သိုက်တူးခြင်း (စ/ဆုံး)

  သိုက်တူးခြင်း (စ/ဆုံး) –––-––––-–––——- လွန်ခဲ့သော နှစ် ( ၂၀ )ခန့်က ကျနော်တို့ ရွာကလေးသို့ ကိုရင်လေးတစ်ပါး ကြွလာပါသည်။ ထိုကိုရင်လေး ရောက်ရှ... thumbnail 1 summary

 သိုက်တူးခြင်း (စ/ဆုံး)

–––-––––-–––——-
လွန်ခဲ့သော နှစ် ( ၂၀ )ခန့်က ကျနော်တို့ ရွာကလေးသို့ ကိုရင်လေးတစ်ပါး ကြွလာပါသည်။ ထိုကိုရင်လေး ရောက်ရှိလာချိန်မှ စ၍ လွန်စွာ ထူးဆန်း အံသြဖွယ်ကောင်းသော အဖြစ်အပျက်များကို ကျနော်တို့ တွေ့ကြုံ ကြားသိရပါတော့သည်။

ကျနော်တို့ ရွာလေးရဲ့ နာမည်ကတော့ နှဲကြိုး ပါ။ မိဘတွေ ကို သားတို့ရွာရဲ့ နာမည်က ဘာကြောင့် နှဲကြိုးလို့ ခေါ်သလဲဆိုပြီး မေးကြည့်တော့ အမေက ဒီလိုသားရဲ့ မွန်မင်းသမီး ဥမ္မာဒနီ ္တ က သူ့ ဖခင်ရဲ့အမျက်ဒေါသဘေးက လွတ်အောင်ပြေးရင်း ဒီနေရာလေးကို ရောက်တော့ ဘုရားတည်ပြီး ရွာကလေး နာမည်ကို မွန်ဘာသာအားဖြင့် ”အဲကရိုး” လို့ခေါ်စေတယ်။ အဓိပ္ပါယ်ကတော့ ဘုရင်မတည်သော မြို့လို့ ခေါ်တယ် ကြာလာတော့ ကာလရွေ့လျောပြီး နှဲကြိုးလို့ အမည်တွင်တာပေါ့လို့ ပြောပါတယ်။ ရွာထိပ်မှာလည်း မြသိန်းတန် လို့ အမည်ရတဲ့ ဘုရားတစ်ဆူ အထင်ကရရှိပါတယ်။ ရွာကလေးက အင်မတန် အေးချမ်းသာယာပါတယ်။

ကိုရင်လေးရွာလယ်ကို ရောက်လာတော့ ဦးသိန်းဆောင် က ဒီကိုရင်လေးက ဒို့အနီးအနားရွာက မဟုတ်ဘူး။ ကိုရင်လေးကြည့်ရတာ အရွယ်နဲ့ မလိုက်အောင် အိနြေ္ဒသိက္ခာ ကြီးမားလိုက်တာ ပြီးတော့ ရေဆာနေပုံ ရတယ် ဆိုပြီး ကိုရင်လေး တပည့်တော်အိမ်ကို ကြွပါဘုရားလို့ ပင့်သွားတယ်။ အိမ်ရောက်တော့ သောက်ရေကပ်ပါတယ်။ ဦးသိန်းဆောင်က ကိုရင်လေး ဘယ်ကို ကြွမလို့လဲ ဘုရားဆိုတော့ ကိုရင်လေးက စက္ခုအိနြေ္ဒချထားရာက မျက်လုံချင်းဆိုင်ကြည့်ပြီး ကျုပ်ဒီရွာကို လာတာပဲ။ အထက်အညာဒေသ က လာခဲ့တာ။ ဒကာကြီးက စေတနာလည်း ကောင်းတယ် ရဟန်းသံဃာ ကိုလည်း ဆက်ဆံတတ်တယ်။ ဒီတော့ ဒကာကြီးကြီးပွားပြီ မှတ်လိုက်တော့ လို့ပြောပါတယ်။ ဒီတော့ ဦးသိန်းဆောင်က ရယ်ရင်း အရှင်ဘုရားကသာ ကြီးပွားမယ်ပြောတာ ဒီမှာတော့ လက်လှုပ်မှ ပါးစပ် လှုပ်ရတာပါဘုရားလို့ ပြန်လျှောက်တယ်။ တစ်ဆက်တည်း ကိုရင်လေး လာရင်း ကိစ္စကိုလည်း ပြောပါအုံးလို့ လျှောက်တယ်။

ကိုရင်လေးက ဒကာကြီး ဂတိသစ္စာတည်ပြီး ရဲစွမ်းသတ္တိ ရော ရှိရဲ့လားလို့ မေးတော့ သိန်ေးဆာင်ပါဘုရား တရွာလုံး ကြိုက်တဲ့သူမေးလို့ ရတယ်။ ဂတိသစ္စာ တည်တာ တစ်ရွာလုံး သိန်းဆောင်အပြင် နှစ်ယောက်မရှိပါဘူးလို့ ပြန်လျှောက်တယ်။ ဒီတော့ ကိုရင်လေးက နေရာကျပြီ ဟန်ကျပြီ ဆိုပြီး လက်ထဲမှာ အသင့်ပါလာတဲ့ ကြိမ်လုံးလေးနဲ့ ကြမ်းပြင်ကို ရိုက်လိုက်ပါတယ်။ ဒီလို ရိုက်လိုက်တာနဲ့ တစ်ပြိုင်နက် ဦးသိန်းဆောင်တို့ အိမ်မှာရှိသမျှ တံခါးအားလုံးဟာ သူ့အလိုလို ပိတ်သွားပါတယ်။ ကိုရင်လေးက ဆက်ပြီး သူသောက်လို့ ပိုနေတဲ့ ရေခွက်ထဲက ရေကို အိမ်ဘေးမှာ ကာထားတဲ့ ဝါးထရံကို လှမ်းပက်ပြီး ဒကာကြီး ကြည့်လိုက် လို့ပြောပါတယ်။ ဦသိန်းဆောင် ကြည့်လိုက်တဲ့အခါ မြသိန်းတန် စေတီတော်ကြီးအောက် နဲ့ ချောင်းရေပြင် ရေလယ်ခေါင်လောက်မှာ လူတွေ အမျိုးအမည်မသိတဲ့ အကောင်တွေ လှုပ်လှုပ်ရွရွသွားလာနေတာတွေကို တွေ့ရပါတယ်။ ဆက်ကြည့်နေရင်း ရေလယ်ခေါင်အောက်မှာ ဘုန်းကြီးကျောင်း ပြသာဒ် ကဲ့သို့ အဆောက်အဦးတွေ။ အဆောက်အဦးတွေရဲ့ အထဲမှာ ရွှေ ငွေ ကျောက်သံ ပတ္တမြားတွေ မြင်မကောင်းလောက်အောင် ပေါများနေတာ တွေ့ရပါတယ်။ ကိုရင်လေးကဆက်ပြီး ဒီအလယ်ခေါင်က အဆောက်အဦးကိုကြည့် ဒကကြီးဆိုပြီး ကြိမ်လုံးလေးနဲ့ ညွန်ပြတဲ့အခါ လေပေါ်မှာ တည်ရှိနေပြီး အလျှံတဝင်းဝင်းတောက်နေပြီး သွားလာနေတဲ့ ပြဒါးရှင်လုံးကို တွေ့ရပါတယ်။

