက်လုံးဖွင့်မကြည့်ပေမယ့်အာ့ရုံထဲမှာ

အမျိုးသမီးတစ်ယောက်ကို သေချာမြင်နေရတယ်….

အမျိုးသမီးပုံစံက တစ်ခုခုဆိုးဆိုးရွားရွားဖြစ်ထားလို့

ရုပ်ဆင်းပျက်ထားတဲ့ ပုံနဲ့ တရားထိုင်နေတဲ့

ဦးချစ်ပိုကို ပတ်ပတ်လည်က လိုက်ကြည့်နေတယ်ဆိုတာကို

မသိစိတ်က မြင်နေရတယ်…. ၊ လွင့်သွားသမျှ ရှေ့စိတ်ကို

နောက်စိတ်လေးနဲ့အမြန်လိုက်ထိန်းရင် စိတ်ငြိမ်ငြိမ်လေးနဲ့

တရားဆက်ထိုင်လိုက်ပြီးမှ ခြင်ထောင်လေးထောင် ၊အမျှအတန်းပေးဝေပြီး

အိပ်ဖို့ကြမ်းခင်းမှာလှဲလိုက်မိတယ် ၊ လှဲလိုက်ပြီဆိုတာနဲ့

အေးစက်နေတဲ့အငွေ့အသက်တစ်ချို့စရလာတော့တယ် ၊

ဘေးနားက ခုတင်ကို တစ်ယောက်ယောက်က လက်သည်းတွေနဲ့

အားရပါးရ ကုတ်ခြစ်တဲ့အသံတွေလည်း ကြားနေရတယ် ၊

အဲ့လို ကြားနေရင်းကနေ မကြာဘူး ဦးချစ်ပို သူ့ဘေးနားက

ခုတင်ကိုအိပ်နေရင်းကနေ တစ်ချက်လှမ်းကြည့်လိုက်တော့

ခုတင်ပေါ်မှာအမျိုးသမီးတစ်ယောက် လှဲနေတာကို သွားတွေ့လိုက်တယ် ၊

စိတ်ထဲမှာ ကြောက်စိတ်တစ်ချက်ဖြစ်လာခဲ့ပြီး

စဉ်းစားမိလိုက်တယ်

“ တစ်ဆောင်လုံးမှာ ငါတစ်ယောက်တည်းရှိနေတာပါ ၊

ဘယ်က မိန်းကလေးတစ်ယောက် ပေါ်လာရတာလဲ…

သူက လူမှဟုတ်ရဲ့လား…… ”

ကြောက်စိတ်နောက်က ကြက်သီးထလာရင်း

ကိုယ့်စိတ်ကိုကိုယ်အားပြန်တင်းလိုက်တယ် ….

“ ငါ သုသာန်တွေမှာတောင် တရားထိုင်ပြီး

ဒီထက်ဆိုးတာကြုံဖူးထားတာပဲ

သူလည်းသူ့ဘာသာသူနေတာ ၊ ငါလည်းငါ့ဘာသာ

နေတာ ဘယ်သူမှ မထိခိုက်ရင် ပြီးတာပါပဲလေ ” ဆိုပြီး

သရဲမနဲ့ ဘေးချင်ကပ် ခုတင်ပေါ် ခုတင်အောက် တစ်ညလုံး

ကြိုးစားအိပ်ဖြစ်ခဲ့တယ် ၊အိပ်တယ်သာပြောတယ်

စိတ်ထဲမှာတော့ ဘုရားဂုဏ်တော် ၉ပါးကို

ဆက်တိုက် ထပ်ခါထပ်ခါ ရွတ်လိုက် ၊ သရဏဂုံရွတ်ဆိုလိုက်နဲ့

အိပ်ပျော်မှန်းမသိအိပ်ပျော်သွားခဲ့တယ်….. ။

လင်းကြက်တွန်လို့ နေထွက်တဲ့အချိန်….

ဦးချစ်ပိုတစ်ယောက် မျက်လုံးနှစ်လုံးပွင့်လာပြီး

ညကအဖြစ်ကို တစ်ချက်တွေးလိုက်မိပြီး ဘေးနားက ခုတင်ကိုလှမ်း

ကြည့်လိုက်မိတယ် ခုတင်ပေါ်မှာ ဘယ်သူမျှမရှိတော့ဘူး…

မနက်ခင်းနေရောင်ခြည်ကပေးတဲ့ ခွန်အားသစ်တွေနဲ့အတူ

ဦးချစ်ပို နိုးထလာပြီးတော့ ကိုယ်လက်သန့်စင်… ၊

ပြီးတော့အဝတ်အစားထုတ်လေးကိုဆွဲပြီး

ခရီးဆက်ဖို့ ပြင်လိုက်တော့တယ် ၊ ဆရာတော်ကို

ရှင့်ခိုးပြီး မပြန်ခင်လေးမှာ …..

