ရွာပျက်ကြီးမှငိုသံပိုင်ရှင်(စ/ဆုံး)

  ရွာပျက်ကြီးမှငိုသံပိုင်ရှင်(စ/ဆုံး) ————————————- လေထုသည်သူ၏လားရာသို့ရွေ့လျားဟန်မပြ ငြိမ်သက်လို့နေခဲ့၏။ ထိုနည်းတူစွာပတ်ဝန်းကျင်၏တိတ်ဆိတ်ခြ... thumbnail 1 summary

 ရွာပျက်ကြီးမှငိုသံပိုင်ရှင်(စ/ဆုံး)

————————————-
လေထုသည်သူ၏လားရာသို့ရွေ့လျားဟန်မပြ ငြိမ်သက်လို့နေခဲ့၏။
ထိုနည်းတူစွာပတ်ဝန်းကျင်၏တိတ်ဆိတ်ခြင်းသည်လည်း
အသည်းငယ်သူအဖို့မနေဝံ့စရာပင်။
တိတ်ဆိတ်သောထိုနေရာသည်က မည်သည့်နေရာပေနည်း။
ထိုနေရာ၏အမည်သည်က “စမ်းချောင်းရွာ”ဟုအမည်တွင်ပေသည်။
စမ်းချောင်းရွာ ဆိုသည်က
ရွာတစ်ရွာ၏အမည်ပင်ဖြစ်သည် ။
ရွာဟုဆိုသော်လည်း နေထိုင်သူ မရှိဘဲ ခြောက်ကပ်တိတ်ဆိတ်လို့နေပြန်သည်။
ယခင်ကစည်းကားစွာရှိသော ရွာကြီးသည် ယခုတော့မည်သူမှရှိမနေခဲ့။
အကြောင်းတစ်ခုခုကြောင့်ထိုသို့ဖြစ်သွားရသည်
ဆိုလျှင်ဖြင့်စာဖတ်သူတို့ယုံကြည်ကြလေမည်လား။
ထိုအကြောင်းသည်က…
***************
စမ်းချောင်းရွာ ဆိုသည်က ဤနယ်တဝိုက်၌ စည်းကားလှသော ရွာကြီးဟုပင် အများသိကြ၏။
စမ်းချောင်းရွာ ၌ လယ်တောများပေါများလှပေသည်။
ပဲစိုက်ခင်းများ၊စပါးစိုက်ခင်းများအပြင် မြေအိုးလုပ်ငန်းလည်း တွင်ကျယ်စွာတည်ရှိသည်။
စမ်းချောင်းရွာ၏ သူကြီးဖြစ်သူ အမည်ကား ဦးကြွယ်ပင်ဖြစ်၏။
ဦးကြွယ်သည်က အသက်အားဖြင့်ငါးဆယ်ကျော်ရှိပြီး ဇနီးသည်မရှိရှာတော့။
ဦးကြွယ်သည် သမီးဖြစ်သူခင်မမနှင့်သာအတူနေထိုင်ပြီး
ခင်မမသည်အိမ်ထောင်သည်ပင်ဖြစ်၏။
ခင်မမ၏ ယောကျာ်းဖြစ်သူစံတိုးသည်က ပွဲစားတစ်ဦးပင်။
ရွာရှိ ပဲများ၊ဆန်များကိုတဆင့်ဝယ်ယူ၍ မြို့တက်ရောင်းချသူပင်ဖြစ်သည်။
ခင်မမတို့၌သားထောက်သမီးခံမရှိကြသေး။
ထိုကဲ့သို့ သူကြီးဦးကြွယ်အုပ်ချုပ်သော ရွာသည် အေးချမ်း၏။
ခိုက်ရန်ဖြစ်ပွားခြင်းမရှိ ရွာသားအချင်းချင်း သင့်မြတ်လွန်းလှပေသည်။
ဒီလိုဖြင့်တစ်ရက်၌…
“အမေ…ကျုပ် လယ်ထဲထမင်းသွားပို့တော့မယ်နော်”
စမ်းချောင်းရွာသူဖြစ်သည့် မလေးခင်က မိခင်ဖြစ်သူအားခွင့်တောင်းနေလေသည်။
လယ်တောသို့သွားကြသော ဖခင်ဖြစ်သူနှင့်မောင်များအတွက်ထမင်းတောင်းပို့ဖို့ရန်
အချိန်သို့ရောက်လေပြီ။
“အေး…အေး…သေချာသွားနော် လေးခင် …လယ်တောက ရွာနဲ့ဝေးတော့
အမေ ညည်းကိုစိတ်မချဘူးအေ့”
“အို…အမေရယ်…ကျုပ်ကိုစိတ်ချပါတော်”
“ဘာကိုစိတ်ချရမှာလည်းလေးခင်…
ညည်းအရင်တစ်ခေါက်
လယ်တောထမင်းတောင်းသွားပို့တာ
လမ်းမှာညည်းအကောင်နဲ့ချိန်းတွေ့တာကို ညည်းမောင်တွေတွေ့လို့တိုင်တောခံရတာလေ…။
အဲ့တုန်းက ဖအေဖြစ်သူကျောကော့အောင်အရိုက်ခံရတာကို မမှတ်မိတော့ဘူးလားအေ့”
“အမေရယ် အဲ့တာလမ်းမှာမတော်တစတွေ့တာလို့ ကျုပ်ပြောတော့လည်း အမေတို့က မယုံဘူးတော်”
” ယုံအောင်နေပေါ့အေ…
ညည်းအနေအထိုင်မဆင်ခြင်တော့အပြောခံရမှာပေါ့”
“ဟုတ်ပြီတော်ရေ့…ဟုတ်ပြီ…
ကျုပ်ပဲဆင်ခြင်မယ်ရပြီမလား…
ပေးပေး ထမင်းတောင်း…ကျုပ်သွားတော့မယ်”
“ဒီကောင်မကတော့ ကိုင်ထားတဲ့ယောင်းမနဲ့ကောက်ပေါက်လိုက်ရ
မအေကိုမရိုမသေနဲ့”
မလေးခင်တို့သားအမိ
စကားပြောနေရင်းမှမပြေမလည်ဖြစ်လာခဲ့သည်။
ထိုအခါမလေးခင်တစ်ယောက် ထမင်းတောင်းအားဆောင့်ကြီးအောင့်ကြီးယူသွားလေရာ
ကျန်ရစ်ခဲ့သော
မိခင်ဖြစ်သူ၏ဆူပူသံများထွက်ပေါ်လာတော့သည်။
*********
မလေးခင်တို့မိသားစုသည် လူညီ၏။
မောင်ဖြစ်သူနှစ်ယောက်နှင့် ဖခင်ဖြစ်သူတို့ကလယ်တောသို့ဆင်းကာအလုပ်လုပ်ကြပြီး။
မလေးခင်နှင့်မိခင်ဖြစ်သူက အိမ်ဝိုင်းကျယ်ကြီးအတွင်းစိုက်ပျိုးထားသည့် ခရမ်းချဉ်သီး၊ပဲတောင့်ရှည် အစရှိသည့်ရာသီပေါ်အသီးအနှံများရောင်းချကာ အပိုဝင်ငွေရှာကြ၏။
ထိုသို့ကြောင့်မလေးခင်၏မိဘများသည်သမီးဖြစ်သူ
မလေးခင်အား ရွှေနားကပ်ရွေလက်ကောက်များဆင်မြန်း၍
ပေးထားကြသည်။
ယခုမလေးခင်တစ်ယောက် ထမင်းတောင်းအားခေါင်းပေါ်ရွက်၍
လယ်တောဆီသို့ထွက်လာခဲ့သည်။
လမ်းတွင်ရွာမှအသိမိတ်ဆွေများမှ မလေးခင်အားနှုတ်ဆက်ကြ၏။
မလေးခင်ရွာပြင်ဘက်ဆီသို့ရောက်လာလေတော့ လူအသွားအလာနည်းပါးသွား၏။
ထို့ကြောင့်မလေးခင် ခပ်သွက်သွက် လျှောက်လှမ်းလာခဲ့လေသည်။
ထိုသို့ခပ်သွက်သွက်လျှောက်လှမ်းရင်း သူမနှင့်မျက်နှာချင်းဆိုင်ထံမှ လူစိမ်းသုံးဦးအား မလေးခင်မြင်လေရာ စိတ်အတွင်းထိတ်လန့်သွားခဲ့ရသည်။
ယခင်သွားနေကြဖြစ်သော်လည်း
ယခုထိုလူစိမ်းများကြောင့် မလေးခင် ရှေ့သို့ဆက်သွားဖို့ရန်တွန့်ဆုတ်မိ၏။
သို့သော်သူမ၏စိတ်ကို တင်းစေပြီး ဆက်လျှောက်လာခဲ့လိုက်သည်။
မျက်နှာခြင်းဆိုင်မှ လူစိမ်းသုံးယောက်သည် သူမအား သတိမပြုမိသလိုကျော်ဖြတ်သွားချိန်မှသာ
မလေးခင် စိတ်သက်သာရာရသွားခဲ့၏။
မလေးခင်စိတ်တို့သက်သာရာရသွားချိန်၌
မလေးခင်သတိမထားမိလိုက်သည့် မလေးခင်၏နောက်ပါးဆီမှ…
“အားးးးးးးးးးးးး”
************
ညနေပင်မှောင်ရီသန်းနေလေပြီ။
ထမင်းသွားပို့သော မလေးခင်သည် အိမ်သို့ပြန်မရောက်လာသေး။