ဦးသိန်ဆောင်က ကြိမ်လုံးလေးရိုက်လိုက်တာနဲ့ အိမ်တံခါးတွေ သူ့အလိုလို ပိတ်သွားတာရယ် ဝါးထရံပေါ်မှာ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကို ကြည့်ရင်း အံသြစွာ မယုံကြည်နိုင်စွာ ကိုရင်လေးကို ကြည့်လိုက်ပါတယ်။ ကိုရင်လေးက ကျုပ်ဒီရွာကို လာတာ ဒီကိစ္စပဲ ဒကာကြီး။ ကျုပ်ဒီသိုက်ထဲက ပြဒါးရှင်လုံးကို ယူမယ် ဒကာကြီးက ရွေ ငွေ တွေ ကြိုက်သလောက်သာ ယူပေတော့လို့ ပြောပါတယ်။ ဒီတော့ ဒကာကြီး ကျုပ်နဲ့ အတူလိုက်ဖို့ သဘောတူရဲ့လားလို့ မေးပါတယ်။ ဦးသိန်ဆောင်က ချမ်းသာဖို့ အခွင့်အရေးကြုံပြီဟဲ့ ဆိုပြီး လိုက်ပါမယ်ဘုရားလို့ ပြန်လျှောက်ပါတယ်။ ကောင်းပြီ ဒါဆိုရင် ဒီနေ့ည ၁၂း၀၀နာရီ တိတိမှာ ကြတ္တိယာ နက္ခတ် စန်းယှဉ်တဲ့ အချိန်မှာ သွားယူကြစို့။ အရေးကြီးတာက ဒကာကြီး ဒီအကြောင်းတွေကို မိမိကလွဲပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပြောဘို့နဲ့ သိုက်တူးနေစဉ်မှာ စကားလုံးဝ မပြောဘို့ ကို အထူးသတိပြုရမယ်။ ဒကာကြီး စောင့်ထိန်းနိုင်ပါ့မလား ဆိုတော့ ထိန်းနိုင်ပါတယ်ဘုရားလို့ ပြန်လျှောက်တယ်။ ကိုရင်လေးကတော့ လိုအပ်တဲ့ ပရိကံပြုဖို့ ကျုပ် မန္တာန်တွေစုပ်ဦးမယ်။ ဒကာကြီးလည်း ဘုရားရှစ်ခိုး သီလယူပေတော့လို့ ပြောပြီး ဘုရားစဉ်ရှေ့မှာ ရွတ်ဖတ်နေပါတယ်။ ဒီလိုနဲ့ လပြည့်ည မှာ သိုက်တူးကြပါတယ်။

ဒီလို လူသားနှစ်ဦး ပြောဆို တိုင်ပင်နေတာကို ဝေမာနိက ပြိတ္တာ ဘုံဘဝ ရောက်နေတဲ့ အရမ်းချစ်တဲ့ မောင်နှမ နှစ်ယောက်က ကမ္မဇိတ္ထိ သိဒ္ဓိတန်းခိုးရှိတဲ့ အတွက်မြင်နေ ကြားနေရပါတယ်။ နှမကလေးက မောင်ကြီးရယ် ဘိုးဘိုး အဓိဌာန်ဝင်နေတဲ့ အချိန်ရောက်မှ ဖြစ်ရတယ် နှမလေးတို့တော့ ဒုက္ခရောက်ပါပြီ မောင်ကြီးရယ် ဆိုပြီး ငိုနေတော့တာပါပဲ။ မောင်ကြီးလုပ်တဲ့သူက ဘယ်တတ်နိုင်ပါ့မလဲ ဖြစ်လာတော့လည်း တတ်နိုင်သလောက် ကာကွယ်ကြတာပေါ့လို့ ပြောပြီး သူ့ညီမလေးကို မျက်ရည် သုတ်ပေးရှာပါတယ်။

လပြည့်ည ဖြစ်တဲ့အတွက် အရာဝတ္ထု တော်တော်များများကို လ အလင်းရောင်ဖြင့်ကောင်းစွာ မြင်နေရပါတယ်။ ကိုရင်လေးက ရှေ့ကကြွပြီး ဦးသိန်းဆောင်က နောက်ကလိုက်လို့ မြသိန်းတန်ဘုရားကုန်းတော်ပေါ်ကို သွားနေကြပါတယ်။ မြသိန်းတန်ဘုရားကုန်းပေါ်က မြက်ပင်တွေ လုံးဝ မပေါက်တဲ့ ကွင်းပြောင်ပြောင်လေးနားရောက်တော့ ကိုရင်လေးက ဒကာကြီး မှတ်ထားပါ စကားလုံးဝ မပြောပါနဲ့ အရေးကြီးတယ်လို့ ထပ်ပြောပါတယ်။ ဦးသိန်းဆောင်က သဘောပေါက်ကြောင်း ဦးခေါင်းညိတ်ပြပါတယ်။ ကိုရင်လေးက ဤနေရာကို စောင့်ရှောက်နေသော အသင်ကျွဲဖြူကြီးပေါ်လာစေဆိုပြီး ကြိမ်လုံးနဲ့ ရိုက်လိုက်ပါတယ်။ ချက်ခြင်း ကျွဲဖြူကြီးပေါ်လာပြီး ခတ်တော့မလို နင်းတော့မလိုနဲ့ ဒေါသတကြီးပေါ်လာပါတယ် ကိုရင်လေးက ကြိမ်လုံးလေး ပြလိုက်ပြီး သင်ငြိမ်သက်စွာနေစေ ကျုပ်တို့ကို မနှောင့်ယှက်စေရလို့ အမိန့်ပေးပါတယ်။ ကိုရင်လေးက ဒီဘက်အခြမ်းက နတ်ကျွဲဖြူကိုနိုင်နင်းရင်ရပြီဆိုပြီး မြေကြီးမှ မြက်တစ်ဆုပ်ကို ကောက်ယူပြီး ကြိမ်လုံးဖြင့်ရိုက်ကာ ဖမ်းစေသတည်း ချုပ်စေသတည်းလို့ ပြောရင်း မြေပြင်ကို ပေါက်ချလိုက်တာနဲ့ တပြိုင်နက် မြသိန်းတန် ဘုရားကုန်းတော်နေရာ တော်တော်များများမှာ ကယ်ကြပါ လွှတ်ပေးပါလို့ အော်ဟစ် ငြီးငြူသံတွေ ပေါ်ပေါက်လာပါတော့တယ်။