သူညက တည်းခဲ့တဲ့အဆောင်လေးကို တစ်ချက်လှမ်းကြည့်လိုက်မိတယ်

အဆောင်ကြီးရဲ့အပေါ်ထပ် ပြတင်းပေါက်မှာ

မိန်းမတစ်ယောက် မတ်တပ်ရပ်နေသလိုအရိပ်ပုံလေးကိုတော့

မသဲမကွဲ မြင်လိုက်ရတယ် ..သူအလွတ်မှတ်မိနေတဲ့

အဆောင် နာမည်လေးကိုလည်း တိုးတိုးလေး ရေရွတ်လိုက်မိတော့တယ် ။

“ ခင်မာကြည်အဆောင် …….တဲ့ ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမှန်စင်စစ် ခင်မာကြည်အဆောင်ကြီးတကယ်ရှိနေဆဲပါ

နာမည်လွဲရေးထားလို့အပြင်မှာတော့ ခင်မာကြည် မဟုတ်ပါ

အခြားနာမည်တစ်ခုခုပေါ့ ၊ ဒီဇာတ်လမ်းလေးထဲမှာ

ခင်မာကြည် မိသားစုဝင်တွေက ခင်မာကြည် ကောင်းမှုဆိုတဲ့

စာလေးတစ်ကြောင်းတောင် မထည့်ပဲ ခင်မာကြည်အဆောင်ဆိုပြီး

ထူးထူးဆန်းဆန်းလှူသွားတာက သိလို့လား မသိလို့လား…

ကွယ်လွန်သူ ခင်မာကြည် ကိုယ်တိုင်ကလည်း သူ့အဆောင်ဆိုတော့

သူပိုင်တဲ့နေရာဆိုတဲ့သဘော သက်ရောက်တဲ့အတွက်

သူနေထိုင်နေတယ် ၊ ဘုန်းကြီးကျောင်းကိုလှူထားတဲ့ သူ့ခုတင်ကိုလည်း

စွဲလမ်းစိတ်နဲ့ ဘယ်သူမှ တက်အိပ်မရအောင် ခြောက်လန့်တာတွေ

ပြုလုပ်တယ် ၊ ဒါကိုကြည့်ပြီး သေခါနီးစိတ်က

ဘယ်လောက်အရေးကြီးတယ်ဆိုတာရယ်

အစွဲတွေကို တတ်နိုင်သမျှ ကြိုးစား ဖြတ်ရမယ်ဆိုတာရယ်

သိနိုင်ပါတယ် …. ၊အပြင်မှာအဲ့ဒီမြို့ ၊အဲ့ဒီ ဘုန်းကြီးကျောင်းက

အဲ့ဒီအဆောင်လေးမှာ မဖြစ်မနေ တည်းဖြစ်ခဲ့ရင်လည်း

ဦး ချစ်ပိုလိုမျိုး မရှိတော့တဲ့ မမြင်အပ်မြင်အပ် မူရင်းပိုင်ရှင်တွေဆီ

ခွင့်တောင်းပြီး မေတ္တာလေးနဲ့ ရင်းနှိးမှုကို

ဖော်ဆောင်ရင်း ဘုရားတရားမမေ့ဖို့ တိုက်တွန်းပါရစေ… ၊

မဟုတ်ရင်တော့…… ။

ကြိုးစားပါဦးမည် …

~ မိုးစွေ ~

စာပြီးချိန် – 17.2.2019 ( 1 :47 Am )

Zawgyi Version

ကြယ္လြန္သူေနထိုင္ရာ(စ/ဆုံး)
————————————-
“ ကြၽိ……….ဝုန္း………..အား…….. ”
“ ဟဲ့ ဘာျဖစ္ၾကတာတုန္း ဘာျဖစ္တာတုန္း ”
“ ကားတိုက္တာတဲ့ေဟ့…… ”
“ လူကိုတိုက္မိတာတဲ့… ”
“ ေသၿပီလားမသိဘူး… ဝိုင္းၿပီး ေဆး႐ုံပို႔ၾကပါဦး ”
“ ကားသမားကို ဝိုင္းထားေဟ့… မေျပးေစနဲ႔ေနာ္

ကားနံပါတ္ေရာ မွတ္ထားၾက…. ”

“ ဟင္…အတိုက္ခံရတာ (…)ေက်ာင္းက ဆရာမ ခင္မာၾကည္ပဲ…. ”

“ ဟာ…ေဟ့… ဆရာမ ခင္မာၾကည္တဲ့…

သူ႔အိမ္ကို ေျပးေျပာၾကပါစမ္းပါ….က်ဳပ္တို႔ ဆရာမကို ေဆး႐ုံေပၚ

ပို႔ႏွင့္မယ္…. ”

“ ေဆး႐ုံမပို႔နဲ႔ေတာ့ ဆရာမကိုလည္းေသခ်ာၾကည့္ဦး

အသက္ရွိေသးရဲ႕လားလို႔… ေခါင္းတစ္ျခမ္းလုံးပြင့္ထြက္ေနၿပီးေတာ့

လမ္းမမွာလည္း ဦးေႏွာက္အပိုင္းအစေတြနဲ႔ ၊ မ်က္နာတစ္ခုလုံးလည္း

လူ႐ုပ္ေတာင္မေပၚေတာ့ဘူး ၊ သူစီးေနက်

ဆိုင္ကယ္ေလးရယ္ ၊ ကိုယ္ဟန္ ေက်ာင္းဆရာမ ဝတ္စုံရယ္ေၾကာင့္သာ

ဆရာမ ခင္မာၾကည္မွန္းသိတာ ”

“ ကြၽတ္ ကြၽတ္ ကြၽတ္ …ဆရာမ ျဖစ္မွ ျဖစ္ရေလ…

အျဖစ္ဆိုးလိုက္တာ …. သူ႔မိသားစုေတာ့ ဘယ္လိုေျဖၾကမလဲမသိေတာ့ပါဘူး… ”

“ ရဲေခၚထားၿပီးၿပီလား ”

“ ဟုတ္ကဲ့ လာေနၿပီလို႔ေျပာတာပဲ…… ”

“ ေၾသာ္….အနိဌာ႐ုံေတြ တစ္ဘဝလုံး

မျမင္ရ မၾကားရပါေစနဲ႔လား… မဆင္မျခင္ေမာင္းၾကတဲ့

ယဥ္ေမာင္းေတြေၾကာင့္ တိုင္းျပည္က ရတနာေတြ ဆုံးရႈံးေနရတာ

မနည္းေတာ့ဘူးထင္တယ္…. ၊အခုလည္း …. တို႔ ဆရာမ……ဆရာမ….