လယ်တောသို့ထမင်းသွားပို့သော်လည်း မရောက်လာ၍ဖခင်ဖြစ်သူနှင့်မောင်ဖြစ်သူနှစ်ယောက်သည်လည်း မလေးခင်အား ဒေါသထွက်နေကြ၏။
“တောက်…ဒီခွေးမ တော့ကွာ…”
“ဒေါသတွေခဏထားပါဦး ကိုကျော်မြရယ်…ကျုပ်သမီးလေးကိုရှာပါဦးတော်”
မလေးခင်၏မိခင်ဖြစ်သူက ငိုကြွေးလို့နေ၏။
သမီးဖြစ်သူကိုဒေါသထွက်သော်လည်းစိတ်ပူပန်မှုကသာပိုမိုကြီးထွားနေရှာသည်။
ထိုအချိန် အစ်မဖြစ်သူသတင်းသွားရောက်စုံစမ်းသော မောင်ဖြစ်သူနှစ်ယောက်ပြန်ရောက်လာကာ…
“အဖေ…အဖေ့သမီးလုပ်ရက်တယ်ဗျာ…”
“ဘာထူးလဲအကြီးကောင်”
“အဖေ့သမီး သူ့ရည်းစားနဲ့လိုက်ပြေးတာထင်တယ်…ဟိုအကောင်လည်းမြို့တက်သွားတယ်ပြောနေကြတယ်…”
“အင်း…ဒါဆို ဒီကောင်မတို့ကိုအရှက်ရအောင်လုပ်တာသေချာပြီပဲ…
တောက်..အကြီးဆုံးသမီး…အမိုက်ဆုံးသမီး…ကွာ…”
“ဝုန်း…”
“ခလွမ်…ခွမ်းးးး”
မလေးခင်၏ဖခင်ဦးကျော်မြသည် အနီးရှိစားပွဲအားဒေါသတကြီးတွန်းလှဲပစ်လိုက်လေရာ စားပွဲပေါ်ရှိ အရာများကွဲကျကုန်တော့လေသည်။
“သမီးရယ်…မိုက်လိုက်တာအေ”
“ငိုမနေနဲ့…နင်တို့သားအမိသုံးယောက်ကိုငါပြောထားမယ်..အဲ့ကောင်မသတင်းဆိုဘာကိုမှမစုံစမ်းကြနဲ့…
သူထိုက်နဲ့သူ့ကံပဲ..အခုဆိုငါ့မှာသားနှစ်ယောက်ပဲရှိတယ်…ကြားကြလား”
“ဟုတ်ကဲ့”
“ဟုတ်ကဲ့ပါအဖေ”
ဦးကျော်မြသည်သမီးဖြစ်သူသတင်းအား မစုံစမ်းခိုင်းတော့။
သမီးအဖြစ်မှဖယ်ရှားလိုက်တော့၏။
ထိုသို့ဖြင့် မလေးခင် ပျောက်ဆုံးပြီး တစ်ပတ်အကြာ မလေးခင်၏ချစ်သူဖြစ်သူသည် ရွာသို့ပြန်ရောက်လာခဲ့လေသည်။
သို့သော် အားလုံးသိထားကြသည့်အတိုင်း မလေးခင်နှင့်ခိုးပြေးခြင်းမဟုတ်။
သူ၏အလုပ်ဖြင့်သာမြို့သို့တက်သွားပြီး ရွာသို့ရောက်မှသာ မလေးခင်ပျောက်ဆုံးတာကိုသိရှာ၏။
ထိုအခါမှသာ ဦးကျော်မြတို့သမီးဖြစ်သူအားလိုက်လံရှာဖွေကြလေရာ မည်သည့်သတင်းအစအနကိုမျှမရရှိကြတော့ပေ။
မလေးခင်ပျောက်ဆုံးပြီး၍တစ်လအကြာတွင်ဖြစ်သည်။
အချိန်သည်ကား ညသန်းခေါင်ယံလူခြေတိတ်ချိန်ဖြစ်၏။
ထိုအချိန်၌ ရွာရှိခွေးများပင် အိပ်မောကျလို့နေခဲ့သည်။
တိတ်ဆိတ်သော ညသန်းယံတွင် ရုတ်ချည်းထွက်ပေါ်လာခဲ့သော….
“အဟင့်…အဟင့်…အဟင့်…အီးးး….
ဟီးးးး…ဟီးးးးး….”
အမျိုးသမီးတစ်ဦး၏ငိုကြွေးသံကြီးထွက်ပေါ်လို့လာခဲ့၏။
ထိုငိုကြွေးသံအား အိပ်မောကျနေသော ရွာသူ၊ရွာသားများသတိထားမိကြသည်။
သန်းခေါင်ကျော်မှထွက်ပေါ်လာသောငိုကြွေးသံသည် သုံးချက်တီးလောက်မှသာရုတ်ချည်းပျောက်ကွယ်လို့သွားလေသည်။
နောက်တစ်နေ့နံနက်မိုးအလင်းမှာတော့ ထိုငိုသံကြီး၏သတင်းသည် ရွာအတွင်းသတင်းတစ်ခုသဖွယ်ဖြစ်လို့နေခဲ့၏။
ငိုသံကြီးထွက်ပေါ်ချိန်၌မည်သူတစ်ဦးတစ်ယောက်ကမှ
အိမ်အပြင်ဘက်ဆီသို့
မထွက်ရဲခဲ့ကြ။
ထို့ပြင်ငိုသံကျယ်ကြီးသည်
ရွာရှိအိမ်တိုင်းလိုလိုမှကြားနေကြရသည်မှာလည်း
ပို၍ထူးဆန်းလှ၏။
ရက်မှလသို့ပြောင်းလဲသွားသော်လည်း ညစဉ်ငိုသံကြီးကိုကြားနေကြရ၏။
ရွာရှိလူများစုပေါင်း၍ ပရိတ်ရွတ်ခြင်းအပြင်တတ်ကျွမ်းသောဆရာသမားများ
ပင့်ဖိတ်ပါသော်လည်း ငိုသံကြီးကပျောက်ကွယ်မသွားဘဲ
ဖြစ်မြဲအတိုင်းပင်ဖြစ်နေခဲ့လေသည်။
ထိုသို့ဖြစ်ပျက်နေသော ရွာ၌ နေထိုင်ကြသူများသည်လည်း
တစတစပြောင်းရွေ့သွားကြ၏။
နောက်ဆုံးရွာ၌ လူတစ်ဦးတစ်ယောက်မှမရှိသည်အထိဖြစ်သွားခဲ့
ရလေသည်။
ထိုရွာပျက်ကြီးအား ဖြတ်သန်းသွားလာကြသည့် ခရီးသွားများအတွက်
အတော်ပင်ထူးဆန်းခဲ့ရပေသည်။
အကြောင်းမှာညစဉ်ငိုသံသည်
ထွက်ပေါ်နေစဲကြောင့်ပင်ဖြစ်၏။
သို့သော် တဆင့်စကားတဆင့်ကြား၍ မည်သူမှထိုရွာကြီးအားညဘက်၌
ဖြတ်သန်း၍ခရီးသွားကြခြင်းမရှိတော့ပေ။
**********
“သြော်…ဒါဆို မောင်ရင်က အဲ့နယ်ကလာတာလားကွဲ့”
“ဟုတ်ကဲ့ဘွား…ကျုပ်က အဲ့ရွာပျက်ကြီးနဲ့မဝေးတဲ့ရွာဆီကပါ…”
“အေး…အေး…ဘယ့်နဲ့မောင်ရင်ရဲ့ဖျာကြမ်း
တွေကောရောင်းရသလား”
“ဟုတ်…ရောင်းရပါတယ်ဘွား…မနက်ဖြန်ဆို ကျုပ်ပြန်ရတော့မှာပါ”
ရွာများဆီသို့ ဖျာလိုက်ရောင်းချသော မောင်ဇင်သည် ဘွားမယ်စိန်အား.သူသိထားသည့် ရွာပျက်ကြီးအကြောင်းပြောပြနေခဲ့သည်။
ထိုရွာပျက်ကြီး၌ လူမနေထိုင်ကြတော့သည်မှာ နှစ်ပေါင်းသုံးဆယ်မျှရှိပြီဟု မောင်ဇင်ကပြောလေသည်။
ထိုအကြောင်းကိုလည်း ဖျာဝယ်ယူရင်းဘွားမယ်စိန်တစ်ယောက်စိတ်ဝင်တစားဖြင့်နားထောင်ခဲ့၏။
“ဒီလိုကွယ်…မောင်ရင်အပမ်းမကြီးရင် မောင်ရင်ပြန်ရင် ဘွားလိုက်ခဲ့လို့ရမလား”
“ဗျာ…”
“ဘွားက အဲ့ရွာပျက်ကြီးကိုသွားချင်လို့ပါကွယ်…
ဒါကလည်းမောင်ရင်အဆင်ပြေမှပါလေ”
“အမေကအကြောင်းရှိလို့ထင်ပါရဲ့…
ဒီကမောင်ဇင်အပမ်းမကြီးအောင် အရီးတို့ကလှည်းယူခဲ့မှာပါ…အရီးအမေအကြောင်းတော့မောင်ရင်မသိလောက်ဘူး…
အရီးအမေကအဲ့ရွာအတွက်တစ်ခုခု
လုပ်ပေးချင်နေတယ်ဆိုတာတော့အရီးသိတယ်ကွယ်”
ဘွားမယ်စိန်၏သမီးဖြစ်သူဒေါ်ဝင်းက ကြားဖြတ်ပြောလေသည်။
ထိုအခါ မောင်ဇင်က…
“ဘွားမယ်စိန်အကြောင်းကို ကျုပ်လိုရွာစဉ်လှည့်ဈေးရောင်းသူကသိပါတယ်အရီး…။ဒါကြောင့်လည်း ဒီရွာကြီးအကြောင်းကျုပ်ပြောပြတာပါ…။
အခုထိငိုယိုသံတွေထွက်နေသေးတဲ့အဲ့သည်ရွာပျက်ကြီးကို ဘွားတစ်ခုခုလုပ်ပေးနိုင်လိမ့်မယ်လို့လည်း ကျုပ်ယုံကြည်ပါတယ်…လိုက်ခဲ့ပါဘွား…