ကိုရင်လေးက လာ ဦးသိန်းဆောင် မကြောက်နဲ့။ လက်ထဲမှာ ဆေးကြိမ်လုံးရှိရင် သူတို့ အန္တရာယ်မပေးနိုင်ဘူး။ အခု သိုက်ကို သွားပြီး ပြဒါရှင်လုံး ယူတော့မယ်။ ကျုပ်လည်းစကားမပြောတော့ဘူး။ သိုက်ကြီးပွင့်သွားရင် အထဲမှာ တံခါး ( ၇ )ချပ်ရှိတယ်။ နောက်ဆုံးတံခါးကို ဖွင့်ပြီးရင် ကျုပ်ဆေးကြိမ်လုံး အထဲကို ယူသွားလို့ မရတော့ဘူး။ ကျုပ်ဝင်သွားရင် တံခါးပိတ်သွားမယ်။ မကြောက်နဲ့။ ဆေးကြိမ်လုံးပေးခဲ့မယ်။ အထဲက ကျုပ်ပြဒါးရှင်လုံး ဖမ်းပြီးရင် ဖွင့်တော့လို့ ပြောတဲ့အချိန် ဆေးကြိမ်လုံးနဲ့ တံခါးကို ရိုက်ပေတော့။ မလွဲစေနဲ့။ ပြီးရင် ဒကာကြီး ရွှေငွေ ကျောက်သံ ပတ္တမြား ကြိုက်သလောက်သာ ယူပေတော့လို့ ပြောပြီး ချောင်းကမ်းစပ်ကို သွာပါတော့တယ်။ ကမ်းစပ်ကိုရောက်တော့ လက်ထဲမှာကိုင်ထားတဲ့ ဆေးကြိမ်လုံးနဲ့ ရေပြင်ကို ( ၃ )ချက် ဆင့်ပြီးရိုက်လိုက်ပါတယ်။ ရေလယ်ခေါင်မှ ဟီသံကြီးလို ညည်းညူတဲ့အသံလို အသံကြီးပေါ်ပေါ်က်လာပြီး အဆောက်အဦးတွေ ပေါ်ပေါ်က်လာပါတယ်။

အဆောက်အဦးရဲ့ အဝင်အဝ မှာရော အထဲမှာပါ အင်မတန်ကြောက်မက်ဖွယ် ရုပ်ဆင်းအင်္ဂ်ါနဲ့ ပုပုကွကွ အကောင်မျီုးစုံကို တွေ့ရပါတော့တယ်။ မကြောက်ပါဘူး အင်မတန်ရဲရင့်တဲ့ ဦးသိန်းဆောင်တစ်ယောက် သွေးလန့်ကာ မည်းနက်သော ဆံပင်များမှာ အဖြူရောင် ပြောင်းသွားပါတော့တယ်။ ဒါပေမယ့် ယောက်ျားကွ ဆိုပြီးအားတင်းကာ ဆက်သွားပါတယ်။ အခက်အခဲ မျိုးစုံတွေ့ကြုံရင်း တံခါးများကို တစ်ချပ်ချင်းဖြတ်ကျော်နိုင်ခဲ့ပါတယ်။ နောက်ဆုံးတံခါးရောက်တဲ့အခါ ကိုရင်လေးက သူ့လက်ထဲမှ ဆေးကြိမ်လုံးကို ဦးသိန်းဆောင်ထံပေးရင်း အထဲကို ဝင်သွားပါတော့တယ်။

နောက်ဆုံးတံခါးရဲ့ အဝင်အဝမှာ ခြေမန်းကွင်းစွပ်လျှက် မောင်နှမ နှစ်ယောက်မှ နှမလေးက မောင်ကြီးရယ် ကိုယ်ကျိုးနည်းပါပေါ့ မောင်ကြီးရယ်။ ဒုက္ခတော့ ရောက်ပါပေါ့ ဒီဘဝက လွတ်မြောက်ခါနီးမှ မောင်ကြီးတတ်ထားတဲ့ နာနာကောတုဟ အတတ်နဲ့ ပြုစားပါတော့လား မောင်ကြီးရယ်ဆိုပြီး ညည်တွားရှာပါတယ်။ ဦးသိန်းဆောင် တစ်ယောက် တံခါးဝမှာ ရပ်နေတုန်း အင်မတန်လှပတဲ့ မိန်းကလေးနှစ်ယောက်က ဦးသိန်းဆောင်၏ ဘယ်ညာ တစ်ယောက်တစ်ဖက် နေရင်း မောင်ကြီးရယ် ဒီမှာဘဲ နှမလေးတို့နဲ့ အတူတကွ သက်ဆုံးတိုင် နေပါလားလို့ ချစ်စဖွယ်ပြောရင်း ဘေးနားကပ်လို့လာပါတယ်။ ဦးသိန်းဆောင်က အင်မတန်လှပါလား ပြောတဲ့အသံလေးတွေက သာယာလိုက်တာ ဒါတွေဟာ တကယ်မဟုတ်ဘူး ငါ့ကို လှည့်စားနေတာပဲလို့ တွေးရင်း လက်ထဲမှဆေးကြိမ်လုံးဖြင့် ရိုက်မလို့ ရွယ်လိုက်တဲ့အခါ နာနာရုပ်အတတ်နဲ့ ဖန်ဆင်းထားတဲ့ မိန်းကလေးတွေ ပျောက်သွားပါတော့တယ်။ ဒီတော့ ဦးသိန်းဆောင်က လက်ထဲမှ ဆေးကြိမ်လုံးကို သဘောကျသွားပြီး ကိုရင်လေးက စွမ်းတာမဟုတ်လောက်ဘူး။ ဒီဆေးကြိမ်လုံးက စွမ်းတာဖြစ်မယ်။ အရာအားလုံးကို ဒီဆေးကြိမ်လုံးအစွမ်းနဲ့ ပြုလုပ်တာ ငါမြင်နေတာပဲ။ ကိုရင်လေးပြန်ထွက်လာရင် ဆေးကြိမ်လုံးကို ပြန်ပေးရမှာပဲ ဒီတော့ ဆေးကြိမ်လုံးပြန်မပေးရအောင် ငါအိမ်ပြန်ပြီး နောက်မှ ဆေးကြိမ်လုံးအစွမ်းနဲ့ ရွှေ ငွေ ကြိုက်သလောက် လာယူလို့ ရတာပဲလို့ တွေးမိပြီး အိမ်ကို လှည့်ပြန်ပါတော့တယ်။ အိမ်ပြန်ရာ လမ်းမှာ ကြောက်စရာ အကောင်တွေကို ဆေးကြိမ်လုံးနဲ့ ရွယ်လိုက်တာနဲ့ ပျောက်သွားတာတွေ့ရတော့ သဘောကျကျေနပ်ကာ အခက်အခဲအတားအဆီးမရှိ နေအိမ်ကို ပြန်ရောက်လာပါတော့တယ်။