ဆရာမ ေကာင္းရာသုဂတိလားပါေစ…. ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ျမန္မာႏိုင္ငံ ေျမာက္ဖ်ားပိုင္းကအထင္ကရၿမိဳ႕တစ္ၿမိဳ႕……….. ။

စာသင္ေက်ာင္းတစ္ခုတြင္……

“ ဒီေန႔ ဆရာမ ခင္မာၾကည္ နာေရး ရက္လည္မို႔လား ေစာလြင္ ရ ”

နဝမတန္းက ေက်ာင္းသားေလးတစ္ေယာက္စကားကို ေဘးမွာထိုင္ေနတဲ့

က်န္ ေက်ာင္းသားတစ္ေယာက္ကလည္းျပန္တုန႔္ျပန္လိုက္တယ္

“ေအးေလအဲ့ဒါေၾကာင့္ တို႔အတန္းပိုင္ေတြေတာင္

အတန္းမဝင္ၾကဘူး…ဒီေန႔စာမသင္ရင္လည္း ေက်ာင္းမလာပါဘူး

အိမ္မွာအိပ္ေနတယ္…အေစာႀကီးထရတာ ပ်င္းလိုက္တာ…. ”

သူတို႔ႏွစ္ေယာက္စကားေျပာေနတုန္း တစ္ခုံေက်ာ္က

သူငယ္ခ်င္းေကာင္မေလးတစ္ေယာက္က ၾကားသြားၿပီး

ဝင္ေျပာလိုက္ေသးတယ္

“ ဆရာမ ခင္မာၾကည္တစ္ေယာက္ သနားပါတယ္ေနာ္

သူ႔ခမ်ာ… မိသားစုကလည္း ျပည့္စုံ… ၊အရာရာအဆင္ေျပေနတုန္း ၊

အသက္ကလည္းအ႐ြယ္တင္ႏုပ်ိဳေနတဲ့အခ်ိန္အခုလို မေမွ်ာ္လင့္တဲ့

အျဖစ္ဆိုးႀကီး ႀကဳံလိုက္ရမယ္လို႔ ထင္ထားမွာေတာင္မဟုတ္ဘူး ၊

ဆိုးလိုက္တဲ့ ကားသမားေတြ ၊အတင္းလုေမာင္းေနက်

အခုေတာ့ လူပါေသရၿပီ ”

“ ကားသမားေတြ ၾကမ္းတာလည္းၾကမ္းတာေပါ့

ဆရာမလည္း ဆိုင္ကယ္ျဖည္းျဖည္းမွ မစီးတာ…

ၿပီးေတာ့ ဦးထုပ္မပါ ဘာမပါဆိုေတာ့အကာအကြယ္မဲ့ၿပီး

ကားေအာက္ထဲခ်ိတ္ပါသြားရွာတာ…. ”

“ မင္းတို႔ေတာ့မသိဘူး

အဲ့ေန႔က ဆရာမ ေသတဲ့ေနရာမွာ ငါရွိေနတယ္ ၊

ငါ့မ်က္စိေရွ႕တင္ပဲ ပြဲခ်င္းၿပီးသြားတာကိုမွ

႐ုပ္ပ်က္ဆင္းပ်က္ပဲ…. ဆရာမကအစိမ္းေသဆိုေတာ့

သူ ေသလို႔ေသမွန္းေရာ သိပါ့မလား ၊ မကြၽတ္ဘဲနဲ႔

ငါတို႔ ေက်ာင္းမွာ လာေျခာက္ရင္ ျပသနာပဲ…. ”