ကျုပ်ခေါ်ပါတယ်”
“အေးကွယ်…သာဓု…သာဓု…သာဓု”
ထိုသို့ဖြင့်နောက်ရက်မှာဖြင့်…
မောင်ဇင်ပြောသောရွာပျက်ကြီးထံသို့
ဘွားမယ်စိန်၊မောင်တိုး၊မောင်အုန်းနှင့်မောင်ဇင်တို့လေးဦးသားနွားလှည်းဖြင့်
ခရီးထွက်လာခဲ့ကြတော့၏။
ရွာပျက်ကြီးထံသို့ရောက်လေတော့ မိုးပင်ချုပ်လေပြီ။
ရွာပျက်ကြီး၌
လူသူကင်းမဲ့ပြီးအပင်များသည်လည်း အထိန်းအကွပ်မရှိကြီးထွားအုံ့ဆိုင်းလို့နေခဲ့သည်။
လူမနေသော အိမ်အိုအိမ်ပျက်ကြီးများနှင့်ရွာကြီးသည် အကျည်းတန်လွန်းလှ၏။
ဘွားမယ်စိန်၏ဆန္ဒအရကျန်သုံးဦးသည် ရွာပျက်ကြီး၌သာညအိပ်ကြရပေမည်။
နွားများကိုရေတိုက်အစာကျွေးပြီးနောက်
ညစာစားဖို့ပြင်ဆင်ကြလေသည်။
ဘွားမယ်စိန်တို့နေရာယူထားသည်က မြက်များရှင်းသည့်နေရာလွတ်တစ်ခု၌ဖြစ်သည်။
မောင်တိုးနှင့်မောင်အုန်းတို့သည် မီးပုံပြုလုပ်နေပြီး
မောင်ဇင်သည်ကား ယူဆောင်လာခဲ့သည့်ထမင်းထုပ်ဟင်းထုပ်များကို
နေရာချနေခဲ့၏။
ဘွားမယ်စိန်သည်ကားသူ၏တောင်ဝှေးကိုထောက်၍
ဘေးဘယ်ညာဆီသို့စိတ်ဝင်တစားလိုက်လံ၍
ကြည့်ရှု့နေခဲ့ပေသည်။
ပြီးနောက်မှာတော့
လေးဦးသားစုံညီစွာညစာစားကြလေသည်။
ညစာစားအပြီးမီးပုံဘေး၌အခင်းများခင်းကျင်း၍
အိပ်စရာနေရာ ပြုလုပ်ကြပြန်သည်။
မောင်တိုး၊မောင်အုန်းနှင့်မောင်ဇင်တို့သုံးဦးသည် မီးပုံ၏တစ်ဖက်ဘေး၌စုပြုံလှဲအိပ်ကြ၏။
ဘွားမယ်စိန်သည်ကားမိမိ၏နေရာတစ်ဖက်၌ မလှဲသေးဘဲ ထိုင်နေလျှက်ပင်။
မီးပုံကိုတစ်ချက်ကြည့်လိုက်ဘေးဘယ်ညာကို
ကြည့်လိုက်ဖြင့် ဘွားမယ်စိန်မအိပ်နိုင်ရှာသေး။
ကျန်သုံးဦးမှာသားခရီးပင်ပန်း၍ဟောက်သံများပင်
တစီစီထွက်ပေါ်လို့နေလေပြီ။
************
ကောင်းကင်၌တိမ်မဲများသည် သာနေသော လအားဖုံးကွယ်လိုက်တိုက်ခတ်နေသောလေကြောင့်
တရွေ့ရွေ့ဖယ်ရှားသွားလိုက်ဖြင့် ကောင်းကင်တခွင်နေရာယူလို့ထား၏။
ထိုသို့အချိန်၌…
“အီးးး….ဟီးးးးးး….ဟီးးးးးးးး……ဟီးးးးးးးးးးးးးးးး”
“အူ….ဝူးးးး…ဝူးးး….အူ……”
ငိုသံကြီးနှင့်အတူ မည်သည့်အရပ်ကမှန်းမသိသော ခွေးအူသံတို့သည်တပြိုင်နက်တည်းထွက်ပေါ်လို့လာခဲ့၏။
ထိုငိုသံကိုဘွားမယ်စိန်နားစွင့်နေ၏။
ခဏကြာလေမှကျန်သုံးဦးသည်လည်းငိုသံကို
ကြားရ၍ထင်သည်
အိပ်နေရာမှဇတ်ခနဲထလာခဲ့ကြ၏။
“ကဲ…နိုးကြပြီးလား…မောင်တိုးမီးတုတ်ယူခဲ့…မောင်အုန်းကနွားလှည်းမှာထားတဲ့ဓားမကိုယူခဲ့…လာကြ”
ဘွားမယ်စိန်ထထွက်သွား၍ မောင်တိုးတို့အလျင်စလို လိုက်ခဲ့ကြရသည်။
ခြုံများ…အပင်များကြားမှသွားလာကြသည်မို့သတိကြီးစွာသွားကြရ၏။
ဘွားမယ်စိန်မည်သည့်အရပ်သို့သွားသည်ကိုမသိကြ။
ငိုသံကြီးကတော့ထွက်ပေါ်နေစဲပင်။
ငိုသံကြီးကြောင့် ကြောက်စိတ်ဖြင့်
ကြက်သီးများပင်ထနေကြသော်လည်းဘွားမယ်စိန်ကြောင့်
အားတင်းကာလိုက်လာကြရ၏။
ဘွားမယ်စိန်သည် နေရာတစ်ခုသို့အရောက်…
“ရပြီ…မင်းတို့ဒီနားနေခဲ့ကြ…ဘွားခေါ်မှသာလာကြကွယ်”
“ဟုတ်ကဲ့ပါဘွား”
“ဟုတ်ကဲ့”
သုံးဦးကိုချန်ထားခဲ့၍ ဘွားမယ်စိန်သူ၏တောင်ဝှေးကိုယူဆောင်ကာရှေ့ထံသို့
တိုးကပ်သွားခဲ့သည်။
ဘွားမယ်စိန်သွားနေသည်က အုန်းပင်တစ်ပင်၏အောက်သို့။
ဘွားမယ်စိန်မြင်နေရသည်က ထိုအုန်းပင်အောက်၌ သူ့အားကျောပေးကာ ရှိုက်ငင်တကြီးငိုကြွေးနေသော အမျိုးသမီးတစ်ဦးပင်။
ထိုအမျိုးသမီးနှင့်မလှမ်းမကမ်းသို့ ဘွားမယ်စိန်ရောက်လာလေတော့…
“သမီးးး…”
“ဟင်…”
ဘွားမယ်စိန်ခေါ်သံကြောင့်အမျိုးသမီးသည် အံ့သြသွားဟန်တူ၏။
သူ၏ငိုသံပင်တိတ်ဆိတ်၍သွားသည်။
“ဘွားဆီလာ…ဘွားက သမီးရဲ့အခက်အခဲကိုလာကူညီတာပါကွယ်”
အမျိုးသမီးသည် ဘွားမယ်စိန်ဘက်သို့သူ၏ကိုယ်အားလှည့်လာကာ ကြည့်လိုက်သည်။
မောင်တိုးတို့သည်ကရုတ်တရက် တိတ်ဆိတ်သွားသောငိုသံနှင့်
တစ်ဦးထဲစကားပြောဆိုနေသောဘွားမယ်စိန်အား ရင်တထိတ်ထိတ်ဖြင့် ကြည့်နေခဲ့ကြလေသည်။
“သမီးကို…သမီးကိုမြင်တယ်လား”
အမျိုးသမီးသည်ချော၏။
သူ၏အမေးအားဘွားမယ်စိန်ကခေါင်းငြိမ့်ပြလေရာသူ၏
မျက်နှာအထက်၌အပြုံးတစ်ခုထွက်ပေါ်လာခဲ့ပြီး…
“ဝမ်းသာလိုက်တာ…ဝမ်းသာလိုက်တာဘွားရယ်…”
ဟုပြောရှာသည်။ပြီးနောက်ဆက်ပြီး…
“ဟိုလူတွေကရောမြင်ကြတာလား…
ဘွားတို့ကသမီးလိုပဲလား”
မောင်တိုးတို့သုံးဦးကိုမေးငေါ့မေးလေရာဘွားမယ်စိန်က…
“မဟုတ်ဘူးသမီး…သူတို့က သမီးကိုမမြင်ကြပါဘူး။နောက်ပြီး ဘွားတို့ကလူသားတွေပါသမီးနဲ့ဘုံဘဝမတူညီကြဘူးလေ”
“ရှင်…”
“မအံ့သြနဲ့သမီး…ဘွားဒီကိုလာတာ ဒီရွာပျက်ကြီးကငိုသံကိစ္စကိုဖြေရှင်းပေးချင်လို့ပဲကွယ်…
ဒါနဲ့သမီးနာမည်က…”
“သမီးနာမည်က မလေးခင်လို့ခေါ်ကြပါတယ်…အချိန်တစ်ခုကပေါ့ နောက်များကြတော့ မလေးခင်ကိုဘယ်သူမှမတွေ့ကြ
စကားမပြောကြတော့ဘူးလေ”
“အင်း…ဒါက သမီးနဲ့ဘုံဘဝခြားသွားကြတာကိုး…
သမီးအကြောင်းလေးဘွားကိုပြောပြပါလားကွယ်”
“မလေးခင်အကြောင်းကိုဘွားကိုပြောပြရင်ဘွားက
မလေးခင်ကိုကူညီပေးမှာလား…
မလေးခင်ဒီလိုခြောက်ကပ်ကပ်ကူကယ်ရာမဲ့ဘဝမှာ
ဆက်ပြီးမနေချင်တော့လို့ပါဘွားရယ်…
အဟင့်…အဟင့်….”