ဦးသိန်ဆောင်တစ်ယောက် ဆံပင်တွေ ဘာ့ကြောင့် ချက်ချင်းဖြူရပါသလဲလို့ ရွာသားတွေထဲမှ ရင်းနှီးသူတစ်ချို့က မေးကြတဲ့အခါ ဆံပင်ဆိုးဆေးနဲ့ ဓါတ်မတည့်လို့ ဖြူသွားတာပါလို့ဖြေပါတယ်။ ဒီလိုနဲ့ နေလာတာ ( ၇ )ရက်ပြည့်ပြီးတဲ့ နောက်တစ်နေမှာ အိမ်ရှေ့မှာ သိန်းဆောင် ဟေ့သိန်းဆောင် ဆိုပြီး အော်ခေါ်သံကြားတာနဲ့ အပြင်ထွက်ကြည့်တော့ တစ်ခါမှမတွေ့ဘူးသော ယောဂီရောင် ဝတ်စုံနဲ့ လူတစ်ယောက်ကို ဒေါသထွက်နေသော မျက်နှာနဲ့ တွေ့ရပါတယ်။ ဦးသိန်းဆောင်က ဒီကနောင်ကြီးကို ကျုပ်မသိပါလား။ ဘာကိစ္စရှိလို့ပါလဲ လို့ မေးတဲ့အခါ အေးမင်းမသိပေမယ့် ငါသိတယ်။ မင်း ကိုရင်လေးစီက ယူသွားတဲ့ ဆေးကြိမ်လုံး ခုချက်ချင်းငါ့ပေးစမ်း လို့ပြောပြီး အင်း အသက်တော့ မှီကောင်းပါရဲ့လို့ လေးကန်စွာ ညည်းရှာပါတယ်။ ဦးသိန်းဆောင်က ခင်ဗျား ဘာတွေလာပြောနေတာလဲ ကျုပ်မသိဘူး ရှိလည်းမရှိဘူးလို့ပြောပါတယ်။
ယောဂီရောင် ဝတ်စုံနဲ့ ဧည့်သည်က သြော် တယ်ခက်ပါလား။ မသိချင်ယောင်ဆောင်မနေနဲ့ မြန်မြန်ပေးလို့ ထပ်ပြောပါတယ်။ ဦးသိန်ဆောင်က မရှိဘူးလို့ ပြောပြီပြီပဲ ဆိုပြီး အိမ်ထဲကို ပြန်ဝင်ပါတယ်။ ဧည်သည့်က ကောင်းပြီလေ။ အသာတကြည်တောင်းလို့ မပေးရင် ငါ့အစွမ်းအစနဲ့ယူရတာပေါ့ကွာလို့ ပြောပြီး။ မျက်စိကို စုံမှိတ်ပြီး ဂါထာတစ်ပုဒ်ကို ခပ်တိုးတိုး မန်းမှုတ်ရင်း သားကြီး လာခဲ့လို့ ဖနောင့်ပေါက်ပြီး ခေါ်လိုက်ပါတယ်။ ခေါ်သံထွက်ပြီး မရှေးမနှောင်းမှာ ဦးသိန်းဆောင်တို့ အိမ်မကြီးခေါင်တိုင်မှ အိမ်ရှေ့တံစက်မြိတ် တစ်လျှေက် ဝါးလုံးအဆစ်တွေကို ဖေါက်ထွက်ပြီး ဆေးကြိမ်လုံးက ဧည့်သည်ရဲ့ လက်ထဲကို ရောက်ရှိလာပါတယ်။ ရောက်လာလာခြင်း ဧည့်သည်က မြသိန်းတန် ဘုရားဘက်ကို သွားပါတော့တယ်။

ကွမ်းတယာညက်လောက် ကြာတဲ့အချိန် ဧည်သည်ပြန်ရောက်လာပြီး။ သိန်းဆောင် မင်း ဂတိ သစ္စာမတည်ဘူး။ မင်းကြောင့် ကိုရင်လေး အသက်ဆုံးရှုံးရတယ်။ ကိုရင်လေးသေ သလို မင်းအသက်သေဆုံးခါနီးမှာ တောကောင်တစ်ကောင် ကိုက်ခဲဖဲ့ပြီးမှ မင်းအသေဆိုးနဲ့ သေလိမ့်မယ်။ မင်းဆွေစဉ်မျိုးဆက်ထဲမှာလည်း ရူးသွပ်တဲ့ ဝေဒနာ ခံစားရလိမ်မယ်လို ပြောပြီး လမ်းမကြီးတစ်လျှောက် ထွက်သွားပါတော့တယ်။ ဒီလိုနဲ့ အချိန်တွေကုန်ဆုံးပြီးတဲ့နောက်မှာ ဦးသိန်းဆောင်တစ်ယောက် လူကြီးရောဂါဖြင့် အိပ်ယာထဲလဲနေချိန် အမျီုးအမည်မသိ အကောင်ကြီးတစ်ကောင် ဝင်ရောက်ကိုခဲတဲ့ ဒဏ်ရာတွေနဲ့ အသေဆိုးနဲ့ သေဆုံးခဲ့ရပါတယ်။ သူ့အမျိုးအဆွေတွေလည်း အကောင်းပဂတိမှ ရူးသွပ်တဲ့ဝေဒနာကို ခံစားနေရသည်ကို ယနေ့တိုင် စိတ်မကောင်းစွာ မြင်တွေ့နေရပါကြောင်း…..။

Zawgyi Version

သိုက္တူးျခင္း (စ/ဆုံး)
–––-––––-–––——-
လြန္ခဲ့ေသာ ႏွစ္ ( ၂၀ )ခန္႔က က်ေနာ္တို႔ ႐ြာကေလးသို႔ ကိုရင္ေလးတစ္ပါး ႂကြလာပါသည္။ ထိုကိုရင္ေလး ေရာက္ရွိလာခ်ိန္မွ စ၍ လြန္စြာ ထူးဆန္း အံၾသဖြယ္ေကာင္းေသာ အျဖစ္အပ်က္မ်ားကို က်ေနာ္တို႔ ေတြ႕ႀကဳံ ၾကားသိရပါေတာ့သည္။