ထိုလူငယ္ေလးစကားအဆုံး လူငယ္ေလးကို

က်န္ သူငယ္ခ်င္းေတြက ထု႐ိုက္ၾကရင္း

“ ေၾသာ္…ဒီေကာင္ကလည္း

အေရးထဲ တစ္ေမာက္…မင္းပဲ

ႀကီးလာရင္ သရဲဝတၱဳေရး စာေရးဆရာလုပ္မယ္ေလးဘာေလးနဲ႔ ” လို႔

ဝိုင္းေျပာလိုက္တဲ့အခါ လူငယ္ေလးက ျပန္ေျဖတယ္

“ေအးေလ…မင္းတို႔ေသခ်ာမသိေသးပါဘူး

သရဲစာေရးဆရာဆိုတာ သရဲေၾကာက္တတ္တဲ့သူေတြအမ်ားစုမွ ျဖစ္ၾကတာ ၊

ဟုတ္တယ္ေလ ေၾကာက္စိတ္ရဲ႕အရသာ ခံစားခ်က္ေတြကို

သူတို႔ ေကာင္းေကာင္းနားလည္ေနလို႔ ဒီလိုခံစားၿပီး

အႏုပညာကို ပုံေဖာ္ေနၾကတာမဟုတ္လား… ၊ မင္းတို႔နားလည္ေအာင္ေျပာရရင္

လူတစ္ေယာက္က သံပုရာသီးတစ္လုံးကို ကိုယ္အရင္ စားၾကည့္ၿပီးမွ

အဲ့ဒီ သံပုရာသီးရဲ႕အရသာက ခ်ိဳသလား ခ်ဥ္သလားဆိုတာ သူမ်ားကို

ေသခ်ာရွင္းျပႏိုင္မွာေလ…ခ်ဥ္တယ္ဆိုရင္လည္း

ဘယ္လိုခ်ဥ္တာလဲဆိုတာကအစေပါ့….. ”

“ေအးပါ သေကာင့္သား စာေရးဆရာ႐ူးေရ

မင္းေျပာတာလည္းထားပါေလ… ၊ ငါလည္း မင္းေျပာမွ

စိုးရိမ္မိတာ တစ္ခုရွိတယ္ တို႔ေက်ာင္းက ဆရာမ ခင္မာၾကည္

မကြၽတ္ရင္ ဘယ္လိုလုပ္မလဲ…. ”

“ စိတ္မပူပါနဲ႔ကြာ ၊ သူက စိတ္ေကာင္းရွိတဲ့သူပဲ

ေကာင္းရာမြန္ရာ ေရာက္မွာပါ ”

အဲ့ဒီစကားကို မေက်နပ္ေသးတဲ့ သူငယ္ခ်င္းတစ္ေယာက္က

ဝင္ေထာက္တယ္…

“အစိမ္းေသေတြက ေတာ္႐ုံနဲ႔ မကြၽတ္ဘူးလို႔

ၾကားဖူးတယ္ ၊ သူတို႔ေသလို႔ေသမွန္းမသိတာရယ္ ၊

ေသခါနီးအစြဲေၾကာင့္ရယ္ ကြၽတ္မယ္လို႔မထင္ဘူးေနာ္ ”

အတန္းထဲကအတန္းေဖာ္ ၆ေယာက္ေလာက္

စကားဝိုင္းေျပာေနတာကိုအစအဆုံးဝင္မေျပာဘဲ နားေထာင္ေနတဲ့

မိန္းကေလးတစ္ေယာက္ကအဆုံးက်မွ ဝင္ေျပာလိုက္တာ

စကားတစ္ခြန္းတည္း…ဒါေပမယ့္အဲ့စကားတစ္ခြန္းရဲ႕

ေနာက္ကြယ္မွာအေၾကာက္တရားက ကပ္ပါလာခဲ့ၿပီေလ

သူေျပာလိုက္တာက ႐ိုးရွင္းေအးစက္လြန္းပါတယ္ ။

“ ဟင္ ဒါဆို …ဆရာမ ခင္မာၾကည္က

အစိမ္းသရဲ တကယ္ ျဖစ္သြားၿပီလား………. ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ၿမိဳ႕အထင္ကရ ေစတီေတာ္ တစ္ဆူနဲ႔

ကပ္လ်က္မွာရွိတဲ့ ဘုန္းႀကီးေက်ာင္းဝန္းႀကီးထဲက

အေဆာင္သစ္တစ္ခုကို ေဆးသုတ္ေနၾကတဲ့

အလုပ္သမားႏွစ္ေယာက္အလုပ္လုပ္ရင္း

အျပန္အလွန္ စကားေျပာလို႔………

“ ဒီအေဆာက္အဦးက ဘာအတြက္လဲ ”

“ မသိပါဘူး ဘုန္းႀကီးေတြကေတာ့

ညအိပ္ညေန ဧည့္သည္ေတြအတြက္ တည္းႏိုင္ဖို႔

ဇရပ္ ၊ ဓမၼာ႐ုံအျဖစ္ ထားမယ္လို႔ ေျပာၾကတာပဲ ”

“ ေက်ာင္းဝင္းႀကီးက က်ယ္ေတာ့

ဒီ ႏွစ္ထပ္ ေဆာင္အသစ္ေလးနဲ႔အေတာ္ဟန္က်မွာပဲကြာ ”

“အေဆာင္နာမည္ကိုလည္း ဖတ္လိုက္ဦး

ဘာတဲ့……. ခင္မာၾကည္အေဆာင္ ဆိုပါလား…… ”

“ေအးေလ …ခင္မာၾကည္ကို မင္းမသိတာလည္းမဟုတ္ဘဲနဲ႔ ”

“ တကယ္ မသိတာပါကြာ လုပ္စမ္းပါဦး ”

“ တေလာက ကားနဲ႔ဆိုင္ကယ္ ခ်ိတ္ပါသြားၿပီး ႐ုပ္ပ်က္ဆင္းပ်က္

ေသသြားတဲ့ ဆရာမ ေဒၚခင္မာၾကည္အတြက္ ရထားတဲ့

နစ္နာေၾကး ေလ်ာ္ေၾကးေငြကို မိသားစုက

တစ္ျပားမွ မယူဘဲနဲ႔ ဆရာမ ခင္မာၾကည္ ကုသိုလ္ရေအာင္

ဒီအေဆာင္အဦးေလး လုပ္ေပးထားတာလို႔ သိရတယ္ကြ ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ခင္မာၾကည္အေဆာင္