“ဘွားကူညီပေးမှာမလို့ဒီထိလာခဲ့ပြီလေကွယ်…
မလေးခင်ပြောပြတာကိုဘွားနားထောင်ချင်သေးတယ်”
ဘွားမယ်စိန်ကပြောလေတော့ မလေးခင်သူ၏မျက်ရည်များကိုသုတ်လိုက်ပြီး…
“မလေးခင်ကို ဒီနေရာကနေမသွားနိုင်အောင်သူတို့လုပ်ထားတာ”
” သူတို့ဆိုတာက…”
“မလေးခင်ကိုဘယ်သူမှမသိအောင်တောထဲဆွဲခေါ် ပါတဲ့ပစ္စည်းတွေယူရုံမက လူကိုပါသတ်ပြီးမီးရှို့တဲ့လူတွေပေါ့…
ဒါတင်မကဘူးလေ…ဒင်းတို့ထဲက
အောက်လမ်းဆရာလိုလိုလူက
မလေးခင်ရဲ့ပြာတွေကိုဟောသည်ရွာကြီးရဲ့အရှေ့အနောက်မှာ မြုပ်ပြီး မလေးခင်ကိုချုပ်ထားခဲ့တယ်လေ…
ကူကယ်သူမရှိတော့မလေးခင် ညစဉ်ညတိုင်းငိုကြွေးနေမိတာပါဘွားရယ်…
ဒါကိုလူတွေကမလေးခင်ကိုမကူညီကြတဲ့အပြင်
ရွာကိုထားပြီးထွက်သွားကြလေရဲ့”
“အို…သမီးရယ်…ဘွား
စိတ်မကောင်းလိုက်တာကွယ်…”
မလေးခင်ပြောပြသည့်အကြောင်းအားနားထောင်ရင်း ဘွားမယ်စိန်စိတ်မကောင်းဖြစ်မိရှာသည်။
“မလေးခင် ဒီဘဝက ကျွတ်လွတ်ချင်ပြီဘွား…မလေးခင်
နှစ်တွေအတော်ကြာတဲ့အထိဒီဘဝကြီးမှာနေခဲ့ပြီးပါပြီ…”
မလေးခင်ပြောရင်းမျက်ရည်ကျနေရှာ၏။
“ဘွားစီမံပေးပါ့မယ်ကွယ်…သမီးရဲ့ပြာတွေ
မြုပ်ထားတဲ့နေရာကိုသာဘွားကိုပြပေးပါ…
သမီးကိုချုပ်ထားတာကအစဘွားဖြေရှင်းပေးပါ့မယ်”
မလေးခင်သည်ဘွားမယ်စိန်စကားအားဝမ်းသာအားရခေါင်းငြိမ့်ပြလေသည်။
ပြီးနောက်ရှေ့မှထ ထွက်သွားပြီး သူ၏ပြာအိုးများမြုပ်ရာနေရာသုံးခုသို့လိုက်လံပြသ၏။
ထိုအခါဘွားမယ်စိန်သည်လည်း ထိုပြာအိုးများအား မောင်တိုးတို့အားတူးယူစေသည်။
မလေးခင်ပြောသည့်နေရာတိုင်း၌
ပြာအိုးများကလည်း ရှိနေခဲ့ပေသည်။
တူးယူရရှိထားသောပြာအိုးများအားဘွားမယ်စိန်က မီးပုံဆီသို့ယူလာခဲ့စေသည်။
မလေးခင်သည်လည်းမလှမ်းမကမ်းတွင်ရှိနေခဲ့၏။
မောင်တိုးတို့သုံးဦးသည်အကြောင်းအားသေချာ
သိချင်မိသော်လည်းဘွားမယ်စိန်အားမမေးဝံ့ကြ။
ဘွားမယ်စိန်စီမံသမျှအားကြည့်နေခဲ့ကြသည်။
ဘွားမယ်စိန်သည် ပြာအိုးတစ်အိုးကိုလက်တွင်ကိုင်ဆောင်ပြီး…
“ချုပ်နှောင်ခံထားရတဲ့ဝိညာဉ်သင့်ကို မယ်စိန်ကလွတ်မြောက်ခွင့်ပေးပါတယ်…
သင်လွတ်မြှောက် ပါစေ..ဥုံ……………”
“ခွမ်းးးး”
ဘွားမယ်စိန်အဆုံးသတ်၌ ဂါထာအချို့ရွတ်ဆိုပြီး ပြာအိုးအားမီးပုံအတွင်းခွဲချလေသည်။
ကျန်ပြာအိုးသုံးအိုးကိုလည်းထိုနည်းတူစွာပြုလုပ်ပေး၏။
ကိစ္စပြီးလေတော့ မလှမ်းမကမ်းမှမလေးခင်အား…
“မလေးခင်…ဘွားရဲ့ဘဝတလျောက်ပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုမလေးခင်ကိုပေးပါတယ်
သာဓုခေါ်ပါကွယ်…မလေးခင်ရေ…
အမျှ…အမျှ…အမျှ…ယူတော်မူပါ
သာဓု…သာဓု…သာဓု….
မလေးခင်ရေ…အမျှ…အမျှ…အမျှ…ယူတော်မူပါ သာဓု…သာဓု…သာဓု…
သမီးမလေးခင်…အမျှ…အမျှ…အမျှ…ယူတော်မူပါ
သာဓု…သာဓု…သာဓု……..”
ဘွားမယ်စိန်အမျှအတန်းပေးဝေရာမှာမလေးခင်သည်လည်းဝမ်းသာအားရသာဓုခေါ်ရှာ၏။
ပြီးလေတော့ ဘွားမယ်စိန်အားထိုင်ရှစ်ခိုးရှာသည်။
” ကျေးဇူးတင်ပါတယ်ဘွားရယ်…
မလေးခင်ကျေးဇူးတင်ပါတယ်…ဘွားကြောင့်သာ
မလေးခင်ဒီဘဝကြီးက ကျွတ်လွတ်ရတာပါ…ကျေးဇူးတင်ပါတယ်ရှင်”
မလေးခင်ပြောဆိုနေရင်း မလေးခင်၏ကိုယ်သည် ဘွားမယ်စိန်၏ရှေ့မှတစတစပျောက်ကွယ်လို့သွားတော့၏။
“သွားပေဦးတော့သမီးရေ..ရောက်လေရာဘဝမှာ
ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကင်းဝေးပါစေကွယ်….”
ဘွားမယ်စိန်သည် ကိစ္စတစ်ခုအားအဆုံးသတ်နိုင်လိုက်၍
စိတ်တို့ပေါ့ပါးသွားခဲ့ရှာသည်။
“ကဲ…မောင်ဇင်တို့ရွာမှာတစ်ညအိပ်ပြီးနောက်ရက်တို့ရွာကိုပြန်ကြတော့ပေါ့…မောင်ဇင်ကလည်း
မောင်ရင်ရဲ့ရွာကလူတွေကို
ဒီရွာပျက်ကြီးမှာနောက်နောင်ငိုသံမကြားရတော့ဘူးဆိုတဲ့
အကြောင်းပြောပြလိုက်တော့ကွယ်”
“ဟုတ်ကဲ့ပါဘွား”
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)
စာမူလေးကိုဘယ်လိုသဘောရကြပါသလဲ…။
ကြိုက်နှစ်သက်ရင်like and share ပေးကြပါဦးရှင့်
စာရေးသူရဲ့ ကျုးရင့်သီ accလေးထဲကိုလည်း
လာလည်ပေးကြပါဦးနော်။

႐ြာပ်က္ႀကီးမွငိုသံပိုင္ရွင္(စ/ဆုံး)
————————————-
ေလထုသည္သူ၏လားရာသို႔ေ႐ြ႕လ်ားဟန္မျပ ၿငိမ္သက္လို႔ေနခဲ့၏။
ထိုနည္းတူစြာပတ္ဝန္းက်င္၏တိတ္ဆိတ္ျခင္းသည္လည္း
အသည္းငယ္သူအဖို႔မေနဝံ့စရာပင္။
တိတ္ဆိတ္ေသာထိုေနရာသည္က မည္သည့္ေနရာေပနည္း။
ထိုေနရာ၏အမည္သည္က “စမ္းေခ်ာင္း႐ြာ”ဟုအမည္တြင္ေပသည္။
စမ္းေခ်ာင္း႐ြာ ဆိုသည္က
႐ြာတစ္႐ြာ၏အမည္ပင္ျဖစ္သည္ ။
႐ြာဟုဆိုေသာ္လည္း ေနထိုင္သူ မရွိဘဲ ေျခာက္ကပ္တိတ္ဆိတ္လို႔ေနျပန္သည္။
ယခင္ကစည္းကားစြာရွိေသာ ႐ြာႀကီးသည္ ယခုေတာ့မည္သူမွရွိမေနခဲ့။
အေၾကာင္းတစ္ခုခုေၾကာင့္ထိုသို႔ျဖစ္သြားရသည္
ဆိုလွ်င္ျဖင့္စာဖတ္သူတို႔ယုံၾကည္ၾကေလမည္လား။