က်ေနာ္တို႔ ႐ြာေလးရဲ႕ နာမည္ကေတာ့ ႏွဲႀကိဳး ပါ။ မိဘေတြ ကို သားတို႔႐ြာရဲ႕ နာမည္က ဘာေၾကာင့္ ႏွဲႀကိဳးလို႔ ေခၚသလဲဆိုၿပီး ေမးၾကည့္ေတာ့ အေမက ဒီလိုသားရဲ႕ မြန္မင္းသမီး ဥမၼာဒနီ ၱ က သူ႔ ဖခင္ရဲ႕အမ်က္ေဒါသေဘးက လြတ္ေအာင္ေျပးရင္း ဒီေနရာေလးကို ေရာက္ေတာ့ ဘုရားတည္ၿပီး ႐ြာကေလး နာမည္ကို မြန္ဘာသာအားျဖင့္ ”အဲက႐ိုး” လို႔ေခၚေစတယ္။ အဓိပၸါယ္ကေတာ့ ဘုရင္မတည္ေသာ ၿမိဳ႕လို႔ ေခၚတယ္ ၾကာလာေတာ့ ကာလေ႐ြ႕ေလ်ာၿပီး ႏွဲႀကိဳးလို႔ အမည္တြင္တာေပါ့လို႔ ေျပာပါတယ္။ ႐ြာထိပ္မွာလည္း ျမသိန္းတန္ လို႔ အမည္ရတဲ့ ဘုရားတစ္ဆူ အထင္ကရရွိပါတယ္။ ႐ြာကေလးက အင္မတန္ ေအးခ်မ္းသာယာပါတယ္။

ကိုရင္ေလး႐ြာလယ္ကို ေရာက္လာေတာ့ ဦးသိန္းေဆာင္ က ဒီကိုရင္ေလးက ဒို႔အနီးအနား႐ြာက မဟုတ္ဘူး။ ကိုရင္ေလးၾကည့္ရတာ အ႐ြယ္နဲ႔ မလိုက္ေအာင္ အိေျႏၵသိကၡာ ႀကီးမားလိုက္တာ ၿပီးေတာ့ ေရဆာေနပုံ ရတယ္ ဆိုၿပီး ကိုရင္ေလး တပည့္ေတာ္အိမ္ကို ႂကြပါဘုရားလို႔ ပင့္သြားတယ္။ အိမ္ေရာက္ေတာ့ ေသာက္ေရကပ္ပါတယ္။ ဦးသိန္းေဆာင္က ကိုရင္ေလး ဘယ္ကို ႂကြမလို႔လဲ ဘုရားဆိုေတာ့ ကိုရင္ေလးက စကၡဳအိေျႏၵခ်ထားရာက မ်က္လုံခ်င္းဆိုင္ၾကည့္ၿပီး က်ဳပ္ဒီ႐ြာကို လာတာပဲ။ အထက္အညာေဒသ က လာခဲ့တာ။ ဒကာႀကီးက ေစတနာလည္း ေကာင္းတယ္ ရဟန္းသံဃာ ကိုလည္း ဆက္ဆံတတ္တယ္။ ဒီေတာ့ ဒကာႀကီးႀကီးပြားၿပီ မွတ္လိုက္ေတာ့ လို႔ေျပာပါတယ္။ ဒီေတာ့ ဦးသိန္းေဆာင္က ရယ္ရင္း အရွင္ဘုရားကသာ ႀကီးပြားမယ္ေျပာတာ ဒီမွာေတာ့ လက္လႈပ္မွ ပါးစပ္ လႈပ္ရတာပါဘုရားလို႔ ျပန္ေလွ်ာက္တယ္။ တစ္ဆက္တည္း ကိုရင္ေလး လာရင္း ကိစၥကိုလည္း ေျပာပါအုံးလို႔ ေလွ်ာက္တယ္။

ကိုရင္ေလးက ဒကာႀကီး ဂတိသစၥာတည္ၿပီး ရဲစြမ္းသတၱိ ေရာ ရွိရဲ႕လားလို႔ ေမးေတာ့ သိန္ေးဆာင္ပါဘုရား တ႐ြာလုံး ႀကိဳက္တဲ့သူေမးလို႔ ရတယ္။ ဂတိသစၥာ တည္တာ တစ္႐ြာလုံး သိန္းေဆာင္အျပင္ ႏွစ္ေယာက္မရွိပါဘူးလို႔ ျပန္ေလွ်ာက္တယ္။ ဒီေတာ့ ကိုရင္ေလးက ေနရာက်ၿပီ ဟန္က်ၿပီ ဆိုၿပီး လက္ထဲမွာ အသင့္ပါလာတဲ့ ႀကိမ္လုံးေလးနဲ႔ ၾကမ္းျပင္ကို ႐ိုက္လိုက္ပါတယ္။ ဒီလို ႐ိုက္လိုက္တာနဲ႔ တစ္ၿပိဳင္နက္ ဦးသိန္းေဆာင္တို႔ အိမ္မွာရွိသမွ် တံခါးအားလုံးဟာ သူ႔အလိုလို ပိတ္သြားပါတယ္။ ကိုရင္ေလးက ဆက္ၿပီး သူေသာက္လို႔ ပိုေနတဲ့ ေရခြက္ထဲက ေရကို အိမ္ေဘးမွာ ကာထားတဲ့ ဝါးထရံကို လွမ္းပက္ၿပီး ဒကာႀကီး ၾကည့္လိုက္ လို႔ေျပာပါတယ္။ ဦသိန္းေဆာင္ ၾကည့္လိုက္တဲ့အခါ ျမသိန္းတန္ ေစတီေတာ္ႀကီးေအာက္ နဲ႔ ေခ်ာင္းေရျပင္ ေရလယ္ေခါင္ေလာက္မွာ လူေတြ အမ်ိဳးအမည္မသိတဲ့ အေကာင္ေတြ လႈပ္လႈပ္႐ြ႐ြသြားလာေနတာေတြကို ေတြ႕ရပါတယ္။ ဆက္ၾကည့္ေနရင္း ေရလယ္ေခါင္ေအာက္မွာ ဘုန္းႀကီးေက်ာင္း ျပသာဒ္ ကဲ့သို႔ အေဆာက္အဦးေတြ။ အေဆာက္အဦးေတြရဲ႕ အထဲမွာ ေ႐ႊ ေငြ ေက်ာက္သံ ပတၱျမားေတြ ျမင္မေကာင္းေလာက္ေအာင္ ေပါမ်ားေနတာ ေတြ႕ရပါတယ္။ ကိုရင္ေလးကဆက္ၿပီး ဒီအလယ္ေခါင္က အေဆာက္အဦးကိုၾကည့္ ဒကႀကီးဆိုၿပီး ႀကိမ္လုံးေလးနဲ႔ ၫြန္ျပတဲ့အခါ ေလေပၚမွာ တည္ရွိေနၿပီး အလွ်ံတဝင္းဝင္းေတာက္ေနၿပီး သြားလာေနတဲ့ ျပဒါးရွင္လုံးကို ေတြ႕ရပါတယ္။