“ ဘုန္းဘုန္းဘုရား တပည့္ေတာ္ ညက

ခင္မာၾကည္အေဆာင္အေပၚဘက္ဘုရားခန္းထပ္နားမွာ

လူရိပ္ေတြ႕လို႔သြားစစ္တာ ဘာမွ်မေတြ႕ဘူးဘုရား ၊

တစ္ခါတစ္ေလလည္း မီးေတြက မွိတ္လိုက္လင္းလိုက္ နဲ႔

တစ္ခါတစ္ေလ ႏွစ္ထပ္ေဆာင္ဆိုေတာ့ ေလွကားက

လူတစ္ေယာက္ဆင္းလာတဲ့ ေျခသံေတြၾကားေနရတယ္ ၊

တစ္ခါတစ္ခါ ငိုသံလိုလိုညည္းသံလိုလိုလည္းၾကားရတယ္

ဘုရား… ၊ ထူးဆန္းတာက ဒီအေဆာင္ႀကီးေဆာက္ၿပီးမွ

ျဖစ္တာဘုရား ၊အရွင္ဘုရားတို႔ေရာ ဘာမွ် ထူးထူးဆန္းဆန္း

မႀကဳံရေသးဘူးလား ”

ညေစာင့္ ကပၸိယလာေလွ်ာက္တဲ့စကားကို ေက်ာင္းေန သံဃာတစ္ပါးက

“အိမ္း…ဦးဇင္းတို႔ေတာ့ ေနေနတာ

အခုထိ ဘာမွ်ထူးျခားတာ မေတြ႕ေသးဘူး

တစ္ခါတစ္ေလေတာ့ ခင္မာၾကည္အေဆာင္ဘက္က

ဆိုးဆိုး႐ြား႐ြား ႂကြက္ေသေကာင္ပုတ္နဲ႔လိုလိုေတာ့

ရဖူးတယ္…. ”

“အရွင္ဘုရား ဆရာမ ခင္မာၾကည္မ်ား မကြၽတ္ဘူးလားမသိဘူး…

အမွ်အတန္းလည္း မရဘူးထင္တယ္ ”

“ေအးကြယ္..တစ္ခ်ိဳ႕က

အမွ်အတန္းမရၾကတာ ၊ တစ္ခ်ိဳ႕ကေတာ့ မယူၾကတာကြဲ႕

ခင္မာၾကည္တစ္ေယာက္ ေကာင္းရာမြန္ရာဘုံဘဝေရာက္ပါေစေလ…. ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘုရားဖူးအလည္အပတ္ ဧည့္သည္ေတြ မ်ားလြန္းေတာ့