ထိုအေၾကာင္းသည္က…
***************
စမ္းေခ်ာင္း႐ြာ ဆိုသည္က ဤနယ္တဝိုက္၌ စည္းကားလွေသာ ႐ြာႀကီးဟုပင္ အမ်ားသိၾက၏။
စမ္းေခ်ာင္း႐ြာ ၌ လယ္ေတာမ်ားေပါမ်ားလွေပသည္။
ပဲစိုက္ခင္းမ်ား၊စပါးစိုက္ခင္းမ်ားအျပင္ ေျမအိုးလုပ္ငန္းလည္း တြင္က်ယ္စြာတည္ရွိသည္။
စမ္းေခ်ာင္း႐ြာ၏ သူႀကီးျဖစ္သူ အမည္ကား ဦးႂကြယ္ပင္ျဖစ္၏။
ဦးႂကြယ္သည္က အသက္အားျဖင့္ငါးဆယ္ေက်ာ္ရွိၿပီး ဇနီးသည္မရွိရွာေတာ့။
ဦးႂကြယ္သည္ သမီးျဖစ္သူခင္မမႏွင့္သာအတူေနထိုင္ၿပီး
ခင္မမသည္အိမ္ေထာင္သည္ပင္ျဖစ္၏။
ခင္မမ၏ ေယာက်ာ္းျဖစ္သူစံတိုးသည္က ပြဲစားတစ္ဦးပင္။
႐ြာရွိ ပဲမ်ား၊ဆန္မ်ားကိုတဆင့္ဝယ္ယူ၍ ၿမိဳ႕တက္ေရာင္းခ်သူပင္ျဖစ္သည္။
ခင္မမတို႔၌သားေထာက္သမီးခံမရွိၾကေသး။
ထိုကဲ့သို႔ သူႀကီးဦးႂကြယ္အုပ္ခ်ဳပ္ေသာ ႐ြာသည္ ေအးခ်မ္း၏။
ခိုက္ရန္ျဖစ္ပြားျခင္းမရွိ ႐ြာသားအခ်င္းခ်င္း သင့္ျမတ္လြန္းလွေပသည္။
ဒီလိုျဖင့္တစ္ရက္၌…
“အေမ…က်ဳပ္ လယ္ထဲထမင္းသြားပို႔ေတာ့မယ္ေနာ္”
စမ္းေခ်ာင္း႐ြာသူျဖစ္သည့္ မေလးခင္က မိခင္ျဖစ္သူအားခြင့္ေတာင္းေနေလသည္။
လယ္ေတာသို႔သြားၾကေသာ ဖခင္ျဖစ္သူႏွင့္ေမာင္မ်ားအတြက္ထမင္းေတာင္းပို႔ဖို႔ရန္
အခ်ိန္သို႔ေရာက္ေလၿပီ။
“ေအး…ေအး…ေသခ်ာသြားေနာ္ ေလးခင္ …လယ္ေတာက ႐ြာနဲ႔ေဝးေတာ့
အေမ ညည္းကိုစိတ္မခ်ဘူးေအ့”
“အို…အေမရယ္…က်ဳပ္ကိုစိတ္ခ်ပါေတာ္”
“ဘာကိုစိတ္ခ်ရမွာလည္းေလးခင္…
ညည္းအရင္တစ္ေခါက္
လယ္ေတာထမင္းေတာင္းသြားပို႔တာ
လမ္းမွာညည္းအေကာင္နဲ႔ခ်ိန္းေတြ႕တာကို ညည္းေမာင္ေတြေတြ႕လို႔တိုင္ေတာခံရတာေလ…။
အဲ့တုန္းက ဖေအျဖစ္သူေက်ာေကာ့ေအာင္အ႐ိုက္ခံရတာကို မမွတ္မိေတာ့ဘူးလားေအ့”
“အေမရယ္ အဲ့တာလမ္းမွာမေတာ္တစေတြ႕တာလို႔ က်ဳပ္ေျပာေတာ့လည္း အေမတို႔က မယုံဘူးေတာ္”
” ယုံေအာင္ေနေပါ့ေအ…
ညည္းအေနအထိုင္မဆင္ျခင္ေတာ့အေျပာခံရမွာေပါ့”
“ဟုတ္ၿပီေတာ္ေရ႕…ဟုတ္ၿပီ…
က်ဳပ္ပဲဆင္ျခင္မယ္ရၿပီမလား…
ေပးေပး ထမင္းေတာင္း…က်ဳပ္သြားေတာ့မယ္”
“ဒီေကာင္မကေတာ့ ကိုင္ထားတဲ့ေယာင္းမနဲ႔ေကာက္ေပါက္လိုက္ရ
မေအကိုမ႐ိုမေသနဲ႔”
မေလးခင္တို႔သားအမိ
စကားေျပာေနရင္းမွမေျပမလည္ျဖစ္လာခဲ့သည္။
ထိုအခါမေလးခင္တစ္ေယာက္ ထမင္းေတာင္းအားေဆာင့္ႀကီးေအာင့္ႀကီးယူသြားေလရာ
က်န္ရစ္ခဲ့ေသာ
မိခင္ျဖစ္သူ၏ဆူပူသံမ်ားထြက္ေပၚလာေတာ့သည္။
*********
မေလးခင္တို႔မိသားစုသည္ လူညီ၏။
ေမာင္ျဖစ္သူႏွစ္ေယာက္ႏွင့္ ဖခင္ျဖစ္သူတို႔ကလယ္ေတာသို႔ဆင္းကာအလုပ္လုပ္ၾကၿပီး။
မေလးခင္ႏွင့္မိခင္ျဖစ္သူက အိမ္ဝိုင္းက်ယ္ႀကီးအတြင္းစိုက္ပ်ိဳးထားသည့္ ခရမ္းခ်ဥ္သီး၊ပဲေတာင့္ရွည္ အစရွိသည့္ရာသီေပၚအသီးအႏွံမ်ားေရာင္းခ်ကာ အပိုဝင္ေငြရွာၾက၏။
ထိုသို႔ေၾကာင့္မေလးခင္၏မိဘမ်ားသည္သမီးျဖစ္သူ
မေလးခင္အား ေ႐ႊနားကပ္ေ႐ြလက္ေကာက္မ်ားဆင္ျမန္း၍
ေပးထားၾကသည္။
ယခုမေလးခင္တစ္ေယာက္ ထမင္းေတာင္းအားေခါင္းေပၚ႐ြက္၍
လယ္ေတာဆီသို႔ထြက္လာခဲ့သည္။
လမ္းတြင္႐ြာမွအသိမိတ္ေဆြမ်ားမွ မေလးခင္အားႏႈတ္ဆက္ၾက၏။
မေလးခင္႐ြာျပင္ဘက္ဆီသို႔ေရာက္လာေလေတာ့ လူအသြားအလာနည္းပါးသြား၏။
ထို႔ေၾကာင့္မေလးခင္ ခပ္သြက္သြက္ ေလွ်ာက္လွမ္းလာခဲ့ေလသည္။
ထိုသို႔ခပ္သြက္သြက္ေလွ်ာက္လွမ္းရင္း သူမႏွင့္မ်က္ႏွာခ်င္းဆိုင္ထံမွ လူစိမ္းသုံးဦးအား မေလးခင္ျမင္ေလရာ စိတ္အတြင္းထိတ္လန႔္သြားခဲ့ရသည္။
ယခင္သြားေနၾကျဖစ္ေသာ္လည္း
ယခုထိုလူစိမ္းမ်ားေၾကာင့္ မေလးခင္ ေရွ႕သို႔ဆက္သြားဖို႔ရန္တြန႔္ဆုတ္မိ၏။
သို႔ေသာ္သူမ၏စိတ္ကို တင္းေစၿပီး ဆက္ေလွ်ာက္လာခဲ့လိုက္သည္။
မ်က္ႏွာျခင္းဆိုင္မွ လူစိမ္းသုံးေယာက္သည္ သူမအား သတိမျပဳမိသလိုေက်ာ္ျဖတ္သြားခ်ိန္မွသာ
မေလးခင္ စိတ္သက္သာရာရသြားခဲ့၏။
မေလးခင္စိတ္တို႔သက္သာရာရသြားခ်ိန္၌
မေလးခင္သတိမထားမိလိုက္သည့္ မေလးခင္၏ေနာက္ပါးဆီမွ…
“အားးးးးးးးးးးးး”
************
ညေနပင္ေမွာင္ရီသန္းေနေလၿပီ။
ထမင္းသြားပို႔ေသာ မေလးခင္သည္ အိမ္သို႔ျပန္မေရာက္လာေသး။
လယ္ေတာသို႔ထမင္းသြားပို႔ေသာ္လည္း မေရာက္လာ၍ဖခင္ျဖစ္သူႏွင့္ေမာင္ျဖစ္သူႏွစ္ေယာက္သည္လည္း မေလးခင္အား ေဒါသထြက္ေနၾက၏။
“ေတာက္…ဒီေခြးမ ေတာ့ကြာ…”
“ေဒါသေတြခဏထားပါဦး ကိုေက်ာ္ျမရယ္…က်ဳပ္သမီးေလးကိုရွာပါဦးေတာ္”
မေလးခင္၏မိခင္ျဖစ္သူက ငိုေႂကြးလို႔ေန၏။
သမီးျဖစ္သူကိုေဒါသထြက္ေသာ္လည္းစိတ္ပူပန္မႈကသာပိုမိုႀကီးထြားေနရွာသည္။
ထိုအခ်ိန္ အစ္မျဖစ္သူသတင္းသြားေရာက္စုံစမ္းေသာ ေမာင္ျဖစ္သူႏွစ္ေယာက္ျပန္ေရာက္လာကာ…
“အေဖ…အေဖ့သမီးလုပ္ရက္တယ္ဗ်ာ…”
“ဘာထူးလဲအႀကီးေကာင္”
“အေဖ့သမီး သူ႔ရည္းစားနဲ႔လိုက္ေျပးတာထင္တယ္…ဟိုအေကာင္လည္းၿမိဳ႕တက္သြားတယ္ေျပာေနၾကတယ္…”