ဦးသိန္ေဆာင္က ႀကိမ္လုံးေလး႐ိုက္လိုက္တာနဲ႔ အိမ္တံခါးေတြ သူ႔အလိုလို ပိတ္သြားတာရယ္ ဝါးထရံေပၚမွာ ျမင္ေတြ႕ေနရတဲ့ ျမင္ကြင္းေတြကို ၾကည့္ရင္း အံၾသစြာ မယုံၾကည္ႏိုင္စြာ ကိုရင္ေလးကို ၾကည့္လိုက္ပါတယ္။ ကိုရင္ေလးက က်ဳပ္ဒီ႐ြာကို လာတာ ဒီကိစၥပဲ ဒကာႀကီး။ က်ဳပ္ဒီသိုက္ထဲက ျပဒါးရွင္လုံးကို ယူမယ္ ဒကာႀကီးက ေ႐ြ ေငြ ေတြ ႀကိဳက္သေလာက္သာ ယူေပေတာ့လို႔ ေျပာပါတယ္။ ဒီေတာ့ ဒကာႀကီး က်ဳပ္နဲ႔ အတူလိုက္ဖို႔ သေဘာတူရဲ႕လားလို႔ ေမးပါတယ္။ ဦးသိန္ေဆာင္က ခ်မ္းသာဖို႔ အခြင့္အေရးႀကဳံၿပီဟဲ့ ဆိုၿပီး လိုက္ပါမယ္ဘုရားလို႔ ျပန္ေလွ်ာက္ပါတယ္။ ေကာင္းၿပီ ဒါဆိုရင္ ဒီေန႔ည ၁၂း၀၀နာရီ တိတိမွာ ၾကတၱိယာ နကၡတ္ စန္းယွဥ္တဲ့ အခ်ိန္မွာ သြားယူၾကစို႔။ အေရးႀကီးတာက ဒကာႀကီး ဒီအေၾကာင္းေတြကို မိမိကလြဲၿပီး မည္သူတစ္ဦးတစ္ေယာက္ကိုမွ် မေျပာဘို႔နဲ႔ သိုက္တူးေနစဥ္မွာ စကားလုံးဝ မေျပာဘို႔ ကို အထူးသတိျပဳရမယ္။ ဒကာႀကီး ေစာင့္ထိန္းႏိုင္ပါ့မလား ဆိုေတာ့ ထိန္းႏိုင္ပါတယ္ဘုရားလို႔ ျပန္ေလွ်ာက္တယ္။ ကိုရင္ေလးကေတာ့ လိုအပ္တဲ့ ပရိကံျပဳဖို႔ က်ဳပ္ မႏၲာန္ေတြစုပ္ဦးမယ္။ ဒကာႀကီးလည္း ဘုရားရွစ္ခိုး သီလယူေပေတာ့လို႔ ေျပာၿပီး ဘုရားစဥ္ေရွ႕မွာ ႐ြတ္ဖတ္ေနပါတယ္။ ဒီလိုနဲ႔ လျပည့္ည မွာ သိုက္တူးၾကပါတယ္။

ဒီလို လူသားႏွစ္ဦး ေျပာဆို တိုင္ပင္ေနတာကို ေဝမာနိက ၿပိတၱာ ဘုံဘဝ ေရာက္ေနတဲ့ အရမ္းခ်စ္တဲ့ ေမာင္ႏွမ ႏွစ္ေယာက္က ကမၼဇိတၳိ သိဒၶိတန္းခိုးရွိတဲ့ အတြက္ျမင္ေန ၾကားေနရပါတယ္။ ႏွမကေလးက ေမာင္ႀကီးရယ္ ဘိုးဘိုး အဓိဌာန္ဝင္ေနတဲ့ အခ်ိန္ေရာက္မွ ျဖစ္ရတယ္ ႏွမေလးတို႔ေတာ့ ဒုကၡေရာက္ပါၿပီ ေမာင္ႀကီးရယ္ ဆိုၿပီး ငိုေနေတာ့တာပါပဲ။ ေမာင္ႀကီးလုပ္တဲ့သူက ဘယ္တတ္ႏိုင္ပါ့မလဲ ျဖစ္လာေတာ့လည္း တတ္ႏိုင္သေလာက္ ကာကြယ္ၾကတာေပါ့လို႔ ေျပာၿပီး သူ႔ညီမေလးကို မ်က္ရည္ သုတ္ေပးရွာပါတယ္။

လျပည့္ည ျဖစ္တဲ့အတြက္ အရာဝတၳဳ ေတာ္ေတာ္မ်ားမ်ားကို လ အလင္းေရာင္ျဖင့္ေကာင္းစြာ ျမင္ေနရပါတယ္။ ကိုရင္ေလးက ေရွ႕ကႂကြၿပီး ဦးသိန္းေဆာင္က ေနာက္ကလိုက္လို႔ ျမသိန္းတန္ဘုရားကုန္းေတာ္ေပၚကို သြားေနၾကပါတယ္။ ျမသိန္းတန္ဘုရားကုန္းေပၚက ျမက္ပင္ေတြ လုံးဝ မေပါက္တဲ့ ကြင္းေျပာင္ေျပာင္ေလးနားေရာက္ေတာ့ ကိုရင္ေလးက ဒကာႀကီး မွတ္ထားပါ စကားလုံးဝ မေျပာပါနဲ႔ အေရးႀကီးတယ္လို႔ ထပ္ေျပာပါတယ္။ ဦးသိန္းေဆာင္က သေဘာေပါက္ေၾကာင္း ဦးေခါင္းညိတ္ျပပါတယ္။ ကိုရင္ေလးက ဤေနရာကို ေစာင့္ေရွာက္ေနေသာ အသင္ကြၽဲျဖဴႀကီးေပၚလာေစဆိုၿပီး ႀကိမ္လုံးနဲ႔ ႐ိုက္လိုက္ပါတယ္။ ခ်က္ျခင္း ကြၽဲျဖဴႀကီးေပၚလာၿပီး ခတ္ေတာ့မလို နင္းေတာ့မလိုနဲ႔ ေဒါသတႀကီးေပၚလာပါတယ္ ကိုရင္ေလးက ႀကိမ္လုံးေလး ျပလိုက္ၿပီး သင္ၿငိမ္သက္စြာေနေစ က်ဳပ္တို႔ကို မေႏွာင့္ယွက္ေစရလို႔ အမိန္႔ေပးပါတယ္။ ကိုရင္ေလးက ဒီဘက္အျခမ္းက နတ္ကြၽဲျဖဴကိုႏိုင္နင္းရင္ရၿပီဆိုၿပီး ေျမႀကီးမွ ျမက္တစ္ဆုပ္ကို ေကာက္ယူၿပီး ႀကိမ္လုံးျဖင့္႐ိုက္ကာ ဖမ္းေစသတည္း ခ်ဳပ္ေစသတည္းလို႔ ေျပာရင္း ေျမျပင္ကို ေပါက္ခ်လိုက္တာနဲ႔ တၿပိဳင္နက္ ျမသိန္းတန္ ဘုရားကုန္းေတာ္ေနရာ ေတာ္ေတာ္မ်ားမ်ားမွာ ကယ္ၾကပါ လႊတ္ေပးပါလို႔ ေအာ္ဟစ္ ၿငီးျငဴသံေတြ ေပၚေပါက္လာပါေတာ့တယ္။