ဘုန္းေတာ္ႀကီးေက်ာင္လည္း လူအျပည့္ ၊ မၾကာေသးခင္ကေဆာက္ထားတဲ့

ခင္မာၾကည္အေဆာင္လည္း လူအျပည့္ ကိုယ္စီကိုယ္စီ

ေက်ာတစ္ခင္းစာေလးေတြ ေနရာယူထားၾကတယ္ ၊

ေနရာကအေဆာင္အေပၚထပ္နဲ႔ေအာက္ထပ္

ေအာက္မွာ လူ ဆယ္ေယာက္ေက်ာ္ေလာက္

ေကာင္းေကာင္းေနလို႔ရၿပီးေတာ့အေပၚမွာလည္း

ဆယ္ေယာက္ေက်ာ္ေလာက္ေနလို႔ရတယ္ ဆိုေပမယ့္လည္း

ခရီးသြားသူေတြထဲက သုံး…ေလးေယာက္ေလာက္ကပဲ

အေပၚဘက္မွာ တက္ၿပီး တည္းၾကတယ္ ၊ ခင္မာၾကည္အေဆာင္ရဲ႕

အေပၚဘက္ေဟာခန္းႀကီးမွာ ဘုရားခန္းက်ယ္တစ္ခုရွိတယ္

ဘုရားခန္းရဲ႕ေရွ႕ေထာင့္ဘက္ျခမ္းမွာ

ကုတင္အေသးစားေလးတစ္ခုလည္း

ထားေပးထားတယ္ …

အေပၚထပ္က လူသုံးေယာက္ထဲကေန တစ္ေယာက္က

အဲ့ ခုတင္ႀကီးေပၚမွာအိပ္ၿပီးအနားယူလိုက္တယ္ ၊

အဲ့ဒီ့လူအနားယူအိပ္စက္ေနရင္းက ညသန္းေခါင္

ေခြးေတြကလည္း သံၿပိဳင္အူ…. ၊ လအလင္းေရာင္မွိန္မွန္ေလးေအာက္မွာ

လွ်က္စစ္မီးေတြအကုန္ ခဏပ်က္သြားၿပီး ကုတင္ေလးေပၚတက္အိပ္ေနတဲ့

လူရဲ႕ ေျခေထာက္ကိုေအးစက္စက္မဲမဲအရာတစ္ခုက ဆက္ခနဲ႔

ေဆာင့္ဆြဲခ်တာကို ခံလိုက္ရတယ္ ၊ ခံလိုက္ရတဲ့သူလည္း

တစ္ခ်က္အံၾသသြားေပမယ့္အိပ္မက္ေယာင္တာပါေလဆိုတဲ့စိတ္နဲ႔

ျပန္ၿပီးႀကိဳးစားအိပ္လိုက္ျပန္တယ္ … ၊အိပ္ေနတုန္း မ်က္နာေပၚ

ေအးစက္စက္ ညႇီနံ႔ရတဲ့အရည္ေလးေတြ တစ္ခ်က္ၿပီးတစ္ခ်က္

စီးက်လာသလို ခံစားလိုက္ရျပန္ေတာ့ ကာယကံရွင္လည္း

မေနသာပဲ မ်က္လုံးေလးဖြင့္ၾကည့္လိုက္ေတာ့

သူမ်က္နာတည့္တည့္မွာ ႐ုပ္ပ်က္ဆင္းပ်က္ ဦးေႏွာက္တစ္ခ်က္မပါပဲ

မ်က္နာတစ္ျခမ္း စုတ္ျပတ္ေနတဲ့ ဆံပင္အရွည္နဲ႔အမ်ိဳးသမီး

တစ္ေယာက္အသက္မပါနဲ႔မ်က္လုံးျဖဴျဖဴႀကီးအၾကည့္နဲ႔

ဟၿပဲေနတဲ့ ပါးစပ္……မ်က္နာတစ္ခုလုံးေသခ်ာ

ျမင္လိုက္ရေတာ့အိပ္မက္မဟုတ္မွန္းလည္းသိ….

လန႔္လည္း လန႔္သြားၿပီး ငယ္သံပါေအာင္ ကုန္းေအာ္လိုက္မယ္တယ္

“အား ………….!!!!!!!!!!!!!!!! ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ ခင္မာၾကည္အေဆာင္က သရဲေျခာက္တယ္တဲ့

ဒီမွာ တေလာက တည္းသြားတဲ့သူေတြ ႀကဳံလိုက္ရတယ္ေျပာတယ္ ၊

တစ္ျခားတည္းသြားတဲ့သူေတြ ၊ ညအိပ္ညေန ေနသြားတဲ့သူေတြလည္း

ႀကဳံလိုက္တယ္ေျပာတယ္ ”

ခရီေရာက္မစိုက္ၾကားလိုက္ရတဲ့ စကားေၾကာင့္

ဦးခ်စ္ပို တစ္ေယာက္ မ်က္လုံးျပဴးအံ့ၾသမိေပမယ့္

ဒီထက္ ၾကမ္းပါတယ္လို႔နာမည္ႀကီးေနတဲ့ သုသာန္ေတြအထိ

တရားက်င့္ေနတတ္တဲ့ ပုဂၢိဳလ္မို႔အမ်ားႀကီး မတုန္လႈပ္ခဲ့ …. ၊

ဦးခ်စ္ပိုဆိုတာ သာသနာေရးဝန္ႀကီးဌာနက

ဝန္ထမ္းအရာရွိတစ္ေယာက္ပဲ… ၊ တာဝန္တစ္ခုနဲ႔ဒီၿမိဳ႕ေလးကိုေရာက္ေနတုန္း

သူစိတ္ဝင္စားတဲ့ ပရေလာကအေၾကာင္းေလးေတြ

ဟိုေမးဒီေမးနဲ႔…အခု သူတစ္ညတည္းရမယ့္ေနရာမွာ

သရဲေျခာက္တယ္ဆိုတာကိုသိရလို႔ စိတ္အားတတ္ေနတဲ့

လူထူးဆန္းႀကီးေပါ့…. ၊

လူထူးဆန္းႀကီးနဲ႔ ခင္မာၾကည္အေဆာင္နဲ႔ေတာ့

ေတြ႕ၾကၿပီ ။

ညေလးတစ္ညကအိပ္ဖို႔ဟန္ျပင္ေနတုန္း

ဦးခ်စ္ပိုရဲ႕ လႉပ္ရွားမႈေတြေၾကာင့္အိပ္ျဖစ္မယ့္ဟန္မရွိ ၊

ခင္မာၾကည္အေဆာင္ထဲကို တံခါးေလးအသာတြန္းဖြင့္

ဝင္လိုက္ရင္း ပါးစပ္ကလည္း

“ မူရင္း ဒီအေဆာင္ႀကီးပိုင္ရွင္ သက္ဆိုင္ရာ ပိုင္ရွင္ေတြ

အသီးသီးကို ကြၽန္ေတာ္ ေမတၱာပို႔သပါတယ္ … က်န္းမာ၊ခ်မ္းသာၾကပါေစ

ကြၽန္ေတာ့္ကို ဒီေနရာေလးမွာ တစ္ညတာေလာက္ေလး

အနားယူ တည္းခိုခြင့္ျပဳဖို႔လည္း ေတာင္းဆိုပါရေစ….. ၊

ကြၽန္ေတာ္ ျပဳခဲ့သမွ်ကုသိုလ္ေတြကိုလည္းအမွ်အတန္းေပးေဝမွာ

ျဖစ္တဲ့အတြက္အားလုံးမရမရွိအကုန္ရၾကပါေစသား ၊

အားလုံးက်န္းမာခ်မ္းသာၾကပါေစ……….. ”

ေမတၱာေလးေတြပို႔ရင္း စိတ္ထဲက

ေမတၱာသုတ္ေတာ္ကို ဆက္တိုက္႐ြတ္ဆိုျဖစ္ၿပီး

အေဆာင္ႀကီးရဲ႕အေပၚထပ္ကို တက္လာခဲ့လိုက္တယ္ ၊

အေပၚေရာက္ေတာ့ ထုံးစံအတိုင္းအိပ္ရမယ့္ေနရာေလး ရွာေဖြရင္း

ဘုရားခန္းနားက ခုတင္ေသးေလးကိုသြားျမင္ၿပီး

အဲ့ဒီ့ခုတင္မွာ တစ္ညအိပ္ဖို႔ ဆုံးျဖတ္ခ်က္ခ်လိုက္တယ္

ဆုံးျဖတ္ခ်က္နဲ႔အတူ ခုတင္ေပၚထိုင္ခ်လိုက္ရင္း

ခုတင္ပိုင္ရွင္ေတြကိုလည္း ေမတၱာပို႔ပါေလေရာ….