“အင္း…ဒါဆို ဒီေကာင္မတို႔ကိုအရွက္ရေအာင္လုပ္တာေသခ်ာၿပီပဲ…
ေတာက္..အႀကီးဆုံးသမီး…အမိုက္ဆုံးသမီး…ကြာ…”
“ဝုန္း…”
“ခလြမ္…ခြမ္းးးး”
မေလးခင္၏ဖခင္ဦးေက်ာ္ျမသည္ အနီးရွိစားပြဲအားေဒါသတႀကီးတြန္းလွဲပစ္လိုက္ေလရာ စားပြဲေပၚရွိ အရာမ်ားကြဲက်ကုန္ေတာ့ေလသည္။
“သမီးရယ္…မိုက္လိုက္တာေအ”
“ငိုမေနနဲ႔…နင္တို႔သားအမိသုံးေယာက္ကိုငါေျပာထားမယ္..အဲ့ေကာင္မသတင္းဆိုဘာကိုမွမစုံစမ္းၾကနဲ႔…
သူထိုက္နဲ႔သူ႔ကံပဲ..အခုဆိုငါ့မွာသားႏွစ္ေယာက္ပဲရွိတယ္…ၾကားၾကလား”
“ဟုတ္ကဲ့”
“ဟုတ္ကဲ့ပါအေဖ”
ဦးေက်ာ္ျမသည္သမီးျဖစ္သူသတင္းအား မစုံစမ္းခိုင္းေတာ့။
သမီးအျဖစ္မွဖယ္ရွားလိုက္ေတာ့၏။
ထိုသို႔ျဖင့္ မေလးခင္ ေပ်ာက္ဆုံးၿပီး တစ္ပတ္အၾကာ မေလးခင္၏ခ်စ္သူျဖစ္သူသည္ ႐ြာသို႔ျပန္ေရာက္လာခဲ့ေလသည္။
သို႔ေသာ္ အားလုံးသိထားၾကသည့္အတိုင္း မေလးခင္ႏွင့္ခိုးေျပးျခင္းမဟုတ္။
သူ၏အလုပ္ျဖင့္သာၿမိဳ႕သို႔တက္သြားၿပီး ႐ြာသို႔ေရာက္မွသာ မေလးခင္ေပ်ာက္ဆုံးတာကိုသိရွာ၏။
ထိုအခါမွသာ ဦးေက်ာ္ျမတို႔သမီးျဖစ္သူအားလိုက္လံရွာေဖြၾကေလရာ မည္သည့္သတင္းအစအနကိုမွ်မရရွိၾကေတာ့ေပ။
မေလးခင္ေပ်ာက္ဆုံးၿပီး၍တစ္လအၾကာတြင္ျဖစ္သည္။
အခ်ိန္သည္ကား ညသန္းေခါင္ယံလူေျခတိတ္ခ်ိန္ျဖစ္၏။
ထိုအခ်ိန္၌ ႐ြာရွိေခြးမ်ားပင္ အိပ္ေမာက်လို႔ေနခဲ့သည္။
တိတ္ဆိတ္ေသာ ညသန္းယံတြင္ ႐ုတ္ခ်ည္းထြက္ေပၚလာခဲ့ေသာ….
“အဟင့္…အဟင့္…အဟင့္…အီးးး….
ဟီးးးး…ဟီးးးးး….”
အမ်ိဳးသမီးတစ္ဦး၏ငိုေႂကြးသံႀကီးထြက္ေပၚလို႔လာခဲ့၏။
ထိုငိုေႂကြးသံအား အိပ္ေမာက်ေနေသာ ႐ြာသူ၊႐ြာသားမ်ားသတိထားမိၾကသည္။
သန္းေခါင္ေက်ာ္မွထြက္ေပၚလာေသာငိုေႂကြးသံသည္ သုံးခ်က္တီးေလာက္မွသာ႐ုတ္ခ်ည္းေပ်ာက္ကြယ္လို႔သြားေလသည္။
ေနာက္တစ္ေန႔နံနက္မိုးအလင္းမွာေတာ့ ထိုငိုသံႀကီး၏သတင္းသည္ ႐ြာအတြင္းသတင္းတစ္ခုသဖြယ္ျဖစ္လို႔ေနခဲ့၏။
ငိုသံႀကီးထြက္ေပၚခ်ိန္၌မည္သူတစ္ဦးတစ္ေယာက္ကမွ
အိမ္အျပင္ဘက္ဆီသို႔
မထြက္ရဲခဲ့ၾက။
ထို႔ျပင္ငိုသံက်ယ္ႀကီးသည္
႐ြာရွိအိမ္တိုင္းလိုလိုမွၾကားေနၾကရသည္မွာလည္း
ပို၍ထူးဆန္းလွ၏။
ရက္မွလသို႔ေျပာင္းလဲသြားေသာ္လည္း ညစဥ္ငိုသံႀကီးကိုၾကားေနၾကရ၏။
႐ြာရွိလူမ်ားစုေပါင္း၍ ပရိတ္႐ြတ္ျခင္းအျပင္တတ္ကြၽမ္းေသာဆရာသမားမ်ား
ပင့္ဖိတ္ပါေသာ္လည္း ငိုသံႀကီးကေပ်ာက္ကြယ္မသြားဘဲ
ျဖစ္ၿမဲအတိုင္းပင္ျဖစ္ေနခဲ့ေလသည္။
ထိုသို႔ျဖစ္ပ်က္ေနေသာ ႐ြာ၌ ေနထိုင္ၾကသူမ်ားသည္လည္း
တစတစေျပာင္းေ႐ြ႕သြားၾက၏။
ေနာက္ဆုံး႐ြာ၌ လူတစ္ဦးတစ္ေယာက္မွမရွိသည္အထိျဖစ္သြားခဲ့
ရေလသည္။
ထို႐ြာပ်က္ႀကီးအား ျဖတ္သန္းသြားလာၾကသည့္ ခရီးသြားမ်ားအတြက္
အေတာ္ပင္ထူးဆန္းခဲ့ရေပသည္။
အေၾကာင္းမွာညစဥ္ငိုသံသည္
ထြက္ေပၚေနစဲေၾကာင့္ပင္ျဖစ္၏။
သို႔ေသာ္ တဆင့္စကားတဆင့္ၾကား၍ မည္သူမွထို႐ြာႀကီးအားညဘက္၌
ျဖတ္သန္း၍ခရီးသြားၾကျခင္းမရွိေတာ့ေပ။
**********
“ေၾသာ္…ဒါဆို ေမာင္ရင္က အဲ့နယ္ကလာတာလားကြဲ႕”
“ဟုတ္ကဲ့ဘြား…က်ဳပ္က အဲ့႐ြာပ်က္ႀကီးနဲ႔မေဝးတဲ့႐ြာဆီကပါ…”
“ေအး…ေအး…ဘယ့္နဲ႔ေမာင္ရင္ရဲ႕ဖ်ာၾကမ္း
ေတြေကာေရာင္းရသလား”
“ဟုတ္…ေရာင္းရပါတယ္ဘြား…မနက္ျဖန္ဆို က်ဳပ္ျပန္ရေတာ့မွာပါ”
႐ြာမ်ားဆီသို႔ ဖ်ာလိုက္ေရာင္းခ်ေသာ ေမာင္ဇင္သည္ ဘြားမယ္စိန္အား.သူသိထားသည့္ ႐ြာပ်က္ႀကီးအေၾကာင္းေျပာျပေနခဲ့သည္။
ထို႐ြာပ်က္ႀကီး၌ လူမေနထိုင္ၾကေတာ့သည္မွာ ႏွစ္ေပါင္းသုံးဆယ္မွ်ရွိၿပီဟု ေမာင္ဇင္ကေျပာေလသည္။
ထိုအေၾကာင္းကိုလည္း ဖ်ာဝယ္ယူရင္းဘြားမယ္စိန္တစ္ေယာက္စိတ္ဝင္တစားျဖင့္နားေထာင္ခဲ့၏။
“ဒီလိုကြယ္…ေမာင္ရင္အပမ္းမႀကီးရင္ ေမာင္ရင္ျပန္ရင္ ဘြားလိုက္ခဲ့လို႔ရမလား”
“ဗ်ာ…”
“ဘြားက အဲ့႐ြာပ်က္ႀကီးကိုသြားခ်င္လို႔ပါကြယ္…
ဒါကလည္းေမာင္ရင္အဆင္ေျပမွပါေလ”
“အေမကအေၾကာင္းရွိလို႔ထင္ပါရဲ႕…
ဒီကေမာင္ဇင္အပမ္းမႀကီးေအာင္ အရီးတို႔ကလွည္းယူခဲ့မွာပါ…အရီးအေမအေၾကာင္းေတာ့ေမာင္ရင္မသိေလာက္ဘူး…
အရီးအေမကအဲ့႐ြာအတြက္တစ္ခုခု
လုပ္ေပးခ်င္ေနတယ္ဆိုတာေတာ့အရီးသိတယ္ကြယ္”
ဘြားမယ္စိန္၏သမီးျဖစ္သူေဒၚဝင္းက ၾကားျဖတ္ေျပာေလသည္။
ထိုအခါ ေမာင္ဇင္က…
“ဘြားမယ္စိန္အေၾကာင္းကို က်ဳပ္လို႐ြာစဥ္လွည့္ေဈးေရာင္းသူကသိပါတယ္အရီး…။ဒါေၾကာင့္လည္း ဒီ႐ြာႀကီးအေၾကာင္းက်ဳပ္ေျပာျပတာပါ…။
အခုထိငိုယိုသံေတြထြက္ေနေသးတဲ့အဲ့သည္႐ြာပ်က္ႀကီးကို ဘြားတစ္ခုခုလုပ္ေပးႏိုင္လိမ့္မယ္လို႔လည္း က်ဳပ္ယုံၾကည္ပါတယ္…လိုက္ခဲ့ပါဘြား…
က်ဳပ္ေခၚပါတယ္”
“ေအးကြယ္…သာဓု…သာဓု…သာဓု”
ထိုသို႔ျဖင့္ေနာက္ရက္မွာျဖင့္…
ေမာင္ဇင္ေျပာေသာ႐ြာပ်က္ႀကီးထံသို႔
ဘြားမယ္စိန္၊ေမာင္တိုး၊ေမာင္အုန္းႏွင့္ေမာင္ဇင္တို႔ေလးဦးသားႏြားလွည္းျဖင့္
ခရီးထြက္လာခဲ့ၾကေတာ့၏။