ကိုရင္ေလးက လာ ဦးသိန္းေဆာင္ မေၾကာက္နဲ႔။ လက္ထဲမွာ ေဆးႀကိမ္လုံးရွိရင္ သူတို႔ အႏၲရာယ္မေပးႏိုင္ဘူး။ အခု သိုက္ကို သြားၿပီး ျပဒါရွင္လုံး ယူေတာ့မယ္။ က်ဳပ္လည္းစကားမေျပာေတာ့ဘူး။ သိုက္ႀကီးပြင့္သြားရင္ အထဲမွာ တံခါး ( ၇ )ခ်ပ္ရွိတယ္။ ေနာက္ဆုံးတံခါးကို ဖြင့္ၿပီးရင္ က်ဳပ္ေဆးႀကိမ္လုံး အထဲကို ယူသြားလို႔ မရေတာ့ဘူး။ က်ဳပ္ဝင္သြားရင္ တံခါးပိတ္သြားမယ္။ မေၾကာက္နဲ႔။ ေဆးႀကိမ္လုံးေပးခဲ့မယ္။ အထဲက က်ဳပ္ျပဒါးရွင္လုံး ဖမ္းၿပီးရင္ ဖြင့္ေတာ့လို႔ ေျပာတဲ့အခ်ိန္ ေဆးႀကိမ္လုံးနဲ႔ တံခါးကို ႐ိုက္ေပေတာ့။ မလြဲေစနဲ႔။ ၿပီးရင္ ဒကာႀကီး ေ႐ႊေငြ ေက်ာက္သံ ပတၱျမား ႀကိဳက္သေလာက္သာ ယူေပေတာ့လို႔ ေျပာၿပီး ေခ်ာင္းကမ္းစပ္ကို သြာပါေတာ့တယ္။ ကမ္းစပ္ကိုေရာက္ေတာ့ လက္ထဲမွာကိုင္ထားတဲ့ ေဆးႀကိမ္လုံးနဲ႔ ေရျပင္ကို ( ၃ )ခ်က္ ဆင့္ၿပီး႐ိုက္လိုက္ပါတယ္။ ေရလယ္ေခါင္မွ ဟီသံႀကီးလို ညည္းညဴတဲ့အသံလို အသံႀကီးေပၚေပၚက္လာၿပီး အေဆာက္အဦးေတြ ေပၚေပၚက္လာပါတယ္။

အေဆာက္အဦးရဲ႕ အဝင္အဝ မွာေရာ အထဲမွာပါ အင္မတန္ေၾကာက္မက္ဖြယ္ ႐ုပ္ဆင္းအဂၤ္ါနဲ႔ ပုပုကြကြ အေကာင္မ်ီဳးစုံကို ေတြ႕ရပါေတာ့တယ္။ မေၾကာက္ပါဘူး အင္မတန္ရဲရင့္တဲ့ ဦးသိန္းေဆာင္တစ္ေယာက္ ေသြးလန္႔ကာ မည္းနက္ေသာ ဆံပင္မ်ားမွာ အျဖဴေရာင္ ေျပာင္းသြားပါေတာ့တယ္။ ဒါေပမယ့္ ေယာက္်ားကြ ဆိုၿပီးအားတင္းကာ ဆက္သြားပါတယ္။ အခက္အခဲ မ်ိဳးစုံေတြ႕ႀကဳံရင္း တံခါးမ်ားကို တစ္ခ်ပ္ခ်င္းျဖတ္ေက်ာ္ႏိုင္ခဲ့ပါတယ္။ ေနာက္ဆုံးတံခါးေရာက္တဲ့အခါ ကိုရင္ေလးက သူ႔လက္ထဲမွ ေဆးႀကိမ္လုံးကို ဦးသိန္းေဆာင္ထံေပးရင္း အထဲကို ဝင္သြားပါေတာ့တယ္။

ေနာက္ဆုံးတံခါးရဲ႕ အဝင္အဝမွာ ေျခမန္းကြင္းစြပ္လွ်က္ ေမာင္ႏွမ ႏွစ္ေယာက္မွ ႏွမေလးက ေမာင္ႀကီးရယ္ ကိုယ္က်ိဳးနည္းပါေပါ့ ေမာင္ႀကီးရယ္။ ဒုကၡေတာ့ ေရာက္ပါေပါ့ ဒီဘဝက လြတ္ေျမာက္ခါနီးမွ ေမာင္ႀကီးတတ္ထားတဲ့ နာနာေကာတုဟ အတတ္နဲ႔ ျပဳစားပါေတာ့လား ေမာင္ႀကီးရယ္ဆိုၿပီး ညည္တြားရွာပါတယ္။ ဦးသိန္းေဆာင္ တစ္ေယာက္ တံခါးဝမွာ ရပ္ေနတုန္း အင္မတန္လွပတဲ့ မိန္းကေလးႏွစ္ေယာက္က ဦးသိန္းေဆာင္၏ ဘယ္ညာ တစ္ေယာက္တစ္ဖက္ ေနရင္း ေမာင္ႀကီးရယ္ ဒီမွာဘဲ ႏွမေလးတို႔နဲ႔ အတူတကြ သက္ဆုံးတိုင္ ေနပါလားလို႔ ခ်စ္စဖြယ္ေျပာရင္း ေဘးနားကပ္လို႔လာပါတယ္။ ဦးသိန္းေဆာင္က အင္မတန္လွပါလား ေျပာတဲ့အသံေလးေတြက သာယာလိုက္တာ ဒါေတြဟာ တကယ္မဟုတ္ဘူး ငါ့ကို လွည့္စားေနတာပဲလို႔ ေတြးရင္း လက္ထဲမွေဆးႀကိမ္လုံးျဖင့္ ႐ိုက္မလို႔ ႐ြယ္လိုက္တဲ့အခါ နာနာ႐ုပ္အတတ္နဲ႔ ဖန္ဆင္းထားတဲ့ မိန္းကေလးေတြ ေပ်ာက္သြားပါေတာ့တယ္။ ဒီေတာ့ ဦးသိန္းေဆာင္က လက္ထဲမွ ေဆးႀကိမ္လုံးကို သေဘာက်သြားၿပီး ကိုရင္ေလးက စြမ္းတာမဟုတ္ေလာက္ဘူး။ ဒီေဆးႀကိမ္လုံးက စြမ္းတာျဖစ္မယ္။ အရာအားလုံးကို ဒီေဆးႀကိမ္လုံးအစြမ္းနဲ႔ ျပဳလုပ္တာ ငါျမင္ေနတာပဲ။ ကိုရင္ေလးျပန္ထြက္လာရင္ ေဆးႀကိမ္လုံးကို ျပန္ေပးရမွာပဲ ဒီေတာ့ ေဆးႀကိမ္လုံးျပန္မေပးရေအာင္ ငါအိမ္ျပန္ၿပီး ေနာက္မွ ေဆးႀကိမ္လုံးအစြမ္းနဲ႔ ေ႐ႊ ေငြ ႀကိဳက္သေလာက္ လာယူလို႔ ရတာပဲလို႔ ေတြးမိၿပီး အိမ္ကို လွည့္ျပန္ပါေတာ့တယ္။ အိမ္ျပန္ရာ လမ္းမွာ ေၾကာက္စရာ အေကာင္ေတြကို ေဆးႀကိမ္လုံးနဲ႔ ႐ြယ္လိုက္တာနဲ႔ ေပ်ာက္သြားတာေတြ႕ရေတာ့ သေဘာက်ေက်နပ္ကာ အခက္အခဲအတားအဆီးမရွိ ေနအိမ္ကို ျပန္ေရာက္လာပါေတာ့တယ္။