အဲ့လို ေမတၱာပို႔ေနတုန္းမွာပဲ လူမရွိတဲ့

ေဟာခန္းႀကီးထဲက ေျခသံေတြကိုၾကားလိုက္ရၿပီး

မေက်နပ္သလိုလို ညည္းညဴသံႀကီးတစ္ခ်က္ကိုလည္း

ၾကားလိုက္ရျပန္တယ္ ၊အေျခအေနကို သိလိုက္တဲ့

ဦးခ်စ္ပိုကလည္း ပိုင္ရွင္မႀကိဳက္မွန္းသိလို႔

ခုတင္ေပၚကေန ဆင္း…. ၊ ခုတင္ေျခရင္း ၾကမ္းခင္းေလးမွာ

ခင္းက်င္းၿပီး ဘုရားဝတ္ျပဳ ၊ တရားမွတ္ တရားထိုင္ျဖစ္ခဲ့တယ္ ၊

တရားထိုင္ေနတုန္းမွာလည္း ဦးခ်စ္ပို မ်က္လုံးဖြင့္မၾကည့္ေပမယ့္အာ့႐ုံထဲမွာ

အမ်ိဳးသမီးတစ္ေယာက္ကို ေသခ်ာျမင္ေနရတယ္….

အမ်ိဳးသမီးပုံစံက တစ္ခုခုဆိုးဆိုး႐ြား႐ြားျဖစ္ထားလို႔

႐ုပ္ဆင္းပ်က္ထားတဲ့ ပုံနဲ႔ တရားထိုင္ေနတဲ့

ဦးခ်စ္ပိုကို ပတ္ပတ္လည္က လိုက္ၾကည့္ေနတယ္ဆိုတာကို

မသိစိတ္က ျမင္ေနရတယ္…. ၊ လြင့္သြားသမွ် ေရွ႕စိတ္ကို

ေနာက္စိတ္ေလးနဲ႔အျမန္လိုက္ထိန္းရင္ စိတ္ၿငိမ္ၿငိမ္ေလးနဲ႔

တရားဆက္ထိုင္လိုက္ၿပီးမွ ျခင္ေထာင္ေလးေထာင္ ၊အမွ်အတန္းေပးေဝၿပီး

အိပ္ဖို႔ၾကမ္းခင္းမွာလွဲလိုက္မိတယ္ ၊ လွဲလိုက္ၿပီဆိုတာနဲ႔

ေအးစက္ေနတဲ့အေငြ႕အသက္တစ္ခ်ိဳ႕စရလာေတာ့တယ္ ၊

ေဘးနားက ခုတင္ကို တစ္ေယာက္ေယာက္က လက္သည္းေတြနဲ႔

အားရပါးရ ကုတ္ျခစ္တဲ့အသံေတြလည္း ၾကားေနရတယ္ ၊

အဲ့လို ၾကားေနရင္းကေန မၾကာဘူး ဦးခ်စ္ပို သူ႔ေဘးနားက

ခုတင္ကိုအိပ္ေနရင္းကေန တစ္ခ်က္လွမ္းၾကည့္လိုက္ေတာ့

ခုတင္ေပၚမွာအမ်ိဳးသမီးတစ္ေယာက္ လွဲေနတာကို သြားေတြ႕လိုက္တယ္ ၊

စိတ္ထဲမွာ ေၾကာက္စိတ္တစ္ခ်က္ျဖစ္လာခဲ့ၿပီး

စဥ္းစားမိလိုက္တယ္

“ တစ္ေဆာင္လုံးမွာ ငါတစ္ေယာက္တည္းရွိေနတာပါ ၊

ဘယ္က မိန္းကေလးတစ္ေယာက္ ေပၚလာရတာလဲ…

သူက လူမွဟုတ္ရဲ႕လား…… ”

ေၾကာက္စိတ္ေနာက္က ၾကက္သီးထလာရင္း

ကိုယ့္စိတ္ကိုကိုယ္အားျပန္တင္းလိုက္တယ္ ….

“ ငါ သုသာန္ေတြမွာေတာင္ တရားထိုင္ၿပီး

ဒီထက္ဆိုးတာႀကဳံဖူးထားတာပဲ

သူလည္းသူ႔ဘာသာသူေနတာ ၊ ငါလည္းငါ့ဘာသာ

ေနတာ ဘယ္သူမွ မထိခိုက္ရင္ ၿပီးတာပါပဲေလ ” ဆိုၿပီး

သရဲမနဲ႔ ေဘးခ်င္ကပ္ ခုတင္ေပၚ ခုတင္ေအာက္ တစ္ညလုံး

ႀကိဳးစားအိပ္ျဖစ္ခဲ့တယ္ ၊အိပ္တယ္သာေျပာတယ္

စိတ္ထဲမွာေတာ့ ဘုရားဂုဏ္ေတာ္ ၉ပါးကို

ဆက္တိုက္ ထပ္ခါထပ္ခါ ႐ြတ္လိုက္ ၊ သရဏဂုံ႐ြတ္ဆိုလိုက္နဲ႔

အိပ္ေပ်ာ္မွန္းမသိအိပ္ေပ်ာ္သြားခဲ့တယ္….. ။

လင္းၾကက္တြန္လို႔ ေနထြက္တဲ့အခ်ိန္….