႐ြာပ်က္ႀကီးထံသို႔ေရာက္ေလေတာ့ မိုးပင္ခ်ဳပ္ေလၿပီ။
႐ြာပ်က္ႀကီး၌
လူသူကင္းမဲ့ၿပီးအပင္မ်ားသည္လည္း အထိန္းအကြပ္မရွိႀကီးထြားအုံ႔ဆိုင္းလို႔ေနခဲ့သည္။
လူမေနေသာ အိမ္အိုအိမ္ပ်က္ႀကီးမ်ားႏွင့္႐ြာႀကီးသည္ အက်ည္းတန္လြန္းလွ၏။
ဘြားမယ္စိန္၏ဆႏၵအရက်န္သုံးဦးသည္ ႐ြာပ်က္ႀကီး၌သာညအိပ္ၾကရေပမည္။
ႏြားမ်ားကိုေရတိုက္အစာေကြၽးၿပီးေနာက္
ညစာစားဖို႔ျပင္ဆင္ၾကေလသည္။
ဘြားမယ္စိန္တို႔ေနရာယူထားသည္က ျမက္မ်ားရွင္းသည့္ေနရာလြတ္တစ္ခု၌ျဖစ္သည္။
ေမာင္တိုးႏွင့္ေမာင္အုန္းတို႔သည္ မီးပုံျပဳလုပ္ေနၿပီး
ေမာင္ဇင္သည္ကား ယူေဆာင္လာခဲ့သည့္ထမင္းထုပ္ဟင္းထုပ္မ်ားကို
ေနရာခ်ေနခဲ့၏။
ဘြားမယ္စိန္သည္ကားသူ၏ေတာင္ေဝွးကိုေထာက္၍
ေဘးဘယ္ညာဆီသို႔စိတ္ဝင္တစားလိုက္လံ၍
ၾကည့္ရႈ႕ေနခဲ့ေပသည္။
ၿပီးေနာက္မွာေတာ့
ေလးဦးသားစုံညီစြာညစာစားၾကေလသည္။
ညစာစားအၿပီးမီးပုံေဘး၌အခင္းမ်ားခင္းက်င္း၍
အိပ္စရာေနရာ ျပဳလုပ္ၾကျပန္သည္။
ေမာင္တိုး၊ေမာင္အုန္းႏွင့္ေမာင္ဇင္တို႔သုံးဦးသည္ မီးပုံ၏တစ္ဖက္ေဘး၌စုၿပဳံလွဲအိပ္ၾက၏။
ဘြားမယ္စိန္သည္ကားမိမိ၏ေနရာတစ္ဖက္၌ မလွဲေသးဘဲ ထိုင္ေနလွ်က္ပင္။
မီးပုံကိုတစ္ခ်က္ၾကည့္လိုက္ေဘးဘယ္ညာကို
ၾကည့္လိုက္ျဖင့္ ဘြားမယ္စိန္မအိပ္ႏိုင္ရွာေသး။
က်န္သုံးဦးမွာသားခရီးပင္ပန္း၍ေဟာက္သံမ်ားပင္
တစီစီထြက္ေပၚလို႔ေနေလၿပီ။
************
ေကာင္းကင္၌တိမ္မဲမ်ားသည္ သာေနေသာ လအားဖုံးကြယ္လိုက္တိုက္ခတ္ေနေသာေလေၾကာင့္
တေ႐ြ႕ေ႐ြ႕ဖယ္ရွားသြားလိုက္ျဖင့္ ေကာင္းကင္တခြင္ေနရာယူလို႔ထား၏။
ထိုသို႔အခ်ိန္၌…
“အီးးး….ဟီးးးးးး….ဟီးးးးးးးး……ဟီးးးးးးးးးးးးးးးး”
“အူ….ဝူးးးး…ဝူးးး….အူ……”
ငိုသံႀကီးႏွင့္အတူ မည္သည့္အရပ္ကမွန္းမသိေသာ ေခြးအူသံတို႔သည္တၿပိဳင္နက္တည္းထြက္ေပၚလို႔လာခဲ့၏။
ထိုငိုသံကိုဘြားမယ္စိန္နားစြင့္ေန၏။
ခဏၾကာေလမွက်န္သုံးဦးသည္လည္းငိုသံကို
ၾကားရ၍ထင္သည္
အိပ္ေနရာမွဇတ္ခနဲထလာခဲ့ၾက၏။
“ကဲ…ႏိုးၾကၿပီးလား…ေမာင္တိုးမီးတုတ္ယူခဲ့…ေမာင္အုန္းကႏြားလွည္းမွာထားတဲ့ဓားမကိုယူခဲ့…လာၾက”
ဘြားမယ္စိန္ထထြက္သြား၍ ေမာင္တိုးတို႔အလ်င္စလို လိုက္ခဲ့ၾကရသည္။
ၿခဳံမ်ား…အပင္မ်ားၾကားမွသြားလာၾကသည္မို႔သတိႀကီးစြာသြားၾကရ၏။
ဘြားမယ္စိန္မည္သည့္အရပ္သို႔သြားသည္ကိုမသိၾက။
ငိုသံႀကီးကေတာ့ထြက္ေပၚေနစဲပင္။
ငိုသံႀကီးေၾကာင့္ ေၾကာက္စိတ္ျဖင့္
ၾကက္သီးမ်ားပင္ထေနၾကေသာ္လည္းဘြားမယ္စိန္ေၾကာင့္
အားတင္းကာလိုက္လာၾကရ၏။
ဘြားမယ္စိန္သည္ ေနရာတစ္ခုသို႔အေရာက္…
“ရၿပီ…မင္းတို႔ဒီနားေနခဲ့ၾက…ဘြားေခၚမွသာလာၾကကြယ္”
“ဟုတ္ကဲ့ပါဘြား”
“ဟုတ္ကဲ့”
သုံးဦးကိုခ်န္ထားခဲ့၍ ဘြားမယ္စိန္သူ၏ေတာင္ေဝွးကိုယူေဆာင္ကာေရွ႕ထံသို႔
တိုးကပ္သြားခဲ့သည္။
ဘြားမယ္စိန္သြားေနသည္က အုန္းပင္တစ္ပင္၏ေအာက္သို႔။
ဘြားမယ္စိန္ျမင္ေနရသည္က ထိုအုန္းပင္ေအာက္၌ သူ႔အားေက်ာေပးကာ ရႈိက္ငင္တႀကီးငိုေႂကြးေနေသာ အမ်ိဳးသမီးတစ္ဦးပင္။
ထိုအမ်ိဳးသမီးႏွင့္မလွမ္းမကမ္းသို႔ ဘြားမယ္စိန္ေရာက္လာေလေတာ့…
“သမီးးး…”
“ဟင္…”
ဘြားမယ္စိန္ေခၚသံေၾကာင့္အမ်ိဳးသမီးသည္ အံ့ၾသသြားဟန္တူ၏။
သူ၏ငိုသံပင္တိတ္ဆိတ္၍သြားသည္။
“ဘြားဆီလာ…ဘြားက သမီးရဲ႕အခက္အခဲကိုလာကူညီတာပါကြယ္”
အမ်ိဳးသမီးသည္ ဘြားမယ္စိန္ဘက္သို႔သူ၏ကိုယ္အားလွည့္လာကာ ၾကည့္လိုက္သည္။
ေမာင္တိုးတို႔သည္က႐ုတ္တရက္ တိတ္ဆိတ္သြားေသာငိုသံႏွင့္
တစ္ဦးထဲစကားေျပာဆိုေနေသာဘြားမယ္စိန္အား ရင္တထိတ္ထိတ္ျဖင့္ ၾကည့္ေနခဲ့ၾကေလသည္။
“သမီးကို…သမီးကိုျမင္တယ္လား”
အမ်ိဳးသမီးသည္ေခ်ာ၏။
သူ၏အေမးအားဘြားမယ္စိန္ကေခါင္းၿငိမ့္ျပေလရာသူ၏
မ်က္ႏွာအထက္၌အၿပဳံးတစ္ခုထြက္ေပၚလာခဲ့ၿပီး…
“ဝမ္းသာလိုက္တာ…ဝမ္းသာလိုက္တာဘြားရယ္…”
ဟုေျပာရွာသည္။ၿပီးေနာက္ဆက္ၿပီး…
“ဟိုလူေတြကေရာျမင္ၾကတာလား…
ဘြားတို႔ကသမီးလိုပဲလား”
ေမာင္တိုးတို႔သုံးဦးကိုေမးေငါ့ေမးေလရာဘြားမယ္စိန္က…
“မဟုတ္ဘူးသမီး…သူတို႔က သမီးကိုမျမင္ၾကပါဘူး။ေနာက္ၿပီး ဘြားတို႔ကလူသားေတြပါသမီးနဲ႔ဘုံဘဝမတူညီၾကဘူးေလ”
“ရွင္…”
“မအံ့ၾသနဲ႔သမီး…ဘြားဒီကိုလာတာ ဒီ႐ြာပ်က္ႀကီးကငိုသံကိစၥကိုေျဖရွင္းေပးခ်င္လို႔ပဲကြယ္…
ဒါနဲ႔သမီးနာမည္က…”
“သမီးနာမည္က မေလးခင္လို႔ေခၚၾကပါတယ္…အခ်ိန္တစ္ခုကေပါ့ ေနာက္မ်ားၾကေတာ့ မေလးခင္ကိုဘယ္သူမွမေတြ႕ၾက
စကားမေျပာၾကေတာ့ဘူးေလ”
“အင္း…ဒါက သမီးနဲ႔ဘုံဘဝျခားသြားၾကတာကိုး…
သမီးအေၾကာင္းေလးဘြားကိုေျပာျပပါလားကြယ္”
“မေလးခင္အေၾကာင္းကိုဘြားကိုေျပာျပရင္ဘြားက
မေလးခင္ကိုကူညီေပးမွာလား…
မေလးခင္ဒီလိုေျခာက္ကပ္ကပ္ကူကယ္ရာမဲ့ဘဝမွာ
ဆက္ၿပီးမေနခ်င္ေတာ့လို႔ပါဘြားရယ္…
အဟင့္…အဟင့္….”