ဦးသိန္ေဆာင္တစ္ေယာက္ ဆံပင္ေတြ ဘာ့ေၾကာင့္ ခ်က္ခ်င္းျဖဴရပါသလဲလို႔ ႐ြာသားေတြထဲမွ ရင္းႏွီးသူတစ္ခ်ိဳ႕က ေမးၾကတဲ့အခါ ဆံပင္ဆိုးေဆးနဲ႔ ဓါတ္မတည့္လို႔ ျဖဴသြားတာပါလို႔ေျဖပါတယ္။ ဒီလိုနဲ႔ ေနလာတာ ( ၇ )ရက္ျပည့္ၿပီးတဲ့ ေနာက္တစ္ေနမွာ အိမ္ေရွ႕မွာ သိန္းေဆာင္ ေဟ့သိန္းေဆာင္ ဆိုၿပီး ေအာ္ေခၚသံၾကားတာနဲ႔ အျပင္ထြက္ၾကည့္ေတာ့ တစ္ခါမွမေတြ႕ဘူးေသာ ေယာဂီေရာင္ ဝတ္စုံနဲ႔ လူတစ္ေယာက္ကို ေဒါသထြက္ေနေသာ မ်က္ႏွာနဲ႔ ေတြ႕ရပါတယ္။ ဦးသိန္းေဆာင္က ဒီကေနာင္ႀကီးကို က်ဳပ္မသိပါလား။ ဘာကိစၥရွိလို႔ပါလဲ လို႔ ေမးတဲ့အခါ ေအးမင္းမသိေပမယ့္ ငါသိတယ္။ မင္း ကိုရင္ေလးစီက ယူသြားတဲ့ ေဆးႀကိမ္လုံး ခုခ်က္ခ်င္းငါ့ေပးစမ္း လို႔ေျပာၿပီး အင္း အသက္ေတာ့ မွီေကာင္းပါရဲ႕လို႔ ေလးကန္စြာ ညည္းရွာပါတယ္။ ဦးသိန္းေဆာင္က ခင္ဗ်ား ဘာေတြလာေျပာေနတာလဲ က်ဳပ္မသိဘူး ရွိလည္းမရွိဘူးလို႔ေျပာပါတယ္။
ေယာဂီေရာင္ ဝတ္စုံနဲ႔ ဧည့္သည္က ေၾသာ္ တယ္ခက္ပါလား။ မသိခ်င္ေယာင္ေဆာင္မေနနဲ႔ ျမန္ျမန္ေပးလို႔ ထပ္ေျပာပါတယ္။ ဦးသိန္ေဆာင္က မရွိဘူးလို႔ ေျပာၿပီၿပီပဲ ဆိုၿပီး အိမ္ထဲကို ျပန္ဝင္ပါတယ္။ ဧည္သည့္က ေကာင္းၿပီေလ။ အသာတၾကည္ေတာင္းလို႔ မေပးရင္ ငါ့အစြမ္းအစနဲ႔ယူရတာေပါ့ကြာလို႔ ေျပာၿပီး။ မ်က္စိကို စုံမွိတ္ၿပီး ဂါထာတစ္ပုဒ္ကို ခပ္တိုးတိုး မန္းမႈတ္ရင္း သားႀကီး လာခဲ့လို႔ ဖေနာင့္ေပါက္ၿပီး ေခၚလိုက္ပါတယ္။ ေခၚသံထြက္ၿပီး မေရွးမေႏွာင္းမွာ ဦးသိန္းေဆာင္တို႔ အိမ္မႀကီးေခါင္တိုင္မွ အိမ္ေရွ႕တံစက္ၿမိတ္ တစ္ေလွ်က္ ဝါးလုံးအဆစ္ေတြကို ေဖါက္ထြက္ၿပီး ေဆးႀကိမ္လုံးက ဧည့္သည္ရဲ႕ လက္ထဲကို ေရာက္ရွိလာပါတယ္။ ေရာက္လာလာျခင္း ဧည့္သည္က ျမသိန္းတန္ ဘုရားဘက္ကို သြားပါေတာ့တယ္။

ကြမ္းတယာညက္ေလာက္ ၾကာတဲ့အခ်ိန္ ဧည္သည္ျပန္ေရာက္လာၿပီး။ သိန္းေဆာင္ မင္း ဂတိ သစၥာမတည္ဘူး။ မင္းေၾကာင့္ ကိုရင္ေလး အသက္ဆုံးရႈံးရတယ္။ ကိုရင္ေလးေသ သလို မင္းအသက္ေသဆုံးခါနီးမွာ ေတာေကာင္တစ္ေကာင္ ကိုက္ခဲဖဲ့ၿပီးမွ မင္းအေသဆိုးနဲ႔ ေသလိမ့္မယ္။ မင္းေဆြစဥ္မ်ိဳးဆက္ထဲမွာလည္း ႐ူးသြပ္တဲ့ ေဝဒနာ ခံစားရလိမ္မယ္လို ေျပာၿပီး လမ္းမႀကီးတစ္ေလွ်ာက္ ထြက္သြားပါေတာ့တယ္။ ဒီလိုနဲ႔ အခ်ိန္ေတြကုန္ဆုံးၿပီးတဲ့ေနာက္မွာ ဦးသိန္းေဆာင္တစ္ေယာက္ လူႀကီးေရာဂါျဖင့္ အိပ္ယာထဲလဲေနခ်ိန္ အမ်ီဳးအမည္မသိ အေကာင္ႀကီးတစ္ေကာင္ ဝင္ေရာက္ကိုခဲတဲ့ ဒဏ္ရာေတြနဲ႔ အေသဆိုးနဲ႔ ေသဆုံးခဲ့ရပါတယ္။ သူ႔အမ်ိဳးအေဆြေတြလည္း အေကာင္းပဂတိမွ ႐ူးသြပ္တဲ့ေဝဒနာကို ခံစားေနရသည္ကို ယေန႔တိုင္ စိတ္မေကာင္းစြာ ျမင္ေတြ႕ေနရပါေၾကာင္း…..။

No comments

Post a Comment