ဦးခ်စ္ပိုတစ္ေယာက္ မ်က္လုံးႏွစ္လုံးပြင့္လာၿပီး

ညကအျဖစ္ကို တစ္ခ်က္ေတြးလိုက္မိၿပီး ေဘးနားက ခုတင္ကိုလွမ္း

ၾကည့္လိုက္မိတယ္ ခုတင္ေပၚမွာ ဘယ္သူမွ်မရွိေတာ့ဘူး…

မနက္ခင္းေနေရာင္ျခည္ကေပးတဲ့ ခြန္အားသစ္ေတြနဲ႔အတူ

ဦးခ်စ္ပို ႏိုးထလာၿပီးေတာ့ ကိုယ္လက္သန႔္စင္… ၊

ၿပီးေတာ့အဝတ္အစားထုတ္ေလးကိုဆြဲၿပီး

ခရီးဆက္ဖို႔ ျပင္လိုက္ေတာ့တယ္ ၊ ဆရာေတာ္ကို

ရွင့္ခိုးၿပီး မျပန္ခင္ေလးမွာ …..

သူညက တည္းခဲ့တဲ့အေဆာင္ေလးကို တစ္ခ်က္လွမ္းၾကည့္လိုက္မိတယ္

အေဆာင္ႀကီးရဲ႕အေပၚထပ္ ျပတင္းေပါက္မွာ

မိန္းမတစ္ေယာက္ မတ္တပ္ရပ္ေနသလိုအရိပ္ပုံေလးကိုေတာ့

မသဲမကြဲ ျမင္လိုက္ရတယ္ ..သူအလြတ္မွတ္မိေနတဲ့

အေဆာင္ နာမည္ေလးကိုလည္း တိုးတိုးေလး ေရ႐ြတ္လိုက္မိေတာ့တယ္ ။

“ ခင္မာၾကည္အေဆာင္ …….တဲ့ ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမွန္စင္စစ္ ခင္မာၾကည္အေဆာင္ႀကီးတကယ္ရွိေနဆဲပါ

နာမည္လြဲေရးထားလို႔အျပင္မွာေတာ့ ခင္မာၾကည္ မဟုတ္ပါ

အျခားနာမည္တစ္ခုခုေပါ့ ၊ ဒီဇာတ္လမ္းေလးထဲမွာ

ခင္မာၾကည္ မိသားစုဝင္ေတြက ခင္မာၾကည္ ေကာင္းမႈဆိုတဲ့

စာေလးတစ္ေၾကာင္းေတာင္ မထည့္ပဲ ခင္မာၾကည္အေဆာင္ဆိုၿပီး

ထူးထူးဆန္းဆန္းလႉသြားတာက သိလို႔လား မသိလို႔လား…

ကြယ္လြန္သူ ခင္မာၾကည္ ကိုယ္တိုင္ကလည္း သူ႔အေဆာင္ဆိုေတာ့

သူပိုင္တဲ့ေနရာဆိုတဲ့သေဘာ သက္ေရာက္တဲ့အတြက္

သူေနထိုင္ေနတယ္ ၊ ဘုန္းႀကီးေက်ာင္းကိုလႉထားတဲ့ သူ႔ခုတင္ကိုလည္း

စြဲလမ္းစိတ္နဲ႔ ဘယ္သူမွ တက္အိပ္မရေအာင္ ေျခာက္လန႔္တာေတြ

ျပဳလုပ္တယ္ ၊ ဒါကိုၾကည့္ၿပီး ေသခါနီးစိတ္က

ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာရယ္

အစြဲေတြကို တတ္ႏိုင္သမွ် ႀကိဳးစား ျဖတ္ရမယ္ဆိုတာရယ္

သိႏိုင္ပါတယ္ …. ၊အျပင္မွာအဲ့ဒီၿမိဳ႕ ၊အဲ့ဒီ ဘုန္းႀကီးေက်ာင္းက

အဲ့ဒီအေဆာင္ေလးမွာ မျဖစ္မေန တည္းျဖစ္ခဲ့ရင္လည္း

ဦး ခ်စ္ပိုလိုမ်ိဳး မရွိေတာ့တဲ့ မျမင္အပ္ျမင္အပ္ မူရင္းပိုင္ရွင္ေတြဆီ

ခြင့္ေတာင္းၿပီး ေမတၱာေလးနဲ႔ ရင္းႏွိးမႈကို

ေဖာ္ေဆာင္ရင္း ဘုရားတရားမေမ့ဖို႔ တိုက္တြန္းပါရေစ… ၊

မဟုတ္ရင္ေတာ့…… ။

ႀကိဳးစားပါဦးမည္ …

~ မိုးေစြ ~

စာၿပီးခ်ိန္ – 17.2.2019 ( 1 :47 Am )

No comments

Post a Comment