“ဘြားကူညီေပးမွာမလို႔ဒီထိလာခဲ့ၿပီေလကြယ္…
မေလးခင္ေျပာျပတာကိုဘြားနားေထာင္ခ်င္ေသးတယ္”
ဘြားမယ္စိန္ကေျပာေလေတာ့ မေလးခင္သူ၏မ်က္ရည္မ်ားကိုသုတ္လိုက္ၿပီး…
“မေလးခင္ကို ဒီေနရာကေနမသြားႏိုင္ေအာင္သူတို႔လုပ္ထားတာ”
” သူတို႔ဆိုတာက…”
“မေလးခင္ကိုဘယ္သူမွမသိေအာင္ေတာထဲဆြဲေခၚ ပါတဲ့ပစၥည္းေတြယူ႐ုံမက လူကိုပါသတ္ၿပီးမီးရႈိ႕တဲ့လူေတြေပါ့…
ဒါတင္မကဘူးေလ…ဒင္းတို႔ထဲက
ေအာက္လမ္းဆရာလိုလိုလူက
မေလးခင္ရဲ႕ျပာေတြကိုေဟာသည္႐ြာႀကီးရဲ႕အေရွ႕အေနာက္မွာ ျမဳပ္ၿပီး မေလးခင္ကိုခ်ဳပ္ထားခဲ့တယ္ေလ…
ကူကယ္သူမရွိေတာ့မေလးခင္ ညစဥ္ညတိုင္းငိုေႂကြးေနမိတာပါဘြားရယ္…
ဒါကိုလူေတြကမေလးခင္ကိုမကူညီၾကတဲ့အျပင္
႐ြာကိုထားၿပီးထြက္သြားၾကေလရဲ႕”
“အို…သမီးရယ္…ဘြား
စိတ္မေကာင္းလိုက္တာကြယ္…”
မေလးခင္ေျပာျပသည့္အေၾကာင္းအားနားေထာင္ရင္း ဘြားမယ္စိန္စိတ္မေကာင္းျဖစ္မိရွာသည္။
“မေလးခင္ ဒီဘဝက ကြၽတ္လြတ္ခ်င္ၿပီဘြား…မေလးခင္
ႏွစ္ေတြအေတာ္ၾကာတဲ့အထိဒီဘဝႀကီးမွာေနခဲ့ၿပီးပါၿပီ…”
မေလးခင္ေျပာရင္းမ်က္ရည္က်ေနရွာ၏။
“ဘြားစီမံေပးပါ့မယ္ကြယ္…သမီးရဲ႕ျပာေတြ
ျမဳပ္ထားတဲ့ေနရာကိုသာဘြားကိုျပေပးပါ…
သမီးကိုခ်ဳပ္ထားတာကအစဘြားေျဖရွင္းေပးပါ့မယ္”
မေလးခင္သည္ဘြားမယ္စိန္စကားအားဝမ္းသာအားရေခါင္းၿငိမ့္ျပေလသည္။
ၿပီးေနာက္ေရွ႕မွထ ထြက္သြားၿပီး သူ၏ျပာအိုးမ်ားျမဳပ္ရာေနရာသုံးခုသို႔လိုက္လံျပသ၏။
ထိုအခါဘြားမယ္စိန္သည္လည္း ထိုျပာအိုးမ်ားအား ေမာင္တိုးတို႔အားတူးယူေစသည္။
မေလးခင္ေျပာသည့္ေနရာတိုင္း၌
ျပာအိုးမ်ားကလည္း ရွိေနခဲ့ေပသည္။
တူးယူရရွိထားေသာျပာအိုးမ်ားအားဘြားမယ္စိန္က မီးပုံဆီသို႔ယူလာခဲ့ေစသည္။
မေလးခင္သည္လည္းမလွမ္းမကမ္းတြင္ရွိေနခဲ့၏။
ေမာင္တိုးတို႔သုံးဦးသည္အေၾကာင္းအားေသခ်ာ
သိခ်င္မိေသာ္လည္းဘြားမယ္စိန္အားမေမးဝံ့ၾက။
ဘြားမယ္စိန္စီမံသမွ်အားၾကည့္ေနခဲ့ၾကသည္။
ဘြားမယ္စိန္သည္ ျပာအိုးတစ္အိုးကိုလက္တြင္ကိုင္ေဆာင္ၿပီး…
“ခ်ဳပ္ေႏွာင္ခံထားရတဲ့ဝိညာဥ္သင့္ကို မယ္စိန္ကလြတ္ေျမာက္ခြင့္ေပးပါတယ္…
သင္လြတ္ေျမႇာက္ ပါေစ..ဥဳံ……………”
“ခြမ္းးးး”
ဘြားမယ္စိန္အဆုံးသတ္၌ ဂါထာအခ်ိဳ႕႐ြတ္ဆိုၿပီး ျပာအိုးအားမီးပုံအတြင္းခြဲခ်ေလသည္။
က်န္ျပာအိုးသုံးအိုးကိုလည္းထိုနည္းတူစြာျပဳလုပ္ေပး၏။
ကိစၥၿပီးေလေတာ့ မလွမ္းမကမ္းမွမေလးခင္အား…
“မေလးခင္…ဘြားရဲ႕ဘဝတေလ်ာက္ျပဳလုပ္ခဲ့တဲ့ကုသိုလ္ေကာင္းမႈေတြကိုမေလးခင္ကိုေပးပါတယ္
သာဓုေခၚပါကြယ္…မေလးခင္ေရ…
အမွ်…အမွ်…အမွ်…ယူေတာ္မူပါ
သာဓု…သာဓု…သာဓု….
မေလးခင္ေရ…အမွ်…အမွ်…အမွ်…ယူေတာ္မူပါ သာဓု…သာဓု…သာဓု…
သမီးမေလးခင္…အမွ်…အမွ်…အမွ်…ယူေတာ္မူပါ
သာဓု…သာဓု…သာဓု……..”
ဘြားမယ္စိန္အမွ်အတန္းေပးေဝရာမွာမေလးခင္သည္လည္းဝမ္းသာအားရသာဓုေခၚရွာ၏။
ၿပီးေလေတာ့ ဘြားမယ္စိန္အားထိုင္ရွစ္ခိုးရွာသည္။
” ေက်းဇူးတင္ပါတယ္ဘြားရယ္…
မေလးခင္ေက်းဇူးတင္ပါတယ္…ဘြားေၾကာင့္သာ
မေလးခင္ဒီဘဝႀကီးက ကြၽတ္လြတ္ရတာပါ…ေက်းဇူးတင္ပါတယ္ရွင္”
မေလးခင္ေျပာဆိုေနရင္း မေလးခင္၏ကိုယ္သည္ ဘြားမယ္စိန္၏ေရွ႕မွတစတစေပ်ာက္ကြယ္လို႔သြားေတာ့၏။
“သြားေပဦးေတာ့သမီးေရ..ေရာက္ေလရာဘဝမွာ
ဒီလိုအျဖစ္ဆိုးမ်ိဳးနဲ႔ကင္းေဝးပါေစကြယ္….”
ဘြားမယ္စိန္သည္ ကိစၥတစ္ခုအားအဆုံးသတ္ႏိုင္လိုက္၍
စိတ္တို႔ေပါ့ပါးသြားခဲ့ရွာသည္။
“ကဲ…ေမာင္ဇင္တို႔႐ြာမွာတစ္ညအိပ္ၿပီးေနာက္ရက္တို႔႐ြာကိုျပန္ၾကေတာ့ေပါ့…ေမာင္ဇင္ကလည္း
ေမာင္ရင္ရဲ႕႐ြာကလူေတြကို
ဒီ႐ြာပ်က္ႀကီးမွာေနာက္ေနာင္ငိုသံမၾကားရေတာ့ဘူးဆိုတဲ့
အေၾကာင္းေျပာျပလိုက္ေတာ့ကြယ္”
“ဟုတ္ကဲ့ပါဘြား”
ၿပီးပါၿပီ။
ယဥ္မင္း(ကန႔္ဘလူ)
စာမူေလးကိုဘယ္လိုသေဘာရၾကပါသလဲ…။
ႀကိဳက္ႏွစ္သက္ရင္like and share ေပးၾကပါဦးရွင့္
စာေရးသူရဲ႕ က်ဳးရင့္သီ accေလးထဲကိုလည္း
လာလည္ေပးၾကပါဦးေနာ္။

No comments

Post a Comment